Unicode Version
“ဆေးဆရာနှင့်ကိုးထောင်ကျား”(စ/ဆုံး)
———————————————
တောင်တွေရစ်ဝိုင်းနေတဲ့လွမ်းမောဖွယ်တောင်တန်းတွေရဲ့အလယ်မှာ
ဘုန်းကြီးအိုကြီးတပါးဟာဆွေမျိုးနီးစပ်တော်သောမိဘမဲ့ကျောင်သားကလေးတယောက်နှင့်နေလေသည် ။ ဘုန်းကြီးရဲ့သစ်ခက်သစ်ရွက်တွေနဲ့ဆောက်ထားတဲ့တဲကကျောင်းလေးကိုလာရန်
ရေတခွန်စိမ့်စမ်းလိူမြောင်ချိုင့်ဝှမ်းတွေကိုဖြတ်သန်းပြီးမှလာလို့ရပေမည် ။
ဘုန်းကြီးအိုကြီးသည်အချိန်ပြည့်နီးပါတောင်တန်းတွေပေါ်ကြွသွားကအေးချမ်း ်သောနေရာတွင်တရားထိုင်နေလေ့ရှိကာဘုန်းကြီးကျောင်းသားအိုက်စံလဲဘုန်းကြီးနောက်လိုက်သွားကာ
ဆေးမြစ်ရှာသစ်သစ်သီးရှာသောအလုပ်ကိုလုပ်လေသည် ။
တခါတခါတောကောင်းကြီးများအသံကြားရပေမဲ့အိုက်စံတို့အတွက်တော့ရိုးနေလေပြီ ။
တခါတုန်းကတောထဲဘုန်းကြီးနောက်လိုက်ရင်းကျားကြီးတကောင်သည်ခြေထောက်ငြောင့်စူးကာ
ဒဏ်ရာကြီးသဖြင့်သွေးများထွက်ကာလဲနေလေသည်။ ဘုန်းကြီးလဲမေတ္တာပို့ကာအိုက်စံကိုကူညီခိုင်းရာကြောက်ကြောက်နဲ့စူးနေသောငြောင့်ကိုထုတ်ပေး၍
ဒဏ်ရာအားဆေးရွက်များအုပ်ပေးခဲ့လေသည် ။
ဘုန်းကြီးကအိုက်စံအား ”’လောကမှာလူထက်တရိဆ္တန်တွေကကျေးဇူးပိုသိတတ်သကွဲ့”’ ‘
ထိုသို့အမိန်ရှိကာဆုံးမလေသည်။
ဘုန်းကြီးကျောင်းသို့တခါတလေဘုန်းကြီးကိုသိသောရွာသားများရောက်လာ၍လူဖွယ်ပစ္စည်းများလာလူလေ့ရှိလေသည် ။
တနေ့တွင်ဘုန်းကြီးသည်တောနက်ထဲကြွရန်အိုက်စံကိုခေါ်ပြီးစားနပ်ရိခ္ခါများသယ်စေ၍ခရီးထွက်လေသည်။
တောနက်ထဲရောက်တော့ကျောက်ဂူတခုတွင်စခန်းချကာနေလေသည် ။
ဘုန်းကြီးကအနီးနားကရေတံခွန်တခုနားကကျောက်ဖျာတချပ်ပေါ်တွင်တရားသွားထိုင်နေသည် ။
အိုက်စံလဲပါလာသောရှမ်းဆန်အနည်းငယ်အားထမင်းချက်မည်ဟုကြံကာ
သစ်ကိုင်းအတိုအစများလိုက်ကောက်လေသည် ။
ဒီအချိန်တွင်ဘယ်ကရောက်လာမှန်းမသိသောရှမ်းအဘိုအိုတဦးရောက်လာကာအိုက်စံအား ”ဟေ့အမောင်ကျောင်းသားဆရာတော်ကြီးကိုဆွမ်းကပ်ဘို့ဆွမ်းချက်ရင်ဟိုနားကသစ်ပင်မှာသွားချက်ပါလား——-
အဲဒီသစ်ပင်အောက်မှာချက်အပင်ပေါ်ကအရွက်ကြွေလာတဲ့အခါအိုးထဲရောက်လာလိမ့်မယ်——-မဖယ်နဲ့ဒီအတိုင်းထားအလွန်မွှေးတဲ့နတ်သုဒ္ဓါဆွမ်းရမကွဲ့”” အိုက်စံလဲရှမ်းရိုးရာအဝတ်အစားများဝတ်ထားကာပလိုင်းတလုံးလွယ်ထားသော
