*မြင့်ဆောင် နှင့် ဆံဖြူအဖွားအို*📖📖📖
*******************************
(၁)
ကိုမြင့်ဆောင်တစ်ယောက် ဒေါ်ဖွားအူကိစ္စကို ဖြေရှင်းပေးပြီးသည့်နောက်ပိုင်းအလုပ်ကို ဖြောင့်ဖြောင့်တန်းတန်း လုပ်နိုင်နေသည်မှာ ယနေ့ဆိုလျှင် တစ်ပတ်ပင်ပြည့်ပြီဖြစ်သည်။ထိုအတော်အတွင်း နှမ်းလည်းအတော်များများ ကြဲပြီးသွားပြီဖြစ်ပြီး ကိုပြူးနှင့်မောင်စိုးတို့ နှစ်ယောက်လည်း တောခုတ်၍ပင် ပြီးတော့မည်ဖြစ်သည်။
ထိုသို့ အလုပ်လည်း ပြီးမြောက်သလို သူတို့ယူလာခဲ့သော ဆန် ဆီ ဆား စသည့် ရိက္ခာများလည်း ကုန်ခါနီးပြီဖြစ်၍ ယနေ့မနက် ကိုပြူးနဲ့မောင်စိုး တို့နှစ်ယောက်ကို အလုပ်နားခိုင်းပြီး ရွာသို့ပြန်၍ ရိက္ခာယူခိုင်းလိုက်ရသည်။ ထို့ကြောင့် တဲ၌ ကိုမြင့်ဆောင်တစ်ယောက်သာ ထယ်ထိုးရင်းကျန်နေခဲ့ပြီး သူလည်း သစ်ငုတ်ပေါသော ယာကွက်ဖြစ်၍ ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်ပဲ ထယ်ကိုသာဂရုတစိုက်ထိုးနေရသည်။
သူထိုသို့ ထယ်ထိုးနေတုန်း အဖွားအိုတစ်ယောက် သူ့ဆီလာနေကို သတိမထားမိ ထိုအဖွားအိုသူ့အနားရောက်လာပြီး
“မောင်မြင့်ဆောင်ဆိုတာ မင်းလားကွဲ့”
ရုတ်တရက် အဖွားအို၏ ထိုသို့ မေးလိုက်သံကိုကြားမှ ကိုမြင့်ဆောင်လည်း နွားနှစ်ကောင်ကို ကြိုးဆွဲရပ်လိုက်ပြီး
“ဟုတ်တယ်ဗျာ့ ကျွန်တော်မြင့်ဆောင်ပါ”
ကိုမြင့်ဆောင် ထိုသို့ပြောရင်း သူ့ကို မြင့်ဆောင် ဟုတ်မဟုတ်မေးလိုက်သူကြည့်လိုက်သည်။ထိုအခါ တစ်ခေါင်းလုံး ဆံပင်များဖြူဖွေးနေသည့် အဖွားအိုတစ်ယောက်ဖြစ်နေပြီး ထိုအဖွားအိုသည် တောင်ဝှေးကိုထောက်လျှက်ရပ်နေသည်။
ကိုမြင့်ဆောင် သစ်ငုတ်များကို ငရုစိုက်နေရ၍ ထိုအဖွားအို သူ့နားရောက်လာတာကို မသိလိုက် ထို့အပြင် ထိုအဖွားအိုကိုလည်း သူတစ်ခါမှ မမြင်ဘူး နောက်ပြီး သူ့ဆီဘာကြောင့်ရောက်လာမှန်းလဲမသိ ဒါကြောင့် သူလည်း
“ဟုတ်တယ်အဖွား ကျွန်တော် မြင့်ဆောင်ပါ ဒါနဲ့ အဖွားကဘယ်သူလဲဗျာ့ ဘာကိစ္စရှိလို့ ကျွန်တော်ဆီရောက်လာတာလဲ”
ကိုမြင့်ဆောင် ထိုသို့မေးလိုက်တော့ အဖွားအိုက
“အဖွားကို ဆံဖြူအဖွားလို့ပဲ ခေါ်ကြတယ်ကွဲ့ အဖွားဒီကို ရောက်လာတာကတော့ မောင်မြင့်ဆောင်ဆီက အကူအညီ တစ်ခုတောင်းချင်လို့ပဲ ဒါနဲ့ မောင်မြင့်ဆောင်က တစ္ဆေသရဲေတွကိုမကြောက်လန့်ပဲ မြင်လဲမြင်နိုင်တယ်ဆိုကွဲ့”
ဆံဖြူအဖွား ထိုသို့မေးလိုက်တော့ ကိုမြင့်ဆောင်က
“ဒါက ဒီလိုပါအဖွား ကျွန်တော့်မိတ်ဆွေ တစ္ဆေတစ်ကောင်က ကျွန်တော့်ကို ဆေးမြစ်လေးတစ်ခုပေးထားပါတယ် အဲ့ဒီဆေးမြစ်လေးကို ဆုပ်ကိုင်လိုက်ရင်တော့ တစ္ဆေသရဲတွေကို မြင်နိုင်ပါတယ်”
“ဟုတ်လားကွဲ့ ဒါနဲ့ အဲဒီတစ္ဆေတွေကို မြင်ရင်ရော မကြောက်မိဘူးလား”
“ဒါကတော့ အခု ကျွန်တော် တွေ့မြင်ဘူးသမျှ သရဲတစ္ဆေတွေကိုတော့ မကြောင်လန့်မိသေးဘူးဗျာ့”
ကိုမြင့်ဆောင်လည်း ထိုသို့ တစ္ဆေသရဲတွေကို မကြောက်လန့်ကြောင် ယတိပြတ်မပြောပဲ သူမြင်ဘူးသမျှ သရဲတစ္ဆေတွေကိုသာ မကြောက်လန့်မိသေးကြောင်း ပြောလိုက်တော့ ဆံဖြူအဖွားအိုက
“ဒါဆိုရင်တော့ မောင်မြင့်ဆောင် အဖွားကို ကူညီနိုင်ပါတယ်ကွယ်”
“နေပါဦးအဖွားရဲ့ ကျွန်တော် တစ္ဆေသရဲမကြောက်တာနဲ့ပဲ အဖွားကို ဘယ်လို ကူညီနိုင်တာတုန်း နောက်ပြီး ဘာကူညီရမှန်းလဲကျွန်ေတာ်မသိသေးဘူး”
“ဒီလိုကွဲ့ မောင့်မြင့်ဆောင်ရဲ့ မောင်မြင့်ဆောင်အဖွားကိုကူညီရမှာက သရဲမတစ်ကောင်ကို ချုပ်နှောင်ပေးဖို့ပဲ”
“ဒါတော့ မဖြစ်နိုင်ဘူးအဖွား ကျွန်တော်က တစ္ဆေသရဲကိုသာ မကြောက်တာ သူတို့ကိုတော့ မချုပ်နှောင်နိုင်ဘူး”
“ဒါကလွယ်ပါတယ်ကွယ် အဖွာလုပ်ပေးလိုက်ရင် မင်းချုပ်နှောင်နိုင်သွားမှာပါ အဓိကက သရဲတစ္ဆေတွေကို မကြောက်လန့်ဖို့ပဲလိုတယ်”
ဆံဖြူအဖွားအို ထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင် တစ်ချက်စဉ်းစားလိုက်ပြီး
