” ဇရပ်အိုမှာ တစ်ညတာ “(ဖြစ်ရပ်မှန်)

Unicode Version

” ဇရပ်အိုမှာ တစ်ညတာ “(ဖြစ်ရပ်မှန်)
——————————-

ပြောရရင်တော့ ဝါဆိုလပြည့်ညပေါ့ဗျာ။
ကျုပ်နာမည်က မောင်ကင်းလို့ခေါ်တယ်။ အရပ်ရှည်ပြီး သရုပ်ဆောင်ကင်းကောင်နဲ့သွားတူတယ်လေ။ အရပ်ထဲကတော့ ကင်းကောင်လို့ခေါ်ကြတယ်။ နောက်တော့ ကြော်ငြာတစ်ခုမှာ ကင်းကောင်ကို မောင်ကင်းလို့ခေါ်ရာက ကျုပ်ကိုပါအားလုံးက မောင်ကင်း မောင်ကင်း နဲ့ခေါ်ရာကနေ နာမည်က မောင်ကင်းဖြစ်သွားတယ်ဆိုပါတော့။ နာမည်အရင်းတော့ရှိတယ်ဗျ။ ထားလိုက်ပါ အဲဒါက အရေးမကြီးပါဘူး။
ကျုပ်တို့ရွာကလေးက နယ်မြို့ကလေးတစ်မြို့နဲ့ မနီးမဝေးရွာကလေးဗျ။ စက်ဘီးစီးရင် တစ်နာရီသာသာလောက်စီးရတယ်၊ လမ်းလျှောက်ရင်တော့ နှစ်နာရီလောက်၊ ခြေသွက်ရင် တစ်နာရီကျော်ကျော်လောက်သာလျှောက်ရတယ်။
စက်ဘီးလို့ပြောလို့ အဲဒီတုန်းက ကျုပ်တို့ဆီမှာ ဆိုင်ကယ်တွေမပေါသေးဘူးဗျ။ စက်ဘီးတောင်လူတိုင်းစီးနိုင်တာမဟုတ်ဘူး၊ နွားလှည်းတို့ စက်ဘီးတို့ကိုအားကိုးရတုန်း။ ခုခေတ်လို ထော်လာဂျီတို့ ဆိုင်ကယ်တို့က မပေါသေးဘူး။
ဝါဆိုလပြည့်နေ့မတိုင်ခင်ကတည်းက မြို့ကသူငယ်ချင်းအိမ်ကိုသွားကြတယ်။ သူတို့အိမ်မှာ လပြည့်နေ့ ဝါဆိုသင်္ကန်းကပ်တယ်ဗျာ၊ ကျုပ်တို့လဲ ဝိုင်းကူကြတာပေါ့။ နောက်တော့ အလှူပြီးတော့ ညနေဖက် ရွှေရင်မျှော် ဘုရားဘက် တက်ဖူးကြတယ်။ လပြည့်နေ့ဆိုတော့ ဘုရားမှာလူစည်ချက်ဗျာ၊ ဈေးဆိုင်တွေကလဲ ပေါပြီး မသိရင် ဘုရားပွဲလိုလိုဖြစ်နေတာပေါ့။ ကျွန်တော်တို့သူငယ်ချင်းတစ်စုလဲ အဲဒီဘုရားဖူးပြီး အေးအေးဆေးဆေးပျော်ပါးနေကြတော့ပေါ့၊ ဇတ်လမ်းက အိမ်ပြန်တဲ့အခါမှာ စတာပဲဗျို့။
“ဟေ့ မောင်ကင်း တို့အိမ်မှာညအိပ်ပြီး မနက်ဖြန်မှပြန်ပေါ့ကွာ”
မောင်ကင်းက ခေါင်းခါလိုက်၏။
“မဖြစ်ဘူးကွ၊ ငါရွာအရောက်ပြန်မှဖြစ်မယ်၊ မနက်ဖြန်လပြည့်ကျော်တစ်ရက်ဆိုတော့ တို့ရွာမှာ ဝါဆိုပန်းခူးပွဲရှိတယ်ကွ”
“အေးလေ မင်းပြန်မယ်ဆိုလဲ ပြန်ပေါ့၊ လမ်းလျှောက်ပြန်မှာမဟုတ်လား”
“မေးနေရသေးတယ်ကွာ ငါ့မှာ စက်ဘီးရှိလို့လား”
ဘုရားမှပြန်ဆင်းလာတော့ ညနေ ခြောက်နာရီထိုးခါနီးနေပြီဖြစ်သည်။ တစ်နေ့လုံး နေကကျွတ်ကျွတ်လွတ်လွတ်ပူပြီး ညနေစောင်းတော့ မိုးသားတိမ်လိပ်တွေက အနောက်ဖက်မှ တက်လာကြလေသည်။ သူတို့ဒေသက မြန်မာပြည်အောက်ပိုင်းဒေသမို့ မိုးရာသီတွင် မိုးက ကောင်းလှပေသည်။
သူငယ်ချင်းအိမ်သို့ပြန်ပြီး အထုပ်အပိုးများပြန်ယူရသည်။ အထုပ်အပိုးဆိုသော်လည်း များများစားစားမပါ။ လွယ်အိတ်တစ်လုံးနှင့် အဝတ်တစ်စုံဖြစ်သည်။ လက်နှိပ်ဓါတ်မီးနှင့် ဓါးမြောင်ကလေးကတော့ အမြဲတမ်းသွားလေရာသယ်သွားနေကြ။
“နောက်များကျနေပြီလား၊ မင်းမှီပါ့မလား ငါ့ကောင်ရ”
သူငယ်ချင်းအမေးကို ခေါင်းညိတ်ဖြေလိုက်သည်။
“မီပါတယ်ကွ၊ ငါမြန်မြန်လျှောက်ရင် ည ၈နာရီမထိုးခင် ရွာကိုပြန်ရောက်လောက်ပါတယ်”
“သတိလဲထားဦးကွ”
“အောင်မယ်လေးကွာ၊ ဒီလမ်းတွေက ငါသွားနေကြပါ၊ ငါ့ခြေရာတွေချည်းပဲ”
ထိုသို့ပြောပြီးနောက် သူငယ်ချင်းအိမ်မှာ ခြေလှမ်းကျဲကြီးများဖြင့် မြန်မြန်ပြန်ထွက်ခဲ့သည်။ မြန်မြန်မသွားလို့ကလဲမဖြစ်၊ ရွာသို့ မနက်ဖြန်အမီရောက်အောင်သွားရမည်။ ရွာတွင်ရှိသည့် ချစ်သူက မနက်ဖြန် ဝါဆိုပန်းခူးတွင် အတူတူခူးကြမည်ဟု ဆိုထားသည်ကို ကတိပေးထားသဖြင့် ခပ်မြန်မြန်လျှောက်လာခဲ့လေသည်။
သူ့ကိုယ်သူလဲ အပြစ်တင်မိသည်။ ဘာလို့ နောက်ကျမှပြန်ရသလဲဆိုပြီးတော့ပေါ့။ နောက်တော့ ရွာတွင်စောင့်နေသည့် ချစ်သူမျက်နှာကိုမြင်ယောင်ပြီး အားတက်သွားသည်။ ဘုရားပွဲဈေးတွင် ချစ်သူအတွက်ဝယ်ခဲ့သည့် ပုဝါခြုံထည်လှလှကလေးကိုလဲ ချစ်သူအား ပေးချင်နေပြီဖြစ်သည်။
ရွာသို့သွားသည့် ကားလမ်းမကြီးကိုတက်လာခဲ့တော့ မိုးသားတိမ်လိပ်များသည် မဲမှောင်နေပြီး လျှပ်ပန်းလျှပ်နွယ်များကလဲ တဖြန်းဖြန်းနှင့် မြင်တွေ့နေရပြီဖြစ်သည်။ ပတ်ဝန်းကျင်က တဖြည်းဖြည်းမှောင်ကျလာသည်။ ကားလမ်းမကြီးတွင် စက်ဘီးကြုံ၊ လှည်းကြုံများရှိမလားဟု ကြည့်လိုက်သော်လည်း သူတစ်ယောက်တည်းသာ ရှိသည်။
“တောက် . . . မိုးကလဲကွာ”
ထိုသို့ရေရွတ်လိုက်ပြီးတော့ လမ်းလျှောက်နေသည့် ခြေလှမ်းကို အရှိန်မြှင့်လိုက်တော့သည်။ မိုးသားများက တရိပ်ရိပ်နီးကပ်လာပြီဖြစ်သည်။ မောင်ကင်းကလဲ အပြေးတစ်ပိုင်းလမ်းလျှောက်လာလေရာ မြို့အထွက် သုသန်ကလေးကို ကျော်လွန်ပြီးသည့်အခါတွင်တော့ ကားလမ်းမကြီးတွင် လူပြတ်သွားပြီဖြစ်သည်။
ကားလမ်းနံဘေးတွင် ကွင်းပြင်များ၊ မြေရိုင်းများ၊ တောအုပ်ငယ်ကလေးများသာရှိတော့သည်။ ထိုတာလမ်းမကြီးက ကျေးရွာချင်းဆက်လမ်းဖြစ်ပြီး ကားလမ်းမကြီးတစ်ဖက်တစ်ချက်ဟိုးဝေးဝေးတွင် ကျေးရွာကလေးများကို မီးတလက်လက်နှင့် လှမ်းမြင်နေရလေသည်။
“ဝေါ . . .ဝေါ””
လမ်းလျှောက်နေရင်း တိမ်သားလိပ်က သူ့ကိုဖုံးအုပ်သွားလေသည်။ ထို့အတူ မိုးကလဲ အော်သံကြီးပေးကာ ပြေးလာတော့သည်။ ပတ်ဝန်းကျင်က ချက်ချင်းမှောင်မိုက်သွားသည်မို့ မောင်ကင်းက လက်နှိပ်ဓါတ်မီးကိုဖွင့်လိုက်ပြီးနောက် လွယ်အိတ်ကိုရင်ဘတ်တွင်ပိုက်ကာ ပြေးရတော့သည်။ သို့သော် မိုး၏ အမြန်နှုန်းကို မောင်ကင်းလိုက်မမီတော့ မိုးက သည်းကြီးမည်းကြီးရွာချလေတော့သည်။
“တောက်”
မိုးကလဲရေပါလွန်းသဖြင့် ဆယ်မိနစ်ခန့်ရွာချလိုက်သောအခါ တာလမ်းမကြီးတစ်ခုလုံး ရေလွှမ်းသွားတော့သည်။ ဗွက်တွေပေါက်နေချေပြီ၊ ရွာရောက်ဖို့ကလဲ အတော်လိုသေးသည်။ ပုံမှန်အချိန်ဆို တစ်နာရီသာသာလျှောက်ရဦးမည်ဖြစ်သည်။ သို့သော် ဒီလိုမိုးရွာမှုမျိုးနှင့်ဆို နှစ်နာရီတောင်ရောက်ရန်မသေချာလှပေ။
