” ငါမသေသေးဘူး “(စ/ဆုံး)

Unicode Version

” ငါမသေသေးဘူး “(စ/ဆုံး)
————————-

အချိန်ကား…..
ညဆယ်နာရီရှိနေပြီ။တိုယိုတာဂျစ်ကားတစ်စီး
ဟိုင်းဝေးလမ်း၌် အရှိန်ပုံမှန်ဖြင့် တရိပ်ရိပ်သွားနေလေသည်။
ယင်းကားပေါ်၌လူနှစ်စီးပါလာတာတွေ့ရ၏။

“ဟေ့ရောင်တင်မောင် ငါတို့တော့ ထောပြီကွ….
ကြည့်စမ်း….ရွှေလက်ကောက်တွေ ငွေတွေနည်းတာမဟုတ်ဘူး”

လှထူး မှာအဖိုးတန် ရွှေတွေငွေတွေ ရေတွက်ရင်းကားမောင်း
နေသူမိမိသူငယ်ချင်း တင်မောင်အားလှမ်းပြောလိုက်လေသည်။
လှထူးမှာ ကားနောက်ခန်း၌ထိုင်နေသောကြောင့် တင်မောင်လဲ
နောက်ကြည့် ဘက်မှန်ပေါ်ကတစ်ဆင့်တစ်ချက်လှမ်းကြည့်ကာ….

“အေးဟေ့….တို့တော့ချမ်းသာပြီ။ငါဒီတစ်သက်ဒီလိုရမယ်လို့
တစ်ခါမှ မတွေးခဲ့ဖူးဘူး။နတ်တွေက,မစတာနေမှာ”

“အေးကွာ တို့တော့ ရွှေပေါ်ငွေခင်းသလိုပဲ ရွှေမှုန်တွေစားတဲ့မင်းသား
လိုဖြစ်ရတော့မယ်”

နှစ်ယောက်သားပြောဆိုကာကျေနပ်နေကြလေသည်။သူတို့ အဖိုတန်းတဲ့
ရွှေလက်ကောက်တွေ လက်စွပ်တွေ ငွေတွေ ရလာတာက
ဤသို့ပင် ဖြစ်လေသည်…….

တင်မှောင်နဲ့လှထူးသည် သူတို့၏သူငယ်ချင်းကသူ၏
မင်္ဂလာဆောင်လာဖို့သောကြောင့် မြို့ကနေနယ်သို့သွားရောက်
ခြင်းဖြစ်ချေသည်။ ထိုပွဲ၌ မိမိသူငယ်ချင်းတွေဆုံတုန်း
အစားအသောက် တွေပါခဲ့သောကြောင့် ပြန်ဖို့သတိမရခဲ့ကျချေ။ ည၉နာရီထိုးတော့မှ မိမိတို့ရဲ့သူငယ်ချင်း
သတိုးသားကိုနှုတ်ဆက်ကာ ဟိုင်းဝေးအပြန်လမ်းကနေ မိမိတို့
မြို့လေးကိုပြန်လာကြခဲ့သည်။ဟိုင်းဝေးလမ်းကနေ…ကား
ကတရိတ်ရိတ်သွားနေခဲ့လေသည်။ လမ်းခုလတ်တစ်နေရာ၌…
ကားတစ်စီး ချောက်ထဲထိုးကျနေသည်ကို သူတို့မလှမ်းမကမ်းကနေ မြင်ရလေတော့သည်။ကားမောင်းသူတင်မောင်ကချက်ခြင်း
ကား ဘရိတ်ကိုနင်းကာ ရပ်လိုက်လေသည်။

“ဘာဖြစ်တာလဲ တင်မောင်….”

“ကားနောက်၌ထိုင်နေသောလှထူးက မေးလိုက်လေသည်။”

“ဟိုမှာ ကားတစ်စီးချောက်ထဲမှောက်နေတယ်”

“ဟင်….ဟုတ်လို့လား”

“ဟုတ်တယ် ကြည့်ရတာ အက်စီတက်ဖြစ်သွားတာ သိပ်မကြာခဲ့ဘူး
ထင်တယ်…လာငါတို့သွားကြည့်ရအောင် မသေသေးရင်လဲ
ငါတို့ကူညီလို့ရတာပေါ့”

“ငါတော့ကြောက်တယ်နော်….”

“လာစမ်းပါ…ငါတို့ကနှစ်ယောက်တောင်”
သူတို့နှစ်ယောက်ကားပေါ်မှဆင်းကာ ချောက်ထဲသို့ကျနေသော
ကားထံသို့ ဆင်းကြည့်လေသည်။တွေ့လိုက်ရသည် ထိုကား၌
မိန်းမလေး တစ်ဦးသာပါနေသည်ကိုတွေ့ရခဲ့သည်။
မိန်းကလေးရဲ့ လက်တွေမှာရွှေလက်ကောက်တွေ လက်စွပ်တွေ
ပြည့်နပ်နေအောင်ဝတ်ထားတာလဲတွေ့ရလေ၏ မိန်းကလေးမှာ
ကားအက်စ်စီတက် ဖြစ်တာပြင်းထန်သောကြောင့် ပွဲခြင်းသေ
သွားသည်ဟုပြင်ယူဆရသည်။

“ဟေ့ရောင် တွေ့လား ရွှေတွေ….”

“ုဖြစ်ပါ့မလား မယူကောင်းဘူးထင်တယ်”

“ဟာမင်း ကလဲ ခုဆိုဘယ်သူမှမရှိဘူး ငါတို့ယူသွားပြီး
ငါတို့ဘဝတွေပြောင်းလဲသွားနိုင်တယ်ကွ”

လောဘစောတွေတတ်နေသော တင်မောင်က ယူဖို့သာ
တိုက်တွန်းနေတော့သည်။ နောက်ဆုံးနှစ်ယောက်သား
သဘော တူကာယူဖို့ဆုံး ဖြတ်ချက်ချခဲ့ကြသည်။
ငွေအိတ်တွေလဲပါတာကိုတွေ့ရလေသည်။

“တင်မောင်….ဒီစိန်လက်စွပ်ကဖြုတ်မရဘူးဟ ကြပ်နေတာပဲ”

“နေနေ ငါဆွဲကြည့်မယ်….”

“အား….အား…..ဟူး တော်တော်မာလိုက်တာ အတည်ဝတ်ထားတာလားမသိဘူး ဟာသိပြီ”

တင်မောင်မှာမိမိဘောင်းဘီအိတ်ထဲက ခလုတ်နှိပ် ဓားကိုယူ
ထုတ်လိုက်လေသည်။

“ဟင် ဘာလုပ်မလို့တုန်း….”

