Unicode Version
ချိပ်ပိတ်လိုက်ရတဲ့ အိမ်ကြီး(စ/ဆုံး)
——————————————-
ဆိုင်ကယ် မောင်းနှင်လာသော ကိုလတ် သည် ခြံစည်းရိုးအပေါက်ဝသို့ ရောက်လာ သည်နှင့် စက်နှိုးသံ ရပ်လိုက်၏။ ထိုအချိန် အိမ်ပတ်ဝန်းကျင်ကို ကြည့်မိလိုက်ရာ ရေငင် နေသော သူငယ်ချင်းကို မြင်လိုက်သည်။ “ချစ်ထွေး သူငယ်ချင်း’
မ
သီချင်း ညည်းနေသောကြောင့် ခေါ်သံမှာ မကြားတကြားပင် ဖြစ်နေလေ၏။ စိတ်ထဲမှာ ခေါ်သံကြားလိုက်သည်ဟု ထင်မိ၍ ခြံဝန်း
အပြင်ကို လှမ်းကြည့်လိုက်မိသည်။
“ဟာ… ကိုယ့်ကောင်ကြီး ကိုလတ်ပါလား၊
လာလေကွာ’
ချစ်ထွေးလည်း
ရေပုံးကို ထားခဲ့ပြီး
သူငယ်ချင်းကို အိမ်ထဲသို့ ခေါ်သွားလေသည်။
“ထိုင်ဦးကွာ၊ မင်းအတွက် လက်ဖက်ရည်
ဖျော်လိုက်ဦးမယ်”
“ရပါတယ်ကွာ”
ကိုလတ်လည်း ကျောပိုးအိတ်ကို ဘေး
အနားက ခုံပေါ်တွင် တင်လိုက်၏။ စားပွဲခုံ ပေါ်က သတင်းစာကို ကောက်ဖတ်လိုက် သည်။ ချစ်ထွေးက မီးဖိုချောင်ထဲကနေ လက်ဖက်ရည်တွေ၊ မုန့်တေါ ယူချလာ၏။
“ကိုယ့်ကောင်ကြီး စားဦးကွာ၊ ရောက်တုံး
ရောက်ခိုက် အေးအေးဆေးဆေး အနားယူ
ပေါ့ကွာ”
“အန်တီသန်းကို မတွေ့ပါလား၊ နေကောင်း ရဲ့လား’
“ကောင်းတယ် သူငယ်ချင်းရေ။ အမေက
တရားစခန်း ဝင်နေလေတယ်’
“ဪ”
“ဒါနဲ့ မင်းအလုပ်က အဆင်ပြေရဲ့လား” “မဆိုးဘူးပြောရမှာပေါ့ကွာ၊ အခုကတော့ ၁၀၉/၁၁၀ ပဲ ဖြစ်နေတယ်။ မင်းက ငါ့ဆီကို
အလာထူးလို့ပါလား’
“အေးဟာ၊ ငါလည်း အလုပ်ကိစ္စနဲ့မို့
ဖြစ်တာ”
မလာ
ကိုလတ်ဆိုသူမှာ တခြားသူမဟုတ်။ နယ် ထိန်းရဲတစ်ကောင်ပင် ဖြစ်လေသည်။
“မင်း အားလို့ဆိုရင် ငါ့နောက် အဖော်မ လိုက်ပေးချင်ဘူးလား”
ချစ်ထွေးက ကိုလတ်စကားကြောင့် ရယ်မိ
လိုက်သည်။
“ဟား… ဟား.. ဒီကိစ္စဆိုရင် မိန်းမကိစ္စပဲ ဖြစ်မယ်”
“ဟာ မင်းကတော့ ပေါက်ကရ ပြောနေပြန် ပြီ၊ အဲဒီလို မဟုတ်ရပါဘူးကွာ၊ မတ်ကြပ်ကြီး ကျေးရွာကို အမှုကိစ္စ စစ်ဆေးစရာ ရှိလို့သွား ရမှာ။ အဖော်မရှိလို့ မင်းဆီရောက်လာတာပဲ’ ‘အဲဒီလိုကိစ္စ စိတ်ဝင်စားတယ်၊ ဘာအမှု
ဖြစ်ကြတာလဲ၊ လူသတ်မှုလား”
“ဟုတ်တယ်ကွ၊ လယ်ကန်သင်းမှာ တူဝရီး နှစ်ယောက် စကားများ ရန်ဖြစ်ရင်း တူက ပေါက်စိန်နဲ့ ဦးလေးကို ခုတ်သတ်ပစ်လိုက် အဲဒီနေရာမှာတင် ပွဲကျင်းပြီးဆုံးတာပဲ။ တူကိုတော့ ဖမ်းထားတယ်။ ကျန်တဲ့အမှုကိစ္စ လုပ်ရဦးမှာ”
တာ၊
ချစ်ထွေးက ထိုစကားကို ကြားရပြီး တံ ထွေးတစ်ချက် မျိုချလိုက်ပေပြီ။ ကြောက်
စရာကောင်းသော ရွာငယ်လေးဟု ထင်မြင်မိ
လိုက်၏။
“ဒါဆိုစောင့်ဦး၊ ရေချိုးလိုက်ဦးမယ်”
“လိုက်ခဲ့ပေးလို့ ကျေးဇူးပဲ သူငယ်ချင်းရာ’
ချစ်ထွေးလည်း ရေကို အမြန်ချိုးပြီး
အဝတ်အစား လဲလှယ်၍ အိမ်တံခါးများ
သော့ခတ်ခဲ့သည်။ နှစ်ယောက်သား မတ်
ကြပ်ကြီးကျေးရွာသို့ ဆိုင်ကယ်ဖြင့် စီးနှင်း
သွားလေကြပြီ။ ချစ်ထွေးမှာ ကို
လတ်၏နောက်မှ ထိုင်၍ လိုက်ပါလာ၏။ ချစ်
ထွေးက တစ်လမ်းလုံး ရှုခင်းလှကြောင်း၊
သာယာအေးချမ်းကြောင်း ပြောလာ၏။ ထို
ရွာအဝင်ကို ရောက်လာကြပေပြီ။ စိမ်းစိုနေ သော လယ်ကွင်းပြင်တွေ၊ သီးနှံမျိုးစုံ စိုက်ပျိုး
ထားသော
စိတ်ပူပင်မှုတစ်ခုလောက်
လျော့ကျသွားမည်မှာ အမှန်ပင်။ ထိုအချိန်မှာ
မြင်လိုက်ရသည့် မြင်ကွင်းက တမူထူးခြား
နေခြင်းပင်။ ချစ်ထွေး လက်ညှိုးညွှန်ပြီး ပြော
လိုက်၏။
“ဟိုအိမ်ထဲက အဘိုးကြီးကို မြင်လိုက်လား”
ကိုလတ်သည် ရှေ့ဦးတည့်ရာ လမ်းကို
ကြည့်နေသောကြောင့် မမြင်လိုက်ရပေ။
“ဘယ်လိုမြင်မလဲကွာ၊ ငါက လက်ကိုင် ထိန်းပြီး မောင်းနေရတာ၊ မျက်လုံး မကစား
နိုင်ဘူး။ ဘာမြင်လိုက်လို့လဲ”
“အဘိုးကြီးတစ်ယောက်ကို မြင်လိုက်လို့’ “မင်းကတော့ ပြောပြီ၊ လယ်ကွင်းထဲနေမှ တော့ လယ်ယာလုပ်နေတာ နေမှာပေါ့ဟ’ “မဟုတ်ဘူးကွ၊ ခဏလေးပဲ .. မြင်လိုက်ရ တာ၊ ပြီးတော့ ပျောက်သွားတယ်။ ဘယ် ရောက်သွားတယ် မသိဘူး။ မျက်နှာတော့ သေချာမမြင်လိုက်မိဘူး”
“အမြင်မှားတာပဲ နေမှာပါ ချစ်ထွေးရာ
ပေါက်ကရတွေ မပြောစမ်းပါနဲ့’
ချစ်ထွေးသည်လည်း စကားထပ်မပြောဘဲ နှုတ်ဆိတ်နေခဲ့ပြီ။ လမ်းမသိဖြစ်နေသူ ကို
လတ်မှာမူ
ရွာအဝင်ထဲသို့ ရောက်လာခဲ့
သည်။ သူငယ်ချင်းအိမ်ကို မရောက်ဖူးသဖြင့်
ဖြတ်သွားဖြတ်လာလူကို
မေးရန်အတွက်
