Unicode Version
“ခြံထဲကမြွေကြီး”(စ/ဆုံး)
——————————-
မော်လမြိုင်မြို့အစွန်တွင်ဒေါင်းဆင်းရပ်အမည်ရှိ
ရပ်ကွက်တစ်ခု ရှိသည်။ အများက ဒေါင်းဇရပ်ဟုသာ ခေါ်ကြသည်။ မော်လမြိုင်မြို့မှ မုဒုံမြို့ဘက်သို့သွားသော ကတ္တရာလမ်းဘေးတွင်တည်ရှိသောရပ်ကွက်ဖြစ်သည်။ မော်လမြိုင်မြို့ကို ရှေးအခါက မောရမြိုင်ဟု ခေါ်ခဲ့ကြ သည်။ ဒေါင်းတို့ ပျော်သည့်တောဟု အဓိပ္ပာယ်ရသည်။ မောရဝတီဟုလည်းခေါ်ကြသည်။ ထိုရပ်ကွက်ကိုဥဒေါင်း ငှက်များ ဆင်းသက်ခဲ့၍ ဒေါင်းဆင်းရပ်ဟု ခေါ်တွင်ခဲ့ သည်။ ကာလကြာလာသည်နှင့်အမျှ ဒေါင်းဆင်းရပ်မှ ဒေါင်းဇရပ် ဖြစ်လာသည်။ ထိုဒေါင်းဇရပ် ရပ်ကွက်သည် မြို့စွန်တွင်ရှိပြီး ဝင်းကြီး၊ ခြံကြီးများဖြင့် တစ်သီးတခြား
ရှိနေသည်။ထိုဒေါင်းဇရပ်အစွန်ခြံကြီးတစ်ခြံအတွင်းရှေး ဟောင်းနစ်ထပ်ပျဉ်ထောင်အိမ်ကြီးတစ်ဆောင် ရှိနေ
သည်။ လူမနေသည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်သည်။
အိမ်နှင့်ခြံရောင်းမည်ဆိုသောဆိုင်းဘုတ်ချိတ်ထားသည်
ကိုလည်း တွေ့ရသည်။ ဆိုင်းဘုတ်သည်ပင် ဆွေးမြည့်
ပျက်စီးနေပြီ ဖြစ်သည်။ ဈေးလျော့ ရောင်းသော်လည်း ဝယ်မည့်သူမရှိဘဲ ဖြစ်နေ သည်။ ဝယ်မည့်သူများက ထိုခြံနှင့်အိမ်ကြီးအကြောင်း စုံစမ်းသိရှိပြီးနောက် မဝယ် ဖြစ်တော့ဘဲလက်လျော့သွားသည်သာများသည်၊ထိုခြံပိုင်ရှင်လင်မယာ၊နှစ်ဦးစလုံး ကွယ်လွန်သွားကြပြီ ဖြစ်သည်။ ခြံပိုင်၊ လယ်ပိုင်လုပ်ငန်းများနှင့် ငွေကြေးပြည့်သုံး သူများဖြစ်ကြောင်းသိရသည်။ဇနီးဖြစ်သူသေဆုံးပြီးဥစ္စာပစ္စည်းများကိုစွဲလမ်းသော
စိတ်ဖြင့် မြွေကြီးတစ်ကောင်အဖြစ် ခြံထဲတွင် ရှိနေသည်ဟု ပြောကြသည်။ မယား သေပြီးနောက်ပိုင်းမှကွယ်လွန်ခဲ့သောလင်ယောက်ျားမှာလည်း မကျွတ်မလွတ်ဘဲ
ထိုခြံကြီးထဲရှိ သစ်ပင်ကြီးတွင် ရှိနေသည်ဟုပြောနေကြပြန်သည်။
ညဘက် မှောင်မိုက်ချိန်များတွင် ထိုခြံအတွင်းရှိ သစ်ပင်ကြီးများပေါ်တွင် တစ်စုံတစ်ခု သွားလာလှုပ်ရှားနေသည်ကို မြင်တွေ့သူများက မြင်တွေ့ခဲ့ကြသည်။ အချို့သူများဆိုလျှင် ဝိညာဉ်လိုလို လှုပ်ရှားနေသော သစ်ပင်အောက်တွင် ကြီးမား သောမြွေကြီးတစ်ကောင် တွေ့ရသည်ဟုလည်း ပြောနေကြသည်။ ထိုအကြောင်း များကြောင့်ထိုခြံကြီးကိုဝယ်ချင်သူများ မဝယ်ရဲဘဲဖြစ်နေကြသည်။မိန်းမဖြစ်သူမှာ
အသတ်ခံရ၍သေဆုံးသွားသည်ဟုလူကြီးများကပြောကြသည်။လင်ယောက်ျားက
ရိုးရိုးဖျားနာ၍ နောက်မှသေဆုံးသည်။ ထိုခြံကြီးထဲတွင်အသတ်ခံရ၍ သေဆုံးသွား
သောပိန်းမကမြွေကြီးဘဝဖြင့်ခြံကိုစောင့်နေသည်ဟုဆိုကြသည်။လင်ယောက်ျား
ဖြစ်သူ၏ဝိညာဉ်ကလည်းထိုခြံထဲရှိ သစ်ပင်ကြီးများပေါ်တွင်ရှိနေသည်ဟုပြောနေ ကြပြန်သည်။ ထိုခြံကြီး၏နောက်ကြောင်းရာဇဝင်ကို စုံစမ်းကြည့်လိုက်သောအခါ တွင်မူ၊
“ဒေါ်လေး၊ကျွန်တော့်ကို ငွေငါးထောင် ချေးပါဦး”
“ဘာပြောတယ် မောင်ဘတင့်၊ ငွေငါးထောင်ဟုတ်လား။ တစ်လောက မင်း ချေးထားတဲ့ ငွေသုံးထောင်ကိုတောင် ပြန်မဆပ်သေးဘဲ ခု ငါးထောင်ထပ်ချေးမယ် ဟုတ်လာ။ ငါမပေးနိုင်ဘူး”
“လုပ်ပါ-ဒေါ်လေးရယ်၊ ကျွန်တော်ဒီတစ်ခါ ဆက်ဆက်ပြန်ဆပ်ပါ့မယ်”
“ငါမသိဘူးမှတ်နေလား မောင်ဘတင့်၊
ခုမင်းကအရက်သောက်ရုံတင်မက
တော့ဘူး၊ မူးယစ်ဆေးဝါးပါ သုံးစွဲနေပြီလို့ ငါကြားနေရတယ်၊ မင်းဦးလေးသိရင်
မလွယ်ဘူး”
နိုင်ဘူး”
မယ်”
“ဦးလေးကိုမပြောပါနဲ့ ဒေါ်လေးရယ်၊ ကျွန်တော်ပြန်ဆပ်ပါ့မယ်” “မပေးဘူး၊မင်းမကျေနပ်ရင်မင်းဦးလေးဆီမှာ သွားတောင်း။ ငါတော့မပေး
ဦးလေးကဒေါ်လေးထက် ပိုဆိုးသေးတယ်၊ ဒေါ်လေးချေးပေးမှဖြစ်မှာ” “ဒါတော့ ငါလည်းမတတ်နိုင်ဘူး၊ မင်းဦးလေးပြန်လာတော့မယ်” ဒါဆိုလည်းထမင်းစားပြီးတော့မှ ပြန်တော့မယ်၊ ဦးလေးကို စောင့်လိုက်ဦး
စကားဆုံးသည်နှင့် ဘတင့်မီးဖိုချောင်ထဲဝင်သွားပြီးထမင်းအိုး၊ ဟင်းအိုး ဖွင့် ကာစိတ်ကြိုက် ခူးခပ်စားသောက်နေတော့သည်။
ဒေါင်းဇရပ် ရပ်ကွက်တွင်နေထိုင်သော ဦးစိုး၊ ဒေါ်ဆင့်ဆိုလျှင် မသိသူမရှိ သလောက်ပင်ဖြစ်သည်။ ဦးစို။ဒေါ်ဆင့်တို့ဇနီးမောင်နှံမှာဒူးရင်းသီးခြံများ၊လယ်ယာ များပိုင်ဆိုင်ပြီးချမ်းသာသူများဖြစ်သည်။ သို့သော်သားသမီးမထွန်းကားခဲ့ပါ။ ဒေါင်း ဇရပ်တွင် ခြံနှင့်ဝင်းနှင့်လေးပင် သုံးခန်းတွဲ နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးတွင် နေထိုင် ကြသည်။ ဘတင့်မှာ ဦးစိုး၏တူအရင်းဖြစ်သည်။ ဘတင့်တစ်ယောက်သာဤအိမ် ကြီးသို့ ဝင်ထွက်သွားလာနေခဲ့သည်။ ဘတင့်မှာ ဒေါင်းဇရပ်ရှိ ဦးလေး၊အဒေါ်တို့နှင့် အတူနေသူ မဟုတ်ပေ။ အမျိုးများရှိရာ ငန်းတေးရွာနှင့် ညောင်ပင်ဆိတ်ရွာတို့တွင် အဆင်ပြေသလို နေထိုင်နေသူ ဖြစ်သည်။
ဘတင့်မှာ အသက်နှစ်ဆယ်ကျော်အရွယ်ရောက်ရှိသည့်တိုင် မည်သည့် အလုပ်မှမလုပ်ဘဲသောက်စားမူးယစ်နေသူဖြစ်သည်၊ငွေလိုတိုင်း ဦးလေးနှင့်အဒေါ် ရှိရာဒေါင်းဇရပ်သို့ရောက်လာပြီးငွေတောင်းလေ့ရှိသည်။တောင်းမရလျှင်ချေးသည်။ ချေ။သမျှငွေလည်းပြန်ဆပ်သည်ဟူ၍မရှိပေ။အကြောင်းသိသောအဒေါ်ကငွေမချေ။
တော့ခြင်း ဖြစ်သည်။ အဒေါ်ဖြစ်သူက ငွေမပေးလျှင် ဘတင့်က ပူညံ ပူညံနှင့် အဒေါ် ဖြစ်သူကို ပြန်ပြောလေ့ရှိသည်။ ထိုအကြောင်းကို ခြံချင်းကပ်လျက် အိမ်များကပါ သိနေ၍ ရို၊နေသောကိစ္စဖြစ်နေသည်။
ဘတင့်ကတော်တော်နှင့်မပြန်သေးဘဲဦးလေးဖြစ်သူကိုစောင့်နေခဲ့သည်။ ဦးလေးပြန်ရောက်လာသည်။ဦးလေးကသူ့တူအကြောင်းသိထား
ညနေစောင်းမှသူ့
သူဖြစ်၍ ရောက်ရောက်ချင်းပင် သူ့ဇနီးကို မေးလိုက်သည်။
လား”
“ဟိုကောင် ဘတင့် ငွေလာတောင်းပြန်ပြီထင်တယ်။ မင်း ပေးလိုက်ပြီ
“ဟုတ်တယ်၊ ငွေလာချေးတာ။ ကျွန်မ ပိုက်ဆံမချေးလို့ စိတ်ဆိုးနေတာ၊
အစ်ကို့တူကိုပြောထားဦး။
ခဏခဏပိုက်ဆံလာတောင်းနေတယ်”
“အေးပါ-ငါပြောလိုက်ပါ့မယ်”
ဦးလေးဖြစ်သူက ဘတင့်ကိုခေါ်ပြီးမေးလိုက်သည်။ “ဘတင့် – ငွေလာချေးတာလား”
“ငွေနည်းနည်းလိုနေလို့ ဒေါ်လေးဆီငွေလာချေးတာ” “ငွေက ဘယ်လောက်လိုနေလို့လဲ”
“ငါးထောင်လောက်ပါ”
“မင်း ဘာအလုပ်မျှ မလုပ်ဘဲ ငွေလိုတိုင်းလာတောင်းနေတော့ ဘယ်သူက အမြဲတမ်းပေးနိုင်မှာလဲ။ မင်းအဒေါ်မပြောနဲ့ ဦးလေးအရင်းဖြစ်တဲ့ ငါတောင် မင်းကို ပိုက်ဆံချေးချင်တာမဟုတ်ဘူး။ ပြန်ပေးတာရော ရှိလို့လား”
“ဒီတစ်ခါတော့ ချေးပါ-ဦးလေးရာ၊ကျွန်တော်သိပ်အရေးကြီးနေလို့ပါ “ဒီမှာ-ဘတင့်ငါပြောမယ်၊သေသေချာချာနားထောင်းမင်းအသက်နှစ်ဆယ်
ကျော်ပြီ။ ခုထက်ထိဘာအလုပ်မှမလုပ်ဘူး။သောက်လိုက်စားလိုက်နဲ့ပဲအချိန်ကုန် နေတာ။ တို့လင်မယားမှာ သားသမီးရှိတာ မဟုတ်ဘူး။ ဆွေမျိုးလည်းနည်းတယ်၊ ရှိတဲ့ဆွေမျိုးတွေကလည်းအနီးအနားမှာရှိတာမဟုတ်ဘူး။ ငါကခြံကိစ္စ၊လယ်ကိစ္စနဲ့ ညဉ့်အိပ်ညဉ့်နေခရီးထွက်နေရတယ်။ မင်းငါတို့နဲ့လာနေပါလား။ ငါ့အလုပ်တွေဝိုင်း လုပ်၊ ပြီးတော့ ငါ မရှိတုန်း မင်းအဒေါ်ကိုလည်း စောင့်ရှောက်နိုင်တာပေါ့၊ ဘယ်လို
လဲ”
”ဟာ-ဒီမှာမနေချင်ပါဘူး။ ဒီမှာနေရင်လွတ်လပ်မှာမဟုတ်တော့ဘူး။ ငန်း တေးနဲ့ ညောင်ပင်ဆိပ်ရွာမှာက အပေါင်းအသင်းတွေနဲ့ ပျော်ဖို့ကောင်းတာ၊ စည်လည်း စည်တယ်၊ ဒီမှာကခြံကြီးဝင်းကြီးနဲ့တိတ်ဆိတ်နေတာပဲ။ဦးလေးတို့နဲ့ မနေနိုင် ပါဘူး”
“တော်တော်ပြောရခက်ပါလား- ဘတင့်ရယ်။ ဆွေမျိုးရင်းချာဆိုလို့ မင်းပဲ အနီးဆုံးရှိတာ၊ တို့ သေသွားရင် တို့ပိုင်တဲ့ပစ္စည်းတွေ မင်းပဲ အမွေရမှာ၊ စဉ်းစားပါ
ဦး
“ဟာ-ဦးလေးကလည်း ဒီမှာအမြဲတမ်းမနေနိုင်ပါဘူး၊ ခုလောလောဆယ် ငွေငါးထောင်အရင်ရေးလိုက်ပါ
“ကောင်းပြီ- ဒီတစ်ခါနောက်ဆုံးအနေနဲ့ပေးလိုက်မယ်။ နောက်ကိုငါ့စကား နားထောင်မှ၊ပြီးတော့ မင်းအချိုးတွေပြောင်းမှဖြစ်တော့မယ်”
ဦးလေးဖြစ်သူက ဇနီးကိုလှမ်းပြောလိုက်သည်။
“မဆင့်ရေ” ဘတင့်ကို ငွေငါးထောင်ပေးလိုက်ပါ။ ဒါနောက်ဆုံးပါပဲ” “ပေးပေါင်းဆုံးပေါင်းများလှပြီ၊ ဘတင့် သောက်စားမူးယစ်ဖို့ ကျွန်မ မပေး နိင်ဘူး။အစ်ကိုလည်းမပေးနဲ့တော့”
“ပေးပါ-ဒေါ်လေးရယ်၊ ဦးလေးကိုယ်တိုင်က ပေးလို့ပြောတယ်လေ” “ငါက မယားပဲ၊ နင့်ဦးလေးပိုင်တာ ငါပိုင်တာပဲ၊ မပေးဘူး။ မင်းကိုပေးရင် အဆိပ်ပင်ရေလောင်းသလိုပဲဖြစ်မယ် မပေးဘူး”
“ပေးလို့ ပြောနေတာမကြားဘူးလား- ဒေါ်လေး။ ငွေငါးထောင်ပေးမလား၊ မပေးဘူးလား”
“အံမယ်- မင်းကငါ့ကိုပေးမလား။မပေးဘူးလားတဲ့။ အပြောအဆို မိုက်ရိုင်း
လိုက်တာ၊ မပေးဘူး”
ရသည်။
ဇနီးနှင့်တူတို့စကားများနေသဖြင့်ဦးလေးဖြစ်သူမနေသာတော့ဘဲဝင်ပြော
“မဆင့်ပြောတာအမှန်တွေချည်းပဲ။မင်းမိုက်ရိုင်းတာလည်းပါတယ်။ကဲကဲ-
မင်းပြန်တော့”
“ေဩာ် ဦးလေးကလည်းမယားဘက်ပါသွားပြီပေါ့။ ဒီမှာဒေါ်လေး- တစ်နေ့ ကျွန်တော့်အကြောင်း သိရမယ်”တော့”
“တော်တော်မိုက်ရိုင်းတဲ့အကောင်ပါလား။ငါတို့ခြံထဲကမင်းအခုထွက်သွား
အဒေါ်ဖြစ်သူနှင့် ခွန်းကြီးခွန်းငယ် စကားများပြီး ဘတင့်က အဒေါ်ဖြစ်သူကို ပြောဆိုကြိမ်းမောင်းကာ မကျေမနပ်နှင့် ပြန်သွားတော့သည်။ အဒေါ်ဖြစ်သူက နှင် ထုတ်လေသည်။ ဘတင့်ကလည်းအဒေါ်ကိုပြောဆိုကြိမ်းမောင်းပြန်သွားပြီးနောက် ပိုင်းဘတင့်တစ်ယောက်ဒေါင်းဇရပ်သို့ရောက်မလာတော့ပါ၊ဘတင့်ပျောက်နေသည်
မှာ သုံးလခန့် ကြာခဲ့ပြီဖြစ်သည်။ ဦးလေးနှင့်ဒေါ်လေးဖြစ်သူတို့မှာလည်း တူဖြစ်သူ ဘတင့် နှင့် စကားများခဲ့သည်ကိုမေ့မေ့ပျောက်ပျောက်ပင် ဖြစ်နေခဲ့ကြသည်။ထိုစဉ် ဦးစိုးမှာသုံးညအိပ်ခန့်ခရီးသွားရမည်ဖြစ်၍ခြံချင်းကပ်ရက်ဘေးခြံများမှသူများကိုဇနီး ဖြစ်သူ မဆင့်အား ကြည့်ရှုထားရန်လိုက်လံမှာကြားပြီး ခရီးထွက်သွားတော့သည်။ ဦးစိုး ခရီးထွက်သွားပြီး နောက်တစ်နေ့ညနေစောင်းအချိန်တွင် ဦးစိုးအိမ်မှ
