ကဝေသင်္ချိုင်း(စ/ဆုံး)

Unicode Version

ကဝေသင်္ချိုင်း(စ/ဆုံး)
—————————
ရွှေတောင်ဦးဘုရားပွဲရက်ဗျ။
တာတေတို့ရွာမှာ လွှတ်စည်တဲ့ရက်တွေပေါ့ဗျာ။
အနီးအနား ရွာတွေကလည်း လှည်းတန်းကြီးတွေ
နဲ့ ရောက်လာကြတာဗျ။ ဘုရားဘေးပါတ်လည်မှာ
လှည်းဝိုင်းကြီးတွေချပြီး ချက်ပြုတ်စားသောက်ကြ
နဲ့ လွှတ်ပျော်ဖို့ကောင်းတာပေါ့ဗျာ။ ဟိုရွာဒီရွာက
ငယ်ပေါင်းကြီးဖော်တွေ အသက်ကြီးမှ ပြန်ပြီးဆုံ
ကြတွေ့ကြ ထန်းရည်အတူတူသောက်ကြ ရယ်
စရာ မောစရာတွေ ပြောကြနဲ့ပေါ့ဗျာ။

တချို့ကလည်း ဘင်ဂျိုတွေ၊ မယ်ဒလင်တွေ ယူ
လာကြပြီး တီးကြမှုတ်ကြ သီချင်းတွေဆိုကြနဲ့ဗျ။
တစ်နှစ်လုံး ယာထဲမှာ နွားနဲ့အတူတူ ရုန်းကြကန်
ကြရတဲ့ ကျုပ်တို့အညာသားတွေ ရွှေတောင်ဦးဘု
ရားပွဲမှာ ပျော်ကြပါးကြ ဝယ်ကြခြမ်းကြနဲ့ လွှတ်
ပျော်နေကြတာဗျ။
ဆယ့်နှစ်ပွဲဈေးသည်တွေ အကုန်မလာပေမယ့်
တချို့လည်ရောက်အောင် လာကြတယ်။ ဒီတော့
ရွှေတောင်ဦးဘုရားပွဲက ပွဲဈေးတန်းကြီးနဲ့ ဇာတ်ပွဲ
တွေနဲ့ ဆိုင်းပြိုင်ပွဲနဲ့ အနီးအနားရွာတွေက လူငယ်
တွေရဲ့ပြဇာတ်တွေ ဒိုးပတ်ပြိုင်ပွဲတွေ ဗမာ့လက်
ဝှေ့ပြိုင်ပွဲတွေနဲ့ ဆိုတော့ ကြက်ပျံမကျ စည်ကား
တော့တာပေါ့ဗျာ။

ဆယ့်နှစ်ပွဲဈေးသည်တွေ အကုန်မလာပေမယ့် တ
ချို့လည်း ရောက်အောင်လာကြတယ်၊ ဒီတော့ ရွှေ
တောင်ဦးဘုရားပွဲက ပွဲဈေးတန်းကြီးနဲ့ ဇာတ်ပွဲတွေ
နဲ့ ဆိုင်းပြိုင်ပွဲနဲ့ အနီးအနားရွာတွေက လူငယ်တွေရဲ့
ပြဇာတ်တွေ ဒိုးပတ်ပြိုင်ပွဲတွေ ဗမာ့လက်ဝှေ့ပြိုင်ပွဲ
နဲ့ ဆိုတော့ ကြက်ပျံမကျ စည်ကားတော့တာပေါ့ဗျာ

အဘတို့ အမေတို့က ဆွမ်းတော်ကြီးကပ်တဲ့အဖွဲ့
မှာပါကြတယ်ဗျ။ ကျုပ်ကတော့ ကာလသားအဖွဲ့
မှာပေါ့ဗျာ။ ဘုရားမှာ ပန်းကပ်ပန်းစွန့် လိုအပ်တာ
တွေလုပ်တဲ့အခါ လုပ်ရတယ်။ သူကြီးတို့အဖွဲ့ကို
ကူတဲ့အခါ ကူရတယ်။ ပွဲဈေးတန်းမှာ လျှပ်စစ်မီး
သွယ်တဲ့နေရာမှာ သွားပြီးကူတဲ့အခါလည်း ကူရ
တယ်ဗျ။ လိုတဲ့နေရာမှာ လိုက်ဖြည့်ရတာပေါ့ဗျာ။

အမှန်အတိုင်းပြောရရင်တော့ ဒီလိုရွှေတောင်ဦးဘု
ရားပွဲရက်ဆိုတော့ ဘိန်းစားကြီးစိန်ကို ကျုပ်အမြဲ
သတိရတယ်ဗျ။ ခင်ဗျားမှတ်မိသေးလား။ ကျုပ်ပ
ထမဆုံးရေးတဲ့ ‘ကိုယ်တွေ့မဖဲဝါ’စာအုပ်ထဲက’ဂူ
ဖောက်သူ’ဝတ္ထုက ကိုကြီးဘစိန်လေဗျာ။

ဘန့်ဘွေးကုန်းက တရုတ်ကြီးရဲ့ဂူကို သွားဖောက်
တာလေဗျာ။ ဒီလိုရွှေတောင်ဦးဘုရားပွဲရက်ကြီး
လေဗျာ။ ကျုပ်ကလည်း စပ်စပ်စုစုကောင်ဆို
တော့ ကိုကြီးဘစိန်နဲ့ အဖော်လိုက်သွားတာလေ
ကံကောင်းလို့ပေါ့ဗျာ။

သေဘေးကသီသီလေး လွတ်လာခဲ့တာဗျို့။ ကို
ကြီးဘစိန်ကတော့ ဂူထဲကပြန်အထွက်မှာ ဇက်
ကြိုးပြီး သေသွားတာလေ မဖဲဝါပေါ့ဗျာ။ မဖဲဝါ
ရောက်လာပြီး ဘိန်းစားဘစိန်ကို ဂုတ်ချိုးသတ်
လိုက်တာလေ။ ကျုပ်ပြေးတဲ့နောက်ကို လိုက်လာ
လို့ တရုတ်ကြီးရဲ့ ကျောက်စိမ်းလက်စွပ်ကို ပစ်
ပေးခဲ့ရပါရောလား။

မဖဲဝါက တရုတ်ကြီးရဲ့လက်စွပ်ကို ပြန်ပေးလိုက်
တော့ ကျုပ်နောက်ကို ဆက်မလိုက်တော့ဘူးဗျ။
ကျုပ်ကတော့ ရွှေတောင်ဦးဘုရားပွဲဈေးတန်းကို
ရောက်အောင်သုတ်ချေတင်ခဲ့ရတော့တာပေါ့ဗျာ။
အခုလို ဘုရားပွဲရောက်တိုင်း ကိုကြီးဘစိန်ကို
ကျုပ် အမြဲသတိရနေတော့တာပေါ့ဗျာ။

XXXX

မနက်မိုးလင်းခါနီးမှ ကျုပ်အိမ်ပြန်အိပ်ရတယ်ဗျ။
အဘနဲ့ အမေက ဘုရားမှာဆိုတော့ အိမ်မှာ ကျုပ်
တစ်ယောက်တည်းပေါ့ဗျာ။

ကျုပ်လည်း အိပ်ရေးပျက်ပျက်နဲ့အိပ်လိုက်တာ အ
ဘနဲ့ အမေပြန်ရောက်လာပြီး အိမ်တံခါးဖွင့်ဝင်လာ
တာတောင် ကျုပ်မသိဘူးဗျ။

“တာတေ… ဟဲ့ …တာတေ”

အမေကျုပ်ကို လှုပ်နိုးတော့မှ နှိုးသွားတာဗျ။

“ဗျာ …ဘာတုန်းအမေ”

“ဟဲ့ …ဘာရမတုန်း ကွပ်ပျစ်ပေါ်မှာ စံအေးရယ်
နင့်ကို ထိုင်စောင့်နေတယ်”

“ဟင်…ဟုတ်လား ဘိုးစံမောင်သား ကိုကြီးစံ
အေးလား”

“အေး… ဟုတ်တယ် အာကျယ်စံအေးကိုပြောတာ”

“ဟာဗျာ…ကိုကြီးစံအေးကလည်း ထိုင်စောင့်နေ
ရတယ်လို့ဗျာ၊ ကျုပ်ကို လှုပ်နှိုးလိုက်ပြီးရောဟာ
ကို”

“ဟဲ့ …နှိုးတယ်တဲ့ ဘယ်လိုမှကို နှိုးလို့မရတာတဲ့
ဟဲ့ တာတေရဲ့”

“ဟင် ဟုတ်လား ကျုပ်လည်း အိပ်ရေးပျက်ပျက်
နဲ့ အိပ်ပျော်သွားတယ် ထင်တယ်အမေရ”

ကျုပ်က အိပ်ရာကထပြီး မျက်နှာကပျာကယာ
သစ်လိုက်တယ်။ ပြီးတာနဲ့ ဝိုင်းထဲ ဆင်းလာခဲ့
တယ်။

“ဟာ…ကိုတာတေကို တစ်ခါတွေ့ဖို့ဆိုတာ စောင့်
လိုက်ရတာဗျာ”

ကိုစံအေးက အရပ်ရှည်ရှည်ခါးကိုင်းကိုင်းနဲ့ကလန်
ကလားကြီးဗျ။ စကားပြောရင်လည်း အော်ကျယ်
အော်ကျယ်နဲ့ ပြောတာဗျို့။ ဘန့်ဘွေးကုန်းမှာက
စံအေးနှစ်ယောက်ရှိတော့ သူကိုအာကျယ်စံအေး
လို့ပဲ ခေါ်ကြတာဗျို့။ အခုလည်း ကျုပ်ကို အော်
ကျယ် အော်ကျယ်နဲ့ ပြောနေတာလေဗျာ။

“ကျုပ်အိပ်ပျော်သွားတာဗျ၊ မိုးလင်းခါနီးမှဘုရားပွဲ
က ပြန်ရောက်တာဗျ”

“ငါကတော့ ညကသန်းခေါင်လောက်ပြန်သွားတာ
ကွ၊ ဒါကြောင့်အိပ်ရေးဝနေတာ”

“နို့ …ကိုကြီးစံအေးကိစ္စရှိလို့လား”

“မင်းဆရာကြီး ဘိုးလူပေကြွလာတယ်ကွ၊ အရေး
ကြီး ကိစ္စရှိလို့ မင်းနဲ့တွေ့ချင်လို့တဲ့၊ ဒါနဲ့ ငါ့အဘ
က မင်းကိုခေါ်ဖို့ ချက်ချင်းလွှတ်လိုက်တာဟေ့။
ကဲ လုပ်သွားမယ်။ အခုတောင် ငါစောင့်နေတာ
တော်တော်ကြာနေပြီကွ။ ငါ့ဘိုးတော်ဒေါသကု
မ္မာအကြောင်းလည်း မင်းသိသားပဲတာတေရာ”

“ဘိုးစံမောင်အကြောင်းတော့ ကျုပ်တို့တစ်ရွာလုံး
သိကြပါ့ဗျာ၊ ကဲ…ကဲ သွားမယ်”

ကျုပ်က အမေနဲ့ အဘကို ဘိုးလူပေရောက်နေတဲ့
အကြောင်း ပြောလိုက်တယ်ဗျ။

“ဟဲ့…တာတေ နင်ထမင်းကြမ်းလေး ဘာလေး
စားသွားဦးလေ”

လို့ …အမေကပြောတော့ ကိုကြီးစံအေးက အသံ
ကျယ်ကျယ်ကြီးနဲ့ပြောသဗျ။

“အရီးငွေစိန်ရယ် ပူရန်ကောဗျာ။ ကျုပ်တို့အိမ်မှာ
လည်း ထမင်းရှိပါတယ်ဗျာ။ အိမ်မှာပဲ ကျုပ်ကျွေး
လိုက်ပါ့မယ်။ ကျုပ်ကြာနေလို့ အရီးသူငယ်ချင်း
ဘိုးတော်စံမောင် ဒေါသတွေပေါက်ကွဲနေပါဦး
မယ်ဗျာ”

“အေး…ဒါလည်းဟုတ်တာပဲဟဲ့၊ စံမောင်က ခုထက်
ထိကို ငယ်စိတ်မလျော့သေးဘူးစံအေးရဲ့။ အသက်
တွေက ငယ်တော့တာမဟုတ်ဘူးလေ။ ဘုရားတရား
ဘက်ကို စိတ်ညွှတ်မှပေါ့ဟယ်”

“ဝေးပါသေးတယ်အရီးရယ် ဘိုးတော်က နှမ်းတွေ
ပဲတွေ အထွက်လျော့ရင်လည်း ကျုပ်တို့ညီအစ်ကို
ကို ကြိမ်းတာပဲဗျ။ နှမ်းထွက် ပဲထွက်ဆိုတာ မိုးလေ
ဝသပေါ်မှာမူတည်တာ မဟုတ်လားအရီးရယ် ကျုပ်
တို့က အထွက်လျော့ကို ဘာလုပ်တတ်မှာတုံး”

“သည်းညည်းတော့ ခံကြဟေ့၊ ကိုယ့်အဘနဲ့အမေ
က အသက်တွေကြီးကြပြီဆိုတော့ ပြောချင်ရာပြော
ကြပစေပေါ့ စံအေးရယ် စိတ်ဆိုးရင် ကိုယ့်မှာပဲအ
ပြစ်ဖြစ်မှာဟဲ့”

“ဟာ…သည်းညည်းခံပါတယ်အရီးရယ်၊ အဘ
ဘာပြောပြော ကျုပ်တို့ညီအစ်ကိုက ခေါင်းငုံ့ကြ
တာပါဗျာ”

“အေး…အေး သာဓု သာဓု”

“ကဲ…ဘိုးဉာဏ်နဲ့အရီး ကျုပ်တို့သွားဦးမယ်”

“အေး…အေး…စံအေးရေ စံမောင့်ကို ဘိုးက သ
တင်း မေးတယ်လို့ပြောလိုက်ပါကွာ”

“အဘက ကိုကြီးစံအေးကို မှာလိုက်နေတာဗျ။

“ဟုတ်ကဲ့ဘိုး ကျုပ်ပြောပြလိုက်ပါ့မယ်”

ကိုစံအေးနဲ့ ကျုပ်နဲ့ ဘိုးစံမောင်အိမ်ရောက်တော့
ဘိုးလူပေ ထမင်းတောင် စားနေပြီဗျ။

“မောင်တာတေရေ မတွေ့တာတောင် တော်တော်
ကြာသွားပြီနော်”

“ဟုတ်ကဲ့ ဆရာကြီး နေထိုင်ကောင်းရဲ့လား”

“အေးကွယ်…ကျန်းမာပါတယ်။ ကဲ…နားလိုက်
ကြဦးကွဲ့”

ဘိုးလူပေထမင်းစားပြီးတော့ ထမင်းပွဲဆက်ပြင်ပြီး
အိမ်သားတွေစားကြတယ်။ ကျုပ်က အိမ်သားတွေ
နဲ့ အတူ စားရတာပေါ့ဗျာ။ ဘိုးစံမောင်အိမ်က ကျုပ်
တို့စားအိမ် သောက်အိမ်ပဲလေဗျာ။ အားလုံးထမင်း
စားပြီး ဘိုးလူပေက ဘုရားစင်ရှေ့မှာ တင်ပျဉ်ခွေ
ထိုင်ပြီး ထိုင်လို့ဗျာ။ ကျုပ်က ဘိုးလူပေကို ကန်
တော့လိုက်တယ်။

“ကဲ…ဆေးလိပ်လေးဘာလေး သောက်ကွဲ့၊ ဖြေး
ဖြေး ပြောကြတာပေါ့ကွယ်”

လို့ ပြောတာနဲ့ ကိုစံအေးကြီးက ကျုပ်ကို နဂါးဆေး
ပေါ့လိပ်တစ်လိပ်ထုတ်ပြီး တည်တယ်။ ကိုကြီးစံ
အေးကလည်း ကျုပ်လိုပဲ နဂါးဆေးလိပ်ပဲဗျ။ ကျုပ်
က မီးခတ်ကလေးခတ်ပြီး နဂါးဆေးပေါ့လိပ်က
လေးကို မီးညှိလိုက်တယ်။ ဆေးလိပ်ဖွာရင်း ဘိုးလူ
ပေကို ကျုပ်အကဲခတ်ကြည့်လိုက်တယ်။ ဘိုးလူ
ပေကတော့ ဘယ်အခါတွေ့တွေ့ ဒီအတိုင်းပဲဗျ။

သျှောင်တစောင်းနဲ့ နှုတ်ခမ်းမွှေးသဲ့သဲ့ကလေးနဲ့ပဲ
ဗျ။မျက်နှာမှာလည်း လောဘ ဒေါသ မာန်မာနမရှိ
သလောက်နည်းပါးတဲ့ မျက်နှာဗျ။ ခဏနေတော့မှ
ဘိုးလူပေက စကားစပြောတယ်။ ဘုရားစင်ရှေ့မှာ
တော့ ဘိုးစံမောင်ရယ်၊ ကိုစံအေးရယ်၊ ကျုပ်ရယ်
ဘိုးလူပေရယ် ထိုင်နေကြတာပေါ့ဗျာ။

ဘိုးစံမောင်က ဆေးတံသမားဗျ။ ဆေးတံထဲက
ဆေးဟောင်းတွေကို ‘တဒေါက်ဒေါက်’နဲ့ ခေါက်
ထုတ်လိုက်တယ်။ ပြီးတော့ ဆေးအသစ်တစ်ဆုံ
သိပ်ပြီး မီးခတ်နဲ့မီးညှိလိုက်တယ်။

“ဒီလိုကွဲ့မောင်တာတေရဲ့၊ ကျုပ်ကို ကဝေတစ်
ယောက် လိုက်ဖို့ အထက်ပုဂ္ဂိုလ်တွေက အမိန့်
ပေးသကွဲ့”

“ဟုတ်ကဲ့ ဆရာကြီး”

“အေး…ကျုပ်တို့အထက်လမ်းမှာကတည်း ပထမံ
ဝိဇ္ဇာမိုရ်ကြီးတွေပြီးရင် မဟာဂန္ဓာရီစူဠဂန္ဓာရီတွေ
အပြင် ဇနပဒဝိဇ္ဇာဆိုတာတွေကလည်း ရှိသေး
တယ်ကွဲ့၊ အဲဒီ့ဇနပဒတွေထဲမှာ တော်တော်များ
များက ပညာမှာ ယစ်မူးပြီးတလွဲတွေလုပ်တတ်
ကြတယ် အထက်ပုဂ္ဂိုလ်တွေက အဲဒါကို လိုက်
ထိန်းသိမ်းကြရသေးတယ်ကွဲ့၊ အဆိုးဆုံးကတော့
အောက်ပညာရပ်တွေကို ကမ်းခတ်အောင်တတ်
သွားကြတဲ့ ကဝေကြီးတွေပေါ့ကွယ်။ မသိနား
မလည်တဲ့သူတွေက သူတို့ကို အထင်ကြီးကိုး
ကွယ်ကြတယ်။

သူတို့ကလည်း သူတပါးအိမ်ရာရော ဘာရော နည်း
နည်းမှ ကြောက်တဲ့သူတွေ မဟုတ်ဘူးလေ။ သူတ
ပါး သားပျိုသမီးပျိုတွေကို သူတို့ရဲ့ယုတ်ညံ့တဲ့ဆေး
ဝါးတွေနဲ့ တို့ဟယ် ခတ်ဟယ်လုပ်ပြီးရအောင် ယူ
ကြတယ်။ သူတပါးပစ္စည်းကိုလည်း ရအောင် ဆေး
ဝါးတွေနဲ့လုပ်ပြီး ယူကြတယ်ကွဲ့။ တချို့အောက်
လမ်းပညာတွေဟာ ဘယ်အထိထက်မြက်သလဲဆို
ရင် သူတို့ကိုယ်သူတို့ မသေအောင် ထုံကူးပြီး အ
သက်ဆက်နေလို့တောင် ရတယ်ကွဲ့”

“ဗျာ…ဟုတ်လား ဆရာကြီး ထုံကူးတယ်ဆိုတာ
အထက်လမ်းဝိဇ္ဇာကြီးတွေ လုပ်နိုင်တာ မဟုတ်
ဘူးလားဗျ”

ကျုပ်က မေးလိုက်တော့ ဘိုးလူပေခေါင်းခါပြတယ်ဗျ

“မဟုတ်ဘူး မောင်တာတေရဲ့၊ အောက်လမ်းပညာ
မှာလည်း ထုံကူးနိုင်ကြတယ်ကွဲ့”

“သြော်…”

ကျုပ်ဖြင့် ဘိုးလူပေက ပြောလို့တာ ယုံရတာဗျာ။
အောက်လမ်းပညာဟာ အဲဒီလောက် ထက်မြက်
တယ်ဆိုတာ သိကိုမသိဘူးဗျ။

“အခု ကျုပ်လာရတဲ့ ကိစ္စကလည်း အဲဒီ့ကိစ္စပဲကွဲ့။
ထုံကူးနေတဲ့ ကဝေတစ်ယောက်ကိုတွေ့အောင်
ရှာရမှာ ။ဒီကောင်နာမည်က ဘိုးထောင်တဲ့ ငယ်
ငယ်တည်းက မျက်နှာမှာ ကျောက်ပေါက်မာတွေ
ရှိလို့ ကျောက်ဘီလူးဘိုးထောင်လို့ခေါ်ကြတယ်။
နောက်တော့ ဘိုးထောင်က အောက်လမ်းဆရာ
ဖြစ်သွားပြီး ကိုးဂူအောင်တဲ့အဆင့်အထိရောက်
သွားသတဲ့ကွဲ့”

