” စုန်းထီးကြီးဦးဘသာနှင့် နွားဖြူ နွားနက် “(စ/ဆုံး)

Unicode Version

” စုန်းထီးကြီးဦးဘသာနှင့် နွားဖြူ နွားနက် “(စ/ဆုံး)
————————————————————–
အတွဲ(၄) စာစဉ် (၂၅)

(၁)

ရွာကိုပြန်ရောက်တော့ အဖေက ကျုပ်ကိုအရင်ပညာစမ်းတယ်ဗျ။

“အလတ်ကောင်ရေ၊ ဦးဘသာကြီး အသစ်ဝယ်လာတဲ့နွားတွေက သိပ်ကောင်းသိပ်လှလို့ ရွာကလူတွေအကုန်လုံးက ချီးမွမ်းနေကြသကွ၊ အဲဒါ မင်းလည်းသူနဲ့လိုက်သွားတာဆိုတော့ နွားပညာတော့ တော်တော်တတ်လာမှာပေါ့”

“ဒါပေါ့ဗျာ၊ နွားတစ်ကောင်ကို ဘယ်လိုကြည့်ရတာလဲဆိုတာ ကျုပ်ကောင်းကောင်းသိပါပြီ”

အဖေက ခေါင်းညိတ်ပြီးတော့

“အေးကွာ၊ ဒါဆိုခြံနောက်ဖေးက တင်းကုပ်ထဲသွားပြီးတော့ အိမ်ကနွားတွေကို ဘယ်နွားက နွားကောင်းတယ်၊ ဘယ်နွားက နွားဆိုးတယ်ဆိုတာ ကြည့်စမ်းကွာ”

ကျုပ်လည်း ခေါင်းညိတ်ပြီးတော့ အိမ်နောက်ဖေးကိုဝင်ခဲ့တာပေါ့ဗျာ၊ အဖေနဲ့ အကိုကြိးက အနောက်ကလိုက်လာတယ်။ ကျုပ်တို့အိမ်မှာ နွားသုံးရှဉ်းရှိသဗျ၊ သုံးရှဉ်းဆိုတော့ ခြောက်ကောင်ပေါ့ဗျာ၊ ကျုပ်လည်း အရင်ဆုံးတွေ့တဲ့ နွားတစ်ကောင်ကို သေချာကြည့်လိုက်တာပေါ့ဗျာ။

“ဟာ၊ အဖေရေ ဒီနွားကတော့ နွားနီကြီးဗျာ၊ နွားနီကိုမှ အရောင်က ကွမ်းသွေးအရောင်နဲ့ဗျ၊ နွားနီကွမ်းသွေး ရိုက်နိုင်မှပြေးဆိုသလို သိပ်ပေသိပ်ကပ်တဲ့ကောင်ကြီးဗျာ”

ဒါနဲ့ နောက်တစ်ကောင်ကိုကြည့်လိုက်တယ်။

“အံမယ်၊ ဒီတစ်ကောင်ကတော့ နွားဝါဗျ၊ နွားဝါဆိုပေမယ့် အရောင်ကမွဲခြောက်ခြောက်ဖွဲနုရောင်ဗျ၊ နွားဝါဖွဲနု သေအောင်ထု ဂရုမထားတတ်ဘူးတဲ့ဗျာ၊ ဒီကောင်ကတော့ တကယ့်အပေအတေဗိုလ်ကြီးပဲ၊ ကြိမ်တို့ရုံမကလို့ ဝါးရင်းတုတ်နဲ့ရိုက်ရင်တောင်မှ လှုပ်တောင်လှုပ်မယ့်ကောင်ကြီးမဟုတ်ဘူးဗျ”

အဖေက မျက်မှောင်ကြုတ်လိုက်ရင်း

“ဒီလောက်လည်းမဟုတ်ပါဘူးကွာ၊ မင်းကလည်း”

ကျုပ်ကြည့်လိုက်တော့ အိမ်ကနွားတွေက တစ်ကောင်မှ အပြစ်အနာအဆာမလွတ်ဘဲ နွားဖျင်းကြီးတွေပဲဖြစ်နေတယ်ဗျာ၊ ကျုပ်ပြောတာကိုနားထောင်ပြီးတော့ အဖေဆိုရင် စိတ်ဓါတ်တော်တော်ကျသွားတာဗျ၊ ကျုပ်လည်း နောက်ဆုံးနွားတစ်ကောင်ကိုကြည့်လိုက်ပြီးတော့

“ဟောဗျာ၊ ဒီနွားကတော့ထူးတာ ချိုနှစ်ချောင်းကြားမှာ ဗွေနှစ်လုံးက ဆင့်နေပါလားအဖေရ၊ ဗွေဆင့်မျက်ခြား အဝယ်မှား အိမ်ကမယားသေလတ္တံတဲ့၊ ဒီနွားကိုသာ ဆက်ထားမယ်ဆိုရင် အမေသက်ဆိုးရှည်မှာမဟုတ်ဘူးအဖေရ၊ ဒီနွားကြီးကို ရောင်းပစ်လိုက်စမ်းပါဗျာ”

“ဟာ၊ အလတ်ကောင်ရာ၊ မင်းပြောမှ ငါ့နွားတွေအကုန်လုံး အဆိုးတွေချည်းဖြစ်နေပါလားကွ၊ နေပါစေ၊ ဒီနွားကိုတော့ မရောင်းပါဘူးကွာ”

အဖေပြောတော့ မီးဖိုချောင်ထဲမှာ ဟင်းချက်နေတဲ့အမေက ကြားသွားတယ်ဗျ။

“ဟိုလူကြီး၊ ရှင်ဘာစကားပြောတာလဲ”

အမေကအသံအကျယ်ကြီးနဲ့အော်တို့ ကျုပ်တို့တွေလန့်သွားတာပဲဗျာ၊ အမေက ဟင်းမွေတဲ့ယောက်မကိုင်လာပြီးတော့

“တော်က မယားသေတတ်တဲ့နွားကို မရောင်းဘူးဆိုတော့ တော်က ကျုပ်ကိုမြန်မြန်သေစေချင်နေတယ်ပေါ့၊ ဟုတ်သလား”

အဖေကမျက်နှာပျက်သွားပြီးတော့

“ဒီလိုမဟုတ်ပါဘူး မသန်းရာ”

“အိုတော်၊ ဒီလောက် ပက်ပင်းတိုးနေတာတောင်မှ ရှင်က မုန်လာဥလုပ်ချင်သေးတယ်၊ ဒီမှာ ရှင်မှန်မှန်ပြော၊ ရှင်ဘယ်သူ့ကိုအသစ်တွေ့ထားလို့ ကျုပ်ကိုမြန်မြန်သေစေချင်နေတာလဲ”

အမေက တစ်ယူသန်လုပ်ပြီဆိုရင် သိပ်ခေါင်းမာတာဗျ၊ ဘယ်လိုလုပ်လုပ်ရှင်းမရတော့ဘူးလေဗျာ၊ အဖေက ဘာမှမပြောဘဲ သက်ပြင်းဘဲချတယ်။ အမေက ကျုပ်ကိုကြည့်ပြီး

“အလတ်ကောင်၊ မကောင်းတဲ့နွားဆိုရင် အိမ်မှာမထားနဲ့၊ သွား အခုဆွဲသွား၊ ဒီနွားကို ရတဲ့ဈေးနဲ့သာ ရောင်းဖို့ဆိုင်ခဲ့ပေတော့”

ကျုပ်အဖေ့ကိုတစ်ချက်ကြည့်လိုက်တယ်၊ အဖေကလည်း စိတ်ပျက်ပျက်နဲ့ခေါင်းညိတ်ပြတော့ ကျုပ်လည်း နွားကိုဆွဲပြီးတော့ ခြံထဲကထွက်လာခဲ့တာပေါ့ဗျာ၊ အကိုကြီးက တံစဉ်ကို ချွန်အောင်လို့ တံစဉ်းနဲ့တိုက်ပြီး သွေးနေတယ်ဗျ။

“အကိုကြီး၊ တံစဉ်တစ်လက်နဲ့ ဘာလုပ်မလို့လဲဗျ”

“ရွာပြင်ထွက်ပြီးတော့ မြက်ရိတ်သွားမလို့ကွ”

“ဗျာ၊ ဒီအချိန်ဆို ရိုးချောင်းဘေးမှာ မြက်တွေရှိချင်ရှိနေမှာဗျ၊ ဘာလို့တကူးတက မြက်သွားရိတ်နေမှာလဲ”

“မင်းမသိသေးပါဘူးကွာ၊ ဒါနဲ့ မင်းလည်းငါနဲ့အတူတူလိုက်ခဲ့ပါလား အလတ်ကောင်ရ၊ ငါလည်းအဖော်ရတာပေါ့”

“လိုက်တော့ လိုက်ချင်ပါတယ်အကိုကြီးရာ၊ ဒါပေမယ့် ဒီနွားကြီးကလည်း ရှိသေးတယ်မဟုတ်လား”

အကိုကြီးက ခေါင်းခါပြီးတော့

“အဲဒါ မင်းစတဲ့ပြဿနာပဲ၊ မင်းအခု ဒီနွားကိုဘယ်ခေါ်သွားမယ်စိတ်ကူးလဲ”

“ဘယ်ခေါ်သွားရမှာလဲဗျာ၊ သေစရာမယားမရှိတဲ့ ဦးဘသာအိမ်မှာပဲ ခဏသွားထားရမှာပေါ့ဗျ”

“ဟာ၊ ဦးဘသာအိမ်ဆို လမ်းကြုံသားပဲ၊ မင်းသွားနှင့်် ငါပြီးတော့ လိုက်ခဲ့မယ်”

“သဘော၊ သဘော”

ကျုပ်အကိုကြီးနဲ့စကားပြောနေတုန်း အမေက အိမ်ရှေ့ကိုထွက်လာတယ်။

“ဟဲ့ ဒီညီအကို ဒီနွားကိုမဆွဲသွားသေးဘဲနဲ့ တတွတ်တွတ်နဲ့ ဘာတွေတိုင်ပင်နေကြတာလဲ၊ နင်တို့လည်း နင်တို့အဖေကို မယားအသစ်ပေးစားဖို့ ကြံနေကြတာမဟုတ်လား”

အမေ့ရဲ့အသံကြားတာနဲ့ ကျုပ်လည်းနွားဆွဲပြီး ခြံထဲက အမြန်ထွက်ခဲ့တာပေါ့ဗျာ၊ မထွက်လို့လည်းမရဘူးဗျ၊ အမေ့ရဲ့ ဒီလိုအသံက ဝမ်နင်ပေးတဲ့အသံဗျ၊ ဒီအသံကိုကြားလို့ ဆက်မလုပ်ဘူးဆိုရင်တော့ အမေစီးထားတဲ့ သရက်သားခုံဖိနပ်ပျံကြီး ထွက်လာမယ်မဟုတ်လားဗျာ။

(၂)

“ဟား၊ ဟား၊ ဟား မင်းကတော့ တကယ့်ကောင်ပဲအလတ်ကောင်ရ”

ရေနွေးသောက်နေတဲ့ဦးဘသာက ကျုပ်ပြောတာနားထောင်ပြီး ခွက်ထိုးခွက်လန်ရယ်လို့ ရေနွေးတွေတောင် သီးကုန်တယ်ဗျာ၊ ကျုပ်ကတော့ ဦးဘသာကို ဘုကြည့်ကြည့်လိုက်တယ်။

“ဘာဗျ၊ ကျုပ်က ဦးဘသာသင်ပေးထားတဲ့အတိုင်း နွားကိုကြည့်တာပဲလေဗျာ၊ ဘာရယ်စရာ ပါလို့လဲ”

“မင်းဟာက အတတ်ကျူးအရူးဖြစ်ဆိုတဲ့ ပုံပြင်ကိုသတိရသွားလို့ပါကွာ၊ မင်းလည်း ဒီအတိုင်းပဲ အားလုံးသိနေတော့ အားလုံးမကောင်းတော့ဘူးပေါ့ကွာ၊ ဟား၊ ဟား”

“ဟာ၊ ဦးဘသာကလည်း ကျုပ်ပြောတာ မမှန်လို့လားဗျ”

“မှန်တာတော့ မှန်ပါတယ်အလတ်ကောင်ရာ၊ ဒါပေမယ့် အပြစ်ဆိုတာ ရှာလေတွေ့လေကွ၊ လောကမှာ ဘယ်အရာပဲဖြစ်ဖြစ် ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူးကွာ”

“ဒါဆိုရင် ဒီနွားကိုဘယ့်နှယ့်လုပ်မလဲဗျာ”

“ငါပြောမယ်အလတ်ကောင်၊ နွားတွေကို အသွေးအမွှေးကြည့်ပြီး ဆုံးဖြတ်တယ်ဆိုတာက အပေါ်ယံသဘောပဲကွ၊ လူတစ်ယောက်ကိုတွေ့ရင်ရော သူ့ရဲ့ပုံပန်းသွင်ပြင်ကိုလေ့လာကြည့်ပြီးတော့ ဒီလူက ကောင်း၏ မကောင်း၏ ဆိုတာကို ဆုံးဖြတ်လို့မရဘူးမဟုတ်လား”

“ဒါကတော့ ဟုတ်ပါတယ်”

“အေး၊ နွားတွေမှာလည်း ဒီလိုပဲ ပုံပန်းသွင်ပြင်က အရေးကြီးတယ်ဆိုပေမယ့် ပိုပြီးအရေးကြီးတာကတော့ အဲဒီနွားတွေကို ကိုင်တွယ်ဆက်ဆံတဲ့သူက အရေးအကြီးဆုံးပဲကွ၊ မင်းဟိုပုံပြင်ကြားဖူးတယ်မဟုတ်လား၊ ကြက်တူရွှေးညီနောင် လေမုန်တိုင်းတိုက်ပြီးတော့ ကွဲကွာသွားတဲ့ပုံပြင်လေကွာ”

“ကြားဖူးပါ့ဗျာ၊ တစ်ကောင်က ဓါးပြတွေဆီရောက်သွားတယ်၊ တစ်ကောင်က ရသေ့ကြီးဆီကို ရောက်သွားတယ်လေဗျာ”

“အဲဒီလိုပေါ့ကွာ၊ နွားတွေဆိုတာလည်း သက်ရှိတွေပဲမဟုတ်လား၊ သက်ရှိတွေဆိုတော့ ထိန်းကျောင်းပဲ့ပြင်တဲ့လူနဲ့ အများကြီးဆိုင်ပါတယ်၊ ဒါဆိုရင်ငါပြောမယ် မင်းအိမ်က နွားနီကွမ်းသွေးက တကယ်ပဲ ပေကပ်ကပ်နဲ့လားကွ”

ကျုပ်လည်း သေချာစဉ်းစားပြီးတော့ ခေါင်းခါလိုက်တယ်။

“အဲဒီလိုတော့မဟုတ်ဘူးဗျ၊ ဒီကောင်ကြီးက အဖေ့စကားတော့ သိပ်နားထောင်တာ”

“ဒါဆို နွားဝါဖွဲနုကရော တင်းကုပ်ထဲက မထွက်ဘဲ ပေကပ်ပြီးခွေနေပြန်ရောလား”

“ဘယ်ဟုတ်ပါ့မလဲ ဦးဘသာရာ”

ကျုပ်တောင်မဖြေရသေးဘူး အကိုကြီးက အကျယ်ကြီးအော်ဖြေပြီးတော့ ခြံထဲကိုဝင်လာတယ်ဗျ၊ လက်ထဲမှာလည်း ထမ်းပိုးတစ်ချောင်းကိုင်လို့ပေါ့ဗျာ။

“ဟာ အကိုကြီး”

အကိုကြီးက ဦးဘသာဘေးနားထိုင်ပြီး ရေနွေးတစ်ခွက်ငှဲ့လိုက်ရင်း

“ဘယ်ဟုတ်ပါ့မလဲ ဦးဘသာရာ၊ နွားဝါကြီးက သိပ်ခိုင်းကောင်းတာဗျ၊ လှည်းထမ်းပိုးကိုလည်းကောင်းကောင်းနိုင်သလို၊ ယာထွန်၊ ထယ်ထိုးရင်လည်း သိပ်လုပ်တဲ့ကောင်ကြီးဗျာ”

အကိုကြီးစကားကိုကြားတော့ ဦးဘသာက ကျုပ်ကိုကြည့်ပြီး

“တွေ့ပြီလားအလတ်ကောင်၊ နွားတွေရဲ့ကြန်အင်ကလည်း အရေးကြီးတယ်ဆိုပေမယ့် တကယ်အရေးကြီးတာက သူ့ကိုထိန်းကျောင်းတဲ့လူပဲကွ၊ တို့ လူတွေလိုပေါ့ကွာ”

အခုမှကျုပ်လည်း နားလည်သွားတယ်၊ တကယ်က ကြန်အင်လက္ခဏာက အရေးကြီးတယ်ဆိုပေမယ့် ဒါတွေက ယေဘုယျသတ်မှတ်ချက်တွေပါ၊ တကယ်အရေးအကြီးဆုံးကတော့ ထိန်းကျောင်းတဲ့လူ မွေးမြူတဲ့လူအပေါ်မူတည်ပြီး လိမ်မာ၏ မလိမ်မာ၏က ကွဲပြားသွားတတ်တယ်ဆိုတာ ကျုပ်လက်ခံလိုက်ပါပြီ။

အကိုကြီးက ရေနွေးခွက်ကိုသောက်လိုက်ရင်း

“ဒါနဲ့ ဒီနွားကြီးကိုဘယ်လိုလုပ်မလဲဟ၊ ဒီနွားက တော်တော်ခိုင်းကောင်းတဲ့နွားကွ၊ ကြိမ်တို့စရာကိုမလိုတာ၊ ဒါကြောင့်လည်း အဖေက ဒီနွားကိုတော်တော်တန်ဖိုးထားရှာတာ အလတ်ကောင်ရ၊ မင်းလုပ်လို့ အခုအမေက ဒီနွားကိုရောင်းထုတ်ခိုင်းနေပြီလေ၊ မင်းဘယ်လိုလုပ်မလဲ”

ကျုပ်လည်း ခေါင်းကုပ်လိုက်မိတယ်၊ ကျုပ်ဖြင့် ဘာလုပ်ရမှန်းကိုမသိတော့ဘူးဗျာ၊

“အမေက နဂိုကတည်းကမှ ခေါင်းသိပ်မာတတ်တာကိုကွာ၊ အယူသည်းလိုက်တာဆိုရင်လည်း ပြောမနေပါနဲ့၊ မင်းကတော့ ပြဿနာကို မီးထွန်းရှာတဲ့ကောင်ပဲ”

ဦးဘသာက ပြုံးရင်း

“အေး၊ လောလောဆယ်တော့ ငါ့အိမ်မှာပဲထားခဲ့ပေါ့ကွာ၊ ညနေကျတော့ လာပြန်ခေါ်သွားပေါ့”

“ဟာ၊ ဦးဘသာ အမေက မကြိုက်ဘူးဆိုနေမှ ဒီနွားကိုပြန်ခေါ်သွားလို့ဖြစ်မလားဗျ”

“ရပါတယ်ကွာ၊ ငါအဆင်ပြေအောင်လုပ်ပေးပါ့မယ်၊ မင်းငါ့ကိုမယုံဘူးလား”

“ယုံပါတယ် ဦးဘသာရာ၊ ယုံပါတယ်”

“ကဲ၊ ယုံတယ်ဆိုရင်လည်း ထတော့ကွာ၊ ငါမြက်ရိပ်သွားဖို့ နောက်ကျနေပြီဟ”

အကိုကြီးက မတ်တပ်ရပ်လိုက်တော့ ကျုပ်လည်း ပုဆိုးပြင်ဝတ်ပြီး အကိုကြီးအနောက်ကိုလိုက်ခဲ့တာပေါ့ဗျာ။

(၃)

ရိုးချောင်းအစပ်မှာတော့ မြက်ကြမ်းတွေပဲရှိတော့တယ်ဗျ၊ ကျုပ်တို့ရောက်သွားတော့ ရွာထဲက ဦးသိန်းဇံတို့၊ ကာလသား ကိုမောင်ပုတို့ ရိုးချောင်းအစပ်မှာ မြက်ရိတ်နေကြပါရော၊ ကျုပ်ဖြင့် တအံ့တသြနဲ့

“ဟာ၊ ဦးသိန်းဇံ ခင်ဗျားတို့လည်း မြက်လာရိတ်ကြတာလားဗျ၊ နွားတွေလွှတ်မကျောင်းဘူးလား”

ကိုမောင်ပုက ကျုပ်ကိုကြည့်ပြီးတော့

“တို့ရွာက နွားတွေကို လွှတ်ကျောင်းလို့မရဘူးဆိုတာ မင်းမသိသေးဘူးလား အလတ်ကောင်ရ”

ဒီတော့မှ ကျုပ်လည်းသိတယ်ဗျ။

“နေစမ်းပါအုံးဗျာ၊ ကျုပ်တို့ရွာက နွားတွေကို တစ်သက်လုံး လွှတ်ကျောင်းလာခဲ့တာပဲမဟုတ်လား၊ အခုကျမှ ဘယ်လိုလုပ်ပြီးတော့ မလွှတ်ကျောင်းရတာလဲ”

ကိုမောင်ပုက မြက်ရိတ်နေရာကနေ ခဏနားပြီးတော့ ပုခုံးပေါ်က ပုဆိုးစနဲ့ နဖူးကချွေးတွေကိုသုတ်လိုက်တယ်ဗျ။ ပြီးတော့ ခဏထိုင်ရင်း

“မင်းက ဒီရွာမှာမရှိဘူးဆိုတော့ ရွာမှာဘာတွေဖြစ်ခဲ့တယ်ဆိုတာကို မသိလိုက်ဘူးထင်တယ်”

ကျုပ်လည်း ခေါင်းညိတ်လိုက်ပြီးတော့ အကိုကြီးကိုကြည့်လိုက်တယ်။

“အကိုကြီး၊ ဘာဖြစ်တာလဲ”

“နွားတွေလွှတ်ကျောင်းမရတာက အကြောင်းရှိတယ်ကွ အလတ်ကောင်ရ၊ တို့နွားတွေကို တလင်းထဲလွှတ်လိုက်ပြီဆိုရင် ဘယ်ကမှန်းမသိတဲ့ နွားကြီးတစ်ကောင် ရောက်ရောက်လာပြီးတော့ နွားတွေကို လိုက်ဝှေ့တော့တာပဲကွာ”

“ဟာဗျာ၊ ဘယ်ကနွားကြီးလဲဗျ”

ကိုမောင်ပုက အားတက်သရောနဲ့

“သရဲနွားကြီးကွ”

“ဘယ်လိုဗျ”

“ဟုတ်တယ်အလတ်ကောင်ရေ၊ အဲဒီနွားကြီးက ထွားထွားကျိုင်းကျိုင်းနွားကြီးကွ၊ နွားအုပ်ကိုတွေ့တာနဲ့ လိုက်ဝှေ့တော့တာပဲဟေ့၊ ဝှေ့တဲ့အခါမှာလည်း မဲမဲမြင်သမျှ အကုန်လိုက်တာကွ၊ နွားတွေက ကြောက်လန့်ပြီး ပြေးကြလွှားကြ၊ ချော်လဲကြနဲ့ ထိခိုက်ကုန်တာပေါ့ကွာ”

အကိုကြီးပြောလို့မပြီးသေးဘူး ကိုမောင်ပုက

“ဒါတင်ဘယ်ကမလဲကွ၊ အဲဒီနွားကြီးပေါ်လာပြီဆိုရင် လွှွတ်ကျောင်းထားတဲ့နွားတွေထဲက တစ်ကောင်မဟုတ်တစ်ကောင်တော့ အမြဲသေတတ်တာပဲကွာ၊ ဒီနွားကြီးက တအားဝှေ့တော့ အဝှေ့ခံရတဲ့နွားက သေတာများတယ်ကွ၊ ငါ့နွားတစ်ကောင်တောင် ပြီးခဲ့တဲ့ရက်က သေပြီးပြီ”

“ဟာ၊ ဟုတ်ရဲ့လားဗျာ၊ ဘယ်လိုဖြစ်တာလဲ”

“ငါလည်း ရွာထဲက ပြောစကားတွေကို သိပ်မယုံဘူးကွ၊ ဒါနဲ့ ငါရယ်၊ ငါ့ညီနှစ်ယောက်ရယ် သုံးယောက်ပေါင်းပြီးတော့ နွားကျောင်းထွက်ကြတယ်ကွာ၊ လက်ထဲမှာလည်း လှံတွေ၊ လေးခွတွေ၊ ဓါးတွေ အစုံပါတယ်။ တကယ်လို့ ဒီနွားကြီးလာရင် ဝိုင်းခုတ်သတ်ကြမယ်ဆိုပြီးတော့ပေါ့ကွာ၊ တို့တွေနွားကျောင်းပြီး မကြာပါဘူးကွာ၊ ခပ်လှမ်းလှမ်းကနေ နွားတွန်သံကြီးကြားလိုက်ရတယ်၊ ငါတို့လှည်းကြည့်တော့ အဲဒီနွားကြီးဖြစ်နေတာပဲဟေ့၊ တို့နွားတွေဆီကို အတင်းပြေးလာပြီး ဝှေ့တော့တာပဲ”

“ကိုမောင်ပုတို့က နွားကြီးကိုမခုတ်ဘူးလားဗျ”

“ဘယ်နေပါ့မလဲ အလတ်ကောင်ရာ၊ ငါတို့လည်း လက်ထဲကိုင်ထားတဲ့ လှံတွေ၊ ဓါးတွေနဲ့ နွားကြီးကိုထိုးကြ ပစ်ကြပေါ့ကွာ၊ ထူးဆန်းတာတစ်ခုက အဲဒီနွားကြီးကို ငါတို့လှံနဲ့ထိုးရင် သူ့အသားက ပေါက်ထွက်သွားပေမယ့် ဘာမှမဖြစ်ဘူးကွ၊ ဓါးနဲ့ခုတ်ရင်လည်း ပြတ်တယ်၊ ဒါပေမယ့် ဘယ်လိုမှကိုမနေတာကွာ”

“ဟာ ထူးတော့ထူးနေပြီဗျာ”

“အဲဒီနွားလိုက်ဝှေ့လို့ ငါ့အိမ်က နွားမကြီးက ခြေဦးတည့်ရာပြေးရင်း နောက်ဆုံးတော့ အမောဖောက်ပြီး လဲကျသေဆုံးသွားတာပဲဟေ့၊ ရွာတောင်ပြန်မရောက်လိုက်ပါဘူးကွာ၊ ကွင်းထဲမှာပဲ ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ သေသွားရှာတာကွ၊ ငါဖြင့် နှမြောလိုက်တာကွာ”

“ဒါဆို အဲဒီနွားကြီးကရော ဘယ်ရောက်သွားတာလဲ”

