ငါ့သမီးလေးကိုလာမထိနဲ့(စ/ဆုံး)
———————————
” ချစ်လို့ပါ ”
” ဖယ်စမ်းအေ ယားပါတယ်ဆို ”
” အို ချစ်လေးကလည်းချစ်လို့ပါဆိုနေ ”
” အာ…………..
စိတ်တိုလာပြီနော် ”
” သဘောကျတယ် အရီးနန်းရေ အရီးနန်းတို့သားအမိက ငွေမချမ်းသာပေမယ့် အပူအပင်ကိုမရှိဘူး မြင်ရသူပါစိတ်ချမ်းသာကြည်နူးစေတယ်တကယ်ဗျာ ”
သာယာအေးရွာမှရွာ့မျက်နာဖုံး ဦးသန်းထွန်းတယောက် ဒေါ်နန်းခမ်းအိမ်လာလည်ရာ ဒေါ်နန်းခမ်းရဲ့သမီးလေးက သူ့အမေအားဟိုနှိုက်ဒီနှိုက်ကလိပြီး စနေတာတကယ်ကိုကြည်နူးဖွယ်ရာပါ။
ဒေါ်နန်းခမ်းမှာရှမ်းအမျိုးသမီးဖြစ်ပြီးတောင်ပေါ်သူတစ်ယောက်ဖြစ်ပါတယ်။ မြေပြန့်မှဗမာအမျိုးသားနှင့်အိမ်ထောင်ကျပြီး မြေပြန့်လိုက်နေကာ..သမီးလေး(၁၀)နှစ်အရွယ်မှာ အိမ်ထောင်ဘက်ဆုံးပါးသွားသော်လည်း သမီးလေးမျက်နာငယ်ရမှာစိုးရိမ်၍နောက်အိမ်ထောင်မပြုပဲသားအမိနှစ်ယောက်ပျော်ရွှင်စွာနှင့်ဘဝကိုဖြတ်သန်းနေသူပါ။ စိတ်ထားမြင့်မြတ်တဲ့အမျိုးသမီးကောင်းတဦးဖြစ်ပါတယ်။(အခုခေတ်ကတော့မဟုတ်ပေါင် ရှေ့ကယောကျာ်းမသေခင်ကတည်းက နောက်ကစပယာဘက်ကအဆင်သင့်။->စာရေးသူ)
တနေ့မှာတော့
” အမေရေ သမီးဘယ်သူနေရမှာလဲ အီး ဟီးး ဟီးဟီး အမေပြောတော့ သမီးလေးကိုစိတ်မချဘူးဆို အခုတော့စိတ်ချသွားပြီလားအမေရဲ့ အီးဟီးဟီး ဟီး အဟင့် ဟင့် ”
” စိတ်မကောင်းလိုက်တာကွာ သူတို့သားအမိနှစ်ယောက်ကတအားချစ်ကြတာ အခုတော့သူ့သမီးလေးတယောက်တည်း လူ့လောကကြီးအလယ်မှာ အထီးကျန်ဖြစ်ခဲ့ရပြီပေါ့ ”
ဒေါ်နန်းခမ်းတယောက် အကောင်းကြီးကနေရုတ်တရက်ဆုံးပါးသွားခဲ့ရလေရာ ရပ်ရွာမှအသုဘအား ဝိုင်းဝန်းကူညီပေးပြီး အခုဆိုအလောင်းတောင် မြေကျလို့ကျင်းထဲရောက်နေပြီလေ သူ့သမီးလေးက
” အမေရေ သမီးပါတခါတည်းခေါ်ပါ သမီးလည်းလိုက်မယ် လိုက်မယ်အမေရေ အီးဟီးဟီး ဟီး အဟင့် ဟင့် ”
“အမေပြောတော့ ငါ့သမီးလေးဖက်အိပ်ရမှအမေအိပ်ပျော်တာဆို အခုတော့သမီးမဖက်ပဲအမေအိပ်ပျော်သွားပြီလားအမေရဲ့ အီး ဟီးဟီး ဟီး လိုက်မယ် အမေသမီးလိုက်ခဲ့မယ် ”
ရွာသူရွာသားများလုံးဝစိတ်မကောင်းကြ ဒေါ်နန်းခမ်းသမီးလေးအဖြစ်အားကြည့်ပြီး လူတိုင်းကိုယ်စီမျက်ရည်ကျနေရလေပြီ။
” အမေ သမီးလိုက်မယ် သမီးလည်းလိုက်မယ် ”
” ဟာ ဟေ့ ဟေ့ အနားကအမျိုးသမီးတွေဆွဲကြပါဟ ”
” အနွယ် အနွယ် စိတ်ထိန်းလေတူမလေးရဲ့ ”
” အမေ အမေ အီး အီးဟီးဟီး အစ် အစ် ”
” ဟာ လုပ်ကြပါအုံး လုပ်ကြပါအုံး ဒီမှာအနွယ်တက်သွားပြီ ”
” ကဲ ကဲသူ့ကိုရွာထဲသာပြန်ခေါ်သွားကြတော့ ကဲ မင်းတို့လည်းမြေဖို့လိုက်ကြတော့ကွ ာ ”
” ဟုတ် ဦးသန်းထွန်း ဟုတ် ဟုတ် ”
အနွယ်မှာ သင်္ဂျိုင်းမြေထဲမှာလူးလိမ့်ငိုနေပြီး သူ့အမေအသုဘကျင်းထဲဇွတ်ဆင်းမယ်လုပ်နေရာ လူများဝိုင်းဆွဲရင်းမှ အနွယ်တက်သွားရလေတော့ရာ သူအဖြစ်လေးအား မြင်နေရသောလူတိုင်းကသနားနေကြပြီး ဦးသန်းထွန်းမှ
