စုန်းမလေးမြသီတာ

*စုန်းမလေး မြသီတာ*(စ-ဆုံး)

——————————-

ဒီဇင်ဘာဆောင်းရဲ့ မနက်……
အေးချမ်းမှု ကို အရေးမထား စနေ တစ်ယောက် ကျမ်းမာရေးအတွက် စောစောထကာ ပြေးလေ သည်။
အင်းစိန်အောင်ဇေယျ ကြိုးတံတားပေါ် လေကောင်းလေသန့်ရှု ပြီး တကြော့ပြန်ပြေးလာပြီး အိမ်ရောက်သည်နှင့် ရေမိုးချိုးပြီး ဒေါင်ဆိုင်သို့ထွက်ခဲ့လေသည်။
” ကိုမိုးနိုင်တို့ များစောင့်တောင် မစောင့်ဘူးနော်”
“စနေရေ မင်း ရှိမလားဆိုပြီး စောစောထွက်ခဲ့တာဟ ဒီရောက်တော့ မင်းမရောက်သေးတာ အထူးသဖြင့်မင်းကိုတွေ့ချင်နေတာ”
“ဘာကိစ္စ မို့လို့တုန်း ကိုမိုးနိုင်ရ”
“ဘာကိစ္စလည်းဆို  မနက် အိပ်ယာနိုးတော့ ညအိပ်တုန်း စုန်း စုတ် ခံရလို့ဟ”
ဟု ဆိုကာ လက်ဖျံတွင် ရဲ တွက်နေသော အနီရောင် အစက်အစက်တေ နှင့် အကွတ် တစ်ကွတ် ကိုလှန်ပြသည်….။
စနေလည်း တစ်ချက်ကြည့်ပြီးပြုံးကာ ကွမ်းယာဆိုင် သို့ ထွက်သွားပြီး ခန နေတော့ ပြန်လာသည်။
လက်ထဲ တွင်လည်း ရေသန့် ဘူးအဖုံးလေးနှင့် ရေနည်းနည်း ပါလာသည်….။
“ကဲ ကိုမိုးနိုင် ရေ အားနေတုန်း ဒီရေလေး လက်စွတ်ပြီး အဲ့အနီကွတ်ကို ပွတ်ပေးလိုက် …”
“ဘာအရည်တေ လည်းစနေရ”
“ခင်ဗျားပြောတော့ စုန်းစုတ်တာဆို အဲ့ဒါ စုန်ကိုနိုင်တဲ့ ဆေး”
ဟု ဆိုကာ စားပွဲထိုး အသေးလေး လာချပေးသော ကျစိမ့် ကို  အရသာခံ မော့သောက်နေလေသည်….။
ခနနေတော့ ….
“ဟာ စနေ  အနာ က အရဲ သက်သာလာပြီ ယားလည်းမယားတော့ဘူး မင်းဆေးက စွမ်းလိုက်တာဟ”
စွမ်းဆို  အရှေ့က ကွမ်းယာဆိုင်က ထုံးရေကြည်သွားတောင်းလာတာလေ”
ဟု ရယ်ကျဲကျဲ ဆိုလိုက်သည်…။
” ဟင် မင်းပြောတော့ စုန်းနိုင်တဲ့ဆေးဆို”
“အင်းလေ ကိုမိုးနိုင်က စုန်းကိုက်တာ ဆိုလို့ စုန်းနိုင်ဆေး ပြောတာ အဟီး ….စတာပါဗျာ ကိုမိုးနိုင်အနာက စုန်း စုတ်တာလည်းမဟုတ်ဘူး ကိုက်တာလည်းမဟုတ်ဘူး အမှန်က အကောင်တစ်ကောင်ကောင် ကိုက်တာ ဒါမှ မဟုတ် တုတ်တာ ဖြစ်မယ်”
“မင်းဟာက ဟုတ်လို့လား”
“ဟုတ်တာပေါ့ ဗျာ ခင်ဗျားပြောသလို စုန်းတေက အာယားတိုင် လူတေ ကိုလိုက်စုတ် နေရမလားဗျ….”
“အန် ဒါ ဆို မဟုတ်ဘူးပေါ့ ”
“မဟုတ်ပါဘူးဆို ခင်ဗျားတို့လို အယူသည်းတဲ့လူတေ ကြောင့် စုန်းတေလည်း နေစရာ မရှတော့ဘူး ”
“ဟာ နေစရာ မရှိ ဆို ရွာ တိုင်း စုန်းရှိတယ်မလား ငါ ကြားဖူးတာ ဆို ရွာတည်ရင်တောင် စုန်း ခွန်နှစ်ယောက်ပါရတယ် ဆို”
“ကဲ ဒီတိုင်းလျှောက်ပြော နေရင် ပြီးမယ် မထင်ဘူး အဲ့တော့ စုန်းအကြောင်း ကျုပ် ဖက်ဖူးသမျှ ပြောပြမယ်”
“အေးကောင်းတာပေါ့ ”
“စုန်း ဆိုတာ ကြောက်စရာ ရုပ်ဆိုးဆိုးနဲ့ ဆေးရေတေ ကြိုနေတဲ့ မိန်းမကြီး တေ ကိုဘဲပြောတာ မဟုတ်ဘူးဗျ …  စုန်းအမျိုးအစား ၁၄ မျိုး ရှိတယ် စုန်းတစ်မျိုး ကို ၉၉ မျိုးရှိတယ် အဲ့ ၉၉ မျိုးသော စုန်းကိုမှ မူ မျိုးကွဲ ၉၉မျိုး ထပ်ခွဲတယ်ဗျ  ဒါကြောင့်အားလုံး ပေါင်လို့ရင် ၁၃၇၂၁၄မျိုး(တွက်နည်း။ ၉၉ × ၉၉ ×၁၄ = ၁၃၇၂၁၄ မျိုး) ရှိတယ် … . စုန်းဆိုတာ စက် ကို ခေါ်တာ….”

