Unicode Version
ငါတို့ ငရဲကပြန်ခဲ့မယ် (စ/ဆုံး)
———————————–
မဟာဂန္ဓာရီ(အထက်လမ်း)ပညာ၊ စူဠဂန္ဓာရီ(အလယ်လတ်)ပညာ၊ ဇနပဒဂန္ဓာရီ(အောက်လမ်း)ပညာဟုခေါ်သော ပညာရပ်ကြီးသုံးမျိုး၏လမ်းစဉ်ပေါ်က ပညာရှင်တွေကြား၌ အထက်လမ်းဆရာလေး ပါရမီရှင်မောင်သူရရယ်လို့ ကျော်ကြားလှသောဂုဏ်သတင်းအား တချို့ချီးမွမ်းပြောဆိုကြသလို၊ တချို့ကြကံထနေတာပါဟူ၍ အမျိုးမျိုးပြောဆိုကြကုန်၏။ သူရသည် ပညာအစွမ်းထက်လာခဲ့သလို အောက်ပညာရှင်အများစုဟာလည်း သူရကိုအငြိုးအတေးထားလာခဲ့ကြသည်။ သူရကိုအဓိကအငြိုးအတေးထားသူ (သို့မဟုတ်) သတ်ဖြတ်ဖို့ချောင်းနေကြသူတွေက အောက်ပညာရှင်တွေထဲမှာ ထင်ပေါ်ကျော်ကြားကြသည့် ကဝေမင်းနောင်၊ ဆယ့်နှစ်ကြိုးခင်မြ၊ ရုပ်ပြောင်းရုပ်လွှဲမောင်စံမဲဆိုသည့် လူသုံးဦးတို့ပါလေ၏။
ထိုသူတို့သည် အဘယ့်ကြောင့် သူရအပေါ်၌ အငြိုးအတေးကြီးစွာ သတ်ဖြတ်ဖို့ချောင်းနေကြသလဲဆိုရင် ကဝေသခင်မလေး၏ အနီး၌ စောင့်ရှောက်ခဲ့ကြသော ကဝေကြီးငါးဦးအနက် သုံးဦးက သူတို့၏ဆရာသခင်ကြီးများဖြစ်ပေ၏။ သူရက ထိုကဝေကြီးငါးဦးကိုရှင်းလင်းပြစ်ခဲ့သလို၊ ကဝေသခင်မလေးကိုလည်း ရှင်းခဲ့၏။ ထို့ကြောင့် မင်းနောင်တို့ဟာ သူရ ရှိမည့်အရပ်ကိုစုံစမ်း၍ အခါအခွင့်သင့်လျှင် သူရကိုသတ်ဖို့ချောင်းနေခဲ့ကြလေ၏။ သူတို့သုံးဦးလုံးစုံစမ်း၍ ပြန်ဆုံကြချိန်၌ သူရရောက်နေသည့်အရပ်ကို သိရှိသွားကြကာ သုံးဦးစလုံး ထွက်လာခဲ့ကြတော့လေသတည်း။
&&& &&&
ဆောင်းရာသီ၏ အအေးဓာတ်တို့က အညာဒေသ၌ နေ့အခါမှာတောင် အနည်းငယ်အအေးဓာတ်ရနေ၏။ အညာနွေသည် အရိုးကွဲအောင်ပူသလို၊ အညာဆောင်းသည်လည်း အရိုးခဲမတတ်ချမ်းတာကိုတော့ အညာရောက်ဖူးသူတိုင်းသိလေ၏။ ဆောင်းနံနက်ခင်းလေး၏အစ၌ ခြောက်နာရီပင်ထိုးသော်ငြားလည်း နေမထွက်သေးပေမဲ့ မှိန်ပြပြအလင်းရောင်လေးကြောင့် မြူများပျံ့လွင့်နေတာကိုတော့ မြင်နိုင်လေ၏။ မြူတွေကြားထဲကနေ လူငယ်သုံးဦးကတော့ ချမ်းလွန်းလှသည့်နံနက်ခင်းမှာ အနွေးထည်မပါပဲ ခတ်ပါးပါး ယောဂီဝတ်စုံများနှင့် တစ်နေရာရာသို့ဦးတည်၍ လျှောက်နေကြလေ၏။ ထိုလူငယ်သုံးဦးအနက် အရှေ့ကနေဦးဆောင်၍ သွားနေသောလူငယ်က ရပ်လိုက်ကာ…
“စောသနဲ့ခွန်းသ ဟိုရှေ့ကဇရပ်မှာ ခဏတော့နားကြရအောင်။ ငါတို့လျှောက်လာခဲ့တာလည်း အတော်ကြာနေပြီ။”ဟု ပြောလိုက်သောအခါ အနောက်ကလူငယ်နှစ်ဦးသည် “ဟုတ်ကဲ့ဆရာ”ဟူ၍ပြန်ပြောပြီး ညောင်ပင်ကြီးတစ်ပင်ဘေးက ယိုင်နဲ့နဲ့ဇရပ်ကလေးပေါ်သို့ တက်လာခဲ့ကြ၏။ ဇရပ်ပေါ်၌ ဖုန်သဲများခါ၍ ထိုဆရာတပည့်သုံးဦးသား ထိုင်လိုက်ကြလေ၏။
“ဆရာ ဒီနေရာက နည်းနည်းထူးဆန်းနေသလိုပဲနော်။ ဒီလောက်အေးနေတာတောင်မှ ဇရပ်ထဲဝင်လိုက်တာနဲ့ နွေးသွားတယ်။”
“ဒီဇရပ်က ထူးဆန်းမှာပေါ့ကွာ။ မတူညီတဲ့အစွမ်းသိဒ္ဓိတွေက ရာသီအလိုက်ပြောင်းနေတာလေ။”
“ဗျာ….. အဲဒါက ဘယ်လိုမျိုးလဲဆရာ။ ကျွန်တော်တို့ကိုရှင်းပြပါ့လား။”
” ငါမင်းတို့ကိုဒီအကြောင်းလေး နည်းနည်းပြောပြပါ့မယ်။ ဒီဇရပ်ကို ဆန့်ကျင်ဘက်ဇရပ်လို့ခေါ်ကြတယ်။ ဘာကြောင့်လဲဆိုရင် နွေမှာအေးပြီး ဆောင်းရာသီနဲ့မိုးရာသီမှာတော့ ပူတယ်ကွ။ ဘာ့ကြောင့်နွေမှာအေးပြီးဆောင်းမှာပူသလဲဆို၊ လွန်ခဲ့နှစ်ငါးဆယ်တုန်းက မောင်သာလူးလို့ခေါ်တဲ့ သူဌေးသားတစ်ယောက်က ဒီဇရပ်ကိုဆောက်ခဲ့တယ်ကွ။ ဘာကြောင့်ဆောက်လဲဆိုရင် သူယူမယ့်မိန်းမပျိုလေးဟာ မင်္ဂလာဆောင်ခါနီးမှာ ရုတ်တရက်ဆုံးပါးသွားခဲ့လို့ သူ့ရင်ထဲမှာအပူမီးတောက်လောင်ခဲ့တယ်။ ဒါကြောင့် လူတိုင်း သူဆောက်တဲ့ဇရပ်မှာ ဝင်ခိုနားခဲ့ရင် အေးချမ်းကြပါစေလို့ သစ္စာအဓိဌာန်ပြုခဲ့တယ်။ သူဟာ သူတော်ကောင်းတစ်ဦးမလို့ နတ်တွေဟာ သူ့အလိုအကျဖြည့်ဆည်းပေးခဲ့ရတယ်။”
“ဒါဆို အခုပူနေတာကရော သူလုပ်တာပဲလားဆရာ။”
“မဟုတ်ဘူးကွ။ ဒါကိုအကျဉ်းချုပ်ထပ်ပြောပြမယ်။ အဲဒီလိုဒီဇရပ်ကို မောင်သာလူးက သစ္စာဆိုအဓိဌာန်ပြုခဲ့ပြီး နှစ်နှစ်ဆယ်အကြာမှာ ဒီဇရပ်ပေါ်ကို စုန်းညီအစ်မရောက်လာတယ်။ သူတို့နာမည်ကလှလှနဲ့ပပတဲ့ ပညာအစွမ်းလည်းအတော်ထက်ကြတယ်ကွ။ ဒါပေမဲ့ သူတို့က ကဝေမြောက်စုန်းတစ်ဦးနဲ့တိုက်ပြီး နယ်လုခဲ့ကြရာမှာ ရှုံးသွားလို့ သူတို့နယ်ကနေထွက်လာခဲ့ကြရတာ။ အခုဒီဇရပ်မှာ နားကြတော့ ဆောင်းတွင်းကြီးပဲ။ သူတို့ရဲ့ရင်ထဲမှာဒေါသအပူမီးတွေတောက်လောင်နေတုန်းဆိုတော့ ဒီဇရပ်ထဲဝင်လိုက်တာနဲ့ ပိုအေးသွားကြလို့ အမြင်ကတ်ပြီး ဒီဇရပ်အောက်ခြေမှာ သူတို့ရဲ့မီးစက်ကို ဗူးနဲ့ထည့်ပြီး မြေမြှုပ်ခဲ့ကြတယ်လေ။ အဲဒီတော့ ဒီဇရပ်ရောက်လာသူတွေက အပူဒဏ်ခံရတာပေါ့ကွာ။ ဒါပေမဲ့ မိုးတွင်းနဲ့ဆောင်းတွင်းမှာသာ သူတို့ရဲ့မီးစက်ကပူပြီး မောင်သာလူးသစ္စာအဓိဌာန်ပြုထားခဲ့တဲ့ နွေရာသီမှာတော့ အေးချမ်းမှုကိုဆောင်ခဲ့တယ်ကွ။ အနီးအနားရွာတွေက ဒီဇရပ်ကိုခိုနားကြတဲ့အခါမှာ ရာသီဥတုနဲ့ဆန့်ကျင့်ဘက်တွေ ဒီဇရပ်မှာဖြစ်ပေါ်နေတာကြောင့် ဒီဇရပ်ကိုဆန့်ကျင်ဘက်ဇရပ်၊ ရင်ခွင်ဇရပ်လို့ခေါ်တွင်ကြတယ်။”
“ရင်ခွင်ဇရပ်။ အဲဒါကဘာအဓိပ္ပါယ်လဲဆရာ။”
“ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့အရာကို ဘယ်သူမှမသိနိုင်ဘူးလေ။ လူတစ်ယောက်က အပြင်မှာအေးစက်စက်နိုင်နေပေမဲ့ သူရင်ဖွင့်တဲ့အခါ ပူဆွေးသောကများနေတာမျိုးတွေ၊ လူတစ်ယောက်က အလုပ်တစ်ခုကို စိုးရိမ်တကြီး၊ အလောတကြီး၊ဒေါသတကြီး ပြောဆိုနေပေမဲ့ တကယ်တမ်းသူလုပ်တဲ့အခါ အေးအေးဆေးဆေးဖြစ်နေတာမျိုးတွေလေ။ ဒါတွေက သူတို့ပြင်ပခန္ဓာကိုယ်မှာဖြစ်နေတာတွေနဲ့ ရင်ထဲမှာဖြစ်နေတာက တခြားစီမဟုတ်လား။ အဲဒီလိုပဲ ဒီဇရပ်က အပြင်မှာအေးနေရင်ဇရပ်ထဲမှာပူတယ်၊ အပြင်မှာပူနေရင်ဇရပ်ထဲမှာအေးတယ်။ ဒါကြောင့်ရင်ခွင်ဇရပ်ဆိုပြီး ထပ်နာမည်ပေးထားကြတာပဲ။”
“ဪ ဒီလိုကို။ လူတွေများအခက်သားလားဆရာရယ် အလုပ်မရှိအလုပ်ရှာလို့ ဇရပ်ကိုတောင်သူတို့စိတ်တိုင်းကြနာမည်ပေးနေကြတာ။”
“လူဆိုတဲ့သဘောသဘာဝအရက ဒီလိုတွေကြီးပါပဲ။ အရက်သောက်ပြီးဘုရားကြောင်းတရားကြောင်းဆွေးနွေးသူရှိသလို၊ ဘုရားရှိခိုးပြီး အရက်မသောက်ရတာကြာပြီကွာလို့ ညီးညူနေသူတွေမှ တစ်ပုံကြီးရှိတယ်။ နားလည်ရအခက်ဆုံးသတ္တဝါက လူပဲ။ အခုနေကောင်းလည်း တော်ကြာဆိုးချင်ဆိုးနေတာ။ သူတို့အကြိုက်လိုက်နေပေးဖို့ဆိုတာမဖြစ်နိုင်ပါဘူး။”
“ဒါနဲ့ဆရာ ဒီဇရပ်မှာ စုန်းမတွေထားခဲ့တဲ့ မီးစက်ကိုမဖျက်တော့ဘူးလား။”
“သူတို့ကဒေါသနဲ့လုပ်ခဲ့ပေမဲ့ အခုလိုချမ်းအေးတဲ့ရာသီမှာ ဒီဇရပ်ပေါ်တက်သူတိုင်းနွေးနေတော့ သူတို့ကုသိုလ်ရပါတယ်ကွာ။ ငါဒီစက်ကိုမဖျက်တော့ပါဘူး။ သူတို့သေလွန်ရင်သာ ပညာကအလိုလိုပျက်သွားပါလိမ့်မယ်။ ”
“ဟုတ်ဆရာ ဒါနဲ့ကျွန်တော်နားမလည်တာကလေ… အဲဒီစုန်းမတွေရဲ့မီးစက်က နွေရာသီမှာဘာလို့အစွမ်းမပြတာလဲ။”
“သစ္စာအဓိဌာန်ဆိုတာက ပါးစပ်ကလွယ်လွယ်သာပြောပေမဲ့ အင်မတန်မှ ထိရောက်တာကွ။ မောင်သာလူးဟာ သူ့ရဲ့ကုသိုလ်ကံအဟုန်အားနဲ့ ဒီဇရပ်ကိုသစ္စာပြုအဓိဌာန်ခဲ့တာကို စုန်းမရဲ့မီးစက်ပညာကမယှဉ်နိုင်ဘူးလေ။ ဒီတော့နွေရာသီမှာ မောင်သာလူးရဲ့သစ္စာစကားကြောင့် ဒီဇရပ်ကအေးနေတာပေါ့။”
“ဟုတ်ကဲ့ဆရာ။”
သူရတို့ဆရာတပည့်သုံးဦးက စကားစမြည်းပြောဆို၍ ထိုင်နေကြစဉ်အချိန် လှည်းတစ်စီးကရောက်လာခဲ့ကာ ဇရပ်နှင့်အနီးမှာရပ်၍ လှည်းပေါ်ကနေ လှည်းမောင်းသမားနှင့် အသက်ခတ်ကြီးကြီးလူတစ်ဦးတို့ ဆင်းလာခဲ့ကြပြီး ဇရပ်ပေါ်ကိုတက်လာခဲ့ကြ၏။ ထိုလူတို့က သူရတို့နှင့်မလှမ်းမကမ်း၌ထိုင်၍ လှည်းမောင်းသမားကဆေးလိပ်ဖွာနေသလို လူကြီးကလည်း ကွမ်းတမြုံ့မြုံ့ဝါးနေ၏။
“ဟေ့ကောင်အောင်ကြီး မင်းကိုငါစုံစမ်းခိုင်းတဲ့ကိစ္စသိရပြီလား။”
ကွမ်းဝါးနေသောလူကြီးက လှည်းမောင်းသမားကို မေးလိုက်ခြင်းဖြစ်လေ၏။
“ကျုပ်သိရသလောက်တော့ မသေချာသေးဘူးဗျ။ အဲဒီလူက သင်္ချိုင်းထဲကို ညအချိန်မတော်ဝင်သွားပေမဲ့ ဘာလုပ်တယ်ဆိုတာမှ မသိရတာ။”
“အေးကွာ မသေချာသေးလို့ပေါ့။ သေချာလို့ကတော့ ငါ့ရွာကနေ အဲဒီလူကိုမောင်းထုတ်ပြစ်မယ်။”
“နေပါအုံးသူကြီးရ ကျုပ်မသိတာက သူကြီးကဘာလို့ ဒီလူ့ကို မကောင်းတဲ့ပညာသည်လို့ထင်နေရတာတုန်း။”
“ဒီလိုဟေ့။ လပြည့်နေ့က အဲဒီလူသူ့ခြံထဲမှာ ဖယောင်းတိုင်တွေထွန်းပြီး ခေါစာပစ်နေတာကို သာဒိုးကမြင်လိုက်တယ်တဲ့ကွ။ သာဒိုးလည်း ခေါစာပစ်တာက အိမ်ထဲမှာတင်ပစ်နေတော့ မသင်္ကာတာနဲ့ ချောင်းကြည့်နေတုန်းမှာတင် ခေါစာပစ်ထားတဲ့ ဟင်းတွေထမင်းတွေက တက်တက်စင်အောင်ပြောင်သွားဆိုပဲ။ ပြီးတော့ အဲဒီလူကလည်း ရယ်မောပြီး တစ်ယောက်တည်းစကားပြောနေတာကို မြင်ခဲ့ရတယ်တဲ့။ အဲဒါသူက ငါ့ဆီလာပြောပြတယ်။ ငါလည်း ဒီလူပြောင်းလာပြီးတဲ့နောက်မှာ ရွာသားတွေတောက်လျှောက် နတ်အကိုင်ခံရတာတွေ၊ သရဲကငြိုးတာတွေနဲ့ အဲဒီလူသူ့အိမ်ထဲခေါစာပစ်တာကို ယှဉ်တွဲစဉ်းစားကြည့်ပြီး မကောင်းတဲ့ပညာသည်ဖြစ်နေမလားဆိုတဲ့ စိတ်နဲ့ သံသယဝင်လာတာ။”