အဘိုအိုစကားကိုတအံတသြနားထောင်ကာအဘိုးအိုပြသောတောင်စောင်းဘေးက
သစ်ပင်ကိုလှမ်းကြည့်လိုက်မိသည် ။
ထူးဆန်းတာဆိုလို့ဘာမှမတွေ့သာမန်သစ်ပင်လို့ပဲထင်ကာအဘိုးအိုအားမေးရန်ကြည့်လိုက်ရာ
ရှမ်းအဘိုအိုသည်မရှိတော့မျက်စိတမှိတ်လျှပ်တပျက်အတွင်းပျောက်ချင်းမလှပျောက်သွားလေသည် ။ ဒီလိုတောနက်ထဲဘယ်ကရောက်လာပါလိမ့်လို့တွေးကာလူစင်စစ်မှဟုတ်ပါရဲ့လားထင်မိလေသည် ။ ဒါပေမဲ့သူပြောတာကိုလက်တွေ့စမ်းကြည့်မယ်စိတ်ကူးကာရှမ်းအဖိုးအိုပြသောအပင်အောက်သို့သွားကာ
ထမင်းချက်လေသည် ။
ထမင်းချက်နေရင်းအဖုံးအားဖွင့်ထားရာသစ်ပင်ပေါ်ကအရွက်သုံးလေးရွက်သည်ကြွေကြလာကာထမင်းအိုးထဲဝင်သွားလေသည်။ အရွက်များအိုးထဲရောက်သွားသည်နှင့်တပြိုင်နက်ထမင်းအိုးတခုလုံး
မဲနက်နေသောအရောင်ပြောင်းသွားကာအလွန်တရာမွှေးပျံသောရနံကိုရလေသည် ။
အိုက်စံလဲအဆန်းတကျယ်ရှိသောအဖြစ်ကိုတွေ့ရတော့ပါးစပ်ဟောင်းလောင်းဖြင့်အံသြသွားလေသည်။
ဂူသို့ပြန်လာပြီးဘုန်းကြီးအတွက်ဆွမ်းပွဲခူးကာကျန်သောထမင်းကိုစားကြည့်တဲ့အခါမှာတော့ အိုက်စံတသက်တာတွင်တခါမှမစားဘူးခဲ့သောအလွန်ကောင်းမွန်သောထူးကဲသောအရသာရှိသော
ထမင်းကိုစားရလေသည်စားကောင်းကောင်းနှင့်အမုန်းဆွဲလိုက်တာတအိုးလုံးပြောင်၍သွားလေသည် ။
ဘုန်းကြီးဆွမ်းစားချိန်ရောက်၍ပြန်လာတော့ဆွမ်းကပ်ရင်းအိုက်စံကဘုန်းကြီးအား
အကျိုးအကြောင်းရှောက်လေသည် ဘုန်းကြီးကဆွမ်းဘုန်းပေးပြီးအိုက်စံကိုထူးဆန်းသောစကားကိုဆိုလေသည် ”’အိုက်စံဒီဆွမ်းထမင်းဟာအဟာရသိဒ္ဓိပင်ကရတဲ့ဆွမ်းပဲကွဒီအပင်ကို ——-
ဝိဇ္ဇာဇော်ဂျီတပသီတွေမှသိနိုင်မြင်နိုင်တာကွအခုလဲသူတော်ကောင်းနတ်ကောင်းနတ်မြတ်တွေမလို့စားရတာ
ဒါ့ကြောင့်သမုဒ္ဓရာဝမ်းတထွာအတွက်ဘာမှပူစရာမလိုတော့ဘူး——-
ငါလဲအသက်ကြီးပြီမင်းကိုပညာအမွေပေးရတော့မယ် ””
‘ ””’ဒီအဟာရထမင်းအကြောင်းဘယ်သူ့ကိုမှမပြောမိစေနဲ့မေတော်လောဘသမားတွေနဲ့တွေ့ရင်
ဒုခ္ခရောက်မကွဲ့သတိရှိပါစေ””’ ထူးဆန်းပေစွဒီအာဟာရသိဒ္ဓိထမင်းစားပြီးကထဲကဘာမှမဆာတော့စားချင်စိတ်လဲမရှိတော့
