ကျိန်စာသင့် ရေကန်(စ/ဆုံး)
————————-
“ငါ သားလေးကို ပြန်ပေးကြပါ
ပြန်ပေးကြပါ….မလုပ်ကြပါနဲ့…အီ..အ ဟီးး”
မီးဖွားပြီး မကြာခင်မှာပဲ မွေးခင်းစ ကလေး
ငယ်အား ခင်းပွန်းဖြစ်သူက ကောက်ယူပြီး
လူအုပ်စုထံ အပ်နှံလိုက်တော့ အမျိုးသမီး
ကြီးက အတင်းရုန်းကန်ထလာသောလည်း
သူ့ဘေးမှာရှိနေတဲ့ အမျိုးသမီး နှစ်ဦးချုပ်နှောင်းခြင်း ခံခဲ့ရတာကြောင့်အော်ဟစ် ငိုကြွေးနေယုံက လွယ်ပြီး ဘာမှ မတတ်နိုင်ပေ။
ထိုအဖွဲ့ထဲက ခေါင်းဆောင်လုပ်သူ ရွာလူကြီးက အိပ်ပျော်နေရှာတဲ့ ကလေးငယ်အားပွေ့ချီလိုက်ပြီး ခေါင်းယမ်းပြလိုက်ပြီး” ကံဆိုးလှချည်းလား ကလေးရယ် မင်းကိုဘုရားသခင် ကောင်းချီပေးမှာပါ…ဒီကလေးကိုNevada ရေကန်ခေါ်လာခဲ့ကြ” သူ့ လက်ထဲမှ တဆင့် အခြား
တစ်ယောက်ကို လက်ဆင့်ကမ်းလိုက်ပြီး
မီးတုတ်များနှင့်အတူ ထိုနေရာမှ ထွက်ခွာသွားလေသည်။ ရေကန် ရောက်တော့ ရွာသူကြီးလုပ်
သူက ကလေးငယ်အား ဖွေ့ချီးပြီး ကမ်းစပ်ဆီကို
တရွေ့ရွေ့ ချည်းကပ်လာပြီး ဒူးဆစ် နားရောက်တော့ကလေးငယ်အား လက်နှစ်ဘက်ဖြင့် အပေါ်သို့
မြှောက်လိုက်ပြီး “ဘုရားသခင် ကောင်းချီးပေးပါ”
ထိုသို့ ရွတ်ဆိုပြီး ရေထဲသို့ ပစ်ချလိုက်လေသည်။
“ဝုန်း”ခနဲ ပြုတ်ကျသံနဲ့ အတူ ကလေးငယ်
ရဲ့ ငိုကြွေးသံတွေလည်း ထွက််ပေါ်လာသည်။
“အူးဝဲ….အူး ….အု ဝဲ….”
ရေတွေရဲ့ မွန်းကြပ်မူ ဒဏ်ကို အလူးအလိမ့် ခံနေရှာလေတော့ငိုကြွေးနေလဲ အသံလည်း တိုးသထက်တိုးလာပြီးရေလိုင်းများနှင့်အတူ ကလေးငယ်
အသံလည်း တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
……………………………………………………………………………
“သတ်မယ် သတ်မယ် ငါတို့မိသားစု ဘဝတွေပျက်
ခဲ့ရပြီး ငါမိန်းမလည်းသေပြီး ဟား ဟား ..”
“ဘယ်ကကောင်လဲကွ ”
အစောင့် တချို့က
လက်နက်ကိုယ်စီဖြင့်ခြံဝန်းပြင်ထွက်လာကြလေသည်။
ထိုအမျိုးသားကလည်း ထမ်းလာတဲ့
အမျိုးသမီးအလောင်းကြီးကို ပုခုံပေါ်ကနေ မြေပေါ်ချပြီး ကိုင်ဆောင်လာတဲ့ ဓားရှည်ကြီးနဲ့ ဝှေ့ယမ်းနေလေသည်။
“လာခဲ့လေ …လာ ကြစမ်းပါ မင်းတို့ မျိူးနွယ်စုကို သတ်မယ် မင်းတို့ အယူဝါဒတွေကို အရမ်းမုန်းတယ် ဘာအပြစ်မှမရှိတဲ့ ကလေးတွေလည်းသေကုန်ပြီး ငါအရမ်းချစ်ရတဲ့ ငါမိန်းမလည်းသေပြီး”
ထိုအချိန် ရွာလူကြီးက အပြင်ဘက်သို့ထွက်လေသည်။
“စိတ်ထိန်းပါအုန်း ဝိီချက်….ငါတို့ မင်းတို့ မျိုးနွယ်စုအကြောင်းမင်းသေချာ မသိခဲ့တာလား ငါတို့ရုပ်ပိုင်းဆိုင်ရာခန္ဓာ ကိုယ်က အလွန်သန််မာ သန်စွမ်းကြတယ်လေ…ငါတို့ မျိုးရိုး စောင့်ထိန်းတဲ့အနေနဲ့ မသန်မစွမ်းတဲ့ကလေးတွေ၊ လမပြည့်ပဲမွေးလာတဲ့ ကလေးတွ၊ ပေါင်မပြည့်ပဲမွေးလာတဲ့ကလေးတွေ ပါလာခဲ့ရင် ငါတို့မျိုးနွယ်စုအတွက် တားမြစ်သင့်ရင်တားမြစ်ရမှာပဲ”