“သာဒိုးတွေ့ခဲ့ရတာကို ကျုပ်တို့လည်းမသိရပါ့လားသူကြီးရ။”
“ငါတမင် ဘယ်သူ့မှ မပြောခိုင်းထားတာ။ ငါတို့ရိပ်မိနေပြီဆိုတာသိသွားရင် အဲဒီလူကသတိထားနေနိုင်တယ်။”
“ဒါနဲ့သူကြီးက ဘာလို့ဘိုးသာထွန်းကို ကျီးမနားရွာမှာလာရှာတာလဲ။”
“မင်းတို့ဘယ်မီလိုက်ပါ့မလဲကွာ။ ငါတောင်အဲဒီတုန်းက ငယ်ငယ်လေးရှိသေးတာ။ ဘိုးသာထွန်းဆိုတာ အခုမှသာ အေးအေးဆေးဆေးတရားထိုင် ပုတီးစိပ်ပြီး ကိုယ့်ဘာသာကိုယ်နေတော့တာ။ ငါငယ်ငယ်တုန်းကဆို ဘိုးသာထွန်းဆိုတာ ဒီနယ်မှာ နာမည်ကြီးပဲ။ မကောင်းတဲ့ပညာသည်မှန်သမျှက ဘိုးသာထွန်းကို အလွန်ကြောက်ကြတာ။ ငါတို့ရွာမှာ ပယောဂအပူးခံရတုန်းက ဘိုးသာထွန်းကိုသွားပင့်ခဲ့ကြတယ်။ ငါလည်း စိတ်ဝင်စားတာနဲ့ လိုက်ကြည့်တာပေါ့။ ဘိုးသာထွန်းက ဘာမှတောင်မလုပ်ရသေးဘူး၊ အိမ်ပေါ်ကိုခြေတစ်လှမ်းလှမ်းပြီး သူတောင်ဝှေးကြီး ဒေါက်ခနဲချလိုက်တာ ဝင်အပူးခံရတဲ့မိန်းမကြီးက ငိုယိုပြီး ဘိုးသာထွန်းကိုတောင်းပန်တာဟေ့၊ ကန်တော့တာလည်းအကြိမ်ကြိမ်ပဲကွ။ ဘိုးသာထွန်းက ဟဲ့နင့်ငါဘာလုပ်ရသေးလို့တုန်းလို့မေးလိုက်တော့၊ ဝင်ပူးခံရတဲ့မိန်းမကြီးက ဘိုးသာထွန်းဟာ ပယောဂကုရင် ပယောဂကို ရိုက်နှပ်ကုကြောင်း၊ ဘယ်လောက်ခေါင်းမာတဲ့ ပယောဂဖြစ်ဖြစ် ဘိုးသာထွန်း နှစ်ချက်လောက်ရိုက်တာနဲ့ မခံနိုင်ကြောင်း၊ ဘိုးသာထွန်းကို ကြောက်လို့ ပယောဂအကုန်ထုတ်ခဲ့ပေမဲ့ အဲဒီပညာသည်က ဘိုးသာထွန်းရဲ့ကြိမ်ဒဏ်ကြောင့် နေ့မကူးခင် အလူးအလဲခံစားရပြီး သေရကြောင်းပြောတာဟေ့။
အဲဒါကြောင့် ငါ့ရွာကကိစ္စကို ဘိုးသာထွန်းနဲ့ တိုင်ပင်ချင်လို့ သွားခါကြမှ ဘိုးသာထွန်းက အဓိဌာန်ခရီးထွက်သွားရတယ်လို့ကွာ။”
ထိုလူတို့၏စကားသံကို သူရတို့ဆရာတပည့်တွေ အလုံးစုံကြားလိုက်ကြရ၏။ သူရက စောသကိုခေါင်းညိမ့်ပြလိုက်သောအခါ စောသကထသွားပြီး ထိုသူတို့၏ဘေး၌ ဝင်ထိုင်လိုက်လေ၏။
“ဒီကဦးကြီးက သူကြီးထင်တယ်။ ဘယ်ရွာကလဲဗျ။”
“ကျုပ်ကစမ်းချောင်းရွာလေးရဲ့သူကြီးဦးဘိုးခင်ပါ။ ဘာဖြစ်လို့လဲမောင်ရင်၊ မောင်ရင်က ကျုပ်ကိုသိလို့လား။”
“မသိပါဘူးခမျာ။ ဒီကသူကြီးတို့စကားပြောတဲ့အထဲမှာ ပယောဂဆိုတာပါလာလို့ စိတ်ဝင်စားမိလို့ပါ။ ပြီးတော့ ကျုပ်တို့က နယ်လှည့်ဆေးကုသနေတဲ့သူတွေပါ။ ကူညီနိုင်တာရှိရင် ကူညီနိုင်အောင်လို့ပေါ့။”
“ဪ ဆေးဆရာတွေလား၊ ဒီလောက်အသက်ငယ်ငယ်လေးနဲ့ ဒီပညာကိုလိုက်စားနေကြတာဆိုတော့ ကျုပ်ဖြင့်ယုံတောင်မယုံဘူးဗျာ။ ကျုပ်တို့ရွာကို ကူညီပေးမယ်ဆိုရင်တော့ ကျုပ်တို့ကလည်း ထိုက်ထိုက်တန်တန်ပြန်ပေးမှာပါ။ ဒါပေမဲ့ တကယ်မကူညီနိုင်ပဲ လူလိမ်တွေဆိုရင်တော့ ကျုပ်အိမ်မှာချိတ်ထားတဲ့နှစ်လုံးပြူးက မောင်ရင်တို့အတွက်ဖြစ်သွားမယ်။”
သူကြီးဦးဘိုးခင်၏ စကားသံအဆုံး၌ သူရနှင့်ခွန်းသက ထလာခဲ့ကြကာ မျက်နှာခြင်းဆိုင်၌ဝင်ထိုင်လိုက်ကြပြီးသည့်နောက် သူရကဤသို့ပြောလေ၏။
“ကျွန်တော်တို့က လူလိမ်တွေလည်းမဟုတ်သလို၊ အသပြာရမှကုတဲ့ ဆေးဆရာတွေလည်းမဟုတ်ပါဘူး။ လူတွေကို စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်းနဲ့ သဘာဝတရားကြီးကို ဆန့်ကျင့်ဖို့ကြိုးစားနေကြတဲ့ မကောင်းတဲ့ပညာသည်၊ မကောင်းတဲ့အမှောင့်ဓာတ်တွေကို ဆုံးမပြီး ရှင်းလင်းပြစ်တဲ့သူတွေပါ။ သူကြီးတို့ရွာကအခက်ခဲကို ကျွန်တော်တို့မကူညီနိုင်ဘူးဆိုရင် သူကြီးနှစ်လုံးပြူးနဲ့တင်မဟုတ်ပါဘူး၊ တစ်ရွာလုံးကလူတွေ ဓားလှံလေးမြှားအစုံနဲ့ ကျွန်တော်တို့ဆရာတပည့်သုံးဦးလုံးကို သတ်ပြစ်နိုင်ပါတယ်။”
သူရ၏စကားကြောင့် သူကြီးဦးဘိုးခင် အားတုံ့အားနာပြန်ဖြစ်သွား၏။
“ကျုပ်ကဒီသဘောမျိုးနဲ့ ပြောတာမဟုတ်ပါဘူးမောင်ရယ်။ ဒီခေတ်ဒီခါမှာက ဆရာယောင်ဆောင်ပြီး လူတွေကိုလိမ်စားနေသူတွေက ပေါလွန်းလို့ ကျုပ်ကပြောမိတာပါ။ ကျုပ်စကားကို စိတ်မကွက်ပါနဲ့လေ။”
“စိတ်လည်းမကွက်သလို၊ စိတ်လည်းမဆိုးမိပါဘူးသူကြီး။ ကျွန်တော်တို့ သူကြီးရွာကိုအစွမ်းကုန်ကူညီပေးပါ့မယ်။ အဖြစ်ပျက်တွေကို အစကနေအဆုံးထိရှင်းပြပေးပါ။”
“ရပါတယ်။ ကျုပ်ရှင်းပြပါ့မယ်။ နေတောင်နည်းနည်းမြင့်နေပြီ၊ ကျုပ်ရွာကို မောင်ရင်တို့၊ အဲလေ ဆရာလေးတို့ တစ်ခါတည်းလိုက်ဖို့ လှည်းပေါ်ကိုကြွပါ။ အကြောင်းစုံကို ကျုပ်လမ်းမှာတစ်ခါတည်းရှင်းပြပါ့မယ်။”
“ကောင်းပါပြီဗျာ ဒါဆိုရင်လည်း။”
ဦးဘိုးခင်နှင့် လှည်းမောင်းသမားက လှည်းပေါ်ကို အရင်တက်လိုက်ကြလေ၏။ စောသနှင့်ခွန်းသက လှည်းပေါ်တက်မည်အပြု တစ်ခုခုကိုသိသွားကာ သူရကိုဆတ်ခနဲကြည့်လိုက်၏။ သူရက ပါးချိုင့်အသေးလေးများပေါ်သည်အထိ ပြုးရယ်၍ ခေါင်းညိမ့်ပြကာ လှည်းပေါ်ကိုတက်မှသာလျှင် စောသနှင့်ခွန်းသက ဦးဘိုးခင်ကို တစ်ချက်ကြည့်ပြီး နောက်မြီးဖျားမှာ တက်ထိုင်လိုက်ကြလေသည်။ လှည်းစမောင်းချိန်၌ ဦးဘိုးခင်က အောက်ပါအတိုင်းရှင်းပြပေ၏။
“လွန်ခဲ့တဲ့လပိုင်းကဗျ။ ကျုပ်တို့ရွာကို မင်းနောင်ဆိုတဲ့လူတစ်ယောက်ရောက်လာတယ်။ သူရောက်လာတဲ့အချိန်ကလည်း တိုက်တိုက်ဆိုင်ဆိုင် ကျုပ်သမီးလေးက သရဲဝင်ပူးခံနေရတာ။ သူကုပေးပါရစေဆိုပြီး ကုလိုက်တာပျောက်သွားပါ့ရော။ ကျုပ်လည်းသူ့ကို ကျေးဇူးတင်စကားဆိုနေတုန်းမှာ သူကရွာမှာနေချင်ကြောင်းပြောတော့ ကျုပ်လည်းလက်ခံပေးလိုက်ပါတယ်။ ဒါပေမဲ့နောက်ကြ တဖြည်းဖြည်းဒီလူကမဟုတ်တော့ဘူးဗျ။ သူရောက်လာကတည်းက ရွာကလူတွေ အမျိုးမျိုးရောဂါဖြစ်ကြတာ၊ ဖြစ်တဲ့ရောဂါတိုင်းကလည်း ပယောဂကြီးပဲ။ အဲဒီလူက မကောင်းတဲ့ပညာသည်များဖြစ်နေမလားလို့ ကျုပ်ကထင်မိပြီး ဆရာသွားပင့်တယ်ဆိုပါတော့။ မတွေ့ခဲ့ရလို့အခုပြန်လာတာပဲဗျ။ ”
“အင်း လူတစ်ယောက်ကို အထင်နဲ့အမြင်နဲ့ကတော့ သတ်မှတ်လို့ရမှာမဟုတ်ဘူးသူကြီးရဲ့… သူလုပ်တယ်ဆိုတာသေချာမှ ရွာနှင်ဒဏ်ပေးတာကောင်းပါတယ်။ ကျွန်တော်သူကြီးရွာမှာ ၂ရက်တိတိတည်းခိုနေပါအုံးမယ်။ ဒီ၂ရက်အတွင်းမှာ ရွာထဲကလူတွေ နေမကောင်းမကျန်းမာတာကအစ ပယောဂနှောက်ယှက်ခံရရင် ကျွန်တော့်ကိုလာခေါ်လှည့်ပါ။ ဒါဆိုရင် သူကြီးတို့ရွာကို ဘယ်လိုပညာသည်မျိုးကတိုက်နေတယ်ဆိုတာ သိရမှာပါ။”
“ကောင်းပြီလေဒါဆိုလည်း ကျုပ်ဆရာလေးပြောတဲ့အတိုင်းလုပ်ပါ့မယ်။ ရွာမှာတည်းဖို့ကတော့ ကျုပ်အိမ်မှာပဲလိုက်တည်းပါ။”
“နေပါစေသူကြီး။ ကျွန်တော်ရွာဦးကျောင်းမှာပဲတည်းပါ့မယ်။ သာသနာ့အရိပ်မှာပဲ ကျွန်တော်တို့နေရတာ အေးချမ်းပါတယ်၊ သူကြီးတို့တွေ့ချင်တဲ့အခါ ခေါ်လိုက်ပေါ့ဗျာ။”
သူရက အဓိပ္ပါယ်ပါပါပြော၍ သူကြီးကိုကြည့်ကာပြုံးပြလိုက်၏။ ဤသို့ဖြင့် စမ်းချောင်းရွာလေးကိုရောက်သောအခါ သူရတို့က ရွာဦးကျောင်းတွင်သာ တည်းခိုခဲ့ကြလေ၏။ ကျောင်း၏ဝေရာဝစ္စများကိုလုပ်၍ နေထိုင်ကြသလို၊ အားလပ်သည့်အခါမျိုး၌လည်း အင်းရေးဆွဲခြင်း၊ သမထထိုင်ခြင်းများကို ပြုလုပ်နေကြ၏။ ညနေဆောင်း၍ မှောင်စပျိုးချိန်၌ သူရတို့တည်းခိုနေသည့် ဘုန်းကြီးကျောင်းအပြင်ဘက်ကနေ ငှက်ဆိုးများ၏ ကျက်သရေမင်္ဂလာမရှိသောအသံကြီးက ဆူညံပွက်လောရိုက်နေလေ၏။ တချို့ကိုရင်ကြီးတွေ ကျောင်းသားကြီးတွေက ထလာကြပြီး ထိုငှက်ဆိုးများကို ခဲဖြင့်တဖုံ၊ အသံဖြင့်တဖုံ ချောက်လန့်မောင်းထုတ်လိုက်ကြသည်။
ငှက်ဆိုးများအကုန်ပျံသန်းသွားသောအခါ တစ်ကျောင်းလုံး ပြန်လည်တိတ်ဆိတ်သွားခဲ့လေ၏။ သက်ကြီးခေါင်းချချိန်သို့အရောက်၌ ကျောင်းထဲကိုပြေးဝင်လာသည့် ခြေသံများကို ကြားလိုက်ရ၍ သူရတို့ဆရာတပည့်တွေ နိုးလာခဲ့ကြ၏။ ကျောင်းပေါ်သို့တက်ကြည့်ကြရာ၌ သူကြီးတပည့်အောင်ကြီးဆိုသူနှင့် ကာလသားနှစ်ယောက်ဖြစ်နေ၏။ အောင်ကြီးက သူရကိုမြင်တာနှင့် ရွာထဲမှာ သရဲဝင်အပူးခံနေရကြောင်းပြောကာ လာပင့်တာဖြစ်ကြောင်း ပြောပြလေ၏။ သူရတို့ဆရာတပည့်လည်း အချိန်မဆိုင်းပဲ လွယ်အိတ်ကိုယ်စီနှင့် ရွာထဲကိုထွက်လာခဲ့ကြ၏။
“ဘယ်ကနေဘယ်လို သရဲဝင်ပူးတာလဲသိလား ကိုအောင်ကြီး။”
“ကျုပ်ကြားတာကတော့ အခုသရဲဝင်ပူးခံနေရတာ မနွဲ့စန်းဆိုတဲ့ အမျိုးသမီးဗျ။ သူကရွာထဲကနေ အိမ်အလည်သွားပြီးအပြန်မှာ ခြံဝကိုရောက်တော့ နောက်ပြန်လေးဖက်ကြီးထောက်ပြီး ဝင်လာတာတဲ့။ သူ့အိမ်ကလူတွေလည်း အကုန်လန့်အော်တော့ ဘေးပတ်ဝန်းကျင်ကလူတွေရောက်လာပြီး ချုပ်ထားကြတယ်။ ကျုပ်က ဆရာလေးတို့ပြောထားတာ သတိရပြီးလာခေါ်တာဗျ။”
“ဟုတ်ကဲ့ပါကိုအောင်ကြီး။”
ပယောကုရမည့်အိမ်ကိုရောက်သောအခါ သူရက လူနာရှင်များထံခွင့်တောင်း၍ ဘုရားကိုဦးတိုက်ကာ ပယောဂကိုစတင်ကုသပေးလေ၏။
“ဒီအမျိုးသမီးခန္ဓာထဲမှာ ဝင်ပူးကပ်နေတာ သင်ကဘာအလိုရှိလို့လဲ။”
“ငါ့ဘာသာ ဘာပဲအလိုရှိရှိ နင်နဲ့ဘာဆိုင်လဲ!!။”
“အရင်ဆုံး သင်ဘုရားကိုဦးတိုက်လိုက်ပါ။”
“ဘာဟဲ့ နင်ခိုင်းတိုင်းလုပ်ရအောင် နင်ကငါ့လင်လား။!!”
