Unicode Version
“စုန်းထီးကြီး ဦးဘသာနှင့် ကျုပ်တို့လယ် ကောက်စိုက်တုန်းက “(စ/ဆုံး)
—————————————————————————-
အတွဲ(၃) စာစဉ်(၈)
(၁)
ပျိုးပင်တွေကောင်းကောင်းသန်ပြီဆိုရင် လယ်စိုက်ဖို့အချိန်ရောက်လာပြီပေါ့ဗျာ၊ အဲဒီပျိုးပင်တွေကို နှုတ်ပြီးတော့ စိုက်မယ့်ကွင်းတွေထဲမှာ ပြန်ပြီးကောက်စိုက်ရမှာပေါ့၊ လယ်လုပ်တာက တစ်ယောက်တစ်အားနဲ့လုပ်လို့ရပေမယ့် ကောက်စိုက်တာတို့ ကောက်ရိတ်တာတို့ကျရင်တော့ တစ်ယောက်အားနဲ့မရတော့ဘူးဗျ၊ ဒါနဲ့ ကောက်စိုက်ဖို့ လူလိုက်ရှာရတာပေါ့ဗျာ။ အခုလိုကောက်စိုက်ချိန်ဆိုရင်တော့ လူအင်အားက အတော်ရှားတာဗျ၊ တစ်ရွာလုံးက လယ်စိုက်တာဆိုတော့ အချိန်ကျလာရင် သူ့လယ်ကိုယ့်လယ်အပြိုင် ကောက်စိုက်ကြရတာကလား။
ကျုပ်လည်း မျက်နှာသစ်ပြီးတော့ အိမ်ပေါ်က မဆင်းခင် အိမ်ကထွက်ဖို့ပြင်နေတဲ့ အငယ်မနှစ်ယောက်ကို လှမ်းသတိပေးရသေးတယ်၊ အငယ်မတွေက ထဘီကိုတိုတိုဝတ်ပြီးတော့ ခေါင်းမှာလည်း ဝါးဖတ်တွေနဲ့လုပ်ထားတဲ့ ခမောက်ကြီးကြီးတွေဆောင်းရင်း အင်္ကျီလက်ရှည်တွေဝတ်ထားကြတာပေါ့၊ ဒီစတိုင်ကတော့ ကျုပ်တို့ဒေသရဲ့ ကောက်စိုက်တဲ့စတိုင်လို့ခေါ်မှာပေါ့ဗျာ၊ နေလောင်မှာကြောက်လို့ မျက်နှာတစ်ခုလုံးကိုလည်း သနပ်ခါးတွေဖုန်နေအောင်လူးပြီးတော့ လည်ပင်းတွေပါ အကုန်လူးထားတာဗျို့။
“ဟဲ့ အငယ်မ၊ နက်ဖြန် ငါတို့လယ်စိုက်မှာနော်၊ နင်တို့အားရဲ့လား”
“အားပါတယ်အကိုလတ်ရဲ့၊ ဒါဆို အရီးဝိုင်းတို့လယ်ကို ဒီနေ့တစ်ရက်ပဲစိုက်ပေးလိုက်တော့မယ်၊ ဒီနေ့ဆိုရင်တော့ပြီးလောက်ပြီထင်ပါရဲ့”
“လက်စားရော ပြန်ယူခဲ့မှာမဟုတ်လား၊ တို့က နှစ်ယောက်သွားထားတာနော်”
“စိတ်ချပါ အရီးဝိုင်းသမီးအငယ်မရယ်၊ သူ့တူမရယ် လက်စားပြန်ပေးမယ်ပြောတယ်”
“အေးအေး၊ သွားကြ၊ နေမပူခင်သွားကြတော့”
ကျုပ်ပြောလိုက်တာနဲ့ အငယ်မနှစ်ယောက်က စကားတပြောပြောနဲ့ထွက်သွားတော့တယ်၊ အဖေကတော့ အိမ်ရှေ့မှာထိုင်နေတယ်။
“အလတ်ကောင်၊ မနက်ဖြန်ငါတို့လယ်စိုက်မယ်၊ တစ်ရက်နဲ့တော့ ပြီးမယ်မထင်ဘူး၊ မင်းအဲဒါ လူနည်းနည်းသွားရှာကွာ”
“ဟုတ်ကဲ့အဖေ၊ ကျုပ်သွားရှာပေးပါ့မယ်”
ကျုပ်လည်း ခြံထဲကနေပြေးအထွက်၊ လူတစ်ယောက်ကလည်း ခြံထဲကိုပြေးအဝင်နဲ့ ကျုပ်တို့နှစ်ယောက်ခြံတံခးါဝနားမှာ တိုက်မိကြပါရောဗျာ၊ ကျုပ်လည်း အဲဒီလူကို အသေအချာကြည့်လိုက်တော့မှ
“အလို၊ ကျော်လင်းပါလားဟ”
“အကိုခင်မောင် နေကောင်းတယ်နော်၊ ဒါနဲ့ ဦးလေးရောရှိသလား”
“ရှိတာပေါ့ကွာ၊ မင်းတောင် တော်တော်ထွားလာသလိုပဲ၊ ကဲ၊ ကဲ အိမ်ထဲဝင်အုံး၊ ငါကောက်စိုက်သမ သွားရှာလိုက်အုံးမယ်”
ကျုပ်လည်း ရွာထဲကိုပြေးခဲ့ရတာပေါ့ဗျာ၊ ကောက်စိုက်ချိန်ဆိုရင် ကောက်စိုက်သမ ရှားတတ်တာ ထုံးစံပဲ၊ ဒီတော့ ကိုယ့်အမျိုးတွေထဲက အားတဲ့လူရှိသလားဆိုပြီး လိုက်ရှာရတာဗျ၊ လယ်နည်းရင်တော့ လေးငါးခြောက်ယောက်ဆို ပြီးပေမယ့်၊ ကျုပ်တို့လယ်က အများသားဆိုတော့ လူများများရရင်ရ၊ မရရင်တော့ သုံးလေးရက်ကြာအောင် စိုက်ရတာပေါ့ဗျာ၊ ကျုပ်လည်း ကျုပ်တို့ဆွေမျိုးအိမ်တွေကိုဆင်းပြီးတော့ ကောက်စိုက်သမရှာပေးရတယ်။
ဒါပေမယ့် လယ်တွေအက အပြိုင်စိုက်နေကြတာဆိုတော့ ဟိုလူ့ကိုငှားမရ၊ ဒီလူ့ကိုငှားမရနဲ့ အတော်ကိုတိုင်ပတ်တာဗျ၊ ကျုပ်တို့ဆီမှာတော့ အဲဒီလိုအမျိုးအိမ်တွေကို တစ်ယောက်တစ်လှည့်လိုက်ဆင်းပေးကြတယ်၊ သူ့လယ်စိုက်တဲ့ရက်ဆို ကိုယ်ကဆင်းပေးရတယ်၊ ကိုယ့်လယ်စိုက်တဲ့ရက်ဆိုရင်လည်း သူတို့ဆီက လူက ပြန်ဆင်းပေးရတာပေါ့၊ အဲဒါကို လက်စားလိုက်တယ်လို့ ခေါ်တာပေါ့ဗျာ၊ တစ်ရွာလုံးက အမျိုးတွေချည်းပဲမို့ လူဆယ်ယောက်လောက်ရှာတာ သိပ်မကြာဘူးပေါ့ဗျာ။ လူတွေရတော့ ကျုပ်လည်း အိမ်ကိုပြန်လာခဲ့တယ်ဗျ၊ ဦးဘသာကတော့ အိမ်ရှေ့မှာ ရေနွေးထိုင်သောက်နေလို့ဗျ။
“ဦးဘသာရော ကောက်စိုက်သမတွေရပြီလား”
ဦးဘသာက အေးအေးလူလူပဲဗျ၊ ခေါင်းကိုအသာညိတ်တယ်။ သူ့လို ရွာထဲအပေါင်းအသင်းသိပ်မရှိတဲ့လူက ဘယ်ကနေများ ကောက်စိုက်သမတွေ ရသလဲဆိုပြီး ကျုပ်လည်း အတော်ကိုထူးဆန်းနေတာဗျ။
“ဒါဆို ဦးဘသာလယ် ဘယ်နေ့စိုက်မလဲ”
“နက်ဖြန်ညစိုက်မယ်”
“ဟာဗျာ၊ ကောက်စိုက်တာ ညဘက်စိုက်လို့ရလို့လား”
“ရတာပေါ့ကွ”
“နေပါအုံး၊ ဦးဘသာက ဘယ်သူတွေခေါ်ထားတာလဲ”
“ငါ့အမျိုးတွေ ခေါ်ထားတာပေါ့ကွာ”
ကျုပ်လည်း ဘာမှဆက်မမေးတော့ဘဲ အိမ်ကိုပြန်လာခဲ့တာပေါ့။ အိမ်ပြန်ရောက်တော့ အဖေက ကျုပ်ကိုဆီးမေးတယ်။
“အလတ်ကောင်၊ လူတွေရခဲ့ရဲ့လား”
“ဆယ်ယောက်ပဲရတယ်ဗျ၊ ဒါတောင် ရွာအရှေ့ပိုင်း၊ အနောက်ပိုင်း အကုန်ပတ်လာခဲ့တာ”
“ဆယ်ယောက်ဆိုရင် ရက်ကြာသွားလိမ့်မယ်ကွ၊ ဒီလိုလုပ်ကွာ ဦးဘတူးအိမ်မှာ ကောက်စိုက်သမတွေရောက်နေတယ်ပြောတယ်၊ သူတို့နဲ့ဈေးစကားပြောပြီးတော့ သွားခေါ်ကြည့်စမ်း”
“ဟုတ်အဖေ၊ ကျုပ်သွားလိုက်မယ်”
“ကျုပ်လဲလိုက်မယ် ကိုခင်မောင်”
“အေးပါ၊ ဒါဆိုရင်လည်းလိုက်ခဲ့၊ ရောက်တုန်းရောက်ခိုက် ရွာမှာလည်ရတာပေါ့ကွာ”
ကျုပ်နဲ့ကျော်လင်းနဲ့လည်း အိမ်ကနေ နောက်တစ်ခေါက်ထပ်ထွက်ရတယ်၊ ရေစောစောရတဲ့ရွာတွေ၊ လယ်သိပ်မရှိတဲ့ရွာတွေက ကောက်စိုက်သမတွေက အလုပ်ပြီးရင် လူလိုတဲ့ရွာတွေကို လိုက်လာပြီး အလုပ်လုပ်တတ်ကြတယ်ဗျ၊ ကိုယ့်ရွာသားချင်းဆိုရင်တော့ ပိုက်ဆံမပေးရပေမယ့် သူတို့လိုကောက်စိုက်သမတွေဆိုရင်တော့ နေ့စားခနဲ့ရှင်းကြရတယ်၊ ဒါနဲ့ မကြာပါဘူး ဦးဘထူးအိမ်ကိုရောက်ခဲ့တယ်၊ ကောက်စိုက်သမ ငါးယောက်လောက်ရှိတယ်ဗျ၊ အားလုံးက အသက်ခပ်ငယ်ငယ်အပျိုကလေးတွေချည်းဘဲ၊ အဖေငှားခိုင်းတဲ့အတိုင်း မနက်ဖြန်အတွင်ငှားလိုက်တာပေါ့ဗျာ၊ ငှားပြုပြီးတော့ ကျုပ်တို့လည်းပြန်လာခဲ့တာပေါ့။
(၂)
ကျော်လင်းက ကျုပ်ထက် အသက်သုံးနှစ်လောက်ငယ်တယ်ဗျ၊ သူ့အဖေက အစိုးရဝန်ထမ်းပဲ၊ သူက မြို့မှာပဲအနေများတယ်၊ ကျုပ်တို့ရွာကိုတော့ ကျော်လင်းက ခဏခဏလာတတ်တယ်၊ အရင်ကနဲ့မတူဘဲ ဒီတစ်ခါကျော်လင်းလာတော့ ကြီးကောင်ဝင်လာပြီး အရပ်ရှည်ရှည်ထွားထွားကြိုင်းကြိုင်းနဲ့ ကြည့်လို့ကောင်းလာတယ်ဗျ၊
ကျုပ်နဲ့အတူတူအိပ်တာဆိုတော့ သူနဲ့ကျုပ်နဲ့ ညလုံးပေါက်စကားတွေပြောပြီး အတော်ညည့်နက်မှပဲ အိပ်ဖြစ်ကြတယ်ပေါ့ဗျာ။
“ဟဲ့အလတ်ကောင်၊ ထတော့လေ၊ ဒီနေ့ကောက်စိုက်ဆင်းမှာသိရဲ့သားနဲ့ နေဖင်ထိုးအောင်အိပ်နေတယ်”
ကျုပ်နိုးလာတော့ ကျုပ်ဘေးမှာအိပ်တဲ့ ကျော်လင်းမရှိတော့ဘူးဗျ၊ ကျုပ်လည်း အိပ်ရာသိမ်းပြီးထလာတော့ သကောင့်သားက ထမင်းစားပွဲမှာတောင်ရောက်နေပြီ၊ ကျုပ်လည်း မျက်နှာသစ်ပြီးတော့ ထမင်းစားပွဲဝင်ထိုင်တယ်။
“ကျော်လင်း၊ ရောက်တုန်းရောက်ခိုက် မင်းလည်းတို့ကောက်စိုက်တာ ဝင်ကြည့်သွားပေါ့ကွာ”
“စိတ်ချပါ ကိုခင်မောင်ရ၊ ကျွန်တော်လည်း ကူလုပ်ပေးမှာပါ”
“ဟကောင်ရ၊ ကောက်စိုက်တယ်ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ဘူးနော်၊ မင်းတို့မြို့သားတွေ လုပ်နိုင်မှာမဟုတ်ပါဘူးကွာ”
“ကိုခင်မောင်ကလည်း ကျုပ်ကိုအထင်သေးလှချည်လား၊ ကိုခင်မောင်ခိုင်းဗျာ၊ ကျုပ်လုပ်မယ်”
ဒီလိုနဲ့ မနက်စာ စားလိုက်တာပေါ့ဗျာ၊ အမေကတော့ အလုပ်အတော်ရှုပ်တယ်၊ ကောက်စိုက်သမတွေစားဖို့အတွက် ထမင်းတွေဟင်းတွေချက်ပြုတ်နေရတယ်၊ကောက်စိုက်လိုက်ပြီဆိုရင် လယ်ရှင်က ချက်ပြုတ်ကျွေးရတာ ထုံးစံအတိုင်းပဲမဟုတ်လားဗျ၊ ဒီတော့ အမေက အိုးကြီးချက်ရတာပေါ့၊ စားမယ့်သူကလည်း ကောက်စိုက်သမတင် ဆယ့်ငါးယောက်၊ အိမ်ကလူနဲ့ဆို အယောက်နှစ်ဆယ်လောက်ရှိတယ်မဟုတ်လား၊ မိန်းကလေးတွေဆိုပေမယ့် တောသူတွေဆိုတော့ အထင်မသေးနဲ့ဗျ၊ ထမင်းတစ်ခါစားရင် နှစ်ပန်းကန်၊ သုံးပန်ကန်လောက် ကုန်အောင်စားတတ်ကြတာ။
“အမေ၊ ဟင်းကောင်းလေးချက်အုံးနော်”
“အေးပါဟယ်၊ ငါက လယ်ရှင်ပဲ ငါသိပါတယ်၊ နင့််ယောက်မတွေစားဖို့ကို နင်ပူမနေပါနဲ့”
ကျုပ်လည်း အမေဟင်းချက်နေတာကို ဝင်ရှုပ်နေတာပေါ့ဗျာ။
“ဒါနဲ့ ဘာသားချက်မှာလဲ”
“ဟဲ့အကောင် အသားငါးတွေရှားနေတာ နင်မသိဘူးလား၊ ဒါကြောင့်် ငါးပိကောင်ကြော်မယ်ဟာ၊ ဒီမှာတွေ့လား”
မိုးဦးကျဆိုရင် အသားငါးရှားတတ်တာ ထုံးစံပဲကိုးဗျ၊ အားလုံးက လယ်စိုက်ဖို့စိုင်းပြင်းနေကြလို့ အသားငါးတွေမရတတ်ဘူးူမဟုတ်လား၊
“ဒါနဲ့အမေ ကောက်စိုက်သမဟင်းရော ပါရဲ့မဟုတ်လား”
“ဟဲ့ အဲဒါက မပါလို့ရမလား”
ကောက်စိုက်သမဟင်းဆိုတာက မန်ကျည်းသီးစိမ်းကို ချက်ထားတဲ့ဟင်းကိုပြောတာပါဗျာ၊ နှမ်းလှော်လေးထောင်းပြီးတော့ မန်ကျည်းသီးစိမ်း မညက်တညက်နဲ့ ငါးပိချက်လိုချက်တာပေါ့ဗျာ၊ ဟင်းအိုးချခါနီး ပင်စိမ်းရွက်ကလေးနိုင်နိုင်အုပ်လိုက်ရင် မွေးနေတော့တာ၊ ကျုပ်တို့ဆီမှာ အောက်ပြည်အောက်ရွာကလို ငါးပိရည်မစားတော့၊ ကောက်စိုက်သမတွေကို အဲဒီမန်ကျည်းသီးစိမ်း ငါးပိချက်ပဲ ကျွေးကြရတာ၊ အဲဒီဟင်းကလည်း ချဉ်ချဉ်၊ ဖန်ဖန်၊ ငန်ငန်ကလေးနဲ့ စားလို့လွှတ်ကောင်းဗျ၊ တခြားဘာဟင်းမှ မပါဘဲနဲ့ကို အဲဒီဟင်းချည်းတင် စားလို့သိပ်ကောင်းတာ၊ ကောက်စိုက်ပြီဆိုရင် အဲဒီဟင်းက မပါမဖြစ်မို့ ကောက်စိုက်သမဟင်းလို့ နာမည်ပေးထားတာကိုး။