အစားမစားတော့ဝမ်းလဲမသွားတော့အစားအသောက်အတွက်ဘာမှရှာစရာမလိုတော့ပေ ။
လောကမှာထူးဆန်းတာတွေဟာမကုန်နိုင်မခန်းနိုင်ရှိနေကာသဘာဝတောတောင်တွေထဲတွင်
တန်ဖိုးမဖြတ်နိုင်သောသစ်ပင်များနှင့်တကွအလွန်ရှားပါးသောနွြယ်မက်သစ်ပင်ဆေးဖက်ဝင်သော
ရတနာများရှိနေသည်မှာနတ်သကြားများဖန်ဆင်းထားသလားထင်မိလေသည် ။ တနေ့တွင်ရွာမှလူများဆရာတော်ကြီးအားလာဖူးရာဆေးဆရာတယောက်ပါလာလေသည်။
ဆေးဆရာသည်တောထဲမှဆေးပင်များရှာမည်ဆိုကာနေခဲ့လေသည် ။
ဘုန်းကြီးသည်ဆေးဆရာအားအိုက်စံနှင့်ထားခဲ့ကာ ”’ကဲဆေးဆရာ—–ကျုပ်လဲကျုပ်အလုပ်ကိုသွားလုပ်လိုက်အုံးမယ်—-
ဆေးပင်ရှာတာကရှာပေါ့ကွယ်ဘေးမရှာမိစေနဲ့ဒီတောထဲမှာကိုးတောင်ကျားတွေပေါသကွဲ့”’ ဘုန်းကြီးပြောသောစကားသည်တခုခုကိုသတိပေးနေသကဲ့သို့ဖြစ်နေသည်ဟုအိက်စံတွေးမိလေသည် ။ ဆေးဆရာရောက်ပြီးတောထဲကကျားဟိန်းသံများကိုတောတောင်အနှံပဲ့တင်ထပ်နေသလိုကြားနေရသည် ။
ဆေးဆရာရောက်ကထဲကဆရာတော်ကြီးတောထဲကြွသွားသည်မှာပြန်မလာသေးပေ။
ဆေးဆရာနှင့်အိုက်စံလဲတောထဲဝင်ကာလိူထဲဆင်းလိုက်တောင်ပေါ်တက်လိုက်ဖြင့်
ဆေးပင်များရှာနေပေမဲ့ထူးဆန်းနေသည်က
ဆေးဆရာသည်မောပန်းနေပေမဲ့အိုက်စံကမမောပါပင်လဲမပင်ပန်းပါပေါ့ပါးလန်းဆန်းနေလေသည် ။
အိုက်စံလဲကိုယ့်ကိုကိုယ်ပင်အံသြနေသည် ထမင်းစားချိန်တွင်လဲထမင်းတခါမှမစားသောအိုက်စံကိုဆေးဆရာလေ့လာနေရင်း
ထူးဆန်းသောအကြောင်းကိုသိချင်လာသည်။
် ဒီလိုနဲ့အိုက်စံအားလှည့်ပတ်မေးတာများတော့ရိုးသားသောအိုက်စံကတစွန်းတစပြောမိသည်တွင်
ဆေးဆရာကရိပ်မိသွားလေသည် ။ အိုက်စံအားလှည့်ပတ်စည်းရုံးကာအဟာရသိဒ္ဓိအပင်ကိုသွားရှာတော့မတွေ့တော့ပေ
ဒီမှာတင်ဆေးဆရာကအကောက်ကြံလေသည် ဆေးဆရာရွာပြန်ကာလူမိုက်များခေါ်၍အိုက်စံအားဆေးပင်သွားရှာရန်အကြောင်းပြကာ
တောထဲခေါ်သွားကာဖမ်း၍သစ်ပင်တွင်ကြိုးတုပ်ထားလေသည် ။
အိုက်စံလဲခလုပ်ထိမှအမိတဆိုသလိုဘုန်းကြီးသင်ပေးထားသောဘုရားစာများရွတ်ရင်း
ဘုန်းကြီးအားတလေသည် ။
အိုက်စံကိုချေ့ာ့တခါခြောက်တလှည့်ဖြင့်တမျိုးနှိပ်စက်၍တလီအန်ဆေးတိုက်ပေမဲ့အိုက်စံက
မသောက်ဒီတော့အတင်းချုပ်ကာအိုက်စံပါးစပ်ထဲအန်ဆေးများလောင်းထည့်လိုက်လေသည် ။ အိုက်စံလဲအန်ချင်သောပါးစပ်ကိုအတင်းပိတ်ထာကာသီးခံနေပေမဲ့မရပေ
