** ခွေးသရဲနဲ့ ကြောက်စရာဝဋ်ကြွေး **(စ/ဆုံး)

Unicode Version

** ခွေးသရဲနဲ့ ကြောက်စရာဝဋ်ကြွေး **(စ/ဆုံး)
—————————————————-
ကျမအသက် ယခု လေးဆယ့်ရှစ်နှစ် ရှိပါပြီ။
ကျမအသက် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်
အပျိုဖော်ဝင်ကတည်းက ရောဂါနှင့်လူ တွဲ
ရက်ဖြစ်နေခဲ့တာ ယခုအချိန်ထိဆိုပါတော့။
ဆေးခန်း၊ ဆေးရုံ၊ ပရဆေးဆိုင် အတော်များ
များ ကျမ မရောက်သော ဆေးခန်း၊ ဆေးဆိုင်
မရှိသလောက်ပင်။ ကျမ ရှာသမျှပိုက်ဆံက
စားစရာ၊ ဝတ်စရာက နည်းနည်း ဆေးဖိုးက
များများ ကုန်ကျခဲ့ရသည်။ ကျမ ငယ်စဉ်က
တည်းက အလုပ်နှင့်လက် မပြတ်အောင်လုပ်
ခဲ့ရသည်။ အသက်ဆယ့်ရှစ်နှစ်မှာ အိမ်ထောင်
ကျခဲ့သော်လည်း စားဝတ်နေရေးအတွက် ဈေး
ရောင်းခဲ့ရသည်။
ကျမတို့ အိမ်ထောင်သက်အတွင်း သားသမီး
သုံးယောက်၊ ထွန်းကားခဲ့ပေမယ့် တစ်ယောက်
မှ အဖတ်မတင်ခဲ့။ ဤသို့ အဖြစ်ဆိုးများ ဖြစ်ခဲ့
ရခြင်းမှာ ယခုဘဝမှာပင် ကျမ၏ မဆင်မခြင်
ပြုမှုခဲ့သော ဖြစ်ရပ်တစ်ခုကြောင့် နှစ်များစွာ
မကြာခင်မှာ ထိုဝဋ်ကြွေးအတိုင်း ပြန်လည်
ခံစားလိုက်ရခြင်းပင်။
ကျမရဲ့ ပြင်မရသော ဝဋ်ကြွေးများ ကျေပါစေ
တော့ ဆုတောင်းရင်း၊ ကျန်ရှိတော့သည့် သက်
တမ်းလေးမှာ ဘုရားရိပ်၊ တရားရိပ်အောက် ခို
ဝင်၍ အသေဖြောင့်ရန် ကြိုးစားနေလိုက်သည်။
XXXX
ကျမဘဝက ငယ်စဉ်ကတည်းက အဆိုးနှင့်
စခဲ့ရပါသည်။ အဖေနဲ့ အမေက ကျမ ဆယ့်
နှစ်သမီးအရွယ်မှာပင် လူကြီးရောဂါနှင့် ရှေ့
ဆင့်နောက်ဆင့် ဆုံးပါးသွားရသည်။ မိဘ
နှစ်ပါး မရှိတော့သည်နှင့် ကျမဘဝ တစ်ဆစ်
ချိုး ပြောင်းလဲသွားရပြီဖြစ်သည်။
မိဘများရှိစဉ်က ကျမ ကျောင်းနေခဲ့ရသည်။
မိဘများ သေဆုံးပြီး နောက်ပိုင်းတော့ ကျမ
ကျောင်းက ထွက်ခဲ့ရတော့သည်။ ကျမမှာ
အသက် (၂၀)အရွယ် တစ်အူထုံဆင်း အစ်
မ တစ်ယောက် ရှိခဲ့ပါသည်။ ကျမနှင့် အစ်မ
ကြီးကြားမှာ အစ်ကို တစ်ယောက်၊ အစ်မတစ်
ယောက် ရှိသည်ဟုသာ ကြားပြီး၊ ကျမ မမွေး
ခင်မှာပင် လူ့လောကမှ ထွက်သွားပြီဟုသာ
သိခဲ့သည်။ ကျမ၏ အောက်မှာ အငယ်တစ်
ယောက်မှ မမွေးတော့။
ကျမအစ်မက အိမ်ထောင် ရှိသည်။ သူက ကျမ
ရဲ့အုပ်ထိန်းသူ ဖြစ်သည့်အတွက် သူတို့စားဝတ်
နေရေးကြောင့် ကျမကို ကျောင်းက ထုတ်လိုက်
ပါတော့သည်။ သူ၏ ကလေးများကို ထိန်းပေး
ရန် ကျောင်းထုတ်ရခြင်းဟု ဆို၏။ ကျမဘဝက
ဆယ့်နှစ်နှစ်အရွယ်ကပင်စပြီး မုန်တိုင်းထန်ခဲ့
သည် မဟုတ်ပါလား။
XXXX
“ဟဲ့ …မိနွယ်…မိနွယ်…ဘယ်သွားနေလဲ”
“အိမ်ထဲမှာ အစ်မ …ကလေး အိပ်နေလို့ …ပု
ခတ်လွှဲပေးရင်း စပါးလုံး ရွေးနေတယ်”
“နင် ရေမခပ်ထားဘူးလား၊ အပြင်က ပြန်
ရောက်လို့ ထမင်းချက်မယ်လည်းလုပ်ရော၊
ရေအိုးတွေထဲမှာ ရေတစ်စက်မှ မရှိဘူး။ က
လေး အကြောင်းပြပြီး ဘာမှ လုပ်ချင်ကိုင်
ချင်စိတ် မရှိဘူး …သွား…ရေသွားခပ်”
ကျမလည်း ဆန်ရွေးနေသော ဇကောကို ဘေး
မှာချပြီး ကလေးပုခက်ကို သွက်သွက်ကလေး
လွှဲလိုက်သည်။ ပြီးမှ ရေကပြင်သို့ ထွက်ခဲ့ကာ
ရေပုံးဆွဲ၍ ရေပြေးခပ်ရပါသည်။ ရေကို နှစ်
ခေါက်၊ သုံးခေါက် ဆွဲလိုက်သည်။
“ကဲ…ရေခပ်တာ တော်လောက်ပြီ၊ နောက်မှ
ထပ်ပြီးခပ်၊ အခု ဟင်းချက်ရအောင် ချဉ်ပေါင်
ရွက်တွေ လာသင်ပေးဦး”
ကျမလည်း အချဉ်ဟင်းအတွက် ချဉ်ပေါင်ရွက်
များကို အရွက်သင်နေလိုက်သည်။
“မိနွယ်၊ အဲဒါ ခဏချ၊ ဆန်ရွေးထားတာ သွား
ယူခဲ့၊ ထမင်းချက်တော့မယ်”
ကျမ စပါးလုံး ရွေးထားသော ဇကောကို ယူပေး
လိုက်သည်။
“နောက်ကို ထမင်းချက်နည်း သေချာကြည့်ထား၊
ငါအပြင် သွားလို့ အချိန်မီ ပြန်မရောက်သေးရင်
ထမင်းချက်ထားနိုင်အောင် အခုကတည်းက
ကြည့်ထား”
ကျမအစ်မက ကျမကို မျက်နှာသာ တစ်ချက်
လေးမှ မပေးသလို၊ အလုပ်တစ်ခုနှင့်တစ်ခု
မထပ်အောင်ခိုင်းသည်။ ပါးစပ်ကလည်း တ
ဗျစ်တောက်တောက်နှင့် တုတ်အနီးမှာ ရှိလျှင်
တုတ်နဲ့ ရိုက်တတ်သည်။ အစ်မအိမ်မှာ ရှိလျှင်
ကျမ အမြဲစိတ်ညစ်နေရပါသည်။
“ကဲ စဉ်းစားခန်းတွေ ဘာတွေ လုပ်မနေနဲ့ ။
ချဉ်ပေါင်သင်ပြီးပြီဆိုရင် ပုခက်သွားလွှဲလိုက်ဦး
ပြီးရင် …မီးဖိုထဲကို ထင်းခြောက်နည်းနည်း
သယ်ထည့်ထားဦး”
“ဟုတ်ကဲ့”
“ကဲ…သွား၊ ပြောရင် ဟုတ်ကဲ့ …လုပ်တော့
မလုပ်ချင်သလို လုပ်ချင်သလို လေးတိလေး
ကန်နဲ့ ”
ကျမလည်း နောက်မှ ဆူသံကို လျစ်လျူရှု၍
ကလေးပုခက်လွှဲပေးလိုက်ပြီး ထင်းသယ်၍
ထွက်ခဲ့ပါတော့သည်။ ကျမအရွယ်ကလေး
များ၊ ကျောင်းတက်သွားကြသည်။ ကျောင်း
မှ အပြန် ကစားကြသည်။ ကျမ ကစားခွင့်
ရရန် အိပ်မက်ပင် မမက်ဝံ့။
တစ်ခါက အစ်မအလစ်မှာ ခေါင်းရင်းခြံက
ညွန့်ညွန့်တို့ ၊ တင်မေတို့နှင့် သွားကစားစဉ်
အစ်မကြီး လယ်ကွင်းထဲက ပြန်အလာ ကျမ
ကစားနေသည်ကို တွေ့ပြီး၊ တုတ်ကျိုးသည်
အထိ အရိုက်ခံလိုက်ရသည်။ ထိုအချိန်မှစပြီး
တော့ ကျမကစားရန် စိတ်မကူးမိတော့။
အလုပ်အားလျှင် အိမ်ထဲမှသာ တစ်ယောက်
တည်း ဖြစ်သလို ကစားနေလိုက်သည်။
ကျမအစ်မရဲ့ အဆူအပြောအဆိုကို နေ့စဉ်ခံ
ရသလို ညဘက်ရောက်တော့၊ခဲအို လယ်ကွင်း
က ပြန်ရောက်လာသည်။ခဲအိုရောက်လာပြန်
တော့လည်း မျက်နှာကောင်းမရ။ အဆူအဆဲ
အဟောက် မလွတ်ခဲ့။ ကျမအန္တယ်လွတ်အောင်
ကြိုးစားရှောင်ပေမယ့် တစ်ယောက်ရန်ကလွတ်၊
တစ်ယောက်ရန်က မလွတ် ဖြစ်နေသည်။
သို့ကြောင့် ကျမအလုပ် လုပ်နေရသော်လည်း
စိတ်တွေ အလွန် ရှုပ်ထွေးနေပါသည်။ ကျမ
လက်ထဲမှာ တုတ်ရှိလျှင် တုတ်နှင့် ထရိုက်ချင်
စိတ် ပေါက်လာသည်။ ခဲလုံးကိုင်ထားပါက
ခဲလုံးဖြင့် ပေါက်ချင်စိတ်၊ ထုချင်စိတ်တွေ မကြာ
ခဏ ပေါ်လာသည်။ တစ်နေ့ ကျမဘဝရဲ့ အဆိုး
ဆုံး အဖြစ်တစ်ခု စဖြစ်သောနေ့ဟု ပြောရမည်
ဖြစ်ပါသည်။ ကျမတို့ အိမ်မှာ မွေးထားသော
ညိုမဆိုသည့် ခွေးမက ဗိုက်ကြီးနေသည်။
ဗိုက်က မွေးဖွားရန်ပင် နီးသလို ဖောင်းကားနေ
သည်။ ကျမတို့ ခြံအတွင်းမှာ ငါးမွေးရန် တူး
ထားသော အနံပေ(၃၀)အလျားပေ(၅၀)အရှည်
ရှိသော ရေကန်တစ်ကန်ရှိပါသည်။ ထိုကန်မှ
ရေကို ခပ်ပြီး ချိုးသည်။ အဝတ်လျှော်သည်။
အိုးခွက် ပန်းကန်ဆေးသည်။ သောက်သုံးရေ
ကိုတော့ အိမ်ရှေ့ခြံထောင့်တွင် ရေတွင်းတူး
ထားသည်။ ဆေးကြောရန်အတွက် ရေကန်
ကိုသာ ခပ်သုံးသည်။
ထို့နေ့က ကျမကို အစ်မက အဝတ်လျှော်ရန်
ရေအင်တုံထဲရေဖြည့်ခိုင်းထားသဖြင့် ရေပုံး
ဆွဲကာ ကန်သို့ လာခဲ့သည်။ ရေကန်မှာရေကို
အလွယ်တကူ ခပ်နိုင်ရန် တစ်ပေအကျယ်
ဆယ်ပေခန့် အရှည်ရှိသော ကျွဉ်းပျဉ်ချပ်ကို
ရေကန်အတွင်း ကုန်းဘောင် ထိုးထားသည်။
ကျမကုန်းဘောင်ပေါ်အတက်၊ ညီမက အ
လယ်မှာ အိပ်နေသည်။ ကျမ ညိုမကို မောင်း
သည်။ ညိုမက မထ။ ကျမကိုပင် သူ အိပ်ရေး
ပျက်တယ်၊ လာမနှောင့်ယှက်နှင့် ဆိုသည့်သ
ဘောဖြင့် ခေါင်းထောင်ကြည့်ပြီး ပြန်အိပ်နေ
သည်။ ကျမ၏ မရှည်နိုင်တော့သည့် စိတ်ကို
ညိုမက နှိုးဆွနေသကဲ့သို့ ဖြစ်တာကြောင့်
အိပ်နေသော ညိုမကို ရေကန်ထဲ ကန်ချ
လိုက်ရာ၊ ညိုမလည်း ရေကန်ထဲ ကျသွား
တော့သည်။
ညိုမက ကိုယ်ဝန်ရှိ၍ ရေကို အတတ်နိုင်ဆုံး
ရှောင်ချိန် ရေထဲ ကန်ချခြင်း ခံလိုက်ရဖြင့်
ရေထဲမှာ ယက်ကန်ယက်ကန် ကြိုးစားကူး
နေသည်။ ထိုအချိန် ညိုမ အနီးက ရေထဲမှာ
သွေးရောင်တချို့ကို မြင်လိုက်ရသည်။ ကျ
မလည်း ညိုမအဖြစ်ကို ကြည့်မနေတော့ဘဲ
ရေကို ရေအင်တုံထဲ သုံးခေါက်မျှ ခပ်ထည့်
နေလိုက်သည်။ ကျမ နောက်ဆုံးအခေါက်
မှာ ညိုမ ကမ်းပေါ် ကုတ်ကပ်တက်နေသည်
ကို တွေ့လိုက်သည်။
ထို့နေ့ နေ့ခင်းပိုင်းမှစ၍ ညိုမကို ကျမ မတွေ့
ရတော့။ ညနေ သုံးနာရီလောက်မှ ငှက်ပျော
ပင်တွေကြားက ခွေးတစ်ကောင် ညည်းသံကြား
သည်ဟု အစ်မပြောသည့်အတွက် ကျမ ပြေး
ကြည့်လိုက်သည်။ မှန်ပါသည်။ ကျမ မြင်လိုက်
ရသည်က ညိုမ ခွေးလေးများ မွေးနေသည်ကို
တွေ့လိုက်ခြင်းဖြစ်သည်။ ထိုအချိန် အစ်မက
နောက်မှာ ရောက်လာပြီး …
“ညိုမ ဘာဖြစ်တာလဲ”
“ခွေးလေးတွေ မွေးနေတာ”
“ဘယ်နှစ်ကောင်လဲ…ဟင် အားလုံးအသေ
လေးတွေပါလား၊ ဗိုက်မှာလည်း ဒဏ်ရာကြီး
နဲ့ သွေးတွေလည်း ထွက်နေတယ် ဒါဆိုရင်
…ညိုမ သားလျောသွားတာ ဖြစ်နိုင်တယ်၊
အို…ဗိုက်က ဒဏ်ရာကြောင့် ညိုမ အသက်
မှ ရှည်ပါ့မလား…အချိန် မစေ့သေးဘဲ မွေး
တာကြောင့်၊ အသေလေးတွေပဲ မွေးတာ
လား၊ ခဏစောင့် အားလုံးမွေးလို့ အသေ
လေးတွေပဲ ဆိုရင် ယူသွားပြီး မြှုပ်ပစ်လိုက်”
အစ်မက ထိုမျှသာ ပြောပြီး၊ အိမ်ဘက်သို့
ထွက်သွားသည်။ ကျမလည်း ညိုမအဖြစ်
ကို ကြည့်ပြီး၊ စိတ်ထဲက သနားသလို၊
ကြောက်သလို ခံစားလိုက်ရသည်။