“ခုတ်ယူမလို့လဲ…”

လှထူးမှာ စိတ်ထဲဘုရားဘုရားတက ကြောက်မိလေတော့သည်။
လောဘစောတွေတတ်နေသော တင်မောင်က ထိုမိန်းကလေး
လက်ကိုဓားဖြင့်ခုတ်လှီးကာ စိန်လက်စွပ်ကိုယူလိုက်လေသည်။
သို့ဖြင့် သူတို့နှစ်ယောက်လဲ ကားလမ်းပေါ်သို့တက်လာခဲ့သည်။

မိမိတို့ယူခဲ့သောပစ္စည်းတွေကို ကားပေါ်တင်ကာ
ဟိုင်းဝိုင်းလမ်းအတိုင်းမောင်းလာခဲ့ကြသည်။

ယခု သူတို့မှာ……
သာသာယာယာဖြင့်ကားကို မောင်းလာကာ ကိ်ုယ့်စိတ်ကူးကိုယ်စီ
ဖြင့်တွေးနေကြလေသည်။ထိုသို့ဖြစ်ရခြင်းမှာ သူတို့တွက်
ကံကောင်းမှုလား ကံကောင်းဆိုးမှုလား ဝေခွဲမရတော့ချေ။
ထိုသို့လုပ်ခြင်းမှာ အလွန်ပင်မှားလေသည်ဟု ယူဆလေသည်။

သို့ဖြင်တိုယိုတာကား ဟိုင်းဝေးလမ်း၌် တရိပ်ရိပ်သွားနေသည်။

“ဟေ့ရောင် ရှေ့မှာ လူတစ်ယောက် ကားတားနေတယ်”

“ဘယ်မှာလဲ……မတွေ့ဘူးကွ”

တင်မောင်မှာ မတွေ့သဖြင့် ဟိုကြည့်သည်ကြည့်ဖြစ်နေလေသည်။

“မင်း အမြင်မှာတာနေမှာပါကွာ…..”

“မဟုတ်ဘူး ငါသေချာမြင်လိုက်တာ ”

“မဟုတ်မလွဲရော ငါတို့ တွေ့ခဲ့တဲ့ ကားအက်စ်စီတက်ထဲက
ကောင်မလေးလားမသိ”

“ဟေ့ရောင် မနောက်နဲ့နော် ငါကြောက်တယ်”

“အေး….မင်းကြောက်နေလို့ မင်းစိတ်ကမင်း
ကိုပြန်ခြောက်နေတာလဲ ခုဏကမင်းမြင်တဲ့ဟာဆို
မင်းအမြင်မှားတယ်ဆို သေချာတယ်…မင်းစိတ်ကမင်းကိုပြန်ခြောက်နေတာ”

“ဟုတ်တယ် ငါအမြင်မှားတာပဲဖြစ်”

တကယ်တော့ လှထူးမြင်ခဲ့သည့် ကားတားနေတဲ့လူတစ်ယောက်
ဆိုတာအမှန်ပင်ရပ်နေခဲ့သည်။တင်မောင်က မမြင်တော့ ကား
မရပ်ပေးခဲ့ဘူးလေ…..။
ယခု ကံကြမ္မာဆိုးမှာ သူတို့ပေါ်သို့ကျရောက်လာဖို့
အစပြုလေပြီ ဟုယူဆရလေတော့သည်။
သိပ်မကြာခင်မှာပဲ လှထူးမှာ ကားတားနေတဲ့လူတစ်ယောက်ကို
ထပ်တွေ့လိုက်လေတော့သည်။

ထိုလူမှာ…….ဂါဝန်အဖြူကိုဝတ်ထားလေသည်။မိန်းကလေးဖြစ်လေသည်။
သူမ ဘယ်ပခုံး၌ ပိုက်ဆံအိတ်လွယ်ထားတာကိုတွေ့ရလေသည်။
သူမ ပိုက်ဆံအိတ်မှာ အပန်းရောင်ဖြစ်ချေသည်။သူမမှာလမ်းဘေး၌
ဘေးတစောင်းရပ်နေ၍ ညာလက်ကိုမြှောက်ကာ ကားတား
နေလေသည်။
လှထူးမှာမြင်တော့ ချက်ချင်းလက်ညိုးလှမ်းထိုးကာတင်မောင်အား
ပြောလေသည်။ဒီတစ်ခါတော့ တင်မောင်လဲ ကားတားနေသည့်
သူမကိုမြင်ရတော့သည်။ထို့ကြောင့်အနားရောက်လာသောအခါ
ကားအရှိန်ကိုလျော့ကာ ဘရိတ်နင်းလိုက်လေ သည်။

“ညီမလေး….ဘယ်သွားမလို့လဲ”

“ကျွန်မ လမ်းကြုံလိုက်ချင်လို့ပါရှင့်”

“ရပါတယ်။ဒါပယ်မဲ့ အချိန်မတော် ညီမဒီမှာဘာလုပ်နေတာလဲ”

“အိုအဲ့တာ ရှင်တို့ကိစ္စမဟုတ်ပါဘူး ကျွန်မကိစ္စပါ
ကျွန်မကို(…..)မြို့သို့ပို့ပေးပါ”

“ဟုတ်ကဲ့ ရပါတယ်၊ မေးမိတဲ့အတွက် ဆောရီးပါ”

ထို့နောက် ကောင်မလေးမှာ ကားရှေ့ခန်း၌တက်ထိုင်လိုက်လေသည်။
ကြည့်ရတာကောင်မလေးက တော်တော်ဒေါသဖြစ်နေတဲ့ပုံစံဖြစ်နေသည်။
သို့ဖြင့် ကားသည် ဟိုင်းဝေးလမ်း၌ဆက်သွားနေလေသည်။
ခဏကြာတော့ နောက်ခန်း၌ထိုင်နေသော လှထူးမှာ ထိုသို့
စဉ်စားလေမိသည်။

“အချိန်မတော်ကြီး….ဒီမိန်းကလေး ကားလမ်းပေါ်မှာ
ဘာလုပ်နေခဲ့တာလဲ မဟုတ်မှလွဲ လူရော ဟုတ်ရဲ့လား”