ကိုမောင်ပုက ခေါင်းခါလိုက်ပြီး

“ဖုန်လုံးတွေကြားထဲ ပျောက်သွားတာပဲကွာ”

ကျုပ်တော့ တစ်ခုခုထူးပြီဆိုတာ သိလိုက်ပြီဗျာ၊

“ငါလည်း အဲဒီကတည်းက နွားတွေလွှွတ်မကျောင်းရဲတော့ဘဲ၊ နွားစာအတွက် မြက်တွေ၊ အပင်တွေ လိုက်ရိတ်နေရတော့တာပဲ၊ တို့ရွာထဲ နွားမွေးတဲ့သူတွေအကုန်လုံး အခုလိုပဲ မြက်ရိတ်ထွက်ရတော့တာပေါ့ကွာ၊ နွားတွေကိုတော့ ဘယ်သူမှ လွှတ်မကျောင်းရဲတော့ဘူးကွ၊ အစာဝတာ မဝတာ အသာထား၊ မသေဖို့က အရေးကြီးတယ်မဟုတ်လား”

“ကျုပ်တို့ရွာကတော့ ဖြစ်လိုက်မှဖြင့် အဆန်းချည်းပဲဗျာ”

“ကဲ အလတ်ကောင်ရေ၊ စကားချည်းထိုင်မပြောနေနဲ့ကွ၊ မြက်ရိတ်အုံးကွ၊ ဒီနားမှာတောင် မြက်ရှားသွားပြီ၊ ချောင်းရိုးဘေးမှာ မြက်ကုန်ရင်တော့ ဟိုးတောတန်းဘက် သွားရိတ်ရတော့မှာပဲကွ”

အကိုကြီးနဲ့ကျုပ်လည်း မြက်ရိတ်ရတော့တယ်ဗျ၊ အခုမှသတိထားမိတာ ကျုပ်တို့ရွာနံဘေးက တံလင်းတွေထဲမှာ နွားဆိုလို့ တစ်ကောင်တစ်မြီးတောင် မတွေ့ရဘူးဗျို့၊ နွားအစား နွားမွေးထားတဲ့လူတွေ၊ နွားပိုင်ရှင်တွေက တကုန်းကုန်းနဲ့ မြက်တွေရိတ်နေကြရဲ့ဗျာ၊ စောစောထရိတ်တဲ့လူတွေကတော့ မြက်ထုံးတွေကို ထမ်းပိုးနဲ့ထမ်းပြီးတော့ ပြန်သွားကြလေရဲ့။

ကျုပ်ကတော့ မြက်ရိတ်ရင်း အဲဒီနွားကြီးအကြောင်းကို တွေးနေမိတယ်၊ ဦးဘသာ ဒီကိစ္စကိုသိပုံမရသေးဘူးဗျ၊ အခုမြက်ရိတ်ပြီးအပြန် ဦးဘသာကို ဝင်ပြောမယ်ဆိုပြီးတော့ ကျုပ်တွေးနေမိတာပေါ့ဗျာ။

(၄)

ဟောဗျာ၊ တွေးလို့မှ မဆုံးသေးဘူး၊ ဦးဘသာတစ်ယောက် နွားဆယ်ကောင်မောင်းချလာပြီးတော့ ရွာထဲကနေထွက်လာတယ်ဗျာ၊ မြက်ရိတ်နေတဲ့ ကိုမောင်ပုက လှမ်းကြည့်ပြီးတော့

“ဟာ၊ ဟိုမှာ ဦးဘသာတစ်ယောက် နွားတွေကျောင်းပြီးတော့ ထွက်လာပါရောလားဟေ့”

ကျုပ်လည်း စိုးရိမ်မိသွားတာတော့အမှန်ပဲဗျ။

“ဟာ၊ ဦးဘသာက ကျုပ်နဲ့အတူတူခရီးထွက်နေတာဆိုတော့ ဒီကိစ္စကိုမသိသေးဘူးထင်တယ်ဗျ၊ လုပ်ပါအုံးဗျာ၊ တော်ကြာခင်ဗျားပြောတဲ့ နွားကြီးနဲ့တွေ့တော့မှ ဦးဘသာနွားတွေ သေကုန်ပါအုံးမယ်”

ဦးသိန်းဇံက ဦးဘသာကိုမျက်မှောင်ကြုတ်ပြီးလှမ်းကြည့်ရင်း

“သေသေပေါ့ကွာ၊ ဘသာက စုန်းမဟုတ်လားကွ၊ ငါတို့ပြောတဲ့ သရဲနွားကြီးထွက်လာပြီး ဘသာနဲ့တွေ့လို့ကတော့ ပွဲကြီးပွဲကောင်းပဲဟေ့”

ဦးသိန်းဇံက ဦးဘသာကို သိပ်ကြည့်မရတဲ့လူဗျ၊ ဒါပေမယ့် သူပြောတာလည်း ဟုတ်တော့ဟုတ်တယ်၊ ဦးဘသာက ဒီသရဲနွားလောက်တော့ နိုင်မှာမဟုတ်လားဗျာ၊ ဦးသိန်းဇံပြောတဲ့အတိုင်း ဦးဘသာနဲ့တွေ့ရင်တော့ ပွဲကြီးပွဲကောင်းပဲဗျို့၊ ဒါနဲ့ ကျုပ်တို့လည်း မြက်ရိတ်တာ ခဏနားပြီးတော့ ချောင်းရိုးတစ်ဖက်က မြေဖို့ထားတဲ့ တာပေါင်ကြီးပေါ် တက်လာခဲ့ကြတယ်၊ တာပေါင်နှုတ်ခမ်းမှာ ကပ်ပေါက်နေတဲ့ လူနှစ်ရပ်လောက်ရှိတဲ့ ခအောင်းပင်ကလေးအောက်မှာ အရိပ်ခိုရင်း ဖိနပ်ဖင်ခုထိုင်ကာ ဦးဘသာနဲ့ နွားအုပ်ကြီးကိုကြည့်နေမိတယ်ဗျ။

ဦးဘသာကတော့ ကြိမ်လုံးတစ်ချောင်းနဲ့ နွားတွေကိုအော်ဟစ်ပြီး ရွာထဲကနေ တလင်းဘက်ကို တရွေ့ရွေ့နဲ့ထွက်လာတာပဲဗျာ၊ ဦးဘသာက နွားတွေကို တော်ရုံဆိုရင် ရိုက်ခဲပါတယ်၊ ဒါပေမယ့် ဒီနွားတွေက နွားအသစ်တွေဆိုတော့ နည်းနည်းပါးပါး ထိန်းကျောင်းရတယ်ထင်ပါ့ဗျာ။ ဦးဘသာထွက်လာပြီးတော့ မကြာဘူးဗျာ၊ ရေတွင်းပျက်နားက ဖုန်းဆိုးမြေကြီးအနီးကနေ နွားတွန်သံကြီးကို ကြားလိုက်ရပါရောဗျာ၊ ဦးဘသာ လွတ်ကျောင်းနေတဲ့နွားတွေဆိုရင် နွားတွန်သံကြားတာနဲ့ တုန်လှုပ်ခြောက်ချားပြီးတော့ ခြေဦးတည့််ရာ လှည့်ပြေးဖို့လုပ်ကြပါရော။ ကျုပ်တို့လှည့်ကြည့်နေတုန်း အဲဒီဖုန်းဆိုးမြေကြီးပေါ်က နွားကြီးတစ်ကောင်ထွက်လာပါရောဗျာ၊ နွားက နွားအနက်ကြီးဗျ၊ ချိုကြီးကိုထောင်ပြီးကော့နေတာပါပဲဗျာ၊ ပုံမှန်ထွားကျိုင်းသန်မာတဲ့ နွားတွေထက် ပိုပြီးတော့အကောင်ထွားတယ်ဗျာ၊ နွားနှစ်ကောင်နီးနီးလောက်ကိုရှိတာဗျ၊ အဲဒီနွားကြီးက ဦးဘသာနွားအုပ်ဆီကို ပြေးသွားပါရောဗျာ။

နွားကြီးပြေးလာတာ မြင်လိုက်တာနဲ့ ဦးဘသာနွားတွေအကုန်လုံး တလင်းထဲကို ထွက်ပြေးကုန်တာပဲဗျာ၊ ခြေဦးတည့်ရာ ပြေးတာဆိုတော့လည်း ဟိုတစ်ကောင်၊ ဒီတစ်ကောင် ပြေးကုန်ကြတာပေါ့၊ ဦးဘသာက ကြိမ်လုံးကိုင်ပြီးတော့ နွားတွေကိုကြိမ်းမောင်းနေတယ်ဗျာ၊ ဦးသိန်းဇံက အသေအချာကြည့်ရင်း

“ဟား၊ ဟား ဒီအတိုင်းဆိုရင်တော့ ဘသာတစ်ယောက် ဒီနွားကြီးကို ရှုံးမှာပဲကွ”

သူကဒီလိုပြောတော့ ကျုပ်ကလည်း မကျေမနပ်နဲ့

“အိုဗျာ၊ ဒီနွားရိုင်းလောက်ကတော့ ဦးဘသာက နိုင်ပါတယ်ဗျ၊ ခင်ဗျားကြည့်နေစမ်းပါ”

“ဟား၊ ဟား အလတ်ကောင်ရာ၊ မင်းက ဘသာနဲ့ပေါင်းနေတော့ ဘသာဘက်ကနေ မခံမရပ်နိုင်ဖြစ်နေတယ်မဟုတ်လား၊ စိန်လိုက်လေကွာ၊ ဘသာရှုံးကိုရှုံးရမယ်၊ မင်းဘာကြေးလောင်းမလဲ”

“အိုဗျာ၊ ကျုပ်က ဒါမျိုးကိုမှကြိုက်တာ၊ ဦးဘသာပဲ နိုင်မှာဗျ”

ဦးသိန်းဇံက ခေါင်းညိတ်ရင်း

“ကောင်းပြီလေ၊ ဘသာရှုံးရင် မင်းငါ့ကို မြက်တစ်ထမ်းရိတ်ပေးရမယ်၊ တကယ်လို့ ဘသာနိုင်သွားရင်တော့ မင်းကိုငါက ဟောဟိုက မြက်တစ်ထမ်းကို အလကားပေးလိုက်မယ်ကွ”

“စိန်လိုက်လေဗျာ၊ မြက်တစ်ထမ်းကြေးပေါ့”

ကျုပ်တို့ဘေးကစောင့်ကြည့်နေတဲ့သူတွေက အချင်းချင်းလောင်းပြီးတော့ ရင်တမမနဲ့ဖြစ်နေကြတယ်ဗျာ၊ ကွင်းထဲက ဦးဘသာကတော့ ပြေးလွှားနေတဲ့နွားတွေကိုကြည့်ပြီး အော်ဟစ်နေလို့ပေါ့ဗျာ။ နွားနက်ကြီးက ဦးဘသာရဲ့ နွားရွှေဝါကြီးတစ်ကောင်ကို အတင်းလိုက်ဝှေ့တာဗျ၊ နွားရွှေဝါကြီးက ပြန်ဝှေ့ဖို့မပြောနဲ့ ကြောက်လွန်းလို့ ပတ်ပြေးနေတာပေါ့ဗျာ၊ နောက်တော့ နွားနက်ကြီးက နွားရွှေဝါကြီးရဲ့ နောက်ခြေထောက်ကို ဝှေ့ထည့်လိုက်တယ်၊ နွားရွှေဝါကြီးအနောက်ခြေထောက်က သွေးတွေရဲခနဲ ပန်းထွက်လာတာပေါ့ဗျာ၊ ပြေးနေရင်းလည်း ခွေကျသွားတယ်ဗျ၊ နွားနက်ကြီးက တစ်ပတ်ပြန်လှည့်ပြေးသွားပြီးတော့ ခွေကျသွားတဲ့ နွားရွှေဝါကြီးကို ချိုနဲ့ပြေးဝှေ့တာပဲဗျာ။

“ရပ်လိုက်၊ ရပ်လိုက်စမ်း”

ဦးဘသာက ကြိမ်လုံးကြီးဝင့်ပြီးတော့ နွားနက်ကြီးကို ကြိမ်းမောင်းပေမယ့် နွားနက်ကြီးက ရပ်မသွားတဲ့အပြင် နွားရွှေဝါကြီးကို ပြေးပြီးတော့ ချိုနဲ့ထိုးကလော်လိုက်ပါရောဗျာ၊ နွားရွှေဝါကြီးဆိုရင် ဖင်ကြီးကိုမြောက်တက်သွားတော့တာပဲ၊ နောက်တစ်ချက် ထပ်ထိုးမယ်ဆိုပြီးအပြေးမှာ ဦးဘသာက နွားနက်ကြီးကို လက်ညှိုးနဲ့ထိုးပြီးတော့ ပါးစပ်ကနေ ဘာတွေအော်မှန်းမသိဘူးအော်လိုက်တာ နွားနက်ကြီးက ခြေလေးဖက်စလုံး တုန့်ခနဲရပ်တန့်သွားပြီးတော့ ငြိမ်ကျသွားတယ်ဗျ၊ ပြီးတော့ အဲဒီနွားနက်ကြီးက ကျုပ်တို့မျက်စိရှေ့မှာတင်ပဲ သဲမှုန်တွေအဖြစ် တဖြည်းဖြည်းပဲ့ကျသွားတော့တာပါပဲဗျာ။

“ဟေး နိုင်ပြီ၊ ငါနိုင်ပြီကွ”

ဦးသိန်းဇံက ထပြီးအော်တော့တယ်။

“ဟာဗျာ၊ ခင်ဗျားမတွေ့ဘူးလား၊ ဦးဘသာလုပ်လိုက်လို့ နွားကြီးသဲမှုန်ဖြစ်သွားတာလေဗျာ”

“ဟ၊ သဲမှုန်ကတော့ သူ့အလိုလိုလည်း အချိန်တန်ရင်ဖြစ်တာပဲ၊ ဒါပေမယ့် ဘသာရဲ့နွားကြီး အထိနာသွားတယ်မဟုတ်လား၊ ဒါ သူရှုံးတာပဲပေါ့”

“ဟုတ်တယ်အလတ်ကောင်၊ ဦးဘသာ တကယ်စွမ်းရင် အဲဒီနွားနက်ကြီး သူ့နွားကိုမဝှေ့ခင်မှာ တားနိုင်ရမှာပေါ့”

ကိုမောင်ပုကလည်း ဝင်ပြောတယ်၊ ကျုပ်လည်း ပြိုင်ငြင်းချင်ပေမယ့် အကိုကြီးက ကျုပ်ပုခုံးကိုဆွဲထားတယ်၊ သူဆိုလိုချင်တာတော့ ကျုပ်ကိုစိတ်ထိန်းထားဖို့ပေါ့ဗျာ။ ဒါနဲ့ ကျုပ်လည်း အောင့်သက်သက်နဲ့ လက်ခံလိုက်ရတော့တယ်၊ မြေသားတမံပေါ်ကနေ ပြေးဆင်းပြီးတော့ ကွင်းကြီးကိုဖြတ်ပြေးရင်း ဦးဘသာဆီကိုလာခဲ့တာပေါ့ဗျာ၊ ဦးဘသာကတော့ နွားရွှေဝါကြီးအနားမှာ ထိုင်လို့ဗျ။

“ဦးဘသာ၊ ဦးဘသာ ဘာဖြစ်သွားသေးလဲ”

ဦးဘသာက ခေါင်းခါပြတယ်ဗျ။

“အခြေအနေမကောင်းဘူးဟေ့၊ ငါ့ကောင်ကြီး နောက်ခြေထောက်ကြောပြတ်သွားသကွ၊ ဗိုက်လည်း နည်းနည်းပွင့်သွားတယ်”

ဟုတ်ပါ့ဗျာ၊ နွားရွှေဝါကြီး ပေါင်အနောက်ကြောနဲ့ တံခေါက်ကွေးမှာ ပြတ်ရှဒဏ်ရာကြီးဖြစ်လို့ဗျ၊ ချက်အောက်ဘက်နားမှာလည်း နွားချိုထိုးပြီးတော့ အပေါက်ကြီးဖြစ်နေပါရောဗျာ၊ ကျုပ်လည်း ရွာထဲက ကာလသားတွေကိုပြေးခေါ်ရတယ်၊ နွားရွှေဝါကြီးက မထနိုင်တော့လို့ လူအားနဲ့ချီပိုးပြီးတော့ ရွာထဲကိုဝိုင်းသယ်ကြရတယ်ဗျ၊

ဦးဘသာတစ်ယောက်မျက်နှာမကောင်းတာ ကျုပ်သတိထားမိပါရဲ့ဗျာ၊ သူ့နွားကြီးဖြစ်သွားတဲ့အတွက် တော်တော်စိတ်မကောင်းဖြစ်နေတဲ့ပုံပဲ၊ ရွာကလူတွေကလည်း ဦးဘသာကို အဲဒီနွားကြီးအကြောင်းကို ဝိုင်းပြောပြကြတယ်၊ ကျုပ်လည်း ဦးဘသာအနားမှာနေပေးတာပေါ့ဗျာ၊ ဦးဘသာကတော့ ပျာပျာသလဲနဲ့ ဟိုအရွက်တွေခူး၊ ဒီအရွက်တွေခူးပြီးတော့ ထုထောင်းပြီး နွားကြီးရဲ့ဒဏ်ရာကို အုံခဲပေးပြိး ကုသပေးနေပါရောဗျာ၊ ဒီအချိန် အကိုကြီးက မြက်တစ်ထမ်းထမ်းပြီးတော့ ရွာထဲပြန်ဝင်လာတယ်ဗျ၊ ပြီးတော့ ဦးဘသာအိမ်ထဲဝင်လာပြီးတော့ ကျုပ်အရှေ့ကို တံစဉ်တစ်လက်ပစ်ချပေးလိုက်တယ်။

“မင်းရှုံးကြွေးကို မင်းဆပ်ရမယ်လေ အလတ်ကောင်ရ”

ကျုပ်လည်း တံစဉ်ကိုကောက်ယူလိုက်ပြီးတော့ ဒေါသထွက်ထွက်နဲ့ ရွာအပြင်ကို လျှောက်ခဲ့တာပေါ့ဗျာ၊ ရွာအပြင်ရောက်တော့ ဦးသိန်းဇံနဲ့ ကိုမောင်ပုက မြက်ထုံးတွေထမ်းလာလို့ဗျ။ ဦးသိန်းဇံက ကျုပ်ကိုမြင်တော့ ပြုံးဖြီးဖြီးနဲ့

“လုပ်ထားဟေ့အလတ်ကောင်ရေ၊ ငါ့နွားတွေတော့ ဒီနေ့ကံကောင်းတာပဲဟေ့၊ မြက်တွေ ၀၀လင်လင်စားရတော့မယ်ကွ”

ကျုပ်ကို တမင်နှိမ်ပြီးပြောလိုက်မှန်း ကျုပ်သိတာပေါ့ဗျာ၊ ကျုပ်လည်း မခံချင်စိတ်နဲ့ ရွာပြင်ထွက်ခဲ့တာပေါ့။ ရွာပြင်ရိုးချောင်းနံဘေးမှာ မြက်တွေသိပ်မရှိတော့ဘူးဗျ၊ တစ်ရွာလုံးကလူတွေက ဒီရိုးချောင်းနံဘေးမှာပဲ မြက်ရိတ်ကြတာကိုးဗျာ၊ ဒါနဲ့ကျုပ်လည်း မြက်တွေရှာပြီးတော့ လိုက်ရိတ်ရတော့တယ်၊ ရိုးချောင်းတစ်လျှောက် ရိတ်ရင်းနဲ့ ရွာနဲ့တော်တော်လှမ်းလှမ်းကိုတောင် ရောက်သွားသဗျာ၊ အဲဒီရိုးချောင်းရဲ့အောက်ဘက်နား ကျုပ်တို့ရွာနဲ့ တစ်ခေါ်လောက်ဝေးတဲ့နေရာမှာ သီးပင်စုဆိုတဲ့ ကုန်းကလေးတစ်ခုရှိတယ်ဗျ၊ အဲဒီမှာ ဘကြီးပေါတို့မိသားစု နေခဲ့တာဆိုတော့ ကျုပ်တို့ကတော့ ဘကြီးပေါတို့ကုန်းလို့ပဲ ခေါ်ကြတယ်၊ ဘကြီးပေါအကြောင်း ခင်ဗျားတို့သိပြီးသားဖြစ်မှာပါ၊ ဓါးပြကျော်ဘမော်က ဓါးပြတိုက်ရင်း မကျေနပ်လို့ ဘကြီးပေါတို့ကို မိသားစုလိုက် သတ်သွားတဲ့နေရာပေါ့ဗျာ။ (စုန်းထီးကြီးဦးဘသာနှင့် ဓါးပြကျော်ဘမော်၊ အတွဲ(၁))တွင် ဖတ်ရှုနိုင်ပါသည်။

သရဲအရမ်းခြောက်လို့ တော်ရုံတန်ရုံလူတွေ မသွားရဲတဲ့နေရာပေါ့ဗျာ၊ အဲဒီသီးပင်စုမှာ ဘကြီးပေါတို့နေခဲ့တဲ့ အိမ်ပျက်ကြီးတွေရှိသေးတယ်ဗျ၊ ဘကြီးပေါတို့က သစ်ကောင်းတွေနဲ့ အိမ်ဆောက်ထားခဲ့တာဆိုတော့ အိမ်ကြီးက ကောင်းကောင်းမွန်မွန်ရှိပါသေးတယ်၊ အိမ်ကြီးတစ်ဝိုက်မှာလည်း မန်ကျည်းပင်ကြီးတွေ၊ သီးပင်ကြီးတွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ပေါ့ဗျာ။ ကျုပ်လည်း မြက်ရချင်လို့သာ လာခဲ့ရတယ် ခပ်လန့်လန့်ရယ်ဗျ၊ ပြီးတော့ ဘကြီးပေါတို့ သီးပင်စုကုန်းမှာ ဖိုးတုတ်နဲ့ ယဉ်ယဉ်ဆိုတဲ့ သရဲလင်မယားလည်းရှိသေးတယ်မဟုတ်လား။

ကျုပ် မြက်တွေရိပ်နေတုန်း အဲဒီအိမ်ပျက်ကြီးတွေထဲမှာ လူသံတွေကြားရတယ်ဗျ၊ ကျုပ်လည်း မြက်ရိတ်နေရင်း လှမ်းကြည့်တော့ လူတွေစကားပြောနေတဲ့အသံပဲဗျာ၊ လူတစ်ယောက်မှ မရှိတဲ့နေရာမှာ လူသံကြားရတယ်ဆိုတော့ ကျုပ်လည်း သရဲမှန်းသိလိုက်ပြီလေ၊ ဒါပေမယ့်လည်း စိတ်ထဲကတော့ မဝံ့မရဲနဲ့ဗျ၊ မန်ကျည်းပင်ကြီးတစ်ပင်ကို အကာအကွယ်ယူပြီးတော့ ချောင်းကြည့်တော့ အိမ်ကြီးပေါ်ကနေ ရှမ်းဝတ်စုံအနက်ရောင်ဝမ်းဆက်ဝတ်ထားတဲ့ လူကြီးတစ်ယောက် ဆင်းလာသဗျ၊ ခေါင်းမှာ ခေါင်းပေါင်းလည်းပေါင်းထားလို့ဗျို့၊ အပေါ်က ရှမ်းအင်္ကျီရင်စေ့ဝတ်ထားပြီး အောက်မှာလည်း ရှမ်းဘောင်းဘီ ပွပွကြီးဝတ်ထားတယ်၊ အသားကတော့ ခပ်ဖြူဖြူပါပဲဗျာ၊ ဒီလူကြီးက ဘကြီးတုတ်တို့ခြေတံရှည်အိမ်ပေါ်ကနေ ဆင်းလာပြီးတော့ ဘေးဘီကိုကြည့်တယ်၊ ပြီးတော့ ရှမ်းလိုစူးစူးဝါးဝါးထအော်သဗျ။

ကျုပ်လည်း ကြောက်ကြောက်နဲ့ မန်ကျည်းပင်အနောက်မှာ ပုန်းနေလိုက်တယ်ဗျာ၊ မန်ကျည်းပင်က လူနှစ်ဖက်စာလောက်ရှိတာဆိုတော့ ကျုပ်ကောင်းကောင်းပုန်းလို့ရပါတယ်၊ ဒီအချိန် ခြေသံတွေကိုကြားလိုက်ရတယ်၊ လူသုံးလေးယောက် လျှောက်လာတဲ့ခြေသံမျိုးဗျ၊ သူတို့ခြေလှမ်းတွေက ကျုပ်ပုန်းနေတဲ့မန်ကျည်းပင်အနားကို လာတဲ့ပုံစံပါပဲဗျာ၊ ကျုပ်ဖြင့် ရင်တွေထိတ်လိုက်တာဗျာ၊ နောက်တော့ မိန်းကလေးတစ်ယောက်က မန်ကျည်းပင်အနောက်နားကိုရောက်လာတယ်၊ ကျုပ်လည်း မန်ကျည်းပင်တစ်ဖက်ကို အသာကလေးတိုးကပ်သွားတာပေါ့ဗျာ၊ မိန်းကလေးက ကျုပ်ကိုမမြင်ဘူးဗျ၊ မန်ကျည်းမြစ်နားမှာ ကျနေတဲ့ တံစဉ်ကိုကောက်ယူလိုက်ပြီးတော့ ရှမ်းလိုပြောနေတာပဲ၊ ကျုပ်လည်း ခါးကြားကိုစမ်းကြည့်လိုက်တော့မှ အဲဒီတံစဉ်က ကျုပ်တံစဉ်ဖြစ်နေတယ်ဗျာ၊ ခုနက ခါးကြားထိုးရင်း ချောကျသွားတာဖြစ်မယ်။

ဒီအချိန်မှာပဲ ကျုပ်ဘေးနားကို အဘွားကြီးတစ်ယောက်ရောက်လာတယ်၊ ပါးရေတွေ တွန့်တွန့်နဲ့ မျက်တွင်းကျကျမျက်နှာကြီးကိုမြင်လိုက်ရတော့ ကျုပ်လည်း လန့်ပြီးအော်ဟစ်ရင်း အဲဒီနေရာကနေ ထွက်ပြေးခဲ့တော့တာပဲဗျာ၊ မြက်ထုံးတွေတောင်မှ မယူနိုင်ဘူးဗျာ။

မြက်တစ်ထမ်းမရတော့ ကျုပ်လည်း နည်းမျိုးစုံနဲ့ ကြံရတော့တယ်၊ ကံကောင်းချင်တော့ နွားကျောင်းသားလေးတစ်ယောက် ထမ်းလာတဲ့မြက်ထမ်းကို တစ်ကျပ်ပေးပြီးတော့ ဝယ်လိုက်ရတော့တာပေါ့ဗျာ။ မြက်ထမ်းကြီးကို ဦးသိန်းဇံအိမ်ကိုထမ်းပို့တော့ ဦးသိန်းဇံက အောင်နိုင်သူအပြုံးနဲ့ကြည့်နေသဗျ။