လမ်းက ရေတွေနှင့်လျှောက်ရခက်လာလေသည်။ တစ်ကိုယ်လုံးလဲ မိုးမိပြီး ကြွက်စုတ်ဖြစ်နေပြီ၊ မိုးသည်းလွန်းသဖြင့် လမ်းကိုလဲ သိပ်မမြင်ရတော့ ဓါတ်မီးကလဲ သိပ်မတိုးတော့ပေ။
“တစ်နေရာ မိုးခိုမှထင်တယ်”
သူတွေးလိုက်မိသည့်အတိုင်း အရှေ့တွင် ရွာနှစ်ရွာသို့သွားသည့် လမ်းခွဲကလေးတစ်ခုရှိသည်။ ထိုလမ်းခွဲကလေးအလယ်တွင် ဇရပ်ကလေးတစ်ဆောင်ရှိသည်။ ဇရပ်အနီးတွင် သရက်ပင်ကြီးတစ်ပင်လဲရှိသည်။ ခရီးသွားများ နားနေနိုင်ရန်အတွက် ရည်ရွယ်ပြီးဆောက်ပေးထားခြင်းဖြစ်သည်။
မောင်ကင်းလဲ ထိုဇရပ်အတွင်း ဝင်သင့်မဝင်သင့်ကို သေချာစဉ်းစားလိုက်သည်။ မိုးကလဲ တော်တော်သည်းနေသည်မို့ မိုးစဲသည့်အချိန်ကို ဇရပ်အတွင်းဝင်ကာ စောင့်လိုက်မည်၊ မိုးစဲသွားမှ ရွာသို့ပြေးမည်ဟုဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ဇရပ်ကလေးအပေါ်သို့ပြေးတက်လိုက်သည်။
ဇရပ်ကလေးမှာ အနည်းငယ်မြင့်မြင့်ဆောက်လုပ်ထားပြီး အုတ်လှေကားသုံးထစ်နှင့်တက်ရသည်။ အကာအရံဟူပြီး ကြီးကြီးမားမားမရှိဘဲ ဒူးလောက်သာသာ သစ်သားချောင်းကလေးများကို ဘောင်အဖြစ်ပတ်ပတ်လည်ရိုက်ထားလေသည်။ နှစ်ပင်ခန်းရှိသည့် ဇရပ်ကလေးဖြစ်သည်မို့ အတန်ငယ်ကျယ်ဝန်းသည်ဟု ပြောရမည်။
ဇရပ်ပေါ်တက်လိုက်ပြီး တိုင်တစ်ခုကိုမှီလိုက်ကာ လမ်းမဘက်သို့ ငေးကြည့်နေမိသည်။ ပတ်ဝန်းကျင်တွင် လူတစ်ယောက်မှမရှိပေ။ ဇရပ်အတွင်းတွင်လဲ မှောင်မဲနေသည်။ မိုးက အတော်ကောင်းသည်။ လေရောမိုးရော ချသည်မို့ သရက်ပင်ကြီးက တရှဲရှဲနှင့် ယိမ်းထိုးနေသည်မှာ မကောင်းဆိုးဝါးကြီးတစ်ကောင် က နေသလိုဖြစ်နေသည်။ ထို့အတူ ဇရပ်ခေါင်မိုးရှိ သွပ်ပြားတစ်ချို့မှာ သံတွေကွာပြီး တဒိုင်းဒိုင်းနှင့် လေတိုက်တိုင်း ဆူညံနေတော့သည်။
မောင်ကင်းက သရဲတော့ကြောက်တတ်သည်။ ရွာလမ်းမှာ အမြဲသွားလာနေဖူးသော်လည်း ယခုလိုညနက်မှတော့ တစ်ခါမှ မသွားဖူးသေးပေ။ ညနက်မှ ထွက်လာခဲ့သည့် ကိုယ့်ကိုကိုလည်းအပြစ်တင်နေမိသည်။ လက်တွင်ပတ်ထားသည့် ဒီဂျစ်တယ် လက်ပတ်နာရီကလေး၏ မီးထွန်းသောခလုပ်ကို နှိပ်လိုက်ပြီး နာရီကိုကြည့်လိုက်တော့ အချိန်က ည ၇နာရီကျော်ကျော်ကလေးသာရှိသေးသည်။ မောင်ကင်းလဲ မိုးစဲရန်သာ ဆုတောင်းနေမိသည်။
ထိုစဉ်မောင်ကင်း၏ ပုခုံးအပေါ်အေးစက်သည့် လက်ကြီးတစ်ခုက လာပုတ်ခတ်လိုက်သည်။ မောင်ကင်းလဲ သူ့ပုခုံးအပုတ်ခံရသည်ကို သိလိုက်ပါသည်။ သို့သော်လှည့်မကြည့်ရဲသေး။ သေချာသည်ကတော့ သရဲလက်ကြီးတစ်ခုဖြစ်သည်ကို သိလိုက်သောကြောင့်ဖြစ်သည်။
သူလှည့်မကြည့်သဖြင့် လက်ကြီးက သူ့ကိုနောက်တစ်ချက်ထပ်ပုတ်လိုက်သည်။ လက်ဖဝါးကြီးက အေးစက်ပြီးကြမ်းတမ်းလှသည်။
“ဟေ့ကောင် မောင်ကင်း”
သူ့နာမည်ခေါ်သံကြားတော့ မောင်ကင်းက တုန်တက်သွားသည်။ ကြည့်စမ်း။ သရဲကြီးက သူ့နာမည်ကို ပါသိနေသည်။
“မောင်ကင်း . . . မောင်ကင်း””
မောင်ကင်းလဲ ကြောက်ကြောက်နှင့် လှည့်ကြည့်မိလိုက်သည်။ သူ့နောက်တွင် လူမည်းမည်းကြီးက ငုတ်တုတ်ထိုင်နေလေသည်။ ထိုလူမည်းမည်းကြီးမှာ လူကောင်ထွားထွားနှင့် ၀၀ကြီးဖြစ်ကာ ဒူးတစ်ဖက်ထောင်ပြီး ထိုင်နေလေသည်။
“ခင် . . . ခင်ဗျာ”
“မင်းဘာဖြစ်နေတာလဲ ငါပါကွ”
ဒီတော့မှမောင်ကင်းက လက်နှိပ်ဓါတ်မီးဖြင့် ထိုးလိုက်မိသည်။
“အို . . . ဦးဝက်ကြီးပါလား”
ဦးဝက်ကြီးက မောင်ကင်းနှင့် ဆွေမျိုးမကင်းတော်သူဖြစ်သည်။ ရွာတွင်လူမိုက်ဖြစ်သည်။ အသားမည်းမည်း လူကောင်က ထွားထွားနှင့်ဖြစ်ပြီး ဝလွန်းသည်မို့ ဦးဝက်ကြီးဟုသာ ရွာမှလူများက ခေါ်ကြသည်။ မောင်ကင်းနှင့်လဲ အတော်ရင်းနှီးပါ၏။
“လန့်သွားတာပဲဗျာ . . . ဒါနဲ့ ဦးဝက်ကြီးက အမှောင်ကြီးထဲဘာထိုင်လုပ်နေတာလဲ”
“အမှောင်ထဲဆို ငါ့မှာ လက်နှိပ်ဓါတ်မီးမှ မပါဘဲကွ”
ဟုတ်တော့လဲဟုတ်သည်။ ပတ်ဝန်းကျင်က မှောင်မိုက်နေပြီး မောင်ကင်းကလဲ သရဲကြောက်ပြီး ဇရပ်အတွင်းသို့ ဝေ့ဝိုက်မကြည့်သည်မို့ ဇရပ်အတွင်းရှိ ဦးဝက်ကြီးကို မမြင်လိုက်ချေ။
“နေပါဦး မိုးချုပ်နေပြီ မင်းက ဘယ်ကပြန်လာတာလဲကွ”
“ဝါဆိုသင်္ကန်းကပ်၊ ညနေတော့ ရွှေရင်မျှော်ဘုရားဖူးပြီး မနက်ဖြန် ဝါဆိုပန်းခူးအမီရွာပြန်လာတာပဲ ဦးဝက်ကြီးရေ၊ ဒါနဲ့ ဦးဝက်ကြီးကကော ဘာလုပ်နေတာလဲ”
“ငါလဲ ရွာပြန်မလို့ကွ”
“ဒါနဲ့ မင်းလွယ်အိတ်ထဲ ဘာတွေပါလဲကွ မှန်းစမ်းကြည့်ရအောင်”
ဦးဝက်ကြီးက သူ့လွယ်အိတ်ကိုလုယူလိုက်ပြီးမွှေနှောက်ကြည့်လိုက်သည်။ လွယ်အိတ်ထဲမှ ဓါးမြှောင်ကိုမြင်တော့ ဦးဝက်ကြီးက တစ်ချက် ထိတ်လန့်သွားလေသည်။
“ဒီပုဝါကလေး လှသားဟ၊ အေးမူဖို့ထင်တယ်”
“ဟီး . . . ဦးဝက်ကြီးကလဲ သိရဲ့သားနဲ့”
“အေးမူက ငါ့မိန်းမဘက်က အမျိုးကွ၊ ဒါနဲ့မင်း အေးမူကို အတည်ကြံတာလား”
မောင်ကင်း ခေါင်းညိတ်လိုက်သည်။
“အတည်ဗျ”
“အေးပါကွာ ၊ ကောင်မလေးက ဖတဆိုးလေးပါ၊ မင်းနောက်ပိုင်း သူ့ကိုသေချာဂရုစိုက်ပါကွာ၊ ဒါနဲ့ မင်းဆီမှာ စားစရာလေးဘာလေးမပါဘူးလား၊ ငါဗိုက်ဆာလို့ကွ”
“မပါဘူးဗျ”
ဦးဝက်ကြီးမျက်နှာမှိုင်ကျသွားလေသည်။
“ဒါနဲ့မင်းရောက်လာတော့ ငါအားရှိသွားတယ်သိလား”
“ဘာလို့လဲဗျ”
“ဒီဇရပ်က သရဲအရမ်းခြောက်တယ်လေကွာ”
ထိုင်နေသည့် မောင်ကင်း ကြက်သီးများတဖြန်းဖြန်းထလာလေသည်။ အပြင်တွင်လဲ မိုးက သည်းထန်နေဆဲဖြစ်သည်။
“သ . . . သရဲရှိတယ် . . . ဟုတ်လား”
“အေးကွ၊ အရင်တုန်းက ဓါးပြတွေက တို့ရွာက ဦးဖိုးမှန်တို့အိမ်ကို ဓါးပြတိုက်ပြီး သူတို့တစ်မိသားစုလုံးကို ဒီသရက်ပင်မှာ ကြိုးတုတ်ပြီး သေနတ်နဲ့ပစ်သတ်ခဲ့တာလေ”
“အင်း . . . ကြား . . . ကြားဖူးတယ်၊ အဲဒါကြာပါပြီ”
“နောက်ပြီး ဓါးပြအေးမောင်ကော မင်းကြားဖူးတယ်မလား”
“ဓါးပြအေးမောင်ကို ရဲတွေလိုက်တာ နောက်ဆုံးဒီသရက်ပင်နားအရောက်မှာ ရဲတွေနဲ့ အပြန်အလှန်ပစ်ခတ်ကြရင်း သေသွားတယ်ဆိုတာမလား . . .”
