ကြုံကြိုက်ခဲ့သော…မိန်းကလေး (စ/ဆုံး)
ကိုတင်မောင်တစ်ယောက် ဆိုင်ထဲ၌အလုပ်ကရှုပ်နေဆဲပင်။
ဒီကနေ့က လကုန်ရက်ဖြစ်၍ ကိုတင်မောင်မှာ
တစ်လစာအရောင်းစာရင်းကို တွက်ချက်နေခဲ့၏။
ကိုတင်မောင်ပိုင်ဆိုင်သော ဆိုင်မှာ
နာရီဆိုင်လေးတစ်ဆိုင်ပင်ဖြစ်သည်။
ကိုတင်မောင်တွင် အိမ်ထောင်မရှိ။
မိခင်ကြီး နှင့် သာအတူနေထိုင်သော လူပျိုကြီးတစ်ဦးပင်။
ဆိုင်အပြင်၌မိုးကလည်း ခပ်ဖွားဖွားလေးရွာနေခဲ့၏။
စာရင်းများချုပ်ပြီးလေတော့အချိန်ကဆယ်နာရီခွဲမျှရှိလေပြီ။
ယခုမှနာရီကိုသေချာကြည့်မိသောကိုတင်မောင်သည်…
“အမေတော့မျှော်နေတော့မှာပဲ…”
အတွေးဖြင့် နာရီကောင်တာများကိုသော့ခတ်၍…
မီးများသေချာပိတ်ကာ ဆိုင်အပြင်ဆီကို
ထွက်လာခဲ့တော့သည်။
ဆိုင်တံခါးကိုသော့ခတ်ပြီးချိန်၌ ရပ်ထားသော သူ၏
စက်ဘီးလေးကို ဒေါက်ဖြုတ်လိုက်ပြီး စက်ဘီးကိုနင်း၍
အိမ်သို့ပြန်လာခဲ့လေသည်။
ကိုတင်မောင်၏အိမ်နဲ့ဆိုင်က
မိနစ်နှစ်ဆယ်ခန့်စက်ဘီးနင်းရ၏။
ရပ်ကွက်ကလမ်းကြိုလမ်းကြားများကိုဖြတ်နင်းပြီးနောက်
လမ်းမကြီးပေါ်သို့ ကိုတင်မောင်၏စက်ဘီးလေးမှာတရွေ့ရွေ့
သွားလာနေခဲ့သည်။
အချိန်ကလည်း မိုးချုပ်ပြီမို့ လမ်း၌အသွားအလာကမရှိသလောက်ပင်။
ရံဖန်ရံခါဖြတ်မောင်းသွားသော
ကုန်တင်ကားကြီးတစ်ချို့သာလမ်းပေါ်၌ရှိ၏။
ကိုတင်မောင်ကတော့ သီချင်းလေးတအေးအေးဖြင့်
စက်ဘီးလေးကိုမောင်းနှင်လာခဲ့သည်။
ထိုသို့နင်းလာရင်းသူ၏စက်ဘီးရှေ့ထံမှ…
“ကယ်ကြပါဦး…ကယ်ကြပါဦးရှင်…
ကျွန်မကိုလိုက်သတ်နေလို့ပါ…ကယ်ကြပါဦး…”
ဟုသောအော်သံနှင့်အတူ မိန်းကလေးတစ်ယောက်
လမ်းမပေါ်သို့ပြေးထွက်လာသည်ကို
လမ်းမီးတိုင်၏အလင်းဖြင့်မြင်လိုက်ရလေသည်။
လမ်း၌လည်းကိုတင်မောင်၏စက်ဘီးတစ်စီးသာရှိပြီး
အနီးအနားကလည်းလူနေအိမ်များကမရှိ။
ထိုစဥ်မိန်းကလေးက
ကိုတင်မောင်၏စက်ဘီးကိုအတင်းတား၍…
“အစ်ကို…အစ်ကို…ကျွန်မကိုကယ်ပါဦးအစ်ကိုရယ်…
ကျွန်မကိုလိုက်သတ်နေလို့ပါ…ကယ်ပါဦးနော်…”
ကိုတင်မောင် မြင်ရသောမိန်းကလေးမှာအသက်အားဖြင့်
နှစ်ဆယ်ကျော်အရွယ်လေးပင်။
ရုပ်ရည်မှာညိုချောလေးဖြစ်ပြီး ဝတ်ထားသောအဝတ်အစားများအရ နွမ်းပါးသော မိန်းကလေးတစ်ဦးဖြစ်ဟန်တူပေသည်။
မိန်းကလေး၏တစ်ကိုယ်လုံးကလည်းရေများစိုရွဲနေပြီး
အနောက်ဆီကိုလှည့်ကြည့်လှည့်ကြည့်လုပ်ရင်း
ကိုတင်မောင်၏စက်ဘီးကိုတား၍
အကူအညီတောင်းနေရှာသည်။
“ဘယ်သူလိုက်လာလို့လဲ”
“ကျွန်မ…ကျွန်မအစ်ကိုပါ…ကျွန်မအစ်ကို
ကျွန်မကိုလိုက်သတ်နေလို့ပါ အစ်ကိုကြီးရယ်…
ကျွန်မကိုကယ်ပါဦးနော်…”
လိုက်သတ်နေသည်ဆိုတာကြောင့်ကိုတင်မောင်
