ဆေးဆရာနှင့်ကိုးထောင်ကျား

***ဆေးဆရာနှင့်ကိုးထောင်ကျား***(စ/ဆုံး)

———————-@@@@@——————————

တောင်တွေရစ်ဝိုင်းနေတဲ့လွမ်းမောဖွယ်တောင်တန်းတွေရဲ့အလယ်မှာ

ဘုန်းကြီးအိုကြီးတပါးဟာဆွေမျိုးနီးစပ်တော်သောမိဘမဲ့ကျောင်သားကလေးတယောက်နှင့်နေလေသည် ။ ဘုန်းကြီးရဲ့သစ်ခက်သစ်ရွက်တွေနဲ့ဆောက်ထားတဲ့တဲကကျောင်းလေးကိုလာရန်

ရေတခွန်စိမ့်စမ်းလိူမြောင်ချိုင့်ဝှမ်းတွေကိုဖြတ်သန်းပြီးမှလာလို့ရပေမည် ။

 

ဘုန်းကြီးအိုကြီးသည်အချိန်ပြည့်နီးပါတောင်တန်းတွေပေါ်ကြွသွားကအေးချမ်း ်သောနေရာတွင်တရားထိုင်နေလေ့ရှိကာဘုန်းကြီးကျောင်းသားအိုက်စံလဲဘုန်းကြီးနောက်လိုက်သွားကာ

ဆေးမြစ်ရှာသစ်သစ်သီးရှာသောအလုပ်ကိုလုပ်လေသည် ။

တခါတခါတောကောင်းကြီးများအသံကြားရပေမဲ့အိုက်စံတို့အတွက်တော့ရိုးနေလေပြီ ။

 

တခါတုန်းကတောထဲဘုန်းကြီးနောက်လိုက်ရင်းကျားကြီးတကောင်သည်ခြေထောက်ငြောင့်စူးကာ

ဒဏ်ရာကြီးသဖြင့်သွေးများထွက်ကာလဲနေလေသည်။ ဘုန်းကြီးလဲမေတ္တာပို့ကာအိုက်စံကိုကူညီခိုင်းရာကြောက်ကြောက်နဲ့စူးနေသောငြောင့်ကိုထုတ်ပေး၍

ဒဏ်ရာအားဆေးရွက်များအုပ်ပေးခဲ့လေသည် ။

ဘုန်းကြီးကအိုက်စံအား ”’လောကမှာလူထက်တရိဆ္တန်တွေကကျေးဇူးပိုသိတတ်သကွဲ့”’ ‘

ထိုသို့အမိန်ရှိကာဆုံးမလေသည်။

ဘုန်းကြီးကျောင်းသို့တခါတလေဘုန်းကြီးကိုသိသောရွာသားများရောက်လာ၍လူဖွယ်ပစ္စည်းများလာလူလေ့ရှိလေသည် ။

 

တနေ့တွင်ဘုန်းကြီးသည်တောနက်ထဲကြွရန်အိုက်စံကိုခေါ်ပြီးစားနပ်ရိခ္ခါများသယ်စေ၍ခရီးထွက်လေသည်။

တောနက်ထဲရောက်တော့ကျောက်ဂူတခုတွင်စခန်းချကာနေလေသည် ။

ဘုန်းကြီးကအနီးနားကရေတံခွန်တခုနားကကျောက်ဖျာတချပ်ပေါ်တွင်တရားသွားထိုင်နေသည် ။

အိုက်စံလဲပါလာသောရှမ်းဆန်အနည်းငယ်အားထမင်းချက်မည်ဟုကြံကာ

သစ်ကိုင်းအတိုအစများလိုက်ကောက်လေသည် ။

 

ဒီအချိန်တွင်ဘယ်ကရောက်လာမှန်းမသိသောရှမ်းအဘိုအိုတဦးရောက်လာကာအိုက်စံအား ”ဟေ့အမောင်ကျောင်းသားဆရာတော်ကြီးကိုဆွမ်းကပ်ဘို့ဆွမ်းချက်ရင်ဟိုနားကသစ်ပင်မှာသွားချက်ပါလား——-

အဲဒီသစ်ပင်အောက်မှာချက်အပင်ပေါ်ကအရွက်ကြွေလာတဲ့အခါအိုးထဲရောက်လာလိမ့်မယ်——-မဖယ်နဲ့ဒီအတိုင်းထားအလွန်မွှေးတဲ့နတ်သုဒ္ဓါဆွမ်းရမကွဲ့”” အိုက်စံလဲရှမ်းရိုးရာအဝတ်အစားများဝတ်ထားကာပလိုင်းတလုံးလွယ်ထားသော

