ခုနှစ်ရက်လည်တဲ့နေ့

** ခုနှစ်ရက်လည်တဲ့နေ့ **(စ/ဆုံး)

 

——————————–

 

“မကြည်ရေ ငါက သေတော့မှာဟ”

 

“ငါ …ကြာကြာမနေရတော့ဘူးနဲ့ တူတယ် …”

 

“ငါသာ သေလို့ကတော့ နင်တော့ ကလေးတွေနဲ့

ဒုက္ခရောက်မှာ မြင်ယောင်သေးတယ် …”

 

ဘာကြောင့်ရယ်တော့ မသိဘူး။

လွန်ခဲ့တဲ့ တစ်လလောက်ကစပြီး ကိုခိုင့်ပါးစပ်က

သေစကားတွေချည်းပဲ ထွက်နေတယ်

တကယ်တော့ ကိုခိုင့် ခန္ဓာကိုယ်က ကျားကိုယ်စီးစားလို့

မကုန်တဲ့ ခန္ဓာကိုယ်ပါ။ အရပ်အမောင်းကလည်း

ကောင်းမှကောင်း၊ ခြောက်ပေပြည့်ဖို့ နည်းနည်းပဲ လိုတယ်။

ပြီးတော့ သူ့အရပ်အမောင်းနဲ့ လိုက်ဖက်တဲ့ တောင့်တင်း

သန်မာထွားကျိုင်းတဲ့ အလုံးအထည် ရှိတယ်။

 

ဘယ်လိုကြည့်ကြည့် ယောင်္ကျားပီပီသသ၊

ကျန်းမာသန်စွမ်းသူ၊ အသက်ကလည်း လေးဆယ်ကျော်ရုံရှိသေး၊

ဆန့်သောလက် မကွေးမီ၊ ကွေးသော်လည်း မဆန့်မီ

ဆိုတဲ့ တရားသဘော မကြည့်နဲ့။ ကိုခိုင်သေဖို့အကြောင်း

လုံးဝမှ မရှိဘူး။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်

 

လွန်ခဲ့တဲ့ သုံး/လေးနှစ်လောက်ကထင်ရဲ့။

 

သူ့ဦးခေါင်းမှာ ဒဏ်ရာတစ်ခု ရဘူးတယ်

ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဋ္ဌာနမှာ

ကြီးကြီးမားမား ခွဲစိပ်မှု လုပ်ခဲ့ရတယ်၊

တစ်ခါတစ်ခါ ခွဲစိပ်ထားတဲ့နေရာက ဒဏ်ပြန်ပေါ်လာတတ်တယ်

ဒီလို ဒဏ်ပြန်ပေါ်တဲ့အခါ ခေါင်းကိုက်ဝေဒနာကို

အပြင်းအထန် ခံစားရတယ်လို့ သူပြောတယ်။

 

ကိုခိုင်က သူသေရင်လည်း ဒီခေါင်းကိုက်ဝေဒနာနဲ့ပဲ

သေမယ်လို့ တစ်ထစ်ချ ယူဆထားပုံရတယ်

 

ဒီနွေမှာ သူအလုပ်တွေ အရမ်းလုပ်တယ်

 

အလုပ်ပင်ပန်းရင် ဒဏ်ပြန်ပေါ်ပြီး ခေါင်းတွေ ကိုက်လာတယ်။

ဒါကြောင့်လည်း သေစကားတွေ ခဏခဏ တဖွဖွ ပြောနေတာ

ဖြစ်မယ်၊ ဒီလို နိမိတ်မကောင်းတဲ့ သေစကားတွေ

ပြောခဲ့တာ သူ့မိန်းမ မကြည်တစ်ယောက်ထဲတင် မကဘူး။

အခြားခင်မင်သူ လေးငါးယောက်ကိုလည်း ပြောခဲ့သေးတယ်။

အဲဒီ လေးငါးယောက်ထဲမှာ မကြည်ရဲ့အစ်မဖြစ်သူလည်းပါတယ်။

ကိုခိုင်က မကြည်ရဲ့အစ်မကို ရိုသေလေးစားတယ်။

 

“အစ်မ၊ ကျနော်သေရင် အိမ်ရှေ့က ခြံကွက်ရောင်းပြီး

ကျနော်သားလေးကို ရှင်ပြုပေးပါ”

 

လို့ လူကောင်းပကတိကနေ မှာသွားတယ်။ အံ့သြစရာက

ဒီလိုမှာပြီး ရက်ပိုင်းလောက်ပဲ ကြာတယ်။

 

(5.6.2014)နေ့မှာ ကိုခိုင့် ဆုံးသွားတယ်

သူထင်သလို ခေါင်းကိုက်ဝေဒနာကြောင့် ဆုံးသွားရတာတော့

မဟုတ်ဘူး၊ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးရဲ့

မိုင်တိုင်အမှတ် ၅၈မိုင် ၅ ဖာလုံမှာ ကားပေါ်က ပြုတ်ကျတဲ့

ဒဏ်ရာနဲ့သေဆုံးခဲ့ရတာပါ။

 

XXXX

 

(1.5.2014)နေ့ ညဦးပိုင်းက ကိုခိုင်ဆိုက်ကယ်မှောက်ပြီး

ဒဏ်ရာရတယ်။

 

အနောက်ရွာအသွား မြေသားလမ်းမပေါ်မှာ ဖြစ်တာပါ။

မိုးရေနှင့် ရွံ့စေးတွေကြောင့် ဆိုက်ကယ်ဘီးချော်သွားတယ်

 

ထိန်းမရဖြစ်ပြီး လမ်းဘေးထိုးကျသွားတယ်၊

ဖြစ်ဖြစ်ချင်း သွေးပူနေတော့ ဘာမှ မဖြစ်ဘူး။

အိမ်ရောက်တော့မှ လဲကျသွားတာ၊ ညာခြေထောက်

မထောက်နိုင်တော့ဘူး၊ အလုပ်သိပ်လုပ်တဲ့ကိုခိုင်

ဒီတော့မှ နားနေရတော့တယ်။ (4.6.2014)မှာ

ခြေထောက်စပြီး ထောက်နိုင်တယ်

 

အဲဒီနေ့က ညနေ့ခင်းမှာ ရပ်ကွက်ထဲက မိတ်ဆွေကိုတင်မင်း

ဆိုက်ကယ်အတိုက်ခံရပြီး နံရိုးသုံးချောင်းကျိုးသွားတယ်

နယ်ဆေးရုံက ရန်ကုန်ဆေးရုံကြီးကို သွားဖို့ ညွှန်တယ်

ဒီသတင်းလဲ ကြားရော ကိုခိုင့်ထော့ကျိုးထော့ကျိုးနဲ့

ထ,ထလာတယ်

 

သူမိန်းမ မကြည်က သူအထာကို သိတယ်

 

“တော်၊ ဘာလုပ်ဦးမလို့လဲ၊ ကိုယ်လည်းခြေထောက်

ကောင်းတာ မဟုတ်ဘူး၊ အိမ်မှာပဲ ငြိမ်ငြိမ်လေးနေ…”

 

“မဟုတ်ဘူးဟ၊ ကိုတင်မင်းက ထနိုင်မှာ မဟုတ်ဘူး၊

သူ့ကို ချီဖို့ ပွေ့ဖို့ လူလိုတယ်၊ ငါလိုက်မှ ဖြစ်မှာပါဟာ …”

 

ပြောပြောဆိုဆို ကိုတင်မင်းအိမ်ဘက် ထွက်သွားတယ်

ခဏနေတော့ သတင်းကြားရတာပဲ၊ ကိုခိုင်၊ ကိုတင်မင်းကို

လိုက်ပို့တဲ့ကားနဲ့ ရန်ကုန်ပါသွားတယ်တဲ့၊ အဲဒီည

တစ်ညလုံး မကြည် အိပ်လို မရဘူး၊ မျက်စိတွေ

ကြောင်နေတယ်၊ သန်းကောင်ကျော်ပြီ၊ ညတစ်နာရီလောက်မှ

အိပ်မက်ဆိုးတွေ မက်ပြီး လန့်နိုးလာတယ်

 

ရင်တွေလည်း တဒိန်းဒိန်း ခုန်နေတယ် …။

 

အဓိပ္ပါယ်မဲ့ မျက်လုံးတွေနဲ့ အိမ်ရှေ့လမ်းမဘက်

ငေးကြည့်နေမိတယ်၊ အိမ်ရှေ့မီးလုံးကြောင့်

ခြံထဲမှာ လင်းနေပေမယ့် ခြံအပြင်ဘက်

လမ်းမပေါ် မှာတော့ အမှောင်က အားကောင်းနေတုန်းပဲ။

 

ညက မှောင်မည်း၊ တိတ်ဆိတ်ပြီး ချောက်ချားစရာ

ကောင်းနေတယ်။

 

“ညတာကလည်း ရှည်လိုက်တာ …”

 

မကြည်ညကို ညည်းတွားရေရွတ်ရင်း အိပ်မောကျနေတဲ့

သားငယ်လေးကို ခြင်မကိုက်အောင် ယပ်ခတ်ပေးနေတယ်

အချိန်တွေ ဘယ်လောက်ကြာသွားလဲ မသိဘူး။

ဖိနပ်ချွတ်က တဖျတ်ဖျတ်အသံကြောင့် ကိုခိုင်

ပြန်လာပြီ ဆိုတာ မကြည်သိလိုက်တယ်။

 

ဟုတ်တယ် ၊ ဒါကိုခိုင့်အကျင့်ပဲ။

 

ကိုခိုင်က ဖိနပ်ချွတ်မှာ ဖိနပ်ဖုန်ခါနေတဲ့ အနေနှင့်

တစ်ချက် နှစ်ချက် ခြေဆောင့်ပြီးမှ အိမ်ပေါ်တက်လေ့ရှိတယ်။

မကြည် အိမ်ပေါ်လှေကားထိပ်ကနေ ဖိနပ်ချွတ်ကို

လှမ်းကြည့်လိုက်တယ်

 

သေချာပါတယ်၊ ကိုခိုင်ပဲ။

 

လှေကားရင်း ဖိနပ်ချွတ်မှာ ရပ်နေတယ်

အိမ်ကထွက်သွားတုန်းကအင်္ကျီချွတ်နဲ့ပဲ၊

မကြည်ကို မော့ကြည့်နေတယ်

 

ကိုခိုင့်မျက်နှာ ထူးထူးခြားခြား ညှိုးငယ်နေတာ

မကြည် တွေ့လိုက်တယ်

 

“ပြန်လာပြီလား …”

 

မကြည် ကိုခိုင့်ကို လှမ်းမေးရင်း နံရံမှာ ကပ်ထားတဲ့

နာရီကို လှမ်းကြည့်လိုက်တယ်။

 

“သုံးနာရီတိတိ”

 

မကြည်သားကို ယပ်ခတ်ပေးရင်း ကိုခိုင်အိမ်ပေါ်တက်

အလာကို စောင့်နေတယ် …

 

ခဏလောက်ကြာသွားတဲ့ အထိ ကိုခိုင်တက်မလာဘူး

 

” မဟုတ်သေးပါဘူး၊ ခြေလက်ဆေးသံလည်း

မကြားရဘူး။ အိမ်နောက်ဖေးများ သွားတာလား …”

 

မကြည် မီးဖိုခန်းကနေ အိမ်သာကို လှမ်းကြည့်တယ်

အိမ်သာထဲမှာလည်း ကိုခိုင် မရှိဘူး။ တံခါးဖွင့်ရက်ပဲ။

မကြည် စဉ်းစားရ ကျပ်သွားတယ်။

 

“မဟုတ်ပါဘူး၊ ခုနက တွေ့တာ ကိုခိုင်မှ ကိုခိုင်ပါ။

ငါတားနေတဲ့ ကြားက လိုက်သွားမိလို့ ၊ ငါ့ကို

စနေတာများလား ”

 

မကြည်ဓါတ်မီးတစ်လက်ကိုင်ပြီး အိမ်အောက်ဆင်းတယ်

ကိုခိုင် ပုန်းနေတာလားလို့ ဓါတ်မီးနဲ့ လိုက်ထိုးကြည့်တယ်

ဘာမှာမှ မတွေ့ဘူး

 

အဲဒီအချိန်မှာပဲ “မကြည်၊ မကြည်”လို့ ခြံရှေ့က

အော်ခေါ်သံကြားရတယ်၊ မကြည် ခြံရှေ့ထွက်ခဲ့တယ်၊

ခေါ်တဲ့သူက မျက်စောင်းထိုးအိမ်က သူ့အိမ်မှာ

ဖုန်းရှိတယ် ။ ကိစ္စကြီးငယ်ရှိရင် အဲဒီအိမ်က

ဖုန်းနဲ့ပဲ အဆက်အသွယ် လုပ်ရတယ်

 

“အောင်ပိုင်ဖုန်းဆက်တယ်၊ ကိုခိုင်ကားပေါ်က

ကျလိုတဲ့။ ဖြူးဆေးရုံကိုတင်ရမယ်…အခုကားနဲ့

ပြန်လာနေပြီတဲ့ …ကားလမ်းကနေ ထွက်ပြီး

စောင့်ပါတဲ့ …၊ ကိုခိုင်က သတိမေ့နေတုန်းပဲလို့

ပြောတယ် ”

 

မကြည်ရင်ထဲ ထိတ်ခနဲ ဖြစ်သွားတယ်

 

“ဒါဆို ခုနက ဖိနပ်ချွတ်မှာ ရပ်နေတာဟာ…

ဘုရား၊ ဘုရား ကိုခိုင်ဘာမှ မဖြစ်ပါစေနဲ့ ”

 

တုန်ရီတဲ့အသံတွေနဲ့ မကြည် ဆုတောင်းမိလိုက်ပါတယ်

 

ကိုခိုင်တစ်ယောက် အမြန်လမ်းမကြီးရဲ့ တစ်နေရာမှ

ကားပေါ်က ပြုတ်ကျ၊ ချက်ချင်း သတိလစ်မေ့မျောသွားပေမယ့် …

သူရဲ့ဝိညာဉ်က မကြည်နှင့် သားလေးရှိတဲ့ အိမ်ကို

အရောက်ပြန်လာပြီး ညှိုးငယ်တဲ့ မျက်နှာနဲ့

ကိုယ်ထင်လာပြတဲ့ အဖြစ်ကိုတော့

မကြည်တစ်သက် ဘယ်သောအခါမှ

မေ့ပျောက်လို့ ရမှာ မဟုတ်တော့ပါဘူး။

 