ဒီအချိန်တွင်အနီးအနားမှကျားဟိန်းသံကျယ်လောင်စွာထွက်လာရာဆေးဆရာနှင့်လူမိုက်များလန့်သွားလေသည် ။
ခဏအတွင်းကျားတကောင်သည်ဆေးဆရာရှိရာခုန်ဝင်လာရာဆေးဆရာနှင့်လူမိုက်များဝရုန်းသုန်းကားဖြစ်သွားလေသည် ။ လူမိုက်များလဲပါလာသောအမဲပြစ်သေနပ်များဖြင့်ကျားအားဝိုင်းပြစ်ရာရှုတ်ထွေးပွေလီနေသော
ကျားအရိပ်များအားပြစ်မိကာကျားကိုမထိပဲကျားကိုက်၍သေလေသည်။
ထွက်ပြေးရန်ကြံနေသောဆေးဆရာအားနောက်ထပ်ကျားတကောင်ရောက်လာကာကိုက်သတ်လိုက်လေသည် ။ အိုက်စံလဲကျားများမိမိလာကိုက်မလားလို့ကြောက်လန့်နေပြီးဒီတခါတော့ကျားကိုက်၍သေပြီဟုတထစ်ချတွေးကာဇောချွေးပြန်နေလေသည် ။
ဒါပေမဲ့ကျားနှစ်ကောင်သည်ဆေးဆရာတို့အဖွဲ့သေသွားတာနဲ့နောက်ဂျွမ်းပြစ်ကာ
တောထဲဝင်ရောက်ပျောက်ကွယ်သွားလေသည် ။ ဒီအချိန်တွင်အိုက်စံတခါကတွေ့ခဲ့သောရှမ်းအဖိုးအိုသည်ရောက်လာကာ
အိုက်စံအားကြိုးများဖြေပေးလိုက်ကာအိုက်စံကိုဌက်ပျောရွက်တရွက်ပေးကာအန်စေသည် ။ အိုက်စံလဲဌက်ပျောရွက်ထဲသို့အန်လိုက်ရာစားထားသောအဟာရသိဒ္ဓိထမင်းများသည်ပုံစံမပျက်အနံမပျယ်ဒီအတိုင်းပြန်ထွက်လာလေသည် ။
အိုက်စံအံသြနေတုန်းရှမ်းအဖိုးအိုက ”’ကဲငါ့သားမင်းလဲအချိန်တန်ပြီလူ့ဘဝဟာရှုတ်ထွေးပွေလီလှသကွဲ့ ——–လောဘသားကောင်တွေနေတဲ့အရပ်မှာအချိန်မဖြုန်းနဲ့အခုမင်းအန်ထားတာတွေပြန်စား—–
ဒါဟာမင်းနဲ့ထိုက်လို့စားရတာပဲစားပြီးမင်းဆရာဘုန်းကြီးနဲ့အတူဟိမဝန္တာမှာတရားရှာဖို့လိုက်သွားလေတော့””’ အိုက်စံလဲအန်ထားသောထမင်းများကိုမရွံမရှာပြန်စားကာရှမ်းအဖိုးအိုအားကန်တော့လေသည် ။
”’သာဓုပါကွယ်မင်းဆရာဘုန်းကြီးလဲဒီတောတန်းအလွန်မှာမင်းကိုစောင့်နေသကွဲ့—–နောင်တချိန်မှာတရားထူးရနိုင်ပြီးလူသားများအကျိုးပြုနိုင်ပါစေကွယ်”” အိုက်စံလဲမျက်လုံးပိတ်ကာပေးတဲ့ဆုနဲ့ပြည့်ပါစေလို့ဆုတောင်းကာ
မျက်လုံးဖွင့်ကြည့်လိုက်တော့အဘိုးအိုကမရှိတော့ပါ အိုက်စံတယောက်ဆရာဘုန်းကြီးနှင့်ဟိမဝန္တာလိုက်သွားပြီးဘယ်တော့ပြန်လာမည်ဆိုတာဘယ်သူမှမသိနိုင်တော့ပါ ။ ပြီး D Moe Moe ွ
စာတအုပ်တွင်ဖတ်ခဲ့ရသောအဟာရသိဒ္ဓိပင်ကိုကိုးကားရေးသည်။
