” ကျားသေကိုအသက်သွင်းသောဝိညာဉ် “(စ/ဆုံး)

Unicode Version

” ကျားသေကိုအသက်သွင်းသောဝိညာဉ် “(စ/ဆုံး)
————————————————–

နွေဦးကာလသို့မရောက်တရောက်
လက်ကျန်ဆောင်း၏ နှင်းစက်တို့က
တဖြောက်ဖြောက်။ နှင်းစက်ပေါက်
ကလေးတွေ၏အသံ၊ အရသာကို ခံယူ
ရင်း ညဉ့်သန်းခေါင်သို့ပင် ရောက်ခဲ့၏။
သို့သော်-ကျွန်တော်တို့ငါးယောက်မှာ
စကားပြောမပျက်၊ တကယ်တော့ ဧည့်
သည်ကျွန်တော့်ဆန္ဒကိုဖြေပေးနေခြင်း
ဆိုလည်းပိုမိုမှန်ပေမည်။
ကိုဝင်းနောင်ကျော်သည် နေကြာ
ပင်မြစ်ရင်းအဆုံအခြောက်ကြီး ထပ်
ထည့်၏။ မီးပုံပွဲတော့မဟုတ်ပါ။ ရှမ်း
ပြည်နယ်မြောက်ပိုင်း နောင်ချိုဒေသ၊
ကျောက်ကျန်းရွာ၏ သဘာဝအတိုင်း
မီးလှုံပွဲတော့ ဖြစ်ပေ၏။ စောစောကဆိုပါ
မူကျွန်တော့်ဇနီးလည်းမီးလှုံရင်းရောက်
တတ် ရာရာတွေပြောကြ၊ ရယ်မောကြ
နှင့် ထိုစကားဝိုင်းတွင် ဦးသန်းမောင်မှ
သူ၏ယောက္ခမကြီးဦးရဲတင့်အကြောင်းပြော၏။
“အင်း- ကျွန်တော့် ဘိုးတော်
(ယောက္ခမကြီးအား ဘိုးတော်ဟုခေါ်
သည်)က ရွှေဘိုသားဗျ။ ဒီမှာ လာပြီး
အခြေကျနေတာလေ။ နာမည်နဲ့ လိုက်
အောင်ရဲစွမ်းသတ္တိ အပြည့်ရှိတယ်”
“မုဆိုးဝါသနာအိုးကြီး- ညဉ့်ဆို
တောပစ်ထွက်တာ သွားတယ်။ ဟော့ –
ဟိုက လွယ်မောင်းတောင်တို့ တောင်
ချွန်းကြီးတောင်ဘက် အများဆုံးထွက်တယ်ဗျ”
“ဘာကောင်တွေရလည်း ဦးသန်းမောင်”
“အင်း – အများဆုံးကတော့ ချေပါ ပဲ။
တစ်ခါတလေ တောဝက်လည်း
ရတယ်။ ဘိုးတော်က ဒူးလေးနဲ့ ပစ်တာ
ဗျ။ သေနတ်ကိုင်ခွင့် မရလို့ ၊ ရလို့က
လိုင်စင်နဲ့ကိုင်မယ်လို့မကြာမကြာပြော
တယ်ဗျို့။ တောပစ်ရင်း သရဲခြောက်ခံရ
တာတွေ ပြောပြသေးတယ်၊ သူ့တပည့်
ရွာသားအုန်းမောင်နဲ့ မောင်လှတို့ အမြဲပါတာပေါ့”
“သရဲခြောက်လို့ခြောက်တဲ့ သရဲဒူး
လေးနဲ့ပစ်တယ်ဗျ။ ဘိုးတော်လက်က
တော်တော်ဖြောင့်တာ။ တစ်ခါပစ် တစ်ကောင်ပဲ”
“ဗျာ- သရဲကို ပစ်လို့ရတယ် ဟုတ်လား”
“ရတာပေါ့ – အိမ်အထိ သယ်လာတာပေါ့”
“ဟာ-သရဲဆိုတာ ဟို – နာနာ
ဘာဝတွေ၊ ဝိညာဉ်တွေ မဟုတ်လား။
အကောင်အထည် ရပါ့မလား”
“မယုံမရှိနဲ့ မြို့က စာရေးဆရာရေ၊
ယနေ့တိုင် – ဘိုးတော်ရဲ့တပည့်ဘိုးလှ
(ဦးမောင်လှ) မသေသေးဘူး”
“ပြောပြပါဦးဗျာ သရဲဆိုတာဘယ် လိုအကောင်လဲဗျ”
“သရဲဆိုတာ ပုတ်သင်ညိုလေ”
“ဗျာ”
ကျွန်တော်အံ့ဩသွားမိသည်။ပုတ်
သင်ညိုနှင့် သရဲ၊ ဘယ်လိုပတ်သက်နေ
ပါသလဲ။ ကျွန်တော် တွေးမရ။ သူတို့က
လည်း အတိအကျပြော၏။ အထောက်
အထားလူကိုယ်တိုင်ရှိနေသေးကြောင်း
ပြောသည့်အတွက်ကျွန်တော်ဘာပြော
ရမှန်းမသိ။ သိမိသည်က ..
“နေပါဦးဗျာ – သရဲနဲ့ ပုတ်သင်ညို
ဘယ်လိုပတ်သက်နေလဲ”
“ဒီမေးခွန်း မေးမယ်ဆိုတာ သိတာ ပေါ့ဗျာ၊
ဒီလိုမှ တောပစ်ထွက်တော့
နေရာဒေသမရွေး တောတိုးပြီး သား
ကောင်ရှာကြတာပေါ့။ ဒီအခါမှ သရဲ
ခြောက်ပါလေရော၊ သရဲသုံးလေး
ကောင် ဝိုင်းခြောက်တယ်တဲ့ဗျ။ တစ်
ကိုယ်လုံး မမြင်ရပေမဲ့ ဦးခေါင်းပိုင်းကြီး
တွေလျှာတန်းလန်းကြီးတွေတဲ့မျက်လုံး
ကြီးတွေဟာ ဟောဒီမတ်ခွက်လောက်
ကြီးသတဲ့၊ဘိုးတော်ကလည်းဘယ်ရမလဲဗျာ။
ဒူးလေးနဲ့ သေသေချာချာ ချိန်ပစ်တာ ပေါ့။
သရဲတစ်ကောင်ပြီးတစ်ကောင်ပစ် တယ်တဲ့။
မှန်ပြီး အပင်ကြီးတွေပေါ်က ကျလာတယ်ဆိုပဲ။
အသံက ဆူညံသွား တယ်လို့ ဘိုးတော်တို့ သုံးယောက်စလုံး
ပြောတာဗျ။ အောက်ရောက်တော့ မြား
တန်းလန်းနဲ့ သေနေတာပေါ့။ မီးထိုးပြီး
သေသေချာချာကြည့်တော့ သရဲသုံး
ကောင်စလုံးမြားတန်းလန်းနဲ့သေသလို
အဲဒီသရဲတွေဟာ ပုတ်သင်ညိုတွေ ဖြစ်
နေတယ်တဲ့။ ဘိုးတော်လက်တွေ့ယူလာတာဗျ”
ကျွန်တော်တွေးလိုက်သည်။မုဆိုး
ဝတ္ထုတွေထဲတွင် တောပစ်မုဆိုးတွေ
တော်တော်များများ တောခြောက်ခြင်း၊
တောမှောက်ခြင်း ကြုံကြရ၏၊တော
ခြောက်သည်ဆိုရာဝယ်အသံတွေကြား
ရခြင်း၊ အသံဆိုးသည်မှာ ညည်းညူသံ
များ အသက်ရှူသံများ၊ ခြေသံဖွဖွ (သို့
မဟုတ်) ပြေးလွှားသံများ အပင်တွေ၊
အကိုင်းတွေ လှုပ်ခါသံများကြားရသကဲ့
သို့တောမှောက်သည်မှာကားသေးငယ်
သောအကောင်မှာ အကြီးကြီး ဖြစ်နေ
ခြင်း။ မိမိတို့အား စားတော့ဝါးတော့မည့်
အသွင် (သို့မဟုတ်) အပင်ကြီးတွေ
လဲပြိုသံ၊ တောင်ပေါ်မှ ကျောက်တုံး
ကျောက်ခဲကြီးများ ပြိုကျလာသံအပြင်
အရိပ်အယောင်လှုပ်ရှားမှုတွေ။နောက်
ဆုံး ကြောက်မက်ဖွယ် သားရဲ၊ ဆင်
စသည်ဖြင့် ထင်ထင်ရှားရှားပြသည်ကို
တောမှောက်ပြီဟုသိကြသည့်မုဆိုးများ
အထူးသတိထား၍ပစ်ခတ်ကြရကြောင်း
တွေဖတ်ရသည့်အတွက်ယခုမုဆိုးကြီး
ဦးရဲတင့်တို့လည်း တောမှောက်လေပြီ
ဟုတွေးလိုက်မိသည်။
ထိုအခိုက် လွယ်မောင်းတောင်
တန်းကြီးဘက်သို့ ကျွန်တော် မြော်မှန်း
ကြည့်လိုက်သည်တွင် အားလုံးပါ လွယ်
မောင်းတောင်နှင့် တစ်ဆက်တည်း
တောင်ချွန်ကြီးဘက်အားလုံး အာရုံ
ရောက်သွားလေသည်။
“ဟာ-ဒီနေ့ လပြည့်နေ့ပဲဗျ၊