“ဒါနဲ့ နေပါဦးအဖွားရဲ့ အဖွားကဘာကြောင့် အဲ့ဒီသရဲမကို ချုပ်နှောင်ချင်ရတာတုန်း နောက်ပြီ အဖွားကိုယ်တိုင်ကရော သူ့ကို ဘာဖြစ်လို့ မချုပ်နှောင်ပဲ ကျွန်တော့်ကိုချုပ်နှောင်နိုင်အောင် လုပ်ပေးမှာတုန်း”
ကိုမြင့်ဆောင် ထိုသို့မေးလိုက်တော့ ဆံဖြူအဖွားက
“ဒီလိုကွဲ့ မောင်မြင့်ဆောင်ရဲ့ အဲ့ဒီသရဲမနဲ့အဖွားက တစ်ဦးနဲ့တစ်ဦး ပြန်လည် မချုပ်နှောင်ကြဖို့ ဂတိသစ္စပြုထားကြလို့ပဲကွဲ့ နောက်ပြီး အဲ့ဒီသရဲမကလည်း တစ်ခြားသူမဟုတ်ဘူး အဖွားရဲ့ လူ့ဘဝတုန်းက ညီမစ်ေယာက်ပဲ အဖွားတို့ညီမနှစ်ယောက်က လူ့ဘဝတုန်းက စုန်းကဝေအတတ်ပညာတွေကို စိတ်တူကိုယ်တူ သင်ယူခဲ့ကြတာေပါ့ကွယ် အဲ့ဒီလိုသင်ယူေနတဲ့ အချိန်ကတည်းကပဲ တစ်ဦးနဲ့တစ်ဦး ပညာပြိုင်တာတွေ ချုပ်နှောင်ဖမ်းစားတာတွေမလုပ်ဖို့ ဂတိပြုခဲ့ကြတယ်ကွဲ့နောက်ပြီး အဲ့ဒီဘဝက သေလွန်ခဲ့ကြတော့လည်း ညီမနှစ်ယောက်စလုံး နေရာတစ်ေနရာတည်းမှာပဲ ပြန်ဆုံကြတာပေါ့ကွယ်”
“ဟုတ်လားအဖွား ဒါနဲ့ အဖွားတို့နှစ်ယောက်က ဘယ်လိုနေရာမှာ ပြန်ဆုံကြတာတုန်း နောက်ပြီး နှစ်ယောက်စလုံးရော တစ္ဆေသရဲဘဝ ရောက်ကြတာပဲလား”
ကိုမြင့်ဆောင်လည်း အဖွားအိုကိုကြည့်ပြီး မခန့်မှန်းတတ်တာနဲ့ သူသိချင်တာကို တည့်တည့်ပင်မေးလိုက်သည်။ထိုအခါ ဆံဖြူအဖွားအိုက
“မဟုတ်ဘူးကွဲ့ အဖွားတို့နှစ်ယောက်က နေရာတစ်နေရာတည်းမှာ ပြန်ဆုံကြပေမဲ့ အဖွားကအဲ့ဒီနေရာကို စောင့်ရှောက်ရတဲသူ အဖွားညီမကတော့ အဲဒီတောထဲမှာ အစွမ်းထက်တဲ့ သရဲမ တစ်ကောင်လာဖြစ်နေတာပေါ့ အဲဒီလို ဖြစ်နေရတာကလည်းတစ်ချိန်က ညီမနှစ်ယောက် စုန်းပညာကို အတူတကွ လိုက်စားခဲ့ကြလို့ပဲကွဲ့ ဒါပေမဲ့ အဖွားက စုန်းပညာတတ်ပေမဲ့ လူတွေကို မပြုစားမဖမ်းစားခဲ့ဘူး နောက်ပြီး အဖွားညီမဖမ်းစားထားတဲသူတွေကိုလည်း ပြန်ပြီး ကုစားပေးခဲ့တယ်ကွဲ့ ဒါကြောင့်လည်း သူနဲ့တောတစ်တောတည်းမှာ ပြန်ဆုံပေမဲ့ သူ့လို သရဲတစ္ဆေဘဝ မရောက်ပဲ သူ့ထက်သာတဲ့ ဘဝကိုရောက်နေတာပေါ့”
“ဟုတ်လားအဖွား ဒါနဲ့ သူကအဲ့ဒီတောထဲမှာနေပြီး ဘယ်လိုတွေဆိုးသွမ်းေနလို့တုန်းဗျာ့”
“ဒီလိုကွဲ့ မောင်မြင့်ဆောင်ရဲ့ သူက အဲ့ဒီတောထဲကိုလာပြီး တရားကျင်ကြံေနတဲ့ သူတော်စင်တွေကို တရားဆက်ပြီး မကျင့်ကြံနိုင်အောင် အမျိူမျိုးနှောက်ယှက်ေနလို့ကွယ့် ဒါကြောင့် အဖွားကသူကို ဆက်ပြီးမနှောက်ယှက်နိုင်အောင် ချုပ်နှောင်ထားချင်တာ”
“ဟုတ်လားအဖွား ဒါနဲ့ ကျွန်တော်မသိလို့ မေးပါဦးမယ် အဖွားတို့ညီအမနှစ်ယောက် တစ်ဦးနဲ့တစ်ဦးပြန်လည် မချုပ်နှောင်ကြဖို့ဆိုတာ လူ့ဘဝမှာတုန်းက ဂတိပြုခဲ့တာမဟုတ်လားဗျာ့ အခုက တစ်ယောက်နဲ့တစ်ယောက် ဘဝတွေခြားနေပြီပဲ အဲ့ဒီဂတိကို ဆက်တည်ဖို့ လိုသေးလို့လား”
“လိုတာပေါ့ င့ါ့မြေးရဲ့ ဂတိဆိုတာ ဘယ်ဘဝပဲရောက်ရောက် တစ်ဦးနဲ့တစ်ဦးမှတ်မိနေသမျှတော့ ကိုပေးထားတဲ့ဂတိကို တည်နေဖို့လိုတယ်ကွဲ့ အခုလည်း အဖွားတို့ညီအမနှစ်ယောက်က ဘဝချင်းမတူပေမဲ့ တစ်ယောက်နဲ့စ်ယောက်က ဘယ်သူဘယ်ဝါတွေဆိုတာ သိနေကြတော့ အဲ့ဒီဂတိကို ဆက်တည်နေရမှာပေါ့ကွယ်”
ဆံဖြူအဖွားအို ထိုသို့ ရှင်းပြလိုက်တော့ ကိုမြင့်ဆောင်လည်း ထိုကိစ္စနှင့် ပတ်သက်၍ နားလည်းသွားပြီး သူမိသိသေးတာကို ဆက်မေးလိုက်သည်
“ဒါနဲ့ နေပါဦးအဖွားရဲ့ သူတော်စင်တွေကရော သူတို့ကို ဒီလို နှောက်ယှက်နေတာကို ဘာမှ မပြောဆို မဆုံးမကြဘူးလား”
ကိုမြင့်ဆောင် ထိုသို့မေးလိုက်တော့ ဆံဖြူအဖွားအိုက
“ဒါကတော့ကွယ် သူတို့ကနဂိုတည်းက လောကီကိစ္စတွေကို စွန်လွှတ်ထားတဲ့ သူတွေမဟုတ်လား နောက်ပြီး သူတို့ ဆုံးမပြောဆိုတာတွေကိုလည်း နားမထောင်ဘူးကွဲ့ ဒါကြောင့်သူတို့လည်း သည်းခံပြီး နေနေရတာပေါ့”
“ဟုတ်လားအဖွား ဒါဆိုလည်း အဖွားကို ကျွန်တော်ကူညီမယ်ဗျာ ဒါနဲ့ နေပါဦး အဖွားရဲ့ ကျွန်တော်က ဘယ်ကိုလိုက်ကူညီရမှာတုန်း”
ကိုမြင့်ဆောင် ထိုသို သူဘယ်ကိုလိုက်ကူညီရမှန်း မသိ၍မေးလိုက်တော့ ဆံဖြူအဖွားအိုက
