‘စုန်းထီးကြီး ဦးဘသာနှင့် ရုက္ခစိုးမကယ်နိုင်ပေါင်”(စ/ဆုံး)

Unicode Version

”စုန်းထီးကြီး ဦးဘသာနှင့် ရုက္ခစိုးမကယ်နိုင်ပေါင်”(စ/ဆုံး)
———————————————————————————
အတွဲ(၂) စာစဉ် (၁၈)

(၁)

ကိုအေးရယ်၊ ကျုပ်ရယ်၊ ရင်မောင်ရယ် သုံးယောက်သား အရက်ဆိုင်မှာထိုင်ပြီး လျက်ဆားသုပ်လေးစားလိုက် စကားလေးပြောလိုက်နဲ့ အရှိန်ရနေတာပေါ့ဗျာ။

“ခင်ကြည်ကို ငါဘယ်လိုယူခဲ့သလဲဆိုတာ မင်းတို့သိလား”

“ဪ၊ မသိပါဘူးဆိုနေမှဗျာ”

“ဒါဆိုရင်လည်း မင်းတို့သိအောင်ပြောပြမယ်၊ မင်းတို့သိထားတဲ့အတိုင်းငါဆိုတဲ့ကောင်က အဲဒီတုန်းက လူမိုက်ပေါ့ကွာ၊ ရွာက ခင်ကြည်မပြောနဲ့တခြားအပျိုတောင် လှည့်မကြည့်တဲ့ကောင်၊ ဘာလို့လှည့်မကြည့်တာလဲဆိုတာ မင်းတို့သိလား”

ကျုပ်နဲ့ရင်မောင်နဲ့ခေါင်းခါလိုက်တယ်ဗျ။

“အေး၊ ငါက အရက်တွေနင်းကန်သောက်ပြီးတော့ ပုဆိုးမပါဘဲလမ်းဘေးမှာ မူးမူးပြီးလဲနေလို့ လှည့်မကြည့်ရဲတာကွ၊ ဟား၊ ဟား”

“ကိုအေးကတော့ လုပ်ပြီဗျာ၊ ခင်ဗျားကပျော်ပေမယ့် ဒီတစ်ယောက်က မပျော်နိုင်ဘူးဗျ”

ကျုပ်လည်း ရင်မောင်ကိုလက်ညှိုးထိုးပြလိုက်တာပေါ့ဗျာ၊ ရင်မောင်ကလည်း အရက်တွေသောက်ပြီးတော့ ရေနစ်ထားတဲ့လင်းတအိုကြီး သစ်ငုတ်မှာထိုင်ပြီး မှိုင်နေသလို မှိုင်နေတာဗျ၊ ကိုအေးကလည်း ရယ်တာရပ်လိုက်ပြီး

“အေးပါကွာ၊ မင်းတို့စိတ်ညစ်ပြေအောင်လို့ ငါကပြောလိုက်တာပါ၊ ထားပါတော့၊ ငါက ခင်ကြည်ကို ရအောင်ယူတဲ့အကြောင်းပြောပြမယ်”

ကိုအေးက အရက်တစ်ကျိုက်သောက်လိုက်ပြီးတော့ လျက်ဆားသုပ်လေးတစ်ဇွန်းခပ်စားလိုက်သေးတယ်ဗျ။

“ဒီလိုကွ၊ တို့မြန်မာအယူအဆအရဆိုရင် လင်မယားဖြစ်ဖို့က သိပ်လွယ်တယ်မဟုတ်လား၊ မိန်းကလေးအိမ်ရှေ့မှာ ပုဆိုးလေးသွားလှန်းလိုက်တာနဲ့ ပုဆိုးတန်းတင် အကြင်လင်မယားဆိုပြီးသတ်မှတ်ကြတယ်၊ ဟော . . . အရှေ့ခုနစ်အိမ်၊ အနောက်ခုနစ်အိမ်က ဒီလူနှစ်ယောက်က လင်မယားသို့စိတ်ထဲထင်လိုက်တာနဲ့လင်မယားတန်းဖြစ်တယ်ကွ”

ကျုပ်လည်းခေါင်းကုပ်လိုက်ပြီး

“ကိုအေးရာ၊ ခင်ဗျားကတော့ သာမန်အချိန်မှာ စကားမပြောသလောက် အရက်ကလေးဝင်သွားရင်တော့ ပေရှည်တော့တာပဲ၊ လိုရင်းကိုပြောစမ်းပါ”

“အေး၊ ငါကလည်း ပြောချင်လွန်းလို့ပြောနေတာမဟုတ်ဘူးကွ၊ စကားဆိုတာ ဒီအတိုင်းပြောလို့မကောင်းဘူး၊ ဒီလိုပဲ စကားပလင်ခံရတယ်”

“ခံရင်လည်း မြန်မြန်ခံဗျာ”

“ခင်ကြည်က ငါ့ကိုမကြိုက်ဘူး၊ ဒါနဲ့ ငါကလည်း ခင်ကြည်ကို လှည်းတင်ပြေးပါရော၊ ပြေးတာကတော့သိပ်ဝေးဝေးမဟုတ်ပါဘူးကွာ၊ အထက်ဘက်က မိုးစိုဆိုတဲ့ရွာကို လှည်းတင်ပြေးတာ”

“ခင်ဗျားကတင်ပြေးတိုင်းသူကလိုက်မလားဗျ၊ ကိုအေးရ”

“ဟ၊ လိုက်အောင်လုပ်ရင် လိုက်တာပေါ့ဟ၊ ရွာသစ်ရွာက ငါ့သူငယ်ချင်း ဘော်ဒါတွေကိုအကူအညီတောင်းပြီးတော့ ဦးအောင်ရှိန်ကြီးကို အပင့်ခိုင်းရတယ်၊ ဦးအောင်ရှိန်မရှိတော့မှ ငါကသူတို့အိမ်ရှေ့လှည်းရပ်ပြီးတော့ မိုးစိုရွာမှာ ဒေါ်အေးကြည်အသည်းအသန်ဖြစ်နေတယ်ဆိုပြီးတော့ အကြောင်းပြပြီး ခင်ကြည်ကိုခေါ်ထုတ်တာပေါ့ဟ”

“ခင်ဗျားသိပ်အကြံပက်စက်တဲ့လူပဲဗျာ”

“သူတို့အမေဒေါ်အေးကြည်က ရွာတွေကိုခရီးလှည့်ပြီး ကုန်တွေလိုက်ကောက်တာဆိုတော့ ခင်ကြည်လည်း ငါ့ကိုယုံပြီးလိုက်လာတာပဲ၊ ဟိုရောက်တော့ သူတို့အမေရှိတယ်ဆိုတဲ့အိမ်ထဲ ခင်ကြည်ကအတင်းပြေးဝင်၊ ငါကလည်း အနောက်ကလိုက်ဝင်၊ ငါ့သူငယ်ချင်းတွေက အိမ်ကိုအလုံပိတ်လိုက်တာပေါ့ကွာ”

“ဟာ၊ ခင်ဗျားက တော်တော်ကြမ်းပါလား”

ကိုအေးက ပြုံးလိုက်ပြီး

“လူမိုက်ဆိုတော့ ကြမ်းတာပေါ့ကွာ၊ အဲဒီမှာ ခင်ကြည်က ငိုရှာပါတယ်၊ ငါကလည်း ခင်ကြည်ချစ်တယ်ပြောမှလွှတ်ပေးမယ်ပေါ့ကွာ၊ ဒီအချိန်ရွာမှာကျန်ခဲ့တဲ့ ငါ့ဘော်ဒါလူမိုက်တွေက ငါခင်ကြည်ကိုမိန်းမခိုးပြေးသွားပြီ ဆိုပြီးသတင်းလွှင့်တယ်၊ လှည်းပေါ်မှာ ငါတို့နှစ်ယောက်ကိုတွေ့တဲ့လူကလည်း တွေ့နဲ့ဆိုတော့ ယုံသွားကြတာပေါ့ကွာ”

“ဟား၊ ဟား အဲဒါနဲ့ခင်ဗျားတို့ညားရောလား၊ ခင်ဗျားမဟုတ်တာတွေတော့ မလုပ်ပါဘူးနော်”

ကိုအေးက နှုတ်ဆိတ်နေတယ်ဗျ၊ ပြီးတော့ သူကလက်ညှိုးထောင်ပြီးတော့

“ခင်ကြည်က နောက်ဆုံးတော့ ခေါင်းညိတ်လိုက်တာပါပဲ၊ ငါ့ကိုတော့ တစ်ခုပဲတောင်းဆိုတယ်ကွာ”

“ဘာတောင်းဆိုတာလဲဗျ”

“ကိုအေး၊ နောက်ဆိုရှင် လိမ်မာရမယ်နော်တဲ့”

ကျုပ်တို့လည်းဝိုင်းရယ်လိုက်ကြတယ်။

“ဟား၊ ဟား အဲဒီစကားတစ်ခွန်းနဲ့ပဲ ခင်ဗျားလူမိုက်ကြီးဘ၀ကနေ ကျွတ်သွားပြီး လူလိမ်မာလေးဖြစ်သွားတာပေါ့၊ ဟား၊ ဟား”

ကိုအေးက ကျုပ်ကိုမျက်စောင်းထိုးပြီး

“မင်းတို့မရယ်နဲ့ကွ၊ ငါလည်းကိုယ်လိုချင်တာရပြီဆိုတော့ စွန့်လွှတ်သင့်တာကို စွန့်လွှတ်ခဲ့ရတယ်မဟုတ်လား၊ အရက်သောက်၊ ကြက်တိုက်အကုန်စွန့်လွှတ်ပြီး ယုတ်စွအဆုံး ငါအရမ်းကြိုက်တဲ့အမဲသားကိုတောင်မှ ရေစက်ချလိုက်ရတော့တာ”

“ဟုတ်ပါပြီ၊ ဒါနဲ့ကျုပ်တို့က ဘာလုပ်ရမှာလဲ”

“မင်းတို့နားမလည်ဘူးလား၊ တကယ်တမ်းတော့ အရေးကြီးတာက သူတို့နှစ်ယောက်ကြိုက်နေပါပြီ၊ ခိုးသွားပါပြီ၊ ညားသွားပါပြီဆိုတဲ့ သတင်းထွက်ဖို့ပဲကွ”

“ဒါဆို ကိုရင်မောင်ကိုလည်း ကိုအေးက ခိုးခိုင်းတာလား”

ကိုအေးက ရင်မောင်ပုခုံးကိုပုတ်ပြီး

“ရင်မောင်က ငါတို့အိမ်ကို ဝင်ထွက်နေတာပဲ၊ ငါသူ့အကြောင်းသိပါတယ်၊ သူ့ကိုငါ့ယောက်ဖအဖြစ် ငါလက်ခံနိုင်ပါတယ်”

ရင်မောင်က ခေါင်းညိတ်တယ်ဗျ။ ကိုအေးက ကျုပ်ကိုကြည့်ပြီးတော့

“အလတ်ကောင် မင်းကရော”

ကျုပ်လည်းမျက်လုံးပြူးသွားတာပေါ့။

“ကျုပ်ကဘာဖြစ်ရမှာလဲ”

“မင်းရော ရင်မောင်ကို နှင်းကြည်နဲ့သဘောတူလားလို့မေးတာ”

“ဟာဗျာ၊ မနှင်းကြည်က ကျုပ်နဲ့ဘာမှမတော်တာ၊ ကျုပ်က ဘာကိုခွင့်မပြုရမှာလဲ”

“မဟုတ်ဘူးလေကွာ၊ မင်းနဲ့နှင်းကြည်က ကြိုက်နေတာမဟုတ်လား၊ မီးဖိုချောင်ထဲတောင်မှ အာဘွားပေးကြ . . .”

ကျုပ်လည်း ကိုအေးပါးစပ်ကိုလှမ်းပိတ်လိုက်တာပေါ့ဗျာ၊ ကိုအေးကတော့ ကျုပ်ကိုအထူးအဆန်းနဲ့ကြည့်တယ်၊

“ကလေးပြောတာတွေလျှောက်မယုံပါနဲ့ဗျာ၊ တကယ်မဟုတ်ပါဘူး၊ နောက်ပြီး ကိုရင်မောင်နဲ့ဆိုရင်လည်း မနှင်းကြည်က ငယ်ငယ်ကတည်းက ခင်ခဲ့တာမဟုတ်လား၊ သူတို့ပဲဖြစ်သင့်ပါတယ်”

ကိုအေးက ခေါင်းညိတ်ပြီး

“အေး၊ ကောင်းပြီ၊ မင်းတို့အားလုံးသဘောတူတယ်ဆိုရင် တို့မနက်ဖြန်ပဲ အကောင်အထည်ဖော်မယ်”

“ဘယ်လိုလုပ်မှာလဲဗျ”

“ငါကနှင်းကြည်ကိုတစ်ဖက်လှည့်နဲ့ခေါ်ထုတ်မယ်၊ ရင်မောင်က အဲဒီမိုးစိုဆိုတဲ့ရွာကနေ သွားကြိုစောင့်နေပေါ့ကွာ၊ ကျန်တာကိုတော့ ငါကြည့်စီစဉ်လိုက်မယ်”

ကျုပ်လည်း ရင်မောင်အရှေ့က အရက်ခွက်ထဲကို အရက်လက်ကျန်ငှဲ့ထည့်ပေးလိုက်တယ်။

“ကဲ ကိုရင်မောင်၊ ဒီတစ်ခွက်ကတော့ ကျုပ်တို့ရဲ့အောင်ပွဲအတွက်ပဲ”

“ချဗျာ . . .”

ကျုပ်တို့သုံးယောက် အရက်ခွက်ကိုယ်စီကိုင်ပြီး လေပေါ်မှခွက်ချင်းတိုက်လိုက်တယ်၊ နောက်တော့သုံးယောက်လုံးတစ်ကျိုက်တည်းမော့သောက်လိုက်တာပေါ့ဗျာ။ နောက်တော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အကြံသမားလေသံနဲ့ ရယ်လိုက်ကြတယ်ဗျ။

“ဟွင်း၊ ဟွင်း၊ ဟွင်း”

(၂)

“ခေါင်းလောင်းသံ . . . တညံညံပေး . . . ဟေး . . ဟေး”

“ကိုအေး၊ ခင်ဗျားတခြားသီချင်းမရဘူးလားဗျာ၊ ခင်ဗျားမူးလာရင် အဲဒီခေါင်းလောင်းသံဆိုတာချည်းပဲ”

“ဟာ . . . ငါလည်းငါရတဲ့သီချင်း ငါဆိုတာကွ”

ကိုအေးနဲ့ကျုပ်တို့တွေ မူးမူးနဲ့ရွာထဲပြန်ဝင်လာကြတာပေါ့ဗျာ၊ အချိန်ကတော့ အတော်ညည့်နက်နေပြီဗျ၊ အရက်ဆိုင်ထဲမှာတောင် ကျုပ်တို့ပဲကျန်တော့တာ၊ ဆိုင်ရှင် ကိုအံ့ကြီးက သူဆိုင်ပိတ်ချင်တာနဲ့ ကျုပ်တို့ကိုနှင်လွှတ်လိုက်လို့ ထလာရတာဗျို့။

လူတွေကလည်းတော်တော်ဒေါင်ချာစိုင်းနေပြီဗျ၊ သုံးယောက်သား တစ်ယောက်ပုခုံးတစ်ယောက်တွဲထားလို့သာ မလဲကျဘဲ ဟန်ချက်ညီနေတာဗျို့၊ ကျုပ်တို့လျှောက်လာရင်း ရွာထိပ်လောက်ရောက်တော့ တစ်ရွာလုံးက ခွေးတွေဆွဲဆွဲငင်ငင်နဲ့အူကြတာဗျာ၊ ကျုပ်ဖြင့်ကြက်သီးတောင်ထတယ်။

ရွာအဝင်လမ်းမှာ အကြော်တဲကလေးတွေ၊ မုန့်ဖိုကလေးတွေရှိတယ်၊ အဲဒီအကြော်တဲကလေးတွေ တစ်ဖက်မှာတော့ ညောင်ပင်အကြီးကြီးတစ်ပင်ရှိတယ်ဗျ၊ အဲဒီညောင်ပင်ကြီးအောက်ခြေနားမှာတော့ ကလေးတွေဆော့ကစားတတ်တဲ့ကွင်းလေးတစ်ခုရှိတယ်၊ ကျုပ်တို့မူးမူးနဲ့ပြန်လာရင်း ကွင်းကလေးနားရောက်တော့ လူတစ်ယောက်က ကွင်းထဲမှာမတ်တပ်ရပ်နေတာဗျ။

“ဟေ့လူတွေ၊ ဟိုမှာ ညောင်ပင်အောက်နားမှာကြည့်လိုက်စမ်းဗျာ၊ သရဲကြီးလားမသိဘူး”

ရင်မောင်ပြောတာနဲ့ ကျုပ်တို့လည်းပြူးပြဲပြီးကြည့်တာပေါ့ဗျာ၊ လူတစ်ယောက်မတ်တပ်ရပ်နေသလိုပဲဗျ၊ ညောင်ပင်က အုပ်ဆိုင်းနေတာဆိုတော့ သိပ်မမြင်ရဘူးပေါ့။

“ဟာကွာ၊ မင်းကလည်း ဂိုဏ်းပညာတွေတတ်ထားပြီးတော့ ကြောက်မနေစမ်းပါနဲ့၊ သရဲဆိုလာစမ်း၊ ငအေးအကြောင်းသိသွားမယ်”

ကျုပ်တို့ဆက်သွားတော့မှ သရဲမဟုတ်ဘဲ ဦးဘသာကြီးမတ်တပ်ရပ်နေတာဗျ၊

“ဟာဗျာ၊ ဘယ်ကသရဲရမှာလဲ၊ အဲဒါဦးဘသာဗျ၊ ကျုပ်ကိုစိတ်မချလို့ ထွက်စောင့်နေတာဖြစ်မယ်”

ကျုပ်တို့လည်း ဦးသာကြီးကိုနှုတ်ဆက်ရအောင် ညောင်ပင်နားကိုလာခဲ့တာပေါ့ဗျာ၊ ကွင်းကလေးနားမရောက်ခင် လမ်းဘေးမှာ မိုးနှံချုံပင်တွေပေါက်နေတော့ ကျုပ်တို့လည်းချုံတောထဲကိုပတ်ပြီးလာခဲ့တာပေါ့။ ဒီအချိန်မှာပဲ ရယ်သံကြီးကိုကြားရတယ်ဗျ၊ နောက်ပြီး ညောင်ပင်ပေါ်က မီးလုံးကြီးတစ်လုံးက ဆင်းလာတာ၊ မီးလုံးကြီးက ခြောက်ဆယ်ဝပ်မီးလုံးကြီးလို ထိန်လင်းနေပြီးတော့ ဝါဖန့်ဖန့်ကြီးဗျ၊ ကျုပ်တို့လည်း မဟန်မှန်းသိတာနဲ့ ချုံကွယ်ထဲကို ပြေးဝင်လိုက်ကြတာ။