မျက်လုံးပြူးသွားသည်။
“ဒါဆိုရဲစခန်းသွားတာကြတာပေါ့…
လာ…လာ စက်ဘီးပေါ်ကိုတက် အချိန်ဆွဲနေလို့မကောင်းဘူး…
တော်နေငါ့ပါ ရန်ရှာနေမှဖြင့်”
“ဟုတ်…ဟုတ်…”
မိန်းကလေးက ကိုတင်မောင့်စက်ဘီး၏အနောက်က
ကယ်ရီခုံ၌ဝင်ထိုင်လိုက်သည်။
ကိုတင်မောင်လည်း စက်ဘီးကိုအားကုန်နင်း၍
နေရာမှထွက်လာခဲ့၏။
အနောက်မှလိုက်လာလေမလားအတွေးဖြင့်လည်း
လှည့်ကြည့်ရသေးသည်။
“ညည်းက ဘယ်ရပ်ကွက်ကလည်း “
“ဒီအမှတ်၅ ရပ်ကွက်ကပါပဲ”
“နာမည်ကရော…”
“မိစုလို့ခေါ်ပါတယ်…”
“ညည်းအစ်ကိုနာမည်ကရော…
ဘယ်လိုခေါ်လဲ”
“ကျော်စိုးပါ…”
“ညည်းအစ်ကိုအရင်းလားသူက…
ဘာလို့ညည်းကိုလိုက်သတ်ရတာလဲ”
“အစ်ကိုအရင်းမဟုတ်ပါဘူး…
ကျုပ်အဖေရဲ့နောက်မိန်းမကပါတဲ့သားပါ…
ကျုပ်ဆီကပိုက်ဆံအတင်းလာလုလို့
ရန်ဖြစ်ကြရင်းကျုပ်ကသူ့ပါးကိုရိုက်လိုက်မိလို့
ကျုပ်ကိုဓားကြီးနဲ့လိုက်ခုတ်လို့
ပြေးလာရတာပါအစ်ကိုကြီးရယ်…”
“ညည်းအဖေနဲ့မိထွေးကရော…မဆွဲကြဘူးလား”
“ဒီနေ့မိုးရွာတော့အဖေနဲ့ အဲ့မိန်းမက
မနက်စျေးမှာရောင်းဖို့ဖားသွားရှာနေလို့ မရှိကြဘူး”
“သြော်…”
ကိုတင်မောင် ကလေးမလေးကိုသနားနေမိသည်။
“ဒီလမ်းကျော်ရင်…. ရဲစခန်းရောက်ပြီ..
အဲဒီကျရင်လည်းညည်းသေချာပြောနော်…”
ကိုတင်မောင်၏အိမ်နှင့်ရဲစခန်းကမဝေးလှ။
ဒါကြောင့်တစ်ခါထဲစက်ဘီးဖြင့်တင်ခေါ်လာခဲ့ခြင်းပင်။
မိစုက ဘာစကားမှထပ်မပြောလာ၍
ကိုတင်မောင်လည်း စက်ဘီးကိုသာအားစိုက်နင်းလာခဲ့တော့၏။
ရဲစခန်းအရှေ့သို့ရောက်လာချိန်၌ စက်ဘီးကိုခြေဖျားထောက်ကာရပ်လိုက်ပြီး…
“ကဲ…ဆင်းတော့”
ဟုပြောလိုက်သည်။
သို့သော် မိစု၏လှုပ်ရှားမှုနှင့်အသံကိုမကြားရ၍ ကိုတင်မောင်
အနောက်သို့လှည့်ကာကြည့်လိုက်တော့…
“ဟာ….” ဟုသောအသံသည်ကိုတင်မောင်၏
နှုတ်မှထွက်လာခဲ့သည်။
ကိုတင်မောင်တစ်ယောက်မျက်လုံးအပြူးသားဖြင့်
လမ်းမပေါ်ကို ခေါင်းကိုဘယ်ညာရမ်း၍
ရှာဖွေနေလေတော့ ရဲစခန်းဂိတ်၌အစောင့်ကျသော
ရဲဘော်တစ်ယောက်မှ…
“ဟိတ်လူ…ဒီကိုလာတာလား…
အဲဒီမှာ ရပ်ပြီးဘာရှာနေတာတုန်း…
ဘာပျောက်သွားလို့လဲ…”
ဟုလှမ်းအော်ကာမေးလေတော့ ကိုတင်မောင်စက်ဘီးကိုပစ်ချ၍ ရဲဘော်လေးထံအပြေးသွားပြီး…
“ကျုပ်…ကျုပ်စက်ဘီးရောက်လာတာ…
ဆရာမြင်လိုက်လား”
“မြင်တယ်လေ…ဘာဖြစ်လို့တုန်း”
“ကျုပ်…ကျုပ်စက်ဘီးအနောက်က ကောင်မလေးကိုရော
ဆရာတွေ့လိုက်မိလား”
“ကောင်မလေး…ဟုတ်လား…
ခင်ဗျားစက်ဘီးရပ်တာကိုလည်းကျုပ်တွေ့တယ်…
ခင်ဗျားပါးစပ်ကလှုပ်ပြီးပြောနေတာကိုလည်းကျုပ်မြင်တယ်…
ဒါပေမယ့်ဘယ်ကောင်မလေးမှတော့ကျုပ်မမြင်မိဘူး”
“ဗျာ…….”