ဒီလိုနဲ့ ကောက်စိုက်ဖို့ လယ်ထဲဆင်းခဲ့တာပေါ့ဗျာ၊ လက်စားပေးထားတဲ့အိမ်တွေကလည်း လာကြ၊ နေ့စားငှားထားတဲ့ ကောက်စိုက်သမတွေကလည်း လာကြနဲ့ဆိုတော့ လယ်ထဲဆင်းရတာ တပျော်ကြီးပဲဗျို့။
လယ်ထဲမှာ ပျိုးပင်တွေကိုလည်း နှုတ်ပြီးချပြီးသားအသင့်ပေါ့ဗျာ၊ မနေ့ကတည်းက ကျုပ်နဲ့အကိုကြီးနဲ့ ပျိုးတွေနှုတ်ထားကြတာ၊ ပျိုးခင်းတစ်ခင်းတော့ နှုတ်မပြီးသေးလို့ ချန်ထားတယ်၊ ဒီနေ့ဆက်နှုတ်ဖို့ပေါ့ဗျာ။
ကောက်စိုက်သမတွေကလည်း မခိုမကပ်ဘူးဗျ၊ ကန်သင်းထဲတောင်ရောက်နေကြပြီ၊ ကျုပ်တို့လည်း ပျိုးထုံးတွေထမ်းပြီးတော့ သွားချပေးတာပေါ့ဗျာ။ ဒီလိုနဲ့ မကြာခင်ပဲ ကောက်စစိုက်ကြတော့တာပေါ့။
(၃)
ကောက်စိုက်တယ်ဆိုတာ လူလိုသလောက် လူလည်းသိပ်ညီဖို့အရေးကြီးတယ်ဗျ၊ အပြောလွယ်ပေမယ့် အလုပ်ခက်တာပေါ့ဗျာ၊ ကောက်ပင်ကိုလည်း မြေအခြေအနေကိုကြည့်ပြီး နှစ်ပင်သုံးပင်ကလေ၊ လေးငါးပင်အထိကောက်ရသေးတာ၊ ပြီးတော့ ညီအောင်စိုက်ရတယ်၊ စိုက်တဲ့အခါမှာလည်း စပါးပင်အမြစ်လည်းခိုင်အောင် သိပ်မနက်၊ မတိမ်စိုက်ကြရတာဆိုတော့ လက်မှန်းတည့််ဖို့ကလည်းလိုတယ်၊
ဒါပေမယ့် ရွာသူရွာသားကတော့ ပြောစရာမလိုတော့ပါဘူးဗျာ၊ တဗျပ်ဗျပ်နဲ့ စိုက်ကြတာ သိပ်မြန်တာပဲဗျာ၊ ပြီးတော့ ကြိုးနဲ့တန်းစိုက်စရာမလိုအောင်ကို တန်းနေတာပဲဗျို့၊ ကျော်လင်းက မြို့သားလည်းဖြစ်တဲ့အပြင် အသားခပ်ဖြူဖြူ၊ အရပ်ရှည်ရှည်၊ ကိုယ်လုံးကိုယ်ပေါက်ကလည်း တောင့်တောင့်နဲ့ ရုပ်ရည်ကလည်း ကြည့်ပျော်ရှုပျော် သန့်သန့်ကလေးဆိုတော့ ကောက်စိုက်သမတွေကတော့ ကျော်လင်းကို ကွက်ကြည့်ကွက်ကြည့်နဲ့ပေါ့ဗျာ။
“ကျော်လင်း၊ မင်းပျိုးနှုတ်ကြည့်မလား”
ကျုပ်လည်း ပျိုးနှုတ်ရင်း အပါးခိုချင်တာနဲ့ ကျော်လင်းကိုခေါ်လိုက်တယ်၊ ကျော်လင်းလည်း ပျိုးခင်းထဲဆင်းလာတယ်။
“ပျိုးပင်ကို သေသေချာချာကိုင်ပြီးနှုတ်၊ နှုတ်ပြီးရင် ဟောဒီလိုပျိုးချေးတွေကို ခါချရတယ်၊ တို့ရွာမှာ စကားတစ်ခုရှိတယ်ကွ၊ ပျိုးချေးစင်အောင်မခါတတ်ရင် ယောက်ျားမပီသဘူးတဲ့ကွာ၊ ဘယ်အပျိုမှ မယူကြဘူးကွ”
ကျော်လင်းလည်းလုပ်ကြည့်တယ်၊ ပျိုးနှုတ်တယ်ဆိုတာကလည်း လွယ်တာမှတ်လို့ဗျာ၊ ဒီကောင့်ကို ယောက်ျားမစစ်ဘူးဆိုပြီး နည်းနည်းခြောက်ပေးလိုက်တော့ ဒီကောင်လည်း အားသွန်ခွန်စိုက်လုပ်တာပေါ့၊ နှုတ်ပြီးသား ပျိုးပင်တွေကို ဝါးလုံးတစ်ချောင်းနဲ့ပျိုးထမ်းပြီးတော့ ကောက်စိုက်သမတွေဆီကိုသွားပေးရတာပေါ့၊ ဒါလည်း ကျုပ်မလုပ်ပါဘူးဗျာ၊ ကောက်စိုက်သမလေးတွေ ငေးငေးကြည့်နေတဲ့ ကျော်လင်းကို သွားသွားပို့ခိုင်းတာပေါ့၊ ကျော်လင်းသွားရင် အဲဒီကောင်မလေးတွေက ပြုံးစိစိနဲ့ ဆိုတော့ သူတို့ဟာနဲ့သူတို့တော့ အဆင်ပြေနေတာပေါ့ဗျာ၊ အဲဒီကောက်စိုက်သမကလေးတွေထဲမှာ ဒွေးချောင်းဘက်ကလာတဲ့ ကောက်စိုက်သမကလေးတွေနဲ့ ကျော်လင်းနဲ့ လေပေးဖြောင့််နေတယ်ဗျ။
ဒီလိုနဲ့ နေ့လည်ကိုရောက်ခဲ့ပါရောဗျာ၊ ကျုပ်လည်း ဦးဘသာနဲ့ စကားပြောနေကြတာပေါ့၊
“ကျုပ်တို့လယ်တောင် အတော်စိုက်ပြီးနေပြီ၊ ဒီအတိုင်းဆို မနက်ဖြန်တင်ပဲ စိုက်လို့ပြီးမယ်ထင်တယ်၊ ဦးဘသာရော မစိုက်ဘူးလား”
ဦးဘသာက ကွမ်းမြုံ့နေရင်း
“ညဘက်တော့ စိုက်မယ်လို့ပြောထားတာပဲကိုကွာ”
“လုပ်ပြန်ပြီဦးဘသာရာ၊ ဦးဘသာလယ်က ငါးဧကကျော်တယ်နော်၊ ပြီးတော့ ညဘက်ကြီး ဘယ်သူတွေကများကောက်စိုက်လို့လဲ”
“ဟေးဟေး၊ ဒါကတော့ မင်းသိချင်ရင်လာကြည့်ပေါ့ကွာ၊ ငါကတော့ ဘာမှမပြောတော့ဘူး”
ကောက်စိုက်သမတွေလည်း ဗိုက်ဆာနေလောက်ပြီဆိုတာနဲ့ ကျုပ်လည်း ထမင်းတောင်းကြီးထမ်းပြီး လယ်ထဲဆင်းခဲ့တာပေါ့ဗျာ၊ ကန်သင်းဘေးမှာထိုင်ရင်း ထမင်းတောင်းကြီးဖွင့်ပြီး စားဖို့သောက်ဖို့ပြင်ပေးလိုက်တယ်။
“ငါ့ညီကျော်လင်း၊ မင်းလည်းဝင်စားလေကွာ၊ ငါတို့တောမှာတော့ အခုလိုကန်သင်းဘေးနားထိုင်စားရတာကိုက အရသာတစ်ခုကွ၊ ကောက်စိုက်ပြီးတဲ့အချိန် ရွံ့တွေဗွက်တွေကြားမှာ စားရတာကိုက မြိန်တာကွ၊ ရော့ရော့”
ကောက်စိုက်သမကလေးတွေက ပြုံးရင်းကြည့်နေတာပေါ့ဗျာ၊ မိန်းကလေးတွေဆိုပေမယ့်လည်း အတော်စားနိုင်တယ်၊ မန်ကျည်းသီးငါးပိချက်ကလေးနဲ့ ငါးပိကောင်ကြော်နဲ့ဆိုတော့ ထမင်းကိုထောင်းသွင်းသလိုကို ဝင်တာဗျ၊ တစ်ယောက်ကို နှစ်ပန်းကန်၊ သုံးပန်းကန်လောက်ကိုစားတာ၊ စားသောက်ပြီးတော့ သစ်ပင်ရိပ်မှာထိုင်ရင်း ရေနွေးကြမ်းသောက်၊ ထန်းလျက်ခဲလေးစားရင်း အနားယူနေကြတာပေါ့။
“ဟဲ့ကောင်မလေးတွေ၊ နင်တို့ဘယ်ရွာကလဲ”
“ဒွေးချောင်းကပါဆိုနေ”
ရွာက ကောင်မလေးတွေကိုတော့ ကျုပ်သိပေမယ့် နေ့စားနဲ့ငှားထားတဲ့ကောင်မလေးတွေကို ကျုပ်လည်းမသိတာနဲ့ မေးကြည့်တာပေါ့ဗျာ၊ ကောင်မလေးတွေက ကျော်လင်းနဲ့ကျတော့ လေပေးဖြောင့်ပေမယ့် ကျုပ်နဲ့ကျတော့ ခပ်ဆတ်ဆတ်ရယ်ဗျ။
“နင်တို့နာမည်တွေပြော”
“အောင်မယ်၊ ခင်ဗျားက လူဦးရေစာရင်းကောက်နေတာလား၊ ကျုပ်တို့နာမည်မေးပြီးတော့ ဘာလုပ်မလို့လဲ”
ကြည့်စမ်း၊ ကျုပ်ကိုပါပြန်ပြီး ခံပြောနေသေးတယ်၊ အမှန်ဆို ကျုပ်ကလယ်ရှင်၊ သူတို့ကလူငှားလေ၊ သူတို့က ကျုပ်ကိုလေးစားရမှာပေါ့။
“အေး၊ နင်တို့နာမည်မပြောရင် ညနေကျရင် နေ့စားခမရှင်းပေးဘူး”
ကျုပ်လည်း နိုင်ကွက်ရှိတယ်မဟုတ်လား၊ ဒီတော့မှ ကောင်မလေးတွေက သူတို့နာမည်ကို ပြောကြတယ်၊ နာမည်တွေကတော့ တောနာမည်တွေပါဗျာ၊ မိလုံးတို့၊ လုံးတင်တို့၊ စိန်အေးတို့ပေါ့၊ ဒါပေမယ့် သူတို့ထဲမှာ နည်းနည်းကြည့်ပျော်ရှုပျော်ရှိတဲ့ကောင်မလေးက ပန်းမှုံတဲ့ဗျာ။
“နာမည်လေးက ပန်းမှုံတဲ့လား၊ လှတယ်နော်၊ တွံတေးသိန်းတန်ရဲ့ ကိုရေချမ်းနဲ့ မပန်းမှုံဇာတ်လမ်းထဲက နာမည်လေးနဲ့တူသေးတယ်”
ကျုပ်ပြောလိုက်တော့ ကလေးမက ကျုပ်ကိုမျက်စောင်းထိုးတယ်ဗျ။
“ဟိုလူကြီးနော်၊ ရီးတီးယားတား လာမလုပ်နဲ့ ပန်းမှုံတဲ့၊ လက်စပြင်းတယ်”
“အောင်မယ်၊ ငါ့များ”
ကျုပ်နဲ့သာ စကားကြောမတည့်တာ ဒီကောင်မလေးတွေက ကျော်လင်းနဲ့တော့ တော်တော်လေပေးဖြောင့်တယ်၊ ဒီလိုနဲ့တစ်နေ့လုံးကောက်စိုက်ပြီးတော့ အနောက်ဘက်လယ်ကွင်းတွှေနားကိုရောက်သွားတယ်၊ အဲဒီမှာက လယ်ကွင်းရဲ့တစ်ဖက်မှာ ရိုးချောင်းပဲရှိတော့တယ်၊ ရိုးချောင်းရဲ့အစပ်မှာ မြက်တောကြီးတွေရှိတယ်ဗျ၊ အဲဒီမှာ ကျုပ်ညိမအငယ်မနဲ့ အဲဒီပန်းမှုံဆိုတဲ့ကောင်မလေးနဲ့ ရန်ဖြစ်တော့တာပဲဗျာ၊ မိန်းကလေးတွေဆိုတော့ ကောက်စိုက်ရင်း ရောက်မိရောက်ရာတွေ လျေျာက်ပြောနေရင်း စကားကြောမတည့်တော့ ရန်ထဖြစ်တာပေါ့ဗျာ၊ ဆူညံဆူညံဖြစ်နေတာနဲ့ ကျုပ်လည်း ကန်သင်းဖော်နေလက်စနဲ့ ပေါက်တူးကြီးထမ်းပြီးတော့ ပြေးလာခဲ့တာပေါ့။
“ဟဲ့တော်စမ်း၊ နင်တို့ဘာတွေဖြစ်နေကြတာလဲ”
ကောင်မလေးနှစ်ယောက်က တစ်ယောက်တစ်ပေါက်နဲ့ပြောဆိုနေတယ်၊ ဒါနဲ့ ကျုပ်ကပဲ ဖြန်ဖြေပေးလိုက်ရတယ်၊ ကျုပ်ညီမကတော့ ကိုယ့်ညီမဆိုတော့ သိပ်မပြောဘူးပေါ့ဗျာ၊ ပန်းမှုံကိုသေချာကြည့်ပြီး
“ပန်းမှုံ၊ နင်လည်းပါးစပ်ပိတ်တော့၊ လုပ်စရာရှိတာလုပ်၊ ဆက်ပြီးရန်ဖြစ်နေမယ်ဆိုရင် ငါနေ့စားခကို နေ့တစ်ပိုင်းဖြတ်မှာနော်”
ဆင်းရဲတဲ့ ကောက်စိုက်သမလေးတွေဆိုတော့လည်း ပိုက်ဆံဖြတ်မှာတော့ ကြောက်တာပေါ့၊ ဒါနဲ့ပဲ ပန်းမှုံက ပါးစပ်ပိတ်သွားတော့တယ်။ သူတို့အနောက်မှာက မိသားစုတွေရှိသေးတယ်ဗျ၊ မပြောလည်ကြလို့သူများရွာကို ကောက်စိုက်အငှားလိုက်ရင်း ရလာတဲ့ပိုက်ဆံတွေကို အိမ်ကိုပြန်ထောက်ကြရတာမဟုတ်လား။ ဒါပေမယ့် ပန်းမှုံက အငယ်မကို မကျေနပ်လို့ မျက်စောင်းထိုးထိုးပြီးတော့ ကြည့်နေသေးတယ်။
ဒီအချိန်မှာပဲ ချုံတောထဲကနေ မြွေကြီးတစ်ကောင် လျှောခနဲထွက်လာတာဗျ၊ မြွေတစ်ကိုယ်လုံးနက်နေပြီးတော့ လက်ကောက်ဝတ်လောက်ရှိမည့်အကောင်ဗျ၊ မြက်တောထဲက ထွက်လာပြီးတာနဲ့ အငယ်မဆီကိုပြေးလာတော့တယ်၊ ကိုက်မည့်ဖြတ်မယ့်ပုံနဲ့ တရှူးရှူးနဲ့အသံပေးပြီးလာတော့ အငယ်မလည်း ကျုပ်အနားကိုတက်ပြေးလာတာပေါ့ဗျာ။
မြွေကြီးက ရွံ့ထဲမှာသွားတာမြန်လိုက်တာဗျာ၊ အငယ်မလည်း ကျုပ်ရပ်နေတဲ့ကန်သင်းပေါ်တက်ပေးလာပါရော၊ မြွေက အလျော့မပေးဘဲ ဆက်လိုက်ပြန်ရောဗျာ၊ ဒါနဲ့အငယ်မက ကျုပ်ဆီကိုပြေးလာတယ်၊ ကျုပ်အနောက်မှာရပ်ပြီး ပုန်းနေတယ်၊ ဒီတော့ မြွေက ကျုပ်ဆီကိုတည့််တည့်ပြေးလာတာပေါ့ဗျာ၊ ကျုပ်လည်း ဘာလုပ်ရမှန်းမသိတာနဲ့ လက်ထဲကိုင်ထားတဲ့ ပေါက်တူးနဲ့ မြွေကြီးကို ခုတ်ချထည့်လိုက်တာပေါ့ဗျာ။
ကျုပ်လက်ကလည်း တည့််တည့်ပဲဗျ၊ ကျုပ်ဆီပြေးလာတဲ့ မြွေကြီးရဲ့ ခေါင်းအနောက်ဘက် လည်ပင်းတည့်တည့်ကို ခုတ်မိသွားတာ၊ ကန်သင်းမြေကလည်းပျော့နေတာဆိုတော့ မြွေကြီးရဲ့လည်ပင်းက ပြတ်ထွက်မသွားဘဲ မြေကြီးမှာစိုက်နေတဲ့ ပေါက်တူးမှာ နစ်ဝင်နေတယ်၊ မြေကြီးက လူးလွန့်နေတာပဲဗျာ၊ ကျုပ်လည်း ပေါက်တူးကိုပြန်မချွတ်ဘဲ ဒီတိုင်းကြည့်နေလိုက်တယ်၊ မြေကြီးက ပေါက်တူးလက်ကိုင်ရိုးကို အမြီးနဲ့ပတ်ရင်း လိမ်တွန့်နေပါရော။