” ကဲ အရီးနန်းရေ လွတ်ရာကျွတ်ရာဘုံဘဝသို့သွားပါတော့ အရီးတို့မိသားစုလေး ဘဝအဆက်ဆက်မှာအခုလိုအဖြစ်မျိုးမှကင်းဝေးပြီး သားအမိနှစ်ယောက်သေတမန်သက်တဆုံး ပျော်ရွှင်စွာနေခွင့်ရပါစေလို့ ကျုပ်ဆုတောင်းပေးပါတယ်ဗျာ ”
ဦးသန်းထွန်းတယောက်ယောကျာ်းအရင့်အမာကြီးဖြစ်သော်ငြားလည်းဒေါ်နန်းခမ်းတို့သားအမိအဖြစ်လေးကိုကြည့်ပြီး ပါးပြင်မှမျက်ရည်တပေါက်က ဒေါ်နန်းခမ်းရဲ့ဖို့လက်စမြေပုံလေးအပေါ်သို့ပေါက်ခနဲပြုတ်ကျလို့သွားခဲ့ရပါတော့တယ်။
” ဘုန်း ”
” အား ”
ကောင်းထက်တယောက်ကျောအား လက်ဝါးနှင့်အရိုက်ခံလိုက်ရ၍ကျောကော့သွားကာ အားဟုနာကျင်စွာအော်လိုက်မိတာမို့ အနွယ်နှင့်မညိုလူသံကြားကာ
” ဟေ့ အိမ်အပြင်က ဘယ်သူလဲ ”
ကောင်းထက်ပြန်မဖြေ တိတ်တဆိတ်ငြိမ်သက်စွာ အိမ်ဘေးကပ်နေလေရာ မိညိုဒေါသထွက်လာပြီး
” ဟေ့ မေးနေတာမကြားဘူးလား အေးမကြားရင် မကြားတဲ့နားကြားအောင် မိညိုလေးဂွနဲ့ပေးစားရသေးတာပေါ့ ”
ကောင်းထက်မျက်လုံးပြူးသွားရလေ၏ မိညိုကယောက်ျားစိတ်ဝင်နေသောမိန်းခလေး လေးဂွပစ်အင်မတန်လက်တည့်လေရာ ဆက်နေရန်မသင့်ဟုတွေးပြီး ကောင်းထက်အိမ်နားကခွာလာစဉ်မိညိုအိမ်အပြင်သို့ဓာတ်မီးနှင့်ထိုးကြည့်ရာ ကောင်းထက်ဖနောင့်နှင့်တင်ပါးတသားတည်းကျအောင်ထွက်ပြေးခဲ့ရလေသည်
” ဘုတ် ဘုတ် ဘုတ် ဘုတ် ”
” တောက် ခွေးသူခိုးတွေ သတ္တိမရှိပဲမိညို လာစမ်းလို့ကတော့ အရည်ခွံဆုတ်ပစ်လိုက်မယ် ဘာမှတ်နေလဲ မိညိုတဲ့တညိုတည်းရှိတယ်ဟေ့ ”
သံယောဇဉ် နိဂုံးရွာလေးမှာ အနွယ်ဆိုလျှင်မသိတဲ့ယောက်ျားလေးမရှိ။ မခိုက်တဲ့ယောက်ျားလေးမရှိ။ လမ်းဖြတ်သွားလျှင်တောင်အနည်းဆုံးနှစ်ခါလောက်တော့လှည့်ကြည့်လိုက်ရမှစားဝင်အိပ်ပျော်ရတဲ့အထိ အနွယ်ကယောက်ျားလေးတွေနှလုံးသားကိုဖမ်းစားထားနိုင်တဲ့မိန်းခလေးရယ်ပါ…။
အနွယ်ဟာ ဆင်းရဲချို့တဲ့သောမိဘများမှပေါက်ဖွားလာသော်လည်းရေးဘဝကုသိုလ်ကံကြောင့်ထင် သူဌေးသူကြွယ်သားသမီးများပမာ နေပူထဲနေကုန်းနေခမ်းသူရင်းငှါးအလုပ် လုပ်ရပေမယ့်အသားလေးက ဝါအိပြီးအမြဲတမ်းပဲစိုပြေနေလေရာ အကြောင်းမသိသူများမြင်ရပါက အနွယ့်ကိုသူဌေးသမီးတယောက်လို့ပဲထင်မှတ်ကြ၏ ။
အနွယ်ဟာရုပ်ရည်လေးလှပပေမယ့်ဘဝပေးကုသိုလ်ကံကဆိုးရွားလွန်းလှပါတယ်။ ငယ်စဉ်ထဲကဖခင်ကွယ်လွန်ပြီး အနွယ်အပျိုဘော်ဝင်စ အလှသွေးကြွယ်ချိန်မှာ မိခင်ပါထပ်ဆုံးရပြန်လေတော့ မိခင်ရှိစဉ်ကာလကတည်းက အနွယ်လယ်သူရင်းငှါးကောက်စိုက်တွေမှာ အမြဲတွဲလုပ်သူ ဘဝပေးချင်းလည်းတူသော မိဘမဲ့ဖြစ်နေလေသောယောက်ျားစိတ်ဝင်နေတဲ့မိညိုမှအနွယ်နှင့်အတူလာရောက်နေထိုင်ခြင်းဖြစ်ပါတယ် အနွယ်နှင့်မိညိုဟာညီမအရင်းပမာချစ်ခင်ကြပြီး စားအတူသွားအတူ အိပ်တော့လည်းအတူပင် အနွယ်ကသိမ်သိမ်မွေ့မွေ့ရှိသလောက်မိညိုကတော့ တကယ့်ယောက်ျားသားတယောက်ပမာ သွားလေရာမှာ လေးဂွလွယ်အိတ်အမြဲပါလေ့ရှိပါတယ်