လည်း ဆိုင်ကယ်ရပ်လိုက်သည်။
“ဘာလို့ ရပ်လိုက်တာလဲ’
‘လမ်းမသိတော့လို့ပေါ့ကွာ’
နှစ်ယောက်သား
ဘေးပတ်ဝန်းကျင်ကို
ကြည့်လိုက်ရာ မိန်းကလေးတစ်ဦး စိုက်ခင်း တွေ ရေလောင်းနေသည်ကို တွေ့လိုက်ရ သည်။ ချစ်ထွေး မျက်လုံးအရောင်များ လဲ့ လာလေပြီ။
“ဟိုမိန်းကလေးကို မေးရင် ကောင်းမယ်
နော်”
အဝေးကနေ ကြည့်လျှင် ဆံပင်ကုတ်ပေါ်မို့
မိန်းကလေးမှန်း သိသာနေသည်။ ကိုလတ်က
သူငယ်ချင်းမျက်နှာကို ကြည့်လိုက်သည်။
ချောမောလှပသော မိန်းကလေးမြင်တိုင်း
သဘောကျလျက် ရှိနေသည်ဟု တွေးမိ
လိုက်ကာ ခေါင်းခါမိလိုက်၏။
“မင်းအကျင့်ကို ငါ သိတယ်နော်”
“ကိုလတ်ရာ တစ်ခါတလေပါ၊ ဒီရွာမှာနေ
တဲ့ မင်းသူငယ်ချင်းရဲ့နာမည်က ရန်နိုင်နော်”
“ဟုတ်တယ်လေ”
‘ငါ့နောက်ကနေလိုက်ခဲ့၊ ဟိုမိန်းကလေးကို
သွားမေးမယ်”
ကိုလတ်လည်း နောက်ကနေ အသာလိုက် ချစ်ထွေးလည်း ထို
လာခဲ့လေသည်။
မိန်းကလေးအနားကို ရောက်လာ၏။ သူမ သည် စိုက်ခင်းရေလောင်းနေသောကြောင့် သူတို့အနား ရောက်လာသည်ကို မသိလိုက်
လို လုပ်လိုက်သည်။
“မဟုတ်ဘူး ညီလေးလို့ ခေါ်ချင်လို့ခေါ်၊ ဒါ မှမဟုတ် သားသားလို့ခေါ်၊ အဲ့လိုမှ မဟုတ် ရင် ခင်ဗျား ခြေထောက်ပိုနာမယ် မှတ်’
ရာ’
“မလုပ်ပါနဲ့ဗျာ ကြောက်ပါတယ် ညီမလေး
သူမက လက်သီးဖြင့် ချစ်ထွေးမျက်နှာကို
ရွယ်လို၏။
သူလည်း
နောက်ဆုတ်လိုက်သည်။
ခြေတစ်လှမ်း
“စကားမှားသွားလို့ပါ သားသားရာ’
ကိုလတ်က ဝင်ပါ၍ သူမကို စကားပြော လိုက်သည်။
“အစ်ကိုတို့က လူကောင်းတွေပါ ညီလေး ရယ်၊ ဒီရွာက ရန်နိုင်အိမ်ကို မေးချင်လို့ ညီ လေးဆီ ရောက်လာတာပါ။ သိရင် လမ်းညွှန် ပေးပါ့လား”
ဒီလမ်းတည့်တည့်သွား၊ ညာဘက်ကို ကွေ့
လိုက်၊ ဓာတ်စက်သံ ဓာတ်စက်သံ
အသုဘအိမ်ပဲ”
ကြားရတဲ့အိမ်က
“ဟုတ် ဟုတ်၊ ကျေးဇူး ညီလေး’
ကိုလတ်က ကျေးဇူးတင်စကား ပြောပြီး ဆိုင်ကယ်ရပ်ထားသောနေရာကို . ပြန်သွား
လေသည်။ ချစ်ထွေးက သူမကို စကားပြော ထားခဲ့လေသည်။
“အရမ်းလှတဲ့ မိန်းကလေး။ စိတ်ထားလှတဲ့ မိန်းကလေးလို့ ထင်နေတာ။ တကယ်တမ်း ကျတော့ ဘဲကွဲ စိတ်ပုပ်ကြီး’
ဘာ’
သူမက အသံအကျယ်ကြီး အော်ပြီး ခဲလုံး တစ်လုံး ကောက်ကာ ပစ်လိုက်၏။ မမှန်ခဲ့
ပေ။
‘ဒီလောက်နဲ့ တက်မလာနဲ့ တောက်ချ
လိုက်မယ်”
သူမမှာ မျက်နှာ စူပုတ်ပြီး ကျန်နေခဲ့လေ
သည်။ ချစ်ထွေးကလည်း ကိုလတ်ကိုအမီ ပြေးလိုက်လာ၏။
“သူ့ကိုသူများ သားသားတဲ့၊ ရုပ်ကြီးနဲ့
လိုက်’
နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။
မ
“ခုနက မင်းပဲ နှာထပြီး သူ့အနားကို သွား ချင်တာလေ။ အခုကျ ဘဲကွဲဖြစ်မှ ထပ်သွား လိုက်ပါဦး။ မင်းခြေထောက်တစ်ဖက် မနာ
သေးဘူး မဟုတ်လား”
ဆိုင်ကယ်ပေါ်တက်ပြီး
အသုဘအိမ်ကို
သွားကြလေ၏။ ညာဘက်အကွေ့ကို ကွေ့ပြီး
စက်သံကြားရသည့် အိမ်ရှေ့ကို ရောက်လာ
ကြသည်။ ထိုအိမ်ထဲမှ သူငယ်ချင်း ရန်နိုင်ကို
လှမ်းမြင်လိုက်သည်။ သူငယ်ချင်းကလည်း သူတို့ကိုမြင်ကာ သူ့အနား ရောက်လာပြီး-
“လာပါ့မလားဆိုပြီး မျှော်နေတာ၊ အဖော်
ကော ပါလာတာလား’
“ဟုတ်ပါ့ကွာ၊
ဒီကိုလာရမှာ
တစ်ယောက်တည်းမို့ သူငယ်ချင်းကို အဖော်
ခေါ်လာတာ’
ကိုလတ်တို့ကို အိမ်ပေါ် ခေါ်လာလေသည်။
ဘုရားခန်းရှေ့မှာ စောင်ဖြင့် ခြုံထားကာ
ကပိုကရိုဖြစ်နေသော လူသေကို တွေ့မြင်
လိုက်ရသည်။ အနားတွင် စိတ်ကျမှိုင်တွေ
လျက် ထိုင်နေသော အသက် ၅၀ လောက်ရှိ
မည့် မိန်းမကြီးတစ်ဦး။ ကျန်သည့်သူတွေက သူ၏ အမျိုးများပင်။ ချစ်ထွေးလည်း မနေ နိုင်၊ မထိုင်နိုင်ဖြင့် မျက်နှာအုပ်ထားသော စောင်ကို ဖယ်လိုက်ပြီး သေဆုံးသူမျက်နှာကို ကြည့်လိုက်မိသည်။ စိတ်ထဲမျာ မြင်ဖူးသလို ခံစားမိလေ၏။ အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံး၍ ညဘက်သို့ ရောက်ရှိလာသည်။
ဖဲဝိုင်းတွေမှာလည်း
လူတွေစီစဉ်နေလေ
သည်။ အသုဘအိမ်မှာ လူမဆံ့ဖြစ်နေလေ
သည်။ သေဆုံးသူ၏ ညီမဖြစ်သူ အသက် ၅၀
ရှိမည့် မိန်းမကြီးက ရန်နိုင်ကို ဖယောင်းတိုင်
နှင့် မီးခြစ် ကမ်းပေးလိုက်သည်။
“သားတို့ရေ ဒီဘက်က လူများပြီး အိပ်စရာ နေရာ မရှိဖြစ်နေလို့ ဟိုဘက်အိမ်မှာ သွား အိပ်လိုက်ပါနော်။ ခေါင်းအုံးတွေ အန်တီ လာ ပို့ပေးမယ်”
“ဟုတ် ဟုတ်’