ထိုအချိန် ညိုမက ကလေးကို မချိမဆန့် မွေး
နေရာ၊ ကျမ အနီးရောက်လာသည်ကို သိပုံ
ရသည်။ သူ့အကြည့်က ရိုးရိုးကြည့်ပုံမဟုတ်၊
ကျမကို မကျေနပ်သော မျက်လုံးနှစ်လုံးဖြင့်
စူးစိုက်ကြည့်နေသည်ဟု ခံစားသိမြင်လိုက်
သည်။ ကျမ ညိုမအနီးက ထွက်လာခဲ့သည်။
ရေကန်ဘက်သို့ လျှောက်ခဲ့သည်။ ညိုမအား
ကန်ချလိုက်သည့်နေရာကို အသေအချာ
ကြည့်မိသည်။
“အို…ဘုရား…ဘုရား”
ကျမ ရုတ်တရက် ဘုရားတလိုက်မိသည်။
ကျမမြင်လိုက်သည်က ရေပေါ်သို့ လက်
တစ်လုံးခန့် ထိုးထွက်နေသော ဝါးလုံးငုတ်
တစ်ချောင်း ဖြစ်သည်။ယခင် ထိုဝါးလုံး
ငုတ်က ရေကန်မှာ ရေခပ်လျှင် ကိုယ်ကို
ထိန်းရန်၊ ဝါးလုံးတန်းကို ထောက်ချည်ရန်
ရေကန်ထဲကို တိုင်အဖြစ် စိုက်ထားခြင်း
ဖြစ်သည်။ ရေအောက်နှင့် ရေအပေါ်
ပိုင်းခြားထားရာ နေရာက ဝါးပိုးစား၍လား
မသိ၊ ကျိုးပြတ်သွားခဲ့သည်။
ထိုငုတ်ကို မည်သူမျှ မနှုတ်မိ။ အကယ်၍ လူ
ကျပါက ခန္ဓာကိုယ်ကို ထိုးစိုက်နိုင်သည်။ ယ
ခု ကျမ ညိုမကို ရေထဲသို့ ကန်ချလိုက်၍ ကိုယ်
ဝန်လွယ်ထားရသော ညိုမ၏ ဗိုက်ကို ဝါးလုံး
ငုတ်က ထိုးစိုက်မိသွားခြင်း ဖြစ်ပေလိမ့်မည်။
ကျမ စိတ်မကောင်းရုံမှ လွဲ၍ ဘာမှ မတတ်
နိုင်တော့။ ညိုမလည်း ကိုယ်ဝန်ပျက်ကျခဲ့ရပြီ။
ညနေ ငါးနာရီခန့် ရှိသော ကျမအစ်မက
ညိုမကို သွားကြည့်ပုံရသည်။
“မိနွယ်…မိနွယ်”
“ရှင်…အစ်မ”
“ညိုမ …သေနေပြီ”
“ပေါက်တူးယူပြီး နောက်ဘက်ခြံစပ်မှာ
သွားမြှုပ်လိုက်”
ကျမလည်း ငှက်ပျောလက်အခြောက်ကို
ကြိုးလုပ်ပြီး ညိုမ၏ခြေထောက်မှာ ချည်၍ ခြံနောက်ဘက်သို့ ဆွဲခဲ့သည်။ ကျမလည်း
အလုပ်ကြမ်းကို အမြဲလုပ်နေရသည့်အတွက်
ညိုမတစ်ကောင် မြှုပ်ရန် မြေတူးရသည်မှာ
အခက်အခဲ မရှိပေ။
သို့သော် မှောင်စပြုလာပြီဖြစ်၍ ခွေးတစ်ကောင်
မြှုပ်ရန် ရနိုင်သလောက်သာ တူးလိုက်သည်။
ညိုမကို ကျင်းထဲထည့်လိုက်သည်။ ညိုမခန္ဓာ
ကိုယ်နှင့် မြေအပေါ် မျက်နှာပြင်နှင့် တညီတည်း
ဖြစ်နေသည်။ အကယ်၍ ပုပ်ပွလာပါက အကောင်
ပေါ်လာလျှင် ကျမ အရိုက်ခံရဦးမည်ဖြစ်သည်။
ကျမ ခွေးအသေကောင်လေး သုံးကောင်ကို
ပေါက်တူးအပြားပေါ် တုတ်ဖြင့် ယက်တင်၍
ကျင်းရှိရာသို့ သယ်လာခဲ့သည်။
ခွေးအသေကောင်လေး သုံးကောင်ကို ကျင်းထဲ
ထည့်ပြီးသည်နှင့် မြေကြီးများကို ညိုမအပေါ်
ဖုံးလိုက်သည်။ မကြာမီမှာပင် ခွေးတစ်ကောင်
လုံး ဖုံးပြီးသား ဖြစ်သွားသည်။ ကျမအိမ်ပြန်
ရောက်တော့ မှောင်နေပြီ။ ကျမအား ညိုမကို
ကန်ချခဲ့သော ရေကန်ထဲမှ ရေကိုခပ်၍ ချိုး
ခိုင်းနေသည်။ မျက်လုံးထဲမှာ ညိုမခန္ဓာကိုယ်
မှ ထွက်သော သွေးများကို ရေထဲမှာ မြင်ယောင်
မိသဖြင့် ရေချိုးရမှာပင် မသတီချင်တော့။
သို့ပေမဲ့ ရေမချိုးပြန်လျှင်လည်း အရိုက်ခံရမှာ
ကို မြင်ယောင်ပြီး၊ မချိုးချင်သော်လည်း ချိုး
လိုက်ရသည်။ ကျမ ထိုညတစ်လုံး အိပ်မပျော်
ပါ။ အိပ်မက်ထဲမှာ ညိုမက လူလည်း မဟုတ်၊
သရဲလည်း မဟုတ် ရောက်လာပြီး …
“နင် ငါ့ရဲ့ကလေးတွေကို သတ်တယ်၊ ငါ့ကို
လည်းသတ်တယ်၊ နင့်ကို ငါ မကျေနပ်ဘူး၊
ငါ့ကလေးတွေ သေသလို နင် တစ်ချိန် က
လေးရရင်၊ ငါ့ကလေးတွေ သေသလို သေ
စေရမယ်”
ကျမကို အိပ်မက်ထဲအထိ လာ၍ ကြိမ်းဝါးနေ
သဖြင့် လန့်နိုးလာကာ တစ်ညလုံး စိတ်ချောက်
ချားနေပြီး အိပ်မပျော်နိုင်ဖြစ်ရသည်။ ညိုမသေ
ဆုံးပြီး သုံးလေးရက်ခန့် ကျမစိတ်ကို ညိုမက
ခြောက်လှန့်နေခဲ့သည်။
ရက်ကြာလာတော့ ညိုမက ကျမအိပ်မက်ထဲမှ
ပျောက်သွားခဲ့သည်။ကျမလည်း အဆူခံလိုက်၊
အရိုက်ခံလိုက်နှင့် ရာသီတွေ အလီလီ ပြောင်းလို့
အသက်ဆယ့်ငါးနှစ်သို့ ရောက်ရှိလာခဲ့သည်။
ကျမ၏ အစ်မနှင့် ခဲအိုတို့ရဲ့ နှိပ်စက်မှု ဒဏ်
ကြောင့် စိတ်ဒဏ်ရာရနေသည်မှာ ကြာခဲ့ပါပြီ။
တစ်ခါတစ်ခါ ကျမတစ်ယောက်တည်း စကား
ပြောနေမိသည်။ တစ်ခါတစ်ခါ ငိုချင်သလိုဖြစ်
လိုက်၊ ရယ်ချင်သလိုဖြစ်လိုက်၊ အစ်မနှင့် ခဲအို
အပါအဝင် သူတို့၏ သားသမီးသုံးယောက်ကို
လည်း သတ်ပစ်ချင်စိတ်ပင် တစ်ခါတစ်ခါ ဖြစ်
မိသည်။ တစ်နေ့ ကျမ ထမင်းရည်ငှဲ့နေစဉ်၊
အစ်မ၏ အငယ်ဆုံး သုံးနှစ်သား ကောင်လေး
မီးဖိုခန်းထဲ ဝင်လာပြီး ကျမကို ဆောင့်တွန်း
လိုက်သည်။ လူကို မတွန်းမိဘဲ လက်ကို တွန်း
မိသည့်အတွက် ထမင်းငှဲ့နေသော အိုးကို
ကိုင်ထားသည် လက်တစ်ဖက်လွတ်သွားပြီး၊
ထမင်းရည်ပူနှင့် ထမင်းပူများ အပြင်သို့
ထွက်ကျကုန်သည်။
ကျမရဲ့ခြေထောက်တစ်ဖက် အပူလောင်သွား
သလို အငယ်ကောင်လေးခြေထောက်တစ်ဖက်
ပါ ထမင်းရည်ပူလောင်ပါလေတော့သည်။
ကလေးက နာလွန်း၍ အသံပျောက်အောင်
ငိုပါတော့သည်။
ကျမက လူကြီးဖြစ်၍ ခြေဖမိုးပေါ်မှ ထမင်းရည်ပူ
များကို သုတ်ပစ်လိုက်ပြီး ကလေးကိုသာ အပူ
သက်သာအောင် သိမှတ်သမျှ လျှောက်လုပ်နေ
မိသည်။ ထိုအချိန် အစ်မအပြင်က ရောက်လာ
ပြီး ဘာမှ မမေးမြန်းဘဲ ကျမပါးကို ဘယ်ပြန်
ညာပြန် ရိုက်ပါတော့သည်။
“နင် သူ့အဖေလာရင် အသက်ကို ဖက်နဲ့သာ
ထုတ်ထားတော့”
ဟုဆိုပါသည်။ ကျမလည်း အစ်မရိုက်သော ဒဏ်
ရာနှင့်ပင် ရင်ထဲနာကျင်လှပေပြီ၊ ခဲအိုနှင့် ရင်မဆိုင်
ချင်တော့ပါ။ သို့ကြောင့် ကျမ အိပ်ခန်းအတွင်းဝင်
ပြီး စုဆောင်းထားသော ပိုက်ဆံအနည်းငယ်ယူ၍
အိမ်မှ အပြီးအပိုင် ထွက်ခဲ့ပါတော့သည်။ မနက်စာ
ချက်ချိန်ဖြစ်သဖြင့် အိမ်က ထွက်လာတော့ ဆယ်
တစ်နာရီကျော်ကျော်လောက်ပင်ရှိသည်။
ကျမ၏ အစ်မလည်း သူ့ရဲ့ကလေး အနာသက်
သာစေရန် ပြုစုရင်း အလုပ်ရှုပ်နေသည့်အချိန်
ထွက်လာခြင်းကြောင့် မသိလိုက်။ အိမ်မှနေ၍
ကားလမ်းရှိရာသို့ နာရီဝက်နီးပါး လျှောက်ခဲ့ရ
သည်။ ထမင်းရည်ပူလောင်ထားသော ခြေဖမိုး
က နီရဲနေပြီ။ အဖုအပိန့် မထွက်သဖြင့် ကံကောင်း
လှသည်ဟု မှတ်ယူမိသည်။ ဒါပေမဲ့ ခြေဖမိုးက
အပူရှိန်ကြောင့် တစစ်စစ် နာနေသေးသည်။
ကားလမ်းပေါ်သို့ ရောက်ခဲ့ပြီ။ မြို့တက်သွား
သော ကားတစ်စီးစောင့်ကာ တားစီးရန် လိုက်
ခဲ့သည်။ ကျမ ဘယ်မြို့ဘယ်ရပ်သို့ သွားရမည်
မသိ။ စပါယ်ယာက ဘယ်သွားမှာလဲဟု မေး
သဖြင့် ရှေ့မြို့အထိ သွားမှာဟု ပြောလိုက်မိစဉ်
ကားခ (၅)ကျပ် ဆိုသဖြင့် ပါလာသော ပိုက်ဆံ
(၁၂ )ကျပ်မှ ကားခ( ၅ )ကျပ် ပေးလိုက်ရာ
ကျမမှာ (၇ )ကျပ်ပင် ကျန်သေးသည်။
ထိုမြို့ရောက်တော့ ကျမကားပေါ်က ဆင်းလိုက်
သည်။ ကားပေါ်မှ ဆင်းပြီး ဗိုက်ဆာလာသဖြင့်
ဟိုသည်ကြည့်၍ စားစရာ ရောင်းသည်ဆိုင်ကို
ရှာသည်။ အနီးမှာ မုန့်ဟင်းခါးဆိုင် တစ်ဆိုင်
တွေ့၍ ခြေထောက် ထော့နဲ့ ထော့နဲ့နှင့် ဆိုင်
ထဲ ဝင်ထိုင်လိုက်သည်။
“မုန့်ဟင်းခါးတစ်ပွဲပေးပါ”
“အလွတ် ငါးမတ်၊ အကြော်နဲ့ဆို တစ်ကျပ်ခွဲ”
“အကြော်မထည့်နဲ့ အလွတ်ပဲပေးပါ”
ကျမ မုန့်ဟင်းခါးကို နှစ်ပွဲစားပြီး ပိုက်ဆံရှင်းလိုက်
ပါသည်။ မုန့်ဟင်းခါးနှစ်ပွဲက ကျမဗိုက်ကို တင်း
သွားစေသည်။ ကျမလည်း စားသောက်ပြီး ဆိုင်
မှ မထသေးဘဲ စားပွဲပေါ်မှ ရေနွေးကို အချိန်ဆွဲ
ပြီး သောက်နေလိုက်သည်။ ဘယ်သွားရမည်ကို
စဉ်းစားနေခြင်းလည်း ဖြစ်သည်။
ကျမလက်မှာ ပိုက်ဆံလေးကျပ်ခွဲသာ ကျန်တော့
သည်။ ထိုအချိန် မုန့်ကုန်သွားပြီဖြစ်၍ ဆိုင်သိမ်း
နေသည်ကို တွေ့ရသည်။ အဒေါ်ကြီးအား (၁၀)
နှစ်အရွယ် ကောင်လေးတစ်ယောက် ဝိုင်းကူသိမ်း
နေသည်ကို တွေ့ရသည်။ ကျမလည်း ထိုင်နေ
သည့်စားပွဲပေါ်မှ ရေနွေးပန်းကန်များ ထပ်ပြီး
ရေနွေးအိုးနှင့် အတူ ယူ၍ အဒေါ်ကြီးထံ သွားပို့
ပေးလိုက်သည်။
“ကလေးမ အဒေါ်ကြီးတို့ ဆိုင်သိမ်းပြီး ပြန်
တော့မယ် ကလေးမ ဘယ်ကို သွားမှာလဲ”
“ကျမ ဘယ်ကို သွားရမယ် မသိပါဘူး ဒေါ်
ကြီးရယ်၊ ဘယ်မှလည်း မသွားတတ်ဘူး”
“ဘယ်ကလာခဲ့တာလဲ”
“ထနောင်းကုန်းရွာကပါ …အစ်မရဲ့နှိပ်စက်တဲ့
ဒဏ်ကို မခံနိုင်တော့လို့ ထွက်လာခဲ့တာပါ”
“အို…မိန်းကလေးတစ်ယောက်တည်း အခုလို
စိတ်လိုက်မာန်ပါ လျှောက်သွားနေလို့ ဘယ်
ဖြစ်မလဲ၊ လာ အဒေါ်ကြီးနဲ့ လိုက်ခဲ့”
“ဒေါ်ကြီးက မုဆိုးမ၊ သားသမီးတွေက လော
လောဆယ် အိမ်မှာ မရှိဘူး။ ဒီဖိုးတုတ်လေးပဲ
နေ့စဉ် ဝိုင်းကူနေတာ”
“ဟာ …ဒါဆို၊ ကျမ အဒေါ်ကြီးကို ဈေးဝိုင်းကူ
ရောင်းလို့ ရတာပေါ့”
“အေး …ကလေးမ သွားစရာမရှိဘူးဆိုရင်၊ ဒေါ်
လေးနဲ့ လိုက်နေ၊ ဈေးဝိုင်းကူရောင်းပေါ့။ အိမ်
ရောက်မှကလေးမအကြောင်း ဒေါ်ကြီးကို ပြော
ပြ၊ နားထောင်ရတာပေါ့ ”
“ကျမရဲ့အကြောင်းကတော့ အကောင်းတစ်ခုမှ
မရှိဘူး။ ဒါပေမဲ့ ဒေါ်ကြီးကို ပြောပြပါ့မယ်”
သို့ဖြင့် ဒေါ်ထားဆိုသော အသက်လေးဆယ်ငါး
နှစ်ခန့် အဒေါ်ကြီးခေါ်ရာနောက်သို့ အိုးခွက်ပန်း