“အောင်မလေး အများကြီးပါလား.. ဒါနဲ့ စက်ဆိုတာက ဘာလည်းစနေရ”
“အင်း အဲ့အပိုင်းက နည်းနည်းတော့ ရှင်းပြရခက်တယ် စုန်းမဟုတ်တဲ့ သာမန် လူတစ်ယောက် နားလည်အောင်ပြော ရ ရင်…
ပညာစက် .ခေါရမလိုဘဲ ဗျ ခလေးကလားစကားနဲ့ပြော ရ ရင် မျက်လုံးနဲ့ မမြင်နိုင်သော အလင်းတန်းပေါ့ဗျာ …. ”
“စုန်းတေက ပညာစက် တတ်ကျတယ်ပေါ့ အဲ့လိုလား”
“ဆိုပါတော့ဗျာ … စုန်း တေက အနည်းဆုံး စက်တစ်မျိုး တော့ တတ်မြောက်တယ် တစ်ချို့က မွေးကတည်းက တတ်မြောက်ပြီး တစ်ချို့က မိမိ မှာ အဲ့ ပညာ ရှိလို့ရှိမှန်းတောင် မသိဘဲ ဆုံးသွားကျတယ် ဗျ.”
“ဟင် စုန်းတေက သေတာဘဲလား”
“သေတာပေါ့ဗျာ သူတို့လည်း လူဘဲ ဒါပေမဲ့ မသေချင်တဲ့ စုန်းတေ က  အသက်ရှည်အောင် နေကျတယ် ကျင့်ကျတယ်”
“အော် အဲ့လို ကျင့်ရတာလား ”
“အင်းပေါ့ ကျင့်ရတာပေါ့ စုန်းတစ်ယောက်က စက်ကိုးစက် အောင်တာနှင့် ကဝေ ဖြစ်တယ် “

“အော် အဲ့လိုလား ဒါဆို ရွာတည်ရင် စုန်း ခွန်နှစ်ယောက်ပါရ တယ် ဆိုတာ က ခွန်နှစ်ယောက်ထပ် ပိုရင် ပိုနေမှာပေါ့ နော်”
“အဲ့ဒါ  ကတော့ မှန်တော့မှန်တယ်  မှားတယ်ဗျ”
“ဟာ ရှုပ်ကုန်ပြီ ဘာကို မှန်လို့ ဘာကိုမှားတာလည်း”

“စုန်းခွန်နှစ်ယောက်ထပ် ပိုနိုင်တယ်ဆိုတာ မှန်တယ် စုန်း ဆိုတာ အများကြီးမို့ဘဲ ဒါပေမဲ့ စုန်းခွန်နှစ်ယောက်ပါရမယ်ဆိုတာ မှားတယ် အမှန်ကဇုန်းလို့ပြောတာဗျ  “!
“ရှင်းပြအုံး စနေ ရ “

“ရွာတစ်ရွာတည်ရင် ဇုန်း ခွန်နှစ်ယောက်ပါရတယ်လို့ ဆိုလိုတာဗျ တစ်ချို့က ဇုန်န လို့ခေါ်တယ် အဲ့ ခွန်နှစ်ယောက်က  ကုန်းမြေ ပညာရှင်၊ လေပညာရှင် ၊ ရေ ပညာ ရှင် ၊မီးပညာရှင် ၊ကုန်သွယ်ရေးပညာ ရှင် ၊ နက္ခတာယာပညာရှင် တရားစီရင် နိုင်သော ပညာရှင်  ခွန်နှစ်ယောက်ကိုပြောတာ ဗျ”

“အော်  မှတ်သားစရာဘဲ ကျေးဇူးဘဲ စနေရေ”
“နောက်ပြီး စုန်းပညာက အနောက်တိုင်းနဲ့ အရှေ့တိုင်း လျှင် ရင်အနောက်တိုင်းက ပို ပြီး ကြောရွံ့ ကျ တယ် ဒါကြောင် စုန်း လို့ထင်တာနဲ့ သက်ပလိုက်ကျတယ် ၁၉၇၂ ခုနစ် နောက်ပိုင်းမှ စုန်းပညာ ဆိုတာ လူ့လောက ကို အကျိုးပြုတဲ့ ပညာ စက်တေ လည်း ရှိတယ် လို့ ယုံကြည်လာတာ ဗျ သူတို့အခေါ် ကတော့ Witch & witchcraft   ခေါာတယ်ဗျ နောက်ပိုင်း စုန်းပညာကို မှော်ပညာလို လေ့ လာ လိုက်စားလာကျတဲ့ Wicca. လို အဖွဲ အစည်းမျိုးကိုပြောတာ ဗျ အထူးသဖြင့် ဟယ်ရီ ပေါ်တာ ဇာတ်လမ်းမျိုး ဇာတ်လမ်းတေကြောင့်လည်း လူတေက စုန်းပညာ ကို ကြောက်ရွံမှု နည်းလာတာဗျ”

“ငါတို့အရှေ့ တိုင်းဘက်ကကျတော့ ဘာကွာလည်း”

“ကွာဟမှုက အသုံးချ မှု နဲ့ ဝါဒ မှိုင်းကြောင့် လို့ဆိုရင်ပိုမှန်တယ်ဗျ တစ်ကယ် စုန်း ကဝေတေက သူတို့ လမ်း သူတို့ရည်ရွယ် ချက် အတွက်  မဆုံး နိုင်တဲ့ ပန်းတိုင်ကို သွားနေကျတာ ဗျလူကိုပြုစားတယ် တိုက်တယ် ဆိုတဲ့ စုန်းတေက တစ်ဘဝ စံ တစ်နပ်စား တေ  နဲ့ စိတ် ဆက်ပြီး အညိုးကြီးတဲ့ သူတေ သာ တိုက်ကျ ဖမ်းစားကျတာ”
“သူတို့ရဲ့ ရည်မှန်းချက် က ဘာဖြစ်ချင်တာလည်း ဟ ရှင်းပါမုံး”
” စုန်း ကို နှစ်ပိုင်းခွဲ ပြောမယ်ဗျာ တစ်ပိုင်းကလောကိ ချမ်းသာရေးနဲ့ ထင်ပေါ် ကျော်ကြားရေးပေါ့ သူတို့တေ က လူ့လောက ထဲ အတူ နေထိုင်တဲ့ ပညာ သေးတဲ့ သာမန် လူတေ ဘဲ  နောက်တစ်ပိုင်းက စုန်း ကနေ ကဝေ အဆင့် တတ်လှမ်းပြီး အသက် ထောင် ချီ နေချင်ကျ လို့ဘဲ ဗျ”
“အော် ထူးဆန်းတာဘဲ နော် ဒါနဲ့ ဝမ်းတွင်းစုန်းဆိုတာကကျတော့ရော”
” အင်း သိပ်ကောင်းတဲ့မေးခွန်းဘဲဗျ…..ဝမ်းတွင်းစုန်း ဆိုတာ မွေးကတည်းက စုန်းပညာမန္တန်တေ အစီအရင်တေ  တက်ကျွမ်းလာတာကို ပြောတာ မဟုတ်ဘူးဗျ ဝမ်းတွင်း စုန်း ဆိုတာ နမ်က ရုပ်ကို စေစားနိုင်သူ …. နာမ်က နာမ်ကို စေစားနိုင်သူ …. အာဏာစက်ပါသူ လျှာစက်ပါသူ  စတဲ့ စိတ်တန်ခိုး ထက်သူတေကိုပြောတာ ဗျ ဒါ ကို ဘုမသိ ဘမသိ စာရေးဆရာတေ လောကဓာတ်ပညာ ရှင် တေက ဝမ်းတွင်စုန်း ကို ကြောက်စရာ အစီရင်တေ တတ်သလိုလို ပြောကျ ရေးကျတာဗျ အမှန်က ဝမ်းတွင်းစုန်းဆိုတာ ရှေးကုသိုလ် ကံကြောင့် စိတ်တန်ခိုးထက်သူတေ ကို ပြောတာ ဗျ”
“အော် ဒီလိုလား အခုမှ ဘဲ ရှင်းတော့တယ် စနေရာ ဒါဆို ငါကခု ဖြစ်တာက စုန်း စုတ်တာ မဟုတ်ဘူးပေါ့ “

