စုန်းထီး၏ဝဋ်ကြွေး
==========
ရှည်းပြည်ကရွာတစ်ရွာမှာအရူးတစ်ယောက်ရှိ၏အရူးဆိုတော့ထင်ရာရှောက်သွားနေတာပေါ့
အဲဒီလူကအတော်ထူးဆန်းတာရုပ်ကဆိုးဆိုးအသက်ကကြီးပြီးပုံမလာပေမဲ့သူယူထားတဲ့မိန်းမကငယ်ငယ်ချောချောလေးသူနဲ့ဆိုသားအဖလောက်ရှိပေသည်။
သူကအရင်ကနယ်လှည့်ဆေးကုတဲ့ဆေးဆရာပေါ့အမှန်ကဆေးဆရာယောင်ဆောင်ထားတဲ့စုန်ထီးတစ်ယောက်ဖြစ်သည်။
ရောက်တဲ့နေရာတိုင်းမှာသူ့့ပညာအောက်လမ်းနဲ့လူတွေပြုစားပြီးသူကိုယ်တိုင်ဆေးပြန်ကုတာပေါ့အချိူ့လူတွေကတော့ရိုးသားတော့ဆေးစွမ်းတယ်ထင်ကြတာပေါ့လေသူကိုအောက်လမ်းဆရာမှန်းဘယ်သူမှမသိကြဘူး
တစ်ခါတော့ရွာတစ်ရွာရောက်သွားပြီးဆေးကုရင်းသူ့့သမီးအရွယ်ကောင်မလေးကိုသဘောကျတော့သူ့ပညာနဲ့လုပ်လိုက်တာ
ကောင်မလေးကထဘီမနိုင်ပုဝါမနိုင်ဖြစ်အောင်ရူးသွား၏ထိုအခါမှသူကဆေးပြန်ကုကာထိုကောင်မလေးအိမ်ပြောင်နေ၍ဆေးကုပေတော့သည်။
ကောင်မလေးမိဘတွေလိမ်ညာပြောပြီးကောင်မလေးကိုသူနဲ့ပေးစားမှအသက်ရှည်မယ်လို့ပြောကာယူလိုက်သည်။
ကောင်မလေးမိဘများကလည်းသဘောတူစွာပေးစားလိုက်ကြ၍သူ့စကားကိုနားထောင်ကြ၏အရပ်ထဲကလူများကတော့နားမည်နိုင်ကြပေ
စုန်းထီးကကောင်မလေးမိဘတွေကိုပါဘာတွေလုပ်ထားမှန်းမသိတော့သမက်စုန်းထီးကိုအိမ်ဦးခန်းမှာထားပြီးရိုရိုသေသေလုပ်ကြွေးကြတာပေါ့
စုန်ထီးကသူ့ယောက်က္ခမတွေထက်အသက်ကြီးနေတာကြောင့်တစ်အိမ်လုံးကစုန်းထီးကိုကြောက်နေရပေသည်။
စုန်းထီးကဟန်ပြကောင်းတော့သူတို့ရွာကပဌာန်းပွဲတွေဘာတွေမှာတောင်ဝင်ရွတ်လိုက်သေး၏ထိုအရပ်ကလူတွေပါပဋ္ဌာန်းဝင်ရွတ်၍ရပေသည်။
ထို့ကြောင့်လူကောင်းဆေးဆရာဟုထင်ကြတာပေါ့လေ
စုန်းထီးကလူလွတ်တစ်ယောက်မဟုတ်ပေသားကြီးမယားကြီးများရှိကာလူလိမ်လူကောက်လူယုတ်မာတစ်ယောက်ဖြစ်၏
တစ်နေ့တော့သူ့့ယောက္ခမရဲ့ဆွေမျိူးးတစ်ယောက်ကအိမ်လာလည်သောအခါစုန်းထီးကိုတွေ့သွား၏
ထိုသူကအထက်လမ်းဆရာတစ်ယောက်ဖြစ်ကာပညာကလည်းထက်တော့စုန်းထီကသူ့အမျိူ းတွေကိုဒုက္ခပေးမှန်းသိလိုက်ရတာပေါ့
ဒါနဲ့စုန်းထီးကိုပညာတွေထုတ်ပြစ်လိုက်တော့စုန်းထီးကသာမန်လူတစ်ယောက်ဖြစ်သွားတော့သည်။
ထိုအခါမှကောင်မလေးမိဘများရောကောင်မလေးပါစုန်းထီးဆိုတာသိသွားတော့စုန်းထီကိုဆက်မပေါင်းတော့ပေ
နောက်ဆုံးစိတ်မထိန်းနိုင်သောစုန်းထီးလည်းသူစိတ်ကိုသူမနိုင်တော့ပဲသွက်သွက်ခါရူးသွားပေတော့သည်။
င်္အကျီမကပ်နိုင်ပဲလမ်းပေါ်ရှောက်သွားနေတော့သည်။
သူများသမီးပျိူ ကိုအရှက်တကွဲအကျိူ းနည်းဖြစ်အောင်လုပ်တဲ့ကံကဘဝမကူးခင်ပြန်ခံရတာပေါ့
တိမ်လွှာမိုး
#လေးစားစွာcreditပေးပါသည်
စုန်းထီး၏ဝဋ်ကြွေး
==========
ရောက်တဲ့နေရာတိုင်းမှာသူ့ပညာအောက်လမ်းနဲ့လူတွေပြုစားပြီးသူကိုယ်တိုင်ဆေးပြန်ကုတာပေါ့အချို့လူတွေကတော့ရိုးသားတော့ဆေးစွမ်းတယ်ထင်ကြတာပေါ့လေသူကိုအောက်လမ်းဆရာမှန်းဘယ်သူမှမသိကြဘူး
တစ်ခါတော့ရွာတစ်ရွာရောက်သွားပြီးဆေးကုရင်းသူ့သမီးအရွယ်ကောင်မလေးကိုသဘောကျတော့သူ့ပညာနဲ့လုပ်လိုက်တာ
တစ်နေ့တော့သူ့ယောက္ခမရဲ့ဆွေမျိုးးတစ်ယောက်ကအိမ်လာလည်သောအခါစုန်းထီးကိုတွေ့သွား၏
ထိုသူကအထက်လမ်းဆရာတစ်ယောက်ဖြစ်ကာပညာကလည်းထက်တော့စုန်းထီကသူ့အမျိုးတွေကိုဒုက္ခပေးမှန်းသိလိုက်ရတာပေါ့
သူများသမီးပျို ကိုအရှက်တကွဲအကျိုးနည်းဖြစ်အောင်လုပ်တဲ့ကံကဘဝမကူးခင်ပြန်ခံရတာပေါ့
တိမ်လွှာမိုး