ငယ်ဘဝရန်ငြိုး(စ/ဆုံး)

Unicode Version

ငယ်ဘဝရန်ငြိုး(စ/ဆုံး)
—————————
ပေပင်ကုန်းရွာ အနောက်ဘက်သို့ ထွက်ပြီး လျှိုမြောင်ကလေးတစ်ခုအတွင်းသို့ဆင်းပါက သင်္ချိုင်းဟောင်းတစ်ခုကိုတွေ့မြင်ရမည်ဖြစ်သည်။
သက္ကရာဇ် ၁၂၀၀ခန့်မှစ၍ ၁၂၉၇အထိ ထိုနေရာကိုသာအသုံးပြုလာကြခြင်းကြောင့် အတော်ကလေးပင်ဟောင်းနွမ်းလှ၏။ လွန်ခဲ့သော ဆယ်နှစ်ခန့်က ရဲရဲနီအောင်ပွင့်ခဲ့သည့် လက်ပံပင်အိုကြီးသည်လည်း ယခုအခါသင်္ချိုင်းအလယ်၌ မကောင်းဆိုးရွားတစ်ကောင်ထိုင်နေသဖွယ် ငုတ်တိုသာကျန်တော့သည်။ ၎င်းအပင်ကြီး၏ အောက်၌ရှိသော မြေပုံဟောင်းတစ်ခုသည် ထိုအပင်ကြီး၏အရိပ်ကိုမရနိုင်တော့ချေ။ ခေါင်းရင်းရှိခပ်စောင်းစောင်း သစ်သားပြားမှတ်တိုင်ပေါ်တွင် “”ဒေါ်ခင်မြိုင်(အသက်၄၄နှစ်)””ဟူသည့်စာလုံးခပ်ရေးရေးကိုမြင်နေရသေး၏။ ထိုမှတ်တိုင်ပေါ်သို့ လူနှစ်ယောက်၏ အရိပ်တို့ ကန့်လန့်ဖြတ်ထိုးကျလာသည်။ မှတ်တိုင်နှင့်နီးသောအရိပ်မှာ တောင့်တင်းသန်မာသော အရွယ်ကောင်းလူငယ်တစ်ဦး၏အရိပ်ဖြစ်ကြောင်းထင်ရှားသည်။ ကျန်အရိပ်တစ်ခုမှာ ကိုင်းညွတ်သောကိုယ်ထည်ရှိပြီးတစ်ဖက်တွင်လည်းတောင်ဝှေးကိုထောက်ထားသေး၏။
“ဒီမြေပုံက ငါ့တူကြီးရဲ့အမေ ဦးကြီးနှမ ခင်မြိုင်ရဲ့မြေပုံပါကွယ်”
ထိုအဖိုးကြီး၏ စကားကိုကြားသော်လည်း လူငယ်သည်မည်သို့မျှ မတုံ့ပြန်သေး။ အဖိုးကြီးလည်းဆက်၍ဆိုသည်။
“ငါ့တူကြီးက ဒီရွာကထွက်သွားတာ ဆယ်နှစ်ကျော်ပြီဆိုတော့ မြေပုံနေရာကို မှတ်မိလိမ့်မယ်မထင်ဘူး”
“ကျုပ်ကောင်းကောင်းမှတ်မိပါတယ်ဦးကြီး ဒီနေရာအထိခေါ်လာရတာက ဦးကြီးကို နှုတ်ဆက်ဖို့ပါ”
တည်ငြိမ်သော လေသံဖြင့် မျက်လွှာချထားသော ထိုလူငယ်၏ မျက်နှာကို အဖိုးကြီးတစ်ချက်မော့ကြည့်လိုက်သည်။ လည်ကုပ်ပေါ်သို့ ပြန့်ကျနေသော ဆံနွယ်ရှည်များနှင့် အနက်ရောင်ခြုံထည်အထက်ရှိ ခိုင်ခန့်သောမေးရိုးများက ဒေါ်ခင်မြိုင်၏သားပီသသည်ဟုတွေးပြီး အဖိုးကြီးလည်းအတန်ကြာငေးကြည့်နေ၏။
ထိုလူငယ်သည် လွန်ခဲ့သော ၁၅နှစ်ခန့်က အဖမရှိ အမိမဲ့ လူမမည်ကလေးငယ်တစ်ဦးဖြစ်သည့်
“မြတ်စံထွန်း” ။
“ဦးကြီးအနေနဲ့ မတားချင်ပေမယ့် ငါ့တူကိုဒုက္ခရောက်မှာ မလိုလားဘူးကွယ် သတ္တဝါတစ်ခု ကံတစ်ခု ရှိပါစေတော့လား ”
“ကျုပ်ရဲ့အမေ ဦးကြီးရဲ့နှမကို အသက်ဆုံးရှုံးရတဲ့ ကံတစ်ခုကိုတော့ ဘယ်နည်းနဲ့မှခွင့်မလွတ်နိုင်ဘူး… တွေ့အောင်ရှာမယ် ရအောင်လက်စားချေရမယ်”
ချက်ချင်းပင် မြတ်စံထွန်း၏ မျက်ထောင့်တို့ရဲရဲနီနေ
ပြီး အံ့ကိုကြိပ်လိုက်သောအခါ ကားသောမေးရိုးတို့သည် တင်းမာလာ၏။ ဖြောင့်စင်းသောနှာတံနှင့်ယာဖက်မျက်လုံးတို့ကြား၌လည်း မျက်ရည်တစ်ကြောင်းစီးဆင်းသွားသည်။မျက်နှာတစ်ခြမ်းကိုလက်ဖဝါးဖြင့်အုပ်လိုက်သောအခိုက်အတန့် လေးရူးတစ်ချက်တိုက်ခတ်သောကြောင့် ခြုံထည်နှင့်ဆံနွယ်ရှည်တို့မှာ လေတွင်တစ်လွင့်လွင့်နှင့်။ ခေါက်ထားသောအင်္ကျီလက်ကို ဖြန့်ရင်း ရှမ်းဘောင်းဘီအနက်၏ ခါးစည်းကြိုးကိုတင်းလိုက်သည်။ ထို့နောက်သင်္ချိုင်း၏ အနောက်ဘက်တည့်တည့်သို့ တရွေ့ရွေ့ထွက်ခွာသွားတော့သည်။မြေပုံဘေးတွင် ကျန်နေခဲ့သော အဖိုးကြီးလည်း မြတ်စံထွန်း၏ ကျောပြင်ကိုငေးရင်း လွန်ခဲ့သော ၁၅နှစ်အလွန်ကာလသို့ တရေးရေးနှင့်ပြန်လည်မြင်ယောင်လာတော့သည်။
