” ကျွဲဖြစ်သွားတဲ့ သူဋ္ဌေးကြီး “(စ/ဆုံး)

Unicode Version

” ကျွဲဖြစ်သွားတဲ့ သူဋ္ဌေးကြီး “(စ/ဆုံး)
————————————-

မူရင်းရေးသူ ဆရာ မောင်မှိုင်းညို့(ချောင်းဦး)
ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ ဦးဘောဂဆိုတဲ့
သူဋ္ဌေးကြီးတစ်ယောက် ရှိတယ်။
သူဟာ အင်မတန် ချမ်းသာတယ်။
ဘယ်လောက်ချမ်းသာသလဲဆိုရင်
သူပိုင်တဲ့ လယ်မြေတွေဟာ သူ့ရွာပတ်ဝန်းကျင်
အရပ်ရှစ်မျက်နှာစလုံးမှာ
လက်ညှိုးထိုးမလွဲ ရှိတယ်။
ဒါတင်မကသေးဘူး အခြားအခြားသော
ဒေသတွေမှာလည်း လယ်ဧရာပေါင်းများစွာ
ပိုင်ဆိုင်ထားသတဲ့။
ဒီလိုပိုင်ဆိုင်ထားတဲ့ လယ်ဧကပေါင်း
အမြောက်အများကို စိုက်ရမယ့်ရာသီမှာ
စိုက်ရပျိုးရတယ်။
ရိတ်သိမ်းချိန်ကျတော့လည်း ရိတ်ရသိမ်းရတယ်။
သိမ်းဆည်းသိုလှောင်တဲ့ ကျီတွေ
အဆောက်အဦးတွေထဲရောက်အောင်
သယ်ပို့ရ သိမ်းဆည်းရပြန်တယ်။
ဒီတော့ လယ်ယာလုပ်ငန်းတွေအတွက်
စာရင်းငှားတွေ အလုပ်သမားတွေ
အများကြီးခေါ်ပြီး ခိုင်းရတာပေါ့။
စာရင်းငှားအလုပ်သမားတွေက အလွန်ချမ်းသာတဲ့
သူဋ္ဌေးကြီးဆီမှာ အလုပ်,လုပ်ရတာကြောင့်
ဂုဏ်ယူကြတယ်။
သူဋ္ဌေးကြီးရဲ့အလုပ်ကို အခကြေးငွေယူပြီး
လုပ်ပေးရပေမယ့် ဆီပေးလို့ ဆန်ရတာကို
သဘောမထားဘူး။
သူဋ္ဌေးကြီး အလုပ်ပေးလို့ ထမင်းစားရတာဆိုပြီး
ကျေးဇူးရှင်လို့တောင် သဘောထားကြတယ်။
အလုပ်ကိုလည်း ကြိုးကြိုးစားစား လုပ်ကိုင်ကြတယ်တဲ့။
ဒါပေမယ့် သူဋ္ဌေးကြီးကတော့ အလုပ်သမားတွေကို
နှိမ့်ချ ဆက်ဆံလေ့ရှိတယ်။
ဆင်းရဲသားတွေ လစ်ရင်လစ်သလို ခိုကပ်နေတတ်တဲ့
လူပျင်းတွေလို့ပဲ သဘောထားတယ်။
ဒီသဘောထားအမြင်နဲ့ပဲ စာရင်းငှားအလုပ်သမားတွေကို
ဖိနှိပ်ဆက်ဆံတယ်။ မညှာမတာ ခိုင်းစေတယ်။
ဒါပေမယ့် လုပ်အားခကိုတော့ နည်းနည်းပဲ ပေးသတဲ့။
ဒီလိုခိုင်းစေနိုင်ဖို့အတွက်လည်း ဆွေမျိုးထဲက
ယုံကြည်စိတ်ချရသူတွေကို ခေါ်ပြီး အလုပ်သမားတွေကို
အုပ်ချုပ်ခိုင်းတယ်။
နှစ်တွေ ကြာလာတယ်။
အလုပ်သမားတွေဟာ သူဋ္ဌေးကြီးရဲ့ အကြောင်းကို
သိလာကြတယ်။
ဒါကြောင့် သူဋ္ဌေးကြီးမှာ တစ်နှစ်လုပ်ခဲ့ပြီးတဲ့
စာရင်းငှားဟာ နောက်နှစ်မှာ သူဋ္ဌေးကြီးဆီ မလာတော့ဘူး။
အခြားလယ်ပိုင်ရှင်တစ်ဦးဆီကိုပဲ သွားပြီး လုပ်ကြတယ်။
ဒီလိုနဲ့ သူဋ္ဌေးကြီးရဲ့ လယ်တွေကို လုပ်ကိုင်ဖို့
အလုပ်သမားရှာရတာ တစ်နှစ်ထက် တစ်နှစ်ပိုပြီး
ခက်ခဲလာရတယ်။
တစ်ခြားသော ဒေသက အလုပ်သမားတွေကိုတောင်
ခေါ်ယူငှားရမ်းပြီး အသုံးပြု နေရသတဲ့။
တစ်နှစ်မှာတော့ သူဋ္ဌေးကြီးဆီကို လူတစ်ယောက်
ရောက်လာတယ်။ သူ့နာမည်က မောင်သစ္စာတဲ့။
မောင်သစ္စာက သူဋ္ဌေးကြီးဆီမှာ လယ်ယာလုပ်ငန်းကို
ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်နိုင်ကြောင်း ပြောပြီး
အလုပ်တောင်းတယ်။
အလုပ်သမားလိုနေတဲ့ သူဋ္ဌေးကြီးဟာ
ဝမ်းသာမြောက်ဝမ်းသာပဲ မောင်သစ္စာကို
စာရင်းငှားအဖြစ် လက်ခံလိုက်တယ်။
မောင်သစ္စာဟာ သူဋ္ဌေးကြီးရဲ့
ဆွေမျိုး အလုပ်သမားခေါင်းနဲ့အတူ
ရွာတစ်ရွာကို လိုက်သွားရတယ်။
အဲဒီ့ရွာက လယ်တွေမှာ တခြားအလုပ်သမားတွေနဲ့အတူ
လုပ်ကိုင်ရတယ်။ မောင်သစ္စာရောက်တဲ့အချိန်မှာ
မိုးဦးကျရာသီ စပါးစိုက်ပျိုးချိန်ဆိုတော့
ထွန်ယက်စိုက်ပျိုးရတယ်။
လယ်စာရင်းငှားဆိုတာ မိုးစာရင်းငှား
နွေစာရင်း ငှားရယ်လို့ နှစ်မျိုးရှိတယ်။
မိုးစာရင်းငှားက စပါးစိုက်ပျိုးပြီးချိန်ကို
ထွန်တုံးပိတ်ချိန်လို့ သတ်မှတ်ကြတယ်။
ထွန်တုံးပိတ်ချိန်ရောက်မှ မိုးလူငှားရဲ့
တာဝန်ပြီးတယ်။
ဒီလိုနဲ့ သူဋ္ဌေးကြီးရဲ့ လယ်ဧကအားလုံး
စပါးစိုက်ပြီးသွားတယ်။
အခြားမိုးစာရင်းငှားတွေက ရသင့်ရထိုက်တဲ့
လုပ်အားခတွေရှင်းပြီး ကိုယ်ရပ်ကိုယ့်ရွာကို
ပြန်ကြတယ်။
မောင်သစ္စာကတော့ နွေစာရင်းငှားဆက်လုပ်မယ်ဆိုတဲ့
စိတ်ကူးနဲ့ ရွာကိုမပြန်ဘူး။ အလုပ်,လုပ်တဲ့
လယ်ထဲမှာပဲ ကျန်ရစ်ခဲ့တယ်။
ဒီလိုနဲ့ စပါးတွေ ရွှေရောင်ဝင်းမှည့်ပြီး
ရိတ်သိမ်းချိန်ကို ရောက်လာတယ်။
မောင်သစ္စာတစ်ယောက် နွေစာရင်းငှား
ဆက်လုပ်တာပေါ့။
မောင်သစ္စာဟာ နေထွက်ကနေဝင်တဲ့အထိ
စပါးတွေ ရိတ်ရတယ်။
ညဘက်ကျတော့ ရိတ်ထားတဲ့ စပါးတွေကို
တလင်းထဲပို့ ကောက်ဆိုင်ပုံရတယ်။
လယ်တွေအကုန်လုံး စပါးရိတ်ပြီးတော့
တလင်းထဲမှာ ကောက်ဆိုင်ပုံကြီးက
ဟည်းထလို့နေပြီ။
မောင်သစ္စာဟာ ကောက်ဆိုင်ပုံက စပါးတွေကို
တလင်းထဲမှာဖြန့်ပြီး တစ်နေကုန် တနေ့ခမ်း
စပါးနယ်ရပြန်တယ်။
စပါးနယ် စပါးလှေ့။ ကျီထဲသွင်းပြီးမှ နွေစာရင်းငှားနဲ့
တာဝန်တွေ ပြီးဆုံးသွားတယ်။
အဲဒီအချိန်တွေကို တလင်းသိမ်းချိန်လို့ ခေါ်တာပေါ့။
အလုပ်တာဝန်တွေပြီးတော့ မောင်သစ္စာ
အလုပ်သမားခေါင်းဆောင်ဆီကို သွားတယ်
“ကျနော့်လုပ်အားခတွေ အားလုံးရှင်းပါ”
လို့ ပြောလိုက်တယ်။
အလုပ်သမားခေါင်းဆောင်က မောင်သစ္စာကို