အခုလည်းသူတို့မိန်းမသားနှစ်ယောက်တည်းနေသောအိမ်အား လူလာချောင်း၍မိညိုတယောက်သောင်းကြမ်းနေရခြင်းဖြစ်ပါတယ်
” လာပါ မိညိုရယ်အပေါက်ပိတ်အိပ်ကြတာပေါ့ ”
” အေး အနွယ်နင့်အဲ့လိုအိစိအိစိလုပ်နေလို့ ကောင်တွေကကမ်းတက်နေတာသိလား ယောက်ျားတွေဆိုပြီးကြောက်နေစရာမလိုဘူး လွန်လာရင်တော့မိညိုလေးဂွက လူမရွေးဘူးဆော်မှာပဲ ”
” ဟုတ်ပါပြီ ကျုပ်ကအိစိပေမယ့် အားကိုးရတဲ့ကိုညိုကြီးတယောက်လုံးရှိနေတာပဲ မဟုတ်ဘူးလား ”
” ဟွန်း ဒါမျိုးတော့တတ်ပ့ ”
မိညိုမှာသူ့ကို မညိုလို့ခေါ်တာထက် ကိုညိုလို့ခေါ်တာကိုပို၍နှစ်သက်သူပါ မိမိမှာမိန်းမအင်္ဂါပါတယ်ဆိုတာသိပေမယ့် ယောကျာ်းတယောက်ဖြစ်ချင်တဲ့ဆန္ဒကဘယ်လိုမှတားဆီးလို့မရ ဒါကြောင့်အကြောင်းသိသူများကကိုညိုတဲ့လေ။
အနွယ့်မိခင်ဆုံးပါးပြီးကတည်းက တကောင်ကြွက်သမားမိညိုဟာ အနွယ့်အိမ်မှာပဲအဖော်လုပ်လာနေပေးသူပါ။ ပြီးတော့မိန်းမသားချင်းဖြစ်ပေမယ့် အနွယ့်ကိုကြွေနေသူ အနွယ့်ကိုတော့လာမထိနဲ့မီးပွင့်သွားမယ် အနွယ့်ထိမယ့်အစားသူ့ကိုထိလျှင်သာခံချင်ခံလိမ့်အုံးမယ့်လူစားမျိုးပေါ့..။
” ဟုတ်တယ်အောင်ဘုရ တကယ်လက်နဲ့ရိုက်လိုက်သလိုပဲ ”
” မင့်ဒါဆို ဟိုယောကျာ်းမိန်းရိုက်တာ မဖြစ်နိုင်ဘူးလား ”
” ဟာ ဒါတော့လုံးဝမဖြစ်နိုင်ဘူးကွ ဘာကြောင့်လဲဆိုတော့ သူကငါ့ကျောအရိုက်ခံရပြီးမှအိမ်ထဲကနေ အော်ထွက်လာတာ ”
” အေး ဒါဆိုစဉ်းစားစရာဖြစ်နေပြီ ”
ကောင်းထက်မှမနေ့ညက အနွယ့်ကိုသွားချောင်းရင်းသူ့ကျောအရိုက်ခံခဲ့ရတာကို ထန်းရေသောက်ရင်းအောင်ဘုနဲ့ဂျာရစ်အား ပြန်လာပြောပြနေခြင်းဖြစ်ပါတယ်။
” ဘာ စဉ်းစားစရာဖြစ်လို့လဲဂျာရစ် ”
” အေး အစကတော့ပြောပြဖို့ ငါ့မှာရည်ရွယ်ချက်မရှိပါဘူး အခုဟာက မင်းကငါ့သူငယ်ချင်းဖြစ်နေလို့ပြောပြရမှာ ”
” ဟေ မင်းစကားကထူးဆန်းလှချည်လားဂျာရစ်ရ ”
” ဟုတ်တယ်ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်းသာပြောကွာ တို့မှာဆိုးတိုက်ပင် ကောင်းတိုင်ပင် ဒီသူငယ်ချင်းသုံးယောက်ပဲရှိတာလေ ”
ဘေးကအောင်ဘုကပါဝင်ပြောတော့ ဂျာရစ်တယောက်ကောင်းထက်မျက်နာအားအသေချာကြည့်ပြီးပြောသင့်မပြောသင့်စဉ်းစားနေလေသည် နောက်မှခေါင်းကိုဆတ်ခနဲညိတ်လိုက်ကာ ပြောတော့မည်လို့ဆုံးဖြတ်လိုက်တဲ့သဏ္ဍန်ပင်။
” အေး ကောင်းထက် ဟိုတလောကညကြီး၉နာရီလောက် ဒေါဘုမတယောက်သူ့ယောကျာ်းကိုဂွတိုက အရက်ဝယ်ခိုင်းလို့ အနွယ့်တို့အိမ်နဲ့မျက်စောင်းထိုးလေးက ကိုဘကောင်းချက်အရက်ဆိုင် အရက်သွားဝယ်တာတဲ့ ”
” အေး ဝယ်တော့ကော ”
” အေး ဒေါ်ဘုမသွားတော့ အနွယ်တို့အိမ်ကမီးမှိတ်အိပ်နေကြပြီတဲ့လေ ”
” အေးလေ ဘာဆန်းလို့လဲဂျာရစ်ရာ အနွယ်နဲ့မိညိုကညစဉ်၈နာရီကျော်မီးပိတ်အိပ်နေကျပဲကို ”
” ဟာ စကားဆုံးအောင် နားထောင်စမ်းပါအောင်ဘုရာ ငါပြောပြတာကို ”
