Unicode Version
” ချောက်ချားဖွယ်အော်သံကြီး “(စ/ဆုံး)
————————————–
“အား…”
အသံနက်ကြီးဖြင့်အော်လိုက်သော
မိန်းမတစ်ယောက်၏အသံ၊
ပြင်းထန်သော နာကျင်မှုကြောင့်
စူးစူးရှရှဖျစ်ညှစ်အော်လိုက်သောအသံ။
“ဘာကွ “ အံ့ပါရဲ့ကွာ။ ဒီလောက်
ကျယ်တဲ့ အော်သံကို မင်း မကြားလိုက်
ဘူး – ဟုတ်လား။ မင်း – နားပဲပင်းနေတာလားကွာ”
“မဟုတ်တာဘဲ – ယောက်ျားရယ်၊
ရှင် – အိပ်မက်ဆိုးတွေ မက်နေတာများ
လား။ ကျွန်မဖြင့် ဘာအော်သံမှ မကြား
တာအမှန်ပါပဲ။ ကိုညွန့်မောင်ရယ်”
ထိုအတွက် ဒေါသထွက်လာရသူမှာ ဦးညွန့်မောင်။
ဤမျှကျယ်လောင်စူးရှသောအော်
သံကို မကြားကြဘူးတဲ့။ ဦးညွန့်မောင်
ကတော့ ဒီလိုအော်သံကို ကြားခဲ့ရသည်
မှာ သုံးညတိုင်တိုင်ရှိခဲ့ပြီ။ အတိအကျ
ပြောရရင် ညဆယ့်နှစ်နာရီထိုးပြီးသည်
နှင့် မိန်းမကြီးတစ်ယောက်၏ မချိမဆန့်
အော်ဟစ်သံကို ကြားနေရစမြဲ။
“ဒါ အိပ်မက်မဟုတ်ဘူး ဝင်းရွှေ၊ ငါ
အိပ်မပျော်သေးတာအမှန်ပဲ၊ ဒီအော်သံ
ကိုငါ့နားနဲ့ဆတ်ဆတ်ကြားလိုက်ရတယ်
မိန်းမရာ။ တစ်ရက်တည်း မဟုတ်ဘူး။
သုံးည- သုံးညတိုင်တိုင်ကြားတာဟေ့”
ဦးညွန့်မောင်တို့ မိသားစု ဤအိမ်သုံးရက်
ကြီးသို့ပြောင်းရွှေ့လာခဲ့သည်မှာ
သာရှိသေးသည်။ စိုက်ပျိုးရေးဝါသနာ
ထုံလှသော ဦးညွန့်မောင်အတွက် ဤ
ဝယ်ဖြစ်ခဲ့ခြင်း ဖြစ်သည်။
ခြံကျယ်ကြီးသည်အကိုက်ညီဆုံးဖြစ်၏။
ဈေးကလည်း ချိုနေ၍ ဤအိမ်နှင့်ခြံကို
သို့သော်-ဤအိမ်ကြီးကို ရောက်
သည့်နေ့မှစ၍ ပြဿနာတစ်ခုနှင့် ကြုံ
လိုက်ရသည်။ ပြဿနာက အခြား
မဟုတ်။ ညဆယ့်နှစ်နာရီထိုးတိုင် မိန်းမ
တစ်ယောက်၏ ချောက်ချားဖွယ်အော်
သံကြီးကို ကြားနေရခြင်း ဖြစ်သည်။
ခက်တာက ထိုအသံကို ဦးညွန့်
မောင်သာ ကြားနေရသည်။ အိမ်သား
တစ်ယောက်မှမကြားကြ။ထိုအချက်မှာ
ထူးဆန်းလှသလိုစိတ်ဝင်စားဖွယ်လည်း
ကောင်းနေ၏။ခြံစောင့်ကြီး ဦးမောင်ကိုကတော့
လူကြီးပီပီ တွေးတွေးဆဆဖြင့် အခုလိုရှင်းပြ၏။
“ဒီလိုရှိတယ်ဆရာ- အော်သံကို
ဆရာတစ်ယောက်ပဲ ကြားတယ်။ ကျွန်
တော်တို့ တစ်ယောက်မှ မကြားရဘူးဆို
တော့ စဉ်းစားစရာပဲ ဆရာ။ ကျွန်တော့်
တွေများပြီးကယောင်ကတမ်းကြားတာ
အထင်တော့ ဆရာအိပ်ရေးပျက်တာ
လား။ ဒါမှမဟုတ်- ခြောက်အိပ်မက်တွေ
မက်နေတာလား”
“မဟုတ်ဘူးဗျာ – ကိုမောင်ကိုပြော
တာတစ်ခုမှ မဟုတ်ဘူး”
“ဒါဆိုမိငယ်တစ်ယောက်အိပ်မက်
မက်ပြီး ထအော်တာများလား – ဆရာ”
မိငယ်မှာ အသက်တစ်ဆယ့်ခြောက်နှစ်
အရွယ် အိမ်ဖော်ကောင်မလေးဖြစ်သည်။
“မဟုတ်ဘူး – ဒါလည်းမဟုတ်ဘူး။
မိငယ်ကအောက်ထပ်မှာ အိပ်တာ၊ အခု
ကြားရတာက အပေါ်ထပ်စတိုခန်းနေရာ
လောက်က၊ ပြီးတော့ – အသံက မိငယ်
တို့အရွယ် မဟုတ်ဘူး။ မိန်းမကြီးတစ်
ယောက်ရဲ့ အသံဗျ၊ အသက်ငါးဆယ်
လောက်ရှိမယ့် မိန်းမကြီးရဲ့အော်သံ”
“ဒါဆိုရှင်ရယ် စတိုခန်းကိုဖွင့်ကြည့်ကြတာပေါ့”
အားလုံးကစတိုခန်းကိုရင်တထိတ်
ထိတ်ဖြင့် ဖွင့်ကြည့်ကြသည်။ အထွေ
အထူး ဘာမှမတွေ့ရ၊ ထူးခြားမှုလည်း
မရှိ။ ထို့ကြောင့် ပဟေဠိဆန်သော ထို
ဖြစ်ရပ်က ပို၍နက်ရှိုင်းလာပါတော့သည်။
သို့သော် – ထိုကိစ္စသည် ထိုမျှနှင့်မပြီးသွားခဲ့။
ရက်ဆက်ဆိုသလို ဖြစ်လာ၏။
တစ်အိမ်သားလုံး ခေါင်းခြောက်ကြရ
တော့သည်၊ ညဆယ့်နှစ်နာရီအထိ
ဘယ်သူမှမအိပ်ဘဲ စောင့်ကြည့်ကြ
သည်။ ဘာသံမှ မကြားရ။
သို့သော်-ဦးညွန့်မောင်ကတော့
စူးစူးဝါးဝါးအော်သံကြီးကို ကြားနေရပြဲပင်း
“အား ..“
