*ဦးဖိုးဝေ နှင့် ကံဆိုးသူများ ရွာအဝင်*
***************************************
▪️အခန်း-၁
ဦးဖိုးဝေ နှင့် သူရိယသည် သူတို့၏ ရှေ့မှရွာထဲဝင်သွားသော ဆရာမနှစ်ယောက်အား ဦးဖိုးဝေမှ လှမ်းခေါ်လိုက်သည် ဦးဖိုးဝေ၏အသံကိုကြားသော ဆရာမများသည် ယဉ်ကျေးသိမ့်မွေ့သောစကားဖြစ် ခွန်းတုန့်ပြန်လေသည်
“ဆရာမလေးတို့ ခဏနေပါဦးကွယ် ”
“ဟုတ်ကဲ့ ဦးကြီးရှင့်”
ဆရာမနှစ်ယောက်သည် ဦးဖိုးဝေအလာကို ရွာအဝင်ဝတွင် ရပ်ပြီးစောင့်နေသည် ၊ ဦးဖိုးဝေ နှင့် သူရိယလည်း ရပ်စောင့်နေသော ဆရာမများဆီသို့ သုတ်ခြေတင်းလိုက်ပြီး အနားရောက်သောအခါ ဦးဖိုးဝေမှ စကားဆိုလိုက်သည်
“ဆရာမလေးတို့ ကျုပ်နာမည်က ဖိုးဝေပါ ဒီက ကျုပ်မြေး သူရိယတဲ့ ”
“ဟုတ်ကဲ့ ဦးရီး ကျမတို့နာမည်က လှလှဝင်းလို့ခေါ်ပါတယ် ဒီဘက်က ဆရာမနာမည်ကတော့ သင်းသင်း လို့ခေါ်ပါတယ် ”
“ဆရာမလေးတို့က ဒီရွာကပဲလားဗျ ”
“မဟုတ်ပါဘူး ကျမတို့က အောင်လံကပါ ဒီမှတာဝန်ကျတာ ”
“အော်ဟုတ်လား ကျုပ်တို့ကလည်း ခရီးသွားေတွေပါကွယ် ဒီရွာနာမည်က ဘာတဲ့လဲ ကွဲ့ ”
“တောင်ထွန်းရွာ လို့ခေါ်တယ် ဦးကြီး ”
“ကျုပ်တို့ကို ရွာလူကြီး အိမ်လေးသိရင် လမ်းညွှန်ပါဦးကွယ် ”
“အဆင်သင့်တာပဲ ဦးကြီး ကျမတို့လည်းရွာလူကြီးအိမ်သွားရဦးမှာ လိုက်ခဲ့ကြပေါ့ ”
“ကောင်းပါပြီကွယ် ”
ဦးဖိုးဝေ နှင့် သူရိယလည်း ဆရာမလေးနှစ်ယောက်ဦးဆောင်ပြီး တောင်ထွန်းရွာအတွင်းထဲသို့ဝင်လိုက်တော့သည် ၊ ရွာထဲဝင်လိုက်သည်နှင့် ဆရာမနှစ်ယောက်ဘေးမှာ လိုက်လံစကားပြော ပြီး လက်လိုက်ဆွဲနေသော ကလေးငယ်ဝိညာဥ်သုံးဦးသည် အနောက်သို့ လွင့်စင်သွားကာ ရွာထဲဝင်သွားသော ဆရာမနှစ်ဦးအား ကျယ်လောင်စွာ အော်ေခါ်နေကြပါတော့သည် ၊သူတို့ခေါ်နေသည့် ဆရာမနှစ်ယောက်သည် သူတို့၏ အသံများကို မကြားနိုင်ပေ၊ ဦးဖိုးဝေ နှင့် သူရိယ လွင့်ပါသွားသော ကလေးဝိညာဥ်များကို တချက်ကြည့်လိုက်ကာ ဆရာမနှစ်ယောက် နှင့် အတူ ရွာလူကြီးအိမ်သို့ သွားလိုက်ကြပါေလတော့သည်။
▪️အခန်း-၂
ဆရာမနှစ်ယောက်သည် ဦးဖိုးဝေနှင့် သူရိယအား ရွာလူကြီးနှင့် နုတ်ဆက်ပေးလေသည် ရွာလူကြီးသည် လောကီပညာကို စိတ်ဝင်စားသူဖြစ်ရာ ဦးဖိုးဝေအား ဧည့်ဝတ်သေချာပြုလေသည် ။
“ဆရာကြီးတို့နဲ့ သိကျွမ်းရတာ အင်မတန်ဝမ်းသာတယ်ဗျာ ”
“ကျုပ်လည်းတူတူပါပဲ ”
“ဆရာကြီးတို့ ကျုပ်အိမ်မှာ တည်းဗျာ”
“အကြောင်းကိစ္စရှိခဲ့ရင်တော့တည်းမယ် ဗျာ ”
ဆရာမလေး နှစ်ဦးသည် ရွာလူကြီးအိမ်မှ ကျောင်းအတွက် ရွာလူကြီး မြို့မှယူလာေပးေသာ စာအုပ်များလာယူချင်းဖြစ်သည်၊ ဆရာမနှစ်ယောက် သည် ရွာလူကြီးနှင့် ဦးဖိုးေဝအား ပြန်တော့မည်ဖြစ်ကာ နုတ်ဆက်လိုက်ချိန် ရွာလူကြီး၏ အိမ်ဝိုင်းထဲသို့ ဝါးခြမ်းပြား တချောင်းကို ကိုင်ပြီး ပါးစပ်မှလည်း တတွက်တွက်ပြောကာအမျိုးသမီးတဦး ဝင်လာကာ ဆရာမများအားကြည့်ပြီး
“ဆရာမလေး ကျမသား ဆန်းထူး ဘယ်သွားလဲ သိလား ”
“ဆန်းထူးက ဒီနေ့နေလယ်ကျောင်းလာမတက်ဘူး လေ ”
“ထင်တော့ထင်သာ ဒီကောင်လေးတွေ ဘယ်များသွားပြန်ပြီလဲ မသိဘူး သူ့အဖေကို ထမင်းသွားပို့ရမှာ သူ့အဖေက တောထဲကတဲမှာ လာပါစေဦး လာမှ မှတ်လောက်အောင် ရိုက်ပြစ်လိုက်မယ် ကျမသွားပြီဆရာမရေ တခြားေနရာလိုက်ရှာလိုက်ဦးမယ် ”
အမျိုးသမီးသည် သူ၏သားဖြစ်သူအား ရိုက်မည့် ဝါးချမ်းပြားကိုကိုင်ပြီး ရွာလူကြီးအိမ်မှ ထွက်သွားလေတော့သည် ၊ ထိုအခါမှ ဆရာမ လှလှဝင်းသည် ရွာလူကြီးကိုကြည့်ကာ
“ဆန်းထူးက ဒီနေ့မှ ကျောင်းပျက်တာပါ ကျောင်းဆင်းပြီးတာတောင် ကြာနေပြီ ”
“ကျုပ်တို့ ငယ်ငယ်ကလည်းဒီလိုပါပဲဗျာ ”
ရွာလူကြီးသည် ပြုံးရယ်ပြီးပြောလိုက်သည်၊ ဆရာမနှစ်ယောက်လည်း ရွာလူကြီးအိမ်မှ ထွက်ခွာသွားပြီဖြစ်သည် ၊ ဦးဖိုးဝေ နှင့် ရွာလူကြီးသည် ကွမ်းများဝါးရင်း လောကီပညာအကြောင်း သမာဓိအကြောင်း စကားပြောနေကြသည် ၊ တောင်ထွန်းရွာလူကြီးသည် လောကီပညာကို အတော်ကို စိတ်ပါဝင်စားသူဖြစ်ရာ မမောနိုင်မပန်းနိုင် တက်ကြွစွာ စကားပြောနေပါလေတော့သည်။
▪️အခန်း-၃
တောင်ထွန်းရွာထဲ၌ ရှိသော ရွာသားများ ရွာလူကြီး၏ နေအိမ်တွင် စုရုံးရောက်ရှိနေကြသည် ၊ ရွာမှာရှိသော လူငယ်လူရွယ်များက မီးတုတ်များကိုင်ထားကြသည် ၊ ရွာလူကြီးရှေ့တွင်တော့ စိတ်ပူနေသော လူများက ရွာလူကြီးအား စကားဆိုလေသည်၊ ဆရာမနှစ်ယောက်သည် လည်း ညှိုးငယ်သော မျက်နှာများဖြစ် တစုံတခုအား တွေးပူေနကြသည် ၊ အကြောင်းသည်က ရွာမှာ ကလေးသုံးယောက် ပျောက်နေချင်းကြောင့် ဖြစ် မိဘများမှ ကလေးများ မလာသည် မှာ ဆော့ကစားနေချင်းကြောင့်ဟုထင်ကာ စိတ်ဆိုးနေကြပေမဲ့ အချိန်လွန်သည့်တိုင်ပြန်မလာသောကြောင့် ရွာမှလူများအားလုံး ထိုကလေးများအား လိုက်ရှာရန် ရွာလူကြီးအိမ်တွင် စုရုံးနေကြတော့သည်။ ရွာလူကြီးသည် ဆရာမနှစ်ယောက်အားကြည့်ကာ
“ဆရာမ ဒီကလေးတွေ ဘယ်တွေသွားတက်လဲ ”
“ကျမလည်း အတိအကျတော့မသိဘူး အခုပျောက်နေတဲ့ ကလေးတွေက အမြဲတတွဲတွဲနေတာ တခါတလေ ကြံချောင်းတွေ ကျောင်းကို ယူလာပြီး တခြားကလေးတွေကို ဝေနေတာတော့ တွေ့တယ် ”