ကျုပ်လည်းတော်တော်အံ့သြပြီးတော့ ကြည့်နေမိတာပေါ့ဗျာ၊ ကောက်စိုက်တစ်ဖွဲ့လုံးလည်း မြွေကြီးကို အံ့အားသင်းပြီး ကြည့်နေကြပြန်ရော၊ ခဏကြာတော့မှ မြွေကြီး ရပ်တန့််ပြီးတော့ သေသွားတော့တယ်၊ ကျုပ်လည်း မြွေခေါင်းကို ခြေထောက်နဲ့တို့ကြည့်တော့ မြွေက မလှုပ်တော့ဘူးဗျာ။ အငယ်မဆိုရင်တွေတုန်နေတာပဲ၊ ဒါနဲ့ ကျုပ်လည်း ပေါက်တူးကို သွားပြီးဆွဲချွတ်လိုက်တာပေါ့ဗျာ၊ မြေကြီးရဲ့လည်ပင်းက ပြတ်ဖို့ တဲတဲကလေးပဲ ကျန်နေတော့တာဗျ။ ကျုပ်မြွေကိုကောက်မယ်လုပ်လိုက်တာနဲ့ အဲဒီမြွေကြီးက ထခုန်ပြီးတော့ အငယ်မဆီကိုပြေးသွားတာပဲဗျာ၊ ပြီးတာနဲ့ အငယ်မရဲ့ခြေချင်းဝတ်ကို ဆတ်ခနဲပေါက်ချလိုက်ပါရော။
အငယ်မက အသံကုန်ဟစ်ပြီးအော်ပါရော၊ မြွေကြီးက အငယ်မကိုပေါက်ပြီးတာနဲ့ ဘေးနားကမြက်တောထဲကို ရှောခနဲဝင်သွားတယ်၊ ကျန်တဲ့လူတွေလည်း တုတ်တွေကောက်ပြီးတော့ မြက်တောထဲကိုလိုက်ရှာတာပေါ့ဗျာ၊ လူကြီးခြေသလုံးလောက် ပေါက်နေတဲ့မြက်တောထဲမှာ မြွေကြီးကပျောက်သွားတယ်ဗျ၊ ကောက်စိုက်သမတွေ ဝိုင်းရှာကြတာတောင်မှ လုံးဝမတွေ့တော့ဘူးဗျို့။
အငယ်မ မြွေပေါက်တယ်ဆိုတော့ အရင်ဆုံး ကျုပ်တို့လယ်တဲကိုခေါ်လာခဲ့ကြတယ်၊ ကျုပ်ရင် အငယ်ကောင်ရယ်က၊ အငယ်မကို တွဲပိုးလာကြတယ်၊ ကျန်တဲ့လူတွေကတော့ ကောက်ဆက်စိုက်ကြတာပေါ့ဗျာ။ လယ်တဲရောက်မှ ခြေထောက်တွေဘာတွေ ရေဆေးပြီး မြေကိုက်တဲ့ဒဏ်ရာကို အသေအချာကြည့်ရတာပေါ့ဗျာ၊ မြွေစွယ်ပေါက်ရာလေးနှစ်ခု ပတ်ပတ်လည်မှာ အနက်ရောင်တွေစုပြီးဖြစ်လာတယ်ဗျ၊ မသိရင် သွေးခြေဥသလိုပဲပေ့ါ၊ မကြာပါဘူးအငယ်မ ခြေထောက်က သွေးကြောတွေက အနက်ရောင်ကြီးတွေဖြစ်လာတယ်။ အငယ်မက အသားနည်းနည်းလတ်တယ်ဆိုတော့ သွေးကြောမဲမမဲကြီးတွေဖြစ်သွားတာကို အတိုင်းသားမြင်နေရတာပေါ့ဗျာ။
“အလတ်ကောင် မင်းတို့သုတ်သီးသုတ်ပြာနဲ့ ဘာဖြစ်လာကြတာလဲ”
ဦးဘသာက ကျုပ်တို့တဲထဲကိုဝင်လာတယ်ဗျ၊ ကျုပ်လည်း အငယ်မခြေထောက်ကိုပြလိုက်တယ်”
“အငယ်မကို မြွေပေါက်တာပဲဗျ”
ဦးဘသာက ဒဏ်ရာကိုသေသေချာချာကြည့်ရင်း
“ဘာမြွေလဲကွ”
ကျုပ်လည်း မြွေကြီးကိုသေသေချာချာပြန်စဉ်စားနေမိတယ်၊ မြွေပွေးလဲမဟုတ်၊ ဘာမြွေမှန်းပြောရခက်တဲ့မြွေဗျ၊ မြွေဟောက်လိုလည်း ပါးပျဉ်းမထောင်ဘူး၊ ကျုပ်လည်း ဘာပြောရမှန်းမသိတာနဲ့ ခေါင်းခါပြလိုက်တယ်။
“မြွေကတော့ မြွေအနက်ကြီးဗျ”
“မြွေကိုရော မင်းတို့မတွေ့ခဲ့ဘူးလား”
ကျုပ်တို့လည်း ခေါင်းခါပြလိုက်တယ်၊ ဦးဘသာကြီးက ထူးဆန်းသလိုကြည့်နေရင်း
“မင်းတို့မြွေက ရိုးရိုးတန်းတန်းမြွေရော ဟုတ်ကဲ့လားကွာ၊ မှန်းစမ်း ငါကြည့်စမ်းမယ်”
ဦးဘသာက အငယ်မခြေထောက်ကိုစမ်းကြည့်တယ်ဗျ။
“ပုံမှန်မြွေဆိုရင် လူကိုကိုက်ပြီးရင် သိပ်ဝေးဝေးမပြေးနိုင်ဘူးကွ၊ လူတွေမှာကလည်း လူဆိပ်ဆိုတာရှိတယ်မဟုတ်လား”
“အခုကျတော့ ဘာဖြစ်နေလို့လဲ”
ဦးဘသာက မီးဖိုထဲကနေ မီးသေနေတဲ့ထင်းတစ်ချောင်းကို ကောက်ယူလိုက်တယ်ဗျ၊ ပြိးတော့ မြွေကိုက်ဒဏ်ရာရဲ့ ဘေးနားမှာ အဲဒီထင်းစရဲ့ထိပ်နဲ့ အဝိုင်းပုံလေးဆွဲလိုက်တာပဲ၊ မြွေအစွယ်ရာကို ပတ်ပြီးဆွဲတဲ့သဘောပေါ့ဗျာ၊ အဲဒီလိုဆွဲပြီးတာနဲ့ မြွေစွယ်ရာကို လက်နဲ့သုံးလေးချက်လောက်ရိုက်လိုက်တယ်။
“စုဟဲ့၊ ဒီမှာလာစု”
ဦးဘသာပြောလိုက်တဲ့အခါ အနက်ရောင်သွေးတွေက မြေစွယ်ပေါက်ရာဆီမှာ လာစုတယ်ဗျ၊ အရည်ကြည်ဖုလို အဖုအကြီးကြီးထလာပြီးတော့ ညိုမဲပြီးတက်လာတာပဲဗျာ၊ ဦးဘသာက ဓါးဦးချွန်တစ်လက်တောင်းတယ်ဗျ၊ ကျုပ်တို့လယ်ထဲမှာလည်း ဘာလေးညာလေး စားရအောင်လို့ ဓါးဦးချွန်ကလေးဆောင်ထားတာဆိုတော့ လယ်တဲခေါင်မိုးကြားမှာ ညှပ်ထားတဲ့ ဓါးဦးချွန်ကလေးကို ထုတ်လိုက်တာပေါ့ဗျာ၊ ပြီးတောနဲ့ ဦးဘသာက အဲဒီဓါးဦးချွန်ကလေးကို မီးဖိုမီးနဲ့ကင်ပြီးတော့ အငယ်မခြေထောက်က အဖိုနက်နက်ကြီးပေါ်ကို ထိုးချထည့်လိုက်တယ်။
ရှဲခနဲ အသံကြိးမြည်ပြီးတော့ အငယ်မခြေထောက်က အဖုက ပေါက်ထွက်သွားတာပဲဗျာ အငယ်မဆိုရင်လည်း အော်လိုက်တာမှ ပြောမနေပါနဲ့တော့၊ အရည်နက်နက်ကြီးတွေက မြေပေါ်ကိုကျပြီး မြေပေါ်မှာ အမြှ့ပ်တွေထသွားသေးတယ်၊ ပြီးတော့မှ ဦးဘသာက ကွမ်းရွက်တစ်ရွက်ကို ကြိတ်ချေပြီးတော့ အငယ်မခြေထောက်မှာကပ်ပေးလိုက်တာပေါ့။
“အားလုံးကောင်းသွားလိမ့်မယ်၊ ရွံ့ရေတော့ မထိစေနဲ့ပေါ့ကွာ၊ အိမ်ကိုပြန်နေပေါ့”
ကျုပ်လည်းအငယ်ကောင့်ကို ညီမငယ်နဲ့အတူတူအိမ်ပြန်ဖို့လွှတ်လိုက်တယ်။ ပြီးတော့မှ ဦးဘသာနဲ့ နှစ်ယောက်တည်း လယ်တဲထဲမှာကျန်ခဲ့တာမို့ ဦးဘသာအနားကို ကပ်လိုက်တာပေါ့ဗျာ။
“မင်းဟာက မြွေစုန်းကွ၊ စုန်းတစ်ယောက်ယောက်က တိုက်ထားတဲ့မြွေပဲ”
“ဟုတ်မယ်ဗျ၊ ဒီမြွေကြီးကို ကျုုပ်ကတွေ့လို့ ပေါက်တူးနဲ့ခုတ်လိုက်တာတောင်မှ ဒီမြွေရဲ့ခေါင်းက မပြတ်ဘဲ အငယ်မကိုဆက်ကိုက်တာဗျို့”
ကျုုပ်လည်း ဦးဘသာကို ဖြစ်ရိုးဖြစ်စဉ်တွေကိုပြောပြလိုက်တော့ ဦးဘသာက ခေါင်းညိတ်တယ်။
“အင်း၊ တစ်ယောက်ယောက်တော့ မကျေနပ်လို့လုပ်တာပဲကွ”
ကျုပ်လည်း အသေအချာပြန်စဉ်းစားရင်း
“ဒါဆို ပန်းမှုံဆိုတဲ့ကောင်မလေးများလား၊ အငယ်မက ခုနကလေးတင် အဲဒီကောင်မလေးနဲ့ စကားများခဲ့သေးတယ်”
ဦးဘသာက ကျုပ်ကိုကြည့်ရင်း
“ဒီကောင်မလေးက ဘယ်ကလဲကွ”
“ဒွေးချောင်းဘက်ကလို့ပြောတာပဲ”
ဦးဘသာက ခေါင်းကိုဆတ်ခနဲညိတ်ရင်း
“အေး၊ ဟုတ်ရင်လည်း ဟုတ်မှာပေါ့ကွာ”
ဒီလိုနဲ့ ညနေရောက်တော့ ကျုပ်တို့ကောက်စိုက်တဲ့လုပ်ငန်းကိုသိမ်းလိုက်တယ်၊ အဖေပိုင်တဲ့လယ်တွေ တော်တော်များများတော့ စိုက်ပြီးသွားပြီဆိုပေမယ့်် နောက်နေ့တစ်ရက်လောက်တော့ ထပ်စိုက်ရအုံးမယ်ထင်ပါ့ဗျာ။
(၄)
ညရောက်တော့ စောစောအိပ်ခဲ့ကြတယ်ဗျ၊ ကျော်လင်းနဲ့လည်း စကားသိပ်မပြောတော့ဘူးလေ၊ ဘာလို့လဲဆိုတော့ ဒီကောင့််ကိုမြန်မြန်အိပ်စေချင်လို့ဗျ၊ ဒီကောင်အိပ်သွားတော့မှ ဦးဘသာကြီး ညဘက်ဘယ်လိုကောက်စိုက်တယ်ဆိုတာ ထကြည့်လို့ရမှာမဟုတ်လား။ ညဆယ်နာရီထိုးတော့ ဒီကောင်လုံးလုံးအိပ်ပျော်သွားပြီ၊ ဒီတော့မှ ကျုပ်လည်း ခြင်ထောင်ထဲကနေ အသာကလေးထွက်ပြီး အိမ်အောက်ကိုခြေသံလုံလုံနဲ့ ဖွဆင်းရင်း ထွက်ခဲ့ရတာပေါ့ဗျာ။
ဦးဘသာအိမ်မှာ လူမရှိတော့ဘူးဗျ၊ ကျုပ်လည်း ရွာပြင်ကိုပြေးလာခဲ့ရင်း လယ်ကွင်းတွေအနားရောက်တော့ လယ်ခင်းထဲကနေ တေးဆိုသံတွေကြားလိုက်ရတယ်ဗျ၊ တေးသံကိုနားထောင်ကြည့်တော့ မိန်းကလေးတွေ သံပြိုင်တေးဆိုနေတဲ့အသံပဲ၊ ကျုပ်အသေအချာနားထောင်ရင်း ကောက်စိုက်သမတွေ တေးဆိုတာမှန်း သိလိုက်တာမို့လို့ အမြန်ပြေးလာခဲ့တာပေါ့ဗျာ။
ထင်တဲ့အတိုင်းပါပဲ၊ ဦးဘသာက သူ့လယ်ထိပ်က ကန်သင်းပေါ်မှာထိုင်လို့ဗျ၊ ကျုပ်ရောက်သွားတော့ ကျုပ်ကိုလှမ်းခေါ်တယ်၊ လကလည်းသာနေတာဆိုတော့ လင်းလင်းထင်းထင်းပါပဲ၊ ကျုပ်လှမ်းကြည့်လိုက်တော့ လယ်ထဲမှာ မိန်းကလေးငါးယောက်က ကောက်စိုက်နေကြတယ်ဗျ၊ သီချင်းလည်း တကြော်ကြော်အော်လို့ပေါ့ဗျာ။
“ဦးဘသာ ဘယ်သူတွေနဲ့စိုက်နေတာတုန်း”
ကျုပ်ပြောလိုက်တာနဲ့ ကောက်စိုက်သမတွေလည်း ရုပ်ချည်းပျောက်သွားတာဗျ၊ သူတို့ကိုင်ထားတဲ့ ပျိုးထုံးတွေဆိုရင်လည်း တဖုတ်ဖုတ်နဲ့ပြုတ်ကျခဲ့ပါရောဗျာ၊ ကျုပ်လည်း လူမဖြစ်နိုင်မှန်းသိလိုက်ပြီလေ၊ ဦးဘသာက လယ်ထဲကိုတစ်ချက်ကြည့်ပြီးတော့ လက်ကိုဝှေ့ယမ်းရင်း
“ဟေး၊ ဘာမှမဖြစ်ဘူး၊ အဲဒါ ငါ့တူ”
အဲဒီလိုပြန်ပြောလိုက်ပြီး သိပ်မကြာပါဘူးဗျာ၊ ကောက်စိုက်သမတွေပြန်ပေါ်လာကြတယ်၊ သူတို့က ကောက်ချက်ကို မှန်မှန်စိုက်သွားတာဗျ၊ ကောက်ပင်တန်းကလေးတွေဆိုရင် ညီနေတာပဲ၊ ကျုပ်တို့အခင်းနဲ့ယှဉ်ရင် အတော်ကြီးကိုကွာတယ်၊ မသိရင် စက်နဲ့စိုက်တာများလားလို့တောင် ထင်ရတယ်ဗျာ။
“ဦးဘသာ အဲဒါဘယ်သူတွေလဲ”
“လှကြီးလယ်က လူတွေပေါ့ကွ”
“နေပါအုံး ဒါဆိုရင် ဒီကောက်စိုက်သမလေးတွေက ဦးလှကြီးလယ်မှာ အစာမှားပြီးသေသွားကြတဲ့ ကောက်စိုက်သမလေးတွေလား”
“သိပ်ဟုတ်တာပေါ့ကွာ”
(ထိုအကြောင်းကို စုန်းထီးကြီးဦးဘသာနှင့် သရဲတွေစောင့်တဲ့လယ် တွင် ဖော်ပြခဲ့ပြီဖြစ်ပါပြီ)
“ဒါနဲ့ ဦးလှကြီးက သေပြီလေ၊ သူတို့က ရှိနေဆဲပဲလား”
“အေးပေါ့ကွ၊ ငါလည်းအရင်နှစ်က ကောက်စိုက်သမတွေကို ကြေးများများခေါ်ပြီး ငှားစိုက်ခိုင်းပေမယ့်၊ ဒီနှစ်ကျတော့ ပိုက်ဆံလည်း သိပ်မရှိတော့တာနဲ့ သူတို့လေးတွေကိုပဲ ခေါ်ခိုင်းဖြစ်တယ်လေကွာ”
“ကောက်စိုက်တာတော့ ဟုတ်ပါပြီဗျ၊ ပျိုးနှုတ်၊ ပျိုးထုံးတာကျတော့ရော”
ကျုပ်မေးလိုက်တော့ ဦးဘသာကြီးက ပျိုးခင်းထဲကိုပြတယ်၊ ပျိုးခင်းထဲမှာ သူရဲကြီးတစ်ကောင် အကြီးကြီးပဲဗျာ၊ လူအရပ်နှစ်ဆလောက်ကိုရှိတာ၊ ပျိုးပင်တွေကို နှုတ်ပြီးတော့ ပျိုးချေးတွေခါချပြီး သူ့ကျောပေါ်ကိုတင်တယ်၊ ပြီးတော့ ကောက်စိုက်သမတွေအနားကို သွားသွားချပေးတယ်ဗျာ။ ဦးဘသာကြီးက သရဲတွေကိုခိုင်းစားတာ သူ့ဟာနဲ့သူတော့ဟုတ်နေတာပဲ၊ ကျုပ်တို့ကြည့်နေရင်း ညသန်းခေါင်လောက်ရောက်တော့ အားလုံးပြီးသွားတော့တာပဲဗျာ၊ ပြီးစီးသွားတော့ ဦးဘသာကြီးက သူယူလာတဲ့တောင်းကြီးထဲက ထမင်းဟင်းတွေထုတ်ပြီးတော့ ဖက်ကြိးတွေခင်းပြီးပုံထားခဲ့လိုက်တယ်၊ ပြီးတော့ ကျုပ်ကိုလက်ကုပ်တယ်။
“သရဲတွေမကြိုက်ဆုံးအရာက သူတို့စားသောက်နေတဲ့အချိန် ကြည့်တာပဲတဲ့၊ ကဲ လာပါကွာ၊ ငါတို့သွားကြစို့”
