ကျိန်စာတိုက်တဲ့ကြောင်(စ/ဆုံး)

Unicode Version

ကျိန်စာတိုက်တဲ့ကြောင်(စ/ဆုံး)
————————————-
ကြောင်သည် အလွန်မာနကြီးပြီးအိန္ဒြေရှိသော
သတ္တဝါဖြစ်၏။ လူတို့၏အိမ်မွေးတိရိစ္ဆာန်
များထဲတွင်ခွေးကားပထမဆိုလျှင် ကြောင်ကားဒုတိယဟုဆိုရပေမည်။ ကျားနှင့်
ခြင်္သေ့တို့ပင်ကြောင်နှင့်တူသောကြောင်မျိုး
ရင်းကြောင်အကြီးစားကြီးများဖြစ်ကြလေ၏
ကြောင်သည်ခွေးကဲ့သို့လူနှင့်အလွန်နီးစပ်သော်
ခွေးကလူကိုခင်ပြီး ကြောင်က လူထက်အိမ်ကို
ပိုခင်တတ်လေ၏။ ရှေးလွန်ခဲ့သောနှစ်သုံးထောင်ခန့်က အီဂျစ်ပြည်တွင်ကြောင်သတ္တဝါတွေ၏ ကံအကောင်းဆုံးနှင့် အရှိန်အဝါကြီးသောခေတ်တစ်ခေတ်ရှိခဲ့ဘူး၏။
အီဂျစ်လူမျိုးတွေက ကြောင်ကို ရိုသေကြ၏
ချစ်ကြ၏ အထွတ်အမြတ်ထားပြီး ပြုစုယုယ
ကြ၏။
မြန်မာလူမျိုးတို့တွင်လဲ ကြောင်နှင့်ပက်
သက်သောအကြောင်းအရာများ ပုံပြင်များ
စာပေများ စကားပုံများစွာရှိလေ၏ ငယ်ငယ်
တုန်းက အငြိမ်မနေသလောက် ကြီးလာလို့
တည်ငြိမ်နေရင် ကြောင်လိုကောင်ဟုတင်စား
တတ်ကြသလို အပြင်ပန်းလူမြင်ကွင်းမှာအေး
သလောက် မမြင်ကွယ်ရာမှာ ကမြင်းတတ်သူ
ကို ကြောင်ချေး ဘာအရင်းအနှီးမှ မစိုက်ထုတ်
ပဲ အချောင်စားနေရသူကို စားနေကျကြောင်ပါး
မိန်းကလေးငယ်များ ချစ်သူမရခင်က ဗိုင်း
ကောင်းကျောက်ပိနှင့် အလွန်အေးသလောက်
အကြိုက်တွေ့သောအခါ ကောက်ကောက်ပါ
အောင်လိုက်သွားလျှင် ဘိုးတော်ကြောင်ဟုဉပမာပေးကြပုံ စသည်တို့ကိုထောက်ခြင်းအားဖြင့်
ကုန်းဘောင်ခေတ်က ဘိုးတော် ဗဒုံမင်းနှင့်
အကြိုက်တွေ့လျှင်ဘုရင့်ပွဲတော်
အုပ်တောင် ခလုတ်
တိုက်သည့် ကြောင်ကုတ်ကမြင်းလေး၏
ဗီဇကိုဖော်ထုတ်ခဲ့သော ပညာရှိဦးပေါ်ဦးတို့
၏ ရယ်စရာ ဇာတ်လမ်းကလေးများအရ
ရှင်ဘုရင်ကြီးတောင်ကြောင်ကိုချစ်တတ်လျှင် နန်းတော်ထဲတွင်လဲကြောင်တွေ အတော် အခွင့်အရေးရမည်ခန့်မှန်းနိုင်ပေ၏
စားပြီးရင်အိပ်
စိတ်ပါရင်ကြွက်ခုတ် သူ့အလုပ်ကတော့ဒါပဲရှိ
၏။ ဒီထက်ပိုပြီး အသုံးဝင်သည့် ကြောင်စွမ်း
ကောင်းကလေးများ တစ်ကောင်တစ်လေရှိ
တတ်သော်လည်း များသောအားဖြင့် သိပ်အား
မကိုးရသောကြောင်တွေကများ၏
ချွင်းချက်အနေဖြင့် ကြောင်တွေကို အသုံး
ဝင်ပြီးလူကြိုက်များလာအောင်ဖန်တီးပေး
နိုင်သည့် လူတစ်ယောက်တော့ရှိဘူးလေ၏
ထိုသူကား ကိုငွေဆိုသည့် အသက်လေးဆယ်
ကျော်လူပျိုးကြီးတစ်ယောက်ပင်ဖြစ်၏
အသားမဲမဲ သွားရဲရဲ လုံချည်ကိုဆီးစပ်ပေါ်
အောင်ချက်ပြုတ်ဝတ်ပြီး ကြယ်သီးမရှိသော
အင်္ကျီကိုအမြဲတမ်းဝတ်ကာ အသံပြာပြာနှင့်
စကားပြောတတ်သည့်လူပျိုကြီးကိုငွေတွင်
လိုင်စင်ရဆိုင်ကို လိုင်းကြေးပေးပြီးရောင်း
သောခနော်ခနဲ့ အရက်ဆိုင်ကလေးတစ်ခုရှိ၏
သူကားကြောင်တွေကို လိမ္မာအောင်သင်
စရာမလိုပဲ စားကောင်း၍ အရက်နှင့်မြည်းလို့
ရအောင်ချက်ပြီးရောင်း၏ သူ၏အရက်ဆိုင်
လေးတွင် ကြောင်သားဟင်းကား အမြဲတမ်း
လိုလိုရသဖြင့် အတော်လေးနာမည်ရပြီး
ညနေစောင်းလျှင် လူစည်နေတတ်၏
ကြောင်သားအမြည်းနှင့်နာမည်ရသောဆိုင်
ဖယိုဖရဲလေးတွင် နှစ်ချီ၍ သောက်သောအရက်သမားများလည်းကြာလာလျှင် ကြောင်
စိတ်ပေါက်ပြီး ကြောင်တောင်တောင်
တွေဖြစ်ကာ တစ်ကိုယ်လုံးဖောပြီးရှောသွား
ရသည့် ကြောင်ဖောရှော တွေများသဖြင့်
ထိုအရက်ဆိုင်လေးကား ကြောင်ဖောရှော
အရက်ဆိုင်ဟုသာ အမည်ပေးလျှင် နိုင်ငံပင်
ကျော်လောက်ပါ၏။
သူဆိုင်လေး၏ ရောင်းလိုအားကို
အကျိုးပြုနေသည့် ကြောင်ကုန်ကြမ်းများ
ကိုရှာဖွေပေးသူကား ကြောင်လိုက်မုဆိုး
မောင်ခင်ဖြစ်၏။
နာမည်က မောင်ခင် လူကတော့ ခင်ချင်
စရာတစ်ကွက်မှမရှိသူ။ အသိုင်းအဝိုင်းမယ်မယ်ရရလဲမရှိ။ တစ်နေ့လုပ်တစ်နေ့စား ဘဝကို
ဖြစ်သလိုနဲ့ပျော်သလိုနေတတ်သူ ပူပင်ကြောင့်
ကြစရာလဲသူ့ဘဝမှာမရှိ။ ညနေတိုင်းကိုငွေဆိုင်မှာပုံမှန်ဖောက်သည်။ သူ့ရဲ့လေးတိုင်စင်
အိမ်ကလေးတွင် ခွေးနှစ်ကောင်နှင့်အတူနေ၏
သူကခွေးတွေကိုအရမ်းချစ်သလိုဂရုလဲအရမ်းစိုက်၏။ အိမ်လေးကမပြောင်မယောင်ခွေးနှစ်ကောင်ကလဲတစ်ဟောင်ဟောင် သူ့ဘဝနှင့်သူ
တော့ အဆင်ပြေလွန်းနေ၏
ညနေပိုင်းနေအနည်းငယ်စောင်းတာနှင်
လောက်လေးခွကို လွယ်အိတ်ထဲထည့်ပေါက်
ပြားတစ်လက်နှင့် ခွေးနှစ်ကောင်ကိုခေါ်ပြီး
ကြွက်လိုက်ခြင်း လမ်းမှာတွေ့သောငှက်ကို
လောက်လေးခွဖြင့်ပစ်၍ မိုးချုပ်ကာနီးပြီဆို
အိမ်းအပြန်လမ်းက ကိုငွေတို့ဆိုင်မှာ အရက်
ဝင်သောက်၏
မောင်ခင်သည် ပုံမှန်အားဖြင့် သူလိုကိုလို
ပုံမှန်စိတ်ဖြစ်သော်လဲ မူးလာလျှင် အတော်လေးရိုင်းစိုင်း၏။ သေစာရှင်စာတောင်
ဖြောင့်အောင်မဖတ်တတ်သဖြင့် အလိမ္မာစာမှာ
ရှိဆိုတဲ့ စကားသည် သူနှင့်လားလားမျှမသက်ဆိုင်။
မောင်ခင်၏ တောင်ဘက်တစ်ခြံကျော်တွင်
ဦးဖိုးအိဟုခေါ်သော အသက်ခြောက်ဆယ်ဝန်း
ကျင်လူကြီးတစ်ယောက်ရှိ၏။ သူကလဲတစ်
ကိုယ်တည်းသမားသားတစ်ယောက်ရှိတာလဲ
အဝေးမှာအိမ်ထောင်ကျနေ၍ တစ်နှစ်နေလို့
တစ်ခေါက်မလာဖြစ်။ ခြံထဲတွင်
လူတစ်ယောက်စာ အိမ်ကလေးတစ်လုံးဆောက်ပြီး တောင်း ဆန်ကော ဆန်ကာ တို့ကိုရက်
လုပ်ပြီးရောင်းလို့ရတဲ့ ငွေလေးကို ခြစ်ခြုတ်
ချွေတာလျှက် စားလို့ပိုတာလေးတွေကို
လှူလိုက်နှင့် တစ်ကိုယ်တည်းဘဝကို ဖြတ်
သန်းနေသူဖြစ်၏
ထူးခြားချက်အနေဖြင့် သူတွင် အသက်ငါး
နှစ်အရွယ် ကြောင်အဖြူအနက်ကျားကြီးတစ်ကောင်ရှိ၏။ ရွာသစ်ကြီးဘက်ကို အော်ဒါမှာထားသောဆန်ကာလေးတွေသွားပို့ရင်း လမ်းမှာမိုးခိုနေတုန်း သစ်မြစ်အခေါင်းထဲက ကောက်ရလာခြင်းဖြစ်၏
ကြောင်ကြီးက တစ်သွေးတစ်မွေးနှင့်
ဝဝတုတ်တုတ်ချစ်စဖွယ်အလွန်ကောင်းပြီး
ဦးဖိုးအိကလဲ လူသားတစ်ယောက်လိုချစ်ခင်
ဂရုစိုက်မှုတွေကြောင့် သူနှီးဖြာနေသောအချိန်
တိုင်းလိုလိုဘေးနားမှာထိုင်ပြီးအိပ်ငိုက်နေတတ်
၏။ စားလဲအတူ အိပ်လဲအတူ လူတစ်ယောက်လိုအဖော်ပြုပြီး နေကြသည်မှာ
လမင်းကြီးဟုပြောလိုက်လျှင်ဆန်ဖွပ်သည့် အဖိုးအိုနှင့် ယုန်ရုပ်ကိုပြေးမြင်မိသကဲ့သို့
ဦးဖိုးအိဟုပြောလိုက်လျှင် သူ့နားမှာအမြဲတမ်း
ထိုင်နေသောကြောင်ကြီးကိုပါတွဲ၍မြင်မိကြပေမည်။
ဦးဖိုးအိ၏ အိမ်ခြေရင်းတစ်ခြံကျော်တွင်
ဆယ့်နှစ်ရာသီမာန်ဖီနေသော ခွေးဆိုးနှစ်
ကောင်နှင့် ကြောင်မုဆိုး ဖိုးခင် တို့ရှိကြလေရာ
သူ့အချစ်တော်ကြောင်ကြီးကို နေ့နေ့ညညအမြဲတမ်းစိတ်ပူနေရမည်ဆိုတာအထူးပြောစရာမလိုတော့ပေ။ ဒါပေမဲ့အဖိုးကြီးက မောင်ခင်ကို
တည့်အောင်ပေါင်း၏။ သူမူးပြီးအချိန်မတော်
ထဆဲနေလဲ တစ်ခွန်းမပြော။ယုတ်စွအဆုံးအရက်ဖိုးမရှိလို့လာပြီးပိုက်ဆံချေးရင်တောင်
ရှိစုမဲ့စုလေးတွေပေးပြီး ပြန်မတောင်းတတ်
တောင်းလဲပေးမဲ့ကောင်မဟုတ်
အချိန်ကြာလာတော့ မောင်ခင်တစ်ယောက်
ဦးဖိုးအိ၏ နိုင်ကွက်ကိုသိလာတော့ တဖြည်း
ဖြည်းအနိုင်ကျင့်ရာမှလူပါးဝလာ၏
ဦးဖိုးအိပိုင်ဆိုင်သမျှ သူ့သဘောနှင့်သူ ခွင့်မ
တောင်ပဲ ယူ၏။ အရက်မူးလာလျှင်နာမည်
ပါတပ်ပြီးဆဲ၏။ ပါတ်ဝန်းကျင်ကမကျေနပ်
လို့ လူကြီးအိမ်သွားတိုင်ရင်တောင် သူကအရင်
ကျေအေးပေးသဖြင့် ကြာလာတော့လူတွေလဲ
အမုန်းမခံတော့
ဆွေမျိုးညာတိနည်းရှာပေမဲ့ ဦးဖိုးအိ ဒီလောက်တော့ သတ္တိနည်းလှသည်မဟုတ်
ဒါပေမဲ့ သူ့သားသမီးလိုဖြစ်နေသည့်ကြောင်
