Unicode Version
စဉ့်အိုးထဲမှမင်းသား (သို့) သီဟသူ(စ/ဆုံး)
—————————-
သီဟသူကို ပုဂံဘုရင်ဥဇနာမင်းနှင့် တောင်ပြင်သည် မိဖုရားတို့မှ ဖွားမြင်ခဲ့သည်။
သီဟသူသည် ခရစ်နှစ်၁၂၅၅ ခုနှစ်တွင် အိမ်ရှေ့ ဥပရာဇာအရာ ရရှိခဲ့ပါသည်။သို့သော် ပုဂံထီးနန်းကို ဆက်ခံခွင့်ကား မရရှိခဲ့ပေ။ ပုဂံထီးနန်းကို ရရှိခဲ့သူမှာ ဥဇနာမင်းနှင့် ပန်းပွတ်သည်သမီး မိဖုရား စုလည်းထုံး တို့မှ ဖွားမြင်ခဲ့သူ နရသီဟပတေ့မင်းသာ ဖြစ်ပါသည်။
သီဟသူနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ် ရာဇဝင်ဇာတ်လမ်း တစ်ပုဒ်လည်း ရှိပါသေးသည်။ တစ်နေ့ အိမ်ရှေ့ မင်း သီဟသူ နောက်မှ ကြွလာသည်ကို အမတ်ကြီး ရာဇသင်္ကြန်က မမြင်သဖြင့် အင်္ကျီလက် မသိမ်းဘဲ နေ မိရာ သီဟသူက အင်္ကျီလက်တွင် ကွမ်းတံတွေး ထွေးလေသည်။
အိမ်ရှေ့မင်းသား လာသည်ကို မမြင်မိပါဟု တောင်းပန်သော်လည်း စိတ်မပြေဘဲ ရှိသည် ဆိုပါသည်။ အတေး အမှတ် ကြီးလှသည့် အမတ်ကြီးကလည်း ကွမ်းတံတွေး ပေနေသောအင်္ကျီကို သေတ္တာတွင်းထည့်၍ သိမ်းဆည်း ထားလေသည်။
ဤသို့သော အကြောင်းများကြောင့်ပင် အမတ်ကြီး ရာဇသင်္ကြန်က သီဟသူကို နန်းမရစေဘဲ အမိကွဲညီတော် နရသီဟပတေ့ကို နန်းရအောင် ကြံဆောင်ခဲ့သည် ဆိုပါသည်။
ဥဇနာမင်းသည် ဆင်ဖမ်းဝါသနာပါသူ ဖြစ်ရာ ဒလသို့ ကိုယ်တော်တိုင် ဆင်ဖမ်းထွက်ခဲ့သည်။ယင်းသို့ သွားရောက်ရင်း ဆင်ရိုင်းကြီး တစ်ကောင်က ထိုးသတ်သဖြင့် ဥဇနာမင်း ဒလတွင် နတ်ရွာစံလွန်သွားခဲ့သည်။ အမတ်ကြီး ရာဇသင်္ကြန်က အဖြစ်မှန်ကို အိမ်ရှေ့ ဥပရာဇာ သီဟသူထံ လျှောက်ထားခဲ့ရာ သင့်လျော်သလို သင်္ဂြိုဟ်ရန် အမိန့်တော် ချမှတ်ခဲ့သည်။
