Unicode Version
ဆံပင်ရှည်သရဲမ(စ/ဆုံး)
—————————-
ကျွန်တော် ဆယ်တန်းအောင်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးပါဗျာ …
တနေ့ကမှစဉ်းစားမိလို့ပြန်တင်လိုက်တာပါ…
အဖြစ်ကဒီလိုဗျ…..
ကျွန်တော်ဆယ်တန်းအောင်တော့ ဖုန်းပြင်သင်တန်းတက်ချင်တာနဲ့ ရန်ကုန်က အသိအိမ်မှာနေပြီး တက်တာပေါ့ဗျာ။ ပုံမှန်နေ့တွေကတော့ဘာမှမဖြစ်ပါဘူး။ တနေ့ကျတော့ အပြန် အန်တီ့မိတ်ဆွေတွေဆီကနေအကြွေးယူရင်းကြာသွားတယ်ဗျ။အပြန်ကျတော့ ည၈နာရီထိုးခါနီးပြီ ဆိုတော့ မှောင်ပြီပေါ့ဗျာ။ မရမ်းကုန်း မြို့နယ် ကြိုးဖြူရေပိုက်လိုင်းနားဗျ ။ ရထားလမ်းနဲ့လည်းနီးတယ်။ လူနေအိမ်လည်းကျဲတယ်ဗျ။ ပထမ ဖြတ်သွားတော့ စိတ်ထဲ ရှိန်းခနဲပူသွားတယ် ။ ကြက်သီးတွေလည်းထလာတယ်ဗျ။ ဘုရားစာတွေရွတ်တာလည်း အယောင်ယောင်အမှားမှား။ အဲတာပြောတာနေမှာ ခလုတ်ထိအမိတ သရဲတွေ့မှဘုရားတတဲ့။ မတွေ့သေးဘူး ဘုရားကတနေရပြီ။
ဒီလိုနဲ့ ကုက္ကိုပင်လားမသိဘူးဗျ ရောက်သွားတော့အစကတော့ဝိုးတိုးဝါးတား ပုံရိပ်လို့ထင်တာပဲဗျ။ သေချာကြည့်မှ မိန်းကလေးတစ်ယောက်မှန်း သိတာ။ အသက်က ၂၀ကျော်လောက်ပေါ့ဗျာ။ အသားအရောင်ကလည်းခပ်လက်လက် ဆံပင်ကလည်းသန်သဗျ။ မြန်မာရင်ဖုံးလေးဝတ်ပြီး ထိုင်နေတာဗျ။ ဒါဆိုရင် ညည့်ငှက်မဟုတ်တာတော့သေချာပြီဗျ။ ဒါနဲ့ကျွန်တော်လည်းအကျိုးအကြောင်းကိုသွားမေးတာပေါ့ဗျ။
“ဒီမှာ အမ ဘာစောင့်နေတာလဲ၊ ”
သူကဝမ်းနည်းတဲ့ပုံစံနဲ့ ငိုပြီးပြောတယ်ဗျ.
“အော် မောင်လေး အမကို ချစ်သူက ခိုးပြေးမယ်ပြောပြီး လာမခေါ်တာ တစ်လရှိပြီ ”
“အော် အမရယ် ဆက်စောင့်မနေနဲ့တော့လေ သူဘက်က ကတိဖျက်ခဲ့တာပဲ အဲလောက်ကြီးထိ ဆက်စောင့်မနေပါနဲ့တော့ဗျာ”
“မောင်လေးရယ် အမက သူ့ကိုခုချိန်ထိယုံနေတုန်းပဲလေ.အာ့ကြောင့်လဲ ခုချိန်ထိစောင့်နေတာပေါ့ နောက်ပြီး အမ ခုဘယ်ကိုသွားရမှန်းမသိတော့ဘူး အဟင်းဟင့်ဟင့်”
“အာ မငိုပါနဲ့ဗျာ လူတွေကြားရင်တမျိုးထင်ကုန်လိမ့်မယ်၊ ဒီလိုလုပ်ဗျာ
မောင်လေးအမကိုအိမ်ပြန်လိုက်ပို့မယ်လေ ”
“မောင်လေးကကော အိမ်မပြန်ဘူးလား?”
“ရပါတယ်ဗျာ ကျွန်တော်ကယောကျ်ားလေး အမကမိန်းကလေးဆိုတော့ စိတ်မချဘူးလေ အာ့ကြောင့်လိုက်ပို့မယ်”
“အော် မောင်လေး အမကိုအိမ်ပြန်မပို့ဘဲ မောင်လေးတခါတည်းခေါ်ထားလိုက်ပါလားဟင်”
ကျွန်တော်နည်းနည်း စိတ်တိုသွားတယ်ဗျ။
“ဒီမှာအမ ပေးတဲ့အကူအညီကိုမယူချင်နေပါ စေတနာကိုတော့မစော်ကားပါနဲ့ဗျ၊ ကျွန်တော်အမကိုစမြင်ကတည်းက ခုချိန်ထိ တဏှာစိတ်နဲ့ ကူညီတာမဟုတ်ဘူး မြန်မာလူမျိုးပီပီ လမ်းမှာမိန်းကလေးတစ်ယောက်တည်းမို့လို့ မသင့်တော်လို့လိုက်ပို့ပေးမယ်ပြောတာ…တောက်”
ရော်… ကျွန်တော်ကသာစိတ်ဆိုးနေတာ သူကတော့ပြုံးပြုံးကြီး စိတ်ထဲမှာတော့ ဘယ်လိုကြီးလဲဟပေါ့
သူကပြောတယ်ဗျ….
