ကွယ်လွန်ပြီးသောလူတစ်ယောက်(စ/ဆုံး)

Unicode Version

ကွယ်လွန်ပြီးသောလူတစ်ယောက်(စ/ဆုံး)
————————————————-
‘ကျွီ’
အချုပ်ခန်းတံခါးပွင့်သွားပြီးသည့်နောက်
ဇော်မျိုးသူလည်း အတွင်းသို့ဝင်လိုက်သည်။
ယင်းအခိုက်မှာပင် ရဲက တံခါးကိုပြန်လိုက်သည်။
ဇော်မျိုးသူ လည်း တမံသလင်းပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး မျက်စိကိုစုံမှိတ်ထားလိုက်သည်။
သို့သော် သူ၏စိတ်တွေကမူ ဤအဖြစ်အပျက်တွေအတွက် ကျေနပ်ရမည်လား၊သို့မဟုတ်၊နောင်တရရမည်လားဆိုတာ သူကိုယ်တိုင် ဝေခွဲရခက်နေသည်။
“ဟူး”
ဇော်မျိုးသူ လေပူရှည်ကြီးကိုမှုတ်ထုတ်လိုက်သည်။
ထို့နောက် ထွက်ပါသွားသည့်လေပူတွေနှင့်အတူ သူ၏စိတ်တွေကလည်း အလွန်စိတ်ပျက်စရာ၊ဒေါသထွက်စရာကောင်းသည့် အတိတ်သို့ပြန်ရောက်သွားသည်။
+++++++++++++++++++++++++++
ဓာတ်မှန်ကိုကြည့်ကာ ဇော်မျိုးသူ သက်ပြင်းကိုသာ အကြိမ်ကြိမ် ချနေမိသည်။
ဆရာဝန်က
“အဆုတ်မှာအကြိတ်တည်နေတာ။ခွဲစိတ်ကုသမယ်ဆိုလည်း မနည်းဘူးကုန်မှာ။လောလောဆယ်သောက်ဆေးတော့ညွှန် ပေးလိုက်မယ်။ဆေးကုန်ရင် တော့ ခွဲစိတ်ဖို့ စီစဉ်ထားပါတော့”
“ဟုတ်”
ဆရာဝန်က ဆေးစာရေးပြီးပေးလိုက်သည်။
ဇော်မျိုးသူလည်း ယင်းစာရွက်ကိုယူပြီး ဆေးရာင်းသည့်နေရာတွင်ပြကာ ဝယ်ယူလိုက်ရသည်။
ပြီးနောက် မိခင်ဖြစ်သူ ဒေါ်လဲ့လဲ့ခိုင်ကိုဆိုက္ကားဖြင့်ပြန်ခေါ်လာခဲ့သည်။
ဆိုက္ကား အနောက်တွင်ထိုင်ရင်း သူ့စိတ်တွေပျာယာခတ်နေသည်။
ဆရာဝန်ပြောပုံအရဆိုလျှင် ခွဲစိတ်ကုသမှု
က ကျိန်းသေပြုလုပ်ရတော့မည်ဖြစ်သည်။
ဒီအတွက်ကုန်ကျစရိတ်က နည်းမည်မဟုတ်ချေ။
မိခင်ဖြစ်သူ ဒေါ်လဲ့လဲ့ခိုင်ကတော့ ဆရာဝန်နှင့်သူ ပြောနေသည်ကို ငေးပြီးကြည့်နေသည်မှလွဲ၍ဘာမှမသိရှာချေ။
အဘယ်ကြောင့်ဆိုသော် သူမသည်အသက် ရှစ်ဆယ်ကျော်စပြုနေပြီဖြစ်သလို မျက်စိမှုန်ကာလနားလည်း ထိုင်းနေသောကြောင့်ဖြစ်သည်။
အိမ်သို့ရောက်တော့ ဆိုက္ကားခပေးချေပြီး မိခင်ကြီးကိုတွဲကာ အိမ်ပေါ်သို့တက်လာခဲ့စဉ် အစ်ကိုဖြစ်သူဇော်ရဲလင်းက အပေါက်ဝတွင်ဆီးကြိုရပ်ပြီး ဇော်မျိုးသူရှေ့တွင် လက်ဖြန့်လိုက်သည်။
ဇော်မျိုးသူ စိတ်ထဲစနိုးစနှောင့်ဖြစ်သွားရသည်။
မိခင်ကြီးကမူ အမြင်မကြည်ဖြစ်ကာ မျက်နှာကို ဘေးတစ်ဖက်သို့ လွှဲပစ်လိုက်သည်။
ဇော်မျိုးသူ အိတ်ကပ်ထဲမှ တစ်ထောင်တန်ကိုထုတ်ပေးလိုက်သည်။
ထိုအခါ ဇော်ရဲလင်းက
“ဒါပဲလားကွ။မင်းက ငါ့ကိုသူတောင်းစားပေးသလိုပေးနေတာလား”
ယင်းသို့ရန်တွေ့သလိုပြောတော့မိခင်ကြီးက
“ဟဲ့..ပေးတာယူလိုက်ပေါ့။နည်းတယ်များတယ်လုပ်မနေနဲ့။နင်ရှာတာတစ်ပြားမှမရှိဘူး”
ဇော်ရဲလင်းမျက်နှာမဲ့သွားသည်။
ပြီးနောက် တစ်ခွန်းမှပြန်မပြောတော့ဘဲ အိမ်ပေါ်မှ ဆင်းသွားသည်။
ထိုအခါမှ ဇော်မျိုးသူလည်း မိခင်ကြီးကိုဧည့်ခန်းထဲအထိလိုက်ပို့ပေးလိုက်ပြီး
“အမေ ကျွန်တော်မြို့ထဲသွားလိုက်ဦးမယ်”
“ဟမ်”
မိခင်ကြီးက မကြားသဖြင့်ထပ်မေးသည်။
ထိုအခါဇော်မျိုးသူ
လည်း ခြေဟန်လက်ဟန်ပြကာ အော်ပြောရသည်။
“အပြင်သွားလိုက်ဦးမယ်”
“သြော် အေးအေး”
ဇော်မျိုးသူ အိမ်ပေါ်မှဆင်းလာခဲ့သည်။
သူ၏ခြေလှမ်းတွေကသင်္ဘောဆိပ်သို့ဖြစ်သည်။
သင်္ဘောဆိပ်သို့ရောက်တော့ အလုပ်သမားခေါင်း ကိုမြင့်ဦးကိုအကြောင်းစုံပြောပြလိုက်ပြီး
“အလုပ်ကလည်းရှားတယ်ဗျ။ဒီအတိုင်းသာဆို ကျွန်တော့် အမေကိုဆေးကုပေးဖို့မလွယ်ဘူး။ဒီတော့ ခင်ဗျားဆီမှာအလုပ်ဝင်ချင်တယ်ဗျာ။ရနိုင်မလား”
“အင်း ရပါတယ်ကွာ ။မနက်ဖြန် လာဆင်းလှည့်ပေါ့”
“ဟုတ်။ကျေးဇူးပါဗျာ”
သူ အိမ်သို့ပြန်လာခဲ့သည်။
အိမ်သို့ရောက်တော့ ထမင်းဟင်းချက်ပြီး မိခင်ကြီးနှင့်အတူညစာစားသည်။
စားပြီးသည့်နောက် မိခင်ကြီးက သူမ အလွန်ကြိုက်သည့်ဆေးပေါ့လိပ်ကိုမီးခိုးတထောင်းထောင်းထအောင်ဖွာသည်။
တကယ်တော့ သူမ အဆုတ်အကြိတ်ပေါက်သည်မှာ ဤကဲ့သို့ ဆေးလိပ်အလွန်အကျွံသောက်ခြင်းကြောင့်ဖြစ်သည်။
သို့သော် ဇော်မျိုးသူ မတားရက်ပါ။
အဘယ်ကြောင့်ဆိုသော် သူမ ဘဝတလျှောက်လုံး ပင်ပန်းဆင်းရဲစွာဖြင့် သူတို့ညီအစ်ကို နှစ်ယောက်ကိုလုပ်ကျွေးခဲ့သည်။
ယခု သူတို့အလှည့်ဖြစ်သည်။
ဒီတော့ သူမ ကြိုက်နှစ်သက်သည့်ဆေးလိပ်ကို သောက်ချင်သလောက်သောက်ပါစေ။ရောဂါဖြစ်လျှင် မရရအောင်ရှာကြံပြီးကုမည်ဟု သူစိတ်ပိုင်းဖြတ်ထားသည်။
ပြီး မိခင်ကြီးသည် အသက်လည်းကြီးနေသည်မို့ မသေခင်အချိန်လေးတွင်တော့ စိတ်ချမ်းသာအောင် သူထားလိုပါသေးသည်။
အချိန်တွေတဖြည်းဖြည်းကုန်လာသည်။
ညကိုးနာရီ အချိန်ရောက်တော့
ဇော်မျိုးသူရော မိခင်ဖြစ်သူပါ အိပ်ရာဝင်ကြသည်။
ထိုအချိန်မှ အစ်ကိုဖြစ်သူ ဇော်ရဲလင်း ရောက်လာသည်။
ပြီးနောက် ၎င်းအတွက်ချန်ထားသည့် ထမင်းဟင်းတွေကိုလှန်ကြည့်ရာ ဟင်းမကောင်းသဖြင့် အုပ်ဆောင်းကို ‘ဘုန်း’ခနဲပြန်အုပ်ကာ ဇော်မျိုးသူကို မြည်တွန်ပြောဆိုနေသည်။
ပြီးနောက် အိပ်ရာပေါ်သို့လှဲလိုက်ပြီး သီချင်းတကြော်ကြော်ဖြင့်ဆိုနေသည်။
ထို့ကြောင့် တစ်နေကုန် စိတ်ရောလူပါ
ပင်ပန်းထားသည့်ဇော်မျိုးသူမှာ ကောင်းမွန်စွာအိပ်စက်ရခြင်းမရှိတော့ပါချေ။
တကယ်ဆို ဇော်ရဲလင်း အလိုက်သိသင့်သည်ဟု ဇော်မျိုးသူ တွေးမိသည်။
အဘယ်ကြောင့်ဆိုသော်အိပ်ခန်းထဲတွင် လူမမာမိခင်ကြီးလည်း အိပ်စက်နေသောကြောင့်ရယ်ပင်။
သို့သော် မိခင်ကြီးက အပြင်ထွက်ပြီး မပြောသလို၊ဇော်မျိုးသူကလည်း ပြောဆိုတားမြစ်ခြင်းမရှိပါ။
သူ့အစ်ကိုကိုသူကြောက်ရသည်။
ထို့ကြောင့် စောင်ခေါင်းမြီးခြုံကာ နားနှစ်ဖက်ကို လည်း လက်ဖြင့်ပိတ်ထားလိုက်ရသည်။
ဇော်ရဲလင်းကတော့ မူးယစ်နေကာညလုံးပေါက်နီးပါး သီချင်းဆိုလျက်ရှိနေတော့သည်။
ထို့အတူဇော်မျိုးသူမှာလည်း အစ်ကိုဖြစ်သူကိုအကြီးအကျယ်စိတ်ပျက်လျက်ရှိနေတော့သည်။
ဆရာကြီးအောင်သင်း ဟောပြောဖူးတာရှိ
သည်။
‘အလိမ္မာ စာမှာရှိတဲ့။ဒါပေမယ့်အသက်အရွယ်ကြီးလာပါလျက်နဲ့မလိမ္မာရင် ဘာစာဖတ်ဖတ် မလိမ္မာတော့ဘူး’ဟူ၍ဖြစ်သည်။
+++++++++++++++++++++++
မနက် ခြောက်နာရီ ထိုးတော့ ဇော်မျိုးသူလည်း အိပ်ရာမှတကာ ထမင်းချက်သည်။
ပြီးနောက် မိခင်ကြီးသောက်ရန်အတွက်ရေနွေးအိုးတည်ပေးကာ ထမင်းကြမ်းကိုခပ်သွက်သွက်စားပြီး သင်္ဘောဆိပ်သို့ ထွက်လာခဲ့သည်။
ပြီးနောက် အခြားအလုပ်သမားတွေနှင့်အတူ သင်္ဘောပေါ်မှ ဆန်အိတ်တွေကို ချသည်။.
