” ငါ့နာ့မည်အာဠာဝကတဲ့ဟေ့…” (စ/ဆုံး)

Unicode Version

” ငါ့နာ့မည်အာဠာဝကတဲ့ဟေ့…” (စ/ဆုံး)
———————————————

ကျွန်တော့်ညီကိုငစိုးကြီးက ကာလသားအရွယ်
ကတည်းကတစ္ဆေသရဲရှိမရှိကိုလေ့လာတဲ့သူဗျ။
“မင်းဟာ တစ္ဆေသရဲကို ဘာလိုလိုက်ရှာနေတာလဲ-
ငစိုးကြီး “ရှိမရှိ သိချင်လို့ပါကွာ – အကိုရာ။
သရဲ၊ တစ္ဆေဆိုတာ ဘယ်လိုပုံသဏ္ဌာန်လဲ။
ဝတ္ထုစာအုပ်အချို့မှာ ရေးသလို၊
ဗီဒီယိုဇာတ်ကားတွေမှာ ပြသလို
အစွယ်ငေါငေါ၊ သွားကြီးကြီး၊ အကောင်ကြီးကြီး၊
အမွေးတွေ ခန္ဓာကိုယ်ပေါ်ပေါက်နေတာမျိုးလား။
တစ္ဆေဆိုရင်လည်းဟိုစာရေးဆရာကြီးတစ်ဦးရေး
သလိုတစ္ဆေရဲ့ခေါင်း မှာ သံပုရာခွံလို ဦးထုပ်ရှိတယ်။
အဲဒါကို တစ္ဆေ ဦးထုပ်လို့ခေါ်တယ်လို့ ရေး
ထားတာ ဖတ်ရဖူးတယ်ကွ။ ဘာတဲ့-
တစ္ဆေဦးထုပ်များရခဲ့ရင် အဲဒီတစ္ဆေကို လိုသလို ခိုင်းလို့ရသတဲ့။
ဟား – ဟား – အဲဒီ ဦးထုပ်များ ငါရခဲ့ရင် အဝိုင်း
ခေါက်ဆွဲဆိုင်က ဝက်သားခေါက်ဆွဲတစ်ပွဲ သွားယူလိုက်စမ်း၊
ဈေးထဲက ကိုအောင်မြင့်တို့ ဝက်သားဆိုင်က
ဝက်ပေါင် တစ်ပေါင်လုံး ခိုးလာခဲ့စမ်း။ လူမိုက်ကြီး
ဘိုအုန်းမောင်ရဲ့နားရင်းကိုဝါးရင်းတုတ်နဲ့သုံး
ချက်ဗျင်းလိုက်စမ်း။ ဆယ်တန်းစာမေးပွဲပေးခွန်း ကြိုပြီးသွား
ပိတ္တူကူးခဲ့စမ်း။ ဟိုက်ရှားပါး – ခိုင်း စရာတွေ
အများကြီးကွ။ ဒါကြောင့် – သရဲရာ၊ တစ္ဆေရော
တွေ့ချင်တယ်။ တစ္ဆေဦးထုပ် ရှိ၊ မရှိ သိချင်လို့လိုက်ရှာနေတာကွ”
“ဘုရားဟောထဲမှာ ပေတပြိတ္တာရှိတယ်လို့ ဟောထားတာ
ရှိရဲ့သားနဲ့ မင်းက မယုံဘူးလား – ငစိုးကြီးရ”
“ဘုရားဟောခဲ့တာ နှစ်ပေါင်း ထောင့်ငါးရာ ကျော်နေပြီကွ။
ငါလည်း အသက် (၃၀)ပြည့်တော့မယ်။ သရဲနဲ့ တစ္ဆေကို
အလုံးနဲ့အထည်နဲ့ မပြင်ဖူး ဘူးလေ”
“ကံနိမ့်ရင်ပြင်ရမှာပေါ့ကွာ။ ကံမြင့်နေတော့မင်းအနားမှာ
သရဲတစ္ဆေက မကပ်ရဲလို့ မင်း မမြင်ရတာပေါ့”
“ဒါဆို – ကံနိမ့်ရင် ပြင်ရတယ်ပေါ့။ ကံနိမ့်အောင်
ဘာတွေလုပ်ရမလဲ ပြော။ငါပြင်ချင်လို့ပါကွာ – အစ်ကိုရာ”
“တော်တော့ – ငစိုးကြီး၊ မင်းက လူကတ်၊ လူရွတ်၊
လူပေပဲ။ ကံနိမ့် အောင်လုပ်ရင် ငရဲသွားရမှာပဲ။
မင်း အသက်ငယ်သေးတယ်။ အဆင်သင့် တဲ့တစ်နေ့
မင်းကြုံရမှာပါကွာ။ စောင့်ကြည့်နေပါ..”
တစ်နေ့ …
ငစိုးကြီးတို့လူစု ဆေးမင်ကြောင်အရုပ်တွေ
ထိုးကြတယ်။ ငစိုးကြီးက ကျောကုန်းမှာ
ဘီလူးခေါင်းကြီး ထိုးတယ်။ လူက အသား ကလည်း ဖြူတော့
ဆေးမင်ကြောင် စုတ်ချက်ဒဏ်ရာတွေ
အနာကျက်သွား ဧရာ၊ လှလိုက်တဲ့ ဘီလူးရုပ်နှယ်ဗျာ ….။
ကျောကုန်းအပြည့်နီးပါး ထိုးထားတာ။
အမှန်က လှတယ်ဆိုတာ အနုပညာမျက်စိနဲ့ကြည့်ပြီး
ပြောတာပါဗျာ။ တကယ် ကြောက်စရာရုပ်ကြီးဗျာ။
အစွယ်ကောက်ငေါကြီးနှစ်ချောင်းက ဟထားတဲ့ပါးစပ်က
လန်ထွက် နေတယ်။ ဘီလူးရုပ်ရဲ့မျက်လုံး
နှစ်လုံးကလည်းပြူးဝိုင်းနေတော့ .. အတန်ကြာ
စိုက်ကြည့်ရင် ကျောစိမ့်သလို ဖြစ်လာတယ်။
သူတို့ လူငယ်တွေက အလှထိုးတာပေါ့လေ။
ကိုငစိုးကြီးလည်း အလှထိုးတာပါပဲ။ ကျွန်တော်
ကြားဖူးတယ်ဗျ။ တန်ဆောင်မုန်းလပြည့်နေ့
သန်းခေါင်မတိုင်မီ သိဒ္ဓိဆေးပေါက်ကြတာရယ်။
လပြည့် ညဉ့် (၁၂)နာရီ ကျော်သွားတော့
တစ်ယောက်သောသူက ဆေးပေါက်ရင်း
စောရနက္ခတ်နဲ့ (ငြိ) ကြုံသွားလို့ သူခိုးဘဝ
ရောက်သွားရ ရောဆိုပဲ။အချို့လူငယ်တွေ ကောင်းကင်နက္ခတ်
သွားလာလှုပ်ရှားနေတဲ့ အချိန် ကာလကို မသိကြဘူး။
အခန့်မသင့်ရင် ကိုယ်ဆေးပေါက်၊ ဆေးမင်ကြောင်
ထိုးနေချိန်နဲ့ အလျဉ်းသင့် ကြုံကြိုက်သွားခဲ့ရင် …။
လာဘသိဒ္ဓိနက္ခတ် ကြုံချိန်နဲ့ ကြုံသွားရင်
ကံကောင်းတာပဲ။ ဒီလိုမှ မဟုတ်ဘဲ စောရနက္ခတ်နဲ့
ကြုံသွားရင် ကိုယ်က သူခိုးဆေးမထို၊ဘဲ နက္ခတ်
ကြုံလို့ အပေါ်နဲ့အောက် တည့်ဝင်ပြီး
စောရသူခိုး ဖြစ်သွားရတာလည်း ရှိတယ်လို့
ဆရာ့ ဆရာကြီးတွေရဲ့ပြောသံကြားဖူးတယ်။
ဒီကိစ္စက ယုံချင်လည်း ယုံပါ။
မယုံလည်း နေပါ။ ဗဟုသုတအဖြစ် သူတို့ကို
ပြောပြရတယ် ခင်ဗျ။ ကျွန်တော့် ညီမှာ
ထူးခြားလာတာတော့ရှိတယ် ခင်ဗျ။
ဒီကောင် ကျောကုန်းမှာဘီလူးဦးခေါင်းနဲ့
မျက်နှာထိုးပြီးချိန်ကစပြီး သူ့ကိုအရပ်ထဲက
ကိုငစိုးကြီးလို့ မခေါ်ကြတော့ဘူး။
“အာဠာဝက”လို့ခေါ်ကြတယ်။
သူကလည်း အာဠာဝက”လို့ ခေါ်တာကို သဘောကျတယ်။
ဒါပေမဲ့- အာဠာဝကဘီလူးလို ဒေါသမကြီးဘူး။
ဖနောင့်မဆောင့်ဘူး။ တစ်ခါ- အာဠာဝကကွ
လို့အော်ပြီးမြေကြီးကိုဖနောင့်နဲ့ဆောင့်တာဆေးခန်းပြေးရတဲ့
ဘဝရောက်သွားတယ်။ မြေကြီးအမာနဲ့
ဖနောင့်အားနဲ့ဆောင့်တော့ အသား ကြေတာပေါ့ဗျာ။ ဟုတ်တယ်လေဗျာ..။
သူတို့က အလှထိုးတာလေ……။ သိဒ္ဓိဝင် ထိုးတာ မဟုတ်ဘူး။
သိဒ္ဓိဝင် ထိုးပြီဟေ့ဆိုရင် ဆိုင်ရာပိုင်ရာပွဲတွေ ပေးရတယ်။
ဆရာလုပ် သူက စည်းဝိုင်းပြီး အချိန်လိုက်
ရွတ်ဖတ်ဆေးထိုးပေးရတာ။ အာဠာဝက
ဆေးထိုးရင် သူနဲ့ စပ်တဲ့အစားအစာ၊ ပေါရိသာဒဆေးထိုးရင်
သူ့နေရာနဲ့ သူ့အစားအစာပွဲ အမျိုးမျိုးပေးပြီးထိုးကြတာ။
ဘာလို့ စည်းဝိုင်းထဲမှာ ထိုးကြရလဲဆိုတော့..
ပြင်ပပယောဂ ဝင်နှောင့်ယှက်လို့မရအောင်
စည်းချဝိုင်းထားရတာ။စီရင်ရာ ….။
မြန်မာ့ရိုးရာ ဆေးမင်ကြောင်ထိုးပြီဆိုရင်
ပိုပြီးရပ်ဓလေ့၊ ရွာဓလေ့၊ ရိုးရ ဓလေ့တွေ ပိုခမ်းနားတယ်၊
ဆေးမင်ကြောင်ထိုးနေရင်မင်ကြောင်
ထိုးတဲ့ရာဇမတ်အနိုးမိန်းကလေး
မလာရဘူး။ မကြည့်ရဘူး။
ထားပါတော့လေ…မောင်ငစိုးကြီးတို့ထိုးတာက
ကန်တော့ပွဲပေးလို့ တစ်ထုပ်ပြားငါးဆယ်
ပေးရတဲ့ လက်ဖက်ပွဲတောင် မပါဘူး။
ဆေးမင်ကြောင်ထိုးတဲ့ ဆရာလေးကို
အရက်ဖြူ (ဒါမှမဟုတ်) တော အရက်တစ်လုံးနှင့်
အမြည်းချပေးလိုက်ရုံပဲ။ကိစ္စပြီးမှ ပိုက်ဆံပေး။
ဘာမှ မစွမ်းဘူး။ ဘာနက္ခတ်နဲ့မှလည်း
မကြုံဖူးဘူးနဲ့ တူပါရဲ့။ ဘာမျှ ထူးခြားတာ မတွေ့ရပေါင်ဗျာ။
သို့သော် လူက ရွတ်ချင်ချင် ဖြစ်လာတယ်။
ဆိုခဲ့အတိုင်းပေါ့ဗျာ၊ ကိုစိုးကြီးက ဆရာပေါင်းစုံနှင့်လည်း
ပေါင်းသင်း ဖူးတော့ ဟိုဟာနည်းနည်း
ဒီဟာနည်းနည်းလည်း ရသကိုး။
အောက်လမ်းဆရာတွေနဲ့ တွဲမိတော့..
သင်္ချိုင်းတကာလည်း ညဉ့်အချိန်မတော်ရောက်တာပဲ။
ပီယဆေးစီရင်ဖို့ အစိမ်းသေမိန်းမပါးက
သနပ်ခါး သွားယူကြတုန်း
ကလည်း သူ ပါတာပဲ။ဘာတဲ့
ပေါက်ပေါက်မှော်သွင်းနည်းတဲ့ ..
ထမင်းမှော်သွင်းနည်းတဲ့။ ရှာရှာဖွေဖွေဗျာ။
အံမယ် … ဒီကောင် ဆေး
စုတ်မန္တန်တွေတောင် ရလို့ဗျာ။
တစ်ခါ- အထက်ဂိုဏ်းဆရာကြီးတွေနဲ့ အလွမ်းသင့်ပြီး
ရေဝင်တို့၊ ရေပန်းတို့အကြောင်း ဒီကောင် ပြောနိုင်ပြန်ရောဗျာ။
စုန်းမနဲ့ ပညာပြိုင်တော့ နောက်ဆုံးမှာ စုန်းမကြီး
ချုံးမည်းချငိုပြီး အထက်ဂိုဏ်းဆရာကြီး
ကိုရှိခိုးတောင်းပန်ပုံအကြောင်းအာပေါင်အာရင်းနဲ့ပြောကြတာ၊
ကိုယ်တောင် စိတ်ဝင်စားသွားခဲ့ရဗျာ။
ပြီး- လှံပျံစေနည်း ..။
ကြိုးပျံစေနည်း၊ ချုပ်နည်းတုပ်နည်း
ဒီကောင်တယ်ထိပဲဗျ။ ဆရာများ
လုပ်စားမလား မသိပါဘူးဗျာ။
(နောင်အခါ အလုပ်မှအနားယူသောအခါ
အထက်လမ်းဆရာဂိုဏ်း တက်ပြီး အခက်အခဲ
ပယောဂတို့ကိစ္စတို့ကို ဖြေရှင်းပေးတဲ့
ဆရာလေး ဖြစ် ခဲ့တယ်ခင်ဗျာ)
ကွမ်းပန်း၊ ဆေးလိပ်မန်း ရွတ်ပြတယ်။ ကြည့်စမ်းပါ့ဗျာ ..