ကြည့်ပါဦးဗျာ – လမင်းကြီးကလည်း
ပြည့်ပြည့်ဝဝကို သာနေလေရဲ့”
“အစ်ကိုကြီး ကို သန်းမောင် ခု
လောက်ဆို လွယ်မောင်းတောင်နဲ့
တောင်ချွန်ကြီးတို့မှာ မောင်းသံ၊ ဗုံသံ
ည်နေရောပေါ့နော်”
“အေး – ဟုတ်တယ်၊ ဒါကြောင့် –
တောင်ထိပ်တွေပေါ်မှာ နှင်းနဲ့မြူ မတွေ့
ရဘဲအလင်းတွေ တောက်ပနေတာပေါ့”
“ဪ- အဲဒီလွယ်မောင်းတောင်
နဲ့တောင်ချွန်ကြီးတို့မှာ ဘုရားပွဲတွေဘာ
တွေရှိလို့လား” “မရှိပါဘူးဗျာ”
“ဟင်- ဒါဆိုမောင်းသံ၊ဗုံသံညံနေ
မယ်ဆိုတာက”
“ဟုတ်တယ်ဗျ – လပြည့်ညတိုင်း
တောင်တန်းကြီးကိုအပိုင်စားတဲ့
ဘိုးဘိုး ကြီးတို့ရဲ့ ရှမ်းမောင်းကြီးတွေ
တီးသံ၊ ဗုံကြီးတွေ တီးသံပေါ့။ အသံက“
“နောင်-နောင်-နောင်-နောင်” “ထုံ-ထုံ-ထုံ-ထုံ”
“အဲဒီလို တီးသံတွေ ကြားရတဲ့
အချိန် ခုလို ညဉ့်သန်းခေါင်ယံဆိုရင်
တောင်ပေါ်စေတီလေးဟာ ရောင်ခြည်
တော်တွေလွှတ်တယ်ဗျ”
“သွားလို့ မရဘူးလား” “ရတာပေါ့ဗျာ။
ခုဆိုရင် တချို့ရှမ်း ကြီးတွေအဲ့ဒီ
တောင်ထိပ်ပေါ်မှာရောက်နေကြမှာသေချာတယ်”
“ကျွန်တော်တို့လည်း ဘုရားဖူးရင်း
တောင်ပေါ်ကို လေ့လာချင်လိုက်တာ
ဦးသန်းမောင်ရယ်”
“နောက်တစ်ခါလပြည့်ရက်ကြုံရင်သွားကြတာပေါ့”
ကျွန်တော်တို့နှစ်ယောက် စကား
ပြောနေစဉ် မီးထိုးရင်း တောင်ပေါ်သို့
မျှော်မျှော်ကြည့်နေသော ကိုဝင်းနောင်
ကျော်တစ်ယောက် ဆေးပေါ့လိပ်
ကလေးခဲရင်း ဘာတွေ တွေးနေသည်
မသိ။ ကိုဝင်းနောင်ကျော်သည်လည်း
ဤလွယ်မောင်းတောင်ကြီးနှင့် တောင်
ချွန်းတောင်ကြီးတွေပေါ်အခေါက်ခေါက်
အခါခါရောက်ခဲ့သူလည်းဖြစ်လေသည်။
“အင်း- ဒီလို လပြည့်နေ့တွေမှာ
မုဆိုးတွေ ငတ်တဲ့နေ့ပေါ့”
“ဘာဖြစ်လို့လည်း ကိုဝင်းနောင်ရဲ့
“ဟုတ်တယ်… ဟုတ်တယ်- ကိုဝင်း
နောင်၊ပြောတာမှန်တယ်ဗျ”
ဦးသန်းမောင်မှဝင်ရောက်ထောက်
ခံလာ၏။ ကိုဝင်းနောင် ကျော်တက်ပြီး
ဆေးလိပ်ဖွာရင်းမှ ဦးသန်းမောင်အား
တစ်ချက်ပြုံးရန်ကြည့်ရင်းမှစကားဆက်လာ၏။
“ဒီလိုလေ-မုဆိုးတွေ တောင်ပေါ်
တက်ပြီး တောလည်လို့မရဘူး၊
လပြည့် ည ဘာကောင်မှ ပစ်ခွင့်မပြုဘူး”
“ဘယ်သူက ခွင့်မပြုတာလဲ”
“လွယ်မောင်းတောင် ဘိုးဘိုးကြီး
တို့၊ တောင်ချွန်းဘိုးဘိုးကြီးတို့က လုံးဝ
ခွင့်မပြုဘူး။ ခွင့်မပြုဘဲ တောလည်ရင်
အတိဒုက္ခကြုံရစမြဲပဲ။ ဘာဖြစ်လို့လည်း
ဆိုတော့ တောင်ပိုင်ဘိုးဘိုးကြီးတွေ
ဥပုသ်စောင့်တဲ့နေ့လေ”
“ဪ – ဟုတ်လား”
“ရှိသေးတယ်။ အဲဒီတောင်ပေါ်မှာ
သစ်ခုတ်တာ ခွင့်မပြုသလိုမီးသွေးဖုတ်
တာလည်း ခွင့်မပြုဘူး”
“တော်တော် နတ်ကြီးတယ်လို့ပြောရမလားပဲနော်”
“ဟုတ်တာပေါ့ဗျာ – တချို့က တောင်ပိုင်
ဘိုးဘိုးကြီးတွေနဲ့ တပည့် တပန်းတွေဟာ
တော်တော်ကြမ်းတယ် လို့ ပြောကြပေမယ့်
အကြောင်းသိသူတွေအတွက်တော့
တောင်ပိုင်ဘိုးဘိုးကြီးတွေက
သဘောကောင်းတယ်ဗျ”
“ပြောပါဦးဗျ”
“ဒီလိုပါ – လကွယ်ညမှာ တောပစ်
ခွင့်တောင်းရတယ်။ တောင်းတဲ့နေရာ
မှာ ချိုကျိုးနားရွက်ပဲ့တောင်းရင်ရတာပဲ၊
ရတဲ့ သားကောင်တောဝက်၊ ချေ၊ဒရယ်
တွေဟာချိုကျိုးမယ်၊နားရွက်တွေကွဲနေ မယ်။ ပြတ်နေမယ်၊
ခြေကျိုးတဲ့အကောင် လည်း ဖြစ်မယ်ဗျ။
တကယ်ရတာ” “ဝင်းနောင်ကျော်
ပြောသလိုပဲ ဒီလွယ်မောင်း
တောင်ရယ်၊ တောင်ချွန်း ကြီးရယ်၊
ကားလမ်းက ကျောက်ဘီလူး မယ်တော်
ကြီးနန်းရယ်၊ နောက်ကျောက်
ဖြူတောင်တွေဟာတစ်တန်းတည်းတစ်
ပြေးတည်းပဲ၊ မောင်နှမသုံးယောက်ရဲ့
အံ့ဩစရာတွေ။ ဟိုးတစ်ချိန်က ဒီလမ်း
မှာ ဓားပြ ပေါတယ်ဗျ။ အဲဒီဓားပြတွေ
ဟာတောင်ပိုင်ဘိုးဘိုးကြီးတွေကိုပွဲတင်
ပြီး ဓားပြတိုက် ခွင့်တောင်းကြတယ်။
ဒါပေမဲ့ – လူမသတ်ပါဘူး။ မုဒိမ်းမှုမပြုပါ
ဘူးလို့ကတိပြုပြီးဓားပြတိုက်ကြတယ်။
သတင်းရလို့ ပုလိပ်တွေ၊ ရဲတွေ ချက်
ချင်းလိုက်တော့ ဓားပြတွေ တောစပ်ထဲ
ဝင်တာနဲ့ပျောက်သွားရော၊ဘယ်တော့မှ
တရားခံမမိဘူးလေ”
“အင်း – ကျောက်ဘီလူးမယ်တော်
ကြီးဆိုရင် ဘယ်လောက်ထိ သဘော
ကောင်းသလဲဆိုရင် ရွာသူမတွေဟာ
လက်ဝတ်လက်စားငှားလို့ ရတယ်။
အလှူ၊ မင်္ဂလာပွဲ၊ ဘုရားပွဲသွားချင်လို့ပါ။
သုံးရက်လောက်ရွေလက်ကောက်လေး
ကွင်း၊ ဆွဲကြိုးတစ်ကုံးဆိုငှားကြတာပေါ့။
တကယ်ပေးတယ်။သုံးရက်မြောက်လို့
ပြန်မပေးရင်တော့ နောက်ထပ်အစောင့်
တိုးသွားတတ်တယ်”“ဗျာ – အစောင့်ဆိုတာ”
“ဟဲ-ဟဲ-လိမ်တာညာတာ၊ မရိုး
သားတာ၊ ကောက်ကျစ်တာ လက်မခံ
ဘူး။ စံနမူနာပြအသေဆိုးနဲ့သေပြီးနတ်
နန်းပတ်ဝန်းကျင်မှာ အစောင့်ဖြစ်တာကိုပြောတာပါ”
ကျွန်တော်တအံ့တဩနားထောင်
နေရသည်။ နောက်ပိုင်း လူတွေ သစ္စာ
မဲ့၍ကျောက်ဘီလူးမယ်တော်ကြီးမှ ရွှေ
အငှားမပြုလုပ်၊ ခွင့်မပြုပေးတော့
ကြောင်းလည်း ဆက်လက်ကြားရပြန်ပါသည်။
လပြည့်ကျော် တစ်ရက်နေ့တွင်
ကျွန်တော်တို့ ဇနီးမောင်နှံအား ဦးသန်း
မောင်တို့အိမ်တွင် နံနက်စာကျွေး၏။