“အေး. . . အဲ့ အေးမောင်က မကျွတ်ဘူးကွ”
“ဂလု”
မောင်ကင်းက တံတွေးကို မြိုချလိုက်သည်။
“နေပါဦး . . . ဦးဝက်ကြီးက ကျွန်တော့်ကို ကြောက်အောင်ချောက်နေတာလား၊ ကျွန်တော်က သရဲမကြောက်တတ်ဘူးဗျ . .ဟင်း . . ဟင်း”
မောင်ကင်းက သူမကြောက်တတ်ဘူးဟု လိမ်သာပြောလိုက်ရသည်။ စိတ်ထဲတွင်တော့ အလွန်ကြောက်နေပြီဖြစ်သည်။
ဦးဝက်ကြီးနှင့် ဟိုပြောသည်ပြောပြောရင်း အချိန်တွေကုန်ခဲ့သည်။ လက်က နာရီက ကိုးနာရီကျော်နေပြီဖြစ်သည်။ မိုးက စဲသွားလိုက်၊ မောင်ကင်းပြန်မည်လုပ်လျှင် ပြန်သဲလာလိုက်ဖြစ်နေသည်။
“တို့တော့ ဒီည ဒီမှာပဲ တစ်ညနားရမလားမသိပါဘူးကွာ”
“အို ဘာလို့လဲဗျ၊ မိုးစဲရင် အတူတူပြန်ကြမယ်လေ”
ဦးဝက်ကြီးက ခေါင်းခါလိုက်သည်။
“ဒီမိုးနဲ့ဆို ရွာအဝင် သမန်းချောင်းက ရေလျှံနေမှာကွ”
သူပြောမှ စဉ်းစားမိသည်။ သမန်းချောင်းဆိုသည်က ရွာအဝင်နားတွင်ရှိသည်။ ချောင်းတံတားက ဝါးနှင့်သာ မခိုင်မခန့်ကလေးပြုလုပ်ထားသည်။ ထိုတံတားကလေးမှ လူများသွားကြသည်။ လှည်းသမားများကတော့ ရွာကိုပတ်ပြီးတော့ ရွာနောက်ဖက်မှ ပတ်ဝင်ကြသည်များသည်။ ထိုအတိုင်းရွာကိုပတ်နေလျှင် အချိန်ကြာသည်မို့ လမ်းလျှောက်သူများက သမန်းချောင်းကိုသာဖြတ်ပြီးသွားကြရသည်။
သမန်းချောင်းက မိုးများလျှင် ရေကြီးသည်။ ရေစီးကလဲ အလွန်သန်သည်။ ခုမိုးအတိုင်းဆို သမန်းချောင်းရေပြည့်နေပြီဖြစ်သည်။
“ဒါဆိုလဲ ဦးဝက်ကြီးရာ ဒီမှာ တစ်ညနားပြီး အာရုံမတက်ခင်ပြန်တာပေါ့”
ရေစိုနေသည့်အဝတ်များကို ရေညှစ်ချလိုက်သည်။ လွယ်အိတ်အတွင်းမှ အလှူမတိုင်ခင်ဝတ်ထားသည့်နေ့က အဝတ်များက ကြွပ်ကြွပ်အိတ်နှင့်ထုတ်ထားသဖြင့် မိုးမစိုပေ။ နံစော်နေသော်လည်း ထိုအဝတ်များကိုသာ ပြန်လဲပြီးဝတ်လိုက်သည်။ ဇရပ်တစ်ချို့နေရာတွင် ခေါင်မိုးပေါက်နေသဖြင့် ရေက တစ်ဒေါက်ဒေါက်ကျနေလေသည်။
ညသန်းခေါင်ကျော်ပြီ။ မိုးကစဲသွားသော်လည်း တဖွဲဖွဲကျနေလေသည်။ ထိုအချိန်မှတော့ ရွာကိုမပြန်ချင်တော့။ အဘယ့်ကြောင့်ဆိုသော် ရွာမရောက်ခင် တောတန်းကလေးများကိုဖြတ်ရဦးမယ်ဖြစ်ပြီး ထိုတောတန်းကိုဖြတ်ရသည်ထက် ယခုဇရပ်တွင် ဦးဝက်ကြီးနှင့် အတူတူနေရသည်ကို ပိုပြီးလုံခြုံသည်ဟု ခံစားမိလိုက်သည်။
မောင်ကင်းက အိပ်မပျော်သဖြင့် တောင်တွေးမြောက်တွေး စဉ်းစားနေသော်လည်း ဦးဝက်ကြီးက တစ်ခေါခေါနှင့် အိပ်မောကျနေလေသည်။
ထိုစဉ် ခေါင်းမိုးပေါ်တွင် တဒုန်းဒုန်းနှင့် အသံကြားရလေသည်။ မောင်ကင်းလဲ ကြောက်လန့်ပြီး မျက်လုံးပြူးကြည့်နေလိုက်သည်။
“ဟေ့ကောင် အေးမောင် ငြိမ်ငြိမ်နေနော်”
ဦးဝက်ကြီးအော်လိုက်သည့်အခါ ထိုအသံသည် တိတ်သွားလေတော့သည်။
“ဟာ . . . ဦးဝက်ကြီးကလဲ သစ်ကိုင်းနဲ့ ခေါင်မိုးနဲ့ ရိုက်တာဖြစ်မှာပါ”
“မဟုတ်ဘူး မောင်ကင်း အဲဒါအေးမောင် ငါတို့ကိုနှောင့်ယှက်ချင်နေတာ၊ အေးမောင် ဟေ့ကောင် မင်းနဲ့ငါရန်မဖြစ်ချင်ဘူးကွာ အေးဆေးနေ”
ထိုနောက်ပိုင်း ဘာသံမှမကြားတော့။ မောင်ကင်းကတော့ ဦးဝက်ကြီးက သူ့ကြောက်အောင်တမင်လုပ်နေသည်ဟု ယူဆလိုက်သည်။
အိပ်မပျော်ဘဲ မနက်သုံးနာရီခန့်ထိုးပြီဖြစ်သည်။ ညတုန်းက ရွာထားသည့်မိုးသည် သူမဟုတ်သလို ငြိမ်သက်နေလေသည်။ ဖားတစ်ချို့အော်မြည်သံများသာ ပတ်ဝန်းကျင်တွင်ကြားနေရသည်။ မောင်ကင်းက ထိုဇရပ်တွင် ထပ်မနေချင်တော့။
“ဦးဝက်ကြီး ပြန်မယ်ဗျာ”
“အေး ကောင်းသားပဲ”
သူတို့နှစ်ဦး ဇရပ်ပေါ်မှဆင်းပြီး ရွာဆီသို့လျှောက်ခဲ့ကြသည်။ မနက်သုံးနာရီဆိုသော်လည်း မှောင်မည်းနေတုန်းရှိသေးသည်။ မောင်ကင်း၏ ဓါတ်မီးကိုအားပြုပြီးပြန်ခဲ့ကြသည်။ နှစ်ယောက်မို့ စကားတပြောပြောနှင့် ရွာကိုရောက်မှန်းမသိရောက်လာသည်။ နံနက်လေးနာရီကျော်ပြီဖြစ်သည်။ အလင်းရောင်တစ်ချို့အရှေ့ဘက်တွင် ထွက်ပေါ်လာသည်။ ရွာမဝင်ခင် သမန်းချောင်းနားအရောက် ညောင်ပင်ကြီးနားတွင် ဦးဝက်ကြီးက ရပ်ပြီးနေခဲ့သည်။
“သွား မောင်ကင်း မင်းသွားနှင့်တော့”
“ဦးဝက်ကြီးကော ရွာထဲမလိုက်ဘူးလား”
“အေး ငါလုပ်စရာရှိသေးလို့”
သမန်းချောင်းတံတားကလေး၏ ကြမ်းပြင်ကိုရေတွေဖုံးနေသေးသည်။ ညကဆို တံတားတစ်ခုလုံးရေဖုံးနေမည်ဟု ခန့်မှန်းရသည်။ မောင်ကင်းလဲ လမ်းလျှောက်လာခဲ့ပြီး တံတားကျော်သည့်အခါ ဦးဝက်ကြီးကိုလှည့်ကြည့်လိုက်သည်။ ဦးဝက်ကြီးက ညောင်ပင်ခြေရင်း ညောင်မြစ်တစ်ခုတွင် ထိုင်နေလေသည်။
ရွာထဲဝင်တော့ ရွာမှ အိမ်များက နိုးနေကြပြီဖြစ်သည်။ ဝါဆိုပန်းခူးအတွက်ရော၊ ဆွမ်းလောင်းရန်အတွက်ပါ အချို့အိမ်တွေက ပြင်ဆင်နေပြီဖြစ်သည်။ မောင်ကင်းအိမ်မရောက်ခင် ဦးဝက်ကြီးအိမ်ရှေ့မှဖြတ်ရသည်။ ဦးဝက်ကြီးအိမ်တွင် လူတွေစည်ကားနေသည်။ မောင်ကင်းလဲအိမ်ထဲသို့လှမ်းဝင်လိုက်သည်။
သူဝင်လာတာမြင်တော့ ဦးဝက်ကြီးမိန်းမက သူ့ကိုလှမ်းကြည့်လိုက်သည်။
“ဟဲ့မောင်ကင်း နင်ဦးဝက်ကြီးနဲ့တွေ့သေးလား”
“တွေ့တယ်လေ၊ လမ်းခွက ဇရပ်မှာတောင် တစ်ညလုံးအတူတူတည်းခဲ့သေးတယ်၊ ခုရွာကိုတောင် အတူတူပြန်လာကြတာ”
“ဟုတ်လား ဘယ်မှာလဲ”
“မသိဘူးဗျ၊ လုပ်စရာရှိတယ်ဆိုပြီး ရွာပြင်ညောင်ပင်ကြီးဆီမှာ ထိုင်နေတယ်၊ ဒါနဲ့ ဘာဖြစ်လို့လဲ”
“နင့်ဦးဝက်ကြီး ညက ပြန်မလာလို့လေ”
“ဪ . . . ဒါဆိုသူလဲ မြို့သွားတာဖြစ်မယ်၊ ကျွန်တော်နဲ့တစ်ညလုံးရှိခဲ့တာ”
ထို့နောက်မောင်ကင်း ကအိမ်သို့ပြန်လာသည်။ ညကကြုံတွေ့ခဲ့သည့်အကြောင်း အမေ့ကိုပြောလိုက်တော့ အမေကစိတ်ပူသွားသည်။
“သားရယ် နောက်ဆို အဲဒီလိုအချိန်မတော်မသွားပါနဲ့”
မောင်ကင်းက ရေမိုးချိုးလိုက်ပြီးနောက် ခဏအိပ်ရန်စိတ်ကူးသည်။ ဝါဆိုပန်းခူးက နေ့လည်လောက်မှလုပ်မည်ဆိုတော့ မနက်ပိုင်းအိပ်ချိန်အနည်းငယ်ရလေသည်။
“ဟဲ့သား . . . ထဦး”
အမေနှိုးလိုက်တော့မှ အိပ်ချင်မူးတူးနှင့်ထလိုက်သည်။
“ဦးဝက်ကြီးဆုံးပြီတဲ့”
“ဟင်”
ကြားလိုက်ရသည့် စကားကို မယုံကြည်နိုင်သေးပေ။ သို့သော် အမေပြောသည်မို့သာယုံလိုက်ရသည်။ အမေက စနောက်ပြီးတော့တောင် မဟုတ်သည့်စကားမပြောပေ။
“ဘယ်လိုဖြစ်တာလဲအမေ၊ ညကတောင် အကောင်းကြီးရှိသေး၊ ဒီမနက်တောင် အတူတူရွာပြန်လာကြတာ”
“မဖြစ်နိုင်ဘူးသားရဲ့၊ ညက ဆုံးတယ်ပြောတာပဲ”
“ဘယ်လို . . .”