လုပ်အားခငွေကြေး ရှင်းပေးတယ်။
မောင်သစ္စာငွေတွေကို ရေတွက်ကြည့်လိုက်တယ်။
ငွေတွေက အရမ်းနည်းတယ်။နွေလုပ်အားခပဲ ရှိတယ်။
မောင်သစ္စာ အလုပ်သမားခေါင်းဆောင်ကို ပြောလိုက်တယ်။
“ကျနော်က မိုးစာရင်းငှားရော နွေစာရင်းငှားပါ
နှစ်ရာသီစလုံး လုပ်ခဲ့တာပါ
ယခု ကျနော့်ကို လုပ်အားခတစ်ရာသီ အတွက်ပဲ
ရှင်းပေးပါသေးတယ်။တစ်ခုအတွက် ကျန်နေပါတယ်”
အလုပ်သမား ခေါင်းဆောင်က ပြန်ပြောတယ်။
“မိုးလူငှားခကို ထွန်တုံးပိတ်ချိန်ကတည်းက
စာရင်းငှားအားလုံးကို ရှင်းပေးပြီးသွားပြီ။
ဘယ်သူတစ်ဦးတစ်ယောက်ကိုမျှ
ရှင်းပေးရန် မကျန်တော့။
ဒါကြောင့် အသင့်ကိုလည်း နွေလူငှားခ
တစ်ရာသီအတွက်သာ ရှင်းပေးခြင်းဖြစ်ပါတယ်”
မောင်သစ္စာက ပြန်ပြောတယ်။
“မိုးလူငှားခကို ကျနော် မရှင်းရသေးပါဘူး”
အလုပ်သမားခေါင်းဆောင်ကလည်း အပြင်းအထန်
ငြင်းဆန်တယ်။
“သစ္စာဆိုတာ အမှန်တရား မှန်ကန်သော စကားဆိုသူလို့
အဓိပ္ပါယ်ရတယ်။
အသင်ကတော့ နာမည်နဲ့ မလိုက်ပါလား မောင်သစ္စာ
ရယူပြီးသား လုပ်အားခကို ထပ်မံတောင်းခံတာဟာ
လူကောင်းတွေ သစ္စာတရားထားရှိသူတွေရဲ့
လုပ်ရပ် မဟုတ်ဘူး”
“မဟုတ်ဘူး အလုပ်သမားခေါင်းဆောင်
ကျနော်နာမည် မောင်သစ္စာပါ။
မှန်သောစကားပဲ ပြောတယ်။
မှန်တာပဲ လုပ်တယ်။
အလုပ်သမားခ မရသေးလို့ တောင်းတာပါ
စာရင်းတွေကို သေသေချာချာ
ပြန်စစ်ကြည့်ချင်ပါတယ်”
“ဘာမှ စစ်ကြည့်စရာမလိုဘူး။
ဘယ်စာရင်းငှားကိုမှ လုပ်အားခ
ရှင်းပေးစရာ မလိုတော့ဘူး”
မောင်သစ္စာက
“လုပ်အားခ မရသေးဘူး”
လို့ ပြောတယ်။
အလုပ်သမားခေါင်းဆောင်က
“လုပ်အားခ ရှင်းပေးပြီးပြီ”
လို့ ပြောတယ်။
သူတို့ နှစ်ယောက် အချေအတင် စကားများကြတယ်။
သူမှန်တယ်။ ကိုယ်မှန်တယ် ငြင်းခုန်ကြတယ်။
ပြဿနာက ပြေလည်မသွားဘူး။
နောက်ဆုံးမှာတော့ မောင်သစ္စာနဲ့
အလုပ်သမားခေါင်းဆောင်ဟာ
တင်ပြဖို့ ထွက်လာခဲ့ကြပါတော့တယ်။
သူဋ္ဌေးကြီးဟာ မောင်သစ္စာကို ပြုံးပြီး ကြည့်နေတယ်
သူဋ္ဌေးကြီးရဲ့ အပြုံးက
“ဒါမျိုးတွေ ရိုးနေပါပြီ”
ဆိုတဲ့ အပြုံးမျိုး။
“မင်းတို့ ဆင်းရဲသား စာရင်းငှားတွေရဲ့
အကြံ ဒါအကုန်ပဲလား”
ဆိုတဲ့အပြုံးမျိုး။
အလုပ်သမားခေါင်းဆောင်က ကြိုတင်သတင်းပေးပို့
ထားသောကြောင့် သူဋ္ဌေးကြီးဟာ မောင်သစ္စာရဲ့
လုပ်အားခပြဿနာကို အစအဆုံး
သိရှိနေပြီး ဖြစ်တယ်။
ဒါပေမယ့် မသိချင်ဟန်ဆောင်ပြီး မေးလိုက်တယ်။
“ကဲ…ဘာပြဿနာ ဖြစ်ကြတာလဲ။
ပြောစမ်းပါဦး”
“သူဋ္ဌေးကြီးခင်ဗျာ ကျနော် မိုးစာရင်းငှားရော
နွေစာရင်းငှားပါ နှစ်ရာသီလုပ်ခဲ့ပါတယ်
ဒါပေမယ့် တလင်းသိမ်းလို့ လုပ်အားခရှင်းတော့
အလုပ်သမားခေါင်းဆောင်က တစ်ရာသီစာပဲ
ငွေရှင်းပေးပါတယ်။ဒါကြောင့် သူဋ္ဌေးကြီးဆီ
လာရောက်တိုင်တန်းတာပါ”
သူဋ္ဌေးကြီးက သူနဲ့ ဆွေမျိုးတော်စပ်တဲ့
အလုပ်သမားခေါင်းဆောင်ကို လှည့်လိုက်တယ်။
“သူပြောတာ အမှန်ပဲလား”
လို့ မေးလိုက်တယ်။
အလုပ်သမားခေါင်းဆောင်က
“မောင်သစ္စာ နွေရော မိုးပါ နှစ်ရာသီလုပ်ခဲ့တယ်ဆိုတာ
မှန်ပါတယ်။ဒါပေမယ့် ထွန်တုံးပိတ်တဲ့အထိ
လုပ်ခဲ့တဲ့ မိုးလုပ်အားခကို အခြားစာရင်းငှားတွေလိုပဲ
ရှင်းပေးပြီးပါပြီ။ဒါကြောင့် ယခု တလင်းသိမ်းမှာ
နွေလုပ်အားခ တစ်ရာသီအတွက်ပဲ ရှင်းပေးခြင်း
ဖြစ်ပါတယ်”
သူဋ္ဌေးကြီးက မောင်သစ္စာဘက် လှည့်လိုက်ပြန်တယ်။
“မိုးသီအတွက် လုပ်အားခ ရှင်းပေးပြီးတာကြောင့်
တစ်ရာသီစာပဲ ရှင်းပေးတာလို့ ပြောနေပါလား
မောင်သစ္စာ”
မောင်သစ္စာ ပျာပျာသလဲ ငြင်းလိုက်တယ်။
“မဟုတ်ပါဘူး သူဋ္ဌေးကြီး ကျနော် မိုးရာသီအတွက်
လုပ်အားခကို မရရှိသေးပါဘူး”
သူဋ္ဌေးကြီးက အလုပ်သမားခေါင်းဆောင်ဘက်
လှည့်ကြည့်လိုက်ပြန်တယ်။
“မိုးရာသီအတွက် လုပ်အားခကို ထွန်ထုံးပိတ်ချိန်မှာ
အလုပ်သမားတွေကို ရှင်းပေးရပါတယ်
ဒါက ဓလေ့ထုံးစံပါ။ အလုပ်သမားတိုင်းကို
ကျနော်ရှင်းပေးလိုက်ပါတယ်။
သူ့ကျမှ ရှင်းမပေးဘူးဆိုတာ မဟုတ်မမှန်ပါဘူး”
လို့ အလုပ်သမားခေါင်းဆောင်က ပြောတယ်။
သူဋ္ဌေးကြီးက ထပ်မေးလိုက်တယ်။
“မင်းအနေနဲ့ မိုးရာသီလုပ်အားခ အားလုံးတစ်ယောက်မကျန်
ရှင်းပေးခဲ့တယ်ဆိုတာ သေချာရဲ့လား”
“သေချာပါတယ် သူဋ္ဌေးကြီး။
ထွန်ထုံးပိတ်ချိန်ကတည်းက တစ်ယောက်မကျန်
ရှင်းပေးခဲ့တာပါ”
အလုပ်သမားခေါင်းဆောင်က သူမမှားတဲ့အကြောင်း
ငြင်းဆိုတယ်။ ရှင်းလင်းတယ်။
သူဋ္ဌေးကြီးက မောင်သစ္စာဘက်လှည့်ပြီး ပြောလိုက်တယ်။
“အလုပ်သမားခေါင်းဆောင်က မိုးရာသီလုပ်အားခကို
ထွန်တုံးပိတ်ကတည်းက ရှင်းပေးပြီးပြီလို့ပြောတယ်”
“မဟုတ်ပါဘူး သူဋ္ဌေးကြီး ကျနော်မရှင်းရသေးပါဘူး”
“ငါခန့်ထားတဲ့ အလုပ်သမားခေါင်းဆောင်ဟာ
ဘယ်တုန်းကမှ မမှားဖူးဘူး။ဒီတစ်ကြိမ်မှာလည်း
မမှားဘူးလို့ ငါယုံကြည်တယ်”
“ဒါဆိုရင် ကျနော့်လုပ်အားခ မရတော့ဘူးလား…”