ကျုပ်လည်း ကြောက်ကြောက်နဲ့အမြန်ထွက်ခဲ့တာပေါ့ဗျာ၊ သရဲတွေထမင်းစားတဲ့ပုံကိုလည်း ပြောပြအုံးမယ်ဗျ၊ ဖက်နဲ့ခင်းထားတဲ့နေရာကို နောက်ပြန်ကြီးတွေ ဆောင့်ကြောင့်ထိုင်ကြတယ်၊ ပြီးတော့ သူတို့လက်ကြီးတွေကို ဖက်အောက်ကနေလျှိုသွင်းပြီးတော့ ဖက်ထဲက ထမင်းတွေကိုလှမ်းနှိုက်တာဗျို့၊ ထမင်းလုပ်ပါလာရင် လက်ကိုဖင်အောက်ကနေပြန်လျှိုထုတ်ပြီးတော့ ပါးစပ်ထဲထည့််ပြီးစားကြတာ။ ကျုပ်နဲ့ဦးသဘာလဲ အဲဒီနေရာကနေ ခပ်မြန်မြန်လစ်ခဲ့တယ်ဗျာ။
ရွာအဝင်လမ်းရောက်တော့ လူနှစ်ယောက်က သုတ်သီးသုတ်ပြာနဲ့ထွက်လာတယ်ဗျ၊ ကျုပ်တို့လည်းထူးဆန်းပြီးကြည့်နေတုန်း သူတို့နှစ်ယောက်နဲ့ဆုံပါရောဗျာ၊ မှောင်နေတော့ သေသေချာချာမမြင်ရဘူးဗျာ၊ ဦးဘသာက လက်ညှိုးထဲက မီးလုံးကလေးတစ်လုံးထုတ်ပြီးတော့ လေထဲတောက်လိုက်တာနဲ့ ပတ်ဝန်းကျင်မှာ ဆီမီးလင်းသလို လင်းသွားတာပဲဗျာ၊
အလင်းရောင်အောက်မျာ မြင်လိုက်ရတာက ကျော်လင်းနဲ့ ပန်းမှုံဗျ။
“ကျော်လင်း၊ မင်းတို့ဘာလုပ်ကြတာလဲ”
ကျော်လင်းက ကျုပ်ကိုမသိသလိုလိုနဲ့ စိုက်ကြည့်နေတယ်ဗျ၊ ဦးဘသာက ပန်းမှုံကိုကြည့်လိုက်ရင်း
“ဟဲ့ကလေးမ နင်ဒါဘာလုပ်တာလဲ”
ပန်းမှုံမျက်နှာထားကတင်းသွားပြီး
“ရှင်တို့ဝင်မရှုပ်ကြနဲ့”
အဲဒီလိုပြောပြီးတော့ ခြေထောက်ကို မြေကြီးနဲ့ဆောင့်ထည့််လိုက်တာဗျ၊ ကျုပ်တို့ရပ်နေတဲ့မြေကြီးက ငလျင်လှုပ်သလိုဖြစ်သွားပြီးတော့ ကျုပ်တောင်မှ ခြေချော်လဲကျသွားတယ်။ ဦးဘသာကတော့ မလဲဘဲ ရပ်နေတယ်ဗျ။
“ညည်းပညာလောက်နဲ့ ငါ့ကိုလာမစော်ကားနဲ့”
ဦးဘသာပြောတုန်းရှိသေးတယ်၊ ပန်းမှုံက ဆီးဖြူသီးလောက်ရှိတဲ့ အလုံးကလေးသုံးလုံးကို မိုးပေါ်ပစ်တင်လိုက်တာနဲ့ ပိတုန်းနက်ကြီးသုံးကောင်အဖြစ်ပြောင်းလဲသွားရောဗျို့၊ ပိတုန်းကြီးတွေက ဦးဘသာကိုတုပ်ဖို့ပြေးလာတယ်၊ ဦးဘသာက လေနဲ့တစ်ချက်မှုတ်လိုက်တော့ အဲဒီပိတုန်းသုံးကောင်က လွင့်ထွက်သွားတာပဲဗျာ၊ ပိတုန်းသုံးကောင်မှာ တစ်ကောင်ကတော့ ကျန်နေခဲ့တယ်၊ နောက်ပြီး ကျုပ်ကိုတုပ်ဖို့ပျံလာတယ်၊ ပျံတဲ့အသံကြီးကတင် တဝီဝီနဲ့သိပ်ကြောက်ဖို့ကောင်းတာပဲဗျာ၊ ကျုပ်လည်း ကြောက်ကြောက်နဲ့ ဖိနပ်ကိုချွတ်ပြီးတော့ ဖိနပ်နဲ့ဖြောင်းခနဲရိုက်ထည့်လိုက်တော့ ပိတုန်းက ခပ်လှမ်းလှမ်းက မြေကြီးပေါ်ကိုကျသွားတယ်၊ ကျုပ်လည်း အချိန်ဆွဲမနေဘဲ အဲဒီပိတုန်းကို ကျန်တဲ့ဖိနပ်စီးထားတဲ့ခြေထောက်နဲ့ နင်းထည့်လိုက်တော့ ပိတုန်းက စိစိညက်ညက်ကြေသွားတော့တာပါပဲ၊ ကျုပ်ဖိနပ်ကိုမလိုက်တော့ ပိတုန်းမရှိတော့ပဲ ၊ သွေးဆေးလိုလို၊ လျက်ဆားလိုလို အမှုန့်လေးတွေကို တွေ့ရတယ်။
ဦးဘသာက လက်ကိုလေပေါ်မြှောက်လိုက်တာနဲ့ ပန်းမှုံတစ်ယောကက် ဂုတ်ကိုလူတစ်ယောက်ယောက်က ဆွဲလိုက်သလိုဖြစ်ပြီး လေပေါ်မြောက်တက်သွားတာပဲ၊ ဦးဘသာကို စိမ်းစိမ်းကြီးစိုက်ကြည့်တယ်၊ အတော်ကြာမှ ဦးဘသာက သူ့ထက်စွမ်းတယ်ဆိုတာ သိသွားတယ်ထင်ပါတယ်။
“ကျွန် . . . ကျွန်မတောင်းပန်ပါတယ်ဆရာကြီး”
“နင့်အမတွေကိုတောင်မှ ငါကအနိုင်ယူခဲ့တာ၊ နင့်လောက်ကတော့ ပျင်းတောင်ပျင်းသေးတယ်၊ ပြောစမ်း၊ နင်ဘာလို့ ဒီကောင့််ကိုဆေးကျွေးထားတာလဲ”
“သူ့ကိုကျုပ်ချစ်လို့ပါ”
ဦးဘသာက ခါးထောက်ရင်း
“သူကရော နင့်ကိုချစ်လို့လား”
ပန်းမှုံခေါင်းငိုက်စိုက်ကျသွားပြီးတော့ ခေါင်းကိုအသာလေးခါပြတယ်။
“နင့်ကိုမကြိုက်ဘူးဆိုတာသိရက်နဲ့များ ဘာလို့ဒီလိုလုပ်ရတာလဲ”
“သူမကြိုက်ပေမယ့် ကျုပ်ကကြိုက်တယ်၊ သူ့ကိုကျုပ်ရအောင်ယူမယ်”
“တော်စမ်းကလေးမရာ၊ လူတစ်ဖက်သားကို ပညာနဲ့သုံးပြီး ချစ်အောင်လုပ်တယ်ဆိုတာက လွယ်တဲ့ကိစ္စမဟုတ်ဘူးနော်၊ ပြီးတော့ ဒီကောင်လေးက မြို့ကလာတဲ့ကောင်လေး၊ ဧည့်သည်လည်း ဧည့်သည်ပဲ၊ နင်သူ့ကိုပြန်လွှတ်ပေးလိုက်ပါ”
“အို . .မလွတ်ဘူး၊ သူ့ကိုကျုပ်ချစ်တယ်”
“ကဲ၊ နင်မလွတ်ရင်တော့ ငါလွှတ်ပေးရလိမ့်မယ်”
ဦးဘသာက အဲဒီလိုပြောပြီးတော့ ကျော်လင်းဆီသွားရင်း ကျော်လင်းရဲ့ပြူးကြောင်နေတဲ့မျက်လုံးတွေကို လက်နဲ့ပွတ်ပေးလိုက်တယ်၊ ဒီတော့မှ ကျော်လင်းလည်း အိပ်နေရာကနေနိုးလာတဲ့လူလို မျက်လုံးကြီးပြူးလာတယ်”
“ကျုပ် . . . ကျုပ်ဘာဖြစ်တာလဲ”
“အေး၊ မင်းကိုမေးစရာရှိလို့ မင်းသူ့ကိုကြိုက်သလား”
ဦးဘသာက လေပေါ်တန်းလန်းကြီးဖြစ်နေတဲ့ ပန်းမှုံကိုလက်ညှိုးထိုးပြီးမေးလိုက်တော့ ကျော်လင်းက အံ့သြနေသေးတယ်။
“မင်းစိတ်ထဲက အမှန်အတိုင်းဖြေနော်ကောင်လေး၊ မင်းသူ့ကိုချစ်သလား၊ ကြိုက်သလား”
ကျော်လင်းက ခေါင်းခါတယ်ဗျ။
“ကျုုပ်နဲ့ နေ့လည်တုန်းကတော့ စကားစမြည်ပြောဖူးတာမှန်ပါတယ်၊ ဒါပေမယ့် ကျုပ်သူ့ကိုမကြိုက်ဘူး၊ ကျုပ်မှာချစ်ရမယ့်သူရှိပြီးသား၊ ကျုပ်နဲ့ကျောင်းအတူတူတက်နေတဲ့ ဝတ်မှုန်နဲ့ ကျုပ်ကြိုက်နေတယ်ဆိုတာ နေ့လည်ကလည်း ခင်ဗျားကိုပြောခဲ့ပြီးသားပဲ”
သူပြောလိုက်တော့ ပန်းမှုံက မျက်ရည်တွေးစီးကျလာတယ်ဗျ။ ဦးဘသာက ပန်းမှုံကိုကြည့်ရင်း
“နင်ကြားတယ်နော်၊ ကာယကံရှင်ရဲ့ ဆန္ဒကို နင်သိပြီးပြီဆိုတော့ နင်ဘာလုပ်ရမလဲဆိုတာ သိမှာပါ၊ ကဲ ပန်းမှုံ၊ နင်သွားတော့”
ဦးဘသာပြောလိုက်တော့မှ ပန်းမှုံတစ်ယောက် မြေကြီးပေါ်ကို ဖုတ်ခနဲကျသွားပြီး ခွေခွေကလေးဖြစ်သွားတယ်၊ နောက်တော့ ပန်းမှုံကခေါင်းခါတယ်။
“ကျုပ်ကို နှင်မထုတ်ပါနဲ့ရှင်၊ ကျု့်ဒီရွာမှာနေရင်း လယ်စိုက်ရအုံးမယ်၊ အိမ်မှာကျန်နေခဲ့တဲ့ အဘွားအတွက် ပိုက်ဆံတွေရှာရအုံးမယ်၊ တကယ်တော့ကျုပ် သူ့ကိုယူမယ်ဆိုတာကလည်း သူ့ကိုချစ်တာထက် သူ့လိုမြို့ကြီးသားကိုယူပြီးတော့ ကျုပ်ဘဝပြောင်းသွားမလားလို့ ကြံခဲ့မိတာပါ ဆရာကြီးရယ်”
“အေး၊ နင်နေချင်တယ်ဆိုရင်နေနိုင်တယ်၊ ဒါပေမယ့် ရွာမှာ နောက်တစ်ခါ ပညာသုံးတာ၊ သူများကို ဒုက္ခပေးတာလုပ်ရင် နင်ငါ့အဆိုးမဆိုနဲ့”
ဦးဘသာက လက်ညှိုုးငေါက်ငေါက်ထိုးပြီးပြောလိုက်တော့မှ ပန်းမှုံက ရွာထဲကိုပြေးဝင်သွားတယ်၊ ကျုပ်လည်း ကျော်လင်းကိုခေါ်ပြီးပြန်ခဲ့ရတာပေါ့ဗျာ၊ ကျော်လင်းကတော့ တကယ့်ကိုကြောင်တောင်တောင်ရယ်ပါ။
“ဒါနဲ့ ကိုခင်မောင်တို့က ဘယ်လိုလုပ်ပြီးတော့ ရွာထိပ်ကိုရောက်နေတာလဲ”
“အဲ . . ဟို . .ဟို”
ကျုပ်လည်း မဖြေချင်တာနဲ့ စကားလမ်းကြောင်းလွှဲရတယ်။
“ဒါနဲ့ မင်းကိုပန်းမှုံကဆေးခတ်တာဆိုတော့ မင်းသူကျွေးတာ ဘာတွေစားမိသေးသလဲ”
ကျော်လင်းက ခေါင်းခါတယ်ဗျ၊ နောက်တော့မှ သေသေချာချာစဉ်းစားပြီး ခေါင်းညိတ်တယ်။
“ကျုပ်မှတ်မိပြီ၊ ကျုပ်တို့ထမင်းစားတုန်းက ကျုပ်က ငရုတ်သီးစပ်စပ်စားချင်တယ်ဆိုတော့ သူက ကျုပ်ကိုငရုတ်သီးတစ်တောင့် ကျွေးတယ်ဗျ၊ ဒါပဲ သူ့ဆီက စားလိုက်မိတာ”
“အေးပေါ့ကွ၊ အစားမတော်တစ်လုပ်ဆိုတာ အဲဒါပဲ၊ ငရုတ်သီးတစ်တောင့််ကြောင့် မင်းပန်းမှုံနဲ့ရတော့မလို့၊ ဒါပေမယ့် ရရင်လည်းမဆိုးပါဘူးကွ၊ ပန်းမှုံက ကြည့်လို့ကောင်းပါတယ်၊ ဟား၊ ဟား”
ကျော်လင်းက ကျုပ်ကိုကြည့်ပြီးတော့
“အောင်မာ၊ ကျုပ်မှာလည်းရည်းစားနဲ့ပါ၊ ကျုပ်ရည်စားဝတ်မှုန်ဆိုရင် ဟောဒီရွက်ကြမ်းရေကျို တောသူမထက် အဆပေါင်းများစွာလှတယ်၊ အိမ်ရောက်တော့ ကိုခင်မောင်ကို ဓါတ်ပုံပြမယ်”
ကျုပ်တို့လည်း အိမ်ကိုအမြန်ပြန်ခဲ့တာပေါ့ဗျာ၊ အိမ်ကလူတွေကတော့ ကျုပ်တို့ကိုတပိုတပါးဆင်းသွားကြတယ်ထင်တာပေါ့၊ ဒီအကြောင်းတွေကို ကျုပ်တို့လည်း အိမ်ကိုမပြောကြေးဆိုပြီးတော့ ဆုံးဖြတ်လိုက်တာပေါ့ဗျာ။
မနက်အိပ်ရာနိုးတော့ ကျော်လင်းက ကျုပ်ကို ဓါတ်ပုံတစ်ပုံထုတ်ပြတယ်၊ သူပြောတဲ့အတိုင်းပဲဗျာ၊ ဓါတ်ပုံထဲက ကောင်မလေးက လှလိုက်တာ၊ ကျုပ်ဖြင့် မင်းသမီးပုံကြီးထုတ်ပြတယ်မှတ်တာ၊ ဓါတ်ပုံအနောက်မှာ ရေးထားတဲ့စာတွေ့မှာ တကယ်မှန်းယုံသွားတာဗျ၊ စာက ဘာရေးထားတာလဲဆိုတော့ “ချစ်ရတဲ့အကို့အတွက်လက်ဆောင် ဝတ်မှုန်” ဆိုပြီးရေးထားတာလေဗျာ၊ ကျုပ်လည်းကျော်လင်းကို ပြေးဖက်လိုက်တော့ ကျော်လင်းက အထူးအဆန်းနဲ့ ကျုပ်လက်ကနေရုန်းတယ်။
“အကိုခင်မောင် ဘာဖြစ်သွားတာလဲ”
“ဟီးဟီး မင်းက ငါ့ထက်သုံးနှစ်ငယ်တယ်ဆိုပေမယ့် ငါ့အတွက်တော့ဆရာပဲကွ၊ ပြောစမ်း၊ မင်း ဒီလောက်လှတဲ့ကောင်မလေးကို ဘယ်လိုများသိမ်းသွင်းလိုက်တာလဲ”
ကျုပ်ပြောတော့ ကျော်လင်းက ကျုပ်လက်ကိုပုတ်ချပြီးတော့ သူ့အင်္ကျီကော်လံစကို လက်နဲ့ထောင်ရင်း
“ဟဲ၊ ဟဲ ဒါကတော့ အထာလေးတွေရှိတာပေါ့ဗျာ”
“အေးကွာ၊ အဲဒီအထာလေးတွေလည်း ငါ့ကိုမျှလှည့််ပါ၊ ငါမင်းကို ဆရာတင်ပါတယ်ကွ”
“အင်းလေ ကိုခင်မောင်သိချင်တယ်ဆိုတော့လည်း သင်ပေးရတာပေါ့ဗျာ”
မနက်စာ စားသောက်ပြီးတာနဲ့ သကောင့်သားက ပြန်မယ်ဆိုပြီးတော့ ထပြန်တော့တာပါပဲဗျာ၊ သူက ဒီရွာမှာ ဆက်မနေချင်တော့ဘူးတဲ့လေ၊ အဖေကလည်း အကိုကြီးကို လှည်းနဲ့လိုက်ပို့ခိုင်းတာပေါ့၊ ကျုပ်တို့ကတော့ ကောက်စိုက်ရအုံးမယ်မဟုတ်လား။ ကျုပ်လည်း သူတို့လှည်းနောက်ကနေ ပြေးလိုက်ရင်း
“ကျော်လင်း၊ ညီလေး၊ ငါ့ကို ပညာတွေသင်ပေးမယ်ဆိုကွ”
ကျော်လင်းကတော့ ကျုပ်ကိုပြုံးပြရင်း သူတို့လှည်းကြီးက ရွာထိပ်ကနေ ထွက်သွားပါရောလားဗျာ။