သည်လိုနှင့် ဖယောင်းတိုင်မီး ထွန်းပြီး သုံး ယောက်သား ထွက်လာခဲ့ကြသည်။ ချစ်ထွေး က စိတ်ထဲ မသိုးမသန့် ဖြစ်လာခဲ့သည်။ အိမ် အပြင်ဘက်ကို ထွက်လာသည်နှင့် နောက်မှ တရှပ်ရှပ် ကြားလိုက်ရသည်။ “ဘာမှမဖြစ်ပါ ဘူးလေ’ ဟု စိတ်ထဲ တွေးလိုက်၏။ ကိုလတ် စကားစလိုက်သည်။
အဲဒီအိမ်က … မရောက်နိုင်သေးဘူးလား။ ဝေးလိုက်တာ”
“ရောက်တော့မှာပါကွာ။ သူ့အိမ်က လယ်ကွင်းထဲမှာ။ အဲဒီမှာ အိပ်ရမှာ”
တောမှာဆိုတော့ကား မီးအလင်းရောင်မရှိ။ သို့သော်ငြားလည်း လပြည့်ခါနီးရက်မို့ ရွှေလမင်းက အလင်းရောင် ရှိသလောက် ပေးစွမ်းထားလေသည်။
“ဪ မင်းတို့ကို မေးရဦးမယ်။ သရဲ
ကြောက်ကြဘူးမို့လား”
“ကြောက်စရာလားကွာ သရဲ။ သူခြောက် ရင် ကိုယ်လည်း ပြန်ခြောက်လိုက်မယ်’
ကိုလတ်လည်း ဖြေပြီးချိန် ချစ်ထွေးက စကားကြွယ်စွာ ပြောလိုက်သည်။
“သရဲကြောက်ဖို့
နေနေသာသာမသာ(၇)ရက်ဆို ကျွန်တော်တို့က (၈) ရက်ပဲ၊
ဖဲရိုက်ကြတာလေ”
အားရှိသော စကားတွေ ပြောကြပြီး သရဲမ ကြောက်တတ်သူ သုံးယောက်ဟု ဆိုရမည် ပင်။ စကားတပြောပြောနှင့် လျှောက်လာရာ
လယ်ကွင်းထဲက
အိမ်ကိုရောက်လာခဲ့ကြ
သည်။ ည ၈နာရီခွဲနေသောကြောင့် လူသူများ
ကင်းဝေးနေပြီး စိတ်ချောက်ချားစရာပင် ဖြစ်
နေလေသည်။ ခြင်ကလည်း သွေးစုပ်လို့
ယားယံနေသောကြောင့် ခြင်ထောင် ထောင်
လိုက်ကြသည်။ အိပ်တော့မည် ဖြစ်တော့
သောကြောင့်
ဖယောင်းတိုင်မီးမှုတ်ရန်
ဟန်ပြင်လိုက်ရာ
ခွေးအူသံများကလည်း
ကြားလာရသည်။ ကြောက်စိတ်မရှိကြ
သော်လည်း စိတ်ထဲမှာ စိုးရိမ်နေမိသည်မှာ
အမှန်ပင်။ သုံးယောက်သား အိပ်ရာဝင်လိုက်
ကြသည်။ မကြာခင်အချိန်မှာပင် ရေအိုးကျ
ကွဲသံများ ကြားရလေသည်။
“ဟေ့ကောင် ဘာသံကြီးလဲ”
ကိုလတ် မေးလိုက်ရာ
‘ကြောင်တွေနေမှာပါကွာ”ဟု ရန်နိုင်က
ဖြေလိုက်သည်။
တစ်ချိန်တည်းမှာပင်
သောက်ရေဖုံးက
စတီးမို့လားမသိ
အသံကျယ်စွာ
ထွက်ပေါ်လာသည်။
ထို့ကြောင့် တစ်စုံတစ်ဦး ရောက်နေသည်ဟု
ထင်လိုက်ကြသည်။
“အန်တီလားဗျ”
တစ်ဖက်မှာမူ ဘာအသံမှ ထွက်မလာ။ ခြေ
သံပြင်းပြင်း လျှောက်လာသည်ကို သိလိုက်ရ
သည်။
ချစ်ထွေးလည်း
မအိပ်ဘဲ
ငုတ်တုတ်ထိုင်လျက် ခြင်ထောင်ဘေးကလူ
ကို မြင်လိုက်ရသည်။
“ဟာ၊ သရဲ၊ ဟိုအိမ်က အဘိုးကြီး” သူ လည်း ပြောပြောဆိုဆိုဖြင့် အနားက စောင် ကို ဆွဲယူပြီး ခြုံလိုက်သည်။ စောင်ကတစ်
ထည်တည်းပင်။ ကျန်နှစ်ယောက်ကလည်း သရဲဆိုသည်နှင့် ချစ်ထွေးခြုံထားသည့်စောင့် ကို ဆွဲခြုံကြလေသည်။ စောင်ကသေးသေး
လေးကြောင့် ခြုံမလောက် ဖြစ်နေ၏။ ဟို
ဘက်ကဆွဲ၊ သည်ဘက်ကဆွဲဖြစ်နေလျက် မ
လုံတလုံ ခြုံထားရလေသည်။ သုံးယောက်
သား ခေါင်းချင်ဆိုင်ပြီး
“မြင်လိုက်ကြလား”
တိုးတိုးပြောလိုက်၏။ ခေါင်းလေးညိတ် လိုက်ကြသည်။
“ပြောတော့ မကြောက်ပါဘူးဆို၊ ပြော တော့ မသာ(၇)ရက်ဆို၊ မင်းက (၈)ရက်ဆို၊ အခု ဘယ်လိုဖြစ်ရတာလဲ’
ရန်နိုင်က မေးလိုက်သည်။
“အခု ကြောက်တယ်လို့’
တစ်ယောက်တစ်ပေါက် ပြောကြရင်း အိမ်
ရှေ့ကို အရှေ့အနောက် လျှောက်နေတဲ့ ခြေလှမ်းသံကလည်း ကြားနေရလေသည်။
နွေရာသီအချိန်
ဖြစ်နေသောကြောင့်
ပူလောင်အိုက်စက် နေလေသည်။ ခြေသံတွေ
ငြိမ်သွားပြီ ထင်လိုက်သည်။ စောင်ကို ခွာချ
လိုက်လေသည်။
သုံးယောက်စလုံး
ပြတင်းပေါက်မှ လာသောလေကို အဝရှူ
လိုက်ကြ၏။
“ဒီအိမ်က ဘယ်သူ့အိမ်တုံး”
ချစ်ထွေးက ရန်နိုင်ကို မေးလိုက်သည်။
“ဒီအိမ်က ဟိုအဘိုးကြီး လယ်ယာလုပ်ပြီး နားနေတဲ့အိမ်”
ချစ်ထွေးက ပါးစပ်အဟောင်းသား ဖြစ်
သွားလေသည်။ နေ့လယ်လောက်အချိန်က
မြင်ရသူကလည်း ဤအဘိုးကြီးပင်တည်း။
သရဲမကြောက်ကြသူများလည်း
ယခုအချိန်ကျမှ ကြောက်နေကြလေသည်။ ချစ်
ထွေးလည်း ဖယောင်းတိုင် မီးထွန်းပြီး အိုက် လွန်းသောကြောင့် ပြတင်းပေါက်အနားကို
မတ်တပ်ရပ်လိုက်သည်။
လရောင်ကို
မော့ကြည့်ပြီး မျက်လုံးစုံမှိတ်ကာ လေညင်း အရသာကို ခံယူလျက် ပါးစပ်ကနေ အဆုတ် အထိ ရှူသွင်းနေစဉ် မျက်လုံးဖွင့်ကြည့်လိုက် ရာ ရုတ်တရက် ပေါ်လာသည့် မျက်နှာဆိုး ကြီးမှာ အဘိုးကြီးပင်။
‘အမယ်လေး… သရဲ’စကားကို တုန်တုန်ယင်ယင် ထွက်လာပြီး ဒူးနှစ်ချောင်းတုန်လျက် ပုဆိုးကြားမှ ရှူးတွေ
ထွက်ကျလာသည်။