နေတော်တော်မြင့်ချိန်၌ဆန်အိတ်တွေလည်း အကုန်ချပြီးပြီဖြစ်သည်။
ထို့နောက် လုပ်အားခကိုယူပြီး အိမ်သို့ပြန်လာကာ ပိုက်ဆံ
အချို့တစ်ဝက်ကိုမိခင်ကြီး၏ဆေးကုသစရိတ်အတွက်စုထားပြီး ကျန်တစ်ဝက်ကိုတော့ ဈေးဝယ်ရန်အတွက်နှင့် အစ်ကိုဖြစ်သူအရက်ဖိုးအတွက်ချန်ထားလိုက်ရတော့သည်။
နောက်တစ်နေ့ တွင်လည်းကုန်ထမ်း၍ရလာသည့်ပိုက်ဆံတွေကို အချို့တစ်ဝက်သာအသုံးပြုပြီး ကျန်တစ်ဝက်ကိုတော့ ဆေးကုသဖို့အတွက် စုထားခဲ့ပြန်သည်။
ရက်အနည်းငယ်ကြာလာတော့ ပိုက်ဆံတွေတွေလည်းအတော်အတန်စုမိလာပြီဖြစ်သည်။
တစ်ရက်တွင်တော့ သူသည် ကုန်ထမ်းပြီး ရလာသည့်ပိုက်ဆံတွေကို လက်ထဲကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ အိမ်သို့ပြန်လာခဲ့သည်။
ယနေ့ မိခင်ကြီးကို ဆေးရုံသို့တက်ကာ ခွဲစိတ်ကုသပေးရမည်ဖြစ်သည်။
ဒီအတွက်လည်း သူ့တွင် ပိုက်ဆံတွေက လုံလုံလောက်လောက် ရှိနေပြီဖြစ်သည်။
အိမ်သို့ပြန်ရောက်တော့ သူသည် ဘုရားစင်အနောက်မှ စုထားသည့်ပိုက်ဆံတွေကိုကြည့်လိုက်ရာ ပိုက်ဆံတွေမှာ တစ်ပြားမှမရှိတော့ချေ။
ဇော်မျိုးသူ ခေါင်းချာချာလည်သွားသည်။
ထို့နောက် မလှမ်းမကမ်းတွင်ဆေးပေါ့လိပ်ထိုင်ဖွာနေသည့်မိခင်ကြီးကိုလှမ်းမေးလိုက်သည်။
“အမေ ဒီဘုရားစင်ပေါ်က ပိုက်ဆံတွေရော”
“ဟမ်”
“ဒီပေါ်က ပိုက်ဆံတွေရောလို့”
“ငါမသိဘူးလေ။စောစောက နင့်အစ်ကို တော့ အဲဒီအနားမှာ ရစ်သီရစ်သီလုပ်နေတာပဲ”
“တောက်”
သေချာပြီ။ပိုက်ဆံတွေကို ဇော်ရဲလင်း ယူသွားပြီပဲဖြစ်သည်။
ထို့နောက် ဇော်မျိုးသူလည်း အိမ်ပေါ်မှ ဆင်းပြေးလာခဲ့သည်။.
ဤအချိန်၌ သူ၏အစ်ကိုမည်သည့်နေရာတွင် ရှိနေတတ်သည်ဆိုတာ သူကောင်းကောင်းကြီးသိသည်။
ထို့ကြောင့် မြို့အစွန်မှ ထန်းတောဘက်သို့ဦးတည်ပြေးလာခဲ့သည်။
သို့ဖြင့်ထန်းတောသို့ရောက်တော့အပေါင်းအသင်းတွေနှင့်အတူ ဝိုင်းဖွဲ့ကာ ထန်းရည်သောက်နေသည့် ဇော်ရဲလင်းကိုတွေ့ရသည်။
ဇော်မျိုးသူလည်း ဇော်ရဲလင်း ဆီသို့ခပ်သွက်သွက်လျှောက်ကာ ပုခုံးကိုဆတ်ခနဲပုတ်လိုက်သည်။
ဇော်ရဲလင်းကလည်းမော့ကြည့်သည်။
ယင်းအခိုက်မှာပင် ဇော်မျိုးသူက ဇော်ရဲလင်း၏မျက်နှာကိုထိုးချလိုက်သည်။
‘ခွပ်’
‘အ’
မထင်မှတ်ဘဲ အထိုးခံလိုက်ရသည်မို့ ဇော်ရဲလင်းလည်း ခုခံချိန်မရလိုက်ဘဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။
ဒေါသမပြေသေးသည့်ဇော်မျိုးသူကလည်း အပေါ်မှ ခွထိုင်ကာ ၎င်း၏မျက်နှာကို အဆတ်မပြတ်ထိုးနေသည်။
ယင်းအခိုက်တွင် ကျန်သည့်လူတွေကလည်း ဇော်မျိုးသူကို ဝိုင်းဆွဲထားကြသည်။
ယင်းလည်း ဇော်မျိုးသူမှာ အတင်းရုန်းနေလေရင်း ဇော်ရဲလင်းကို ဆဲဆိုနေသည်။
ဇော်ရဲလင်း ကုန်းရုန်းပြီးပြန်ထသည်။
ပြီးနောက် နှုတ်ခမ်းတွင်စီးကျလာသည့်သွေးစတွေကို လက်ဖမိုးဖြင့်သုတ်လိုက်ရင်း
“မင်းက ထိုးချင်နေသေးတယ်ပေါ့။လာထိုးလိုက်စမ်းပါ။ဟေ့လူတွေလွှတ်ပေးလိုက်”
ဇော်ရဲလင်းက ပြောတော့ ဇော်မျိုးသူကို ဆွဲထားသည့်လူတွေလည်းလွှတ်ပေးလိုက်သည်။
ထိုအခါ ဇော်မျိုးသူလည်း ဇော်ရဲလင်းဆီသို့ပြေးကာ ထိုးကြိတ်ဖို့ကြိုးစားသည်။
သို့သော် ဇော်ရဲလင်းက သူ့ထက်ပိုမိုသန်မာနေသည်မို့ သူလည်း ချက်ချင်းဆိုသလို
အောက်သို့ရောက်သွားရသည်။
ထို့နောက်ဇော်ရဲလင်းက အပေါ်မှ ခွထိုင်ပြီး
ဇော်မျိုးသူ၏လည်ပင်းကိုညှစ်ထားလိုက်သည်။
ဇော်မျိုးသူကလည်း အတင်းရုန်းသည်။
သို့သော် အင်အားချင်းကမမျှ။
ဇော်မျိုးသူ အသက်ရှူကျပ်လာသည်။
မျက်လုံးတွေလည်းပြာဝေလာသည်။
သေချာသည်။ သူ၏အစ်ကိုလက်ချက်ကြောင့်မကြာမီသူသေရတော့မည်။
ထိုအခိုက်တွင်
“ဟေ့ကောင် တော်လောက်ပြီ”
ပြောဆိုသံနှင့်အတူ ကျော်ကြီးက ဇော်ရဲလင်းကို ဆွဲခေါ်လိုက်သည်။
ထိုအခါမှ ဇော်မျိုးသူလည်း အသက်ပြန်ရှူခွင့်ရကာ လေကို အငမ်းမရ လုရှူနေမိတော့သည်။
ကျော်ကြီး နောက်သို့ပါသွားသည့် ဇော်ရဲလင်းက မူ ဇော်မျိုးသူကို လက်ညိုးငေါက်ငေါက်ထိုးရင်း
“ဟေ့ကောင် မင်းလိုမလောက်လေးမလောက်စားကများ ငါ့ကိုလာစမ်းတယ်ပေါ့။မင်းကံကောင်းသွားတယ်မှတ်”
“လာပါကွာ။ညီအစ်ကိုအချင်းချင်း မလုပ်ပါနဲ့ကွာ”
အပေါင်းအသင်းတွေက ဇော်ရဲလင်းကိုဆွဲခေါ်သွားကြသည်။
ဇော်မျိုးသူကမူ မြေပြင်ကိုသာ အဓိပ္ပာယ် မဲ့စွာဖြင့်စိုက်ကြည့်နေမိတော့သည်။
အတန်ကြာသောအခါမှ စီးကျလာသည့်မျက်ရည်စတွေကိုသုတ်ကာ ကျွတ်ကျနေသည့်ဖိနပ်ကိုစီးဖို့ဟန်ပြင်သည်။
သို့သော် ဖိနပ်တစ်ဖက်က သဲကြိုးပြတ်နေချေပြီ။
ထို့ကြောင့် ဖိနပ်ကိုမစီးဖြစ်တော့ဘဲ ခါးကြားထဲထိုးကာ လေးကန်သောခြေလှမ်းများဖြင့်အိမ်သို့ပြန်လာခဲ့တော့သည်။
+++++++++++++++++++++++
ဇော်မျိုးသူနှင့်ပြဿနာဖြစ်ပြီးသည့်နောက်
ဇော်ရဲလင်းလည်း အိမ်သို့ပြန်မလာသည်မှာနှစ်ရက်တိုင်တိုင်ရှိလာခဲ့ပြီဖြစ်သည်။
ယင်းလည်း မိခင်ကြီးက မည်သို့မှ မပြောသလို၊ဇော်မျိုးသူကလည်း ပုံမှန်အတိုင်းသာနေလိုက်သည်။
တစ်မနက်တွင်တော့ သူအလုပ်သို့သွားခါနီး၌ ဇာဇာအောင်ရောက်လာသည်။
သူမက ရပ်ကွက်အနောက်ပိုင်းတွင်နေထိုင်သူဖြစ်ပြီးဇော်မျိုးသူနှင့် ချစ်သူရည်းစားဖြစ်မလာသေးသည့်တိုင် နှလုံးသားချင်းနားလည်းနေခဲ့သူဖြစ်သည်။
သူမ၏လက်ထဲတွင်ရေမွှေးပန်းစည်းနှင့်အတူ ရေအိုးအသေးတစ်လုံးပါလာသည်။
“ကိုဇော် နင့်အိမ်က ဘုရားပန်းအိုး လဲရအောင်။ပန်းတွေကနွမ်းနေပြီမလား”
“အေး ။နည်းနည်းတော့နွမ်းနေပြီ”
“နင်ကလည်းလေ။ဘုရားဆိုတာမနွမ်းကောင်းဘူးဟ။သွားသွား အိမ်ပေါ်တက်ယူချေ။ဒီခုံပေါ်မှာပဲ ငါလဲပေးမယ်”
