စုန်းထီးသာအောင်(စ/ဆုံး)

Unicode Version

စုန်းထီးသာအောင်(စ/ဆုံး)
———————————
စိမ်းလန်းစိုပြေနေတဲ့ သစ်ပင်ဝါးပင်တွေကိုကလူကျီစယ်ရင်း အအေးဓာတ်ပါနေတဲ့လေတွေက တောင်ကြောတစ်ခွင်မှာ အကန့်အသတ်မရှိ မြူးထူးနေကြပါတယ် ။
” ဒီမှာဘာထုပ်လေးလဲမသိဘူး ဆရာ ”
မြေးအဖိုးသုံးယောက်သား ဖိုးဦးတောင်တန်းက ရွှေဘုံသာမုနိ ၊ငွေဘုံသာမုနိဘုရားတွေကိုလှည့်လည်ဖူးပြီး တောလမ်းလေးအတိုင်းပြန်ဆင်းတော့မယ့်အချိန် အောင်ညိုကကတ္တီပါစနဲ့ထုပ်ထားတဲ့ အထုပ်တစ်ထုပ်ကိုယူလာပြီး မေးလိုက်ခြင်းဖြစ်ပါတယ် ။
တပည့်ဖြစ်သူဘယ်ကယူလာမှန်းမမြင်လိုက်ပေမဲ့ မည်သူမည်ဝါပေးထားမှန်းသဘောပေါက်တာမလို့သိန်းခေါင်က
” ဘာမှမမေးပဲ ယူလာခဲ့ အောင်ညို မဟုတ်ရင် ပြန်သိမ်းခံထိနေမယ် ”
လို့ ပြောကာ တော်တော်ဝေးဝေးရောက်နေပြီဖြစ်တဲ့အဖိုးဖြစ်သူနောက် ခပ်သွက်သွက်လိုက်ပါသွားခဲ့တယ် ။
အောင်ညိုကလဲ အရိပ်ပြအကောင်မြင်တတ်သူမို့ အထုပ်ကို လွယ်အိတ်ထဲထည့်ရင်း မှိုရတဲ့မျက်နာထားနဲ့ ပြေးလိုက်လာခဲ့တယ် ။
မနက်ကတည်းက သစ်သီးဝလံတွေပဲစားထားရတာမလို့ ဦးအောင်မောင်းတစ်ယောက် `တဂွီဂွီ´မြည်နေတဲ့ဗိုက်ကို အသာနှိပ်ရင်း ရေချမ်းစင်ရှိတဲ့ဇရပ်လေးကိုမြင်တော့ ထခုန်မိမတတ် ဝမ်းသာသွားခဲ့ခဲ့တယ် ။
” အား အခုမှပဲ နေလို့ထိုင်လို့ အဆင်ပြေသွားတော့တယ် မြေးတို့ရေ အသက်ကြီးလာလို့လားမသိဘူး ဗိုက်ထဲအစာမရှိရင် အားမရှိသလိုဖြစ်ဖြစ်နေတာကွယ် ”
” ဟုတ်ပ ဖိုးဖိုးရယ် ဒီနားမှာလည်း တောင်ယာတဲတွေပဲတွေ့တယ် ဘာသည်ညာသည်မှလည်း လာရောင်းတာမတွေ့ရဘူး ”
” စည်ကားမယ့်အချိန်မတန်သေးလို့ပါ အောင်ညိုရယ် ဒီလမ်းဒီနေရာဟာ နောင်တစ်ချိန် ဈေးတန်းတွေ အမှိုက်တွေ လူတွေ စည်းကားလာတော့မှာပါ အဲ့ဒီအခါကျမှ အခုလို တိတ်ဆိတ်နေတာတွေ ပြန်တမ်းတနေမှာ မြင်ယောင်သေး ဟင်း ဟင်း ”
” သြော် မေ့နေတာ ရော့ ဆရာ စောစောက ဟိုအထုပ် ”
” ဘာထုပ်လေးလဲ မြေးလေးရဲ့ ”
” သိချင်ဖြည်ကြည့်လေ အဖိုးရဲ့ အဖိုးနဲ့ အောင်ညိုကို သူတို့ပေးမယ်လို့ ပြောဖူးတယ်မလား ”
” ဘယ်လိုမြေး…သူတို့ဆိုတာ …သြော်..သိပြီ ကဲ့ကဲ့ ဖြည်ကြည့်ကြတာပေါ့ ”
” ဟာ ရွှေမန်ကျည်းသီးတောင့်တွေပါလား ဖိုးဖိုး အားလုံးပေါင်းငါးတောင့်တောင် ”
” အဖိုး အဲ့ဒီအထဲက အောင်ညိုကို နှစ်ခုပေးလိုက်ပါ သူ့ဘဝရှေ့ရေးအတွက် သုံးချင်တာသုံးလို့ရတာပေါ့ ”
” မများဘူးလား ဆရာ ကျုပ်အတွက် တစ်ခုဆိုရပါပြီ သုံးယောက်ဆိုတော့ ဆရာ့အတွက် ဘယ်မျှတပါ့မလဲ ”
” မင်းတို့ကိုပေးတဲ့ပစ္စည်းတွေလေ အောင်ညိုရဲ့ ငါမကိုင်ပါဘူး ငါနဲ့လဲမဆိုင်ဘူး အဖိုးကိုသုံးခုပေးတယ်ဆိုတာက သူ့မှာ တိုင်းရေးပြည်ရာအတွက် သုံးဖို့တွေရှိသေးလို့ ငါခွဲပေးတာ မင်းကျေနပ်ရဲ့လား ”
” ဘာမှ မရလဲကျေနပ်ပါတယ်ဆရာရယ် အဲ့လိုကြီးမမေးပါနဲ့နော် ”
” အေးပါ တစ်ခါထဲရှင်းအောင်ပြောထားတာ လူဆိုတာမျိုးက လောဘ ဒေါသ မောဟတွေနဲ့ရှင်သန်ကြတာလေ ပြဿနာမဖြစ်ခင် ကြိုတင်ရှင်းထားတာ အကောင်းဆုံးပဲမဟုတ်လား ”
” ဟုတ်ပါတယ် ဆရာ ကျုပ်နားလည်ပါတယ် ဒါနဲ့ ဖိုးဖိုး သုံးခုနဲ့မလောက်သေးရင် ကျုပ်ဆီက တစ်ခုထပ်ယူပါလားဟင် ”
” တော်ပါပြီ မြေးလေးရယ် လက်နက်နဲ့ရိက္ခာဝယ်ပေးဖို့ လုံလောက်ပါတယ် မလောက်လဲ ကံတရားက ပေးလာဦးမှာကို ”
သိန်းခေါင်ကိုကြည့်ပြီး ခပ်ပြုံးပြုံးပြောလိုက်တဲ့ဦးအောင်မောင်းစကားကို အောင်ညိုကနားမလည်မလို့ ခေါင်းကိုခပ်ပြင်းပြင်းကုတ်လိုက်မိတယ် ။
” ကဲ့ကဲ့ ပစ္စည်းကို လုံလုံခြုံခြုံသိမ်းထားတော့ ဟိုမှာ ဘုရားဖူးတွေလာနေကြတယ် ”
ဦးအောင်မောင်းရဲ့စကားကြောင့် ဆရာတပည့်နှစ်ယောက် နောက်ကိုလှည့်ကြည့်လိုက်တော့ လူတစ်စုက စကားတစ်ပြောပြောနဲ့ သူတို့ရှိရာဇရပ်လေးကို ဦးတည်လာနေတာ မြင်လိုက်ရတယ် ။
” နောင်ကြီးတို့ ဘုရားကပြန်လာကြတာလားဗျ မနက်ခုနှစ်နာရီ ရှစ်နာရီလောက်က ဘုရားကုန်းတော်မှာ ဘာဖြစ်တာလဲ ပေါက်ကွဲသံကြီးသုံးချက်ဆင့် ကြားလိုက်မိလို့ပါ ”
ဒီတော့ ဦးအောင်မောင်းလဲ မဟူရာဆဌမဂိုဏ်းဆရာငါးယောက်ကြောင့် တောင်ကြောကြီးတုန်ဟီးသွားတာကို သူတို့မသိလိုက်ကြဘူးပဲလို့တွေးပြီး ပြောပြတော့မယ်အလုပ် သိန်းခေါင်က
” သြော် အမဲလိုက်မုဆိုးတွေ သားကောင်ပစ်တဲ့အသံကိုပြောတာထင်တယ် ဟုတ်တယ် ဦးကြီးရဲ့ ကျနော်တို့မြေးအဖိုးတွေတောင်လန့်သွားသေးတယ် မုဆိုးငါးယောက်လေ အခုတော့မတွေ့တော့ပါဘူး ”
လို့ပြောလိုက်တယ် ။ မြေးဖြစ်သူရဲ့ မုသားမပါလွန်ရာမရောက်တဲ့စကားပြောနည်းကြောင့် ဦးအောင်မောင်းနဲ့ အောင်ညိုလည်း တစ်ယောက်မျက်နာတစ်ယောက်မသိမသာကြည့်ရင်း ပြုံးလိုက်မိတယ် ။
” အိုး တော်တော်ဆိုးတဲ့ကောင်တွေပါလား ဘုရားကုန်းမြေတောင် မရှောင်ဘူး ဒါနဲ့ သားတို့ကိုကြည့်ရတာ ဗိုက်ဆာနေကြတဲ့ပုံပဲကွယ် သမီးရေ ဘုရားပေါ်အဆာပြေစားဖို့ယူလာတဲ့ မုံ့ဖက်ထုပ်နည်းနည်းလောက် ဟိုဦးလေးနဲ့ နင့်မောင်တွေကို ပေးခဲ့လိုက်ဦး အဘတို့သွားနှင့်မယ် ကြားလား ”
” ဟုတ်ကဲ့ အဘ ”
ပျော်ပျော်နေတတ်ဟန်တူတဲ့ဦးလေးကြီးက အနောက်ကလိုက်လာတဲ့အသက်သုံးဆယ်အရွယ်မိန်းကလေးတစ်ယောက်ကိုလှမ်းပြောတော့ ထိုမိန်းကလေးက ရွက်ထားတဲ့အညာဆွဲခြင်းကြီးကို အောက်ချပြီး
” လာ မောင်လေးတို့ အဝစားကြ ဒီက ဦးကြီးလည်း စားပါနော် သမီးတောင် အများကြီးယူလာမိတာမှားပြီလို့ တွေးနေတာ လမ်းက အရမ်းမတ်တော့ ကြာလေလေးလေဖြစ်နေတာလေ အခုမှပဲပေါ့သွားတော့တယ် ဟီး ဟီး ”
” ကျေးဇူးပါပဲ သမီးရယ် မရှက်တမ်းပြောရရင် ဦးကြီးတို့မြေးအဖိုးတွေ မနက်ကတည်းက ဘာမှမစားရသေးဘူးကွယ့် ဘုရားနားကသူတော်စင်တွေကျွေးတဲ့ သစ်သီးဝလံလေးတွေပဲ စားလာမိတာ ”
” ဟယ် ဟုတ်လား ဗိုက်တော်တော်ဆာနေကြမှာပေါ့ ဒါဖြင့် ဒီတစ်လုံးချိုင့်လေးယူထားလိုက်ပါလား ဦးကြီးရဲ့ အထဲမှာ ဆီကြတ်ထမင်းနဲ့ ကြက်ဥကြော်တွေပါတယ် ချိုင့်ကိုတော့ ရေချမ်းစင်ဘေးထားခဲ့လိုက်ပါ သမီးတို့ပြန်လာရင် ယူလိုက်မယ် သမီးသွားပြီနော် ဟိုးမယ် အဘတို့တောင်တော်တော်ဝေးဝေးရောက်နေပြီ ”
တစ်ကြိမ်တစ်ခါမှမတွေ့ဖူးတဲ့သူစိမ်းတွေအပေါ်ဆွေမျိုးသားချင်းသဖွယ်စိတ်ရင်းကောင်းတဲ့အမျိုးသမီးဇရပ်ထဲကထွက်သွားတာနဲ့ သိန်းခေါင်ရဲ့ ညာဖက်မျက်လုံးကနေ ပီတိမျက်ရည်တစ်ချို့ကျလာခဲ့တယ် ။
” တစ်ပြည်လုံးကိုစောင့်ရှောက်ရတဲ့ကျေးဇူးက ထွက်သွားတဲ့အစ်မရဲ့စေတနာနဲ့တင် တစ်ဝက်လောက်ကျေနေပါပေါ့လား အောင်ညို ရယ် ”
” ဗျာ ဆရာ ဆရာ ဘာကိုပြောတာလဲဟင် ကျုပ်နားမလည်ဘူး ”
” နေနေ မြေးလေး မင်းဆရာပြောတာ ဖိုးဖိုးနားလည်တယ် ထပ်မမေးတော့နဲ့ နောက်တော့ ဖိုးဖိုးပြောပြမယ် စားစား ခရီးဆက်ရဦးမယ် ”
ဦးအောင်မောင်းက ပြာပြာသလဲတားလိုက်တော့ အောင်ညိုလည်း ဘာမှမမေးတော့ပဲ မျက်လုံးလေးကလည်ကလည်နဲ့ ဝေစုထမင်းကိုဆက်စားနေခဲ့တယ် ။
ဒီတစ်ကြိမ်ထပ်မြင်ရတဲ့သူစိမ်းတစ်ယောက်ရဲ့စေတနာက မြေးဖြစ်သူသိန်းခေါင်ကိုယ်တိုင် ပီယသိဒ္ဓိအစွမ်းနဲ့လုပ်ယူထားတာမဟုတ်မှန်း ဦးအောင်မောင်း သဘောပေါက်သွားခဲ့တယ် ။ သိဒ္ဓိဆယ်ပါးထဲပါတဲ့ ပီယသိဒ္ဓိအစွမ်းက အရေးပိုင်မင်း ၊မြို့အုပ်မင်းတို့လိုလူတွေကတောင် မြေးဖြစ်သူကို တလေးတစားအရေးပေးဆက်ဆံပေးခဲ့ရတယ်မလား ။
စားသောက်လို့ပြီးလို့ ဦးအောင်မောင်းက ချိုင့်လေးကို ရေချမ်းစင်ဘေး သွားထားမယ်အလုပ် သိန်းခေါင်က လှမ်းတားပြီး သူ့လက်သူကြွယ်မှာဝတ်ထားတဲ့ လက်စွပ်ကလေးကိုချွတ်လိုက်တယ် ။ ပြီးတော့….