“ငါရောက်ပြီစိုင်းရာဇာ၊ မင်းငါ့ကိုဒီကိုခေါ်တာ ဘာကိစလဲ”

ဦးဘသာက အော်ပြောတယ်ဗျ၊ အချိန်မတော်ကြီးဆိုတော့ ပတ်ဝန်းကျင်ကတိတ်ဆိတ်နေတာနဲ့သူတို့ဘာပြောတယ်ဆိုတာကို အတိုင်းသားကြားနေရတာပေါ့ဗျာ။ စိုင်းရာဇာက ညောင်ပင်ကြီးအနားမှာ ရပ်နေတာဗျ၊ သူ့ခေါင်းပေါ်မှာလည်း မီးလုံးကြီးက ဝဲပျံနေတာဆိုတော့ ထင်းနေတာပေါ့ဗျာ။

“ခင်ဗျား၊ ညနေက ကျုပ်လူတစ်ယောက်ကို မီးလောင်တိုက်သွင်းခဲ့တယ်မဟုတ်လား၊ ကျုပ်အဘက ခင်ဗျားကိုမကျေနပ်ဘူးဗျ”

“ဪ၊ ဥသျှစ်ပင်က အကောင်ကိုပြောတာထင်တယ်၊ ဒီကောင့်ကို ငါတမင်သက်သက်လုပ်ခဲ့တာမဟုတ်ဘူး၊ နေစမ်းပါအုံး၊ မင်းအဘက ဘာကောင်လဲကွ”

အဲဒီအခါ စိုင်းရာဇာက မီးလုံးကြီးကို ကြည့်လိုက်တယ်ဗျ၊ မီးလုံးကြီးက တဖြည်းဖြည်းနိမ့်လာပြီးတော့ လူကြီးတစ်ယောက်အဖြစ်ပြောင်းလဲသွားတယ်၊ လူပုံကတော့ အဘိုးကြီးတစ်ယောက်ပဲဗျာ၊ ဇာတ်ပွဲထဲက မူးမတ်တွေဝတ်သလိုမျိုး အဝတ်အစားအဖြူကြီးဝတ်ထားတာဗျ၊ ခေါင်းမှာလည်း အချွန်အတက်တွေပါတဲ့ ဦးထုပ်ကြီးဆောင်းထားသေးတယ်၊ ပိုပြီးထူးခြားတာကတော့ သူ့ရဲ့မုတ်ဆိတ်မွှေးကြီးပဲဗျ၊ မုတ်ဆိတ်မွှေးကြီးက သူ့ချက်လောက်အထိရှည်ပြီး တွဲကျနေတာ၊ သူက မြေကြီးနဲ့တော့မထိဘူးဗျ၊ လက်တစ်လံလောက် မြေပေါ်ကလွတ်နေတယ်၊ မြင်နေရတယ်ဆိုပေမယ့် လူလိုတော့မဟုတ်ဘူး၊ မီးခိုးလိုလို ရေနွေးငွေ့လိုလိုနဲ့ ပေါ့၊ လင်းတာကတော့ အတော်လင်းနေတာဗျ။

ဒါပေမယ့် အဲဒီအဘိုးကြီးက စိတ်ဆိုးနေပုံရတယ်၊ ဦးဘသာကြီးကိုလက်ညှိုးထိုးလိုက်ပြီးတော့

“မင်းစကားပြောတာရိုင်းလိုက်တာ၊ ငါ့ကိုများ အကောင်တဲ့လား”

ဦးဘသာက သူ့ဗိုက်ကိုလက်နှစ်ဖက်နဲ့ဖိပြီးတော့ ခါးကိုင်းကျသွားတယ်ဗျ၊ ကျုပ်တို့ဗိုက်နာရင် လုပ်တဲ့ပုံစံမျိုးပေါ့ဗျာ၊ အဘိုးကြီးက နောက်ထပ်လက်ညှိုးနဲ့တစ်ချက်ထိုးလိုက်တော့ ဦးဘသာက မြေပေါ်ကို ခွေခွေလေးလဲကျသွားတာ၊ ပြီးတော့ တအင့်အင့်နဲ့ညည်းပြီးတော့ ဘယ်ညာလူးနေတာပဲ။

“ဦးဘ . . .”

ကျုပ်ထပြေးမလိုလုပ်တော့ ကိုအေးတို့က ကျုပ်လက်ကိုဆွဲထားတယ်ဗျ၊ ကျုပ်ပါးစပ်ကိုလည်း ပိတ်လိုက်တယ်။

“ဟေ့ကောင်၊ စိတ်ကိုထိန်းစမ်းပါ၊ မင်းအဘကြီးတောင် ခံနေရပြီမဟုတ်လား၊ ငါတို့ထွက်သွားမှ ငါတို့ကိုလုပ်နေအုံးမယ်”

ကျုပ်လည်း ဦးဘသာခံနေရတာကို မကြည့်ရက်တော့ဘူး၊ ဦးဘသာက လက်တစ်ဖက်ကိုလေပေါ်မြှောက်လိုက်တော့မှ အဘိုးကြီးက လက်ညှိုးကိုချလိုက်တယ်။ ဦးဘသာက လူးလဲထရင်း

“ကျုပ် တောင်းပန်ပါတယ်၊ ခင်ဗျားက ဘယ်သူလဲ”

အဲဒီအခါ စိုင်းရာဇာက အရှေ့ကိုတစ်လှမ်းတက်လိုက်ပြီးတော့

“ဒါက ကျုပ်ရဲ့အဘ၊ နှစ်တစ်ထောင်ရုက္ခစိုးဘိုးဘိုးကြီးပဲဗျ”

ဦးဘသာက အလူးအလဲနဲ့ကုန်းထတယ်ဗျ၊

“မင်း . . . မင်းက ဘယ်လိုလုပ်ပြီး ရုက္ခစိုးနဲ့ပေါင်းနေတာလဲ”

“ကျုပ်က ငယ်ငယ်ကတည်းက ရုက္ခစိုးမှော်ကျင့်လာတာဗျ”

“ဒါဆို မင်းမှော်အောင်သွားတာလား”

“ဒါပေါ့ဗျာ၊ ကျုပ်ကိုးနှစ်တိတိ တောနက်ထဲက ညောင်ပင်ကြီးတွေအောက်မှာ လိုက်ကျင့်ရတယ်၊ နောက်ဆုံးတော့မှ ကျုပ်ရဲ့အဘကိုပြန်တွေ့ပြီးတော့ ကျင့်စဉ်အောင်သွားခဲ့တာပဲ”

“နေပါအုံး မင်းရဲ့အဘဆိုတော့”

စိုင်းရာဇာက ခေါင်းညိတ်လိုက်ပြီး

“ဘိုးဘိုးကြီးနဲ့ ကျုပ်နဲ့က ဟိုးအရင်ဘ၀တစ်ခုက သားအဖတော်စပ်ခဲ့တယ်၊ ဘိုးဘိုးကြီးက ကျုပ်ကိုချစ်ခင်ပြီးတော့ အပြန်အလှန်အနေနဲ့ ကျုပ်ကိုစောင့်ရှောက်ခဲ့တာပဲ”

“ငါသဘောပေါက်ပြီ၊ ဒါကြောင့်လည်း မင်းက အရာတိုင်းကို သိနိုင်မြင်နိုင်ကြားနိုင်နေတာ၊ မင်းရဲ့ဘိုးဘိုးကြီးဆီက အကြားဓါတ်၊ အမြင်ဓါတ်၊ အသိဓါတ်တွေ ရထားလို့မဟုတ်လား”

စိုင်းရာဇာက ခေါင်းညိတ်လိုက်ပြီးတော့

“မှန်တာပေါ့ဗျာ၊ ဒါတင်ဘယ်ကအုံးမှာလဲ ဘိုးဘိုးကြီးရောက်နေတဲ့နေရာက ရှိသမျှလူတိုင်း၊ မမြင်အပ်တဲ့လူတွေတိုင်းကို ဘိုးဘိုးကြီးတန်ခိုးနဲ့ခိုင်းစားလို့ရတယ်”

ဦးဘသာက အရှေ့ကိုတိုးပြီးတော့ လက်အုပ်ချီတယ်ဗျ။

“ကျုပ်တောင်းပန်ပါတယ် ဘိုးဘိုးကြီး၊ ကျုပ်မသိလို့စော်ကားမိသလိုဖြစ်သွားပါတယ်၊ ကျုပ်ကိုခွင့်လွှတ်ပါ”

“ရှိစေတော့၊ မင်းကိုငါခွင့်လွှတ်တယ်၊ ဒါပေမယ့် ငါ့သားက မင်းနဲ့ပါလာတဲ့ကောင်လေးကို ခွင့်မလွှတ်ဘူး”

ဦးဘသာက စိုင်းရာဇာဘက်ကိုလှည့်ပြီး လက်အုပ်ချီတယ်။

“သူ့အစား ဦးလေးကပဲတောင်းပန်ပါတယ်ငါ့တူရာ၊ ငါ့တူရဲ့စိတ်ကိုလျော့လိုက်ပါ၊ သူသေသွားလို့လည်း ငါ့တူဘာအကျိုးမှမရှိပါဘူး”

စိုင်းရာဇာဆိုတဲ့ကောင်က ဟင်းခနဲမဲ့ပြုံးပြုံးလိုက်တယ်ဗျ။

“ကျုပ်ကိုစော်ကားတဲ့ကောင်တွေကို ကျုပ်အရှင်မထားဘူး၊ ဟိုအထက်လမ်းကောင်ကိုလည်း တစ်ချိန်ကျရင်သတ်ပစ်အုံးမှာ၊ ဒီကောင်က ဘုရားတရားမြဲနေတော့ ကပ်မရသေးလို့၊ ခင်ဗျားရဲ့တူကိုလည်း ကျုပ်က ဇီဝိန်ချုပ်ပစ်မှာ”

ကျုပ်လည်းတောက်တစ်ချက်ခေါက်ပြီးတော့ ချုံကွယ်ထဲကထွက်လိုက်တယ်ဗျ၊ ကျုပ်ဖြင့် ဒေါသတွေထွက်လွန်းလို့ ညောင်ပင်အောက်ကိုဘယ်လိုရောက်သွားသလဲမသိပါဘူးဗျာ။

“ဦးဘသာတော်ပြီ၊ ဒီလိုကောင်ကို တောင်းပန်စရာအကြောင်းမရှိဘူး”

ကျုပ်ရောက်သွားတော့ အားလုံးအံ့ဩသွားတာပေါ့၊ ကိုအေးနဲ့ ရင်မောင်ကတော့ ချုံပုတ်ထဲကနေထွက်မလာဘူးဗျ၊ ငြိမ်ပြီးကုပ်နေကြတယ်။ ကျုပ်လည်း စိုင်းရာဇာကိုလက်ညှိုးထိုးပြီးတော့

“ဟေ့ကောင်၊ မင်းယောက်smးမဟုတ်ဘူးလား၊ ယောက်ျားဆိုရင် ယောက်ျားလိုရှင်းရမှာပေါ့ကွ”

စိုင်းရာဇာက ကျုပ်ကိုမျက်လုံးကြီးပြူးကြည့်တယ်ဗျ။

“ဒါနဲ့နေစမ်းပါအုံး၊ မင်းတို့က ငါ့ကိုဘာဖြစ်လို့ ရန်ရှာချင်တာလဲကွ”

“ဒါကတော့ ခင်ဗျားက မနှင်းကြည်ကို အီစီကလီလုပ်နေလို့ပေါ့ဗျ၊ ကျုပ်ပြောတာဟုတ်တယ်မဟုတ်လား”

စိုင်းရာဇာက မျက်နှာတစ်ချက်ပျက်သွားပြီးတော့ သူ့အဘကိုကြည့်လိုက်တယ်။

“အဘ . . .”

အဘိုးကြီးက ကျုပ်ကိုပြုံးပြီးကြည့်လိုက်တယ်ဗျ၊ သူ့မျက်လုံးတွေက ဝင်းခနဲလက်သွားတာပဲဗျာ၊ ကျုပ်လည်း အံ့ဩပြီးငေးကြည့်နေမိတယ်။

“အလတ်ကောင် . . .”

ဦးဘသာကအော်ပြီးတာ့ ကျုပ်ရှေ့ကိုပြေးလာတယ်ဗျ၊ နောက်တော့ သူ့လက်ဝါးကိုဖြန့်ပြီးတားလိုက်တယ်၊ ဒါပေမယ့် သူလည်းမတားနိုင်ပါဘူးဗျာ၊ ရုက္ခစိုးကြီးပစ်လွှတ်တဲ့ စက်တွေထိမှန်ပြီးတော့ ဦးဘသာရောကျုပ်ရော နှစ်ယောက်စလုံး ဖင်ထိုင်လဲပြီးတော့ မြေကြီးပေါ်မှာ တရွတ်တိုက်ပြီး ဆယ်ပေလောက်အထိလွင့်သွားတော့တာပါပဲ။ ကျုပ်လည်း ကုန်းထလိုက်ပြီးတော့ ဦးဘသာကြီးကိုပြေးတွဲလိုက်တယ်၊ လူကလည်းမူးနေတာဆိုတော့ ကတုန်ကယင်ပေါ့ဗျာ။

ဦးဘသာကြီးက အတော်စိတ်ဆိုးသွားပြီးတော့ ရုက္ခစိုးကြီးကိုကြည့်လိုက်တယ်ဗျ။

“ဟေ့လူ၊ ကျုပ်တူကိုမထိနဲ့လို့ ခင်ဗျားကိုပြောထားတယ်နော်”

“အောင်မာ၊ စကားပြောတာ ရိုင်းလှချည်လား၊ မင်းလို စုန်းအစုတ်အပဲ့ကများ ငါ့ကိုယှဉ်နိုင်မယ်ထင်လို့လားဟဲ့”

ဦးဘသာက အံကြိတ်တယ်ဗျ၊ မေးရိုးကြီးတွေကို ထင်းသွားတာပဲဗျာ။

“ကျုပ်တောင်းပန်တာ အလကားတောင်းပန်တာမဟုတ်ဘူး၊ ခင်ဗျား ထိခိုက်မှာစိုးလို့တောင်းပန်နေတာ၊ ခင်ဗျား ပြဿနာမဖြစ်ချင်ရင် ကျုပ်တောင်းပန်တာကိုလက်ခံပြီး ပြန်လိုက်တော့”

“အောင်မာ၊ ဒီစုန်းက ကြီးကြီးကျယ်ကျယ်နဲ့၊ ကိုင်း . . . လာစမ်းဟေ့”

ရုက္ခစိုးကြီးက လက်ညှိုးနဲ့ထိုးထည့်လိုက်ပြန်ရောဗျာ၊ တစ်ချိန်တည်းမှာပဲ ဦးဘသာခေါင်းက အလင်းရောင်တွေထွက်လာပြီး အမောက်ကြီးသုံးခုပေါ်လာပါရော။ ရုက္ခစိုးကြီးလွှတ်လိုက်တဲ့ စက်တွေက ဦးဘသာနဲ့ကျုပ်ကိုမထိတော့ဘဲ ဘေးကိုလွဲသွားပြီးတော့ မြေကြီးပေါ်ကိုကျသွားတယ်ဗျ၊ မြေကြီးပေါ်မှာ တဖြောက်ဖြောက်အော်ပြီးတော့ တွင်းတွေဖြစ်သွားတယ်။

ဦးဘသာအမောက်ကြီးကိုကြည့်ပြီး အားလုံးက အံ့အားသင့်နေတာပေါ့ဗျာ၊ ဦးဘသာက လက်အုပ်ချီလိုက်ပြီးတော့

“ရွှေရောင်အဆင်း၊ ရွှေရောင်အဝင်းဖြင့် ရွှေအမောက်မှာ နန်းဆောက်စံပျော်တဲ့ ဂန္ဓဗ္ဗ နတ်မင်းကြီးကို ကျွန်ုပ်ဆင့်ခေါ်ပါတယ်”

ဦးဘသာရေရွတ်လိုက်တယ်ဆိုရင်ပဲ သူ့ငယ်ထိပ်အလယ်က ရွှေရောင်အမောက်ကြီးက ပြိုးပြိုးပျက်ပျက်အရောင်တွေထွက်ပြီးတော့ ရွှေရောင်အလုံးကြီးတစ်လုံးက မိုးပေါ်ကိုထွက်လာတယ်ဗျ၊ ကျုပ်ဖြင့်တစ်ခါမှ မမြင်ဖူးဘူးဗျာ၊ ဦးဘသာကဆက်ပြောတယ်။

“မြောက်အရပ်မှာစံပျော်တဲ့ အစိမ်းရောင်ကိုယ်အဆင်းနဲ့ ယကမင်းကြီးလည်း ကိုယ်ယောင်ကိုယ်ဝါတောက်ပစွာနဲ့ ကိုယ်ထင်ပြတော်မူပါ”

အဲဒီလိုလည်းပြောလိုက်ရော အစိမ်းရောင်အငွေ့တွေ တောက်နေတဲ့ အမောက်ထဲကနေ အစိမ်းရောင်အလုံးကြီးတစ်လုံးထွက်လာပြန်ပါရော။

“တစ်ခါ၊ အနောက်အရပ်မှာအရင်းတည်၊ အနီရောင်အမောက်ကိုးခုနဲ့ နာဂဒေဝီ နဂါးနီကိုလည်း ကျွန်တော်မျိုးက ပင့်ဖိတ်တော်မူပါသည်၊ ယခုအရပ်သို့ ကြွမြန်းတော်မူပါ နာဂဒေဝီ နဂါးနီခင်ဗျား”

ဦးဘသာအော်လိုက်ပြန်တော့ အနီရောင်အမောက်ကြီးထဲက အနီရောင်ဘောလုံးကြီးထွက်လာပြန်ပါရောဗျာ၊ ဘောလုံးကြီးသုံးလုံးက မိုးပေါ်ကိုပျံတက်သွားပြီးတော့ တစ်ခါအလင်းတွေထွက်ပြီးတော့ ပြန်ဆင်းလာပြန်ပါရော၊ ရွှေရောင်အလုံးကြီးက ရွှေရောင်နတ်မင်းကြီးဖြစ်သွားတာဗျ၊ ဇာတ်တွေထဲမှာ ဝတ်ကြတဲ့ပုံအတိုင်းပါပဲဗျာ၊ အစိမ်းရောင်ကတော့ ဘီလူးမင်းကြီးဗျ၊ သံချပ်ကာဝတ်စုံတစ်မျိုးကိုလည်း ဝတ်ထားသေးတယ်၊ ကျုပ်တော့ အဲဒီပုံစံကိုတစ်ခါမှ မမြင်ဖူးဘူး၊ အနီရောင်အလုံးကြီးကတော့ နဂါးကြီးတစ်ကောင်ဖြစ်သွားတာဗျ၊ ခေါင်းမှာလည်းအချွန်အတက်တွေအစုံပဲဗျာ။