“အပြောအဆိုကြမ်းတမ်းပြီး ခေါင်းမာနေတဲ့သင့်ကို ကျွန်ုပ်အာဏာစက်သုံးပြီး ဆုံးမရတော့မှာပဲ။ ဘုရားကိုတောင်ဦးမတိုက်တဲ့ ဒီလိုအမိုက်မကို ဆိုင်ရာပိုင်ရာပုဂ္ဂိုလ်က ဆံပင်ကနေဆွဲ၍ ဦးခေါင်းကိုကြမ်းပြင်နဲ့သုံးခါတိတိဆောင့်ချပြီး ဘုရားကိုဦးတိုက်ခိုင်းစေ။”
သူရ၏ အာဏာအသံအဆုံးမှာ လူနာအမျိုးသမီးက စူးရှစွာအော်၍ ကြမ်းပြင်ကိုတဒုန်းဒုန်းနှင့်ဆောင့်၍ ဘုရားကိုဦးတိုက်နေလေ၏။ ဘုရားဦးတိုက်၍အပြီး၌ …
“ကဲပြောစမ်း သင်ဒီအမျိုးသမီးကိုယ်ထဲဘာကြောင့်ဝင်နေရတာလဲ။”
“ငါ့ကိုခိုင်းလို့လုပ်တာ။”
“ခိုင်းတာဆိုတော့ ဘယ်သူကခိုင်းတာလဲ။”
“ဒီရွာမြောက်ဘက်သင်္ချိုင်းမှာ နင့်ကိုစောင့်နေတဲ့ ဆယ့်နှစ်ကြိုးခင်မြ ဆိုတာရှိတယ်။ သူခိုင်းတာပဲ။”
“ဘယ်လို ကျွန်ုပ်ကိုစောင့်နေတယ်ဟုတ်လား။”
“ဟင်းဟင်းဟင်း အ…အားးးးးး။”
လူနာအမျိုးသမီးသည် တစ်ကိုယ်လုံးတုန်တက်၍ အသံနက်ကြီးဖြင့်အော်ကာ မေ့လဲကျသွားလေ၏။ သတိပြန်ရလာချိန်၌ သူရက ပယောဂကျန်မကျန်စစ်ပေးကာ ရွာဦးကျောင်းဘက်ကို ပြန်လျှောက်လာခဲ့လိုက်၏။
“ဆရာ ဒီသရဲမပြောသွားတာက အတော်ထူးဆန်းတာပဲ။ ဆရာ့ကို စုန်းမတစ်ယောက်ကစောင့်နေတယ်ဆိုပါ့လား ပြီးတော့ ဒီသရဲမက ကောက်ကာငင်ကာကြီး ဘယ်လိုထွက်သွားတာလဲဆရာ။”
“သူ့ကိုခိုင်းတဲ့စုန်းက မလိုအပ်ပဲငါ့ကိုဒါတွေပြောလိုက်လို့ သူ့ဝိဉာဉ်ကိုပြန်ခေါ်ပြီး နှိပ်စက်လိုက်တာပဲကွ။ ဆယ့်နှစ်ကြိုးခင်မြဆိုတာ ဝမ်းတွင်းပညာသည်မျိုးပဲ။ တိမ်ညွန့်စားတဲ့စုန်းအဆင့်ထိတောင် သူကရောက်နေပြီ။ ငါ့ကိုဘာကြောင့် လာစောင့်နေရတာလဲဆိုတာတော့ စဉ်းစားစရာပဲ။ ဒီကိစ္စတွေ အထက်ပုဂ္ဂိုလ်ကြီးတွေဆီကို မေးကြည့်ရအုံးမယ်။”
ဤသို့ဖြင့် သူရသည် ရွာဦးကျောင်းသို့ပြန်ရောက်သောအခါ ဘုရားရှိခိုး၍ သမထထိုင်နေခဲ့လေ၏။ သူရ၏စိတ်အစဉ်ရှင်းရှင်းလင်းလင်းဖြစ်၍ ကြည်လင်သွားချိန်၌ အထက်အောက်အဖြူဝတ်စုံနဲ့ လူတစ်ယောက်ပေါ်လာကာ သူရကိုတစ်စုံတခုပြောပြပြီး ပျောက်ကွယ်သွားခဲ့လေ၏။ သူရသည် တိတ်ဆိတ်ညိမ်သက်စွာ တရားထိုင်နေချိန် မိန်းမတစ်ယောက်၏ နာနာကျင်ကျင်အော်နေသော အသံကို ကြားလိုက်ရပြီး လူသုံးယောက်စကားပြောသံများကို ကြားလိုက်ရ၏။ သူရသည် တရားဖြုတ်၍ ကျောင်းအောက်ကိုဆင်းလာခဲ့ကာ ရွာမြောက်ဘက်က သင်္ချိုင်းကို တစ်ဦးတည်းထွက်လာခဲ့သည်။
သူရက သင်္ချိုင်းအဝကိုအရောက်၌ ဆူဆူညံအသံများကို စတင်ကြားလိုက်ရ၏။ သို့သော် ချက်ချင်းတိတ်ဆိတ်သွားလေ၏။ သင်္ချိုင်းထဲကို ဝင်လာခဲ့ကာ ဇရပ်ပျက်ကြီးအနီးသို့အရောက်၌ ရပ်တန့်လိုက်လေ၏။ သူရက ဘေးပတ်ဝန်းကျင်ကို မျက်လုံးတစ်ချက်ဝေ့ကြည့်ကာ မထိတထိလေးပြုံးလိုက်လေ၏။
“သင်တို့ပညာစက်နဲ့ပုန်းတာကို သာမန်လူပဲမမြင်နိုင်မယ်။ ကျွန်ုပ်ကတော့ သင်တို့ကိုမြင်နေရပါတယ်။ အပင်ပန်းခံမနေကြပါနဲ့။ သင်တို့က ကျွန်ုပ်ကိုကလဲ့စားချေချင်နေကြတာမလား၊ အခုကျွန်ုပ်တစ်ယောက်တည်း သင်တို့သုံးယောက်အရှေ့မှာရပ်နေပြီ သင်တို့သတ်နိုင်ရင် သတ်ရပြီပဲ။”
သူရ၏ကြည်လင်ပြတ်သားလှသော စကားအသံဆုံး၌ ယောက်ျားနှစ်ယောက်နှင့် မိန်းမတစ်ယောက်က ဇရပ်ပျက်ကြီးပေါ်ကနေ ဘွားခနဲပေါ်လာခဲ့လေ၏။ ထိုသူတို့သုံးဦးအနက် ယောက်ျားတစ်ဦးက သူကြီးဦးဘိုးခင်ဆိုသူ ဖြစ်နေလေ၏။ ထိုသူတို့သုံးဦးက ဇရပ်ပေါ်ကနေဆင်းလာခဲ့ကာ သူရကိုသေချာစူးစိုက်ကြည့်နေကြ၏။ သူရက ဦးဘိုးခင်ကိုကြည့်၍…
“သင့်ရဲ့ရုပ်ပြောင်းရုပ်လွှဲပညာက အတော်ကိုထက်မြက်လှပါတယ်စံမဲ။ သင့်ကိုအစက ကျွန်ုပ်တပည့်တွေတောင် တကယ်သူကြီးထင်သွားကြတာ။ သင်တို့က ဒီရွာလူကြီးတစ်ဦးတည်းရှိနေတုန်းမှာ သတ်ပြစ်ပြီး သူ့နေရာမှာ စံမဲကိုရုပ်ပြောင်းခိုင်းပြီး ကျွန်ုပ်ကို ဒီရွာကိုမရောက်ရောက်အောင်ခေါ်လာခဲ့တယ်ဆိုတာ ကျွန်ုပ်သိပါတယ်။ ကဝေမင်းနောင် သင့်ရဲ့ပညာအစွမ်းကိုလည်းကျွန်ုပ်ကြားမိသလို၊ ဟော့ဒီဘက်က ဆယ့်နှစ်ကြိုးခင်မြဆိုတဲ့အမျိုးသမီးရဲ့အစွမ်းကိုလည်း သိထားပါတယ်။”
ထိုအခါ သူကြီးဦးဘိုးခင်ရုပ်ကနေ စံမဲဆိုသူက သူ၏ပင်ကိုယ်ရုပ်အသွင်ကိုပြောင်းလိုက်လေ၏။
“မင်းလိုဆရာပေါက်စနေလေးကို ငါတို့ဆရာကြီးတွေရှုံးပြီးအသက်ပေးခဲ့ရတာ ငါယုံတောင်မယုံနိုင်ဘူး။ ငါတို့ဆရာကြီးတွေ သတ်ခဲ့တဲ့မင်းကို ပြန်လက်စားချေချင်လွန်းလို့ လိုက်ရှာနေတာအတော်ကြာပြီ။ အခုမှငါတို့ဆန္ဒပြည့်ဝတော့မယ်။ မခင်မြနဲ့ကိုမင်းနောင် ကျုပ်ကိုအရင်တိုက်ခွင့်ပြုဗျာ။”
မင်းနောင်နဲ့ခင်မြက ခေါင်းငြိမ့်ပြပြီး လက်ပိုက်ကာကြည့်နေကြလေ၏။ စံမဲဆိုသူက သူ၏လွယ်အိတ်ကိုကိုင်ရင်း သူရနဲ့ဝါးတစ်ပြန်အကွာကို လျှောက်လာခဲ့လေ၏။
“သင်တို့ဆရာတွေအတွက် သင်တို့ခံစားရမယ်ဆိုတာ ကျွန်ုပ်နားလည်ပါတယ်။ ဒါပေမဲ့ သင်တို့ဆရာတွေက အကုသိုလ်အပြစ်တွေကို ပြုလုပ်ခဲ့လို့ ကျွန်ုပ်က အထက်ပုဂ္ဂိုလ်ကြီးတွေအစား ဒဏ်ခတ်ပေးခဲ့ရတာပါ။ သင်တို့အနေနဲ့လည်း မကောင်းတဲ့အကုသိုလ်တွေ ပြုလုပ်နေတာ ရပ်တမ်းကရပ်ပါ။ ဒီလိုမှမဟုတ်ရင် ကျွန်ုပ်သင်တို့ပညာကိုနှုတ်ယူရပါလိမ့်မယ်။”
စံမဲဆိုသူက သူရစကားကိုနားထောင်၍ ဟားတိုက်ရယ်မောလိုက်၏။
“ဟားဟားဟား ဟေ့ကောင် မင်းကိုယ်မင်းသိပ်စွမ်းလှတယ်ဆိုပြီး ပညာဂုဏ်မာန်တက်မနေနဲ့။ ငါ့ရဲ့ပညာအစွမ်းကိုပဲ မင်းအရင်နိုင်အောင်တိုက်ပါအုံး။”
“ကဲ ပြောလို့မှမရလေတော့လည်း တိုက်ချင်သပဆိုက တိုက်ပါစံမဲ။ သင့်ဘက်ကသုံးကြိမ်တိတိတိုက်တာကို ကျွန်ုပ်အနေနဲ့ခုခံပြပါ့မယ်။ သင်တိုက်ပြီးရင် ကျွန်ုပ်တစ်ကြိမ်ပဲ သင့်ကိုပြန်တိုက်တဲ့အခါကြရင်သာ သင်ခုခံနိုင်အောင်ကြိုးစားပါ။”
“ဟား မင်းသာ ငါ့ပညာနဲ့မသေအောင်အရင်လုပ်အုံး။ ”
စံမဲဆိုသူက ပြောပြီးတာနှင့် သူ၏လွယ်အိတ်ထဲကနေ အနက်ရောင်ကျွဲရုပ်လေးကိုထုတ်၍ ဂါထာတစ်ပုဒ်ကိုရွတ်နေလေ၏။ ဂါထာပြီးဆုံးသည့်အခါ၌ ကျွဲရုပ်လေးကို မြေပြင်ပေါ်ပစ်ချ၍ ဖနောင့်ပေါက်ကာ ဟဲ့ခနဲငေါက်လိုက်သည့်အခါ ကျွဲရုပ်လေးက တဖြည်းဖြည်းအရွယ်အစားကြီးမားလာပြီး လူ့တစ်ရပ်ကျော်အရောက်၌ အသက်ဝင်လာခဲ့၏။ မျက်လုံးနီနီကြီးနှင့် သူရကိုစိုက်ကြည့်ကာ နှာတွေတဖူးဖူးမှုတ်၍ ခွာတွေယက်ပြီး သူရကိုပြေးဝင်ခွေ့လေ၏။ သူရသည် လက်နှစ်ဖက်ကိုနောက်ပြစ်၍ နေရာကပင်မရွေ့ပဲ မတ်တပ်ရပ်နေခဲ့သည်။
ကျွဲကြီးက သူရအနားကိုအရှိန်နဲ့ရောက်လာပြီး ပြေးဝင်ခွေ့ချိန်၌ ဒိန်းခနဲဆိုသလို အကာအရံတစ်ခုကိုတိုက်မိကာ နောက်ကိုပက်လက်လှန် လဲကျသွား၏။ ကျွဲကြီးသည် ခေါင်းကိုခါရမ်း၍ ပြန်ထလာကာ သူရကိုထက်မံ၍ ဝင်ခွေ့ပြန်၏။ သူရ၏အရှေ့က အကာရံကိုသာ တိုက်မိပြီး မြေကြီးပေါ်ဝုန်းခနဲလဲကျသွားချိန်၌ သူရသည် မူလပြန်စေသောမန္တာန်ကို ကျွဲရုပ်ကိုလက်ညိုးထိုး၍ ရွတ်ဖတ်လိုက်ရာ ကျွဲကြီးသည် တဖြည်းဖြည်းသေးငယ်သွားကာ မူလအရုပ်ကလေးပြန်ဖြစ်သွား၏။ သူရက တစပ်တည်းဆိုသလို”ဟဲ့ အသက်ပြန်သွင်းမရစေရ”ဟု အာဏာစက်သုံးလိုက်လေ၏။ စံမဲက တိုက်ကျွဲအသက်သွင်းဂါထာကို ရွတ်ဖတ်သော်လည်း ကျွဲရုပ်ကအသက်ဝင်မလာတော့တာကြောင့် သူ၏လွယ်အိပ်ထဲကနေ ဆေးနီမှုန့်များကိုထုတ်လိုက်ကာ နောက်တစ်မျိုးတိုက်ရန် ကြံစည်လိုက်၏။
ဆေးနီမှုန့်များကိုဆုပ်၍ ဂါထာမန္တာန်တစ်ပုဒ်ကိုရွတ်ဖတ်ကာ သူရဆီကိုပစ်ပေါက်လိုက်သောအခါ ဆေးနီမှုန့်တွေထဲကနေ မြွေတွေထွက်လာကာ သူရဆီကိုလာနေကြ၏။ သူရ၏လက်တစ်ကမ်းအကွာကိုအရောက်၌ မြွေများသည် မီးလောင်ကျွမ်းကာ ပြာကျသွားလေ၏။ မြွေတွေအကုန်လုံးပျောက်သွားတာနှင့် စံမဲသည် မျက်နှာကြီးနီ၍ ဒေါသများထွက်လာကာ သူ၏လွယ်အိတ်ထဲကနေ အင်းပြားကြီးတစ်ချပ်ကိုထုတ်၍ သက်ဆိုင်ရာဂါထာကိုရွတ်ဖတ်ကာ သူရဆီပစ်ပေါက်လိုက်၏။ သူရသည်လေပေါ်မှာတင် အင်းကိုကာထားလိုက်ပြီး မထိတထိကလေးပြုံးကာ” သင်တိုက်တာသုံးခါပြည့်ပြီစံမဲ။ ကျွန်ုပ်ပြန်တိုက်အလှည့်ပဲ။ သင့်အင်းပြားကိုသာ သင်ပြန်ယူလိုက်ပါ။”ဟု ပြော၍ စံမဲဆီကို အင်းပြားပြန်ပစ်ပေးလိုက်၏။ စံမဲသည် မျက်လုံးမျက်ဆန်ပြူးကာ မင်သက်နေချိန် သူ၏အင်းပြားကသူ့ကိုထိမှန်သွားကာ ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ပြာကျသွားလေ၏။