” စေတနာရှင်အမျိုးသမီးမဟုတ်လျှင် ဤယွန်းချိုင့်နှင့် ဤလက်စွပ်အား မည်သူမှမတွေ့မြင်စေ ” လို့ပြောပြီး ရေချမ်းညာဘက်အခြမ်းမှာ တင်ထားခဲ့လိုက်တယ် ။
” ဟာ မြေး ဖိုးသက်ရှည်က အဲ့ဒီလက်စွပ်ကို မြေးနဲ့ကိုယ်မကွာဝတ်ထားရမယ်လို့ ပြောဖူးတယ်မလား အဲ့ဒီလက်စွပ်ပေးမဲ့အစား ဒီထဲကတစ်ခုလောက်ပေး… ”
” ရပါတယ် အဖိုးရဲ့ ဒီလက်စွပ်က တစ်ချိန်တုန်းက ကျနော် လူတွေကိုကျီစားမှာစိုးလို့ ဖိုးသက်ရှည်က အချုပ်မန္တာန်နဲ့ ဝတ်ခိုင်းထားတာပါ ပွားရုံပဲပွားလိုက်တာပါ ဒီမှာလေ လက်စွပ်က သူ့နေရာမှာပဲဟာ ”
” သြော် ဟား ဟား ဟား ဟုတ်ပါပြီ ဟုတ်ပါပြီ ”
” ဖိုးဖိုးရေ ဖိုးဖိုးနဲ့ ဆရာက ကျုပ်ကို ရူးအောင်လုပ်နေတာလား ဘာတွေပြောပြီး ဘာတွေရယ်နေကြတာလဲဟင် ”
” သြော် မြေးလေးရဲ့ မင်းက မင်းဆရာနဲ့အနေမကြာသေးတော့ မသိသေးတာပါ ဖိုးဖိုးကတော့ သူအူဝဲလေးကတည်းက အတူတူနေလာတာဆိုတော့ သူနဲ့ပတ်သတ်တဲ့ထူးဆန်းထွေလာ တော်တော်များများကို ကြားဖူးမြင်ဖူးအံ့သြဖူးတယ်လေ ဒါကြောင့်ပါ ”
” အဲ့ဒါဆို ပန်းတောင်းကားဂိတ်မရောက်ခင် စောစောကကျုပ်ကိုမမေးခိုင်းတဲ့ ဟာလေး ပြန်ပြောပြပါလား နော် ဖိုးဖိုး ”
” အေးပါ ဖိုးဖိုးသိသလောက်ပြောပြပါ့မယ် မြေးလေးဆရာကိုတော့ သွားမမေးနဲ့ သူ့စိတ်က တစ်ခါတစ်ခါ လူနဲ့ကပ်နေတာမဟုတ်ဘူး အကူအညီလိုတဲ့နေရာတွေဆီ ရောက်နေတတ်တာလေ ”
” ဟာ ဒါဖြင့် ဟိုအလင်းလုံးကြီးလိုလုပ်ပြီး ထွက်ထွက်သွားတာပေါ့ ဟုတ်လား ”
” ဟမ်!! အဟေး ဟေး ဟုတ်တယ် ဟုတ်တယ် ဟား ဟား ဟား ”
နှစ်ယောက်သားအားရအောင်ရယ်မောပြီးတော့ ဦးအောင်မောင်းက အောင်ညိုရဲ့မေးခွန်းတစ်ချို့ကို အကျဉ်းချုပ်ပြန်ဖြေပေးခဲ့တယ် ။ စကားတစ်ပြောပြောနဲ့ရှေ့ကသွားနှင့်နေတဲ့ သူတို့နှစ်ယောက်ကိုကြည့်ပြီး သိန်းခေါင်တစ်ကြိမ်ပြုံးမိပြန်တယ် ။ သူစိမ်းတွေဖြစ်ပေမယ့် ရေစက်ရှိတော့ဆုံဆည်းကြ ရေစက်ကုန်တော့ ခွဲခွာကြ ဝဋ်ကြွေးရှိတော့ ခံကြရ တဲ့ လောကဓမ္မတာကို အခုတော့ သူကောင်းကောင်းသိခဲ့ရပြီလေ ။
” လိုက်မလား လိုက်မလား ရေတာရှည် ရောက်တယ် သာဂရရောက်တယ် ဖြူးရောက်တယ် ”
” ရေတာရှည်ဆိုတော့ ရိုးမနဲ့နီးတယ်မြေးရေ တက်ကြရအောင် ”
” မတက်နဲ့ အဖိုး အဲ့ဒီကားက အသံကောင်းဟစ်နေတာ အခုမထွက်သေးဘူး ဟိုဘက်က လူပြည့်နေတဲ့ကားပေါ်တက် ”
ကားပေါ်ရောက်တော့ကားဆရာက ကွမ်းစားလို့နီရဲနေတဲ့သွားတွေပေါ်အောင်ပြုံးပြပြီး ဦးအောင်မောင်းကို
” နောင်ကြီးတို့ကို ဟိုဘက်ဈေးတန်းက ထွက်လာကတည်းက လှမ်းကြည့်နေတာ ဒီလူတွေ ရှေ့ကအာကျယ်မျိုးလင်းတို့ကားပေါ်တက်ရင် ခက်ချည်ရဲ့လို့ တွေးနေတာ ဒီဂိတ်မှာ သူတို့ကားနဲ့ဖက်ပြီး ဘယ်သူမှ စကားမပြောချင်ကြဘူးလေ ”
” ဟုတ်လား ငါ့ညီရဲ့ ဘာလို့လဲ ကားခမတန်တဆတောင်းလို့လား ”
” လူပြည့်လည်းမထွက်လို့ လောဘကြီးလို့ ကတိမတည်လို့ အို စုံလို့ပါပဲ ကဲ့ပါ ကျနော်တို့စထွက်ကြမယ် ”
ခရီးသည်တင်ကားဆိုပေမဲ့ အရေးပိုင်မင်း မြို့အုပ်မင်းတို့စီးတဲ့ကားလို ဆိုဖာခုံကောင်းကောင်းနဲ့တော့မဟုတ် စက်တပ်ပြီး ဘီးလေးဘီးပါလို့သာ ကားလို့ဆိုရတာဖြစ်ပါတယ် ။ စီးရတဲ့ကားက မကောင်းသလို လမ်းကလည်း မိုးဗြဲဒယ်ထဲ ပဲလှော်နေသလို ဟိုယိမ်းဒီယိမ်းနဲ့ ဖြစ်နေခဲ့တယ် ။
” ဟား ဟား ဟား ကားတစ်စီးလာနေပြီ သခင် ငါ ငါတို့ အသားစားရတော့မယ် ထုံးစံအတိုင်း နင်က လက်ဝတ်လက်စားတွေချွတ်ယူပေါ့ ”
” အေးပါဟ ငနီနဲ့ စုတ်ဖွားရဲ့ မင်းတို့သာ မတော်တဆကားမှောက်အောင်လုပ် သွား သွားတော့ ”
လူပြတ်တဲ့လမ်းမမှာ အရပ်ရှည်ရှည်လူထွားကြီးနှစ်ယောက်ကို မျက်နာငယ်လေးတွေနဲ့မြင်တော့ ကားဆရာက
” ကားကြုံလိုက်ချင်လို့ထင်တယ် ကျွတ်စ် ကားက လည်း တင်စရာနေရာ မရှိတော့ဘူး ” လို့ ငြီးလိုက်တယ် ။ ဒါကိုအိပ်ပျော်နေတဲ့ ခရီးသည်တွေက်မကြားပဲ အောင်ညိုကကြားပြီး ဆရာဖြစ်သူကို လက်တို့လိုက်တယ် ။
” ကားဆရာဦးကြီး ကားကိုအရှိန်မြှင့်ဝင်တိုက်ပစ်!!! ”
” ဝူး!!!! ဒုန်း ဒုန်း ”
” ဂါး ဂယား ”
” ဟာ ဘာကြီးတွေလဲ ပြေးလိုက်လာပြီ ”
” မကြောက်နဲ့ ဦးကြီး ဒီနေ့က လကွယ်နေ့ဆိုတော့ အဲ့ဒီသတ္တဝါတွေ လူ့ရပ်ရွာကိုလာတာ မဆန်းပါဘူး ”
အောင်ညိုတစ်ယောက် ထိတ်လန့်နေတဲ့ကားဆရာကို အကြောက်ပြေအောင်ပြောနေတုန်း ဓါးတွေဝယ်လာတဲ့ခရီးသည်အမျိုးသားတစ်ယောက်က ဆတ်ခနဲ အိပ်ရာနိုးလာခဲ့တယ် ။ ပြီးတော့ မရယ်မပြုံးမျက်နာနဲ့ ထိုင်နေရာကထလာပြီး
” ကားကို လမ်းဘေးခဏရပ်လိုက် ကားဆရာ ဒီကောင်တွေက အသားမနာရင်မမှတ်ဘူး ဟို သောက်လုပ်လုပ်မစားချင်တဲ့ သူတို့သခင်ဆိုတဲ့ကောင်ကိုလည်း ဆုံးမရမယ် ”
” ကိုငွေရ ခင်ဗျား ဘာလုပ်မလို့လဲ အဲ့ဒါလူတွေ မဟုတ်ဘူးတဲ့ ဒီကလေးပြောတာ ”
” အေးလေ အဲ့ဒါကြောင့် ကျွန်ုပ်တပည့်ကိုပြောပြီး သင့်ကားနဲ့ ဝင်တိုက်ခိုင်းလိုက်တာပေါ့ အောင်ညို နားလည်အောင်ရှင်းပြပြီး ငါခန္ဓာကိုယ်ကို သွားကြည့်ထား ”
ဓါးအမျိုးမျိုးကို ပန်းတောင်းမြို့ပန်းပဲဖိုမှာ လာယူဟန်တူတဲ့လူဆီက ဆရာဖြစ်သူရဲ့အမိန့်မျိုးထွက်လာတော့ အောင်ညိုလည်း လုပ်နေကျအတိုင်း ခန္ဓာစည်းချမန္တာန်ကို သွားရွတ်ပေးလိုက်တယ် ။
အောင်ညိုလုပ်နေသမျှကို အစအဆုံးကြည့်နေတဲ့ ကားဆရာကတော့ ကားပေါ်ကဆင်းသွားတဲ့ဓါးကုန်သည်ကိုတစ်လှည့် သူ့ကိုတစ်လှည့်ကြည့်ကာ ခေါင်းတစ်ဗြင်းဗြင်းကုပ်နေခဲ့တယ် ။
ခပ်လှမ်းလှမ်းရောက်တော့ ဓါးကုန်သည်က ယူလာတဲ့ဓါးနှစ်ချောင်းကိုအသင့်အနေအထားကိုင်ပြီး ပြေးလိုက်လာတာတဲ့ သရဲနှစ်ကောင်ကို ခါးလည်ကနေ ပိုင်းချလိုက်တယ် ။
” အား ဂါး ”
” ကဲ့ မှတ်ပြီလား လူက တစ်လမ်းလုံး လမ်းဆောင့်လို့အာရုံနောက်နေပါတယ်ဆို ခေါ်လိုက် သင်တို့ဆရာ အစုတ်ပလုပ်စုန်းထီးကောင်ကို ”
” အံမာ…မလောက်လေးမလောက်စား အညတရဓါးသည်ကများ စော်ကားမော်ကားနဲ့ ပြာကျသွားချင်လို့လား ”
” စွမ်းတယ်ထင်ရင် လုပ်ကြည့်လိုက်လေ ခြေကောင်းလက်ကောင်းကြီးနဲ့ အောက်တန်းကျတဲ့လုပ်ရပ်တွေလုပ်နေတာ သင်မရှက်ဘူးလား အယုတ်တမာကောင်သာအောင်ရဲ့ ”