Zawgyi Version
“ေဆးဆရာႏွင့္ကိုးေထာင္က်ား”(စ/ဆံုး)
———————————————
ေတာင္ေတြရစ္ဝိုင္းေနတဲ႔လြမ္းေမာဖြယ္ေတာင္တန္းေတြရဲ႔အလယ္မွာ
ဘုန္းႀကီးအိုႀကီးတပါးဟာေဆြမ်ိဳးနီးစပ္ေတာ္ေသာမိဘမဲ႔ေက်ာင္သားကေလးတေယာက္ႏွင့္ေနေလသည္ ။ ဘုန္းႀကီးရဲ႔သစ္ခက္သစ္ရြက္ေတြနဲ႔ေဆာက္ထားတဲ႔တဲကေက်ာင္းေလးကိုလာရန္
ေရတခြန္စိမ့္စမ္းလဴိေျမာင္ခ်ိဳင့္ဝွမ္းေတြကိုျဖတ္သန္းျပီးမွလာလို့ရေပမည္ ။
ဘုန္းႀကီးအိုႀကီးသည္အခ်ိန္ျပည့္နီးပါေတာင္တန္းေတြေပၚႀကြသြားကေအးခ်မ္း ္ေသာေနရာတြင္တရားထိုင္ေနေလ့ရွိကာဘုန္းႀကီးေက်ာင္းသားအိုက္စံလဲဘုန္းႀကီးေနာက္လိုက္သြားကာ
ေဆးျမစ္ရွာသစ္သစ္သီးရွာေသာအလုပ္ကိုလုပ္ေလသည္ ။
တခါတခါေတာေကာင္းႀကီးမ်ားအသံႀကားရေပမဲ႔အိုက္စံတို့အတြက္ေတာ့ရုိးေနေလျပီ ။
တခါတုန္းကေတာထဲဘုန္းႀကီးေနာက္လိုက္ရင္းက်ားႀကီးတေကာင္သည္ေျခေထာက္ေျငာင့္စူးကာ
ဒဏ္ရာႀကီးသျဖင့္ေသြးမ်ားထြက္ကာလဲေနေလသည္။ ဘုန္းႀကီးလဲေမတၱာပို့ကာအိုက္စံကိုကူညီခိုင္းရာေႀကာက္ေႀကာက္နဲ႔စူးေနေသာေျငာင့္ကိုထုတ္ေပး၍
ဒဏ္ရာအားေဆးရြက္မ်ားအုပ္ေပးခဲ႔ေလသည္ ။
ဘုန္းႀကီးကအိုက္စံအား ”’ေလာကမွာလူထက္တရိဆၱန္ေတြကေက်းဇူးပိုသိတတ္သကြဲ႔”’ ‘
ထိုသို့အမိန္ရွိကာဆံုးမေလသည္။
ဘုန္းႀကီးေက်ာင္းသို့တခါတေလဘုန္းႀကီးကိုသိေသာရြာသားမ်ားေရာက္လာ၍လဴဖြယ္ပစၥည္းမ်ားလာလဴေလ့ရွိေလသည္ ။
တေန့တြင္ဘုန္းႀကီးသည္ေတာနက္ထဲႀကြရန္အိုက္စံကိုေခၚျပီးစားနပ္ရိခၡါမ်ားသယ္ေစ၍ခရီးထြက္ေလသည္။
ေတာနက္ထဲေရာက္ေတာ့ေက်ာက္ဂူတခုတြင္စခန္းခ်ကာေနေလသည္ ။
ဘုန္းႀကီးကအနီးနားကေရတံခြန္တခုနားကေက်ာက္ဖ်ာတခ်ပ္ေပၚတြင္တရားသြားထိုင္ေနသည္ ။
အိုက္စံလဲပါလာေသာရွမ္းဆန္အနည္းငယ္အားထမင္းခ်က္မည္ဟုႀကံကာ
သစ္ကိုင္းအတိုအစမ်ားလိုက္ေကာက္ေလသည္ ။
ဒီအခ်ိန္တြင္ဘယ္ကေရာက္လာမွန္းမသိေသာရွမ္းအဘိုအိုတဦးေရာက္လာကာအိုက္စံအား ”ေဟ့အေမာင္ေက်ာင္းသားဆရာေတာ္ႀကီးကိုဆြမ္းကပ္ဘို့ဆြမ္းခ်က္ရင္ဟိုနားကသစ္ပင္မွာသြားခ်က္ပါလား——-
အဲဒီသစ္ပင္ေအာက္မွာခ်က္အပင္ေပၚကအရြက္ေႀကြလာတဲ႔အခါအိုးထဲေရာက္လာလိမ့္မယ္——-မဖယ္နဲ႔ဒီအတိုင္းထားအလြန္ေမႊးတဲ႔နတ္သုဒၶါဆြမ္းရမကြဲ႔”” အိုက္စံလဲရွမ္းရုိးရာအဝတ္အစားမ်ားဝတ္ထားကာပလိုင္းတလံုးလြယ္ထားေသာ
