စိန်ဘယက်တစ္ဆေ(စ/ဆုံး)

Unicode Version

စိန်ဘယက်တစ္ဆေ(စ/ဆုံး)
——————————
လုပ်ငန်းရှင်တစ်ယောက်ရဲ့ဖြစ်ရပ်မှန်ကိုသူ၏အမျိူ းသမီးပြောပြသည့်အတိုင်းအဆင်ပြေအောင်ပြန်ရေးပါသည်။

စိန်လောကမှာတော့စိန်မမကိုမသိသူမရှိစိန်မမပြောနေကြစကားက

”””စိန်ဆိုရင်စိန်မမတို့လက်နဲ့ကိုင်လိုက်ရင်ပုလင်းကွဲတောင်စိန်ဖြစ်သွားနိုင်တယ်””’

ဆို၏စိန်မမကတကယ်တော့အထည်ကြီပျက်တယောက်သူများဆီကစိန်များကိုတဆင့်ယူရောင်းပေးတာဖြစ်သည်။

ဒါပေမဲ့ဟိတ်ဟန်ကြီးသောစိန်မမကိုလူတွေကအထင်ကြီးကြသည်ဝယ်လက်များသည်။

ပုလင်းကွဲတောင်စိန်ဖြစ်အောင်ပြော၍ရောင်းနိုင်သောအပြောကောင်းသည်မှာစိန်မမအစွမ်းဖြစ်သည်။

တရက်တွင်စိန်မမထံသို့လုပ်ငန်းရှင်အမျိူးသားတယောက်ရောက်လာသည်။

””’ ဒေါ်စိန်မမရေကျွန်တော်ကကျွန်တော့်ရဲ့နှစ်ပတ်လည်မင်္ဂလာနေ့အတွက်မိန်းမကို—-စိန်ဘယက်တကုံးလောက်လုပ်ပေးချင်တယ်ဗျာ”””

””’ ရတယ်လေစိန်အသန့်လိုချင်တာလား—–အဖြူရောင်လိုချင်သလား—-ခဲရောင်လိုချင်တာလား—–အစည်းလိုက်ဝယ်မလား—–လက်ရွှေးစင်လုံးကောက်ဝယ်မလား—ငွေလိုက်နိုင်မှု့အပေါ်မူတည်ပါတယ်”””

”’ ”’ကျွန်တော်ကတော့ဘယ်လောက်ကုန်ကုန်ပထမတန်းစားစိန်ကိုလိုချင်တယ်—–စိန်ကြိုက်တာနဲ့ဒေါ်စိန်မမကအကောင်းဆုံးစိန်ဆိုင်မှာအပ်ပေးထားပါ—–ကျွန်တော်ကအမျိုူ းသမီးကိုမပြောသေးဘူး—-အဲဒီနေ့မှသူဝမ်းသာသွားအောင်ပြချင်တယ်”””

”””ok~ကျမတာဝန်ယူတယ်ရက်သာပြောထားခဲ့ပါ”””

စိန်မမနှင့်လုပ်ငန်းရှင်အဆင်ပြေသွားသည့်အတွက်သူမအလွန်ကျေနပ်သွားသည်

သူ့မအတွက်ဂွင်ကြီးကြီးရပြီမဟုတ်လားလက်လွတ်ခံ၍မဖြစ်ပေ

နောက်ရက်တွင်စိန်မမနှင့်လုပ်ငန်းရှင်စိန်အရောင်အဝယ်ဖြစ်ကာတန်ဖိုးးအလွန်ကြီးသောစိန်ဘယက်တကုံးလက်ခံလိုက်သည်။

စိန်ဘယက်ကိုသူမအသိပန်းထိမ်ဆိုင်တွင်အပ်ပေးလိုက်သည်။

ထိုအကြောင်သည်ပင်လျှင်စိန်မမအတွက်ဘဝတဆစ်ချိူးပြောင်းသွားမည်ကိုကြိုတင်မသိပါ

လုပ်ငန်းရှင်သည်စိန်လည်ဆွဲအပ်ပြီးနှစ်ပတ်လောက်အကြာတွင်သ့ူ့လုပ်ငန်းများရှိရာနယ်သို့

ကိုယ်တိုင်ကားမောင်ကာသွားလေသည်ဖြစ်ချင်တော့မိုးတွင်းကာလမို့လမ်းတွင်ကားစလစ်ဖြစ်ကာ

ကားမှောက်၍နေရာတွင်ပင်ပွဲခြင်းပြီးဆုံးသွားလေသည်။

ထိုသတင်းကိုစိန်မမကြားတော့အကြံတခုရသွားလေသည်သေတဲ့သူကလဲသေပြီ

စိန်ဘယက်ကိစ္စလဲသူနှင့်လုပ်ငန်းရှင်သာသိသည့်အတွက်သူမဖြောင်လိုက်ဘို့တွေးမိသည်။

အခုတလောသူမငွေလိုနေသည်သူမရဲ့ဆေးသမားသားမိုက်ငွေဖြုန်းသောသားအတွက်ငွေကုန်ကျေးကျများကာ