” သြော်… ဘယ်ဆိုးလို့လဲ ငါ့နာမည်ကိုတောင်သိနေပါလား ငနီနဲ့ စုတ်ဖွား ဒီကောင့်ကိုအရှင်မထားနဲ့ မင်းတို့ကို အပိုင်ပေးတယ် စိတ်ကြိုက်လုပ်လိုက်စမ်း ”
” ရွှစ် ရွှစ် ”
” အူး!!! ”
စုန်းထီးသာအောင်အမိန့်ပေးလိုက်လို့ ပြေးလာတဲ့သရဲနှစ်ကောင်ကို ကိုငွေရက လက်ထဲကဓါးနဲ့ကောက်ပစ်လိုက်တော့ နှစ်ကောင်လုံး လမ်းမှာတင် ခြေထောက်တွေပြတ်ကာ ပစ်လဲကုန်ကြတယ် ။
” အမလေး သေပါပြီ သေပါပြီ ငါ့ကလေးတွေတော့ တယ် ဟဲ့ကောင် ဓါးသည် မင်း မင်းဘယ်သူလဲ မင်းဓါးတွေကစွမ်းလှချည်လား မင်း ငါနဲ့တွေ့မယ် ကဲ့ ”
စုန်းထီးကောင်က သူ့လက်ကိုဖြန့်ပြီးဆေးမှုန့်တစ်ချို့ကိုဖြန်းလိုက်တော့ ဆေးမှုန့်တွေကနေ ကွမ်းသီးလုံးအရွယ်ပိတုံးကောင်တွေအဖြစ်ပြောင်းကာ ကိုငွေရဆီ တဝှီဝှီနဲ့ ပြေးဝင်သွားခဲ့တယ် ။
သို့ပေမယ့် ကိုငွေရက တစ်ချက်လေးတောင်ကြောက်ရွံ့ဟန်မပြပဲ သူ့ညာဖက်လက်ညှိုးကိုထောင်လိုက်တော့ အဝါရောင်ပိုက်ကွန်တစ်ခုပေါ်လာပြီး ပိတုံးတွေကို စုပ်ယူပစ်လိုက်တယ်။
” ဟာ ဓါးသည် ငါ မင်းကို ဒီလမ်းမှာ ဒီကားစီးပြီးသွားနေတာ ခဏခဏတွေ့ဖူးပါတယ် မင်း ဒီလောက်စွမ်းမှန်း ငါနည်းနည်းလေးတောင်မသိရပါလား ”
” စကားရှည်မနေနဲ့ တိုက်စရာရှိတာ အစွမ်းကုန်ထုတ်ပြီးတိုက် ငါတို့အိမ်ပြန်ရဦးမယ် ”
” ရတယ်လေ နောက်တစ်ခု မြည်းကြည့်ပေါ့ ကဲ့ တောကြီးမြွေဟောက်တွေ သူ့ကိုအသေပေါက်သတ်ကြစမ်း ”
စုန်းထီးက နောက်လက်တစ်ဖက်ကိုလက်သီးဆုပ်ပြီး ထပ်ဖြန့်လိုက်တော့ ဘယ်ကပေါ်လာမှန်းမသိတဲ့ မြွေဟောက်တစ်အုပ်က လမ်းဘေးချုံတန်းတွေထဲကနေ “တရွှီရွှီ´´ မြည်သံပေးပြီး ပြေးထွက်လာကြတယ် ။
” ဟင် ဟိုးအောက်မှာ အရှင်စိတ္တပါလား အိမ်ပြန်မယ်လို့ပြောပြီး ဘာပြဿနာဖြစ်နေတာလဲမသိဘူး ”
စုန်းထီးက မြွေဟောက်အတိုက်အပြင် ရှိသမျှစက်တွေနဲ့ ဒေါသတကြီးတိုက်နေချိန် တိုက်ပွဲရဲ့အထက်တစ်နေရာမှာ ရှိနေတဲ့ မိန်းမတစ်ယောက်က စိတ်ဝင်တစား ရပ်ကြည့်နေခဲ့တယ် ။
” အမလေး ဟိုမှာ ငါ့ကလေးတွေပါ အရှင်လက်ချက်နဲ့တော့ အပိုင်းပိုင်းဖြစ်တော့မှာပဲ မဖြစ်ပါဘူး ငါဆင်းပြီး သာအောင်ကိုဆုံးမမှ ဖြစ်တော့မယ် ”
” ဘုတ်!!! ”
” ဟဲ့ သာအောင်ဆိုတဲ့ စုန်းထီး နင် ဘာဖြစ်နေတာလဲ အခုချက်ချင်းရပ်စမ်း ”
” ဟာ ကတော်အမေကြီး ”
” ဟုတ်တယ် ငါပဲ နင့်ကိုနင် ဘယ်သူနဲ့တိုက်နေတယ်လို့ထင်လဲ သောက်အကောင်ရဲ့ သာမန်လူတစ်ယောက်က ဒီလောက်စွမ်းနေတာ ဘာကြောင့်လဲ နင့်ပညာအစွမ်းနဲ့ သေချာကြည့်လေ ”
အမျိုးသမီးက ပြောလဲပြော လက်တစ်ဖက်ကလည်း ကိုငွေရဆီသွားနေတဲ့မြွေဟောက်တွေကို လှမ်းတားလိုက်တယ် ။ ဒေါသကြီးနေတဲ့ မြွေတွေကလည်း အမျိုးသမီးကိုတွေ့တော့ အမောက်တွေချပြီး အိမ်မွေးတိရိစ္ဆာန်တွေလို လာပွတ်သပ်ကြပါလေရော ။
” နန်းမွန် အဲ့ဒီစုန်းထီးကို သင်ဆုံးမရမလား ငါကိုယ်တော်ဆုံးမရမလား ”
” အံမာ ဓါးသည်အစုတ် ဖဝါးတစ်ချက်ပေါက်ရင် ကျတ်တီးမြေကတောင်ရေထွက်တဲ့အမေကြီးကို နန်းမွန်တဲ့ ရိုင်းလိုက်တာ ”
” ဟဲ့ သာအောင် တော်စမ်းလို့ ငါပြောနေတယ် နင် သူ့ကိုမမြင်နိုင်ရင် ငါပြမယ် ကြည့်လိုက်စမ်း ”
အမျိုးသမီးက အဲ့လိုပြောပြီး ကိုငွေရကိုလက်အုပ်ချီလိုက်တယ် ။ ပြီးတော့ သာအောင်မြင်နိုင်တဲ့ သိန်းခေါင်ရဲ့ရုပ်သွင်အမှန်ကို ဖွင့်ပြလိုက်တော့ စုန်းထီးကောင်က မျက်လုံးမျက်ဆံတွေပြူးကာ..
” ဟာ လက်တွေအများကြီး တံခွန် လေးမြှား ပုဆိန် သားမြှီးယပ်တောင် ချက္ကရစက်ဝိုင်း အဲ့ အဲ့ဒါ ဟိုနတ်ကြီးမဟုတ်လား အမေကြီး ”
” ဟုတ်တယ် အဲ့ဒါကြောင့် နင့်ကို ငါလာတားတာပေါ့ နင့်အဆင့်မပြောနဲ့ ငါတို့ကတောင် လေးစားနေရတဲ့ပုဂ္ဂိုလ်ဟဲ့ သူတကယ်မလုပ်သေးတာကို ကိုယ့်ကိုယ်ကိုယ်ဟုတ်လှပြီထင်မနေနဲ့ နင့်ထက်စွမ်းတဲ့ မဟူရာဆဌမဂိုဏ်းဆရာငါးယောက်ကိုတောင် မနက်ကတင် ဘုရားသိုက်စောင့်ရွှေငါးတွေ လုပ်ပစ်လိုက်တာ ”
” တောင်း တောင်းပန်ပါတယ် အမေကြီးရယ် ကျနော် ကျနော်ကြောက်ပါပြီ ”
” ဟဲ့ ငါ့ကိုတောင်းပန်ရမှာမဟုတ်ဘူး အရှင့်ကိုတောင်းပန်ရမှာ ပြီးမှ ငါ နင့်ကိုလုပ်မှာ ”
” ဟုတ် ဟုတ်ကဲ့ အမေကြီး ဟို အ အ အရှင်နတ်ကြီးဘုရား ကျေးကျွန်တော်မျိုးကို သနားသောအားဖြင့် အသက်ချမ်းသာပေးတော်မူပါ မသိလို့မှားခဲ့သမျှကိုလည်း ဒူးထောက်ဦးတိုက် တောင်းပန်ပါတယ် ”
စုန်းထီးသာအောင်က ဒူးပြီး အကြိမ်ကြိမ်းရှိခိုးတောင်းပန်တော့ ကိုငွေရတစ်ဖြစ်လဲ သိန်းခေါင်က ခေါင်းတဆတ်ဆတ်ညိမ့်ပြီး အောက်ပါအတိုင်းပြောလိုက်တယ် ။
” ငါကတော့ ဘာမှမလုပ်ပါဘူး ခြေကောင်းလက်ကောင်းကြီးဖြစ်ပြီး အောက်တန်းကျတဲ့အပြစ်တွေကျူးလွန်ထားတဲ့ သင့်လို လူသတ်သမားကို ညီမတော် နန်းမွန်ကပဲ ဆုံးမလိမ့်မယ် အဲ့ဒီတော့ ဟိုခြေပြတ်နေတဲ့ဟာတွေ လမ်းဖယ်ခိုင်း ငါတို့ပြန်မယ် ”
ကိုငွေရထွက်သွားတော့ အမျိုးသမီးက သာအောင့်နဖူးကိုလက်နဲ့တို့ပြီး ပညာတွေအကုန်နှုတ်ယူလိုက်တယ် ။ ပြီးတော့ အပြစ်သားကိုဆံပင်ကနေဆောင့်ဆွဲပြီး လမ်းဘေးတစ်နေရာကို မြွေတွေနဲ့အတူ ထွက်သွားခဲ့တယ် ။
ကားပေါ်ခပ်တည်တည်နဲ့ ပြန်တက်လာတဲ့ ကိုငွေရကို ကားဆရာက
” ကိုငွေရ ခင်ဗျား အဲ့ဒီလောက်စွမ်းမှန်း ကျုပ် တကယ်မသိခဲ့ဘူး တော်လိုက်တာဗျာ ခင်ဗျားသာမပါလာရင် ကျုပ်တို့ကားတော့ သွားပြီ ကျေးဇူးပါပဲ ”
လို့ လှမ်းပြောလိုက်တယ် ။ ရေယဉ်ကတော်ကြီးကို မမြင်လိုက်ဟန်မတူတဲ့ ကားဆရာစကားကြောင့် ကိုငွေရက ရယ်ပြီး ပြန်ပြောလိုက်တယ် ။
” ရပါတယ် ကျနော်လည်း ပြန်အိပ်တော့မယ် ခင်ဗျားလည်း ဆက်မောင်းတော့ ဘာအန္တရာယ်မှမရှိတော့ဘူး ”
ခဏနေတော့ ခရီးသည်တွေက ကျွတ်စီ ကျွတ်စီနဲ့ နိုးလာပြီး ကားဆရာကို အခုမှ ပန်းတောင်းမြို့အထွက်ပဲရှိသေးလို့ ဝိုင်းဝန်းအပြစ်တင်လာကြတယ် ။ ကားဆရာကတော့ ဂရုစိုက်ဟန်မပြပဲ ကားကိုအရှိန်မြင့်ကာ ဦးတည်ထားတဲ့ကားဂိတ်ဆီကို မောင်းလာခဲ့လိုက်တယ် ။