“ဗျာ…ကိုးဂူအောင်တယ်ဆိုတာ ဘာကိုပြောတာ
တုံး ဆရာကြီး”

ကျုပ်က မေးလိုက်တယ်ဗျ။

“ဒီလိုကွဲ မောင်တာတေရဲ့ အောက်လမ်းကဝေတွေ
ထဲမှာ ကိုးသင်္ချိုင်းအောင်တဲ့ကဝေ၊ ကိုးကျင်းအောင်
တဲ့ကဝေ၊ နတ်ရဲညောင်ပင်ကိုးပင်အောင်တဲ့ကဝေနဲ့
အမြင့်ဆုံးက ဂူကြီးကိုးဂူအောင်တဲ့ ကဝေဆိုပြီး ရှိ
တယ်။ အဲဒီထဲမှာ ဂူကြီးကိုးဂူအောင်တဲ့ကဝေက အ
မြင့်ဆုံးပေါ့ကွယ်။အခု ကျုပ်လိုက်ရမယ့်ကျောက်ဘီ
လူးဘိုးထောင်ဆိုတဲ့ကောင်က သူ့ကိုယ်သူ ဘိုးတော်
ညိုဆိုတဲ့ နာမည်ခံယူပြီး လူတွေကို နည်းပေါင်းစုံနဲ့
လိမ်နေတဲ့ ကောင်ကွ အခုတော့ ဒီကောင်က ဂူကိုး
ဂူအောင်ယုံတင် မကဘူး ထုံကူးတဲ့အဆင့်တောင်
ရောက်သွားပြီ။ကျောက်ဘီလူးဘိုးထောင်ထုံအောင်
သွားပြီဆိုရင်တော့ တော်တော်ကို အန္တရာယ်ကြီး
လာမှာကွဲ့ မောင်တာတေရဲ့။ အမျိုးကောင်းသား
သမီးတွေကို ဒုက္ခပေးတော့မှာ။ သူတပါးသားပျို
သမီးတွေကို ဖျက်ဆီးတော့မှာကွဲ့”

“ကျုပ်မသိလို့ မေးပါရစေဆရာကြီးရယ် ကဝေ
တွေထုံကူးတယ်ဆိုတာ ဘာလုပ်ကြတာတုံး
ဆရာကြီးရဲ့”

“ထုံကူးတယ်ဆိုတာ ဘဝအသစ်တခုကို ဆက်ကူး
သွားတာပေါ့ကွယ်၊ မောင်တာတေ ဥယျာဉ်ခြံမြေ
တွေ ရောက်ဖူးလားကွဲ့”

“ဟာ…ရောက်ဖူးပါတယ် ဆရာကြီးရဲ့”

“အေး…အဲဒီ့ခြံဝန်းကြီးတွေထဲမှာ ဒူးရင်းသြဇာပင်
လို အပင်တွေရဲ့ အရွက်ထူထူတွေပေါ်မှာ ပေါက်
ဖက်တွေ သူတို့ရဲ့အမျှင်တွေနဲ့ အိမ်ဖွဲ့ပြီး ဂူအောင်း
သလိုအောင်းကြတာ မောင်တာတေမြင်ဖူးလားကွဲ့”

“ဟုတ်ကဲ့ မြင်ဖူးပါတယ် ဆရာကြီး”

“အဲဒီ ပေါက်ဖတ်တွေ ဘာဖြစ်သွားတယ်ဆိုတာ
ကော သိလားကွဲ့”

“လိပ်ပြာဖြစ်သွားတယ်လေ ဆရာကြီးရဲ့”

“အေး…ဟုတ်သကွဲ့၊ အဲဒါ ပေါက်ဖတ်ဘဝကနေ
ပြီး လိပ်ပြာဘဝကို ထုံကူးသွားတာပဲကွဲ့”

“သြော်…ကဝေတွေလည်း အဲဒီလိုပဲလား ဆရာ
ကြီး”

“အေး…အဲဒီ့သဘောပဲကွဲ့၊ ဒါပေမယ့်ကဝေတွေ
ကတော့ ပေါက်ဖတ်ကနေ လိပ်ပြာဖြစ်သလို အ
ခြားတစ်ယောက်တော့ ဖြစ်မသွားဘူးပေါ့ကွယ်။
ဒီရုပ် ဒီခန္ဓာနဲ့ပဲ ပညာအဆင့်တွေ မြင့်သွားတာ
ပေါ့ကွယ်။ ပြီးတော့ ဘဝအသစ်တခုရသွားတာ
ပေါ့။ ဒီတော့ အသက်က နောက်တစ်ဘဝစာထပ်
ပြီး ရှည်သွားပြန်တာပေါ့”

“ဟင်…ဒါဆိုရင် သေခါနီးတိုင် ထုံဆက်ဆက်ကူး
သွားရင်…”

ကျုပ်စကားမဆုံးခင်ပဲ ဘိုးလူပေက ပြောလိုက်
တယ်ဗျ။

“သိပ်ဟုတ်တာပေါ့ မောင်တာတေရယ်၊ အသက်
တွေ ရာနဲ့ ချီပြီး နေနိုင်တာပေါ့ကွယ်”

“ဟာ …အခု ကျုပ်လိုက်မယ့် ကျောက်ဘီလူးဘိုး
ထောင်က အဲဒီ့အဆင့်ကို စပြီး တက်နေပြီကွဲ့။
အဲဒါကို အထက်ပုဂ္ဂိုလ်တွေက ခွင့်မပြုကြဘူး။
ဒါကြောင့် ကျုပ်လာခဲ့တာပဲ”

“နို့ …နေပါဦးဆရာကြီးရဲ့၊ အဲဒီ့ကဝေကြီးက ဘယ်
မှာ ထုံကူးနေတာတုံးဗျ”

“အဲဒါ အခက်တွေ့နေရတာပေါ့ မောင်တာတေရဲ့၊
ဘိုးထောင်က သင်္ချိုင်းတစ်ခုထဲမှာရှိနေတယ်။ သူ
တပည့်တွေက သူတို့ဆရာမှာတဲ့အတိုင်း သင်္ချိုင်း
တခုတည်းမှာ လူမသိသူမသိ မြှုပ်သွားကြတာကွဲ့၊
ဗမာပြည်တစ်ခုလုံးမှာလည်း သင်္ချိုင်းတွေက အ
များကြီးဆိုတော့ ဘယ်သင်္ချိုင်းမှန်းကို မသိတာကွဲ့။
သူထုံအောင်မယ့် ရက်ကလည်း နီးလာနေပြီကွ”

“ဟာ …ဒါဆိုရင် ဆရာကြီးဘယ်နှယ့်လုပ်မတုံး”

ကျုပ်က စိုးရိမ်တကြီးပြောလိုက်တော့ ဘိုးလူပေက
ခေါင်းလေးညိတ်ပြပြီး ပြောသဗျ။

“အဲဒါကြောင့် ကျုပ် မောင်တာတေကို ခေါ်ရတာ
ပေါ့ကွယ်၊ ဒီကိစ္စကိုကူညီနိုင်တာ မောင်တာတေနဲ့
အလွန်ခင်မင်တဲ့ မဖဲဝါပဲရှိတာကွဲ့။ သင်္ချိုင်းမှန်သ
မျှနဲ့ပဲ ဆိုင်တာလေကွယ်”

“သြော်…မဖဲဝါကိုမေးရမှာကိုး”

“မေးရုံတင်မကဘူးကွဲ့၊ ကျောက်ဘီလူးဘိုးထောင်
ကို သင်္ချိုင်းထဲမှာ ဒီအတိုင်းထားကြမှာ မဟုတ်ဘူး
မောင်တာတေရဲ့၊ အစောင့်အကျပ်တွေ ချထားကြ
မှာ။ အဲဒီ့သင်္ချိုင်းကို ရှင်းထုတ်ဖို့က မဖဲဝါကို အကူ
အညီတောင်းရလိမ့်မယ်။ ကျန်တဲ့ကိစ္စကတော့
ကျုပ်ဆက်လုပ်မှာပါ မောင်တာတေ”

“ဒါဆိုရင် မဖဲဝါကို ဘယ်တော့မေးရမှာတုံး ဆရာကြီး”

“အချိန်မရှိတော့ဘူးကွဲ့၊ ဒီညပဲမေးမှ ဖြစ်မယ်
မောင်တာတေ”

ဘိုးလူပေ စကားကို ကြားတော့ ကျုပ်က ကိုကြီးစံ
အေးကို လှမ်းကြည့်လိုက်တယ်။

“ပြော တာတေ ငါ ဘာလုပ်ပေးရမတုံး”

“ထနောင်းကုန်းမှာက ဘုရားပွဲရှိတော့ ထနောင်း
ကုန်းသင်္ချိုင်းထဲမှာ လုပ်လို့ မဖြစ်ဘူးဗျ။ဒီဘန့်ဘွေး
ကုန်းသင်္ချိုင်းမှာပဲ မဖဲဝါကို ကျွေးမွေးရမှာပဲဗျ”

“အေး…ဟုတ်တာပေါ့တာတေရ၊ လုပ်လေကွာ ည
ကျတော့ ငါလိုက်မှာပေါ့။ ပြော မဖဲဝါကို ကျွေးဖို့
ဘာတွေချက်ရမှာတုံး”

ကိုစံအေးကြီးကတော့ အားတက်သရောပြောတာဗျ

“တာတေ လိုတာပြော၊ လိုတာအားလုံး ဘိုးလုပ်
ပေးမယ်”

လို့ ဘိုးစံမောင်ကလည်း ပြောသဗျ။ ဒါနဲ့ ကျုပ်က
ကိုစံအေးကို မျက်ရိပ်ပြခေါ်ပြီး အိမ်အောက်ထပ်ကို
ဆင်းလာခဲ့တယ်။ ဘိုးစံမောင်တို့အိမ်ကြီးရဲ့အောက်
ထပ်က တန်းလျားခုံပေါ်ကိုရောက်တော့ ကိုကြီးစံ
အေးနဲ့ ကျုပ်နဲ့ နဂါးဆေးပေါ့လိပ်တစ်ယောက်တစ်
လိပ်ဖွာပြီး တိုင်ပင်ကြရတာပေါ့ဗျာ။

“ကဲ …မဖဲဝါကိုပင့်ဖို့ ဘာတွေလိုတုန်း ပြော တာတေ”

ကျုပ်က နဂါးဆေးပေါ့လိပ်ကလေးကို တစ်ဖွာ ဖွာပြီး
ပြောလိုက်တယ်ဗျ။

“ကိုကြီးစံအေးရေ လိုတာကတော့ ထမင်းတခွက်
ချက်ရယ် ကြက်သားတစ်ပိဿာချက်ရယ်ပဲဗျ။ အဲ
ဒါကို ငှက်ပျောဖက်ခင်းပြီး ထမင်းတောင်းပြင်ပေး
ထားမှာ။ ဒါမှ ကျုပ်က အဆင်သင့်ထမ်းပြီး ယူသွား
ရုံပဲလေဗျာ”

ကျုပ် ပြောတာကို စိတ်ဝင်တစားနားထောင်နေတဲ့
ကိုကြီးစံအေးက ခေါင်းလေးညိတ်ပြပြီး ပြောသဗျ။

“အဲအတွက်တော့ ဘာမှမပူနဲ့တာတေ ကြက်တစ်ပိ
ဿာ မဟုတ်ဘူး တစ်ပိဿာငါးဆယ်ကို ချက်ပေး
မယ်”

“ဟာ …ဒါဆိုရင်တော့ ပိုကောင်းတာပေါ့ဗျာ။ မဖဲဝါ
က လာရင် သူတစ်ယောက်တည်းလာတာ မဟုတ်
ဘူးဗျ။ နက်ကျော်ကြီးကို ခေါ်ပြီးလာတာ”

“ဟေ…နက်ကျော်ဆိုတာ မဖဲဝါရဲ့ တပည့်သရဲကြီး
လားကွ တာတေရ”

“မဟုတ်ဘူး ကိုကြီးစံအေးရဲ့ သရဲမဟုတ်ဘူး။ မဖဲဝါ
ရဲ့ခွေးကြီးဗျ။ နည်းတဲ့အကောင်ကြီး မဟုတ်ဘူးဗျာ။
နွားပေါက်တစ်ကောင်လောက်ကိုရှိတာဗျ”

“ဟေ…ဟုတ်လားတာတေ၊ ဒါတွေကို မင်းမြင်ရတယ်
ပေါ့။ ဟုတ်လား၊ မင်းကတော့ ထူးပါ့ကွာ”

“ဒီအတိုင်းမြင်ရတာတော့ ဘယ်မှာဟုတ်မှာတုံး မျက်
ကွင်းဆေး ကွင်းမှ မြင်ရတာပေါ့ဗျ”

“ဟာ…ဟုတ်လား၊ မျက်ကွင်းဆေးကွင်းရတာလား။
နို့ …အဲဒီ့မျက်ကွင်းဆေးကို မင်းလုပ်တတ်လို့လား”

“ကျုပ်ကတော့ ဘယ်လုပ်တတ်မှာတုံး ကိုကြီးစံအေး
ရ။ ကျုပ်ဆရာစိုင်းနွံဖပေးသွားတာဗျ။ မျက်ကွင်းဆေး
ကွင်းပြီးရင် ပြန်ဖျက်ဖို့ ‘ဝ’ကွင်းတဲ့ဆနွင်းဖြူပင်ရဲ့ဥ
လည်း ပေးခဲ့တယ်”

“ဟာ…အဲဒီ့မျက်ကွင်းဆေးကုန်သွားရင် မင်းဘယ်
မြင်ရတော့မှာတုန်း”

“မကုန်ဘူး ကိုကြီးစံအေးရ မျက်ကွင်းဆေးတောင့်
က မာကျောက်နေတာဗျ။ ပြီးတော့ အများကြီး
သွေးရတာ မဟုတ်ဘူး။ နည်းနည်းလေးသွေးရတာ။
ဆနွင်းဖြူဥကလည်း ဒီလိုပါပဲဗျ။ နည်းနည်းလေးပဲ
သွေးရတာ။ ကျုပ်သုံးနေတာ ကြာပေါ့။ နည်းနည်း
လေးပဲ ပွန်းသေးတာဗျ”

“သြော်…ဒီလိုလား၊ အဲဒီ့မျက်ကွင်းဆေးကွင်းပြီးရင်
နာနာဘာဝတွေ အားလုံးကို မြင်တော့တာပဲလားကွ”

“ဟာ..မြင်ပါပြီလားကိုကြီးစံအေးရာ၊ အကုန်လုံး
ကို မြင်တော့တာဗျ”

“ဟ…တာတေရ၊ ဒီလိုမြင်တော့
မင်းမကြောက်ဘူးလားကွ”

“မကြောက်ဘဲနေမလားကိုကြီးစံအေးရဲ့ ကြောက်
တာပေါ့ဗျာ။ ဒါပေမဲ့ တချို့က တစ္ဆေတွေဗျ။ တစ္ဆေ
ဆိုတာက သေခါနီးမှာ တခုခုကို စွဲလန်းပြီး မကျွတ်
မလွတ်ဖြစ်နေတာတဲ့ဗျ။ သူတို့က အကုသိုလ်သိပ်
မများတော့ သိပ်ပြီး ပုံပျက်ပန်းပျက်ကြီးတွေမဟုတ်
ကြဘူးဗျ။သရဲဆိုတဲ့ဟာကြီးတွေကတော့ အကုသိုလ်
ကြီးတွေနဲ့ အပါယ်ကျလာတာဆိုတော့ ပုံပျက်ပန်း
ပျက်ကြီးတွေပေါ့ဗျာ။

ကံသိပ်နိမ့်နေတဲ့အချိန်မှာ လူတွေဟာ သရဲသဘက်
တွေကို မြင်တက်တယ်တဲ့ဗျ။ အဲ့ဒီအခါမှာ တအား
ကြောက်ကြတာဗျ။သူတို့ကို သရဲက ကြောက်အောင်
အသွင်သဏ္ဍန်ကြီးတွေ ဖန်ဆင်းပြီး ခြောက်လှန့်တယ်
လို့ ထင်ကြတာ။ တကယ်က သူတို့ရုပ်သွင်တွေကိုက
အကုသိုလ်တွေကြောင့် ကြောက်စရာ လန့်စရာကြီး
တွေ ဖြစ်နေတာပါဗျာ။ လူတွေကြောက်အောင် ရုပ်
ရည်တွေကို ဖန်ဆင်းပြီး ခြောက်တာမဟုတ်ပါဘူး”

“ဒါဆိုရင် မျက်ကွင်းဆေးကွင်းပြီးတိုင်း မင်းလျှောက်
ကြည့်တာပဲလား တာတေ”

“ဟာ …ဘယ်ကြည့်မှာတုန်းဗျ၊ ကျုပ်လည်း ဘယ်
ကြည့်ရဲမှာတုန်း။ ကိုယ်လုပ်ရမယ့် ကိစ္စပဲလုပ်တာ
ပါဗျာ။ ပြီးတာနဲ့ ချက်ချင်း ဖျက်ပစ်လိုက်တာပါ”

“သြော်…ဒီလိုလား။ ကဲ…တာတေ မင်းပြန်ချင်ရင်
ပြန်တော့လေကွာ ညကျရင် ဘယ်အချိန်လာမှာတုန်း”

“မိုးချုပ်စဆိုရင် ကျုပ် ရောက်လာမှာပါ ကိုကြီး
စံအေးရဲ့”

“အေး…ဟုတ်ပြီ။ စိတ်ချ ငါအားလုံးစီစဉ်ထားလိုက်
မယ်။ ပြီးတော့ ညကျရင် ငါကိုယ်တိုင် ထမင်းတောင်း
ထမ်းပြီးတော့ လိုက်ခဲ့မယ်။ ဒီညတော့ တို့နှစ်ယောက်
ဘုရားပွဲရောက်မှာ မဟုတ်တော့ဘူးပေါ့ကွာ”

“ဘယ်တတ်နိုင်မှာတုန်းဗျာ။ ကိစ္စကပေါ်လာမှာပဲ”

ကျုပ်က အိမ်ပေါ်တက်ပြီး ဘိုးစံမောင်နဲ့ ဆရာကြီး
ဘိုးလူပေကို နှုတ်ဆက်တယ်။ညကို မိုးချုပ်စရောက်
လာခဲ့မယ်အကြောင်းပြောခဲ့တယ်။ ကျုပ်အိမ်ပေါ်
က ပြန်ဆင်းတော့ ကိုကြီးစံအေးကို မတွေ့တော့
ဘူးဗျ။ ကြက်ဝယ်ဖို့ ရွာထဲ ထွက်သွားပြီထင်တယ်
ကျုပ်လည်း ထနောင်းကုန်းကို ပြန်ချလာခဲ့တယ်။

ညရောက်တော့ ကျုပ်ဘန့်ဘွေးကုန်းကို ခုနှစ်နာရီ
လောက် ရောက်လာတယ်။ ကိုစံအေးက တကယ်
ကို စိတ်ချရတဲ့လူဗျ။ ထမင်းတောင်းကို အဆင်သင့်
ပြင်ထားတာဗျို့။

ကျုပ်က အိမ်ပေါ်တက်ပြီး ဘိုးစံမောင်တို့ဆရာကြီး
တို့နဲ့ စကားနည်းနည်းပါးပါးပြောတယ်။ ညကိုးနာရီ
ထိုးတော့ တစ်ရွာလုံးလည်း တိတ်သွားပြီဗျ။ ထ
နောင်းကုန်းဘုရားပွဲကို အားလုံးရောက်သွားကြပြီ
ပေါ့ဗျာ။ ကျုပ်နဲ့ကိုစံအေး ဘန့်ဘွေးကုန်းသင်္ချိုင်း
ကို ထွက်လာခဲ့ကြတယ်။ ကိုကြီးစံအေးက ထမင်း
တောင်းထမ်းလို့ဗျ။

ကျုပ်က မျက်ကွင်းဆေး ကွင်းလာတာဆိုတော့
အခြေအနေကို အကဲခတ်ရင်း ရှေ့ကသွားတာ
ပေါ့ဗျာ။ တစ်လမ်းလုံးလူဆိုလို့ တစ်ယောက်
တောင် မတွေ့ရဘူးဗျ။ ထနောင်းကုန်းဘက်က
လွင့်လာတဲ့ ဆိုင်းသံတွေ ဒိုးသံတွေ ဗိန်းမောင်း
တိုက်တဲ့အသံတွေကိုတော့ ဘန့်ဘွေးကုန်းက အ
တိုင်းသား ကြားနေရတာဗျ။

ဘန့်ဘွေးကုန်းသင်္ချိုင်းထဲကို ရောက်တော့ ဘိန်းစား
ဘစိန်ကြီးကို ကျုပ်ပိုပြီး သတိရလာတာပေါ့ဗျာ။ သူ
နဲ့ ကျုပ်နဲ့ ဖောက်ခဲ့ကြတဲ့ ရွှေသွားဟုတ်စိန်လို့ ခေါ်
ကြတဲ့ တရုတ်ဟုတ်စိန်ရဲ့ဂူကြီးရှိတဲ့ဘက်ကို ကျုပ်
လှမ်းကြည့်လိုက်မိတယ်။