သို့ဖြင့် ရာဇသင်္ကြန် ဒလသို့ ရောက်ရှိလာပြီး ဘုရင့် သင်္ချိုင်းတော် အနီး၌ သူသိမ်းဆည်းထားသည့် ကွမ်းတံတွေး စွန်းထင်းနေသော အင်္ကျီကို ပြသကာ နောက်လိုက်အများကို စည်းရုံးပြောဆိုခဲ့သည် ဆို၏။ ယင်းနောက် ဒလတွင် ဆင်ဖြူတွေ့၍ ကြွရောက် သိမ်းပိုက်ပါရန် သီဟသူအား ဖိတ်ကြားပြီး ဆင်ဖြူတော်ကြည့် လာရောက်ချိန်တွင် လုပ်ကြံကာ နရသီဟပတေ့အား ထီးနန်းရရှိစေခဲ့သည် ဆိုပါသည်။
နရသီဟပတေ့ကလည်း ကျေးဇူးဆပ်မည်ဟု ကတိကဝတ် ပြုခဲ့သည် ဆို၏။ သို့သော် နရသီဟပတေ့ အမှန်တကယ် ထီးနန်းရရှိသောအခါ အမတ်ကြီးကို ဂရုမပြုတော့ပေ။ရာဇသင်္ကြန် အမတ်ကြီးက ဥပါယ်တံမျဉ်ဖြင့် နရသီဟပတေ့မင်းအား သတိပေးသည်။
သို့သော် ဘုရင်မင်းမြတ်က ဘုရားပြီးလျှင် ငြမ်းဖျက်ရသည့် ဥပမာဖြင့် အမတ်ကြီးအား ရာထူးစည်းစိမ်မှ ဖယ်ရှားကာ ဒလသို့ ပို့လိုက်ကြောင်း အမျိုးသား ပညာဝန် ဦးဖိုးကျား၏ ခေတ်မီမြန်မာရာဇဝင် အကျဉ်း၌ တွေ့ရှိရသည်။
နရသီဟပတေ့မင်း နန်းတက်စ၌ပင် ရာဇသင်္ကြန် ပြည်နှင်ဒဏ်ဖြင့် ဒလသို့ ပို့ခြင်း ခံခဲ့ရရာ ဒလတွင် အနိစ္စ ရောက်ခဲ့သည်။ အမတ်ကြီး ရာဇသင်္ကြန်၏ ရုပ်ကလာပ်ကို ဥဇနာမင်း၏ သင်္ချိုင်းနံဘေး၌ပင် ကပ်လျက် သင်္ဂြိုဟ်ခဲ့သည်။ယင်သမိုင်းအရဆိုလျှင် ပုဂံဘုရင် ဥဇနာမင်းသာမက အိမ်ရှေ့မင်းသား သီဟသူ၊ အမတ်ကြီး ရာဇသင်္ကြန်တို့ပါ ဒလတွင် ကံကုန်ခဲ့ကြသည်ဟု ဆိုနိုင်ပါသည်။
ဥဇနာမင်း ဒလတွင် နတ်ရွာစံလွန်ခဲ့ပုံကို ကျစွာမင်းကြီး ကျောက်စာတွင်-“ဥဇနာမင်း အကျေလားခ၍ ဒလလျှင် ပျံတော်မူလေကုန်၏” -ဟူ၍ အတိအလင်း ရေးထိုး ထားပါသည်။
သို့သော် အိမ်ရှေ့မင်း သီဟသူ ဒလ၌ ကံကုန်ခဲ့ပုံနှင့် ပတ်သက်၍မူ ရာဇဝင် မှတ်တမ်းများ၌သာ တွေ့ရှိရပါသည်။
ပုဂံခေတ် ဒလဟူသည် ယခုခေတ် ရန်ကုန်တစ်ဘက်ကမ်းမှ ဒလ မဟုတ်ဘဲ ယခုခေတ် တွံတေးမြို့နေရာကို ဆိုလိုခြင်း ဖြစ်ပါသည်။