“ငါမြေးကူညီမယ်ဆိုရင် အဖွား ညနေဒီကိုတစ်ခေါက် ပြန်လာခဲ့မယ်ကွဲ့ အဲဒီအခါကြမှာပဲ အဖွားနဲ့အတူ သွားကြတာပေါ့ အခုတော့ ငါမြေးလည်း လုပ်စရာရှိတာတွေ လုပ်လိုက်ပါဦး”
ဆံဖြူအဖွားအို ထိုသို့ပြောလိုက်ေတာ့ ကိုမြင့်ဆောင်လည်း
“ကောင်းပါပြီ အဖွား ဒါဆိုကျွန်တော် ဒီကပဲစောင့်နေလိုက်မယ် အဖွားသွားမယ့်အချိန်ရောက်ရင် ကျွန်တော့်ကို လာခေါ်လိုက်ပေါ့”
“အေး ကောင်းပါပြီကွယ် ကောင်ပါပြီ ကဲ ဒါဆို အဖွားလည်း သွားလိုက်ဦးမယ်ကွယ် ညနေမှပဲ တစ်ခေါက့်ပြန်လာခဲ့လိုက်မယ်”
ဆံဖြူအဖွားအိုလည်း ထိုသို့ပြောဆို နှုတ်ဆက်ကာ ပြန်လည် ထွက်ခွါသွားေတာ့သည်။ထိုအခါမှ သူလည်း ထယ်ဆက်ထိုးနိုင်ပြီး ထယ်ထိုးနေရင်းဖြင့်လည်း ဆံဖြူအဖွားအိုပြောသွားသည့် အကြောင်းအရာများကို စဉ်းစားနေမိသည်။
ထိုသို့ဖြစ် နေ့လည်ဆယ်တစ်နာရီလောက်ကြတော့ ကိုမြင့်ဆောင်တစ်ယောက် အလုပ်သိမ်း၍ နွားကြီးနှစ်ကောင်ကို ထယ်မှဖြုတ်ကာ ချောက်ထဲသို့ ရေဆင်းတိုက်လိုက်ပြီး လွတ်ကျောင်းထားလိုက်သည်။ သူလည်း တဲမှာ ခဏတဖြုတ်ထိုင်နားလိုက်ပြီး ထမင်းအိုးတစ်လုံးချက်ကာ နေ့လည်စာကို ဖြစ်သလိုပင် စားသောက်လိုက်သည်။
(၂)
ဒီလိုနဲ့ ညနေ နေနဲနဲစောင်းတော့မှ ကိုပြူးနဲ့မောင်စိုးတိုနှစ်ယောက် ပြန်ရောက်လာကြပြီး သူတို့လည်း တောခုတ်စရာသိပ်မကျန်တော့၍
ရွာမှာအေးအေးဆေးဆေး နေခဲ့ဟန်တူသည်။ ထို့ကြောင့် အခုလိုညနေစောင်းမှ ပြန်ရောင်လာချင်းဖြစ်ပြီး သူတို့နှင့်အတူ သူတို့တဲအတွက် ရိက္ခာများသာမက ကိုလှသောင်းနှင့်ငတူတို့အတွက် ထည့်ပေးလိုက်သော ရိက္ခာများကိုပါ ယူလာခဲ့ချင်းဖြစ်သည်။
ဒီလိုနဲ့ ကိုပြူးနဲ့မောင်စိုးတို့ ရောက်လာပြီး သိပ်မကြာခင် ကိုမြင့်ဆောင်က
“ငပြူး ငါဒီနေ့ည သွားစရာရှိသေးတယ်ကွာ အဲဒါမင်း တဲကိုဂရုစိုက်လိုက်ဦး”
ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ ကိုပြူးက
“အေး သွားစရာရှိရင် သွားလေကွာ တဲအတွက်တော့ ဘာမှပူမနေနဲ့ ဒါနဲ့ မင်းက ဘယ်ကိုများသွားစရာရှိလိုတုန်းကွ”
ကိုပြူး ထိုသို့ တဆက်တည်းမေးလိုက်တော ကိုမြင့်ဆောင်က
“မနက်က အဖွားအိုတစ်ယောက် ငါ့ဆီလာပြီး ငါကိုအကူအညီ တစ်ခုတောင်းသွားလို့ကွာ အဲ့ဒါငါလည်း ကူညီမယ်လို့ပြောလိုက်တယ် အခုသူရောက်လာရင် ငါသူနဲ့လိုက်သွားရမှာ”
“ဟုတ်လားကွ ဒါနဲ့ အဲ့ဒီအဖွားအိုက ဘယ်ရွာကတုန်း”
“ရွာကမဟုတ်ဘူးကွ နောက်ပြီး လူလည်းမဟုတ်ဘူး”
“ဟေ ဒါဆိုရင်ဘာတုန်းကွ သရဲတစ္ဆေများလား”
“သရဲတေစ္ဆလည်း မဟုတ်ဘူးကွ သူပြောတာတော့ တောတစ်တောကို စောင့်ရှောက်ရတဲ့သူတဲ့”
“မင်းဟာ ဟုတ်ရောဟုတ်ရဲလားကွာ တော်ကြာ ကျတ်တစ္ဆေေတွလာပြီး လှည့်ဖြားနေတာလဲ ဖြစ်နေပါဦးမယ်”
“ကျတ်တစ္ဆေတော့ မဟုတ်ဘူးကွ အဲ့ဒီလို ကျတ်တစ္ဆေသာဆိုရင် သူတော်စင်တွေ ဘာတွေကို ထည့်ပြောမှာမဟုတ်ဘူးကွ အခုဟာက သူတော်စင်တွေကို နှောက်ယှက်နေတဲ့ တစ္ဆေသရဲတစ်ကောင်ကို ဖမ်းဆီးချုပ်နှောင်ပေးဖို့တဲ့ကွ”
“ဟုတ်လားကွ ဒါနဲ့ နေပါဦးကွ မင်းက ဆရာသမားတစ်ယောက်မဟုတ်ပဲနဲ့ ဘာကြောင့် အကူအညီလာတောင်းတာတုန်း”
“ဒါကတော့ ငါလည်းမပြောတတ်ဘူးကွာ ဒါပေမဲ့ သူပြောတာတော့ သရဲတစ္ဆေ မကြောက်ရင်ရပြီလို့ ပြောတာပဲ”
“ဟုတ်လားကွ ဒါဆိုရင် ငါရောလိုက်ခဲ့လို့ မရဘူးလား နှစ်ယောက်ဆိုတော့ ပိုအဆင်ပြေတာပေါ့”
ကိုပြူးထိုသို့ သူ လိုက်ချင်သည့်အေကြာင်းပြောလိုက်တော့ ကိုမြင့်ဆောင်က
“အေးကွာ ဒါဆိုလည်း အဲ့ဒီအဖွားငါ့ကိုလာခေါ်ရင် မင်းပါလိုက်ခဲ့မယ် ဆိုတဲ့အကြောင်းကိုပြောလိုက်မယ်ကွာ”
ကိုမြင့်ဆောင် ထိုသို့ပြောလိုက်ပြီးမှ တစ်စုံတစ်ခုကို သတိရသွားပြီး
“ဒါနဲ့ နေပါဦးကွ မင်းပါလိုက်လာရင် တဲမှာမောင်စိုး တစ်ယောက်တည်း ကျန်ခဲ့မှာလေကွာ အဲ့ဒါ မင်းလိုက်လို့ ဖြစ်ပါ့မလား”
ကိုမြင့်ဆောင် ပြန်မေးလိုက်တော့ ကိုပြူးက