မောင်သစ္စာစိုးရိမ်တကြီး မေးလိုက်တယ်။
“ဟုတ်တယ် ထုတ်ပေးပြီးသားဖြစ်တဲ့အတွက်
ထပ်မပေးနိုင်တော့ဘူး…”
သူဋ္ဌေးကြီးရဲ့ အဆုံးသတ်စကားကြောင့်
မောင်သစ္စာ စိတ်ဆိုးသွားတယ်။
လေသံမာမာနဲ့ သူဋ္ဌေးကြီးကို ပြောလိုက်တယ်။
“သူဋ္ဌေးကြီးရဲ့ လူကို သူဋ္ဌေးကြီး ယုံကြည်သလား”
“အေး…ယုံကြည်တယ်”
သူဋ္ဌေးကြီးက အေးအေးဆေးဆေးပဲ အမှုမထားသလို
ဖြေလိုက်တယ်။
မောင်သစ္စာက သူဋ္ဌေးကြီးကို ကြည့်ပြီး မကြောက်မရွံ့
ပြောလိုက်တယ်။
“စစ်သည်ရဲမက်တွေဟာ ရန်သူတွေကို
သတ်ဖြတ်ပြီး ပါဏတိပါတကံကို ကျူးလွန်ကြတယ်။
အာဏာပါးကွက်သားက သေဒဏ်ကျ တရားခံတွေကို
သတ်ပြီး ပါဏာတိပါတကံကို ကျူးလွန်တယ်။
ဒါပေမယ့် စစ်သည်ရဲမက်တွေရော အာဏာပါးကွက်သားပါ
ဘုရင်စေခိုင်းတဲ့ အလုပ်တာဝန်ကို ပြုလုပ်ခြင်းသာ
ဖြစ်တယ်။သူတို့ပြုတဲ့ ပါဏတိပါတကံဟာ
သူတို့ရဲ့ မဆိုင်တော့ဘူး။ဘုရင်နဲ့ပဲ သက်ဆိုင်တယ်လို့
ကျမ်းစာတွေမှာ ဆိုထားတယ်။
ဒါကြောင့် သူဋ္ဌေးကြီးရဲ့
အလုပ်သမားမှားယွင်းမှုကလည်း
သူဋ္ဌေးကြီးနဲ့ပဲ ဆိုင်တယ်။
သူဋ္ဌေးကြီးတာဝန်ယူရမယ်”
လို့ပြောတယ်။
သူဋ္ဌေးကြီးက
“ဒါပေါ့ …ဒါပေါ့”
လို့ ဂရုမစိုက်သလို ပြောလိုက်တယ်။
“ဒီလိုဆိုရင် ကျနော်သစ္စာဆိုမယ်
မိုးရာသီလုပ်အားခကို ထုတ်ယူပြီးမှ
ထပ်မံတောင်းယူနေတာဆိုရင် ကျနော်သေတဲ့အခါ
ကျွဲတိရစ္ဆာန်ဘဝနဲ့ သူဋ္ဌေးကြီးဆီ
ကျွန်လာခံပါ့မယ်။တကယ်လို့ သူဋ္ဌေးကြီးတို့ဘက်က
မိုးရာသီလုပ်အားခကို ထုတ်မပေးခဲ့ဘူးဆိုရင်
သူဋ္ဌေးကြီးသေတဲ့အခါ ကျွဲတိရစ္ဆာန်ဘဝနဲ့
ကျနော့်ဆီမှာ ကျွန်လာခံရမယ်
သေဘာတူလား”
သူဋ္ဌေးကြီးကတော့ အောင်နိုင်သူလို ပြုံးရင်း
“သဘောတူတယ်…သဘောတူတယ်လို့”
ခပ်သွက်သွက် ပြန်ပြောလိုက်တယ်။
အမှန်တော့ ဒီပြဿနာမှာ သူဋ္ဌေးကြီးရဲ့
ဆွေမျိုးအလုပ်သမားခေါင်းဆောင်က
မရိုးမသားလုပ်တာပါ။
စပါးတွေစိုက်ပြီးတဲ့ ထွန်တုံးပိတ်ချိန်မှာ
စာရင်းငှားတွေကို လုပ်အားခ ရှင်းပေးရတယ်။
အလုပ်သမားအားလုံး ငွေလာထုတ်ပေမယ့်
မောင်သစ္စာ လာမထုတ်ဘူး။
မောင်သစ္စာက နွေလူငှားပါ ဆက်လုပ်မှာမို့
လုပ်ငန်းအားလုံးသိမ်းမှ လုပ်အားခထုတ်ဖို့
ကြံရွယ်ထားတယ်။
အလုပ်သမားခေါင်းဆောင်ဟာ မောင်သစ္စာရဲ့
ငွေကို သုံးမိသွားတယ်။
ဒီလိုနဲ့ မောင်သစ္စာ ငွေလာထုတ်တော့ သူ့မှာ
ပေးဖို့ မရှိတော့ဘူး။ဒါကြောင့်
“မိုးလူငှားခကို ပေးပြီးပြီ”
လို့ မရိုးမသား ကြံစည်လိုက်တာဖြစ်တယ်။
သူဋ္ဌေးကြီးကတော့ အလုပ်သမားဆင်းရဲသားတွေကို
ဖိနှိပ်ဆက်ဆံတယ်။နှမြောတွန့်တိုတယ်။
ငွေထပ်မပေးရရင် ပြီးရောဆိုတဲ့ သဘောထားပဲရှိတယ်။
ဒါကြောင့်လည်း “ကျွဲဖြစ်ပါစေ”ဆိုတဲ့ သစ္စာစကားကို
ပေါ့ပေါ့တန်တန် သဘောထားခဲ့ခြင်းဖြစ်တယ်။
မောင်သစ္စာဟာ
“အကြွေးဆိုတာ ဘယ်တော့မှ မဆုံးရှုံးဘူး။
ပေးစရာရှိရင်လည်း ဒီဘဝမပေးနိုင် နောက်ဘဝပေးရတယ်
ရစရာရှိရင်လည်း ဒီဘဝမရ နောက်ဘဝ ပြန်ရမှာပဲ”
ဆိုတဲ့ အတွေးနဲ့ ရွာကို ပြန်သွားခဲ့တယ်တဲ့။
မောင်သစ္စာရဲ့ သစ္စာစကားက အမှန်တကယ်ပဲဖြစ်ခဲ့တယ်။
မောင်သစ္စာတစ်ယောက် သူဋ္ဌေးကြီးနဲ့ ပြဿနာဖြစ်လို့
ပြန်လာပြီး နှစ်အနည်းငယ်အကြာမှ သူဋ္ဌေးကြီး
ကွယ်လွန်သွားတယ်။
အဲဒီနောက် လအနည်းငယ်အကြာမှာတော့
မောင်သစ္စာပိုင်တဲ့ ကျွဲမကြီးကနေ ကျွဲထီးလေးတစ်ကောင်
မွေးဖွားခဲ့တယ်။မောင်သစ္စာ သူဋ္ဌေးကြီးနဲ့
သစ္စာဆိုတာကို သတိရလိုက်တယ်။
“သူဋ္ဌေးကြီး သေတယ်လို့ကြားတယ်
ငါ့အကြွေးဆပ်ဖို့ ကျွဲတိရစ္ဆာန်ဖြစ်ပြီး
ရောက်လာတာများလား”လို့လည်း
တွေးမိလိုက်တယ်။
ကြာတော့ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတယ်။
ဒါပေမယ့် ကျွဲလေးနဲ့ ပတ်သတ်ပြီး ထူးထူးခြားခြား
ဖြစ်ရပ်လေးတွေ မကြာခဏ ကြုံလာတော့
မောင်သစ္စာ အံ့သြလာတယ်။
ကျွဲပေါက်စလေးဟာ မောင်သစ္စာကို
အရမ်းခင်တွယ်တာတွေ့ရတယ်။
မိခင်ကျွဲမကြီးဆီကိုတောင် နို့ဆာမှသွားတယ်။
ကျန်တဲ့အချိန်တွေမှာ မောင်သစ္စာအနီးကိုပဲ
ကပ်နေတယ်။မောင်သစ္စာက ကျွဲလေးကို
သူဋ္ဌေးကြီးရဲ့ နာမည်ဖြစ်တဲ့’ဘောဂ’လို့ခေါ်တဲ့အခါ
ကျွဲလေးဟာ သဘောကျတဲ့ အမူအရာ ရှိတယ်။
ခုန်ပေါက်မြူးတူးပြီး ပျော်ရွှင်နေတတ်တယ်။
ကျွဲလေးအရွယ်ရောက်လို့
အလုပ်လုပ်ခိုင်းတဲ့အခါမှာလည်း
မောင်သစ္စာတစ်ယောက်ပဲ ခိုင်းလို့ရတယ်။
ဘယ်သူခိုင်းခိုင်း အလုပ်မလုပ်ဘူး။
ကြာလာတော့ မောင်သစ္စာရဲ့စိတ်ထဲမှာ
ကျွဲလေးဟာ သူဋ္ဌေးကြီးဦးဘောဂ
ဝင်စားတယ်ဆိုတာကို
တစ်စ တစ်စ လက်ခံလိုက်တယ်။
ယုံလည်း ယုံကြည်လာတယ်။
ကျွဲကလည်း မောင်သစ္စာဘယ်သွားသွား လိုက်နေတော့
လူတွေ့ရဲ့အမြင်မှာ ထူးဆန်းသလို ဖြစ်နေတယ်။
မောင်သစ္စာကို အကျိုးအကြောင်းမေးကြတယ်။
မောင်သစ္စာက သူဋ္ဌေးကြီးဆီမှာ လယ်စာရင်းငှား
သွားလုပ်ခဲ့တာ။
သူဋ္ဌေးကြီးရဲ့ ဆွေမျိုးဖြစ်တဲ့အလုပ်သမား