လှထူးထိုသို့စဉ်စားနေစဉ်ပဲ သူ့နှာခေါင်းထဲသို့ အနံ့ဆိုးချက်ချင်းရလေ
တော့သည်။ အနံမှာ တော်တော်ဆိုး၏။လူသေပုပ်ဇော်နံကဲ့သို့
ဖြစ်နေသည်။

“ဟာ….နံလိုက်တာ ဝေါ့…. တင်မောင်မင်းဘာအနံမရဘူးလား”

“မရဘူးဟ….ငါကမွေးတဲ့ရနံ့လိုတော့ရနေတယ်…”

“မင်းကလဲ ဒီလောက်နံနေတာ မွေးတယ်တဲ့”

“မဟုတ်ဘူး ငါရနေတာက မွေးတဲ့အနံကွ”

“အနံကလဲဘယ်ကလာမှန်း မသိဘူး….ဝေါ့…”

“ညီမလေးကော ဘာနံမှမရဘူးလား”

မိန်းကလေးမှာ သူတို့မေးတာကိုဘာမှမဖြေ
ခပ်တည်တည်သာထိုင်နေ၍ ဂရုမစိုက်သလိုသာနေ နေသည်။
တင်မောင်လဲ ဘာမှထပ်မပြောတော့
ကားကိုသာဆက်မောင်းနေတော့သည်။
မကြာမီပင် မွေးတဲ့အနံရော နံတဲ့အနံရော ဘာမှမရတော့ချေ။
ချက်ချင်းဆိုသလိုပျောက်ကွယ်သွားလေသည်။

ခဏကြာတော့ တင်မောက်မှာကားမောင်းနေရင်း နဘေး၌ထိုင်နေ
သော မိန်းကလလေးကို တစ်ချက်မျက်စောင်းထိုးကြည့်လိုက်သည်။
ဒီတစ်ခါတင်မောင် ကြောက်လန့်သွားလေတော့သည်။သူတွေ့လိုက်ရသည်က မိန်းကလေးရဲ့မျက်နှာ၌ လောက်တွေတက်
နေတာကိုတွေ့ရလေသည်။မျက်နှာကလည်း ဖော့ရောင် နေသလို
ဖြစ်နေသည်။တင်မောင်ချက်ခြင်းလှန့်သွားကာ မိမိမျက်လုံးကို
လက်ဖြင့်ပွတ်သတ်ကာ ထပ်မှန်ကြည့်လိုက်တော့သူမပါးပေါ်၌ဘာလောက်မှမတွေ့ရတော့ချေ။သူမပါး၌်သနပ်းကွက်ကြား
ကွက်ကြားလေးတွေကပ်နေသည်ကိုသွားတွေ့ရလေသည်။
တင်မောင်လဲ မမြင်မှားတာပဲဆိုပြီး ကားကိုဆက်မောင်းချေတော့
သည်။
ဟိုင်းဝေးလမ်း၌ တင်မောင်တို့ကားတစ်စီးသာ တရိတ်ရိတ်သွားနေ
သည်။ပတ်ဝန်းကျင်က မှောင်မည်း ပြီးတိတ်ဆိတ်လှသည်။
တခြားကားများသွားလာခြင်းလဲမတွေ့ရချေ။

ထို့ချိန် ကားပေါ်၌ပါလာသော် မိန်းကလေးမှာ ရုပ်တရပ်
ထငိုလေတော့သည်။

“အီ….အ…..ဟင့်….ဟင့်”

“ညီမလေး ဘာမှဖြစ်တာလဲ”

“မပြောချင်တော့ပါဘူး၊စိတ်နာလွန်းလို့”

“ပြောပါ….ညီမပြောမှကိုတို့ကကူညီလို့ရမှာပေါ့”

“ဒီလိုပါ….အကိုရယ်….”

ညီမမှာသိပ်ချစ်ရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ညီမသူ့ကို
ဘဝထက်မက ချစ်ခဲ့ရတယ်။ဒါပယ်မဲ့ ကံကြံမ္မာက
ညီမကိုမျက်နှသာမပေးခဲ့ဘူးလေ။တစ်နေ့တော့………
ညီမတို့နှစ်ယောက်ချစ်နေပါရဲ့နဲ့ သူမင်္ဂလာဆောင်သွားတဲ့
သတင်းကိုကြားလိုက်ရတယ်။ညီမ အရမ်းကြေကွဲခဲ့ရတယ်
ဒါကြောင့် ထင်ရာဆိုင်းလိုက်တော့တာပေါ့။သွားချင်တဲ့မြို့ကိုလျှောက်သွားပြီး ဘီယာတွေ ဝိုင်တွေ လျှောက်
သောက်တော့တယ်။တညလုံး မူးရူးခဲ့တာပေါ့။
ဒီလိုနဲ့မူးမူးနဲ့ ထိုည ကားကိုမောင်းလာခဲ့တယ်…..တနေရာ၌…
ညီမ မှာရှိတဲ့အဖိုတန်းပစ္စည်းတွေလိုချင်တဲ့သူတွေနဲ့တွေ့ခဲ့တယ်…

မိန်းကလေးမှာထိုသို့သာပြော၍ ဆက်မပြောချေတော့ချေ။

“ပြီးတော့ ဘာဆက်ဖြစ်လဲ…..ညီမလေး”

“မပြောချင်တော့ပါဘူး……”

မိန်းကလေး…ထိုသို့သာပြော၍ မိမိမျက်နှာကိုလက်ဖြင့်အုပ်လိုက်လေသည်။
တင်မောင်မှာမိန်းကလေးကိုကြည့်လိုက်တော့ သူမ၏
လက်တကြွယ် ပြတ်နေသည်ကိုတွေ့ရလေသည်။

“ဟင်….ညီမ လက်ကဘာဖြစ်တာလဲ”

“ဒါလား….”

မိန်းကလေးမှာ မျက်နှာထားချက်ခြင်းတင်းကာပြောလိုက်တော့သည်။

“ဒါလား….ဟားဟား…..နင်လုပ်တာလဲ”ဆိုပြီး

ထိတ်လန့်စွာထအော်ကာ တင်မောင်၏လည်ပင်းကိုထညစ်လေ
တော့သည်။မိန်းကလေး၏မျက်နှာမှာ…ခေါင်းတခုလုံးသွေးတွေ
နဲ့ မျက်လုံးကနီရဲလို့……..

“နင်….နင်….ဟို…..ဟို….အက်စီတတ် က ကောင်မလေး”

“ဟုတ်တယ် နင်တို့တွေကိုမကျေနပ်ဘူးဟေ့….”