ကန်ထည့်သော တောင်းကို ရွက်ရင်း လိုက်သွား
ခဲ့သည်။ ဒေါ်ထားက ရှေ့က ဆွဲခြင်း ဆွဲထားသည်
အကူခေါ်ထားသော ကောင်လေးက ရေပုံးအလွတ်
နှစ်ပုံးကို ဆွဲပြီး လိုက်ခဲ့သည်။
မကြာခင် ဒေါ်ထားတို့ အိမ်သို့ ရောက်ခဲ့သည်။
ပေနှစ်ဆယ်ခန့် မျက်နှာဝရှိသော ခြံအတွင်း
သုံးပင်နှစ်ခန်းတွဲ သွပ်မိုး၊ ထရံကာ အိမ်လေး
တစ်လုံးအတွင်း ဒေါ်ထား ဦးဆောင်ပြီး ဝင်ခဲ့
သည်။
“ကဲ ရောက်ပြီ …ဒါ ဒေါ်ကြီးရဲ့အိမ် အရင်က
သမီးတစ်ယောက်၊ သားတစ်ယောက် အဒေါ့်
ယောက်ျားနဲ့ မိသားစုလေးယောက် နေခဲ့တဲ့
အိမ်လေးပဲ အဒေါ့်ယောက်ျားဆုံးသွားတာ၊
ငါးနှစ်ကျော်ပြီ၊ သမီးက အိမ်ထောင်ကျပြီး
ကချင်ပြည်နယ်ဘက်မှာ ယောကျ်ားအလုပ်
တာဝန်ကျရာနောက် ပါသွားတယ်။ သားက
စစ်ထဲလိုက်သွားတာ၊ သေလား ရှင်လား
မသိဘူး၊ သူ့အဖေ မသေခင်လေးမှာ စစ်
ထဲဝင်သွားတာ ။ အခုဆို ငါးနှစ်ကျော်ပြီ”
“ဒါဆို ဒေါ်ကြီးတစ်ယောက်တည်းရှိတော့
တာပေါ့”
“မုန့်ဟင်းခါး နေ့တိုင်းရောင်းပြီး ဝမ်းရေးဖြေ
ရှင်းနေရတာပေါ့ကွယ်၊ ဖောက်သည်လေး
ရလာတော့ အဆင်ပြေပါတယ်”
“ဖောက်သည်ဆိုတာ…ဘာကို ပြောတာလဲ
ဒေါ်ကြီး”
“သြော် …နေ့စဉ် …ပုံမှန်စားသုံးတဲ့လူတွေကို
ပြောတာပါ”
“ကျမလည်း ဒီနေ့က စပြီး အိမ်သားတစ်ယောက်
လိုပဲ ကူညီပါ့မယ်၊ ခိုင်းစရာ ရှိတာလည်း အားမ
နားဘဲ ခိုင်းပေါ့”
သို့ဖြင့် ကျမလည်း ထိုနေ့မှစပြီး ဒေါ်ထား၏
အိမ်သားတစ်ယာက်ဖြစ်ခဲ့ပါသည်။ ဒေါ်ထား
က သဘောထား ပြည့်ဝသူ ဖြစ်သည်။
ကျမက အစ်မကြီး၏ခိုင်းစေမှုအောက်မှာ
နေသားကျခဲ့ပြီဖြစ်၍ ဒေါ်ထား၏ အိမ်မှုကိစ္စ
အလုပ်မှန်သမျှ သက်တောင့်သက်သာပင်
ဝင်လုပ်ပေးနိုင်ခဲ့သည်။
ကျမအကွက်မြင်တတ်မှုကြောင့် ဒေါ်ထားအရေး
ပေးခြင်းကို ခံခဲ့ရသည်။ ကျမရောက်ခဲ့ပြီးနောက်
ပိုင်း မနက်ပိုင်း မုန့်ဟင်းခါးရောင်း၍ ညနေ ရခိုင်
မုန့်တီဆိုင် ဖွင့်ခဲ့သည်။ ကျမ ဒေါ်ထားအိမ်ရောက်
၍ နှစ်နှစ်ခန့်အကြာမှာ ဒေါ်ထား၏ ပျောက်နေ
သည်ဆိုသော သားက ပြန်ရောက်လာသည်။
ကျမထက် အသက်သုံးနှစ်ခန့်ကြီးသည်။
ပေါင်မှာ သေနတ်ကျည်ဆန် ထိသွား၍ ဆေးပင်
စင်နှင့် ပြန်ရောက်လာခြင်းကြောင်းသိရသည်။
သူတပ်ထဲ စဝင်ကတည်းက ရှမ်းပြည်နယ်ဘက်
မှာ တာဝန်သွားထမ်းဆောင်နေရခြင်းကြောင့်
မိဘများနှင့် အဆက်အသွက် ပြတ်ခဲ့ရကြောင်း
သိရသည်။ ခြေထောက်တစ်ဖက်ဆာနေသော
ဒေါ်ထား၏ သား ထက်အောင်နှင့် ပြန်ရောက်
ပြီး တစ်နှစ်ခန့်အကြာ ကျမလည်း ဒေါ်ထား၏
တိုက်တွန်းမှုကြောင့် လက်ထပ်ဖြစ်လိုက်သည်။
ကျမလည်း အိမ်ထောင်ကျပြီးသည်နှင့် ဒေါ်ထား
၏အလုပ်များကို ဦးဆောင်ပြီး လုပ်တော့သည်။
ဒေါ်ထားကို အနားပေးပြီး အိမ်မှာနေစေသည်။
မုန့်ဟင်းခါးထဲ ထည့်မည်အမယ်များကို ကြိုလုပ်
ထားစေသည်။ မနက်ဘက် ဒေါ်ထားက ဟင်း
ထ၍ ချက်ပေးသည်။ မနက်ဆိုင်ဖွင့်တော့ ဟင်း
အိုးကို သယ်သွားကာ ဆိုင်မှာ ရောင်းသည်။
ကျမ မနက်ည မုန့်ရောင်း၍ မအားမလပ်အောင်
ရှိနေသော်လည်း ကျမယောကျ်ားထက်အောင်
က အလုပ်ကို လက်ကျောတင်းအောင် မလုပ်။ မနက်ဆိုင်ဖွင့်လျှင် ပစ္စည်းသယ်ပို့ပေးသည်။
ဆိုင်သိမ်းချိန်မှာ ရောက်လာပြီး ဝိုင်း၍ သိမ်း
သည်။ ကျန်သောအချိန်များတွင် ရွာအတွင်း
လှည့်ပြီး ဖဲဝိုင်း၊ ကြက်ဝိုင်းသို့သာ ရောက်နေ
တတ်သည်။ အိမ်ထောင်ကျပြီးနောက် ငါးလ
ခန့်အကြာ ကျမ ပထမကလေးကို ကိုယ်ဝန်
ဆောင်ရသည်။ ကျမ ကိုယ်ဝန်ရှိနေကြောင်း
နှစ်လခန့် ကြာမှ သိလိုက်သည်။
ထို့နောက် ဈေးထွက်ရောင်းရင်း၊ ကိုယ်ဝန်စောင့်
ရှောက်ရင်းဖြင့် ကိုယ်ဝန်ရင့်လာခဲ့သည်။ တစ်နေ့
ကျမဆိုင်သိမ်းပြီး အိမ်သို့ပြန်အလာ အိမ်ဝအ
ရောက် ခလုတ်တိုက်မိပြီး လဲမလို ဖြစ်သွားသည်။
ထိုအခါ မလဲရန် လက်နှင့် သစ်ပင်အား လှမ်း
ထောက်လိုက်ရာ ကျမ၏ ဗိုက်ကို ညာလက်
တံတောင်ဆစ်က ထောက်မိသွားသည်။
“အား”
“ဘာဖြစ်တာလဲ မိန်းမ”
“ခြေချော်သွားလို့ လက်နဲ့လှမ်းထိမ်းလိုက်တာ၊
တံတောင်ဆစ်နဲ့ ဗိုက်ဆောင့်မိပြီး အောင့်သွားလို့”
“ပစ်မလဲလို့ တော်သေးတာပေါ့ မိန်းမရာ”
ထိုည ကျမတစ်ခါမှ မမက်ဖူးသော အိပ်မက်ကို
မက်သည်။ ကျမ အိပ်မက်ထဲမှာ ညိုမက ဗိုက်
ကြီးပေါက်လျက် ကျမ အနီးသို့ ရောက်လာသည်
ကျမ ရှေ့မှာပင် ဗိုက်ပေါက်ထဲက ခွေးလေးတွေ
တစ်ကောင်ပြီးတစ်ကောင် ထွက်ကျနေသည်ကို
တွေ့လိုက်ရသည်။ ထို့နောက် ညိုမက ကျမအား
ပါးစပ်ကြီးဖြဲကာ မာန်ဖီပြီး၊ အခိုးအငွေ့အဖြစ်နှင့်
ပျောက်သွားသည်။ မနက်ရောက်တော့ ကျမ
ဈေးရောင်း မထွက်နိုင် အိပ်ရာထဲ လဲခဲ့သည်။
မဖြစ်စလောက်လေး ထိခိုက်မိပြီး၊ ကျမ၏ပထမ
ကိုယ်ဝန်ပျက်ကျသွားပါတော့သည်။ ကျမလည်း
ကိုယ်ဝန်ပျက်ခဲ့သည့်အတွက် စိတ်ဆင်းရဲ ကိုယ်
ဆင်းရဲဖြစ်ကာ လဝက်ခန့် ဈေးမထွက်နိုင်သဖြင့်
ကျမယောက္ခမက ကျမကိုယ်စား ဈေးထွက်ပေး
နေ၍ ဖောက်သည်မပျက်ခြင်း ဖြစ်သည်။
ကျမ ပြန်လည် ကျန်းမာလာသည်နှင့် ဈေး
ပြန်ထွက်ခဲ့သည်။ ကလေးပျက်ကျပြီး တစ်
နှစ်ခွဲခန့်အကြာဒုတိယကိုယ်ဝန်ကို ဆောင်ခဲ့
ရပြန်ပါသည်။ ကျမအပါအဝင် ကျမယောက္ခ
မ၊ ကျမယောကျ်ားတို့က ဗိုက်ထဲက ကလေး
ကို မထိခိုက်၊ မပျက်စီးရအောင် ဝိုင်းဝန်စောင့်
ရှောက်ကြပါသည်။ ကျမလည်း မွေးဖွားရန်
တစ်လခန့် အလိုကျမှ ကျမ ဈေးရောင်း
ရပ်လိုက်သည်။
ကျမဈေးရောင်းခြင်းကို ရပ်လိုက်သဖြင့် ယောက္ခမဒေါ်ထားက ဈေးဝင်ရောင်းသည်။
ကျမလည်း အိမ်မှာတစ်ယောက်တည်း နေရ
သည့်အတွက် ပျင်းရိလာသဖြင့် ယောကျ်ားကို
အကူအညီတောင်းပြီး အညောင်း အညာပြေ
မုန့်ဟင်းခါးဆိုင်သို့ လိုက်လာခဲ့သည်။
ထိုစဉ် လမ်းမပေါ်မှ ခွေးလေးကောင် မာန်
စောင်ကာ ကိုက်ရန် ပြင်နေကြသည်။
“မနွယ်…သတိထား၊ အဲဒီခွေးတွေ တို့ဘက်
ကို ပြေးလာနိုင်တယ်၊ သတိထား”
ထက်အောင်၏ စကားမဆုံးလိုက်၊ မာန်စောင်
နေသော ခွေးသုံးကောင်ခွေးအနက်ကြီးတစ်
ကောင်ကို ဝိုင်းကိုက်ခြင်းကြောင့် ထိုခွေးကြီး
က နောက်သို့ ပြန်လှည့်ပြေးလာစဉ် ကျမ
အား ဝင်တိုက်မိလိုက်သည်။ ကျမလည်း
ကိုယ်ဝန်၏ အလေးချိန်ကြောင့် မထိန်းနိုင်
ဘဲ ဖင်ထိုင်ပစ်လဲကျသွားသည်။ ထိုခွေးနက်
ကြီးက ကျမကို ကိုက်မည့်ဟန်ပင် ပြုလိုက်
သေးသည်။
“ဟာ …မနွယ်…ဒုက္ခပါပဲ…ဟဲ့ခွေး…ဟဲ့ခွေး”
“ဝုတ်…ဝုတ်…ဝုတ်”
“ဝေါင်း …ဝေါင်း”
နောက်မှ ဆူညံစွာဟောင်ရင်း ခွေးသုံးကောင်
လိုက်လာသည့် အတွက် ကျမကို ရန်ပြုချင်
သော ခွေးနက်ကြီး ခြေကုန်သုတ်ပြီး ပြေး
ထွက်သွားသည်။
“မနွယ်…မနွယ်…ဘာဖြစ်သွားသေးလဲ”
ယောက်ျားဖြစ်သူက ကျမအား ဆွဲထူရန်
လက်မောင်းရင်းကို ဆွဲမလိုက်စဉ်၊ ကျမ၏
ခေါင်းပေါ်မှာ ပူသလိုခံစားသိလိုက်၍ လက်
နှင့် စမ်းကြည့်လိုက်ရာ သွေးများစီးကျလာ
သည်ကို သိလိုက်သည်။
ထို့ကြောင့် ကိုထက်အောင်က ကျမအား
ဆေးခန်းသို့ ဆိုက်ကားငှားပြီး ပို့ပေးပါသည်။
ကျမ၏ ဒုတိယကလေး ပျက်ကျသွားရပြန်ပါ
ပြီ။ထိုကဲ့သို့ ကလေးများ ဆက်တိုက်ပျက်နေ
ရသည့်အတွက် ကျမ ညိုမအား ပြုခဲ့သော ဝဋ်
ကြွေး၊ တလှည့်ပြန်ခံရနေရပြီဆိုသည်ကို ကျမ
ယုံကြည်လာသည်။
ညစဉ် ညိုမကို အိပ်မက်ထဲမှာ မက်လာသလို
အပြင်မှာလည်း ညိုမနဲ့ ဆင်ဆင် ခွေးအနက်
ကြီးများကို မကြာမကြာ တွေ့နေရသည်။ကျမ
ကြောင့် ညိုမ၏ ခွေးသုံးကောင် ပျက်ကျသွား
ပြီး ညိုမ သေခဲ့ရသလို ကျမလည်း တတိယ
မြောက်ကလေးမွေးပြီးပါက အသက်ပါ အနုတ်
ခံရမည်ကို စိုးရိမ်လာသည်။
သို့ကြောင့် တတိယမြောက်ကလေးကို မမွေး
ရန် ဆုံးဖြတ်လိုက်သည်။ ထိုအေကြောင်းကို
ယောကျ်ားဖြစ်သူအား ရှင်းပြလိုက်သည်။ ထို
အခါ ကျမယောကျ်ားက သေသွားသော ညို
မ၏ ဝဋ်ကြွေး ရှိရင် ကျေပါစေရန် အလှူတစ်
ခုခု လုပ်ပေးဖို့ ပြောလာပါသည်။
ကျမလည်း မေ့လျော့နေသော ကိစ္စတစ်ခုကို
သတိပေးနေသည့်ယောကျ်ားဖြစ်သူကို ကျေး
ဇူးတင်မိသည်။ သို့ကြောင့် ကျမလည်း နောက်
နေ့မှာ ညိုမအတွက် ရည်စူးပြီး ဆွမ်းဟင်းနှင့်
ဆွမ်းဟင်း၍ ဘုန်းတော်ကြီးကျောင်းမှာ သွား
လှူကာ အမျှဝေနိုင်ခဲ့သည်။ ထို့သို့ လုပ်လိုက်
သဖြင့် စိတ်ထဲပေါ့သွားသလို ခံစားလိုက်ရသည်။
ကျမ ဒုတိယကိုယ်ဝန်ပျက်ပြီး နှစ်နှစ်လောက်
အကြာမှာ ကိုယ်ဝန်မလိုချင်သော်လည်း ကိုယ်
ဝန်ရခဲ့ပြန်သည်။ ကျမလည်း ပထမနှင့် ဒုတိယ
ကိုယ်ဝန်များသကဲ့ မပျက်ကျစေရန် ပိုပြီး ဂရု
စိုက်ခဲ့သည်။ ကျမ ထုံးစံအတိုင်း မနက်ပိုင်း
မုန့်ဟင်းခါး ညနေမုန့်တီကိုတော့ အရောင်း
မပျက်ခဲ့။
ကျမယောကျ်ားကတော့ ကျမကို ဆိုင်ပို့ပြီး
သည့်နှင့် သူလိုအပ်သော ငွေကို တောင်းယူ
ကာ အရက်ဆိုင်ဖြစ်ဖြစ် ကစားဝိုင်းဖြစ်ဖြစ်