” မောင်လေးရဲ့စိတ်ဓာတ်ကိုတော့အမလေးစားသွားပြီ၊
တဖက်သားကိုကူညီတဲ့စိတ်ရှိတာရယ် ၊ မဟုတ်ရင်မခံတဲ့စိတ်လေးရှိတာရယ် တကယ်ကိုရှာမှရှားယောကျ်ားတစ်ယောက်ပဲ အမအတွက်သာ ကံကြမ္မာကမျက်နှာသာပေးရင် မောင်လေးလိုလူမျိုးနဲ့သာထပ်တွေ့ချင်ပါတယ်”
” ဗျာ… အမဘာတွေပြောနေတာလဲဗျ၊ ကျွန်တော်နားမလည်ဘူး”
“ခုချိန်တော့ဘာမှနားလည်မှာမဟုတ်သေးဘူး ၊မနက်ဖြန်ကျဒီနားကလူတွေကိုမေးကြည့်ပါ နားလည်လာပါလိမ့်မယ် ခုတော့မောင်လေးလဲအိမ်ပြန်တော့ အမလည်းပြန်ရတော့မယ်၊”
လိုက်ပို့မယ်ပြောမလို့ပါးစပ်ဟတုန်းရှိသေးတယ်
“လိုက်ပို့စရာမလိုတော့ပါဘူးမောင်လေး အမကဒီနားမှာပဲနေတာပါမောင်လေးသွားတော့”
ဘယ်လိုကြီးပါလိမ့် ကျွန်တော်တောင်မပြောရသေးဘူးသူကသိနေတယ် သူ့ကြည့်လိုက်တော့ ကြက်သီးတွေထလာတာနဲ့ “အာ့ဆိုပြီးရောဗျာ “ဆိုပြီး လှည့်ထွက်ခဲ့တယ် စိတ်ထဲမှာတော့သူဘယ်တော့ငါ့လှမ်းခေါ်ပြီး အကူအညီတောင်းမလဲပေါ့ လမ်းလျှောက်ရင်းလှည့်ကြည့်လိုက်တော့ အားပါးပါး သစ်ပင်ထဲကိုဝင်သွားတာ ကိုယ်တစ်ဝက်ပဲကျန်တော့တယ်ဗျ။ ဘာပြောကောင်းမလဲဗျာ။ ကျွန်တော့်ရဲ့စူပါ ပါဝါကိုထုတ်သုံးရပြီလေ…🏃🏃🏃ပြေးပြီဗျို့🏃🏃🏃ပြေးတာမြန်မမြန်တော့မသိဘူး အရင် အိမ်ကို နာရီဝက်လမ်းလျှောက်ပြန်မှရောက်တာခုတော့ ၅မိနစ်နဲ့ရောက်သွားရော လမ်းမှာတွေ့တဲ့တက္ကစီတွေတောင်မျက်လုံးပြုးကြီးတွေနဲ့ကြည့်လို့ဗျ။
အိမ်ရောက်တော့ ရေသောက် ဘုရားရှိခိုးပြီးအိပ်လိုက်တာပဲ။နောက်နေ့မနက်ရောက်တော့ညကအကြောင်းပြန်တွေးမိပြီး သင်တန်းပိတ်ရက်လည်းဖြစ်တော့ သွားစုံစမ်းမယ်ဆိုပြီး အိမ်ကထွက်လာခဲ့လိုက်တယ်။
အဲရပ်ကွက်ထဲပြန်သွားရမှာ နည်းနည်းတော့ခပ်လန့်လန့်ရယ် ဘာလို့လဲဆိုမနေ့ကမှသရဲမကိုစိတ်တိုပြီးငေါက်ခဲ့တာလေ။ ဘာပဲဖြစ်ဖြစ် ယောကျာ်းဘသားဟူသော ဆောင်ပုဒ်ကိုအားကိုးကာ ထွက်လာခဲ့ခြင်ဖြစ်သည်။ ပေါ့သေးသေးတော့မမှတ်နဲ့ဗျ လက်နှစ်ဘက်မှာကပတီးနှစ်ကုံး လည်ပင်းမှာကပုတီးနှစ်ကုံး အင်အားတောင့်တင်းတယ် နောက်ထပ်လိုရမယ်ရဆိုပြီး အော်စကာဖိနပ်တောင်ဝတ်လာသေးသဗျာ။ သွားရင်းနဲ့ သစ်ပင်နားဝေ့ကြည့်တော့ ဘာအိမ်မှမရှိဘူးဗျ။ အဲခပ်လှမ်းလှမ်းမှာတော့ အိမ်စုတ် တဲသာသာလောက်အိမ်တစ်လုံးတွေ့တာနဲ့လှမ်းသွားလိုက်တယ်ဗျ။ ကွြပ်ပစ်ပေါ်မှာ အဘိုးအရွယ်လူတစ်ယောက်ထိုင်နေတယ်ဗျ။
“လာမောင်ရင်ထိုင်ကွယ့် ….ဒါနဲ့ဒီကမောင်ရင်ကဒီကိုဘာကိစ္စများရှိသတုန်းကွဲ့”
” အော် ဒီလိုပါအဘ ဟို… ကုက္ကိုပင် အောက်ကဆံပင်ရှည်နဲ့မိန်းကလေး..အဲ.. သရဲမ ဟာ ဘယ်လိုပြောရမလဲ သူ..သူဗျာ ”
“ဟိုးထား အဘသိပြီ ဟင် မင်းသူမနဲ့တွေ့ခဲ့ရတာကိုး မင်းအသက်မသေတာကံကောင်းတယ်မှတ်ရော”
“ဗျာ ဘယ်လိုလဲအဘရဲ့ ကျွန်တော့်ကိုရှင်းပြပါအုံး”
“အေး ရှင်းပြရမပေါ့ ထန်းလျက်လည်းစား ရေနွေးလည်းသောက်အုံး… တကယ်တော့ ဒီလိုကွ….
