” စစ်နှင့်လူသား ”(စ/ဆုံး)

Unicode Version

” စစ်နှင့်လူသား ”(စ/ဆုံး)
————————-

တက္ကသိုလ်ဘုန်းနိုင်

(၁)

သွေးစွန်းသည့်ငွေလရောင်

၁၉၄၉ ခု၊ ဇန်နဝါရီလ ၃၁ ရက် …။

အင်းလျားကမ်း၏ ညှိုးနွမ်းစ ကုန်းသွယ်သွယ်မှ လွမ်းစဖွယ် ဆည်းဆာခင်းအောက်တွင် သက်ပြင်းကို အဖော်ပြု၍ ငေးရှုလျက် နေခဲ့မိသည်။

ဆောင်းနိဂုံးဝယ် နွေကူးတုန်းဖြစ်သဖြင့် နှင်းကြွင်းနှင့်မြူ ရောယှက်ရီခိုက် တောဆီတဝိုက် ပင်အလိုက်မျှ ညှိုးငိုက်ဝါရွှေ ရော်ရွက်တွေ ဖုံးစပြုနေပေပြီ။

ထိုစဉ်ဝယ် ညင်းလေငွေ့ငွေ့က ဝေ့ခနဲ အသာဝှေ့လာပါ၏။ ထိုစဉ်ဝယ် အမြောက်သံ ထိန့်ထိန့်က တအိန့်အိန့် ဟိန်းလွင့်လာသည်။

ခပ်လှမ်းလှမ်းရှိ အင်းလျားကျောင်းဆောင်သည် အမြောက်သံကို ပဲ့တင်ထပ်ခိုက် အင်းလျား ရေမျက်နှာပြင်သည် တလှပ်လှပ် ရင်ခုန်လိုက်ပါ၏။ ကံ့ကော်ရွက်ဝါတရွက်က ဖြုတ်ခနဲ ရေပြင်သို့ ဦးစိုက်ကျလာခိုက် ပိတောက်ပင်ဦးမှ နွေဦးတေးရှင်သည် ရုတ်ခနဲ လန့်ပျံ၍ အဝေးသို့ ပြေးပေသည်။ မြောက်ဘက်တောတန်းတို့၏ထိပ်ကို လွန်၍ မီးခိုးမှိုင်းမှိုင်း သည် အလှိုင်းလှိုင်းတက်လူလာသည်။

ဆည်းဆာ၏ ပန်းချီသည် ပျက်ပြယ်ခဲ့ပေပြီ။ နွေကြိုတေးလည်း ပျောက်လွင့်ခဲ့ပေပြီ။ အမြောက်သံသည် အင်းစိန်ဘက်မှ လာသည်။ ဤအသံသည် ဗမာပြည်တွင်းစစ်၏ ဆိုးဝါးမှု အထွတ်အထိပ်ကို ဟစ်ကြွေး သရုပ်ဖော်ပေသည်။

တက္ကသိုလ်ကျောင်းကြီးမှာ ရက်အကန့်အသတ်မရှိ ပိတ်ပြီးပြီဖြစ်သဖြင့် သည်အချိန်မျိုးတွင် လူအစည်ဆုံးဖြစ်သော ကျောင်းတော်သူ အမူတုံးတို့၏ ညှို့အပြုံးတို့ဖြင့် အသက်ဝင်ရာ အင်းလျားဆောင်တခုလုံးမှာ ခြောက်ကပ်ဆိတ်သုဉ်းလျက် ရှိသည်။

ထွက်ရတော့မည်။ ဘယ်ဆီတော့ မသိ။ ယနေ့ ဤအင်းလျားရိပ် ကျွန်းညိုညိုမှာ ရပ်နေခြင်းသည် နောက်ဆုံးအဖြစ်ဟုတော့ သိနေသည်။ တသက်တာအတွက် နောက်ဆုံးပင် ဖြစ်လေမည်လားဟုတော့ မသိခဲ့။

စစ် ပြည်တွင်းစစ် ဖြစ်ဖြစ်၊ ပြည်ချင်းစစ် ဖြစ်ဖြစ်၊ ကမ္ဘာစစ် ဖြစ်ဖြစ်- စစ် ဟူသည်မှာ မောဟ လကွယ်ည၏ မှောင်မိုက်ခြင်းဖြစ်၍ ငြိမ်းချမ်းရေးသည် ပညာ နံနက်ခင်း၏ လင်းရောင်ခြည်သစ်ပင် ဖြစ်ပေသည်။

စစ်၏သရုပ်ဖြစ်သော အမြောက်သံတို့ ဟိန်းဟောက်မင်းမူနေခိုက် ပညာ၏ ပြယုဂ် ဖြစ်သော တက္ကသိုလ်မှ သုတေသီ ရင်သွေးတို့ ကင်းဝေးခဲ့ပေပြီ။

မောဟ နန်းတည်ပြီမို့ ဒေါသမှူးမတ်နှင့် မာနစစ်သည်တို့ အာဃာတဗျူဟာတေးကို ရင့်ကြွေးခဲ့ကြချေပြီ တမုံ့။

ငါ့မြေ၊ ငါ့ပြည်၊ ငါ့လူမျိုး၊ ငါ့အဖွဲ့၊ ငါ့ဝါဒ၊ ငါပိုင်သည်သာ အမွန်ဖြစ်၍ ငါယုံသည်သာ အမှန် ဖြစ်သည်။ ပညတ်၏အာရုံမှ လူမှုအကျဉ်းသမားပီပီ “ငါလည်းလေ လောကီသား” ဟု

မရှိသော ငါ၏ မပိုင်သော တန်ဆာတို့အတွက် ငါတကား ကားရန် ဆုံးဖြတ်ပြီးလေပြီ။ သည်ညနေသည် အမှန်ပင် သည်မြေတွင် ရပ်တည်ခြင်းအတွက် နောက်ဆုံး ဖြစ်ခဲ့ပေသည်။ ကိုယ်ယုံကြည်သည့်အတွက် ကိုယ်မက်သော ပြည့်ခေါ်သံ”ကို နာခံလျက် ကိုယ်ထင်သော တာဝန်ကို ကိုယ်ထမ်းရင်း စာသင်ခန်းနှင့် ဝေးရာ စစ်မြေစခန်းဝယ် မကြာမီပင် သေနတ်ထမ်းလျက် ရောက်ရှိနေခဲ့ပေပြီ။

၁၉၄၉ ခု၊ ဖေဖော်ဝါရီလ ၂၇ ရက်။

အင်းစိန်စစ်မျက်နှာ၏ “ငှက်ပျောခြံ” စခန်းရှိ ချိုင့်ဝှမ်းများရှိ ချုံကွယ်နံဘေး ကျင်းတခုတွင် ရှစ်ရက်လကွေး၏ မှုန်မှေးမှေးအရောင်အောက်တွင် ကင်းစောင့်လျက် ရှိခဲ့သည်။

နေ့ခင်းကမူ နွေအစဖြစ်သဖြင့် တလောကလုံး သွေ့သွေ့ခြောက်နေသည်ကို မြင်ရသည်။ ပတ်ဝန်းကျင်တခုလုံးမှာ ညှိုးနွမ်းနေသည့်တောအရေး။ ဖက်ဖူးရောင် ရွက်နုကျင်တွေနှင့် လွင်သည့်အပင်တွေမှာ လွင်နေပေပြီ။ မြသစ်ရောင် အဆင်းဖြင့် သရက်ပင်တွေမှာ အစိမ်းရင့်ရင့် ဖြစ်နေသည်။ သည်နှစ်ရောင် စပ်ကြားတွင် ရွှေအိုရောင် ရွက်ဝါနှင့် အပင်တွေ၊ အရိုးကျဲကျဲနှင့် ပင်မွဲတွေကိုလည်း မြင်နိုင်သည်။ သစ်တိုပင်၏ အရွက်တို့မှာမူ ပတ္တမြားရောင် နီနေသည်။ ပတ္တမြားရွက်တို့သည် မြေသို့လည်း ခုန်ဆင်းကြသေးသည်။ မြေပြင်မှာမူ ကာကီရောင် မြက်ညှိုးတို့အထက် နဘဲပင် စိမ်းစိမ်းတွေသည် ထိုးထိုးထောင်ထောင် ပေါက်နေကြသည်။

ည၌မူ ဘာမျှ မသဲကွဲ။ လရောင်ဖျော့ဖျော့တွင်
တခါက လူအတွက် အသုံးဝင်ခဲ့ဖူးဟန်တူသော
လှည်းလမ်းကြောင်းသည် ကမ္ဘာသေမှ လမ်းအိုပမာ ဖွေးဖွေးနှင့် ရေးရေးပေါ်ကာ တဖက်တောတန်းဆီသို့ ငုပ်လျှိုးဆင်း ပျောက်သွားသည်။ စောစောကပင် စနိုက်ပါတက်၍ ထုသွားသေးသဖြင့် အနားယူ အိပ်မောကျနေသော ရဲဘော်တို့အတွက် သတိကြီးစွာနှင့် ကင်းစောင့်နေရပေသည်။

တဖက်မှာမူ မုန်းရန် မဆိုထားဘိ၊ မြင်လည်း မမြင်ဖူး၊ ကြားမှလည်း မကြားမိ၊ သိပို့ရန် ဝေး၍ တဦးချင်းအနေနှင့်သော် ဤကမ္ဘာမြေဝယ် ရှိနေကြမှန်းပင် အမှတ်မထား မိသော ရန်သူ ဘွဲ့ခံ လူသားများ။ သည်မှာဘက်တွင်မူ တိရစ္ဆာန်တကောင်ကို ဝင်သတ်ရန် ဝန်လေးသော်လည်း ရန်သူအား သေစေတတ်သော လက်နက်နှင့် အချက်ကျကျ စောင့်နေသော မိမိနှင့်တကွ အခြားလူသားများ။

သွေးနံ့သင်းသော နွမ်းညဖြူ၏ ဤအခိုက်တန့်တွင်ပင် စစ်နှင့်လူသား၊ လူသားနှင့် စစ်၏ သဘာဝတ္ထကို ပထမဦးဆုံးအကြိမ် မှတ်မှတ်ရရ တွေးမိသည်။ ရှိသမျှ အသိဉာဏ်နှင့် တတ်သမျှ ပညာတို့ဖြင့် အဖြေရှာမရစဉ်ပင် စွမ်းသမျှသော အနုပညာကြောင့် ကဗျာတပုဒ်သည် ရင်မှာ အမှတ်မထင် ပေါက်ဖွားခဲ့သည်။

“ပုလဲငွေယှက်၊ ဝိုးဝါးလက်သည် ရှစ်ရက်လကွေး အရောင်တည်း။ သစ်ရိပ်ပြိုးပြောက် မိုးပြာအောက်လျှင်၊ လျှိုချောက်ကုန်းတန်း ပတ်လည်ဝန်းသည်၊ မြရွှန်းလဲ့လဲ့ သာဆဲတည်း။ လရောင်ဖိတ်ဖိတ်၊ ညချမ်းဆိတ်ဝယ် သံတိတ်ကိုယ်တောင့်၊ အမှောင်ထောင့်မှ ကင်းစောင့်ငါလျှင်၊ ငေးသည်အင်တည့် စက်ခွင်သာလွန်၊ ရတုမွန်ကား လှဟန်မပျက်၊ ရွှန်းမြလျက်လည်း ရက်စက်မာန်ပြင်း၊ လူ့ကျင့်ယွင်းသော်
ဘရင်းဖြောက်ဖြောက်၊ အမြောက်ဟုန်ဟုန် သိမ့်တုန်မော်တာ၊ ဟိန်းဟောက်ဝါက ညဉ့်သာငှက်တေး၊ ဘယ်ဆီပြေးခဲ့ …။ သာရေးမစုံ၊ လှဂုဏ်မမြောက် စစ်ရောက်မြေပြင်၊ လရောင်လွင်မူ ကြည်လင်ဖွေးဖွေး၊ ငြိမ့်ငြိမ့်အေးလည်း လူသွေးစွန်းသည့်ရောင်သာတည်း”

အနုပညာသည်ပင် ဖြစ်ဖြစ်မြောက်မြောက် မဟုတ်သေးသော်လည်း သန္ဓေတည်စ အနုပညာ၏ ဗီဇပါ ငြိမ်းချမ်းရေးမြတ်နိုးမှု၏ “စိတ်မှတ်မဲ့” အဖြေပေးခြင်း ဖြစ်ဟန်တူပါ၏။

(၂)

မျိုးပျက်ချိန်မှ ကဗျာတပုဒ်

အမှန်ပင် မည်သည့် အနုပညာသည်မျှ စစ်၌ လှပခြင်းကို မမြင်ပါခဲ့။ မည်သည့် စစ်မှန်သော အနုပညာသည်မျှ စစ်အား သစ္စာတရားတဆူအဖြစ် မယူဆခဲ့။

ပမာဆိုသော် ပထမကမ္ဘာစစ် မုန်တိုင်းထန်ထန်အောက်မှ အင်္ဂလန်ကျွန်း၏ ဖြူရော် သွေးဆုတ်သော နှစ်သစ်ကူးတည အကာလကို မှန်းမျှော်ကြည့်လေစမ်းမည်။

စိတ်မချမ်းမြေ့သော ကဗျာဆရာ၏ စက်ခန်းပြင်ဘက် –

“မှောင်မည်းမည်း ပျက်စီးယိုယွင်းခဲ့ပြီဖြစ်သော ကျောက်လမ်းမထက် … ရူးသွပ်သောအဟုန်နှင့် စိုင်းနှင်လျက်နေသည့် အို … မြင်းငယ်လေ …။

ကြောက်ဇောဟုန်နှင့် မြောမေ့စေဟု လူသား၏တံခါးဝယ်

ခေါက်အားလေ့သော သေမင်းတမန်ကို
သင် ယူဆောင်လေဟန်တကား …။

လူရိပ်လူယောင် ဟူ၍ မမြင်ရ …။

မိမိကိုမျှ မည်သူပင် ဖွင့်ဟ မခေါ်ခဲ့။

ခွာသံသဲ့သဲ့မှလွဲ၍ ဘာကိုမျှ မကြားနိုင်ပြီ။

တားဆီးခြင်းလည်း ကင်းခဲ့ဟန်တည်း

ခြံဝလွန်သော် ညိုးညိုးညံ၍ .

တဖန်ပျောက်လွင့်လေသည်တကား။

တစီးရှင်၏ ဇာတိမှန်မူ

မည်သူသည်မျှ မမြွက်ကြားကြ။

သည်စဉ်တွင်

နှစ်ဟောင်းသည် သန်းခေါင်နှင့်အတူ ကြွေခဲ့၍

သက်ငင်သံယဲ့ယဲ့ဖြင့်

သည်စဉ်တွင် နှစ်သည် သဲ့သဲ့

ညည်းညူခဲ့သည်တကား….

ကျမျက်ရည် ပိုပိုထွေ၍

ငတ်ပွဲနှင့် မီးလျှံ ပိုပိုဝေလျက်

ပိုမိုသော ခက်ထန်ခြင်းနှင့် ပေါက်ကွဲမှုတွေသည်သာ ..