ကျန်နှစ်ယောက်မှာလည်း ခေါင်းမူးခြုံပြီး ဘုရားစာကို တောင် ရောက်၊ မြောက်ရောက် ရွတ်ဖတ်လေသည်။ အချိန်အတွင်းမှာ ရုတ်တရက် သရဲ
ခဏအဖိုးကြီး ပျောက်သွားလေသည်။ ကံကောင်း ခြင်းဟု ဆိုရပေမည်။ အန်တီကြီးရောက်လာ
ခဲ့သည်။
“သားတို့ရေ ခေါင်းအုံးတွေလာပို့တာ”
အန်တီကြီးကလည်းကမ်းပေးလိုက်သည်။
ခေါင်းအုံးတွေကို
သရဲခြောက်နေ
ကြောင်း ပြောမည်ပြုသော်လည်း အန်တီကြီး စကားကိုသာ လုပြောနေလေတော့သည်။ ထို့ကြောင့် မပြောလိုက်ရပေ။ အန်တီကြီးက လည်း သူတို့၏ ဘေးပတ်ဝန်းကျင်အနားမှာ ပဲ ခြင်ထောင် ထောင်လျက်အိပ်လေသည်။
သူတို့လည်း လူကြီးရှိသည်ဆိုတော့ကား
အားရှိသွားကြလေသည်။
ထိုအချိန်မှာပင်
ခြေသံတွေ တရှပ်ရှပ် ကြားရပြန်သည်။
တဖြည်းဖြည်း ခြေသံတွေက ပိုကျယ်လာခဲ့
သည်။ အန်တီကြီးက-
“ဟေ့ ကလေးတွေ အိပ်သင့်ပြီနော်”
တစ်ဖက်ကလည်း အသံတိုးတိုးဖြင့် ပြော
လိုက်လေ၏။
“ကျွန်တော်တို့ မဟုတ်ဘူးလို့ သရဲ၊ သရဲ” မျက်နှာမှာ ကြောက်ရွံ့နေသောကြောင့် ရှုံ့ ခွက်ပြီး ချစ်ထွေးက ပြောလိုက်၏။ တိုးတိုး လေး ပြောနေရသောကြောင့် အန်တီကြီး လည်း မကြားရပေ။ သို့သော် ခြေသံမှာ ပို ကျယ်လာခဲ့သည်။
“သားလေးတို့ အိပ်ကြတော့နော်၊ လျှောက် သွားမနေနဲ့”
“ကျွန်တော်တို့ မဟုတ်ပါဘူးဆိုမှ၊ အန်တီ့
ချစ်ထွေးတို့ ဘယ်လောက်ပဲပြောပြော အန်
နောက်မှာ ရပ်နေတယ်လို့”
တီက မကြားရပေ။ ထို့ကြောင့် ခြင်ထောင်
အပြင်ဘက်ကို ထွက်ပြီး ဓာတ်မီးထိုးကြည့်
လိုက်သည်။ ငုတ်တုတ်ကြီး ထိုင်နေသော
သူမ၏ အစ်ကိုပင်။
“အမယ်လေး… အစ်ကိုကြီးတော့’
အာမေဋိတ်သံ ထွက်လာပြီး ကြောက်စိတ်
မွှန်၍
ခြေလှမ်းကျဲကျဲဖြင့် ပြေးလေ
တော့သည်။
“အန်တီကြီးလည်း ပြေးပြီကွ၊ ငါတို့လည်း
ပြေးမှထင်တယ်”
ရန်နိုင်က
ပြောပြောဆိုဆိုနှင့်
ပြတင်းပေါက်ကနေ ခုန်ချပြေးလေသည်။ ကို
လတ်နှင့် ချစ်ထွေးလည်း ပြတင်းပေါက်က
ခုန်ချပြီး ပြေးလေတော့သည်။ ရှေ့ဆုံးက အန် တီကြီးမှာ ထဘီစွန်တောင်ဆွဲပြီး ပြေးနေလေ သည်။ နောက်ဆုံးက ပြေးလာသူမှာ ချစ်ထွေး ဖြစ်၏။ လယ်ကွင်းကိုဖြတ်ပြီး ပြေးနေစဉ် ချစ်ထွေးမှာ နောက်ကနေ ဆွဲထားသလိုဖြစ် ပြီး ပြေးမရပေ။
“ငါ့ကို ကယ်ပါဦး၊ နောက်ကနေ သရဲ ဆွဲထားလို့ ပြေးမရတော့ဘူး၊ ကိုလတ်ရေ ငါ့ ကို ကယ်ပါဦး’
ငယ်သံပါအောင် အော်ပြေလိုက်သည်။ကို လတ်လည်း နှောက်လှည့်ပြီး ချစ်ထွေးအနား က် ပြေးလာခဲ့သည်။
“သရဲ မဟုတ်ပါဘူးကွာ၊ ဝါးဒလက်နဲ့မင်း ပုဆိုး ငြိနေတာ”
“ဟင် ဟုတ်လား”
ကိုလတ်လည်း ငြိနေသော ပုဆိုးကို ဖြုတ်
ပေးလိုက်ပြီး နှစ်ယောက်သား ဆက်ပြေးကြ
သည်။
အခုပဲ ပြန်ကြရအောင်”
“ကိုလတ်ရေ ငါတော့ မနေရဲတော့ဘူး။
“အေးပါကွာ၊ ဆိုင်ကယ်ယူပြီး ပြန်ကြတာ
ပေါ့”
သရဲကြောက်နေသောကြောင့် ကြာကြာမ နေတော့ဘဲ ချက်ချင်း ပြန်လာခဲ့ကြသည်။ မနက်မိုးမလင်းခင် အိမ်ပြန်ရောက်ခဲ့လေသည်။ စိတ်တွေလည်း လေးလာခဲ့ပုံရပေ
သည်။
ချစ်ထွေးလည်း ကိုလတ်နှင့်အတူ ထိုင်ခုံ မှာ ဘေးချင်းယှဉ်လျက်ထိုင်ကာ
“ကိုလတ်ရာ ငါတော်တော် ကြောက်သွား တယ်။ ဒီတစ်ခါပဲ သရဲခြောက်လို့ ကြောက် တာ ရှိဖူးတယ်၊ အဲ့ရွာကတော့ ငါလုံးဝ မ သွားတော့ဘူး’
“အဘိုးကြီးက သေတာတောင် စွဲလမ်းနေ
လို့ အခုလို မကျွတ်တာ။ ငါလည်း အဲဒီရွာ မ
သွားတော့ဘူး’
‘ငါလည်း … မလိုက်တော့ဘူး၊
ပြန်တွေး
ကြည့်ရင် ကြောက်စရာမောင်းဘဲ ရယ်ချင်
စရာကြီးကွာ။ ငါဖြင့် သေးတောင် ပေါက်ချခဲ့
မိသေး။ အခုမှပဲ စိတ်ချလက်ချ အိပ်ရတော့
မယ်။ မင်းလည်း မိုးလင်းမှ အိမ်ပြန်လိုက်။
ဒီမှာ တစ်ညအိပ်လိုက်”
နှစ်ယောက်သားစိတ်ချလက်ချ
အေးအေးဆေးဆေး အိပ်စက်နိုင်တော့သည်။
သရဲမကြောက်တတ်သူနှစ်ယောက်
ဘာမျှမတွေးတော့ဘဲ မိုးလင်းသည်အထိ အိပ်စက် နေလေတော့သည်။
(၅) ရက်ခန့်ကြာသောအခါ သတင်းတစ်ခု ကြားလိုက်ရသည်။ ထိုသတင်းကို ရန်နိုင်ဆီ ကြားခဲ့ခြင်း ဖြစ်သည်။ အဘိုးကြီးကို အမျှ ဝေနေချိန် လူတစ်ယောက်ကို ဝင်ပူးခဲ့သည်
“ငါ့ကို သတ်ခဲ့သလို သူ့ကို အသေသတ်ပြီးမှ သာဓုခေါ်မယ်” ဟု ပြောခဲ့ခြင်းပင်။ ထိုအိမ်
ကြီးမှာလည်း မည်သူမှ မနေရဲတော့ပေ။
တရားလွန်ခြောက်လှန့်နေသောကြောင့်
အိမ်ကို ချိပ်ပိတ်ထားလိုက်ရလေသည်။ ကို