ဒီလိုကွ အဲကလေးမနာမည်က မေသူဇင် တဲ့။ ကုမ္ပဏီ တစ်ခုမှာအလုပ်ဝင်လုပ်တယ်။ အလယ်အလတ် လူတန်းစားပါပဲ။ အဘနဲ့ဆိုသိပ်ခင်တာ။ လွန်ခဲ့သောနှစ်လလောက်ကပေါ့ဒီအဖြစ်ဆိုးကြီးစဖြစ်တာ။ ကလေးမမှာ သူသိပ်ချစ်ရှာတဲ့ သူဋေးသားလို့ပြောရမှာပေါ့ကွာ သူတစ်ယောက်ရှိတယ်ကွ။ ဟိုကအကြံသမား သူ့များသားသမီးကို ဖျက်ဆီး ပြီးမှလာခိုးပါ့မယ်ဆိုပြီး ကတိဖျက်ခဲ့တာလေ။ ကောင်မလေးက အဲနေ့မှာ ကုက္ကိုပင်အောက်မှာ ည၈ထိုးအထိတစ်ယောက်တည်း နောက် အဲအချိန်က အရက်သမားတွေကလည်းမူးရူးပြီး သူ့ကို….”
အဘဆက်မပြောနိုင်တော့ မျက်ရည်များစီးကျလာတယ်။ကျွန်တော်လည်းကြားပြီးမှတော်ဝမ်းနည်းမိတာဗျာ ကိုက်ထားတဲ့ထန်းလျက် မြိုချရမှာတောင်မေ့နေတယ်ဗျ။
” ဒီလို သူ့ကိုဝိုင်းပြီးအဓမပြုကျင့်တယ်ထင်ရဲ့ကွာ ကောင်မလေးကအော်တော့အနီးဝန်းကျင်ကလူတွေ တုတ်တွေဆွဲပြီး ပြေးလာကြတယ်။ အဲတော့မှ အရက်သမားတွေလည်းခွေးပြေးပြေးရတော့တာပဲ။ ကောင်မလေးမှာလည်းတစ်ရှက်ကနှစ်ရှက်ဖြသ်တယ်ဆိုပြီး ရထားလမ်းမှာပဲကိုယ့်ကိုယ်သတ်သေသွားရှာတယ်။အဘအချိန်မီတားဖို့ကြိုးစားပါသေးတယ်ကွာဒါပေမယ့်အချိန်မမီလိုက်တော့ဘူး။ အဘရှေ့မှာတင်ဖြစ်သွားတာ။
အဲနေ့ကစပြီးခုချိန်ထိ သူဟာမကျွတ်မလွတ်ပဲ လူတွေကိုအထူးသဖြင့်ယောကျ်ားတွေကို လိုက်နှောက်ယှက်တော့တာပါပဲ။ အမူးသမားတွေဆိုတစ်ယောက်မှဖြတ်မလျှောက်ရဲဘူး လပြည့်လကွယ်ဆိုတအားခြောက်တာ အဲ ကုက္ကိုပင်အောက်မှာသွားပြီးစော်ကားလို့သေတာ
ခုချိန်ထိဆိုနှစ်ယောက်ရှိပြီ။ သေတဲ့သူနှစ်ယောက်လုံးကလည်းလည်ပင်းမှာ အနီရောင်အရာကျန်ပြီး ဆံပင်တစ်ချောင်းကအမြဲရစ်ထားတယ်ကွာ..(အဘပြောတုန်းကွကိုယ်လည်ပင်းပြန်စမ်းမိတယ်ဗျ မနေ့ကသာအဲလိုလုပ်သွားရင် ဒီနေ့ဆို ပရဟိတကားလားဦးကျော်သူများလား မသဲကွဲဘူး-စာရေးသူ)
ဒါနဲ့မင်းကတော်တော်ကံကောင်းတာပဲ ဘယ်လိုတွေ့ခဲ့လဲ ငါ့ပြောပါအုံး
“ဒီလိုဗျ..” အားလုံးရှင်းပြလိုက်တော့…
အော် ဒါကြောင့်ကိုး မင်းသိပ်တော်တယ်လူကလေး မင်းဗေဒင်ဆရာတွေဆီသွားစရာမလိုဘူး ငါဟောလိုက်မယ် မင်းအဲစိတ်ဓာတ်ကိုနေ့တိုင်းထား တနေ့မင်းချမ်းသာလာလိမ့်မယ်ကွ…
“ဟုတ်ကဲ့ ကျွန်တော်ကြိုးစားပါ့မယ်” ကျွန်တော့်အသံကတော့တိမ်ဝင်နေတယ်ဗျ။
“အဘတို့က သူမကျွတ့်သေးကြောင်း သူ့မိဘတွေဆီသွားမပြောဘူးလားဗျ”
“ပြောပါတယ်ကွာသူ့မိဘတွေကလည်းလာလုပ်သွားပါတယ် ဒါပေမယ် မေသူဇင် လေးက မငြိုးကြီးတော့ မကျွတ်ရှာဘုးကွယ်”
“ဒီလိုရအောင်အဘ မမေသူဇင်နေတဲ့နေရာကိုကျွန်တော့်ကိုပြောပြ ကျွန်တော်သွားပြီးသူ့မိဘတွေကိုပြောကြည့်မယ်ဗျာ ရတော့မေသူဇင်အတွက်ကောင်းတာပေါ့ မရတော့လည်းကျွန်တော်အချုပ်ထဲရောက်ရုံထက်မပိုပါဘူး