နှစ်သစ်အတွက် ကံကြမ္မာ၏ ခြွေအပ်သော

အမိန့်ပင်လော …။

ဤအမိန့်ကို ပန်ဆင်လျက် တစီးရှင်သည်

ဖြူရော်သော ဥရောပဆီသို့ လွင့်သွားခဲ့လေပြီ မသိ။

ထင်းရှူးပင်တို့သည်သာ

သောကတေးကို ပန်းလျစွာ

ရင့်ရူ ညည်းညူလျက် ရှိနေကြလေသည်တကား။”

ကဗျာဆရာမှာ သောမတ်စ်ဟာဒီ ဖြစ်၍ ကဗျာမှာ “စစ်အတွင်း တခုသော နှစ်သစ်ကြိုည” ဖြစ်လေသည်။

ရှင်ခြင်းကို နှစ်သက်သဖြင့် သေခြင်းကို ကြောက်ရွံ့သော လူသား၏ စစ်အတွင်း ထိတ်လန့်မှု၊ စိုးရိမ်မှု၊ အားငယ်မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့ကို ဟာဒီသည် သူ၏ကဗျာတွင် မှိုင်းညိုစွာ တင်ပြခဲ့လေသည်။

စစ်၌ လှပခြင်းကို သူ မမြင်။ သူမြင်သည်မှာ ပိုထွေရမည့် ကျမျက်ရည်နှင့် ပိုဝေတော့မည့် ငတ်ပွဲနှင့် မီးလျှံတို့သာတည်း။

တိုက်ခိုက်ရန် မွေးဖွားလာခဲ့သည် မဟုတ်သော လူသည် အချင်းချင်း သတ်ဖြတ်မှု ကို လိုလားနိုင်လိမ့်မည်မဟုတ်၊ စစ်နိုင်ခြင်း၏ ဝင့်ဝါမှုကို သော်လည်းကောင်း၊ စစ်ရှုံးခြင်း၏ သိမ်ငယ်မှုကို သော်လည်းကောင်း လူသည် သစ္စာတရားအဖြစ် ထာဝရ မကိုးကွယ်နိုင်ပါ။ စစ်၌ သစ္စာတရားကို မမြင်သော ဟာဒီသည် စစ်ကာလ၌ပင် စစ်မြူဖြင့် ဖုံးလွှမ်းခြင်းငှာ မတတ်သော လူသား၏ သစ္စာတရားနှင့် လူသား၏ မျှော်လင့်ခြင်းတို့ကို ဖော်ထုတ်ပြခဲ့ပေသည်။ ဤဖော်ထုတ်ပြမှုသည်ပင် သူ၏ ကမ္ဘာကျော်သော “မျိုးပျက်ချိန်” အမည်တွင်သည့် ကဗျာအမော်၏ အဆီအနှစ် ဖြစ်ခဲ့လေသည်။

ဟာဒီသည် စစ်ကြောင့် စိတ်ညစ်ညူးနေရာမှ ပြတင်းကိုကျော်ကာ အပြင်ဘက် လယ်ကွင်းတို့ဆီသို့ မျှော်မျှော်ကြည့်မိဟန် တူသည်။

သို့ မျှော်ကြည့်မိစဉ်မှာပင် သူသည် တနန်းကွယ်
တနန်းပေါက်၊ တပြည်ပျောက် တပြည်ပေါ်နှင့် လူ့သမိုင်းအလီလီ ပြောင်းခဲ့သော်လည်း ဖောက်လှဲမဲ့ တည်မြဲသော လူသား၏ ထာဝရ ဇာတ်လမ်းစစ်ကို လည်းကောင်း၊ လူ့သမိုင်း ပင်လယ်ပြင်ဝယ် ရေပွက်ပမာ ခဏတာ ပေါ်ပေါက်သော စစ်မက်ရေးရာတို့ မှေးမှိန်ပျက်ကွယ်သွားသော်လည်း ဘယ်အခါမျှ မရိုး၍ ဘယ်အခါမျှ မတိမ်ကောသော လူသား၏ သဘာဝဖြစ်ရပ်ကို လည်းကောင်း ခံစားတွေ့မြင်မိဟန် တူသည်။ ဤခံစားတွေ့မြင်ချက်ကို အောက်ပါ ကဗျာ၌ ရောင်ပြန်ဟပ် သီကျူးခဲ့လေသည်။

“လယ်၏သားလည်း၊ စကားမဆို၊ ထွန်လျက်ကိုရှင့်။ လယ်မြင်းအိုမူ၊ ညွှတ်လိုယိမ်းချီ၊ ရုန်းတလီနှင့်။ ထွန်ရေးငင်ခိုက်၊ သခင်နှင့်ကျွန် အိပ်မူးဟန်တည်း။ လယ်မီးခိုးလည်း၊ မြက်ရိုးပုံထက်၊ ကွေ့လူတက်၏။ အဝေး၌မူ၊ ရွာသူပျိုမျစ်၊ ငယ်ကျွမ်းချစ်နှင့်၊ သစ္စာပုံပြင်၊ ကူလျှောက်စဉ်ဝယ်၊ တိုးညင်ဆိတ်ဆိတ်၊
သီတိတ်တိတ်တည့် …. ။ ရွှေအိမ်နန်းနှင့်၊ ကြငှန်းဆိုင်ဆိုင်၊ ပျောက်ယွင်းယိုင်လိမ့်။ လယ်သားနှင့်ကျွန် ထွန်မြဲ ထွန်လိမ့်။ လယ်မီးခိုးမူ၊ လူမြဲလူလိမ့်။ သစ္စာ့ပုံပြင်၊ မဆုံးခင်ဝယ်၊ စစ်အင်ခင်းလတ်၊ သမိုင်းဇာတ်မူ၊

လွတ်ပြတ်တိမ်နှယ် ပျောက်လိမ့်တကား။

(၃)

သဘာဝမှ သွေဖည်မှု

သေခြင်းကို ကြောက်လန့်၍ ရှင်ခြင်းကို နှစ်သက်သောလူသည် အသွေးကို ပေး၍ အသားကို ဆောက်တည်သည့် သီးနှံအတွက် မြေကို ထွန်သာ ထွန်ချင်ပါ၏။

ကျေးဇူးရှင် မိခင် လယ်မြေပြင်ဝယ် စက်ယန္တရားတို့၏ ဒဏ်ရာ ဒဏ်ချက်ကို လည်းကောင်း၊ လူသွေးစွန်းခြင်းကို လည်းကောင်း မမြင်လိုပါ၊ မတွေ့လိုပါ။ မရှိစေလိုပါ။ ချစ်သောဇနီး၏ သွေးခြည်ဥသော ပါးမို့နုနုတို့၏ နူးညံ့ခြင်းနှင့် ဝေးရာလည်း ဖြစ်သော၊ ရင်သွေး သမီးသားတို့၏ တီတာနွဲ့ဆိုးသော ဂီတသံနှင့် ကင်းရာလည်း ဖြစ်သော စစ်မြေပြင်သို့ မသွားလိုပါ၊ မရောက်လိုပါ၊ မပို့စေလိုပါ။

ချစ်လည်း ချစ်တတ်၍ အချစ်လည်း ခံချင်သော၊ ပေါင်းသင်းလည်း ပေါင်းသင်း တတ်၍ အပေါင်းအသင်းနှင့် နေလည်း နေသောလူသည် မုန်းတီးခြင်းနှင့် ကွေကွင်းခြင်းကို မမျှော်လင့်ပါ၊ မတောင့်တပါ၊ မဆိုက်ရောက်လာစေလိုပါ။

သစ္စာရှိစွာ အသီးအနှံကို မှန်မှန်ပေးသောမြေကို ခင်တွယ်၍ နွေးထွေးသော အိမ်၌သာ ကျင်လည်လိုသော လူသား၏ ချမ်းမြေ့ရိပ်မြုံ ဇာတ်လမ်းဝယ် ရေပွက်ပမာ စစ်မက်ရေးရာတို့သည် ပဇာကြောင့် မကြာ မကြာ ဝင်နှောင့်ရပါ သနည်း။

လူသား၏သဘာဝကို နက်မယောင်နှင့် တိမ်သော အဓိပ္ပာယ်ကင်းမဲ့သည့် “မွေးရာပါဗီဇသတ္တိ” သဘောတရားကြောင့်ဟု ရှင်းသော ရှေးဟောင်း အဘိဓမ္မာဆရာများ၊ နှစ်ဆယ်ရာစုနှစ် အစပိုင်း စိတ်ပညာဆရာတို့နှင့် မနုဿဗေဒဆရာတို့၏ အယူအဆတို့မှာ ပူရာဏ်ကျမ်းအိုတို့နှင့်အတူ ပျယ်ပြယ်လွင့်ပျောက်ခဲ့လေပြီ။

“စစ်ဆိုသည်မှာ ဤကမ္ဘာမှ မပျောက်နိုင်၊ အကြောင်းမှာ လူ၌ ဗီဇက သဘာဝအား ဖြင့် တိုက်ခိုက်လိုစိတ်ရှိသည်” ဟူသော ပါမောက္ခ မဂ်ဒူဂယ်၏ အယူအဆမျိုးကို မကြုံဖူး သော၊ စစ် ဟူသော စကား၏ အဓိပ္ပာယ်ကို ဘယ်ပုံ ရှင်းပြ၍မျှ နားမလည်သော ကမ္ဘာ့မြောက်ဖျားမှ အက်စကီးမိုး လူမျိုးတို့သည် ပြက်လုံးအဖြစ် ရယ်မောကြပေမည်။ ရူးသွပ်ခြင်းအဖြစ် အံ့သြကြပေမည်။

စစ်သည် ရှောင်လွှဲ၍ရသော လူဖန်တီးသည့် လူမှုရေးရာ တရပ်သာလျှင် ဖြစ်လေ သည်။ စစ်မရှိသော လူ့အဖွဲ့အစည်းများသည် ဤကမ္ဘာလောကအနှံ့အပြားတွင် အများ တည်ရှိနေပေသည်။ နယူးဂီနီကျွန်း၏ အာရေပိ လူမျိုးတို့အလယ်တွင် လည်းကောင်း၊ အမေရိကတိုက်ရှိ ဟိုပီနှင့် ခူနီ လူမျိုးတို့၏ အလယ်တွင် လည်းကောင်း စစ်သည် မရှိပေ။ “မြင့်မြတ်သော ရိုင်းစိုင်းသူများ” ဟု ကမ္ဘာ့ပညာရှင်အချို့တို့ ခေါ်သော ဤလူမျိုးစုတို့၌ စစ်သာလျှင်မက စစ်၏ရေသောက်မြစ်ဖြစ်သော၊ ကျွန်ုပ်တို့ကဲ့သို့ “လူယဉ်ကျေး” တို့ အလယ်၌ရှိသော လောဘ၊ ဒေါသ၊ မာန၊ အာဃာတမျိုးတို့သည် နကမ္ပတိ မရှိ ဖြစ်ချေ၏။ စစ်သည် လည်းကောင်း၊ စစ်၏ ရေသောက်မြစ်ဖြစ်သော ဤလောဘ၊ ဒေါသ၊မာန၊ အာဃာတ စသော သဘောမျိုးတို့မှာ လူမှန်လျှင် ဧကန်မုချ မလွဲမသွေရှိရလေမည့်
အရာများ မဟုတ်ချေ။ ရှိသောလူအုပ်စုတို့၌ ရှိ၍ ကင်းသောလူအုပ်စုတို့၌ ကင်းပေသည်။ လူသည် သဘာဝအမြဲအားဖြင့် ငြိမ်းချမ်းလည်း မငြိမ်းချမ်း၊ ကြမ်းတမ်းလည်း မကြမ်းတမ်းချေ။ ငြိမ်းချမ်းမည်၊ ကြမ်းတမ်းမည်မှာ ပတ်ဝန်းကျင် ဩကာသလောကနှင့် လူမှုလောကပေါ်၌ လုံးဝ မှီတွယ်နေပေသည်။

လူ၌ မှန်ကန်တည်မြဲသော သဘောတရပ်သည်မူ ရှိပေသည်။ လူသည် တဦးချင်းအနေနှင့် လည်းကောင်း၊ အုပ်စုအနေနှင့် လည်းကောင်း ထာဝရ ပြဿနာ ဖြေရှင်းနေပေသည်။ အခြေအနေနှင့် အခွင့်အရေးကို မှီ၍ လူသည် ငြိမ်းချမ်းသောနည်းနှင့် ဖြစ်စေ၊ ကြမ်းတမ်းသောနည်းနှင့် ဖြစ်စေ ပြဿနာကို ဖြေရှင်းတတ်ပေသည်။

လူသမိုင်းတလျှောက်ရှိ လူ၏ လှုပ်ရှားမှုအရပ်ရပ်ကို ပြဿနာဖြေရှင်းမှုအဖြစ်နှင့် မြင်နိုင်ပေသည်။

ဖြေရှင်းဖွယ် ပြဿနာများမှာ သဘာဝဘေးရန်နှင့် သားရဲတိရစ္ဆာန်တို့၏ အန္တရာယ်မျှသာ ဖြစ်သော ကမ္ဘာဦးလူတို့၏ခေတ်တွင် လူလူချင်း တိုက်ခိုက်မှုသည် မရှိ။ စည်းလုံး ရိုင်းပင်းမှုသာ ရှိပေသည်။ ရိုးသားမှန်ကန်သော အသုံးချမှုအတွက် ကုန်ထုတ်လုပ်ငန်းရှိသောခေတ်ဖြင့် ယနေ့တိုင် ဤစီးပွားရေးစနစ်မျိုး ရှိသေးသော လူအုပ်စုတို့အလယ်တွင် စစ်သည် လည်းကောင်း၊ ပြိုင်ဆိုင်မှုသည် လည်းကောင်း၊ ပုဂ္ဂလိကသဘော အထွေထွေတို့သည် လည်းကောင်း ကင်းမဲ့ပေသည်။

လူမှုလောကသည် အဘက်ဘက်၌ ကျယ်ဝန်းနက်နဲ သိမ်မွေ့ရှုပ်ထွေးလာသောအခါ လူ၏ ဖြေရှင်းဖွယ် ပြဿနာအရပ်ရပ်မှာ ပိုမို၍ လူမှုဆန်လာပေသည်။ သဘာဝလောက စည်းမျဉ်းတို့ထက် လူမှုလောကစည်းမျဉ်းတို့က ပို၍ အရေးပါ ထိရောက်လာသည်။

လူ၏ ပြဿနာဖြေရှင်းနည်းတို့သည်လည်း ထွေပြားနက်နဲ သိမ်မွေ့လာသည်။ အသိဉာဏ်ရှိသော လူသည် ငြိမ်းချမ်းသော ပြဿနာဖြေရှင်းနည်းနှင့် ကြမ်းတမ်းသော ပြဿနာဖြေရှင်းနည်း နှစ်မျိုးတို့၏ အကျိုး၊ အပြစ်ကို မြင်လာသည်။ မြင်လာသော အကျိုး၊ အပြစ်တို့ကို မှီ၍ ပိုမိုထိရောက် ကောင်းမွန်သောနည်းကို ဝေဖန်ပိုင်းစစ် ရွေးချယ်လာသည်။

အကြမ်းနည်း၏ အရှုံးများခြင်းအဖြစ်ကို လည်းကောင်း၊ လတ်တလောသာ တည်မြဲ သော အကျိုးမျိုးသာ ရရှိနိုင်ခြင်းသဘောကို လည်းကောင်း၊ ရန်မအေးသော သဘာဝကို လည်းကောင်း သိမြင်လာသည်။ ထာဝရတည်မြဲသော အကျိုးကို လည်းကောင်း၊ အနာဂတ်၏ ပြေပြစ်ခြင်းကို လည်းကောင်း ပေးတတ်သော အနုနည်း၏သဘောကို နားလည်လာသည်၊ လက်ခံလာသည်။ ဤ အကျိုး၊ အပြစ် မြင်သိခြင်း အတွေ့အကြုံပေါ် မှီ၍ ငြိမ်းချမ်းစွာ ပြဿနာ ဖြေရှင်းနည်းကို နားလည် လက်ခံလာသော “အကျင့်” ကိုပင် ယေဘုယျအားဖြင့် “လူ့သဘာဝ” ဟု မည်သည့် “မွေးရာပါဗီဇသတ္တိ” သဘောမျိုးကိုမျှ မရည်ညွှန်းဘဲ ခေါ်ဆိုလာသည်။

တနည်းအားဖြင့် အကျိုး၊ အပြစ် ဆင်ခြင်၍ ပြဿနာဖြေရှင်းခြင်းကိုပင် အသိဉာဏ်ယှဉ်သော” အပြုအမူဟု ခေါ်ဆိုလာသည်။ အဆင်ခြင်ကင်းသော “အသိဉာဏ်မဲ့”အပြုအမူနှင့် ခွဲခြားပြဆိုလာသည်။ တစ တစဖြင့် လူသည် မိမိအကျိုးအတွက် မိမိ ကြိုက်နှစ်သက် သကဲ့သို့ ပြုမူ ဆောင်ရွက်ခြင်း၏ အမြတ်ကို မြင်သိလာသည်။ လူတဦးနှင့်
တဦးချင်း ပြဿနာ ဖြေရှင်းရာတွင် အင်အားထက် လူ့လောကစည်းမျဉ်းနှင့် တရားဥပဒေကို ပိုမို အသုံးချလာသည်။ ဤသို့ သဘောရှိသော လူ့သဘာဝ” (ဝါ) အသိဉာဏ်ယှဉ်သော အပြုအမူမျိုးမှ လွဲချွတ်သော အသိဉာဏ်မဲ့သော အပြုအမူမှန်သမျှကို “ရူးသွပ်ခြင်း”ဟု လည်းကောင်း၊ “ရာဇဝတ်မှု” ဟု လည်းကောင်း “လူတန်းလွဲခြင်း” အဖြစ် အမျိုးအစား ခွဲခြားဆိုစမှတ် ပြုကြသည်။ စစ်ဟူသည်ကား လူဖန်တီးသော ပြဿနာဖြေရှင်းနည်းတရပ်သာ ဖြစ်ပေသည်။ သို့ရာတွင် အရိုင်းဆုံး၊ အညံ့ဆုံး၊ အဓိပ္ပာယ် အကင်းမဲ့ဆုံး၊ ခေတ်မမီဆုံးသော ပြဿနာ ဖြေရှင်းနည်းတရပ်သာတည်း။ စစ်သည် ရာဇဝတ်မှုဖြစ်၍ ရူးသွပ်ခြင်းလည်း ဖြစ်ပေသေးသည်တကား။

(၄)

ကမ္ဘာ့စိတ္တဇရောဂါ

ယခုအခါ “ဘုံသုဉ်းကိန်း” ဘေးအန္တရာယ်ကို ညွှန်ပြ၍ စစ်တားဆီးရေးကို အော်ဖော် ရလာသော ဆာဝင်စတန်ချာချီသည် တခါက စစ်ကို “ဘဝမဟာ”ဟု ကင်ပွန်းတပ်ခဲ့ဖူးသည်။ သို့ရာတွင် စိတ်ပညာရှင်တို့၏ အမြင်တွင် စစ် ဟူသည်မှာ ရူးသွပ်ခြင်းမျှသာ ဖြစ်ပါ၏။ အဆိုးဝါးဆုံး၊ ကြောက်မက်ဖွယ် အကောင်းဆုံး၊ နှလုံးပျက်ဖွယ် အကောင်းဆုံးသော ရူးသွပ်ခြင်းပင် ဖြစ်ပါ၏။