“မဟုတ်ပါဘူး ဗျာ ခင်ဗျားပါ ခင်ဗျား အပျင်းထူပြီး ညအိပ်တော့ ခြင်ထောင်အိပ်ယာတေ ခါကျင်းပြီး မအိပ် လို့ဘဲ ဗျ ”
“အဟား ဟား အေးပါကွာ လူပျို ဆိုတော့လည်း ပြီးစလွယ် ထိုးအိပ်မိတာကိုး”
“ကဲ  ရယ်မနေနဲ့ ပြန်ကျမယ် အသေးလေး ရေ ရှင်းမယ်ဟော့”

ကျမ်းကိုး ။ (၁) ဒေးကာနယ်ဂျီ ရေးတဲ့  Autosuggestion  (ဦးနု ဘာသာပြန်တဲ့ မိတ္တဗလဠိကာ).
။ (၂) ကဝေသာရကျမ်း

#####

“စနေ ရေ စနေ  ရှိလား”
ကိုမိုးနိုင် တစ်ယောက်အသံ စာစာ နဲ့ အိမ်ထဲ ဝင်လာတော့သည်….။
“ဟော့ လူ ဝင်မလာဘဲ ဘာတေ အော် ခေါ် နေလည်း”
“အကြောင်းရှိလို့ဟ ငါ့ ဦးလေး ပြားကြီး ရွာက ဖုန်းဆက်တယ် ငါ့ကို  စုန်းတိုက် ကုဘို့ပရောဂ ဆရာ တစ်ယောက် ရှာ ခိုင်းနေလို့ မင်း ကိုလာခေါ်တာ”

“ဟာ ကျွန်တော်က ပရောဂါ ကုတဲ့ဆရာမှ မဟုတ်တာ ”
“ဟာ မင်းကဆရာဘဲ မသိဘူး မင်းလိုက်ခဲ့ “

“ဟာ ဗျာ မရဘူး နေအုံး ကျွန်တော် အသိ ပရောဂ ဆရာ ရှိတယ် ခေါ်ပေးမယ် ဒါနဲ့ ဘယ်ကိုလိုက်ရမှာလည်း ”
“ပဲခူးတိုင်း ကပေါ့ ငါ့ မိဘတေ ရွာ “

စနေလည်း ကိုမိုးနိုင်ခေါ်ပြီး ဒညင်းကုန်းက အသိ ရွှေ ရင်ကျော် ဆရာထံ သွားလေ သည်။
ဟိုရောက်တော့ ဆရာ ကြည် က မရှိဘူး။

“ကဲ ဆိုင်ရာ ဆရာတေ ကတော့ မင်းကို လိုက်ခိုင်နေပြီ ဆရာ စနေ ရေ အဟဲ ”
“အဟဲ လုပ်မနေ နဲ့ စုန်း အစွဲ ဆိုတာ ဆရာ မနိုင်ရင် ဆရာ ရူးမှာ ဘာအောင်းမေ့နေလည်း ”
“မင်းက အဘ တို့ လက်စွဲဘဲ ကု နိုင်မှာပါဟ ”
“ကဲ ဒါဆိုလည်းသွားကျတာပေါ့ မနိုင်ရင် ပြေးဘို့သာပြင်ထား အဟား”

“ဟာ ဒီ ဆရာကလည်း ပြေးဘို့က အစ ဘဲ ”
ပြောပြောဆိုဆို နဲ့ ပြန်လာပြီး နောက်နေ့ ပဲခူးတိုင်း အုံးလျှစ်ပင် ရွာသို့ သွားရန် ကတိပေးလိုက်ရတော့သည်။