“အေးအေး”
ဇော်မျိုးသူ အိမ်ပေါ်သို့တက်ကာ ဘုရားပန်းအိုးတွေယူလာခဲ့သည်။
ထို့နောက် ဇာဇာအောင်နှင့်ပန်းတွေကို လဲကြသည်။
ယင်းသို့လဲရင်းမှဇာဇာအောင်က
“ဒါပရိတ်ရေအိုး။မနက်က ဆရာတော်ကြီးတစ်ပါးက အိမ်ကိုကြွလာပြီးစီရင်ပေးတာ။စုစုပေါင်း သုံးလုံးတောင်။အဲဒါနင့်အိမ်လည်းအန္တရာယ်ကင်းရအောင် တစ်လုံးယူလာခဲ့တာ”
“အေးပါဟာ ။ကျေးဇူးပါ”
ထိုအခိုက်တွင်
“ဖျပ် ဖျပ် ”
အနောက်မှ ခြေသံထွက်ပေါ်လာသည်မို့ နှစ်ယောက်သား ပြိုင်တူလှည့်ကြည့်လိုက်ရာ ဇော်ရဲလင်းဖြစ်နေသည်။
ဇော်ရဲလင်းသည် ဇော်မျိုးသူနှင့်ဇာဇာအောင်ကိုမကြည့်ဘဲ အိမ်ပေါ်သို့ တန်းတန်းမတ်မတ်တက်သွားသည်။
ခါတိုင်းဆိုလျှင် ဇာဇာအောင်ကိုတွေ့လျှင်လထိကပါးရိပါးပြုလုပ်တတ်သည့်၎င်းက ယခုတော့ လှည့်ပင်မကြည့်တော့သည်မို့ အနည်းငယ်တော့ ထူးဆန်းနေခဲ့သည်။
ဇော်ရဲလင်း အိမ်ပေါ်သို့တက်ပြီး ခေတ္တ အကြာ၌ ပန်းကန်တွေကို ရိုက်ခွဲသည့်အသံတွေထွက်လာသည်။
ထိုအခါ မိခင်ကြီးက ဇော်ရဲလင်းကို အော်ဟစ်ဆဲဆိုနေသည်။.
ဇော်မျိုးသူ စိတ်ကို အနိုင်နိုင်ထိန်းထားနေရသည်။
ဇာဇာအောင်ကလည်း ဇော်မျိုးသူ၏လက်ကိုကိုင်ကာ ‘စိတ်လျော့ပါ’ဟု ခပ်တိုးတိုးပြောနေသည်။
ထိုအခိုက်တွင် ဇော်ရဲလင်း အိမ်ပေါ်မှ ပြန်ဆင်းလာသည်။
ပြီးနောက် ဇာဇာအောင်ကိုစူးစူးစိုက်စိုက်ကြည့်လေရင်း
“မင်းအရမ်းလှတယ်”
ယင်းသို့ဆိုကာ သူမ၏လက်ကိုဆွဲကိုင်လိုက်သည်။
“ဘာလုပ်တာလဲ ။ဖယ်စမ်းပါ”
ဇာဇာအောင်ကလည်း ဒေါသဖြင့်ပြန်အော်ရင်း လက်ကိုပြန်ရုတ်လိုက်သည်။
ဇော်ရဲလင်းကလည်း လက်ကိုပြန်ဆွဲဖို့ကြိုးစားသည်။.
ဇော်မျိုးသူ ဒေါသကိုမထိန်းနိုင်တော့ချေ။
ထိုကြောင့်ရှေ့တွင်ရှိနေသည့်ပရိတ်ရေအိုးဖြင့် ဇော်ရဲလင်း ၏ဦးခေါင်းကိုရိုက်ခွဲပစ်လိုက်သည်။
‘ခွမ်း’
“အား”
ဇော်ရဲလင်းလည်း အသံနက်ကြီးဖြင့်အော်ဟစ်ရင်း မြေပြင်ပေါ်သို့ ပုံလဲကျသွားသည်။
ပြီး အသက်ရှူခြင်းလည်း လုံးဝမရှိတော့သလို၊ခန္ဓာကိုယ်မှလည်း အလွန်ဆိုးဝါးလွန်းသည့်အနံ့တွေကတမုဟုတ်ချင်းထွက်လာသည်။
ထိုအနံ့ကြောင့်ပင် ဇော်မျိုးသူ နှင့်ဇာဇာအောင်မှာ ပျို့အန်မိကြတော့သည်။.
ထိုအခိုက်တွင် မိခင်ကြီးလည်း အိမ်ပေါ်မှ ပြေးဆင်းလာပြီး ဇော်ရဲလင်း၏အလောင်းကိုကြည့်ကာ မျက်လုံးပြူးသွားသည်။
သို့သော် ၎င်း၏ခန္ဓာကိုမှထွက်လာသည့်အနံ့ကြောင့် နှာခေါင်းကိုလက်ဖြင့်ကပျာကယာအုပ်ထားလိုက်ရတော့သည်။
ပြီးနောက် ဇော်မျိုးသူကို အော်ဟသ်ပြောဆိုနေလေတော့သည်။
“အမလေး လူမိုက်ကြီးရဲ့။နင့်အစ်ကိုကိုပြန်သတ်လိုက်ပြီပေါ့။ခွေးရူးနဲ့မှပြိုင်ကိုက်ရသလားဟဲ့”
ယင်းသို့အော်ဟစ်ပြောဆိုကာ လှေကားထစ်တွင် ထိုင်ငိုနေလေတော့သည်။
+++++++++++++++++++++++++
လူတစ်ယောက် ဒေါသထွက်ရာတွင် အလွန်ဆုံးကြာလှ ဆယ်မိနစ် ခန့်သာရှိလိမ့်မည်။
သို့သော်ယင်းအချိန်ကလေး(သွေးဆူနေချိန်)၌မဆင်မခြင်ပြုခဲ့သည့်လုပ်ရပ်သည် ဘဝတစ်ခုလုံးကိုပြောင်းလဲသွားစေသည်။.
ယခုတော့ ဘဝတစ်ခုလုံးတင်မဟုတ်။ဘဝသုံးခုဖြစ်နေသည်။
သူ၏ဒေါသကြောင့် အစ်ကိုဖြစ်သူ သေခဲ့ရသလို၊သူလည်း မကြာခင် တရားစီရင်ပြီး
ထောင်ထဲသို့ရောက်ရတော့မည်။
သို့ဆိုလျှင် လူမမာမိခင်ကြီးကိုအနီးကပ်
လုပ်ကျွေးပြုစုမည့်သူမရှိတော့ပြီမို့
ရတက်မအေးစရာဖြစ်ရတော့မည်။
လောဘတက်လျှင် အနည်းငယ်တော့ စားရဦးမည်။
ဒေါသထွက်လျှင်တော့ရှုံးပြီ။
ထိုစကားမှန်ပါသည်။
ကိုယ့်ဘက်က မှန်နေခဲ့လျှင်တောင် ဒေါသကြောင့် အမှားပြန်ဖြစ်ရသည့် သာဓကတွေ လည်းရှိခဲ့ဖူးသည်။
သြော်..ဒေါသ ။သိပ်ကြောက်ဖို့ကောင်းလွန်းသည်ဟုလည်း ဇော်မျိုးသူ တွေးနေမိသည်။
သို့သော် သူ၏အတွေးတို့ကားနောက်ကျနေခဲ့ပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ရက်အနည်းငယ်အတောအတွင်းတွင် သူသည် အစ်ကိုဖြစ်သူကိုပြန်သတ်မှုဖြင့် ထောင်နန်းစံရတော့မည်ဖြစ်သည်။
သို့ဖြင့်ရက်သတ္တပတ်ခန့်ကြာလာခဲ့သည်။
တရားစီရင်သည့်နေ့သို့ရောက်တော့ နှစ်ဖက်သောရှေ့နေတွေက အပြန်အလှန်လျှောက်လှဲချက်တွေပေးနေသော်လည်း ဇော်မျိုးသူကမူ လွတ်ဖို့လမ်းမမြင်တော့သည်မို့ ခုံပေါ်တွင်ထိုင်ရင်းငိုနေသည့်မိခင်ကြီးကိုသာ စိတ်မကောင်းစွာဖြင့်ကြည့်နေမိသည်။
ထိုအခိုက်တွင် မှုခင်းဆရာဝန်တစ်ယောက်ရောက်လာပြီး တရားသူကြီးအား ဆေးစစ်ချက်ကိုပေးသည်။
တရားသူကြီးလည်း စာရွက်ကို ထပ်ခါတစ်လဲလဲ ဖတ်နေသည်။
ယင်းသို့ဖတ်နေရင်းမှ ၎င်းသည်အလွန်စိတ်ရှုပ်နေပုံပေါ်နေသည်။
ထို့နောက် အမိန့်ချမှတ်သည်။
ယင်းသို့အမိန့်ချမှတ်ရာတွင် ဇော်မျိုးသူသာမက တရားရုံးသို့ရောက်လာသည့်အလုပ်မှသူငယ်ချင်းတွေပါ အံ့သြဝမ်းသွားပြီး ထအော်မိကြသည်။
အဘယ်ကြောင့်ဆိုသော်ဆေးစစ်ချက်အရ
သေဆုံးသူဇော်ရဲလင်းသည် ဇော်မျိုးသူ ပရိတ်ရေအိုးဖြင့်မရိုက်မီ နှစ်ရက်အလိုခန့်ကပင်သေဆုံးခဲ့ပြီးသား ဖြစ်သည်မို့ ဇော်မျိုးသူလည်း လူသတ်မှုမမြောက်တော့ဘဲ ဒဏ်ငွေဖြင့်သာ ပြီးဆုံးခဲ့ရသောကြောင့်ပင်တည်း။
ထို့ကြောင့်ဇော်မျိုးသူလည်း ဒဏ်ငွေဆောင်ပြီး အချုပ်မှပြန်လွတ်လာခဲ့တော့သည်။
သို့သော်သူ့အတွက် သိလိုသည့်ပုစ္ဆာတွေကရှိနေသေးပါသေးသည်။
++++++++++++++++++++++++++++
နောက်တစ်နေ့။
ဇော်မျိုးသူသည် ဇာဇာအောင်၏အိမ်သို့ရောက်လာခဲ့သည်။
ပြီးနောက်
“ဇာဇာ ငါ့ကို စက်ဘီးခဏငှားဟာ။ငါမြို့အပြင်သွားစရာရှိလို့”
“သြော်။ရပါတယ်။ယူသွားလေ”
“ကျေးဇူး”.