ရေတာရှည်ရောက်တော့ ဦးအောင်မောင်းတို့က ကားခရှင်းပြီး ကားဆရာကိုနှုတ်ဆက်လိုက်တယ် ။ အဲ့ဒီအခါကျမှ ကားဆရာက သိန်းခေါင်ရဲ့လေသံနဲ့ အနေအေးတဲ့ကိုငွေရလေသံက တစ်ပုံစံတည်းဖြစ်နေမှန်း ရိပ်မိပြီး ရွာလိပ်စာကိုယူကာ မောင်းထွက်သွားခဲ့တယ် ။ ကားဆရာက ဦးအောင်မောင်းတို့ကို ရေတာရှည်မြို့နားက ရွာတစ်ရွာမှာနေတယ်လို့ ထင်သွားတာပါ ။ အမှန်က လူသူသိပ်မရောက်တဲ့ တောထဲက ရွာဆယ်ရွာဆိုတာသိရင် မိသားစုလိုက် အနေကြပ်တဲ့မြို့ပေါ်ကနေ ချက်ချင်းပြောင်းလာခဲ့မည် ထင်ပါရဲ့ ။
မြေးအဖိုးသုံးယောက်လည်း ရေတာရှည်ဈေးထဲမှာ ရောင်းစရာရှိတာတွေရောင်းပြီး အိမ်ပြန်လက်ဆောင်တွေ ဝင်ဝယ်ကြတယ် ။ ရွှေရောင်းပြီးပြန်အထွက် ဆိုင်ဝမှာ စံပယ်ပန်းပန်ဆံပင်ဖော့မြှီးကျစ်ထားတဲ့ ခပ်ချောချာအမျိုးသမီးနှစ်ယောက်နဲ့တွေ့ပြီး အကြည့်ချင်းဆုံသွားခဲ့ကြတယ် ။ အမျိုးသမီးနှစ်ယောက်က ဦးအောင်မောင်းနဲ့ အောင်ညိုကိုပြုံးပြနှုတ်ဆက်ပြီး ရွှေဆိုင်ထဲဝင်သွားတာမို့ သူတို့လည်း ကျောခိုင်းထွက်လာခဲ့ကြတယ် ။
အထည်ဆိုင်တစ်ဆိုင်မှာ ဖွားအေဒေါ်ရွှေမိ မိခင်နဲ့ အဒေါ်တွေဖြစ်တဲ့ မကြည်ပြာ မပန်းဝါ မနန်းသာတို့မိသားစုတွေအတွက် ကောင်းနိုးရာရာတွေရွေးနေတဲ့သိန်းခေါင်ကိုမြင်တော့ ဦးအောင်မောင်းက
” မြေးရယ် ရွှေဆိုင်ခဏလိုက်ခဲ့ပါဆိုတာကို ဘာလို့ နေခဲ့ရတာလဲ အဖိုးက မလည်မဝယ်နဲ့ ဆိုင်ရှင်ချစ်တီးနှပ်ချခံရမှာစိုးလို့ဟာကို ”
” နှပ်ချခံရလည်း ပိုက်ဆံအလကားရလိုက်တာပဲ တန်ပါတယ် အဖိုး ဒီအဆင်လေးက အဖွားကြိုက်လား ”
” အေး ကြိုက်တယ် ဘာအလကားရတာလဲ မြေး အဖိုးနားမလည်တော့ဘူး ”
” ဟုတ်တယ် ကျုပ်လည်းနားမလည်ဘူး ဆရာ ”
” သြော် ဒုက္ခပါပဲ လူကြားထဲမသိသလိုနေနေပါတယ်ဆို အတင်းဝိုင်းမေးနေကြပါလား ဘာဝယ်စရာ ရှိသေးလဲ ရှိရင်ဝယ် ရွှေကိုင်းကို တစ်နာရီလောက်လမ်းလျှောက်ရမှာမလား ”
” ဟုတ်ပါပြီ လမ်းရောက်မှ မေးပါတော့မယ် မေးပါတော့မယ် ဟား ဟား ဟား ”
တောမှာမရှိတဲ့စားစရာအဆန်းလေးတွေဝယ်ပြီးထုပ်ပိုးပြီးတာနဲ့ မြို့ပြင်အထိ ကူလီငှားကာ သုံးယောက်သားထွက်လာတော့ ညနေသုံးနာရီကျော်နေပါပြီ ။
” ဟာ သူကြီး သူကြီဦးအောင်မောင်း မလား ”
” ဟုတ်တယ်လေ ထွန်းနိုင်ရဲ့ ငါအရမ်းအိုလာလို့မမှတ်တော့တာလား ”
” ဟာ မဟုတ်တာ သူကြီးရယ် ပြန်လာမယ်ဆိုလည်း လူကြုံလေးဘာလေး မပါးဘူး တော်သေးတာပေါ့ ကျနော့်မှာ လှည်းပါလာလို့ လာ လာ အထုပ်တွေ ကျနော့်ကိုပေး သားကြီး မင်းညီတွေကို သယ်ကူလိုက်လေ ”
ရွာအထိလမ်းလျှောက်ရမယ်လို့တွေးထားပေမယ့် မြို့တက်လာတဲ့ ရွှေကိုင်းရွာသားတစ်ဦးနဲ့တွေ့လို့ သိန်းခေါင်တို့ဟန်ကျသွားခဲ့ပါတယ် ။ လအတန်ကြာဝေးနေတဲ့ ရိုးမတောင်တန်းကြီးနဲ့ ရှုခင်းတွေကိုကြည့်ရင်း ဒီတစ်ခါမျက်ရည်ကျသူက ဦးအောင်မောင်းရယ်ပါ ။
” ဟဲ့ နွား ဆွဲပါဟ သြော် အိမ်ပြန်မှာလေ ဖေ့သားကြီးတို့ရ ”
” သြော် မြေး စောစောက …”
ဦးအောင်မောင်းက ခပ်တိုးတိုးမေးတော့ သိန်းခေါင်က အကုန်လုံးကြားအောင်လေသံကိုမြှင့်ပြီး
” မမြစိမ်းတို့ ညီအစ်မနဲ့ တွေ့ခဲ့တယ်မဟုတ်လား သူတို့ပစ္စည်း သူတို့လာပြန်ယူသွားတာလေ အဲ့တာကြောင့်ပြောတာ ပိုက်ဆံအလကားရခဲ့ပါတယ်ဆို ”
” မြေးက ဆိုင်ထဲတောင် လိုက်မကြည့်ပဲ ဘယ်လိုသိတာလဲ ”
” ဒီမြို့မှာ သူတို့ပစ္စည်းတွေ ရောင်းတော့မယ်ဆိုတာ လှမ်းပြောပြလိုက်တယ်လေ အဖိုးရဲ့ အဲ့ဒီတော့ သူတို့က သိုက်ချုပ်ဆီခွင့်တောင်းပြီး တန်ရာတန်ကြေးနဲ့ လာပြန်ဝယ်ကြတာပေါ့ ဒါသာမန်ပါပဲ ”
” သြော် အဲ့ဒါကြောင့် ရွှေဘုံသာဘုရားမှာရခဲ့တဲ့ စံပယ်ပန်းနံ့ကို သူတို့ဆီက ရလိုက်တာကိုး ကောင်းပါရဲ့ ဆရာရယ် ”
” ဒါနဲ့ အောင်ညို တို့မြေးအဖိုးတွေအိမ်ပြန်တော့ မင်းရော အိမ်ပြန်ချင်လာပြီလား ”
” ဆရာပါးစပ်ပြန်တော့လို့ မပြောမချင်း ကျုပ်မပြန်ပါဘူး ဆရာ ဘယ်သွားသွားလိုက်နေမှာပါ ”
” လိုက်လဲလိုက်တဲ့ တရာတပည့်တွေ ကောင်းကွာ ”
” ဟား ဟား ဟား ”
ဒီတစ်ခါတော့ လှည်းပေါ်ရှိလူအားလုံးက လှမ်းမြင်နေရပြီဖြစ်တဲ့ ရွာတန်းလေးကိုကြည့်ပြီး တစ်ဝါးဝါး ရယ်မောလိုက်ကြတယ် ။
” အမေ ……အဖွား …..”
” ဟယ် သား ပြန်လာပြီ ”
သိန်းခေါင်ကိုမြင်တာနဲ့ မကြည်ပြာတစ်ယောက် ဣန္ဒြေတောင်မဆည်နိုင်တော့ပဲ လုပ်လက်စတွေပစ်ချပြီး ပြေးဖက်လိုက်တယ် ။
” မြေးလေး အစ်ကိုမောင်း အဟင့် ဟင့် ဟင့် ပြောတော့ တစ်ပတ်နှစ်ပတ်ပဲဆို အခုမှ ပြန်လာရသလား ကျမဖြင့် အစ်ကိုတို့မြေးအဖိုးကိုလွမ်းလို့ စားမဝင်အိပ်မပျော် ဖြစ်နေတာတော့် ”
” မရွှေရယ် အစ်ကိုလည်း အတူတူခံစားရတာပါပဲ တို့မြေးအဖိုးလည်း ပြန်ရောက်ပြီပဲဟာ တိတ်ပါတော့ ”
ဆယ်ခိုင်သူကြီးလင်မယားအလွမ်းသည်နေတာကိုကြည့်ပြီး အောင်ညိုပါမျက်ရည်ဝဲလာခဲ့တယ် ။ သူလည်း မိခင်ဒေါ်ညိုကို လွမ်းတာပေါ့ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဆက်ရန်
ကျန်းမာဘေးကင်းကြပါစေ…
မောင်လူလှ ~ ကညင်မြေ

Zawgyi Version

စုန္းထီးသာေအာင္(စ/ဆံုး)
———————————
စိမ္းလန္းစိုေျပေနတဲ့ သစ္ပင္ဝါးပင္ေတြကိုကလူက်ီစယ္ရင္း အေအးဓာတ္ပါေနတဲ့ေလေတြက ေတာင္ေၾကာတစ္ခြင္မွာ အကန္႔အသတ္မရွိ ျမဴးထူးေနၾကပါတယ္ ။
” ဒီမွာဘာထုပ္ေလးလဲမသိဘူး ဆရာ ”
ေျမးအဖိုးသုံးေယာက္သား ဖိုးဦးေတာင္တန္းက ေ႐ႊဘုံသာမုနိ ၊ေငြဘုံသာမုနိဘုရားေတြကိုလွည့္လည္ဖူးၿပီး ေတာလမ္းေလးအတိုင္းျပန္ဆင္းေတာ့မယ့္အခ်ိန္ ေအာင္ညိဳကကတၱီပါစနဲ႔ထုပ္ထားတဲ့ အထုပ္တစ္ထုပ္ကိုယူလာၿပီး ေမးလိုက္ျခင္းျဖစ္ပါတယ္ ။
တပည့္ျဖစ္သူဘယ္ကယူလာမွန္းမျမင္လိုက္ေပမဲ့ မည္သူမည္ဝါေပးထားမွန္းသေဘာေပါက္တာမလို႔သိန္းေခါင္က
” ဘာမွမေမးပဲ ယူလာခဲ့ ေအာင္ညိဳ မဟုတ္ရင္ ျပန္သိမ္းခံထိေနမယ္ ”
လို႔ ေျပာကာ ေတာ္ေတာ္ေဝးေဝးေရာက္ေနၿပီျဖစ္တဲ့အဖိုးျဖစ္သူေနာက္ ခပ္သြက္သြက္လိုက္ပါသြားခဲ့တယ္ ။
ေအာင္ညိဳကလဲ အရိပ္ျပအေကာင္ျမင္တတ္သူမို႔ အထုပ္ကို လြယ္အိတ္ထဲထည့္ရင္း မႈိရတဲ့မ်က္နာထားနဲ႔ ေျပးလိုက္လာခဲ့တယ္ ။
မနက္ကတည္းက သစ္သီးဝလံေတြပဲစားထားရတာမလို႔ ဦးေအာင္ေမာင္းတစ္ေယာက္ `တဂြီဂြီ´ျမည္ေနတဲ့ဗိုက္ကို အသာႏွိပ္ရင္း ေရခ်မ္းစင္ရွိတဲ့ဇရပ္ေလးကိုျမင္ေတာ့ ထခုန္မိမတတ္ ဝမ္းသာသြားခဲ့ခဲ့တယ္ ။