ရောက်သွားတတ်သည်။ ကိုယ်ဝန်နှစ်ခါပျက်
ခဲ့ရသော ကျမ ကျန်းမာရေးက ယခင်လို
မကောင်းတော့၊ ဟိုဆေးကောင်းသည်၊
သည်ဆေးကောင်းသည် ဆို၍ဆေးမြီးတို
မျိုးစုံစားပေမယ့် ကျန်းမားရေးက ပိုကောင်း
မလာခဲ့။
ဝမ်းကလည်း မကြာခဏ ချုပ်သဖြင့် ဝမ်းနှုတ်ဆေး မကြာမကြာ စားပေးရသည်။ မုန့်ဟင်းခါးချက်ရန်
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆီသပ်၍ ထွက်လာ
သော ညှော်နံ့မိလွန်းသဖြင့် ယခင်က ဘာမှ မဖြစ်
ခဲ့သော ခေါင်းကိုက်သည့် ဝေဒနာလည်း မကြာ
မကြာ ဖြစ်လာသည်။
ခြေလက်များကလည်း မကြာခဏ ယောင်လာ
သည်။ ကိုယ်ဝန်ရှိလျှင် ယောင်တက်သည်ဆို
ပေမယ့် ယခု ကျမ အနေရ အထိုင်ရ လေးပင်
နေသည်။ အစားအသောက်လည်း ပျက်လာ
သည်။ အသား၊ ငါးပါလျှင် စားမရတော့။
သို့ကြောင့် အာဟာရလည်း ကောင်းစွာ မရသည့်
အတွက် အားပြတ်သလို ဖြစ်လာသည်။ ကိုယ်ဝန်
က တဖြည်းဖြည်း ရင့်လာသည်။ ခုနှစ်လသို့ရောက်
လာသည်။ ကျမကို ယောက္ခမကြီးက အိမ်မှာပင်
နေစေပါသည်။ ယောက္ခမအသက်က ငါးဆယ်
ကျော်ရုံသာ ရှိသေးသည့်အတွက် မုန့်ဟင်းခါး
ချက်နိုင်သေးသည်။
ယောကျ်ားဖြစ်သူက သူ၏အရက်ဖိုးကို ကျမထံ
လက်ဖြန့်တောင်းရသည်ကို အားနာသေည်ပြော
ပြီး ဆိုက်ကား နေ့ဘက်ယူနင်းသည်။ အုံနာခနှင့်
အရက်ဖိုးရလျှင် ဆက်မနင်းတော့။ သူလုပ်စာ
ကျမ တစ်ခါမှ မရ။ ယောက္ခမက ဈေးထွက်သည်
ဖြစ်၍ အိမ်မှာ ကျမ ထမင်းဟင်းချက်ပေးထား
သည်။ အညှီအဟောက် စားမရသဖြင့် နေ့စဉ်
မြေပဲလှော် ဆီဆမ်းပြီး စားချင်စားလိုက်သည်။
ထမင်းရည်ထဲ ထမင်းအနည်းငယ်ထည့်ပြီး ဆား
ခပ်ကာ သောက်၍ ဗိုက်ဖြည့်သည်။ ထိုအစာများ
သည် အာဟာရမပြည့်မှန်းသိသော်လည်း အညှီ
အဟောက် အသား၊ ငါးပိရည် လုံးဝ ပါးစပ်ထဲ
သွင်းမရတော့သည့်အတွက် ဖြစ်သလို စားနေရ
ခြင်းပင်။ အာဟာရချို့တဲ့လာသဖြင့် ကလေး
မွေးပါက မွေးရခက်မည် ကြိုးစားပြီစားရန် ဝိုင်း
ပြောကြသဖြင့် အနည်းငယ် စားကြည့်ရာ လည်
ချောင်းဝမှာပင် ပျို့အန့်ပြီး ပြန်ထွက်လာသည်။
သို့ဖြင့် ကလေးမီးဖွားရက် နီးလာသည်။ ကျမက
ဗိုက်ထဲက အခြေအနေကို မသင်္ကာသဖြင့် ယော
က္ခမကို ပြောပြရာ အရပ်လက်သည်ကို ခေါ်ပြီး
ပြကြသည်။
ကလေးဗိုက်ထဲမှာ မလှုပ်တော့ဟု အရပ်လက်
သည်က ပြောသည်။ဆေးရုံမှာ သွားမွေးရန် ပြော
သည်။ကလေးက တိုးရမည့်အချိန် မတိုးသဖြင့်
ကျမလည်းစိုးရိမ်လာသည်။ ဆေးရုံပို့ပေးရန်
ယောက္ခမနဲ့ ယောကျ်ားဖြစ်သူကို ပြောရသည်။
ဗိုက်က တဖြည်းဖြည်း တင်းတင်းရင်းရင်း ဖြစ်
လာကာ အနေရ ခက်လာသည်။
ကိုထက်အောင် ထမင်းစားပြန်ချိန်မှာ သူ၏
ဆိုက်ကားဖြင့် ကျမအား ဆေးရုံသို့ ပို့ပေးပါ
သည်။ ကျမ တတိယမြောက်ကလေးကို မွေး
ကာနီးအချိန်ထိ ညိုမလာရောက် ခြောက်လှန့်
သည်ကို မကြုံရတော့။
သူကို ကျမတို့လင်မယား ကောင်းမှုကုသိုလ်
ပြုလိုက်၍များ ခွင့်လွှတ်ပြီး အဝေးသို့ ထွက်
သွားပြီလားမသိ။ ညိုမကို အိပ်မက်ထဲမှာရော၊
အသိအာရုံထဲမှာပင် မပေါ်ခဲ့။ တတိယမြောက်
ကလေးကို မွေးရမည့်ရက်ကို ရောက်ခဲ့ပြီဖြစ်
သော်လည်း ရှောရှောရှူရှူမွေးမည့်ဟန်မရှိ၊
ဝဋ်ကြွေးမကုန်သေးဘူး ထင်သည်။
ကလေးက ဗိုက်မှာ ကန့်လန့်ခံနေသည်ဟု
ဆိုသဖြင့် ဆေးရုံသို့ လာခဲ့ခြင်းဖြစ်သည်။ ကျ
မ ဆေးရုံရောက်တော့ လူနာစာရင်းသွင်းပြီး
ကိုယ်ဝန်များထားသော အခန်းသို့ ပို့လိုက်ပါ
သည်။ အခန်းတွင်း မွေးလူနာများ ဗိုက်နာ၍
အော်ဟစ် နေသူများ ဗိုက်ကို နှိပ်ပြီး လမ်း
လျှောက်နေသူများရော လူမျိုးစုံ တွေ့နေရ
ပါသည်။ ဆရာဝန်မ အဆင်သင့် ရှိနေသဖြင့်
ကျမကို စမ်းသပ်ကုတင် တက်ခိုင်းပြီး စမ်း
သပ်ပါသည်။
ဆရာမစကား ကြားသည်နှင့် ကျမ နှလုံးသွေး
ပျက်မျှ လန့်သွားပါသည်။ ကလေးက ဗိုက်ထဲ
မှာ သေနေတာ အနည်းဆုံး နှစ်ရက်ခန့် ရှိနေပြီ
ဟု ဆိုပါသည်။ သို့ကြောင့် ခွဲပြီး ကလေးကို
ထုတ်ရမည်ဟု ဆိုပါသည်။ ယခုမှပင် ညိုမ
ဗိုက်ပေါက်ပြီး ကလေးအသေများ မွေးရသော
ဝဋ်က ကျမအား နောက်ဆုံးလည်ခြင်း ဖြစ်ပါ
သည်။ ညိုမဗိုက်ပေါက်ပြီး သေရသလို ကျမ
လည်း ကလေးအသေလေးကို ဗိုက်ခွဲပြီး ညိုမ
ကဲ့သို့ ကျမသေရမည်လား မသိ၊ ကျမခြေဖျား
လက်ဖျားလည်း အေးစက်လာသည်။
အကြောက်အလန့်က ပိုလာသည်။ ကိုယ်ဝန်
ဆောင်ပြီး သုံးလေလရသည်မှစ၍ အစားကောင်း
ကောင်း စားမဝင်ခဲ့သော ကျမ ဤတောင်ကို
ကျော်နိုင်မည်မထင်တော့ပါ။
ကျမကို ညခြောက်နာရီမှာ မေ့ဆေးပေးပြီး
ဗိုက်ထဲက ကလေးအသေလေးကို ခွဲထုတ်
လိုက်ပါသည်။ ကလေးက ဗိုက်ထဲမှာ နှစ်ရက်
ခန့် သေနေပြီဖြစ်သဖြင့် ကျမ၏ သားအိမ်မှာ
အခြေအနေမကောင်းတော့၍ တလက်စတည်း
ဖြတ်ထုတ်လိုက်ရသည်ဟု ဆိုပါသည်။
အသက်မသေသေး၍ ဖြေသာပါသည်။ ခွဲစိတ်
ခန်းအတွင်းက ကျမကို ထုတ်ပြီး အနားပေးထား
ပါသည်။ ညရှစ်နာရီကျော်မှ ယောကျ်ားဖြစ်သူနှင့်
ယောက္ခမတို့ ကျမကို တွေ့ခွင့်ရခဲ့ပါသည်။ က
လေး ဗိုက်ထဲမှာ သေနေသည်ကို ကြိုတင်သိ
ထားကြသဖြင့် ကလေးအကြောင်း မမေးကြပေ။
နောက်ပိုင်းတော့ ကိုထက်အောင် ပြန်သွားပြီး
ညအိပ်စောင့်ရန် ယောက္ခမကြီး ကျန်ခဲ့သည်။
ကျမလည်း ချုပ်ရိုးက ထုံဆေးအရှိန်ကြောင့်
အလွန်အမင်းမနာကျင်သေးသည့်အတွက်
ညသန်းခေါင်ခန့်အရောက် အိပ်ပျော်သွားခဲ့
သည်။ ထိုအချိန် မေ့ပျောက်နေပြီဖြစ်သည့်
ညိုမ ဗိုက်ဟောင်းလောင်းပေါက်ကြီးနှင့်
အနားရောက်လာသည်ကို သိလိုက်သည်။
“ဘယ်လိုလဲ နင်လည်း ကလေးတစ်ယောက်မှ
မရလိုက်ပါလား…ငါ့ရဲ့ဗိုက်ကွဲသွားရသလို နင်
လည်း ကွဲရတာပဲ …နင့်ရဲ့ မိုက်ပစ်က နင့်ကို
ဒဏ်ခတ်တာ၊ ငါက နင့်ကို ကြိမ်ဆဲခဲ့တာ မ
ဟုတ်ဘူး၊ ငါလည်း ရှေ့က ဝဋ်ကြွေးရှိလို့
ခံခဲ့ရတာ၊ နင်လည်း မကောင်းတာလုပ်ခဲ့လို့
ပြန်ခံရတယ်လို့ မှတ်လိုက်၊ နင့်ရဲ့ဝဋ်ကြွေးက
သည်လောက်ပဲပါလို့ ငါသေသလို နင်မသေ
တာပဲ။ အသက်ရှည်ရှည် နေချင်သေးရင်
ဘုရား တရား မမေ့နဲ့၊ စိတ်ကောင်းမွေး၊ ငါ
နင့်ကို ငါ့လို မသေစေချင်ပါဘူး၊ နင့်ရဲ့စိုး
ရိမ်စိတ်က နင့်အသိထဲမှာ ငါ့စိတ်ဝင်ပြီး
ခြောက်လှန့်နေတာ…”
ညိုမက ခွေးလည်း မဟုတ်၊ လူလည်း မဟုတ်၊
စကားတွေ အများကြီးပြောပြီး ကျမကို တရား
ချ၍ ညိုမသဏ္ဌာန်က မှုံဝါးပျောက်ကွယ်သွား
သည်။ ခံရသူက ခွင့်လွှတ်နိုင်သွားပြီ ဆိုပေမယ့်
လုပ်ခဲ့ရသူက လုပ်ခဲ့သည့်အလျောက် တန်ရာ
တန်ကြေး ပေးဆပ်ခဲ့ရပါသည်။
ကျမမှာ အိပ်မက်လိုလို၊ တကယ်လိုလို ညိုမစကား
သံကို ကြားလိုက်မိပြီးနောက် လန့်နိုးသွားပါသည်။
ကျမလည်း ကျန်းမာလာ၍ ဆေးရုံမှ ဆင်းခွင့်ပြု
လိုက်ပြီးနောက် ယောက္ခမကြီး မသေခင်အထိ
ဈေးရောင်းပြီး လုပ်ကျွေးရန် ဆုံးဖြတ်ချက် ချလိုက်
သည်။ ထိုနှစ်များအတွင်း ကချင်ပြည်နယ်မှာ
ယောကျ်ားဖြစ်သူနှင့် သွားရောက်နေထိုင်သည့်
သမီးမှာ မိသားစုလိုက် ကားမှောက်သေဆုံးသွား
ကြသဖြင့် ကောင်းမွန်စွာ သင်္ဂြိုဟ်ပြီးစီးကြောင်း
သတင်းရောက်လာသည်။
သွားလာရန် ခက်ခဲသောကြောင့် မိခင်ဖြစ်သူ
ဒေါ်ထားက လိုက်မသွား၊ တရားနှင့်သာ ဖြေ
တော့မည်ဟု ပြောသည်။ ကျမ အိမ်ထောင်
သက် ဆယ်ရှစ်နှစ်၊ ကျမအသက်(၃၆)နှစ်မှာ
အရက်ကြောင့် အသည်းရောဂါ ဖြစ်ကာ ကို
ထက်အောင် ဆုံးပါးသွားခဲ့သည်။
ကျမယောက္ခမကြီးက ကျမအား သူ့သားသမီး
တစ်ယောက်မှ အားမကိုးရ၊ သူ့အပေါ် မကောင်း
ခဲ့ချေ။ ချွေးမက သူ့အပေါ် ကောင်းခဲ့၍သာ ဒီအ
သက်အရွယ်ထိ မတောင့်မတ နေခဲ့ရကြောင်း
ဖွင့်ဟပြောလာသည်။ ထိုအချိန် ယောက္ခမကြီး
က အသက်ခြောက်ဆယ်ကျော် ကျန်းမာမာပင်
ရှိသေးသည်။ ကျမက ယောက္ခမအား အိမ်နှင့်
ခြံရောင်း၍ တရားရိပ်ခိုရန် ပြောသော်လည်း
လက်မခံသဖြင့် ကျမဆန္ဒကို အကောင်အထည်
မဖော်နိုင်ခဲ့ပါ။
သို့ကြောင့် ယောက္ခမကြီးနှင့် အတူနေခဲ့ကြရာ အသက်(…)အရောက်လူကြီးရောဂါနှင့် ကွယ်
လွန်ခဲ့သည်။ ယောက္ခမကြီး အသက်ဆုံးတော့
ကျမယောက္ခမခြံနှင့် အိမ်ကို ရောင်းချလိုက်ပါ
သည်။ ကျမလည်း ယခင်ကတည်းက ဆုံးဖြတ်
ချက်ချထားသည့်အတိုင်း အိမ်ရောင်းရငွေကို
ပိုက်ကာ ကျမ တရားရိပ်ခိုလှုံမည့်နေရာသို့
ယူသွားပြီး ယောက္ခမကြီးအမည် ကဗ္ဗည်းထိုး
၍ လှူဒါန်းလိုက်ပါသည်။
ကျမ ဘဝတစ်လျှောက်လုံး အစ်မနဲ့ ခဲအိုတို့၏
နှိပ်စက်မှု နေ့စဉ်ခံခဲ့ရသည့် နာကျည်းမှု၊ ညိုမ
ကို မရည်ရွယ်ဘဲ သတ်ခဲ့မိသည့်အဖြစ်ဆိုးက
ဘဝတစ်လျှောက်လုံး စိတ်ဒဏ်ရာ ရခဲ့ပါသည်။
သို့ကြောင့် ပျော်ရွှင်စရာ မကောင်းတော့သည့်
လူ့လောကကြီးမှာ လူဖြစ်လာရသော ကျမ
ယခု ဘုရားရိပ် တရားရိပ်အောက် ခိုလှုံအပြီးမှ