“နောင်..နောင်”
နှစ်ပေါက်မောင်းငယ်ကလေးကို နှစ်ချက်တီးလိုက်ပြီးစည်းအတွင်းမှ ဒေါ်ခင်မြိုင်ဆိုသည့်အသက်၄၀ ကျော်မိန်းမကြီးမှာ တောကြီးမြွေဟောက်နှစ်ကောင်ကို တစ်ဖက်တစ်ကောင်စီကိုင်ရင်း လည်ပင်းတွင်လည်းမြွေကြီးတစ်ကောင်ကို ပဝါသဖွယ်ပတ်ထားသေးသည်။
“မြွေပွေး မြွေဟောက် လက်ကောက်ဝတ်မယ်တဲ့ဟေ့”
ဒေါ်ခင်မြိုင်ကြီး မြွေဆေးရောင်းလျှင် မကြည့်ချင်ကြသူဟူ၍မရှိ။ ကလေး လူကြီး အရွယ်သုံးပါးမရွေး စည်းဝိုင်းပတ်ပတ်လည်တွင် ငေးမောကြည့်ကြ
မြဲ။ စည်းထိပ်တွင် အမေရေယဉ်ရုပ်ထုရှိပြီး ပွဲတစ်ပွဲထိုးထားသည်။ အမွှေးတိုင် များထိုးစိုက်ထားသောငှက်ပြောဖီး၏အလယ်မှ ကြွက်မြီးရှည်ရှည်နှင့်အုန်းသီးတစ်လုံးရှိ၏။ ထိုအုန်းသီးပေါ်တွင်
“ပါဒိစိသေ” ဟူသော အက္ခရာလေးလုံးကို
မီးသွေးဖြင့်လက်ယာရစ်ချထားသောအင်းတစ်ကွက်ရှိသည်။
ဒေါ်ခင်မြိုင်ရောင်းသောဆေးမှာ မြွေမကိုက်သောဆေးမဟုတ် မြွေကိုက်ခံရပါက အဆိပ်မတက်သောဆေး တစ်နည်းအားဖြင့်မြွေဆိပ်ဖြေဆေးဖြစ်သည်။
စည်းဝိုင်း၏အပြင်၌ မြွေထည့်သည့်ပခြုပ်အခွံကလေးများကို သားဖြစ်သူ “မြတ်စံထွန်း”
နှင့် ဦးကြီးတင်မြိုင်တို့ ကပိုက်လျက်ရှိသည်။
ဒေါ်ခင်မြိုင်ကြီးယခုရောက်ရှိနေသော ပေပင်ကုန်းရွာသည် ထိုကဲ့သို့ပွဲမျိုးကိုတစ်ခါမျှ မကြည့်ဖူးသည်ကတစ်ကြောင်း ၊ လယ်တောထဲတွင်ဖြတ်သန်းသွားလာရသည့်တောင်သူလယ်သမားတို့ဘဝ မြွေကိုကြောက်ရ၍ ဆေးစွမ်းကောင်းကိုအလိုရှိသည်ကတစ်ကြောင်း နှင့်ထိုအဆိပ်ပြင်းမြွေကြီးများကိုကိုင်တွယ်၍လက်တွေ့ပြသနေသောဒေါ်ခင်မြိုင်အား ဝိုင်း၍အားပေးကြသည်။ ဒေါ်ခင်မြိုင်၏ ပွဲနှင့်မနီးမဝေးတွင်ရှိသော တောစပ်၌လက်ကိုင်တုတ်တစ်ချောင်းနှင့်လူလတ်ပိုင်းအရွယ်ပုဂ္ဂိုလ်တစ်ဦးက
တစ်စုံတစ်ခုကိုကြံစည်နေသည်။ထိုသူသည် ဤရွာဝန်းကျင်၌ ဒေါ်ခင်မြိုင်ကဲ့သို့ပင် ဆေးကုသည်ဟု ပြောကြ၏။ ၎င်းသည် သူ၏ပိုက်နက်နယ်မြေကိုကျော်၍ဆေးလာရောင်းသော ဒေါ်ခင်မြိုင်ကို အဆုံးစီရင်ရန် ကြံစည်ထား၏။သို့ရာတွင် ဒေါ်ခင်မြိုင်သည် ရေယဉ်ကတော်ကြီး၏ လက်အောက်ငယ်သားတစ်ဦးဖြစ်သည့် ကဝေမြောက်စုန်းမကြီးတစ်ဦးဖြစ်သည့်အပြင် ပညာစက်မှာမသေးလှသဖြင့် ပရိယာယ်သုံး၍သာအနိုင်ယူရန်ဆုံးဖြတ်ထားသည်။ သူ၏အဆင့်သည် စုန်းထီးအဆင့်သာရှိပြီး ဒေါ်ခင်မြိုင်၏ပညာဗူးကိုရရှိပါက ကဝေအဆင့်သို့တက်ရန်လွယ်ကူမည်ဖြစ်သည်။
ဒေါ်ခင်မြိုင်သည်လည်းဆေးစွမ်းကိုသာမက သူ၏အတတ်ပညာဖြစ်သော မြွေတို့ကိုခေါ်ခြင်းနှင့်
အနီးအပါးမှမြွေတို့ကိုဝေးရာသို့နှင်ခြင်းအတတ်များကိုပါ ပြသလေ့ရှိသည်။
“နောင်…နောင်..”
