ကြောက်မက်ဖွယ်အိပ်မက်

“ကြောက်မက်ဖွယ်အိမ်မက်”📖📖📖

 

**************************

*******************

ဇာတ်ကောင်တွေရဲ့ အမည်နာမ ကို ကျွန်တော်လဲ

သေချာမသိပါဘူး ဒါပေမဲ့ သေချာတာတစ်ခုက

ဖြစ်ရပ် မှန် ဇာတ်လမ်း ဆိုတာပါပဲ

 

ဖြစ်ရပ်မှန်

 

“အမေ ရေ အထီးလေး မွေးတယ်ဗျို့”

နွားတင်ကုပ် ထဲမှ သားပု က အိမ်ပေါ်ရှိ

သူ့အမေ ကို လှမ်းအော်၍ ပြောလိုက်လေသည်

အမှန်ပင် သားပုတို့အိမ်တွင် ကိုယ်ဝန်

ရက်စေ့နေလေသော နွားမကြီး တစ်ကောင်

 

ရှိလေရာ အခုထိုနွားမမှ နွားထီးလေး

မွေးလာလေသည်

“သားပုရေ ထွားရဲ့လား”

“ထွားလိုက်တာမှ တုတ်ခိုင်နေတာပဲ”

သားပု မှ အားရဝမ်းသာ လေသံဖြင့်

အော်ပြောလိုက်လေသည်

 

“မိတိုးတော့ ပင်ပန်းသွားမှာပဲ

အစာတွေ ရေတွေ အပြည့်ဖြည့်ပေးလိုက်”

ဒေါ်တုတ် မှ လှမ်းအော်ပြောလိုက်လေသည်

“ဟုတ်ကဲ့”

သားပု ကိုယ့်တာဝန်ကို ကျေပွန်အောင်

လုပ်ဆောင်ပြီးနောက် အိပ်ယာဝင်ခဲ့တော့၏

 

မနက်လင်းသော်

“အမေ ည က သား နွားပေါက်လေး ကို

စိတ်ဆွဲနေလို့လားမသိဘူး သူ့ကို

အိပ်မက် မက်တယ် “

 

“အင်း စိတ်ဆွဲရင် ဖြစ်တတ်ပါတယ်”

 

“ဒါနဲ့ နွားပေါက်လေး ကို အမေတွေ့ပြီးပြီလား

တော်တော်ထွားတယ်နော်”

 

“အေး မင်းအဖေသာရှိရင် ဘယ်လောက်တောင်

အားရလိုက်မလဲ အခုတော့”

 

ဒေါ်တုတ် မှ ပြောရင်းဖြင့် ရှုံ့တုံ ရှုံတုံ့ လုပ်နေ၏

 

“အမေရယ် ပြောမနေပါနဲ့ သေတဲ့လူတောင်

စိတ်မဖြောင့်ပဲ ဖြစ်နေပါဦးမယ်”

သားပု မှ ပြောလိုက်သဖြင့် ဒေါ်တုတ်

ပါးပြင်ပေါ်မှ မျက်ရည်စများကို သုတ်လိုက်လေသည်

 

ဤသို့ ဤသို့ဖြင့်

နွားကလေးမှာ အခါလည်သား အရွယ်သို့

ရောက်လာခဲ့လေသည်

ထိုနွားလေး ကို နီညို ဟု အမည်ပေးလေသည်

 

ထိုနွားကလေးသည် သားပုကို တအားခင်လေ၏

သားပု လယ်ထဲသွားလျှင် လိုက်၏

သားပု သည်လဲ ထိုနွားကလေး ကို

လွန်စွာ ချစ်ခင် ဂရုစိုက်လေသည်

 

တစ်နေ့

 

သားပု လယ်တောသို့ သွားရာ နွားကလေး ပါ

လိုက်ပါ လာလေသည်

 

လယ်ထဲတွင် ကန်သင်းများ အတွင်း၌

ရေအိုင်နေသဖြင့် သားပုမှ တူရွင်းဖြင့်

ရေမြောင်းဖောက် နေလေသည်

 

နွားကလေး က အနားမှာ ရှိနေလေသည်

သားပု ဒီဘက် အကန့်ကို ဖောက်ပြီး၍

တစ်ဖက် လယ်ကွက်ဆီသို့ သွားရန်

ဟန်ပြင် လိုက်လေသည်

 

သို့သော် နွားကလေး မှ သားပုထံသို့

တိုးဝင်လာပြီး သားပုသွားမည် လမ်းကြောင်းကို

တားဆီး ကာ ထားလေသည်

 

“ဟေ့ကောင်ကြီး ဘာဖြစ်လို့လဲဟ”

သားပု မှ နွားကလေး ကို ပွတ်သပ်ရင်း

 

ပြောလိုက်လေသည်

 

ထိုစဉ် နွားကလေး ၏ အနောက်ဘက်

ကန်သင်းဆီမှ ရိပ်ခနဲ လှုပ်ရှားမှုကို

တွေ့လိုက်လေသည်

 

မြွေဟောက် တစ်ကောင် ပင် ဖြစ်လေသည်

 

သားပု အံသြ သွားလေတော့၏

မြွေဟောက် ကို တုတ်ဖြင့် ကလုတ်ထုတ်ကာ

ဘေးလွတ်ရာသို့ ရွေ့စေလိုက်လေသည်

 