(၅)

“ငါမကျေနပ်ဘူးကွာ”

“ကျုပ်လည်း မကျေနပ်ဘူးဗျာ”

ညနေရောက်တော့ ဦးဘသာအိမ်မှာ ကျုပ်နဲ့ဦးဘသာ အတူတူထိုင်နေကြရင်း ပြောလိုက်မိတယ်ဗျ။ ကျုပ်ပြောလိုက်တော့ ဦးဘသာက တအံ့တသြနဲ့

“ဟ၊ အလတ်ကောင်ရ၊ ထိတာက ငါ့နွားထိတာပါကွ၊ မင်းက ဘာကိုမကျေနပ်ရတာလဲ”

“မဟုတ်ပါဘူးဗျာ၊ ဦးသိန်းဇံနဲ့ကျုပ်နဲ့ အဲဒီနွားကြီးကို ဦးဘသာ နိုင်မနိုင်ဆိုပြီးလောင်းကြရင်း ကျုပ်ရှုံးသွားလို့ပါဗျ”

“မင်းကတော့ ဟုတ်နေပြန်ပါပြီ၊ ငါဒုက္ခရောက်တာကို မင်းတို့က ထိုင်ကြည့်ပြီးတော့ လောင်းနေနိုင်သေးတယ်”

“အဲဒါထားပါတော့ ဦးဘသာ၊ အဲဒီနွားနက်ကြီးက ဘာနွားကြီးလဲဗျ”

ဦးဘသာက ခေါင်းညိတ်ရင်း

“ရွာသားတွေပြောပုံအရရယ်၊ နောက်ပြီးတော့ ငါကိုယ်တိုင်တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံအရရယ်ဆိုရင်တော့ ဒီနွားက ကိုးသချိုင်းနွားဖြစ်မယ်ထင်တယ်ကွ”

“ဗျာ၊ ကိုးသချိုင်းနွားတဲ့လား”

“အေးလေ၊ အောက်လမ်းဆရာတွေ သုံးတဲ့နွားပေါ့ကွာ၊ ဆေးနွားဆိုတာ မင်းကြားဖူးတယ်မဟုတ်လား”

“ကြားဖူးပါရဲ့ဗျာ၊ ဒါပေမယ့် ကျုပ်တို့အိမ်ကို အောက်လမ်းနဲ့ဆေးနွားတိုက်တုန်းက ဆေးနွားက အနီရောင်လေးမဟုတ်လား၊ ပြီးတော့ အကောင်အထည်လည်း မြင်ရတာမှ မဟုတ်တာ”

“ဟုတ်တယ်၊ အလတ်ကောင် ဆေးနွားလို့ လူတွေခေါ်ကြတဲ့ ပညာနဲ့လုပ်ထားတဲ့ နွားရုပ်တွေမှာ သုံးမျိုးသုံးစားရှိသကွ၊ မင်းမြင်ဖူးတဲ့ ဆေးနွားအနီကတော့ အလယ်အလတ် နွားလို့ပြောလို့ရမယ်ကွ၊ ဆေးနွားအနီက ကောင်းတဲ့နေရာမှာ သုံးလို့ရသလို၊ မကောင်းတဲ့နေရာမှာလည်း သုံးလို့ရတာပေါ့ကွာ၊ မင်းတို့အိမ်ကို တိုက်တုန်းကတော့ တံစူးဝါးမှာ ဘို့တစ်ထောင်ဆွဲပြီး ဆေးနွားအစီအရင်လုပ်ထားတာဆိုတော့ မကောင်းတဲ့ ဆေးနွားအနီပေါ့၊ အရပ်အခေါ်တော့ တိုက်နွားပေါ့ကွာ” (ထိုအကြောင်းကို စုန်းထီးကြီးဦးဘသာနှင့် ဘို့တစ်ထောင်တိုက်နွား၊ အတွဲ(၁) တွင်ဖတ်ရှုနိုင်ပါသည်)

“ဟုတ်တယ်ဗျ၊ ဒါနဲ့ နောက်ထပ်ဆေးနွားတွေကရောဗျာ”

“အလွန်အဆင့်မြင့်တဲ့ အောက်လမ်းဆရာကြီးတွေသုံးတဲ့ ဆေးနွားတစ်မျိုးရှိသေးတယ်ကွ၊ အဲဒီဆေးနွားကတော့ ဆေးနွားအနက်ပေါ့ကွာ”

“ဟုတ်ပြီ၊ နေ့လည်ကတွေ့တာကလည်း နွားနက်ကြီးဆိုတော့ အဲဒီ ဆေးနွားအနက်များလား”

“အဟုတ်ပေါ့ကွာ၊ ဆေးနွားအနက်ကို စီရင်တဲ့အခါ ကိုးသချိုင်းမြေနဲ့ စီရင်ရတယ်ကွ၊ လူနားလည်အောင်ပြောရရင်တော့ သချိုင်းကိုးခုက မြေကိုယူရတယ်ပေါ့ကွာ၊ မြေကိုယူတဲ့အခါလည်း ရိုးရိုးတန်းတန်း သွားယူလို့မရဘူးကွ၊ အရင်ဆုံး အဲဒီသချိုင်းမှာရှိတဲ့ သချိုင်းစောင့်ပရလောကသားတွေနဲ့ မိတ်ဖွဲ့ရတယ်၊ ပြီးတော့ သချိုင်းစောင့်နဲ့ခင်မင်သွားပြီဆိုရင် သူပြတဲ့နေရာက သချိုင်းမြေကိုတူးယူရတယ်ကွ၊ ကိုယ်တူးချင်တဲ့နေရာကနေ တူးလို့မရဘူး၊ တူးယူတဲ့အခါမှာလည်း သချိုင်းမြေကို လက်ကိုးမိုက်အနက်တူးပြီး လက်တစ်ဆုပ်စာမြေကို ယူရတယ်”

“သိပ်တော့မလွယ်ဘူးဗျနော်”

“ဒါပေါ့ကွ၊ အဲဒီလို သချိုင်းကိုးခုက ကိုးသချိုင်းမြေကိုရပြီဆိုရင် လူသေအလောင်းစင်က ကပ်ကိုးခုဖြစ်ဖြစ်၊ အခေါင်းကိုးခုဖြစ်ဖြစ် အဲဒီက သစ်စကိုယူပြီးတော့ မီးသွေးဖြစ်အောင် ပြာချရတယ်၊ ရတဲ့မီးသွေးတွေ၊ ပြာတွေနဲ့ အဲဒီမြေကိုနယ်ပြီးတော့ အရုပ်လုပ်လို့ကောင်းအောင် နယ်ကြတာပေါ့ကွာ၊ တချို့လည်း ရွံ့နည်းနည်းထည့်တယ်ကွ၊ ပြီးရင်တော့ ချိုထောင်နေတဲ့ နွားနက်တစ်ကောင်အဖြစ် အရုပ်လုပ်ရတာပေါ့ကွာ”

“ဒါဆိုရင် ပြီးပြီလားဗျ”

“မပြီးသေးဘူးကွ၊ နွားရုပ်ကိုအသက်ဝင်အောင် လမ်းလေးခွဆုံသွားပြီးတော့ မန္တန်မှုတ်ရသေးတယ်”

“မန္တန်စုတ်တယ်၊ မန္တန်ရွတ်တယ်လို့ပဲ ကြားဖူးပါတယ် ဦးဘသာရာ၊ ဦးဘသာအလှည့်ကျမှ မန္တတ်မှုတ်တယ်တဲ့လား”

“သူက မှုတ်ရတာကိုးကွ၊ မန္တန်ရွတ်ပြီးတော့ အဲဒီနွားနက်ရုပ်ရဲ့ နှာခေါင်းနေရာကို လေနဲ့မှုတ်သွင်းရတာကိုပြောတာကွ၊ ကိုးခေါက်မှုတ်ပြီးရင် အသက်ဝင်လေ့ရှိတယ်”

“အသက်ဝင်သွားရင် လူတွေကိုလိုက်ပြီး ဒုက္ခပေးရောလား”

ဦးဘသာက ခေါင်းညိတ်တယ်ဗျ။

“အသေအချာပေါ့ကွာ၊ ငါ့အထက် အဲဒီနွားနက်ကလည်း တို့ရွာကိုဒုက္ခပေးချင်တဲ့လူတစ်ယောက်က လုပ်နေတာများလားမသိဘူး”

“ဒါဆို ဘယ်လိုလုပ်ကြမလဲဗျာ”

ဦးဘသာက တွေဝေနေရင်း

“နွားနက်ရဲ့ပြောင်းပြန်၊ နွားဖြူဆိုတာ ရှိသေးတယ်ကွ၊ ဆေးနွားသုံးမျိုးမှာ နောက်ဆုံးကျန်တဲ့နွားကတော့ နွားဖြူနွားလားပဲ၊ အဲဒီနွားကိုတော့ အထက်ဝိဇ္ဇာတွေနဲ့ အထက်လမ်းဆရာတွေ စီရင်တတ်ကြတယ်ကွ”

“ဒါဆို အဲဒီနွားဖြူက နွားနက်ကို နိုင်သလားဗျ”

“နိုင်တာပေါ့ကွ၊ ဒါပေမယ့် ပညာခန်းဆိုတော့ ပညာပိုင်းဆိုင်ရာ အဆင့်မြင့်တဲ့လူ၊ ပညာသာတဲ့လူက နိုင်စမြဲပဲ”

“ဒါဆို ဦးဘသာ ဒီနွားနက်ကြီးကိုဘယ်လိုလုပ်မလဲ”

“ဟား၊ သူက နွားနက်နဲ့လုပ်ရင် ငါတို့ကလည်း နွားဖြူလုပ်ပြီးတော့ ပြန်ဝှေ့ခိုင်းတာပေါ့ကွာ”

ကျုပ်လည်း စိတ်အားတက်သွားတယ်။

“ဒါဆိုရင် ဦးဘသာ ဘယ်လိုလုပ်မလဲဗျ”

ဦးဘသာက ကျုပ်ကိုလက်ညှိုးထိုးပြီးတော့

“နွားဖြူက ငါလုပ်ရမှာမဟုတ်ဘူးကွ၊ မင်းလုပ်ရမှာ”

“ဗျာ၊ ကျုပ်လုပ်ရမှာတဲ့လား”

ဦးဘသာက ခေါင်းကိုဆတ်ခနဲညိတ်တယ်။

“ဒါပေမယ့် ကျုပ်က ဘာမှမတတ်ဘူးလေ ဦးဘသာ”

“မလိုပါဘူးကွာ၊ နွားဖြူကိုလူတိုင်းလုပ်လို့ရပါတယ်၊ နောက်ဆုံးအသက်သွင်းတဲ့အဆင့်ကသာ အခက်ဆုံးပါ၊ မင်းလုပ်နိုင်ပါတယ်အလတ်ကောင်ရ”

“ကောင်းပြီဗျာ၊ ကျုပ်ဘယ်လိုလုပ်ရမလဲ”

“သူက ကိုးသချိုင်းနွားနက်ဆိုတော့ နွားဖြူနွားလား ပြန်လုပ်ပြီး ခတ်ခိုင်းတာပေါ့ကွာ”

“ဟုတ်ပြီဗျာ၊ ကျုပ်လုပ်မယ်၊ ကျုပ်ဘာတွေယူရမလဲ”

“ငါတို့လည်း မြေကိုးမြေကိုယူရမယ်ကွ၊ မြေကိုးမြေဆိုတာကတော့ ဘုရားမြေ၊ သိမ်မြေ၊ ကျောင်းမြေ၊ ယာမြေ၊ လယ်မြေ၊ နတ်စင်အောက်ကမြေ၊ လမ်းလေးခွဆုံကမြေ၊ တောင်ကုန်းထိပ်ကမြေ၊ ညောင်ပင်အောက်ကမြေ အဲဒီနေရာက မြေတွေကို လက်တစ်ဆုပ်စီ ယူရမယ်ကွ”

ကျုပ်လည်း နေရာတွေကို စဉ်းစားလိုက်တယ်။

“ဘုရားမြေဆိုတော့ ရွာဦးကျောင်းစေတီနားက မြေကိုယူလို့ရတယ်၊ သိမ်မြေလည်း ရွာဦးကျောင်းက သိမ်သမုတ်ထားတဲ့ သိမ်တိုင်တွေအထဲက မြေကိုယူရင်အဆင်ပြေမယ်၊ ကျောင်းမြေကတော့ ဘုန်းကြီးကျောင်းဆောင်အောက်က မြေကိုယူမယ်ဗျာ၊ လယ်မြေ၊ ယာမြေကတော့ လွယ်ပါတယ်ဗျာ၊ နတ်စင်အောက်ကမြေဆိုတော့ ရွာထိပ်က ရွာတော်ရှင် နတ်ကွန်းအောက်က သွားယူမယ်၊ လမ်းလေးခွဆုံဆိုရင်လည်း ရွာလယ်လမ်းမက လမ်းလေးခွဆုံတယ်မဟုတ်လား၊ တောင်ကုန်းထိပ်ဆိုရင်တော့ အကိုကြီးတို့ ယာခင်းနားက တောင်ကုန်းလေးထိပ်မှာ ယူလိုက်မယ်ဗျာ၊ ညောင်ပင်အောက်ကမြေဆိုတော့ ရွာဦးကျောင်းတောင်ဘက်မှာ ဗောဓိညောင်ပင်ကြီး ဟီးနေတာပဲမဟုတ်လား”

ကျုပ်ပြောတော့ ဦးဘသာက ခေါင်းတဆတ်ဆတ်ညိတ်ရင်း

“နေရာကတော့ ဟုတ်တယ်ကွ၊ ဒါပေမယ့် ဒီမြေတွေကို ဒီအတိုင်းယူလို့မရဘူး”

“ဒါဆို ဘယ်လိုလုပ်ရမလဲဗျာ”

“အရင်ဆုံး ကိုယ်မြေသွားယူမယ့်နေရာကို လက်ဖက်တစ်ပုံ ကွမ်းတစ်ယာယူသွားရမယ်၊ ပြီးရင် ဖက်တစ်ဖက်ခင်းရမယ်၊ မြေပေါ်မှာလေးဖက်ထောက် လက်အုပ်ချီပြီးတော့ “ဤအရပ်မှ အစောင့်အရှောက်အပေါင်းတို့ ငါ့ကိုစောင့်ရှောက်ကြကုန်လော့၊ မိတ်ဆွေပြုကြကုန်လော့၊ တစ်ယောက်ကိုတစ်ယောက် ရိုင်းပင်းကြပါ၊ ကူညီကြပါကုန်လော့” လို့ပြောရမယ်၊ ပြီးရင် မြေကြီးကိုတူးရမယ်၊ ဘယ်လောက်ရယ်လို့တော့ မဟုတ်ဘူးပေါ့ကွာ၊ သိပ်မတိမ် မနက်ကလေးတူးပြီးတော့ လက်တစ်ဆုပ်ယူပြီး အသာသိမ်းထားရမယ်ကွ”

“မြေကိုးခု၊ ကိုးဆုပ်ပြည့်ပြီဆိုရင် တောင်းတစ်လုံးထဲမှာ မြေတွေထည့်ပြီးတော့ ထုံးဖြူဖြူလက်တစ်ဆုပ်လောက် ထည့်ပြီး ရေနဲ့သမအောင် နှဲပေးရမယ်၊ နောက်တော့ အဲဒီမြေစာနဲ့ နွားလားပုံစံလုပ်ရမယ်၊ နွားလားမှာ အရေးအကြီးဆုံးက ဘို့ပဲ၊ ဘို့နဲ့ ဦးချိုချွန်ချွန်ထက်ထက်ကို ထင်ထင်ရှားရှားလုပ်ရမယ်”

“ဒါပဲလား”

“အေးပေါ့၊ ဒီလောက်ဆို မင်းလုပ်ရမယ့် အပိုင်းပြီးပြီ၊ ကျန်တာ ငါ့အလှည့်ပေါ့ကွာ”

ကျုပ်လည်း ခေါင်းညိတ်လိုက်တော့တယ်၊ မိုးကလည်း တဖြည်းဖြည်းမှောင်လာပြီးဆိုတော့ ကျုပ်လည်း မြေကြီးတွေယူဖို့ စီစဉ်ရတာပေါ့ဗျာ၊ ဒီအချိန်ကြီးမှာ လက်ဖက်ရှာဖို့က ဘယ်လွယ်မလဲဗျ၊ ဒါနဲ့ အိမ်မှာ အမေနှပ်ထားတဲ့ လက်ဖက်အိုးထဲက လက်ဖက်ကို ခိုးရတော့တာပေါ့ဗျာ၊ နောက်ပြီးတော့ ဖက်ရွက်ရှာရတယ်၊ အရွက်ဝိုင်းဝိုင်းကြီးကြီးဆိုရင် ဖက်ရွက်ရပြီပေါ့ဗျာ၊ ကွမ်းယာကတော့ ပူစရာမလိုဘူးဗျ၊ ဦးဘသာရှိတာကိုး။ အားလုံးရတော့ ကျုပ်လည်း တောင်းတစ်လုံးနဲ့ ခုနက ပြောထားတဲ့ နေရာကိုးနေရာက မြေတွေကို လိုက်တူးရပါရောဗျာ။

မြေအားလုံးက လွယ်လွယ်ကူကူရနိုင်တဲ့နေရာကဆိုတော့ သိပ်မခက်ပါဘူးဗျာ၊ မြေတွေအားလုံးရတော့ ညသန်းခေါင်ရောက်တော့မယ်၊ ကျုပ်က ဦးသာအိမ်ကိုပြန်လာပြီးတော့ မြေတွေကြားထဲ ထုံးဖြူးပြီးတော့ ရေနည်းနည်းထည့်ပြီး နှဲတော့တာပေါ့ဗျာ၊ ထုံးပါလို့လားမသိဘူး မြေတွေက စေးစေးကလေးဖြစ်နေတယ်ဗျ၊ ကျုပ်လည်း အဲဒီမြေနဲ့နွားရုပ်ပုံဖော်တာပေါ့ဗျာ။ ဦးဘသာက ကျုပ်လုပ်ထားတဲ့ နွားရုပ်ကိုကြည့်ရင်း

“ဟာ၊ အလတ်ကောင်၊ မင့်ဟာက နွားနဲ့မတူဘူးကွ၊ ခွေးကိုချိုတပ်ပေးထားတာနဲ့တူတယ်”

ဦးဘသာက ပြောပြီးရယ်ပါရောဗျာ၊ နောက်တော့ နွားရုပ်ကိုပြန်ဖျက်ပြီးတော့ သူကသေချာလုပ်တယ်ဗျ၊ ဦးဘသာလက်ရာကိုတော့ ကျုပ်လက်ဖျားခါပါတယ်ဗျာ၊ နွားနဲ့ တော်တော်ကိုတူတာဗျ၊ ကျုပ်လုပ်ထားတဲ့လက်ရာနဲ့တော့ တခြားစီပါပဲဗျာ။ နွားရုပ်လုပ်ပြီးတော့ ဦးဘသာက နွားလေးကို လင်ပန်းတစ်ခုထဲကိုထည့်ပြီး ဆီမီးခွက်တစ်ခုနဲ့အတူ အိမ်ကထွက်သွားတာနဲ့ ကျုပ်လည်း လိုက်ခဲ့ပါရောဗျာ။

ဦးဘသာက ရွာလယ်လမ်းလေးခွဆုံကိုသွားတာဗျ၊ အဲဒီနေရာမှာ ကျုပ်ခုနက တူးခဲ့တဲ့တွင်းကလေးတောင်ရှိနေသေးတယ်၊ ဦးဘသာက လမ်းလေးခွဆုံအလယ်တည့်တည့်မှာ ဒူးထောက်ထိုင်ချလိုက်ပြီးတော့ လင်ပန်းထဲက ဆီမီးခွက်ကို မီးညှိလိုက်ပြီး လင်ပန်းကို အရှေ့ချပြီး နွားရုပ်ကလေးကို ကိုင်လိုက်တယ်ဗျ၊

“ငါသည် မည်သူ့ကိုမှ ဒုက္ခမပေးပါ၊ ဒုက္ခရောက်နေသူတို့အား ကူညီကယ်မစောင့်ရှောက်ပါမည်၊ ဤမြေနှင့် ဆေးနွားအရုပ်ကို စီရင်ပါအံ့၊ ဤဆေးနွားကို ကဝါလမိုင်းနတ်အား အပ်ပါသည်။ ရှစ်ရပ်နယ်မြေကိုလည်းကောင်း၊ အရပ်ရပ်လယ်ယာကိုလည်းကောင်း ကဝါလမိုင်းသွားရာတွင် ဤနွားကိုစီးပါ၊ ဤနွားကို ကဝါလမိုင်းမင်း ယူတော်မူပါ၊ စီးတော်မူပါ၊ သုံးတော်မူပါ၊ ရန်ဟူသမျှကို နှိမ်နင်းတော်မူပါ၊ လူတို့အား ဒုက္ခပေးသော တောရွာ၊ အစိမ်း၊ သရဲ၊ သဘက်၊ စုန်းရဲ၊ နတ်မိုက်၊ ကဝေ၊ တစ္ဆေ၊ မြေဖုတ်ဘီလူးမှစ၍ ရန်ဟူသမျှကို ဤဆေးနွားသည် အောင်နိုင်ပါစေသတည်း”

အဲဒီလိုပြောပြီးတော့ ဆေးနွားရုပ်ကို လက်နဲ့အသာကလေး သုံးကြိမ်လောက် ပင့်မပြီးတော့

“ကျွနု်ပ်သည် ဤဆေးနွားဖြင့် အခြားမည်သူတစ်ဦးတစ်ယောက်ကိုမှ ဒုက္ခမပေးပါ၊ မနှိပ်စက်ပါ၊ ဤစကားသည်မှန်သောသစ္စာစကားဖြစ်ပါ၏၊ ဤသစ္စာမှန်လျှင် ဆေးနွားသည် ရန်အပေါင်းအား အောင်မြင်ပါစေသတည်း၊ ဤသစ္စာဖောက်ပြားမိပါက မိမိခန္ဓာပျက်ပါစေသတည်း၊ သေပါစေသတည်း၊ ကျိုးပါစေတသည်း၊ ပဲ့ပါစေသတည်း”

ဦးဘသာက သစ္စာဆိုပြီးတော့ ကျိန်တယ်ဗျာ၊ ပြီးတော့မှ ကျုပ်ဘက်ကိုလှည့်ပြီးတော့

“အလတ်ကောင်ရေ၊ အဲဒီဆေးနွားကို ယူလာခဲ့၊ ပြီးရင် ငါ့ခြံထဲက ခေါင်းရင်းမှာ ချထားလိုက်ကွာ၊ ဆေးနွားက နည်းနည်းပျော့သေးတယ်ကွ၊ မနက်ဖြန်တစ်ရက်တော့ မာအောင်ထားလိုက်အုံးမယ်”

“ဟုတ်ကဲ့ဦးဘသာ”

ကျုပ်လည်း ဆေးနွားထည့်ထားတဲ့ လင်ပန်းကိုဦးဘသာ အိမ်ခေါင်းရင်းမှာ သွားချထားလိုက်တယ်၊ ဆီမီးခွက်ကလေးကတော့ လင်းနေဆဲပေါ့ဗျာ၊ ဦးဘသာက ကျုပ်ကိုကြည့်ရင်း

“ကဲ အလတ်ကောင်၊ မနက်ဖြန်ကျရင် မင်းရှုံးခဲ့တဲ့ သိန်းဇံကိုသွားပြီး စိန်ခေါ်စမ်းကွာ၊ ဦးဘသာက အဲဒီနွားနက်ကို အနိုင်ယူနိုင်ပြီလို့ စိန်ခေါ်လိုက်စမ်း”

“ဟား၊ ဟား ကောင်းတာပေါ့ဗျာ၊ တွေ့ပြီ ဦးသိန်းဇံ၊ ကျုပ်ရဲ့ရှုံးကြွေးကို ခင်ဗျားကိုပြန်ဆယ်မယ်ဗျ”

ကျုပ်လည်း ကြွေးကြော်ပြီးတော့ ဦးဘသာအိမ်ပေါ်ကဆင်းခဲ့တာပေါ့ဗျာ၊ ဦးဘသာ ခြံထဲကနေထွက်ခါနီး ခေါင်းရင်းနားက နွားအော်သံကြားရတာနဲ့ ကျုပ်လည်း ဖြတ်ခနဲလှည့်ကြည့်လိုက်မိတယ်၊ ဟာဗျာ၊ ဦးဘသာအိမ်ခေါင်းရင်းမှာ နွားဖြူကြီးတစ်ကောင်ဗျ၊ ချိုကားကားကြီးနဲ့ ဘို့ကြီးကလည်းထောင်လို့ဗျို့၊ ခြေတွေလက်တွေဆိုရင်လည်း တုတ်တုတ်ခိုင်ခိုင်ကြီးဗျာ၊ ကျုပ်ဖြင့် အံ့သြလို့မဆုံးဘူး၊ ကျုပ်ကြည့်နေတုန်း နွားကြီးက ဗြုန်းဆို ပျောက်သွားတော့တာပါပဲ၊ ကျုပ်ကိုခဏပြတာ ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ၊ ညည့်လည်းနက်ပြီဆိုတော့ ကျုပ်လည်း အိမ်ကိုပြန်ပြေးခဲ့တော့တယ်။

(၆)

နောက်နေ့မနက်ကျတော့ နည်းနည်းနောက်ကျမှ နိုးသဗျ၊ အကိုကြီးတောင် မြက်ရိတ်ထွက်သွားပြီလေ၊ ဒါနဲ့ ကျုပ်လည်း ဦးသိန်းဇံကိုလိုက်ရှာဖို့ ရွာပြင်ထွက်ခဲ့တာပေါ့ဗျာ၊ ဟော၊ တွေ့ပါပြီဗျာ၊ ဦးသိန်းဇံက ရွာပြင်မရောက်သေးဘူးဗျ၊ ရွာထိပ်က ဦးတရုတ်ကြီးတို့ အရက်ဆိုင်မှာ တစ်ခွက်တစ်ဖလား ဝင်ကစ်နေသဗျာ။ ကျုပ်လည်း ပြုံးဖြီးဖြီးနဲ့ ဦးသိန်းဇံ စားပွဲဝိုင်းမှာ သွားထိုင်လိုက်တယ်။

“ဟ အလတ်ကောင်က ဒီနေ့တော့ ပြုံးဖြီးနေပါလားကွ၊ မင်းကိုငါ သိပ်ကျေးဇူးတင်တယ်၊ မနေ့က ငါ့နွားတွေအစာဝရုံမက ပိုတောင်ပိုသေးတယ်ဟေ့၊ ဟား၊ ဟား”