“မလုပ်နဲ့…..လှထူးငါ့ကိုကယ်ဦး”

“ငါလဲ ခန္ဓာကိုယ် လှုပ်မရဘူးဖြစ်နေတယ်….အား…..”

တင်မောင်မှာ လည်ပင်းညစ်တဲ့ဒဏ်ကိုခံရင် ကားကိုထိန်းမောင်း ရလေတော့သည်။
နောက်ဆုံး ကားစီယာတိုင်ကိုထိန်းမနိုင်တော့သဖြင့်
ချောက်ထဲ သို့ထိုးကျသွားလေတော့သည်……………။

နာရီဝက်ခန့်အကြာ……….
မီးခိုးငွေ့တွေထွက် စုတ်ပြတ်သတ်နေတဲ့ ကားပေါ်ကနေသတိရ
လာသူက…….တင်မောင်။
မူးနှောက်နေတဲ့မိမိ နထင် နှစ်ဖက်ကို လက်ဖြင့်ပွတ်သတ်ကာ

“အား…..ကျွတ်…..ကျွတ်…….
ငါဘာဖြစ်ခဲ့တာပါလိမ့်…..”.

“ဟာဟို…..သရဲမ….”

တင်မောင်ထိတ်လန့်ကာ မိမိနဘေး၌ပါလာသော မိန်းကလေးကို
လှမ်းရှာလိုက်သည်။သို့သော်မတွေ့ရတွေ့ရတော့ချေ။
နောက်ခန်းကိုကြည့်လိုက်တော့ ဒဏ်ရာတွေနဲ့သေနဲ့မိမိသူငယ်ချင်း
လှထူးကိုတွေ့လေတော့သည်။ သို့သော် တင်မောင်မှာလောဘစိတ်က
တတ်နေသေးချေသည်။ထို့ကြောင့် လှထူးကိုင်ထားသော ရွှေအိတ်
ကို လှမ်းယူကာ ကားပေါ်မှထွက်လာခဲ့သည်။

တင်မောင်…….မိမိနဖူး၌ရခဲ့သည့်ဒဏ်ရာကိုပွတ်သတ်ရင်း
လက်တစ်ဖက်က ရွှေအိတ်ကိုကိုင်ကာ ကားလမ်းပေါ်သို့
ချီတက်လာခဲ့လေသည်။
ထိုချိန်ကားလမ်းပေါ်၌ သူတို့ကားပေါ်သို့ပါလာသော
မိန်းကလေးနဲ့လှထူး ရပ်နေသည်ကို တွေ့လိုက်လေသည်။
တင်မောင်ချက်ချင်းလန့်ကာ……..

“နင့်တို့…….သ…..သ…..ရဲ…..”

သူတို့နှစ်ယောက်မှာ ဘာမှမပြောချေ တဖြည်းဖြည်း တင်မောင်
နားသို့သာ တိုးလာခဲ့လေသည်။

“နင်……တို့…..မလာကြနဲ့……သွား…..ကြောက်တယ်”

တင်မောင်မှာ အနောက်ဆုတ်ရင်း လမ်းမခလယ်၌ရောက်နေ
ခဲ့သည်ကိုသတိမထားမိချေ။

ထို့ချိန် ကားတစ်စီးက အရှိန်ပြင်းစွာလာကာ တင်မောင်ကို
ဝင်တိုက်လိုက်လေသည်။သို့သောတင်မောင်မှာ ဘာမှမဖြစ်ခဲ့ချေ။
ဥပမာပြောရမည်ဆိုရင် ကားတစ်စီးကမြူတွေကိုသာတိုက်လိုက်သလိုမျိုးပေါ့။

“ဟာ…..ငါဘာမှမဖြစ်ဘူး….”

“တင်မောင် မင်းရော ငါရောက ကားမှောက်သွားကတည်းက
သေသွားကြပြီလေ…..”

“မဟုတ်ဘူး ငါမသေသေးဘူး…..
ငါမသေသေးဘူးနော်…..ငါချမ်းသာရဦးမှာ….ဟုတ်တယ်
ဒီရွှေတွေနဲ့ငါလုပ်ချင်တာလုပ်ရဦးမယ် ငါမသေသေးဘူး
ငါသေလို့ဖြစ်ဘူး……”

တင်မောင်မှာမိမိ မသေကြောင်းကိုပဲ မျက်နှာစိမ်းနဲ့သာ
ပြောနေတော့သည်။တကယ်တော့ ကားမှောက်ကတည်းက
သူတို့နှစ်ရောက်လုံးသေသွားခဲ့ပြီးပြီ။
ထိုချိန်၌ပင် သေမင်းတမန်လိုလိုမည်းမည်းကြီးအရိပ်က…..
တင်မောင်ကိုဆွဲခေါ်သွားလေတော့သည်။
တင်မောင်မှာ မိမိမသေကြောင်းပဲပြောကာ ဆွဲခေါ်တဲ့နောက်သို့
တကောက်ကောက်ပါသွားလေတော့သည်။

စာရေးသူ=အောင်(ရှမ်းမြောက်)
စာရေးဆရာ/ဆရာမများ စုပေါင်းထုတ် လိပ်ပြာခေါ်သံ စာအုပ်မှ
ကျနေည်ပါဝင်ရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်

Zawgyi Version

” ငါမေသေသးဘူး “(စ/ဆုံး)
————————-

အခ်ိန္ကား…..
ညဆယ္နာရီရွိေနၿပီ။တိုယိုတာဂ်စ္ကားတစ္စီး
ဟိုင္းေဝးလမ္း၌္ အရွိန္ပုံမွန္ျဖင့္ တရိပ္ရိပ္သြားေနေလသည္။
ယင္းကားေပၚ၌လူႏွစ္စီးပါလာတာေတြ႕ရ၏။

“ေဟ့ေရာင္တင္ေမာင္ ငါတို႔ေတာ့ ေထာၿပီကြ….
ၾကည့္စမ္း….ေ႐ႊလက္ေကာက္ေတြ ေငြေတြနည္းတာမဟုတ္ဘူး”

လွထူး မွာအဖိုးတန္ ေ႐ႊေတြေငြေတြ ေရတြက္ရင္းကားေမာင္း
ေနသူမိမိသူငယ္ခ်င္း တင္ေမာင္အားလွမ္းေျပာလိုက္ေလသည္။
လွထူးမွာ ကားေနာက္ခန္း၌ထိုင္ေနေသာေၾကာင့္ တင္ေမာင္လဲ
ေနာက္ၾကည့္ ဘက္မွန္ေပၚကတစ္ဆင့္တစ္ခ်က္လွမ္းၾကည့္ကာ….