အကြွေးတွေဝိုင်းနေသည်တချက်ခုတ်နှစ်ချက်ပြတ်သူမအတွက်ကံကောင်း၍စိန်ဘယက်ရသည်ဟုထင်သည်။

နောက်တရက်တွင်ပန်းထိန်ဆရာဆီကဖုန်းရသည်စိန်ဘယက်ပြီးသွားပြီတဲ့

လုပ်ငန်းရှင်ချိန်းထားသောရက်လည်းမနက်ဖန်ဆိုပြည့်ပြီတိုက်တိုက်ဆိုင်ဆိုင်လုပ်ငန်းရှင်ရက်လည်

သောနေ့လည်းဖြစ်သည်သူမစိန်ဘယက်အားသွားရွေးကာဟန်မပျက်ပင်နေလိုက်သည်။

ညဘက်ရောက်တော့သူမအိပ်မပျော်ပေတန်ဖိုးအလွန်ကြီးသောစိန်ဘယက်တကုံးရထားသည်မို့သဘောကျကာ

စိတ်ကူးထဲအစီအစဉ်တွေဆွဲနေမိသည်စိန်ဘယက်ကိုပြန်ရောင်းရန်တွေးနေမိသည်

အတွေးရေယာဉ်ကျောတွင်မြောရင်ညသည်မှောင်သထက်မှောင်လာသည်သန်းခေါင်နားကပ်နေပြီ

ထိုအချိန်မှာဘဲသူမခြံရှေ့ခွေးတွေအူလိုက်သည်မှာစူးစူးဝါးဝါးဖြစ်နေသည်သူမခြံထဲမွေးထားသော

ခွေးကြီးနှစ်ကောင်သည်လဲတခုခုကိုမြင်နေသလိုထိုးဟောင်နေသည်မှာတိတ်ဆိတ်နေသော

ညကိုဆူညံသွားလေသည်သူမလဲအိပ်ခန်းဝရံတာမှထွက်ကာဘာများဖြစ်သလဲလို့အပြင်သို့ထွက်ကြည့်မိရာ

ခြံထဲကခွေးနှစ်ကောင်သည်ရှေ့တိုးလိုက်နောက်ဆုတ်လိုက်ဖြင့်

ခြံဝကိုကြည့်ကာအသဲအသန်ဟောင်နေကြလေသည်။သူမကြည့်နေရင်း

ခြံဝတွင်လူတယောက်ရပ်နေသည်ထိုလူသည်ခြံတံခါးမဖွင့်ပါဘဲနှင့်လေထဲလွင့်လာသလို

်စိန်မမရှိရာအောက်ထပ်သို့ရောက်လာကာအပေါ်သို့မော့ကြည့်လိုက်လေသည်

စိန်မမသေသေချာချာကြည့်လိုက်တော့သေသွားသောလုပ်ငန်းပိုင်ရှင်ဖြစ်နေ၍အသဲများအေး၍သွားသည်။

စိန်မမအနည်းငယ်လန့်သွားသည်မဖြစ်နိုင်ဟုတွေးပေမဲ့ခွေးတွေကတော့ထိုအရာကိုမြင်နေသည့်အလား

အူလိုက်ဟောင်လိုက်နှင့်ဆူညံနေသည်စိန်မမဆက်မကြည့်တော့ရင်တုန်ပန်းဖြင့်အိပ်ယာထဲ ဝင်လိုက်သည်။

တံခါးများအသေအချာပိတ်လိုက်သည်ထိုညကဒေါ်စိန်မမအိမ်မက်ဆိုးတခုကိုမက်နေသည်သူမအိမ်မက်ထဲတွင်

လုပ်ငန်းရှင်သည်သွေးသံတရဲရဲဖြင့်သူ့ဆီရောက်လာကာ

”’ဒေါ်စိန်မမ—-ကျုပ်မိန်းမကိုခင်ဗျားဆီမှာစိန်ဘယက်အပ်ထားတာအိမ်မက်ပေးထားတယ်”——-အဲဒါခင်ဗျားဆီကစိန်ဘယက်ပေးလိုက်ပါ”””

”””အော်——-ဟုတ်ကဲ့____ဟုတ်ကဲ့””’

စိန်မမကကြောက်လန့်တကြားကတိပေးလိုက်ကာအိမ်မက်ကလန့်နိုးသွားသည်။

နောက်တပတ်တွင်တော့လုပ်ငန်းရှင်မိန်းမသည်စိန်မမဆီရောက်လာသည်။

”””’ဒေါ်စိန်မမရေကျွန်မယောင်္ကျားကအိမ်မက်ပေးနေတယ်သူစိန်ဘယက်တကုံးဒေါ်စိန်မမဆီမှာအပ်ထားတယ်တဲ့အဲဒါကျမလဲဒေါ်စိန်မမများသိနေသလားလို့ပါ”’

””’ကြံကြံဖန်ဖန်ရှင်—ရှင်နားကြားများလွဲသလား—–ကျမကစိန်ပဲလက်လွဲရောင်းတာကျန်တာရှုတ်ရှုတ်ရှက်ရှက်မလုပ်ဘူး——-ရှင်ပြောသလိုဆိုကျွန်မနံမည်ကိုလာဖျက်နေသလိုပဲ——စိန်မမသမိုင်းတော့အရိုင်းမခံဘူး——–အသေရေဖျက်မှု့နဲ့တရားစွဲရလိမ့်မယ်””’