“ယခုတစ်ခါမှာတော့ ဒီရွာရဲ့အနီးဝန်းကျင်မှာရှိတဲ့ မြွေဆိုးတွေကိုခေါ်ယူမှာဖြစ်တဲ့အတွက် ရွာသားများ တစ်ဦးတစ်ယောက်မှ စည်းထဲကိုဝင်မလာဖို့သတိပေးထားချင်ပါတယ်”
မိန်းမတစ်ဦးဖြစ်သော်လည်း လွှမ်းမိုးနိုင်သောအသံသြဇာနှင့်ထိုသို့ပြောပြီး အမေရေယဉ်ရုပ်ထုကြီးကို ပွဲနှင့်ဆန့်ကျင်ဖက်စည်းအပြင်သို့မျက်နှာလှည့်လိုက်ပြီး
ကောင်းကင်ပေါ်သို့လက်ကိုဆန့်ထုတ်လိုက်သည်။ ပါးစပ်မှလည်း “ဥုံ ပါဒိစိသေ တေနဂ္ဂပါ”ဟူသောဂါထာကို အသက်အောင့်၍ရွတ်ဖတ်လေသည်။
ထိုအခိုက်အတန့်သည် တောစပ်ခြုံအကွယ်မှ ပုန်းကွယ်ရင်းကြည့်နေသော စုန်းထီးကောင်အဖို့အခွင့်ကောင်းဖြစ်သွားလေသည်။ ဝါးကျည်တောက်အတွင်းအသင့်ထည့်လာသော တိုက်မြွေကိုထုတ်၍ ဒေါ်ခင်မြိုင်ဆီသို့ဦးတည်၍ လွှတ်လိုက်သည်။
ထိုတိုက်မြွေသည် ဒေါ်ခင်မြိုင်ရှိရာ သို့တွန့်လိမ်လိမ်
ဖြင့်သွား၏ ။သို့သော် အုန်းပွဲပေါ်မှအင်းအစွမ်း
ကြောင့်တိုက်မြွေသည်စည်းထဲသို့မဝင်နိုင်။စည်းအပြင် ဝါးတစ်ရိုက်အကွာမှနေ၍ ပါးပြင်းကိုထောင်၏။ တဖူးဖူးမှုတ်၏။အစွယ်ကိုလည်းထုတ်ထား၏။ ဒေါ်ခင်မြိုင်လည်း စည်းထဲသို့ခေါ်မရသောအခါ ထိုမြွေဆိုးကိုဖမ်းရန်စည်းအပြင်သို့ထွက်သည်။ ရွာသူရွာသားများနှင့် ဦးတင်မြိုင်တို့မှာ ဒေါ်ခင်မြိုင်နှင့်မြွေအပေါ်အာရုံရောက်နေချိန် တောစပ်မှမထင်မရှားထွက်လာသော စုန်းထီးသည် စည်းအပြင်မှနေ၍ ပွဲအုန်းသီးပေါ်တွင်လက်ယာရစ်ချထားသော
“ပါဒိစိသေ”ဟူသောအင်းဆံများကို လက်ဝဲရစ်ပြောင်းပြန်ချထားလိုက်၏။ထိုလုပ်ရပ်ကို
“မြတ်စံထွန်း”တစ်ဦးသာသတိထားမိသော်လည်း အရွယ်အားဖြင့်ငယ်လွန်းသဖြင့် ဂရုမပြုမိပေ။
ဒေါ်ခင်မြိုင်သည် ထိုမြွေကြီးအားရဲရဲတင်းတင်းပင်ကောက်ကိုင်လိုက်သည်။ တိုက်မြွေသည်ဒေါ်ခင်မြိုင်၏လက်ထဲတွင် ကြိုးတစ်ချောင်းသဖွယ်ငြိမ်၍လိုက်လာသည်။စည်းအပြင်၌ ငြိမ်၍လိုက်လာသောတိုက်မြွေသည် ဒေါ်ခင်မြိုင်စည်းထဲရောက်လေမှ ဒေါသတစ်ကြီးနှင့် လက်ခုံကိုကိုက်ပေါက်လိုက်တော့သည်။ အရုပ်ကြိုးပြတ်လဲကျသွားသောဒေါ်ခင်မြိုင်ကိုရွာသားများဝိုင်းထူကြသည်။ ဦးတင်မြိုင်လည်းမျက်စိမျက်နှာမကောင်း။ သို့သော်မြတ်စံထွန်းသည် မိခင်ဖြစ်သူကိုကိုက်သောမြွေနောက်သို့ပြေးလိုက်၏။တောစပ်တစ်နေရာ၌ ထိုမြွေကိုကောက်ယူလိုက်သောသူအား သူသေချာမှတ်မိလိုက်၏။ ဒေါ်ခင်မြိုင်ကြီးသည်ကား ဤတွင်ဘဝဆုံးရ ရှာလေပြီ။
ရှေးသူဟောင်းတို့ဓလေ့ အရပ်တွင်ဆုံးသောဧည့်သည်ကို အရပ်၌သာသင်္ဂြိုလ်ခြင်းပြုကြ၏။ ဒေါ်ခင်မြိုင်ကြီးမြေချမည့်နေ့၌ ယော နယ်မှဒေါ်ခင်မြိုင်၏ မိတ်ဆွေကြီးဖြစ်သည့် ဆရာခိုင် ဆိုသူရောက်ရှိလာ၏။ရက်လည်သည်အထိကူညီပေးခဲ့ပြီးနောက်ဆရာခိုင်ပြန်မည့်နေ့၌ ဦးတင်မြိုင်နှင့် နှုတ်ဆက်စကားပြောကြရင်း ကလေးအတွက်စိတ်မကောင်းကြောင်းကို ဆရာခိုင်ကစကားဆို၏။ဆရာခိုင်လည်းမြတ်စံထွန်းကိုချစ်၏။ မြတ်စံထွန်းကိုခေါ်ပြီး နှုတ်ဆက်စကားပြောသောအခါ ဒေါ်ခင်မြိုင်အကြောင်းကိုပြောမိကြပြန်သည်။ မြတ်စံထွန်းသည် ဆရာခိုင်အား သူ့မိခင်သေဆုံးရပုံကိုပြောသောအခါမှ ကိုက်သွားသောမြွေကို အခြားသူတစ်ဦးကောက်ယူသွားသည်ဟုကြားသောကြောင့် ဆရာခိုင် မျက်နှာပျက်သွား၏။
မြတ်စံထွန်းကို သွားရောက်ဆော့ကစားစေပြီးမှ..
