အောင်မြတ်သာနှင့်ဝင်္ကဘာဇရပ်
နေပူကျဲကျဲကြီးထဲမှာ နှစ်ထပ်သင်္ကန်းကို ပခုံးပေါ်တင်ပြီး လမ်းလျောက်လာနေတဲ့ ကိုယ်တော်နှစ်ပါးကို လမ်းဘေးမှာဈေးရောင်းနေကြတဲ့ ဈေးသည်တွေသတိထားမိခဲ့ကြတယ်။
အပူဒဏ်ကိုနေ့စဉ်ရင်းနှီးကျွမ်းဝင်နေတဲ့ ဈေးသည်တွေတောင် ယပ်တောင်တစ်ဖျတ်ဖတတ်ခတ်နေကြတဲ့အချိန် ထူထဲတဲ့သင်္ကန်းကို သေသပ်စွာခြုံထားပြီး လမ်းလျောက်လာနေတဲ့ကိုယ်တော်နှစ်ပါးကတော့ ချွေးတောင်မစို့နေခဲ့ဘူး။
” အရှင်ဘုရားတို့ရပ်တော်မူပါဦး”
လမ်းဘေးမှာ ထမ်းဆိုင်းလေးချပြီး ကောက်ညှင်းကျည်တောက်ရောင်းနေတဲ့ ဈေးသည်မလေးရဲ့အသံကြောင့် လမ်းလျောက်လာနေတဲ့ ကိုယ်တော်နှစ်ပါးက ရုတ်တရက်ရပ်တန့်လိုက်တယ်။
” အရှင်ဘုရားတို့ ဆွမ်းကိစ္စပြီးစီးကြပီလားဘုရား”
ဈေးသည်မလေးစကားကြောင့် ကိုယ်တော်နှစ်ပါးက
” မပြီးစီးသေးပါဒကာမလေး ”
” ဒါဖြင့် မွန်းလဲတည့်တော့မယ် ဆွမ်းကိစ္စကို တပည့်တော်မတို့ ဈေးသည်တွေစီစဉ်ပေးပါ့မယ် အရှင်ဘုရားတို့ အရိပ်ရတဲ့အပင်အောက်မှာ ခေတ္တသီတင်းသုံးတော်မူပါဘုရား”
ဈေးသည်မလေးရဲ့ဒါနကို ကိုယ်တော်နှစ်ပါးက ဆိတ်ဆိတ်နေခြင်းနဲ့လက်ခံခဲ့ကြတယ်။ ခဏအကြာမှာတော့ မလှမ်းမကမ်းမှာရှိတဲ့ လမ်းဘေးဈေးတန်းကနေ အိုးခွက်သံတွေ၊ စကားပြောသံတွေဆူညံစွာထွက်လာခဲ့တယ်။
” အရှင်ဘုရားတို့ ဆွမ်းဘုန်းပေးတော်မူပါ တပည့်တော်မတို့ရဲ့ဆွမ်းအလှူက ဖွယ်ဖွယ်ရာရာမရှိတာကို သည်းခံဘုန်းပေးတော်မူပါဘုရား”
” ဒီလောက်ဆိုပြည့်စုံပါတယ်ဒကာတို့ လှူဒါန်းခြင်းဆိုတဲ့စိတ်မှာ ခမ်းနားဝင့်ဝါမှုတွေကိုထည့်မတွက်ရဘူး အချို့တွေကျ ငါတို့အလှူက အရမ်းသေးငယ်နေလို့ ကြီးမားအောင်ကြိုးစားပြီးလှူမယ်ဆိုတဲ့အတွေးတွေရှိတတ်ကြတယ် ဒါဟာလုံးဝမှားယွင်းနေတဲ့အရာတွေပဲ လှူချင်တန်းချင်စိတ်ရှိရင် ဒါနအသေးအမွှားလေးကအစ အဖိုးတန်ပါတယ် ”
ကိုယ်တော်နှစ်ပါးရဲ့ဩဝါဒစကားကြောင့် ဆွမ်းကပ်လှူကြတဲ့ ဈေးသည်တွေရဲ့မျက်နှာမှာ ညိုးငယ်မှုတွေပပျောက်သွားပြီး ပျော်ရွှင်ဝမ်းသာမှုတွေအတိုင်းသားပေါ်လာခဲ့တယ်။
ကိုယ်တော်နှစ်ပါးလဲ ဆွမ်းကိစ္စကို အတန်သင့်ရုံသာဘုန်းပေးပြီးပိုလျှံနေတဲ့ဆွမ်းတွေကို ဈေးသည်တွေဆီပြန်စွန့်ခဲ့ကြတယ်။
” အရှင်ဘုရားတို့က ဘယ်ကိုများကြွမလို့ပါလဲဘုရား ”
” ဝင်္ကဘာဇရပ်ကိုဒကာတို့ကြားဖူးကြရဲ့လား ဥူးဇင်းတို့ကအဲဒီဇရပ်ကိုကြွမလို့ကွဲ့”
ကိုယ်တော်နှစ်ပါးရဲ့စကားကြောင့် ဈေးသည်တွေခေါင်းချင်းဆိုင်တီးတိုးပြောလိုက်ကြပြီး
” ဝင်္ကဘာဇရပ်ကိုတော့မကြားဖူးဖူးဘုရား ဒီအနီးတစ်ဝိုက်မှာတော့ ဇရပ်ကျောင်းကန်တွေများပါတယ်ဘုရား ”
ဈေးသည်တွေရဲ့စကားကြောင့် ကိုယ်တော်နှစ်ပါး ခေါင်းတစ်ဆတ်ဆတ်ညိမ့်လိုက်ပြီး
” အခုလိုဆွမ်းကိစ္စပြီးစီးအောင် စီစဉ်ပေးကြတာကို ဥူးဇင်းတို့အသိအမှတ်ပြုပါတယ် စီးပွားဥစ္စာတွေလဲဒီရေအလားတိုးတက်ကြပါစေ ဒါနဲ့ ဒီမှာရှိတဲ့သူတွေက ဘယ်အရပ်ဒေသမှာနေကြတာလဲ”
” တပည့်တော်မတို့က နေရာအတည်တကျရယ်လို့မရှိပါဘူးဘုရား လမ်းမှာပဲလှည့်သွားလာ နေထိုင်ကြပါတယ်ဘုရား”
” အိမ်း ကုသိုလ်မျိုးစေ့ကိုအခုလို ချခဲ့တဲ့အတွက် မကြာခင်အပင်ပေါက်လာပါလိမ့်မယ် ဥူးဇင်းတို့လဲ ခရီးဆက်ရမှာမို့ သွားလိုက်ပါဦးမယ်”
ကိုယ်တော်နှစ်ပါးက ဈေးသည်တွေကို ဆုမွန်ကောင်းတောင်းပေးပြီး ခရီးဆက်ဖို့သင်္ကန်းပြင်ဝတ်လိုက်တဲ့အချိန် မလှမ်းမကမ်းက ကုက္ကိုပင်အောက်မှာအိပ်နေတဲ့လူတစ်ယောက်ကထလာပြီး
” ကိုယ်တော်တို့ပြောတဲ့ ဝင်္ကပါဇရပ်ကို ကျုပ်သိတယ် ကျုပ်လိုက်ပို့ပေးရမလား” လို့ပြောလိုက်တော့ ဈေးသည်တွေက
” ဦးနဂါး ပေါက်ကရတွေ လျောက်ပြောမနေနဲ့ အရှင်ဘုရားစိတ်ထဲမထားပါနဲ့ ဒီလူကြီးက စိတ်မမှန်ဘူး သူက တပည့်တော်တို့သွားတဲ့နောက်ကို တကောက်ကောက်လိုက်နေတာ ဒီကဈေးသည်တွေကလဲ သနားတာနဲ့ ဘာမှမပြောပဲ လွှတ်ထားတာပါ”
” ဟဲ့ မိလုံးစိန် ငါကိုအရူးလို့ပြောနေတာလား ငါမရူးဘူးနော် နင်တို့ကဘာသိလို့လဲ ဝင်္ကဘာဇရပ်ဆိုတာ အရင်ကခေါ်ခဲ့တာ အခုက ဦးကျင်စွမ်ဇရပ်လို့ခေါ်တယ် ဘာလို့ဝင်္ကဘာဇရပ်လို့ခေါ်လဲရောပြောပြရဦးမလား”
ရေမချိုးမသန့်စင်ပဲနှစ်ပေါင်းများစွာရှိနေတဲ့ ဆံပင်တွေကိုလက်နဲ့ထိုးဖွပြီး ထလာတဲ့ လူကိုကြည့်ပြီး ကိုယ်တော်နှစ်ပါးက
” ပြောပါဒကာကြီး ဥူးဇင်းတို့ နားထောင်ပေးပါ့မယ်”
” ကိုယ်တော်နှစ်ပါးကစိတ်ကောင်းတယ် နင်တို့လိုစိတ်မပုတ်ဘူး ဟဲဟဲ အရင်က အဲဒီဇရပ်နားမှာ တောအုပ်တစ်ခုရှိခဲ့တယ် တောကအရမ်းထူလို့ လမ်းမသိပဲဝင်သွားရင် ပြန်ထွက်မတတ်တော့ဘူး ဒါကြောင့် တောထဲသွားကြမယ့်သူတွေက လမ်းမှတ်မိအောင် ဇရပ်သေးသေးလေးတစ်ခုကိုဆောက်ခဲ့ကြတယ် ဇရပ်ရဲ့ ညာဘက်ကလမ်းကိုသွားရင် တောထဲပြန်ရောက်တယ် ဘယ်ဘက်ကိုသွားရင်တော့ အပြင်ရောက်တယ်ပေါ့ နောက်ပိုင်းနှစ်တွေကြာလာတော့ တောလဲအရင်ကလောက်မနက်တော့ဘူး အခုဆိုလူသွားလမ်းတောင်ဖောက်ပြီးပြီထင်တယ် တစ်နေ့ကျတော့ ဦးကျင်စွမ်ဆိုတဲ့လူကြီးက အဲဒီဇရပ်ကိုအကြီးစားပြုပြင်ခဲ့တယ် အဟဲ သူပြင်ပြီးတဲ့အချိန်ကစလို့ ကျင်စွမ်းဇရပ်ဖြစ်သွားတာပဲ ဟဲ့ ဟိုဈေးသည်တွေ ငါပြောတာတွေကြားတယ်မလား ငါကအကုန်သိပါတယ်လို့ အစထဲကပြောတာ နင်တို့မှမယုံကြတာ”
” ဦးနဂါးက အရင်ကအလိုအတည်တွေပြောတာမှမဟုတ်တာ ပါးစပ်ထဲထွက်ရာလျောက်ပြောနေပြီးတော့ အခုမှ ဆရာကြီးလေသံနဲ့ပြောနေတာ”
” တော်ပြီ တော်ပြီ ငါနင်တို့နဲ့မလိုက်တော့ဘူး ဒီက ကိုယ်တော်တွေနောက်ကိုပဲလိုက်သွားတော့မယ် ”
” အမလေး ဦးနဂါးရယ် ကိုယ်တော်နှစ်ပါးကိုတော့ ဒုက္ခလိုက်မပေးပါနဲ့ ဒီမှာပဲနေခဲ့ပါတော်”
” မရဘူး ငါဒီမှာနေခဲ့တာကြာပြီ အခုငါသွားဖို့အချိန်ကျလာပြီ လိမ်လိမ်မာမာနေခဲ့ကြနော် အချင်းချင်းရန်တွေလဲမဖြစ်ကြနဲ့ တစ်နေ့ကျရင် ငါနင်တို့ဆီပြန်လာခဲ့မယ် ကိုယ်တော်တို့သွားကြရအောင်”
ဦးနဂါးက ဥူးဇင်းနှစ်ပါးကို လက်ဟန်နဲ့ပြပြီး အရှေ့ကနေ မြူးတူးပျော်ပါးစွာ ထွက်သွားခဲ့တယ်။ လမ်းတစ်လျောက်လုံး ပါးစပ်ထဲထွက်ရာ ပြောရင်းခရီးဆက်လာခဲ့တာ သုံးနာရီနီးပါးကြာတော့ လူအတော်အတန်ပြတ်တဲ့ နေရာတစ်ခုကိုရောက်လာခဲ့တယ်။
” ကိုယ်တော်တို့ အရင်ကဒီနေရာကိုရောက်ဖူးလား”
” မရောက်ဖူးပါဘူး အခုမှပထမအကြိမမရောက်ဖူးခြင်းပါ”
” ဒါဆို ဝင်္ကဘာဇရပ်ကိုဘယ်လိုသိတာလဲ လိမ်ပြောရင်ငရဲကြီးမှာနော် ဘုန်းကြီးတွေဆိုတာမလိမ်ရဘူး”
” မလိမ်ပါဘူး ဒကာကြီး ဥူးဇင်းတို့ကို ဒီဇရပ်ကိုလာဖို့ ခေါ်တဲ့အတွက်လာရခြင်းဖြစ်ပါတယ် ဒကာကြီးကိုကြည့်ရတာ အသက်အတော်ကြီးနေပြီ ဘယ်လိုကြောင့် အခုလိုဘဝမျိုးရောက်နေတာလဲ”