“သဗ္ဗေသတ္တာကမ္မသကာပါပဲလေ။ သူပေးရင် ပေးတဲ့အတိုင်းပြန်ရသွားတာပဲ။”ဟု သူရကရေရွတ်လိုက်၏။ ထိုစဉ်သူရဆီကို အလင်းတန်းတစ်ခုက ဝုန်းခနဲဆိုသလို ရောက်လာချိန် သတိကောင်းသည့်သူရက ညာလက်ပြန်နှင့် ရိုက်ချလိုက်၏။ ဆယ့်နှစ်ကြိုးခင်မြဆိုသည့်မိန်းမက သူ၏ပညာစက်နှင့် ပစ်လွှတ်လိုက်ခြင်းဖြစ်ပေ၏။ သူရသည် လက်သီးကိုဆုပ်၍ အကာရံမန္တာန်တစ်မျိုးရွတ်ကာ သူ၏ရှေ့၌ ဝါးတစ်ပြန်စာမျှရှည်သည့် စည်းကိုတားပြီး ရွှေအိုရောင်အကာရံတစ်ခုကာထားလိုက်၏။
“အမိ သင့်အနေနဲ့ ကျွန်ုပ်ယခုတားထားတဲ့စည်းအကာရံကို ဖောက်ထွင်းပြီး ကျွန်ုပ်ကိုသင့်ပညာစက်နဲ့ပစ်နိုင်ရင် ကျွန်ုပ်သင့်ပညာစက်ကိုမကာပဲ ဒီအတိုင်းရပ်နေပါ့်မယ်။ သင့်အနေနဲ့သုံးကြိမ်တိတိတိုက်ပါ။”
“ဟဲ့ကောင်စုတ် နင်ပြောတဲ့အတိုင်းလုပ်ရအောင် နင်ကဘာကောင်မို့လို့လဲ။ ငါ့ကိုအမိန့်တွေလာမပေးနဲ့ ဒါကအသက်ခြင်းစတေးပြီးပြိုင်တဲ့ပွဲ နင့်ကိုနင်သာမသေအောင်ဂရုစိုက်ဟေ့။”
ဆယ့်နှစ်ကြိုးခင်မြက လက်ဖမိုးကိုလှည့်၍ စိမ်းပြာရောင်ပညာစက်ကိုထုတ်ကာ သူရထံကိုပစ်လွှတ်လိုက်၏။ သို့သော် သူရ၏စည်းအကာရံကိုသာ ဝုန်းခနဲထိမှန်၍ မီးထတောက်သွားခဲ့၏။ ခင်မြသည် တောက်တစ်ချက်ခတ်ကာ သူ၏လက်နှစ်ဖက်ကိုပူး၍ အနီရောင်ပညာစက်ကိုထုတ်ပြီး ထက်မံ၍ပစ်လွှတ်လိုက်သည်။ သူရ၏စည်းအကာရံကိုထိမှန်၍ သူမဆီကိုသာ တန်ပြန်ထိသွားပြီး နောက်ကိုလွင့်ထွက်သွားခဲ့လေ၏။ ပါးစောင်ကနေ သွေးများယိုစီးကျလာကာ ဝမ်းဗိုက်ကို လက်နှင့်ဖိထားလေ၏။
“ကို… ကိုမင်းနောင်… ရှင်သူ့ကို မရရအောင်..သတ်ပေးပါ။”
ကဝေမင်းနောင်က ခင်မြအနားကိုသွား၍ ပွေ့ထူလိုက်၏။ ခင်မြသည် သူ၏ပါးစပ်ထဲကနေ စုန်းပညာဗူးကိုထုတ်ကာ ကဝေမင်းနောင်ကိုပေးအပ်လိုက်သည်။ စုန်းပညာဗူးပေးပြီးချိန်၌ ခင်မြသည် သေဆုံးသွားလေ၏။ ကဝေမင်းနောင်သည်
စုန်းပညာဗူးကို ဂါထာတစ်ပုဒ်ရွတ်၍ သူ၏ဝမ်းအတွင်းသို့ မြိုချလိုက်လေ၏။ သူရသည် သူ၏စည်းအကာရံကိုဖြတ်လိုက်ကာ ခေါင်းကိုတွင်တွင်ခါ၍ “ကဝေမင်းနောင် သင့်အနေနဲ့ ကျွန်ုပ်ကိုအနိုင်ယူချင်လို့ စုန်းပညာဗူးကိုယူလိုက်တာဟာ သင့်အမှားပဲ။ ကဝေနဲ့စုန်း မတူညီတဲ့ပညာနှစ်ခု သင့်ခန္ဓာကိုယ်ထဲမှာအားပြိုင်ကြပြီး နောက်ဆုံးမှာ သင်ပဲအသက်ဆုံးရှုံးရလိမ့်မယ်။”ဟု ပြောလိုက်လေ၏။
ကဝေမင်းနောင်က အံကိုကြိတ်၍ “ငါသေခဲ့မယ်ဆိုရင်တောင် မင်းကိုသတ်ပြီးမှ ငါသေမယ်။ ငါတို့ရဲ့ကလဲ့စားတွေ ဒီဘဝမှာမချေနိုင်ခဲ့ရင် နောင်ဘဝအဆက်ဆက်မှာ မင်းကိုငါတို့သုံးယောက် ပြန်လာသတ်မယ်။ ငါတို့ငရဲကျခဲ့ရင်တောင် မင်းကိုသတ်ဖို့ ပြန်လာခဲ့မယ်။ ရော့ကွာ ..!!။” ဟူ၍အော်ကာ သူ၏လက်ကိုလွှဲပစ်လိုက်ချိန် ဝုန်းခနဲဆိုသလို မီးတောက်လုံးတစ်ခုက သူရဆီကိုတည့်တည့်ဝင်လာလေ၏။ သူရသည် ညာလက်ပြန်ရိုက်ချလိုက်သောကြောင့် ထိုမီးလုံးသည် အဝေးကိုလွင့်စင်သွားကာ ဝုန်းခနဲ ပေါက်ကွဲသွား၏။ မင်းနောင်သည် သူ၏ပညာစက်များကို ဆံပင်များမှတဆင့်ထွက်အောင်ပြုလုပ်၍ ဆံပင်ကိုခါရမ်းလိုက်ချိန် မိုးရွာသကဲ့သို့ ပညာစက်များက သူရဆီကိုပြေးဝင်လာကြလေ၏။ သူရသည် ညာလက်နှင့်ကာလိုက်သောကြောင့် ရွှေအိုရောင်တောက်ပသည့် အကာရံကြီးတစ်ခုပေါ်လာကာ ထိုအကာရံကိုသာပညာစက်များကထိမိပြီး တအုန်းအုန်းမြည်၍ ထပေါက်ကွဲသွားကြလေ၏။
ပညာစက်များပျောက်ကွယ်သွားချိန် သူရသည်အကာရံကိုဖယ်ရှား၍ မင်းနောင်ကိုကြည့်မိသောအခါ မင်းနောင်၏ခန္ဓာကိုယ်သည် တဖြည်းဖြည်းပညာစက်အရောင်မျိုးစုံက ဖုံးလွှမ်းလာခဲ့လေ၏။ မင်းနောင်က ထိုအရာကိုပင် သဘောအကြကြီးကြကာ သူရဆီကိုပညာစက်တွေနှင့် ပစ်ပေါက်လွှတ်လေ၏။ ထူးဆန်းသည်မှာ မင်းနောင်ပစ်သော ပညာစက်တိုင်းက ပေါက်ကွဲထွက်နေခြင်းဖြစ်လေ၏။ သူရသည် သူပြန်တိုက်စရာမလိုမှန်းသိနေသောကြောင့် မင်းနောင်၏စုန်း၊ကဝေပညာစက်များကိုသာ ကာထားခဲ့လေ၏။ မင်းနောင်သည် သူရကို သူဘယ်လိုပင်ပင်တိုက်တိုက် မထိရောက်တာကို သိရှိသွားကာ သူ၏လက်ထဲကိုပညာစက်များ အကုန်စုနေခဲ့၏။ ပညာစက်များသည် သူ၏ဦးခေါင်း၊ ခြေ၊ လက်စသည့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကနေ လက်ထဲသို့စီးဝင်နေတာကို အတိုင်းသားမြင်နေရလေ၏။
မင်းနောင်သည် ပညာစက်များစုပြီးတာနှင့် သူရကိုပစ်ရန်ကြံရွယ်လိုက်သော်လည်း ပညာစက်များကသူ၏လက်ကလွတ်ထွက်မသွားပဲ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်စီးဝင်သွားလေ၏။ မင်းနောင်သည် မျက်လုံးပြူးလျှက် အံ့ဩသွားကာ သူ၏ရင်ဘက်ဆီကနေ ပညာစက်တွေ ဝုန်းခနဲဖောက်ထွက်လာကာ ပေါက်ကွဲသွားသောကြောင့် မင်းနောင်သည် ရင်ဘက်ပွင့်လျှက် သေဆုံးသွားလေ၏။ မင်းနောင်သေဆုံးသွားပြီးခဏအကြာ၌ သူ၏အလောင်းကို ငရဲမီးတောက်က ပြာတစ်မှုန်ပင်မကျန်အောင် ဝါးမျိုခဲ့လေ၏။ သူရသည် လက်နှစ်ဖက်ကိုနောက်ပြစ်၍ တည်ညိမ်လွန်းလှသည့်လေသံနှင့်
“ရန်ငြိုးတွေ၊ အမုန်းတရားတွေ၊ အာဃာတတွေ၊ ဒေါသတွေ၊ မောဟတွေနဲ့ သောကတွေဟာ ငရဲမီးတမျှပူလောင်ရင်း ကိုယ့်ကိုယ်ကိုယ် လောင်ကျွမ်းနေရှာတယ်ဆိုတာ လူမိုက်များအဖို့ ငြိမ်းဖို့ပင်မပြောနဲ့ သိတောင်မသိရှာကြပေဘူး။ မေတ္တာတရားကိုသာ နေရာတိုင်းမှာအသုံးပြုခဲ့ကြရင် မဂ်ဖိုလ်နိဗ္ဗာန်ဟာ ဧကန်မလွဲရောက်ရပေလိမ့်မယ်။ မကောင်းတဲ့ပညာကိုသင် မကောင်းတဲ့အလုပ်ကိုလုပ် မကောင်းတဲ့အကျင့်တွေသာ ပြုလုပ်နေကြတော့ သင်တို့သုံးယောက်ကို မဟာအဝီစိငရဲက စောင့်ကြိုနေပါလိမ့်မယ်။ ငရဲဆိုတာ ပြောပြရင်ပုံပြင်ထင်ပြီး လက်တွေ့မှာ ဂေါတမဘုရားရှင်ကိုယ်တော်မြတ်ကြီးတောင် မကယ်တင်နိုင်တာ သင်တို့သိပါလိမ့်မယ်။ သဗ္ဗေသတ္တာကမ္မသကာ။ ကိုယ့်မိုက်ပြစ်နဲ့ကိုယ်တွေပါပဲ။” ဟု ရေရွတ်၍ သင်္ချိုင်းထဲက ပြန်ထွက်လာချိန်၌ ရွာဦးကျောင်းက အုန်းမောင်းခေါက်သံကို ကြားလိုက်ရလေတော့သတည်း။
~~~~
ပြီးပါပြီ။
တတ်သည့်ပညာတိုင်းအား ကောင်းတာလုပ်ပါမူ…
ကောင်းသည့်ပညာသာဖြစ်၏။
တတ်သည့်ပညာတိုင်းအား မကောင်းတာလုပ်ပါမူ…
မကောင်းသည့်ပညာသာဖြစ်၏။
အဖြူနဲ့အမဲဟာ ဒွန်တွဲနေ၏။
(ဆက်လက်ကြိုးစားပါအုံးမည်)
#မိုးထွန်း(မကွေး)
Zawgyi Version
ငါတို႔ ငရဲကျပန္ခဲ့မယ္ (စ/ဆုံး)
———————————–
မဟာဂႏၶာရီ(အထက္လမ္း)ပညာ၊ စူဠဂႏၶာရီ(အလယ္လတ္)ပညာ၊ ဇနပဒဂႏၶာရီ(ေအာက္လမ္း)ပညာဟုေခၚေသာ ပညာရပ္ႀကီးသုံးမ်ိဳး၏လမ္းစဥ္ေပၚက ပညာရွင္ေတြၾကား၌ အထက္လမ္းဆရာေလး ပါရမီရွင္ေမာင္သူရရယ္လို႔ ေက်ာ္ၾကားလွေသာဂုဏ္သတင္းအား တခ်ိဳ႕ခ်ီးမြမ္းေျပာဆိုၾကသလို၊ တခ်ိဳ႕ၾကကံထေနတာပါဟူ၍ အမ်ိဳးမ်ိဳးေျပာဆိုၾကကုန္၏။ သူရသည္ ပညာအစြမ္းထက္လာခဲ့သလို ေအာက္ပညာရွင္အမ်ားစုဟာလည္း သူရကိုအၿငိဳးအေတးထားလာခဲ့ၾကသည္။ သူရကိုအဓိကအၿငိဳးအေတးထားသူ (သို႔မဟုတ္) သတ္ျဖတ္ဖို႔ေခ်ာင္းေနၾကသူေတြက ေအာက္ပညာရွင္ေတြထဲမွာ ထင္ေပၚေက်ာ္ၾကားၾကသည့္ ကေဝမင္းေနာင္၊ ဆယ့္ႏွစ္ႀကိဳးခင္ျမ၊ ႐ုပ္ေျပာင္း႐ုပ္လႊဲေမာင္စံမဲဆိုသည့္ လူသုံးဦးတို႔ပါေလ၏။
ထိုသူတို႔သည္ အဘယ့္ေၾကာင့္ သူရအေပၚ၌ အၿငိဳးအေတးႀကီးစြာ သတ္ျဖတ္ဖို႔ေခ်ာင္းေနၾကသလဲဆိုရင္ ကေဝသခင္မေလး၏ အနီး၌ ေစာင့္ေရွာက္ခဲ့ၾကေသာ ကေဝႀကီးငါးဦးအနက္ သုံးဦးက သူတို႔၏ဆရာသခင္ႀကီးမ်ားျဖစ္ေပ၏။ သူရက ထိုကေဝႀကီးငါးဦးကိုရွင္းလင္းျပစ္ခဲ့သလို၊ ကေဝသခင္မေလးကိုလည္း ရွင္းခဲ့၏။ ထို႔ေၾကာင့္ မင္းေနာင္တို႔ဟာ သူရ ရွိမည့္အရပ္ကိုစုံစမ္း၍ အခါအခြင့္သင့္လွ်င္ သူရကိုသတ္ဖို႔ေခ်ာင္းေနခဲ့ၾကေလ၏။ သူတို႔သုံးဦးလုံးစုံစမ္း၍ ျပန္ဆုံၾကခ်ိန္၌ သူရေရာက္ေနသည့္အရပ္ကို သိရွိသြားၾကကာ သုံးဦးစလုံး ထြက္လာခဲ့ၾကေတာ့ေလသတည္း။
&&& &&&