ဆရာမ၏ စကားကြားသော အခါ အမျိုးသမီးကြီးတဦးသည် စကားဆိုလာသည်
“ဟုတ်တယ် ကျမ သားရယ် ဆန်းထူး နဲ့ စိုင်းလုက အမြဲတမ်း တတွဲတွဲပဲ ကြွက်ထောင် ငှက်ပြစ်လုပ်ကြရင်း တောထဲ မှာ လမ်းပျောက်နေတာ လားမသိပါဘူးတော်”
ပျောက်နေသော ကလေးများထဲမှ ကိုသုဟုအမည်ရသော ကလေး၏ အမေသည် ထိုသို့ပြောရာ တခြားပျောက်နေသော ကလေးများ၏ မိခင်ဖခင် များသည် လည်း ဝိုင်းဝန်းထောက်ခံလိုက်ကြပြီး ရွာဝန်းကျင်မှ တောများထဲသို့ ရှာရန်ထွက်ခွာသွားတော့သည် ၊ ရွာလူကြီးသည် ဆရာမ နှစ်ယောက် နှင့် ဧည့်သည်များဖြစ်သော ဦးဖိုးဝေတို့အား သူ၏အိမ်မှာ စောင့်စေပြီး သူသည်က ရွာသားများကို ဦးဆောင်ကာ ထွက်ခွာသွားလေတော့သည်။
▪️အခန်း-၄
ရွာလူကြီး၏ အိမ်အောက်ရှိ စားပွဲတန်းလျာတွင် ရွာလူကြီး၏ ဇနီးသည် ဧည့်ခံထားသော ရေနွေးကြမ်းကို မည်သူမျှသောက်ရန် စိတ်ဆန္ဒမရှိနိုင်ကြပေ ဦးဖိုးဝေ နှင့် သူရိယသည်က သူတို့မြင်ခဲ့ရသော ကေ လး ဝိညဉ်သုံးဦးကြောင့် ပျောက်ဆုံးသွာသော ကလေးများ အသက်မရှင်တော့ဘူးဆိုတာသိပေမဲ့ ၊ ကလေးများ၏ မိဘများနှင့် ဆရာမ များအပါအဝင် ရွာသူရွာသားများ၏ မျှော်လင့်ချက်လေးကို မဖျက်ဆီးစေချင်၍ မပြောချင်းဖြစ်သလို သူတို့ပြောရင်လည်းယုံကြည်မည်မဟုတ်ဆိုတာ သိလေသောကြောင့် မပြောချင်းဖြစ်၏။ ယခု ဦးဖိုးဝေ နှင့် သူရိယ၏ အရှေ့တွင်ရှိသော ဆရာမ နှစ်ယောက်သည် သူတို့၏ တပည်များအတွက် အလွန်ပင် စိုးရိမ်နေသည်ဆိုတာ ရွာလူကြီးဇနီး ထွန်းပေးထားသော ရေနံဆီမီးခွက်၏ အလင်းရောင်အောက်တွင် ပေါ်လွင်ေနပေသည် ၊ ဦးဖိုးဝေတို့ မည်သည့်စကားမှမပြောပဲ အတွေးကိုစီနှင့် အချိန်အတော်ကြာငြိမ်သက်နေရာမှာ ဆရာမ လှလှဝင်း၏ စကားသံက စတင်ထွက်ပေါ်လာသည်
“ဆန်းထူးတို့ကို တွေ့မှာပါနော် ဆရာမ သင်းသင်း”
“တွေ့မှာပါ ဆရာမရယ် ဒီကလေးတွေလမ်းပျောက်နေတာဖြစ်မယ် ”
“ဟုတ်တယ် ကိုသုက တောထဲ အရမ်းသွားတာ ”
“ဆန်းထူး နဲ့ စိုင်းလုလည်း တူတူပါပဲ သူတို့တွေ ဘယ်နား အိပ်ပျော်နေတာလဲ မသိပါဘူးဆရာမရယ် ”
ဆရာမနှစ်ယောက်သည် သူတို့၏ တပည်လေးများကို အသက်ရှင်နေသည်ဟု ယုံကြည်နေပုံရ၏ ၊ထိုအချင်းအရာကို မြင်တွေ့ရသောအခါ သူရိယ စိတ်မကောင်းဖြစ်မိသည် သူ၏ မျက်လုံးထဲတွင် ရွာလာစဉ်က ယခု သူ၏အရှေ့မှာရှိသော ဆရာမလေးများ ဘေးမှ လက်လိုက်ဆွဲနေသော ကလေးသုံးယောက်၏ ဝိညဉ်များကို အမှတ်ရလာသည် ၊ ကလေးများသည်က သူတို့သေဆုံးသွာသည်ကို သိပုံမပေါ် ကျောင်းဆင်းချိန် ဆရာမနှစ်ယောက်နှင့် အတူ အိမ်ပြန်ချင်းဖြစ်မယ် ဟုထင်လိုက်သည် ၊ သူရိယ ထိုသို့တွေးနေစဉ် ဦးဖိုးဝေမှ ဆရာမနှစ်ယောင်အား စကားဆိုလိုက်သည်
“ဆရာမလေး ကျုပ်တခုလောက် မေးချင်တယ်”
“မေးပါ ဦးကြီး ”
“အခုပျောက်သွားတဲ့ ကလေးတွေက အရင်ကကော ပျောက်ဘူးလား ဆရာမ”
“မပျောက်ဘူးပါဘူး သူတို့ တောထဲတော့ သွားကြတယ် ကျမတို့ လည်း မသွားဖို့ပြောပါတယ် ဒါပေမဲ့ ဘယ်လိုပြောပြော မရပါဘူး ဦးကြီးရယ် ”
“သူတို့က တောထဲ ဘာသွားလုပ်ကြတာလဲ ”
“ကြွက်ထောင် တယ် မနက်အစော သွားဖြုတ်တယ်လေ ”
“အော် သူတို့ မိဘတွေကကော မတားဘူးလား ”
“အဲ့တာတော့ ကျမလည်း မသိပါဘူး ရှင် ”
ဦးဖိုးဝေ နှင့် ဆရာမ နှစ်ယောက် စကားပြောနေကြသည် ညသန်းခေါင်ကျော်သည့်အထိ သူတို့မအိပ်ချင်ပေ ၊ ကလေးသုံးယောက်အား သွားရှာသော ရွာသားများသည်လည်း ပေါ်မလာသေးပေ၊ အချိန်သည်က တုန်းမောင်းခေါက်ချိန်ရောက်ရှိလာပြီဖြစ်သည်၊ ထိုအချိန်မှ ရွာသားများသည် မီးတုတ်မှမီးရောင်များ ဖြာလင်းလျက် စုရုံးလမ်းလျှောက်လာကြကာ ရွာလူကြီး၏ အိမ်သို့ပြန်လာကြသည် ၊ ကလေးပျောက်သွားရှာသည့် ရွာလူကြီးနှင့် ရွာသားများ ရောက်လာသောအခါ ဆရာမနှစ်ယောက်သည် တန်းလျားမှ ထရပ်လိုက်ပြီး ရွာလူကြီးအလာကိုမစောင့်နိုင်တော့ပဲ အိမ်ဝိုင်းဝ သို့ ပြေးထွက်သွားကာ
“ကလေးတွေ တွေ့ခဲ့လား ရှင့်”
“မတွေ့ပါဘူးဗျာ ကျုပ်တို့ တောအတော် နက်တဲ့ ထဲထိရှာပါတယ် မတွေ့ပါဘူး”
“အဲ့ အဲ့ဒါဆို ဘယ်လိုလုပ်ကြမလဲ ကျမတပည့်တွေ ဘယ်ရောက်နေတာလဲရှင်”
ဆရာမ လှလှဝင်း၏ စကားသံကြောင့် ကလေးများ၏ မိဘများ ငိုသံသဲ့သဲ့ ထွက်ပေါ်လာရာ ရွာလူကြီးမှ
“ငိုမနေကြပါနဲ့ဦးဗျာ ကလေးတွေက ဆုံးတာမှမဟုတ်တာ ခင်ဗျားတို့က နမိတ်မရှိနမာမရှိငိုနေတယ် ”
“ဟုတ် တယ် ကျမတို့သားလေး တနေရာရာ မှ အိပ်နေတာနေမှာ ကျမ မငိုတော့ပါဘူ ရွာလူကြီး ”
ရွာလူကြီး၏ စကားကြောင့် ကလေးမိဘများအငိုတိတ်သွားကြတော့သည် ၊ ထို့နောက် ရွာလူကြီးသည် ဆရာမ များအပါအဝင် ရွာသားများကို ပြန်စေပြီး သူလည်း ဦးဖိုးဝေ နှင့် သူရိယ ထိုင်နေသော တန်းလျားသို့သွားကာ သက်ပျင်းကို တချက်ချလိုက်ပြီး
“အရေးပေါ်လာလို့ ဆရာကြီးတို့ကို ဂရုမစိုက်နိုင်တာ တောင်းပန်ပါတယ်တယ် ဗျာ ”
“အခြေအနေမကောင်းဘူး မဟုတ်လား ရွာလူကြီး ”
“ဟုတ်တယ် ဗျ ဘယ်မှာမှ မတွေ့ဘူး ”
“မနက်ဖြန်ကျုပ်ရှာပေးပါမယ်”