ကိုယ်တော်နှစ်ပါးစကားကြောင့် ဦးနဂါးခေတ္တငြိမ်သွားပြီး
” ကျုပ်ကိုအရမ်းလှပတဲ့ နတ်သမီးတွေပြုစားလိုက်တာ သူတို့ရဲ့အလှမှာနစ်မြောသွားတဲ့အချိန် ကျုပ်ဒီလိုဖြစ်သွားတာပဲ ဟဲဟဲ ထူးဆန်းတယ်မဟုတ်လား ဒါနဲ့ပြောရဦးမယ် ကျုပ်ကမရူးဘူးနော် အကုန်သိတယ် ဟဲ့ မြို့ရွှေမန်းသား ဘာတဲ့ ဇာတ်မင်းသားလေး ဖိုးနဂါးလာပြီဟေ့ ပလို့ဂျိ ပလို့ဂျိ” လို့ပြောကာ ကွေးနေအောင်ကပါလေရော။
” ဟင်း ဝဋ်ကြွေးကြီးလိုက်တာ ဒါနဲ့ ဝင်္ကဘာဇရပ်ကိုရောက်ဖို့ဘယ်လောက်ကြာဦးမလဲမသိဘူး”
ကိုယ်တော်နှစ်ပါးတီးတိုးပြောလိုက်တဲ့အသံကြောင့် ကွေးနေအောင်ကနေတဲ့ ဦးနဂါးက ရုတ်တရက် ကတာကိုရပ်လိုက်ပြီး
” ဝင်္ကဘာဇရပ်က အရှေ့နားလေးမှာပဲ ရှိတယ် ကျုပ်ကတဲ့နောက်ကိုလိုက်လာခဲ့ကြ ဟဲ့ ဘာတဲ့ နာမည်ကျော် ဇာတ်မင်းသား ဖိုးနဂါးတဲ့လား ”
တစ်ယောက်ထဲပါးစပ်ထဲထွက်ရာပြောပြီး ထွက်သွားတဲ့ ဦးနဂါးနောက်ကို ကိုယ်တော်နှစ်ပါးလိုက်လာခဲ့ကြတယ်။
ထမင်းအိုးတစ်လုံးချက်လောက်ဆက်သွားပြီးတဲ့အခါမှာတော့ အတန်အသင့်ကြီးမားတဲ့ ဇရပ်တစ်ဆောင်ကိုမြင်လိုက်ရတယ်။
ဦးနဂါးက ဇရပ်ကိုတွေ့တော့ ပြေးတက်သွားပြီး
” ဝင်္ကဘာဇရပ်ကိုရောက်ပြီ ဟေ့ ဟေ့ ဒီနေရာက ငါ့ရဲ့အောင်မြေပဲ ငါပြန်ရောက်လာပြီ ငါဝဋ်ကြွေးတွေကုန်တော့မယ် ” လို့ပြောကာ ခုန်ပေါက်ပါလေရော။
ကိုယ်တော်နှစ်ပါးလဲ သင့်တော်ရာနေရာမှာ သီတင်းသုံးလိုက်ပြီး ဇရပ်ထဲကိုကြည့်လိုက်တော့ သောက်ရေအိုးစင်အဟောင်းတွေတင်ထားတဲ့စင်အောက်မှာ ခွေခွေလေးအိပ်နေတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရတယ်။
ဦးနဂါးက ဇရပ်ပေါ်မှာ အိပ်နေတဲ့လူကိုမြင်တော့
” အမယ် အမယ် တစ်ဖြဲနှစ်ဖြဲအိပ်နေလိုက်တာ ငါလာတာတောင် ထမကြည့်ဘူး ဟေ့လူ ထစမ်း ” ဆိုပြီးအော်ကြီးဟစ်ကျယ်နဲ့ပြောလိုက်တော့ ရေအိုးစင်အောက်မှာ အိပ်နေတဲ့လူက အိပ်မှုန်စုံမွှားနဲ့ထလာပြီး
” နားညီးနေတာပဲ ကျုပ်ဘာသာအေးဆေးအိပ်နေတာ ခင်ဗျားတို့ကိုဘာလုပ်လို့လဲ”
” မရဘူး ဒီနေရာက အရင်ထဲက ငါအိပ်လာတာ မင်းအိပ်ချင်ရင်အခြားနေရာသွားအိပ်”
ဦးနဂါးစကားကြောင့် ဇရပ်ပေါ်မှာအိပ်နေတဲ့လူက မဖြီးမသင်ပဲထားတာကြာပြီဖြစ်တဲ့ ဆံပင်တွေကို လက်နဲ့ထိုးဖွလိုက်ပြီး
” ဒီတိုင်းတော့ဖယ်ပေးလို့ဘယ်ရမလဲ အလောင်းအစားတစ်ခုလုပ်ရမယ် ခင်ဗျားနိုင်ရင် ကျုပ်ဖယ်ပေးမယ် မနိုင်ရင်တော့ ဒီနေရာက ကျုပ်အပိုင်ပဲ”
ဆံပင်စုတ်ဖွားနဲ့လူရဲ့စကားကြောင့် ဦးနဂါးစိတ်တိုသွားပြီး
” ဘာအလောင်းအစားလဲ ပြောဗျာ ကျုပ်ကစိတ်ခေါ်ရင်တိမ်ပေါ်ထိလိုက်တဲ့လူစားနော် ခင်ဗျားကတိတော့တည်ဖို့လိုတယ်”
” ကျုပ်လဲယောင်္ကျားပါ ပြောတဲ့စကားတည်တယ် အလောင်းအစားကဘာလဲဆိုတော့ ဇရပ်ပေါ်ကနေဘယ်မှမသွားပဲနေရမယ် စားချိန်သောက်ချိန်ဆိုတာလဲမရှိရဘူး စေတနာပါလို့ လမ်းသွားလမ်းလာတွေက လာလှူရင်တောင် ငါ့ကိုပေးပါ ကျွေးပါလို့မပြောရဘူး နောက်ဆုံးအချိန် ဗိုက်ဆာတယ်ပြောတဲ့လူကအရှူံး ဘယ်လိုလဲ သဘောတူလား”
” အဟား အရူးကတစ်မူးသာနေသေးတယ် သဘောတူတာမှ ဟိုဘက်ကမ်းတောင်လွန်သေး မစားရလဲ မစားရုံပေါ့ အရှုံးတော့မပေးပါဘူး”
” အဲလိုမျိုးကို ကျုပ်ကသဘောကျတာ စိန်လိုက်လေ ဒါနဲ့ ဟိုကိုယ်တော်နှစ်ပါးကရော ပြိုင်ပွဲမှာပါဦးမလား”
ရေအိုးစင်အောက်မှာ ခြေတစ်ဖက်ချိတ်ပြီး ထိုင်နေတဲ့သူရဲ့စကားကြောင့် ကိုယ်တော်နှစ်ပါးပြုံးလိုက်ပြီး
” သင်တို့အလုပ်ကို ဝင်မရှုပ်ပါဘူး ကိုယ့်ဘာသာပြိုင်ကြပါ ”
” ဟဲဟဲ ကိုယ်တော်တို့လဲ ဆွမ်းမစားရမှာကြောက်နေတယ်နဲ့တူတယ် ထားပါ ထားပါ မပြိုင်ချင်တဲ့သူကိုအတင်းမတိုက်တွန်းပါဘူး ”
ရေအိုးစင်အောက်ကသူရဲ့စကားအဆုံးမှာ ဦးနဂါးက
” ပြိုင်ပွဲကဘယ်တော့စမှာလဲ ”
” အခုကစပြီလေ ဇရပ်ပေါ်ကဘယ်မှမသွားနဲ့တော့ ”
ဦးနဂါးနဲ့ ဇရပ်ပေါ်က အရူးရဲ့ပြိုင်ပွဲက ခရီးဆိုက်ရောက်ချင်းမှာပဲစတင်ခဲ့တယ်။ ဇရပ်ပေါ်ကြိုရောက်နှင့်နေတဲ့အရူးက ရေအိုးစင်အောက်မှာ ထိုင်လိုက် ထလိုက် မှောက်အိပ်လိုက်နဲ့ ဦးနဂါးကိုယှဉ်ပြိုင်ခဲ့သလို ဦးနဂါးကလဲ ဇရပ်ပေါ်မှာ လမ်းလျောက်လိုက် အိပ်လိုက်နဲ့ ပြိုင်ပွဲကိုအံတုခဲ့တယ်။
ပြိုင်ပွဲအရှိန်က တစ်ရက်လောက်ကြာတော့ ဦးနဂါး နေမထိထိုင်မထိဖြစ်လာခဲ့တယ်။ ဒါပေမယ့် အရှုံးပေးရမှာကြောက်တာနဲ့ ဆာလောင်မှုဒဏ်ကို သည်းခံနေခဲ့တာ မွန်းမလွဲခင်အချိန်ကိုရောက်လာခဲ့တယ်။
ကိုယ်တော်နှစ်ပါးလဲ ဇရပ်ပေါ်မှာ သီတင်းသုံးရင်း တစ်စုံတစ်ယောက်ကိုစောင့်မျှော်နေကြသလို ဦးနဂါးနဲ့ ဇရပ်ပေါ်ကအရူးကလဲ တစ်ယောက်နဲ့တစ်ယောက် စောင်းငန်းစောင်းငန်းကြည့်ကာ အကဲခတ်နေကြတယ်။ အဲဒီအချိန်
” ငှက်ပျောသီးအမှည့်တွေပိုလို့ စားချင်တဲ့သူရှိလား” ဆိုတဲ့အသံက ဇရပ်အောက်ကနေပေါ်လာခဲ့တယ်။
ဦးနဂါးကလဲ ငှက်ပျောသီးဆိုတဲ့အသံကြားလို့ ခေါင်းထောင်ကြည့်လိုက်တော့ ရေအိုးစင်အောက်ကအရူးက ဘာမှမကြားသလို ခြေလေးလှုပ်ကာ ငြိမ်သက်နေခဲ့တယ်။
” ဘယ်လို လူလဲမသိဘူး မနေ့ထဲက အခုထိ ရေလဲမသောက် အစားလဲမစားဘူး နေနိုင်လွန်းတယ်” ဆိုပြီးစိတ်ထဲက ရေရွတ်လိုက်တဲ့အချိန်
” ဟိုလူကြီး ဗိုက်ဆာနေပြီးလား ဟဲဟဲ အရှုံးပေးရမှာကြောက်လို့ တင်းခံနေတာလား ယောင်္ကျားပဲ အရှုံးကိုလက်ခံလိုက်စမ်းပါ”
” ဆာတယ်ဆိုတာ ဘာမှန်းတောင်မသိသေးဘူး ဟားဟား မင်းစားချင်ရင်ထယူလိုက်လေ”
အရူးနှစ်ယောက်ရဲ့ မထိခလုပ်ထိခလုပ်ပြောနေတဲ့အသံကြောင့် ဇရပ်အောက်မှာရပ်စောင့်နေတဲ့လူတွေက
” ဟိုအရူးနှစ်ကောင် မင်းတို့ကထယူဖို့တောင် ပျင်းနေကြတာပေါ့လေ ငါတို့ကလဲ မင်းတို့ကို လုံးဝမပေးဘူး ဇရပ်ပေါ်က ကိုယ်တော်နှစ်ပါးအတွက်ပဲ ပေးတော့မယ်” လို့ပြောပြီး ငှက်ပျောသီးနှစ်ဖီးကို လှူသွားခဲ့တယ်။
ကိုယ်တော်နှစ်ပါးလဲ ခရီးသွားတဲ့သူတွေလှူခဲ့တဲ့ ငှက်ပျောသီးနဲ့ နေ့ဆွမ်းဘုန်းပေးခဲ့ကြတယ်။ ဦးနဂါးကတော့ ကိုယ်တော်နှစ်ပါးဘုန်းပေးနေတဲ့ ငှက်ပျောသီးကိုခိုးကြည့်လိုက် တံတွေးမြိုချလိုက်လုပ်နေတာကို ရေအိုးစင်အောက်က အရူးကတွေ့သွားပြီး
” ဟိုလူကြီး မျှော်တော်ယောင်လုပ်မနေနဲ့ ကိုယ်တော်နှစ်ပါးကလဲ ကျုပ်တို့ပြိုင်ပွဲကို မဖျက်ကြနဲ့နော် ” လို့ပြောလိုက်တော့ ကိုယ်တော်နှစ်ပါး သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး ဘုန်းမကုန်တဲ့ငှက်ပျောသီးတွေကို ဇရပ်အလည်တိုင်မှာမသိမသာလေးချိတ်ထားလိုက်ကြတယ်။
” ဂွီ ဂွီ ဂွီ”
ဗိုက်ထဲမှာရှိတဲ့ ပိုးမျိုးကိုးဆယ်က ဦးနဂါးကို အတိုင်းထက်အလွန်ဒုက္ခပေးနေကြတယ်။ စားကလဲစားချင် ရှုံးမှာလဲကြောက်နေတဲ့ ဦးနဂါးအခြေအနေကိုသိတဲ့ အရူးက