လတ်လည်း ဤသတင်းကိုပြောရန် ချစ်ထွေး
အိမ်ကို သွားလေသည်။
ဧကရီဖြိုး
Zawgyi Version
ခ်ိပ္ပိတ္လိုက္ရတဲ့ အိမ္ႀကီး(စ/ဆုံး)
——————————————-
ဆိုင္ကယ္ ေမာင္းႏွင္လာေသာ ကိုလတ္ သည္ ၿခံစည္း႐ိုးအေပါက္ဝသို႔ ေရာက္လာ သည္ႏွင့္ စက္ႏႈိးသံ ရပ္လိုက္၏။ ထိုအခ်ိန္ အိမ္ပတ္ဝန္းက်င္ကို ၾကည့္မိလိုက္ရာ ေရငင္ ေနေသာ သူငယ္ခ်င္းကို ျမင္လိုက္သည္။ “ခ်စ္ေထြး သူငယ္ခ်င္း’
မ
သီခ်င္း ညည္းေနေသာေၾကာင့္ ေခၚသံမွာ မၾကားတၾကားပင္ ျဖစ္ေနေလ၏။ စိတ္ထဲမွာ ေခၚသံၾကားလိုက္သည္ဟု ထင္မိ၍ ၿခံဝန္း
အျပင္ကို လွမ္းၾကည့္လိုက္မိသည္။
“ဟာ… ကိုယ့္ေကာင္ႀကီး ကိုလတ္ပါလား၊
လာေလကြာ’
ခ်စ္ေထြးလည္း
ေရပုံးကို ထားခဲ့ၿပီး
သူငယ္ခ်င္းကို အိမ္ထဲသို႔ ေခၚသြားေလသည္။
“ထိုင္ဦးကြာ၊ မင္းအတြက္ လက္ဖက္ရည္
ေဖ်ာ္လိုက္ဦးမယ္”
“ရပါတယ္ကြာ”
ကိုလတ္လည္း ေက်ာပိုးအိတ္ကို ေဘး
အနားက ခုံေပၚတြင္ တင္လိုက္၏။ စားပြဲခုံ ေပၚက သတင္းစာကို ေကာက္ဖတ္လိုက္ သည္။ ခ်စ္ေထြးက မီးဖိုေခ်ာင္ထဲကေန လက္ဖက္ရည္ေတြ၊ မုန႔္ေတါ ယူခ်လာ၏။
“ကိုယ့္ေကာင္ႀကီး စားဦးကြာ၊ ေရာက္တုံး
ေရာက္ခိုက္ ေအးေအးေဆးေဆး အနားယူ
ေပါ့ကြာ”
“အန္တီသန္းကို မေတြ႕ပါလား၊ ေနေကာင္း ရဲ႕လား’
“ေကာင္းတယ္ သူငယ္ခ်င္းေရ။ အေမက
တရားစခန္း ဝင္ေနေလတယ္’
“ဪ”
“ဒါနဲ႔ မင္းအလုပ္က အဆင္ေျပရဲ႕လား” “မဆိုးဘူးေျပာရမွာေပါ့ကြာ၊ အခုကေတာ့ ၁၀၉/၁၁၀ ပဲ ျဖစ္ေနတယ္။ မင္းက ငါ့ဆီကို
အလာထူးလို႔ပါလား’
“ေအးဟာ၊ ငါလည္း အလုပ္ကိစၥနဲ႔မို႔
ျဖစ္တာ”
မလာ
ကိုလတ္ဆိုသူမွာ တျခားသူမဟုတ္။ နယ္ ထိန္းရဲတစ္ေကာင္ပင္ ျဖစ္ေလသည္။
“မင္း အားလို႔ဆိုရင္ ငါ့ေနာက္ အေဖာ္မ လိုက္ေပးခ်င္ဘူးလား”
ခ်စ္ေထြးက ကိုလတ္စကားေၾကာင့္ ရယ္မိ
လိုက္သည္။
“ဟား… ဟား.. ဒီကိစၥဆိုရင္ မိန္းမကိစၥပဲ ျဖစ္မယ္”
“ဟာ မင္းကေတာ့ ေပါက္ကရ ေျပာေနျပန္ ၿပီ၊ အဲဒီလို မဟုတ္ရပါဘူးကြာ၊ မတ္ၾကပ္ႀကီး ေက်း႐ြာကို အမႈကိစၥ စစ္ေဆးစရာ ရွိလို႔သြား ရမွာ။ အေဖာ္မရွိလို႔ မင္းဆီေရာက္လာတာပဲ’ ‘အဲဒီလိုကိစၥ စိတ္ဝင္စားတယ္၊ ဘာအမႈ
ျဖစ္ၾကတာလဲ၊ လူသတ္မႈလား”
“ဟုတ္တယ္ကြ၊ လယ္ကန္သင္းမွာ တူဝရီး ႏွစ္ေယာက္ စကားမ်ား ရန္ျဖစ္ရင္း တူက ေပါက္စိန္နဲ႔ ဦးေလးကို ခုတ္သတ္ပစ္လိုက္ အဲဒီေနရာမွာတင္ ပြဲက်င္းၿပီးဆုံးတာပဲ။ တူကိုေတာ့ ဖမ္းထားတယ္။ က်န္တဲ့အမႈကိစၥ လုပ္ရဦးမွာ”
တာ၊
ခ်စ္ေထြးက ထိုစကားကို ၾကားရၿပီး တံ ေထြးတစ္ခ်က္ မ်ိဳခ်လိုက္ေပၿပီ။ ေၾကာက္
စရာေကာင္းေသာ ႐ြာငယ္ေလးဟု ထင္ျမင္မိ
လိုက္၏။
“ဒါဆိုေစာင့္ဦး၊ ေရခ်ိဳးလိုက္ဦးမယ္”
“လိုက္ခဲ့ေပးလို႔ ေက်းဇူးပဲ သူငယ္ခ်င္းရာ’
ခ်စ္ေထြးလည္း ေရကို အျမန္ခ်ိဳးၿပီး
အဝတ္အစား လဲလွယ္၍ အိမ္တံခါးမ်ား
ေသာ့ခတ္ခဲ့သည္။ ႏွစ္ေယာက္သား မတ္
ၾကပ္ႀကီးေက်း႐ြာသို႔ ဆိုင္ကယ္ျဖင့္ စီးႏွင္း
သြားေလၾကၿပီ။ ခ်စ္ေထြးမွာ ကို
လတ္၏ေနာက္မွ ထိုင္၍ လိုက္ပါလာ၏။ ခ်စ္
ေထြးက တစ္လမ္းလုံး ရႈခင္းလွေၾကာင္း၊
သာယာေအးခ်မ္းေၾကာင္း ေျပာလာ၏။ ထို
႐ြာအဝင္ကို ေရာက္လာၾကေပၿပီ။ စိမ္းစိုေန ေသာ လယ္ကြင္းျပင္ေတြ၊ သီးႏွံမ်ိဳးစုံ စိုက္ပ်ိဳး
ထားေသာ
စိတ္ပူပင္မႈတစ္ခုေလာက္
ေလ်ာ့က်သြားမည္မွာ အမွန္ပင္။ ထိုအခ်ိန္မွာ
ျမင္လိုက္ရသည့္ ျမင္ကြင္းက တမူထူးျခား
ေနျခင္းပင္။ ခ်စ္ေထြး လက္ညႇိဳးၫႊန္ၿပီး ေျပာ
လိုက္၏။
“ဟိုအိမ္ထဲက အဘိုးႀကီးကို ျမင္လိုက္လား”
ကိုလတ္သည္ ေရွ႕ဦးတည့္ရာ လမ္းကို
ၾကည့္ေနေသာေၾကာင့္ မျမင္လိုက္ရေပ။
“ဘယ္လိုျမင္မလဲကြာ၊ ငါက လက္ကိုင္ ထိန္းၿပီး ေမာင္းေနရတာ၊ မ်က္လုံး မကစား
ႏိုင္ဘူး။ ဘာျမင္လိုက္လို႔လဲ”
“အဘိုးႀကီးတစ္ေယာက္ကို ျမင္လိုက္လို႔’ “မင္းကေတာ့ ေျပာၿပီ၊ လယ္ကြင္းထဲေနမွ ေတာ့ လယ္ယာလုပ္ေနတာ ေနမွာေပါ့ဟ’ “မဟုတ္ဘူးကြ၊ ခဏေလးပဲ .. ျမင္လိုက္ရ တာ၊ ၿပီးေတာ့ ေပ်ာက္သြားတယ္။ ဘယ္ ေရာက္သြားတယ္ မသိဘူး။ မ်က္ႏွာေတာ့ ေသခ်ာမျမင္လိုက္မိဘူး”
“အျမင္မွားတာပဲ ေနမွာပါ ခ်စ္ေထြးရာ
ေပါက္ကရေတြ မေျပာစမ္းပါနဲ႔’
ခ်စ္ေထြးသည္လည္း စကားထပ္မေျပာဘဲ ႏႈတ္ဆိတ္ေနခဲ့ၿပီ။ လမ္းမသိျဖစ္ေနသူ ကို
လတ္မွာမူ
႐ြာအဝင္ထဲသို႔ ေရာက္လာခဲ့
သည္။ သူငယ္ခ်င္းအိမ္ကို မေရာက္ဖူးသျဖင့္