####

ပဲ ခူး ရွှေမော် တော် ဘုရားကြီးကို ကားပေါ်မှ ပင် အကြိမ်ကြိမ် ဖူးမြော် လိုက်သည်။
ထို့နောက် သနပ်ပင် ကားဂိတ်ဘက် သွားကာ အုန်းလျှစ်ပင်ရွာ သို့သွားသောကားလေး ပြောင်းစီး ရသည်။
နေ့လည် ၁၂ နာရီ လောက် ကျ အုန်းလျှစ်ပင်ရွာသို့ရောက်လေ သည်။
ဖုန်းကြို ဆက်ထားလို့ ကိုမိုးနိုင် ဦးလေးနှင့် ရွာသား တစ်ချို့ ဆိုင်ကယ်တေနှင့် လာကြိုသည်။
ဦးပြားကြီးအိမ်ရောက်တော့ စားသောက် ပြီး ခန နားကာ လူနာရှင် အိမ်သို့ ထွက်ဘာကျတော့သည်။
အိမ်လေးက တဲ အိမ်သာသာလေး ဖြစ်ပြီး အတော ဆင်းရဲ တာကို သတိထားမိသည်။
တံ ခါ ရွာ ဆိုတော့ ရေ လုပ်ငန်း ငါးပိ ငါးခြောက်  ရနံကတော့ ထုံနေတာပေါ့ဗျာ။
ခြံ ဝိုင်းလေး တစ် ခု ထဲ ဝင်လိုက်သည်။
“လှမောင် ရေ ဒီ မှာ ငါ့ တူနဲ့ ဆရာပါလာတယ် ဟ ”
လို့ ဦးပြားကြီးက အော် ပြောလိုက်တယ် ဆိုရင်ဘဲ….
အသက် ငါးဆယ် အရွယ် လူတစ်ယောက် ထွက်လာသည်။
“ကြွကျပါ ကြွ ကျပါ ”
ဟု ဆိုကာ အိမ်ထဲ နေရာ တိုင်ခင်း စီ စဉ်ပေးသည်။
“သူငယ် ချင်း မင်းဘာမှ အားမငယ်နဲ့ ဒီမှာ ငါ့တူ ခေါ်လာတဲ့ ဆရာ ”
“အားကိုးပါတယ် ဆရာ ကျွန်တော့သမီးလေးကို ကယ်ပါအုံး”
“ဟုတ်ကဲ့ ဦးလေး ဘာဖြစ်တယ် ဆိုနာ အကျိုး အကြောင်းလေး အရင် ပြောပြပါလား”

စကားသွတ်သော ဦးပြားကြီး မှ

“ဒီ လိုမောင်စနေ ရေ လှ မောင် ဆိုတာ ဦးသူငယ်ချင်း  သားသမီးသုံးယောက်ရှိတယ် အလက်မလေးက မွေးကတည်းက စုန်းပညာ ပါလာလို့ ရွာထဲ ကလူတေကကြောက်လန့်ပြီး အပေါင်းအသင်းမလုပ်ကျသလို လှ မောင်တို့ မိသားစုကိုလည်း အပေါင်းအသင်း အဆက် အဆံ မပြုကျဘူး အဲဒါ ပညာ နုတ် ချင်လို့ ပါ အခု ဆို ခလေးကို ကျောင်းက လည်း လက်မခံ သလို အပေါင်းအသင်းသူငယ်ချင်းမိတ်ဆွေလည်းမရှိ ကျဘူး အဲဒါ  ကူညီ ပါအုံးဆရာရယ်”

“စနေလည်းအနည်းငယ် စဉ်းစားပြီး ဘာကြောင့် စုန်းလို့ပြောရတာလည်း အကြောင်းအရာ လေးပါပြောပြလို့ရမလား ဗျ”
“ဒီ လိုပါ ဆရာ တစ်နေ့ ကျောင်းမှာ  ခလေးအချင်းချင်း ရန်ဖြစ်ကျတယ် နောက်နေ့ညကျ ရန်ဖြစ်တဲ့ တစ်ဖက်က ခလေးမလေး အဖျားကြီးပြီးဆေး ရုံ တင်လိုက်ရတယ် လက်မောင်းမှာ ကိုက်ထားတဲ့ အရာကြီး နဲ့ အနာတစ်ခု တွေ့ ရတယ် ဆရာ”
“အော”
“ဒါတင်မကသေးဘူးဆရာ ရှိသေးတယ်  ဒီ လိုဗျ”

####

ကလင် ကလင် ကလင်!
ကျောင်း ဆင်းခေါင်းလောင်းထိုးသံ
ခနကြာတော့ အထက်တန်းကျောင်းထဲ မှ ခလေး တစ်သိုက် လည်း အသီးသီး ထွက်လာကျသည်။
ထို အထဲ တွင် မြသီတာလေးလည်း သီငယ်ချင်းတေ နှင့် ထွက်လာကျသည်။
ပြေးလွှားနေသူများ  ခုန်ပေါက် ပြေးလွားကျ သလို ပုံမှန် သွား လာသူ ကျောင်းသူကျောင်းသားများနှင့် အလွန် ရှုပ်လျှက် ရှိသည်။
သူငယ်ချင်းသုံးယောက်သား စကား တစ်ပြောပြော နှင့် စကားတစ်ပြောပြော နှင့် လျှောက်လာစဉ်
!တီ တီ တီ ”
အမှတ်မထင် အနောက် မှ ဆိုင်ကယ် ဟွန်းသံ ကြားရသဖြင် ရှောင်လိုက်သောလည်း
မြသီတာ နှင့် ချိတ်မိကာ ပြစ်လည်းသွားလေ သည်။
ဆိုင်ကယ်မောင်းလာသော လူငယ်လည်း “စောက်ခလေးတေ တစ်လမ်းလုံးရှုပ်နေတာဘဲ ဒီ မသာမလေးကလည်း ဆိုင်ကယ် တစ်စီးလုံး မမြင်ဘူး ”
ဟု ဆိုကာ ဆဲ ဆိုပြီး ထွက်သွားလေသည်။
ဆိုင်ကယ် အတိုက်ခံ လိုက်ရတဲ့ မြသီ တာလေး တစ်ယောက် သူငယ်ချင်း တေ ထူလို့ ထလာသောလည်း ဒူးနှင့် တတောက်စစ် တို့တွင် ပွန်းပဲ ကာ သွေးစို့ကုန်သည်။

“မသာကြီး ဆိုင်ကယ် ကားနဲ့ တိုက်ပါစေ သေချင်းဆိုးကြီး”
ဆိုပြီး ကိမ် ဆဲ လိုက်သည်။
သူငယ်ချင်းတေ အကူ အညီ နဲ့ အိမ် အရောက် လိုက်ပို့ လို့သာတော တော့သည်။

အိမ်ရောက်တော့ မြသီတာလေး အမေ က ဆေးထည့်ပေးသည် ။

“သေချင်းဆိုးကြီး ဆိုင်ကယ် မှောက်ပြီးသေပါစေ အဟီးးး”
“သမီးရယ် ငရဲ ကြီးပါ့မယ် တောပါတော့ အမေလည်းအုပ်ချုပ်ရေးမှုး ကို သွား တိုင် ပြီးရှင်းပေးပါ့မယ်”

ညနေ ကျ ရွာထဲ စူညံ သံတေ ကြားလိုက်ရသည် ပေသီး တစ်ယောက် ဆိုင်ကယ် နှင့်ကား တိုက်ပြီး ဆုံးပြီ ။