” ဘယ်လိုလဲ အရှုံးပေးတော့မှာလား ကျုပ်ကတော့ အခုထိမဆာသေးဘူးဗျို့ ခင်ဗျားဆာရင်စားလိုက်တော့ အဲလောက်ထိဒုက္ခခံမနေပါနဲ့” လို့ပြောလိုက်တော့ ဦးနဂါးက ဗိုက်ကိုလက်နဲ့မသိမသာဖိပြီး
” စားချင်စိတ်ကိုမရှိတာ ကျုပ်အိပ်ချင်တာပဲသိတယ် ” လို့ပြောကာ ခွေခွေလေးအိပ်ချလိုက်တယ်။
ဦးနဂါးအိပ်သွားတော့ ဇရပ်ပေါ်မှာရှိနေတဲ့ကိုယ်တော်နှစ်ပါးက
” ဒီအရူးနှစ်ယောက်က ထူးတော့ထူးတယ် သူတို့ရဲ့ရုပ်သွင်တွေကိုကြည့်လိုက်ပြန်တော့လဲ ဟန်ဆောင်ဖုံးဖိထားတာမတွေ့ရဘူး တကယ့်ကိုရူးနေကြတဲ့ပုံစံပဲမြင်နေရတယ် ”
” ဟုတ်တယ် သူတို့နှစ်ယောက်မှာ တပည့်တော်တို့မသိတဲ့အကြောင်းတစ်ခုခုတော့ရှိမယ်ထင်တယ် တပည့်တော်နဲ့ ဥူးဇင်းရဲ့ပညာကလဲ နိမ့်တဲ့အဆင့်ထဲမပါဘူး ဒါပေမယ့် သူတို့ရဲ့မူလအနေအထားကိုခန့်မှန်းမရတာက အဓိကသော့ချက်ပဲ”
ကိုယ်တော်နှစ်ပါးက တစ်ယောက်တစ်ထောင့်စီအိပ်နေကြတဲ့ အရူးနှစ်ယောက်ကိုကြည့်ပြီး ဝေဖန်လိုက်ကြတယ်။
ညမှောင်ချိန်ရောက်လာတော့ အိပ်နေတဲ့ဦးနဂါး လှုပ်လှုပ်ရွရွဖြစ်လာတယ်။ ဦးနဂါး လှုပ်ရှားတာနဲ့တစ်ပြိုက်နက်ထဲ ရေအိုးစင်အောက်မှာအိပ်နေတဲ့ အရူးက ခေါင်းမော့ကြည့်ပြီး
” ဘယ်လိုလဲ ဗိုက်ဆာနေပြီမဟုတ်လား အရှုံးပေးလိုက်ပါတော့ ကိုယ့်လူ ဒီတိုင်းဆက်သွားနေရင် အူပြတ်ပြီးသေလိမ့်မယ် ဟားဟားဟား”လို့ပြောကာ ရယ်ပါလေရော။
ဦးနဂါးကအရှုံးလဲမပေးချင် ဒါပေမယ့်ဗိုက်ထဲကလဲ မခံမရပ်နိုင်အောင်ဆာနေတဲ့အတွက် မာနကိုလျော့ပြီး
” ကျုပ်အရှုံးပေးတယ် ခင်ဗျားကိုလဲမဖယ်ခိုင်းတော့ဘူး တစ်ရက်နဲ့တစ်ညလုံးဘာမှမစားပဲနေနိုင်တဲ့ခင်ဗျားကိုတော့အံ့ဩတယ်”
” အဟက်အဟက် အရှူံးပေးတယ်ဆိုတော့ ဟိုးမှာချိတ်ထားတဲ့ငှက်ပျောသီးကိုစားလို့ရပြီ ဒါပေမယ့် စားပြီးရင်တော့ ရှုံးသွားတဲ့ကတိအတိုင်း ကျုပ်ခိုင်းတာကိုလုပ်ရမယ် ”
” အဲဒါနောက်မှပြောဗျာ ကျုပ်ဗိုက်ဆာနေပြီ”
ဦးနဂါးက ဘာမှဆက်မပြောတော့ပဲ တိုင်မှာချိတ်ထားတဲ့ငှက်ပျောသီးကိုဖြုတ်ကာ အားရပါးရစားပါလေရော။ ငါးလုံးခြောက်လုံးလောက်ကုန်တော့ ဆက်မစားတော့ပဲ ကျန်တဲ့ငှက်ပျောသီးတွေကို တိုင်မှာပြန်ချိတ်ထားလိုက်တယ်။
” ငှက်ပျောသီးစားပြီးရင် ရေဆာလိမ့်မယ် ရးကျုပ်ရေဘူးထဲကရေသောက်လိုက်”
ရေအိုးစင်အောက်မှာ အိပ်နေတဲ့လူက ညစ်ပတ်ဟောင်းနွမ်းနေတဲ့ရေအူးကိုထုတ်ပေးလိုက်တယ်။ ဦးနဂါးလဲ ကမ်းပေးတဲ့ရေဘူးကိုယူပြီး တစ်ကျိုက်ထဲမော့ချလိုက်ရာ ဘူးထဲကရေတွေအကုန် ကုန်သွားခဲ့တယ်။
” ဘယ်လိုလဲ ရေကသောက်လို့ကောင်းတယ်မဟုတ်လား”
” ကောင်းပါ့ဗျာ ဒီလိုဘူးအစုတ်ထဲမှာရှိတဲ့ရေက ဘာလို့ဒီလောက်အေးမြနေရတာလဲ”
ဦးနဂါးအမေးကို ရေအိုစင်အောက်ကလူကပြန်မဖြေပဲ ရေဘူးကိုပြန်ယူကာ လွယ်အိတ်ထဲထည့်လိုက်တယ်။
ဦးနဂါးလဲသူမေးတာကို အဖက်မလုပ်တဲ့လူကို ဘုကြည့်ကြည့်ပြီး သူ့နေရာသူပြန်သွားကာ လုံချည်ကိုခြုံကာအိပ်ချလိုက်တယ်။
မနက်အရုဏ်တက်ချိန်ရောက်တော့
” ဦးနဂါး ထ ထ အရုဏ်တက်နေပြီ”ဆိုတဲ့အသံကြောင့် အိပ်ပျော်နေတဲ့ ဦးနဂါး လန့်နိုးလာခဲ့တယ်။
” ဟေ့လူ အခုမှ အစောကြီးရှိသေးတာ ကျုပ်ကိုဘာလို့လာနှိုးနေတာလဲ”
” တယ် ဒီလူကြီးကတော့ အလောင်းအစားလုပ်တာရှူံးရင် ကျုပ်ခိုင်းတဲ့အတိုင်းလုပ်မယ်လို့ ကတိပေးထားတာမေ့နေပြီလား ယောင်္ကျားဆိုတာကတိတည်ရတယ် ”
ဦးနဂါးနဲ့ ရေအိုစင်အောက်ကလူ စကားကတောက်ကဆဖြစ်နေတာကို အင်းကွက်တွေရေးဆွဲနေတဲ့ကိုယ်တော်နှစ်ပါးက မသိမသာလှမ်းကြည့်လိုက်တယ်။
” ပြီးရောဗျာ ကျုပ်ထပြီ ဘာလုပ်မလို့လဲ ”
” ရော့ ဒီပိုက်ဆံကိုယူပြီး ဈေးထဲသွား ဟိုရောက်ရင် တွေ့သမျှ အရိုးတွေအကုန်သာဝယ်ခဲ့ နေ့လည်ရောက်ရင် အလှူလုပ်ဖို့ရှိတယ် ”
” ဟာ အလှူဆိုတာ အသားတွေကျွေးရတာဗျ ဘယ်နှယ့်အရိုးတွေကျွေးမလို့လုပ်နေတာလဲ”
” ဒီမယ် ကျုပ်လုပ်မယ့်အလှူက လူတွေကို ကျွေးဖို့မဟုတ်ဘူး ဒီနားတစ်ဝိုက်က ခွေးလေခွေးလွှင့်တွေကို ကျွေးမလို့ စကားမများပါနဲ့ ဝယ်မှာသာသွားဝယ်စမ်းပါ သယ်မနိုင်ရင် လူငှားလာခဲ့ နောက်ပြီး ဆန်တစ်တင်းအိတ် တစ်အိတ်ပါဝယ်လာခဲ့ဦး ရော့ဒီမှာ ပိုက်ဆံ”
ဦးနဂါးလဲ ကမ်းပေးလာတဲ့ ပိုက်ဆံအထပ်လိုက်ကိုကိုင်ကြည့်ပြီး
” ဟေ့လူ ပိုက်ဆံတွေက အသစ်တွေပါလား ဒီပိုက်ဆံတွေက ရိုးရိုးသားသားရှာလို့ရတာတွေလား မရိုးမသားပဲရှာခဲ့တာတွေလား”
” ကျုပ်က မကောင်းဘူးထင်ရင် ဘာမှကိုမလုပ်တာ ဒီတော့စိတ်ဖြောင့်ဖြောင့်နဲ့ သွားဝယ် နေထန်းတစ်ဖျားမကျော်စေနဲ့နော် ”
ဦးနဂါးလဲ လက်ထဲကပိုက်ဆံကို ကိုင်ပြီး ဇရပ်ပေါ်ကနေဆင်းသွားလိုက်တယ်။ နေထန်းတစ်ဖျားလောက်ရောက်တော့ ကူလီသမားလေးယောက်နဲ့အတူ ဦးနဂါးပြန်ရောက်လာတယ်။
” မှာထားတာတွေ အကုန်ပါတယ် အခုဘာဆက်လုပ်ရဦးမှာလဲ”
” ဘာလုပ်ရမလဲ နေ့လည်အမှီချက်ပြုတ်ရမှာပေါ့ ဒါနဲ့ ခင်ဗျားဈေးသွားဝယ်တာ အရင်ကလို ကခုန်ပြီးစိတ်ဖောက်တာတွေများဖြစ်သေးလား”
ရေစင်အောက်ကလူရဲ့စကားကြောင့် ဦးနဂါး အံ့ဩသွားပြီး
” ဟုတ်တယ် ဟုတ်တယ် ကျုပ်အရင်လိုမဖြစ်တော့ဘူး စကားတွေလဲ ထွက်ရာမပြောတော့ဘူး”
” ကဲကဲ ကူလီသမားတွေလဲ မပြန်ကြနဲ့ဦး လိုအပ်တာတွေဝိုင်းလုပ်ပေး နေ့စားခမြိုးမြိုးမြက်မြက်လေးထပ်ပေးမယ် ကုသိုလ်လဲကဝမ်းလဲဝပေါ့ကွာ”
ရေစင်အောက်ကလူရဲ့စကားကြောင့် ကူလီသမားတွေက
” ရပါတယ်ဗျာ ဇရပ်ပေါ်မှာနေပြီး လူတွေကို ကူညီနေတဲ့သူကို ကြားဖူးတာတော့ကြာပြီ အခုမှအပြင်မှာတွေ့ဖူးတော့တယ် ဘာလုပ်ချင်လဲသာပြော ကျုပ်တို့က အချက်အပြုတ်လဲ ရတယ် ”
” တယ် ဟန်ကျသကိုး ဒါဖြင့်လဲ ဇရပ်အောက်မှာထည့်ထားတဲ့ ဒန်အိုးအဟောင်းတွေထုတ်ပြီး အမဲရိုးတွေနဲ့ဆန်နဲ့ကိုရောပြုတ်ကြကွာ ငါ့ဧည့်သည်တွေက မကြာခင်လာတော့မှာ”
ဇရပ်ပေါ်ကလူရဲ့စကားကြောင့် ကူလီသမားတွေလဲ ဇရပ်အောက်ကိုငုံ့ကြည့်လိုက်ရာ မိုးဗြဲဒယ်အဟောင်းသုံးလုံးကိုတွေ့လိုက်ရတယ်။
” ဒီမိုးဗြဲဒယ်တွေက ဘယ်ကနေဘယ်လိုရောက်လာတာလဲ ”
” ဟဲဟဲ ဒီအိုးတွေက ငါ့ဟာတွေတော့ မဟုတ်ဘူး ဟိုးမှာမှုန်ကုပ်ကုပ်နဲ့ထိုင်နေတဲ့ ဦးနဂါးပိုင်ခဲ့တဲ့အိုးတွေပဲ”
ဦးနဂါးဆိုတဲ့အသံကြားတော့ ဇရပ်အတက်အဆင်းလှေကားမှာထိုင်နေတဲ့လူက
” မဖြစ်နိုင်တာ ကျုပ်မှာပိုင်ဆိုင်တာဆိုလို့ ဝတ်ထားတဲ့အဝတ်ပဲရှိတယ် ဒီအိုးတွေက ဘယ်လိုလုပ်ကျုပ်ဟာတွေဖြစ်မလဲ”
” ဟုတ်တာမဟုတ်တာအပထား အခု ကူလီသမားတွေကို ဝိုင်းလုပ်ပေးလိုက်ဦး ”
” မလုပ်ချင်ပါဘူး ကျုပ်အသက်က ငယ်တော့တာမဟုတ်ဘူး အဲလိုပင်ပင်ပန်းပန်းတွေမလုပ်နိုင်တော့ဘူး”
” ဘာလဲ ကတိကိုဖျက်ချင်နေတာလား”
ရေစင်အောက်ကလူရဲ့စကားကြောင့် ဦးနဂါး ဆောင့်ဆောင့်အောင့်အောင့်နဲ့ထကာ ဟိုယောင်ဒီယောင်လိုက်လုပ်နေခဲ့တယ်။ ကူလီသမားတွေလဲ ထင်းချောက်တွေလိုက်စုပြီး မီးဖိုဖိုကာ ဝယ်လာတဲ့ အရိုးတွေနဲ့ဆန်ကိုရောပြုတ်လိုက်ကြတယ်။