“ေအးေဟ့….တို႔ေတာ့ခ်မ္းသာၿပီ။ငါဒီတစ္သက္ဒီလိုရမယ္လို႔
တစ္ခါမွ မေတြးခဲ့ဖူးဘူး။နတ္ေတြက,မစတာေနမွာ”

“ေအးကြာ တို႔ေတာ့ ေ႐ႊေပၚေငြခင္းသလိုပဲ ေ႐ႊမႈန္ေတြစားတဲ့မင္းသား
လိုျဖစ္ရေတာ့မယ္”

ႏွစ္ေယာက္သားေျပာဆိုကာေက်နပ္ေနၾကေလသည္။သူတို႔ အဖိုတန္းတဲ့
ေ႐ႊလက္ေကာက္ေတြ လက္စြပ္ေတြ ေငြေတြ ရလာတာက
ဤသို႔ပင္ ျဖစ္ေလသည္…….

တင္ေမွာင္နဲ႔လွထူးသည္ သူတို႔၏သူငယ္ခ်င္းကသူ၏
မဂၤလာေဆာင္လာဖို႔ေသာေၾကာင့္ ၿမိဳ႕ကေနနယ္သို႔သြားေရာက္
ျခင္းျဖစ္ေခ်သည္။ ထိုပြဲ၌ မိမိသူငယ္ခ်င္းေတြဆုံတုန္း
အစားအေသာက္ ေတြပါခဲ့ေသာေၾကာင့္ ျပန္ဖို႔သတိမရခဲ့က်ေခ်။ ည၉နာရီထိုးေတာ့မွ မိမိတို႔ရဲ႕သူငယ္ခ်င္း
သတိုးသားကိုႏႈတ္ဆက္ကာ ဟိုင္းေဝးအျပန္လမ္းကေန မိမိတို႔
ၿမိဳ႕ေလးကိုျပန္လာၾကခဲ့သည္။ဟိုင္းေဝးလမ္းကေန…ကား
ကတရိတ္ရိတ္သြားေနခဲ့ေလသည္။ လမ္းခုလတ္တစ္ေနရာ၌…
ကားတစ္စီး ေခ်ာက္ထဲထိုးက်ေနသည္ကို သူတို႔မလွမ္းမကမ္းကေန ျမင္ရေလေတာ့သည္။ကားေမာင္းသူတင္ေမာင္ကခ်က္ျခင္း
ကား ဘရိတ္ကိုနင္းကာ ရပ္လိုက္ေလသည္။

“ဘာျဖစ္တာလဲ တင္ေမာင္….”

“ကားေနာက္၌ထိုင္ေနေသာလွထူးက ေမးလိုက္ေလသည္။”

“ဟိုမွာ ကားတစ္စီးေခ်ာက္ထဲေမွာက္ေနတယ္”

“ဟင္….ဟုတ္လို႔လား”

“ဟုတ္တယ္ ၾကည့္ရတာ အက္စီတက္ျဖစ္သြားတာ သိပ္မၾကာခဲ့ဘူး
ထင္တယ္…လာငါတို႔သြားၾကည့္ရေအာင္ မေသေသးရင္လဲ
ငါတို႔ကူညီလို႔ရတာေပါ့”

“ငါေတာ့ေၾကာက္တယ္ေနာ္….”

“လာစမ္းပါ…ငါတို႔ကႏွစ္ေယာက္ေတာင္”
သူတို႔ႏွစ္ေယာက္ကားေပၚမွဆင္းကာ ေခ်ာက္ထဲသို႔က်ေနေသာ
ကားထံသို႔ ဆင္းၾကည့္ေလသည္။ေတြ႕လိုက္ရသည္ ထိုကား၌
မိန္းမေလး တစ္ဦးသာပါေနသည္ကိုေတြ႕ရခဲ့သည္။
မိန္းကေလးရဲ႕ လက္ေတြမွာေ႐ႊလက္ေကာက္ေတြ လက္စြပ္ေတြ
ျပည့္နပ္ေနေအာင္ဝတ္ထားတာလဲေတြ႕ရေလ၏ မိန္းကေလးမွာ
ကားအက္စ္စီတက္ ျဖစ္တာျပင္းထန္ေသာေၾကာင့္ ပြဲျခင္းေသ
သြားသည္ဟုျပင္ယူဆရသည္။

“ေဟ့ေရာင္ ေတြ႕လား ေ႐ႊေတြ….”

“ုျဖစ္ပါ့မလား မယူေကာင္းဘူးထင္တယ္”

“ဟာမင္း ကလဲ ခုဆိုဘယ္သူမွမရွိဘူး ငါတို႔ယူသြားၿပီး
ငါတို႔ဘဝေတြေျပာင္းလဲသြားႏိုင္တယ္ကြ”

ေလာဘေစာေတြတတ္ေနေသာ တင္ေမာင္က ယူဖို႔သာ
တိုက္တြန္းေနေတာ့သည္။ ေနာက္ဆုံးႏွစ္ေယာက္သား
သေဘာ တူကာယူဖို႔ဆုံး ျဖတ္ခ်က္ခ်ခဲ့ၾကသည္။
ေငြအိတ္ေတြလဲပါတာကိုေတြ႕ရေလသည္။

“တင္ေမာင္….ဒီစိန္လက္စြပ္ကျဖဳတ္မရဘူးဟ ၾကပ္ေနတာပဲ”

“ေနေန ငါဆြဲၾကည့္မယ္….”

“အား….အား…..ဟူး ေတာ္ေတာ္မာလိုက္တာ အတည္ဝတ္ထားတာလားမသိဘူး ဟာသိၿပီ”

တင္ေမာင္မွာမိမိေဘာင္းဘီအိတ္ထဲက ခလုတ္ႏွိပ္ ဓားကိုယူ
ထုတ္လိုက္ေလသည္။

“ဟင္ ဘာလုပ္မလို႔တုန္း….”