ကုက္ကိုပင်တန်းကြီးဗျ။ အဲဒီ့ဘက်မှာ ကုက္ကိုပင်တန်း
ကြီး ရှိတယ်လေဗျာ။ ကျုပ်က ရှေ့ဆက်မသွားဘဲ
ကုက္ကိုပင်တန်းဘက်ကို လှမ်းကြည့်နေတော့ ထမင်း
တောင်းကြီး ထမ်းပြီး လိုက်လာတဲ့ ကိုစံအေးကြီးက
လန့်သွားတာပေါ့ဗျာ။

“တာတေ မင်းဘာမြင်လို့ ကြည့်နေတာတုန်း”

“ဟာ…မဟုတ်ပါဘူးဗျ၊ ကုက္ကိုပင်တွေပေါ်ကို လ
ရောင်ကျနေတာ ကြည့်ကောင်းလို့ ကြည့်နေတာ
ပါ ကိုကြီးစံအေးရဲ့”

“ဟူး…တော်ပါသေးရဲ့ကွာ ငါက မင်း ဘာကောင်မြင်
နေလို့လဲလို့ လန့်သွားတာပေါ့”

ကျုပ်က ဘာမှမပြောတော့ဘဲ ရှေ့ဆက်လျှောက်
လိုက်တယ်။’ဘုရားဒကာ ကျောင်းဒကာ ရဟန်းဒ
ကာဦးထွန်းဝေ’ဆိုတဲ့ အုတ်ဂူကြီး ရှေ့ကို ရောက်
တော့ ကျုပ်က တုန့်ကနဲ ရပ်လိုက်တယ်။ ကျုပ်
ရပ်တော့ ကိုစံအေးကြီးလည်း ရပ်လိုက်တာပေါ့
ဗျာ။ ကျုပ်က အုတ်ဂူအနေအထားကိုကြည့်ပြီး…

“ကဲ …ကိုကြီးစံအေး ကျုပ်ကို ထမင်းတောင်းပေး
တော့ ပြီးရင် ကိုကြီးစံအေး ဟိုမန်ကျည်းပင်အောက်
မှာ သွားနေလိုက်။ ကျုပ်မဖဲဝါကို ပင့်တော့မယ်”

ကျုပ်က ပြောပြောဆိုဆိုနဲ့ ကိုကြီးစံအေးပုခုံးပေါ်က
ထမင်းတောင်းကို ယူလိုက်တယ်။ ဘုရားဒကာကြီး
ဦးထွန်းဝေရဲ့အုတ်ဂူက ကြီးတော့ ထမင်းပွဲပြင်ဖို့
ကောင်းတယ်ဗျ။ ကျုပ်က အသင့်ယူလာတဲ့ ရေ
ခွက်ကို ချ ဖယောင်းတိုင်ထွန်း ဂူပေါ်မှာ ထမင်း
ပွဲကို ဖြန့်ခင်းပြီး ပြင်လိုက်တယ်။

အားလုံးပြင်ပြီးတာနဲ့ ကျုပ် မဖဲဝါကို ပင့်လိုက်တယ်။
နှစ်ခါသုံးခါ ပင့်လိုက်တော့မှ…

“ဝူး…ဝူး…ဝူး၊ အီ…အီ…အီ”

ဆိုတဲ့ မဖဲဝါရဲ့ခွေးကြီးနက်ကျော်ရဲ့အော်သံကို ကြား
လိုက်ရတယ်။ ခွေးအူသံကြီးက တဖြေးဖြေး ဘန့်ဘွေး
ကုန်းသင်္ချိုင်းနဲ့ နီးလာတယ်ဗျ။ ဟော …လာပြီဗျို့။ လာ
ပြီ။ မဖဲဝါ သင်္ချိုင်းထဲကို ဝင်လာပြီဗျို့။ အရပ်ဆယ်ပေ
ကျော်လောက်ရှိတဲ့ မဖဲဝါကြီးဗျာ။ ဂူတွေပေါ်ကနေ ရိပ်
ကနဲ ရိပ်ကနဲ ရွေ့လာတာဗျ။

ဆံပင်ဖားလျားကြီး ချထားတဲ့ မဖဲဝါက ထမိန်ရင်လျား
ကြီးနဲ့ဗျ။ ကျုပ်ထမင်းပွဲပြင်ထားတဲ့ အုတ်ဂူကို တန်း
တန်းမတ်မတ်ရောက်လာပြီး ထမင်းပွဲနားမှာ ဝင်ထိုင်
လိုက်တယ်ဗျ။ဒူးခေါင်းကြီးတွေ ထောင်ပြီး ထိုင်လိုက်
သားနဲ့ မဖဲဝါက စပြီးစားတော့တာပဲဗျို့။ သူစားလိုက်
ဂူဘေးမှာ ရပ်နေတဲ့ နက်ကျော်ကြီးကို ကြက်သားတုံး
ပစ်ကျွေလိုက်နဲ့ပေါ့ဗျာ။

ခဏကြာတော့ ကျုပ်ကို လှမ်းကြည့်တယ်။ ကျုပ်က
လည်း အခြေအနေကို ကြည့်နေတာဆိုတော့ ချက်
ချင်းပြောလိုက်တာပေါ့ဗျာ

“မဖဲဝါ…ကျုပ်ဆရာကြီးဘိုးလူပေ ကျုပ်ဆီကို ရောက်
လာတယ်ဗျ။ လာတဲ့ကိစ္စကတော့ အထက်ပုဂ္ဂိုလ်ကြီး
တွေရဲ့ညွှန်ကြားချက်ကြောင့်ပဲဗျ။ ကျောက်ဘီလူးဘိုး
ထောင်ဆိုတဲ့ ကဝေကြီးတစ်ယောက်ဟာ သင်္ချိုင်းထဲ
မှာ ထုံဝင်နေတယ်တဲ့ဗျ။ အဲဒါ ထုံကူးပြီး ထွက်လာတဲ့
အခါ လူတွေကိုဒုက္ခအကြီးအကျယ်ပေးတော့မှတဲ့ဗျ။
အဲဒါကြောင့်…”

ကျုပ်စကားတောင် မဆုံးသေးဘူး။ မဖဲဝါက ကျုပ်ကို
ပြန်ပြောတယ်ဗျ။

“ငါသိတယ် တာတေ၊ နင့်ဆရာကြီးက ကျောက်ဘီ
လူး ထုံကူးနေတဲ့သင်္ချိုင်းကို ရှာနေတာမို့လား”

“ဟုတ်တယ်ဗျ ။ မဖဲဝါ”

“ဟား…ဟား…ဟား…ဟား ကျောက်ဘီလူးထုံကူးနေ
တာ တခြားမှာ မဟုတ်ဘူးဟဲ့ ဟောဒီ့ဘန့်ဘွေးကုန်း
သင်္ချိုင်းထဲမှာ တာတေရဲ့။ မနက်ဖြန်လပြည့်ညသန်း
ခေါင်ကျော်ရင် ကျောက်ဘီလူးက အချိန်ပြည့်ပြီ။ ထုံ
အောင်မလား မအောင်ဘူးလားတော့ မသိဘူး။ မ
အောင်ရင်တော့ ထွက်လာနိုင်မှာ မဟုတ်ဘူးတာတေ။
အောင်ရင်တော့ ထွက်လာမှာပဲ။

အေး…ထွက်လာရင်တော့ ပညာအဆင့်တွေ မြင့်လာ
ပြီး လူတွေကို အရင်ထက် ဒုက္ခပေးတော့မှာ သေချာ
တယ်။နင်နားထောင် တာတေ ဒီဂူတွေအဆုံးက ဟော
ဟိုထနောင်းပင်အောက်မှာ သင်္ချိုင်းတစ်ခုရှိတယ်။ အဲ
ဒါ ကျောက်ဘီလူး ထုံကူးနေတဲ့ သင်္ချိုင်းပဲ။ မှတ်တိုင်
မှာ ဦးညိုလို့ ရေးထားတယ်။ မနက်ဖြန် ညကျရင် ငါ
လည်း ဒီကို လာခဲ့ပါမယ်။

ဒီအကောင်က သူ့တပည့်တွေကို အမိန့်ပြန်ခိုင်းပြီး
ငါ့ကို အသိပေးတယ်။ ငါ့ဆီမှာ ခွင့်တောင်းတာ မ
ဟုတ်ဘူး။ ငါ့ကိုဝင်မရှုတ်ဖို့အမိန့်ပေးတယ်။ သူထုံ
ကူးနေတုန်း လာနှောက်ယှက်ရင်အသေသတ်ပစ်
ရမယ်လို့ အမိန့်ပေးတယ်။ ဒါပေမဲ့ ဘိုး လူပေက
သူထုံအောင်လို့ ထွက်လာမှ သူနဲ့ရင်ဆိုင်မှာဆိုတော့
ငါ့တာဝန်မရှိတော့ဘူးလေ။ ဒီတော့ အမိန့်အာဏာနဲ့
ငါ့ကို အနိုင်ယူထားတဲ့ ဒီကောင်ကို ငါဘာလဲဆိုတာ
သိသွားစေရမယ်ဟေ့”

မဖဲဝါက ထမင်းတွေ ဟင်းတွေကို အားရပါးရစား
တယ်ဗျ။ နက်ကျော်ကြီးကိုလည်း တော်တော်ကျွေး
လိုက်သေးတာဗျို့။ ပြီးတော့မှ ရေခွက်ထဲက ရေ
တွေကို မော့သောက် လက်ဆေးပြီး သင်္ချိုင်းထဲက
ထွက်သွားတယ်ဗျို့

“ဝူး…ဝူး…ဝူး…ဝူး၊ အီ …အီ…အီ…အီး”

နက်ကျော်ရဲ့အသံကြီးလည်း တဖြေးဖြေးဝေး
ဝေးသွားတယ်ဗျို့။ ကျုပ်နဲ့ကိုစံအေး ဘန့်ဘွေး
ကုန်းကိုပြန်ရောက်လို့ ဆရာကြီးဘိုးလူပေကို
အကြောင်းစုံပြောပြတော့ ဘိုးလူပေက အံ့သြ
ပြီး ရယ်လိုက်တာဗျာ။

“မောင်တာတေရယ်၊ ကျုပ်က တနေရာကို ခရီး
ထွက်ပြီး ကျောက်ဘီလူးဘိုးထောင်ကို လိုက်ရှာ
ရလိမ့်မယ်ထင်နေတာကွဲ့။ လက်စသတ်တော့
ဒီကောင်က ဘန့်ဘွေးကုန်းသင်္ချိုင်းထဲမှာ လာပြီး
ထုံကူးနေတာကိုး။ ဒါဆိုတော့ ကျုပ်ခရီးက ဆုံး
နေပြီပဲ။ ကဲ…မနက်ဖြန်နေ့ ညမှာ ကျုပ်နဲ့ကျောက်
ဘီလူးနဲ့ တွေ့ကြရတော့မှာပေါ့ကွယ်”

ဆရာကြီးတို့ ဘိုးစံမောင်တို့နဲ့ စကားပြောပြီးတာနဲ့
ကိုကြီး စံအေးက ကျုပ်ကို လိုက်ပို့တယ်။ ကျုပ်တို့
အိမ်မပြန်သေးဘဲ ပွဲဈေးတန်းဘက်ကို ထွက်ခဲ့ကြ
တယ်ဗျ။ ပွဲဈေးတန်းရောက်တော့ နှစ်ယောက်သား
‘စိန်ရှံအုန်းနို့ခေါက်ဆွဲ’ဆိုင်ဝင်ပြီး အုန်းနို့ခေါက်ဆွဲ
တစ်ပွဲစီစားလိုက်ကြတယ်ဗျ။

“တာတေ မနက်ဖြန်ည မင်းလိုက်မှာလား”

“ဟာဗျာ…ကိုကြီးစံအေးကလည်း ဒီလိုပွဲကြီးပွဲကောင်း
မျိုးကို တာတေဆိုတဲ့ကောင်က ဘယ်မှာလက်လွှတ်ပါ့
မလဲဗျာ။ မဖဲဝါလည်း လာမှာဗျ။ ပွဲကတော်တော့်ကို
ကောင်းမှာဗျို့။ ပြီးတော့ ဆရာကြီး ခိုင်းတာကို ကျုပ်
က လုပ်ပေးရဦးမှာလေဗျာ။ မိုးချုပ်တာနဲ့ ကျုပ်က ကို
ကြီးစံအေးတို့ ရွာကို ရောက်ပြီးသားပဲဗျ”

“သိပ်ကောင်းတာပေါ့ ငါလည်း လိုက်ချင်တယ်ကွာ
မင်းဘိုးလူပေကို ပြောပေး တာတေရာ”

“ရပါတယ်ဗျ၊ ကျုပ်ပြောပေးပါ့မယ်၊ လိုက်ခဲ့တော့ ဗဟုသုတရတာပေါ့ဗျာ”

ညဆယ့်တစ်နာရီထိုးတော့မှ ကျုပ်အိမ်ပြန်ခဲ့တယ်။
ကိုကြီးစံအေးလည်း ဘန့်ဘွေးကုန်းကို ပြန်သွားတယ်
လပြည့်နေဆိုတော့ ရွှေတောင်ဦးဘုရားပွဲမှာ ဆွမ်း
တော်ကြီးကပ်ပွဲက အကြီးအကျယ်ပဲဗျို့။ ကျုပ်အ
ဘနဲ့ အမေက ဆွမ်းတော်ကြီးကပ်တဲ့အဖွဲ့မှာ ဦး
ဆောင်ပြီး လုပ်ကြရတာဗျ။

ဆွမ်းပွဲတွေ၊ ဟင်းပွဲတွေ၊ သစ်သီးပွဲတွေ၊ မုန့်ပွဲတွေ
မှစုံလို့ပါဗျာ။ ဆီမီးတွေ၊ ဆွမ်းပွဲ၊ အချိုပွဲ၊ သစ်သီးပွဲ
တွေနဲ့ မြင်ရတဲ့သူတိုင်း ကြည်နူးစရာ မြင်ကွင်းပဲ
ပေါ့ဗျာ။ ညရောက်တော့ ကျုပ်က ဆေးလွယ်အိတ်
ကို စလွယ်သိုင်းပြီး ဘန့်ဘွေးကုန်းကို ထွက်ခဲ့တယ်

ဘန့်ဘွေးကုန်းက ကိုကြီးစံအေးတို့အိမ်ကို ကျုပ်
ရောက်တော့ ဘိုးလူပေက ဘုရားစင်ရှေ့မှာ ပုတီး
စိပ်နေတယ်ဗျ။ ကျုပ်တို့လည်း အိမ်အောက်ကို
ဆင်းလာကြပြီး တန်းလျားမှာ ထိုင်စကားပြောကြ
ရတာပေါ့ဗျာ။ အိမ်ပေါ်မှာ ဘိုးလူပေ လွတ်လွတ်
လပ်လပ် အလုပ်လုပ်လို့ ရတာပေါ့ဗျာ။ တော်
တော်လေး ကြာသွားတော့ …

“မောင်တာတေ…မောင်တာတေ ရောက်ပြီလားကွဲ့”

အိမ်ကြီးပေါ်က ဘိုးလူပေ လှမ်းမေးလိုက်တဲ့အသံဗျ

“ဆရာကြီး ကျုပ်ရောက်ပြီဗျ”

“အေး …ဒါဆို ဒီကိုလာခဲ့ဦးကွဲ့”

“ဟုတ်ကဲ့ ဆရာကြီး”

ကျုပ်အိမ်ပေါ်ကို တက်လာတော့ ဆရာကြီးဘိုးလူ
ပေက အင်းတွေကို ရှေ့မှာချပြီး အင်းနှိုးဂါထာတွေ
ရွတ်နေတာဗျို့။ ဆရာကြီး ဦးမင်းအောင်တို့ ဆရာ
စိုင်းနွံဖတို့နဲ့ လိုက်ခဲ့တုန်းတည်းက ဒါမျိုးတွေကို
ကျုပ်မြင်ဖူးခဲ့တာပေါ့ဗျာ။ အင်းတွေ နှိုးပြီးတာနဲ့ ဆ
ရာကြီး ဘိုးလူပေက ကျုပ်ဘက်ကိုလှည့်ပြောတယ်။

“မောင်တာတေလာ ရှေ့ကိုတိုး ဘုရားရှိခိုး ငါးပါး
သီလ ခံယူကွဲ့”

ဘိုးလူပေခိုင်းတဲ့အတိုင်း ကျုပ်က လိုက်လုပ်တာပေါ့
ဗျာ။ ကျုပ်ဘုရားရှိခိုးပြီးတာနဲ့ ဘိုးလူပေက အထက်
ပုဂ္ဂိုလ်ကြီးတွေဆီမှာ ကျုပ်ကို အပ်တယ်။ ပြီးတာနဲ့
အင်းသုံးချပ်ကို ကျုပ်ဆီအပ်တယ်။ အင်းတွေရဲ့နာ
မည်တွေနဲ့ အစဉ်အတိုင်းထပ်ထားဖို့မှာတယ်။ပြီးတာ
နဲ့ ကျုပ်ကို ဂုဏ်တော်ပုတီးစိပ်ခိုင်းတယ်။

တဖြည်းဖြည်းနဲ့ညနက်လာတယ်။ ညသန်းခေါင်နား
နီးလာတော့ ဘန့်ဘွေးကုန်းရွာထဲက ကြက်တွေတွန်
ကြတယ်ဗျ။

“ကဲ…မောင်တာတေ အချိန်ကျပြီကွဲ့။ သွားကြစို့”

ဘိုးလူပေပြောတော့ ကျုပ်က ဆေးလွယ်အိတ်ကို
စလွယ်သိုင်းလွယ် ဘိုးလူပေ ပေးတဲ့အင်းတွေကို
လက်ထဲမှာ ကိုင်ထားပြီး ထွက်လာခဲ့တယ်။သျှောင်
တစောင်းလေးထုံးထားတဲ့ ဘိုးလူပေကတော့ ပန်း
ရောင်ပဝါလေးတထည်ခေါင်းမှာပေါင်းလို့ဗျ။ကျုပ်
သိတယ်ဗျ။ ဘိုးလူပေပေါင်းထားတဲ့ ပုဝါက အင်းပု
ဝါဆိုတာကို။ သင်္ချိုင်းထဲရောက်တော့ လမွန်းတည့်
ပြီဗျ။

“ဝူး…ဝူး…ဝူး…ဝူး…၊ အီ…အီ…အီ…အီး”

ဟော …မဖဲဝါရဲ့ခွေးကြီးအူသံဗျ။ မဖဲဝါလည်း လာ
နေပြီဗျို့။ ဟော…ဟုတ်ပါ့ဗျာ။ သင်္ချိုင်းမြောက်ဘက်
ကနေ မဖဲဝါကြီး ဝင်လာပြီဗျို့။မဖဲဝါပြောတဲ့ ထနောင်း
ပင်အောက်က ဦးညိုရဲ့သင်္ချိုင်းနားမှာ ကျုပ်နဲ့ဘိုးလူ
ပေ ခဏရပ်ပြီး အရိပ်အခြေကြည့်နေတယ်ဗျ။ သန်း
ခေါင်ကျော်လာပေမယ့် ကျောက်ဘီလူးဘိုးထောင်ဆို
တဲ့ ကဝေကြီးထုံကူးနေတဲ့ သင်္ချိုင်းက လှုပ်ရှားမှု ဘာ
မှ မရှိဘူးဗျ။

“ဒေါင်”

ဘန့်ဘွေးကုန်းရွာထဲက ကင်းတဲက ညတစ်နာရီသံ
ချောင်းတောင် ခေါက်ပြီဗျ။ ဘိုးလူပေရော ကျုပ်ရော
ခြေထောက်တွေ ညောင်းလာလို့ အုတ်ဂူတစ်လုံးပေါ်
မှာ တက်နေကြတယ်။ ကျုပ်ရော ဘိုးလူပေရော
ကျောက်ဘီလူးရဲ့ သင်္ချိုင်းနေရာကို စောင့်ကြည့်နေ
ကြတာဗျ။ ဟာ…ကျုပ်နောက်ကို လှည့်ကြည့်လိုက်
တော့ မဖဲဝါလည်း ဂူကြီးတစ်လုံးပေါ်မှာ မတ်တတ်
ရပ်ပြီး ကဝေကြီး ထုံကူးနေတဲ့ သင်္ချိုင်းကို စိုက်ကြည့်
နေတာဗျို့။

“ဒေါင် …ဒေါင်”

ဟော…ညနှစ်ချက်တီးပြီဗျ။ ဟာ…လှုပ်ပြီဗျို့။ လှုပ်
လာပြီ။ လှုပ်လာပြီ။ မြေပုံကြီး အပေါ်ကို ကြွတက်
လာတယ်ဗျ။ဘိုးလူပေက ထိုင်နေတဲ့ ဂူပေါ်က ဆင်း
သွားပြီး မြေပုံနဲ့ မလှမ်းမကမ်းမှာ အဆင်သင့်ရပ်
စောင့်နေတယ်။

“ဝုန်း…”

ဟာ..အသံကြီးမြည်သွားတာဗျို့။ မြေပုံက သဲတွေ
အပေါ်ကို မြောက်တက်သွားပြီး အခေါင်းကြီးပါ
မြောက်တက်သွားတာဗျ။ ဟော…ထွက်လာပြီဗျို့။
အခေါင်းထဲက ကဝေကြီး ခုန်ထွက်လာပြီဗျို့။