“ရွာသားတွေလည်း သွားရှာမှာဆရာကြီး”
“ရွာလူကြီးကို အခုပြောရင်တော့ ရွာလူကြီးယုံမယ် မထင်ဘူး ”
“ဘာလို့လဲ ဗျ”
“မနက်ဖြန် ကြအဖြေပေါ်မှာပေါ့ဗျာ”
ဦးဖိုးဝေသည် ရွာလူကြီးအား ထိုသို့ပြောလိုက်ပါလေတော့သည်။
▪️အခန်း-၅
တောင်ထွန်း ရွာ၏စာသင်ကျောင်းလေးတွင် ကျောင်းသူ ကျောင်းသားလေးများ၏ စာအံသံက ညံစီနေသည် ၊ ကျွန်းတိုင်အကြီးကြီးများဖြစ် တည်ဆောက်ထားပြီး အမိုးကို သက်ကယ်မိုးထားကာ အကာကို ထရံကာထားသော တောင်ထွန်းရွာမူလတန်း ကျောင်းလေးဖြစ်သည် ၊ ထိုကျောင်းလေး၏ ခယိုခယိုင် စာသင်ခုံများရှေ့တွင် ရှိသည့် ဟောင်းနွမ်းနေသော စားပွဲခံုဘေး ထိုင်ခံမှာ ဆရာမတယောက်ထိုင်နေသည် ၊ သူမသည် ကလေးငယ်များအား အမဲရောင်သင်ပုန်းကြီးတွင် မြေဖြူနှင့် ကဗျာ တပုဒ်ကိုရေးထားကာ ဆိုနေစေသည် ၊ ယနေ့သူမ စာသင်ရသည်မှာ စိတ်မပါပေ အနောက်ဆုံး ခုံတန်းလေးတွင် လွတ်နေသော နေရာလေးကို မကြာမကြာ ကြည့်နေသလို ၊ အခန်းထဲဝင်သော တံခါးမရှိသော တံခါးပေါက်ကိုလည်း ကြည့်နေသည်၊ ဆရာမသည် တခါခါ ကျောင်းအပြင်ကို ထွက်သွားပြီး မယ်ဇလီပင်းကြီး အနားမှာ ရပ်ပြီး ရွာမှ ကျောင်းကို လာသည့် လမ်းလေးကို လှမ်းလှမ်းေမျှာ်ကြည့်နေသည် ၊ ကျောင်းလေးသသည် တောင်ကုန်းပေါ်တွင် ရှိပြီး တောင်ကုန်း အစွန်းများတွင် မယ်ဇလီပင်များ များစွာ ပေါက်ရောက်နေလေသည်၊ ေကျောင်း၏ မြောက်ဘက် အစွန်းတွင်တော့ တရုတ်စကား ပန်းပင်ကြီးရှိကာ တောင်ကပါးယံဘက်သို့ ကွေး၍ နေလေသည် သူမ ထို ပန်းပင်ကြီးကို ကြည့်ကာ ဆန်ထူးကို အမှတ်ရလာသည် ၊
“ဆန်းထူး အဲ့အပင်ပေါ်မတက်နဲ့လေ အောက်က ချောက်ကြီး ”
မြို့မှ အသစ်ရောက်ကာစ ဆရာမလေးလှလှဝင်းသည် တရုတ်စကားပင်ပေါ်တက်နေသော ဆန်းထူးအား ဆိုးရိမ်၍ အပင်အနားအပြေးလာနေသည် ၊ ထိုအခါ ဆန်းထူးကာ ရယ်ပြီး
“ဘာမှ မဖြစ်ပါဘူး ဆရာမလေးရယ် ကျနော်က ပန်းခူးပြီး ဆရာမလေးကို ပေးမလို့ပါ ”
“ရတယ် ရတယ် သား မခူးနဲ့ ဆင်းခဲ့ ဆင်းခဲ့ ‘
ငေါက်ငမ်းမည်ဟုတွေးထားသော ဆရာမ ဆန်းထူး၏ စကားကြောင့် ငေါက်ငမ်းချင်းအမှု့ကိုပြုနိုင်တော့ပေ ၊
ဆရာမ ဆန်းထူးအကြောင်းတွေး နေရင်း စာသင်ကျောင်းဝန်းေထာင့်မှ ပိတောက်ပင်ကြီးကို မြင်သောအခါ ကိုသု ကိုအမှတ်ရလာပြန်သည် နာမည် ဆန်းဆန်း နှင့် ကလေး ၏ နာမည်မှာ မောင်သုသု ဖြစ်သည် အများကတော့ ကိုသု ဟုခေါ်ကြသည် ကိုသု၏ မိဘများသည်က လယ်ပိုင်ယာပိုင် များမဟုတ်သော ကြောင့်နွမ်းပါသည်၊ ဆရာမ မနက်အစော ကျောင်းသို့ ရောက်လာစဉ် ကိုသု တယောက် ပိတောက်ပင်ကြီး၏ ပင်စီနှင့် သူ၏ ကျောကုန်းကို ပွက်တိုက်နေ၏၊ ဘေးတွင်ရှိသော ဆန်းထူး နှင့် စိုင်းလု မှ ကိုသု၏ အင်္ကျီကို ချွတ်ပေးနေသည် ထိုအခါ ဆရာမသည် ဒီကလေးတွေ ဘာဖြစ်တာလဲဟု တွေးကာ အလျင်အမြန်သွားကာ
“ကလေးတွေ ကိုသုဘာဖြစ်တာလဲ ”
“ဖက်တက်ကောင် ကျောကပ်တာ ”
ဆရာမသည် ကလေးများပြောစကားကို နားမလည်ပါ ထိုနောက် ဆန်းထူးသည် ကိုသု၏ ကျောအား သူ၏ခေါင်းမှ ဆံပင်နှင့် ဝှေ့ပေးနေမှ ကိုသုငြိမ်သွားကာ ဆရာမအားကြည့်ပြီး
“ဆရာမလေး ကျနော့် ကျောကုန်းထဲကို ဖက်တက်ကောင်ကပ်တာ နာပြီးယား လိုက်တာဗျာ ”
ကိုသုသည် ဆရာမအားစကားပြောရင် မြေပြင်ပေါ်တွင်ရှိသော အစိမ်းရောင်နှင့် အဆူးများရှိသော ခူကောင်ပုံစံ အကောင်တကောင်အား လက်ညှိုးထိုးပြသည် ၊ အခုမှ သူမ မှတ်မိသွားသည် ကျောင်းသို့ ရောက်လာစဉ်က ရွာလူကြီးသည်
“ဆရာမရေ ကျောင်းမှာ ဖက်တက်ကောင်သတိထားဗျာ တကယ်လို့ ကပ်မိရင် ဆံပင်နဲ့သာ ပွတ် သက်သာတယ်”
ရွာလူကြီးပြောသော ဖက်တက်ကောင်သည်က ယခု ကိုသုကိုကပ်နေပြီးဖြစ်သည် ၊ ခဏ အကြာတွင်တော့ ကိုသုသည် သူမဟုတ်သည့်အလား ဆော့ကစားနေပြန်သည် ၊ အော် အတော် မာတဲ့ကလေးတွေပါလားဟုတွေးနေမိသည် ၊ ဆရာမသည် ကိုသု အကြောင်းကို တွေးနေပြီးနောက် ရွာမှ ကျောင်းသို လာသော လမ်းလေးကို ထပ်ပြီးေမျှာ် လိုက်ပြန်သည် ရွာဦးဘုန်းကြီးကျောင်း နှင့် စာသင်ကျောင်းသည်က ရှေ့နှင့်နောက် ဖြစ်၍ ရွာဦးကျောင်းမှ သောက်ရေလာထမ်းသော လူငယ်တယောက်ကို မြင်သောအခါ စိုင်းလုကို အမှတ်ရလာပြန်သည် ၊
ဆရာမ ရွာထဲ၌ တဆိုင်းတည်းသော အိမ်ဆိုင်လေးတွင် ဈေးဝယ်နေစဉ် စိုင်းလု ရေ ပံုးနှစ်ပုံးကို ရေထမ်းတပိုးနှင့် ထမ်းပြီး ဈေဆိုင်ဘေးက ဖြတ်သွားချိန် ဆရာမ စိုင်းလုကို လှမ်းခေါ်လိုက်သည်
“စိုင်းလု သားဘယ်သွားမလို့လဲ ”
“ရေသွားထမ်းမလို့ ဆရာမလေး ”
“ကျောင်းတက်ချိန် နီးပြီနော် သား မြန်မြန်လုပ်ကြားလား ”
“ဟုတ်ကဲ့ ဆရာမလေး ”
စိုင်လုသည် ထိုသို့ပြောပြီး ထွက်သွားသည် ၊ ဆရာမသည် အိမ်ပြန်ပြီး အဖြူ နှင့် အစိမ်းကို ဝတ်ပြီး ကျောင်းသွားရန် ဟန်ပြင်နေချိန် စိုင်းလုသည် ရေအပြည့်ပါသော ရေပုံး နှစ်ပုံး အားထမ်းပြီးအပြေးတပိုင်း နှင့် သူမ၏ အိမ်ကိုရောက်လာကာ
“ဆရာမလေး ဘုန်းကြီးကျောင်းက သောက်ရေ ထမ်းလာတာ ကျနော် ရေအိုးထဲ ဝင်ဖြည့်လိုက်ဦးမယ် ”