“ဟော- ကြားလား၊ ကြားကြလား။
မကောင်းဆိုးဝါး အော်သံကြီး”
“မကြားဘဲ မကြားပါလား ဆရာရဲ့”
“ဟုတ်ပါတယ်ရှင် – ရှင့်စိတ်ကဖြစ်
နေတာနေမှာပါ။ ဘာအော်သံမှ မကြား
ကြပါဘူး။ စိတ်ငြိမ်ငြိမ်ထားပါ – ကိုညွန့်
မောင်။တောင်တောင်အီအီတွေလျှောက်
မတွေးပါနဲ့ရှင်”
“ခက်လိုက်တာကွာ- သိပ်ခက်တာ
ပဲ။ ဟင်း- မင်းတို့က ဒီလိုပြောတော့
ငါက အရူးကြီးလုံးလုံး ဖြစ်ရော။ ဒီ
လောက်အော်သံနက်ကြီးကို မကြားကြ
ဘူးတဲ့။ အံ့ရော … အံ့ရော” ဦးညွန့်မောင်
အဖြစ်က အများနဲ့ တစ်ယောက်ဆိုတော့
ပြောရလည်း အခက်သား။ ကြားတဲ့လူက
ကြားရပြီးမကြားတဲ့လူက လုံးဝမကြား
ရတာကိုကလက်မခံချင်စရာ။
ဇနီးဖြစ်သူဒေါ်ဝင်းရွှေကတော့ အိမ်
နီးနားချင်းတွေကို စုံစမ်းကြည့်သည်။
“အိမ်ပိုင်ရှင်လင်မယားနှစ်ယောက်
စလုံးအဲဒီစတိုခန်းထဲမှာ သေခဲ့ကြတယ်
လေ။ လင်လုပ်သူက နေ့တိုင်းမူးပြီး ပြန်
လာ၊ ပြီးရင် – မယားကို ရန်လုပ်၊ အကြီး
အကျယ် ရန်ဖြစ်နေကြပဲ။ နေ့တိုင်းဒီလို
ပဲ။ ကျွန်မတို့တော့ ရိုးနေပြီ။ ထွက်လည်း
မကြည့်တော့ဘူး။ ဝင်လည်း မပါတော့
ဘူး။ အဲ-ဒီညကတော့အတော်ကြမ်းကြ
တယ်။ ဝုန်း – ဒိုင်းနဲ့ ထုရိုက်ကြ၊ ပန်းကန်
တွေပစ်ခွဲကြနဲ့ ဆူညံနေတာပဲ။ ညဆယ့်
နှစ်နာရီ ထိုးခါနီးပြီပေါ့။ နောက်တော့
အသံတွေ တိတ်သွားကြတယ်။ မနက်
ကျမှ အဝတ်လျှော်တဲ့ ကောင်မလေး
ရောက်လာပြီးအော်တော့မှ အိမ်နီးချင်း
တွေ သွားကြည့်ကြတာ၊ မိန်းမက
လည်ပင်းညှစ်သတ်ခံရပြီး သေနေတာ၊
ယောက်ျားကလည်းရင်ဝမှာ ဓားစိုက်
လို့။ သွေးတွေဆို အိုင်ထွန်းနေတာပဲ”
“ဘယ်မှာ သေနေကြတာလည်းရှင်”
“အပေါ်ထပ်က စတိုခန်းအဝမှာပေါ့”
“ဒါတွေ ဘယ်လောက်ကြာပြီလဲဟင်”
“အင်း – အလွန်ဆုံးရှိမှတစ်နှစ်ပေါ့။
ဒီအိမ်ကြီးကို ဒီအတိုင်း ပိတ်ထားတာ
လေ။ သူတို့အမျိုးတွေက ဒီအိမ်နဲ့ ခြံကို
ရောင်းနေတာကြာပြီ။ ရောင်းမထွက်
ဘူး။အခု-အစ်မကြီးနဲ့ကျမှရောင်းထွက်သွားတာပဲ”
“ကျွန်မတို့ကလည်း ဈေးချိုချိုနဲ့
ရလို့ အိမ်အဟောင်းကိုရောင်းပြီး ဒီခြံကို
ဝယ်လိုက်တာပါ။ ဒါနဲ့ အခြောက်အလှန့်
တွေကော ကြားလား”
“ဘယ်သူမှ မနေတော့ ဒါမျိုးတော့
မကြားမိပါဘူး။ ဒါပေမဲ့ – တစ်ခါတစ်ခါ
ဝုန်းဒိုင်းအသံတွေတော့ ကြားတယ်။
ဘာမှန်းတော့ မသိဘူးပေါ့နော်”
“နို့ – နေပါဦးရှင် အော်သံတွေ ဘာ
တွေကော ကြားရလားရှင်”
“အော်သံ – ဟုတ်လား၊ ဘယ်လို
အော်သံလဲ- အစ်မ”
“ေဩာ် – ဒီလို ပါ။ မိန်းမတစ်
ယောက်ရဲ့အော်သံမျိုးပေါ့”
“ဟင့်အင်း- မကြားမိပါဘူး”
“ဒါနဲ့ – အဲဒီလင်မယားက ဘယ်
အရွယ်လောက် ရှိကြလဲဟင်”
“အလွန်ဆုံးရှိလှ သုံးဆယ်ပေါ့။ ငယ်ကြပါသေးတယ်”
“ကျေးဇူးပါပဲရှင်”
ပတ်ဝန်းကျင်မှ စုံစမ်းရသမျှ ဤမျှသာဖြစ်၏။
ဦးညွန့်မောင်၏ ဖြစ်စဉ်နှင့် ပတ်
သက်၍ ဆရာဝန်နှင့် ပြကြည့်သည်။
ဆရာဝန်ကတော့ သိပ္ပံအယူဝါဒ
အကိုး အကားဖြင့် ရှင်းပြ၏။
“ဒါ- စိတ်ရောဂါ တစ်မျိုးပါ။ ဟစ်
စတီးရီးယားလို့ခေါ်တဲ့ စိတ်ကျရောဂါ
တစ်မျိုးပေါ့ အစ်မ။ ဒီရောဂါက အလွန်
သိမ်မွေ့တယ်။ အမြဲတမ်း ဖြစ်နေတာမျိုး
မဟုတ်ဘူး။ သူ့အချိန်နဲ့သူပုံမှန်ဖြစ်တတ်
တယ်။ ထင်ယောင်ထင်မှားနဲ့ မရှိတာကို
အရှိထင်၊ ရှိတာကို မရှိ ထင်တာမျိုးပေါ့။
သိစိတ်နဲ့ မသိစိတ်တို့ ပဋိပက္ခဖြစ်နေတဲ့
သဘောပဲ။ အရေးကြီးဆုံးက ကောင်း
ကောင်း အနားယူဖို့ပဲ”
“ဟုတ်ကဲ့ – ဒေါက်တာ၊ သူက ည
ဘက်ဆို အိပ်မပျော်ဘူး ရှင့်”
