ငါ့ကိုခေါ်ထားပါ(စ၊ဆုံး)
—————————
ပဲခူးတိုင်းအတွင်းကရွာကလေးတရွာတွင်ဦးမုန်တိုင်းဆိုသောလူမိုက်တယောက်နေသည်။
သူအသားကအညိုရောင်ထက်ကျော်ကာမဟူရာရောင်ဘက်သန်းနေသည်။
သွားခေါခေါနှင့်ရုပ်ဆိုးပေမဲ့မိန်မသုံးယောက်ရလေသည်။
သူ့တွင်အရင်မိန်းမနှစ်ယောက်ရှိခဲ့ကာအရင်မိန်းမကြီးသေတော့သမီး၃ယောက်ကျန်ခဲ့၍
နောက်မိန်းမနှင့်ကွဲပြန်ကာသားနှစ်ယောက်သမီးတစ်ယောက်ရှိကျန်ခဲ့ကာ
စုစုပေါင်းသားသမီးခြောက်ယောက်ရှိသည်။
လက်ရှိသုံးယောက်မြောက်မယားအငယ်လေးကကိုယ်ဝန်နှင့်ဖြစ်သည်။
ကလေးကများတော့စီးပွာရေးကမပြေလည်မိန်းမကလဲတစ်ယောက်ပြီးတယောက်လိုချင်ပြန်တော့
ဒုခ္ခပင်လယ်ဝေနေသည်။ဒါကြောင့်ငွေအမြန်ရလွယ်သောချဲရောင်းသောအလုပ်ကိုလုပ်သည်။
ထိုခေတ်ကနှစ်လုံးထီများရောင်းပါကဖမ်းသောအချိန်ဖြစ်သည်။
ဦးမုန်တိုင်းကစာဝတ်နေရေးအတွက်ခိုးကြောင်ခိုးဝှက်ရောင်းရသည်။
သူသည်ရွာနီးစပ်များအားစက်ဘီးတစီးနှင့်လှည့်ပတ်ကာရောင်းသည်။
သူရောင်းသောရွာများထဲမှဘဲအင်းရွာနှင့်သူ့ရွာကြားတွင်င်္သချိုင်းကုန်းတခုရှိလေသည်။
ထိုင်္သချိုင်းကုန်းကအခြောက်အလှန့်ကြမ်းသည်ဟုနံမည်ကြီးနေသည်။
သူကထိုင်္သချိုင်းနားကနေတဓူဝဖြတ်နေပေမဲ့တခါမှအျခြာက်မခံရပေ။
သူကအရက်သောက်လျှင်သွေးအလွန်ဆိုးကာတရွာလုံးအော်ဆဲတတ်ကာ
ငှက်ကြီးတောင်ဓားတလက်ကိုင်၍ရွာရိုးတရှောက်ပတ်ရမ်းတတ်သည်။
ထို့ကြောင့်ရွာထဲကလူတွေကသူ့အားလူပေလူတေသွေးဆူလွယ်သောသူဟုခေါ်ကာဝေးဝေးကရှောင်ကြသည်။
လူတွေတင်မဟုတ်ခွေးများပါသူ့အားမဟောင်ရဲပေစိတ်မထင်လျှင်မထင်သလိုလုပ်သောလူစားဖြစ်သည်။
တနေ့တွင်ဘဲအင်းရွာသို့ချဲသွားရောင်းရင်းထန်းရေသောက်နေကာညနေမမှောင်တမှောင်အချိန်မှပြန်လာသည်။
စက်ဘီးထားခဲ့ကာလမ်းရှောက်ပြန်လာခြင်းဖြစ်သည်။
ရွာနှစ်ရွာကြားကင်္သချိုင်းကုန်းနားရောက်တော့
”’ဟေ့လူ—–ဟေ့လူ—-””
သူ့အားတစ်ယောက်ယောက်ကခေါ်လိုက်သလိုအသံကြားရကာသူပတ်ရှာတော့ဘာမှမတွေ့ရပေ
ဒါနဲ့သူဆက်ရှောက်တော့နောက်ဘက်ကခြေသံကြားရပြန်ကာ
”ဟေ့လူ—-ဟေ့လူ—””
ဒီတခါသူနောက်လှည့်၍ရှာပါသော်လည့်ဘာမှမတွေ့တာကြောင့်
သူမူးမူးနဲ့တင်းသွားကာင်္သချိုင်းကုန်းဘက်လှည့်၍ပုဆိုးမကာကလော်တုတ်လိုက်လေသည်။