“ဟဲ့ အဲ့ ဒါ  မိအေး သမီး ကျိမ်စာတိုက်လိုက်တာ အဲ့ကောင်မလေးက စုန်းမ.  သူ့ သူငယ်ချင်းကိုလည်း ပြုစားလိုက်လို့ မနည်းကုလိုက်ရတယ် “

ထိုသို့သော သတင်းများ ပျံ နှံ့ ကုန်သည်။
မြသီတာ က စုန်းမ မွေးကတည်းက ပါလာတဲ့ ဝမ်းတွင်းစုန်း”
“ဟယ် ဟုတ်လား ကြောက်ဆရာကြီး ”
တရွားလုံး ပြောစမတ်တွင်နေသည်။

####

“ဟဲ မိအေး  ငါပိုက်ဆံ ဘယ်တော့ ပေးမှာလည်း မပေးလို့ကတော့ ရဲ တိုင်ပလိုက်မယ်
ဂျမ်းစိန်တဲ့ တစ်စိန်ထည်းရှိတယ်”

ဂျမ်းစိန် တစ်ယောက် မိအေးတို့အိမ်ရှေ့ တွင် ထမိန်မ ကာ ကလောတုတ်နေသည်။
မိအေးတစ်ယောက် မျက်နာငယ်လေးနဲ့

“ကျွန်မ ညနေ ကျ လာဆပ်ပါမယ် အမ ဂျမ်းစိန်ရယ် ”
“ဟဲ့ #^%*!)#^&* နင်ပေးမယ် ပေးမယ် နဲ့ ဘယ်နှစ်ရက်ရှိပြီလည်း #*#^@^ ယူတုန်းက ယူတယ်”

ဘေးမှာ ရှိတဲ့ မြသီတာ မှ မနေ နိုင် ဘဲ

“ဒီ မယ် ဒေါ် ဂျမ်းစိန် ပေးမယ်လို့ပြောတယ်မလား လူကြီးဖြစ်ပြီး ကျွန်မ အမေ ကို ဆဲ ဆို မနေနဲ့ ရှင့်  အကြွေး ညနေကျ ပေးမယ် မသေခင် ရှင့် ပိုက်ဆံ အပင်းထည့်ပေးလိုက်မယ်”

“အောင်မယ် မလောက်လေးမလောက်စားနဲ့  အေး ညနေ မပေးလို့ကတော့ ရဲ ခေါ် ဖန်းချုပ် ခိုင်းမယ် #*ကျပ်^!(@)#^% ”
ဆဲ ဆိုပြီးထွက်သွားလေသည်။
ညနေ ကျ မြသီတာလေး နားကပ် ရောင်းပြီး ဒေါ်မိအေးတစ်ယောက်သွားပေးလိုက်လေသည်။
ပိုက်ဆံ ရလို့ ဂျမ်းစိန် တစ်ယောက် ပျော်ရွှင်သွားသည်။
သို့သော အပြုံးတို့သည် ကြာရှည်မခံ လိုက် “မထင်းအိုးတည်ရန် ထင်းပုံမှ ထင်းသွား အယူ မြွေ ပေါက်ခံ ရလေတော့သည်။

ဆေးရုံ အရောက်မြန်လို့သာ မသေတော့သည်။
မြသီတာမိသားစုကို သွားမထိနဲ့
ဆိုတဲ့ စကားသံလူတိုင်းပြောကုန်တော့သည်။

####

“ဒေါ်မိအေး ရှိလားရှင့်”
အထက ကျောင်းအုပ်ကြီး ဒေါ်အုန်းကြည်  အသံ ပင်
“ဟုတ်ကဲ့ ရှိပါတယ်”
ကျွန်မက ကျောင်းအုပ်ကြီး ပါ မြသီတာလေးနဲ့ ပါတ်သက်ပြီးဆွေးနွေးချင်လို့ပါ”
အခန်းထဲ မှ မြသီတာလေးလည်း ထွက်လာခါ အနားလာထိုင်သည်။
“ဒီလိုပါ  မြသီတာလေးကို စုန်းမ ဆိုပြီး ကျောင်းသားမိဘတေက သူတို့သားသမီးတေ ကို ‌ေကျာင်းမတတ်ခိုင်းကျတော့ဘူး ဒါကြောင့် အများဆန္ဒ ကို လိုက်ရောပြီး ဆုံးဖြတ်လိုက်တာက မြသီတာလေးကို ဆရာတစ်ယောက်ယောက်နဲ့ ကုသပြီး ပညာ နုတ်ပြီးမှ ကျောင်းပြန်တက်ခွင့်ပြုနိုင်မဲ့အကြောင်း လာပြောတာ ပါ ကျွန်မကိုလည်းပြန်ခွင့်ပြု ပါအုံးရှင် ”
ဟု ဆိုကာ ကြောက်ကြောက် လန့်လန့် နှင့်  ပြန်သွားလေတော့သည်။
ဆရာမကြီးလည်းပြန် ထွက်သွားပြီး မကြာဘူး ဆိုင်ကယ် မှောက်ကာ လက် ကျိုးပြီး ဆေး ရုံသို့ ရောက်သွားလေတော့သည်။
####

“အဲ့ဒါဘဲ  ဆရာ လေးရေ ဒါကြောင့် ခလေးကို ကယ်နိုင်ရင် ကယ်ပါအုံး ”
ပြောဆိုနေတုန်းပင် မြသီတာ ဆိုသောခလေးမလေး ငါးခြောက်လှမ်းရာမှ ပြန်လာပြီးအိမ်ထဲ ဝင်လာသည်။
အားလုံးလည်း စကားစ ပြတ်ကာ ကိုယ် ရှိန်သက်သွားသည် ။
မြသီတာလေး လည်း အားလုံးကို မျက်မှောင်ကျုပ်ကာ ကြည့်လိုက်သည်…..။
အနားမှာ ရှိသော ကိုမိုးနိုင် ဆိုလျှင် ကြောက်လန့်ပြီး စနေ့အနောက်သို့ ကိုယ် လုံးလေးကွယ်သွားသည်။
စနေလည်း