ျဖတ္သြားျဖတ္လာလူကို
ေမးရန္အတြက္
လည္း ဆိုင္ကယ္ရပ္လိုက္သည္။
“ဘာလို႔ ရပ္လိုက္တာလဲ’
‘လမ္းမသိေတာ့လို႔ေပါ့ကြာ’
ႏွစ္ေယာက္သား
ေဘးပတ္ဝန္းက်င္ကို
ၾကည့္လိုက္ရာ မိန္းကေလးတစ္ဦး စိုက္ခင္း ေတြ ေရေလာင္းေနသည္ကို ေတြ႕လိုက္ရ သည္။ ခ်စ္ေထြး မ်က္လုံးအေရာင္မ်ား လဲ့ လာေလၿပီ။
“ဟိုမိန္းကေလးကို ေမးရင္ ေကာင္းမယ္
ေနာ္”
အေဝးကေန ၾကည့္လွ်င္ ဆံပင္ကုတ္ေပၚမို႔
မိန္းကေလးမွန္း သိသာေနသည္။ ကိုလတ္က
သူငယ္ခ်င္းမ်က္ႏွာကို ၾကည့္လိုက္သည္။
ေခ်ာေမာလွပေသာ မိန္းကေလးျမင္တိုင္း
သေဘာက်လ်က္ ရွိေနသည္ဟု ေတြးမိ
လိုက္ကာ ေခါင္းခါမိလိုက္၏။
“မင္းအက်င့္ကို ငါ သိတယ္ေနာ္”
“ကိုလတ္ရာ တစ္ခါတေလပါ၊ ဒီ႐ြာမွာေန
တဲ့ မင္းသူငယ္ခ်င္းရဲ႕နာမည္က ရန္ႏိုင္ေနာ္”
“ဟုတ္တယ္ေလ”
‘ငါ့ေနာက္ကေနလိုက္ခဲ့၊ ဟိုမိန္းကေလးကို
သြားေမးမယ္”
ကိုလတ္လည္း ေနာက္ကေန အသာလိုက္ ခ်စ္ေထြးလည္း ထို
လာခဲ့ေလသည္။
မိန္းကေလးအနားကို ေရာက္လာ၏။ သူမ သည္ စိုက္ခင္းေရေလာင္းေနေသာေၾကာင့္ သူတို႔အနား ေရာက္လာသည္ကို မသိလိုက္
လို လုပ္လိုက္သည္။
“မဟုတ္ဘူး ညီေလးလို႔ ေခၚခ်င္လို႔ေခၚ၊ ဒါ မွမဟုတ္ သားသားလို႔ေခၚ၊ အဲ့လိုမွ မဟုတ္ ရင္ ခင္ဗ်ား ေျခေထာက္ပိုနာမယ္ မွတ္’
ရာ’
“မလုပ္ပါနဲ႔ဗ်ာ ေၾကာက္ပါတယ္ ညီမေလး
သူမက လက္သီးျဖင့္ ခ်စ္ေထြးမ်က္ႏွာကို
႐ြယ္လို၏။
သူလည္း
ေနာက္ဆုတ္လိုက္သည္။
ေျခတစ္လွမ္း
“စကားမွားသြားလို႔ပါ သားသားရာ’
ကိုလတ္က ဝင္ပါ၍ သူမကို စကားေျပာ လိုက္သည္။
“အစ္ကိုတို႔က လူေကာင္းေတြပါ ညီေလး ရယ္၊ ဒီ႐ြာက ရန္ႏိုင္အိမ္ကို ေမးခ်င္လို႔ ညီ ေလးဆီ ေရာက္လာတာပါ။ သိရင္ လမ္းၫႊန္ ေပးပါ့လား”
ဒီလမ္းတည့္တည့္သြား၊ ညာဘက္ကို ေကြ႕
လိုက္၊ ဓာတ္စက္သံ ဓာတ္စက္သံ
အသုဘအိမ္ပဲ”
ၾကားရတဲ့အိမ္က
“ဟုတ္ ဟုတ္၊ ေက်းဇူး ညီေလး’
ကိုလတ္က ေက်းဇူးတင္စကား ေျပာၿပီး ဆိုင္ကယ္ရပ္ထားေသာေနရာကို . ျပန္သြား
ေလသည္။ ခ်စ္ေထြးက သူမကို စကားေျပာ ထားခဲ့ေလသည္။
“အရမ္းလွတဲ့ မိန္းကေလး။ စိတ္ထားလွတဲ့ မိန္းကေလးလို႔ ထင္ေနတာ။ တကယ္တမ္း က်ေတာ့ ဘဲကြဲ စိတ္ပုပ္ႀကီး’
ဘာ’
သူမက အသံအက်ယ္ႀကီး ေအာ္ၿပီး ခဲလုံး တစ္လုံး ေကာက္ကာ ပစ္လိုက္၏။ မမွန္ခဲ့
ေပ။
‘ဒီေလာက္နဲ႔ တက္မလာနဲ႔ ေတာက္ခ်
လိုက္မယ္”
သူမမွာ မ်က္ႏွာ စူပုတ္ၿပီး က်န္ေနခဲ့ေလ
သည္။ ခ်စ္ေထြးကလည္း ကိုလတ္ကိုအမီ ေျပးလိုက္လာ၏။
“သူ႔ကိုသူမ်ား သားသားတဲ့၊ ႐ုပ္ႀကီးနဲ႔
လိုက္’
ႏွာေခါင္းရႈံ႕ၿပီး ေျပာလိုက္သည္။
မ
“ခုနက မင္းပဲ ႏွာထၿပီး သူ႔အနားကို သြား ခ်င္တာေလ။ အခုက် ဘဲကြဲျဖစ္မွ ထပ္သြား လိုက္ပါဦး။ မင္းေျခေထာက္တစ္ဖက္ မနာ
ေသးဘူး မဟုတ္လား”
ဆိုင္ကယ္ေပၚတက္ၿပီး
အသုဘအိမ္ကို
သြားၾကေလ၏။ ညာဘက္အေကြ႕ကို ေကြ႕ၿပီး
စက္သံၾကားရသည့္ အိမ္ေရွ႕ကို ေရာက္လာ
ၾကသည္။ ထိုအိမ္ထဲမွ သူငယ္ခ်င္း ရန္ႏိုင္ကို
လွမ္းျမင္လိုက္သည္။ သူငယ္ခ်င္းကလည္း သူတို႔ကိုျမင္ကာ သူ႔အနား ေရာက္လာၿပီး-
“လာပါ့မလားဆိုၿပီး ေမွ်ာ္ေနတာ၊ အေဖာ္
ေကာ ပါလာတာလား’
“ဟုတ္ပါ့ကြာ၊
ဒီကိုလာရမွာ
တစ္ေယာက္တည္းမို႔ သူငယ္ခ်င္းကို အေဖာ္
ေခၚလာတာ’
ကိုလတ္တို႔ကို အိမ္ေပၚ ေခၚလာေလသည္။
ဘုရားခန္းေရွ႕မွာ ေစာင္ျဖင့္ ၿခဳံထားကာ
ကပိုက႐ိုျဖစ္ေနေသာ လူေသကို ေတြ႕ျမင္
လိုက္ရသည္။ အနားတြင္ စိတ္က်မႈိင္ေတြ
လ်က္ ထိုင္ေနေသာ အသက္ ၅၀ ေလာက္ရွိ
မည့္ မိန္းမႀကီးတစ္ဦး။ က်န္သည့္သူေတြက သူ၏ အမ်ိဳးမ်ားပင္။ ခ်စ္ေထြးလည္း မေန ႏိုင္၊ မထိုင္ႏိုင္ျဖင့္ မ်က္ႏွာအုပ္ထားေသာ ေစာင္ကို ဖယ္လိုက္ၿပီး ေသဆုံးသူမ်က္ႏွာကို ၾကည့္လိုက္မိသည္။ စိတ္ထဲမ်ာ ျမင္ဖူးသလို ခံစားမိေလ၏။ အခ်ိန္ေတြ တျဖည္းျဖည္း ကုန္ဆုံး၍ ညဘက္သို႔ ေရာက္ရွိလာသည္။
ဖဲဝိုင္းေတြမွာလည္း
လူေတြစီစဥ္ေနေလ
သည္။ အသုဘအိမ္မွာ လူမဆံ့ျဖစ္ေနေလ
သည္။ ေသဆုံးသူ၏ ညီမျဖစ္သူ အသက္ ၅၀
ရွိမည့္ မိန္းမႀကီးက ရန္ႏိုင္ကို ဖေယာင္းတိုင္
ႏွင့္ မီးျခစ္ ကမ္းေပးလိုက္သည္။
“သားတို႔ေရ ဒီဘက္က လူမ်ားၿပီး အိပ္စရာ ေနရာ မရွိျဖစ္ေနလို႔ ဟိုဘက္အိမ္မွာ သြား အိပ္လိုက္ပါေနာ္။ ေခါင္းအုံးေတြ အန္တီ လာ ပို႔ေပးမယ္”
“ဟုတ္ ဟုတ္’