“ဟုတ်တယ်၊ သားက သူ့မိန်းမကိုပြောလို့ သူတို့တွေထွက်ရှာတော့ ရွာပြင်မှာလဲမတွေ့ဘူးတဲ့။ ဒါနဲ့ လမ်းနှစ်ခွ ဇရပ်ကိုသွားကြည့်တော့ ဇရပ်ဘေးနားက မြောင်းကြီးထဲမှာ မှောက်ခုံကြီးသေနေသတဲ့”
“ဘုရား . . . .”
မောင်ကင်း မယုံကြည်နိုင်သေးပေ။ ထို့ကြောင့် ဦးဝက်ကြီးအိမ်ဘက်သို့ပြေးလာခဲ့သည်။ ဦးဝက်ကြီးအလောင်းကို အိမ်ရှေ့ခန်းတွင်တွေ့တော့မှ ယုံလိုက်ရတော့သည်။
“ဘယ် . . . ဘယ်လိုဖြစ်တာလဲ”
“ဆရာဝန်ပြောတော့ ဦးဝက်ကြီးမှာ နှလုံးသွေးကြောကျဉ်းပြီး အဆီတွေလဲများနေတယ်တဲ့။ ဦးနှောက်သွေးကြောကို အဆီခဲပိတ်တာ၊ အဲဒီမှာသူကလဲ လမ်းဘေးမြောင်းထဲကျပြီး သေသွားတာတဲ့”
ဦးဝက်ကြီးမိန်းမကပြောရင်း ငိုနေတော့သည်။ မောင်ကင်း ညက ကြုံခဲ့သည့်အဖြစ်ကို မယုံနိုင်သေး။
“ဟုတ်မယ်၊ ညက မှောင်လဲမှောင်နေတာနဲ့ ငါလဲ မြောင်းထဲဓါတ်မီးထိုးမကြည့်မိဘူး၊ ဒါ . . . ဒါဆိုရင် ငါတွေ့ခဲ့တဲ့ ဦးဝက်ကြီးက သရဲကြီးပေါ့”
ပြန်တွေးမိပြီးနောက် ကျောများချမ်းတက်လာလေသည်။
ဦးဝက်ကြီးမှာ သေနေသည့်ကြားထဲမှ သူကြောက်တတ်သည်ကိုသိပြီး တစ်ညလုံးအဖော်အဖြစ်နေပေးရုံမက ရွာသို့ပါအဖော်လိုက်ပြီးပို့ပေးသည့် ဦးဝက်ကြီးကို မြင်ယောင်ရင်း မောင်ကင်းတစ်ယောက် မျက်ရည်ကျမိတော့သည်။
နှစ်တွေအတော်ကြာခဲ့ပြီ၊ မောင်ကင်းလဲ အေးမူနှင့်ပင် အိမ်ထောင်ကျသည်။ ဦးဝက်ကြီးက သူ့တူမကို သူ့ကိုအပ်ခဲ့သည့် သဘောပြောခဲ့သည်ကို ပြန်ကြားယောင်မိသည်။ ယခုကလေးပင် နှစ်ယောက်ရနေပြီဖြစ်သည်။
ယခုဆိုလျှင် နှစ်တွေကြာခဲ့ပြီ၊ မြို့နေရွာသို့ ဆိုင်ကယ်နဲ့ ရွတ်ကနဲ၊ ထော်လာဂျီနှင့် ရွတ်ကနဲ သွားနိုင်နေပြီမို့ ထိုလမ်းနှစ်ခွဆုံကလေးတွင် ဇရပ်မရှိတော့သည်မှာ ကြာပြီဖြစ်သည်။ လမ်းနှစ်ခွဆုံအနီးတွင်လဲ အရက်ဆိုင်များ၊ ဈေးဆိုင်များနှင့် စည်ကားနေလေသည်။ သို့သော် ဇရပ်မရှိတော့ပေမယ့် သရက်ပင်ကြီးကတော့ ထီးတည်းကြီး ကျန်နေသေးသည်။
ထိုအနားသို့ လမ်းကြုံဖြတ်မိတိုင်း မောင်ကင်းက သရက်ပင်ကြီးကို မော့မော့ကြည့်မိသည်။ ထိုမိုးရွာသည့် ဝါဆိုလပြည့်နေ့ညက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တွေက မနေ့တစ်နေ့က ဖြစ်ပျက်ခဲ့သလို စိတ်ထဲစွဲကျန်နေသေးသည်။ ထို့အပြင် လူမိုက်ကြီးဖြစ်ပေမယ့် သူ့အပေါ်ချစ်ရှာတဲ့ဦးဝက်ကြီးကိုလဲ ပြန်ပြောင်းသတိရမိသည်။
“ဦးဝက်ကြီးရေ ကောင်းရာမွန်ရာ ဘဝမှာ အေးအေးချမ်းချမ်းနေနိုင်ပါစေ “
ဟုသာ သရက်ပင်ကိုကြည့်ရင်း ဆုတောင်းနေမိတော့သည်။
ပြီးပါပြီ။
#အဂ္ဂဇော်

Zawgyi Version

” ဇရပ္အိုမွာ တစ္ညတာ “(ျဖစ္ရပ္မွန္)
——————————-

ေျပာရရင္ေတာ့ ဝါဆိုလျပည့္ညေပါ့ဗ်ာ။
က်ဳပ္နာမည္က ေမာင္ကင္းလို႔ေခၚတယ္။ အရပ္ရွည္ၿပီး သ႐ုပ္ေဆာင္ကင္းေကာင္နဲ႔သြားတူတယ္ေလ။ အရပ္ထဲကေတာ့ ကင္းေကာင္လို႔ေခၚၾကတယ္။ ေနာက္ေတာ့ ေၾကာ္ျငာတစ္ခုမွာ ကင္းေကာင္ကို ေမာင္ကင္းလို႔ေခၚရာက က်ဳပ္ကိုပါအားလုံးက ေမာင္ကင္း ေမာင္ကင္း နဲ႔ေခၚရာကေန နာမည္က ေမာင္ကင္းျဖစ္သြားတယ္ဆိုပါေတာ့။ နာမည္အရင္းေတာ့ရွိတယ္ဗ်။ ထားလိုက္ပါ အဲဒါက အေရးမႀကီးပါဘူး။
က်ဳပ္တို႔႐ြာကေလးက နယ္ၿမိဳ႕ကေလးတစ္ၿမိဳ႕နဲ႔ မနီးမေဝး႐ြာကေလးဗ်။ စက္ဘီးစီးရင္ တစ္နာရီသာသာေလာက္စီးရတယ္၊ လမ္းေလွ်ာက္ရင္ေတာ့ ႏွစ္နာရီေလာက္၊ ေျခသြက္ရင္ တစ္နာရီေက်ာ္ေက်ာ္ေလာက္သာေလွ်ာက္ရတယ္။
စက္ဘီးလို႔ေျပာလို႔ အဲဒီတုန္းက က်ဳပ္တို႔ဆီမွာ ဆိုင္ကယ္ေတြမေပါေသးဘူးဗ်။ စက္ဘီးေတာင္လူတိုင္းစီးႏိုင္တာမဟုတ္ဘူး၊ ႏြားလွည္းတို႔ စက္ဘီးတို႔ကိုအားကိုးရတုန္း။ ခုေခတ္လို ေထာ္လာဂ်ီတို႔ ဆိုင္ကယ္တို႔က မေပါေသးဘူး။
ဝါဆိုလျပည့္ေန႔မတိုင္ခင္ကတည္းက ၿမိဳ႕ကသူငယ္ခ်င္းအိမ္ကိုသြားၾကတယ္။ သူတို႔အိမ္မွာ လျပည့္ေန႔ ဝါဆိုသကၤန္းကပ္တယ္ဗ်ာ၊ က်ဳပ္တို႔လဲ ဝိုင္းကူၾကတာေပါ့။ ေနာက္ေတာ့ အလႉၿပီးေတာ့ ညေနဖက္ ေ႐ႊရင္ေမွ်ာ္ ဘုရားဘက္ တက္ဖူးၾကတယ္။ လျပည့္ေန႔ဆိုေတာ့ ဘုရားမွာလူစည္ခ်က္ဗ်ာ၊ ေဈးဆိုင္ေတြကလဲ ေပါၿပီး မသိရင္ ဘုရားပြဲလိုလိုျဖစ္ေနတာေပါ့။ ကြၽန္ေတာ္တို႔သူငယ္ခ်င္းတစ္စုလဲ အဲဒီဘုရားဖူးၿပီး ေအးေအးေဆးေဆးေပ်ာ္ပါးေနၾကေတာ့ေပါ့၊ ဇတ္လမ္းက အိမ္ျပန္တဲ့အခါမွာ စတာပဲဗ်ိဳ႕။
“ေဟ့ ေမာင္ကင္း တို႔အိမ္မွာညအိပ္ၿပီး မနက္ျဖန္မွျပန္ေပါ့ကြာ”
ေမာင္ကင္းက ေခါင္းခါလိုက္၏။
“မျဖစ္ဘူးကြ၊ ငါ႐ြာအေရာက္ျပန္မွျဖစ္မယ္၊ မနက္ျဖန္လျပည့္ေက်ာ္တစ္ရက္ဆိုေတာ့ တို႔႐ြာမွာ ဝါဆိုပန္းခူးပြဲရွိတယ္ကြ”
“ေအးေလ မင္းျပန္မယ္ဆိုလဲ ျပန္ေပါ့၊ လမ္းေလွ်ာက္ျပန္မွာမဟုတ္လား”
“ေမးေနရေသးတယ္ကြာ ငါ့မွာ စက္ဘီးရွိလို႔လား”