စစ်၏တန်ဖိုးကို စစ်၏ ဖြုန်းတီးမှုကပင် တိုင်းတာပြပါ၏။ စစ်ကြောင့် သွေးချောင်း စီး ပျက်စီးကုန်ရသော အသက်တို့သည် လည်းကောင်း၊ ဆုံးပါးခဲ့ရသော ဓနပစ္စည်းတို့သည် လည်းကောင်း စစ်ကို ရူးသွပ်ခြင်းအဖြစ်မှလွဲ၍ ဘာအဖြစ်နှင့်မျှ မပြပါပေ။

၁၉၃ဝ ပြည့်နှစ် နောက်ပိုင်းဆီ၌ ဖြစ်ပွားခဲ့သော သုံးနှစ်ကြာသည့် စပိန်ပြည်တွင်းစစ်သည် လူကြီး၊ ယောက်ျား၊ မိန်းမ၊ ကလေးများအပါ အဝင် လူ
တသန်းကို သေကျေပျက်စီးစေခဲ့သည်။ တရုတ် – ဂျပန်စစ်၏ ပထမ သုံးနှစ်ပိုင်းအတွင်းတွင်ပင် လူနှစ်သန်းကျော် သေကျေခဲ့သည်။ နိုင်ငံပေါင်းချုပ်အသင်းကြီး၏ စာရင်းအရ ပထမကမ္ဘာစစ်ကြီးကြောင့် လူပေါင်း ဆယ်သန်းခန့် အသေအချာ သေခဲ့၍ နောက်ထပ် သုံးသန်းခန့်လည်း သေသည်ဟု ယူဆခဲ့ရသည်။ လူခြောက်သန်းကျော်မှာ သေလုနီးပါး ဒဏ်ရာရခဲ့၍ ကျန်ဆယ့်လေးသန်းမှာလည်း အတော်ပင် ဒဏ်ရာရခဲ့လေသည်။ ဗာဒန်ဒေသတဝိုက်ရှိ စစ်မျက်နှာတခုတည်းတွင် လူပေါင်း တသန်း သေဆုံးခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြောင့် လူပေါင်း သန်းပေါင်းမြောက်မြားစွာ ပထမ ကမ္ဘာစစ်ထက် ပိုမို သေကျေရသည်ကို သိကြရသည်။ အဘယ်မျှ ပိုမို သေကျေသည် ဆိုသည်ကိုမခန့်မှန်းနိုင်လောက်အောင်ပင် ရှိရပေသည်တကား။

စစ်စရိတ် ကုန်ကျငွေကား အဆမတန် များပြားလှချေသည် ဖြစ်၏။ ၁၉၃ဝ နောက်ပိုင်းဆီက မိုးပျံခံတပ် အမျိုးအစား လေယာဉ်ပျံတစီးအတွက် ၁၉၃ဝ နှစ်ဆယ့်ငါးသိန်း ကုန်ကျသည်ကို ထောက်ရှု၍ လည်းကောင်း၊ လက်နက်အင်္ဂါ အပြည့်အစာ စစ်သင်္ဘောတစီး အတွက် ဒေါ်လာသန်းပေါင်း ခြောက်ဆယ် ကုန်ကျသည်ကို ထောက်ရှု၍ လည်းကောင်း၊ ဒုတိယကမ္ဘာစစ်အတွင်း အဘယ်မျှ ရူးရူးမိုက်မိုက် ဖြုန်းတီးပစ်ခဲ့သည်က ခန့်မှန်းကြည့်နိုင်သည်။ ပထမ ကမ္ဘာစစ်၏ အကုန်အကျကို ဒေါ်လာတရာ့ကိုးဆယ် ဘီလျံမျှ ရှိသည်ဟု အတော်အတန် တိကျစွာ ခန့်မှန်းခဲ့နိုင်သည်။ တဘီလျံလျှင် သန်းပေါင်းတထောင် ရှိသည်။ ဆုံးရှုံးခဲ့သော ပစ္စည်းများ၏ တန်ဖိုး၊ ကုန်ထုတ် ကုန်သွယ်လုပ်ငန်းများကို ထိခိုက် ရပ်တန့်ခဲ့သဖြင့် နစ်နာမှုများ၏ တန်ဖိုး စသည်တို့ကိုပါ ထည့်၍တွက်လျှင် တကယ် ကုန်ကျစရိတ်မှာ ဒေါ်လာပေါင်း ဘီလျံလေးရာမျှ ရှိပေလိမ့်မည်။ ဒုတိယကမ္ဘာစစ်တွင် ၁၉၄ဝ ပြည့်နှစ်အတွင်း ဗြိတိန် တပြည်တည်းသည် “တနေ့” အတွက် စစ်စရိတ်ပေါင်ပေါင်း ခြောက်သန်း သုံးခဲ့ရသည်။ ပစ္စည်းဆုံးရှုံးမှုနှင့် ကုန်ထုတ် ကုန်သွယ်လုပ်ငန်း ထိခိုက်မှုကြောင့် ဆုံးရှုံးမှုစရိတ်များမှာမူ ခန့်မှန်း၍ မဖြစ်နိုင်ခဲ့ပေ။ ၁၉၄၅ ခု မေလ၌ ဥရောပစစ်မျက်နှာ ပြီးဆုံးသွားချိန်အထိ စုစုပေါင်း စစ်စရိတ် ကုန်ကျမှုမှာ ဒေါ်လာပေါင်း တထရီလျံဟု ခန့်မှန်းရသည်။ တထရီလျံတွင် ဘီလျံပေါင်း တထောင် ရှိ၏။ ဤတွင် အရှေ့ဖျား ပစိဖိတ်သမုဒ္ဒရာ အပိုင်း၌ ဆက်လက် တိုက်ခိုက်လျက် ရှိသေးသော စစ်ပွဲတို့၏စရိတ် မပါသေးချေ။

လူမှုကောင်းကျိုးလုပ်ငန်းတို့ မည်မျှ ထိခိုက်ကုန်၍ လူတို့အား မည်မျှ “ကပ်ဆိုက်” စေသည်ကို စစ်ပြီးသောအခါ စစ်ပွဲတွင် ဝင်နွှဲခဲ့သော ဗြိတိန်၊ ပြင်သစ်၊ ဂျပန်နှင့် အခြားကျန် ပြည်များတွင် လည်းကောင်း၊ စစ်ပွဲ၌ မပါသော်လည်း ဗမာပြည်ကဲ့သို့သော “မြေစာပင်” နိုင်ငံအများတွင် လည်းကောင်း ထင်ရှားစွာ တွေ့ရသည်။ ဤမျှ ဖြုန်းတီးခဲ့သော ငွေကြေး ဥစ္စာများအား ပညာရေး သုတေသနလုပ်ငန်းများ၊ ပြည်သူ့ကျန်းမာမှုလုပ်ငန်းများ၊ လမ်းပန်း ဆက်သွယ်ရေးလုပ်ငန်းများနှင့် အခြားအလားတူ စီမံကိန်းများအတွက်သာ သုံးခဲ့မည်ဆိုပါက လူ့လောကတွင် ပြောမပြနိုင်အောင်ပင် အကျိုးကျေးဇူး ပွားများလှပေမည်။ ယခုမူ ဤလုပ်ငန်းမျိုးများအတွက် သာမန်သုံးရိုးသုံးစဉ် ရန်ပုံငွေများမှ ဖဲ့၍ စစ်၌ ဖြုန်းတီးခဲ့ပေသည် တကား။ စစ်ပြီးသောအခါ နိုင်ငံတိုင်းလိုပင် ဒေဝါလီ ခံရမတတ်ဖြစ်၍ ကပ်သုံးပါးကို ရင်ဆိုင်ကြရပါ၏။

ဤမျှ အဓိပ္ပာယ်မဲ့သော၊ ဤမျှ ထိခိုက် နစ်နာစေတတ်သော၊ ဤမျှ အကျိုးယုတ်စေတတ်လှသော စစ်ကိုမှ ရူးသွပ်ခြင်းဟု မခေါ်လျှင် အဘယ်အရာကို ရူးသွပ်ခြင်းဟု ခေါ်ဆိုပါမည်နည်း။ ထို့ကြောင့်ပင် စစ်အား မက္ကာလေးက “အင်မတန်မှ သားရဲတိရစ္ဆာန် ဆန်သောအတွေ့အကြုံ” ဟု ရှုတ်ချပြစ်တင်ရေးခဲ့ခြင်း ဖြစ်ပေသတည်း။

(၅)

ကမ္ဘာ့ရန်သူမျိုးလေးပါး

ဤမျှ ယုတ်ညံ့နိမ့်ကျစစ်ကို တိုက်ခိုက်သင့်လောက်အောင် လုံလောက် ပြည့်စုံ ကောင်းမွန်သော ဆင်ခြေအကြောင်းအချက်သည် ဤလောကတွင် မရှိပေ။

“ထာဝရ ငြိမ်းအေး ချမ်းသာရေးကို စစ်ဖြင့် လည်းကောင်း၊ သတ်ဖြတ်တိုက်ခိုက် ခြင်းဖြင့် လည်းကောင်း၊ သွေးထွက်သံယိုမှုဖြင့် လည်းကောင်း အဆုံးသတ်ရယူမည်” ဟူသော ကြွေးကြော်သံထက် ပိုမို ရူးသွပ်သော ကြွေးကြော်သံသည်လည်း မရှိပြီ။ သွေးနှင့်ပျိုးလျှင် သွေးပင်သာ ပေါက်ပေမည်။ အမုန်းနှင့်ရင်းလျှင် အမုန်းပင် အမြတ်ထွက်ပေမည်။ သတ်ခြင်းနှင့်စလျှင် သေခြင်းပင် ဆုံးပေမည်။

ပထမကမ္ဘာစစ်ကြီးကို “စစ်ကိုအဆုံးသတ်စေမည့်စစ်”ဟု ကမ္ဘာသူ ကမ္ဘာသားတို့ မျှော်လင့်တကြီး ယူမှတ်ခဲ့သည်။ ပထမကမ္ဘာစစ်ကြီးကား စစ်ကို အဆုံးသတ်စေသည့် စစ်ကား မဟုတ်၊ ပိုမိုဆိုးဝါး ရက်စက်သော “စစ်ကို မွေးဖွားပေးသည့် မိခင်စစ်” သာတည်း။ ယခု မျက်မှောက်ခေတ်၌ အငြင်းပွားနေကြသော ဝါဒအထွေထွေတို့သည်လည်း စစ်ထတိုက်လောက်အောင် မွန်မြတ် အဖိုးတန်လှသော ဝါဒများ မဟုတ်ကြ။ လူသန်းတရာ၏ အသက်သွေးနှင့် လဲယူလောက်အောင် ထိုက်တန်သော ဝါဒသည် ဤကမ္ဘာမှာ မပေါ်ဖူး၊ ပေါ်လိမ့်မည်လည်း မဟုတ်။

မည်သည့် ဝါဒသည်မျှ သူ့အလိုသူ အဆုံးသတ်မှန်ကန်ပြီးသော ခရီးပန်းတိုင် သစ္စာတရား မဟုတ်ချေ။ ပန်းတိုင်သို့သွားရန် လူခန့်မှန်းထားသောလမ်းမျှသာ ဖြစ်ချေသည်။ ကောင်းနိုး ထင်သော “ဖော်နည်းကား” များမျှသာ ဖြစ်ချေ၏။

လူ၏အမှားကား ကိုယ်ယုံကြည်သည်ကို အမှန်ထင်ခြင်းပေတည်း။ “ယုံကြည်မှု” သည် ယုံကြည်မှုမျှသာ ဖြစ်၍ အမှန်မဟုတ်ချေ။ ထို့ကြောင့်ပင် ကမ္ဘာ့ပညာရှင်တဦးက “ကျွန်ုပ် ယုံကြည်သည်မှာ မယုံကြည်ရန်ပင် ဖြစ်၏” ဟု ရေးသားခဲ့ခြင်း ဖြစ်လေသည်။ ကမ္ဘာ့ထာဝရ ရန်သူများကို မြင်ရန်သည်သာ အရေးကြီးပေသည်။ စိတ်ပညာရှင် တဦးက ဤသို့ ရေးသားခဲ့လေသည်။

“စည်းရုံးညီညာ တကမ္ဘာသို့ ချီတက်ရာလမ်းခရီးရှိ အနှောင့်အယှက် အဖျက်အဆီးတို့မှာ အခြား မဟုတ်၊ လူသား၏ ထာဝရရန်သူကြီးလေးပါးဖြစ်သော ဆင်းရဲခြင်း၊ ငတ်မွတ်ခြင်း၊ ရောဂါဘယနှင့် ပညာမဲ့ခြင်း မောဟတို့သာတည်း”

မည်သည့်ဝါဒကို လိုက်သည် ဖြစ်စေ၊ ဤ ရန်သူမျိုးလေးပါး ကမ္ဘာမြေပြင်မှ ပျောက်ကွယ်ရေးသည်သာ အဓိကဖြစ်ပေသည်။ မည်သည်ကအစ မည်သည်ကအဆုံးဟု မဆိုဘဲ မည်သည်က အဆိုးဆုံးဟု ဆိုလျှင် ပညာမဲ့ခြင်း မောဟသည်သာ အဆိုးဆုံး ဖြစ်ချေ၏။ ပညာနှင့် ပညာ၏ အသီးအနှံဖြစ်သော အတတ်သည်သာ ဆင်းရဲခြင်းကို လည်းကောင်း၊ ငတ်မွတ်ခြင်းကို လည်းကောင်း၊ ရောဂါဘယကို လည်းကောင်း၊ မောဟကို လည်းကောင်း ဤကမ္ဘာမြေပြင်မှ မောင်းနှင် သုတ်သင်နိုင်ပေသည်။

ယနေ့ကမ္ဘာတွင် ဖြစ်ပေါ်နေသော စစ်အေးသည် လည်းကောင်း၊ စစ်ပူတို့သည် လည်းကောင်း၊ အခြား အခြားသော တင်းမာမှုတို့သည် လည်းကောင်း အားလုံးသည် ဤ ကမ္ဘာ့ရန်သူကြီးလေးပါး၏ စနက်ကြောင့်သာတည်း။ ဤ ရန်သူကြီးလေးပါးကို ဖယ်ရှားနိုင်သော ယနေ့ ကမ္ဘာ့ခေါင်းဆောင်များသည် အနာဂတ်ကမ္ဘာ၏ တကယ့် “ကယ်တင်ရှင်များ” ဖြစ်လာကြပေမည်။

ယနေ့ ကမ္ဘာ့ခေါင်းဆောင်များသည် ဤ ရန်သူကြီးလေးပါးကို မမြင် မဟုတ်၊ မသိ မဟုတ်၊ သိကြ၏၊ မြင်ကြ၏။ သို့ရာတွင် ၄င်းတို့ကို ဤကမ္ဘာမြေပြင်မှ မည်သည့်နည်းနှင့် ဖယ်ထုတ်မည် ဆိုသည့် နေရာ၌ ကွဲလွဲကြသည်။ “ဖော်နည်းကား” ၌ ခြားနားကြသည်။ “ပန်းတိုင်” အတွက် မဟုတ်၊ “နည်းလမ်း” အတွက် အငြင်းပွားကြသည်။ သို့ဖြင့် ပန်းတိုင်သည် မှုန်မှေး ပျောက်ကွယ်ကာ နည်းလမ်းသည်ပင် ပန်းတိုင် ဖြစ်လာသည်။ ဤတွင် မောဟ၏ အသီးအနှံလည်းဖြစ်သော “ငါစွဲ”သည် ပြင်းပြင်းထန်ထန် တောက်လောင်လာသည်။

ငါပိုင်သည်သာ အမွန်ဖြစ်၍ ငါယုံသည်သာ အမှန်ဖြစ်သည်ဟူသော သဘောသည် ရှေ့တန်းမှ ကြံ့ကြံ့ခံလာသည်။

ဤ ငါစွဲ၏ ခြိမ်းခြောက်နေသော အန္တရာယ်ကိုပင်လျှင် ပါမောက္ခ တွိုင်ဘီးသည် အောက်ပါအတိုင်း ညွှန်ပြခဲ့သည်။

“လူထက်လည်း ရုပ်အင်အားကြီးသော၊ လက်ရှိ လူ၏ ဤကမ္ဘာကို စိုးမိုးခဲ့သော သက်တမ်းထက် အဆများစွာ ပိုရှည်ကြာသည့် စိုးမိုးမှုသက်တမ်းကိုလည်း စိုက်ထူခဲ့သော သတ္တဝါကြီးများစွာပင် သဘာဝ၏ အင်အားများကို မနိုင်နင်းလေ၍ ဤကမ္ဘာမြေပြင်မှ အစတုံး ပျောက်ကွယ်သွားကြခဲ့ရလေပြီ။ အနှစ်ရှစ်သောင်းနှင့် တသိန်းကြားဟုသာ ခန့်မှန်းရသော တိုတောင်းလှသည့် စိုးမိုးမှုကိုသာ စိုက်ထူခဲ့ရသေးသော လူသည် သဘာဝလောက ဥပဒေများ၊ အင်အားများကို နှိမ်နင်းအောင်မြင် ယဉ်ပါးစေနိုင်ရုံမျှနှင့် မာန်မာန မတက်သင့်သေး။ လူသည် မိမိ၏ အဇ္ဈတ္တသန္တာန်ရှိ ငါတည်းဟူသော မာနဆင်ရိုင်းကို မနိုင်နင်းသေး၊ မအောင်မြင်သေး၊ မယဉ်ပါးစေရသေး။ ဤ မာနဆင်ရိုင်းသည်ပင် ဤကမ္ဘာမှ လူသား၏ ဇာတ်လမ်းဆုံးခန်းကို ပို့စွမ်းနိုင်သည်။”