ဟားဟား ငါ့ကောင်လေးက ဟာသလဲပြောတက်သားပဲကွဟေ
ကဲလိုက်မှတ်ကွာ…
အိမ်အမှတ်- ()
လမ်း၊ မရမ်းကုန်း ၂ဈေးအနောက်ဘက်
ဟုတ်သွားကြည့်လိုက်ပါ့မယ်…
(⊙.⊙(☉_☉)⊙.⊙)(⊙.⊙(☉_☉)⊙.☜(ˆ▽ˆ)
အဘပြောတဲ့အတိုင်းသွားကြည့်တော့တွေ့တယ်ဗျ သူ့မိဘနှစ်ယောက်လုံး ကျွန်တော်လည်းဖြစ်ကြောင်းကုန်စင်ရှင်းပြရင်း မမေသူဇင်အတွက်ကြိုးစားကြည့်ချင်ကြောင်းပြောပြီး လာမယ့်လကွယ်နေ့မှာ အမျှဝေဖို့ဆုံးဖြတ်လိုက်တယ်ဗျ။
လကွယ်နေ့ရောက်တော့ကျွန်တော်ရယ် ဘုန်းကြီးသုံးပါးရယ် သူ့မိဘဆွေမျိုးတွေရယ်အနီးအနားကအဘိုးအဘွားတွေရယ် သံရဏဂုံတည်ပြီးအမျှဝေတဲ့အခါမှာကျွန်တော်ကဖြည့်စွက်ပြီး ရေအိုးကိုကိုင် မရဲတရဲနဲ့ ကုက္ကိုပင် ခြေရင်းသွားပြီး
“အမမေသူဇင် ကျွန်တော်နဲ့သိတာရက်ပိုင်းမျှသာဖြစ်ပါတယ် ခုပြုလုပ်တဲ့ကုသိုလ်အနုမောဒါနဟာ အမအတွက် လုပ်တာပါ လောကမှာလက်စားချေလိုက်ရင်အမှားတစ်ခုကိုထပ်ကျူးလွန်သလိုဖြစ်သွားလိမ့်မယ်အမ ကံတရားရဲ့စီမံမှုအောက်မှာ ကျွန်တော်တို့နေရတာပါ။ တခါတလေ ကံဆိုတဲ့အရာကိုအပြစ်ပုံချချင်ပေမယ့် အဲကံဆိုတာကြီးကို မျက်စိနဲ့မမြင်နိူင်ဘူးလေ
အဲတော့ ဖြစ်သမျှအကောင်းပဲမှတ်ယူပြီး ဘဝအသစ်ကိုကူးပြောင်းသွားပါတော့ ကံစီမံရာအတိုင်းသာလိုက်လျောလိုက်ပါအမ …..”
……
…..
ယခုပြုသမျှကုသိုလ်အားလုံးကို အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် သာဓု သာဓု သာဓု…
ယခုပြုလုပ်သောကုသိုလ်ကောင်းမှုအစုစုတို့ကို မမေဇင်သူနဲ့တကွ အနီးအနားမှ ပရလောကသားများအားလုံးအမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် သာဓု သာဓု သာဓု…
အားလုံး အားလုံး အားလုံး ကြားကြားသမျှ ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် သာဓု သာဓု သာဓု….
ကုသိုလ်ပြုလုပ်ပြီး နောက်နေ့ညမှာပဲ ကျွန်တော့်ကိုအိပ်မက်လာပေးတယ်ဗျ။
“မောင်လေးရေ မောင်လေးရဲ့စေတနာတွေကြောင့်ခုအမဟာ ဒီထက်ကောင်းတဲ့ဘုံဘဝကိုရောက်သွားပြီ ကံမကုန်ရင်ပြန်ဆုံဦးမှာပါ မောင်လေးရဲ့ကျေးဇူးကို မမပြန်ဆပ်နိူင်အောင်ကြိုးစားပါ့မယ့်။”
” ဝုန်း”
(လန့်မသွားပါနဲ့ ကုတင်ပေါ်ကပြုတ်ကျတာပါ-စာရေးသူ)
သူဆပ်တာမဆပ်တာ အပထား သူခုလို လွတ်မြောက်သွားပြီဆိုကတည်းက ကျွန်တော်ဝမ်းသာမဆုံးပါဘူးဗျာ
ကဲ စာလေးလည်းရှည်သွားပြီ…၁၂လည်းထိုးပြီ အိပ်ကျတော့လေဗျာ…
ကြိုးစားပါအုံးမည် ပရိတ်သတ်၏ချစ်ခင်မှုကိုအစဉ်အလေးထားလျက်…:
မိုးမခ တောင်တွင်း
Zawgyi Version
ဆံပင္႐ွည္သရဲမ(စ/ဆံုး)
—————————-
ကြၽန္ေတာ္ ဆယ္တန္းေအာင္တုန္းက ၾကံဳေတြ႔ခဲ့ရတဲ့ အျဖစ္အပ်က္ေလးပါဗ်ာ …
တေန႔ကမွစဥ္းစားမိလုိ႔ျပန္တင္လိုက္တာပါ…
အျဖစ္ကဒီလိုဗ်…..