“လာ လာ ညီမလေး”
ဟု ဆိုကာ အနားခေါ် ထိုင်ခိုင်းလိုက်သည်….
ကိုမိုးနိုင် ဆိုလျှင် စနေ လက်ကို လာကိုင်တဲ့အထိ အောင် ကြောက်လန့်နေသည်။
စနေက

“ညီမ ကျောင်း ပြန်တက်ချင်လား”
မြသီတာလေးမှ
စနေအား စူးစိုက်ကြည့်ကာ ခေါင်းညှိပ်ပြသည်…။
စနေလည်း….
မြသီတာ ဖခင်ဘက်လှည့်ကြည့်ပြီး…

“အနီးအနားက ဆရာတေနဲ့ ပြတော့ ဘာပညာ စက်မှ မတွေ့ဘူးလို့ပြောတယ်မလား”
“ဟာ”
“ဟင်”
“မှန်လိုက်တာ ဆရာ ရယ် ဘယ်လို များသိလည်း ”
စနေလည်း ပြုံပြလိုက်ပြီး
“ကျွန်တော် မနက်ဖြန် သူ့ပညာတေ အကုန် နုတ်မယ် ရအောင်ကုမယ်”
ဟု ပြော ချလိုက်တော့သည်။
ထို့နောက် အားလုံးကို နုတ်ဆက်ကာ ဦးပြားကြီးအိမ်သို့ ပြန်လာတော့သည်။
ဦးလှမောင် တို့ အိမ်ခြံ အပြင်ဘက်တွင်တော့ လာရောက် ကြည်နေကျသော လူအုပ်ကြီးကို  တွေ့လိုက်ရတော့သည် ။
###

ဦးပြားကြီးအိမ် ရောက်တာနှင့်
“ကဲ ဦးလေးရေ  မနက်ဖြန် ဆေးကုမှာဆိုတော့ ဒီ နေ့ အဓိဌာန် ဝင်မှာ မို့လို့ သစ်သီး ကိုမျိုး ဝယ်ပေးလို့ရမလား ”
“ဟုတ် ရပါတယ် ဆရာ မြို့ပေါ် တက်ပြီး ဝယ်ခိုင်းလိုက်ပါ့မယ်”
ထို့နောက် စနေလည်း ဘုရားအား သစ်သီးကိုးမျိုး ပန်းကိုမျိုးကပ်ကာ အဓိဌာန် ဝင်လေတော့သည်။

#####

မနက် မိုးလင်းလေ ပြီ ရောင်နီ မလာခင်က ပင် နိုးထသော ကျေးငှက်တို့၏ တဇာဇာ တွန်ကျူး သံ တို့နှင့် အုန်းမောင်းခေါက် သံ တို့သည် လွန်စွာ ကျက်သရေ ရှိသော မြန်မာ့ ဓလေ့ အလှ ပင်။
စနေ လည်း ဦးပြား ကိုမိုးနိုင်တို့နှင့် အတူ ထွက်လာခဲ့တော့သည်။

ကိုမိုးနိုင်မှ စနေ ရဲ့ လွယ်အိတ်လေး ကို လွယ် ပေးထားသဖြင့် ပရောဂါ ဆရာနှင့် တပည့်လိုပင် လွန်စွာ ဟိတ်ဟန် ရှိလှသည်။
မကြာခင်ပဲ ဦးလှ မောင်တို့အိမ်ရှေ့သို့ရောက်လာသည် ။ စနေ တစ်ယောက် လွန်စွာ အံ့ဩ သွားတော့သည်။ အဘဲ့ကြောင့်ဆိုသော….

ရွာထဲ က လူများနှင့်အတူ တစ်ခြား ရွာမှ လူများပင် လာရောက် ကြည့်ကျသည်။
တစ်ချို့ ဆိုလျှင် မုန့်ဆိုင် ကွမ်းယာဆိုင် များနှင့် ပွဲတော်အလာ အလွန်စည်ကားလွန်းလှသည်။
စနေကိုတွေ့တော့ ပြုံးပြကျ နုတ်ဆက်ကျ
တစ်ချို့ ကျတော့ ဒီဆရာလည်း လက်လျှော့ ပြန်လေမလားဟု ပင် ပြောကျသည်။ ဆိုကျသည်။

စနေလည်း ဦးလှမောင်တို့အိမ်ထဲ ရောက်တယ် ဆိုရင်ဘဲ ဦးပြားကြီးအား

“ဦးလေး သတ္တိ ရှိပြီး မကြောက်မလန့်  ဘဲ ကျမ်းမာ သန်စွမ်း တဲ့ လူ လေးငါးယောက် လောက် လိုချင်တယ် ဗျာ  အစောင့် အရှောင့်တေ ရန်က ကာကွယ် ဘို့ပါ”
“ရမယ် ဆရာ ”
ဟုဆိုကာ  အီမ်ရှေ့ထွက်ပြီး လူငယ် လေးငါးယောက်  လိုကြောင်းအော် ကာ ခေါ်လိုက်သည်…။
လူငယ်ခြောက်ယောက်ခန့် နှင့်အတူ ဦးပြားလည်း ပြန်ဝင်လာသည်။
“ဒီက ညီ အကိုတို့က သတ္တိ ရှိတယ်နော် ”
လူငယ် တေလည်း ရင်ဘက် ကိုကော့ပြီး ရှိပါတယ် ဆရာ ခိုင်းချင်တာ ခိုင်းပါ ”
ဟု ဆို လေသည်။
စနေလည်း အိမ် ခြံကို ဆယ်ပေခြားခါ စည်းတားလိုက်သည်။
ထို့နောက်
“ကဲ ဦးပြားနဲ့ ကာလသား တေက အပြင်စည်းကနေ စောင့်  ဘယ်သူမှ အဝင် မခံဘဲ တားပေး အမှောင့်ပရောဂတေက လူတစ်စံတစ်ယောက်ကို ပူးပြီး ဝင်လာတက်တယ် ဒါကြောင့် သတ္တိရှိပြီးကျမ်းမာဘို့ လိုတာ  ကိုမိုးနိုင်က အတွင်းစည်းကစောင့် အိမ်နားကို ဘယ်သူမှ အကပ်မခံနဲ့ စည်းပေါက်လို့မရဘူး”