ခေါင်းဆောင်က မိုးလူငှားခမပေးဘဲ ပေးပြီးပြီလို့
လိမ်လည်တာ။သူဋ္ဌေးကြီးဆီ ရောက်တော့လည်း
လုပ်အားခမရတာကြောင့် “ကျွဲဖြစ်ပါစေ”လို့
သစ္စာဆိုကြတဲ့ အကြောင်းပြောပြတယ်။
“ဒါဆိုရင် ဒီကျွဲက သူဋ္ဌေးကြီး ဦးဘောဂပေါ့”
လို့ လူတွေက တအံ့တသြ ပြောကြတယ်။
ဒီစကားက တဖြည်းဖြည်းပြန်နှံ့ပြီး သူဋ္ဌေးကြီးဦးဘောဂရဲ့
မိသားစုတွေဆီ ရောက်သွားတယ်။
သူတို့ဖခင်သူဋ္ဌေးကြီးကို ကျွဲတိရစ္ဆာန်ဖြစ်တယ်လို့
ပြောတော့ စိတ်ဆိုးကြတာပေါ့…
“လိုက်အားခမပေးလို့ ဆိုပြီး တမင်သိက္ခာချတာပဲ
ဖြစ်ရမယ်”
လို့လည်း ထင်မြင်ယူဆကြတယ်။
မဟုတ်မမှန်ပြောရင် မောင်သစ္စာကို မြို့စားမင်းဆီ
‘တိုင်မယ်’ဆိုတဲ့အကြံနဲ့ သူဋ္ဌေးကြီးဦးဘောဂရဲ့သား/သမီးတွေ
မောင်သစ္စာနေတဲ့ ရွာကို ထွက်လာခဲ့ကြတယ်။
ဒါပေမယ့် အခြေအနေက သူတို့ထင်သလို ဖြစ်မလာခဲ့ဘူး။
မောင်သစ္စာရဲ့ အိမ်ခြံဝကို ရောက်တာနဲ့ ထူးဆန်းတဲ့
အဖြစ်အပျက်ကို ကြုံလိုက်ရတယ်။
ကျွဲကြီးဘောဂဟာ သူ့လူဘဝတုန်းက
တော်စပ်ခဲ့တဲ့ သားသမီးတွေကို ခြံဝမှာ
လှမ်းတွေ့လိုက်တယ်…
တွေ့တာနဲ့ တစ်ပြိုင်နက် အစာစားနေရာကနေ
ခြံဝပြေးသွားတယ်။
အတိတ်ဘဝက သူ့ရဲ့သားသမီးတွေကို ကြိုတယ်။
ကျွဲဆိုတာ ကြောက်စရာကောင်းတယ်။
ဆင်တွေ မြင်းတွေ နွားတွေက သခင်ကို သခင်မှန်းသိတယ်။
ကျွဲမှာတော့ သခင်ဆိုတာ မရှိဘူး။ဘယ်လိုကျွေးကျွေး
ဘယ်လိုမွေးမွေး မထင်ရင် မထင်သလို
တိုက်ခိုက်တတ်တဲ့ ညဉ်ဆိုးရှိတယ်။
ဒီလို တိရစ္ဆာန်မျိုးက တစ်ကြိမ်တစ်ခါမျှ
မမြင်ဘူးတဲ့သူတွေကို ရန်မပြုဘဲ ခြံဝမှာ
သွားကြိုတော့ မြင်တွေ့ရသူအားလုံး တအံ့တသြ
ဖြစ်သွားကြတယ်။ပိုပြီးထူးဆန်းတဲ့ အဖြစ်အပျက်က
ကျွဲကြီးဟာ သူ့ရဲ့သားသမီးတွေကို ကြည့်ပြီး
မျက်ရည်တွေ ကျနေတာပါပဲ။
သူဋ္ဌေးကြီးဦးဘောဂရဲ့သားသမီးတွေဟာ
ဖခင်ကြီး မကွယ်လွန်မီက ဝတ်ဆင်ခဲ့တဲ့
အဝတ်အထည်တွေ။
သုံးစွဲခဲ့တဲ့ အသုံးအဆောင်တွေနဲ့
အတူ ရောထားပြီး ကျွဲကြီးဘောဂကို
ရွေးချယ်ခိုင်းတယ်။
ကျွဲကြီးဘောဂလည်း တစ်ခုမှ
မလွဲအောင် ရွေးပြနိုင်ခဲ့တယ်။
ဒီတော့မှ သူဋ္ဌေးကြီးရဲ့ သားသမီးတွေဟာ
သူတို့ ဖခင် ကျွဲဖြစ်သွားတယ်ဆိုတာ
လက်ခံလိုက်ကြတယ်။
သူတို့က မောင်သစ္စာကို တောင်းပန်ကြတယ်။
ကျွဲကြီးကိုရောင်းဖို့နဲ့
“တောင်းသလောက် ပေးပါမယ့်”
လို့လည်း ပြောကြတယ်။
မောင်သစ္စာဟာ ယခင်က
“မဟုတ်မတရားခံရတယ်”
ဆိုတဲ့ ဒေါသနဲ့ ကျွဲဖြစ်ပါစေလို့ သစ္စာဆိုခဲ့တယ်။
အခုချိန်မှာတော့ သူဋ္ဌေးကြီးဦးဘောဂ တစ်ဖြစ်လဲ
ကျွဲကြီးဘောဂကို သနားသွားတယ်။
ဒါကြောင့် တန်ရာတန်ကြေးနဲ့ပဲ
ရောင်းပေးလိုက်တယ်။
သူဋ္ဌေးကြီးရဲ့ သားသမီးတွေဟာ မောင်သစ္စာကို
အရမ်းကျေးဇူးတင်ကြတယ်။
ပြီးတော့ ကျွဲကြီးကို ခေါ်ဆောင်ပြီး ပြန်သွားကြတယ်။
အိမ်ရောက်တော့ ကျွဲကြီးကို ကောင်းကောင်းမွန်မွန်
ပြုစုကျွေးမွေးကြတယ်။ဒါပေမယ့် အတိတ်ဘဝက
အကြွေးကို ဆပ်ရမှာမို့နဲ့ တူပါရဲ့။
ဘယ်လိုပဲ ကောင်းမွန်စွာ ပြုစုကျွေးမွေးပေမယ့်
ကျွဲကြီးဟာ မနေနိုင်ခဲ့ဘူး။
နောက်တစ်နေ့ညမှာပဲ နေအိမ်ကနေ ထွက်ပြေးပြီး
မောင်သစ္စာဆီကို ပြန်သွားတယ်။
သူဋ္ဌေးကြီးရဲ့ သားသမီးတွေက ကျွဲကြီးကို
ပြန်လာခေါ်ကြတယ်။
မောင်သစ္စာကလည်း
“သူဋ္ဌေးကြီးဦးဘောဂ ခင်ဗျားဆီမှာ
ကျနော်အကြွေးမရှိတော့ပါဘူး
ခင်ဗျားရဲ့သားသမီးတွေဆီပြန်ပြီး
ချမ်းချမ်းသာသာပဲနေပါ”
လို့ ပြောလိုက်တယ်။
ဒါပေမယ့် ကျွဲကြီးဘောဂကတော့ တစ်ရက်နှစ်ရက်ထက်
ပိုမကြာဘူး မောင်သစ္စာရဲ့အိမ်ကို ပြန်ရောက်လာတယ်။
ဒီလို ကျွဲကြီးကို ပြန်ခေါ်လာလိုက် မောင်သစ္စာဆီ
ပြန်ပြေးသွားလိုက်နဲ့ ခဏခဏဖြစ်လာတော့
သူဋ္ဌေးကြီးရဲ့ သားသမီးတွေဟာ အစီအစဉ်
တစ်မျိုးပြုလုပ်ကြတယ်။
အဲဒီအစီအစဉ်ကတော့ ကျွဲကြီးဘောဂကို
မောင်သစ္စာဆီမှာပဲထားမယ်။
ကျွဲဝယ်တုန်းက ပေးထားတဲ့ငွေကိုလည်း
ပြန်ပေးဖို့ မလိုဘူး။
ကျွဲကြီးကို အလုပ်မခိုင်းဘဲ ကောင်းကောင်းမွန်မွန်
ကျွေးမွေးဖို့ လစဉ်ငွေကြေးထောက်ပံ့ပေးကြတယ်။
မောင်သစ္စာကလည်း သံသရာတစ်ကွေ့မှာ
ခဏတွေ့လိုက်ရတဲ့ သူဋ္ဌေးကြီးဦးဘောဂရဲ့
အဖြစ်ကို သံဝေဂရတာကြောင့် ကျွဲကြီးကို
ဂရုတစိုက် ပြုစုကျွေးမွေးတယ်။
ဒါပေမယ့် ကျွဲကြီးဘောဂကတော့
အေးအေးဆေးဆေးမနေနိုင်ဘူး။
မောင်သစ္စာက ထင်းတိုက်ဝါးတိုက်သွားဖို့
အခြားကျွဲတွေကို လှည်းမှာတပ်ရင်
ကျွဲကြီးဘောဂ ပြေးလာတယ်။
ကျွဲတစ်ကောင်ကို ချိုနဲ့ခတ်ထုတ်ပြီး
ထမ်းပိုးအောက်ကို အတင်းဝင်တယ်။
လယ်ထွန်တဲ့အခါ စပါးနယ်တဲ့အခါမှာလည်း
ဒီအတိုင်းပဲတဲ့။
ထမ်းပိုးတုံးအောက်ကို အတင်းဝင်ပြီး
သူကိုယ်တိုင်လုပ်ပေးလေ့ရှိတယ်တဲ့။
နောက်ဆုံးမှာတော့ ကျွဲကြီးဘောဂလည်း
အတိတ်ဘဝက တင်ရှိခဲ့တဲ့ အကြွေးတွေကို
အကြေအလည် ပေးဆပ်ပြီးမှ အသက်အရွယ်
ကြီးရင့်ပြီး သေဆုံးသွားရှာသတဲ့။