ဦးဘသာကြီး ဒီလောက်စွမ်းမှန်း ကျုပ်မသိဘူးဗျာ။ ကောင်းကင်ပေါ်မှာ မီးရောင်စုံတွေတောက်ပြီးတော့ ဦးဘသာရဲ့ နတ်မင်း၊ နဂါးမင်း၊ ဘီလူးမင်းနဲ့ နှစ်တစ်ထောင်ရုက္ခစိုးဘိုးဘိုးကြီးနဲ့ ဆော်ကြပါရောဗျာ၊ အလင်းရောင်တွေ ဝင်းခနဲလက်ခနဲဖြစ်သွားလိုက်၊ မှောင်ကျသွားလိုက်နဲ့၊ လေတွေကလဲ တဝုန်းဝုန်းနဲ့တိုက်နေလိုက်တာများ ညောင်ပင်ကြီးဆိုရင် ဘယ်ညာယိမ်းထိုးနေတာပဲဗျာ။

(၃)

ကိုအေးနဲ့ရင်မောင်နဲ့က ချုံပုတ်ထဲကနေကုန်းထလာကြတယ်ဗျ။

“လူကြမ်းရင် နတ်ကြမ်းမခံနိုင်ဘူးတဲ့ဟေ့၊ အဲဒီခွေးကောင်ကို ဆော်ကြဟ”

ကိုအေးလက်ထဲမှာလည်း သစ်ချောင်းကြီးတစ်ချောင်းကိုင်လို့ဗျ၊ ရင်မောင်နဲ့ကိုအေးက ညာသံပေးပြီးတော့ ချုံထဲကနေပြေးထွက်လာကြတာ၊ စိုင်းရာဇာလည်း ဘာလုပ်ရမှန်းမသိတော့ဘဲ ငေးကြောင်ကြည့်နေတာပေါ့ဗျာ။ ကျုပ်လည်း အားတွေတက်လာပြီး စိုင်းရာဇာဆီကိုပြေးခဲ့တာပေါ့။

“မြင်းဇာရွာက ငအေးတဲ့ကွ”

ကိုအေးက အားရပါးရအော်ပြီး တုတ်နဲ့ပြေးဝင်လာတယ်ဗျ၊ ကံဆိုးချင်တော့ ညောင်မြစ်တစ်ခုနဲ့ခြေထောက်နဲ့တိုက်မိပြီး ဘိုင်းခနဲချော်လဲကျသွားတယ်၊ ကိုအေးထက်စာရင် ရင်မောင်က တော်သေးတယ်ဗျ၊ စိုင်းရာဇာဆီပြေးခုန်ဝင်ပြီးတော့ လက်သီးနဲ့မျက်နှာကိုထိုးချလိုက်တာဗျာ၊ ဒါပေမယ့် မူးနေတော့ လက်သီးက စိုင်းရာဇာမျက်နှာဆီမရောက်ဘဲ ဘေးကိုတစ်တောင်လောက်လွဲသွားပြီးတော့ ညောင်ပင်ကြီးကိုထိုးမိသွားပါရော။

ကျုပ်လည်းအတင်းပြေးဝင်ပြီး လုံးထည့်လိုက်တာပဲဗျာ၊ ဆွဲမိဆွဲရာတွေလျှောက်ဆွဲတော့ စိုင်းရာဇာဝတ်ထားတဲ့ပုဆိုးကြီးဆွဲမိတာပေါ့ဗျာ၊ ကျုပ်ဝင်လုံးတော့ ရင်မောင်ကလည်း စိုင်းရာဇာကိုနပမ်းဖက်လုံးတယ်ဗျ၊ ကျုပ်တို့သုံးယောက်သား ညောင်ပင်ခြေရင်းမှာ နပမ်းလုံးနေကြတာပေါ့ဗျာ၊ စိုင်းရာဇာက အော်ရှာတယ်ဗျ။

“အဘ . . . အဘရေ ကယ်ပါအုံး”

သူ့အဘလည်း အလုပ်များနေလို့ မကယ်နိုင်ဘူးထင်ပါတယ်ဗျာ၊ ကျုပ်နဲ့ရင်မောင်နဲ့ သူ့ကိုဝိုင်းတွယ်ကြလို့ စိုင်းရာဇာတစ်ယောက် ရုက္ခစိုးမကယ်နိုင်ပါဆိုပြီးဖြစ်နေတာပေါ့ဗျာ။

မူးမူးနဲ့ဆိုတော့ မှီရာဆော်တာပဲဗျာ၊ ကျုပ်ရှေ့မှာ ခြေသလုံးတစ်ချောင်းတွေ့တာနဲ့ ကျုပ်လည်းဖက်ကိုက်ထည့်တာပဲ။

“အား . . . အဲဒါငါ့ခြေထောက်ကွ”

အသံကတော့ ရင်မောင်အသံပဲဗျ၊ သူ့အသံကြားတော့မှ ရင်မောင်ခြေသလုံးမှန်းသိပြီး ပြန်လွှတ်ပေးလိုက်ရတယ်၊ ရင်မောင်ကလည်း လက်သီးတွေတစ်လုံးပြီးတစ်လုံး စိုင်းရာဇာကိုပစ်သွင်းတာပေါ့ဗျာ၊ ဒါပေမယ့် သူ့လက်သီးက ကျုပ်နံကြားကိုပဲ လာလာထိုးနေတာဗျ။

“ကိုရင်မောင်၊ ခင်ဗျားထိုးတာကျုပ်ဗျ”

ရင်မောင်လည်း အထိုးရပ်သွားတယ်၊ သုံးယောက်သား ထိုးတော့ထိုးနေပေမယ့် ဘယ်သူ့ကိုဘယ်သူ ထိုးနေမှန်းတော့မသိဘူး၊ မကြာပါဘူး ကျုပ်လည်းဆံပင်တစ်ဖုတ်ဆွဲလိုက်မိတယ်၊

“ကိုရင်မောင်၊ ဒါခင်ဗျားဆံပင်လား”

“ဟေ၊ မဟုတ်ဘူးကွ၊ ဒါနဲ့ ငါဆွဲထားတာရော မင်းဆံပင်လား”

“မဟုတ်ဘူးဗျို့”

“ဒါဆိုသေချာပြီ ဒီဟာ ဟိုကောင့်ဆံပင်ပဲဟေ့၊ ဆွဲစမ်းဟ”

ကျုပ်နဲ့ကိုရင်မောင်လည်း ကိုင်မိတဲ့ဆံပင်အဖုတ်ကို အားကုန်ဆွဲကြတာဗျာ။ မြက်နှုတ်သလိုကို ဝိုင်းဆွဲကြတာ၊ အဆွဲခံရတဲ့လူလည်း အော်လိုက်တာမှ အသံကိုပြဲနေတာပဲ၊ ကျုပ်တို့လည်း ဆံပင်ဆွဲရင်း ဒီအသံကိုကြားဖူးပါတယ်ဆိုပြီးတော့ ထင်နေမိတာ။

“ဟေ့ကောင်တွေ၊ မင်းတို့ဆွဲနေတာ ငါ့ဆံပင်ကွ”

“ဗျာ . . . ကို . . ကိုအေးလား”

ကျုပ်တို့လည်းဆံပင်ကို အမြန်လွှတ်လိုက်ရတယ်၊ ဒေါသထွက်ထွက်နဲ့ဆွဲတော့ ကျုပ်လက်ထဲတောင် ဆံပင်တွေ တစ်ထွေးကြီးပါလာသေးတယ်ဗျာ။ ကျုပ်လည်းတရားခံဖြစ်မှာစိုးတာနဲ့ ဆံပင်တွေကို လက်ထဲကခါချလိုက်တာပေါ့ဗျာ။ ကျုပ်တို့နှစ်ယောက်ထလိုက်တော့ ကျုပ်တို့ကြားကနေ ကိုထွေးထွက်လာတယ်ဗျ။

“ဟေ့ကောင်တွေ၊ မင်းတို့ကွာ၊ ငါ့ကိုလုပ်ရက်တယ်”

“ဒါဆို ဟိုကောင်ဘယ်ရောက်သွားတာလဲ”

ကျုပ်တို့မေးပြီးရွာထဲကိုကြည့်လိုက်တော့ စိုင်းရာဇာတစ်ယောက် ရွာထဲကိုပြန်ပြေးတာ တန်းနေတာပဲဗျို့။

ကျုပ်တို့လည်း သူ့နောက်လိုက်မယ်လို့လုပ်နေတုန်း တောက်ခေါက်သံအကျယ်ကြီးကို ကြားရတယ်ဗျ၊

“တောက်၊ အားလုံးရပ်လိုက်ကြစမ်း”

ကျုပ်တို့လှည့်ကြည့်လိုက်တော့ မိန်းမတစ်ယောက်ဗျ၊ အနက်ရောင်အင်္ကsDdကိုဝတ်ထားတယ်၊ အောက်ကထမီကလည်း အနက်ပဲဗျ၊ ထမီအနားမှာတော့ အဖြူရောင်ပိတ်စပါးပါးလေးတွေပါတယ်၊ ပုံတော်ဖိနပ် မနိမ့်မမြင့်ကလေးစီးထားတာဗျ။ အသားကတော့ဖြူဖြူပဲ၊ မျက်နှာပေါက်ကလည်း ကြည့်ကောင်းတယ်၊ ကွမ်းစားထားလို့လားမသိဘူး နှုတ်ခမ်းကလေးတွေက နီနေတာပဲဗျာ။ သူ့လည်ပင်းမှာတော့ မြွေနက်ကြီးတစ်ကောင်က ရစ်ခွေနေတယ်ဗျ။

အဲဒီမိန်းမရောက်လာပြီး လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ စက်တွေအပြိုင်လွှတ်ပြီးတိုက်ခိုက်နေကြတဲ့ ရုက္ခစိုးကြီးရော၊ ဦးဘသာရဲ့အစောင့်တွေရော အားလုံးငြိမ်သွားကြတယ်၊ ဦးဘသာကြီးလည်း အဲဒီမိန်းမကိုတွေ့တာနဲ့ ဆောင့်ကြောင့်ထိုင်ချလိုက်တာပဲဗျာ။ သူထိုင်တော့ ကျုပ်တို့လည်း ဘုမသိဘမသိနဲ့လိုက်ပြီးထိုင်ရတာပေါ့ဗျာ။

“ဟေ့ကောင်တွေ၊ အနောက်မယ်တော် ကြွလာတာကွ၊ မရိုမသေမလုပ်ကြနဲ့”

အဲဒီမိန်းမက အနောက်မယ်တော်ဆိုပဲဗျ၊ နောက်တော့ သူ့အနောက်ကနေမြွေကြီးနှစ်ကောင်ထွက်လာတယ်ဗျ၊ ငန်းပုပ်လို၊ မြွေဟောက်လို မြွေကြီးတွေဗျ၊ ပါးပျဉ်းကြီးတွေထောင်ထားကြတာ၊ တစ်ကောင်တစ်ကောင်ကို ကျုပ်တို့တစ်ရပ်လောက်ရှိတယ်။

“မင်းတို့လုပ်နေတာတွေ အထက်နတ်တွေသိရင် မင်းတို့အကုန်အပြစ်ပေးခံရမယ်”

အနောက်မယ်တော်က ဦးဘသာကိုကြည့်ပြီးတော့

“မင်းကတော်တော်စွမ်းနေပါလားကွ၊ မင်းကိုငါမမြင်ဖူးပါဘူး၊ မင်းဘယ်သူလဲ”

“ကျုပ်နာမည် သာဒင်ပါ၊ ဟိုးအရှေ့ဘက်မှာနေပါတယ်”

“အရှေ့ဘက်မှာနေတဲ့လူက သူများအရပ်ကိုလာပြီးတော့ ပညာကုန်ထုတ်သုံးတာ၊ ငါ့ကိုမရိုမသေလုပ်တာလား”

ဦးဘသာကလက်အုပ်ချီပြီး

“မဟုတ်ပါဘူး၊ မယ်တော်ကို မရိုမသေလုပ်တာမဟုတ်ရပါဘူး၊ ကျုပ်မှာ အသက်အနရယ်ရှိတာနဲ့ စောင့်ရှောက်သူတွေကို ဆင့်ခေါ်လိုက်ရတာပါ”

အနောက်မယ်တော်က ဦးဘသာအနားကိုလမ်းလျှောက်လာတယ်ဗျ၊ ပြီးတော့ ဦးဘသာရဲ့ခေါင်းကိုသပ်တယ်။

“မင်းက သယ်ဆောင်သူပဲ၊ ဘယ်သူ့ရဲ့ဝန်ကို မင်းသယ်ဆောင်နေရတာလဲ”

“မှန်ပါ၊ မယ်ပျင်းရဲ့ဝန်ပါမယ်တော်၊ ကျုပ်အမေက မယ်ပျင်းပါ”

ဦးဘသာပြောလိုက်တော့ အနောက်မယ်တော်က တစ်ချက်မဲ့သွားတယ်ဗျ။

“လာပြန်ပြီလား ဒီမယ်ပျင်း၊ ကဲ ထားပါတော့”

အနောက်မယ်တော်က ရုက္ခစိုးကြီးကိုကြည့်တယ်ဗျ။

“ဘိုးဘိုးကြီးတို့ကလည်း ကိုယ့်နေရာကိုယ်မနေဘဲနဲ့ ဘာလို့ဒီကိုရောက်လာရတာလဲ၊ လူလူချင်းဖြစ်တဲ့အချင်းမှာ နတ်တွေဝင်မပါရဘူးလို့ အထက်နတ်တွေမိန့်ထားတယ်မဟုတ်လား”

“လူလူချင်းဆိုပေမယ့် ဒီလူက ကျုပ်ရဲ့သားဗျ”

မယ်တော်ကပြုံးလိုက်တယ်။

“သံသရာတစ်လျှောက်မှာ လူတိုင်းဟာဆွေမျိုးတော်ခဲ့တာပဲ ဘိုးဘိုးကြီးရဲ့၊ ဘိုးဘိုးကြီးမှာရော တခြားသားတွေသမီးတွေမရှိတော့ဘူးလား၊ အဲဒီလူတွေတိုင်းကိုရော အခုလိုစောင့်ရှောက်ပြီး သူတောင်းသမျှ လုပ်ပေးနေမှာလားဘိုးဘိုးကြီး”

ရုက္ခစိုးကြီးပါးစပ်ပိတ်သွားတယ်။

“ကဲထားလိုက်တော့ အားလုံးပဲ ကိုယ့်နေရာကိုယ်ပြန်ကြပါ၊ ဘိုးဘိုးကြီးလည်း အထက်နတ်တွေအပြစ်ပေးတာမခံချင်ရင် ဒီအလုပ်တွေကိုရပ်တန်းကရပ်လိုက်ပါ”

ပြီးတော့ ဦးဘသာဘက်ကိုလှည့်ပြီးတော့

“နင့်အမေ မယ်ပျင်းကို ငါနှင်သလို၊ နင့်ကိုလည်းငါနှင်မယ်၊ နောက်ခုနစ်ရက်ကြာတဲ့အခါ နင်ဒီနယ်ကနေထွက်သွားရမယ်၊ နောက်ထပ်ခြေတစ်လှမ်းမချနဲ့တော့ သယ်ဆောင်သူက အစောင့်အရှောက်တွေထုတ်သုံးတယ်ဆိုတာ ဘယ်လောက်ကြီးလေးတဲ့အပြစ်လဲဆိုတာ နင်သိတယ်မဟုတ်လား”

ဦးဘသာက ခေါင်းညိတ်ပြီး

“သိ . . . သိပါတယ်မယ်တော်”

“ခုနစ်ရက်အတွင်းထွက်သွားကြပါ၊ မသွားလို့ကတော့ ငါ့အကြောင်း နင်တို့သိစေရမယ်”

“မယ်တော်ပြောတဲ့အတိုင်းပါပဲ”

အဲဒီလိုပြောပြီးတော့ ဖြုတ်ခနဲပျောက်သွားတာဗျာ။ ကျုပ်တို့ဖြင့် ဆောင့်ကြောင့်ကြီးတွေထိုင်ပြီးတော့ ကြောင်စီစီကြီးတွေကျန်ခဲ့ကြတာ။ ရုက္ခစိုးဘိုးဘိုးကြီးဆိုတာလည်းမရှိတော့သလို ဦးဘသာကြီးဆီက အကောင်တွေလည်း တစ်ကောင်မှမရှိတော့ဘူးဗျ၊ ကျုပ်လည်း ဦးဘသာကြီးကိုပြေးထူရတယ်၊ နပမ်းတွေလုံးထားတာဆိုတော့ လူတွေလည်း ဖုန်တွေလူးပြီး လူရုပ်မပေါ်တော့ဘူးပေါ့ဗျာ။

(၄)

ကိုအေးကို တွဲပြီး သူ့အိမ်အောက်က ဆင့်မှာထားခဲ့တာပေါ့ဗျာ၊ ရင်မောင်ကိုတော့ ကျုပ်လည်းသိပ်မတွဲနိုင်တာနဲ့ ကျုပ်တို့တဲထဲကိုပဲ ထည့်လိုက်တယ်။ ဦးဘသာကတော့ တော်တော်ပင်ပန်းသွားလို့ နားနေတယ်၊ သူ့ကိုယ်မှာပေနေတဲ့ဖုန်တွေကို ကျုပ်က ရေဝတ်တစ်ခုနဲ့သုတ်ပစ်လိုက်တယ်ဗျ၊ ဦးဘသာတစ်ကိုယ်လုံးလည်း ပွန်းပဲ့ရာတွေနဲ့ သွေးတွေတောင်စို့နေတယ်ဗျ၊ တစ်ချို့နေရာဆိုရင်လည်း အညိုအမည်းတွေစွဲလို့ဗျာ။

“ဦးဘသာ၊ ကျုပ်ကိုပရုပ်ဆီပေးဗျာ၊ ကျုပ်ဆေးလူးပေးမယ်”

ဦးဘသာရဲ့ဒဏ်ရာတွေကို လှန်လှောပြီးတော့ ဆေးလူးပေးတာပေါ့ဗျာ။

“ဒါနဲ့ရုက္ခစိုးမှော်ဆိုတာဘာလဲဗျ”

“လောကမှာ မှော်တွေဆိုတဲ့ဟာလည်းရှိတယ်ကွ၊ မှော်တွေထဲမှာ သူရသတီမှော်တို့၊ ရုက္ခစိုးမှော်တို့ဆိုရင် သိပ်ကိုစွမ်းတာ၊ မှော်ဆိုတာ ကျင့်စဉ်တစ်ခုပဲကွ၊ ကျင့်စဉ်ကတော့ သိပ်မခက်ပေမယ့် အဲဒီကျင့်စဉ်ကို အောင်မြင်အောင်ကျင့်ကြံနိုင်ဖို့က ဇွဲလုံ့လလည်းလိုသလို၊ အဖျက်တွေလည်း အမျိုးမျိုးဝင်တတ်တယ်၊ ရုက္ခစိုးမှော်ကိုအောင်မြင်သွားရင် ရုက္ခစိုးက ကိုယ့်ကိုစောင့်ရှောက်တယ်ကွ၊ ရုက္ခစိုးတွေတတ်တဲ့ အမြင်ဓါတ်၊ အကြားဓါတ်၊ အသိဓါတ်တွေကို ကိုယ်လဲတစ်ဆင့်ယူပြီးသုံးလို့ရတယ်”

“ဒါနဲ့ ကျုပ်ကြားဖူးတာကတော့ ရုက္ခစိုးဆိုတာ လူကောင်းတွေမဟုတ်ဘူးလား”

ဦးဘသာကခေါင်းခါပြီးတော့

“အောက်နတ်တွေဆိုတော့ လူတွေလိုပဲပေါ့ကွာ၊ ကိုယ့်အပေါ်ကောင်းရင် ပြန်ကောင်းမယ်၊ ကိုယ့်အပေါ်မကောင်းရင် ဆိုးမယ်ပေါ့”

ကျုပ်လည်း ခေါင်းညိတ်လိုက်တယ်။

“ကျုပ်သိပြီ၊ ဒါကြောင့် ဒီကောင့်ကိုရင်မောင် ပယောဂစစ်တော့ ဒီကောင်ဘာမှမဖြစ်တာကိုး”

“ရုက္ခစိုးဆိုတာလည်း အောက်နတ်ပဲကိုးကွ”

“ဒါနဲ့ ဦးဘသာကိုယ်ထဲက အကောင်တွေကရော ဘာတွေလဲ၊ ပြီးတော့ သယ်ဆောင်သူဆိုတာကရော . . .”