“အဲဒါပိုဆိုးတာပေါ့ဗျာ၊ကဲပါလေ-
ကျွန်တော် ဆေးတွေပေးလိုက်မယ်။
တစ်ပတ်စာယူသွား။ အိပ်ဆေးတွေ
လည်း ပါတယ်။ ဒီအတောအတွင်းမှာ
တော့ ကောင်းကောင်းအနားယူဖို့
လို တယ်။ ဟုတ်ပြီလား”
“ကျေးဇူးပါပဲ- ဒေါက်တာ”
ဆရာဝန်ဆီကဆေးတွေတော့ရပါ
ရဲ့၊ သို့သော်-လူ့ဂွစာကြီး ဦးညွန့်မောင်
ကို ဆေးတိုက်ဖို့ကမလွယ် အိပ်ဆေးကို
တော့ နွားနို့ခွက်ထဲ ထည့်တိုက်နိုင်ခဲ့၍
ထိုညမှာတော့ ဘာသံမှမကြားရ၊ ဘာမှမဖြစ်ခဲ့။
သို့သော်-နောက်နေ့တွေမှာတော့
အိပ်ဆေးထည့်ရန်ပင် အခွင့်မသာခဲ့။
ဦးညွန့်မောင်က လူပါးလူနပ်ဖြစ်၏။
နွား နို့ခွက်ကို ကိုယ်တိုင်ထည့်သောက်နေ၏။
“အိုး – ကိုညွန့်မောင်ကလည်း ခက်
တာပဲတော်။ နားနားနေနေ နေပါဆို။
ဒီက လုပ်ပေးမှာပါ။ ဒါမှမဟုတ် မိငယ်
ကို ခေါ်ခိုင်းရောပေါ့ရှင်”
“အိုကွာ – ဒီနွားနို့လေးဆင်းယူတာ
များ ဘာအပန်းကြီးသွားလို့လဲ၊ ပြီးတော့
ငါက ဒုက္ခိတမှမဟုတ်တာ။ ခြေစုံလက်စုံ
ရှိတယ်။ လူမမာ မဟုတ်ဘူး”
ဤသို့ ဘုကျစွာဖြင့် မြည်တွန်
တောက်တီးရင်း အိပ်ရာဝင်ခဲ့ သည်။
ဒေါ်ဝင်းရွှေကတော့ ရင်တထိတ်ထိတ်
ဖြင့် ညဆယ့်နှစ်နာရီမထိုးမချင်း ခင်ပွန်း
ကို စောင့်ကြည့်နေရသည်။ တိုင်ကပ်
နာရီကြီးမှ“ဒေါင် ဒေါင် – ဒေါင်” ဟု
ဆယ့်နှစ်နာရီထိုးသည်နှင့်ဦးညွန့်မောင်
တစ်ယောက်ဖျတ်ခနဲ လန့်
နိုးလာ၏။ မျက်လုံးက ပြူးလို့။ချွေးစေး
တွေကလည်း နားထင်မှ စီးကျနေ၏။
“ကိုညွန့်မောင် – ဘာ ဘာဖြစ်တာလဲ”
“အား ……“
“ဟော-ကြားလား၊ မင်း-ကြားလိုက်လား”
“ဘာလဲ-ဘာလဲ- ကိုညွန့်မောင်၊
ဘာကို ကြားရမှာလဲ”
“အော်သံလေ၊ မိန်းမကြီးတစ်
ယောက်ရဲ့အော်သံလေ။ အကျယ်ကြီး
“ကိုညွန့်မောင် – ရေသောက်ပြီး
ပြန်အိပ်လိုက်ပါ။ ရှင် – အိပ်မက် မက်
နေတာပါ။ စိတ်ကိုလျှော့ပြီး ဂုဏ်တော်
ကို အာရုံပြုပြီး ပြန်အိပ်နော်”
ဒေါ်ဝင်းရွှေမှာစိတ်လည်းညစ်၊ စိတ်
လည်း မောနေရပြီ။ ခင်ပွန်းဖြစ်သူကို
လည်း သနားမိသည်။ ဆရာဝန်ပေးတဲ့
ဆေးတွေကိုလည်း မသောက်တော့၊
ဘာလုပ်လို့ဘာကိုင်ရမှန်းပင်မသိတော့၊
ဦးညွန့်မောင်သည် ဆရာဝန်ပြောသလို
စိတ်ရောဂါ စွဲကပ်နေပြီလား၊ သို့တည်းမ
ဟုတ် အိမ်နီးနားချင်း တွေပြောသလို
သေသွားတဲ့လင်မယား က
မကျွတ်မလွတ်၍ သရဲခြောက်တာ
များလား။ စဉ်းစားရခက်နေသည်က
သေသွားတဲ့မိန်းမကအသက်သုံးဆယ်၊
ယခုခင်ပွန်းသည် ကြားရသောအသံက
အသက်ကြီးကြီး မိန်းမတစ်ယောက်၏အော်သံတဲ့၊
တွေးရကြပ်ပါဘိ။ ဆရာဝန်နှင့်
ပြရန်ပင်မလွယ်ကူ၍ပယောဂဆရာနှင့်
ပြချင်တာကို စဉ်းတောင်မစဉ်းစားရဲ။
ရှေ့ဆက် ဤသို့ ဆက်တိုက်ဖြစ်နေပါက
မလွယ်။ ကြာလေ ဆိုးလေ ဖြစ်တော့မည်
ယခုညတွင်လည်း ဒေါ်ဝင်းရွှေမှာ
ရင်တထိတ်ထိတ်နှင့် အိပ်ရာဝင်ခဲ့ရ
သည်။ အိပ်ချင်နေတာကိုပင် အိပ်ပျော်
မသွားရန် ထိန်းထားရသော ဒုက္ခက
မလွယ်။ ညဆယ့်နှစ်နာရီ မထိုးမချင်း
အိပ်မပျော်အောင် ဒေါ်ဝင်းရွှေ ကြိုးစားနေရသည်။
ဦးညွန့်မောင်ကတော့ အိပ်ပျော်နေ
ပုံရသည်။ ညဆယ်နှစ်နာရီထိုးလျှင်.
. လန့်ပြီး နှိုးထလာမှာကိုတွေးပူမိ၏။
ညဆယ့်တစ်နာရီခွဲအထိ အိပ်မပျော်
အောင်တင်းထားနိုင်ခဲ့သော်လည်း
မှေး ခနဲ အိပ်ပျော်သွားမိသည်။
ဖျတ်ခနဲ နိုးလာလို့ ဒေါ်ဝင်းရွှေမှာ
စိတ်ပူစွာဖြင့် ဦးညွန့်မောင်ကို
စမ်းကြည့် လိုက်တော့ မရှိ။
“ဟင် … ဘယ်ရောက်သွားပါလိမ့်။
အပေါ့များ သွားလေသလား”
စိတ်ပူစွာဖြင့် ဒေါ်ဝင်းရွှေမှာ အိပ်ရာ