ကြၽန္ေတာ္ဆယ္တန္းေအာင္ေတာ့ ဖုန္းျပင္သင္တန္းတက္ခ်င္တာနဲ႔ ရန္ကုန္က အသိအိမ္မွာေနၿပီး တက္တာေပါ့ဗ်ာ။ ပံုမွန္ေန႔ေတြကေတာ့ဘာမွမျဖစ္ပါဘူး။ တေန႔က်ေတာ့ အျပန္ အန္တီ့မ္ိတ္ေဆြေတြဆီကေနအေႂကြးယူရင္းၾကာသြားတယ္ဗ်။အျပန္က်ေတာ့ ည၈နာရီထိုးခါနီးၿပီ ဆိုေတာ့ ေမွာင္ၿပီေပါ့ဗ်ာ။ မရမ္းကုန္း ၿမိဳ႕နယ္ ႀကိဳးျဖဴေရပိုက္လိုင္းနားဗ် ။ ရထားလမ္းနဲ႔လည္းနီးတယ္။ လူေနအိမ္လည္းက်ဲတယ္ဗ်။ ပထမ ျဖတ္သြားေတာ့ စိတ္ထဲ ႐ွိန္းခနဲပူသြားတယ္ ။ ၾကက္သီးေတြလည္းထလာတယ္ဗ်။ ဘုရားစာေတြရြတ္တာလည္း အေယာင္ေယာင္အမွားမွား။ အဲတာေျပာတာေနမွာ ခလုတ္ထိအမိတ သရဲေတြ႔မွဘုရားတတဲ့။ မေတြ႔ေသးဘူး ဘုရားကတေနရၿပီ။
ဒီလိုနဲ႔ ကုကၠိဳပင္လားမသိဘူးဗ် ေရာက္သြားေတာ့အစကေတာ့ဝိုးတိုးဝါးတား ပံုရိပ္လို႔ထင္တာပဲဗ်။ ေသခ်ာၾကည့္မွ မိန္းကေလးတစ္ေယာက္မွန္း သိတာ။ အသက္က ၂၀ေက်ာ္ေလာက္ေပါ့ဗ်ာ။ အသားအေရာင္ကလည္းခပ္လက္လက္ ဆံပင္ကလည္းသန္သဗ်။ ျမန္မာရင္ဖံုးေလးဝတ္ၿပီး ထိုင္ေနတာဗ်။ ဒါဆိုရင္ ညည့္ငွက္မဟုတ္တာေတာ့ေသခ်ာၿပီဗ်။ ဒါနဲ့ကြၽန္ေတာ္လည္းအက်ိဳးအေၾကာင္းကိုသြားေမးတာေပါ့ဗ်။
“ဒီမွာ အမ ဘာေစာင့္ေနတာလဲ၊ ”
သူကဝမ္းနည္းတဲ့ပံုစံနဲ႔ ငိုၿပီးေျပာတယ္ဗ်.
“ေအာ္ ေမာင္ေလး အမကို ခ်စ္သူက ခိုးေျပးမယ္ေျပာၿပီး လာမေခၚတာ တစ္လ႐ွိၿပီ ”
“ေအာ္ အမရယ္ ဆက္ေစာင့္မေနနဲ႔ေတာ့ေလ သူဘက္က ကတိဖ်က္ခဲ့တာပဲ အဲေလာက္ႀကီးထိ ဆက္ေစာင့္မေနပါနဲ႔ေတာ့ဗ်ာ”
“ေမာင္ေလးရယ္ အမက သူ႔ကုိခုခ်ိန္ထိယံုေနတုန္းပဲေလ.အာ့ေၾကာင့္လဲ ခုခ်ိန္ထိေစာင့္ေနတာေပါ့ ေနာက္ၿပီး အမ ခုဘယ္ကိုသြားရမွန္းမသိေတာ့ဘူး အဟင္းဟင့္ဟင့္”
“အာ မငိုပါနဲ႔ဗ်ာ လူေတြၾကားရင္တမ်ိဳးထင္ကုန္လိမ့္မယ္၊ ဒီလုိလုပ္ဗ်ာ
ေမာင္ေလးအမကိုအိမ္ျပန္လိုက္ပို႔မယ္ေလ ”
“ေမာင္ေလးကေကာ အိမ္မျပန္ဘူးလား?”
“ရပါတယ္ဗ်ာ ကြၽန္ေတာ္ကေယာက်္ားေလး အမကမိန္းကေလးဆိုေတာ့ စိတ္မခ်ဘူးေလ အာ့ေၾကာင့္လိုက္ပို႔မယ္”
“ေအာ္ ေမာင္ေလး အမကိုအိမ္ျပန္မပို႔ဘဲ ေမာင္ေလးတခါတည္းေခၚထားလိုက္ပါလားဟင္”
ကြၽန္ေတာ္နည္းနည္း စိတ္တိုသြားတယ္ဗ်။
“ဒီမွာအမ ေပးတဲ့အကူအညီကိုမယူခ်င္ေနပါ ေစတနာကိုေတာ့မေစာ္ကားပါနဲ႔ဗ်၊ ကြၽန္ေတာ္အမကိုစျမင္ကတည္းက ခုခ်ိန္ထိ တဏွာစိတ္နဲ႔ ကူညီတာမဟုတ္ဘူး ျမန္မာလူမ်ိဳးပီပီ လမ္းမွာမိန္းကေလးတစ္ေယာက္တည္းမို႔လို႔ မသင့္ေတာ္လို႔လိုက္ပို႔ေပးမယ္ေျပာတာ…ေတာက္”
ေရာ္… ကြၽန္ေတာ္ကသာစိတ္ဆိုးေနတာ သူကေတာ့ျပံဳးျပံဳးႀကီး စိတ္ထဲမွာေတာ့ ဘယ္လိုႀကီးလဲဟေပါ့
သူကေျပာတယ္ဗ်….