“အစ်ကို – တစ္ဆေဖခေါ်မန္တန် ရလား”
“မရဘူးကွ “ မင်းရော ရလို့လား”
“ရတယ် – နားထောင်၊ ဦ- ထနောင်းတစ်ပင်၊
ပြည့်စင်စင်၊ တစ်ပင် စောင့်သည့် နတ်ဘီလူး၊
စူးစူးလည်းလာ၊ နတ်မိစ္ဆာ၊ မိစ္ဆာအာဘော်၊ ကြောက်
ကြောက်အဖက် – ဟို – ငနက်”
တောင်နှင့်အနောက်၊ မြောက်နှင့်အရှေ့
နေသရွေ့၊ တစ္ဆေကြီးတို့ အစုအဝေးခေါ်လာပေ။
၎င်းတို့နေရာ သစ်ပင်မှာလျှင် ငါသာ ယခုထားရမည်။
ဣမံဘတ္တံ ဘုဉ္စာဟိ၊ ဘုဉ္စာဟိ … လာလှည့်
စားလှည့်၊ အဲဒီဂါထာကို (၇)
အုပ်ရွတ်ပြီး စားစရာကျွေးခေါ်ရင်
တစ္ဆေနတ်အကြီးအကဲကို ခေါ်လို့ရ တယ်…။
“ခေါ်ပြီး ဘာလုပ်မှာတုံး – မောင်စိုးကြီးရ”
“ခိုင်းချင်တာ ခိုင်းလို့ရတာပေါ့- အစ်ကိုရာ။
ရှိသေးတယ်ဗျ – မြောက် ဘက်ရှင်မဆိုတာ
တန်ခိုးကြီးပြီး ရက်စက်တယ်တဲ့ဗျ။ အဲဒီမြောက်ဘက်ရှင်မ
ခေါ်တဲ့ မန္တန်ရှိတယ် – အစ်ကိုရ”
“ငါ စာရေးဆရာပဲကွ။ ဒါပေမဲ့ – မင်း ရွတ်ပြတဲ့မန္တန်တွေ
ငါ ခုမှ ကြားဖူး တာကွ။ ကဲ- ရွတ်ပါဦး ဆရာကြီးရာ”
“အဟမ်း …”
ကျွန်တော့်ညီက တယ်ရွတ်ပြချင်သူပဲကိုးဗျ။
အနီးမှာရှိကြတဲ့ ညီအစ်ကိုဝမ်းကွဲတွေကလည်း
ဝိုင်းပင့်ကြတယ်ဗျ။ “အသံနေအသံထားလေးနဲ့
ရွတ်ပါ – ဆရာငစိုးကြီးရဲ့”ဒီမှာ
ဆရာလောင်းလျာ ကိုမောင်ငစိုးကြီးက
အသံနေအသံထားနဲ့ မြောက်ဘက်ရှင်မအခေါ်မန္တန်ကို ရွတ်ပြပါရော။
“အိုး – ဆံထုံးတော်သခင်၊ ဆံပင်တော်ရွှေရိုး၊
ပန်းပြောက်ထိုးနှင့် . ပုဆိုးသာခါ၊ လက်မှာပုတီး၊ ညိုညီးညီးနှင့်..
ပိုးကြီးထဘီ၊ ရွှေနားနီနှင့်
ထဘီပေါင်းနက်၊ ပိုးကဘက်နှင့် …
လိုက်ဖက်သင့်လှ၊ ရင်ဝရွှေသား၊ ပတ္တမြားအစစ်၊ အနီစစ်တို့
ကြေးမြောက်ဘက်တွင် တို့ခင်း မမူ၊ လက်ဝဲလက်ယာ
ကျွန်းများစွာနှင့်၊ ကြွလာတော်မူပါတော့ …
ဣမံ သတ္တံ၊ ဘုဉ္စဟိ စားလှည့် စားလှည့်ပါကုန်….”
“ဟ-ဟ-မောင်တရုတ်က ဘာဖြစ်လို့တုံးဟ”
ကိုငစိုးကြီး မြောက်ဘက်ရှင်မ
အခေါ်မန္တန်ရွတ်လို့လည်းသုံးရော။အနီး
မှာရှိတဲ့ ကိုတရုတ်ကြီး အမလေးအော်ပြီး ထခုန်ပါရောဗျို့။
“မောင်တရုတ် – မောင်တရုတ်”
ဒီမှာ မန္တန်ရွတ်တဲ့ ကိုငစိုးကြီးက …
“မဟုတ်မှလွဲရော – ကိုတရုတ်ဒရ၊ မန္တန်ရွတ်လိုက်လို့
မြောက်ဘက် ရှင်မ မယ်တော်ကြီး ကြွလာတာ
မြင်လို့ လန့်အော်လိုက်တာ မဟုတ်လား ဟ – ဟင်”
“မ-မ-ဟုတ်ဘူး – ကိုငစိုးကြီး – ကြီးရ”
“ဟ – ဒါဆို ဘာဖြစ်လို့ လန့်အော်တာတုံးကွ”
“ငါ့- ငါ့ပခုံးပေါ်-ဖား-ဖားပျံခုန်ချသွားလို့
အော်တာဟ” “အမလေး” ဖြစ်ရလေကွာ၊ ချီးမှပဲ —
“အရေးကောင်းမှများကွာ – မောင်တရုတ်တို့
လုပ်လိုက်ရင် ဆရာ အရှက်ကွဲကရော – ဗွီ”
နောင်အခါ ကိုတရုတ်ကြီးနဲ့ တွေ့တော့
ကိုငစိုးကြီးက ခပ်တိုးတိုး ပြော သတဲ့၊
“ကိုတရုတ်ကြီးရာ – ကျပ် မန္တန်ရွတ်ပြီးတုန်းက
မြောက်ဘက်ရှင်မ မယ်တော်ကြီး စီးပြီး
ကြွလာတယ်ပြောလိုက်ရင် ကျုပ် ခင်ဗျားကို ဆန် သုံးပြည်
လက်ဆောင်ပေးတာပေါ့ဗျာ။ ခင်ဗျာက
ဗားပျံခုန်ကပ်လို့ လန့် အော်တာ ပြောလိုက်တော့ ကျပ်
အောက်သွားတာပေါ့တဲ့….” ဒါနဲ့ –
ကိုတရုတ်ကြီးကလည်း ပြန်ပြောသတဲ့ဗျာ။
“မသိလို့ပါကိုးစိုးကြီးရာ၊ စောစောကသာကြို
ပြောထားရင် မွှေတောင် မှ စည်ပိုင်းလုံးလောက်ကြီးတဲ့
မြွေကြီး စီးလာတာဗျလို့ ပြောတာပေါ့ဗျာ။
တောက်- ဆန်သုံးပြည်လွဲသွားတာ နာသကွာ။
ဒီလိုလုပ်ပါ – ကိုငစိုးကြီးရာ၊ နောက်တစ်ခါ လူ လူ လူမှာ
ရွတ်မယ်ဆိုရင် တစ်ရက်ကြိုပြောပါဗျာ-တဲ့”
ပြောပါပကောလားဗျာ …။
လူတွေက လူရွတ် လူပေလူထူတွေပါဆို။
ပြောချင်တာက ကိုးပိုးကြီးက လိုင်းစုံတယ်။
ဂမ္ဘီရဖြစ်ရပ်ဆန်းကြယ်ကိစ္စ ပိုစိတ်ဝင်စားပြီး
ရသမျှ ဆေး၊ အင်း၊ မန္တန်၊ လက်ဖွဲ့တွေလည်း
ဟုတ် မဟုတ်၊ စွမ်း မစွမ်း လက်တွေ့အသုံးချကြည့် တယ်။
အဲဒီလိုနဲ့ မယုံနိုင်သေးသမို့ လက်တွေ့စမ်းသပ်ကြည့်
တာကနေ တစ်နေ့ ထိတ်လန့်အံ့ဖွယ်ကြီး ကြုံရပါရောဗျာ။
သူနှင့်ရင်းနှီးတဲ့ ဆရာတစ်ဦးထံက ထူးဆန်းတဲ့ဂါထာ
ခေါ်မလား၊ မန္တန် ခေါ်မလား စာသားသုံးခု ရလာခဲ့တယ်။
“ကိုးစိုးကြီး အစီအရင်တွေကို သိပ်မယုံဘူးဆို”
“ဟုတ်တယ် – ဆရာ၊ တစ်ပွဲထိုး ထုံးမန်း တွေ့ဖူးတယ်ဆရာ။
ထုံးမန်း ချိုပြီးရိုက်တာ ကွဲတဲ့သူကွဲ ပြဲတဲ့သူပဲနဲ့ ဆေးခန်းရောက်တာ မြင်ဖူးတယ် ဆရာ။
ကျွန်တော်ဂမ္ဘီရဖြစ်ရပ်ဆန်းကြယ်ပညာတွေကို
စိတ်ဝင်စားပါတယ် ဆရာ။ သို့သော်- ကျွန်တော်
တွေ့ရသမျှ ဆရာတွေရဲ့ အစီအရင်အချို့က သိပ်မစွံဘူး ဆရာ”
“မယုံရပုံလေး နည်းနည်းပြောပါဦး – ကိုးပိုးကြီးရ”
“တစ်ခါမှ သူငယ်ချင်းတစ်ဦး ဆရာတစ်ဦးထံမှာ ပီယဆေးကိုရေးကြီး
ပေးပြီး ရယူခဲ့တယ် ဆရာရေ။ ဆရာလုပ်သူက
ဘာပြောတုံးဆိုတော့ ဒီပီယ ဆေးအမှုန့်ကို
ဆေးပေါ့လိပ်ထဲထည့်မီးဖွာပြီး ကိုယ်ကြိုက်တဲ့
ကောင်မလေး ရဲ့မျက်နှာကို မသိမသာ မှုတ်လိုက်တဲ့။
ဆေးလိပ်ငွေ့ ရှူမိရင် မင်းနောက်ကို ကောက်ကောက်ပါအောင်
လိုက်လာလိမ့်မတဲ့ဗျာ။ သူငယ်ချင်းလည်း
ငမ်းသာလွန်းလို့ ငွေအတော်များများ
ကန်တော့လိုက်တယ် ဆရာရေ။ ဆရာ က
ပြောသေးဗျ။ ညားသွားရင် သူ့ကို ဖိတ်တကမ်းဖို့ မမေ့ပါနဲ့တဲ့။
ဒါ-လူပျို ကြီးဘဝက အမြန်ကျွတ်အောင်
လုပ်ပေးတာတဲ့။ သူငယ်ချင်းလည်း ကျားပျံ မကောက်
ဆေးပေါ့လိပ်ထဲမှာ ပီယဆေးမှုန့်ထည့်၊
ဆေးသားနဲ့ပြန်ပိတ်ပြီး မီးညှိဖွာပေါ့။ သူ
ကြိုက်တဲ့ ကောင်မလေးနားသွားပြီး
စကားရော ဖောရော လုပ်ပြီး ဆေးလိပ်ခိုးငွေ့နဲ့
မှုတ်လိုက်တာ ကောင်မလေး ဆေးလိပ်မီးခိုးမွှန်ပြီး
ချလိုက်၊ ချောင်းဆိုးလိုက်ဖြစ်ပြီး စကားတွေ
များကြပါရော – ဆရာရဲ့၊ ပီယ ဆေးက သိပ်စွမ်းတာပဲ ဆရာရေ
“ဘယ်လို စွမ်းတာတုံး- ကိုငစိုးကြီးရ”
“ကောင်မလေး နောက်နေ့ ခိုးရာလိုက်ပြေးတော့တာပဲ
ဆရာ” “တယ်ဟုတ်ပါလားဗျ၊ ကိုငစိုးကြီး သူငယ်ချင်းနဲ့ပဲလား”
“ကျွန်တော့် သူငယ်ချင်းနဲ့ မဟုတ်ဘူး ဆရာ၊
ဘုန်းကြီးလူထွက် မြင်း လှည်းဆရာနဲ့ လိုက်ပြေးတာ ဆရာမရ”
“ဗုဒ္ဓေါတကယ့်ပီယဆေးပါလား – ကိုငစိုးကြီးရ ဟင်”
“အဲဒါ ပီယဆေးစီရင်ပေးတဲ့ ဆရာကို ပြန်ပြောပြတော့
ကျားပျံ မကောက်ဆေးလိပ်ထဲထည့်ဖွာလို့ဖြစ်တာတဲ့။
ကြားတာနဲ့ ပြန်သွားတာတဲ့။ အမှန်က
“ရွှေဘဲ” ဆေးပေါ့လိပ်ထဲက ထည့်ပြီး ဖွာမှုတ်မှ
ကောင်မလေးက သူ့ကို “ရွှေလို တန်ဖိုးရှိတဲ့ဘဲ”
ခေတ်စကားအရ ရွှေဘဲ”ဆိုပြီး တန်းချစ်မှာ တဲ့။
ဆေးလိပ်မှားတော့ ကျားပျံ ကြားပြီးပြန်တာတဲ့ဗျာ”
“ဒါဆိုပီယဆေးပေးကတည်းက ပြောလိုက်ပါလား”
“အဲဒါပြောတာပေါ့။ ဆရာ – မနေ့ကဘာလို့ကြို
မပြောတာလဲမေးတော့ ဆရာ မေ့သွားလို့ပါကွယ်တဲ့ဗျာ၊
ဒါကြောင့် – အချို့ဂမ္ဘီရ အစီအရင်တွေကို သိပ်မယုံကြည်ဘူး ဆရာ
“ဆရာ့ရဲ့ပညာပေါ်မှာမူတည်ပြီး အစီအရင်စွမ်းတာ
မစွမ်းတာ ရှိသလို၊ တပည့်လုပ်သူ အသုံးမတတ်လို့
လွဲမှားလွဲချော်တာလည်း ရှိတာပဲ။ ဖြစ် တတ်ပါ
တယ်လေ။ အဲဒီလို လွဲချော်သွားရင် ထင်ထားသလို
ဖြစ်မလာရင် ဆရာပဲ နာမည်ထိခိုက်တာ ရှိတာပေါ့။
ဒါနဲ့ – ကိုငစိုးကြီးက အစီအရင်နဲ့ အစွမ်းရှိပုံမယုံ
ဘူးဆိုတော့ ဆရာအနေနဲ့ ကိုငစိုးကြီး ယုံနိုင်လောက်တဲ့
အစီ အရင်လေး ပေးလိုက်မယ်။ သုံးကြည့်ပါ။
သဘောကျရင် ဆက်သုံး မကျရင် လည်း ကြိုက်သလိုလုပ်ပေါ့
“ဘာအစီအရင်များပါလဲ-ဆရာ”
ဒီမှာ ဆရာ ဦးသင်္ဂဟက စာရွက်တစ်ရွက်ပေါ်မှာ
စာသားအချို့ကိုရေးရ လိုက်တယ်။ ပြီး – ကိုးစိုးကြီးကို ပေးတယ်။
ကသားသုံးခုက
“ကြံသေ၊ အာခံသေ၊ ပြန်သေ”
“ရော့- ဒါကဒီစာသားတင်ရေးရမည့် ဘော်ရောင်ပြားပဲ”
ဆရာဦးသင်္ဂဟက နို့မှုန့်ဘူးအတွင်းခွံ
ငွေရောင်ပြားအသားလိုမျိုး ငွေ ရောင်ပြားတစ်ခု
ပေးတယ်။ ဆရာပေးတဲ့ ငွေရောင်ပြားရဲ့ သဏ္ဌာန်က
အောက်ပါအတိုင်း ဖြစ်ပါတယ်။
“ဘယ်လိုစီရင်ရေးရမှာလဲ-ဆရာ”
“ကိုငစိုးကြီးရဲ့လက်ရေးနဲ့ အဲဒီမြားသွားသဏ္ဌာန်
ငွေရောင်ပြားအတွင်း မှာ ရေးရမယ်။ ဒီလိုရေးပါ”
“ရေးပြီးရင် ဘာဆက်လုပ်ရမလဲ ခင်ဗျာ”
“အဲဒီလို ထည့်ရေးပြီးရင် အိမ်တိုင်လေးထောင့် တိုင်လေးတိုင်မှာ သံ
နှင့် ကပ်ရိုက်ထားလိုက်”
“အဲဒီလိုရိုက်ပြီးရင် ဘာဖြစ်မှာ – ဆရာ”
“စောင့်သာကြည့်ပါကိုငစိုးကြီး ယုံရပါစေမယ်၊
စိတ်ချ …” “စမ်းကြည့်မယ် ဆရာ”
ဆရာလိုရမည်ရ ပေးလိုက်တဲ့မြားဦးသဏ္ဌာန်
ငွေရောင်ပြားလေးခုနှင့် အက္ခရာစာရွက်လေး
ယူလာ၊ အိမ်ပြန်ခဲ့လိုက်တယ်။
အလုပ်ကိစ္စများနေတော့ ဆရာသင်္ဂဟ ပေးလိုက်တဲ့
အစီရင်ကိစ္စ လုပ် မကြည့်ရသေးဘူးတဲ့၊
တနင်္ဂနွေနေ့ အလုပ်အားတော့မှ ဆရာသင်္ဂဟရဲ့
အစီအရင်နည်း ဘယ် လို စွမ်းသလဲ၊ ထူးသည်လဲ
သိရအောင် ကိုစိုးကြီး စမ်းကြည့်တော့တယ်။
ဆရာသင်္ဂဟပြောတဲ့အတိုင်း မြားဦးပြောင်းပြန်
ငွေပြားအတွင်းမှာ …. “ဥုံ-ကြံသေ၊ ကာသေ၊ ပြန်သေ”
ဆိုတဲ့ ဂါထာလိုလို၊ မန္တန်လိုလို၊ အင်းစာလိုလို
စာတွေကို သံချွန် (ကညစ်)နဲ့ ရေးလိုက်တယ်။
သည့်နောက် – အမေတို့၊ အဖေတို့မသိအောင်
အိမ်ရှေ့အိမ်မကြီးဝဲယာ နှစ်တိုင်၊ အိမ်နောက်ဘက် အိမ်မကြီးတိုင်
ဝဲယာနှစ်တိုင် ပေါင်း တိုင်လေး တိုင်မှာ
သံမှိုနဲ့ရိုက်ကပ်ထားခဲ့လိုက်တယ်။
တစ်ရက်စောင့်ကြည့်တယ်။
မထူးခြားဘူး။
နှစ်ရက် စောင့်ကြည့်တယ်။ မထူးခြားဘူးတဲ့။
ဒီလိုနဲ့ အဲဒီကိစ္စကို မေ့မေ့ပျောက်ပျောက်ထားလိုက်တာ
သတိတောင် မရတော့ဘူးဆိုပဲဗျ။ ဒီလိုနဲ့ အမေနဲ့
အဖေလည်း ဘုရားဖူးခရီးထွက်သွားကြတယ်။
အိမ်မှာ ကိုငစိုးကြီးရယ်၊ သူ့မိန်းမ မမြင့်မြင့်ဌေးရယ်၊
ညီအငယ်ဆုံး မောင်စံကြည်ရယ်ပဲ ကျန်ခဲ့တယ်။
ညီ မောင်စံကြည်က သန်လျင်ကုန်မှာ အလုပ် လုပ်တယ်။
ညနေ (၅) နာရီပြန်ရောက်၊ မနက် (၆)နာရီ အလုပ်သွားရတယ်။
ကိုငစိုးကြီးကတော့ တပ်ထဲမှာ“ဂျူတီ ကျတဲ့နေ့ကလွဲပြီး
ကျန်နေ့တွေ ညဘက် အိမ်မှာ ရှိတယ်။
တစ်ညကိုငပိုးကြီး တိကျတဲ့ည။
သူ့မိန်းမမြင့်မြင့်ဌေးညဉ့် (၁၁)နာရီလောက်မှာ
အိမ်သာတက်ခဲ့တယ်။ လကလည်း လင်းထိန်နေတာမို့
ပတ်ဝန်းကျင်ကို ပီပီပြင်ပြင် မြင်ရတယ်။ ဒါနှင့်
(၁၀)မိနစ်ဝန်းကျင်ခန့် အိမ်သာကိစ္စ
ပြီးစီးသွားရော အိမ်သာ တံခါးဖွင့်လိုက်ချိန် …
“ဟင်”
အိမ်သာရှေ့မှာ ကျောပေးထိုင်နေကြတဲ့ လူသုံးဦး ..။
မမြင့်ဌေး လန့် သွားပြီ၊ မတ်ကလေးက အိမ်ရှေ့မှာ
အိပ်နေတာ၊ သူ့အမျိုးသားက တပ်ထဲမှာ။
လူစိမ်းတွေ တူရဲ့..