”’ငါ××###$$$$##××”
သူအားရအောင်ဆဲလာကာအိမ်ပြန်ရောက်လာသည်။
ထိုညသန်းခေါင်အချိန်လောက်တွင်သူအိမ်မှာမွေးထားသောခွေးများရော
ရွာထဲခွေးများပါအူလိုက်ကြသည်မှာထိတ်လန့်ဖွယ်ဖြစ်သည်။
နောက်ဆုံးသ့ူအိမ်ရှေ့တွင်ခွေးများတစုံတခုကိုတွေ့လို့ထိုးဟောင်နေသလိုဟောင်လိုက်အူလိုက်နှင့်
ဆူညံနေတာကြောင့်သူဓတ်မီးယူ၍ခြံထဲဆင်းကြည့်လိုက်သည်။
ထိုအခါသူ့ခြံရှေ့တွင်လူရိပ်တရိပ်ကိုမြင်လိုက်၍သူအော်မေးလိုက်သည်။
”ဟေ့ဘယ်ကောင်လဲကွ—–ငါ#$$$##$””
သူအော်၍လူရိပ်သည်ပျောက်သွာသောအခါသူကလော်တုတ်ကာပြန်အိပ်လိုက်သည်။
သူမှေးကနဲအိပ်ပျော်ကာစရှိသေးသည်။အိမ်မက်လိုလိုတကယ်လိုလိုနှင့်
သူ့အိမ်ဝင်းထဲသို့ဗလကောင်းကောင်းဂင်တိုတိုကြောက်စရာကောင်းသောလူတယောက်ဝင်လာကာသူ့အား
”’ ဟေ့လူ—–ခင်ဗျားဘာလို့အခြောက်တိုက်ဆဲနေတာလဲ””’
””ခင်ဗျားကကောဘယ်သူလဲကျူုပ်ခြံထဲဘာကိစ္စခွင့်မတောင်ပဲဝင်လာတာလဲ””’
”” ””’ ငါကလဲမင်းလိုပဲလောင်းကစားသမားအရက်သမားလူမိုက်တယောက်ပေါ့ကွာ——-တနေ့မှာတခြားရွာကိုဖဲသွားရိုက်ရင်းရှုံးမဲမဲပြီးရန်းလို့——အဲရွာကလူမိုက်တွေဝိုင်းသတ်လို့သေသွားတာကွ””’
””ဒါဆိုခင်ဗျားကသရဲပေါ့——ကျူပ်အိမ်မှာကလေးတွေရှိတယ်လန့်ကုန်မယ်ခင်ဗျားသွားတော့” ‘
””’အေးသွားမှာပါငါမင်းကိုအကူအညီပေးမလို့ပါ——မင်းစီးပွားရေးလုပ်တာငါကူညီမယ်—–မင်းကငါ့ကိုမင်းဆီမှာခေါ်ထားပေး—-မင်းစီးပွားဖြစ်စေရမယ်ငါကတိပေးတယ်——-””
‘သရဲစကားကြားတော့သူစိတ်ဝင်စားသွားသည်ခုတလောအဖမ်းအဆီးများ၍သူအလုပ်မဖြစ်ပါ——-
ရဲနဲ့သူနဲ့စိမ်ပြေးတမ်းကစားနေသလိုဖြစ်နေသည်။
မကြေနပ်သူတွေကလဲရဲသွားအကြောင်းကြား၍သူသွားရောင်းမည့်ရွာနားရဲများခြေခြင်းလိမ်နေသည်။
ဒါနဲ့သရဲအားသူသွေးတိုးစမ်းလိုက်သည်။
””ခင်ဗျားကဘယ်လိုကူညီမှာတုန်း””’
””မင်းလက်ခံတယ်ဆိုရင်—-ငါကရဲကိုရှင်းမရှင်းသွားကြည့်ပေးမယ်လေ””’
””ကောင်းပြီခင်ဗျားကိုဘာလုပ်ပေးရမလဲ””
””လွယ်ပါတယ်မင်းဘဲအင်းရွာသွားရင်ဖြတ်သွားရတဲ့င်္သချိုင်းကုန်းထဲက—–အကြီးဆုံးအပင်ကြီးအောက်ကိုသွား
အဲအပင်ရဲ့ညာဘက်ခြေ၁၀လှမ်းလောက်ရှောက်လိုက်ရင်
မြေကြီးကိုနဲနဲစွကြည့်——–