“ခင်ဗျားတို့ ရူးနေပြီး ဟားဟား ခင်ဗျားတို့
လုပ်ရပ်ကြောင့် …မကြာခင် ကျိန်စာသင့်တော့မယ်
ဒီရွာကြီးကပ်ဆိုက်တော့မယ် ဟား ဟား ဟားး”
“ခေါင်းဆောင် ဒီကောင်ကို ကျုပ်တို့ အပြက်
ရှင်းရမှာလား”
ဘေးက တပည့်ဖြစ်သူ တွေရဲ့
မခံမရပ်ဖြစ်နေကြတဲ့ စကားကို လက်ကာပြ
ပြီး
“မလုပ်နဲ့ သူ့စိတ်က ပုံမှန်မဟုတ်တော့ဘူး”
“ခင်ဗျားက ကျုပ်ကို ရူးနေတယ် ထင်နေတာလား
ငါ မရူးဘူး မင်းတို့ကအရူး တွေ…..ဟားဟား”
“မင်းတရားလွန်လာပြီး”
“ဟာ ဟိုမှာ ငါမိန်းမနဲ့ ငါကလေးပါလား”
ဝီချက် စကားကြောင့် ရွာလူကြီး အပါအဝင်
ကျန်တဲ့လူတွေလည်း ဝီချက် လက်ညိုးထိုးရာ
လှည့်ကြည့်လိုက်တော့ ဘယ်သူမှမရှိ
“ဒီကောင် တစ်ကယ်ရူးသွားပြီး”
ရွာလူကြီးလည်း ခေါင်းယမ်းပြီးစိတ်မကောင်းဖြစ်နေမိသည်။
အဝေးကနေ ဝီချက်အား မကျေမနပ် လှမ်းကြည့်နေတဲ့ အမျိုးသမီးတစ်ဦးနှင့် သူမရင်ခွင်မှာ
ပွေ့ဖက်ထားတဲ့ ကလေးငယ်တစ်ဦးပင်ဖြစ်သည်။
သူမမျက်နှာက သွေးများမရှိတော့သလို ဖြူဖပ်ဖြူရော် ဖြစ်နေလေသည်။ သူမ ကလေးငယ်ရဲ့ မျက်တွင်းဟောက်ဟောက်ကြီးထဲက သွေးပုပ် သွေးမဲရည်တွေ ပါးပြင်ပေါ်တလိမ့်လိမ့်စီးဆင်းလာကာ ဖခင်ဖြစ်သူအား သူစိမ်းဆန်ဆန်ကြည့်ကာ ငိုနေရှာလေသည်။ ပြီးတော့ သားမိနှစ်ယောက်လုံး
ဝီချက် အား ကျောပေး၍ တရွေ့ရွှေ့ထွက်သွား
လေသည်။
“ငါကို တစ်ယောက်တည်း မထားခဲ့ပါနဲ့ မိန်းမရေ
သားရေ …အဖေကို ခွင့်ပေးပါကွယ် အဖေမှားသွားပါတယ် …မိန်းမကိုယ် တစ်ကယ်တောင်းပန်ပါတယ်ကွာ ”
ဝီချက်လည်း တားမရတဲ့အဆုံး လက်မှာ
ကိုင်ဆောင်ထားတဲ့ ဓားနဲ့ အလျင်အမြန် သူ့လည်ပင်းအား လှီးချလိုက်လေသည်။
“ဟာ ဝီချက် မလုပ်နဲ့”
ရွာလူကြီးဖြစ်သူရဲ့
ဟန်တားမူကပဲ နောက်ကျ သွားလေသလား
ဝီချက် လည်ပင်းထဲက ပန်းထွက်လာတဲ့ သွေးတွေကတော့မြင်မကောင်းရူ့မကောင်း ဖြစ်သွားလေသည်။
ဒီလိုအဖြစ်ပျက်တွေနဲ့အတူ ထိုမျိုးနွယ်စု
ရဲ့ ရိုးရာဓလေ့ကတော့ ပျောက်ပျက်မသွားသေးပဲ
တည်ရှိိနေလေသည်။ နှစ်အတန်တန်ကြာလာ
သည့်နှင့်အမျှအသတ်ခံရတဲ့ ကလေးတွေရဲ့ ဝိညာဥ်တွေက မကျွတ်မလွတ်ပဲ ထိုရေကန်ကြီးထဲမှာ ပိတ်မိခံရလေသည်။ သူ့တို့ရဲ့ဘဝတွေကို လွယ်လွယ်နဲ့
သတ်ပစ်ရက်တဲ့အတွက် အရမ်းကို ဒေါသထွက်
နေကြတယ်လေသည်။ ညတိုင်းလိုလို အော်ဟစ်ငိုကြွေးသံတွေကတော့ ကန်ကြီးတစ်ကန်လုံး တုန်လူပ်ခြောက်ခြားသွားစေသည်။လက်စားခြေလိုစိတ်တွေကငြိမ်သက်မသွားပဲ ထိုရေကန်ကြီးဟာ တဖြေးဖြေးကျိန်စာသင့်လာလေသည်။
……………………………………………………………
“အူးဝဲ …အုဝဲ ….”