“ဟေ-ရှေ့က ဘယ်သူလဲ”
ဟန်ကိုယ့်ဖို့လုပ်ပြီး အသံမာမာနဲ့ အော်မေးလိုက်ရာ
စောစောက အိမ် သားကျောပေးထိုင်နေတဲ့ လူသုံးဦး ပြိုင်တူ ထရပ်လိုက်ကြတာ …
“အမလေး- လာကြပါဦးတော့၊ ကိုōကြည်
ကိုစံကြည်-လာကြပါဦး- လာကြပါဦး”
မြင့်မြင့်ဌေး အသံကုန်အော်လိုက်ရော
မတ်တော်သူ ကိုပံကြည်ရော၊ အိမ်နီးနားချင်းတွေပါ
နိုးပြီးလာရောက် မေးမြန်းကောပေါ့ဗျာ။
“မမြင့်ဌေး – ဘာဖြစ်လို့တုံး
မမြင့်မြင့်ဌေး တစ်ကိုယ်လုံးတုန်ပြီး
ကြောက်လန့်နေတယ်။ မတ်လုပ်
သူကိုပျံကြည်က ကိုင်လှုပ်မေးတော့မှ
သူ အသိပြန်ဝင်လာပြီး အထစ်ထစ် အငေါ့ငေါ့ဖြစ်နေတယ်။
“ဘာဖြစ်လို့တုံး – မြင့်မြင့်ဌေး” ဝိုင်းဒမ်းကြပြီး ..
“ဟို – ဟို – အိမ်သာကနေ ဆင်း – မလို့
လုပ်တော့ – ရှေ့ – ရှေ့နားမှာ လူ-လူအကြီး – သုံး – သုံးဦး”
“ဘာ – လူအကြီးကြီးသုံးဦး ဟုတ်လား”
“အင်-အင်- ထိုင်ရာကနေထရပ်ကာ
အကြီးကြီး-အ-မြင့် – ကြီး – ကြီး
အမလေး – ကျွန် – မ – အော်လိုက်ရော
ပျောက် – ပျောက်သွားကြရော၊ ဘုရား – ဘုရား”
“ထွက်ပြေးကြသလား – မမြင့်ဌေး”
“မ-မဟုတ်ဘူး- ဖြုန်းခနဲ ပျောက်သွားတာ”
“ဟာ- မဟုတ်သေးပါဘူးဗျာ”
ဒါနဲ့ ကိုစံကြည်ရော၊ အိမ်နီးနားချင်းတွေပါ
လက်နှိပ်မီးဖွင့်ပြီး ထိုးရှာ တော့လည်း ဘာခြေရာ
ဘာသဲလွန်စမှမတွေ့ကြဘူး။
နောက်ဆုံး မြင့်မြင့်ဌေး အမြင်မှောက်တာလို့
ပြောကြပြီး ပြန်အိပ်ကြ၊ အိမ်ပြန်ကြတော့တယ်။
သို့သော် ……
ဒိကိစ္စက တစ်ကြိမ်တည်း မဟုတ်ဘူး။
ကိုငစိုးကြီး တပ်ထဲမှာ ဂျူတီကျတဲ့ညတိုင်း ဖြစ်နေတာ။
အပေါ့ထသွား တိုင်း အလေးသွားလိုက်တိုင်း ကြုံနေရတာ။
အိမ်သာရှေ့မှာ ကျောပေးခါးထောက်ရပ်နေတာ၊
သုံးယောက် – အမ လေးအရပ် (၆)ပေမကဘူးတဲ့။
ကိုယ်လုံးတင် ရေသံစည်ပိုင်းလောက် ရှိဆိုပဲ။
တွေ့တာနဲ့ မြင့်မြင့်ဌေးက အလန့်တကြား
ကြုံးအော်၊မတ်လုပ်သူလည်း နိုး၊ အိမ်နီးနားချင်း
တွေလည်း နိုး။ မီးထိုးရှာလည်း အဲဒီလူထွားကြီးတွေ တွေ့ရ။
အဲဒီလို ထူးခြားတဲ့ကိစ္စ လင်လုပ်သူ
ကိုငစိုးကြီးကို ပြန်ပြောပြတော့ ဘာပြောမှတ်လဲ။
“သူခိုးတွေနေမှာ။ ဒါမှမဟုတ် အနုကြမ်းစီးမည့်
သူတွေလားပဲ မြင့်မြင့်ဌေး။ နင်လည်း
နေ့နေ့ညညရွှေတွေမဝတ်နဲ့။ ချွတ်သိမ်းထားတော့။
စံကြည်ရေညီလေး…” “ဘာလဲ- စိုးကြီး
“ငါမရှိတုန်း ဒီမိန်းမ အိမ်သာတက်ရင်
မင်း အကဲခတ်စောင့်ကြည့် ပေးလိုက်”
ကိုငစိုးကြီးမိန်းမ မမြင့်မြင့်ဌေ၊က ဆွဲကြိုး၊
လက်ကောက်၊ နားကပ်၊ လက်စွပ်တွေကို
နေ့ရောညရောဝတ်ထားလေ့ရှိတယ်ဗျ။ဒါ
အလွန်အန္တရာယ်များတယ်လေ။
ဓာတ်သိတွေက လက်ထောက်ချလို့
အနုကြမ်းစီးမည့်လူ၊ အလစ် ဝင်လုမည့်သူတွေ
အိမ်သာတက်နေတုန်းလာချောင်းတာနေမှာ။ သူက အ
အော်မြန်လို့ ဟိုလူတွေ ပြေးတာနေမှာပေါ့။
ဒီလိုကိုးစိုးကြီးက တွေးပြီး ပြောနေရတာ။
နောက်နေ့များ မြင့်မြင့်ဌေး အိမ်သာတက်ရင် မတ်လုပ်သူကို နှိုး၊ ခပ်
လှမ်းလှမ်းက စောင့်နေပေးပါလို့။
ကိုစံကြည် လက်နှိပ်မီးနဲ့ အိမ်မီးဖိုနောက်ဖေ၊
တံခါးဝက ရပ်ကြည့်၊ မီးထိုးကြည့်ရင်
ဘယ်သူမှ မလာဘူး၊ မတွေ့ဘူး။သို့သော်
ကိုစံကြည် (မတ်တော်မောင်)ကို နှိုးရမှာ အားနာလို့
လက်နှိပ်မီးဆွဲပြီး ကိုယ့်ဘာသာကိုယ် တက်ရော…
မြတ်စွာဘုရား၊ ကယ်တော်မူပါ … အိမ်သာက ဆင်းလိုက်ချိန်
ခါးတောင်းကျိုက် လက်ပိုက်ထားတဲ့
မျက်နှာကြီးပြားပြား၊ ခေါင်းကြီး၊ မျက်လုံးပြူးပြူးနဲ့
ထွားထွားကျိုင်းကျိုင်း၊ အရုပ်ဆိုးဆိုးလူကြီးသုံးဦးကိုလက်
နှိပ်မီးရောင်နှင့် ဖျတ်ခနဲ မြင်လိုက်ရပြီး ပျောက်သွားပါရော။
မြင့်မြင့်ဌေးရဲ့အလန့်တကြား၊ အော်သံ၊
ငိုသံ၊ ရိုက်သံ၊ ဆူညံသွားပြီး ကိုစံကြည်ကလည်း
သူ့ကို မနှိုးရကောင်းလားဆိုပြီး မရီးလုပ်သူကိုပြော။
အိမ်နီးနားချင်းတွေကလည်း ခဏခဏ
ဖြစ်နေတော့ မထွက်ကြ တော့ဘူး။ မြင့်မြင့်ဌေး ကံနိမ့်လို့
သရဲခြောက်ခံရတာလို့ပဲ ပြောကြတယ်။
ကိုစိုးကြီး စဉ်းစားရပြီ …။
သူ တပ်ထဲမှာ ဂျူတီကျတဲ့ညတိုင်း ဖြစ်နေတာ၊
သူရှိတုန်း၊ ဓားရှည်ကိုင်ပြီး စောင့်ကြည့်တယ်။
ဘယ်သူမျှ မလာဘူး။ စဉ်းစားရ ကျပ်နေတယ်။
သူ့မိန်းမကို စစ်မေးတော့လည်း ကြိမ် တွယ်ပြီး ငိုယိုပြောရှာတယ်။
ဒီလို အရုပ်ဆိုးဆိုး ခေါင်းမှာ ဘုသီးတွေပါတဲ့
လူထွားကြီးတွေကို ဟိုတုန်းက မမြင်ဖူးဘူးတဲ့။
ခုလထဲကျမှ ထူးထူးခြားခြား မြင်ရကြုံရတာတဲ့။ ခက်နေပြီ ..
ဒါနဲ့ လိုရမယ်ရ ဗိုလ်ချုပ်ကျေးရွာက
ဗေဒင်ဆရာကြီးအဘဦးအောင်စိန် ကို
သွားမေးမြန်း အစစ်ဆေးခံလိုက်ရော…
“ဟ-မောင်ငစိုးကြီးရ၊ ငါ့တူ အိမ်ခြံထဲမှာ
ရောက်နေကြတာပါလား
“ဘယ်သူတွေတုံး – ဆရာကြီး၊ ခင်ဗျ”
“မင်း ခေါ်ထားတဲ့ ပုဂ္ဂိုလ်တွေလေကွာ”
“ဗျာ-ကျွန်တော်ဘယ်ပုဂ္ဂိုလ် ဘယ်သူမှ
ခေါ်မထားဘူးဆရာကြီး။ အိမ်
မှာ ရောက်နေတာ ဘယ်သူတွေလဲ ခင်ဗျ”
“မင်း မိန်းမကိုစောင့်ရှောက်နေတာ”
“ဟာ … မဖြစ်နိုင်ဘူးနဲ့ တူတယ် ဆရာကြီးရာ”
“မင်း ဖိတ်ခေါ်လို့ သူတို့ အိမ်ခြံလူကို
စောင့်ရှောက်နေတာ။ မင်း- ဘယ်တုံးက ခေါ်ထားတုန်း”
“ဆရာကြီး – အခု ကျွန်တော့် ခြံဝန်းထဲ
ရောက်နေတာ ဘယ်လိုပုဂ္ဂိုလ် တွေတုန်း – ဆရာကြီး
“မကြောက်နဲ့နော်”
“ပြောပါ – ဆရာကြီးရှင့်”
“ဘီလူးသုံးကောင်” “ဗျာ.”
“ရှင် .
“ဒါ – ဒါ – ဆို ကျွန်တော်တို့ ဘယ်လိုလုပ်ရ
မလဲဟင် – ဆရာကြီး” “မင်း ခေါ်လို့လာတာဆိုတော့
မင်းပဲ ပြန်ပို့ပြန်ထုတ်ရမှာပေါ့ ကိုစိုးကြီး စဉ်းစားရ
ကျပ်နေတယ်။ သူ့ဆရာတွေနဲ့ သင်္ချိုင်းကုန်း
စုံအောင်လိုက်ဖူးတယ်။ ပယောဂ အစီအရင်တွေ
စီရင်ဆောင်ရွက်ရာမှာလည်းလိုက်လေ့လာရောက်ရှိဖူးတော့
အဲဒီကများလိုက်ရော့သလား။
ဆရာကြီး ဦးအောင်စိန်က ပြန်လာပြီးနောက်
သူ တွေးတယ်။ ခေါ်လို့ လာနေတာတဲ့။
သူလည်း ဒီလိုပရသားတွေကိုမခေါ်လာဖူးပါဘူး။
လေးလေး နက်နက်လည်း မပူခဲ့ပါဘူး။
ဒီမှာ ပြေးသတိရလိုက်မိပါရော ….။
ဆရာသင်္ဂဟ ပေးလိုက်တဲ့ မြားဦးပုံသဏ္ဌာန်
ငွေပြားပေါ်မှာ မိမိလက် ရေးနဲ့ ဂါထာလိုလို၊
မန္တန်လိုလိုစာအချို့ရေးပြီးအိမ်တိုင်လေးတိုင်မှာ ကပ်ရိုက်
ထားခဲ့တာ ရှိတယ်။ အဲဒါကြောင့်များလား …
ကိုငစိုးကြီး တုံ့ဆိုင်းမနေဘဲ ဂိုဏ်းဆရာသင်္ဂဟ
အိမ်ရှိရာကို အမြန် လာခဲ့လိုက်တယ်။ ဆရာ့ အိပ်ရောက်ရော ..