ဆူညံစွာဖြင့်စကားများသံကြားကြသည်။ညနေမှောင်စပျိုးချိန်တွင်ဦးစိုး၊ဒေါ်တင့်တို့ ခြံတွင်းမှလူတစ်ယောက်ထွက်သွားသည်ကိုဘေးခြံများမှလူများမသဲမကွဲတွေ့လိုက် ကြသည်။ ဦးစိုး၏တူတော်စပ်သူဘတင့်ရောက်လာပြီးငွေတောင်းစဉ်အဒေါ်ကမပေး ၍ စကားများပြီးပြန်သွားသည်ဟုသာထင်ကြသည်။ထိုသို့သောကိစ္စမျိုးမကြာခဏ ကြားနေကြမို့ အရေးတယူ ဂရုတစိုက်မထားခဲ့ကြပေ။ အမှုမဲ့အမှတ်မဲ့ပင် နေလိုက် ကြသည်။ ဒေါ်ဆင့်တို့ခြံကြီး တိတ်ဆိတ်ငြိမ်သက်နေသည်ကိုလည်း သတိမထားခဲ့ ကြပေ။ သုံးညအိပ်ခရီးထွက်သွားသော ဦးစိုးပြန်ရောက်လာသည်၊အိမ်တံခါးများ
ပွင့်နေသည်။အိမ်ပေါ်တက်လိုက်သည်နှင့်သွေးအိုင်ထဲတွင်လဲကျသေဆုံးနေသော ဇနီးသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရတော့သည်။ ရင်ညွန့်တွင် ဓားဒဏ်ရာတွေ့ ရသည်။ ဦးစိုး အကူအညီတောင်းခံလာတော့မှခြံချင်းကပ်ရက် မိတ်ဆွေများ သိရ တော့သည်။ဦးစိုးအိမ်တွင်ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ဦးစိုးရဲစခန်းသို့သွား၍အမှု ဖွင့်တိုင်တန်းလိုက်သည်။ မကြာမီ စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်လာသည်။ အလောင်းကိုစစ်ဆေးဓာတ်ပုံရိုက်ကြသည်။ခြံချင်းကပ်နေသည့်အနီးဆုံးခြံမှသူများ
ကို ဦးစွာစစ်ဆေးမေးမြန်းသည်။
“ဒီပတ်ဝန်းကျင်မှာဒေါ်ဆင့်နဲ့စကားများရန်ဖြစ်ဖူးတဲ့သူရှိလား၊ရန်ငြိုးရန်စ
ရှိခဲ့ဖူးသူများ ရှိလား”
“ဦးစိုးတို့ ဒေါ်ဆင့်တို့က လူအေးတွေပါ။မတည့်တဲ့သူမရှိပါဘူး” “အသတ်ခံထားရသောနှစ်ရက်လောက်ရှိနေပြီးလွန်ခဲ့တဲ့နှစ်ရက်လောက်က
ထူးခြားမှုတွေမြင်မိကြားမိသေးလား”
“ဦးစိုး ခရီးထွက်သွားပြီး နောက်တစ်နေ့ထင်တယ်။ ဒေါ်ဆင့်အိမ်မှာဆူညံ ဆူညံနဲ့စကားများသံကြားလိုက်ရတယ်”
သလိုပဲ”
“ဟုတ်ပြီ၊ နောက်ရောဘာတွေကြားရတွေ့ရသေးလဲ”
“အဲဒီလို စကားများသံကြားရပြီး လူရိပ်လိုလို ဒေါ်ဆင့်ခြံထဲက ထွက်သွား
“ဘယ်သူလို့ထင်ပါသလဲ”
“အတိအကျတော့မပြောတတ်ဘူး။ ဦးစိုးရဲ့တူတစ်ယောက်တော့ မကြာ မကြာလာပြီးဝင်ထွက်သွားလာနေတာတာ့သတိထားမိတယ်။ အဲဒီနေ့ကမှောင်ရီစ
ပျိုးနေပြီ။ လူတစ်ယောက် ခြံထဲကထွက်သွားတာရိပ်ခနဲ တွေ့လိုက်ရတယ်”
ရဲစခန်းမှူးက ကာယကံရှင် ဦးစိုးကို မေးလိုက်ပြန်သည်။ ဦးစိုး သွားခဲ့သည့် နေရာဒေသ၊ တွေ့ဆုံခဲ့သည့်သူများကိုအသေးစိတ်မေးမြန်းသည်၊ ဦးစိုးကရော ဘယ်သူလို့ထင်လဲ၊ သံသယဖြစ်သူရောရှိလား”
“ပြောရရင်တော့ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုဖြစ်နေမယ်ထင်တယ်။ ဒါပေမဲ့ပြောရတော့မှာပဲ။လွန်ခဲ့တဲ့သုံးလလောက်ကကျွန်တော့်တူလာပြီးပိုက်ဆံလာ တောင်းတယ်။တောင်းနေကျပါ။ ကျွန်တော်က ပေးမယ်လုပ်နေတုန်း သူ့အဒေါ်က မပေးဖို့ဝင်တားတယ်။အဒေါ်နဲ့ခွန်ကြီးခွန်းငယ်စကားများပြီးငွေမရဘဲပြန်သွားတယ်။
အဲဒီတုန်းကအဒေါ်ကိုလည်းကြိမ်းမောင်းသွားသေးတယ်၊ အင်း- နကိစ္စာမှာလည်း
စကားများသံတွေကြားရပြီးခြံထဲကထွက်သွားတဲ့လူရိပ်လိုလိုတွေ့ကြတယ်ဆိုတော့
ဒီကောင် ဘတင့်များဖြစ်နေမလားပဲ”
“အဲဒီဘတင့်ဆိုသူက ဘာအလုပ်လုပ်လဲ”
“ဘာမှအလုပ်အကိုင် မည်မည်ရရမရှိဘူး။ သောက်စားမူးယစ်နေတဲ့
အကောင်ပါ”
“သူ့နာမည်က ဘတင့်နော်။ ဘယ်အရွယ်လောက်လဲ- ဘယ်မှာနေလဲ” “ကျွန်တော့်တူအရင်းပါ။အသက်နှစ်ဆယ်ကျော်၊အသားညိုညိုပိန်ပိန်ပါးပါး
နဲ့ပါ။ နေတာကတော့ ငန်းတေးရွာမှာ နေချင်နေတယ်၊ ညောင်ပင်ဆိပ်ရွာမှာနေလို
နေတယ်”
“အဖိုးတန်ပစ္စည်းတွေ ပါသွားသေးလား”
“ကျွန်တော့်မိန်းမ ဝတ်ထားတဲ့လက်ကောက်လေးကွင်းလည်း ပျောက်နေ တယ်။ ကျန်တဲ့ပစ္စည်းနဲ့ ငွေတွေ ဘာမှ ခြေရာလက်ရာမပျက်ဘူး။ ပစ္စည်းလိုချင်လို့ သတ်တယ်ဆိုရင်တော့ ရှိသမျှအားလုံးမွှေနှောက်ယူသွားတော့မှာပေါ့” “ဒီလောက်သိရတာ ကျေနပ်ပါပြီ။ လုပ်စရာလေးတွေရှိလို့ ခွင့်ပြုပါဦး လိုအပ်သလိုမေးမြန်းမှတ်သားပြီးရဲစခန်းမှူးနှင့်အဖွဲ့ပြန်သွားသည်။ဒေါ်ဆင့်
အလောင်းကိုလည်းသယ်ယူသွားကြသည်။ ဘတင့်ကိုရဲများခေါ်ယူစစ်ဆေးမေးမြန်း မည်မှာအသေအချာပင် ဖြစ်သည်။ ဒေါ်တင့် ရက်လည်သည့်နေ့တွင် စခန်းမှူးနှင့် ရဲများရောက်လာပြန်သည်။
ငန်းတေးရွာမှာရော ညောင်ပင်ဆိပ်ရွာမှာပါ ဘတင့်ကို ရှာဖွေမတွေ့တော့ ကြောင်း သိရသည်။ ဘတင့် သွားတတ်သည့်နေရာနှင့် ဆွေမျိုးများ နေထိုင်ရာကို ရဲများက မေးမြန်းသည်။ လောလောဆယ် ဘတင့်ကို သံသယဖြစ်နေပြီး ဖမ်းဆီးရမိ ရေးဆောင်ရွက်နေကြောင်းသာသိရသည်။
ဇနီးဖြစ်သူ အသတ်ခံရပြီးနောက်ပိုင်း ဦးစိုးတစ်ဦးတည်းသာ အိမ်ကြီးတွင် ဆက်လက်နေထိုင်လျက်ရှိသည်။ဆွေမျိုးများကိုအတူနေရန်ခေါ်သော်လည်းမည်သူ မျှအတူလာရောက်မနေကြပါ။ ဤသို့ဖြင့် တစ်နှစ်ခန့် ကြာခဲ့ပြီဖြစ်သည်။ ဘတင့်ကို လည်း ဖမ်းဆီးရမိခြင်း မရှိသေးပေ။ ဘတင့် ပျောက်ချက်သားကောင်းနေသည်။ အချိန်ကြာလာသည်နှင့်အမျှဒေါ်ဆင့်အသတ်ခံရသည့်ကိစ္စ၊ဘတင့်ကိစ္စမေ့ပျောက်စ ပြုလာကြပြီ ဖြစ်သည်။ သို့သော်ရဲစခန်းတွင်အမှုပိတ်သိမ်းခြင်းမရှိသေးပေ။ တစ်နေ့ညနေစောင်းအချိန် ခြံထဲတွင် သန့်ရှင်းရေးလုပ်နေသော ဦးစိုးထံမှ အထိတ်တလန့်အော်သံများကြားလိုက်ရသည်။
“ဒီကို-လာကြပါဦး၊ ကယ်ကြပါဦး”
ဦးစိုးအော်သံကြောင့်ဘေးခြံမှလူများအပြေးအလွှားရောက်လာကြသည်။
“ကျုပ်ဒီမှာပါ၊ကယ်ကြပါဦး”
ဦးစိုးမှာခြံထောင့်တစ်နေရာတွင်မြေပြင်တွင်လဲကျနေသည်ကိုတွေ့ရသည်။
ဦးစိုး ခြေထောက်ကို မြွေကြီးတစ်ကောင်က ရစ်ပတ်ထားသည်ကို အံ့ဩထိတ်လန့် ဖွယ်တွေ့လိုက်ကြသည်။
“ဟိုမှာ- ဦးစိုး၊ မြေကြီးအပတ်ခံထားရတယ်” “ခြေထောက်ကို ပတ်ထားတာ”
“လုပ်ကြပါဦး”
မယုံနိုင်ဖွယ်မြင်ကွင်းကြောင့်တစ်ယောက်တစ်ပေါက်ဆူညံနေတော့သည်။
ထိုစဉ်သတ္တိရှိပုံရသောလှကြိုင်ဆိုသူလူရွယ်ကအနီးသို့ တိုးကပ်သွားကာ ဝါးရင်း တုတ်ဖြင့် မြွေကြီး၏ ဦးခေါင်းကို ရိုက်ရန် ချိန်ရွယ်လိုက်သည်။ ဦးစိုးကို ထိမည်စိုး၍ လှကြိုင် ချိန်ဆနေခြင်းဖြစ်သည်။ လူများကလည်း အော်ဟစ်ခြောက်လှန့်ကြသည်။ ထိုအခိုက်မြွေကြီးမှာအသိဉာဏ်ရှိသည့်အလား ဦးစိုးကိုရစ်ပတ်ထားသည်များဖြေ
လျှော့ပေးလိုက်ပြီးတောထဲသို့တိုးဝင်ပျောက်ကွယ်သွားပါတော့သည်။ ဦးစိုးကိုထူမ
ပေးလိုက်ကြသည်။
“ဦးစိုး- ဘာဖြစ်သွားသေးလဲ”
“ဘာမှမဖြစ်ပါဘူး။ကျုပ်ကိုပတ်ရုံပတ်ထားတာ။အမြီးနဲ့ကျုပ်ခြေထောက်ကို ပတ်ထားပြီးခေါင်းထောင်လာတယ်။မျက်လုံးကကျုပ်ကိုစိုက်ကြည့်နေတယ်။ညှို့နေ သလားလို့ထင်ပြီးကျုပ်လည်း ကြောက်ကြောက်နဲ့ အော်လိုက်တာ” “ထူးဆန်းလိုက်တာဗျာ၊ ကျွန်တော် တုတ်နဲ့ရိုက်မယ်လို့ ရွယ်လိုက်တာနဲ့ ဦးစိုးကိုလွှတ်ပြီးတောထဲဝင်သွားတာ”
တုတ်နဲ့ရိုက်ရင်သူ့ကိုထိမှာစိုးလို့လား၊ ဒါမှမဟုတ် ဦးစိုးကိုထိမှာစိုးလို့လား၊ မြွေကြီးကချက်ချင်းရှောင်ထွက်သွားတာ၊ ထူးဆန်းနေတာတော့အမှန်ပဲ”
ဦးစိုးကတစ်ယောက်တည်းနေတော့သတိထားပါ။ အကြောင်းရှိရင်အသံ
ပြုလိုက်ပါ။ကျွန်တော်တို့လာခဲ့မယ်”
“အစက ဒီခြံထဲမှာဒီလိုမြွေမျိုး မတွေ့ဖူးပါဘူး။ ခု ပထမဆုံးတွေ့ရခြင်းပဲ” ထိုသို့ ဦးစိုးကို သတိပေးပြောဆိုပြီးတဖြည်းဖြည်းလူစုကွဲကာ ပြန်သွားကြ သည်။ ညအိပ်ရာဝင်စဉ် ဦးစိုးမှာ တစ်ယောက်တည်းတွေးနေမိသည်။ ယခင်က မိမိ ခြံအတွင်း၌ ဤကဲ့သို့ စပါးကြီးမြွေမျိုး မရှိခဲ့ပေ။ တွေ့လည်း မတွေ့ခဲ့ဖူးပါ။ ယခုတွေ့ရ သောမြွေမှာရုတ်တရက်အမြီးဖြင့်မိမိကိုပတ်ထားသော်လည်းတင်းတင်းကျပ်ကျပ် မဟုတ်ပေ။ ပတ်ထားသည်ဆိုရုံမျှသာ ပတ်ထားသည်။ အန္တရာယ်ပြုလိုသည့် အနေ အထားမျိုးလည်း မဟုတ်ပေ။ မိမိကို ပတ်ထားစဉ် မျက်လုံးက မိမိကို စိုက်ကြည့်နေ သည်ကိုမြင်ယောင်နေခဲ့သည်။လူများရောက်လာပြီးတုတ်ဖြင့်ရိုက်မည်ရွယ်လိုက် သည်နှင့်မိမိကိုလွှတ်ကာအလျင်အမြန်ရှောင်ဖယ်သွားခဲ့သည်။မိမိကိုထိခိုက်ရိုက်မိ မည်စိုး၍ရှောင်ဖယ်သွားသည့်ပုံစံဖြစ်နေသည်။ညနေကအဖြစ်အပျက်ကိုတွေးရင်း
ဦးစိုးမှေးခနဲအိပ်ပျော်သွားသည်။ မည်မျှကြာအောင်အိပ်ပျော်သွားသည်မသိတော့ ပါ။ မိမိအမည်ခေါ်သံကြားလိုက်ရသည်။
“အစ်ကိုစိုး – အစ်ကိုစိုး– ထပါဦး- ကျွန်မပါ”
ခေါ်သံကြောင့် အနီးသို့ကြည့်လိုက်ရာ မြွေကြီးတစ်ကောင်ကို ရုတ်တရက်
တွေ့လိုက်ရသည်။“ကျွန်မပါမကြောက်ပါနဲ့”
“ကျုပ်ကို အစ်ကိုစိုးလို့ခေါ်တာသေသွားတဲ့ကျုပ်မိန်းမတစ်ယောက်ပဲ ခေါ်
“ဟုတ်တယ်-အစ်ကိုစိုးမိန်းမမို့လို့ အစ်ကိုစိုးလို့ ခေါ်လိုက်တာပေါ့။ညနေက အစ်ကိုစိုးကိုကျွန်မကျီစယ်လိုက်တာတော်တော်ကြောက်သွားလား။အမြီးနဲ့ ပတ်ရုံ
ပတ်ထားတာပါ”
“ဟင်-ဒါဆိုမင်းကမဆင့်ပေါ့၊ ဟုတ်လား”
“သိပ်ဟုတ်တာပေါ့၊ အစ်ကိုစိုးရဲ့ဇနီးမယား မဆင့်ပါ။ အစ်ကိုစိုးရဲ့တူတော် မောင်ဘတင့်လက်ချက်နဲ့ သေခဲ့ရတဲ့မဆင့်ပါ”
”ဘာ၊ မင်းကို ဓားနဲ့ထိုးသတ်တာ ဘတင့် ဟုတ်လား” ”ဟုတ်ပါတယ်ရှင်၊အစ်ကိုစိုးမရှိတုန်းငွေလာတောင်းတာမပေးလို့ကျွန်မကို
သတ်ပြီး ဝတ်ထားတဲ့ လက်ကောက်တွေချွတ်ယူပြီးထွက်ပြေးသွားတာကျွန်မသေ
သွားတာသိပြီးဘာပစ္စည်းမှဆက်ပြီးမယူတော့ဘဲထွက်သွားတာ။ကျွန်မကအစ်ကို စိုးသံယောဇဉ်ပစ္စည်းသံယောဇဉ်ဒီအစွဲတွေကြောင့်မြွေကြီးအဖြစ်နဲ့ဒီခြံထဲရောက်
နေတာ။ နောက်ဆိုကျွန်မကိုတွေ့ရင် မကြောက်ပါနဲ့နော်”
“မင်းပြောတာတွေ အမှန်ပဲနော်၊ မင်းဟာ တကယ်ပဲ မဆင့်နော်။ ပြီးတော့ မင်းကို သတ်ခဲ့တာ ဘတင့်ပဲပေါ့”
“သိပ်မှန်တာပေါ့ရှင်၊ ဒီကောင့်ကို လက်စားချေဖို့ ကျွန်မ စောင့်နေတာ။ ရောက်လာလို့ကတော့”