မြေပုံခြေရင်းမှာ’ဘုတ်’ကနဲ မတ်တပ်ရပ်လျက်သား
ကျလာတာဗျ။ပုဆိုးကွက်တုံးကြီးနဲ့ဗျ။ ဝတ်ထားတဲ့
အင်္ကျီက ကတ္တီပါ အင်္ကျီရွှေချည်ထိုးနဲ့ဗျ။ ဆံပင်က
တော့ သျှောင်ထုံးမဟုတ်ဘူးဗျ။ နည်းနည်းတော့
ရှည်တယ်။ မျက်နှာက ခပ်ပြဲပြဲဗျ။ နှုတ်ခမ်းမွှေး
ကားကားကြီးလည်းပါတယ်။ လရောင်နဲ့ဆိုတော့
မျက်နှာပေါ်က ကျောက်ပေါက်မာတွေကိုတော့
မတွေ့ရဘူးပေါ့ဗျာ

“ဟား ဟား ဟား ဟား ရန်သူက အဆင်သင့်လာ
ကြိုနေတာကိုး…ဟား …ဟား… ဟား…ဟား။ လူ
ပေ..လူပေ…မင်းဟာလေ ကိုယ့်ဘဝကို မေ့နေ
တဲ့ကောင်ပဲ။ မင်းအဖေဟာ ငါတို့လို ကဝေတစ်
ယောက်ပဲကွ။ ကဝေတောင်မှ ဒိတ်ဒိတ်ကျဲကဝေ
ကဝေပျံကွ။ မင်းကို အထက်လမ်းဆရာဆိုတဲ့
ကောင်တွေက အတင်းအကျပ် အထက်လမ်း
ပညာတွေ သင်ပေးပြီး ဖအေနဲ့ဘဝကူ ကဝေတွေ
ကို လိုက်သတ်ခိုင်းတာ ဒါ သူတော်ကောင်းတွေတဲ့
လား လူပေ။ မင်း စဉ်းစားပါကွာ ငါတို့ဘက်ကို ပြန်
ခဲ့ပါ။ အင်မတန် ပျော်ဖို့ ကောင်းတာကွ လူပေရေ”

“ဘိုးထောင် မင်းဟာ မင်းတက်ထားတဲ့ပညာတွေ
ကို မင်းတော်တော်အထင်ကြီးနေတာကိုး၊ အဲဒါတွေ
ဟာ အဝီစိထိကျမယ့် ပညာတွေဆိုတာ မင်းမသိဘူး
လား”

“ဟား…ဟား…ဟား…အဝီစိဆိုတာ မရှိပါဘူး လူ
ပေရာ လူတွေကို ခြောက်လှန့်တဲ့စကားတွေပါကွာ၊
ဟား…ဟား…ဟား”

“မင်းဖျက်ဆီးခဲ့တဲ့ သားပျိုသမီးပျိုတွေ မင်းသတ်ခဲ့
တဲ့လူတွေဟာ မနည်းတော့ဘူးဘိုးထောင်။ မင်းအ
သိတရားရပြီး ဒီပညာတွေကို စွန့်မယ်ဆိုရင် အ
သက်ဆက်ရှင်ပြီး ကုသိုလ်မှုတွေ မင်းပြုနိုင်မယ်။
ဒီလိုမှ မဟုတ်ရင်တော့ မင်းအခုပဲ နိဂုံးချုပ်ရလိမ့်
မယ် ဘိုးထောင်။ ဒီတော့ မင်းဘယ်လမ်းကို ရွေး
မှာတုန်း”

“ဟား… ဟား …ဟား ..လူပေ မင်းကငါ့ကိုလာပြီး
ခြိမ်းခြောက်နေတာကိုး။ မင်းလိုကောင်က ငါ့ကို
သတ်နိုင်မယ် ထင်လို့လား လူပေ၊ ငါအခု ထုံအောင်
သွားပြီး မင်း ငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး။ အေး
သတ်နိုင်မယ်ထင်ရင်လည်း စမ်းကြည့်လိုက်လေကွာ”

ကဝေကြီး ကျောက်ဘီလူးဘိုးထောင်က ပြောပြော
ဆိုဆိုနဲ့ သူ့လက်နှစ်ဘက်ကို လေထဲမြှောက်ပြီး ဝှေ့
ယမ်းလိုက်ရောဗျို့။

“ဟာ…”

ကျုပ်ဖြင့် တော်တော်အံ့သြသွားတာဗျို့။ ကဝေကြီး
ရဲ့လက်နှစ်ဘက်ထဲမှာ အဆန့်လိုက်ကြီး မြွေဟောက်
တစ်ကောင်ပါလာတာဗျ။ နည်းတဲ့မြွေဟောက်ကြီး
မဟုတ်ပါဘူးဗျာ။

“ဟား ဟား ဟား ဟား”

ကဝေကြီးက တဟားဟားနဲ့ အော်ရယ်လိုက်ပြီး မြွေ
ဟောက်ကြီးနဲ့ ဘိုးလူပေကို ပစ်ပေါက်မလို့ လုပ်လိုက်
တယ်ဗျ။ ဘိုးလူပေက လက်တစ်ချက်ဝှေ့လိုက်တယ်။

“ဟာ…”

ဒီတခါတော့ ပိုပြီးအံ့သြဖို့ ကောင်းတာဗျို့။ ကဝေကြီး
ဘိုးထောင်ရဲ့လက်ထဲက ပါးပြင်းထောင်နေတဲ့ မြွေ
ဟောက်ကြီးက နွယ်ကြိုးကြီးတစ်ချောင်းဖြစ်သွားတာ
ဗျို့။ ကဝေဘိုးထောင် အံ့သြပြီး သူ့လက်ထဲက နွယ်
ကြီးကို မြေကြီးပေါ် လွှင့်ပစ်လိုက်ရောဗျို့။

“သြော်…လူပေ၊ လူပေ၊ မင်းလည်း တော်တော်ကို ဟုတ်နေမှကိုး။ ကဲ…ငါ့ရဲ့ငရဲမီးစက်ကို ခံနိုင်ရင် ခံ
ကြည့်ပေါ့ကွာ”

ပြောပြောဆိုဆိုနဲ့ သူ့လက်ဝါးနှစ်ဘက်ကို ပွတ်ပြီး
ရှေ့ကို ဆန့်ထုတ်လိုက်တယ်ဗျ။ ဟာ …လက်ဝါး
ထဲကနေ မီးတောက်ကလေး ထွက်လာတယ်ဗျို့။
ကဝေကြီးက သူ့လက်ဝါးကို ရှေ့တိုးလိုက်တယ်
ဗျ။ မီးတောက်လေးက ဘိုးလူပေဘက်ကို ရွေ့လာ
ပြီး တဖြည်းဖြည်းကြီး လာတယ်ဗျ။

ဟာ…တော်တော့်ကို ပူတာဗျို့။ မီးတောက်ကလေး
က ဟပ်တဲ့အပူရှိန်က တော်တော်ကို ပြင်းတာဗျ။

“မောင်တာတေ သီတာရေစင်အင်းပေး”

ကျုပ်က ဘိုးလူပေတောင်းတဲ့ အင်းကို လှမ်းပေး
လိုက်တယ်။ ဟာ…မီးတောက်ကလေး တဖြည်း
ဖြည်း ကြီးလာတာ စကောတစ်ချပ်စာလောက်ရှိ
သွားပြီဗျို့။ ဘေးနားက သစ်ပင်လေးတွေတောင်
ငရဲမီးစက်ရဲ့အပူရှိန်ကြောင့် အရွက်တွေချက်ချင်း
ခြောက်သွားကုန်ပြီဗျို့။ ကျုပ်လည်း ပူလိုက်တာမှ
မနည်းကို တောင့်ခံထားရတာဗျ။

“ကဲ…ဘိုးထောင် မင်းရဲ့ငရဲမီးစက်ကို ငါရေလောင်း
ပြီး ငြှိမ်းလိုက်မယ်ဟေ့။ ကဲကွာ…”

ဘိုးလူပေက ပြောပြောဆိုဆိုနဲ့ ခြေတစ်လှမ်းရှေ့တိုး
ပြီး လေထဲကနေ တရွေ့ရွေ့လာနေတဲ့ မီးတောက်
ဆီကို အင်းနဲ့ ပစ်လိုက်ရောဗျို့။

“ဝုန်း…”

အိုး…အသံမှ အကျယ်ကြီးပဲဗျာ။ ‘ဝုန်း’ဆိုတဲ့အသံကြီး
ထွက်သွားပြီး မီးတောက်ကြီးငြိမ်းသွားရောဗျို့။ ကဝေ
ဘိုးထောင်လည်း နောက်ကို ခြေနှစ်လှမ်းလောက်
လွင့်ထွက်သွားတယ်ဗျို့

“မင်း တော်တော်လာတဲ့ကောင်ပါလား လူပေ။
ကဲ…ဒီတစ်ခါ မင်းခံနိုင်ဦးမလား ကြည့်သေး
တာပေါ့ကွာ”

ကျောက်ဘီလူးဘိုးထောင်က တကိုယ်လုံးက စက်
တွေထုတ်တာဗျို့။ ပါးစပ်၊ နား၊ မျက်လုံး လက်ဝါး
တွေကနေ စက်တွေ တဖျပ်ဖျပ်ထွက်လာတာဗျို့။
စက်တွေ အားလုံးပေါင်းပြီး ဘိုးလူပေဆီကို ထွက်
လာပြီဗျို့။

“မောင်တာတေ ပထမံစက်အင်းကြီးပေးကွဲ့”

ကျုပ်က ဘိုးလူပေတောင်းတဲ့ အင်းကိုပေးလိုက်
တယ်။ ဘိုးလူပေက ကျုပ်လက်ထဲက အင်းကိုယူ
ပြီး အချိန်မဆိုင်းဘဲ တစ်ခါတည်းပစ်သွင်းလိုက်
တာဗျို့။

“ဝုန်း”

ဆိုတဲ့ အသံကြီး မြည်သွားပြီး ကဝေကြီးနောက်ကို
လွင့်ထွက်ပြီး ဖင်ထိုင်လျက်လဲသွားတာဗျို့။ သူ့တ
ကိုယ်လုံးက ထွက်ထားတဲ့ စက်တွေလည်း ပျောက်
သွားရောဗျို့။

ဟာ…ထလာပြီဗျို့။ ကဝေကြီး ချက်ချင်းကို
ထလာဗျာ။

“တောက်…”

ကဝေကြီး တောက်တစ်ချက်ခေါက်လိုက်တယ်ဗျို့။

“ဘိုးထောင် ဒါနောက်ဆုံးပဲ မင်းပညာတွေ
စွန့်လိုက်ပါ”

“မစွန့်ဘူးကွ ငါ့ပညာကို ငါသေတဲ့အထိ မစွန့်ဘူးကွ။
ငါပဲ ပညာစွန့်ရမလား မင်းပဲ အသက်စွန့်ရမလားဆို
တာ သိရမှာပေါ့ကွာ။ ဒါဟာ ငါအခု ထုံကူးမှတတ်
လာတဲ့ လက်ရုံးတစ်ထောင် ဓါးစြက်ာစက်ကွ။ ငါ့ဓါး
တွေကို မင်းမြင်ရမှာ မဟုတ်ဘူး အသံပဲကြားရမှာ
မင်းတကိုယ်လုံးကို ဒီဓါးတွေက မွှန်းပစ်ပြီး မင်းလည်
ပင်းကို ဖြတ်ပစ်မှာ လူပေ။ ကဲ…မင်းမှာရှိတဲ့ပညာ
အကုန်ထုတ်ထားပေတော့”

“မောင်တာတေ ကဝေသက်ဖြတ်အင်းကြီးပေးတော့”

ကျုပ်ဆီမှာ နောက်ဆုံးကျန်နေတဲ့ အင်းကို လှမ်း
ပေးလိုက်တယ်။

“ချွင်၊ ချွင်၊ ချွင်၊ ချွင်…”

ဟာ…ကဝေကြီးက သူ့လက်ဝါးနှစ်ဘက်နဲ့ ဘောလုံး
တစ်လုံးကို ပွတ်သလိုလုပ်လိုက်တာဗျ။ ဓါးသံတွေတ
ချွင်ချွင်နဲ့ ထွက်လာတာ။ ဘာမှလည်း မမြင်ရဘူးဗျ။
ကဝေကြီးက လက်ကို ခပ်မြန်မြန်လှုပ်ပေးလေ ဓါး
သံတွေ တချွင်ချွင်နဲ့ မြည်လာလေပဲဗျို့။ ကဝေကြီး
က သူ့ရဲ့လက်ရုံးတစ်ထောင် ဓါးစြက်ာစက်နဲ့ ဘိုး
လူပေကို ပစ်ဖို့လုပ်နေပုံပဲဗျ။

ဘိုးလူပေက ပါးစပ်က တစ်ခုခုကို ရွတ်လိုက်ပြီး က
ဝေသတက်ဖြတ်အင်းနဲ့ ကျောက်ဘီလူးဘိုးထောင်
ကို လှမ်းပစ်လိုက်ပြီဗျို့။

“ဝှီး…”

အင်းက လက်ကနဲ လက်ကနဲနဲ့ အရောင်တွေ
ထွက်သွားပြီး ကဝေကြီးဆီကို ပျံဝင်သွားတာဗျ။

“ဝုန်း”

ဆိုတဲ့ အသံကြီး ထွက်သွားပြီး တချွင်ချွင်မြည်နေ
တဲ့ ဓါးသံတွေ ပျောက်သွားတယ်။ ကဝေဘိုးထောင်
ကြီး ဒူးထောက်လျက်ကျသွားရောဗျို့။ ခေါင်းကြီး
အောက်စိုက်ပြီး ပြန်ကို မထနိုင်တောါဘူးဗျ။ဒီတုန်း
မှာပဲ လုံးဝထင်မထားတာဖြစ်တော့တာပါပဲဗျာ။ ခပ်
လှမ်းလှမ်းက ဂူပေါ်မှာ ရပ်နေတဲ့ မဖဲဝါ ရိပ်ကနဲ
ဖြစ်သွားပြီး ကဝေဘိုးထောင်ရဲ့နောက်ဘက်မှာ
မားမားကြီး ရပ်လို့ဗျာ။

“ငါ့သင်္ချိုင်းထဲမှာလာပြီး ငါ့ကိုအမိန့်အာဏာနဲ့ခိုင်း
တဲ့ အကောင် မဖဲဝါ ဘာလဲဆိုတာ မသေခင် သိ
သွားစေရမယ်ဟေ့ ကဲဟာ”

“ဘုန်း …ဘုန်း…ဘုန်း”

မဖဲဝါရဲ့လက်ဝါးကြီး လေထဲကို မြောက်တက်သွား
ပြီး ကျောက်ဘီလူးဘိုးထောင်ဆိုတဲ့ကဝေကြီးရဲ့
ကျောကုန်းကို သုံးချက် တိတိ ဆက်တိုက်ရိုက်ချ
လိုက်တာဗျ။

“ဝေါ့”

“ဟာ…အန်ပြီဗျို့။ သွေးတွေအန်ပြီ။ ကဝေကြီး
သွေးတွေ ထိုးအန်ပြီး ရှေ့ကိုဟပ်ထိုးကြီး ထိုးကျ
သွားရောဗျို့။

ဟော …မဖဲဝါလည်း ဖျတ်ကနဲ ပျောက်သွားပြီဗျို့။

“မောင်တာတေ နောက်ကို ဝေးဝေးဆုတ်နေ”

ဘိုးလူပေက ကျုပ်ကို လှမ်းပြောပြီး သူလည်းခပ်
ဝေးဝေးကို ဆုတ်သွားတယ်။

“အုန်း…”

ဟာ…မီးတောက်ကြီးထတောက်ပြီဗျို့။ ဒါ အဝီစိက
လာတဲ့ ငရဲမီးတောက်ဗျ။ အကုသိုလ်ကြီးလွန်းတဲ့က
ဝေကြီးတွေ သေရင် ခုလိုပဲ ငရဲမီးတောက်ထတောက်
တာချည်းပဲဗျ။ ဟော…ခဏပဲဗျ။ ကျောက်ဘီလူးဘိုး
ထောင်ရဲ့အလောင်းကြီး ပျောက်သွားပြီဗျို့။

ဟော …ငရဲမီးတောက်ကြီးလည်း ပျောက်သွားပြီဗျ။
ဟာ…ပြာတောင် မကျန်ခဲ့ဘူးဗျာ။ အကုန်လုံးပျောက်
သွားတာဗျ။ ကဝေဘိုးထောင်တော့ ဒီလောကမှာ ပြာ
တမှုန်တောင် မကျန်အောင် ဇာတ်သိမ်းသွားပြီပေါ့ဗျာ

“ဝူး…ဝူး…ဝူး…ဝူး၊ အီ…အီ…အီ”

မဖဲဝါရဲ့ခွေးကြီးနက်ကျော်အူသံက တဖြေးဖြေးဝေး
သွားပြီဗျို့။ ဘိုးလူပေနဲ့ ကျုပ်နဲ့လည်း ဘန့်ဘွေးကုန်း
ကို ပြန်ခဲ့ကြတယ်။

သြော်…ပြောရဦးမယ်ဗျ။ ကိုကြီးစံအေးက ရွှေတောင်
ဦးဘုရားပွဲမှာ အထူးတာဝန်အပေးခံရလို့ ကျုပ်တို့နဲ့
မလိုက်နိုင်ခဲ့ဘူးဗျာ။

ပြီးပါပြီခဗျာ

‘ကဝေသိုက်’စာအုပ်မှ ကောက်နုတ်တင်ပြထားပါသည်။

ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့ အားပေးသွား ပါအုံးဗျာ။

စာဖတ်ပရိတ်သတ်များ အားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျ

Zawgyi Version

ကေဝသခ်ႋဳင္း(စ/ဆုံး)
—————————
ေ႐ႊေတာင္ဦးဘုရားပြဲရက္ဗ်။
တာေတတို႔႐ြာမွာ လႊတ္စည္တဲ့ရက္ေတြေပါ့ဗ်ာ။
အနီးအနား ႐ြာေတြကလည္း လွည္းတန္းႀကီးေတြ
နဲ႔ ေရာက္လာၾကတာဗ်။ ဘုရားေဘးပါတ္လည္မွာ
လွည္းဝိုင္းႀကီးေတြခ်ၿပီး ခ်က္ျပဳတ္စားေသာက္ၾက
နဲ႔ လႊတ္ေပ်ာ္ဖို႔ေကာင္းတာေပါ့ဗ်ာ။ ဟို႐ြာဒီ႐ြာက
ငယ္ေပါင္းႀကီးေဖာ္ေတြ အသက္ႀကီးမွ ျပန္ၿပီးဆုံ
ၾကေတြ႕ၾက ထန္းရည္အတူတူေသာက္ၾက ရယ္
စရာ ေမာစရာေတြ ေျပာၾကနဲ႔ေပါ့ဗ်ာ။

တခ်ိဳ႕ကလည္း ဘင္ဂ်ိဳေတြ၊ မယ္ဒလင္ေတြ ယူ
လာၾကၿပီး တီးၾကမႈတ္ၾက သီခ်င္းေတြဆိုၾကနဲ႔ဗ်။
တစ္ႏွစ္လုံး ယာထဲမွာ ႏြားနဲ႔အတူတူ ႐ုန္းၾကကန္
ၾကရတဲ့ က်ဳပ္တို႔အညာသားေတြ ေ႐ႊေတာင္ဦးဘု
ရားပြဲမွာ ေပ်ာ္ၾကပါးၾက ဝယ္ၾကျခမ္းၾကနဲ႔ လႊတ္
ေပ်ာ္ေနၾကတာဗ်။
ဆယ့္ႏွစ္ပြဲေစ်းသည္ေတြ အကုန္မလာေပမယ့္
တခ်ိဳ႕လည္ေရာက္ေအာင္ လာၾကတယ္။ ဒီေတာ့
ေ႐ႊေတာင္ဦးဘုရားပြဲက ပြဲေစ်းတန္းႀကီးနဲ႔ ဇာတ္ပြဲ
ေတြနဲ႔ ဆိုင္းၿပိဳင္ပြဲနဲ႔ အနီးအနား႐ြာေတြက လူငယ္
ေတြရဲ႕ျပဇာတ္ေတြ ဒိုးပတ္ၿပိဳင္ပြဲေတြ ဗမာ့လက္
ေဝွ႔ၿပိဳင္ပြဲေတြနဲ႔ ဆိုေတာ့ ၾကက္ပ်ံမက် စည္ကား
ေတာ့တာေပါ့ဗ်ာ။

ဆယ့္ႏွစ္ပြဲေစ်းသည္ေတြ အကုန္မလာေပမယ့္ တ
ခ်ိဳ႕လည္း ေရာက္ေအာင္လာၾကတယ္၊ ဒီေတာ့ ေ႐ႊ
ေတာင္ဦးဘုရားပြဲက ပြဲေစ်းတန္းႀကီးနဲ႔ ဇာတ္ပြဲေတြ
နဲ႔ ဆိုင္းၿပိဳင္ပြဲနဲ႔ အနီးအနား႐ြာေတြက လူငယ္ေတြရဲ႕
ျပဇာတ္ေတြ ဒိုးပတ္ၿပိဳင္ပြဲေတြ ဗမာ့လက္ေဝွ႔ၿပိဳင္ပြဲ
နဲ႔ ဆိုေတာ့ ၾကက္ပ်ံမက် စည္ကားေတာ့တာေပါ့ဗ်ာ