ကိုဝင်းနောင်ကျော်ပါလိုက်ပါစားကြ၏။
ကျွန်တော့် ဇနီးမှာ ဗန်းမော်၊ ရွှေကူသူ
ဖြစ်၍ ရှမ်းဆန်ပျော့ပျော့အား ဝယ်ယူ
ချက်ပြုတ်ကျွေးလေသည်။
“အင်း- မနေ့က ပြောစရာလေး
တစ်ခုမေ့ကျန်နေသေးတယ်”
“ဗျာ – ဘာများပါလိမ့်”
“ကျွန်တော် ဘိုးတော် (ယောက္ခမ
ကြီး) အဖေ ဦးရဲတင့်အကြောင်းဗျ။ဟို-
ကျားပုတ်လို့ သေရတဲ့အကြောင်းပါ”
“ဟုတ်လား-နားထောင်ရတာ
ပေါ့။ ကျွန်တော့်အတွက် ဇာတ်လမ်း
ကောင်းပဲ ဖြစ်မှာပဲ”
“ဟုတ်တာပေါ့ဗျာ၊ ဇာတ်လမ်း
ကောင်းတာထက် ပြောရရင် ဟိုဗျာ ခု
စာအုပ်တွေ ထွက်နေကြတယ်။ ကျွန်
တော်လည်း ဖတ်ရှုနေပါတယ်။ ဟိုဗျာ
ဂမ္ဘီရဝတ္ထုလေ။အခုကျွန်တော့်ဘိုးတော်
ရဲ့ အဖြစ်အပျက်ကမှ တကယ့်ဂမ္ဘီရပဲ
စာရေးဆရာရေ
“ဟာ-ဒါဆို နားဆင်ချင်ပြီဗျာ”
“ဒီလိုဗျ”
“ကျွန်တော့် ဘိုးတော်ဟာ သူ့ တ
ပည့်တစ်ယောက်နဲ့ တောပစ်ထွက်တယ်ဗျ”
ထွက်တဲ့အချိန်က ညနေစောင်း
ပေါ့။ သုံးနာရီခန့်ဖြစ်သည်။ ခါတိုင်း
သုံးယောက်သွားသော်လည်းယနေ့နှစ်
ယောက်တည်းဖြစ်လေသည်။ မုဆိုးကြီး
သည် စိတ်မြန်လက်မြန် တောပစ်ချင်
စိတ်တစ်ခုတည်းဖြင့် လွယ်မောင်း
တောင်တောင်ခြေတောစပ်ထဲတွင်သား
ကောင်ရှာ၏၊ ဘာကောင်မျှ မတွေ့၊
“တောင်ပေါ်မတက်တော့ဘူး။
မောင်လှ တောင်ခြေမှာပဲ အာသာပြေပေါ့ကွာ”
“ဗျာ-ဆရာ”
“ဪ- တောင်ခြေမှာပဲ ငါ့ရဲ့ဆန္ဒ
ပြေအောင် သားကောင်ရှာမယ်။ မတွေ့
လည်း ပြီးရော”
“ဆရာ တောင်ပိုင်ဘိုးဘိုးကြီးထံ
သားကောင် မတောင်းတော့ဘူးလား၊
ချိုကျိုး နားရွက်ပဲ့လေ”
“မတောင်းဘူး-ဒီနေ့ လကွယ်
လည်းမဟုတ်ဘူး”
ဆရာတပည့် နှစ်ယောက် သား
တောင်ပေါ်မတက်ဘဲ တောင်ခြေတော
စပ်နှင့် တောအစပ်လယ်ကွင်းပြင် နွား
စားကျက်အတွင်း လှည့်လည်၍ သား
ကောင်ရှာ၏။ မတွေ့သည့်အဆုံး အပင်
ကြီးတစ်ပင်အောက်တွင် အစာဖြေပြီး
ကွင်းထဲသို့ကြည့်တော့ သူတို့ရွာမှ နို့စား
နွားမတွေ အစာစားနေကြ၏။ အမော
ပြေသည်နှင့် …
“ကဲ-မောင်လှထွက်မယ်။ မတွေ့
လည်းရွာပြန်တာပေါ့”
“ဟုတ် – ဟုတ်”
သစ်ပင်ကြီးအောက်မှထွက်ပြီးခြေ
လှမ်းသုံးဆယ်မပြည့်မီ သူ၏ ဝဲဘက်
ကျောက်တုံးကြီးဘေး ကွေ့အရှောင်မှာ
တော့ မထင်မှတ်သော ဖြစ်ရပ်တစ်ခု
ကြုံရလေပြီ။ “ဝေါင်း – ဝုန်း”
“ဟာ”
နို့စားနွားမတွေကိုစားနေကျကျား
ဆိုးကြီးသည် မုဆိုးကြီးတို့ လှုပ်ရှားမှု
စောင့်ရင်းနွားသားမှလူသားစားရတော့
မည်ဖြစ်၍ သူ၏ အချိန်အဆ တိတိ
ကျကျ၊ ပိုင်ပိုင်နိုင်နိုင် ရှေ့မှ ထွက်လာ
သည့်မုဆိုးကြီး၏လည်ကုတ်သို့ ခုန်အုပ်
သည်တွင်အမြဲသတိရှိပြီး သတ္တိကောင်း
သည့် မုဆိုးကြီးမှာ ဘယ်ဘက်လက်
ဝယ်ကိုင်ထားသည် ဒူးလေးကို ပင့်
မြှောက်ရင်းလက်မောင်းကွေးကာကျား
ကြီးကိုက်ခဲမှုကို ခုခံကာကွယ်ရင်းသူ၏
ခါးတွင် ချိတ်ဆွဲထားသည့် အသွားရှစ်
လက်မ အရိုးသုံးလက်မရှိ ဂေါ်ရခါးဓား
ကောက်ကြီးဖြင့် ခုန်အုပ်သည့်ကျားကြီး
ဝမ်းဗိုက်အောက်သို့ ရှေ့ခြေတစ်လှမ်း
တိုး ခုခံရင်း ရင်ဝတည့်တည့်သို့ ဓားဦး
စိုက်သွင်းပြီး တအားထိုးခွဲလိုက်သည်
တွင်မုဆိုးကြီးလည်းကြီးမားသောကျား
ဆိုးကြီး၏ ခုန်အုပ်မှုဖိအားဖြင့်လုံးထွေး
လဲအကျအားမာန်ဒေါသပြောမပြတတ်
အောင် ခွန်အားပြည့်သည့် ကျားကြီး
ပါးစပ်ထဲ လက်မောင်း၊ တံတောင်ဆစ်
ကွေးသာအခဲခံရပြီးမြေပြင်ပေါ်သို့လဲကျ
လုံးထွေးသွားရာမှ မုဆိုးကြီးအမြန်
လူးလိမ့်ထလိုက်လေ၏။
ကျားဆိုးကြီးကားအပိုင်တိုက်ခိုက်
ပါသော်လည်းမုဆိုးပီပီကျား၊ ကျားသစ်
မကြောက်။ သူ သိုင်းသင်စဉ်က ဆရာ
ကြီးများ သင်ကြားထားသည့်အတိုင်း
ကျားသတ္တဝါသည် သားကောင်အားသူ့
သတ်ကွင်းထဲသို့ ရောက်ရမည်။ သူ ခုန်
အုပ်ပါက သားကောင်၏ လည်ကုတ်
အာရုံကြောကို အမိအရ ခုန်အုပ်တတ်
သည့်အတွက် ..
“အေး – ကျားနဲ့တွေ့ရင်ထွက်မပြေး နဲ့။
ကျားဆိုတဲ့ သတ္တဝါသားရဲဆိုပေမယ့်
လန့်တတ်တယ်။ သတိထားတတ်တယ်
ကွဲ့၊ သူကတိုက်ခိုက်ဖို့ရှေ့တစ်လှမ်းတိုး
ရင်မိမိကလည်းခြေကိုရှေ့တစ်လှမ်းတိုး၊
သူတစ်လှမ်းဆုတ်ရင် ကိုယ်ကလည်း
ဆုတ်ရမယ်။ ဘာ့ကြောင့်လည်းဆိုတော့
ကျားသတ္တဝါဟာအချိန်အဆသိပ်တော်တာ”
“နောက်တစ်ခု ကျားခုန်အုပ်တာနဲ့
ဘယ်လက်၊ ညာလက်နဲ့ဦးခေါင်းမျက်နှာ
လည်ကုတ်မထိအောင်ကာပြီး ကျန်
လက်တစ်ဖက်က ဓားနဲ့သူ့ဝမ်းဗိုက်ရင်
ညွန့်အောက်အရောက် ထိုးပြီး ထိုးခွဲပစ်ရမယ်”
ထိုစကားတွေမှတ်သားထားသော
မုဆိုးကြီးမှ ခုခံကာကွယ်ရင်း အပိုင်
တိုက်ကွက်ကြောင့်ကျားဆိုးကြီးမြေပြင်
မှာ လူးလိမ့်ရင်း ရင်ညွန့်မှ ကွဲထွက်၏။
နှလုံးအသည်းတွေထိုးဖောက်မှုကြောင့်
မကြာလိုက်ပါသေဆုံးသွားလေပြီ။
“ဆရာ-ဆရာ-ဆရာ-ဘာ-ဘာ
ဖြစ်သွားသေးလဲ။ ကြောက်လိုက်တာ
ဆရာရယ်”
ဓားကိုင်ထားသော တပည့်မောင်
လှ ပျာပျာသလဲ ဆရာထံပြေးလာပြီး
ဂေါ်ရခါးဓားကြီးဖြင့် ကျားကြီးအား
ရပ် ကြည့်နေလေသောမုဆိုးကြီးမှ ..