” ေမာင္ေလးရဲ႕စိတ္ဓာတ္ကိုေတာ့အမေလးစားသြားၿပီ၊
တဖက္သားကိုကူညီတဲ့စိတ္႐ွိတာရယ္ ၊ မဟုတ္ရင္မခံတဲ့စိတ္ေလး႐ွိတာရယ္ တကယ္ကို႐ွာမွ႐ွားေယာက်္ားတစ္ေယာက္ပဲ အမအတြက္သာ ကံၾကမၼာကမ်က္ႏွာသာေပးရင္ ေမာင္ေလးလိုလူမ်ိဳးနဲ႔သာထပ္ေတြ႔ခ်င္ပါတယ္”
” ဗ်ာ… အမဘာေတြေျပာေနတာလဲဗ်၊ ကြၽန္ေတာ္နားမလည္ဘူး”
“ခုခ်ိန္ေတာ့ဘာမွနားလည္မွာမဟုတ္ေသးဘူး ၊မနက္ျဖန္က်ဒီနားကလူေတြကိုေမးၾကည့္ပါ နားလည္လာပါလိမ့္မယ္ ခုေတာ့ေမာင္ေလးလဲအိမ္ျပန္ေတာ့ အမလည္းျပန္ရေတာ့မယ္၊”
လိုက္ပို႔မယ္ေျပာမလို႔ပါးစပ္ဟတုန္း႐ွိေသးတယ္
“လိုက္ပို႔စရာမလိုေတာ့ပါဘူးေမာင္ေလး အမကဒီနားမွာပဲေနတာပါေမာင္ေလးသြားေတာ့”
ဘယ္လိုႀကီးပါလိမ့္ ကြၽန္ေတာ္ေတာင္မေျပာရေသးဘူးသူကသိေနတယ္ သူ႔ၾကည့္လိုက္ေတာ့ ၾကက္သီးေတြထလာတာနဲ႔ “အာ့ဆိုၿပီးေရာဗ်ာ “ဆိုၿပီး လွည့္ထြက္ခဲ့တယ္ စိတ္ထဲမွာေတာ့သူဘယ္ေတာ့ငါ့လွမ္းေခၚၿပီး အကူအညီေတာင္းမလဲေပါ့ လမ္းေလွ်ာက္ရင္းလွည့္ၾကည့္လုိက္ေတာ့ အားပါးပါး သစ္ပင္ထဲကိုဝင္သြားတာ ကိုယ္တစ္ဝက္ပဲက်န္ေတာ့တယ္ဗ်။ ဘာေျပာေကာင္းမလဲဗ်ာ။ ကြၽန္ေတာ့္ရဲ႕စူပါ ပါဝါကိုထုတ္သံုးရၿပီေလ…🏃🏃🏃ေျပးၿပီဗ်ိဳ႕🏃🏃🏃ေျပးတာျမန္မျမန္ေတာ့မသိဘူး အရင္ အိမ္ကို နာရီဝက္လမ္းေလွ်ာက္ျပန္မွေရာက္တာခုေတာ့ ၅မိနစ္နဲ႔ေရာက္သြားေရာ လမ္းမွာေတြ႔တဲ့တကၠစီေတြေတာင္မ်က္လံုးျပဳးႀကီးေတြနဲ႔ၾကည့္လို႔ဗ်။
အိမ္ေရာက္ေတာ့ ေရေသာက္ ဘုရား႐ွိခိုးၿပီးအိပ္လိုက္တာပဲ။ေနာက္ေန႔မနက္ေရာက္ေတာ့ညကအေၾကာင္းျပန္ေတြးမိၿပီး သင္တန္းပိတ္ရက္လည္းျဖစ္ေတာ့ သြားစံုစမ္းမယ္ဆိုၿပီး အိမ္ကထြက္လာခဲ့လိုက္တယ္။
အဲရပ္ကြက္ထဲျပန္သြားရမွာ နည္းနည္းေတာ့ခပ္လန္႔လန္႔ရယ္ ဘာလို႔လဲဆိုမေန႔ကမွသရဲမကိုစိတ္တိုၿပီးေငါက္ခဲ့တာေလ။ ဘာပဲျဖစ္ျဖစ္ ေယာက်ာ္းဘသားဟူေသာ ေဆာင္ပုဒ္ကိုအားကိုးကာ ထြက္လာခဲ့ျခင္ျဖစ္သည္။ ေပါ့ေသးေသးေတာ့မမွတ္နဲ႔ဗ် လက္ႏွစ္ဘက္မွာကပတီးႏွစ္ကံုး လည္ပင္းမွာကပုတီးႏွစ္ကုံး အင္အားေတာင့္တင္းတယ္ ေနာက္ထပ္လိုရမယ္ရဆိုၿပီး ေအာ္စကာဖိနပ္ေတာင္ဝတ္လာေသးသဗ်ာ။ သြားရင္းနဲ႔ သစ္ပင္နားေဝ့ၾကည့္ေတာ့ ဘာအိမ္မွမ႐ွိဘူးဗ်။ အဲခပ္လွမ္းလွမ္းမွာေတာ့ အိမ္စုတ္ တဲသာသာေလာက္အိမ္တစ္လံုးေတြ႔တာနဲ႔လွမ္းသြားလိုက္တယ္ဗ်။ ကြပျ္ပစ္ေပၚမွာ အဘိုးအရြယ္လူတစ္ေယာက္ထိုင္ေနတယ္ဗ်။
“လာေမာင္႐င္ထိုင္ကြယ့္ ….ဒါနဲ႔ဒီကေမာင္ရင္ကဒီကိုဘာကိစၥမ်ား႐ွိသတုန္းကြဲ႔”
” ေအာ္ ဒီလုိပါအဘ ဟို… ကုကၠိဳပင္ ေအာက္ကဆံပင္႐ွည္နဲ႔မိန္းကေလး..အဲ.. သရဲမ ဟာ ဘယ္လိုေျပာရမလဲ သူ..သူဗ်ာ ”
“ဟိုးထား အဘသိၿပီ ဟင္ မင္းသူမနဲ႔ေတြ႔ခဲ့ရတာကိုး မင္းအသက္မေသတာကံေကာင္းတယ္မွတ္ေရာ”
“ဗ်ာ ဘယ္လိုလဲအဘရဲ႕ ကြၽန္ေတာ့္ကို႐ွင္းျပပါအံုး”
“ေအး ႐ွင္းျပရမေပါ့ ထန္းလ်က္လည္းစား ေရေႏြးလည္းေသာက္အံုး… တကယ္ေတာ့ ဒီလိုကြ….