” အား အခုမွပဲ ေနလို႔ထိုင္လို႔ အဆင္ေျပသြားေတာ့တယ္ ေျမးတို႔ေရ အသက္ႀကီးလာလို႔လားမသိဘူး ဗိုက္ထဲအစာမရွိရင္ အားမရွိသလိုျဖစ္ျဖစ္ေနတာကြယ္ ”
” ဟုတ္ပ ဖိုးဖိုးရယ္ ဒီနားမွာလည္း ေတာင္ယာတဲေတြပဲေတြ႕တယ္ ဘာသည္ညာသည္မွလည္း လာေရာင္းတာမေတြ႕ရဘူး ”
” စည္ကားမယ့္အခ်ိန္မတန္ေသးလို႔ပါ ေအာင္ညိဳရယ္ ဒီလမ္းဒီေနရာဟာ ေနာင္တစ္ခ်ိန္ ေစ်းတန္းေတြ အမႈိက္ေတြ လူေတြ စည္းကားလာေတာ့မွာပါ အဲ့ဒီအခါက်မွ အခုလို တိတ္ဆိတ္ေနတာေတြ ျပန္တမ္းတေနမွာ ျမင္ေယာင္ေသး ဟင္း ဟင္း ”
” ေၾသာ္ ေမ့ေနတာ ေရာ့ ဆရာ ေစာေစာက ဟိုအထုပ္ ”
” ဘာထုပ္ေလးလဲ ေျမးေလးရဲ႕ ”
” သိခ်င္ျဖည္ၾကည့္ေလ အဖိုးရဲ႕ အဖိုးနဲ႔ ေအာင္ညိဳကို သူတို႔ေပးမယ္လို႔ ေျပာဖူးတယ္မလား ”
” ​ဘယ္လိုေျမး…သူတို႔ဆိုတာ …ေၾသာ္..သိၿပီ ကဲ့ကဲ့ ျဖည္ၾကည့္ၾကတာေပါ့ ”
” ဟာ ေ႐ႊမန္က်ည္းသီးေတာင့္ေတြပါလား ဖိုးဖိုး အားလုံးေပါင္းငါးေတာင့္ေတာင္ ”
” အဖိုး အဲ့ဒီအထဲက ေအာင္ညိဳကို ႏွစ္ခုေပးလိုက္ပါ သူ႔ဘဝေရွ႕ေရးအတြက္ သုံးခ်င္တာသုံးလို႔ရတာေပါ့ ”
” မမ်ားဘူးလား ဆရာ က်ဳပ္အတြက္ တစ္ခုဆိုရပါၿပီ သုံးေယာက္ဆိုေတာ့ ဆရာ့အတြက္ ဘယ္မွ်တပါ့မလဲ ”
” မင္းတို႔ကိုေပးတဲ့ပစၥည္းေတြေလ ေအာင္ညိဳရဲ႕ ငါမကိုင္ပါဘူး ငါနဲ႔လဲမဆိုင္ဘူး အဖိုးကိုသုံးခုေပးတယ္ဆိုတာက သူ႔မွာ တိုင္းေရးျပည္ရာအတြက္ သုံးဖို႔ေတြရွိေသးလို႔ ငါခြဲေပးတာ မင္းေက်နပ္ရဲ႕လား ”
” ဘာမွ မရလဲေက်နပ္ပါတယ္ဆရာရယ္ အဲ့လိုႀကီးမေမးပါနဲ႔ေနာ္ ”
” ေအးပါ တစ္ခါထဲရွင္းေအာင္ေျပာထားတာ လူဆိုတာမ်ိဳးက ေလာဘ ေဒါသ ေမာဟေတြနဲ႔ရွင္သန္ၾကတာေလ ျပႆနာမျဖစ္ခင္ ႀကိဳတင္ရွင္းထားတာ အေကာင္းဆုံးပဲမဟုတ္လား ”
” ဟုတ္ပါတယ္ ဆရာ က်ဳပ္နားလည္ပါတယ္ ဒါနဲ႔ ဖိုးဖိုး သုံးခုနဲ႔မေလာက္ေသးရင္ ​က်ဳပ္ဆီက တစ္ခုထပ္ယူပါလားဟင္ ”
” ေတာ္ပါၿပီ ေျမးေလးရယ္ လက္နက္နဲ႔ရိကၡာဝယ္ေပးဖို႔ လုံေလာက္ပါတယ္ မေလာက္လဲ ကံတရားက ေပးလာဦးမွာကို ”
သိန္းေခါင္ကိုၾကည့္ၿပီး ခပ္ၿပဳံးၿပဳံးေျပာလိုက္တဲ့ဦးေအာင္ေမာင္းစကားကို ေအာင္ညိဳကနားမလည္မလို႔ ေခါင္းကိုခပ္ျပင္းျပင္းကုတ္လိုက္မိတယ္ ။
” ကဲ့ကဲ့ ပစၥည္းကို လုံလုံၿခဳံၿခဳံသိမ္းထားေတာ့ ဟိုမွာ ဘုရားဖူးေတြလာေနၾကတယ္ ”
ဦးေအာင္ေမာင္းရဲ႕စကားေၾကာင့္ ဆရာတပည့္ႏွစ္ေယာက္ ေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ လူတစ္စုက စကားတစ္ေျပာေျပာနဲ႔ သူတို႔ရွိရာဇရပ္ေလးကို ဦးတည္လာေနတာ ျမင္လိုက္ရတယ္ ။
” ေနာင္ႀကီးတို႔ ဘုရားကျပန္လာၾကတာလားဗ် မနက္ခုႏွစ္နာရီ ရွစ္နာရီေလာက္က ဘုရားကုန္းေတာ္မွာ ဘာျဖစ္တာလဲ ေပါက္ကြဲသံႀကီးသုံးခ်က္ဆင့္ ၾကားလိုက္မိလို႔ပါ ”
ဒီေတာ့ ဦးေအာင္ေမာင္းလဲ မဟူရာဆဌမဂိုဏ္းဆရာငါးေယာက္ေၾကာင့္ ေတာင္ေၾကာႀကီးတုန္ဟီးသြားတာကို သူတို႔မသိလိုက္ၾကဘူးပဲလို႔ေတြးၿပီး ေျပာျပေတာ့မယ္အလုပ္ သိန္းေခါင္က
” ေၾသာ္ အမဲလိုက္မုဆိုးေတြ သားေကာင္ပစ္တဲ့အသံကိုေျပာတာထင္တယ္ ဟုတ္တယ္ ဦးႀကီးရဲ႕ က်ေနာ္တို႔ေျမးအဖိုးေတြေတာင္လန္႔သြားေသးတယ္ မုဆိုးငါးေယာက္ေလ အခုေတာ့မေတြ႕ေတာ့ပါဘူး ”
လို႔ေျပာလိုက္တယ္ ။ ေျမးျဖစ္သူရဲ႕ မုသားမပါလြန္ရာမေရာက္တဲ့စကားေျပာနည္းေၾကာင့္ ဦးေအာင္ေမာင္းနဲ႔ ေအာင္ညိဳလည္း တစ္ေယာက္မ်က္နာတစ္ေယာက္မသိမသာၾကည့္ရင္း ၿပဳံးလိုက္မိတယ္ ။
” အိုး ေတာ္ေတာ္ဆိုးတဲ့ေကာင္ေတြပါလား ဘုရားကုန္းေျမေတာင္ မေရွာင္ဘူး ဒါနဲ႔ သားတို႔ကိုၾကည့္ရတာ ဗိုက္ဆာေနၾကတဲ့ပုံပဲကြယ္ သမီးေရ ဘုရားေပၚအဆာေျပစားဖို႔ယူလာတဲ့ မုံ႔ဖက္ထုပ္နည္းနည္းေလာက္ ဟိုဦးေလးနဲ႔ နင့္ေမာင္ေတြကို ေပးခဲ့လိုက္ဦး အဘတို႔သြားႏွင့္မယ္ ၾကားလား ”
” ဟုတ္ကဲ့ အဘ ”
ေပ်ာ္ေပ်ာ္ေနတတ္ဟန္တူတဲ့ဦးေလးႀကီးက အေနာက္ကလိုက္လာတဲ့အသက္သုံးဆယ္အ႐ြယ္မိန္းကေလးတစ္ေယာက္ကိုလွမ္းေျပာေတာ့ ထိုမိန္းကေလးက ႐ြက္ထားတဲ့အညာဆြဲျခင္းႀကီးကို ေအာက္ခ်ၿပီး
” လာ ေမာင္ေလးတို႔ အဝစားၾက ဒီက ဦးႀကီးလည္း စားပါေနာ္ သမီးေတာင္ အမ်ားႀကီးယူလာမိတာမွားၿပီလို႔ ေတြးေနတာ လမ္းက အရမ္းမတ္ေတာ့ ၾကာေလေလးေလျဖစ္ေနတာေလ အခုမွပဲေပါ့သြားေတာ့တယ္ ဟီး ဟီး ”
” ေက်းဇူးပါပဲ သမီးရယ္ မရွက္တမ္းေျပာရရင္ ဦးႀကီးတို႔ေျမးအဖိုးေတြ မနက္ကတည္းက ဘာမွမစားရေသးဘူးကြယ့္ ဘုရားနားကသူေတာ္စင္ေတြေကြၽးတဲ့ သစ္သီးဝလံေလးေတြပဲ စားလာမိတာ ”
” ဟယ္ ဟုတ္လား ဗိုက္ေတာ္ေတာ္ဆာေနၾကမွာေပါ့ ဒါျဖင့္ ဒီတစ္လုံးခ်ိဳင့္ေလးယူထားလိုက္ပါလား ဦးႀကီးရဲ႕ အထဲမွာ ဆီၾကတ္ထမင္းနဲ႔ ၾကက္ဥေၾကာ္ေတြပါတယ္ ခ်ိဳင့္ကိုေတာ့ ေရခ်မ္းစင္ေဘးထားခဲ့လိုက္ပါ သမီးတို႔ျပန္လာရင္ ယူလိုက္မယ္ သမီးသြားၿပီေနာ္ ဟိုးမယ္ အဘတို႔ေတာင္ေတာ္ေတာ္ေဝးေဝးေရာက္ေနၿပီ ”
တစ္ႀကိမ္တစ္ခါမွမေတြ႕ဖူးတဲ့သူစိမ္းေတြအေပၚေဆြမ်ိဳးသားခ်င္းသဖြယ္စိတ္ရင္းေကာင္းတဲ့အမ်ိဳးသမီးဇရပ္ထဲကထြက္သြားတာနဲ႔ သိန္းေခါင္ရဲ႕ ညာဖက္မ်က္လုံးကေန ပီတိမ်က္ရည္တစ္ခ်ိဳ႕က်လာခဲ့တယ္ ။
” တစ္ျပည္လုံးကိုေစာင့္ေရွာက္ရတဲ့ေက်းဇူးက ထြက္သြားတဲ့အစ္မရဲ႕ေစတနာနဲ႔တင္ တစ္ဝက္ေလာက္ေက်ေနပါေပါ့လား ေအာင္ညိဳ ရယ္ ”
” ဗ်ာ ဆရာ ဆရာ ဘာကိုေျပာတာလဲဟင္ က်ဳပ္နားမလည္ဘူး ”
” ေနေန ေျမးေလး မင္းဆရာေျပာတာ ဖိုးဖိုးနားလည္တယ္ ထပ္မေမးေတာ့နဲ႔ ေနာက္ေတာ့ ဖိုးဖိုးေျပာျပမယ္ စားစား ခရီးဆက္ရဦးမယ္ ”
ဦးေအာင္ေမာင္းက ျပာျပာသလဲတားလိုက္ေတာ့ ေအာင္ညိဳလည္း ဘာမွမေမးေတာ့ပဲ မ်က္လုံးေလးကလည္ကလည္နဲ႔ ေဝစုထမင္းကိုဆက္စားေနခဲ့တယ္ ။
ဒီတစ္ႀကိမ္ထပ္ျမင္ရတဲ့သူစိမ္းတစ္ေယာက္ရဲ႕ေစတနာက ေျမးျဖစ္သူသိန္းေခါင္ကိုယ္တိုင္ ပီယသိဒၶိအစြမ္းနဲ႔လုပ္ယူထားတာမဟုတ္မွန္း ဦးေအာင္ေမာင္း သေဘာေပါက္သြားခဲ့တယ္ ။ သိဒၶိဆယ္ပါးထဲပါတဲ့ ပီယသိဒၶိအစြမ္းက အေရးပိုင္မင္း ၊ၿမိဳ႕အုပ္မင္းတို႔လိုလူေတြကေတာင္ ေျမးျဖစ္သူကို တေလးတစားအေရးေပးဆက္ဆံေပးခဲ့ရတယ္မလား ။
စားေသာက္လို႔ၿပီးလို႔ ဦးေအာင္ေမာင္းက ခ်ိဳင့္ေလးကို ေရခ်မ္းစင္ေဘး သြားထားမယ္အလုပ္ သိန္းေခါင္က လွမ္းတားၿပီး သူ႔လက္သူႂကြယ္မွာဝတ္ထားတဲ့ လက္စြပ္ကေလးကိုခြၽတ္လိုက္တယ္ ။ ၿပီးေတာ့….