တွိုင်ဘီး၏ စကားသည် သွေးထွက်အောင် မှန်လှပေသည် တကား။ အတိတ် ရာဇဝင်နှင့် လည်းကောင်း၊ ပစ္စုပ္ပန်ဖြစ်ရပ်တို့နှင့် လည်းကောင်း ညီညွတ်မှန်ကန်လှစွာတကား။ လူသည် တဦးနှင့်
တဦးကြား ခြားနားသော ပြဿနာကို ဖြေရှင်းရာ၌ “အင်အား သည်သာ အမှန်” ဟူ၍ အကြမ်းနည်းသုံးခြင်းကို စွန့်လွှတ်လျက် “အမှန်သည်သာ အင်အား”ဟု ငြိမ်းချမ်းသောနည်းကို လက်ခံကာ “ဥပဒေနိုင်ငံ” တည်ဆောက်လာနိုင်သည်အထိ တိုးတက်လာခဲ့သည်။ ကမ္ဘာ့ရေးရာများ ဖြေရှင်းရာ၌မူ အဘယ်ကြောင့် ဥပဒေနှင့် ပညာ၏ ဦးဆောင်မှုကို ထိထိရောက်ရောက် မလိုက်နာကြသေးပါ သနည်း။ အရှုံး အမြတ်ကို မြင်သိနားလည်၍၊ ဤ မြင်သိနားလည်ခြင်း အတွေ့အကြုံကို မှီ၍ တိုးတက်ပြောင်းလဲနိုင်သော လူသည် အဘယ်ကြောင့် ဤကမ္ဘာမြေဝယ် သာယာစိုပြည်သော ဥပဒေနှင့် ပညာနိုင်ငံကို အဆုံး မတည်ဆောက်ကြသေးပါသနည်း။

တချိန်တွင် ဤသို့ သဘောရှိသော နိုင်ငံတော်သည် ပေါ်ပေါက်ချိမ့်မည်။ ထိုအချိန်သို့ မရောက်မချင်း လူသားနှင့်စစ်၊ စစ်နှင့်လူသားသည် ခွဲခြား ကင်းကွာနိုင်မည်မဟုတ်သေးချေတကား။

(၆)

လင်းရောင်ခြည်ဦး

စစ် ဟူသည်မှာ မောဟ လကွယ်ည၏ မှောင်မိုက်ခြင်းဖြစ်၍ ငြိမ်းချမ်းရေးသည် ပညာ နံနက်ခင်း၏ လင်းရောင်ခြည်သစ် ဖြစ်ပေသည်။ ဤကမ္ဘာမြေဝယ် ပညာနံနက် မိုးသောက်မလင်းမီ အမှောင်ထုသည် မင်းမူပေဦး မည်။ သို့တစေ မင်္ဂလာရှိသော နံနက်ခင်း၏ လင်းရောင်ခြည်ဦးတို့သည်မူ ထိုးပြူထွက်စ ပြုပေပြီ။ ပညာ့နိုင်ငံတော် ရောမမြို့ကို
တနေ့ချင်းနှင့် ပြီးအောင်မူ မဆောက်နိုင်ချေ။ ပညာနိုင်ငံတော်တည်၍ ဥပဒေ ဥကင်ကနက် ပိုင်ပိုင် မဖြန့်ကြက်နိုင်သေးမီ အောက်ပါ လက်တွေ့ဆန်သော အချက်များကို လက်ခံကျင့်သုံးခြင်းဖြင့် လူသားသည် စစ်ကို ဟန့်တားနိုင်သည်။

(၁) ကွဲပြားခြားနားခြင်းကို အသိအမှတ်ပြု၍ ကွဲပြားခြားနားခြင်းကို သည်းခံ နိုင်ရမည်။ ဤသဘောကိုပင် ဒီမိုကရေစီဟု ခေါ်ဆိုပေသည်။

(၂) လူတဦးချင်းအနေနှင့် အခြားတဦးကို မထိခိုက် မနစ်နာစေသရွေ့ လွတ်လပ်စွာ ပြောဆိုရေးသား ဖော်ပြနိုင်ခွင့်၊ လွတ်လပ်စွာ စည်းရုံးပေါင်းသင်းနိုင်ခွင့်တို့ ရှိရပေမည်။ ဤသဘောကား အခြေခံ လွတ်လပ်ခွင့်ပေတည်း။

(၃) လူအုပ်စုတစုက အခြားအုပ်စု တစုအား စီးပွားရေးအရ လည်းကောင်း၊ စစ်ရေးအရ လည်းကောင်း၊ နိုင်ငံရေးအရ လည်းကောင်း၊
ဝါဒရေးအရ လည်းကောင်း၊ လူမှုရေးအရ လည်းကောင်း တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်သောနည်းနှင့် ဖြစ်စေ မဖိနှိပ်၊ မချုပ်ချယ်၊ မခြိမ်းခြောက် မကျူးကျော်ရ။ တနည်းဆိုသော် နယ်ချဲ့စနစ် မူဟောင်းနှင့် မူသစ် နှစ်မျိုးလုံးအား တားမြစ်ဖယ်ရှားရမည်။

(၄) လူကို လူမှုစက်ယန္တရား၏ အသက်မဲ့သော ဝက်အူတချောင်း၊ ခွေးသွားစိပ် တစိပ် အဖြစ်
မယူဆဘဲ လူနှင့်ထိုက်တန်သော ရိုသေမှု၊ လေးစားမှု၊ ချစ်ခင်မှု၊ ကာကွယ်မှုတို့ကို ပေးရမည်။

(၅) လူ၏ ကံကြမ္မာကို ဖန်တီးရာ၌ လူတယောက်၊ လူတစု၊ အဖွဲ့အစည်းတစု၏ လက်ထဲ၌သာ အာဏာတန်ခိုးသည် မတည်ရှိရပေ။ တနည်းဆိုသော် အတိုက်အခံ အပြိုင်အဆိုင် ငြင်းဆိုနိုင်ခွင့်ရှိသော ပါလီမန် အုပ်ချုပ်ရေးသည်သာ ရှိရမည်။

(၆) တိုးတက်၍ အားကြီးသော နိုင်ငံတို့သည်
မတိုးတက်သေး၍ အားငယ်သော နိုင်ငံတို့အား
အထူးအခွင့်အရေးနှင့် အကူအညီကို ပေးရမည်။

(၇) ငြိမ်းချမ်းရေး ကြိုးပမ်းရာ၌ ဆန့်ကျင်ဘက်
မအပ်စပ်သော စွပ်စွဲမှုများ၊ အပြန်အလှန် စွပ်စွဲမှုများ၊ မယုံသင်္ကာမှုများ၊ စော်ကား ခြိမ်းခြောက်မှုများ၊ အရွဲ့တိုက်မှုများကို ရှောင်ကြဉ်ရမည်။

(၈) အမှားကို ဝန်ခံရဲ၍ အမှားကို ဝန်ခံသူအား ခွင့်လွှတ် လေးစားနိုင်ရမည်။ ဤသည်တို့ကား ကမ္ဘာ့ငြိမ်းချမ်းရေး၊ လူသားနှင့်စစ် ကင်းဝေးရေးတို့အတွက် တည်ဆောက်ကျင့်ကြံအပ်သော ရှစ်ပါးသော သီလတည်း။

ဤသဘောတို့ကား အသစ်အဆန်း မဟုတ်။ ကုလသမဂ္ဂ ပဋိညာဉ် စာချုပ်ကြီး၌ အချို့မှာ ပါပြီး ဖြစ်ချေသည်။

စင်စစ် ကုလသမဂ္ဂကြီးသည် လူသား၏ မျှော်လင့်အားထားဖွယ်ပင် ဖြစ်ပေ၏။ ကုလသမဂ္ဂကြီးသည် လူ့သမိုင်းတလျှောက်၌ နှိုင်းဘက်တုမဲ့သော လူသား၏ အောင်မြင်မှုကြီးပင် ဖြစ်ပေသည်။ အနာဂတ်ကာလ၏ ပညာနှင့် ဥပဒေနိုင်ငံတော်၏ ရှေ့ပြေးစံနမူနာပင် ဖြစ်ပေသည်။

ကုလသမဂ္ဂ၌ ချွတ်ယွင်းမှုများ ရှိပေသည်။ ညံ့ဖျင်းမှုများလည်း ရှိသည်။ သို့ရာတွင် ကုလသမဂ္ဂ၏ အောင်မြင်မှုများ၊ စွမ်းဆောင်မှုများလည်း များစွာပင် ရှိပေသည်။ အနှစ် ရာပေါင်းချီ၍ ပြုစုပျိုးထောင် ပြင်ဆင်လာသော ဗြိတိသျှပါလီမန် စနစ်၌ ပင် အပြစ်အနာအဆာ လုံးဝ မကင်းမဲ့သေး။ ဆယ်နှစ်ကျော်ကျော်သာ သက်တမ်းရှိသေးသော ကုလသမဂ္ဂသည် ဘယ်နည်းနှင့်မျှ စင်းလုံးချော မဖြစ်နိုင်သေး။ စင်းလုံးချောဖြစ်ရန် စွမ်းဆောင်ရေးမှာ လူသားတိုင်း၏တာဝန်ပင် ဖြစ်သတည်း။

(၇)

မန်းတောင်ရိပ်မှ မိုးသောက်ကြယ်

မန္တလေးမြို့ တည်ပြီးသည်မှ အနှစ်တရာ့သုံးနှစ် အကြာ၊ မြန်မာပြည်အား ကိုလိုနီ နယ်ချဲ့စစ် အပြီးတိုင် ဝါးမျိုပြီးသည်မှ ခုနစ်ဆယ့်သုံးနှစ်အလွန်၊ မြန်မာ့လွတ်လပ်ရေး ရပြီးသည်မှ ဆယ်နှစ် အကွာတွင် သီးသန့်ခြားနား ထွန်းပြောင်လာတော့မည့် မန္တလေးတက္ကသိုလ်ကား ဗမာ့ငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် သုတိသြဘာ မင်္ဂလာအဖြာဖြာ ပြည့်ဝလှပါဘိတော့သည်။

ဤအချက်တို့ထက် ၁၉၄၈-၄၉ ပညာနှစ်အပိုင်းတွင် ဗမာပြည် မှောင်ကြီးကျ၍ ပညာ၏ ပြယုဂ်ဖြစ်သော တက္ကသိုလ်ကျောင်းတို့ ပိတ်ကွယ်ဆိတ်သုဉ်းရသည်နှင့် ဖြောင့်ဖြောင့် ဆန့်ကျင်ကာ ၁၉၅၈ – ၅၉ ပညာနှစ်ပိုင်းတွင် သီးခြား ထွန်းပြောင်လာတော့မည့် မန်းတက္ကသိုလ်ကား ငြိမ်းချမ်းရေးအတွက် အဓိပ္ပာယ်သက်ဝင် လေးနက်လှသော အတိတ်ကောင်း နိမိတ်မြတ်ပင် ဖြစ်ပေသတည်း။

မန်းတက္ကသိုလ်သည် ပညာနှင့် ငြိမ်းချမ်းရေး၏ မိုးသောက်ကြယ်ပင် ဖြစ်ပေ၏

တခါက ဖက်ဆစ်ရန်ကို ဖယ်ရှားခဲ့သော ကမ္ဘာ့သူရဲကောင်းတဦးဖြစ်၍ ယခုမူ အုပ်စုကြီးတစု၏ ခေါင်းဆောင်ဖြစ်နေရသော သမ္မတ အိုင်ဆင်ဟောင်ဝါ သည် တကြိမ်တွင်မူ ကိုလံဘီယာတက္ကသိုလ်၏ အဓိပတိဘဝ ပညာရှင်တဦးအနေနှင့် တက္ကသိုလ်ကျောင်းသားတို့အား အဖိုးမဖြတ်နိုင်သော ညွှန်ကြားချက် သြဝါဒတခုကို မြွက်ဟခဲ့သည်။

“သင်တို့၏ တာဝန်ကား ကျွန်ုပ်တို့ ပျောက်သွားဖို့ပင်တည်း”

သူ ဆိုလိုသည်ကား တက္ကသိုလ်ကျောင်းသားတို့၏ တာဝန်မှာ သူကဲ့သို့သော စစ်သားများ မရှိစေရန် ဖြစ်၏။ တနည်းဆိုသော် ပညာ၏ ရည်ရွယ်ချက်ကား ဤကမ္ဘာမြေမှ စစ် ဟူသည်ကို အပြီးတိုင် သုတ်သင်ဖယ်ရှားရေးပင် ဖြစ်ပေသည် ဟူ၏။

စစ်နှင့်လူသား၊ လူသားနှင့်စစ်တို့၏ ထာဝရကင်းကွာရေးအတွက် ထက်မြက်သော လက်နက်ဖြစ်အပ်သည့် ပညာ၏ ဗိမာန်တနန်းသည် မန်းတောင်ရိပ် မြကျွန်းသာတွင် တင့်ရွှန်းဖြာဖြာ ရောင်ဝါ မြူးကွန့်အံ့ချိမ့်မည်။ လင်းအရုဏ်ဦးဝယ် မိုးသောက်ကြယ်ထူးသည် ပွင့်ဖူးရောင်ဝေ တင့်လျှံကြည်ဝင်း တော့မည် တကား။

တက္ကသိုလ်ဘုန်းနိုင်
၁-၉-၅၇

(ရည်ညွှန်းချက် ။ ။ ဤစာစုဖြင့် မီးရှူးတန်ဆောင် ထွန်းပြောင်တော့မည့် မန္တလေးတက္ကသိုလ်အား ဦးညွှတ်ကြိုဆိုပါ၏။)

ချစ်ခြင်းများစွာဖြင့်
ဝတ္ထုတို ဝတ္ထုရှည်များ

Zawgyi Version

” စစ္ႏွင့္လူသား ”(စ/ဆုံး)
————————-

တကၠသိုလ္ဘုန္းႏိုင္

(၁)

ေသြးစြန္းသည့္ေငြလေရာင္

၁၉၄၉ ခု၊ ဇန္နဝါရီလ ၃၁ ရက္ …။

အင္းလ်ားကမ္း၏ ညႇိဳးႏြမ္းစ ကုန္းသြယ္သြယ္မွ လြမ္းစဖြယ္ ဆည္းဆာခင္းေအာက္တြင္ သက္ျပင္းကို အေဖာ္ျပဳ၍ ေငးရႈလ်က္ ေနခဲ့မိသည္။

ေဆာင္းနိဂုံးဝယ္ ေႏြကူးတုန္းျဖစ္သျဖင့္ ႏွင္းႂကြင္းႏွင့္ျမဴ ေရာယွက္ရီခိုက္ ေတာဆီတဝိုက္ ပင္အလိုက္မွ် ညႇိဳးငိုက္ဝါေ႐ႊ ေရာ္႐ြက္ေတြ ဖုံးစျပဳေနေပၿပီ။

ထိုစဥ္ဝယ္ ညင္းေလေငြ႕ေငြ႕က ေဝ့ခနဲ အသာေဝွ႔လာပါ၏။ ထိုစဥ္ဝယ္ အေျမာက္သံ ထိန႔္ထိန႔္က တအိန႔္အိန႔္ ဟိန္းလြင့္လာသည္။

ခပ္လွမ္းလွမ္းရွိ အင္းလ်ားေက်ာင္းေဆာင္သည္ အေျမာက္သံကို ပဲ့တင္ထပ္ခိုက္ အင္းလ်ား ေရမ်က္ႏွာျပင္သည္ တလွပ္လွပ္ ရင္ခုန္လိုက္ပါ၏။ ကံ့ေကာ္႐ြက္ဝါတ႐ြက္က ျဖဳတ္ခနဲ ေရျပင္သို႔ ဦးစိုက္က်လာခိုက္ ပိေတာက္ပင္ဦးမွ ေႏြဦးေတးရွင္သည္ ႐ုတ္ခနဲ လန႔္ပ်ံ၍ အေဝးသို႔ ေျပးေပသည္။ ေျမာက္ဘက္ေတာတန္းတို႔၏ထိပ္ကို လြန္၍ မီးခိုးမႈိင္းမႈိင္း သည္ အလႈိင္းလႈိင္းတက္လူလာသည္။

ဆည္းဆာ၏ ပန္းခ်ီသည္ ပ်က္ျပယ္ခဲ့ေပၿပီ။ ေႏြႀကိဳေတးလည္း ေပ်ာက္လြင့္ခဲ့ေပၿပီ။ အေျမာက္သံသည္ အင္းစိန္ဘက္မွ လာသည္။ ဤအသံသည္ ဗမာျပည္တြင္းစစ္၏ ဆိုးဝါးမႈ အထြတ္အထိပ္ကို ဟစ္ေႂကြး သ႐ုပ္ေဖာ္ေပသည္။

တကၠသိုလ္ေက်ာင္းႀကီးမွာ ရက္အကန႔္အသတ္မရွိ ပိတ္ၿပီးၿပီျဖစ္သျဖင့္ သည္အခ်ိန္မ်ိဳးတြင္ လူအစည္ဆုံးျဖစ္ေသာ ေက်ာင္းေတာ္သူ အမူတုံးတို႔၏ ညႇိဳ႕အၿပဳံးတို႔ျဖင့္ အသက္ဝင္ရာ အင္းလ်ားေဆာင္တခုလုံးမွာ ေျခာက္ကပ္ဆိတ္သုဥ္းလ်က္ ရွိသည္။