XXXX

 

ကိုခိုင်ကားပေါ်က ပြုတ်ကျတဲ့ အဖြစ်က ဒီလိုပါ

ကိုတင်မင်းကို ရန်ကုန်ဆေးရုံကြီးမှာ တင်ပေးခဲ့ပြီး

လိုက်ပို့တဲ့ကားနဲ့ပဲ ကိုခိုင်တို့အဖွဲ့ ပြန်လာခဲ့ကြတယ်။

အမြန်လမ်းအစ၊ လှည်းကူးလမ်းဆုံရောက်တော့

ည ဆယ့်နှစ်နာရီ ထိုးတော့မယ်။

 

သူတို့အားလုံး ကားနောက်ခန်းထဲမှာ

လဲလျောင်းရင်း လိုက်ပါလာကြတယ်

 

အားလုံးနီးပါး အိပ်ပျော်နေကြပေမယ့် ကိုခိုင်ကတော့

အောင်ပိုင်နဲ့ စကားတွေ ပြောနေကြတယ်

တနေရာအရောက်မှာ “ငါ ဆီးအရမ်းသွားချင်နေပြီ”

လို့ ကိုခိုင်က ပြောတယ်

 

ပြီးတော့ အိပ်နေသူတွေကို ကျော်ပြီး ကားခေါင်းခန်းကို

လက်နဲ့ ပုတ်ပြီး ကားရပ်ဖို့ အချက်ပေးတယ်

အချက်ပေးပြီးတာနဲ့ နောက်ဖက်ကားတံခါးပိတ်ဆီ

သွားတယ်၊ ကားက တုံ့ခနဲ ရပ်တယ်

ကိုခိုင် တံခါးပိတ်ကို ကျော်ပြီး ခုန်ချဖို့ အလုပ်မှာ

ကားကမရပ်ဘဲ မောင်းအထွက်၊ ကိုခိုင်ကားပေါ်က

ဂျွမ်းပြန်ပြီး ပြုတ်ကျသွားတယ်။

 

ဒရိုင်ဘာက တဗုန်းဗုန်းပုတ်တဲ့အသံကို ကြားတယ်

ဒါပေမယ့် ဘာသံလဲဆိုတာ မသဲကွဲဘူး။

ဒါကြောင့် ခဏရပ်လိုက်တယ်

ထပ်ပြီး ဘာသံမှ မကြားတာနဲ့ အရှိန်မြှင့်ပြီး

မောင်းထွက်လိုက်တယ်

 

အဲဒီမှာ ကားအောက်ခုန်ဆင်းဖို့ ပြင်နေတဲ့

ကိုခိုင် ကားပေါ်က ပြုတ်ကျသွားတာပဲ …၊

ကားမောင်းထွက်သွားတော့မှ အောင်ပိုင်က

ကားကို အတင်းရပ်ခိုင်းရတယ်

 

ကားနောက်ဆုတ်ပြီး ကိုခိုင့်ကို လိုက်ရှာကြတယ်

 

၅၈မိုင် ၅ ဖာလုံ မိုင်တိုင်အနီးက လမ်းဘေး

မြက်ရိုင်းပင်တွေပေါ်မှာ မှောက်ခုံလဲကျနေတဲ့

ကိုခိုင့်ကို တွေ့ရတယ်။ အဲဒီအချိန်က ညတစ်နာရီ

တိတိ ရှိနေပြီ။

 

ကိုခိုင့်ကျောတစ်ပြင်လုံး ဒဏ်ရာတွေနဲ့

စုတ်ပြတ်သတ်နေတယ်

 

ခေါင်းက သွေးတွေက နားထင်ပေါ် စီးကျနေတယ်

ခြေထောက်နှစ်ဖက်စလုံးမှာလည်း ပွန်းရာ၊ ပဲ့ရာတွေနဲ့

သွေးအလိမ်းလိမ်း မြင်ရက်စရာ မရှိဘူး။

 

“ကိုခိုင် …ကိုခိုင် ”

 

အားလုံး ဝိုင်းခေါ်ပေမယ့် ကိုခိုင် ဘာမှ မတုန့်ပြန်နိုင်တော့ဘူး

ဒါပေမယ့် အသက်မျှင်းမျှင်း ရှူနေတုန်းပဲ။

 

တစ်ခါတစ်ခါ ပါးစပ်က ဖူးခနဲ ဖူခနဲ လေတွေ

မှုတ်ထုတ်တယ်။ အနေအထားက ဦးနှောက်ကို

ထိခိုက်မိတဲ့ အနေအထားပါ။ စတွေ့တဲ့ အချိန်ကနေ

မနက်သုံးနာရီခွဲ ကညွတ်ကွင်း ရောက်တဲ့အထိ

သတိပြန်လည် မလာဘူး။

 

အသင့်စောင့်နေတဲ့ မကြည်ကို တင်ပြီး ဖြူးကို

ကားဆက်မောင်းတယ်။ ဖြူးဆေးရုံက ရန်ကုန်

ဆေးရုံကြီးကို တင်ဖို့ လွှဲတယ်။

 

တကယ်ဆိုရင် ကိုခိုင်ပြုတ်ကျတဲ့နေရာ မိုင်တိုင်

အမှတ် ၅၈ မိုင် ၅ ဖာလုံဆိုတာ ပဲခူးအနီးဝန်းကျင်

မှာပဲ ရှိသေးတယ်

 

ပဲခူးဆေးရုံကိုသာပို့ရင် ကိုခိုင့်အသက်ကို

ကယ်နိုင်သေးတယ်။ ဒါမှ မဟုတ်လည်း

ချက်ချင်းနောက်လှည့် ရန်ကုန်ဆေးရုံကြီး

ပြန်မောင်း၊ ကိုခိုင်သေချင်မှ သေလိမ့်မယ်။

ခုတော့ မိုင်တစ်ရာကျော် ဝေးတဲ့ ဖြူးထိ

ဆက်မောင်းလာပြီးမှ ဆေးရုံတင်တယ်။

 

အတူပါလာသူတွေရဲ့ စိတ်ကူးစိတ်သန်းကို

စဉ်းစာလို့ မရဘူး။ ကိုခိုင့်ကို မသေ,သေအောင်

ဆေးရုံအရောက် နောက်ကျအောင် တမင်

လုပ်ကြတာတော့ မဟုတ်ဘူး။

 

အဖော်ပါလာသူအားလုံးက ကိုခိုင်အပေါ်

ချစ်ကြ၊ ခင်ကြ၊ လေးစားအားကိုးကြသူတွေချည်းပဲပါ။

 

နောက်ဆုံး သေသေချာချာ တွေးဆအဖြေရှာကြည့်မှ

ဒီနေ့ဟာ ကိုခိုင် သေကိုသေရမယ့်နေ့၊ သေနေ့စေ့နေ့နေ့

ဖြစ်လို့ပါလားဆိုတာ အဖြေရလိုက်တယ်

 

ဟုတ်တယ်၊ (5.6.2014)နေ့ မနက် (၆ )နာရီခွဲ၊

ဖြူးကနေ ကားနဲ့ ရန်ကုန်ဆေးရုံကြီးကို အသွား၊

အမြန်လမ်း မိုင်တိုင်အမှတ် ၁၁၅ မိုင်အရောက်မှာ၊

ကိုခိုင်တစ်ယောက် ဘဝတစ်ပါးကို ကူးပြောင်း

သွားခဲ့ပါတယ်။ ကိုခိုင်ဆုံးတဲ့အကြောင်း

ဖုန်းသတင်းရရချင်း စာရေးသူတို့ တစ်မိသားစုလုံး

ရန်ကုန်ကနေ ကညွတ်ကွင်းကို သွားခဲ့ကြပါတယ်

 

XXXX

 

ကိုခိုင့်အလောင်းကို ကညွတ်ကွင်းအိမ်ပြန်ယူလာခဲ့တယ်။

ရေလုံတိုက်ပေးပြီး ဧည့်ခန်းမှာ အလောင်းစင်ပြင်၊

ပြီးတာနဲ့ သံဃာတစ်ပါးပင့် သက်ပျောက်ဆွမ်းကပ်

တရားနာရတယ်။ တကယ်တော့ ကိုခိုင်က

လူကောင်းတစ်ယောက်ပါ။ ရပ်ရေး ရွာရေး၊

သာရေးနာရေး ၊ ဘယ်တော့မှ နောက်မကျဘူး။

 

ပြီးတော့ ဘယ်နေရာကနေနေ ကူညီတတ်တယ်။

လောကုတ္တရာအရေးနဲ့ ပတ်သက်ရင်လည်း

ဒါနပြုဖို့ လက်မနှေးဘူး။ အခါအခွင့်သင့်တိုင်း

သီလဆောက်တည်တယ်။

 

ဒါပေမယ့် သူမှာ အားနည်းချက် ရှိတယ်။

အဲဒီ အားနည်းချက်က ဆင်ခြင်တုံတရားပဲ။

အထူးသဖြင့် ဒေါသကို သတိနဲ့ မငြိမ်းသတ်နိုင်ဘူး။

သူ့ဒေါသထွက်ပြီဆိုရင် လူသတ်ရမှာလည်း

ဝန်မလေးဘူး။ စက်တိုင်တက်ရမှာလည်း

မကြောက်ဘူးဆိုတဲ့လူစား။

 

ပြီးတော့၊ သူ့မိသားစုကို အရမ်းခင်တွယ်တယ်

သူ့မိသားစု မျက်ရေပေါက်ကြီးငယ် ကျအောင်

နှိမ့်ချစော်ကားဖို့တော့ မကြံနဲ့။

 

အဲဒီလူတွေ အတွက်တဲ့၊ ငှက်ကြီးတောင်ဓါးတစ်ချောင်း

မြည့်နေအောင် သွေးထားတယ်။ ဒီလို စိတ်ကြမ်း

လူကြမ်း ၊ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်လူ၊

အစွဲအလန်းကြီးသူမို့ ကိုခိုင့်သေတဲ့အခါ တစ်ရပ်ကွက်လုံး

လန့်နေကြတယ်

 

“ကိုခိုင်ကတော့ ကျွတ်မှာမဟုတ်ဘူး၊ တစ္ဆေကလည်း

ခြောက်လိုက်မယ့်ဖြစ်ခြင်း ”

 

လို့ ကြက်သီးတထထနဲ့ ပြောကြတယ်။ ပြောတဲ့

အတိုင်းပါပဲ ။ သေတဲ့နေ့က စပြီး ကိုခိုင် တစ်ရပ်ကွက်လုံးကို

ဗြောင်းဆန်အောင် မွှေတော့ ခြောက်တော့တာပါပဲ။

 

အဲဒီညမှာ အရပ်မြင့်မြင့်၊ ကိုယ်လုံးကိုယ်ထည်ထွားထွား

ကျိုင်းကျိုင်းနှင့် မည်းမည်းသဏ္ဌာန်တစ်ခုကို လမ်းပေါ်

သွားနေတာ တွေ့ကြရတယ်။

 

ကိုခိုင် သူ့အိမ်နဲ့ သူ့အမေအိမ်ကို ကူးချည်သန်းချည်

လုပ်နေပြီဆိုတာ သိလိုက်ကြတယ်။ဟုတ်လည်း ဟုတ်တယ်။

သူ့အမေ့အိမ် မီးဖိုချောင်ထဲမှာ အိုးတွေလှန်၊ ခွက်တွေ

လှန်နဲ့ ဗြောင်းဆန်အောင် ခြောက်တယ်။ အိုးခွက်တွေ

အသာအယာ လှန်တာ မဟုတ်ဘူး။

 

သူ့ပုံစံအတိုင်း ခပ်ကြမ်းကြမ်းလှန်လျောနေတော့

အိုးသံခွက်သံတွေက ဆူညံနေတယ်။တစ်ခါ သူ့ညီအိမ်ကို

သွားတယ်။ သူ့ညီက အသုဘအိမ်ရောက်နေတယ်။

အိမ်မှာက ကြောက်လို့ မလိုက်ရဲတဲ့ မိန်းမနဲ့ ကလေးတွေပဲ

ကျန်နေတယ်။

 

ခဏနေတော့ ညီဖြစ်သူရဲ့ မိန်းမလည်း ကလေး

လက်ဆွဲပြီး သူ့ယောင်္ကျားဆီ ပြေးရတော့တာပဲ။

မပြေးလို့လည်း မဖြစ်ဘူး၊ တစ်အိမ်လုံး သွက်သွက်ခါ

လှုပ်ယမ်းနေမှတော့ ဘယ်နေရဲတော့မှာလဲ …၊

 

သူ့အစ်မကြီး မမြအိမ်ကို ကျတော့ တစ်မျိုး၊

မီးဖိုထဲဝင် အိုးသံခွက်သံပေးတယ်။ မမြက

စောင်ခေါင်းမြီးခြုံထားလျက်ကနေ

 

“ကိုခိုင်ရယ်၊ ငါ့ကိုတော့ မခြောက်ပါနဲ့၊ ငါကြောက်လွန်းလို့ပါ ”

 

လို့ ပြောတယ်။ အဲဒီတော့မှ ပြန်သွားပုံ ရတယ်။

ဘာသံမှ မကြားရတော့ဘူး။ မနက်မိုးလင်းလို့

မီးဖိုထဲဝင်ကြည့်လိုက်တော့ လမ်းသွားလို့

မရဘူး။ ရှိရှိသမျှ အိုးခွက်ပန်းကန်တွေအားလုံး

သမံတလင်းပေါ်မှာ စီပြီး ချထားခဲ့တယ်

 

အရပ်ထဲမှာ အများသူငါ ယူဆကြသလို

ကိုခိုင်တစ်ယောက် လူ့ဘဝကနေ သေလွန်ပြီး

ဘဝကူးပြောင်းသွားပြီဆိုတာကို သိမှသိရဲ့လား။

 

ရုပ်ရှင်တွေ၊ ဗီဒီယို တွေကလိုပဲ ဘယ်သူကိုမှ

ခေါ်လို့ မရ၊ ပြောလို့ မရနဲ့၊ ဘာဖြစ်လို့ ဖြစ်မှန်း

မသိသေးတဲ့ ကိုခိုင်ရဲ့ ဝိညာဉ်ဟာ မိဘဆွေမျိုးတွေ

အိမ်ကို လျှောက်သွားပြီး သူရောက်နေတဲ့အကြောင်း

အသိပေးနေတာလား များလားလို့ စာရေးသူ

တွေးနေမိပါတယ်။

 