အဘိုအိုစကားကိုတအံတႀသနားေထာင္ကာအဘိုးအိုျပေသာေတာင္ေစာင္းေဘးက
သစ္ပင္ကိုလွမ္းႀကည့္လိုက္မိသည္ ။
ထူးဆန္းတာဆိုလို့ဘာမွမေတြ႔သာမန္သစ္ပင္လို့ပဲထင္ကာအဘိုးအိုအားေမးရန္ႀကည့္လိုက္ရာ
ရွမ္းအဘိုအိုသည္မရွိေတာ့မ်က္စိတမွိတ္လ်ွပ္တပ်က္အတြင္းေပ်ာက္ခ်င္းမလွေပ်ာက္သြားေလသည္ ။ ဒီလိုေတာနက္ထဲဘယ္ကေရာက္လာပါလိမ့္လို့ေတြးကာလူစင္စစ္မွဟုတ္ပါရဲ႔လားထင္မိေလသည္ ။ ဒါေပမဲ႔သူေျပာတာကိုလက္ေတြ႔စမ္းႀကည့္မယ္စိတ္ကူးကာရွမ္းအဖိုးအိုျပေသာအပင္ေအာက္သို့သြားကာ
ထမင္းခ်က္ေလသည္ ။
ထမင္းခ်က္ေနရင္းအဖံုးအားဖြင့္ထားရာသစ္ပင္ေပၚကအရြက္သံုးေလးရြက္သည္ေႀကြႀကလာကာထမင္းအိုးထဲဝင္သြားေလသည္။ အရြက္မ်ားအိုးထဲေရာက္သြားသည္ႏွင့္တျပိုင္နက္ထမင္းအိုးတခုလံုး
မဲနက္ေနေသာအေရာင္ေျပာင္းသြားကာအလြန္တရာေမႊးပ်ံေသာရနံကိုရေလသည္ ။
အိုက္စံလဲအဆန္းတက်ယ္ရွိေသာအျဖစ္ကိုေတြ႔ရေတာ့ပါးစပ္ေဟာင္းေလာင္းျဖင့္အံႀသသြားေလသည္။
ဂူသို့ျပန္လာျပီးဘုန္းႀကီးအတြက္ဆြမ္းပြဲခူးကာက်န္ေသာထမင္းကိုစားႀကည့္တဲ႔အခါမွာေတာ့ အိုက္စံတသက္တာတြင္တခါမွမစားဘူးခဲ႔ေသာအလြန္ေကာင္းမြန္ေသာထူးကဲေသာအရသာရွိေသာ
ထမင္းကိုစားရေလသည္စားေကာင္းေကာင္းႏွင့္အမုန္းဆြဲလိုက္တာတအိုးလံုးေျပာင္၍သြားေလသည္ ။
ဘုန္းႀကီးဆြမ္းစားခ်ိန္ေရာက္၍ျပန္လာေတာ့ဆြမ္းကပ္ရင္းအိုက္စံကဘုန္းႀကီးအား
အက်ိဳးအေႀကာင္းေရွာက္ေလသည္ ဘုန္းႀကီးကဆြမ္းဘုန္းေပးျပီးအိုက္စံကိုထူးဆန္းေသာစကားကိုဆိုေလသည္ ”’အိုက္စံဒီဆြမ္းထမင္းဟာအဟာရသိဒၶိပင္ကရတဲ႔ဆြမ္းပဲကြဒီအပင္ကို ——-
ဝိဇၨာေဇာ္ဂ်ီတပသီေတြမွသိႏုိင္ျမင္ႏုိင္တာကြအခုလဲသူေတာ္ေကာင္းနတ္ေကာင္းနတ္ျမတ္ေတြမလို့စားရတာ
ဒါ့ေႀကာင့္သမုဒၶရာဝမ္းတထြာအတြက္ဘာမွပူစရာမလိုေတာ့ဘူး——-
ငါလဲအသက္ႀကီးျပီမင္းကိုပညာအေမြေပးရေတာ့မယ္ ””
‘ ””’ဒီအဟာရထမင္းအေႀကာင္းဘယ္သူ့ကိုမွမေျပာမိေစနဲ႔ေမေတာ္ေလာဘသမားေတြနဲ႔ေတြ႔ရင္
ဒုခၡေရာက္မကြဲ႔သတိရွိပါေစ””’ ထူးဆန္းေပစြဒီအာဟာရသိဒၶိထမင္းစားျပီးကထဲကဘာမွမဆာေတာ့စားခ်င္စိတ္လဲမရွိေတာ့