မှ အလူးအလဲထ၍ လိုက်ရှာရတော့သည်။
“ကိုညွန့်မောင် – ကိုညွန့်မောင် –
ဘယ်မှာလဲ၊ အိမ်သာမှာလား”
တိုင်ကပ်နာရီကြီးကို ကြည့်လိုက်
တော့ ညဆယ့်နှစ်နာရီထိုးရန် ငါးမိနစ်အလို။
ဒေါ်ဝင်းရွှေမှာ ထဘီကို တင်းတင်း
ဝတ်၍ အိမ်ရှေ့လသာဆောင် ဘက်
ထွက်ကြည့်မိသည်၊ မတွေ့၊ မီးဖိုချောင်
ဘက် လျှောက်သွားတော့ ဟော – တွေ့ပါပြီ။
ဦးညွန့်မောင်မှာ စတိုခန်းအဝတွင်
ငူငူကြီးရပ်နေ၏။ မျက်လုံးတွေက
ကြောင်တောင်တောင်။ ဟင်-ကိုညွန့်
မောင် ဘာလုပ်နေတာလဲ။ ဒီမှာ ဘာရပ်လုပ်နေတာလဲ”
ဒေါ်ဝင်းရွှေမှာ စိုးရိမ်တကြီးဖြင့်
ဦးညွန့်မောင်အား ဆွဲကိုင်လိုက်၏။
ဦးညွန့်မောင်၏ရင်ဘတ်တစ်ခုလုံးသည်
ဖားဖိုပမာ နိမ့်ချည်၊ မြင့်ချည် ဖြစ်နေ၏။
အသက်ကို လုရှူနေသလိုမျိုး။ အသက်
ရှူသံမှာလည်း ကြောက်စရာကောင်း
လောက်အောင် ပြင်းထန်နေ၏။ မျက်နှာ
မှာလည်းခက်ထန်လွန်းနေပြီးမေးကြော
ကြီးများထောင်လာသည်အထိအံကြိတ်
ထားသည်ကို တွေ့ရ၏။
“ကိုညွန့်မောင် – သတိထားလေ၊
ဘာဖြစ်နေတာလဲ ရှင် နေကောင်းရဲ့လား”
ဒေါ်ဝင်းရွှေက ခင်ပွန်းဖြစ်သူ၏
လက်မောင်းနှစ်ဖက်ကို ဆွဲခါ၍ မေး၏၊
“အော်သံ-အော်သံ”
သူ့ပါးစပ်မှ ဗလုံးဗထွေး ရေရွတ်နေ
၍ ဒေါ်ဝင်းရွှေက နားမလည်စွာဖြင့် မေးလိုက်၏။
“ဘာအော်သံလဲ- ကိုညွန့်မောင်၊
စိတ်ကို ထိန်းစမ်းပါ။ ရှင် ဘာကြားလို့လဲ”
“အော်သံလေ- မိန်းမတစ်ယောက်
ရဲ့အော်သံပေါ့။ ကြားနေကျအသံလေ
“အခု-ဒီ အသံကြားလိုက်ရလို့လား
“ဟင့်အင်း – မကြားရဘူး၊ အခုထိ
မကြားရသေးဘူး။ ဒါကြောင့် – ကြားချင်
နေတာလေ၊ ဆယ့်နှစ်နာရီထိုးပြီမဟုတ်
လား။ ကြားတာကမှ တကယ့်အော်သံ
အစစ်ကိုကြားရတော့မှာ။ဟား – ဟား-ဟား – ဟား”
ဦးညွန့်မောင်ကပြောလည်းပြော၊
ရယ်လည်း ရယ်နေ၏။ သူ့တစ်ကိုယ်လုံး
တသိမ့်သိမ့် တုန်ခါနေ၏။
“ကိုညွန့်မောင်၊ ရှင် – သတိကပ်
စမ်းပါဦး။ ဘာတွေပြော – ပြော – အား”
သွားပြီ – ဒေါ်ဝင်းရွှေ့မှာ စကားပင်
ဆုံးအောင်မပြောလိုက်ရ။ ဦးညွန့်မောင်
က ခါးကြားတွင် ဝှက်ယူလာသော
ဓား မြှောင်ဖြင့် ဒေါ်ဝင်းရွှေ၏ ရင်ဝသို့
အား ကုန်ထိုးစိုက်ချလိုက်တော့သည်။
“အား- အား -”
ဒေါ်ဝင်းရွှေမှာ စူးစူးဝါးဝါးအသံနက်
ကြီးဖြင့်အော်ရင်းလဲပြိုကျသွားတော့၏။
ရင်အုံမှ သွေးတွေက တဗွက်ဗွက်။
“ဟား- ဟား-ဟား– :- ကြားရပြီ။
တကယ့်အော်သံအစစ်ကိုငါကြားလိုက်ရပြီ”
ဆူဆူညံညံအသံများကြောင့်အိမ်သားများ
ပြေးတက်လာကြသည်။ သို့ သော်- အချိန်
နှောင်းခဲ့ပါပြီ။ ဒေါ်ဝင်းရွှေ အားသွေးအိုင်
ထဲတွင် အသက်ဇီဝိန် ချုပ်ခဲ့ရရှာပြီ။
“ဟင်- ဘယ်လိုဖြစ်”
“အား- အမယ်လေး”
အိမ်သားတွေ၏ ကြောက်လန့် တကြား
အော်သံကိုကြားရတော့မှဦးညွန့်မောင်မှာ
သတိဝင်သလို ဖြစ်လာ၏။ လက်ထဲမှ
သွေးစွန်းနေသော ဓားမြှောင်ကိုလည်း
ကြောက်လန့်တကြားပစ်ချလိုက်၏။
“ဆရာ-ဆရာ- ဘယ်လိုဖြစ်တာလဲဗျာ”
ဦးမောင်ကိုက ပုတ်နှိုးတော့မှ ဦးညွန့်မောင်
သည် အံ့ဩထိတ်လန့်စွာ ဖြင့် ဒူးထောက်ထိုင်
ချကာ ဇနီးဖြစ်သူ အား စိုက်ကြည့်နေသည်။
အခြေအနေတစ်ရပ်ကိုကောင်းစွာ
သဘောပေါက်သွားသော ဦးညွန့်မောင်
မှာ ယူကြုံးမရ နောင်တများစွာဖြင့် ဇနီး
ဖြစ်သူအလောင်းကို ပွေ့ဖက်ကာ ရှိုက်
ကြီးတငင် ငိုချလိုက်ပါတော့၏။ “အမယ်လေး
အဝင်းရေ၊ အဖြစ် ဆိုးလှချည်လား။ ငါ့မိန်းမရဲ့ စူးစူးဝါးဝါး
အော်သံကြီးကိုညဆယ့်နှစ်နာရီရောက်
တိုင်း ဘာကြောင့် ကြားခဲ့ရတာလဲကွာ။