” ဟုတ်သားအောင်ဘုရာ သူပြောပါစေကဲပြော ပြော ဆက်ပြောပါဂျာရစ် ”
ဂျာရစ်ကပြောနေတာကို အောင်ဘုမှ
ဖြတ်ပြော၍ကောင်းထက်မှ စကားဆက်ရန်အားပေးထောက်ခံလိုက်ရာ ာ။
” အေး အဲ့ဒါအသွားတုန်းကဒေါ်ဘုမ ဂရုမစိုက်မိဘူးတဲ့ အပြန်မှအမှတ်တမဲ့အနွယ်တို့အိမ်ဘက့်လမ်းကြည့်လိုက်မိတော့ လရောင်အောက်မှာ အနွယ်တို့အိမ်နောက်ဘေး အိမ်သာဘက်ကနေ ဆေးလိပ်မီးတရဲရဲနဲ့အနွယ့်အမေထွက်လာတာ လှမ်းမြင်ရတယ်တဲ့ သူလည်းကြုံတုန်းလေး အရီးမအိပ်သေးဘူးလားလို့နှုတ်ဆက်မယ်ဟန်ပြင်ပြီးမှ အနွယ့်အမေဆုံးသွားတာသတိရပြီး ခေါင်းတွေကြီးကာ အိမ်ကိုအမြန်ပြန်ပြေးခဲ့ရတယ်တဲ့ ”
အနွယ်တို့ရွာလေးဟာ အိမ်ချေနှစ်ကျော်ရှိပြီး အနွယ်တို့အိမ်တည်နေရာကတော့ ရွာလေးဟာ ရွာလယ်ကနေအရှေ့အနောက်တောင်မြောက် လမ်းမကြီးရှိရာ တောင်မြောက်လမ်းရဲ့အနောက်ဘက်နှစ်အိမ်ကျော် ရွာလယ်အရှေ့အနောက်လမ်းမကြီးတောင်ဘက်ဘေးမှာကပ်လျှက်တွင်ရှိပြီး အိမ်နဲ့လမ်းဟာ ဆယ်ပေမျှဝေးရာ အိမ်နောက်ကနေရှေ့သို့ထွက်လာသူအားလှမ်းပေါ်မှကပ်လျှက်မြင်တွေ့နိုင်သောအနေအထားပါတည်ရှိနေပြီး
ဦးဘကောင်းရဲ့ချက်အရက်ရောင်းတဲ့အိမ်ကတော့ အနွယ်တို့အိမ်ရှေ့တည့်တည့်လမ်းတဖက်ကမျက်နာချင်းဆိုင်အိမ်ရဲ့အနောက်ဘက်မှာတည်ရှိပါတယ် အနွယ်တို့အိမ်နဲ့ဦးဘကောင်းအရက်ဆိုင်ကမျက်စောင်းထိုးအနေအထားလေးပါ အရှေ့ပိုင်းသူဒေါ်ဘုမတယောက် အရက်လာဝယ်တော့အနွယ်တို့အိမ်ရှေ့ကဖြတ်သွားရတာမို့ဂျာရစ်ပြောပြနေတာကလည်း အံဝင်ဂွင်ကျ ဂွင်မကျတာကကောင်းထက်ပါ သူချစ်နေရတဲ့သူလေးမိခင်မှာဒီသို့ဆိုတော့ သူဇွတ်ပင်မယုံချင်
” ဟာ မင့်ဟာသေချာလို့လား ”
” ဒါတော့ငါမသိဘူးကောင်းထက် မင်းကအနွယ်မှအနွယ်ဖြစ်နေလို့ငါကသူငယ်ချင်းအချင်းချင်း မင်းကိုပြောပြရမယ့်ဝတ္တရားရှိလို့ငါပြောပြတာ ယုံတာမယုံတာမင်းအပိုင်းပဲ ”
” ဘာဖြစ်ဖြစ်ကွာ ငါကတော့လက်တွေ့မှယုံတယ်ဂျာရစ် ”
” ဟုတ်တယ်ကောင်းထက် ငါလည်းလက်တွေ့မှယုံတယ် ”
တကယ်တော့အောင်ဘုက ကောင်းထက်ကျွေးမွေးတာကပ်စားနေရသူမို့ သူ့အပေါ်စေတနာမပျက်ရအောင် ကောင်းထက်အကြိုက်လိုက်ပြောပေးခြင်းပါ ဒါပေမယ့်သူ့စကားကပဲ သူ့ကိုပြန်ပြီးချည်ပြီးတုပ်ပြီးဖြစ်သွားရ၍ ပြောပြီးမှနောင်တရ ရလေတော့သည်
” အေး မင်းတော်တယ်အောင်ဘု မင်းကငါ့သူငယ်ချင်းလို့မပြောရဘူး ငါ့စိတ်နီးနီးအသိဉာဏ်ရှိတယ် ဒီတော့ဒီညငါအနွယ့်သွားချောင်းရင် မင်းလိုက်ခဲ့ကွာ ”
” ဟာ ကောင်း ကောင်းထက် ငါ ငါ ”
” ဘာလဲကွ ငါသိပါတယ်အောင်ဘုရာ မင်းသရဲမကြောက်တတ်ဘူးဆိုတာ ဒါ့ကြောင့်မင်းနဲ့ငါဒီညအတူသွားကြမယ် ကဲသောက် သောက်စိတ်ကြိုက်သာသောက် ဒီနေ့မင်းတို့နှစ်ယောက်ကို ငါရှယ်ပြုစုမယ်”