” ေစတနာရွင္အမ်ိဳးသမီးမဟုတ္လွ်င္ ဤယြန္းခ်ိဳင့္ႏွင့္ ဤလက္စြပ္အား မည္သူမွမေတြ႕ျမင္ေစ ” လို႔ေျပာၿပီး ေရခ်မ္းညာဘက္အျခမ္းမွာ တင္ထားခဲ့လိုက္တယ္ ။
” ဟာ ေျမး ဖိုးသက္ရွည္က ​အဲ့ဒီလက္စြပ္ကို ေျမးနဲ႔ကိုယ္မကြာဝတ္ထားရမယ္လို႔ ေျပာဖူးတယ္မလား အဲ့ဒီလက္စြပ္ေပးမဲ့အစား ဒီထဲကတစ္ခုေလာက္ေပး… ”
” ရပါတယ္ အဖိုးရဲ႕ ဒီလက္စြပ္က တစ္ခ်ိန္တုန္းက ​က်ေနာ္ လူေတြကိုက်ီစားမွာစိုးလို႔ ဖိုးသက္ရွည္က အခ်ဳပ္မႏၲာန္နဲ႔ ဝတ္ခိုင္းထားတာပါ ပြား႐ုံပဲပြားလိုက္တာပါ ဒီမွာေလ လက္စြပ္က သူ႔ေနရာမွာပဲဟာ ”
” ေၾသာ္ ဟား ဟား ဟား ဟုတ္ပါၿပီ ဟုတ္ပါၿပီ ”
” ဖိုးဖိုးေရ ဖိုးဖိုးနဲ႔ ဆရာက က်ဳပ္ကို ႐ူးေအာင္လုပ္ေနတာလား ဘာေတြေျပာၿပီး ဘာေတြရယ္ေနၾကတာလဲဟင္ ”
” ေၾသာ္ ေျမးေလးရဲ႕ မင္းက မင္းဆရာနဲ႔အေနမၾကာေသးေတာ့ မသိေသးတာပါ ဖိုးဖိုးကေတာ့ သူအူဝဲေလးကတည္းက အတူတူေနလာတာဆိုေတာ့ သူနဲ႔ပတ္သတ္တဲ့ထူးဆန္းေထြလာ ေတာ္ေတာ္မ်ားမ်ားကို ၾကားဖူးျမင္ဖူးအံ့ၾသဖူးတယ္ေလ ဒါေၾကာင့္ပါ ”
” အဲ့ဒါဆို ပန္းေတာင္းကားဂိတ္မေရာက္ခင္ ေစာေစာကက်ဳပ္ကိုမေမးခိုင္းတဲ့ ဟာေလး ျပန္ေျပာျပပါလား ေနာ္ ဖိုးဖိုး ”
” ေအးပါ ဖိုးဖိုးသိသေလာက္ေျပာျပပါ့မယ္ ေျမးေလးဆရာကိုေတာ့ သြားမေမးနဲ႔ သူ႔စိတ္က တစ္ခါတစ္ခါ လူနဲ႔ကပ္ေနတာမဟုတ္ဘူး အကူအညီလိုတဲ့ေနရာေတြဆီ ေရာက္ေနတတ္တာေလ ”
” ဟာ ဒါျဖင့္ ဟိုအလင္းလုံးႀကီးလိုလုပ္ၿပီး ထြက္ထြက္သြားတာေပါ့ ဟုတ္လား ”
” ဟမ္!! အေဟး ေဟး ဟုတ္တယ္ ဟုတ္တယ္ ဟား ဟား ဟား ”
ႏွစ္ေယာက္သားအားရေအာင္ရယ္ေမာၿပီးေတာ့ ဦးေအာင္ေမာင္းက ေအာင္ညိဳရဲ႕ေမးခြန္းတစ္ခ်ိဳ႕ကို အက်ဥ္းခ်ဳပ္ျပန္ေျဖေပးခဲ့တယ္ ။ စကားတစ္ေျပာေျပာနဲ႔ေရွ႕ကသြားႏွင့္ေနတဲ့ သူတို႔ႏွစ္ေယာက္ကိုၾကည့္ၿပီး သိန္းေခါင္တစ္ႀကိမ္ၿပဳံးမိျပန္တယ္ ။ သူစိမ္းေတြျဖစ္ေပမယ့္ ေရစက္ရွိေတာ့ဆုံဆည္းၾက ေရစက္ကုန္ေတာ့ ခြဲခြာၾက ဝဋ္ေႂကြးရွိေတာ့ ခံၾကရ တဲ့ ေလာကဓမၼတာကို အခုေတာ့ သူေကာင္းေကာင္းသိခဲ့ရၿပီေလ ။
” လိုက္မလား လိုက္မလား ေရတာရွည္ ေရာက္တယ္ သာဂရေရာက္တယ္ ျဖဴးေရာက္တယ္ ”
” ေရတာရွည္ဆိုေတာ့ ႐ိုးမနဲ႔နီးတယ္ေျမးေရ တက္ၾကရေအာင္ ”
” မတက္နဲ႔ အဖိုး အဲ့ဒီကားက အသံေကာင္းဟစ္ေနတာ အခုမထြက္ေသးဘူး ဟိုဘက္က လူျပည့္ေနတဲ့ကားေပၚတက္ ”
ကားေပၚေရာက္ေတာ့ကားဆရာက ကြမ္းစားလို႔နီရဲေနတဲ့သြားေတြေပၚေအာင္ၿပဳံးျပၿပီး ဦးေအာင္ေမာင္းကို
” ေနာင္ႀကီးတို႔ကို ဟိုဘက္ေစ်းတန္းက ထြက္လာကတည္းက လွမ္းၾကည့္ေနတာ ဒီလူေတြ ေရွ႕ကအာက်ယ္မ်ိဳးလင္းတို႔ကားေပၚတက္ရင္ ခက္ခ်ည္ရဲ႕လို႔ ေတြးေနတာ ဒီဂိတ္မွာ သူတို႔ကားနဲ႔ဖက္ၿပီး ဘယ္သူမွ စကားမေျပာခ်င္ၾကဘူးေလ ”
” ဟုတ္လား ငါ့ညီရဲ႕ ဘာလို႔လဲ ကားခမတန္တဆေတာင္းလို႔လား ”
” လူျပည့္လည္းမထြက္လို႔ ေလာဘႀကီးလို႔ ကတိမတည္လို႔ အို စုံလို႔ပါပဲ ကဲ့ပါ က်ေနာ္တို႔စထြက္ၾကမယ္ ”
ခရီးသည္တင္ကားဆိုေပမဲ့ အေရးပိုင္မင္း ၿမိဳ႕အုပ္မင္းတို႔စီးတဲ့ကားလို ဆိုဖာခုံေကာင္းေကာင္းနဲ႔ေတာ့မဟုတ္ စက္တပ္ၿပီး ဘီးေလးဘီးပါလို႔သာ ကားလို႔ဆိုရတာျဖစ္ပါတယ္ ။ စီးရတဲ့ကားက မေကာင္းသလို လမ္းကလည္း မိုးၿဗဲဒယ္ထဲ ပဲေလွာ္ေနသလို ဟိုယိမ္းဒီယိမ္းနဲ႔ ျဖစ္ေနခဲ့တယ္ ။
” ဟား ဟား ဟား ကားတစ္စီးလာေနၿပီ သခင္ ငါ ငါတို႔ အသားစားရေတာ့မယ္ ထုံးစံအတိုင္း နင္က လက္ဝတ္လက္စားေတြခြၽတ္ယူေပါ့ ”
” ေအးပါဟ ငနီနဲ႔ စုတ္ဖြားရဲ႕ မင္းတို႔သာ မေတာ္တဆကားေမွာက္ေအာင္လုပ္ သြား သြားေတာ့ ”
လူျပတ္တဲ့လမ္းမမွာ အရပ္ရွည္ရွည္လူထြားႀကီးႏွစ္ေယာက္ကို မ်က္နာငယ္ေလးေတြနဲ႔ျမင္ေတာ့ ကားဆရာက
” ကားႀကဳံလိုက္ခ်င္လို႔ထင္တယ္ ကြၽတ္စ္ ကားက လည္း တင္စရာေနရာ မရွိေတာ့ဘူး ” လို႔ ၿငီးလိုက္တယ္ ။ ဒါကိုအိပ္ေပ်ာ္ေနတဲ့ ခရီးသည္ေတြက္မၾကားပဲ ေအာင္ညိဳကၾကားၿပီး ဆရာျဖစ္သူကို လက္တို႔လိုက္တယ္ ။
” ကားဆရာဦးႀကီး ကားကိုအရွိန္ျမႇင့္ဝင္တိုက္ပစ္!!! ”
” ဝူး!!!! ဒုန္း ဒုန္း ”
” ဂါး ဂယား ”
” ဟာ ဘာႀကီးေတြလဲ ေျပးလိုက္လာၿပီ ”
” မေၾကာက္နဲ႔ ဦးႀကီး ဒီေန႔က လကြယ္ေန႔ဆိုေတာ့ အဲ့ဒီသတၱဝါေတြ လူ႔ရပ္႐ြာကိုလာတာ မဆန္းပါဘူး ”
ေအာင္ညိဳတစ္ေယာက္ ထိတ္လန္႔ေနတဲ့ကားဆရာကို အေၾကာက္ေျပေအာင္ေျပာေနတုန္း ဓါးေတြဝယ္လာတဲ့ခရီးသည္အမ်ိဳးသားတစ္ေယာက္က ဆတ္ခနဲ အိပ္ရာႏိုးလာခဲ့တယ္ ။ ၿပီးေတာ့ မရယ္မၿပဳံးမ်က္နာနဲ႔ ထိုင္ေနရာကထလာၿပီး
” ကားကို လမ္းေဘးခဏရပ္လိုက္ ကားဆရာ ဒီေကာင္ေတြက အသားမနာရင္မမွတ္ဘူး ဟို ေသာက္လုပ္လုပ္မစားခ်င္တဲ့ သူတို႔သခင္ဆိုတဲ့ေကာင္ကိုလည္း ဆုံးမရမယ္ ”
” ကိုေငြရ ခင္ဗ်ား ဘာလုပ္မလို႔လဲ အဲ့ဒါလူေတြ မဟုတ္ဘူးတဲ့ ဒီကေလးေျပာတာ ”