ထြက္ရေတာ့မည္။ ဘယ္ဆီေတာ့ မသိ။ ယေန႔ ဤအင္းလ်ားရိပ္ ကြၽန္းညိဳညိဳမွာ ရပ္ေနျခင္းသည္ ေနာက္ဆုံးအျဖစ္ဟုေတာ့ သိေနသည္။ တသက္တာအတြက္ ေနာက္ဆုံးပင္ ျဖစ္ေလမည္လားဟုေတာ့ မသိခဲ့။

စစ္ ျပည္တြင္းစစ္ ျဖစ္ျဖစ္၊ ျပည္ခ်င္းစစ္ ျဖစ္ျဖစ္၊ ကမာၻစစ္ ျဖစ္ျဖစ္- စစ္ ဟူသည္မွာ ေမာဟ လကြယ္ည၏ ေမွာင္မိုက္ျခင္းျဖစ္၍ ၿငိမ္းခ်မ္းေရးသည္ ပညာ နံနက္ခင္း၏ လင္းေရာင္ျခည္သစ္ပင္ ျဖစ္ေပသည္။

စစ္၏သ႐ုပ္ျဖစ္ေသာ အေျမာက္သံတို႔ ဟိန္းေဟာက္မင္းမူေနခိုက္ ပညာ၏ ျပယုဂ္ ျဖစ္ေသာ တကၠသိုလ္မွ သုေတသီ ရင္ေသြးတို႔ ကင္းေဝးခဲ့ေပၿပီ။

ေမာဟ နန္းတည္ၿပီမို႔ ေဒါသမႉးမတ္ႏွင့္ မာနစစ္သည္တို႔ အာဃာတဗ်ဴဟာေတးကို ရင့္ေႂကြးခဲ့ၾကေခ်ၿပီ တမုံ႔။

ငါ့ေျမ၊ ငါ့ျပည္၊ ငါ့လူမ်ိဳး၊ ငါ့အဖြဲ႕၊ ငါ့ဝါဒ၊ ငါပိုင္သည္သာ အမြန္ျဖစ္၍ ငါယုံသည္သာ အမွန္ ျဖစ္သည္။ ပညတ္၏အာ႐ုံမွ လူမႈအက်ဥ္းသမားပီပီ “ငါလည္းေလ ေလာကီသား” ဟု

မရွိေသာ ငါ၏ မပိုင္ေသာ တန္ဆာတို႔အတြက္ ငါတကား ကားရန္ ဆုံးျဖတ္ၿပီးေလၿပီ။ သည္ညေနသည္ အမွန္ပင္ သည္ေျမတြင္ ရပ္တည္ျခင္းအတြက္ ေနာက္ဆုံး ျဖစ္ခဲ့ေပသည္။ ကိုယ္ယုံၾကည္သည့္အတြက္ ကိုယ္မက္ေသာ ျပည့္ေခၚသံ”ကို နာခံလ်က္ ကိုယ္ထင္ေသာ တာဝန္ကို ကိုယ္ထမ္းရင္း စာသင္ခန္းႏွင့္ ေဝးရာ စစ္ေျမစခန္းဝယ္ မၾကာမီပင္ ေသနတ္ထမ္းလ်က္ ေရာက္ရွိေနခဲ့ေပၿပီ။

၁၉၄၉ ခု၊ ေဖေဖာ္ဝါရီလ ၂၇ ရက္။

အင္းစိန္စစ္မ်က္ႏွာ၏ “ငွက္ေပ်ာၿခံ” စခန္းရွိ ခ်ိဳင့္ဝွမ္းမ်ားရွိ ခ်ဳံကြယ္နံေဘး က်င္းတခုတြင္ ရွစ္ရက္လေကြး၏ မႈန္ေမွးေမွးအေရာင္ေအာက္တြင္ ကင္းေစာင့္လ်က္ ရွိခဲ့သည္။

ေန႔ခင္းကမူ ေႏြအစျဖစ္သျဖင့္ တေလာကလုံး ေသြ႕ေသြ႕ေျခာက္ေနသည္ကို ျမင္ရသည္။ ပတ္ဝန္းက်င္တခုလုံးမွာ ညႇိဳးႏြမ္းေနသည့္ေတာအေရး။ ဖက္ဖူးေရာင္ ႐ြက္ႏုက်င္ေတြႏွင့္ လြင္သည့္အပင္ေတြမွာ လြင္ေနေပၿပီ။ ျမသစ္ေရာင္ အဆင္းျဖင့္ သရက္ပင္ေတြမွာ အစိမ္းရင့္ရင့္ ျဖစ္ေနသည္။ သည္ႏွစ္ေရာင္ စပ္ၾကားတြင္ ေ႐ႊအိုေရာင္ ႐ြက္ဝါႏွင့္ အပင္ေတြ၊ အ႐ိုးက်ဲက်ဲႏွင့္ ပင္မြဲေတြကိုလည္း ျမင္ႏိုင္သည္။ သစ္တိုပင္၏ အ႐ြက္တို႔မွာမူ ပတၱျမားေရာင္ နီေနသည္။ ပတၱျမား႐ြက္တို႔သည္ ေျမသို႔လည္း ခုန္ဆင္းၾကေသးသည္။ ေျမျပင္မွာမူ ကာကီေရာင္ ျမက္ညႇိဳးတို႔အထက္ နဘဲပင္ စိမ္းစိမ္းေတြသည္ ထိုးထိုးေထာင္ေထာင္ ေပါက္ေနၾကသည္။

ည၌မူ ဘာမွ် မသဲကြဲ။ လေရာင္ေဖ်ာ့ေဖ်ာ့တြင္
တခါက လူအတြက္ အသုံးဝင္ခဲ့ဖူးဟန္တူေသာ
လွည္းလမ္းေၾကာင္းသည္ ကမာၻေသမွ လမ္းအိုပမာ ေဖြးေဖြးႏွင့္ ေရးေရးေပၚကာ တဖက္ေတာတန္းဆီသို႔ ငုပ္လွ်ိဳးဆင္း ေပ်ာက္သြားသည္။ ေစာေစာကပင္ စႏိုက္ပါတက္၍ ထုသြားေသးသျဖင့္ အနားယူ အိပ္ေမာက်ေနေသာ ရဲေဘာ္တို႔အတြက္ သတိႀကီးစြာႏွင့္ ကင္းေစာင့္ေနရေပသည္။

တဖက္မွာမူ မုန္းရန္ မဆိုထားဘိ၊ ျမင္လည္း မျမင္ဖူး၊ ၾကားမွလည္း မၾကားမိ၊ သိပို႔ရန္ ေဝး၍ တဦးခ်င္းအေနႏွင့္ေသာ္ ဤကမာၻေျမဝယ္ ရွိေနၾကမွန္းပင္ အမွတ္မထား မိေသာ ရန္သူ ဘြဲ႕ခံ လူသားမ်ား။ သည္မွာဘက္တြင္မူ တိရစာၦန္တေကာင္ကို ဝင္သတ္ရန္ ဝန္ေလးေသာ္လည္း ရန္သူအား ေသေစတတ္ေသာ လက္နက္ႏွင့္ အခ်က္က်က် ေစာင့္ေနေသာ မိမိႏွင့္တကြ အျခားလူသားမ်ား။

ေသြးနံ႔သင္းေသာ ႏြမ္းညျဖဴ၏ ဤအခိုက္တန႔္တြင္ပင္ စစ္ႏွင့္လူသား၊ လူသားႏွင့္ စစ္၏ သဘာဝတၳကို ပထမဦးဆုံးအႀကိမ္ မွတ္မွတ္ရရ ေတြးမိသည္။ ရွိသမွ် အသိဉာဏ္ႏွင့္ တတ္သမွ် ပညာတို႔ျဖင့္ အေျဖရွာမရစဥ္ပင္ စြမ္းသမွ်ေသာ အႏုပညာေၾကာင့္ ကဗ်ာတပုဒ္သည္ ရင္မွာ အမွတ္မထင္ ေပါက္ဖြားခဲ့သည္။

“ပုလဲေငြယွက္၊ ဝိုးဝါးလက္သည္ ရွစ္ရက္လေကြး အေရာင္တည္း။ သစ္ရိပ္ၿပိဳးေျပာက္ မိုးျပာေအာက္လွ်င္၊ လွ်ိဳေခ်ာက္ကုန္းတန္း ပတ္လည္ဝန္းသည္၊ ျမ႐ႊန္းလဲ့လဲ့ သာဆဲတည္း။ လေရာင္ဖိတ္ဖိတ္၊ ညခ်မ္းဆိတ္ဝယ္ သံတိတ္ကိုယ္ေတာင့္၊ အေမွာင္ေထာင့္မွ ကင္းေစာင့္ငါလွ်င္၊ ေငးသည္အင္တည့္ စက္ခြင္သာလြန္၊ ရတုမြန္ကား လွဟန္မပ်က္၊ ႐ႊန္းျမလ်က္လည္း ရက္စက္မာန္ျပင္း၊ လူ႔က်င့္ယြင္းေသာ္
ဘရင္းေျဖာက္ေျဖာက္၊ အေျမာက္ဟုန္ဟုန္ သိမ့္တုန္ေမာ္တာ၊ ဟိန္းေဟာက္ဝါက ညဥ့္သာငွက္ေတး၊ ဘယ္ဆီေျပးခဲ့ …။ သာေရးမစုံ၊ လွဂုဏ္မေျမာက္ စစ္ေရာက္ေျမျပင္၊ လေရာင္လြင္မူ ၾကည္လင္ေဖြးေဖြး၊ ၿငိမ့္ၿငိမ့္ေအးလည္း လူေသြးစြန္းသည့္ေရာင္သာတည္း”

အႏုပညာသည္ပင္ ျဖစ္ျဖစ္ေျမာက္ေျမာက္ မဟုတ္ေသးေသာ္လည္း သေႏၶတည္စ အႏုပညာ၏ ဗီဇပါ ၿငိမ္းခ်မ္းေရးျမတ္ႏိုးမႈ၏ “စိတ္မွတ္မဲ့” အေျဖေပးျခင္း ျဖစ္ဟန္တူပါ၏။

(၂)

မ်ိဳးပ်က္ခ်ိန္မွ ကဗ်ာတပုဒ္

အမွန္ပင္ မည္သည့္ အႏုပညာသည္မွ် စစ္၌ လွပျခင္းကို မျမင္ပါခဲ့။ မည္သည့္ စစ္မွန္ေသာ အႏုပညာသည္မွ် စစ္အား သစၥာတရားတဆူအျဖစ္ မယူဆခဲ့။

ပမာဆိုေသာ္ ပထမကမာၻစစ္ မုန္တိုင္းထန္ထန္ေအာက္မွ အဂၤလန္ကြၽန္း၏ ျဖဴေရာ္ ေသြးဆုတ္ေသာ ႏွစ္သစ္ကူးတည အကာလကို မွန္းေမွ်ာ္ၾကည့္ေလစမ္းမည္။

စိတ္မခ်မ္းေျမ့ေသာ ကဗ်ာဆရာ၏ စက္ခန္းျပင္ဘက္ –

“ေမွာင္မည္းမည္း ပ်က္စီးယိုယြင္းခဲ့ၿပီျဖစ္ေသာ ေက်ာက္လမ္းမထက္ … ႐ူးသြပ္ေသာအဟုန္ႏွင့္ စိုင္းႏွင္လ်က္ေနသည့္ အို … ျမင္းငယ္ေလ …။

ေၾကာက္ေဇာဟုန္ႏွင့္ ေျမာေမ့ေစဟု လူသား၏တံခါးဝယ္

ေခါက္အားေလ့ေသာ ေသမင္းတမန္ကို
သင္ ယူေဆာင္ေလဟန္တကား …။

လူရိပ္လူေယာင္ ဟူ၍ မျမင္ရ …။

မိမိကိုမွ် မည္သူပင္ ဖြင့္ဟ မေခၚခဲ့။

ခြာသံသဲ့သဲ့မွလြဲ၍ ဘာကိုမွ် မၾကားႏိုင္ၿပီ။

တားဆီးျခင္းလည္း ကင္းခဲ့ဟန္တည္း

ၿခံဝလြန္ေသာ္ ညိဳးညိဳးညံ၍ .

တဖန္ေပ်ာက္လြင့္ေလသည္တကား။

တစီးရွင္၏ ဇာတိမွန္မူ

မည္သူသည္မွ် မႁမြက္ၾကားၾက။

သည္စဥ္တြင္

ႏွစ္ေဟာင္းသည္ သန္းေခါင္ႏွင့္အတူ ေႂကြခဲ့၍

သက္ငင္သံယဲ့ယဲ့ျဖင့္

သည္စဥ္တြင္ ႏွစ္သည္ သဲ့သဲ့

ညည္းညဴခဲ့သည္တကား….

က်မ်က္ရည္ ပိုပိုေထြ၍

ငတ္ပြဲႏွင့္ မီးလွ်ံ ပိုပိုေဝလ်က္

ပိုမိုေသာ ခက္ထန္ျခင္းႏွင့္ ေပါက္ကြဲမႈေတြသည္သာ ..

ႏွစ္သစ္အတြက္ ကံၾကမၼာ၏ ေႁခြအပ္ေသာ

အမိန႔္ပင္ေလာ …။

ဤအမိန႔္ကို ပန္ဆင္လ်က္ တစီးရွင္သည္

ျဖဴေရာ္ေသာ ဥေရာပဆီသို႔ လြင့္သြားခဲ့ေလၿပီ မသိ။

ထင္းရႉးပင္တို႔သည္သာ

ေသာကေတးကို ပန္းလ်စြာ

ရင့္႐ူ ညည္းညဴလ်က္ ရွိေနၾကေလသည္တကား။”

ကဗ်ာဆရာမွာ ေသာမတ္စ္ဟာဒီ ျဖစ္၍ ကဗ်ာမွာ “စစ္အတြင္း တခုေသာ ႏွစ္သစ္ႀကိဳည” ျဖစ္ေလသည္။

ရွင္ျခင္းကို ႏွစ္သက္သျဖင့္ ေသျခင္းကို ေၾကာက္႐ြံ႕ေသာ လူသား၏ စစ္အတြင္း ထိတ္လန႔္မႈ၊ စိုးရိမ္မႈ၊ အားငယ္မႈႏွင့္ ေမွ်ာ္လင့္ခ်က္ကင္းမဲ့မႈတို႔ကို ဟာဒီသည္ သူ၏ကဗ်ာတြင္ မႈိင္းညိဳစြာ တင္ျပခဲ့ေလသည္။

စစ္၌ လွပျခင္းကို သူ မျမင္။ သူျမင္သည္မွာ ပိုေထြရမည့္ က်မ်က္ရည္ႏွင့္ ပိုေဝေတာ့မည့္ ငတ္ပြဲႏွင့္ မီးလွ်ံတို႔သာတည္း။

တိုက္ခိုက္ရန္ ေမြးဖြားလာခဲ့သည္ မဟုတ္ေသာ လူသည္ အခ်င္းခ်င္း သတ္ျဖတ္မႈ ကို လိုလားႏိုင္လိမ့္မည္မဟုတ္၊ စစ္ႏိုင္ျခင္း၏ ဝင့္ဝါမႈကို ေသာ္လည္းေကာင္း၊ စစ္ရႈံးျခင္း၏ သိမ္ငယ္မႈကို ေသာ္လည္းေကာင္း လူသည္ သစၥာတရားအျဖစ္ ထာဝရ မကိုးကြယ္ႏိုင္ပါ။ စစ္၌ သစၥာတရားကို မျမင္ေသာ ဟာဒီသည္ စစ္ကာလ၌ပင္ စစ္ျမဴျဖင့္ ဖုံးလႊမ္းျခင္းငွာ မတတ္ေသာ လူသား၏ သစၥာတရားႏွင့္ လူသား၏ ေမွ်ာ္လင့္ျခင္းတို႔ကို ေဖာ္ထုတ္ျပခဲ့ေပသည္။ ဤေဖာ္ထုတ္ျပမႈသည္ပင္ သူ၏ ကမာၻေက်ာ္ေသာ “မ်ိဳးပ်က္ခ်ိန္” အမည္တြင္သည့္ ကဗ်ာအေမာ္၏ အဆီအႏွစ္ ျဖစ္ခဲ့ေလသည္။

ဟာဒီသည္ စစ္ေၾကာင့္ စိတ္ညစ္ညဴးေနရာမွ ျပတင္းကိုေက်ာ္ကာ အျပင္ဘက္ လယ္ကြင္းတို႔ဆီသို႔ ေမွ်ာ္ေမွ်ာ္ၾကည့္မိဟန္ တူသည္။

သို႔ ေမွ်ာ္ၾကည့္မိစဥ္မွာပင္ သူသည္ တနန္းကြယ္
တနန္းေပါက္၊ တျပည္ေပ်ာက္ တျပည္ေပၚႏွင့္ လူ႔သမိုင္းအလီလီ ေျပာင္းခဲ့ေသာ္လည္း ေဖာက္လွဲမဲ့ တည္ၿမဲေသာ လူသား၏ ထာဝရ ဇာတ္လမ္းစစ္ကို လည္းေကာင္း၊ လူ႔သမိုင္း ပင္လယ္ျပင္ဝယ္ ေရပြက္ပမာ ခဏတာ ေပၚေပါက္ေသာ စစ္မက္ေရးရာတို႔ ေမွးမွိန္ပ်က္ကြယ္သြားေသာ္လည္း ဘယ္အခါမွ် မ႐ိုး၍ ဘယ္အခါမွ် မတိမ္ေကာေသာ လူသား၏ သဘာဝျဖစ္ရပ္ကို လည္းေကာင္း ခံစားေတြ႕ျမင္မိဟန္ တူသည္။ ဤခံစားေတြ႕ျမင္ခ်က္ကို ေအာက္ပါ ကဗ်ာ၌ ေရာင္ျပန္ဟပ္ သီက်ဴးခဲ့ေလသည္။