ေဆာင္းရာသီ၏ အေအးဓာတ္တို႔က အညာေဒသ၌ ေန႔အခါမွာေတာင္ အနည္းငယ္အေအးဓာတ္ရေန၏။ အညာေႏြသည္ အ႐ိုးကြဲေအာင္ပူသလို၊ အညာေဆာင္းသည္လည္း အ႐ိုးခဲမတတ္ခ်မ္းတာကိုေတာ့ အညာေရာက္ဖူးသူတိုင္းသိေလ၏။ ေဆာင္းနံနက္ခင္းေလး၏အစ၌ ေျခာက္နာရီပင္ထိုးေသာ္ျငားလည္း ေနမထြက္ေသးေပမဲ့ မွိန္ျပျပအလင္းေရာင္ေလးေၾကာင့္ ျမဴမ်ားပ်ံ႕လြင့္ေနတာကိုေတာ့ ျမင္ႏိုင္ေလ၏။ ျမဴေတြၾကားထဲကေန လူငယ္သုံးဦးကေတာ့ ခ်မ္းလြန္းလွသည့္နံနက္ခင္းမွာ အေႏြးထည္မပါပဲ ခတ္ပါးပါး ေယာဂီဝတ္စုံမ်ားႏွင့္ တစ္ေနရာရာသို႔ဦးတည္၍ ေလွ်ာက္ေနၾကေလ၏။ ထိုလူငယ္သုံးဦးအနက္ အေရွ႕ကေနဦးေဆာင္၍ သြားေနေသာလူငယ္က ရပ္လိုက္ကာ…
“ေစာသနဲ႔ခြန္းသ ဟိုေရွ႕ကဇရပ္မွာ ခဏေတာ့နားၾကရေအာင္။ ငါတို႔ေလွ်ာက္လာခဲ့တာလည္း အေတာ္ၾကာေနၿပီ။”ဟု ေျပာလိုက္ေသာအခါ အေနာက္ကလူငယ္ႏွစ္ဦးသည္ “ဟုတ္ကဲ့ဆရာ”ဟူ၍ျပန္ေျပာၿပီး ေညာင္ပင္ႀကီးတစ္ပင္ေဘးက ယိုင္နဲ႔နဲ႔ဇရပ္ကေလးေပၚသို႔ တက္လာခဲ့ၾက၏။ ဇရပ္ေပၚ၌ ဖုန္သဲမ်ားခါ၍ ထိုဆရာတပည့္သုံးဦးသား ထိုင္လိုက္ၾကေလ၏။
“ဆရာ ဒီေနရာက နည္းနည္းထူးဆန္းေနသလိုပဲေနာ္။ ဒီေလာက္ေအးေနတာေတာင္မွ ဇရပ္ထဲဝင္လိုက္တာနဲ႔ ေႏြးသြားတယ္။”
“ဒီဇရပ္က ထူးဆန္းမွာေပါ့ကြာ။ မတူညီတဲ့အစြမ္းသိဒၶိေတြက ရာသီအလိုက္ေျပာင္းေနတာေလ။”
“ဗ်ာ….. အဲဒါက ဘယ္လိုမ်ိဳးလဲဆရာ။ ကြၽန္ေတာ္တို႔ကိုရွင္းျပပါ့လား။”
” ငါမင္းတို႔ကိုဒီအေၾကာင္းေလး နည္းနည္းေျပာျပပါ့မယ္။ ဒီဇရပ္ကို ဆန႔္က်င္ဘက္ဇရပ္လို႔ေခၚၾကတယ္။ ဘာေၾကာင့္လဲဆိုရင္ ေႏြမွာေအးၿပီး ေဆာင္းရာသီနဲ႔မိုးရာသီမွာေတာ့ ပူတယ္ကြ။ ဘာ့ေၾကာင့္ေႏြမွာေအးၿပီးေဆာင္းမွာပူသလဲဆို၊ လြန္ခဲ့ႏွစ္ငါးဆယ္တုန္းက ေမာင္သာလူးလို႔ေခၚတဲ့ သူေဌးသားတစ္ေယာက္က ဒီဇရပ္ကိုေဆာက္ခဲ့တယ္ကြ။ ဘာေၾကာင့္ေဆာက္လဲဆိုရင္ သူယူမယ့္မိန္းမပ်ိဳေလးဟာ မဂၤလာေဆာင္ခါနီးမွာ ႐ုတ္တရက္ဆုံးပါးသြားခဲ့လို႔ သူ႔ရင္ထဲမွာအပူမီးေတာက္ေလာင္ခဲ့တယ္။ ဒါေၾကာင့္ လူတိုင္း သူေဆာက္တဲ့ဇရပ္မွာ ဝင္ခိုနားခဲ့ရင္ ေအးခ်မ္းၾကပါေစလို႔ သစၥာအဓိဌာန္ျပဳခဲ့တယ္။ သူဟာ သူေတာ္ေကာင္းတစ္ဦးမလို႔ နတ္ေတြဟာ သူ႔အလိုအက်ျဖည့္ဆည္းေပးခဲ့ရတယ္။”
“ဒါဆို အခုပူေနတာကေရာ သူလုပ္တာပဲလားဆရာ။”
“မဟုတ္ဘူးကြ။ ဒါကိုအက်ဥ္းခ်ဳပ္ထပ္ေျပာျပမယ္။ အဲဒီလိုဒီဇရပ္ကို ေမာင္သာလူးက သစၥာဆိုအဓိဌာန္ျပဳခဲ့ၿပီး ႏွစ္ႏွစ္ဆယ္အၾကာမွာ ဒီဇရပ္ေပၚကို စုန္းညီအစ္မေရာက္လာတယ္။ သူတို႔နာမည္ကလွလွနဲ႔ပပတဲ့ ပညာအစြမ္းလည္းအေတာ္ထက္ၾကတယ္ကြ။ ဒါေပမဲ့ သူတို႔က ကေဝေျမာက္စုန္းတစ္ဦးနဲ႔တိုက္ၿပီး နယ္လုခဲ့ၾကရာမွာ ရႈံးသြားလို႔ သူတို႔နယ္ကေနထြက္လာခဲ့ၾကရတာ။ အခုဒီဇရပ္မွာ နားၾကေတာ့ ေဆာင္းတြင္းႀကီးပဲ။ သူတို႔ရဲ႕ရင္ထဲမွာေဒါသအပူမီးေတြေတာက္ေလာင္ေနတုန္းဆိုေတာ့ ဒီဇရပ္ထဲဝင္လိုက္တာနဲ႔ ပိုေအးသြားၾကလို႔ အျမင္ကတ္ၿပီး ဒီဇရပ္ေအာက္ေျခမွာ သူတို႔ရဲ႕မီးစက္ကို ဗူးနဲ႔ထည့္ၿပီး ေျမျမႇဳပ္ခဲ့ၾကတယ္ေလ။ အဲဒီေတာ့ ဒီဇရပ္ေရာက္လာသူေတြက အပူဒဏ္ခံရတာေပါ့ကြာ။ ဒါေပမဲ့ မိုးတြင္းနဲ႔ေဆာင္းတြင္းမွာသာ သူတို႔ရဲ႕မီးစက္ကပူၿပီး ေမာင္သာလူးသစၥာအဓိဌာန္ျပဳထားခဲ့တဲ့ ေႏြရာသီမွာေတာ့ ေအးခ်မ္းမႈကိုေဆာင္ခဲ့တယ္ကြ။ အနီးအနား႐ြာေတြက ဒီဇရပ္ကိုခိုနားၾကတဲ့အခါမွာ ရာသီဥတုနဲ႔ဆန႔္က်င့္ဘက္ေတြ ဒီဇရပ္မွာျဖစ္ေပၚေနတာေၾကာင့္ ဒီဇရပ္ကိုဆန႔္က်င္ဘက္ဇရပ္၊ ရင္ခြင္ဇရပ္လို႔ေခၚတြင္ၾကတယ္။”
“ရင္ခြင္ဇရပ္။ အဲဒါကဘာအဓိပၸါယ္လဲဆရာ။”
“ရင္ထဲမွာ ျဖစ္ေပၚေနတဲ့အရာကို ဘယ္သူမွမသိႏိုင္ဘူးေလ။ လူတစ္ေယာက္က အျပင္မွာေအးစက္စက္ႏိုင္ေနေပမဲ့ သူရင္ဖြင့္တဲ့အခါ ပူေဆြးေသာကမ်ားေနတာမ်ိဳးေတြ၊ လူတစ္ေယာက္က အလုပ္တစ္ခုကို စိုးရိမ္တႀကီး၊ အေလာတႀကီး၊ေဒါသတႀကီး ေျပာဆိုေနေပမဲ့ တကယ္တမ္းသူလုပ္တဲ့အခါ ေအးေအးေဆးေဆးျဖစ္ေနတာမ်ိဳးေတြေလ။ ဒါေတြက သူတို႔ျပင္ပခႏၶာကိုယ္မွာျဖစ္ေနတာေတြနဲ႔ ရင္ထဲမွာျဖစ္ေနတာက တျခားစီမဟုတ္လား။ အဲဒီလိုပဲ ဒီဇရပ္က အျပင္မွာေအးေနရင္ဇရပ္ထဲမွာပူတယ္၊ အျပင္မွာပူေနရင္ဇရပ္ထဲမွာေအးတယ္။ ဒါေၾကာင့္ရင္ခြင္ဇရပ္ဆိုၿပီး ထပ္နာမည္ေပးထားၾကတာပဲ။”
“ဪ ဒီလိုကို။ လူေတြမ်ားအခက္သားလားဆရာရယ္ အလုပ္မရွိအလုပ္ရွာလို႔ ဇရပ္ကိုေတာင္သူတို႔စိတ္တိုင္းၾကနာမည္ေပးေနၾကတာ။”
“လူဆိုတဲ့သေဘာသဘာဝအရက ဒီလိုေတြႀကီးပါပဲ။ အရက္ေသာက္ၿပီးဘုရားေၾကာင္းတရားေၾကာင္းေဆြးေႏြးသူရွိသလို၊ ဘုရားရွိခိုးၿပီး အရက္မေသာက္ရတာၾကာၿပီကြာလို႔ ညီးညဴေနသူေတြမွ တစ္ပုံႀကီးရွိတယ္။ နားလည္ရအခက္ဆုံးသတၱဝါက လူပဲ။ အခုေနေကာင္းလည္း ေတာ္ၾကာဆိုးခ်င္ဆိုးေနတာ။ သူတို႔အႀကိဳက္လိုက္ေနေပးဖို႔ဆိုတာမျဖစ္ႏိုင္ပါဘူး။”
“ဒါနဲ႔ဆရာ ဒီဇရပ္မွာ စုန္းမေတြထားခဲ့တဲ့ မီးစက္ကိုမဖ်က္ေတာ့ဘူးလား။”
“သူတို႔ကေဒါသနဲ႔လုပ္ခဲ့ေပမဲ့ အခုလိုခ်မ္းေအးတဲ့ရာသီမွာ ဒီဇရပ္ေပၚတက္သူတိုင္းေႏြးေနေတာ့ သူတို႔ကုသိုလ္ရပါတယ္ကြာ။ ငါဒီစက္ကိုမဖ်က္ေတာ့ပါဘူး။ သူတို႔ေသလြန္ရင္သာ ပညာကအလိုလိုပ်က္သြားပါလိမ့္မယ္။ ”
“ဟုတ္ဆရာ ဒါနဲ႔ကြၽန္ေတာ္နားမလည္တာကေလ… အဲဒီစုန္းမေတြရဲ႕မီးစက္က ေႏြရာသီမွာဘာလို႔အစြမ္းမျပတာလဲ။”
“သစၥာအဓိဌာန္ဆိုတာက ပါးစပ္ကလြယ္လြယ္သာေျပာေပမဲ့ အင္မတန္မွ ထိေရာက္တာကြ။ ေမာင္သာလူးဟာ သူ႔ရဲ႕ကုသိုလ္ကံအဟုန္အားနဲ႔ ဒီဇရပ္ကိုသစၥာျပဳအဓိဌာန္ခဲ့တာကို စုန္းမရဲ႕မီးစက္ပညာကမယွဥ္ႏိုင္ဘူးေလ။ ဒီေတာ့ေႏြရာသီမွာ ေမာင္သာလူးရဲ႕သစၥာစကားေၾကာင့္ ဒီဇရပ္ကေအးေနတာေပါ့။”
“ဟုတ္ကဲ့ဆရာ။”
သူရတို႔ဆရာတပည့္သုံးဦးက စကားစျမည္းေျပာဆို၍ ထိုင္ေနၾကစဥ္အခ်ိန္ လွည္းတစ္စီးကေရာက္လာခဲ့ကာ ဇရပ္ႏွင့္အနီးမွာရပ္၍ လွည္းေပၚကေန လွည္းေမာင္းသမားႏွင့္ အသက္ခတ္ႀကီးႀကီးလူတစ္ဦးတို႔ ဆင္းလာခဲ့ၾကၿပီး ဇရပ္ေပၚကိုတက္လာခဲ့ၾက၏။ ထိုလူတို႔က သူရတို႔ႏွင့္မလွမ္းမကမ္း၌ထိုင္၍ လွည္းေမာင္းသမားကေဆးလိပ္ဖြာေနသလို လူႀကီးကလည္း ကြမ္းတၿမဳံ႕ၿမဳံ႕ဝါးေန၏။
“ေဟ့ေကာင္ေအာင္ႀကီး မင္းကိုငါစုံစမ္းခိုင္းတဲ့ကိစၥသိရၿပီလား။”
ကြမ္းဝါးေနေသာလူႀကီးက လွည္းေမာင္းသမားကို ေမးလိုက္ျခင္းျဖစ္ေလ၏။
“က်ဳပ္သိရသေလာက္ေတာ့ မေသခ်ာေသးဘူးဗ်။ အဲဒီလူက သခ်ႋဳင္းထဲကို ညအခ်ိန္မေတာ္ဝင္သြားေပမဲ့ ဘာလုပ္တယ္ဆိုတာမွ မသိရတာ။”
“ေအးကြာ မေသခ်ာေသးလို႔ေပါ့။ ေသခ်ာလို႔ကေတာ့ ငါ့႐ြာကေန အဲဒီလူကိုေမာင္းထုတ္ျပစ္မယ္။”
“ေနပါအုံးသူႀကီးရ က်ဳပ္မသိတာက သူႀကီးကဘာလို႔ ဒီလူ႔ကို မေကာင္းတဲ့ပညာသည္လို႔ထင္ေနရတာတုန္း။”
“ဒီလိုေဟ့။ လျပည့္ေန႔က အဲဒီလူသူ႔ၿခံထဲမွာ ဖေယာင္းတိုင္ေတြထြန္းၿပီး ေခါစာပစ္ေနတာကို သာဒိုးကျမင္လိုက္တယ္တဲ့ကြ။ သာဒိုးလည္း ေခါစာပစ္တာက အိမ္ထဲမွာတင္ပစ္ေနေတာ့ မသကၤာတာနဲ႔ ေခ်ာင္းၾကည့္ေနတုန္းမွာတင္ ေခါစာပစ္ထားတဲ့ ဟင္းေတြထမင္းေတြက တက္တက္စင္ေအာင္ေျပာင္သြားဆိုပဲ။ ၿပီးေတာ့ အဲဒီလူကလည္း ရယ္ေမာၿပီး တစ္ေယာက္တည္းစကားေျပာေနတာကို ျမင္ခဲ့ရတယ္တဲ့။ အဲဒါသူက ငါ့ဆီလာေျပာျပတယ္။ ငါလည္း ဒီလူေျပာင္းလာၿပီးတဲ့ေနာက္မွာ ႐ြာသားေတြေတာက္ေလွ်ာက္ နတ္အကိုင္ခံရတာေတြ၊ သရဲကၿငိဳးတာေတြနဲ႔ အဲဒီလူသူ႔အိမ္ထဲေခါစာပစ္တာကို ယွဥ္တြဲစဥ္းစားၾကည့္ၿပီး မေကာင္းတဲ့ပညာသည္ျဖစ္ေနမလားဆိုတဲ့ စိတ္နဲ႔ သံသယဝင္လာတာ။”
“သာဒိုးေတြ႕ခဲ့ရတာကို က်ဳပ္တို႔လည္းမသိရပါ့လားသူႀကီးရ။”
“ငါတမင္ ဘယ္သူ႔မွ မေျပာခိုင္းထားတာ။ ငါတို႔ရိပ္မိေနၿပီဆိုတာသိသြားရင္ အဲဒီလူကသတိထားေနႏိုင္တယ္။”
“ဒါနဲ႔သူႀကီးက ဘာလို႔ဘိုးသာထြန္းကို က်ီးမနား႐ြာမွာလာရွာတာလဲ။”