စိန်မမကအကြောက်အကန်ညင်းလိုက်တော့လက်ဆုပ်လက်ကိုင်မပြနိုင်သောလုပ်ငန်းရှင်မိန်းမသည်

မယုံနိုင်သလိုဖြစ်ကာသူမအိမ်မက်မက်သည်မှာလဲအလွန်ပင်ထင်ရှားနေသည်

သူမယောင်္ကျားကစိန်မမဆီမှာစိန်ဘယက်သွားယူရန်ပြောသည်ကိုမြင်ယောင်မိကာစိတ်မကောင်းဖြစ်သွားသည်

””’ကောင်းပြီလေမအပ်ခဲ့ဘူးဆိုတော့လဲမအပ်ခဲ့ဘူးပေါ့အကယ်၍အပ်ခဲ့တယ်ဆိုရင်လဲကျွန်မယောင်္ကျားတမလွန်ကအသေဖြောင့်အောင်ရေစက်ချလူပါမယ်””’

ဒိလိုနဲ့အဖိုးတန်စိန်ဘယက်တကုံးစိန်မမသိမ်းပိုက်လိုက်လေသည်။

နောက်ရက်တွေမှာတော့စိန်မမအိမ်မက်ဆိုးများမက်နေသည်အိမ်မက်ထဲတွင်လုပ်ငန်းရှင်က

သူမအားမကျေမနပ်ဖြစ်နေကာအံ့တကြိတ်ကြိတ်ကြည့်နေသည်ကိုတွေ့ရတော့စိန်မမမဲ့ပြုံးပြုံးမိသွားသည်။

သေသွားသူကသူမအားဘာများဒုက္ခပေးနိုင်မှာလဲလို့ခပ်လွယ်လွယ်ပဲတွေးမိလေသည်။

သူမအတွေးသည်အလွန်မှားနေမှန်စိန်မမတဖြေးဖြေးသိလာသည်သူမနားတွင်လုပ်ငန်းရှင်ဝိညာဉ်ရှိနေသည်ဟုထင်နေမိသည်။

သူမအားစောင့်ကြည့်နေသလိုခံစားရကာအလိုလိုနေရင်းကြက်သီးများထ၍ကျောချမ်းသလိုဖြစ်နေသည်။

သူမသည်ညစဉ်ညတိုင်အိမ်မက်ဆိုးများခြောက်လှန့်နေသလိုဖြစ်၍အိပ်ရေးပျက်သောညများလဲများလာသည်။

သူမညအိပ်ရမှာတောင်ကြောက်နေမိကာစိတ်မလုံသလိုခံစားနေရသည်။

အိပ်ဆေးများကလဲသူမအတွက်ဆေးမတိုးတော့ညရောက်မှာကိုလန့်နေသည်။

်တညတွင်စိန်မမအိပ်နေရင်းအိမ်မက်ဆိုးများမက်နေပြန်သည်ဒီအချိန်မှာဘဲသူမနားထဲ

”””စိန်မမ——စိန်မမ—-စိန်မမ””’

စိန်မမနားထဲသူမနံမည်ခေါ်နေသံကိုကြားနေရကာရုတ်တရက်အိမ်မက်မှလန့်နိုးသွားလေသည်။

သူမနိုး၍မျက်လုံးဖွင့်လိုက်မိသည်နှင့်သူမကုတင်ဘေးတွင်ရပ်နေသောလုပ်ငန်းရှင်အားတွေ့လိုက်ရာ

အလွန်ထိတ်လန့်တုန်လှုပ်စွာကုန်းအော်လိုက်မိလေသည်။

””’အားးးးးးးးသရဲ—-သရဲ——””’

စိန်မမအော်သံကိုဘယ်သူမှမကြားပါသူမယောင်္ကျားကသူမနှင့်တစ်အိမ်ထဲနေပေမဲ့စကားမပြောတာကြာပြီ

သူမနှင့်အတူမနေဘဲအောက်ထပ်တွင်အိပ်သည်သူမသားလဲမရှိပေအိမ်ဖော်များလဲအောက်ထပ်တွင်သာ

အိပ်ကြသည်မို့အပေါ်ထပ်တွင်စိန်မမတစ်ယောက်ထဲသာရှိနေသည်။

လုပ်ငန်းရှင်သည်သူမကိုယ်ပေါ်သိုတက်၍ဖိကာသူမလည်ပင်းအားညစ်လေသည်။

ထိုအခါစိန်မမလဲရှိသမျှခွန်အားနှင့်အတင်းရုန်းကန်ပေမဲ့အရာမရောက်ဘဲအသက်ရှုကျပ်၍လာသည်။

စိန်မမတကိုယ်လုံးကြောက်စိတ်များကာဖုံးလွှမ်းထားကာသူမသေရမည်ကိုအလွန်စိုးရိမ်လျှက်ရှိသည်။

ဒီအချိန်တွင်သူမရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြင့်ဘုရားအားသတိရသွားသည်။