ကြီး၏ အသက်ကို ရန်ရှာမည်စိုး၍သာ ခေါင်း
ငုံ့ခံနေမှန်းလူတိုင်းသိ၏
စာပေကျမ်းဂန်ထဲတွင် လူယုတ်မာအား
ဇာတိမြေကိုစွန့်၍ ရှောင်ကြဉ်အပ်၏ဟု
ဆိုထားသော်လည်း အသက်ကြီးမှရေကြည်ရာ
မြက်နုရာရှာဖို့ခက်သည့်အတွက် သည်းခံခြင်း
တရားကိုပဲစွဲမြဲထားနေရ၏
အရိယာမဟုတ်သော ဦးဖိုအိမှာလဲ ကြာလာ
တော့ တစ်ခါတစ်လေသည်းမခံနိုင်သောအခိုက်အတန့်လေးတစ်ချိန်တော့ရှိလာလေ၏
ထိုအချိန်ကား
ပြာသိုလ ညဘက် အချိန် ဦးဖိုးအိတစ်ယောက်
ဆန်ကာရက်ရန်အတွက်မီးခွက်မှိန်မှိန်လေးတစ်
လုံးနှင့်နှီးဖြာလျှက်ရှိ၏
ဦးဖိုးအိမအိပ်သေးဘူးလား
မီးရောင်ကိုလက်ကကွယ်ပြီးကြည့်လိုက်တော့
မောင်ခင်ဖြစ်နေ၏
လာလေကွာ ညဘက်ကြီး ဘာအကြောင်း
ရှိလို့လဲ။ ဒီလိုဗျ ကျွန်တော့မိတ်ဆွေတစ်
ယောက်လာလည်တာ အရက်တိုက်ချင်လို့
ပိုက်ဆံလာချေးတာ
မရှိသေးပါဘူးငါ့တူရာ
ဘကြီးရာဗြောင်လိမ်မနေပါနဲ့ နေ့လည်ကမှာ
တောင်းတွေသွားရောင်းထားတဲ့ပိုက်ဆံရှိတာ
ကျုပ်သိတယ်။ ကျုပ်ရှာလို့တွေ့ရင်ယူရမလား
မောင်ခင်ကား တိုင်မှာချိတ်ထားသော
ရှပ်အင်္ကျီအဟောင်းလေး၏ အိတ်ကပ်ထဲတွင်
ပိုက်ဆံရှိနေမှန်းသိ၏။
အဲဒါတော့မလုပ်နဲ့ကွာ မနက်ဖန်နှီးဝါးဖိုးနဲ့
ဘုရားပွဲအလှူအတွက်ဖယ်ထားတာ
တစ်ရက်နှစ်ရက်ထဲပါဗျာ
မူးနေသောမောင်ခင် ဘာမပြောညာမပြော
နှင့်ရုတ်တစ်ရက်ထပြီး အိတ်ထဲကပိုက်ဆံကိုနှိုက်လေရာဦးဖိုးအိ တစ်ယောက် နှီးဖြားသော
ဓား၏ အရိုးဖြင့်လက်ကို ရိုက်၏
သောက်အဖိုးကြီး ကျုပ်ကိုရိုက်တယ်
ဟုရိုင်းစိုင်းစွာဆဲဆိုပြီး ကြမ်းပြင်ပေါ်သို့ဆောင့်
တွန်းလှဲ၍ အနားမှာရှိသောဓားဖြင့် နှီးစည်းများ
ဆန်ကာအကြမ်းများကိုဓားဖြင့်ခုတ်လေ၏
ထိုသို့ရုန်းရင်းဆန်ခတ်ဖြစ်နေသောမြင်
ကွင်းကို ကြောင်ကြီးမှ ထုတ်တန်းပေါ်မှနေ၍
မျက်လုံးဝိုင်းကြီးများဖြင့်ကြည့်နေလေ၏
ဦးဖိုးအိ အတော်လေးကြာ အောင်ထိုင်
ပြီးစဉ်းစားနေ၏ သူဒေါသလဲထွက်သလို
မခံချင်စိတ်ကြောင့်အံကိုတင်းတင်းကြိတ်
လျှက် လက်ထဲကဓားကိုတင်းကြပ်စွာဆုပ်
ထား၏။ ဒါပေမဲ့
“မောင်ခင်ရေမောင်ခင် “
ဘယ်ကောင်လဲဟေ့
အဖော်တစ်ယောက်နှင့် အရက်သောက်နေ
သောမောင်ခင်တစ် ယောက် အိမ်ပေါက်ဝအမှောင်ရိပ်သို့ ဓာတ်မီးဖြင့်ထိုးလိုက်၏
အဖိုးကြီး ဘာလာလုပ်တာလဲ
အခုန အဘ စိတ်ဆိုးတုန်းမတော်တဆဖြစ်
သွားတာ တောင်းပန်ပါတယ်ငါ့တူ
မင်းလိုချင်တဲ့ ပိုက်ဆံငါးရာလဲ ချေးမနေတော့
ဘူး အလကားလာပေးတာ
မောင်ခင်အရက်ခိုးဝေနေသောမျက်နှာကို
တစ်ချက်မဲ့ကာပြုံးလိုက်၏။ အခုမှ နောင်တသံ
လေးနဲ့လာလုပ်မနေနဲ့ မလိုချင်တော့ဘူး ပြန်တော့။ အိမ်ရှေ့တွင်ချည်ထားသောခွေးနှစ်
ကောင်မှာလဲ စားတော့ဝါးတော့မတတ်ရုန်း
ကန်သောင်းကျန်းနေ၏။ အဖိုးကြီးပြန်တော့
ဗျာ မပြန်ရင်ခွေးတွေလွှတ်ပေးလိုက်မယ်
ဦးဖိုးအိတစ်ယောက်လေးကန်သောခြေလှမ်း
များဖြင့် ပြန်လာပြီး စိတ်မသက်မသာဖြင့်
အိပ်ယာဝင်ခဲ့လေ၏
***********
ဒီညကျမှ ငါ့သားက အငြိမ်မနေဘူးကွာ
ကြောင်ကြီးက စောင်ခြုံထားသော သူခြေ
ထောက်ကို လက်ဖြင့်ပုတ်၍ဆော့လိုက်မျက်
နှာကိုခေါင်းနှင့်ခွေ့လိုက် ပါစပ်ကလဲ တညောင်
ညောင်နှင့် အခုမှ ကြောင်ပေါက်စလေးလို
ကလေးစိတ်ပေါက်နေတော့၏
ခါတိုင်းအခုလိုမဟုတ် အိပ်ချိန်ရောက်လျှင်
သူခြေထောက်ဘေးမှာတန်းပြီးအိပ်နေကျ
ကြောင်ကြီး သူသခင်ကိုခေါင်းဖြင့်ပွတ်ပြီးလျှင် အိမ်ရှေ့ပြတင်ပေါက်မှခုန်ထွက်ကာအမှောင်ရိပ်ထဲသို့ပျောက်ကွယ်သွားလေ
တော့၏
ကိုငွေ ကိုငွေ ထစမ်းပါအုံးဟ
အိမ်ထရံကို တစ်ဘုန်းဘုန်းလက်နှင့်ပုတ်သံ
ကြောင့်ကိုငွေတစ်ယောက်အိပ်ချင်မူးတူးဖြင့်
မိးခွက်ထွန်းလိုက်ပြီး။ မောင်ခင် အရက်ယူမလို့လား
အရက်လဲယူမယ် ဟင်းစားလဲပါလာတယ်
တော်တော်ကြီးလားကွ
ဒီရွာမှာတော့အကြီးဆုံးပဲ ရော့ဒီမှာကြည့်
ဘုန်းကနဲပစ်ချလိုက်သော ကြောင်သေကြီး
ကိုကြည့်၍ ကိုငွေတစ်ယောက်ကြက်သေ သေ
သွား၏။ ဒါဒါ ဦးဖိုးအိ ကြောင်ကြီးလား
အစစ်ပေါ့ဗျာ
ရွာပြင်မှာတွေ့ခဲ့တာ။ လေးခွမှန်သွားတာတောင် ခွေးနှစ်ကောင်ကို အတင်းပြန်ကိုက်တာ မနည်းကိုရိုက်ယူရတယ်။ ကျုပ်သာအဝင်မဦး
ရင် ကျုပ်တပည့်နှစ်ကောင်မလွယ်ဘူး
တစ်သက်လုံးကြောင်ကိုက်ဖမ်းလာတဲ့
ကျုပ်ခွေးတစ်ကောင်တောင် မျက်လုံးထွက်သွားတယ်။ အဲ့တော့ ဒီကောင်ကို အခုပဲချက်ပြီး အရက်နဲ့မြည်းမယ်။ ဟင်းစားဖိုးအတွက် အရက်သုံးလုံးပဲပေး
ပြန်ယူသွားမောင်ခင် ဦးဖိုးအိကြောင်ကြီး
ကိုတော့ ငါမလုပ်ချင်ဘူး။
ခင်ဗျားကလဲ အခုမှသူတော်ကောင်းလုပ်နေ
သေးတယ်။ သူတော်ကောင်းလုပ်တာမဟုတ်
ဘူး ငါ့စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်နေတယ်
ဖြစ်နိုင်ရင်ရင် နောက်တစ်ကောင်ဖမ်းလာခဲ့
တော်ပြီးဗျာ ကွင်းထဲက ကြည်ဝင်းတဲမှာပဲ
သွားချက်စားတော့မယ်။
မောင်ခင်ကား ထိုနေ့ညကြောင်သားဟင်း
ဖြင့် စားသောက်ပြီး နောက်တစ်နေ့ရောက်တော့
ဝါးရုံကြားတွင်ပစ်ထားသောကြောင်
ခေါင်းပြတ်ကြီးကို ပြန်ယူလာ၍
ဦးဖိုးအိ အိမ်ရှေ့တွင်သွားပစ်ထား၏
ဦးဖိုးအိတစ်ယောက်အိမ်မှာမရှိတော့တာ
တစ်ပါတ်လောက်ကြာပြီဖြစ်၏။ မောင်ခင်နေ့
တိုင်း အိမ်ရှေ့မှာ မယောင်မလည်နှင့်အကဲသွား
ခတ်တိုင်းအိမ်ကိုတံခါးပိတ်ထားသည်ကိုတွေ့ရ၏။ ဒီအဖိုးကြီး သူကြောင့်သေလို့ စိတ်ထိ
ခိုက်ပြီး သူပါလိုက်သေသွားပြီလား
နောက်မှ သိရတာကတော့ ဦးဖိုးအိတစ်ယောက် သူ့ခြံလေးကို ရတဲ့ဈေးနဲ့ရောင်းပြီး
တောင်ပေါ်ကျောင်းမှာဘုန်းကြီးဝတ်သွားပြီဟု
သိရ၏။
တစ်လလောက်နေတော့ ဦးဖိုးအိခြံလေးသို့
ပိုင်ရှင်အသစ်များပြောင်းလာကြ၏
ထိုသူကား။ ဇီးဖြူရွာဘက်မှ ခေါင်ဖြူတင်
ဆန်းဆိုသည့်လူဖြစ်၏။ နံမည်နှင့်လိုက်အောင်
ခေါင်းမှာရှိသောဆံပင်တို့ကား ဆွတ်ဆွတ်ဖြူ
လျှက်ရှိ၏။ အသက်ကတော့သူနှင့်မတိမ်းမယိမ်း။ ဦးဖိုးအိ၏ အိမ်ကလေးကိုဖျက်ကာ
တိုက်ခံအိမ်ကြီးဆောက်လိုက်၏
တင်ဆန်းကား စကားပြောလျှင်ပြုံးပြုံးနှင့်
အလွန်စကားပြောချိုပြီး အပေါင်းအသင်းကလဲ ကျေးရွာအုပ်ချုပ်ရေးမှူးမှစ၍ မြို့နယ်ရဲမှူး
အထိ အကုန်ရင်းနှီး၏။ သူလုပ်တဲ့စီးပွါးရေကလဲ ဖဲဒိုင်ကိုင်၏ ကြက်ဝိုင်းလဲဒိုင်လုပ်၏
နွားကုန်လဲကူး၏။ တစ်နယ်လုံး ဘယ်မှာဘာ
အကြောင်းဖြစ်တာမှန်သမျှ သူမသိတာမရှိ
တင်ဆန်းအိမ်ပြောင်းလာပြီးမှ မောင်ခင်
တစ်ယောက် ညဘက် အော်ကျယ်အော်ကျယ်
မလုပ်တော့။ တင်ဆန်းအိမ်ထဲတွင် တိုက်ကြက် အကောင်းစားတွေလဲရှိသလို ကြောင်လဲ
သုံးလေးကောင်လောက်ရှိ၏
မောင်ခင်တစ်ယောက်သူခွေးတွေကိုမလွှတ်
ပဲ အမြဲတမ်းချည်ထားရ၏ လွှတ်ပြီးလျှင်လဲ
မျက်စေ့အောက်က အပျောက်မခံရဲ
ခေါင်ဖြူတင်ဆန်းကား သူနှင့် မောင်ခင်တို့
အိမ်ကြားကခြံကွက်လပ်လေးကိုဈေးကောင်း
ပေးဝယ်ကာ တိုက်ကြက်များမွေးရန်သံဆူးကြိုးဖြင့်အခိုင်အမာခြံခတ်လိုက်၏
မောင်ခင်တစ်ယောက် ခွေတွေကိုသန်းရှာပေးရင်း ခေါင်းရင်းခြံဘက်မှာ အမြဲတမ်းအလုပ်ရှုပ်နေသောခေါင်းဖြူကို မသိမသာလေး
အကဲခတ်ကြည့်နေ၏ သူခွေးအငယ်ကောင်
လဲကြောင်ကုတ်သည့်ဒဏ်ကြောင့်မျက်လုံးတစ်ဖက်မမြင်တော့။
ခေါင်းဖြူဒီရွာကိုရောက်လာကတည်းက
အဆင်ပြေတဲ့သူရှိသလိုအဆင်မပြေတဲ့သူတွေ
လဲရှိ၏။ သူတို့အိမ်နောက်ဘက်တွင် လွှစင်ကလေးဆောက်ပြီး လုပ်စားနေသော ကိုတင်လှကိုခေါ်ပြီး သစ်ကောင်းတွေဝယ်ပေးမည် စင်မှာခွဲလို့ရသမျှ သူကအပြင်မှာ ဖောက်သည်ရှာပွဲစားလုပ်ပြီးရောင်းပေးမည်ဟုဆိုသဖြင့်