အားလုံးလည်း နေရာကိုယ်စီ ယူလိုက်ကျသည်။
ရွာသားများကလည်း အဝေးမှပင် တိုးကျ ဝှေ့ကျ နှင့်ကြည့်နေကျသည်။
အိမ်ပေါ် တွင် စနေ နှင့် စုန်းမလေး မြသီတာ နှင့် မိဘ နှစ်ပါက လွဲ ပြီးမည်သူမှ မရှိပေ…..
ဆယ့်ငါးမိနစ်ခန့် တိတ်ဆိပ်နေသည်။

စည်းစောင့်နေသော ကာလသားများ နှင့်အတူ ဦးပြား တို့က အိမ်နှင့်ခြံကို ပါတ်နေသည် ။
ကိုမိုးနိုင်က လည်းအတွင်း စည်းမှ ပင် အိမ်ကို ပါတ်နေသည်။
ခန ကြာတော့ အိမ်ထဲ မှ စနေရဲ အသံ က ဟိန်းထွတ်လာသည်။
“ငါ့ကို ဘာထင်လည်း ပညာ စမ်းတာလား ”
ရွမ်း
ဖြောင်း
တစ်စုံတစ်ရာ ကို ရိုက်သံ များ ထွက်လာသည်။

ပြီးနောက် စုန်းမလေးမြသီတာ အဖေ မှ အိမ်ပြင် ထွက်ခါ ၍ဦးပြားနှင့် ကာလသားများကို ပြီးသွားပြီ ဖြစ်ကြောင်း စုန်းပညာ ထုတ်တော့မှာ မို့ ကြည့်ရှု့ လိုသူများ လာရောက် ကြည့်ရှု့ နိုင်ကြောင်း ဆရာ မှ ပြောခိုင်းတယ် ဟု ဆိုရာ အပြင်က လူအုပ်ကြီးလည်း တဲအိမ်လေးမပြိုရုံ တစ်မယ် ပြေး ကာလွားကာ တိုးကာဝှေ့ကာကြည့်ကျလေသည်။
စနေလည်း ဘုရားစင် အောက်မှ တပလင်ခွေ ထိုင်ကာ

“ကဲ ညည်းပညာတေ အခုထုတ် အခု အန်”
ဟု ဆိုကာ စုန်းမလေးမြသီတာ နဖူးအား လက်ဖဝါးနှင့်တို့လိုက်လေသည်။
မကြာပါဘူး  စုန်းမလေးမြသီတာ ခမြာ သူ့အရှေ့က ခွပ်ထဲ တဝေါ့ဝေါ့ နှင့် အန်လေသည်။
အစာဟောင်းများနှင့်အတူ အစိမ်းရောက် အရည်များ အန်ထုတ်လိုက်လေသည်။
လူအုပ်ကြီးလညိး တီးတိုးသံများ ထွက်လာတော့သည်။
တစ်ချို့ဆို အံ့ဩ ဘနန်း ဖြစ်ကုန်သည်။
ထို့နောက် မြသီတာလေး အဖေ ကိုလှမောင်အား ထိုခွတ်ကို ယူပြီး မြစ်ထဲ သွားသွန် ပြီး ဆေးကြောသန့်စင်ခိုင်းလိုက်သည်။
ပြီးနောက်
“ဆရာစကားကို နားထောင်သော မမြသီတာ နုမလေး ကျမ်းမာပါစေ ချမ်းသာပါစေဘဝမှာ လိုအင် ဆန္ဒ တေ ပြည့်စုံပါစေ ”
ဆုပေးလေသည်။

“ကဲ ဦးပြားရေ အားလုံးပြီးပြီ အကောင်းပကတိ ဖြစ်သွားပြီ
ဟု ဆိုကာ ပြန်ခဲ့တော့သည်။ ဦးလှ မောင်မှာ
“သမီး ဆရာကို ကတော့ ကတော့ ဟုဆိုကာ
ဝမ်းသာသော မျက်နာနှင့်စနေအား ကြည်နေသည် ။
အားလုံး ကိုနုတ်ဆက်ကာ ဦးပြားအိပ်သို့ ပြန်ခဲ့တော့သည်။
အချိန် ရှိတုန်း ပြန်ရန် စီ စဉ် လိုက်သော်လည်း ရွာသားများ က လာရောက်နုတ်ဆက်ကျ  လက်ဆောင်တေ ပေးကျနှင့်အချိန် နှောင်းသွားသဖြင့် နောက်နေ့မှ ပြန်ရန်ဆုံးဖြတ်လိုက်ရတော့သည်။

###

နောက်နေ့ကျ စနေတို့လည်း သနက်ပင် ကားဂိတ် ကားထွက်စီးရာ ရွာမှ ဆိုင်ကယ်များနှင့် လိုက်ပါပို့ဆောင်ကျသည်။
မြသီတာလေး က မယ်သီလရှင် ဝတ်ပြီး လာရောက် နုတ်ဆက်သည်။
သနပ်ပင် ကားဂိတ်ရောက်တော့ အနားမှာ ရှိတဲ့ ကိုမိုးနိုင်မှာ ဘယ်အချိန်က ပင် မေးချင်နေမှန်းမသိ ကောက်ကာ မေးလေသည်….
“စနေ မင်ပြောတော့ အဲ့လောက်မစွမ်းဘူးဆို အခုကျ လက်ဖျားခါလောက်တယ် ကုသွားတာများ တစ်ခြားလူ ပြောရင် ယုံမယ်မထင်ဘူး”