“မြွေကိုတစ်ယောက်ယောက်ကောက်သွားတယ်ဆိုတာ
ခင်များမမြင်ဘူးလား မောင်တင်မြိုင်”
“ကျုပ်ဖြင့် ခင်မြိုင့်ကိုပြေးထူလားပွေ့လားနဲ့မို့ မမြင်မိပါဘူးဗျာ ဘာကြောင့်များလဲဆရာကြီး”
“မင်းနှမ အသတ်ခံရတာကွ…ကိုက်သွားတဲ့မြွေကတိုက်မြွေ သတ်တဲ့သူကလည်းပညာသည်ပဲ မင်းနှမစုန်းတတ်တာမင်းလည်းအသိလေ ပညာစက်ကိုနှုတ်ယူချင်လို့လုပ်တာကွ အခုဆို ခင်မြိုင့်ပညာစက်တွေကိုမြွေစွယ်ကနေတစ်ဆင့် သူရပြီး ကဝေဖြစ်အောင်ကျင့်ကြံနေလောက်ပြီ”
“ဒီပညာရပ်တွေနဲ့မနေဖို့ ကျုပ်အတန်တန်တားပါတယ်ဆရာကြီးရယ် မျိုးရိုးစဉ်ဆက် ပညာဗူးက သူကျမှပါသတဲ့လေ အခု ဆိုရင် မြတ်စံထွန်းကိုတောင်အရွယ်ရောက်လာရင်စိုးရိမ်ရတယ် သူ့မှာလည်း ပညာစက်တွေရှိနေမှာဗျ”
“ဘကြီးခိုင်….ကျုပ်ဘကြီးနဲ့ ယောကိုလိုက်မယ်…ကျုပ်အမေကိုသတ်တဲ့ပညာသည်ဆိုတဲ့ကောင်ကို ကျုပ်လက်စားချေချင်တယ်…ဘကြီးခိုင်ကျုပ်ကိုဒီပညာတွေသင်ပေးပါ..”
မြတ်စံထွန်းသည်ဆော့ကစားနေခြင်းမဟုတ်ဘဲ မီးဖိုခန်းထဲမှနားထောင်နေခြင်းဖြစ်သည်။ အကြောင်းစုံကိုလည်းကြားသိသွားသဖြင့် ဆရာခိုင်နှင့် ဦးတင်မြိုင် အခက်တွေ့လေပြီ။
အတန်ကြာအောင်စဉ်းစားကြပြီးနောက်ဆရာခိုင်က
“ဒီတစ်နည်းပဲရှိတယ် တင်မြိုင်…မင်းစိတ်ချပါ
ငါစောင့်ရှောက်နိုင်တယ်”
မြတ်စံထွန်းကို ထိုလောကီအတတ်ပညာများနှင့်အဝေးဆုံးတွင်ထားချင်သော်လည်း အရွယ်ရောက်လျှင်သူ့မိခင်ခဲ့သို့ပညာထုတ်ယူခံရမည်စိုးသော
ကြောင့် ဆရာခိုင်၏ မှော်ပညာဖြင့် ဝမ်းတွင်းစက်များကိုဖျက်ရန် ယော သို့ထည့်ပေးလိုက်ရသည်။
ရွာပြင်တစ်နေရာ၌….
“မြတ်စံထွန်း”
“ဗျာ… ဘကြီးခိုင်”
“မင်းဦးကြီး…တင်မြိုင်မသိစေနဲ့ …မင်းကို အရွယ်ရောက်တဲ့အခါ လောကီပညာ မှော်ပညာတွေတစ်ဖက်ကမ်းခတ်တတ်မြောက်စေရမယ်လို့ ငါကတိပေးတယ် မင်းအမေကိုသတ်တဲ့သူကိုပါ လက်စားချေရမယ်ကွ”
“ဟုတ်ကဲ့ပါ ဘကြီးခိုင်”
ဆက်ရန်။
ဝိဇ္ဇာရှစ်သောင်းဆရာပေါင်းတို့အား
ဦးထိပ်ထား၍
မင်းဟိန်းခန့်(ဥဿာဒီပ)

Zawgyi Version

ငယ္ဘဝရန္ၿငိဳး(စ/ဆုံး)
—————————
ေပပင္ကုန္း႐ြာ အေနာက္ဘက္သို႔ ထြက္ၿပီး လွ်ိဳေျမာင္ကေလးတစ္ခုအတြင္းသို႔ဆင္းပါက သခ်ႋဳင္းေဟာင္းတစ္ခုကိုေတြ႕ျမင္ရမည္ျဖစ္သည္။