ဘုရားမွျပန္ဆင္းလာေတာ့ ညေန ေျခာက္နာရီထိုးခါနီးေနၿပီျဖစ္သည္။ တစ္ေန႔လုံး ေနကကြၽတ္ကြၽတ္လြတ္လြတ္ပူၿပီး ညေနေစာင္းေတာ့ မိုးသားတိမ္လိပ္ေတြက အေနာက္ဖက္မွ တက္လာၾကေလသည္။ သူတို႔ေဒသက ျမန္မာျပည္ေအာက္ပိုင္းေဒသမို႔ မိုးရာသီတြင္ မိုးက ေကာင္းလွေပသည္။
သူငယ္ခ်င္းအိမ္သို႔ျပန္ၿပီး အထုပ္အပိုးမ်ားျပန္ယူရသည္။ အထုပ္အပိုးဆိုေသာ္လည္း မ်ားမ်ားစားစားမပါ။ လြယ္အိတ္တစ္လုံးႏွင့္ အဝတ္တစ္စုံျဖစ္သည္။ လက္ႏွိပ္ဓါတ္မီးႏွင့္ ဓါးေျမာင္ကေလးကေတာ့ အၿမဲတမ္းသြားေလရာသယ္သြားေနၾက။
“ေနာက္မ်ားက်ေနၿပီလား၊ မင္းမွီပါ့မလား ငါ့ေကာင္ရ”
သူငယ္ခ်င္းအေမးကို ေခါင္းညိတ္ေျဖလိုက္သည္။
“မီပါတယ္ကြ၊ ငါျမန္ျမန္ေလွ်ာက္ရင္ ည ၈နာရီမထိုးခင္ ႐ြာကိုျပန္ေရာက္ေလာက္ပါတယ္”
“သတိလဲထားဦးကြ”
“ေအာင္မယ္ေလးကြာ၊ ဒီလမ္းေတြက ငါသြားေနၾကပါ၊ ငါ့ေျခရာေတြခ်ည္းပဲ”
ထိုသို႔ေျပာၿပီးေနာက္ သူငယ္ခ်င္းအိမ္မွာ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ ျမန္ျမန္ျပန္ထြက္ခဲ့သည္။ ျမန္ျမန္မသြားလို႔ကလဲမျဖစ္၊ ႐ြာသို႔ မနက္ျဖန္အမီေရာက္ေအာင္သြားရမည္။ ႐ြာတြင္ရွိသည့္ ခ်စ္သူက မနက္ျဖန္ ဝါဆိုပန္းခူးတြင္ အတူတူခူးၾကမည္ဟု ဆိုထားသည္ကို ကတိေပးထားသျဖင့္ ခပ္ျမန္ျမန္ေလွ်ာက္လာခဲ့ေလသည္။
သူ႔ကိုယ္သူလဲ အျပစ္တင္မိသည္။ ဘာလို႔ ေနာက္က်မွျပန္ရသလဲဆိုၿပီးေတာ့ေပါ့။ ေနာက္ေတာ့ ႐ြာတြင္ေစာင့္ေနသည့္ ခ်စ္သူမ်က္ႏွာကိုျမင္ေယာင္ၿပီး အားတက္သြားသည္။ ဘုရားပြဲေဈးတြင္ ခ်စ္သူအတြက္ဝယ္ခဲ့သည့္ ပုဝါၿခဳံထည္လွလွကေလးကိုလဲ ခ်စ္သူအား ေပးခ်င္ေနၿပီျဖစ္သည္။
႐ြာသို႔သြားသည့္ ကားလမ္းမႀကီးကိုတက္လာခဲ့ေတာ့ မိုးသားတိမ္လိပ္မ်ားသည္ မဲေမွာင္ေနၿပီး လွ်ပ္ပန္းလွ်ပ္ႏြယ္မ်ားကလဲ တျဖန္းျဖန္းႏွင့္ ျမင္ေတြ႕ေနရၿပီျဖစ္သည္။ ပတ္ဝန္းက်င္က တျဖည္းျဖည္းေမွာင္က်လာသည္။ ကားလမ္းမႀကီးတြင္ စက္ဘီးႀကဳံ၊ လွည္းႀကဳံမ်ားရွိမလားဟု ၾကည့္လိုက္ေသာ္လည္း သူတစ္ေယာက္တည္းသာ ရွိသည္။
“ေတာက္ . . . မိုးကလဲကြာ”
ထိုသို႔ေရ႐ြတ္လိုက္ၿပီးေတာ့ လမ္းေလွ်ာက္ေနသည့္ ေျခလွမ္းကို အရွိန္ျမႇင့္လိုက္ေတာ့သည္။ မိုးသားမ်ားက တရိပ္ရိပ္နီးကပ္လာၿပီျဖစ္သည္။ ေမာင္ကင္းကလဲ အေျပးတစ္ပိုင္းလမ္းေလွ်ာက္လာေလရာ ၿမိဳ႕အထြက္ သုသန္ကေလးကို ေက်ာ္လြန္ၿပီးသည့္အခါတြင္ေတာ့ ကားလမ္းမႀကီးတြင္ လူျပတ္သြားၿပီျဖစ္သည္။
ကားလမ္းနံေဘးတြင္ ကြင္းျပင္မ်ား၊ ေျမ႐ိုင္းမ်ား၊ ေတာအုပ္ငယ္ကေလးမ်ားသာရွိေတာ့သည္။ ထိုတာလမ္းမႀကီးက ေက်း႐ြာခ်င္းဆက္လမ္းျဖစ္ၿပီး ကားလမ္းမႀကီးတစ္ဖက္တစ္ခ်က္ဟိုးေဝးေဝးတြင္ ေက်း႐ြာကေလးမ်ားကို မီးတလက္လက္ႏွင့္ လွမ္းျမင္ေနရေလသည္။
“ေဝါ . . .ေဝါ””
လမ္းေလွ်ာက္ေနရင္း တိမ္သားလိပ္က သူ႔ကိုဖုံးအုပ္သြားေလသည္။ ထို႔အတူ မိုးကလဲ ေအာ္သံႀကီးေပးကာ ေျပးလာေတာ့သည္။ ပတ္ဝန္းက်င္က ခ်က္ခ်င္းေမွာင္မိုက္သြားသည္မို႔ ေမာင္ကင္းက လက္ႏွိပ္ဓါတ္မီးကိုဖြင့္လိုက္ၿပီးေနာက္ လြယ္အိတ္ကိုရင္ဘတ္တြင္ပိုက္ကာ ေျပးရေတာ့သည္။ သို႔ေသာ္ မိုး၏ အျမန္ႏႈန္းကို ေမာင္ကင္းလိုက္မမီေတာ့ မိုးက သည္းႀကီးမည္းႀကီး႐ြာခ်ေလေတာ့သည္။
“ေတာက္”
မိုးကလဲေရပါလြန္းသျဖင့္ ဆယ္မိနစ္ခန႔္႐ြာခ်လိုက္ေသာအခါ တာလမ္းမႀကီးတစ္ခုလုံး ေရလႊမ္းသြားေတာ့သည္။ ဗြက္ေတြေပါက္ေနေခ်ၿပီ၊ ႐ြာေရာက္ဖို႔ကလဲ အေတာ္လိုေသးသည္။ ပုံမွန္အခ်ိန္ဆို တစ္နာရီသာသာေလွ်ာက္ရဦးမည္ျဖစ္သည္။ သို႔ေသာ္ ဒီလိုမိုး႐ြာမႈမ်ိဳးႏွင့္ဆို ႏွစ္နာရီေတာင္ေရာက္ရန္မေသခ်ာလွေပ။
လမ္းက ေရေတြႏွင့္ေလွ်ာက္ရခက္လာေလသည္။ တစ္ကိုယ္လုံးလဲ မိုးမိၿပီး ႂကြက္စုတ္ျဖစ္ေနၿပီ၊ မိုးသည္းလြန္းသျဖင့္ လမ္းကိုလဲ သိပ္မျမင္ရေတာ့ ဓါတ္မီးကလဲ သိပ္မတိုးေတာ့ေပ။
“တစ္ေနရာ မိုးခိုမွထင္တယ္”
သူေတြးလိုက္မိသည့္အတိုင္း အေရွ႕တြင္ ႐ြာႏွစ္႐ြာသို႔သြားသည့္ လမ္းခြဲကေလးတစ္ခုရွိသည္။ ထိုလမ္းခြဲကေလးအလယ္တြင္ ဇရပ္ကေလးတစ္ေဆာင္ရွိသည္။ ဇရပ္အနီးတြင္ သရက္ပင္ႀကီးတစ္ပင္လဲရွိသည္။ ခရီးသြားမ်ား နားေနႏိုင္ရန္အတြက္ ရည္႐ြယ္ၿပီးေဆာက္ေပးထားျခင္းျဖစ္သည္။
ေမာင္ကင္းလဲ ထိုဇရပ္အတြင္း ဝင္သင့္မဝင္သင့္ကို ေသခ်ာစဥ္းစားလိုက္သည္။ မိုးကလဲ ေတာ္ေတာ္သည္းေနသည္မို႔ မိုးစဲသည့္အခ်ိန္ကို ဇရပ္အတြင္းဝင္ကာ ေစာင့္လိုက္မည္၊ မိုးစဲသြားမွ ႐ြာသို႔ေျပးမည္ဟုဆုံးျဖတ္လိုက္သည္။ ထို႔ေၾကာင့္ ဇရပ္ကေလးအေပၚသို႔ေျပးတက္လိုက္သည္။
ဇရပ္ကေလးမွာ အနည္းငယ္ျမင့္ျမင့္ေဆာက္လုပ္ထားၿပီး အုတ္ေလွကားသုံးထစ္ႏွင့္တက္ရသည္။ အကာအရံဟူၿပီး ႀကီးႀကီးမားမားမရွိဘဲ ဒူးေလာက္သာသာ သစ္သားေခ်ာင္းကေလးမ်ားကို ေဘာင္အျဖစ္ပတ္ပတ္လည္႐ိုက္ထားေလသည္။ ႏွစ္ပင္ခန္းရွိသည့္ ဇရပ္ကေလးျဖစ္သည္မို႔ အတန္ငယ္က်ယ္ဝန္းသည္ဟု ေျပာရမည္။