ဤတွင် ဒလ (ယခု တွံတေးဒေသ)၌ ကံကုန်ခဲ့သည်ဆိုသော အိမ်ရှေ့မင်းသား သီဟသူနှင့် ပတ်သက်၍ သတင်းစာဆရာ ဦးသိမ်းမောင်၏ စာအုပ်တွင် စိတ်ဝင်စားဖွယ် အမှတ်အသား တစ်ခုကိုလည်း တွေ့ရှိရပါသေးသည်။မြန်မာပြည် လွတ်လပ်ရေး ရရှိပြီး ၁၉၅၂ ခန့်က အမေရိကန်လူမျိုး ပညာရှင်များ ဦးစီး၍ သုတေသန တူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့ကြသည်။ ယင်းပညာရှင်များ အပြန်တွင် ပညာရှင် ဒေါက်တာတစ်ဦးက တွံတေးမှ ရာဝင်စဉ့်အိုးကြီး တစ်လုံးကို အမှတ်တရအဖြစ် သယ်ဆောင်သွားခဲ့သည်။
မြန်မာမှု အနုပညာ လက်ရာများကို မြတ်နိုးသူ ပညာရှင်ကြီးက အမှတ်တရအဖြစ် စဉ့်အိုးကြီး ယူဆောင်သွားသည်ကို ကန့်ကွက်မည့်သူလည်း မရှိခဲ့ပေ။ မြန်မာ အလုပ်သမားများကပင် သင်္ဘောထက်သို့ ဝိုင်းဝန်း မ တင်ပေးလိုက်ရသေး၏။ထိုရာဝင်အိုးကြီးထဲတွင် အသက်နှစ်ဆယ်ပင် ပြည့်ဟန်မတူသေးသော ဆီစိမ်ထားသည့် လုလင်ပျို တစ်ဦး၏ ရုပ်အလောင်း ပါဝင်သွားသည် ဆိုပါသည်။
ပညာရှင် ဒေါက်တာသည် မိမိနိုင်ငံသို့ ပြန်လည် ရောက်ရှိပြီးနောက် နေအိမ်မြေအောက်ခန်းတွင် ဆီစိမ်ရုပ်အလောင်းအား မှန်လုံခေါင်းအတွင်း ပြောင်းရွှေ့ထည့်သွင်းကာ စနစ်တကျ ထိန်းသိမ်းထားရှိခဲ့သည်။ မှန်ခေါင်းထက်တွင်-
“မင်းသား သီဟသူ၊ ပုဂံခေတ်၊ မြန်မာနိုင်ငံ ၁၂၅၄ အေဒီ”(Prince Thi Ha Thu, Pagan Period, Burma. 1254 AD)
-ဟု အင်္ဂလိပ်ဘာသာဖြင့် စာတန်း ရေးထိုးထားလိုက်သေးသည် ဆို၏။
မှန်ခေါင်းအတွင်းရှိ သီဟသူ၏ ရုပ်အလောင်းမှာ သျှောင်တစောင်း ထုံးထားပြီး နှုတ်ခမ်းမွေး ရေးရေး၊ ကိုယ်လုံးကိုယ်ပေါက် ထောင်ထောင်မောင်းမောင်းနှင့် ဖြစ်သည်။ မင်းသားသည် ခြင်္သေ့ရုပ်ကလေးများ ဖော်ထားသော ငွေချည်ဖောက် ဖဲပုဆိုးနှင့် အင်္ကျီလက်ရှည် ပိုးအဖြူကို ဝတ်ဆင်ထား၏။ လက်ယာဘက်လက်တွင် ရွှေဖလားရောင် နှစ်တောင်ခန့်ရှိ ပိုးစကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး အန်ကြိတ်ထားလျက် မျက်လုံးများက ပြူးထွက်နေသည် ဆိုသည်။