“မောင်းစိုးက ကိစ္စမရှိပါဘူးကွာ လှသောင်းတို့နဲ့ ထားခဲ့လို့ရပါတယ် အဲ့ဒီအဖွားရောက်လာရင်သာ ငါလိုက်လို့ရလားမရလား မေးကြည့်စမ်းပါ တကယ်လို့လိုက်လို့ရရင်လည်း ငါလိုက်ခဲ့မယ်ကွာ မင်းတစ်ယောက်တည်းဆိုတော့ သိပ်စိတ်မချဘူး”
ကိုမြင့်ဆောင်လည်း ကိုပြူးသူ့ကိုစေတနာဖြင့်ပြောမှန်းသိ၍
“အေး ဒါဆိုလဲ အဲ့ဒီအဖွားပြန်လာရင် ငါပြောကြည့်လိုက်မယ်ကွာ လိုက်လို့ရတယ်ဆိုရင်လည်း လိုက်ခဲ့ပေါ့ မင်းပါလာတော့လည်း ငါအတွက်ပိုကောင်းတာပေါ့”
ကိုမြင့်ဆောင်နဲ့ကိုပြူးလည်း ထိုသို့ပြောဆိုနေကြရင်း အနားမှာရှိသည့် မောင်စိုးကိုပါ တစ်ခါတည်း ကိုပြူးလိုက်လို့ရရင် ကိုလှသောင်းတို့နှင့်သွားနေရန်မှာထားလိုက်ပြီး နွားကြီးနှစ်ကောင်ကိုလည်း ကိုလှသောင်းတဲ့၌ပင် ချည်ထားရန်ပြောလိုက်သည်။
ထိုသို့ဖြစ့် သူတိုနှစ်ယောက်လည်း ဆံဖြူအဖွားအိုလာခေါ်မည့် အချိန်ကို စောင့်နေကြရင်း တဖြည်းဖြည်း နေပင်အတော်စောင်းလာပြီဖြစ်သည် ထိုအချိန် သူတို့တဲသို့ မနက်ခင်းကရောက်လာသည့် ဆံဖြူအဖွားအို ပြန်ရောက်လာပြီး
“ကဲ မောင်မြင့်ဆောင် အဖွားတို့ သွားကြရအောင်ကွယ်”
ဆံဖြူအဖွားအို ထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်နှင့် အတူရှိနေသည့် ကိုပြူးက
“အဖွား ကျွန်တော်ရော မြင့်ဆောင်နဲ့အတူ လိုက်ခဲ့လို့မရဘူးလားဗျာ့”
ကိုပြူး ထိုသို့မေးလိုက်တော့ ဆံဖြူအဖွားအိုက သူ့ကိုကြည့်ပြီး
“မင်းကရော ဘယ်သူတုန်းကွဲ့ ဘာကြောင့် မောင်မြင့်ဆောင်နဲ့အတူလိုက်ချင်ရတာလဲ”
ဆံဖြူအဖွားအို ထိုသို့ မေးလိုက်တော ကိုမြင့်ဆောင်က
“ဒီလိုပါ အဖွား သူက ကျွန်တော်သူ့ငယ်ချင်း ကိုပြူးပါ သူလည်း ကျွန်တော့်လို တစ္ဆေသရဲတွေကို မကြောက်တတ်ပါဘူး ဒါကြောင့် ကျွန်တော်နဲ့အတူလိုက်ပြီး အဖွားကို ကူညီပေးချင်တာပါ နောက်ပြီး သူ့မှာလည်း ဒီလိုမျိုး အတွေ့အကြုံရှိပါတယ်”
“အေး ဒါဆိုရင် ပိုကောင်းတာပေါ့ကွယ် မြင့်ဆောင်နဲ့ငပြူး တစ္ဆေသရဲ တော်တော် များများကတော့ မင်းတို့အေကြာင်းကိုသိကြပါတယ်
ဒါကြောင့်လည်း အဖွားဒီကိုရောက်လာတာပေါ့”
ဆံဖြူအဖွားအို ထိုသို့ပြောလိုက်တော့ ကိုပြူးလည်း မောင်စိုးဘက်လှည့်၍
“ကဲမောင်စိုး ဦးလေးတို့ ဒီအဖွားနောက်လိုက်သွားလိုက်ဦးမယ်ကွာ မင်း လှသောင်းတို့နဲ့အတူ သွားနေလိုက်ဦး”
“ရပါတယ်ဗျာ ကျွန်တော်သွားနေလိုက်ပါ့မယ်”
မောင်စိုးလည်း ထိုသို့ပြောပြီ့း ကိုလှသောင်းတို့တဲဘက်ကို ထွက်သွာကာ နွားကြီးနှစ်ကောင်ကိုပါ တပါတည်းဆွဲသွားတော့သည်။
(၃)
ဒီလိုနဲ့ ကိုမြင့်ဆောင်နဲ့ကိုပြူးတို့ နှစ်ယောက်လည်း ဆံဖြူအဖွားအို ခေါ်ရာနောက်သို လိုက်ခဲ့ကြရင်း တဖြည်းဖြည်း မိုးချုပ်လာပြီဖြစ်သလို သူတို့လည်း ဘယ်နေရာသို့ ရောက်လို့ရောက်မှန်းမသိဖြစ်နေကြသည် သူတို့တဲမှထွက်လာသည့် အရပ်ကိုခန့်မှန်းကြည့်လိုက်တော့ အနောက်စူးစူး ဘက်ကိုရောက်ရှိနေချင်းဖြစ်ကြောင်းသာ သိရပြီး ဆံဖြူအဖွားသည် လမ်းအတိုင်းလာချင်းမဟုတ်ပဲ တောတောင်များအတိုင်း ဖြတ်၍လာချင်းဖြစ်သည်။ထိုသို့ဖြစ် နေရာတစ်နေရာသို့ရောက်တော့ ဆံဖြူးအဖွားအိုက ရှေ့ဆက်မသွားပဲရပ်လိုက်ပြီး
“ကဲ ငါ့မြေးတို့ ဒီအတိုင်းသွားနေရင်တာ့ တော်တော်နဲ့ရောက်မှာမဟုတ်ဘူး အဲ့ဒီတော့ မြန်မြန်ရောက်အောင် အဖွားတောင်ဝှေးကိုကိုင်လိုက်ကြ”
ဆံဖြူအဖွားအိုလည်း ထိုသို့ပြောပြီး သူ၏တောင်ဝှေးကို နောက်သို့ထုတ်ပေးလိုက်သည် ထိုအခါ ကိုမြင့်ဆောင့်နဲ့ကိုပြူးလည်း ထိုတောင်ဝှေးကို လက်နှင့်ကိုင်လိုက်ပြီး ဆံဖြူအဖွားအို ဘာလုပ်မလဲစောင့်ကြည့်နေလိုက်သည်။ထိုအခါ ဆံဖြူအဖွားအိုက
“ကဲ ကိုင်ပြီးပြီ ဆိုရင်တော့ မျက်လုံးသာ မှိတ်ထားလိုက်ကြတော့ ဘာသံကြားကြား ဖွင့်မကြည်ကြနဲ့ ကြာလား”
ဆံဖြူအဖွားအို ထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်နဲ့ကိုပြူးလည်း မျက်လုံးများကို မှိတ်ထားလိုက်ကြသည်။ထို့နောက် သိပ်မကြာခင် သူတို့၏ခန္ဓာကိုယ်များသည် လေထဲကို မြောက်တက်သွားသလိုံခံစားလိုက်ရပြီး ခြေထောက်နှင့်မြေကြီးမထိတော့ ထိုအတူ အေးကနဲတစ်ချက်ဖြစ်သွားကာ ထိုခံစားချက်နဲ့အတူ