“ကိုငစိုးကြီး ရေးကြီးသုတ်ပျာနဲ့ ဘာဖြစ်လာလို့တုံး”
“ဆရာ – ဟိုလေ ပြီးခဲ့တဲ့ တစ်လခန့်တုန်းက
ဆရာပေးလိုက်တဲ့ မြားဦး
ပုံသဏ္ဌာန်ငွေပြားနဲ့ ဟိုး – ကြံသေ၊ အာခံသေ၊
ပြန်သေဆိုစာသားတွေ မှတ်မိ လား – ဆရာ”
“မှတ်မိတယ်လေ။ ကျုပ် ပေးလိုက်တာပဲ။
ကိုငစိုးကြီးက ပရသားတွေ ရှိတာ မယုံလို့
အဲဒီစာရေးပြီး အိမ်တိုင်လေးတိုင်မှာ
ကပ်ထားလို့ပြောလိုက် တာပဲလေ။ ဘာဖြစ်လို့တုံး ..”
ကျွန်တော် ဆရာပြောသလို ငွေပြားပေါ်မှာ
ဟိုစာသားတွေရေးပြီး အိမ်တိုင်လေးတိုင်မှာ ကပ်ထားလိုက်တယ်။
ကိုငစိုးကြီး သူ့ဇနီးအိမ်သာက ပြန်ဆင်းလာတိုင်း
ကြုံတွေ့မြင်နေရတဲ့ အရုပ်ဆိုးဆိုး၊
ထွားထွားကျိုင်းကျိုင်း၊ ဆံပင်လုံးဝမရှိ၊ ခေါင်းမှာ ဘုကြီးတွေ
ထွက်နေတဲ့ လူသုံးဦး မြင်ပြီး ခဏပျောက်သွားတဲ့
အကြောင်းစုံ ပြောပြ လိုက်တော့ …
“အင်း – အင်း – ဟုတ်တယ် – သိပ်ဟုတ်ပေါ့-
ကိုစိုးကြီးရာ။ ဒီလိုပဲဖြစ် တာပေါ့။ ဟုတ်လိုက်လေဗျာ”
“ဆရာ…”
“ပြော- ကိုငပိုကြီး-ပြော”
“ကျွန်တော် – ဆရာပြောသလို မြားဦးပုံ
ငွေပြားပေါ်မှာ ဟို – ကြံသေ၊ အာခံသေ၊
ပြန်သေလိုတဲ့ စာသုံးဖြတ်ရေးပြီး အိမ်တိုင်လေးလုံးမှာတော့
သံမှိုနဲ့ စွဲကပ်ထားမိတယ် ဆရာ။ အဲဒီ
အစီအရင်ကြောင့်များ .. ဆရာသင်္ဂဟက ဖြတ်ပြီးပြောရော..
“သိပ်ဟုတ်ပေါ့ – ကိုငစိုးကြီးရာ။ အဲဒီ
အစီအရင်ကြောင့် ဘီလူးသုံး ကောင် ရောက်လာပြီး
ခင်ဗျားတို့ မိသားစုကို ညဘက်ရောက်ရင် စောင့်
ရှောက်ပေးနေတာလေ။ဒီအစီအရင်က
ဘီလူးခေါ်အစီအရင်ပဲ။ ကိုငစိုးကြီး
ကပရသားတွေ ရှိတာ မယုံဘူးဆိုလို့
ကျပ် လက်တွေ့ စီရင်ပေးလိုက်တာ။
ဘယ့်နယ် ရှိတာယုံပြီလာ၊”
“ကျွန်တော်တော့ မကြုံမတွေ့ဘူးပေါ့ –
ဆရာရယ်။ ဇနီးသည်ကတော့ အကြိမ်ကြိမ်
အခါခါတွေ့ပြီး ကြောက်လန့်နေတယ်ဆရာ။ ကျွန်တော်
ဆရာ ပြောပြရှင်းပြတဲ့ ခြံစောင့်ဘီလူးတွေကို
အိမ်မှာ မရှိစေချင်တော့ဘူး ဆရာ၊ သူတို့ကို မူလနေရာ
ပြန်ခိုင်းချင်ရင် ဘယ်လိုလုပ်ရမလဲဟင်
ဆရာ” “ဟင်း-ဟင်း-ဟင်း – ဟင်း-လစာမပေးရဘဲစောင့်ရှောက်
ပေးနေတာ ကိုပြန်နှင်ချင်တယ်၊ အလိုမရှိဘူး
ဆိုတော့ ခင်ဗျား သဘောပဲပေါ့။ ဒီလိုလုပ်ပါ
ခင်ဗျားအိမ်မှာ ကပ်ထားတဲ့ ငွေပြားစာလေးခုကို
ပြန်ခွာလိုက်ပါ။ ပြီး- အမဲသားချက်၊ ထမင်းနဲ့
ခြံရောက်ဘီလူးတွေကိုပါခေါ်ပြီး ညဉ့်သန်းခေါင်
ရောက်ရင် ညောင်ပင်ကြီး တစ်ပင်အောက်ကို ယူသွား။
စားပါ၊ သောက်ပါ ဒါနပြုပါတယ်။ အိမ်ကို
ပြန်မလိုက်ခဲ့ပါနှင့်။ ဒီညောင်ပင်မှာ နေရစ်ခဲ့ပါ။
ညောင်ပင်စောင့် ရုက္ခပိုးကြီးထံ အပ်နှံခဲ့ပါတယ်လို့ပြောပြီး
နောက်ကျော ခိုင်းပြန်ခဲ့၊ လုံးဝ လှည့်မကြည့်နဲ့”တော့”
“ဘာလို့ လှည့်မကြည့်ရတာလဲ – ဆရာ”
“မကြည့်နဲ့လို့ပြောရင် မကြည့်နဲ့ပေါ့ဗျာ။
ကိုင်း- ခုပြောသလို သွားလုပ်
ဒါနဲ့ အိမ်ပြန်လာ၊ မိန်းမကို အမဲသား သုံးပိဿာ
ဝယ်ရက်၊ ထမင်း တစ်အိုးပါ ချက်ခိုင်းလိုက်တယ်။
သည့်နောက် အိမ်တိုင်လေးတိုင်မှာ သူ
သံမှိုစွဲနှက်ကပ်ထားတဲ့ မြားဦးပုံ ငွေပြားလေးချပ်ကို
ယူလိုက်ပြီး လက်ဖက်နဲ့ ထုပ်လိုက်တယ်။
သူကြားဖူးနားဝလေးလည်း ရှိလို့ပါတဲ့။
ဘီလူးကို လက်ဖက်နှင့်အုပ်ရင် ဘီလူး
မနှောင့်ယှက်နိုင်ဘူးတဲ့။ ပြောင်း ပြန်ရိုက်တယ် ဆိုလားဗျာ။
ညဉ့်သန်းခေါင်ရောက်ရော …သူ မကြောက်ပါဘူး။
အဖော်လည်း လုံးဝမခေါ်ဘူး။
ခါးကြားမှာ ဓားမြှောင်တစ်ချောင်း ထိုးလိုက်ပြီ၊
လက်နှိပ်ဓာတ်မီး၊ တစ် ဖက်၊ ငှက်ပျောရွက်နဲ့
ထုပ်ထားတဲ့အမဲသားစင်္ကြန်တစ်ထုပ်နဲ့ အစီအရင်ထုပ်
ကို ကိုင်လာလိုက်တယ်။ အိမ်က ထွက်ခါနီးမှာ …
ငါ့အိမ်ရောက်နေတဲ့ ဘီလူးသုံးကောင်၊
ခုပြန်လိုက်ခဲ့ကြ။ မင်းတို့နေရာ မင်းတို့
ပြန်ရမယ်လို့ပြောပြီး ညောင်ပင်ကြီးတစ်ပင်အောက်ကို ရောက်လာ
ခဲ့တယ်။ လူသံ သူသံတိတ်တို့၊
ညောင်စောင့်ရုက္ခစိုးကြီးကို ရည်စူးပြီး
အမွှေးတိုင်ငါးတိုင် ပူဇော်လိုက် တယ်။
ဖယောင်းတိုင် ထွန်းညှိလိုက်တယ်။
ပြီး- စင်္ကြန်တစ်ထုပ်ကို ဖြေ၊ ညောင်ပင်ရှေ့
မြေကမူပေါ်တင်ဖြန့်ပြီး ဘီလူးစာ ကျွေးလိုက်တယ်။
“ကိုင်း – ကျွန်ုပ် ခြံထဲ ရောက်လာ၊ တေင့်ရှောက်တဲ့
ဘီလူးသုံးဦးတို့၊ သင်တို့ကို စောင့်ရှောက်ပေးလို့
ကျေးဇူးတင်ပါတယ်။ သင်တို့ ကြိုက်နှစ်
သက်တဲ့ စားဖွယ်များကို အားရပါးရ
စားပါသောက်ပါ။ ကျေနပ်မှု ရှိကြပါ။
အိမ်က ဇနီးသည်က
အလွန်ကြောက်တတ်တာမို့ ကျုပ်အိမ်ကို ဒီည
ပြန် မလိုက်ခဲ့ပါနဲ့။ အဘိုးရုက္ခစိုးကြီးထံ
အပ်ခဲ့ပါပြီ။ အဘိုး သူတို့ကို စောင့်ရှောက် နေရာချပေးပါ။
အဘိုးရုက္ခစိုးကြီးကိုလည်း မေတ္တာရပ်ခံပါတယ်။ ကိုင်း-
စားပြီးနေခဲ့ကြ။ ငါ့နောက် လုံးဝမလိုက်ခဲ့ကြနဲ့။ နေခဲ့ …”
မြားဦးပုံ ငွေပြားအင်းချပ်တွေလည်း
ညောင်းပါးပျဉ်းပေါက်ထဲ ထည့်ခဲ့ ပြီး မီးထိုးပြန်ခဲ့လိုက်တယ်။
ခွေးအူသံတွေ ကျောစိမ့်အောင် ကြားရပါရော။
ညောင်ပင်ပေါ်က ကျီးအုပ်ကြီး ဝေါခနဲ ဝုန်းခနဲ
ထပျံသံက ဝုန်းဒိုင်းကြဲသွားတာပဲတဲ့။
ခေါင်း နားပန်းကိုကြီးသွားသတဲ့ဗျာ။ဒါနဲ့အတူကိုးပိုးကြီး
နောက်ကနေလိုက်လာတဲ့ခြေသံမျိုးကြားရတာနဲ့
လှည့်ကြည့်ချင်ပါသော်လည်း ဆရာကလုံးဝလှည့်
မကြည့်နဲ့ပြောထားတော့ မကြည့်ခဲ့ဘူးတဲ့။
ပါးစပ်ကတော့ ပြောလိုက်တယ်…။
“လိုက်မလာနဲ့ – နေခဲ့ကြ၊ ငါ့နာမည် ငစိုးကြီးကွ။
ကောင်းရင် သူများ ထက် အဆတစ်ရာ ပိုကောင်းတယ်။
ဆိုးပြီဆိုရင် သူများထက် အဆတစ် ထောင်
ပိုဆိုးတယ်ဟေ့။ အာဠဝကတဲ့ကွ-အာဠဝက
– ကိုင်းဟာ” ပါးစပ်က သို့ကလို ကြိမ်းဝါးပြီး
မြေကြီးကိုဖနောင့်နဲ့ ပေါက်ချလိုက်ရော။
နောက်ကလိုက်လာတဲ့ ခြေသံတွေ တိခနဲ ရပ်သွားသတဲ့ဗျာ။
ကိုစိုးကြီး သူ့အိမ်ရှိရာကို ဦးတည်ပြီး ပြန်လာခဲ့တယ်။
နောက်က ဘာသံမှ မကြားရတော့ဘူး။
နောက်နောင်ခါ နောက်နောင်နေ့ ညတွေမှာလည်းသူ့ဇနီး
မြင့်မြင့်ဌေး အဲဒီလူဘီလူးကြီးတွေကို ခြံထဲမှာ
လုံးဝမတွေ့ရတော့ဘူးတဲ့။ ကိုငစိုးကြီးကကျွန်တော်
တို့ကို ပြောတယ်ဗျ။ ရှိတယ် – ရှိတယ် …။
ပရာလောကသားဆိုတာရှိတယ်။
အပြောင်အပြက် သွားမလုပ်နဲ့။ ယောင်လို့လည်း အိမ်မှာ
ခေါ်မထားနဲ့။ အရောတဝင်လည်းမလုပ်နဲ့တဲ့။ သူ့နေရာ
သူနေ၊ကိုယ့်နေရာကိုယ်နေတာပဲ ကောင်းတယ်။
အရောတဝင်နေရင် အန္တရာယ် အလွန်များသတဲ့ ခင်ဗျ။

Zawgyi Version

” ငါ့နာ့မည္အာဠာဝကတဲ့ေဟ့…” (စ/ဆုံး)
———————————————

ကြၽန္ေတာ့္ညီကိုငစိုးႀကီးက ကာလသားအ႐ြယ္
ကတည္းကတေစၦသရဲရွိမရွိကိုေလ့လာတဲ့သူဗ်။
“မင္းဟာ တေစၦသရဲကို ဘာလိုလိုက္ရွာေနတာလဲ-
ငစိုးႀကီး “ရွိမရွိ သိခ်င္လို႔ပါကြာ – အကိုရာ။
သရဲ၊ တေစၦဆိုတာ ဘယ္လိုပုံသဏၭာန္လဲ။
ဝတၳဳစာအုပ္အခ်ိဳ႕မွာ ေရးသလို၊
ဗီဒီယိုဇာတ္ကားေတြမွာ ျပသလို
အစြယ္ေငါေငါ၊ သြားႀကီးႀကီး၊ အေကာင္ႀကီးႀကီး၊
အေမြးေတြ ခႏၶာကိုယ္ေပၚေပါက္ေနတာမ်ိဳးလား။
တေစၦဆိုရင္လည္းဟိုစာေရးဆရာႀကီးတစ္ဦးေရး
သလိုတေစၦရဲ႕ေခါင္း မွာ သံပုရာခြံလို ဦးထုပ္ရွိတယ္။
အဲဒါကို တေစၦ ဦးထုပ္လို႔ေခၚတယ္လို႔ ေရး
ထားတာ ဖတ္ရဖူးတယ္ကြ။ ဘာတဲ့-
တေစၦဦးထုပ္မ်ားရခဲ့ရင္ အဲဒီတေစၦကို လိုသလို ခိုင္းလို႔ရသတဲ့။
ဟား – ဟား – အဲဒီ ဦးထုပ္မ်ား ငါရခဲ့ရင္ အဝိုင္း
ေခါက္ဆြဲဆိုင္က ဝက္သားေခါက္ဆြဲတစ္ပြဲ သြားယူလိုက္စမ္း၊
ေဈးထဲက ကိုေအာင္ျမင့္တို႔ ဝက္သားဆိုင္က
ဝက္ေပါင္ တစ္ေပါင္လုံး ခိုးလာခဲ့စမ္း။ လူမိုက္ႀကီး
ဘိုအုန္းေမာင္ရဲ႕နားရင္းကိုဝါးရင္းတုတ္နဲ႔သုံး
ခ်က္ဗ်င္းလိုက္စမ္း။ ဆယ္တန္းစာေမးပြဲေပးခြန္း ႀကိဳၿပီးသြား
ပိတၱဴကူးခဲ့စမ္း။ ဟိုက္ရွားပါး – ခိုင္း စရာေတြ
အမ်ားႀကီးကြ။ ဒါေၾကာင့္ – သရဲရာ၊ တေစၦေရာ
ေတြ႕ခ်င္တယ္။ တေစၦဦးထုပ္ ရွိ၊ မရွိ သိခ်င္လို႔လိုက္ရွာေနတာကြ”
“ဘုရားေဟာထဲမွာ ေပတၿပိတၱာရွိတယ္လို႔ ေဟာထားတာ
ရွိရဲ႕သားနဲ႔ မင္းက မယုံဘူးလား – ငစိုးႀကီးရ”
“ဘုရားေဟာခဲ့တာ ႏွစ္ေပါင္း ေထာင့္ငါးရာ ေက်ာ္ေနၿပီကြ။
ငါလည္း အသက္ (၃၀)ျပည့္ေတာ့မယ္။ သရဲနဲ႔ တေစၦကို
အလုံးနဲ႔အထည္နဲ႔ မျပင္ဖူး ဘူးေလ”
“ကံနိမ့္ရင္ျပင္ရမွာေပါ့ကြာ။ ကံျမင့္ေနေတာ့မင္းအနားမွာ
သရဲတေစၦက မကပ္ရဲလို႔ မင္း မျမင္ရတာေပါ့”
“ဒါဆို – ကံနိမ့္ရင္ ျပင္ရတယ္ေပါ့။ ကံနိမ့္ေအာင္
ဘာေတြလုပ္ရမလဲ ေျပာ။ငါျပင္ခ်င္လို႔ပါကြာ – အစ္ကိုရာ”
“ေတာ္ေတာ့ – ငစိုးႀကီး၊ မင္းက လူကတ္၊ လူ႐ြတ္၊
လူေပပဲ။ ကံနိမ့္ ေအာင္လုပ္ရင္ ငရဲသြားရမွာပဲ။
မင္း အသက္ငယ္ေသးတယ္။ အဆင္သင့္ တဲ့တစ္ေန႔
မင္းႀကဳံရမွာပါကြာ။ ေစာင့္ၾကည့္ေနပါ..”