ဇရပ္ေပၚတက္လိုက္ၿပီး တိုင္တစ္ခုကိုမွီလိုက္ကာ လမ္းမဘက္သို႔ ေငးၾကည့္ေနမိသည္။ ပတ္ဝန္းက်င္တြင္ လူတစ္ေယာက္မွမရွိေပ။ ဇရပ္အတြင္းတြင္လဲ ေမွာင္မဲေနသည္။ မိုးက အေတာ္ေကာင္းသည္။ ေလေရာမိုးေရာ ခ်သည္မို႔ သရက္ပင္ႀကီးက တရွဲရွဲႏွင့္ ယိမ္းထိုးေနသည္မွာ မေကာင္းဆိုးဝါးႀကီးတစ္ေကာင္ က ေနသလိုျဖစ္ေနသည္။ ထို႔အတူ ဇရပ္ေခါင္မိုးရွိ သြပ္ျပားတစ္ခ်ိဳ႕မွာ သံေတြကြာၿပီး တဒိုင္းဒိုင္းႏွင့္ ေလတိုက္တိုင္း ဆူညံေနေတာ့သည္။
ေမာင္ကင္းက သရဲေတာ့ေၾကာက္တတ္သည္။ ႐ြာလမ္းမွာ အၿမဲသြားလာေနဖူးေသာ္လည္း ယခုလိုညနက္မွေတာ့ တစ္ခါမွ မသြားဖူးေသးေပ။ ညနက္မွ ထြက္လာခဲ့သည့္ ကိုယ့္ကိုကိုလည္းအျပစ္တင္ေနမိသည္။ လက္တြင္ပတ္ထားသည့္ ဒီဂ်စ္တယ္ လက္ပတ္နာရီကေလး၏ မီးထြန္းေသာခလုပ္ကို ႏွိပ္လိုက္ၿပီး နာရီကိုၾကည့္လိုက္ေတာ့ အခ်ိန္က ည ၇နာရီေက်ာ္ေက်ာ္ကေလးသာရွိေသးသည္။ ေမာင္ကင္းလဲ မိုးစဲရန္သာ ဆုေတာင္းေနမိသည္။
ထိုစဥ္ေမာင္ကင္း၏ ပုခုံးအေပၚေအးစက္သည့္ လက္ႀကီးတစ္ခုက လာပုတ္ခတ္လိုက္သည္။ ေမာင္ကင္းလဲ သူ႔ပုခုံးအပုတ္ခံရသည္ကို သိလိုက္ပါသည္။ သို႔ေသာ္လွည့္မၾကည့္ရဲေသး။ ေသခ်ာသည္ကေတာ့ သရဲလက္ႀကီးတစ္ခုျဖစ္သည္ကို သိလိုက္ေသာေၾကာင့္ျဖစ္သည္။
သူလွည့္မၾကည့္သျဖင့္ လက္ႀကီးက သူ႔ကိုေနာက္တစ္ခ်က္ထပ္ပုတ္လိုက္သည္။ လက္ဖဝါးႀကီးက ေအးစက္ၿပီးၾကမ္းတမ္းလွသည္။
“ေဟ့ေကာင္ ေမာင္ကင္း”
သူ႔နာမည္ေခၚသံၾကားေတာ့ ေမာင္ကင္းက တုန္တက္သြားသည္။ ၾကည့္စမ္း။ သရဲႀကီးက သူ႔နာမည္ကို ပါသိေနသည္။
“ေမာင္ကင္း . . . ေမာင္ကင္း””
ေမာင္ကင္းလဲ ေၾကာက္ေၾကာက္ႏွင့္ လွည့္ၾကည့္မိလိုက္သည္။ သူ႔ေနာက္တြင္ လူမည္းမည္းႀကီးက ငုတ္တုတ္ထိုင္ေနေလသည္။ ထိုလူမည္းမည္းႀကီးမွာ လူေကာင္ထြားထြားႏွင့္ ၀၀ႀကီးျဖစ္ကာ ဒူးတစ္ဖက္ေထာင္ၿပီး ထိုင္ေနေလသည္။
“ခင္ . . . ခင္ဗ်ာ”
“မင္းဘာျဖစ္ေနတာလဲ ငါပါကြ”
ဒီေတာ့မွေမာင္ကင္းက လက္ႏွိပ္ဓါတ္မီးျဖင့္ ထိုးလိုက္မိသည္။
“အို . . . ဦးဝက္ႀကီးပါလား”
ဦးဝက္ႀကီးက ေမာင္ကင္းႏွင့္ ေဆြမ်ိဳးမကင္းေတာ္သူျဖစ္သည္။ ႐ြာတြင္လူမိုက္ျဖစ္သည္။ အသားမည္းမည္း လူေကာင္က ထြားထြားႏွင့္ျဖစ္ၿပီး ဝလြန္းသည္မို႔ ဦးဝက္ႀကီးဟုသာ ႐ြာမွလူမ်ားက ေခၚၾကသည္။ ေမာင္ကင္းႏွင့္လဲ အေတာ္ရင္းႏွီးပါ၏။
“လန႔္သြားတာပဲဗ်ာ . . . ဒါနဲ႔ ဦးဝက္ႀကီးက အေမွာင္ႀကီးထဲဘာထိုင္လုပ္ေနတာလဲ”
“အေမွာင္ထဲဆို ငါ့မွာ လက္ႏွိပ္ဓါတ္မီးမွ မပါဘဲကြ”
ဟုတ္ေတာ့လဲဟုတ္သည္။ ပတ္ဝန္းက်င္က ေမွာင္မိုက္ေနၿပီး ေမာင္ကင္းကလဲ သရဲေၾကာက္ၿပီး ဇရပ္အတြင္းသို႔ ေဝ့ဝိုက္မၾကည့္သည္မို႔ ဇရပ္အတြင္းရွိ ဦးဝက္ႀကီးကို မျမင္လိုက္ေခ်။
“ေနပါဦး မိုးခ်ဳပ္ေနၿပီ မင္းက ဘယ္ကျပန္လာတာလဲကြ”
“ဝါဆိုသကၤန္းကပ္၊ ညေနေတာ့ ေ႐ႊရင္ေမွ်ာ္ဘုရားဖူးၿပီး မနက္ျဖန္ ဝါဆိုပန္းခူးအမီ႐ြာျပန္လာတာပဲ ဦးဝက္ႀကီးေရ၊ ဒါနဲ႔ ဦးဝက္ႀကီးကေကာ ဘာလုပ္ေနတာလဲ”
“ငါလဲ ႐ြာျပန္မလို႔ကြ”
“ဒါနဲ႔ မင္းလြယ္အိတ္ထဲ ဘာေတြပါလဲကြ မွန္းစမ္းၾကည့္ရေအာင္”
ဦးဝက္ႀကီးက သူ႔လြယ္အိတ္ကိုလုယူလိုက္ၿပီးေမႊေႏွာက္ၾကည့္လိုက္သည္။ လြယ္အိတ္ထဲမွ ဓါးေျမႇာင္ကိုျမင္ေတာ့ ဦးဝက္ႀကီးက တစ္ခ်က္ ထိတ္လန႔္သြားေလသည္။
“ဒီပုဝါကေလး လွသားဟ၊ ေအးမူဖို႔ထင္တယ္”
“ဟီး . . . ဦးဝက္ႀကီးကလဲ သိရဲ႕သားနဲ႔”
“ေအးမူက ငါ့မိန္းမဘက္က အမ်ိဳးကြ၊ ဒါနဲ႔မင္း ေအးမူကို အတည္ႀကံတာလား”
ေမာင္ကင္း ေခါင္းညိတ္လိုက္သည္။
“အတည္ဗ်”
“ေအးပါကြာ ၊ ေကာင္မေလးက ဖတဆိုးေလးပါ၊ မင္းေနာက္ပိုင္း သူ႔ကိုေသခ်ာဂ႐ုစိုက္ပါကြာ၊ ဒါနဲ႔ မင္းဆီမွာ စားစရာေလးဘာေလးမပါဘူးလား၊ ငါဗိုက္ဆာလို႔ကြ”
“မပါဘူးဗ်”
ဦးဝက္ႀကီးမ်က္ႏွာမႈိင္က်သြားေလသည္။
“ဒါနဲ႔မင္းေရာက္လာေတာ့ ငါအားရွိသြားတယ္သိလား”
“ဘာလို႔လဲဗ်”
“ဒီဇရပ္က သရဲအရမ္းေျခာက္တယ္ေလကြာ”
ထိုင္ေနသည့္ ေမာင္ကင္း ၾကက္သီးမ်ားတျဖန္းျဖန္းထလာေလသည္။ အျပင္တြင္လဲ မိုးက သည္းထန္ေနဆဲျဖစ္သည္။
“သ . . . သရဲရွိတယ္ . . . ဟုတ္လား”
“ေအးကြ၊ အရင္တုန္းက ဓါးျပေတြက တို႔႐ြာက ဦးဖိုးမွန္တို႔အိမ္ကို ဓါးျပတိုက္ၿပီး သူတို႔တစ္မိသားစုလုံးကို ဒီသရက္ပင္မွာ ႀကိဳးတုတ္ၿပီး ေသနတ္နဲ႔ပစ္သတ္ခဲ့တာေလ”
“အင္း . . . ၾကား . . . ၾကားဖူးတယ္၊ အဲဒါၾကာပါၿပီ”
“ေနာက္ၿပီး ဓါးျပေအးေမာင္ေကာ မင္းၾကားဖူးတယ္မလား”
“ဓါးျပေအးေမာင္ကို ရဲေတြလိုက္တာ ေနာက္ဆုံးဒီသရက္ပင္နားအေရာက္မွာ ရဲေတြနဲ႔ အျပန္အလွန္ပစ္ခတ္ၾကရင္း ေသသြားတယ္ဆိုတာမလား . . .”