“ဟိတ်လူ…ဘာဖြစ်တာလဲ…ဟိတ်လူ…”
ကိုတင်မောင်မှာမြေပေါ်သို့ အရုပ်ကြိုးပျက်ထိုင်ချလိုက်တော့သည်။
မယုံကြည်နိုင်ခြင်း၊ထိတ်လန့်ခြင်းများက ကိုတင်မောင်၏
စိတ်၌ကြီးစိုးနေခဲ့၏။
“ရေ…ရေယူခဲ့ပါဦးဟ”
ရဲဘော်လေးက သူ့အဖော်ကိုလှမ်းကာပြောလိုက်သည်။
ရေရောက်လာချိန်ကိုတင်မောင်ကို ပေးလိုက်ပြီး
သူတို့ဂိတ်အနီးကခုံလေးပေါ်သို့တွဲကာ ခေါ်သွားကြသည်။
ကိုတင်မောင်လည်း ထိုနေရာ၌ထိုင်လိုက်ပြီး
ရေလေးကိုသောက်ကာစိတ်ကိုလျော့နေရသည်။
ပြီးလေမှ သူစကားစပြောနိုင်ပြီးသူတွေ့ကြုံခဲ့ရသော
ကိစ္စကို ရဲဘော်လေးတို့အားပြောပြလိုက်လေတော့
ရဲဘော်လေးတို့မှာလည်း အံ့သြကုန်ကြတော့၏။
“ဒါဆိုရင်…ဟုတ်တော့ဟုတ်နေပြီဗျ…”
ရဲဘော်လေးနှစ်ယောက်က သူတို့အချင်းချင်းကြည့်၍
ပြောလိုက်သည်။
ကိုတင်မောင်က….
“ဘာဖြစ်လို့လဲဆရာ…”
ဟုမေးလိုက်လေတော့…
“ခင်ဗျားစိတ်တော့ခိုင်ခိုင်ထားဗျ…
အခုခင်ဗျားကြုံခဲ့တဲ့မိန်းကလေးက လူမဟုတ်ဘူး…”
“လူ…လူမဟုတ်ဘူးဆိုတော့သူက…သူကဘာလဲဆရာ”
“သရဲဗျ…သရဲ…တကယ်တော့လွန်ခဲ့တဲ့ရက်ပိုင်းလောက်က
ခင်ဗျားသူ့ကိုစက်ဘီးတင်ခေါ်လာတဲ့နေရာမှာ
မိန်းကလေးတစ်ယောက်ကားနဲ့တိုက်ခံရပြီး ဆုံးသွားခဲ့တာ…
အချိန်ကလည်းဆယ်နာရီခွဲလောက်ပဲ…
အဲ့နေ့ကမိုးတွေကလည်းရွာလိုက်တာပြောမနေနဲ့ဗျာ…
အဲ့သလိုမိုးတွေရွာလို့လည်း ကားသမားက ကောင်မလေးကို
မမြင်ဘဲတိုက်မိတာထင်ပါတယ်…
အခုချိန်ထိလည်းတိုက်ပြေးတဲ့ကားကဘယ်သူ…
ဘယ်ဝါဆိုတာမသိလိုက်ဘူးလေ…ကောင်မလေးခမျာသာ
နေရာမှာပွဲချင်းပြီးသွားရှာတာဗျ”
“ဗျာ…..”
“ဟုတ်တယ်အစ်ကိုရေ…ခင်ဗျားတင်ခေါ်လာတာ
အဲ့သည်မိန်းကလေးပဲဖြစ်ရမယ်ဗျ”
“ဘုရား…ဘုရား…ဘုရား….”