သကၠရာဇ္ ၁၂၀၀ခန႔္မွစ၍ ၁၂၉၇အထိ ထိုေနရာကိုသာအသုံးျပဳလာၾကျခင္းေၾကာင့္ အေတာ္ကေလးပင္ေဟာင္းႏြမ္းလွ၏။ လြန္ခဲ့ေသာ ဆယ္ႏွစ္ခန႔္က ရဲရဲနီေအာင္ပြင့္ခဲ့သည့္ လက္ပံပင္အိုႀကီးသည္လည္း ယခုအခါသခ်ႋဳင္းအလယ္၌ မေကာင္းဆိုး႐ြားတစ္ေကာင္ထိုင္ေနသဖြယ္ ငုတ္တိုသာက်န္ေတာ့သည္။ ၎အပင္ႀကီး၏ ေအာက္၌ရွိေသာ ေျမပုံေဟာင္းတစ္ခုသည္ ထိုအပင္ႀကီး၏အရိပ္ကိုမရႏိုင္ေတာ့ေခ်။ ေခါင္းရင္းရွိခပ္ေစာင္းေစာင္း သစ္သားျပားမွတ္တိုင္ေပၚတြင္ “”ေဒၚခင္ၿမိဳင္(အသက္၄၄ႏွစ္)””ဟူသည့္စာလုံးခပ္ေရးေရးကိုျမင္ေနရေသး၏။ ထိုမွတ္တိုင္ေပၚသို႔ လူႏွစ္ေယာက္၏ အရိပ္တို႔ ကန႔္လန႔္ျဖတ္ထိုးက်လာသည္။ မွတ္တိုင္ႏွင့္နီးေသာအရိပ္မွာ ေတာင့္တင္းသန္မာေသာ အ႐ြယ္ေကာင္းလူငယ္တစ္ဦး၏အရိပ္ျဖစ္ေၾကာင္းထင္ရွားသည္။ က်န္အရိပ္တစ္ခုမွာ ကိုင္းၫြတ္ေသာကိုယ္ထည္ရွိၿပီးတစ္ဖက္တြင္လည္းေတာင္ေဝွးကိုေထာက္ထားေသး၏။
“ဒီေျမပုံက ငါ့တူႀကီးရဲ႕အေမ ဦးႀကီးႏွမ ခင္ၿမိဳင္ရဲ႕ေျမပုံပါကြယ္”
ထိုအဖိုးႀကီး၏ စကားကိုၾကားေသာ္လည္း လူငယ္သည္မည္သို႔မွ် မတုံ႔ျပန္ေသး။ အဖိုးႀကီးလည္းဆက္၍ဆိုသည္။
“ငါ့တူႀကီးက ဒီ႐ြာကထြက္သြားတာ ဆယ္ႏွစ္ေက်ာ္ၿပီဆိုေတာ့ ေျမပုံေနရာကို မွတ္မိလိမ့္မယ္မထင္ဘူး”
“က်ဳပ္ေကာင္းေကာင္းမွတ္မိပါတယ္ဦးႀကီး ဒီေနရာအထိေခၚလာရတာက ဦးႀကီးကို ႏႈတ္ဆက္ဖို႔ပါ”
တည္ၿငိမ္ေသာ ေလသံျဖင့္ မ်က္လႊာခ်ထားေသာ ထိုလူငယ္၏ မ်က္ႏွာကို အဖိုးႀကီးတစ္ခ်က္ေမာ့ၾကည့္လိုက္သည္။ လည္ကုပ္ေပၚသို႔ ျပန႔္က်ေနေသာ ဆံႏြယ္ရွည္မ်ားႏွင့္ အနက္ေရာင္ၿခဳံထည္အထက္ရွိ ခိုင္ခန႔္ေသာေမး႐ိုးမ်ားက ေဒၚခင္ၿမိဳင္၏သားပီသသည္ဟုေတြးၿပီး အဖိုးႀကီးလည္းအတန္ၾကာေငးၾကည့္ေန၏။
ထိုလူငယ္သည္ လြန္ခဲ့ေသာ ၁၅ႏွစ္ခန႔္က အဖမရွိ အမိမဲ့ လူမမည္ကေလးငယ္တစ္ဦးျဖစ္သည့္
“ျမတ္စံထြန္း” ။
“ဦးႀကီးအေနနဲ႔ မတားခ်င္ေပမယ့္ ငါ့တူကိုဒုကၡေရာက္မွာ မလိုလားဘူးကြယ္ သတၱဝါတစ္ခု ကံတစ္ခု ရွိပါေစေတာ့လား ”
“က်ဳပ္ရဲ႕အေမ ဦးႀကီးရဲ႕ႏွမကို အသက္ဆုံးရႈံးရတဲ့ ကံတစ္ခုကိုေတာ့ ဘယ္နည္းနဲ႔မွခြင့္မလြတ္ႏိုင္ဘူး… ေတြ႕ေအာင္ရွာမယ္ ရေအာင္လက္စားေခ်ရမယ္”
ခ်က္ခ်င္းပင္ ျမတ္စံထြန္း၏ မ်က္ေထာင့္တို႔ရဲရဲနီေန
ၿပီး အံ့ကိုႀကိပ္လိုက္ေသာအခါ ကားေသာေမး႐ိုးတို႔သည္ တင္းမာလာ၏။ ေျဖာင့္စင္းေသာႏွာတံႏွင့္ယာဖက္မ်က္လုံးတို႔ၾကား၌လည္း မ်က္ရည္တစ္ေၾကာင္းစီးဆင္းသြားသည္။မ်က္ႏွာတစ္ျခမ္းကိုလက္ဖဝါးျဖင့္အုပ္လိုက္ေသာအခိုက္အတန႔္ ေလး႐ူးတစ္ခ်က္တိုက္ခတ္ေသာေၾကာင့္ ၿခဳံထည္ႏွင့္ဆံႏြယ္ရွည္တို႔မွာ ေလတြင္တစ္လြင့္လြင့္ႏွင့္။ ေခါက္ထားေသာအက်ႌလက္ကို ျဖန႔္ရင္း ရွမ္းေဘာင္းဘီအနက္၏ ခါးစည္းႀကိဳးကိုတင္းလိုက္သည္။ ထို႔ေနာက္သခ်ႋဳင္း၏ အေနာက္ဘက္တည့္တည့္သို႔ တေ႐ြ႕ေ႐ြ႕ထြက္ခြာသြားေတာ့သည္။ေျမပုံေဘးတြင္ က်န္ေနခဲ့ေသာ အဖိုးႀကီးလည္း ျမတ္စံထြန္း၏ ေက်ာျပင္ကိုေငးရင္း လြန္ခဲ့ေသာ ၁၅ႏွစ္အလြန္ကာလသို႔ တေရးေရးႏွင့္ျပန္လည္ျမင္ေယာင္လာေတာ့သည္။