ဦးနဂါးနဲ့ ကူလီသမားတွေ အလုပ်ရှုပ်နေတဲ့အချိန် ရေစင်အောက်မှာအိပ်နေတဲ့လူက ကိုယ်တော်နှစ်ပါးရှိရာထလာပြီး
” ကိုယ်တော်တွေအတွက်ကတော့ ငှက်ပျောသီးပဲရှိတယ် ဒါနဲ့ ဒီဇရပ်ကိုဘာကိစ္စကြောင့် ရောက်လာတာလဲ”
စုတ်တီးစုတ်ပြတ်ဖြစ်နေတဲ့လူရဲ့စကားကြောင့် ကိုယ်တော်နှစ်ပါးက
” လူတစ်ယောက်ကိုတွေ့ဖို့လာစောင့်နေတာပါ “လို့ခပ်ပြတ်ပြတ်ပြောပြီး အင်းစာရွက်တွေကို အခေါက်လေးတွေဖြစ်အောင် လိပ်လိုက်တယ်။
” ဒါဖြင့်လဲ ဆက်စောင့်ပါ ဆက်စောင့်ပါ ”
” ဒီကဒကာကြီးရဲ့နာမည်က ဘယ်လိုခေါ်လဲ ”
” ကိုယ်တော်နှစ်ပါးက နာမည်မေးပြီး ဘာလုပ်ကြမလို့လဲ ကျုပ်မှာနာမည်တွေကအများကြီးပဲ ငယ်ငယ်ကနာမည်ကိုပြောတာလား အဲ သူငယ်ချင်းမိတ်ဆွေတွေကခေါ်တဲ့နာမည်ကိုပြောတာလား အရူးလောကမှာ ခေါ်တဲ့နာမည်ကိုပြောတာလား ”
” ရပြီရပြီ ဥူးဇင်းတို့မမေးတော့ဘူး ဒကာကြီးလုပ်စရာရှိတာသာဆက်လုပ်ပါ”
ကိုယ်တော်နှစ်ပါးစကားအဆုံးမှာ ဆံပင်ဘုတ်သိုက်နဲ့လူက ဟက်ဟက်ပက်ပက်အော်ရယ်လိုက်ပြီး
” ဒီကိုယ်တော်တွေ အတော်ရယ်ရတာပဲ နာမည်
မပြောတာကို စိတ်ဆိုးတဲ့လေသံနဲ့ မမေးတော့ဘူးဆိုပဲ ဟက်ဟက်ဟက်” ဆိုပြီးခနဲ့ကာ ဇရပ်ပေါ်ကဆင်းသွားခဲ့တယ်။
ဇရပ်အောက်ရောက်တော့ အငွေ့တစ်ထောင်းထောင်းထနေတဲ့ မိုးပြဲဒယ်ကြီးကိုတွေ့လိုက်ရတယ်။
” အနံ့လေးတွေတောင်ထွက်နေပါလား ခဏလေး ခဏလေး ငါ့ဧည့်သည်တွေကျန်းမာရေးကောင်းဖို့ ဆေးမြစ်စုံအပင်ထည့်ပေးရမယ်” လို့ပြောပြီး ဇရပ်ဘေးမှာပေါက်နေတဲ့ အပင်တစ်ပင်ကိုဆွဲနှုတ်လိုက်ပြီး ဟင်းအိုးထဲပစ်ထည့်ပြီး ဇရပ်ပေါ်ပြန်တက်သွားခဲ့တယ်။
” အလကားအရူး မြက်ချိုပင်ကိုများ ဆေးမြစ်စုံအပင်တဲ့ ဒါနဲ့ မင်းတို့က ဒီအရူးကိုသိလို့လား”
” မသိစရာလား ဒီအရူးအကြောင်း တစ်မြို့လုံးသ်နေတာ ဦးလေးကမသိဘူးလား”
” အေး ငါကအခုမှသိတာ သူကဘာတွေထူးခြားနေလို့ တစ်မြို့လုံးကသိနေရတာလဲ”
” သူဒီဇရပ်မှာနေနေတာ နှစ်အတော်ကြာပြီ စိတ်ပါရင်ပါသလို လူတွေကို ကူညီတတ်သေးတယ် သူစိတ်မပါရင်တော့ ဘယ်လိုပြောပြော လှုပ်ကိုမလှုပ်တာ ”
” ဟုတ်လား ဒီလူက အစားစားတာလဲမတွေ့ဘူး အခုလဲ အမဲရိုးတွေဝယ်ခိုင်းပြီး ခွေးတွေကိုကျွေးမလို့ဆိုပဲ ဘာတွေမှန်းမသိတော့ပါဘူးကွာ”
ဦးနဂါးက ကူလီသမားတွေကိုပြောရင်း ဆူပွက်လာတဲ့မိုးပြဲဒယ်အိုးကို သစ်သားယောင်းမအဟောင်းနဲ့ထိုးမွှေလိုက်တယ်။
နောက်ထပ် ဆယ်ငါးမိနစ်လောက်ကြာတော့ ဆန်စေ့တွေအလုံးကွဲလာပြီး အမဲရိုးတွေကလဲ ကျက်လုနီးပါးဖြစ်လာခဲ့တယ်။
” အနံ့လေးကတော့ ငါ့ကောင်တွေအကြိုက်ပဲဟေ့ လုပ်အားပေးသမားတွေ ဒီလောက်ဆို ရပါပြီ ဒီမှာလုပ်အားခလေးယူသွားကြဦး”
” ရပါတယ်ဗျာ တစ်ခါတစ်လေကူညီရတာပဲ ကုသိုလ်တောင်ရပါသေးတယ်”
” ငါပေးရင်ယူလိုက် ပြန်မပြောနဲ့ ဟိုကောင် မင်းအိမ်မှာ နေမကောင်းတဲ့ ကလေးရှိနေတယ်မဟုတ်လား ဒီငွေနဲ့ဆေးခန်းသွားပြလိုက် နောက်တစ်ယောက် မင်းအိမ်ကကိုယ်ဝန်သည်မိန်းမစားချင်နေတဲ့ ဝက်သားခါးပတ်ကြော်လေးဝင်ဝယ်သွား ဒီမှာလာယူကြ”
ကူလီသမားတွေလဲ သူတို့အကြောင်းအကုန်သိနေတဲ့ဇရပ်ပေါ်ငလူကိုကြည့်ပြီး ဝမ်းသာအားရနဲ့ ပိုက်ဆံတွေကိုယူကာ ကျေးဇူးတင်ကြောင်းပြောပြီး ထွက်သွားကြတယ်။
ကူလီသမားတွေထွက်သွားတော့ ဇရပ်ပေါ်ကလူက
” ဟေ့လူ တောထဲမှာ ငှက်ပျောလက်တွေသွားခုတ်ဦး ဓါးလိုချင်ရင် ဇရပ်အောက်မှာသွားရှာ”လို့ပြောလိုက်တဲ့အချိန် ဦးနဂါးအတွေးထဲမှာ မသဲကွဲတဲ့အသိတစ်ခုပေါ်လာခဲ့တယ်။
” ငါဒီအလုပ်တွေအရင်ကလုပ်ဖူးခဲ့လား ငါအရမ်းရင်းနှီးနေသလိုပဲ”
ဦးနဂါးတစ်ယောက်ထဲတွေးရင်း ဇရပ်အောက်က ပစ္စည်းပုံတွေထဲလိုက်ရှာလိုက်တော့ သံချေးအထပ်ထပ်တက်နေတဲ့ ဓါးမတိုတစ်ချောင်းကို တွေ့ခဲ့တယ်။
ဦးနဂါးလဲ ဓါးမအနှောင့်လက်ကိုင်ကို ကိုင်လိုက်တဲ့အချိန်
” ဒီအထိအတွေ့တွေကလဲ ငါခံစားဖူးနေသလိုပဲ ငါဒီဇရပ်ကိုများအရင်ကရောက်ခဲ့ဖူးလား မဟုတ်သေးဘူး ငါမှဒီကိုတစ်ခါမှမရောက်ဖူးတာ နေဦး ဒါဆိုရင် ကိုယ်တော်နှစ်ပါးကို ဒီဇရပ်ရောက်အောင် ငါဘယ်လိုလမ်းပြခဲ့တာလဲ ”
ဦးနဂါးတစ်ယောက်ထဲ စဉ်းစားနေရင်း ခေါင်းထဲကနေထိုးတက်လာခဲ့တယ်။
” ဟိုလူကြီး ဘာတွေလိုက်စဉ်းစားနေတာလဲ အချိန်မကျသေးဘူး မစဉ်းစားနေနဲ့ အချိန်ကျရင်သူ့အလိုလိုသိလာလိမ့်မယ် တောထဲသွား ငှက်ပျောဖက်သွားခုတ်တော့”
ဇရပ်ပေါ်ကနေ ခါးထောက်ပြီး အော်ပြောလိုက်တဲ့ သူကြောင့် ဦးနဂါးစဉ်းစားတာတွေရပ်ပြီး လှမ်းမြင်နေရတဲ့ တောထဲကိုထွက်သွားခဲ့တယ်။ တောထဲရောက်တော့ ငှက်ပျောတောရှိတဲ့နေရာကို အရင်ကရောက်ဖူးသလိုခံစားမိရာကနေ ဆက်သွားခဲ့ရာ အကိုင်းအလက်တွေသန်မာထွားကျိုင်းစွာပေါက်နေတဲ့ တောငှက်ပျောပင်တွေကိုတွေ့လိုက်ရတယ်။
ဦးနဂါးလဲ ငှက်ပျောရွက်တွေကို ဓါးမနဲ့ခုတ်ချပြီး သေချာစည်းနှောင်ကာ ဇရပ်ကိုပြန်လာခဲ့လိုက်တယ်။
ဇရပ်ကိုရောက်တော့ ထမ်းလာတဲ့ ငှက်ပျောရွက်တွေကို ပစ်ချပြီး အပေါ်ကိုတက်လာခဲ့လိုက်တယ်။ ဇရပ်အပေါ်လဲရောက်ရော ကိုယ်တော်နှစ်ပါးဘေးမှာဝင်ထိုင်လိုက်တယ်။ ကိုယ်တော်နှစ်ပါးကတော့ ဇရပ်ကြမ်းပြင်ပေါ်မှာ ဆီစိမ်စက္ကူတွေဖြန့်ခင်းပြီး တစ်စုံတစ်ခုလုပ်နေတာမြင်တော့ ဦးနဂါးလဲ မသိမသာလေးစပ်စုကာချောင်းကြည့်လိုက်တယ်။
ဆီစိမ်စက္ကူလေးပေါ်မှာရေးနေတဲ့ စာလုံးသေးသေးလေးတွေကိုမြင်တော့ ဦးနဂါးက
” ကိုယ်တော်တွေ ၃၂ကွက်အင်းအထိပဲရောက်သေးတယ်ထင်တယ် နောက်တစ်ဆင့်တက်ဖို့ အမိန့်မကျလာသေးဘူးဟုတ်လား” ဆိုပြီးလွှတ်ခနဲထွက်သွားခဲ့တယ်။
ဦးနဂါးစကားကြောင့် စက္ကူပေါ်မှာ စိတ်ဝင်တစားရေးဆွဲနေတဲ့ ကိုယ်တော်နှစ်ပါး ခေါင်းထောင်လာပြီး
” ဒကာကြီးက ဒီစာလုံးတွေကိုသိလို့လား ဒီအင်းက ၃၂ကွက်အင်းဆိုတာ ဘယ်လိုပြောနိုင်တာလဲ”
” အဲ ဟိုလေ တပည့်တော်လဲမသိဘူးဗျ ဒီတိုင်းပြောမိသွားတာ တစ်ခါတစ်ခါစိတ်ရူးပေါက်တာနဲ့တူပါတယ်ဗျာ”
” ဒကာကြီး ဒီကိုလာတဲ့အချိန်နဲ့ ဒီကိုရောက်ပြီးတဲ့အချိန် အမူအရာအပြောအဆိုတွေကအစပြောင်းသွားတာ ဥူးဇင်းတို့သတိထားမိတယ် အခုလဲ အင်းစမကွက်တွေရဲ့အခြေခံမျဉ်းကိုကြည့်ပြီး ၃၂ကွက်အင်းဆိုတာ တပ်အပ်ပြောနိုင်တယ် ဒကာကြီးက ဘယ်သူလဲ ”
” အဲ တပည့်တော် နာမည်ဦးနဂါးလေ ”
ကိုယ်တော်နှစ်ပါးလဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး တစ်စုံတစ်ခုကိုအသိရသွားဟန်နဲ့
” ဒကာကြီး ဝတ်ထားတဲ့ အင်္ကျီချွတ်လိုက်ပါ ဥူးဇင်းတို့ကြည့်စရာတစ်ခုရှိတယ် ”
ကိုယ်တော်နှစ်ပါးရဲ့စကားကြောင့် ဦးနဂါးလဲ ဝတ်ထားတဲ့ အင်္ကျီအစုတ်လေးကိုချွတ်ပြလိုက်တယ်။