အကြွေးဆိုတာ ဘယ်တော့မှ မဆုံးဘူး။
တစ်ချိန်ချိန်မှာတော့ …
ပေးဆပ်ရမယ့်သူဟာ မလွဲမသွေ ပေးဆပ်ရတယ်
ရဖို့ရှိရင်လည်း မလွဲမသွေ ပြန်ရမှာပါပဲ။
ပြီးပါပြီ။
#မောင်မှိုင်းညို့(ချောင်းဦး)

Zawgyi Version

” ကြၽဲျဖစ္သြားတဲ့ သူေ႒းႀကီး “(စ/ဆုံး)
————————————-

မူရင္းေရးသူ ဆရာ ေမာင္မႈိင္းညိဳ႕(ေခ်ာင္းဦး)
ဟိုးေရွးေရွးတုန္းက ႐ြာတစ္႐ြာမွာ ဦးေဘာဂဆိုတဲ့
သူေ႒းႀကီးတစ္ေယာက္ ရွိတယ္။
သူဟာ အင္မတန္ ခ်မ္းသာတယ္။
ဘယ္ေလာက္ခ်မ္းသာသလဲဆိုရင္
သူပိုင္တဲ့ လယ္ေျမေတြဟာ သူ႔႐ြာပတ္ဝန္းက်င္
အရပ္ရွစ္မ်က္ႏွာစလုံးမွာ
လက္ညႇိဳးထိုးမလြဲ ရွိတယ္။
ဒါတင္မကေသးဘူး အျခားအျခားေသာ
ေဒသေတြမွာလည္း လယ္ဧရာေပါင္းမ်ားစြာ
ပိုင္ဆိုင္ထားသတဲ့။
ဒီလိုပိုင္ဆိုင္ထားတဲ့ လယ္ဧကေပါင္း
အေျမာက္အမ်ားကို စိုက္ရမယ့္ရာသီမွာ
စိုက္ရပ်ိဳးရတယ္။
ရိတ္သိမ္းခ်ိန္က်ေတာ့လည္း ရိတ္ရသိမ္းရတယ္။
သိမ္းဆည္းသိုေလွာင္တဲ့ က်ီေတြ
အေဆာက္အဦးေတြထဲေရာက္ေအာင္
သယ္ပို႔ရ သိမ္းဆည္းရျပန္တယ္။
ဒီေတာ့ လယ္ယာလုပ္ငန္းေတြအတြက္
စာရင္းငွားေတြ အလုပ္သမားေတြ
အမ်ားႀကီးေခၚၿပီး ခိုင္းရတာေပါ့။
စာရင္းငွားအလုပ္သမားေတြက အလြန္ခ်မ္းသာတဲ့
သူေ႒းႀကီးဆီမွာ အလုပ္,လုပ္ရတာေၾကာင့္
ဂုဏ္ယူၾကတယ္။
သူေ႒းႀကီးရဲ႕အလုပ္ကို အခေၾကးေငြယူၿပီး
လုပ္ေပးရေပမယ့္ ဆီေပးလို႔ ဆန္ရတာကို
သေဘာမထားဘူး။
သူေ႒းႀကီး အလုပ္ေပးလို႔ ထမင္းစားရတာဆိုၿပီး
ေက်းဇူးရွင္လို႔ေတာင္ သေဘာထားၾကတယ္။
အလုပ္ကိုလည္း ႀကိဳးႀကိဳးစားစား လုပ္ကိုင္ၾကတယ္တဲ့။
ဒါေပမယ့္ သူေ႒းႀကီးကေတာ့ အလုပ္သမားေတြကို
ႏွိမ့္ခ် ဆက္ဆံေလ့ရွိတယ္။
ဆင္းရဲသားေတြ လစ္ရင္လစ္သလို ခိုကပ္ေနတတ္တဲ့
လူပ်င္းေတြလို႔ပဲ သေဘာထားတယ္။
ဒီသေဘာထားအျမင္နဲ႔ပဲ စာရင္းငွားအလုပ္သမားေတြကို
ဖိႏွိပ္ဆက္ဆံတယ္။ မညႇာမတာ ခိုင္းေစတယ္။
ဒါေပမယ့္ လုပ္အားခကိုေတာ့ နည္းနည္းပဲ ေပးသတဲ့။
ဒီလိုခိုင္းေစႏိုင္ဖို႔အတြက္လည္း ေဆြမ်ိဳးထဲက
ယုံၾကည္စိတ္ခ်ရသူေတြကို ေခၚၿပီး အလုပ္သမားေတြကို
အုပ္ခ်ဳပ္ခိုင္းတယ္။
ႏွစ္ေတြ ၾကာလာတယ္။
အလုပ္သမားေတြဟာ သူေ႒းႀကီးရဲ႕ အေၾကာင္းကို
သိလာၾကတယ္။
ဒါေၾကာင့္ သူေ႒းႀကီးမွာ တစ္ႏွစ္လုပ္ခဲ့ၿပီးတဲ့
စာရင္းငွားဟာ ေနာက္ႏွစ္မွာ သူေ႒းႀကီးဆီ မလာေတာ့ဘူး။
အျခားလယ္ပိုင္ရွင္တစ္ဦးဆီကိုပဲ သြားၿပီး လုပ္ၾကတယ္။
ဒီလိုနဲ႔ သူေ႒းႀကီးရဲ႕ လယ္ေတြကို လုပ္ကိုင္ဖို႔
အလုပ္သမားရွာရတာ တစ္ႏွစ္ထက္ တစ္ႏွစ္ပိုၿပီး
ခက္ခဲလာရတယ္။
တစ္ျခားေသာ ေဒသက အလုပ္သမားေတြကိုေတာင္
ေခၚယူငွားရမ္းၿပီး အသုံးျပဳ ေနရသတဲ့။
တစ္ႏွစ္မွာေတာ့ သူေ႒းႀကီးဆီကို လူတစ္ေယာက္
ေရာက္လာတယ္။ သူ႔နာမည္က ေမာင္သစၥာတဲ့။
ေမာင္သစၥာက သူေ႒းႀကီးဆီမွာ လယ္ယာလုပ္ငန္းကို
ကြၽမ္းကြၽမ္းက်င္က်င္ လုပ္ကိုင္ႏိုင္ေၾကာင္း ေျပာၿပီး
အလုပ္ေတာင္းတယ္။
အလုပ္သမားလိုေနတဲ့ သူေ႒းႀကီးဟာ
ဝမ္းသာေျမာက္ဝမ္းသာပဲ ေမာင္သစၥာကို
စာရင္းငွားအျဖစ္ လက္ခံလိုက္တယ္။
ေမာင္သစၥာဟာ သူေ႒းႀကီးရဲ႕
ေဆြမ်ိဳး အလုပ္သမားေခါင္းနဲ႔အတူ
႐ြာတစ္႐ြာကို လိုက္သြားရတယ္။
အဲဒီ့႐ြာက လယ္ေတြမွာ တျခားအလုပ္သမားေတြနဲ႔အတူ
လုပ္ကိုင္ရတယ္။ ေမာင္သစၥာေရာက္တဲ့အခ်ိန္မွာ
မိုးဦးက်ရာသီ စပါးစိုက္ပ်ိဳးခ်ိန္ဆိုေတာ့
ထြန္ယက္စိုက္ပ်ိဳးရတယ္။
လယ္စာရင္းငွားဆိုတာ မိုးစာရင္းငွား
ေႏြစာရင္း ငွားရယ္လို႔ ႏွစ္မ်ိဳးရွိတယ္။
မိုးစာရင္းငွားက စပါးစိုက္ပ်ိဳးၿပီးခ်ိန္ကို
ထြန္တုံးပိတ္ခ်ိန္လို႔ သတ္မွတ္ၾကတယ္။
ထြန္တုံးပိတ္ခ်ိန္ေရာက္မွ မိုးလူငွားရဲ႕
တာဝန္ၿပီးတယ္။
ဒီလိုနဲ႔ သူေ႒းႀကီးရဲ႕ လယ္ဧကအားလုံး
စပါးစိုက္ၿပီးသြားတယ္။
အျခားမိုးစာရင္းငွားေတြက ရသင့္ရထိုက္တဲ့
လုပ္အားခေတြရွင္းၿပီး ကိုယ္ရပ္ကိုယ့္႐ြာကို
ျပန္ၾကတယ္။
ေမာင္သစၥာကေတာ့ ေႏြစာရင္းငွားဆက္လုပ္မယ္ဆိုတဲ့
စိတ္ကူးနဲ႔ ႐ြာကိုမျပန္ဘူး။ အလုပ္,လုပ္တဲ့
လယ္ထဲမွာပဲ က်န္ရစ္ခဲ့တယ္။
ဒီလိုနဲ႔ စပါးေတြ ေ႐ႊေရာင္ဝင္းမွည့္ၿပီး
ရိတ္သိမ္းခ်ိန္ကို ေရာက္လာတယ္။
ေမာင္သစၥာတစ္ေယာက္ ေႏြစာရင္းငွား
ဆက္လုပ္တာေပါ့။
ေမာင္သစၥာဟာ ေနထြက္ကေနဝင္တဲ့အထိ
စပါးေတြ ရိတ္ရတယ္။
ညဘက္က်ေတာ့ ရိတ္ထားတဲ့ စပါးေတြကို
တလင္းထဲပို႔ ေကာက္ဆိုင္ပုံရတယ္။
လယ္ေတြအကုန္လုံး စပါးရိတ္ၿပီးေတာ့
တလင္းထဲမွာ ေကာက္ဆိုင္ပုံႀကီးက
ဟည္းထလို႔ေနၿပီ။
ေမာင္သစၥာဟာ ေကာက္ဆိုင္ပုံက စပါးေတြကို
တလင္းထဲမွာျဖန္႔ၿပီး တစ္ေနကုန္ တေန႔ခမ္း
စပါးနယ္ရျပန္တယ္။
စပါးနယ္ စပါးေလွ႔။ က်ီထဲသြင္းၿပီးမွ ေႏြစာရင္းငွားနဲ႔
တာဝန္ေတြ ၿပီးဆုံးသြားတယ္။
အဲဒီအခ်ိန္ေတြကို တလင္းသိမ္းခ်ိန္လို႔ ေခၚတာေပါ့။
အလုပ္တာဝန္ေတြၿပီးေတာ့ ေမာင္သစၥာ
အလုပ္သမားေခါင္းေဆာင္ဆီကို သြားတယ္
“က်ေနာ့္လုပ္အားခေတြ အားလုံးရွင္းပါ”