ကိုတင်လှအတွက်အဆင်ပြေနေ၏
အခြားသောနှစ်ပေါက်တစ်ပေါက် ဒိုင်လျှို
လုပ်ရသော ဂွင်ကလေးများလဲသူ့ကြောင့်
အဆင်ပြေကြ၏။ သူများတွေအဆင်ပေပေမဲ့
အရက်ရောင်းသောကိုငွေလဲ အရင်လိုမချောင်
ဒီထက်ဆိုးတာကမောင်ခင် သူ့အိမ်က ခွေးတွေ
ကိုအပြင်ကိုထုတ်လို့မရ။ တင်ဆန်းသားနှစ်
ကောင်ကလဲ တကဲ့ မျောက်ရှုံးအောင်ဆော့တဲ့
ကောင်တွေ မောင်ခင် အလစ်မှာ ခွေးတွေကို
လေးခွဖြင့်လှမ်း၍ပစ်တတ်သေး၏
ဒီအကြောင်းတွေကိုငွေကိုပြောပြတော့
သွားမလုပ်နဲ့မောင်ခင် ဒီကောင်က တကယ့်
ကောင်နော် သူအိမ်ကို ဆိုင်ကယ်အနီလေး
စီးပြီးလာနေတာ ကျားလက်ဝါးထွန်းစိန်ဆို
တဲ့နယ်ထိန်းပဲ။
မောင်ခင်တစ်ယောက် အလုပ်ကလဲမရှိ
စားစရာလဲမရှိတော့စိတ်ညစ်ညစ်နှင့် ရေ
သောက်ပြီး ခဏမှိန်းနေလိုက်သည် အိပ်ယာကနိုးမှပဲ ကိုငွေ ဆီမှာထမင်းသွားစားတော့မည်။
ရုတ်တရတ်ဆူညံသွားသော ကြက်အော်
သံခွေးဟောင်သံများကြောင့် မောင်ခင်အိပ်ယာ
နိုးပြီး အသံလာရာဘက်ဆီသို့ အလန့်တကြား
ကြည့်လိုက်၏
သွားပြီ သူခွေးနှစ်ကောင် လွတ်ပြီး
တင့်ဆန်းခြံထဲကကြက်တွေကိုလိုက်ကိုက်နေပြီ
လုံချည်မနိုင် စလွယ်သိုင်းပြီး သူခွေးနှစ်ကောင်
ကိုလိုက်ဖမ်း၏။ ဒါပေမဲ့ သူနောက်ကျသွားပြီ
တိုက်ကြက်တစ်ကောင်ခွေးကိုက်လို့သေသွားပြီ
အုပ်ချုပ်ရေးမှူးကား
ဘယ်လိုလဲ မောင်ခင်မင်းခွေးနှစ်ကောင်သူများ
ခြံထဲကကြက်ကိုကိုက်သတ်လိုက်ပြီ မင်းဘယ်
လိုလုပ်မလဲ
ဟုတ်ကဲ့ ကျွန်တော် ကြက်ပိသာချိန်ရှိသ
လောက်တန်ဖိုးကိုလျှော်ပေးပါ့မယ်။
သူ့ပြောစကားကြောင့် တင့်ဆန်း အတော်ဒေါ
သထွက်သွားပုံရသော်လည်းမျက်နှာကိုပြင်လိုက်ပြီး ဟေ့ကောင်အဲ့ဒါနံမည်ကြီး တကယ်တိုက်ကြက်ကောင်းကွ ရွှေတစ်ကျပ်သားဖိုးပေး
ပြီးဝယ်ထားတာ မင်းအခုနေတဲ့ခြံကိုရောင်း
ရင်တောင် အဲ့လောက်ရမှာမဟုတ်ဘူး
ငါ့ကြက်က မင်းထက်တန်ဖိုးရှိတယ်
အနိုင်ကျင့်သလိုပြောနေပေမဲ့ မောင်ခင်
ဘာမှမပြောပဲတိတ်ဆိတ်နေ၏ တအောင့်နေ
တော့မှ ကျုပ်အခုဘာလုပ်ပေးရမလဲ
ကြက်ဖိုးလျော်စရာမလိုဘူး
ငါကျေအေးပေးလိုက်မယ်။ ဒါပေမဲ့ငါခိုင်း
တာတစ်ခုတော့လုပ်ပေးရမယ်
မောင်ခင်အခုမှ စိတ်သက်သာရာရသွားသလို
ဖြင့် ဟုတ်ကဲ့အစ်ကိုခိုင်းချင်တာခိုင်းလုပ်ပေး
ပါ့မယ်။ တင့်ဆန်းတစ်ခေါင်းလုံးဖြူနေသော
သူ့ဆံပင်များကို လက်နှင့်သပ်လိုက်ပြီး
တခြားတော့မဟုတ်ဘူး မင်းမွေးထားတဲ့
ခွေးနှစ်ကောင်ကို မင်းကိုယ်တိုင်သတ်ပေးရမယ်။ ဗျာ အဲ့ဒါတော့မလုပ်နိုင်ဘူး
ကျုပ်မှာသံယောဇဉ် ဆိုလို့ ဒီခွေးနှစ်ကောင်
ပဲရှိတာ ကျွန်တော့်သားသမီးလိုဖြစ်နေပြီ
မောင်ခင် ဘယ်လောက်ပဲ
အနူးအညွတ်တောင်းပန် တင့်ဆန်းကတော့လက်မခံ။ နောက်ဆုံး
သူနေတဲ့ခြံလေးကိုယူပါ ဆိုတာတောင်လက်မခံ ဘယ်လိုမှ ပြောမရတဲ့အဆုံးမောင်ခင်
ဘူးခံလေ၏ ကျုပ်ဘယ်နည်းနဲ့မှမလုပ်နိုင်ဘူး
တင့်ဆန်းမျက်နှာ တင်းမာသွားပြီး
အေးပြီး ခဲ့တဲ့နှစ် ကန်ကြီးဘက်မှာ စက်ဘီး
တစ်စီးနဲ့ နွားတစ်ကောင် ပျောက်သွားတဲ့ပြသနာကို အစမဖေါ်ခင် မင်းငါခိုင်းတာလုပ်ပါ
တင်ဆန်းတစ်ယောက် ပြောစရာရှိတာပြော
၍ လူကြီးအိမ်မှ ဆိုင်ကယ်မောင်းကာထွက်
သွားလေတော့၏။ မောင်ခင်တစ်ယောက်
လက်မှိုင်ချကာ သူပြောသမျှ လုပ်ရန်မှတစ်ပါး
မရှိတော့လေပြီ
ထိုနေ့ညက မောင်ခင်၏ ခြံဝင်းလေးထဲတွင်
ခွေးအော်သံများ လူငိုသံများဖြင့်ဆူညံနေတော့
၏။
ကိုငွေရေကျုပ်တော့ဒုက္ခရောက်နေပြီဗျာ
ဦးဖိုးအိကြောင်ကြီးကိုချက်စားပြီးကတည်က
ကျုပ်နဲ့ကြည်ဝင်း ဒုက္ခတွေရောက်ပြီး အိပ်
ကောင်းခြငါးမအိပါရ စားကောင်းခြင်းမစား
ရနဲ့ အခုလဲ ကြည်ဝင်း သစ်ပင်ပေါ်ကကျလို့
ဆေးရုံမှာ သတိလစ်နေပြီ
ကိုငွေတစ်ချက်စဉ်းစားလိုက်ပြီး
အေးကွာ ကြောင်သတ်တဲ့သူမပြောနဲ့
ကြောင်သေကြီးကို ကိုင်မိတဲ့ငါတောင် စိတ်ထဲ
မှာတစ်မျိုးကြီးဖြစ်ပြီးကျောချမ်းနေတာ
ငါလဲ နောက်တစ်ခါ ကြောင်နဲ့ပက်သက်ပြီး
ဘာမှမလုပ်တော့ဘူး။ မလုပ်ဆို အခုလက်ကျန်
လေးကုန်လို့နောက်ရက် ရောက်ရင် အရက်
ရောင်းဖို့ လိုင်စင်သမားက ခွင့်မပြုတော့လို
ဆိုင်ပိတ်ရတော့မယ်။ ပြီးရင်အခုလမယ့် ဘုရားပွဲမှာ အစ်မကြီးကငါ့ကိုရဟန်းဝတ်
ပေးမှာ ကိုးရက်ပြည့်လို့ လူထွက်ရင် လုပ်စား
ဖို့လယ်နှစ်ဧကပါပေးအုံးမှာ
ကိုငွေတစ်ယောက် ရဟန်းဝတ်ပြီ
သိမ်ဆင်းတဲ့နေ့ သန့်ရှင်းသော ရဟန်းတစ်ပါး၏
ပထမဆုံးရက်။ နေ့ဆွမ်းစားရန်တုန်းခေါက်
တော့ စားပွဲဝိုင်းတွင်ထိုင်လိုက်၏
ဒုလ္လဘရဟန်း များအတွက်သီးသန့်ခုံဝိုင်းများ
ပြင်ထား၏ ထိုစဉ်
ရင်တွေ တလှပ်လှပ်တုန်လာပြီးချွေးစေး
တွေထွက်လာ၏ လက်တွေကလဲကိုင်လို့မရ
တော့ မျက်လုံးထဲမှာလဲအစက်အပြောက်များ
ထင်လာ၏။ သူတစ်ခုခုလိုနေပြီ ဘာလိုတာလဲ
ဆိုတာသူ့ကိုသူသိ၏
သူရုတ်တရတ်ထ၍ကုဋီသို့အမြန်ဝင်ပြီး
လည်ချောင်းထဲလိုက်နှိုက်ကာအန်ထုတ်လိုက်
သော်လဲ စိတ်ထဲကပျို့ ပြီး လက်တုန်တာကရပ်
မသွားတဲအပြင်ပိုဆိုးလာ၏။ လူဝတ်လဲမှဖြစ်
တော့မယ်။ သူအရက်စွဲနေပြီ မသောက်ရင်မနေ
နိုင်တော့ ရဟန်းဝတ်ပေးသည့်အစ်မကြီးကိုလဲ
ဒေါသတွေ ထွက်နေ၏။ သူဆန္ဒမအောင်မြင်ပါ
ရဟန်းရှင်လူတို့၏ တိုက်တွန်းချက်ကြောင့်
သူလူဝတ်မလဲပဲ ရဟန်းဝတ်ဖြင့် အိပ်ယာထဲ
ဘုန်းဘုန်းလဲကာ အတော်လေးဆေးကုလိုက်
ရ၏။ တစ်လလောက်နေတော့ သူအရက်လုံး
ဝပြတ်သွားပြီး လူဝတ်လဲလိုက်၏
အရက်ကပြတ်သွားပေမဲ စိတ်ကတော့
သောက်ချင်နေမိ၏။ ဒီအတိုင်းကြာကြာနေရင်
အရက်ပြန်သောက်ဖြစ်တော့မည်။ နေရာသစ်တစ်ခုကို ခဏပြောင်းပြီး စိတ်သစ်လူသစ်
လေးနှင့်နေအုံးမည်။ ပန်းရံဆရာမောင်ညို၏
စည်းရုံးမှုကြောင့် ရန်ကုန်သို့လိုက်မသွားခင်
တစ်ရက်အလို အိမ်ထဲမှာ အရက်အမူး
လွန်ပြီးသတိလစ်နေစဉ်အိမ်မီးလောင်တဲ့ အထဲ
ပါသွား၍ ဆေးရုံမှာ သေခဲ့သော မောင်ခင်
အသုဘ ကို လိုက်ပို့ခဲ့သေး၏
မောင်ခင်ကတော့သူ့အကုသိုလ်တွေနှင့်
သွားပြီ။ တစ်ဘက်တစ်လမ်းကမြေတောင်
မြှောက်ပေးခဲ့သည့် သူ့အလှည့်ပဲကျန်တော့၏
ဦးဖိုးအိတစ်ခါက ပြောခဲ့ဘူသည့် ကြောင်တွေ
ဟာ ကျိန်စာတိုက်တတ်တယ်ဆိုတာ ဟုတ်များ
ဟုတ်နေမလား
ရန်ကုန်ရောက်တော့ ဆောက်လုပ်ရေးဆိုဒ်
တွင်လက်သမားဝင်လုပ်၏။ အခုတော့အရင်
ကလို အရက်ရောင်းသည့်အရက်သမားကိုငွေ
မဟုတ်တော့ အလုပ်ကြိုးစားသည့်လူရိုး
ကြီးမောင်ငွေဖြစ်နေဖြစ်နေ၏။ သူအလုပ်
ဝင်ပြီးသုံးလကျော်လောက်အထိ အဆင်ပြေ
နေသေး၏။ သူတို့နေသည့်အလုပ်သမား
အိပ်ဆောင်ဘေး တွင် အဝါရောင်ပိုင်ရှင်မဲ့ကြောင်တစ်ကောင်လာကပ်နေ၏
ကြောင်ကိုမြင်လျှင်သူ့အတိတ်ကိုသတိ
ပြန်ရ၏။ ထို့ကြောင့် ဝေးဝေးကရှောင်ပြီး
ကြောင်နှင့်မပက်သက်မိအောင်နေ၏
သူကမပက်သက်ချင်ပေမဲ့ ကြောင်ကတော့
ပက်သက်ချင်နေပုံရ၏။ တံခါးမလုံသော သူ့ရဲ့
အခန်းဟောင်းလေးထဲကို အချိန်မရွေးဝင်ထွက်သွားလာနေတတ်ပြီး လူလဲ ကြောက်ပုံမရ
သူများကျွေးမှစားရမည့်ဘဝမို့ သူများစေတနာ
ထားချင်အောင်လဲနေတတ်၏
သူအသုံးချခဲ့သောကြောင်တွေက အသေ
ကောင်တွေ အခုကအသက်ရှိသည့်ကြောင်
တစ်နေ့ ကိုငွေတစ်ယောက်ဘိလပ်မြေ
အိတ်ကို ကောက်ပြီးထမ်းလိုက်ရာ ခါးထဲက
မျက်ကနဲဖြစ်သွားပြီး နောက်တစ်နေ့ မနက်