“ခုတ္ယူမလို႔လဲ…”

လွထူးမွာ စိတ္ထဲဘုရားဘုရားတက ေၾကာက္မိေလေတာ့သည္။
ေလာဘေစာေတြတတ္ေနေသာ တင္ေမာင္က ထိုမိန္းကေလး
လက္ကိုဓားျဖင့္ခုတ္လွီးကာ စိန္လက္စြပ္ကိုယူလိုက္ေလသည္။
သို႔ျဖင့္ သူတို႔ႏွစ္ေယာက္လဲ ကားလမ္းေပၚသို႔တက္လာခဲ့သည္။

မိမိတို႔ယူခဲ့ေသာပစၥည္းေတြကို ကားေပၚတင္ကာ
ဟိုင္းဝိုင္းလမ္းအတိုင္းေမာင္းလာခဲ့ၾကသည္။

ယခု သူတို႔မွာ……
သာသာယာယာျဖင့္ကားကို ေမာင္းလာကာ ကိ္ုယ့္စိတ္ကူးကိုယ္စီ
ျဖင့္ေတြးေနၾကေလသည္။ထိုသို႔ျဖစ္ရျခင္းမွာ သူတို႔တြက္
ကံေကာင္းမႈလား ကံေကာင္းဆိုးမႈလား ေဝခြဲမရေတာ့ေခ်။
ထိုသို႔လုပ္ျခင္းမွာ အလြန္ပင္မွားေလသည္ဟု ယူဆေလသည္။

သို႔ျဖင္တိုယိုတာကား ဟိုင္းေဝးလမ္း၌္ တရိပ္ရိပ္သြားေနသည္။

“ေဟ့ေရာင္ ေရွ႕မွာ လူတစ္ေယာက္ ကားတားေနတယ္”

“ဘယ္မွာလဲ……မေတြ႕ဘူးကြ”

တင္ေမာင္မွာ မေတြ႕သျဖင့္ ဟိုၾကည့္သည္ၾကည့္ျဖစ္ေနေလသည္။

“မင္း အျမင္မွာတာေနမွာပါကြာ…..”

“မဟုတ္ဘူး ငါေသခ်ာျမင္လိုက္တာ ”

“မဟုတ္မလြဲေရာ ငါတို႔ ေတြ႕ခဲ့တဲ့ ကားအက္စ္စီတက္ထဲက
ေကာင္မေလးလားမသိ”

“ေဟ့ေရာင္ မေနာက္နဲ႔ေနာ္ ငါေၾကာက္တယ္”

“ေအး….မင္းေၾကာက္ေနလို႔ မင္းစိတ္ကမင္း
ကိုျပန္ေျခာက္ေနတာလဲ ခုဏကမင္းျမင္တဲ့ဟာဆို
မင္းအျမင္မွားတယ္ဆို ေသခ်ာတယ္…မင္းစိတ္ကမင္းကိုျပန္ေျခာက္ေနတာ”

“ဟုတ္တယ္ ငါအျမင္မွားတာပဲျဖစ္”

တကယ္ေတာ့ လွထူးျမင္ခဲ့သည့္ ကားတားေနတဲ့လူတစ္ေယာက္
ဆိုတာအမွန္ပင္ရပ္ေနခဲ့သည္။တင္ေမာင္က မျမင္ေတာ့ ကား
မရပ္ေပးခဲ့ဘူးေလ…..။
ယခု ကံၾကမၼာဆိုးမွာ သူတို႔ေပၚသို႔က်ေရာက္လာဖို႔
အစျပဳေလၿပီ ဟုယူဆရေလေတာ့သည္။
သိပ္မၾကာခင္မွာပဲ လွထူးမွာ ကားတားေနတဲ့လူတစ္ေယာက္ကို
ထပ္ေတြ႕လိုက္ေလေတာ့သည္။

ထိုလူမွာ…….ဂါဝန္အျဖဴကိုဝတ္ထားေလသည္။မိန္းကေလးျဖစ္ေလသည္။
သူမ ဘယ္ပခုံး၌ ပိုက္ဆံအိတ္လြယ္ထားတာကိုေတြ႕ရေလသည္။
သူမ ပိုက္ဆံအိတ္မွာ အပန္းေရာင္ျဖစ္ေခ်သည္။သူမမွာလမ္းေဘး၌
ေဘးတေစာင္းရပ္ေန၍ ညာလက္ကိုေျမႇာက္ကာ ကားတား
ေနေလသည္။
လွထူးမွာျမင္ေတာ့ ခ်က္ခ်င္းလက္ညိဳးလွမ္းထိုးကာတင္ေမာင္အား
ေျပာေလသည္။ဒီတစ္ခါေတာ့ တင္ေမာင္လဲ ကားတားေနသည့္
သူမကိုျမင္ရေတာ့သည္။ထို႔ေၾကာင့္အနားေရာက္လာေသာအခါ
ကားအရွိန္ကိုေလ်ာ့ကာ ဘရိတ္နင္းလိုက္ေလ သည္။

“ညီမေလး….ဘယ္သြားမလို႔လဲ”

“ကြၽန္မ လမ္းႀကဳံလိုက္ခ်င္လို႔ပါရွင့္”

“ရပါတယ္။ဒါပယ္မဲ့ အခ်ိန္မေတာ္ ညီမဒီမွာဘာလုပ္ေနတာလဲ”

“အိုအဲ့တာ ရွင္တို႔ကိစၥမဟုတ္ပါဘူး ကြၽန္မကိစၥပါ
ကြၽန္မကို(…..)ၿမိဳ႕သို႔ပို႔ေပးပါ”

“ဟုတ္ကဲ့ ရပါတယ္၊ ေမးမိတဲ့အတြက္ ေဆာရီးပါ”

ထို႔ေနာက္ ေကာင္မေလးမွာ ကားေရွ႕ခန္း၌တက္ထိုင္လိုက္ေလသည္။
ၾကည့္ရတာေကာင္မေလးက ေတာ္ေတာ္ေဒါသျဖစ္ေနတဲ့ပုံစံျဖစ္ေနသည္။
သို႔ျဖင့္ ကားသည္ ဟိုင္းေဝးလမ္း၌ဆက္သြားေနေလသည္။
ခဏၾကာေတာ့ ေနာက္ခန္း၌ထိုင္ေနေသာ လွထူးမွာ ထိုသို႔
စဥ္စားေလမိသည္။

“အခ်ိန္မေတာ္ႀကီး….ဒီမိန္းကေလး ကားလမ္းေပၚမွာ
ဘာလုပ္ေနခဲ့တာလဲ မဟုတ္မွလြဲ လူေရာ ဟုတ္ရဲ႕လား”

လွထူးထိုသို႔စဥ္စားေနစဥ္ပဲ သူ႔ႏွာေခါင္းထဲသို႔ အနံ႔ဆိုးခ်က္ခ်င္းရေလ
ေတာ့သည္။ အနံမွာ ေတာ္ေတာ္ဆိုး၏။လူေသပုပ္ေဇာ္နံကဲ့သို႔
ျဖစ္ေနသည္။