လို႔ ေျပာလိုက္တယ္။
အလုပ္သမားေခါင္းေဆာင္က ေမာင္သစၥာကို
လုပ္အားခေငြေၾကး ရွင္းေပးတယ္။
ေမာင္သစၥာေငြေတြကို ေရတြက္ၾကည့္လိုက္တယ္။
ေငြေတြက အရမ္းနည္းတယ္။ေႏြလုပ္အားခပဲ ရွိတယ္။
ေမာင္သစၥာ အလုပ္သမားေခါင္းေဆာင္ကို ေျပာလိုက္တယ္။
“က်ေနာ္က မိုးစာရင္းငွားေရာ ေႏြစာရင္းငွားပါ
ႏွစ္ရာသီစလုံး လုပ္ခဲ့တာပါ
ယခု က်ေနာ့္ကို လုပ္အားခတစ္ရာသီ အတြက္ပဲ
ရွင္းေပးပါေသးတယ္။တစ္ခုအတြက္ က်န္ေနပါတယ္”
အလုပ္သမား ေခါင္းေဆာင္က ျပန္ေျပာတယ္။
“မိုးလူငွားခကို ထြန္တုံးပိတ္ခ်ိန္ကတည္းက
စာရင္းငွားအားလုံးကို ရွင္းေပးၿပီးသြားၿပီ။
ဘယ္သူတစ္ဦးတစ္ေယာက္ကိုမွ်
ရွင္းေပးရန္ မက်န္ေတာ့။
ဒါေၾကာင့္ အသင့္ကိုလည္း ေႏြလူငွားခ
တစ္ရာသီအတြက္သာ ရွင္းေပးျခင္းျဖစ္ပါတယ္”
ေမာင္သစၥာက ျပန္ေျပာတယ္။
“မိုးလူငွားခကို က်ေနာ္ မရွင္းရေသးပါဘူး”
အလုပ္သမားေခါင္းေဆာင္ကလည္း အျပင္းအထန္
ျငင္းဆန္တယ္။
“သစၥာဆိုတာ အမွန္တရား မွန္ကန္ေသာ စကားဆိုသူလို႔
အဓိပၸါယ္ရတယ္။
အသင္ကေတာ့ နာမည္နဲ႔ မလိုက္ပါလား ေမာင္သစၥာ
ရယူၿပီးသား လုပ္အားခကို ထပ္မံေတာင္းခံတာဟာ
လူေကာင္းေတြ သစၥာတရားထားရွိသူေတြရဲ႕
လုပ္ရပ္ မဟုတ္ဘူး”
“မဟုတ္ဘူး အလုပ္သမားေခါင္းေဆာင္
က်ေနာ္နာမည္ ေမာင္သစၥာပါ။
မွန္ေသာစကားပဲ ေျပာတယ္။
မွန္တာပဲ လုပ္တယ္။
အလုပ္သမားခ မရေသးလို႔ ေတာင္းတာပါ
စာရင္းေတြကို ေသေသခ်ာခ်ာ
ျပန္စစ္ၾကည့္ခ်င္ပါတယ္”
“ဘာမွ စစ္ၾကည့္စရာမလိုဘူး။
ဘယ္စာရင္းငွားကိုမွ လုပ္အားခ
ရွင္းေပးစရာ မလိုေတာ့ဘူး”
ေမာင္သစၥာက
“လုပ္အားခ မရေသးဘူး”
လို႔ ေျပာတယ္။
အလုပ္သမားေခါင္းေဆာင္က
“လုပ္အားခ ရွင္းေပးၿပီးၿပီ”
လို႔ ေျပာတယ္။
သူတို႔ ႏွစ္ေယာက္ အေခ်အတင္ စကားမ်ားၾကတယ္။
သူမွန္တယ္။ ကိုယ္မွန္တယ္ ျငင္းခုန္ၾကတယ္။
ျပႆနာက ေျပလည္မသြားဘူး။
ေနာက္ဆုံးမွာေတာ့ ေမာင္သစၥာနဲ႔
အလုပ္သမားေခါင္းေဆာင္ဟာ
တင္ျပဖို႔ ထြက္လာခဲ့ၾကပါေတာ့တယ္။
သူေ႒းႀကီးဟာ ေမာင္သစၥာကို ၿပဳံးၿပီး ၾကည့္ေနတယ္
သူေ႒းႀကီးရဲ႕ အၿပဳံးက
“ဒါမ်ိဳးေတြ ႐ိုးေနပါၿပီ”
ဆိုတဲ့ အၿပဳံးမ်ိဳး။
“မင္းတို႔ ဆင္းရဲသား စာရင္းငွားေတြရဲ႕
အႀကံ ဒါအကုန္ပဲလား”
ဆိုတဲ့အၿပဳံးမ်ိဳး။
အလုပ္သမားေခါင္းေဆာင္က ႀကိဳတင္သတင္းေပးပို႔
ထားေသာေၾကာင့္ သူေ႒းႀကီးဟာ ေမာင္သစၥာရဲ႕
လုပ္အားချပႆနာကို အစအဆုံး
သိရွိေနၿပီး ျဖစ္တယ္။
ဒါေပမယ့္ မသိခ်င္ဟန္ေဆာင္ၿပီး ေမးလိုက္တယ္။
“ကဲ…ဘာျပႆနာ ျဖစ္ၾကတာလဲ။
ေျပာစမ္းပါဦး”
“သူေ႒းႀကီးခင္ဗ်ာ က်ေနာ္ မိုးစာရင္းငွားေရာ
ေႏြစာရင္းငွားပါ ႏွစ္ရာသီလုပ္ခဲ့ပါတယ္
ဒါေပမယ့္ တလင္းသိမ္းလို႔ လုပ္အားခရွင္းေတာ့
အလုပ္သမားေခါင္းေဆာင္က တစ္ရာသီစာပဲ
ေငြရွင္းေပးပါတယ္။ဒါေၾကာင့္ သူေ႒းႀကီးဆီ
လာေရာက္တိုင္တန္းတာပါ”
သူေ႒းႀကီးက သူနဲ႔ ေဆြမ်ိဳးေတာ္စပ္တဲ့
အလုပ္သမားေခါင္းေဆာင္ကို လွည့္လိုက္တယ္။
“သူေျပာတာ အမွန္ပဲလား”
လို႔ ေမးလိုက္တယ္။
အလုပ္သမားေခါင္းေဆာင္က
“ေမာင္သစၥာ ေႏြေရာ မိုးပါ ႏွစ္ရာသီလုပ္ခဲ့တယ္ဆိုတာ
မွန္ပါတယ္။ဒါေပမယ့္ ထြန္တုံးပိတ္တဲ့အထိ
လုပ္ခဲ့တဲ့ မိုးလုပ္အားခကို အျခားစာရင္းငွားေတြလိုပဲ
ရွင္းေပးၿပီးပါၿပီ။ဒါေၾကာင့္ ယခု တလင္းသိမ္းမွာ
ေႏြလုပ္အားခ တစ္ရာသီအတြက္ပဲ ရွင္းေပးျခင္း
ျဖစ္ပါတယ္”
သူေ႒းႀကီးက ေမာင္သစၥာဘက္ လွည့္လိုက္ျပန္တယ္။
“မိုးသီအတြက္ လုပ္အားခ ရွင္းေပးၿပီးတာေၾကာင့္
တစ္ရာသီစာပဲ ရွင္းေပးတာလို႔ ေျပာေနပါလား
ေမာင္သစၥာ”
ေမာင္သစၥာ ပ်ာပ်ာသလဲ ျငင္းလိုက္တယ္။
“မဟုတ္ပါဘူး သူေ႒းႀကီး က်ေနာ္ မိုးရာသီအတြက္
လုပ္အားခကို မရရွိေသးပါဘူး”
သူေ႒းႀကီးက အလုပ္သမားေခါင္းေဆာင္ဘက္
လွည့္ၾကည့္လိုက္ျပန္တယ္။
“မိုးရာသီအတြက္ လုပ္အားခကို ထြန္ထုံးပိတ္ခ်ိန္မွာ
အလုပ္သမားေတြကို ရွင္းေပးရပါတယ္
ဒါက ဓေလ့ထုံးစံပါ။ အလုပ္သမားတိုင္းကို
က်ေနာ္ရွင္းေပးလိုက္ပါတယ္။
သူ႔က်မွ ရွင္းမေပးဘူးဆိုတာ မဟုတ္မမွန္ပါဘူး”
လို႔ အလုပ္သမားေခါင္းေဆာင္က ေျပာတယ္။
သူေ႒းႀကီးက ထပ္ေမးလိုက္တယ္။
“မင္းအေနနဲ႔ မိုးရာသီလုပ္အားခ အားလုံးတစ္ေယာက္မက်န္
ရွင္းေပးခဲ့တယ္ဆိုတာ ေသခ်ာရဲ႕လား”
“ေသခ်ာပါတယ္ သူေ႒းႀကီး။
ထြန္ထုံးပိတ္ခ်ိန္ကတည္းက တစ္ေယာက္မက်န္
ရွင္းေပးခဲ့တာပါ”
အလုပ္သမားေခါင္းေဆာင္က သူမမွားတဲ့အေၾကာင္း
ျငင္းဆိုတယ္။ ရွင္းလင္းတယ္။
သူေ႒းႀကီးက ေမာင္သစၥာဘက္လွည့္ၿပီး ေျပာလိုက္တယ္။
“အလုပ္သမားေခါင္းေဆာင္က မိုးရာသီလုပ္အားခကို
ထြန္တုံးပိတ္ကတည္းက ရွင္းေပးၿပီးၿပီလို႔ေျပာတယ္”
“မဟုတ္ပါဘူး သူေ႒းႀကီး က်ေနာ္မရွင္းရေသးပါဘူး”
“ငါခန္႔ထားတဲ့ အလုပ္သမားေခါင္းေဆာင္ဟာ
ဘယ္တုန္းကမွ မမွားဖူးဘူး။ဒီတစ္ႀကိမ္မွာလည္း
မမွားဘူးလို႔ ငါယုံၾကည္တယ္”
“ဒါဆိုရင္ က်ေနာ့္လုပ္အားခ မရေတာ့ဘူးလား…”