အဘတို႔ အေမတို႔က ဆြမ္းေတာ္ႀကီးကပ္တဲ့အဖြဲ႕
မွာပါၾကတယ္ဗ်။ က်ဳပ္ကေတာ့ ကာလသားအဖြဲ႕
မွာေပါ့ဗ်ာ။ ဘုရားမွာ ပန္းကပ္ပန္းစြန္႔ လိုအပ္တာ
ေတြလုပ္တဲ့အခါ လုပ္ရတယ္။ သူႀကီးတို႔အဖြဲ႕ကို
ကူတဲ့အခါ ကူရတယ္။ ပြဲေစ်းတန္းမွာ လွ်ပ္စစ္မီး
သြယ္တဲ့ေနရာမွာ သြားၿပီးကူတဲ့အခါလည္း ကူရ
တယ္ဗ်။ လိုတဲ့ေနရာမွာ လိုက္ျဖည့္ရတာေပါ့ဗ်ာ။

အမွန္အတိုင္းေျပာရရင္ေတာ့ ဒီလိုေ႐ႊေတာင္ဦးဘု
ရားပြဲရက္ဆိုေတာ့ ဘိန္းစားႀကီးစိန္ကို က်ဳပ္အၿမဲ
သတိရတယ္ဗ်။ ခင္ဗ်ားမွတ္မိေသးလား။ က်ဳပ္ပ
ထမဆုံးေရးတဲ့ ‘ကိုယ္ေတြ႕မဖဲဝါ’စာအုပ္ထဲက’ဂူ
ေဖာက္သူ’ဝတၳဳက ကိုႀကီးဘစိန္ေလဗ်ာ။

ဘန္႔ေဘြးကုန္းက တ႐ုတ္ႀကီးရဲ႕ဂူကို သြားေဖာက္
တာေလဗ်ာ။ ဒီလိုေ႐ႊေတာင္ဦးဘုရားပြဲရက္ႀကီး
ေလဗ်ာ။ က်ဳပ္ကလည္း စပ္စပ္စုစုေကာင္ဆို
ေတာ့ ကိုႀကီးဘစိန္နဲ႔ အေဖာ္လိုက္သြားတာေလ
ကံေကာင္းလို႔ေပါ့ဗ်ာ။

ေသေဘးကသီသီေလး လြတ္လာခဲ့တာဗ်ိဳ႕။ ကို
ႀကီးဘစိန္ကေတာ့ ဂူထဲကျပန္အထြက္မွာ ဇက္
ႀကိဳးၿပီး ေသသြားတာေလ မဖဲဝါေပါ့ဗ်ာ။ မဖဲဝါ
ေရာက္လာၿပီး ဘိန္းစားဘစိန္ကို ဂုတ္ခ်ိဳးသတ္
လိုက္တာေလ။ က်ဳပ္ေျပးတဲ့ေနာက္ကို လိုက္လာ
လို႔ တ႐ုတ္ႀကီးရဲ႕ ေက်ာက္စိမ္းလက္စြပ္ကို ပစ္
ေပးခဲ့ရပါေရာလား။

မဖဲဝါက တ႐ုတ္ႀကီးရဲ႕လက္စြပ္ကို ျပန္ေပးလိုက္
ေတာ့ က်ဳပ္ေနာက္ကို ဆက္မလိုက္ေတာ့ဘူးဗ်။
က်ဳပ္ကေတာ့ ေ႐ႊေတာင္ဦးဘုရားပြဲေစ်းတန္းကို
ေရာက္ေအာင္သုတ္ေခ်တင္ခဲ့ရေတာ့တာေပါ့ဗ်ာ။
အခုလို ဘုရားပြဲေရာက္တိုင္း ကိုႀကီးဘစိန္ကို
က်ဳပ္ အၿမဲသတိရေနေတာ့တာေပါ့ဗ်ာ။

XXXX

မနက္မိုးလင္းခါနီးမွ က်ဳပ္အိမ္ျပန္အိပ္ရတယ္ဗ်။
အဘနဲ႔ အေမက ဘုရားမွာဆိုေတာ့ အိမ္မွာ က်ဳပ္
တစ္ေယာက္တည္းေပါ့ဗ်ာ။

က်ဳပ္လည္း အိပ္ေရးပ်က္ပ်က္နဲ႔အိပ္လိုက္တာ အ
ဘနဲ႔ အေမျပန္ေရာက္လာၿပီး အိမ္တံခါးဖြင့္ဝင္လာ
တာေတာင္ က်ဳပ္မသိဘူးဗ်။

“တာေတ… ဟဲ့ …တာေတ”

အေမက်ဳပ္ကို လႈပ္ႏိုးေတာ့မွ ႏႈိးသြားတာဗ်။

“ဗ်ာ …ဘာတုန္းအေမ”

“ဟဲ့ …ဘာရမတုန္း ကြပ္ပ်စ္ေပၚမွာ စံေအးရယ္
နင့္ကို ထိုင္ေစာင့္ေနတယ္”

“ဟင္…ဟုတ္လား ဘိုးစံေမာင္သား ကိုႀကီးစံ
ေအးလား”

“ေအး… ဟုတ္တယ္ အာက်ယ္စံေအးကိုေျပာတာ”

“ဟာဗ်ာ…ကိုႀကီးစံေအးကလည္း ထိုင္ေစာင့္ေန
ရတယ္လို႔ဗ်ာ၊ က်ဳပ္ကို လႈပ္ႏႈိးလိုက္ၿပီးေရာဟာ
ကို”

“ဟဲ့ …ႏႈိးတယ္တဲ့ ဘယ္လိုမွကို ႏႈိးလို႔မရတာတဲ့
ဟဲ့ တာေတရဲ႕”

“ဟင္ ဟုတ္လား က်ဳပ္လည္း အိပ္ေရးပ်က္ပ်က္
နဲ႔ အိပ္ေပ်ာ္သြားတယ္ ထင္တယ္အေမရ”

က်ဳပ္က အိပ္ရာကထၿပီး မ်က္ႏွာကပ်ာကယာ
သစ္လိုက္တယ္။ ၿပီးတာနဲ႔ ဝိုင္းထဲ ဆင္းလာခဲ့
တယ္။

“ဟာ…ကိုတာေတကို တစ္ခါေတြ႕ဖို႔ဆိုတာ ေစာင့္
လိုက္ရတာဗ်ာ”

ကိုစံေအးက အရပ္ရွည္ရွည္ခါးကိုင္းကိုင္းနဲ႔ကလန္
ကလားႀကီးဗ်။ စကားေျပာရင္လည္း ေအာ္က်ယ္
ေအာ္က်ယ္နဲ႔ ေျပာတာဗ်ိဳ႕။ ဘန္႔ေဘြးကုန္းမွာက
စံေအးႏွစ္ေယာက္ရွိေတာ့ သူကိုအာက်ယ္စံေအး
လို႔ပဲ ေခၚၾကတာဗ်ိဳ႕။ အခုလည္း က်ဳပ္ကို ေအာ္
က်ယ္ ေအာ္က်ယ္နဲ႔ ေျပာေနတာေလဗ်ာ။

“က်ဳပ္အိပ္ေပ်ာ္သြားတာဗ်၊ မိုးလင္းခါနီးမွဘုရားပြဲ
က ျပန္ေရာက္တာဗ်”

“ငါကေတာ့ ညကသန္းေခါင္ေလာက္ျပန္သြားတာ
ကြ၊ ဒါေၾကာင့္အိပ္ေရးဝေနတာ”

“ႏို႔ …ကိုႀကီးစံေအးကိစၥရွိလို႔လား”

“မင္းဆရာႀကီး ဘိုးလူေပႂကြလာတယ္ကြ၊ အေရး
ႀကီး ကိစၥရွိလို႔ မင္းနဲ႔ေတြ႕ခ်င္လို႔တဲ့၊ ဒါနဲ႔ ငါ့အဘ
က မင္းကိုေခၚဖို႔ ခ်က္ခ်င္းလႊတ္လိုက္တာေဟ့။
ကဲ လုပ္သြားမယ္။ အခုေတာင္ ငါေစာင့္ေနတာ
ေတာ္ေတာ္ၾကာေနၿပီကြ။ ငါ့ဘိုးေတာ္ေဒါသကု
မၼာအေၾကာင္းလည္း မင္းသိသားပဲတာေတရာ”

“ဘိုးစံေမာင္အေၾကာင္းေတာ့ က်ဳပ္တို႔တစ္႐ြာလုံး
သိၾကပါ့ဗ်ာ၊ ကဲ…ကဲ သြားမယ္”

က်ဳပ္က အေမနဲ႔ အဘကို ဘိုးလူေပေရာက္ေနတဲ့
အေၾကာင္း ေျပာလိုက္တယ္ဗ်။

“ဟဲ့…တာေတ နင္ထမင္းၾကမ္းေလး ဘာေလး
စားသြားဦးေလ”

လို႔ …အေမကေျပာေတာ့ ကိုႀကီးစံေအးက အသံ
က်ယ္က်ယ္ႀကီးနဲ႔ေျပာသဗ်။

“အရီးေငြစိန္ရယ္ ပူရန္ေကာဗ်ာ။ က်ဳပ္တို႔အိမ္မွာ
လည္း ထမင္းရွိပါတယ္ဗ်ာ။ အိမ္မွာပဲ က်ဳပ္ေကြၽး
လိုက္ပါ့မယ္။ က်ဳပ္ၾကာေနလို႔ အရီးသူငယ္ခ်င္း
ဘိုးေတာ္စံေမာင္ ေဒါသေတြေပါက္ကြဲေနပါဦး
မယ္ဗ်ာ”

“ေအး…ဒါလည္းဟုတ္တာပဲဟဲ့၊ စံေမာင္က ခုထက္
ထိကို ငယ္စိတ္မေလ်ာ့ေသးဘူးစံေအးရဲ႕။ အသက္
ေတြက ငယ္ေတာ့တာမဟုတ္ဘူးေလ။ ဘုရားတရား
ဘက္ကို စိတ္ၫႊတ္မွေပါ့ဟယ္”

“ေဝးပါေသးတယ္အရီးရယ္ ဘိုးေတာ္က ႏွမ္းေတြ
ပဲေတြ အထြက္ေလ်ာ့ရင္လည္း က်ဳပ္တို႔ညီအစ္ကို
ကို ႀကိမ္းတာပဲဗ်။ ႏွမ္းထြက္ ပဲထြက္ဆိုတာ မိုးေလ
ဝသေပၚမွာမူတည္တာ မဟုတ္လားအရီးရယ္ က်ဳပ္
တို႔က အထြက္ေလ်ာ့ကို ဘာလုပ္တတ္မွာတုံး”

“သည္းညည္းေတာ့ ခံၾကေဟ့၊ ကိုယ့္အဘနဲ႔အေမ
က အသက္ေတြႀကီးၾကၿပီဆိုေတာ့ ေျပာခ်င္ရာေျပာ
ၾကပေစေပါ့ စံေအးရယ္ စိတ္ဆိုးရင္ ကိုယ့္မွာပဲအ
ျပစ္ျဖစ္မွာဟဲ့”

“ဟာ…သည္းညည္းခံပါတယ္အရီးရယ္၊ အဘ
ဘာေျပာေျပာ က်ဳပ္တို႔ညီအစ္ကိုက ေခါင္းငုံ႔ၾက
တာပါဗ်ာ”

“ေအး…ေအး သာဓု သာဓု”

“ကဲ…ဘိုးဥာဏ္နဲ႔အရီး က်ဳပ္တို႔သြားဦးမယ္”

“ေအး…ေအး…စံေအးေရ စံေမာင့္ကို ဘိုးက သ
တင္း ေမးတယ္လို႔ေျပာလိုက္ပါကြာ”

“အဘက ကိုႀကီးစံေအးကို မွာလိုက္ေနတာဗ်။

“ဟုတ္ကဲ့ဘိုး က်ဳပ္ေျပာျပလိုက္ပါ့မယ္”

ကိုစံေအးနဲ႔ က်ဳပ္နဲ႔ ဘိုးစံေမာင္အိမ္ေရာက္ေတာ့
ဘိုးလူေပ ထမင္းေတာင္ စားေနၿပီဗ်။

“ေမာင္တာေတေရ မေတြ႕တာေတာင္ ေတာ္ေတာ္
ၾကာသြားၿပီေနာ္”

“ဟုတ္ကဲ့ ဆရာႀကီး ေနထိုင္ေကာင္းရဲ႕လား”

“ေအးကြယ္…က်န္းမာပါတယ္။ ကဲ…နားလိုက္
ၾကဦးကြဲ႕”

ဘိုးလူေပထမင္းစားၿပီးေတာ့ ထမင္းပြဲဆက္ျပင္ၿပီး
အိမ္သားေတြစားၾကတယ္။ က်ဳပ္က အိမ္သားေတြ
နဲ႔ အတူ စားရတာေပါ့ဗ်ာ။ ဘိုးစံေမာင္အိမ္က က်ဳပ္
တို႔စားအိမ္ ေသာက္အိမ္ပဲေလဗ်ာ။ အားလုံးထမင္း
စားၿပီး ဘိုးလူေပက ဘုရားစင္ေရွ႕မွာ တင္ပ်ဥ္ေခြ
ထိုင္ၿပီး ထိုင္လို႔ဗ်ာ။ က်ဳပ္က ဘိုးလူေပကို ကန္
ေတာ့လိုက္တယ္။

“ကဲ…ေဆးလိပ္ေလးဘာေလး ေသာက္ကြဲ႕၊ ေျဖး
ေျဖး ေျပာၾကတာေပါ့ကြယ္”

လို႔ ေျပာတာနဲ႔ ကိုစံေအးႀကီးက က်ဳပ္ကို နဂါးေဆး
ေပါ့လိပ္တစ္လိပ္ထုတ္ၿပီး တည္တယ္။ ကိုႀကီးစံ
ေအးကလည္း က်ဳပ္လိုပဲ နဂါးေဆးလိပ္ပဲဗ်။ က်ဳပ္
က မီးခတ္ကေလးခတ္ၿပီး နဂါးေဆးေပါ့လိပ္က
ေလးကို မီးညႇိလိုက္တယ္။ ေဆးလိပ္ဖြာရင္း ဘိုးလူ
ေပကို က်ဳပ္အကဲခတ္ၾကည့္လိုက္တယ္။ ဘိုးလူ
ေပကေတာ့ ဘယ္အခါေတြ႕ေတြ႕ ဒီအတိုင္းပဲဗ်။

ေသွ်ာင္တေစာင္းနဲ႔ ႏႈတ္ခမ္းေမႊးသဲ့သဲ့ကေလးနဲ႔ပဲ
ဗ်။မ်က္ႏွာမွာလည္း ေလာဘ ေဒါသ မာန္မာနမရွိ
သေလာက္နည္းပါးတဲ့ မ်က္ႏွာဗ်။ ခဏေနေတာ့မွ
ဘိုးလူေပက စကားစေျပာတယ္။ ဘုရားစင္ေရွ႕မွာ
ေတာ့ ဘိုးစံေမာင္ရယ္၊ ကိုစံေအးရယ္၊ က်ဳပ္ရယ္
ဘိုးလူေပရယ္ ထိုင္ေနၾကတာေပါ့ဗ်ာ။

ဘိုးစံေမာင္က ေဆးတံသမားဗ်။ ေဆးတံထဲက
ေဆးေဟာင္းေတြကို ‘တေဒါက္ေဒါက္’နဲ႔ ေခါက္
ထုတ္လိုက္တယ္။ ၿပီးေတာ့ ေဆးအသစ္တစ္ဆုံ
သိပ္ၿပီး မီးခတ္နဲ႔မီးညႇိလိုက္တယ္။

“ဒီလိုကြဲ႕ေမာင္တာေတရဲ႕၊ က်ဳပ္ကို ကေဝတစ္
ေယာက္ လိုက္ဖို႔ အထက္ပုဂၢိဳလ္ေတြက အမိန္႔
ေပးသကြဲ႕”

“ဟုတ္ကဲ့ ဆရာႀကီး”

“ေအး…က်ဳပ္တို႔အထက္လမ္းမွာကတည္း ပထမံ
ဝိဇၨာမိုရ္ႀကီးေတြၿပီးရင္ မဟာဂႏၶာရီစူဠဂႏၶာရီေတြ
အျပင္ ဇနပဒဝိဇၨာဆိုတာေတြကလည္း ရွိေသး
တယ္ကြဲ႕၊ အဲဒီ့ဇနပဒေတြထဲမွာ ေတာ္ေတာ္မ်ား
မ်ားက ပညာမွာ ယစ္မူးၿပီးတလြဲေတြလုပ္တတ္
ၾကတယ္ အထက္ပုဂၢိဳလ္ေတြက အဲဒါကို လိုက္
ထိန္းသိမ္းၾကရေသးတယ္ကြဲ႕၊ အဆိုးဆုံးကေတာ့
ေအာက္ပညာရပ္ေတြကို ကမ္းခတ္ေအာင္တတ္
သြားၾကတဲ့ ကေဝႀကီးေတြေပါ့ကြယ္။ မသိနား
မလည္တဲ့သူေတြက သူတို႔ကို အထင္ႀကီးကိုး
ကြယ္ၾကတယ္။

သူတို႔ကလည္း သူတပါးအိမ္ရာေရာ ဘာေရာ နည္း
နည္းမွ ေၾကာက္တဲ့သူေတြ မဟုတ္ဘူးေလ။ သူတ
ပါး သားပ်ိဳသမီးပ်ိဳေတြကို သူတို႔ရဲ႕ယုတ္ညံ့တဲ့ေဆး
ဝါးေတြနဲ႔ တို႔ဟယ္ ခတ္ဟယ္လုပ္ၿပီးရေအာင္ ယူ
ၾကတယ္။ သူတပါးပစၥည္းကိုလည္း ရေအာင္ ေဆး
ဝါးေတြနဲ႔လုပ္ၿပီး ယူၾကတယ္ကြဲ႕။ တခ်ိဳ႕ေအာက္
လမ္းပညာေတြဟာ ဘယ္အထိထက္ျမက္သလဲဆို
ရင္ သူတို႔ကိုယ္သူတို႔ မေသေအာင္ ထုံကူးၿပီး အ
သက္ဆက္ေနလို႔ေတာင္ ရတယ္ကြဲ႕”

“ဗ်ာ…ဟုတ္လား ဆရာႀကီး ထုံကူးတယ္ဆိုတာ
အထက္လမ္းဝိဇၨာႀကီးေတြ လုပ္ႏိုင္တာ မဟုတ္
ဘူးလားဗ်”

က်ဳပ္က ေမးလိုက္ေတာ့ ဘိုးလူေပေခါင္းခါျပတယ္ဗ်

“မဟုတ္ဘူး ေမာင္တာေတရဲ႕၊ ေအာက္လမ္းပညာ
မွာလည္း ထုံကူးႏိုင္ၾကတယ္ကြဲ႕”

“ေၾသာ္…”

က်ဳပ္ျဖင့္ ဘိုးလူေပက ေျပာလို႔တာ ယုံရတာဗ်ာ။
ေအာက္လမ္းပညာဟာ အဲဒီေလာက္ ထက္ျမက္
တယ္ဆိုတာ သိကိုမသိဘူးဗ်။

“အခု က်ဳပ္လာရတဲ့ ကိစၥကလည္း အဲဒီ့ကိစၥပဲကြဲ႕။
ထုံကူးေနတဲ့ ကေဝတစ္ေယာက္ကိုေတြ႕ေအာင္
ရွာရမွာ ။ဒီေကာင္နာမည္က ဘိုးေထာင္တဲ့ ငယ္
ငယ္တည္းက မ်က္ႏွာမွာ ေက်ာက္ေပါက္မာေတြ
ရွိလို႔ ေက်ာက္ဘီလူးဘိုးေထာင္လို႔ေခၚၾကတယ္။
ေနာက္ေတာ့ ဘိုးေထာင္က ေအာက္လမ္းဆရာ
ျဖစ္သြားၿပီး ကိုးဂူေအာင္တဲ့အဆင့္အထိေရာက္
သြားသတဲ့ကြဲ႕”

“ဗ်ာ…ကိုးဂူေအာင္တယ္ဆိုတာ ဘာကိုေျပာတာ
တုံး ဆရာႀကီး”

က်ဳပ္က ေမးလိုက္တယ္ဗ်။

“ဒီလိုကြဲ ေမာင္တာေတရဲ႕ ေအာက္လမ္းကေဝေတြ
ထဲမွာ ကိုးသခ်ႋဳင္းေအာင္တဲ့ကေဝ၊ ကိုးက်င္းေအာင္
တဲ့ကေဝ၊ နတ္ရဲေညာင္ပင္ကိုးပင္ေအာင္တဲ့ကေဝနဲ႔
အျမင့္ဆုံးက ဂူႀကီးကိုးဂူေအာင္တဲ့ ကေဝဆိုၿပီး ရွိ
တယ္။ အဲဒီထဲမွာ ဂူႀကီးကိုးဂူေအာင္တဲ့ကေဝက အ
ျမင့္ဆုံးေပါ့ကြယ္။အခု က်ဳပ္လိုက္ရမယ့္ေက်ာက္ဘီ
လူးဘိုးေထာင္ဆိုတဲ့ေကာင္က သူ႔ကိုယ္သူ ဘိုးေတာ္
ညိဳဆိုတဲ့ နာမည္ခံယူၿပီး လူေတြကို နည္းေပါင္းစုံနဲ႔
လိမ္ေနတဲ့ ေကာင္ကြ အခုေတာ့ ဒီေကာင္က ဂူကိုး
ဂူေအာင္ယုံတင္ မကဘူး ထုံကူးတဲ့အဆင့္ေတာင္
ေရာက္သြားၿပီ။ေက်ာက္ဘီလူးဘိုးေထာင္ထုံေအာင္
သြားၿပီဆိုရင္ေတာ့ ေတာ္ေတာ္ကို အႏၲရာယ္ႀကီး
လာမွာကြဲ႕ ေမာင္တာေတရဲ႕။ အမ်ိဳးေကာင္းသား
သမီးေတြကို ဒုကၡေပးေတာ့မွာ။ သူတပါးသားပ်ိဳ
သမီးေတြကို ဖ်က္ဆီးေတာ့မွာကြဲ႕”