“မင်းနားလည်အောင်ပြောရမယ်ဆိုရင်တော့ စုန်းတွေစွမ်းတယ်၊ ကဝေတွေစွမ်းတယ်ဆိုတာက နှစ်ပိုင်းရှိတယ်၊ ပညာရပ်ပိုင်းအရလည်းအစွမ်းထက်သလို၊ အစောင့်အရှောက်တွေကြောင့်လည်း အစွမ်းထက်တယ်၊ အစောင့်အရှောက်တွေဆိုတာကတော့ ဂန္ဓဗ္ဗ ဆိုတဲ့အောက်နတ်တွေ၊ နောက်ပြီး ဘီလူးတွေ၊ နဂါးတွေ၊ သူယောင်တွေ၊ လူနီတွေ စုံလို့ပေါ့ကွာ”

“သူတို့ကဘယ်လိုရောက်လာကြတာလဲ”

“မင်းကိုငါပြောဖူးသလို ဝမ်းတွင်းပါတယ်ဆိုတာက အဲဒီလူနဲ့ အဲဒီပုဂ္ဂိုလ်နဲ့ အထုံရေစက်ပါပြီးတော့ ဝမ်းကြာတိုက်ထဲမှာ နတ်ဘုံနတ်နန်းတည်ပြီး နေထိုင်တာပေါ့ကွာ၊ သူတို့ကစွမ်းနေတော့ ကိုယ်ကလည်းစိတ်ထဲကနေကြံလိုက်တာနဲ့သူတို့သိပြီးတော့ သူတို့အစွမ်းနဲ့လုပ်ပေးတာပေါ့ကွာ၊ ဥပမာ မင်းဝမ်းထဲ ဒီပုဂ္ဂိုလ်ရှိတယ်ဆိုပါစို့၊ မင်းက ထင်းချောင်းကြီးကို မြွေဖြစ်ပါစေလို့ စိတ်ကူးလိုက်တာနဲ့ အဲဒီပုဂ္ဂိုလ်က သူ့အစွမ်းနဲ့ မြွေကြီးဖြစ်အောင်လို့ လုပ်ပေးလိုက်တာ”

“ထူးဆန်းလိုက်တာဗျာ”

“ဒီလို သူ့အလိုလိုဖြစ်လာတာမဟုတ်ဘဲ၊ အစဉ်အဆက်လက်ဆင့်ကမ်းလာကြတဲ့ ပုဂ္ဂိုလ်တွေလည်းရှိတယ်ကွ၊ အခုငါ့ဆီက ပုဂ္ဂိုလ်တွေဆိုရင် ငါ့အမေက ငါ့ကိုလက်ဆင့်ကမ်းပေးလိုက်တဲ့ ပုဂ္ဂိုလ်တွေပေါ့ကွာ”

“စုန်းဆိုတာ မျိုးရိုးတစ်ဆက်ကျော်တယ်လို့ မင်းကြားဖူးတယ်မဟုတ်လား၊ ဒီတော့ ငါ့အမေက ဒီပုဂ္ဂိုလ်တွေရဲ့အစွမ်းကို တိုက်ရိုက်သုံးလို့ရပေမယ့် သူ့သားငါကတော့ ဆက်ခံသူမဟုတ်ဘဲ သယ်ဆောင်သူလေကွာ၊ ဒီတော့ ဒီပုဂ္ဂိုလ်တွေကို သယ်ဆောင်ရုံပဲတတ်နိုင်တယ်၊ သူတို့အစွမ်းကို တိုက်ရိုက်မသုံးနိုင်ဘူး၊ သုံးခွင့်လည်းမရှိဘူး၊ ဒါပေမယ့် ငါကနေဖြစ်မယ့် ငါ့မျိုးဆက်ကျရင်တော့သူက ဆက်ခံသူဖြစ်သွားပြီးတော့ ဒီပုဂ္ဂိုလ်တွေရဲ့အစွမ်းကို တိုက်ရိုက်သုံးနိုင်လိမ့်မယ်”

“ဟာ၊ ဒါဆိုရင်တော့ တော်တော်စွမ်းမှာဗျ၊ ဒါဆို ဦးဘသာအမေ ဒေါ်ပျင်းကြီးက တော်တော်စွမ်းတာပဲ၊ ဟုတ်ရင်လည်းဟုတ်မှာဗျ၊ အဖေလည်း ကျုပ်ကိုဒေါ်ပျင်းအကြောင်းပြောဖူးတယ်၊ တို့ရွာမှာ အခုလက်ရှိနေတဲ့ လူဦးရေထက် ဒေါ်ပျင်းကြီးသတ်ခဲ့တဲ့လူက ပိုများတယ်တဲ့၊ အဲဒါဟုတ်လား”

ဦးဘသာက မျက်နှာတစ်ချက်ပျက်သွားတယ်။

“လူတွေက ချဲ့ကားပြောကြတာပါကွာ၊ ကဲပါ အဲဒါတွေပြောမနေနဲ့တော့၊ ငါလည်းအိပ်ချင်နေပြီ၊ အိပ်တော့မယ်ကွာ”

ဦးဘသာစကားစဖြတ်လိုက်တာနဲ့ ကျုပ်လည်း ရင်မောင်ဘေးနားမှာ အိပ်ချလိုက်တာပေါ့ဗျာ၊ ရင်မောင်ကတော့ တခေါခေါနဲ့ဟောက်တောင်နေပါပြီ။

မနက်လင်းတော့ ကျုပ်တို့လည်း နိုးလာတာပေါ့ဗျာ၊ ရင်မောင်ကတော့ နိုးတာကြာနေပြီးတော့ ငုတ်တုတ်ထိုင်နေသေးတယ်။ ကျုပ်လည်းတဲပေါ်ကဆင်းလိုက်ရော သူကကျုပ်ကိုလက်ကုပ်ပြီးတော့

“အလတ်ကောင်၊ ညက ငါထူးဆန်းတဲ့အိပ်မက်မက်တယ်ကွ၊ နဂါးတွေရော၊ ရုက္ခစိုးတွေရော၊ ပြီးတော့ ငါတို့လည်း နပမ်းတွေဖက်လုံးလိုက်ရတာမောလိုက်တာကွာ”

ကျုပ်လည်း မသိချင်ယောင်ဆောင်လိုက်တာပေါ့ဗျာ။

“အိုဗျာ၊ နွေလယ်အိပ်မက် ဂယောက်ဂယက်တဲ့”

“မင်းကတော့လုပ်ပြီ၊ ငါကြားဖူးတာက ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက်ပါကွ”

“ဆောင်းဖြစ်ဖြစ် နွေဖြစ်ဖြစ်အတူတူပါပဲကွာ၊ ကျုပ်တို့ညက အရက်ဆိုင်ကပြန်လာပြီး ဒီမှာအိပ်နေတာပဲလ ခင်ဗျားဘာမှ မမှတ်မိဘူးလား”

ရင်မောင်က ခေါင်းခါပြတယ်ဗျ၊ အရက်မသောက်ဖူးတဲ့လူ အရက်တွေအများကြီးသောက်ပြီးတော့ ခေါင်းတွေကိုက်နေတယ်ထင်ပါရဲ့ဗျာ။ သူအိပ်မက်လို့ထင်နေတာပဲ ကျုပ်တို့အတွက် ခပ်ကောင်းကောင်းဗျ။ ကိုအေးကတော့ ဒီအကြောင်းကိုသိတောင်မသိဘူးဗျ၊ အင်းလေ၊ သူက မူးပြီးရင် ဘာဆိုဘာမှ မသိတတ်တဲ့လူကိုး၊ သူကဒီဖက်အိမ်ကူးလာပြီးတော့ ကျုပ်ကိုပြောသေးတယ်၊

“အလတ်ကောင်၊ ညက ဘာဖြစ်သလဲမသိပါဘူးကွာ၊ ငါ့ခေါင်းကြီး ကျိန်းစပ်နေတာပဲကွာ”

ကျုပ်လည်း ရယ်ချင်စိတ်ကို ထိန်းထားရတယ်၊ ညကသူ့ကိုဆံပင်ကို ကျုပ်နဲ့ရင်မောင်နဲ့ ဝိုင်းဆွဲတဲ့လက်ချက်ပေါ့ဗျာ။

“ဒါနဲ့ရင်မောင်က ခေါင်းတွေကိုက်ပြီးတော့ လည်ချောင်းတွေနာနေလို့တဲ့ဗျ”

ကျုပ်ပြောတော့ ကိုအေးက အနားကိုရောက်လာပြီး

“အဲဒါဆိုရင် ပြန်ဖြေမှရတော့မယ်နဲ့တူတယ်”

“ဘယ်လိုပြန်ဖြေတာလဲဗျ”

“ဟကောင်ရ၊ အရက်နာကျတာကို အရက်နဲ့ပြန်ဖြေမှရတယ်တဲ့ကွ၊ ငါဒီနေ့ယာထဲမဆင်းဘူးကွာ၊ မင်းတို့နဲ့အတူတူ သွားပြန်ဖြေရအောင်”

“ဟာဗျာ၊ ကိုအေးကလည်း အစောကြီးရှိသေးတာ”

ကိုအေးက ကျုပ်ကိုနားမလည်သလိုကြည့်ရင်း

“အရက်က အစောကြီးသောက်လည်း မူးပါတယ်ကွ၊ မင်းကလည်း”

ကျုပ်ပြောချင်တာ ဒီလိုမဟုတ်ဘူးလေဗျာ၊ ကိုအေးကတော့ ကိုအေးပီသပါပေတယ်၊ ကျုပ်ပြောချင်တာပြော၊ သူလည်းနားလည်ချင်သလို နားလည်လိုက်တာပဲမဟုတ်လား။

ဦးဘသာကတော့ ကိုယ်တွေလက်တွေ ကိုက်ခဲနေလို့ ဆက်ပြီးအိပ်နေတယ်ဗျ။ ကျုပ်လည်းမျက်နှာသစ်ပြီးတော့ ပြန်ဖြေမလို့ လုပ်နေကြတာပေါ့ဗျာ။ ဒီအချိန်မှာ မခင်ကြည်က မီးဖိုထဲကထွက်လာတယ်၊

“ရှင်တို့သုံးယောက် တယ်လည်းအတိုင်အဖောက်ညီနေကြပါလား”

“ဒါပေါ့ကွ၊ မယားညီအကိုတွေပဲဟာ”

“ဘာရှင့် . . . ဘာပြောတယ်”

“ဘာမှမဟုတ်ပါဘူးကွာ၊ သက်သက်စတာပါကွမင်းကလည်း”

မိသက်က တဝါးဝါးသမ်းပြီးတော့ အောက်ထပ်ကနေထွက်လာတယ်ဗျ၊ မခင်ကြည်က မိသက်ကိုကြည့်ပြီး

“ဟဲ့မိသက်၊ နင့်အမနှင်းကြည် မနိုးသေးဘူးလား”

မိသက်လည်းအထူးအဆန်းနဲ့

“အမနှင်းကြည်အခန်းထဲမှာ မရှိတော့ပါဘူး”

“ဟောတော်၊ ဒါဆိုဘယ်ထွက်သွားတာလည်း၊ အိမ်နောက်ဖေးမှာလည်း မရှိပါဘူးအေ”

အဲဒီအချိန်မှာ ခြံပြင်ကနေ ဖိုးတွမ်တီးက မုန့်ပျားသလက်လေးကိုင်ပြီး ဝင်လာတယ်ဗျ၊ မခင်ကြည်က

“ဟဲ့ကောင်လေး၊ နင့်အဒေါ်ကိုတွေ့သေးလား”

ဖိုးတွမ်တီးက ခေါင်းညိတ်လိုက်ပြီး

“တွေ့တယ်လေ၊ ခုနကပဲထွက်သွားတယ်”

“ဟင်၊ ဘယ်ကိုထွက်သွားတာလဲ”

“ရွာထိပ်မှာ စက်ဘီးနဲ့တွေ့လိုက်တာ”

မခင်ကြည်က မျက်မှောင်ကြုတ်ပြီးတော့

“နှင်းကြည်က စက်ဘီးမစီးတတ်ပါဘူး”

“ဟုတ်တယ်၊ သူနင်းတာတော့မဟုတ်ဘူး၊ သူများနင်းသွားတာ”

“ဟုတ်လား၊ ဘယ်သူနင်းသွားတာလဲ”

“သူကြီးအိမ်က ဆရာစိုင်းကနင်းသွားတာပဲ”

“ဟာ . . .”

ကျုပ်နဲ့ရင်မောင်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြတယ်။ မခင်ကြည်ကတော့ အထူးအဆန်းနဲ့

“ဆရာစိုင်းနဲ့ဘယ်ကိုများသွားပါလိမ့်”

ကျုပ်နဲ့ရင်မောင်ကတော့ ပုဆိုးပြင်ဝတ်ပြီး ခြံပြင်ကို အပြေးထွက်ခဲ့ကြတာပေါ့ဗျာ၊

“ပါသွားပြီ၊ ပါသွားပြီ . . .”

ပါးစပ်ကအော်ရင်း ရွာထိပ်ကိုဒုန်းစိုင်းပြေးခဲ့ကြတာပေါ့။

ဆက်ရန်။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ #horror

Zawgyi Version

”စုန္းထီးႀကီး ဦးဘသာႏွင့္ ႐ုကၡစိုးမကယ္ႏိုင္ေပါင္”(စ/ဆုံး)
———————————————————————————
အတြဲ(၂) စာစဥ္ (၁၈)

(၁)

ကိုေအးရယ္၊ က်ဳပ္ရယ္၊ ရင္ေမာင္ရယ္ သုံးေယာက္သား အရက္ဆိုင္မွာထိုင္ၿပီး လ်က္ဆားသုပ္ေလးစားလိုက္ စကားေလးေျပာလိုက္နဲ႔ အရွိန္ရေနတာေပါ့ဗ်ာ။

“ခင္ၾကည္ကို ငါဘယ္လိုယူခဲ့သလဲဆိုတာ မင္းတို႔သိလား”

“ဪ၊ မသိပါဘူးဆိုေနမွဗ်ာ”

“ဒါဆိုရင္လည္း မင္းတို႔သိေအာင္ေျပာျပမယ္၊ မင္းတို႔သိထားတဲ့အတိုင္းငါဆိုတဲ့ေကာင္က အဲဒီတုန္းက လူမိုက္ေပါ့ကြာ၊ ႐ြာက ခင္ၾကည္မေျပာနဲ႔တျခားအပ်ိဳေတာင္ လွည့္မၾကည့္တဲ့ေကာင္၊ ဘာလို႔လွည့္မၾကည့္တာလဲဆိုတာ မင္းတို႔သိလား”

က်ဳပ္နဲ႔ရင္ေမာင္နဲ႔ေခါင္းခါလိုက္တယ္ဗ်။

“ေအး၊ ငါက အရက္ေတြနင္းကန္ေသာက္ၿပီးေတာ့ ပုဆိုးမပါဘဲလမ္းေဘးမွာ မူးမူးၿပီးလဲေနလို႔ လွည့္မၾကည့္ရဲတာကြ၊ ဟား၊ ဟား”

“ကိုေအးကေတာ့ လုပ္ၿပီဗ်ာ၊ ခင္ဗ်ားကေပ်ာ္ေပမယ့္ ဒီတစ္ေယာက္က မေပ်ာ္ႏိုင္ဘူးဗ်”

က်ဳပ္လည္း ရင္ေမာင္ကိုလက္ညႇိဳးထိုးျပလိုက္တာေပါ့ဗ်ာ၊ ရင္ေမာင္ကလည္း အရက္ေတြေသာက္ၿပီးေတာ့ ေရနစ္ထားတဲ့လင္းတအိုႀကီး သစ္ငုတ္မွာထိုင္ၿပီး မႈိင္ေနသလို မႈိင္ေနတာဗ်၊ ကိုေအးကလည္း ရယ္တာရပ္လိုက္ၿပီး

“ေအးပါကြာ၊ မင္းတို႔စိတ္ညစ္ေျပေအာင္လို႔ ငါကေျပာလိုက္တာပါ၊ ထားပါေတာ့၊ ငါက ခင္ၾကည္ကို ရေအာင္ယူတဲ့အေၾကာင္းေျပာျပမယ္”

ကိုေအးက အရက္တစ္က်ိဳက္ေသာက္လိုက္ၿပီးေတာ့ လ်က္ဆားသုပ္ေလးတစ္ဇြန္းခပ္စားလိုက္ေသးတယ္ဗ်။