” ေအးေလ အဲ့ဒါေၾကာင့္ ကြၽႏ္ုပ္တပည့္ကိုေျပာၿပီး သင့္ကားနဲ႔ ဝင္တိုက္ခိုင္းလိုက္တာေပါ့ ေအာင္ညိဳ နားလည္ေအာင္ရွင္းျပၿပီး ငါခႏၶာကိုယ္ကို သြားၾကည့္ထား ”
ဓါးအမ်ိဳးမ်ိဳးကို ပန္းေတာင္းၿမိဳ႕ပန္းပဲဖိုမွာ လာယူဟန္တူတဲ့လူဆီက ဆရာျဖစ္သူရဲ႕အမိန္႔မ်ိဳးထြက္လာေတာ့ ေအာင္ညိဳလည္း လုပ္ေနက်အတိုင္း ခႏၶာစည္းခ်မႏၲာန္ကို သြား႐ြတ္ေပးလိုက္တယ္ ။
ေအာင္ညိဳလုပ္ေနသမွ်ကို အစအဆုံးၾကည့္ေနတဲ့ ကားဆရာကေတာ့ ကားေပၚကဆင္းသြားတဲ့ဓါးကုန္သည္ကိုတစ္လွည့္ သူ႔ကိုတစ္လွည့္ၾကည့္ကာ ေခါင္းတစ္ျဗင္းျဗင္းကုပ္ေနခဲ့တယ္ ။
ခပ္လွမ္းလွမ္းေရာက္ေတာ့ ဓါးကုန္သည္က ယူလာတဲ့ဓါးႏွစ္ေခ်ာင္းကိုအသင့္အေနအထားကိုင္ၿပီး ေျပးလိုက္လာတာတဲ့ သရဲႏွစ္ေကာင္ကို ခါးလည္ကေန ပိုင္းခ်လိုက္တယ္ ။
” အား ဂါး ”
” ကဲ့ မွတ္ၿပီလား လူက တစ္လမ္းလုံး လမ္းေဆာင့္လို႔အာ႐ုံေနာက္ေနပါတယ္ဆို ေခၚလိုက္ သင္တို႔ဆရာ အစုတ္ပလုပ္စုန္းထီးေကာင္ကို ”
” အံမာ…မေလာက္ေလးမေလာက္စား အညတရဓါးသည္ကမ်ား ေစာ္ကားေမာ္ကားနဲ႔ ျပာက်သြားခ်င္လို႔လား ”
” စြမ္းတယ္ထင္ရင္ လုပ္ၾကည့္လိုက္ေလ ေျခေကာင္းလက္ေကာင္းႀကီးနဲ႔ ေအာက္တန္းက်တဲ့လုပ္ရပ္ေတြလုပ္ေနတာ သင္မရွက္ဘူးလား အယုတ္တမာေကာင္သာေအာင္ရဲ႕ ”
” ေၾသာ္… ဘယ္ဆိုးလို႔လဲ ငါ့နာမည္ကိုေတာင္သိေနပါလား ငနီနဲ႔ စုတ္ဖြား ဒီေကာင့္ကိုအရွင္မထားနဲ႔ မင္းတို႔ကို အပိုင္ေပးတယ္ စိတ္ႀကိဳက္လုပ္လိုက္စမ္း ”
” ႐ႊစ္ ႐ႊစ္ ”
” အူး!!! ”
စုန္းထီးသာေအာင္အမိန္႔ေပးလိုက္လို႔ ေျပးလာတဲ့သရဲႏွစ္ေကာင္ကို ကိုေငြရက လက္ထဲကဓါးနဲ႔ေကာက္ပစ္လိုက္ေတာ့ ႏွစ္​ေကာင္လုံး လမ္းမွာတင္ ေျခေထာက္ေတြျပတ္ကာ ပစ္လဲကုန္ၾကတယ္ ။
” အမေလး ေသပါၿပီ ေသပါၿပီ ငါ့ကေလးေတြေတာ့ တယ္ ဟဲ့ေကာင္ ဓါးသည္ မင္း မင္းဘယ္သူလဲ မင္းဓါးေတြကစြမ္းလွခ်ည္လား မင္း ငါနဲ႔ေတြ႕မယ္ ကဲ့ ”
စုန္းထီးေကာင္က သူ႔လက္ကိုျဖန္႔ၿပီးေဆးမႈန္႔တစ္ခ်ိဳ႕ကိုျဖန္းလိုက္ေတာ့ ေဆးမႈန္႔ေတြကေန ကြမ္းသီးလုံးအ႐ြယ္ပိတုံးေကာင္ေတြအျဖစ္ေျပာင္းကာ ကိုေငြရဆီ တဝွီဝွီနဲ႔ ေျပးဝင္သြားခဲ့တယ္ ။
သို႔ေပမယ့္ ကိုေငြရက တစ္ခ်က္ေလးေတာင္ေၾကာက္႐ြံ႕ဟန္မျပပဲ သူ႔ညာဖက္လက္ညႇိဳးကိုေထာင္လိုက္ေတာ့ အဝါေရာင္ပိုက္ကြန္တစ္ခုေပၚလာၿပီး ပိတုံးေတြကို စုပ္ယူပစ္လိုက္တယ္။
” ဟာ ဓါးသည္ ငါ မင္းကို ဒီလမ္းမွာ ဒီကားစီးၿပီးသြားေနတာ ခဏခဏေတြ႕ဖူးပါတယ္ မင္း ဒီေလာက္စြမ္းမွန္း ငါနည္းနည္းေလးေတာင္မသိရပါလား ”
” စကားရွည္မေနနဲ႔ တိုက္စရာရွိတာ အစြမ္းကုန္ထုတ္ၿပီးတိုက္ ငါတို႔အိမ္ျပန္ရဦးမယ္ ”
” ရတယ္ေလ ေနာက္တစ္ခု ျမည္းၾကည့္ေပါ့ ကဲ့ ေတာႀကီးေႁမြေဟာက္ေတြ သူ႔ကိုအေသေပါက္သတ္ၾကစမ္း ”
စုန္းထီးက ေနာက္လက္တစ္ဖက္ကိုလက္သီးဆုပ္ၿပီး ထပ္ျဖန္႔လိုက္ေတာ့ ဘယ္ကေပၚလာမွန္းမသိတဲ့ ေႁမြေဟာက္တစ္အုပ္က လမ္းေဘးခ်ဳံတန္းေတြထဲကေန “တ႐ႊီ႐ႊီ´´ ျမည္သံေပးၿပီး ေျပးထြက္လာၾကတယ္ ။
” ဟင္ ဟိုးေအာက္မွာ အရွင္စိတၱပါလား အိမ္ျပန္မယ္လို႔ေျပာၿပီး ဘာျပႆနာျဖစ္ေနတာလဲမသိဘူး ”
စုန္းထီးက ေႁမြေဟာက္အတိုက္အျပင္ ရွိသမွ်စက္ေတြနဲ႔ ေဒါသတႀကီးတိုက္ေနခ်ိန္ တိုက္ပြဲရဲ႕အထက္တစ္ေနရာမွာ ရွိေနတဲ့ မိန္းမတစ္ေယာက္က စိတ္ဝင္တစား ရပ္ၾကည့္ေနခဲ့တယ္ ။
” အမေလး ဟိုမွာ ငါ့ကေလးေတြပါ အရွင္လက္ခ်က္နဲ႔ေတာ့ အပိုင္းပိုင္းျဖစ္ေတာ့မွာပဲ မျဖစ္ပါဘူး ငါဆင္းၿပီး သာေအာင္ကိုဆုံးမမွ ျဖစ္ေတာ့မယ္ ”
” ဘုတ္!!! ”
” ဟဲ့ သာေအာင္ဆိုတဲ့ စုန္းထီး နင္ ဘာျဖစ္ေနတာလဲ အခုခ်က္ခ်င္းရပ္စမ္း ”
” ဟာ ကေတာ္အေမႀကီး ”
” ဟုတ္တယ္ ငါပဲ နင့္ကိုနင္ ဘယ္သူနဲ႔တိုက္ေနတယ္လို႔ထင္လဲ ေသာက္အေကာင္ရဲ႕ သာမန္လူတစ္ေယာက္က ဒီေလာက္စြမ္းေနတာ ဘာေၾကာင့္လဲ နင့္ပညာအစြမ္းနဲ႔ ေသခ်ာၾကည့္ေလ ”
အမ်ိဳးသမီးက ေျပာလဲေျပာ လက္တစ္ဖက္ကလည္း ကိုေငြရဆီသြားေနတဲ့ေႁမြေဟာက္ေတြကို လွမ္းတားလိုက္တယ္ ။ ေဒါသႀကီးေနတဲ့ ေႁမြေတြကလည္း အမ်ိဳးသမီးကိုေတြ႕ေတာ့ အေမာက္ေတြခ်ၿပီး အိမ္ေမြးတိရိစာၦန္ေတြလို လာပြတ္သပ္ၾကပါေလေရာ ။
” နန္းမြန္ အဲ့ဒီစုန္းထီးကို သင္ဆုံးမရမလား ငါကိုယ္ေတာ္ဆုံးမရမလား ”
” အံမာ ဓါးသည္အစုတ္ ဖဝါးတစ္ခ်က္ေပါက္ရင္ က်တ္တီးေျမကေတာင္ေရထြက္တဲ့အေမႀကီးကို နန္းမြန္တဲ့ ႐ိုင္းလိုက္တာ ”
” ဟဲ့ သာေအာင္ ေတာ္စမ္းလို႔ ငါေျပာေနတယ္ ​နင္ သူ႔ကိုမျမင္ႏိုင္ရင္ ငါျပမယ္ ၾကည့္လိုက္စမ္း ”
အမ်ိဳးသမီးက အဲ့လိုေျပာၿပီး ကိုေငြရကိုလက္အုပ္ခ်ီလိုက္တယ္ ။ ၿပီးေတာ့ သာေအာင္ျမင္ႏိုင္တဲ့ သိန္းေခါင္ရဲ႕႐ုပ္သြင္အမွန္ကို ဖြင့္ျပလိုက္ေတာ့ စုန္းထီးေကာင္က မ်က္လုံးမ်က္ဆံေတြျပဴးကာ..