ဘုရားစာကလဲဟုတ်တိပတ်တိမရသောအခါသူမရသောဗုဒ္ဓေါတလုံးကိုသာအဆက်မပြတ်ရွတ်ဆိုနေမိသည်။

””’ဗုဒ္ဓေါ—–ဗုဒ္ဓေါ————”””

ထိုအခါသူမပေါ်ဖိထားသောလုပ်ငန်းရှင်ဝိညာဉ်သည်တဖြေးဖြေးပျောက်၍သွားလေသည်။

စိန်မမကအသက်ဘေးမှကံကောင်း၍လွတ်ခဲ့ရသောမိမိအဖြစ်ကိုထိတ်လန့်ကာဇောချွေးများက

သူမတကိုယ်လုံးရွဲလျှက်ရှိနေပေမဲ့မတော်လောဘစိတ်ကတော့စိန်ဘယက်ကိုစွန့်လွှတ်ဘို့စိတ်ကူးမရှိပေ

သို့ပေမဲ့အိမ်မြှောင်စုပ်ထိုးသံကြားမိတာတောင်သူမကလန့်၍သွေးလေခြောက်ခြားလျှက်ရှိသည်။

နောက်နေ့တွင်သူမလက်ထဲစိန်ဘယက်မထားရဲတော့ဒီစိန်ဘယက်ရှိနေသမျှသူမစိတ်ဒုက္ခရောက်နေမည်ဟု

တွေးမိသည်သူမလဲစိတ်ခြောက်ခြားနေပြီစိန်ဘယက်အမြန်ရောင်းရန်အတွက်

ဝယ်လက်များဖြင့်ချိတ်ဆက်၍ရောင်းရန်အဆင်ပြေသွားသည်ဝယ်မည့်သူသည်တရုတ်သဌေးတစ်ယောက်ဖြစ်သည်။

ဝယ်မည့်သူကသူမအားအိမ်သို့လာရန်ညနေပိုင်းချိန်းလိုက်သည့်အတွက်စိန်မမအလွန်ဝမ်းသာသွားသည်။

ဒါနဲ့စိန်မမပစ္စည်းယူကာလှေကားကအဆင်းတွင်အနောက်ဘက်မှခေါ်သံတစ်သံကြားလိုက်မိသည်

””စိန်မမ—”’

အက်ကွဲကွဲအသံသည်မကျယ်ပေမဲ့စိန်မမနားထဲမိုးကြိုးပစ်လိုက်သလိုတုန်လှုတ်၍သွားကာ

နောက်သိုရုတ်တရက်လှည့်ကြည့်လိုက်မိချိန်တွင်သူမနောက်နားတွင်ရပ်နေသော

သွေးသံရဲရဲဖြင်လုပ်ငန်းရှင်ကိုမြင်လိုက်ရသည့်အခါသွေးလည်ပတ်မှု့များပြောင်းပြန်ဖြစ်သွားသလား

ထင်မိလေသည်ဒီအချိန်မှာဘဲသူမနောက်ကပြင်းထန်သောအင်အားတစ်ခုကသူမအားလှေကားပေါ်က

ဆောင့်တွန်းလိုက်သလိုလှေကားအောက်သို့ဒလိမ့်ခေါက်ခွေးပြုတ်ကျ၍သွားလေသည်။

””အားးးးးးး””

စိန်မမရဲ့ငယ်သံပါအောင်အော်သံကြောင့်အိမ်မှလူများအပြေးလာကြည့်သော်

လှေကားအောက်ခြေကကြွေပြားနှင့်ခေါင်းရိုက်မိ၍သွေးအိုင်ထဲအသက်ထွက်နေသော

စိန်မမအလောင်အားတွေ့ကြရလေသည်စိန်မမမျက်လုံးများသည်အပေါ်သို့လန်ကာပြူးးကျယ်၍နေသည်ကို

ကြည့်ချင်းအားဖြင့်သူမစိန်ဘယက်အားစိတ်မချ၍ဖြစ်နိုင်ပေသည်။

လောကမှာသူတပါးပစ္စည်းအချောင်လိုချင်သူများမတရားသောနည်းဖြင့်သိမ်းပိုက်သူများအတွက်တော့

ပြန်လည်ပေးဆပ်မှု့သည်ကြီးမားမည်မှာအမှန်ဖြစ်သည်။

ပြီး

D Moe Moe

Zawgyi Version

စိန္ဘယက္တေစၦ(စ/ဆံုး)
——————————
လုပ္ငန္းရွင္တစ္ေယာက္ရဲ႔ျဖစ္ရပ္မွန္ကိုသူ၏အမ်ိဴ းသမီးေျပာျပသည့္အတိုင္းအဆင္ေျပေအာင္ျပန္ေရးပါသည္။

စိန္ေလာကမွာေတာ့စိန္မမကိုမသိသူမရွိစိန္မမေျပာေနႀကစကားက

”””စိန္ဆုိရင္စိန္မမတို့လက္နဲ႔ကိုင္လိုက္ရင္ပုလင္းကြဲေတာင္စိန္ျဖစ္သြားႏုိင္တယ္””’