ကိုတင်မောင်ရဲဘော်နှစ်ယောက်၏စကားကြောင့်
ဘုရားတနေမိသည်။
သို့သော်မိမိအားမည်သို့မှလုပ်မသွားသည်ကိုပင်
ကျေးဇူးတင်ရလေမည်။
ရုပ်ပျက်ဆင်းပျက်ပုံစံဖြင့်သာခြောက်လန့်ခဲ့ပါလျှင်
ကိုတင်မောင်တစ်ယောက်ထိုနေရာ၌
အသက်မဲ့နေလောက်လေပြီ။
အဘယ့်ကြောင့်ဆိုသော်ကိုတင်မောင်၌
နှလုံးရောဂါအခံရှိသောကြောင့်ပင်။
“ကဲပါဗျာ…အချိန်ကလည်းညနက်နေပြီ…
ဒီကအစ်ကိုဘယ်ကိုပြန်မှာလည်း
ကျုပ်တို့လိုက်ပို့ပေးခိုင်းရမလား”
“ကျုပ်ကဒီအနားကတင်ပါ…လိုက်ပို့ပေးရင်တော့
ကျေးဇူးတင်တာပေါ့ဆရာရယ်…”
ထိုသို့ဖြင့်ရဲဘော်လေးများကသူတို့၏စခန်းမှ
အဖော်များအား ကိုတင်မောင်ကိုအိမ်သို့လိုက်ပို့ခိုင်းကြ၏။
ကိုတင်မောင်လည်းအိမ်သို့ရောက်တော့မှ
အသက်ကိုရဲရဲ ရှူရဲရှာသည်။
သူ့အားစိတ်ပူစွာစောင့်နေရှာသောမိခင်ကြီးကိုမြင်မှ…
“အမေ…ကျွန်တော်လမ်းမှာစက်ဘီးချိန်းကျနေလို့
ကြာသွားတာပါ”
ဟုသာပြောလိုက်လေသည်။
အဖြစ်အပျက်အစုံကိုပြောပြလျှင်လည်း
မိခင်ကြီးသူ့အတွက်စိတ်ပူမည်ကိုမလိုလားသောကြောင့်ပင်။
ကိုတင်မောင်တစ်ယောက်ကတော့သူတို့တစ်မြို့လုံးမသိလိုက်ရသော မိုးသည်းညက မိန်းကလေး၏အဖြစ်ကိုပြန်တွေးရင်း
စိတ်မကောင်းဖြစ်ရပြန်သည်။
ပြန်တွေးမိလေတော့ကြောက်စ်ိတ်ထက်သနားစိတ်ကပို၍
ဝင်လာခဲ့၏။
သို့သော်နောက်ရက်များ၌
ကိုတင်မောင်ဆိုင်တွင်မိုးချုပ်သည်အထိမနေတော့။
လူသွားလူလာရှိသောအချိန်၌ဆိုင်ကိုပိတ်၍အိမ်ကို
ပြန်တော့သည်။
ထို့ကြောင့်လည်းမိစုဆိုသောမိန်းကလေးနဲ့
ကိုတင်မောင်ထပ်မဆုံဖြစ်ခဲ့တော့ပေ။
သို့သော်ထိုနေရာ၌အခြောက်အလန့်ရှိသည်ဟုသော
သတင်းကိုတော့ကိုတင်မောင်ကြားမိ၏။
ကြားမိတိုင်းလည်းသက်ပြင်းလေးသာချနိုင်ရှာသည်။
ထိုသို့ဖြင့်…လူပျိုကြီးကိုတင်မောင်တစ်ယောက်၏
အတွေ့အကြုံလေးပြီးဆုံးသွားခဲ့ပါပြီ။
ယဥ်မင်း(ကန့်ဘလူ)
ပြီးပါပြီ
ႀကဳံႀကိဳက္ခဲ့ေသာ…မိန္းကေလး (စ/ဆုံး)
ကိုတင္ေမာင္တစ္ေယာက္ ဆိုင္ထဲ၌အလုပ္ကရႈပ္ေနဆဲပင္။
ဒီကေန႔က လကုန္ရက္ျဖစ္၍ ကိုတင္ေမာင္မွာ
တစ္လစာအေရာင္းစာရင္းကို တြက္ခ်က္ေနခဲ့၏။
ကိုတင္ေမာင္ပိုင္ဆိုင္ေသာ ဆိုင္မွာ
နာရီဆိုင္ေလးတစ္ဆိုင္ပင္ျဖစ္သည္။
ကိုတင္ေမာင္တြင္ အိမ္ေထာင္မရွိ။
မိခင္ႀကီး ႏွင့္ သာအတူေနထိုင္ေသာ လူပ်ိဳႀကီးတစ္ဦးပင္။
ဆိုင္အျပင္၌မိုးကလည္း ခပ္ဖြားဖြားေလး႐ြာေနခဲ့၏။