အဘိုအိုစကားကိုတအံတသြနားထောင်ကာအဘိုးအိုပြသောတောင်စောင်းဘေးက

သစ်ပင်ကိုလှမ်းကြည့်လိုက်မိသည် ။

 

ထူးဆန်းတာဆိုလို့ဘာမှမတွေ့သာမန်သစ်ပင်လို့ပဲထင်ကာအဘိုးအိုအားမေးရန်ကြည့်လိုက်ရာ

ရှမ်းအဘိုအိုသည်မရှိတော့မျက်စိတမှိတ်လျှပ်တပျက်အတွင်းပျောက်ချင်းမလှပျောက်သွားလေသည် ။ ဒီလိုတောနက်ထဲဘယ်ကရောက်လာပါလိမ့်လို့တွေးကာလူစင်စစ်မှဟုတ်ပါရဲ့လားထင်မိလေသည် ။ ဒါပေမဲ့သူပြောတာကိုလက်တွေ့စမ်းကြည့်မယ်စိတ်ကူးကာရှမ်းအဖိုးအိုပြသောအပင်အောက်သို့သွားကာ

ထမင်းချက်လေသည် ။

 

ထမင်းချက်နေရင်းအဖုံးအားဖွင့်ထားရာသစ်ပင်ပေါ်ကအရွက်သုံးလေးရွက်သည်ကြွေကြလာကာထမင်းအိုးထဲဝင်သွားလေသည်။ အရွက်များအိုးထဲရောက်သွားသည်နှင့်တပြိုင်နက်ထမင်းအိုးတခုလုံး

မဲနက်နေသောအရောင်ပြောင်းသွားကာအလွန်တရာမွှေးပျံသောရနံကိုရလေသည် ။

 

အိုက်စံလဲအဆန်းတကျယ်ရှိသောအဖြစ်ကိုတွေ့ရတော့ပါးစပ်ဟောင်းလောင်းဖြင့်အံသြသွားလေသည်။

ဂူသို့ပြန်လာပြီးဘုန်းကြီးအတွက်ဆွမ်းပွဲခူးကာကျန်သောထမင်းကိုစားကြည့်တဲ့အခါမှာတော့ အိုက်စံတသက်တာတွင်တခါမှမစားဘူးခဲ့သောအလွန်ကောင်းမွန်သောထူးကဲသောအရသာရှိသော

ထမင်းကိုစားရလေသည်စားကောင်းကောင်းနှင့်အမုန်းဆွဲလိုက်တာတအိုးလုံးပြောင်၍သွားလေသည် ။

 

ဘုန်းကြီးဆွမ်းစားချိန်ရောက်၍ပြန်လာတော့ဆွမ်းကပ်ရင်းအိုက်စံကဘုန်းကြီးအား

အကျိုးအကြောင်းရှောက်လေသည် ဘုန်းကြီးကဆွမ်းဘုန်းပေးပြီးအိုက်စံကိုထူးဆန်းသောစကားကိုဆိုလေသည် ”’အိုက်စံဒီဆွမ်းထမင်းဟာအဟာရသိဒ္ဓိပင်ကရတဲ့ဆွမ်းပဲကွဒီအပင်ကို ——-

ဝိဇ္ဇာဇော်ဂျီတပသီတွေမှသိနိုင်မြင်နိုင်တာကွအခုလဲသူတော်ကောင်းနတ်ကောင်းနတ်မြတ်တွေမလို့စားရတာ

ဒါ့ကြောင့်သမုဒ္ဓရာဝမ်းတထွာအတွက်ဘာမှပူစရာမလိုတော့ဘူး——-

ငါလဲအသက်ကြီးပြီမင်းကိုပညာအမွေပေးရတော့မယ် ””

 

‘ ””’ဒီအဟာရထမင်းအကြောင်းဘယ်သူ့ကိုမှမပြောမိစေနဲ့မေတော်လောဘသမားတွေနဲ့တွေ့ရင်

ဒုခ္ခရောက်မကွဲ့သတိရှိပါစေ””’ ထူးဆန်းပေစွဒီအာဟာရသိဒ္ဓိထမင်းစားပြီးကထဲကဘာမှမဆာတော့စားချင်စိတ်လဲမရှိတော့