ကလေးငိုကြွေးသံတွေနဲ့ အတူ လူအုပ်ကြီးတစ်စု
ရောက်လာခဲ့လေသည်။ ငိုနေတဲ့ကလေးအား
ရွာလူကြီးအသစ်ဖြစ်သူကပွေ့ချီလာပြီး ရေကန်ထဲ ဆင်းသွားပြီး ရွာကဓလေ့အတိုင်း ကလေးငယ်အား
လေပေါ်သို့မြှောက်လိုက်ပြီး ပစ်ချလိုက်လေသည်။
ကိစ္စပြီးစီးသွားပြီးမို့ ကုန်းပေါ်ပြန်တတ်မယ်ဆဲဆဲ
ဘွားခနဲ ရေထဲက ပေါ်လာတဲ့ ကလေးတစ်ဦးက
ရွာသူကြီး ဂုတ်ပေါ် အတင်း တတ်ခွလိုက်လေသည်။
“ဟာ ဘာကောင်ကြီးလည်း”
ရွာသူကြီး ထိတ်လန့် တကြားအော်သံကြောင့်
ရွာသားတွေလည်း ပါးစပ်ဟောင်းသားဖြစ်
သွားလေသည်။
“ဟာ”
“ရေထဲက မကောင်းဆိုးဝါး လေးတွေ
ထွက်လာပြီး… ပြေးကြဟေ့ ပြေးကြ”
ထိုအော်သံနဲ့အတူ ရုတ်ရုတ်သဲသဲ ပြေးသွားကြတဲ့သူတွေကြည့်ပြီး ရွာသူကြီး အကူညီမဲ့သွားလေသည်။
“ဟာ ဟျော့ကောင်တွေ ငါ..ငါ ကူညီပါအုန်းလေ
ငါကို မထားခဲ့ပါနဲ့”
“ခစ် ခစ် ခစ်….”
“ခစ် ခစ် ခစ်”
“ခစ် ခစ် ခစ်”
ဂုတ်ပေါ် တတ်ခွနေတဲ့ ကလေး
ငယ်နဲ့အတူ သေဆုံးသွားကြတဲ့ ကလေးတွေအားလုံး ရုတ်တရက် ရေပေါ်သို့ ပေါ်လာကြပြီး လှောင်ရယ်ပြနေလေသည်။ သူတို့ပုံစံတွေက ခြောက်ခြားစရာကောင်းလောက်အောင် ရုပ်အဆင်းကတော်တော်ဆိုးဝါးလှလေသည်။ တချို့ကလေး
တွေဆိုအရိုးတွေတောင် ဆွေးကျနေပြီး
“ငါတို့က မသန်မစွမ်းပဲ မွေးလာကြတဲ့ကလေးတွေဆိုပေမယ့် ငါတို့ဘယ်လောက်ထိ သန်မာတယ်ဆိုတာပြကြသေးတာပေါ့ ….”
အပေါ်စီးက ကလေးတစ်ဦးက စတင် တိုက်ခိုက်လေတော့သည် ။ ရွာလူကြီးလည်း ဂုတ်အပေါ်က ကလေးငယ်အား အတင်းခါချနေလေသည်။
“မင်းတို့လိုမလောက်လေးမလောက်စားကောင်လေးတွေကို ကြောက်နေများထင်သလား”
ထိုသို့ပြောနေစဥ်မှာပဲ ကလေးတွေ အားလုံး ရွာလူကြီးအား တိုက်ခိုက်ကြလေသည်။
တချို့မကောင်းဆိုးဝါးလေးတွေက
ရွာလူကြီး ခန္ဓာကိုယ်ပေါ်အား ခိုတတ်လာကြပြီး ရေနစ်ပိုင်းထဲသို့ ဆွဲခေါ်သွားလေသည်။
“အား လုပ်ကြပါအုန်း ကယ်ကြပါအုန်း အူး ဝူး ဂူး…”
ရွာသူကြီး အော်သံက တစ်ရွာလုံးအား တုန်လူပ်ခြောက်ခြားသွားလေသည်။
ထိုဖြစ်စဥ်နဲ့အတူ ရိုးရာဓလေ့ကြီးလည်း ပျောက်ကွယ်သွားသလို
Nevada ရေကန်နားကိုလည်း မည်သူတစ်ယောက်မှ မသွားဝံရဲကြပေ။
ခုချိန်ထိ ထိုရေကန်ကြီးထဲက
ကလေးတွေ ဟစ်ကြွေးငိိုသံတွေလည်း ပျောက်ကွယ်မသွားသေးပဲ ယနေ့တိုင်ထိ တည်ရှိနေလေ
သည်။
စာရေးသူ = အလင်းရောင်
မူရင်းရေးသားသူအား လေးစားစွာ Credit ပေးပါသည်။