“ဒီလိုကြ၊ တို႔ျမန္မာအယူအဆအရဆိုရင္ လင္မယားျဖစ္ဖို႔က သိပ္လြယ္တယ္မဟုတ္လား၊ မိန္းကေလးအိမ္ေရွ႕မွာ ပုဆိုးေလးသြားလွန္းလိုက္တာနဲ႔ ပုဆိုးတန္းတင္ အၾကင္လင္မယားဆိုၿပီးသတ္မွတ္ၾကတယ္၊ ေဟာ . . . အေရွ႕ခုနစ္အိမ္၊ အေနာက္ခုနစ္အိမ္က ဒီလူႏွစ္ေယာက္က လင္မယားသို႔စိတ္ထဲထင္လိုက္တာနဲ႔လင္မယားတန္းျဖစ္တယ္ကြ”

က်ဳပ္လည္းေခါင္းကုပ္လိုက္ၿပီး

“ကိုေအးရာ၊ ခင္ဗ်ားကေတာ့ သာမန္အခ်ိန္မွာ စကားမေျပာသေလာက္ အရက္ကေလးဝင္သြားရင္ေတာ့ ေပရွည္ေတာ့တာပဲ၊ လိုရင္းကိုေျပာစမ္းပါ”

“ေအး၊ ငါကလည္း ေျပာခ်င္လြန္းလို႔ေျပာေနတာမဟုတ္ဘူးကြ၊ စကားဆိုတာ ဒီအတိုင္းေျပာလို႔မေကာင္းဘူး၊ ဒီလိုပဲ စကားပလင္ခံရတယ္”

“ခံရင္လည္း ျမန္ျမန္ခံဗ်ာ”

“ခင္ၾကည္က ငါ့ကိုမႀကိဳက္ဘူး၊ ဒါနဲ႔ ငါကလည္း ခင္ၾကည္ကို လွည္းတင္ေျပးပါေရာ၊ ေျပးတာကေတာ့သိပ္ေဝးေဝးမဟုတ္ပါဘူးကြာ၊ အထက္ဘက္က မိုးစိုဆိုတဲ့႐ြာကို လွည္းတင္ေျပးတာ”

“ခင္ဗ်ားကတင္ေျပးတိုင္းသူကလိုက္မလားဗ်၊ ကိုေအးရ”

“ဟ၊ လိုက္ေအာင္လုပ္ရင္ လိုက္တာေပါ့ဟ၊ ႐ြာသစ္႐ြာက ငါ့သူငယ္ခ်င္း ေဘာ္ဒါေတြကိုအကူအညီေတာင္းၿပီးေတာ့ ဦးေအာင္ရွိန္ႀကီးကို အပင့္ခိုင္းရတယ္၊ ဦးေအာင္ရွိန္မရွိေတာ့မွ ငါကသူတို႔အိမ္ေရွ႕လွည္းရပ္ၿပီးေတာ့ မိုးစို႐ြာမွာ ေဒၚေအးၾကည္အသည္းအသန္ျဖစ္ေနတယ္ဆိုၿပီးေတာ့ အေၾကာင္းျပၿပီး ခင္ၾကည္ကိုေခၚထုတ္တာေပါ့ဟ”

“ခင္ဗ်ားသိပ္အႀကံပက္စက္တဲ့လူပဲဗ်ာ”

“သူတို႔အေမေဒၚေအးၾကည္က ႐ြာေတြကိုခရီးလွည့္ၿပီး ကုန္ေတြလိုက္ေကာက္တာဆိုေတာ့ ခင္ၾကည္လည္း ငါ့ကိုယုံၿပီးလိုက္လာတာပဲ၊ ဟိုေရာက္ေတာ့ သူတို႔အေမရွိတယ္ဆိုတဲ့အိမ္ထဲ ခင္ၾကည္ကအတင္းေျပးဝင္၊ ငါကလည္း အေနာက္ကလိုက္ဝင္၊ ငါ့သူငယ္ခ်င္းေတြက အိမ္ကိုအလုံပိတ္လိုက္တာေပါ့ကြာ”

“ဟာ၊ ခင္ဗ်ားက ေတာ္ေတာ္ၾကမ္းပါလား”

ကိုေအးက ၿပဳံးလိုက္ၿပီး

“လူမိုက္ဆိုေတာ့ ၾကမ္းတာေပါ့ကြာ၊ အဲဒီမွာ ခင္ၾကည္က ငိုရွာပါတယ္၊ ငါကလည္း ခင္ၾကည္ခ်စ္တယ္ေျပာမွလႊတ္ေပးမယ္ေပါ့ကြာ၊ ဒီအခ်ိန္႐ြာမွာက်န္ခဲ့တဲ့ ငါ့ေဘာ္ဒါလူမိုက္ေတြက ငါခင္ၾကည္ကိုမိန္းမခိုးေျပးသြားၿပီ ဆိုၿပီးသတင္းလႊင့္တယ္၊ လွည္းေပၚမွာ ငါတို႔ႏွစ္ေယာက္ကိုေတြ႕တဲ့လူကလည္း ေတြ႕နဲ႔ဆိုေတာ့ ယုံသြားၾကတာေပါ့ကြာ”

“ဟား၊ ဟား အဲဒါနဲ႔ခင္ဗ်ားတို႔ညားေရာလား၊ ခင္ဗ်ားမဟုတ္တာေတြေတာ့ မလုပ္ပါဘူးေနာ္”

ကိုေအးက ႏႈတ္ဆိတ္ေနတယ္ဗ်၊ ၿပီးေတာ့ သူကလက္ညႇိဳးေထာင္ၿပီးေတာ့

“ခင္ၾကည္က ေနာက္ဆုံးေတာ့ ေခါင္းညိတ္လိုက္တာပါပဲ၊ ငါ့ကိုေတာ့ တစ္ခုပဲေတာင္းဆိုတယ္ကြာ”

“ဘာေတာင္းဆိုတာလဲဗ်”

“ကိုေအး၊ ေနာက္ဆိုရွင္ လိမ္မာရမယ္ေနာ္တဲ့”

က်ဳပ္တို႔လည္းဝိုင္းရယ္လိုက္ၾကတယ္။

“ဟား၊ ဟား အဲဒီစကားတစ္ခြန္းနဲ႔ပဲ ခင္ဗ်ားလူမိုက္ႀကီးဘ၀ကေန ကြၽတ္သြားၿပီး လူလိမ္မာေလးျဖစ္သြားတာေပါ့၊ ဟား၊ ဟား”

ကိုေအးက က်ဳပ္ကိုမ်က္ေစာင္းထိုးၿပီး

“မင္းတို႔မရယ္နဲ႔ကြ၊ ငါလည္းကိုယ္လိုခ်င္တာရၿပီဆိုေတာ့ စြန႔္လႊတ္သင့္တာကို စြန႔္လႊတ္ခဲ့ရတယ္မဟုတ္လား၊ အရက္ေသာက္၊ ၾကက္တိုက္အကုန္စြန႔္လႊတ္ၿပီး ယုတ္စြအဆုံး ငါအရမ္းႀကိဳက္တဲ့အမဲသားကိုေတာင္မွ ေရစက္ခ်လိုက္ရေတာ့တာ”

“ဟုတ္ပါၿပီ၊ ဒါနဲ႔က်ဳပ္တို႔က ဘာလုပ္ရမွာလဲ”

“မင္းတို႔နားမလည္ဘူးလား၊ တကယ္တမ္းေတာ့ အေရးႀကီးတာက သူတို႔ႏွစ္ေယာက္ႀကိဳက္ေနပါၿပီ၊ ခိုးသြားပါၿပီ၊ ညားသြားပါၿပီဆိုတဲ့ သတင္းထြက္ဖို႔ပဲကြ”

“ဒါဆို ကိုရင္ေမာင္ကိုလည္း ကိုေအးက ခိုးခိုင္းတာလား”

ကိုေအးက ရင္ေမာင္ပုခုံးကိုပုတ္ၿပီး

“ရင္ေမာင္က ငါတို႔အိမ္ကို ဝင္ထြက္ေနတာပဲ၊ ငါသူ႔အေၾကာင္းသိပါတယ္၊ သူ႔ကိုငါ့ေယာက္ဖအျဖစ္ ငါလက္ခံႏိုင္ပါတယ္”

ရင္ေမာင္က ေခါင္းညိတ္တယ္ဗ်။ ကိုေအးက က်ဳပ္ကိုၾကည့္ၿပီးေတာ့

“အလတ္ေကာင္ မင္းကေရာ”

က်ဳပ္လည္းမ်က္လုံးျပဴးသြားတာေပါ့။

“က်ဳပ္ကဘာျဖစ္ရမွာလဲ”

“မင္းေရာ ရင္ေမာင္ကို ႏွင္းၾကည္နဲ႔သေဘာတူလားလို႔ေမးတာ”

“ဟာဗ်ာ၊ မႏွင္းၾကည္က က်ဳပ္နဲ႔ဘာမွမေတာ္တာ၊ က်ဳပ္က ဘာကိုခြင့္မျပဳရမွာလဲ”

“မဟုတ္ဘူးေလကြာ၊ မင္းနဲ႔ႏွင္းၾကည္က ႀကိဳက္ေနတာမဟုတ္လား၊ မီးဖိုေခ်ာင္ထဲေတာင္မွ အာဘြားေပးၾက . . .”

က်ဳပ္လည္း ကိုေအးပါးစပ္ကိုလွမ္းပိတ္လိုက္တာေပါ့ဗ်ာ၊ ကိုေအးကေတာ့ က်ဳပ္ကိုအထူးအဆန္းနဲ႔ၾကည့္တယ္၊

“ကေလးေျပာတာေတြေလွ်ာက္မယုံပါနဲ႔ဗ်ာ၊ တကယ္မဟုတ္ပါဘူး၊ ေနာက္ၿပီး ကိုရင္ေမာင္နဲ႔ဆိုရင္လည္း မႏွင္းၾကည္က ငယ္ငယ္ကတည္းက ခင္ခဲ့တာမဟုတ္လား၊ သူတို႔ပဲျဖစ္သင့္ပါတယ္”

ကိုေအးက ေခါင္းညိတ္ၿပီး

“ေအး၊ ေကာင္းၿပီ၊ မင္းတို႔အားလုံးသေဘာတူတယ္ဆိုရင္ တို႔မနက္ျဖန္ပဲ အေကာင္အထည္ေဖာ္မယ္”

“ဘယ္လိုလုပ္မွာလဲဗ်”

“ငါကႏွင္းၾကည္ကိုတစ္ဖက္လွည့္နဲ႔ေခၚထုတ္မယ္၊ ရင္ေမာင္က အဲဒီမိုးစိုဆိုတဲ့႐ြာကေန သြားႀကိဳေစာင့္ေနေပါ့ကြာ၊ က်န္တာကိုေတာ့ ငါၾကည့္စီစဥ္လိုက္မယ္”

က်ဳပ္လည္း ရင္ေမာင္အေရွ႕က အရက္ခြက္ထဲကို အရက္လက္က်န္ငွဲ႔ထည့္ေပးလိုက္တယ္။

“ကဲ ကိုရင္ေမာင္၊ ဒီတစ္ခြက္ကေတာ့ က်ဳပ္တို႔ရဲ႕ေအာင္ပြဲအတြက္ပဲ”

“ခ်ဗ်ာ . . .”

က်ဳပ္တို႔သုံးေယာက္ အရက္ခြက္ကိုယ္စီကိုင္ၿပီး ေလေပၚမွခြက္ခ်င္းတိုက္လိုက္တယ္၊ ေနာက္ေတာ့သုံးေယာက္လုံးတစ္က်ိဳက္တည္းေမာ့ေသာက္လိုက္တာေပါ့ဗ်ာ။ ေနာက္ေတာ့ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္း အႀကံသမားေလသံနဲ႔ ရယ္လိုက္ၾကတယ္ဗ်။

“ဟြင္း၊ ဟြင္း၊ ဟြင္း”

(၂)

“ေခါင္းေလာင္းသံ . . . တညံညံေပး . . . ေဟး . . ေဟး”

“ကိုေအး၊ ခင္ဗ်ားတျခားသီခ်င္းမရဘူးလားဗ်ာ၊ ခင္ဗ်ားမူးလာရင္ အဲဒီေခါင္းေလာင္းသံဆိုတာခ်ည္းပဲ”

“ဟာ . . . ငါလည္းငါရတဲ့သီခ်င္း ငါဆိုတာကြ”

ကိုေအးနဲ႔က်ဳပ္တို႔ေတြ မူးမူးနဲ႔႐ြာထဲျပန္ဝင္လာၾကတာေပါ့ဗ်ာ၊ အခ်ိန္ကေတာ့ အေတာ္ညည့္နက္ေနၿပီဗ်၊ အရက္ဆိုင္ထဲမွာေတာင္ က်ဳပ္တို႔ပဲက်န္ေတာ့တာ၊ ဆိုင္ရွင္ ကိုအံ့ႀကီးက သူဆိုင္ပိတ္ခ်င္တာနဲ႔ က်ဳပ္တို႔ကိုႏွင္လႊတ္လိုက္လို႔ ထလာရတာဗ်ိဳ႕။

လူေတြကလည္းေတာ္ေတာ္ေဒါင္ခ်ာစိုင္းေနၿပီဗ်၊ သုံးေယာက္သား တစ္ေယာက္ပုခုံးတစ္ေယာက္တြဲထားလို႔သာ မလဲက်ဘဲ ဟန္ခ်က္ညီေနတာဗ်ိဳ႕၊ က်ဳပ္တို႔ေလွ်ာက္လာရင္း ႐ြာထိပ္ေလာက္ေရာက္ေတာ့ တစ္႐ြာလုံးက ေခြးေတြဆြဲဆြဲငင္ငင္နဲ႔အူၾကတာဗ်ာ၊ က်ဳပ္ျဖင့္ၾကက္သီးေတာင္ထတယ္။

႐ြာအဝင္လမ္းမွာ အေၾကာ္တဲကေလးေတြ၊ မုန႔္ဖိုကေလးေတြရွိတယ္၊ အဲဒီအေၾကာ္တဲကေလးေတြ တစ္ဖက္မွာေတာ့ ေညာင္ပင္အႀကီးႀကီးတစ္ပင္ရွိတယ္ဗ်၊ အဲဒီေညာင္ပင္ႀကီးေအာက္ေျခနားမွာေတာ့ ကေလးေတြေဆာ့ကစားတတ္တဲ့ကြင္းေလးတစ္ခုရွိတယ္၊ က်ဳပ္တို႔မူးမူးနဲ႔ျပန္လာရင္း ကြင္းကေလးနားေရာက္ေတာ့ လူတစ္ေယာက္က ကြင္းထဲမွာမတ္တပ္ရပ္ေနတာဗ်။

“ေဟ့လူေတြ၊ ဟိုမွာ ေညာင္ပင္ေအာက္နားမွာၾကည့္လိုက္စမ္းဗ်ာ၊ သရဲႀကီးလားမသိဘူး”

ရင္ေမာင္ေျပာတာနဲ႔ က်ဳပ္တို႔လည္းျပဴးၿပဲၿပီးၾကည့္တာေပါ့ဗ်ာ၊ လူတစ္ေယာက္မတ္တပ္ရပ္ေနသလိုပဲဗ်၊ ေညာင္ပင္က အုပ္ဆိုင္းေနတာဆိုေတာ့ သိပ္မျမင္ရဘူးေပါ့။

“ဟာကြာ၊ မင္းကလည္း ဂိုဏ္းပညာေတြတတ္ထားၿပီးေတာ့ ေၾကာက္မေနစမ္းပါနဲ႔၊ သရဲဆိုလာစမ္း၊ ငေအးအေၾကာင္းသိသြားမယ္”

က်ဳပ္တို႔ဆက္သြားေတာ့မွ သရဲမဟုတ္ဘဲ ဦးဘသာႀကီးမတ္တပ္ရပ္ေနတာဗ်၊

“ဟာဗ်ာ၊ ဘယ္ကသရဲရမွာလဲ၊ အဲဒါဦးဘသာဗ်၊ က်ဳပ္ကိုစိတ္မခ်လို႔ ထြက္ေစာင့္ေနတာျဖစ္မယ္”

က်ဳပ္တို႔လည္း ဦးသာႀကီးကိုႏႈတ္ဆက္ရေအာင္ ေညာင္ပင္နားကိုလာခဲ့တာေပါ့ဗ်ာ၊ ကြင္းကေလးနားမေရာက္ခင္ လမ္းေဘးမွာ မိုးႏွံခ်ဳံပင္ေတြေပါက္ေနေတာ့ က်ဳပ္တို႔လည္းခ်ဳံေတာထဲကိုပတ္ၿပီးလာခဲ့တာေပါ့။ ဒီအခ်ိန္မွာပဲ ရယ္သံႀကီးကိုၾကားရတယ္ဗ်၊ ေနာက္ၿပီး ေညာင္ပင္ေပၚက မီးလုံးႀကီးတစ္လုံးက ဆင္းလာတာ၊ မီးလုံးႀကီးက ေျခာက္ဆယ္ဝပ္မီးလုံးႀကီးလို ထိန္လင္းေနၿပီးေတာ့ ဝါဖန႔္ဖန႔္ႀကီးဗ်၊ က်ဳပ္တို႔လည္း မဟန္မွန္းသိတာနဲ႔ ခ်ဳံကြယ္ထဲကို ေျပးဝင္လိုက္ၾကတာ။

“ငါေရာက္ၿပီစိုင္းရာဇာ၊ မင္းငါ့ကိုဒီကိုေခၚတာ ဘာကိစလဲ”

ဦးဘသာက ေအာ္ေျပာတယ္ဗ်၊ အခ်ိန္မေတာ္ႀကီးဆိုေတာ့ ပတ္ဝန္းက်င္ကတိတ္ဆိတ္ေနတာနဲ႔သူတို႔ဘာေျပာတယ္ဆိုတာကို အတိုင္းသားၾကားေနရတာေပါ့ဗ်ာ။ စိုင္းရာဇာက ေညာင္ပင္ႀကီးအနားမွာ ရပ္ေနတာဗ်၊ သူ႔ေခါင္းေပၚမွာလည္း မီးလုံးႀကီးက ဝဲပ်ံေနတာဆိုေတာ့ ထင္းေနတာေပါ့ဗ်ာ။

“ခင္ဗ်ား၊ ညေနက က်ဳပ္လူတစ္ေယာက္ကို မီးေလာင္တိုက္သြင္းခဲ့တယ္မဟုတ္လား၊ က်ဳပ္အဘက ခင္ဗ်ားကိုမေက်နပ္ဘူးဗ်”

“ဪ၊ ဥသွ်စ္ပင္က အေကာင္ကိုေျပာတာထင္တယ္၊ ဒီေကာင့္ကို ငါတမင္သက္သက္လုပ္ခဲ့တာမဟုတ္ဘူး၊ ေနစမ္းပါအုံး၊ မင္းအဘက ဘာေကာင္လဲကြ”