“ကဲ င့ါ့မြေးတို့ မျက်လုံးဖွင့်ကြည့်လို့ ရပါပြီကွယ်”
ဆံဖြူအဖွားအို၏ ထိုသို့ပြောလိုက်သံနှင့်အတူ သူတို့နှစ်ယောက်လည်းမျက်လုံးကို ဖွင်ကြည့်လိုက်ကြသည် ထိုအခါ သူတို့ရောက်နေသော နေရာကိုကြည့်ပြီး မယုံနိုင်အောင်ဖြစ်နေကြသည်။အဘယ်ကြောင့်ဆိုသော် သူတို့ယခု ရောက်နေကြသော နေရာသည်။သူတို့တဲနှင့် အလွန်ဝေးလံလှသော တစ္ဆေတောအတွင်းရှိ ငနက်ကြီး၏ လိုဏ်ဂူရှေ့ ဖြစ်နေပြီး ထိုနေရာသည် သာမန်လာမည်ဆိုပါက တစ်ညအိပ် နှစ်ရက်ခရီးတော့ လာရမည်ဖြစ်သည်။သို့သော် ထိုခရီးကို ယခုညတွင်းချင်းပင် ရောက်လာ၍ သူတို့နှစ်ယောက် ဘာပြောရမှန်းမသိဖြစ်နေကြစဉ်
“ကဲငါ့မြေးတို့ ဒီဂူကိုမှတ်မိကြလားကွဲ့”
ဆံဖြူအဖွားအို ထိုသို့မေးလိုက်တော့ သူနဲ့ကိုပြူးလည်း
“ဟုတ်ကဲ့အဖွား ကျွန်တော်တို့ မှတ်မိပါတယ် ဒါငနက်ကြီးနေတဲ့ဂူမဟုတ်လား”
“အေး ဟုတ်တယ်ကွဲ့ အဲ့ဒီငနက်ကြီးဆိုတာ အခုအဖွား ချုပ်နှောင်ခိုင်းမဲ့ အဖွားညီမရဲ့ တပည့်ပဲ”
“ဗျာ”
ဆံဖြူအဖွားအို၏ ပြောလိုက်သံကိုကြားပြီး သူတို့နှစ်ယောက်လုံး ပါးစပ်အဟောင်းသာ ဖြစ်ကုန်ကြသည်။ဘယ်အတွက်ကြောင့်တုန်းဆိုတော့ သူ၏တပည့် ငနက်ကြီးသည်ပင်လျှင် ဤမျှအစွမ်းထက်လှပြီး ထိုငနက်ကြီး၏ ဆရာဖြစ်သည်ဆိုတော့ ပြောစရာပင်လိုမည် မဟုတ်တော့ပေ ထို့ကြောင့်သူတို့လည်း တစ်ယောက်မျက်နှာတစ်ယာက်ကြည့်လိုက်ပြီး
“မြင့်ဆောင်ရေ ဒို့လိုက်လာတာတော့ မှားပြီးထင်တယ်ကွ ငနက်ကြီး ငါကို ဆွဲလွန့်ပစ်လိုက်တာ အခုထိမမေ့သေးဘူး”
ကိုပြူး ထိုသို့ပြောလိုက်တော့ ဆံဖြူအဖွားအိုက
“အဲ့ဒီလောက်လည်း မစိုးရိမ်ကြပါနဲ့ကွယ် အဖွားတစ်ယောက်လုံး ရှိပါတယ်”
“အဖွားရှိတာတော့ ဟုတ်ပါတယ် ဒါပေမဲ့ ကျွန်တော်က လက်တွေ့ခံစားလာရတဲ့ကောင်ဗျာ့ ငနက်ကြီးတောင် အဲ့ဒီလောက်အစွမ်းထက်တာ သူ့ဆရာဆိုရင်တော့ မတွေးရဲစရာပဲ”
ကိုပြူလည်း သူစိတ်ထဲမှာရှိသည့်အတိုင်း ပြောလိုက်သည်။ထိုအခါ ဆံဖြူအဖွားအိုက
“ကဲကဲ ရောက်မိလက်စနဲ့တော့ အဖွားနောက်လိုက်ခဲ့ကြပါဦးကွယ် ဟိုရောက်မှပဲ ငါ့မြေးတို့သဘောအတိုင်း အဖွားကိုကူညီချင်လည်းကူညီမကူညီချင်လည်း ရပါတယ်ကွယ်”
ဆံဖွားအဖွားအို ထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်က
“ရပါတယ်အဖွား ကျွန်တော်တို့ အဖွားကိုကူညီမှာပါ”
“အေးကွယ် ဒါဆိုလည်း အဖွားတို့သွားရအောင်”
ဆံဖြူအဖွားအိုလည်း ထိုသို့ပြောပြီး ငနက်ကြီးနေသော ဂူပေါက်ထဲသို့ဝင်သွားသည်။သူတို့နှစ်ယောက်လည်း နောက်မှလိုက်ခဲ့ကြပြီး တဖြည်းဖြည်းနဲ့ ထိုဂူ၏အတွင်းပိုင်းသို့ေရာက်လာခဲ့ကြေတာ့သည်။
ထိုသို့ သူတို့ ညကြီးမိုးချုပ်ဂူထဲမှာလမ်းလျှောက်နေရပေမဲ့ မှောင်မဲမနေပဲ အလင်းရောင်ကောင်စွာရနေတာကို သတိထားမိပြီး အံ့ဩနေကြသည်။ထို့အတူ ဂူ၏အတွင်းပိုင်းသို့ရောက်လေလေ အလင်းရောင်သည် ပို၍လင်းလေလေဖြစ်ပြီး နောက်ဆုံး ဂူပေါက်အဆုံးကိုရောက်တော့ နေ့ခင်းဖက်နှင့်မခြားဖြစ်သွားပြီး သူတိုရှေ့၌ စိမ်းစိုနေသော တောအုပ်တစ်ခုကိုတွေ့လိုက်ရသည်။
(၄)
ထိုအခါ ဆံဖြူအဖွားအိုက
“ကဲငါ့မြေးတို့ ဒါအဖွားစောင့်ရှောက်ရတဲ့ တောပဲကွဲ့ ဒီတောထဲမှာ သူတော်စင်တွေ တရားကျင့်နေကြတယ် အဖွားနောက်ကလိုက်ခဲ့ကြ”
ဆံဖြူအဖွားအိုလည်း ထိုသို့ပြောပြီး တောအုပ်ထဲသို့ ဝင်ရောက်သွားသည်။ကိုမြင့်ဆောင်နဲ့ကိုပြူးလည်း ဆံဖြူအဖွား၏နောက်မှ လိုက်ခဲ့ကြပြီး သူတို့ တောအုပ်ထဲကိုရောက်သည်နှင့် အေးချမ်းမှုကိုခံစား လိုက်ရသည်။ထိုအေးချမ်းမှုကြောင့်ပင် သူတော်စင်များ လာရောက်တရားအားထုတ်ကြချင်းဖြစ်ပေလိမ့်မည်။နောက်ပြီး ထိုတောအုပ်ထဲရှိသစ်ပင် ဝါးပင်များသည် ခြုံနွယ်ပင်များတက်မနေပဲ ရှင်းလင်းသပ်ရပ်နေပြီး သူတော်စင်များ တရားကျင့်ကြံဖို့ အမတန်ကောင်းသော နေရာဖြစ်သည်။ထို့ကြောင့် သူတော်စင်များလာရောက် တရားကျင့်ကြချင်းဖြစ်သလို ထိုသူတော်စင်များကို နှောက်ေနယှက်သော တစ္ဆေမသည် လည်း အကုသိုလ် အလွန်းများလိမ့်မည်ဖြစ်သည်။