စာရင္းမ်ားခ်ဳပ္ၿပီးေလေတာ့အခ်ိန္ကဆယ္နာရီခြဲမွ်ရွိေလၿပီ။
ယခုမွနာရီကိုေသခ်ာၾကည့္မိေသာကိုတင္ေမာင္သည္…
“အေမေတာ့ေမွ်ာ္ေနေတာ့မွာပဲ…”
အေတြးျဖင့္ နာရီေကာင္တာမ်ားကိုေသာ့ခတ္၍…
မီးမ်ားေသခ်ာပိတ္ကာ ဆိုင္အျပင္ဆီကို
ထြက္လာခဲ့ေတာ့သည္။
ဆိုင္တံခါးကိုေသာ့ခတ္ၿပီးခ်ိန္၌ ရပ္ထားေသာ သူ၏
စက္ဘီးေလးကို ေဒါက္ျဖဳတ္လိုက္ၿပီး စက္ဘီးကိုနင္း၍
အိမ္သို႔ျပန္လာခဲ့ေလသည္။
ကိုတင္ေမာင္၏အိမ္နဲ႔ဆိုင္က
မိနစ္ႏွစ္ဆယ္ခန္႔စက္ဘီးနင္းရ၏။
ရပ္ကြက္ကလမ္းႀကိဳလမ္းၾကားမ်ားကိုျဖတ္နင္းၿပီးေနာက္
လမ္းမႀကီးေပၚသို႔ ကိုတင္ေမာင္၏စက္ဘီးေလးမွာတေ႐ြ႕ေ႐ြ႕
သြားလာေနခဲ့သည္။
အခ်ိန္ကလည္း မိုးခ်ဳပ္ၿပီမို႔ လမ္း၌အသြားအလာကမရွိသေလာက္ပင္။
ရံဖန္ရံခါျဖတ္ေမာင္းသြားေသာ
ကုန္တင္ကားႀကီးတစ္ခ်ိဳ႕သာလမ္းေပၚ၌ရွိ၏။
ကိုတင္ေမာင္ကေတာ့ သီခ်င္းေလးတေအးေအးျဖင့္
စက္ဘီးေလးကိုေမာင္းႏွင္လာခဲ့သည္။
ထိုသို႔နင္းလာရင္းသူ၏စက္ဘီးေရွ႕ထံမွ…
“ကယ္ၾကပါဦး…ကယ္ၾကပါဦးရွင္…
ကြၽန္မကိုလိုက္သတ္ေနလို႔ပါ…ကယ္ၾကပါဦး…”
ဟုေသာေအာ္သံႏွင့္အတူ မိန္းကေလးတစ္ေယာက္
လမ္းမေပၚသို႔ေျပးထြက္လာသည္ကို
လမ္းမီးတိုင္၏အလင္းျဖင့္ျမင္လိုက္ရေလသည္။
လမ္း၌လည္းကိုတင္ေမာင္၏စက္ဘီးတစ္စီးသာရွိၿပီး
အနီးအနားကလည္းလူေနအိမ္မ်ားကမရွိ။
ထိုစဥ္မိန္းကေလးက
ကိုတင္ေမာင္၏စက္ဘီးကိုအတင္းတား၍…
“အစ္ကို…အစ္ကို…ကြၽန္မကိုကယ္ပါဦးအစ္ကိုရယ္…
ကြၽန္မကိုလိုက္သတ္ေနလို႔ပါ…ကယ္ပါဦးေနာ္…”
ကိုတင္ေမာင္ ျမင္ရေသာမိန္းကေလးမွာအသက္အားျဖင့္
ႏွစ္ဆယ္ေက်ာ္အ႐ြယ္ေလးပင္။
႐ုပ္ရည္မွာညိဳေခ်ာေလးျဖစ္ၿပီး ဝတ္ထားေသာအဝတ္အစားမ်ားအရ ႏြမ္းပါးေသာ မိန္းကေလးတစ္ဦးျဖစ္ဟန္တူေပသည္။
မိန္းကေလး၏တစ္ကိုယ္လုံးကလည္းေရမ်ားစို႐ြဲေနၿပီး
အေနာက္ဆီကိုလွည့္ၾကည့္လွည့္ၾကည့္လုပ္ရင္း
ကိုတင္ေမာင္၏စက္ဘီးကိုတား၍
အကူအညီေတာင္းေနရွာသည္။
“ဘယ္သူလိုက္လာလို႔လဲ”
“ကြၽန္မ…ကြၽန္မအစ္ကိုပါ…ကြၽန္မအစ္ကို
ကြၽန္မကိုလိုက္သတ္ေနလို႔ပါ အစ္ကိုႀကီးရယ္…
ကြၽန္မကိုကယ္ပါဦးေနာ္…”
လိုက္သတ္ေနသည္ဆိုတာေၾကာင့္ကိုတင္ေမာင္
မ်က္လုံးျပဴးသြားသည္။
“ဒါဆိုရဲစခန္းသြားတာၾကတာေပါ့…
လာ…လာ စက္ဘီးေပၚကိုတက္ အခ်ိန္ဆြဲေနလို႔မေကာင္းဘူး…
ေတာ္ေနငါ့ပါ ရန္ရွာေနမွျဖင့္”
“ဟုတ္…ဟုတ္…”
မိန္းကေလးက ကိုတင္ေမာင့္စက္ဘီး၏အေနာက္က