တစ္ေန႔ …
ငစိုးႀကီးတို႔လူစု ေဆးမင္ေၾကာင္အ႐ုပ္ေတြ
ထိုးၾကတယ္။ ငစိုးႀကီးက ေက်ာကုန္းမွာ
ဘီလူးေခါင္းႀကီး ထိုးတယ္။ လူက အသား ကလည္း ျဖဴေတာ့
ေဆးမင္ေၾကာင္ စုတ္ခ်က္ဒဏ္ရာေတြ
အနာက်က္သြား ဧရာ၊ လွလိုက္တဲ့ ဘီလူး႐ုပ္ႏွယ္ဗ်ာ ….။
ေက်ာကုန္းအျပည့္နီးပါး ထိုးထားတာ။
အမွန္က လွတယ္ဆိုတာ အႏုပညာမ်က္စိနဲ႔ၾကည့္ၿပီး
ေျပာတာပါဗ်ာ။ တကယ္ ေၾကာက္စရာ႐ုပ္ႀကီးဗ်ာ။
အစြယ္ေကာက္ေငါႀကီးႏွစ္ေခ်ာင္းက ဟထားတဲ့ပါးစပ္က
လန္ထြက္ ေနတယ္။ ဘီလူး႐ုပ္ရဲ႕မ်က္လုံး
ႏွစ္လုံးကလည္းျပဴးဝိုင္းေနေတာ့ .. အတန္ၾကာ
စိုက္ၾကည့္ရင္ ေက်ာစိမ့္သလို ျဖစ္လာတယ္။
သူတို႔ လူငယ္ေတြက အလွထိုးတာေပါ့ေလ။
ကိုငစိုးႀကီးလည္း အလွထိုးတာပါပဲ။ ကြၽန္ေတာ္
ၾကားဖူးတယ္ဗ်။ တန္ေဆာင္မုန္းလျပည့္ေန႔
သန္းေခါင္မတိုင္မီ သိဒၶိေဆးေပါက္ၾကတာရယ္။
လျပည့္ ညဥ့္ (၁၂)နာရီ ေက်ာ္သြားေတာ့
တစ္ေယာက္ေသာသူက ေဆးေပါက္ရင္း
ေစာရနကၡတ္နဲ႔ (ၿငိ) ႀကဳံသြားလို႔ သူခိုးဘဝ
ေရာက္သြားရ ေရာဆိုပဲ။အခ်ိဳ႕လူငယ္ေတြ ေကာင္းကင္နကၡတ္
သြားလာလႈပ္ရွားေနတဲ့ အခ်ိန္ ကာလကို မသိၾကဘူး။
အခန႔္မသင့္ရင္ ကိုယ္ေဆးေပါက္၊ ေဆးမင္ေၾကာင္
ထိုးေနခ်ိန္နဲ႔ အလ်ဥ္းသင့္ ႀကဳံႀကိဳက္သြားခဲ့ရင္ …။
လာဘသိဒၶိနကၡတ္ ႀကဳံခ်ိန္နဲ႔ ႀကဳံသြားရင္
ကံေကာင္းတာပဲ။ ဒီလိုမွ မဟုတ္ဘဲ ေစာရနကၡတ္နဲ႔
ႀကဳံသြားရင္ ကိုယ္က သူခိုးေဆးမထို၊ဘဲ နကၡတ္
ႀကဳံလို႔ အေပၚနဲ႔ေအာက္ တည့္ဝင္ၿပီး
ေစာရသူခိုး ျဖစ္သြားရတာလည္း ရွိတယ္လို႔
ဆရာ့ ဆရာႀကီးေတြရဲ႕ေျပာသံၾကားဖူးတယ္။
ဒီကိစၥက ယုံခ်င္လည္း ယုံပါ။
မယုံလည္း ေနပါ။ ဗဟုသုတအျဖစ္ သူတို႔ကို
ေျပာျပရတယ္ ခင္ဗ်။ ကြၽန္ေတာ့္ ညီမွာ
ထူးျခားလာတာေတာ့ရွိတယ္ ခင္ဗ်။
ဒီေကာင္ ေက်ာကုန္းမွာဘီလူးဦးေခါင္းနဲ႔
မ်က္ႏွာထိုးၿပီးခ်ိန္ကစၿပီး သူ႔ကိုအရပ္ထဲက
ကိုငစိုးႀကီးလို႔ မေခၚၾကေတာ့ဘူး။
“အာဠာဝက”လို႔ေခၚၾကတယ္။
သူကလည္း အာဠာဝက”လို႔ ေခၚတာကို သေဘာက်တယ္။
ဒါေပမဲ့- အာဠာဝကဘီလူးလို ေဒါသမႀကီးဘူး။
ဖေနာင့္မေဆာင့္ဘူး။ တစ္ခါ- အာဠာဝကကြ
လို႔ေအာ္ၿပီးေျမႀကီးကိုဖေနာင့္နဲ႔ေဆာင့္တာေဆးခန္းေျပးရတဲ့
ဘဝေရာက္သြားတယ္။ ေျမႀကီးအမာနဲ႔
ဖေနာင့္အားနဲ႔ေဆာင့္ေတာ့ အသား ေၾကတာေပါ့ဗ်ာ။ ဟုတ္တယ္ေလဗ်ာ..။
သူတို႔က အလွထိုးတာေလ……။ သိဒၶိဝင္ ထိုးတာ မဟုတ္ဘူး။
သိဒၶိဝင္ ထိုးၿပီေဟ့ဆိုရင္ ဆိုင္ရာပိုင္ရာပြဲေတြ ေပးရတယ္။
ဆရာလုပ္ သူက စည္းဝိုင္းၿပီး အခ်ိန္လိုက္
႐ြတ္ဖတ္ေဆးထိုးေပးရတာ။ အာဠာဝက
ေဆးထိုးရင္ သူနဲ႔ စပ္တဲ့အစားအစာ၊ ေပါရိသာဒေဆးထိုးရင္
သူ႔ေနရာနဲ႔ သူ႔အစားအစာပြဲ အမ်ိဳးမ်ိဳးေပးၿပီးထိုးၾကတာ။
ဘာလို႔ စည္းဝိုင္းထဲမွာ ထိုးၾကရလဲဆိုေတာ့..
ျပင္ပပေယာဂ ဝင္ေႏွာင့္ယွက္လို႔မရေအာင္
စည္းခ်ဝိုင္းထားရတာ။စီရင္ရာ ….။
ျမန္မာ့႐ိုးရာ ေဆးမင္ေၾကာင္ထိုးၿပီဆိုရင္
ပိုၿပီးရပ္ဓေလ့၊ ႐ြာဓေလ့၊ ႐ိုးရ ဓေလ့ေတြ ပိုခမ္းနားတယ္၊
ေဆးမင္ေၾကာင္ထိုးေနရင္မင္ေၾကာင္
ထိုးတဲ့ရာဇမတ္အႏိုးမိန္းကေလး
မလာရဘူး။ မၾကည့္ရဘူး။
ထားပါေတာ့ေလ…ေမာင္ငစိုးႀကီးတို႔ထိုးတာက
ကန္ေတာ့ပြဲေပးလို႔ တစ္ထုပ္ျပားငါးဆယ္
ေပးရတဲ့ လက္ဖက္ပြဲေတာင္ မပါဘူး။
ေဆးမင္ေၾကာင္ထိုးတဲ့ ဆရာေလးကို
အရက္ျဖဴ (ဒါမွမဟုတ္) ေတာ အရက္တစ္လုံးႏွင့္
အျမည္းခ်ေပးလိုက္႐ုံပဲ။ကိစၥၿပီးမွ ပိုက္ဆံေပး။
ဘာမွ မစြမ္းဘူး။ ဘာနကၡတ္နဲ႔မွလည္း
မႀကဳံဖူးဘူးနဲ႔ တူပါရဲ႕။ ဘာမွ် ထူးျခားတာ မေတြ႕ရေပါင္ဗ်ာ။
သို႔ေသာ္ လူက ႐ြတ္ခ်င္ခ်င္ ျဖစ္လာတယ္။
ဆိုခဲ့အတိုင္းေပါ့ဗ်ာ၊ ကိုစိုးႀကီးက ဆရာေပါင္းစုံႏွင့္လည္း
ေပါင္းသင္း ဖူးေတာ့ ဟိုဟာနည္းနည္း
ဒီဟာနည္းနည္းလည္း ရသကိုး။
ေအာက္လမ္းဆရာေတြနဲ႔ တြဲမိေတာ့..
သခ်ႋဳင္းတကာလည္း ညဥ့္အခ်ိန္မေတာ္ေရာက္တာပဲ။
ပီယေဆးစီရင္ဖို႔ အစိမ္းေသမိန္းမပါးက
သနပ္ခါး သြားယူၾကတုန္း
ကလည္း သူ ပါတာပဲ။ဘာတဲ့
ေပါက္ေပါက္ေမွာ္သြင္းနည္းတဲ့ ..
ထမင္းေမွာ္သြင္းနည္းတဲ့။ ရွာရွာေဖြေဖြဗ်ာ။
အံမယ္ … ဒီေကာင္ ေဆး
စုတ္မႏၲန္ေတြေတာင္ ရလို႔ဗ်ာ။
တစ္ခါ- အထက္ဂိုဏ္းဆရာႀကီးေတြနဲ႔ အလြမ္းသင့္ၿပီး
ေရဝင္တို႔၊ ေရပန္းတို႔အေၾကာင္း ဒီေကာင္ ေျပာႏိုင္ျပန္ေရာဗ်ာ။
စုန္းမနဲ႔ ပညာၿပိဳင္ေတာ့ ေနာက္ဆုံးမွာ စုန္းမႀကီး
ခ်ဳံးမည္းခ်ငိုၿပီး အထက္ဂိုဏ္းဆရာႀကီး
ကိုရွိခိုးေတာင္းပန္ပုံအေၾကာင္းအာေပါင္အာရင္းနဲ႔ေျပာၾကတာ၊
ကိုယ္ေတာင္ စိတ္ဝင္စားသြားခဲ့ရဗ်ာ။
ၿပီး- လွံပ်ံေစနည္း ..။
ႀကိဳးပ်ံေစနည္း၊ ခ်ဳပ္နည္းတုပ္နည္း
ဒီေကာင္တယ္ထိပဲဗ်။ ဆရာမ်ား
လုပ္စားမလား မသိပါဘူးဗ်ာ။
(ေနာင္အခါ အလုပ္မွအနားယူေသာအခါ
အထက္လမ္းဆရာဂိုဏ္း တက္ၿပီး အခက္အခဲ
ပေယာဂတို႔ကိစၥတို႔ကို ေျဖရွင္းေပးတဲ့
ဆရာေလး ျဖစ္ ခဲ့တယ္ခင္ဗ်ာ)
ကြမ္းပန္း၊ ေဆးလိပ္မန္း ႐ြတ္ျပတယ္။ ၾကည့္စမ္းပါ့ဗ်ာ ..
“အစ္ကို – တေစၦဖေခၚမႏၲန္ ရလား”
“မရဘူးကြ “ မင္းေရာ ရလို႔လား”
“ရတယ္ – နားေထာင္၊ ဦ- ထေနာင္းတစ္ပင္၊
ျပည့္စင္စင္၊ တစ္ပင္ ေစာင့္သည့္ နတ္ဘီလူး၊
စူးစူးလည္းလာ၊ နတ္မိစာၦ၊ မိစာၦအာေဘာ္၊ ေၾကာက္
ေၾကာက္အဖက္ – ဟို – ငနက္”
ေတာင္ႏွင့္အေနာက္၊ ေျမာက္ႏွင့္အေရွ႕
ေနသေ႐ြ႕၊ တေစၦႀကီးတို႔ အစုအေဝးေခၚလာေပ။
၎တို႔ေနရာ သစ္ပင္မွာလွ်င္ ငါသာ ယခုထားရမည္။
ဣမံဘတၱံ ဘုၪၥာဟိ၊ ဘုၪၥာဟိ … လာလွည့္
စားလွည့္၊ အဲဒီဂါထာကို (၇)
အုပ္႐ြတ္ၿပီး စားစရာေကြၽးေခၚရင္
တေစၦနတ္အႀကီးအကဲကို ေခၚလို႔ရ တယ္…။
“ေခၚၿပီး ဘာလုပ္မွာတုံး – ေမာင္စိုးႀကီးရ”
“ခိုင္းခ်င္တာ ခိုင္းလို႔ရတာေပါ့- အစ္ကိုရာ။
ရွိေသးတယ္ဗ် – ေျမာက္ ဘက္ရွင္မဆိုတာ
တန္ခိုးႀကီးၿပီး ရက္စက္တယ္တဲ့ဗ်။ အဲဒီေျမာက္ဘက္ရွင္မ
ေခၚတဲ့ မႏၲန္ရွိတယ္ – အစ္ကိုရ”
“ငါ စာေရးဆရာပဲကြ။ ဒါေပမဲ့ – မင္း ႐ြတ္ျပတဲ့မႏၲန္ေတြ
ငါ ခုမွ ၾကားဖူး တာကြ။ ကဲ- ႐ြတ္ပါဦး ဆရာႀကီးရာ”
“အဟမ္း …”
ကြၽန္ေတာ့္ညီက တယ္႐ြတ္ျပခ်င္သူပဲကိုးဗ်။
အနီးမွာရွိၾကတဲ့ ညီအစ္ကိုဝမ္းကြဲေတြကလည္း
ဝိုင္းပင့္ၾကတယ္ဗ်။ “အသံေနအသံထားေလးနဲ႔
႐ြတ္ပါ – ဆရာငစိုးႀကီးရဲ႕”ဒီမွာ
ဆရာေလာင္းလ်ာ ကိုေမာင္ငစိုးႀကီးက
အသံေနအသံထားနဲ႔ ေျမာက္ဘက္ရွင္မအေခၚမႏၲန္ကို ႐ြတ္ျပပါေရာ။
“အိုး – ဆံထုံးေတာ္သခင္၊ ဆံပင္ေတာ္ေ႐ႊ႐ိုး၊
ပန္းေျပာက္ထိုးႏွင့္ . ပုဆိုးသာခါ၊ လက္မွာပုတီး၊ ညိဳညီးညီးႏွင့္..