ဇော်မျိုးသူစက်ဘီးကိုနင်းထွက်လာခဲ့သည်။
သို့ဖြင့်မြို့အပြင်မှ ထန်းတောထဲသို့ရောက်လာတော့ သူအလွန်တွေ့ချင်နေသည့်ကျော်ကြီးတို့အုပ်စုကိုအခန့်သင့်တွေ့လိုက်ရသည်။
သူ့ကိုမြင်တော့ကျော်ကြီးက
“ဟာ ဟေ့ကောင်။လာလေကွာ”
“ဟုတ်”.
သူစက်ဘီးကိုဒေါက်ထောက်ကာ ကျော်ကြီးတို့နှင့်အတူထိုင်လိုက်သည်။
ကျော်ကြီးက
“မင်းထောင်ထဲမရောက်တာဝမ်းသာတယ်ကွာ။ဒါနဲ့ဆိုပါဦး။ဘာကိစ္စ”
“ကျွန်တော့်အစ်ကိုကိစ္စပါ။သူ
ကျွန်တော့်ကြောင့်မသေခင် အရင်ကတည်းကသေပြီးသားတဲ့ဗျ။အဲဒါတော်တော်အံ့သြဖို့ကောင်းသလို၊စိတ်လည်းရှုပ်ဖို့ကောင်းတယ်။သူ နောက်ဆုံး အိမ်ကိုပြန်မလာခင်က ကိုကျော်ကြီးတို့နဲ့နှစ်ရက်လောက်အတူရှိနေခဲ့တာမဟုတ်လား။ဘာတွေဖြစ်ခဲ့သေးတုံးဗျ”
ယင်းသို့မေးတော့ ကျော်ကြီးလည်း သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး
“အင်း.ပြောရမယ်ဆိုရင် မင်းနဲ့ပြဿနာဖြစ်ပြီးတဲ့နောက် ဒီကောင် ထန်းပင်ပေါ်တက်သွားတယ်။အဲဒီမှာပဲခြေချော်ပြီး အပေါ်က လန်ကျသွားတယ်။ငါတို့တော့ ဒီကောင်သေပြီလို့တောင်ထင်လိုက်တာ။ဒါပေမယ့် မြေပြင်ပေါ်ကျပြီး ခဏအကြာမှာပဲ ဒီကောင်ပြန်ထလာတော့ ငါတို့လည်းအရမ်းအံ့သြသွားတယ်။ဘာကြောင့်လဲဆိုတော့ အပင်ကအမြင့်ကြီးလေ။ဒီကောင်ကျပုံကျနည်းနဲ့ဆို ပြန်ရှင်စရာအကြောင်းကိုမရှိဘူး။ဒါပေမယ့်ဒီကောင်ကတော့ဘာမှမဖြစ်သလိုပဲ။ငါတို့ကတောင် သူ့ကို ဖိုးသက်ပြင်းလို့တောင် စကြသေးတာ။
တကယ်တော့ ဒီကောင် အပင်ပေါ်က ပြုတ်ကျပြီးကတည်းကသေနေပြီးသားကွ။
ဒါပေမယ့် အဲဒီတုန်းကငါတို့မသိခဲ့ဘူး။တရားသူကြီးက ဆေးစစ်ချက်ကိုဖတ်ပြတော့မှ ဆက်စပ်ပြီးတွေးခဲ့မိတာ။တကယ်တော့သူသေတဲ့အချိန်မှာပဲ ဖုတ်ဝင်သွားတာကွ”
“သြော်..ဒါကြောင့်ကိုး။ကျွန်တော်သူ့ကိုပရိတ်ရေအိုးနဲ့ရိုက်လိုက်တော့ မြေပြင်ပေါ်လဲကျသွားပြီး အနံ့ဆိုးကြီးကထောင်းခနဲထွက်လာတာ။တကယ်တော့သူ့ကိုယ်ထဲက ဖုတ်ကောင်ကထွက်သွားတာဗျ။အနံ့ဆိုးထွက်လာတယ်ဆိုတာကလည်း
..သူသေခဲ့တာက နှစ်ရက်တောင်ရှိနေခဲ့ပြီကိုး”
ယင်းသို့ဆိုလိုက်တော့ ကျော်ကြီးက
“အေး။ငါတို့တွေးတာကလည်း မင်းနဲ့တစ်ထပ်တည်းပဲ။ဘာပဲပြောပြောမင်းတော့ကံကောင်းပါတယ်ကွာ”
“ဟုတ်.ဒါနဲ့ ကျွန်တော့်အစ်ကို ဖုတ်ဝင်ပြီးတဲ့အချိန်မှာ အိမ်ကိုနှစ်ရက်လောက်မလာသေးဘဲ ကိုကျော်ကြီးတို့ဆီမှာနေခဲ့သေးတယ်နော်။ဘာတွေထူးခြားတာကြုံရလဲဗျ”
ယင်းသို့မေးတော့ ကျော်ကြီးက
“ဟာ ထူးခြားတာပေါ့ကွာ..ဒီကောင်ငါ့အိမ်မှာညလာအိပ်တဲ့နောက်ခွေးတွေဆိုအူလိုက်ကြတာတစ်ညလုံးပဲ။ မနက်ကျတော့ အိမ်ကကြက်တွေအကုန်ပျောက်တော့တာပဲ။
နောက်တစ်ရက်မှာတော့ ရွာထဲကကြက်တွေအကုန်ပျောက်တယ်။ဖုတ်ဝင်ထားတဲ့မင်းအစ်ကိုလက်ချက်မှန်းဘယ်သူကသိမှာတုံး”
“သြော်”
ဇော်မျိုးသူတီးတိုးရေရွတ်လိုက်သည်။
ပြီးနောက်သက်ပြင်းရှည်ကြီးကိုချလိုက်ပြီး
ထိုင်ရာမှ ထလိုက်သည်။
“ကဲ မိုးမချုပ်ခင် ပြန်လိုက်ဦးမယ်ဗျာ။နောက်မှတွေ့ကြတာပေါ့”
“အေးပါ။အဆင်ပြေပါစေကွာ”
“ဟုတ်။ကျေးဇူးပါ ”
ဇော်မျိုးသူ စက်ဘီးကိုနင်းပြီးပြန်ထွက်လာခဲ့တော့သည်။.
လမ်းတလျှောက်တွင်လည်း ကွယ်လွန်ခဲ့ပြီး ဖုတ်ဝင်ခဲ့သည့် အစ်ကိုဖြစ်သူ၏ထူးဆန်းအံ့သြဖွယ်အကြောင်းကိုသဉ်းစားနေမိသလို၊မိခင်ကြီးအားခွဲစိတ်ကုသရန် ငွေပြန်ရှာရတော့မည့်အကြောင်း စသည်တို့ကို စဉ်းစားနေမိတော့သည်။
အားလုံးအေးချမ်းပါစေ…။
ဆရာဆွေ(တောင်တွင်း)
အချိန်အခက်အခဲကြောင့်မန့်တွေကိုမပြန်နိုင်ရင်လည်းနားလည်ပေးကြပါခင်ဗျ။

Zawgyi Version

ကြယ္လြန္ၿပီးေသာလူတစ္ေယာက္(စ/ဆုံး)
————————————————-
‘ကြၽီ’
အခ်ဳပ္ခန္းတံခါးပြင့္သြားၿပီးသည့္ေနာက္
ေဇာ္မ်ိဳးသူလည္း အတြင္းသို႔ဝင္လိုက္သည္။
ယင္းအခိုက္မွာပင္ ရဲက တံခါးကိုျပန္လိုက္သည္။
ေဇာ္မ်ိဳးသူ လည္း တမံသလင္းေပၚတြင္ တင္ပ်ဥ္ေခြထိုင္ၿပီး မ်က္စိကိုစုံမွိတ္ထားလိုက္သည္။
သို႔ေသာ္ သူ၏စိတ္ေတြကမူ ဤအျဖစ္အပ်က္ေတြအတြက္ ေက်နပ္ရမည္လား၊သို႔မဟုတ္၊ေနာင္တရရမည္လားဆိုတာ သူကိုယ္တိုင္ ေဝခြဲရခက္ေနသည္။
“ဟူး”
ေဇာ္မ်ိဳးသူ ေလပူရွည္ႀကီးကိုမႈတ္ထုတ္လိုက္သည္။
ထို႔ေနာက္ ထြက္ပါသြားသည့္ေလပူေတြႏွင့္အတူ သူ၏စိတ္ေတြကလည္း အလြန္စိတ္ပ်က္စရာ၊ေဒါသထြက္စရာေကာင္းသည့္ အတိတ္သို႔ျပန္ေရာက္သြားသည္။
+++++++++++++++++++++++++++
ဓာတ္မွန္ကိုၾကည့္ကာ ေဇာ္မ်ိဳးသူ သက္ျပင္းကိုသာ အႀကိမ္ႀကိမ္ ခ်ေနမိသည္။
ဆရာဝန္က
“အဆုတ္မွာအႀကိတ္တည္ေနတာ။ခြဲစိတ္ကုသမယ္ဆိုလည္း မနည္းဘူးကုန္မွာ။ေလာေလာဆယ္ေသာက္ေဆးေတာ့ၫႊန္ ေပးလိုက္မယ္။ေဆးကုန္ရင္ ေတာ့ ခြဲစိတ္ဖို႔ စီစဥ္ထားပါေတာ့”
“ဟုတ္”
ဆရာဝန္က ေဆးစာေရးၿပီးေပးလိုက္သည္။
ေဇာ္မ်ိဳးသူလည္း ယင္းစာ႐ြက္ကိုယူၿပီး ေဆးရာင္းသည့္ေနရာတြင္ျပကာ ဝယ္ယူလိုက္ရသည္။
ၿပီးေနာက္ မိခင္ျဖစ္သူ ေဒၚလဲ့လဲ့ခိုင္ကိုဆိုကၠားျဖင့္ျပန္ေခၚလာခဲ့သည္။