“အေး-ငါ-ဒီဘယ်လက်မောင်း၊
တံတောင်ဆစ်တော့ အခဲခံလိုက်ရ
တယ်။ အရိုးတော့ ထိမယ်ကွ။ ဒါပေမဲ့ –
ဘာမှ မဖြစ်ပါဘူး”
“ဆရာ – ဟိုဂေါ်ရခါး နို့စားနွားတွေ
သတ်ဖြတ်စားနေတဲ့ကျားကြီးဗျ”
“အေး- ဟုတ်တယ်၊ ဇာတ်လမ်း
ဆုံးသွားပြီပေါ့ကွာ”
“ဪ – မောင်လှ၊ ရွာပြန်ပြီး အိမ်
ကကျွဲလှည်းသွားယူကွာ”
“ဟုတ်ကဲ့ – ဆရာ – ဟုတ်ကဲ့”
“လျှောက်ပြီးပြောမနေနဲ့ – နေ
မဝင်ခင် အမြန်လာခဲ့” တပည့်ဖြစ်သူ
မောင်လှတစ် ယောက် ဖနောင့်နှင့်တင်ပါး
တစ်သား တည်းကျအောင် ရွာဘက်သို့ ပြေးလေ ပြီ၊
ရွာနှင့်တောစပ်မှာ တစ်မိုင်ခန့်ပင် မကွာပါ။
မုဆိုးကြီးပြောခဲ့သော စကား
ဇာတ်လမ်း ပြီးဆုံးမသွားသေးပါ။
ယခုမှ ဂမ္ဘီရဇာတ်လမ်းစလေပြီ။
မုဆိုးကြီးသည် သူ၏ အပေါ်အင်္ကျီ
ချွတ်ပြီးဘယ်ဘက်လက်မောင်းမှစီးကျ
နေသောသွေးများကိုအင်္ကျီဖြင့်ပတ်ရင်း
မှဒေါသဖြစ်လာသည်။ သူ့အင်္ကျီမှာတစ်
ပတ်ရစ်ဖြစ်သော်လည်း ဇနီးကိုယ်တိုင်
ချုပ်ပေးထားသော အင်္ကျီ၊ ယခုတော့
ကျားကုတ်၍ ကျောတွေစုတ်ကုန်သည့်
အတွက် ချစ်ဇနီးအား ပြေးမြင်ပြီးဒေါသ
ထွက်ရလေသည်။ ဒေါသကို မထိန်းနိုင်
သည့်အဆုံး။”တောက် – ကဲ- မင်းတို့
ဘာတတ်နိုင်သေးလဲကွ”
ဟုပြောရင်း ကျားသေကြီးအား
ဘေးစောင်းကြည့်လိုက်၍ ကျားသေ
ကြီးကား နာရီဝက်ခန့်ကြာပြီမို့ အကြော
တွေတောင့်တင်းရင်းသူ၏ဝဲဘက်တွင်
စင်းစင်းကြီး သေနေ၏။ မုဆိုးကြီး ပြော
သည်မှာ အပမမှီ၊ တောမမှီသော ကျား
ဆိုးကြီးကိုသာ ရည်ရွယ်၍ ပြောသော်
လည်း ထို တောင်ခြေတစ်လျှောက်
ဝိညာဉ်တွေရှိနေပြီးသူတို့အားစော်ကား
ရာသို့ ရောက်သွားသည်တွင် မုဆိုးကြီး
အားအလစ်အငိုက်မှာပင်ကျားသေကြီး
အား ဝိညာဉ်ဆိုးဝင်ကပ်ကာ အသက်
ဝင်လာပြီး မုဆိုးကြီး၏ ဝဲဘက်နံရိုးတွေ
အား တအားပုတ်ခတ်ကာ ကုတ်လိုက်သည်တွင်
“အား – တောက် – ကျားသေကို
ဘယ်ကောင်အသက်သွင်းလိုက်တာ
လည်းကွ။ အား – အား – ဟင်း- ဟင်း”
မုဆိုးကြီး၏ ဝဲဘက် နံရိုးတွေ
အကြားရှစ်တောင်ကျော်ကိုးတောင်ခန့်
ကြီးမားသောကျားဆိုးကြီးမသေခင်မှာ
တော့ အပမှီသော ကျားမဟုတ်။ ရိုးရိုး
ကျားကြီး နွားသားစားနေကျ အကောင်
ဦး။ ခုတော့ – သေဆုံးပြီးခါမှ မုဆိုးကြီး။
ကြီး၏ ဒေါသဖြင့် ကြိမ်းဝါးလိုက်သော
“မင်းတို့ – ဘာတတ်နိုင်သေးလည်း”ဆို
သည့်စကားတစ်ခွန်းကြောင့်သေဆုံးပြီး
သော ကျားဆိုးကြီးအား အပမှီအသက်
သွင်းကာ ရန်ပြုလိုက်သည်တွင် မုဆိုး
ကြီး မရှုမလှခံလိုက်ရလေပြီ။
ရွာသားတွေလှည်းဖြင့်ရောက်လာ
ပြီး မုဆိုးကြီး၏ ဝဲဘက်နံရိုးအား ပုဆိုး
ဖြင့် ပတ်ချည်ကာ လှည်းပေါ်တင်ပြီး
နောက် ကျားကြီးကိုပါတင်ကာ ရွာ
အရောက်ကျားနှင့်မုဆိုးကြီးကိုပါဆက်
လက်၍ လှည်းဖြင့် နောင်ချိုမြို့သို့သယ်
ယူပြီး မုဆိုးကြီးအတွက် ဆေးရုံတက်
ကုသပြီး မြို့ပေါ်သို့ လှည်းဖြင့်ကျားဆိုး
အသေကြီးအား လှည့်လည်ပြသလေ၏။
ဂေါ်ရခါးနွားတွေသတ်ဖြတ်စားနေ
သော ကျားဆိုးကြီးအား မုဆိုးကြီးမှ
အသေတိုက်ခိုက် အနိုင်ယူကြောင်း
ဝံ့ကြွားစွာ နောင်ချိုမြို့ပေါ်လှည့်လည် ပြသနေခိုက်မှာပင်။
“တောက် – ငါ စကားမှားသွားပြီ။
တောပိုင်တောင်ပိုင်ကြီးတွေကို ပြော
တာမဟုတ်ပါဘူး။ ဘိုးဘိုးကြီးတို့၊ ကျွန်
တော်မျိုးပြောတာက ကျားဆိုးကြီးကို
ပြောမိတာပါ။ ခွင့်လွှတ်ပေးပါ” ဟု
တောင်းပန်စကား တတွတ်
တွတ်ပြောရင်းမှမုဆိုးကြီးစရာအသက်
ဆုံးရှုံးသွားရလေတော့သည်။
“စာရေးဆရာရေ-အဲဒါပဲဗျ။
စကားပြောရာမှာ အနှောင့်မလွတ်၊
အသွားမလွတ်ဆိုတာ ဒါမျိုးပါနေမှာပါ။
သေနေ ပြီးတဲ့ ကျားရင်ဘတ်ကြီး
ကွဲပြီး အသည်းတွေ၊ နှလုံးတွေ ကွဲကြေ
နေတဲ့ ကျားသေလို အကြောတွေ
တောင့်နေပေမယ့် အပမှီတောမှီပြီး
ဝင်ပူးပြီး မုဆိုး ကြီးကို အသေသတ်
သွားတာပဲဗျို့”
“ဟုတ်တယ် … အဲဒီလောက် ဂမ္ဘီရ
ဆန်တာ ရှိဦးမှာလားဗျာ”
ဦးသန်းမောင်နှင့် ကိုဝင်းနောင်ကျော်
တို့၏ ဂမ္ဘီရအဖြစ်အပျက်အား
ပြောပြနေသည်မှာပုံပြင်မဟုတ်။ ယနေ့
တိုင် နောင်ချိုမြို့ပေါ်ဝယ် တစ်ခါက
ကျောက်ကျန်းကျေးရွာမှ မုဆိုးကြီးတစ်
ယောက် အလွန်သောင်းကျန်းသည်
လွယ်မောင်းတောင်ခြေကကျားဆိုးကြီး
အား သတ်ဖြတ်ပြီး မြို့ပေါ်အရောက်
လှည့်လည်ပြသမှုအား ပြောမဆုံးကြ
သေး။တကယ့်အဖြစ်အပျက်သည်များ
သေကိုအသက်သွင်းလိုက်သောဖြစ်ရပ်
ကားအံ့ဩမဆုံးနိုင်တော့ပါတကား။

Zawgyi Version

” က်ားေသကိုအသက္သြင္းေသာဝိညာဥ္ “(စ/ဆုံး)
————————————————–

ေႏြဦးကာလသို႔မေရာက္တေရာက္
လက္က်န္ေဆာင္း၏ ႏွင္းစက္တို႔က
တေျဖာက္ေျဖာက္။ ႏွင္းစက္ေပါက္
ကေလးေတြ၏အသံ၊ အရသာကို ခံယူ
ရင္း ညဥ့္သန္းေခါင္သို႔ပင္ ေရာက္ခဲ့၏။