ပိုးႀကီးထဘီ၊ ေ႐ႊနားနီႏွင့္
ထဘီေပါင္းနက္၊ ပိုးကဘက္ႏွင့္ …
လိုက္ဖက္သင့္လွ၊ ရင္ဝေ႐ႊသား၊ ပတၱျမားအစစ္၊ အနီစစ္တို႔
ေၾကးေျမာက္ဘက္တြင္ တို႔ခင္း မမူ၊ လက္ဝဲလက္ယာ
ကြၽန္းမ်ားစြာႏွင့္၊ ႂကြလာေတာ္မူပါေတာ့ …
ဣမံ သတၱံ၊ ဘုၪၥဟိ စားလွည့္ စားလွည့္ပါကုန္….”
“ဟ-ဟ-ေမာင္တ႐ုတ္က ဘာျဖစ္လို႔တုံးဟ”
ကိုငစိုးႀကီး ေျမာက္ဘက္ရွင္မ
အေခၚမႏၲန္႐ြတ္လို႔လည္းသုံးေရာ။အနီး
မွာရွိတဲ့ ကိုတ႐ုတ္ႀကီး အမေလးေအာ္ၿပီး ထခုန္ပါေရာဗ်ိဳ႕။
“ေမာင္တ႐ုတ္ – ေမာင္တ႐ုတ္”
ဒီမွာ မႏၲန္႐ြတ္တဲ့ ကိုငစိုးႀကီးက …
“မဟုတ္မွလြဲေရာ – ကိုတ႐ုတ္ဒရ၊ မႏၲန္႐ြတ္လိုက္လို႔
ေျမာက္ဘက္ ရွင္မ မယ္ေတာ္ႀကီး ႂကြလာတာ
ျမင္လို႔ လန႔္ေအာ္လိုက္တာ မဟုတ္လား ဟ – ဟင္”
“မ-မ-ဟုတ္ဘူး – ကိုငစိုးႀကီး – ႀကီးရ”
“ဟ – ဒါဆို ဘာျဖစ္လို႔ လန႔္ေအာ္တာတုံးကြ”
“ငါ့- ငါ့ပခုံးေပၚ-ဖား-ဖားပ်ံခုန္ခ်သြားလို႔
ေအာ္တာဟ” “အမေလး” ျဖစ္ရေလကြာ၊ ခ်ီးမွပဲ —
“အေရးေကာင္းမွမ်ားကြာ – ေမာင္တ႐ုတ္တို႔
လုပ္လိုက္ရင္ ဆရာ အရွက္ကြဲကေရာ – ဗြီ”
ေနာင္အခါ ကိုတ႐ုတ္ႀကီးနဲ႔ ေတြ႕ေတာ့
ကိုငစိုးႀကီးက ခပ္တိုးတိုး ေျပာ သတဲ့၊
“ကိုတ႐ုတ္ႀကီးရာ – က်ပ္ မႏၲန္႐ြတ္ၿပီးတုန္းက
ေျမာက္ဘက္ရွင္မ မယ္ေတာ္ႀကီး စီးၿပီး
ႂကြလာတယ္ေျပာလိုက္ရင္ က်ဳပ္ ခင္ဗ်ားကို ဆန္ သုံးျပည္
လက္ေဆာင္ေပးတာေပါ့ဗ်ာ။ ခင္ဗ်ာက
ဗားပ်ံခုန္ကပ္လို႔ လန႔္ ေအာ္တာ ေျပာလိုက္ေတာ့ က်ပ္
ေအာက္သြားတာေပါ့တဲ့….” ဒါနဲ႔ –
ကိုတ႐ုတ္ႀကီးကလည္း ျပန္ေျပာသတဲ့ဗ်ာ။
“မသိလို႔ပါကိုးစိုးႀကီးရာ၊ ေစာေစာကသာႀကိဳ
ေျပာထားရင္ ေမႊေတာင္ မွ စည္ပိုင္းလုံးေလာက္ႀကီးတဲ့
ေႁမြႀကီး စီးလာတာဗ်လို႔ ေျပာတာေပါ့ဗ်ာ။
ေတာက္- ဆန္သုံးျပည္လြဲသြားတာ နာသကြာ။
ဒီလိုလုပ္ပါ – ကိုငစိုးႀကီးရာ၊ ေနာက္တစ္ခါ လူ လူ လူမွာ
႐ြတ္မယ္ဆိုရင္ တစ္ရက္ႀကိဳေျပာပါဗ်ာ-တဲ့”
ေျပာပါပေကာလားဗ်ာ …။
လူေတြက လူ႐ြတ္ လူေပလူထူေတြပါဆို။
ေျပာခ်င္တာက ကိုးပိုးႀကီးက လိုင္းစုံတယ္။
ဂမၻီရျဖစ္ရပ္ဆန္းၾကယ္ကိစၥ ပိုစိတ္ဝင္စားၿပီး
ရသမွ် ေဆး၊ အင္း၊ မႏၲန္၊ လက္ဖြဲ႕ေတြလည္း
ဟုတ္ မဟုတ္၊ စြမ္း မစြမ္း လက္ေတြ႕အသုံးခ်ၾကည့္ တယ္။
အဲဒီလိုနဲ႔ မယုံႏိုင္ေသးသမို႔ လက္ေတြ႕စမ္းသပ္ၾကည့္
တာကေန တစ္ေန႔ ထိတ္လန႔္အံ့ဖြယ္ႀကီး ႀကဳံရပါေရာဗ်ာ။
သူႏွင့္ရင္းႏွီးတဲ့ ဆရာတစ္ဦးထံက ထူးဆန္းတဲ့ဂါထာ
ေခၚမလား၊ မႏၲန္ ေခၚမလား စာသားသုံးခု ရလာခဲ့တယ္။
“ကိုးစိုးႀကီး အစီအရင္ေတြကို သိပ္မယုံဘူးဆို”
“ဟုတ္တယ္ – ဆရာ၊ တစ္ပြဲထိုး ထုံးမန္း ေတြ႕ဖူးတယ္ဆရာ။
ထုံးမန္း ခ်ိဳၿပီး႐ိုက္တာ ကြဲတဲ့သူကြဲ ၿပဲတဲ့သူပဲနဲ႔ ေဆးခန္းေရာက္တာ ျမင္ဖူးတယ္ ဆရာ။
ကြၽန္ေတာ္ဂမၻီရျဖစ္ရပ္ဆန္းၾကယ္ပညာေတြကို
စိတ္ဝင္စားပါတယ္ ဆရာ။ သို႔ေသာ္- ကြၽန္ေတာ္
ေတြ႕ရသမွ် ဆရာေတြရဲ႕ အစီအရင္အခ်ိဳ႕က သိပ္မစြံဘူး ဆရာ”
“မယုံရပုံေလး နည္းနည္းေျပာပါဦး – ကိုးပိုးႀကီးရ”
“တစ္ခါမွ သူငယ္ခ်င္းတစ္ဦး ဆရာတစ္ဦးထံမွာ ပီယေဆးကိုေရးႀကီး
ေပးၿပီး ရယူခဲ့တယ္ ဆရာေရ။ ဆရာလုပ္သူက
ဘာေျပာတုံးဆိုေတာ့ ဒီပီယ ေဆးအမႈန႔္ကို
ေဆးေပါ့လိပ္ထဲထည့္မီးဖြာၿပီး ကိုယ္ႀကိဳက္တဲ့
ေကာင္မေလး ရဲ႕မ်က္ႏွာကို မသိမသာ မႈတ္လိုက္တဲ့။
ေဆးလိပ္ေငြ႕ ရႉမိရင္ မင္းေနာက္ကို ေကာက္ေကာက္ပါေအာင္
လိုက္လာလိမ့္မတဲ့ဗ်ာ။ သူငယ္ခ်င္းလည္း
ငမ္းသာလြန္းလို႔ ေငြအေတာ္မ်ားမ်ား
ကန္ေတာ့လိုက္တယ္ ဆရာေရ။ ဆရာ က
ေျပာေသးဗ်။ ညားသြားရင္ သူ႔ကို ဖိတ္တကမ္းဖို႔ မေမ့ပါနဲ႔တဲ့။
ဒါ-လူပ်ိဳ ႀကီးဘဝက အျမန္ကြၽတ္ေအာင္
လုပ္ေပးတာတဲ့။ သူငယ္ခ်င္းလည္း က်ားပ်ံ မေကာက္
ေဆးေပါ့လိပ္ထဲမွာ ပီယေဆးမႈန႔္ထည့္၊
ေဆးသားနဲ႔ျပန္ပိတ္ၿပီး မီးညႇိဖြာေပါ့။ သူ
ႀကိဳက္တဲ့ ေကာင္မေလးနားသြားၿပီး
စကားေရာ ေဖာေရာ လုပ္ၿပီး ေဆးလိပ္ခိုးေငြ႕နဲ႔
မႈတ္လိုက္တာ ေကာင္မေလး ေဆးလိပ္မီးခိုးမႊန္ၿပီး
ခ်လိုက္၊ ေခ်ာင္းဆိုးလိုက္ျဖစ္ၿပီး စကားေတြ
မ်ားၾကပါေရာ – ဆရာရဲ႕၊ ပီယ ေဆးက သိပ္စြမ္းတာပဲ ဆရာေရ
“ဘယ္လို စြမ္းတာတုံး- ကိုငစိုးႀကီးရ”
“ေကာင္မေလး ေနာက္ေန႔ ခိုးရာလိုက္ေျပးေတာ့တာပဲ
ဆရာ” “တယ္ဟုတ္ပါလားဗ်၊ ကိုငစိုးႀကီး သူငယ္ခ်င္းနဲ႔ပဲလား”
“ကြၽန္ေတာ့္ သူငယ္ခ်င္းနဲ႔ မဟုတ္ဘူး ဆရာ၊
ဘုန္းႀကီးလူထြက္ ျမင္း လွည္းဆရာနဲ႔ လိုက္ေျပးတာ ဆရာမရ”
“ဗုေဒၶါတကယ့္ပီယေဆးပါလား – ကိုငစိုးႀကီးရ ဟင္”
“အဲဒါ ပီယေဆးစီရင္ေပးတဲ့ ဆရာကို ျပန္ေျပာျပေတာ့
က်ားပ်ံ မေကာက္ေဆးလိပ္ထဲထည့္ဖြာလို႔ျဖစ္တာတဲ့။
ၾကားတာနဲ႔ ျပန္သြားတာတဲ့။ အမွန္က
“ေ႐ႊဘဲ” ေဆးေပါ့လိပ္ထဲက ထည့္ၿပီး ဖြာမႈတ္မွ
ေကာင္မေလးက သူ႔ကို “ေ႐ႊလို တန္ဖိုးရွိတဲ့ဘဲ”
ေခတ္စကားအရ ေ႐ႊဘဲ”ဆိုၿပီး တန္းခ်စ္မွာ တဲ့။
ေဆးလိပ္မွားေတာ့ က်ားပ်ံ ၾကားၿပီးျပန္တာတဲ့ဗ်ာ”
“ဒါဆိုပီယေဆးေပးကတည္းက ေျပာလိုက္ပါလား”
“အဲဒါေျပာတာေပါ့။ ဆရာ – မေန႔ကဘာလို႔ႀကိဳ
မေျပာတာလဲေမးေတာ့ ဆရာ ေမ့သြားလို႔ပါကြယ္တဲ့ဗ်ာ၊
ဒါေၾကာင့္ – အခ်ိဳ႕ဂမၻီရ အစီအရင္ေတြကို သိပ္မယုံၾကည္ဘူး ဆရာ
“ဆရာ့ရဲ႕ပညာေပၚမွာမူတည္ၿပီး အစီအရင္စြမ္းတာ
မစြမ္းတာ ရွိသလို၊ တပည့္လုပ္သူ အသုံးမတတ္လို႔
လြဲမွားလြဲေခ်ာ္တာလည္း ရွိတာပဲ။ ျဖစ္ တတ္ပါ
တယ္ေလ။ အဲဒီလို လြဲေခ်ာ္သြားရင္ ထင္ထားသလို
ျဖစ္မလာရင္ ဆရာပဲ နာမည္ထိခိုက္တာ ရွိတာေပါ့။
ဒါနဲ႔ – ကိုငစိုးႀကီးက အစီအရင္နဲ႔ အစြမ္းရွိပုံမယုံ
ဘူးဆိုေတာ့ ဆရာအေနနဲ႔ ကိုငစိုးႀကီး ယုံႏိုင္ေလာက္တဲ့
အစီ အရင္ေလး ေပးလိုက္မယ္။ သုံးၾကည့္ပါ။
သေဘာက်ရင္ ဆက္သုံး မက်ရင္ လည္း ႀကိဳက္သလိုလုပ္ေပါ့
“ဘာအစီအရင္မ်ားပါလဲ-ဆရာ”
ဒီမွာ ဆရာ ဦးသဂၤဟက စာ႐ြက္တစ္႐ြက္ေပၚမွာ
စာသားအခ်ိဳ႕ကိုေရးရ လိုက္တယ္။ ၿပီး – ကိုးစိုးႀကီးကို ေပးတယ္။
ကသားသုံးခုက
“ႀကံေသ၊ အာခံေသ၊ ျပန္ေသ”
“ေရာ့- ဒါကဒီစာသားတင္ေရးရမည့္ ေဘာ္ေရာင္ျပားပဲ”
ဆရာဦးသဂၤဟက ႏို႔မႈန႔္ဘူးအတြင္းခြံ
ေငြေရာင္ျပားအသားလိုမ်ိဳး ေငြ ေရာင္ျပားတစ္ခု
ေပးတယ္။ ဆရာေပးတဲ့ ေငြေရာင္ျပားရဲ႕ သဏၭာန္က
ေအာက္ပါအတိုင္း ျဖစ္ပါတယ္။
“ဘယ္လိုစီရင္ေရးရမွာလဲ-ဆရာ”
“ကိုငစိုးႀကီးရဲ႕လက္ေရးနဲ႔ အဲဒီျမားသြားသဏၭာန္
ေငြေရာင္ျပားအတြင္း မွာ ေရးရမယ္။ ဒီလိုေရးပါ”
“ေရးၿပီးရင္ ဘာဆက္လုပ္ရမလဲ ခင္ဗ်ာ”
“အဲဒီလို ထည့္ေရးၿပီးရင္ အိမ္တိုင္ေလးေထာင့္ တိုင္ေလးတိုင္မွာ သံ
ႏွင့္ ကပ္႐ိုက္ထားလိုက္”
“အဲဒီလို႐ိုက္ၿပီးရင္ ဘာျဖစ္မွာ – ဆရာ”
“ေစာင့္သာၾကည့္ပါကိုငစိုးႀကီး ယုံရပါေစမယ္၊
စိတ္ခ် …” “စမ္းၾကည့္မယ္ ဆရာ”
ဆရာလိုရမည္ရ ေပးလိုက္တဲ့ျမားဦးသဏၭာန္
ေငြေရာင္ျပားေလးခုႏွင့္ အကၡရာစာ႐ြက္ေလး
ယူလာ၊ အိမ္ျပန္ခဲ့လိုက္တယ္။
အလုပ္ကိစၥမ်ားေနေတာ့ ဆရာသဂၤဟ ေပးလိုက္တဲ့
အစီရင္ကိစၥ လုပ္ မၾကည့္ရေသးဘူးတဲ့၊
တနဂၤေႏြေန႔ အလုပ္အားေတာ့မွ ဆရာသဂၤဟရဲ႕
အစီအရင္နည္း ဘယ္ လို စြမ္းသလဲ၊ ထူးသည္လဲ
သိရေအာင္ ကိုစိုးႀကီး စမ္းၾကည့္ေတာ့တယ္။
ဆရာသဂၤဟေျပာတဲ့အတိုင္း ျမားဦးေျပာင္းျပန္
ေငြျပားအတြင္းမွာ …. “ဥဳံ-ႀကံေသ၊ ကာေသ၊ ျပန္ေသ”
ဆိုတဲ့ ဂါထာလိုလို၊ မႏၲန္လိုလို၊ အင္းစာလိုလို
စာေတြကို သံခြၽန္ (ကညစ္)နဲ႔ ေရးလိုက္တယ္။
သည့္ေနာက္ – အေမတို႔၊ အေဖတို႔မသိေအာင္
အိမ္ေရွ႕အိမ္မႀကီးဝဲယာ ႏွစ္တိုင္၊ အိမ္ေနာက္ဘက္ အိမ္မႀကီးတိုင္
ဝဲယာႏွစ္တိုင္ ေပါင္း တိုင္ေလး တိုင္မွာ
သံမႈိနဲ႔႐ိုက္ကပ္ထားခဲ့လိုက္တယ္။
တစ္ရက္ေစာင့္ၾကည့္တယ္။
မထူးျခားဘူး။
ႏွစ္ရက္ ေစာင့္ၾကည့္တယ္။ မထူးျခားဘူးတဲ့။
ဒီလိုနဲ႔ အဲဒီကိစၥကို ေမ့ေမ့ေပ်ာက္ေပ်ာက္ထားလိုက္တာ
သတိေတာင္ မရေတာ့ဘူးဆိုပဲဗ်။ ဒီလိုနဲ႔ အေမနဲ႔
အေဖလည္း ဘုရားဖူးခရီးထြက္သြားၾကတယ္။
အိမ္မွာ ကိုငစိုးႀကီးရယ္၊ သူ႔မိန္းမ မျမင့္ျမင့္ေဌးရယ္၊
ညီအငယ္ဆုံး ေမာင္စံၾကည္ရယ္ပဲ က်န္ခဲ့တယ္။
ညီ ေမာင္စံၾကည္က သန္လ်င္ကုန္မွာ အလုပ္ လုပ္တယ္။
ညေန (၅) နာရီျပန္ေရာက္၊ မနက္ (၆)နာရီ အလုပ္သြားရတယ္။
ကိုငစိုးႀကီးကေတာ့ တပ္ထဲမွာ“ဂ်ဴတီ က်တဲ့ေန႔ကလြဲၿပီး
က်န္ေန႔ေတြ ညဘက္ အိမ္မွာ ရွိတယ္။
တစ္ညကိုငပိုးႀကီး တိက်တဲ့ည။
သူ႔မိန္းမျမင့္ျမင့္ေဌးညဥ့္ (၁၁)နာရီေလာက္မွာ
အိမ္သာတက္ခဲ့တယ္။ လကလည္း လင္းထိန္ေနတာမို႔
ပတ္ဝန္းက်င္ကို ပီပီျပင္ျပင္ ျမင္ရတယ္။ ဒါႏွင့္
(၁၀)မိနစ္ဝန္းက်င္ခန႔္ အိမ္သာကိစၥ
ၿပီးစီးသြားေရာ အိမ္သာ တံခါးဖြင့္လိုက္ခ်ိန္ …
“ဟင္”
အိမ္သာေရွ႕မွာ ေက်ာေပးထိုင္ေနၾကတဲ့ လူသုံးဦး ..။
မျမင့္ေဌး လန႔္ သြားၿပီ၊ မတ္ကေလးက အိမ္ေရွ႕မွာ
အိပ္ေနတာ၊ သူ႔အမ်ိဳးသားက တပ္ထဲမွာ။
လူစိမ္းေတြ တူရဲ႕..