“ေနာင္..ေနာင္”
ႏွစ္ေပါက္ေမာင္းငယ္ကေလးကို ႏွစ္ခ်က္တီးလိုက္ၿပီးစည္းအတြင္းမွ ေဒၚခင္ၿမိဳင္ဆိုသည့္အသက္၄၀ ေက်ာ္မိန္းမႀကီးမွာ ေတာႀကီးေႁမြေဟာက္ႏွစ္ေကာင္ကို တစ္ဖက္တစ္ေကာင္စီကိုင္ရင္း လည္ပင္းတြင္လည္းေႁမြႀကီးတစ္ေကာင္ကို ပဝါသဖြယ္ပတ္ထားေသးသည္။
“ေႁမြေပြး ေႁမြေဟာက္ လက္ေကာက္ဝတ္မယ္တဲ့ေဟ့”
ေဒၚခင္ၿမိဳင္ႀကီး ေႁမြေဆးေရာင္းလွ်င္ မၾကည့္ခ်င္ၾကသူဟူ၍မရွိ။ ကေလး လူႀကီး အ႐ြယ္သုံးပါးမေ႐ြး စည္းဝိုင္းပတ္ပတ္လည္တြင္ ေငးေမာၾကည့္ၾက
ၿမဲ။ စည္းထိပ္တြင္ အေမေရယဥ္႐ုပ္ထုရွိၿပီး ပြဲတစ္ပြဲထိုးထားသည္။ အေမႊးတိုင္ မ်ားထိုးစိုက္ထားေသာငွက္ေျပာဖီး၏အလယ္မွ ႂကြက္ၿမီးရွည္ရွည္ႏွင့္အုန္းသီးတစ္လုံးရွိ၏။ ထိုအုန္းသီးေပၚတြင္
“ပါဒိစိေသ” ဟူေသာ အကၡရာေလးလုံးကို
မီးေသြးျဖင့္လက္ယာရစ္ခ်ထားေသာအင္းတစ္ကြက္ရွိသည္။
ေဒၚခင္ၿမိဳင္ေရာင္းေသာေဆးမွာ ေႁမြမကိုက္ေသာေဆးမဟုတ္ ေႁမြကိုက္ခံရပါက အဆိပ္မတက္ေသာေဆး တစ္နည္းအားျဖင့္ေႁမြဆိပ္ေျဖေဆးျဖစ္သည္။
စည္းဝိုင္း၏အျပင္၌ ေႁမြထည့္သည့္ပျခဳပ္အခြံကေလးမ်ားကို သားျဖစ္သူ “ျမတ္စံထြန္း”
ႏွင့္ ဦးႀကီးတင္ၿမိဳင္တို႔ ကပိုက္လ်က္ရွိသည္။
ေဒၚခင္ၿမိဳင္ႀကီးယခုေရာက္ရွိေနေသာ ေပပင္ကုန္း႐ြာသည္ ထိုကဲ့သို႔ပြဲမ်ိဳးကိုတစ္ခါမွ် မၾကည့္ဖူးသည္ကတစ္ေၾကာင္း ၊ လယ္ေတာထဲတြင္ျဖတ္သန္းသြားလာရသည့္ေတာင္သူလယ္သမားတို႔ဘဝ ေႁမြကိုေၾကာက္ရ၍ ေဆးစြမ္းေကာင္းကိုအလိုရွိသည္ကတစ္ေၾကာင္း ႏွင့္ထိုအဆိပ္ျပင္းေႁမြႀကီးမ်ားကိုကိုင္တြယ္၍လက္ေတြ႕ျပသေနေသာေဒၚခင္ၿမိဳင္အား ဝိုင္း၍အားေပးၾကသည္။ ေဒၚခင္ၿမိဳင္၏ ပြဲႏွင့္မနီးမေဝးတြင္ရွိေသာ ေတာစပ္၌လက္ကိုင္တုတ္တစ္ေခ်ာင္းႏွင့္လူလတ္ပိုင္းအ႐ြယ္ပုဂၢိဳလ္တစ္ဦးက
တစ္စုံတစ္ခုကိုႀကံစည္ေနသည္။ထိုသူသည္ ဤ႐ြာဝန္းက်င္၌ ေဒၚခင္ၿမိဳင္ကဲ့သို႔ပင္ ေဆးကုသည္ဟု ေျပာၾက၏။ ၎သည္ သူ၏ပိုက္နက္နယ္ေျမကိုေက်ာ္၍ေဆးလာေရာင္းေသာ ေဒၚခင္ၿမိဳင္ကို အဆုံးစီရင္ရန္ ႀကံစည္ထား၏။သို႔ရာတြင္ ေဒၚခင္ၿမိဳင္သည္ ေရယဥ္ကေတာ္ႀကီး၏ လက္ေအာက္ငယ္သားတစ္ဦးျဖစ္သည့္ ကေဝေျမာက္စုန္းမႀကီးတစ္ဦးျဖစ္သည့္အျပင္ ပညာစက္မွာမေသးလွသျဖင့္ ပရိယာယ္သုံး၍သာအႏိုင္ယူရန္ဆုံးျဖတ္ထားသည္။ သူ၏အဆင့္သည္ စုန္းထီးအဆင့္သာရွိၿပီး ေဒၚခင္ၿမိဳင္၏ပညာဗူးကိုရရွိပါက ကေဝအဆင့္သို႔တက္ရန္လြယ္ကူမည္ျဖစ္သည္။
ေဒၚခင္ၿမိဳင္သည္လည္းေဆးစြမ္းကိုသာမက သူ၏အတတ္ပညာျဖစ္ေသာ ေႁမြတို႔ကိုေခၚျခင္းႏွင့္
အနီးအပါးမွေႁမြတို႔ကိုေဝးရာသို႔ႏွင္ျခင္းအတတ္မ်ားကိုပါ ျပသေလ့ရွိသည္။
“ေနာင္…ေနာင္..”