အဲဒီအခါ စိုင္းရာဇာက မီးလုံးႀကီးကို ၾကည့္လိုက္တယ္ဗ်၊ မီးလုံးႀကီးက တျဖည္းျဖည္းနိမ့္လာၿပီးေတာ့ လူႀကီးတစ္ေယာက္အျဖစ္ေျပာင္းလဲသြားတယ္၊ လူပုံကေတာ့ အဘိုးႀကီးတစ္ေယာက္ပဲဗ်ာ၊ ဇာတ္ပြဲထဲက မူးမတ္ေတြဝတ္သလိုမ်ိဳး အဝတ္အစားအျဖဴႀကီးဝတ္ထားတာဗ်၊ ေခါင္းမွာလည္း အခြၽန္အတက္ေတြပါတဲ့ ဦးထုပ္ႀကီးေဆာင္းထားေသးတယ္၊ ပိုၿပီးထူးျခားတာကေတာ့ သူ႔ရဲ႕မုတ္ဆိတ္ေမႊးႀကီးပဲဗ်၊ မုတ္ဆိတ္ေမႊးႀကီးက သူ႔ခ်က္ေလာက္အထိရွည္ၿပီး တြဲက်ေနတာ၊ သူက ေျမႀကီးနဲ႔ေတာ့မထိဘူးဗ်၊ လက္တစ္လံေလာက္ ေျမေပၚကလြတ္ေနတယ္၊ ျမင္ေနရတယ္ဆိုေပမယ့္ လူလိုေတာ့မဟုတ္ဘူး၊ မီးခိုးလိုလို ေရေႏြးေငြ႕လိုလိုနဲ႔ ေပါ့၊ လင္းတာကေတာ့ အေတာ္လင္းေနတာဗ်။

ဒါေပမယ့္ အဲဒီအဘိုးႀကီးက စိတ္ဆိုးေနပုံရတယ္၊ ဦးဘသာႀကီးကိုလက္ညႇိဳးထိုးလိုက္ၿပီးေတာ့

“မင္းစကားေျပာတာ႐ိုင္းလိုက္တာ၊ ငါ့ကိုမ်ား အေကာင္တဲ့လား”

ဦးဘသာက သူ႔ဗိုက္ကိုလက္ႏွစ္ဖက္နဲ႔ဖိၿပီးေတာ့ ခါးကိုင္းက်သြားတယ္ဗ်၊ က်ဳပ္တို႔ဗိုက္နာရင္ လုပ္တဲ့ပုံစံမ်ိဳးေပါ့ဗ်ာ၊ အဘိုးႀကီးက ေနာက္ထပ္လက္ညႇိဳးနဲ႔တစ္ခ်က္ထိုးလိုက္ေတာ့ ဦးဘသာက ေျမေပၚကို ေခြေခြေလးလဲက်သြားတာ၊ ၿပီးေတာ့ တအင့္အင့္နဲ႔ညည္းၿပီးေတာ့ ဘယ္ညာလူးေနတာပဲ။

“ဦးဘ . . .”

က်ဳပ္ထေျပးမလိုလုပ္ေတာ့ ကိုေအးတို႔က က်ဳပ္လက္ကိုဆြဲထားတယ္ဗ်၊ က်ဳပ္ပါးစပ္ကိုလည္း ပိတ္လိုက္တယ္။

“ေဟ့ေကာင္၊ စိတ္ကိုထိန္းစမ္းပါ၊ မင္းအဘႀကီးေတာင္ ခံေနရၿပီမဟုတ္လား၊ ငါတို႔ထြက္သြားမွ ငါတို႔ကိုလုပ္ေနအုံးမယ္”

က်ဳပ္လည္း ဦးဘသာခံေနရတာကို မၾကည့္ရက္ေတာ့ဘူး၊ ဦးဘသာက လက္တစ္ဖက္ကိုေလေပၚေျမႇာက္လိုက္ေတာ့မွ အဘိုးႀကီးက လက္ညႇိဳးကိုခ်လိုက္တယ္။ ဦးဘသာက လူးလဲထရင္း

“က်ဳပ္ ေတာင္းပန္ပါတယ္၊ ခင္ဗ်ားက ဘယ္သူလဲ”

အဲဒီအခါ စိုင္းရာဇာက အေရွ႕ကိုတစ္လွမ္းတက္လိုက္ၿပီးေတာ့

“ဒါက က်ဳပ္ရဲ႕အဘ၊ ႏွစ္တစ္ေထာင္႐ုကၡစိုးဘိုးဘိုးႀကီးပဲဗ်”

ဦးဘသာက အလူးအလဲနဲ႔ကုန္းထတယ္ဗ်၊

“မင္း . . . မင္းက ဘယ္လိုလုပ္ၿပီး ႐ုကၡစိုးနဲ႔ေပါင္းေနတာလဲ”

“က်ဳပ္က ငယ္ငယ္ကတည္းက ႐ုကၡစိုးေမွာ္က်င့္လာတာဗ်”

“ဒါဆို မင္းေမွာ္ေအာင္သြားတာလား”

“ဒါေပါ့ဗ်ာ၊ က်ဳပ္ကိုးႏွစ္တိတိ ေတာနက္ထဲက ေညာင္ပင္ႀကီးေတြေအာက္မွာ လိုက္က်င့္ရတယ္၊ ေနာက္ဆုံးေတာ့မွ က်ဳပ္ရဲ႕အဘကိုျပန္ေတြ႕ၿပီးေတာ့ က်င့္စဥ္ေအာင္သြားခဲ့တာပဲ”

“ေနပါအုံး မင္းရဲ႕အဘဆိုေတာ့”

စိုင္းရာဇာက ေခါင္းညိတ္လိုက္ၿပီး

“ဘိုးဘိုးႀကီးနဲ႔ က်ဳပ္နဲ႔က ဟိုးအရင္ဘ၀တစ္ခုက သားအဖေတာ္စပ္ခဲ့တယ္၊ ဘိုးဘိုးႀကီးက က်ဳပ္ကိုခ်စ္ခင္ၿပီးေတာ့ အျပန္အလွန္အေနနဲ႔ က်ဳပ္ကိုေစာင့္ေရွာက္ခဲ့တာပဲ”

“ငါသေဘာေပါက္ၿပီ၊ ဒါေၾကာင့္လည္း မင္းက အရာတိုင္းကို သိႏိုင္ျမင္ႏိုင္ၾကားႏိုင္ေနတာ၊ မင္းရဲ႕ဘိုးဘိုးႀကီးဆီက အၾကားဓါတ္၊ အျမင္ဓါတ္၊ အသိဓါတ္ေတြ ရထားလို႔မဟုတ္လား”

စိုင္းရာဇာက ေခါင္းညိတ္လိုက္ၿပီးေတာ့

“မွန္တာေပါ့ဗ်ာ၊ ဒါတင္ဘယ္ကအုံးမွာလဲ ဘိုးဘိုးႀကီးေရာက္ေနတဲ့ေနရာက ရွိသမွ်လူတိုင္း၊ မျမင္အပ္တဲ့လူေတြတိုင္းကို ဘိုးဘိုးႀကီးတန္ခိုးနဲ႔ခိုင္းစားလို႔ရတယ္”

ဦးဘသာက အေရွ႕ကိုတိုးၿပီးေတာ့ လက္အုပ္ခ်ီတယ္ဗ်။

“က်ဳပ္ေတာင္းပန္ပါတယ္ ဘိုးဘိုးႀကီး၊ က်ဳပ္မသိလို႔ေစာ္ကားမိသလိုျဖစ္သြားပါတယ္၊ က်ဳပ္ကိုခြင့္လႊတ္ပါ”

“ရွိေစေတာ့၊ မင္းကိုငါခြင့္လႊတ္တယ္၊ ဒါေပမယ့္ ငါ့သားက မင္းနဲ႔ပါလာတဲ့ေကာင္ေလးကို ခြင့္မလႊတ္ဘူး”

ဦးဘသာက စိုင္းရာဇာဘက္ကိုလွည့္ၿပီး လက္အုပ္ခ်ီတယ္။

“သူ႔အစား ဦးေလးကပဲေတာင္းပန္ပါတယ္ငါ့တူရာ၊ ငါ့တူရဲ႕စိတ္ကိုေလ်ာ့လိုက္ပါ၊ သူေသသြားလို႔လည္း ငါ့တူဘာအက်ိဳးမွမရွိပါဘူး”

စိုင္းရာဇာဆိုတဲ့ေကာင္က ဟင္းခနဲမဲ့ၿပဳံးၿပဳံးလိုက္တယ္ဗ်။

“က်ဳပ္ကိုေစာ္ကားတဲ့ေကာင္ေတြကို က်ဳပ္အရွင္မထားဘူး၊ ဟိုအထက္လမ္းေကာင္ကိုလည္း တစ္ခ်ိန္က်ရင္သတ္ပစ္အုံးမွာ၊ ဒီေကာင္က ဘုရားတရားၿမဲေနေတာ့ ကပ္မရေသးလို႔၊ ခင္ဗ်ားရဲ႕တူကိုလည္း က်ဳပ္က ဇီဝိန္ခ်ဳပ္ပစ္မွာ”

က်ဳပ္လည္းေတာက္တစ္ခ်က္ေခါက္ၿပီးေတာ့ ခ်ဳံကြယ္ထဲကထြက္လိုက္တယ္ဗ်၊ က်ဳပ္ျဖင့္ ေဒါသေတြထြက္လြန္းလို႔ ေညာင္ပင္ေအာက္ကိုဘယ္လိုေရာက္သြားသလဲမသိပါဘူးဗ်ာ။

“ဦးဘသာေတာ္ၿပီ၊ ဒီလိုေကာင္ကို ေတာင္းပန္စရာအေၾကာင္းမရွိဘူး”

က်ဳပ္ေရာက္သြားေတာ့ အားလုံးအံ့ဩသြားတာေပါ့၊ ကိုေအးနဲ႔ ရင္ေမာင္ကေတာ့ ခ်ဳံပုတ္ထဲကေနထြက္မလာဘူးဗ်၊ ၿငိမ္ၿပီးကုပ္ေနၾကတယ္။ က်ဳပ္လည္း စိုင္းရာဇာကိုလက္ညႇိဳးထိုးၿပီးေတာ့

“ေဟ့ေကာင္၊ မင္းေယာက္smးမဟုတ္ဘူးလား၊ ေယာက္်ားဆိုရင္ ေယာက္်ားလိုရွင္းရမွာေပါ့ကြ”

စိုင္းရာဇာက က်ဳပ္ကိုမ်က္လုံးႀကီးျပဴးၾကည့္တယ္ဗ်။

“ဒါနဲ႔ေနစမ္းပါအုံး၊ မင္းတို႔က ငါ့ကိုဘာျဖစ္လို႔ ရန္ရွာခ်င္တာလဲကြ”

“ဒါကေတာ့ ခင္ဗ်ားက မႏွင္းၾကည္ကို အီစီကလီလုပ္ေနလို႔ေပါ့ဗ်၊ က်ဳပ္ေျပာတာဟုတ္တယ္မဟုတ္လား”

စိုင္းရာဇာက မ်က္ႏွာတစ္ခ်က္ပ်က္သြားၿပီးေတာ့ သူ႔အဘကိုၾကည့္လိုက္တယ္။

“အဘ . . .”

အဘိုးႀကီးက က်ဳပ္ကိုၿပဳံးၿပီးၾကည့္လိုက္တယ္ဗ်၊ သူ႔မ်က္လုံးေတြက ဝင္းခနဲလက္သြားတာပဲဗ်ာ၊ က်ဳပ္လည္း အံ့ဩၿပီးေငးၾကည့္ေနမိတယ္။

“အလတ္ေကာင္ . . .”

ဦးဘသာကေအာ္ၿပီးတာ့ က်ဳပ္ေရွ႕ကိုေျပးလာတယ္ဗ်၊ ေနာက္ေတာ့ သူ႔လက္ဝါးကိုျဖန႔္ၿပီးတားလိုက္တယ္၊ ဒါေပမယ့္ သူလည္းမတားႏိုင္ပါဘူးဗ်ာ၊ ႐ုကၡစိုးႀကီးပစ္လႊတ္တဲ့ စက္ေတြထိမွန္ၿပီးေတာ့ ဦးဘသာေရာက်ဳပ္ေရာ ႏွစ္ေယာက္စလုံး ဖင္ထိုင္လဲၿပီးေတာ့ ေျမႀကီးေပၚမွာ တ႐ြတ္တိုက္ၿပီး ဆယ္ေပေလာက္အထိလြင့္သြားေတာ့တာပါပဲ။ က်ဳပ္လည္း ကုန္းထလိုက္ၿပီးေတာ့ ဦးဘသာႀကီးကိုေျပးတြဲလိုက္တယ္၊ လူကလည္းမူးေနတာဆိုေတာ့ ကတုန္ကယင္ေပါ့ဗ်ာ။

ဦးဘသာႀကီးက အေတာ္စိတ္ဆိုးသြားၿပီးေတာ့ ႐ုကၡစိုးႀကီးကိုၾကည့္လိုက္တယ္ဗ်။

“ေဟ့လူ၊ က်ဳပ္တူကိုမထိနဲ႔လို႔ ခင္ဗ်ားကိုေျပာထားတယ္ေနာ္”

“ေအာင္မာ၊ စကားေျပာတာ ႐ိုင္းလွခ်ည္လား၊ မင္းလို စုန္းအစုတ္အပဲ့ကမ်ား ငါ့ကိုယွဥ္ႏိုင္မယ္ထင္လို႔လားဟဲ့”

ဦးဘသာက အံႀကိတ္တယ္ဗ်၊ ေမး႐ိုးႀကီးေတြကို ထင္းသြားတာပဲဗ်ာ။

“က်ဳပ္ေတာင္းပန္တာ အလကားေတာင္းပန္တာမဟုတ္ဘူး၊ ခင္ဗ်ား ထိခိုက္မွာစိုးလို႔ေတာင္းပန္ေနတာ၊ ခင္ဗ်ား ျပႆနာမျဖစ္ခ်င္ရင္ က်ဳပ္ေတာင္းပန္တာကိုလက္ခံၿပီး ျပန္လိုက္ေတာ့”

“ေအာင္မာ၊ ဒီစုန္းက ႀကီးႀကီးက်ယ္က်ယ္နဲ႔၊ ကိုင္း . . . လာစမ္းေဟ့”

႐ုကၡစိုးႀကီးက လက္ညႇိဳးနဲ႔ထိုးထည့္လိုက္ျပန္ေရာဗ်ာ၊ တစ္ခ်ိန္တည္းမွာပဲ ဦးဘသာေခါင္းက အလင္းေရာင္ေတြထြက္လာၿပီး အေမာက္ႀကီးသုံးခုေပၚလာပါေရာ။ ႐ုကၡစိုးႀကီးလႊတ္လိုက္တဲ့ စက္ေတြက ဦးဘသာနဲ႔က်ဳပ္ကိုမထိေတာ့ဘဲ ေဘးကိုလြဲသြားၿပီးေတာ့ ေျမႀကီးေပၚကိုက်သြားတယ္ဗ်၊ ေျမႀကီးေပၚမွာ တေျဖာက္ေျဖာက္ေအာ္ၿပီးေတာ့ တြင္းေတြျဖစ္သြားတယ္။

ဦးဘသာအေမာက္ႀကီးကိုၾကည့္ၿပီး အားလုံးက အံ့အားသင့္ေနတာေပါ့ဗ်ာ၊ ဦးဘသာက လက္အုပ္ခ်ီလိုက္ၿပီးေတာ့

“ေ႐ႊေရာင္အဆင္း၊ ေ႐ႊေရာင္အဝင္းျဖင့္ ေ႐ႊအေမာက္မွာ နန္းေဆာက္စံေပ်ာ္တဲ့ ဂႏၶဗၺ နတ္မင္းႀကီးကို ကြၽႏ္ုပ္ဆင့္ေခၚပါတယ္”

ဦးဘသာေရ႐ြတ္လိုက္တယ္ဆိုရင္ပဲ သူ႔ငယ္ထိပ္အလယ္က ေ႐ႊေရာင္အေမာက္ႀကီးက ၿပိဳးၿပိဳးပ်က္ပ်က္အေရာင္ေတြထြက္ၿပီးေတာ့ ေ႐ႊေရာင္အလုံးႀကီးတစ္လုံးက မိုးေပၚကိုထြက္လာတယ္ဗ်၊ က်ဳပ္ျဖင့္တစ္ခါမွ မျမင္ဖူးဘူးဗ်ာ၊ ဦးဘသာကဆက္ေျပာတယ္။

“ေျမာက္အရပ္မွာစံေပ်ာ္တဲ့ အစိမ္းေရာင္ကိုယ္အဆင္းနဲ႔ ယကမင္းႀကီးလည္း ကိုယ္ေယာင္ကိုယ္ဝါေတာက္ပစြာနဲ႔ ကိုယ္ထင္ျပေတာ္မူပါ”

အဲဒီလိုလည္းေျပာလိုက္ေရာ အစိမ္းေရာင္အေငြ႕ေတြ ေတာက္ေနတဲ့ အေမာက္ထဲကေန အစိမ္းေရာင္အလုံးႀကီးတစ္လုံးထြက္လာျပန္ပါေရာ။

“တစ္ခါ၊ အေနာက္အရပ္မွာအရင္းတည္၊ အနီေရာင္အေမာက္ကိုးခုနဲ႔ နာဂေဒဝီ နဂါးနီကိုလည္း ကြၽန္ေတာ္မ်ိဳးက ပင့္ဖိတ္ေတာ္မူပါသည္၊ ယခုအရပ္သို႔ ႂကြျမန္းေတာ္မူပါ နာဂေဒဝီ နဂါးနီခင္ဗ်ား”

ဦးဘသာေအာ္လိုက္ျပန္ေတာ့ အနီေရာင္အေမာက္ႀကီးထဲက အနီေရာင္ေဘာလုံးႀကီးထြက္လာျပန္ပါေရာဗ်ာ၊ ေဘာလုံးႀကီးသုံးလုံးက မိုးေပၚကိုပ်ံတက္သြားၿပီးေတာ့ တစ္ခါအလင္းေတြထြက္ၿပီးေတာ့ ျပန္ဆင္းလာျပန္ပါေရာ၊ ေ႐ႊေရာင္အလုံးႀကီးက ေ႐ႊေရာင္နတ္မင္းႀကီးျဖစ္သြားတာဗ်၊ ဇာတ္ေတြထဲမွာ ဝတ္ၾကတဲ့ပုံအတိုင္းပါပဲဗ်ာ၊ အစိမ္းေရာင္ကေတာ့ ဘီလူးမင္းႀကီးဗ်၊ သံခ်ပ္ကာဝတ္စုံတစ္မ်ိဳးကိုလည္း ဝတ္ထားေသးတယ္၊ က်ဳပ္ေတာ့ အဲဒီပုံစံကိုတစ္ခါမွ မျမင္ဖူးဘူး၊ အနီေရာင္အလုံးႀကီးကေတာ့ နဂါးႀကီးတစ္ေကာင္ျဖစ္သြားတာဗ်၊ ေခါင္းမွာလည္းအခြၽန္အတက္ေတြအစုံပဲဗ်ာ။