ပြီးပါပြီ။
#ဦးဘသာ #စုန်း #သရဲ #horror
Zawgyi Version
“စုန္းထီးႀကီး ဦးဘသာႏွင့္ က်ဳပ္တို႔လယ္ ေကာက္စိုက္တုန္းက “(စ/ဆုံး)
—————————————————————————-
အတြဲ(၃) စာစဥ္(၈)
(၁)
ပ်ိဳးပင္ေတြေကာင္းေကာင္းသန္ၿပီဆိုရင္ လယ္စိုက္ဖို႔အခ်ိန္ေရာက္လာၿပီေပါ့ဗ်ာ၊ အဲဒီပ်ိဳးပင္ေတြကို ႏႈတ္ၿပီးေတာ့ စိုက္မယ့္ကြင္းေတြထဲမွာ ျပန္ၿပီးေကာက္စိုက္ရမွာေပါ့၊ လယ္လုပ္တာက တစ္ေယာက္တစ္အားနဲ႔လုပ္လို႔ရေပမယ့္ ေကာက္စိုက္တာတို႔ ေကာက္ရိတ္တာတို႔က်ရင္ေတာ့ တစ္ေယာက္အားနဲ႔မရေတာ့ဘူးဗ်၊ ဒါနဲ႔ ေကာက္စိုက္ဖို႔ လူလိုက္ရွာရတာေပါ့ဗ်ာ။ အခုလိုေကာက္စိုက္ခ်ိန္ဆိုရင္ေတာ့ လူအင္အားက အေတာ္ရွားတာဗ်၊ တစ္႐ြာလုံးက လယ္စိုက္တာဆိုေတာ့ အခ်ိန္က်လာရင္ သူ႔လယ္ကိုယ့္လယ္အၿပိဳင္ ေကာက္စိုက္ၾကရတာကလား။
က်ဳပ္လည္း မ်က္ႏွာသစ္ၿပီးေတာ့ အိမ္ေပၚက မဆင္းခင္ အိမ္ကထြက္ဖို႔ျပင္ေနတဲ့ အငယ္မႏွစ္ေယာက္ကို လွမ္းသတိေပးရေသးတယ္၊ အငယ္မေတြက ထဘီကိုတိုတိုဝတ္ၿပီးေတာ့ ေခါင္းမွာလည္း ဝါးဖတ္ေတြနဲ႔လုပ္ထားတဲ့ ခေမာက္ႀကီးႀကီးေတြေဆာင္းရင္း အက်ႌလက္ရွည္ေတြဝတ္ထားၾကတာေပါ့၊ ဒီစတိုင္ကေတာ့ က်ဳပ္တို႔ေဒသရဲ႕ ေကာက္စိုက္တဲ့စတိုင္လို႔ေခၚမွာေပါ့ဗ်ာ၊ ေနေလာင္မွာေၾကာက္လို႔ မ်က္ႏွာတစ္ခုလုံးကိုလည္း သနပ္ခါးေတြဖုန္ေနေအာင္လူးၿပီးေတာ့ လည္ပင္းေတြပါ အကုန္လူးထားတာဗ်ိဳ႕။
“ဟဲ့ အငယ္မ၊ နက္ျဖန္ ငါတို႔လယ္စိုက္မွာေနာ္၊ နင္တို႔အားရဲ႕လား”
“အားပါတယ္အကိုလတ္ရဲ႕၊ ဒါဆို အရီးဝိုင္းတို႔လယ္ကို ဒီေန႔တစ္ရက္ပဲစိုက္ေပးလိုက္ေတာ့မယ္၊ ဒီေန႔ဆိုရင္ေတာ့ၿပီးေလာက္ၿပီထင္ပါရဲ႕”
“လက္စားေရာ ျပန္ယူခဲ့မွာမဟုတ္လား၊ တို႔က ႏွစ္ေယာက္သြားထားတာေနာ္”
“စိတ္ခ်ပါ အရီးဝိုင္းသမီးအငယ္မရယ္၊ သူ႔တူမရယ္ လက္စားျပန္ေပးမယ္ေျပာတယ္”
“ေအးေအး၊ သြားၾက၊ ေနမပူခင္သြားၾကေတာ့”
က်ဳပ္ေျပာလိုက္တာနဲ႔ အငယ္မႏွစ္ေယာက္က စကားတေျပာေျပာနဲ႔ထြက္သြားေတာ့တယ္၊ အေဖကေတာ့ အိမ္ေရွ႕မွာထိုင္ေနတယ္။
“အလတ္ေကာင္၊ မနက္ျဖန္ငါတို႔လယ္စိုက္မယ္၊ တစ္ရက္နဲ႔ေတာ့ ၿပီးမယ္မထင္ဘူး၊ မင္းအဲဒါ လူနည္းနည္းသြားရွာကြာ”
“ဟုတ္ကဲ့အေဖ၊ က်ဳပ္သြားရွာေပးပါ့မယ္”
က်ဳပ္လည္း ၿခံထဲကေနေျပးအထြက္၊ လူတစ္ေယာက္ကလည္း ၿခံထဲကိုေျပးအဝင္နဲ႔ က်ဳပ္တို႔ႏွစ္ေယာက္ၿခံတံခးါဝနားမွာ တိုက္မိၾကပါေရာဗ်ာ၊ က်ဳပ္လည္း အဲဒီလူကို အေသအခ်ာၾကည့္လိုက္ေတာ့မွ
“အလို၊ ေက်ာ္လင္းပါလားဟ”
“အကိုခင္ေမာင္ ေနေကာင္းတယ္ေနာ္၊ ဒါနဲ႔ ဦးေလးေရာရွိသလား”
“ရွိတာေပါ့ကြာ၊ မင္းေတာင္ ေတာ္ေတာ္ထြားလာသလိုပဲ၊ ကဲ၊ ကဲ အိမ္ထဲဝင္အုံး၊ ငါေကာက္စိုက္သမ သြားရွာလိုက္အုံးမယ္”
က်ဳပ္လည္း ႐ြာထဲကိုေျပးခဲ့ရတာေပါ့ဗ်ာ၊ ေကာက္စိုက္ခ်ိန္ဆိုရင္ ေကာက္စိုက္သမ ရွားတတ္တာ ထုံးစံပဲ၊ ဒီေတာ့ ကိုယ့္အမ်ိဳးေတြထဲက အားတဲ့လူရွိသလားဆိုၿပီး လိုက္ရွာရတာဗ်၊ လယ္နည္းရင္ေတာ့ ေလးငါးေျခာက္ေယာက္ဆို ၿပီးေပမယ့္၊ က်ဳပ္တို႔လယ္က အမ်ားသားဆိုေတာ့ လူမ်ားမ်ားရရင္ရ၊ မရရင္ေတာ့ သုံးေလးရက္ၾကာေအာင္ စိုက္ရတာေပါ့ဗ်ာ၊ က်ဳပ္လည္း က်ဳပ္တို႔ေဆြမ်ိဳးအိမ္ေတြကိုဆင္းၿပီးေတာ့ ေကာက္စိုက္သမရွာေပးရတယ္။
ဒါေပမယ့္ လယ္ေတြအက အၿပိဳင္စိုက္ေနၾကတာဆိုေတာ့ ဟိုလူ႔ကိုငွားမရ၊ ဒီလူ႔ကိုငွားမရနဲ႔ အေတာ္ကိုတိုင္ပတ္တာဗ်၊ က်ဳပ္တို႔ဆီမွာေတာ့ အဲဒီလိုအမ်ိဳးအိမ္ေတြကို တစ္ေယာက္တစ္လွည့္လိုက္ဆင္းေပးၾကတယ္၊ သူ႔လယ္စိုက္တဲ့ရက္ဆို ကိုယ္ကဆင္းေပးရတယ္၊ ကိုယ့္လယ္စိုက္တဲ့ရက္ဆိုရင္လည္း သူတို႔ဆီက လူက ျပန္ဆင္းေပးရတာေပါ့၊ အဲဒါကို လက္စားလိုက္တယ္လို႔ ေခၚတာေပါ့ဗ်ာ၊ တစ္႐ြာလုံးက အမ်ိဳးေတြခ်ည္းပဲမို႔ လူဆယ္ေယာက္ေလာက္ရွာတာ သိပ္မၾကာဘူးေပါ့ဗ်ာ။ လူေတြရေတာ့ က်ဳပ္လည္း အိမ္ကိုျပန္လာခဲ့တယ္ဗ်၊ ဦးဘသာကေတာ့ အိမ္ေရွ႕မွာ ေရေႏြးထိုင္ေသာက္ေနလို႔ဗ်။
“ဦးဘသာေရာ ေကာက္စိုက္သမေတြရၿပီလား”
ဦးဘသာက ေအးေအးလူလူပဲဗ်၊ ေခါင္းကိုအသာညိတ္တယ္။ သူ႔လို ႐ြာထဲအေပါင္းအသင္းသိပ္မရွိတဲ့လူက ဘယ္ကေနမ်ား ေကာက္စိုက္သမေတြ ရသလဲဆိုၿပီး က်ဳပ္လည္း အေတာ္ကိုထူးဆန္းေနတာဗ်။
“ဒါဆို ဦးဘသာလယ္ ဘယ္ေန႔စိုက္မလဲ”
“နက္ျဖန္ညစိုက္မယ္”
“ဟာဗ်ာ၊ ေကာက္စိုက္တာ ညဘက္စိုက္လို႔ရလို႔လား”
“ရတာေပါ့ကြ”
“ေနပါအုံး၊ ဦးဘသာက ဘယ္သူေတြေခၚထားတာလဲ”
“ငါ့အမ်ိဳးေတြ ေခၚထားတာေပါ့ကြာ”
က်ဳပ္လည္း ဘာမွဆက္မေမးေတာ့ဘဲ အိမ္ကိုျပန္လာခဲ့တာေပါ့။ အိမ္ျပန္ေရာက္ေတာ့ အေဖက က်ဳပ္ကိုဆီးေမးတယ္။
“အလတ္ေကာင္၊ လူေတြရခဲ့ရဲ႕လား”
“ဆယ္ေယာက္ပဲရတယ္ဗ်၊ ဒါေတာင္ ႐ြာအေရွ႕ပိုင္း၊ အေနာက္ပိုင္း အကုန္ပတ္လာခဲ့တာ”
“ဆယ္ေယာက္ဆိုရင္ ရက္ၾကာသြားလိမ့္မယ္ကြ၊ ဒီလိုလုပ္ကြာ ဦးဘတူးအိမ္မွာ ေကာက္စိုက္သမေတြေရာက္ေနတယ္ေျပာတယ္၊ သူတို႔နဲ႔ေဈးစကားေျပာၿပီးေတာ့ သြားေခၚၾကည့္စမ္း”
“ဟုတ္အေဖ၊ က်ဳပ္သြားလိုက္မယ္”
“က်ဳပ္လဲလိုက္မယ္ ကိုခင္ေမာင္”
“ေအးပါ၊ ဒါဆိုရင္လည္းလိုက္ခဲ့၊ ေရာက္တုန္းေရာက္ခိုက္ ႐ြာမွာလည္ရတာေပါ့ကြာ”
က်ဳပ္နဲ႔ေက်ာ္လင္းနဲ႔လည္း အိမ္ကေန ေနာက္တစ္ေခါက္ထပ္ထြက္ရတယ္၊ ေရေစာေစာရတဲ့႐ြာေတြ၊ လယ္သိပ္မရွိတဲ့႐ြာေတြက ေကာက္စိုက္သမေတြက အလုပ္ၿပီးရင္ လူလိုတဲ့႐ြာေတြကို လိုက္လာၿပီး အလုပ္လုပ္တတ္ၾကတယ္ဗ်၊ ကိုယ့္႐ြာသားခ်င္းဆိုရင္ေတာ့ ပိုက္ဆံမေပးရေပမယ့္ သူတို႔လိုေကာက္စိုက္သမေတြဆိုရင္ေတာ့ ေန႔စားခနဲ႔ရွင္းၾကရတယ္၊ ဒါနဲ႔ မၾကာပါဘူး ဦးဘထူးအိမ္ကိုေရာက္ခဲ့တယ္၊ ေကာက္စိုက္သမ ငါးေယာက္ေလာက္ရွိတယ္ဗ်၊ အားလုံးက အသက္ခပ္ငယ္ငယ္အပ်ိဳကေလးေတြခ်ည္းဘဲ၊ အေဖငွားခိုင္းတဲ့အတိုင္း မနက္ျဖန္အတြင္ငွားလိုက္တာေပါ့ဗ်ာ၊ ငွားျပဳၿပီးေတာ့ က်ဳပ္တို႔လည္းျပန္လာခဲ့တာေပါ့။
(၂)
ေက်ာ္လင္းက က်ဳပ္ထက္ အသက္သုံးႏွစ္ေလာက္ငယ္တယ္ဗ်၊ သူ႔အေဖက အစိုးရဝန္ထမ္းပဲ၊ သူက ၿမိဳ႕မွာပဲအေနမ်ားတယ္၊ က်ဳပ္တို႔႐ြာကိုေတာ့ ေက်ာ္လင္းက ခဏခဏလာတတ္တယ္၊ အရင္ကနဲ႔မတူဘဲ ဒီတစ္ခါေက်ာ္လင္းလာေတာ့ ႀကီးေကာင္ဝင္လာၿပီး အရပ္ရွည္ရွည္ထြားထြားႀကိဳင္းႀကိဳင္းနဲ႔ ၾကည့္လို႔ေကာင္းလာတယ္ဗ်၊
က်ဳပ္နဲ႔အတူတူအိပ္တာဆိုေတာ့ သူနဲ႔က်ဳပ္နဲ႔ ညလုံးေပါက္စကားေတြေျပာၿပီး အေတာ္ညည့္နက္မွပဲ အိပ္ျဖစ္ၾကတယ္ေပါ့ဗ်ာ။
“ဟဲ့အလတ္ေကာင္၊ ထေတာ့ေလ၊ ဒီေန႔ေကာက္စိုက္ဆင္းမွာသိရဲ႕သားနဲ႔ ေနဖင္ထိုးေအာင္အိပ္ေနတယ္”
က်ဳပ္ႏိုးလာေတာ့ က်ဳပ္ေဘးမွာအိပ္တဲ့ ေက်ာ္လင္းမရွိေတာ့ဘူးဗ်၊ က်ဳပ္လည္း အိပ္ရာသိမ္းၿပီးထလာေတာ့ သေကာင့္သားက ထမင္းစားပြဲမွာေတာင္ေရာက္ေနၿပီ၊ က်ဳပ္လည္း မ်က္ႏွာသစ္ၿပီးေတာ့ ထမင္းစားပြဲဝင္ထိုင္တယ္။
“ေက်ာ္လင္း၊ ေရာက္တုန္းေရာက္ခိုက္ မင္းလည္းတို႔ေကာက္စိုက္တာ ဝင္ၾကည့္သြားေပါ့ကြာ”
“စိတ္ခ်ပါ ကိုခင္ေမာင္ရ၊ ကြၽန္ေတာ္လည္း ကူလုပ္ေပးမွာပါ”
“ဟေကာင္ရ၊ ေကာက္စိုက္တယ္ဆိုတာ လြယ္တဲ့အလုပ္မဟုတ္ဘူးေနာ္၊ မင္းတို႔ၿမိဳ႕သားေတြ လုပ္ႏိုင္မွာမဟုတ္ပါဘူးကြာ”
“ကိုခင္ေမာင္ကလည္း က်ဳပ္ကိုအထင္ေသးလွခ်ည္လား၊ ကိုခင္ေမာင္ခိုင္းဗ်ာ၊ က်ဳပ္လုပ္မယ္”
ဒီလိုနဲ႔ မနက္စာ စားလိုက္တာေပါ့ဗ်ာ၊ အေမကေတာ့ အလုပ္အေတာ္ရႈပ္တယ္၊ ေကာက္စိုက္သမေတြစားဖို႔အတြက္ ထမင္းေတြဟင္းေတြခ်က္ျပဳတ္ေနရတယ္၊ေကာက္စိုက္လိုက္ၿပီဆိုရင္ လယ္ရွင္က ခ်က္ျပဳတ္ေကြၽးရတာ ထုံးစံအတိုင္းပဲမဟုတ္လားဗ်၊ ဒီေတာ့ အေမက အိုးႀကီးခ်က္ရတာေပါ့၊ စားမယ့္သူကလည္း ေကာက္စိုက္သမတင္ ဆယ့္ငါးေယာက္၊ အိမ္ကလူနဲ႔ဆို အေယာက္ႏွစ္ဆယ္ေလာက္ရွိတယ္မဟုတ္လား၊ မိန္းကေလးေတြဆိုေပမယ့္ ေတာသူေတြဆိုေတာ့ အထင္မေသးနဲ႔ဗ်၊ ထမင္းတစ္ခါစားရင္ ႏွစ္ပန္းကန္၊ သုံးပန္ကန္ေလာက္ ကုန္ေအာင္စားတတ္ၾကတာ။
“အေမ၊ ဟင္းေကာင္းေလးခ်က္အုံးေနာ္”
“ေအးပါဟယ္၊ ငါက လယ္ရွင္ပဲ ငါသိပါတယ္၊ နင့္္ေယာက္မေတြစားဖို႔ကို နင္ပူမေနပါနဲ႔”
က်ဳပ္လည္း အေမဟင္းခ်က္ေနတာကို ဝင္ရႈပ္ေနတာေပါ့ဗ်ာ။
“ဒါနဲ႔ ဘာသားခ်က္မွာလဲ”
“ဟဲ့အေကာင္ အသားငါးေတြရွားေနတာ နင္မသိဘူးလား၊ ဒါေၾကာင့္္ ငါးပိေကာင္ေၾကာ္မယ္ဟာ၊ ဒီမွာေတြ႕လား”
မိုးဦးက်ဆိုရင္ အသားငါးရွားတတ္တာ ထုံးစံပဲကိုးဗ်၊ အားလုံးက လယ္စိုက္ဖို႔စိုင္းျပင္းေနၾကလို႔ အသားငါးေတြမရတတ္ဘူးူမဟုတ္လား၊
“ဒါနဲ႔အေမ ေကာက္စိုက္သမဟင္းေရာ ပါရဲ႕မဟုတ္လား”
“ဟဲ့ အဲဒါက မပါလို႔ရမလား”
ေကာက္စိုက္သမဟင္းဆိုတာက မန္က်ည္းသီးစိမ္းကို ခ်က္ထားတဲ့ဟင္းကိုေျပာတာပါဗ်ာ၊ ႏွမ္းေလွာ္ေလးေထာင္းၿပီးေတာ့ မန္က်ည္းသီးစိမ္း မညက္တညက္နဲ႔ ငါးပိခ်က္လိုခ်က္တာေပါ့ဗ်ာ၊ ဟင္းအိုးခ်ခါနီး ပင္စိမ္း႐ြက္ကေလးႏိုင္ႏိုင္အုပ္လိုက္ရင္ ေမြးေနေတာ့တာ၊ က်ဳပ္တို႔ဆီမွာ ေအာက္ျပည္ေအာက္႐ြာကလို ငါးပိရည္မစားေတာ့၊ ေကာက္စိုက္သမေတြကို အဲဒီမန္က်ည္းသီးစိမ္း ငါးပိခ်က္ပဲ ေကြၽးၾကရတာ၊ အဲဒီဟင္းကလည္း ခ်ဥ္ခ်ဥ္၊ ဖန္ဖန္၊ ငန္ငန္ကေလးနဲ႔ စားလို႔လႊတ္ေကာင္းဗ်၊ တျခားဘာဟင္းမွ မပါဘဲနဲ႔ကို အဲဒီဟင္းခ်ည္းတင္ စားလို႔သိပ္ေကာင္းတာ၊ ေကာက္စိုက္ၿပီဆိုရင္ အဲဒီဟင္းက မပါမျဖစ္မို႔ ေကာက္စိုက္သမဟင္းလို႔ နာမည္ေပးထားတာကိုး။