ကယ္ရီခုံ၌ဝင္ထိုင္လိုက္သည္။
ကိုတင္ေမာင္လည္း စက္ဘီးကိုအားကုန္နင္း၍
ေနရာမွထြက္လာခဲ့၏။
အေနာက္မွလိုက္လာေလမလားအေတြးျဖင့္လည္း
လွည့္ၾကည့္ရေသးသည္။
“ညည္းက ဘယ္ရပ္ကြက္ကလည္း “
“ဒီအမွတ္၅ ရပ္ကြက္ကပါပဲ”
“နာမည္ကေရာ…”
“မိစုလို႔ေခၚပါတယ္…”
“ညည္းအစ္ကိုနာမည္ကေရာ…
ဘယ္လိုေခၚလဲ”
“ေက်ာ္စိုးပါ…”
“ညည္းအစ္ကိုအရင္းလားသူက…
ဘာလို႔ညည္းကိုလိုက္သတ္ရတာလဲ”
“အစ္ကိုအရင္းမဟုတ္ပါဘူး…
က်ဳပ္အေဖရဲ႕ေနာက္မိန္းမကပါတဲ့သားပါ…
က်ဳပ္ဆီကပိုက္ဆံအတင္းလာလုလို႔
ရန္ျဖစ္ၾကရင္းက်ဳပ္ကသူ႔ပါးကို႐ိုက္လိုက္မိလို႔
က်ဳပ္ကိုဓားႀကီးနဲ႔လိုက္ခုတ္လို႔
ေျပးလာရတာပါအစ္ကိုႀကီးရယ္…”
“ညည္းအေဖနဲ႔မိေထြးကေရာ…မဆြဲၾကဘူးလား”
“ဒီေန႔မိုး႐ြာေတာ့အေဖနဲ႔ အဲ့မိန္းမက
မနက္ေစ်းမွာေရာင္းဖို႔ဖားသြားရွာေနလို႔ မရွိၾကဘူး”
“ေၾသာ္…”
ကိုတင္ေမာင္ ကေလးမေလးကိုသနားေနမိသည္။
“ဒီလမ္းေက်ာ္ရင္…. ရဲစခန္းေရာက္ၿပီ..
အဲဒီက်ရင္လည္းညည္းေသခ်ာေျပာေနာ္…”
ကိုတင္ေမာင္၏အိမ္ႏွင့္ရဲစခန္းကမေဝးလွ။
ဒါေၾကာင့္တစ္ခါထဲစက္ဘီးျဖင့္တင္ေခၚလာခဲ့ျခင္းပင္။
မိစုက ဘာစကားမွထပ္မေျပာလာ၍
ကိုတင္ေမာင္လည္း စက္ဘီးကိုသာအားစိုက္နင္းလာခဲ့ေတာ့၏။
ရဲစခန္းအေရွ႕သို႔ေရာက္လာခ်ိန္၌ စက္ဘီးကိုေျခဖ်ားေထာက္ကာရပ္လိုက္ၿပီး…
“ကဲ…ဆင္းေတာ့”
ဟုေျပာလိုက္သည္။
သို႔ေသာ္ မိစု၏လႈပ္ရွားမႈႏွင့္အသံကိုမၾကားရ၍ ကိုတင္ေမာင္
အေနာက္သို႔လွည့္ကာၾကည့္လိုက္ေတာ့…
“ဟာ….” ဟုေသာအသံသည္ကိုတင္ေမာင္၏
ႏႈတ္မွထြက္လာခဲ့သည္။
ကိုတင္ေမာင္တစ္ေယာက္မ်က္လုံးအျပဴးသားျဖင့္
လမ္းမေပၚကို ေခါင္းကိုဘယ္ညာရမ္း၍
ရွာေဖြေနေလေတာ့ ရဲစခန္းဂိတ္၌အေစာင့္က်ေသာ
ရဲေဘာ္တစ္ေယာက္မွ…
“ဟိတ္လူ…ဒီကိုလာတာလား…
အဲဒီမွာ ရပ္ၿပီးဘာရွာေနတာတုန္း…
ဘာေပ်ာက္သြားလို႔လဲ…”
ဟုလွမ္းေအာ္ကာေမးေလေတာ့ ကိုတင္ေမာင္စက္ဘီးကိုပစ္ခ်၍ ရဲေဘာ္ေလးထံအေျပးသြားၿပီး…
“က်ဳပ္…က်ဳပ္စက္ဘီးေရာက္လာတာ…
ဆရာျမင္လိုက္လား”
“ျမင္တယ္ေလ…ဘာျဖစ္လို႔တုန္း”
“က်ဳပ္…က်ဳပ္စက္ဘီးအေနာက္က ေကာင္မေလးကိုေရာ
ဆရာေတြ႕လိုက္မိလား”
“ေကာင္မေလး…ဟုတ္လား…
ခင္ဗ်ားစက္ဘီးရပ္တာကိုလည္းက်ဳပ္ေတြ႕တယ္…
ခင္ဗ်ားပါးစပ္ကလႈပ္ၿပီးေျပာေနတာကိုလည္းက်ဳပ္ျမင္တယ္…
ဒါေပမယ့္ဘယ္ေကာင္မေလးမွေတာ့က်ဳပ္မျမင္မိဘူး”
“ဗ်ာ…….”