“ေအး. . . အဲ့ ေအးေမာင္က မကြၽတ္ဘူးကြ”
“ဂလု”
ေမာင္ကင္းက တံေတြးကို ၿမိဳခ်လိုက္သည္။
“ေနပါဦး . . . ဦးဝက္ႀကီးက ကြၽန္ေတာ့္ကို ေၾကာက္ေအာင္ေခ်ာက္ေနတာလား၊ ကြၽန္ေတာ္က သရဲမေၾကာက္တတ္ဘူးဗ် . .ဟင္း . . ဟင္း”
ေမာင္ကင္းက သူမေၾကာက္တတ္ဘူးဟု လိမ္သာေျပာလိုက္ရသည္။ စိတ္ထဲတြင္ေတာ့ အလြန္ေၾကာက္ေနၿပီျဖစ္သည္။
ဦးဝက္ႀကီးႏွင့္ ဟိုေျပာသည္ေျပာေျပာရင္း အခ်ိန္ေတြကုန္ခဲ့သည္။ လက္က နာရီက ကိုးနာရီေက်ာ္ေနၿပီျဖစ္သည္။ မိုးက စဲသြားလိုက္၊ ေမာင္ကင္းျပန္မည္လုပ္လွ်င္ ျပန္သဲလာလိုက္ျဖစ္ေနသည္။
“တို႔ေတာ့ ဒီည ဒီမွာပဲ တစ္ညနားရမလားမသိပါဘူးကြာ”
“အို ဘာလို႔လဲဗ်၊ မိုးစဲရင္ အတူတူျပန္ၾကမယ္ေလ”
ဦးဝက္ႀကီးက ေခါင္းခါလိုက္သည္။
“ဒီမိုးနဲ႔ဆို ႐ြာအဝင္ သမန္းေခ်ာင္းက ေရလွ်ံေနမွာကြ”
သူေျပာမွ စဥ္းစားမိသည္။ သမန္းေခ်ာင္းဆိုသည္က ႐ြာအဝင္နားတြင္ရွိသည္။ ေခ်ာင္းတံတားက ဝါးႏွင့္သာ မခိုင္မခန႔္ကေလးျပဳလုပ္ထားသည္။ ထိုတံတားကေလးမွ လူမ်ားသြားၾကသည္။ လွည္းသမားမ်ားကေတာ့ ႐ြာကိုပတ္ၿပီးေတာ့ ႐ြာေနာက္ဖက္မွ ပတ္ဝင္ၾကသည္မ်ားသည္။ ထိုအတိုင္း႐ြာကိုပတ္ေနလွ်င္ အခ်ိန္ၾကာသည္မို႔ လမ္းေလွ်ာက္သူမ်ားက သမန္းေခ်ာင္းကိုသာျဖတ္ၿပီးသြားၾကရသည္။
သမန္းေခ်ာင္းက မိုးမ်ားလွ်င္ ေရႀကီးသည္။ ေရစီးကလဲ အလြန္သန္သည္။ ခုမိုးအတိုင္းဆို သမန္းေခ်ာင္းေရျပည့္ေနၿပီျဖစ္သည္။
“ဒါဆိုလဲ ဦးဝက္ႀကီးရာ ဒီမွာ တစ္ညနားၿပီး အာ႐ုံမတက္ခင္ျပန္တာေပါ့”
ေရစိုေနသည့္အဝတ္မ်ားကို ေရညႇစ္ခ်လိုက္သည္။ လြယ္အိတ္အတြင္းမွ အလႉမတိုင္ခင္ဝတ္ထားသည့္ေန႔က အဝတ္မ်ားက ႂကြပ္ႂကြပ္အိတ္ႏွင့္ထုတ္ထားသျဖင့္ မိုးမစိုေပ။ နံေစာ္ေနေသာ္လည္း ထိုအဝတ္မ်ားကိုသာ ျပန္လဲၿပီးဝတ္လိုက္သည္။ ဇရပ္တစ္ခ်ိဳ႕ေနရာတြင္ ေခါင္မိုးေပါက္ေနသျဖင့္ ေရက တစ္ေဒါက္ေဒါက္က်ေနေလသည္။
ညသန္းေခါင္ေက်ာ္ၿပီ။ မိုးကစဲသြားေသာ္လည္း တဖြဲဖြဲက်ေနေလသည္။ ထိုအခ်ိန္မွေတာ့ ႐ြာကိုမျပန္ခ်င္ေတာ့။ အဘယ့္ေၾကာင့္ဆိုေသာ္ ႐ြာမေရာက္ခင္ ေတာတန္းကေလးမ်ားကိုျဖတ္ရဦးမယ္ျဖစ္ၿပီး ထိုေတာတန္းကိုျဖတ္ရသည္ထက္ ယခုဇရပ္တြင္ ဦးဝက္ႀကီးႏွင့္ အတူတူေနရသည္ကို ပိုၿပီးလုံၿခဳံသည္ဟု ခံစားမိလိုက္သည္။
ေမာင္ကင္းက အိပ္မေပ်ာ္သျဖင့္ ေတာင္ေတြးေျမာက္ေတြး စဥ္းစားေနေသာ္လည္း ဦးဝက္ႀကီးက တစ္ေခါေခါႏွင့္ အိပ္ေမာက်ေနေလသည္။
ထိုစဥ္ ေခါင္းမိုးေပၚတြင္ တဒုန္းဒုန္းႏွင့္ အသံၾကားရေလသည္။ ေမာင္ကင္းလဲ ေၾကာက္လန႔္ၿပီး မ်က္လုံးျပဴးၾကည့္ေနလိုက္သည္။
“ေဟ့ေကာင္ ေအးေမာင္ ၿငိမ္ၿငိမ္ေနေနာ္”
ဦးဝက္ႀကီးေအာ္လိုက္သည့္အခါ ထိုအသံသည္ တိတ္သြားေလေတာ့သည္။
“ဟာ . . . ဦးဝက္ႀကီးကလဲ သစ္ကိုင္းနဲ႔ ေခါင္မိုးနဲ႔ ႐ိုက္တာျဖစ္မွာပါ”
“မဟုတ္ဘူး ေမာင္ကင္း အဲဒါေအးေမာင္ ငါတို႔ကိုေႏွာင့္ယွက္ခ်င္ေနတာ၊ ေအးေမာင္ ေဟ့ေကာင္ မင္းနဲ႔ငါရန္မျဖစ္ခ်င္ဘူးကြာ ေအးေဆးေန”
ထိုေနာက္ပိုင္း ဘာသံမွမၾကားေတာ့။ ေမာင္ကင္းကေတာ့ ဦးဝက္ႀကီးက သူ႔ေၾကာက္ေအာင္တမင္လုပ္ေနသည္ဟု ယူဆလိုက္သည္။
အိပ္မေပ်ာ္ဘဲ မနက္သုံးနာရီခန႔္ထိုးၿပီျဖစ္သည္။ ညတုန္းက ႐ြာထားသည့္မိုးသည္ သူမဟုတ္သလို ၿငိမ္သက္ေနေလသည္။ ဖားတစ္ခ်ိဳ႕ေအာ္ျမည္သံမ်ားသာ ပတ္ဝန္းက်င္တြင္ၾကားေနရသည္။ ေမာင္ကင္းက ထိုဇရပ္တြင္ ထပ္မေနခ်င္ေတာ့။
“ဦးဝက္ႀကီး ျပန္မယ္ဗ်ာ”
“ေအး ေကာင္းသားပဲ”
သူတို႔ႏွစ္ဦး ဇရပ္ေပၚမွဆင္းၿပီး ႐ြာဆီသို႔ေလွ်ာက္ခဲ့ၾကသည္။ မနက္သုံးနာရီဆိုေသာ္လည္း ေမွာင္မည္းေနတုန္းရွိေသးသည္။ ေမာင္ကင္း၏ ဓါတ္မီးကိုအားျပဳၿပီးျပန္ခဲ့ၾကသည္။ ႏွစ္ေယာက္မို႔ စကားတေျပာေျပာႏွင့္ ႐ြာကိုေရာက္မွန္းမသိေရာက္လာသည္။ နံနက္ေလးနာရီေက်ာ္ၿပီျဖစ္သည္။ အလင္းေရာင္တစ္ခ်ိဳ႕အေရွ႕ဘက္တြင္ ထြက္ေပၚလာသည္။ ႐ြာမဝင္ခင္ သမန္းေခ်ာင္းနားအေရာက္ ေညာင္ပင္ႀကီးနားတြင္ ဦးဝက္ႀကီးက ရပ္ၿပီးေနခဲ့သည္။
“သြား ေမာင္ကင္း မင္းသြားႏွင့္ေတာ့”
“ဦးဝက္ႀကီးေကာ ႐ြာထဲမလိုက္ဘူးလား”
“ေအး ငါလုပ္စရာရွိေသးလို႔”
သမန္းေခ်ာင္းတံတားကေလး၏ ၾကမ္းျပင္ကိုေရေတြဖုံးေနေသးသည္။ ညကဆို တံတားတစ္ခုလုံးေရဖုံးေနမည္ဟု ခန႔္မွန္းရသည္။ ေမာင္ကင္းလဲ လမ္းေလွ်ာက္လာခဲ့ၿပီး တံတားေက်ာ္သည့္အခါ ဦးဝက္ႀကီးကိုလွည့္ၾကည့္လိုက္သည္။ ဦးဝက္ႀကီးက ေညာင္ပင္ေျခရင္း ေညာင္ျမစ္တစ္ခုတြင္ ထိုင္ေနေလသည္။