ဆို၏စိန္မမကတကယ္ေတာ့အထည္ႀကီပ်က္တေယာက္သူမ်ားဆီကစိန္မ်ားကိုတဆင့္ယူေရာင္းေပးတာျဖစ္သည္။

ဒါေပမဲ႔ဟိတ္ဟန္ႀကီးေသာစိန္မမကိုလူေတြကအထင္ႀကီးႀကသည္ဝယ္လက္မ်ားသည္။

ပုလင္းကြဲေတာင္စိန္ျဖစ္ေအာင္ေျပာ၍ေရာင္းႏုိင္ေသာအေျပာေကာင္းသည္မွာစိန္မမအစြမ္းျဖစ္သည္။

တရက္တြင္စိန္္မမထံသို့လုပ္ငန္းရွင္အမ်ိဴးသားတေယာက္ေရာက္လာသည္။

””’ ေဒၚစိန္မမေရက်ြန္ေတာ္ကက်ြန္ေတာ့္ရဲ႔ႏွစ္ပတ္လည္မဂၤလာေန့႔အတြက္မိန္းမကို—-စိန္ဘယက္တကံုးေလာက္လုပ္ေပးခ်င္တယ္ဗ်ာ”””

””’ ရတယ္ေလစိန္အသန္႔လိုခ်င္တာလား—–အျဖူေရာင္လိုခ်င္သလား—-ခဲေရာင္လိုခ်င္တာလား—–အစည္းလိုက္ဝယ္မလား—–လက္ေရႊးစင္လံုးေကာက္ဝယ္မလား—ေငြလိုက္ႏုိင္မႈ႕အေပၚမူတည္ပါတယ္”””

”’ ”’က်ြန္ေတာ္ကေတာ့ဘယ္ေလာက္ကုန္ကုန္ပထမတန္းစားစိန္ကိုလိုခ်င္တယ္—–စိန္ႀကိဳက္တာနဲ႔ေဒၚစိန္မမကအေကာင္းဆံုးစိန္ဆိုင္မွာအပ္ေပးထားပါ—–က်ြန္ေတာ္ကအမ်ိဳဴ းသမီးကိုမေျပာေသးဘူး—-အဲဒီေန့မွသူဝမ္းသာသြားေအာင္ျပခ်င္တယ္”””

”””ok~က်မတာဝန္ယူတယ္ရက္သာေျပာထားခဲ႔ပါ”””

စိန္မမႏွင့္လုပ္ငန္းရွင္အဆင္ေျပသြားသည့္အတြက္သူမအလြန္ေက်နပ္သြားသည္

သူ့မအတြက္ဂြင္ႀကီးႀကီးရျပီမဟုတ္လားလက္လြတ္ခံ၍မျဖစ္ေပ

ေနာက္ရက္တြင္စိန္မမႏွင့္လုပ္ငန္းရွင္္စိန္အေရာင္အဝယ္ျဖစ္ကာတန္ဖိုးးအလြန္ႀကီးေသာစိန္ဘယက္တကံုးလက္ခံလိုက္သည္။

စိန္ဘယက္ကိုသူမအသိပန္းထိမ္ဆိုင္တြင္အပ္ေပးလိုက္သည္။

ထိုအေႀကာင္သည္ပင္လ်ွင္စိန္မမအတြက္ဘဝတဆစ္ခ်ိဴးေျပာင္းသြားမည္ကိုႀကိဳတင္မသိပါ

လုပ္ငန္းရွင္သည္စိန္လည္ဆြဲအပ္ျပီးႏွစ္ပတ္ေလာက္အႀကာတြင္သ့့႔ူ့လုပ္ငန္းမ်ားရွိရာနယ္သို့

ကိုယ္တိုင္ကားေမာင္ကာသြားေလသည္ျဖစ္ခ်င္ေတာ့မိုးတြင္းကာလမို့လမ္းတြင္ကားစလစ္ျဖစ္ကာ

ကားေမွာက္၍ေနရာတြင္ပင္ပြဲျခင္းျပီးဆံုးသြားေလသည္။

ထိုသတင္းကိုစိန္မမႀကားေတာ့အႀကံတခုရသြားေလသည္ေသတဲ႔သူကလဲေသျပီ

စိန္ဘယက္ကိစၥလဲသူႏွင့္လုပ္ငန္းရွင္သာသိသည့္အတြက္သူမေျဖာင္လိုက္ဘို့ေတြးမိသည္။

အခုတေလာသူမေငြလိုေနသည္သူမရဲ႔ေဆးသမားသားမိုက္ေငြျဖဳန္းေသာသားအတြက္ေငြကုန္ေက်းက်မ်ားကာ

အေႀကြးေတြဝိုင္းေနသည္တခ်က္ခုတ္ႏွစ္ခ်က္ျပတ္သူမအတြက္ကံေကာင္း၍စိန္ဘယက္ရသည္ဟုထင္သည္။

ေနာက္တရက္တြင္ပန္းထိန္ဆရာဆီကဖုန္းရသည္စိန္ဘယက္ျပီးသြားျပီတဲ႔

လုပ္ငန္းရွင္ခ်ိန္းထားေသာရက္လည္းမနက္ဖန္ဆိုျပည့္ျပီတိုက္တိုက္ဆိုင္ဆိုင္လုပ္ငန္းရွင္ရက္လည္