XXXXX

 

သုံးရက်မြောက်တဲ့နေ့မှာ ကိုခိုင့်အလောင်းကို

ကွင်းနောက်သုသာန်ပို့ပြီး မီးသင်္ဂြိုဟ်တယ် …

 

သေဆုံးတဲ့အချိန်ကနေ မီးသင်္ဂြိုဟ်ခါနီးအချိန်ထိ

ကိုခိုင့်အလောင်းကို မိဘဆွေမျိုးတွေ၊မိတ်ဆွေ

အပေါင်းအသင်းတွေ လာပြီး ကြည့်ကြတယ်

အဲဒီမှာ မျက်နှာအမူအရာအမျိုးမျိုး

ပြောင်းလဲနေတာကို တွေ့ကြရတယ်။

 

သေတဲ့နေ့က အလောင်းစင်ပေါ်က ကိုခိုင့်မျက်နှာဟာ

ခက်ထန်မာကျောနေတယ်။ တစ်စုံတစ်ယောက်ကို

ဒေါသထွက်နေတဲ့ပုံမျိုး၊ ကိုခိုင် ဘယ်သူ့ကို

ဒေါသထွက်နေတာလဲ။ မသေခင်မှာ တစ်ယောက်

ယောက်ကိုများ ဒေါသထွက်သွားခဲ့တာလား…၊

 

စဉ်းစာစရာပဟေဠိတစ်ပုဒ်လို ဖြစ်နေတယ်။

 

(၂)ရက်မြောက် မနက်၊ ကိုခိုင့်အလောင်းကို

ကြည့်လိုက်တော့ အားလုံးအံ့အားသင့်သွားတယ်။

 

ကိုခိုင်မျက်နှာက နှစ်နှစ်ခြိုက်ခြိုက်ကြီး ပြုံးလို့။

တစ်စုံတစ်ရာအတွက် အားရကျေနပ်နေတဲ့

မျက်နှာမျိုး …ဘာကိုသဘောကျပြီး ဒီလောက်ကြီး

ပြုံးနေတာလဲ။ ဘယ်သူမှ တွေးလို့ မရဘူး။

 

သင်္ဂြိုဟ်မယ့်နေ့ မနက်ခင်းကျတော့ မျက်နှာအမူအရာက

တစ်မျိုးပြောင်းသွားပြန်တယ်။ မဲ့နေတယ်။ မဲ့တယ်ဆိုတာက

ဝေဒနာ ခံစားရလို့ မဲ့နေတဲ့အမဲ့မျိုး မဟုတ်ဘူး။

အလိုမကျလို့ သဘောမတွေ့လို့ မဲ့တဲ့အမဲ့။

စာရေးသူ ၊ လူသေအလောင်း အများအပြား

တွေ့ဖူးပါတယ်။

 

တချို့ သေခါနီး ခံစားရတဲ့ ဝေဒနာကို လိုက်ပြီး

လျှာထွက်၊ မချိမဆန့် ခံစားနေရတဲ့ မျက်နှာမျိုးတွေလည်း

ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၊ နှစ်ဆယ့်လေးနာရီကျော်

ပြီဆိုတာနဲ့ အလောင်းမှန်သမျှရဲ့ မျက်နှာအားလုံးမှာ

သုညဆိုတဲ့ အဓိပ္ပါယ်ပဲ ရှိတော့တယ်။

 

အသက် ရှင်နေတဲ့ လူတစ်ယောက်ရဲ့ မျက်နှာလို

ငို၊မဲ့၊ ရီ၊ ပြုံး မလုပ်နိုင်ပါဘူး။

 

ဒါဆိုရင် ကိုခိုင့်အလောင်းက ဘာကြောင့် ဒေါသထွက်ပြ၊

နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြ၊ မဲ့ပြတာတွေ လုပ်နေရတာလဲ။

ကိုခိုင်ရဲ့ ဝိညာဉ်ကပဲ သူ့ခံစားချက်တွေကို ပြနေတာများလား။

ဒါဆိုရင် ကိုခိုင့်အလောင်းက ဘာကြောင့်

ဒေါသထွက်ပြ၊ နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြ၊

မဲ့ပြတာတွေ လုပ်နေရတာလဲ။

 

ကိုခိုင်ရဲ့ဝိညာဉ်ကပဲ သူ့ခံစားချက်တွေကို

ပြနေတာများလား။ ဒီလိုပြလို့ ရော ရလို့လား။

စာရေးသူ ဥာဏ်မမှီပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်

ကိုခိုင်ရဲ့ ဝိညာဉ်ကတော့ အလောင်းစင်ပေါ်ကနေ

ဒေါသထွက်ပြ၊ ပြုံးပြ၊ မဲ့ပြပြီး …

 

စာရေးသူနှင့်တကွ အားလုံးကို ပဟေဠိတွေ

ပေးသွားနိုင်တာတော့ အမှန်ပါပဲ။

 

XXXXX

 

သေခါနီးမှာ သေနိမိတ်တွေပေးပြီး အသေဆိုးကြုံခဲ့ရတဲ့

ကိုခိုင် …၊ ဝိညာဉ်ဘဝနဲ့ မျက်နှာပေါ်မှာ ဒေါသထွက်ပြ၊

ပြုံးပြ၊ မဲ့ပြပြီး အားလုံးကို အံ့အားသင့်အောင်

လုပ်ခဲ့တဲ့ ကိုခိုင်ဟာ …သေတဲ့နေ့ကနေ ခုနှစ်ရက်လည်တဲ့နေ့

အထိ ဗြောင်းဆန်အောင် ခြောက်လှန့်နေခဲ့ပါတယ်

 

မိဘဆွေမျိုးတွေ၊ ခင်မင်တဲ့ မိတ်ဆွေတွေအိမ်ကို

ညတိုင်း သွားတယ်။ အိုးခွက်ပန်းကန်တွေ လှန်လှောတာ၊

အိမ်ကို လှုပ်ယမ်းတာ။ အိပ်နေသူတွေရဲ့ စောင်တွေဆွဲ၊

ခြေထောက်တွေဆွဲတာ လုပ်တယ်လို့ ကိုခိုင်ရဲ့

ခြောက်တာခံရသူတွေက စာရေးသူကို

ပြောပြပါတယ်

 

စာရေးသူကိုယ်တိုင်လည်း တစ်လပြည့်ဆွမ်းကျွေးတဲ့

(5.7.2014)နေ့ ညမှ ရန်ကုန်ပြန်ခဲ့တာမို့ တစ်ချို့

အဖြစ်အပျက်တွေကို သိမြင်တွေ့ကြုံခဲ့ရပါတယ်။

 

အလောင်းကို သုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့တဲ့ သုံးရက်

မြောက် ညက သမီးကြီးရဲ့အိမ်ကို ကိုခိုင် ခဲနဲ့ ပေါက်တယ်။

သမီးကြီးက အိမ်ထောင်ကျပြီး ကိုခိုင်အိမ် ခေါင်းရင်းဘက်၊

ဝါးလုံးတန်းခြံစည်းရိုးလေးပဲ ခြားတဲ့ အိမ်မှာနေတာပါ။

 

သမီးကြီးက ညဦးပိုင်း အသုဘအိမ်မှာ လာနေပြီး

ညနက်တော့ သူ့အိမ် ပြန်သွားတယ်

 

ည နှစ်နာရီလောက်မှာ သမီးကြီးရဲ့အိမ်ကို ခဲနှင့်ပေါက်တော့တာပဲ။

ခဲက လက်သဲခွံလောက်အရွယ် ကျောက်စရစ်ခဲလေးတွေပါ။

 

စတဲ့သဘော၊ အိမ်ထရံကို ထိရုံအသာအယာ

ပေါက်နေတာပါ။ ခဲတစ်လုံးနဲ့ တစ်လုံး သုံးမိနစ်လောက်ပဲ

ခြားပြီး ပေါက်နေတယ်။ စာရေးသူအပါအဝင်

ဆွေမျိုးမိသားစု ဆယ်ယောက်လောက်ဟာ

အသံမထွက်ရဲဘဲ တိတ်တိတ်လေး ချောင်းကြည့်၊

နားထောင်နေကြတယ်

 

“ကိုခိုင်တော့ သူ့သမီးအသုဘအိမ်မှာ မရှိတဲ့အတွက်

သွားနှိုးနေတာဖြစ်မယ် ”

 

လို့ပဲ ၊ တီးတိုးပြောရင်း ချွေးပြန်နေကြပါတယ်။

 

နာရီဝက်ကျော်ကျော် ကြာပြီးမှ ခဲပေါက်တာလည်း

ရပ်တန့်သွားပါတယ်။ နောက်တစ်ကြိမ်ကြုံရတာက

ငါးရက်မြောက်နေ့မနက်(၈)နာရီလောက်မှာ ကြုံရတာပါ။

 

ကညွတ်ကွင်းမြို့ရဲ့ ထုံးစံအတိုင်း ငါးရက်နဲ့

ရက်လည်ဆွမ်းကျွေးတယ်။ သံဃာတော်ပင့်၊

ဆွမ်းကပ်၊ တရားနာပြီး ဖိတ်ကြားထားတဲ့

ဧည့်ပရိတ်သတ်ကို ကညွတ်ကွင်း မုန့်ဟင်းခါးနဲ့

ဧည့်ခံကျွေးမွေးနေတဲ့ အချိန် …၊

အိမ်ရှေ့မဏ္ဍပ်ထဲမှာ ဧည့်သည်တွေ ပြည့်ကျပ်နေတယ်။

 

ဒါကြောင့် တစ်ချို့ ဧည့်သည်တွေကို အိမ်ပေါ်ခေါ်ပြီး

ဧည့်ခံရတယ်…၊ အဲဒီ အထဲမှာ အစ်မကြီးမမြလည်း

ပါတယ်။ မမြက အိမ်ရှေ့ပြတင်းပေါက်ကို

ကျောပေးပြီး မုန့်ဟင်းခါး စားနေတာ။

 

စားနေရင်တန်းလန်း မမြခါးကို တွန့်လိမ်နေတယ်။

 

ပါးစပ်ကလည်း …

 

“ဟဲ့ …ကိုခိုင်၊ ငါ့ကို မစပါနဲ့ဟယ်၊ ငါ နင့်ကို

ကြောက်ပါတယ် ”

 

လို့ ပြောနေတယ်။

 

ပြောလို့ မရဘူးနဲ့ တူပါရဲ့ ။

 

ခါးကို ဘယ်တွန့်လိုက်၊ ညာတွန့်လိုက်လုပ်ပြီး

ုပြတင်းပေါက်နဲ့ ဝေးတဲ့ အတွင်းဘက်ကို တိုးသွားပါတယ်။

 

ပြီးတော့ …

 

“ငါ …သနားလိုက်တာ ကိုခိုင်ရယ် “လို့ ပြောပြီး

ကြူကြူပါအောင် ငိုတော့တာပါပဲ။

 

စာရေးသူနဲ့ ဧည့်သည်အချို့လည်း မမြဖြစ်နေတာကို

အံ့အားသင့်ပြီး ကြည့်နေမိကြပါတယ်။

 

ခဏနေလို့ မမြကို မေးကြည့်တော့မှ …

 

“ကိုခိုင်ရယ်လေ၊ ခါးကို ဘယ်တို့လိုက်၊ ညာတို့လိုက်

လုပ်ပြီး ကလိထိုးနေတယ်”

 

လို့ ပြောပါတယ်။ ဒီတော့မှ ခြံထဲမှာ ကိုခိုင်ရှိနေတယ်

ဆိုတာကို စဉ်းစားမိပြန်တယ်။ ကိုခိုင်ဟာ မမြကို

လူ့ဘဝရှိစဉ်ကတည်းက ချစ်ခင်ရင်းနှီမှု ရှိပါတယ်

 

မီးဖိုချောင်ထဲဝင်၊ အိုးခွက်ပန်းကန်ရှိသမျှကို

့သမံတလင်းပေါ် စီချထားခဲ့တဲ့ အိမ်ကလည်း

မမြရဲ့ အိမ်ပဲ ဖြစ်ပါတယ်။

 

(၆)ရက်မြောက်နေ့မှာ ဖြစ်ပွားတဲ့ အဖြစ်အပျက်ကလည်း

ထူးဆန်းတဲ့ အဖြစ်အပျက်ပါပဲ။ ဒီအဖြစ်ကလည်း

နေ့ခင်းဆယ်နာရီခွဲလောက်မှာ ဖြစ်တာလို့ ပြောပါတယ်

 

ကိုခိုင်ရဲ့ ဝိညာဉ်ရောက်သွားတဲ့အိမ်က သူ့ရဲ့ဦးလေးဖြစ်သူ

အိမ်ပါ။ ဦးလေးရဲ့ ဇနီး ဒေါ်တိုးက ရေတုံကင်အနီးမှာ

အဝတ်လျှော်နေတာပါ။ အဲဒီအချိန်မှာ တဖျပ်ဖျပ်

အသံကြားလိုက်ရတယ်။ အနီးမှာလည်း ဘယ်သူမှ

မရှိဘူး။ ကိုခိုင်လာခြောက်ပြီဆိုတာ သိလိုက်တယ်။

 

နေ့လည်ခင်းကြီးလည်း ဖြစ်နေတာကြောင့်

ေ ဒ်ါတိုးစိတ်ထဲမှာ သိပ်မကြောက်လှဘူး။

ဒါကြောင့် …

 

“ကိုခိုင် ၊ နင့်ကို ငါ ကြောက်မယ်ထင်လို့ လာခြောက်နေတာလား၊

နင်မောရုံပဲရှိမယ်၊ ငါကတော့ လုံးဝမကြောက်ဘူး ”

 

လို့ ပြောပြီးလို့ အဝတ်ကုန်းလျှော်နေတုန်းမှာပဲ

“ဖတ်”ခနဲ လောက်လေးခွပစ်သံလိုလို ကြားလိုက်ရပြီး …

 

ကျောက်စရစ်လေးတစ်လုံးက အရှိန်ပြင်းပြင်းနဲ့

ဒေါ်တိုးရဲ့ ခါးကို လာမှန်ပါတယ်

 