စိုင်းလုကိုကြည့်ပြီး ဆရာမ စိတ်မကောင်းဖြစ်သွားရသည် ၊ သို့ပေမဲ့ ဒီရွာမှာနေသော နွမ်းပါးသော ကလေးများအဖို့ ဤသို့သော အလုပ်များအဖို့ နေ့တိုင်းလုပ်နေရသည်မဟုတ်ပါလား။ ယခုတော့ ကလေးသုံးယောက်လုံး ပျောက်နေသည်မှာ တရက်ပင်ပြည့်တော့မည်ဖြစ်သည် ၊ ကလေးသုံးယောက်လုံးသည် နွမ်းပါးသော ကလေးများဖြစ်ကြသည်။ မိဘများသည်ကလည်း စားဝတ်နေရေးအတွက် ရုန်းကန်နေရာသော လူများဖြစ်သည်မဟုတ်ပါလား။
ဆရာမ ကလေးများ အကြောင်းတွေးနေစဉ် ကျောင်းဘက်သို့လာသော လမ်းတွင် ဦးဖိုးဝေ နှင့် သူရိယကို ကျောင်းဘက်သို့လက်လျှောက်လာသည်ကိုေတွ့လိုက်ရပါေတာ့သည်။
▪️အခန်း-၆
“မဖြစ်နိုင်ဘူး ရှင်တို့ပြောတာ မဖြစ်နိုင်ဘူး ”
“ကျုပ်တို့ပြောတာ ဆရာမယုံမှာ မဟုတ်ဘူးဆိုတာ သိပါတယ် ဒါပေမဲ့ ယုံမှရလိမ့်မယ် ”
“သုံးယောက်လုံး ဆုံးတယ် ဆိုတာ မဖြစ်နိုင်ဘူး ရှင်တို့လူလိမ်တွေမဟုတ်လား ”
“စိတ်ထိန်းပါ ဆရာမ ကျုပ်တို့ မလိမ်ပါဘူး ”
“မဟုတ်ဘူး ဒါက ဖြစ်မှမဖြစ်နိုင်တာ ကျမ တပည်လေးတွေ တခြားရွာရောက်နေတာ နေမှာ သူတို့ကို တခြားရွာက ရွာလူကြီးက လာပို့မှာ အတိတ်မရှိ နမိတ်မရှိ တဲ့ စကားတွေလာမပြောပါနဲ့ ”
ဦးဖိုးဝေ ၏ စကားကို ဆရာမလှလှဝင်း အကြောက်အကန် ငြင်းနေသည် ၊ ထိုအခါ သူရိယသည် ဆရာမအားကြည့်ကာ
“သူတို့က ဆရာမတို့ အနားမှာ နေနေတာ ရွာထဲလည်းဝင်လို့မရဘူး ကျုပ်မြင်အောင်လုပ်”
“လူလေး ရတယ် အဘပဲပြောလိုက်ပါ့မယ် ”
သူရိယစကားမဆုံးခင် ဦးဖိုးဝေတားလိုက်သည် ၊ ဆရာမ၏ အထိတ်တန့်အော်ပြောသံကြောင့် ကျောင်းထဲမှာ ရှိသော ဆရာမ သင်းသင်း ထွက်လာကာ
“ဘာ ဘာဖြစ်နေကြတာလဲရှင် ဆရာမ ဘာဖြစ်တာလဲ ”
“သူတို့က ဆန်းထူးတို့ကို သေပြီလို့ပြောနေတယ် ”
“ဟာ မဟုတ်တာ ကလေးတွေကို ပေါက်ကရမပြောကြပါနဲ့ ”
ဆရာမသင်းသင်းသည်လည်း ကလေးများဆုံးသည်ကို မယုံ နိုင်ပဲ ဖြစ်နေလေ၏ ထိုအခါ ဦးဖိုးဝေသည်
“ကျုပ်တို့ ရက်စောင့်လို့မရဘူး ဆရာမ ကလေးတွေရဲ့ မိဘတွေကို ပြောပြီး သူတို့အေလာင်းကို ရှာရဦးမယ် ”
“ဦးကြီး ဘာတွေပြောနေတာလဲ ဘာအလောင်းလဲ ကျမ တပည်တွေက မသေဘူး ရွာလူကြီး နဲ့ ရွာသားတွေ တခြားရွာကို သွားရှာနေတယ် လေ ”
“ကျုပ်နားလည်ပါတယ် ဆရာမတို့ဘယ်လို ခံစားနေရမယ် ဆိုတာ ကျုပ်သက်သေပြပါမယ် သူတို့ရဲ့ ဝိညာဉ်တွေက ဆရာမတို့အနားမှာ အခုရှိပါတယ် သူတို့ သေပြီလားလို့ ကျုပ်ကိုမေးနေတယ် ဆရာမ”
“ရှင် ရူးနေတဲ့ လူကြီးဖြစ်မယ် ဘာတွေလာပြောနေတာလဲ ”
ဦးဖိုးဝေသည် ဆရာမပြောသည်ကို ဂရုမစိုက် ဆရာမ၏ ဘေးတွင် ရှိသော ကလေးများ၏ ဝိညာဉ်များကို ကြည့်လိုက်သည် ၊ ဆရာမနှစ်ောက် မမြင်နိုင်သော ကလေးသုံးယောက်သည် သူတို့အား သေချာကြည့်နေသော ဦးဖိုးဝေအား အံဩဝမ်းသာက ကြည့်ပြီး
“,ကျနော် တို့ကို အဘက မြင်ရလား”
ဦးဖိုးဝေ ခေါင်းညိတ်ပြလိုက်သည်
“အဘ ကျနော်တို့ကို ဘယ်သူမှမြင်ရဘူ ဗျ ဆရာမလေးကိုလည်း လိုက်ခေါ်နေတာ ကျနော်တို့ကိုလည်း ပြန်မခေါ်ဘူး တခြားသူငယ်ချင်းတွေကော ပြန်မခေါ်ဘူးဗျ”
ကလေးတယောက်မှ ထိုသို့ပြောသောအခါနောက်ထပ်ကလေးတယောက်မှ
“အဘ ကျနော်တို့ ရွာထဲဝင်ရင် အနောက်ကို ပြန်ကန်ပြီး တောထဲ ပြန်ရောက်ရောက်သွားတာ အခု ရွာအပြင်ဘက်တော့ လျှောက်သွားလို့ရတယ် ကျနော့် ညီလေးကို တွေ့ချင်တယ် အဘရာ ”
“ဟုတ်တယ် အဘ ကျနော်လည်း အိမ်ပြန်ချင်တယ် အဘ ကျနော် အိမ်မှာ မရှိရင် အဖေက ကျနော့် အစားရေထမ်းရမှာ အဖေက ခြေထောက်က သန်တာမဟုတ်ဘူးဗျာ”
ကလေးများသည် သူတို့၏ ဖြစ်ချင်တာများကို ပြောနေ၏ ၊ ထိုအခါ ဦးဖိုးဝေသည် ကလေးများအား
“ငါပြောလည်း မယုံဘူးကွ ဘယ်လိုလုပ်ရမှာလဲ မင်တို့အဖေ အမေ တွေ မပြောနဲ့ မင်းတို့ဆရာမကေတာင် မင်းတို့ ဒီမှာရှိတာ မယုံဘူးကွ”
ဦးဖိုးဝေသည် ဆရာမများ၏မြင်ကွင်းတွင် ဘာမှမရှိသော နေရာကို ကြည့်ပြီးတယောက်ထဲစကားပြောနေသည်ဟန်ဖြစ်နေသည် ၊ ဦးဖိုးဝေ၏ မြင်ကွင်းတွင်တော့ ကလေးများသည် အလုအယက်စကားဆိုနေကြသည်
“ကဲ မင်းတို့ ဆရာမယုံ အောင် တခုခု လုပ်ကြဦးကွာ ”
“သိပြီ သီပြီ ကျနော်တို့ ကျောင်းကို နေ့လယ် မတက်ပေမဲ့ ကျောင်းတော့ လာသေးတယ် ဆရာမလေး တို့ ပန်ဖို့ ဆိုပြီးတော့ နှင်းဆီပန်း နှစ်ပွင့် ခူးလာတယ် ရွာအထွက်က ဦးအေးကြီး အိမ်ဝိုင်းထဲက ခူးလာတာ အဖြူတပွင့် အနီတပွင့် အဘ၊ ကျနော်တို့ ပြန်လာမှ ပေးမယ်ဆိုပြီး ကျောင်အဝင် တံခါး အပေါ်က ထရံမှာ စိုင်းလု တက်ပြီးထိုးခဲ့တယ် ဟိုေလ သိမ့်သိမ့် တို့ ဖိုးခွေးတို့လည်းမြင်တယ် ”
“ရှိသေးတယ် အဘ ဆရာမလေးရဲ့ ခုံ နုန့်နေလို့ဆိုပြီး ခုံအောက်ကို ကျနော်အိမ်က ယူလာတဲ့ သံမရိုက်ထားရသေးတဲ့ ဂျင်လေး ခုထားတယ် ”
”အေးအေး အဘ ပြောပြလိုက်ပါမယ်”
ဦးဖိုးဝေ သည် ဆရာမဘက်မျက်နှာမူကာ
“ကလေးတယောက်က ပြောတယ် ရွာအထွက် ဦးအေးကြီး အိမ်ဝိုင်းထဲကနေ ဆရာမတို့ ပန်ဖို့ နှင်းဆီပန်း နှစ်ပွင့် ခူးခဲ့တယ်တဲ့ အဲ့နေ့က ကျောင်းကို နေ့လယ်လာသေးတယ်တဲ့ ဆရာမတို့ကို သူတို့ပြန်လာမှ ပေးမယ် ဆိုပြီး ကျောင်းအဝင်တံခါးပေါက် ပေါ်က ထရံမှာ စိုင်းလုဆိုတဲ့ ကလေး တက်ထိုးထားတယ် တဲ့ သူထိုးတာ သိမ့်သိမ့်နဲ့ ဖိုးခွေး မြင်တယ်လို့ ပြောတယ် ပြီးတော့ ဆရာမစားပွဲခုံ နုန့်နေလို့ သူ့ဂျင်လေးခုပေးထားတယ်တဲ့ ဗျာ ”