ကျုပ်ကိုတမင်ခနဲ့တာဗျ၊ ကျုပ်ကလည်း နိုင်ကွက်သိနေပြီဆိုတော့ ပြုံးဖြဲဖြဲနဲ့ပေါ့ဗျာ။

“ဟား၊ ဟား ကျုပ်လည်း ခင်ဗျားနဲ့မကျေပွဲ နွှဲဖို့လာခဲ့တာပဲဗျ၊ ဒီနေ့ ဦးဘသာက အဲဒီနွားနက်ကြီးနဲ့ စိန်ခေါ်ပြီး ပြိုင်မတဲ့ဗျာ၊ အဲဒါ ဒီတစ်ခါတော့ ဦးဘသာနိုင်ပြီဗျို့”

“ဟ၊ ဘသာက မနေ့ကသူ့နွားထိလို့ ရွာထဲပြန်ပြေးရတယ်လေကွာ၊ ဒီနေ့လာပါ့မလားကွ”

“ခင်ဗျားမယုံရင်လောင်းမလား”

ဦးသိန်းဇံက ပြုံးရင်း

“ဟား၊ ဟား လောင်းတာစားတာကတော့ သိန်းဇံအကြိုက်ပဲဟေ့၊ လောင်းမယ်ဟေ့၊ လောင်းမယ်ကွ၊ တကယ်လို့ မင်းပြောသလို ဘသာက နွားနက်ကိုနိုင်ခဲ့တယ်ဆိုရင်တော့ မြက်တစ်ထမ်းမဟုတ်ဘူးဟေ့ နှစ်ထမ်း ထမ်းပြီး ပို့ပေးလိုက်မယ်ကွ”

“ခင်ဗျားကတိနော် ဦးသိန်းဇံ”

ဦးသိန်းဇံက ခေါင်းညိတ်တယ်ဗျ၊ ဒီတော့ ဘေးနားထိုင်နေတဲ့ ကိုမောင်ပုက

“အလတ်ကောင်၊ ဟုတ်မှလည်းလုပ်စမ်းပါကွာ၊ မင်းမနေ့က နွားကျောင်းသားလေးဆီက မြက်တစ်ထမ်းဝယ်လိုက်တယ်ဆိုကွ၊ ဒီနေ့တော့ မြက်နှစ်ထမ်း ဝယ်နေရအုံးမယ်”

“အောင်မယ်၊ ကိုမောင်ပုကလည်း မယုံတာလားဗျ၊ ခင်ဗျားရော လောင်းမလား”

“အေး၊ လောင်းတယ်ကွာ၊ လောင်းတယ်၊ ဦးဘသာရှုံးလို့ကတော့ မင်းငါ့ကို မြက်နှစ်ထမ်းပေးရမယ်နော်”

ဦးသိန်းဇံက ကျုပ်ကိုပြီတီတီနဲ့ကြည့်ရင်း

“ဟုတ်မှလည်းလုပ်နော် အလတ်ကောင်၊ ဘသာရှုံးရင် မင်း မြက်လေးထမ်းဖြစ်နေပြီကွ၊ မြက်လေးထမ်းဆိုတာ တစ်နေကုန်ရိတ်တောင် ရချင်မှရမှာကွနော်”

“ဟား၊ ဟား ရတယ်ဗျာ၊ ဦးဘသာရှုံးလို့ကတော့ ကျုပ်ခင်ဗျားတို့အတွက် တောတန်းထဲဝင်ပြီး နေ့လုံးပေါက်၊ ညလုံးပေါက်ကို မြက်ရိတ်ပေးလိုက်အုံးမှာ”

ဒီအချိန် ရွာထဲက နွားမွေးတဲ့သူတစ်ချို့ထွက်လာကြတယ်ဗျ၊ ကျုပ်နဲ့ဦးသိန်းဇံနဲ့ပြောဆိုနေတာတွေကို ကြားသွားကြတယ်ပေါ့ဗျာ၊ ဒါနဲ့ သူတို့ကလည်း မယုံဘူးဗျ၊ လောင်းကြေးစားကြေးလုပ်ကြတယ်။ နွားပိုင်ရှင်ဆယ်ယောက်လောက်နဲ့ ကျုပ်နဲ့ လောင်းကြတာပေါ့ဗျာ။ အားလုံးကလည်း စိတ်ဝင်စားကြတာပေါ့ဗျ၊ ဒီသတင်းက နေ့ခင်းမကူးခင်မှာပဲ ရွာထဲပြန့်သွားတော့တယ်၊ ရွာသားတွေကလည်း ပွဲဆိုလို့ကတော့ အားပေးပြီးသားမဟုတ်လားဗျာ။

ညနေသုံးနာရီလောက်ကျတော့ ဦးဘသာက ဆေးနွားဖြူကိုကိုင်ပြီး ထွက်လာခဲ့တယ်၊ ဦးဘသာထွက်လာပြီဆိုတာနဲ့ အနောက်ကနေ ရွာသားတွေအားလုံးလိုက်လာကြတာပေါ့ဗျာ၊ ရွာကို အနောက်ဖက်ကနေထွက်ပြီးတော့ ချောင်းရိုးကလေးကိုဖြတ်ကူးလိုက်တယ်၊ အဲဒီဟိုဘက်မှာတော့ ဖုန်းဆိုးမြေကြီးရှိတယ်မဟုတ်လားဗျာ၊ ရွာသားတွေကတော့ မြေသားတာရိုးကြီးပေါ်ကနေ ဝိုင်းကြည့်နေတာ ရွာလုံးကျွတ်နီးပါးပါပဲဗျာ။

ဦးဘသာက ဖုန်းဆိုးမြေပေါ်ရောက်တော့ လက်ထဲက နွားရုပ်ကိုမြေကြီးပေါ်ကိုချလိုက်တယ်ဗျ၊ ပြီးတာနဲ့ တစ်ခုခုမန်းမှုတ်ပြီးတော့ ခေါ်နေပါရောဗျာ၊ မကြာပါဘူး ကွင်းတစ်ဖက်ကနေ နွားတွန်သံအကျယ်ကြီးကို ကြားလိုက်ရတယ်။

“ဟာ၊ နွားနက်ကြီးလာပြီဟေ့”

ရွာသားတွေ ဝိုင်းအော်ကြတယ်ဗျ၊ ဖုန်လုံးကြီးတွေ တလိမ့်လိမ့်နဲ့ နွားနက်ကြီးက ပြေးလာပါရောဗျာ၊ နောက်တော့ ကွင်းအလယ်လောက်ရောက်တော့ နွားနက်ကြီးက ရပ်တန့်သွားတယ်ဗျ၊ ဖုန်လုံးတွေကြားထဲမှာပဲ နွားဖြူကြီးတစ်ကောင်က နွားနက်ကြီးနဲ့ မျက်နှာချင်းဆိုင် ထွက်ပေါ်လာပါရောဗျာ။

“ဟာ၊ နွားဖြူကြီးဟေ့”

“အဲဒါ ခုနက ဦးဘသာကိုင်ထားတဲ့ နွားဖြူရုပ်များလား”

တစ်ယောက်တစ်ပေါက်နဲ့ ထင်ကြေးတွေပေးကုန်ကြတာပေါ့ဗျာ၊ နွားကြီးနှစ်ကောင်က ကွင်းအလယ်မှာ တွေ့ပြီလေဗျာ၊ တစ်ကောင်နဲ့တစ်ကောင် ချက်ချင်းမဝှေ့ကြသေးဘဲနဲ့ ပတ်ပြီးကြည့်နေကြသေးတယ်ဗျ၊ နောက်တော့ နွားနက်ကြီးက အနောက်ကိုခြေသုံးလေးလှမ်းလောက်ဆုတ်ပြီးတော့ ခွာတွေကိုယက်ပါရောဗျာ၊ နွားဖြူကြီးကလည်း ချိုနှစ်ဖက်ကို မြေမှာတန်းနေအောင်ခင်းပြီးတော့ ခွာတွေယက်ပါရောဗျာ၊ ပြီးတာနဲ့ နွားကြီးနှစ်ကောင်က လေးကနေပစ်လွှတ်လိုက်တဲ့ မြှားတံတွေလို အရှိန်ပြင်းပြင်းနဲ့ ပြေးဝှေ့ကြပါရောဗျာ။

“ဟာ၊ ဝှေ့ပြီဟေ့”

“နှက်ထားကွ”

ရွာသားတွေက အားပေးကြတယ်၊ နွားကြီးနှစ်ကောင် ချိုချင်းထိမိပြီး ဝှေ့တဲ့အသံကြီးက အကျယ်ကြီးကြားရတယ်ဗျာ၊ နွားနှစ်ကောင်လည်း ဖုန်ုးဆိုးမြေကွင်းကြီးထဲမှာ အကြိတ်အနယ် ဝှေ့ကြတာပေါ့ဗျာ။ ဆယ်မိနစ်လောက် ဝှေ့ပြီးကြတော့ တစ်ချီမှာ နွားကြီးနှစ်ကောင်ဝှေ့လိုက်ရင်း နွားနက်ကြီးရဲ့ ဦးချိုတစ်ဖက်က ထောင်းခနဲအသံမြည်ပြီးတော့ ကျိုးထွက်သွားတယ်ဗျာ၊ နွားနက်ကြီးလည်း လှည့်ပြေးတော့တာပေါ့၊ နွားဖြူကြီးက အတင်းလိုက်ပြီးတော့ နွားနက်ကြိးကို ဝှေ့တော့တယ်ဗျ၊ နွားနက်ကြီးရဲ့ နံကြားကို ချိုနဲ့တစောင်းထိုးထည့်လိုက်တာနဲ့ နွားနက်ကြီးက သဲမှုန်တွေအဖြစ် တဖွားဖွားဖြစ်ပြီးတော့ ပျောက်ကွယ်သွားပါရောဗျာ။

“ဟေး၊ နိုင်ပြီကွ၊ နိုင်ပြီ”

ကျုပ်လည်း အပျော်လွန်ပြီးတော့ လက်သီးလက်မောင်းတန်းပြီး ထအော်လိုက်တော့တယ်၊ ကျုပ်အော်ပြီးတော့ မကြာပါဘူး တစ်ရွာလုံးက လူတွေကလည်း ဟေးခနဲ ဝါးခနဲ ထအော်ကြပါရောဗျာ၊ မကောင်းမှုကို ကောင်းမှုက အနိုင်ရတယ်ဆိုတာ ဘယ်လောက်ပျော်စရာကောင်းသလဲဗျာ၊ ဦးဘသာဆီကိုဆင်းကြည့်တော့ ဦးဘသာအရှေ့က လင်ပန်းထဲမှာ နွားနှစ်ကောင်ဖြစ်နေပါရောဗျာ၊ နွားရုပ်အဖြူရယ်၊ နောက်ပြီးတော့ တစ်ကိုယ်လုံးမည်းနက်နေတဲ့ နွားနက်ကြီးရယ်ပေါ့ဗျာ၊ ထူးဆန်းတာက နွားနက်ရဲ့ချိုတစ်ချောင်းက ကျိုးနေတာပဲဗျ။

“ဦးဘသာ ဒီလိုဖြစ်အောင်ဘယ်သူလုပ်တာလဲ၊ ဒီလူကိုရှာပြီး နွားဖြူနဲ့ဝှေ့ခိုင်းဗျာ”

ဦးဘသာက ခေါင်းခါတယ်။

“ငါသစ္စာဆိုထားတာကို မင်းမေ့သွားပြီလားကွ၊ ငါက ဒီနွားဖြူနဲ့ အန္တာရယ်တွေကို ရှင်းရုံပဲလေကွာ၊ တကယ်လို့ လုပ်တဲ့လူကို နွားဖြူနဲ့ဝှေ့ခိုင်းရင် သူ့ကိုဒုက္ခပေးသလို ဖြစ်သွားမှာပေါ့ကွ၊ ဒီလိုဆိုရင် ငါ့သစ္စာလည်း ပျက်ပြီပေါ့ကွာ”

“ဟာဗျာ၊ ကျုပ်ကတော့ မကျေနပ်ဘူး၊ ဒီနွားနက် ကျုပ်တို့ရွာကိုရောက်လာတာ တော်ရုံတန်ရုံမဟုတ်ဘူးဗျ၊ တစ်ခုခုတော့ တစ်ခုခုပဲ”

“အေးကွာ၊ နောက်တော့ ငါတို့ဒီကိစ္စကို အဖြေဖော်ပြီး ဆက်ရှင်းကြတာပေါ့၊ ကဲ ကဲ အခုတော့ ဒီနွားနှစ်ကောင်ကို ရှင်းရအုံးမယ်ဟေ့”

ဦးဘသာက နွားတွေကိုပြန်ယူလာတယ်ဗျ၊ ပြီးတော့ ရေနဲ့လောင်းပြီး ပေါက်တူးရိုးနဲ့ထုချေပြီး ဖျက်ပစ်လိုက်တာပါပဲဗျာ၊

“ဟာ၊ ဘာတွေလဲ”

ကျုပ်ဖြင့်အိမ်ရှေ့ရောက်တော့ လန့်သွားမိတယ်ဗျာ၊ ကျုပ်တို့ခြံထဲမှာ မြက်ပုံကြီးက ဟီးထနေပါရောဗျာ၊ ကျုပ်နဲ့အလောင်းအစားလုပ်ထားတဲ့လူတွေက ကျုပ်နိုင်သွားပြီဆိုတော့ သူတို့ရိတ်ထားတဲ့ မြက်ထမ်းတွေလာပြီး ပုံပေးကြတာဗျ၊ တစ်ယောက်ကိုနှစ်ထမ်းနှုန်းနဲ့ဆိုတော့ မြက်ပုံကြီးက မနည်းဘူးပေါ့ဗျာ။

အမေနဲ့ အကိုကြီးလည်း ကျုပ်နိုင်ထားတဲ့ မြက်ပုံကြီးကိုကြည့်ပြီး အံ့အားသင့်နေကြတယ်၊ ကျုပ်ကတော့ လက်မထောင်လို့ပေါ့ဗျာ။

“အကိုကြီး တွေ့လားဗျ၊ ဒီတစ်ခါတော့ ကျုပ်နိုင်ခဲ့ပြီဗျာ”

အကိုကြီးက ခေါင်းခါရင်း

“မင်းတော်တော်တုံးတဲ့ကောင်ပဲကွာ၊ နွားနက်ကြီးမရှိတော့ဘူးဆိုရင် ရွာသားတွေအကုန်လုံးက နွားတွေကိုလွှတ်ကျောင်းတော့မှာလေကွာ၊ မင်းရဲ့မြက်ထုံးတွေက အရင်ကတန်ဖိုးရှိပေမယ့် အခုအချိန်တော့ အပိုပဲပေါ့ကွ”

“ဟုတ်ပါ့၊ အလတ်ကောင်ရာ၊ ပိုက်ဆံကြေးဆိုရင်တောင် စားရအုံးမယ်၊ အခုတော့ အဲဒီမြက်တွေကို နင်ပဲကုန်အောင်စားတော့”

အမေကလည်း ဝိုင်းပြောတယ်ဗျ၊ သူတို့ပြောတာလည်း ဟုတ်နေတာပဲဗျာ၊ ကျုပ်လည်း ဘာမှမလုပ်နိုင်တော့ဘဲ ခေါင်းကုပ်ရင်းကျန်နေခဲ့တော့တာပေါ့ဗျာ။

“ဟေ့ အလတ်ကောင်”

ခေါ်သံကြားလို့ကြည့်လိုက်တော့ ဦးဘသာဗျ၊ လက်ထဲမှာလည်း နွားနီတစ်ကောင်ဆွဲထားလို့ဗျ၊ ကျုပ်လည်း ခြံရှေ့ကိုထွက်ကြည့်လိုက်တယ်။

“မင်းရဲ့နွားပြန်ယူသွားလေကွာ”

“ဗျာ၊ ဒါကျုပ်နွားမဟုတ်ပါဘူးဗျ”

ဦးဘသာက မျက်လုံးတစ်ဖက်မှိတ်ပြတယ်ဗျ။

“ဒါ၊ ဒါဆို ဒီနွားက ဗွေဆင့်နွားလား”

“ဒါပေါ့ကွ၊ မင်းအမေမသိအောင် ငါအရောင်နည်းနည်းပြောင်းထားပေးလိုက်တယ်၊ ဆူးခေါက်ကို ထုထောင်းပြီး ရေနဲ့ကျိုပြီး လိမ်းပေးလိုက်တော့ အနီကျင်ကျင်ဖြစ်သွားတာပေ့ါကွာ၊ မင်းလည်းအဆင်ပြေသွားတာပေါ့”

“ကျေးဇူးပါဦးဘသာ”

ကျုပ်လည်း နွားကိုဆွဲပြီး ခြံထဲဝင်လိုက်တယ်၊ အမေက နွားကိုတွေ့တော့ ပျော်သွားတယ်။

“အမေရေ၊ အမေမကြိုက်တဲ့နွားနဲ့ ဒီနွားကိုလဲခဲ့သဗျ”

အမေက နွားကိုပွတ်သပ်ကြည့်ရင်း

“အေးဟယ်၊ ဒါတော့ ငါ့သားတော်သွားပြီ၊ မယားသေတတ်တဲ့နွားကို ယူတဲ့လူကိုလည်း အံ့သြပါ့၊ တော်တော်တုံးအတဲ့လူပဲဖြစ်ရမယ်၊ ဒီနွားကတော့ လှလိုက်တာသားရယ်၊ သွားသွား တင်းကုပ်ထဲထည့်ထား”

ဦးဘသာ ကူညီတော့မှ ကျုပ်လည်းသက်ပြင်းချလိုက်နိုင်တော့တယ်ဗျာ။ နောက်နေ့ မနက်ခင်းရောက်တော့ ကျုပ်မျက်နှာသစ်ဖို့ ဆင်းလာပါရောဗျာ၊ အငယ်ကောင်နဲ့အမေက နွားနီကြီးကို အိမ်ရှေ့ခေါ်ထုတ်လာတယ်ဗျ၊ အမေ့ရဲ့လက်ထဲမှာ ခွက်တစ်ခုရယ်၊ သပြေပန်းခက်တွေရယ် ကိုင်ထားတယ်၊ နွားရဲ့ဦးချိုမှာ သပြေပန်းတွေကို နှီးနဲ့စည်းနှောင်နေကြတယ်။

“အမေ၊ ဘာလုပ်တာလဲဗျ”

“ဘာလုပ်ရမှာလဲ နွားအသစ်ဝင်ရင် နတ်ပြရတယ်၊ အမွှေးနံ့သာ တရော်ကင်ပွန်းနဲ့ မင်္ဂလာပြုရတယ်ဟဲ့”

အမေက ပြောပြောဆိုဆိုနဲ့ သူ့လက်ထဲက တရော်ကင်ပွန်းခွက်ကို နွားခေါင်းနဲ့လည်ပင်းကို လောင်းချလိုက်တော့တယ်၊ တရော်ကင်ပွန်းအရည်တွေက စီးကျလာရင်း တဖြည်းဖြည်းအနီရောင်ပေါက်လာတယ်ဗျ။ အမေက ဒါတောင်မကျေနပ်သေးလို့ နွားလည်ပင်းကိုလက်နဲ့ပွတ်သပ်နေသေးတယ်ဗျာ၊ ပွတ်သပ်ရင်းနဲ့ အမေ့လက်က နီရဲနေပါရော၊

“ဟဲ့၊ ဘာတွေတုန်းဟ”

ကျုပ်လည်း ပုဆိုးကိုခိုင်ခိုင်ပြင်ဝတ်လိုက်တော့တယ်။

အမေက လက်ကအနီတွေကို အထူးအဆန်းနဲ့ကြည့်နေတယ်၊ နွားလည်ပင်းက ဆေးနီတွေကွာကျပြီးတော့ နွားရဲ့နဂိုအရောင်ပြန်ဖြစ်လာတယ်ဗျ၊ အမေက အဲဒီနွားကိုသေချာကြည့်ရင်း တဆတ်ဆတ်တုန်လာတယ်။

“အလတ်ကောင် . . . နင် . . . နင်”

အမေက အသံပြဲကြီးနဲ့ ခုနစ်သံချီအော်လိုက်တယ်ဆိုရင်ပဲ ကျုပ်က ခြံတံခါးဝနားကို ရောက်နေပြီဗျ၊ အမေ့လက်ကလည်း မြန်လိုက်တာဗျာ၊ ခြေထောက်မှာ စီးထားတဲ့ ခုံဖိုနပ်ရဲ့ဖင်ကို အားနဲ့ဆောင့်နင်းလိုက်တာ ခုံဖိနပ်က ပျံတက်လာပါရောဗျာ၊ အဲဒီခုံဖိနပ်ကို လက်နဲ့လေပေါ်မှာတင်ဖမ်းယူလိုက်ပြီးတော့ ကျုပ်ဆီကိုပစ်လွှတ်လိုက်ပါရောဗျာ၊ ကျုပ်လည်း မျောက်ခုန်ခုန်ရင်း ခြံရှေ့ကနေ ထွက်ပြေးခဲ့တော့တယ်၊ ကံကောင်းလို့ ခုံဖိနပ်နဲ့မထိတာဗျို့။

ပြီးပါပြီ။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ

Zawgyi Version

” စုန္းထီးႀကီးဦးဘသာႏွင့္ ႏြားျဖဴ ႏြားနက္ ”
————————————————————–
အတြဲ(၄) စာစဥ္ (၂၅)

(၁)

႐ြာကိုျပန္ေရာက္ေတာ့ အေဖက က်ဳပ္ကိုအရင္ပညာစမ္းတယ္ဗ်။

“အလတ္ေကာင္ေရ၊ ဦးဘသာႀကီး အသစ္ဝယ္လာတဲ့ႏြားေတြက သိပ္ေကာင္းသိပ္လွလို႔ ႐ြာကလူေတြအကုန္လုံးက ခ်ီးမြမ္းေနၾကသကြ၊ အဲဒါ မင္းလည္းသူနဲ႔လိုက္သြားတာဆိုေတာ့ ႏြားပညာေတာ့ ေတာ္ေတာ္တတ္လာမွာေပါ့”

“ဒါေပါ့ဗ်ာ၊ ႏြားတစ္ေကာင္ကို ဘယ္လိုၾကည့္ရတာလဲဆိုတာ က်ဳပ္ေကာင္းေကာင္းသိပါၿပီ”

အေဖက ေခါင္းညိတ္ၿပီးေတာ့

“ေအးကြာ၊ ဒါဆိုၿခံေနာက္ေဖးက တင္းကုပ္ထဲသြားၿပီးေတာ့ အိမ္ကႏြားေတြကို ဘယ္ႏြားက ႏြားေကာင္းတယ္၊ ဘယ္ႏြားက ႏြားဆိုးတယ္ဆိုတာ ၾကည့္စမ္းကြာ”

က်ဳပ္လည္း ေခါင္းညိတ္ၿပီးေတာ့ အိမ္ေနာက္ေဖးကိုဝင္ခဲ့တာေပါ့ဗ်ာ၊ အေဖနဲ႔ အကိုႀကိးက အေနာက္ကလိုက္လာတယ္။ က်ဳပ္တို႔အိမ္မွာ ႏြားသုံးရွဥ္းရွိသဗ်၊ သုံးရွဥ္းဆိုေတာ့ ေျခာက္ေကာင္ေပါ့ဗ်ာ၊ က်ဳပ္လည္း အရင္ဆုံးေတြ႕တဲ့ ႏြားတစ္ေကာင္ကို ေသခ်ာၾကည့္လိုက္တာေပါ့ဗ်ာ။

“ဟာ၊ အေဖေရ ဒီႏြားကေတာ့ ႏြားနီႀကီးဗ်ာ၊ ႏြားနီကိုမွ အေရာင္က ကြမ္းေသြးအေရာင္နဲ႔ဗ်၊ ႏြားနီကြမ္းေသြး ႐ိုက္ႏိုင္မွေျပးဆိုသလို သိပ္ေပသိပ္ကပ္တဲ့ေကာင္ႀကီးဗ်ာ”

ဒါနဲ႔ ေနာက္တစ္ေကာင္ကိုၾကည့္လိုက္တယ္။

“အံမယ္၊ ဒီတစ္ေကာင္ကေတာ့ ႏြားဝါဗ်၊ ႏြားဝါဆိုေပမယ့္ အေရာင္ကမြဲေျခာက္ေျခာက္ဖြဲႏုေရာင္ဗ်၊ ႏြားဝါဖြဲႏု ေသေအာင္ထု ဂ႐ုမထားတတ္ဘူးတဲ့ဗ်ာ၊ ဒီေကာင္ကေတာ့ တကယ့္အေပအေတဗိုလ္ႀကီးပဲ၊ ႀကိမ္တို႔႐ုံမကလို႔ ဝါးရင္းတုတ္နဲ႔႐ိုက္ရင္ေတာင္မွ လႈပ္ေတာင္လႈပ္မယ့္ေကာင္ႀကီးမဟုတ္ဘူးဗ်”

အေဖက မ်က္ေမွာင္ၾကဳတ္လိုက္ရင္း

“ဒီေလာက္လည္းမဟုတ္ပါဘူးကြာ၊ မင္းကလည္း”

က်ဳပ္ၾကည့္လိုက္ေတာ့ အိမ္ကႏြားေတြက တစ္ေကာင္မွ အျပစ္အနာအဆာမလြတ္ဘဲ ႏြားဖ်င္းႀကီးေတြပဲျဖစ္ေနတယ္ဗ်ာ၊ က်ဳပ္ေျပာတာကိုနားေထာင္ၿပီးေတာ့ အေဖဆိုရင္ စိတ္ဓါတ္ေတာ္ေတာ္က်သြားတာဗ်၊ က်ဳပ္လည္း ေနာက္ဆုံးႏြားတစ္ေကာင္ကိုၾကည့္လိုက္ၿပီးေတာ့

“ေဟာဗ်ာ၊ ဒီႏြားကေတာ့ထူးတာ ခ်ိဳႏွစ္ေခ်ာင္းၾကားမွာ ေဗြႏွစ္လုံးက ဆင့္ေနပါလားအေဖရ၊ ေဗြဆင့္မ်က္ျခား အဝယ္မွား အိမ္ကမယားေသလတၱံတဲ့၊ ဒီႏြားကိုသာ ဆက္ထားမယ္ဆိုရင္ အေမသက္ဆိုးရွည္မွာမဟုတ္ဘူးအေဖရ၊ ဒီႏြားႀကီးကို ေရာင္းပစ္လိုက္စမ္းပါဗ်ာ”

“ဟာ၊ အလတ္ေကာင္ရာ၊ မင္းေျပာမွ ငါ့ႏြားေတြအကုန္လုံး အဆိုးေတြခ်ည္းျဖစ္ေနပါလားကြ၊ ေနပါေစ၊ ဒီႏြားကိုေတာ့ မေရာင္းပါဘူးကြာ”