” ဟင် ကိုယ်ပေါ်မှာ ဘာမှလဲမရှိပါလား ဒါဆို တပည့်တော်တို့တွေးတာများ မှားနေတာလား ဥူးဇင်း”
” ဟုတ်လောက်တယ် တပည့်တော်တို့ တွေးတာမှန်ရင် ကိုယ်ပေါ်မှာ ဆေးမှင်ထိုးထားတာတွေရှိရမှာ အခုက ဘာဆိုဘာမှမတွေ့ရဘူး ”
” အိမ်း တပည့်တော်တို့အထင်မှားတာဖြစ်မှာပါ ဒါမှမဟုတ်ရင်လဲ ဒီပညာကိုအရင်က လေ့လာလိုက်စားဖူးတာလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ် ”
ဦးနဂါးလဲကိုယ်တော်နှစ်ပါးပြောနေတဲ့စကားတွေကိုနားမလည်ဟန်နဲ့ခေါင်းကုတ်လိုက်ကာ အိပ်ဖို့ပြင်လိုက်တဲ့အချိန်
” ဟိုလူကြီး ဘာအိပ်ဖို့လုပ်နေတာလဲ ဧည့်သည်တွေရောက်နေပြီ ငှက်ပျောဖက်ခင်းပြီး ဧည့်ခံလိုက်ဦးလေ ခဏနေကျုပ်ဆင်းလာမယ်”
ရေစင်အောက်မှာဒူးလေးနှံ့ကာ အိပ်ရင်းပြောလိုက်တဲ့စကားကြောင့် ဦးနဂါး မျက်နှာမဲ့သွားပြီး
” ရှူံးထားတော့လဲ လုပ်ရမှာပေါ့ ဘယ်တတ်နိုင်ပါ့မလဲ”ဆိုပြီးပြောကာ ဇရပ်ပေါ်ကနေဆင်းသွားခဲ့တယ်။
ဇရပ်အောက်ကိုရောက်တော့ မလှမ်းမကမ်းက အပင်အောက်တွေမှာ အုပ်စုလိုက် အုပ်စုလိုက်ရောက်နေကြတဲ့ ခွေးအုပ်တွေကိုတွေ့လိုက်ရတယ်။ဦးနဂါးလဲ ခုတ်လာတဲ့ငှက်ပျောရွက်တွေကို အနေတော်ချိုးပြီး ချထားလိုက်တယ်။
” ဝုတ် ဝုတ် ဝုတ် အီ အီ အီ”
” ဟာ ဒီခွေး ဘယ်လိုဖြစ်လို့ ပွတ်သီးပွတ်သပ်လုပ်နေတာလဲ ”
ဦးနဂါးက အနားကပ်လာတဲ့ ခွေးတစ်ကောင်ကို ခြေနဲ့ကန်ထုတ်ပြီးပြောလိုက်ပေမယ့် ခွေးက မထွက်သွားပဲ ခြေသလုံးကိုခေါင်းနဲ့ပွတ်နေခဲ့တယ်။
ဇရပ်ပေါ်က ကိုယ်တော်နှစ်ပါးက ဦးနဂါးအသံကြောင့် ဇရပ်အောက်ကို တစ်ချက်မျှ လှည့်ကြည့်ပြီး သူတို့အလုပ်သူတို့ဆက်လုပ်နေခဲ့တယ်။
ဦးနဂါးလဲ ငှက်ပျောရွက်တွေနေရာချပြီးတဲ့အချိန်
” အချိန်ကျပြီဟေ့ ချက်ထားတဲ့အမဲရိုးထမင်းကို ထည့်ပေးလိုက်တော့ “ဆိုတဲ့အသံကြားလိုက်ရတယ်။
ဦးနဂါးလဲ မိုးပြဲဒယ်ထဲမှာ ချက်ထားတဲ့ အမဲရိုးထမင်းတွေကို ခွက်တစ်လုံးနဲ့ခပ်ပြီး ငှက်ပျောဖက်တွေထဲ လိုက်ပုံပေးနေတဲ့အချိန် ခေါင်းထဲမှာ မိုက်ခနဲဖြစ်သွားပြီး မျက်လုံးထဲကို စူးရှရှအလင်းတစ်ခုဝင်လာခဲ့တယ်။
” ကျုပ်မျက်လုံးတွေ ဘာဖြစ်တာလဲမသိဘူး ဘာမှမတွေ့ရတော့ဘူး ”
ဦးနဂါးကြောက်လန့်တကြားအော်ဟစ်လိုက်ပေမယ့် အသံကလည်ချောင်းဝမှာတင်ပျောက်ကွယ်သွားခဲ့တယ်။
” စိတ်အေးအေးထားပြီး မျက်လုံးဖွင့်ကြည့်လိုက်ပါ မယုံနိုင်လောက်တဲ့အခြေအနေတစ်ခုကိုမြင်ရပါလိမ့်မယ်” ဆိုတဲ့အသံက အော်ဟစ်နေတဲ့ ဦးနဂါးနားထဲကို ချိုသာစွာဝင်လာခဲ့တယ်။
နားထဲကြားလိုက်ရတဲ့အသံကြောင့် ဦးနဂါး မိက်လုံးကိုအသာဖွင့်ကြည့်လိုက်တော့ ခွေးတွေကို အစာကျွေးနေတဲ့ လူနှစ်ယောက်ကို မြင်လိုက်ရတယ်။
ဒါပေမယ့်မြင်ရတဲ့အရာတွေက ပိတ်ကားထက်မှာပြသနေတဲ့ဓါတ်ရှင်တွေလိုဖြစ်နေပြီး ထိလို့ကိုင်လို့မရတာသတိထားမိလိုက်တယ်။
” ဟင် ခွေးတွေကို အစာကျွေးနေတဲ့လူက ငါနဲ့အတော်တူတာပဲ ငါများဖြသ်နေမလား မဟုတ်လောက်ပါဘူးလေ ငါ့ကိုယ်မှာ ဆေးမှင်တွေမှမရှိတာ ငါမဖြစ်နိုင်ဘူး ”
ဦးနဂါးတစ်ယောက်ထဲ ဇဝေဇဝါဖြစ်နေတဲ့အချိန် ခွေးစာကျွေးနေတဲ့လူနှစ်ယောက်က ဦးနဂါးဘက်ကိုလှည့်ပြီး
” ကျွတ်ချိန်တန်ပြီ သင့်ရဲ့ငုံ့လျှိုးနေတဲ့ မသိစိတ်တွေကိုလွှတ်ထုတ်လိုက်ပါတော့ ” လို့ပြောလိုက်တဲ့အချိန် ဦးနဂါးခေါင်းထဲမှာရှိတဲ့ မှတ်ဉာဏ်တွေအားလုံးပွင့်ထွက်သွားခဲ့တယ်။
မှတ်ဉာဏ်တွေပွင့်ထွက်သွားတဲ့အချိန် မျက်လုံးဖွင့်ကြည့်လိုက်တော့ မိုးပြဲဒယ်အိုးထဲကနေ အမဲရိုးထမင်းကိုခပ်ပြီး ခွေးလေခွေးလွင့်တွေကို ကျွေးမွေးနေတဲ့ လူတစ်ယောက်ကိုတွေ့လိုက်ရတယ်။
” မင်း မင်းက ခုနက မြင်လိုက်ရတဲ့သူတွေထဲက တစ်ယောက်မဟုတ်လား”
ဦးနဂါးစကားကြောင့် ခွေးစာတွေကို ခပ်နေတဲ့ လူက မချိပြုံးလေးပြုံးလိုက်ပြီး
” အဲဓီလူလဲဟုတ်တယ် ရေအိုးစင်အောက်ကလူဆိုလဲဟုတ်တယ် ဘယ်လိုလဲ အတိတ်ဘဝကမှတ်ဉာဏ်တွေပြန်ရပြီလား”
” ဒါဆို ခုနက ခွေးစာတွေကျွေးနေတဲ့ ဆေးမှင်နဲ့လူက ကျုပ်ပေါ့ ”
” ခင်ဗျား မှတ်ဉာဏ်တွေအကုန်ပြန်မရသေးဘူးထင်တယ် ”
ခွေးစာကျွေးနေတဲ့လူကပြောရင်းဆိုရင်း လက်ထဲကတုတ်နဲ့ ဦးနဂါးရဲ့ ခေါင်းကိုမနာကျင်အောင် အသာရိုက်ချလိုက်တယ်။
အဲဒီတော့မှ အတိတ်ကဖြစ်ရပ်တွေအားလုံး ဦးနဂါးရဲ့ ခေါင်းထဲမှာတစ်ရိပ်ရိပ်ပြန်ပေါ်လာခဲ့တယ်။
” ကျုပ်သတိရပြီ ကျုပ်သတိရပြီ ပြန်ဆုံရတာဝမ်းသာလိုက်တာ အောင်…”
ဦးနဂါးစကားမဆုံးခင်မှာ ခွေးစာကျွေးနေတဲ့လူက ပါးစပ်ကိုလက်ညိုးနဲ့ပိတ်ပြလိုက်ပြီး
” ဝမ်းသာမနေနဲ့ဦး အခုမှ တစ်ကနေပြန်စရမှာ ဒါကြောင့် ကျုပ်ဘယ်သူဆိုတာ ပြောချိန်မတန်သေးဘူး”
” ဇရပ်ပေါ်က ကိုယ်တော်နှစ်ပါးကရော ဘယ်သူတွေလဲ”
” ခင်ဗျားကို ဒီကိုခေါ်လာတဲ့သူတွေလို့ပဲမှတ်လိုက်ပါ အခု ကျုပ်ဧည့်သည်တွေကို ကျွေးမွေးလို့ပြီးပြီ ခင်ဗျားလဲ အသိပြန်ရပြီဆိုတော့ နောက်ထပ်တစ်နေရာခရီးဆက်ဖို့လိုနေပြီ”
” ဘယ်ကိုသွားမလို့လဲ ”
” မနက်ဖြန် ကျုပ်လာနှိုးတဲ့အချိန်သာ ထလိုက်ခဲ့ပါ ဘယ်သွားမယ်ဆိုတာ ဟိုရောက်ရင်သိလိမ့်မယ်”
ဦးနဂါးလဲ ရေစင်အောက်ကလူရဲ့စကားကို စောဒကမတက်တော့ပဲ သိမ်းဆည်းဆေးကြောစရာရှိတဲ့ အိုးတွေခွက်တွေသယ်ကာ ရေကန်ရှိရာဘက်ကိုထွက်သွားခဲ့တယ်။
++++++++
ညဘက်ရောက်တော့ ခွေအကောင်ပေါင်းများစွာက ဇရပ်ကိုကြည့်ပြီး စွဲစွဲငင်ငင်အူပါလေရော။ ခွေးအူသံကြောင့် ကိုယ်တော်နှစ်ပါးက ဦးနဂါးနဲ့ ရေစင်အောက်ကလူကို လှမ်းကြည့်လိုက်ရာ ဟိုနှစ်ယောက်က တုပ်တုပ်ပင်မလှုပ်ပဲ အိပ်မောကျနေတာမြင်လိုက်ရတယ်။
ကိုယ်တော်နှစ်ပါးလဲ ညဘက်လုပ်စရာရှိတဲ့ အမှုကိစ္စတွေကိုလုပ်ပြီး ကျိန်းစက်ခဲ့ကြတယ်။ မနက်အရုဏ်တက်ချိန် ကိုယ်တော်နှစ်ပါး နိုးလာတော့ ဦးနဂါးနဲ့ ရေစင်အောက်ကလူကို မတွေ့ရတော့ဘူး။ ဒါပေမယ့် ရေစင်အောက်မှာတော့ ” ဇရပ်အနောက်ဘက်မန်ကျီးပင်အောက်ကို တူးပါ ၊ တွေ့မြင်လို့သိခဲ့ရင် လောကနန္ဒာဘုရားက သုဇာတာဇရပ်ကို လူဝတ်လဲပြီးလာခဲ့”ဆိုတဲ့စာသားတစ်ခုကိုတွေ့ခဲ့ရတယ်။
ကိုယ်တော်နှစ်ပါးလဲ စာကိုတွေ့တာနဲ့ မန်ကျီးပင်အောက်ကိုတူးကြည့်တဲ့အခါ အင်းစမတွေကို
ဆေးမှင်ထိုးထားတဲ့သားရည်ပြားတစ်ချပ်နဲ့အတူ အရိုးစုတစ်ခုကိုတွေ့လိုက်ရတယ်။
အရိုးစုနဲ့ အင်းစမဆေးမှင်ပါတဲ့ သားရေပြားကိုတွေ့တော့မှ ကိုယ်တော်နှစ်ပါး ပြုံးလိုက်ကြပြီး
” ငါတို့မသိအောင် လှည့်စားသွားပြန်ပြီ ဝင်္ကဘာဇရပ် ဝင်္ကဘာဇရပ် နာမည်နဲ့လိုက်အောင် အရူးလုပ်ခဲ့တာပဲ” ဆိုပြီးပြောကာ မြေပုံကိုပြန်ဖို့ပေးခဲ့ကြတယ်။