အဲဒီမှာငါ့လက်ဖျံရိုးတချောင်းနဲ့ခြေထောက်ရိုးတချောင်းတွေ့လိမ့်မယ်အဲဒါမင်းအိမ်ယူလာပြီး
အပင်တပင်အောက်တွင်းတူးပြီးထားပေးပါ——”””
””’အေးလေခင်ဗျားပြောသလိုသွားကြည့်ပြီးလုပ်ပေးမယ်ဘာစီးပွားမှမဖြစ်ပဲ—–ကျုပ်အဖမ်းခံရလို့ကတော့——–အမှုန့်ကြိတ်ပြီးခွေးစာကြွေးပြစ်မယ်—–””
””—-စိန်လိုက်လေခင်ဗျားအလုပ်ဖြစ်လဲကျုပ်ကိုအစာကြွေးအုံးနော်—”’
ထိုသို့သရဲနှငါ့ဦးမုန်တိုင်းအပေးအယူတည့်ကာသူလဲအိမ်မက်ကလန့်နိုးသွားလေသည်။
နောက်ရက်တွင်းဦးမုန်တိုင်းတယောက်သူ့ရွာနှင်ဘဲအင်းရွာကြားကင်္သချိုင်းကုန်းသို
ပေါက်တူးတလက်နှင့်သူ့လက်စွဲတော်ဌက်ကြီးတောင်ဓါးအားယူ၍ထွက်လာသည်။
သရဲပြောသည့်အတိုင်းင်္သချိုင်းကုန်းထဲကအကြီးဆုံးအပင်ဆီသို့သွားကာ
အပင်အောက်ရောက်တော့ညာဘက်သိုခြေ၁၀လှမ်းခန့်ရှောက်လိုက်သည်။
ထိုအခါမြေပုံတခုဘေးသို့ရောက်သွားကာထိုနေရာသိုအနဲငယ်တူးဆွလိုက်ရုံဖြင့်
သရဲပြောသောလက်ဖျံရိုးတခုနှင်ခြေထောက်ရိုးအပိုင်းအစတခုအားအလွယ်တကူတွေ့ရလေသည်။
ကြည့်ရသည်မှာအလောင်များမြုပ်ရန်ထပ်ထပ်တူးရင်းပေါ်လာပုံရလေသည်။
သူလဲအကြောက်အလန့်မရှိသူမိုထိုအရိုးများအားပလပ်စတတစ်အိပ်ထဲထည့်ကာ
င်္သချိ ုင်းမှအိမ်သို့အေးဆေးစွာပြန်လာလေသည်။
သူခြံထဲရောက်တော့ခြံနဘေးကမကျီးပင်ကြီးအောက်တွင်တွင်းခပ်တိမ်တိမ်တူးကာအရိုးများ
ထည့်၍မြုပ်ထားလိုက်သည်။သူ့ခြံထဲကခွေးများလဲမအူရဲတော့ပေ
နောက်ရက်များတွင်သရဲကသူ့ကိုဘယ်ရွာသွားရောင်းဘယ်ရွာတွင်ရဲရောက်နေသည်
အစရှိသဖြင့်ရဲသတင်းစုံစမ်းပေးသောသတင်းထောက်တယောက်ဖြစ်လာသည်။
ထိုကြောင့်သူနဲ့ရဲနဲ့တေ့လွဲလွဲနေသည်မှာအလွန်ကံကောင်းနေလေသည်။
တခါတရံလမ်းသွားရင်းမျက်စိလည်လမ်းမှားလာသောရဲများတွေ့ပါက
သရဲကကူညီ၍အမျိုးမျိုးအနှောက်အယှက်လုပ်လိုက်၍သူနဲ့ရဲများရေစက်ဆုံခွင့်မရပါ
ထိုကြောင့်ဦးမုန်တိုင်းအူစိုလာသည်။ဘဝတဆစ်ချိုးပြောင်းလဲသွားသည်။
ဦးမုန်းတိုင်းတို့မိသားစုသရဲရဲ့ကူညီမှု့နှင့်အဆင်ပြေကာစုတ်နေသောတဲကလေးအား
ပျဉ်ထောင်အိမ်အဖြစ်ြုပြင်နိုင်ခဲ့သည်မိန်းမနှင့်သားသမီးများလဲရွှေတွဲလဲငွေတွဲလဲဖြစ်ကုန်သည်။
ခြံထဲတွင်လည်းဝက်ဘဲကြက်များမွေးထားကာတဘက်တလမ်းကဝင်ငွေရအောင်စီစဉ်နိုင်ခဲ့ပြီ