အောင်ဘုမိမိက စကားလွန်သွား၍နောက်သို့ပြန်ဆုတ်၍မရ တကယ့်တကယ်ဆို အောင်ဘုကရွာထဲမှာနာရေးအသုဘတခုခုရှိလျှင်တောင် ကိုယ့်အိမ်ကိုယ့်ရာထဲမှာပင် ညအပေါ့ပေါက်မထရဲ ဒါကြောင့်သူအိပ်ယာဘေးနား ရှူးနံ့အမြဲရနေကာ သူငယ်ချင်းတွေကပြောလျှင် ဟာ အ့ကောင်လေးအတော်ဆိုးတာ ငါ့အမသားပေါ့ ဦးချစ်လို့ဆိုငါနဲ့လာလာအိပ်ပြီး အမြဲအိပ်ယာထဲရှူးပေါက်တယ်ကွာ
အောင်ဘုက ထိုသို့ထိုသို့အာဂသတ္တိရှင်တယောက်ပါ အခုတော့သူ့စကားနဲ့သူမို့ညရောက်လျှင်ထက်အောင်နဲ့လိုက်ရတော့မည်လေ။
” ဟင်းဟင်း ဟင်းဟင်း ငါ့သမီးအနားကပ်တဲ့အကောင်အကုန်အသေသတ်မှာ ကြိုက်တဲ့ကောင်လာခဲ့စမ်း ”
” ဟာ သူငယ် ငယ်ချင်း ငါ ငါကောင်းထက်လေကွာ ”
” အေးကောင်းထက်ကို သတ်ချင်နေတာ ကဲ ”
” ခွပ် ”
” အား သေပါပြီဗျ ”
” လုပ်ကြပါအုံး လုပ်ကြပါအုံး ဒီမှာကောင်းထက်ကိုအောင်ဘု ထန်းရည်အိုးနဲ့ရိုက်လို့ခေါင်းကွဲသွားပြီ ”
” ဘာအောင်ဘုလဲ ငါအောင်ဘုမဟုတ်ဘူး ”
” ဟေ မင်းကအောင်ဘုမဟုတ်ရင် ဘယ်သူလဲကွ ”
” ငါ အနွယ့်အမေနန်းခမ်းပဲ ”
” အောင်ဘု အောင်ဘုသတိထားလေးကွာ မင်းအမူးလွန်ပြီးလျှောက်ပြောနေတာမဟုတ်လား ”
ကြာရစ်မှဝင်ပြောလိုက်ခြင်းဖြစ်ပါတယ်။ ကောင်းထက်တို့သုံးယောက် ကိုသာအေးထန်းတောမှာထန်းရေအတူသောက်နေရင်း အောင်ဘုမှ ထသောင်းကြမ်းခြင်းဖြစ်ပါသည်။ အစတော့အောင်ဘုမှစနေတယ်ထင်ကြရာ အလေးမထား နောက်မှအောင်ဘုကထန်းရေအိုးနဲ့ကောင်းထက်ခေါင်းရိုက်လိုက်ရာ ကောင်းထက်ခေါင်းမှသွေးများဖြာခနဲပင်။
ဂျာရစ်အနားမကပ်ရဲတော့ ကောင်းထက်လည်းခေါင်းအားလက်နဲ့အုပ်ပြီးထွက်ပြေးခဲ့ရတယ် တခြားထန်းရေဝိုင်းကလူများလည်း စူးစမ်းသလိုဝိုင်းကြည့်နေကြရာ ကိုသာအေးထန်းတဲလေးထဲမှာ အုတ်အုတ်ကြွက်ကြွက်။
အောင်ဘုတယောက်မျက်လုံးများနီရဲလာကာ ဒေါသတကြီး တဟင်းဟင်းဖြစ်နေကြရာ ထန်းရေသောက်နေသူများဘာလုပ်လို့လုပ်ရမှန်းမသိ။
ထိုအချိန်
” သား သားလေး ”
” ဘာ သားလေးလဲ ငါနင့်သားမဟုတ်ဘူး ”
” အဒေါ် အဒေါ့်သားကိုထိန်းပါအုံး ”
အောင်ဘုမိဘများရောက်လာရခြင်းဖြစ်ပါတယ်။ ကောင်းထက်အိမ်ပြန်ပြေးရာ ကောင်းထက်မိဘများ လာရောက်အသိပေး၍ထန်းတောသို့အောင်ဘုမိဘများလိုက်လာရခြင်းဖြစ်ပါတယ် ။
” သား သားမူးနေတာလား စိတ်ကိုထိမ်းပါသားရယ် ”
” ဟေ့ ငါနင့်သားမဟုတ်ဘူးလို့ဘယ်နှခါပြောရမလဲ ”
” ဟုတ်တယ်ဒေါ်လေး အသံသေချာနားထောင် ဒါအောင်ဘုမဟုတ်ဘူး ”
ထို့စဉ်မှာပင်
” ဘာတွေဖြစ်နေကြတာလဲကွဲ့ ”
အသံကြား၍အောင်ဘုမိခင်မှလှည့်ကြည့်လိုက်ရာ အသက်၅၀ခန့်ရှိ ဒေါင်ကောင်းကောင်းထောင်ထောင်မောင်းမောင်းနှင့်ဥပတိရုပ်အင်မတန်တည်ကြည်ခန့်ငြားသောလူကြီးတဦး ရောက်ရှိလာကာ…
သူ့လက်ထဲမှာ မဲပြောင်နေသော နဂါးခေါင်းသဏ္ဍန်တောင်ဝှေးတချောင်း ပုခုံးအထက်မှာကပင်နီလွယ်အိတ်တလုံး လက်ကောက်ဝတ်တဖက်မှာကဖြူစွတ်နေသော စိတ်မတီးတကုံးအား သုံးရစ်မျှရစ်ပြီးပတ်ထားရာ မြင်ရတာနှင့်ပင် လေးစားအားကိုးချင်စရာ
” ဟေ့ ဘာဖြစ်နေကြတာလဲ ပြောအုံးလေကွယ် ”