နောက်တစ်နေ့ရောက်တော့ ဖျင်ကြမ်းအင်္ကျီကိုယ်စီဝတ်ထားပြီး ခမောက်ကိုယ်စီဆောင်းထားကြတဲ့ လူနှစ်ယောက်က သုဇာတာဇရပ်ကို ဦးတည်ပြီး ထွက်လာခဲ့ကြတယ်။
++++++++
စာကြွင်း။ အောင်မြတ်သာနှင့် ဦးတိက္ခဆုံခန်းဆိုတဲ့ဝတ္တုလေးကို ဖတ်ပြီးရင် ဒီအပုဒ်လေးကို နားလည်သွားမှာပါ။
နောက်ဝတ္တုမှာတော့ ဦးတိက္ခကနေ ဦးနဂါးဘယ်လိုဖြစ်သွားရလဲဆိုတာကို ဖော်ပြပေးသွားမယ့်အပြင် အကျွတ်တရားရအောင် ဘယ်လိုအစွဲချွတ်ပေးမလဲဆိုတာကိုတော့အောင်မြတ်သာနှင့် နှစ်ဘဝအစွဲဆိုတဲ့ဝတ္တုလေးမှာ ဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
#ညမဖတ်ရ
ေအာင္ျမတ္သာႏွင့္ဝကၤဘာဇရပ္
ေနပူက်ဲက်ဲႀကီးထဲမွာ ႏွစ္ထပ္သကၤန္းကို ပခုံးေပၚတင္ၿပီး လမ္းေလ်ာက္လာေနတဲ့ ကိုယ္ေတာ္ႏွစ္ပါးကို လမ္းေဘးမွာေဈးေရာင္းေနၾကတဲ့ ေဈးသည္ေတြသတိထားမိခဲ့ၾကတယ္။
အပူဒဏ္ကိုေန႔စဥ္ရင္းႏွီးကြၽမ္းဝင္ေနတဲ့ ေဈးသည္ေတြေတာင္ ယပ္ေတာင္တစ္ဖ်တ္ဖတတ္ခတ္ေနၾကတဲ့အခ်ိန္ ထူထဲတဲ့သကၤန္းကို ေသသပ္စြာၿခဳံထားၿပီး လမ္းေလ်ာက္လာေနတဲ့ကိုယ္ေတာ္ႏွစ္ပါးကေတာ့ ေခြၽးေတာင္မစို႔ေနခဲ့ဘူး။
” အရွင္ဘုရားတို႔ရပ္ေတာ္မူပါဦး”
လမ္းေဘးမွာ ထမ္းဆိုင္းေလးခ်ၿပီး ေကာက္ညႇင္းက်ည္ေတာက္ေရာင္းေနတဲ့ ေဈးသည္မေလးရဲ႕အသံေၾကာင့္ လမ္းေလ်ာက္လာေနတဲ့ ကိုယ္ေတာ္ႏွစ္ပါးက ႐ုတ္တရက္ရပ္တန႔္လိုက္တယ္။
” အရွင္ဘုရားတို႔ ဆြမ္းကိစၥၿပီးစီးၾကပီလားဘုရား”
ေဈးသည္မေလးစကားေၾကာင့္ ကိုယ္ေတာ္ႏွစ္ပါးက
” မၿပီးစီးေသးပါဒကာမေလး ”
” ဒါျဖင့္ မြန္းလဲတည့္ေတာ့မယ္ ဆြမ္းကိစၥကို တပည့္ေတာ္မတို႔ ေဈးသည္ေတြစီစဥ္ေပးပါ့မယ္ အရွင္ဘုရားတို႔ အရိပ္ရတဲ့အပင္ေအာက္မွာ ေခတၱသီတင္းသုံးေတာ္မူပါဘုရား”
ေဈးသည္မေလးရဲ႕ဒါနကို ကိုယ္ေတာ္ႏွစ္ပါးက ဆိတ္ဆိတ္ေနျခင္းနဲ႔လက္ခံခဲ့ၾကတယ္။ ခဏအၾကာမွာေတာ့ မလွမ္းမကမ္းမွာရွိတဲ့ လမ္းေဘးေဈးတန္းကေန အိုးခြက္သံေတြ၊ စကားေျပာသံေတြဆူညံစြာထြက္လာခဲ့တယ္။
” အရွင္ဘုရားတို႔ ဆြမ္းဘုန္းေပးေတာ္မူပါ တပည့္ေတာ္မတို႔ရဲ႕ဆြမ္းအလႉက ဖြယ္ဖြယ္ရာရာမရွိတာကို သည္းခံဘုန္းေပးေတာ္မူပါဘုရား”
” ဒီေလာက္ဆိုျပည့္စုံပါတယ္ဒကာတို႔ လႉဒါန္းျခင္းဆိုတဲ့စိတ္မွာ ခမ္းနားဝင့္ဝါမႈေတြကိုထည့္မတြက္ရဘူး အခ်ိဳ႕ေတြက် ငါတို႔အလႉက အရမ္းေသးငယ္ေနလို႔ ႀကီးမားေအာင္ႀကိဳးစားၿပီးလႉမယ္ဆိုတဲ့အေတြးေတြရွိတတ္ၾကတယ္ ဒါဟာလုံးဝမွားယြင္းေနတဲ့အရာေတြပဲ လႉခ်င္တန္းခ်င္စိတ္ရွိရင္ ဒါနအေသးအမႊားေလးကအစ အဖိုးတန္ပါတယ္ ”
ကိုယ္ေတာ္ႏွစ္ပါးရဲ႕ဩဝါဒစကားေၾကာင့္ ဆြမ္းကပ္လႉၾကတဲ့ ေဈးသည္ေတြရဲ႕မ်က္ႏွာမွာ ညိဳးငယ္မႈေတြပေပ်ာက္သြားၿပီး ေပ်ာ္႐ႊင္ဝမ္းသာမႈေတြအတိုင္းသားေပၚလာခဲ့တယ္။
ကိုယ္ေတာ္ႏွစ္ပါးလဲ ဆြမ္းကိစၥကို အတန္သင့္႐ုံသာဘုန္းေပးၿပီးပိုလွ်ံေနတဲ့ဆြမ္းေတြကို ေဈးသည္ေတြဆီျပန္စြန႔္ခဲ့ၾကတယ္။
” အရွင္ဘုရားတို႔က ဘယ္ကိုမ်ားႂကြမလို႔ပါလဲဘုရား ”
” ဝကၤဘာဇရပ္ကိုဒကာတို႔ၾကားဖူးၾကရဲ႕လား ဥဴးဇင္းတို႔ကအဲဒီဇရပ္ကိုႂကြမလို႔ကြဲ႕”
ကိုယ္ေတာ္ႏွစ္ပါးရဲ႕စကားေၾကာင့္ ေဈးသည္ေတြေခါင္းခ်င္းဆိုင္တီးတိုးေျပာလိုက္ၾကၿပီး
” ဝကၤဘာဇရပ္ကိုေတာ့မၾကားဖူးဖူးဘုရား ဒီအနီးတစ္ဝိုက္မွာေတာ့ ဇရပ္ေက်ာင္းကန္ေတြမ်ားပါတယ္ဘုရား ”
ေဈးသည္ေတြရဲ႕စကားေၾကာင့္ ကိုယ္ေတာ္ႏွစ္ပါး ေခါင္းတစ္ဆတ္ဆတ္ညိမ့္လိုက္ၿပီး
” အခုလိုဆြမ္းကိစၥၿပီးစီးေအာင္ စီစဥ္ေပးၾကတာကို ဥဴးဇင္းတို႔အသိအမွတ္ျပဳပါတယ္ စီးပြားဥစၥာေတြလဲဒီေရအလားတိုးတက္ၾကပါေစ ဒါနဲ႔ ဒီမွာရွိတဲ့သူေတြက ဘယ္အရပ္ေဒသမွာေနၾကတာလဲ”
” တပည့္ေတာ္မတို႔က ေနရာအတည္တက်ရယ္လို႔မရွိပါဘူးဘုရား လမ္းမွာပဲလွည့္သြားလာ ေနထိုင္ၾကပါတယ္ဘုရား”
” အိမ္း ကုသိုလ္မ်ိဳးေစ့ကိုအခုလို ခ်ခဲ့တဲ့အတြက္ မၾကာခင္အပင္ေပါက္လာပါလိမ့္မယ္ ဥဴးဇင္းတို႔လဲ ခရီးဆက္ရမွာမို႔ သြားလိုက္ပါဦးမယ္”
ကိုယ္ေတာ္ႏွစ္ပါးက ေဈးသည္ေတြကို ဆုမြန္ေကာင္းေတာင္းေပးၿပီး ခရီးဆက္ဖို႔သကၤန္းျပင္ဝတ္လိုက္တဲ့အခ်ိန္ မလွမ္းမကမ္းက ကုကၠိဳပင္ေအာက္မွာအိပ္ေနတဲ့လူတစ္ေယာက္ကထလာၿပီး
” ကိုယ္ေတာ္တို႔ေျပာတဲ့ ဝကၤပါဇရပ္ကို က်ဳပ္သိတယ္ က်ဳပ္လိုက္ပို႔ေပးရမလား” လို႔ေျပာလိုက္ေတာ့ ေဈးသည္ေတြက
” ဦးနဂါး ေပါက္ကရေတြ ေလ်ာက္ေျပာမေနနဲ႔ အရွင္ဘုရားစိတ္ထဲမထားပါနဲ႔ ဒီလူႀကီးက စိတ္မမွန္ဘူး သူက တပည့္ေတာ္တို႔သြားတဲ့ေနာက္ကို တေကာက္ေကာက္လိုက္ေနတာ ဒီကေဈးသည္ေတြကလဲ သနားတာနဲ႔ ဘာမွမေျပာပဲ လႊတ္ထားတာပါ”
” ဟဲ့ မိလုံးစိန္ ငါကိုအ႐ူးလို႔ေျပာေနတာလား ငါမ႐ူးဘူးေနာ္ နင္တို႔ကဘာသိလို႔လဲ ဝကၤဘာဇရပ္ဆိုတာ အရင္ကေခၚခဲ့တာ အခုက ဦးက်င္စြမ္ဇရပ္လို႔ေခၚတယ္ ဘာလို႔ဝကၤဘာဇရပ္လို႔ေခၚလဲေရာေျပာျပရဦးမလား”
ေရမခ်ိဳးမသန႔္စင္ပဲႏွစ္ေပါင္းမ်ားစြာရွိေနတဲ့ ဆံပင္ေတြကိုလက္နဲ႔ထိုးဖြၿပီး ထလာတဲ့ လူကိုၾကည့္ၿပီး ကိုယ္ေတာ္ႏွစ္ပါးက
” ေျပာပါဒကာႀကီး ဥဴးဇင္းတို႔ နားေထာင္ေပးပါ့မယ္”
” ကိုယ္ေတာ္ႏွစ္ပါးကစိတ္ေကာင္းတယ္ နင္တို႔လိုစိတ္မပုတ္ဘူး ဟဲဟဲ အရင္က အဲဒီဇရပ္နားမွာ ေတာအုပ္တစ္ခုရွိခဲ့တယ္ ေတာကအရမ္းထူလို႔ လမ္းမသိပဲဝင္သြားရင္ ျပန္ထြက္မတတ္ေတာ့ဘူး ဒါေၾကာင့္ ေတာထဲသြားၾကမယ့္သူေတြက လမ္းမွတ္မိေအာင္ ဇရပ္ေသးေသးေလးတစ္ခုကိုေဆာက္ခဲ့ၾကတယ္ ဇရပ္ရဲ႕ ညာဘက္ကလမ္းကိုသြားရင္ ေတာထဲျပန္ေရာက္တယ္ ဘယ္ဘက္ကိုသြားရင္ေတာ့ အျပင္ေရာက္တယ္ေပါ့ ေနာက္ပိုင္းႏွစ္ေတြၾကာလာေတာ့ ေတာလဲအရင္ကေလာက္မနက္ေတာ့ဘူး အခုဆိုလူသြားလမ္းေတာင္ေဖာက္ၿပီးၿပီထင္တယ္ တစ္ေန႔က်ေတာ့ ဦးက်င္စြမ္ဆိုတဲ့လူႀကီးက အဲဒီဇရပ္ကိုအႀကီးစားျပဳျပင္ခဲ့တယ္ အဟဲ သူျပင္ၿပီးတဲ့အခ်ိန္ကစလို႔ က်င္စြမ္းဇရပ္ျဖစ္သြားတာပဲ ဟဲ့ ဟိုေဈးသည္ေတြ ငါေျပာတာေတြၾကားတယ္မလား ငါကအကုန္သိပါတယ္လို႔ အစထဲကေျပာတာ နင္တို႔မွမယုံၾကတာ”
” ဦးနဂါးက အရင္ကအလိုအတည္ေတြေျပာတာမွမဟုတ္တာ ပါးစပ္ထဲထြက္ရာေလ်ာက္ေျပာေနၿပီးေတာ့ အခုမွ ဆရာႀကီးေလသံနဲ႔ေျပာေနတာ”
” ေတာ္ၿပီ ေတာ္ၿပီ ငါနင္တို႔နဲ႔မလိုက္ေတာ့ဘူး ဒီက ကိုယ္ေတာ္ေတြေနာက္ကိုပဲလိုက္သြားေတာ့မယ္ ”
” အမေလး ဦးနဂါးရယ္ ကိုယ္ေတာ္ႏွစ္ပါးကိုေတာ့ ဒုကၡလိုက္မေပးပါနဲ႔ ဒီမွာပဲေနခဲ့ပါေတာ္”
” မရဘူး ငါဒီမွာေနခဲ့တာၾကာၿပီ အခုငါသြားဖို႔အခ်ိန္က်လာၿပီ လိမ္လိမ္မာမာေနခဲ့ၾကေနာ္ အခ်င္းခ်င္းရန္ေတြလဲမျဖစ္ၾကနဲ႔ တစ္ေန႔က်ရင္ ငါနင္တို႔ဆီျပန္လာခဲ့မယ္ ကိုယ္ေတာ္တို႔သြားၾကရေအာင္”
ဦးနဂါးက ဥဴးဇင္းႏွစ္ပါးကို လက္ဟန္နဲ႔ျပၿပီး အေရွ႕ကေန ျမဴးတူးေပ်ာ္ပါးစြာ ထြက္သြားခဲ့တယ္။ လမ္းတစ္ေလ်ာက္လုံး ပါးစပ္ထဲထြက္ရာ ေျပာရင္းခရီးဆက္လာခဲ့တာ သုံးနာရီနီးပါးၾကာေတာ့ လူအေတာ္အတန္ျပတ္တဲ့ ေနရာတစ္ခုကိုေရာက္လာခဲ့တယ္။