ေသာေန႔လည္းျဖစ္သည္သူမစိန္ဘယက္အားသြားေရြးကာဟန္မပ်က္ပင္ေနလိုက္သည္။

ညဘက္ေရာက္ေတာ့သူမအိပ္မေပ်ာ္ေပတန္ဖိုးအလြန္ႀကီးေသာစိန္ဘယက္တကံုးရထားသည္မို့သေဘာက်ကာ

စိတ္ကူးထဲအစီအစဥ္ေတြဆြဲေနမိသည္စိန္ဘယက္ကိုျပန္ေရာင္းရန္ေတြးေနမိသည္

အေတြးေရယာဥ္ေက်ာတြင္ေျမာရင္ညသည္ေမွာင္သထက္ေမွာင္လာသည္သန္းေခါင္နားကပ္ေနျပီ

ထိုအခ်ိန္မွာဘဲသူမျခံေရွ့ေခြးေတြအူလိုက္သည္မွာစူးစူးဝါးဝါးျဖစ္ေနသည္သူမျခံထဲေမြးထားေသာ

ေခြးႀကီးႏွစ္ေကာင္သည္လဲတခုခုကိုျမင္ေနသလိုထိုးေဟာင္ေနသည္မွာတိတ္ဆိတ္ေနေသာ

ညကိုဆူညံသြားေလသည္သူမလဲအိပ္ခန္းဝရံတာမွထြက္ကာဘာမ်ားျဖစ္သလဲလို့အျပင္သို့ထြက္ႀကည့္မိရာ

ျခံထဲကေခြးႏွစ္ေကာင္သည္ေရွ့တိုးလိုက္ေနာက္ဆုတ္လိုက္ျဖင့္

ျခံဝကိုႀကည့္ကာအသဲအသန္ေဟာင္ေနႀကေလသည္။သူမႀကည့္ေနရင္း

ျခံဝတြင္လူတေယာက္ရပ္ေနသည္ထိုလူသည္ျခံတံခါးမဖြင့္ပါဘဲနွင့္ေလထဲလြင့္လာသလို

္စိန္မမရွိရာေအာက္ထပ္သို့ေရာက္လာကာအေပၚသို့ေမာ့ႀကည့္လိုက္ေလသည္

စိန္မမေသေသခ်ာခ်ာႀကည့္လိုက္ေတာ့ေသသြားေသာလုပ္ငန္းပိုင္ရွင္ျဖစ္ေန၍အသဲမ်ားေအး၍သြားသည္။

စိန္မမအနည္းငယ္လန့္သြားသည္မျဖစ္ႏုိင္ဟုေတြးေပမဲ႔ေခြးေတြကေတာ့ထိုအရာကိုျမင္ေနသည့္အလား

အူလိုက္ေဟာင္လိုက္ႏွင့္ဆူညံေနသည္စိန္မမဆက္မႀကည့္ေတာ့ရင္တုန္ပန္းျဖင့္အိပ္ယာထဲ ဝင္လိုက္သည္။

တံခါးမ်ားအေသအခ်ာပိတ္လိုက္သည္ထိုညကေဒၚစိန္မမအိမ္မက္ဆိုးတခုကိုမက္ေနသည္သူမအိမ္မက္ထဲတြင္

လုပ္ငန္းရွင္သည္ေသြးသံတရဲရဲျဖင့္သူ့ဆီေရာက္လာကာ

”’ေဒၚစိန္မမ—-က်ဳပ္မိန္းမကိုခင္ဗ်ားဆီမွာစိန္ဘယက္အပ္ထားတာအိမ္မက္ေပးထားတယ္”——-အဲဒါခင္ဗ်ားဆီကစိန္ဘယက္ေပးလိုက္ပါ”””

”””ေအာ္——-ဟုတ္ကဲ႔____ဟုတ္ကဲ႔””’

စိန္္မမကေႀကာက္လန့္တႀကားကတိေပးလိုက္ကာအိမ္မက္ကလန့္ႏုိးသြားသည္။

ေနာက္တပတ္တြင္ေတာ့လုပ္ငန္းရွင္မိန္းမသည္စိန္မမဆီေရာက္လာသည္။

”””’ေဒၚစိန္မမေရက်ြန္မေယာက်ၤားကအိမ္မက္ေပးေနတယ္သူစိန္ဘယက္တကံုးေဒၚစိန္္မမဆီမွာအပ္ထားတယ္တဲ႔အဲဒါက်မလဲေဒၚစိန္္မမမ်ားသိေနသလားလို့ပါ”’

””’ႀကံႀကံဖန္ဖန္ရွင္—ရွင္နားႀကားမ်ားလြဲသလား—–က်မကစိန္ပဲလက္လြဲေရာင္းတာက်န္တာရႈတ္ရႈတ္ရွက္ရွက္မလုပ္ဘူး——-ရွင္ေျပာသလိုဆိုက်ြန္မနံမည္ကိုလာဖ်က္ေနသလိုပဲ——စိန္္မမသမိုင္းေတာ့အရုိင္းမခံဘူး——–အေသေရဖ်က္မႈ႕နဲ႔တရားစြဲရလိမ့္မယ္””’