ဒီလိုကြ အဲကေလးမနာမည္က ေမသူဇင္ တဲ့။ ကုမၸဏီ တစ္ခုမွာအလုပ္ဝင္လုပ္တယ္။ အလယ္အလတ္ လူတန္းစားပါပဲ။ အဘနဲ႔ဆိုသိပ္ခင္တာ။ လြန္ခဲ့ေသာႏွစ္လေလာက္ကေပါ့ဒီအျဖစ္ဆိုးႀကီးစျဖစ္တာ။ ကေလးမမွာ သူသိပ္ခ်စ္႐ွာတဲ့ သူေဋးသားလို႔ေျပာရမွာေပါ့ကြာ သူတစ္ေယာက္႐ွိတယ္ကြ။ ဟိုကအၾကံသမား သူ႔မ်ားသားသမီးကို ဖ်က္ဆီး ၿပီးမွလာခိုးပါ့မယ္ဆိုၿပီး ကတိဖ်က္ခဲ့တာေလ။ ေကာင္မေလးက အဲေန႔မွာ ကုကၠိဳပင္ေအာက္မွာ ည၈ထိုးအထိတစ္ေယာက္တည္း ေနာက္ အဲအခ်ိန္က အရက္သမားေတြကလည္းမူး႐ူးၿပီး သူ႔ကို….”
အဘဆက္မေျပာႏိုင္ေတာ့ မ်က္ရည္မ်ားစီးက်လာတယ္။ကြၽန္ေတာ္လည္းၾကားၿပီးမွေတာ္ဝမ္းနည္းမိတာဗ်ာ ကိုက္ထားတဲ့ထန္းလ်က္ ၿမိဳခ်ရမွာေတာင္ေမ့ေနတယ္ဗ်။
” ဒီလို သူ႔ကိုဝိုင္းၿပီးအဓမျပဳက်င့္တယ္ထင္ရဲ႕ကြာ ေကာင္မေလးကေအာ္ေတာ့အနီးဝန္းက်င္ကလူေတြ တုတ္ေတြဆြဲၿပီး ေျပးလာၾကတယ္။ အဲေတာ့မွ အရက္သမားေတြလည္းေခြးေျပးေျပးရေတာ့တာပဲ။ ေကာင္မေလးမွာလည္းတစ္႐ွက္ကႏွစ္႐ွက္ျဖသ္တယ္ဆိုၿပီး ရထားလမ္းမွာပဲကိုယ့္ကို္ယ္သတ္ေသသြား႐ွာတယ္။အဘအခ်ိန္မီတားဖို႔ႀကိဳးစားပါေသးတယ္ကြာဒါေပမယ့္အခ်ိန္မမီလိုက္ေတာ့ဘူး။ အဘေ႐ွ႕မွာတင္ျဖစ္သြားတာ။
အဲေန႔ကစၿပီးခုခ်ိန္ထိ သူဟာမကြၽတ္မလြတ္ပဲ လူေတြကိုအထူးသျဖင့္ေယာက်္ားေတြကို လိုက္ေႏွာက္ယွက္ေတာ့တာပါပဲ။ အမူးသမားေတြဆိုတစ္ေယာက္မွျဖတ္မေလွ်ာက္ရဲဘူး လျပည့္လကြယ္ဆိုတအားေျခာက္တာ အဲ ကုကၠိဳပင္ေအာက္မွာသြားၿပီးေစာ္ကားလို႔ေသတာ
ခုခ်ိန္ထိဆိုႏွစ္ေယာက္႐ွိၿပီ။ ေသတဲ့သူႏွစ္ေယာက္လံုးကလည္းလည္ပင္းမွာ အနီေရာင္အရာက်န္ၿပီး ဆံပင္တစ္ေခ်ာင္းကအျမဲရစ္ထားတယ္ကြာ..(အဘေျပာတုန္းကြကိုယ္လည္ပင္းျပန္စမ္းမိတယ္ဗ် မေန႔ကသာအဲလိုလုပ္သြားရင္ ဒီေန႔ဆို ပရဟိတကားလားဦးေက်ာ္သူမ်ားလား မသဲကြဲဘူး-စာေရးသူ)
ဒါနဲ႔မင္းကေတာ္ေတာ္ကံေကာင္းတာပဲ ဘယ္လိုေတြ႔ခဲ့လဲ ငါ့ေျပာပါအံုး
“ဒီလိုဗ်..” အားလံုး႐ွင္းျပလိုက္ေတာ့…
ေအာ္ ဒါေၾကာင့္ကိုး မင္းသိပ္ေတာ္တယ္လူကေလး မင္းေဗဒင္ဆရာေတြဆီသြားစရာမလိုဘူး ငါေဟာလိုက္မယ္ မင္းအဲစိတ္ဓာတ္ကိုေန႔တိုင္းထား တေန႔မင္းခ်မ္းသာလာလိမ့္မယ္ကြ…
“ဟုတ္ကဲ့ ကြၽန္ေတာ္ႀကိဳးစားပါ့မယ္” ကြၽန္ေတာ့္အသံကေတာ့တိမ္ဝင္ေနတယ္ဗ်။
“အဘတို႔က သူမကြၽတ့္ေသးေၾကာင္း သူ႔မိဘေတြဆီသြားမေျပာဘူးလားဗ်”
“ေျပာပါတယ္ကြာသူ႔မိဘေတြကလည္းလာလုပ္သြားပါတယ္ ဒါေပမယ္ ေမသူဇင္ ေလးက မၿငိဳးႀကီးေတာ့ မကြၽတ္႐ွာဘုးကြယ္”