” ကိုယ္ေတာ္တို႔ အရင္ကဒီေနရာကိုေရာက္ဖူးလား”
” မေရာက္ဖူးပါဘူး အခုမွပထမအႀကိမမေရာက္ဖူးျခင္းပါ”
” ဒါဆို ဝကၤဘာဇရပ္ကိုဘယ္လိုသိတာလဲ လိမ္ေျပာရင္ငရဲႀကီးမွာေနာ္ ဘုန္းႀကီးေတြဆိုတာမလိမ္ရဘူး”
” မလိမ္ပါဘူး ဒကာႀကီး ဥဴးဇင္းတို႔ကို ဒီဇရပ္ကိုလာဖို႔ ေခၚတဲ့အတြက္လာရျခင္းျဖစ္ပါတယ္ ဒကာႀကီးကိုၾကည့္ရတာ အသက္အေတာ္ႀကီးေနၿပီ ဘယ္လိုေၾကာင့္ အခုလိုဘဝမ်ိဳးေရာက္ေနတာလဲ”
ကိုယ္ေတာ္ႏွစ္ပါးစကားေၾကာင့္ ဦးနဂါးေခတၱၿငိမ္သြားၿပီး
” က်ဳပ္ကိုအရမ္းလွပတဲ့ နတ္သမီးေတြျပဳစားလိုက္တာ သူတို႔ရဲ႕အလွမွာနစ္ေျမာသြားတဲ့အခ်ိန္ က်ဳပ္ဒီလိုျဖစ္သြားတာပဲ ဟဲဟဲ ထူးဆန္းတယ္မဟုတ္လား ဒါနဲ႔ေျပာရဦးမယ္ က်ဳပ္ကမ႐ူးဘူးေနာ္ အကုန္သိတယ္ ဟဲ့ ၿမိဳ႕ေ႐ႊမန္းသား ဘာတဲ့ ဇာတ္မင္းသားေလး ဖိုးနဂါးလာၿပီေဟ့ ပလို႔ဂ်ိ ပလို႔ဂ်ိ” လို႔ေျပာကာ ေကြးေနေအာင္ကပါေလေရာ။
” ဟင္း ဝဋ္ေႂကြးႀကီးလိုက္တာ ဒါနဲ႔ ဝကၤဘာဇရပ္ကိုေရာက္ဖို႔ဘယ္ေလာက္ၾကာဦးမလဲမသိဘူး”
ကိုယ္ေတာ္ႏွစ္ပါးတီးတိုးေျပာလိုက္တဲ့အသံေၾကာင့္ ေကြးေနေအာင္ကေနတဲ့ ဦးနဂါးက ႐ုတ္တရက္ ကတာကိုရပ္လိုက္ၿပီး
” ဝကၤဘာဇရပ္က အေရွ႕နားေလးမွာပဲ ရွိတယ္ က်ဳပ္ကတဲ့ေနာက္ကိုလိုက္လာခဲ့ၾက ဟဲ့ ဘာတဲ့ နာမည္ေက်ာ္ ဇာတ္မင္းသား ဖိုးနဂါးတဲ့လား ”
တစ္ေယာက္ထဲပါးစပ္ထဲထြက္ရာေျပာၿပီး ထြက္သြားတဲ့ ဦးနဂါးေနာက္ကို ကိုယ္ေတာ္ႏွစ္ပါးလိုက္လာခဲ့ၾကတယ္။
ထမင္းအိုးတစ္လုံးခ်က္ေလာက္ဆက္သြားၿပီးတဲ့အခါမွာေတာ့ အတန္အသင့္ႀကီးမားတဲ့ ဇရပ္တစ္ေဆာင္ကိုျမင္လိုက္ရတယ္။
ဦးနဂါးက ဇရပ္ကိုေတြ႕ေတာ့ ေျပးတက္သြားၿပီး
” ဝကၤဘာဇရပ္ကိုေရာက္ၿပီ ေဟ့ ေဟ့ ဒီေနရာက ငါ့ရဲ႕ေအာင္ေျမပဲ ငါျပန္ေရာက္လာၿပီ ငါဝဋ္ေႂကြးေတြကုန္ေတာ့မယ္ ” လို႔ေျပာကာ ခုန္ေပါက္ပါေလေရာ။
ကိုယ္ေတာ္ႏွစ္ပါးလဲ သင့္ေတာ္ရာေနရာမွာ သီတင္းသုံးလိုက္ၿပီး ဇရပ္ထဲကိုၾကည့္လိုက္ေတာ့ ေသာက္ေရအိုးစင္အေဟာင္းေတြတင္ထားတဲ့စင္ေအာက္မွာ ေခြေခြေလးအိပ္ေနတဲ့ လူတစ္ေယာက္ကိုျမင္လိုက္ရတယ္။
ဦးနဂါးက ဇရပ္ေပၚမွာ အိပ္ေနတဲ့လူကိုျမင္ေတာ့
” အမယ္ အမယ္ တစ္ၿဖဲႏွစ္ၿဖဲအိပ္ေနလိုက္တာ ငါလာတာေတာင္ ထမၾကည့္ဘူး ေဟ့လူ ထစမ္း ” ဆိုၿပီးေအာ္ႀကီးဟစ္က်ယ္နဲ႔ေျပာလိုက္ေတာ့ ေရအိုးစင္ေအာက္မွာ အိပ္ေနတဲ့လူက အိပ္မႈန္စုံမႊားနဲ႔ထလာၿပီး
” နားညီးေနတာပဲ က်ဳပ္ဘာသာေအးေဆးအိပ္ေနတာ ခင္ဗ်ားတို႔ကိုဘာလုပ္လို႔လဲ”
” မရဘူး ဒီေနရာက အရင္ထဲက ငါအိပ္လာတာ မင္းအိပ္ခ်င္ရင္အျခားေနရာသြားအိပ္”
ဦးနဂါးစကားေၾကာင့္ ဇရပ္ေပၚမွာအိပ္ေနတဲ့လူက မၿဖီးမသင္ပဲထားတာၾကာၿပီျဖစ္တဲ့ ဆံပင္ေတြကို လက္နဲ႔ထိုးဖြလိုက္ၿပီး
” ဒီတိုင္းေတာ့ဖယ္ေပးလို႔ဘယ္ရမလဲ အေလာင္းအစားတစ္ခုလုပ္ရမယ္ ခင္ဗ်ားႏိုင္ရင္ က်ဳပ္ဖယ္ေပးမယ္ မႏိုင္ရင္ေတာ့ ဒီေနရာက က်ဳပ္အပိုင္ပဲ”
ဆံပင္စုတ္ဖြားနဲ႔လူရဲ႕စကားေၾကာင့္ ဦးနဂါးစိတ္တိုသြားၿပီး
” ဘာအေလာင္းအစားလဲ ေျပာဗ်ာ က်ဳပ္ကစိတ္ေခၚရင္တိမ္ေပၚထိလိုက္တဲ့လူစားေနာ္ ခင္ဗ်ားကတိေတာ့တည္ဖို႔လိုတယ္”
” က်ဳပ္လဲေယာက်ၤားပါ ေျပာတဲ့စကားတည္တယ္ အေလာင္းအစားကဘာလဲဆိုေတာ့ ဇရပ္ေပၚကေနဘယ္မွမသြားပဲေနရမယ္ စားခ်ိန္ေသာက္ခ်ိန္ဆိုတာလဲမရွိရဘူး ေစတနာပါလို႔ လမ္းသြားလမ္းလာေတြက လာလႉရင္ေတာင္ ငါ့ကိုေပးပါ ေကြၽးပါလို႔မေျပာရဘူး ေနာက္ဆုံးအခ်ိန္ ဗိုက္ဆာတယ္ေျပာတဲ့လူကအရႉံး ဘယ္လိုလဲ သေဘာတူလား”
” အဟား အ႐ူးကတစ္မူးသာေနေသးတယ္ သေဘာတူတာမွ ဟိုဘက္ကမ္းေတာင္လြန္ေသး မစားရလဲ မစား႐ုံေပါ့ အရႈံးေတာ့မေပးပါဘူး”
” အဲလိုမ်ိဳးကို က်ဳပ္ကသေဘာက်တာ စိန္လိုက္ေလ ဒါနဲ႔ ဟိုကိုယ္ေတာ္ႏွစ္ပါးကေရာ ၿပိဳင္ပြဲမွာပါဦးမလား”
ေရအိုးစင္ေအာက္မွာ ေျခတစ္ဖက္ခ်ိတ္ၿပီး ထိုင္ေနတဲ့သူရဲ႕စကားေၾကာင့္ ကိုယ္ေတာ္ႏွစ္ပါးၿပဳံးလိုက္ၿပီး
” သင္တို႔အလုပ္ကို ဝင္မရႈပ္ပါဘူး ကိုယ့္ဘာသာၿပိဳင္ၾကပါ ”
” ဟဲဟဲ ကိုယ္ေတာ္တို႔လဲ ဆြမ္းမစားရမွာေၾကာက္ေနတယ္နဲ႔တူတယ္ ထားပါ ထားပါ မၿပိဳင္ခ်င္တဲ့သူကိုအတင္းမတိုက္တြန္းပါဘူး ”
ေရအိုးစင္ေအာက္ကသူရဲ႕စကားအဆုံးမွာ ဦးနဂါးက
” ၿပိဳင္ပြဲကဘယ္ေတာ့စမွာလဲ ”
” အခုကစၿပီေလ ဇရပ္ေပၚကဘယ္မွမသြားနဲ႔ေတာ့ ”
ဦးနဂါးနဲ႔ ဇရပ္ေပၚက အ႐ူးရဲ႕ၿပိဳင္ပြဲက ခရီးဆိုက္ေရာက္ခ်င္းမွာပဲစတင္ခဲ့တယ္။ ဇရပ္ေပၚႀကိဳေရာက္ႏွင့္ေနတဲ့အ႐ူးက ေရအိုးစင္ေအာက္မွာ ထိုင္လိုက္ ထလိုက္ ေမွာက္အိပ္လိုက္နဲ႔ ဦးနဂါးကိုယွဥ္ၿပိဳင္ခဲ့သလို ဦးနဂါးကလဲ ဇရပ္ေပၚမွာ လမ္းေလ်ာက္လိုက္ အိပ္လိုက္နဲ႔ ၿပိဳင္ပြဲကိုအံတုခဲ့တယ္။
ၿပိဳင္ပြဲအရွိန္က တစ္ရက္ေလာက္ၾကာေတာ့ ဦးနဂါး ေနမထိထိုင္မထိျဖစ္လာခဲ့တယ္။ ဒါေပမယ့္ အရႈံးေပးရမွာေၾကာက္တာနဲ႔ ဆာေလာင္မႈဒဏ္ကို သည္းခံေနခဲ့တာ မြန္းမလြဲခင္အခ်ိန္ကိုေရာက္လာခဲ့တယ္။
ကိုယ္ေတာ္ႏွစ္ပါးလဲ ဇရပ္ေပၚမွာ သီတင္းသုံးရင္း တစ္စုံတစ္ေယာက္ကိုေစာင့္ေမွ်ာ္ေနၾကသလို ဦးနဂါးနဲ႔ ဇရပ္ေပၚကအ႐ူးကလဲ တစ္ေယာက္နဲ႔တစ္ေယာက္ ေစာင္းငန္းေစာင္းငန္းၾကည့္ကာ အကဲခတ္ေနၾကတယ္။ အဲဒီအခ်ိန္
” ငွက္ေပ်ာသီးအမွည့္ေတြပိုလို႔ စားခ်င္တဲ့သူရွိလား” ဆိုတဲ့အသံက ဇရပ္ေအာက္ကေနေပၚလာခဲ့တယ္။
ဦးနဂါးကလဲ ငွက္ေပ်ာသီးဆိုတဲ့အသံၾကားလို႔ ေခါင္းေထာင္ၾကည့္လိုက္ေတာ့ ေရအိုးစင္ေအာက္ကအ႐ူးက ဘာမွမၾကားသလို ေျခေလးလႈပ္ကာ ၿငိမ္သက္ေနခဲ့တယ္။
” ဘယ္လို လူလဲမသိဘူး မေန႔ထဲက အခုထိ ေရလဲမေသာက္ အစားလဲမစားဘူး ေနႏိုင္လြန္းတယ္” ဆိုၿပီးစိတ္ထဲက ေရ႐ြတ္လိုက္တဲ့အခ်ိန္
” ဟိုလူႀကီး ဗိုက္ဆာေနၿပီးလား ဟဲဟဲ အရႈံးေပးရမွာေၾကာက္လို႔ တင္းခံေနတာလား ေယာက်ၤားပဲ အရႈံးကိုလက္ခံလိုက္စမ္းပါ”
” ဆာတယ္ဆိုတာ ဘာမွန္းေတာင္မသိေသးဘူး ဟားဟား မင္းစားခ်င္ရင္ထယူလိုက္ေလ”
အ႐ူးႏွစ္ေယာက္ရဲ႕ မထိခလုပ္ထိခလုပ္ေျပာေနတဲ့အသံေၾကာင့္ ဇရပ္ေအာက္မွာရပ္ေစာင့္ေနတဲ့လူေတြက
” ဟိုအ႐ူးႏွစ္ေကာင္ မင္းတို႔ကထယူဖို႔ေတာင္ ပ်င္းေနၾကတာေပါ့ေလ ငါတို႔ကလဲ မင္းတို႔ကို လုံးဝမေပးဘူး ဇရပ္ေပၚက ကိုယ္ေတာ္ႏွစ္ပါးအတြက္ပဲ ေပးေတာ့မယ္” လို႔ေျပာၿပီး ငွက္ေပ်ာသီးႏွစ္ဖီးကို လႉသြားခဲ့တယ္။
ကိုယ္ေတာ္ႏွစ္ပါးလဲ ခရီးသြားတဲ့သူေတြလႉခဲ့တဲ့ ငွက္ေပ်ာသီးနဲ႔ ေန႔ဆြမ္းဘုန္းေပးခဲ့ၾကတယ္။ ဦးနဂါးကေတာ့ ကိုယ္ေတာ္ႏွစ္ပါးဘုန္းေပးေနတဲ့ ငွက္ေပ်ာသီးကိုခိုးၾကည့္လိုက္ တံေတြးၿမိဳခ်လိုက္လုပ္ေနတာကို ေရအိုးစင္ေအာက္က အ႐ူးကေတြ႕သြားၿပီး
” ဟိုလူႀကီး ေမွ်ာ္ေတာ္ေယာင္လုပ္မေနနဲ႔ ကိုယ္ေတာ္ႏွစ္ပါးကလဲ က်ဳပ္တို႔ၿပိဳင္ပြဲကို မဖ်က္ၾကနဲ႔ေနာ္ ” လို႔ေျပာလိုက္ေတာ့ ကိုယ္ေတာ္ႏွစ္ပါး သက္ျပင္းရွည္တစ္ခ်က္ခ်လိုက္ၿပီး ဘုန္းမကုန္တဲ့ငွက္ေပ်ာသီးေတြကို ဇရပ္အလည္တိုင္မွာမသိမသာေလးခ်ိတ္ထားလိုက္ၾကတယ္။