“ေဟ-ေရွ႕က ဘယ္သူလဲ”
ဟန္ကိုယ့္ဖို႔လုပ္ၿပီး အသံမာမာနဲ႔ ေအာ္ေမးလိုက္ရာ
ေစာေစာက အိမ္ သားေက်ာေပးထိုင္ေနတဲ့ လူသုံးဦး ၿပိဳင္တူ ထရပ္လိုက္ၾကတာ …
“အမေလး- လာၾကပါဦးေတာ့၊ ကိုōၾကည္
ကိုစံၾကည္-လာၾကပါဦး- လာၾကပါဦး”
ျမင့္ျမင့္ေဌး အသံကုန္ေအာ္လိုက္ေရာ
မတ္ေတာ္သူ ကိုပံၾကည္ေရာ၊ အိမ္နီးနားခ်င္းေတြပါ
ႏိုးၿပီးလာေရာက္ ေမးျမန္းေကာေပါ့ဗ်ာ။
“မျမင့္ေဌး – ဘာျဖစ္လို႔တုံး
မျမင့္ျမင့္ေဌး တစ္ကိုယ္လုံးတုန္ၿပီး
ေၾကာက္လန႔္ေနတယ္။ မတ္လုပ္
သူကိုပ်ံၾကည္က ကိုင္လႈပ္ေမးေတာ့မွ
သူ အသိျပန္ဝင္လာၿပီး အထစ္ထစ္ အေငါ့ေငါ့ျဖစ္ေနတယ္။
“ဘာျဖစ္လို႔တုံး – ျမင့္ျမင့္ေဌး” ဝိုင္းဒမ္းၾကၿပီး ..
“ဟို – ဟို – အိမ္သာကေန ဆင္း – မလို႔
လုပ္ေတာ့ – ေရွ႕ – ေရွ႕နားမွာ လူ-လူအႀကီး – သုံး – သုံးဦး”
“ဘာ – လူအႀကီးႀကီးသုံးဦး ဟုတ္လား”
“အင္-အင္- ထိုင္ရာကေနထရပ္ကာ
အႀကီးႀကီး-အ-ျမင့္ – ႀကီး – ႀကီး
အမေလး – ကြၽန္ – မ – ေအာ္လိုက္ေရာ
ေပ်ာက္ – ေပ်ာက္သြားၾကေရာ၊ ဘုရား – ဘုရား”
“ထြက္ေျပးၾကသလား – မျမင့္ေဌး”
“မ-မဟုတ္ဘူး- ျဖဳန္းခနဲ ေပ်ာက္သြားတာ”
“ဟာ- မဟုတ္ေသးပါဘူးဗ်ာ”
ဒါနဲ႔ ကိုစံၾကည္ေရာ၊ အိမ္နီးနားခ်င္းေတြပါ
လက္ႏွိပ္မီးဖြင့္ၿပီး ထိုးရွာ ေတာ့လည္း ဘာေျခရာ
ဘာသဲလြန္စမွမေတြ႕ၾကဘူး။
ေနာက္ဆုံး ျမင့္ျမင့္ေဌး အျမင္ေမွာက္တာလို႔
ေျပာၾကၿပီး ျပန္အိပ္ၾက၊ အိမ္ျပန္ၾကေတာ့တယ္။
သို႔ေသာ္ ……
ဒိကိစၥက တစ္ႀကိမ္တည္း မဟုတ္ဘူး။
ကိုငစိုးႀကီး တပ္ထဲမွာ ဂ်ဴတီက်တဲ့ညတိုင္း ျဖစ္ေနတာ။
အေပါ့ထသြား တိုင္း အေလးသြားလိုက္တိုင္း ႀကဳံေနရတာ။
အိမ္သာေရွ႕မွာ ေက်ာေပးခါးေထာက္ရပ္ေနတာ၊
သုံးေယာက္ – အမ ေလးအရပ္ (၆)ေပမကဘူးတဲ့။
ကိုယ္လုံးတင္ ေရသံစည္ပိုင္းေလာက္ ရွိဆိုပဲ။
ေတြ႕တာနဲ႔ ျမင့္ျမင့္ေဌးက အလန႔္တၾကား
ႀကဳံးေအာ္၊မတ္လုပ္သူလည္း ႏိုး၊ အိမ္နီးနားခ်င္း
ေတြလည္း ႏိုး။ မီးထိုးရွာလည္း အဲဒီလူထြားႀကီးေတြ ေတြ႕ရ။
အဲဒီလို ထူးျခားတဲ့ကိစၥ လင္လုပ္သူ
ကိုငစိုးႀကီးကို ျပန္ေျပာျပေတာ့ ဘာေျပာမွတ္လဲ။
“သူခိုးေတြေနမွာ။ ဒါမွမဟုတ္ အႏုၾကမ္းစီးမည့္
သူေတြလားပဲ ျမင့္ျမင့္ေဌး။ နင္လည္း
ေန႔ေန႔ညညေ႐ႊေတြမဝတ္နဲ႔။ ခြၽတ္သိမ္းထားေတာ့။
စံၾကည္ေရညီေလး…” “ဘာလဲ- စိုးႀကီး
“ငါမရွိတုန္း ဒီမိန္းမ အိမ္သာတက္ရင္
မင္း အကဲခတ္ေစာင့္ၾကည့္ ေပးလိုက္”
ကိုငစိုးႀကီးမိန္းမ မျမင့္ျမင့္ေဌ၊က ဆြဲႀကိဳး၊
လက္ေကာက္၊ နားကပ္၊ လက္စြပ္ေတြကို
ေန႔ေရာညေရာဝတ္ထားေလ့ရွိတယ္ဗ်။ဒါ
အလြန္အႏၲရာယ္မ်ားတယ္ေလ။
ဓာတ္သိေတြက လက္ေထာက္ခ်လို႔
အႏုၾကမ္းစီးမည့္လူ၊ အလစ္ ဝင္လုမည့္သူေတြ
အိမ္သာတက္ေနတုန္းလာေခ်ာင္းတာေနမွာ။ သူက အ
ေအာ္ျမန္လို႔ ဟိုလူေတြ ေျပးတာေနမွာေပါ့။
ဒီလိုကိုးစိုးႀကီးက ေတြးၿပီး ေျပာေနရတာ။
ေနာက္ေန႔မ်ား ျမင့္ျမင့္ေဌး အိမ္သာတက္ရင္ မတ္လုပ္သူကို ႏႈိး၊ ခပ္
လွမ္းလွမ္းက ေစာင့္ေနေပးပါလို႔။
ကိုစံၾကည္ လက္ႏွိပ္မီးနဲ႔ အိမ္မီးဖိုေနာက္ေဖ၊
တံခါးဝက ရပ္ၾကည့္၊ မီးထိုးၾကည့္ရင္
ဘယ္သူမွ မလာဘူး၊ မေတြ႕ဘူး။သို႔ေသာ္
ကိုစံၾကည္ (မတ္ေတာ္ေမာင္)ကို ႏႈိးရမွာ အားနာလို႔
လက္ႏွိပ္မီးဆြဲၿပီး ကိုယ့္ဘာသာကိုယ္ တက္ေရာ…
ျမတ္စြာဘုရား၊ ကယ္ေတာ္မူပါ … အိမ္သာက ဆင္းလိုက္ခ်ိန္
ခါးေတာင္းက်ိဳက္ လက္ပိုက္ထားတဲ့
မ်က္ႏွာႀကီးျပားျပား၊ ေခါင္းႀကီး၊ မ်က္လုံးျပဴးျပဴးနဲ႔
ထြားထြားက်ိဳင္းက်ိဳင္း၊ အ႐ုပ္ဆိုးဆိုးလူႀကီးသုံးဦးကိုလက္
ႏွိပ္မီးေရာင္ႏွင့္ ဖ်တ္ခနဲ ျမင္လိုက္ရၿပီး ေပ်ာက္သြားပါေရာ။
ျမင့္ျမင့္ေဌးရဲ႕အလန႔္တၾကား၊ ေအာ္သံ၊
ငိုသံ၊ ႐ိုက္သံ၊ ဆူညံသြားၿပီး ကိုစံၾကည္ကလည္း
သူ႔ကို မႏႈိးရေကာင္းလားဆိုၿပီး မရီးလုပ္သူကိုေျပာ။
အိမ္နီးနားခ်င္းေတြကလည္း ခဏခဏ
ျဖစ္ေနေတာ့ မထြက္ၾက ေတာ့ဘူး။ ျမင့္ျမင့္ေဌး ကံနိမ့္လို႔
သရဲေျခာက္ခံရတာလို႔ပဲ ေျပာၾကတယ္။
ကိုစိုးႀကီး စဥ္းစားရၿပီ …။
သူ တပ္ထဲမွာ ဂ်ဴတီက်တဲ့ညတိုင္း ျဖစ္ေနတာ၊
သူရွိတုန္း၊ ဓားရွည္ကိုင္ၿပီး ေစာင့္ၾကည့္တယ္။
ဘယ္သူမွ် မလာဘူး။ စဥ္းစားရ က်ပ္ေနတယ္။
သူ႔မိန္းမကို စစ္ေမးေတာ့လည္း ႀကိမ္ တြယ္ၿပီး ငိုယိုေျပာရွာတယ္။
ဒီလို အ႐ုပ္ဆိုးဆိုး ေခါင္းမွာ ဘုသီးေတြပါတဲ့
လူထြားႀကီးေတြကို ဟိုတုန္းက မျမင္ဖူးဘူးတဲ့။
ခုလထဲက်မွ ထူးထူးျခားျခား ျမင္ရႀကဳံရတာတဲ့။ ခက္ေနၿပီ ..
ဒါနဲ႔ လိုရမယ္ရ ဗိုလ္ခ်ဳပ္ေက်း႐ြာက
ေဗဒင္ဆရာႀကီးအဘဦးေအာင္စိန္ ကို
သြားေမးျမန္း အစစ္ေဆးခံလိုက္ေရာ…
“ဟ-ေမာင္ငစိုးႀကီးရ၊ ငါ့တူ အိမ္ၿခံထဲမွာ
ေရာက္ေနၾကတာပါလား
“ဘယ္သူေတြတုံး – ဆရာႀကီး၊ ခင္ဗ်”
“မင္း ေခၚထားတဲ့ ပုဂၢိဳလ္ေတြေလကြာ”
“ဗ်ာ-ကြၽန္ေတာ္ဘယ္ပုဂၢိဳလ္ ဘယ္သူမွ
ေခၚမထားဘူးဆရာႀကီး။ အိမ္
မွာ ေရာက္ေနတာ ဘယ္သူေတြလဲ ခင္ဗ်”
“မင္း မိန္းမကိုေစာင့္ေရွာက္ေနတာ”
“ဟာ … မျဖစ္ႏိုင္ဘူးနဲ႔ တူတယ္ ဆရာႀကီးရာ”
“မင္း ဖိတ္ေခၚလို႔ သူတို႔ အိမ္ၿခံလူကို
ေစာင့္ေရွာက္ေနတာ။ မင္း- ဘယ္တုံးက ေခၚထားတုန္း”
“ဆရာႀကီး – အခု ကြၽန္ေတာ့္ ၿခံဝန္းထဲ
ေရာက္ေနတာ ဘယ္လိုပုဂၢိဳလ္ ေတြတုန္း – ဆရာႀကီး
“မေၾကာက္နဲ႔ေနာ္”
“ေျပာပါ – ဆရာႀကီးရွင့္”
“ဘီလူးသုံးေကာင္” “ဗ်ာ.”
“ရွင္ .