အစားမစားတော့ဝမ်းလဲမသွားတော့အစားအသောက်အတွက်ဘာမှရှာစရာမလိုတော့ပေ ။

 

လောကမှာထူးဆန်းတာတွေဟာမကုန်နိုင်မခန်းနိုင်ရှိနေကာသဘာဝတောတောင်တွေထဲတွင်

တန်ဖိုးမဖြတ်နိုင်သောသစ်ပင်များနှင့်တကွအလွန်ရှားပါးသောနွြယ်မက်သစ်ပင်ဆေးဖက်ဝင်သော

ရတနာများရှိနေသည်မှာနတ်သကြားများဖန်ဆင်းထားသလားထင်မိလေသည် ။ တနေ့တွင်ရွာမှလူများဆရာတော်ကြီးအားလာဖူးရာဆေးဆရာတယောက်ပါလာလေသည်။

ဆေးဆရာသည်တောထဲမှဆေးပင်များရှာမည်ဆိုကာနေခဲ့လေသည် ။

 

 

 

 

ဘုန်းကြီးသည်ဆေးဆရာအားအိုက်စံနှင့်ထားခဲ့ကာ ”’ကဲဆေးဆရာ—–ကျုပ်လဲကျုပ်အလုပ်ကိုသွားလုပ်လိုက်အုံးမယ်—-

ဆေးပင်ရှာတာကရှာပေါ့ကွယ်ဘေးမရှာမိစေနဲ့ဒီတောထဲမှာကိုးတောင်ကျားတွေပေါသကွဲ့”’ ဘုန်းကြီးပြောသောစကားသည်တခုခုကိုသတိပေးနေသကဲ့သို့ဖြစ်နေသည်ဟုအိက်စံတွေးမိလေသည် ။ ဆေးဆရာရောက်ပြီးတောထဲကကျားဟိန်းသံများကိုတောတောင်အနှံပဲ့တင်ထပ်နေသလိုကြားနေရသည် ။

 

ဆေးဆရာရောက်ကထဲကဆရာတော်ကြီးတောထဲကြွသွားသည်မှာပြန်မလာသေးပေ။

ဆေးဆရာနှင့်အိုက်စံလဲတောထဲဝင်ကာလိူထဲဆင်းလိုက်တောင်ပေါ်တက်လိုက်ဖြင့်

ဆေးပင်များရှာနေပေမဲ့ထူးဆန်းနေသည်က

ဆေးဆရာသည်မောပန်းနေပေမဲ့အိုက်စံကမမောပါပင်လဲမပင်ပန်းပါပေါ့ပါးလန်းဆန်းနေလေသည် ။

အိုက်စံလဲကိုယ့်ကိုကိုယ်ပင်အံသြနေသည် ထမင်းစားချိန်တွင်လဲထမင်းတခါမှမစားသောအိုက်စံကိုဆေးဆရာလေ့လာနေရင်း

ထူးဆန်းသောအကြောင်းကိုသိချင်လာသည်။

 

် ဒီလိုနဲ့အိုက်စံအားလှည့်ပတ်မေးတာများတော့ရိုးသားသောအိုက်စံကတစွန်းတစပြောမိသည်တွင်

ဆေးဆရာကရိပ်မိသွားလေသည် ။ အိုက်စံအားလှည့်ပတ်စည်းရုံးကာအဟာရသိဒ္ဓိအပင်ကိုသွားရှာတော့မတွေ့တော့ပေ

ဒီမှာတင်ဆေးဆရာကအကောက်ကြံလေသည် ဆေးဆရာရွာပြန်ကာလူမိုက်များခေါ်၍အိုက်စံအားဆေးပင်သွားရှာရန်အကြောင်းပြကာ

တောထဲခေါ်သွားကာဖမ်း၍သစ်ပင်တွင်ကြိုးတုပ်ထားလေသည် ။

 

အိုက်စံလဲခလုပ်ထိမှအမိတဆိုသလိုဘုန်းကြီးသင်ပေးထားသောဘုရားစာများရွတ်ရင်း

ဘုန်းကြီးအားတလေသည် ။

အိုက်စံကိုချေ့ာ့တခါခြောက်တလှည့်ဖြင့်တမျိုးနှိပ်စက်၍တလီအန်ဆေးတိုက်ပေမဲ့အိုက်စံက

မသောက်ဒီတော့အတင်းချုပ်ကာအိုက်စံပါးစပ်ထဲအန်ဆေးများလောင်းထည့်လိုက်လေသည် ။ အိုက်စံလဲအန်ချင်သောပါးစပ်ကိုအတင်းပိတ်ထာကာသီးခံနေပေမဲ့မရပေ