ဒီတော့မှ ဒေါ်တိုးလည်း

 

“ကြောက်ပါပြီကိုခိုင်ရဲ့၊ မပစ်ပါနဲ့တော့ “လို့

အော်ပြီး နီးရာ အိမ်တစ်အိမ်ကို ဝင်ပြေးသွားရပါတယ်။

ဒီအကြောင်းကို ဒေါ်တိုးအသုဘအိမ်လာပြောလို့

သိရတာပါ။ လောက်လေးမှန်လို့ အညိုအမဲ

စွဲနေတဲ့ခါးက ဒဏ်ရာကိုလည်း မြင်တွေ့ရပါတယ်။

 

သူ့မိန်းမ မကြည်ဆိုလည်း နေ့တိုင်း အိပ်ရေးပျက်ရပါတယ်။

နာရေးကိစ္စတွေကြောင့် လူပင်ပန်း၊ စိတ်ပင်ပန်းဖြစ်လို့

အိပ်မက်ကျတာနဲ့ လာပြီးလှုပ်နှိုးတယ်လို့ ပြောပြပါတယ်။

 

အကောင်အထည်တော့ မမြင်ရဘူးတဲ့။

 

ဒီလို နေ့စဉ်နေ့တိုင်း ညစဉ်ညတိုင်း ကိုခိုင်

လာခြောက်တာကို တထိတ်ထိတ် တလန့်လန့်

ကြောက်ရွံ့နေကြရင်း အရေးအကြီးဆုံးနေ့လို့

ယူဆထားကြတဲ့ ခုနှစ်ရက်လည်တဲ့နေ့ကို

ရောက်လာပါတော့တယ်။

 

သေပြီးတဲ့ သူတစ်ယောက်ဟာ သူ့အိမ်မှာ

ခုနှစ်ရက် နေလို့ရတယ်။ အိမ်စောင့်နတ်၊

ခြံစောင့်နတ်နှင့် အိမ်တွင်းကလည်း ခွင့်ပြုရတယ်။

ခုနှစ်ရက်ပြည့်ရင်တော့ အိမ်မှာ နေခွင့်မရှိတော့ဘူး။

 

ဆိုင်ရာပိုင်ရာတွေက သူ့ကို နှင်ထုတ်တယ်

သေသူကလည်း အိမ်ကနေ အပြီးတိုင် ထွက်သွားကြ

ရတယ်လို့ အယူအဆ အစွဲအလန်းရှိကြတယ်။

 

တရားတော်နဲ့ ကြည့်ရင် ဒီအတွေးအယူဟာ

မှားယွင်းတဲ့ အယူပါ ။ အမှန်တကယ်က သတ္တဝါ

တစ်စုံတစ်ယောက် သေဆုံးပြီ ဆိုတာနဲ့ အချိန်အကြား

အလပ်မရှိ ဘဝသစ်ကို ကူးပြောင်းကြရတယ်။

ဘုရား၊ ပစ္စေကဗုဒ္ဓါနှင့် ရဟန္တာကလွဲလို့ အားလုံးဟာ

သုံးဆယ့်တစ်ဘုံမှာ ကျင်လည်ကြရစမြဲပါ။

 

ဒါဆို ဘာကြောင့် ခြောက်တာ၊ လှန့်တာတွေ

ရှိနေတွေ့နေရတာလဲလို့ မေးစရာ ရှိပါတယ်။

ဒါက သေသူဟာ သူစွဲလန်းတဲ့ နေအိမ်တိုက်တာ

ဥစ္စာပစ္စည်း၊ ဇနီးသားသမီး စသည့်တွေကြောင့်

ဘဝသစ်ကို ကူးပြောင်းပြီးသော်လည်း …

စွဲလန်းခဲ့တဲ့ သက်ရှိ၊ သက်မဲ့တွေအနီးမှာပဲ

ပြန်လည်တည်မှီနေထိုင်နိုင်တဲ့ သဘော

သဘာဝကြောင့်ပါ ။

 

အချို့ဆို မကျွတ်မလွတ်ဘဲ နေအိမ်ခြံထဲမှာ

နှစ်ပေါင်းများစွာ နေတာ ကြားသိရပါတယ်။

 

ဒီလို နေထိုင်ရင်းနဲ့ အသံပေး၊ အနံ့ပေး၊ ကိုယ်ထင်ပြ၊

အိပ်မက်ပေးစသည်ဖြင့် သူရှိနေတဲ့အကြောင်း

ထင်ရှားအောင် ပြတတ်ကြပါတယ်

 

ဒါကိုပဲ ခြောက်တယ်။ လှန့်တယ်လို့ ခေါ်ကြတာပါ။

ဒီလိုခြောက်တဲ့ လှန့်တဲ့အတွက် ခုနှစ်ရက်နေခွင့်ရှိတယ်

ဆိုတဲ့ အယူအဆပေါ်လာပုံရပါတယ်။ ဒါကြောင့်လည်း

ကိုခိုင်ရဲ့ မိသားစုဝင်အားလုံး ခုနှစ်ရက်လည်တဲ့နေ့ကို

အထူးသဖြင့် ထိတ်ထိတ်လန့်လန့် ဖြစ်နေရခြင်းပါ။

 

တစ်ခု ထူးခြားတာက ခုနှစ်ရက်လည်တဲ့ညဟာ

အရင့်အရင်ညတွေ ထက်ပိုပြီး

ထင်ထင်ရှားရှား ခြောက်လှန့်ခြင်းပါပဲ။

ညဆယ်နာရီလောက်မှ အိမ်ပေါ်ကို ကိုခိုင်

တက်လာပုံ ရပါတယ်။ ခြေသံပြင်းပြင်းနဲ့

လှေကားကတက်လာတဲ့အသံကို ကြားကြရတယ်။

 

မအိပ်သေးတဲ့သူတွေက အလန့်အထိတ်နဲ့

အိပ်နေသူတွေကို လှုပ်နှိုးကြတယ်။

 

အိပ်နေတဲ့ သူတွေကလည်း အလန့်တကြား

နိုးထပြီး ကြောက်ကြောက်လန့်လန့်နဲ့ ငြိမ်နေကြတယ်။

ခြေသံက အားလုံးစုအိပ်နေတဲ့ ဘုရားခန်းကို ဖြတ်ပြီး

နောက်ဘက်အိပ်ခန်းထဲ တန်းဝင်သွားတယ်။

အကောင်အထည် မမြင်ရပေမယ့် သွားလာ

လှုပ်ရှားနေတဲ့ အရိပ်တစ်ခုကို လူအားလုံးတွေ့ရပါတယ်

 

ပြီးတော့ အိပ်ခန်းကနေ မီးဖိုခန်းကူးသွားပုံရပါတယ်

အိုးတွေ ဖွင့်သံ၊ ပိတ်သံ၊ ပန်းကန်တွေ ဆွဲယူသံ

စတဲ့ အသံတွေ ကြားရပါတယ်။

 

ခြေသံကလည်း တရှပ်ရှပ်နဲ့ပါပဲ ။ ဒီကြားထဲ

တစ်စုံတစ်ယောက်ကို ဒေါသထွက်နေပုံရပါတယ်

မကြာခဏဆိုသလို ‘တောက်”ခတ်တဲ့အသံကြီးကိုလည်း

ကြားနေရပါတယ်။ တော်တော်လေးကြာတော့

နောက်ဘက် အိပ်ခန်းထဲက “ကလစ်”ဆိုတဲ့

အသံကို ကြားရတယ်။

 

အိပ်ခန်းထဲမှာ သူကိုင်နေကျ လေသေနတ်တစ်လက်ရှိပါတယ်

“ကလစ်”ဆိုတဲ့ အသံက လေသေနတ်မောင်း တင်လိုက်တဲ့

အသံမှန်း အားလုံးသိကြတယ်

 

ခဏနေတော့ “ဖန်း”ခနဲ လေသေနတ်မောင်းဖြုတ်လိုက်တဲ့

အသံကို ကြားလိုက်ကြရတယ်

 

ခဲကျည်ဆံပါပုံတော့ မရပါဘူး။ ဘာကြောင့်လည်းဆိုတော့

တစ်နေရာရာကို ထိမှန်တဲ့အသံ မကြားရလို့ပါ ။

 

သန်းခေါင်ကျော် ည တစ်နာရီလောက်ထိ အိမ်ပေါ်မှာ

အခန်းတွေကူးပြီး တရှပ်ရှပ် သွားလာနေပါတယ်

 

ခြေသံနဲ့ အတူ ရိပ်ခနဲ ရိပ်ခနဲ ဝဲသွားတဲ့အရိပ်လို

အရာကိုလည်း မြင်တွေ့ကြရပါတယ်

 

တစ်အိမ်လုံးကို ဗြောင်းဆန်အောင် စိတ်တိုင်းကျသွားတာ

လှုပ်ရှားပြီးမှ …

 

ခြေသံပြင်းပြင်းနဲ့ အိမ်အောက်ကို ဆင်းသွားတယ်

 

အိမ်ထဲဆင်းပြီး ခြံထဲကို လှည့်ပတ်နေပုံပါ။

 

အိမ်အောက်မှာ မွေးထားတဲ့ မန်ဒါလီဘဲတွေ

တရှီးရှီးအော်ကြ၊ လန့် ပြေးကြတဲ့ အသံတွေကို

အိမ်ပေါ်က ကြားနေရပါတယ်

 

တော်တော်လေး ကြာတော့ မြောက်ဘက်လမ်းမကြီး

အတိုင်း ခွေးဟောင်သံ၊ အူသံတွေကို ဆူဆူညံညံ

ကြားရတယ်။

 

ဒီတော့မှ ကိုခိုင်တစ်ယောက် မြောက်ဘက်အစွန်မှာနေတဲ့

သူ့မိဘ၊ ဆွေမျိုးအိမ်သွားပြီးဆိုတာ သိကြရပါတယ်

နောက်နေ့ မနက်ကျတော့ …

 

မြောက်ပိုင်းက ဆွေမျိုးတွေ အိမ်မှာလည်း

ကိုခိုင်တစ်ညလုံး ဗြောင်းဆန်အောင် သောင်းကျန်းတဲ့

အကြောင်း …မနက်မိုးလင်းခါနီးမှ ငြိမ်သွားတဲ့အကြောင်း

ကြားရပါတယ် ။

 

ကိုခိုင်ဟာ သေလွန်ပြီး နှစ်ပတ်လောက်အထိ

မိသားစုတွေနှင့် ဆွေမျိုးမိဘ၊ မိတ်ဆွေတွေ

အိမ်ကို သွားလာပြီး ခြောက်လှန့် နေပါသေးတယ်။

 

အဲဒီနောက်မှာတော့ အသံပေးတာ ခြောက်တာ၊

လှန့်တာ။ ဘာတစ်ခုမှ မပြုတော့ပါဘူး၊

 

သူ့အတွက် ရည်စူးပြီး ပြုလုပ်တဲ့ ကောင်းမှု

ကုသိုလ်တွေရဲ့ အဖို့ ဘာဂကို သာဓုခေါ်ပြီး

ခြောက်လှန့်နေတဲ့ တစ္ဆေ သရဲဘဝက ကျွတ်လွတ်၊

မြင့်မြတ်ရာ ဘုံဘဝကို ရောက်သွားတာလား…၊

 

ဒါမှမဟုတ်…

 

အခြားတစ်နေရာရာကိုများ သွားလာနေလို့လား …

 

ဒီလိုမှ မဟုတ်ရင်လည်း …ရောက်ရာဘဝမှာ

ပျော်တတ်တဲ့ သတ္တဝါတွေရဲ့ သဘာဝအတိုင်း

ဘဝသစ်မှာ ပျော်ပြီး ဘဝဟောင်းကို မေ့သွားလို့လား

ဆိုတာတော့ …ကိုခိုင်ကလွဲပြီး ဘယ်သူမှ သိနိုင်မှာ

မဟုတ်ပါဘူး။

 

ပြီးပါပြီ

 

မူရင်းရေးသူ ဆရာ မောင်မှိုင်းညို့ (ချောင်းဦး)

စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ

 

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ

Credit

** ခုႏွစ္ရက္လည္တဲ့ေန႔ **(စ/ဆုံး)

——————————–

“မၾကည္ေရ ငါက ေသေတာ့မွာဟ”

“ငါ …ၾကာၾကာမေနရေတာ့ဘူးနဲ႔ တူတယ္ …”

“ငါသာ ေသလို႔ကေတာ့ နင္ေတာ့ ကေလးေတြနဲ႔
ဒုကၡေရာက္မွာ ျမင္ေယာင္ေသးတယ္ …”

ဘာေၾကာင့္ရယ္ေတာ့ မသိဘူး။
လြန္ခဲ့တဲ့ တစ္လေလာက္ကစၿပီး ကိုခိုင့္ပါးစပ္က
ေသစကားေတြခ်ည္းပဲ ထြက္ေနတယ္
တကယ္ေတာ့ ကိုခိုင့္ ခႏၶာကိုယ္က က်ားကိုယ္စီးစားလို႔
မကုန္တဲ့ ခႏၶာကိုယ္ပါ။ အရပ္အေမာင္းကလည္း
ေကာင္းမွေကာင္း၊ ေျခာက္ေပျပည့္ဖို႔ နည္းနည္းပဲ လိုတယ္။
ၿပီးေတာ့ သူ႔အရပ္အေမာင္းနဲ႔ လိုက္ဖက္တဲ့ ေတာင့္တင္း
သန္မာထြားက်ိဳင္းတဲ့ အလုံးအထည္ ရွိတယ္။

ဘယ္လိုၾကည့္ၾကည့္ ေယာက်ၤားပီပီသသ၊
က်န္းမာသန္စြမ္းသူ၊ အသက္ကလည္း ေလးဆယ္ေက်ာ္႐ုံရွိေသး၊
ဆန္႔ေသာလက္ မေကြးမီ၊ ေကြးေသာ္လည္း မဆန္႔မီ
ဆိုတဲ့ တရားသေဘာ မၾကည့္နဲ႔။ ကိုခိုင္ေသဖို႔အေၾကာင္း
လုံးဝမွ မရွိဘူး။ ဒါေပမယ့္ တစ္ခုေတာ့ ရွိတယ္