စိန္္မမကအေႀကာက္အကန္ညင္းလိုက္ေတာ့လက္ဆုပ္လက္ကိုင္မျပႏုိင္ေသာလုပ္ငန္းရွင္မိန္းမသည္

မယံုႏုိင္သလိုျဖစ္ကာသူမအိမ္မက္မက္သည္မွာလဲအလြန္ပင္ထင္ရွားေနသည္

သူမေယာက်ၤားကစိန္မမဆီမွာစိန္ဘယက္သြားယူရန္ေျပာသည္ကိုျမင္ေယာင္မိကာစိတ္မေကာင္းျဖစ္သြားသည္

””’ေကာင္းျပီေလမအပ္ခဲ႔ဘူးဆိုေတာ့လဲမအပ္ခဲ႔ဘူးေပါ့အကယ္၍အပ္ခဲ႔တယ္ဆိုရင္လဲက်ြန္မေယာက်ၤားတမလြန္ကအေသေျဖာင့္ေအာင္ေရစက္ခ်လဴပါမယ္””’

ဒိလိုနဲ႔အဖိုးတန္စိန္ဘယက္တကံုးစိန္မမသိမ္းပိုက္လိုက္ေလသည္။

ေနာက္ရက္ေတြမွာေတာ့စိန္္မမအိမ္မက္ဆိုးမ်ားမက္ေနသည္အိမ္မက္ထဲတြင္လုပ္ငန္းရွင္က

သူမအားမေက်မနပ္ျဖစ္ေနကာအံ႕တႀကိတ္ႀကိတ္ႀကည့္ေနသည္ကိုေတြ႔ရေတာ့စိန္မမမဲ႔ျပံဳးျပံဳးမိသြားသည္။

ေသသြားသူကသူမအားဘာမ်ားဒုကၡေပးႏုိင္မွာလဲလို့ခပ္လြယ္လြယ္ပဲေတြးမိေလသည္။

သူမအေတြးသည္အလြန္မွားေနမွန္စိန္မမတေျဖးေျဖးသိလာသည္သူမနားတြင္လုပ္ငန္းရွင္ဝိညာဥ္ရွိေနသည္ဟုထင္ေနမိသည္။

သူမအားေစာင့္ႀကည့္ေနသလိုခံစားရကာအလိုလိုေနရင္းႀကက္သီးမ်ားထ၍ေက်ာခ်မ္းသလိုျဖစ္ေနသည္။

သူမသည္ညစဥ္ညတိုင္အိမ္မက္ဆိုးမ်ားေျခာက္လွန့္ေနသလိုျဖစ္၍အိပ္ေရးပ်က္ေသာညမ်ားလဲမ်ားလာသည္။

သူမညအိပ္ရမွာေတာင္ေႀကာက္ေနမိကာစိတ္မလံုသလိုခံစားေနရသည္။

အိပ္ေဆးမ်ားကလဲသူမအတြက္ေဆးမတိုးေတာ့ညေရာက္မွာကိုလန့္ေနသည္။

္တညတြင္စိန္မမအိပ္ေနရင္းအိမ္မက္ဆိုးမ်ားမက္ေနျပန္သည္ဒီအခ်ိန္မွာဘဲသူမနားထဲ

”””စိန္မမ——စိန္မမ—-စိန္မမ””’

စိန္မမနားထဲသူမနံမည္ေခၚေနသံကိုႀကားေနရကာရုတ္တရက္အိမ္မက္မွလန့္ႏုိးသြားေလသည္။

သူမႏုိး၍မ်က္လံုးဖြင့္လိုက္မိသည္ႏွင့္သူမကုတင္ေဘးတြင္ရပ္ေနေသာလုပ္ငန္းရွင္အားေတြ႔လိုက္ရာ

အလြန္ထိတ္လန့္တုန္လႈပ္စြာကုန္းေအာ္လိုက္မိေလသည္။

””’အားးးးးးးးသရဲ—-သရဲ——””’

စိန္မမေအာ္သံကိုဘယ္သူမွမႀကားပါသူမေယာက်ၤားကသူမႏွင့္တစ္အိမ္ထဲေနေပမဲ႔စကားမေျပာတာႀကာျပီ

သူမႏွင့္အတူမေနဘဲေအာက္ထပ္တြင္အိပ္သည္သူမသားလဲမရွိေပအိမ္ေဖာ္မ်ားလဲေအာက္ထပ္တြင္သာ

အိပ္ႀကသည္မို့အေပၚထပ္တြင္စိန္မမတစ္ေယာက္ထဲသာရွိေနသည္။

လုပ္ငန္းရွင္သည္သူမကိုယ္ေပၚသိုတက္၍ဖိကာသူမလည္ပင္းအားညစ္ေလသည္။

ထိုအခါစိန္မမလဲရွိသမ်ွခြန္အားႏွင့္အတင္းရုန္းကန္ေပမဲ႔အရာမေရာက္ဘဲအသက္ရႈက်ပ္၍လာသည္။

စိန္မမတကိုယ္လံုးေႀကာက္စိတ္မ်ားကာဖံုးလႊမ္းထားကာသူမေသရမည္ကိုအလြန္စိုးရိမ္လ်ွက္ရွိသည္။