အေဖေျပာေတာ့ မီးဖိုေခ်ာင္ထဲမွာ ဟင္းခ်က္ေနတဲ့အေမက ၾကားသြားတယ္ဗ်။

“ဟိုလူႀကီး၊ ရွင္ဘာစကားေျပာတာလဲ”

အေမကအသံအက်ယ္ႀကီးနဲ႔ေအာ္တို႔ က်ဳပ္တို႔ေတြလန႔္သြားတာပဲဗ်ာ၊ အေမက ဟင္းေမြတဲ့ေယာက္မကိုင္လာၿပီးေတာ့

“ေတာ္က မယားေသတတ္တဲ့ႏြားကို မေရာင္းဘူးဆိုေတာ့ ေတာ္က က်ဳပ္ကိုျမန္ျမန္ေသေစခ်င္ေနတယ္ေပါ့၊ ဟုတ္သလား”

အေဖကမ်က္ႏွာပ်က္သြားၿပီးေတာ့

“ဒီလိုမဟုတ္ပါဘူး မသန္းရာ”

“အိုေတာ္၊ ဒီေလာက္ ပက္ပင္းတိုးေနတာေတာင္မွ ရွင္က မုန္လာဥလုပ္ခ်င္ေသးတယ္၊ ဒီမွာ ရွင္မွန္မွန္ေျပာ၊ ရွင္ဘယ္သူ႔ကိုအသစ္ေတြ႕ထားလို႔ က်ဳပ္ကိုျမန္ျမန္ေသေစခ်င္ေနတာလဲ”

အေမက တစ္ယူသန္လုပ္ၿပီဆိုရင္ သိပ္ေခါင္းမာတာဗ်၊ ဘယ္လိုလုပ္လုပ္ရွင္းမရေတာ့ဘူးေလဗ်ာ၊ အေဖက ဘာမွမေျပာဘဲ သက္ျပင္းဘဲခ်တယ္။ အေမက က်ဳပ္ကိုၾကည့္ၿပီး

“အလတ္ေကာင္၊ မေကာင္းတဲ့ႏြားဆိုရင္ အိမ္မွာမထားနဲ႔၊ သြား အခုဆြဲသြား၊ ဒီႏြားကို ရတဲ့ေဈးနဲ႔သာ ေရာင္းဖို႔ဆိုင္ခဲ့ေပေတာ့”

က်ဳပ္အေဖ့ကိုတစ္ခ်က္ၾကည့္လိုက္တယ္၊ အေဖကလည္း စိတ္ပ်က္ပ်က္နဲ႔ေခါင္းညိတ္ျပေတာ့ က်ဳပ္လည္း ႏြားကိုဆြဲၿပီးေတာ့ ၿခံထဲကထြက္လာခဲ့တာေပါ့ဗ်ာ၊ အကိုႀကီးက တံစဥ္ကို ခြၽန္ေအာင္လို႔ တံစဥ္းနဲ႔တိုက္ၿပီး ေသြးေနတယ္ဗ်။

“အကိုႀကီး၊ တံစဥ္တစ္လက္နဲ႔ ဘာလုပ္မလို႔လဲဗ်”

“႐ြာျပင္ထြက္ၿပီးေတာ့ ျမက္ရိတ္သြားမလို႔ကြ”

“ဗ်ာ၊ ဒီအခ်ိန္ဆို ႐ိုးေခ်ာင္းေဘးမွာ ျမက္ေတြရွိခ်င္ရွိေနမွာဗ်၊ ဘာလို႔တကူးတက ျမက္သြားရိတ္ေနမွာလဲ”

“မင္းမသိေသးပါဘူးကြာ၊ ဒါနဲ႔ မင္းလည္းငါနဲ႔အတူတူလိုက္ခဲ့ပါလား အလတ္ေကာင္ရ၊ ငါလည္းအေဖာ္ရတာေပါ့”

“လိုက္ေတာ့ လိုက္ခ်င္ပါတယ္အကိုႀကီးရာ၊ ဒါေပမယ့္ ဒီႏြားႀကီးကလည္း ရွိေသးတယ္မဟုတ္လား”

အကိုႀကီးက ေခါင္းခါၿပီးေတာ့

“အဲဒါ မင္းစတဲ့ျပႆနာပဲ၊ မင္းအခု ဒီႏြားကိုဘယ္ေခၚသြားမယ္စိတ္ကူးလဲ”

“ဘယ္ေခၚသြားရမွာလဲဗ်ာ၊ ေသစရာမယားမရွိတဲ့ ဦးဘသာအိမ္မွာပဲ ခဏသြားထားရမွာေပါ့ဗ်”

“ဟာ၊ ဦးဘသာအိမ္ဆို လမ္းႀကဳံသားပဲ၊ မင္းသြားႏွင့္္ ငါၿပီးေတာ့ လိုက္ခဲ့မယ္”

“သေဘာ၊ သေဘာ”

က်ဳပ္အကိုႀကီးနဲ႔စကားေျပာေနတုန္း အေမက အိမ္ေရွ႕ကိုထြက္လာတယ္။

“ဟဲ့ ဒီညီအကို ဒီႏြားကိုမဆြဲသြားေသးဘဲနဲ႔ တတြတ္တြတ္နဲ႔ ဘာေတြတိုင္ပင္ေနၾကတာလဲ၊ နင္တို႔လည္း နင္တို႔အေဖကို မယားအသစ္ေပးစားဖို႔ ႀကံေနၾကတာမဟုတ္လား”

အေမ့ရဲ႕အသံၾကားတာနဲ႔ က်ဳပ္လည္းႏြားဆြဲၿပီး ၿခံထဲက အျမန္ထြက္ခဲ့တာေပါ့ဗ်ာ၊ မထြက္လို႔လည္းမရဘူးဗ်၊ အေမ့ရဲ႕ ဒီလိုအသံက ဝမ္နင္ေပးတဲ့အသံဗ်၊ ဒီအသံကိုၾကားလို႔ ဆက္မလုပ္ဘူးဆိုရင္ေတာ့ အေမစီးထားတဲ့ သရက္သားခုံဖိနပ္ပ်ံႀကီး ထြက္လာမယ္မဟုတ္လားဗ်ာ။

(၂)

“ဟား၊ ဟား၊ ဟား မင္းကေတာ့ တကယ့္ေကာင္ပဲအလတ္ေကာင္ရ”

ေရေႏြးေသာက္ေနတဲ့ဦးဘသာက က်ဳပ္ေျပာတာနားေထာင္ၿပီး ခြက္ထိုးခြက္လန္ရယ္လို႔ ေရေႏြးေတြေတာင္ သီးကုန္တယ္ဗ်ာ၊ က်ဳပ္ကေတာ့ ဦးဘသာကို ဘုၾကည့္ၾကည့္လိုက္တယ္။

“ဘာဗ်၊ က်ဳပ္က ဦးဘသာသင္ေပးထားတဲ့အတိုင္း ႏြားကိုၾကည့္တာပဲေလဗ်ာ၊ ဘာရယ္စရာ ပါလို႔လဲ”

“မင္းဟာက အတတ္က်ဴးအ႐ူးျဖစ္ဆိုတဲ့ ပုံျပင္ကိုသတိရသြားလို႔ပါကြာ၊ မင္းလည္း ဒီအတိုင္းပဲ အားလုံးသိေနေတာ့ အားလုံးမေကာင္းေတာ့ဘူးေပါ့ကြာ၊ ဟား၊ ဟား”

“ဟာ၊ ဦးဘသာကလည္း က်ဳပ္ေျပာတာ မမွန္လို႔လားဗ်”

“မွန္တာေတာ့ မွန္ပါတယ္အလတ္ေကာင္ရာ၊ ဒါေပမယ့္ အျပစ္ဆိုတာ ရွာေလေတြ႕ေလကြ၊ ေလာကမွာ ဘယ္အရာပဲျဖစ္ျဖစ္ ၿပီးျပည့္စုံတယ္ဆိုတာ မရွိပါဘူးကြာ”

“ဒါဆိုရင္ ဒီႏြားကိုဘယ့္ႏွယ့္လုပ္မလဲဗ်ာ”

“ငါေျပာမယ္အလတ္ေကာင္၊ ႏြားေတြကို အေသြးအေမႊးၾကည့္ၿပီး ဆုံးျဖတ္တယ္ဆိုတာက အေပၚယံသေဘာပဲကြ၊ လူတစ္ေယာက္ကိုေတြ႕ရင္ေရာ သူ႔ရဲ႕ပုံပန္းသြင္ျပင္ကိုေလ့လာၾကည့္ၿပီးေတာ့ ဒီလူက ေကာင္း၏ မေကာင္း၏ ဆိုတာကို ဆုံးျဖတ္လို႔မရဘူးမဟုတ္လား”

“ဒါကေတာ့ ဟုတ္ပါတယ္”

“ေအး၊ ႏြားေတြမွာလည္း ဒီလိုပဲ ပုံပန္းသြင္ျပင္က အေရးႀကီးတယ္ဆိုေပမယ့္ ပိုၿပီးအေရးႀကီးတာကေတာ့ အဲဒီႏြားေတြကို ကိုင္တြယ္ဆက္ဆံတဲ့သူက အေရးအႀကီးဆုံးပဲကြ၊ မင္းဟိုပုံျပင္ၾကားဖူးတယ္မဟုတ္လား၊ ၾကက္တူေ႐ႊးညီေနာင္ ေလမုန္တိုင္းတိုက္ၿပီးေတာ့ ကြဲကြာသြားတဲ့ပုံျပင္ေလကြာ”

“ၾကားဖူးပါ့ဗ်ာ၊ တစ္ေကာင္က ဓါးျပေတြဆီေရာက္သြားတယ္၊ တစ္ေကာင္က ရေသ့ႀကီးဆီကို ေရာက္သြားတယ္ေလဗ်ာ”

“အဲဒီလိုေပါ့ကြာ၊ ႏြားေတြဆိုတာလည္း သက္ရွိေတြပဲမဟုတ္လား၊ သက္ရွိေတြဆိုေတာ့ ထိန္းေက်ာင္းပဲ့ျပင္တဲ့လူနဲ႔ အမ်ားႀကီးဆိုင္ပါတယ္၊ ဒါဆိုရင္ငါေျပာမယ္ မင္းအိမ္က ႏြားနီကြမ္းေသြးက တကယ္ပဲ ေပကပ္ကပ္နဲ႔လားကြ”

က်ဳပ္လည္း ေသခ်ာစဥ္းစားၿပီးေတာ့ ေခါင္းခါလိုက္တယ္။

“အဲဒီလိုေတာ့မဟုတ္ဘူးဗ်၊ ဒီေကာင္ႀကီးက အေဖ့စကားေတာ့ သိပ္နားေထာင္တာ”

“ဒါဆို ႏြားဝါဖြဲႏုကေရာ တင္းကုပ္ထဲက မထြက္ဘဲ ေပကပ္ၿပီးေခြေနျပန္ေရာလား”

“ဘယ္ဟုတ္ပါ့မလဲ ဦးဘသာရာ”

က်ဳပ္ေတာင္မေျဖရေသးဘူး အကိုႀကီးက အက်ယ္ႀကီးေအာ္ေျဖၿပီးေတာ့ ၿခံထဲကိုဝင္လာတယ္ဗ်၊ လက္ထဲမွာလည္း ထမ္းပိုးတစ္ေခ်ာင္းကိုင္လို႔ေပါ့ဗ်ာ။

“ဟာ အကိုႀကီး”

အကိုႀကီးက ဦးဘသာေဘးနားထိုင္ၿပီး ေရေႏြးတစ္ခြက္ငွဲ႔လိုက္ရင္း

“ဘယ္ဟုတ္ပါ့မလဲ ဦးဘသာရာ၊ ႏြားဝါႀကီးက သိပ္ခိုင္းေကာင္းတာဗ်၊ လွည္းထမ္းပိုးကိုလည္းေကာင္းေကာင္းႏိုင္သလို၊ ယာထြန္၊ ထယ္ထိုးရင္လည္း သိပ္လုပ္တဲ့ေကာင္ႀကီးဗ်ာ”

အကိုႀကီးစကားကိုၾကားေတာ့ ဦးဘသာက က်ဳပ္ကိုၾကည့္ၿပီး

“ေတြ႕ၿပီလားအလတ္ေကာင္၊ ႏြားေတြရဲ႕ၾကန္အင္ကလည္း အေရးႀကီးတယ္ဆိုေပမယ့္ တကယ္အေရးႀကီးတာက သူ႔ကိုထိန္းေက်ာင္းတဲ့လူပဲကြ၊ တို႔ လူေတြလိုေပါ့ကြာ”

အခုမွက်ဳပ္လည္း နားလည္သြားတယ္၊ တကယ္က ၾကန္အင္လကၡဏာက အေရးႀကီးတယ္ဆိုေပမယ့္ ဒါေတြက ေယဘုယ်သတ္မွတ္ခ်က္ေတြပါ၊ တကယ္အေရးအႀကီးဆုံးကေတာ့ ထိန္းေက်ာင္းတဲ့လူ ေမြးျမဴတဲ့လူအေပၚမူတည္ၿပီး လိမ္မာ၏ မလိမ္မာ၏က ကြဲျပားသြားတတ္တယ္ဆိုတာ က်ဳပ္လက္ခံလိုက္ပါၿပီ။

အကိုႀကီးက ေရေႏြးခြက္ကိုေသာက္လိုက္ရင္း

“ဒါနဲ႔ ဒီႏြားႀကီးကိုဘယ္လိုလုပ္မလဲဟ၊ ဒီႏြားက ေတာ္ေတာ္ခိုင္းေကာင္းတဲ့ႏြားကြ၊ ႀကိမ္တို႔စရာကိုမလိုတာ၊ ဒါေၾကာင့္လည္း အေဖက ဒီႏြားကိုေတာ္ေတာ္တန္ဖိုးထားရွာတာ အလတ္ေကာင္ရ၊ မင္းလုပ္လို႔ အခုအေမက ဒီႏြားကိုေရာင္းထုတ္ခိုင္းေနၿပီေလ၊ မင္းဘယ္လိုလုပ္မလဲ”

က်ဳပ္လည္း ေခါင္းကုပ္လိုက္မိတယ္၊ က်ဳပ္ျဖင့္ ဘာလုပ္ရမွန္းကိုမသိေတာ့ဘူးဗ်ာ၊

“အေမက နဂိုကတည္းကမွ ေခါင္းသိပ္မာတတ္တာကိုကြာ၊ အယူသည္းလိုက္တာဆိုရင္လည္း ေျပာမေနပါနဲ႔၊ မင္းကေတာ့ ျပႆနာကို မီးထြန္းရွာတဲ့ေကာင္ပဲ”

ဦးဘသာက ၿပဳံးရင္း

“ေအး၊ ေလာေလာဆယ္ေတာ့ ငါ့အိမ္မွာပဲထားခဲ့ေပါ့ကြာ၊ ညေနက်ေတာ့ လာျပန္ေခၚသြားေပါ့”

“ဟာ၊ ဦးဘသာ အေမက မႀကိဳက္ဘူးဆိုေနမွ ဒီႏြားကိုျပန္ေခၚသြားလို႔ျဖစ္မလားဗ်”

“ရပါတယ္ကြာ၊ ငါအဆင္ေျပေအာင္လုပ္ေပးပါ့မယ္၊ မင္းငါ့ကိုမယုံဘူးလား”

“ယုံပါတယ္ ဦးဘသာရာ၊ ယုံပါတယ္”

“ကဲ၊ ယုံတယ္ဆိုရင္လည္း ထေတာ့ကြာ၊ ငါျမက္ရိပ္သြားဖို႔ ေနာက္က်ေနၿပီဟ”

အကိုႀကီးက မတ္တပ္ရပ္လိုက္ေတာ့ က်ဳပ္လည္း ပုဆိုးျပင္ဝတ္ၿပီး အကိုႀကီးအေနာက္ကိုလိုက္ခဲ့တာေပါ့ဗ်ာ။

(၃)

႐ိုးေခ်ာင္းအစပ္မွာေတာ့ ျမက္ၾကမ္းေတြပဲရွိေတာ့တယ္ဗ်၊ က်ဳပ္တို႔ေရာက္သြားေတာ့ ႐ြာထဲက ဦးသိန္းဇံတို႔၊ ကာလသား ကိုေမာင္ပုတို႔ ႐ိုးေခ်ာင္းအစပ္မွာ ျမက္ရိတ္ေနၾကပါေရာ၊ က်ဳပ္ျဖင့္ တအံ့တၾသနဲ႔

“ဟာ၊ ဦးသိန္းဇံ ခင္ဗ်ားတို႔လည္း ျမက္လာရိတ္ၾကတာလားဗ်၊ ႏြားေတြလႊတ္မေက်ာင္းဘူးလား”

ကိုေမာင္ပုက က်ဳပ္ကိုၾကည့္ၿပီးေတာ့

“တို႔႐ြာက ႏြားေတြကို လႊတ္ေက်ာင္းလို႔မရဘူးဆိုတာ မင္းမသိေသးဘူးလား အလတ္ေကာင္ရ”

ဒီေတာ့မွ က်ဳပ္လည္းသိတယ္ဗ်။

“ေနစမ္းပါအုံးဗ်ာ၊ က်ဳပ္တို႔႐ြာက ႏြားေတြကို တစ္သက္လုံး လႊတ္ေက်ာင္းလာခဲ့တာပဲမဟုတ္လား၊ အခုက်မွ ဘယ္လိုလုပ္ၿပီးေတာ့ မလႊတ္ေက်ာင္းရတာလဲ”

ကိုေမာင္ပုက ျမက္ရိတ္ေနရာကေန ခဏနားၿပီးေတာ့ ပုခုံးေပၚက ပုဆိုးစနဲ႔ နဖူးကေခြၽးေတြကိုသုတ္လိုက္တယ္ဗ်။ ၿပီးေတာ့ ခဏထိုင္ရင္း

“မင္းက ဒီ႐ြာမွာမရွိဘူးဆိုေတာ့ ႐ြာမွာဘာေတြျဖစ္ခဲ့တယ္ဆိုတာကို မသိလိုက္ဘူးထင္တယ္”

က်ဳပ္လည္း ေခါင္းညိတ္လိုက္ၿပီးေတာ့ အကိုႀကီးကိုၾကည့္လိုက္တယ္။

“အကိုႀကီး၊ ဘာျဖစ္တာလဲ”

“ႏြားေတြလႊတ္ေက်ာင္းမရတာက အေၾကာင္းရွိတယ္ကြ အလတ္ေကာင္ရ၊ တို႔ႏြားေတြကို တလင္းထဲလႊတ္လိုက္ၿပီဆိုရင္ ဘယ္ကမွန္းမသိတဲ့ ႏြားႀကီးတစ္ေကာင္ ေရာက္ေရာက္လာၿပီးေတာ့ ႏြားေတြကို လိုက္ေဝွ႔ေတာ့တာပဲကြာ”

“ဟာဗ်ာ၊ ဘယ္ကႏြားႀကီးလဲဗ်”

ကိုေမာင္ပုက အားတက္သေရာနဲ႔

“သရဲႏြားႀကီးကြ”

“ဘယ္လိုဗ်”

“ဟုတ္တယ္အလတ္ေကာင္ေရ၊ အဲဒီႏြားႀကီးက ထြားထြားက်ိဳင္းက်ိဳင္းႏြားႀကီးကြ၊ ႏြားအုပ္ကိုေတြ႕တာနဲ႔ လိုက္ေဝွ႔ေတာ့တာပဲေဟ့၊ ေဝွ႔တဲ့အခါမွာလည္း မဲမဲျမင္သမွ် အကုန္လိုက္တာကြ၊ ႏြားေတြက ေၾကာက္လန႔္ၿပီး ေျပးၾကလႊားၾက၊ ေခ်ာ္လဲၾကနဲ႔ ထိခိုက္ကုန္တာေပါ့ကြာ”

အကိုႀကီးေျပာလို႔မၿပီးေသးဘူး ကိုေမာင္ပုက

“ဒါတင္ဘယ္ကမလဲကြ၊ အဲဒီႏြားႀကီးေပၚလာၿပီဆိုရင္ လႊြတ္ေက်ာင္းထားတဲ့ႏြားေတြထဲက တစ္ေကာင္မဟုတ္တစ္ေကာင္ေတာ့ အၿမဲေသတတ္တာပဲကြာ၊ ဒီႏြားႀကီးက တအားေဝွ႔ေတာ့ အေဝွ႔ခံရတဲ့ႏြားက ေသတာမ်ားတယ္ကြ၊ ငါ့ႏြားတစ္ေကာင္ေတာင္ ၿပီးခဲ့တဲ့ရက္က ေသၿပီးၿပီ”

“ဟာ၊ ဟုတ္ရဲ႕လားဗ်ာ၊ ဘယ္လိုျဖစ္တာလဲ”

“ငါလည္း ႐ြာထဲက ေျပာစကားေတြကို သိပ္မယုံဘူးကြ၊ ဒါနဲ႔ ငါရယ္၊ ငါ့ညီႏွစ္ေယာက္ရယ္ သုံးေယာက္ေပါင္းၿပီးေတာ့ ႏြားေက်ာင္းထြက္ၾကတယ္ကြာ၊ လက္ထဲမွာလည္း လွံေတြ၊ ေလးခြေတြ၊ ဓါးေတြ အစုံပါတယ္။ တကယ္လို႔ ဒီႏြားႀကီးလာရင္ ဝိုင္းခုတ္သတ္ၾကမယ္ဆိုၿပီးေတာ့ေပါ့ကြာ၊ တို႔ေတြႏြားေက်ာင္းၿပီး မၾကာပါဘူးကြာ၊ ခပ္လွမ္းလွမ္းကေန ႏြားတြန္သံႀကီးၾကားလိုက္ရတယ္၊ ငါတို႔လွည္းၾကည့္ေတာ့ အဲဒီႏြားႀကီးျဖစ္ေနတာပဲေဟ့၊ တို႔ႏြားေတြဆီကို အတင္းေျပးလာၿပီး ေဝွ႔ေတာ့တာပဲ”

“ကိုေမာင္ပုတို႔က ႏြားႀကီးကိုမခုတ္ဘူးလားဗ်”

“ဘယ္ေနပါ့မလဲ အလတ္ေကာင္ရာ၊ ငါတို႔လည္း လက္ထဲကိုင္ထားတဲ့ လွံေတြ၊ ဓါးေတြနဲ႔ ႏြားႀကီးကိုထိုးၾက ပစ္ၾကေပါ့ကြာ၊ ထူးဆန္းတာတစ္ခုက အဲဒီႏြားႀကီးကို ငါတို႔လွံနဲ႔ထိုးရင္ သူ႔အသားက ေပါက္ထြက္သြားေပမယ့္ ဘာမွမျဖစ္ဘူးကြ၊ ဓါးနဲ႔ခုတ္ရင္လည္း ျပတ္တယ္၊ ဒါေပမယ့္ ဘယ္လိုမွကိုမေနတာကြာ”

“ဟာ ထူးေတာ့ထူးေနၿပီဗ်ာ”

“အဲဒီႏြားလိုက္ေဝွ႔လို႔ ငါ့အိမ္က ႏြားမႀကီးက ေျခဦးတည့္ရာေျပးရင္း ေနာက္ဆုံးေတာ့ အေမာေဖာက္ၿပီး လဲက်ေသဆုံးသြားတာပဲေဟ့၊ ႐ြာေတာင္ျပန္မေရာက္လိုက္ပါဘူးကြာ၊ ကြင္းထဲမွာပဲ ဖုတ္လႈိက္ဖုတ္လႈိက္နဲ႔ ေသသြားရွာတာကြ၊ ငါျဖင့္ ႏွေျမာလိုက္တာကြာ”

“ဒါဆို အဲဒီႏြားႀကီးကေရာ ဘယ္ေရာက္သြားတာလဲ”

ကိုေမာင္ပုက ေခါင္းခါလိုက္ၿပီး

“ဖုန္လုံးေတြၾကားထဲ ေပ်ာက္သြားတာပဲကြာ”

က်ဳပ္ေတာ့ တစ္ခုခုထူးၿပီဆိုတာ သိလိုက္ၿပီဗ်ာ၊

“ငါလည္း အဲဒီကတည္းက ႏြားေတြလႊြတ္မေက်ာင္းရဲေတာ့ဘဲ၊ ႏြားစာအတြက္ ျမက္ေတြ၊ အပင္ေတြ လိုက္ရိတ္ေနရေတာ့တာပဲ၊ တို႔႐ြာထဲ ႏြားေမြးတဲ့သူေတြအကုန္လုံး အခုလိုပဲ ျမက္ရိတ္ထြက္ရေတာ့တာေပါ့ကြာ၊ ႏြားေတြကိုေတာ့ ဘယ္သူမွ လႊတ္မေက်ာင္းရဲေတာ့ဘူးကြ၊ အစာဝတာ မဝတာ အသာထား၊ မေသဖို႔က အေရးႀကီးတယ္မဟုတ္လား”

“က်ဳပ္တို႔႐ြာကေတာ့ ျဖစ္လိုက္မွျဖင့္ အဆန္းခ်ည္းပဲဗ်ာ”

“ကဲ အလတ္ေကာင္ေရ၊ စကားခ်ည္းထိုင္မေျပာေနနဲ႔ကြ၊ ျမက္ရိတ္အုံးကြ၊ ဒီနားမွာေတာင္ ျမက္ရွားသြားၿပီ၊ ေခ်ာင္း႐ိုးေဘးမွာ ျမက္ကုန္ရင္ေတာ့ ဟိုးေတာတန္းဘက္ သြားရိတ္ရေတာ့မွာပဲကြ”

အကိုႀကီးနဲ႔က်ဳပ္လည္း ျမက္ရိတ္ရေတာ့တယ္ဗ်၊ အခုမွသတိထားမိတာ က်ဳပ္တို႔႐ြာနံေဘးက တံလင္းေတြထဲမွာ ႏြားဆိုလို႔ တစ္ေကာင္တစ္ၿမီးေတာင္ မေတြ႕ရဘူးဗ်ိဳ႕၊ ႏြားအစား ႏြားေမြးထားတဲ့လူေတြ၊ ႏြားပိုင္ရွင္ေတြက တကုန္းကုန္းနဲ႔ ျမက္ေတြရိတ္ေနၾကရဲ႕ဗ်ာ၊ ေစာေစာထရိတ္တဲ့လူေတြကေတာ့ ျမက္ထုံးေတြကို ထမ္းပိုးနဲ႔ထမ္းၿပီးေတာ့ ျပန္သြားၾကေလရဲ႕။

က်ဳပ္ကေတာ့ ျမက္ရိတ္ရင္း အဲဒီႏြားႀကီးအေၾကာင္းကို ေတြးေနမိတယ္၊ ဦးဘသာ ဒီကိစၥကိုသိပုံမရေသးဘူးဗ်၊ အခုျမက္ရိတ္ၿပီးအျပန္ ဦးဘသာကို ဝင္ေျပာမယ္ဆိုၿပီးေတာ့ က်ဳပ္ေတြးေနမိတာေပါ့ဗ်ာ။