ငါ့မိန်းမရဲ့အော်သံကို ဘာကြောင့်ငါကြို
ကြားခဲ့ရတာလဲ။ ပြောပြစမ်းပါ-ငါ့ကို ပြောပြစမ်းပါ”
ယူကြုံးမရ မချိတင်ကဲအသံဖြင့်
ငိုကြွေးပြောဆိုနေသော ဦးညွန့်မောင်
တို့အဖြစ်ကို ကြည့်ရင်း အိမ်သားများ
ကြက်သေ သေနေကြတော့သည်။
အသက်ကြီးကြီး မိန်းမတစ် ယောက်၏
အော်သံကို ညစဉ်ကြားခဲ့ရသောဦးညွန့်မောင်သည်
အခုတော့ မည်သည့်အသံမှ မကြားတော့ဘဲ သတိ
လစ်ကာ လဲကျသွားပါတော့သတည်း။
Zawgyi Version
” ေခ်ာက္ခ်ားဖြယ္ေအာ္သံႀကီး “(စ/ဆုံး)
————————————–
“အား…”
အသံနက္ႀကီးျဖင့္ေအာ္လိုက္ေသာ
မိန္းမတစ္ေယာက္၏အသံ၊
ျပင္းထန္ေသာ နာက်င္မႈေၾကာင့္
စူးစူးရွရွဖ်စ္ညႇစ္ေအာ္လိုက္ေသာအသံ။
“ဘာကြ “ အံ့ပါရဲ႕ကြာ။ ဒီေလာက္
က်ယ္တဲ့ ေအာ္သံကို မင္း မၾကားလိုက္
ဘူး – ဟုတ္လား။ မင္း – နားပဲပင္းေနတာလားကြာ”
“မဟုတ္တာဘဲ – ေယာက္်ားရယ္၊
ရွင္ – အိပ္မက္ဆိုးေတြ မက္ေနတာမ်ား
လား။ ကြၽန္မျဖင့္ ဘာေအာ္သံမွ မၾကား
တာအမွန္ပါပဲ။ ကိုၫြန႔္ေမာင္ရယ္”
ထိုအတြက္ ေဒါသထြက္လာရသူမွာ ဦးၫြန႔္ေမာင္။
ဤမွ်က်ယ္ေလာင္စူးရွေသာေအာ္
သံကို မၾကားၾကဘူးတဲ့။ ဦးၫြန႔္ေမာင္
ကေတာ့ ဒီလိုေအာ္သံကို ၾကားခဲ့ရသည္
မွာ သုံးညတိုင္တိုင္ရွိခဲ့ၿပီ။ အတိအက်
ေျပာရရင္ ညဆယ့္ႏွစ္နာရီထိုးၿပီးသည္
ႏွင့္ မိန္းမႀကီးတစ္ေယာက္၏ မခ်ိမဆန႔္
ေအာ္ဟစ္သံကို ၾကားေနရစၿမဲ။
“ဒါ အိပ္မက္မဟုတ္ဘူး ဝင္းေ႐ႊ၊ ငါ
အိပ္မေပ်ာ္ေသးတာအမွန္ပဲ၊ ဒီေအာ္သံ
ကိုငါ့နားနဲ႔ဆတ္ဆတ္ၾကားလိုက္ရတယ္
မိန္းမရာ။ တစ္ရက္တည္း မဟုတ္ဘူး။
သုံးည- သုံးညတိုင္တိုင္ၾကားတာေဟ့”
ဦးၫြန႔္ေမာင္တို႔ မိသားစု ဤအိမ္သုံးရက္
ႀကီးသို႔ေျပာင္းေ႐ႊ႕လာခဲ့သည္မွာ
သာရွိေသးသည္။ စိုက္ပ်ိဳးေရးဝါသနာ
ထုံလွေသာ ဦးၫြန႔္ေမာင္အတြက္ ဤ
ဝယ္ျဖစ္ခဲ့ျခင္း ျဖစ္သည္။
ၿခံက်ယ္ႀကီးသည္အကိုက္ညီဆုံးျဖစ္၏။
ေဈးကလည္း ခ်ိဳေန၍ ဤအိမ္ႏွင့္ၿခံကို
သို႔ေသာ္-ဤအိမ္ႀကီးကို ေရာက္
သည့္ေန႔မွစ၍ ျပႆနာတစ္ခုႏွင့္ ႀကဳံ
လိုက္ရသည္။ ျပႆနာက အျခား
မဟုတ္။ ညဆယ့္ႏွစ္နာရီထိုးတိုင္ မိန္းမ
တစ္ေယာက္၏ ေခ်ာက္ခ်ားဖြယ္ေအာ္
သံႀကီးကို ၾကားေနရျခင္း ျဖစ္သည္။
ခက္တာက ထိုအသံကို ဦးၫြန႔္
ေမာင္သာ ၾကားေနရသည္။ အိမ္သား
တစ္ေယာက္မွမၾကားၾက။ထိုအခ်က္မွာ
ထူးဆန္းလွသလိုစိတ္ဝင္စားဖြယ္လည္း
ေကာင္းေန၏။ၿခံေစာင့္ႀကီး ဦးေမာင္ကိုကေတာ့
လူႀကီးပီပီ ေတြးေတြးဆဆျဖင့္ အခုလိုရွင္းျပ၏။
“ဒီလိုရွိတယ္ဆရာ- ေအာ္သံကို
ဆရာတစ္ေယာက္ပဲ ၾကားတယ္။ ကြၽန္
ေတာ္တို႔ တစ္ေယာက္မွ မၾကားရဘူးဆို
ေတာ့ စဥ္းစားစရာပဲ ဆရာ။ ကြၽန္ေတာ့္
ေတြမ်ားၿပီးကေယာင္ကတမ္းၾကားတာ
အထင္ေတာ့ ဆရာအိပ္ေရးပ်က္တာ
လား။ ဒါမွမဟုတ္- ေျခာက္အိပ္မက္ေတြ
မက္ေနတာလား”
“မဟုတ္ဘူးဗ်ာ – ကိုေမာင္ကိုေျပာ
တာတစ္ခုမွ မဟုတ္ဘူး”
“ဒါဆိုမိငယ္တစ္ေယာက္အိပ္မက္
မက္ၿပီး ထေအာ္တာမ်ားလား – ဆရာ”
မိငယ္မွာ အသက္တစ္ဆယ့္ေျခာက္ႏွစ္
အ႐ြယ္ အိမ္ေဖာ္ေကာင္မေလးျဖစ္သည္။
“မဟုတ္ဘူး – ဒါလည္းမဟုတ္ဘူး။
မိငယ္ကေအာက္ထပ္မွာ အိပ္တာ၊ အခု
ၾကားရတာက အေပၚထပ္စတိုခန္းေနရာ
ေလာက္က၊ ၿပီးေတာ့ – အသံက မိငယ္
တို႔အ႐ြယ္ မဟုတ္ဘူး။ မိန္းမႀကီးတစ္
ေယာက္ရဲ႕ အသံဗ်၊ အသက္ငါးဆယ္
ေလာက္ရွိမယ့္ မိန္းမႀကီးရဲ႕ေအာ္သံ”
“ဒါဆိုရွင္ရယ္ စတိုခန္းကိုဖြင့္ၾကည့္ၾကတာေပါ့”
အားလုံးကစတိုခန္းကိုရင္တထိတ္
ထိတ္ျဖင့္ ဖြင့္ၾကည့္ၾကသည္။ အေထြ
အထူး ဘာမွမေတြ႕ရ၊ ထူးျခားမႈလည္း