ရောက်တော့ အိပ်ယာကမထနိုင်တော့ သဖြင့်
အလုပ်နားလိုက်ရ၏။ သူ့အထင်တော့ တစ်
ရက်လောက်နေရင်ကောင်းသွားမှာပဲဟုထင်
ထားခဲ့ပေမဲ့ တစ်ပါတ်လောက်ကြာသည်အထိ
တော့ လမ်းကောင်းမလျှောက်နိုင်
မရတော့တဲ့အဆုံး အရိုးအကျောဆေး
ခန်းတစ်ခုမှာ စမ်းသပ်ကြည့်တော့ အကြော
ညပ်တာ နောက်နှစ်ပါတ်လောက်နေရင်ပေါ့ပေါ့
ပါးပါးအလုပ်တွေလုပ်နိုင်မည် အခုတော့နား
နေအုံးပေါ့။ အလုပ်သမားလိုင်းခန်းရှိသည့်အ
တွက်နေစရာမပူရပေမဲ့ စားဖို့ကခက်ခဲလာပြီ
ဆေးဖိုးဝါးခနှင့်စုထားတဲ့ ပိုက်ဆံလေးတွေကုန်
ပြီ။ စားဖို့မရှိတော့မောင်ညိုတို့လင်မယားကထမင်းပို့ပေး၏
တစ်ရက်နှစ်ရက်တော့အဆင်ပြေနေသေး၏
နောက်တော့ မောင်ညိုတို့လင်မယားကိုအား
နာသဖြင့်တေ့လယ်စာထမင်းတစ်နပ်စာပဲယူပြီး
မနက်စာကို လဘက်ရည် ဆိုင်တွေဘက်သွား
ပြီးမနက်စာစား၏
တကယ်တော့ မနက်စာဆိုပြီး ဟန်ပြအပြင်
ထွက်တာပါ သူ့မှာဝယ်စားဖို့ လက်ထဲမှာလဲ
ငွေတစ်ကျပ်မှမရှိ။ တစ်မနက်ခင်းလုံး မစားပဲ
အဆာခံနေပြီး နေ့လည်စာလာပို့ပေးသော
ထမင်းပန်းကန်ပြားလေးကို နေ့လည်စာ တစ်ဝက် စား၏ ကျန်တာလေးကို ညနေ အဆာပြေ
စားပြီးရေကိုအဝသောက်၍ ၂၄နာရီ ကိုထမင်း
ပန်းကန်ပြားလေးတစ်ချပ်ဖြင့်အသက်ဆက်နေ
ရ၏
တဖြည်းဖြည်းနှင့်ခါးနာတဲ့ရောဂါအပြင်
အစာအိမ်ရောဂါပါ ထပ်တိုးလာတော့မည်
တစ်ခါတစ်လေ ရွာပြန်ပြီးဘဝကို ဖြစ်သလို
ပြန်နေချင်စိတ်တွေပေါက်သွားမိပေမဲ့ ဒီဘဝ
မှာဝဋ်ကြွေးရှိရင်လဲဆပ်တော့မည်ဆိုပြီး
တင်းခံနေမိ၏။ တစ်နေ့ ဆောက်လုပ်ရေး
ဝင်းမှအတော်လေးလှမ်းသော လမ်းဘေး
ခေါက်ဆွဲဆိုင်လေး၏ အုတ်ခုံပေါ်တွင်ထိုင်နေ၏။ အချိန်ကား နေ့လည်တစ်နာရီထိုးပြီ
ဒီနေ့မောင်ညို့မိန်းမ ဈေးဝယ်ထွက်ရင်း
သူတို့မိသားစု အပြင်မှာစားကြမည်ဖြစ်၍
ထမင်းလာမပို့တော့ဟုအကြောင်းကြားထား
၏။ လကုန်ရက်ဆိုတော့ လဲ ငွေယားလေးတွေ
နှင့် စားသောက်ကြအုံးမှာပေါ့လေ
သူတို့မိသားစု ထမင်းမချက်ဖြစ်၍ ဒီနေ့အဖို့
သူ့မှာစားစရာမရှိ။ ဗိုက်ကလဲဆာလွန်း၍
ကတုန်ကရင်တွေပါဖြစ်နေပြီ ဒီပုံစံနဲ့တစ်နေကုန်နေပြီး နောက်တစ်နေ့ရောက်အောင်ဖြတ်သန်း
ရအုံးမည်။ ခပ်လှမ်းလှမ်းစားသောက်ဆိုင်မှ
အကင်တွေ အကြော်တွေကလဲ သူ့ကို အနံ့နဲ့
နှိက်စက်နေသဖြင့်
ဆာလွန်းလို့သွားရည်တောင်
ကျနေပြီ။ နားရွက်မှာထိုးထားသော လက်သမားဆောက်ရိုးကဲ့သို့ ဖင်စီခံဖွာလန်နေသည့်
ဆေးပေါ့လိပ်အတိုလေးကို မီးညှိကာ ဖွာလိုက်၏။ ထိုစဉ် မောင်ညို့သားအငယ်လေးမှ
ဦးငွေကြီးအတွက် သားတို့အပြင်က ဘဲကင်
နဲ့ထမင်းပေါင်းဝယ်လာတာ ဦးအခန်းထဲက
ဘီရိုပေါ်တင်ထားခဲ့တယ် သွားစားလိုက်အုံးနော်။ ကိုငွေရင်ထဲမှာဝမ်းသာလုံးဆို့ပြီး
အေးအေး အဲ့ဒါဆိုသွားစားလိုက်အုံးမယ်
ကိုငွေတစ်ယောက် အပြေးတစ်ပိုင်းဖြင့်အမြန်
ပြန်လာခဲ့ပြီး အိမ်ထဲ သို့လှမ်းဝင်လိုက်၏
သို့သော် သူအရမ်း မျှော်လင့်လင့်ထား
သော ထမင်းပေါင်းနှင့် ဘဲကင် ထုပ်လေးအား
ကြောင်ဝင်စားမက အရင်ဦးအောင် အားပါး
တစ်ရ စားနှင့်နေပြီ အမောတကော့နှင့်ပြန်လာ
သောကိုငွေ ဒေါသလုံးဆို့သွားပြီး မျက်လုံးတွေ
ပါပြာသွား၏။ စိတ်ထဲကလဲ ဒင်းကို စိစိညက်
ညက်ကြေအောင်လုပ်ပစ်မယ်ဟုဆိုကာ
တံခါးချောင်ထဲမှ သံတုတ်ကိုဆွဲ၍ အနား
သို့ဖြည်းဖြည်းချင်းကပ်လိုက်၏
ဘယ်တုန်းထဲက ငတ်နေမှန်းမသိသော
ကြောင်မကား အစာဇောကပ်နေ၍ အနောက်ကရန်သူကိုတောင်သတိမထားမိ
ကိုငွေလက်ထဲကသံတုတ်ကို မြှောက်ထား
ရင်း သူအတွေးတစ်ချက်ဝင်လာ၏ ငါရိုက်
လိုက်ရင်သူတစ်ချက်ထဲနဲ့ အသက်ထွက်သွား
မှာ။ အစားတစ်နပ်နဲ့ သူ့အသက်တစ်ချောင်း
တန်ရဲ့လား အပြင်က အသက်တစ်ချောင်းဆို
ပေမဲ့ ဒီကြောင်မက ဗိုက်ထဲမှာ ကိုယ်ဝန်နေ့စေ့
လစေ့ကြီး။ သူ့မျက်လုံးထဲမှာ သူအရင်က ကိုယ်တိုင်မသတ်ခဲ့ပေမဲ့ ဖြတ်တောက်ပြီးချက်ပြုတ်ခဲ့သော ကြောင်အသေကောင်တွေကိုပြန်မြင်
လာ၏။ အထူးသဖြင့် ကျိန်စာတိုက်သည်ဟု
အယူရှိခဲ့သော ဦးဖိုးအိ၏ ကြောင်ကြီး..
သူတိတ်တိတ်လေးသက်ပြင်းချကာ အနားမှ
အသာလေးပြန်လှည့်ပြီး ခပ်လှမ်းတွင်ထိုင်၍
သံတုတ်ကို ဘေးမှာချထားလိုက်၏
တစ်ခွီးခွီးမာန်ဖီရင်း ကြက်ရိုးကိုဖြောက်ဖြောက်ကိုက်နေသောမြင်ကွင်းကို စိမ်ပြေနပြေကြည့်ပြီး ရေအိုးထဲမှ ရေကို ခွက်အပြည့်ခပ်ကာ
သောက်ချလိုက်၏
ကဲနင်လဲ ကြိုက်သလိုစားတော့ငါလဲ ရေ
သောက်ပြီး ခွေအိပ်လိုက်မယ်
နုံးနုံးချိချိဖြင့်ဘယ်လောက်ကြာအောင်
အိပ်ပျော်သွားမှန်းမသိ နားထဲမှာ ဆူညံသံတွေ
ကို အိပ်မက်လိုလို အပြင်မှာလိုလိုကြားနေရ၏
သုညတစ်သုံးဟေ့ ဟူသော စူးစူးဝါးဝါး
အော်လိုက်သံကြောင့် အိပ်ယာမှလန့်နိုးသွား
လေ၏။ ကိုငွေရေ ကိုငွေ ၀၁၃ ထွက်တယ်ဟ
ကိုငွေအိပ်ယာမှ ငေါက်ကနဲ ထထိုင်ပြီး
ဖျာအောက်ထဲက ဘောက်ချာစာရွက်ကိုနှိုက်
ယူလိုက်၏။ သူအလုပ်ဆင်းနေတဲ့ရက်တုန်းက
တစ်ထောင်ဖိုးထိုးထားသော ချဲဘောက်ချာ
စာရွက်ကလေးကို တုန်တုန်ယင်ယင်ကိုင်ရင်း
မျက်ရည်များကျနေတော့၏
တစ်ထောင်ဖိုး အလျှော်ပိုက်ဆံ ငါးသိန်း
ထုတ်လို့ရချင်း ထမင်းပေါင်းထုပ် ခေါက်ဆွဲကြော်ထုပ်တွေနှစ်သောင်းဖိုးလောက်ရအောင်
ချက်ချင်းဝယ်ပြီးအနားပါတ်ဝန်ကျင်ကလူ
တွေ ခွေလေခွေးလွင့် ကြောင်ဝင်စားတွေပါ
အကုန်ကျွေးလေ၏။ ညဆယ်နာရီထိုးတော့
ကျွေးရမွေးရလွန်းလို့ သူဖတ်ဖတ်မောနေပြီ
အခုမှသတိရသည် သူ့ဗိုက်ထဲကို တော့တစ်
လုတ်မှဝင်အောင်မစားဖြစ်သေး။ ဒါပေမဲ့
စားဖို့မလိုအောင်ဗိုက်ပြည့်နေပြီ။
သူခါးနာရောဂါကောင်းတော့ အရင်လို
အလုပ်ကြမ်းပြန်မလုပ်တော့ပဲ ဆောက်လုပ်
ရေးပိုင်ရှင်သူဌေး၏ ခွင့်ပြုချက်ဖြင့် လွတ်နေ
သောဆိုင်ခန်းနေရာ လေးမှာ တစ်နိုင်တစ်ပိုင်
ဆင်းရဲသားထမင်းဆိုင်လေး ဖွင့်၏
အရင်တောမှာထဲက အရက်ရောင်းရင်း
အချက်အပြုတ်လုပ်ခဲ့တဲ့သူဖြစ်ရာ လူတန်း
စေ့ အဆင်ပြေအောင်ရောင်းတတ်သဖြင့်
တော်တော်လေးကိုရောင်းရလေ၏
တစ်ခုတော့ရှိ၏ သူဆိုင်တွင် အရက်မရောင်း
သလို အရက်သောက်ဖို့လဲခွင့်မပြု
မောင်ညိုက မည်သို့ ဝါဒဖြန့်ထားသည်မသိ
ကိုငွေကို ဘုန်းကြီးလူထွက် လူပျိုကြီး လူတော်
လူကောင်းကြီးတစ်ယောက်အဖြစ် တစ်ရိုတစ်
သေရှိကြ၏။ တကယ်တော့ဘုန်းကြီးဝတ်တာ
လဲ တစ်လလောက်အရက်ပြတ်ရုံဝတ်ခဲ့တာပါ
ဘယ်လိုပဲဖြစ်ဖြစ် အရင်ကလို ဖြစ်ကတတ်ဆန်းမဟုတ်ပဲ လူကြည့်ကောင်းအောင်သပ်သပ်
ရပ်ရပ်လေးဖြစ်လာ၏။
အခုတော့ ကိုငွေတစ်ယောက် တဖြည်းဖြည်း
ချင်းစီးပွါးတက်လာကာ ထမင်းဆိုင်ပိုင်ရှင်
တောင်ဖြစ်နေပြီ။ တာမွေမေတ္တာညွန့်ရပ်ကွက်
ထဲမှာလဲ တိုက်ခန်းလေးတစ်ခန်းပင် ဝယ်ထား
ပြီးပြီ။ သူ့မှာ အသိမိတ်ဆွေတွေပေါပေမဲ့
သူ့တိုက်ခန်းကို တော့ သိပ်မသွားချင်ကြ
အဘယ်ကြောင့်ဆို သော်သူမွေးထားသော
ကြောင်တွေ အလွန်များ၍ မျက်စေ့နောက်စရာ
ကောင်းလှသောကြောင့်ဖြစ်၏
ဘယ်သူတွေကပဲ ကြောင်တွေကို မျက်စေ့
နောက်ပါစေထိုကြောင်တွေ၏ တာဝန်ကို
မညည်းညူပဲ ပြုစုပေးနေသော အသက်သုံးဆယ်ခန့်အသားဖြူဖြူခပ်ချောချောအမျိုးသမီးတစ်ဦးတော့ရှိ၏
ထိုအမျိုးသမီးကလည်း ကိုငွေ၏
မိန်းမပင်ဖြစ်လေ၏……
( ဤစာကိုရေးသော ကျွန်တော်သည် ထိုဆောက်လုပ်ရေးကုမ္ပဏီတွင် အလုပ်လုပ်ခဲ့စဉ်က
သိကျွမ်းခဲ့သော အလုပ်သမားကြီး၏အကြောင်းကို အဆင်ပြေအောင် ဖော်ပြထားခြင်းဖြစ်ပါ
သည်)