“ဒါ – ဒါ – ဆို ကြၽန္ေတာ္တို႔ ဘယ္လိုလုပ္ရ
မလဲဟင္ – ဆရာႀကီး” “မင္း ေခၚလို႔လာတာဆိုေတာ့
မင္းပဲ ျပန္ပို႔ျပန္ထုတ္ရမွာေပါ့ ကိုစိုးႀကီး စဥ္းစားရ
က်ပ္ေနတယ္။ သူ႔ဆရာေတြနဲ႔ သခ်ႋဳင္းကုန္း
စုံေအာင္လိုက္ဖူးတယ္။ ပေယာဂ အစီအရင္ေတြ
စီရင္ေဆာင္႐ြက္ရာမွာလည္းလိုက္ေလ့လာေရာက္ရွိဖူးေတာ့
အဲဒီကမ်ားလိုက္ေရာ့သလား။
ဆရာႀကီး ဦးေအာင္စိန္က ျပန္လာၿပီးေနာက္
သူ ေတြးတယ္။ ေခၚလို႔ လာေနတာတဲ့။
သူလည္း ဒီလိုပရသားေတြကိုမေခၚလာဖူးပါဘူး။
ေလးေလး နက္နက္လည္း မပူခဲ့ပါဘူး။
ဒီမွာ ေျပးသတိရလိုက္မိပါေရာ ….။
ဆရာသဂၤဟ ေပးလိုက္တဲ့ ျမားဦးပုံသဏၭာန္
ေငြျပားေပၚမွာ မိမိလက္ ေရးနဲ႔ ဂါထာလိုလို၊
မႏၲန္လိုလိုစာအခ်ိဳ႕ေရးၿပီးအိမ္တိုင္ေလးတိုင္မွာ ကပ္႐ိုက္
ထားခဲ့တာ ရွိတယ္။ အဲဒါေၾကာင့္မ်ားလား …
ကိုငစိုးႀကီး တုံ႔ဆိုင္းမေနဘဲ ဂိုဏ္းဆရာသဂၤဟ
အိမ္ရွိရာကို အျမန္ လာခဲ့လိုက္တယ္။ ဆရာ့ အိပ္ေရာက္ေရာ ..
“ကိုငစိုးႀကီး ေရးႀကီးသုတ္ပ်ာနဲ႔ ဘာျဖစ္လာလို႔တုံး”
“ဆရာ – ဟိုေလ ၿပီးခဲ့တဲ့ တစ္လခန႔္တုန္းက
ဆရာေပးလိုက္တဲ့ ျမားဦး
ပုံသဏၭာန္ေငြျပားနဲ႔ ဟိုး – ႀကံေသ၊ အာခံေသ၊
ျပန္ေသဆိုစာသားေတြ မွတ္မိ လား – ဆရာ”
“မွတ္မိတယ္ေလ။ က်ဳပ္ ေပးလိုက္တာပဲ။
ကိုငစိုးႀကီးက ပရသားေတြ ရွိတာ မယုံလို႔
အဲဒီစာေရးၿပီး အိမ္တိုင္ေလးတိုင္မွာ
ကပ္ထားလို႔ေျပာလိုက္ တာပဲေလ။ ဘာျဖစ္လို႔တုံး ..”
ကြၽန္ေတာ္ ဆရာေျပာသလို ေငြျပားေပၚမွာ
ဟိုစာသားေတြေရးၿပီး အိမ္တိုင္ေလးတိုင္မွာ ကပ္ထားလိုက္တယ္။
ကိုငစိုးႀကီး သူ႔ဇနီးအိမ္သာက ျပန္ဆင္းလာတိုင္း
ႀကဳံေတြ႕ျမင္ေနရတဲ့ အ႐ုပ္ဆိုးဆိုး၊
ထြားထြားက်ိဳင္းက်ိဳင္း၊ ဆံပင္လုံးဝမရွိ၊ ေခါင္းမွာ ဘုႀကီးေတြ
ထြက္ေနတဲ့ လူသုံးဦး ျမင္ၿပီး ခဏေပ်ာက္သြားတဲ့
အေၾကာင္းစုံ ေျပာျပ လိုက္ေတာ့ …
“အင္း – အင္း – ဟုတ္တယ္ – သိပ္ဟုတ္ေပါ့-
ကိုစိုးႀကီးရာ။ ဒီလိုပဲျဖစ္ တာေပါ့။ ဟုတ္လိုက္ေလဗ်ာ”
“ဆရာ…”
“ေျပာ- ကိုငပိုႀကီး-ေျပာ”
“ကြၽန္ေတာ္ – ဆရာေျပာသလို ျမားဦးပုံ
ေငြျပားေပၚမွာ ဟို – ႀကံေသ၊ အာခံေသ၊
ျပန္ေသလိုတဲ့ စာသုံးျဖတ္ေရးၿပီး အိမ္တိုင္ေလးလုံးမွာေတာ့
သံမႈိနဲ႔ စြဲကပ္ထားမိတယ္ ဆရာ။ အဲဒီ
အစီအရင္ေၾကာင့္မ်ား .. ဆရာသဂၤဟက ျဖတ္ၿပီးေျပာေရာ..
“သိပ္ဟုတ္ေပါ့ – ကိုငစိုးႀကီးရာ။ အဲဒီ
အစီအရင္ေၾကာင့္ ဘီလူးသုံး ေကာင္ ေရာက္လာၿပီး
ခင္ဗ်ားတို႔ မိသားစုကို ညဘက္ေရာက္ရင္ ေစာင့္
ေရွာက္ေပးေနတာေလ။ဒီအစီအရင္က
ဘီလူးေခၚအစီအရင္ပဲ။ ကိုငစိုးႀကီး
ကပရသားေတြ ရွိတာ မယုံဘူးဆိုလို႔
က်ပ္ လက္ေတြ႕ စီရင္ေပးလိုက္တာ။
ဘယ့္နယ္ ရွိတာယုံၿပီလာ၊”
“ကြၽန္ေတာ္ေတာ့ မႀကဳံမေတြ႕ဘူးေပါ့ –
ဆရာရယ္။ ဇနီးသည္ကေတာ့ အႀကိမ္ႀကိမ္
အခါခါေတြ႕ၿပီး ေၾကာက္လန႔္ေနတယ္ဆရာ။ ကြၽန္ေတာ္
ဆရာ ေျပာျပရွင္းျပတဲ့ ၿခံေစာင့္ဘီလူးေတြကို
အိမ္မွာ မရွိေစခ်င္ေတာ့ဘူး ဆရာ၊ သူတို႔ကို မူလေနရာ
ျပန္ခိုင္းခ်င္ရင္ ဘယ္လိုလုပ္ရမလဲဟင္
ဆရာ” “ဟင္း-ဟင္း-ဟင္း – ဟင္း-လစာမေပးရဘဲေစာင့္ေရွာက္
ေပးေနတာ ကိုျပန္ႏွင္ခ်င္တယ္၊ အလိုမရွိဘူး
ဆိုေတာ့ ခင္ဗ်ား သေဘာပဲေပါ့။ ဒီလိုလုပ္ပါ
ခင္ဗ်ားအိမ္မွာ ကပ္ထားတဲ့ ေငြျပားစာေလးခုကို
ျပန္ခြာလိုက္ပါ။ ၿပီး- အမဲသားခ်က္၊ ထမင္းနဲ႔
ၿခံေရာက္ဘီလူးေတြကိုပါေခၚၿပီး ညဥ့္သန္းေခါင္
ေရာက္ရင္ ေညာင္ပင္ႀကီး တစ္ပင္ေအာက္ကို ယူသြား။
စားပါ၊ ေသာက္ပါ ဒါနျပဳပါတယ္။ အိမ္ကို
ျပန္မလိုက္ခဲ့ပါႏွင့္။ ဒီေညာင္ပင္မွာ ေနရစ္ခဲ့ပါ။
ေညာင္ပင္ေစာင့္ ႐ုကၡပိုးႀကီးထံ အပ္ႏွံခဲ့ပါတယ္လို႔ေျပာၿပီး
ေနာက္ေက်ာ ခိုင္းျပန္ခဲ့၊ လုံးဝ လွည့္မၾကည့္နဲ႔”ေတာ့”
“ဘာလို႔ လွည့္မၾကည့္ရတာလဲ – ဆရာ”
“မၾကည့္နဲ႔လို႔ေျပာရင္ မၾကည့္နဲ႔ေပါ့ဗ်ာ။
ကိုင္း- ခုေျပာသလို သြားလုပ္
ဒါနဲ႔ အိမ္ျပန္လာ၊ မိန္းမကို အမဲသား သုံးပိႆာ
ဝယ္ရက္၊ ထမင္း တစ္အိုးပါ ခ်က္ခိုင္းလိုက္တယ္။
သည့္ေနာက္ အိမ္တိုင္ေလးတိုင္မွာ သူ
သံမႈိစြဲႏွက္ကပ္ထားတဲ့ ျမားဦးပုံ ေငြျပားေလးခ်ပ္ကို
ယူလိုက္ၿပီး လက္ဖက္နဲ႔ ထုပ္လိုက္တယ္။
သူၾကားဖူးနားဝေလးလည္း ရွိလို႔ပါတဲ့။
ဘီလူးကို လက္ဖက္ႏွင့္အုပ္ရင္ ဘီလူး
မေႏွာင့္ယွက္ႏိုင္ဘူးတဲ့။ ေျပာင္း ျပန္႐ိုက္တယ္ ဆိုလားဗ်ာ။
ညဥ့္သန္းေခါင္ေရာက္ေရာ …သူ မေၾကာက္ပါဘူး။
အေဖာ္လည္း လုံးဝမေခၚဘူး။
ခါးၾကားမွာ ဓားေျမႇာင္တစ္ေခ်ာင္း ထိုးလိုက္ၿပီ၊
လက္ႏွိပ္ဓာတ္မီး၊ တစ္ ဖက္၊ ငွက္ေပ်ာ႐ြက္နဲ႔
ထုပ္ထားတဲ့အမဲသားစၾကၤန္တစ္ထုပ္နဲ႔ အစီအရင္ထုပ္
ကို ကိုင္လာလိုက္တယ္။ အိမ္က ထြက္ခါနီးမွာ …
ငါ့အိမ္ေရာက္ေနတဲ့ ဘီလူးသုံးေကာင္၊
ခုျပန္လိုက္ခဲ့ၾက။ မင္းတို႔ေနရာ မင္းတို႔
ျပန္ရမယ္လို႔ေျပာၿပီး ေညာင္ပင္ႀကီးတစ္ပင္ေအာက္ကို ေရာက္လာ
ခဲ့တယ္။ လူသံ သူသံတိတ္တို႔၊
ေညာင္ေစာင့္႐ုကၡစိုးႀကီးကို ရည္စူးၿပီး
အေမႊးတိုင္ငါးတိုင္ ပူေဇာ္လိုက္ တယ္။
ဖေယာင္းတိုင္ ထြန္းညႇိလိုက္တယ္။
ၿပီး- စၾကၤန္တစ္ထုပ္ကို ေျဖ၊ ေညာင္ပင္ေရွ႕
ေျမကမူေပၚတင္ျဖန႔္ၿပီး ဘီလူးစာ ေကြၽးလိုက္တယ္။
“ကိုင္း – ကြၽႏ္ုပ္ ၿခံထဲ ေရာက္လာ၊ ေတင့္ေရွာက္တဲ့
ဘီလူးသုံးဦးတို႔၊ သင္တို႔ကို ေစာင့္ေရွာက္ေပးလို႔
ေက်းဇူးတင္ပါတယ္။ သင္တို႔ ႀကိဳက္ႏွစ္
သက္တဲ့ စားဖြယ္မ်ားကို အားရပါးရ
စားပါေသာက္ပါ။ ေက်နပ္မႈ ရွိၾကပါ။
အိမ္က ဇနီးသည္က
အလြန္ေၾကာက္တတ္တာမို႔ က်ဳပ္အိမ္ကို ဒီည
ျပန္ မလိုက္ခဲ့ပါနဲ႔။ အဘိုး႐ုကၡစိုးႀကီးထံ
အပ္ခဲ့ပါၿပီ။ အဘိုး သူတို႔ကို ေစာင့္ေရွာက္ ေနရာခ်ေပးပါ။
အဘိုး႐ုကၡစိုးႀကီးကိုလည္း ေမတၱာရပ္ခံပါတယ္။ ကိုင္း-
စားၿပီးေနခဲ့ၾက။ ငါ့ေနာက္ လုံးဝမလိုက္ခဲ့ၾကနဲ႔။ ေနခဲ့ …”
ျမားဦးပုံ ေငြျပားအင္းခ်ပ္ေတြလည္း
ေညာင္းပါးပ်ဥ္းေပါက္ထဲ ထည့္ခဲ့ ၿပီး မီးထိုးျပန္ခဲ့လိုက္တယ္။
ေခြးအူသံေတြ ေက်ာစိမ့္ေအာင္ ၾကားရပါေရာ။
ေညာင္ပင္ေပၚက က်ီးအုပ္ႀကီး ေဝါခနဲ ဝုန္းခနဲ
ထပ်ံသံက ဝုန္းဒိုင္းႀကဲသြားတာပဲတဲ့။
ေခါင္း နားပန္းကိုႀကီးသြားသတဲ့ဗ်ာ။ဒါနဲ႔အတူကိုးပိုးႀကီး
ေနာက္ကေနလိုက္လာတဲ့ေျခသံမ်ိဳးၾကားရတာနဲ႔
လွည့္ၾကည့္ခ်င္ပါေသာ္လည္း ဆရာကလုံးဝလွည့္
မၾကည့္နဲ႔ေျပာထားေတာ့ မၾကည့္ခဲ့ဘူးတဲ့။
ပါးစပ္ကေတာ့ ေျပာလိုက္တယ္…။
“လိုက္မလာနဲ႔ – ေနခဲ့ၾက၊ ငါ့နာမည္ ငစိုးႀကီးကြ။
ေကာင္းရင္ သူမ်ား ထက္ အဆတစ္ရာ ပိုေကာင္းတယ္။
ဆိုးၿပီဆိုရင္ သူမ်ားထက္ အဆတစ္ ေထာင္
ပိုဆိုးတယ္ေဟ့။ အာဠဝကတဲ့ကြ-အာဠဝက
– ကိုင္းဟာ” ပါးစပ္က သို႔ကလို ႀကိမ္းဝါးၿပီး
ေျမႀကီးကိုဖေနာင့္နဲ႔ ေပါက္ခ်လိုက္ေရာ။
ေနာက္ကလိုက္လာတဲ့ ေျခသံေတြ တိခနဲ ရပ္သြားသတဲ့ဗ်ာ။
ကိုစိုးႀကီး သူ႔အိမ္ရွိရာကို ဦးတည္ၿပီး ျပန္လာခဲ့တယ္။
ေနာက္က ဘာသံမွ မၾကားရေတာ့ဘူး။
ေနာက္ေနာင္ခါ ေနာက္ေနာင္ေန႔ ညေတြမွာလည္းသူ႔ဇနီး
ျမင့္ျမင့္ေဌး အဲဒီလူဘီလူးႀကီးေတြကို ၿခံထဲမွာ
လုံးဝမေတြ႕ရေတာ့ဘူးတဲ့။ ကိုငစိုးႀကီးကကြၽန္ေတာ္
တို႔ကို ေျပာတယ္ဗ်။ ရွိတယ္ – ရွိတယ္ …။
ပရာေလာကသားဆိုတာရွိတယ္။
အေျပာင္အျပက္ သြားမလုပ္နဲ႔။ ေယာင္လို႔လည္း အိမ္မွာ
ေခၚမထားနဲ႔။ အေရာတဝင္လည္းမလုပ္နဲ႔တဲ့။ သူ႔ေနရာ
သူေန၊ကိုယ့္ေနရာကိုယ္ေနတာပဲ ေကာင္းတယ္။
အေရာတဝင္ေနရင္ အႏၲရာယ္ အလြန္မ်ားသတဲ့ ခင္ဗ်။