အေးငြိမ်းမှုအစစ်ကို ရှာတွေ့ခဲ့ရပါတော့သည်။
စာဖတ်သူများ စိတ်ရွှင်လန်းပါစေ
မူရင်းရေးသူ ဆရာ ဧကန်မင်း

ZawGyi Version

** ေခြးသရဲနဲ႔ ေၾကာက္စရာဝဋ္ေႂကြး **(စ/ဆုံး)
—————————————————-
က်မအသက္ ယခု ေလးဆယ့္ရွစ္ႏွစ္ ရွိပါၿပီ။
က်မအသက္ ဆယ့္ငါးႏွစ္၊ ဆယ့္ေျခာက္ႏွစ္
အပ်ိဳေဖာ္ဝင္ကတည္းက ေရာဂါႏွင့္လူ တြဲ
ရက္ျဖစ္ေနခဲ့တာ ယခုအခ်ိန္ထိဆိုပါေတာ့။
ေဆးခန္း၊ ေဆး႐ုံ၊ ပရေဆးဆိုင္ အေတာ္မ်ား
မ်ား က်မ မေရာက္ေသာ ေဆးခန္း၊ ေဆးဆိုင္
မရွိသေလာက္ပင္။ က်မ ရွာသမွ်ပိုက္ဆံက
စားစရာ၊ ဝတ္စရာက နည္းနည္း ေဆးဖိုးက
မ်ားမ်ား ကုန္က်ခဲ့ရသည္။ က်မ ငယ္စဥ္က
တည္းက အလုပ္ႏွင့္လက္ မျပတ္ေအာင္လုပ္
ခဲ့ရသည္။ အသက္ဆယ့္ရွစ္ႏွစ္မွာ အိမ္ေထာင္
က်ခဲ့ေသာ္လည္း စားဝတ္ေနေရးအတြက္ ေဈး
ေရာင္းခဲ့ရသည္။
က်မတို႔ အိမ္ေထာင္သက္အတြင္း သားသမီး
သုံးေယာက္၊ ထြန္းကားခဲ့ေပမယ့္ တစ္ေယာက္
မွ အဖတ္မတင္ခဲ့။ ဤသို႔ အျဖစ္ဆိုးမ်ား ျဖစ္ခဲ့
ရျခင္းမွာ ယခုဘဝမွာပင္ က်မ၏ မဆင္မျခင္
ျပဳမႈခဲ့ေသာ ျဖစ္ရပ္တစ္ခုေၾကာင့္ ႏွစ္မ်ားစြာ
မၾကာခင္မွာ ထိုဝဋ္ေႂကြးအတိုင္း ျပန္လည္
ခံစားလိုက္ရျခင္းပင္။
က်မရဲ႕ ျပင္မရေသာ ဝဋ္ေႂကြးမ်ား ေက်ပါေစ
ေတာ့ ဆုေတာင္းရင္း၊ က်န္ရွိေတာ့သည့္ သက္
တမ္းေလးမွာ ဘုရားရိပ္၊ တရားရိပ္ေအာက္ ခို
ဝင္၍ အေသေျဖာင့္ရန္ ႀကိဳးစားေနလိုက္သည္။
XXXX
က်မဘဝက ငယ္စဥ္ကတည္းက အဆိုးႏွင့္
စခဲ့ရပါသည္။ အေဖနဲ႔ အေမက က်မ ဆယ့္
ႏွစ္သမီးအ႐ြယ္မွာပင္ လူႀကီးေရာဂါႏွင့္ ေရွ႕
ဆင့္ေနာက္ဆင့္ ဆုံးပါးသြားရသည္။ မိဘ
ႏွစ္ပါး မရွိေတာ့သည္ႏွင့္ က်မဘဝ တစ္ဆစ္
ခ်ိဳး ေျပာင္းလဲသြားရၿပီျဖစ္သည္။
မိဘမ်ားရွိစဥ္က က်မ ေက်ာင္းေနခဲ့ရသည္။
မိဘမ်ား ေသဆုံးၿပီး ေနာက္ပိုင္းေတာ့ က်မ
ေက်ာင္းက ထြက္ခဲ့ရေတာ့သည္။ က်မမွာ
အသက္ (၂၀)အ႐ြယ္ တစ္အူထုံဆင္း အစ္
မ တစ္ေယာက္ ရွိခဲ့ပါသည္။ က်မႏွင့္ အစ္မ
ႀကီးၾကားမွာ အစ္ကို တစ္ေယာက္၊ အစ္မတစ္
ေယာက္ ရွိသည္ဟုသာ ၾကားၿပီး၊ က်မ မေမြး
ခင္မွာပင္ လူ႔ေလာကမွ ထြက္သြားၿပီဟုသာ
သိခဲ့သည္။ က်မ၏ ေအာက္မွာ အငယ္တစ္
ေယာက္မွ မေမြးေတာ့။
က်မအစ္မက အိမ္ေထာင္ ရွိသည္။ သူက က်မ
ရဲ႕အုပ္ထိန္းသူ ျဖစ္သည့္အတြက္ သူတို႔စားဝတ္
ေနေရးေၾကာင့္ က်မကို ေက်ာင္းက ထုတ္လိုက္
ပါေတာ့သည္။ သူ၏ ကေလးမ်ားကို ထိန္းေပး
ရန္ ေက်ာင္းထုတ္ရျခင္းဟု ဆို၏။ က်မဘဝက
ဆယ့္ႏွစ္ႏွစ္အ႐ြယ္ကပင္စၿပီး မုန္တိုင္းထန္ခဲ့
သည္ မဟုတ္ပါလား။
XXXX
“ဟဲ့ …မိႏြယ္…မိႏြယ္…ဘယ္သြားေနလဲ”
“အိမ္ထဲမွာ အစ္မ …ကေလး အိပ္ေနလို႔ …ပု
ခတ္လႊဲေပးရင္း စပါးလုံး ေ႐ြးေနတယ္”
“နင္ ေရမခပ္ထားဘူးလား၊ အျပင္က ျပန္
ေရာက္လို႔ ထမင္းခ်က္မယ္လည္းလုပ္ေရာ၊
ေရအိုးေတြထဲမွာ ေရတစ္စက္မွ မရွိဘူး။ က
ေလး အေၾကာင္းျပၿပီး ဘာမွ လုပ္ခ်င္ကိုင္
ခ်င္စိတ္ မရွိဘူး …သြား…ေရသြားခပ္”
က်မလည္း ဆန္ေ႐ြးေနေသာ ဇေကာကို ေဘး
မွာခ်ၿပီး ကေလးပုခက္ကို သြက္သြက္ကေလး
လႊဲလိုက္သည္။ ၿပီးမွ ေရကျပင္သို႔ ထြက္ခဲ့ကာ
ေရပုံးဆြဲ၍ ေရေျပးခပ္ရပါသည္။ ေရကို ႏွစ္
ေခါက္၊ သုံးေခါက္ ဆြဲလိုက္သည္။
“ကဲ…ေရခပ္တာ ေတာ္ေလာက္ၿပီ၊ ေနာက္မွ
ထပ္ၿပီးခပ္၊ အခု ဟင္းခ်က္ရေအာင္ ခ်ဥ္ေပါင္
႐ြက္ေတြ လာသင္ေပးဦး”
က်မလည္း အခ်ဥ္ဟင္းအတြက္ ခ်ဥ္ေပါင္႐ြက္
မ်ားကို အ႐ြက္သင္ေနလိုက္သည္။
“မိႏြယ္၊ အဲဒါ ခဏခ်၊ ဆန္ေ႐ြးထားတာ သြား
ယူခဲ့၊ ထမင္းခ်က္ေတာ့မယ္”
က်မ စပါးလုံး ေ႐ြးထားေသာ ဇေကာကို ယူေပး
လိုက္သည္။
“ေနာက္ကို ထမင္းခ်က္နည္း ေသခ်ာၾကည့္ထား၊
ငါအျပင္ သြားလို႔ အခ်ိန္မီ ျပန္မေရာက္ေသးရင္
ထမင္းခ်က္ထားႏိုင္ေအာင္ အခုကတည္းက
ၾကည့္ထား”
က်မအစ္မက က်မကို မ်က္ႏွာသာ တစ္ခ်က္
ေလးမွ မေပးသလို၊ အလုပ္တစ္ခုႏွင့္တစ္ခု
မထပ္ေအာင္ခိုင္းသည္။ ပါးစပ္ကလည္း တ
ဗ်စ္ေတာက္ေတာက္ႏွင့္ တုတ္အနီးမွာ ရွိလွ်င္
တုတ္နဲ႔ ႐ိုက္တတ္သည္။ အစ္မအိမ္မွာ ရွိလွ်င္
က်မ အၿမဲစိတ္ညစ္ေနရပါသည္။
“ကဲ စဥ္းစားခန္းေတြ ဘာေတြ လုပ္မေနနဲ႔ ။
ခ်ဥ္ေပါင္သင္ၿပီးၿပီဆိုရင္ ပုခက္သြားလႊဲလိုက္ဦး
ၿပီးရင္ …မီးဖိုထဲကို ထင္းေျခာက္နည္းနည္း
သယ္ထည့္ထားဦး”
“ဟုတ္ကဲ့”
“ကဲ…သြား၊ ေျပာရင္ ဟုတ္ကဲ့ …လုပ္ေတာ့
မလုပ္ခ်င္သလို လုပ္ခ်င္သလို ေလးတိေလး
ကန္နဲ႔ ”
က်မလည္း ေနာက္မွ ဆူသံကို လ်စ္လ်ဴရႈ၍
ကေလးပုခက္လႊဲေပးလိုက္ၿပီး ထင္းသယ္၍
ထြက္ခဲ့ပါေတာ့သည္။ က်မအ႐ြယ္ကေလး
မ်ား၊ ေက်ာင္းတက္သြားၾကသည္။ ေက်ာင္း
မွ အျပန္ ကစားၾကသည္။ က်မ ကစားခြင့္
ရရန္ အိပ္မက္ပင္ မမက္ဝံ့။
တစ္ခါက အစ္မအလစ္မွာ ေခါင္းရင္းၿခံက
ၫြန႔္ၫြန႔္တို႔ ၊ တင္ေမတို႔ႏွင့္ သြားကစားစဥ္
အစ္မႀကီး လယ္ကြင္းထဲက ျပန္အလာ က်မ
ကစားေနသည္ကို ေတြ႕ၿပီး၊ တုတ္က်ိဳးသည္
အထိ အ႐ိုက္ခံလိုက္ရသည္။ ထိုအခ်ိန္မွစၿပီး
ေတာ့ က်မကစားရန္ စိတ္မကူးမိေတာ့။
အလုပ္အားလွ်င္ အိမ္ထဲမွသာ တစ္ေယာက္
တည္း ျဖစ္သလို ကစားေနလိုက္သည္။
က်မအစ္မရဲ႕ အဆူအေျပာအဆိုကို ေန႔စဥ္ခံ
ရသလို ညဘက္ေရာက္ေတာ့၊ခဲအို လယ္ကြင္း
က ျပန္ေရာက္လာသည္။ခဲအိုေရာက္လာျပန္
ေတာ့လည္း မ်က္ႏွာေကာင္းမရ။ အဆူအဆဲ
အေဟာက္ မလြတ္ခဲ့။ က်မအႏၲယ္လြတ္ေအာင္
ႀကိဳးစားေရွာင္ေပမယ့္ တစ္ေယာက္ရန္ကလြတ္၊
တစ္ေယာက္ရန္က မလြတ္ ျဖစ္ေနသည္။
သို႔ေၾကာင့္ က်မအလုပ္ လုပ္ေနရေသာ္လည္း
စိတ္ေတြ အလြန္ ရႈပ္ေထြးေနပါသည္။ က်မ
လက္ထဲမွာ တုတ္ရွိလွ်င္ တုတ္ႏွင့္ ထ႐ိုက္ခ်င္
စိတ္ ေပါက္လာသည္။ ခဲလုံးကိုင္ထားပါက
ခဲလုံးျဖင့္ ေပါက္ခ်င္စိတ္၊ ထုခ်င္စိတ္ေတြ မၾကာ
ခဏ ေပၚလာသည္။ တစ္ေန႔ က်မဘဝရဲ႕ အဆိုး
ဆုံး အျဖစ္တစ္ခု စျဖစ္ေသာေန႔ဟု ေျပာရမည္
ျဖစ္ပါသည္။ က်မတို႔ အိမ္မွာ ေမြးထားေသာ
ညိဳမဆိုသည့္ ေခြးမက ဗိုက္ႀကီးေနသည္။
ဗိုက္က ေမြးဖြားရန္ပင္ နီးသလို ေဖာင္းကားေန
သည္။ က်မတို႔ ၿခံအတြင္းမွာ ငါးေမြးရန္ တူး
ထားေသာ အနံေပ(၃၀)အလ်ားေပ(၅၀)အရွည္
ရွိေသာ ေရကန္တစ္ကန္ရွိပါသည္။ ထိုကန္မွ
ေရကို ခပ္ၿပီး ခ်ိဳးသည္။ အဝတ္ေလွ်ာ္သည္။
အိုးခြက္ ပန္းကန္ေဆးသည္။ ေသာက္သုံးေရ
ကိုေတာ့ အိမ္ေရွ႕ၿခံေထာင့္တြင္ ေရတြင္းတူး
ထားသည္။ ေဆးေၾကာရန္အတြက္ ေရကန္
ကိုသာ ခပ္သုံးသည္။
ထို႔ေန႔က က်မကို အစ္မက အဝတ္ေလွ်ာ္ရန္
ေရအင္တုံထဲေရျဖည့္ခိုင္းထားသျဖင့္ ေရပုံး
ဆြဲကာ ကန္သို႔ လာခဲ့သည္။ ေရကန္မွာေရကို
အလြယ္တကူ ခပ္ႏိုင္ရန္ တစ္ေပအက်ယ္
ဆယ္ေပခန႔္ အရွည္ရွိေသာ ကြၽဥ္းပ်ဥ္ခ်ပ္ကို
ေရကန္အတြင္း ကုန္းေဘာင္ ထိုးထားသည္။
က်မကုန္းေဘာင္ေပၚအတက္၊ ညီမက အ
လယ္မွာ အိပ္ေနသည္။ က်မ ညိဳမကို ေမာင္း
သည္။ ညိဳမက မထ။ က်မကိုပင္ သူ အိပ္ေရး
ပ်က္တယ္၊ လာမေႏွာင့္ယွက္ႏွင့္ ဆိုသည့္သ
ေဘာျဖင့္ ေခါင္းေထာင္ၾကည့္ၿပီး ျပန္အိပ္ေန
သည္။ က်မ၏ မရွည္ႏိုင္ေတာ့သည့္ စိတ္ကို
ညိဳမက ႏႈိးဆြေနသကဲ့သို႔ ျဖစ္တာေၾကာင့္
အိပ္ေနေသာ ညိဳမကို ေရကန္ထဲ ကန္ခ်
လိုက္ရာ၊ ညိဳမလည္း ေရကန္ထဲ က်သြား
ေတာ့သည္။
ညိဳမက ကိုယ္ဝန္ရွိ၍ ေရကို အတတ္ႏိုင္ဆုံး
ေရွာင္ခ်ိန္ ေရထဲ ကန္ခ်ျခင္း ခံလိုက္ရျဖင့္
ေရထဲမွာ ယက္ကန္ယက္ကန္ ႀကိဳးစားကူး
ေနသည္။ ထိုအခ်ိန္ ညိဳမ အနီးက ေရထဲမွာ
ေသြးေရာင္တခ်ိဳ႕ကို ျမင္လိုက္ရသည္။ က်
မလည္း ညိဳမအျဖစ္ကို ၾကည့္မေနေတာ့ဘဲ
ေရကို ေရအင္တုံထဲ သုံးေခါက္မွ် ခပ္ထည့္
ေနလိုက္သည္။ က်မ ေနာက္ဆုံးအေခါက္
မွာ ညိဳမ ကမ္းေပၚ ကုတ္ကပ္တက္ေနသည္
ကို ေတြ႕လိုက္သည္။
ထို႔ေန႔ ေန႔ခင္းပိုင္းမွစ၍ ညိဳမကို က်မ မေတြ႕
ရေတာ့။ ညေန သုံးနာရီေလာက္မွ ငွက္ေပ်ာ
ပင္ေတြၾကားက ေခြးတစ္ေကာင္ ညည္းသံၾကား
သည္ဟု အစ္မေျပာသည့္အတြက္ က်မ ေျပး
ၾကည့္လိုက္သည္။ မွန္ပါသည္။ က်မ ျမင္လိုက္
ရသည္က ညိဳမ ေခြးေလးမ်ား ေမြးေနသည္ကို
ေတြ႕လိုက္ျခင္းျဖစ္သည္။ ထိုအခ်ိန္ အစ္မက
ေနာက္မွာ ေရာက္လာၿပီး …
“ညိဳမ ဘာျဖစ္တာလဲ”
“ေခြးေလးေတြ ေမြးေနတာ”
“ဘယ္ႏွစ္ေကာင္လဲ…ဟင္ အားလုံးအေသ
ေလးေတြပါလား၊ ဗိုက္မွာလည္း ဒဏ္ရာႀကီး
နဲ႔ ေသြးေတြလည္း ထြက္ေနတယ္ ဒါဆိုရင္
…ညိဳမ သားေလ်ာသြားတာ ျဖစ္ႏိုင္တယ္၊
အို…ဗိုက္က ဒဏ္ရာေၾကာင့္ ညိဳမ အသက္
မွ ရွည္ပါ့မလား…အခ်ိန္ မေစ့ေသးဘဲ ေမြး
တာေၾကာင့္၊ အေသေလးေတြပဲ ေမြးတာ
လား၊ ခဏေစာင့္ အားလုံးေမြးလို႔ အေသ
ေလးေတြပဲ ဆိုရင္ ယူသြားၿပီး ျမႇဳပ္ပစ္လိုက္”
အစ္မက ထိုမွ်သာ ေျပာၿပီး၊ အိမ္ဘက္သို႔
ထြက္သြားသည္။ က်မလည္း ညိဳမအျဖစ္
ကို ၾကည့္ၿပီး၊ စိတ္ထဲက သနားသလို၊
ေၾကာက္သလို ခံစားလိုက္ရသည္။