႐ြာထဲဝင္ေတာ့ ႐ြာမွ အိမ္မ်ားက ႏိုးေနၾကၿပီျဖစ္သည္။ ဝါဆိုပန္းခူးအတြက္ေရာ၊ ဆြမ္းေလာင္းရန္အတြက္ပါ အခ်ိဳ႕အိမ္ေတြက ျပင္ဆင္ေနၿပီျဖစ္သည္။ ေမာင္ကင္းအိမ္မေရာက္ခင္ ဦးဝက္ႀကီးအိမ္ေရွ႕မွျဖတ္ရသည္။ ဦးဝက္ႀကီးအိမ္တြင္ လူေတြစည္ကားေနသည္။ ေမာင္ကင္းလဲအိမ္ထဲသို႔လွမ္းဝင္လိုက္သည္။
သူဝင္လာတာျမင္ေတာ့ ဦးဝက္ႀကီးမိန္းမက သူ႔ကိုလွမ္းၾကည့္လိုက္သည္။
“ဟဲ့ေမာင္ကင္း နင္ဦးဝက္ႀကီးနဲ႔ေတြ႕ေသးလား”
“ေတြ႕တယ္ေလ၊ လမ္းခြက ဇရပ္မွာေတာင္ တစ္ညလုံးအတူတူတည္းခဲ့ေသးတယ္၊ ခု႐ြာကိုေတာင္ အတူတူျပန္လာၾကတာ”
“ဟုတ္လား ဘယ္မွာလဲ”
“မသိဘူးဗ်၊ လုပ္စရာရွိတယ္ဆိုၿပီး ႐ြာျပင္ေညာင္ပင္ႀကီးဆီမွာ ထိုင္ေနတယ္၊ ဒါနဲ႔ ဘာျဖစ္လို႔လဲ”
“နင့္ဦးဝက္ႀကီး ညက ျပန္မလာလို႔ေလ”
“ဪ . . . ဒါဆိုသူလဲ ၿမိဳ႕သြားတာျဖစ္မယ္၊ ကြၽန္ေတာ္နဲ႔တစ္ညလုံးရွိခဲ့တာ”
ထို႔ေနာက္ေမာင္ကင္း ကအိမ္သို႔ျပန္လာသည္။ ညကႀကဳံေတြ႕ခဲ့သည့္အေၾကာင္း အေမ့ကိုေျပာလိုက္ေတာ့ အေမကစိတ္ပူသြားသည္။
“သားရယ္ ေနာက္ဆို အဲဒီလိုအခ်ိန္မေတာ္မသြားပါနဲ႔”
ေမာင္ကင္းက ေရမိုးခ်ိဳးလိုက္ၿပီးေနာက္ ခဏအိပ္ရန္စိတ္ကူးသည္။ ဝါဆိုပန္းခူးက ေန႔လည္ေလာက္မွလုပ္မည္ဆိုေတာ့ မနက္ပိုင္းအိပ္ခ်ိန္အနည္းငယ္ရေလသည္။
“ဟဲ့သား . . . ထဦး”
အေမႏႈိးလိုက္ေတာ့မွ အိပ္ခ်င္မူးတူးႏွင့္ထလိုက္သည္။
“ဦးဝက္ႀကီးဆုံးၿပီတဲ့”
“ဟင္”
ၾကားလိုက္ရသည့္ စကားကို မယုံၾကည္ႏိုင္ေသးေပ။ သို႔ေသာ္ အေမေျပာသည္မို႔သာယုံလိုက္ရသည္။ အေမက စေနာက္ၿပီးေတာ့ေတာင္ မဟုတ္သည့္စကားမေျပာေပ။
“ဘယ္လိုျဖစ္တာလဲအေမ၊ ညကေတာင္ အေကာင္းႀကီးရွိေသး၊ ဒီမနက္ေတာင္ အတူတူ႐ြာျပန္လာၾကတာ”
“မျဖစ္ႏိုင္ဘူးသားရဲ႕၊ ညက ဆုံးတယ္ေျပာတာပဲ”
“ဘယ္လို . . .”
“ဟုတ္တယ္၊ သားက သူ႔မိန္းမကိုေျပာလို႔ သူတို႔ေတြထြက္ရွာေတာ့ ႐ြာျပင္မွာလဲမေတြ႕ဘူးတဲ့။ ဒါနဲ႔ လမ္းႏွစ္ခြ ဇရပ္ကိုသြားၾကည့္ေတာ့ ဇရပ္ေဘးနားက ေျမာင္းႀကီးထဲမွာ ေမွာက္ခုံႀကီးေသေနသတဲ့”
“ဘုရား . . . .”
ေမာင္ကင္း မယုံၾကည္ႏိုင္ေသးေပ။ ထို႔ေၾကာင့္ ဦးဝက္ႀကီးအိမ္ဘက္သို႔ေျပးလာခဲ့သည္။ ဦးဝက္ႀကီးအေလာင္းကို အိမ္ေရွ႕ခန္းတြင္ေတြ႕ေတာ့မွ ယုံလိုက္ရေတာ့သည္။
“ဘယ္ . . . ဘယ္လိုျဖစ္တာလဲ”
“ဆရာဝန္ေျပာေတာ့ ဦးဝက္ႀကီးမွာ ႏွလုံးေသြးေၾကာက်ဥ္းၿပီး အဆီေတြလဲမ်ားေနတယ္တဲ့။ ဦးေႏွာက္ေသြးေၾကာကို အဆီခဲပိတ္တာ၊ အဲဒီမွာသူကလဲ လမ္းေဘးေျမာင္းထဲက်ၿပီး ေသသြားတာတဲ့”
ဦးဝက္ႀကီးမိန္းမကေျပာရင္း ငိုေနေတာ့သည္။ ေမာင္ကင္း ညက ႀကဳံခဲ့သည့္အျဖစ္ကို မယုံႏိုင္ေသး။
“ဟုတ္မယ္၊ ညက ေမွာင္လဲေမွာင္ေနတာနဲ႔ ငါလဲ ေျမာင္းထဲဓါတ္မီးထိုးမၾကည့္မိဘူး၊ ဒါ . . . ဒါဆိုရင္ ငါေတြ႕ခဲ့တဲ့ ဦးဝက္ႀကီးက သရဲႀကီးေပါ့”
ျပန္ေတြးမိၿပီးေနာက္ ေက်ာမ်ားခ်မ္းတက္လာေလသည္။
ဦးဝက္ႀကီးမွာ ေသေနသည့္ၾကားထဲမွ သူေၾကာက္တတ္သည္ကိုသိၿပီး တစ္ညလုံးအေဖာ္အျဖစ္ေနေပး႐ုံမက ႐ြာသို႔ပါအေဖာ္လိုက္ၿပီးပို႔ေပးသည့္ ဦးဝက္ႀကီးကို ျမင္ေယာင္ရင္း ေမာင္ကင္းတစ္ေယာက္ မ်က္ရည္က်မိေတာ့သည္။
ႏွစ္ေတြအေတာ္ၾကာခဲ့ၿပီ၊ ေမာင္ကင္းလဲ ေအးမူႏွင့္ပင္ အိမ္ေထာင္က်သည္။ ဦးဝက္ႀကီးက သူ႔တူမကို သူ႔ကိုအပ္ခဲ့သည့္ သေဘာေျပာခဲ့သည္ကို ျပန္ၾကားေယာင္မိသည္။ ယခုကေလးပင္ ႏွစ္ေယာက္ရေနၿပီျဖစ္သည္။
ယခုဆိုလွ်င္ ႏွစ္ေတြၾကာခဲ့ၿပီ၊ ၿမိဳ႕ေန႐ြာသို႔ ဆိုင္ကယ္နဲ႔ ႐ြတ္ကနဲ၊ ေထာ္လာဂ်ီႏွင့္ ႐ြတ္ကနဲ သြားႏိုင္ေနၿပီမို႔ ထိုလမ္းႏွစ္ခြဆုံကေလးတြင္ ဇရပ္မရွိေတာ့သည္မွာ ၾကာၿပီျဖစ္သည္။ လမ္းႏွစ္ခြဆုံအနီးတြင္လဲ အရက္ဆိုင္မ်ား၊ ေဈးဆိုင္မ်ားႏွင့္ စည္ကားေနေလသည္။ သို႔ေသာ္ ဇရပ္မရွိေတာ့ေပမယ့္ သရက္ပင္ႀကီးကေတာ့ ထီးတည္းႀကီး က်န္ေနေသးသည္။
ထိုအနားသို႔ လမ္းႀကဳံျဖတ္မိတိုင္း ေမာင္ကင္းက သရက္ပင္ႀကီးကို ေမာ့ေမာ့ၾကည့္မိသည္။ ထိုမိုး႐ြာသည့္ ဝါဆိုလျပည့္ေန႔ညက ျဖစ္ပ်က္ခဲ့သည့္ အျဖစ္အပ်က္ေတြက မေန႔တစ္ေန႔က ျဖစ္ပ်က္ခဲ့သလို စိတ္ထဲစြဲက်န္ေနေသးသည္။ ထို႔အျပင္ လူမိုက္ႀကီးျဖစ္ေပမယ့္ သူ႔အေပၚခ်စ္ရွာတဲ့ဦးဝက္ႀကီးကိုလဲ ျပန္ေျပာင္းသတိရမိသည္။
“ဦးဝက္ႀကီးေရ ေကာင္းရာမြန္ရာ ဘဝမွာ ေအးေအးခ်မ္းခ်မ္းေနႏိုင္ပါေစ “
ဟုသာ သရက္ပင္ကိုၾကည့္ရင္း ဆုေတာင္းေနမိေတာ့သည္။
ၿပီးပါၿပီ။
#အဂၢေဇာ္