သတ္တဝါများကို မေတ္တာထားနိုင်ကြပါစေ
#ဟန်လင်း#

Zawgyi Version

က်ိန္စာတိုက္တဲ့ေၾကာင္(စ/ဆံုး)
————————————-
ေၾကာင္သည္ အလြန္မာနႀကီးၿပီးအိေျႏၵရွိေသာ
သတၱဝါျဖစ္၏။ လူတို႔၏အိမ္ေမြးတိရိစာၦန္
မ်ားထဲတြင္ေခြးကားပထမဆိုလွ်င္ ေၾကာင္ကားဒုတိယဟုဆိုရေပမည္။ က်ားႏွင့္
ျခေသၤ့တို႔ပင္ေၾကာင္ႏွင့္တူေသာေၾကာင္မ်ိဳး
ရင္းေၾကာင္အႀကီးစားႀကီးမ်ားျဖစ္ၾကေလ၏
ေၾကာင္သည္ေခြးကဲ့သို႔လူႏွင့္အလြန္နီးစပ္ေသာ္
ေခြးကလူကိုခင္ၿပီး ေၾကာင္က လူထက္အိမ္ကို
ပိုခင္တတ္ေလ၏။ ေရွးလြန္ခဲ့ေသာႏွစ္သုံးေထာင္ခန္႔က အီဂ်စ္ျပည္တြင္ေၾကာင္သတၱဝါေတြ၏ ကံအေကာင္းဆုံးႏွင့္ အရွိန္အဝါႀကီးေသာေခတ္တစ္ေခတ္ရွိခဲ့ဘူး၏။
အီဂ်စ္လူမ်ိဳးေတြက ေၾကာင္ကို ႐ိုေသၾက၏
ခ်စ္ၾက၏ အထြတ္အျမတ္ထားၿပီး ျပဳစုယုယ
ၾက၏။
ျမန္မာလူမ်ိဳးတို႔တြင္လဲ ေၾကာင္ႏွင့္ပက္
သက္ေသာအေၾကာင္းအရာမ်ား ပုံျပင္မ်ား
စာေပမ်ား စကားပုံမ်ားစြာရွိေလ၏ ငယ္ငယ္
တုန္းက အၿငိမ္မေနသေလာက္ ႀကီးလာလို႔
တည္ၿငိမ္ေနရင္ ေၾကာင္လိုေကာင္ဟုတင္စား
တတ္ၾကသလို အျပင္ပန္းလူျမင္ကြင္းမွာေအး
သေလာက္ မျမင္ကြယ္ရာမွာ ကျမင္းတတ္သူ
ကို ေၾကာင္ေခ်း ဘာအရင္းအႏွီးမွ မစိုက္ထုတ္
ပဲ အေခ်ာင္စားေနရသူကို စားေနက်ေၾကာင္ပါး
မိန္းကေလးငယ္မ်ား ခ်စ္သူမရခင္က ဗိုင္း
ေကာင္းေက်ာက္ပိႏွင့္ အလြန္ေအးသေလာက္
အႀကိဳက္ေတြ႕ေသာအခါ ေကာက္ေကာက္ပါ
ေအာင္လိုက္သြားလွ်င္ ဘိုးေတာ္ေၾကာင္ဟုဉပမာေပးၾကပုံ စသည္တို႔ကိုေထာက္ျခင္းအားျဖင့္
ကုန္းေဘာင္ေခတ္က ဘိုးေတာ္ ဗဒုံမင္းႏွင့္
အႀကိဳက္ေတြ႕လွ်င္ဘုရင့္ပြဲေတာ္
အုပ္ေတာင္ ခလုတ္
တိုက္သည့္ ေၾကာင္ကုတ္ကျမင္းေလး၏
ဗီဇကိုေဖာ္ထုတ္ခဲ့ေသာ ပညာရွိဦးေပၚဦးတို႔
၏ ရယ္စရာ ဇာတ္လမ္းကေလးမ်ားအရ
ရွင္ဘုရင္ႀကီးေတာင္ေၾကာင္ကိုခ်စ္တတ္လွ်င္ နန္းေတာ္ထဲတြင္လဲေၾကာင္ေတြ အေတာ္ အခြင့္အေရးရမည္ခန္႔မွန္းႏိုင္ေပ၏
စားၿပီးရင္အိပ္
စိတ္ပါရင္ႂကြက္ခုတ္ သူ႔အလုပ္ကေတာ့ဒါပဲရွိ
၏။ ဒီထက္ပိုၿပီး အသုံးဝင္သည့္ ေၾကာင္စြမ္း
ေကာင္းကေလးမ်ား တစ္ေကာင္တစ္ေလရွိ
တတ္ေသာ္လည္း မ်ားေသာအားျဖင့္ သိပ္အား
မကိုးရေသာေၾကာင္ေတြကမ်ား၏
ခြၽင္းခ်က္အေနျဖင့္ ေၾကာင္ေတြကို အသုံး
ဝင္ၿပီးလူႀကိဳက္မ်ားလာေအာင္ဖန္တီးေပး
ႏိုင္သည့္ လူတစ္ေယာက္ေတာ့ရွိဘူးေလ၏
ထိုသူကား ကိုေငြဆိုသည့္ အသက္ေလးဆယ္
ေက်ာ္လူပ်ိဳးႀကီးတစ္ေယာက္ပင္ျဖစ္၏
အသားမဲမဲ သြားရဲရဲ လုံခ်ည္ကိုဆီးစပ္ေပၚ
ေအာင္ခ်က္ျပဳတ္ဝတ္ၿပီး ၾကယ္သီးမရွိေသာ
အက်ႌကိုအၿမဲတမ္းဝတ္ကာ အသံျပာျပာႏွင့္
စကားေျပာတတ္သည့္လူပ်ိဳႀကီးကိုေငြတြင္
လိုင္စင္ရဆိုင္ကို လိုင္းေၾကးေပးၿပီးေရာင္း
ေသာခေနာ္ခနဲ႔ အရက္ဆိုင္ကေလးတစ္ခုရွိ၏
သူကားေၾကာင္ေတြကို လိမၼာေအာင္သင္
စရာမလိုပဲ စားေကာင္း၍ အရက္ႏွင့္ျမည္းလို႔
ရေအာင္ခ်က္ၿပီးေရာင္း၏ သူ၏အရက္ဆိုင္
ေလးတြင္ ေၾကာင္သားဟင္းကား အၿမဲတမ္း
လိုလိုရသျဖင့္ အေတာ္ေလးနာမည္ရၿပီး
ညေနေစာင္းလွ်င္ လူစည္ေနတတ္၏
ေၾကာင္သားအျမည္းႏွင့္နာမည္ရေသာဆိုင္
ဖယိုဖရဲေလးတြင္ ႏွစ္ခ်ီ၍ ေသာက္ေသာအရက္သမားမ်ားလည္းၾကာလာလွ်င္ ေၾကာင္
စိတ္ေပါက္ၿပီး ေၾကာင္ေတာင္ေတာင္
ေတြျဖစ္ကာ တစ္ကိုယ္လုံးေဖာၿပီးေရွာသြား
ရသည့္ ေၾကာင္ေဖာေရွာ ေတြမ်ားသျဖင့္
ထိုအရက္ဆိုင္ေလးကား ေၾကာင္ေဖာေရွာ
အရက္ဆိုင္ဟုသာ အမည္ေပးလွ်င္ ႏိုင္ငံပင္
ေက်ာ္ေလာက္ပါ၏။
သူဆိုင္ေလး၏ ေရာင္းလိုအားကို
အက်ိဳးျပဳေနသည့္ ေၾကာင္ကုန္ၾကမ္းမ်ား
ကိုရွာေဖြေပးသူကား ေၾကာင္လိုက္မုဆိုး
ေမာင္ခင္ျဖစ္၏။
နာမည္က ေမာင္ခင္ လူကေတာ့ ခင္ခ်င္
စရာတစ္ကြက္မွမရွိသူ။ အသိုင္းအဝိုင္းမယ္မယ္ရရလဲမရွိ။ တစ္ေန႔လုပ္တစ္ေန႔စား ဘဝကို
ျဖစ္သလိုနဲ႔ေပ်ာ္သလိုေနတတ္သူ ပူပင္ေၾကာင့္
ၾကစရာလဲသူ႔ဘဝမွာမရွိ။ ညေနတိုင္းကိုေငြဆိုင္မွာပုံမွန္ေဖာက္သည္။ သူ႔ရဲ႕ေလးတိုင္စင္
အိမ္ကေလးတြင္ ေခြးႏွစ္ေကာင္ႏွင့္အတူေန၏
သူကေခြးေတြကိုအရမ္းခ်စ္သလိုဂ႐ုလဲအရမ္းစိုက္၏။ အိမ္ေလးကမေျပာင္မေယာင္ေခြးႏွစ္ေကာင္ကလဲတစ္ေဟာင္ေဟာင္ သူ႔ဘဝႏွင့္သူ
ေတာ့ အဆင္ေျပလြန္းေန၏
ညေနပိုင္းေနအနည္းငယ္ေစာင္းတာႏွင္
ေလာက္ေလးခြကို လြယ္အိတ္ထဲထည့္ေပါက္
ျပားတစ္လက္ႏွင့္ ေခြးႏွစ္ေကာင္ကိုေခၚၿပီး
ႂကြက္လိုက္ျခင္း လမ္းမွာေတြ႕ေသာငွက္ကို
ေလာက္ေလးခြျဖင့္ပစ္၍ မိုးခ်ဳပ္ကာနီးၿပီဆို
အိမ္းအျပန္လမ္းက ကိုေငြတို႔ဆိုင္မွာ အရက္
ဝင္ေသာက္၏
ေမာင္ခင္သည္ ပုံမွန္အားျဖင့္ သူလိုကိုလို
ပုံမွန္စိတ္ျဖစ္ေသာ္လဲ မူးလာလွ်င္ အေတာ္ေလး႐ိုင္းစိုင္း၏။ ေသစာရွင္စာေတာင္
ေျဖာင့္ေအာင္မဖတ္တတ္သျဖင့္ အလိမၼာစာမွာ
ရွိဆိုတဲ့ စကားသည္ သူႏွင့္လားလားမွ်မသက္ဆိုင္။
ေမာင္ခင္၏ ေတာင္ဘက္တစ္ၿခံေက်ာ္တြင္
ဦးဖိုးအိဟုေခၚေသာ အသက္ေျခာက္ဆယ္ဝန္း
က်င္လူႀကီးတစ္ေယာက္ရွိ၏။ သူကလဲတစ္
ကိုယ္တည္းသမားသားတစ္ေယာက္ရွိတာလဲ
အေဝးမွာအိမ္ေထာင္က်ေန၍ တစ္ႏွစ္ေနလို႔
တစ္ေခါက္မလာျဖစ္။ ၿခံထဲတြင္
လူတစ္ေယာက္စာ အိမ္ကေလးတစ္လုံးေဆာက္ၿပီး ေတာင္း ဆန္ေကာ ဆန္ကာ တို႔ကိုရက္
လုပ္ၿပီးေရာင္းလို႔ရတဲ့ ေငြေလးကို ျခစ္ျခဳတ္
ေခြၽတာလွ်က္ စားလို႔ပိုတာေလးေတြကို
လႉလိုက္ႏွင့္ တစ္ကိုယ္တည္းဘဝကို ျဖတ္
သန္းေနသူျဖစ္၏
ထူးျခားခ်က္အေနျဖင့္ သူတြင္ အသက္ငါး
ႏွစ္အ႐ြယ္ ေၾကာင္အျဖဴအနက္က်ားႀကီးတစ္ေကာင္ရွိ၏။ ႐ြာသစ္ႀကီးဘက္ကို ေအာ္ဒါမွာထားေသာဆန္ကာေလးေတြသြားပို႔ရင္း လမ္းမွာမိုးခိုေနတုန္း သစ္ျမစ္အေခါင္းထဲက ေကာက္ရလာျခင္းျဖစ္၏
ေၾကာင္ႀကီးက တစ္ေသြးတစ္ေမြးႏွင့္
ဝဝတုတ္တုတ္ခ်စ္စဖြယ္အလြန္ေကာင္းၿပီး
ဦးဖိုးအိကလဲ လူသားတစ္ေယာက္လိုခ်စ္ခင္
ဂ႐ုစိုက္မႈေတြေၾကာင့္ သူႏွီးျဖာေနေသာအခ်ိန္
တိုင္းလိုလိုေဘးနားမွာထိုင္ၿပီးအိပ္ငိုက္ေနတတ္
၏။ စားလဲအတူ အိပ္လဲအတူ လူတစ္ေယာက္လိုအေဖာ္ျပဳၿပီး ေနၾကသည္မွာ
လမင္းႀကီးဟုေျပာလိုက္လွ်င္ဆန္ဖြပ္သည့္ အဖိုးအိုႏွင့္ ယုန္႐ုပ္ကိုေျပးျမင္မိသကဲ့သို႔
ဦးဖိုးအိဟုေျပာလိုက္လွ်င္ သူ႔နားမွာအၿမဲတမ္း
ထိုင္ေနေသာေၾကာင္ႀကီးကိုပါတြဲ၍ျမင္မိၾကေပမည္။
ဦးဖိုးအိ၏ အိမ္ေျခရင္းတစ္ၿခံေက်ာ္တြင္
ဆယ့္ႏွစ္ရာသီမာန္ဖီေနေသာ ေခြးဆိုးႏွစ္
ေကာင္ႏွင့္ ေၾကာင္မုဆိုး ဖိုးခင္ တို႔ရွိၾကေလရာ
သူ႔အခ်စ္ေတာ္ေၾကာင္ႀကီးကို ေန႔ေန႔ညညအၿမဲတမ္းစိတ္ပူေနရမည္ဆိုတာအထူးေျပာစရာမလိုေတာ့ေပ။ ဒါေပမဲ့အဖိုးႀကီးက ေမာင္ခင္ကို
တည့္ေအာင္ေပါင္း၏။ သူမူးၿပီးအခ်ိန္မေတာ္
ထဆဲေနလဲ တစ္ခြန္းမေျပာ။ယုတ္စြအဆုံးအရက္ဖိုးမရွိလို႔လာၿပီးပိုက္ဆံေခ်းရင္ေတာင္
ရွိစုမဲ့စုေလးေတြေပးၿပီး ျပန္မေတာင္းတတ္
ေတာင္းလဲေပးမဲ့ေကာင္မဟုတ္
အခ်ိန္ၾကာလာေတာ့ ေမာင္ခင္တစ္ေယာက္
ဦးဖိုးအိ၏ ႏိုင္ကြက္ကိုသိလာေတာ့ တျဖည္း
ျဖည္းအႏိုင္က်င့္ရာမွလူပါးဝလာ၏
ဦးဖိုးအိပိုင္ဆိုင္သမွ် သူ႔သေဘာႏွင့္သူ ခြင့္မ
ေတာင္ပဲ ယူ၏။ အရက္မူးလာလွ်င္နာမည္
ပါတပ္ၿပီးဆဲ၏။ ပါတ္ဝန္းက်င္ကမေက်နပ္
လို႔ လူႀကီးအိမ္သြားတိုင္ရင္ေတာင္ သူကအရင္
ေက်ေအးေပးသျဖင့္ ၾကာလာေတာ့လူေတြလဲ
အမုန္းမခံေတာ့
ေဆြမ်ိဳးညာတိနည္းရွာေပမဲ့ ဦးဖိုးအိ ဒီေလာက္ေတာ့ သတၱိနည္းလွသည္မဟုတ္
ဒါေပမဲ့ သူ႔သားသမီးလိုျဖစ္ေနသည့္ေၾကာင္
ႀကီး၏ အသက္ကို ရန္ရွာမည္စိုး၍သာ ေခါင္း