ဒီလိုနဲ႔ ေကာက္စိုက္ဖို႔ လယ္ထဲဆင္းခဲ့တာေပါ့ဗ်ာ၊ လက္စားေပးထားတဲ့အိမ္ေတြကလည္း လာၾက၊ ေန႔စားငွားထားတဲ့ ေကာက္စိုက္သမေတြကလည္း လာၾကနဲ႔ဆိုေတာ့ လယ္ထဲဆင္းရတာ တေပ်ာ္ႀကီးပဲဗ်ိဳ႕။
လယ္ထဲမွာ ပ်ိဳးပင္ေတြကိုလည္း ႏႈတ္ၿပီးခ်ၿပီးသားအသင့္ေပါ့ဗ်ာ၊ မေန႔ကတည္းက က်ဳပ္နဲ႔အကိုႀကီးနဲ႔ ပ်ိဳးေတြႏႈတ္ထားၾကတာ၊ ပ်ိဳးခင္းတစ္ခင္းေတာ့ ႏႈတ္မၿပီးေသးလို႔ ခ်န္ထားတယ္၊ ဒီေန႔ဆက္ႏႈတ္ဖို႔ေပါ့ဗ်ာ။
ေကာက္စိုက္သမေတြကလည္း မခိုမကပ္ဘူးဗ်၊ ကန္သင္းထဲေတာင္ေရာက္ေနၾကၿပီ၊ က်ဳပ္တို႔လည္း ပ်ိဳးထုံးေတြထမ္းၿပီးေတာ့ သြားခ်ေပးတာေပါ့ဗ်ာ။ ဒီလိုနဲ႔ မၾကာခင္ပဲ ေကာက္စစိုက္ၾကေတာ့တာေပါ့။
(၃)
ေကာက္စိုက္တယ္ဆိုတာ လူလိုသေလာက္ လူလည္းသိပ္ညီဖို႔အေရးႀကီးတယ္ဗ်၊ အေျပာလြယ္ေပမယ့္ အလုပ္ခက္တာေပါ့ဗ်ာ၊ ေကာက္ပင္ကိုလည္း ေျမအေျခအေနကိုၾကည့္ၿပီး ႏွစ္ပင္သုံးပင္ကေလ၊ ေလးငါးပင္အထိေကာက္ရေသးတာ၊ ၿပီးေတာ့ ညီေအာင္စိုက္ရတယ္၊ စိုက္တဲ့အခါမွာလည္း စပါးပင္အျမစ္လည္းခိုင္ေအာင္ သိပ္မနက္၊ မတိမ္စိုက္ၾကရတာဆိုေတာ့ လက္မွန္းတည့္္ဖို႔ကလည္းလိုတယ္၊
ဒါေပမယ့္ ႐ြာသူ႐ြာသားကေတာ့ ေျပာစရာမလိုေတာ့ပါဘူးဗ်ာ၊ တဗ်ပ္ဗ်ပ္နဲ႔ စိုက္ၾကတာ သိပ္ျမန္တာပဲဗ်ာ၊ ၿပီးေတာ့ ႀကိဳးနဲ႔တန္းစိုက္စရာမလိုေအာင္ကို တန္းေနတာပဲဗ်ိဳ႕၊ ေက်ာ္လင္းက ၿမိဳ႕သားလည္းျဖစ္တဲ့အျပင္ အသားခပ္ျဖဴျဖဴ၊ အရပ္ရွည္ရွည္၊ ကိုယ္လုံးကိုယ္ေပါက္ကလည္း ေတာင့္ေတာင့္နဲ႔ ႐ုပ္ရည္ကလည္း ၾကည့္ေပ်ာ္ရႈေပ်ာ္ သန႔္သန႔္ကေလးဆိုေတာ့ ေကာက္စိုက္သမေတြကေတာ့ ေက်ာ္လင္းကို ကြက္ၾကည့္ကြက္ၾကည့္နဲ႔ေပါ့ဗ်ာ။
“ေက်ာ္လင္း၊ မင္းပ်ိဳးႏႈတ္ၾကည့္မလား”
က်ဳပ္လည္း ပ်ိဳးႏႈတ္ရင္း အပါးခိုခ်င္တာနဲ႔ ေက်ာ္လင္းကိုေခၚလိုက္တယ္၊ ေက်ာ္လင္းလည္း ပ်ိဳးခင္းထဲဆင္းလာတယ္။
“ပ်ိဳးပင္ကို ေသေသခ်ာခ်ာကိုင္ၿပီးႏႈတ္၊ ႏႈတ္ၿပီးရင္ ေဟာဒီလိုပ်ိဳးေခ်းေတြကို ခါခ်ရတယ္၊ တို႔႐ြာမွာ စကားတစ္ခုရွိတယ္ကြ၊ ပ်ိဳးေခ်းစင္ေအာင္မခါတတ္ရင္ ေယာက္်ားမပီသဘူးတဲ့ကြာ၊ ဘယ္အပ်ိဳမွ မယူၾကဘူးကြ”
ေက်ာ္လင္းလည္းလုပ္ၾကည့္တယ္၊ ပ်ိဳးႏႈတ္တယ္ဆိုတာကလည္း လြယ္တာမွတ္လို႔ဗ်ာ၊ ဒီေကာင့္ကို ေယာက္်ားမစစ္ဘူးဆိုၿပီး နည္းနည္းေျခာက္ေပးလိုက္ေတာ့ ဒီေကာင္လည္း အားသြန္ခြန္စိုက္လုပ္တာေပါ့၊ ႏႈတ္ၿပီးသား ပ်ိဳးပင္ေတြကို ဝါးလုံးတစ္ေခ်ာင္းနဲ႔ပ်ိဳးထမ္းၿပီးေတာ့ ေကာက္စိုက္သမေတြဆီကိုသြားေပးရတာေပါ့၊ ဒါလည္း က်ဳပ္မလုပ္ပါဘူးဗ်ာ၊ ေကာက္စိုက္သမေလးေတြ ေငးေငးၾကည့္ေနတဲ့ ေက်ာ္လင္းကို သြားသြားပို႔ခိုင္းတာေပါ့၊ ေက်ာ္လင္းသြားရင္ အဲဒီေကာင္မေလးေတြက ၿပဳံးစိစိနဲ႔ ဆိုေတာ့ သူတို႔ဟာနဲ႔သူတို႔ေတာ့ အဆင္ေျပေနတာေပါ့ဗ်ာ၊ အဲဒီေကာက္စိုက္သမကေလးေတြထဲမွာ ေဒြးေခ်ာင္းဘက္ကလာတဲ့ ေကာက္စိုက္သမကေလးေတြနဲ႔ ေက်ာ္လင္းနဲ႔ ေလေပးေျဖာင့္္ေနတယ္ဗ်။
ဒီလိုနဲ႔ ေန႔လည္ကိုေရာက္ခဲ့ပါေရာဗ်ာ၊ က်ဳပ္လည္း ဦးဘသာနဲ႔ စကားေျပာေနၾကတာေပါ့၊
“က်ဳပ္တို႔လယ္ေတာင္ အေတာ္စိုက္ၿပီးေနၿပီ၊ ဒီအတိုင္းဆို မနက္ျဖန္တင္ပဲ စိုက္လို႔ၿပီးမယ္ထင္တယ္၊ ဦးဘသာေရာ မစိုက္ဘူးလား”
ဦးဘသာက ကြမ္းၿမဳံ႕ေနရင္း
“ညဘက္ေတာ့ စိုက္မယ္လို႔ေျပာထားတာပဲကိုကြာ”
“လုပ္ျပန္ၿပီဦးဘသာရာ၊ ဦးဘသာလယ္က ငါးဧကေက်ာ္တယ္ေနာ္၊ ၿပီးေတာ့ ညဘက္ႀကီး ဘယ္သူေတြကမ်ားေကာက္စိုက္လို႔လဲ”
“ေဟးေဟး၊ ဒါကေတာ့ မင္းသိခ်င္ရင္လာၾကည့္ေပါ့ကြာ၊ ငါကေတာ့ ဘာမွမေျပာေတာ့ဘူး”
ေကာက္စိုက္သမေတြလည္း ဗိုက္ဆာေနေလာက္ၿပီဆိုတာနဲ႔ က်ဳပ္လည္း ထမင္းေတာင္းႀကီးထမ္းၿပီး လယ္ထဲဆင္းခဲ့တာေပါ့ဗ်ာ၊ ကန္သင္းေဘးမွာထိုင္ရင္း ထမင္းေတာင္းႀကီးဖြင့္ၿပီး စားဖို႔ေသာက္ဖို႔ျပင္ေပးလိုက္တယ္။
“ငါ့ညီေက်ာ္လင္း၊ မင္းလည္းဝင္စားေလကြာ၊ ငါတို႔ေတာမွာေတာ့ အခုလိုကန္သင္းေဘးနားထိုင္စားရတာကိုက အရသာတစ္ခုကြ၊ ေကာက္စိုက္ၿပီးတဲ့အခ်ိန္ ႐ြံ႕ေတြဗြက္ေတြၾကားမွာ စားရတာကိုက ၿမိန္တာကြ၊ ေရာ့ေရာ့”
ေကာက္စိုက္သမကေလးေတြက ၿပဳံးရင္းၾကည့္ေနတာေပါ့ဗ်ာ၊ မိန္းကေလးေတြဆိုေပမယ့္လည္း အေတာ္စားႏိုင္တယ္၊ မန္က်ည္းသီးငါးပိခ်က္ကေလးနဲ႔ ငါးပိေကာင္ေၾကာ္နဲ႔ဆိုေတာ့ ထမင္းကိုေထာင္းသြင္းသလိုကို ဝင္တာဗ်၊ တစ္ေယာက္ကို ႏွစ္ပန္းကန္၊ သုံးပန္းကန္ေလာက္ကိုစားတာ၊ စားေသာက္ၿပီးေတာ့ သစ္ပင္ရိပ္မွာထိုင္ရင္း ေရေႏြးၾကမ္းေသာက္၊ ထန္းလ်က္ခဲေလးစားရင္း အနားယူေနၾကတာေပါ့။
“ဟဲ့ေကာင္မေလးေတြ၊ နင္တို႔ဘယ္႐ြာကလဲ”
“ေဒြးေခ်ာင္းကပါဆိုေန”
႐ြာက ေကာင္မေလးေတြကိုေတာ့ က်ဳပ္သိေပမယ့္ ေန႔စားနဲ႔ငွားထားတဲ့ေကာင္မေလးေတြကို က်ဳပ္လည္းမသိတာနဲ႔ ေမးၾကည့္တာေပါ့ဗ်ာ၊ ေကာင္မေလးေတြက ေက်ာ္လင္းနဲ႔က်ေတာ့ ေလေပးေျဖာင့္ေပမယ့္ က်ဳပ္နဲ႔က်ေတာ့ ခပ္ဆတ္ဆတ္ရယ္ဗ်။
“နင္တို႔နာမည္ေတြေျပာ”
“ေအာင္မယ္၊ ခင္ဗ်ားက လူဦးေရစာရင္းေကာက္ေနတာလား၊ က်ဳပ္တို႔နာမည္ေမးၿပီးေတာ့ ဘာလုပ္မလို႔လဲ”
ၾကည့္စမ္း၊ က်ဳပ္ကိုပါျပန္ၿပီး ခံေျပာေနေသးတယ္၊ အမွန္ဆို က်ဳပ္ကလယ္ရွင္၊ သူတို႔ကလူငွားေလ၊ သူတို႔က က်ဳပ္ကိုေလးစားရမွာေပါ့။
“ေအး၊ နင္တို႔နာမည္မေျပာရင္ ညေနက်ရင္ ေန႔စားခမရွင္းေပးဘူး”
က်ဳပ္လည္း ႏိုင္ကြက္ရွိတယ္မဟုတ္လား၊ ဒီေတာ့မွ ေကာင္မေလးေတြက သူတို႔နာမည္ကို ေျပာၾကတယ္၊ နာမည္ေတြကေတာ့ ေတာနာမည္ေတြပါဗ်ာ၊ မိလုံးတို႔၊ လုံးတင္တို႔၊ စိန္ေအးတို႔ေပါ့၊ ဒါေပမယ့္ သူတို႔ထဲမွာ နည္းနည္းၾကည့္ေပ်ာ္ရႈေပ်ာ္ရွိတဲ့ေကာင္မေလးက ပန္းမႈံတဲ့ဗ်ာ။
“နာမည္ေလးက ပန္းမႈံတဲ့လား၊ လွတယ္ေနာ္၊ တြံေတးသိန္းတန္ရဲ႕ ကိုေရခ်မ္းနဲ႔ မပန္းမႈံဇာတ္လမ္းထဲက နာမည္ေလးနဲ႔တူေသးတယ္”
က်ဳပ္ေျပာလိုက္ေတာ့ ကေလးမက က်ဳပ္ကိုမ်က္ေစာင္းထိုးတယ္ဗ်။
“ဟိုလူႀကီးေနာ္၊ ရီးတီးယားတား လာမလုပ္နဲ႔ ပန္းမႈံတဲ့၊ လက္စျပင္းတယ္”
“ေအာင္မယ္၊ ငါ့မ်ား”
က်ဳပ္နဲ႔သာ စကားေၾကာမတည့္တာ ဒီေကာင္မေလးေတြက ေက်ာ္လင္းနဲ႔ေတာ့ ေတာ္ေတာ္ေလေပးေျဖာင့္တယ္၊ ဒီလိုနဲ႔တစ္ေန႔လုံးေကာက္စိုက္ၿပီးေတာ့ အေနာက္ဘက္လယ္ကြင္းေတႊနားကိုေရာက္သြားတယ္၊ အဲဒီမွာက လယ္ကြင္းရဲ႕တစ္ဖက္မွာ ႐ိုးေခ်ာင္းပဲရွိေတာ့တယ္၊ ႐ိုးေခ်ာင္းရဲ႕အစပ္မွာ ျမက္ေတာႀကီးေတြရွိတယ္ဗ်၊ အဲဒီမွာ က်ဳပ္ညိမအငယ္မနဲ႔ အဲဒီပန္းမႈံဆိုတဲ့ေကာင္မေလးနဲ႔ ရန္ျဖစ္ေတာ့တာပဲဗ်ာ၊ မိန္းကေလးေတြဆိုေတာ့ ေကာက္စိုက္ရင္း ေရာက္မိေရာက္ရာေတြ ေလ််ာက္ေျပာေနရင္း စကားေၾကာမတည့္ေတာ့ ရန္ထျဖစ္တာေပါ့ဗ်ာ၊ ဆူညံဆူညံျဖစ္ေနတာနဲ႔ က်ဳပ္လည္း ကန္သင္းေဖာ္ေနလက္စနဲ႔ ေပါက္တူးႀကီးထမ္းၿပီးေတာ့ ေျပးလာခဲ့တာေပါ့။
“ဟဲ့ေတာ္စမ္း၊ နင္တို႔ဘာေတြျဖစ္ေနၾကတာလဲ”
ေကာင္မေလးႏွစ္ေယာက္က တစ္ေယာက္တစ္ေပါက္နဲ႔ေျပာဆိုေနတယ္၊ ဒါနဲ႔ က်ဳပ္ကပဲ ျဖန္ေျဖေပးလိုက္ရတယ္၊ က်ဳပ္ညီမကေတာ့ ကိုယ့္ညီမဆိုေတာ့ သိပ္မေျပာဘူးေပါ့ဗ်ာ၊ ပန္းမႈံကိုေသခ်ာၾကည့္ၿပီး
“ပန္းမႈံ၊ နင္လည္းပါးစပ္ပိတ္ေတာ့၊ လုပ္စရာရွိတာလုပ္၊ ဆက္ၿပီးရန္ျဖစ္ေနမယ္ဆိုရင္ ငါေန႔စားခကို ေန႔တစ္ပိုင္းျဖတ္မွာေနာ္”
ဆင္းရဲတဲ့ ေကာက္စိုက္သမေလးေတြဆိုေတာ့လည္း ပိုက္ဆံျဖတ္မွာေတာ့ ေၾကာက္တာေပါ့၊ ဒါနဲ႔ပဲ ပန္းမႈံက ပါးစပ္ပိတ္သြားေတာ့တယ္။ သူတို႔အေနာက္မွာက မိသားစုေတြရွိေသးတယ္ဗ်၊ မေျပာလည္ၾကလို႔သူမ်ား႐ြာကို ေကာက္စိုက္အငွားလိုက္ရင္း ရလာတဲ့ပိုက္ဆံေတြကို အိမ္ကိုျပန္ေထာက္ၾကရတာမဟုတ္လား။ ဒါေပမယ့္ ပန္းမႈံက အငယ္မကို မေက်နပ္လို႔ မ်က္ေစာင္းထိုးထိုးၿပီးေတာ့ ၾကည့္ေနေသးတယ္။
ဒီအခ်ိန္မွာပဲ ခ်ဳံေတာထဲကေန ေႁမြႀကီးတစ္ေကာင္ ေလွ်ာခနဲထြက္လာတာဗ်၊ ေႁမြတစ္ကိုယ္လုံးနက္ေနၿပီးေတာ့ လက္ေကာက္ဝတ္ေလာက္ရွိမည့္အေကာင္ဗ်၊ ျမက္ေတာထဲက ထြက္လာၿပီးတာနဲ႔ အငယ္မဆီကိုေျပးလာေတာ့တယ္၊ ကိုက္မည့္ျဖတ္မယ့္ပုံနဲ႔ တရႉးရႉးနဲ႔အသံေပးၿပီးလာေတာ့ အငယ္မလည္း က်ဳပ္အနားကိုတက္ေျပးလာတာေပါ့ဗ်ာ။
ေႁမြႀကီးက ႐ြံ႕ထဲမွာသြားတာျမန္လိုက္တာဗ်ာ၊ အငယ္မလည္း က်ဳပ္ရပ္ေနတဲ့ကန္သင္းေပၚတက္ေပးလာပါေရာ၊ ေႁမြက အေလ်ာ့မေပးဘဲ ဆက္လိုက္ျပန္ေရာဗ်ာ၊ ဒါနဲ႔အငယ္မက က်ဳပ္ဆီကိုေျပးလာတယ္၊ က်ဳပ္အေနာက္မွာရပ္ၿပီး ပုန္းေနတယ္၊ ဒီေတာ့ ေႁမြက က်ဳပ္ဆီကိုတည့္္တည့္ေျပးလာတာေပါ့ဗ်ာ၊ က်ဳပ္လည္း ဘာလုပ္ရမွန္းမသိတာနဲ႔ လက္ထဲကိုင္ထားတဲ့ ေပါက္တူးနဲ႔ ေႁမြႀကီးကို ခုတ္ခ်ထည့္လိုက္တာေပါ့ဗ်ာ။
က်ဳပ္လက္ကလည္း တည့္္တည့္ပဲဗ်၊ က်ဳပ္ဆီေျပးလာတဲ့ ေႁမြႀကီးရဲ႕ ေခါင္းအေနာက္ဘက္ လည္ပင္းတည့္တည့္ကို ခုတ္မိသြားတာ၊ ကန္သင္းေျမကလည္းေပ်ာ့ေနတာဆိုေတာ့ ေႁမြႀကီးရဲ႕လည္ပင္းက ျပတ္ထြက္မသြားဘဲ ေျမႀကီးမွာစိုက္ေနတဲ့ ေပါက္တူးမွာ နစ္ဝင္ေနတယ္၊ ေျမႀကီးက လူးလြန႔္ေနတာပဲဗ်ာ၊ က်ဳပ္လည္း ေပါက္တူးကိုျပန္မခြၽတ္ဘဲ ဒီတိုင္းၾကည့္ေနလိုက္တယ္၊ ေျမႀကီးက ေပါက္တူးလက္ကိုင္႐ိုးကို အၿမီးနဲ႔ပတ္ရင္း လိမ္တြန႔္ေနပါေရာ။