“က်ဳပ္မသိလို႔ ေမးပါရေစဆရာႀကီးရယ္ ကေဝ
ေတြထုံကူးတယ္ဆိုတာ ဘာလုပ္ၾကတာတုံး
ဆရာႀကီးရဲ႕”

“ထုံကူးတယ္ဆိုတာ ဘဝအသစ္တခုကို ဆက္ကူး
သြားတာေပါ့ကြယ္၊ ေမာင္တာေတ ဥယ်ာဥ္ၿခံေျမ
ေတြ ေရာက္ဖူးလားကြဲ႕”

“ဟာ…ေရာက္ဖူးပါတယ္ ဆရာႀကီးရဲ႕”

“ေအး…အဲဒီ့ၿခံဝန္းႀကီးေတြထဲမွာ ဒူးရင္းၾသဇာပင္
လို အပင္ေတြရဲ႕ အ႐ြက္ထူထူေတြေပၚမွာ ေပါက္
ဖက္ေတြ သူတို႔ရဲ႕အမွ်င္ေတြနဲ႔ အိမ္ဖြဲ႕ၿပီး ဂူေအာင္း
သလိုေအာင္းၾကတာ ေမာင္တာေတျမင္ဖူးလားကြဲ႕”

“ဟုတ္ကဲ့ ျမင္ဖူးပါတယ္ ဆရာႀကီး”

“အဲဒီ ေပါက္ဖတ္ေတြ ဘာျဖစ္သြားတယ္ဆိုတာ
ေကာ သိလားကြဲ႕”

“လိပ္ျပာျဖစ္သြားတယ္ေလ ဆရာႀကီးရဲ႕”

“ေအး…ဟုတ္သကြဲ႕၊ အဲဒါ ေပါက္ဖတ္ဘဝကေန
ၿပီး လိပ္ျပာဘဝကို ထုံကူးသြားတာပဲကြဲ႕”

“ေၾသာ္…ကေဝေတြလည္း အဲဒီလိုပဲလား ဆရာ
ႀကီး”

“ေအး…အဲဒီ့သေဘာပဲကြဲ႕၊ ဒါေပမယ့္ကေဝေတြ
ကေတာ့ ေပါက္ဖတ္ကေန လိပ္ျပာျဖစ္သလို အ
ျခားတစ္ေယာက္ေတာ့ ျဖစ္မသြားဘူးေပါ့ကြယ္။
ဒီ႐ုပ္ ဒီခႏၶာနဲ႔ပဲ ပညာအဆင့္ေတြ ျမင့္သြားတာ
ေပါ့ကြယ္။ ၿပီးေတာ့ ဘဝအသစ္တခုရသြားတာ
ေပါ့။ ဒီေတာ့ အသက္က ေနာက္တစ္ဘဝစာထပ္
ၿပီး ရွည္သြားျပန္တာေပါ့”

“ဟင္…ဒါဆိုရင္ ေသခါနီးတိုင္ ထုံဆက္ဆက္ကူး
သြားရင္…”

က်ဳပ္စကားမဆုံးခင္ပဲ ဘိုးလူေပက ေျပာလိုက္
တယ္ဗ်။

“သိပ္ဟုတ္တာေပါ့ ေမာင္တာေတရယ္၊ အသက္
ေတြ ရာနဲ႔ ခ်ီၿပီး ေနႏိုင္တာေပါ့ကြယ္”

“ဟာ …အခု က်ဳပ္လိုက္မယ့္ ေက်ာက္ဘီလူးဘိုး
ေထာင္က အဲဒီ့အဆင့္ကို စၿပီး တက္ေနၿပီကြဲ႕။
အဲဒါကို အထက္ပုဂၢိဳလ္ေတြက ခြင့္မျပဳၾကဘူး။
ဒါေၾကာင့္ က်ဳပ္လာခဲ့တာပဲ”

“ႏို႔ …ေနပါဦးဆရာႀကီးရဲ႕၊ အဲဒီ့ကေဝႀကီးက ဘယ္
မွာ ထုံကူးေနတာတုံးဗ်”

“အဲဒါ အခက္ေတြ႕ေနရတာေပါ့ ေမာင္တာေတရဲ႕၊
ဘိုးေထာင္က သခ်ႋဳင္းတစ္ခုထဲမွာရွိေနတယ္။ သူ
တပည့္ေတြက သူတို႔ဆရာမွာတဲ့အတိုင္း သခ်ႋဳင္း
တခုတည္းမွာ လူမသိသူမသိ ျမႇဳပ္သြားၾကတာကြဲ႕၊
ဗမာျပည္တစ္ခုလုံးမွာလည္း သခ်ႋဳင္းေတြက အ
မ်ားႀကီးဆိုေတာ့ ဘယ္သခ်ႋဳင္းမွန္းကို မသိတာကြဲ႕။
သူထုံေအာင္မယ့္ ရက္ကလည္း နီးလာေနၿပီကြ”

“ဟာ …ဒါဆိုရင္ ဆရာႀကီးဘယ္ႏွယ့္လုပ္မတုံး”

က်ဳပ္က စိုးရိမ္တႀကီးေျပာလိုက္ေတာ့ ဘိုးလူေပက
ေခါင္းေလးညိတ္ျပၿပီး ေျပာသဗ်။

“အဲဒါေၾကာင့္ က်ဳပ္ ေမာင္တာေတကို ေခၚရတာ
ေပါ့ကြယ္၊ ဒီကိစၥကိုကူညီႏိုင္တာ ေမာင္တာေတနဲ႔
အလြန္ခင္မင္တဲ့ မဖဲဝါပဲရွိတာကြဲ႕။ သခ်ႋဳင္းမွန္သ
မွ်နဲ႔ပဲ ဆိုင္တာေလကြယ္”

“ေၾသာ္…မဖဲဝါကိုေမးရမွာကိုး”

“ေမး႐ုံတင္မကဘူးကြဲ႕၊ ေက်ာက္ဘီလူးဘိုးေထာင္
ကို သခ်ႋဳင္းထဲမွာ ဒီအတိုင္းထားၾကမွာ မဟုတ္ဘူး
ေမာင္တာေတရဲ႕၊ အေစာင့္အက်ပ္ေတြ ခ်ထားၾက
မွာ။ အဲဒီ့သခ်ႋဳင္းကို ရွင္းထုတ္ဖို႔က မဖဲဝါကို အကူ
အညီေတာင္းရလိမ့္မယ္။ က်န္တဲ့ကိစၥကေတာ့
က်ဳပ္ဆက္လုပ္မွာပါ ေမာင္တာေတ”

“ဒါဆိုရင္ မဖဲဝါကို ဘယ္ေတာ့ေမးရမွာတုံး ဆရာႀကီး”

“အခ်ိန္မရွိေတာ့ဘူးကြဲ႕၊ ဒီညပဲေမးမွ ျဖစ္မယ္
ေမာင္တာေတ”

ဘိုးလူေပ စကားကို ၾကားေတာ့ က်ဳပ္က ကိုႀကီးစံ
ေအးကို လွမ္းၾကည့္လိုက္တယ္။

“ေျပာ တာေတ ငါ ဘာလုပ္ေပးရမတုံး”

“ထေနာင္းကုန္းမွာက ဘုရားပြဲရွိေတာ့ ထေနာင္း
ကုန္းသခ်ႋဳင္းထဲမွာ လုပ္လို႔ မျဖစ္ဘူးဗ်။ဒီဘန္႔ေဘြး
ကုန္းသခ်ႋဳင္းမွာပဲ မဖဲဝါကို ေကြၽးေမြးရမွာပဲဗ်”

“ေအး…ဟုတ္တာေပါ့တာေတရ၊ လုပ္ေလကြာ ည
က်ေတာ့ ငါလိုက္မွာေပါ့။ ေျပာ မဖဲဝါကို ေကြၽးဖို႔
ဘာေတြခ်က္ရမွာတုံး”

ကိုစံေအးႀကီးကေတာ့ အားတက္သေရာေျပာတာဗ်

“တာေတ လိုတာေျပာ၊ လိုတာအားလုံး ဘိုးလုပ္
ေပးမယ္”

လို႔ ဘိုးစံေမာင္ကလည္း ေျပာသဗ်။ ဒါနဲ႔ က်ဳပ္က
ကိုစံေအးကို မ်က္ရိပ္ျပေခၚၿပီး အိမ္ေအာက္ထပ္ကို
ဆင္းလာခဲ့တယ္။ ဘိုးစံေမာင္တို႔အိမ္ႀကီးရဲ႕ေအာက္
ထပ္က တန္းလ်ားခုံေပၚကိုေရာက္ေတာ့ ကိုႀကီးစံ
ေအးနဲ႔ က်ဳပ္နဲ႔ နဂါးေဆးေပါ့လိပ္တစ္ေယာက္တစ္
လိပ္ဖြာၿပီး တိုင္ပင္ၾကရတာေပါ့ဗ်ာ။

“ကဲ …မဖဲဝါကိုပင့္ဖို႔ ဘာေတြလိုတုန္း ေျပာ တာေတ”

က်ဳပ္က နဂါးေဆးေပါ့လိပ္ကေလးကို တစ္ဖြာ ဖြာၿပီး
ေျပာလိုက္တယ္ဗ်။

“ကိုႀကီးစံေအးေရ လိုတာကေတာ့ ထမင္းတခြက္
ခ်က္ရယ္ ၾကက္သားတစ္ပိႆာခ်က္ရယ္ပဲဗ်။ အဲ
ဒါကို ငွက္ေပ်ာဖက္ခင္းၿပီး ထမင္းေတာင္းျပင္ေပး
ထားမွာ။ ဒါမွ က်ဳပ္က အဆင္သင့္ထမ္းၿပီး ယူသြား
႐ုံပဲေလဗ်ာ”

က်ဳပ္ ေျပာတာကို စိတ္ဝင္တစားနားေထာင္ေနတဲ့
ကိုႀကီးစံေအးက ေခါင္းေလးညိတ္ျပၿပီး ေျပာသဗ်။

“အဲအတြက္ေတာ့ ဘာမွမပူနဲ႔တာေတ ၾကက္တစ္ပိ
ႆာ မဟုတ္ဘူး တစ္ပိႆာငါးဆယ္ကို ခ်က္ေပး
မယ္”

“ဟာ …ဒါဆိုရင္ေတာ့ ပိုေကာင္းတာေပါ့ဗ်ာ။ မဖဲဝါ
က လာရင္ သူတစ္ေယာက္တည္းလာတာ မဟုတ္
ဘူးဗ်။ နက္ေက်ာ္ႀကီးကို ေခၚၿပီးလာတာ”

“ေဟ…နက္ေက်ာ္ဆိုတာ မဖဲဝါရဲ႕ တပည့္သရဲႀကီး
လားကြ တာေတရ”

“မဟုတ္ဘူး ကိုႀကီးစံေအးရဲ႕ သရဲမဟုတ္ဘူး။ မဖဲဝါ
ရဲ႕ေခြးႀကီးဗ်။ နည္းတဲ့အေကာင္ႀကီး မဟုတ္ဘူးဗ်ာ။
ႏြားေပါက္တစ္ေကာင္ေလာက္ကိုရွိတာဗ်”

“ေဟ…ဟုတ္လားတာေတ၊ ဒါေတြကို မင္းျမင္ရတယ္
ေပါ့။ ဟုတ္လား၊ မင္းကေတာ့ ထူးပါ့ကြာ”

“ဒီအတိုင္းျမင္ရတာေတာ့ ဘယ္မွာဟုတ္မွာတုံး မ်က္
ကြင္းေဆး ကြင္းမွ ျမင္ရတာေပါ့ဗ်”

“ဟာ…ဟုတ္လား၊ မ်က္ကြင္းေဆးကြင္းရတာလား။
ႏို႔ …အဲဒီ့မ်က္ကြင္းေဆးကို မင္းလုပ္တတ္လို႔လား”

“က်ဳပ္ကေတာ့ ဘယ္လုပ္တတ္မွာတုံး ကိုႀကီးစံေအး
ရ။ က်ဳပ္ဆရာစိုင္းႏြံဖေပးသြားတာဗ်။ မ်က္ကြင္းေဆး
ကြင္းၿပီးရင္ ျပန္ဖ်က္ဖို႔ ‘ဝ’ကြင္းတဲ့ဆႏြင္းျဖဴပင္ရဲ႕ဥ
လည္း ေပးခဲ့တယ္”

“ဟာ…အဲဒီ့မ်က္ကြင္းေဆးကုန္သြားရင္ မင္းဘယ္
ျမင္ရေတာ့မွာတုန္း”

“မကုန္ဘူး ကိုႀကီးစံေအးရ မ်က္ကြင္းေဆးေတာင့္
က မာေက်ာက္ေနတာဗ်။ ၿပီးေတာ့ အမ်ားႀကီး
ေသြးရတာ မဟုတ္ဘူး။ နည္းနည္းေလးေသြးရတာ။
ဆႏြင္းျဖဴဥကလည္း ဒီလိုပါပဲဗ်။ နည္းနည္းေလးပဲ
ေသြးရတာ။ က်ဳပ္သုံးေနတာ ၾကာေပါ့။ နည္းနည္း
ေလးပဲ ပြန္းေသးတာဗ်”

“ေၾသာ္…ဒီလိုလား၊ အဲဒီ့မ်က္ကြင္းေဆးကြင္းၿပီးရင္
နာနာဘာဝေတြ အားလုံးကို ျမင္ေတာ့တာပဲလားကြ”

“ဟာ..ျမင္ပါၿပီလားကိုႀကီးစံေအးရာ၊ အကုန္လုံး
ကို ျမင္ေတာ့တာဗ်”

“ဟ…တာေတရ၊ ဒီလိုျမင္ေတာ့
မင္းမေၾကာက္ဘူးလားကြ”

“မေၾကာက္ဘဲေနမလားကိုႀကီးစံေအးရဲ႕ ေၾကာက္
တာေပါ့ဗ်ာ။ ဒါေပမဲ့ တခ်ိဳ႕က တေစၦေတြဗ်။ တေစၦ
ဆိုတာက ေသခါနီးမွာ တခုခုကို စြဲလန္းၿပီး မကြၽတ္
မလြတ္ျဖစ္ေနတာတဲ့ဗ်။ သူတို႔က အကုသိုလ္သိပ္
မမ်ားေတာ့ သိပ္ၿပီး ပုံပ်က္ပန္းပ်က္ႀကီးေတြမဟုတ္
ၾကဘူးဗ်။သရဲဆိုတဲ့ဟာႀကီးေတြကေတာ့ အကုသိုလ္
ႀကီးေတြနဲ႔ အပါယ္က်လာတာဆိုေတာ့ ပုံပ်က္ပန္း
ပ်က္ႀကီးေတြေပါ့ဗ်ာ။

ကံသိပ္နိမ့္ေနတဲ့အခ်ိန္မွာ လူေတြဟာ သရဲသဘက္
ေတြကို ျမင္တက္တယ္တဲ့ဗ်။ အဲ့ဒီအခါမွာ တအား
ေၾကာက္ၾကတာဗ်။သူတို႔ကို သရဲက ေၾကာက္ေအာင္
အသြင္သ႑န္ႀကီးေတြ ဖန္ဆင္းၿပီး ေျခာက္လွန္႔တယ္
လို႔ ထင္ၾကတာ။ တကယ္က သူတို႔႐ုပ္သြင္ေတြကိုက
အကုသိုလ္ေတြေၾကာင့္ ေၾကာက္စရာ လန္႔စရာႀကီး
ေတြ ျဖစ္ေနတာပါဗ်ာ။ လူေတြေၾကာက္ေအာင္ ႐ုပ္
ရည္ေတြကို ဖန္ဆင္းၿပီး ေျခာက္တာမဟုတ္ပါဘူး”

“ဒါဆိုရင္ မ်က္ကြင္းေဆးကြင္းၿပီးတိုင္း မင္းေလွ်ာက္
ၾကည့္တာပဲလား တာေတ”

“ဟာ …ဘယ္ၾကည့္မွာတုန္းဗ်၊ က်ဳပ္လည္း ဘယ္
ၾကည့္ရဲမွာတုန္း။ ကိုယ္လုပ္ရမယ့္ ကိစၥပဲလုပ္တာ
ပါဗ်ာ။ ၿပီးတာနဲ႔ ခ်က္ခ်င္း ဖ်က္ပစ္လိုက္တာပါ”

“ေၾသာ္…ဒီလိုလား။ ကဲ…တာေတ မင္းျပန္ခ်င္ရင္
ျပန္ေတာ့ေလကြာ ညက်ရင္ ဘယ္အခ်ိန္လာမွာတုန္း”

“မိုးခ်ဳပ္စဆိုရင္ က်ဳပ္ ေရာက္လာမွာပါ ကိုႀကီး
စံေအးရဲ႕”

“ေအး…ဟုတ္ၿပီ။ စိတ္ခ် ငါအားလုံးစီစဥ္ထားလိုက္
မယ္။ ၿပီးေတာ့ ညက်ရင္ ငါကိုယ္တိုင္ ထမင္းေတာင္း
ထမ္းၿပီးေတာ့ လိုက္ခဲ့မယ္။ ဒီညေတာ့ တို႔ႏွစ္ေယာက္
ဘုရားပြဲေရာက္မွာ မဟုတ္ေတာ့ဘူးေပါ့ကြာ”

“ဘယ္တတ္ႏိုင္မွာတုန္းဗ်ာ။ ကိစၥကေပၚလာမွာပဲ”

က်ဳပ္က အိမ္ေပၚတက္ၿပီး ဘိုးစံေမာင္နဲ႔ ဆရာႀကီး
ဘိုးလူေပကို ႏႈတ္ဆက္တယ္။ညကို မိုးခ်ဳပ္စေရာက္
လာခဲ့မယ္အေၾကာင္းေျပာခဲ့တယ္။ က်ဳပ္အိမ္ေပၚ
က ျပန္ဆင္းေတာ့ ကိုႀကီးစံေအးကို မေတြ႕ေတာ့
ဘူးဗ်။ ၾကက္ဝယ္ဖို႔ ႐ြာထဲ ထြက္သြားၿပီထင္တယ္
က်ဳပ္လည္း ထေနာင္းကုန္းကို ျပန္ခ်လာခဲ့တယ္။

ညေရာက္ေတာ့ က်ဳပ္ဘန္႔ေဘြးကုန္းကို ခုႏွစ္နာရီ
ေလာက္ ေရာက္လာတယ္။ ကိုစံေအးက တကယ္
ကို စိတ္ခ်ရတဲ့လူဗ်။ ထမင္းေတာင္းကို အဆင္သင့္
ျပင္ထားတာဗ်ိဳ႕။

က်ဳပ္က အိမ္ေပၚတက္ၿပီး ဘိုးစံေမာင္တို႔ဆရာႀကီး
တို႔နဲ႔ စကားနည္းနည္းပါးပါးေျပာတယ္။ ညကိုးနာရီ
ထိုးေတာ့ တစ္႐ြာလုံးလည္း တိတ္သြားၿပီဗ်။ ထ
ေနာင္းကုန္းဘုရားပြဲကို အားလုံးေရာက္သြားၾကၿပီ
ေပါ့ဗ်ာ။ က်ဳပ္နဲ႔ကိုစံေအး ဘန္႔ေဘြးကုန္းသခ်ႋဳင္း
ကို ထြက္လာခဲ့ၾကတယ္။ ကိုႀကီးစံေအးက ထမင္း
ေတာင္းထမ္းလို႔ဗ်။

က်ဳပ္က မ်က္ကြင္းေဆး ကြင္းလာတာဆိုေတာ့
အေျခအေနကို အကဲခတ္ရင္း ေရွ႕ကသြားတာ
ေပါ့ဗ်ာ။ တစ္လမ္းလုံးလူဆိုလို႔ တစ္ေယာက္
ေတာင္ မေတြ႕ရဘူးဗ်။ ထေနာင္းကုန္းဘက္က
လြင့္လာတဲ့ ဆိုင္းသံေတြ ဒိုးသံေတြ ဗိန္းေမာင္း
တိုက္တဲ့အသံေတြကိုေတာ့ ဘန္႔ေဘြးကုန္းက အ
တိုင္းသား ၾကားေနရတာဗ်။

ဘန္႔ေဘြးကုန္းသခ်ႋဳင္းထဲကို ေရာက္ေတာ့ ဘိန္းစား
ဘစိန္ႀကီးကို က်ဳပ္ပိုၿပီး သတိရလာတာေပါ့ဗ်ာ။ သူ
နဲ႔ က်ဳပ္နဲ႔ ေဖာက္ခဲ့ၾကတဲ့ ေ႐ႊသြားဟုတ္စိန္လို႔ ေခၚ
ၾကတဲ့ တ႐ုတ္ဟုတ္စိန္ရဲ႕ဂူႀကီးရွိတဲ့ဘက္ကို က်ဳပ္
လွမ္းၾကည့္လိုက္မိတယ္။

ကုကၠိဳပင္တန္းႀကီးဗ်။ အဲဒီ့ဘက္မွာ ကုကၠိဳပင္တန္း
ႀကီး ရွိတယ္ေလဗ်ာ။ က်ဳပ္က ေရွ႕ဆက္မသြားဘဲ
ကုကၠိဳပင္တန္းဘက္ကို လွမ္းၾကည့္ေနေတာ့ ထမင္း
ေတာင္းႀကီး ထမ္းၿပီး လိုက္လာတဲ့ ကိုစံေအးႀကီးက
လန္႔သြားတာေပါ့ဗ်ာ။