မရွိ။ ထို႔ေၾကာင့္ ပေဟဠိဆန္ေသာ ထို
ျဖစ္ရပ္က ပို၍နက္ရႈိင္းလာပါေတာ့သည္။
သို႔ေသာ္ – ထိုကိစၥသည္ ထိုမွ်ႏွင့္မၿပီးသြားခဲ့။
ရက္ဆက္ဆိုသလို ျဖစ္လာ၏။
တစ္အိမ္သားလုံး ေခါင္းေျခာက္ၾကရ
ေတာ့သည္၊ ညဆယ့္ႏွစ္နာရီအထိ
ဘယ္သူမွမအိပ္ဘဲ ေစာင့္ၾကည့္ၾက
သည္။ ဘာသံမွ မၾကားရ။
သို႔ေသာ္-ဦးၫြန႔္ေမာင္ကေတာ့
စူးစူးဝါးဝါးေအာ္သံႀကီးကို ၾကားေနရၿပဲပင္း
“အား ..“
“ေဟာ- ၾကားလား၊ ၾကားၾကလား။
မေကာင္းဆိုးဝါး ေအာ္သံႀကီး”
“မၾကားဘဲ မၾကားပါလား ဆရာရဲ႕”
“ဟုတ္ပါတယ္ရွင္ – ရွင့္စိတ္ကျဖစ္
ေနတာေနမွာပါ။ ဘာေအာ္သံမွ မၾကား
ၾကပါဘူး။ စိတ္ၿငိမ္ၿငိမ္ထားပါ – ကိုၫြန႔္
ေမာင္။ေတာင္ေတာင္အီအီေတြေလွ်ာက္
မေတြးပါနဲ႔ရွင္”
“ခက္လိုက္တာကြာ- သိပ္ခက္တာ
ပဲ။ ဟင္း- မင္းတို႔က ဒီလိုေျပာေတာ့
ငါက အ႐ူးႀကီးလုံးလုံး ျဖစ္ေရာ။ ဒီ
ေလာက္ေအာ္သံနက္ႀကီးကို မၾကားၾက
ဘူးတဲ့။ အံ့ေရာ … အံ့ေရာ” ဦးၫြန႔္ေမာင္
အျဖစ္က အမ်ားနဲ႔ တစ္ေယာက္ဆိုေတာ့
ေျပာရလည္း အခက္သား။ ၾကားတဲ့လူက
ၾကားရၿပီးမၾကားတဲ့လူက လုံးဝမၾကား
ရတာကိုကလက္မခံခ်င္စရာ။
ဇနီးျဖစ္သူေဒၚဝင္းေ႐ႊကေတာ့ အိမ္
နီးနားခ်င္းေတြကို စုံစမ္းၾကည့္သည္။
“အိမ္ပိုင္ရွင္လင္မယားႏွစ္ေယာက္
စလုံးအဲဒီစတိုခန္းထဲမွာ ေသခဲ့ၾကတယ္
ေလ။ လင္လုပ္သူက ေန႔တိုင္းမူးၿပီး ျပန္
လာ၊ ၿပီးရင္ – မယားကို ရန္လုပ္၊ အႀကီး
အက်ယ္ ရန္ျဖစ္ေနၾကပဲ။ ေန႔တိုင္းဒီလို
ပဲ။ ကြၽန္မတို႔ေတာ့ ႐ိုးေနၿပီ။ ထြက္လည္း
မၾကည့္ေတာ့ဘူး။ ဝင္လည္း မပါေတာ့
ဘူး။ အဲ-ဒီညကေတာ့အေတာ္ၾကမ္းၾက
တယ္။ ဝုန္း – ဒိုင္းနဲ႔ ထု႐ိုက္ၾက၊ ပန္းကန္
ေတြပစ္ခြဲၾကနဲ႔ ဆူညံေနတာပဲ။ ညဆယ့္
ႏွစ္နာရီ ထိုးခါနီးၿပီေပါ့။ ေနာက္ေတာ့
အသံေတြ တိတ္သြားၾကတယ္။ မနက္
က်မွ အဝတ္ေလွ်ာ္တဲ့ ေကာင္မေလး
ေရာက္လာၿပီးေအာ္ေတာ့မွ အိမ္နီးခ်င္း
ေတြ သြားၾကည့္ၾကတာ၊ မိန္းမက
လည္ပင္းညႇစ္သတ္ခံရၿပီး ေသေနတာ၊
ေယာက္်ားကလည္းရင္ဝမွာ ဓားစိုက္
လို႔။ ေသြးေတြဆို အိုင္ထြန္းေနတာပဲ”
“ဘယ္မွာ ေသေနၾကတာလည္းရွင္”
“အေပၚထပ္က စတိုခန္းအဝမွာေပါ့”
“ဒါေတြ ဘယ္ေလာက္ၾကာၿပီလဲဟင္”
“အင္း – အလြန္ဆုံးရွိမွတစ္ႏွစ္ေပါ့။
ဒီအိမ္ႀကီးကို ဒီအတိုင္း ပိတ္ထားတာ
ေလ။ သူတို႔အမ်ိဳးေတြက ဒီအိမ္နဲ႔ ၿခံကို
ေရာင္းေနတာၾကာၿပီ။ ေရာင္းမထြက္
ဘူး။အခု-အစ္မႀကီးနဲ႔က်မွေရာင္းထြက္သြားတာပဲ”
“ကြၽန္မတို႔ကလည္း ေဈးခ်ိဳခ်ိဳနဲ႔
ရလို႔ အိမ္အေဟာင္းကိုေရာင္းၿပီး ဒီၿခံကို
ဝယ္လိုက္တာပါ။ ဒါနဲ႔ အေျခာက္အလွန႔္
ေတြေကာ ၾကားလား”
“ဘယ္သူမွ မေနေတာ့ ဒါမ်ိဳးေတာ့
မၾကားမိပါဘူး။ ဒါေပမဲ့ – တစ္ခါတစ္ခါ
ဝုန္းဒိုင္းအသံေတြေတာ့ ၾကားတယ္။
ဘာမွန္းေတာ့ မသိဘူးေပါ့ေနာ္”
“ႏို႔ – ေနပါဦးရွင္ ေအာ္သံေတြ ဘာ
ေတြေကာ ၾကားရလားရွင္”
“ေအာ္သံ – ဟုတ္လား၊ ဘယ္လို
ေအာ္သံလဲ- အစ္မ”
“ေဩာ္ – ဒီလို ပါ။ မိန္းမတစ္
ေယာက္ရဲ႕ေအာ္သံမ်ိဳးေပါ့”
“ဟင့္အင္း- မၾကားမိပါဘူး”
“ဒါနဲ႔ – အဲဒီလင္မယားက ဘယ္
အ႐ြယ္ေလာက္ ရွိၾကလဲဟင္”
“အလြန္ဆုံးရွိလွ သုံးဆယ္ေပါ့။ ငယ္ၾကပါေသးတယ္”
“ေက်းဇူးပါပဲရွင္”
ပတ္ဝန္းက်င္မွ စုံစမ္းရသမွ် ဤမွ်သာျဖစ္၏။
ဦးၫြန႔္ေမာင္၏ ျဖစ္စဥ္ႏွင့္ ပတ္
သက္၍ ဆရာဝန္ႏွင့္ ျပၾကည့္သည္။
ဆရာဝန္ကေတာ့ သိပၸံအယူဝါဒ
အကိုး အကားျဖင့္ ရွင္းျပ၏။
“ဒါ- စိတ္ေရာဂါ တစ္မ်ိဳးပါ။ ဟစ္
စတီးရီးယားလို႔ေခၚတဲ့ စိတ္က်ေရာဂါ