“ဟာ….နံလိုက္တာ ေဝါ့…. တင္ေမာင္မင္းဘာအနံမရဘူးလား”

“မရဘူးဟ….ငါကေမြးတဲ့ရနံ႔လိုေတာ့ရေနတယ္…”

“မင္းကလဲ ဒီေလာက္နံေနတာ ေမြးတယ္တဲ့”

“မဟုတ္ဘူး ငါရေနတာက ေမြးတဲ့အနံကြ”

“အနံကလဲဘယ္ကလာမွန္း မသိဘူး….ေဝါ့…”

“ညီမေလးေကာ ဘာနံမွမရဘူးလား”

မိန္းကေလးမွာ သူတို႔ေမးတာကိုဘာမွမေျဖ
ခပ္တည္တည္သာထိုင္ေန၍ ဂ႐ုမစိုက္သလိုသာေန ေနသည္။
တင္ေမာင္လဲ ဘာမွထပ္မေျပာေတာ့
ကားကိုသာဆက္ေမာင္းေနေတာ့သည္။
မၾကာမီပင္ ေမြးတဲ့အနံေရာ နံတဲ့အနံေရာ ဘာမွမရေတာ့ေခ်။
ခ်က္ခ်င္းဆိုသလိုေပ်ာက္ကြယ္သြားေလသည္။

ခဏၾကာေတာ့ တင္ေမာက္မွာကားေမာင္းေနရင္း နေဘး၌ထိုင္ေန
ေသာ မိန္းကလေလးကို တစ္ခ်က္မ်က္ေစာင္းထိုးၾကည့္လိုက္သည္။
ဒီတစ္ခါတင္ေမာင္ ေၾကာက္လန္႔သြားေလေတာ့သည္။သူေတြ႕လိုက္ရသည္က မိန္းကေလးရဲ႕မ်က္ႏွာ၌ ေလာက္ေတြတက္
ေနတာကိုေတြ႕ရေလသည္။မ်က္ႏွာကလည္း ေဖာ့ေရာင္ ေနသလို
ျဖစ္ေနသည္။တင္ေမာင္ခ်က္ျခင္းလွန္႔သြားကာ မိမိမ်က္လုံးကို
လက္ျဖင့္ပြတ္သတ္ကာ ထပ္မွန္ၾကည့္လိုက္ေတာ့သူမပါးေပၚ၌ဘာေလာက္မွမေတြ႕ရေတာ့ေခ်။သူမပါး၌္သနပ္းကြက္ၾကား
ကြက္ၾကားေလးေတြကပ္ေနသည္ကိုသြားေတြ႕ရေလသည္။
တင္ေမာင္လဲ မျမင္မွားတာပဲဆိုၿပီး ကားကိုဆက္ေမာင္းေခ်ေတာ့
သည္။
ဟိုင္းေဝးလမ္း၌ တင္ေမာင္တို႔ကားတစ္စီးသာ တရိတ္ရိတ္သြားေန
သည္။ပတ္ဝန္းက်င္က ေမွာင္မည္း ၿပီးတိတ္ဆိတ္လွသည္။
တျခားကားမ်ားသြားလာျခင္းလဲမေတြ႕ရေခ်။

ထို႔ခ်ိန္ ကားေပၚ၌ပါလာေသာ္ မိန္းကေလးမွာ ႐ုပ္တရပ္
ထငိုေလေတာ့သည္။

“အီ….အ…..ဟင့္….ဟင့္”

“ညီမေလး ဘာမွျဖစ္တာလဲ”

“မေျပာခ်င္ေတာ့ပါဘူး၊စိတ္နာလြန္းလို႔”

“ေျပာပါ….ညီမေျပာမွကိုတို႔ကကူညီလို႔ရမွာေပါ့”

“ဒီလိုပါ….အကိုရယ္….”

ညီမမွာသိပ္ခ်စ္ရတဲ့ခ်စ္သူတစ္ေယာက္ရွိတယ္။ညီမသူ႔ကို
ဘဝထက္မက ခ်စ္ခဲ့ရတယ္။ဒါပယ္မဲ့ ကံႀကံမၼာက
ညီမကိုမ်က္ႏွသာမေပးခဲ့ဘူးေလ။တစ္ေန႔ေတာ့………
ညီမတို႔ႏွစ္ေယာက္ခ်စ္ေနပါရဲ႕နဲ႔ သူမဂၤလာေဆာင္သြားတဲ့
သတင္းကိုၾကားလိုက္ရတယ္။ညီမ အရမ္းေၾကကြဲခဲ့ရတယ္
ဒါေၾကာင့္ ထင္ရာဆိုင္းလိုက္ေတာ့တာေပါ့။သြားခ်င္တဲ့ၿမိဳ႕ကိုေလွ်ာက္သြားၿပီး ဘီယာေတြ ဝိုင္ေတြ ေလွ်ာက္
ေသာက္ေတာ့တယ္။တညလုံး မူး႐ူးခဲ့တာေပါ့။
ဒီလိုနဲ႔မူးမူးနဲ႔ ထိုည ကားကိုေမာင္းလာခဲ့တယ္…..တေနရာ၌…
ညီမ မွာရွိတဲ့အဖိုတန္းပစၥည္းေတြလိုခ်င္တဲ့သူေတြနဲ႔ေတြ႕ခဲ့တယ္…

မိန္းကေလးမွာထိုသို႔သာေျပာ၍ ဆက္မေျပာေခ်ေတာ့ေခ်။

“ၿပီးေတာ့ ဘာဆက္ျဖစ္လဲ…..ညီမေလး”

“မေျပာခ်င္ေတာ့ပါဘူး……”

မိန္းကေလး…ထိုသို႔သာေျပာ၍ မိမိမ်က္ႏွာကိုလက္ျဖင့္အုပ္လိုက္ေလသည္။
တင္ေမာင္မွာမိန္းကေလးကိုၾကည့္လိုက္ေတာ့ သူမ၏
လက္တႂကြယ္ ျပတ္ေနသည္ကိုေတြ႕ရေလသည္။

“ဟင္….ညီမ လက္ကဘာျဖစ္တာလဲ”

“ဒါလား….”