“ယခုတစ္ခါမွာေတာ့ ဒီ႐ြာရဲ႕အနီးဝန္းက်င္မွာရွိတဲ့ ေႁမြဆိုးေတြကိုေခၚယူမွာျဖစ္တဲ့အတြက္ ႐ြာသားမ်ား တစ္ဦးတစ္ေယာက္မွ စည္းထဲကိုဝင္မလာဖို႔သတိေပးထားခ်င္ပါတယ္”
မိန္းမတစ္ဦးျဖစ္ေသာ္လည္း လႊမ္းမိုးႏိုင္ေသာအသံၾသဇာႏွင့္ထိုသို႔ေျပာၿပီး အေမေရယဥ္႐ုပ္ထုႀကီးကို ပြဲႏွင့္ဆန႔္က်င္ဖက္စည္းအျပင္သို႔မ်က္ႏွာလွည့္လိုက္ၿပီး
ေကာင္းကင္ေပၚသို႔လက္ကိုဆန႔္ထုတ္လိုက္သည္။ ပါးစပ္မွလည္း “ဥဳံ ပါဒိစိေသ ေတနဂၢပါ”ဟူေသာဂါထာကို အသက္ေအာင့္၍႐ြတ္ဖတ္ေလသည္။
ထိုအခိုက္အတန႔္သည္ ေတာစပ္ၿခဳံအကြယ္မွ ပုန္းကြယ္ရင္းၾကည့္ေနေသာ စုန္းထီးေကာင္အဖို႔အခြင့္ေကာင္းျဖစ္သြားေလသည္။ ဝါးက်ည္ေတာက္အတြင္းအသင့္ထည့္လာေသာ တိုက္ေႁမြကိုထုတ္၍ ေဒၚခင္ၿမိဳင္ဆီသို႔ဦးတည္၍ လႊတ္လိုက္သည္။
ထိုတိုက္ေႁမြသည္ ေဒၚခင္ၿမိဳင္ရွိရာ သို႔တြန႔္လိမ္လိမ္
ျဖင့္သြား၏ ။သို႔ေသာ္ အုန္းပြဲေပၚမွအင္းအစြမ္း
ေၾကာင့္တိုက္ေႁမြသည္စည္းထဲသို႔မဝင္ႏိုင္။စည္းအျပင္ ဝါးတစ္႐ိုက္အကြာမွေန၍ ပါးျပင္းကိုေထာင္၏။ တဖူးဖူးမႈတ္၏။အစြယ္ကိုလည္းထုတ္ထား၏။ ေဒၚခင္ၿမိဳင္လည္း စည္းထဲသို႔ေခၚမရေသာအခါ ထိုေႁမြဆိုးကိုဖမ္းရန္စည္းအျပင္သို႔ထြက္သည္။ ႐ြာသူ႐ြာသားမ်ားႏွင့္ ဦးတင္ၿမိဳင္တို႔မွာ ေဒၚခင္ၿမိဳင္ႏွင့္ေႁမြအေပၚအာ႐ုံေရာက္ေနခ်ိန္ ေတာစပ္မွမထင္မရွားထြက္လာေသာ စုန္းထီးသည္ စည္းအျပင္မွေန၍ ပြဲအုန္းသီးေပၚတြင္လက္ယာရစ္ခ်ထားေသာ
“ပါဒိစိေသ”ဟူေသာအင္းဆံမ်ားကို လက္ဝဲရစ္ေျပာင္းျပန္ခ်ထားလိုက္၏။ထိုလုပ္ရပ္ကို
“ျမတ္စံထြန္း”တစ္ဦးသာသတိထားမိေသာ္လည္း အ႐ြယ္အားျဖင့္ငယ္လြန္းသျဖင့္ ဂ႐ုမျပဳမိေပ။
ေဒၚခင္ၿမိဳင္သည္ ထိုေႁမြႀကီးအားရဲရဲတင္းတင္းပင္ေကာက္ကိုင္လိုက္သည္။ တိုက္ေႁမြသည္ေဒၚခင္ၿမိဳင္၏လက္ထဲတြင္ ႀကိဳးတစ္ေခ်ာင္းသဖြယ္ၿငိမ္၍လိုက္လာသည္။စည္းအျပင္၌ ၿငိမ္၍လိုက္လာေသာတိုက္ေႁမြသည္ ေဒၚခင္ၿမိဳင္စည္းထဲေရာက္ေလမွ ေဒါသတစ္ႀကီးႏွင့္ လက္ခုံကိုကိုက္ေပါက္လိုက္ေတာ့သည္။ အ႐ုပ္ႀကိဳးျပတ္လဲက်သြားေသာေဒၚခင္ၿမိဳင္ကို႐ြာသားမ်ားဝိုင္းထူၾကသည္။ ဦးတင္ၿမိဳင္လည္းမ်က္စိမ်က္ႏွာမေကာင္း။ သို႔ေသာ္ျမတ္စံထြန္းသည္ မိခင္ျဖစ္သူကိုကိုက္ေသာေႁမြေနာက္သို႔ေျပးလိုက္၏။ေတာစပ္တစ္ေနရာ၌ ထိုေႁမြကိုေကာက္ယူလိုက္ေသာသူအား သူေသခ်ာမွတ္မိလိုက္၏။ ေဒၚခင္ၿမိဳင္ႀကီးသည္ကား ဤတြင္ဘဝဆုံးရ ရွာေလၿပီ။
ေရွးသူေဟာင္းတို႔ဓေလ့ အရပ္တြင္ဆုံးေသာဧည့္သည္ကို အရပ္၌သာသၿဂႋဳလ္ျခင္းျပဳၾက၏။ ေဒၚခင္ၿမိဳင္ႀကီးေျမခ်မည့္ေန႔၌ ေယာ နယ္မွေဒၚခင္ၿမိဳင္၏ မိတ္ေဆြႀကီးျဖစ္သည့္ ဆရာခိုင္ ဆိုသူေရာက္ရွိလာ၏။ရက္လည္သည္အထိကူညီေပးခဲ့ၿပီးေနာက္ဆရာခိုင္ျပန္မည့္ေန႔၌ ဦးတင္ၿမိဳင္ႏွင့္ ႏႈတ္ဆက္စကားေျပာၾကရင္း ကေလးအတြက္စိတ္မေကာင္းေၾကာင္းကို ဆရာခိုင္ကစကားဆို၏။ဆရာခိုင္လည္းျမတ္စံထြန္းကိုခ်စ္၏။ ျမတ္စံထြန္းကိုေခၚၿပီး ႏႈတ္ဆက္စကားေျပာေသာအခါ ေဒၚခင္ၿမိဳင္အေၾကာင္းကိုေျပာမိၾကျပန္သည္။ ျမတ္စံထြန္းသည္ ဆရာခိုင္အား သူ႔မိခင္ေသဆုံးရပုံကိုေျပာေသာအခါမွ ကိုက္သြားေသာေႁမြကို အျခားသူတစ္ဦးေကာက္ယူသြားသည္ဟုၾကားေသာေၾကာင့္ ဆရာခိုင္ မ်က္ႏွာပ်က္သြား၏။
ျမတ္စံထြန္းကို သြားေရာက္ေဆာ့ကစားေစၿပီးမွ..