ပြောပြောဆိုဆို မြွေကြီးက သူ့အမြီးဖြင့် ဦးစိုးကို ရစ်ပတ်လိုက်သည်။ “ဟာ- မလုပ်နဲ့၊ မပတ်ပါနဲ့၊ ငါ ကြောက်တယ်။ မပတ်နဲ့”
ဦးစိုးတစ်ယောက် မပတ်နဲ့ ငါ ကြောက်တယ်ဟု ပါးစပ်မှ အော်ဟစ်ရင်း အိပ် ရာမှလန့်နိုးသွားခဲ့သည်။ဦးစိုးတစ်ကိုယ်လုံးချွေးများဖြင့်ရွှဲနစ်နေသည်။ ဦးစိုးအိပ်ရာ
မှထပြီးမှန်အိမ်မီးထွန်းလိုက်သည်။ သည်တော့မှမိမိအိပ်မက်မက်ပြီးလန့်နိုးလာခြင်း
ဖြစ်ကြောင်းသိလိုက်ရသည်။ညဉ့်နက်သန်းခေါင်ကျော်ချိန်ဖြစ်နေသည်။အရုဏ်ပင် မလာသေးပါ။ ထူးဆန်းသည့် အိပ်မက်အကြောင်းကို ပြန်ပြောင်းတွေးနေမိသည်။ အိပ်၍မပျော်တော့ပါ။မိုးလင်းသည်နှင့် ရဲစခန်းသွားကာအိပ်မက်အကြောင်း ပြောပြလိုက်သည်။ ဘတင့်သတင်းကိုလည်းမေးခဲ့သည်။ ဘတင့်မှာရှောင်တိမ်းနေဟန်တူ သည်။ ယခုထက်တိုင် ဖမ်းဆီးရမိသေးခြင်းမရှိကြောင်း သိရသည်။
ဦးစိုးက သူ့အိပ်မက်အကြောင်း အိမ်နီးနားချင်းများကိုပြောပြလိုက်သည်။ ဦးစိုးအိပ်မက်သတင်းက ဒေါင်းဇရပ်တစ်ရပ်လုံး ပျံ့နှံ့သွားခဲ့သည်။ ကြားရသူများက မယုံတစ်ဝက်ယုံတစ်ဝက်ဖြစ်နေကြသည်။
တာတဲ့”
“သေသွားတဲ့ဒေါ်ဆင့်က သူ့ ဥစ္စာပစ္စည်းတွေကိုစွဲပြီးခြံထဲမှာ မြွေကြီးဖြစ်နေ
ဦးစိုးကို တစ်နေ့ကပတ်ထားတဲ့မြွေကြီးဟာ ဒေါ်ဆင့် ဟုတ်လား” “ဒေါ်ဆင့်က သူ့တူ ဘတင့် သတ်လို့သေရတာတဲ့၊ ဦးစိုးကိုအိပ်မက်ပေးပြီး ပြောတာတဲ့”
ဒေါ်ဆင့်က သူ့ကို သတ်သွားတဲ့ ဘတင့်ကို လက်စားချေဖို့ မြွေကြီးအဖြစ်နဲ့ ခြံထဲမှာစောင့်နေတာတဲ့”
“သူ့ကိုအိပ်မက်ပေးတဲ့မြွေကြီးဟာမဆင့်ပါလို့ဦးစိုးကိုယ်တိုင်က ပြောတာ၊ သူ့အိပ်မက်အကြောင်း ရဲစခန်းကိုတောင် သွားပြောခဲ့ပြီးပြီ”
ဤသို့ဖြင့် ဦးစို၊ မြွေပတ်ခံရသည့်အဖြစ်နှင့် မြွေကြီးအိပ်မက်ပေးသည့် အကြောင်းများကပတ်ဝန်းကျင်ဝယ်ပျံ့နှံ့သွားတော့သည်၊ဦးစိုးလည်းပုံမှန် သူ့ခြံကို သန့်ရှင်းရေးပြုလုပ်မြဲဖြစ်သည်။ တံမြက်စည်းလှည်း၊ သစ်ရွက်ခြောက်ရှင်။ အမှိုက် များ မီးရှို့စသည်ဖြင့်ပြုလုပ်နေကျဖြစ်သည်။ ဦးစိုးထိုသို့ပြုလုပ်တိုင်း မလှမ်းမကမ်း ဦးစိုးနှင့်မနီးမဝေးတွင် စပါးကြီးမြွေတစ်ကောင်ရှိနေတတ်သည်။ ဦးစိုးကမကြောက် တော့ပါ။ ထိုမြွေကြီးကို တွေ့သည့်လူများက တွေ့သွားသည်။ ဦးစိုးက မြွေကြီးကို မရိုက်နက်၊မောင်းမထုတ်ရန်ပြောထားသဖြင့်ကြည့်ရုံသာကြည့်နေကြသည်။တစ်ခါ တလေ ဦးစိုးက မြွေကြီးကို စကားလှမ်းပြောနေသည်ကိုလည်း တွေ့ရတတ်သည်။ ဦးစိုးအလုပ်လုပ်ပြီး ခေတ္တအနားယူစဉ် မြွေကြီးက မလှမ်းမကမ်းသို့ရောက်လာပြီး ဦးစိုးကိုကြည့်နေလေ့ရှိသည်။အချိန်ကြာလာသည်နှင့်အမျှဦးစိုးနှင့်မြွေကြီးအဖြစ်က ပတ်ဝန်းကျင်တစ်ဝိုက်ဝယ်ရိုးနေပြီဖြစ်သည့်အဖြစ်အပျက်ဖြစ်သည်။အထူးအဆန်း
မဖြစ်တော့ပေ၊ ဖြတ်သွားဖြတ်လာပြုသူတိုင်း ဦးစိုးနှင့် မြွေကြီးကိုလှမ်းကြည့်သွား ရုံသာဖြစ်သည်။
ယခုဦးစိုးကိုမတွေ့ရသည်မှာ သုံးရက်ခန့်ရှိခဲ့ပြီဖြစ်သည်။သူ့ခြံသန့်ရှင်းရေး
လုပ်သည်ကိုလည်း မတွေ့ရတော့ပေ၊ ညဉ့်အိပ်ညဉ့်နေ ခရီးသွားဖြစ်လျှင်လည်း နံဘေးခြံမှ အိမ်များကိုမှ သွားလေ့ရှိသည်၊ ယခု မည်သည့်သတင်းမှမရဘဲ ဦးစိုး ပျောက်နေသည်။ ခြံတံခါး၊အိမ်တံခါးများလည်း ပိတ်ထားလျက်သား တွေ့ရသည်။ အိမ်နီးနားချင်းများက မသင်္ကာဖြစ်လာသည်။ ရပ်ရွာလူကြီး ဦးထွန်းခနှင့်တိုင်ပင်ညှိ နှိုင်းပြီး ဂုဏ်သရေရှိလူကြီးများနှင့်အတူ အိမ်တံခါးဖျက်ကာ အိမ်ထဲဝင်ကြည့်ကြ
သည်။အိမ်ရှေ့ဧည့်ခန်းတွင်းဝယ်မှောက်လျက်သားဖြင့်လဲကျသေဆုံးနေသောဦးစိုး
အလောင်းကိုမမျှော်လင့်ဘဲတွေ့လိုက်ကြရသည်။ရပ်ရွာလူကြီး ဦးထွန်းခဦးဆောင် ကာရဲစခန်းသို့သွားရောက်သတင်းပို့သည်။ ရဲစခန်းမှရဲများရောက်လာကာလိုအပ်
သည်များစီစဉ်ဆောင်ရွက်ပြီးအလောင်းကိုသယ်ယူသွားကြသည်။သေဆုံးသူဦးစိုး ၏ကိုယ်ပေါ်တွင်မည်သည့်ဒဏ်ရာမှ မတွေ့ရပေ။
ဦးစိုးမှာ အသတ်ခံရခြင်းမဟုတ်ဘဲ ဦးနောက်သွေးကြောပြတ်ကာသေဆုံး ခဲ့ခြင်းဖြစ်ကြောင်း နောက်မှ သိရသည်။ အိမ်နီးနားချင်းများက ဦးစိုး၏ ဆွေမျိုးများ နေထိုင်ရာလိပ်စာမသိ၍သတင်းစာများတွင်ဦးစိုး၏နာရေးသတင်းကြော်ငြာထည့် လိုက်သည်။နာရေးကြော်ငြာကြောင့်ဦးစိုး၏ဆွေမျိုးသုံးလေးဦးရောက်လာကြသည်။ ဆွေမျိုးများကို စောင့်ဆိုင်းလိုသေး၍ ဦးစိုးအလောင်းကို ငါးရက်ထားပြီးမှ သင်္ဂြိုဟ်ခဲ့ သည်၊ ဦးစိုးဈာပနရက်မလည်မီတစ်ရက်အလိုတွင်အဒေါ်ကိုသတ်မှုဖြင့်ရဲများအလို ရှိနေသော ဘတင့်ရောက်လာခဲ့သည်၊ မည်သည့်ဒေသရောက်နေမှန်း မသိသော တူတော်သူ ဘတင့်ရောက်လာပြီး ဦးစိုး၏ ဆွေမျိုးလေးဦးနှင့် အမွေကိစ္စ ဆွေးနွေး တိုင်ပင်ကြသည်။အိမ်ကြီးကိုရောင်းပစ်ပြီးအမွေခွဲမည်ဟုဆိုကြသည်။ထိုနေ့ညနေ ဘက်အိမ်ပေါ်တွင် အမွေကိစ္စဆွေးနွေးတိုင်ပင်နေကြစဉ်အိမ်အောက်မှလူများရုတ် ရုတ်သဲသဲဖြစ်သံကြားလိုက်ရသည်။ အိမ်အောက်ထပ်တွင် လူများ ဝိုင်းအုံပြီးတစ်စုံ တစ်ခုကို ကြည့်ရှုနေကြသည်။
“ဟာ- စပါးကြီးမြွေကြီးပါလာ။”
“ဦးစိုးနားမှာ မကြာခဏ တွေ့တွေ့နေရတဲ့ မြွေကြီးဖြစ်မယ်”
“မရိုက်ကြပါနဲ့၊ ဦးစိုးက ဒီမြွေကိုမရိုက်ဖို့ မှာထားတာ”
“ဒေါ်ဆင့်သေပြီ။ မြွေအဖြစ်နဲ့ ဒီခြံထဲရောက်နေတဲ့ မြွေကြီးထင်တယ်”
“ဦးစိုးပြောတာကြားဖူးတယ်။ဒေါ်ဆင့်ကသူ့ကိုသတ်သွားတဲ့သူကိုလက်စား
ချေတုံ့ပြန်ဖို့ မြွေအဖြစ်နဲ့ဒီခြံထဲမှာစောင့်နေတာတဲ့
“အင်း-
ဖြစ်နိုင်တယ်၊အခုအိမ်အပေါ်ထပ်မှာဘတင့်ရောက်နေတယ်၊အမွေ ခွဲဖို့ကိစ္စပြောနေကြတယ်။ ဘတင့်ရောက်လာလို့မြွေကြီးကလူတွေကိုမကြောက်ဘဲ ရောက်လာတာလား”
မြွေကြီးကိုဝိုင်းအုံကြည့်ရှုနေသူများတစ်ယောက်တစ်ပေါက် ထင်ရာမြင်ရာ ပြောဆိုနေကြစဉ်မှာပင် ရဲစခန်းမှ ရဲများရောက်လာကြသည်။ ထိုစဉ်အိမ်ပေါ်မှ ပြေး ဆင်းလာသောဘတင့်ကိုတွေ့လိုက်ရသည်။ မြွေကြီးထံအာရုံရောက်နေသောလူစု က ဘတင့်ထံအာရုံပြောင်းသွားသည်၊ အသင့်စောင့်နေသော ရဲများက ဘတင့်ကို ဝိုင်းဝန်းဖမ်းဆီးပြီး ရဲစခန်းသို့ ခေါ်ဆောင်သွားကြသည်။ အဒေါ်ဖြစ်သူ ဒေါ်ဆင့်ကို သတ်မှုဖြင့် ဘတင့်ကို ရဲများလာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။ ဦးစိုး၏ နာရေး သတင်းကို သတင်းစာထဲထည့်သွင်းကြော်ငြာရန် ရဲများက တိုက်တွန်းပြောဆိုခဲ့ ကြောင်း နောက်မှသိရသည်။ ဘတင့်ကို ရဲများဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် လူများက သတိရ၍ မြွေကြီးဆီ ပြန်လာကြသည်။ မြွေကြီးကိုလုံးဝမတွေ့ရတော့ဘဲ ပျောက်ခြင်းမလှ ပျောက်သွားတော့သည်။
ဦးစိုး အသုဘရက်လည်ပြီးသည့်တိုင် အမွေခွဲဝေရေးကိစ္စ မပြီးပြတ်နိုင်ဘဲ ဖြစ်နေသည်။ ဦးစိုး ရရန်ရှိသည့် ကြွေးမြီစာရင်းစာရွက်စာတမ်းများကိုလည်း တွေ့ရှိ ကြသည်။ ရရန်ရှိသည့် ထိုကြွေးမြီများ တောင်းခံရရှိပြီးမှ အမွေခွဲရန် သဘောတူကြ သည်။နောက်တစ်လတိတိတွင် ဦးစိုးအိမ်၌ပင်ပြန်ဆုံရန်တိုင်ပင်ထားကြသည်။ဦးစိုး
သေဆုံးပြီးတစ်လပြည့်သည့်နေ့တွင်လပတ်ဆွမ်းကျွေးဒါနပြုမည်ဖြစ်၍ထိုနေ့တွင် မှလူကြီးစုံရာရှေ့တွင် အမွေခွဲယူရန် သဘောတူထားကြသည်။ ခြံအတွင်းမှအိမ်ကို လည်းတံခါးပိတ်ထားခဲ့ပြီးအိမ်သော့ကိုရွာလူကြီး ဦးထွန်းခထံတွင်အပ်နှံထားခဲ့ကြ သည်၊ ဦးထွန်းခမှာ ဦးစိုးနှင့်ရင်းနှီးခင်မင်သူလည်းဖြစ်သည်။ ဦးစိုးတို့ခြံကြီးမှာလော လောဆယ်နေသူမရှိဘဲတိတ်ဆိတ်ငြိမ်သက်နေတော့သည်။ မှောင်စပျိုးချိန်ခြံအနီးမှ ဖြတ်သွားစဉ်ခြံအတွင်း၌လူရိပ်လိုလိုတွေ့သူကတွေ့ကြသည်ဟုဆိုသည်။ ညဘက် လရောင်ဖြင့်လည်း သစ်ပင်များပေါ်တွင် တစ်စုံတစ်ခုလှုပ်ရှားသွားလာနေသည်ကို တွေ့ကြရသည်ဟု ပြောသူက ပြောကြသည်။ ထိုအရာသည် ကွယ်လွန်ခဲ့သူ ဦးစိုး၏
ဝိညာဉ်ဟုယုံကြည်သူကယုံကြည်နေကြသည်။ဦးစိုး မကျွတ်မလွတ်ဘဲ သူ့ဝိညာဉ် မှာ သူ့ခြံထဲ၌ ရှိနေသည်ဟု ဆိုကြသည်။
အိမ်ရောင်းမည့် ဆိုင်းဘုတ်ကိုလည်းခြံဝတွင် ချိတ်ဆွဲကြော်ငြာထားပြီးဖြစ် သည်။ ဆွေမျိုးတစ်ဦးနှစ်ဦးက ခြံဝင်းအတွင်းရှိ သစ်ပင်ကြီးများကို ခုတ်လှဲပြီးထင်း အဖြစ် ရောင်းစားပစ်ကြသည်။ အလွယ်တကူ ရရှိနိုင်သည့် ပစ္စည်းများကို သယ်ယူ သူကသယ်ယူနေကြသည်။ ဦးရာလူက ရနိုင်သမျှ ပစ္စည်းများယူငင်နေကြသည်။ ဤသို့ဖြင့် ဦးစိုးကွယ်လွန်ခဲ့သည့် တစ်လပြည့်ရန် တစ်ရက်အလိုတွင် ဆွေမျိုးများ ရောက်လာကြသည်။ လပတ်ဆွမ်းအတွက် အလုပ်အကိုင်နေ့လည်းဖြစ်သည်။ ဆွေမျိုးများ ရောက်လာကြသည်။ ဆွေမျိုးလေးဦးကလူကြီးစုံရာရှေ့တွင် အတွင်း ပစ္စည်းများထပ်မံရှာဖွေကြသည်။ သေတ္တာတစ်လုံးအတွင်းမှ ဒေါ်ဆင့်၏လက်ဝတ် လက်စားအနည်းငယ်နှင့်ငွေစက္ကူအမြောက်အမြားကိုတွေ့ရသည်။ငွေစက္ကူများမှာ အစီးလိုက်အုပ်လိုက် ဖြစ်သည်။ ဦးစိုးနှင့် ဒေါ်ဆင့်တို့မှာ ရိုးသားသည့် သူများဖြစ်၍ ငွေကို ဘဏ်တွင် အပ်နှံထားခြင်းမရှိဘဲ အိမ်တွင်သာ သိမ်းဆည်းထားကြသည်။ ငွေစက္ကူ သိန်း ၂ဝ နီးပါးကို တွေ့ရသည်။ လောလောဆယ်အချုပ်ကျနေသူ ဘတင့် အတွက်ပါထည့်တွက်၍ လူငါးဦးထိုငွေများကို ခွဲဝေယူရန် သဘောတူကြသည်။ အတွင်းပစ္စည်းများကိုလည်းထိုနည်းအတိုင်းပင် ခွဲဝေယူကြမည်ဖြစ်ကြောင်း သိရ
သည်။
ဦးစိုးနှင့်ဒေါ်ဆင့်နှစ်ဖက်ပေါင်းမှဆွေမျိုးရင်းချာလေးဦးရောက်လာကြသည်။
အချုပ်ကျနေသူ ဘတင့်အပါအဝင် ငါးဦး ဖြစ်သည်။ ရောက်လာသည့်လေးဦးတွင် ဦးလှိုင်ဆိုသူမှာအသက်အကြီးဆုံးဖြစ်သည်။ ဦးစိုး၏ဘထွေးတော်စပ်သူဖြစ်သည်။ ကျန်သည့်ဆွေမျိုးများအပေါ်ဩဇာညောင်းသူလည်း ဖြစ်သည်။ အမွေကိစ္စ စီစဉ်