ဆိုကၠား အေနာက္တြင္ထိုင္ရင္း သူ႔စိတ္ေတြပ်ာယာခတ္ေနသည္။
ဆရာဝန္ေျပာပုံအရဆိုလွ်င္ ခြဲစိတ္ကုသမႈ
က က်ိန္းေသျပဳလုပ္ရေတာ့မည္ျဖစ္သည္။
ဒီအတြက္ကုန္က်စရိတ္က နည္းမည္မဟုတ္ေခ်။
မိခင္ျဖစ္သူ ေဒၚလဲ့လဲ့ခိုင္ကေတာ့ ဆရာဝန္ႏွင့္သူ ေျပာေနသည္ကို ေငးၿပီးၾကည့္ေနသည္မွလြဲ၍ဘာမွမသိရွာေခ်။
အဘယ္ေၾကာင့္ဆိုေသာ္ သူမသည္အသက္ ရွစ္ဆယ္ေက်ာ္စျပဳေနၿပီျဖစ္သလို မ်က္စိမႈန္ကာလနားလည္း ထိုင္းေနေသာေၾကာင့္ျဖစ္သည္။
အိမ္သို႔ေရာက္ေတာ့ ဆိုကၠားခေပးေခ်ၿပီး မိခင္ႀကီးကိုတြဲကာ အိမ္ေပၚသို႔တက္လာခဲ့စဥ္ အစ္ကိုျဖစ္သူေဇာ္ရဲလင္းက အေပါက္ဝတြင္ဆီးႀကိဳရပ္ၿပီး ေဇာ္မ်ိဳးသူေရွ႕တြင္ လက္ျဖန႔္လိုက္သည္။
ေဇာ္မ်ိဳးသူ စိတ္ထဲစႏိုးစေႏွာင့္ျဖစ္သြားရသည္။
မိခင္ႀကီးကမူ အျမင္မၾကည္ျဖစ္ကာ မ်က္ႏွာကို ေဘးတစ္ဖက္သို႔ လႊဲပစ္လိုက္သည္။
ေဇာ္မ်ိဳးသူ အိတ္ကပ္ထဲမွ တစ္ေထာင္တန္ကိုထုတ္ေပးလိုက္သည္။
ထိုအခါ ေဇာ္ရဲလင္းက
“ဒါပဲလားကြ။မင္းက ငါ့ကိုသူေတာင္းစားေပးသလိုေပးေနတာလား”
ယင္းသို႔ရန္ေတြ႕သလိုေျပာေတာ့မိခင္ႀကီးက
“ဟဲ့..ေပးတာယူလိုက္ေပါ့။နည္းတယ္မ်ားတယ္လုပ္မေနနဲ႔။နင္ရွာတာတစ္ျပားမွမရွိဘူး”
ေဇာ္ရဲလင္းမ်က္ႏွာမဲ့သြားသည္။
ၿပီးေနာက္ တစ္ခြန္းမွျပန္မေျပာေတာ့ဘဲ အိမ္ေပၚမွ ဆင္းသြားသည္။
ထိုအခါမွ ေဇာ္မ်ိဳးသူလည္း မိခင္ႀကီးကိုဧည့္ခန္းထဲအထိလိုက္ပို႔ေပးလိုက္ၿပီး
“အေမ ကြၽန္ေတာ္ၿမိဳ႕ထဲသြားလိုက္ဦးမယ္”
“ဟမ္”
မိခင္ႀကီးက မၾကားသျဖင့္ထပ္ေမးသည္။
ထိုအခါေဇာ္မ်ိဳးသူ
လည္း ေျခဟန္လက္ဟန္ျပကာ ေအာ္ေျပာရသည္။
“အျပင္သြားလိုက္ဦးမယ္”
“ေၾသာ္ ေအးေအး”
ေဇာ္မ်ိဳးသူ အိမ္ေပၚမွဆင္းလာခဲ့သည္။
သူ၏ေျခလွမ္းေတြကသေဘၤာဆိပ္သို႔ျဖစ္သည္။
သေဘၤာဆိပ္သို႔ေရာက္ေတာ့ အလုပ္သမားေခါင္း ကိုျမင့္ဦးကိုအေၾကာင္းစုံေျပာျပလိုက္ၿပီး
“အလုပ္ကလည္းရွားတယ္ဗ်။ဒီအတိုင္းသာဆို ကြၽန္ေတာ့္ အေမကိုေဆးကုေပးဖို႔မလြယ္ဘူး။ဒီေတာ့ ခင္ဗ်ားဆီမွာအလုပ္ဝင္ခ်င္တယ္ဗ်ာ။ရႏိုင္မလား”
“အင္း ရပါတယ္ကြာ ။မနက္ျဖန္ လာဆင္းလွည့္ေပါ့”
“ဟုတ္။ေက်းဇူးပါဗ်ာ”
သူ အိမ္သို႔ျပန္လာခဲ့သည္။
အိမ္သို႔ေရာက္ေတာ့ ထမင္းဟင္းခ်က္ၿပီး မိခင္ႀကီးႏွင့္အတူညစာစားသည္။
စားၿပီးသည့္ေနာက္ မိခင္ႀကီးက သူမ အလြန္ႀကိဳက္သည့္ေဆးေပါ့လိပ္ကိုမီးခိုးတေထာင္းေထာင္းထေအာင္ဖြာသည္။
တကယ္ေတာ့ သူမ အဆုတ္အႀကိတ္ေပါက္သည္မွာ ဤကဲ့သို႔ ေဆးလိပ္အလြန္အကြၽံေသာက္ျခင္းေၾကာင့္ျဖစ္သည္။
သို႔ေသာ္ ေဇာ္မ်ိဳးသူ မတားရက္ပါ။
အဘယ္ေၾကာင့္ဆိုေသာ္ သူမ ဘဝတေလွ်ာက္လုံး ပင္ပန္းဆင္းရဲစြာျဖင့္ သူတို႔ညီအစ္ကို ႏွစ္ေယာက္ကိုလုပ္ေကြၽးခဲ့သည္။
ယခု သူတို႔အလွည့္ျဖစ္သည္။
ဒီေတာ့ သူမ ႀကိဳက္ႏွစ္သက္သည့္ေဆးလိပ္ကို ေသာက္ခ်င္သေလာက္ေသာက္ပါေစ။ေရာဂါျဖစ္လွ်င္ မရရေအာင္ရွာႀကံၿပီးကုမည္ဟု သူစိတ္ပိုင္းျဖတ္ထားသည္။
ၿပီး မိခင္ႀကီးသည္ အသက္လည္းႀကီးေနသည္မို႔ မေသခင္အခ်ိန္ေလးတြင္ေတာ့ စိတ္ခ်မ္းသာေအာင္ သူထားလိုပါေသးသည္။
အခ်ိန္ေတြတျဖည္းျဖည္းကုန္လာသည္။
ညကိုးနာရီ အခ်ိန္ေရာက္ေတာ့
ေဇာ္မ်ိဳးသူေရာ မိခင္ျဖစ္သူပါ အိပ္ရာဝင္ၾကသည္။
ထိုအခ်ိန္မွ အစ္ကိုျဖစ္သူ ေဇာ္ရဲလင္း ေရာက္လာသည္။
ၿပီးေနာက္ ၎အတြက္ခ်န္ထားသည့္ ထမင္းဟင္းေတြကိုလွန္ၾကည့္ရာ ဟင္းမေကာင္းသျဖင့္ အုပ္ေဆာင္းကို ‘ဘုန္း’ခနဲျပန္အုပ္ကာ ေဇာ္မ်ိဳးသူကို ျမည္တြန္ေျပာဆိုေနသည္။
ၿပီးေနာက္ အိပ္ရာေပၚသို႔လွဲလိုက္ၿပီး သီခ်င္းတေၾကာ္ေၾကာ္ျဖင့္ဆိုေနသည္။
ထို႔ေၾကာင့္ တစ္ေနကုန္ စိတ္ေရာလူပါ
ပင္ပန္းထားသည့္ေဇာ္မ်ိဳးသူမွာ ေကာင္းမြန္စြာအိပ္စက္ရျခင္းမရွိေတာ့ပါေခ်။
တကယ္ဆို ေဇာ္ရဲလင္း အလိုက္သိသင့္သည္ဟု ေဇာ္မ်ိဳးသူ ေတြးမိသည္။
အဘယ္ေၾကာင့္ဆိုေသာ္အိပ္ခန္းထဲတြင္ လူမမာမိခင္ႀကီးလည္း အိပ္စက္ေနေသာေၾကာင့္ရယ္ပင္။
သို႔ေသာ္ မိခင္ႀကီးက အျပင္ထြက္ၿပီး မေျပာသလို၊ေဇာ္မ်ိဳးသူကလည္း ေျပာဆိုတားျမစ္ျခင္းမရွိပါ။
သူ႔အစ္ကိုကိုသူေၾကာက္ရသည္။
ထို႔ေၾကာင့္ ေစာင္ေခါင္းၿမီးၿခဳံကာ နားႏွစ္ဖက္ကို လည္း လက္ျဖင့္ပိတ္ထားလိုက္ရသည္။
ေဇာ္ရဲလင္းကေတာ့ မူးယစ္ေနကာညလုံးေပါက္နီးပါး သီခ်င္းဆိုလ်က္ရွိေနေတာ့သည္။
ထို႔အတူေဇာ္မ်ိဳးသူမွာလည္း အစ္ကိုျဖစ္သူကိုအႀကီးအက်ယ္စိတ္ပ်က္လ်က္ရွိေနေတာ့သည္။
ဆရာႀကီးေအာင္သင္း ေဟာေျပာဖူးတာရွိ
သည္။
‘အလိမၼာ စာမွာရွိတဲ့။ဒါေပမယ့္အသက္အ႐ြယ္ႀကီးလာပါလ်က္နဲ႔မလိမၼာရင္ ဘာစာဖတ္ဖတ္ မလိမၼာေတာ့ဘူး’ဟူ၍ျဖစ္သည္။
+++++++++++++++++++++++
မနက္ ေျခာက္နာရီ ထိုးေတာ့ ေဇာ္မ်ိဳးသူလည္း အိပ္ရာမွတကာ ထမင္းခ်က္သည္။
ၿပီးေနာက္ မိခင္ႀကီးေသာက္ရန္အတြက္ေရေႏြးအိုးတည္ေပးကာ ထမင္းၾကမ္းကိုခပ္သြက္သြက္စားၿပီး သေဘၤာဆိပ္သို႔ ထြက္လာခဲ့သည္။
ၿပီးေနာက္ အျခားအလုပ္သမားေတြႏွင့္အတူ သေဘၤာေပၚမွ ဆန္အိတ္ေတြကို ခ်သည္။.