တစ္မ်ိဳးေပါ့ အစ္မ။ ဒီေရာဂါက အလြန္
သိမ္ေမြ႕တယ္။ အၿမဲတမ္း ျဖစ္ေနတာမ်ိဳး
မဟုတ္ဘူး။ သူ႔အခ်ိန္နဲ႔သူပုံမွန္ျဖစ္တတ္
တယ္။ ထင္ေယာင္ထင္မွားနဲ႔ မရွိတာကို
အရွိထင္၊ ရွိတာကို မရွိ ထင္တာမ်ိဳးေပါ့။
သိစိတ္နဲ႔ မသိစိတ္တို႔ ပဋိပကၡျဖစ္ေနတဲ့
သေဘာပဲ။ အေရးႀကီးဆုံးက ေကာင္း
ေကာင္း အနားယူဖို႔ပဲ”
“ဟုတ္ကဲ့ – ေဒါက္တာ၊ သူက ည
ဘက္ဆို အိပ္မေပ်ာ္ဘူး ရွင့္”
“အဲဒါပိုဆိုးတာေပါ့ဗ်ာ၊ကဲပါေလ-
ကြၽန္ေတာ္ ေဆးေတြေပးလိုက္မယ္။
တစ္ပတ္စာယူသြား။ အိပ္ေဆးေတြ
လည္း ပါတယ္။ ဒီအေတာအတြင္းမွာ
ေတာ့ ေကာင္းေကာင္းအနားယူဖို႔
လို တယ္။ ဟုတ္ၿပီလား”
“ေက်းဇူးပါပဲ- ေဒါက္တာ”
ဆရာဝန္ဆီကေဆးေတြေတာ့ရပါ
ရဲ႕၊ သို႔ေသာ္-လူ႔ဂြစာႀကီး ဦးၫြန႔္ေမာင္
ကို ေဆးတိုက္ဖို႔ကမလြယ္ အိပ္ေဆးကို
ေတာ့ ႏြားႏို႔ခြက္ထဲ ထည့္တိုက္ႏိုင္ခဲ့၍
ထိုညမွာေတာ့ ဘာသံမွမၾကားရ၊ ဘာမွမျဖစ္ခဲ့။
သို႔ေသာ္-ေနာက္ေန႔ေတြမွာေတာ့
အိပ္ေဆးထည့္ရန္ပင္ အခြင့္မသာခဲ့။
ဦးၫြန႔္ေမာင္က လူပါးလူနပ္ျဖစ္၏။
ႏြား ႏို႔ခြက္ကို ကိုယ္တိုင္ထည့္ေသာက္ေန၏။
“အိုး – ကိုၫြန႔္ေမာင္ကလည္း ခက္
တာပဲေတာ္။ နားနားေနေန ေနပါဆို။
ဒီက လုပ္ေပးမွာပါ။ ဒါမွမဟုတ္ မိငယ္
ကို ေခၚခိုင္းေရာေပါ့ရွင္”
“အိုကြာ – ဒီႏြားႏို႔ေလးဆင္းယူတာ
မ်ား ဘာအပန္းႀကီးသြားလို႔လဲ၊ ၿပီးေတာ့
ငါက ဒုကၡိတမွမဟုတ္တာ။ ေျခစုံလက္စုံ
ရွိတယ္။ လူမမာ မဟုတ္ဘူး”
ဤသို႔ ဘုက်စြာျဖင့္ ျမည္တြန္
ေတာက္တီးရင္း အိပ္ရာဝင္ခဲ့ သည္။
ေဒၚဝင္းေ႐ႊကေတာ့ ရင္တထိတ္ထိတ္
ျဖင့္ ညဆယ့္ႏွစ္နာရီမထိုးမခ်င္း ခင္ပြန္း
ကို ေစာင့္ၾကည့္ေနရသည္။ တိုင္ကပ္
နာရီႀကီးမွ“ေဒါင္ ေဒါင္ – ေဒါင္” ဟု
ဆယ့္ႏွစ္နာရီထိုးသည္ႏွင့္ဦးၫြန႔္ေမာင္
တစ္ေယာက္ဖ်တ္ခနဲ လန႔္
ႏိုးလာ၏။ မ်က္လုံးက ျပဴးလို႔။ေခြၽးေစး
ေတြကလည္း နားထင္မွ စီးက်ေန၏။
“ကိုၫြန႔္ေမာင္ – ဘာ ဘာျဖစ္တာလဲ”
“အား ……“
“ေဟာ-ၾကားလား၊ မင္း-ၾကားလိုက္လား”
“ဘာလဲ-ဘာလဲ- ကိုၫြန႔္ေမာင္၊
ဘာကို ၾကားရမွာလဲ”
“ေအာ္သံေလ၊ မိန္းမႀကီးတစ္
ေယာက္ရဲ႕ေအာ္သံေလ။ အက်ယ္ႀကီး
“ကိုၫြန႔္ေမာင္ – ေရေသာက္ၿပီး
ျပန္အိပ္လိုက္ပါ။ ရွင္ – အိပ္မက္ မက္
ေနတာပါ။ စိတ္ကိုေလွ်ာ့ၿပီး ဂုဏ္ေတာ္
ကို အာ႐ုံျပဳၿပီး ျပန္အိပ္ေနာ္”
ေဒၚဝင္းေ႐ႊမွာစိတ္လည္းညစ္၊ စိတ္
လည္း ေမာေနရၿပီ။ ခင္ပြန္းျဖစ္သူကို
လည္း သနားမိသည္။ ဆရာဝန္ေပးတဲ့
ေဆးေတြကိုလည္း မေသာက္ေတာ့၊
ဘာလုပ္လို႔ဘာကိုင္ရမွန္းပင္မသိေတာ့၊
ဦးၫြန႔္ေမာင္သည္ ဆရာဝန္ေျပာသလို
စိတ္ေရာဂါ စြဲကပ္ေနၿပီလား၊ သို႔တည္းမ
ဟုတ္ အိမ္နီးနားခ်င္း ေတြေျပာသလို
ေသသြားတဲ့လင္မယား က
မကြၽတ္မလြတ္၍ သရဲေျခာက္တာ
မ်ားလား။ စဥ္းစားရခက္ေနသည္က
ေသသြားတဲ့မိန္းမကအသက္သုံးဆယ္၊
ယခုခင္ပြန္းသည္ ၾကားရေသာအသံက
အသက္ႀကီးႀကီး မိန္းမတစ္ေယာက္၏ေအာ္သံတဲ့၊
ေတြးရၾကပ္ပါဘိ။ ဆရာဝန္ႏွင့္
ျပရန္ပင္မလြယ္ကူ၍ပေယာဂဆရာႏွင့္
ျပခ်င္တာကို စဥ္းေတာင္မစဥ္းစားရဲ။
ေရွ႕ဆက္ ဤသို႔ ဆက္တိုက္ျဖစ္ေနပါက
မလြယ္။ ၾကာေလ ဆိုးေလ ျဖစ္ေတာ့မည္
ယခုညတြင္လည္း ေဒၚဝင္းေ႐ႊမွာ
ရင္တထိတ္ထိတ္ႏွင့္ အိပ္ရာဝင္ခဲ့ရ
သည္။ အိပ္ခ်င္ေနတာကိုပင္ အိပ္ေပ်ာ္
မသြားရန္ ထိန္းထားရေသာ ဒုကၡက
မလြယ္။ ညဆယ့္ႏွစ္နာရီ မထိုးမခ်င္း
အိပ္မေပ်ာ္ေအာင္ ေဒၚဝင္းေ႐ႊ ႀကိဳးစားေနရသည္။
ဦးၫြန႔္ေမာင္ကေတာ့ အိပ္ေပ်ာ္ေန
ပုံရသည္။ ညဆယ္ႏွစ္နာရီထိုးလွ်င္.