ဆောင်ရွက်ပေးရန်ရွာလူကြီးဦးထွန်းခကိုအပ်နှံထားကြသည်။ယခုဦးထွန်းခလည်း ရောက်ရှိနေပြီဖြစ်သည်။မနက်ဖြန်တစ်လပြည့်ဆွမ်းကျွေးအလှူရှိ၍အိမ်နီးနားချင်း များချက်ပြုတ်မည့်သူများရောက်ရှိလာပြီးအလှူကိစ္စအတွက်ပြင်ဆင်လုပ်ကိုင်နေ ကြသည်။ မနက်ဖြန်ဆရာတော်ကိုယ်တိုင်ကြွရောက်လာမည်ဖြစ်သည်။ဆရာတော်
မှာကွယ်လွန်သွားသူဦးစိုး၏ဆရာရင်းဖြစ်သည်သာမက ရင်းနှီးသူလည်းဖြစ်သည်။ ဦးစိုး၏ ဘထွေးတော်စပ်သူ ဦးလှိုင်ကို ရွာလူကြီး ဦးထွန်းခကပြောလိုက်သည်။
“ငွေတွေ၊ပစ္စည်းတွေအမွေခွဲတာမနက်ဖြန်မှဆောင်ရွက်ရင် မကောင်းဘူး လား။ကိုစိုးရဲ့ ဆရာတော်လည်း ကြွလာမယ်ဆိုတော့ ဆရာတော်ရှေ့မှောက်မှာဆို ပိုကောင်းမယ်ထင်တယ်”
“ကောင်းပါတယ်၊ မောင်စိုးက ဆရာတော်ရဲ့ဒကာရင်းပဲ။ ကောင်းသလိုသာ လုပ်ပါ။ ဒါဆို ရွာလူကြီးလည်း ဒီည ဒီမှာပဲအိပ်ပါလား။ အပေါ်ထပ်မှာအကျယ်ကြီး
Ꮗ
“ရပါတယ် – အိပ်ရာဝင်ရင်း စကားပြောဖော်ရတာပေါ့၊ ဦးစိုးက ကျွန်တော်နဲ့
ညီအစ်ကိုအရင်းတွေလိုခင်မင်နေကြတာ။တိုင်ပင်ဖော်တိုင်ပင်ဖက်တွေပေါ်
“ဒါဆိုပိုကောင်းတာပေါ့။ အတူတူအိပ်ကြမယ်”
ဦးလှိုင်မှာရွာလူကြီး ဦးထွန်းခထက်အသက်ပိုကြီးသော်လည်း ဦးထွန်းခကို ကျွန်တော်ဟု သုံးနှုန်းပြီးလေးလေးစားစား ဆက်ဆံသည်၊
“ဦးလှိုင်မှာ စာချုပ်စာတမ်းတွေ အဆင်သင့်ရှိတယ် မဟုတ်လား” “ရှိပါတယ်၊အဆင်သင့်လုပ်ထားပါတယ်”
“ကောင်းပါတယ်၊ လောလောဆယ် အချုပ်ထဲကျနေတဲ့ ဘတင့်အတွက်ပါ
ထည့်ပြီး ခွဲဝေကြမယ် မဟုတ်လား”
“ဘတင့် ဆိုးပေတေတာလည်းကြားပါတယ်၊ သူက မောင်စိုးရဲ့တူအရင်းပဲ။ သူ့လည်းတစ်ပုံပေးရမှာပေါ့။ခြံနဲ့အိမ်လောလောဆယ်ရောင်းလို့မထွက်သေးတော့
မောင်စိုးတို့ကလည်းထိန်းသိမ်းထားပေးပါ”
“မနက်လူကြီးစုံရာရှေ့မှာပြောကြတာပေါ့။အာရုဏ်ဆွမ်းကိုတော့စောစော
ထရမှာ။ အိပ်ကြစို့”
ခြံကလွန်စွာကျယ်သည်။ခပ်လှမ်းလှမ်းတွင်ချက်ပြုတ်နေသူများဖြင့်ဆူညံ နေသော်လည်းအိမ်ကြီးအပေါ်ထပ်တွင် တိတ်ဆိတ်လျက် ရှိနေသည်။ ရွာလူကြီး ဦးထွန်းခနှင့် ဦးလှိုင်တို့ နှစ်ဦးယှဉ်တွဲလျက်အိပ်နေကြသည်။ စကားတပြောပြော ရှိနေသဖြင့် တော်တော်နှင့် မအိပ်ဖြစ်ကြပါ။ ချက်ပြုတ်နေရာဘက်ဆီမှ စကားပြော သံများကြားနေရဆဲဖြစ်သည်။ဦးလှိုင်ကအိပ်ပျော်သွားပြီဖြစ်သော်လည်းဦးထွန်းခ ကအတွေးများဖြင့်အိပ်မပျော်နိုင်ဘဲ ဖြစ်နေသည်။ ဦးစိုးတို့ လင်မယားမှာ သဘောမနောကောင်းပြီးအလှူဒါနရက်ရောသူများလည်းဖြစ်သည်။ယခုရောက်ရှိနေသော ဦးစိုး၏ ဆွေမျိုးများမှာ လောဘသမားများ ဖြစ်ပုံရသည်။ ဦးစိုး၏ ပစ္စည်းများကို လောဘတက်နေကြသည်။ သို့သော်အထောက်အထားပြောစကားများအရဦးစိုး၏
ဆွေမျိုးရင်းချာသွေးသားတော်စပ်သူများဖြစ်သည်မှာအမှန်ပင်ဖြစ်သည်။ မနက်ဖြန် အမွေခွဲဝေပေးရေးကိစ္စ တွေးတောရင်းမှေးခနဲအိပ်ပျော်သွားသည်။ “ထွန်းခ – ထွန်းခ -ထပါဦးကွ-ငါပါကွ”
“ဟင် – ဘယ်သူလဲ၊ ခင်ဗျား ဘယ်သူလဲ၊ ကျုပ်ကိုထွန်းခလို့ ခေါ်တာကိုစိုး တစ်ယောက်ပဲရှိတာ”
“ထွန်းခရယ်၊ ငါ့ကို မမှတ်မိတော့ဘူးလား၊ ငါကသေပြီးတဲ့လူပါကွာ။ငါသေ ပြီး ဒီခြံနဲ့ ပစ္စည်းတွေ၊ ငွေတွေကို စွဲလမ်းတဲ့ ဥပါဒါန်ကြောင့် ငါ့ဝိညာဉ် ဒီခြံထဲရောက် နေရတယ်။ ငါ့မိန်းမလည်း မကျွတ်မလွတ်သေးဘဲ ဒီခြံထဲမှာ မြွေကြီးအဖြစ်နဲ့ ရှိနေ တယ်။ ဒါကို မသိဘူးလား
“ဘာပြောတယ်- ကိုစိုး၊ မဆင့်က မြွေကြီးဖြစ်နေတယ်။ ဟုတ်လား၊ ဒါနဲ့ကိုစိုး ကရော ဘယ်မှာနေတာလဲ”
“ငါဒီခြံထဲက သစ်ပင်တွေပေါ်မှာရှိနေတာ၊ငါနေတဲ့သစ်ပင်တွေခုတ်လှဲပြီး ထင်းအဖြစ် ရောင်းစားနေကြတော့ နေစရာမရှိဖြစ်တော့မယ်။ ဒါတွေ မကျေနပ်လို့ ခုလိုလာပြောရတာ”
“ကိုစိုးဘာဖြစ်ချင်လဲ၊ ပြောပါ။လုပ်ပေးပါ့မယ်”
“ငါ့ငွေတွေ သူတို့ကိုမပေးပါနဲ့။ဟိုတုန်းကငါတို့လင်မယားနှစ်ယောက်တည်း ရှိတာဘယ်သူမှမလာကြဘူး။ လာကြည့်ဖော်တောင် မရဘူး။ ခုမှ လာပြီးလောဘ တက်နေကြတာ။ငါ့ငွေတွေ မပေးနိုင်ဘူး။ မနက်ဖြန်ဆွမ်းကျွေးအလှူမှာ ဆရာတော် ကြွလာမယ်။ ငါ့ငွေတွေအားလုံးဆရာတော်ထံကိုလှူပေးပါ။ဆရာတော်ကိုငါကတိ ပေးထားတာ ရှိတယ်။ နောက်ဆုံးအနေနဲ့ ငါ့ဆန္ဒကို လိုက်လျောပြီးဆောင်ရွက်ပေး
ပါ။ကိုစိုး“ကောင်းပါပြီးကိုစိုးဆန္ဒရှိတဲ့အတိုင်းဆောင်ရွက်ပေးပါ့မယ်။ စိတ်ချနေပါ-
ရွာလူကြီးဦးထွန်းခ အိပ်မက်မက်နေခြင်းဖြစ်သည်။အိပ်မက်ထဲတွင် သူငယ်
ချင်းကိုစိုးနှင့်စကားပြောနေစဉ်တစ်စုံတစ်ဦးကလှုပ်နိုးလိုက်သဖြင့်အိပ်ရာမှလန့်နိုး သွားခဲ့ရသည်။မိမိခြေရင်းတွင် ဦးလှိုင်ကို တွေ့လိုက်ရသည်။
“ဟင်- ဦးလှိုင်၊ ကျွန်တော့်ကို နှိုးလိုက်တာလား၊ ဘာဖြစ်လို့လဲ၊ ကျွန်တော် အိပ်မက် မက်နေတာ။ အိပ်မက်ထဲမှာကိုစိုးနဲ့ စကားပြောနေတာ”
“ဘာ-အိပ်မက်ထဲမှာ မောင်စိုးနဲ့ တွေ့ပြီး စကားပြောနေတယ် ဟုတ်လား။ ကျွန်တော့်ကိုလည်းမောင်စိုးကအိပ်မက်ပေးလို့ပြောပြချင်တာနဲ့ ခုလိုနှိုးလိုက်ရတာ။ ဒါနဲ့ မောင်စိုးက ဘယ်လိုအိပ်မက်ပေးတာလဲ”
ရွာလူကြီး ဦးထွန်းခက မောင်စိုးအိပ်မက်ပေးသည့်အကြောင်း အပြည့်အစုံ ပြောပြလိုက်သည်။
“မောင်စိုးက သူ့ငွေတွေ ခွဲဝေမပေးဘဲ ဆရာတော်ကိုအားလုံး လှူရမယ်
ဟုတ်လား”
“ဟုတ်ပါတယ်၊ အဲဒီအတိုင်း အိပ်မက်ပေးခဲ့တာ”
“ထူးဆန်းလိုက်တာဗျာ။အိပ်မက်ချင်းကတူနေပါလား။ကျွန်တော့်ကိုလည်း သူ့ငွေတွေမယူဘဲဆရာတော်ကိုလှူဖို့အိပ်မက်ပေးခဲ့တာ၊ဒါကြောင့်လန့်နိုးလာပြီး ရွာလူကြီးကိုနှိုးလိုက်တာတိုက်တိုက်ဆိုင်ဆိုင်ဗျာဘယ်လိုယုံရမှန်းတောင်မသိတော့
ဘူး”
“မနက်ဖြန်ကျွန်တော်ဘယ်လိုလုပ်ရမှာလဲ။အိပ်မက်ပေးတဲ့အတိုင်းငွေတွေ
ဆရာတော်ကိုလှူမှာလား”
“ရွာလူကြီးသဘောကရော ဘယ်လိုလဲ”
“ကျွန်တော့်သဘောကတော့ အိပ်မက်ထဲကအတိုင်း ဆောင်ရွက်ပေးချင်
တာ။ဒါပေမဲ့ ဦးလှိုင်တို့ သဘောတူမှုလုပ်လို့ရမှာလေ”ပါ
“ကျွန်တော် သဘောတူတယ်။ ငွေတွေအားလုံး ဆရာတော်ကို လှူလိုက်
“ဦးလှိုင် သဘောတူပေမယ့်ကျန်တဲ့သူတွေက သဘောတူပါ့မလား” “ကျွန်တော့်တာဝန်ထားပါဗျာ။ နောက်ပိုင်းခြံရောင်းလို့ထွက်ရင် ငွေတွေ
ရကြဦးမှာပဲ။ သူတို့ ကျေနပ်ကြမှာပါ”
ဒါမှသွားလေသူလည်းစိတ်ချမ်းသာပြီးလွတ်ရာကျွတ်
“သိပ်ကောင်းပါတယ်။ ရာသွားနိုင်မှာ။ ဆရာတော်ကို ငွေလှူပြီးသွားလေသူအတွက်အမျှကုသိုလ် ပေးဝေ
ကြတာပေါ့”
နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် ဆရာတော်များ ကြွလာတော်မူကြ သည်၊ရွာလူကြီးဦးထွန်းခကမနေ့ညကအိပ်မက်ပေးသည့်အကြောင်းဆရာတော်ထံ လျှောက်တင်သည့်ငွေများအားလုံးဆရာတော်ထံလှူဒါန်းမည့်အကြောင်းပါလျှောက်
တင်လိုက်သည်။
“ဘုန်းကြီးသိထားရသလောက်ဒကာကြီးမောင်စိုးရဲ့ဆွေမျိုးတွေကငွေတွေ
ကိုအချိုးကျခွဲဝေယူကြမှာမဟုတ်လာ။”
“ညကအိပ်မက်အကြောင်း ပြောပြလိုက်လို့ သူတို့မယူကြတော့ပါဘူး။ဆရာ တော်ဆောက်မယ့်ဓမ္မာရုံအတွက်ငွေအားလုံးလှူဖို့ သဘောတူကြပါတယ်” “ဒကာကြီး မောင်စိုး မကွယ်လွန်မီ လေးငါးလလောက်က ဘုန်းကြီးဓမ္မာရုံ ဆောက်မယ့်ကိစ္စတိုင်ပင်တော့ ငွေအတော်များများလှူပါ့မယ်လို့ကတိပေးတယ်”
တယ်”
“ခုငွေတွေကလည်းဓမ္မာရုံဆောက်ဖို့အတွက်လှူချင်တဲ့ငွေဖြစ်မယ်ထင်ပါ
“ကောင်းပါတယ်။ ကွယ်လွန်သွားသူရဲ့ ဆန္ဒကို ဖြည့်ဆည်းပြီး ကောင်းမှု ကုသိုလ်လုပ်ပေးတော့ရောက်ရာဘုံဘဝက သာဓုခေါ်နိုင်တာပေါ့” ဦးစိုးပိုင်ငွေသိန်း(၂ဝ)နီးပါးအားလုံးဆရာတော်ထံဆက်ကပ်လှူဒါန်းလိုက်
ပါတော့သည်။ ဆွမ်းဘုဉ်းပေးပြီး ရေစက်ချတရားဟောရာတွင် ဦးမောင်စိုး ဒေါ်ဆင့် အမည်နာမတပ်ကာအမျှပေးဝေခဲ့သည်။
ထိုငွေများကိုမတည်ကာဆရာတော်ကဓမ္မာရုံဆောက်လုပ်ခဲ့သည်။ ဓမ္မာရုံ
အဝင်မုခ်ဦးတွင် ဦးစိုးနှင့် ဒေါ်ဆင့်အမည်ကို ကမ္ပည်းထိုးထားသည်ကို တွေ့ရသည်။ ဓမ္မာရုံဆောက်လုပ်ပြီးစီး၍ ဓမ္မာရုံဖွင့်ပွဲအလှူတွင်ရေစက်ချအမျှဝေရာ၌ ဆရာတော် ကဦးစိုးနှင့်ဒေါ်ဆင့်အမည်တပ်ပြီးအမျှအတမ်းပေးဝေခဲ့သည်။ရေစက်ချတရားဟော
ရာတွင်လည်း ဦးစိုးနင့် ဒေါ်ဆင့်တို့အဖြစ်အပျက်ကိုထည့်သွင်းဟောကြားခဲ့သည်၊ “ဒကာကြီး-မောင်စိုးမကွယ်လွန်မီကတည်းကသူ့ဇနီးအိပ်မက်ပေးကြောင်း ဘုန်းကြီးကိုပြောပြခဲ့တာ။ဒကာမကြီးဒေါ်နင်းကွယ်လွန်ပြီးမကျွတ်မလွတ်ဘဲမြွေကြီးအဖြစ်နဲ့ သူ့ခြံထဲမှာရှိနေတာတဲ့။ အဲဒီမြွေကြီးကိုလည်းတွေ့ခဲ့သူကတွေ့ခဲ့ကြတာပဲ။
ဒကာကြီးမောင်စိုးကွယ်လွန်ပြီးတော့လည်းသူ့ဝိညာဉ်ကသူ့ခြံထဲမှာရှိနေတယ်လို့ ပြောကြပြန်တယ်။သူတို့ငွေတွေအမွေခွဲဝေပေးဖို့စီစဉ်တုန်းကလည်းအိပ်မက်ပေးပြီး ငွေတွေအားလုံး ဘုန်းကြီးကိုလှူဖို့အိပ်မက်ပေးခဲ့တယ်တဲ့။ ဒီသတင်းတွေကဒေါင်း ဇရပ်တစ်ရပ်ကွက်လုံးသိပြီးသားကိစ္စတွေပါ။ယုံသူရှိသလိုမယုံတဲ့သူလည်းရှိကြတာ ပဲ။ မယားက မြွေအဖြစ် ခြံထဲရောက်နေတာလင်ဖြစ်သူကလည်း မကျွတ်မလွတ်ဘဲ ခြံထဲက သစ်ပင်ပေါ်ရှိနေသလိုလို ပြောနေတာကြားနေရတယ်၊
ဒီကိစ္စတွေကငါ့ငွေ၊ငါ့အိမ်၊ငါ့ခြံဆိုတဲ့ဥပါဒါန်ကြောင့်ဖြစ်ရတာလို့ထင်တယ်။
အစွဲတွေက သိပ်ကြောက်ဖို့ကောင်းတာ၊ စောစောက ရေစက်ချပွဲမှာ သူတို့ကို အမျှ ကုသိုလ် ပေးဝေခဲ့ပြီးပြီ။ ဒီကုသိုလ်တွေ သူတို့ ရကြမှာပါ။ ကောင်းရာဘုံဘဝရောက် ကြမှာပါ”
ထိုဓမ္မာရုံဖွင့်ပွဲအလှူတွင် ရေစက်ချအမျှပေးဝေပြီးသည့်နောက်ပိုင်း ဦးစိုးနှင့်
ဒေါ်ဆင့်တို့ပိုင်ဆိုင်ခဲ့သည့်ခြံထဲတွင်မည်သည့်ထူးခြားမှုမျိုးမှမတွေ့ရတော့ပါဆိုကြ သည်။မြွေကြီးကိုမတွေ့ရတော့သည့်နည်းတူမှောင်မိုက်ချိန်များတွင် ဝိညာဉ်လိုလို၊ တစ္ဆေလိုလိုလှုပ်ရှားနေသည့်ပုံသဏ္ဌာန်ကိုလည်းမတွေ့ရတော့ဟုဆိုသည်။ သို့သော် ဒေါင်းဇရပ်တစ်ရပ်ကွက်လုံးမှလူများက ထိုခြံကြီးထဲတွင် မြွေကြီးနှင့် ဝိညာဉ်တစ်ခု ရှိနေဆဲဟု စွဲမှတ်ယုံကြည်နေကြဆဲပင် ဖြစ်သည်။ ဒေါင်းဇရပ်သားတို့၏ ဥပါဒါန်ဆို သည့်အစွဲကြောင့်ပင် ဖြစ်သည်။ထိုအိမ်ကြီးနှင့်ခြံကြီးမှာယနေ့ထိတိုင် ဝယ်မည့်သူ မဲ့နေဆဲပင် ဖြစ်နေသည်၊