အခုမှအောင်ဘုမိခင်သတိရလာပြီး
” ကျမ သားလေးဘာဖြစ်မှန်း မသိလို့ပါဆရာကြီးရယ် သားလေးကိုကယ်ပါအုံး ”
” ခဏလေး ကျုပ်ကြည့်ကြည့်ပေးပါ့မယ် ”
” ဟေ့ ဘယ်ကလူလဲ ငါ့ကိုဘာထင်နေလဲ ”
အောင်ဘုမှ ထိုလူစိမ်းကြီးအား စူးစူးဝါးဝါးကြည့်ပြီးကြိမ်းမောင်းလေရာ
” ကဲ သားလေးစိုင်း သူ့ကိုဖမ်းချုပ်လိုက်စမ်း ”
ထိုအခါကြမှဆရာကြီးဆိုသူနောက်မှအသက်၂၇/၂၈နှစ်အရွယ်လူငယ်ကို လူတွေသတိထားမိကြပါတယ် လူရွယ်မှာအရပ်မနိမ့်မမြင့်အသားညိုညိုနဲ့ရှမ်းပင်နီဝတ်စုံအားသေသပ်စွာဝတ်ထားပြီး ဆရာကြီးအမိန့်ကြောင့်ရှေ့သို့ထွက်လာလျှင်
” ဟေ့ ငါကိုမထိနဲ့ မင်းဘာကောင်လဲ ကဲ ”
” ဝှစ် ”
” ဟာ ”
” ခွမ်း ”
” ဝှစ် ”
” ခွမ်း ”
” ဟာ အတော်သွက်လက်လျင်မြန်တဲ့လူပါလား ”
အောင်ဘုမှသူ့ရှေ့တွင်ရှိသော ထန်းရေအိုးနှင့်ကောက်ပစ်လိုက်ရာ လူရွယ်ငုံ့ရှောင်ပြီး ရှေ့တိုးလာရာ အောင်ဘုနောက်အိုးတလုံးကောက်ကိုင်ပြီး လူရွယ့်ခေါင်းသို့အနီးကပ်ရိုက်ချလိုက်ရာ အားလုံးက လူရွယ်ခေါင်းကွဲပြီး သွေးများဖြာခနဲကျလာမည်ထင်မှတ်လိုက်ကြပါတယ်။
ဒါပေမယ့်လူရွယ်က ရှေ့သို့ဖျတ်ခနဲကပ်လိုက်ကာ ခေါင်းကိုမြေအိုးနှင့်လွတ်သည်ဆိုရုံလေးငုံ့ရှောင်ပြီး အရှိန်လွန်သွားသော အောင်ဘုလက်အားဖျတ်ကနဲဖမ်းဆုပ်ပြီး ဒါတိုက်နောက်သို့လိမ်ပြီးချုပ်လိုက်ရာ အောင်ဘုလက်ထဲမှမြေအိုးအရှိန်နှင့်လွတ်ထွက်သွားပြီးမြေပေါ်သို့ ခွမ်းကနဲ လူရွယ်ကလက်အား အားအနည်းငယ်စိုက်လိုက်ရာ အောင်ဘုတယောက်မြေပြင်ပေါ်သို့ ဒူးထောက်လျှက်သားဖြစ်သွားရပါတော့တယ်။
” ကဲ အောင်ဘုခန္ဓာထဲဝင်နေတာ ဘယ်သူလဲမှန်မှန်ပြောစမ်း ”
” နင်မေးတိုင်း ငါကပြောရမှာလား နင်ကဘာကောင်လဲ ”
ဆရာကြီးအမေးအား မဖြေပဲအောင်ဘုမှရဲတင်းစွာပင် ဆရာကြီးအားပြန်ပြောရာ
” အော် နင်ကငါဆရာတောင် ပြန်အာခံရဲတယ်လား သိကြသေးတာပေါ့လေ ”
ဆရာကြီးဆိုသူက လွယ်အိတ်ထဲမှရွှေရောင်တလက်လက်တောက်နေသော ပိုးကြိုးလေးအားထုတ်ယူပြီး အောင်ဘုလည်ပင်းသို့ စွပ်ပေးလိုက်ရာ
” အား ပူတယ် ပူတယ် အားပူတယ် ငါ့ကိုမနှိပ်စက်ကြပါနဲ့ ”
” ကဲ ဒါဆိုမှန်မှန်ပြောစမ်း နင်ဘယ်သူလဲ ”
” ငါ ငါနမ်းခမ်း ”
” ဘယ်ကနမ်းခမ်းလဲ ”
ဆရာကြီးမှာထိုရွာကမဟုတ်တော့ဒေါ်နန်းခမ်းအားမသိပေ အောင်ဘုမိခင်မှဝင်၍
” နန်းခမ်းဆိုတာ ရွာထဲကပါ သူကွယ်လွန်သွားတာ(၁)နှစ်လောက်ရှိပါပြီ ”
” အော် ဒါဆိုဒေါ်နန်းခမ်း ဘာကြောင့်အောင်ဘုခန္ဓာထဲဝင်ပြီး အနှောက်အယှက်ပေးရတာလဲ ”
” မကျေနပ်လို့ဟေ့ ”
” ဘာကိုမကျေနပ်တာလဲ ”
” ဒီကောင်နှစ်ယောက် ငါ့သမီးလေးကိုအမြဲလာလာချောင်းနေတာ ငါသိတယ် ညကတည်းက ဒီကောင်တွေကိုငါသတ်ချင်နေတာ ဒင်းတို့ကကံမြင့်နေတော့ ငါအနားကပ်မရလို့ဟေ့ ”
” ဟာ ”
ဂျာရစ်မျက်လုံးပြူးသွားရလေသည် မနေ့ညက ကောင်းထက်နှင့်အောင်ဘုနှစ်ယောက် အနွယ်တို့အိမ်သွားချောင်းတာ သူသိလေသည်သူ့အားခေါ်ပေမယ့်သူကလိုက်မသွားပါ။