ဦးဘသာႀကီး ဒီေလာက္စြမ္းမွန္း က်ဳပ္မသိဘူးဗ်ာ။ ေကာင္းကင္ေပၚမွာ မီးေရာင္စုံေတြေတာက္ၿပီးေတာ့ ဦးဘသာရဲ႕ နတ္မင္း၊ နဂါးမင္း၊ ဘီလူးမင္းနဲ႔ ႏွစ္တစ္ေထာင္႐ုကၡစိုးဘိုးဘိုးႀကီးနဲ႔ ေဆာ္ၾကပါေရာဗ်ာ၊ အလင္းေရာင္ေတြ ဝင္းခနဲလက္ခနဲျဖစ္သြားလိုက္၊ ေမွာင္က်သြားလိုက္နဲ႔၊ ေလေတြကလဲ တဝုန္းဝုန္းနဲ႔တိုက္ေနလိုက္တာမ်ား ေညာင္ပင္ႀကီးဆိုရင္ ဘယ္ညာယိမ္းထိုးေနတာပဲဗ်ာ။

(၃)

ကိုေအးနဲ႔ရင္ေမာင္နဲ႔က ခ်ဳံပုတ္ထဲကေနကုန္းထလာၾကတယ္ဗ်။

“လူၾကမ္းရင္ နတ္ၾကမ္းမခံႏိုင္ဘူးတဲ့ေဟ့၊ အဲဒီေခြးေကာင္ကို ေဆာ္ၾကဟ”

ကိုေအးလက္ထဲမွာလည္း သစ္ေခ်ာင္းႀကီးတစ္ေခ်ာင္းကိုင္လို႔ဗ်၊ ရင္ေမာင္နဲ႔ကိုေအးက ညာသံေပးၿပီးေတာ့ ခ်ဳံထဲကေနေျပးထြက္လာၾကတာ၊ စိုင္းရာဇာလည္း ဘာလုပ္ရမွန္းမသိေတာ့ဘဲ ေငးေၾကာင္ၾကည့္ေနတာေပါ့ဗ်ာ။ က်ဳပ္လည္း အားေတြတက္လာၿပီး စိုင္းရာဇာဆီကိုေျပးခဲ့တာေပါ့။

“ျမင္းဇာ႐ြာက ငေအးတဲ့ကြ”

ကိုေအးက အားရပါးရေအာ္ၿပီး တုတ္နဲ႔ေျပးဝင္လာတယ္ဗ်၊ ကံဆိုးခ်င္ေတာ့ ေညာင္ျမစ္တစ္ခုနဲ႔ေျခေထာက္နဲ႔တိုက္မိၿပီး ဘိုင္းခနဲေခ်ာ္လဲက်သြားတယ္၊ ကိုေအးထက္စာရင္ ရင္ေမာင္က ေတာ္ေသးတယ္ဗ်၊ စိုင္းရာဇာဆီေျပးခုန္ဝင္ၿပီးေတာ့ လက္သီးနဲ႔မ်က္ႏွာကိုထိုးခ်လိုက္တာဗ်ာ၊ ဒါေပမယ့္ မူးေနေတာ့ လက္သီးက စိုင္းရာဇာမ်က္ႏွာဆီမေရာက္ဘဲ ေဘးကိုတစ္ေတာင္ေလာက္လြဲသြားၿပီးေတာ့ ေညာင္ပင္ႀကီးကိုထိုးမိသြားပါေရာ။

က်ဳပ္လည္းအတင္းေျပးဝင္ၿပီး လုံးထည့္လိုက္တာပဲဗ်ာ၊ ဆြဲမိဆြဲရာေတြေလွ်ာက္ဆြဲေတာ့ စိုင္းရာဇာဝတ္ထားတဲ့ပုဆိုးႀကီးဆြဲမိတာေပါ့ဗ်ာ၊ က်ဳပ္ဝင္လုံးေတာ့ ရင္ေမာင္ကလည္း စိုင္းရာဇာကိုနပမ္းဖက္လုံးတယ္ဗ်၊ က်ဳပ္တို႔သုံးေယာက္သား ေညာင္ပင္ေျခရင္းမွာ နပမ္းလုံးေနၾကတာေပါ့ဗ်ာ၊ စိုင္းရာဇာက ေအာ္ရွာတယ္ဗ်။

“အဘ . . . အဘေရ ကယ္ပါအုံး”

သူ႔အဘလည္း အလုပ္မ်ားေနလို႔ မကယ္ႏိုင္ဘူးထင္ပါတယ္ဗ်ာ၊ က်ဳပ္နဲ႔ရင္ေမာင္နဲ႔ သူ႔ကိုဝိုင္းတြယ္ၾကလို႔ စိုင္းရာဇာတစ္ေယာက္ ႐ုကၡစိုးမကယ္ႏိုင္ပါဆိုၿပီးျဖစ္ေနတာေပါ့ဗ်ာ။

မူးမူးနဲ႔ဆိုေတာ့ မွီရာေဆာ္တာပဲဗ်ာ၊ က်ဳပ္ေရွ႕မွာ ေျခသလုံးတစ္ေခ်ာင္းေတြ႕တာနဲ႔ က်ဳပ္လည္းဖက္ကိုက္ထည့္တာပဲ။

“အား . . . အဲဒါငါ့ေျခေထာက္ကြ”

အသံကေတာ့ ရင္ေမာင္အသံပဲဗ်၊ သူ႔အသံၾကားေတာ့မွ ရင္ေမာင္ေျခသလုံးမွန္းသိၿပီး ျပန္လႊတ္ေပးလိုက္ရတယ္၊ ရင္ေမာင္ကလည္း လက္သီးေတြတစ္လုံးၿပီးတစ္လုံး စိုင္းရာဇာကိုပစ္သြင္းတာေပါ့ဗ်ာ၊ ဒါေပမယ့္ သူ႔လက္သီးက က်ဳပ္နံၾကားကိုပဲ လာလာထိုးေနတာဗ်။

“ကိုရင္ေမာင္၊ ခင္ဗ်ားထိုးတာက်ဳပ္ဗ်”

ရင္ေမာင္လည္း အထိုးရပ္သြားတယ္၊ သုံးေယာက္သား ထိုးေတာ့ထိုးေနေပမယ့္ ဘယ္သူ႔ကိုဘယ္သူ ထိုးေနမွန္းေတာ့မသိဘူး၊ မၾကာပါဘူး က်ဳပ္လည္းဆံပင္တစ္ဖုတ္ဆြဲလိုက္မိတယ္၊

“ကိုရင္ေမာင္၊ ဒါခင္ဗ်ားဆံပင္လား”

“ေဟ၊ မဟုတ္ဘူးကြ၊ ဒါနဲ႔ ငါဆြဲထားတာေရာ မင္းဆံပင္လား”

“မဟုတ္ဘူးဗ်ိဳ႕”

“ဒါဆိုေသခ်ာၿပီ ဒီဟာ ဟိုေကာင့္ဆံပင္ပဲေဟ့၊ ဆြဲစမ္းဟ”

က်ဳပ္နဲ႔ကိုရင္ေမာင္လည္း ကိုင္မိတဲ့ဆံပင္အဖုတ္ကို အားကုန္ဆြဲၾကတာဗ်ာ။ ျမက္ႏႈတ္သလိုကို ဝိုင္းဆြဲၾကတာ၊ အဆြဲခံရတဲ့လူလည္း ေအာ္လိုက္တာမွ အသံကိုၿပဲေနတာပဲ၊ က်ဳပ္တို႔လည္း ဆံပင္ဆြဲရင္း ဒီအသံကိုၾကားဖူးပါတယ္ဆိုၿပီးေတာ့ ထင္ေနမိတာ။

“ေဟ့ေကာင္ေတြ၊ မင္းတို႔ဆြဲေနတာ ငါ့ဆံပင္ကြ”

“ဗ်ာ . . . ကို . . ကိုေအးလား”

က်ဳပ္တို႔လည္းဆံပင္ကို အျမန္လႊတ္လိုက္ရတယ္၊ ေဒါသထြက္ထြက္နဲ႔ဆြဲေတာ့ က်ဳပ္လက္ထဲေတာင္ ဆံပင္ေတြ တစ္ေထြးႀကီးပါလာေသးတယ္ဗ်ာ။ က်ဳပ္လည္းတရားခံျဖစ္မွာစိုးတာနဲ႔ ဆံပင္ေတြကို လက္ထဲကခါခ်လိုက္တာေပါ့ဗ်ာ။ က်ဳပ္တို႔ႏွစ္ေယာက္ထလိုက္ေတာ့ က်ဳပ္တို႔ၾကားကေန ကိုေထြးထြက္လာတယ္ဗ်။

“ေဟ့ေကာင္ေတြ၊ မင္းတို႔ကြာ၊ ငါ့ကိုလုပ္ရက္တယ္”

“ဒါဆို ဟိုေကာင္ဘယ္ေရာက္သြားတာလဲ”

က်ဳပ္တို႔ေမးၿပီး႐ြာထဲကိုၾကည့္လိုက္ေတာ့ စိုင္းရာဇာတစ္ေယာက္ ႐ြာထဲကိုျပန္ေျပးတာ တန္းေနတာပဲဗ်ိဳ႕။

က်ဳပ္တို႔လည္း သူ႔ေနာက္လိုက္မယ္လို႔လုပ္ေနတုန္း ေတာက္ေခါက္သံအက်ယ္ႀကီးကို ၾကားရတယ္ဗ်၊

“ေတာက္၊ အားလုံးရပ္လိုက္ၾကစမ္း”

က်ဳပ္တို႔လွည့္ၾကည့္လိုက္ေတာ့ မိန္းမတစ္ေယာက္ဗ်၊ အနက္ေရာင္အကၤsDdကိုဝတ္ထားတယ္၊ ေအာက္ကထမီကလည္း အနက္ပဲဗ်၊ ထမီအနားမွာေတာ့ အျဖဴေရာင္ပိတ္စပါးပါးေလးေတြပါတယ္၊ ပုံေတာ္ဖိနပ္ မနိမ့္မျမင့္ကေလးစီးထားတာဗ်။ အသားကေတာ့ျဖဴျဖဴပဲ၊ မ်က္ႏွာေပါက္ကလည္း ၾကည့္ေကာင္းတယ္၊ ကြမ္းစားထားလို႔လားမသိဘူး ႏႈတ္ခမ္းကေလးေတြက နီေနတာပဲဗ်ာ။ သူ႔လည္ပင္းမွာေတာ့ ေႁမြနက္ႀကီးတစ္ေကာင္က ရစ္ေခြေနတယ္ဗ်။

အဲဒီမိန္းမေရာက္လာၿပီး လက္ေဖ်ာက္တစ္ခ်က္တီးလိုက္တာနဲ႔ စက္ေတြအၿပိဳင္လႊတ္ၿပီးတိုက္ခိုက္ေနၾကတဲ့ ႐ုကၡစိုးႀကီးေရာ၊ ဦးဘသာရဲ႕အေစာင့္ေတြေရာ အားလုံးၿငိမ္သြားၾကတယ္၊ ဦးဘသာႀကီးလည္း အဲဒီမိန္းမကိုေတြ႕တာနဲ႔ ေဆာင့္ေၾကာင့္ထိုင္ခ်လိုက္တာပဲဗ်ာ။ သူထိုင္ေတာ့ က်ဳပ္တို႔လည္း ဘုမသိဘမသိနဲ႔လိုက္ၿပီးထိုင္ရတာေပါ့ဗ်ာ။

“ေဟ့ေကာင္ေတြ၊ အေနာက္မယ္ေတာ္ ႂကြလာတာကြ၊ မ႐ိုမေသမလုပ္ၾကနဲ႔”

အဲဒီမိန္းမက အေနာက္မယ္ေတာ္ဆိုပဲဗ်၊ ေနာက္ေတာ့ သူ႔အေနာက္ကေနေႁမြႀကီးႏွစ္ေကာင္ထြက္လာတယ္ဗ်၊ ငန္းပုပ္လို၊ ေႁမြေဟာက္လို ေႁမြႀကီးေတြဗ်၊ ပါးပ်ဥ္းႀကီးေတြေထာင္ထားၾကတာ၊ တစ္ေကာင္တစ္ေကာင္ကို က်ဳပ္တို႔တစ္ရပ္ေလာက္ရွိတယ္။

“မင္းတို႔လုပ္ေနတာေတြ အထက္နတ္ေတြသိရင္ မင္းတို႔အကုန္အျပစ္ေပးခံရမယ္”

အေနာက္မယ္ေတာ္က ဦးဘသာကိုၾကည့္ၿပီးေတာ့

“မင္းကေတာ္ေတာ္စြမ္းေနပါလားကြ၊ မင္းကိုငါမျမင္ဖူးပါဘူး၊ မင္းဘယ္သူလဲ”

“က်ဳပ္နာမည္ သာဒင္ပါ၊ ဟိုးအေရွ႕ဘက္မွာေနပါတယ္”

“အေရွ႕ဘက္မွာေနတဲ့လူက သူမ်ားအရပ္ကိုလာၿပီးေတာ့ ပညာကုန္ထုတ္သုံးတာ၊ ငါ့ကိုမ႐ိုမေသလုပ္တာလား”

ဦးဘသာကလက္အုပ္ခ်ီၿပီး

“မဟုတ္ပါဘူး၊ မယ္ေတာ္ကို မ႐ိုမေသလုပ္တာမဟုတ္ရပါဘူး၊ က်ဳပ္မွာ အသက္အနရယ္ရွိတာနဲ႔ ေစာင့္ေရွာက္သူေတြကို ဆင့္ေခၚလိုက္ရတာပါ”

အေနာက္မယ္ေတာ္က ဦးဘသာအနားကိုလမ္းေလွ်ာက္လာတယ္ဗ်၊ ၿပီးေတာ့ ဦးဘသာရဲ႕ေခါင္းကိုသပ္တယ္။

“မင္းက သယ္ေဆာင္သူပဲ၊ ဘယ္သူ႔ရဲ႕ဝန္ကို မင္းသယ္ေဆာင္ေနရတာလဲ”

“မွန္ပါ၊ မယ္ပ်င္းရဲ႕ဝန္ပါမယ္ေတာ္၊ က်ဳပ္အေမက မယ္ပ်င္းပါ”

ဦးဘသာေျပာလိုက္ေတာ့ အေနာက္မယ္ေတာ္က တစ္ခ်က္မဲ့သြားတယ္ဗ်။

“လာျပန္ၿပီလား ဒီမယ္ပ်င္း၊ ကဲ ထားပါေတာ့”

အေနာက္မယ္ေတာ္က ႐ုကၡစိုးႀကီးကိုၾကည့္တယ္ဗ်။

“ဘိုးဘိုးႀကီးတို႔ကလည္း ကိုယ့္ေနရာကိုယ္မေနဘဲနဲ႔ ဘာလို႔ဒီကိုေရာက္လာရတာလဲ၊ လူလူခ်င္းျဖစ္တဲ့အခ်င္းမွာ နတ္ေတြဝင္မပါရဘူးလို႔ အထက္နတ္ေတြမိန႔္ထားတယ္မဟုတ္လား”

“လူလူခ်င္းဆိုေပမယ့္ ဒီလူက က်ဳပ္ရဲ႕သားဗ်”

မယ္ေတာ္ကၿပဳံးလိုက္တယ္။

“သံသရာတစ္ေလွ်ာက္မွာ လူတိုင္းဟာေဆြမ်ိဳးေတာ္ခဲ့တာပဲ ဘိုးဘိုးႀကီးရဲ႕၊ ဘိုးဘိုးႀကီးမွာေရာ တျခားသားေတြသမီးေတြမရွိေတာ့ဘူးလား၊ အဲဒီလူေတြတိုင္းကိုေရာ အခုလိုေစာင့္ေရွာက္ၿပီး သူေတာင္းသမွ် လုပ္ေပးေနမွာလားဘိုးဘိုးႀကီး”

႐ုကၡစိုးႀကီးပါးစပ္ပိတ္သြားတယ္။

“ကဲထားလိုက္ေတာ့ အားလုံးပဲ ကိုယ့္ေနရာကိုယ္ျပန္ၾကပါ၊ ဘိုးဘိုးႀကီးလည္း အထက္နတ္ေတြအျပစ္ေပးတာမခံခ်င္ရင္ ဒီအလုပ္ေတြကိုရပ္တန္းကရပ္လိုက္ပါ”

ၿပီးေတာ့ ဦးဘသာဘက္ကိုလွည့္ၿပီးေတာ့

“နင့္အေမ မယ္ပ်င္းကို ငါႏွင္သလို၊ နင့္ကိုလည္းငါႏွင္မယ္၊ ေနာက္ခုနစ္ရက္ၾကာတဲ့အခါ နင္ဒီနယ္ကေနထြက္သြားရမယ္၊ ေနာက္ထပ္ေျခတစ္လွမ္းမခ်နဲ႔ေတာ့ သယ္ေဆာင္သူက အေစာင့္အေရွာက္ေတြထုတ္သုံးတယ္ဆိုတာ ဘယ္ေလာက္ႀကီးေလးတဲ့အျပစ္လဲဆိုတာ နင္သိတယ္မဟုတ္လား”

ဦးဘသာက ေခါင္းညိတ္ၿပီး

“သိ . . . သိပါတယ္မယ္ေတာ္”

“ခုနစ္ရက္အတြင္းထြက္သြားၾကပါ၊ မသြားလို႔ကေတာ့ ငါ့အေၾကာင္း နင္တို႔သိေစရမယ္”

“မယ္ေတာ္ေျပာတဲ့အတိုင္းပါပဲ”

အဲဒီလိုေျပာၿပီးေတာ့ ျဖဳတ္ခနဲေပ်ာက္သြားတာဗ်ာ။ က်ဳပ္တို႔ျဖင့္ ေဆာင့္ေၾကာင့္ႀကီးေတြထိုင္ၿပီးေတာ့ ေၾကာင္စီစီႀကီးေတြက်န္ခဲ့ၾကတာ။ ႐ုကၡစိုးဘိုးဘိုးႀကီးဆိုတာလည္းမရွိေတာ့သလို ဦးဘသာႀကီးဆီက အေကာင္ေတြလည္း တစ္ေကာင္မွမရွိေတာ့ဘူးဗ်၊ က်ဳပ္လည္း ဦးဘသာႀကီးကိုေျပးထူရတယ္၊ နပမ္းေတြလုံးထားတာဆိုေတာ့ လူေတြလည္း ဖုန္ေတြလူးၿပီး လူ႐ုပ္မေပၚေတာ့ဘူးေပါ့ဗ်ာ။