သို႔ေသာ္-ကြၽန္ေတာ္တို႔ငါးေယာက္မွာ
စကားေျပာမပ်က္၊ တကယ္ေတာ့ ဧည့္
သည္ကြၽန္ေတာ့္ဆႏၵကိုေျဖေပးေနျခင္း
ဆိုလည္းပိုမိုမွန္ေပမည္။
ကိုဝင္းေနာင္ေက်ာ္သည္ ေနၾကာ
ပင္ျမစ္ရင္းအဆုံအေျခာက္ႀကီး ထပ္
ထည့္၏။ မီးပုံပြဲေတာ့မဟုတ္ပါ။ ရွမ္း
ျပည္နယ္ေျမာက္ပိုင္း ေနာင္ခ်ိဳေဒသ၊
ေက်ာက္က်န္း႐ြာ၏ သဘာဝအတိုင္း
မီးလႈံပြဲေတာ့ ျဖစ္ေပ၏။ ေစာေစာကဆိုပါ
မူကြၽန္ေတာ့္ဇနီးလည္းမီးလႈံရင္းေရာက္
တတ္ ရာရာေတြေျပာၾက၊ ရယ္ေမာၾက
ႏွင့္ ထိုစကားဝိုင္းတြင္ ဦးသန္းေမာင္မွ
သူ၏ေယာကၡမႀကီးဦးရဲတင့္အေၾကာင္းေျပာ၏။
“အင္း- ကြၽန္ေတာ့္ ဘိုးေတာ္
(ေယာကၡမႀကီးအား ဘိုးေတာ္ဟုေခၚ
သည္)က ေ႐ႊဘိုသားဗ်။ ဒီမွာ လာၿပီး
အေျခက်ေနတာေလ။ နာမည္နဲ႔ လိုက္
ေအာင္ရဲစြမ္းသတၱိ အျပည့္ရွိတယ္”
“မုဆိုးဝါသနာအိုးႀကီး- ညဥ့္ဆို
ေတာပစ္ထြက္တာ သြားတယ္။ ေဟာ့ –
ဟိုက လြယ္ေမာင္းေတာင္တို႔ ေတာင္
ခြၽန္းႀကီးေတာင္ဘက္ အမ်ားဆုံးထြက္တယ္ဗ်”
“ဘာေကာင္ေတြရလည္း ဦးသန္းေမာင္”
“အင္း – အမ်ားဆုံးကေတာ့ ေခ်ပါ ပဲ။
တစ္ခါတေလ ေတာဝက္လည္း
ရတယ္။ ဘိုးေတာ္က ဒူးေလးနဲ႔ ပစ္တာ
ဗ်။ ေသနတ္ကိုင္ခြင့္ မရလို႔ ၊ ရလို႔က
လိုင္စင္နဲ႔ကိုင္မယ္လို႔မၾကာမၾကာေျပာ
တယ္ဗ်ိဳ႕။ ေတာပစ္ရင္း သရဲေျခာက္ခံရ
တာေတြ ေျပာျပေသးတယ္၊ သူ႔တပည့္
႐ြာသားအုန္းေမာင္နဲ႔ ေမာင္လွတို႔ အၿမဲပါတာေပါ့”
“သရဲေျခာက္လို႔ေျခာက္တဲ့ သရဲဒူး
ေလးနဲ႔ပစ္တယ္ဗ်။ ဘိုးေတာ္လက္က
ေတာ္ေတာ္ေျဖာင့္တာ။ တစ္ခါပစ္ တစ္ေကာင္ပဲ”
“ဗ်ာ- သရဲကို ပစ္လို႔ရတယ္ ဟုတ္လား”
“ရတာေပါ့ – အိမ္အထိ သယ္လာတာေပါ့”
“ဟာ-သရဲဆိုတာ ဟို – နာနာ
ဘာဝေတြ၊ ဝိညာဥ္ေတြ မဟုတ္လား။
အေကာင္အထည္ ရပါ့မလား”
“မယုံမရွိနဲ႔ ၿမိဳ႕က စာေရးဆရာေရ၊
ယေန႔တိုင္ – ဘိုးေတာ္ရဲ႕တပည့္ဘိုးလွ
(ဦးေမာင္လွ) မေသေသးဘူး”
“ေျပာျပပါဦးဗ်ာ သရဲဆိုတာဘယ္ လိုအေကာင္လဲဗ်”
“သရဲဆိုတာ ပုတ္သင္ညိဳေလ”
“ဗ်ာ”
ကြၽန္ေတာ္အံ့ဩသြားမိသည္။ပုတ္
သင္ညိဳႏွင့္ သရဲ၊ ဘယ္လိုပတ္သက္ေန
ပါသလဲ။ ကြၽန္ေတာ္ ေတြးမရ။ သူတို႔က
လည္း အတိအက်ေျပာ၏။ အေထာက္
အထားလူကိုယ္တိုင္ရွိေနေသးေၾကာင္း
ေျပာသည့္အတြက္ကြၽန္ေတာ္ဘာေျပာ
ရမွန္းမသိ။ သိမိသည္က ..
“ေနပါဦးဗ်ာ – သရဲနဲ႔ ပုတ္သင္ညိဳ
ဘယ္လိုပတ္သက္ေနလဲ”
“ဒီေမးခြန္း ေမးမယ္ဆိုတာ သိတာ ေပါ့ဗ်ာ၊
ဒီလိုမွ ေတာပစ္ထြက္ေတာ့
ေနရာေဒသမေ႐ြး ေတာတိုးၿပီး သား
ေကာင္ရွာၾကတာေပါ့။ ဒီအခါမွ သရဲ
ေျခာက္ပါေလေရာ၊ သရဲသုံးေလး
ေကာင္ ဝိုင္းေျခာက္တယ္တဲ့ဗ်။ တစ္
ကိုယ္လုံး မျမင္ရေပမဲ့ ဦးေခါင္းပိုင္းႀကီး
ေတြလွ်ာတန္းလန္းႀကီးေတြတဲ့မ်က္လုံး
ႀကီးေတြဟာ ေဟာဒီမတ္ခြက္ေလာက္
ႀကီးသတဲ့၊ဘိုးေတာ္ကလည္းဘယ္ရမလဲဗ်ာ။
ဒူးေလးနဲ႔ ေသေသခ်ာခ်ာ ခ်ိန္ပစ္တာ ေပါ့။
သရဲတစ္ေကာင္ၿပီးတစ္ေကာင္ပစ္ တယ္တဲ့။
မွန္ၿပီး အပင္ႀကီးေတြေပၚက က်လာတယ္ဆိုပဲ။
အသံက ဆူညံသြား တယ္လို႔ ဘိုးေတာ္တို႔ သုံးေယာက္စလုံး
ေျပာတာဗ်။ ေအာက္ေရာက္ေတာ့ ျမား
တန္းလန္းနဲ႔ ေသေနတာေပါ့။ မီးထိုးၿပီး
ေသေသခ်ာခ်ာၾကည့္ေတာ့ သရဲသုံး
ေကာင္စလုံးျမားတန္းလန္းနဲ႔ေသသလို
အဲဒီသရဲေတြဟာ ပုတ္သင္ညိဳေတြ ျဖစ္
ေနတယ္တဲ့။ ဘိုးေတာ္လက္ေတြ႕ယူလာတာဗ်”
ကြၽန္ေတာ္ေတြးလိုက္သည္။မုဆိုး
ဝတၳဳေတြထဲတြင္ ေတာပစ္မုဆိုးေတြ
ေတာ္ေတာ္မ်ားမ်ား ေတာေျခာက္ျခင္း၊
ေတာေမွာက္ျခင္း ႀကဳံၾကရ၏၊ေတာ
ေျခာက္သည္ဆိုရာဝယ္အသံေတြၾကား
ရျခင္း၊ အသံဆိုးသည္မွာ ညည္းညဴသံ
မ်ား အသက္ရႉသံမ်ား၊ ေျခသံဖြဖြ (သို႔
မဟုတ္) ေျပးလႊားသံမ်ား အပင္ေတြ၊
အကိုင္းေတြ လႈပ္ခါသံမ်ားၾကားရသကဲ့
သို႔ေတာေမွာက္သည္မွာကားေသးငယ္
ေသာအေကာင္မွာ အႀကီးႀကီး ျဖစ္ေန
ျခင္း။ မိမိတို႔အား စားေတာ့ဝါးေတာ့မည့္
အသြင္ (သို႔မဟုတ္) အပင္ႀကီးေတြ
လဲၿပိဳသံ၊ ေတာင္ေပၚမွ ေက်ာက္တုံး
ေက်ာက္ခဲႀကီးမ်ား ၿပိဳက်လာသံအျပင္
အရိပ္အေယာင္လႈပ္ရွားမႈေတြ။ေနာက္
ဆုံး ေၾကာက္မက္ဖြယ္ သားရဲ၊ ဆင္
စသည္ျဖင့္ ထင္ထင္ရွားရွားျပသည္ကို
ေတာေမွာက္ၿပီဟုသိၾကသည့္မုဆိုးမ်ား
အထူးသတိထား၍ပစ္ခတ္ၾကရေၾကာင္း
ေတြဖတ္ရသည့္အတြက္ယခုမုဆိုးႀကီး
ဦးရဲတင့္တို႔လည္း ေတာေမွာက္ေလၿပီ
ဟုေတြးလိုက္မိသည္။
ထိုအခိုက္ လြယ္ေမာင္းေတာင္
တန္းႀကီးဘက္သို႔ ကြၽန္ေတာ္ ေျမာ္မွန္း
ၾကည့္လိုက္သည္တြင္ အားလုံးပါ လြယ္
ေမာင္းေတာင္ႏွင့္ တစ္ဆက္တည္း
ေတာင္ခြၽန္ႀကီးဘက္အားလုံး အာ႐ုံ
ေရာက္သြားေလသည္။
“ဟာ-ဒီေန႔ လျပည့္ေန႔ပဲဗ်၊
ၾကည့္ပါဦးဗ်ာ – လမင္းႀကီးကလည္း
ျပည့္ျပည့္ဝဝကို သာေနေလရဲ႕”
“အစ္ကိုႀကီး ကို သန္းေမာင္ ခု
ေလာက္ဆို လြယ္ေမာင္းေတာင္နဲ႔
ေတာင္ခြၽန္ႀကီးတို႔မွာ ေမာင္းသံ၊ ဗုံသံ
ည္ေနေရာေပါ့ေနာ္”