က်ဳပ္လည္းေတာ္ေတာ္အံ့ၾသၿပီးေတာ့ ၾကည့္ေနမိတာေပါ့ဗ်ာ၊ ေကာက္စိုက္တစ္ဖြဲ႕လုံးလည္း ေႁမြႀကီးကို အံ့အားသင္းၿပီး ၾကည့္ေနၾကျပန္ေရာ၊ ခဏၾကာေတာ့မွ ေႁမြႀကီး ရပ္တန္႔္ၿပီးေတာ့ ေသသြားေတာ့တယ္၊ က်ဳပ္လည္း ေႁမြေခါင္းကို ေျခေထာက္နဲ႔တို႔ၾကည့္ေတာ့ ေႁမြက မလႈပ္ေတာ့ဘူးဗ်ာ။ အငယ္မဆိုရင္ေတြတုန္ေနတာပဲ၊ ဒါနဲ႔ က်ဳပ္လည္း ေပါက္တူးကို သြားၿပီးဆြဲခြၽတ္လိုက္တာေပါ့ဗ်ာ၊ ေျမႀကီးရဲ႕လည္ပင္းက ျပတ္ဖို႔ တဲတဲကေလးပဲ က်န္ေနေတာ့တာဗ်။ က်ဳပ္ေႁမြကိုေကာက္မယ္လုပ္လိုက္တာနဲ႔ အဲဒီေႁမြႀကီးက ထခုန္ၿပီးေတာ့ အငယ္မဆီကိုေျပးသြားတာပဲဗ်ာ၊ ၿပီးတာနဲ႔ အငယ္မရဲ႕ေျခခ်င္းဝတ္ကို ဆတ္ခနဲေပါက္ခ်လိုက္ပါေရာ။
အငယ္မက အသံကုန္ဟစ္ၿပီးေအာ္ပါေရာ၊ ေႁမြႀကီးက အငယ္မကိုေပါက္ၿပီးတာနဲ႔ ေဘးနားကျမက္ေတာထဲကို ေရွာခနဲဝင္သြားတယ္၊ က်န္တဲ့လူေတြလည္း တုတ္ေတြေကာက္ၿပီးေတာ့ ျမက္ေတာထဲကိုလိုက္ရွာတာေပါ့ဗ်ာ၊ လူႀကီးေျခသလုံးေလာက္ ေပါက္ေနတဲ့ျမက္ေတာထဲမွာ ေႁမြႀကီးကေပ်ာက္သြားတယ္ဗ်၊ ေကာက္စိုက္သမေတြ ဝိုင္းရွာၾကတာေတာင္မွ လုံးဝမေတြ႕ေတာ့ဘူးဗ်ိဳ႕။
အငယ္မ ေႁမြေပါက္တယ္ဆိုေတာ့ အရင္ဆုံး က်ဳပ္တို႔လယ္တဲကိုေခၚလာခဲ့ၾကတယ္၊ က်ဳပ္ရင္ အငယ္ေကာင္ရယ္က၊ အငယ္မကို တြဲပိုးလာၾကတယ္၊ က်န္တဲ့လူေတြကေတာ့ ေကာက္ဆက္စိုက္ၾကတာေပါ့ဗ်ာ။ လယ္တဲေရာက္မွ ေျခေထာက္ေတြဘာေတြ ေရေဆးၿပီး ေျမကိုက္တဲ့ဒဏ္ရာကို အေသအခ်ာၾကည့္ရတာေပါ့ဗ်ာ၊ ေႁမြစြယ္ေပါက္ရာေလးႏွစ္ခု ပတ္ပတ္လည္မွာ အနက္ေရာင္ေတြစုၿပီးျဖစ္လာတယ္ဗ်၊ မသိရင္ ေသြးေျခဥသလိုပဲေပ့ါ၊ မၾကာပါဘူးအငယ္မ ေျခေထာက္က ေသြးေၾကာေတြက အနက္ေရာင္ႀကီးေတြျဖစ္လာတယ္။ အငယ္မက အသားနည္းနည္းလတ္တယ္ဆိုေတာ့ ေသြးေၾကာမဲမမဲႀကီးေတြျဖစ္သြားတာကို အတိုင္းသားျမင္ေနရတာေပါ့ဗ်ာ။
“အလတ္ေကာင္ မင္းတို႔သုတ္သီးသုတ္ျပာနဲ႔ ဘာျဖစ္လာၾကတာလဲ”
ဦးဘသာက က်ဳပ္တို႔တဲထဲကိုဝင္လာတယ္ဗ်၊ က်ဳပ္လည္း အငယ္မေျခေထာက္ကိုျပလိုက္တယ္”
“အငယ္မကို ေႁမြေပါက္တာပဲဗ်”
ဦးဘသာက ဒဏ္ရာကိုေသေသခ်ာခ်ာၾကည့္ရင္း
“ဘာေႁမြလဲကြ”
က်ဳပ္လည္း ေႁမြႀကီးကိုေသေသခ်ာခ်ာျပန္စဥ္စားေနမိတယ္၊ ေႁမြေပြးလဲမဟုတ္၊ ဘာေႁမြမွန္းေျပာရခက္တဲ့ေႁမြဗ်၊ ေႁမြေဟာက္လိုလည္း ပါးပ်ဥ္းမေထာင္ဘူး၊ က်ဳပ္လည္း ဘာေျပာရမွန္းမသိတာနဲ႔ ေခါင္းခါျပလိုက္တယ္။
“ေႁမြကေတာ့ ေႁမြအနက္ႀကီးဗ်”
“ေႁမြကိုေရာ မင္းတို႔မေတြ႕ခဲ့ဘူးလား”
က်ဳပ္တို႔လည္း ေခါင္းခါျပလိုက္တယ္၊ ဦးဘသာႀကီးက ထူးဆန္းသလိုၾကည့္ေနရင္း
“မင္းတို႔ေႁမြက ႐ိုး႐ိုးတန္းတန္းေႁမြေရာ ဟုတ္ကဲ့လားကြာ၊ မွန္းစမ္း ငါၾကည့္စမ္းမယ္”
ဦးဘသာက အငယ္မေျခေထာက္ကိုစမ္းၾကည့္တယ္ဗ်။
“ပုံမွန္ေႁမြဆိုရင္ လူကိုကိုက္ၿပီးရင္ သိပ္ေဝးေဝးမေျပးႏိုင္ဘူးကြ၊ လူေတြမွာကလည္း လူဆိပ္ဆိုတာရွိတယ္မဟုတ္လား”
“အခုက်ေတာ့ ဘာျဖစ္ေနလို႔လဲ”
ဦးဘသာက မီးဖိုထဲကေန မီးေသေနတဲ့ထင္းတစ္ေခ်ာင္းကို ေကာက္ယူလိုက္တယ္ဗ်၊ ၿပိးေတာ့ ေႁမြကိုက္ဒဏ္ရာရဲ႕ ေဘးနားမွာ အဲဒီထင္းစရဲ႕ထိပ္နဲ႔ အဝိုင္းပုံေလးဆြဲလိုက္တာပဲ၊ ေႁမြအစြယ္ရာကို ပတ္ၿပီးဆြဲတဲ့သေဘာေပါ့ဗ်ာ၊ အဲဒီလိုဆြဲၿပီးတာနဲ႔ ေႁမြစြယ္ရာကို လက္နဲ႔သုံးေလးခ်က္ေလာက္႐ိုက္လိုက္တယ္။
“စုဟဲ့၊ ဒီမွာလာစု”
ဦးဘသာေျပာလိုက္တဲ့အခါ အနက္ေရာင္ေသြးေတြက ေျမစြယ္ေပါက္ရာဆီမွာ လာစုတယ္ဗ်၊ အရည္ၾကည္ဖုလို အဖုအႀကီးႀကီးထလာၿပီးေတာ့ ညိဳမဲၿပီးတက္လာတာပဲဗ်ာ၊ ဦးဘသာက ဓါးဦးခြၽန္တစ္လက္ေတာင္းတယ္ဗ်၊ က်ဳပ္တို႔လယ္ထဲမွာလည္း ဘာေလးညာေလး စားရေအာင္လို႔ ဓါးဦးခြၽန္ကေလးေဆာင္ထားတာဆိုေတာ့ လယ္တဲေခါင္မိုးၾကားမွာ ညႇပ္ထားတဲ့ ဓါးဦးခြၽန္ကေလးကို ထုတ္လိုက္တာေပါ့ဗ်ာ၊ ၿပီးေတာနဲ႔ ဦးဘသာက အဲဒီဓါးဦးခြၽန္ကေလးကို မီးဖိုမီးနဲ႔ကင္ၿပီးေတာ့ အငယ္မေျခေထာက္က အဖိုနက္နက္ႀကီးေပၚကို ထိုးခ်ထည့္လိုက္တယ္။
ရွဲခနဲ အသံႀကိးျမည္ၿပီးေတာ့ အငယ္မေျခေထာက္က အဖုက ေပါက္ထြက္သြားတာပဲဗ်ာ အငယ္မဆိုရင္လည္း ေအာ္လိုက္တာမွ ေျပာမေနပါနဲ႔ေတာ့၊ အရည္နက္နက္ႀကီးေတြက ေျမေပၚကိုက်ၿပီး ေျမေပၚမွာ အျမႇ့ပ္ေတြထသြားေသးတယ္၊ ၿပီးေတာ့မွ ဦးဘသာက ကြမ္း႐ြက္တစ္႐ြက္ကို ႀကိတ္ေခ်ၿပီးေတာ့ အငယ္မေျခေထာက္မွာကပ္ေပးလိုက္တာေပါ့။
“အားလုံးေကာင္းသြားလိမ့္မယ္၊ ႐ြံ႕ေရေတာ့ မထိေစနဲ႔ေပါ့ကြာ၊ အိမ္ကိုျပန္ေနေပါ့”
က်ဳပ္လည္းအငယ္ေကာင့္ကို ညီမငယ္နဲ႔အတူတူအိမ္ျပန္ဖို႔လႊတ္လိုက္တယ္။ ၿပီးေတာ့မွ ဦးဘသာနဲ႔ ႏွစ္ေယာက္တည္း လယ္တဲထဲမွာက်န္ခဲ့တာမို႔ ဦးဘသာအနားကို ကပ္လိုက္တာေပါ့ဗ်ာ။
“မင္းဟာက ေႁမြစုန္းကြ၊ စုန္းတစ္ေယာက္ေယာက္က တိုက္ထားတဲ့ေႁမြပဲ”
“ဟုတ္မယ္ဗ်၊ ဒီေႁမြႀကီးကို က်ဳုပ္ကေတြ႕လို႔ ေပါက္တူးနဲ႔ခုတ္လိုက္တာေတာင္မွ ဒီေႁမြရဲ႕ေခါင္းက မျပတ္ဘဲ အငယ္မကိုဆက္ကိုက္တာဗ်ိဳ႕”
က်ဳုပ္လည္း ဦးဘသာကို ျဖစ္႐ိုးျဖစ္စဥ္ေတြကိုေျပာျပလိုက္ေတာ့ ဦးဘသာက ေခါင္းညိတ္တယ္။
“အင္း၊ တစ္ေယာက္ေယာက္ေတာ့ မေက်နပ္လို႔လုပ္တာပဲကြ”
က်ဳပ္လည္း အေသအခ်ာျပန္စဥ္းစားရင္း
“ဒါဆို ပန္းမႈံဆိုတဲ့ေကာင္မေလးမ်ားလား၊ အငယ္မက ခုနကေလးတင္ အဲဒီေကာင္မေလးနဲ႔ စကားမ်ားခဲ့ေသးတယ္”
ဦးဘသာက က်ဳပ္ကိုၾကည့္ရင္း
“ဒီေကာင္မေလးက ဘယ္ကလဲကြ”
“ေဒြးေခ်ာင္းဘက္ကလို႔ေျပာတာပဲ”
ဦးဘသာက ေခါင္းကိုဆတ္ခနဲညိတ္ရင္း
“ေအး၊ ဟုတ္ရင္လည္း ဟုတ္မွာေပါ့ကြာ”
ဒီလိုနဲ႔ ညေနေရာက္ေတာ့ က်ဳပ္တို႔ေကာက္စိုက္တဲ့လုပ္ငန္းကိုသိမ္းလိုက္တယ္၊ အေဖပိုင္တဲ့လယ္ေတြ ေတာ္ေတာ္မ်ားမ်ားေတာ့ စိုက္ၿပီးသြားၿပီဆိုေပမယ့္္ ေနာက္ေန႔တစ္ရက္ေလာက္ေတာ့ ထပ္စိုက္ရအုံးမယ္ထင္ပါ့ဗ်ာ။
(၄)
ညေရာက္ေတာ့ ေစာေစာအိပ္ခဲ့ၾကတယ္ဗ်၊ ေက်ာ္လင္းနဲ႔လည္း စကားသိပ္မေျပာေတာ့ဘူးေလ၊ ဘာလို႔လဲဆိုေတာ့ ဒီေကာင့္္ကိုျမန္ျမန္အိပ္ေစခ်င္လို႔ဗ်၊ ဒီေကာင္အိပ္သြားေတာ့မွ ဦးဘသာႀကီး ညဘက္ဘယ္လိုေကာက္စိုက္တယ္ဆိုတာ ထၾကည့္လို႔ရမွာမဟုတ္လား။ ညဆယ္နာရီထိုးေတာ့ ဒီေကာင္လုံးလုံးအိပ္ေပ်ာ္သြားၿပီ၊ ဒီေတာ့မွ က်ဳပ္လည္း ျခင္ေထာင္ထဲကေန အသာကေလးထြက္ၿပီး အိမ္ေအာက္ကိုေျခသံလုံလုံနဲ႔ ဖြဆင္းရင္း ထြက္ခဲ့ရတာေပါ့ဗ်ာ။
ဦးဘသာအိမ္မွာ လူမရွိေတာ့ဘူးဗ်၊ က်ဳပ္လည္း ႐ြာျပင္ကိုေျပးလာခဲ့ရင္း လယ္ကြင္းေတြအနားေရာက္ေတာ့ လယ္ခင္းထဲကေန ေတးဆိုသံေတြၾကားလိုက္ရတယ္ဗ်၊ ေတးသံကိုနားေထာင္ၾကည့္ေတာ့ မိန္းကေလးေတြ သံၿပိဳင္ေတးဆိုေနတဲ့အသံပဲ၊ က်ဳပ္အေသအခ်ာနားေထာင္ရင္း ေကာက္စိုက္သမေတြ ေတးဆိုတာမွန္း သိလိုက္တာမို႔လို႔ အျမန္ေျပးလာခဲ့တာေပါ့ဗ်ာ။
ထင္တဲ့အတိုင္းပါပဲ၊ ဦးဘသာက သူ႔လယ္ထိပ္က ကန္သင္းေပၚမွာထိုင္လို႔ဗ်၊ က်ဳပ္ေရာက္သြားေတာ့ က်ဳပ္ကိုလွမ္းေခၚတယ္၊ လကလည္းသာေနတာဆိုေတာ့ လင္းလင္းထင္းထင္းပါပဲ၊ က်ဳပ္လွမ္းၾကည့္လိုက္ေတာ့ လယ္ထဲမွာ မိန္းကေလးငါးေယာက္က ေကာက္စိုက္ေနၾကတယ္ဗ်၊ သီခ်င္းလည္း တေၾကာ္ေၾကာ္ေအာ္လို႔ေပါ့ဗ်ာ။
“ဦးဘသာ ဘယ္သူေတြနဲ႔စိုက္ေနတာတုန္း”
က်ဳပ္ေျပာလိုက္တာနဲ႔ ေကာက္စိုက္သမေတြလည္း ႐ုပ္ခ်ည္းေပ်ာက္သြားတာဗ်၊ သူတို႔ကိုင္ထားတဲ့ ပ်ိဳးထုံးေတြဆိုရင္လည္း တဖုတ္ဖုတ္နဲ႔ျပဳတ္က်ခဲ့ပါေရာဗ်ာ၊ က်ဳပ္လည္း လူမျဖစ္ႏိုင္မွန္းသိလိုက္ၿပီေလ၊ ဦးဘသာက လယ္ထဲကိုတစ္ခ်က္ၾကည့္ၿပီးေတာ့ လက္ကိုေဝွ႔ယမ္းရင္း
“ေဟး၊ ဘာမွမျဖစ္ဘူး၊ အဲဒါ ငါ့တူ”
အဲဒီလိုျပန္ေျပာလိုက္ၿပီး သိပ္မၾကာပါဘူးဗ်ာ၊ ေကာက္စိုက္သမေတြျပန္ေပၚလာၾကတယ္၊ သူတို႔က ေကာက္ခ်က္ကို မွန္မွန္စိုက္သြားတာဗ်၊ ေကာက္ပင္တန္းကေလးေတြဆိုရင္ ညီေနတာပဲ၊ က်ဳပ္တို႔အခင္းနဲ႔ယွဥ္ရင္ အေတာ္ႀကီးကိုကြာတယ္၊ မသိရင္ စက္နဲ႔စိုက္တာမ်ားလားလို႔ေတာင္ ထင္ရတယ္ဗ်ာ။
“ဦးဘသာ အဲဒါဘယ္သူေတြလဲ”
“လွႀကီးလယ္က လူေတြေပါ့ကြ”
“ေနပါအုံး ဒါဆိုရင္ ဒီေကာက္စိုက္သမေလးေတြက ဦးလွႀကီးလယ္မွာ အစာမွားၿပီးေသသြားၾကတဲ့ ေကာက္စိုက္သမေလးေတြလား”
“သိပ္ဟုတ္တာေပါ့ကြာ”
(ထိုအေၾကာင္းကို စုန္းထီးႀကီးဦးဘသာႏွင့္ သရဲေတြေစာင့္တဲ့လယ္ တြင္ ေဖာ္ျပခဲ့ၿပီျဖစ္ပါၿပီ)
“ဒါနဲ႔ ဦးလွႀကီးက ေသၿပီေလ၊ သူတို႔က ရွိေနဆဲပဲလား”
“ေအးေပါ့ကြ၊ ငါလည္းအရင္ႏွစ္က ေကာက္စိုက္သမေတြကို ေၾကးမ်ားမ်ားေခၚၿပီး ငွားစိုက္ခိုင္းေပမယ့္၊ ဒီႏွစ္က်ေတာ့ ပိုက္ဆံလည္း သိပ္မရွိေတာ့တာနဲ႔ သူတို႔ေလးေတြကိုပဲ ေခၚခိုင္းျဖစ္တယ္ေလကြာ”
“ေကာက္စိုက္တာေတာ့ ဟုတ္ပါၿပီဗ်၊ ပ်ိဳးႏႈတ္၊ ပ်ိဳးထုံးတာက်ေတာ့ေရာ”
က်ဳပ္ေမးလိုက္ေတာ့ ဦးဘသာႀကီးက ပ်ိဳးခင္းထဲကိုျပတယ္၊ ပ်ိဳးခင္းထဲမွာ သူရဲႀကီးတစ္ေကာင္ အႀကီးႀကီးပဲဗ်ာ၊ လူအရပ္ႏွစ္ဆေလာက္ကိုရွိတာ၊ ပ်ိဳးပင္ေတြကို ႏႈတ္ၿပီးေတာ့ ပ်ိဳးေခ်းေတြခါခ်ၿပီး သူ႔ေက်ာေပၚကိုတင္တယ္၊ ၿပီးေတာ့ ေကာက္စိုက္သမေတြအနားကို သြားသြားခ်ေပးတယ္ဗ်ာ။ ဦးဘသာႀကီးက သရဲေတြကိုခိုင္းစားတာ သူ႔ဟာနဲ႔သူေတာ့ဟုတ္ေနတာပဲ၊ က်ဳပ္တို႔ၾကည့္ေနရင္း ညသန္းေခါင္ေလာက္ေရာက္ေတာ့ အားလုံးၿပီးသြားေတာ့တာပဲဗ်ာ၊ ၿပီးစီးသြားေတာ့ ဦးဘသာႀကီးက သူယူလာတဲ့ေတာင္းႀကီးထဲက ထမင္းဟင္းေတြထုတ္ၿပီးေတာ့ ဖက္ႀကိးေတြခင္းၿပီးပုံထားခဲ့လိုက္တယ္၊ ၿပီးေတာ့ က်ဳပ္ကိုလက္ကုပ္တယ္။
“သရဲေတြမႀကိဳက္ဆုံးအရာက သူတို႔စားေသာက္ေနတဲ့အခ်ိန္ ၾကည့္တာပဲတဲ့၊ ကဲ လာပါကြာ၊ ငါတို႔သြားၾကစို႔”