သည္လိုႏွင့္ ဖေယာင္းတိုင္မီး ထြန္းၿပီး သုံး ေယာက္သား ထြက္လာခဲ့ၾကသည္။ ခ်စ္ေထြး က စိတ္ထဲ မသိုးမသန႔္ ျဖစ္လာခဲ့သည္။ အိမ္ အျပင္ဘက္ကို ထြက္လာသည္ႏွင့္ ေနာက္မွ တရွပ္ရွပ္ ၾကားလိုက္ရသည္။ “ဘာမွမျဖစ္ပါ ဘူးေလ’ ဟု စိတ္ထဲ ေတြးလိုက္၏။ ကိုလတ္ စကားစလိုက္သည္။
အဲဒီအိမ္က … မေရာက္ႏိုင္ေသးဘူးလား။ ေဝးလိုက္တာ”
“ေရာက္ေတာ့မွာပါကြာ။ သူ႔အိမ္က လယ္ကြင္းထဲမွာ။ အဲဒီမွာ အိပ္ရမွာ”
ေတာမွာဆိုေတာ့ကား မီးအလင္းေရာင္မရွိ။ သို႔ေသာ္ျငားလည္း လျပည့္ခါနီးရက္မို႔ ေ႐ႊလမင္းက အလင္းေရာင္ ရွိသေလာက္ ေပးစြမ္းထားေလသည္။
“ဪ မင္းတို႔ကို ေမးရဦးမယ္။ သရဲ
ေၾကာက္ၾကဘူးမို႔လား”
“ေၾကာက္စရာလားကြာ သရဲ။ သူေျခာက္ ရင္ ကိုယ္လည္း ျပန္ေျခာက္လိုက္မယ္’
ကိုလတ္လည္း ေျဖၿပီးခ်ိန္ ခ်စ္ေထြးက စကားႂကြယ္စြာ ေျပာလိုက္သည္။
“သရဲေၾကာက္ဖို႔
ေနေနသာသာမသာ(၇)ရက္ဆို ကြၽန္ေတာ္တို႔က (၈) ရက္ပဲ၊
ဖဲ႐ိုက္ၾကတာေလ”
အားရွိေသာ စကားေတြ ေျပာၾကၿပီး သရဲမ ေၾကာက္တတ္သူ သုံးေယာက္ဟု ဆိုရမည္ ပင္။ စကားတေျပာေျပာႏွင့္ ေလွ်ာက္လာရာ
လယ္ကြင္းထဲက
အိမ္ကိုေရာက္လာခဲ့ၾက
သည္။ ည ၈နာရီခြဲေနေသာေၾကာင့္ လူသူမ်ား
ကင္းေဝးေနၿပီး စိတ္ေခ်ာက္ခ်ားစရာပင္ ျဖစ္
ေနေလသည္။ ျခင္ကလည္း ေသြးစုပ္လို႔
ယားယံေနေသာေၾကာင့္ ျခင္ေထာင္ ေထာင္
လိုက္ၾကသည္။ အိပ္ေတာ့မည္ ျဖစ္ေတာ့
ေသာေၾကာင့္
ဖေယာင္းတိုင္မီးမႈတ္ရန္
ဟန္ျပင္လိုက္ရာ
ေခြးအူသံမ်ားကလည္း
ၾကားလာရသည္။ ေၾကာက္စိတ္မရွိၾက
ေသာ္လည္း စိတ္ထဲမွာ စိုးရိမ္ေနမိသည္မွာ
အမွန္ပင္။ သုံးေယာက္သား အိပ္ရာဝင္လိုက္
ၾကသည္။ မၾကာခင္အခ်ိန္မွာပင္ ေရအိုးက်
ကြဲသံမ်ား ၾကားရေလသည္။
“ေဟ့ေကာင္ ဘာသံႀကီးလဲ”
ကိုလတ္ ေမးလိုက္ရာ
‘ေၾကာင္ေတြေနမွာပါကြာ”ဟု ရန္ႏိုင္က
ေျဖလိုက္သည္။
တစ္ခ်ိန္တည္းမွာပင္
ေသာက္ေရဖုံးက
စတီးမို႔လားမသိ
အသံက်ယ္စြာ
ထြက္ေပၚလာသည္။
ထို႔ေၾကာင့္ တစ္စုံတစ္ဦး ေရာက္ေနသည္ဟု
ထင္လိုက္ၾကသည္။
“အန္တီလားဗ်”
တစ္ဖက္မွာမူ ဘာအသံမွ ထြက္မလာ။ ေျခ
သံျပင္းျပင္း ေလွ်ာက္လာသည္ကို သိလိုက္ရ
သည္။
ခ်စ္ေထြးလည္း
မအိပ္ဘဲ
ငုတ္တုတ္ထိုင္လ်က္ ျခင္ေထာင္ေဘးကလူ
ကို ျမင္လိုက္ရသည္။
“ဟာ၊ သရဲ၊ ဟိုအိမ္က အဘိုးႀကီး” သူ လည္း ေျပာေျပာဆိုဆိုျဖင့္ အနားက ေစာင္ ကို ဆြဲယူၿပီး ၿခဳံလိုက္သည္။ ေစာင္ကတစ္
ထည္တည္းပင္။ က်န္ႏွစ္ေယာက္ကလည္း သရဲဆိုသည္ႏွင့္ ခ်စ္ေထြးၿခဳံထားသည့္ေစာင့္ ကို ဆြဲၿခဳံၾကေလသည္။ ေစာင္ကေသးေသး
ေလးေၾကာင့္ ၿခဳံမေလာက္ ျဖစ္ေန၏။ ဟို
ဘက္ကဆြဲ၊ သည္ဘက္ကဆြဲျဖစ္ေနလ်က္ မ
လုံတလုံ ၿခဳံထားရေလသည္။ သုံးေယာက္
သား ေခါင္းခ်င္ဆိုင္ၿပီး
“ျမင္လိုက္ၾကလား”
တိုးတိုးေျပာလိုက္၏။ ေခါင္းေလးညိတ္ လိုက္ၾကသည္။
“ေျပာေတာ့ မေၾကာက္ပါဘူးဆို၊ ေျပာ ေတာ့ မသာ(၇)ရက္ဆို၊ မင္းက (၈)ရက္ဆို၊ အခု ဘယ္လိုျဖစ္ရတာလဲ’
ရန္ႏိုင္က ေမးလိုက္သည္။
“အခု ေၾကာက္တယ္လို႔’
တစ္ေယာက္တစ္ေပါက္ ေျပာၾကရင္း အိမ္
ေရွ႕ကို အေရွ႕အေနာက္ ေလွ်ာက္ေနတဲ့ ေျခလွမ္းသံကလည္း ၾကားေနရေလသည္။
ေႏြရာသီအခ်ိန္
ျဖစ္ေနေသာေၾကာင့္
ပူေလာင္အိုက္စက္ ေနေလသည္။ ေျခသံေတြ
ၿငိမ္သြားၿပီ ထင္လိုက္သည္။ ေစာင္ကို ခြာခ်
လိုက္ေလသည္။
သုံးေယာက္စလုံး
ျပတင္းေပါက္မွ လာေသာေလကို အဝရႉ
လိုက္ၾက၏။
“ဒီအိမ္က ဘယ္သူ႔အိမ္တုံး”
ခ်စ္ေထြးက ရန္ႏိုင္ကို ေမးလိုက္သည္။
“ဒီအိမ္က ဟိုအဘိုးႀကီး လယ္ယာလုပ္ၿပီး နားေနတဲ့အိမ္”
ခ်စ္ေထြးက ပါးစပ္အေဟာင္းသား ျဖစ္
သြားေလသည္။ ေန႔လယ္ေလာက္အခ်ိန္က
ျမင္ရသူကလည္း ဤအဘိုးႀကီးပင္တည္း။
သရဲမေၾကာက္ၾကသူမ်ားလည္း
ယခုအခ်ိန္က်မွ ေၾကာက္ေနၾကေလသည္။ ခ်စ္
ေထြးလည္း ဖေယာင္းတိုင္ မီးထြန္းၿပီး အိုက္ လြန္းေသာေၾကာင့္ ျပတင္းေပါက္အနားကို
မတ္တပ္ရပ္လိုက္သည္။
လေရာင္ကို
ေမာ့ၾကည့္ၿပီး မ်က္လုံးစုံမွိတ္ကာ ေလညင္း အရသာကို ခံယူလ်က္ ပါးစပ္ကေန အဆုတ္ အထိ ရႉသြင္းေနစဥ္ မ်က္လုံးဖြင့္ၾကည့္လိုက္ ရာ ႐ုတ္တရက္ ေပၚလာသည့္ မ်က္ႏွာဆိုး ႀကီးမွာ အဘိုးႀကီးပင္။
‘အမယ္ေလး… သရဲ’စကားကို တုန္တုန္ယင္ယင္ ထြက္လာၿပီး ဒူးႏွစ္ေခ်ာင္းတုန္လ်က္ ပုဆိုးၾကားမွ ရႉးေတြ
ထြက္က်လာသည္။
က်န္ႏွစ္ေယာက္မွာလည္း ေခါင္းမူးၿခဳံၿပီး ဘုရားစာကို ေတာင္ ေရာက္၊ ေျမာက္ေရာက္ ႐ြတ္ဖတ္ေလသည္။ အခ်ိန္အတြင္းမွာ ႐ုတ္တရက္ သရဲ