ပညာရှင်ဒေါက်တာသည် ယင်းရုပ်အလောင်း ထည့်ကာ ဆီစိမ်ထားသည့် ရာဝင်အိုးကြီးကို တွံတေး ငှက်အော်စမ်းအနီး တောတွင်းမှ ရရှိခဲ့ခြင်း ဖြစ်သည်။ မိုးသည်း ထန်စွာ ရွာသွန်းပြီး ကုက္ကိုပင်ကြီး တစ်ပင် အမြစ်ပါ ကျွတ်ထွက်လဲသွားရာမှ ယင်းကဲ့သို့ တွေ့ရှိခဲ့ရခြင်း ဖြစ်သည် ဆိုသည်။
သတင်းစာဆရာ ဦးသိမ်းမောင်၏ အဆိုအရ ၎င်းပညာရှင် ဒေါက်တာသည် မြန်မာဧည့်သည်တစ်ဦး အမေရိကန်သို့ ရောက်ရှိစဉ် မြေအောက်ခန်းသို့ ခေါ်ဆောင်ကာ မင်းသား သီဟသူ၏ ရုပ်အလောင်းကို ပြသခဲ့သည် ဆို၏။ ဓာတ်ပုံရိုက်ခွင့် မပြုသော်လည်း သေချာစွာ ကြည့်ရှုလေ့လာခွင့် ပြုခဲ့ပါသည်။ နောင်မြန်မာပြည်တွင် ထိုက်တန်သော ပြတိုက်ကြီး တည်ဆောက် ပြီးစီးပါက ပုဂံခေတ် သီဟသူမင်းသား၏ ရုပ်အလောင်းကို မြန်မာပြည်သို့ ပြန်လည် လွှဲပြောင်း ပေးအပ်မည်ဟုလည်း ဆိုသည်။
အချက်အလက် အကြောင်းအရာများ မည်မျှ မှန်ကန်မှုရှိကြောင်း မသိရသော်လည်း မင်းသားသီဟသူနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ် ကောင်းနေသည်ကတော့ အမှန်ပင် ဖြစ်ပါသည်။
Credit
#သုတအဖြာဖြာ
Zawgyi Version
စဥ့္အိုးထဲမွမင္းသား (သို႔) သီဟသူ(စ/ဆံုး)
—————————-
သီဟသူကို ပုဂံဘုရင္ဥဇနာမင္းႏွင့္ ေတာင္ျပင္သည္ မိဖုရားတို႔မွ ဖြားျမင္ခဲ့သည္။
သီဟသူသည္ ခရစ္ႏွစ္၁၂၅၅ ခုႏွစ္တြင္ အိမ္ေရွ႕ ဥပရာဇာအရာ ရရွိခဲ့ပါသည္။သို႔ေသာ္ ပုဂံထီးနန္းကို ဆက္ခံခြင့္ကား မရရွိခဲ့ေပ။ ပုဂံထီးနန္းကို ရရွိခဲ့သူမွာ ဥဇနာမင္းႏွင့္ ပန္းပြတ္သည္သမီး မိဖုရား စုလည္းထုံး တို႔မွ ဖြားျမင္ခဲ့သူ နရသီဟပေတ့မင္းသာ ျဖစ္ပါသည္။
သီဟသူႏွင့္ ပတ္သက္၍ စိတ္ဝင္စားဖြယ္ ရာဇဝင္ဇာတ္လမ္း တစ္ပုဒ္လည္း ရွိပါေသးသည္။ တစ္ေန႔ အိမ္ေရွ႕ မင္း သီဟသူ ေနာက္မွ ႂကြလာသည္ကို အမတ္ႀကီး ရာဇသၾကၤန္က မျမင္သျဖင့္ အက်ႌလက္ မသိမ္းဘဲ ေန မိရာ သီဟသူက အက်ႌလက္တြင္ ကြမ္းတံေတြး ေထြးေလသည္။