ငုံ႔ခံေနမွန္းလူတိုင္းသိ၏
စာေပက်မ္းဂန္ထဲတြင္ လူယုတ္မာအား
ဇာတိေျမကိုစြန္႔၍ ေရွာင္ၾကဥ္အပ္၏ဟု
ဆိုထားေသာ္လည္း အသက္ႀကီးမွေရၾကည္ရာ
ျမက္ႏုရာရွာဖို႔ခက္သည့္အတြက္ သည္းခံျခင္း
တရားကိုပဲစြဲၿမဲထားေနရ၏
အရိယာမဟုတ္ေသာ ဦးဖိုအိမွာလဲ ၾကာလာ
ေတာ့ တစ္ခါတစ္ေလသည္းမခံႏိုင္ေသာအခိုက္အတန္႔ေလးတစ္ခ်ိန္ေတာ့ရွိလာေလ၏
ထိုအခ်ိန္ကား
ျပာသိုလ ညဘက္ အခ်ိန္ ဦးဖိုးအိတစ္ေယာက္
ဆန္ကာရက္ရန္အတြက္မီးခြက္မွိန္မွိန္ေလးတစ္
လုံးႏွင့္ႏွီးျဖာလွ်က္ရွိ၏
ဦးဖိုးအိမအိပ္ေသးဘူးလား
မီးေရာင္ကိုလက္ကကြယ္ၿပီးၾကည့္လိုက္ေတာ့
ေမာင္ခင္ျဖစ္ေန၏
လာေလကြာ ညဘက္ႀကီး ဘာအေၾကာင္း
ရွိလို႔လဲ။ ဒီလိုဗ် ကြၽန္ေတာ့မိတ္ေဆြတစ္
ေယာက္လာလည္တာ အရက္တိုက္ခ်င္လို႔
ပိုက္ဆံလာေခ်းတာ
မရွိေသးပါဘူးငါ့တူရာ
ဘႀကီးရာေျဗာင္လိမ္မေနပါနဲ႔ ေန႔လည္ကမွာ
ေတာင္းေတြသြားေရာင္းထားတဲ့ပိုက္ဆံရွိတာ
က်ဳပ္သိတယ္။ က်ဳပ္ရွာလို႔ေတြ႕ရင္ယူရမလား
ေမာင္ခင္ကား တိုင္မွာခ်ိတ္ထားေသာ
ရွပ္အက်ႌအေဟာင္းေလး၏ အိတ္ကပ္ထဲတြင္
ပိုက္ဆံရွိေနမွန္းသိ၏။
အဲဒါေတာ့မလုပ္နဲ႔ကြာ မနက္ဖန္ႏွီးဝါးဖိုးနဲ႔
ဘုရားပြဲအလႉအတြက္ဖယ္ထားတာ
တစ္ရက္ႏွစ္ရက္ထဲပါဗ်ာ
မူးေနေသာေမာင္ခင္ ဘာမေျပာညာမေျပာ
ႏွင့္႐ုတ္တစ္ရက္ထၿပီး အိတ္ထဲကပိုက္ဆံကိုႏႈိက္ေလရာဦးဖိုးအိ တစ္ေယာက္ ႏွီးျဖားေသာ
ဓား၏ အ႐ိုးျဖင့္လက္ကို ႐ိုက္၏
ေသာက္အဖိုးႀကီး က်ဳပ္ကို႐ိုက္တယ္
ဟု႐ိုင္းစိုင္းစြာဆဲဆိုၿပီး ၾကမ္းျပင္ေပၚသို႔ေဆာင့္
တြန္းလွဲ၍ အနားမွာရွိေသာဓားျဖင့္ ႏွီးစည္းမ်ား
ဆန္ကာအၾကမ္းမ်ားကိုဓားျဖင့္ခုတ္ေလ၏
ထိုသို႔႐ုန္းရင္းဆန္ခတ္ျဖစ္ေနေသာျမင္
ကြင္းကို ေၾကာင္ႀကီးမွ ထုတ္တန္းေပၚမွေန၍
မ်က္လုံးဝိုင္းႀကီးမ်ားျဖင့္ၾကည့္ေနေလ၏
ဦးဖိုးအိ အေတာ္ေလးၾကာ ေအာင္ထိုင္
ၿပီးစဥ္းစားေန၏ သူေဒါသလဲထြက္သလို
မခံခ်င္စိတ္ေၾကာင့္အံကိုတင္းတင္းႀကိတ္
လွ်က္ လက္ထဲကဓားကိုတင္းၾကပ္စြာဆုပ္
ထား၏။ ဒါေပမဲ့
“ေမာင္ခင္ေရေမာင္ခင္ “
ဘယ္ေကာင္လဲေဟ့
အေဖာ္တစ္ေယာက္ႏွင့္ အရက္ေသာက္ေန
ေသာေမာင္ခင္တစ္ ေယာက္ အိမ္ေပါက္ဝအေမွာင္ရိပ္သို႔ ဓာတ္မီးျဖင့္ထိုးလိုက္၏
အဖိုးႀကီး ဘာလာလုပ္တာလဲ
အခုန အဘ စိတ္ဆိုးတုန္းမေတာ္တဆျဖစ္
သြားတာ ေတာင္းပန္ပါတယ္ငါ့တူ
မင္းလိုခ်င္တဲ့ ပိုက္ဆံငါးရာလဲ ေခ်းမေနေတာ့
ဘူး အလကားလာေပးတာ
ေမာင္ခင္အရက္ခိုးေဝေနေသာမ်က္ႏွာကို
တစ္ခ်က္မဲ့ကာၿပဳံးလိုက္၏။ အခုမွ ေနာင္တသံ
ေလးနဲ႔လာလုပ္မေနနဲ႔ မလိုခ်င္ေတာ့ဘူး ျပန္ေတာ့။ အိမ္ေရွ႕တြင္ခ်ည္ထားေသာေခြးႏွစ္
ေကာင္မွာလဲ စားေတာ့ဝါးေတာ့မတတ္႐ုန္း
ကန္ေသာင္းက်န္းေန၏။ အဖိုးႀကီးျပန္ေတာ့
ဗ်ာ မျပန္ရင္ေခြးေတြလႊတ္ေပးလိုက္မယ္
ဦးဖိုးအိတစ္ေယာက္ေလးကန္ေသာေျခလွမ္း
မ်ားျဖင့္ ျပန္လာၿပီး စိတ္မသက္မသာျဖင့္
အိပ္ယာဝင္ခဲ့ေလ၏
***********
ဒီညက်မွ ငါ့သားက အၿငိမ္မေနဘူးကြာ
ေၾကာင္ႀကီးက ေစာင္ၿခဳံထားေသာ သူေျခ
ေထာက္ကို လက္ျဖင့္ပုတ္၍ေဆာ့လိုက္မ်က္
ႏွာကိုေခါင္းႏွင့္ေခြ႕လိုက္ ပါစပ္ကလဲ တေညာင္
ေညာင္ႏွင့္ အခုမွ ေၾကာင္ေပါက္စေလးလို
ကေလးစိတ္ေပါက္ေနေတာ့၏
ခါတိုင္းအခုလိုမဟုတ္ အိပ္ခ်ိန္ေရာက္လွ်င္
သူေျခေထာက္ေဘးမွာတန္းၿပီးအိပ္ေနက်
ေၾကာင္ႀကီး သူသခင္ကိုေခါင္းျဖင့္ပြတ္ၿပီးလွ်င္ အိမ္ေရွ႕ျပတင္ေပါက္မွခုန္ထြက္ကာအေမွာင္ရိပ္ထဲသို႔ေပ်ာက္ကြယ္သြားေလ
ေတာ့၏
ကိုေငြ ကိုေငြ ထစမ္းပါအုံးဟ
အိမ္ထရံကို တစ္ဘုန္းဘုန္းလက္ႏွင့္ပုတ္သံ
ေၾကာင့္ကိုေငြတစ္ေယာက္အိပ္ခ်င္မူးတူးျဖင့္
မိးခြက္ထြန္းလိုက္ၿပီး။ ေမာင္ခင္ အရက္ယူမလို႔လား
အရက္လဲယူမယ္ ဟင္းစားလဲပါလာတယ္
ေတာ္ေတာ္ႀကီးလားကြ
ဒီ႐ြာမွာေတာ့အႀကီးဆုံးပဲ ေရာ့ဒီမွာၾကည့္
ဘုန္းကနဲပစ္ခ်လိုက္ေသာ ေၾကာင္ေသႀကီး
ကိုၾကည့္၍ ကိုေငြတစ္ေယာက္ၾကက္ေသ ေသ
သြား၏။ ဒါဒါ ဦးဖိုးအိ ေၾကာင္ႀကီးလား
အစစ္ေပါ့ဗ်ာ
႐ြာျပင္မွာေတြ႕ခဲ့တာ။ ေလးခြမွန္သြားတာေတာင္ ေခြးႏွစ္ေကာင္ကို အတင္းျပန္ကိုက္တာ မနည္းကို႐ိုက္ယူရတယ္။ က်ဳပ္သာအဝင္မဦး
ရင္ က်ဳပ္တပည့္ႏွစ္ေကာင္မလြယ္ဘူး
တစ္သက္လုံးေၾကာင္ကိုက္ဖမ္းလာတဲ့
က်ဳပ္ေခြးတစ္ေကာင္ေတာင္ မ်က္လုံးထြက္သြားတယ္။ အဲ့ေတာ့ ဒီေကာင္ကို အခုပဲခ်က္ၿပီး အရက္နဲ႔ျမည္းမယ္။ ဟင္းစားဖိုးအတြက္ အရက္သုံးလုံးပဲေပး
ျပန္ယူသြားေမာင္ခင္ ဦးဖိုးအိေၾကာင္ႀကီး
ကိုေတာ့ ငါမလုပ္ခ်င္ဘူး။
ခင္ဗ်ားကလဲ အခုမွသူေတာ္ေကာင္းလုပ္ေန
ေသးတယ္။ သူေတာ္ေကာင္းလုပ္တာမဟုတ္
ဘူး ငါ့စိတ္ထဲမွာ တစ္မ်ိဳးႀကီးျဖစ္ေနတယ္
ျဖစ္ႏိုင္ရင္ရင္ ေနာက္တစ္ေကာင္ဖမ္းလာခဲ့
ေတာ္ၿပီးဗ်ာ ကြင္းထဲက ၾကည္ဝင္းတဲမွာပဲ
သြားခ်က္စားေတာ့မယ္။
ေမာင္ခင္ကား ထိုေန႔ညေၾကာင္သားဟင္း
ျဖင့္ စားေသာက္ၿပီး ေနာက္တစ္ေန႔ေရာက္ေတာ့
ဝါး႐ုံၾကားတြင္ပစ္ထားေသာေၾကာင္
ေခါင္းျပတ္ႀကီးကို ျပန္ယူလာ၍
ဦးဖိုးအိ အိမ္ေရွ႕တြင္သြားပစ္ထား၏
ဦးဖိုးအိတစ္ေယာက္အိမ္မွာမရွိေတာ့တာ
တစ္ပါတ္ေလာက္ၾကာၿပီျဖစ္၏။ ေမာင္ခင္ေန႔
တိုင္း အိမ္ေရွ႕မွာ မေယာင္မလည္ႏွင့္အကဲသြား
ခတ္တိုင္းအိမ္ကိုတံခါးပိတ္ထားသည္ကိုေတြ႕ရ၏။ ဒီအဖိုးႀကီး သူေၾကာင့္ေသလို႔ စိတ္ထိ
ခိုက္ၿပီး သူပါလိုက္ေသသြားၿပီလား
ေနာက္မွ သိရတာကေတာ့ ဦးဖိုးအိတစ္ေယာက္ သူ႔ၿခံေလးကို ရတဲ့ေစ်းနဲ႔ေရာင္းၿပီး
ေတာင္ေပၚေက်ာင္းမွာဘုန္းႀကီးဝတ္သြားၿပီဟု
သိရ၏။
တစ္လေလာက္ေနေတာ့ ဦးဖိုးအိၿခံေလးသို႔
ပိုင္ရွင္အသစ္မ်ားေျပာင္းလာၾက၏
ထိုသူကား။ ဇီးျဖဴ႐ြာဘက္မွ ေခါင္ျဖဴတင္
ဆန္းဆိုသည့္လူျဖစ္၏။ နံမည္ႏွင့္လိုက္ေအာင္
ေခါင္းမွာရွိေသာဆံပင္တို႔ကား ဆြတ္ဆြတ္ျဖဴ
လွ်က္ရွိ၏။ အသက္ကေတာ့သူႏွင့္မတိမ္းမယိမ္း။ ဦးဖိုးအိ၏ အိမ္ကေလးကိုဖ်က္ကာ
တိုက္ခံအိမ္ႀကီးေဆာက္လိုက္၏
တင္ဆန္းကား စကားေျပာလွ်င္ၿပဳံးၿပဳံးႏွင့္
အလြန္စကားေျပာခ်ိဳၿပီး အေပါင္းအသင္းကလဲ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမွစ၍ ၿမိဳ႕နယ္ရဲမႉး
အထိ အကုန္ရင္းႏွီး၏။ သူလုပ္တဲ့စီးပြါးေရကလဲ ဖဲဒိုင္ကိုင္၏ ၾကက္ဝိုင္းလဲဒိုင္လုပ္၏
ႏြားကုန္လဲကူး၏။ တစ္နယ္လုံး ဘယ္မွာဘာ
အေၾကာင္းျဖစ္တာမွန္သမွ် သူမသိတာမရွိ
တင္ဆန္းအိမ္ေျပာင္းလာၿပီးမွ ေမာင္ခင္
တစ္ေယာက္ ညဘက္ ေအာ္က်ယ္ေအာ္က်ယ္
မလုပ္ေတာ့။ တင္ဆန္းအိမ္ထဲတြင္ တိုက္ၾကက္ အေကာင္းစားေတြလဲရွိသလို ေၾကာင္လဲ
သုံးေလးေကာင္ေလာက္ရွိ၏
ေမာင္ခင္တစ္ေယာက္သူေခြးေတြကိုမလႊတ္
ပဲ အၿမဲတမ္းခ်ည္ထားရ၏ လႊတ္ၿပီးလွ်င္လဲ
မ်က္ေစ့ေအာက္က အေပ်ာက္မခံရဲ
ေခါင္ျဖဴတင္ဆန္းကား သူႏွင့္ ေမာင္ခင္တို႔
အိမ္ၾကားကၿခံကြက္လပ္ေလးကိုေဈးေကာင္း
ေပးဝယ္ကာ တိုက္ၾကက္မ်ားေမြးရန္သံဆူးႀကိဳးျဖင့္အခိုင္အမာၿခံခတ္လိုက္၏
ေမာင္ခင္တစ္ေယာက္ ေခြေတြကိုသန္းရွာေပးရင္း ေခါင္းရင္းၿခံဘက္မွာ အၿမဲတမ္းအလုပ္ရႈပ္ေနေသာေခါင္းျဖဴကို မသိမသာေလး
အကဲခတ္ၾကည့္ေန၏ သူေခြးအငယ္ေကာင္
လဲေၾကာင္ကုတ္သည့္ဒဏ္ေၾကာင့္မ်က္လုံးတစ္ဖက္မျမင္ေတာ့။
ေခါင္းျဖဴဒီ႐ြာကိုေရာက္လာကတည္းက
အဆင္ေျပတဲ့သူရွိသလိုအဆင္မေျပတဲ့သူေတြ
လဲရွိ၏။ သူတို႔အိမ္ေနာက္ဘက္တြင္ လႊစင္ကေလးေဆာက္ၿပီး လုပ္စားေနေသာ ကိုတင္လွကိုေခၚၿပီး သစ္ေကာင္းေတြဝယ္ေပးမည္ စင္မွာခြဲလို႔ရသမွ် သူကအျပင္မွာ ေဖာက္သည္ရွာပြဲစားလုပ္ၿပီးေရာင္းေပးမည္ဟုဆိုသျဖင့္