ေနေတာ္ေတာ္ျမင့္ခ်ိန္၌ဆန္အိတ္ေတြလည္း အကုန္ခ်ၿပီးၿပီျဖစ္သည္။
ထို႔ေနာက္ လုပ္အားခကိုယူၿပီး အိမ္သို႔ျပန္လာကာ ပိုက္ဆံ
အခ်ိဳ႕တစ္ဝက္ကိုမိခင္ႀကီး၏ေဆးကုသစရိတ္အတြက္စုထားၿပီး က်န္တစ္ဝက္ကိုေတာ့ ေဈးဝယ္ရန္အတြက္ႏွင့္ အစ္ကိုျဖစ္သူအရက္ဖိုးအတြက္ခ်န္ထားလိုက္ရေတာ့သည္။
ေနာက္တစ္ေန႔ တြင္လည္းကုန္ထမ္း၍ရလာသည့္ပိုက္ဆံေတြကို အခ်ိဳ႕တစ္ဝက္သာအသုံးျပဳၿပီး က်န္တစ္ဝက္ကိုေတာ့ ေဆးကုသဖို႔အတြက္ စုထားခဲ့ျပန္သည္။
ရက္အနည္းငယ္ၾကာလာေတာ့ ပိုက္ဆံေတြေတြလည္းအေတာ္အတန္စုမိလာၿပီျဖစ္သည္။
တစ္ရက္တြင္ေတာ့ သူသည္ ကုန္ထမ္းၿပီး ရလာသည့္ပိုက္ဆံေတြကို လက္ထဲက်စ္က်စ္ပါေအာင္ဆုပ္ကိုင္ကာ အိမ္သို႔ျပန္လာခဲ့သည္။
ယေန႔ မိခင္ႀကီးကို ေဆး႐ုံသို႔တက္ကာ ခြဲစိတ္ကုသေပးရမည္ျဖစ္သည္။
ဒီအတြက္လည္း သူ႔တြင္ ပိုက္ဆံေတြက လုံလုံေလာက္ေလာက္ ရွိေနၿပီျဖစ္သည္။
အိမ္သို႔ျပန္ေရာက္ေတာ့ သူသည္ ဘုရားစင္အေနာက္မွ စုထားသည့္ပိုက္ဆံေတြကိုၾကည့္လိုက္ရာ ပိုက္ဆံေတြမွာ တစ္ျပားမွမရွိေတာ့ေခ်။
ေဇာ္မ်ိဳးသူ ေခါင္းခ်ာခ်ာလည္သြားသည္။
ထို႔ေနာက္ မလွမ္းမကမ္းတြင္ေဆးေပါ့လိပ္ထိုင္ဖြာေနသည့္မိခင္ႀကီးကိုလွမ္းေမးလိုက္သည္။
“အေမ ဒီဘုရားစင္ေပၚက ပိုက္ဆံေတြေရာ”
“ဟမ္”
“ဒီေပၚက ပိုက္ဆံေတြေရာလို႔”
“ငါမသိဘူးေလ။ေစာေစာက နင့္အစ္ကို ေတာ့ အဲဒီအနားမွာ ရစ္သီရစ္သီလုပ္ေနတာပဲ”
“ေတာက္”
ေသခ်ာၿပီ။ပိုက္ဆံေတြကို ေဇာ္ရဲလင္း ယူသြားၿပီပဲျဖစ္သည္။
ထို႔ေနာက္ ေဇာ္မ်ိဳးသူလည္း အိမ္ေပၚမွ ဆင္းေျပးလာခဲ့သည္။.
ဤအခ်ိန္၌ သူ၏အစ္ကိုမည္သည့္ေနရာတြင္ ရွိေနတတ္သည္ဆိုတာ သူေကာင္းေကာင္းႀကီးသိသည္။
ထို႔ေၾကာင့္ ၿမိဳ႕အစြန္မွ ထန္းေတာဘက္သို႔ဦးတည္ေျပးလာခဲ့သည္။
သို႔ျဖင့္ထန္းေတာသို႔ေရာက္ေတာ့အေပါင္းအသင္းေတြႏွင့္အတူ ဝိုင္းဖြဲ႕ကာ ထန္းရည္ေသာက္ေနသည့္ ေဇာ္ရဲလင္းကိုေတြ႕ရသည္။
ေဇာ္မ်ိဳးသူလည္း ေဇာ္ရဲလင္း ဆီသို႔ခပ္သြက္သြက္ေလွ်ာက္ကာ ပုခုံးကိုဆတ္ခနဲပုတ္လိုက္သည္။
ေဇာ္ရဲလင္းကလည္းေမာ့ၾကည့္သည္။
ယင္းအခိုက္မွာပင္ ေဇာ္မ်ိဳးသူက ေဇာ္ရဲလင္း၏မ်က္ႏွာကိုထိုးခ်လိုက္သည္။
‘ခြပ္’
‘အ’
မထင္မွတ္ဘဲ အထိုးခံလိုက္ရသည္မို႔ ေဇာ္ရဲလင္းလည္း ခုခံခ်ိန္မရလိုက္ဘဲ ေျမျပင္ေပၚသို႔ လဲက်သြားသည္။
ေဒါသမေျပေသးသည့္ေဇာ္မ်ိဳးသူကလည္း အေပၚမွ ခြထိုင္ကာ ၎၏မ်က္ႏွာကို အဆတ္မျပတ္ထိုးေနသည္။
ယင္းအခိုက္တြင္ က်န္သည့္လူေတြကလည္း ေဇာ္မ်ိဳးသူကို ဝိုင္းဆြဲထားၾကသည္။
ယင္းလည္း ေဇာ္မ်ိဳးသူမွာ အတင္း႐ုန္းေနေလရင္း ေဇာ္ရဲလင္းကို ဆဲဆိုေနသည္။
ေဇာ္ရဲလင္း ကုန္း႐ုန္းၿပီးျပန္ထသည္။
ၿပီးေနာက္ ႏႈတ္ခမ္းတြင္စီးက်လာသည့္ေသြးစေတြကို လက္ဖမိုးျဖင့္သုတ္လိုက္ရင္း
“မင္းက ထိုးခ်င္ေနေသးတယ္ေပါ့။လာထိုးလိုက္စမ္းပါ။ေဟ့လူေတြလႊတ္ေပးလိုက္”
ေဇာ္ရဲလင္းက ေျပာေတာ့ ေဇာ္မ်ိဳးသူကို ဆြဲထားသည့္လူေတြလည္းလႊတ္ေပးလိုက္သည္။
ထိုအခါ ေဇာ္မ်ိဳးသူလည္း ေဇာ္ရဲလင္းဆီသို႔ေျပးကာ ထိုးႀကိတ္ဖို႔ႀကိဳးစားသည္။
သို႔ေသာ္ ေဇာ္ရဲလင္းက သူ႔ထက္ပိုမိုသန္မာေနသည္မို႔ သူလည္း ခ်က္ခ်င္းဆိုသလို
ေအာက္သို႔ေရာက္သြားရသည္။
ထို႔ေနာက္ေဇာ္ရဲလင္းက အေပၚမွ ခြထိုင္ၿပီး
ေဇာ္မ်ိဳးသူ၏လည္ပင္းကိုညႇစ္ထားလိုက္သည္။
ေဇာ္မ်ိဳးသူကလည္း အတင္း႐ုန္းသည္။
သို႔ေသာ္ အင္အားခ်င္းကမမွ်။
ေဇာ္မ်ိဳးသူ အသက္ရႉက်ပ္လာသည္။
မ်က္လုံးေတြလည္းျပာေဝလာသည္။
ေသခ်ာသည္။ သူ၏အစ္ကိုလက္ခ်က္ေၾကာင့္မၾကာမီသူေသရေတာ့မည္။
ထိုအခိုက္တြင္
“ေဟ့ေကာင္ ေတာ္ေလာက္ၿပီ”
ေျပာဆိုသံႏွင့္အတူ ေက်ာ္ႀကီးက ေဇာ္ရဲလင္းကို ဆြဲေခၚလိုက္သည္။
ထိုအခါမွ ေဇာ္မ်ိဳးသူလည္း အသက္ျပန္ရႉခြင့္ရကာ ေလကို အငမ္းမရ လုရႉေနမိေတာ့သည္။
ေက်ာ္ႀကီး ေနာက္သို႔ပါသြားသည့္ ေဇာ္ရဲလင္းက မူ ေဇာ္မ်ိဳးသူကို လက္ညိဳးေငါက္ေငါက္ထိုးရင္း
“ေဟ့ေကာင္ မင္းလိုမေလာက္ေလးမေလာက္စားကမ်ား ငါ့ကိုလာစမ္းတယ္ေပါ့။မင္းကံေကာင္းသြားတယ္မွတ္”
“လာပါကြာ။ညီအစ္ကိုအခ်င္းခ်င္း မလုပ္ပါနဲ႔ကြာ”
အေပါင္းအသင္းေတြက ေဇာ္ရဲလင္းကိုဆြဲေခၚသြားၾကသည္။
ေဇာ္မ်ိဳးသူကမူ ေျမျပင္ကိုသာ အဓိပၸာယ္ မဲ့စြာျဖင့္စိုက္ၾကည့္ေနမိေတာ့သည္။