“ဒီလိုရေအာင္အဘ မေမသူဇင္ေနတဲ့ေနရာကိုကြၽန္ေတာ့္ကိုေျပာျပ ကြၽန္ေတာ္သြားၿပီးသူ႔မိဘေတြကိုေျပာၾကည့္မယ္ဗ်ာ ရေတာ့ေမသူဇင္အတြက္ေကာင္းတာေပါ့ မရေတာ့လည္းကြၽန္ေတာ္အခ်ဳပ္ထဲေရာက္ရံုထက္မပိုပါဘူး
ဟားဟား ငါ့ေကာင္ေလးက ဟာသလဲေျပာတက္သားပဲကြေဟ
ကဲလိုက္မွတ္ကြာ…
အိမ္အမွတ္- ()
လမ္း၊ မရမ္းကုန္း ၂ေစ်းအေနာက္ဘက္
ဟုတ္သြားျကည့္လိုက္ပါ့မယ္…
(⊙.⊙(☉_☉)⊙.⊙)(⊙.⊙(☉_☉)⊙.☜(ˆ▽ˆ)
အဘေျပာတဲ့အတုိင္းသြားၾကည့္ေတာ့ေတြ႔တယ္ဗ် သူ႔မိဘႏွစ္ေယာက္လံုး ကြၽန္ေတာ္လည္းျဖစ္ေၾကာင္းကုန္စင္႐ွင္းျပရင္း မေမသူဇင္အတြက္ႀကိဳးစားၾကည့္ခ်င္ေၾကာင္းေျပာၿပီး လာမယ့္လကြယ္ေန႔မွာ အမွ်ေဝဖို႔ဆံုးျဖတ္လိုက္တယ္ဗ်။
လကြယ္ေန႔ေရာက္ေတာ့ကြၽန္ေတာ္ရယ္ ဘုန္းႀကီးသံုးပါးရယ္ သူ႔မိဘေဆြမ်ိဳးေတြရယ္အနီးအနားကအဘိုးအဘြားေတြရယ္ သံရဏဂံုတည္ၿပီးအမွ်ေဝတဲ့အခါမွာကြၽန္ေတာ္ကျဖည့္စြက္ၿပီး ေရအိုးကိုကိုင္ မရဲတရဲနဲ႔ ကုကၠိဳပင္ ေျခရင္းသြားၿပီး
“အမေမသူဇင္ ကြၽန္ေတာ္နဲ႔သိတာရက္ပိုင္းမွ်သာျဖစ္ပါတယ္ ခုျပဳလုပ္တဲ့ကုသိုလ္အႏုေမာဒါနဟာ အမအတြက္ လုပ္တာပါ ေလာကမွာလက္စားေခ်လိုက္ရင္အမွားတစ္ခုကိုထပ္က်ဴးလြန္သလိုျဖစ္သြားလိမ့္မယ္အမ ကံတရားရဲ႕စိီမံမႈေအာက္မွာ ကြၽန္ေတာ္တို႔ေနရတာပါ။ တခါတေလ ကံဆိုတဲ့အရာကိုအျပစ္ပံုခ်ခ်င္ေပမယ့္ အဲကံဆိုတာႀကီးကို မ်က္စိနဲ႔မျမင္ႏိူင္ဘူးေလ
အဲေတာ့ ျဖစ္သမွ်အေကာင္းပဲမွတ္ယူၿပီး ဘဝအသစ္ကိုကူးေျပာင္းသြားပါေတာ့ ကံစီမံရာအတိုင္းသာလိုက္ေလ်ာလုိက္ပါအမ …..”
……
…..
ယခုျပဳသမွ်ကုသိုလ္အားလံုးကို အမွ် အမွ် အမွ် ယူေတာ္မူၾကပါကုန္ေသာ္ သာဓု သာဓု သာဓု…
ယခုျပဳလုပ္ေသာကုသိုလ္ေကာင္းမႈအစုစုတို႔ကို မေမဇင္သူနဲ႔တကြ အနီးအနားမွ ပရေလာကသားမ်ားအားလံုးအမွ် အမွ် အမွ် ယူေတာ္မူၾကပါကုန္ေသာ္ သာဓု သာဓု သာဓု…
အားလံုး အားလံုး အားလံုး ၾကားၾကားသမွ် ကုသိုလ္ အမွ် အမွ် အမွ် ယူေတာ္မူၾကပါကုန္ေသာ္ သာဓု သာဓု သာဓု….
ကုသိုလ္ျပဳလုပ္ၿပီး ေနာက္ေန႔ညမွာပဲ ကြၽန္ေတာ့္ကိုအိပ္မက္လာေပးတယ္ဗ်။
“ေမာင္ေလးေရ ေမာင္ေလးရဲ႕ေစတနာေတြေၾကာင့္ခုအမဟာ ဒီထက္ေကာင္းတဲ့ဘံုဘဝကိုေရာက္သြားၿပီ ကံမကုန္ရင္ျပန္ဆံုဦးမွာပါ ေမာင္ေလးရဲ႕ေက်းဇူးကို မမျပန္ဆပ္ႏိူင္ေအာင္ႀကိဳးစားပါ့မယ့္။”
” ဝုန္း”
(လန္႔မသြားပါနဲ႔ ကုတင္ေပၚကျပဳတ္က်တာပါ-စာေရးသူ)
သူဆပ္တာမဆပ္တာ အပထား သူခုလို လြတ္ေျမာက္သြားၿပီဆိုကတည္းက ကြၽန္ေတာ္ဝမ္းသာမဆံုးပါဘူးဗ်ာ
ကဲ စာေလးလည္းရွည္သြားၿပီ…၁၂လည္းထိုးၿပီ အိပ္က်ေတာ့ေလဗ်ာ…
ႀကိဳးစားပါအံုးမည္ ပရိတ္သတ္၏ခ်စ္ခင္မႈကိုအစဥ္အေလးထားလ်က္…:
မိုးမခ ေတာင္တြင္း