“မင္းတို႔ဘယ္မီလိုက္ပါ့မလဲကြာ။ ငါေတာင္အဲဒီတုန္းက ငယ္ငယ္ေလးရွိေသးတာ။ ဘိုးသာထြန္းဆိုတာ အခုမွသာ ေအးေအးေဆးေဆးတရားထိုင္ ပုတီးစိပ္ၿပီး ကိုယ့္ဘာသာကိုယ္ေနေတာ့တာ။ ငါငယ္ငယ္တုန္းကဆို ဘိုးသာထြန္းဆိုတာ ဒီနယ္မွာ နာမည္ႀကီးပဲ။ မေကာင္းတဲ့ပညာသည္မွန္သမွ်က ဘိုးသာထြန္းကို အလြန္ေၾကာက္ၾကတာ။ ငါတို႔႐ြာမွာ ပေယာဂအပူးခံရတုန္းက ဘိုးသာထြန္းကိုသြားပင့္ခဲ့ၾကတယ္။ ငါလည္း စိတ္ဝင္စားတာနဲ႔ လိုက္ၾကည့္တာေပါ့။ ဘိုးသာထြန္းက ဘာမွေတာင္မလုပ္ရေသးဘူး၊ အိမ္ေပၚကိုေျခတစ္လွမ္းလွမ္းၿပီး သူေတာင္ေဝွးႀကီး ေဒါက္ခနဲခ်လိုက္တာ ဝင္အပူးခံရတဲ့မိန္းမႀကီးက ငိုယိုၿပီး ဘိုးသာထြန္းကိုေတာင္းပန္တာေဟ့၊ ကန္ေတာ့တာလည္းအႀကိမ္ႀကိမ္ပဲကြ။ ဘိုးသာထြန္းက ဟဲ့နင့္ငါဘာလုပ္ရေသးလို႔တုန္းလို႔ေမးလိုက္ေတာ့၊ ဝင္ပူးခံရတဲ့မိန္းမႀကီးက ဘိုးသာထြန္းဟာ ပေယာဂကုရင္ ပေယာဂကို ႐ိုက္ႏွပ္ကုေၾကာင္း၊ ဘယ္ေလာက္ေခါင္းမာတဲ့ ပေယာဂျဖစ္ျဖစ္ ဘိုးသာထြန္း ႏွစ္ခ်က္ေလာက္႐ိုက္တာနဲ႔ မခံႏိုင္ေၾကာင္း၊ ဘိုးသာထြန္းကို ေၾကာက္လို႔ ပေယာဂအကုန္ထုတ္ခဲ့ေပမဲ့ အဲဒီပညာသည္က ဘိုးသာထြန္းရဲ႕ႀကိမ္ဒဏ္ေၾကာင့္ ေန႔မကူးခင္ အလူးအလဲခံစားရၿပီး ေသရေၾကာင္းေျပာတာေဟ့။
အဲဒါေၾကာင့္ ငါ့႐ြာကကိစၥကို ဘိုးသာထြန္းနဲ႔ တိုင္ပင္ခ်င္လို႔ သြားခါၾကမွ ဘိုးသာထြန္းက အဓိဌာန္ခရီးထြက္သြားရတယ္လို႔ကြာ။”
ထိုလူတို႔၏စကားသံကို သူရတို႔ဆရာတပည့္ေတြ အလုံးစုံၾကားလိုက္ၾကရ၏။ သူရက ေစာသကိုေခါင္းညိမ့္ျပလိုက္ေသာအခါ ေစာသကထသြားၿပီး ထိုသူတို႔၏ေဘး၌ ဝင္ထိုင္လိုက္ေလ၏။
“ဒီကဦးႀကီးက သူႀကီးထင္တယ္။ ဘယ္႐ြာကလဲဗ်။”
“က်ဳပ္ကစမ္းေခ်ာင္း႐ြာေလးရဲ႕သူႀကီးဦးဘိုးခင္ပါ။ ဘာျဖစ္လို႔လဲေမာင္ရင္၊ ေမာင္ရင္က က်ဳပ္ကိုသိလို႔လား။”
“မသိပါဘူးခမ်ာ။ ဒီကသူႀကီးတို႔စကားေျပာတဲ့အထဲမွာ ပေယာဂဆိုတာပါလာလို႔ စိတ္ဝင္စားမိလို႔ပါ။ ၿပီးေတာ့ က်ဳပ္တို႔က နယ္လွည့္ေဆးကုသေနတဲ့သူေတြပါ။ ကူညီႏိုင္တာရွိရင္ ကူညီႏိုင္ေအာင္လို႔ေပါ့။”
“ဪ ေဆးဆရာေတြလား၊ ဒီေလာက္အသက္ငယ္ငယ္ေလးနဲ႔ ဒီပညာကိုလိုက္စားေနၾကတာဆိုေတာ့ က်ဳပ္ျဖင့္ယုံေတာင္မယုံဘူးဗ်ာ။ က်ဳပ္တို႔႐ြာကို ကူညီေပးမယ္ဆိုရင္ေတာ့ က်ဳပ္တို႔ကလည္း ထိုက္ထိုက္တန္တန္ျပန္ေပးမွာပါ။ ဒါေပမဲ့ တကယ္မကူညီႏိုင္ပဲ လူလိမ္ေတြဆိုရင္ေတာ့ က်ဳပ္အိမ္မွာခ်ိတ္ထားတဲ့ႏွစ္လုံးျပဴးက ေမာင္ရင္တို႔အတြက္ျဖစ္သြားမယ္။”
သူႀကီးဦးဘိုးခင္၏ စကားသံအဆုံး၌ သူရႏွင့္ခြန္းသက ထလာခဲ့ၾကကာ မ်က္ႏွာျခင္းဆိုင္၌ဝင္ထိုင္လိုက္ၾကၿပီးသည့္ေနာက္ သူရကဤသို႔ေျပာေလ၏။
“ကြၽန္ေတာ္တို႔က လူလိမ္ေတြလည္းမဟုတ္သလို၊ အသျပာရမွကုတဲ့ ေဆးဆရာေတြလည္းမဟုတ္ပါဘူး။ လူေတြကို စိတ္ဆင္းရဲျခင္း၊ ကိုယ္ဆင္းရဲျခင္းနဲ႔ သဘာဝတရားႀကီးကို ဆန႔္က်င့္ဖို႔ႀကိဳးစားေနၾကတဲ့ မေကာင္းတဲ့ပညာသည္၊ မေကာင္းတဲ့အေမွာင့္ဓာတ္ေတြကို ဆုံးမၿပီး ရွင္းလင္းျပစ္တဲ့သူေတြပါ။ သူႀကီးတို႔႐ြာကအခက္ခဲကို ကြၽန္ေတာ္တို႔မကူညီႏိုင္ဘူးဆိုရင္ သူႀကီးႏွစ္လုံးျပဴးနဲ႔တင္မဟုတ္ပါဘူး၊ တစ္႐ြာလုံးကလူေတြ ဓားလွံေလးျမႇားအစုံနဲ႔ ကြၽန္ေတာ္တို႔ဆရာတပည့္သုံးဦးလုံးကို သတ္ျပစ္ႏိုင္ပါတယ္။”
သူရ၏စကားေၾကာင့္ သူႀကီးဦးဘိုးခင္ အားတုံ႔အားနာျပန္ျဖစ္သြား၏။
“က်ဳပ္ကဒီသေဘာမ်ိဳးနဲ႔ ေျပာတာမဟုတ္ပါဘူးေမာင္ရယ္။ ဒီေခတ္ဒီခါမွာက ဆရာေယာင္ေဆာင္ၿပီး လူေတြကိုလိမ္စားေနသူေတြက ေပါလြန္းလို႔ က်ဳပ္ကေျပာမိတာပါ။ က်ဳပ္စကားကို စိတ္မကြက္ပါနဲ႔ေလ။”
“စိတ္လည္းမကြက္သလို၊ စိတ္လည္းမဆိုးမိပါဘူးသူႀကီး။ ကြၽန္ေတာ္တို႔ သူႀကီး႐ြာကိုအစြမ္းကုန္ကူညီေပးပါ့မယ္။ အျဖစ္ပ်က္ေတြကို အစကေနအဆုံးထိရွင္းျပေပးပါ။”
“ရပါတယ္။ က်ဳပ္ရွင္းျပပါ့မယ္။ ေနေတာင္နည္းနည္းျမင့္ေနၿပီ၊ က်ဳပ္႐ြာကို ေမာင္ရင္တို႔၊ အဲေလ ဆရာေလးတို႔ တစ္ခါတည္းလိုက္ဖို႔ လွည္းေပၚကိုႂကြပါ။ အေၾကာင္းစုံကို က်ဳပ္လမ္းမွာတစ္ခါတည္းရွင္းျပပါ့မယ္။”
“ေကာင္းပါၿပီဗ်ာ ဒါဆိုရင္လည္း။”
ဦးဘိုးခင္ႏွင့္ လွည္းေမာင္းသမားက လွည္းေပၚကို အရင္တက္လိုက္ၾကေလ၏။ ေစာသႏွင့္ခြန္းသက လွည္းေပၚတက္မည္အျပဳ တစ္ခုခုကိုသိသြားကာ သူရကိုဆတ္ခနဲၾကည့္လိုက္၏။ သူရက ပါးခ်ိဳင့္အေသးေလးမ်ားေပၚသည္အထိ ျပဳးရယ္၍ ေခါင္းညိမ့္ျပကာ လွည္းေပၚကိုတက္မွသာလွ်င္ ေစာသႏွင့္ခြန္းသက ဦးဘိုးခင္ကို တစ္ခ်က္ၾကည့္ၿပီး ေနာက္ၿမီးဖ်ားမွာ တက္ထိုင္လိုက္ၾကေလသည္။ လွည္းစေမာင္းခ်ိန္၌ ဦးဘိုးခင္က ေအာက္ပါအတိုင္းရွင္းျပေပ၏။
“လြန္ခဲ့တဲ့လပိုင္းကဗ်။ က်ဳပ္တို႔႐ြာကို မင္းေနာင္ဆိုတဲ့လူတစ္ေယာက္ေရာက္လာတယ္။ သူေရာက္လာတဲ့အခ်ိန္ကလည္း တိုက္တိုက္ဆိုင္ဆိုင္ က်ဳပ္သမီးေလးက သရဲဝင္ပူးခံေနရတာ။ သူကုေပးပါရေစဆိုၿပီး ကုလိုက္တာေပ်ာက္သြားပါ့ေရာ။ က်ဳပ္လည္းသူ႔ကို ေက်းဇူးတင္စကားဆိုေနတုန္းမွာ သူက႐ြာမွာေနခ်င္ေၾကာင္းေျပာေတာ့ က်ဳပ္လည္းလက္ခံေပးလိုက္ပါတယ္။ ဒါေပမဲ့ေနာက္ၾက တျဖည္းျဖည္းဒီလူကမဟုတ္ေတာ့ဘူးဗ်။ သူေရာက္လာကတည္းက ႐ြာကလူေတြ အမ်ိဳးမ်ိဳးေရာဂါျဖစ္ၾကတာ၊ ျဖစ္တဲ့ေရာဂါတိုင္းကလည္း ပေယာဂႀကီးပဲ။ အဲဒီလူက မေကာင္းတဲ့ပညာသည္မ်ားျဖစ္ေနမလားလို႔ က်ဳပ္ကထင္မိၿပီး ဆရာသြားပင့္တယ္ဆိုပါေတာ့။ မေတြ႕ခဲ့ရလို႔အခုျပန္လာတာပဲဗ်။ ”
“အင္း လူတစ္ေယာက္ကို အထင္နဲ႔အျမင္နဲ႔ကေတာ့ သတ္မွတ္လို႔ရမွာမဟုတ္ဘူးသူႀကီးရဲ႕… သူလုပ္တယ္ဆိုတာေသခ်ာမွ ႐ြာႏွင္ဒဏ္ေပးတာေကာင္းပါတယ္။ ကြၽန္ေတာ္သူႀကီး႐ြာမွာ ၂ရက္တိတိတည္းခိုေနပါအုံးမယ္။ ဒီ၂ရက္အတြင္းမွာ ႐ြာထဲကလူေတြ ေနမေကာင္းမက်န္းမာတာကအစ ပေယာဂေႏွာက္ယွက္ခံရရင္ ကြၽန္ေတာ့္ကိုလာေခၚလွည့္ပါ။ ဒါဆိုရင္ သူႀကီးတို႔႐ြာကို ဘယ္လိုပညာသည္မ်ိဳးကတိုက္ေနတယ္ဆိုတာ သိရမွာပါ။”
“ေကာင္းၿပီေလဒါဆိုလည္း က်ဳပ္ဆရာေလးေျပာတဲ့အတိုင္းလုပ္ပါ့မယ္။ ႐ြာမွာတည္းဖို႔ကေတာ့ က်ဳပ္အိမ္မွာပဲလိုက္တည္းပါ။”
“ေနပါေစသူႀကီး။ ကြၽန္ေတာ္႐ြာဦးေက်ာင္းမွာပဲတည္းပါ့မယ္။ သာသနာ့အရိပ္မွာပဲ ကြၽန္ေတာ္တို႔ေနရတာ ေအးခ်မ္းပါတယ္၊ သူႀကီးတို႔ေတြ႕ခ်င္တဲ့အခါ ေခၚလိုက္ေပါ့ဗ်ာ။”
သူရက အဓိပၸါယ္ပါပါေျပာ၍ သူႀကီးကိုၾကည့္ကာၿပဳံးျပလိုက္၏။ ဤသို႔ျဖင့္ စမ္းေခ်ာင္း႐ြာေလးကိုေရာက္ေသာအခါ သူရတို႔က ႐ြာဦးေက်ာင္းတြင္သာ တည္းခိုခဲ့ၾကေလ၏။ ေက်ာင္း၏ေဝရာဝစၥမ်ားကိုလုပ္၍ ေနထိုင္ၾကသလို၊ အားလပ္သည့္အခါမ်ိဳး၌လည္း အင္းေရးဆြဲျခင္း၊ သမထထိုင္ျခင္းမ်ားကို ျပဳလုပ္ေနၾက၏။ ညေနေဆာင္း၍ ေမွာင္စပ်ိဳးခ်ိန္၌ သူရတို႔တည္းခိုေနသည့္ ဘုန္းႀကီးေက်ာင္းအျပင္ဘက္ကေန ငွက္ဆိုးမ်ား၏ က်က္သေရမဂၤလာမရွိေသာအသံႀကီးက ဆူညံပြက္ေလာ႐ိုက္ေနေလ၏။ တခ်ိဳ႕ကိုရင္ႀကီးေတြ ေက်ာင္းသားႀကီးေတြက ထလာၾကၿပီး ထိုငွက္ဆိုးမ်ားကို ခဲျဖင့္တဖုံ၊ အသံျဖင့္တဖုံ ေခ်ာက္လန႔္ေမာင္းထုတ္လိုက္ၾကသည္။
ငွက္ဆိုးမ်ားအကုန္ပ်ံသန္းသြားေသာအခါ တစ္ေက်ာင္းလုံး ျပန္လည္တိတ္ဆိတ္သြားခဲ့ေလ၏။ သက္ႀကီးေခါင္းခ်ခ်ိန္သို႔အေရာက္၌ ေက်ာင္းထဲကိုေျပးဝင္လာသည့္ ေျခသံမ်ားကို ၾကားလိုက္ရ၍ သူရတို႔ဆရာတပည့္ေတြ ႏိုးလာခဲ့ၾက၏။ ေက်ာင္းေပၚသို႔တက္ၾကည့္ၾကရာ၌ သူႀကီးတပည့္ေအာင္ႀကီးဆိုသူႏွင့္ ကာလသားႏွစ္ေယာက္ျဖစ္ေန၏။ ေအာင္ႀကီးက သူရကိုျမင္တာႏွင့္ ႐ြာထဲမွာ သရဲဝင္အပူးခံေနရေၾကာင္းေျပာကာ လာပင့္တာျဖစ္ေၾကာင္း ေျပာျပေလ၏။ သူရတို႔ဆရာတပည့္လည္း အခ်ိန္မဆိုင္းပဲ လြယ္အိတ္ကိုယ္စီႏွင့္ ႐ြာထဲကိုထြက္လာခဲ့ၾက၏။
“ဘယ္ကေနဘယ္လို သရဲဝင္ပူးတာလဲသိလား ကိုေအာင္ႀကီး။”
“က်ဳပ္ၾကားတာကေတာ့ အခုသရဲဝင္ပူးခံေနရတာ မႏြဲ႕စန္းဆိုတဲ့ အမ်ိဳးသမီးဗ်။ သူက႐ြာထဲကေန အိမ္အလည္သြားၿပီးအျပန္မွာ ၿခံဝကိုေရာက္ေတာ့ ေနာက္ျပန္ေလးဖက္ႀကီးေထာက္ၿပီး ဝင္လာတာတဲ့။ သူ႔အိမ္ကလူေတြလည္း အကုန္လန႔္ေအာ္ေတာ့ ေဘးပတ္ဝန္းက်င္ကလူေတြေရာက္လာၿပီး ခ်ဳပ္ထားၾကတယ္။ က်ဳပ္က ဆရာေလးတို႔ေျပာထားတာ သတိရၿပီးလာေခၚတာဗ်။”
“ဟုတ္ကဲ့ပါကိုေအာင္ႀကီး။”
ပေယာကုရမည့္အိမ္ကိုေရာက္ေသာအခါ သူရက လူနာရွင္မ်ားထံခြင့္ေတာင္း၍ ဘုရားကိုဦးတိုက္ကာ ပေယာဂကိုစတင္ကုသေပးေလ၏။
“ဒီအမ်ိဳးသမီးခႏၶာထဲမွာ ဝင္ပူးကပ္ေနတာ သင္ကဘာအလိုရွိလို႔လဲ။”
“ငါ့ဘာသာ ဘာပဲအလိုရွိရွိ နင္နဲ႔ဘာဆိုင္လဲ!!။”
“အရင္ဆုံး သင္ဘုရားကိုဦးတိုက္လိုက္ပါ။”
“ဘာဟဲ့ နင္ခိုင္းတိုင္းလုပ္ရေအာင္ နင္ကငါ့လင္လား။!!”