အိမ္ေရွ႕မင္းသား လာသည္ကို မျမင္မိပါဟု ေတာင္းပန္ေသာ္လည္း စိတ္မေျပဘဲ ရွိသည္ ဆိုပါသည္။ အေတး အမွတ္ ႀကီးလွသည့္ အမတ္ႀကီးကလည္း ကြမ္းတံေတြး ေပေနေသာအက်ႌကို ေသတၱာတြင္းထည့္၍ သိမ္းဆည္း ထားေလသည္။
ဤသို႔ေသာ အေၾကာင္းမ်ားေၾကာင့္ပင္ အမတ္ႀကီး ရာဇသၾကၤန္က သီဟသူကို နန္းမရေစဘဲ အမိကြဲညီေတာ္ နရသီဟပေတ့ကို နန္းရေအာင္ ႀကံေဆာင္ခဲ့သည္ ဆိုပါသည္။
ဥဇနာမင္းသည္ ဆင္ဖမ္းဝါသနာပါသူ ျဖစ္ရာ ဒလသို႔ ကိုယ္ေတာ္တိုင္ ဆင္ဖမ္းထြက္ခဲ့သည္။ယင္းသို႔ သြားေရာက္ရင္း ဆင္႐ိုင္းႀကီး တစ္ေကာင္က ထိုးသတ္သျဖင့္ ဥဇနာမင္း ဒလတြင္ နတ္႐ြာစံလြန္သြားခဲ့သည္။ အမတ္ႀကီး ရာဇသၾကၤန္က အျဖစ္မွန္ကို အိမ္ေရွ႕ ဥပရာဇာ သီဟသူထံ ေလွ်ာက္ထားခဲ့ရာ သင့္ေလ်ာ္သလို သၿဂႋဳဟ္ရန္ အမိန္႔ေတာ္ ခ်မွတ္ခဲ့သည္။
သို႔ျဖင့္ ရာဇသၾကၤန္ ဒလသို႔ ေရာက္ရွိလာၿပီး ဘုရင့္ သခ်ႋဳင္းေတာ္ အနီး၌ သူသိမ္းဆည္းထားသည့္ ကြမ္းတံေတြး စြန္းထင္းေနေသာ အက်ႌကို ျပသကာ ေနာက္လိုက္အမ်ားကို စည္း႐ုံးေျပာဆိုခဲ့သည္ ဆို၏။ ယင္းေနာက္ ဒလတြင္ ဆင္ျဖဴေတြ႕၍ ႂကြေရာက္ သိမ္းပိုက္ပါရန္ သီဟသူအား ဖိတ္ၾကားၿပီး ဆင္ျဖဴေတာ္ၾကည့္ လာေရာက္ခ်ိန္တြင္ လုပ္ႀကံကာ နရသီဟပေတ့အား ထီးနန္းရရွိေစခဲ့သည္ ဆိုပါသည္။
နရသီဟပေတ့ကလည္း ေက်းဇူးဆပ္မည္ဟု ကတိကဝတ္ ျပဳခဲ့သည္ ဆို၏။ သို႔ေသာ္ နရသီဟပေတ့ အမွန္တကယ္ ထီးနန္းရရွိေသာအခါ အမတ္ႀကီးကို ဂ႐ုမျပဳေတာ့ေပ။ရာဇသၾကၤန္ အမတ္ႀကီးက ဥပါယ္တံမ်ဥ္ျဖင့္ နရသီဟပေတ့မင္းအား သတိေပးသည္။
သို႔ေသာ္ ဘုရင္မင္းျမတ္က ဘုရားၿပီးလွ်င္ ျငမ္းဖ်က္ရသည့္ ဥပမာျဖင့္ အမတ္ႀကီးအား ရာထူးစည္းစိမ္မွ ဖယ္ရွားကာ ဒလသို႔ ပို႔လိုက္ေၾကာင္း အမ်ိဳးသား ပညာဝန္ ဦးဖိုးက်ား၏ ေခတ္မီျမန္မာရာဇဝင္ အက်ဥ္း၌ ေတြ႕ရွိရသည္။