“ဟိတ္လူ…ဘာျဖစ္တာလဲ…ဟိတ္လူ…”
ကိုတင္ေမာင္မွာေျမေပၚသို႔ အ႐ုပ္ႀကိဳးပ်က္ထိုင္ခ်လိုက္ေတာ့သည္။
မယုံၾကည္ႏိုင္ျခင္း၊ထိတ္လန္႔ျခင္းမ်ားက ကိုတင္ေမာင္၏
စိတ္၌ႀကီးစိုးေနခဲ့၏။
“ေရ…ေရယူခဲ့ပါဦးဟ”
ရဲေဘာ္ေလးက သူ႔အေဖာ္ကိုလွမ္းကာေျပာလိုက္သည္။
ေရေရာက္လာခ်ိန္ကိုတင္ေမာင္ကို ေပးလိုက္ၿပီး
သူတို႔ဂိတ္အနီးကခုံေလးေပၚသို႔တြဲကာ ေခၚသြားၾကသည္။
ကိုတင္ေမာင္လည္း ထိုေနရာ၌ထိုင္လိုက္ၿပီး
ေရေလးကိုေသာက္ကာစိတ္ကိုေလ်ာ့ေနရသည္။
ၿပီးေလမွ သူစကားစေျပာႏိုင္ၿပီးသူေတြ႕ႀကဳံခဲ့ရေသာ
ကိစၥကို ရဲေဘာ္ေလးတို႔အားေျပာျပလိုက္ေလေတာ့
ရဲေဘာ္ေလးတို႔မွာလည္း အံ့ၾသကုန္ၾကေတာ့၏။
“ဒါဆိုရင္…ဟုတ္ေတာ့ဟုတ္ေနၿပီဗ်…”
ရဲေဘာ္ေလးႏွစ္ေယာက္က သူတို႔အခ်င္းခ်င္းၾကည့္၍
ေျပာလိုက္သည္။
ကိုတင္ေမာင္က….
“ဘာျဖစ္လို႔လဲဆရာ…”
ဟုေမးလိုက္ေလေတာ့…
“ခင္ဗ်ားစိတ္ေတာ့ခိုင္ခိုင္ထားဗ်…
အခုခင္ဗ်ားႀကဳံခဲ့တဲ့မိန္းကေလးက လူမဟုတ္ဘူး…”
“လူ…လူမဟုတ္ဘူးဆိုေတာ့သူက…သူကဘာလဲဆရာ”
“သရဲဗ်…သရဲ…တကယ္ေတာ့လြန္ခဲ့တဲ့ရက္ပိုင္းေလာက္က
ခင္ဗ်ားသူ႔ကိုစက္ဘီးတင္ေခၚလာတဲ့ေနရာမွာ
မိန္းကေလးတစ္ေယာက္ကားနဲ႔တိုက္ခံရၿပီး ဆုံးသြားခဲ့တာ…
အခ်ိန္ကလည္းဆယ္နာရီခြဲေလာက္ပဲ…
အဲ့ေန႔ကမိုးေတြကလည္း႐ြာလိုက္တာေျပာမေနနဲ႔ဗ်ာ…
အဲ့သလိုမိုးေတြ႐ြာလို႔လည္း ကားသမားက ေကာင္မေလးကို
မျမင္ဘဲတိုက္မိတာထင္ပါတယ္…
အခုခ်ိန္ထိလည္းတိုက္ေျပးတဲ့ကားကဘယ္သူ…
ဘယ္ဝါဆိုတာမသိလိုက္ဘူးေလ…ေကာင္မေလးခမ်ာသာ
ေနရာမွာပြဲခ်င္းၿပီးသြားရွာတာဗ်”
“ဗ်ာ…..”