အစားမစားေတာ့ဝမ္းလဲမသြားေတာ့အစားအေသာက္အတြက္ဘာမွရွာစရာမလိုေတာ့ေပ ။
ေလာကမွာထူးဆန္းတာေတြဟာမကုန္ႏိုင္မခန္းႏုိင္ရွိေနကာသဘာဝေတာေတာင္ေတြထဲတြင္
တန္ဖိုးမျဖတ္နုိင္ေသာသစ္ပင္မ်ားႏွင့္တကြအလြန္ရွားပါးေသာႏြယျ္မက္သစ္ပင္ေဆးဖက္ဝင္ေသာ
ရတနာမ်ားရွိေနသည္မွာနတ္သႀကားမ်ားဖန္ဆင္းထားသလားထင္မိေလသည္ ။ တေန့တြင္ရြာမွလူမ်ားဆရာေတာ္ႀကီးအားလာဖူးရာေဆးဆရာတေယာက္ပါလာေလသည္။
ေဆးဆရာသည္ေတာထဲမွေဆးပင္မ်ားရွာမည္ဆိုကာေနခဲ႔ေလသည္ ။
ဘုန္းႀကီးသည္ေဆးဆရာအားအိုက္စံနွင့္ထားခဲ႔ကာ ”’ကဲေဆးဆရာ—–က်ဳပ္လဲက်ဳပ္အလုပ္ကိုသြားလုပ္လိုက္အံုးမယ္—-
ေဆးပင္ရွာတာကရွာေပါ့ကြယ္ေဘးမရွာမိေစနဲ႔ဒီေတာထဲမွာကိုးေတာင္က်ားေတြေပါသကြဲ႔”’ ဘုန္းႀကီးေျပာေသာစကားသည္တခုခုကိုသတိေပးေနသကဲ႔သို့ျဖစ္ေနသည္ဟုအိက္စံေတြးမိေလသည္ ။ ေဆးဆရာေရာက္ျပီးေတာထဲကက်ားဟိန္းသံမ်ားကိုေတာေတာင္အႏွံပဲ႔တင္ထပ္ေနသလိုႀကားေနရသည္ ။
ေဆးဆရာေရာက္ကထဲကဆရာေတာ္ႀကီးေတာထဲႀကြသြားသည္မွာျပန္မလာေသးေပ။
ေဆးဆရာႏွင့္အိုက္စံလဲေတာထဲဝင္ကာလိဴထဲဆင္းလိုက္ေတာင္ေပၚတက္လိုက္ျဖင့္
ေဆးပင္မ်ားရွာေနေပမဲ႔ထူးဆန္းေနသည္က
ေဆးဆရာသည္ေမာပန္းေနေပမဲ႔အိုက္စံကမေမာပါပင္လဲမပင္ပန္းပါေပါ့ပါးလန္းဆန္းေနေလသည္ ။
အိုက္စံလဲကိုယ့္ကိုကိုယ္ပင္အံႀသေနသည္ ထမင္းစားခ်ိန္တြင္လဲထမင္းတခါမွမစားေသာအိုက္စံကိုေဆးဆရာေလ့လာေနရင္း
ထူးဆန္းေသာအေႀကာင္းကိုသိခ်င္လာသည္။
္ ဒီလိုနဲ႔အိုက္စံအားလွည့္ပတ္ေမးတာမ်ားေတာ့ရုိးသားေသာအိုက္စံကတစြန္းတစေျပာမိသည္တြင္
ေဆးဆရာကရိပ္မိသြားေလသည္ ။ အိုက္စံအားလွည့္ပတ္စည္းရုံးကာအဟာရသိဒၶိအပင္ကိုသြားရွာေတာ့မေတြ႔ေတာ့ေပ
ဒီမွာတင္ေဆးဆရာကအေကာက္ႀကံေလသည္ ေဆးဆရာရြာျပန္ကာလူမိုက္မ်ားေခၚ၍အိုက္စံအားေဆးပင္သြားရွာရန္အေႀကာင္းျပကာ
ေတာထဲေခၚသြားကာဖမ္း၍သစ္ပင္တြင္ႀကိုးတုပ္ထားေလသည္ ။
အိုက္စံလဲခလုပ္ထိမွအမိတဆိုသလိုဘုန္းႀကီးသင္ေပးထားေသာဘုရားစာမ်ားရြတ္ရင္း
ဘုန္းႀကီးအားတေလသည္္ ။
အိုက္စံကိုေခ့်ာ့တခါေျခာက္တလွည့္ျဖင့္တမ်ိဳးႏွိပ္စက္၍တလီအန္ေဆးတိုက္ေပမဲ႔အိုက္စံက
မေသာက္ဒီေတာ့အတင္းခ်ဳပ္ကာအိုက္စံပါးစပ္ထဲအန္ေဆးမ်ားေလာင္းထည့္လိုက္ေလသည္ ။ အိုက္စံလဲအန္ခ်င္ေသာပါးစပ္ကုိအတင္းပိတ္ထာကာသီးခံေနေပမဲ႔မရေပ