ဒီအချိန်တွင်အနီးအနားမှကျားဟိန်းသံကျယ်လောင်စွာထွက်လာရာဆေးဆရာနှင့်လူမိုက်များလန့်သွားလေသည် ။

 

ခဏအတွင်းကျားတကောင်သည်ဆေးဆရာရှိရာခုန်ဝင်လာရာဆေးဆရာနှင့်လူမိုက်များဝရုန်းသုန်းကားဖြစ်သွားလေသည် ။ လူမိုက်များလဲပါလာသောအမဲပြစ်သေနပ်များဖြင့်ကျားအားဝိုင်းပြစ်ရာရှုတ်ထွေးပွေလီနေသော

ကျားအရိပ်များအားပြစ်မိကာကျားကိုမထိပဲကျားကိုက်၍သေလေသည်။

ထွက်ပြေးရန်ကြံနေသောဆေးဆရာအားနောက်ထပ်ကျားတကောင်ရောက်လာကာကိုက်သတ်လိုက်လေသည် ။ အိုက်စံလဲကျားများမိမိလာကိုက်မလားလို့ကြောက်လန့်နေပြီးဒီတခါတော့ကျားကိုက်၍သေပြီဟုတထစ်ချတွေးကာဇောချွေးပြန်နေလေသည် ။

 

 

 

 

ဒါပေမဲ့ကျားနှစ်ကောင်သည်ဆေးဆရာတို့အဖွဲ့သေသွားတာနဲ့နောက်ဂျွမ်းပြစ်ကာ

တောထဲဝင်ရောက်ပျောက်ကွယ်သွားလေသည် ။ ဒီအချိန်တွင်အိုက်စံတခါကတွေ့ခဲ့သောရှမ်းအဖိုးအိုသည်ရောက်လာကာ

အိုက်စံအားကြိုးများဖြေပေးလိုက်ကာအိုက်စံကိုဌက်ပျောရွက်တရွက်ပေးကာအန်စေသည် ။ အိုက်စံလဲဌက်ပျောရွက်ထဲသို့အန်လိုက်ရာစားထားသောအဟာရသိဒ္ဓိထမင်းများသည်ပုံစံမပျက်အနံမပျယ်ဒီအတိုင်းပြန်ထွက်လာလေသည် ။

 

အိုက်စံအံသြနေတုန်းရှမ်းအဖိုးအိုက ”’ကဲငါ့သားမင်းလဲအချိန်တန်ပြီလူ့ဘဝဟာရှုတ်ထွေးပွေလီလှသကွဲ့ ——–လောဘသားကောင်တွေနေတဲ့အရပ်မှာအချိန်မဖြုန်းနဲ့အခုမင်းအန်ထားတာတွေပြန်စား—–

ဒါဟာမင်းနဲ့ထိုက်လို့စားရတာပဲစားပြီးမင်းဆရာဘုန်းကြီးနဲ့အတူဟိမဝန္တာမှာတရားရှာဖို့လိုက်သွားလေတော့””’ အိုက်စံလဲအန်ထားသောထမင်းများကိုမရွံမရှာပြန်စားကာရှမ်းအဖိုးအိုအားကန်တော့လေသည် ။

 

”’သာဓုပါကွယ်မင်းဆရာဘုန်းကြီးလဲဒီတောတန်းအလွန်မှာမင်းကိုစောင့်နေသကွဲ့—–နောင်တချိန်မှာတရားထူးရနိုင်ပြီးလူသားများအကျိုးပြုနိုင်ပါစေကွယ်”” အိုက်စံလဲမျက်လုံးပိတ်ကာပေးတဲ့ဆုနဲ့ပြည့်ပါစေလို့ဆုတောင်းကာ

မျက်လုံးဖွင့်ကြည့်လိုက်တော့အဘိုးအိုကမရှိတော့ပါ အိုက်စံတယောက်ဆရာဘုန်းကြီးနှင့်ဟိမဝန္တာလိုက်သွားပြီးဘယ်တော့ပြန်လာမည်ဆိုတာဘယ်သူမှမသိနိုင်တော့ပါ ။ ပြီး D Moe Moe ွ

စာတအုပ်တွင်ဖတ်ခဲ့ရသောအဟာရသိဒ္ဓိပင်ကိုကိုးကားရေးသည်