(၄)

ေဟာဗ်ာ၊ ေတြးလို႔မွ မဆုံးေသးဘူး၊ ဦးဘသာတစ္ေယာက္ ႏြားဆယ္ေကာင္ေမာင္းခ်လာၿပီးေတာ့ ႐ြာထဲကေနထြက္လာတယ္ဗ်ာ၊ ျမက္ရိတ္ေနတဲ့ ကိုေမာင္ပုက လွမ္းၾကည့္ၿပီးေတာ့

“ဟာ၊ ဟိုမွာ ဦးဘသာတစ္ေယာက္ ႏြားေတြေက်ာင္းၿပီးေတာ့ ထြက္လာပါေရာလားေဟ့”

က်ဳပ္လည္း စိုးရိမ္မိသြားတာေတာ့အမွန္ပဲဗ်။

“ဟာ၊ ဦးဘသာက က်ဳပ္နဲ႔အတူတူခရီးထြက္ေနတာဆိုေတာ့ ဒီကိစၥကိုမသိေသးဘူးထင္တယ္ဗ်၊ လုပ္ပါအုံးဗ်ာ၊ ေတာ္ၾကာခင္ဗ်ားေျပာတဲ့ ႏြားႀကီးနဲ႔ေတြ႕ေတာ့မွ ဦးဘသာႏြားေတြ ေသကုန္ပါအုံးမယ္”

ဦးသိန္းဇံက ဦးဘသာကိုမ်က္ေမွာင္ၾကဳတ္ၿပီးလွမ္းၾကည့္ရင္း

“ေသေသေပါ့ကြာ၊ ဘသာက စုန္းမဟုတ္လားကြ၊ ငါတို႔ေျပာတဲ့ သရဲႏြားႀကီးထြက္လာၿပီး ဘသာနဲ႔ေတြ႕လို႔ကေတာ့ ပြဲႀကီးပြဲေကာင္းပဲေဟ့”

ဦးသိန္းဇံက ဦးဘသာကို သိပ္ၾကည့္မရတဲ့လူဗ်၊ ဒါေပမယ့္ သူေျပာတာလည္း ဟုတ္ေတာ့ဟုတ္တယ္၊ ဦးဘသာက ဒီသရဲႏြားေလာက္ေတာ့ ႏိုင္မွာမဟုတ္လားဗ်ာ၊ ဦးသိန္းဇံေျပာတဲ့အတိုင္း ဦးဘသာနဲ႔ေတြ႕ရင္ေတာ့ ပြဲႀကီးပြဲေကာင္းပဲဗ်ိဳ႕၊ ဒါနဲ႔ က်ဳပ္တို႔လည္း ျမက္ရိတ္တာ ခဏနားၿပီးေတာ့ ေခ်ာင္း႐ိုးတစ္ဖက္က ေျမဖို႔ထားတဲ့ တာေပါင္ႀကီးေပၚ တက္လာခဲ့ၾကတယ္၊ တာေပါင္ႏႈတ္ခမ္းမွာ ကပ္ေပါက္ေနတဲ့ လူႏွစ္ရပ္ေလာက္ရွိတဲ့ ခေအာင္းပင္ကေလးေအာက္မွာ အရိပ္ခိုရင္း ဖိနပ္ဖင္ခုထိုင္ကာ ဦးဘသာနဲ႔ ႏြားအုပ္ႀကီးကိုၾကည့္ေနမိတယ္ဗ်။

ဦးဘသာကေတာ့ ႀကိမ္လုံးတစ္ေခ်ာင္းနဲ႔ ႏြားေတြကိုေအာ္ဟစ္ၿပီး ႐ြာထဲကေန တလင္းဘက္ကို တေ႐ြ႕ေ႐ြ႕နဲ႔ထြက္လာတာပဲဗ်ာ၊ ဦးဘသာက ႏြားေတြကို ေတာ္႐ုံဆိုရင္ ႐ိုက္ခဲပါတယ္၊ ဒါေပမယ့္ ဒီႏြားေတြက ႏြားအသစ္ေတြဆိုေတာ့ နည္းနည္းပါးပါး ထိန္းေက်ာင္းရတယ္ထင္ပါ့ဗ်ာ။ ဦးဘသာထြက္လာၿပီးေတာ့ မၾကာဘူးဗ်ာ၊ ေရတြင္းပ်က္နားက ဖုန္းဆိုးေျမႀကီးအနီးကေန ႏြားတြန္သံႀကီးကို ၾကားလိုက္ရပါေရာဗ်ာ၊ ဦးဘသာ လြတ္ေက်ာင္းေနတဲ့ႏြားေတြဆိုရင္ ႏြားတြန္သံၾကားတာနဲ႔ တုန္လႈပ္ေျခာက္ခ်ားၿပီးေတာ့ ေျခဦးတည့္္ရာ လွည့္ေျပးဖို႔လုပ္ၾကပါေရာ။ က်ဳပ္တို႔လွည့္ၾကည့္ေနတုန္း အဲဒီဖုန္းဆိုးေျမႀကီးေပၚက ႏြားႀကီးတစ္ေကာင္ထြက္လာပါေရာဗ်ာ၊ ႏြားက ႏြားအနက္ႀကီးဗ်၊ ခ်ိဳႀကီးကိုေထာင္ၿပီးေကာ့ေနတာပါပဲဗ်ာ၊ ပုံမွန္ထြားက်ိဳင္းသန္မာတဲ့ ႏြားေတြထက္ ပိုၿပီးေတာ့အေကာင္ထြားတယ္ဗ်ာ၊ ႏြားႏွစ္ေကာင္နီးနီးေလာက္ကိုရွိတာဗ်၊ အဲဒီႏြားႀကီးက ဦးဘသာႏြားအုပ္ဆီကို ေျပးသြားပါေရာဗ်ာ။

ႏြားႀကီးေျပးလာတာ ျမင္လိုက္တာနဲ႔ ဦးဘသာႏြားေတြအကုန္လုံး တလင္းထဲကို ထြက္ေျပးကုန္တာပဲဗ်ာ၊ ေျခဦးတည့္ရာ ေျပးတာဆိုေတာ့လည္း ဟိုတစ္ေကာင္၊ ဒီတစ္ေကာင္ ေျပးကုန္ၾကတာေပါ့၊ ဦးဘသာက ႀကိမ္လုံးကိုင္ၿပီးေတာ့ ႏြားေတြကိုႀကိမ္းေမာင္းေနတယ္ဗ်ာ၊ ဦးသိန္းဇံက အေသအခ်ာၾကည့္ရင္း

“ဟား၊ ဟား ဒီအတိုင္းဆိုရင္ေတာ့ ဘသာတစ္ေယာက္ ဒီႏြားႀကီးကို ရႈံးမွာပဲကြ”

သူကဒီလိုေျပာေတာ့ က်ဳပ္ကလည္း မေက်မနပ္နဲ႔

“အိုဗ်ာ၊ ဒီႏြား႐ိုင္းေလာက္ကေတာ့ ဦးဘသာက ႏိုင္ပါတယ္ဗ်၊ ခင္ဗ်ားၾကည့္ေနစမ္းပါ”

“ဟား၊ ဟား အလတ္ေကာင္ရာ၊ မင္းက ဘသာနဲ႔ေပါင္းေနေတာ့ ဘသာဘက္ကေန မခံမရပ္ႏိုင္ျဖစ္ေနတယ္မဟုတ္လား၊ စိန္လိုက္ေလကြာ၊ ဘသာရႈံးကိုရႈံးရမယ္၊ မင္းဘာေၾကးေလာင္းမလဲ”

“အိုဗ်ာ၊ က်ဳပ္က ဒါမ်ိဳးကိုမွႀကိဳက္တာ၊ ဦးဘသာပဲ ႏိုင္မွာဗ်”

ဦးသိန္းဇံက ေခါင္းညိတ္ရင္း

“ေကာင္းၿပီေလ၊ ဘသာရႈံးရင္ မင္းငါ့ကို ျမက္တစ္ထမ္းရိတ္ေပးရမယ္၊ တကယ္လို႔ ဘသာႏိုင္သြားရင္ေတာ့ မင္းကိုငါက ေဟာဟိုက ျမက္တစ္ထမ္းကို အလကားေပးလိုက္မယ္ကြ”

“စိန္လိုက္ေလဗ်ာ၊ ျမက္တစ္ထမ္းေၾကးေပါ့”

က်ဳပ္တို႔ေဘးကေစာင့္ၾကည့္ေနတဲ့သူေတြက အခ်င္းခ်င္းေလာင္းၿပီးေတာ့ ရင္တမမနဲ႔ျဖစ္ေနၾကတယ္ဗ်ာ၊ ကြင္းထဲက ဦးဘသာကေတာ့ ေျပးလႊားေနတဲ့ႏြားေတြကိုၾကည့္ၿပီး ေအာ္ဟစ္ေနလို႔ေပါ့ဗ်ာ။ ႏြားနက္ႀကီးက ဦးဘသာရဲ႕ ႏြားေ႐ႊဝါႀကီးတစ္ေကာင္ကို အတင္းလိုက္ေဝွ႔တာဗ်၊ ႏြားေ႐ႊဝါႀကီးက ျပန္ေဝွ႔ဖို႔မေျပာနဲ႔ ေၾကာက္လြန္းလို႔ ပတ္ေျပးေနတာေပါ့ဗ်ာ၊ ေနာက္ေတာ့ ႏြားနက္ႀကီးက ႏြားေ႐ႊဝါႀကီးရဲ႕ ေနာက္ေျခေထာက္ကို ေဝွ႔ထည့္လိုက္တယ္၊ ႏြားေ႐ႊဝါႀကီးအေနာက္ေျခေထာက္က ေသြးေတြရဲခနဲ ပန္းထြက္လာတာေပါ့ဗ်ာ၊ ေျပးေနရင္းလည္း ေခြက်သြားတယ္ဗ်၊ ႏြားနက္ႀကီးက တစ္ပတ္ျပန္လွည့္ေျပးသြားၿပီးေတာ့ ေခြက်သြားတဲ့ ႏြားေ႐ႊဝါႀကီးကို ခ်ိဳနဲ႔ေျပးေဝွ႔တာပဲဗ်ာ။

“ရပ္လိုက္၊ ရပ္လိုက္စမ္း”

ဦးဘသာက ႀကိမ္လုံးႀကီးဝင့္ၿပီးေတာ့ ႏြားနက္ႀကီးကို ႀကိမ္းေမာင္းေပမယ့္ ႏြားနက္ႀကီးက ရပ္မသြားတဲ့အျပင္ ႏြားေ႐ႊဝါႀကီးကို ေျပးၿပီးေတာ့ ခ်ိဳနဲ႔ထိုးကေလာ္လိုက္ပါေရာဗ်ာ၊ ႏြားေ႐ႊဝါႀကီးဆိုရင္ ဖင္ႀကီးကိုေျမာက္တက္သြားေတာ့တာပဲ၊ ေနာက္တစ္ခ်က္ ထပ္ထိုးမယ္ဆိုၿပီးအေျပးမွာ ဦးဘသာက ႏြားနက္ႀကီးကို လက္ညႇိဳးနဲ႔ထိုးၿပီးေတာ့ ပါးစပ္ကေန ဘာေတြေအာ္မွန္းမသိဘူးေအာ္လိုက္တာ ႏြားနက္ႀကီးက ေျခေလးဖက္စလုံး တုန႔္ခနဲရပ္တန႔္သြားၿပီးေတာ့ ၿငိမ္က်သြားတယ္ဗ်၊ ၿပီးေတာ့ အဲဒီႏြားနက္ႀကီးက က်ဳပ္တို႔မ်က္စိေရွ႕မွာတင္ပဲ သဲမႈန္ေတြအျဖစ္ တျဖည္းျဖည္းပဲ့က်သြားေတာ့တာပါပဲဗ်ာ။

“ေဟး ႏိုင္ၿပီ၊ ငါႏိုင္ၿပီကြ”

ဦးသိန္းဇံက ထၿပီးေအာ္ေတာ့တယ္။

“ဟာဗ်ာ၊ ခင္ဗ်ားမေတြ႕ဘူးလား၊ ဦးဘသာလုပ္လိုက္လို႔ ႏြားႀကီးသဲမႈန္ျဖစ္သြားတာေလဗ်ာ”

“ဟ၊ သဲမႈန္ကေတာ့ သူ႔အလိုလိုလည္း အခ်ိန္တန္ရင္ျဖစ္တာပဲ၊ ဒါေပမယ့္ ဘသာရဲ႕ႏြားႀကီး အထိနာသြားတယ္မဟုတ္လား၊ ဒါ သူရႈံးတာပဲေပါ့”

“ဟုတ္တယ္အလတ္ေကာင္၊ ဦးဘသာ တကယ္စြမ္းရင္ အဲဒီႏြားနက္ႀကီး သူ႔ႏြားကိုမေဝွ႔ခင္မွာ တားႏိုင္ရမွာေပါ့”

ကိုေမာင္ပုကလည္း ဝင္ေျပာတယ္၊ က်ဳပ္လည္း ၿပိဳင္ျငင္းခ်င္ေပမယ့္ အကိုႀကီးက က်ဳပ္ပုခုံးကိုဆြဲထားတယ္၊ သူဆိုလိုခ်င္တာေတာ့ က်ဳပ္ကိုစိတ္ထိန္းထားဖို႔ေပါ့ဗ်ာ။ ဒါနဲ႔ က်ဳပ္လည္း ေအာင့္သက္သက္နဲ႔ လက္ခံလိုက္ရေတာ့တယ္၊ ေျမသားတမံေပၚကေန ေျပးဆင္းၿပီးေတာ့ ကြင္းႀကီးကိုျဖတ္ေျပးရင္း ဦးဘသာဆီကိုလာခဲ့တာေပါ့ဗ်ာ၊ ဦးဘသာကေတာ့ ႏြားေ႐ႊဝါႀကီးအနားမွာ ထိုင္လို႔ဗ်။

“ဦးဘသာ၊ ဦးဘသာ ဘာျဖစ္သြားေသးလဲ”

ဦးဘသာက ေခါင္းခါျပတယ္ဗ်။

“အေျခအေနမေကာင္းဘူးေဟ့၊ ငါ့ေကာင္ႀကီး ေနာက္ေျခေထာက္ေၾကာျပတ္သြားသကြ၊ ဗိုက္လည္း နည္းနည္းပြင့္သြားတယ္”

ဟုတ္ပါ့ဗ်ာ၊ ႏြားေ႐ႊဝါႀကီး ေပါင္အေနာက္ေၾကာနဲ႔ တံေခါက္ေကြးမွာ ျပတ္ရွဒဏ္ရာႀကီးျဖစ္လို႔ဗ်၊ ခ်က္ေအာက္ဘက္နားမွာလည္း ႏြားခ်ိဳထိုးၿပီးေတာ့ အေပါက္ႀကီးျဖစ္ေနပါေရာဗ်ာ၊ က်ဳပ္လည္း ႐ြာထဲက ကာလသားေတြကိုေျပးေခၚရတယ္၊ ႏြားေ႐ႊဝါႀကီးက မထႏိုင္ေတာ့လို႔ လူအားနဲ႔ခ်ီပိုးၿပီးေတာ့ ႐ြာထဲကိုဝိုင္းသယ္ၾကရတယ္ဗ်၊

ဦးဘသာတစ္ေယာက္မ်က္ႏွာမေကာင္းတာ က်ဳပ္သတိထားမိပါရဲ႕ဗ်ာ၊ သူ႔ႏြားႀကီးျဖစ္သြားတဲ့အတြက္ ေတာ္ေတာ္စိတ္မေကာင္းျဖစ္ေနတဲ့ပုံပဲ၊ ႐ြာကလူေတြကလည္း ဦးဘသာကို အဲဒီႏြားႀကီးအေၾကာင္းကို ဝိုင္းေျပာျပၾကတယ္၊ က်ဳပ္လည္း ဦးဘသာအနားမွာေနေပးတာေပါ့ဗ်ာ၊ ဦးဘသာကေတာ့ ပ်ာပ်ာသလဲနဲ႔ ဟိုအ႐ြက္ေတြခူး၊ ဒီအ႐ြက္ေတြခူးၿပီးေတာ့ ထုေထာင္းၿပီး ႏြားႀကီးရဲ႕ဒဏ္ရာကို အုံခဲေပးၿပိး ကုသေပးေနပါေရာဗ်ာ၊ ဒီအခ်ိန္ အကိုႀကီးက ျမက္တစ္ထမ္းထမ္းၿပီးေတာ့ ႐ြာထဲျပန္ဝင္လာတယ္ဗ်၊ ၿပီးေတာ့ ဦးဘသာအိမ္ထဲဝင္လာၿပီးေတာ့ က်ဳပ္အေရွ႕ကို တံစဥ္တစ္လက္ပစ္ခ်ေပးလိုက္တယ္။

“မင္းရႈံးေႂကြးကို မင္းဆပ္ရမယ္ေလ အလတ္ေကာင္ရ”

က်ဳပ္လည္း တံစဥ္ကိုေကာက္ယူလိုက္ၿပီးေတာ့ ေဒါသထြက္ထြက္နဲ႔ ႐ြာအျပင္ကို ေလွ်ာက္ခဲ့တာေပါ့ဗ်ာ၊ ႐ြာအျပင္ေရာက္ေတာ့ ဦးသိန္းဇံနဲ႔ ကိုေမာင္ပုက ျမက္ထုံးေတြထမ္းလာလို႔ဗ်။ ဦးသိန္းဇံက က်ဳပ္ကိုျမင္ေတာ့ ၿပဳံးၿဖီးၿဖီးနဲ႔

“လုပ္ထားေဟ့အလတ္ေကာင္ေရ၊ ငါ့ႏြားေတြေတာ့ ဒီေန႔ကံေကာင္းတာပဲေဟ့၊ ျမက္ေတြ ၀၀လင္လင္စားရေတာ့မယ္ကြ”

က်ဳပ္ကို တမင္ႏွိမ္ၿပီးေျပာလိုက္မွန္း က်ဳပ္သိတာေပါ့ဗ်ာ၊ က်ဳပ္လည္း မခံခ်င္စိတ္နဲ႔ ႐ြာျပင္ထြက္ခဲ့တာေပါ့။ ႐ြာျပင္႐ိုးေခ်ာင္းနံေဘးမွာ ျမက္ေတြသိပ္မရွိေတာ့ဘူးဗ်၊ တစ္႐ြာလုံးကလူေတြက ဒီ႐ိုးေခ်ာင္းနံေဘးမွာပဲ ျမက္ရိတ္ၾကတာကိုးဗ်ာ၊ ဒါနဲ႔က်ဳပ္လည္း ျမက္ေတြရွာၿပီးေတာ့ လိုက္ရိတ္ရေတာ့တယ္၊ ႐ိုးေခ်ာင္းတစ္ေလွ်ာက္ ရိတ္ရင္းနဲ႔ ႐ြာနဲ႔ေတာ္ေတာ္လွမ္းလွမ္းကိုေတာင္ ေရာက္သြားသဗ်ာ၊ အဲဒီ႐ိုးေခ်ာင္းရဲ႕ေအာက္ဘက္နား က်ဳပ္တို႔႐ြာနဲ႔ တစ္ေခၚေလာက္ေဝးတဲ့ေနရာမွာ သီးပင္စုဆိုတဲ့ ကုန္းကေလးတစ္ခုရွိတယ္ဗ်၊ အဲဒီမွာ ဘႀကီးေပါတို႔မိသားစု ေနခဲ့တာဆိုေတာ့ က်ဳပ္တို႔ကေတာ့ ဘႀကီးေပါတို႔ကုန္းလို႔ပဲ ေခၚၾကတယ္၊ ဘႀကီးေပါအေၾကာင္း ခင္ဗ်ားတို႔သိၿပီးသားျဖစ္မွာပါ၊ ဓါးျပေက်ာ္ဘေမာ္က ဓါးျပတိုက္ရင္း မေက်နပ္လို႔ ဘႀကီးေပါတို႔ကို မိသားစုလိုက္ သတ္သြားတဲ့ေနရာေပါ့ဗ်ာ။ (စုန္းထီးႀကီးဦးဘသာႏွင့္ ဓါးျပေက်ာ္ဘေမာ္၊ အတြဲ(၁))တြင္ ဖတ္ရႈႏိုင္ပါသည္။

သရဲအရမ္းေျခာက္လို႔ ေတာ္႐ုံတန္႐ုံလူေတြ မသြားရဲတဲ့ေနရာေပါ့ဗ်ာ၊ အဲဒီသီးပင္စုမွာ ဘႀကီးေပါတို႔ေနခဲ့တဲ့ အိမ္ပ်က္ႀကီးေတြရွိေသးတယ္ဗ်၊ ဘႀကီးေပါတို႔က သစ္ေကာင္းေတြနဲ႔ အိမ္ေဆာက္ထားခဲ့တာဆိုေတာ့ အိမ္ႀကီးက ေကာင္းေကာင္းမြန္မြန္ရွိပါေသးတယ္၊ အိမ္ႀကီးတစ္ဝိုက္မွာလည္း မန္က်ည္းပင္ႀကီးေတြ၊ သီးပင္ႀကီးေတြ အုပ္အုပ္ဆိုင္းဆိုင္းနဲ႔ေပါ့ဗ်ာ။ က်ဳပ္လည္း ျမက္ရခ်င္လို႔သာ လာခဲ့ရတယ္ ခပ္လန႔္လန႔္ရယ္ဗ်၊ ၿပီးေတာ့ ဘႀကီးေပါတို႔ သီးပင္စုကုန္းမွာ ဖိုးတုတ္နဲ႔ ယဥ္ယဥ္ဆိုတဲ့ သရဲလင္မယားလည္းရွိေသးတယ္မဟုတ္လား။

က်ဳပ္ ျမက္ေတြရိပ္ေနတုန္း အဲဒီအိမ္ပ်က္ႀကီးေတြထဲမွာ လူသံေတြၾကားရတယ္ဗ်၊ က်ဳပ္လည္း ျမက္ရိတ္ေနရင္း လွမ္းၾကည့္ေတာ့ လူေတြစကားေျပာေနတဲ့အသံပဲဗ်ာ၊ လူတစ္ေယာက္မွ မရွိတဲ့ေနရာမွာ လူသံၾကားရတယ္ဆိုေတာ့ က်ဳပ္လည္း သရဲမွန္းသိလိုက္ၿပီေလ၊ ဒါေပမယ့္လည္း စိတ္ထဲကေတာ့ မဝံ့မရဲနဲ႔ဗ်၊ မန္က်ည္းပင္ႀကီးတစ္ပင္ကို အကာအကြယ္ယူၿပီးေတာ့ ေခ်ာင္းၾကည့္ေတာ့ အိမ္ႀကီးေပၚကေန ရွမ္းဝတ္စုံအနက္ေရာင္ဝမ္းဆက္ဝတ္ထားတဲ့ လူႀကီးတစ္ေယာက္ ဆင္းလာသဗ်၊ ေခါင္းမွာ ေခါင္းေပါင္းလည္းေပါင္းထားလို႔ဗ်ိဳ႕၊ အေပၚက ရွမ္းအက်ႌရင္ေစ့ဝတ္ထားၿပီး ေအာက္မွာလည္း ရွမ္းေဘာင္းဘီ ပြပြႀကီးဝတ္ထားတယ္၊ အသားကေတာ့ ခပ္ျဖဴျဖဴပါပဲဗ်ာ၊ ဒီလူႀကီးက ဘႀကီးတုတ္တို႔ေျခတံရွည္အိမ္ေပၚကေန ဆင္းလာၿပီးေတာ့ ေဘးဘီကိုၾကည့္တယ္၊ ၿပီးေတာ့ ရွမ္းလိုစူးစူးဝါးဝါးထေအာ္သဗ်။

က်ဳပ္လည္း ေၾကာက္ေၾကာက္နဲ႔ မန္က်ည္းပင္အေနာက္မွာ ပုန္းေနလိုက္တယ္ဗ်ာ၊ မန္က်ည္းပင္က လူႏွစ္ဖက္စာေလာက္ရွိတာဆိုေတာ့ က်ဳပ္ေကာင္းေကာင္းပုန္းလို႔ရပါတယ္၊ ဒီအခ်ိန္ ေျခသံေတြကိုၾကားလိုက္ရတယ္၊ လူသုံးေလးေယာက္ ေလွ်ာက္လာတဲ့ေျခသံမ်ိဳးဗ်၊ သူတို႔ေျခလွမ္းေတြက က်ဳပ္ပုန္းေနတဲ့မန္က်ည္းပင္အနားကို လာတဲ့ပုံစံပါပဲဗ်ာ၊ က်ဳပ္ျဖင့္ ရင္ေတြထိတ္လိုက္တာဗ်ာ၊ ေနာက္ေတာ့ မိန္းကေလးတစ္ေယာက္က မန္က်ည္းပင္အေနာက္နားကိုေရာက္လာတယ္၊ က်ဳပ္လည္း မန္က်ည္းပင္တစ္ဖက္ကို အသာကေလးတိုးကပ္သြားတာေပါ့ဗ်ာ၊ မိန္းကေလးက က်ဳပ္ကိုမျမင္ဘူးဗ်၊ မန္က်ည္းျမစ္နားမွာ က်ေနတဲ့ တံစဥ္ကိုေကာက္ယူလိုက္ၿပီးေတာ့ ရွမ္းလိုေျပာေနတာပဲ၊ က်ဳပ္လည္း ခါးၾကားကိုစမ္းၾကည့္လိုက္ေတာ့မွ အဲဒီတံစဥ္က က်ဳပ္တံစဥ္ျဖစ္ေနတယ္ဗ်ာ၊ ခုနက ခါးၾကားထိုးရင္း ေခ်ာက်သြားတာျဖစ္မယ္။

ဒီအခ်ိန္မွာပဲ က်ဳပ္ေဘးနားကို အဘြားႀကီးတစ္ေယာက္ေရာက္လာတယ္၊ ပါးေရေတြ တြန႔္တြန႔္နဲ႔ မ်က္တြင္းက်က်မ်က္ႏွာႀကီးကိုျမင္လိုက္ရေတာ့ က်ဳပ္လည္း လန႔္ၿပီးေအာ္ဟစ္ရင္း အဲဒီေနရာကေန ထြက္ေျပးခဲ့ေတာ့တာပဲဗ်ာ၊ ျမက္ထုံးေတြေတာင္မွ မယူႏိုင္ဘူးဗ်ာ။