ထိုသို့ဖြစ် သူတို့နှစ်ယောက်လည်း ဆံဖြူအဖွားအိုနောက် လိုက်ခဲ့ကြရင်း တောအတွင်းပိုင်းသို့ ရောက်လာပြီဖြစ်သည်။ထိုနေရာသို့ရောက်တော့ ဝတ်ဖြူစင်ကြယ်များဝတ်၍ သစ်ပင်များအောက်၌ တရားထိုင်နေကြသော သူတော်စင်များကို တွေ့မြင့်လိုက်ရသည်။
သူတိုလည်း ထိုသူတော်စင်များကိုကြည့်ပြီး သူတို့ကဲ့သိုပင် ကျင့်ကြံချင်စိတ်များ ပေါက်လာကြသည် သို့သော် ထိုအလုပ်သည် အပြောလွယ်သလောက် အလုပ်ခက်သောအရာဖြစ်ပြီး တော်ရုံ သဒ္ဒါတရားဖြင့်မဖြစ်နိုင် မိမိကိုကို အားလုံးစွန်လွှတ်နိုင်မှသာ ဤကဲ့သို့ လုပ်ဆောင်နိုင်မှာဖြစ်ပြီး ထိုကဲ့သို့ စွန့်လွှတ်နိုင်ဖို့ကလည်း ပါရမီပါဦးမှဖြစ်သည်။
ဒီလိုနဲ့ သူတို့လည်း ထိုသူတော်စင်များ ဖြတ်ကျော်လာပြီး တောအုပ်၏အလယ်ဟု ထင်ရလောက်သောနေရာ၌ သက်ကယ်မိုး တဲငယ်လေးတစ်ခုကို တွေလိုက်ရပြီး ဆံဖြူအဖွားအိုက သူတို့နှစ်ယောက်ကို ထိုတဲလေးဆီကို ခေါ်ဆောင်သွားသည်။
ထိုတဲငယ်လေးသည် သပ်ရပ်သန့်ရှင်းနေပြီး နေချင်စရာအင်မတန် ကောင်းလှပြီး အနီးအနားပတ်ဝန်းကျင်မှာလည်း စိမ်းစိုနေသော သစ်ပင် ဝါးပင်များနှင့် ရောင်စုံဖူးပွင့်နေသော ပန်းမာန်ပင်များလည်း ရှိနေသည်။
ကိုမြင့်ဆောင့်နှင့်ကိုပြူးလည်း ထိုလှပသော ပတ်ဝန်းကျင်ကိုကြည့်ပြီး သူတို့လုပ်ရမည့် အလုပ်ရော သူတို့လာခဲ့သည့် ကျောပေါ်တဲကိုပင် မေ့တေ့တေ့ ဖြစ်နေကြပြီး ယခုရောက်နေသည့် နေရာမှာပင် အမြဲတမ်းနေချင်စိတ်များပေါက်နေကြသည်။
“ကဲငါ့မြေးတို့ ရေလေးသောက်လိုက်ကြပါဦးကွဲ့”
ဆံဖြူအဖွားအို ထိုသို့ပြောလိုက်မှပဲ သူတို့နှစ်ယောက်လည်း သတိပြန်ဝင်လာကြပြီး ဆံဖြူအဖွားအို ကမ်းပေးသော ရေခွက်ကိုယူ၍ သောက်လိုက်ကြသည် ထိုရေကိုသောက်လိုက်သည်နှင့် တကိုယ်လုံးလန်းဆန်းသွားကာ အားအင်တွေပင်ပြည့်ဖြိုးလာသလို ခံစားလိုက်ရသည်။ ကိုမြင့်ဆောင်လည်း သူတို့နှစ်ယောက် သရဲမကို ချုပ်နှောင်ဖမ်းဆီးပေးရန် လာခဲ့ကြသော်လည်း ယခုသူတို့တွေ့မြင်နေရသော တော၏အနေအထားအရ မည်သည့်အနှောက်အယှက်မှ မတွေ့ရပဲ အားလုံး တိတ်စိတ်ညိမ်သက်နေသဖြင့်
“အဖွားပြောသလို သရဲမ နှောက်ယှက်နေတယ်ဆိုတာ ဟုတ်ရောဟုတ်ရဲ့လားဗျာ့ အခုကျွန်တော်တို့မြင်နေတာတော့ အားလုံးအေးချမ်းပြီး စိတ်ညိမ်နေတာပါပဲ”
ကိုမြင့်ဆောင် ထိုသို့မေးလိုက်တော့ ဆံဖြူအဖွားအိုက
“သူမလာသေးလို့ပါကွယ် သူလာရင်ဘယ်လိုဖြစ်တယ်ဆိုတာ ငါ့မြေးတို့ တွေ့ရပါလိမ့်မယ်”
“ဟုတ်လားအဖွား ဒါနဲ့ ကျွန်တော်တို့က အဲ့ဒီသရဲမကို ဘယ်လိုချုပ်နှောင်ေပးရမှာတုန်း”
“ဒီလိုကွဲ့ ငါ့မြေးတို့က အဲ့ဒီသရဲမရောက်လာရင် ဟောဒီ ကြိုးကွင်းလေးကိုသာ သူ့လည်ပင်းကိုစွပ်ပေးလိုက် အဲ့ဒါဆို အဲ့ဒီသရဲမ သူ့ရဲ့အစွမ်းတွေ ပျောက်သွားလိမ်းမယ် အဲ့ဒီ့အခါကြရင် သူလည်း သူတော်စင်တွေကို ဆက်မနှောက်ယှက်နိုင်တော့ပဲ ရိုးရိုးသာမန် သရဲတစ္ဆေတစ်ကောင်ဖြစ်သွားလိမ့်မယ်ကွဲ့ ဒါဆို သူတော်စင်တွေ တရားအလုပ်ကို ဖြောင့်ဖြောင့်တန်းတန်းလုပ်နိုင်ပြီေပါ့ကွယ်”
ဆံဖြူအဖွားအို ရှင်းပြလိုက်တော့ ကိုမြင့်ဆောင်လည်း သဘောပေါက်သွားပြီး
“ကောင်းပါပြီအဖွား ဒါဆိုလည်း ကျွန်တော် အဖွားပြောတဲ့အတိုင်းလုပ်လိုက်ပါမယ့်”
“အေး အဲဒီလို လုပ်ဖို့က ဒီပုံစံအတိုင်းဆိုရင်တော့ မလွယ်ဘူးကွဲ့ သူကဒီတောထဲမှာ ဘယ်သူတွေရှိတယ်ဆိုတာ သိပြီးသားဆိုတော့ ငါ့မြေးတို့ကို မြင်တာနဲ့ သံသယဝင်မှာပဲ နောက်ပြီး အန္တရာယ်ပါပြုနိုင်တယ်ကွဲ့ ဒါကြောင့် ဒီလိုလုပ်မှရမယ်”
ဆံဖြူအဖွားအိုလည်း ပြောပြောဆိုဆို သူတို့နှစ်ယောက်ကို သူ့လက်ထဲမှတောင်ဝှေးဖြင့် ထိုးလိုက်သည်။ထိုအခါ ရုတ်တရက်ပင် သူတို့နှစ်ယောက်စလုံး ဝတ်ဖြူစင်ကျယ်ဝတ်ထားသည့် သူတော်စင်များလိုဖြစ်သွားကြသည်။ထိုအခါ ဆံဖြူအဖွားအိုက