“တာေတ မင္းဘာျမင္လို႔ ၾကည့္ေနတာတုန္း”

“ဟာ…မဟုတ္ပါဘူးဗ်၊ ကုကၠိဳပင္ေတြေပၚကို လ
ေရာင္က်ေနတာ ၾကည့္ေကာင္းလို႔ ၾကည့္ေနတာ
ပါ ကိုႀကီးစံေအးရဲ႕”

“ဟူး…ေတာ္ပါေသးရဲ႕ကြာ ငါက မင္း ဘာေကာင္ျမင္
ေနလို႔လဲလို႔ လန္႔သြားတာေပါ့”

က်ဳပ္က ဘာမွမေျပာေတာ့ဘဲ ေရွ႕ဆက္ေလွ်ာက္
လိုက္တယ္။’ဘုရားဒကာ ေက်ာင္းဒကာ ရဟန္းဒ
ကာဦးထြန္းေဝ’ဆိုတဲ့ အုတ္ဂူႀကီး ေရွ႕ကို ေရာက္
ေတာ့ က်ဳပ္က တုန္႔ကနဲ ရပ္လိုက္တယ္။ က်ဳပ္
ရပ္ေတာ့ ကိုစံေအးႀကီးလည္း ရပ္လိုက္တာေပါ့
ဗ်ာ။ က်ဳပ္က အုတ္ဂူအေနအထားကိုၾကည့္ၿပီး…

“ကဲ …ကိုႀကီးစံေအး က်ဳပ္ကို ထမင္းေတာင္းေပး
ေတာ့ ၿပီးရင္ ကိုႀကီးစံေအး ဟိုမန္က်ည္းပင္ေအာက္
မွာ သြားေနလိုက္။ က်ဳပ္မဖဲဝါကို ပင့္ေတာ့မယ္”

က်ဳပ္က ေျပာေျပာဆိုဆိုနဲ႔ ကိုႀကီးစံေအးပုခုံးေပၚက
ထမင္းေတာင္းကို ယူလိုက္တယ္။ ဘုရားဒကာႀကီး
ဦးထြန္းေဝရဲ႕အုတ္ဂူက ႀကီးေတာ့ ထမင္းပြဲျပင္ဖို႔
ေကာင္းတယ္ဗ်။ က်ဳပ္က အသင့္ယူလာတဲ့ ေရ
ခြက္ကို ခ် ဖေယာင္းတိုင္ထြန္း ဂူေပၚမွာ ထမင္း
ပြဲကို ျဖန္႔ခင္းၿပီး ျပင္လိုက္တယ္။

အားလုံးျပင္ၿပီးတာနဲ႔ က်ဳပ္ မဖဲဝါကို ပင့္လိုက္တယ္။
ႏွစ္ခါသုံးခါ ပင့္လိုက္ေတာ့မွ…

“ဝူး…ဝူး…ဝူး၊ အီ…အီ…အီ”

ဆိုတဲ့ မဖဲဝါရဲ႕ေခြးႀကီးနက္ေက်ာ္ရဲ႕ေအာ္သံကို ၾကား
လိုက္ရတယ္။ ေခြးအူသံႀကီးက တေျဖးေျဖး ဘန္႔ေဘြး
ကုန္းသခ်ႋဳင္းနဲ႔ နီးလာတယ္ဗ်။ ေဟာ …လာၿပီဗ်ိဳ႕။ လာ
ၿပီ။ မဖဲဝါ သခ်ႋဳင္းထဲကို ဝင္လာၿပီဗ်ိဳ႕။ အရပ္ဆယ္ေပ
ေက်ာ္ေလာက္ရွိတဲ့ မဖဲဝါႀကီးဗ်ာ။ ဂူေတြေပၚကေန ရိပ္
ကနဲ ရိပ္ကနဲ ေ႐ြ႕လာတာဗ်။

ဆံပင္ဖားလ်ားႀကီး ခ်ထားတဲ့ မဖဲဝါက ထမိန္ရင္လ်ား
ႀကီးနဲ႔ဗ်။ က်ဳပ္ထမင္းပြဲျပင္ထားတဲ့ အုတ္ဂူကို တန္း
တန္းမတ္မတ္ေရာက္လာၿပီး ထမင္းပြဲနားမွာ ဝင္ထိုင္
လိုက္တယ္ဗ်။ဒူးေခါင္းႀကီးေတြ ေထာင္ၿပီး ထိုင္လိုက္
သားနဲ႔ မဖဲဝါက စၿပီးစားေတာ့တာပဲဗ်ိဳ႕။ သူစားလိုက္
ဂူေဘးမွာ ရပ္ေနတဲ့ နက္ေက်ာ္ႀကီးကို ၾကက္သားတုံး
ပစ္ေကြၽလိုက္နဲ႔ေပါ့ဗ်ာ။

ခဏၾကာေတာ့ က်ဳပ္ကို လွမ္းၾကည့္တယ္။ က်ဳပ္က
လည္း အေျခအေနကို ၾကည့္ေနတာဆိုေတာ့ ခ်က္
ခ်င္းေျပာလိုက္တာေပါ့ဗ်ာ

“မဖဲဝါ…က်ဳပ္ဆရာႀကီးဘိုးလူေပ က်ဳပ္ဆီကို ေရာက္
လာတယ္ဗ်။ လာတဲ့ကိစၥကေတာ့ အထက္ပုဂၢိဳလ္ႀကီး
ေတြရဲ႕ၫႊန္ၾကားခ်က္ေၾကာင့္ပဲဗ်။ ေက်ာက္ဘီလူးဘိုး
ေထာင္ဆိုတဲ့ ကေဝႀကီးတစ္ေယာက္ဟာ သခ်ႋဳင္းထဲ
မွာ ထုံဝင္ေနတယ္တဲ့ဗ်။ အဲဒါ ထုံကူးၿပီး ထြက္လာတဲ့
အခါ လူေတြကိုဒုကၡအႀကီးအက်ယ္ေပးေတာ့မွတဲ့ဗ်။
အဲဒါေၾကာင့္…”

က်ဳပ္စကားေတာင္ မဆုံးေသးဘူး။ မဖဲဝါက က်ဳပ္ကို
ျပန္ေျပာတယ္ဗ်။

“ငါသိတယ္ တာေတ၊ နင့္ဆရာႀကီးက ေက်ာက္ဘီ
လူး ထုံကူးေနတဲ့သခ်ႋဳင္းကို ရွာေနတာမို႔လား”

“ဟုတ္တယ္ဗ် ။ မဖဲဝါ”

“ဟား…ဟား…ဟား…ဟား ေက်ာက္ဘီလူးထုံကူးေန
တာ တျခားမွာ မဟုတ္ဘူးဟဲ့ ေဟာဒီ့ဘန္႔ေဘြးကုန္း
သခ်ႋဳင္းထဲမွာ တာေတရဲ႕။ မနက္ျဖန္လျပည့္ညသန္း
ေခါင္ေက်ာ္ရင္ ေက်ာက္ဘီလူးက အခ်ိန္ျပည့္ၿပီ။ ထုံ
ေအာင္မလား မေအာင္ဘူးလားေတာ့ မသိဘူး။ မ
ေအာင္ရင္ေတာ့ ထြက္လာႏိုင္မွာ မဟုတ္ဘူးတာေတ။
ေအာင္ရင္ေတာ့ ထြက္လာမွာပဲ။

ေအး…ထြက္လာရင္ေတာ့ ပညာအဆင့္ေတြ ျမင့္လာ
ၿပီး လူေတြကို အရင္ထက္ ဒုကၡေပးေတာ့မွာ ေသခ်ာ
တယ္။နင္နားေထာင္ တာေတ ဒီဂူေတြအဆုံးက ေဟာ
ဟိုထေနာင္းပင္ေအာက္မွာ သခ်ႋဳင္းတစ္ခုရွိတယ္။ အဲ
ဒါ ေက်ာက္ဘီလူး ထုံကူးေနတဲ့ သခ်ႋဳင္းပဲ။ မွတ္တိုင္
မွာ ဦးညိဳလို႔ ေရးထားတယ္။ မနက္ျဖန္ ညက်ရင္ ငါ
လည္း ဒီကို လာခဲ့ပါမယ္။

ဒီအေကာင္က သူ႔တပည့္ေတြကို အမိန္႔ျပန္ခိုင္းၿပီး
ငါ့ကို အသိေပးတယ္။ ငါ့ဆီမွာ ခြင့္ေတာင္းတာ မ
ဟုတ္ဘူး။ ငါ့ကိုဝင္မရႈတ္ဖို႔အမိန္႔ေပးတယ္။ သူထုံ
ကူးေနတုန္း လာေႏွာက္ယွက္ရင္အေသသတ္ပစ္
ရမယ္လို႔ အမိန္႔ေပးတယ္။ ဒါေပမဲ့ ဘိုး လူေပက
သူထုံေအာင္လို႔ ထြက္လာမွ သူနဲ႔ရင္ဆိုင္မွာဆိုေတာ့
ငါ့တာဝန္မရွိေတာ့ဘူးေလ။ ဒီေတာ့ အမိန္႔အာဏာနဲ႔
ငါ့ကို အႏိုင္ယူထားတဲ့ ဒီေကာင္ကို ငါဘာလဲဆိုတာ
သိသြားေစရမယ္ေဟ့”

မဖဲဝါက ထမင္းေတြ ဟင္းေတြကို အားရပါးရစား
တယ္ဗ်။ နက္ေက်ာ္ႀကီးကိုလည္း ေတာ္ေတာ္ေကြၽး
လိုက္ေသးတာဗ်ိဳ႕။ ၿပီးေတာ့မွ ေရခြက္ထဲက ေရ
ေတြကို ေမာ့ေသာက္ လက္ေဆးၿပီး သခ်ႋဳင္းထဲက
ထြက္သြားတယ္ဗ်ိဳ႕

“ဝူး…ဝူး…ဝူး…ဝူး၊ အီ …အီ…အီ…အီး”

နက္ေက်ာ္ရဲ႕အသံႀကီးလည္း တေျဖးေျဖးေဝး
ေဝးသြားတယ္ဗ်ိဳ႕။ က်ဳပ္နဲ႔ကိုစံေအး ဘန္႔ေဘြး
ကုန္းကိုျပန္ေရာက္လို႔ ဆရာႀကီးဘိုးလူေပကို
အေၾကာင္းစုံေျပာျပေတာ့ ဘိုးလူေပက အံ့ၾသ
ၿပီး ရယ္လိုက္တာဗ်ာ။

“ေမာင္တာေတရယ္၊ က်ဳပ္က တေနရာကို ခရီး
ထြက္ၿပီး ေက်ာက္ဘီလူးဘိုးေထာင္ကို လိုက္ရွာ
ရလိမ့္မယ္ထင္ေနတာကြဲ႕။ လက္စသတ္ေတာ့
ဒီေကာင္က ဘန္႔ေဘြးကုန္းသခ်ႋဳင္းထဲမွာ လာၿပီး
ထုံကူးေနတာကိုး။ ဒါဆိုေတာ့ က်ဳပ္ခရီးက ဆုံး
ေနၿပီပဲ။ ကဲ…မနက္ျဖန္ေန႔ ညမွာ က်ဳပ္နဲ႔ေက်ာက္
ဘီလူးနဲ႔ ေတြ႕ၾကရေတာ့မွာေပါ့ကြယ္”

ဆရာႀကီးတို႔ ဘိုးစံေမာင္တို႔နဲ႔ စကားေျပာၿပီးတာနဲ႔
ကိုႀကီး စံေအးက က်ဳပ္ကို လိုက္ပို႔တယ္။ က်ဳပ္တို႔
အိမ္မျပန္ေသးဘဲ ပြဲေစ်းတန္းဘက္ကို ထြက္ခဲ့ၾက
တယ္ဗ်။ ပြဲေစ်းတန္းေရာက္ေတာ့ ႏွစ္ေယာက္သား
‘စိန္ရွံအုန္းႏို႔ေခါက္ဆြဲ’ဆိုင္ဝင္ၿပီး အုန္းႏို႔ေခါက္ဆြဲ
တစ္ပြဲစီစားလိုက္ၾကတယ္ဗ်။

“တာေတ မနက္ျဖန္ည မင္းလိုက္မွာလား”

“ဟာဗ်ာ…ကိုႀကီးစံေအးကလည္း ဒီလိုပြဲႀကီးပြဲေကာင္း
မ်ိဳးကို တာေတဆိုတဲ့ေကာင္က ဘယ္မွာလက္လႊတ္ပါ့
မလဲဗ်ာ။ မဖဲဝါလည္း လာမွာဗ်။ ပြဲကေတာ္ေတာ့္ကို
ေကာင္းမွာဗ်ိဳ႕။ ၿပီးေတာ့ ဆရာႀကီး ခိုင္းတာကို က်ဳပ္
က လုပ္ေပးရဦးမွာေလဗ်ာ။ မိုးခ်ဳပ္တာနဲ႔ က်ဳပ္က ကို
ႀကီးစံေအးတို႔ ႐ြာကို ေရာက္ၿပီးသားပဲဗ်”

“သိပ္ေကာင္းတာေပါ့ ငါလည္း လိုက္ခ်င္တယ္ကြာ
မင္းဘိုးလူေပကို ေျပာေပး တာေတရာ”

“ရပါတယ္ဗ်၊ က်ဳပ္ေျပာေပးပါ့မယ္၊ လိုက္ခဲ့ေတာ့ ဗဟုသုတရတာေပါ့ဗ်ာ”

ညဆယ့္တစ္နာရီထိုးေတာ့မွ က်ဳပ္အိမ္ျပန္ခဲ့တယ္။
ကိုႀကီးစံေအးလည္း ဘန္႔ေဘြးကုန္းကို ျပန္သြားတယ္
လျပည့္ေနဆိုေတာ့ ေ႐ႊေတာင္ဦးဘုရားပြဲမွာ ဆြမ္း
ေတာ္ႀကီးကပ္ပြဲက အႀကီးအက်ယ္ပဲဗ်ိဳ႕။ က်ဳပ္အ
ဘနဲ႔ အေမက ဆြမ္းေတာ္ႀကီးကပ္တဲ့အဖြဲ႕မွာ ဦး
ေဆာင္ၿပီး လုပ္ၾကရတာဗ်။

ဆြမ္းပြဲေတြ၊ ဟင္းပြဲေတြ၊ သစ္သီးပြဲေတြ၊ မုန္႔ပြဲေတြ
မွစုံလို႔ပါဗ်ာ။ ဆီမီးေတြ၊ ဆြမ္းပြဲ၊ အခ်ိဳပြဲ၊ သစ္သီးပြဲ
ေတြနဲ႔ ျမင္ရတဲ့သူတိုင္း ၾကည္ႏူးစရာ ျမင္ကြင္းပဲ
ေပါ့ဗ်ာ။ ညေရာက္ေတာ့ က်ဳပ္က ေဆးလြယ္အိတ္
ကို စလြယ္သိုင္းၿပီး ဘန္႔ေဘြးကုန္းကို ထြက္ခဲ့တယ္

ဘန္႔ေဘြးကုန္းက ကိုႀကီးစံေအးတို႔အိမ္ကို က်ဳပ္
ေရာက္ေတာ့ ဘိုးလူေပက ဘုရားစင္ေရွ႕မွာ ပုတီး
စိပ္ေနတယ္ဗ်။ က်ဳပ္တို႔လည္း အိမ္ေအာက္ကို
ဆင္းလာၾကၿပီး တန္းလ်ားမွာ ထိုင္စကားေျပာၾက
ရတာေပါ့ဗ်ာ။ အိမ္ေပၚမွာ ဘိုးလူေပ လြတ္လြတ္
လပ္လပ္ အလုပ္လုပ္လို႔ ရတာေပါ့ဗ်ာ။ ေတာ္
ေတာ္ေလး ၾကာသြားေတာ့ …

“ေမာင္တာေတ…ေမာင္တာေတ ေရာက္ၿပီလားကြဲ႕”

အိမ္ႀကီးေပၚက ဘိုးလူေပ လွမ္းေမးလိုက္တဲ့အသံဗ်

“ဆရာႀကီး က်ဳပ္ေရာက္ၿပီဗ်”

“ေအး …ဒါဆို ဒီကိုလာခဲ့ဦးကြဲ႕”

“ဟုတ္ကဲ့ ဆရာႀကီး”

က်ဳပ္အိမ္ေပၚကို တက္လာေတာ့ ဆရာႀကီးဘိုးလူ
ေပက အင္းေတြကို ေရွ႕မွာခ်ၿပီး အင္းႏႈိးဂါထာေတြ
႐ြတ္ေနတာဗ်ိဳ႕။ ဆရာႀကီး ဦးမင္းေအာင္တို႔ ဆရာ
စိုင္းႏြံဖတို႔နဲ႔ လိုက္ခဲ့တုန္းတည္းက ဒါမ်ိဳးေတြကို
က်ဳပ္ျမင္ဖူးခဲ့တာေပါ့ဗ်ာ။ အင္းေတြ ႏႈိးၿပီးတာနဲ႔ ဆ
ရာႀကီး ဘိုးလူေပက က်ဳပ္ဘက္ကိုလွည့္ေျပာတယ္။

“ေမာင္တာေတလာ ေရွ႕ကိုတိုး ဘုရားရွိခိုး ငါးပါး
သီလ ခံယူကြဲ႕”

ဘိုးလူေပခိုင္းတဲ့အတိုင္း က်ဳပ္က လိုက္လုပ္တာေပါ့
ဗ်ာ။ က်ဳပ္ဘုရားရွိခိုးၿပီးတာနဲ႔ ဘိုးလူေပက အထက္
ပုဂၢိဳလ္ႀကီးေတြဆီမွာ က်ဳပ္ကို အပ္တယ္။ ၿပီးတာနဲ႔
အင္းသုံးခ်ပ္ကို က်ဳပ္ဆီအပ္တယ္။ အင္းေတြရဲ႕နာ
မည္ေတြနဲ႔ အစဥ္အတိုင္းထပ္ထားဖို႔မွာတယ္။ၿပီးတာ
နဲ႔ က်ဳပ္ကို ဂုဏ္ေတာ္ပုတီးစိပ္ခိုင္းတယ္။

တျဖည္းျဖည္းနဲ႔ညနက္လာတယ္။ ညသန္းေခါင္နား
နီးလာေတာ့ ဘန္႔ေဘြးကုန္း႐ြာထဲက ၾကက္ေတြတြန္
ၾကတယ္ဗ်။

“ကဲ…ေမာင္တာေတ အခ်ိန္က်ၿပီကြဲ႕။ သြားၾကစို႔”

ဘိုးလူေပေျပာေတာ့ က်ဳပ္က ေဆးလြယ္အိတ္ကို
စလြယ္သိုင္းလြယ္ ဘိုးလူေပ ေပးတဲ့အင္းေတြကို
လက္ထဲမွာ ကိုင္ထားၿပီး ထြက္လာခဲ့တယ္။ေသွ်ာင္
တေစာင္းေလးထုံးထားတဲ့ ဘိုးလူေပကေတာ့ ပန္း
ေရာင္ပဝါေလးတထည္ေခါင္းမွာေပါင္းလို႔ဗ်။က်ဳပ္
သိတယ္ဗ်။ ဘိုးလူေပေပါင္းထားတဲ့ ပုဝါက အင္းပု
ဝါဆိုတာကို။ သခ်ႋဳင္းထဲေရာက္ေတာ့ လမြန္းတည့္
ၿပီဗ်။

“ဝူး…ဝူး…ဝူး…ဝူး…၊ အီ…အီ…အီ…အီး”

ေဟာ …မဖဲဝါရဲ႕ေခြးႀကီးအူသံဗ်။ မဖဲဝါလည္း လာ
ေနၿပီဗ်ိဳ႕။ ေဟာ…ဟုတ္ပါ့ဗ်ာ။ သခ်ႋဳင္းေျမာက္ဘက္
ကေန မဖဲဝါႀကီး ဝင္လာၿပီဗ်ိဳ႕။မဖဲဝါေျပာတဲ့ ထေနာင္း
ပင္ေအာက္က ဦးညိဳရဲ႕သခ်ႋဳင္းနားမွာ က်ဳပ္နဲ႔ဘိုးလူ
ေပ ခဏရပ္ၿပီး အရိပ္အေျခၾကည့္ေနတယ္ဗ်။ သန္း
ေခါင္ေက်ာ္လာေပမယ့္ ေက်ာက္ဘီလူးဘိုးေထာင္ဆို
တဲ့ ကေဝႀကီးထုံကူးေနတဲ့ သခ်ႋဳင္းက လႈပ္ရွားမႈ ဘာ
မွ မရွိဘူးဗ်။

“ေဒါင္”

ဘန္႔ေဘြးကုန္း႐ြာထဲက ကင္းတဲက ညတစ္နာရီသံ
ေခ်ာင္းေတာင္ ေခါက္ၿပီဗ်။ ဘိုးလူေပေရာ က်ဳပ္ေရာ
ေျခေထာက္ေတြ ေညာင္းလာလို႔ အုတ္ဂူတစ္လုံးေပၚ
မွာ တက္ေနၾကတယ္။ က်ဳပ္ေရာ ဘိုးလူေပေရာ
ေက်ာက္ဘီလူးရဲ႕ သခ်ႋဳင္းေနရာကို ေစာင့္ၾကည့္ေန
ၾကတာဗ်။ ဟာ…က်ဳပ္ေနာက္ကို လွည့္ၾကည့္လိုက္
ေတာ့ မဖဲဝါလည္း ဂူႀကီးတစ္လုံးေပၚမွာ မတ္တတ္
ရပ္ၿပီး ကေဝႀကီး ထုံကူးေနတဲ့ သခ်ႋဳင္းကို စိုက္ၾကည့္
ေနတာဗ်ိဳ႕။