တခါဘူးမှမကိုင်ဘူးသောငွေကလေးရှိလာတော့တမိသားစုလုံးစိတ်ကြီးဝင်လာသည်။
သူရဲမွေးထားသည်ကိုသ့ူ့အိမ်သားများမသိပေမဲ့ပတ်ဝန်းကျင်ကရိပ်မိလာသည်။
ရွာထဲအမဲသားဝက်သားပေါ်ပါကသူအပြေးအလွှားသွားဝယ်ကာမကျီးပင်တွင်ချိတ်ဆွဲပေးထားရသည်။
သ့ူ့အိမ်နီးချင်းများကညဘက်များတွင်သူ့ခြံထဲမဲမဲအရိပ်ကြီးအားမြင်ကြရသည်။
တခါတရံသူ့ခြံထဲကလေထဲရွေ့နေသောကြောက်မက်ဖွယ်သရဲတကောင်မြင်ရသည်ဟုဆိုပြန်သည်။
ဘေးခြံကကြက်များညဘက်ညဘက်ပျောက်နေသည်ကိုလဲမပြောရဲကြပေသူဒါးကြိမ်းကြိမ်းကာရမ်းမှာစိုးကြသည်။
ငွေကအရာရာကိုပြောင်းလဲစေတာကြောင့်ဦးမုန်တိုင်းစိတ်တွေပြောင်းလဲလာပြန်သည်။
ရွာထဲကမိန်းမတစ်ယောက်ကိုစိတ်ဝင်စားနေပြန်သည်။
တညသူအိပ်နေတုန်းအိမ်မက်ထဲသရဲသည်သူ့အိမ်ပေါ်သို့ခြေဆောင့်နင်းကာတက်လာသည်
””ဟေ့လူခင်ဗျားကတိမတည်ဘူးကျုပ်ကိုလဲအစာမှန်မှန်မကြွေးဘူး—-ခင်ဗျားသားကလေးတွေကလဲကျုပ်ကိုယ်ပေါ်သေးလာလာပန်းတယ်——–အဲဒါနေရာပြောင်းပေအုံး
ပြီးတော့အစားမှန်မှန်ကြွေးပါ””
ဦးမုန်တိုင်းလဲသရဲလာသတိပေးတာအလေးမထားနောက်မယားယူရန်တာဆူနေသည်။
တညတွင်ခြံထဲမှကြက်များဆူညံစွာအော်သံကြား၍ဦးမုန်တိုင်းသမီးအကြီးမသည်။
ခြံထဲဆင်း၍သွားကြည့်ရာလူမဲမဲကြီးတစ်ယောက်သည်ကြက်များဖမ်းကာအရှင်လတ်လတ်
ကိုက်စားနေတာကိုသွေးလန့်ဖွယ်မြင်လိုက်ရသည်။
”’သရဲ—-သရဲ—””
ထိုအခါအလွန်ထိတ်လန့်သွားကာအော်ကာပြေးလေသည်။
နောက်ရက်များတွင်လဲကြက်များတကောင်ပြီးတကောင်ပျေက်ရင်းမရှိသလောက်ဖြစ်သွားသည်။
ဦးမုန်တိုင်လဲအရောင်းအဝယ်မကောင်းတော့ခါပြိုင်ဘက်များပေါ်လာသည်။
ထိုအခါသရဲအားလှည့်မကြည့်အားတော့အစာကြွေးဘို့လဲမလုပ်တော့ပေ
တညတွင်ဝက်တကောင်ဆူညံစွာအော်နေပြန်သည်ဦးမုန်တိုင်းလဲခြံထဲဆင်း၍
ဝက်ခြံထဲသွားကြည့်ရာဝက်ပေါ်ခွစီးထားသောသရဲအားမြင်လေသည်။
သူလဲအလွန်ဒေါသထွက်သွားကာဓားနှင့်ပြေးခုတ်လိုက်တော့လေကိုသာခုတ်မိသွားသည်။
”’ငါ ####×××××””’
သူဒေါသဖြစ်ကာကလော်ဆဲပြန်သည်။သူဒီသရဲကိုနှိမ်နင်းမည်ဟုဆုံးဖြတ်လိုက်သည်။
နောက်တနေ့မနက်စောစောတွင်တဘက်ရွာမှာနေသောသူ့အကိုဆုံးသည်သတင်းကြား၍
အပြေးအလွှားတဘက်ရွာသို့သွားလေသည်။