ဆရာမနှစ်ယောက် သည် ဦးဖိုးဝေစကားဆုံးသည် နှင့် ကျောင်းထဲ ပြေးဝင်သွားပြီး ကျောင်းဝင် တံခါးပေါ်သို့ကြည့်လိုက်သည် ၊ ကျောင်းဝင် တံခါးပေါက် အပေါ်တွင်တော့ နှင်းဆီပန်း နှစ်ပွင့်သည်က ညှိုးနွမ်းစွာ ရှိနေသည် ၊ ဆရာမလှလှဝင်း ရင်တွေ တုန်လာသလို အသံများပင် တုန်လာပြီး ကလေးများဘက် လှည့်ကာ
“ဒီ ပန်း ပွင့်တွေ ဘယ်သူ တက်ပြီး ထိုးထားတာလဲ ”
ထိုအခါ ကလေးနှစ်ယောက် မက်တပ်ရပ်လိုက်ပြီး
“အဲ့တာ စိုင်းလု တက်ထိုးထားတာ ဆရာမ ကျန်တဲ့ သူတွေ မယူတက်အောင်လို့တဲ့ ”
“ဟုတ်တယ် ဆရာမ စိုင်းလုက ကျောင်း ဟိုပေါ်က အချောင်းတွေထိအောင် တက်ဆော့တာ ”
ကျန်သော ကလေးတယောက်သည် ကျောင်း အပေါ်မှာ ထုတ်တန်းများကို လက်ညှိုးထိုးပြီးပြောနေသည် ၊ ဆရာမ၏ မျက် လုံးများသည် မျက်ရည်များဖြစ်ရစ်ဝဲနေပြီ သူကြည့်နေသော နှင်းဆီပန်း အညှိုးလေးများသည်ပင် ဝေ့ဝဲလို့လာ၏ ၊ ဆရာမသည် နောက်ထပ် သူမ၏ စာပွဲခုံခြေလေးကို ထိုင်ပြီးကြည့်လိုက်သည် ၊ မန်ကျည်းသားဖြစ်လုပ်ထားသော ဂျင်အသေးလေးအား ခုထားရာ ဆရာမ နှစ်ယောက် မူးလဲ မတက်ပင် ဖြစ်သွားရပါလေတော့သည်။
▪️အခန်း-၇
ဆရာမလှလှဝင်း နှင့် ဦးဖိုးဝေ တို့ ရွာသို့ ထွက်လာပြီဖြစ်သည် လမ်းတလျှောက် ဆရာမမှာ ငိုလာသည် ငိုလာရသည့်အကြောင်းလည်းရှိသည်။ သူရိယသည် ဆရာမ မမြင်နိုင်သော ကလေးများပြောစကားကို ဆရာမအားပြောပြပြီးလမ်းလျှောက်နေချင်းကြောင့်ဖြစ်သည် ကလေးများ၏ ပြောစကားများမှာ
“အကို ဆရာမလေးကို ပြောပေးပါဗျာ ကျနော်တို့ နောက်ဆို ဆရာမလေးမကြိုက်တာ မလုပ်တော့ပါဘူးလို့”
“ဆရာမလေးနဲ့ ကျောင်းလာရင် ကျနော်တို့က ဆရာမလေး လက်ဆွဲခြင်းကို ဆွဲပေးနေကြဗျာ ကျနော်တို့ ဟိုနေ့က ဆရာမ လက်ဆွဲခြင်း လိုက်ကူဆွဲတာ မရပါဘူဗျာ ”
“ဆရာမလေးကို ပြောပေးပါဦး ကျနော်တို့ ရေမခပ်ပေးနိုင်ရင် ကျော်ထူးကို ခပ်ခိုင်းလို့ ပြောပေး အဲ့ကောင်က ဗလတောင့်တယ် ”
“ဆရာမလေးကို ပြောပေးပါဦး ကိုသုကပြောတယ်လို့ ဆရာမလေးအိမ်မှာ စာပြရင် မလာနိုင်တာက တောထဲ သွားအိပ်နေရလို့ပါလို့ ဆရာမလေးကို မလေးမစားမလုပ်တာမဟုတ်ပါဘူးလို့ ပြောပေးပါအကို”
“အကို ကျနော့်ကိုလည်း ပြောပေးပါဦး စိုင်းလုက ပြောတယ်လို့ ဆရာမလေးနဲ့ ဓတ်ပုံရိုက်ဖို့ အမေ့ကို ပြောထားတယ်လို့ နောက်နှစ် ဦးကျော်လွင် အလှူမှာ ရိုက်ဖို့ဆိုပြီးတော့လေ ”
“ဆန်းထူးက ပြောတယ်လို့ပြောပေးပါအကိုရာ ကျနော်အပင်တွေပေါ် မတက်နဲ့လို့ ဆရာမလေးပြောတာကို နားမထောင်ချင်လို့မဟုတ်ပါဘူးလို့ ကျနော် မန်ကျည်းသီး ပုတ်တာ သရက်သီးခူး တာတွေလုပ်နေရလို့ပြောပေးပါ”
ကလေးများ၏ ပြောစကားများကို ဆရာမ မျက်ရည်များကျကာ ခေါင်းကို ညိတ်ပြီး
“ဆရာမ နားလည်ပါတယ် မင်းတို့ကို အပြစ်မမြင်ပါဘူးကွယ်”
ဦးဖိုးဝေတို့ ရွာအဝင်နားရောက်သော အခါ ဝိညာဉ်ကလေးများသည် ရွာထဲသို့မဝင်ရဲ ရပ်နေလေရာ ဦးဖိုးဝေမှ
“ကလေးတွေ ဘာလို့ ရပ်လိုက်တာလဲ ”
“ကျ ကျနော်တို့ ရွာထဲဝင်ရင် ဟိုတောထဲကို ပြန်ရောက်သွားမှာ ”
ဦးဖိုးဝေသည် ခေါင်းတချက်ညိတ်လိုက်ကာ
“အဘ သိပြီ ကဲကဲ ရွာတော်ရှင် ကျုပ်ဒီကလေးတွေကို ဝင်ခုပြုလိုက်တယ် ”
ဦးးဖိုးဝေသည်ထိုမျှသာ ပြောပြီး ဝိညာဉ်ကလေးများဘက်လှည့်ကာ
“ဝင်လာလို့ရပြီ ”
“ဟုတ် ဟုတ်လို့လား အဘရယ် ”
“ဝင်ခဲ့ပါ အဘရှိပါတယ် လာလာ ကလေးတို့ ”
ဆန်းထူးအမည်ရ ကလေးသည် အရင် မရဲတရဲဝင်လိုက်သည် ဝင်၍ရသော အခါ ပျော်ရွှင်စွာ ခုန်ပေါက်နေပြီး ကျန်သော ကလေးများဘက်လှည့်ကာ
“ကိုသု နဲ့ စိုင်းလု ဝင်လို့ရတယ်ကွ အိမ်ကိုပြန်လို့ရပြီ ပြန်လို့ရပြီဟေ့ ”
ကျန်သော ကလေးများသည် ရွာထဲကိုဝင်လာပြီး သူရိယအား ကြည့်ကာ
“အကို ကျနော်တို့ အိမ်ကို ပြန်လိုက်ဦးမယ် အမေတို့စိတ်ပူနေလောက်ပြီ ”
ကလေးများ သူတို့သေဆုံးသွားသည်ကို မေ့နေလေပြီဖြစ်သည် ထိုနောက့် ဆရာမ နှင့် ဦးဖိုးဝေတို့အား လက်ပြနုတ်ဆက်ကာ ရွာထဲသို့ အရင် ပြေးသွားကြတော့သည် ၊ ဦးဖိုးဝေတို့လည်း ရွာလူကြီးအိမ်သို့သာ ခြေဦးလှည့်လိုက်ကြပါလေတော့သည်။
▪️အခန်း-၈
ရွာလူကြီး၏အိမ်တွင်ဖြစ်သည် ၊ ရွာလူကြီးသည် တန်လျားတွင်ထိုင်ပြီး ရေနွေးကြမ်းခွက်ကို လက်မှကိုင်ပြီး ငေးငိုင်နေသည် ၊ ဦးဖိုးဝေတို့ရောက်လာသောအခါ ကိုင်ထားသော ရေနွေးကြမ်းခွက်ကို စားပွဲပေါ် ချလိုက်ပြီး
“ဆရာကြီးတို့လာဗျာ ကျနော်လည်း အလုပ်တွေများနေတာနဲ့ ဆရာကြီးတို့ကို ဂရုမစိုက်နိုင်ပါဘူးဗျာ အော် ဆရာမလေးလည်းပါလာတာကို ”
ဦးဖိုးဝေ တို့လည်း စားပွဲတန်းလျားတွင် ထိုင်လိုက်ပြီး နောက် ရွာလူကြီးအားစကားဆိုလိုက်သည်
“မပြောရင်လည်း မပြီးဘူး ရွာလူကြီး ”
“ပြောပါ ဆရာကြီး ”
“ရွာလူကြီးတို့ ရှာနေတဲ့ ကလေးက အသက်ရှင်လျက်မရှိတော့ဘူး ဗျာ ”