“လယ္၏သားလည္း၊ စကားမဆို၊ ထြန္လ်က္ကိုရွင့္။ လယ္ျမင္းအိုမူ၊ ၫႊတ္လိုယိမ္းခ်ီ၊ ႐ုန္းတလီႏွင့္။ ထြန္ေရးငင္ခိုက္၊ သခင္ႏွင့္ကြၽန္ အိပ္မူးဟန္တည္း။ လယ္မီးခိုးလည္း၊ ျမက္႐ိုးပုံထက္၊ ေကြ႕လူတက္၏။ အေဝး၌မူ၊ ႐ြာသူပ်ိဳမ်စ္၊ ငယ္ကြၽမ္းခ်စ္ႏွင့္၊ သစၥာပုံျပင္၊ ကူေလွ်ာက္စဥ္ဝယ္၊ တိုးညင္ဆိတ္ဆိတ္၊
သီတိတ္တိတ္တည့္ …. ။ ေ႐ႊအိမ္နန္းႏွင့္၊ ၾကငွန္းဆိုင္ဆိုင္၊ ေပ်ာက္ယြင္းယိုင္လိမ့္။ လယ္သားႏွင့္ကြၽန္ ထြန္ၿမဲ ထြန္လိမ့္။ လယ္မီးခိုးမူ၊ လူၿမဲလူလိမ့္။ သစၥာ့ပုံျပင္၊ မဆုံးခင္ဝယ္၊ စစ္အင္ခင္းလတ္၊ သမိုင္းဇာတ္မူ၊

လြတ္ျပတ္တိမ္ႏွယ္ ေပ်ာက္လိမ့္တကား။

(၃)

သဘာဝမွ ေသြဖည္မႈ

ေသျခင္းကို ေၾကာက္လန႔္၍ ရွင္ျခင္းကို ႏွစ္သက္ေသာလူသည္ အေသြးကို ေပး၍ အသားကို ေဆာက္တည္သည့္ သီးႏွံအတြက္ ေျမကို ထြန္သာ ထြန္ခ်င္ပါ၏။

ေက်းဇူးရွင္ မိခင္ လယ္ေျမျပင္ဝယ္ စက္ယႏၲရားတို႔၏ ဒဏ္ရာ ဒဏ္ခ်က္ကို လည္းေကာင္း၊ လူေသြးစြန္းျခင္းကို လည္းေကာင္း မျမင္လိုပါ၊ မေတြ႕လိုပါ။ မရွိေစလိုပါ။ ခ်စ္ေသာဇနီး၏ ေသြးျခည္ဥေသာ ပါးမို႔ႏုႏုတို႔၏ ႏူးညံ့ျခင္းႏွင့္ ေဝးရာလည္း ျဖစ္ေသာ၊ ရင္ေသြး သမီးသားတို႔၏ တီတာႏြဲ႕ဆိုးေသာ ဂီတသံႏွင့္ ကင္းရာလည္း ျဖစ္ေသာ စစ္ေျမျပင္သို႔ မသြားလိုပါ၊ မေရာက္လိုပါ၊ မပို႔ေစလိုပါ။

ခ်စ္လည္း ခ်စ္တတ္၍ အခ်စ္လည္း ခံခ်င္ေသာ၊ ေပါင္းသင္းလည္း ေပါင္းသင္း တတ္၍ အေပါင္းအသင္းႏွင့္ ေနလည္း ေနေသာလူသည္ မုန္းတီးျခင္းႏွင့္ ေကြကြင္းျခင္းကို မေမွ်ာ္လင့္ပါ၊ မေတာင့္တပါ၊ မဆိုက္ေရာက္လာေစလိုပါ။

သစၥာရွိစြာ အသီးအႏွံကို မွန္မွန္ေပးေသာေျမကို ခင္တြယ္၍ ေႏြးေထြးေသာ အိမ္၌သာ က်င္လည္လိုေသာ လူသား၏ ခ်မ္းေျမ့ရိပ္ၿမဳံ ဇာတ္လမ္းဝယ္ ေရပြက္ပမာ စစ္မက္ေရးရာတို႔သည္ ပဇာေၾကာင့္ မၾကာ မၾကာ ဝင္ေႏွာင့္ရပါ သနည္း။

လူသား၏သဘာဝကို နက္မေယာင္ႏွင့္ တိမ္ေသာ အဓိပၸာယ္ကင္းမဲ့သည့္ “ေမြးရာပါဗီဇသတၱိ” သေဘာတရားေၾကာင့္ဟု ရွင္းေသာ ေရွးေဟာင္း အဘိဓမၼာဆရာမ်ား၊ ႏွစ္ဆယ္ရာစုႏွစ္ အစပိုင္း စိတ္ပညာဆရာတို႔ႏွင့္ မႏုႆေဗဒဆရာတို႔၏ အယူအဆတို႔မွာ ပူရာဏ္က်မ္းအိုတို႔ႏွင့္အတူ ပ်ယ္ျပယ္လြင့္ေပ်ာက္ခဲ့ေလၿပီ။

“စစ္ဆိုသည္မွာ ဤကမာၻမွ မေပ်ာက္ႏိုင္၊ အေၾကာင္းမွာ လူ၌ ဗီဇက သဘာဝအား ျဖင့္ တိုက္ခိုက္လိုစိတ္ရွိသည္” ဟူေသာ ပါေမာကၡ မဂ္ဒူဂယ္၏ အယူအဆမ်ိဳးကို မႀကဳံဖူး ေသာ၊ စစ္ ဟူေသာ စကား၏ အဓိပၸာယ္ကို ဘယ္ပုံ ရွင္းျပ၍မွ် နားမလည္ေသာ ကမာၻ႔ေျမာက္ဖ်ားမွ အက္စကီးမိုး လူမ်ိဳးတို႔သည္ ျပက္လုံးအျဖစ္ ရယ္ေမာၾကေပမည္။ ႐ူးသြပ္ျခင္းအျဖစ္ အံ့ၾသၾကေပမည္။

စစ္သည္ ေရွာင္လႊဲ၍ရေသာ လူဖန္တီးသည့္ လူမႈေရးရာ တရပ္သာလွ်င္ ျဖစ္ေလ သည္။ စစ္မရွိေသာ လူ႔အဖြဲ႕အစည္းမ်ားသည္ ဤကမာၻေလာကအႏွံ႔အျပားတြင္ အမ်ား တည္ရွိေနေပသည္။ နယူးဂီနီကြၽန္း၏ အာေရပိ လူမ်ိဳးတို႔အလယ္တြင္ လည္းေကာင္း၊ အေမရိကတိုက္ရွိ ဟိုပီႏွင့္ ခူနီ လူမ်ိဳးတို႔၏ အလယ္တြင္ လည္းေကာင္း စစ္သည္ မရွိေပ။ “ျမင့္ျမတ္ေသာ ႐ိုင္းစိုင္းသူမ်ား” ဟု ကမာၻ႔ပညာရွင္အခ်ိဳ႕တို႔ ေခၚေသာ ဤလူမ်ိဳးစုတို႔၌ စစ္သာလွ်င္မက စစ္၏ေရေသာက္ျမစ္ျဖစ္ေသာ၊ ကြၽႏ္ုပ္တို႔ကဲ့သို႔ “လူယဥ္ေက်း” တို႔ အလယ္၌ရွိေသာ ေလာဘ၊ ေဒါသ၊ မာန၊ အာဃာတမ်ိဳးတို႔သည္ နကမၸတိ မရွိ ျဖစ္ေခ်၏။ စစ္သည္ လည္းေကာင္း၊ စစ္၏ ေရေသာက္ျမစ္ျဖစ္ေသာ ဤေလာဘ၊ ေဒါသ၊မာန၊ အာဃာတ စေသာ သေဘာမ်ိဳးတို႔မွာ လူမွန္လွ်င္ ဧကန္မုခ် မလြဲမေသြရွိရေလမည့္
အရာမ်ား မဟုတ္ေခ်။ ရွိေသာလူအုပ္စုတို႔၌ ရွိ၍ ကင္းေသာလူအုပ္စုတို႔၌ ကင္းေပသည္။ လူသည္ သဘာဝအၿမဲအားျဖင့္ ၿငိမ္းခ်မ္းလည္း မၿငိမ္းခ်မ္း၊ ၾကမ္းတမ္းလည္း မၾကမ္းတမ္းေခ်။ ၿငိမ္းခ်မ္းမည္၊ ၾကမ္းတမ္းမည္မွာ ပတ္ဝန္းက်င္ ဩကာသေလာကႏွင့္ လူမႈေလာကေပၚ၌ လုံးဝ မွီတြယ္ေနေပသည္။

လူ၌ မွန္ကန္တည္ၿမဲေသာ သေဘာတရပ္သည္မူ ရွိေပသည္။ လူသည္ တဦးခ်င္းအေနႏွင့္ လည္းေကာင္း၊ အုပ္စုအေနႏွင့္ လည္းေကာင္း ထာဝရ ျပႆနာ ေျဖရွင္းေနေပသည္။ အေျခအေနႏွင့္ အခြင့္အေရးကို မွီ၍ လူသည္ ၿငိမ္းခ်မ္းေသာနည္းႏွင့္ ျဖစ္ေစ၊ ၾကမ္းတမ္းေသာနည္းႏွင့္ ျဖစ္ေစ ျပႆနာကို ေျဖရွင္းတတ္ေပသည္။

လူသမိုင္းတေလွ်ာက္ရွိ လူ၏ လႈပ္ရွားမႈအရပ္ရပ္ကို ျပႆနာေျဖရွင္းမႈအျဖစ္ႏွင့္ ျမင္ႏိုင္ေပသည္။

ေျဖရွင္းဖြယ္ ျပႆနာမ်ားမွာ သဘာဝေဘးရန္ႏွင့္ သားရဲတိရစာၦန္တို႔၏ အႏၲရာယ္မွ်သာ ျဖစ္ေသာ ကမာၻဦးလူတို႔၏ေခတ္တြင္ လူလူခ်င္း တိုက္ခိုက္မႈသည္ မရွိ။ စည္းလုံး ႐ိုင္းပင္းမႈသာ ရွိေပသည္။ ႐ိုးသားမွန္ကန္ေသာ အသုံးခ်မႈအတြက္ ကုန္ထုတ္လုပ္ငန္းရွိေသာေခတ္ျဖင့္ ယေန႔တိုင္ ဤစီးပြားေရးစနစ္မ်ိဳး ရွိေသးေသာ လူအုပ္စုတို႔အလယ္တြင္ စစ္သည္ လည္းေကာင္း၊ ၿပိဳင္ဆိုင္မႈသည္ လည္းေကာင္း၊ ပုဂၢလိကသေဘာ အေထြေထြတို႔သည္ လည္းေကာင္း ကင္းမဲ့ေပသည္။

လူမႈေလာကသည္ အဘက္ဘက္၌ က်ယ္ဝန္းနက္နဲ သိမ္ေမြ႕ရႈပ္ေထြးလာေသာအခါ လူ၏ ေျဖရွင္းဖြယ္ ျပႆနာအရပ္ရပ္မွာ ပိုမို၍ လူမႈဆန္လာေပသည္။ သဘာဝေလာက စည္းမ်ဥ္းတို႔ထက္ လူမႈေလာကစည္းမ်ဥ္းတို႔က ပို၍ အေရးပါ ထိေရာက္လာသည္။

လူ၏ ျပႆနာေျဖရွင္းနည္းတို႔သည္လည္း ေထြျပားနက္နဲ သိမ္ေမြ႕လာသည္။ အသိဉာဏ္ရွိေသာ လူသည္ ၿငိမ္းခ်မ္းေသာ ျပႆနာေျဖရွင္းနည္းႏွင့္ ၾကမ္းတမ္းေသာ ျပႆနာေျဖရွင္းနည္း ႏွစ္မ်ိဳးတို႔၏ အက်ိဳး၊ အျပစ္ကို ျမင္လာသည္။ ျမင္လာေသာ အက်ိဳး၊ အျပစ္တို႔ကို မွီ၍ ပိုမိုထိေရာက္ ေကာင္းမြန္ေသာနည္းကို ေဝဖန္ပိုင္းစစ္ ေ႐ြးခ်ယ္လာသည္။

အၾကမ္းနည္း၏ အရႈံးမ်ားျခင္းအျဖစ္ကို လည္းေကာင္း၊ လတ္တေလာသာ တည္ၿမဲ ေသာ အက်ိဳးမ်ိဳးသာ ရရွိႏိုင္ျခင္းသေဘာကို လည္းေကာင္း၊ ရန္မေအးေသာ သဘာဝကို လည္းေကာင္း သိျမင္လာသည္။ ထာဝရတည္ၿမဲေသာ အက်ိဳးကို လည္းေကာင္း၊ အနာဂတ္၏ ေျပျပစ္ျခင္းကို လည္းေကာင္း ေပးတတ္ေသာ အႏုနည္း၏သေဘာကို နားလည္လာသည္၊ လက္ခံလာသည္။ ဤ အက်ိဳး၊ အျပစ္ ျမင္သိျခင္း အေတြ႕အႀကဳံေပၚ မွီ၍ ၿငိမ္းခ်မ္းစြာ ျပႆနာ ေျဖရွင္းနည္းကို နားလည္ လက္ခံလာေသာ “အက်င့္” ကိုပင္ ေယဘုယ်အားျဖင့္ “လူ႔သဘာဝ” ဟု မည္သည့္ “ေမြးရာပါဗီဇသတၱိ” သေဘာမ်ိဳးကိုမွ် မရည္ၫႊန္းဘဲ ေခၚဆိုလာသည္။

တနည္းအားျဖင့္ အက်ိဳး၊ အျပစ္ ဆင္ျခင္၍ ျပႆနာေျဖရွင္းျခင္းကိုပင္ အသိဉာဏ္ယွဥ္ေသာ” အျပဳအမူဟု ေခၚဆိုလာသည္။ အဆင္ျခင္ကင္းေသာ “အသိဉာဏ္မဲ့”အျပဳအမူႏွင့္ ခြဲျခားျပဆိုလာသည္။ တစ တစျဖင့္ လူသည္ မိမိအက်ိဳးအတြက္ မိမိ ႀကိဳက္ႏွစ္သက္ သကဲ့သို႔ ျပဳမူ ေဆာင္႐ြက္ျခင္း၏ အျမတ္ကို ျမင္သိလာသည္။ လူတဦးႏွင့္
တဦးခ်င္း ျပႆနာ ေျဖရွင္းရာတြင္ အင္အားထက္ လူ႔ေလာကစည္းမ်ဥ္းႏွင့္ တရားဥပေဒကို ပိုမို အသုံးခ်လာသည္။ ဤသို႔ သေဘာရွိေသာ လူ႔သဘာဝ” (ဝါ) အသိဉာဏ္ယွဥ္ေသာ အျပဳအမူမ်ိဳးမွ လြဲခြၽတ္ေသာ အသိဉာဏ္မဲ့ေသာ အျပဳအမူမွန္သမွ်ကို “႐ူးသြပ္ျခင္း”ဟု လည္းေကာင္း၊ “ရာဇဝတ္မႈ” ဟု လည္းေကာင္း “လူတန္းလြဲျခင္း” အျဖစ္ အမ်ိဳးအစား ခြဲျခားဆိုစမွတ္ ျပဳၾကသည္။ စစ္ဟူသည္ကား လူဖန္တီးေသာ ျပႆနာေျဖရွင္းနည္းတရပ္သာ ျဖစ္ေပသည္။ သို႔ရာတြင္ အ႐ိုင္းဆုံး၊ အညံ့ဆုံး၊ အဓိပၸာယ္ အကင္းမဲ့ဆုံး၊ ေခတ္မမီဆုံးေသာ ျပႆနာ ေျဖရွင္းနည္းတရပ္သာတည္း။ စစ္သည္ ရာဇဝတ္မႈျဖစ္၍ ႐ူးသြပ္ျခင္းလည္း ျဖစ္ေပေသးသည္တကား။

(၄)

ကမာၻ႔စိတၱဇေရာဂါ

ယခုအခါ “ဘုံသုဥ္းကိန္း” ေဘးအႏၲရာယ္ကို ၫႊန္ျပ၍ စစ္တားဆီးေရးကို ေအာ္ေဖာ္ ရလာေသာ ဆာဝင္စတန္ခ်ာခ်ီသည္ တခါက စစ္ကို “ဘဝမဟာ”ဟု ကင္ပြန္းတပ္ခဲ့ဖူးသည္။ သို႔ရာတြင္ စိတ္ပညာရွင္တို႔၏ အျမင္တြင္ စစ္ ဟူသည္မွာ ႐ူးသြပ္ျခင္းမွ်သာ ျဖစ္ပါ၏။ အဆိုးဝါးဆုံး၊ ေၾကာက္မက္ဖြယ္ အေကာင္းဆုံး၊ ႏွလုံးပ်က္ဖြယ္ အေကာင္းဆုံးေသာ ႐ူးသြပ္ျခင္းပင္ ျဖစ္ပါ၏။