“ေႁမြကိုတစ္ေယာက္ေယာက္ေကာက္သြားတယ္ဆိုတာ
ခင္မ်ားမျမင္ဘူးလား ေမာင္တင္ၿမိဳင္”
“က်ဳပ္ျဖင့္ ခင္ၿမိဳင့္ကိုေျပးထူလားေပြ႕လားနဲ႔မို႔ မျမင္မိပါဘူးဗ်ာ ဘာေၾကာင့္မ်ားလဲဆရာႀကီး”
“မင္းႏွမ အသတ္ခံရတာကြ…ကိုက္သြားတဲ့ေႁမြကတိုက္ေႁမြ သတ္တဲ့သူကလည္းပညာသည္ပဲ မင္းႏွမစုန္းတတ္တာမင္းလည္းအသိေလ ပညာစက္ကိုႏႈတ္ယူခ်င္လို႔လုပ္တာကြ အခုဆို ခင္ၿမိဳင့္ပညာစက္ေတြကိုေႁမြစြယ္ကေနတစ္ဆင့္ သူရၿပီး ကေဝျဖစ္ေအာင္က်င့္ႀကံေနေလာက္ၿပီ”
“ဒီပညာရပ္ေတြနဲ႔မေနဖို႔ က်ဳပ္အတန္တန္တားပါတယ္ဆရာႀကီးရယ္ မ်ိဳး႐ိုးစဥ္ဆက္ ပညာဗူးက သူက်မွပါသတဲ့ေလ အခု ဆိုရင္ ျမတ္စံထြန္းကိုေတာင္အ႐ြယ္ေရာက္လာရင္စိုးရိမ္ရတယ္ သူ႔မွာလည္း ပညာစက္ေတြရွိေနမွာဗ်”
“ဘႀကီးခိုင္….က်ဳပ္ဘႀကီးနဲ႔ ေယာကိုလိုက္မယ္…က်ဳပ္အေမကိုသတ္တဲ့ပညာသည္ဆိုတဲ့ေကာင္ကို က်ဳပ္လက္စားေခ်ခ်င္တယ္…ဘႀကီးခိုင္က်ဳပ္ကိုဒီပညာေတြသင္ေပးပါ..”
ျမတ္စံထြန္းသည္ေဆာ့ကစားေနျခင္းမဟုတ္ဘဲ မီးဖိုခန္းထဲမွနားေထာင္ေနျခင္းျဖစ္သည္။ အေၾကာင္းစုံကိုလည္းၾကားသိသြားသျဖင့္ ဆရာခိုင္ႏွင့္ ဦးတင္ၿမိဳင္ အခက္ေတြ႕ေလၿပီ။
အတန္ၾကာေအာင္စဥ္းစားၾကၿပီးေနာက္ဆရာခိုင္က
“ဒီတစ္နည္းပဲရွိတယ္ တင္ၿမိဳင္…မင္းစိတ္ခ်ပါ
ငါေစာင့္ေရွာက္ႏိုင္တယ္”
ျမတ္စံထြန္းကို ထိုေလာကီအတတ္ပညာမ်ားႏွင့္အေဝးဆုံးတြင္ထားခ်င္ေသာ္လည္း အ႐ြယ္ေရာက္လွ်င္သူ႔မိခင္ခဲ့သို႔ပညာထုတ္ယူခံရမည္စိုးေသာ
ေၾကာင့္ ဆရာခိုင္၏ ေမွာ္ပညာျဖင့္ ဝမ္းတြင္းစက္မ်ားကိုဖ်က္ရန္ ေယာ သို႔ထည့္ေပးလိုက္ရသည္။
႐ြာျပင္တစ္ေနရာ၌….
“ျမတ္စံထြန္း”
“ဗ်ာ… ဘႀကီးခိုင္”
“မင္းဦးႀကီး…တင္ၿမိဳင္မသိေစနဲ႔ …မင္းကို အ႐ြယ္ေရာက္တဲ့အခါ ေလာကီပညာ ေမွာ္ပညာေတြတစ္ဖက္ကမ္းခတ္တတ္ေျမာက္ေစရမယ္လို႔ ငါကတိေပးတယ္ မင္းအေမကိုသတ္တဲ့သူကိုပါ လက္စားေခ်ရမယ္ကြ”
“ဟုတ္ကဲ့ပါ ဘႀကီးခိုင္”
ဆက္ရန္။
ဝိဇၨာရွစ္ေသာင္းဆရာေပါင္းတို႔အား
ဦးထိပ္ထား၍
မင္းဟိန္းခန႔္(ဥႆာဒီပ)