ျမက္တစ္ထမ္းမရေတာ့ က်ဳပ္လည္း နည္းမ်ိဳးစုံနဲ႔ ႀကံရေတာ့တယ္၊ ကံေကာင္းခ်င္ေတာ့ ႏြားေက်ာင္းသားေလးတစ္ေယာက္ ထမ္းလာတဲ့ျမက္ထမ္းကို တစ္က်ပ္ေပးၿပီးေတာ့ ဝယ္လိုက္ရေတာ့တာေပါ့ဗ်ာ။ ျမက္ထမ္းႀကီးကို ဦးသိန္းဇံအိမ္ကိုထမ္းပို႔ေတာ့ ဦးသိန္းဇံက ေအာင္ႏိုင္သူအၿပဳံးနဲ႔ၾကည့္ေနသဗ်။

(၅)

“ငါမေက်နပ္ဘူးကြာ”

“က်ဳပ္လည္း မေက်နပ္ဘူးဗ်ာ”

ညေနေရာက္ေတာ့ ဦးဘသာအိမ္မွာ က်ဳပ္နဲ႔ဦးဘသာ အတူတူထိုင္ေနၾကရင္း ေျပာလိုက္မိတယ္ဗ်။ က်ဳပ္ေျပာလိုက္ေတာ့ ဦးဘသာက တအံ့တၾသနဲ႔

“ဟ၊ အလတ္ေကာင္ရ၊ ထိတာက ငါ့ႏြားထိတာပါကြ၊ မင္းက ဘာကိုမေက်နပ္ရတာလဲ”

“မဟုတ္ပါဘူးဗ်ာ၊ ဦးသိန္းဇံနဲ႔က်ဳပ္နဲ႔ အဲဒီႏြားႀကီးကို ဦးဘသာ ႏိုင္မႏိုင္ဆိုၿပီးေလာင္းၾကရင္း က်ဳပ္ရႈံးသြားလို႔ပါဗ်”

“မင္းကေတာ့ ဟုတ္ေနျပန္ပါၿပီ၊ ငါဒုကၡေရာက္တာကို မင္းတို႔က ထိုင္ၾကည့္ၿပီးေတာ့ ေလာင္းေနႏိုင္ေသးတယ္”

“အဲဒါထားပါေတာ့ ဦးဘသာ၊ အဲဒီႏြားနက္ႀကီးက ဘာႏြားႀကီးလဲဗ်”

ဦးဘသာက ေခါင္းညိတ္ရင္း

“႐ြာသားေတြေျပာပုံအရရယ္၊ ေနာက္ၿပီးေတာ့ ငါကိုယ္တိုင္ေတြ႕ႀကဳံခဲ့တဲ့ အေတြ႕အႀကဳံအရရယ္ဆိုရင္ေတာ့ ဒီႏြားက ကိုးသခ်ိဳင္းႏြားျဖစ္မယ္ထင္တယ္ကြ”

“ဗ်ာ၊ ကိုးသခ်ိဳင္းႏြားတဲ့လား”

“ေအးေလ၊ ေအာက္လမ္းဆရာေတြ သုံးတဲ့ႏြားေပါ့ကြာ၊ ေဆးႏြားဆိုတာ မင္းၾကားဖူးတယ္မဟုတ္လား”

“ၾကားဖူးပါရဲ႕ဗ်ာ၊ ဒါေပမယ့္ က်ဳပ္တို႔အိမ္ကို ေအာက္လမ္းနဲ႔ေဆးႏြားတိုက္တုန္းက ေဆးႏြားက အနီေရာင္ေလးမဟုတ္လား၊ ၿပီးေတာ့ အေကာင္အထည္လည္း ျမင္ရတာမွ မဟုတ္တာ”

“ဟုတ္တယ္၊ အလတ္ေကာင္ ေဆးႏြားလို႔ လူေတြေခၚၾကတဲ့ ပညာနဲ႔လုပ္ထားတဲ့ ႏြား႐ုပ္ေတြမွာ သုံးမ်ိဳးသုံးစားရွိသကြ၊ မင္းျမင္ဖူးတဲ့ ေဆးႏြားအနီကေတာ့ အလယ္အလတ္ ႏြားလို႔ေျပာလို႔ရမယ္ကြ၊ ေဆးႏြားအနီက ေကာင္းတဲ့ေနရာမွာ သုံးလို႔ရသလို၊ မေကာင္းတဲ့ေနရာမွာလည္း သုံးလို႔ရတာေပါ့ကြာ၊ မင္းတို႔အိမ္ကို တိုက္တုန္းကေတာ့ တံစူးဝါးမွာ ဘို႔တစ္ေထာင္ဆြဲၿပီး ေဆးႏြားအစီအရင္လုပ္ထားတာဆိုေတာ့ မေကာင္းတဲ့ ေဆးႏြားအနီေပါ့၊ အရပ္အေခၚေတာ့ တိုက္ႏြားေပါ့ကြာ” (ထိုအေၾကာင္းကို စုန္းထီးႀကီးဦးဘသာႏွင့္ ဘို႔တစ္ေထာင္တိုက္ႏြား၊ အတြဲ(၁) တြင္ဖတ္ရႈႏိုင္ပါသည္)

“ဟုတ္တယ္ဗ်၊ ဒါနဲ႔ ေနာက္ထပ္ေဆးႏြားေတြကေရာဗ်ာ”

“အလြန္အဆင့္ျမင့္တဲ့ ေအာက္လမ္းဆရာႀကီးေတြသုံးတဲ့ ေဆးႏြားတစ္မ်ိဳးရွိေသးတယ္ကြ၊ အဲဒီေဆးႏြားကေတာ့ ေဆးႏြားအနက္ေပါ့ကြာ”

“ဟုတ္ၿပီ၊ ေန႔လည္ကေတြ႕တာကလည္း ႏြားနက္ႀကီးဆိုေတာ့ အဲဒီ ေဆးႏြားအနက္မ်ားလား”

“အဟုတ္ေပါ့ကြာ၊ ေဆးႏြားအနက္ကို စီရင္တဲ့အခါ ကိုးသခ်ိဳင္းေျမနဲ႔ စီရင္ရတယ္ကြ၊ လူနားလည္ေအာင္ေျပာရရင္ေတာ့ သခ်ိဳင္းကိုးခုက ေျမကိုယူရတယ္ေပါ့ကြာ၊ ေျမကိုယူတဲ့အခါလည္း ႐ိုး႐ိုးတန္းတန္း သြားယူလို႔မရဘူးကြ၊ အရင္ဆုံး အဲဒီသခ်ိဳင္းမွာရွိတဲ့ သခ်ိဳင္းေစာင့္ပရေလာကသားေတြနဲ႔ မိတ္ဖြဲ႕ရတယ္၊ ၿပီးေတာ့ သခ်ိဳင္းေစာင့္နဲ႔ခင္မင္သြားၿပီဆိုရင္ သူျပတဲ့ေနရာက သခ်ိဳင္းေျမကိုတူးယူရတယ္ကြ၊ ကိုယ္တူးခ်င္တဲ့ေနရာကေန တူးလို႔မရဘူး၊ တူးယူတဲ့အခါမွာလည္း သခ်ိဳင္းေျမကို လက္ကိုးမိုက္အနက္တူးၿပီး လက္တစ္ဆုပ္စာေျမကို ယူရတယ္”

“သိပ္ေတာ့မလြယ္ဘူးဗ်ေနာ္”

“ဒါေပါ့ကြ၊ အဲဒီလို သခ်ိဳင္းကိုးခုက ကိုးသခ်ိဳင္းေျမကိုရၿပီဆိုရင္ လူေသအေလာင္းစင္က ကပ္ကိုးခုျဖစ္ျဖစ္၊ အေခါင္းကိုးခုျဖစ္ျဖစ္ အဲဒီက သစ္စကိုယူၿပီးေတာ့ မီးေသြးျဖစ္ေအာင္ ျပာခ်ရတယ္၊ ရတဲ့မီးေသြးေတြ၊ ျပာေတြနဲ႔ အဲဒီေျမကိုနယ္ၿပီးေတာ့ အ႐ုပ္လုပ္လို႔ေကာင္းေအာင္ နယ္ၾကတာေပါ့ကြာ၊ တခ်ိဳ႕လည္း ႐ြံ႕နည္းနည္းထည့္တယ္ကြ၊ ၿပီးရင္ေတာ့ ခ်ိဳေထာင္ေနတဲ့ ႏြားနက္တစ္ေကာင္အျဖစ္ အ႐ုပ္လုပ္ရတာေပါ့ကြာ”

“ဒါဆိုရင္ ၿပီးၿပီလားဗ်”

“မၿပီးေသးဘူးကြ၊ ႏြား႐ုပ္ကိုအသက္ဝင္ေအာင္ လမ္းေလးခြဆုံသြားၿပီးေတာ့ မႏၲန္မႈတ္ရေသးတယ္”

“မႏၲန္စုတ္တယ္၊ မႏၲန္႐ြတ္တယ္လို႔ပဲ ၾကားဖူးပါတယ္ ဦးဘသာရာ၊ ဦးဘသာအလွည့္က်မွ မႏၲတ္မႈတ္တယ္တဲ့လား”

“သူက မႈတ္ရတာကိုးကြ၊ မႏၲန္႐ြတ္ၿပီးေတာ့ အဲဒီႏြားနက္႐ုပ္ရဲ႕ ႏွာေခါင္းေနရာကို ေလနဲ႔မႈတ္သြင္းရတာကိုေျပာတာကြ၊ ကိုးေခါက္မႈတ္ၿပီးရင္ အသက္ဝင္ေလ့ရွိတယ္”

“အသက္ဝင္သြားရင္ လူေတြကိုလိုက္ၿပီး ဒုကၡေပးေရာလား”

ဦးဘသာက ေခါင္းညိတ္တယ္ဗ်။

“အေသအခ်ာေပါ့ကြာ၊ ငါ့အထက္ အဲဒီႏြားနက္ကလည္း တို႔႐ြာကိုဒုကၡေပးခ်င္တဲ့လူတစ္ေယာက္က လုပ္ေနတာမ်ားလားမသိဘူး”

“ဒါဆို ဘယ္လိုလုပ္ၾကမလဲဗ်ာ”

ဦးဘသာက ေတြေဝေနရင္း

“ႏြားနက္ရဲ႕ေျပာင္းျပန္၊ ႏြားျဖဴဆိုတာ ရွိေသးတယ္ကြ၊ ေဆးႏြားသုံးမ်ိဳးမွာ ေနာက္ဆုံးက်န္တဲ့ႏြားကေတာ့ ႏြားျဖဴႏြားလားပဲ၊ အဲဒီႏြားကိုေတာ့ အထက္ဝိဇၨာေတြနဲ႔ အထက္လမ္းဆရာေတြ စီရင္တတ္ၾကတယ္ကြ”

“ဒါဆို အဲဒီႏြားျဖဴက ႏြားနက္ကို ႏိုင္သလားဗ်”

“ႏိုင္တာေပါ့ကြ၊ ဒါေပမယ့္ ပညာခန္းဆိုေတာ့ ပညာပိုင္းဆိုင္ရာ အဆင့္ျမင့္တဲ့လူ၊ ပညာသာတဲ့လူက ႏိုင္စၿမဲပဲ”

“ဒါဆို ဦးဘသာ ဒီႏြားနက္ႀကီးကိုဘယ္လိုလုပ္မလဲ”

“ဟား၊ သူက ႏြားနက္နဲ႔လုပ္ရင္ ငါတို႔ကလည္း ႏြားျဖဴလုပ္ၿပီးေတာ့ ျပန္ေဝွ႔ခိုင္းတာေပါ့ကြာ”

က်ဳပ္လည္း စိတ္အားတက္သြားတယ္။

“ဒါဆိုရင္ ဦးဘသာ ဘယ္လိုလုပ္မလဲဗ်”

ဦးဘသာက က်ဳပ္ကိုလက္ညႇိဳးထိုးၿပီးေတာ့

“ႏြားျဖဴက ငါလုပ္ရမွာမဟုတ္ဘူးကြ၊ မင္းလုပ္ရမွာ”

“ဗ်ာ၊ က်ဳပ္လုပ္ရမွာတဲ့လား”

ဦးဘသာက ေခါင္းကိုဆတ္ခနဲညိတ္တယ္။

“ဒါေပမယ့္ က်ဳပ္က ဘာမွမတတ္ဘူးေလ ဦးဘသာ”

“မလိုပါဘူးကြာ၊ ႏြားျဖဴကိုလူတိုင္းလုပ္လို႔ရပါတယ္၊ ေနာက္ဆုံးအသက္သြင္းတဲ့အဆင့္ကသာ အခက္ဆုံးပါ၊ မင္းလုပ္ႏိုင္ပါတယ္အလတ္ေကာင္ရ”

“ေကာင္းၿပီဗ်ာ၊ က်ဳပ္ဘယ္လိုလုပ္ရမလဲ”

“သူက ကိုးသခ်ိဳင္းႏြားနက္ဆိုေတာ့ ႏြားျဖဴႏြားလား ျပန္လုပ္ၿပီး ခတ္ခိုင္းတာေပါ့ကြာ”

“ဟုတ္ၿပီဗ်ာ၊ က်ဳပ္လုပ္မယ္၊ က်ဳပ္ဘာေတြယူရမလဲ”

“ငါတို႔လည္း ေျမကိုးေျမကိုယူရမယ္ကြ၊ ေျမကိုးေျမဆိုတာကေတာ့ ဘုရားေျမ၊ သိမ္ေျမ၊ ေက်ာင္းေျမ၊ ယာေျမ၊ လယ္ေျမ၊ နတ္စင္ေအာက္ကေျမ၊ လမ္းေလးခြဆုံကေျမ၊ ေတာင္ကုန္းထိပ္ကေျမ၊ ေညာင္ပင္ေအာက္ကေျမ အဲဒီေနရာက ေျမေတြကို လက္တစ္ဆုပ္စီ ယူရမယ္ကြ”

က်ဳပ္လည္း ေနရာေတြကို စဥ္းစားလိုက္တယ္။

“ဘုရားေျမဆိုေတာ့ ႐ြာဦးေက်ာင္းေစတီနားက ေျမကိုယူလို႔ရတယ္၊ သိမ္ေျမလည္း ႐ြာဦးေက်ာင္းက သိမ္သမုတ္ထားတဲ့ သိမ္တိုင္ေတြအထဲက ေျမကိုယူရင္အဆင္ေျပမယ္၊ ေက်ာင္းေျမကေတာ့ ဘုန္းႀကီးေက်ာင္းေဆာင္ေအာက္က ေျမကိုယူမယ္ဗ်ာ၊ လယ္ေျမ၊ ယာေျမကေတာ့ လြယ္ပါတယ္ဗ်ာ၊ နတ္စင္ေအာက္ကေျမဆိုေတာ့ ႐ြာထိပ္က ႐ြာေတာ္ရွင္ နတ္ကြန္းေအာက္က သြားယူမယ္၊ လမ္းေလးခြဆုံဆိုရင္လည္း ႐ြာလယ္လမ္းမက လမ္းေလးခြဆုံတယ္မဟုတ္လား၊ ေတာင္ကုန္းထိပ္ဆိုရင္ေတာ့ အကိုႀကီးတို႔ ယာခင္းနားက ေတာင္ကုန္းေလးထိပ္မွာ ယူလိုက္မယ္ဗ်ာ၊ ေညာင္ပင္ေအာက္ကေျမဆိုေတာ့ ႐ြာဦးေက်ာင္းေတာင္ဘက္မွာ ေဗာဓိေညာင္ပင္ႀကီး ဟီးေနတာပဲမဟုတ္လား”

က်ဳပ္ေျပာေတာ့ ဦးဘသာက ေခါင္းတဆတ္ဆတ္ညိတ္ရင္း

“ေနရာကေတာ့ ဟုတ္တယ္ကြ၊ ဒါေပမယ့္ ဒီေျမေတြကို ဒီအတိုင္းယူလို႔မရဘူး”

“ဒါဆို ဘယ္လိုလုပ္ရမလဲဗ်ာ”

“အရင္ဆုံး ကိုယ္ေျမသြားယူမယ့္ေနရာကို လက္ဖက္တစ္ပုံ ကြမ္းတစ္ယာယူသြားရမယ္၊ ၿပီးရင္ ဖက္တစ္ဖက္ခင္းရမယ္၊ ေျမေပၚမွာေလးဖက္ေထာက္ လက္အုပ္ခ်ီၿပီးေတာ့ “ဤအရပ္မွ အေစာင့္အေရွာက္အေပါင္းတို႔ ငါ့ကိုေစာင့္ေရွာက္ၾကကုန္ေလာ့၊ မိတ္ေဆြျပဳၾကကုန္ေလာ့၊ တစ္ေယာက္ကိုတစ္ေယာက္ ႐ိုင္းပင္းၾကပါ၊ ကူညီၾကပါကုန္ေလာ့” လို႔ေျပာရမယ္၊ ၿပီးရင္ ေျမႀကီးကိုတူးရမယ္၊ ဘယ္ေလာက္ရယ္လို႔ေတာ့ မဟုတ္ဘူးေပါ့ကြာ၊ သိပ္မတိမ္ မနက္ကေလးတူးၿပီးေတာ့ လက္တစ္ဆုပ္ယူၿပီး အသာသိမ္းထားရမယ္ကြ”

“ေျမကိုးခု၊ ကိုးဆုပ္ျပည့္ၿပီဆိုရင္ ေတာင္းတစ္လုံးထဲမွာ ေျမေတြထည့္ၿပီးေတာ့ ထုံးျဖဴျဖဴလက္တစ္ဆုပ္ေလာက္ ထည့္ၿပီး ေရနဲ႔သမေအာင္ ႏွဲေပးရမယ္၊ ေနာက္ေတာ့ အဲဒီေျမစာနဲ႔ ႏြားလားပုံစံလုပ္ရမယ္၊ ႏြားလားမွာ အေရးအႀကီးဆုံးက ဘို႔ပဲ၊ ဘို႔နဲ႔ ဦးခ်ိဳခြၽန္ခြၽန္ထက္ထက္ကို ထင္ထင္ရွားရွားလုပ္ရမယ္”

“ဒါပဲလား”

“ေအးေပါ့၊ ဒီေလာက္ဆို မင္းလုပ္ရမယ့္ အပိုင္းၿပီးၿပီ၊ က်န္တာ ငါ့အလွည့္ေပါ့ကြာ”

က်ဳပ္လည္း ေခါင္းညိတ္လိုက္ေတာ့တယ္၊ မိုးကလည္း တျဖည္းျဖည္းေမွာင္လာၿပီးဆိုေတာ့ က်ဳပ္လည္း ေျမႀကီးေတြယူဖို႔ စီစဥ္ရတာေပါ့ဗ်ာ၊ ဒီအခ်ိန္ႀကီးမွာ လက္ဖက္ရွာဖို႔က ဘယ္လြယ္မလဲဗ်၊ ဒါနဲ႔ အိမ္မွာ အေမႏွပ္ထားတဲ့ လက္ဖက္အိုးထဲက လက္ဖက္ကို ခိုးရေတာ့တာေပါ့ဗ်ာ၊ ေနာက္ၿပီးေတာ့ ဖက္႐ြက္ရွာရတယ္၊ အ႐ြက္ဝိုင္းဝိုင္းႀကီးႀကီးဆိုရင္ ဖက္႐ြက္ရၿပီေပါ့ဗ်ာ၊ ကြမ္းယာကေတာ့ ပူစရာမလိုဘူးဗ်၊ ဦးဘသာရွိတာကိုး။ အားလုံးရေတာ့ က်ဳပ္လည္း ေတာင္းတစ္လုံးနဲ႔ ခုနက ေျပာထားတဲ့ ေနရာကိုးေနရာက ေျမေတြကို လိုက္တူးရပါေရာဗ်ာ။

ေျမအားလုံးက လြယ္လြယ္ကူကူရႏိုင္တဲ့ေနရာကဆိုေတာ့ သိပ္မခက္ပါဘူးဗ်ာ၊ ေျမေတြအားလုံးရေတာ့ ညသန္းေခါင္ေရာက္ေတာ့မယ္၊ က်ဳပ္က ဦးသာအိမ္ကိုျပန္လာၿပီးေတာ့ ေျမေတြၾကားထဲ ထုံးျဖဴးၿပီးေတာ့ ေရနည္းနည္းထည့္ၿပီး ႏွဲေတာ့တာေပါ့ဗ်ာ၊ ထုံးပါလို႔လားမသိဘူး ေျမေတြက ေစးေစးကေလးျဖစ္ေနတယ္ဗ်၊ က်ဳပ္လည္း အဲဒီေျမနဲ႔ႏြား႐ုပ္ပုံေဖာ္တာေပါ့ဗ်ာ။ ဦးဘသာက က်ဳပ္လုပ္ထားတဲ့ ႏြား႐ုပ္ကိုၾကည့္ရင္း

“ဟာ၊ အလတ္ေကာင္၊ မင့္ဟာက ႏြားနဲ႔မတူဘူးကြ၊ ေခြးကိုခ်ိဳတပ္ေပးထားတာနဲ႔တူတယ္”

ဦးဘသာက ေျပာၿပီးရယ္ပါေရာဗ်ာ၊ ေနာက္ေတာ့ ႏြား႐ုပ္ကိုျပန္ဖ်က္ၿပီးေတာ့ သူကေသခ်ာလုပ္တယ္ဗ်၊ ဦးဘသာလက္ရာကိုေတာ့ က်ဳပ္လက္ဖ်ားခါပါတယ္ဗ်ာ၊ ႏြားနဲ႔ ေတာ္ေတာ္ကိုတူတာဗ်၊ က်ဳပ္လုပ္ထားတဲ့လက္ရာနဲ႔ေတာ့ တျခားစီပါပဲဗ်ာ။ ႏြား႐ုပ္လုပ္ၿပီးေတာ့ ဦးဘသာက ႏြားေလးကို လင္ပန္းတစ္ခုထဲကိုထည့္ၿပီး ဆီမီးခြက္တစ္ခုနဲ႔အတူ အိမ္ကထြက္သြားတာနဲ႔ က်ဳပ္လည္း လိုက္ခဲ့ပါေရာဗ်ာ။

ဦးဘသာက ႐ြာလယ္လမ္းေလးခြဆုံကိုသြားတာဗ်၊ အဲဒီေနရာမွာ က်ဳပ္ခုနက တူးခဲ့တဲ့တြင္းကေလးေတာင္ရွိေနေသးတယ္၊ ဦးဘသာက လမ္းေလးခြဆုံအလယ္တည့္တည့္မွာ ဒူးေထာက္ထိုင္ခ်လိုက္ၿပီးေတာ့ လင္ပန္းထဲက ဆီမီးခြက္ကို မီးညႇိလိုက္ၿပီး လင္ပန္းကို အေရွ႕ခ်ၿပီး ႏြား႐ုပ္ကေလးကို ကိုင္လိုက္တယ္ဗ်၊

“ငါသည္ မည္သူ႔ကိုမွ ဒုကၡမေပးပါ၊ ဒုကၡေရာက္ေနသူတို႔အား ကူညီကယ္မေစာင့္ေရွာက္ပါမည္၊ ဤေျမႏွင့္ ေဆးႏြားအ႐ုပ္ကို စီရင္ပါအံ့၊ ဤေဆးႏြားကို ကဝါလမိုင္းနတ္အား အပ္ပါသည္။ ရွစ္ရပ္နယ္ေျမကိုလည္းေကာင္း၊ အရပ္ရပ္လယ္ယာကိုလည္းေကာင္း ကဝါလမိုင္းသြားရာတြင္ ဤႏြားကိုစီးပါ၊ ဤႏြားကို ကဝါလမိုင္းမင္း ယူေတာ္မူပါ၊ စီးေတာ္မူပါ၊ သုံးေတာ္မူပါ၊ ရန္ဟူသမွ်ကို ႏွိမ္နင္းေတာ္မူပါ၊ လူတို႔အား ဒုကၡေပးေသာ ေတာ႐ြာ၊ အစိမ္း၊ သရဲ၊ သဘက္၊ စုန္းရဲ၊ နတ္မိုက္၊ ကေဝ၊ တေစၦ၊ ေျမဖုတ္ဘီလူးမွစ၍ ရန္ဟူသမွ်ကို ဤေဆးႏြားသည္ ေအာင္ႏိုင္ပါေစသတည္း”

အဲဒီလိုေျပာၿပီးေတာ့ ေဆးႏြား႐ုပ္ကို လက္နဲ႔အသာကေလး သုံးႀကိမ္ေလာက္ ပင့္မၿပီးေတာ့

“ကြၽႏု္ပ္သည္ ဤေဆးႏြားျဖင့္ အျခားမည္သူတစ္ဦးတစ္ေယာက္ကိုမွ ဒုကၡမေပးပါ၊ မႏွိပ္စက္ပါ၊ ဤစကားသည္မွန္ေသာသစၥာစကားျဖစ္ပါ၏၊ ဤသစၥာမွန္လွ်င္ ေဆးႏြားသည္ ရန္အေပါင္းအား ေအာင္ျမင္ပါေစသတည္း၊ ဤသစၥာေဖာက္ျပားမိပါက မိမိခႏၶာပ်က္ပါေစသတည္း၊ ေသပါေစသတည္း၊ က်ိဳးပါေစတသည္း၊ ပဲ့ပါေစသတည္း”

ဦးဘသာက သစၥာဆိုၿပီးေတာ့ က်ိန္တယ္ဗ်ာ၊ ၿပီးေတာ့မွ က်ဳပ္ဘက္ကိုလွည့္ၿပီးေတာ့

“အလတ္ေကာင္ေရ၊ အဲဒီေဆးႏြားကို ယူလာခဲ့၊ ၿပီးရင္ ငါ့ၿခံထဲက ေခါင္းရင္းမွာ ခ်ထားလိုက္ကြာ၊ ေဆးႏြားက နည္းနည္းေပ်ာ့ေသးတယ္ကြ၊ မနက္ျဖန္တစ္ရက္ေတာ့ မာေအာင္ထားလိုက္အုံးမယ္”

“ဟုတ္ကဲ့ဦးဘသာ”

က်ဳပ္လည္း ေဆးႏြားထည့္ထားတဲ့ လင္ပန္းကိုဦးဘသာ အိမ္ေခါင္းရင္းမွာ သြားခ်ထားလိုက္တယ္၊ ဆီမီးခြက္ကေလးကေတာ့ လင္းေနဆဲေပါ့ဗ်ာ၊ ဦးဘသာက က်ဳပ္ကိုၾကည့္ရင္း

“ကဲ အလတ္ေကာင္၊ မနက္ျဖန္က်ရင္ မင္းရႈံးခဲ့တဲ့ သိန္းဇံကိုသြားၿပီး စိန္ေခၚစမ္းကြာ၊ ဦးဘသာက အဲဒီႏြားနက္ကို အႏိုင္ယူႏိုင္ၿပီလို႔ စိန္ေခၚလိုက္စမ္း”

“ဟား၊ ဟား ေကာင္းတာေပါ့ဗ်ာ၊ ေတြ႕ၿပီ ဦးသိန္းဇံ၊ က်ဳပ္ရဲ႕ရႈံးေႂကြးကို ခင္ဗ်ားကိုျပန္ဆယ္မယ္ဗ်”