ဒီအခ်ိန္တြင္အနီးအနားမွက်ားဟိန္းသံက်ယ္ေလာင္စြာထြက္လာရာေဆးဆရာႏွင့္လူမိုက္မ်ားလန့္သြားေလသည္ ။
ခဏအတြင္းက်ားတေကာင္သည္ေဆးဆရာရွိရာခုန္ဝင္လာရာေဆးဆရာႏွင့္လူမိုက္မ်ားဝရုန္းသုန္းကားျဖစ္သြားေလသည္ ။ လူမိုက္မ်ားလဲပါလာေသာအမဲျပစ္ေသနပ္မ်ားျဖင့္က်ားအားဝိုင္းျပစ္ရာရႈတ္ေထြးေပြလီေနေသာ
က်ားအရိပ္မ်ားအားျပစ္မိကာက်ားကိုမထိပဲက်ားကိုက္၍ေသေလသည္။
ထြက္ေျပးရန္ႀကံေနေသာေဆးဆရာအားေနာက္ထပ္က်ားတေကာင္ေရာက္လာကာကိုက္သတ္လိုက္ေလသည္ ။ အိုက္စံလဲက်ားမ်ားမိမိလာကိုက္မလားလို့ေႀကာက္လန့္ေနျပီးဒီတခါေတာ့က်ားကိုက္၍ေသျပီဟုတထစ္ခ်ေတြးကာေဇာေခ်ြးျပန္ေနေလသည္ ။
ဒါေပမဲ႔က်ားႏွစ္ေကာင္သည္ေဆးဆရာတို့အဖြဲ႔ေသသြားတာနဲ႔ေနာက္ဂ်ြမ္းျပစ္ကာ
ေတာထဲဝင္ေရာက္ေပ်ာက္ကြယ္သြားေလသည္ ။ ဒီအခ်ိန္တြင္အိုက္စံတခါကေတြ႔ခဲ႔ေသာရွမ္းအဖိုးအိုသည္ေရာက္လာကာ
အိုက္စံအားႀကိဳးမ်ားေျဖေပးလိုက္ကာအိုက္စံကိုဌက္ေပ်ာရြက္တရြက္ေပးကာအန္ေစသည္ ။ အိုက္စံလဲဌက္ေပ်ာရြက္ထဲသို့အန္လိုက္ရာစားထားေသာအဟာရသိဒၶိထမင္းမ်ားသည္ပံုစံမပ်က္အနံမပ်ယ္ဒီအတိုင္းျပန္ထြက္လာေလသည္ ။
အိုက္စံအံႀသေနတုန္းရွမ္းအဖိုးအိုက ”’ကဲငါ့သားမင္းလဲအခ်ိန္တန္ျပီလူ့ဘဝဟာရႈတ္ေထြးေပြလီလွသကြဲ႔ ——–ေလာဘသားေကာင္ေတြေနတဲ႔အရပ္မွာအခ်ိန္မျဖုန္းနဲ႔အခုမင္းအန္ထားတာေတြျပန္စား—–
ဒါဟာမင္းနဲ႔ထိုက္လို့စားရတာပဲစားျပီးမင္းဆရာဘုန္းႀကီးနဲ႔အတူဟိမဝႏၱာမွာတရားရွာဖို့လိုက္သြားေလေတာ့””’ အိုက္စံလဲအန္ထားေသာထမင္းမ်ားကိုမရြံမရွာျပန္စားကာရွမ္းအဖိုးအိုအားကန္ေတာ့ေလသည္ ။
”’သာဓုပါကြယ္မင္းဆရာဘုန္းႀကီးလဲဒီေတာတန္းအလြန္မွာမင္းကိုေစာင့္ေနသကြဲ႔—–ေနာင္တခ်ိန္မွာတရားထူးရနုိင္ျပီးလူသားမ်ားအက်ိဳးျပုႏုိင္ပါေစကြယ္”” အိုက္စံလဲမ်က္လံုးပိတ္ကာေပးတဲ႔ဆုနဲ႔ျပည့္ပါေစလို့ဆုေတာင္းကာ
မ်က္လံုးဖြင့္ႀကည့္လိုက္ေတာ့အဘိုးအိုကမရွိေတာ့ပါ အိုက္စံတေယာက္ဆရာဘုန္းႀကီးႏွင့္ဟိမဝႏၱာလိုက္သြားျပီးဘယ္ေတာ့ျပန္လာမည္ဆိုတာဘယ္သူမွမသိႏုိင္ေတာ့ပါ ။ ျပီး D Moe Moe ြ
စာတအုပ္တြင္ဖတ္ခဲ႔ရေသာအဟာရသိဒၶိပင္ကိုကိုးကားေရးသည္္။