Zawgyi Version
“ျခံထဲကေမျြၾကီး”(စ/ဆံုး)
——————————-
ေမာ္လၿမိဳင္ၿမိဳ႕အစြန္တြင္ေဒါင္းဆင္းရပ္အမည္ရွိ
ရပ္ကြက္တစ္ခု ရွိသည္။ အမ်ားက ေဒါင္းဇရပ္ဟုသာ ေခၚၾကသည္။ ေမာ္လၿမိဳင္ၿမိဳ႕မွ မုဒုံၿမိဳ႕ဘက္သို႔သြားေသာ ကတၱရာလမ္းေဘးတြင္တည္ရွိေသာရပ္ကြက္ျဖစ္သည္။ ေမာ္လၿမိဳင္ၿမိဳ႕ကို ေရွးအခါက ေမာရၿမိဳင္ဟု ေခၚခဲ့ၾက သည္။ ေဒါင္းတို႔ ေပ်ာ္သည့္ေတာဟု အဓိပၸာယ္ရသည္။ ေမာရဝတီဟုလည္းေခၚၾကသည္။ ထိုရပ္ကြက္ကိုဥေဒါင္း ငွက္မ်ား ဆင္းသက္ခဲ့၍ ေဒါင္းဆင္းရပ္ဟု ေခၚတြင္ခဲ့ သည္။ ကာလၾကာလာသည္ႏွင့္အမွ် ေဒါင္းဆင္းရပ္မွ ေဒါင္းဇရပ္ ျဖစ္လာသည္။ ထိုေဒါင္းဇရပ္ ရပ္ကြက္သည္ ၿမိဳ႕စြန္တြင္ရွိၿပီး ဝင္းႀကီး၊ ၿခံႀကီးမ်ားျဖင့္ တစ္သီးတျခား
ရွိေနသည္။ထိုေဒါင္းဇရပ္အစြန္ၿခံႀကီးတစ္ၿခံအတြင္းေရွး ေဟာင္းနစ္ထပ္ပ်ဥ္ေထာင္အိမ္ႀကီးတစ္ေဆာင္ ရွိေန
သည္။ လူမေနသည္မွာ ကာလၾကာျမင့္ခဲ့ၿပီ ျဖစ္သည္။
အိမ္ႏွင့္ၿခံေရာင္းမည္ဆိုေသာဆိုင္းဘုတ္ခ်ိတ္ထားသည္
ကိုလည္း ေတြ႕ရသည္။ ဆိုင္းဘုတ္သည္ပင္ ေဆြးျမည့္
ပ်က္စီးေနၿပီ ျဖစ္သည္။ ေဈးေလ်ာ့ ေရာင္းေသာ္လည္း ဝယ္မည့္သူမရွိဘဲ ျဖစ္ေန သည္။ ဝယ္မည့္သူမ်ားက ထိုၿခံႏွင့္အိမ္ႀကီးအေၾကာင္း စုံစမ္းသိရွိၿပီးေနာက္ မဝယ္ ျဖစ္ေတာ့ဘဲလက္ေလ်ာ့သြားသည္သာမ်ားသည္၊ထိုၿခံပိုင္ရွင္လင္မယာ၊ႏွစ္ဦးစလုံး ကြယ္လြန္သြားၾကၿပီ ျဖစ္သည္။ ၿခံပိုင္၊ လယ္ပိုင္လုပ္ငန္းမ်ားႏွင့္ ေငြေၾကးျပည့္သုံး သူမ်ားျဖစ္ေၾကာင္းသိရသည္။ဇနီးျဖစ္သူေသဆုံးၿပီးဥစၥာပစၥည္းမ်ားကိုစြဲလမ္းေသာ
စိတ္ျဖင့္ ေႁမြႀကီးတစ္ေကာင္အျဖစ္ ၿခံထဲတြင္ ရွိေနသည္ဟု ေျပာၾကသည္။ မယား ေသၿပီးေနာက္ပိုင္းမွကြယ္လြန္ခဲ့ေသာလင္ေယာက္်ားမွာလည္း မကြၽတ္မလြတ္ဘဲ
ထိုၿခံႀကီးထဲရွိ သစ္ပင္ႀကီးတြင္ ရွိေနသည္ဟုေျပာေနၾကျပန္သည္။
ညဘက္ ေမွာင္မိုက္ခ်ိန္မ်ားတြင္ ထိုၿခံအတြင္းရွိ သစ္ပင္ႀကီးမ်ားေပၚတြင္ တစ္စုံတစ္ခု သြားလာလႈပ္ရွားေနသည္ကို ျမင္ေတြ႕သူမ်ားက ျမင္ေတြ႕ခဲ့ၾကသည္။ အခ်ိဳ႕သူမ်ားဆိုလွ်င္ ဝိညာဥ္လိုလို လႈပ္ရွားေနေသာ သစ္ပင္ေအာက္တြင္ ႀကီးမား ေသာေႁမြႀကီးတစ္ေကာင္ ေတြ႕ရသည္ဟုလည္း ေျပာေနၾကသည္။ ထိုအေၾကာင္း မ်ားေၾကာင့္ထိုၿခံႀကီးကိုဝယ္ခ်င္သူမ်ား မဝယ္ရဲဘဲျဖစ္ေနၾကသည္။မိန္းမျဖစ္သူမွာ
အသတ္ခံရ၍ေသဆုံးသြားသည္ဟုလူႀကီးမ်ားကေျပာၾကသည္။လင္ေယာက္်ားက
႐ိုး႐ိုးဖ်ားနာ၍ ေနာက္မွေသဆုံးသည္။ ထိုၿခံႀကီးထဲတြင္အသတ္ခံရ၍ ေသဆုံးသြား
ေသာပိန္းမကေႁမြႀကီးဘဝျဖင့္ၿခံကိုေစာင့္ေနသည္ဟုဆိုၾကသည္။လင္ေယာက္်ား
ျဖစ္သူ၏ဝိညာဥ္ကလည္းထိုၿခံထဲရွိ သစ္ပင္ႀကီးမ်ားေပၚတြင္ရွိေနသည္ဟုေျပာေန ၾကျပန္သည္။ ထိုၿခံႀကီး၏ေနာက္ေၾကာင္းရာဇဝင္ကို စုံစမ္းၾကည့္လိုက္ေသာအခါ တြင္မူ၊
“ေဒၚေလး၊ကြၽန္ေတာ့္ကို ေငြငါးေထာင္ ေခ်းပါဦး”
“ဘာေျပာတယ္ ေမာင္ဘတင့္၊ ေငြငါးေထာင္ဟုတ္လား။ တစ္ေလာက မင္း ေခ်းထားတဲ့ ေငြသုံးေထာင္ကိုေတာင္ ျပန္မဆပ္ေသးဘဲ ခု ငါးေထာင္ထပ္ေခ်းမယ္ ဟုတ္လာ။ ငါမေပးႏိုင္ဘူး”
“လုပ္ပါ-ေဒၚေလးရယ္၊ ကြၽန္ေတာ္ဒီတစ္ခါ ဆက္ဆက္ျပန္ဆပ္ပါ့မယ္”
“ငါမသိဘူးမွတ္ေနလား ေမာင္ဘတင့္၊
ခုမင္းကအရက္ေသာက္႐ုံတင္မက
ေတာ့ဘူး၊ မူးယစ္ေဆးဝါးပါ သုံးစြဲေနၿပီလို႔ ငါၾကားေနရတယ္၊ မင္းဦးေလးသိရင္
မလြယ္ဘူး”
ႏိုင္ဘူး”
မယ္”
“ဦးေလးကိုမေျပာပါနဲ႔ ေဒၚေလးရယ္၊ ကြၽန္ေတာ္ျပန္ဆပ္ပါ့မယ္” “မေပးဘူး၊မင္းမေက်နပ္ရင္မင္းဦးေလးဆီမွာ သြားေတာင္း။ ငါေတာ့မေပး
ဦးေလးကေဒၚေလးထက္ ပိုဆိုးေသးတယ္၊ ေဒၚေလးေခ်းေပးမွျဖစ္မွာ” “ဒါေတာ့ ငါလည္းမတတ္ႏိုင္ဘူး၊ မင္းဦးေလးျပန္လာေတာ့မယ္” ဒါဆိုလည္းထမင္းစားၿပီးေတာ့မွ ျပန္ေတာ့မယ္၊ ဦးေလးကို ေစာင့္လိုက္ဦး
စကားဆုံးသည္ႏွင့္ ဘတင့္မီးဖိုေခ်ာင္ထဲဝင္သြားၿပီးထမင္းအိုး၊ ဟင္းအိုး ဖြင့္ ကာစိတ္ႀကိဳက္ ခူးခပ္စားေသာက္ေနေတာ့သည္။
ေဒါင္းဇရပ္ ရပ္ကြက္တြင္ေနထိုင္ေသာ ဦးစိုး၊ ေဒၚဆင့္ဆိုလွ်င္ မသိသူမရွိ သေလာက္ပင္ျဖစ္သည္။ ဦးစို။ေဒၚဆင့္တို႔ဇနီးေမာင္ႏွံမွာဒူးရင္းသီးၿခံမ်ား၊လယ္ယာ မ်ားပိုင္ဆိုင္ၿပီးခ်မ္းသာသူမ်ားျဖစ္သည္။ သို႔ေသာ္သားသမီးမထြန္းကားခဲ့ပါ။ ေဒါင္း ဇရပ္တြင္ ၿခံႏွင့္ဝင္းႏွင့္ေလးပင္ သုံးခန္းတြဲ ႏွစ္ထပ္ပ်ဥ္ေထာင္အိမ္ႀကီးတြင္ ေနထိုင္ ၾကသည္။ ဘတင့္မွာ ဦးစိုး၏တူအရင္းျဖစ္သည္။ ဘတင့္တစ္ေယာက္သာဤအိမ္ ႀကီးသို႔ ဝင္ထြက္သြားလာေနခဲ့သည္။ ဘတင့္မွာ ေဒါင္းဇရပ္ရွိ ဦးေလး၊အေဒၚတို႔ႏွင့္ အတူေနသူ မဟုတ္ေပ။ အမ်ိဳးမ်ားရွိရာ ငန္းေတး႐ြာႏွင့္ ေညာင္ပင္ဆိတ္႐ြာတို႔တြင္ အဆင္ေျပသလို ေနထိုင္ေနသူ ျဖစ္သည္။
ဘတင့္မွာ အသက္ႏွစ္ဆယ္ေက်ာ္အ႐ြယ္ေရာက္ရွိသည့္တိုင္ မည္သည့္ အလုပ္မွမလုပ္ဘဲေသာက္စားမူးယစ္ေနသူျဖစ္သည္၊ေငြလိုတိုင္း ဦးေလးႏွင့္အေဒၚ ရွိရာေဒါင္းဇရပ္သို႔ေရာက္လာၿပီးေငြေတာင္းေလ့ရွိသည္။ေတာင္းမရလွ်င္ေခ်းသည္။ ေခ်။သမွ်ေငြလည္းျပန္ဆပ္သည္ဟူ၍မရွိေပ။အေၾကာင္းသိေသာအေဒၚကေငြမေခ်။
ေတာ့ျခင္း ျဖစ္သည္။ အေဒၚျဖစ္သူက ေငြမေပးလွ်င္ ဘတင့္က ပူညံ ပူညံႏွင့္ အေဒၚ ျဖစ္သူကို ျပန္ေျပာေလ့ရွိသည္။ ထိုအေၾကာင္းကို ၿခံခ်င္းကပ္လ်က္ အိမ္မ်ားကပါ သိေန၍ ႐ို၊ေနေသာကိစၥျဖစ္ေနသည္။
ဘတင့္ကေတာ္ေတာ္ႏွင့္မျပန္ေသးဘဲဦးေလးျဖစ္သူကိုေစာင့္ေနခဲ့သည္။ ဦးေလးျပန္ေရာက္လာသည္။ဦးေလးကသူ႔တူအေၾကာင္းသိထား
ညေနေစာင္းမွသူ႔
သူျဖစ္၍ ေရာက္ေရာက္ခ်င္းပင္ သူ႔ဇနီးကို ေမးလိုက္သည္။
လား”
“ဟိုေကာင္ ဘတင့္ ေငြလာေတာင္းျပန္ၿပီထင္တယ္။ မင္း ေပးလိုက္ၿပီ
“ဟုတ္တယ္၊ ေငြလာေခ်းတာ။ ကြၽန္မ ပိုက္ဆံမေခ်းလို႔ စိတ္ဆိုးေနတာ၊
အစ္ကို႔တူကိုေျပာထားဦး။
ခဏခဏပိုက္ဆံလာေတာင္းေနတယ္”
“ေအးပါ-ငါေျပာလိုက္ပါ့မယ္”
ဦးေလးျဖစ္သူက ဘတင့္ကိုေခၚၿပီးေမးလိုက္သည္။ “ဘတင့္ – ေငြလာေခ်းတာလား”
“ေငြနည္းနည္းလိုေနလို႔ ေဒၚေလးဆီေငြလာေခ်းတာ” “ေငြက ဘယ္ေလာက္လိုေနလို႔လဲ”
“ငါးေထာင္ေလာက္ပါ”
“မင္း ဘာအလုပ္မွ် မလုပ္ဘဲ ေငြလိုတိုင္းလာေတာင္းေနေတာ့ ဘယ္သူက အၿမဲတမ္းေပးႏိုင္မွာလဲ။ မင္းအေဒၚမေျပာနဲ႔ ဦးေလးအရင္းျဖစ္တဲ့ ငါေတာင္ မင္းကို ပိုက္ဆံေခ်းခ်င္တာမဟုတ္ဘူး။ ျပန္ေပးတာေရာ ရွိလို႔လား”
“ဒီတစ္ခါေတာ့ ေခ်းပါ-ဦးေလးရာ၊ကြၽန္ေတာ္သိပ္အေရးႀကီးေနလို႔ပါ “ဒီမွာ-ဘတင့္ငါေျပာမယ္၊ေသေသခ်ာခ်ာနားေထာင္းမင္းအသက္ႏွစ္ဆယ္
ေက်ာ္ၿပီ။ ခုထက္ထိဘာအလုပ္မွမလုပ္ဘူး။ေသာက္လိုက္စားလိုက္နဲ႔ပဲအခ်ိန္ကုန္ ေနတာ။ တို႔လင္မယားမွာ သားသမီးရွိတာ မဟုတ္ဘူး။ ေဆြမ်ိဳးလည္းနည္းတယ္၊ ရွိတဲ့ေဆြမ်ိဳးေတြကလည္းအနီးအနားမွာရွိတာမဟုတ္ဘူး။ ငါကၿခံကိစၥ၊လယ္ကိစၥနဲ႔ ညဥ့္အိပ္ညဥ့္ေနခရီးထြက္ေနရတယ္။ မင္းငါတို႔နဲ႔လာေနပါလား။ ငါ့အလုပ္ေတြဝိုင္း လုပ္၊ ၿပီးေတာ့ ငါ မရွိတုန္း မင္းအေဒၚကိုလည္း ေစာင့္ေရွာက္ႏိုင္တာေပါ့၊ ဘယ္လို
လဲ”
”ဟာ-ဒီမွာမေနခ်င္ပါဘူး။ ဒီမွာေနရင္လြတ္လပ္မွာမဟုတ္ေတာ့ဘူး။ ငန္း ေတးနဲ႔ ေညာင္ပင္ဆိပ္႐ြာမွာက အေပါင္းအသင္းေတြနဲ႔ ေပ်ာ္ဖို႔ေကာင္းတာ၊ စည္လည္း စည္တယ္၊ ဒီမွာကၿခံႀကီးဝင္းႀကီးနဲ႔တိတ္ဆိတ္ေနတာပဲ။ဦးေလးတို႔နဲ႔ မေနႏိုင္ ပါဘူး”
“ေတာ္ေတာ္ေျပာရခက္ပါလား- ဘတင့္ရယ္။ ေဆြမ်ိဳးရင္းခ်ာဆိုလို႔ မင္းပဲ အနီးဆုံးရွိတာ၊ တို႔ ေသသြားရင္ တို႔ပိုင္တဲ့ပစၥည္းေတြ မင္းပဲ အေမြရမွာ၊ စဥ္းစားပါ
ဦး
“ဟာ-ဦးေလးကလည္း ဒီမွာအၿမဲတမ္းမေနႏိုင္ပါဘူး၊ ခုေလာေလာဆယ္ ေငြငါးေထာင္အရင္ေရးလိုက္ပါ
“ေကာင္းၿပီ- ဒီတစ္ခါေနာက္ဆုံးအေနနဲ႔ေပးလိုက္မယ္။ ေနာက္ကိုငါ့စကား နားေထာင္မွ၊ၿပီးေတာ့ မင္းအခ်ိဳးေတြေျပာင္းမွျဖစ္ေတာ့မယ္”
ဦးေလးျဖစ္သူက ဇနီးကိုလွမ္းေျပာလိုက္သည္။
“မဆင့္ေရ” ဘတင့္ကို ေငြငါးေထာင္ေပးလိုက္ပါ။ ဒါေနာက္ဆုံးပါပဲ” “ေပးေပါင္းဆုံးေပါင္းမ်ားလွၿပီ၊ ဘတင့္ ေသာက္စားမူးယစ္ဖို႔ ကြၽန္မ မေပး နိင္ဘူး။အစ္ကိုလည္းမေပးနဲ႔ေတာ့”
“ေပးပါ-ေဒၚေလးရယ္၊ ဦးေလးကိုယ္တိုင္က ေပးလို႔ေျပာတယ္ေလ” “ငါက မယားပဲ၊ နင့္ဦးေလးပိုင္တာ ငါပိုင္တာပဲ၊ မေပးဘူး။ မင္းကိုေပးရင္ အဆိပ္ပင္ေရေလာင္းသလိုပဲျဖစ္မယ္ မေပးဘူး”
“ေပးလို႔ ေျပာေနတာမၾကားဘူးလား- ေဒၚေလး။ ေငြငါးေထာင္ေပးမလား၊ မေပးဘူးလား”
“အံမယ္- မင္းကငါ့ကိုေပးမလား။မေပးဘူးလားတဲ့။ အေျပာအဆို မိုက္႐ိုင္း
လိုက္တာ၊ မေပးဘူး”
ရသည္။
ဇနီးႏွင့္တူတို႔စကားမ်ားေနသျဖင့္ဦးေလးျဖစ္သူမေနသာေတာ့ဘဲဝင္ေျပာ
“မဆင့္ေျပာတာအမွန္ေတြခ်ည္းပဲ။မင္းမိုက္႐ိုင္းတာလည္းပါတယ္။ကဲကဲ-
မင္းျပန္ေတာ့”
“ေဩာ္ ဦးေလးကလည္းမယားဘက္ပါသြားၿပီေပါ့။ ဒီမွာေဒၚေလး- တစ္ေန႔ ကြၽန္ေတာ့္အေၾကာင္း သိရမယ္”ေတာ့”
“ေတာ္ေတာ္မိုက္႐ိုင္းတဲ့အေကာင္ပါလား။ငါတို႔ၿခံထဲကမင္းအခုထြက္သြား
အေဒၚျဖစ္သူႏွင့္ ခြန္းႀကီးခြန္းငယ္ စကားမ်ားၿပီး ဘတင့္က အေဒၚျဖစ္သူကို ေျပာဆိုႀကိမ္းေမာင္းကာ မေက်မနပ္ႏွင့္ ျပန္သြားေတာ့သည္။ အေဒၚျဖစ္သူက ႏွင္ ထုတ္ေလသည္။ ဘတင့္ကလည္းအေဒၚကိုေျပာဆိုႀကိမ္းေမာင္းျပန္သြားၿပီးေနာက္ ပိုင္းဘတင့္တစ္ေယာက္ေဒါင္းဇရပ္သို႔ေရာက္မလာေတာ့ပါ၊ဘတင့္ေပ်ာက္ေနသည္
မွာ သုံးလခန႔္ ၾကာခဲ့ၿပီျဖစ္သည္။ ဦးေလးႏွင့္ေဒၚေလးျဖစ္သူတို႔မွာလည္း တူျဖစ္သူ ဘတင့္ ႏွင့္ စကားမ်ားခဲ့သည္ကိုေမ့ေမ့ေပ်ာက္ေပ်ာက္ပင္ ျဖစ္ေနခဲ့ၾကသည္။ထိုစဥ္ ဦးစိုးမွာသုံးညအိပ္ခန႔္ခရီးသြားရမည္ျဖစ္၍ၿခံခ်င္းကပ္ရက္ေဘးၿခံမ်ားမွသူမ်ားကိုဇနီး ျဖစ္သူ မဆင့္အား ၾကည့္ရႈထားရန္လိုက္လံမွာၾကားၿပီး ခရီးထြက္သြားေတာ့သည္။ ဦးစိုး ခရီးထြက္သြားၿပီး ေနာက္တစ္ေန႔ညေနေစာင္းအခ်ိန္တြင္ ဦးစိုးအိမ္မွ