ထိုအခ်ိန္ ညိဳမက ကေလးကို မခ်ိမဆန႔္ ေမြး
ေနရာ၊ က်မ အနီးေရာက္လာသည္ကို သိပုံ
ရသည္။ သူ႔အၾကည့္က ႐ိုး႐ိုးၾကည့္ပုံမဟုတ္၊
က်မကို မေက်နပ္ေသာ မ်က္လုံးႏွစ္လုံးျဖင့္
စူးစိုက္ၾကည့္ေနသည္ဟု ခံစားသိျမင္လိုက္
သည္။ က်မ ညိဳမအနီးက ထြက္လာခဲ့သည္။
ေရကန္ဘက္သို႔ ေလွ်ာက္ခဲ့သည္။ ညိဳမအား
ကန္ခ်လိုက္သည့္ေနရာကို အေသအခ်ာ
ၾကည့္မိသည္။
“အို…ဘုရား…ဘုရား”
က်မ ႐ုတ္တရက္ ဘုရားတလိုက္မိသည္။
က်မျမင္လိုက္သည္က ေရေပၚသို႔ လက္
တစ္လုံးခန႔္ ထိုးထြက္ေနေသာ ဝါးလုံးငုတ္
တစ္ေခ်ာင္း ျဖစ္သည္။ယခင္ ထိုဝါးလုံး
ငုတ္က ေရကန္မွာ ေရခပ္လွ်င္ ကိုယ္ကို
ထိန္းရန္၊ ဝါးလုံးတန္းကို ေထာက္ခ်ည္ရန္
ေရကန္ထဲကို တိုင္အျဖစ္ စိုက္ထားျခင္း
ျဖစ္သည္။ ေရေအာက္ႏွင့္ ေရအေပၚ
ပိုင္းျခားထားရာ ေနရာက ဝါးပိုးစား၍လား
မသိ၊ က်ိဳးျပတ္သြားခဲ့သည္။
ထိုငုတ္ကို မည္သူမွ် မႏႈတ္မိ။ အကယ္၍ လူ
က်ပါက ခႏၶာကိုယ္ကို ထိုးစိုက္ႏိုင္သည္။ ယ
ခု က်မ ညိဳမကို ေရထဲသို႔ ကန္ခ်လိုက္၍ ကိုယ္
ဝန္လြယ္ထားရေသာ ညိဳမ၏ ဗိုက္ကို ဝါးလုံး
ငုတ္က ထိုးစိုက္မိသြားျခင္း ျဖစ္ေပလိမ့္မည္။
က်မ စိတ္မေကာင္း႐ုံမွ လြဲ၍ ဘာမွ မတတ္
ႏိုင္ေတာ့။ ညိဳမလည္း ကိုယ္ဝန္ပ်က္က်ခဲ့ရၿပီ။
ညေန ငါးနာရီခန႔္ ရွိေသာ က်မအစ္မက
ညိဳမကို သြားၾကည့္ပုံရသည္။
“မိႏြယ္…မိႏြယ္”
“ရွင္…အစ္မ”
“ညိဳမ …ေသေနၿပီ”
“ေပါက္တူးယူၿပီး ေနာက္ဘက္ၿခံစပ္မွာ
သြားျမႇဳပ္လိုက္”
က်မလည္း ငွက္ေပ်ာလက္အေျခာက္ကို
ႀကိဳးလုပ္ၿပီး ညိဳမ၏ေျခေထာက္မွာ ခ်ည္၍ ၿခံေနာက္ဘက္သို႔ ဆြဲခဲ့သည္။ က်မလည္း
အလုပ္ၾကမ္းကို အၿမဲလုပ္ေနရသည့္အတြက္
ညိဳမတစ္ေကာင္ ျမႇဳပ္ရန္ ေျမတူးရသည္မွာ
အခက္အခဲ မရွိေပ။
သို႔ေသာ္ ေမွာင္စျပဳလာၿပီျဖစ္၍ ေခြးတစ္ေကာင္
ျမႇဳပ္ရန္ ရႏိုင္သေလာက္သာ တူးလိုက္သည္။
ညိဳမကို က်င္းထဲထည့္လိုက္သည္။ ညိဳမခႏၶာ
ကိုယ္ႏွင့္ ေျမအေပၚ မ်က္ႏွာျပင္ႏွင့္ တညီတည္း
ျဖစ္ေနသည္။ အကယ္၍ ပုပ္ပြလာပါက အေကာင္
ေပၚလာလွ်င္ က်မ အ႐ိုက္ခံရဦးမည္ျဖစ္သည္။
က်မ ေခြးအေသေကာင္ေလး သုံးေကာင္ကို
ေပါက္တူးအျပားေပၚ တုတ္ျဖင့္ ယက္တင္၍
က်င္းရွိရာသို႔ သယ္လာခဲ့သည္။
ေခြးအေသေကာင္ေလး သုံးေကာင္ကို က်င္းထဲ
ထည့္ၿပီးသည္ႏွင့္ ေျမႀကီးမ်ားကို ညိဳမအေပၚ
ဖုံးလိုက္သည္။ မၾကာမီမွာပင္ ေခြးတစ္ေကာင္
လုံး ဖုံးၿပီးသား ျဖစ္သြားသည္။ က်မအိမ္ျပန္
ေရာက္ေတာ့ ေမွာင္ေနၿပီ။ က်မအား ညိဳမကို
ကန္ခ်ခဲ့ေသာ ေရကန္ထဲမွ ေရကိုခပ္၍ ခ်ိဳး
ခိုင္းေနသည္။ မ်က္လုံးထဲမွာ ညိဳမခႏၶာကိုယ္
မွ ထြက္ေသာ ေသြးမ်ားကို ေရထဲမွာ ျမင္ေယာင္
မိသျဖင့္ ေရခ်ိဳးရမွာပင္ မသတီခ်င္ေတာ့။
သို႔ေပမဲ့ ေရမခ်ိဳးျပန္လွ်င္လည္း အ႐ိုက္ခံရမွာ
ကို ျမင္ေယာင္ၿပီး၊ မခ်ိဳးခ်င္ေသာ္လည္း ခ်ိဳး
လိုက္ရသည္။ က်မ ထိုညတစ္လုံး အိပ္မေပ်ာ္
ပါ။ အိပ္မက္ထဲမွာ ညိဳမက လူလည္း မဟုတ္၊
သရဲလည္း မဟုတ္ ေရာက္လာၿပီး …
“နင္ ငါ့ရဲ႕ကေလးေတြကို သတ္တယ္၊ ငါ့ကို
လည္းသတ္တယ္၊ နင့္ကို ငါ မေက်နပ္ဘူး၊
ငါ့ကေလးေတြ ေသသလို နင္ တစ္ခ်ိန္ က
ေလးရရင္၊ ငါ့ကေလးေတြ ေသသလို ေသ
ေစရမယ္”
က်မကို အိပ္မက္ထဲအထိ လာ၍ ႀကိမ္းဝါးေန
သျဖင့္ လန႔္ႏိုးလာကာ တစ္ညလုံး စိတ္ေခ်ာက္
ခ်ားေနၿပီး အိပ္မေပ်ာ္ႏိုင္ျဖစ္ရသည္။ ညိဳမေသ
ဆုံးၿပီး သုံးေလးရက္ခန႔္ က်မစိတ္ကို ညိဳမက
ေျခာက္လွန႔္ေနခဲ့သည္။
ရက္ၾကာလာေတာ့ ညိဳမက က်မအိပ္မက္ထဲမွ
ေပ်ာက္သြားခဲ့သည္။က်မလည္း အဆူခံလိုက္၊
အ႐ိုက္ခံလိုက္ႏွင့္ ရာသီေတြ အလီလီ ေျပာင္းလို႔
အသက္ဆယ့္ငါးႏွစ္သို႔ ေရာက္ရွိလာခဲ့သည္။
က်မ၏ အစ္မႏွင့္ ခဲအိုတို႔ရဲ႕ ႏွိပ္စက္မႈ ဒဏ္
ေၾကာင့္ စိတ္ဒဏ္ရာရေနသည္မွာ ၾကာခဲ့ပါၿပီ။
တစ္ခါတစ္ခါ က်မတစ္ေယာက္တည္း စကား
ေျပာေနမိသည္။ တစ္ခါတစ္ခါ ငိုခ်င္သလိုျဖစ္
လိုက္၊ ရယ္ခ်င္သလိုျဖစ္လိုက္၊ အစ္မႏွင့္ ခဲအို
အပါအဝင္ သူတို႔၏ သားသမီးသုံးေယာက္ကို
လည္း သတ္ပစ္ခ်င္စိတ္ပင္ တစ္ခါတစ္ခါ ျဖစ္
မိသည္။ တစ္ေန႔ က်မ ထမင္းရည္ငွဲ႔ေနစဥ္၊
အစ္မ၏ အငယ္ဆုံး သုံးႏွစ္သား ေကာင္ေလး
မီးဖိုခန္းထဲ ဝင္လာၿပီး က်မကို ေဆာင့္တြန္း
လိုက္သည္။ လူကို မတြန္းမိဘဲ လက္ကို တြန္း
မိသည့္အတြက္ ထမင္းငွဲ႔ေနေသာ အိုးကို
ကိုင္ထားသည္ လက္တစ္ဖက္လြတ္သြားၿပီး၊
ထမင္းရည္ပူႏွင့္ ထမင္းပူမ်ား အျပင္သို႔
ထြက္က်ကုန္သည္။
က်မရဲ႕ေျခေထာက္တစ္ဖက္ အပူေလာင္သြား
သလို အငယ္ေကာင္ေလးေျခေထာက္တစ္ဖက္
ပါ ထမင္းရည္ပူေလာင္ပါေလေတာ့သည္။
ကေလးက နာလြန္း၍ အသံေပ်ာက္ေအာင္
ငိုပါေတာ့သည္။
က်မက လူႀကီးျဖစ္၍ ေျခဖမိုးေပၚမွ ထမင္းရည္ပူ
မ်ားကို သုတ္ပစ္လိုက္ၿပီး ကေလးကိုသာ အပူ
သက္သာေအာင္ သိမွတ္သမွ် ေလွ်ာက္လုပ္ေန
မိသည္။ ထိုအခ်ိန္ အစ္မအျပင္က ေရာက္လာ
ၿပီး ဘာမွ မေမးျမန္းဘဲ က်မပါးကို ဘယ္ျပန္
ညာျပန္ ႐ိုက္ပါေတာ့သည္။
“နင္ သူ႔အေဖလာရင္ အသက္ကို ဖက္နဲ႔သာ
ထုတ္ထားေတာ့”
ဟုဆိုပါသည္။ က်မလည္း အစ္မ႐ိုက္ေသာ ဒဏ္
ရာႏွင့္ပင္ ရင္ထဲနာက်င္လွေပၿပီ၊ ခဲအိုႏွင့္ ရင္မဆိုင္
ခ်င္ေတာ့ပါ။ သို႔ေၾကာင့္ က်မ အိပ္ခန္းအတြင္းဝင္
ၿပီး စုေဆာင္းထားေသာ ပိုက္ဆံအနည္းငယ္ယူ၍
အိမ္မွ အၿပီးအပိုင္ ထြက္ခဲ့ပါေတာ့သည္။ မနက္စာ
ခ်က္ခ်ိန္ျဖစ္သျဖင့္ အိမ္က ထြက္လာေတာ့ ဆယ္
တစ္နာရီေက်ာ္ေက်ာ္ေလာက္ပင္ရွိသည္။
က်မ၏ အစ္မလည္း သူ႔ရဲ႕ကေလး အနာသက္
သာေစရန္ ျပဳစုရင္း အလုပ္ရႈပ္ေနသည့္အခ်ိန္
ထြက္လာျခင္းေၾကာင့္ မသိလိုက္။ အိမ္မွေန၍
ကားလမ္းရွိရာသို႔ နာရီဝက္နီးပါး ေလွ်ာက္ခဲ့ရ
သည္။ ထမင္းရည္ပူေလာင္ထားေသာ ေျခဖမိုး
က နီရဲေနၿပီ။ အဖုအပိန႔္ မထြက္သျဖင့္ ကံေကာင္း
လွသည္ဟု မွတ္ယူမိသည္။ ဒါေပမဲ့ ေျခဖမိုးက
အပူရွိန္ေၾကာင့္ တစစ္စစ္ နာေနေသးသည္။
ကားလမ္းေပၚသို႔ ေရာက္ခဲ့ၿပီ။ ၿမိဳ႕တက္သြား
ေသာ ကားတစ္စီးေစာင့္ကာ တားစီးရန္ လိုက္
ခဲ့သည္။ က်မ ဘယ္ၿမိဳ႕ဘယ္ရပ္သို႔ သြားရမည္
မသိ။ စပါယ္ယာက ဘယ္သြားမွာလဲဟု ေမး
သျဖင့္ ေရွ႕ၿမိဳ႕အထိ သြားမွာဟု ေျပာလိုက္မိစဥ္
ကားခ (၅)က်ပ္ ဆိုသျဖင့္ ပါလာေသာ ပိုက္ဆံ
(၁၂ )က်ပ္မွ ကားခ( ၅ )က်ပ္ ေပးလိုက္ရာ
က်မမွာ (၇ )က်ပ္ပင္ က်န္ေသးသည္။
ထိုၿမိဳ႕ေရာက္ေတာ့ က်မကားေပၚက ဆင္းလိုက္
သည္။ ကားေပၚမွ ဆင္းၿပီး ဗိုက္ဆာလာသျဖင့္
ဟိုသည္ၾကည့္၍ စားစရာ ေရာင္းသည္ဆိုင္ကို
ရွာသည္။ အနီးမွာ မုန႔္ဟင္းခါးဆိုင္ တစ္ဆိုင္
ေတြ႕၍ ေျခေထာက္ ေထာ့နဲ႔ ေထာ့နဲ႔ႏွင့္ ဆိုင္
ထဲ ဝင္ထိုင္လိုက္သည္။
“မုန႔္ဟင္းခါးတစ္ပြဲေပးပါ”
“အလြတ္ ငါးမတ္၊ အေၾကာ္နဲ႔ဆို တစ္က်ပ္ခြဲ”
“အေၾကာ္မထည့္နဲ႔ အလြတ္ပဲေပးပါ”
က်မ မုန႔္ဟင္းခါးကို ႏွစ္ပြဲစားၿပီး ပိုက္ဆံရွင္းလိုက္
ပါသည္။ မုန႔္ဟင္းခါးႏွစ္ပြဲက က်မဗိုက္ကို တင္း
သြားေစသည္။ က်မလည္း စားေသာက္ၿပီး ဆိုင္
မွ မထေသးဘဲ စားပြဲေပၚမွ ေရေႏြးကို အခ်ိန္ဆြဲ
ၿပီး ေသာက္ေနလိုက္သည္။ ဘယ္သြားရမည္ကို
စဥ္းစားေနျခင္းလည္း ျဖစ္သည္။
က်မလက္မွာ ပိုက္ဆံေလးက်ပ္ခြဲသာ က်န္ေတာ့
သည္။ ထိုအခ်ိန္ မုန႔္ကုန္သြားၿပီျဖစ္၍ ဆိုင္သိမ္း
ေနသည္ကို ေတြ႕ရသည္။ အေဒၚႀကီးအား (၁၀)
ႏွစ္အ႐ြယ္ ေကာင္ေလးတစ္ေယာက္ ဝိုင္းကူသိမ္း
ေနသည္ကို ေတြ႕ရသည္။ က်မလည္း ထိုင္ေန
သည့္စားပြဲေပၚမွ ေရေႏြးပန္းကန္မ်ား ထပ္ၿပီး
ေရေႏြးအိုးႏွင့္ အတူ ယူ၍ အေဒၚႀကီးထံ သြားပို႔
ေပးလိုက္သည္။
“ကေလးမ အေဒၚႀကီးတို႔ ဆိုင္သိမ္းၿပီး ျပန္
ေတာ့မယ္ ကေလးမ ဘယ္ကို သြားမွာလဲ”
“က်မ ဘယ္ကို သြားရမယ္ မသိပါဘူး ေဒၚ
ႀကီးရယ္၊ ဘယ္မွလည္း မသြားတတ္ဘူး”
“ဘယ္ကလာခဲ့တာလဲ”
“ထေနာင္းကုန္း႐ြာကပါ …အစ္မရဲ႕ႏွိပ္စက္တဲ့
ဒဏ္ကို မခံႏိုင္ေတာ့လို႔ ထြက္လာခဲ့တာပါ”
“အို…မိန္းကေလးတစ္ေယာက္တည္း အခုလို
စိတ္လိုက္မာန္ပါ ေလွ်ာက္သြားေနလို႔ ဘယ္
ျဖစ္မလဲ၊ လာ အေဒၚႀကီးနဲ႔ လိုက္ခဲ့”
“ေဒၚႀကီးက မုဆိုးမ၊ သားသမီးေတြက ေလာ
ေလာဆယ္ အိမ္မွာ မရွိဘူး။ ဒီဖိုးတုတ္ေလးပဲ
ေန႔စဥ္ ဝိုင္းကူေနတာ”
“ဟာ …ဒါဆို၊ က်မ အေဒၚႀကီးကို ေဈးဝိုင္းကူ
ေရာင္းလို႔ ရတာေပါ့”
“ေအး …ကေလးမ သြားစရာမရွိဘူးဆိုရင္၊ ေဒၚ
ေလးနဲ႔ လိုက္ေန၊ ေဈးဝိုင္းကူေရာင္းေပါ့။ အိမ္
ေရာက္မွကေလးမအေၾကာင္း ေဒၚႀကီးကို ေျပာ
ျပ၊ နားေထာင္ရတာေပါ့ ”
“က်မရဲ႕အေၾကာင္းကေတာ့ အေကာင္းတစ္ခုမွ
မရွိဘူး။ ဒါေပမဲ့ ေဒၚႀကီးကို ေျပာျပပါ့မယ္”
သို႔ျဖင့္ ေဒၚထားဆိုေသာ အသက္ေလးဆယ္ငါး
ႏွစ္ခန႔္ အေဒၚႀကီးေခၚရာေနာက္သို႔ အိုးခြက္ပန္း
ကန္ထည့္ေသာ ေတာင္းကို ႐ြက္ရင္း လိုက္သြား