“အေျပာအဆိုၾကမ္းတမ္းၿပီး ေခါင္းမာေနတဲ့သင့္ကို ကြၽႏ္ုပ္အာဏာစက္သုံးၿပီး ဆုံးမရေတာ့မွာပဲ။ ဘုရားကိုေတာင္ဦးမတိုက္တဲ့ ဒီလိုအမိုက္မကို ဆိုင္ရာပိုင္ရာပုဂၢိဳလ္က ဆံပင္ကေနဆြဲ၍ ဦးေခါင္းကိုၾကမ္းျပင္နဲ႔သုံးခါတိတိေဆာင့္ခ်ၿပီး ဘုရားကိုဦးတိုက္ခိုင္းေစ။”
သူရ၏ အာဏာအသံအဆုံးမွာ လူနာအမ်ိဳးသမီးက စူးရွစြာေအာ္၍ ၾကမ္းျပင္ကိုတဒုန္းဒုန္းႏွင့္ေဆာင့္၍ ဘုရားကိုဦးတိုက္ေနေလ၏။ ဘုရားဦးတိုက္၍အၿပီး၌ …
“ကဲေျပာစမ္း သင္ဒီအမ်ိဳးသမီးကိုယ္ထဲဘာေၾကာင့္ဝင္ေနရတာလဲ။”
“ငါ့ကိုခိုင္းလို႔လုပ္တာ။”
“ခိုင္းတာဆိုေတာ့ ဘယ္သူကခိုင္းတာလဲ။”
“ဒီ႐ြာေျမာက္ဘက္သခ်ႋဳင္းမွာ နင့္ကိုေစာင့္ေနတဲ့ ဆယ့္ႏွစ္ႀကိဳးခင္ျမ ဆိုတာရွိတယ္။ သူခိုင္းတာပဲ။”
“ဘယ္လို ကြၽႏ္ုပ္ကိုေစာင့္ေနတယ္ဟုတ္လား။”
“ဟင္းဟင္းဟင္း အ…အားးးးးး။”
လူနာအမ်ိဳးသမီးသည္ တစ္ကိုယ္လုံးတုန္တက္၍ အသံနက္ႀကီးျဖင့္ေအာ္ကာ ေမ့လဲက်သြားေလ၏။ သတိျပန္ရလာခ်ိန္၌ သူရက ပေယာဂက်န္မက်န္စစ္ေပးကာ ႐ြာဦးေက်ာင္းဘက္ကို ျပန္ေလွ်ာက္လာခဲ့လိုက္၏။
“ဆရာ ဒီသရဲမေျပာသြားတာက အေတာ္ထူးဆန္းတာပဲ။ ဆရာ့ကို စုန္းမတစ္ေယာက္ကေစာင့္ေနတယ္ဆိုပါ့လား ၿပီးေတာ့ ဒီသရဲမက ေကာက္ကာငင္ကာႀကီး ဘယ္လိုထြက္သြားတာလဲဆရာ။”
“သူ႔ကိုခိုင္းတဲ့စုန္းက မလိုအပ္ပဲငါ့ကိုဒါေတြေျပာလိုက္လို႔ သူ႔ဝိဉာဥ္ကိုျပန္ေခၚၿပီး ႏွိပ္စက္လိုက္တာပဲကြ။ ဆယ့္ႏွစ္ႀကိဳးခင္ျမဆိုတာ ဝမ္းတြင္းပညာသည္မ်ိဳးပဲ။ တိမ္ၫြန႔္စားတဲ့စုန္းအဆင့္ထိေတာင္ သူကေရာက္ေနၿပီ။ ငါ့ကိုဘာေၾကာင့္ လာေစာင့္ေနရတာလဲဆိုတာေတာ့ စဥ္းစားစရာပဲ။ ဒီကိစၥေတြ အထက္ပုဂၢိဳလ္ႀကီးေတြဆီကို ေမးၾကည့္ရအုံးမယ္။”
ဤသို႔ျဖင့္ သူရသည္ ႐ြာဦးေက်ာင္းသို႔ျပန္ေရာက္ေသာအခါ ဘုရားရွိခိုး၍ သမထထိုင္ေနခဲ့ေလ၏။ သူရ၏စိတ္အစဥ္ရွင္းရွင္းလင္းလင္းျဖစ္၍ ၾကည္လင္သြားခ်ိန္၌ အထက္ေအာက္အျဖဴဝတ္စုံနဲ႔ လူတစ္ေယာက္ေပၚလာကာ သူရကိုတစ္စုံတခုေျပာျပၿပီး ေပ်ာက္ကြယ္သြားခဲ့ေလ၏။ သူရသည္ တိတ္ဆိတ္ညိမ္သက္စြာ တရားထိုင္ေနခ်ိန္ မိန္းမတစ္ေယာက္၏ နာနာက်င္က်င္ေအာ္ေနေသာ အသံကို ၾကားလိုက္ရၿပီး လူသုံးေယာက္စကားေျပာသံမ်ားကို ၾကားလိုက္ရ၏။ သူရသည္ တရားျဖဳတ္၍ ေက်ာင္းေအာက္ကိုဆင္းလာခဲ့ကာ ႐ြာေျမာက္ဘက္က သခ်ႋဳင္းကို တစ္ဦးတည္းထြက္လာခဲ့သည္။
သူရက သခ်ႋဳင္းအဝကိုအေရာက္၌ ဆူဆူညံအသံမ်ားကို စတင္ၾကားလိုက္ရ၏။ သို႔ေသာ္ ခ်က္ခ်င္းတိတ္ဆိတ္သြားေလ၏။ သခ်ႋဳင္းထဲကို ဝင္လာခဲ့ကာ ဇရပ္ပ်က္ႀကီးအနီးသို႔အေရာက္၌ ရပ္တန႔္လိုက္ေလ၏။ သူရက ေဘးပတ္ဝန္းက်င္ကို မ်က္လုံးတစ္ခ်က္ေဝ့ၾကည့္ကာ မထိတထိေလးၿပဳံးလိုက္ေလ၏။
“သင္တို႔ပညာစက္နဲ႔ပုန္းတာကို သာမန္လူပဲမျမင္ႏိုင္မယ္။ ကြၽႏ္ုပ္ကေတာ့ သင္တို႔ကိုျမင္ေနရပါတယ္။ အပင္ပန္းခံမေနၾကပါနဲ႔။ သင္တို႔က ကြၽႏ္ုပ္ကိုကလဲ့စားေခ်ခ်င္ေနၾကတာမလား၊ အခုကြၽႏ္ုပ္တစ္ေယာက္တည္း သင္တို႔သုံးေယာက္အေရွ႕မွာရပ္ေနၿပီ သင္တို႔သတ္ႏိုင္ရင္ သတ္ရၿပီပဲ။”
သူရ၏ၾကည္လင္ျပတ္သားလွေသာ စကားအသံဆုံး၌ ေယာက္်ားႏွစ္ေယာက္ႏွင့္ မိန္းမတစ္ေယာက္က ဇရပ္ပ်က္ႀကီးေပၚကေန ဘြားခနဲေပၚလာခဲ့ေလ၏။ ထိုသူတို႔သုံးဦးအနက္ ေယာက္်ားတစ္ဦးက သူႀကီးဦးဘိုးခင္ဆိုသူ ျဖစ္ေနေလ၏။ ထိုသူတို႔သုံးဦးက ဇရပ္ေပၚကေနဆင္းလာခဲ့ကာ သူရကိုေသခ်ာစူးစိုက္ၾကည့္ေနၾက၏။ သူရက ဦးဘိုးခင္ကိုၾကည့္၍…
“သင့္ရဲ႕႐ုပ္ေျပာင္း႐ုပ္လႊဲပညာက အေတာ္ကိုထက္ျမက္လွပါတယ္စံမဲ။ သင့္ကိုအစက ကြၽႏ္ုပ္တပည့္ေတြေတာင္ တကယ္သူႀကီးထင္သြားၾကတာ။ သင္တို႔က ဒီ႐ြာလူႀကီးတစ္ဦးတည္းရွိေနတုန္းမွာ သတ္ျပစ္ၿပီး သူ႔ေနရာမွာ စံမဲကို႐ုပ္ေျပာင္းခိုင္းၿပီး ကြၽႏ္ုပ္ကို ဒီ႐ြာကိုမေရာက္ေရာက္ေအာင္ေခၚလာခဲ့တယ္ဆိုတာ ကြၽႏ္ုပ္သိပါတယ္။ ကေဝမင္းေနာင္ သင့္ရဲ႕ပညာအစြမ္းကိုလည္းကြၽႏ္ုပ္ၾကားမိသလို၊ ေဟာ့ဒီဘက္က ဆယ့္ႏွစ္ႀကိဳးခင္ျမဆိုတဲ့အမ်ိဳးသမီးရဲ႕အစြမ္းကိုလည္း သိထားပါတယ္။”
ထိုအခါ သူႀကီးဦးဘိုးခင္႐ုပ္ကေန စံမဲဆိုသူက သူ၏ပင္ကိုယ္႐ုပ္အသြင္ကိုေျပာင္းလိုက္ေလ၏။
“မင္းလိုဆရာေပါက္စေနေလးကို ငါတို႔ဆရာႀကီးေတြရႈံးၿပီးအသက္ေပးခဲ့ရတာ ငါယုံေတာင္မယုံႏိုင္ဘူး။ ငါတို႔ဆရာႀကီးေတြ သတ္ခဲ့တဲ့မင္းကို ျပန္လက္စားေခ်ခ်င္လြန္းလို႔ လိုက္ရွာေနတာအေတာ္ၾကာၿပီ။ အခုမွငါတို႔ဆႏၵျပည့္ဝေတာ့မယ္။ မခင္ျမနဲ႔ကိုမင္းေနာင္ က်ဳပ္ကိုအရင္တိုက္ခြင့္ျပဳဗ်ာ။”
မင္းေနာင္နဲ႔ခင္ျမက ေခါင္းၿငိမ့္ျပၿပီး လက္ပိုက္ကာၾကည့္ေနၾကေလ၏။ စံမဲဆိုသူက သူ၏လြယ္အိတ္ကိုကိုင္ရင္း သူရနဲ႔ဝါးတစ္ျပန္အကြာကို ေလွ်ာက္လာခဲ့ေလ၏။
“သင္တို႔ဆရာေတြအတြက္ သင္တို႔ခံစားရမယ္ဆိုတာ ကြၽႏ္ုပ္နားလည္ပါတယ္။ ဒါေပမဲ့ သင္တို႔ဆရာေတြက အကုသိုလ္အျပစ္ေတြကို ျပဳလုပ္ခဲ့လို႔ ကြၽႏ္ုပ္က အထက္ပုဂၢိဳလ္ႀကီးေတြအစား ဒဏ္ခတ္ေပးခဲ့ရတာပါ။ သင္တို႔အေနနဲ႔လည္း မေကာင္းတဲ့အကုသိုလ္ေတြ ျပဳလုပ္ေနတာ ရပ္တမ္းကရပ္ပါ။ ဒီလိုမွမဟုတ္ရင္ ကြၽႏ္ုပ္သင္တို႔ပညာကိုႏႈတ္ယူရပါလိမ့္မယ္။”
စံမဲဆိုသူက သူရစကားကိုနားေထာင္၍ ဟားတိုက္ရယ္ေမာလိုက္၏။
“ဟားဟားဟား ေဟ့ေကာင္ မင္းကိုယ္မင္းသိပ္စြမ္းလွတယ္ဆိုၿပီး ပညာဂုဏ္မာန္တက္မေနနဲ႔။ ငါ့ရဲ႕ပညာအစြမ္းကိုပဲ မင္းအရင္ႏိုင္ေအာင္တိုက္ပါအုံး။”
“ကဲ ေျပာလို႔မွမရေလေတာ့လည္း တိုက္ခ်င္သပဆိုက တိုက္ပါစံမဲ။ သင့္ဘက္ကသုံးႀကိမ္တိတိတိုက္တာကို ကြၽႏ္ုပ္အေနနဲ႔ခုခံျပပါ့မယ္။ သင္တိုက္ၿပီးရင္ ကြၽႏ္ုပ္တစ္ႀကိမ္ပဲ သင့္ကိုျပန္တိုက္တဲ့အခါၾကရင္သာ သင္ခုခံႏိုင္ေအာင္ႀကိဳးစားပါ။”
“ဟား မင္းသာ ငါ့ပညာနဲ႔မေသေအာင္အရင္လုပ္အုံး။ ”
စံမဲဆိုသူက ေျပာၿပီးတာႏွင့္ သူ၏လြယ္အိတ္ထဲကေန အနက္ေရာင္ကြၽဲ႐ုပ္ေလးကိုထုတ္၍ ဂါထာတစ္ပုဒ္ကို႐ြတ္ေနေလ၏။ ဂါထာၿပီးဆုံးသည့္အခါ၌ ကြၽဲ႐ုပ္ေလးကို ေျမျပင္ေပၚပစ္ခ်၍ ဖေနာင့္ေပါက္ကာ ဟဲ့ခနဲေငါက္လိုက္သည့္အခါ ကြၽဲ႐ုပ္ေလးက တျဖည္းျဖည္းအ႐ြယ္အစားႀကီးမားလာၿပီး လူ႔တစ္ရပ္ေက်ာ္အေရာက္၌ အသက္ဝင္လာခဲ့၏။ မ်က္လုံးနီနီႀကီးႏွင့္ သူရကိုစိုက္ၾကည့္ကာ ႏွာေတြတဖူးဖူးမႈတ္၍ ခြာေတြယက္ၿပီး သူရကိုေျပးဝင္ေခြ႕ေလ၏။ သူရသည္ လက္ႏွစ္ဖက္ကိုေနာက္ျပစ္၍ ေနရာကပင္မေ႐ြ႕ပဲ မတ္တပ္ရပ္ေနခဲ့သည္။
ကြၽဲႀကီးက သူရအနားကိုအရွိန္နဲ႔ေရာက္လာၿပီး ေျပးဝင္ေခြ႕ခ်ိန္၌ ဒိန္းခနဲဆိုသလို အကာအရံတစ္ခုကိုတိုက္မိကာ ေနာက္ကိုပက္လက္လွန္ လဲက်သြား၏။ ကြၽဲႀကီးသည္ ေခါင္းကိုခါရမ္း၍ ျပန္ထလာကာ သူရကိုထက္မံ၍ ဝင္ေခြ႕ျပန္၏။ သူရ၏အေရွ႕က အကာရံကိုသာ တိုက္မိၿပီး ေျမႀကီးေပၚဝုန္းခနဲလဲက်သြားခ်ိန္၌ သူရသည္ မူလျပန္ေစေသာမႏၲာန္ကို ကြၽဲ႐ုပ္ကိုလက္ညိဳးထိုး၍ ႐ြတ္ဖတ္လိုက္ရာ ကြၽဲႀကီးသည္ တျဖည္းျဖည္းေသးငယ္သြားကာ မူလအ႐ုပ္ကေလးျပန္ျဖစ္သြား၏။ သူရက တစပ္တည္းဆိုသလို”ဟဲ့ အသက္ျပန္သြင္းမရေစရ”ဟု အာဏာစက္သုံးလိုက္ေလ၏။ စံမဲက တိုက္ကြၽဲအသက္သြင္းဂါထာကို ႐ြတ္ဖတ္ေသာ္လည္း ကြၽဲ႐ုပ္ကအသက္ဝင္မလာေတာ့တာေၾကာင့္ သူ၏လြယ္အိပ္ထဲကေန ေဆးနီမႈန႔္မ်ားကိုထုတ္လိုက္ကာ ေနာက္တစ္မ်ိဳးတိုက္ရန္ ႀကံစည္လိုက္၏။