သူသွားတဲ့ညမှာတော့ညသန်းခေါင်လောက်တွင်အိမ်နောက်ဘေးမှအိုးသံခွက်သံများကြားရတာကြောင့်
သူ့သမီးအကြီးမသည်လန့်နိုးသွားကာမီးဖိုဆောင်သို့သွာကြည့်မိသည်။
ထိုအခါမီးဖိုဆောင်ထဲတွင်အလွန်ကြောက်စရာကောင်းသောသရဲကြီးသည်ထမင်းအိုးဟင်းအိုးများ
အားဖွင့်ကာစားနေသည်ကိုမြင်လိုက်ရတဲ့အခါငယ်သံပါအောင်အော်လိုက်သည်။
”’လာကြပါအုံး—–သရဲကြီးမီးဖိုဆောင်ထဲရောက်နေလို့””’
သူ့အော်သံကြောင့်အိမ်နဘေးကလူများလာကြည့်တော့ဘာမှမတွေ့ရတော့ပေ။
သူ့သမီးကတော့မေ့လဲသွား၍မနဲနှာနပ်ယူရသည်။
နောက်ညမှာတော့သူတို့မိသားစုထမင်းစုစားနေတုန်းအိမ်အမိုးထုတ်တမ်းမှသရဲကြီးသည်ထိုင်နေကာ
သရဲလျှာကြီးသည်ရှည်ထွက်လာပြီးထမင်းဝိုင်းထဲရောက်လာသောအခါ
တအိမ်သားလုံးငယ်သံပါအောင်အော်၍ဝရုန်းသုန်းကားထပြေးကြသည်မှာ
ထမင်းဝိုင်းမှောက်ကာထမင်းဟင်းများဖွာလန်ကျဲကုန်သည်။
သူ့အိမ်သားများလဲအိမ်မှာမနေရဲတော့ပဲအမျိုးတစ်ယောက်အိမ်သွားနေကြလေသည်။
လူမရှိသောသူ့အိမ်တွင်ညဘက်၌အသံမျို ုစုံကြားနေရကာဝက်များမချိမဆန့်အော်သံလဲကြားနေသည်။
သို့ပေမဲ့တရွာလုံးကြောက်နေရ၍ဘယ်သူမှသွားမကြည့်ရဲပါ။
မနက်မိုးလင်းတော့ဝက်ခြံထဲဝက်တကောင်မှမရှိတော့ပါသွေးကွက်များသာမြင်ရလေသည်။
တဘက်ရွာသွားသောဦးမုန်တိုင်းလဲသူ့အကိုအသုဘချပြီးအိမ်ပြန်လာရာ
အိမ်ဟောင်းလောင်းနှင့်အကြောင်းစုံသိရသောကြောင့်ဒေါသအလွန်ထွက်သွားသည်။
သူမရှိတုန်းထင်တိုင်းကျဲကာသောင်းကျန်းသောသရဲအားဆဲနည်းပေါင်းစုံဖြင့်ဝေဝေဆာဆာဆဲလိုက်သည်။
””ငါ့ကိုဒါမျိုးလာမစမ်းနဲ့—–ငါအကြောင်းသိစေရမယ်””
ထိုသိုကြိမ်းဝါးကာပေါက်တူးယူ၍မကျီးပင်အောက်တူးကာသူမြုပ်ထားသော
သရဲအရိုးထုတ်အားဆွဲထုတ်ကာအမှိုက်များနှင့်ရောကာဓတ်ဆီလောင်း၍မီးရှို့လိုက်သည်။
ပတ်ဝန်းကျင်ကလူများကလဲဘာမှမပြောရဲပဲကြည့်နေကြသည်သူ့အိမ်သားများလဲအိမ်ပြန်ရောက်လာသည်။
နောက်တနေ့မနက်စောစောသူဟိုဘက်ရွာအသွားလမ်းတွင်အဆိပ်ပြင်းသောမြွေတကောင်ကိုက်ကာ
သေလေသည်။သူသေပြီးနောက်မှာတော့သူ့ခြံထဲတွင်မဲမဲအရိပ်အားမြင်ကြရပြန်သည်။
ဒီတခါမဲမဲအရိပ်သည်သူ့ခြံနားကပ်ပါကထွက်၍လိုက်တတ်သောကြောင့်
အားလုံးကသို့လောသို့လောထင်နေကြသည်။
စာဖတ်ပရိတ်သတ်ကောဘယ်သူလို့ထင်ပါသလဲ
ပြီး