နရသီဟပေတ့မင္း နန္းတက္စ၌ပင္ ရာဇသၾကၤန္ ျပည္ႏွင္ဒဏ္ျဖင့္ ဒလသို႔ ပို႔ျခင္း ခံခဲ့ရရာ ဒလတြင္ အနိစၥ ေရာက္ခဲ့သည္။ အမတ္ႀကီး ရာဇသၾကၤန္၏ ႐ုပ္ကလာပ္ကို ဥဇနာမင္း၏ သခ်ႋဳင္းနံေဘး၌ပင္ ကပ္လ်က္ သၿဂႋဳဟ္ခဲ့သည္။ယင္သမိုင္းအရဆိုလွ်င္ ပုဂံဘုရင္ ဥဇနာမင္းသာမက အိမ္ေရွ႕မင္းသား သီဟသူ၊ အမတ္ႀကီး ရာဇသၾကၤန္တို႔ပါ ဒလတြင္ ကံကုန္ခဲ့ၾကသည္ဟု ဆိုႏိုင္ပါသည္။
ဥဇနာမင္း ဒလတြင္ နတ္႐ြာစံလြန္ခဲ့ပုံကို က်စြာမင္းႀကီး ေက်ာက္စာတြင္-“ဥဇနာမင္း အေက်လားခ၍ ဒလလွ်င္ ပ်ံေတာ္မူေလကုန္၏” -ဟူ၍ အတိအလင္း ေရးထိုး ထားပါသည္။
သို႔ေသာ္ အိမ္ေရွ႕မင္း သီဟသူ ဒလ၌ ကံကုန္ခဲ့ပုံႏွင့္ ပတ္သက္၍မူ ရာဇဝင္ မွတ္တမ္းမ်ား၌သာ ေတြ႕ရွိရပါသည္။
ပုဂံေခတ္ ဒလဟူသည္ ယခုေခတ္ ရန္ကုန္တစ္ဘက္ကမ္းမွ ဒလ မဟုတ္ဘဲ ယခုေခတ္ တြံေတးၿမိဳ႕ေနရာကို ဆိုလိုျခင္း ျဖစ္ပါသည္။
ဤတြင္ ဒလ (ယခု တြံေတးေဒသ)၌ ကံကုန္ခဲ့သည္ဆိုေသာ အိမ္ေရွ႕မင္းသား သီဟသူႏွင့္ ပတ္သက္၍ သတင္းစာဆရာ ဦးသိမ္းေမာင္၏ စာအုပ္တြင္ စိတ္ဝင္စားဖြယ္ အမွတ္အသား တစ္ခုကိုလည္း ေတြ႕ရွိရပါေသးသည္။ျမန္မာျပည္ လြတ္လပ္ေရး ရရွိၿပီး ၁၉၅၂ ခန္႔က အေမရိကန္လူမ်ိဳး ပညာရွင္မ်ား ဦးစီး၍ သုေတသန တူးေဖာ္ေရး လုပ္ငန္းမ်ား လုပ္ကိုင္ခဲ့ၾကသည္။ ယင္းပညာရွင္မ်ား အျပန္တြင္ ပညာရွင္ ေဒါက္တာတစ္ဦးက တြံေတးမွ ရာဝင္စဥ့္အိုးႀကီး တစ္လုံးကို အမွတ္တရအျဖစ္ သယ္ေဆာင္သြားခဲ့သည္။
ျမန္မာမႈ အႏုပညာ လက္ရာမ်ားကို ျမတ္ႏိုးသူ ပညာရွင္ႀကီးက အမွတ္တရအျဖစ္ စဥ့္အိုးႀကီး ယူေဆာင္သြားသည္ကို ကန္႔ကြက္မည့္သူလည္း မရွိခဲ့ေပ။ ျမန္မာ အလုပ္သမားမ်ားကပင္ သေဘၤာထက္သို႔ ဝိုင္းဝန္း မ တင္ေပးလိုက္ရေသး၏။ထိုရာဝင္အိုးႀကီးထဲတြင္ အသက္ႏွစ္ဆယ္ပင္ ျပည့္ဟန္မတူေသးေသာ ဆီစိမ္ထားသည့္ လုလင္ပ်ိဳ တစ္ဦး၏ ႐ုပ္အေလာင္း ပါဝင္သြားသည္ ဆိုပါသည္။
ပညာရွင္ ေဒါက္တာသည္ မိမိႏိုင္ငံသို႔ ျပန္လည္ ေရာက္ရွိၿပီးေနာက္ ေနအိမ္ေျမေအာက္ခန္းတြင္ ဆီစိမ္႐ုပ္အေလာင္းအား မွန္လုံေခါင္းအတြင္း ေျပာင္းေ႐ႊ႕ထည့္သြင္းကာ စနစ္တက် ထိန္းသိမ္းထားရွိခဲ့သည္။ မွန္ေခါင္းထက္တြင္-