“ကဲ ငါ့မြေးတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် သိပ်မဝေးတဲ့ သစ်ပင်မှာသွားပြီး တရားထိုင်နေကြ အဲ့ဒီသရဲမရောက်လာရင် ငါ့မြေးတို့ကိုလာပြီး နှောက်ယှက်လိမ့်မယ် အဲ့ဒီအခါကြရင် ဟောဒီကြိုးကွင်းေလးကိုသာ သူ့လည်ပင်းကို စွပ်ပေးလိုက်တော့ကွဲ့
ဆံဖြူအဖွားအို ထိုသို့ပြောပြီး သူ့လက်ထဲမှ ကြိုးကွင်းလေးနှစ်ကွင်းကို ကိုမြ့င့်အားဆောင်နှင့်ကိုပြူးတို့အား တစ်ယောက်တစ်ကွင်းေပးလိုက်သည် သူတို့နှစ်ယောက်လည်း ထိုကြိုးကွင်းလေးများကိုယူပြီး လက်ထဲမှာပင်ဆုပ်ထားလိုက်သည်။
(၅)
ဒီလိုနဲ့ သူတို့နှစ်ယောက်လည်း ဆံဖြူအဖွားအို၏တဲအိမ်လေးနှင့်မလှမ်းမကမ်းမှာရှိသည့် ဘေးချင်းယှဉ်ပေါက်နေသော သစ်ပင်နှစ်ပင်ဆီကိုသွားပြီး တစ်ယောက်တစ်ပင် ထိုသစ်ပင်များအောက်၌ မျက်လွှာချထားပြီး မျက်နှာချင်းဆိုင်ပြီ တင်ပလ္လင်ခွေထိုင်နေလိုက်ကြသည် သို့မှသာ သရဲမက တစ်ဦးကိုနှောက်ယှက်လျှင် နောက်တစ်ဦးက သိနိုင်မြင်နိုင်မည်ဖြစ်သည်။
ရုတ်တရက် ကြည့်လိုက်လျှင်ဖြင့် သူတို့နှစ်ဦးသည်လည်း သူတော်စင်များဖြစ်ကြပြီး တရားမှတ်လားမမှတ်လားတော့ မည်သူမျှသိနိုင်မည်မဟုတ် ထိုသို့ဖြင့် အတန်ကြာတော့ ကိုပြူးသည် မျက်လုံးကို မသိမသာဖွင့်လိုက်ပြီး ကိုမြင့်ဆောင်ကိုကြည့်လိုက်သည် ထိုအခါ ကိုမြင့်ဆောင်က ဟုတ်တိပတ်တိပင် သူ့နှာချင်းဆိုင်သစ်ပင်အောက်၌ တရားထိုင်နေတာကို မြင်လိုက်ရပြီး သူလည်းမျက်လွှာပြန်ချထားလိုက်သည်။
ထိုသို့ဖြစ် သူတို့နှစ်ေယာက်သစ်ပင်အောက်၌ သူတော်စင်တွေလို ထိုင်နေကြပြီး သိပ်မကြာခင်မှာပဲ ဆိုးရွားလှသော အပုပ်နံ့တစ်ခုကိုရလိုက်ကြပြီး နှစ်ယောက်စလုံး နှာခေါင်းရှုံ့မိလိုက်ကြပြီး ထိုးအန်ချင်စိတ်ပင်ဖြစ်ကာ ပျို့တက်လာကြသည် သူတို့နှစ်ယောက်လည်း ထိုသို့ထိုးမအန်မိအောင် မနည်းပင်အောင့်အီးသည်ခံနေရပြီး မျက်လုံးကိုတော့ မသိမသာဖွင့်ကြည့်နေမိကြသည်။ ထိုအခါ စောစောက အလင်းရောင်ရနေသည့် တောအုပ်သည် မှောင်မဲနေပြီး ကြောက်မက်ဖွယ် အသံကြီးတွေကိုလည်းကြားနေရပြီး ကိုမြင့်ဆောင်နှင့် ကိုပြူးတို့နှစ်ယောက် ကျက်သီးများပင်ထလာကြသည် ထိုသို့ခြောက်လန့်မှုသည် သူတောစင်များ၏စိတ်ကို တည်ညိမ်မှုကင်းမဲ့အောင် လုပ်လိုက်ချင်းဖြစ်ပြီး ထိုစိုးဝါးသောအနံ့အသက် ကြောက်မက်ဖွယ်ကျယ်လောင်ေသာ အသံတို့ဖြင့် သူတော်စင်တို့၏ သမာဓိကို ပျက်ပြားအောင်လုပ်ေနချင်း ဖြစ်နိုင်သည်။ထို့ကြောင်လည်း ဆံဖြူအဖွားအိုက သူ့ကိုထိုသို့မလုပ်နိုင်ရန် ချုပ်နှောင်ထားလိုချင်းဖြစ်ပုံရသည်။
ထိုသို့ဖြစ် ကိုမြင့်ဆောင့်နှင့်ကိုပြူးလည်း မှောင်နဲ့မဲမဲကြားတွင် ထိုင်ရာမှမထပဲ သရဲမကို မျက်လုံးဖွင့်၍ လိုက်ရှာကြည့်နေကြသည်။သို့သော် သူတို့ဘာမှမမြင့်ရပဲဖြစ်ကြပြီး စူးရှကျယ်လောင်သောအသံဖြင့်တဟီးဟီးတဟားဟား အော်ရယ်ပြီး တောထဲပတ်သွားနေသည့် အသံကိုတော့ကြားနေရသည် ထိုအသံ သည် ဟိုရောက်လိုက်ဒီရောက်လိုက်ဖြစ်နေ၍ သူတော်စင်များ တရားထိုင်နေသည်ကို လိုက်နှောက်ယှက်နေသော သရဲမဖြစ်ပုံရသည်။ထို့ကြောင့် သူတို့လည်း ထိုရယ်သံကို နားစွင့်ထားကြပြီး ထိုအသံရောက်သည့်နေရာကို လိုက်မှတ်ေနကြရင်း တဖြည်းဖြည်းသူတို့နှင့် နီးနီးလာတာကို သတိထားမိလိုက်ကြသည်။
ဒါကြောင့် သူတို့နှစ်ယောက်လည်း သတိရှိရှိ နေနေကြရင်း ထိုရယ်သံသည် ကိုပြူးနားသို့ကပ်လာသည်။ထိုအခါ ကိုပြူးလည်း မျက်လုံးကို ဖွင့်ရမလို မှိတ်ရမလို ဖြစ်နေပြီး ဇောချွေးများပင်ပြန်လာသည်။ကိုပြူးလည်း ဒီအတိုင်းကြီး ဆက်မနေနိုင်တော့ပဲ မျက်လုံးကိုဖွင့်ကြည့်လိုက်သည်။ထိုအခါ သူနှင့်မနီးမေဝးတွင် သူကိုရပ်ကြည့်နေသော တစ္ဆေမကြီးတစ်ကောင်ကိုမြင်လိုက်ရပြီး ထိုတစ္ဆေမကြီးက ကိုပြူးကို သူလုပ်လိုက်၍ သမာဓိပျက်သွားသော သူတော်စင်တစ်ယောက် ဖြစ်သည်ဟုထင်နေပုံရပြီး တဟီးဟီးတဟားဖြင့်အော်ရယ်ရင်း တရွေ့တိုးကပ်လာသည်။