စစ္၏တန္ဖိုးကို စစ္၏ ျဖဳန္းတီးမႈကပင္ တိုင္းတာျပပါ၏။ စစ္ေၾကာင့္ ေသြးေခ်ာင္း စီး ပ်က္စီးကုန္ရေသာ အသက္တို႔သည္ လည္းေကာင္း၊ ဆုံးပါးခဲ့ရေသာ ဓနပစၥည္းတို႔သည္ လည္းေကာင္း စစ္ကို ႐ူးသြပ္ျခင္းအျဖစ္မွလြဲ၍ ဘာအျဖစ္ႏွင့္မွ် မျပပါေပ။

၁၉၃ဝ ျပည့္ႏွစ္ ေနာက္ပိုင္းဆီ၌ ျဖစ္ပြားခဲ့ေသာ သုံးႏွစ္ၾကာသည့္ စပိန္ျပည္တြင္းစစ္သည္ လူႀကီး၊ ေယာက္်ား၊ မိန္းမ၊ ကေလးမ်ားအပါ အဝင္ လူ
တသန္းကို ေသေက်ပ်က္စီးေစခဲ့သည္။ တ႐ုတ္ – ဂ်ပန္စစ္၏ ပထမ သုံးႏွစ္ပိုင္းအတြင္းတြင္ပင္ လူႏွစ္သန္းေက်ာ္ ေသေက်ခဲ့သည္။ ႏိုင္ငံေပါင္းခ်ဳပ္အသင္းႀကီး၏ စာရင္းအရ ပထမကမာၻစစ္ႀကီးေၾကာင့္ လူေပါင္း ဆယ္သန္းခန႔္ အေသအခ်ာ ေသခဲ့၍ ေနာက္ထပ္ သုံးသန္းခန႔္လည္း ေသသည္ဟု ယူဆခဲ့ရသည္။ လူေျခာက္သန္းေက်ာ္မွာ ေသလုနီးပါး ဒဏ္ရာရခဲ့၍ က်န္ဆယ့္ေလးသန္းမွာလည္း အေတာ္ပင္ ဒဏ္ရာရခဲ့ေလသည္။ ဗာဒန္ေဒသတဝိုက္ရွိ စစ္မ်က္ႏွာတခုတည္းတြင္ လူေပါင္း တသန္း ေသဆုံးခဲ့သည္။ ဒုတိယကမာၻစစ္ေၾကာင့္ လူေပါင္း သန္းေပါင္းေျမာက္ျမားစြာ ပထမ ကမာၻစစ္ထက္ ပိုမို ေသေက်ရသည္ကို သိၾကရသည္။ အဘယ္မွ် ပိုမို ေသေက်သည္ ဆိုသည္ကိုမခန႔္မွန္းႏိုင္ေလာက္ေအာင္ပင္ ရွိရေပသည္တကား။

စစ္စရိတ္ ကုန္က်ေငြကား အဆမတန္ မ်ားျပားလွေခ်သည္ ျဖစ္၏။ ၁၉၃ဝ ေနာက္ပိုင္းဆီက မိုးပ်ံခံတပ္ အမ်ိဳးအစား ေလယာဥ္ပ်ံတစီးအတြက္ ၁၉၃ဝ ႏွစ္ဆယ့္ငါးသိန္း ကုန္က်သည္ကို ေထာက္ရႈ၍ လည္းေကာင္း၊ လက္နက္အဂၤါ အျပည့္အစာ စစ္သေဘၤာတစီး အတြက္ ေဒၚလာသန္းေပါင္း ေျခာက္ဆယ္ ကုန္က်သည္ကို ေထာက္ရႈ၍ လည္းေကာင္း၊ ဒုတိယကမာၻစစ္အတြင္း အဘယ္မွ် ႐ူး႐ူးမိုက္မိုက္ ျဖဳန္းတီးပစ္ခဲ့သည္က ခန႔္မွန္းၾကည့္ႏိုင္သည္။ ပထမ ကမာၻစစ္၏ အကုန္အက်ကို ေဒၚလာတရာ့ကိုးဆယ္ ဘီလ်ံမွ် ရွိသည္ဟု အေတာ္အတန္ တိက်စြာ ခန႔္မွန္းခဲ့ႏိုင္သည္။ တဘီလ်ံလွ်င္ သန္းေပါင္းတေထာင္ ရွိသည္။ ဆုံးရႈံးခဲ့ေသာ ပစၥည္းမ်ား၏ တန္ဖိုး၊ ကုန္ထုတ္ ကုန္သြယ္လုပ္ငန္းမ်ားကို ထိခိုက္ ရပ္တန႔္ခဲ့သျဖင့္ နစ္နာမႈမ်ား၏ တန္ဖိုး စသည္တို႔ကိုပါ ထည့္၍တြက္လွ်င္ တကယ္ ကုန္က်စရိတ္မွာ ေဒၚလာေပါင္း ဘီလ်ံေလးရာမွ် ရွိေပလိမ့္မည္။ ဒုတိယကမာၻစစ္တြင္ ၁၉၄ဝ ျပည့္ႏွစ္အတြင္း ၿဗိတိန္ တျပည္တည္းသည္ “တေန႔” အတြက္ စစ္စရိတ္ေပါင္ေပါင္း ေျခာက္သန္း သုံးခဲ့ရသည္။ ပစၥည္းဆုံးရႈံးမႈႏွင့္ ကုန္ထုတ္ ကုန္သြယ္လုပ္ငန္း ထိခိုက္မႈေၾကာင့္ ဆုံးရႈံးမႈစရိတ္မ်ားမွာမူ ခန႔္မွန္း၍ မျဖစ္ႏိုင္ခဲ့ေပ။ ၁၉၄၅ ခု ေမလ၌ ဥေရာပစစ္မ်က္ႏွာ ၿပီးဆုံးသြားခ်ိန္အထိ စုစုေပါင္း စစ္စရိတ္ ကုန္က်မႈမွာ ေဒၚလာေပါင္း တထရီလ်ံဟု ခန႔္မွန္းရသည္။ တထရီလ်ံတြင္ ဘီလ်ံေပါင္း တေထာင္ ရွိ၏။ ဤတြင္ အေရွ႕ဖ်ား ပစိဖိတ္သမုဒၵရာ အပိုင္း၌ ဆက္လက္ တိုက္ခိုက္လ်က္ ရွိေသးေသာ စစ္ပြဲတို႔၏စရိတ္ မပါေသးေခ်။

လူမႈေကာင္းက်ိဳးလုပ္ငန္းတို႔ မည္မွ် ထိခိုက္ကုန္၍ လူတို႔အား မည္မွ် “ကပ္ဆိုက္” ေစသည္ကို စစ္ၿပီးေသာအခါ စစ္ပြဲတြင္ ဝင္ႏႊဲခဲ့ေသာ ၿဗိတိန္၊ ျပင္သစ္၊ ဂ်ပန္ႏွင့္ အျခားက်န္ ျပည္မ်ားတြင္ လည္းေကာင္း၊ စစ္ပြဲ၌ မပါေသာ္လည္း ဗမာျပည္ကဲ့သို႔ေသာ “ေျမစာပင္” ႏိုင္ငံအမ်ားတြင္ လည္းေကာင္း ထင္ရွားစြာ ေတြ႕ရသည္။ ဤမွ် ျဖဳန္းတီးခဲ့ေသာ ေငြေၾကး ဥစၥာမ်ားအား ပညာေရး သုေတသနလုပ္ငန္းမ်ား၊ ျပည္သူ႔က်န္းမာမႈလုပ္ငန္းမ်ား၊ လမ္းပန္း ဆက္သြယ္ေရးလုပ္ငန္းမ်ားႏွင့္ အျခားအလားတူ စီမံကိန္းမ်ားအတြက္သာ သုံးခဲ့မည္ဆိုပါက လူ႔ေလာကတြင္ ေျပာမျပႏိုင္ေအာင္ပင္ အက်ိဳးေက်းဇူး ပြားမ်ားလွေပမည္။ ယခုမူ ဤလုပ္ငန္းမ်ိဳးမ်ားအတြက္ သာမန္သုံး႐ိုးသုံးစဥ္ ရန္ပုံေငြမ်ားမွ ဖဲ့၍ စစ္၌ ျဖဳန္းတီးခဲ့ေပသည္ တကား။ စစ္ၿပီးေသာအခါ ႏိုင္ငံတိုင္းလိုပင္ ေဒဝါလီ ခံရမတတ္ျဖစ္၍ ကပ္သုံးပါးကို ရင္ဆိုင္ၾကရပါ၏။

ဤမွ် အဓိပၸာယ္မဲ့ေသာ၊ ဤမွ် ထိခိုက္ နစ္နာေစတတ္ေသာ၊ ဤမွ် အက်ိဳးယုတ္ေစတတ္လွေသာ စစ္ကိုမွ ႐ူးသြပ္ျခင္းဟု မေခၚလွ်င္ အဘယ္အရာကို ႐ူးသြပ္ျခင္းဟု ေခၚဆိုပါမည္နည္း။ ထို႔ေၾကာင့္ပင္ စစ္အား မကၠာေလးက “အင္မတန္မွ သားရဲတိရစာၦန္ ဆန္ေသာအေတြ႕အႀကဳံ” ဟု ရႈတ္ခ်ျပစ္တင္ေရးခဲ့ျခင္း ျဖစ္ေပသတည္း။

(၅)

ကမာၻ႔ရန္သူမ်ိဳးေလးပါး

ဤမွ် ယုတ္ညံ့နိမ့္က်စစ္ကို တိုက္ခိုက္သင့္ေလာက္ေအာင္ လုံေလာက္ ျပည့္စုံ ေကာင္းမြန္ေသာ ဆင္ေျခအေၾကာင္းအခ်က္သည္ ဤေလာကတြင္ မရွိေပ။

“ထာဝရ ၿငိမ္းေအး ခ်မ္းသာေရးကို စစ္ျဖင့္ လည္းေကာင္း၊ သတ္ျဖတ္တိုက္ခိုက္ ျခင္းျဖင့္ လည္းေကာင္း၊ ေသြးထြက္သံယိုမႈျဖင့္ လည္းေကာင္း အဆုံးသတ္ရယူမည္” ဟူေသာ ေႂကြးေၾကာ္သံထက္ ပိုမို ႐ူးသြပ္ေသာ ေႂကြးေၾကာ္သံသည္လည္း မရွိၿပီ။ ေသြးႏွင့္ပ်ိဳးလွ်င္ ေသြးပင္သာ ေပါက္ေပမည္။ အမုန္းႏွင့္ရင္းလွ်င္ အမုန္းပင္ အျမတ္ထြက္ေပမည္။ သတ္ျခင္းႏွင့္စလွ်င္ ေသျခင္းပင္ ဆုံးေပမည္။

ပထမကမာၻစစ္ႀကီးကို “စစ္ကိုအဆုံးသတ္ေစမည့္စစ္”ဟု ကမာၻသူ ကမာၻသားတို႔ ေမွ်ာ္လင့္တႀကီး ယူမွတ္ခဲ့သည္။ ပထမကမာၻစစ္ႀကီးကား စစ္ကို အဆုံးသတ္ေစသည့္ စစ္ကား မဟုတ္၊ ပိုမိုဆိုးဝါး ရက္စက္ေသာ “စစ္ကို ေမြးဖြားေပးသည့္ မိခင္စစ္” သာတည္း။ ယခု မ်က္ေမွာက္ေခတ္၌ အျငင္းပြားေနၾကေသာ ဝါဒအေထြေထြတို႔သည္လည္း စစ္ထတိုက္ေလာက္ေအာင္ မြန္ျမတ္ အဖိုးတန္လွေသာ ဝါဒမ်ား မဟုတ္ၾက။ လူသန္းတရာ၏ အသက္ေသြးႏွင့္ လဲယူေလာက္ေအာင္ ထိုက္တန္ေသာ ဝါဒသည္ ဤကမာၻမွာ မေပၚဖူး၊ ေပၚလိမ့္မည္လည္း မဟုတ္။

မည္သည့္ ဝါဒသည္မွ် သူ႔အလိုသူ အဆုံးသတ္မွန္ကန္ၿပီးေသာ ခရီးပန္းတိုင္ သစၥာတရား မဟုတ္ေခ်။ ပန္းတိုင္သို႔သြားရန္ လူခန႔္မွန္းထားေသာလမ္းမွ်သာ ျဖစ္ေခ်သည္။ ေကာင္းႏိုး ထင္ေသာ “ေဖာ္နည္းကား” မ်ားမွ်သာ ျဖစ္ေခ်၏။

လူ၏အမွားကား ကိုယ္ယုံၾကည္သည္ကို အမွန္ထင္ျခင္းေပတည္း။ “ယုံၾကည္မႈ” သည္ ယုံၾကည္မႈမွ်သာ ျဖစ္၍ အမွန္မဟုတ္ေခ်။ ထို႔ေၾကာင့္ပင္ ကမာၻ႔ပညာရွင္တဦးက “ကြၽႏ္ုပ္ ယုံၾကည္သည္မွာ မယုံၾကည္ရန္ပင္ ျဖစ္၏” ဟု ေရးသားခဲ့ျခင္း ျဖစ္ေလသည္။ ကမာၻ႔ထာဝရ ရန္သူမ်ားကို ျမင္ရန္သည္သာ အေရးႀကီးေပသည္။ စိတ္ပညာရွင္ တဦးက ဤသို႔ ေရးသားခဲ့ေလသည္။

“စည္း႐ုံးညီညာ တကမာၻသို႔ ခ်ီတက္ရာလမ္းခရီးရွိ အေႏွာင့္အယွက္ အဖ်က္အဆီးတို႔မွာ အျခား မဟုတ္၊ လူသား၏ ထာဝရရန္သူႀကီးေလးပါးျဖစ္ေသာ ဆင္းရဲျခင္း၊ ငတ္မြတ္ျခင္း၊ ေရာဂါဘယႏွင့္ ပညာမဲ့ျခင္း ေမာဟတို႔သာတည္း”

မည္သည့္ဝါဒကို လိုက္သည္ ျဖစ္ေစ၊ ဤ ရန္သူမ်ိဳးေလးပါး ကမာၻေျမျပင္မွ ေပ်ာက္ကြယ္ေရးသည္သာ အဓိကျဖစ္ေပသည္။ မည္သည္ကအစ မည္သည္ကအဆုံးဟု မဆိုဘဲ မည္သည္က အဆိုးဆုံးဟု ဆိုလွ်င္ ပညာမဲ့ျခင္း ေမာဟသည္သာ အဆိုးဆုံး ျဖစ္ေခ်၏။ ပညာႏွင့္ ပညာ၏ အသီးအႏွံျဖစ္ေသာ အတတ္သည္သာ ဆင္းရဲျခင္းကို လည္းေကာင္း၊ ငတ္မြတ္ျခင္းကို လည္းေကာင္း၊ ေရာဂါဘယကို လည္းေကာင္း၊ ေမာဟကို လည္းေကာင္း ဤကမာၻေျမျပင္မွ ေမာင္းႏွင္ သုတ္သင္ႏိုင္ေပသည္။

ယေန႔ကမာၻတြင္ ျဖစ္ေပၚေနေသာ စစ္ေအးသည္ လည္းေကာင္း၊ စစ္ပူတို႔သည္ လည္းေကာင္း၊ အျခား အျခားေသာ တင္းမာမႈတို႔သည္ လည္းေကာင္း အားလုံးသည္ ဤ ကမာၻ႔ရန္သူႀကီးေလးပါး၏ စနက္ေၾကာင့္သာတည္း။ ဤ ရန္သူႀကီးေလးပါးကို ဖယ္ရွားႏိုင္ေသာ ယေန႔ ကမာၻ႔ေခါင္းေဆာင္မ်ားသည္ အနာဂတ္ကမာၻ၏ တကယ့္ “ကယ္တင္ရွင္မ်ား” ျဖစ္လာၾကေပမည္။

ယေန႔ ကမာၻ႔ေခါင္းေဆာင္မ်ားသည္ ဤ ရန္သူႀကီးေလးပါးကို မျမင္ မဟုတ္၊ မသိ မဟုတ္၊ သိၾက၏၊ ျမင္ၾက၏။ သို႔ရာတြင္ ၄င္းတို႔ကို ဤကမာၻေျမျပင္မွ မည္သည့္နည္းႏွင့္ ဖယ္ထုတ္မည္ ဆိုသည့္ ေနရာ၌ ကြဲလြဲၾကသည္။ “ေဖာ္နည္းကား” ၌ ျခားနားၾကသည္။ “ပန္းတိုင္” အတြက္ မဟုတ္၊ “နည္းလမ္း” အတြက္ အျငင္းပြားၾကသည္။ သို႔ျဖင့္ ပန္းတိုင္သည္ မႈန္ေမွး ေပ်ာက္ကြယ္ကာ နည္းလမ္းသည္ပင္ ပန္းတိုင္ ျဖစ္လာသည္။ ဤတြင္ ေမာဟ၏ အသီးအႏွံလည္းျဖစ္ေသာ “ငါစြဲ”သည္ ျပင္းျပင္းထန္ထန္ ေတာက္ေလာင္လာသည္။

ငါပိုင္သည္သာ အမြန္ျဖစ္၍ ငါယုံသည္သာ အမွန္ျဖစ္သည္ဟူေသာ သေဘာသည္ ေရွ႕တန္းမွ ႀကံ့ႀကံ့ခံလာသည္။