. လန႔္ၿပီး ႏႈိးထလာမွာကိုေတြးပူမိ၏။
ညဆယ့္တစ္နာရီခြဲအထိ အိပ္မေပ်ာ္
ေအာင္တင္းထားႏိုင္ခဲ့ေသာ္လည္း
ေမွး ခနဲ အိပ္ေပ်ာ္သြားမိသည္။
ဖ်တ္ခနဲ ႏိုးလာလို႔ ေဒၚဝင္းေ႐ႊမွာ
စိတ္ပူစြာျဖင့္ ဦးၫြန႔္ေမာင္ကို
စမ္းၾကည့္ လိုက္ေတာ့ မရွိ။
“ဟင္ … ဘယ္ေရာက္သြားပါလိမ့္။
အေပါ့မ်ား သြားေလသလား”
စိတ္ပူစြာျဖင့္ ေဒၚဝင္းေ႐ႊမွာ အိပ္ရာ
မွ အလူးအလဲထ၍ လိုက္ရွာရေတာ့သည္။
“ကိုၫြန႔္ေမာင္ – ကိုၫြန႔္ေမာင္ –
ဘယ္မွာလဲ၊ အိမ္သာမွာလား”
တိုင္ကပ္နာရီႀကီးကို ၾကည့္လိုက္
ေတာ့ ညဆယ့္ႏွစ္နာရီထိုးရန္ ငါးမိနစ္အလို။
ေဒၚဝင္းေ႐ႊမွာ ထဘီကို တင္းတင္း
ဝတ္၍ အိမ္ေရွ႕လသာေဆာင္ ဘက္
ထြက္ၾကည့္မိသည္၊ မေတြ႕၊ မီးဖိုေခ်ာင္
ဘက္ ေလွ်ာက္သြားေတာ့ ေဟာ – ေတြ႕ပါၿပီ။
ဦးၫြန႔္ေမာင္မွာ စတိုခန္းအဝတြင္
ငူငူႀကီးရပ္ေန၏။ မ်က္လုံးေတြက
ေၾကာင္ေတာင္ေတာင္။ ဟင္-ကိုၫြန႔္
ေမာင္ ဘာလုပ္ေနတာလဲ။ ဒီမွာ ဘာရပ္လုပ္ေနတာလဲ”
ေဒၚဝင္းေ႐ႊမွာ စိုးရိမ္တႀကီးျဖင့္
ဦးၫြန႔္ေမာင္အား ဆြဲကိုင္လိုက္၏။
ဦးၫြန႔္ေမာင္၏ရင္ဘတ္တစ္ခုလုံးသည္
ဖားဖိုပမာ နိမ့္ခ်ည္၊ ျမင့္ခ်ည္ ျဖစ္ေန၏။
အသက္ကို လုရႉေနသလိုမ်ိဳး။ အသက္
ရႉသံမွာလည္း ေၾကာက္စရာေကာင္း
ေလာက္ေအာင္ ျပင္းထန္ေန၏။ မ်က္ႏွာ
မွာလည္းခက္ထန္လြန္းေနၿပီးေမးေၾကာ
ႀကီးမ်ားေထာင္လာသည္အထိအံႀကိတ္
ထားသည္ကို ေတြ႕ရ၏။
“ကိုၫြန႔္ေမာင္ – သတိထားေလ၊
ဘာျဖစ္ေနတာလဲ ရွင္ ေနေကာင္းရဲ႕လား”
ေဒၚဝင္းေ႐ႊက ခင္ပြန္းျဖစ္သူ၏
လက္ေမာင္းႏွစ္ဖက္ကို ဆြဲခါ၍ ေမး၏၊
“ေအာ္သံ-ေအာ္သံ”
သူ႔ပါးစပ္မွ ဗလုံးဗေထြး ေရ႐ြတ္ေန
၍ ေဒၚဝင္းေ႐ႊက နားမလည္စြာျဖင့္ ေမးလိုက္၏။
“ဘာေအာ္သံလဲ- ကိုၫြန႔္ေမာင္၊
စိတ္ကို ထိန္းစမ္းပါ။ ရွင္ ဘာၾကားလို႔လဲ”
“ေအာ္သံေလ- မိန္းမတစ္ေယာက္
ရဲ႕ေအာ္သံေပါ့။ ၾကားေနက်အသံေလ
“အခု-ဒီ အသံၾကားလိုက္ရလို႔လား
“ဟင့္အင္း – မၾကားရဘူး၊ အခုထိ
မၾကားရေသးဘူး။ ဒါေၾကာင့္ – ၾကားခ်င္
ေနတာေလ၊ ဆယ့္ႏွစ္နာရီထိုးၿပီမဟုတ္
လား။ ၾကားတာကမွ တကယ့္ေအာ္သံ
အစစ္ကိုၾကားရေတာ့မွာ။ဟား – ဟား-ဟား – ဟား”
ဦးၫြန႔္ေမာင္ကေျပာလည္းေျပာ၊
ရယ္လည္း ရယ္ေန၏။ သူ႔တစ္ကိုယ္လုံး
တသိမ့္သိမ့္ တုန္ခါေန၏။
“ကိုၫြန႔္ေမာင္၊ ရွင္ – သတိကပ္
စမ္းပါဦး။ ဘာေတြေျပာ – ေျပာ – အား”
သြားၿပီ – ေဒၚဝင္းေ႐ႊ႕မွာ စကားပင္
ဆုံးေအာင္မေျပာလိုက္ရ။ ဦးၫြန႔္ေမာင္
က ခါးၾကားတြင္ ဝွက္ယူလာေသာ
ဓား ေျမႇာင္ျဖင့္ ေဒၚဝင္းေ႐ႊ၏ ရင္ဝသို႔
အား ကုန္ထိုးစိုက္ခ်လိုက္ေတာ့သည္။
“အား- အား -”
ေဒၚဝင္းေ႐ႊမွာ စူးစူးဝါးဝါးအသံနက္
ႀကီးျဖင့္ေအာ္ရင္းလဲၿပိဳက်သြားေတာ့၏။
ရင္အုံမွ ေသြးေတြက တဗြက္ဗြက္။
“ဟား- ဟား-ဟား– :- ၾကားရၿပီ။
တကယ့္ေအာ္သံအစစ္ကိုငါၾကားလိုက္ရၿပီ”
ဆူဆူညံညံအသံမ်ားေၾကာင့္အိမ္သားမ်ား
ေျပးတက္လာၾကသည္။ သို႔ ေသာ္- အခ်ိန္
ေႏွာင္းခဲ့ပါၿပီ။ ေဒၚဝင္းေ႐ႊ အားေသြးအိုင္
ထဲတြင္ အသက္ဇီဝိန္ ခ်ဳပ္ခဲ့ရရွာၿပီ။
“ဟင္- ဘယ္လိုျဖစ္”
“အား- အမယ္ေလး”
အိမ္သားေတြ၏ ေၾကာက္လန႔္ တၾကား
ေအာ္သံကိုၾကားရေတာ့မွဦးၫြန႔္ေမာင္မွာ
သတိဝင္သလို ျဖစ္လာ၏။ လက္ထဲမွ
ေသြးစြန္းေနေသာ ဓားေျမႇာင္ကိုလည္း
ေၾကာက္လန႔္တၾကားပစ္ခ်လိုက္၏။
“ဆရာ-ဆရာ- ဘယ္လိုျဖစ္တာလဲဗ်ာ”
ဦးေမာင္ကိုက ပုတ္ႏႈိးေတာ့မွ ဦးၫြန႔္ေမာင္
သည္ အံ့ဩထိတ္လန႔္စြာ ျဖင့္ ဒူးေထာက္ထိုင္
ခ်ကာ ဇနီးျဖစ္သူ အား စိုက္ၾကည့္ေနသည္။
အေျခအေနတစ္ရပ္ကိုေကာင္းစြာ
သေဘာေပါက္သြားေသာ ဦးၫြန႔္ေမာင္
မွာ ယူႀကဳံးမရ ေနာင္တမ်ားစြာျဖင့္ ဇနီး
ျဖစ္သူအေလာင္းကို ေပြ႕ဖက္ကာ ရႈိက္
ႀကီးတငင္ ငိုခ်လိုက္ပါေတာ့၏။ “အမယ္ေလး
အဝင္းေရ၊ အျဖစ္ ဆိုးလွခ်ည္လား။ ငါ့မိန္းမရဲ႕ စူးစူးဝါးဝါး
ေအာ္သံႀကီးကိုညဆယ့္ႏွစ္နာရီေရာက္
တိုင္း ဘာေၾကာင့္ ၾကားခဲ့ရတာလဲကြာ။
ငါ့မိန္းမရဲ႕ေအာ္သံကို ဘာေၾကာင့္ငါႀကိဳ
ၾကားခဲ့ရတာလဲ။ ေျပာျပစမ္းပါ-ငါ့ကို ေျပာျပစမ္းပါ”
ယူႀကဳံးမရ မခ်ိတင္ကဲအသံျဖင့္
ငိုေႂကြးေျပာဆိုေနေသာ ဦးၫြန႔္ေမာင္
တို႔အျဖစ္ကို ၾကည့္ရင္း အိမ္သားမ်ား
ၾကက္ေသ ေသေနၾကေတာ့သည္။
အသက္ႀကီးႀကီး မိန္းမတစ္ ေယာက္၏
ေအာ္သံကို ညစဥ္ၾကားခဲ့ရေသာဦးၫြန႔္ေမာင္သည္
အခုေတာ့ မည္သည့္အသံမွ မၾကားေတာ့ဘဲ သတိ
လစ္ကာ လဲက်သြားပါေတာ့သတည္း။