သားပု မှ ဒေါ်တုတ် ကို ဖြစ်ကြောင်း

ကုန်စင် ကို ပြောပြလိုက်လေသည်

“နီညို က သားကိုခင်တာပဲ အဲ့တာကြောင့်

သားကို ကာကွယ်ပေးတာပေါ့

အသိဥာဏ် ရှိတယ်ဆိုတာ ပြလိုက်တာပဲ”

ဒေါ်တုတ် မှ ပြောလိုက်လေသည်

 

ထိုနှစ်တွင်ပင် မုဆိုးမ ဒေါ်တုတ်တို့ သားအမိ

စပါးကောင်း စျေးကောင်း ဖြင့် ကြုံလိုက်ရပြီး

ငွေရွှင် လူရွှင် အဖြစ်သို့ ရောက်ခဲ့လေသည်

 

တစ်နေ့သ၌ ဒေါ်တုတ်တို့ အိမ်သို့

 

ဓားမြ လေးဦး က ဝင်ရောက် တိုက်ခိုက်လေ၏

 

ထိုလူများ က ဒေါ်တုတ်နှင့် သားပု ကို

မြေပြင်ပေါ်သို့ အားယားမှောက်စေထားပြီး

အိမ်တစ်ခုလုံး သို့ အနှံ့မွှေနှောက်ကာ

လက်ဝတ်ရတနာ အဖိုးတန်များ က်ို

 

ရှာဖွေလေတော့သည်

 

ထိုစဉ်

နွားတင်းကုပ် ထဲမှ နွားတစ်ကောင်

ထွက်လာသည် ကို သတိမထားမိလိုက်ချေ

 

သားပု ကို အပေါ်စီးမှ ဓားဖြင့် ချိန်ရွယ်ထား

သော လူသို့ ထိုနွားကလေး မှ ဦးချိုဖြင့်

ပြေး၍ စောင့်လိုက်လေသည်

 

ထိုလူမှာ အနောက်သို့ လန်ကျသွားလေသည်

သားပုလဲ ကုန်း၍ ထလိုက်ပြိး ထိုလူ၏

 

လက်ထဲမှ ဓားကို ဆွဲယူကာ တခြား

လူများ ကို တိုက်ခိုက်လေတော့သည်

 

ဒေါ်တုတ်လဲ ကူပါကယ်ပါ လို့

တဆာဆာ အော်လေတော့သည်

 

နွားလေး ကတော့ အနားရှိ ဓားပြများကို

ဦးချိုဖြင့် လိုက်ပြီးဝှေ့ရမ်း နေတော့၏

 

ဓားပြခေါင်းဆောင်မှ ဓားဖြင့် သားပုကို

ခုတ်ပိုင်းလိုက်ရာ သားပုမှ သူ၏လက်ထဲရှိ

ဓားဖြင့် ခုခံကာကွယ်လိုက်လေသည်

 

တရစပ်ပင် ထိုလူမှ သားပု၏ ရင်အုံကို

အားကုန် ကန်ထုတ်လိုက်လေသည်

 

သားပု အနောက်သို့ လန်ကျသွားတော့၏

ထိုလူ မျ သားပု ကို အပေါ်စီးမှ ဓားဖြင့်

 

ခုတ်ပိုင်းလိုက်စဉ်တွင် နွားကလေးမှ တိုးဝင်

လာသဖြင့် နွားကလေး၏ ဝမ်းဗိုက်ပိုင်းကို

ခုတ်ပိုင်းမိသွားလေတော့၏

 

နွားကလေးမှာ သွေးချင်းချင်းရဲကာ

မြေပြင်ပေါ်သို့ လဲကျသွားလေတော့၏

 

ဘေးပတ်ဝန်းကျင်မှ လူများ ရောက်ရှိ

လာသဖြင့် ဓားပြ များမှာ ပြေးသူကပြေး

အဖမ်း ခံရသူက အဖမ်းခံရ ဖြစ်ကုန်လေရဲ့

 

နွားကလေးမှာ ပွဲချင်းပြီးပင် သေဆုံးသွားလေရဲ့

 

ဒေါ်တုတ်နှင့် သားပုတို့ သားအမိ ယူကျုံးမရ

ဖြစ်ရလေတော့သည်

 

နောက်ရက်များ မကြာမှီတွင်

သားပု မှ အိပ်မက် မက်လေသည်

 

“ဟာ နီညို မင်းငါ့ဆီ ပြန်လာတယ်နော်”

သားပု နီညို ကို တွေ့ရလိုက်လေသည်

 

နီညို မှ သားပုကို ပြန်ပြောလေသည်

“သား အဖေ သားတို့သားအမိ ကို

စိတ်မချနိုင်ဖြစ်ခဲ့လို့ သားတို့အနား ကို

 

ပြန်ရောက်လာခဲ့ရတယ် အခုတော့

အဖေ့ ကို ဒီဘဝက ကျွတ်အောင်လွတ်အောင်

ကောင်းမှု ကုသိုလ် ပြုလုပ်ပေးပါတော့”

 

သားပု အိမ်ယာ မှ လန့်နိုးလာပြီး ယောက်ျားတန်မဲ့

ရှိုက်ကြီးတငင် ငိုလေတော့၏

 

#END

 

အမှားပါလျှင် ခွင့်လွှတ်ကြပါ

 

Credit: Nga Shine

#လေးစားစွာcred