ေမာင္သစၥာစိုးရိမ္တႀကီး ေမးလိုက္တယ္။
“ဟုတ္တယ္ ထုတ္ေပးၿပီးသားျဖစ္တဲ့အတြက္
ထပ္မေပးႏိုင္ေတာ့ဘူး…”
သူေ႒းႀကီးရဲ႕ အဆုံးသတ္စကားေၾကာင့္
ေမာင္သစၥာ စိတ္ဆိုးသြားတယ္။
ေလသံမာမာနဲ႔ သူေ႒းႀကီးကို ေျပာလိုက္တယ္။
“သူေ႒းႀကီးရဲ႕ လူကို သူေ႒းႀကီး ယုံၾကည္သလား”
“ေအး…ယုံၾကည္တယ္”
သူေ႒းႀကီးက ေအးေအးေဆးေဆးပဲ အမႈမထားသလို
ေျဖလိုက္တယ္။
ေမာင္သစၥာက သူေ႒းႀကီးကို ၾကည့္ၿပီး မေၾကာက္မ႐ြံ႕
ေျပာလိုက္တယ္။
“စစ္သည္ရဲမက္ေတြဟာ ရန္သူေတြကို
သတ္ျဖတ္ၿပီး ပါဏတိပါတကံကို က်ဴးလြန္ၾကတယ္။
အာဏာပါးကြက္သားက ေသဒဏ္က် တရားခံေတြကို
သတ္ၿပီး ပါဏာတိပါတကံကို က်ဴးလြန္တယ္။
ဒါေပမယ့္ စစ္သည္ရဲမက္ေတြေရာ အာဏာပါးကြက္သားပါ
ဘုရင္ေစခိုင္းတဲ့ အလုပ္တာဝန္ကို ျပဳလုပ္ျခင္းသာ
ျဖစ္တယ္။သူတို႔ျပဳတဲ့ ပါဏတိပါတကံဟာ
သူတို႔ရဲ႕ မဆိုင္ေတာ့ဘူး။ဘုရင္နဲ႔ပဲ သက္ဆိုင္တယ္လို႔
က်မ္းစာေတြမွာ ဆိုထားတယ္။
ဒါေၾကာင့္ သူေ႒းႀကီးရဲ႕
အလုပ္သမားမွားယြင္းမႈကလည္း
သူေ႒းႀကီးနဲ႔ပဲ ဆိုင္တယ္။
သူေ႒းႀကီးတာဝန္ယူရမယ္”
လို႔ေျပာတယ္။
သူေ႒းႀကီးက
“ဒါေပါ့ …ဒါေပါ့”
လို႔ ဂ႐ုမစိုက္သလို ေျပာလိုက္တယ္။
“ဒီလိုဆိုရင္ က်ေနာ္သစၥာဆိုမယ္
မိုးရာသီလုပ္အားခကို ထုတ္ယူၿပီးမွ
ထပ္မံေတာင္းယူေနတာဆိုရင္ က်ေနာ္ေသတဲ့အခါ
ကြၽဲတိရစာၦန္ဘဝနဲ႔ သူေ႒းႀကီးဆီ
ကြၽန္လာခံပါ့မယ္။တကယ္လို႔ သူေ႒းႀကီးတို႔ဘက္က
မိုးရာသီလုပ္အားခကို ထုတ္မေပးခဲ့ဘူးဆိုရင္
သူေ႒းႀကီးေသတဲ့အခါ ကြၽဲတိရစာၦန္ဘဝနဲ႔
က်ေနာ့္ဆီမွာ ကြၽန္လာခံရမယ္
ေသဘာတူလား”
သူေ႒းႀကီးကေတာ့ ေအာင္ႏိုင္သူလို ၿပဳံးရင္း
“သေဘာတူတယ္…သေဘာတူတယ္လို႔”
ခပ္သြက္သြက္ ျပန္ေျပာလိုက္တယ္။
အမွန္ေတာ့ ဒီျပႆနာမွာ သူေ႒းႀကီးရဲ႕
ေဆြမ်ိဳးအလုပ္သမားေခါင္းေဆာင္က
မ႐ိုးမသားလုပ္တာပါ။
စပါးေတြစိုက္ၿပီးတဲ့ ထြန္တုံးပိတ္ခ်ိန္မွာ
စာရင္းငွားေတြကို လုပ္အားခ ရွင္းေပးရတယ္။
အလုပ္သမားအားလုံး ေငြလာထုတ္ေပမယ့္
ေမာင္သစၥာ လာမထုတ္ဘူး။
ေမာင္သစၥာက ေႏြလူငွားပါ ဆက္လုပ္မွာမို႔
လုပ္ငန္းအားလုံးသိမ္းမွ လုပ္အားခထုတ္ဖို႔
ႀကံ႐ြယ္ထားတယ္။
အလုပ္သမားေခါင္းေဆာင္ဟာ ေမာင္သစၥာရဲ႕
ေငြကို သုံးမိသြားတယ္။
ဒီလိုနဲ႔ ေမာင္သစၥာ ေငြလာထုတ္ေတာ့ သူ႔မွာ
ေပးဖို႔ မရွိေတာ့ဘူး။ဒါေၾကာင့္
“မိုးလူငွားခကို ေပးၿပီးၿပီ”
လို႔ မ႐ိုးမသား ႀကံစည္လိုက္တာျဖစ္တယ္။
သူေ႒းႀကီးကေတာ့ အလုပ္သမားဆင္းရဲသားေတြကို
ဖိႏွိပ္ဆက္ဆံတယ္။ႏွေျမာတြန္႔တိုတယ္။
ေငြထပ္မေပးရရင္ ၿပီးေရာဆိုတဲ့ သေဘာထားပဲရွိတယ္။
ဒါေၾကာင့္လည္း “ကြၽဲျဖစ္ပါေစ”ဆိုတဲ့ သစၥာစကားကို
ေပါ့ေပါ့တန္တန္ သေဘာထားခဲ့ျခင္းျဖစ္တယ္။
ေမာင္သစၥာဟာ
“အေႂကြးဆိုတာ ဘယ္ေတာ့မွ မဆုံးရႈံးဘူး။
ေပးစရာရွိရင္လည္း ဒီဘဝမေပးႏိုင္ ေနာက္ဘဝေပးရတယ္
ရစရာရွိရင္လည္း ဒီဘဝမရ ေနာက္ဘဝ ျပန္ရမွာပဲ”
ဆိုတဲ့ အေတြးနဲ႔ ႐ြာကို ျပန္သြားခဲ့တယ္တဲ့။
ေမာင္သစၥာရဲ႕ သစၥာစကားက အမွန္တကယ္ပဲျဖစ္ခဲ့တယ္။
ေမာင္သစၥာတစ္ေယာက္ သူေ႒းႀကီးနဲ႔ ျပႆနာျဖစ္လို႔
ျပန္လာၿပီး ႏွစ္အနည္းငယ္အၾကာမွ သူေ႒းႀကီး
ကြယ္လြန္သြားတယ္။
အဲဒီေနာက္ လအနည္းငယ္အၾကာမွာေတာ့
ေမာင္သစၥာပိုင္တဲ့ ကြၽဲမႀကီးကေန ကြၽဲထီးေလးတစ္ေကာင္
ေမြးဖြားခဲ့တယ္။ေမာင္သစၥာ သူေ႒းႀကီးနဲ႔
သစၥာဆိုတာကို သတိရလိုက္တယ္။
“သူေ႒းႀကီး ေသတယ္လို႔ၾကားတယ္
ငါ့အေႂကြးဆပ္ဖို႔ ကြၽဲတိရစာၦန္ျဖစ္ၿပီး
ေရာက္လာတာမ်ားလား”လို႔လည္း
ေတြးမိလိုက္တယ္။
ၾကာေတာ့ ေမ့ေမ့ေပ်ာက္ေပ်ာက္ ျဖစ္သြားတယ္။
ဒါေပမယ့္ ကြၽဲေလးနဲ႔ ပတ္သတ္ၿပီး ထူးထူးျခားျခား
ျဖစ္ရပ္ေလးေတြ မၾကာခဏ ႀကဳံလာေတာ့
ေမာင္သစၥာ အံ့ၾသလာတယ္။
ကြၽဲေပါက္စေလးဟာ ေမာင္သစၥာကို
အရမ္းခင္တြယ္တာေတြ႕ရတယ္။
မိခင္ကြၽဲမႀကီးဆီကိုေတာင္ ႏို႔ဆာမွသြားတယ္။
က်န္တဲ့အခ်ိန္ေတြမွာ ေမာင္သစၥာအနီးကိုပဲ
ကပ္ေနတယ္။ေမာင္သစၥာက ကြၽဲေလးကို
သူေ႒းႀကီးရဲ႕ နာမည္ျဖစ္တဲ့’ေဘာဂ’လို႔ေခၚတဲ့အခါ
ကြၽဲေလးဟာ သေဘာက်တဲ့ အမူအရာ ရွိတယ္။
ခုန္ေပါက္ျမဴးတူးၿပီး ေပ်ာ္႐ႊင္ေနတတ္တယ္။
ကြၽဲေလးအ႐ြယ္ေရာက္လို႔
အလုပ္လုပ္ခိုင္းတဲ့အခါမွာလည္း
ေမာင္သစၥာတစ္ေယာက္ပဲ ခိုင္းလို႔ရတယ္။
ဘယ္သူခိုင္းခိုင္း အလုပ္မလုပ္ဘူး။
ၾကာလာေတာ့ ေမာင္သစၥာရဲ႕စိတ္ထဲမွာ
ကြၽဲေလးဟာ သူေ႒းႀကီးဦးေဘာဂ
ဝင္စားတယ္ဆိုတာကို
တစ္စ တစ္စ လက္ခံလိုက္တယ္။
ယုံလည္း ယုံၾကည္လာတယ္။
ကြၽဲကလည္း ေမာင္သစၥာဘယ္သြားသြား လိုက္ေနေတာ့
လူေတြ႕ရဲ႕အျမင္မွာ ထူးဆန္းသလို ျဖစ္ေနတယ္။
ေမာင္သစၥာကို အက်ိဳးအေၾကာင္းေမးၾကတယ္။
ေမာင္သစၥာက သူေ႒းႀကီးဆီမွာ လယ္စာရင္းငွား
သြားလုပ္ခဲ့တာ။
သူေ႒းႀကီးရဲ႕ ေဆြမ်ိဳးျဖစ္တဲ့အလုပ္သမား
ေခါင္းေဆာင္က မိုးလူငွားခမေပးဘဲ ေပးၿပီးၿပီလို႔
လိမ္လည္တာ။သူေ႒းႀကီးဆီ ေရာက္ေတာ့လည္း
လုပ္အားခမရတာေၾကာင့္ “ကြၽဲျဖစ္ပါေစ”လို႔