“ေအး – ဟုတ္တယ္၊ ဒါေၾကာင့္ –
ေတာင္ထိပ္ေတြေပၚမွာ ႏွင္းနဲ႔ျမဴ မေတြ႕
ရဘဲအလင္းေတြ ေတာက္ပေနတာေပါ့”
“ဪ- အဲဒီလြယ္ေမာင္းေတာင္
နဲ႔ေတာင္ခြၽန္ႀကီးတို႔မွာ ဘုရားပြဲေတြဘာ
ေတြရွိလို႔လား” “မရွိပါဘူးဗ်ာ”
“ဟင္- ဒါဆိုေမာင္းသံ၊ဗုံသံညံေန
မယ္ဆိုတာက”
“ဟုတ္တယ္ဗ် – လျပည့္ညတိုင္း
ေတာင္တန္းႀကီးကိုအပိုင္စားတဲ့
ဘိုးဘိုး ႀကီးတို႔ရဲ႕ ရွမ္းေမာင္းႀကီးေတြ
တီးသံ၊ ဗုံႀကီးေတြ တီးသံေပါ့။ အသံက“
“ေနာင္-ေနာင္-ေနာင္-ေနာင္” “ထုံ-ထုံ-ထုံ-ထုံ”
“အဲဒီလို တီးသံေတြ ၾကားရတဲ့
အခ်ိန္ ခုလို ညဥ့္သန္းေခါင္ယံဆိုရင္
ေတာင္ေပၚေစတီေလးဟာ ေရာင္ျခည္
ေတာ္ေတြလႊတ္တယ္ဗ်”
“သြားလို႔ မရဘူးလား” “ရတာေပါ့ဗ်ာ။
ခုဆိုရင္ တခ်ိဳ႕ရွမ္း ႀကီးေတြအဲ့ဒီ
ေတာင္ထိပ္ေပၚမွာေရာက္ေနၾကမွာေသခ်ာတယ္”
“ကြၽန္ေတာ္တို႔လည္း ဘုရားဖူးရင္း
ေတာင္ေပၚကို ေလ့လာခ်င္လိုက္တာ
ဦးသန္းေမာင္ရယ္”
“ေနာက္တစ္ခါလျပည့္ရက္ႀကဳံရင္သြားၾကတာေပါ့”
ကြၽန္ေတာ္တို႔ႏွစ္ေယာက္ စကား
ေျပာေနစဥ္ မီးထိုးရင္း ေတာင္ေပၚသို႔
ေမွ်ာ္ေမွ်ာ္ၾကည့္ေနေသာ ကိုဝင္းေနာင္
ေက်ာ္တစ္ေယာက္ ေဆးေပါ့လိပ္
ကေလးခဲရင္း ဘာေတြ ေတြးေနသည္
မသိ။ ကိုဝင္းေနာင္ေက်ာ္သည္လည္း
ဤလြယ္ေမာင္းေတာင္ႀကီးႏွင့္ ေတာင္
ခြၽန္းေတာင္ႀကီးေတြေပၚအေခါက္ေခါက္
အခါခါေရာက္ခဲ့သူလည္းျဖစ္ေလသည္။
“အင္း- ဒီလို လျပည့္ေန႔ေတြမွာ
မုဆိုးေတြ ငတ္တဲ့ေန႔ေပါ့”
“ဘာျဖစ္လို႔လည္း ကိုဝင္းေနာင္ရဲ႕
“ဟုတ္တယ္… ဟုတ္တယ္- ကိုဝင္း
ေနာင္၊ေျပာတာမွန္တယ္ဗ်”
ဦးသန္းေမာင္မွဝင္ေရာက္ေထာက္
ခံလာ၏။ ကိုဝင္းေနာင္ ေက်ာ္တက္ၿပီး
ေဆးလိပ္ဖြာရင္းမွ ဦးသန္းေမာင္အား
တစ္ခ်က္ၿပဳံးရန္ၾကည့္ရင္းမွစကားဆက္လာ၏။
“ဒီလိုေလ-မုဆိုးေတြ ေတာင္ေပၚ
တက္ၿပီး ေတာလည္လို႔မရဘူး၊
လျပည့္ ည ဘာေကာင္မွ ပစ္ခြင့္မျပဳဘူး”
“ဘယ္သူက ခြင့္မျပဳတာလဲ”
“လြယ္ေမာင္းေတာင္ ဘိုးဘိုးႀကီး
တို႔၊ ေတာင္ခြၽန္းဘိုးဘိုးႀကီးတို႔က လုံးဝ
ခြင့္မျပဳဘူး။ ခြင့္မျပဳဘဲ ေတာလည္ရင္
အတိဒုကၡႀကဳံရစၿမဲပဲ။ ဘာျဖစ္လို႔လည္း
ဆိုေတာ့ ေတာင္ပိုင္ဘိုးဘိုးႀကီးေတြ
ဥပုသ္ေစာင့္တဲ့ေန႔ေလ”
“ဪ – ဟုတ္လား”
“ရွိေသးတယ္။ အဲဒီေတာင္ေပၚမွာ
သစ္ခုတ္တာ ခြင့္မျပဳသလိုမီးေသြးဖုတ္
တာလည္း ခြင့္မျပဳဘူး”
“ေတာ္ေတာ္ နတ္ႀကီးတယ္လို႔ေျပာရမလားပဲေနာ္”
“ဟုတ္တာေပါ့ဗ်ာ – တခ်ိဳ႕က ေတာင္ပိုင္
ဘိုးဘိုးႀကီးေတြနဲ႔ တပည့္ တပန္းေတြဟာ
ေတာ္ေတာ္ၾကမ္းတယ္ လို႔ ေျပာၾကေပမယ့္
အေၾကာင္းသိသူေတြအတြက္ေတာ့
ေတာင္ပိုင္ဘိုးဘိုးႀကီးေတြက
သေဘာေကာင္းတယ္ဗ်”
“ေျပာပါဦးဗ်”
“ဒီလိုပါ – လကြယ္ညမွာ ေတာပစ္
ခြင့္ေတာင္းရတယ္။ ေတာင္းတဲ့ေနရာ
မွာ ခ်ိဳက်ိဳးနား႐ြက္ပဲ့ေတာင္းရင္ရတာပဲ၊
ရတဲ့ သားေကာင္ေတာဝက္၊ ေခ်၊ဒရယ္
ေတြဟာခ်ိဳက်ိဳးမယ္၊နား႐ြက္ေတြကြဲေန မယ္။ ျပတ္ေနမယ္၊
ေျခက်ိဳးတဲ့အေကာင္ လည္း ျဖစ္မယ္ဗ်။
တကယ္ရတာ” “ဝင္းေနာင္ေက်ာ္
ေျပာသလိုပဲ ဒီလြယ္ေမာင္း
ေတာင္ရယ္၊ ေတာင္ခြၽန္း ႀကီးရယ္၊
ကားလမ္းက ေက်ာက္ဘီလူး မယ္ေတာ္
ႀကီးနန္းရယ္၊ ေနာက္ေက်ာက္
ျဖဴေတာင္ေတြဟာတစ္တန္းတည္းတစ္
ေျပးတည္းပဲ၊ ေမာင္ႏွမသုံးေယာက္ရဲ႕
အံ့ဩစရာေတြ။ ဟိုးတစ္ခ်ိန္က ဒီလမ္း
မွာ ဓားျပ ေပါတယ္ဗ်။ အဲဒီဓားျပေတြ
ဟာေတာင္ပိုင္ဘိုးဘိုးႀကီးေတြကိုပြဲတင္
ၿပီး ဓားျပတိုက္ ခြင့္ေတာင္းၾကတယ္။
ဒါေပမဲ့ – လူမသတ္ပါဘူး။ မုဒိမ္းမႈမျပဳပါ
ဘူးလို႔ကတိျပဳၿပီးဓားျပတိုက္ၾကတယ္။
သတင္းရလို႔ ပုလိပ္ေတြ၊ ရဲေတြ ခ်က္
ခ်င္းလိုက္ေတာ့ ဓားျပေတြ ေတာစပ္ထဲ
ဝင္တာနဲ႔ေပ်ာက္သြားေရာ၊ဘယ္ေတာ့မွ
တရားခံမမိဘူးေလ”
“အင္း – ေက်ာက္ဘီလူးမယ္ေတာ္
ႀကီးဆိုရင္ ဘယ္ေလာက္ထိ သေဘာ
ေကာင္းသလဲဆိုရင္ ႐ြာသူမေတြဟာ
လက္ဝတ္လက္စားငွားလို႔ ရတယ္။
အလႉ၊ မဂၤလာပြဲ၊ ဘုရားပြဲသြားခ်င္လို႔ပါ။
သုံးရက္ေလာက္ေ႐ြလက္ေကာက္ေလး
ကြင္း၊ ဆြဲႀကိဳးတစ္ကုံးဆိုငွားၾကတာေပါ့။
တကယ္ေပးတယ္။သုံးရက္ေျမာက္လို႔
ျပန္မေပးရင္ေတာ့ ေနာက္ထပ္အေစာင့္
တိုးသြားတတ္တယ္”“ဗ်ာ – အေစာင့္ဆိုတာ”
“ဟဲ-ဟဲ-လိမ္တာညာတာ၊ မ႐ိုး
သားတာ၊ ေကာက္က်စ္တာ လက္မခံ
ဘူး။ စံနမူနာျပအေသဆိုးနဲ႔ေသၿပီးနတ္
နန္းပတ္ဝန္းက်င္မွာ အေစာင့္ျဖစ္တာကိုေျပာတာပါ”
ကြၽန္ေတာ္တအံ့တဩနားေထာင္
ေနရသည္။ ေနာက္ပိုင္း လူေတြ သစၥာ
မဲ့၍ေက်ာက္ဘီလူးမယ္ေတာ္ႀကီးမွ ေ႐ႊ
အငွားမျပဳလုပ္၊ ခြင့္မျပဳေပးေတာ့
ေၾကာင္းလည္း ဆက္လက္ၾကားရျပန္ပါသည္။
လျပည့္ေက်ာ္ တစ္ရက္ေန႔တြင္
ကြၽန္ေတာ္တို႔ ဇနီးေမာင္ႏွံအား ဦးသန္း
ေမာင္တို႔အိမ္တြင္ နံနက္စာေကြၽး၏။
ကိုဝင္းေနာင္ေက်ာ္ပါလိုက္ပါစားၾက၏။
ကြၽန္ေတာ့္ ဇနီးမွာ ဗန္းေမာ္၊ ေ႐ႊကူသူ