က်ဳပ္လည္း ေႂကြးေၾကာ္ၿပီးေတာ့ ဦးဘသာအိမ္ေပၚကဆင္းခဲ့တာေပါ့ဗ်ာ၊ ဦးဘသာ ၿခံထဲကေနထြက္ခါနီး ေခါင္းရင္းနားက ႏြားေအာ္သံၾကားရတာနဲ႔ က်ဳပ္လည္း ျဖတ္ခနဲလွည့္ၾကည့္လိုက္မိတယ္၊ ဟာဗ်ာ၊ ဦးဘသာအိမ္ေခါင္းရင္းမွာ ႏြားျဖဴႀကီးတစ္ေကာင္ဗ်၊ ခ်ိဳကားကားႀကီးနဲ႔ ဘို႔ႀကီးကလည္းေထာင္လို႔ဗ်ိဳ႕၊ ေျခေတြလက္ေတြဆိုရင္လည္း တုတ္တုတ္ခိုင္ခိုင္ႀကီးဗ်ာ၊ က်ဳပ္ျဖင့္ အံ့ၾသလို႔မဆုံးဘူး၊ က်ဳပ္ၾကည့္ေနတုန္း ႏြားႀကီးက ျဗဳန္းဆို ေပ်ာက္သြားေတာ့တာပါပဲ၊ က်ဳပ္ကိုခဏျပတာ ျဖစ္ခ်င္ျဖစ္မွာေပါ့ဗ်ာ၊ ညည့္လည္းနက္ၿပီဆိုေတာ့ က်ဳပ္လည္း အိမ္ကိုျပန္ေျပးခဲ့ေတာ့တယ္။

(၆)

ေနာက္ေန႔မနက္က်ေတာ့ နည္းနည္းေနာက္က်မွ ႏိုးသဗ်၊ အကိုႀကီးေတာင္ ျမက္ရိတ္ထြက္သြားၿပီေလ၊ ဒါနဲ႔ က်ဳပ္လည္း ဦးသိန္းဇံကိုလိုက္ရွာဖို႔ ႐ြာျပင္ထြက္ခဲ့တာေပါ့ဗ်ာ၊ ေဟာ၊ ေတြ႕ပါၿပီဗ်ာ၊ ဦးသိန္းဇံက ႐ြာျပင္မေရာက္ေသးဘူးဗ်၊ ႐ြာထိပ္က ဦးတ႐ုတ္ႀကီးတို႔ အရက္ဆိုင္မွာ တစ္ခြက္တစ္ဖလား ဝင္ကစ္ေနသဗ်ာ။ က်ဳပ္လည္း ၿပဳံးၿဖီးၿဖီးနဲ႔ ဦးသိန္းဇံ စားပြဲဝိုင္းမွာ သြားထိုင္လိုက္တယ္။

“ဟ အလတ္ေကာင္က ဒီေန႔ေတာ့ ၿပဳံးၿဖီးေနပါလားကြ၊ မင္းကိုငါ သိပ္ေက်းဇူးတင္တယ္၊ မေန႔က ငါ့ႏြားေတြအစာဝ႐ုံမက ပိုေတာင္ပိုေသးတယ္ေဟ့၊ ဟား၊ ဟား”

က်ဳပ္ကိုတမင္ခနဲ႔တာဗ်၊ က်ဳပ္ကလည္း ႏိုင္ကြက္သိေနၿပီဆိုေတာ့ ၿပဳံးၿဖဲၿဖဲနဲ႔ေပါ့ဗ်ာ။

“ဟား၊ ဟား က်ဳပ္လည္း ခင္ဗ်ားနဲ႔မေက်ပြဲ ႏႊဲဖို႔လာခဲ့တာပဲဗ်၊ ဒီေန႔ ဦးဘသာက အဲဒီႏြားနက္ႀကီးနဲ႔ စိန္ေခၚၿပီး ၿပိဳင္မတဲ့ဗ်ာ၊ အဲဒါ ဒီတစ္ခါေတာ့ ဦးဘသာႏိုင္ၿပီဗ်ိဳ႕”

“ဟ၊ ဘသာက မေန႔ကသူ႔ႏြားထိလို႔ ႐ြာထဲျပန္ေျပးရတယ္ေလကြာ၊ ဒီေန႔လာပါ့မလားကြ”

“ခင္ဗ်ားမယုံရင္ေလာင္းမလား”

ဦးသိန္းဇံက ၿပဳံးရင္း

“ဟား၊ ဟား ေလာင္းတာစားတာကေတာ့ သိန္းဇံအႀကိဳက္ပဲေဟ့၊ ေလာင္းမယ္ေဟ့၊ ေလာင္းမယ္ကြ၊ တကယ္လို႔ မင္းေျပာသလို ဘသာက ႏြားနက္ကိုႏိုင္ခဲ့တယ္ဆိုရင္ေတာ့ ျမက္တစ္ထမ္းမဟုတ္ဘူးေဟ့ ႏွစ္ထမ္း ထမ္းၿပီး ပို႔ေပးလိုက္မယ္ကြ”

“ခင္ဗ်ားကတိေနာ္ ဦးသိန္းဇံ”

ဦးသိန္းဇံက ေခါင္းညိတ္တယ္ဗ်၊ ဒီေတာ့ ေဘးနားထိုင္ေနတဲ့ ကိုေမာင္ပုက

“အလတ္ေကာင္၊ ဟုတ္မွလည္းလုပ္စမ္းပါကြာ၊ မင္းမေန႔က ႏြားေက်ာင္းသားေလးဆီက ျမက္တစ္ထမ္းဝယ္လိုက္တယ္ဆိုကြ၊ ဒီေန႔ေတာ့ ျမက္ႏွစ္ထမ္း ဝယ္ေနရအုံးမယ္”

“ေအာင္မယ္၊ ကိုေမာင္ပုကလည္း မယုံတာလားဗ်၊ ခင္ဗ်ားေရာ ေလာင္းမလား”

“ေအး၊ ေလာင္းတယ္ကြာ၊ ေလာင္းတယ္၊ ဦးဘသာရႈံးလို႔ကေတာ့ မင္းငါ့ကို ျမက္ႏွစ္ထမ္းေပးရမယ္ေနာ္”

ဦးသိန္းဇံက က်ဳပ္ကိုၿပီတီတီနဲ႔ၾကည့္ရင္း

“ဟုတ္မွလည္းလုပ္ေနာ္ အလတ္ေကာင္၊ ဘသာရႈံးရင္ မင္း ျမက္ေလးထမ္းျဖစ္ေနၿပီကြ၊ ျမက္ေလးထမ္းဆိုတာ တစ္ေနကုန္ရိတ္ေတာင္ ရခ်င္မွရမွာကြေနာ္”

“ဟား၊ ဟား ရတယ္ဗ်ာ၊ ဦးဘသာရႈံးလို႔ကေတာ့ က်ဳပ္ခင္ဗ်ားတို႔အတြက္ ေတာတန္းထဲဝင္ၿပီး ေန႔လုံးေပါက္၊ ညလုံးေပါက္ကို ျမက္ရိတ္ေပးလိုက္အုံးမွာ”

ဒီအခ်ိန္ ႐ြာထဲက ႏြားေမြးတဲ့သူတစ္ခ်ိဳ႕ထြက္လာၾကတယ္ဗ်၊ က်ဳပ္နဲ႔ဦးသိန္းဇံနဲ႔ေျပာဆိုေနတာေတြကို ၾကားသြားၾကတယ္ေပါ့ဗ်ာ၊ ဒါနဲ႔ သူတို႔ကလည္း မယုံဘူးဗ်၊ ေလာင္းေၾကးစားေၾကးလုပ္ၾကတယ္။ ႏြားပိုင္ရွင္ဆယ္ေယာက္ေလာက္နဲ႔ က်ဳပ္နဲ႔ ေလာင္းၾကတာေပါ့ဗ်ာ။ အားလုံးကလည္း စိတ္ဝင္စားၾကတာေပါ့ဗ်၊ ဒီသတင္းက ေန႔ခင္းမကူးခင္မွာပဲ ႐ြာထဲျပန႔္သြားေတာ့တယ္၊ ႐ြာသားေတြကလည္း ပြဲဆိုလို႔ကေတာ့ အားေပးၿပီးသားမဟုတ္လားဗ်ာ။

ညေနသုံးနာရီေလာက္က်ေတာ့ ဦးဘသာက ေဆးႏြားျဖဴကိုကိုင္ၿပီး ထြက္လာခဲ့တယ္၊ ဦးဘသာထြက္လာၿပီဆိုတာနဲ႔ အေနာက္ကေန ႐ြာသားေတြအားလုံးလိုက္လာၾကတာေပါ့ဗ်ာ၊ ႐ြာကို အေနာက္ဖက္ကေနထြက္ၿပီးေတာ့ ေခ်ာင္း႐ိုးကေလးကိုျဖတ္ကူးလိုက္တယ္၊ အဲဒီဟိုဘက္မွာေတာ့ ဖုန္းဆိုးေျမႀကီးရွိတယ္မဟုတ္လားဗ်ာ၊ ႐ြာသားေတြကေတာ့ ေျမသားတာ႐ိုးႀကီးေပၚကေန ဝိုင္းၾကည့္ေနတာ ႐ြာလုံးကြၽတ္နီးပါးပါပဲဗ်ာ။

ဦးဘသာက ဖုန္းဆိုးေျမေပၚေရာက္ေတာ့ လက္ထဲက ႏြား႐ုပ္ကိုေျမႀကီးေပၚကိုခ်လိုက္တယ္ဗ်၊ ၿပီးတာနဲ႔ တစ္ခုခုမန္းမႈတ္ၿပီးေတာ့ ေခၚေနပါေရာဗ်ာ၊ မၾကာပါဘူး ကြင္းတစ္ဖက္ကေန ႏြားတြန္သံအက်ယ္ႀကီးကို ၾကားလိုက္ရတယ္။

“ဟာ၊ ႏြားနက္ႀကီးလာၿပီေဟ့”

႐ြာသားေတြ ဝိုင္းေအာ္ၾကတယ္ဗ်၊ ဖုန္လုံးႀကီးေတြ တလိမ့္လိမ့္နဲ႔ ႏြားနက္ႀကီးက ေျပးလာပါေရာဗ်ာ၊ ေနာက္ေတာ့ ကြင္းအလယ္ေလာက္ေရာက္ေတာ့ ႏြားနက္ႀကီးက ရပ္တန႔္သြားတယ္ဗ်၊ ဖုန္လုံးေတြၾကားထဲမွာပဲ ႏြားျဖဴႀကီးတစ္ေကာင္က ႏြားနက္ႀကီးနဲ႔ မ်က္ႏွာခ်င္းဆိုင္ ထြက္ေပၚလာပါေရာဗ်ာ။

“ဟာ၊ ႏြားျဖဴႀကီးေဟ့”

“အဲဒါ ခုနက ဦးဘသာကိုင္ထားတဲ့ ႏြားျဖဴ႐ုပ္မ်ားလား”

တစ္ေယာက္တစ္ေပါက္နဲ႔ ထင္ေၾကးေတြေပးကုန္ၾကတာေပါ့ဗ်ာ၊ ႏြားႀကီးႏွစ္ေကာင္က ကြင္းအလယ္မွာ ေတြ႕ၿပီေလဗ်ာ၊ တစ္ေကာင္နဲ႔တစ္ေကာင္ ခ်က္ခ်င္းမေဝွ႔ၾကေသးဘဲနဲ႔ ပတ္ၿပီးၾကည့္ေနၾကေသးတယ္ဗ်၊ ေနာက္ေတာ့ ႏြားနက္ႀကီးက အေနာက္ကိုေျခသုံးေလးလွမ္းေလာက္ဆုတ္ၿပီးေတာ့ ခြာေတြကိုယက္ပါေရာဗ်ာ၊ ႏြားျဖဴႀကီးကလည္း ခ်ိဳႏွစ္ဖက္ကို ေျမမွာတန္းေနေအာင္ခင္းၿပီးေတာ့ ခြာေတြယက္ပါေရာဗ်ာ၊ ၿပီးတာနဲ႔ ႏြားႀကီးႏွစ္ေကာင္က ေလးကေနပစ္လႊတ္လိုက္တဲ့ ျမႇားတံေတြလို အရွိန္ျပင္းျပင္းနဲ႔ ေျပးေဝွ႔ၾကပါေရာဗ်ာ။

“ဟာ၊ ေဝွ႔ၿပီေဟ့”

“ႏွက္ထားကြ”

႐ြာသားေတြက အားေပးၾကတယ္၊ ႏြားႀကီးႏွစ္ေကာင္ ခ်ိဳခ်င္းထိမိၿပီး ေဝွ႔တဲ့အသံႀကီးက အက်ယ္ႀကီးၾကားရတယ္ဗ်ာ၊ ႏြားႏွစ္ေကာင္လည္း ဖုႏ္ုးဆိုးေျမကြင္းႀကီးထဲမွာ အႀကိတ္အနယ္ ေဝွ႔ၾကတာေပါ့ဗ်ာ။ ဆယ္မိနစ္ေလာက္ ေဝွ႔ၿပီးၾကေတာ့ တစ္ခ်ီမွာ ႏြားႀကီးႏွစ္ေကာင္ေဝွ႔လိုက္ရင္း ႏြားနက္ႀကီးရဲ႕ ဦးခ်ိဳတစ္ဖက္က ေထာင္းခနဲအသံျမည္ၿပီးေတာ့ က်ိဳးထြက္သြားတယ္ဗ်ာ၊ ႏြားနက္ႀကီးလည္း လွည့္ေျပးေတာ့တာေပါ့၊ ႏြားျဖဴႀကီးက အတင္းလိုက္ၿပီးေတာ့ ႏြားနက္ႀကိးကို ေဝွ႔ေတာ့တယ္ဗ်၊ ႏြားနက္ႀကီးရဲ႕ နံၾကားကို ခ်ိဳနဲ႔တေစာင္းထိုးထည့္လိုက္တာနဲ႔ ႏြားနက္ႀကီးက သဲမႈန္ေတြအျဖစ္ တဖြားဖြားျဖစ္ၿပီးေတာ့ ေပ်ာက္ကြယ္သြားပါေရာဗ်ာ။

“ေဟး၊ ႏိုင္ၿပီကြ၊ ႏိုင္ၿပီ”

က်ဳပ္လည္း အေပ်ာ္လြန္ၿပီးေတာ့ လက္သီးလက္ေမာင္းတန္းၿပီး ထေအာ္လိုက္ေတာ့တယ္၊ က်ဳပ္ေအာ္ၿပီးေတာ့ မၾကာပါဘူး တစ္႐ြာလုံးက လူေတြကလည္း ေဟးခနဲ ဝါးခနဲ ထေအာ္ၾကပါေရာဗ်ာ၊ မေကာင္းမႈကို ေကာင္းမႈက အႏိုင္ရတယ္ဆိုတာ ဘယ္ေလာက္ေပ်ာ္စရာေကာင္းသလဲဗ်ာ၊ ဦးဘသာဆီကိုဆင္းၾကည့္ေတာ့ ဦးဘသာအေရွ႕က လင္ပန္းထဲမွာ ႏြားႏွစ္ေကာင္ျဖစ္ေနပါေရာဗ်ာ၊ ႏြား႐ုပ္အျဖဴရယ္၊ ေနာက္ၿပီးေတာ့ တစ္ကိုယ္လုံးမည္းနက္ေနတဲ့ ႏြားနက္ႀကီးရယ္ေပါ့ဗ်ာ၊ ထူးဆန္းတာက ႏြားနက္ရဲ႕ခ်ိဳတစ္ေခ်ာင္းက က်ိဳးေနတာပဲဗ်။

“ဦးဘသာ ဒီလိုျဖစ္ေအာင္ဘယ္သူလုပ္တာလဲ၊ ဒီလူကိုရွာၿပီး ႏြားျဖဴနဲ႔ေဝွ႔ခိုင္းဗ်ာ”

ဦးဘသာက ေခါင္းခါတယ္။

“ငါသစၥာဆိုထားတာကို မင္းေမ့သြားၿပီလားကြ၊ ငါက ဒီႏြားျဖဴနဲ႔ အႏၲာရယ္ေတြကို ရွင္း႐ုံပဲေလကြာ၊ တကယ္လို႔ လုပ္တဲ့လူကို ႏြားျဖဴနဲ႔ေဝွ႔ခိုင္းရင္ သူ႔ကိုဒုကၡေပးသလို ျဖစ္သြားမွာေပါ့ကြ၊ ဒီလိုဆိုရင္ ငါ့သစၥာလည္း ပ်က္ၿပီေပါ့ကြာ”

“ဟာဗ်ာ၊ က်ဳပ္ကေတာ့ မေက်နပ္ဘူး၊ ဒီႏြားနက္ က်ဳပ္တို႔႐ြာကိုေရာက္လာတာ ေတာ္႐ုံတန္႐ုံမဟုတ္ဘူးဗ်၊ တစ္ခုခုေတာ့ တစ္ခုခုပဲ”

“ေအးကြာ၊ ေနာက္ေတာ့ ငါတို႔ဒီကိစၥကို အေျဖေဖာ္ၿပီး ဆက္ရွင္းၾကတာေပါ့၊ ကဲ ကဲ အခုေတာ့ ဒီႏြားႏွစ္ေကာင္ကို ရွင္းရအုံးမယ္ေဟ့”

ဦးဘသာက ႏြားေတြကိုျပန္ယူလာတယ္ဗ်၊ ၿပီးေတာ့ ေရနဲ႔ေလာင္းၿပီး ေပါက္တူး႐ိုးနဲ႔ထုေခ်ၿပီး ဖ်က္ပစ္လိုက္တာပါပဲဗ်ာ၊

“ဟာ၊ ဘာေတြလဲ”

က်ဳပ္ျဖင့္အိမ္ေရွ႕ေရာက္ေတာ့ လန႔္သြားမိတယ္ဗ်ာ၊ က်ဳပ္တို႔ၿခံထဲမွာ ျမက္ပုံႀကီးက ဟီးထေနပါေရာဗ်ာ၊ က်ဳပ္နဲ႔အေလာင္းအစားလုပ္ထားတဲ့လူေတြက က်ဳပ္ႏိုင္သြားၿပီဆိုေတာ့ သူတို႔ရိတ္ထားတဲ့ ျမက္ထမ္းေတြလာၿပီး ပုံေပးၾကတာဗ်၊ တစ္ေယာက္ကိုႏွစ္ထမ္းႏႈန္းနဲ႔ဆိုေတာ့ ျမက္ပုံႀကီးက မနည္းဘူးေပါ့ဗ်ာ။

အေမနဲ႔ အကိုႀကီးလည္း က်ဳပ္ႏိုင္ထားတဲ့ ျမက္ပုံႀကီးကိုၾကည့္ၿပီး အံ့အားသင့္ေနၾကတယ္၊ က်ဳပ္ကေတာ့ လက္မေထာင္လို႔ေပါ့ဗ်ာ။

“အကိုႀကီး ေတြ႕လားဗ်၊ ဒီတစ္ခါေတာ့ က်ဳပ္ႏိုင္ခဲ့ၿပီဗ်ာ”

အကိုႀကီးက ေခါင္းခါရင္း

“မင္းေတာ္ေတာ္တုံးတဲ့ေကာင္ပဲကြာ၊ ႏြားနက္ႀကီးမရွိေတာ့ဘူးဆိုရင္ ႐ြာသားေတြအကုန္လုံးက ႏြားေတြကိုလႊတ္ေက်ာင္းေတာ့မွာေလကြာ၊ မင္းရဲ႕ျမက္ထုံးေတြက အရင္ကတန္ဖိုးရွိေပမယ့္ အခုအခ်ိန္ေတာ့ အပိုပဲေပါ့ကြ”

“ဟုတ္ပါ့၊ အလတ္ေကာင္ရာ၊ ပိုက္ဆံေၾကးဆိုရင္ေတာင္ စားရအုံးမယ္၊ အခုေတာ့ အဲဒီျမက္ေတြကို နင္ပဲကုန္ေအာင္စားေတာ့”

အေမကလည္း ဝိုင္းေျပာတယ္ဗ်၊ သူတို႔ေျပာတာလည္း ဟုတ္ေနတာပဲဗ်ာ၊ က်ဳပ္လည္း ဘာမွမလုပ္ႏိုင္ေတာ့ဘဲ ေခါင္းကုပ္ရင္းက်န္ေနခဲ့ေတာ့တာေပါ့ဗ်ာ။

“ေဟ့ အလတ္ေကာင္”

ေခၚသံၾကားလို႔ၾကည့္လိုက္ေတာ့ ဦးဘသာဗ်၊ လက္ထဲမွာလည္း ႏြားနီတစ္ေကာင္ဆြဲထားလို႔ဗ်၊ က်ဳပ္လည္း ၿခံေရွ႕ကိုထြက္ၾကည့္လိုက္တယ္။

“မင္းရဲ႕ႏြားျပန္ယူသြားေလကြာ”

“ဗ်ာ၊ ဒါက်ဳပ္ႏြားမဟုတ္ပါဘူးဗ်”

ဦးဘသာက မ်က္လုံးတစ္ဖက္မွိတ္ျပတယ္ဗ်။

“ဒါ၊ ဒါဆို ဒီႏြားက ေဗြဆင့္ႏြားလား”

“ဒါေပါ့ကြ၊ မင္းအေမမသိေအာင္ ငါအေရာင္နည္းနည္းေျပာင္းထားေပးလိုက္တယ္၊ ဆူးေခါက္ကို ထုေထာင္းၿပီး ေရနဲ႔က်ိဳၿပီး လိမ္းေပးလိုက္ေတာ့ အနီက်င္က်င္ျဖစ္သြားတာေပ့ါကြာ၊ မင္းလည္းအဆင္ေျပသြားတာေပါ့”

“ေက်းဇူးပါဦးဘသာ”

က်ဳပ္လည္း ႏြားကိုဆြဲၿပီး ၿခံထဲဝင္လိုက္တယ္၊ အေမက ႏြားကိုေတြ႕ေတာ့ ေပ်ာ္သြားတယ္။

“အေမေရ၊ အေမမႀကိဳက္တဲ့ႏြားနဲ႔ ဒီႏြားကိုလဲခဲ့သဗ်”

အေမက ႏြားကိုပြတ္သပ္ၾကည့္ရင္း

“ေအးဟယ္၊ ဒါေတာ့ ငါ့သားေတာ္သြားၿပီ၊ မယားေသတတ္တဲ့ႏြားကို ယူတဲ့လူကိုလည္း အံ့ၾသပါ့၊ ေတာ္ေတာ္တုံးအတဲ့လူပဲျဖစ္ရမယ္၊ ဒီႏြားကေတာ့ လွလိုက္တာသားရယ္၊ သြားသြား တင္းကုပ္ထဲထည့္ထား”

ဦးဘသာ ကူညီေတာ့မွ က်ဳပ္လည္းသက္ျပင္းခ်လိုက္ႏိုင္ေတာ့တယ္ဗ်ာ။ ေနာက္ေန႔ မနက္ခင္းေရာက္ေတာ့ က်ဳပ္မ်က္ႏွာသစ္ဖို႔ ဆင္းလာပါေရာဗ်ာ၊ အငယ္ေကာင္နဲ႔အေမက ႏြားနီႀကီးကို အိမ္ေရွ႕ေခၚထုတ္လာတယ္ဗ်၊ အေမ့ရဲ႕လက္ထဲမွာ ခြက္တစ္ခုရယ္၊ သေျပပန္းခက္ေတြရယ္ ကိုင္ထားတယ္၊ ႏြားရဲ႕ဦးခ်ိဳမွာ သေျပပန္းေတြကို ႏွီးနဲ႔စည္းေႏွာင္ေနၾကတယ္။

“အေမ၊ ဘာလုပ္တာလဲဗ်”

“ဘာလုပ္ရမွာလဲ ႏြားအသစ္ဝင္ရင္ နတ္ျပရတယ္၊ အေမႊးနံ႔သာ တေရာ္ကင္ပြန္းနဲ႔ မဂၤလာျပဳရတယ္ဟဲ့”

အေမက ေျပာေျပာဆိုဆိုနဲ႔ သူ႔လက္ထဲက တေရာ္ကင္ပြန္းခြက္ကို ႏြားေခါင္းနဲ႔လည္ပင္းကို ေလာင္းခ်လိုက္ေတာ့တယ္၊ တေရာ္ကင္ပြန္းအရည္ေတြက စီးက်လာရင္း တျဖည္းျဖည္းအနီေရာင္ေပါက္လာတယ္ဗ်။ အေမက ဒါေတာင္မေက်နပ္ေသးလို႔ ႏြားလည္ပင္းကိုလက္နဲ႔ပြတ္သပ္ေနေသးတယ္ဗ်ာ၊ ပြတ္သပ္ရင္းနဲ႔ အေမ့လက္က နီရဲေနပါေရာ၊

“ဟဲ့၊ ဘာေတြတုန္းဟ”

က်ဳပ္လည္း ပုဆိုးကိုခိုင္ခိုင္ျပင္ဝတ္လိုက္ေတာ့တယ္။

အေမက လက္ကအနီေတြကို အထူးအဆန္းနဲ႔ၾကည့္ေနတယ္၊ ႏြားလည္ပင္းက ေဆးနီေတြကြာက်ၿပီးေတာ့ ႏြားရဲ႕နဂိုအေရာင္ျပန္ျဖစ္လာတယ္ဗ်၊ အေမက အဲဒီႏြားကိုေသခ်ာၾကည့္ရင္း တဆတ္ဆတ္တုန္လာတယ္။

“အလတ္ေကာင္ . . . နင္ . . . နင္”

အေမက အသံၿပဲႀကီးနဲ႔ ခုနစ္သံခ်ီေအာ္လိုက္တယ္ဆိုရင္ပဲ က်ဳပ္က ၿခံတံခါးဝနားကို ေရာက္ေနၿပီဗ်၊ အေမ့လက္ကလည္း ျမန္လိုက္တာဗ်ာ၊ ေျခေထာက္မွာ စီးထားတဲ့ ခုံဖိုနပ္ရဲ႕ဖင္ကို အားနဲ႔ေဆာင့္နင္းလိုက္တာ ခုံဖိနပ္က ပ်ံတက္လာပါေရာဗ်ာ၊ အဲဒီခုံဖိနပ္ကို လက္နဲ႔ေလေပၚမွာတင္ဖမ္းယူလိုက္ၿပီးေတာ့ က်ဳပ္ဆီကိုပစ္လႊတ္လိုက္ပါေရာဗ်ာ၊ က်ဳပ္လည္း ေမ်ာက္ခုန္ခုန္ရင္း ၿခံေရွ႕ကေန ထြက္ေျပးခဲ့ေတာ့တယ္၊ ကံေကာင္းလို႔ ခုံဖိနပ္နဲ႔မထိတာဗ်ိဳ႕။

ၿပီးပါၿပီ။
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