က်ဳပ္လည္း ေၾကာက္ေၾကာက္နဲ႔အျမန္ထြက္ခဲ့တာေပါ့ဗ်ာ၊ သရဲေတြထမင္းစားတဲ့ပုံကိုလည္း ေျပာျပအုံးမယ္ဗ်၊ ဖက္နဲ႔ခင္းထားတဲ့ေနရာကို ေနာက္ျပန္ႀကီးေတြ ေဆာင့္ေၾကာင့္ထိုင္ၾကတယ္၊ ၿပီးေတာ့ သူတို႔လက္ႀကီးေတြကို ဖက္ေအာက္ကေနလွ်ိဳသြင္းၿပီးေတာ့ ဖက္ထဲက ထမင္းေတြကိုလွမ္းႏႈိက္တာဗ်ိဳ႕၊ ထမင္းလုပ္ပါလာရင္ လက္ကိုဖင္ေအာက္ကေနျပန္လွ်ိဳထုတ္ၿပီးေတာ့ ပါးစပ္ထဲထည့္္ၿပီးစားၾကတာ။ က်ဳပ္နဲ႔ဦးသဘာလဲ အဲဒီေနရာကေန ခပ္ျမန္ျမန္လစ္ခဲ့တယ္ဗ်ာ။
႐ြာအဝင္လမ္းေရာက္ေတာ့ လူႏွစ္ေယာက္က သုတ္သီးသုတ္ျပာနဲ႔ထြက္လာတယ္ဗ်၊ က်ဳပ္တို႔လည္းထူးဆန္းၿပီးၾကည့္ေနတုန္း သူတို႔ႏွစ္ေယာက္နဲ႔ဆုံပါေရာဗ်ာ၊ ေမွာင္ေနေတာ့ ေသေသခ်ာခ်ာမျမင္ရဘူးဗ်ာ၊ ဦးဘသာက လက္ညႇိဳးထဲက မီးလုံးကေလးတစ္လုံးထုတ္ၿပီးေတာ့ ေလထဲေတာက္လိုက္တာနဲ႔ ပတ္ဝန္းက်င္မွာ ဆီမီးလင္းသလို လင္းသြားတာပဲဗ်ာ၊
အလင္းေရာင္ေအာက္မ်ာ ျမင္လိုက္ရတာက ေက်ာ္လင္းနဲ႔ ပန္းမႈံဗ်။
“ေက်ာ္လင္း၊ မင္းတို႔ဘာလုပ္ၾကတာလဲ”
ေက်ာ္လင္းက က်ဳပ္ကိုမသိသလိုလိုနဲ႔ စိုက္ၾကည့္ေနတယ္ဗ်၊ ဦးဘသာက ပန္းမႈံကိုၾကည့္လိုက္ရင္း
“ဟဲ့ကေလးမ နင္ဒါဘာလုပ္တာလဲ”
ပန္းမႈံမ်က္ႏွာထားကတင္းသြားၿပီး
“ရွင္တို႔ဝင္မရႈပ္ၾကနဲ႔”
အဲဒီလိုေျပာၿပီးေတာ့ ေျခေထာက္ကို ေျမႀကီးနဲ႔ေဆာင့္ထည့္္လိုက္တာဗ်၊ က်ဳပ္တို႔ရပ္ေနတဲ့ေျမႀကီးက ငလ်င္လႈပ္သလိုျဖစ္သြားၿပီးေတာ့ က်ဳပ္ေတာင္မွ ေျခေခ်ာ္လဲက်သြားတယ္။ ဦးဘသာကေတာ့ မလဲဘဲ ရပ္ေနတယ္ဗ်။
“ညည္းပညာေလာက္နဲ႔ ငါ့ကိုလာမေစာ္ကားနဲ႔”
ဦးဘသာေျပာတုန္းရွိေသးတယ္၊ ပန္းမႈံက ဆီးျဖဴသီးေလာက္ရွိတဲ့ အလုံးကေလးသုံးလုံးကို မိုးေပၚပစ္တင္လိုက္တာနဲ႔ ပိတုန္းနက္ႀကီးသုံးေကာင္အျဖစ္ေျပာင္းလဲသြားေရာဗ်ိဳ႕၊ ပိတုန္းႀကီးေတြက ဦးဘသာကိုတုပ္ဖို႔ေျပးလာတယ္၊ ဦးဘသာက ေလနဲ႔တစ္ခ်က္မႈတ္လိုက္ေတာ့ အဲဒီပိတုန္းသုံးေကာင္က လြင့္ထြက္သြားတာပဲဗ်ာ၊ ပိတုန္းသုံးေကာင္မွာ တစ္ေကာင္ကေတာ့ က်န္ေနခဲ့တယ္၊ ေနာက္ၿပီး က်ဳပ္ကိုတုပ္ဖို႔ပ်ံလာတယ္၊ ပ်ံတဲ့အသံႀကီးကတင္ တဝီဝီနဲ႔သိပ္ေၾကာက္ဖို႔ေကာင္းတာပဲဗ်ာ၊ က်ဳပ္လည္း ေၾကာက္ေၾကာက္နဲ႔ ဖိနပ္ကိုခြၽတ္ၿပီးေတာ့ ဖိနပ္နဲ႔ေျဖာင္းခနဲ႐ိုက္ထည့္လိုက္ေတာ့ ပိတုန္းက ခပ္လွမ္းလွမ္းက ေျမႀကီးေပၚကိုက်သြားတယ္၊ က်ဳပ္လည္း အခ်ိန္ဆြဲမေနဘဲ အဲဒီပိတုန္းကို က်န္တဲ့ဖိနပ္စီးထားတဲ့ေျခေထာက္နဲ႔ နင္းထည့္လိုက္ေတာ့ ပိတုန္းက စိစိညက္ညက္ေၾကသြားေတာ့တာပါပဲ၊ က်ဳပ္ဖိနပ္ကိုမလိုက္ေတာ့ ပိတုန္းမရွိေတာ့ပဲ ၊ ေသြးေဆးလိုလို၊ လ်က္ဆားလိုလို အမႈန႔္ေလးေတြကို ေတြ႕ရတယ္။
ဦးဘသာက လက္ကိုေလေပၚေျမႇာက္လိုက္တာနဲ႔ ပန္းမႈံတစ္ေယာကက္ ဂုတ္ကိုလူတစ္ေယာက္ေယာက္က ဆြဲလိုက္သလိုျဖစ္ၿပီး ေလေပၚေျမာက္တက္သြားတာပဲ၊ ဦးဘသာကို စိမ္းစိမ္းႀကီးစိုက္ၾကည့္တယ္၊ အေတာ္ၾကာမွ ဦးဘသာက သူ႔ထက္စြမ္းတယ္ဆိုတာ သိသြားတယ္ထင္ပါတယ္။
“ကြၽန္ . . . ကြၽန္မေတာင္းပန္ပါတယ္ဆရာႀကီး”
“နင့္အမေတြကိုေတာင္မွ ငါကအႏိုင္ယူခဲ့တာ၊ နင့္ေလာက္ကေတာ့ ပ်င္းေတာင္ပ်င္းေသးတယ္၊ ေျပာစမ္း၊ နင္ဘာလို႔ ဒီေကာင့္္ကိုေဆးေကြၽးထားတာလဲ”
“သူ႔ကိုက်ဳပ္ခ်စ္လို႔ပါ”
ဦးဘသာက ခါးေထာက္ရင္း
“သူကေရာ နင့္ကိုခ်စ္လို႔လား”
ပန္းမႈံေခါင္းငိုက္စိုက္က်သြားၿပီးေတာ့ ေခါင္းကိုအသာေလးခါျပတယ္။
“နင့္ကိုမႀကိဳက္ဘူးဆိုတာသိရက္နဲ႔မ်ား ဘာလို႔ဒီလိုလုပ္ရတာလဲ”
“သူမႀကိဳက္ေပမယ့္ က်ဳပ္ကႀကိဳက္တယ္၊ သူ႔ကိုက်ဳပ္ရေအာင္ယူမယ္”
“ေတာ္စမ္းကေလးမရာ၊ လူတစ္ဖက္သားကို ပညာနဲ႔သုံးၿပီး ခ်စ္ေအာင္လုပ္တယ္ဆိုတာက လြယ္တဲ့ကိစၥမဟုတ္ဘူးေနာ္၊ ၿပီးေတာ့ ဒီေကာင္ေလးက ၿမိဳ႕ကလာတဲ့ေကာင္ေလး၊ ဧည့္သည္လည္း ဧည့္သည္ပဲ၊ နင္သူ႔ကိုျပန္လႊတ္ေပးလိုက္ပါ”
“အို . .မလြတ္ဘူး၊ သူ႔ကိုက်ဳပ္ခ်စ္တယ္”
“ကဲ၊ နင္မလြတ္ရင္ေတာ့ ငါလႊတ္ေပးရလိမ့္မယ္”
ဦးဘသာက အဲဒီလိုေျပာၿပီးေတာ့ ေက်ာ္လင္းဆီသြားရင္း ေက်ာ္လင္းရဲ႕ျပဴးေၾကာင္ေနတဲ့မ်က္လုံးေတြကို လက္နဲ႔ပြတ္ေပးလိုက္တယ္၊ ဒီေတာ့မွ ေက်ာ္လင္းလည္း အိပ္ေနရာကေနႏိုးလာတဲ့လူလို မ်က္လုံးႀကီးျပဴးလာတယ္”
“က်ဳပ္ . . . က်ဳပ္ဘာျဖစ္တာလဲ”
“ေအး၊ မင္းကိုေမးစရာရွိလို႔ မင္းသူ႔ကိုႀကိဳက္သလား”
ဦးဘသာက ေလေပၚတန္းလန္းႀကီးျဖစ္ေနတဲ့ ပန္းမႈံကိုလက္ညႇိဳးထိုးၿပီးေမးလိုက္ေတာ့ ေက်ာ္လင္းက အံ့ၾသေနေသးတယ္။
“မင္းစိတ္ထဲက အမွန္အတိုင္းေျဖေနာ္ေကာင္ေလး၊ မင္းသူ႔ကိုခ်စ္သလား၊ ႀကိဳက္သလား”
ေက်ာ္လင္းက ေခါင္းခါတယ္ဗ်။
“က်ဳုပ္နဲ႔ ေန႔လည္တုန္းကေတာ့ စကားစျမည္ေျပာဖူးတာမွန္ပါတယ္၊ ဒါေပမယ့္ က်ဳပ္သူ႔ကိုမႀကိဳက္ဘူး၊ က်ဳပ္မွာခ်စ္ရမယ့္သူရွိၿပီးသား၊ က်ဳပ္နဲ႔ေက်ာင္းအတူတူတက္ေနတဲ့ ဝတ္မႈန္နဲ႔ က်ဳပ္ႀကိဳက္ေနတယ္ဆိုတာ ေန႔လည္ကလည္း ခင္ဗ်ားကိုေျပာခဲ့ၿပီးသားပဲ”
သူေျပာလိုက္ေတာ့ ပန္းမႈံက မ်က္ရည္ေတြးစီးက်လာတယ္ဗ်။ ဦးဘသာက ပန္းမႈံကိုၾကည့္ရင္း
“နင္ၾကားတယ္ေနာ္၊ ကာယကံရွင္ရဲ႕ ဆႏၵကို နင္သိၿပီးၿပီဆိုေတာ့ နင္ဘာလုပ္ရမလဲဆိုတာ သိမွာပါ၊ ကဲ ပန္းမႈံ၊ နင္သြားေတာ့”
ဦးဘသာေျပာလိုက္ေတာ့မွ ပန္းမႈံတစ္ေယာက္ ေျမႀကီးေပၚကို ဖုတ္ခနဲက်သြားၿပီး ေခြေခြကေလးျဖစ္သြားတယ္၊ ေနာက္ေတာ့ ပန္းမႈံကေခါင္းခါတယ္။
“က်ဳပ္ကို ႏွင္မထုတ္ပါနဲ႔ရွင္၊ က်ဳ႕္ဒီ႐ြာမွာေနရင္း လယ္စိုက္ရအုံးမယ္၊ အိမ္မွာက်န္ေနခဲ့တဲ့ အဘြားအတြက္ ပိုက္ဆံေတြရွာရအုံးမယ္၊ တကယ္ေတာ့က်ဳပ္ သူ႔ကိုယူမယ္ဆိုတာကလည္း သူ႔ကိုခ်စ္တာထက္ သူ႔လိုၿမိဳ႕ႀကီးသားကိုယူၿပီးေတာ့ က်ဳပ္ဘဝေျပာင္းသြားမလားလို႔ ႀကံခဲ့မိတာပါ ဆရာႀကီးရယ္”
“ေအး၊ နင္ေနခ်င္တယ္ဆိုရင္ေနႏိုင္တယ္၊ ဒါေပမယ့္ ႐ြာမွာ ေနာက္တစ္ခါ ပညာသုံးတာ၊ သူမ်ားကို ဒုကၡေပးတာလုပ္ရင္ နင္ငါ့အဆိုးမဆိုနဲ႔”
ဦးဘသာက လက္ညႇိဳုးေငါက္ေငါက္ထိုးၿပီးေျပာလိုက္ေတာ့မွ ပန္းမႈံက ႐ြာထဲကိုေျပးဝင္သြားတယ္၊ က်ဳပ္လည္း ေက်ာ္လင္းကိုေခၚၿပီးျပန္ခဲ့ရတာေပါ့ဗ်ာ၊ ေက်ာ္လင္းကေတာ့ တကယ့္ကိုေၾကာင္ေတာင္ေတာင္ရယ္ပါ။
“ဒါနဲ႔ ကိုခင္ေမာင္တို႔က ဘယ္လိုလုပ္ၿပီးေတာ့ ႐ြာထိပ္ကိုေရာက္ေနတာလဲ”
“အဲ . . ဟို . .ဟို”
က်ဳပ္လည္း မေျဖခ်င္တာနဲ႔ စကားလမ္းေၾကာင္းလႊဲရတယ္။
“ဒါနဲ႔ မင္းကိုပန္းမႈံကေဆးခတ္တာဆိုေတာ့ မင္းသူေကြၽးတာ ဘာေတြစားမိေသးသလဲ”
ေက်ာ္လင္းက ေခါင္းခါတယ္ဗ်၊ ေနာက္ေတာ့မွ ေသေသခ်ာခ်ာစဥ္းစားၿပီး ေခါင္းညိတ္တယ္။
“က်ဳပ္မွတ္မိၿပီ၊ က်ဳပ္တို႔ထမင္းစားတုန္းက က်ဳပ္က င႐ုတ္သီးစပ္စပ္စားခ်င္တယ္ဆိုေတာ့ သူက က်ဳပ္ကိုင႐ုတ္သီးတစ္ေတာင့္ ေကြၽးတယ္ဗ်၊ ဒါပဲ သူ႔ဆီက စားလိုက္မိတာ”
“ေအးေပါ့ကြ၊ အစားမေတာ္တစ္လုပ္ဆိုတာ အဲဒါပဲ၊ င႐ုတ္သီးတစ္ေတာင့္္ေၾကာင့္ မင္းပန္းမႈံနဲ႔ရေတာ့မလို႔၊ ဒါေပမယ့္ ရရင္လည္းမဆိုးပါဘူးကြ၊ ပန္းမႈံက ၾကည့္လို႔ေကာင္းပါတယ္၊ ဟား၊ ဟား”
ေက်ာ္လင္းက က်ဳပ္ကိုၾကည့္ၿပီးေတာ့
“ေအာင္မာ၊ က်ဳပ္မွာလည္းရည္းစားနဲ႔ပါ၊ က်ဳပ္ရည္စားဝတ္မႈန္ဆိုရင္ ေဟာဒီ႐ြက္ၾကမ္းေရက်ိဳ ေတာသူမထက္ အဆေပါင္းမ်ားစြာလွတယ္၊ အိမ္ေရာက္ေတာ့ ကိုခင္ေမာင္ကို ဓါတ္ပုံျပမယ္”
က်ဳပ္တို႔လည္း အိမ္ကိုအျမန္ျပန္ခဲ့တာေပါ့ဗ်ာ၊ အိမ္ကလူေတြကေတာ့ က်ဳပ္တို႔ကိုတပိုတပါးဆင္းသြားၾကတယ္ထင္တာေပါ့၊ ဒီအေၾကာင္းေတြကို က်ဳပ္တို႔လည္း အိမ္ကိုမေျပာေၾကးဆိုၿပီးေတာ့ ဆုံးျဖတ္လိုက္တာေပါ့ဗ်ာ။
မနက္အိပ္ရာႏိုးေတာ့ ေက်ာ္လင္းက က်ဳပ္ကို ဓါတ္ပုံတစ္ပုံထုတ္ျပတယ္၊ သူေျပာတဲ့အတိုင္းပဲဗ်ာ၊ ဓါတ္ပုံထဲက ေကာင္မေလးက လွလိုက္တာ၊ က်ဳပ္ျဖင့္ မင္းသမီးပုံႀကီးထုတ္ျပတယ္မွတ္တာ၊ ဓါတ္ပုံအေနာက္မွာ ေရးထားတဲ့စာေတြ႕မွာ တကယ္မွန္းယုံသြားတာဗ်၊ စာက ဘာေရးထားတာလဲဆိုေတာ့ “ခ်စ္ရတဲ့အကို႔အတြက္လက္ေဆာင္ ဝတ္မႈန္” ဆိုၿပီးေရးထားတာေလဗ်ာ၊ က်ဳပ္လည္းေက်ာ္လင္းကို ေျပးဖက္လိုက္ေတာ့ ေက်ာ္လင္းက အထူးအဆန္းနဲ႔ က်ဳပ္လက္ကေန႐ုန္းတယ္။
“အကိုခင္ေမာင္ ဘာျဖစ္သြားတာလဲ”
“ဟီးဟီး မင္းက ငါ့ထက္သုံးႏွစ္ငယ္တယ္ဆိုေပမယ့္ ငါ့အတြက္ေတာ့ဆရာပဲကြ၊ ေျပာစမ္း၊ မင္း ဒီေလာက္လွတဲ့ေကာင္မေလးကို ဘယ္လိုမ်ားသိမ္းသြင္းလိုက္တာလဲ”
က်ဳပ္ေျပာေတာ့ ေက်ာ္လင္းက က်ဳပ္လက္ကိုပုတ္ခ်ၿပီးေတာ့ သူ႔အက်ႌေကာ္လံစကို လက္နဲ႔ေထာင္ရင္း
“ဟဲ၊ ဟဲ ဒါကေတာ့ အထာေလးေတြရွိတာေပါ့ဗ်ာ”
“ေအးကြာ၊ အဲဒီအထာေလးေတြလည္း ငါ့ကိုမွ်လွည့္္ပါ၊ ငါမင္းကို ဆရာတင္ပါတယ္ကြ”
“အင္းေလ ကိုခင္ေမာင္သိခ်င္တယ္ဆိုေတာ့လည္း သင္ေပးရတာေပါ့ဗ်ာ”
မနက္စာ စားေသာက္ၿပီးတာနဲ႔ သေကာင့္သားက ျပန္မယ္ဆိုၿပီးေတာ့ ထျပန္ေတာ့တာပါပဲဗ်ာ၊ သူက ဒီ႐ြာမွာ ဆက္မေနခ်င္ေတာ့ဘူးတဲ့ေလ၊ အေဖကလည္း အကိုႀကီးကို လွည္းနဲ႔လိုက္ပို႔ခိုင္းတာေပါ့၊ က်ဳပ္တို႔ကေတာ့ ေကာက္စိုက္ရအုံးမယ္မဟုတ္လား။ က်ဳပ္လည္း သူတို႔လွည္းေနာက္ကေန ေျပးလိုက္ရင္း
“ေက်ာ္လင္း၊ ညီေလး၊ ငါ့ကို ပညာေတြသင္ေပးမယ္ဆိုကြ”
ေက်ာ္လင္းကေတာ့ က်ဳပ္ကိုၿပဳံးျပရင္း သူတို႔လွည္းႀကီးက ႐ြာထိပ္ကေန ထြက္သြားပါေရာလားဗ်ာ။
ၿပီးပါၿပီ။
#ဦးဘသာ #စုန္း #သရဲ #horror