မိန္းကေလးမွာ မ်က္ႏွာထားခ်က္ျခင္းတင္းကာေျပာလိုက္ေတာ့သည္။

“ဒါလား….ဟားဟား…..နင္လုပ္တာလဲ”ဆိုၿပီး

ထိတ္လန္႔စြာထေအာ္ကာ တင္ေမာင္၏လည္ပင္းကိုထညစ္ေလ
ေတာ့သည္။မိန္းကေလး၏မ်က္ႏွာမွာ…ေခါင္းတခုလုံးေသြးေတြ
နဲ႔ မ်က္လုံးကနီရဲလို႔……..

“နင္….နင္….ဟို…..ဟို….အက္စီတတ္ က ေကာင္မေလး”

“ဟုတ္တယ္ နင္တို႔ေတြကိုမေက်နပ္ဘူးေဟ့….”

“မလုပ္နဲ႔…..လွထူးငါ့ကိုကယ္ဦး”

“ငါလဲ ခႏၶာကိုယ္ လႈပ္မရဘူးျဖစ္ေနတယ္….အား…..”

တင္ေမာင္မွာ လည္ပင္းညစ္တဲ့ဒဏ္ကိုခံရင္ ကားကိုထိန္းေမာင္း ရေလေတာ့သည္။
ေနာက္ဆုံး ကားစီယာတိုင္ကိုထိန္းမႏိုင္ေတာ့သျဖင့္
ေခ်ာက္ထဲ သို႔ထိုးက်သြားေလေတာ့သည္……………။

နာရီဝက္ခန္႔အၾကာ……….
မီးခိုးေငြ႕ေတြထြက္ စုတ္ျပတ္သတ္ေနတဲ့ ကားေပၚကေနသတိရ
လာသူက…….တင္ေမာင္။
မူးေႏွာက္ေနတဲ့မိမိ နထင္ ႏွစ္ဖက္ကို လက္ျဖင့္ပြတ္သတ္ကာ

“အား…..ကြၽတ္…..ကြၽတ္…….
ငါဘာျဖစ္ခဲ့တာပါလိမ့္…..”.

“ဟာဟို…..သရဲမ….”

တင္ေမာင္ထိတ္လန္႔ကာ မိမိနေဘး၌ပါလာေသာ မိန္းကေလးကို
လွမ္းရွာလိုက္သည္။သို႔ေသာ္မေတြ႕ရေတြ႕ရေတာ့ေခ်။
ေနာက္ခန္းကိုၾကည့္လိုက္ေတာ့ ဒဏ္ရာေတြနဲ႔ေသနဲ႔မိမိသူငယ္ခ်င္း
လွထူးကိုေတြ႕ေလေတာ့သည္။ သို႔ေသာ္ တင္ေမာင္မွာေလာဘစိတ္က
တတ္ေနေသးေခ်သည္။ထို႔ေၾကာင့္ လွထူးကိုင္ထားေသာ ေ႐ႊအိတ္
ကို လွမ္းယူကာ ကားေပၚမွထြက္လာခဲ့သည္။

တင္ေမာင္…….မိမိနဖူး၌ရခဲ့သည့္ဒဏ္ရာကိုပြတ္သတ္ရင္း
လက္တစ္ဖက္က ေ႐ႊအိတ္ကိုကိုင္ကာ ကားလမ္းေပၚသို႔
ခ်ီတက္လာခဲ့ေလသည္။
ထိုခ်ိန္ကားလမ္းေပၚ၌ သူတို႔ကားေပၚသို႔ပါလာေသာ
မိန္းကေလးနဲ႔လွထူး ရပ္ေနသည္ကို ေတြ႕လိုက္ေလသည္။
တင္ေမာင္ခ်က္ခ်င္းလန္႔ကာ……..

“နင့္တို႔…….သ…..သ…..ရဲ…..”

သူတို႔ႏွစ္ေယာက္မွာ ဘာမွမေျပာေခ် တျဖည္းျဖည္း တင္ေမာင္
နားသို႔သာ တိုးလာခဲ့ေလသည္။

“နင္……တို႔…..မလာၾကနဲ႔……သြား…..ေၾကာက္တယ္”

တင္ေမာင္မွာ အေနာက္ဆုတ္ရင္း လမ္းမခလယ္၌ေရာက္ေန
ခဲ့သည္ကိုသတိမထားမိေခ်။

ထို႔ခ်ိန္ ကားတစ္စီးက အရွိန္ျပင္းစြာလာကာ တင္ေမာင္ကို
ဝင္တိုက္လိုက္ေလသည္။သို႔ေသာတင္ေမာင္မွာ ဘာမွမျဖစ္ခဲ့ေခ်။
ဥပမာေျပာရမည္ဆိုရင္ ကားတစ္စီးကျမဴေတြကိုသာတိုက္လိုက္သလိုမ်ိဳးေပါ့။

“ဟာ…..ငါဘာမွမျဖစ္ဘူး….”

“တင္ေမာင္ မင္းေရာ ငါေရာက ကားေမွာက္သြားကတည္းက
ေသသြားၾကၿပီေလ…..”

“မဟုတ္ဘူး ငါမေသေသးဘူး…..
ငါမေသေသးဘူးေနာ္…..ငါခ်မ္းသာရဦးမွာ….ဟုတ္တယ္
ဒီေ႐ႊေတြနဲ႔ငါလုပ္ခ်င္တာလုပ္ရဦးမယ္ ငါမေသေသးဘူး
ငါေသလို႔ျဖစ္ဘူး……”

တင္ေမာင္မွာမိမိ မေသေၾကာင္းကိုပဲ မ်က္ႏွာစိမ္းနဲ႔သာ
ေျပာေနေတာ့သည္။တကယ္ေတာ့ ကားေမွာက္ကတည္းက
သူတို႔ႏွစ္ေရာက္လုံးေသသြားခဲ့ၿပီးၿပီ။
ထိုခ်ိန္၌ပင္ ေသမင္းတမန္လိုလိုမည္းမည္းႀကီးအရိပ္က…..
တင္ေမာင္ကိုဆြဲေခၚသြားေလေတာ့သည္။
တင္ေမာင္မွာ မိမိမေသေၾကာင္းပဲေျပာကာ ဆြဲေခၚတဲ့ေနာက္သို႔
တေကာက္ေကာက္ပါသြားေလေတာ့သည္။

စာေရးသူ=ေအာင္(ရွမ္းေျမာက္)
စာေရးဆရာ/ဆရာမမ်ား စုေပါင္းထုတ္ လိပ္ျပာေခၚသံ စာအုပ္မွ
က်ေနည္ပါဝင္ေရးသားထားတဲ့ ဝတၳဳတစ္ပုဒ္