“ဟာ ဆရာကြီး မဖြစ်နိုင်တာ ကျုပ်တို့ရှာနေပါတယ် သူတို့ အသက်ရှင်နေမှာပါဗျာ ”
ရွာလူကြီးသည် ဆရာမနည်းတူ မယုံပေ ၊ မယုံမကြည်ဖြစ်နေသော ရွာလူကြီးအား ဆရာမသည် ကျလက်စ မျက်ရည်များကို သုပ်လိုက်ပြီး စကားဆိုလာသည်
“ဟုတ်တယ် ရွာလူကြီး ကျမလည်း အစက ရွာလူကြီးလိုပဲ မယုံး ဘူး ဒါ ဒါပေမဲ့ ကလေးတွေက တကယ်ဆုံးသွားပြီ ”
ခေတ်ပညာတက် ဆရာမ၏ ပြောစကားကြောင့် ရွာလူကြီးသည် မယုံကြည်ပဲ မနေဝံ့တော့ပေ ထိုနောက်ဦးဖိုးဝေအား
“က ကလေးတွေက ဘယ်လို ဖြစ်ရတာ လဲဗျာ ”
“အဲ့တာတော့ ကျုပ်လည်း ကလေးတွေကို မေးရမှာပဲ ”
“ကျုပ် ကျုပ် ဘာလုပ်ရမလဲ ဆရာကြီး သူမိဘတွေက သူတို့သားတွေအလာကို စောင့်နေတာ ”
“ကလေးတွေရဲ့ ရုပ်အလောင်းကို အချိန်မလွန်ခင် မြန်မြန်ရှာကြတာပေါ့ ဗျာ ကျုပ် တို့ ကလေးတွေ မိဘ အိမ်သွားကြတာပေါ့ ”
“သွားကြတာပေါ့ ဆရာကြီး ”
ထိုစဉ် ဆရာမသည် ကလေးများ၏ နေအိမ်ကို မလိုက်လိုကြောင်းပြောလာ၏
“ဦးကြီး ကျမ ကလေးတွေရဲ့ အိမ်မလိုက်ပါရစေနဲ့ ကျမ ခံစားနိုင်မှာ မဟုတ်လို့ပါ ”
“ဆရာမလေး သဘောပါပဲ ”
ဆရာမသည် ရွာလူကြီးနှင့် ဦးဖိုးဝေတို့ကို နုတ်ဆက်ကာ လေးလံသော ခြေလှမ်းများဖြစ် ၊ စာသင်ေကျာင်းေလးသို့ ပြန်လေတော့သည်၊ ကျောင်းသို့သွားသော ဆရာမ၏စိတ်ထဲတွင် သူမ၏ တပည်များဖြစ်သော ဆန်းထူး ကိုသု စိုင်းလုအား ဘယ်တော့အခါမှ မတွေးရတော့ဘူးဟုတွေးရင် မျက်ရည်များရစ်ဝဲလာ၏ ၊ ကျောင်းသို့တက်ရသော လမ်းလေးရောက်သောအခါ သူမလာသည် နှင့် တခြားကလေးများထက် ဦးအောင်ပြေးဆင်းလာပြီး သူမ၏ ဆွဲခြင်းကို လုဆွဲသော ကျောင်းသားလေးသုံးယောက်သည် ဘယ်တော့ ဘယ်တော့မှ သူဆီမလာနိုင်တော့ဘူးဆိုတာ တွေးရင် လမ်းေလးေပါ်ထိုင်ချ လိုက်ကာ ငိုရှိုက်နေလေတော့သည်။
▪️အခန်း-၉
ရွာလူကြီး နှင့် ဦးဖိုးဝေတို့သည် ဆန်းထူး၏ နေအိမ်သို့ အရင်သွားနေသည် ၊ လမ်းတွင် ဦးဖိုးဝေသည် လောကီပညာ ဝါသနာပါသော ရွာလူကြီးအား မမြင်အပ်များအား မြင်နိုင်စွမ်း ခေတ္တဖွင့်ပေးထားသည်၊ ဆန်းထူးတို့ အိမ်ရောက်သော အခါ ဆန်းထူး၏ အဖေနှင့် အမေနားတွင် ဆန်းထူးအား တွေ့ရာ ရွာလူကြီးသည် အံ့ဩကာ
“ဆန်းထူး မင်းက ရောက်နေပြီလား ငါတို့ကလိုက်ရှာနေလိုက်ရတာကွာ ”
ရွာလူကြီး၏ အမှတ်တမဲ့ ပြောလိုက်သော စကားကြောင့် ဝိညာဥ်လေး ဆန်းထူး နှင့် သူ၏မိဘများသည်ပင် ကြောင်၍ကြည့်နေရင်း ဆန်းထူးအမေမှ မေးလာတော့သည်
“ရွာလူကြီး ဘာပြောလိုက်တာလဲ”
“ဘာ ဘာမှ မဟုတ်ပါဘူး ဆန်းထူးလေးကို သတိရလို့ပါ ”
ရွာလူကြီး ၏ စကားကြားမှ ရွာလူကြီးအားကြည့်နေသော ဆန်းထူးသည် သူ၏ အမေအား ပြန်ကြည့်ရင်း စကားတွေပြောနေပြီး သူ၏ ညီလေးအား ချော့မြူနေလေသည် ၊ ဆန်းထူး၏ မိဘများသည် ဧည့်သည် နှစ်ယောက် နှင့် ရွာလူကြီးအား ဧည့်ဝတ်ပြုပြီး
“ထိုင်ပါ ရွာလူကြီး နဲ့ ဧည့်သည်တို့ရယ် ကျမ ရေနွေး လေးလုပ်လိုက်ဦးမယ် ”
“ရပါတယ် တူမကြီး မလုပ်ပါနဲ့ ဦးကြီးတို့က ဆန်းထူးအကြောင်းပြောမလို့ပါ ”
“ကျ ကျမသားလေး ဘာဖြစ်လို့လဲ ”
“နောင်လည်းသိရမှာပဲ လေ ဆန်းထူးကဆုံးရှာပြီ အခု တူမကြီးတို့ဘေးမှာ ရှိတယ် ”
“မဟုတ်တာ မဖြစ်နိုင်ဘူး ”
ဦးဖိုးဝေသည် မည်သည့်စကားမှမပြောပဲ သူရိယအာ ခေါင်းညိတ်ပြလိုက်ရာ သူရိယသည် ဆန်းထူးကိုစကားပြောလိုက်သည် ၊ ဆန်းထူး၏ မိဘများမြင်ကွင်းတွင်တော့ သူရိယ တယောက်ထဲ စကားပြောနေသည်သာ မြင်နိုင်ပြီး ကျန်သူများသည်က ဆန်းထူးအား မြင်နိုင်စွမ်၏၊
“ကလေး မင်းအမေက တော့ မင်းဒီမှာ ရှိတယ်ဆိုတာ မယုံဘူး ယုံအောင်သက်သေလေးပြလိုက်ပါဦး ”
ထိုအခါ ဆန်းထူးသည် ခေတ္တမျှငြိမ်လိုက်ပြီး စကားပြောလာသည်
“အကို အဖေကလေ ကျနော့်ကို ညီလေး အိမ်ပေါ်က ပြုတ်ကျလိုဆိုပြီး စိတ်တိုပြီး သူကိုင်ထားတဲ့လက်ထဲ က ရေနွေးပူနဲ့ ပက်တာ ကျနော့် ပေါင်မှာ အပူလောင်သွားတယ် အဲ့တာ ကျနော်လည်း ဘယ်သူမှမပြောဘူး အဖေမပြောခိုင်းလို့လေ ”
သူရိယမှ ပြန်ပြောပြသောအခါ ဆန်းထူး၏ အဖေသည် အိမ်တိုင်ကို လက်သီး နှင့်ထိုးကာ ကျိတ်ငိုနေတော့သည် သူ၏ ပါးအားလက်နှင့် ပြန်ရိုက်ရင်း
“ကျုပ် မကောင်းတဲ့ကောင် ကျုပ်သားလေးကို ကျုပ် နှိက်စက်ခဲ့သလို ဖြစ်သွားတယ်ဗျာ ”
ထိုသို့ငိုယိုပြီး သူ့၏ပါးကို သူပြန်ရိုက်နေသော ဖခင်ကိုကြည့်ကာ ဆန်းထူးသည်
“အကို အဖေ့ကို မငိုပါနဲ့လိုပြောပေးပါ ညီလေးကို ချစ်လို့ အဲ့လိုလုပ်တာ သိပါတယ်လို့ ပြီးတော့ ကျနော်လည်း ညီလေးကို ပြုတ်မကျစေချင်ခဲ့ဘူးလို့ပြောပေးပါဗျာ ”
သူရိယသည်လည်း ဆန်းထူးပြောသမျှကို ပြန်ပြောပေနေသည် ဆန်းထူးသည် သူ၏ အမေအားကြည့်ပြီး သူရိယဘက်လှည့်ကာ
“အကို အမေ့ကို ပြောပေးပါဦး ရွာလယ်က ဒေါ်ပုမ တို့အိမ် မန်ကျည်းသီး တက်ပုတ်ပေးခ နှစ်ဆယ် ရစရာရှိတယ် လို့ နောက်ပြီး ရွာတောင်ပိုင်းက အရီးခင်တို့ အိမ်မှာ မန်ကျည်းသီး အခွံသင်ခ တဆယ်ရယ် ရွာအနောက်ပိုင်းက မမိုးတို့အိမ် မှာ ထင်းသယ်ခ ငါးကျပ် ရစရာရှိတယ် လို့ပြောပေးပါ သူတို့က အမေကိုပေးမယ်လို့ပြောတယ်”