အတန္ၾကာေသာအခါမွ စီးက်လာသည့္မ်က္ရည္စေတြကိုသုတ္ကာ ကြၽတ္က်ေနသည့္ဖိနပ္ကိုစီးဖို႔ဟန္ျပင္သည္။
သို႔ေသာ္ ဖိနပ္တစ္ဖက္က သဲႀကိဳးျပတ္ေနေခ်ၿပီ။
ထို႔ေၾကာင့္ ဖိနပ္ကိုမစီးျဖစ္ေတာ့ဘဲ ခါးၾကားထဲထိုးကာ ေလးကန္ေသာေျခလွမ္းမ်ားျဖင့္အိမ္သို႔ျပန္လာခဲ့ေတာ့သည္။
+++++++++++++++++++++++
ေဇာ္မ်ိဳးသူႏွင့္ျပႆနာျဖစ္ၿပီးသည့္ေနာက္
ေဇာ္ရဲလင္းလည္း အိမ္သို႔ျပန္မလာသည္မွာႏွစ္ရက္တိုင္တိုင္ရွိလာခဲ့ၿပီျဖစ္သည္။
ယင္းလည္း မိခင္ႀကီးက မည္သို႔မွ မေျပာသလို၊ေဇာ္မ်ိဳးသူကလည္း ပုံမွန္အတိုင္းသာေနလိုက္သည္။
တစ္မနက္တြင္ေတာ့ သူအလုပ္သို႔သြားခါနီး၌ ဇာဇာေအာင္ေရာက္လာသည္။
သူမက ရပ္ကြက္အေနာက္ပိုင္းတြင္ေနထိုင္သူျဖစ္ၿပီးေဇာ္မ်ိဳးသူႏွင့္ ခ်စ္သူရည္းစားျဖစ္မလာေသးသည့္တိုင္ ႏွလုံးသားခ်င္းနားလည္းေနခဲ့သူျဖစ္သည္။
သူမ၏လက္ထဲတြင္ေရေမႊးပန္းစည္းႏွင့္အတူ ေရအိုးအေသးတစ္လုံးပါလာသည္။
“ကိုေဇာ္ နင့္အိမ္က ဘုရားပန္းအိုး လဲရေအာင္။ပန္းေတြကႏြမ္းေနၿပီမလား”
“ေအး ။နည္းနည္းေတာ့ႏြမ္းေနၿပီ”
“နင္ကလည္းေလ။ဘုရားဆိုတာမႏြမ္းေကာင္းဘူးဟ။သြားသြား အိမ္ေပၚတက္ယူေခ်။ဒီခုံေပၚမွာပဲ ငါလဲေပးမယ္”
“ေအးေအး”
ေဇာ္မ်ိဳးသူ အိမ္ေပၚသို႔တက္ကာ ဘုရားပန္းအိုးေတြယူလာခဲ့သည္။
ထို႔ေနာက္ ဇာဇာေအာင္ႏွင့္ပန္းေတြကို လဲၾကသည္။
ယင္းသို႔လဲရင္းမွဇာဇာေအာင္က
“ဒါပရိတ္ေရအိုး။မနက္က ဆရာေတာ္ႀကီးတစ္ပါးက အိမ္ကိုႂကြလာၿပီးစီရင္ေပးတာ။စုစုေပါင္း သုံးလုံးေတာင္။အဲဒါနင့္အိမ္လည္းအႏၲရာယ္ကင္းရေအာင္ တစ္လုံးယူလာခဲ့တာ”
“ေအးပါဟာ ။ေက်းဇူးပါ”
ထိုအခိုက္တြင္
“ဖ်ပ္ ဖ်ပ္ ”
အေနာက္မွ ေျခသံထြက္ေပၚလာသည္မို႔ ႏွစ္ေယာက္သား ၿပိဳင္တူလွည့္ၾကည့္လိုက္ရာ ေဇာ္ရဲလင္းျဖစ္ေနသည္။
ေဇာ္ရဲလင္းသည္ ေဇာ္မ်ိဳးသူႏွင့္ဇာဇာေအာင္ကိုမၾကည့္ဘဲ အိမ္ေပၚသို႔ တန္းတန္းမတ္မတ္တက္သြားသည္။
ခါတိုင္းဆိုလွ်င္ ဇာဇာေအာင္ကိုေတြ႕လွ်င္လထိကပါးရိပါးျပဳလုပ္တတ္သည့္၎က ယခုေတာ့ လွည့္ပင္မၾကည့္ေတာ့သည္မို႔ အနည္းငယ္ေတာ့ ထူးဆန္းေနခဲ့သည္။
ေဇာ္ရဲလင္း အိမ္ေပၚသို႔တက္ၿပီး ေခတၱ အၾကာ၌ ပန္းကန္ေတြကို ႐ိုက္ခြဲသည့္အသံေတြထြက္လာသည္။
ထိုအခါ မိခင္ႀကီးက ေဇာ္ရဲလင္းကို ေအာ္ဟစ္ဆဲဆိုေနသည္။.
ေဇာ္မ်ိဳးသူ စိတ္ကို အႏိုင္ႏိုင္ထိန္းထားေနရသည္။
ဇာဇာေအာင္ကလည္း ေဇာ္မ်ိဳးသူ၏လက္ကိုကိုင္ကာ ‘စိတ္ေလ်ာ့ပါ’ဟု ခပ္တိုးတိုးေျပာေနသည္။
ထိုအခိုက္တြင္ ေဇာ္ရဲလင္း အိမ္ေပၚမွ ျပန္ဆင္းလာသည္။
ၿပီးေနာက္ ဇာဇာေအာင္ကိုစူးစူးစိုက္စိုက္ၾကည့္ေလရင္း
“မင္းအရမ္းလွတယ္”
ယင္းသို႔ဆိုကာ သူမ၏လက္ကိုဆြဲကိုင္လိုက္သည္။
“ဘာလုပ္တာလဲ ။ဖယ္စမ္းပါ”
ဇာဇာေအာင္ကလည္း ေဒါသျဖင့္ျပန္ေအာ္ရင္း လက္ကိုျပန္႐ုတ္လိုက္သည္။
ေဇာ္ရဲလင္းကလည္း လက္ကိုျပန္ဆြဲဖို႔ႀကိဳးစားသည္။.
ေဇာ္မ်ိဳးသူ ေဒါသကိုမထိန္းႏိုင္ေတာ့ေခ်။
ထိုေၾကာင့္ေရွ႕တြင္ရွိေနသည့္ပရိတ္ေရအိုးျဖင့္ ေဇာ္ရဲလင္း ၏ဦးေခါင္းကို႐ိုက္ခြဲပစ္လိုက္သည္။
‘ခြမ္း’
“အား”
ေဇာ္ရဲလင္းလည္း အသံနက္ႀကီးျဖင့္ေအာ္ဟစ္ရင္း ေျမျပင္ေပၚသို႔ ပုံလဲက်သြားသည္။
ၿပီး အသက္ရႉျခင္းလည္း လုံးဝမရွိေတာ့သလို၊ခႏၶာကိုယ္မွလည္း အလြန္ဆိုးဝါးလြန္းသည့္အနံ႔ေတြကတမုဟုတ္ခ်င္းထြက္လာသည္။
ထိုအနံ႔ေၾကာင့္ပင္ ေဇာ္မ်ိဳးသူ ႏွင့္ဇာဇာေအာင္မွာ ပ်ိဳ႕အန္မိၾကေတာ့သည္။.
ထိုအခိုက္တြင္ မိခင္ႀကီးလည္း အိမ္ေပၚမွ ေျပးဆင္းလာၿပီး ေဇာ္ရဲလင္း၏အေလာင္းကိုၾကည့္ကာ မ်က္လုံးျပဴးသြားသည္။
သို႔ေသာ္ ၎၏ခႏၶာကိုမွထြက္လာသည့္အနံ႔ေၾကာင့္ ႏွာေခါင္းကိုလက္ျဖင့္ကပ်ာကယာအုပ္ထားလိုက္ရေတာ့သည္။
ၿပီးေနာက္ ေဇာ္မ်ိဳးသူကို ေအာ္ဟသ္ေျပာဆိုေနေလေတာ့သည္။
“အမေလး လူမိုက္ႀကီးရဲ႕။နင့္အစ္ကိုကိုျပန္သတ္လိုက္ၿပီေပါ့။ေခြး႐ူးနဲ႔မွၿပိဳင္ကိုက္ရသလားဟဲ့”
ယင္းသို႔ေအာ္ဟစ္ေျပာဆိုကာ ေလွကားထစ္တြင္ ထိုင္ငိုေနေလေတာ့သည္။
+++++++++++++++++++++++++
လူတစ္ေယာက္ ေဒါသထြက္ရာတြင္ အလြန္ဆုံးၾကာလွ ဆယ္မိနစ္ ခန႔္သာရွိလိမ့္မည္။
သို႔ေသာ္ယင္းအခ်ိန္ကေလး(ေသြးဆူေနခ်ိန္)၌မဆင္မျခင္ျပဳခဲ့သည့္လုပ္ရပ္သည္ ဘဝတစ္ခုလုံးကိုေျပာင္းလဲသြားေစသည္။.