ထို့စဉ့်ရွာထဲမှသတင်းရပြီး ယောကျာ်းမိန်းမိညိုနှင့်အနွယ်တို့ရောက်ရှိလာခဲ့ပါတော့တယ် ထိုအခါအောင်ဘုခန္ဓာအထဲဝင်နေသောဒေါ်နန်းခမ်းက
” ဟိုမှာ လာနေတာ ငါ့သမီးလေးပဲ ”
အနွယ်တယောက် စိတ်တို့ထိမ်းချုပ်လို့မရတော့ ရှိုက်ကြီးတငင်ငိုကြွေးမိပါတော့လေသည်။
” အဟင့် ဟင့် ဟင့် အမေရယ် သမီးအပေါ်အလောက်ထိချစ်တယ်လား သမီးဘယ်လိုနေရမလဲအမေရဲ့ ”
” သမီးလေး အမေ့သမီးလေးအမေစိတ်မချလို့ အမေသမီးလေးသွားလေရာ အမေအမြဲလိုပ်နေရတာပါ ”
” အမေရယ် အီး ဟီး ဟီး အဟင့် ဟင့် ဟင့် ”
အနွယ်မှာအမေဝိညာဉ်ဘဝရောက်နေတာသိရ၍စိတ်မကောင်း ထိုအခါဘေးရှိဆရာကြီးမှ
” ကဲ ဒေါ်နန်းခမ်း ခင်များတို့သားအမိသံယောဇဉ်ကို ကျုပ်ကိုယ်ချင်းစာပါတယ် ဒါပေမယ့်ဘဝချင်းကခြားနေပါပြီ လူသားတွေအနားနေဖို့မသင့်တော်ပါဘူး တကယ်လို့စိတ်ထားညံ့တဲ့အောက်လမ်းဆရာနဲ့တွေ့ရင် ဒေါ်နန်းခမ်းဝိညာဉ်ဖမ်းပြီးအခိုင်းစားခံနေရပါလိမ့်မယ်ဒါကြောင့် သံယောဇဉ်တွေဖြတ်ပြီးမြင့်မြတ်တဲ့ဘုံဘဝကိုသွားပါတော့ ”
အောင်ဘုခန္ဓာအထဲမှဒေါ်နန်းခမ်းတယောက် အခုတော့အစောပိုင်းကလိုမကြမ်းတမ်းတော့ ဆရာကြီးပြောပြနေသောစကားများကသင့်မြတ်ပေလှတာမို့ မျက်ရည်အရွှဲသားနှင့်ခေါင်းငိုက်ဆိုက်ဖြစ်နေပေပြီ။
” မေမေ သမီးလည်းမေမေ့ကိုအရမ်းချစ်ပါတယ် ဒါပေမယ့်အတူနေဖို့ကမသင့်တော်တော့ဘူးလေ ပြီးတော့သမီးအနားမှာကိုညိုလည်းရှိနေတာ သမီးအတွက်မေမေစိတ်ချပါ ”
အနွယ်မှကိုညိုလို့ထည့်ပြောလိုက်တော့အနွယ့်ဘေးမှာဒူးထောက်ထိုင်နေသော် ကိုညိုတဖြစ်လဲ မိညိုမှ
” အနွယ့်ကိုစိတ်ချပါဒေါ်ဒေါ် ညိုအသက်ရှင်နေသရွေ့အနွယ့်ကိုမှဲ့တပေါက်မစွန်းရအောင်စောင့်ရှောက်ပါ့မယ်လို ညိုကတိပေးပါတယ် ”
ဒေါ်နန်းခမ်း ခေါင်းကိုဆတ်ခနဲမော့ပြီး မိညိုကိုကြည့်ကာ
” ဒါဆို အဒေါ်စိတ်ဖြောင့်ဖြောင့်သွားပါရစေတော့ စိတ်ချလက်ချ ညို့လက်ထဲအဒေါ်သမီးလေးထားခဲ့မယ်နော် ”
” ဟုတ် ဟုတ် စိတ်ချပါဒေါ်ဒေါ် ”
” ကျေးဇူးတင်လိုက်တာ အညိုရယ် ကဲသမီးလေး အမေသွားတော့မယ် ”
” သမီးကောင်းမှုကုသိုလ်ပြုလုပ်ပေးပါ့မယ် မေမေသာဓုလာခေါ်လှည့်ပါမေမေရယ်နော် ”
အချိန်မှာပင် အောင်ဘုတယောက်
” ငါကြောက်တယ် ငါကြောက်တယ်ကောင်းထက်နောက်ဆိုရင် အနွယ်တို့အိမ် ငါ့ကိုဘယ်တော့မှမခေါ်ပါနဲ့မင်းလည်းမသွားနဲ့နော် ”
အောင်ဘုတစ်ယောက် သတိပြန်ဝင်လာလာခြင်း အနွယ်တို့အိမ်မသွားလိုကြောင်းအကြောက်အကန်ငြင်းနေတာမြင်ရလျှင် ဆရာကြီးမှ
” ကဲ လူကလေးစိုင်း သူ့လည်ပင်းကရွှေပရိတ်ကြိုးပြန်ဖြုတ်ပေးလိုက်ပါတော့ ဒေါ်နန်းခမ်းပြန်သွားပါပြီ ”
” ဟင် ကျနော် ကျနော်ဘာဖြစ်လို့လဲဗျ ”
အခုမှအောင်ဘု ရှင်းရှင်းလင်းလင်းသတိရလာကာ သူ့အနားဝိုင်းအုံနေသော်လူများအားကြည့်ပြီးမေးလိုက်ရာ သူ့မိခင်မှ