ျဖစ္၍ ရွမ္းဆန္ေပ်ာ့ေပ်ာ့အား ဝယ္ယူ
ခ်က္ျပဳတ္ေကြၽးေလသည္။
“အင္း- မေန႔က ေျပာစရာေလး
တစ္ခုေမ့က်န္ေနေသးတယ္”
“ဗ်ာ – ဘာမ်ားပါလိမ့္”
“ကြၽန္ေတာ္ ဘိုးေတာ္ (ေယာကၡမ
ႀကီး) အေဖ ဦးရဲတင့္အေၾကာင္းဗ်။ဟို-
က်ားပုတ္လို႔ ေသရတဲ့အေၾကာင္းပါ”
“ဟုတ္လား-နားေထာင္ရတာ
ေပါ့။ ကြၽန္ေတာ့္အတြက္ ဇာတ္လမ္း
ေကာင္းပဲ ျဖစ္မွာပဲ”
“ဟုတ္တာေပါ့ဗ်ာ၊ ဇာတ္လမ္း
ေကာင္းတာထက္ ေျပာရရင္ ဟိုဗ်ာ ခု
စာအုပ္ေတြ ထြက္ေနၾကတယ္။ ကြၽန္
ေတာ္လည္း ဖတ္ရႈေနပါတယ္။ ဟိုဗ်ာ
ဂမၻီရဝတၳဳေလ။အခုကြၽန္ေတာ့္ဘိုးေတာ္
ရဲ႕ အျဖစ္အပ်က္ကမွ တကယ့္ဂမၻီရပဲ
စာေရးဆရာေရ
“ဟာ-ဒါဆို နားဆင္ခ်င္ၿပီဗ်ာ”
“ဒီလိုဗ်”
“ကြၽန္ေတာ့္ ဘိုးေတာ္ဟာ သူ႔ တ
ပည့္တစ္ေယာက္နဲ႔ ေတာပစ္ထြက္တယ္ဗ်”
ထြက္တဲ့အခ်ိန္က ညေနေစာင္း
ေပါ့။ သုံးနာရီခန႔္ျဖစ္သည္။ ခါတိုင္း
သုံးေယာက္သြားေသာ္လည္းယေန႔ႏွစ္
ေယာက္တည္းျဖစ္ေလသည္။ မုဆိုးႀကီး
သည္ စိတ္ျမန္လက္ျမန္ ေတာပစ္ခ်င္
စိတ္တစ္ခုတည္းျဖင့္ လြယ္ေမာင္း
ေတာင္ေတာင္ေျခေတာစပ္ထဲတြင္သား
ေကာင္ရွာ၏၊ ဘာေကာင္မွ် မေတြ႕၊
“ေတာင္ေပၚမတက္ေတာ့ဘူး။
ေမာင္လွ ေတာင္ေျခမွာပဲ အာသာေျပေပါ့ကြာ”
“ဗ်ာ-ဆရာ”
“ဪ- ေတာင္ေျခမွာပဲ ငါ့ရဲ႕ဆႏၵ
ေျပေအာင္ သားေကာင္ရွာမယ္။ မေတြ႕
လည္း ၿပီးေရာ”
“ဆရာ ေတာင္ပိုင္ဘိုးဘိုးႀကီးထံ
သားေကာင္ မေတာင္းေတာ့ဘူးလား၊
ခ်ိဳက်ိဳး နား႐ြက္ပဲ့ေလ”
“မေတာင္းဘူး-ဒီေန႔ လကြယ္
လည္းမဟုတ္ဘူး”
ဆရာတပည့္ ႏွစ္ေယာက္ သား
ေတာင္ေပၚမတက္ဘဲ ေတာင္ေျခေတာ
စပ္ႏွင့္ ေတာအစပ္လယ္ကြင္းျပင္ ႏြား
စားက်က္အတြင္း လွည့္လည္၍ သား
ေကာင္ရွာ၏။ မေတြ႕သည့္အဆုံး အပင္
ႀကီးတစ္ပင္ေအာက္တြင္ အစာေျဖၿပီး
ကြင္းထဲသို႔ၾကည့္ေတာ့ သူတို႔႐ြာမွ ႏို႔စား
ႏြားမေတြ အစာစားေနၾက၏။ အေမာ
ေျပသည္ႏွင့္ …
“ကဲ-ေမာင္လွထြက္မယ္။ မေတြ႕
လည္း႐ြာျပန္တာေပါ့”
“ဟုတ္ – ဟုတ္”
သစ္ပင္ႀကီးေအာက္မွထြက္ၿပီးေျခ
လွမ္းသုံးဆယ္မျပည့္မီ သူ၏ ဝဲဘက္
ေက်ာက္တုံးႀကီးေဘး ေကြ႕အေရွာင္မွာ
ေတာ့ မထင္မွတ္ေသာ ျဖစ္ရပ္တစ္ခု
ႀကဳံရေလၿပီ။ “ေဝါင္း – ဝုန္း”
“ဟာ”
ႏို႔စားႏြားမေတြကိုစားေနက်က်ား
ဆိုးႀကီးသည္ မုဆိုးႀကီးတို႔ လႈပ္ရွားမႈ
ေစာင့္ရင္းႏြားသားမွလူသားစားရေတာ့
မည္ျဖစ္၍ သူ၏ အခ်ိန္အဆ တိတိ
က်က်၊ ပိုင္ပိုင္ႏိုင္ႏိုင္ ေရွ႕မွ ထြက္လာ
သည့္မုဆိုးႀကီး၏လည္ကုတ္သို႔ ခုန္အုပ္
သည္တြင္အၿမဲသတိရွိၿပီး သတၱိေကာင္း
သည့္ မုဆိုးႀကီးမွာ ဘယ္ဘက္လက္
ဝယ္ကိုင္ထားသည္ ဒူးေလးကို ပင့္
ေျမႇာက္ရင္းလက္ေမာင္းေကြးကာက်ား
ႀကီးကိုက္ခဲမႈကို ခုခံကာကြယ္ရင္းသူ၏
ခါးတြင္ ခ်ိတ္ဆြဲထားသည့္ အသြားရွစ္
လက္မ အ႐ိုးသုံးလက္မရွိ ေဂၚရခါးဓား
ေကာက္ႀကီးျဖင့္ ခုန္အုပ္သည့္က်ားႀကီး
ဝမ္းဗိုက္ေအာက္သို႔ ေရွ႕ေျခတစ္လွမ္း
တိုး ခုခံရင္း ရင္ဝတည့္တည့္သို႔ ဓားဦး
စိုက္သြင္းၿပီး တအားထိုးခြဲလိုက္သည္
တြင္မုဆိုးႀကီးလည္းႀကီးမားေသာက်ား
ဆိုးႀကီး၏ ခုန္အုပ္မႈဖိအားျဖင့္လုံးေထြး
လဲအက်အားမာန္ေဒါသေျပာမျပတတ္
ေအာင္ ခြန္အားျပည့္သည့္ က်ားႀကီး
ပါးစပ္ထဲ လက္ေမာင္း၊ တံေတာင္ဆစ္
ေကြးသာအခဲခံရၿပီးေျမျပင္ေပၚသို႔လဲက်
လုံးေထြးသြားရာမွ မုဆိုးႀကီးအျမန္
လူးလိမ့္ထလိုက္ေလ၏။
က်ားဆိုးႀကီးကားအပိုင္တိုက္ခိုက္
ပါေသာ္လည္းမုဆိုးပီပီက်ား၊ က်ားသစ္
မေၾကာက္။ သူ သိုင္းသင္စဥ္က ဆရာ
ႀကီးမ်ား သင္ၾကားထားသည့္အတိုင္း
က်ားသတၱဝါသည္ သားေကာင္အားသူ႔
သတ္ကြင္းထဲသို႔ ေရာက္ရမည္။ သူ ခုန္
အုပ္ပါက သားေကာင္၏ လည္ကုတ္
အာ႐ုံေၾကာကို အမိအရ ခုန္အုပ္တတ္
သည့္အတြက္ ..
“ေအး – က်ားနဲ႔ေတြ႕ရင္ထြက္မေျပး နဲ႔။
က်ားဆိုတဲ့ သတၱဝါသားရဲဆိုေပမယ့္
လန႔္တတ္တယ္။ သတိထားတတ္တယ္
ကြဲ႕၊ သူကတိုက္ခိုက္ဖို႔ေရွ႕တစ္လွမ္းတိုး
ရင္မိမိကလည္းေျခကိုေရွ႕တစ္လွမ္းတိုး၊
သူတစ္လွမ္းဆုတ္ရင္ ကိုယ္ကလည္း
ဆုတ္ရမယ္။ ဘာ့ေၾကာင့္လည္းဆိုေတာ့
က်ားသတၱဝါဟာအခ်ိန္အဆသိပ္ေတာ္တာ”
“ေနာက္တစ္ခု က်ားခုန္အုပ္တာနဲ႔
ဘယ္လက္၊ ညာလက္နဲ႔ဦးေခါင္းမ်က္ႏွာ
လည္ကုတ္မထိေအာင္ကာၿပီး က်န္
လက္တစ္ဖက္က ဓားနဲ႔သူ႔ဝမ္းဗိုက္ရင္
ၫြန႔္ေအာက္အေရာက္ ထိုးၿပီး ထိုးခြဲပစ္ရမယ္”
ထိုစကားေတြမွတ္သားထားေသာ
မုဆိုးႀကီးမွ ခုခံကာကြယ္ရင္း အပိုင္
တိုက္ကြက္ေၾကာင့္က်ားဆိုးႀကီးေျမျပင္
မွာ လူးလိမ့္ရင္း ရင္ၫြန႔္မွ ကြဲထြက္၏။
ႏွလုံးအသည္းေတြထိုးေဖာက္မႈေၾကာင့္
မၾကာလိုက္ပါေသဆုံးသြားေလၿပီ။
“ဆရာ-ဆရာ-ဆရာ-ဘာ-ဘာ
ျဖစ္သြားေသးလဲ။ ေၾကာက္လိုက္တာ
ဆရာရယ္”
ဓားကိုင္ထားေသာ တပည့္ေမာင္
လွ ပ်ာပ်ာသလဲ ဆရာထံေျပးလာၿပီး
ေဂၚရခါးဓားႀကီးျဖင့္ က်ားႀကီးအား
ရပ္ ၾကည့္ေနေလေသာမုဆိုးႀကီးမွ ..