ထိုအချိန် ကိုပြူးနှင့် မျက်နှာချင်းသစ်ပင်အောင်တွင်ထိုင်နေသော ကိုမြင့်ဆောင်က အမှောင်ထဲတွင် ကျင့်သားရသွားဖြစ်၍ သူနှင့်မလှမ်းမကမ်းရှိတစ္ဆေမကြီးကိုမြင်နေရပြီး ကိုပြူးကို အာရုံစိုက်နေသော တစ္ဆေမကြီးဆီကို ပြေးသွားပြီး သူလက်ထဲမှအသင်ကိုင်ထားသော ကြိုးကွင်းလေးဖြင့် တစ္ဆေမကြီး၏ ခေါင်းကိုစွပ်ချလိုက်သည်။
ထိုသို့ ဆံဖြူအဖွားအိုပေးထားသော ကြိုးကွင်းလေး အစွပ်ခံလိုက်သည်နှင့် တစ္ဆမကြီးသည် သူ၏လည်ပင်းကိုကိုင်ကာ နာနာကျင်ကျင်အော်ေနတော့သည်။
ထိုအချိန်၌ စောစောကမှောင်မဲနေသောတောသည် ပြန်လည်လင်းလာပြီး အပုပ်နံ့များလည်းမနံတော့ပဲ နဂိုအတိုင်းပြန်ဖြစ်သွားသည်
ထိုအခါ ဆံဖြူအဖွားအိုလည်း သူတိုရှိနေရသို့ရောက်လာပြီး
“မယ်ညို နင့်ကိုငါ ဒီလိုမလုပ်ဖို့ အကြိမ်ကြိမ်ပြောပါတယ် ဒါကိုနင်ကနားမထောင်ဘူး အခုတော့ နင် ကိုအပြစ်ကို ခံပေဦးတော့”
ဆံဖြူအဖွားအို ထိုသို့ပြောလိုက်တော့ မယ်ညိုဆိုသော သရဲမကြီးက
တောင်းပန်ဟန်ဖြင့်ကြည့်ပြီး သူလည်ပင်းမှကြိူးကွင်းဖြုတ်ပေးရန် ပြောသည် သို့သော် ဆံဖြူအဖွားက ပြန်မဖြုတ်ပေးပဲ သူစောင့်ရှောက်ရသောတောထဲမှနေပြီး နှင်ထုတ်လိုက်တော့သည်။
“ငါမြေးတို့ကို အဖွားကျေးဇူးတင်ပါတယ်ကွယ် ငါမြေးတို့ကူညီလိုက်တဲ့တွက် မဲညိုဒီတော့ထဲကို ဘယ်တော့မှပြန်လာရဲမှာမဟုတ်တော့ဘူး နောက်ပြီး သူတော်စင်တွေလည်း အခုဆို တရားအလုပ်ကို ဖြောင့်ဖြောင့်တန်းတန်း လုပ်နိုင်ကြပါပြီကွယ်”
ဆံဖြူအဖွားအို ထိုသို့ ကျေးဇူးတင်စကားပြောလိုက်တော့ ကိုမြင့်ဆောင်ကလည်း
“ကျွန်တော်တို့ကလည်း အဖွားနဲ့သူတော်စင်တွေကို အခုလိုကူညီခွင့်ရတဲ့အတွက် ဝမ်းသာနေကြတာပါဗျာ ဒါနဲ့ အဖွားရဲ့ ကျွန်တော်တို့လည်း မနက်ရောက်ရင် လုပ်စရာတွေရှိသေးတယ်ဗျာ့ ပြန်ခွင့်ပြုပါဦး”
ကိုမြင့်ဆောင် ထိုသို့ပြန်ခွင့်တောင်းလိုက်တော့ ဆံဖြူအဖွားအိုက သူတို့နှစ်ယောက်ကို စေ့စေ့ကြည့်ပြီး
“ငါမြေးတို့နှစ်ေယာက်က တကယ့်ကို ရိုးသားတဲ့သူတွေပဲကွယ့် ဒါကြောင့်အဖွား မင်းတို့နှစ်ယောက်ကို ဒီကို အချိန်မရွေးလာလည်ခွင့်ပေးလိုက်မယ် ဒါပေမဲ့ ဒီနေရာက သာမန်နေရာေတာ့ မဟုတ်ဘူးကွဲ့ ဒါကြောင့် ရိုးရိုးလူတွေရဲ့မျက်စိနဲ့ေတာ့ မတွေမြင်နိုင်ဘူး မင်းတို့နှစ်ယောက်သာ အဖွားခေါ်လာလို့တွေ့မြင်နေရတာ နောက်လည်း ဒီကိုလာလည်ရင်တော့ တစ်ခြားသူတွေခေါ်မလာခဲ့နဲ့ကွဲ့”
ဆံဖြူအဖွားအို ထိုသို့ရှင်းပြလိုက်မှ သူတို့နှစ်ယောက်လည်း ဤတောအုပ်ကလေးသည် ဘာကြောင့် ဒီလောက်လှပနေရတာလဲဆိုတာကို သဘောပေါက်သွားကြပြီး ဤနေရာကို အချိန်မရွေးလာလည်ခွင့် ရသွားသည့် အတွက်လည်း အတိုင်းမသိကျေနပ်နေကြတော့သည်။
ထိုသို့ဖြစ် သူတို့နှစ်ယောက်ပြန်လာကြတော့ အလာတုန်းလာခဲ့သည်
ဂူပေါက်ထဲကို ပြန်မဝင်တောပဲ တောအုပ်ကလေး၏အဆုံးသို့ခေါ်သွားပြီး ဆံဖြူအဖွားအိုက
“ကဲငါမြေးတို့ ဒီလမ်းလေးအတိုင်း လိုက်သွားကြကွဲ အဲဒါဆို မကြာခင်မင်းတို့တဲကို ပြန်ရောက်လိမ်မယ်”
ဆံဖြူအဖွား ထိုသို့ပြောလိုက်တော့ သူတိုနှစ်ယောက်လည်း ဆံဖြူအဖွားအိုကို နှုတ်ဆက်ပြီးထိုလမ်းလေးအတိုင်း လိုက်လာခဲ့ကြတော့သည် ထိုအချိန်၌ သူတို့၏ အဝတ်အစားများသည်လည်း နဂိုအတိုင်း ပြန်ဖြစ်နေကြပြီး သွားရင်းလာရင်းနှင့်ပင် ကိုလှသောင်း၏ နွားငေါက်သံကို ကြားလိုက်ရ၍ သူတို့လည်း ထိုဘက်ကို လှည့်ကြည့်လိုက်ကြသည်။ထိုအခါ ကိုလှသောင်းတစ်ယောက် နွားနှစ်ကောင်ကို တဲအပြင်သို့ ထုတ်နေတာကိုမြင်လိုက်ရပြီး သူတို့လည်း သူတို့ရောက်နေသည့် နေရာကို သတိထားမိလိုက်သည်။ထိုအခါမှ သူတို့နှစ်ယောက်လုံး ကိုလှသောင်းယာကွက်နှင့်သူတို့ယာကွက်အစပ်ရှိ လှည်းလမ်းပေါ်ကို ရောက်နေကြောင်းသတိထားမိလိုက်တော့သည်။
အားလုံးကို လေးစားစွာဖြင့် – မျိုးမာန်
စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး ခင်ဗျ။