လြန္ခဲ့တဲ့ သုံး/ေလးႏွစ္ေလာက္ကထင္ရဲ႕။

သူ႔ဦးေခါင္းမွာ ဒဏ္ရာတစ္ခု ရဘူးတယ္
ရန္ကုန္ေဆး႐ုံႀကီး ဦးေႏွာက္နဲ႔ အာ႐ုံေၾကာ႒ာနမွာ
ႀကီးႀကီးမားမား ခြဲစိပ္မႈ လုပ္ခဲ့ရတယ္၊
တစ္ခါတစ္ခါ ခြဲစိပ္ထားတဲ့ေနရာက ဒဏ္ျပန္ေပၚလာတတ္တယ္
ဒီလို ဒဏ္ျပန္ေပၚတဲ့အခါ ေခါင္းကိုက္ေဝဒနာကို
အျပင္းအထန္ ခံစားရတယ္လို႔ သူေျပာတယ္။

ကိုခိုင္က သူေသရင္လည္း ဒီေခါင္းကိုက္ေဝဒနာနဲ႔ပဲ
ေသမယ္လို႔ တစ္ထစ္ခ် ယူဆထားပုံရတယ္

ဒီေႏြမွာ သူအလုပ္ေတြ အရမ္းလုပ္တယ္

အလုပ္ပင္ပန္းရင္ ဒဏ္ျပန္ေပၚၿပီး ေခါင္းေတြ ကိုက္လာတယ္။
ဒါေၾကာင့္လည္း ေသစကားေတြ ခဏခဏ တဖြဖြ ေျပာေနတာ
ျဖစ္မယ္၊ ဒီလို နိမိတ္မေကာင္းတဲ့ ေသစကားေတြ
ေျပာခဲ့တာ သူ႔မိန္းမ မၾကည္တစ္ေယာက္ထဲတင္ မကဘူး။
အျခားခင္မင္သူ ေလးငါးေယာက္ကိုလည္း ေျပာခဲ့ေသးတယ္။
အဲဒီ ေလးငါးေယာက္ထဲမွာ မၾကည္ရဲ႕အစ္မျဖစ္သူလည္းပါတယ္။
ကိုခိုင္က မၾကည္ရဲ႕အစ္မကို ႐ိုေသေလးစားတယ္။

“အစ္မ၊ က်ေနာ္ေသရင္ အိမ္ေရွ႕က ၿခံကြက္ေရာင္းၿပီး
က်ေနာ္သားေလးကို ရွင္ျပဳေပးပါ”

လို႔ လူေကာင္းပကတိကေန မွာသြားတယ္။ အံ့ၾသစရာက
ဒီလိုမွာၿပီး ရက္ပိုင္းေလာက္ပဲ ၾကာတယ္။

(5.6.2014)ေန႔မွာ ကိုခိုင့္ ဆုံးသြားတယ္
သူထင္သလို ေခါင္းကိုက္ေဝဒနာေၾကာင့္ ဆုံးသြားရတာေတာ့
မဟုတ္ဘူး၊ ရန္ကုန္-ေနျပည္ေတာ္ အျမန္လမ္းမႀကီးရဲ႕
မိုင္တိုင္အမွတ္ ၅၈မိုင္ ၅ ဖာလုံမွာ ကားေပၚက ျပဳတ္က်တဲ့
ဒဏ္ရာနဲ႔ေသဆုံးခဲ့ရတာပါ။

XXXX

(1.5.2014)ေန႔ ညဦးပိုင္းက ကိုခိုင္ဆိုက္ကယ္ေမွာက္ၿပီး
ဒဏ္ရာရတယ္။

အေနာက္႐ြာအသြား ေျမသားလမ္းမေပၚမွာ ျဖစ္တာပါ။
မိုးေရႏွင့္ ႐ြံ႕ေစးေတြေၾကာင့္ ဆိုက္ကယ္ဘီးေခ်ာ္သြားတယ္

ထိန္းမရျဖစ္ၿပီး လမ္းေဘးထိုးက်သြားတယ္၊
ျဖစ္ျဖစ္ခ်င္း ေသြးပူေနေတာ့ ဘာမွ မျဖစ္ဘူး။
အိမ္ေရာက္ေတာ့မွ လဲက်သြားတာ၊ ညာေျခေထာက္
မေထာက္ႏိုင္ေတာ့ဘူး၊ အလုပ္သိပ္လုပ္တဲ့ကိုခိုင္
ဒီေတာ့မွ နားေနရေတာ့တယ္။ (4.6.2014)မွာ
ေျခေထာက္စၿပီး ေထာက္ႏိုင္တယ္

အဲဒီေန႔က ညေန႔ခင္းမွာ ရပ္ကြက္ထဲက မိတ္ေဆြကိုတင္မင္း
ဆိုက္ကယ္အတိုက္ခံရၿပီး နံ႐ိုးသုံးေခ်ာင္းက်ိဳးသြားတယ္
နယ္ေဆး႐ုံက ရန္ကုန္ေဆး႐ုံႀကီးကို သြားဖို႔ ၫႊန္တယ္
ဒီသတင္းလဲ ၾကားေရာ ကိုခိုင့္ေထာ့က်ိဳးေထာ့က်ိဳးနဲ႔
ထ,ထလာတယ္

သူမိန္းမ မၾကည္က သူအထာကို သိတယ္

“ေတာ္၊ ဘာလုပ္ဦးမလို႔လဲ၊ ကိုယ္လည္းေျခေထာက္
ေကာင္းတာ မဟုတ္ဘူး၊ အိမ္မွာပဲ ၿငိမ္ၿငိမ္ေလးေန…”

“မဟုတ္ဘူးဟ၊ ကိုတင္မင္းက ထႏိုင္မွာ မဟုတ္ဘူး၊
သူ႔ကို ခ်ီဖို႔ ေပြ႕ဖို႔ လူလိုတယ္၊ ငါလိုက္မွ ျဖစ္မွာပါဟာ …”

ေျပာေျပာဆိုဆို ကိုတင္မင္းအိမ္ဘက္ ထြက္သြားတယ္
ခဏေနေတာ့ သတင္းၾကားရတာပဲ၊ ကိုခိုင္၊ ကိုတင္မင္းကို
လိုက္ပို႔တဲ့ကားနဲ႔ ရန္ကုန္ပါသြားတယ္တဲ့၊ အဲဒီည
တစ္ညလုံး မၾကည္ အိပ္လို မရဘူး၊ မ်က္စိေတြ
ေၾကာင္ေနတယ္၊ သန္းေကာင္ေက်ာ္ၿပီ၊ ညတစ္နာရီေလာက္မွ
အိပ္မက္ဆိုးေတြ မက္ၿပီး လန္႔ႏိုးလာတယ္

ရင္ေတြလည္း တဒိန္းဒိန္း ခုန္ေနတယ္ …။

အဓိပၸါယ္မဲ့ မ်က္လုံးေတြနဲ႔ အိမ္ေရွ႕လမ္းမဘက္
ေငးၾကည့္ေနမိတယ္၊ အိမ္ေရွ႕မီးလုံးေၾကာင့္
ၿခံထဲမွာ လင္းေနေပမယ့္ ၿခံအျပင္ဘက္
လမ္းမေပၚ မွာေတာ့ အေမွာင္က အားေကာင္းေနတုန္းပဲ။

ညက ေမွာင္မည္း၊ တိတ္ဆိတ္ၿပီး ေခ်ာက္ခ်ားစရာ
ေကာင္းေနတယ္။

“ညတာကလည္း ရွည္လိုက္တာ …”

မၾကည္ညကို ညည္းတြားေရ႐ြတ္ရင္း အိပ္ေမာက်ေနတဲ့
သားငယ္ေလးကို ျခင္မကိုက္ေအာင္ ယပ္ခတ္ေပးေနတယ္
အခ်ိန္ေတြ ဘယ္ေလာက္ၾကာသြားလဲ မသိဘူး။
ဖိနပ္ခြၽတ္က တဖ်တ္ဖ်တ္အသံေၾကာင့္ ကိုခိုင္
ျပန္လာၿပီ ဆိုတာ မၾကည္သိလိုက္တယ္။

ဟုတ္တယ္ ၊ ဒါကိုခိုင့္အက်င့္ပဲ။

ကိုခိုင္က ဖိနပ္ခြၽတ္မွာ ဖိနပ္ဖုန္ခါေနတဲ့ အေနႏွင့္
တစ္ခ်က္ ႏွစ္ခ်က္ ေျခေဆာင့္ၿပီးမွ အိမ္ေပၚတက္ေလ့ရွိတယ္။
မၾကည္ အိမ္ေပၚေလွကားထိပ္ကေန ဖိနပ္ခြၽတ္ကို
လွမ္းၾကည့္လိုက္တယ္

ေသခ်ာပါတယ္၊ ကိုခိုင္ပဲ။

ေလွကားရင္း ဖိနပ္ခြၽတ္မွာ ရပ္ေနတယ္
အိမ္ကထြက္သြားတုန္းကအက်ႌခြၽတ္နဲ႔ပဲ၊
မၾကည္ကို ေမာ့ၾကည့္ေနတယ္

ကိုခိုင့္မ်က္ႏွာ ထူးထူးျခားျခား ညႇိဳးငယ္ေနတာ
မၾကည္ ေတြ႕လိုက္တယ္

“ျပန္လာၿပီလား …”

မၾကည္ ကိုခိုင့္ကို လွမ္းေမးရင္း နံရံမွာ ကပ္ထားတဲ့
နာရီကို လွမ္းၾကည့္လိုက္တယ္။

“သုံးနာရီတိတိ”

မၾကည္သားကို ယပ္ခတ္ေပးရင္း ကိုခိုင္အိမ္ေပၚတက္
အလာကို ေစာင့္ေနတယ္ …

ခဏေလာက္ၾကာသြားတဲ့ အထိ ကိုခိုင္တက္မလာဘူး

” မဟုတ္ေသးပါဘူး၊ ေျခလက္ေဆးသံလည္း
မၾကားရဘူး။ အိမ္ေနာက္ေဖးမ်ား သြားတာလား …”

မၾကည္ မီးဖိုခန္းကေန အိမ္သာကို လွမ္းၾကည့္တယ္
အိမ္သာထဲမွာလည္း ကိုခိုင္ မရွိဘူး။ တံခါးဖြင့္ရက္ပဲ။
မၾကည္ စဥ္းစားရ က်ပ္သြားတယ္။

“မဟုတ္ပါဘူး၊ ခုနက ေတြ႕တာ ကိုခိုင္မွ ကိုခိုင္ပါ။
ငါတားေနတဲ့ ၾကားက လိုက္သြားမိလို႔ ၊ ငါ့ကို
စေနတာမ်ားလား ”

မၾကည္ဓါတ္မီးတစ္လက္ကိုင္ၿပီး အိမ္ေအာက္ဆင္းတယ္
ကိုခိုင္ ပုန္းေနတာလားလို႔ ဓါတ္မီးနဲ႔ လိုက္ထိုးၾကည့္တယ္
ဘာမွာမွ မေတြ႕ဘူး

အဲဒီအခ်ိန္မွာပဲ “မၾကည္၊ မၾကည္”လို႔ ၿခံေရွ႕က
ေအာ္ေခၚသံၾကားရတယ္၊ မၾကည္ ၿခံေရွ႕ထြက္ခဲ့တယ္၊
ေခၚတဲ့သူက မ်က္ေစာင္းထိုးအိမ္က သူ႔အိမ္မွာ
ဖုန္းရွိတယ္ ။ ကိစၥႀကီးငယ္ရွိရင္ အဲဒီအိမ္က
ဖုန္းနဲ႔ပဲ အဆက္အသြယ္ လုပ္ရတယ္

“ေအာင္ပိုင္ဖုန္းဆက္တယ္၊ ကိုခိုင္ကားေပၚက
က်လိုတဲ့။ ျဖဴးေဆး႐ုံကိုတင္ရမယ္…အခုကားနဲ႔
ျပန္လာေနၿပီတဲ့ …ကားလမ္းကေန ထြက္ၿပီး
ေစာင့္ပါတဲ့ …၊ ကိုခိုင္က သတိေမ့ေနတုန္းပဲလို႔
ေျပာတယ္ ”

မၾကည္ရင္ထဲ ထိတ္ခနဲ ျဖစ္သြားတယ္

“ဒါဆို ခုနက ဖိနပ္ခြၽတ္မွာ ရပ္ေနတာဟာ…
ဘုရား၊ ဘုရား ကိုခိုင္ဘာမွ မျဖစ္ပါေစနဲ႔ ”

တုန္ရီတဲ့အသံေတြနဲ႔ မၾကည္ ဆုေတာင္းမိလိုက္ပါတယ္

ကိုခိုင္တစ္ေယာက္ အျမန္လမ္းမႀကီးရဲ႕ တစ္ေနရာမွ
ကားေပၚက ျပဳတ္က်၊ ခ်က္ခ်င္း သတိလစ္ေမ့ေမ်ာသြားေပမယ့္ …
သူရဲ႕ဝိညာဥ္က မၾကည္ႏွင့္ သားေလးရွိတဲ့ အိမ္ကို
အေရာက္ျပန္လာၿပီး ညႇိဳးငယ္တဲ့ မ်က္ႏွာနဲ႔
ကိုယ္ထင္လာျပတဲ့ အျဖစ္ကိုေတာ့
မၾကည္တစ္သက္ ဘယ္ေသာအခါမွ
ေမ့ေပ်ာက္လို႔ ရမွာ မဟုတ္ေတာ့ပါဘူး။

XXXX

ကိုခိုင္ကားေပၚက ျပဳတ္က်တဲ့ အျဖစ္က ဒီလိုပါ
ကိုတင္မင္းကို ရန္ကုန္ေဆး႐ုံႀကီးမွာ တင္ေပးခဲ့ၿပီး
လိုက္ပို႔တဲ့ကားနဲ႔ပဲ ကိုခိုင္တို႔အဖြဲ႕ ျပန္လာခဲ့ၾကတယ္။
အျမန္လမ္းအစ၊ လွည္းကူးလမ္းဆုံေရာက္ေတာ့
ည ဆယ့္ႏွစ္နာရီ ထိုးေတာ့မယ္။