ခဏအဖိုးႀကီး ေပ်ာက္သြားေလသည္။ ကံေကာင္း ျခင္းဟု ဆိုရေပမည္။ အန္တီႀကီးေရာက္လာ
ခဲ့သည္။
“သားတို႔ေရ ေခါင္းအုံးေတြလာပို႔တာ”
အန္တီႀကီးကလည္းကမ္းေပးလိုက္သည္။
ေခါင္းအုံးေတြကို
သရဲေျခာက္ေန
ေၾကာင္း ေျပာမည္ျပဳေသာ္လည္း အန္တီႀကီး စကားကိုသာ လုေျပာေနေလေတာ့သည္။ ထို႔ေၾကာင့္ မေျပာလိုက္ရေပ။ အန္တီႀကီးက လည္း သူတို႔၏ ေဘးပတ္ဝန္းက်င္အနားမွာ ပဲ ျခင္ေထာင္ ေထာင္လ်က္အိပ္ေလသည္။
သူတို႔လည္း လူႀကီးရွိသည္ဆိုေတာ့ကား
အားရွိသြားၾကေလသည္။
ထိုအခ်ိန္မွာပင္
ေျခသံေတြ တရွပ္ရွပ္ ၾကားရျပန္သည္။
တျဖည္းျဖည္း ေျခသံေတြက ပိုက်ယ္လာခဲ့
သည္။ အန္တီႀကီးက-
“ေဟ့ ကေလးေတြ အိပ္သင့္ၿပီေနာ္”
တစ္ဖက္ကလည္း အသံတိုးတိုးျဖင့္ ေျပာ
လိုက္ေလ၏။
“ကြၽန္ေတာ္တို႔ မဟုတ္ဘူးလို႔ သရဲ၊ သရဲ” မ်က္ႏွာမွာ ေၾကာက္႐ြံ႕ေနေသာေၾကာင့္ ရႈံ႕ ခြက္ၿပီး ခ်စ္ေထြးက ေျပာလိုက္၏။ တိုးတိုး ေလး ေျပာေနရေသာေၾကာင့္ အန္တီႀကီး လည္း မၾကားရေပ။ သို႔ေသာ္ ေျခသံမွာ ပို က်ယ္လာခဲ့သည္။
“သားေလးတို႔ အိပ္ၾကေတာ့ေနာ္၊ ေလွ်ာက္ သြားမေနနဲ႔”
“ကြၽန္ေတာ္တို႔ မဟုတ္ပါဘူးဆိုမွ၊ အန္တီ့
ခ်စ္ေထြးတို႔ ဘယ္ေလာက္ပဲေျပာေျပာ အန္
ေနာက္မွာ ရပ္ေနတယ္လို႔”
တီက မၾကားရေပ။ ထို႔ေၾကာင့္ ျခင္ေထာင္
အျပင္ဘက္ကို ထြက္ၿပီး ဓာတ္မီးထိုးၾကည့္
လိုက္သည္။ ငုတ္တုတ္ႀကီး ထိုင္ေနေသာ
သူမ၏ အစ္ကိုပင္။
“အမယ္ေလး… အစ္ကိုႀကီးေတာ့’
အာေမဋိတ္သံ ထြက္လာၿပီး ေၾကာက္စိတ္
မႊန္၍
ေျခလွမ္းက်ဲက်ဲျဖင့္ ေျပးေလ
ေတာ့သည္။
“အန္တီႀကီးလည္း ေျပးၿပီကြ၊ ငါတို႔လည္း
ေျပးမွထင္တယ္”
ရန္ႏိုင္က
ေျပာေျပာဆိုဆိုႏွင့္
ျပတင္းေပါက္ကေန ခုန္ခ်ေျပးေလသည္။ ကို
လတ္ႏွင့္ ခ်စ္ေထြးလည္း ျပတင္းေပါက္က
ခုန္ခ်ၿပီး ေျပးေလေတာ့သည္။ ေရွ႕ဆုံးက အန္ တီႀကီးမွာ ထဘီစြန္ေတာင္ဆြဲၿပီး ေျပးေနေလ သည္။ ေနာက္ဆုံးက ေျပးလာသူမွာ ခ်စ္ေထြး ျဖစ္၏။ လယ္ကြင္းကိုျဖတ္ၿပီး ေျပးေနစဥ္ ခ်စ္ေထြးမွာ ေနာက္ကေန ဆြဲထားသလိုျဖစ္ ၿပီး ေျပးမရေပ။
“ငါ့ကို ကယ္ပါဦး၊ ေနာက္ကေန သရဲ ဆြဲထားလို႔ ေျပးမရေတာ့ဘူး၊ ကိုလတ္ေရ ငါ့ ကို ကယ္ပါဦး’
ငယ္သံပါေအာင္ ေအာ္ေျပလိုက္သည္။ကို လတ္လည္း ေႏွာက္လွည့္ၿပီး ခ်စ္ေထြးအနား က္ ေျပးလာခဲ့သည္။
“သရဲ မဟုတ္ပါဘူးကြာ၊ ဝါးဒလက္နဲ႔မင္း ပုဆိုး ၿငိေနတာ”
“ဟင္ ဟုတ္လား”
ကိုလတ္လည္း ၿငိေနေသာ ပုဆိုးကို ျဖဳတ္
ေပးလိုက္ၿပီး ႏွစ္ေယာက္သား ဆက္ေျပးၾက
သည္။
အခုပဲ ျပန္ၾကရေအာင္”
“ကိုလတ္ေရ ငါေတာ့ မေနရဲေတာ့ဘူး။
“ေအးပါကြာ၊ ဆိုင္ကယ္ယူၿပီး ျပန္ၾကတာ
ေပါ့”
သရဲေၾကာက္ေနေသာေၾကာင့္ ၾကာၾကာမ ေနေတာ့ဘဲ ခ်က္ခ်င္း ျပန္လာခဲ့ၾကသည္။ မနက္မိုးမလင္းခင္ အိမ္ျပန္ေရာက္ခဲ့ေလသည္။ စိတ္ေတြလည္း ေလးလာခဲ့ပုံရေပ
သည္။
ခ်စ္ေထြးလည္း ကိုလတ္ႏွင့္အတူ ထိုင္ခုံ မွာ ေဘးခ်င္းယွဥ္လ်က္ထိုင္ကာ
“ကိုလတ္ရာ ငါေတာ္ေတာ္ ေၾကာက္သြား တယ္။ ဒီတစ္ခါပဲ သရဲေျခာက္လို႔ ေၾကာက္ တာ ရွိဖူးတယ္၊ အဲ့႐ြာကေတာ့ ငါလုံးဝ မ သြားေတာ့ဘူး’
“အဘိုးႀကီးက ေသတာေတာင္ စြဲလမ္းေန
လို႔ အခုလို မကြၽတ္တာ။ ငါလည္း အဲဒီ႐ြာ မ
သြားေတာ့ဘူး’
‘ငါလည္း … မလိုက္ေတာ့ဘူး၊
ျပန္ေတြး
ၾကည့္ရင္ ေၾကာက္စရာေမာင္းဘဲ ရယ္ခ်င္
စရာႀကီးကြာ။ ငါျဖင့္ ေသးေတာင္ ေပါက္ခ်ခဲ့
မိေသး။ အခုမွပဲ စိတ္ခ်လက္ခ် အိပ္ရေတာ့
မယ္။ မင္းလည္း မိုးလင္းမွ အိမ္ျပန္လိုက္။
ဒီမွာ တစ္ညအိပ္လိုက္”
ႏွစ္ေယာက္သားစိတ္ခ်လက္ခ်
ေအးေအးေဆးေဆး အိပ္စက္ႏိုင္ေတာ့သည္။
သရဲမေၾကာက္တတ္သူႏွစ္ေယာက္
ဘာမွ်မေတြးေတာ့ဘဲ မိုးလင္းသည္အထိ အိပ္စက္ ေနေလေတာ့သည္။
(၅) ရက္ခန႔္ၾကာေသာအခါ သတင္းတစ္ခု ၾကားလိုက္ရသည္။ ထိုသတင္းကို ရန္ႏိုင္ဆီ ၾကားခဲ့ျခင္း ျဖစ္သည္။ အဘိုးႀကီးကို အမွ် ေဝေနခ်ိန္ လူတစ္ေယာက္ကို ဝင္ပူးခဲ့သည္
“ငါ့ကို သတ္ခဲ့သလို သူ႔ကို အေသသတ္ၿပီးမွ သာဓုေခၚမယ္” ဟု ေျပာခဲ့ျခင္းပင္။ ထိုအိမ္
ႀကီးမွာလည္း မည္သူမွ မေနရဲေတာ့ေပ။
တရားလြန္ေျခာက္လွန႔္ေနေသာေၾကာင့္
အိမ္ကို ခ်ိပ္ပိတ္ထားလိုက္ရေလသည္။ ကို
လတ္လည္း ဤသတင္းကိုေျပာရန္ ခ်စ္ေထြး
အိမ္ကို သြားေလသည္။
ဧကရီၿဖိဳး