” ဟာ လက္ေတြအမ်ားႀကီး တံခြန္ ေလးျမႇား ပုဆိန္ သားျမႇီးယပ္ေတာင္ ခ်ကၠရစက္ဝိုင္း အဲ့ အဲ့ဒါ ဟိုနတ္ႀကီးမဟုတ္လား အေမႀကီး ”
” ဟုတ္တယ္ အဲ့ဒါေၾကာင့္ နင့္ကို ငါလာတားတာေပါ့ နင့္အဆင့္မေျပာနဲ႔ ငါတို႔ကေတာင္ ေလးစားေနရတဲ့ပုဂၢိဳလ္ဟဲ့ သူတကယ္မလုပ္ေသးတာကို ကိုယ့္ကိုယ္ကိုယ္ဟုတ္လွၿပီထင္မေနနဲ႔ နင့္ထက္စြမ္းတဲ့ မဟူရာဆဌမဂိုဏ္းဆရာငါးေယာက္ကိုေတာင္ မနက္ကတင္ ဘုရားသိုက္ေစာင့္ေ႐ႊငါးေတြ လုပ္ပစ္လိုက္တာ ”
” ေတာင္း ေတာင္းပန္ပါတယ္ အေမႀကီးရယ္ က်ေနာ္ က်ေနာ္ေၾကာက္ပါၿပီ ”
” ဟဲ့ ငါ့ကိုေတာင္းပန္ရမွာမဟုတ္ဘူး အရွင့္ကိုေတာင္းပန္ရမွာ ၿပီးမွ ငါ နင့္ကိုလုပ္မွာ ”
” ဟုတ္ ဟုတ္ကဲ့ အေမႀကီး ဟို အ အ အရွင္နတ္ႀကီးဘုရား ေက်းကြၽန္ေတာ္မ်ိဳးကို သနားေသာအားျဖင့္ အသက္ခ်မ္းသာေပးေတာ္မူပါ မသိလို႔မွားခဲ့သမွ်ကိုလည္း ဒူးေထာက္ဦးတိုက္ ေတာင္းပန္ပါတယ္ ”
စုန္းထီးသာေအာင္က ဒူးၿပီး အႀကိမ္ႀကိမ္းရွိခိုးေတာင္းပန္ေတာ့ ကိုေငြရတစ္ျဖစ္လဲ သိန္းေခါင္က ေခါင္းတဆတ္ဆတ္ညိမ့္ၿပီး ေအာက္ပါအတိုင္းေျပာလိုက္တယ္ ။
” ငါကေတာ့ ဘာမွမလုပ္ပါဘူး ေျခေကာင္းလက္ေကာင္းႀကီးျဖစ္ၿပီး ေအာက္တန္းက်တဲ့အျပစ္ေတြက်ဴးလြန္ထားတဲ့ သင့္လို လူသတ္သမားကို ညီမေတာ္ နန္းမြန္ကပဲ ဆုံးမလိမ့္မယ္ အဲ့ဒီေတာ့ ဟိုေျချပတ္ေနတဲ့ဟာေတြ လမ္းဖယ္ခိုင္း ငါတို႔ျပန္မယ္ ”
ကိုေငြရထြက္သြားေတာ့ အမ်ိဳးသမီးက သာေအာင့္နဖူးကိုလက္နဲ႔တို႔ၿပီး ပညာေတြအကုန္ႏႈတ္ယူလိုက္တယ္ ။ ၿပီးေတာ့ အျပစ္သားကိုဆံပင္ကေနေဆာင့္ဆြဲၿပီး လမ္းေဘးတစ္ေနရာကို ေႁမြေတြနဲ႔အတူ ထြက္သြားခဲ့တယ္ ။
ကားေပၚခပ္တည္တည္နဲ႔ ျပန္တက္လာတဲ့ ကိုေငြရကို ကားဆရာက
” ကိုေငြရ ခင္ဗ်ား အဲ့ဒီေလာက္စြမ္းမွန္း က်ဳပ္ တကယ္မသိခဲ့ဘူး ေတာ္လိုက္တာဗ်ာ ခင္ဗ်ားသာမပါလာရင္ က်ဳပ္တို႔ကားေတာ့ သြားၿပီ ေက်းဇူးပါပဲ ”
လို႔ လွမ္းေျပာလိုက္တယ္ ။ ေရယဥ္ကေတာ္ႀကီးကို မျမင္လိုက္ဟန္မတူတဲ့ ကားဆရာစကားေၾကာင့္ ကိုေငြရက ရယ္ၿပီး ျပန္ေျပာလိုက္တယ္ ။
” ရပါတယ္ က်ေနာ္လည္း ျပန္အိပ္ေတာ့မယ္ ခင္ဗ်ားလည္း ဆက္ေမာင္းေတာ့ ဘာအႏၲရာယ္မွမရွိေတာ့ဘူး ”
ခဏေနေတာ့ ခရီးသည္ေတြက ကြၽတ္စီ ကြၽတ္စီနဲ႔ ႏိုးလာၿပီး ကားဆရာကို အခုမွ ပန္းေတာင္းၿမိဳ႕အထြက္ပဲရွိေသးလို႔ ဝိုင္းဝန္းအျပစ္တင္လာၾကတယ္ ။ ကားဆရာကေတာ့ ဂ႐ုစိုက္ဟန္မျပပဲ ကားကိုအရွိန္ျမင့္ကာ ဦးတည္ထားတဲ့ကားဂိတ္ဆီကို ေမာင္းလာခဲ့လိုက္တယ္ ။
ေရတာရွည္ေရာက္ေတာ့ ဦးေအာင္ေမာင္းတို႔က ကားခရွင္းၿပီး ကားဆရာကိုႏႈတ္ဆက္လိုက္တယ္ ။ အဲ့ဒီအခါက်မွ ကားဆရာက သိန္းေခါင္ရဲ႕ေလသံနဲ႔ အေနေအးတဲ့ကိုေငြရေလသံက တစ္ပုံစံတည္းျဖစ္ေနမွန္း ရိပ္မိၿပီး ႐ြာလိပ္စာကိုယူကာ ေမာင္းထြက္သြားခဲ့တယ္ ။ ကားဆရာက ဦးေအာင္ေမာင္းတို႔ကို ေရတာရွည္ၿမိဳ႕နားက ႐ြာတစ္႐ြာမွာေနတယ္လို႔ ထင္သြားတာပါ ။ အမွန္က လူသူသိပ္မေရာက္တဲ့ ေတာထဲက ႐ြာဆယ္႐ြာဆိုတာသိရင္ မိသားစုလိုက္ အေနၾကပ္တဲ့ၿမိဳ႕ေပၚကေန ခ်က္ခ်င္းေျပာင္းလာခဲ့မည္ ထင္ပါရဲ႕ ။
ေျမးအဖိုးသုံးေယာက္လည္း ေရတာရွည္ေစ်းထဲမွာ ေရာင္းစရာရွိတာေတြေရာင္းၿပီး အိမ္ျပန္လက္ေဆာင္ေတြ ဝင္ဝယ္ၾကတယ္ ။ ေ႐ႊေရာင္းၿပီးျပန္အထြက္ ဆိုင္ဝမွာ စံပယ္ပန္းပန္ဆံပင္ေဖာ့ျမႇီးက်စ္ထားတဲ့ ခပ္ေခ်ာခ်ာအမ်ိဳးသမီးႏွစ္ေယာက္နဲ႔ေတြ႕ၿပီး အၾကည့္ခ်င္းဆုံသြားခဲ့ၾကတယ္ ။ အမ်ိဳးသမီးႏွစ္ေယာက္က ဦးေအာင္ေမာင္းနဲ႔ ေအာင္ညိဳကိုၿပဳံးျပႏႈတ္ဆက္ၿပီး ေ႐ႊဆိုင္ထဲဝင္သြားတာမို႔ သူတို႔လည္း ေက်ာခိုင္းထြက္လာခဲ့ၾကတယ္ ။
အထည္ဆိုင္တစ္ဆိုင္မွာ ဖြားေအေဒၚေ႐ႊမိ မိခင္နဲ႔ အေဒၚေတြျဖစ္တဲ့ မၾကည္ျပာ မပန္းဝါ မနန္းသာတို႔မိသားစုေတြအတြက္ ေကာင္းႏိုးရာရာေတြေ႐ြးေနတဲ့သိန္းေခါင္ကိုျမင္ေတာ့ ဦးေအာင္ေမာင္းက
” ေျမးရယ္ ေ႐ႊဆိုင္ခဏလိုက္ခဲ့ပါဆိုတာကို ဘာလို႔ ေနခဲ့ရတာလဲ အဖိုးက မလည္မဝယ္နဲ႔ ဆိုင္ရွင္ခ်စ္တီးႏွပ္ခ်ခံရမွာစိုးလို႔ဟာကို ”
” ႏွပ္ခ်ခံရလည္း ပိုက္ဆံအလကားရလိုက္တာပဲ တန္ပါတယ္ အဖိုး ဒီအဆင္ေလးက အဖြားႀကိဳက္လား ”
” ေအး ႀကိဳက္တယ္ ဘာအလကားရတာလဲ ေျမး အဖိုးနားမလည္ေတာ့ဘူး ”
” ဟုတ္တယ္ က်ဳပ္လည္းနားမလည္ဘူး ဆရာ ”
” ေၾသာ္ ဒုကၡပါပဲ လူၾကားထဲမသိသလိုေနေနပါတယ္ဆို အတင္းဝိုင္းေမးေနၾကပါလား ဘာဝယ္စရာ ရွိေသးလဲ ရွိရင္ဝယ္ ေ႐ႊကိုင္းကို တစ္နာရီေလာက္လမ္းေလွ်ာက္ရမွာမလား ”
” ဟုတ္ပါၿပီ လမ္းေရာက္မွ ေမးပါေတာ့မယ္ ေမးပါေတာ့မယ္ ဟား ဟား ဟား ”
ေတာမွာမရွိတဲ့စားစရာအဆန္းေလးေတြဝယ္ၿပီးထုပ္ပိုးၿပီးတာနဲ႔ ၿမိဳ႕ျပင္အထိ ကူလီငွားကာ သုံးေယာက္သားထြက္လာေတာ့ ညေနသုံးနာရီေက်ာ္ေနပါၿပီ ။
” ဟာ သူႀကီး သူႀကီဦးေအာင္ေမာင္း မလား ”
” ဟုတ္တယ္ေလ ထြန္းႏိုင္ရဲ႕ ငါအရမ္းအိုလာလို႔မမွတ္ေတာ့တာလား ”
” ဟာ မဟုတ္တာ သူႀကီးရယ္ ျပန္လာမယ္ဆိုလည္း လူႀကဳံေလးဘာေလး မပါးဘူး ေတာ္ေသးတာေပါ့ က်ေနာ့္မွာ လွည္းပါလာလို႔ လာ လာ အထုပ္ေတြ က်ေနာ့္ကိုေပး သားႀကီး မင္းညီေတြကို သယ္ကူလိုက္ေလ ”
႐ြာအထိလမ္းေလွ်ာက္ရမယ္လို႔ေတြးထားေပမယ့္ ၿမိဳ႕တက္လာတဲ့ ေ႐ႊကိုင္း႐ြာသားတစ္ဦးနဲ႔ေတြ႕လို႔ သိန္းေခါင္တို႔ဟန္က်သြားခဲ့ပါတယ္ ။ လအတန္ၾကာေဝးေနတဲ့ ႐ိုးမေတာင္တန္းႀကီးနဲ႔ ရႈခင္းေတြကိုၾကည့္ရင္း ဒီတစ္ခါမ်က္ရည္က်သူက ဦးေအာင္ေမာင္းရယ္ပါ ။
” ဟဲ့ ႏြား ဆြဲပါဟ ေၾသာ္ အိမ္ျပန္မွာေလ ေဖ့သားႀကီးတို႔ရ ”
” ေၾသာ္ ေျမး ေစာေစာက …”
ဦးေအာင္ေမာင္းက ခပ္တိုးတိုးေမးေတာ့ သိန္းေခါင္က အကုန္လုံးၾကားေအာင္ေလသံကိုျမႇင့္ၿပီး
” မျမစိမ္းတို႔ ညီအစ္မနဲ႔ ေတြ႕ခဲ့တယ္မဟုတ္လား သူတို႔ပစၥည္း သူတို႔လာျပန္ယူသြားတာေလ အဲ့တာေၾကာင့္ေျပာတာ ပိုက္ဆံအလကားရခဲ့ပါတယ္ဆို ”
” ေျမးက ဆိုင္ထဲေတာင္ လိုက္မၾကည့္ပဲ ဘယ္လိုသိတာလဲ ”
” ဒီၿမိဳ႕မွာ သူတို႔ပစၥည္းေတြ ေရာင္းေတာ့မယ္ဆိုတာ လွမ္းေျပာျပလိုက္တယ္ေလ အဖိုးရဲ႕ အဲ့ဒီေတာ့ သူတို႔က သိုက္ခ်ဳပ္ဆီခြင့္ေတာင္းၿပီး တန္ရာတန္ေၾကးနဲ႔ လာျပန္ဝယ္ၾကတာေပါ့ ဒါသာမန္ပါပဲ ”
” ေၾသာ္ အဲ့ဒါေၾကာင့္ ေ႐ႊဘုံသာဘုရားမွာရခဲ့တဲ့ စံပယ္ပန္းနံ႔ကို သူတို႔ဆီက ရလိုက္တာကိုး ေကာင္းပါရဲ႕ ဆရာရယ္ ”
” ဒါနဲ႔ ေအာင္ညိဳ တို႔ေျမးအဖိုးေတြအိမ္ျပန္ေတာ့ မင္းေရာ အိမ္ျပန္ခ်င္လာၿပီလား ”
” ဆရာပါးစပ္ျပန္ေတာ့လို႔ မေျပာမခ်င္း က်ဳပ္မျပန္ပါဘူး ဆရာ ဘယ္သြားသြားလိုက္ေနမွာပါ ”
” လိုက္လဲလိုက္တဲ့ တရာတပည့္ေတြ ေကာင္းကြာ ”
” ဟား ဟား ဟား ”
ဒီတစ္ခါေတာ့ လွည္းေပၚရွိလူအားလုံးက လွမ္းျမင္ေနရၿပီျဖစ္တဲ့ ႐ြာတန္းေလးကိုၾကည့္ၿပီး တစ္ဝါးဝါး ရယ္ေမာလိုက္ၾကတယ္ ။
” အေမ ……အဖြား …..”
” ဟယ္ သား ျပန္လာၿပီ ”
သိန္းေခါင္ကိုျမင္တာနဲ႔ မၾကည္ျပာတစ္ေယာက္ ဣေျႏၵေတာင္မဆည္ႏိုင္ေတာ့ပဲ လုပ္လက္စေတြပစ္ခ်ၿပီး ေျပးဖက္လိုက္တယ္ ။
” ေျမးေလး အစ္ကိုေမာင္း အဟင့္ ဟင့္ ဟင့္ ေျပာေတာ့ တစ္ပတ္ႏွစ္ပတ္ပဲဆို အခုမွ ျပန္လာရသလား က်မျဖင့္ အစ္ကိုတို႔ေျမးအဖိုးကိုလြမ္းလို႔ စားမဝင္အိပ္မေပ်ာ္ ျဖစ္ေနတာေတာ့္ ”
” မေ႐ႊရယ္ အစ္ကိုလည္း အတူတူခံစားရတာပါပဲ တို႔ေျမးအဖိုးလည္း ျပန္ေရာက္ၿပီပဲဟာ တိတ္ပါေတာ့ ”
ဆယ္ခိုင္သူႀကီးလင္မယားအလြမ္းသည္ေနတာကိုၾကည့္ၿပီး ေအာင္ညိဳပါမ်က္ရည္ဝဲလာခဲ့တယ္ ။ သူလည္း မိခင္ေဒၚညိဳကို လြမ္းတာေပါ့ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဆက္ရန္
က်န္းမာေဘးကင္းၾကပါေစ…
ေမာင္လူလွ ~ ကညင္ေျမ