သူတို႔အားလုံး ကားေနာက္ခန္းထဲမွာ
လဲေလ်ာင္းရင္း လိုက္ပါလာၾကတယ္

အားလုံးနီးပါး အိပ္ေပ်ာ္ေနၾကေပမယ့္ ကိုခိုင္ကေတာ့
ေအာင္ပိုင္နဲ႔ စကားေတြ ေျပာေနၾကတယ္
တေနရာအေရာက္မွာ “ငါ ဆီးအရမ္းသြားခ်င္ေနၿပီ”
လို႔ ကိုခိုင္က ေျပာတယ္

ၿပီးေတာ့ အိပ္ေနသူေတြကို ေက်ာ္ၿပီး ကားေခါင္းခန္းကို
လက္နဲ႔ ပုတ္ၿပီး ကားရပ္ဖို႔ အခ်က္ေပးတယ္
အခ်က္ေပးၿပီးတာနဲ႔ ေနာက္ဖက္ကားတံခါးပိတ္ဆီ
သြားတယ္၊ ကားက တုံ႔ခနဲ ရပ္တယ္
ကိုခိုင္ တံခါးပိတ္ကို ေက်ာ္ၿပီး ခုန္ခ်ဖို႔ အလုပ္မွာ
ကားကမရပ္ဘဲ ေမာင္းအထြက္၊ ကိုခိုင္ကားေပၚက
ဂြၽမ္းျပန္ၿပီး ျပဳတ္က်သြားတယ္။

ဒ႐ိုင္ဘာက တဗုန္းဗုန္းပုတ္တဲ့အသံကို ၾကားတယ္
ဒါေပမယ့္ ဘာသံလဲဆိုတာ မသဲကြဲဘူး။
ဒါေၾကာင့္ ခဏရပ္လိုက္တယ္
ထပ္ၿပီး ဘာသံမွ မၾကားတာနဲ႔ အရွိန္ျမႇင့္ၿပီး
ေမာင္းထြက္လိုက္တယ္

အဲဒီမွာ ကားေအာက္ခုန္ဆင္းဖို႔ ျပင္ေနတဲ့
ကိုခိုင္ ကားေပၚက ျပဳတ္က်သြားတာပဲ …၊
ကားေမာင္းထြက္သြားေတာ့မွ ေအာင္ပိုင္က
ကားကို အတင္းရပ္ခိုင္းရတယ္

ကားေနာက္ဆုတ္ၿပီး ကိုခိုင့္ကို လိုက္ရွာၾကတယ္

၅၈မိုင္ ၅ ဖာလုံ မိုင္တိုင္အနီးက လမ္းေဘး
ျမက္႐ိုင္းပင္ေတြေပၚမွာ ေမွာက္ခုံလဲက်ေနတဲ့
ကိုခိုင့္ကို ေတြ႕ရတယ္။ အဲဒီအခ်ိန္က ညတစ္နာရီ
တိတိ ရွိေနၿပီ။

ကိုခိုင့္ေက်ာတစ္ျပင္လုံး ဒဏ္ရာေတြနဲ႔
စုတ္ျပတ္သတ္ေနတယ္

ေခါင္းက ေသြးေတြက နားထင္ေပၚ စီးက်ေနတယ္
ေျခေထာက္ႏွစ္ဖက္စလုံးမွာလည္း ပြန္းရာ၊ ပဲ့ရာေတြနဲ႔
ေသြးအလိမ္းလိမ္း ျမင္ရက္စရာ မရွိဘူး။

“ကိုခိုင္ …ကိုခိုင္ ”

အားလုံး ဝိုင္းေခၚေပမယ့္ ကိုခိုင္ ဘာမွ မတုန္႔ျပန္ႏိုင္ေတာ့ဘူး
ဒါေပမယ့္ အသက္မွ်င္းမွ်င္း ရႉေနတုန္းပဲ။

တစ္ခါတစ္ခါ ပါးစပ္က ဖူးခနဲ ဖူခနဲ ေလေတြ
မႈတ္ထုတ္တယ္။ အေနအထားက ဦးေႏွာက္ကို
ထိခိုက္မိတဲ့ အေနအထားပါ။ စေတြ႕တဲ့ အခ်ိန္ကေန
မနက္သုံးနာရီခြဲ ကၫြတ္ကြင္း ေရာက္တဲ့အထိ
သတိျပန္လည္ မလာဘူး။

အသင့္ေစာင့္ေနတဲ့ မၾကည္ကို တင္ၿပီး ျဖဴးကို
ကားဆက္ေမာင္းတယ္။ ျဖဴးေဆး႐ုံက ရန္ကုန္
ေဆး႐ုံႀကီးကို တင္ဖို႔ လႊဲတယ္။

တကယ္ဆိုရင္ ကိုခိုင္ျပဳတ္က်တဲ့ေနရာ မိုင္တိုင္
အမွတ္ ၅၈ မိုင္ ၅ ဖာလုံဆိုတာ ပဲခူးအနီးဝန္းက်င္
မွာပဲ ရွိေသးတယ္

ပဲခူးေဆး႐ုံကိုသာပို႔ရင္ ကိုခိုင့္အသက္ကို
ကယ္ႏိုင္ေသးတယ္။ ဒါမွ မဟုတ္လည္း
ခ်က္ခ်င္းေနာက္လွည့္ ရန္ကုန္ေဆး႐ုံႀကီး
ျပန္ေမာင္း၊ ကိုခိုင္ေသခ်င္မွ ေသလိမ့္မယ္။
ခုေတာ့ မိုင္တစ္ရာေက်ာ္ ေဝးတဲ့ ျဖဴးထိ
ဆက္ေမာင္းလာၿပီးမွ ေဆး႐ုံတင္တယ္။

အတူပါလာသူေတြရဲ႕ စိတ္ကူးစိတ္သန္းကို
စဥ္းစာလို႔ မရဘူး။ ကိုခိုင့္ကို မေသ,ေသေအာင္
ေဆး႐ုံအေရာက္ ေနာက္က်ေအာင္ တမင္
လုပ္ၾကတာေတာ့ မဟုတ္ဘူး။

အေဖာ္ပါလာသူအားလုံးက ကိုခိုင္အေပၚ
ခ်စ္ၾက၊ ခင္ၾက၊ ေလးစားအားကိုးၾကသူေတြခ်ည္းပဲပါ။

ေနာက္ဆုံး ေသေသခ်ာခ်ာ ေတြးဆအေျဖရွာၾကည့္မွ
ဒီေန႔ဟာ ကိုခိုင္ ေသကိုေသရမယ့္ေန႔၊ ေသေန႔ေစ့ေန႔ေန႔
ျဖစ္လို႔ပါလားဆိုတာ အေျဖရလိုက္တယ္

ဟုတ္တယ္၊ (5.6.2014)ေန႔ မနက္ (၆ )နာရီခြဲ၊
ျဖဴးကေန ကားနဲ႔ ရန္ကုန္ေဆး႐ုံႀကီးကို အသြား၊
အျမန္လမ္း မိုင္တိုင္အမွတ္ ၁၁၅ မိုင္အေရာက္မွာ၊
ကိုခိုင္တစ္ေယာက္ ဘဝတစ္ပါးကို ကူးေျပာင္း
သြားခဲ့ပါတယ္။ ကိုခိုင္ဆုံးတဲ့အေၾကာင္း
ဖုန္းသတင္းရရခ်င္း စာေရးသူတို႔ တစ္မိသားစုလုံး
ရန္ကုန္ကေန ကၫြတ္ကြင္းကို သြားခဲ့ၾကပါတယ္

XXXX

ကိုခိုင့္အေလာင္းကို ကၫြတ္ကြင္းအိမ္ျပန္ယူလာခဲ့တယ္။
ေရလုံတိုက္ေပးၿပီး ဧည့္ခန္းမွာ အေလာင္းစင္ျပင္၊
ၿပီးတာနဲ႔ သံဃာတစ္ပါးပင့္ သက္ေပ်ာက္ဆြမ္းကပ္
တရားနာရတယ္။ တကယ္ေတာ့ ကိုခိုင္က
လူေကာင္းတစ္ေယာက္ပါ။ ရပ္ေရး ႐ြာေရး၊
သာေရးနာေရး ၊ ဘယ္ေတာ့မွ ေနာက္မက်ဘူး။

ၿပီးေတာ့ ဘယ္ေနရာကေနေန ကူညီတတ္တယ္။
ေလာကုတၱရာအေရးနဲ႔ ပတ္သက္ရင္လည္း
ဒါနျပဳဖို႔ လက္မေႏွးဘူး။ အခါအခြင့္သင့္တိုင္း
သီလေဆာက္တည္တယ္။

ဒါေပမယ့္ သူမွာ အားနည္းခ်က္ ရွိတယ္။
အဲဒီ အားနည္းခ်က္က ဆင္ျခင္တုံတရားပဲ။
အထူးသျဖင့္ ေဒါသကို သတိနဲ႔ မၿငိမ္းသတ္ႏိုင္ဘူး။
သူ႔ေဒါသထြက္ၿပီဆိုရင္ လူသတ္ရမွာလည္း
ဝန္မေလးဘူး။ စက္တိုင္တက္ရမွာလည္း
မေၾကာက္ဘူးဆိုတဲ့လူစား။

ၿပီးေတာ့၊ သူ႔မိသားစုကို အရမ္းခင္တြယ္တယ္
သူ႔မိသားစု မ်က္ေရေပါက္ႀကီးငယ္ က်ေအာင္
ႏွိမ့္ခ်ေစာ္ကားဖို႔ေတာ့ မႀကံနဲ႔။

အဲဒီလူေတြ အတြက္တဲ့၊ ငွက္ႀကီးေတာင္ဓါးတစ္ေခ်ာင္း
ျမည့္ေနေအာင္ ေသြးထားတယ္။ ဒီလို စိတ္ၾကမ္း
လူၾကမ္း ၊ တုံးတိုက္တိုက္၊ က်ားကိုက္ကိုက္လူ၊
အစြဲအလန္းႀကီးသူမို႔ ကိုခိုင့္ေသတဲ့အခါ တစ္ရပ္ကြက္လုံး
လန္႔ေနၾကတယ္

“ကိုခိုင္ကေတာ့ ကြၽတ္မွာမဟုတ္ဘူး၊ တေစၦကလည္း
ေျခာက္လိုက္မယ့္ျဖစ္ျခင္း ”

လို႔ ၾကက္သီးတထထနဲ႔ ေျပာၾကတယ္။ ေျပာတဲ့
အတိုင္းပါပဲ ။ ေသတဲ့ေန႔က စၿပီး ကိုခိုင္ တစ္ရပ္ကြက္လုံးကို
ေျဗာင္းဆန္ေအာင္ ေမႊေတာ့ ေျခာက္ေတာ့တာပါပဲ။

အဲဒီညမွာ အရပ္ျမင့္ျမင့္၊ ကိုယ္လုံးကိုယ္ထည္ထြားထြား
က်ိဳင္းက်ိဳင္းႏွင့္ မည္းမည္းသဏၭာန္တစ္ခုကို လမ္းေပၚ
သြားေနတာ ေတြ႕ၾကရတယ္။

ကိုခိုင္ သူ႔အိမ္နဲ႔ သူ႔အေမအိမ္ကို ကူးခ်ည္သန္းခ်ည္
လုပ္ေနၿပီဆိုတာ သိလိုက္ၾကတယ္။ဟုတ္လည္း ဟုတ္တယ္။
သူ႔အေမ့အိမ္ မီးဖိုေခ်ာင္ထဲမွာ အိုးေတြလွန္၊ ခြက္ေတြ
လွန္နဲ႔ ေျဗာင္းဆန္ေအာင္ ေျခာက္တယ္။ အိုးခြက္ေတြ
အသာအယာ လွန္တာ မဟုတ္ဘူး။

သူ႔ပုံစံအတိုင္း ခပ္ၾကမ္းၾကမ္းလွန္ေလ်ာေနေတာ့
အိုးသံခြက္သံေတြက ဆူညံေနတယ္။တစ္ခါ သူ႔ညီအိမ္ကို
သြားတယ္။ သူ႔ညီက အသုဘအိမ္ေရာက္ေနတယ္။
အိမ္မွာက ေၾကာက္လို႔ မလိုက္ရဲတဲ့ မိန္းမနဲ႔ ကေလးေတြပဲ
က်န္ေနတယ္။

ခဏေနေတာ့ ညီျဖစ္သူရဲ႕ မိန္းမလည္း ကေလး
လက္ဆြဲၿပီး သူ႔ေယာက်ၤားဆီ ေျပးရေတာ့တာပဲ။
မေျပးလို႔လည္း မျဖစ္ဘူး၊ တစ္အိမ္လုံး သြက္သြက္ခါ
လႈပ္ယမ္းေနမွေတာ့ ဘယ္ေနရဲေတာ့မွာလဲ …၊

သူ႔အစ္မႀကီး မျမအိမ္ကို က်ေတာ့ တစ္မ်ိဳး၊
မီးဖိုထဲဝင္ အိုးသံခြက္သံေပးတယ္။ မျမက
ေစာင္ေခါင္းၿမီးၿခဳံထားလ်က္ကေန

“ကိုခိုင္ရယ္၊ ငါ့ကိုေတာ့ မေျခာက္ပါနဲ႔၊ ငါေၾကာက္လြန္းလို႔ပါ ”

လို႔ ေျပာတယ္။ အဲဒီေတာ့မွ ျပန္သြားပုံ ရတယ္။
ဘာသံမွ မၾကားရေတာ့ဘူး။ မနက္မိုးလင္းလို႔
မီးဖိုထဲဝင္ၾကည့္လိုက္ေတာ့ လမ္းသြားလို႔
မရဘူး။ ရွိရွိသမွ် အိုးခြက္ပန္းကန္ေတြအားလုံး
သမံတလင္းေပၚမွာ စီၿပီး ခ်ထားခဲ့တယ္

အရပ္ထဲမွာ အမ်ားသူငါ ယူဆၾကသလို
ကိုခိုင္တစ္ေယာက္ လူ႔ဘဝကေန ေသလြန္ၿပီး
ဘဝကူးေျပာင္းသြားၿပီဆိုတာကို သိမွသိရဲ႕လား။