ဤ ငါစြဲ၏ ၿခိမ္းေျခာက္ေနေသာ အႏၲရာယ္ကိုပင္လွ်င္ ပါေမာကၡ တြိဳင္ဘီးသည္ ေအာက္ပါအတိုင္း ၫႊန္ျပခဲ့သည္။

“လူထက္လည္း ႐ုပ္အင္အားႀကီးေသာ၊ လက္ရွိ လူ၏ ဤကမာၻကို စိုးမိုးခဲ့ေသာ သက္တမ္းထက္ အဆမ်ားစြာ ပိုရွည္ၾကာသည့္ စိုးမိုးမႈသက္တမ္းကိုလည္း စိုက္ထူခဲ့ေသာ သတၱဝါႀကီးမ်ားစြာပင္ သဘာဝ၏ အင္အားမ်ားကို မႏိုင္နင္းေလ၍ ဤကမာၻေျမျပင္မွ အစတုံး ေပ်ာက္ကြယ္သြားၾကခဲ့ရေလၿပီ။ အႏွစ္ရွစ္ေသာင္းႏွင့္ တသိန္းၾကားဟုသာ ခန႔္မွန္းရေသာ တိုေတာင္းလွသည့္ စိုးမိုးမႈကိုသာ စိုက္ထူခဲ့ရေသးေသာ လူသည္ သဘာဝေလာက ဥပေဒမ်ား၊ အင္အားမ်ားကို ႏွိမ္နင္းေအာင္ျမင္ ယဥ္ပါးေစႏိုင္႐ုံမွ်ႏွင့္ မာန္မာန မတက္သင့္ေသး။ လူသည္ မိမိ၏ အဇၩတၱသႏၲာန္ရွိ ငါတည္းဟူေသာ မာနဆင္႐ိုင္းကို မႏိုင္နင္းေသး၊ မေအာင္ျမင္ေသး၊ မယဥ္ပါးေစရေသး။ ဤ မာနဆင္႐ိုင္းသည္ပင္ ဤကမာၻမွ လူသား၏ ဇာတ္လမ္းဆုံးခန္းကို ပို႔စြမ္းႏိုင္သည္။”

တြိဳင္ဘီး၏ စကားသည္ ေသြးထြက္ေအာင္ မွန္လွေပသည္ တကား။ အတိတ္ ရာဇဝင္ႏွင့္ လည္းေကာင္း၊ ပစၥဳပၸန္ျဖစ္ရပ္တို႔ႏွင့္ လည္းေကာင္း ညီၫြတ္မွန္ကန္လွစြာတကား။ လူသည္ တဦးႏွင့္
တဦးၾကား ျခားနားေသာ ျပႆနာကို ေျဖရွင္းရာ၌ “အင္အား သည္သာ အမွန္” ဟူ၍ အၾကမ္းနည္းသုံးျခင္းကို စြန႔္လႊတ္လ်က္ “အမွန္သည္သာ အင္အား”ဟု ၿငိမ္းခ်မ္းေသာနည္းကို လက္ခံကာ “ဥပေဒႏိုင္ငံ” တည္ေဆာက္လာႏိုင္သည္အထိ တိုးတက္လာခဲ့သည္။ ကမာၻ႔ေရးရာမ်ား ေျဖရွင္းရာ၌မူ အဘယ္ေၾကာင့္ ဥပေဒႏွင့္ ပညာ၏ ဦးေဆာင္မႈကို ထိထိေရာက္ေရာက္ မလိုက္နာၾကေသးပါ သနည္း။ အရႈံး အျမတ္ကို ျမင္သိနားလည္၍၊ ဤ ျမင္သိနားလည္ျခင္း အေတြ႕အႀကဳံကို မွီ၍ တိုးတက္ေျပာင္းလဲႏိုင္ေသာ လူသည္ အဘယ္ေၾကာင့္ ဤကမာၻေျမဝယ္ သာယာစိုျပည္ေသာ ဥပေဒႏွင့္ ပညာႏိုင္ငံကို အဆုံး မတည္ေဆာက္ၾကေသးပါသနည္း။

တခ်ိန္တြင္ ဤသို႔ သေဘာရွိေသာ ႏိုင္ငံေတာ္သည္ ေပၚေပါက္ခ်ိမ့္မည္။ ထိုအခ်ိန္သို႔ မေရာက္မခ်င္း လူသားႏွင့္စစ္၊ စစ္ႏွင့္လူသားသည္ ခြဲျခား ကင္းကြာႏိုင္မည္မဟုတ္ေသးေခ်တကား။

(၆)

လင္းေရာင္ျခည္ဦး

စစ္ ဟူသည္မွာ ေမာဟ လကြယ္ည၏ ေမွာင္မိုက္ျခင္းျဖစ္၍ ၿငိမ္းခ်မ္းေရးသည္ ပညာ နံနက္ခင္း၏ လင္းေရာင္ျခည္သစ္ ျဖစ္ေပသည္။ ဤကမာၻေျမဝယ္ ပညာနံနက္ မိုးေသာက္မလင္းမီ အေမွာင္ထုသည္ မင္းမူေပဦး မည္။ သို႔တေစ မဂၤလာရွိေသာ နံနက္ခင္း၏ လင္းေရာင္ျခည္ဦးတို႔သည္မူ ထိုးျပဴထြက္စ ျပဳေပၿပီ။ ပညာ့ႏိုင္ငံေတာ္ ေရာမၿမိဳ႕ကို
တေန႔ခ်င္းႏွင့္ ၿပီးေအာင္မူ မေဆာက္ႏိုင္ေခ်။ ပညာႏိုင္ငံေတာ္တည္၍ ဥပေဒ ဥကင္ကနက္ ပိုင္ပိုင္ မျဖန႔္ၾကက္ႏိုင္ေသးမီ ေအာက္ပါ လက္ေတြ႕ဆန္ေသာ အခ်က္မ်ားကို လက္ခံက်င့္သုံးျခင္းျဖင့္ လူသားသည္ စစ္ကို ဟန႔္တားႏိုင္သည္။

(၁) ကြဲျပားျခားနားျခင္းကို အသိအမွတ္ျပဳ၍ ကြဲျပားျခားနားျခင္းကို သည္းခံ ႏိုင္ရမည္။ ဤသေဘာကိုပင္ ဒီမိုကေရစီဟု ေခၚဆိုေပသည္။

(၂) လူတဦးခ်င္းအေနႏွင့္ အျခားတဦးကို မထိခိုက္ မနစ္နာေစသေ႐ြ႕ လြတ္လပ္စြာ ေျပာဆိုေရးသား ေဖာ္ျပႏိုင္ခြင့္၊ လြတ္လပ္စြာ စည္း႐ုံးေပါင္းသင္းႏိုင္ခြင့္တို႔ ရွိရေပမည္။ ဤသေဘာကား အေျခခံ လြတ္လပ္ခြင့္ေပတည္း။

(၃) လူအုပ္စုတစုက အျခားအုပ္စု တစုအား စီးပြားေရးအရ လည္းေကာင္း၊ စစ္ေရးအရ လည္းေကာင္း၊ ႏိုင္ငံေရးအရ လည္းေကာင္း၊
ဝါဒေရးအရ လည္းေကာင္း၊ လူမႈေရးအရ လည္းေကာင္း တိုက္႐ိုက္ ျဖစ္ေစ၊ သြယ္ဝိုက္ေသာနည္းႏွင့္ ျဖစ္ေစ မဖိႏွိပ္၊ မခ်ဳပ္ခ်ယ္၊ မၿခိမ္းေျခာက္ မက်ဴးေက်ာ္ရ။ တနည္းဆိုေသာ္ နယ္ခ်ဲ႕စနစ္ မူေဟာင္းႏွင့္ မူသစ္ ႏွစ္မ်ိဳးလုံးအား တားျမစ္ဖယ္ရွားရမည္။

(၄) လူကို လူမႈစက္ယႏၲရား၏ အသက္မဲ့ေသာ ဝက္အူတေခ်ာင္း၊ ေခြးသြားစိပ္ တစိပ္ အျဖစ္
မယူဆဘဲ လူႏွင့္ထိုက္တန္ေသာ ႐ိုေသမႈ၊ ေလးစားမႈ၊ ခ်စ္ခင္မႈ၊ ကာကြယ္မႈတို႔ကို ေပးရမည္။

(၅) လူ၏ ကံၾကမၼာကို ဖန္တီးရာ၌ လူတေယာက္၊ လူတစု၊ အဖြဲ႕အစည္းတစု၏ လက္ထဲ၌သာ အာဏာတန္ခိုးသည္ မတည္ရွိရေပ။ တနည္းဆိုေသာ္ အတိုက္အခံ အၿပိဳင္အဆိုင္ ျငင္းဆိုႏိုင္ခြင့္ရွိေသာ ပါလီမန္ အုပ္ခ်ဳပ္ေရးသည္သာ ရွိရမည္။

(၆) တိုးတက္၍ အားႀကီးေသာ ႏိုင္ငံတို႔သည္
မတိုးတက္ေသး၍ အားငယ္ေသာ ႏိုင္ငံတို႔အား
အထူးအခြင့္အေရးႏွင့္ အကူအညီကို ေပးရမည္။

(၇) ၿငိမ္းခ်မ္းေရး ႀကိဳးပမ္းရာ၌ ဆန႔္က်င္ဘက္
မအပ္စပ္ေသာ စြပ္စြဲမႈမ်ား၊ အျပန္အလွန္ စြပ္စြဲမႈမ်ား၊ မယုံသကၤာမႈမ်ား၊ ေစာ္ကား ၿခိမ္းေျခာက္မႈမ်ား၊ အ႐ြဲ႕တိုက္မႈမ်ားကို ေရွာင္ၾကဥ္ရမည္။

(၈) အမွားကို ဝန္ခံရဲ၍ အမွားကို ဝန္ခံသူအား ခြင့္လႊတ္ ေလးစားႏိုင္ရမည္။ ဤသည္တို႔ကား ကမာၻ႔ၿငိမ္းခ်မ္းေရး၊ လူသားႏွင့္စစ္ ကင္းေဝးေရးတို႔အတြက္ တည္ေဆာက္က်င့္ႀကံအပ္ေသာ ရွစ္ပါးေသာ သီလတည္း။

ဤသေဘာတို႔ကား အသစ္အဆန္း မဟုတ္။ ကုလသမဂၢ ပဋိညာဥ္ စာခ်ဳပ္ႀကီး၌ အခ်ိဳ႕မွာ ပါၿပီး ျဖစ္ေခ်သည္။

စင္စစ္ ကုလသမဂၢႀကီးသည္ လူသား၏ ေမွ်ာ္လင့္အားထားဖြယ္ပင္ ျဖစ္ေပ၏။ ကုလသမဂၢႀကီးသည္ လူ႔သမိုင္းတေလွ်ာက္၌ ႏႈိင္းဘက္တုမဲ့ေသာ လူသား၏ ေအာင္ျမင္မႈႀကီးပင္ ျဖစ္ေပသည္။ အနာဂတ္ကာလ၏ ပညာႏွင့္ ဥပေဒႏိုင္ငံေတာ္၏ ေရွ႕ေျပးစံနမူနာပင္ ျဖစ္ေပသည္။

ကုလသမဂၢ၌ ခြၽတ္ယြင္းမႈမ်ား ရွိေပသည္။ ညံ့ဖ်င္းမႈမ်ားလည္း ရွိသည္။ သို႔ရာတြင္ ကုလသမဂၢ၏ ေအာင္ျမင္မႈမ်ား၊ စြမ္းေဆာင္မႈမ်ားလည္း မ်ားစြာပင္ ရွိေပသည္။ အႏွစ္ ရာေပါင္းခ်ီ၍ ျပဳစုပ်ိဳးေထာင္ ျပင္ဆင္လာေသာ ၿဗိတိသွ်ပါလီမန္ စနစ္၌ ပင္ အျပစ္အနာအဆာ လုံးဝ မကင္းမဲ့ေသး။ ဆယ္ႏွစ္ေက်ာ္ေက်ာ္သာ သက္တမ္းရွိေသးေသာ ကုလသမဂၢသည္ ဘယ္နည္းႏွင့္မွ် စင္းလုံးေခ်ာ မျဖစ္ႏိုင္ေသး။ စင္းလုံးေခ်ာျဖစ္ရန္ စြမ္းေဆာင္ေရးမွာ လူသားတိုင္း၏တာဝန္ပင္ ျဖစ္သတည္း။

(၇)

မန္းေတာင္ရိပ္မွ မိုးေသာက္ၾကယ္

မႏၲေလးၿမိဳ႕ တည္ၿပီးသည္မွ အႏွစ္တရာ့သုံးႏွစ္ အၾကာ၊ ျမန္မာျပည္အား ကိုလိုနီ နယ္ခ်ဲ႕စစ္ အၿပီးတိုင္ ဝါးမ်ိဳၿပီးသည္မွ ခုနစ္ဆယ့္သုံးႏွစ္အလြန္၊ ျမန္မာ့လြတ္လပ္ေရး ရၿပီးသည္မွ ဆယ္ႏွစ္ အကြာတြင္ သီးသန႔္ျခားနား ထြန္းေျပာင္လာေတာ့မည့္ မႏၲေလးတကၠသိုလ္ကား ဗမာ့ၿငိမ္းခ်မ္းေရး၊ ကမာၻ႔ၿငိမ္းခ်မ္းေရးအတြက္ သုတိၾသဘာ မဂၤလာအျဖာျဖာ ျပည့္ဝလွပါဘိေတာ့သည္။

ဤအခ်က္တို႔ထက္ ၁၉၄၈-၄၉ ပညာႏွစ္အပိုင္းတြင္ ဗမာျပည္ ေမွာင္ႀကီးက်၍ ပညာ၏ ျပယုဂ္ျဖစ္ေသာ တကၠသိုလ္ေက်ာင္းတို႔ ပိတ္ကြယ္ဆိတ္သုဥ္းရသည္ႏွင့္ ေျဖာင့္ေျဖာင့္ ဆန႔္က်င္ကာ ၁၉၅၈ – ၅၉ ပညာႏွစ္ပိုင္းတြင္ သီးျခား ထြန္းေျပာင္လာေတာ့မည့္ မန္းတကၠသိုလ္ကား ၿငိမ္းခ်မ္းေရးအတြက္ အဓိပၸာယ္သက္ဝင္ ေလးနက္လွေသာ အတိတ္ေကာင္း နိမိတ္ျမတ္ပင္ ျဖစ္ေပသတည္း။

မန္းတကၠသိုလ္သည္ ပညာႏွင့္ ၿငိမ္းခ်မ္းေရး၏ မိုးေသာက္ၾကယ္ပင္ ျဖစ္ေပ၏

တခါက ဖက္ဆစ္ရန္ကို ဖယ္ရွားခဲ့ေသာ ကမာၻ႔သူရဲေကာင္းတဦးျဖစ္၍ ယခုမူ အုပ္စုႀကီးတစု၏ ေခါင္းေဆာင္ျဖစ္ေနရေသာ သမၼတ အိုင္ဆင္ေဟာင္ဝါ သည္ တႀကိမ္တြင္မူ ကိုလံဘီယာတကၠသိုလ္၏ အဓိပတိဘဝ ပညာရွင္တဦးအေနႏွင့္ တကၠသိုလ္ေက်ာင္းသားတို႔အား အဖိုးမျဖတ္ႏိုင္ေသာ ၫႊန္ၾကားခ်က္ ၾသဝါဒတခုကို ႁမြက္ဟခဲ့သည္။

“သင္တို႔၏ တာဝန္ကား ကြၽႏ္ုပ္တို႔ ေပ်ာက္သြားဖို႔ပင္တည္း”

သူ ဆိုလိုသည္ကား တကၠသိုလ္ေက်ာင္းသားတို႔၏ တာဝန္မွာ သူကဲ့သို႔ေသာ စစ္သားမ်ား မရွိေစရန္ ျဖစ္၏။ တနည္းဆိုေသာ္ ပညာ၏ ရည္႐ြယ္ခ်က္ကား ဤကမာၻေျမမွ စစ္ ဟူသည္ကို အၿပီးတိုင္ သုတ္သင္ဖယ္ရွားေရးပင္ ျဖစ္ေပသည္ ဟူ၏။

စစ္ႏွင့္လူသား၊ လူသားႏွင့္စစ္တို႔၏ ထာဝရကင္းကြာေရးအတြက္ ထက္ျမက္ေသာ လက္နက္ျဖစ္အပ္သည့္ ပညာ၏ ဗိမာန္တနန္းသည္ မန္းေတာင္ရိပ္ ျမကြၽန္းသာတြင္ တင့္႐ႊန္းျဖာျဖာ ေရာင္ဝါ ျမဴးကြန႔္အံ့ခ်ိမ့္မည္။ လင္းအ႐ုဏ္ဦးဝယ္ မိုးေသာက္ၾကယ္ထူးသည္ ပြင့္ဖူးေရာင္ေဝ တင့္လွ်ံၾကည္ဝင္း ေတာ့မည္ တကား။

တကၠသိုလ္ဘုန္းႏိုင္
၁-၉-၅၇

(ရည္ၫႊန္းခ်က္ ။ ။ ဤစာစုျဖင့္ မီးရႉးတန္ေဆာင္ ထြန္းေျပာင္ေတာ့မည့္ မႏၲေလးတကၠသိုလ္အား ဦးၫႊတ္ႀကိဳဆိုပါ၏။)

ခ်စ္ျခင္းမ်ားစြာျဖင့္
ဝတၳဳတို ဝတၳဳရွည္မ်ား