“မင္းသား သီဟသူ၊ ပုဂံေခတ္၊ ျမန္မာႏိုင္ငံ ၁၂၅၄ ေအဒီ”(Prince Thi Ha Thu, Pagan Period, Burma. 1254 AD)
-ဟု အဂၤလိပ္ဘာသာျဖင့္ စာတန္း ေရးထိုးထားလိုက္ေသးသည္ ဆို၏။
မွန္ေခါင္းအတြင္းရွိ သီဟသူ၏ ႐ုပ္အေလာင္းမွာ ေသွ်ာင္တေစာင္း ထုံးထားၿပီး ႏႈတ္ခမ္းေမြး ေရးေရး၊ ကိုယ္လုံးကိုယ္ေပါက္ ေထာင္ေထာင္ေမာင္းေမာင္းႏွင့္ ျဖစ္သည္။ မင္းသားသည္ ျခေသၤ့႐ုပ္ကေလးမ်ား ေဖာ္ထားေသာ ေငြခ်ည္ေဖာက္ ဖဲပုဆိုးႏွင့္ အက်ႌလက္ရွည္ ပိုးအျဖဴကို ဝတ္ဆင္ထား၏။ လက္ယာဘက္လက္တြင္ ေ႐ႊဖလားေရာင္ ႏွစ္ေတာင္ခန္႔ရွိ ပိုးစကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားၿပီး အန္ႀကိတ္ထားလ်က္ မ်က္လုံးမ်ားက ျပဴးထြက္ေနသည္ ဆိုသည္။
ပညာရွင္ေဒါက္တာသည္ ယင္း႐ုပ္အေလာင္း ထည့္ကာ ဆီစိမ္ထားသည့္ ရာဝင္အိုးႀကီးကို တြံေတး ငွက္ေအာ္စမ္းအနီး ေတာတြင္းမွ ရရွိခဲ့ျခင္း ျဖစ္သည္။ မိုးသည္း ထန္စြာ ႐ြာသြန္းၿပီး ကုကၠိဳပင္ႀကီး တစ္ပင္ အျမစ္ပါ ကြၽတ္ထြက္လဲသြားရာမွ ယင္းကဲ့သို႔ ေတြ႕ရွိခဲ့ရျခင္း ျဖစ္သည္ ဆိုသည္။
သတင္းစာဆရာ ဦးသိမ္းေမာင္၏ အဆိုအရ ၎ပညာရွင္ ေဒါက္တာသည္ ျမန္မာဧည့္သည္တစ္ဦး အေမရိကန္သို႔ ေရာက္ရွိစဥ္ ေျမေအာက္ခန္းသို႔ ေခၚေဆာင္ကာ မင္းသား သီဟသူ၏ ႐ုပ္အေလာင္းကို ျပသခဲ့သည္ ဆို၏။ ဓာတ္ပုံ႐ိုက္ခြင့္ မျပဳေသာ္လည္း ေသခ်ာစြာ ၾကည့္ရႈေလ့လာခြင့္ ျပဳခဲ့ပါသည္။ ေနာင္ျမန္မာျပည္တြင္ ထိုက္တန္ေသာ ျပတိုက္ႀကီး တည္ေဆာက္ ၿပီးစီးပါက ပုဂံေခတ္ သီဟသူမင္းသား၏ ႐ုပ္အေလာင္းကို ျမန္မာျပည္သို႔ ျပန္လည္ လႊဲေျပာင္း ေပးအပ္မည္ဟုလည္း ဆိုသည္။
အခ်က္အလက္ အေၾကာင္းအရာမ်ား မည္မွ် မွန္ကန္မႈရွိေၾကာင္း မသိရေသာ္လည္း မင္းသားသီဟသူႏွင့္ ပတ္သက္၍ စိတ္ဝင္စားဖြယ္ ေကာင္းေနသည္ကေတာ့ အမွန္ပင္ ျဖစ္ပါသည္။
Credit
#သုတအျဖာျဖာ