သစၥာဆိုၾကတဲ့ အေၾကာင္းေျပာျပတယ္။
“ဒါဆိုရင္ ဒီကြၽဲက သူေ႒းႀကီး ဦးေဘာဂေပါ့”
လို႔ လူေတြက တအံ့တၾသ ေျပာၾကတယ္။
ဒီစကားက တျဖည္းျဖည္းျပန္ႏွံ႔ၿပီး သူေ႒းႀကီးဦးေဘာဂရဲ႕
မိသားစုေတြဆီ ေရာက္သြားတယ္။
သူတို႔ဖခင္သူေ႒းႀကီးကို ကြၽဲတိရစာၦန္ျဖစ္တယ္လို႔
ေျပာေတာ့ စိတ္ဆိုးၾကတာေပါ့…
“လိုက္အားခမေပးလို႔ ဆိုၿပီး တမင္သိကၡာခ်တာပဲ
ျဖစ္ရမယ္”
လို႔လည္း ထင္ျမင္ယူဆၾကတယ္။
မဟုတ္မမွန္ေျပာရင္ ေမာင္သစၥာကို ၿမိဳ႕စားမင္းဆီ
‘တိုင္မယ္’ဆိုတဲ့အႀကံနဲ႔ သူေ႒းႀကီးဦးေဘာဂရဲ႕သား/သမီးေတြ
ေမာင္သစၥာေနတဲ့ ႐ြာကို ထြက္လာခဲ့ၾကတယ္။
ဒါေပမယ့္ အေျခအေနက သူတို႔ထင္သလို ျဖစ္မလာခဲ့ဘူး။
ေမာင္သစၥာရဲ႕ အိမ္ၿခံဝကို ေရာက္တာနဲ႔ ထူးဆန္းတဲ့
အျဖစ္အပ်က္ကို ႀကဳံလိုက္ရတယ္။
ကြၽဲႀကီးေဘာဂဟာ သူ႔လူဘဝတုန္းက
ေတာ္စပ္ခဲ့တဲ့ သားသမီးေတြကို ၿခံဝမွာ
လွမ္းေတြ႕လိုက္တယ္…
ေတြ႕တာနဲ႔ တစ္ၿပိဳင္နက္ အစာစားေနရာကေန
ၿခံဝေျပးသြားတယ္။
အတိတ္ဘဝက သူ႔ရဲ႕သားသမီးေတြကို ႀကိဳတယ္။
ကြၽဲဆိုတာ ေၾကာက္စရာေကာင္းတယ္။
ဆင္ေတြ ျမင္းေတြ ႏြားေတြက သခင္ကို သခင္မွန္းသိတယ္။
ကြၽဲမွာေတာ့ သခင္ဆိုတာ မရွိဘူး။ဘယ္လိုေကြၽးေကြၽး
ဘယ္လိုေမြးေမြး မထင္ရင္ မထင္သလို
တိုက္ခိုက္တတ္တဲ့ ညဥ္ဆိုးရွိတယ္။
ဒီလို တိရစာၦန္မ်ိဳးက တစ္ႀကိမ္တစ္ခါမွ်
မျမင္ဘူးတဲ့သူေတြကို ရန္မျပဳဘဲ ၿခံဝမွာ
သြားႀကိဳေတာ့ ျမင္ေတြ႕ရသူအားလုံး တအံ့တၾသ
ျဖစ္သြားၾကတယ္။ပိုၿပီးထူးဆန္းတဲ့ အျဖစ္အပ်က္က
ကြၽဲႀကီးဟာ သူ႔ရဲ႕သားသမီးေတြကို ၾကည့္ၿပီး
မ်က္ရည္ေတြ က်ေနတာပါပဲ။
သူေ႒းႀကီးဦးေဘာဂရဲ႕သားသမီးေတြဟာ
ဖခင္ႀကီး မကြယ္လြန္မီက ဝတ္ဆင္ခဲ့တဲ့
အဝတ္အထည္ေတြ။
သုံးစြဲခဲ့တဲ့ အသုံးအေဆာင္ေတြနဲ႔
အတူ ေရာထားၿပီး ကြၽဲႀကီးေဘာဂကို
ေ႐ြးခ်ယ္ခိုင္းတယ္။
ကြၽဲႀကီးေဘာဂလည္း တစ္ခုမွ
မလြဲေအာင္ ေ႐ြးျပႏိုင္ခဲ့တယ္။
ဒီေတာ့မွ သူေ႒းႀကီးရဲ႕ သားသမီးေတြဟာ
သူတို႔ ဖခင္ ကြၽဲျဖစ္သြားတယ္ဆိုတာ
လက္ခံလိုက္ၾကတယ္။
သူတို႔က ေမာင္သစၥာကို ေတာင္းပန္ၾကတယ္။
ကြၽဲႀကီးကိုေရာင္းဖို႔နဲ႔
“ေတာင္းသေလာက္ ေပးပါမယ့္”
လို႔လည္း ေျပာၾကတယ္။
ေမာင္သစၥာဟာ ယခင္က
“မဟုတ္မတရားခံရတယ္”
ဆိုတဲ့ ေဒါသနဲ႔ ကြၽဲျဖစ္ပါေစလို႔ သစၥာဆိုခဲ့တယ္။
အခုခ်ိန္မွာေတာ့ သူေ႒းႀကီးဦးေဘာဂ တစ္ျဖစ္လဲ
ကြၽဲႀကီးေဘာဂကို သနားသြားတယ္။
ဒါေၾကာင့္ တန္ရာတန္ေၾကးနဲ႔ပဲ
ေရာင္းေပးလိုက္တယ္။
သူေ႒းႀကီးရဲ႕ သားသမီးေတြဟာ ေမာင္သစၥာကို
အရမ္းေက်းဇူးတင္ၾကတယ္။
ၿပီးေတာ့ ကြၽဲႀကီးကို ေခၚေဆာင္ၿပီး ျပန္သြားၾကတယ္။
အိမ္ေရာက္ေတာ့ ကြၽဲႀကီးကို ေကာင္းေကာင္းမြန္မြန္
ျပဳစုေကြၽးေမြးၾကတယ္။ဒါေပမယ့္ အတိတ္ဘဝက
အေႂကြးကို ဆပ္ရမွာမို႔နဲ႔ တူပါရဲ႕။
ဘယ္လိုပဲ ေကာင္းမြန္စြာ ျပဳစုေကြၽးေမြးေပမယ့္
ကြၽဲႀကီးဟာ မေနႏိုင္ခဲ့ဘူး။
ေနာက္တစ္ေန႔ညမွာပဲ ေနအိမ္ကေန ထြက္ေျပးၿပီး
ေမာင္သစၥာဆီကို ျပန္သြားတယ္။
သူေ႒းႀကီးရဲ႕ သားသမီးေတြက ကြၽဲႀကီးကို
ျပန္လာေခၚၾကတယ္။
ေမာင္သစၥာကလည္း
“သူေ႒းႀကီးဦးေဘာဂ ခင္ဗ်ားဆီမွာ
က်ေနာ္အေႂကြးမရွိေတာ့ပါဘူး
ခင္ဗ်ားရဲ႕သားသမီးေတြဆီျပန္ၿပီး
ခ်မ္းခ်မ္းသာသာပဲေနပါ”
လို႔ ေျပာလိုက္တယ္။
ဒါေပမယ့္ ကြၽဲႀကီးေဘာဂကေတာ့ တစ္ရက္ႏွစ္ရက္ထက္
ပိုမၾကာဘူး ေမာင္သစၥာရဲ႕အိမ္ကို ျပန္ေရာက္လာတယ္။
ဒီလို ကြၽဲႀကီးကို ျပန္ေခၚလာလိုက္ ေမာင္သစၥာဆီ
ျပန္ေျပးသြားလိုက္နဲ႔ ခဏခဏျဖစ္လာေတာ့
သူေ႒းႀကီးရဲ႕ သားသမီးေတြဟာ အစီအစဥ္
တစ္မ်ိဳးျပဳလုပ္ၾကတယ္။
အဲဒီအစီအစဥ္ကေတာ့ ကြၽဲႀကီးေဘာဂကို
ေမာင္သစၥာဆီမွာပဲထားမယ္။
ကြၽဲဝယ္တုန္းက ေပးထားတဲ့ေငြကိုလည္း
ျပန္ေပးဖို႔ မလိုဘူး။
ကြၽဲႀကီးကို အလုပ္မခိုင္းဘဲ ေကာင္းေကာင္းမြန္မြန္
ေကြၽးေမြးဖို႔ လစဥ္ေငြေၾကးေထာက္ပံ့ေပးၾကတယ္။
ေမာင္သစၥာကလည္း သံသရာတစ္ေကြ႕မွာ
ခဏေတြ႕လိုက္ရတဲ့ သူေ႒းႀကီးဦးေဘာဂရဲ႕
အျဖစ္ကို သံေဝဂရတာေၾကာင့္ ကြၽဲႀကီးကို
ဂ႐ုတစိုက္ ျပဳစုေကြၽးေမြးတယ္။
ဒါေပမယ့္ ကြၽဲႀကီးေဘာဂကေတာ့
ေအးေအးေဆးေဆးမေနႏိုင္ဘူး။
ေမာင္သစၥာက ထင္းတိုက္ဝါးတိုက္သြားဖို႔
အျခားကြၽဲေတြကို လွည္းမွာတပ္ရင္
ကြၽဲႀကီးေဘာဂ ေျပးလာတယ္။
ကြၽဲတစ္ေကာင္ကို ခ်ိဳနဲ႔ခတ္ထုတ္ၿပီး
ထမ္းပိုးေအာက္ကို အတင္းဝင္တယ္။
လယ္ထြန္တဲ့အခါ စပါးနယ္တဲ့အခါမွာလည္း
ဒီအတိုင္းပဲတဲ့။
ထမ္းပိုးတုံးေအာက္ကို အတင္းဝင္ၿပီး
သူကိုယ္တိုင္လုပ္ေပးေလ့ရွိတယ္တဲ့။
ေနာက္ဆုံးမွာေတာ့ ကြၽဲႀကီးေဘာဂလည္း
အတိတ္ဘဝက တင္ရွိခဲ့တဲ့ အေႂကြးေတြကို
အေၾကအလည္ ေပးဆပ္ၿပီးမွ အသက္အ႐ြယ္
ႀကီးရင့္ၿပီး ေသဆုံးသြားရွာသတဲ့။
အေႂကြးဆိုတာ ဘယ္ေတာ့မွ မဆုံးဘူး။
တစ္ခ်ိန္ခ်ိန္မွာေတာ့ …
ေပးဆပ္ရမယ့္သူဟာ မလြဲမေသြ ေပးဆပ္ရတယ္
ရဖို႔ရွိရင္လည္း မလြဲမေသြ ျပန္ရမွာပါပဲ။
ၿပီးပါၿပီ။
#ေမာင္မႈိင္းညိဳ႕(ေခ်ာင္းဦး)