ေဆးနီမႈန႔္မ်ားကိုဆုပ္၍ ဂါထာမႏၲာန္တစ္ပုဒ္ကို႐ြတ္ဖတ္ကာ သူရဆီကိုပစ္ေပါက္လိုက္ေသာအခါ ေဆးနီမႈန႔္ေတြထဲကေန ေႁမြေတြထြက္လာကာ သူရဆီကိုလာေနၾက၏။ သူရ၏လက္တစ္ကမ္းအကြာကိုအေရာက္၌ ေႁမြမ်ားသည္ မီးေလာင္ကြၽမ္းကာ ျပာက်သြားေလ၏။ ေႁမြေတြအကုန္လုံးေပ်ာက္သြားတာႏွင့္ စံမဲသည္ မ်က္ႏွာႀကီးနီ၍ ေဒါသမ်ားထြက္လာကာ သူ၏လြယ္အိတ္ထဲကေန အင္းျပားႀကီးတစ္ခ်ပ္ကိုထုတ္၍ သက္ဆိုင္ရာဂါထာကို႐ြတ္ဖတ္ကာ သူရဆီပစ္ေပါက္လိုက္၏။ သူရသည္ေလေပၚမွာတင္ အင္းကိုကာထားလိုက္ၿပီး မထိတထိကေလးၿပဳံးကာ” သင္တိုက္တာသုံးခါျပည့္ၿပီစံမဲ။ ကြၽႏ္ုပ္ျပန္တိုက္အလွည့္ပဲ။ သင့္အင္းျပားကိုသာ သင္ျပန္ယူလိုက္ပါ။”ဟု ေျပာ၍ စံမဲဆီကို အင္းျပားျပန္ပစ္ေပးလိုက္၏။ စံမဲသည္ မ်က္လုံးမ်က္ဆန္ျပဴးကာ မင္သက္ေနခ်ိန္ သူ၏အင္းျပားကသူ႔ကိုထိမွန္သြားကာ ခႏၶာကိုယ္တစ္ခုလုံး မီးေလာင္ျပာက်သြားေလ၏။
“သေဗၺသတၱာကမၼသကာပါပဲေလ။ သူေပးရင္ ေပးတဲ့အတိုင္းျပန္ရသြားတာပဲ။”ဟု သူရကေရ႐ြတ္လိုက္၏။ ထိုစဥ္သူရဆီကို အလင္းတန္းတစ္ခုက ဝုန္းခနဲဆိုသလို ေရာက္လာခ်ိန္ သတိေကာင္းသည့္သူရက ညာလက္ျပန္ႏွင့္ ႐ိုက္ခ်လိုက္၏။ ဆယ့္ႏွစ္ႀကိဳးခင္ျမဆိုသည့္မိန္းမက သူ၏ပညာစက္ႏွင့္ ပစ္လႊတ္လိုက္ျခင္းျဖစ္ေပ၏။ သူရသည္ လက္သီးကိုဆုပ္၍ အကာရံမႏၲာန္တစ္မ်ိဳး႐ြတ္ကာ သူ၏ေရွ႕၌ ဝါးတစ္ျပန္စာမွ်ရွည္သည့္ စည္းကိုတားၿပီး ေ႐ႊအိုေရာင္အကာရံတစ္ခုကာထားလိုက္၏။
“အမိ သင့္အေနနဲ႔ ကြၽႏ္ုပ္ယခုတားထားတဲ့စည္းအကာရံကို ေဖာက္ထြင္းၿပီး ကြၽႏ္ုပ္ကိုသင့္ပညာစက္နဲ႔ပစ္ႏိုင္ရင္ ကြၽႏ္ုပ္သင့္ပညာစက္ကိုမကာပဲ ဒီအတိုင္းရပ္ေနပါ့္မယ္။ သင့္အေနနဲ႔သုံးႀကိမ္တိတိတိုက္ပါ။”
“ဟဲ့ေကာင္စုတ္ နင္ေျပာတဲ့အတိုင္းလုပ္ရေအာင္ နင္ကဘာေကာင္မို႔လို႔လဲ။ ငါ့ကိုအမိန႔္ေတြလာမေပးနဲ႔ ဒါကအသက္ျခင္းစေတးၿပီးၿပိဳင္တဲ့ပြဲ နင့္ကိုနင္သာမေသေအာင္ဂ႐ုစိုက္ေဟ့။”
ဆယ့္ႏွစ္ႀကိဳးခင္ျမက လက္ဖမိုးကိုလွည့္၍ စိမ္းျပာေရာင္ပညာစက္ကိုထုတ္ကာ သူရထံကိုပစ္လႊတ္လိုက္၏။ သို႔ေသာ္ သူရ၏စည္းအကာရံကိုသာ ဝုန္းခနဲထိမွန္၍ မီးထေတာက္သြားခဲ့၏။ ခင္ျမသည္ ေတာက္တစ္ခ်က္ခတ္ကာ သူ၏လက္ႏွစ္ဖက္ကိုပူး၍ အနီေရာင္ပညာစက္ကိုထုတ္ၿပီး ထက္မံ၍ပစ္လႊတ္လိုက္သည္။ သူရ၏စည္းအကာရံကိုထိမွန္၍ သူမဆီကိုသာ တန္ျပန္ထိသြားၿပီး ေနာက္ကိုလြင့္ထြက္သြားခဲ့ေလ၏။ ပါးေစာင္ကေန ေသြးမ်ားယိုစီးက်လာကာ ဝမ္းဗိုက္ကို လက္ႏွင့္ဖိထားေလ၏။
“ကို… ကိုမင္းေနာင္… ရွင္သူ႔ကို မရရေအာင္..သတ္ေပးပါ။”
ကေဝမင္းေနာင္က ခင္ျမအနားကိုသြား၍ ေပြ႕ထူလိုက္၏။ ခင္ျမသည္ သူ၏ပါးစပ္ထဲကေန စုန္းပညာဗူးကိုထုတ္ကာ ကေဝမင္းေနာင္ကိုေပးအပ္လိုက္သည္။ စုန္းပညာဗူးေပးၿပီးခ်ိန္၌ ခင္ျမသည္ ေသဆုံးသြားေလ၏။ ကေဝမင္းေနာင္သည္
စုန္းပညာဗူးကို ဂါထာတစ္ပုဒ္႐ြတ္၍ သူ၏ဝမ္းအတြင္းသို႔ ၿမိဳခ်လိုက္ေလ၏။ သူရသည္ သူ၏စည္းအကာရံကိုျဖတ္လိုက္ကာ ေခါင္းကိုတြင္တြင္ခါ၍ “ကေဝမင္းေနာင္ သင့္အေနနဲ႔ ကြၽႏ္ုပ္ကိုအႏိုင္ယူခ်င္လို႔ စုန္းပညာဗူးကိုယူလိုက္တာဟာ သင့္အမွားပဲ။ ကေဝနဲ႔စုန္း မတူညီတဲ့ပညာႏွစ္ခု သင့္ခႏၶာကိုယ္ထဲမွာအားၿပိဳင္ၾကၿပီး ေနာက္ဆုံးမွာ သင္ပဲအသက္ဆုံးရႈံးရလိမ့္မယ္။”ဟု ေျပာလိုက္ေလ၏။
ကေဝမင္းေနာင္က အံကိုႀကိတ္၍ “ငါေသခဲ့မယ္ဆိုရင္ေတာင္ မင္းကိုသတ္ၿပီးမွ ငါေသမယ္။ ငါတို႔ရဲ႕ကလဲ့စားေတြ ဒီဘဝမွာမေခ်ႏိုင္ခဲ့ရင္ ေနာင္ဘဝအဆက္ဆက္မွာ မင္းကိုငါတို႔သုံးေယာက္ ျပန္လာသတ္မယ္။ ငါတို႔ငရဲက်ခဲ့ရင္ေတာင္ မင္းကိုသတ္ဖို႔ ျပန္လာခဲ့မယ္။ ေရာ့ကြာ ..!!။” ဟူ၍ေအာ္ကာ သူ၏လက္ကိုလႊဲပစ္လိုက္ခ်ိန္ ဝုန္းခနဲဆိုသလို မီးေတာက္လုံးတစ္ခုက သူရဆီကိုတည့္တည့္ဝင္လာေလ၏။ သူရသည္ ညာလက္ျပန္႐ိုက္ခ်လိုက္ေသာေၾကာင့္ ထိုမီးလုံးသည္ အေဝးကိုလြင့္စင္သြားကာ ဝုန္းခနဲ ေပါက္ကြဲသြား၏။ မင္းေနာင္သည္ သူ၏ပညာစက္မ်ားကို ဆံပင္မ်ားမွတဆင့္ထြက္ေအာင္ျပဳလုပ္၍ ဆံပင္ကိုခါရမ္းလိုက္ခ်ိန္ မိုး႐ြာသကဲ့သို႔ ပညာစက္မ်ားက သူရဆီကိုေျပးဝင္လာၾကေလ၏။ သူရသည္ ညာလက္ႏွင့္ကာလိုက္ေသာေၾကာင့္ ေ႐ႊအိုေရာင္ေတာက္ပသည့္ အကာရံႀကီးတစ္ခုေပၚလာကာ ထိုအကာရံကိုသာပညာစက္မ်ားကထိမိၿပီး တအုန္းအုန္းျမည္၍ ထေပါက္ကြဲသြားၾကေလ၏။
ပညာစက္မ်ားေပ်ာက္ကြယ္သြားခ်ိန္ သူရသည္အကာရံကိုဖယ္ရွား၍ မင္းေနာင္ကိုၾကည့္မိေသာအခါ မင္းေနာင္၏ခႏၶာကိုယ္သည္ တျဖည္းျဖည္းပညာစက္အေရာင္မ်ိဳးစုံက ဖုံးလႊမ္းလာခဲ့ေလ၏။ မင္းေနာင္က ထိုအရာကိုပင္ သေဘာအၾကႀကီးၾကကာ သူရဆီကိုပညာစက္ေတြႏွင့္ ပစ္ေပါက္လႊတ္ေလ၏။ ထူးဆန္းသည္မွာ မင္းေနာင္ပစ္ေသာ ပညာစက္တိုင္းက ေပါက္ကြဲထြက္ေနျခင္းျဖစ္ေလ၏။ သူရသည္ သူျပန္တိုက္စရာမလိုမွန္းသိေနေသာေၾကာင့္ မင္းေနာင္၏စုန္း၊ကေဝပညာစက္မ်ားကိုသာ ကာထားခဲ့ေလ၏။ မင္းေနာင္သည္ သူရကို သူဘယ္လိုပင္ပင္တိုက္တိုက္ မထိေရာက္တာကို သိရွိသြားကာ သူ၏လက္ထဲကိုပညာစက္မ်ား အကုန္စုေနခဲ့၏။ ပညာစက္မ်ားသည္ သူ၏ဦးေခါင္း၊ ေျခ၊ လက္စသည့္ ခႏၶာကိုယ္အစိတ္အပိုင္းေတြကေန လက္ထဲသို႔စီးဝင္ေနတာကို အတိုင္းသားျမင္ေနရေလ၏။
မင္းေနာင္သည္ ပညာစက္မ်ားစုၿပီးတာႏွင့္ သူရကိုပစ္ရန္ႀကံ႐ြယ္လိုက္ေသာ္လည္း ပညာစက္မ်ားကသူ၏လက္ကလြတ္ထြက္မသြားပဲ ခႏၶာကိုယ္အတြင္းသို႔ ျပန္လည္စီးဝင္သြားေလ၏။ မင္းေနာင္သည္ မ်က္လုံးျပဴးလွ်က္ အံ့ဩသြားကာ သူ၏ရင္ဘက္ဆီကေန ပညာစက္ေတြ ဝုန္းခနဲေဖာက္ထြက္လာကာ ေပါက္ကြဲသြားေသာေၾကာင့္ မင္းေနာင္သည္ ရင္ဘက္ပြင့္လွ်က္ ေသဆုံးသြားေလ၏။ မင္းေနာင္ေသဆုံးသြားၿပီးခဏအၾကာ၌ သူ၏အေလာင္းကို ငရဲမီးေတာက္က ျပာတစ္မႈန္ပင္မက်န္ေအာင္ ဝါးမ်ိဳခဲ့ေလ၏။ သူရသည္ လက္ႏွစ္ဖက္ကိုေနာက္ျပစ္၍ တည္ညိမ္လြန္းလွသည့္ေလသံႏွင့္
“ရန္ၿငိဳးေတြ၊ အမုန္းတရားေတြ၊ အာဃာတေတြ၊ ေဒါသေတြ၊ ေမာဟေတြနဲ႔ ေသာကေတြဟာ ငရဲမီးတမွ်ပူေလာင္ရင္း ကိုယ့္ကိုယ္ကိုယ္ ေလာင္ကြၽမ္းေနရွာတယ္ဆိုတာ လူမိုက္မ်ားအဖို႔ ၿငိမ္းဖို႔ပင္မေျပာနဲ႔ သိေတာင္မသိရွာၾကေပဘူး။ ေမတၱာတရားကိုသာ ေနရာတိုင္းမွာအသုံးျပဳခဲ့ၾကရင္ မဂ္ဖိုလ္နိဗၺာန္ဟာ ဧကန္မလြဲေရာက္ရေပလိမ့္မယ္။ မေကာင္းတဲ့ပညာကိုသင္ မေကာင္းတဲ့အလုပ္ကိုလုပ္ မေကာင္းတဲ့အက်င့္ေတြသာ ျပဳလုပ္ေနၾကေတာ့ သင္တို႔သုံးေယာက္ကို မဟာအဝီစိငရဲက ေစာင့္ႀကိဳေနပါလိမ့္မယ္။ ငရဲဆိုတာ ေျပာျပရင္ပုံျပင္ထင္ၿပီး လက္ေတြ႕မွာ ေဂါတမဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးေတာင္ မကယ္တင္ႏိုင္တာ သင္တို႔သိပါလိမ့္မယ္။ သေဗၺသတၱာကမၼသကာ။ ကိုယ့္မိုက္ျပစ္နဲ႔ကိုယ္ေတြပါပဲ။” ဟု ေရ႐ြတ္၍ သခ်ႋဳင္းထဲက ျပန္ထြက္လာခ်ိန္၌ ႐ြာဦးေက်ာင္းက အုန္းေမာင္းေခါက္သံကို ၾကားလိုက္ရေလေတာ့သတည္း။
~~~~
ၿပီးပါၿပီ။
တတ္သည့္ပညာတိုင္းအား ေကာင္းတာလုပ္ပါမူ…
ေကာင္းသည့္ပညာသာျဖစ္၏။
တတ္သည့္ပညာတိုင္းအား မေကာင္းတာလုပ္ပါမူ…
မေကာင္းသည့္ပညာသာျဖစ္၏။
အျဖဴနဲ႔အမဲဟာ ဒြန္တြဲေန၏။
(ဆက္လက္ႀကိဳးစားပါအုံးမည္)
#မိုးထြန္း(မေကြး)