ဒီအခ်ိန္တြင္သူမရဲ႔ေနာက္ဆံုးေမ်ွာ္လင့္ခ်က္ျဖင့္ဘုရားအားသတိရသြားသည္။

ဘုရားစာကလဲဟုတ္တိပတ္တိမရေသာအခါသူမရေသာဗုေဒၶါတလံုးကိုသာအဆက္မျပတ္ရြတ္ဆိုေနမိသည္။

””’ဗုေဒၶါ—–ဗုေဒၶါ————”””

ထိုအခါသူမေပၚဖိထားေသာလုပ္ငန္းရွင္ဝိညာဥ္သည္တေျဖးေျဖးေပ်ာက္၍သြားေလသည္။

စိန္မမကအသက္ေဘးမွကံေကာင္း၍လြတ္ခဲ႔ရေသာမိမိအျဖစ္ကိုထိတ္လန့္ကာေဇာေခြ်းမ်ားက

သူမတကိုယ္လံုးရြဲလ်ွက္ရွိေနေပမဲ႔မေတာ္ေလာဘစိတ္ကေတာ့စိန္ဘယက္ကိုစြန့္လႊတ္ဘို့စိတ္ကူးမရွိေပ

သို့ေပမဲ႔အိမ္ေျမွာင္စုပ္ထိုးသံႀကားမိတာေတာင္သူမကလန့္၍ေသြးေလေျခာက္ျခားလ်ွက္ရွိသည္။

ေနာက္ေန့တြင္သူမလက္ထဲစိန္ဘယက္မထားရဲေတာ့ဒီစိန္ဘယက္ရွိေနသမ်ွသူမစိတ္ဒုကၡေရာက္ေနမည္ဟု

ေတြးမိသည္သူမလဲစိတ္ေျခာက္ျခားေနျပီစိန္ဘယက္အျမန္ေရာင္းရန္အတြက္

ဝယ္လက္မ်ားျဖင့္ခ်ိတ္ဆက္၍ေရာင္းရန္အဆင္ေျပသြားသည္ဝယ္မည့္သူသည္တရုတ္သေဌးတစ္ေယာက္ျဖစ္သည္။

ဝယ္မည့္သူကသူမအားအိမ္သို့လာရန္ညေနပိုင္းခ်ိန္းလိုက္သည့္အတြက္စိန္မမအလြန္ဝမ္းသာသြားသည္။

ဒါနဲ႔စိန္မမပစၥည္းယူကာေလွကားကအဆင္းတြင္အေနာက္ဘက္မွေခၚသံတစ္သံႀကားလိုက္မိသည္

””စိန္မမ—”’

အက္ကြဲကြဲအသံသည္မက်ယ္ေပမဲ႔စိန္မမနားထဲမိုးႀကိဳးပစ္လိုက္သလိုတုန္လႈတ္၍သြားကာ

ေနာက္သိုရုတ္တရက္လွည့္ႀကည့္လိုက္မိခ်ိန္တြင္သူမေနာက္နားတြင္ရပ္ေနေသာ

ေသြးသံရဲရဲျဖင္လုပ္ငန္းရွင္ကိုျမင္လိုက္ရသည့္အခါေသြးလည္ပတ္မႈ႕မ်ားေျပာင္းျပန္ျဖစ္သြားသလား

ထင္မိေလသည္ဒီအခ်ိန္မွာဘဲသူမေနာက္ကျပင္းထန္ေသာအင္အားတစ္ခုကသူမအားေလွကားေပၚက

ေဆာင့္တြန္းလိုက္သလိုေလွကားေအာက္သို့႔ဒလိမ့္ေခါက္ေခြးျပုတ္က်၍သြားေလသည္။

””အားးးးးးး””

စိန္မမရဲ႔ငယ္သံပါေအာင္ေအာ္သံေႀကာင့္အိမ္မွလူမ်ားအေျပးလာႀကည့္ေသာ္

ေလွကားေအာက္ေျခကေႀကြျပားႏွင့္ေခါင္းရုိက္မိ၍ေသြးအိုင္ထဲအသက္ထြက္ေနေသာ

စိန္မမအေလာင္အားေတြ႔ႀကရေလသည္စိန္မမမ်က္လံုးမ်ားသည္အေပၚသို့လန္ကာျပဴးးက်ယ္၍ေနသည္ကို

ႀကည့္ခ်င္းအားျဖင့္သူမစိန္ဘယက္အားစိတ္မခ်၍ျဖစ္ႏုိင္ေပသည္။

ေလာကမွာသူတပါးပစၥည္းအေခ်ာင္လိုခ်င္သူမ်ားမတရားေသာနည္းျဖင့္သိမ္းပိုက္သူမ်ားအတြက္ေတာ့

ျပန္လည္ေပးဆပ္မႈ႕သည္ႀကီးမားမည္မွာအမွန္ျဖစ္သည္။

ျပီး

D Moe Moe