သူရိယမှ ပြန်ပြောသာအခါ ဆန်းထူး၏ မိခင် ငိုကျွေးနေပါတော့သည် သူမ၏ ပါးစပ်မှလည်း
“ဟုတ်တယ် မပုမက ကျမကို ငွေနှစ်ဆယ်လာပေးတယ် ကျမသား မန်ကျည်းသီး ပုတ်ခတဲ့တော် ကျမသားလေး တကယ်ဆံုးပြီး သားဆန်းထူး ရေ”
ဆန်ထူးသည် သူ၏ မိဘများငိုကျွေးနေသောအခါ ၊ အမေနားကပ်လိုက် အဖေနားကပ် လိုက် ညီလေးအနားကပ်လိုက်နှင့် မငိုရန် ပြောနေပါတော့သည်။
ဦးဖိုးဝေတို့လည်း ဆန်းထူး၏ နေအိမ်ကိုချန်ခဲ့ကာ ရွာလူကြီး၏ လမ်းပြမှု့နှင့် ကိုသုဟုအမည်ရသော ကလေးနေအိမ်သို့ ခြေဦးလှည့်လိုက်ကြတော့သည် ၊
▪️အခန်း-၁၀
ကိုသုဟုခေါ်သော ကလေး၏ နေအိမ်သို့ရောက်လာပြီဖြစ်သည် အိမ်လေးသည်က တဲသာသာ အိမ်လေးဖြစ်ကာ အိမ်ရှေ့တွင် ကွပ်ပျစ်ေလးရှိ၏ ကွပ်ပျစ်ေလးပေါ် ရွာလူကြီးနှင့် ဦးဖိုးဝေတို့ ထိုင်လိုက်ကြသည် အိမ်ထဲတွင် မည်သူမှ ရှိပုံမပေါ်ပေ ခဏမျှစောင့် လိုက်ချိန်တွင် ကိုသု၏ မိခင်ဖြစ်သူသည် စားသုံးဆီပုလင်းလေးကိုင်ကာ အိမ်ဝိုင်းထဲဝင်လာသည် သူမ၏ နောက်တွင်တော့ ကိုသုသည်က စကားတပြောပြောနှင့် လိုက်လာသည် ကိုသုပြောသည့်စကားကိုတော့ သူ၏မိခင်ဖြစ်သူမှ ကြားနိုင်မစွမ်းပေ၊ ကိုသု အမေသည် ရွာလူကြီးကို သူမအိမ်ဝိုင်ထဲ ရှိကွပ်ပျစ်တွင်တွေ့သောအခါ အပြေးတပိုင်းနှင့် ရောက်လာပြီး
“ရွာလူကြီး ဘာသတင်းထူးလဲ ကိုသုကို တွေ့ပြီလား ကျမယောက်ျားတော့ သူအမျိုးတွေ ရွာကို လိုက်ရှာတယ် ရွာလူကြီးတို့ေတွ့ပြီလား ပြောမရဘူး ကိုသုတို့သူငယ်ချင်းတသိုက်က ဘုရားပွဲသွားမယ်ဆိုပြီး မြို့များတက်သွားကြလားမသိဘူး ရွာလူကြီးရယ် ”
မျှော်လင့်ချက်ကြီးစွာနှင့် မေးနေသော ကိုသု၏ အမေကို ရွာလူကြီး မည်သို့ပြန်ပြောရမယ် မှန်မသိပါ သိုပေမဲ့ မပြောလို့ကလည်း မဖြစ်ပေ ရွာလူကြီးလည်း ဦးဖိုးဝေတို့စကားကို လက်တွေ့မှမဟုတ်ရင် ယုံကြည်မိမှာမဟုတ်ပေ သို့ပေမဲ့ သေဆုံးသွားသော ကလေးများ၏ ဝိညာဉ်အား သူမြင်နေရသည်မဟုတ်ပါလား
“မဝေ စိတ်ကို ခိုင်ခိုင်ထားဟာ နင့်သား ကိုသု ဆုံးပြီ ”
“ရှင်”
ကိုသု၏အမေသည် ရွာလူကြီး၏စကားကြောင့် ကိုင်လာသော ဆီပုလင်းပင် လက်မှလွတ်ကျသွားသည် ၊
“မဖြစ်နိုင်တာ ကျမသားလေးက ခြေရှည်တော့ လျှောက်သွားနေတာနေမှာပါ ”
“မဝေ မကြာခင်သိမှာ့ပေါ့ ဆန်ထူး အိမ်ကိုသွားဗျာ သူ့အဖေနဲ့ အမေကို ခေါ်ပြီးကျုပ်အိမ်မှာ စောင့်နေ”
“ရွာလူကြီး ဘာတွေ ပြောနေတာလဲ ကျမယောက်ျား ကျမသား ကိုသုကိုသွားခေါ်တယ် ကျမသားက မသေပါဘူး ဒီကောင်လေး တခြားရွာက တောတွေဘက် ကြွက်ထောင်ရင် ထောင်နေမှာ ”
“ကဲ ငါတို့သွားပြီ မဝေ ငါပြောတာမမေ့နဲ့ ”
ရွာလူကြီးသည် ပြောပြောဆိုဆို ဦးဖိုးဝေတို့ နှင့်အတူ ကိုသု အိမ်မှာထွက်သွားလိုက်တော့သည် ၊ လှည်းလမ်းလေးအတိုင်း လမ်းလျှောက်နေစဉ် သူတို့၏ ရှေ့တွင် ခြေထောက်တဖက် မသန်သောသူသည် ရေထမ်းလို့သွားနေသည် သူ၏ဘေးတွင်တော့ စိုင်လုတယောက် ရေထမ်းနေသူအား တ တွက်တွက် စကားပြောနေသည် သို့ပေမဲ့ ထိုသူမှာ မကြာနိုင်ပေ ၊စိုင်းလုသည် ဦးဖိုးေဝတို့အား မြင်သော အခါ သူတို့အနားလာပြီး သူရိယကိုကြည့်ကာ
“အကို အကို ကျနော့်အဖေကို ကူလိုက်ပါဦးဗျာ အဖေက ခြေကမသန်ဘူး သူပင်ပန်းနေလိမ့်မယ် ဒါတွေက တကယ်ဆို ကျနော် လုပ်ရမှာ ကူထမ်းေပးလိုက်ပါဦးဗျာ ”
စိုင်းလု၏ စကားကြောင့် သူရိယသည် သူတို့နှင့် မလှမ်း မကမ်းတွင် ရှိ ရေထမ်းနေသော စိုင်းလု၏ ဖခင်အား ရေထမ်းကူရန်ခြေလှမ်းးပြင်လိုက်စဉ် ဦးဖိုးဝေ မှ စကားဆိုလိုက်သည်
“လူလေး ရွာလူကြီးကို ခေါ်သွား အဖြစ်အပျက်ကိုသေချာပြောပြ အဘက ကလေးတွေနဲ့ လုပ်စရာရှိတယ် ”
,ဟုတ်အဘ ”
သူရိယလည်း ရေထမ်းကူလိုက်သလို ရွာလူကြီးလည်း စိုင်းလု၏ အဖေ အနားမှ လိုက်သွားတော့သည် စိုင်းလုလည်း သူ၏အဖေနောက်လိုက်မည့်ဟန်ပြင်နေစဉ်
“ကလေး မင်းလာခဲ့ဦး”
“ဟုတ် အဘ ”
“မင်းသူငယ် ချင်းတွေကို ခေါ်ပြီး ရွာထိပ်ကစောင့်နေ အဘ လာခဲ့မယ် ”
“ဟုတ်အဘ “,
ရွာထဲဝင်လို့ရအောင် လုပ်ပေးထားသည့် ဦးဖိုးဝေအား စိုင်းလုတို့ ကလန်ကဆန်မလုပ်ပေ ၊ ဦးဖိုးဝေပြောလိုက်သည်နှင့် စိုင်းလုသည် လှည်းလမ်းလေးအတိုင်း အလျင်အမြန် ပြေးထွက်၍သွားပါလေေတာ့သည် ၊
▪️အခန်း-၁၁
ရွာထိပ်တွင် ဦးဖိုးဝေနှင့် ဝိညာဉ်လေးသုံးဦး စကားပြောနေကြသည်
“မင်းတို့ ဘယ်လိုဖြစ်တာ လဲ ပြောကြ”
ဦးဖိုးဝေမှာ ထိုသို့မေးသော အခါ ဝိညာဉ်လေးများးသည် တယောက်တလှည့်ပြော လာကြတော့သည်
“ကျနော်တို့က ကိုသု ကြွက်ထောင်ဖို့နေရာသွားကြည့်တာ အပြန် ကြံရိုးလည်း ချိုးရင်းဆိုပြီး ထမင်းစားကျောင်းဆင်ချိန် ထမင်းအမြန်စားပြီးထွက်လာတာ ကျနော်တို့ ဆရာမအတွက် ပန်းခူးပြီးတောင်ထားခဲ့သေးတယ် ”
“ဟုတ်တယ် ကျနော်တို့က ကြွက်ထောင်မဲ့နေရာ ကြည့်ပြီး တန်းပြန်လာမလို့ပဲ ဗျောဗျောကျနားမှာ ငါးတွေ တွေ့တာ နဲ့ ဆင်းဖမ်းနေတာ ခဏ ကြာတော့ ရေသံတွေကြားရပြီး ကျနော်တို့လည်းဒိလို ဖြစ်တာပါပဲ အဘရယ် ”
“မင်းတို့ ရေနစ်တာလား ”