ဆူညံစြာျဖင့္စကားမ်ားသံၾကားၾကသည္။ညေနေမွာင္စပ်ိဳးခ်ိန္တြင္ဦးစိုး၊ေဒၚတင့္တို႔ ၿခံတြင္းမွလူတစ္ေယာက္ထြက္သြားသည္ကိုေဘးၿခံမ်ားမွလူမ်ားမသဲမကြဲေတြ႕လိုက္ ၾကသည္။ ဦးစိုး၏တူေတာ္စပ္သူဘတင့္ေရာက္လာၿပီးေငြေတာင္းစဥ္အေဒၚကမေပး ၍ စကားမ်ားၿပီးျပန္သြားသည္ဟုသာထင္ၾကသည္။ထိုသို႔ေသာကိစၥမ်ိဳးမၾကာခဏ ၾကားေနၾကမို႔ အေရးတယူ ဂ႐ုတစိုက္မထားခဲ့ၾကေပ။ အမႈမဲ့အမွတ္မဲ့ပင္ ေနလိုက္ ၾကသည္။ ေဒၚဆင့္တို႔ၿခံႀကီး တိတ္ဆိတ္ၿငိမ္သက္ေနသည္ကိုလည္း သတိမထားခဲ့ ၾကေပ။ သုံးညအိပ္ခရီးထြက္သြားေသာ ဦးစိုးျပန္ေရာက္လာသည္၊အိမ္တံခါးမ်ား
ပြင့္ေနသည္။အိမ္ေပၚတက္လိုက္သည္ႏွင့္ေသြးအိုင္ထဲတြင္လဲက်ေသဆုံးေနေသာ ဇနီးသည္ကို မေမွ်ာ္လင့္ဘဲ ေတြ႕လိုက္ရေတာ့သည္။ ရင္ၫြန႔္တြင္ ဓားဒဏ္ရာေတြ႕ ရသည္။ ဦးစိုး အကူအညီေတာင္းခံလာေတာ့မွၿခံခ်င္းကပ္ရက္ မိတ္ေဆြမ်ား သိရ ေတာ့သည္။ဦးစိုးအိမ္တြင္႐ုတ္႐ုတ္သဲသဲျဖစ္သြားသည္။ ဦးစိုးရဲစခန္းသို႔သြား၍အမႈ ဖြင့္တိုင္တန္းလိုက္သည္။ မၾကာမီ စခန္းမႉးႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား ေရာက္လာသည္။ အေလာင္းကိုစစ္ေဆးဓာတ္ပုံ႐ိုက္ၾကသည္။ၿခံခ်င္းကပ္ေနသည့္အနီးဆုံးၿခံမွသူမ်ား
ကို ဦးစြာစစ္ေဆးေမးျမန္းသည္။
“ဒီပတ္ဝန္းက်င္မွာေဒၚဆင့္နဲ႔စကားမ်ားရန္ျဖစ္ဖူးတဲ့သူရွိလား၊ရန္ၿငိဳးရန္စ
ရွိခဲ့ဖူးသူမ်ား ရွိလား”
“ဦးစိုးတို႔ ေဒၚဆင့္တို႔က လူေအးေတြပါ။မတည့္တဲ့သူမရွိပါဘူး” “အသတ္ခံထားရေသာႏွစ္ရက္ေလာက္ရွိေနၿပီးလြန္ခဲ့တဲ့ႏွစ္ရက္ေလာက္က
ထူးျခားမႈေတြျမင္မိၾကားမိေသးလား”
“ဦးစိုး ခရီးထြက္သြားၿပီး ေနာက္တစ္ေန႔ထင္တယ္။ ေဒၚဆင့္အိမ္မွာဆူညံ ဆူညံနဲ႔စကားမ်ားသံၾကားလိုက္ရတယ္”
သလိုပဲ”
“ဟုတ္ၿပီ၊ ေနာက္ေရာဘာေတြၾကားရေတြ႕ရေသးလဲ”
“အဲဒီလို စကားမ်ားသံၾကားရၿပီး လူရိပ္လိုလို ေဒၚဆင့္ၿခံထဲက ထြက္သြား
“ဘယ္သူလို႔ထင္ပါသလဲ”
“အတိအက်ေတာ့မေျပာတတ္ဘူး။ ဦးစိုးရဲ႕တူတစ္ေယာက္ေတာ့ မၾကာ မၾကာလာၿပီးဝင္ထြက္သြားလာေနတာတာ့သတိထားမိတယ္။ အဲဒီေန႔ကေမွာင္ရီစ
ပ်ိဳးေနၿပီ။ လူတစ္ေယာက္ ၿခံထဲကထြက္သြားတာရိပ္ခနဲ ေတြ႕လိုက္ရတယ္”
ရဲစခန္းမႉးက ကာယကံရွင္ ဦးစိုးကို ေမးလိုက္ျပန္သည္။ ဦးစိုး သြားခဲ့သည့္ ေနရာေဒသ၊ ေတြ႕ဆုံခဲ့သည့္သူမ်ားကိုအေသးစိတ္ေမးျမန္းသည္၊ ဦးစိုးကေရာ ဘယ္သူလို႔ထင္လဲ၊ သံသယျဖစ္သူေရာရွိလား”
“ေျပာရရင္ေတာ့ကိုယ့္ေပါင္ကိုယ္လွန္ေထာင္းသလိုျဖစ္ေနမယ္ထင္တယ္။ ဒါေပမဲ့ေျပာရေတာ့မွာပဲ။လြန္ခဲ့တဲ့သုံးလေလာက္ကကြၽန္ေတာ့္တူလာၿပီးပိုက္ဆံလာ ေတာင္းတယ္။ေတာင္းေနက်ပါ။ ကြၽန္ေတာ္က ေပးမယ္လုပ္ေနတုန္း သူ႔အေဒၚက မေပးဖို႔ဝင္တားတယ္။အေဒၚနဲ႔ခြန္ႀကီးခြန္းငယ္စကားမ်ားၿပီးေငြမရဘဲျပန္သြားတယ္။
အဲဒီတုန္းကအေဒၚကိုလည္းႀကိမ္းေမာင္းသြားေသးတယ္၊ အင္း- နကိစၥာမွာလည္း
စကားမ်ားသံေတြၾကားရၿပီးၿခံထဲကထြက္သြားတဲ့လူရိပ္လိုလိုေတြ႕ၾကတယ္ဆိုေတာ့
ဒီေကာင္ ဘတင့္မ်ားျဖစ္ေနမလားပဲ”
“အဲဒီဘတင့္ဆိုသူက ဘာအလုပ္လုပ္လဲ”
“ဘာမွအလုပ္အကိုင္ မည္မည္ရရမရွိဘူး။ ေသာက္စားမူးယစ္ေနတဲ့
အေကာင္ပါ”
“သူ႔နာမည္က ဘတင့္ေနာ္။ ဘယ္အ႐ြယ္ေလာက္လဲ- ဘယ္မွာေနလဲ” “ကြၽန္ေတာ့္တူအရင္းပါ။အသက္ႏွစ္ဆယ္ေက်ာ္၊အသားညိဳညိဳပိန္ပိန္ပါးပါး
နဲ႔ပါ။ ေနတာကေတာ့ ငန္းေတး႐ြာမွာ ေနခ်င္ေနတယ္၊ ေညာင္ပင္ဆိပ္႐ြာမွာေနလို
ေနတယ္”
“အဖိုးတန္ပစၥည္းေတြ ပါသြားေသးလား”
“ကြၽန္ေတာ့္မိန္းမ ဝတ္ထားတဲ့လက္ေကာက္ေလးကြင္းလည္း ေပ်ာက္ေန တယ္။ က်န္တဲ့ပစၥည္းနဲ႔ ေငြေတြ ဘာမွ ေျခရာလက္ရာမပ်က္ဘူး။ ပစၥည္းလိုခ်င္လို႔ သတ္တယ္ဆိုရင္ေတာ့ ရွိသမွ်အားလုံးေမႊေႏွာက္ယူသြားေတာ့မွာေပါ့” “ဒီေလာက္သိရတာ ေက်နပ္ပါၿပီ။ လုပ္စရာေလးေတြရွိလို႔ ခြင့္ျပဳပါဦး လိုအပ္သလိုေမးျမန္းမွတ္သားၿပီးရဲစခန္းမႉးႏွင့္အဖြဲ႕ျပန္သြားသည္။ေဒၚဆင့္
အေလာင္းကိုလည္းသယ္ယူသြားၾကသည္။ ဘတင့္ကိုရဲမ်ားေခၚယူစစ္ေဆးေမးျမန္း မည္မွာအေသအခ်ာပင္ ျဖစ္သည္။ ေဒၚတင့္ ရက္လည္သည့္ေန႔တြင္ စခန္းမႉးႏွင့္ ရဲမ်ားေရာက္လာျပန္သည္။
ငန္းေတး႐ြာမွာေရာ ေညာင္ပင္ဆိပ္႐ြာမွာပါ ဘတင့္ကို ရွာေဖြမေတြ႕ေတာ့ ေၾကာင္း သိရသည္။ ဘတင့္ သြားတတ္သည့္ေနရာႏွင့္ ေဆြမ်ိဳးမ်ား ေနထိုင္ရာကို ရဲမ်ားက ေမးျမန္းသည္။ ေလာေလာဆယ္ ဘတင့္ကို သံသယျဖစ္ေနၿပီး ဖမ္းဆီးရမိ ေရးေဆာင္႐ြက္ေနေၾကာင္းသာသိရသည္။
ဇနီးျဖစ္သူ အသတ္ခံရၿပီးေနာက္ပိုင္း ဦးစိုးတစ္ဦးတည္းသာ အိမ္ႀကီးတြင္ ဆက္လက္ေနထိုင္လ်က္ရွိသည္။ေဆြမ်ိဳးမ်ားကိုအတူေနရန္ေခၚေသာ္လည္းမည္သူ မွ်အတူလာေရာက္မေနၾကပါ။ ဤသို႔ျဖင့္ တစ္ႏွစ္ခန႔္ ၾကာခဲ့ၿပီျဖစ္သည္။ ဘတင့္ကို လည္း ဖမ္းဆီးရမိျခင္း မရွိေသးေပ။ ဘတင့္ ေပ်ာက္ခ်က္သားေကာင္းေနသည္။ အခ်ိန္ၾကာလာသည္ႏွင့္အမွ်ေဒၚဆင့္အသတ္ခံရသည့္ကိစၥ၊ဘတင့္ကိစၥေမ့ေပ်ာက္စ ျပဳလာၾကၿပီ ျဖစ္သည္။ သို႔ေသာ္ရဲစခန္းတြင္အမႈပိတ္သိမ္းျခင္းမရွိေသးေပ။ တစ္ေန႔ညေနေစာင္းအခ်ိန္ ၿခံထဲတြင္ သန႔္ရွင္းေရးလုပ္ေနေသာ ဦးစိုးထံမွ အထိတ္တလန႔္ေအာ္သံမ်ားၾကားလိုက္ရသည္။
“ဒီကို-လာၾကပါဦး၊ ကယ္ၾကပါဦး”
ဦးစိုးေအာ္သံေၾကာင့္ေဘးၿခံမွလူမ်ားအေျပးအလႊားေရာက္လာၾကသည္။
“က်ဳပ္ဒီမွာပါ၊ကယ္ၾကပါဦး”
ဦးစိုးမွာၿခံေထာင့္တစ္ေနရာတြင္ေျမျပင္တြင္လဲက်ေနသည္ကိုေတြ႕ရသည္။
ဦးစိုး ေျခေထာက္ကို ေႁမြႀကီးတစ္ေကာင္က ရစ္ပတ္ထားသည္ကို အံ့ဩထိတ္လန႔္ ဖြယ္ေတြ႕လိုက္ၾကသည္။
“ဟိုမွာ- ဦးစိုး၊ ေျမႀကီးအပတ္ခံထားရတယ္” “ေျခေထာက္ကို ပတ္ထားတာ”
“လုပ္ၾကပါဦး”
မယုံႏိုင္ဖြယ္ျမင္ကြင္းေၾကာင့္တစ္ေယာက္တစ္ေပါက္ဆူညံေနေတာ့သည္။
ထိုစဥ္သတၱိရွိပုံရေသာလွႀကိဳင္ဆိုသူလူ႐ြယ္ကအနီးသို႔ တိုးကပ္သြားကာ ဝါးရင္း တုတ္ျဖင့္ ေႁမြႀကီး၏ ဦးေခါင္းကို ႐ိုက္ရန္ ခ်ိန္႐ြယ္လိုက္သည္။ ဦးစိုးကို ထိမည္စိုး၍ လွႀကိဳင္ ခ်ိန္ဆေနျခင္းျဖစ္သည္။ လူမ်ားကလည္း ေအာ္ဟစ္ေျခာက္လွန႔္ၾကသည္။ ထိုအခိုက္ေႁမြႀကီးမွာအသိဉာဏ္ရွိသည့္အလား ဦးစိုးကိုရစ္ပတ္ထားသည္မ်ားေျဖ
ေလွ်ာ့ေပးလိုက္ၿပီးေတာထဲသို႔တိုးဝင္ေပ်ာက္ကြယ္သြားပါေတာ့သည္။ ဦးစိုးကိုထူမ
ေပးလိုက္ၾကသည္။
“ဦးစိုး- ဘာျဖစ္သြားေသးလဲ”
“ဘာမွမျဖစ္ပါဘူး။က်ဳပ္ကိုပတ္႐ုံပတ္ထားတာ။အၿမီးနဲ႔က်ဳပ္ေျခေထာက္ကို ပတ္ထားၿပီးေခါင္းေထာင္လာတယ္။မ်က္လုံးကက်ဳပ္ကိုစိုက္ၾကည့္ေနတယ္။ညႇိဳ႕ေန သလားလို႔ထင္ၿပီးက်ဳပ္လည္း ေၾကာက္ေၾကာက္နဲ႔ ေအာ္လိုက္တာ” “ထူးဆန္းလိုက္တာဗ်ာ၊ ကြၽန္ေတာ္ တုတ္နဲ႔႐ိုက္မယ္လို႔ ႐ြယ္လိုက္တာနဲ႔ ဦးစိုးကိုလႊတ္ၿပီးေတာထဲဝင္သြားတာ”
တုတ္နဲ႔႐ိုက္ရင္သူ႔ကိုထိမွာစိုးလို႔လား၊ ဒါမွမဟုတ္ ဦးစိုးကိုထိမွာစိုးလို႔လား၊ ေႁမြႀကီးကခ်က္ခ်င္းေရွာင္ထြက္သြားတာ၊ ထူးဆန္းေနတာေတာ့အမွန္ပဲ”
ဦးစိုးကတစ္ေယာက္တည္းေနေတာ့သတိထားပါ။ အေၾကာင္းရွိရင္အသံ
ျပဳလိုက္ပါ။ကြၽန္ေတာ္တို႔လာခဲ့မယ္”
“အစက ဒီၿခံထဲမွာဒီလိုေႁမြမ်ိဳး မေတြ႕ဖူးပါဘူး။ ခု ပထမဆုံးေတြ႕ရျခင္းပဲ” ထိုသို႔ ဦးစိုးကို သတိေပးေျပာဆိုၿပီးတျဖည္းျဖည္းလူစုကြဲကာ ျပန္သြားၾက သည္။ ညအိပ္ရာဝင္စဥ္ ဦးစိုးမွာ တစ္ေယာက္တည္းေတြးေနမိသည္။ ယခင္က မိမိ ၿခံအတြင္း၌ ဤကဲ့သို႔ စပါးႀကီးေႁမြမ်ိဳး မရွိခဲ့ေပ။ ေတြ႕လည္း မေတြ႕ခဲ့ဖူးပါ။ ယခုေတြ႕ရ ေသာေႁမြမွာ႐ုတ္တရက္အၿမီးျဖင့္မိမိကိုပတ္ထားေသာ္လည္းတင္းတင္းက်ပ္က်ပ္ မဟုတ္ေပ။ ပတ္ထားသည္ဆို႐ုံမွ်သာ ပတ္ထားသည္။ အႏၲရာယ္ျပဳလိုသည့္ အေန အထားမ်ိဳးလည္း မဟုတ္ေပ။ မိမိကို ပတ္ထားစဥ္ မ်က္လုံးက မိမိကို စိုက္ၾကည့္ေန သည္ကိုျမင္ေယာင္ေနခဲ့သည္။လူမ်ားေရာက္လာၿပီးတုတ္ျဖင့္႐ိုက္မည္႐ြယ္လိုက္ သည္ႏွင့္မိမိကိုလႊတ္ကာအလ်င္အျမန္ေရွာင္ဖယ္သြားခဲ့သည္။မိမိကိုထိခိုက္႐ိုက္မိ မည္စိုး၍ေရွာင္ဖယ္သြားသည့္ပုံစံျဖစ္ေနသည္။ညေနကအျဖစ္အပ်က္ကိုေတြးရင္း
ဦးစိုးေမွးခနဲအိပ္ေပ်ာ္သြားသည္။ မည္မွ်ၾကာေအာင္အိပ္ေပ်ာ္သြားသည္မသိေတာ့ ပါ။ မိမိအမည္ေခၚသံၾကားလိုက္ရသည္။
“အစ္ကိုစိုး – အစ္ကိုစိုး– ထပါဦး- ကြၽန္မပါ”
ေခၚသံေၾကာင့္ အနီးသို႔ၾကည့္လိုက္ရာ ေႁမြႀကီးတစ္ေကာင္ကို ႐ုတ္တရက္
ေတြ႕လိုက္ရသည္။“ကြၽန္မပါမေၾကာက္ပါနဲ႔”
“က်ဳပ္ကို အစ္ကိုစိုးလို႔ေခၚတာေသသြားတဲ့က်ဳပ္မိန္းမတစ္ေယာက္ပဲ ေခၚ
“ဟုတ္တယ္-အစ္ကိုစိုးမိန္းမမို႔လို႔ အစ္ကိုစိုးလို႔ ေခၚလိုက္တာေပါ့။ညေနက အစ္ကိုစိုးကိုကြၽန္မက်ီစယ္လိုက္တာေတာ္ေတာ္ေၾကာက္သြားလား။အၿမီးနဲ႔ ပတ္႐ုံ
ပတ္ထားတာပါ”
“ဟင္-ဒါဆိုမင္းကမဆင့္ေပါ့၊ ဟုတ္လား”
“သိပ္ဟုတ္တာေပါ့၊ အစ္ကိုစိုးရဲ႕ဇနီးမယား မဆင့္ပါ။ အစ္ကိုစိုးရဲ႕တူေတာ္ ေမာင္ဘတင့္လက္ခ်က္နဲ႔ ေသခဲ့ရတဲ့မဆင့္ပါ”
”ဘာ၊ မင္းကို ဓားနဲ႔ထိုးသတ္တာ ဘတင့္ ဟုတ္လား” ”ဟုတ္ပါတယ္ရွင္၊အစ္ကိုစိုးမရွိတုန္းေငြလာေတာင္းတာမေပးလို႔ကြၽန္မကို
သတ္ၿပီး ဝတ္ထားတဲ့ လက္ေကာက္ေတြခြၽတ္ယူၿပီးထြက္ေျပးသြားတာကြၽန္မေသ
သြားတာသိၿပီးဘာပစၥည္းမွဆက္ၿပီးမယူေတာ့ဘဲထြက္သြားတာ။ကြၽန္မကအစ္ကို စိုးသံေယာဇဥ္ပစၥည္းသံေယာဇဥ္ဒီအစြဲေတြေၾကာင့္ေႁမြႀကီးအျဖစ္နဲ႔ဒီၿခံထဲေရာက္
ေနတာ။ ေနာက္ဆိုကြၽန္မကိုေတြ႕ရင္ မေၾကာက္ပါနဲ႔ေနာ္”
“မင္းေျပာတာေတြ အမွန္ပဲေနာ္၊ မင္းဟာ တကယ္ပဲ မဆင့္ေနာ္။ ၿပီးေတာ့ မင္းကို သတ္ခဲ့တာ ဘတင့္ပဲေပါ့”
“သိပ္မွန္တာေပါ့ရွင္၊ ဒီေကာင့္ကို လက္စားေခ်ဖို႔ ကြၽန္မ ေစာင့္ေနတာ။ ေရာက္လာလို႔ကေတာ့”