ယခုေတာ့ ဘဝတစ္ခုလုံးတင္မဟုတ္။ဘဝသုံးခုျဖစ္ေနသည္။
သူ၏ေဒါသေၾကာင့္ အစ္ကိုျဖစ္သူ ေသခဲ့ရသလို၊သူလည္း မၾကာခင္ တရားစီရင္ၿပီး
ေထာင္ထဲသို႔ေရာက္ရေတာ့မည္။
သို႔ဆိုလွ်င္ လူမမာမိခင္ႀကီးကိုအနီးကပ္
လုပ္ေကြၽးျပဳစုမည့္သူမရွိေတာ့ၿပီမို႔
ရတက္မေအးစရာျဖစ္ရေတာ့မည္။
ေလာဘတက္လွ်င္ အနည္းငယ္ေတာ့ စားရဦးမည္။
ေဒါသထြက္လွ်င္ေတာ့ရႈံးၿပီ။
ထိုစကားမွန္ပါသည္။
ကိုယ့္ဘက္က မွန္ေနခဲ့လွ်င္ေတာင္ ေဒါသေၾကာင့္ အမွားျပန္ျဖစ္ရသည့္ သာဓကေတြ လည္းရွိခဲ့ဖူးသည္။
ေၾသာ္..ေဒါသ ။သိပ္ေၾကာက္ဖို႔ေကာင္းလြန္းသည္ဟုလည္း ေဇာ္မ်ိဳးသူ ေတြးေနမိသည္။
သို႔ေသာ္ သူ၏အေတြးတို႔ကားေနာက္က်ေနခဲ့ၿပီျဖစ္သည္။
အဘယ္ေၾကာင့္ဆိုေသာ္ ရက္အနည္းငယ္အေတာအတြင္းတြင္ သူသည္ အစ္ကိုျဖစ္သူကိုျပန္သတ္မႈျဖင့္ ေထာင္နန္းစံရေတာ့မည္ျဖစ္သည္။
သို႔ျဖင့္ရက္သတၱပတ္ခန႔္ၾကာလာခဲ့သည္။
တရားစီရင္သည့္ေန႔သို႔ေရာက္ေတာ့ ႏွစ္ဖက္ေသာေရွ႕ေနေတြက အျပန္အလွန္ေလွ်ာက္လွဲခ်က္ေတြေပးေနေသာ္လည္း ေဇာ္မ်ိဳးသူကမူ လြတ္ဖို႔လမ္းမျမင္ေတာ့သည္မို႔ ခုံေပၚတြင္ထိုင္ရင္းငိုေနသည့္မိခင္ႀကီးကိုသာ စိတ္မေကာင္းစြာျဖင့္ၾကည့္ေနမိသည္။
ထိုအခိုက္တြင္ မႈခင္းဆရာဝန္တစ္ေယာက္ေရာက္လာၿပီး တရားသူႀကီးအား ေဆးစစ္ခ်က္ကိုေပးသည္။
တရားသူႀကီးလည္း စာ႐ြက္ကို ထပ္ခါတစ္လဲလဲ ဖတ္ေနသည္။
ယင္းသို႔ဖတ္ေနရင္းမွ ၎သည္အလြန္စိတ္ရႈပ္ေနပုံေပၚေနသည္။
ထို႔ေနာက္ အမိန႔္ခ်မွတ္သည္။
ယင္းသို႔အမိန႔္ခ်မွတ္ရာတြင္ ေဇာ္မ်ိဳးသူသာမက တရား႐ုံးသို႔ေရာက္လာသည့္အလုပ္မွသူငယ္ခ်င္းေတြပါ အံ့ၾသဝမ္းသြားၿပီး ထေအာ္မိၾကသည္။
အဘယ္ေၾကာင့္ဆိုေသာ္ေဆးစစ္ခ်က္အရ
ေသဆုံးသူေဇာ္ရဲလင္းသည္ ေဇာ္မ်ိဳးသူ ပရိတ္ေရအိုးျဖင့္မ႐ိုက္မီ ႏွစ္ရက္အလိုခန႔္ကပင္ေသဆုံးခဲ့ၿပီးသား ျဖစ္သည္မို႔ ေဇာ္မ်ိဳးသူလည္း လူသတ္မႈမေျမာက္ေတာ့ဘဲ ဒဏ္ေငြျဖင့္သာ ၿပီးဆုံးခဲ့ရေသာေၾကာင့္ပင္တည္း။
ထို႔ေၾကာင့္ေဇာ္မ်ိဳးသူလည္း ဒဏ္ေငြေဆာင္ၿပီး အခ်ဳပ္မွျပန္လြတ္လာခဲ့ေတာ့သည္။
သို႔ေသာ္သူ႔အတြက္ သိလိုသည့္ပုစာၦေတြကရွိေနေသးပါေသးသည္။
++++++++++++++++++++++++++++
ေနာက္တစ္ေန႔။
ေဇာ္မ်ိဳးသူသည္ ဇာဇာေအာင္၏အိမ္သို႔ေရာက္လာခဲ့သည္။
ၿပီးေနာက္
“ဇာဇာ ငါ့ကို စက္ဘီးခဏငွားဟာ။ငါၿမိဳ႕အျပင္သြားစရာရွိလို႔”
“ေၾသာ္။ရပါတယ္။ယူသြားေလ”
“ေက်းဇူး”.
ေဇာ္မ်ိဳးသူစက္ဘီးကိုနင္းထြက္လာခဲ့သည္။
သို႔ျဖင့္ၿမိဳ႕အျပင္မွ ထန္းေတာထဲသို႔ေရာက္လာေတာ့ သူအလြန္ေတြ႕ခ်င္ေနသည့္ေက်ာ္ႀကီးတို႔အုပ္စုကိုအခန႔္သင့္ေတြ႕လိုက္ရသည္။
သူ႔ကိုျမင္ေတာ့ေက်ာ္ႀကီးက
“ဟာ ေဟ့ေကာင္။လာေလကြာ”
“ဟုတ္”.
သူစက္ဘီးကိုေဒါက္ေထာက္ကာ ေက်ာ္ႀကီးတို႔ႏွင့္အတူထိုင္လိုက္သည္။
ေက်ာ္ႀကီးက
“မင္းေထာင္ထဲမေရာက္တာဝမ္းသာတယ္ကြာ။ဒါနဲ႔ဆိုပါဦး။ဘာကိစၥ”
“ကြၽန္ေတာ့္အစ္ကိုကိစၥပါ။သူ
ကြၽန္ေတာ့္ေၾကာင့္မေသခင္ အရင္ကတည္းကေသၿပီးသားတဲ့ဗ်။အဲဒါေတာ္ေတာ္အံ့ၾသဖို႔ေကာင္းသလို၊စိတ္လည္းရႈပ္ဖို႔ေကာင္းတယ္။သူ ေနာက္ဆုံး အိမ္ကိုျပန္မလာခင္က ကိုေက်ာ္ႀကီးတို႔နဲ႔ႏွစ္ရက္ေလာက္အတူရွိေနခဲ့တာမဟုတ္လား။ဘာေတြျဖစ္ခဲ့ေသးတုံးဗ်”
ယင္းသို႔ေမးေတာ့ ေက်ာ္ႀကီးလည္း သက္ျပင္းရွည္ႀကီးကို ခ်လိုက္ၿပီး
“အင္း.ေျပာရမယ္ဆိုရင္ မင္းနဲ႔ျပႆနာျဖစ္ၿပီးတဲ့ေနာက္ ဒီေကာင္ ထန္းပင္ေပၚတက္သြားတယ္။အဲဒီမွာပဲေျခေခ်ာ္ၿပီး အေပၚက လန္က်သြားတယ္။ငါတို႔ေတာ့ ဒီေကာင္ေသၿပီလို႔ေတာင္ထင္လိုက္တာ။ဒါေပမယ့္ ေျမျပင္ေပၚက်ၿပီး ခဏအၾကာမွာပဲ ဒီေကာင္ျပန္ထလာေတာ့ ငါတို႔လည္းအရမ္းအံ့ၾသသြားတယ္။ဘာေၾကာင့္လဲဆိုေတာ့ အပင္ကအျမင့္ႀကီးေလ။ဒီေကာင္က်ပုံက်နည္းနဲ႔ဆို ျပန္ရွင္စရာအေၾကာင္းကိုမရွိဘူး။ဒါေပမယ့္ဒီေကာင္ကေတာ့ဘာမွမျဖစ္သလိုပဲ။ငါတို႔ကေတာင္ သူ႔ကို ဖိုးသက္ျပင္းလို႔ေတာင္ စၾကေသးတာ။
တကယ္ေတာ့ ဒီေကာင္ အပင္ေပၚက ျပဳတ္က်ၿပီးကတည္းကေသေနၿပီးသားကြ။
ဒါေပမယ့္ အဲဒီတုန္းကငါတို႔မသိခဲ့ဘူး။တရားသူႀကီးက ေဆးစစ္ခ်က္ကိုဖတ္ျပေတာ့မွ ဆက္စပ္ၿပီးေတြးခဲ့မိတာ။တကယ္ေတာ့သူေသတဲ့အခ်ိန္မွာပဲ ဖုတ္ဝင္သြားတာကြ”
“ေၾသာ္..ဒါေၾကာင့္ကိုး။ကြၽန္ေတာ္သူ႔ကိုပရိတ္ေရအိုးနဲ႔႐ိုက္လိုက္ေတာ့ ေျမျပင္ေပၚလဲက်သြားၿပီး အနံ႔ဆိုးႀကီးကေထာင္းခနဲထြက္လာတာ။တကယ္ေတာ့သူ႔ကိုယ္ထဲက ဖုတ္ေကာင္ကထြက္သြားတာဗ်။အနံ႔ဆိုးထြက္လာတယ္ဆိုတာကလည္း
..သူေသခဲ့တာက ႏွစ္ရက္ေတာင္ရွိေနခဲ့ၿပီကိုး”
ယင္းသို႔ဆိုလိုက္ေတာ့ ေက်ာ္ႀကီးက
“ေအး။ငါတို႔ေတြးတာကလည္း မင္းနဲ႔တစ္ထပ္တည္းပဲ။ဘာပဲေျပာေျပာမင္းေတာ့ကံေကာင္းပါတယ္ကြာ”
“ဟုတ္.ဒါနဲ႔ ကြၽန္ေတာ့္အစ္ကို ဖုတ္ဝင္ၿပီးတဲ့အခ်ိန္မွာ အိမ္ကိုႏွစ္ရက္ေလာက္မလာေသးဘဲ ကိုေက်ာ္ႀကီးတို႔ဆီမွာေနခဲ့ေသးတယ္ေနာ္။ဘာေတြထူးျခားတာႀကဳံရလဲဗ်”
ယင္းသို႔ေမးေတာ့ ေက်ာ္ႀကီးက
“ဟာ ထူးျခားတာေပါ့ကြာ..ဒီေကာင္ငါ့အိမ္မွာညလာအိပ္တဲ့ေနာက္ေခြးေတြဆိုအူလိုက္ၾကတာတစ္ညလုံးပဲ။ မနက္က်ေတာ့ အိမ္ကၾကက္ေတြအကုန္ေပ်ာက္ေတာ့တာပဲ။
ေနာက္တစ္ရက္မွာေတာ့ ႐ြာထဲကၾကက္ေတြအကုန္ေပ်ာက္တယ္။ဖုတ္ဝင္ထားတဲ့မင္းအစ္ကိုလက္ခ်က္မွန္းဘယ္သူကသိမွာတုံး”
“ေၾသာ္”
ေဇာ္မ်ိဳးသူတီးတိုးေရ႐ြတ္လိုက္သည္။
ၿပီးေနာက္သက္ျပင္းရွည္ႀကီးကိုခ်လိုက္ၿပီး
ထိုင္ရာမွ ထလိုက္သည္။
“ကဲ မိုးမခ်ဳပ္ခင္ ျပန္လိုက္ဦးမယ္ဗ်ာ။ေနာက္မွေတြ႕ၾကတာေပါ့”
“ေအးပါ။အဆင္ေျပပါေစကြာ”
“ဟုတ္။ေက်းဇူးပါ ”
ေဇာ္မ်ိဳးသူ စက္ဘီးကိုနင္းၿပီးျပန္ထြက္လာခဲ့ေတာ့သည္။.
လမ္းတေလွ်ာက္တြင္လည္း ကြယ္လြန္ခဲ့ၿပီး ဖုတ္ဝင္ခဲ့သည့္ အစ္ကိုျဖစ္သူ၏ထူးဆန္းအံ့ၾသဖြယ္အေၾကာင္းကိုသဥ္းစားေနမိသလို၊မိခင္ႀကီးအားခြဲစိတ္ကုသရန္ ေငြျပန္ရွာရေတာ့မည့္အေၾကာင္း စသည္တို႔ကို စဥ္းစားေနမိေတာ့သည္။
အားလုံးေအးခ်မ္းပါေစ…။
ဆရာေဆြ(ေတာင္တြင္း)
အခ်ိန္အခက္အခဲေၾကာင့္မန႔္ေတြကိုမျပန္ႏိုင္ရင္လည္းနားလည္ေပးၾကပါခင္ဗ်။