“ေအး-ငါ-ဒီဘယ္လက္ေမာင္း၊
တံေတာင္ဆစ္ေတာ့ အခဲခံလိုက္ရ
တယ္။ အ႐ိုးေတာ့ ထိမယ္ကြ။ ဒါေပမဲ့ –
ဘာမွ မျဖစ္ပါဘူး”
“ဆရာ – ဟိုေဂၚရခါး ႏို႔စားႏြားေတြ
သတ္ျဖတ္စားေနတဲ့က်ားႀကီးဗ်”
“ေအး- ဟုတ္တယ္၊ ဇာတ္လမ္း
ဆုံးသြားၿပီေပါ့ကြာ”
“ဪ – ေမာင္လွ၊ ႐ြာျပန္ၿပီး အိမ္
ကကြၽဲလွည္းသြားယူကြာ”
“ဟုတ္ကဲ့ – ဆရာ – ဟုတ္ကဲ့”
“ေလွ်ာက္ၿပီးေျပာမေနနဲ႔ – ေန
မဝင္ခင္ အျမန္လာခဲ့” တပည့္ျဖစ္သူ
ေမာင္လွတစ္ ေယာက္ ဖေနာင့္ႏွင့္တင္ပါး
တစ္သား တည္းက်ေအာင္ ႐ြာဘက္သို႔ ေျပးေလ ၿပီ၊
႐ြာႏွင့္ေတာစပ္မွာ တစ္မိုင္ခန႔္ပင္ မကြာပါ။
မုဆိုးႀကီးေျပာခဲ့ေသာ စကား
ဇာတ္လမ္း ၿပီးဆုံးမသြားေသးပါ။
ယခုမွ ဂမၻီရဇာတ္လမ္းစေလၿပီ။
မုဆိုးႀကီးသည္ သူ၏ အေပၚအက်ႌ
ခြၽတ္ၿပီးဘယ္ဘက္လက္ေမာင္းမွစီးက်
ေနေသာေသြးမ်ားကိုအက်ႌျဖင့္ပတ္ရင္း
မွေဒါသျဖစ္လာသည္။ သူ႔အက်ႌမွာတစ္
ပတ္ရစ္ျဖစ္ေသာ္လည္း ဇနီးကိုယ္တိုင္
ခ်ဳပ္ေပးထားေသာ အက်ႌ၊ ယခုေတာ့
က်ားကုတ္၍ ေက်ာေတြစုတ္ကုန္သည့္
အတြက္ ခ်စ္ဇနီးအား ေျပးျမင္ၿပီးေဒါသ
ထြက္ရေလသည္။ ေဒါသကို မထိန္းႏိုင္
သည့္အဆုံး။”ေတာက္ – ကဲ- မင္းတို႔
ဘာတတ္ႏိုင္ေသးလဲကြ”
ဟုေျပာရင္း က်ားေသႀကီးအား
ေဘးေစာင္းၾကည့္လိုက္၍ က်ားေသ
ႀကီးကား နာရီဝက္ခန႔္ၾကာၿပီမို႔ အေၾကာ
ေတြေတာင့္တင္းရင္းသူ၏ဝဲဘက္တြင္
စင္းစင္းႀကီး ေသေန၏။ မုဆိုးႀကီး ေျပာ
သည္မွာ အပမမွီ၊ ေတာမမွီေသာ က်ား
ဆိုးႀကီးကိုသာ ရည္႐ြယ္၍ ေျပာေသာ္
လည္း ထို ေတာင္ေျခတစ္ေလွ်ာက္
ဝိညာဥ္ေတြရွိေနၿပီးသူတို႔အားေစာ္ကား
ရာသို႔ ေရာက္သြားသည္တြင္ မုဆိုးႀကီး
အားအလစ္အငိုက္မွာပင္က်ားေသႀကီး
အား ဝိညာဥ္ဆိုးဝင္ကပ္ကာ အသက္
ဝင္လာၿပီး မုဆိုးႀကီး၏ ဝဲဘက္နံ႐ိုးေတြ
အား တအားပုတ္ခတ္ကာ ကုတ္လိုက္သည္တြင္
“အား – ေတာက္ – က်ားေသကို
ဘယ္ေကာင္အသက္သြင္းလိုက္တာ
လည္းကြ။ အား – အား – ဟင္း- ဟင္း”
မုဆိုးႀကီး၏ ဝဲဘက္ နံ႐ိုးေတြ
အၾကားရွစ္ေတာင္ေက်ာ္ကိုးေတာင္ခန႔္
ႀကီးမားေသာက်ားဆိုးႀကီးမေသခင္မွာ
ေတာ့ အပမွီေသာ က်ားမဟုတ္။ ႐ိုး႐ိုး
က်ားႀကီး ႏြားသားစားေနက် အေကာင္
ဦး။ ခုေတာ့ – ေသဆုံးၿပီးခါမွ မုဆိုးႀကီး။
ႀကီး၏ ေဒါသျဖင့္ ႀကိမ္းဝါးလိုက္ေသာ
“မင္းတို႔ – ဘာတတ္ႏိုင္ေသးလည္း”ဆို
သည့္စကားတစ္ခြန္းေၾကာင့္ေသဆုံးၿပီး
ေသာ က်ားဆိုးႀကီးအား အပမွီအသက္
သြင္းကာ ရန္ျပဳလိုက္သည္တြင္ မုဆိုး
ႀကီး မရႈမလွခံလိုက္ရေလၿပီ။
႐ြာသားေတြလွည္းျဖင့္ေရာက္လာ
ၿပီး မုဆိုးႀကီး၏ ဝဲဘက္နံ႐ိုးအား ပုဆိုး
ျဖင့္ ပတ္ခ်ည္ကာ လွည္းေပၚတင္ၿပီး
ေနာက္ က်ားႀကီးကိုပါတင္ကာ ႐ြာ
အေရာက္က်ားႏွင့္မုဆိုးႀကီးကိုပါဆက္
လက္၍ လွည္းျဖင့္ ေနာင္ခ်ိဳၿမိဳ႕သို႔သယ္
ယူၿပီး မုဆိုးႀကီးအတြက္ ေဆး႐ုံတက္
ကုသၿပီး ၿမိဳ႕ေပၚသို႔ လွည္းျဖင့္က်ားဆိုး
အေသႀကီးအား လွည့္လည္ျပသေလ၏။
ေဂၚရခါးႏြားေတြသတ္ျဖတ္စားေန
ေသာ က်ားဆိုးႀကီးအား မုဆိုးႀကီးမွ
အေသတိုက္ခိုက္ အႏိုင္ယူေၾကာင္း
ဝံ့ႂကြားစြာ ေနာင္ခ်ိဳၿမိဳ႕ေပၚလွည့္လည္ ျပသေနခိုက္မွာပင္။
“ေတာက္ – ငါ စကားမွားသြားၿပီ။
ေတာပိုင္ေတာင္ပိုင္ႀကီးေတြကို ေျပာ
တာမဟုတ္ပါဘူး။ ဘိုးဘိုးႀကီးတို႔၊ ကြၽန္
ေတာ္မ်ိဳးေျပာတာက က်ားဆိုးႀကီးကို
ေျပာမိတာပါ။ ခြင့္လႊတ္ေပးပါ” ဟု
ေတာင္းပန္စကား တတြတ္
တြတ္ေျပာရင္းမွမုဆိုးႀကီးစရာအသက္
ဆုံးရႈံးသြားရေလေတာ့သည္။
“စာေရးဆရာေရ-အဲဒါပဲဗ်။
စကားေျပာရာမွာ အေႏွာင့္မလြတ္၊
အသြားမလြတ္ဆိုတာ ဒါမ်ိဳးပါေနမွာပါ။
ေသေန ၿပီးတဲ့ က်ားရင္ဘတ္ႀကီး
ကြဲၿပီး အသည္းေတြ၊ ႏွလုံးေတြ ကြဲေၾက
ေနတဲ့ က်ားေသလို အေၾကာေတြ
ေတာင့္ေနေပမယ့္ အပမွီေတာမွီၿပီး
ဝင္ပူးၿပီး မုဆိုး ႀကီးကို အေသသတ္
သြားတာပဲဗ်ိဳ႕”
“ဟုတ္တယ္ … အဲဒီေလာက္ ဂမၻီရ
ဆန္တာ ရွိဦးမွာလားဗ်ာ”
ဦးသန္းေမာင္ႏွင့္ ကိုဝင္းေနာင္ေက်ာ္
တို႔၏ ဂမၻီရအျဖစ္အပ်က္အား
ေျပာျပေနသည္မွာပုံျပင္မဟုတ္။ ယေန႔
တိုင္ ေနာင္ခ်ိဳၿမိဳ႕ေပၚဝယ္ တစ္ခါက
ေက်ာက္က်န္းေက်း႐ြာမွ မုဆိုးႀကီးတစ္
ေယာက္ အလြန္ေသာင္းက်န္းသည္
လြယ္ေမာင္းေတာင္ေျခကက်ားဆိုးႀကီး
အား သတ္ျဖတ္ၿပီး ၿမိဳ႕ေပၚအေရာက္
လွည့္လည္ျပသမႈအား ေျပာမဆုံးၾက
ေသး။တကယ့္အျဖစ္အပ်က္သည္မ်ား
ေသကိုအသက္သြင္းလိုက္ေသာျဖစ္ရပ္
ကားအံ့ဩမဆုံးႏိုင္ေတာ့ပါတကား။