(၄)

ကိုေအးကို တြဲၿပီး သူ႔အိမ္ေအာက္က ဆင့္မွာထားခဲ့တာေပါ့ဗ်ာ၊ ရင္ေမာင္ကိုေတာ့ က်ဳပ္လည္းသိပ္မတြဲႏိုင္တာနဲ႔ က်ဳပ္တို႔တဲထဲကိုပဲ ထည့္လိုက္တယ္။ ဦးဘသာကေတာ့ ေတာ္ေတာ္ပင္ပန္းသြားလို႔ နားေနတယ္၊ သူ႔ကိုယ္မွာေပေနတဲ့ဖုန္ေတြကို က်ဳပ္က ေရဝတ္တစ္ခုနဲ႔သုတ္ပစ္လိုက္တယ္ဗ်၊ ဦးဘသာတစ္ကိုယ္လုံးလည္း ပြန္းပဲ့ရာေတြနဲ႔ ေသြးေတြေတာင္စို႔ေနတယ္ဗ်၊ တစ္ခ်ိဳ႕ေနရာဆိုရင္လည္း အညိဳအမည္းေတြစြဲလို႔ဗ်ာ။

“ဦးဘသာ၊ က်ဳပ္ကိုပ႐ုပ္ဆီေပးဗ်ာ၊ က်ဳပ္ေဆးလူးေပးမယ္”

ဦးဘသာရဲ႕ဒဏ္ရာေတြကို လွန္ေလွာၿပီးေတာ့ ေဆးလူးေပးတာေပါ့ဗ်ာ။

“ဒါနဲ႔႐ုကၡစိုးေမွာ္ဆိုတာဘာလဲဗ်”

“ေလာကမွာ ေမွာ္ေတြဆိုတဲ့ဟာလည္းရွိတယ္ကြ၊ ေမွာ္ေတြထဲမွာ သူရသတီေမွာ္တို႔၊ ႐ုကၡစိုးေမွာ္တို႔ဆိုရင္ သိပ္ကိုစြမ္းတာ၊ ေမွာ္ဆိုတာ က်င့္စဥ္တစ္ခုပဲကြ၊ က်င့္စဥ္ကေတာ့ သိပ္မခက္ေပမယ့္ အဲဒီက်င့္စဥ္ကို ေအာင္ျမင္ေအာင္က်င့္ႀကံႏိုင္ဖို႔က ဇြဲလုံ႔လလည္းလိုသလို၊ အဖ်က္ေတြလည္း အမ်ိဳးမ်ိဳးဝင္တတ္တယ္၊ ႐ုကၡစိုးေမွာ္ကိုေအာင္ျမင္သြားရင္ ႐ုကၡစိုးက ကိုယ့္ကိုေစာင့္ေရွာက္တယ္ကြ၊ ႐ုကၡစိုးေတြတတ္တဲ့ အျမင္ဓါတ္၊ အၾကားဓါတ္၊ အသိဓါတ္ေတြကို ကိုယ္လဲတစ္ဆင့္ယူၿပီးသုံးလို႔ရတယ္”

“ဒါနဲ႔ က်ဳပ္ၾကားဖူးတာကေတာ့ ႐ုကၡစိုးဆိုတာ လူေကာင္းေတြမဟုတ္ဘူးလား”

ဦးဘသာကေခါင္းခါၿပီးေတာ့

“ေအာက္နတ္ေတြဆိုေတာ့ လူေတြလိုပဲေပါ့ကြာ၊ ကိုယ့္အေပၚေကာင္းရင္ ျပန္ေကာင္းမယ္၊ ကိုယ့္အေပၚမေကာင္းရင္ ဆိုးမယ္ေပါ့”

က်ဳပ္လည္း ေခါင္းညိတ္လိုက္တယ္။

“က်ဳပ္သိၿပီ၊ ဒါေၾကာင့္ ဒီေကာင့္ကိုရင္ေမာင္ ပေယာဂစစ္ေတာ့ ဒီေကာင္ဘာမွမျဖစ္တာကိုး”

“႐ုကၡစိုးဆိုတာလည္း ေအာက္နတ္ပဲကိုးကြ”

“ဒါနဲ႔ ဦးဘသာကိုယ္ထဲက အေကာင္ေတြကေရာ ဘာေတြလဲ၊ ၿပီးေတာ့ သယ္ေဆာင္သူဆိုတာကေရာ . . .”

“မင္းနားလည္ေအာင္ေျပာရမယ္ဆိုရင္ေတာ့ စုန္းေတြစြမ္းတယ္၊ ကေဝေတြစြမ္းတယ္ဆိုတာက ႏွစ္ပိုင္းရွိတယ္၊ ပညာရပ္ပိုင္းအရလည္းအစြမ္းထက္သလို၊ အေစာင့္အေရွာက္ေတြေၾကာင့္လည္း အစြမ္းထက္တယ္၊ အေစာင့္အေရွာက္ေတြဆိုတာကေတာ့ ဂႏၶဗၺ ဆိုတဲ့ေအာက္နတ္ေတြ၊ ေနာက္ၿပီး ဘီလူးေတြ၊ နဂါးေတြ၊ သူေယာင္ေတြ၊ လူနီေတြ စုံလို႔ေပါ့ကြာ”

“သူတို႔ကဘယ္လိုေရာက္လာၾကတာလဲ”

“မင္းကိုငါေျပာဖူးသလို ဝမ္းတြင္းပါတယ္ဆိုတာက အဲဒီလူနဲ႔ အဲဒီပုဂၢိဳလ္နဲ႔ အထုံေရစက္ပါၿပီးေတာ့ ဝမ္းၾကာတိုက္ထဲမွာ နတ္ဘုံနတ္နန္းတည္ၿပီး ေနထိုင္တာေပါ့ကြာ၊ သူတို႔ကစြမ္းေနေတာ့ ကိုယ္ကလည္းစိတ္ထဲကေနႀကံလိုက္တာနဲ႔သူတို႔သိၿပီးေတာ့ သူတို႔အစြမ္းနဲ႔လုပ္ေပးတာေပါ့ကြာ၊ ဥပမာ မင္းဝမ္းထဲ ဒီပုဂၢိဳလ္ရွိတယ္ဆိုပါစို႔၊ မင္းက ထင္းေခ်ာင္းႀကီးကို ေႁမြျဖစ္ပါေစလို႔ စိတ္ကူးလိုက္တာနဲ႔ အဲဒီပုဂၢိဳလ္က သူ႔အစြမ္းနဲ႔ ေႁမြႀကီးျဖစ္ေအာင္လို႔ လုပ္ေပးလိုက္တာ”

“ထူးဆန္းလိုက္တာဗ်ာ”

“ဒီလို သူ႔အလိုလိုျဖစ္လာတာမဟုတ္ဘဲ၊ အစဥ္အဆက္လက္ဆင့္ကမ္းလာၾကတဲ့ ပုဂၢိဳလ္ေတြလည္းရွိတယ္ကြ၊ အခုငါ့ဆီက ပုဂၢိဳလ္ေတြဆိုရင္ ငါ့အေမက ငါ့ကိုလက္ဆင့္ကမ္းေပးလိုက္တဲ့ ပုဂၢိဳလ္ေတြေပါ့ကြာ”

“စုန္းဆိုတာ မ်ိဳး႐ိုးတစ္ဆက္ေက်ာ္တယ္လို႔ မင္းၾကားဖူးတယ္မဟုတ္လား၊ ဒီေတာ့ ငါ့အေမက ဒီပုဂၢိဳလ္ေတြရဲ႕အစြမ္းကို တိုက္႐ိုက္သုံးလို႔ရေပမယ့္ သူ႔သားငါကေတာ့ ဆက္ခံသူမဟုတ္ဘဲ သယ္ေဆာင္သူေလကြာ၊ ဒီေတာ့ ဒီပုဂၢိဳလ္ေတြကို သယ္ေဆာင္႐ုံပဲတတ္ႏိုင္တယ္၊ သူတို႔အစြမ္းကို တိုက္႐ိုက္မသုံးႏိုင္ဘူး၊ သုံးခြင့္လည္းမရွိဘူး၊ ဒါေပမယ့္ ငါကေနျဖစ္မယ့္ ငါ့မ်ိဳးဆက္က်ရင္ေတာ့သူက ဆက္ခံသူျဖစ္သြားၿပီးေတာ့ ဒီပုဂၢိဳလ္ေတြရဲ႕အစြမ္းကို တိုက္႐ိုက္သုံးႏိုင္လိမ့္မယ္”

“ဟာ၊ ဒါဆိုရင္ေတာ့ ေတာ္ေတာ္စြမ္းမွာဗ်၊ ဒါဆို ဦးဘသာအေမ ေဒၚပ်င္းႀကီးက ေတာ္ေတာ္စြမ္းတာပဲ၊ ဟုတ္ရင္လည္းဟုတ္မွာဗ်၊ အေဖလည္း က်ဳပ္ကိုေဒၚပ်င္းအေၾကာင္းေျပာဖူးတယ္၊ တို႔႐ြာမွာ အခုလက္ရွိေနတဲ့ လူဦးေရထက္ ေဒၚပ်င္းႀကီးသတ္ခဲ့တဲ့လူက ပိုမ်ားတယ္တဲ့၊ အဲဒါဟုတ္လား”

ဦးဘသာက မ်က္ႏွာတစ္ခ်က္ပ်က္သြားတယ္။

“လူေတြက ခ်ဲ႕ကားေျပာၾကတာပါကြာ၊ ကဲပါ အဲဒါေတြေျပာမေနနဲ႔ေတာ့၊ ငါလည္းအိပ္ခ်င္ေနၿပီ၊ အိပ္ေတာ့မယ္ကြာ”

ဦးဘသာစကားစျဖတ္လိုက္တာနဲ႔ က်ဳပ္လည္း ရင္ေမာင္ေဘးနားမွာ အိပ္ခ်လိုက္တာေပါ့ဗ်ာ၊ ရင္ေမာင္ကေတာ့ တေခါေခါနဲ႔ေဟာက္ေတာင္ေနပါၿပီ။

မနက္လင္းေတာ့ က်ဳပ္တို႔လည္း ႏိုးလာတာေပါ့ဗ်ာ၊ ရင္ေမာင္ကေတာ့ ႏိုးတာၾကာေနၿပီးေတာ့ ငုတ္တုတ္ထိုင္ေနေသးတယ္။ က်ဳပ္လည္းတဲေပၚကဆင္းလိုက္ေရာ သူကက်ဳပ္ကိုလက္ကုပ္ၿပီးေတာ့

“အလတ္ေကာင္၊ ညက ငါထူးဆန္းတဲ့အိပ္မက္မက္တယ္ကြ၊ နဂါးေတြေရာ၊ ႐ုကၡစိုးေတြေရာ၊ ၿပီးေတာ့ ငါတို႔လည္း နပမ္းေတြဖက္လုံးလိုက္ရတာေမာလိုက္တာကြာ”

က်ဳပ္လည္း မသိခ်င္ေယာင္ေဆာင္လိုက္တာေပါ့ဗ်ာ။

“အိုဗ်ာ၊ ေႏြလယ္အိပ္မက္ ဂေယာက္ဂယက္တဲ့”

“မင္းကေတာ့လုပ္ၿပီ၊ ငါၾကားဖူးတာက ေဆာင္းတြင္းအိပ္မက္ ဂေယာက္ဂယက္ပါကြ”

“ေဆာင္းျဖစ္ျဖစ္ ေႏြျဖစ္ျဖစ္အတူတူပါပဲကြာ၊ က်ဳပ္တို႔ညက အရက္ဆိုင္ကျပန္လာၿပီး ဒီမွာအိပ္ေနတာပဲလ ခင္ဗ်ားဘာမွ မမွတ္မိဘူးလား”

ရင္ေမာင္က ေခါင္းခါျပတယ္ဗ်၊ အရက္မေသာက္ဖူးတဲ့လူ အရက္ေတြအမ်ားႀကီးေသာက္ၿပီးေတာ့ ေခါင္းေတြကိုက္ေနတယ္ထင္ပါရဲ႕ဗ်ာ။ သူအိပ္မက္လို႔ထင္ေနတာပဲ က်ဳပ္တို႔အတြက္ ခပ္ေကာင္းေကာင္းဗ်။ ကိုေအးကေတာ့ ဒီအေၾကာင္းကိုသိေတာင္မသိဘူးဗ်၊ အင္းေလ၊ သူက မူးၿပီးရင္ ဘာဆိုဘာမွ မသိတတ္တဲ့လူကိုး၊ သူကဒီဖက္အိမ္ကူးလာၿပီးေတာ့ က်ဳပ္ကိုေျပာေသးတယ္၊

“အလတ္ေကာင္၊ ညက ဘာျဖစ္သလဲမသိပါဘူးကြာ၊ ငါ့ေခါင္းႀကီး က်ိန္းစပ္ေနတာပဲကြာ”

က်ဳပ္လည္း ရယ္ခ်င္စိတ္ကို ထိန္းထားရတယ္၊ ညကသူ႔ကိုဆံပင္ကို က်ဳပ္နဲ႔ရင္ေမာင္နဲ႔ ဝိုင္းဆြဲတဲ့လက္ခ်က္ေပါ့ဗ်ာ။

“ဒါနဲ႔ရင္ေမာင္က ေခါင္းေတြကိုက္ၿပီးေတာ့ လည္ေခ်ာင္းေတြနာေနလို႔တဲ့ဗ်”

က်ဳပ္ေျပာေတာ့ ကိုေအးက အနားကိုေရာက္လာၿပီး

“အဲဒါဆိုရင္ ျပန္ေျဖမွရေတာ့မယ္နဲ႔တူတယ္”

“ဘယ္လိုျပန္ေျဖတာလဲဗ်”

“ဟေကာင္ရ၊ အရက္နာက်တာကို အရက္နဲ႔ျပန္ေျဖမွရတယ္တဲ့ကြ၊ ငါဒီေန႔ယာထဲမဆင္းဘူးကြာ၊ မင္းတို႔နဲ႔အတူတူ သြားျပန္ေျဖရေအာင္”

“ဟာဗ်ာ၊ ကိုေအးကလည္း အေစာႀကီးရွိေသးတာ”

ကိုေအးက က်ဳပ္ကိုနားမလည္သလိုၾကည့္ရင္း

“အရက္က အေစာႀကီးေသာက္လည္း မူးပါတယ္ကြ၊ မင္းကလည္း”

က်ဳပ္ေျပာခ်င္တာ ဒီလိုမဟုတ္ဘူးေလဗ်ာ၊ ကိုေအးကေတာ့ ကိုေအးပီသပါေပတယ္၊ က်ဳပ္ေျပာခ်င္တာေျပာ၊ သူလည္းနားလည္ခ်င္သလို နားလည္လိုက္တာပဲမဟုတ္လား။

ဦးဘသာကေတာ့ ကိုယ္ေတြလက္ေတြ ကိုက္ခဲေနလို႔ ဆက္ၿပီးအိပ္ေနတယ္ဗ်။ က်ဳပ္လည္းမ်က္ႏွာသစ္ၿပီးေတာ့ ျပန္ေျဖမလို႔ လုပ္ေနၾကတာေပါ့ဗ်ာ။ ဒီအခ်ိန္မွာ မခင္ၾကည္က မီးဖိုထဲကထြက္လာတယ္၊

“ရွင္တို႔သုံးေယာက္ တယ္လည္းအတိုင္အေဖာက္ညီေနၾကပါလား”

“ဒါေပါ့ကြ၊ မယားညီအကိုေတြပဲဟာ”

“ဘာရွင့္ . . . ဘာေျပာတယ္”

“ဘာမွမဟုတ္ပါဘူးကြာ၊ သက္သက္စတာပါကြမင္းကလည္း”

မိသက္က တဝါးဝါးသမ္းၿပီးေတာ့ ေအာက္ထပ္ကေနထြက္လာတယ္ဗ်၊ မခင္ၾကည္က မိသက္ကိုၾကည့္ၿပီး

“ဟဲ့မိသက္၊ နင့္အမႏွင္းၾကည္ မႏိုးေသးဘူးလား”

မိသက္လည္းအထူးအဆန္းနဲ႔

“အမႏွင္းၾကည္အခန္းထဲမွာ မရွိေတာ့ပါဘူး”

“ေဟာေတာ္၊ ဒါဆိုဘယ္ထြက္သြားတာလည္း၊ အိမ္ေနာက္ေဖးမွာလည္း မရွိပါဘူးေအ”

အဲဒီအခ်ိန္မွာ ၿခံျပင္ကေန ဖိုးတြမ္တီးက မုန႔္ပ်ားသလက္ေလးကိုင္ၿပီး ဝင္လာတယ္ဗ်၊ မခင္ၾကည္က

“ဟဲ့ေကာင္ေလး၊ နင့္အေဒၚကိုေတြ႕ေသးလား”

ဖိုးတြမ္တီးက ေခါင္းညိတ္လိုက္ၿပီး

“ေတြ႕တယ္ေလ၊ ခုနကပဲထြက္သြားတယ္”

“ဟင္၊ ဘယ္ကိုထြက္သြားတာလဲ”

“႐ြာထိပ္မွာ စက္ဘီးနဲ႔ေတြ႕လိုက္တာ”

မခင္ၾကည္က မ်က္ေမွာင္ၾကဳတ္ၿပီးေတာ့

“ႏွင္းၾကည္က စက္ဘီးမစီးတတ္ပါဘူး”

“ဟုတ္တယ္၊ သူနင္းတာေတာ့မဟုတ္ဘူး၊ သူမ်ားနင္းသြားတာ”

“ဟုတ္လား၊ ဘယ္သူနင္းသြားတာလဲ”

“သူႀကီးအိမ္က ဆရာစိုင္းကနင္းသြားတာပဲ”

“ဟာ . . .”

က်ဳပ္နဲ႔ရင္ေမာင္လည္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္ၾကတယ္။ မခင္ၾကည္ကေတာ့ အထူးအဆန္းနဲ႔

“ဆရာစိုင္းနဲ႔ဘယ္ကိုမ်ားသြားပါလိမ့္”

က်ဳပ္နဲ႔ရင္ေမာင္ကေတာ့ ပုဆိုးျပင္ဝတ္ၿပီး ၿခံျပင္ကို အေျပးထြက္ခဲ့ၾကတာေပါ့ဗ်ာ၊

“ပါသြားၿပီ၊ ပါသြားၿပီ . . .”

ပါးစပ္ကေအာ္ရင္း ႐ြာထိပ္ကိုဒုန္းစိုင္းေျပးခဲ့ၾကတာေပါ့။

ဆက္ရန္။
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ #horror