႐ုပ္ရွင္ေတြ၊ ဗီဒီယို ေတြကလိုပဲ ဘယ္သူကိုမွ
ေခၚလို႔ မရ၊ ေျပာလို႔ မရနဲ႔၊ ဘာျဖစ္လို႔ ျဖစ္မွန္း
မသိေသးတဲ့ ကိုခိုင္ရဲ႕ ဝိညာဥ္ဟာ မိဘေဆြမ်ိဳးေတြ
အိမ္ကို ေလွ်ာက္သြားၿပီး သူေရာက္ေနတဲ့အေၾကာင္း
အသိေပးေနတာလား မ်ားလားလို႔ စာေရးသူ
ေတြးေနမိပါတယ္။

XXXXX

သုံးရက္ေျမာက္တဲ့ေန႔မွာ ကိုခိုင့္အေလာင္းကို
ကြင္းေနာက္သုသာန္ပို႔ၿပီး မီးသၿဂႋဳဟ္တယ္ …

ေသဆုံးတဲ့အခ်ိန္ကေန မီးသၿဂႋဳဟ္ခါနီးအခ်ိန္ထိ
ကိုခိုင့္အေလာင္းကို မိဘေဆြမ်ိဳးေတြ၊မိတ္ေဆြ
အေပါင္းအသင္းေတြ လာၿပီး ၾကည့္ၾကတယ္
အဲဒီမွာ မ်က္ႏွာအမူအရာအမ်ိဳးမ်ိဳး
ေျပာင္းလဲေနတာကို ေတြ႕ၾကရတယ္။

ေသတဲ့ေန႔က အေလာင္းစင္ေပၚက ကိုခိုင့္မ်က္ႏွာဟာ
ခက္ထန္မာေက်ာေနတယ္။ တစ္စုံတစ္ေယာက္ကို
ေဒါသထြက္ေနတဲ့ပုံမ်ိဳး၊ ကိုခိုင္ ဘယ္သူ႔ကို
ေဒါသထြက္ေနတာလဲ။ မေသခင္မွာ တစ္ေယာက္
ေယာက္ကိုမ်ား ေဒါသထြက္သြားခဲ့တာလား…၊

စဥ္းစာစရာပေဟဠိတစ္ပုဒ္လို ျဖစ္ေနတယ္။

(၂)ရက္ေျမာက္ မနက္၊ ကိုခိုင့္အေလာင္းကို
ၾကည့္လိုက္ေတာ့ အားလုံးအံ့အားသင့္သြားတယ္။

ကိုခိုင္မ်က္ႏွာက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ႀကီး ၿပဳံးလို႔။
တစ္စုံတစ္ရာအတြက္ အားရေက်နပ္ေနတဲ့
မ်က္ႏွာမ်ိဳး …ဘာကိုသေဘာက်ၿပီး ဒီေလာက္ႀကီး
ၿပဳံးေနတာလဲ။ ဘယ္သူမွ ေတြးလို႔ မရဘူး။

သၿဂႋဳဟ္မယ့္ေန႔ မနက္ခင္းက်ေတာ့ မ်က္ႏွာအမူအရာက
တစ္မ်ိဳးေျပာင္းသြားျပန္တယ္။ မဲ့ေနတယ္။ မဲ့တယ္ဆိုတာက
ေဝဒနာ ခံစားရလို႔ မဲ့ေနတဲ့အမဲ့မ်ိဳး မဟုတ္ဘူး။
အလိုမက်လို႔ သေဘာမေတြ႕လို႔ မဲ့တဲ့အမဲ့။
စာေရးသူ ၊ လူေသအေလာင္း အမ်ားအျပား
ေတြ႕ဖူးပါတယ္။

တခ်ိဳ႕ ေသခါနီး ခံစားရတဲ့ ေဝဒနာကို လိုက္ၿပီး
လွ်ာထြက္၊ မခ်ိမဆန္႔ ခံစားေနရတဲ့ မ်က္ႏွာမ်ိဳးေတြလည္း
ရွိတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ၊ ႏွစ္ဆယ့္ေလးနာရီေက်ာ္
ၿပီဆိုတာနဲ႔ အေလာင္းမွန္သမွ်ရဲ႕ မ်က္ႏွာအားလုံးမွာ
သုညဆိုတဲ့ အဓိပၸါယ္ပဲ ရွိေတာ့တယ္။

အသက္ ရွင္ေနတဲ့ လူတစ္ေယာက္ရဲ႕ မ်က္ႏွာလို
ငို၊မဲ့၊ ရီ၊ ၿပဳံး မလုပ္ႏိုင္ပါဘူး။

ဒါဆိုရင္ ကိုခိုင့္အေလာင္းက ဘာေၾကာင့္ ေဒါသထြက္ျပ၊
ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ၿပဳံးျပ၊ မဲ့ျပတာေတြ လုပ္ေနရတာလဲ။
ကိုခိုင္ရဲ႕ ဝိညာဥ္ကပဲ သူ႔ခံစားခ်က္ေတြကို ျပေနတာမ်ားလား။
ဒါဆိုရင္ ကိုခိုင့္အေလာင္းက ဘာေၾကာင့္
ေဒါသထြက္ျပ၊ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ၿပဳံးျပ၊
မဲ့ျပတာေတြ လုပ္ေနရတာလဲ။

ကိုခိုင္ရဲ႕ဝိညာဥ္ကပဲ သူ႔ခံစားခ်က္ေတြကို
ျပေနတာမ်ားလား။ ဒီလိုျပလို႔ ေရာ ရလို႔လား။
စာေရးသူ ဥာဏ္မမွီပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္
ကိုခိုင္ရဲ႕ ဝိညာဥ္ကေတာ့ အေလာင္းစင္ေပၚကေန
ေဒါသထြက္ျပ၊ ၿပဳံးျပ၊ မဲ့ျပၿပီး …

စာေရးသူႏွင့္တကြ အားလုံးကို ပေဟဠိေတြ
ေပးသြားႏိုင္တာေတာ့ အမွန္ပါပဲ။

XXXXX

ေသခါနီးမွာ ေသနိမိတ္ေတြေပးၿပီး အေသဆိုးႀကဳံခဲ့ရတဲ့
ကိုခိုင္ …၊ ဝိညာဥ္ဘဝနဲ႔ မ်က္ႏွာေပၚမွာ ေဒါသထြက္ျပ၊
ၿပဳံးျပ၊ မဲ့ျပၿပီး အားလုံးကို အံ့အားသင့္ေအာင္
လုပ္ခဲ့တဲ့ ကိုခိုင္ဟာ …ေသတဲ့ေန႔ကေန ခုႏွစ္ရက္လည္တဲ့ေန႔
အထိ ေျဗာင္းဆန္ေအာင္ ေျခာက္လွန္႔ေနခဲ့ပါတယ္

မိဘေဆြမ်ိဳးေတြ၊ ခင္မင္တဲ့ မိတ္ေဆြေတြအိမ္ကို
ညတိုင္း သြားတယ္။ အိုးခြက္ပန္းကန္ေတြ လွန္ေလွာတာ၊
အိမ္ကို လႈပ္ယမ္းတာ။ အိပ္ေနသူေတြရဲ႕ ေစာင္ေတြဆြဲ၊
ေျခေထာက္ေတြဆြဲတာ လုပ္တယ္လို႔ ကိုခိုင္ရဲ႕
ေျခာက္တာခံရသူေတြက စာေရးသူကို
ေျပာျပပါတယ္

စာေရးသူကိုယ္တိုင္လည္း တစ္လျပည့္ဆြမ္းေကြၽးတဲ့
(5.7.2014)ေန႔ ညမွ ရန္ကုန္ျပန္ခဲ့တာမို႔ တစ္ခ်ိဳ႕
အျဖစ္အပ်က္ေတြကို သိျမင္ေတြ႕ႀကဳံခဲ့ရပါတယ္။

အေလာင္းကို သုသာန္မွာ မီးသၿဂႋဳဟ္ခဲ့တဲ့ သုံးရက္
ေျမာက္ ညက သမီးႀကီးရဲ႕အိမ္ကို ကိုခိုင္ ခဲနဲ႔ ေပါက္တယ္။
သမီးႀကီးက အိမ္ေထာင္က်ၿပီး ကိုခိုင္အိမ္ ေခါင္းရင္းဘက္၊
ဝါးလုံးတန္းၿခံစည္း႐ိုးေလးပဲ ျခားတဲ့ အိမ္မွာေနတာပါ။

သမီးႀကီးက ညဦးပိုင္း အသုဘအိမ္မွာ လာေနၿပီး
ညနက္ေတာ့ သူ႔အိမ္ ျပန္သြားတယ္

ည ႏွစ္နာရီေလာက္မွာ သမီးႀကီးရဲ႕အိမ္ကို ခဲႏွင့္ေပါက္ေတာ့တာပဲ။
ခဲက လက္သဲခြံေလာက္အ႐ြယ္ ေက်ာက္စရစ္ခဲေလးေတြပါ။

စတဲ့သေဘာ၊ အိမ္ထရံကို ထိ႐ုံအသာအယာ
ေပါက္ေနတာပါ။ ခဲတစ္လုံးနဲ႔ တစ္လုံး သုံးမိနစ္ေလာက္ပဲ
ျခားၿပီး ေပါက္ေနတယ္။ စာေရးသူအပါအဝင္
ေဆြမ်ိဳးမိသားစု ဆယ္ေယာက္ေလာက္ဟာ
အသံမထြက္ရဲဘဲ တိတ္တိတ္ေလး ေခ်ာင္းၾကည့္၊
နားေထာင္ေနၾကတယ္

“ကိုခိုင္ေတာ့ သူ႔သမီးအသုဘအိမ္မွာ မရွိတဲ့အတြက္
သြားႏႈိးေနတာျဖစ္မယ္ ”

လို႔ပဲ ၊ တီးတိုးေျပာရင္း ေခြၽးျပန္ေနၾကပါတယ္။

နာရီဝက္ေက်ာ္ေက်ာ္ ၾကာၿပီးမွ ခဲေပါက္တာလည္း
ရပ္တန္႔သြားပါတယ္။ ေနာက္တစ္ႀကိမ္ႀကဳံရတာက
ငါးရက္ေျမာက္ေန႔မနက္(၈)နာရီေလာက္မွာ ႀကဳံရတာပါ။

ကၫြတ္ကြင္းၿမိဳ႕ရဲ႕ ထုံးစံအတိုင္း ငါးရက္နဲ႔
ရက္လည္ဆြမ္းေကြၽးတယ္။ သံဃာေတာ္ပင့္၊
ဆြမ္းကပ္၊ တရားနာၿပီး ဖိတ္ၾကားထားတဲ့
ဧည့္ပရိတ္သတ္ကို ကၫြတ္ကြင္း မုန္႔ဟင္းခါးနဲ႔
ဧည့္ခံေကြၽးေမြးေနတဲ့ အခ်ိန္ …၊
အိမ္ေရွ႕မ႑ပ္ထဲမွာ ဧည့္သည္ေတြ ျပည့္က်ပ္ေနတယ္။

ဒါေၾကာင့္ တစ္ခ်ိဳ႕ ဧည့္သည္ေတြကို အိမ္ေပၚေခၚၿပီး
ဧည့္ခံရတယ္…၊ အဲဒီ အထဲမွာ အစ္မႀကီးမျမလည္း
ပါတယ္။ မျမက အိမ္ေရွ႕ျပတင္းေပါက္ကို
ေက်ာေပးၿပီး မုန္႔ဟင္းခါး စားေနတာ။

စားေနရင္တန္းလန္း မျမခါးကို တြန္႔လိမ္ေနတယ္။

ပါးစပ္ကလည္း …

“ဟဲ့ …ကိုခိုင္၊ ငါ့ကို မစပါနဲ႔ဟယ္၊ ငါ နင့္ကို
ေၾကာက္ပါတယ္ ”

လို႔ ေျပာေနတယ္။

ေျပာလို႔ မရဘူးနဲ႔ တူပါရဲ႕ ။

ခါးကို ဘယ္တြန္႔လိုက္၊ ညာတြန္႔လိုက္လုပ္ၿပီး
ုျပတင္းေပါက္နဲ႔ ေဝးတဲ့ အတြင္းဘက္ကို တိုးသြားပါတယ္။

ၿပီးေတာ့ …

“ငါ …သနားလိုက္တာ ကိုခိုင္ရယ္ “လို႔ ေျပာၿပီး
ၾကဴၾကဴပါေအာင္ ငိုေတာ့တာပါပဲ။

စာေရးသူနဲ႔ ဧည့္သည္အခ်ိဳ႕လည္း မျမျဖစ္ေနတာကို
အံ့အားသင့္ၿပီး ၾကည့္ေနမိၾကပါတယ္။

ခဏေနလို႔ မျမကို ေမးၾကည့္ေတာ့မွ …

“ကိုခိုင္ရယ္ေလ၊ ခါးကို ဘယ္တို႔လိုက္၊ ညာတို႔လိုက္
လုပ္ၿပီး ကလိထိုးေနတယ္”

လို႔ ေျပာပါတယ္။ ဒီေတာ့မွ ၿခံထဲမွာ ကိုခိုင္ရွိေနတယ္
ဆိုတာကို စဥ္းစားမိျပန္တယ္။ ကိုခိုင္ဟာ မျမကို
လူ႔ဘဝရွိစဥ္ကတည္းက ခ်စ္ခင္ရင္းႏွီမႈ ရွိပါတယ္

မီးဖိုေခ်ာင္ထဲဝင္၊ အိုးခြက္ပန္းကန္ရွိသမွ်ကို
့သမံတလင္းေပၚ စီခ်ထားခဲ့တဲ့ အိမ္ကလည္း
မျမရဲ႕ အိမ္ပဲ ျဖစ္ပါတယ္။

(၆)ရက္ေျမာက္ေန႔မွာ ျဖစ္ပြားတဲ့ အျဖစ္အပ်က္ကလည္း
ထူးဆန္းတဲ့ အျဖစ္အပ်က္ပါပဲ။ ဒီအျဖစ္ကလည္း
ေန႔ခင္းဆယ္နာရီခြဲေလာက္မွာ ျဖစ္တာလို႔ ေျပာပါတယ္

ကိုခိုင္ရဲ႕ ဝိညာဥ္ေရာက္သြားတဲ့အိမ္က သူ႔ရဲ႕ဦးေလးျဖစ္သူ
အိမ္ပါ။ ဦးေလးရဲ႕ ဇနီး ေဒၚတိုးက ေရတုံကင္အနီးမွာ
အဝတ္ေလွ်ာ္ေနတာပါ။ အဲဒီအခ်ိန္မွာ တဖ်ပ္ဖ်ပ္
အသံၾကားလိုက္ရတယ္။ အနီးမွာလည္း ဘယ္သူမွ
မရွိဘူး။ ကိုခိုင္လာေျခာက္ၿပီဆိုတာ သိလိုက္တယ္။