” သားလေး တော်သေးတာပေါ့ ဒီကဆရာကြီးကျေးဇူးကြောင့်မသေကောင်းမပျောက်ကောင်းသားရယ် ”
” သား သားဘာဖြစ်လို့လဲမေမေ ”
” ဘာဖြစ်ရမလဲ သားကိုဒေါ်နန်းခမ်းဝိညာဉ်ဝင်ပူးလို့ပေါ့ သားရိုက်လိုက်လို့ ကောင်းထက်တယောက်ခေါင်းပေါက်ကွဲသွားတာ ၇ချက်လောက်ချုပ်ရမယ်တဲ့ ”
” ဟာ တကယ်လား ”
” တကယ်ဖြစ်တာပေါ့သားရဲ့ အခုလိုသားပြန်ကောင်းလာရတာဒီကဆရာကြီးကျေးဇူးကြောင့်ပဲ ဆရာကြီးရှင့်ကျမတို့ဆရာကြီးကျေးဇူးကိုဆပ်ချင်လို့အိမ်လိုက်ခဲ့ပါအုံး ”
” ဟာ မလိုပါဘူးဗျာ ကျုပ်ကအများကောင်းကျိုးအတွင်နယ်လှည့်နေသူတယောက်ပါ အခက်အခဲရှိသူတွေ့နေရင် ဝင်ကူညီဖြေရှင်းပေးရတာ ကျုပ်အလုပ်ပါ ကဲကျုပ်လည်းခရီးဆက်စရာရှိသေးလို့သွားအုံးမယ်ဗျာ စိုင်းလူလေးသွားစို့ ”
” ဟုတ်ကဲ့ပါဘဘ ”
ပြောပြောဆိုဆိုဆရာကြီးကနေရာမှထွက်ခွာသွားလျှင် ရှမ်းပင်နီဝတ်ထားသောလူရွယ်ကလည်းဆရာကြီးအနောက်မှထပ်ချပ်မကွာ ထွက်သွားလျှင် အောင်ဘုတို့သားအမိနှစ်ယောက်မြေပေါ်ဒူးထောက်လိုက်ပြီး
” စိတ်ထားမြင့်မြတ်တဲ့ဆရာကြီး သွားလေရာလာလေရာခလုတ်မထိဆူးမငြိပါစေနဲ့အရှင်မြတ်ဘုရား ”
သားအမိနှစ်ယောက်ဆရာကြီးအနောက်ကနေ ဆုတောင်းပေးရင်းလှမ်းကန်တော့လိုက်ကြလေတော့သည်။
တနေ့မနက်ခင်း(၈)နာရီခွဲ(၉)နာရီအချိန်ခန့် အနွယ်တို့အိမ်ဝိုင်းလေးထဲမှာ ဘုန်းကြီးငါးပါးနှင့်လူပရိတ်သတ်များ အနွယ်မှသူ့မိခင်ဒေါ်နန်းခမ်းကွယ်လွန်တာ(၁)နှစ်ပြည့်အဖြစ် ဆွမ်းကပ်တရားနာပြုလုပ်ပြီး ရေစက်ချ၍ အမျှဝေလေသော်အခါ အနွယ်နဲ့အညို့ဘေးက ဒေါ်နန်းခမ်းကမျက်ရည်အရွှဲသားနဲ့သမီးလေးအနွယ်အားစိုက်ကြည့်နေချိန်
” အမေရေ အခုဆွမ်းကပ်ရသော ကုသိုလ်အားအမေ့အားပေးပါတယ်အမေသာဓုခေါ်ပါနော် ကြားကြားသမျှ အမျှအမျှ အမျှ ယူတော်မူကြပါကုန်သောဝ် တဝေ ဝေ ဝေ ဝေ သာဓု သာဓု သာဓု ပါအရှင်ဘုရား ”
” ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သောဝ် တဝေ ဝေ ဝေ ဝေ
သာဓု သာဓု သာဓု ပါအရှင်ဘုရား ”
” ကြားကြားသမျှအမျှ အမျှ အမျှ ယူတော်မူကြပါကုန်သောဝ် တဝေ ဝေ ဝေ သာဓု သာဓု သာဓု ပါအရှင်ဘုရား ”
ဒေါ်နန်းခမ်းတစ်ယောက် သာဓုခေါ်ပြီးသမီးလေးအနွယ်နဖူးလေးအား တစ်ချက်နမ်းပြီးတော့
” အမေ သွားပြီသမီးလေးရေ နောင်ဘဝကြမှအမေနဲ့သမီးပြန်ဆုံကြမယ်နော် ”
ဒေါ်နန်းခမ်းတစ်ယောက် မျက်ရည်ပေါက်ပေါက်ကျပြီး ပြောနေပေမယ့်အနွယ်ကမသိမကြားရ။ ဒါပေမယ့်သူ့နဖူးလေးမှနွေးခနဲတစ်ချက်ခံစားလိုက်ရတော့ ခန္ဓာကိုယ်ထဲရှိအကြောတွေအားလုံးဖျင်းခနဲဖြစ်ကာတစ်ခုခုကိုကျေနပ်သလို/ဝမ်းနည်းလာသလိုလိုခံစားလိုက်ရပြီး ဒေါ်နန်းခမ်းရဲ့ဝိညာဉ်လေးဟာ ဟိုးအထက်မိုးကောင်းကင်ဆီသို့ထိုးတက်သွားပြီးသကာလ ဒီနေရာလေးမှာပဲ ကျနော်စိုင်းဇာနည်ရေးသားသော
#ငါ့သမီးလေးကိုမထိနဲ့ဟေ့
ဇာတ်လမ်းလေးနိဂုံးကပါတ်အဆုံးသတ်ပါပြီခင်မျာ ။
ပြီးပါပြီ