“မသိဘူးအဘ ”
“ဗျောဗျောကျဆိုတာကို မင်းတို့ရွာကလူတွေသိလား ”
“သိတယ်အဘ ”
“အေး အဲ့တာဆို မင်းတိုကို မြင်နိုင်တဲ့ အကို့ ကိုသွားပြောချေ ရွာလူကြီးကို လူတွေစုပြီး ရွာထိပ် လာချေလို့ ”
“ဟုတ်အဘ ”
ဝိညာဉ်လေးများသည် ရွာထဲသို့ အလျင်အမြန်ပြေး၍ဝင်သွားကြတော့သည် ၊ ဦးဖိုးဝေသည်လည်း သက်ပျင်းကိုသာ ချနေမိပါလေတော့သည်။
▪️အခန်း-၁၂
ရွာလူကြီးဦးဆောင်မှုဖြစ် ရွာမှ ရွာသားများ ရွာထိပ်သို့ရောက်လာကြသည် ၊ ရွာလူကြီးသည် ဦးဖိုးဝေကိုေတွ့သောအခါ
“ဆရာကြီး ဘာထူးလို့လဲ ဗျ ကျုပ်တို့ကို ဒီခေါ်တာ ”
“ခင်ဗျားတို့ ဗျောဗျောကျ ဆိုတဲ့ နေရာကိုသိလား ”
“သိတယ် လေ သိပ်မဝေးဘူး ဒီကနေဆို နာရီဝက်လောက်လမ်းလျှောက်ရင် ရောက်တယ် ဆရာကြီး ”
“ကလေးတွေ အဲ့ကိုသွားကြတာ”
“အဲ့နေရာက အထက်ဘက်က မိုးရွာရင် တောင်ကျရေဆင်းတယ် ဆရာကြီး အဲ့တာဆို သူတို့”
“ဟုတ်တယ် ကလေးတွေက ငါးဆင်းဖမ်းတယ်တဲ့ဗျာ”
ရွာလူကြီး၏ ဦးေဆာင်မှု နှင့် ရွာသားများ ဗျောဗျောကျ ချောင်းလေးအတိုင်း လိုက်ကြည့်နေကြသည် ၊ တချို့သူများက ချောင်းထဲအတိုင်း ဆင်းသွားပြီးလိုက်ရှာနေကြသလို တချို့သူများကလည ချောင်းဘေးအတိုင်း တောတိုးပြီး ရှာနေကြသည် ၊ မနက်ခင်းမှစပြီး ချောင်းလေးအတိုင်း လိုက်လာရှာရာ နေမွန်းတည့်ချိန်တွင် တော့ သစ်တုန်းများနှင့် အမှိုက်သရိုက်များ စုပုံနေသော ချောင်းကွေ့နေရာတွင် ကလေးသုံးယောက်၏ အလောင်းအားတွေ့ရှိရပါတော့သည်၊ ရွာသားများလည်း ကလေးများ၏ အလောင်းကို ခက်ခဲစွာနဲ့ သယ်ခဲ့ရပြီး ရွာပြင်သင်္ချိုင်းတွင် စင်လေးထိုးကာ တင်ထားကြသည်၊ မိဘများ နှင့် ဆရာမလေး နှစ်ယောက်မှာ ရင်ကွဲမတက်ငိုယိုနေကြ၏ ငိုနေသော မိဘ၊ ဆရာ များဘေးတွင်တော့ သေဆုံးသူ ကလေးသုံးယောက်၏ ဝိညာဉ်က စကားများ လိုက်လံ၍ပြောနေပါလေတော့သည်။
▪️အခန်း-၁၃
ရွာလူကြီး၏ အိမ်တွင် ရွာလူကြီးမှ ညနေစာ ထမင်းကျွေးနေပါသည် ၊ ဦးဖိုးဝေမှာ ရွာလူကြီးအား
“ရွာလူကြီး ကျုပ်တို့ ထမင်းစားပြီးရင် ခရီးဆက်ဦးမယ်ဗျာ ”
။”မနက်ဖြန်မှ သွားပါလား ဆရာကြီး ”
“လလေးက သာနေတော့ ညပိုင်းလမ်းလျှောက်ရတာအဆင်ပြေလို့ပါ ”
“ဆရာကြီးတို့ အဆင်ပြေရင် လည်း သွားကြပါဗျာ မတားတော့ပါဘူး နောက်များ လမ်းကြုံခဲ့ရင် ကျုပ်တို့ရွာလေးကို လာလည်ပါ”
“စိတ်ချပါ လာလည်ပါ့မယ် ရွာလူကြီး ”
ဦးဖိုးဝေနှင့် သူရိယသည် ညစာ ထမင်း စားပြီး၍ ရွာလူကြီးကို နုတ်ဆက်ကာ ရွာအနောက်ဘက်သို့ထွက်သည့်လမ်းရှိရာ သင်္ချိုင်းဆီသို့ ထွက်လာတော့သည် ၊ သင်္ချိုင်း အနားရောက်ချိန်တော့ နေဝင်လုပြီဖြစ်သည် သင်္ချိုင်းဘေးတွင်တော့ ကလေးအလောင်းသုံးလောင်းတင်ထားသော စင်လေးကို လှမ်းမြင်နေရသည် သူတို့ အလောင်းများအားကြည့်နေစဉ် ကလေးသုံးယောက်၏ ဝိညာဉ်များသည် သူတို့အနား အပြေးရောက်လာပြီး
“အဘ ဘယ်သွားမလို့လဲ ”
“အကို ဘယ်သွားမလို့လဲ အကိုတို့မရှိရင် ကျနော်တို့ ပြောတာတွေကို ဘယ်သူက ပြန်ပြောပေးမှာလဲ အခုလည်းကျနော်တို့ ပြောတာ ဘယ်သူမှမကြားဘူး မသွားပါနဲ့ ဗျာ ”
ကလေးများသည် ဦးဖိုးဝေ နှင့် သူရိယအား ထွက်မသွားရန်တောင်းပန်ေနေလရာ ဦးဖိုးဝေသည် ကလေးများကို ကြည့်ပြီး
“ကလေးတွေ မင်းတို့က သေပြီ မင်းတို့မိဘတွေကလည်း မင်းတို့ကို မသိတော့ဘူ မမြင်တော့ဘူး မကြားတော့ဘူး မင်းတို့ကို သူတို့က ကြာရင်မေ့သွားတော့မှာ ”
“ဟာ ကျနော့် အဖေ နဲ့ အမေက တော့ မမေ့ပါဘူးဗျာ သေချာတယ် ကျနော်က သူတို့အပေါ်ဆိုးမှ မဆိုးခဲ့တာ မမေ့ေလာက်ပါဘူးဗျာ ”
“ဟုတ်တယ် ကျေနာ်တို့က ဆိုးနေရင် သူတို့က မေ့ရင်မေ့မှာ ကျနော်တို့ က အိမ်မှာလည်း မဆိုးဘူး ကျောင်းမှာလည်းမဆိုးဘူး ကျနော်တို့ကို မေ့မှာ မဟုတ်ပါဘူးအဘရာ ”
ဦးဖိုးဝေ သက်ပျင်ချလိုက်ပြီး ၊
“ကလေးတို့ အဘပြောတာ နားထောင်း မင်းတို့နာမည်တွေခေါ်ပြီး အမျှပေးလိမ့်မယ် မင်းတို့ နာမည်ခေါ်ရင် အဲ့နေရာကိုသွား ဘုန်းဘုန်ုးက အမျှပေးလိမ့်မယ် မင်းတို့သာဓုခေါ်နော် ”
“အဲ့လိုခေါ်ရင် ဘာဖြစ်မှာလဲ အဘ ”
“မင်းတို့အဲ့အချိန်ရောက်ရင် သိပါလိမ့်မယ် ကွယ် အခုတော့ အဘတို့သွားပြီ ”
ဦးဖိုးဝေ နှင့် သူရိယသည် ဝိညာဉ်ကလေးများအား နုတ်ဆက်ပြီး တောင်ထွန်းရွာသင်္ချိုင်းကိုကျော်ပြီး လှည်းလမ်းလေးအတိုင်းထွက်လိုက်သည် ။ နာရီဝက်မျှလမ်းလျောက်ပြီးချိန်တွင်တော့ သူရိယ မှ စကားဆိုလာသည်
“အဘ ကျနော်တို့ ဘယ်သွားကြမှာလဲဗျ”
“လက်ပံရွာကို ပြန်သွားကြမလားလို့ လူလေး”
“ဟာ ကောင်းတာပေါ့ ဗျာ ”
သူရိယ စိတ်မကောင်းဖြစ်နေရာမှ ပျော်ရွှင်သွားသည် သူရိယ ဝမ်းသာသွားသည်ကိုသိသော ဦးဖိုးဝေမှာ ပြုံး၍ကြည့်လိုက်ပြီး လက်ပံရွာဆီသို့ ခရီးနှင် နေကြပါတော့သည်။
▪️ဦးဖိုးဝေ နှင့် ကံဆိုးသူသုံးဦး ရွာအဝင် ကဤမျှသာ
🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို Follow နှိပ်ပြီး အားေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏
📝မောင်တင်ဆန်း