ေန႔လည္ခင္းႀကီးလည္း ျဖစ္ေနတာေၾကာင့္
ေ ဒ္ါတိုးစိတ္ထဲမွာ သိပ္မေၾကာက္လွဘူး။
ဒါေၾကာင့္ …

“ကိုခိုင္ ၊ နင့္ကို ငါ ေၾကာက္မယ္ထင္လို႔ လာေျခာက္ေနတာလား၊
နင္ေမာ႐ုံပဲရွိမယ္၊ ငါကေတာ့ လုံးဝမေၾကာက္ဘူး ”

လို႔ ေျပာၿပီးလို႔ အဝတ္ကုန္းေလွ်ာ္ေနတုန္းမွာပဲ
“ဖတ္”ခနဲ ေလာက္ေလးခြပစ္သံလိုလို ၾကားလိုက္ရၿပီး …

ေက်ာက္စရစ္ေလးတစ္လုံးက အရွိန္ျပင္းျပင္းနဲ႔
ေဒၚတိုးရဲ႕ ခါးကို လာမွန္ပါတယ္

ဒီေတာ့မွ ေဒၚတိုးလည္း

“ေၾကာက္ပါၿပီကိုခိုင္ရဲ႕၊ မပစ္ပါနဲ႔ေတာ့ “လို႔
ေအာ္ၿပီး နီးရာ အိမ္တစ္အိမ္ကို ဝင္ေျပးသြားရပါတယ္။
ဒီအေၾကာင္းကို ေဒၚတိုးအသုဘအိမ္လာေျပာလို႔
သိရတာပါ။ ေလာက္ေလးမွန္လို႔ အညိဳအမဲ
စြဲေနတဲ့ခါးက ဒဏ္ရာကိုလည္း ျမင္ေတြ႕ရပါတယ္။

သူ႔မိန္းမ မၾကည္ဆိုလည္း ေန႔တိုင္း အိပ္ေရးပ်က္ရပါတယ္။
နာေရးကိစၥေတြေၾကာင့္ လူပင္ပန္း၊ စိတ္ပင္ပန္းျဖစ္လို႔
အိပ္မက္က်တာနဲ႔ လာၿပီးလႈပ္ႏႈိးတယ္လို႔ ေျပာျပပါတယ္။

အေကာင္အထည္ေတာ့ မျမင္ရဘူးတဲ့။

ဒီလို ေန႔စဥ္ေန႔တိုင္း ညစဥ္ညတိုင္း ကိုခိုင္
လာေျခာက္တာကို တထိတ္ထိတ္ တလန္႔လန္႔
ေၾကာက္႐ြံ႕ေနၾကရင္း အေရးအႀကီးဆုံးေန႔လို႔
ယူဆထားၾကတဲ့ ခုႏွစ္ရက္လည္တဲ့ေန႔ကို
ေရာက္လာပါေတာ့တယ္။

ေသၿပီးတဲ့ သူတစ္ေယာက္ဟာ သူ႔အိမ္မွာ
ခုႏွစ္ရက္ ေနလို႔ရတယ္။ အိမ္ေစာင့္နတ္၊
ၿခံေစာင့္နတ္ႏွင့္ အိမ္တြင္းကလည္း ခြင့္ျပဳရတယ္။
ခုႏွစ္ရက္ျပည့္ရင္ေတာ့ အိမ္မွာ ေနခြင့္မရွိေတာ့ဘူး။

ဆိုင္ရာပိုင္ရာေတြက သူ႔ကို ႏွင္ထုတ္တယ္
ေသသူကလည္း အိမ္ကေန အၿပီးတိုင္ ထြက္သြားၾက
ရတယ္လို႔ အယူအဆ အစြဲအလန္းရွိၾကတယ္။

တရားေတာ္နဲ႔ ၾကည့္ရင္ ဒီအေတြးအယူဟာ
မွားယြင္းတဲ့ အယူပါ ။ အမွန္တကယ္က သတၱဝါ
တစ္စုံတစ္ေယာက္ ေသဆုံးၿပီ ဆိုတာနဲ႔ အခ်ိန္အၾကား
အလပ္မရွိ ဘဝသစ္ကို ကူးေျပာင္းၾကရတယ္။
ဘုရား၊ ပေစၥကဗုဒၶါႏွင့္ ရဟႏၲာကလြဲလို႔ အားလုံးဟာ
သုံးဆယ့္တစ္ဘုံမွာ က်င္လည္ၾကရစၿမဲပါ။

ဒါဆို ဘာေၾကာင့္ ေျခာက္တာ၊ လွန္႔တာေတြ
ရွိေနေတြ႕ေနရတာလဲလို႔ ေမးစရာ ရွိပါတယ္။
ဒါက ေသသူဟာ သူစြဲလန္းတဲ့ ေနအိမ္တိုက္တာ
ဥစၥာပစၥည္း၊ ဇနီးသားသမီး စသည့္ေတြေၾကာင့္
ဘဝသစ္ကို ကူးေျပာင္းၿပီးေသာ္လည္း …
စြဲလန္းခဲ့တဲ့ သက္ရွိ၊ သက္မဲ့ေတြအနီးမွာပဲ
ျပန္လည္တည္မွီေနထိုင္ႏိုင္တဲ့ သေဘာ
သဘာဝေၾကာင့္ပါ ။

အခ်ိဳ႕ဆို မကြၽတ္မလြတ္ဘဲ ေနအိမ္ၿခံထဲမွာ
ႏွစ္ေပါင္းမ်ားစြာ ေနတာ ၾကားသိရပါတယ္။

ဒီလို ေနထိုင္ရင္းနဲ႔ အသံေပး၊ အနံ႔ေပး၊ ကိုယ္ထင္ျပ၊
အိပ္မက္ေပးစသည္ျဖင့္ သူရွိေနတဲ့အေၾကာင္း
ထင္ရွားေအာင္ ျပတတ္ၾကပါတယ္

ဒါကိုပဲ ေျခာက္တယ္။ လွန္႔တယ္လို႔ ေခၚၾကတာပါ။
ဒီလိုေျခာက္တဲ့ လွန္႔တဲ့အတြက္ ခုႏွစ္ရက္ေနခြင့္ရွိတယ္
ဆိုတဲ့ အယူအဆေပၚလာပုံရပါတယ္။ ဒါေၾကာင့္လည္း
ကိုခိုင္ရဲ႕ မိသားစုဝင္အားလုံး ခုႏွစ္ရက္လည္တဲ့ေန႔ကို
အထူးသျဖင့္ ထိတ္ထိတ္လန္႔လန္႔ ျဖစ္ေနရျခင္းပါ။

တစ္ခု ထူးျခားတာက ခုႏွစ္ရက္လည္တဲ့ညဟာ
အရင့္အရင္ညေတြ ထက္ပိုၿပီး
ထင္ထင္ရွားရွား ေျခာက္လွန္႔ျခင္းပါပဲ။
ညဆယ္နာရီေလာက္မွ အိမ္ေပၚကို ကိုခိုင္
တက္လာပုံ ရပါတယ္။ ေျခသံျပင္းျပင္းနဲ႔
ေလွကားကတက္လာတဲ့အသံကို ၾကားၾကရတယ္။

မအိပ္ေသးတဲ့သူေတြက အလန္႔အထိတ္နဲ႔
အိပ္ေနသူေတြကို လႈပ္ႏႈိးၾကတယ္။

အိပ္ေနတဲ့ သူေတြကလည္း အလန္႔တၾကား
ႏိုးထၿပီး ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ ၿငိမ္ေနၾကတယ္။
ေျခသံက အားလုံးစုအိပ္ေနတဲ့ ဘုရားခန္းကို ျဖတ္ၿပီး
ေနာက္ဘက္အိပ္ခန္းထဲ တန္းဝင္သြားတယ္။
အေကာင္အထည္ မျမင္ရေပမယ့္ သြားလာ
လႈပ္ရွားေနတဲ့ အရိပ္တစ္ခုကို လူအားလုံးေတြ႕ရပါတယ္

ၿပီးေတာ့ အိပ္ခန္းကေန မီးဖိုခန္းကူးသြားပုံရပါတယ္
အိုးေတြ ဖြင့္သံ၊ ပိတ္သံ၊ ပန္းကန္ေတြ ဆြဲယူသံ
စတဲ့ အသံေတြ ၾကားရပါတယ္။

ေျခသံကလည္း တရွပ္ရွပ္နဲ႔ပါပဲ ။ ဒီၾကားထဲ
တစ္စုံတစ္ေယာက္ကို ေဒါသထြက္ေနပုံရပါတယ္
မၾကာခဏဆိုသလို ‘ေတာက္”ခတ္တဲ့အသံႀကီးကိုလည္း
ၾကားေနရပါတယ္။ ေတာ္ေတာ္ေလးၾကာေတာ့
ေနာက္ဘက္ အိပ္ခန္းထဲက “ကလစ္”ဆိုတဲ့
အသံကို ၾကားရတယ္။

အိပ္ခန္းထဲမွာ သူကိုင္ေနက် ေလေသနတ္တစ္လက္ရွိပါတယ္
“ကလစ္”ဆိုတဲ့ အသံက ေလေသနတ္ေမာင္း တင္လိုက္တဲ့
အသံမွန္း အားလုံးသိၾကတယ္

ခဏေနေတာ့ “ဖန္း”ခနဲ ေလေသနတ္ေမာင္းျဖဳတ္လိုက္တဲ့
အသံကို ၾကားလိုက္ၾကရတယ္

ခဲက်ည္ဆံပါပုံေတာ့ မရပါဘူး။ ဘာေၾကာင့္လည္းဆိုေတာ့
တစ္ေနရာရာကို ထိမွန္တဲ့အသံ မၾကားရလို႔ပါ ။

သန္းေခါင္ေက်ာ္ ည တစ္နာရီေလာက္ထိ အိမ္ေပၚမွာ
အခန္းေတြကူးၿပီး တရွပ္ရွပ္ သြားလာေနပါတယ္

ေျခသံနဲ႔ အတူ ရိပ္ခနဲ ရိပ္ခနဲ ဝဲသြားတဲ့အရိပ္လို
အရာကိုလည္း ျမင္ေတြ႕ၾကရပါတယ္

တစ္အိမ္လုံးကို ေျဗာင္းဆန္ေအာင္ စိတ္တိုင္းက်သြားတာ
လႈပ္ရွားၿပီးမွ …

ေျခသံျပင္းျပင္းနဲ႔ အိမ္ေအာက္ကို ဆင္းသြားတယ္

အိမ္ထဲဆင္းၿပီး ၿခံထဲကို လွည့္ပတ္ေနပုံပါ။

အိမ္ေအာက္မွာ ေမြးထားတဲ့ မန္ဒါလီဘဲေတြ
တရွီးရွီးေအာ္ၾက၊ လန္႔ ေျပးၾကတဲ့ အသံေတြကို
အိမ္ေပၚက ၾကားေနရပါတယ္

ေတာ္ေတာ္ေလး ၾကာေတာ့ ေျမာက္ဘက္လမ္းမႀကီး
အတိုင္း ေခြးေဟာင္သံ၊ အူသံေတြကို ဆူဆူညံညံ
ၾကားရတယ္။

ဒီေတာ့မွ ကိုခိုင္တစ္ေယာက္ ေျမာက္ဘက္အစြန္မွာေနတဲ့
သူ႔မိဘ၊ ေဆြမ်ိဳးအိမ္သြားၿပီးဆိုတာ သိၾကရပါတယ္
ေနာက္ေန႔ မနက္က်ေတာ့ …

ေျမာက္ပိုင္းက ေဆြမ်ိဳးေတြ အိမ္မွာလည္း
ကိုခိုင္တစ္ညလုံး ေျဗာင္းဆန္ေအာင္ ေသာင္းက်န္းတဲ့
အေၾကာင္း …မနက္မိုးလင္းခါနီးမွ ၿငိမ္သြားတဲ့အေၾကာင္း
ၾကားရပါတယ္ ။

ကိုခိုင္ဟာ ေသလြန္ၿပီး ႏွစ္ပတ္ေလာက္အထိ
မိသားစုေတြႏွင့္ ေဆြမ်ိဳးမိဘ၊ မိတ္ေဆြေတြ
အိမ္ကို သြားလာၿပီး ေျခာက္လွန္႔ ေနပါေသးတယ္။

အဲဒီေနာက္မွာေတာ့ အသံေပးတာ ေျခာက္တာ၊
လွန္႔တာ။ ဘာတစ္ခုမွ မျပဳေတာ့ပါဘူး၊

သူ႔အတြက္ ရည္စူးၿပီး ျပဳလုပ္တဲ့ ေကာင္းမႈ
ကုသိုလ္ေတြရဲ႕ အဖို႔ ဘာဂကို သာဓုေခၚၿပီး
ေျခာက္လွန္႔ေနတဲ့ တေစၦ သရဲဘဝက ကြၽတ္လြတ္၊
ျမင့္ျမတ္ရာ ဘုံဘဝကို ေရာက္သြားတာလား…၊

ဒါမွမဟုတ္…

အျခားတစ္ေနရာရာကိုမ်ား သြားလာေနလို႔လား …

ဒီလိုမွ မဟုတ္ရင္လည္း …ေရာက္ရာဘဝမွာ
ေပ်ာ္တတ္တဲ့ သတၱဝါေတြရဲ႕ သဘာဝအတိုင္း
ဘဝသစ္မွာ ေပ်ာ္ၿပီး ဘဝေဟာင္းကို ေမ့သြားလို႔လား
ဆိုတာေတာ့ …ကိုခိုင္ကလြဲၿပီး ဘယ္သူမွ သိႏိုင္မွာ
မဟုတ္ပါဘူး။

ၿပီးပါၿပီ

မူရင္းေရးသူ ဆရာ ေမာင္မႈိင္းညိဳ႕ (ေခ်ာင္းဦး)
စာဖတ္သူကို ကူးယူေဝမွ်သူ လက္ခ

စာဖတ္သူမ်ား စိတ္႐ႊင္လန္းပါေစ
Credit