“ဟုတ္တယ္အစ္ကိုေရ…ခင္ဗ်ားတင္ေခၚလာတာ
အဲ့သည္မိန္းကေလးပဲျဖစ္ရမယ္ဗ်”
“ဘုရား…ဘုရား…ဘုရား….”
ကိုတင္ေမာင္ရဲေဘာ္ႏွစ္ေယာက္၏စကားေၾကာင့္
ဘုရားတေနမိသည္။
သို႔ေသာ္မိမိအားမည္သို႔မွလုပ္မသြားသည္ကိုပင္
ေက်းဇူးတင္ရေလမည္။
႐ုပ္ပ်က္ဆင္းပ်က္ပုံစံျဖင့္သာေျခာက္လန္႔ခဲ့ပါလွ်င္
ကိုတင္ေမာင္တစ္ေယာက္ထိုေနရာ၌
အသက္မဲ့ေနေလာက္ေလၿပီ။
အဘယ့္ေၾကာင့္ဆိုေသာ္ကိုတင္ေမာင္၌
ႏွလုံးေရာဂါအခံရွိေသာေၾကာင့္ပင္။
“ကဲပါဗ်ာ…အခ်ိန္ကလည္းညနက္ေနၿပီ…
ဒီကအစ္ကိုဘယ္ကိုျပန္မွာလည္း
က်ဳပ္တို႔လိုက္ပို႔ေပးခိုင္းရမလား”
“က်ဳပ္ကဒီအနားကတင္ပါ…လိုက္ပို႔ေပးရင္ေတာ့
ေက်းဇူးတင္တာေပါ့ဆရာရယ္…”
ထိုသို႔ျဖင့္ရဲေဘာ္ေလးမ်ားကသူတို႔၏စခန္းမွ
အေဖာ္မ်ားအား ကိုတင္ေမာင္ကိုအိမ္သို႔လိုက္ပို႔ခိုင္းၾက၏။
ကိုတင္ေမာင္လည္းအိမ္သို႔ေရာက္ေတာ့မွ
အသက္ကိုရဲရဲ ရႉရဲရွာသည္။
သူ႔အားစိတ္ပူစြာေစာင့္ေနရွာေသာမိခင္ႀကီးကိုျမင္မွ…
“အေမ…ကြၽန္ေတာ္လမ္းမွာစက္ဘီးခ်ိန္းက်ေနလို႔
ၾကာသြားတာပါ”
ဟုသာေျပာလိုက္ေလသည္။
အျဖစ္အပ်က္အစုံကိုေျပာျပလွ်င္လည္း
မိခင္ႀကီးသူ႔အတြက္စိတ္ပူမည္ကိုမလိုလားေသာေၾကာင့္ပင္။
ကိုတင္ေမာင္တစ္ေယာက္ကေတာ့သူတို႔တစ္ၿမိဳ႕လုံးမသိလိုက္ရေသာ မိုးသည္းညက မိန္းကေလး၏အျဖစ္ကိုျပန္ေတြးရင္း
စိတ္မေကာင္းျဖစ္ရျပန္သည္။
ျပန္ေတြးမိေလေတာ့ေၾကာက္စ္ိတ္ထက္သနားစိတ္ကပို၍
ဝင္လာခဲ့၏။
သို႔ေသာ္ေနာက္ရက္မ်ား၌
ကိုတင္ေမာင္ဆိုင္တြင္မိုးခ်ဳပ္သည္အထိမေနေတာ့။
လူသြားလူလာရွိေသာအခ်ိန္၌ဆိုင္ကိုပိတ္၍အိမ္ကို
ျပန္ေတာ့သည္။
ထို႔ေၾကာင့္လည္းမိစုဆိုေသာမိန္းကေလးနဲ႔
ကိုတင္ေမာင္ထပ္မဆုံျဖစ္ခဲ့ေတာ့ေပ။
သို႔ေသာ္ထိုေနရာ၌အေျခာက္အလန္႔ရွိသည္ဟုေသာ
သတင္းကိုေတာ့ကိုတင္ေမာင္ၾကားမိ၏။
ၾကားမိတိုင္းလည္းသက္ျပင္းေလးသာခ်ႏိုင္ရွာသည္။
ထိုသို႔ျဖင့္…လူပ်ိဳႀကီးကိုတင္ေမာင္တစ္ေယာက္၏
အေတြ႕အႀကဳံေလးၿပီးဆုံးသြားခဲ့ပါၿပီ။
ယဥ္မင္း(ကန္႔ဘလူ)
ၿပီးပါၿပီ