ကိုတင္လွအတြက္အဆင္ေျပေန၏
အျခားေသာႏွစ္ေပါက္တစ္ေပါက္ ဒိုင္လွ်ိဳ
လုပ္ရေသာ ဂြင္ကေလးမ်ားလဲသူ႔ေၾကာင့္
အဆင္ေျပၾက၏။ သူမ်ားေတြအဆင္ေပေပမဲ့
အရက္ေရာင္းေသာကိုေငြလဲ အရင္လိုမေခ်ာင္
ဒီထက္ဆိုးတာကေမာင္ခင္ သူ႔အိမ္က ေခြးေတြ
ကိုအျပင္ကိုထုတ္လို႔မရ။ တင္ဆန္းသားႏွစ္
ေကာင္ကလဲ တကဲ့ ေမ်ာက္ရႈံးေအာင္ေဆာ့တဲ့
ေကာင္ေတြ ေမာင္ခင္ အလစ္မွာ ေခြးေတြကို
ေလးခြျဖင့္လွမ္း၍ပစ္တတ္ေသး၏
ဒီအေၾကာင္းေတြကိုေငြကိုေျပာျပေတာ့
သြားမလုပ္နဲ႔ေမာင္ခင္ ဒီေကာင္က တကယ့္
ေကာင္ေနာ္ သူအိမ္ကို ဆိုင္ကယ္အနီေလး
စီးၿပီးလာေနတာ က်ားလက္ဝါးထြန္းစိန္ဆို
တဲ့နယ္ထိန္းပဲ။
ေမာင္ခင္တစ္ေယာက္ အလုပ္ကလဲမရွိ
စားစရာလဲမရွိေတာ့စိတ္ညစ္ညစ္ႏွင့္ ေရ
ေသာက္ၿပီး ခဏမွိန္းေနလိုက္သည္ အိပ္ယာကႏိုးမွပဲ ကိုေငြ ဆီမွာထမင္းသြားစားေတာ့မည္။
႐ုတ္တရတ္ဆူညံသြားေသာ ၾကက္ေအာ္
သံေခြးေဟာင္သံမ်ားေၾကာင့္ ေမာင္ခင္အိပ္ယာ
ႏိုးၿပီး အသံလာရာဘက္ဆီသို႔ အလန္႔တၾကား
ၾကည့္လိုက္၏
သြားၿပီ သူေခြးႏွစ္ေကာင္ လြတ္ၿပီး
တင့္ဆန္းၿခံထဲကၾကက္ေတြကိုလိုက္ကိုက္ေနၿပီ
လုံခ်ည္မႏိုင္ စလြယ္သိုင္းၿပီး သူေခြးႏွစ္ေကာင္
ကိုလိုက္ဖမ္း၏။ ဒါေပမဲ့ သူေနာက္က်သြားၿပီ
တိုက္ၾကက္တစ္ေကာင္ေခြးကိုက္လို႔ေသသြားၿပီ
အုပ္ခ်ဳပ္ေရးမႉးကား
ဘယ္လိုလဲ ေမာင္ခင္မင္းေခြးႏွစ္ေကာင္သူမ်ား
ၿခံထဲကၾကက္ကိုကိုက္သတ္လိုက္ၿပီ မင္းဘယ္
လိုလုပ္မလဲ
ဟုတ္ကဲ့ ကြၽန္ေတာ္ ၾကက္ပိသာခ်ိန္ရွိသ
ေလာက္တန္ဖိုးကိုေလွ်ာ္ေပးပါ့မယ္။
သူ႔ေျပာစကားေၾကာင့္ တင့္ဆန္း အေတာ္ေဒါ
သထြက္သြားပုံရေသာ္လည္းမ်က္ႏွာကိုျပင္လိုက္ၿပီး ေဟ့ေကာင္အဲ့ဒါနံမည္ႀကီး တကယ္တိုက္ၾကက္ေကာင္းကြ ေ႐ႊတစ္က်ပ္သားဖိုးေပး
ၿပီးဝယ္ထားတာ မင္းအခုေနတဲ့ၿခံကိုေရာင္း
ရင္ေတာင္ အဲ့ေလာက္ရမွာမဟုတ္ဘူး
ငါ့ၾကက္က မင္းထက္တန္ဖိုးရွိတယ္
အႏိုင္က်င့္သလိုေျပာေနေပမဲ့ ေမာင္ခင္
ဘာမွမေျပာပဲတိတ္ဆိတ္ေန၏ တေအာင့္ေန
ေတာ့မွ က်ဳပ္အခုဘာလုပ္ေပးရမလဲ
ၾကက္ဖိုးေလ်ာ္စရာမလိုဘူး
ငါေက်ေအးေပးလိုက္မယ္။ ဒါေပမဲ့ငါခိုင္း
တာတစ္ခုေတာ့လုပ္ေပးရမယ္
ေမာင္ခင္အခုမွ စိတ္သက္သာရာရသြားသလို
ျဖင့္ ဟုတ္ကဲ့အစ္ကိုခိုင္းခ်င္တာခိုင္းလုပ္ေပး
ပါ့မယ္။ တင့္ဆန္းတစ္ေခါင္းလုံးျဖဴေနေသာ
သူ႔ဆံပင္မ်ားကို လက္ႏွင့္သပ္လိုက္ၿပီး
တျခားေတာ့မဟုတ္ဘူး မင္းေမြးထားတဲ့
ေခြးႏွစ္ေကာင္ကို မင္းကိုယ္တိုင္သတ္ေပးရမယ္။ ဗ်ာ အဲ့ဒါေတာ့မလုပ္ႏိုင္ဘူး
က်ဳပ္မွာသံေယာဇဥ္ ဆိုလို႔ ဒီေခြးႏွစ္ေကာင္
ပဲရွိတာ ကြၽန္ေတာ့္သားသမီးလိုျဖစ္ေနၿပီ
ေမာင္ခင္ ဘယ္ေလာက္ပဲ
အႏူးအၫြတ္ေတာင္းပန္ တင့္ဆန္းကေတာ့လက္မခံ။ ေနာက္ဆုံး
သူေနတဲ့ၿခံေလးကိုယူပါ ဆိုတာေတာင္လက္မခံ ဘယ္လိုမွ ေျပာမရတဲ့အဆုံးေမာင္ခင္
ဘူးခံေလ၏ က်ဳပ္ဘယ္နည္းနဲ႔မွမလုပ္ႏိုင္ဘူး
တင့္ဆန္းမ်က္ႏွာ တင္းမာသြားၿပီး
ေအးၿပီး ခဲ့တဲ့ႏွစ္ ကန္ႀကီးဘက္မွာ စက္ဘီး
တစ္စီးနဲ႔ ႏြားတစ္ေကာင္ ေပ်ာက္သြားတဲ့ျပသနာကို အစမေဖၚခင္ မင္းငါခိုင္းတာလုပ္ပါ
တင္ဆန္းတစ္ေယာက္ ေျပာစရာရွိတာေျပာ
၍ လူႀကီးအိမ္မွ ဆိုင္ကယ္ေမာင္းကာထြက္
သြားေလေတာ့၏။ ေမာင္ခင္တစ္ေယာက္
လက္မႈိင္ခ်ကာ သူေျပာသမွ် လုပ္ရန္မွတစ္ပါး
မရွိေတာ့ေလၿပီ
ထိုေန႔ညက ေမာင္ခင္၏ ၿခံဝင္းေလးထဲတြင္
ေခြးေအာ္သံမ်ား လူငိုသံမ်ားျဖင့္ဆူညံေနေတာ့
၏။
ကိုေငြေရက်ဳပ္ေတာ့ဒုကၡေရာက္ေနၿပီဗ်ာ
ဦးဖိုးအိေၾကာင္ႀကီးကိုခ်က္စားၿပီးကတည္က
က်ဳပ္နဲ႔ၾကည္ဝင္း ဒုကၡေတြေရာက္ၿပီး အိပ္
ေကာင္းျခငါးမအိပါရ စားေကာင္းျခင္းမစား
ရနဲ႔ အခုလဲ ၾကည္ဝင္း သစ္ပင္ေပၚကက်လို႔
ေဆး႐ုံမွာ သတိလစ္ေနၿပီ
ကိုေငြတစ္ခ်က္စဥ္းစားလိုက္ၿပီး
ေအးကြာ ေၾကာင္သတ္တဲ့သူမေျပာနဲ႔
ေၾကာင္ေသႀကီးကို ကိုင္မိတဲ့ငါေတာင္ စိတ္ထဲ
မွာတစ္မ်ိဳးႀကီးျဖစ္ၿပီးေက်ာခ်မ္းေနတာ
ငါလဲ ေနာက္တစ္ခါ ေၾကာင္နဲ႔ပက္သက္ၿပီး
ဘာမွမလုပ္ေတာ့ဘူး။ မလုပ္ဆို အခုလက္က်န္
ေလးကုန္လို႔ေနာက္ရက္ ေရာက္ရင္ အရက္
ေရာင္းဖို႔ လိုင္စင္သမားက ခြင့္မျပဳေတာ့လို
ဆိုင္ပိတ္ရေတာ့မယ္။ ၿပီးရင္အခုလမယ့္ ဘုရားပြဲမွာ အစ္မႀကီးကငါ့ကိုရဟန္းဝတ္
ေပးမွာ ကိုးရက္ျပည့္လို႔ လူထြက္ရင္ လုပ္စား
ဖို႔လယ္ႏွစ္ဧကပါေပးအုံးမွာ
ကိုေငြတစ္ေယာက္ ရဟန္းဝတ္ၿပီ
သိမ္ဆင္းတဲ့ေန႔ သန္႔ရွင္းေသာ ရဟန္းတစ္ပါး၏
ပထမဆုံးရက္။ ေန႔ဆြမ္းစားရန္တုန္းေခါက္
ေတာ့ စားပြဲဝိုင္းတြင္ထိုင္လိုက္၏
ဒုလႅဘရဟန္း မ်ားအတြက္သီးသန္႔ခုံဝိုင္းမ်ား
ျပင္ထား၏ ထိုစဥ္
ရင္ေတြ တလွပ္လွပ္တုန္လာၿပီးေခြၽးေစး
ေတြထြက္လာ၏ လက္ေတြကလဲကိုင္လို႔မရ
ေတာ့ မ်က္လုံးထဲမွာလဲအစက္အေျပာက္မ်ား
ထင္လာ၏။ သူတစ္ခုခုလိုေနၿပီ ဘာလိုတာလဲ
ဆိုတာသူ႔ကိုသူသိ၏
သူ႐ုတ္တရတ္ထ၍ကုဋီသို႔အျမန္ဝင္ၿပီး
လည္ေခ်ာင္းထဲလိုက္ႏႈိက္ကာအန္ထုတ္လိုက္
ေသာ္လဲ စိတ္ထဲကပ်ိဳ႕ ၿပီး လက္တုန္တာကရပ္
မသြားတဲအျပင္ပိုဆိုးလာ၏။ လူဝတ္လဲမွျဖစ္
ေတာ့မယ္။ သူအရက္စြဲေနၿပီ မေသာက္ရင္မေန
ႏိုင္ေတာ့ ရဟန္းဝတ္ေပးသည့္အစ္မႀကီးကိုလဲ
ေဒါသေတြ ထြက္ေန၏။ သူဆႏၵမေအာင္ျမင္ပါ
ရဟန္းရွင္လူတို႔၏ တိုက္တြန္းခ်က္ေၾကာင့္
သူလူဝတ္မလဲပဲ ရဟန္းဝတ္ျဖင့္ အိပ္ယာထဲ
ဘုန္းဘုန္းလဲကာ အေတာ္ေလးေဆးကုလိုက္
ရ၏။ တစ္လေလာက္ေနေတာ့ သူအရက္လုံး
ဝျပတ္သြားၿပီး လူဝတ္လဲလိုက္၏
အရက္ကျပတ္သြားေပမဲ စိတ္ကေတာ့
ေသာက္ခ်င္ေနမိ၏။ ဒီအတိုင္းၾကာၾကာေနရင္
အရက္ျပန္ေသာက္ျဖစ္ေတာ့မည္။ ေနရာသစ္တစ္ခုကို ခဏေျပာင္းၿပီး စိတ္သစ္လူသစ္
ေလးႏွင့္ေနအုံးမည္။ ပန္းရံဆရာေမာင္ညိဳ၏
စည္း႐ုံးမႈေၾကာင့္ ရန္ကုန္သို႔လိုက္မသြားခင္
တစ္ရက္အလို အိမ္ထဲမွာ အရက္အမူး
လြန္ၿပီးသတိလစ္ေနစဥ္အိမ္မီးေလာင္တဲ့ အထဲ
ပါသြား၍ ေဆး႐ုံမွာ ေသခဲ့ေသာ ေမာင္ခင္
အသုဘ ကို လိုက္ပို႔ခဲ့ေသး၏
ေမာင္ခင္ကေတာ့သူ႔အကုသိုလ္ေတြႏွင့္
သြားၿပီ။ တစ္ဘက္တစ္လမ္းကေျမေတာင္
ေျမႇာက္ေပးခဲ့သည့္ သူ႔အလွည့္ပဲက်န္ေတာ့၏
ဦးဖိုးအိတစ္ခါက ေျပာခဲ့ဘူသည့္ ေၾကာင္ေတြ
ဟာ က်ိန္စာတိုက္တတ္တယ္ဆိုတာ ဟုတ္မ်ား
ဟုတ္ေနမလား
ရန္ကုန္ေရာက္ေတာ့ ေဆာက္လုပ္ေရးဆိုဒ္
တြင္လက္သမားဝင္လုပ္၏။ အခုေတာ့အရင္
ကလို အရက္ေရာင္းသည့္အရက္သမားကိုေငြ
မဟုတ္ေတာ့ အလုပ္ႀကိဳးစားသည့္လူ႐ိုး
ႀကီးေမာင္ေငြျဖစ္ေနျဖစ္ေန၏။ သူအလုပ္
ဝင္ၿပီးသုံးလေက်ာ္ေလာက္အထိ အဆင္ေျပ
ေနေသး၏။ သူတို႔ေနသည့္အလုပ္သမား
အိပ္ေဆာင္ေဘး တြင္ အဝါေရာင္ပိုင္ရွင္မဲ့ေၾကာင္တစ္ေကာင္လာကပ္ေန၏
ေၾကာင္ကိုျမင္လွ်င္သူ႔အတိတ္ကိုသတိ
ျပန္ရ၏။ ထို႔ေၾကာင့္ ေဝးေဝးကေရွာင္ၿပီး
ေၾကာင္ႏွင့္မပက္သက္မိေအာင္ေန၏
သူကမပက္သက္ခ်င္ေပမဲ့ ေၾကာင္ကေတာ့
ပက္သက္ခ်င္ေနပုံရ၏။ တံခါးမလုံေသာ သူ႔ရဲ႕
အခန္းေဟာင္းေလးထဲကို အခ်ိန္မေ႐ြးဝင္ထြက္သြားလာေနတတ္ၿပီး လူလဲ ေၾကာက္ပုံမရ
သူမ်ားေကြၽးမွစားရမည့္ဘဝမို႔ သူမ်ားေစတနာ
ထားခ်င္ေအာင္လဲေနတတ္၏
သူအသုံးခ်ခဲ့ေသာေၾကာင္ေတြက အေသ
ေကာင္ေတြ အခုကအသက္ရွိသည့္ေၾကာင္
တစ္ေန႔ ကိုေငြတစ္ေယာက္ဘိလပ္ေျမ
အိတ္ကို ေကာက္ၿပီးထမ္းလိုက္ရာ ခါးထဲက
မ်က္ကနဲျဖစ္သြားၿပီး ေနာက္တစ္ေန႔ မနက္
ေရာက္ေတာ့ အိပ္ယာကမထႏိုင္ေတာ့ သျဖင့္