“ေဒါင္ …ေဒါင္”

ေဟာ…ညႏွစ္ခ်က္တီးၿပီဗ်။ ဟာ…လႈပ္ၿပီဗ်ိဳ႕။ လႈပ္
လာၿပီ။ လႈပ္လာၿပီ။ ေျမပုံႀကီး အေပၚကို ႂကြတက္
လာတယ္ဗ်။ဘိုးလူေပက ထိုင္ေနတဲ့ ဂူေပၚက ဆင္း
သြားၿပီး ေျမပုံနဲ႔ မလွမ္းမကမ္းမွာ အဆင္သင့္ရပ္
ေစာင့္ေနတယ္။

“ဝုန္း…”

ဟာ..အသံႀကီးျမည္သြားတာဗ်ိဳ႕။ ေျမပုံက သဲေတြ
အေပၚကို ေျမာက္တက္သြားၿပီး အေခါင္းႀကီးပါ
ေျမာက္တက္သြားတာဗ်။ ေဟာ…ထြက္လာၿပီဗ်ိဳ႕။
အေခါင္းထဲက ကေဝႀကီး ခုန္ထြက္လာၿပီဗ်ိဳ႕။

ေျမပုံေျခရင္းမွာ’ဘုတ္’ကနဲ မတ္တပ္ရပ္လ်က္သား
က်လာတာဗ်။ပုဆိုးကြက္တုံးႀကီးနဲ႔ဗ်။ ဝတ္ထားတဲ့
အက်ႌက ကတၱီပါ အက်ႌေ႐ႊခ်ည္ထိုးနဲ႔ဗ်။ ဆံပင္က
ေတာ့ ေသွ်ာင္ထုံးမဟုတ္ဘူးဗ်။ နည္းနည္းေတာ့
ရွည္တယ္။ မ်က္ႏွာက ခပ္ၿပဲၿပဲဗ်။ ႏႈတ္ခမ္းေမႊး
ကားကားႀကီးလည္းပါတယ္။ လေရာင္နဲ႔ဆိုေတာ့
မ်က္ႏွာေပၚက ေက်ာက္ေပါက္မာေတြကိုေတာ့
မေတြ႕ရဘူးေပါ့ဗ်ာ

“ဟား ဟား ဟား ဟား ရန္သူက အဆင္သင့္လာ
ႀကိဳေနတာကိုး…ဟား …ဟား… ဟား…ဟား။ လူ
ေပ..လူေပ…မင္းဟာေလ ကိုယ့္ဘဝကို ေမ့ေန
တဲ့ေကာင္ပဲ။ မင္းအေဖဟာ ငါတို႔လို ကေဝတစ္
ေယာက္ပဲကြ။ ကေဝေတာင္မွ ဒိတ္ဒိတ္က်ဲကေဝ
ကေဝပ်ံကြ။ မင္းကို အထက္လမ္းဆရာဆိုတဲ့
ေကာင္ေတြက အတင္းအက်ပ္ အထက္လမ္း
ပညာေတြ သင္ေပးၿပီး ဖေအနဲ႔ဘဝကူ ကေဝေတြ
ကို လိုက္သတ္ခိုင္းတာ ဒါ သူေတာ္ေကာင္းေတြတဲ့
လား လူေပ။ မင္း စဥ္းစားပါကြာ ငါတို႔ဘက္ကို ျပန္
ခဲ့ပါ။ အင္မတန္ ေပ်ာ္ဖို႔ ေကာင္းတာကြ လူေပေရ”

“ဘိုးေထာင္ မင္းဟာ မင္းတက္ထားတဲ့ပညာေတြ
ကို မင္းေတာ္ေတာ္အထင္ႀကီးေနတာကိုး၊ အဲဒါေတြ
ဟာ အဝီစိထိက်မယ့္ ပညာေတြဆိုတာ မင္းမသိဘူး
လား”

“ဟား…ဟား…ဟား…အဝီစိဆိုတာ မရွိပါဘူး လူ
ေပရာ လူေတြကို ေျခာက္လွန္႔တဲ့စကားေတြပါကြာ၊
ဟား…ဟား…ဟား”

“မင္းဖ်က္ဆီးခဲ့တဲ့ သားပ်ိဳသမီးပ်ိဳေတြ မင္းသတ္ခဲ့
တဲ့လူေတြဟာ မနည္းေတာ့ဘူးဘိုးေထာင္။ မင္းအ
သိတရားရၿပီး ဒီပညာေတြကို စြန္႔မယ္ဆိုရင္ အ
သက္ဆက္ရွင္ၿပီး ကုသိုလ္မႈေတြ မင္းျပဳႏိုင္မယ္။
ဒီလိုမွ မဟုတ္ရင္ေတာ့ မင္းအခုပဲ နိဂုံးခ်ဳပ္ရလိမ့္
မယ္ ဘိုးေထာင္။ ဒီေတာ့ မင္းဘယ္လမ္းကို ေ႐ြး
မွာတုန္း”

“ဟား… ဟား …ဟား ..လူေပ မင္းကငါ့ကိုလာၿပီး
ၿခိမ္းေျခာက္ေနတာကိုး။ မင္းလိုေကာင္က ငါ့ကို
သတ္ႏိုင္မယ္ ထင္လို႔လား လူေပ၊ ငါအခု ထုံေအာင္
သြားၿပီး မင္း ငါ့ကို သတ္ႏိုင္မွာ မဟုတ္ဘူး။ ေအး
သတ္ႏိုင္မယ္ထင္ရင္လည္း စမ္းၾကည့္လိုက္ေလကြာ”

ကေဝႀကီး ေက်ာက္ဘီလူးဘိုးေထာင္က ေျပာေျပာ
ဆိုဆိုနဲ႔ သူ႔လက္ႏွစ္ဘက္ကို ေလထဲေျမႇာက္ၿပီး ေဝွ႔
ယမ္းလိုက္ေရာဗ်ိဳ႕။

“ဟာ…”

က်ဳပ္ျဖင့္ ေတာ္ေတာ္အံ့ၾသသြားတာဗ်ိဳ႕။ ကေဝႀကီး
ရဲ႕လက္ႏွစ္ဘက္ထဲမွာ အဆန္႔လိုက္ႀကီး ေႁမြေဟာက္
တစ္ေကာင္ပါလာတာဗ်။ နည္းတဲ့ေႁမြေဟာက္ႀကီး
မဟုတ္ပါဘူးဗ်ာ။

“ဟား ဟား ဟား ဟား”

ကေဝႀကီးက တဟားဟားနဲ႔ ေအာ္ရယ္လိုက္ၿပီး ေႁမြ
ေဟာက္ႀကီးနဲ႔ ဘိုးလူေပကို ပစ္ေပါက္မလို႔ လုပ္လိုက္
တယ္ဗ်။ ဘိုးလူေပက လက္တစ္ခ်က္ေဝွ႔လိုက္တယ္။

“ဟာ…”

ဒီတခါေတာ့ ပိုၿပီးအံ့ၾသဖို႔ ေကာင္းတာဗ်ိဳ႕။ ကေဝႀကီး
ဘိုးေထာင္ရဲ႕လက္ထဲက ပါးျပင္းေထာင္ေနတဲ့ ေႁမြ
ေဟာက္ႀကီးက ႏြယ္ႀကိဳးႀကီးတစ္ေခ်ာင္းျဖစ္သြားတာ
ဗ်ိဳ႕။ ကေဝဘိုးေထာင္ အံ့ၾသၿပီး သူ႔လက္ထဲက ႏြယ္
ႀကီးကို ေျမႀကီးေပၚ လႊင့္ပစ္လိုက္ေရာဗ်ိဳ႕။

“ေၾသာ္…လူေပ၊ လူေပ၊ မင္းလည္း ေတာ္ေတာ္ကို ဟုတ္ေနမွကိုး။ ကဲ…ငါ့ရဲ႕ငရဲမီးစက္ကို ခံႏိုင္ရင္ ခံ
ၾကည့္ေပါ့ကြာ”

ေျပာေျပာဆိုဆိုနဲ႔ သူ႔လက္ဝါးႏွစ္ဘက္ကို ပြတ္ၿပီး
ေရွ႕ကို ဆန္႔ထုတ္လိုက္တယ္ဗ်။ ဟာ …လက္ဝါး
ထဲကေန မီးေတာက္ကေလး ထြက္လာတယ္ဗ်ိဳ႕။
ကေဝႀကီးက သူ႔လက္ဝါးကို ေရွ႕တိုးလိုက္တယ္
ဗ်။ မီးေတာက္ေလးက ဘိုးလူေပဘက္ကို ေ႐ြ႕လာ
ၿပီး တျဖည္းျဖည္းႀကီး လာတယ္ဗ်။

ဟာ…ေတာ္ေတာ့္ကို ပူတာဗ်ိဳ႕။ မီးေတာက္ကေလး
က ဟပ္တဲ့အပူရွိန္က ေတာ္ေတာ္ကို ျပင္းတာဗ်။

“ေမာင္တာေတ သီတာေရစင္အင္းေပး”

က်ဳပ္က ဘိုးလူေပေတာင္းတဲ့ အင္းကို လွမ္းေပး
လိုက္တယ္။ ဟာ…မီးေတာက္ကေလး တျဖည္း
ျဖည္း ႀကီးလာတာ စေကာတစ္ခ်ပ္စာေလာက္ရွိ
သြားၿပီဗ်ိဳ႕။ ေဘးနားက သစ္ပင္ေလးေတြေတာင္
ငရဲမီးစက္ရဲ႕အပူရွိန္ေၾကာင့္ အ႐ြက္ေတြခ်က္ခ်င္း
ေျခာက္သြားကုန္ၿပီဗ်ိဳ႕။ က်ဳပ္လည္း ပူလိုက္တာမွ
မနည္းကို ေတာင့္ခံထားရတာဗ်။

“ကဲ…ဘိုးေထာင္ မင္းရဲ႕ငရဲမီးစက္ကို ငါေရေလာင္း
ၿပီး ျငႇိမ္းလိုက္မယ္ေဟ့။ ကဲကြာ…”

ဘိုးလူေပက ေျပာေျပာဆိုဆိုနဲ႔ ေျခတစ္လွမ္းေရွ႕တိုး
ၿပီး ေလထဲကေန တေ႐ြ႕ေ႐ြ႕လာေနတဲ့ မီးေတာက္
ဆီကို အင္းနဲ႔ ပစ္လိုက္ေရာဗ်ိဳ႕။

“ဝုန္း…”

အိုး…အသံမွ အက်ယ္ႀကီးပဲဗ်ာ။ ‘ဝုန္း’ဆိုတဲ့အသံႀကီး
ထြက္သြားၿပီး မီးေတာက္ႀကီးၿငိမ္းသြားေရာဗ်ိဳ႕။ ကေဝ
ဘိုးေထာင္လည္း ေနာက္ကို ေျခႏွစ္လွမ္းေလာက္
လြင့္ထြက္သြားတယ္ဗ်ိဳ႕

“မင္း ေတာ္ေတာ္လာတဲ့ေကာင္ပါလား လူေပ။
ကဲ…ဒီတစ္ခါ မင္းခံႏိုင္ဦးမလား ၾကည့္ေသး
တာေပါ့ကြာ”

ေက်ာက္ဘီလူးဘိုးေထာင္က တကိုယ္လုံးက စက္
ေတြထုတ္တာဗ်ိဳ႕။ ပါးစပ္၊ နား၊ မ်က္လုံး လက္ဝါး
ေတြကေန စက္ေတြ တဖ်ပ္ဖ်ပ္ထြက္လာတာဗ်ိဳ႕။
စက္ေတြ အားလုံးေပါင္းၿပီး ဘိုးလူေပဆီကို ထြက္
လာၿပီဗ်ိဳ႕။

“ေမာင္တာေတ ပထမံစက္အင္းႀကီးေပးကြဲ႕”

က်ဳပ္က ဘိုးလူေပေတာင္းတဲ့ အင္းကိုေပးလိုက္
တယ္။ ဘိုးလူေပက က်ဳပ္လက္ထဲက အင္းကိုယူ
ၿပီး အခ်ိန္မဆိုင္းဘဲ တစ္ခါတည္းပစ္သြင္းလိုက္
တာဗ်ိဳ႕။

“ဝုန္း”

ဆိုတဲ့ အသံႀကီး ျမည္သြားၿပီး ကေဝႀကီးေနာက္ကို
လြင့္ထြက္ၿပီး ဖင္ထိုင္လ်က္လဲသြားတာဗ်ိဳ႕။ သူ႔တ
ကိုယ္လုံးက ထြက္ထားတဲ့ စက္ေတြလည္း ေပ်ာက္
သြားေရာဗ်ိဳ႕။

ဟာ…ထလာၿပီဗ်ိဳ႕။ ကေဝႀကီး ခ်က္ခ်င္းကို
ထလာဗ်ာ။

“ေတာက္…”

ကေဝႀကီး ေတာက္တစ္ခ်က္ေခါက္လိုက္တယ္ဗ်ိဳ႕။

“ဘိုးေထာင္ ဒါေနာက္ဆုံးပဲ မင္းပညာေတြ
စြန္႔လိုက္ပါ”

“မစြန္႔ဘူးကြ ငါ့ပညာကို ငါေသတဲ့အထိ မစြန္႔ဘူးကြ။
ငါပဲ ပညာစြန္႔ရမလား မင္းပဲ အသက္စြန္႔ရမလားဆို
တာ သိရမွာေပါ့ကြာ။ ဒါဟာ ငါအခု ထုံကူးမွတတ္
လာတဲ့ လက္႐ုံးတစ္ေထာင္ ဓါးစၾက္ာစက္ကြ။ ငါ့ဓါး
ေတြကို မင္းျမင္ရမွာ မဟုတ္ဘူး အသံပဲၾကားရမွာ
မင္းတကိုယ္လုံးကို ဒီဓါးေတြက မႊန္းပစ္ၿပီး မင္းလည္
ပင္းကို ျဖတ္ပစ္မွာ လူေပ။ ကဲ…မင္းမွာရွိတဲ့ပညာ
အကုန္ထုတ္ထားေပေတာ့”

“ေမာင္တာေတ ကေဝသက္ျဖတ္အင္းႀကီးေပးေတာ့”

က်ဳပ္ဆီမွာ ေနာက္ဆုံးက်န္ေနတဲ့ အင္းကို လွမ္း
ေပးလိုက္တယ္။

“ခြၽင္၊ ခြၽင္၊ ခြၽင္၊ ခြၽင္…”

ဟာ…ကေဝႀကီးက သူ႔လက္ဝါးႏွစ္ဘက္နဲ႔ ေဘာလုံး
တစ္လုံးကို ပြတ္သလိုလုပ္လိုက္တာဗ်။ ဓါးသံေတြတ
ခြၽင္ခြၽင္နဲ႔ ထြက္လာတာ။ ဘာမွလည္း မျမင္ရဘူးဗ်။
ကေဝႀကီးက လက္ကို ခပ္ျမန္ျမန္လႈပ္ေပးေလ ဓါး
သံေတြ တခြၽင္ခြၽင္နဲ႔ ျမည္လာေလပဲဗ်ိဳ႕။ ကေဝႀကီး
က သူ႔ရဲ႕လက္႐ုံးတစ္ေထာင္ ဓါးစၾက္ာစက္နဲ႔ ဘိုး
လူေပကို ပစ္ဖို႔လုပ္ေနပုံပဲဗ်။

ဘိုးလူေပက ပါးစပ္က တစ္ခုခုကို ႐ြတ္လိုက္ၿပီး က
ေဝသတက္ျဖတ္အင္းနဲ႔ ေက်ာက္ဘီလူးဘိုးေထာင္
ကို လွမ္းပစ္လိုက္ၿပီဗ်ိဳ႕။

“ဝွီး…”

အင္းက လက္ကနဲ လက္ကနဲနဲ႔ အေရာင္ေတြ
ထြက္သြားၿပီး ကေဝႀကီးဆီကို ပ်ံဝင္သြားတာဗ်။

“ဝုန္း”

ဆိုတဲ့ အသံႀကီး ထြက္သြားၿပီး တခြၽင္ခြၽင္ျမည္ေန
တဲ့ ဓါးသံေတြ ေပ်ာက္သြားတယ္။ ကေဝဘိုးေထာင္
ႀကီး ဒူးေထာက္လ်က္က်သြားေရာဗ်ိဳ႕။ ေခါင္းႀကီး
ေအာက္စိုက္ၿပီး ျပန္ကို မထႏိုင္ေတာါဘူးဗ်။ဒီတုန္း
မွာပဲ လုံးဝထင္မထားတာျဖစ္ေတာ့တာပါပဲဗ်ာ။ ခပ္
လွမ္းလွမ္းက ဂူေပၚမွာ ရပ္ေနတဲ့ မဖဲဝါ ရိပ္ကနဲ
ျဖစ္သြားၿပီး ကေဝဘိုးေထာင္ရဲ႕ေနာက္ဘက္မွာ
မားမားႀကီး ရပ္လို႔ဗ်ာ။

“ငါ့သခ်ႋဳင္းထဲမွာလာၿပီး ငါ့ကိုအမိန္႔အာဏာနဲ႔ခိုင္း
တဲ့ အေကာင္ မဖဲဝါ ဘာလဲဆိုတာ မေသခင္ သိ
သြားေစရမယ္ေဟ့ ကဲဟာ”

“ဘုန္း …ဘုန္း…ဘုန္း”

မဖဲဝါရဲ႕လက္ဝါးႀကီး ေလထဲကို ေျမာက္တက္သြား
ၿပီး ေက်ာက္ဘီလူးဘိုးေထာင္ဆိုတဲ့ကေဝႀကီးရဲ႕
ေက်ာကုန္းကို သုံးခ်က္ တိတိ ဆက္တိုက္႐ိုက္ခ်
လိုက္တာဗ်။

“ေဝါ့”

“ဟာ…အန္ၿပီဗ်ိဳ႕။ ေသြးေတြအန္ၿပီ။ ကေဝႀကီး
ေသြးေတြ ထိုးအန္ၿပီး ေရွ႕ကိုဟပ္ထိုးႀကီး ထိုးက်
သြားေရာဗ်ိဳ႕။

ေဟာ …မဖဲဝါလည္း ဖ်တ္ကနဲ ေပ်ာက္သြားၿပီဗ်ိဳ႕။

“ေမာင္တာေတ ေနာက္ကို ေဝးေဝးဆုတ္ေန”

ဘိုးလူေပက က်ဳပ္ကို လွမ္းေျပာၿပီး သူလည္းခပ္
ေဝးေဝးကို ဆုတ္သြားတယ္။

“အုန္း…”

ဟာ…မီးေတာက္ႀကီးထေတာက္ၿပီဗ်ိဳ႕။ ဒါ အဝီစိက
လာတဲ့ ငရဲမီးေတာက္ဗ်။ အကုသိုလ္ႀကီးလြန္းတဲ့က
ေဝႀကီးေတြ ေသရင္ ခုလိုပဲ ငရဲမီးေတာက္ထေတာက္
တာခ်ည္းပဲဗ်။ ေဟာ…ခဏပဲဗ်။ ေက်ာက္ဘီလူးဘိုး
ေထာင္ရဲ႕အေလာင္းႀကီး ေပ်ာက္သြားၿပီဗ်ိဳ႕။

ေဟာ …ငရဲမီးေတာက္ႀကီးလည္း ေပ်ာက္သြားၿပီဗ်။
ဟာ…ျပာေတာင္ မက်န္ခဲ့ဘူးဗ်ာ။ အကုန္လုံးေပ်ာက္
သြားတာဗ်။ ကေဝဘိုးေထာင္ေတာ့ ဒီေလာကမွာ ျပာ
တမႈန္ေတာင္ မက်န္ေအာင္ ဇာတ္သိမ္းသြားၿပီေပါ့ဗ်ာ

“ဝူး…ဝူး…ဝူး…ဝူး၊ အီ…အီ…အီ”

မဖဲဝါရဲ႕ေခြးႀကီးနက္ေက်ာ္အူသံက တေျဖးေျဖးေဝး
သြားၿပီဗ်ိဳ႕။ ဘိုးလူေပနဲ႔ က်ဳပ္နဲ႔လည္း ဘန္႔ေဘြးကုန္း
ကို ျပန္ခဲ့ၾကတယ္။

ေၾသာ္…ေျပာရဦးမယ္ဗ်။ ကိုႀကီးစံေအးက ေ႐ႊေတာင္
ဦးဘုရားပြဲမွာ အထူးတာဝန္အေပးခံရလို႔ က်ဳပ္တို႔နဲ႔
မလိုက္ႏိုင္ခဲ့ဘူးဗ်ာ။

ၿပီးပါၿပီခဗ်ာ

‘ကေဝသိုက္’စာအုပ္မွ ေကာက္ႏုတ္တင္ျပထားပါသည္။

ဤဝတၱဳေလးအား ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and share ေလးနဲ႔ အားေပးသြား ပါအုံးဗ်ာ။

စာဖတ္ပရိတ္သတ္မ်ား အားလုံးပဲ စိတ္႐ႊင္လန္းပါေစခဗ်