“အင်း ကိုမိုးနိုင်ကို နောက်မှ ရှင်းပြ မလို့ဘဲ ဗျ အမှန်က အခု ကျုပ် ကုခဲ့တာ က မြသီတာလေးကို မဟုတ်ဘူးဗျ စုန်းအစွဲကို တစ်ရွာလုံးကို ကုခဲ့တာ ”
“ဟင် နားမလည်တော့ဘူး ရှင်းပြအုံး ”
“ဒီလိုဗျ ခလေးမလေးက အာစက် လျှာစက်ပေါက်တာ ဗျ ဒါပေမဲ့ ဖြစ်ပြတ်တဲ့ အဖြစ်အပြတ်တေက တိုက်ဆိုင်မှုလည်းပါနိုင်သလို ခလေးရဲ့ အာစက် လျှာစက်ကြောင့်လည်းပါတယ် ဗျ … ပြီးတော့ အဲ့လို စိတ်တန်ခိုးထက်တဲ့ မိန်းခလေးတေက အပျိုဖော် ဝင်စအချိန်မှာ စိတ် ဖြစ်စဉ်ပြောင်းလည်းကျတယ် ဗျ တစ်ချို့ ဆို အိမ်ထဲက ပစ္စည်းတေ လူ မလုပ်ဘဲ ရွေ့လျှားတာ လွင့်စင်တာ  တေ တောင် ဖြစ်တယ် တစ်ချို့က ဒါကို ပုဏ္ဏကတိုက် တယ်လို့ဆိုကျတယ် ဒီအရွယ်မှာ ထူးဆန်းတဲ့ အဖြစ် အပြတ်တေ ပို ကြုံတွေ့ရတယ်ဗျာ”
“ဟင် ဒါဆို ကောင်မလေးက စုန်းမဟုတ်ဘူးပေါ့ ”
“အဲ့လိုလည်းယတိပြတ်တော့ ငြင်းမရဘူး စုန်းဆိုတာ စက် လို့  ပြောဖူးတယ်မလား အခုက အာစက် လျှာစက် ပေါက်တာ ထိတာ ဆိုတော့ စုန်းလို့ဆိုလို့ရပေမဲ့ အတိတ်ကုသိုလ် ကံကြောင့် စိတ်တန်ဖိုးထက်မြတ်တာကို စုန်းလို့ ခလေးတစ်ယောက်ကို မဆိုရက်ဘူး ဝမ်းတွင်းစုန်းဆိုတာ ဒီလိုမျိုးကိုခေါ်တာကိုးဗျ”
“ဆိုင်ကယ်မှောက်တာတေ မြွေကိုက်တာတေ ကျတော့ကော”
“ကျွန်တော် ရှင်းပြမယ်ရန်ဖြစ်တဲ့ခလေးမက အကိုက်ခံရတဲ့ အနာရှိုန်ကြောင့် ဖျားတာ ဗျ .. ဆိုင်ကယ်မောက်တာက မူးနေ တော့ တိုက်တော့မပေါ့ .. ဒေါ်ဂျမ်းစိန် မွေ ကိုက်တာ က ခလေးအာစက်လျှာစက်ကြောင့် လည်းဖြစ်နိုင်သလို ထင်းပုံဆိုတာလည်း မြွေနေတက်တဲ့ အလေ့ရှိတာဘဲ
ဆရာမကြီးကတော့ မတော်တဆ တိုက်ဆိုင်တာ သေချာတယ်ဗျ”
“ကဲ ထားပါတော့ မင်းဆေးကုတာလည်း ရှင်းပြအုံး “

“ဒါက ဒီလိုရှိတယ် ဗျ လူတေ အကုန်လုံး အိမ်ပြင် ထွက်ခိုင်းပြီး ခလေးက စုန်းမဟုတ်ကြောင်း အာစက် လျှာစက်ပေါက်တာ ထိတာဖြစ်ကြောင်း ပြီးတော့ ခလေးကို လည်း အရမ်း ရုတ်ရည်ကျမ်းတမ်းတဲ့စကားတေ မပြောဘို့နဲ့ အရင်လို ကျောင်းပြန်တတ်နိုင်မဲ့ အကြောင်း ပြော ပြီး စည်းရုံးရတာ ကုပြီးရင် နောက်နှစ်ကျောင်း ဖွင့်ရာသီ မရောက်မချင်းမယ်သီလရှင် ဝတ်ပေးဘို့ပြောတာပေါ့ အထူးသဖြင့် စိတ်တန်ခိုးထက်နေတဲ့အချိန် ကျော်လွန်အောင် ပေါ့  ပြီးမှ ဟန်ဆောကုတာ အပြင်မှာ လူစောင့်ခိုင်းတာက အပြင်ကနေ လာချောင်းကြည့်တာ ခိုးနားထောင်တာ တေ လုပ်မှာဆိုးလို့ တမင် အလိမ္မာသုံးလိုက်တာဗျ”
“စနေ ရာ မင်က တတ်လည်းတက်နိုင်တာဘဲ ဒါနဲ့ အစိမ်းရောင်တေ အန်ခိုင်းတာကျတော့ရော”
“အဟဲ ဒါကတော့ ပထမ ညကတည်းက ဦးပြားကို သစ်သီး ကိုမျိုး ဘုရားကပ်ဘို့ ဝယ်ခိုင်းတာ အဲ့ဒါ မနက်ကျ စွန့်ပြီး ထောပါတ်သီး ကို ဖွတ်ပြီး ယူထားတာလေ အိမ်ပေါ် ဘယ်သူမှ မရှိတုန်း ခလေးကိုကျွေးပြီးခလေးကို ပြန်အန်ခိုင်းတာဗျ”
“အေးစနေ ရေ မင် လုပ်တာ ပိရိလို့ဘဲ မဟုတ်ရင် ခေါင်းပြတ်မယ်”
” အဟဲ မွေးရာပါ စုန်း ပညာဆိုတာ ချွတ်လို့မရဘူးဗျ ရှေး ကုသိုလ် ကံကြောင့် ရတဲ့ စိတ် တန်ခိုးစွမ်းအင် တေဗျ အပြစ်မဲ့တဲ့ခလေး ပညာရေး တစ်ပိုင်းတစ်စနဲ့ ဒုက္ခ ရောက်မှာ ဆိုးလို့ တစ်ရွ့ာလုံးကို စုန်းအစွဲ ချွတ်ခဲ့တာဗျ “

“အဟား မင်းက တစ်ကယ် တက်လည်းတက်နိုင်ပါတယ် စနေရာ ဟား”
“ရယ်မနေ နဲ့ ကားလာပြီ ထ ပြန်မယ်”

####

အားလုံး လေးစားစွာဖြင့်
စနေ တတ်တိုး🙏🙏🙏

ဘဆရာကြီး ပြောပြသော
အဖြစ်အပြတ်လေးကို
ဝတ္ထုတို တစ်ပုဒ်အဖြစ်
ရေးသားထားခြင်းဖြစ်ပါသည်။

ကျမ်းကိုး ။ (၁) ဒေးကာနယ်ဂျီ ရေးတဲ့ Autosuggestion  (ဦးနု ဘာသာပြန်တဲ့ မိတ္တဗလဠိကာ).
။ (၂) ကဝေသာရကျမ်း
။စိတ်စွမ်းအင်(စာရေးသူ မမှတ်မိ)