အလုပ္နားလိုက္ရ၏။ သူ႔အထင္ေတာ့ တစ္
ရက္ေလာက္ေနရင္ေကာင္းသြားမွာပဲဟုထင္
ထားခဲ့ေပမဲ့ တစ္ပါတ္ေလာက္ၾကာသည္အထိ
ေတာ့ လမ္းေကာင္းမေလွ်ာက္ႏိုင္
မရေတာ့တဲ့အဆုံး အ႐ိုးအေက်ာေဆး
ခန္းတစ္ခုမွာ စမ္းသပ္ၾကည့္ေတာ့ အေၾကာ
ညပ္တာ ေနာက္ႏွစ္ပါတ္ေလာက္ေနရင္ေပါ့ေပါ့
ပါးပါးအလုပ္ေတြလုပ္ႏိုင္မည္ အခုေတာ့နား
ေနအုံးေပါ့။ အလုပ္သမားလိုင္းခန္းရွိသည့္အ
တြက္ေနစရာမပူရေပမဲ့ စားဖို႔ကခက္ခဲလာၿပီ
ေဆးဖိုးဝါးခႏွင့္စုထားတဲ့ ပိုက္ဆံေလးေတြကုန္
ၿပီ။ စားဖို႔မရွိေတာ့ေမာင္ညိဳတို႔လင္မယားကထမင္းပို႔ေပး၏
တစ္ရက္ႏွစ္ရက္ေတာ့အဆင္ေျပေနေသး၏
ေနာက္ေတာ့ ေမာင္ညိဳတို႔လင္မယားကိုအား
နာသျဖင့္ေတ့လယ္စာထမင္းတစ္နပ္စာပဲယူၿပီး
မနက္စာကို လဘက္ရည္ ဆိုင္ေတြဘက္သြား
ၿပီးမနက္စာစား၏
တကယ္ေတာ့ မနက္စာဆိုၿပီး ဟန္ျပအျပင္
ထြက္တာပါ သူ႔မွာဝယ္စားဖို႔ လက္ထဲမွာလဲ
ေငြတစ္က်ပ္မွမရွိ။ တစ္မနက္ခင္းလုံး မစားပဲ
အဆာခံေနၿပီး ေန႔လည္စာလာပို႔ေပးေသာ
ထမင္းပန္းကန္ျပားေလးကို ေန႔လည္စာ တစ္ဝက္ စား၏ က်န္တာေလးကို ညေန အဆာေျပ
စားၿပီးေရကိုအဝေသာက္၍ ၂၄နာရီ ကိုထမင္း
ပန္းကန္ျပားေလးတစ္ခ်ပ္ျဖင့္အသက္ဆက္ေန
ရ၏
တျဖည္းျဖည္းႏွင့္ခါးနာတဲ့ေရာဂါအျပင္
အစာအိမ္ေရာဂါပါ ထပ္တိုးလာေတာ့မည္
တစ္ခါတစ္ေလ ႐ြာျပန္ၿပီးဘဝကို ျဖစ္သလို
ျပန္ေနခ်င္စိတ္ေတြေပါက္သြားမိေပမဲ့ ဒီဘဝ
မွာဝဋ္ေႂကြးရွိရင္လဲဆပ္ေတာ့မည္ဆိုၿပီး
တင္းခံေနမိ၏။ တစ္ေန႔ ေဆာက္လုပ္ေရး
ဝင္းမွအေတာ္ေလးလွမ္းေသာ လမ္းေဘး
ေခါက္ဆြဲဆိုင္ေလး၏ အုတ္ခုံေပၚတြင္ထိုင္ေန၏။ အခ်ိန္ကား ေန႔လည္တစ္နာရီထိုးၿပီ
ဒီေန႔ေမာင္ညိဳ႕မိန္းမ ေစ်းဝယ္ထြက္ရင္း
သူတို႔မိသားစု အျပင္မွာစားၾကမည္ျဖစ္၍
ထမင္းလာမပို႔ေတာ့ဟုအေၾကာင္းၾကားထား
၏။ လကုန္ရက္ဆိုေတာ့ လဲ ေငြယားေလးေတြ
ႏွင့္ စားေသာက္ၾကအုံးမွာေပါ့ေလ
သူတို႔မိသားစု ထမင္းမခ်က္ျဖစ္၍ ဒီေန႔အဖို႔
သူ႔မွာစားစရာမရွိ။ ဗိုက္ကလဲဆာလြန္း၍
ကတုန္ကရင္ေတြပါျဖစ္ေနၿပီ ဒီပုံစံနဲ႔တစ္ေနကုန္ေနၿပီး ေနာက္တစ္ေန႔ေရာက္ေအာင္ျဖတ္သန္း
ရအုံးမည္။ ခပ္လွမ္းလွမ္းစားေသာက္ဆိုင္မွ
အကင္ေတြ အေၾကာ္ေတြကလဲ သူ႔ကို အနံ႔နဲ႔
ႏွိက္စက္ေနသျဖင့္
ဆာလြန္းလို႔သြားရည္ေတာင္
က်ေနၿပီ။ နား႐ြက္မွာထိုးထားေသာ လက္သမားေဆာက္႐ိုးကဲ့သို႔ ဖင္စီခံဖြာလန္ေနသည့္
ေဆးေပါ့လိပ္အတိုေလးကို မီးညႇိကာ ဖြာလိုက္၏။ ထိုစဥ္ ေမာင္ညိဳ႕သားအငယ္ေလးမွ
ဦးေငြႀကီးအတြက္ သားတို႔အျပင္က ဘဲကင္
နဲ႔ထမင္းေပါင္းဝယ္လာတာ ဦးအခန္းထဲက
ဘီ႐ိုေပၚတင္ထားခဲ့တယ္ သြားစားလိုက္အုံးေနာ္။ ကိုေငြရင္ထဲမွာဝမ္းသာလုံးဆို႔ၿပီး
ေအးေအး အဲ့ဒါဆိုသြားစားလိုက္အုံးမယ္
ကိုေငြတစ္ေယာက္ အေျပးတစ္ပိုင္းျဖင့္အျမန္
ျပန္လာခဲ့ၿပီး အိမ္ထဲ သို႔လွမ္းဝင္လိုက္၏
သို႔ေသာ္ သူအရမ္း ေမွ်ာ္လင့္လင့္ထား
ေသာ ထမင္းေပါင္းႏွင့္ ဘဲကင္ ထုပ္ေလးအား
ေၾကာင္ဝင္စားမက အရင္ဦးေအာင္ အားပါး
တစ္ရ စားႏွင့္ေနၿပီ အေမာတေကာ့ႏွင့္ျပန္လာ
ေသာကိုေငြ ေဒါသလုံးဆို႔သြားၿပီး မ်က္လုံးေတြ
ပါျပာသြား၏။ စိတ္ထဲကလဲ ဒင္းကို စိစိညက္
ညက္ေၾကေအာင္လုပ္ပစ္မယ္ဟုဆိုကာ
တံခါးေခ်ာင္ထဲမွ သံတုတ္ကိုဆြဲ၍ အနား
သို႔ျဖည္းျဖည္းခ်င္းကပ္လိုက္၏
ဘယ္တုန္းထဲက ငတ္ေနမွန္းမသိေသာ
ေၾကာင္မကား အစာေဇာကပ္ေန၍ အေနာက္ကရန္သူကိုေတာင္သတိမထားမိ
ကိုေငြလက္ထဲကသံတုတ္ကို ေျမႇာက္ထား
ရင္း သူအေတြးတစ္ခ်က္ဝင္လာ၏ ငါ႐ိုက္
လိုက္ရင္သူတစ္ခ်က္ထဲနဲ႔ အသက္ထြက္သြား
မွာ။ အစားတစ္နပ္နဲ႔ သူ႔အသက္တစ္ေခ်ာင္း
တန္ရဲ႕လား အျပင္က အသက္တစ္ေခ်ာင္းဆို
ေပမဲ့ ဒီေၾကာင္မက ဗိုက္ထဲမွာ ကိုယ္ဝန္ေန႔ေစ့
လေစ့ႀကီး။ သူ႔မ်က္လုံးထဲမွာ သူအရင္က ကိုယ္တိုင္မသတ္ခဲ့ေပမဲ့ ျဖတ္ေတာက္ၿပီးခ်က္ျပဳတ္ခဲ့ေသာ ေၾကာင္အေသေကာင္ေတြကိုျပန္ျမင္
လာ၏။ အထူးသျဖင့္ က်ိန္စာတိုက္သည္ဟု
အယူရွိခဲ့ေသာ ဦးဖိုးအိ၏ ေၾကာင္ႀကီး..
သူတိတ္တိတ္ေလးသက္ျပင္းခ်ကာ အနားမွ
အသာေလးျပန္လွည့္ၿပီး ခပ္လွမ္းတြင္ထိုင္၍
သံတုတ္ကို ေဘးမွာခ်ထားလိုက္၏
တစ္ခြီးခြီးမာန္ဖီရင္း ၾကက္႐ိုးကိုေျဖာက္ေျဖာက္ကိုက္ေနေသာျမင္ကြင္းကို စိမ္ေျပနေျပၾကည့္ၿပီး ေရအိုးထဲမွ ေရကို ခြက္အျပည့္ခပ္ကာ
ေသာက္ခ်လိုက္၏
ကဲနင္လဲ ႀကိဳက္သလိုစားေတာ့ငါလဲ ေရ
ေသာက္ၿပီး ေခြအိပ္လိုက္မယ္
ႏုံးႏုံးခ်ိခ်ိျဖင့္ဘယ္ေလာက္ၾကာေအာင္
အိပ္ေပ်ာ္သြားမွန္းမသိ နားထဲမွာ ဆူညံသံေတြ
ကို အိပ္မက္လိုလို အျပင္မွာလိုလိုၾကားေနရ၏
သုညတစ္သုံးေဟ့ ဟူေသာ စူးစူးဝါးဝါး
ေအာ္လိုက္သံေၾကာင့္ အိပ္ယာမွလန္႔ႏိုးသြား
ေလ၏။ ကိုေငြေရ ကိုေငြ ၀၁၃ ထြက္တယ္ဟ
ကိုေငြအိပ္ယာမွ ေငါက္ကနဲ ထထိုင္ၿပီး
ဖ်ာေအာက္ထဲက ေဘာက္ခ်ာစာ႐ြက္ကိုႏႈိက္
ယူလိုက္၏။ သူအလုပ္ဆင္းေနတဲ့ရက္တုန္းက
တစ္ေထာင္ဖိုးထိုးထားေသာ ခ်ဲေဘာက္ခ်ာ
စာ႐ြက္ကေလးကို တုန္တုန္ယင္ယင္ကိုင္ရင္း
မ်က္ရည္မ်ားက်ေနေတာ့၏
တစ္ေထာင္ဖိုး အေလွ်ာ္ပိုက္ဆံ ငါးသိန္း
ထုတ္လို႔ရခ်င္း ထမင္းေပါင္းထုပ္ ေခါက္ဆြဲေၾကာ္ထုပ္ေတြႏွစ္ေသာင္းဖိုးေလာက္ရေအာင္
ခ်က္ခ်င္းဝယ္ၿပီးအနားပါတ္ဝန္က်င္ကလူ
ေတြ ေခြေလေခြးလြင့္ ေၾကာင္ဝင္စားေတြပါ
အကုန္ေကြၽးေလ၏။ ညဆယ္နာရီထိုးေတာ့
ေကြၽးရေမြးရလြန္းလို႔ သူဖတ္ဖတ္ေမာေနၿပီ
အခုမွသတိရသည္ သူ႔ဗိုက္ထဲကို ေတာ့တစ္
လုတ္မွဝင္ေအာင္မစားျဖစ္ေသး။ ဒါေပမဲ့
စားဖို႔မလိုေအာင္ဗိုက္ျပည့္ေနၿပီ။
သူခါးနာေရာဂါေကာင္းေတာ့ အရင္လို
အလုပ္ၾကမ္းျပန္မလုပ္ေတာ့ပဲ ေဆာက္လုပ္
ေရးပိုင္ရွင္သူေဌး၏ ခြင့္ျပဳခ်က္ျဖင့္ လြတ္ေန
ေသာဆိုင္ခန္းေနရာ ေလးမွာ တစ္ႏိုင္တစ္ပိုင္
ဆင္းရဲသားထမင္းဆိုင္ေလး ဖြင့္၏
အရင္ေတာမွာထဲက အရက္ေရာင္းရင္း
အခ်က္အျပဳတ္လုပ္ခဲ့တဲ့သူျဖစ္ရာ လူတန္း
ေစ့ အဆင္ေျပေအာင္ေရာင္းတတ္သျဖင့္
ေတာ္ေတာ္ေလးကိုေရာင္းရေလ၏
တစ္ခုေတာ့ရွိ၏ သူဆိုင္တြင္ အရက္မေရာင္း
သလို အရက္ေသာက္ဖို႔လဲခြင့္မျပဳ
ေမာင္ညိဳက မည္သို႔ ဝါဒျဖန္႔ထားသည္မသိ
ကိုေငြကို ဘုန္းႀကီးလူထြက္ လူပ်ိဳႀကီး လူေတာ္
လူေကာင္းႀကီးတစ္ေယာက္အျဖစ္ တစ္႐ိုတစ္
ေသရွိၾက၏။ တကယ္ေတာ့ဘုန္းႀကီးဝတ္တာ
လဲ တစ္လေလာက္အရက္ျပတ္႐ုံဝတ္ခဲ့တာပါ
ဘယ္လိုပဲျဖစ္ျဖစ္ အရင္ကလို ျဖစ္ကတတ္ဆန္းမဟုတ္ပဲ လူၾကည့္ေကာင္းေအာင္သပ္သပ္
ရပ္ရပ္ေလးျဖစ္လာ၏။
အခုေတာ့ ကိုေငြတစ္ေယာက္ တျဖည္းျဖည္း
ခ်င္းစီးပြါးတက္လာကာ ထမင္းဆိုင္ပိုင္ရွင္
ေတာင္ျဖစ္ေနၿပီ။ တာေမြေမတၱာၫြန္႔ရပ္ကြက္
ထဲမွာလဲ တိုက္ခန္းေလးတစ္ခန္းပင္ ဝယ္ထား
ၿပီးၿပီ။ သူ႔မွာ အသိမိတ္ေဆြေတြေပါေပမဲ့
သူ႔တိုက္ခန္းကို ေတာ့ သိပ္မသြားခ်င္ၾက
အဘယ္ေၾကာင့္ဆို ေသာ္သူေမြးထားေသာ
ေၾကာင္ေတြ အလြန္မ်ား၍ မ်က္ေစ့ေနာက္စရာ
ေကာင္းလွေသာေၾကာင့္ျဖစ္၏
ဘယ္သူေတြကပဲ ေၾကာင္ေတြကို မ်က္ေစ့
ေနာက္ပါေစထိုေၾကာင္ေတြ၏ တာဝန္ကို
မညည္းညဴပဲ ျပဳစုေပးေနေသာ အသက္သုံးဆယ္ခန္႔အသားျဖဴျဖဴခပ္ေခ်ာေခ်ာအမ်ိဳးသမီးတစ္ဦးေတာ့ရွိ၏
ထိုအမ်ိဳးသမီးကလည္း ကိုေငြ၏
မိန္းမပင္ျဖစ္ေလ၏……
( ဤစာကိုေရးေသာ ကြၽန္ေတာ္သည္ ထိုေဆာက္လုပ္ေရးကုမၸဏီတြင္ အလုပ္လုပ္ခဲ့စဥ္က
သိကြၽမ္းခဲ့ေသာ အလုပ္သမားႀကီး၏အေၾကာင္းကို အဆင္ေျပေအာင္ ေဖာ္ျပထားျခင္းျဖစ္ပါ
သည္)
သတၱဝါမ်ားကို ေမတၱာထားႏိုင္ၾကပါေစ
#ဟန္လင္း#