ခဲ့သည္။ ေဒၚထားက ေရွ႕က ဆြဲျခင္း ဆြဲထားသည္
အကူေခၚထားေသာ ေကာင္ေလးက ေရပုံးအလြတ္
ႏွစ္ပုံးကို ဆြဲၿပီး လိုက္ခဲ့သည္။
မၾကာခင္ ေဒၚထားတို႔ အိမ္သို႔ ေရာက္ခဲ့သည္။
ေပႏွစ္ဆယ္ခန႔္ မ်က္ႏွာဝရွိေသာ ၿခံအတြင္း
သုံးပင္ႏွစ္ခန္းတြဲ သြပ္မိုး၊ ထရံကာ အိမ္ေလး
တစ္လုံးအတြင္း ေဒၚထား ဦးေဆာင္ၿပီး ဝင္ခဲ့
သည္။
“ကဲ ေရာက္ၿပီ …ဒါ ေဒၚႀကီးရဲ႕အိမ္ အရင္က
သမီးတစ္ေယာက္၊ သားတစ္ေယာက္ အေဒၚ့
ေယာက္်ားနဲ႔ မိသားစုေလးေယာက္ ေနခဲ့တဲ့
အိမ္ေလးပဲ အေဒၚ့ေယာက္်ားဆုံးသြားတာ၊
ငါးႏွစ္ေက်ာ္ၿပီ၊ သမီးက အိမ္ေထာင္က်ၿပီး
ကခ်င္ျပည္နယ္ဘက္မွာ ေယာက်္ားအလုပ္
တာဝန္က်ရာေနာက္ ပါသြားတယ္။ သားက
စစ္ထဲလိုက္သြားတာ၊ ေသလား ရွင္လား
မသိဘူး၊ သူ႔အေဖ မေသခင္ေလးမွာ စစ္
ထဲဝင္သြားတာ ။ အခုဆို ငါးႏွစ္ေက်ာ္ၿပီ”
“ဒါဆို ေဒၚႀကီးတစ္ေယာက္တည္းရွိေတာ့
တာေပါ့”
“မုန႔္ဟင္းခါး ေန႔တိုင္းေရာင္းၿပီး ဝမ္းေရးေျဖ
ရွင္းေနရတာေပါ့ကြယ္၊ ေဖာက္သည္ေလး
ရလာေတာ့ အဆင္ေျပပါတယ္”
“ေဖာက္သည္ဆိုတာ…ဘာကို ေျပာတာလဲ
ေဒၚႀကီး”
“ေၾသာ္ …ေန႔စဥ္ …ပုံမွန္စားသုံးတဲ့လူေတြကို
ေျပာတာပါ”
“က်မလည္း ဒီေန႔က စၿပီး အိမ္သားတစ္ေယာက္
လိုပဲ ကူညီပါ့မယ္၊ ခိုင္းစရာ ရွိတာလည္း အားမ
နားဘဲ ခိုင္းေပါ့”
သို႔ျဖင့္ က်မလည္း ထိုေန႔မွစၿပီး ေဒၚထား၏
အိမ္သားတစ္ယာက္ျဖစ္ခဲ့ပါသည္။ ေဒၚထား
က သေဘာထား ျပည့္ဝသူ ျဖစ္သည္။
က်မက အစ္မႀကီး၏ခိုင္းေစမႈေအာက္မွာ
ေနသားက်ခဲ့ၿပီျဖစ္၍ ေဒၚထား၏ အိမ္မႈကိစၥ
အလုပ္မွန္သမွ် သက္ေတာင့္သက္သာပင္
ဝင္လုပ္ေပးႏိုင္ခဲ့သည္။
က်မအကြက္ျမင္တတ္မႈေၾကာင့္ ေဒၚထားအေရး
ေပးျခင္းကို ခံခဲ့ရသည္။ က်မေရာက္ခဲ့ၿပီးေနာက္
ပိုင္း မနက္ပိုင္း မုန႔္ဟင္းခါးေရာင္း၍ ညေန ရခိုင္
မုန႔္တီဆိုင္ ဖြင့္ခဲ့သည္။ က်မ ေဒၚထားအိမ္ေရာက္
၍ ႏွစ္ႏွစ္ခန႔္အၾကာမွာ ေဒၚထား၏ ေပ်ာက္ေန
သည္ဆိုေသာ သားက ျပန္ေရာက္လာသည္။
က်မထက္ အသက္သုံးႏွစ္ခန႔္ႀကီးသည္။
ေပါင္မွာ ေသနတ္က်ည္ဆန္ ထိသြား၍ ေဆးပင္
စင္ႏွင့္ ျပန္ေရာက္လာျခင္းေၾကာင္းသိရသည္။
သူတပ္ထဲ စဝင္ကတည္းက ရွမ္းျပည္နယ္ဘက္
မွာ တာဝန္သြားထမ္းေဆာင္ေနရျခင္းေၾကာင့္
မိဘမ်ားႏွင့္ အဆက္အသြက္ ျပတ္ခဲ့ရေၾကာင္း
သိရသည္။ ေျခေထာက္တစ္ဖက္ဆာေနေသာ
ေဒၚထား၏ သား ထက္ေအာင္ႏွင့္ ျပန္ေရာက္
ၿပီး တစ္ႏွစ္ခန႔္အၾကာ က်မလည္း ေဒၚထား၏
တိုက္တြန္းမႈေၾကာင့္ လက္ထပ္ျဖစ္လိုက္သည္။
က်မလည္း အိမ္ေထာင္က်ၿပီးသည္ႏွင့္ ေဒၚထား
၏အလုပ္မ်ားကို ဦးေဆာင္ၿပီး လုပ္ေတာ့သည္။
ေဒၚထားကို အနားေပးၿပီး အိမ္မွာေနေစသည္။
မုန႔္ဟင္းခါးထဲ ထည့္မည္အမယ္မ်ားကို ႀကိဳလုပ္
ထားေစသည္။ မနက္ဘက္ ေဒၚထားက ဟင္း
ထ၍ ခ်က္ေပးသည္။ မနက္ဆိုင္ဖြင့္ေတာ့ ဟင္း
အိုးကို သယ္သြားကာ ဆိုင္မွာ ေရာင္းသည္။
က်မ မနက္ည မုန႔္ေရာင္း၍ မအားမလပ္ေအာင္
ရွိေနေသာ္လည္း က်မေယာက်္ားထက္ေအာင္
က အလုပ္ကို လက္ေက်ာတင္းေအာင္ မလုပ္။ မနက္ဆိုင္ဖြင့္လွ်င္ ပစၥည္းသယ္ပို႔ေပးသည္။
ဆိုင္သိမ္းခ်ိန္မွာ ေရာက္လာၿပီး ဝိုင္း၍ သိမ္း
သည္။ က်န္ေသာအခ်ိန္မ်ားတြင္ ႐ြာအတြင္း
လွည့္ၿပီး ဖဲဝိုင္း၊ ၾကက္ဝိုင္းသို႔သာ ေရာက္ေန
တတ္သည္။ အိမ္ေထာင္က်ၿပီးေနာက္ ငါးလ
ခန႔္အၾကာ က်မ ပထမကေလးကို ကိုယ္ဝန္
ေဆာင္ရသည္။ က်မ ကိုယ္ဝန္ရွိေနေၾကာင္း
ႏွစ္လခန႔္ ၾကာမွ သိလိုက္သည္။
ထို႔ေနာက္ ေဈးထြက္ေရာင္းရင္း၊ ကိုယ္ဝန္ေစာင့္
ေရွာက္ရင္းျဖင့္ ကိုယ္ဝန္ရင့္လာခဲ့သည္။ တစ္ေန႔
က်မဆိုင္သိမ္းၿပီး အိမ္သို႔ျပန္အလာ အိမ္ဝအ
ေရာက္ ခလုတ္တိုက္မိၿပီး လဲမလို ျဖစ္သြားသည္။
ထိုအခါ မလဲရန္ လက္ႏွင့္ သစ္ပင္အား လွမ္း
ေထာက္လိုက္ရာ က်မ၏ ဗိုက္ကို ညာလက္
တံေတာင္ဆစ္က ေထာက္မိသြားသည္။
“အား”
“ဘာျဖစ္တာလဲ မိန္းမ”
“ေျခေခ်ာ္သြားလို႔ လက္နဲ႔လွမ္းထိမ္းလိုက္တာ၊
တံေတာင္ဆစ္နဲ႔ ဗိုက္ေဆာင့္မိၿပီး ေအာင့္သြားလို႔”
“ပစ္မလဲလို႔ ေတာ္ေသးတာေပါ့ မိန္းမရာ”
ထိုည က်မတစ္ခါမွ မမက္ဖူးေသာ အိပ္မက္ကို
မက္သည္။ က်မ အိပ္မက္ထဲမွာ ညိဳမက ဗိုက္
ႀကီးေပါက္လ်က္ က်မ အနီးသို႔ ေရာက္လာသည္
က်မ ေရွ႕မွာပင္ ဗိုက္ေပါက္ထဲက ေခြးေလးေတြ
တစ္ေကာင္ၿပီးတစ္ေကာင္ ထြက္က်ေနသည္ကို
ေတြ႕လိုက္ရသည္။ ထို႔ေနာက္ ညိဳမက က်မအား
ပါးစပ္ႀကီးၿဖဲကာ မာန္ဖီၿပီး၊ အခိုးအေငြ႕အျဖစ္ႏွင့္
ေပ်ာက္သြားသည္။ မနက္ေရာက္ေတာ့ က်မ
ေဈးေရာင္း မထြက္ႏိုင္ အိပ္ရာထဲ လဲခဲ့သည္။
မျဖစ္စေလာက္ေလး ထိခိုက္မိၿပီး၊ က်မ၏ပထမ
ကိုယ္ဝန္ပ်က္က်သြားပါေတာ့သည္။ က်မလည္း
ကိုယ္ဝန္ပ်က္ခဲ့သည့္အတြက္ စိတ္ဆင္းရဲ ကိုယ္
ဆင္းရဲျဖစ္ကာ လဝက္ခန႔္ ေဈးမထြက္ႏိုင္သျဖင့္
က်မေယာကၡမက က်မကိုယ္စား ေဈးထြက္ေပး
ေန၍ ေဖာက္သည္မပ်က္ျခင္း ျဖစ္သည္။
က်မ ျပန္လည္ က်န္းမာလာသည္ႏွင့္ ေဈး
ျပန္ထြက္ခဲ့သည္။ ကေလးပ်က္က်ၿပီး တစ္
ႏွစ္ခြဲခန႔္အၾကာဒုတိယကိုယ္ဝန္ကို ေဆာင္ခဲ့
ရျပန္ပါသည္။ က်မအပါအဝင္ က်မေယာကၡ
မ၊ က်မေယာက်္ားတို႔က ဗိုက္ထဲက ကေလး
ကို မထိခိုက္၊ မပ်က္စီးရေအာင္ ဝိုင္းဝန္ေစာင့္
ေရွာက္ၾကပါသည္။ က်မလည္း ေမြးဖြားရန္
တစ္လခန႔္ အလိုက်မွ က်မ ေဈးေရာင္း
ရပ္လိုက္သည္။
က်မေဈးေရာင္းျခင္းကို ရပ္လိုက္သျဖင့္ ေယာကၡမေဒၚထားက ေဈးဝင္ေရာင္းသည္။
က်မလည္း အိမ္မွာတစ္ေယာက္တည္း ေနရ
သည့္အတြက္ ပ်င္းရိလာသျဖင့္ ေယာက်္ားကို
အကူအညီေတာင္းၿပီး အေညာင္း အညာေျပ
မုန႔္ဟင္းခါးဆိုင္သို႔ လိုက္လာခဲ့သည္။
ထိုစဥ္ လမ္းမေပၚမွ ေခြးေလးေကာင္ မာန္
ေစာင္ကာ ကိုက္ရန္ ျပင္ေနၾကသည္။
“မႏြယ္…သတိထား၊ အဲဒီေခြးေတြ တို႔ဘက္
ကို ေျပးလာႏိုင္တယ္၊ သတိထား”
ထက္ေအာင္၏ စကားမဆုံးလိုက္၊ မာန္ေစာင္
ေနေသာ ေခြးသုံးေကာင္ေခြးအနက္ႀကီးတစ္
ေကာင္ကို ဝိုင္းကိုက္ျခင္းေၾကာင့္ ထိုေခြးႀကီး
က ေနာက္သို႔ ျပန္လွည့္ေျပးလာစဥ္ က်မ
အား ဝင္တိုက္မိလိုက္သည္။ က်မလည္း
ကိုယ္ဝန္၏ အေလးခ်ိန္ေၾကာင့္ မထိန္းႏိုင္
ဘဲ ဖင္ထိုင္ပစ္လဲက်သြားသည္။ ထိုေခြးနက္
ႀကီးက က်မကို ကိုက္မည့္ဟန္ပင္ ျပဳလိုက္
ေသးသည္။
“ဟာ …မႏြယ္…ဒုကၡပါပဲ…ဟဲ့ေခြး…ဟဲ့ေခြး”
“ဝုတ္…ဝုတ္…ဝုတ္”
“ေဝါင္း …ေဝါင္း”
ေနာက္မွ ဆူညံစြာေဟာင္ရင္း ေခြးသုံးေကာင္
လိုက္လာသည့္ အတြက္ က်မကို ရန္ျပဳခ်င္
ေသာ ေခြးနက္ႀကီး ေျခကုန္သုတ္ၿပီး ေျပး
ထြက္သြားသည္။
“မႏြယ္…မႏြယ္…ဘာျဖစ္သြားေသးလဲ”
ေယာက္်ားျဖစ္သူက က်မအား ဆြဲထူရန္
လက္ေမာင္းရင္းကို ဆြဲမလိုက္စဥ္၊ က်မ၏
ေခါင္းေပၚမွာ ပူသလိုခံစားသိလိုက္၍ လက္
ႏွင့္ စမ္းၾကည့္လိုက္ရာ ေသြးမ်ားစီးက်လာ
သည္ကို သိလိုက္သည္။
ထို႔ေၾကာင့္ ကိုထက္ေအာင္က က်မအား
ေဆးခန္းသို႔ ဆိုက္ကားငွားၿပီး ပို႔ေပးပါသည္။
က်မ၏ ဒုတိယကေလး ပ်က္က်သြားရျပန္ပါ
ၿပီ။ထိုကဲ့သို႔ ကေလးမ်ား ဆက္တိုက္ပ်က္ေန
ရသည့္အတြက္ က်မ ညိဳမအား ျပဳခဲ့ေသာ ဝဋ္
ေႂကြး၊ တလွည့္ျပန္ခံရေနရၿပီဆိုသည္ကို က်မ
ယုံၾကည္လာသည္။
ညစဥ္ ညိဳမကို အိပ္မက္ထဲမွာ မက္လာသလို
အျပင္မွာလည္း ညိဳမနဲ႔ ဆင္ဆင္ ေခြးအနက္
ႀကီးမ်ားကို မၾကာမၾကာ ေတြ႕ေနရသည္။က်မ
ေၾကာင့္ ညိဳမ၏ ေခြးသုံးေကာင္ ပ်က္က်သြား
ၿပီး ညိဳမ ေသခဲ့ရသလို က်မလည္း တတိယ
ေျမာက္ကေလးေမြးၿပီးပါက အသက္ပါ အႏုတ္
ခံရမည္ကို စိုးရိမ္လာသည္။
သို႔ေၾကာင့္ တတိယေျမာက္ကေလးကို မေမြး
ရန္ ဆုံးျဖတ္လိုက္သည္။ ထိုေအေၾကာင္းကို
ေယာက်္ားျဖစ္သူအား ရွင္းျပလိုက္သည္။ ထို
အခါ က်မေယာက်္ားက ေသသြားေသာ ညိဳ
မ၏ ဝဋ္ေႂကြး ရွိရင္ ေက်ပါေစရန္ အလႉတစ္
ခုခု လုပ္ေပးဖို႔ ေျပာလာပါသည္။
က်မလည္း ေမ့ေလ်ာ့ေနေသာ ကိစၥတစ္ခုကို
သတိေပးေနသည့္ေယာက်္ားျဖစ္သူကို ေက်း
ဇူးတင္မိသည္။ သို႔ေၾကာင့္ က်မလည္း ေနာက္
ေန႔မွာ ညိဳမအတြက္ ရည္စူးၿပီး ဆြမ္းဟင္းႏွင့္
ဆြမ္းဟင္း၍ ဘုန္းေတာ္ႀကီးေက်ာင္းမွာ သြား
လႉကာ အမွ်ေဝႏိုင္ခဲ့သည္။ ထို႔သို႔ လုပ္လိုက္
သျဖင့္ စိတ္ထဲေပါ့သြားသလို ခံစားလိုက္ရသည္။
က်မ ဒုတိယကိုယ္ဝန္ပ်က္ၿပီး ႏွစ္ႏွစ္ေလာက္
အၾကာမွာ ကိုယ္ဝန္မလိုခ်င္ေသာ္လည္း ကိုယ္
ဝန္ရခဲ့ျပန္သည္။ က်မလည္း ပထမႏွင့္ ဒုတိယ
ကိုယ္ဝန္မ်ားသကဲ့ မပ်က္က်ေစရန္ ပိုၿပီး ဂ႐ု
စိုက္ခဲ့သည္။ က်မ ထုံးစံအတိုင္း မနက္ပိုင္း
မုန႔္ဟင္းခါး ညေနမုန႔္တီကိုေတာ့ အေရာင္း
မပ်က္ခဲ့။
က်မေယာက်္ားကေတာ့ က်မကို ဆိုင္ပို႔ၿပီး
သည့္ႏွင့္ သူလိုအပ္ေသာ ေငြကို ေတာင္းယူ
ကာ အရက္ဆိုင္ျဖစ္ျဖစ္ ကစားဝိုင္းျဖစ္ျဖစ္
ေရာက္သြားတတ္သည္။ ကိုယ္ဝန္ႏွစ္ခါပ်က္