ေျပာေျပာဆိုဆို ေႁမြႀကီးက သူ႔အၿမီးျဖင့္ ဦးစိုးကို ရစ္ပတ္လိုက္သည္။ “ဟာ- မလုပ္နဲ႔၊ မပတ္ပါနဲ႔၊ ငါ ေၾကာက္တယ္။ မပတ္နဲ႔”
ဦးစိုးတစ္ေယာက္ မပတ္နဲ႔ ငါ ေၾကာက္တယ္ဟု ပါးစပ္မွ ေအာ္ဟစ္ရင္း အိပ္ ရာမွလန႔္ႏိုးသြားခဲ့သည္။ဦးစိုးတစ္ကိုယ္လုံးေခြၽးမ်ားျဖင့္႐ႊဲနစ္ေနသည္။ ဦးစိုးအိပ္ရာ
မွထၿပီးမွန္အိမ္မီးထြန္းလိုက္သည္။ သည္ေတာ့မွမိမိအိပ္မက္မက္ၿပီးလန႔္ႏိုးလာျခင္း
ျဖစ္ေၾကာင္းသိလိုက္ရသည္။ညဥ့္နက္သန္းေခါင္ေက်ာ္ခ်ိန္ျဖစ္ေနသည္။အ႐ုဏ္ပင္ မလာေသးပါ။ ထူးဆန္းသည့္ အိပ္မက္အေၾကာင္းကို ျပန္ေျပာင္းေတြးေနမိသည္။ အိပ္၍မေပ်ာ္ေတာ့ပါ။မိုးလင္းသည္ႏွင့္ ရဲစခန္းသြားကာအိပ္မက္အေၾကာင္း ေျပာျပလိုက္သည္။ ဘတင့္သတင္းကိုလည္းေမးခဲ့သည္။ ဘတင့္မွာေရွာင္တိမ္းေနဟန္တူ သည္။ ယခုထက္တိုင္ ဖမ္းဆီးရမိေသးျခင္းမရွိေၾကာင္း သိရသည္။
ဦးစိုးက သူ႔အိပ္မက္အေၾကာင္း အိမ္နီးနားခ်င္းမ်ားကိုေျပာျပလိုက္သည္။ ဦးစိုးအိပ္မက္သတင္းက ေဒါင္းဇရပ္တစ္ရပ္လုံး ပ်ံ႕ႏွံ႔သြားခဲ့သည္။ ၾကားရသူမ်ားက မယုံတစ္ဝက္ယုံတစ္ဝက္ျဖစ္ေနၾကသည္။
တာတဲ့”
“ေသသြားတဲ့ေဒၚဆင့္က သူ႔ ဥစၥာပစၥည္းေတြကိုစြဲၿပီးၿခံထဲမွာ ေႁမြႀကီးျဖစ္ေန
ဦးစိုးကို တစ္ေန႔ကပတ္ထားတဲ့ေႁမြႀကီးဟာ ေဒၚဆင့္ ဟုတ္လား” “ေဒၚဆင့္က သူ႔တူ ဘတင့္ သတ္လို႔ေသရတာတဲ့၊ ဦးစိုးကိုအိပ္မက္ေပးၿပီး ေျပာတာတဲ့”
ေဒၚဆင့္က သူ႔ကို သတ္သြားတဲ့ ဘတင့္ကို လက္စားေခ်ဖို႔ ေႁမြႀကီးအျဖစ္နဲ႔ ၿခံထဲမွာေစာင့္ေနတာတဲ့”
“သူ႔ကိုအိပ္မက္ေပးတဲ့ေႁမြႀကီးဟာမဆင့္ပါလို႔ဦးစိုးကိုယ္တိုင္က ေျပာတာ၊ သူ႔အိပ္မက္အေၾကာင္း ရဲစခန္းကိုေတာင္ သြားေျပာခဲ့ၿပီးၿပီ”
ဤသို႔ျဖင့္ ဦးစို၊ ေႁမြပတ္ခံရသည့္အျဖစ္ႏွင့္ ေႁမြႀကီးအိပ္မက္ေပးသည့္ အေၾကာင္းမ်ားကပတ္ဝန္းက်င္ဝယ္ပ်ံ႕ႏွံ႔သြားေတာ့သည္၊ဦးစိုးလည္းပုံမွန္ သူ႔ၿခံကို သန႔္ရွင္းေရးျပဳလုပ္ၿမဲျဖစ္သည္။ တံျမက္စည္းလွည္း၊ သစ္႐ြက္ေျခာက္ရွင္။ အမႈိက္ မ်ား မီးရႈိ႕စသည္ျဖင့္ျပဳလုပ္ေနက်ျဖစ္သည္။ ဦးစိုးထိုသို႔ျပဳလုပ္တိုင္း မလွမ္းမကမ္း ဦးစိုးႏွင့္မနီးမေဝးတြင္ စပါးႀကီးေႁမြတစ္ေကာင္ရွိေနတတ္သည္။ ဦးစိုးကမေၾကာက္ ေတာ့ပါ။ ထိုေႁမြႀကီးကို ေတြ႕သည့္လူမ်ားက ေတြ႕သြားသည္။ ဦးစိုးက ေႁမြႀကီးကို မ႐ိုက္နက္၊ေမာင္းမထုတ္ရန္ေျပာထားသျဖင့္ၾကည့္႐ုံသာၾကည့္ေနၾကသည္။တစ္ခါ တေလ ဦးစိုးက ေႁမြႀကီးကို စကားလွမ္းေျပာေနသည္ကိုလည္း ေတြ႕ရတတ္သည္။ ဦးစိုးအလုပ္လုပ္ၿပီး ေခတၱအနားယူစဥ္ ေႁမြႀကီးက မလွမ္းမကမ္းသို႔ေရာက္လာၿပီး ဦးစိုးကိုၾကည့္ေနေလ့ရွိသည္။အခ်ိန္ၾကာလာသည္ႏွင့္အမွ်ဦးစိုးႏွင့္ေႁမြႀကီးအျဖစ္က ပတ္ဝန္းက်င္တစ္ဝိုက္ဝယ္႐ိုးေနၿပီျဖစ္သည့္အျဖစ္အပ်က္ျဖစ္သည္။အထူးအဆန္း
မျဖစ္ေတာ့ေပ၊ ျဖတ္သြားျဖတ္လာျပဳသူတိုင္း ဦးစိုးႏွင့္ ေႁမြႀကီးကိုလွမ္းၾကည့္သြား ႐ုံသာျဖစ္သည္။
ယခုဦးစိုးကိုမေတြ႕ရသည္မွာ သုံးရက္ခန႔္ရွိခဲ့ၿပီျဖစ္သည္။သူ႔ၿခံသန႔္ရွင္းေရး
လုပ္သည္ကိုလည္း မေတြ႕ရေတာ့ေပ၊ ညဥ့္အိပ္ညဥ့္ေန ခရီးသြားျဖစ္လွ်င္လည္း နံေဘးၿခံမွ အိမ္မ်ားကိုမွ သြားေလ့ရွိသည္၊ ယခု မည္သည့္သတင္းမွမရဘဲ ဦးစိုး ေပ်ာက္ေနသည္။ ၿခံတံခါး၊အိမ္တံခါးမ်ားလည္း ပိတ္ထားလ်က္သား ေတြ႕ရသည္။ အိမ္နီးနားခ်င္းမ်ားက မသကၤာျဖစ္လာသည္။ ရပ္႐ြာလူႀကီး ဦးထြန္းခႏွင့္တိုင္ပင္ညႇိ ႏႈိင္းၿပီး ဂုဏ္သေရရွိလူႀကီးမ်ားႏွင့္အတူ အိမ္တံခါးဖ်က္ကာ အိမ္ထဲဝင္ၾကည့္ၾက
သည္။အိမ္ေရွ႕ဧည့္ခန္းတြင္းဝယ္ေမွာက္လ်က္သားျဖင့္လဲက်ေသဆုံးေနေသာဦးစိုး
အေလာင္းကိုမေမွ်ာ္လင့္ဘဲေတြ႕လိုက္ၾကရသည္။ရပ္႐ြာလူႀကီး ဦးထြန္းခဦးေဆာင္ ကာရဲစခန္းသို႔သြားေရာက္သတင္းပို႔သည္။ ရဲစခန္းမွရဲမ်ားေရာက္လာကာလိုအပ္
သည္မ်ားစီစဥ္ေဆာင္႐ြက္ၿပီးအေလာင္းကိုသယ္ယူသြားၾကသည္။ေသဆုံးသူဦးစိုး ၏ကိုယ္ေပၚတြင္မည္သည့္ဒဏ္ရာမွ မေတြ႕ရေပ။
ဦးစိုးမွာ အသတ္ခံရျခင္းမဟုတ္ဘဲ ဦးေနာက္ေသြးေၾကာျပတ္ကာေသဆုံး ခဲ့ျခင္းျဖစ္ေၾကာင္း ေနာက္မွ သိရသည္။ အိမ္နီးနားခ်င္းမ်ားက ဦးစိုး၏ ေဆြမ်ိဳးမ်ား ေနထိုင္ရာလိပ္စာမသိ၍သတင္းစာမ်ားတြင္ဦးစိုး၏နာေရးသတင္းေၾကာ္ျငာထည့္ လိုက္သည္။နာေရးေၾကာ္ျငာေၾကာင့္ဦးစိုး၏ေဆြမ်ိဳးသုံးေလးဦးေရာက္လာၾကသည္။ ေဆြမ်ိဳးမ်ားကို ေစာင့္ဆိုင္းလိုေသး၍ ဦးစိုးအေလာင္းကို ငါးရက္ထားၿပီးမွ သၿဂႋဳဟ္ခဲ့ သည္၊ ဦးစိုးဈာပနရက္မလည္မီတစ္ရက္အလိုတြင္အေဒၚကိုသတ္မႈျဖင့္ရဲမ်ားအလို ရွိေနေသာ ဘတင့္ေရာက္လာခဲ့သည္၊ မည္သည့္ေဒသေရာက္ေနမွန္း မသိေသာ တူေတာ္သူ ဘတင့္ေရာက္လာၿပီး ဦးစိုး၏ ေဆြမ်ိဳးေလးဦးႏွင့္ အေမြကိစၥ ေဆြးေႏြး တိုင္ပင္ၾကသည္။အိမ္ႀကီးကိုေရာင္းပစ္ၿပီးအေမြခြဲမည္ဟုဆိုၾကသည္။ထိုေန႔ညေန ဘက္အိမ္ေပၚတြင္ အေမြကိစၥေဆြးေႏြးတိုင္ပင္ေနၾကစဥ္အိမ္ေအာက္မွလူမ်ား႐ုတ္ ႐ုတ္သဲသဲျဖစ္သံၾကားလိုက္ရသည္။ အိမ္ေအာက္ထပ္တြင္ လူမ်ား ဝိုင္းအုံၿပီးတစ္စုံ တစ္ခုကို ၾကည့္ရႈေနၾကသည္။
“ဟာ- စပါးႀကီးေႁမြႀကီးပါလာ။”
“ဦးစိုးနားမွာ မၾကာခဏ ေတြ႕ေတြ႕ေနရတဲ့ ေႁမြႀကီးျဖစ္မယ္”
“မ႐ိုက္ၾကပါနဲ႔၊ ဦးစိုးက ဒီေႁမြကိုမ႐ိုက္ဖို႔ မွာထားတာ”
“ေဒၚဆင့္ေသၿပီ။ ေႁမြအျဖစ္နဲ႔ ဒီၿခံထဲေရာက္ေနတဲ့ ေႁမြႀကီးထင္တယ္”
“ဦးစိုးေျပာတာၾကားဖူးတယ္။ေဒၚဆင့္ကသူ႔ကိုသတ္သြားတဲ့သူကိုလက္စား
ေခ်တုံ႔ျပန္ဖို႔ ေႁမြအျဖစ္နဲ႔ဒီၿခံထဲမွာေစာင့္ေနတာတဲ့
“အင္း-
ျဖစ္ႏိုင္တယ္၊အခုအိမ္အေပၚထပ္မွာဘတင့္ေရာက္ေနတယ္၊အေမြ ခြဲဖို႔ကိစၥေျပာေနၾကတယ္။ ဘတင့္ေရာက္လာလို႔ေႁမြႀကီးကလူေတြကိုမေၾကာက္ဘဲ ေရာက္လာတာလား”
ေႁမြႀကီးကိုဝိုင္းအုံၾကည့္ရႈေနသူမ်ားတစ္ေယာက္တစ္ေပါက္ ထင္ရာျမင္ရာ ေျပာဆိုေနၾကစဥ္မွာပင္ ရဲစခန္းမွ ရဲမ်ားေရာက္လာၾကသည္။ ထိုစဥ္အိမ္ေပၚမွ ေျပး ဆင္းလာေသာဘတင့္ကိုေတြ႕လိုက္ရသည္။ ေႁမြႀကီးထံအာ႐ုံေရာက္ေနေသာလူစု က ဘတင့္ထံအာ႐ုံေျပာင္းသြားသည္၊ အသင့္ေစာင့္ေနေသာ ရဲမ်ားက ဘတင့္ကို ဝိုင္းဝန္းဖမ္းဆီးၿပီး ရဲစခန္းသို႔ ေခၚေဆာင္သြားၾကသည္။ အေဒၚျဖစ္သူ ေဒၚဆင့္ကို သတ္မႈျဖင့္ ဘတင့္ကို ရဲမ်ားလာေရာက္ဖမ္းဆီးသြားျခင္းျဖစ္သည္။ ဦးစိုး၏ နာေရး သတင္းကို သတင္းစာထဲထည့္သြင္းေၾကာ္ျငာရန္ ရဲမ်ားက တိုက္တြန္းေျပာဆိုခဲ့ ေၾကာင္း ေနာက္မွသိရသည္။ ဘတင့္ကို ရဲမ်ားဖမ္းဆီးေခၚေဆာင္သြားၿပီးေနာက္ လူမ်ားက သတိရ၍ ေႁမြႀကီးဆီ ျပန္လာၾကသည္။ ေႁမြႀကီးကိုလုံးဝမေတြ႕ရေတာ့ဘဲ ေပ်ာက္ျခင္းမလွ ေပ်ာက္သြားေတာ့သည္။
ဦးစိုး အသုဘရက္လည္ၿပီးသည့္တိုင္ အေမြခြဲေဝေရးကိစၥ မၿပီးျပတ္ႏိုင္ဘဲ ျဖစ္ေနသည္။ ဦးစိုး ရရန္ရွိသည့္ ေႂကြးၿမီစာရင္းစာ႐ြက္စာတမ္းမ်ားကိုလည္း ေတြ႕ရွိ ၾကသည္။ ရရန္ရွိသည့္ ထိုေႂကြးၿမီမ်ား ေတာင္းခံရရွိၿပီးမွ အေမြခြဲရန္ သေဘာတူၾက သည္။ေနာက္တစ္လတိတိတြင္ ဦးစိုးအိမ္၌ပင္ျပန္ဆုံရန္တိုင္ပင္ထားၾကသည္။ဦးစိုး
ေသဆုံးၿပီးတစ္လျပည့္သည့္ေန႔တြင္လပတ္ဆြမ္းေကြၽးဒါနျပဳမည္ျဖစ္၍ထိုေန႔တြင္ မွလူႀကီးစုံရာေရွ႕တြင္ အေမြခြဲယူရန္ သေဘာတူထားၾကသည္။ ၿခံအတြင္းမွအိမ္ကို လည္းတံခါးပိတ္ထားခဲ့ၿပီးအိမ္ေသာ့ကို႐ြာလူႀကီး ဦးထြန္းခထံတြင္အပ္ႏွံထားခဲ့ၾက သည္၊ ဦးထြန္းခမွာ ဦးစိုးႏွင့္ရင္းႏွီးခင္မင္သူလည္းျဖစ္သည္။ ဦးစိုးတို႔ၿခံႀကီးမွာေလာ ေလာဆယ္ေနသူမရွိဘဲတိတ္ဆိတ္ၿငိမ္သက္ေနေတာ့သည္။ ေမွာင္စပ်ိဳးခ်ိန္ၿခံအနီးမွ ျဖတ္သြားစဥ္ၿခံအတြင္း၌လူရိပ္လိုလိုေတြ႕သူကေတြ႕ၾကသည္ဟုဆိုသည္။ ညဘက္ လေရာင္ျဖင့္လည္း သစ္ပင္မ်ားေပၚတြင္ တစ္စုံတစ္ခုလႈပ္ရွားသြားလာေနသည္ကို ေတြ႕ၾကရသည္ဟု ေျပာသူက ေျပာၾကသည္။ ထိုအရာသည္ ကြယ္လြန္ခဲ့သူ ဦးစိုး၏
ဝိညာဥ္ဟုယုံၾကည္သူကယုံၾကည္ေနၾကသည္။ဦးစိုး မကြၽတ္မလြတ္ဘဲ သူ႔ဝိညာဥ္ မွာ သူ႔ၿခံထဲ၌ ရွိေနသည္ဟု ဆိုၾကသည္။
အိမ္ေရာင္းမည့္ ဆိုင္းဘုတ္ကိုလည္းၿခံဝတြင္ ခ်ိတ္ဆြဲေၾကာ္ျငာထားၿပီးျဖစ္ သည္။ ေဆြမ်ိဳးတစ္ဦးႏွစ္ဦးက ၿခံဝင္းအတြင္းရွိ သစ္ပင္ႀကီးမ်ားကို ခုတ္လွဲၿပီးထင္း အျဖစ္ ေရာင္းစားပစ္ၾကသည္။ အလြယ္တကူ ရရွိႏိုင္သည့္ ပစၥည္းမ်ားကို သယ္ယူ သူကသယ္ယူေနၾကသည္။ ဦးရာလူက ရႏိုင္သမွ် ပစၥည္းမ်ားယူငင္ေနၾကသည္။ ဤသို႔ျဖင့္ ဦးစိုးကြယ္လြန္ခဲ့သည့္ တစ္လျပည့္ရန္ တစ္ရက္အလိုတြင္ ေဆြမ်ိဳးမ်ား ေရာက္လာၾကသည္။ လပတ္ဆြမ္းအတြက္ အလုပ္အကိုင္ေန႔လည္းျဖစ္သည္။ ေဆြမ်ိဳးမ်ား ေရာက္လာၾကသည္။ ေဆြမ်ိဳးေလးဦးကလူႀကီးစုံရာေရွ႕တြင္ အတြင္း ပစၥည္းမ်ားထပ္မံရွာေဖြၾကသည္။ ေသတၱာတစ္လုံးအတြင္းမွ ေဒၚဆင့္၏လက္ဝတ္ လက္စားအနည္းငယ္ႏွင့္ေငြစကၠဴအေျမာက္အျမားကိုေတြ႕ရသည္။ေငြစကၠဴမ်ားမွာ အစီးလိုက္အုပ္လိုက္ ျဖစ္သည္။ ဦးစိုးႏွင့္ ေဒၚဆင့္တို႔မွာ ႐ိုးသားသည့္ သူမ်ားျဖစ္၍ ေငြကို ဘဏ္တြင္ အပ္ႏွံထားျခင္းမရွိဘဲ အိမ္တြင္သာ သိမ္းဆည္းထားၾကသည္။ ေငြစကၠဴ သိန္း ၂ဝ နီးပါးကို ေတြ႕ရသည္။ ေလာေလာဆယ္အခ်ဳပ္က်ေနသူ ဘတင့္ အတြက္ပါထည့္တြက္၍ လူငါးဦးထိုေငြမ်ားကို ခြဲေဝယူရန္ သေဘာတူၾကသည္။ အတြင္းပစၥည္းမ်ားကိုလည္းထိုနည္းအတိုင္းပင္ ခြဲေဝယူၾကမည္ျဖစ္ေၾကာင္း သိရ
သည္။
ဦးစိုးႏွင့္ေဒၚဆင့္ႏွစ္ဖက္ေပါင္းမွေဆြမ်ိဳးရင္းခ်ာေလးဦးေရာက္လာၾကသည္။
အခ်ဳပ္က်ေနသူ ဘတင့္အပါအဝင္ ငါးဦး ျဖစ္သည္။ ေရာက္လာသည့္ေလးဦးတြင္ ဦးလႈိင္ဆိုသူမွာအသက္အႀကီးဆုံးျဖစ္သည္။ ဦးစိုး၏ဘေထြးေတာ္စပ္သူျဖစ္သည္။ က်န္သည့္ေဆြမ်ိဳးမ်ားအေပၚဩဇာေညာင္းသူလည္း ျဖစ္သည္။ အေမြကိစၥ စီစဥ္
ေဆာင္႐ြက္ေပးရန္႐ြာလူႀကီးဦးထြန္းခကိုအပ္ႏွံထားၾကသည္။ယခုဦးထြန္းခလည္း ေရာက္ရွိေနၿပီျဖစ္သည္။မနက္ျဖန္တစ္လျပည့္ဆြမ္းေကြၽးအလႉရွိ၍အိမ္နီးနားခ်င္း မ်ားခ်က္ျပဳတ္မည့္သူမ်ားေရာက္ရွိလာၿပီးအလႉကိစၥအတြက္ျပင္ဆင္လုပ္ကိုင္ေန ၾကသည္။ မနက္ျဖန္ဆရာေတာ္ကိုယ္တိုင္ႂကြေရာက္လာမည္ျဖစ္သည္။ဆရာေတာ္