ခဲ့ရေသာ က်မ က်န္းမာေရးက ယခင္လို
မေကာင္းေတာ့၊ ဟိုေဆးေကာင္းသည္၊
သည္ေဆးေကာင္းသည္ ဆို၍ေဆးၿမီးတို
မ်ိဳးစုံစားေပမယ့္ က်န္းမားေရးက ပိုေကာင္း
မလာခဲ့။
ဝမ္းကလည္း မၾကာခဏ ခ်ဳပ္သျဖင့္ ဝမ္းႏႈတ္ေဆး မၾကာမၾကာ စားေပးရသည္။ မုန႔္ဟင္းခါးခ်က္ရန္
ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ ဆီသပ္၍ ထြက္လာ
ေသာ ေညႇာ္နံ႔မိလြန္းသျဖင့္ ယခင္က ဘာမွ မျဖစ္
ခဲ့ေသာ ေခါင္းကိုက္သည့္ ေဝဒနာလည္း မၾကာ
မၾကာ ျဖစ္လာသည္။
ေျခလက္မ်ားကလည္း မၾကာခဏ ေယာင္လာ
သည္။ ကိုယ္ဝန္ရွိလွ်င္ ေယာင္တက္သည္ဆို
ေပမယ့္ ယခု က်မ အေနရ အထိုင္ရ ေလးပင္
ေနသည္။ အစားအေသာက္လည္း ပ်က္လာ
သည္။ အသား၊ ငါးပါလွ်င္ စားမရေတာ့။
သို႔ေၾကာင့္ အာဟာရလည္း ေကာင္းစြာ မရသည့္
အတြက္ အားျပတ္သလို ျဖစ္လာသည္။ ကိုယ္ဝန္
က တျဖည္းျဖည္း ရင့္လာသည္။ ခုႏွစ္လသို႔ေရာက္
လာသည္။ က်မကို ေယာကၡမႀကီးက အိမ္မွာပင္
ေနေစပါသည္။ ေယာကၡမအသက္က ငါးဆယ္
ေက်ာ္႐ုံသာ ရွိေသးသည့္အတြက္ မုန႔္ဟင္းခါး
ခ်က္ႏိုင္ေသးသည္။
ေယာက်္ားျဖစ္သူက သူ၏အရက္ဖိုးကို က်မထံ
လက္ျဖန႔္ေတာင္းရသည္ကို အားနာေသည္ေျပာ
ၿပီး ဆိုက္ကား ေန႔ဘက္ယူနင္းသည္။ အုံနာခႏွင့္
အရက္ဖိုးရလွ်င္ ဆက္မနင္းေတာ့။ သူလုပ္စာ
က်မ တစ္ခါမွ မရ။ ေယာကၡမက ေဈးထြက္သည္
ျဖစ္၍ အိမ္မွာ က်မ ထမင္းဟင္းခ်က္ေပးထား
သည္။ အညႇီအေဟာက္ စားမရသျဖင့္ ေန႔စဥ္
ေျမပဲေလွာ္ ဆီဆမ္းၿပီး စားခ်င္စားလိုက္သည္။
ထမင္းရည္ထဲ ထမင္းအနည္းငယ္ထည့္ၿပီး ဆား
ခပ္ကာ ေသာက္၍ ဗိုက္ျဖည့္သည္။ ထိုအစာမ်ား
သည္ အာဟာရမျပည့္မွန္းသိေသာ္လည္း အညႇီ
အေဟာက္ အသား၊ ငါးပိရည္ လုံးဝ ပါးစပ္ထဲ
သြင္းမရေတာ့သည့္အတြက္ ျဖစ္သလို စားေနရ
ျခင္းပင္။ အာဟာရခ်ိဳ႕တဲ့လာသျဖင့္ ကေလး
ေမြးပါက ေမြးရခက္မည္ ႀကိဳးစားၿပီစားရန္ ဝိုင္း
ေျပာၾကသျဖင့္ အနည္းငယ္ စားၾကည့္ရာ လည္
ေခ်ာင္းဝမွာပင္ ပ်ိဳ႕အန႔္ၿပီး ျပန္ထြက္လာသည္။
သို႔ျဖင့္ ကေလးမီးဖြားရက္ နီးလာသည္။ က်မက
ဗိုက္ထဲက အေျခအေနကို မသကၤာသျဖင့္ ေယာ
ကၡမကို ေျပာျပရာ အရပ္လက္သည္ကို ေခၚၿပီး
ျပၾကသည္။
ကေလးဗိုက္ထဲမွာ မလႈပ္ေတာ့ဟု အရပ္လက္
သည္က ေျပာသည္။ေဆး႐ုံမွာ သြားေမြးရန္ ေျပာ
သည္။ကေလးက တိုးရမည့္အခ်ိန္ မတိုးသျဖင့္
က်မလည္းစိုးရိမ္လာသည္။ ေဆး႐ုံပို႔ေပးရန္
ေယာကၡမနဲ႔ ေယာက်္ားျဖစ္သူကို ေျပာရသည္။
ဗိုက္က တျဖည္းျဖည္း တင္းတင္းရင္းရင္း ျဖစ္
လာကာ အေနရ ခက္လာသည္။
ကိုထက္ေအာင္ ထမင္းစားျပန္ခ်ိန္မွာ သူ၏
ဆိုက္ကားျဖင့္ က်မအား ေဆး႐ုံသို႔ ပို႔ေပးပါ
သည္။ က်မ တတိယေျမာက္ကေလးကို ေမြး
ကာနီးအခ်ိန္ထိ ညိဳမလာေရာက္ ေျခာက္လွန႔္
သည္ကို မႀကဳံရေတာ့။
သူကို က်မတို႔လင္မယား ေကာင္းမႈကုသိုလ္
ျပဳလိုက္၍မ်ား ခြင့္လႊတ္ၿပီး အေဝးသို႔ ထြက္
သြားၿပီလားမသိ။ ညိဳမကို အိပ္မက္ထဲမွာေရာ၊
အသိအာ႐ုံထဲမွာပင္ မေပၚခဲ့။ တတိယေျမာက္
ကေလးကို ေမြးရမည့္ရက္ကို ေရာက္ခဲ့ၿပီျဖစ္
ေသာ္လည္း ေရွာေရွာရႉရႉေမြးမည့္ဟန္မရွိ၊
ဝဋ္ေႂကြးမကုန္ေသးဘူး ထင္သည္။
ကေလးက ဗိုက္မွာ ကန႔္လန႔္ခံေနသည္ဟု
ဆိုသျဖင့္ ေဆး႐ုံသို႔ လာခဲ့ျခင္းျဖစ္သည္။ က်
မ ေဆး႐ုံေရာက္ေတာ့ လူနာစာရင္းသြင္းၿပီး
ကိုယ္ဝန္မ်ားထားေသာ အခန္းသို႔ ပို႔လိုက္ပါ
သည္။ အခန္းတြင္း ေမြးလူနာမ်ား ဗိုက္နာ၍
ေအာ္ဟစ္ ေနသူမ်ား ဗိုက္ကို ႏွိပ္ၿပီး လမ္း
ေလွ်ာက္ေနသူမ်ားေရာ လူမ်ိဳးစုံ ေတြ႕ေနရ
ပါသည္။ ဆရာဝန္မ အဆင္သင့္ ရွိေနသျဖင့္
က်မကို စမ္းသပ္ကုတင္ တက္ခိုင္းၿပီး စမ္း
သပ္ပါသည္။
ဆရာမစကား ၾကားသည္ႏွင့္ က်မ ႏွလုံးေသြး
ပ်က္မွ် လန႔္သြားပါသည္။ ကေလးက ဗိုက္ထဲ
မွာ ေသေနတာ အနည္းဆုံး ႏွစ္ရက္ခန႔္ ရွိေနၿပီ
ဟု ဆိုပါသည္။ သို႔ေၾကာင့္ ခြဲၿပီး ကေလးကို
ထုတ္ရမည္ဟု ဆိုပါသည္။ ယခုမွပင္ ညိဳမ
ဗိုက္ေပါက္ၿပီး ကေလးအေသမ်ား ေမြးရေသာ
ဝဋ္က က်မအား ေနာက္ဆုံးလည္ျခင္း ျဖစ္ပါ
သည္။ ညိဳမဗိုက္ေပါက္ၿပီး ေသရသလို က်မ
လည္း ကေလးအေသေလးကို ဗိုက္ခြဲၿပီး ညိဳမ
ကဲ့သို႔ က်မေသရမည္လား မသိ၊ က်မေျခဖ်ား
လက္ဖ်ားလည္း ေအးစက္လာသည္။
အေၾကာက္အလန႔္က ပိုလာသည္။ ကိုယ္ဝန္
ေဆာင္ၿပီး သုံးေလလရသည္မွစ၍ အစားေကာင္း
ေကာင္း စားမဝင္ခဲ့ေသာ က်မ ဤေတာင္ကို
ေက်ာ္ႏိုင္မည္မထင္ေတာ့ပါ။
က်မကို ညေျခာက္နာရီမွာ ေမ့ေဆးေပးၿပီး
ဗိုက္ထဲက ကေလးအေသေလးကို ခြဲထုတ္
လိုက္ပါသည္။ ကေလးက ဗိုက္ထဲမွာ ႏွစ္ရက္
ခန႔္ ေသေနၿပီျဖစ္သျဖင့္ က်မ၏ သားအိမ္မွာ
အေျခအေနမေကာင္းေတာ့၍ တလက္စတည္း
ျဖတ္ထုတ္လိုက္ရသည္ဟု ဆိုပါသည္။
အသက္မေသေသး၍ ေျဖသာပါသည္။ ခြဲစိတ္
ခန္းအတြင္းက က်မကို ထုတ္ၿပီး အနားေပးထား
ပါသည္။ ညရွစ္နာရီေက်ာ္မွ ေယာက်္ားျဖစ္သူႏွင့္
ေယာကၡမတို႔ က်မကို ေတြ႕ခြင့္ရခဲ့ပါသည္။ က
ေလး ဗိုက္ထဲမွာ ေသေနသည္ကို ႀကိဳတင္သိ
ထားၾကသျဖင့္ ကေလးအေၾကာင္း မေမးၾကေပ။
ေနာက္ပိုင္းေတာ့ ကိုထက္ေအာင္ ျပန္သြားၿပီး
ညအိပ္ေစာင့္ရန္ ေယာကၡမႀကီး က်န္ခဲ့သည္။
က်မလည္း ခ်ဳပ္႐ိုးက ထုံေဆးအရွိန္ေၾကာင့္
အလြန္အမင္းမနာက်င္ေသးသည့္အတြက္
ညသန္းေခါင္ခန႔္အေရာက္ အိပ္ေပ်ာ္သြားခဲ့
သည္။ ထိုအခ်ိန္ ေမ့ေပ်ာက္ေနၿပီျဖစ္သည့္
ညိဳမ ဗိုက္ေဟာင္းေလာင္းေပါက္ႀကီးႏွင့္
အနားေရာက္လာသည္ကို သိလိုက္သည္။
“ဘယ္လိုလဲ နင္လည္း ကေလးတစ္ေယာက္မွ
မရလိုက္ပါလား…ငါ့ရဲ႕ဗိုက္ကြဲသြားရသလို နင္
လည္း ကြဲရတာပဲ …နင့္ရဲ႕ မိုက္ပစ္က နင့္ကို
ဒဏ္ခတ္တာ၊ ငါက နင့္ကို ႀကိမ္ဆဲခဲ့တာ မ
ဟုတ္ဘူး၊ ငါလည္း ေရွ႕က ဝဋ္ေႂကြးရွိလို႔
ခံခဲ့ရတာ၊ နင္လည္း မေကာင္းတာလုပ္ခဲ့လို႔
ျပန္ခံရတယ္လို႔ မွတ္လိုက္၊ နင့္ရဲ႕ဝဋ္ေႂကြးက
သည္ေလာက္ပဲပါလို႔ ငါေသသလို နင္မေသ
တာပဲ။ အသက္ရွည္ရွည္ ေနခ်င္ေသးရင္
ဘုရား တရား မေမ့နဲ႔၊ စိတ္ေကာင္းေမြး၊ ငါ
နင့္ကို ငါ့လို မေသေစခ်င္ပါဘူး၊ နင့္ရဲ႕စိုး
ရိမ္စိတ္က နင့္အသိထဲမွာ ငါ့စိတ္ဝင္ၿပီး
ေျခာက္လွန႔္ေနတာ…”
ညိဳမက ေခြးလည္း မဟုတ္၊ လူလည္း မဟုတ္၊
စကားေတြ အမ်ားႀကီးေျပာၿပီး က်မကို တရား
ခ်၍ ညိဳမသဏၭာန္က မႈံဝါးေပ်ာက္ကြယ္သြား
သည္။ ခံရသူက ခြင့္လႊတ္ႏိုင္သြားၿပီ ဆိုေပမယ့္
လုပ္ခဲ့ရသူက လုပ္ခဲ့သည့္အေလ်ာက္ တန္ရာ
တန္ေၾကး ေပးဆပ္ခဲ့ရပါသည္။
က်မမွာ အိပ္မက္လိုလို၊ တကယ္လိုလို ညိဳမစကား
သံကို ၾကားလိုက္မိၿပီးေနာက္ လန႔္ႏိုးသြားပါသည္။
က်မလည္း က်န္းမာလာ၍ ေဆး႐ုံမွ ဆင္းခြင့္ျပဳ
လိုက္ၿပီးေနာက္ ေယာကၡမႀကီး မေသခင္အထိ
ေဈးေရာင္းၿပီး လုပ္ေကြၽးရန္ ဆုံးျဖတ္ခ်က္ ခ်လိုက္
သည္။ ထိုႏွစ္မ်ားအတြင္း ကခ်င္ျပည္နယ္မွာ
ေယာက်္ားျဖစ္သူႏွင့္ သြားေရာက္ေနထိုင္သည့္
သမီးမွာ မိသားစုလိုက္ ကားေမွာက္ေသဆုံးသြား
ၾကသျဖင့္ ေကာင္းမြန္စြာ သၿဂႋဳဟ္ၿပီးစီးေၾကာင္း
သတင္းေရာက္လာသည္။
သြားလာရန္ ခက္ခဲေသာေၾကာင့္ မိခင္ျဖစ္သူ
ေဒၚထားက လိုက္မသြား၊ တရားႏွင့္သာ ေျဖ
ေတာ့မည္ဟု ေျပာသည္။ က်မ အိမ္ေထာင္
သက္ ဆယ္ရွစ္ႏွစ္၊ က်မအသက္(၃၆)ႏွစ္မွာ
အရက္ေၾကာင့္ အသည္းေရာဂါ ျဖစ္ကာ ကို
ထက္ေအာင္ ဆုံးပါးသြားခဲ့သည္။
က်မေယာကၡမႀကီးက က်မအား သူ႔သားသမီး
တစ္ေယာက္မွ အားမကိုးရ၊ သူ႔အေပၚ မေကာင္း
ခဲ့ေခ်။ ေခြၽးမက သူ႔အေပၚ ေကာင္းခဲ့၍သာ ဒီအ
သက္အ႐ြယ္ထိ မေတာင့္မတ ေနခဲ့ရေၾကာင္း
ဖြင့္ဟေျပာလာသည္။ ထိုအခ်ိန္ ေယာကၡမႀကီး
က အသက္ေျခာက္ဆယ္ေက်ာ္ က်န္းမာမာပင္
ရွိေသးသည္။ က်မက ေယာကၡမအား အိမ္ႏွင့္
ၿခံေရာင္း၍ တရားရိပ္ခိုရန္ ေျပာေသာ္လည္း
လက္မခံသျဖင့္ က်မဆႏၵကို အေကာင္အထည္
မေဖာ္ႏိုင္ခဲ့ပါ။
သို႔ေၾကာင့္ ေယာကၡမႀကီးႏွင့္ အတူေနခဲ့ၾကရာ အသက္(…)အေရာက္လူႀကီးေရာဂါႏွင့္ ကြယ္
လြန္ခဲ့သည္။ ေယာကၡမႀကီး အသက္ဆုံးေတာ့
က်မေယာကၡမၿခံႏွင့္ အိမ္ကို ေရာင္းခ်လိုက္ပါ
သည္။ က်မလည္း ယခင္ကတည္းက ဆုံးျဖတ္
ခ်က္ခ်ထားသည့္အတိုင္း အိမ္ေရာင္းရေငြကို
ပိုက္ကာ က်မ တရားရိပ္ခိုလႈံမည့္ေနရာသို႔
ယူသြားၿပီး ေယာကၡမႀကီးအမည္ ကဗၺည္းထိုး
၍ လႉဒါန္းလိုက္ပါသည္။
က်မ ဘဝတစ္ေလွ်ာက္လုံး အစ္မနဲ႔ ခဲအိုတို႔၏
ႏွိပ္စက္မႈ ေန႔စဥ္ခံခဲ့ရသည့္ နာက်ည္းမႈ၊ ညိဳမ
ကို မရည္႐ြယ္ဘဲ သတ္ခဲ့မိသည့္အျဖစ္ဆိုးက
ဘဝတစ္ေလွ်ာက္လုံး စိတ္ဒဏ္ရာ ရခဲ့ပါသည္။
သို႔ေၾကာင့္ ေပ်ာ္႐ႊင္စရာ မေကာင္းေတာ့သည့္
လူ႔ေလာကႀကီးမွာ လူျဖစ္လာရေသာ က်မ
ယခု ဘုရားရိပ္ တရားရိပ္ေအာက္ ခိုလႈံအၿပီးမွ
ေအးၿငိမ္းမႈအစစ္ကို ရွာေတြ႕ခဲ့ရပါေတာ့သည္။
စာဖတ္သူမ်ား စိတ္႐ႊင္လန္းပါေစ
မူရင္းေရးသူ ဆရာ ဧကန္မင္း