မွာကြယ္လြန္သြားသူဦးစိုး၏ဆရာရင္းျဖစ္သည္သာမက ရင္းႏွီးသူလည္းျဖစ္သည္။ ဦးစိုး၏ ဘေထြးေတာ္စပ္သူ ဦးလႈိင္ကို ႐ြာလူႀကီး ဦးထြန္းခကေျပာလိုက္သည္။
“ေငြေတြ၊ပစၥည္းေတြအေမြခြဲတာမနက္ျဖန္မွေဆာင္႐ြက္ရင္ မေကာင္းဘူး လား။ကိုစိုးရဲ႕ ဆရာေတာ္လည္း ႂကြလာမယ္ဆိုေတာ့ ဆရာေတာ္ေရွ႕ေမွာက္မွာဆို ပိုေကာင္းမယ္ထင္တယ္”
“ေကာင္းပါတယ္၊ ေမာင္စိုးက ဆရာေတာ္ရဲ႕ဒကာရင္းပဲ။ ေကာင္းသလိုသာ လုပ္ပါ။ ဒါဆို ႐ြာလူႀကီးလည္း ဒီည ဒီမွာပဲအိပ္ပါလား။ အေပၚထပ္မွာအက်ယ္ႀကီး
Ꮗ
“ရပါတယ္ – အိပ္ရာဝင္ရင္း စကားေျပာေဖာ္ရတာေပါ့၊ ဦးစိုးက ကြၽန္ေတာ္နဲ႔
ညီအစ္ကိုအရင္းေတြလိုခင္မင္ေနၾကတာ။တိုင္ပင္ေဖာ္တိုင္ပင္ဖက္ေတြေပၚ
“ဒါဆိုပိုေကာင္းတာေပါ့။ အတူတူအိပ္ၾကမယ္”
ဦးလႈိင္မွာ႐ြာလူႀကီး ဦးထြန္းခထက္အသက္ပိုႀကီးေသာ္လည္း ဦးထြန္းခကို ကြၽန္ေတာ္ဟု သုံးႏႈန္းၿပီးေလးေလးစားစား ဆက္ဆံသည္၊
“ဦးလႈိင္မွာ စာခ်ဳပ္စာတမ္းေတြ အဆင္သင့္ရွိတယ္ မဟုတ္လား” “ရွိပါတယ္၊အဆင္သင့္လုပ္ထားပါတယ္”
“ေကာင္းပါတယ္၊ ေလာေလာဆယ္ အခ်ဳပ္ထဲက်ေနတဲ့ ဘတင့္အတြက္ပါ
ထည့္ၿပီး ခြဲေဝၾကမယ္ မဟုတ္လား”
“ဘတင့္ ဆိုးေပေတတာလည္းၾကားပါတယ္၊ သူက ေမာင္စိုးရဲ႕တူအရင္းပဲ။ သူ႔လည္းတစ္ပုံေပးရမွာေပါ့။ၿခံနဲ႔အိမ္ေလာေလာဆယ္ေရာင္းလို႔မထြက္ေသးေတာ့
ေမာင္စိုးတို႔ကလည္းထိန္းသိမ္းထားေပးပါ”
“မနက္လူႀကီးစုံရာေရွ႕မွာေျပာၾကတာေပါ့။အာ႐ုဏ္ဆြမ္းကိုေတာ့ေစာေစာ
ထရမွာ။ အိပ္ၾကစို႔”
ၿခံကလြန္စြာက်ယ္သည္။ခပ္လွမ္းလွမ္းတြင္ခ်က္ျပဳတ္ေနသူမ်ားျဖင့္ဆူညံ ေနေသာ္လည္းအိမ္ႀကီးအေပၚထပ္တြင္ တိတ္ဆိတ္လ်က္ ရွိေနသည္။ ႐ြာလူႀကီး ဦးထြန္းခႏွင့္ ဦးလႈိင္တို႔ ႏွစ္ဦးယွဥ္တြဲလ်က္အိပ္ေနၾကသည္။ စကားတေျပာေျပာ ရွိေနသျဖင့္ ေတာ္ေတာ္ႏွင့္ မအိပ္ျဖစ္ၾကပါ။ ခ်က္ျပဳတ္ေနရာဘက္ဆီမွ စကားေျပာ သံမ်ားၾကားေနရဆဲျဖစ္သည္။ဦးလႈိင္ကအိပ္ေပ်ာ္သြားၿပီျဖစ္ေသာ္လည္းဦးထြန္းခ ကအေတြးမ်ားျဖင့္အိပ္မေပ်ာ္ႏိုင္ဘဲ ျဖစ္ေနသည္။ ဦးစိုးတို႔ လင္မယားမွာ သေဘာမေနာေကာင္းၿပီးအလႉဒါနရက္ေရာသူမ်ားလည္းျဖစ္သည္။ယခုေရာက္ရွိေနေသာ ဦးစိုး၏ ေဆြမ်ိဳးမ်ားမွာ ေလာဘသမားမ်ား ျဖစ္ပုံရသည္။ ဦးစိုး၏ ပစၥည္းမ်ားကို ေလာဘတက္ေနၾကသည္။ သို႔ေသာ္အေထာက္အထားေျပာစကားမ်ားအရဦးစိုး၏
ေဆြမ်ိဳးရင္းခ်ာေသြးသားေတာ္စပ္သူမ်ားျဖစ္သည္မွာအမွန္ပင္ျဖစ္သည္။ မနက္ျဖန္ အေမြခြဲေဝေပးေရးကိစၥ ေတြးေတာရင္းေမွးခနဲအိပ္ေပ်ာ္သြားသည္။ “ထြန္းခ – ထြန္းခ -ထပါဦးကြ-ငါပါကြ”
“ဟင္ – ဘယ္သူလဲ၊ ခင္ဗ်ား ဘယ္သူလဲ၊ က်ဳပ္ကိုထြန္းခလို႔ ေခၚတာကိုစိုး တစ္ေယာက္ပဲရွိတာ”
“ထြန္းခရယ္၊ ငါ့ကို မမွတ္မိေတာ့ဘူးလား၊ ငါကေသၿပီးတဲ့လူပါကြာ။ငါေသ ၿပီး ဒီၿခံနဲ႔ ပစၥည္းေတြ၊ ေငြေတြကို စြဲလမ္းတဲ့ ဥပါဒါန္ေၾကာင့္ ငါ့ဝိညာဥ္ ဒီၿခံထဲေရာက္ ေနရတယ္။ ငါ့မိန္းမလည္း မကြၽတ္မလြတ္ေသးဘဲ ဒီၿခံထဲမွာ ေႁမြႀကီးအျဖစ္နဲ႔ ရွိေန တယ္။ ဒါကို မသိဘူးလား
“ဘာေျပာတယ္- ကိုစိုး၊ မဆင့္က ေႁမြႀကီးျဖစ္ေနတယ္။ ဟုတ္လား၊ ဒါနဲ႔ကိုစိုး ကေရာ ဘယ္မွာေနတာလဲ”
“ငါဒီၿခံထဲက သစ္ပင္ေတြေပၚမွာရွိေနတာ၊ငါေနတဲ့သစ္ပင္ေတြခုတ္လွဲၿပီး ထင္းအျဖစ္ ေရာင္းစားေနၾကေတာ့ ေနစရာမရွိျဖစ္ေတာ့မယ္။ ဒါေတြ မေက်နပ္လို႔ ခုလိုလာေျပာရတာ”
“ကိုစိုးဘာျဖစ္ခ်င္လဲ၊ ေျပာပါ။လုပ္ေပးပါ့မယ္”
“ငါ့ေငြေတြ သူတို႔ကိုမေပးပါနဲ႔။ဟိုတုန္းကငါတို႔လင္မယားႏွစ္ေယာက္တည္း ရွိတာဘယ္သူမွမလာၾကဘူး။ လာၾကည့္ေဖာ္ေတာင္ မရဘူး။ ခုမွ လာၿပီးေလာဘ တက္ေနၾကတာ။ငါ့ေငြေတြ မေပးႏိုင္ဘူး။ မနက္ျဖန္ဆြမ္းေကြၽးအလႉမွာ ဆရာေတာ္ ႂကြလာမယ္။ ငါ့ေငြေတြအားလုံးဆရာေတာ္ထံကိုလႉေပးပါ။ဆရာေတာ္ကိုငါကတိ ေပးထားတာ ရွိတယ္။ ေနာက္ဆုံးအေနနဲ႔ ငါ့ဆႏၵကို လိုက္ေလ်ာၿပီးေဆာင္႐ြက္ေပး
ပါ။ကိုစိုး“ေကာင္းပါၿပီးကိုစိုးဆႏၵရွိတဲ့အတိုင္းေဆာင္႐ြက္ေပးပါ့မယ္။ စိတ္ခ်ေနပါ-
႐ြာလူႀကီးဦးထြန္းခ အိပ္မက္မက္ေနျခင္းျဖစ္သည္။အိပ္မက္ထဲတြင္ သူငယ္
ခ်င္းကိုစိုးႏွင့္စကားေျပာေနစဥ္တစ္စုံတစ္ဦးကလႈပ္ႏိုးလိုက္သျဖင့္အိပ္ရာမွလန႔္ႏိုး သြားခဲ့ရသည္။မိမိေျခရင္းတြင္ ဦးလႈိင္ကို ေတြ႕လိုက္ရသည္။
“ဟင္- ဦးလႈိင္၊ ကြၽန္ေတာ့္ကို ႏႈိးလိုက္တာလား၊ ဘာျဖစ္လို႔လဲ၊ ကြၽန္ေတာ္ အိပ္မက္ မက္ေနတာ။ အိပ္မက္ထဲမွာကိုစိုးနဲ႔ စကားေျပာေနတာ”
“ဘာ-အိပ္မက္ထဲမွာ ေမာင္စိုးနဲ႔ ေတြ႕ၿပီး စကားေျပာေနတယ္ ဟုတ္လား။ ကြၽန္ေတာ့္ကိုလည္းေမာင္စိုးကအိပ္မက္ေပးလို႔ေျပာျပခ်င္တာနဲ႔ ခုလိုႏႈိးလိုက္ရတာ။ ဒါနဲ႔ ေမာင္စိုးက ဘယ္လိုအိပ္မက္ေပးတာလဲ”
႐ြာလူႀကီး ဦးထြန္းခက ေမာင္စိုးအိပ္မက္ေပးသည့္အေၾကာင္း အျပည့္အစုံ ေျပာျပလိုက္သည္။
“ေမာင္စိုးက သူ႔ေငြေတြ ခြဲေဝမေပးဘဲ ဆရာေတာ္ကိုအားလုံး လႉရမယ္
ဟုတ္လား”
“ဟုတ္ပါတယ္၊ အဲဒီအတိုင္း အိပ္မက္ေပးခဲ့တာ”
“ထူးဆန္းလိုက္တာဗ်ာ။အိပ္မက္ခ်င္းကတူေနပါလား။ကြၽန္ေတာ့္ကိုလည္း သူ႔ေငြေတြမယူဘဲဆရာေတာ္ကိုလႉဖို႔အိပ္မက္ေပးခဲ့တာ၊ဒါေၾကာင့္လန႔္ႏိုးလာၿပီး ႐ြာလူႀကီးကိုႏႈိးလိုက္တာတိုက္တိုက္ဆိုင္ဆိုင္ဗ်ာဘယ္လိုယုံရမွန္းေတာင္မသိေတာ့
ဘူး”
“မနက္ျဖန္ကြၽန္ေတာ္ဘယ္လိုလုပ္ရမွာလဲ။အိပ္မက္ေပးတဲ့အတိုင္းေငြေတြ
ဆရာေတာ္ကိုလႉမွာလား”
“႐ြာလူႀကီးသေဘာကေရာ ဘယ္လိုလဲ”
“ကြၽန္ေတာ့္သေဘာကေတာ့ အိပ္မက္ထဲကအတိုင္း ေဆာင္႐ြက္ေပးခ်င္
တာ။ဒါေပမဲ့ ဦးလႈိင္တို႔ သေဘာတူမႈလုပ္လို႔ရမွာေလ”ပါ
“ကြၽန္ေတာ္ သေဘာတူတယ္။ ေငြေတြအားလုံး ဆရာေတာ္ကို လႉလိုက္
“ဦးလႈိင္ သေဘာတူေပမယ့္က်န္တဲ့သူေတြက သေဘာတူပါ့မလား” “ကြၽန္ေတာ့္တာဝန္ထားပါဗ်ာ။ ေနာက္ပိုင္းၿခံေရာင္းလို႔ထြက္ရင္ ေငြေတြ
ရၾကဦးမွာပဲ။ သူတို႔ ေက်နပ္ၾကမွာပါ”
ဒါမွသြားေလသူလည္းစိတ္ခ်မ္းသာၿပီးလြတ္ရာကြၽတ္
“သိပ္ေကာင္းပါတယ္။ ရာသြားႏိုင္မွာ။ ဆရာေတာ္ကို ေငြလႉၿပီးသြားေလသူအတြက္အမွ်ကုသိုလ္ ေပးေဝ
ၾကတာေပါ့”
ေနာက္တစ္ေန႔ အ႐ုဏ္တက္ခ်ိန္တြင္ ဆရာေတာ္မ်ား ႂကြလာေတာ္မူၾက သည္၊႐ြာလူႀကီးဦးထြန္းခကမေန႔ညကအိပ္မက္ေပးသည့္အေၾကာင္းဆရာေတာ္ထံ ေလွ်ာက္တင္သည့္ေငြမ်ားအားလုံးဆရာေတာ္ထံလႉဒါန္းမည့္အေၾကာင္းပါေလွ်ာက္
တင္လိုက္သည္။
“ဘုန္းႀကီးသိထားရသေလာက္ဒကာႀကီးေမာင္စိုးရဲ႕ေဆြမ်ိဳးေတြကေငြေတြ
ကိုအခ်ိဳးက်ခြဲေဝယူၾကမွာမဟုတ္လာ။”
“ညကအိပ္မက္အေၾကာင္း ေျပာျပလိုက္လို႔ သူတို႔မယူၾကေတာ့ပါဘူး။ဆရာ ေတာ္ေဆာက္မယ့္ဓမၼာ႐ုံအတြက္ေငြအားလုံးလႉဖို႔ သေဘာတူၾကပါတယ္” “ဒကာႀကီး ေမာင္စိုး မကြယ္လြန္မီ ေလးငါးလေလာက္က ဘုန္းႀကီးဓမၼာ႐ုံ ေဆာက္မယ့္ကိစၥတိုင္ပင္ေတာ့ ေငြအေတာ္မ်ားမ်ားလႉပါ့မယ္လို႔ကတိေပးတယ္”
တယ္”
“ခုေငြေတြကလည္းဓမၼာ႐ုံေဆာက္ဖို႔အတြက္လႉခ်င္တဲ့ေငြျဖစ္မယ္ထင္ပါ
“ေကာင္းပါတယ္။ ကြယ္လြန္သြားသူရဲ႕ ဆႏၵကို ျဖည့္ဆည္းၿပီး ေကာင္းမႈ ကုသိုလ္လုပ္ေပးေတာ့ေရာက္ရာဘုံဘဝက သာဓုေခၚႏိုင္တာေပါ့” ဦးစိုးပိုင္ေငြသိန္း(၂ဝ)နီးပါးအားလုံးဆရာေတာ္ထံဆက္ကပ္လႉဒါန္းလိုက္
ပါေတာ့သည္။ ဆြမ္းဘုဥ္းေပးၿပီး ေရစက္ခ်တရားေဟာရာတြင္ ဦးေမာင္စိုး ေဒၚဆင့္ အမည္နာမတပ္ကာအမွ်ေပးေဝခဲ့သည္။
ထိုေငြမ်ားကိုမတည္ကာဆရာေတာ္ကဓမၼာ႐ုံေဆာက္လုပ္ခဲ့သည္။ ဓမၼာ႐ုံ
အဝင္မုခ္ဦးတြင္ ဦးစိုးႏွင့္ ေဒၚဆင့္အမည္ကို ကမၸည္းထိုးထားသည္ကို ေတြ႕ရသည္။ ဓမၼာ႐ုံေဆာက္လုပ္ၿပီးစီး၍ ဓမၼာ႐ုံဖြင့္ပြဲအလႉတြင္ေရစက္ခ်အမွ်ေဝရာ၌ ဆရာေတာ္ ကဦးစိုးႏွင့္ေဒၚဆင့္အမည္တပ္ၿပီးအမွ်အတမ္းေပးေဝခဲ့သည္။ေရစက္ခ်တရားေဟာ
ရာတြင္လည္း ဦးစိုးနင့္ ေဒၚဆင့္တို႔အျဖစ္အပ်က္ကိုထည့္သြင္းေဟာၾကားခဲ့သည္၊ “ဒကာႀကီး-ေမာင္စိုးမကြယ္လြန္မီကတည္းကသူ႔ဇနီးအိပ္မက္ေပးေၾကာင္း ဘုန္းႀကီးကိုေျပာျပခဲ့တာ။ဒကာမႀကီးေဒၚနင္းကြယ္လြန္ၿပီးမကြၽတ္မလြတ္ဘဲေႁမြႀကီးအျဖစ္နဲ႔ သူ႔ၿခံထဲမွာရွိေနတာတဲ့။ အဲဒီေႁမြႀကီးကိုလည္းေတြ႕ခဲ့သူကေတြ႕ခဲ့ၾကတာပဲ။
ဒကာႀကီးေမာင္စိုးကြယ္လြန္ၿပီးေတာ့လည္းသူ႔ဝိညာဥ္ကသူ႔ၿခံထဲမွာရွိေနတယ္လို႔ ေျပာၾကျပန္တယ္။သူတို႔ေငြေတြအေမြခြဲေဝေပးဖို႔စီစဥ္တုန္းကလည္းအိပ္မက္ေပးၿပီး ေငြေတြအားလုံး ဘုန္းႀကီးကိုလႉဖို႔အိပ္မက္ေပးခဲ့တယ္တဲ့။ ဒီသတင္းေတြကေဒါင္း ဇရပ္တစ္ရပ္ကြက္လုံးသိၿပီးသားကိစၥေတြပါ။ယုံသူရွိသလိုမယုံတဲ့သူလည္းရွိၾကတာ ပဲ။ မယားက ေႁမြအျဖစ္ ၿခံထဲေရာက္ေနတာလင္ျဖစ္သူကလည္း မကြၽတ္မလြတ္ဘဲ ၿခံထဲက သစ္ပင္ေပၚရွိေနသလိုလို ေျပာေနတာၾကားေနရတယ္၊
ဒီကိစၥေတြကငါ့ေငြ၊ငါ့အိမ္၊ငါ့ၿခံဆိုတဲ့ဥပါဒါန္ေၾကာင့္ျဖစ္ရတာလို႔ထင္တယ္။
အစြဲေတြက သိပ္ေၾကာက္ဖို႔ေကာင္းတာ၊ ေစာေစာက ေရစက္ခ်ပြဲမွာ သူတို႔ကို အမွ် ကုသိုလ္ ေပးေဝခဲ့ၿပီးၿပီ။ ဒီကုသိုလ္ေတြ သူတို႔ ရၾကမွာပါ။ ေကာင္းရာဘုံဘဝေရာက္ ၾကမွာပါ”
ထိုဓမၼာ႐ုံဖြင့္ပြဲအလႉတြင္ ေရစက္ခ်အမွ်ေပးေဝၿပီးသည့္ေနာက္ပိုင္း ဦးစိုးႏွင့္
ေဒၚဆင့္တို႔ပိုင္ဆိုင္ခဲ့သည့္ၿခံထဲတြင္မည္သည့္ထူးျခားမႈမ်ိဳးမွမေတြ႕ရေတာ့ပါဆိုၾက သည္။ေႁမြႀကီးကိုမေတြ႕ရေတာ့သည့္နည္းတူေမွာင္မိုက္ခ်ိန္မ်ားတြင္ ဝိညာဥ္လိုလို၊ တေစၦလိုလိုလႈပ္ရွားေနသည့္ပုံသဏၭာန္ကိုလည္းမေတြ႕ရေတာ့ဟုဆိုသည္။ သို႔ေသာ္ ေဒါင္းဇရပ္တစ္ရပ္ကြက္လုံးမွလူမ်ားက ထိုၿခံႀကီးထဲတြင္ ေႁမြႀကီးႏွင့္ ဝိညာဥ္တစ္ခု ရွိေနဆဲဟု စြဲမွတ္ယုံၾကည္ေနၾကဆဲပင္ ျဖစ္သည္။ ေဒါင္းဇရပ္သားတို႔၏ ဥပါဒါန္ဆို သည့္အစြဲေၾကာင့္ပင္ ျဖစ္သည္။ထိုအိမ္ႀကီးႏွင့္ၿခံႀကီးမွာယေန႔ထိတိုင္ ဝယ္မည့္သူ မဲ့ေနဆဲပင္ ျဖစ္ေနသည္၊