” ဂြီ ဂြီ ဂြီ”
ဗိုက္ထဲမွာရွိတဲ့ ပိုးမ်ိဳးကိုးဆယ္က ဦးနဂါးကို အတိုင္းထက္အလြန္ဒုကၡေပးေနၾကတယ္။ စားကလဲစားခ်င္ ရႈံးမွာလဲေၾကာက္ေနတဲ့ ဦးနဂါးအေျခအေနကိုသိတဲ့ အ႐ူးက
” ဘယ္လိုလဲ အရႈံးေပးေတာ့မွာလား က်ဳပ္ကေတာ့ အခုထိမဆာေသးဘူးဗ်ိဳ႕ ခင္ဗ်ားဆာရင္စားလိုက္ေတာ့ အဲေလာက္ထိဒုကၡခံမေနပါနဲ႔” လို႔ေျပာလိုက္ေတာ့ ဦးနဂါးက ဗိုက္ကိုလက္နဲ႔မသိမသာဖိၿပီး
” စားခ်င္စိတ္ကိုမရွိတာ က်ဳပ္အိပ္ခ်င္တာပဲသိတယ္ ” လို႔ေျပာကာ ေခြေခြေလးအိပ္ခ်လိုက္တယ္။
ဦးနဂါးအိပ္သြားေတာ့ ဇရပ္ေပၚမွာရွိေနတဲ့ကိုယ္ေတာ္ႏွစ္ပါးက
” ဒီအ႐ူးႏွစ္ေယာက္က ထူးေတာ့ထူးတယ္ သူတို႔ရဲ႕႐ုပ္သြင္ေတြကိုၾကည့္လိုက္ျပန္ေတာ့လဲ ဟန္ေဆာင္ဖုံးဖိထားတာမေတြ႕ရဘူး တကယ့္ကို႐ူးေနၾကတဲ့ပုံစံပဲျမင္ေနရတယ္ ”
” ဟုတ္တယ္ သူတို႔ႏွစ္ေယာက္မွာ တပည့္ေတာ္တို႔မသိတဲ့အေၾကာင္းတစ္ခုခုေတာ့ရွိမယ္ထင္တယ္ တပည့္ေတာ္နဲ႔ ဥဴးဇင္းရဲ႕ပညာကလဲ နိမ့္တဲ့အဆင့္ထဲမပါဘူး ဒါေပမယ့္ သူတို႔ရဲ႕မူလအေနအထားကိုခန႔္မွန္းမရတာက အဓိကေသာ့ခ်က္ပဲ”
ကိုယ္ေတာ္ႏွစ္ပါးက တစ္ေယာက္တစ္ေထာင့္စီအိပ္ေနၾကတဲ့ အ႐ူးႏွစ္ေယာက္ကိုၾကည့္ၿပီး ေဝဖန္လိုက္ၾကတယ္။
ညေမွာင္ခ်ိန္ေရာက္လာေတာ့ အိပ္ေနတဲ့ဦးနဂါး လႈပ္လႈပ္႐ြ႐ြျဖစ္လာတယ္။ ဦးနဂါး လႈပ္ရွားတာနဲ႔တစ္ၿပိဳက္နက္ထဲ ေရအိုးစင္ေအာက္မွာအိပ္ေနတဲ့ အ႐ူးက ေခါင္းေမာ့ၾကည့္ၿပီး
” ဘယ္လိုလဲ ဗိုက္ဆာေနၿပီမဟုတ္လား အရႈံးေပးလိုက္ပါေတာ့ ကိုယ့္လူ ဒီတိုင္းဆက္သြားေနရင္ အူျပတ္ၿပီးေသလိမ့္မယ္ ဟားဟားဟား”လို႔ေျပာကာ ရယ္ပါေလေရာ။
ဦးနဂါးကအရႈံးလဲမေပးခ်င္ ဒါေပမယ့္ဗိုက္ထဲကလဲ မခံမရပ္ႏိုင္ေအာင္ဆာေနတဲ့အတြက္ မာနကိုေလ်ာ့ၿပီး
” က်ဳပ္အရႈံးေပးတယ္ ခင္ဗ်ားကိုလဲမဖယ္ခိုင္းေတာ့ဘူး တစ္ရက္နဲ႔တစ္ညလုံးဘာမွမစားပဲေနႏိုင္တဲ့ခင္ဗ်ားကိုေတာ့အံ့ဩတယ္”
” အဟက္အဟက္ အရႉံးေပးတယ္ဆိုေတာ့ ဟိုးမွာခ်ိတ္ထားတဲ့ငွက္ေပ်ာသီးကိုစားလို႔ရၿပီ ဒါေပမယ့္ စားၿပီးရင္ေတာ့ ရႈံးသြားတဲ့ကတိအတိုင္း က်ဳပ္ခိုင္းတာကိုလုပ္ရမယ္ ”
” အဲဒါေနာက္မွေျပာဗ်ာ က်ဳပ္ဗိုက္ဆာေနၿပီ”
ဦးနဂါးက ဘာမွဆက္မေျပာေတာ့ပဲ တိုင္မွာခ်ိတ္ထားတဲ့ငွက္ေပ်ာသီးကိုျဖဳတ္ကာ အားရပါးရစားပါေလေရာ။ ငါးလုံးေျခာက္လုံးေလာက္ကုန္ေတာ့ ဆက္မစားေတာ့ပဲ က်န္တဲ့ငွက္ေပ်ာသီးေတြကို တိုင္မွာျပန္ခ်ိတ္ထားလိုက္တယ္။
” ငွက္ေပ်ာသီးစားၿပီးရင္ ေရဆာလိမ့္မယ္ ရးက်ဳပ္ေရဘူးထဲကေရေသာက္လိုက္”
ေရအိုးစင္ေအာက္မွာ အိပ္ေနတဲ့လူက ညစ္ပတ္ေဟာင္းႏြမ္းေနတဲ့ေရအူးကိုထုတ္ေပးလိုက္တယ္။ ဦးနဂါးလဲ ကမ္းေပးတဲ့ေရဘူးကိုယူၿပီး တစ္က်ိဳက္ထဲေမာ့ခ်လိုက္ရာ ဘူးထဲကေရေတြအကုန္ ကုန္သြားခဲ့တယ္။
” ဘယ္လိုလဲ ေရကေသာက္လို႔ေကာင္းတယ္မဟုတ္လား”
” ေကာင္းပါ့ဗ်ာ ဒီလိုဘူးအစုတ္ထဲမွာရွိတဲ့ေရက ဘာလို႔ဒီေလာက္ေအးျမေနရတာလဲ”
ဦးနဂါးအေမးကို ေရအိုစင္ေအာက္ကလူကျပန္မေျဖပဲ ေရဘူးကိုျပန္ယူကာ လြယ္အိတ္ထဲထည့္လိုက္တယ္။
ဦးနဂါးလဲသူေမးတာကို အဖက္မလုပ္တဲ့လူကို ဘုၾကည့္ၾကည့္ၿပီး သူ႔ေနရာသူျပန္သြားကာ လုံခ်ည္ကိုၿခဳံကာအိပ္ခ်လိုက္တယ္။
မနက္အ႐ုဏ္တက္ခ်ိန္ေရာက္ေတာ့
” ဦးနဂါး ထ ထ အ႐ုဏ္တက္ေနၿပီ”ဆိုတဲ့အသံေၾကာင့္ အိပ္ေပ်ာ္ေနတဲ့ ဦးနဂါး လန႔္ႏိုးလာခဲ့တယ္။
” ေဟ့လူ အခုမွ အေစာႀကီးရွိေသးတာ က်ဳပ္ကိုဘာလို႔လာႏႈိးေနတာလဲ”
” တယ္ ဒီလူႀကီးကေတာ့ အေလာင္းအစားလုပ္တာရႉံးရင္ က်ဳပ္ခိုင္းတဲ့အတိုင္းလုပ္မယ္လို႔ ကတိေပးထားတာေမ့ေနၿပီလား ေယာက်ၤားဆိုတာကတိတည္ရတယ္ ”
ဦးနဂါးနဲ႔ ေရအိုစင္ေအာက္ကလူ စကားကေတာက္ကဆျဖစ္ေနတာကို အင္းကြက္ေတြေရးဆြဲေနတဲ့ကိုယ္ေတာ္ႏွစ္ပါးက မသိမသာလွမ္းၾကည့္လိုက္တယ္။
” ၿပီးေရာဗ်ာ က်ဳပ္ထၿပီ ဘာလုပ္မလို႔လဲ ”
” ေရာ့ ဒီပိုက္ဆံကိုယူၿပီး ေဈးထဲသြား ဟိုေရာက္ရင္ ေတြ႕သမွ် အ႐ိုးေတြအကုန္သာဝယ္ခဲ့ ေန႔လည္ေရာက္ရင္ အလႉလုပ္ဖို႔ရွိတယ္ ”
” ဟာ အလႉဆိုတာ အသားေတြေကြၽးရတာဗ် ဘယ္ႏွယ့္အ႐ိုးေတြေကြၽးမလို႔လုပ္ေနတာလဲ”
” ဒီမယ္ က်ဳပ္လုပ္မယ့္အလႉက လူေတြကို ေကြၽးဖို႔မဟုတ္ဘူး ဒီနားတစ္ဝိုက္က ေခြးေလေခြးလႊင့္ေတြကို ေကြၽးမလို႔ စကားမမ်ားပါနဲ႔ ဝယ္မွာသာသြားဝယ္စမ္းပါ သယ္မႏိုင္ရင္ လူငွားလာခဲ့ ေနာက္ၿပီး ဆန္တစ္တင္းအိတ္ တစ္အိတ္ပါဝယ္လာခဲ့ဦး ေရာ့ဒီမွာ ပိုက္ဆံ”
ဦးနဂါးလဲ ကမ္းေပးလာတဲ့ ပိုက္ဆံအထပ္လိုက္ကိုကိုင္ၾကည့္ၿပီး
” ေဟ့လူ ပိုက္ဆံေတြက အသစ္ေတြပါလား ဒီပိုက္ဆံေတြက ႐ိုး႐ိုးသားသားရွာလို႔ရတာေတြလား မ႐ိုးမသားပဲရွာခဲ့တာေတြလား”
” က်ဳပ္က မေကာင္းဘူးထင္ရင္ ဘာမွကိုမလုပ္တာ ဒီေတာ့စိတ္ေျဖာင့္ေျဖာင့္နဲ႔ သြားဝယ္ ေနထန္းတစ္ဖ်ားမေက်ာ္ေစနဲ႔ေနာ္ ”
ဦးနဂါးလဲ လက္ထဲကပိုက္ဆံကို ကိုင္ၿပီး ဇရပ္ေပၚကေနဆင္းသြားလိုက္တယ္။ ေနထန္းတစ္ဖ်ားေလာက္ေရာက္ေတာ့ ကူလီသမားေလးေယာက္နဲ႔အတူ ဦးနဂါးျပန္ေရာက္လာတယ္။
” မွာထားတာေတြ အကုန္ပါတယ္ အခုဘာဆက္လုပ္ရဦးမွာလဲ”
” ဘာလုပ္ရမလဲ ေန႔လည္အမွီခ်က္ျပဳတ္ရမွာေပါ့ ဒါနဲ႔ ခင္ဗ်ားေဈးသြားဝယ္တာ အရင္ကလို ကခုန္ၿပီးစိတ္ေဖာက္တာေတြမ်ားျဖစ္ေသးလား”
ေရစင္ေအာက္ကလူရဲ႕စကားေၾကာင့္ ဦးနဂါး အံ့ဩသြားၿပီး
” ဟုတ္တယ္ ဟုတ္တယ္ က်ဳပ္အရင္လိုမျဖစ္ေတာ့ဘူး စကားေတြလဲ ထြက္ရာမေျပာေတာ့ဘူး”
” ကဲကဲ ကူလီသမားေတြလဲ မျပန္ၾကနဲ႔ဦး လိုအပ္တာေတြဝိုင္းလုပ္ေပး ေန႔စားခၿမိဳးၿမိဳးျမက္ျမက္ေလးထပ္ေပးမယ္ ကုသိုလ္လဲကဝမ္းလဲဝေပါ့ကြာ”
ေရစင္ေအာက္ကလူရဲ႕စကားေၾကာင့္ ကူလီသမားေတြက
” ရပါတယ္ဗ်ာ ဇရပ္ေပၚမွာေနၿပီး လူေတြကို ကူညီေနတဲ့သူကို ၾကားဖူးတာေတာ့ၾကာၿပီ အခုမွအျပင္မွာေတြ႕ဖူးေတာ့တယ္ ဘာလုပ္ခ်င္လဲသာေျပာ က်ဳပ္တို႔က အခ်က္အျပဳတ္လဲ ရတယ္ ”
” တယ္ ဟန္က်သကိုး ဒါျဖင့္လဲ ဇရပ္ေအာက္မွာထည့္ထားတဲ့ ဒန္အိုးအေဟာင္းေတြထုတ္ၿပီး အမဲ႐ိုးေတြနဲ႔ဆန္နဲ႔ကိုေရာျပဳတ္ၾကကြာ ငါ့ဧည့္သည္ေတြက မၾကာခင္လာေတာ့မွာ”
ဇရပ္ေပၚကလူရဲ႕စကားေၾကာင့္ ကူလီသမားေတြလဲ ဇရပ္ေအာက္ကိုငုံ႔ၾကည့္လိုက္ရာ မိုးၿဗဲဒယ္အေဟာင္းသုံးလုံးကိုေတြ႕လိုက္ရတယ္။
” ဒီမိုးၿဗဲဒယ္ေတြက ဘယ္ကေနဘယ္လိုေရာက္လာတာလဲ ”
” ဟဲဟဲ ဒီအိုးေတြက ငါ့ဟာေတြေတာ့ မဟုတ္ဘူး ဟိုးမွာမႈန္ကုပ္ကုပ္နဲ႔ထိုင္ေနတဲ့ ဦးနဂါးပိုင္ခဲ့တဲ့အိုးေတြပဲ”
ဦးနဂါးဆိုတဲ့အသံၾကားေတာ့ ဇရပ္အတက္အဆင္းေလွကားမွာထိုင္ေနတဲ့လူက
” မျဖစ္ႏိုင္တာ က်ဳပ္မွာပိုင္ဆိုင္တာဆိုလို႔ ဝတ္ထားတဲ့အဝတ္ပဲရွိတယ္ ဒီအိုးေတြက ဘယ္လိုလုပ္က်ဳပ္ဟာေတြျဖစ္မလဲ”
” ဟုတ္တာမဟုတ္တာအပထား အခု ကူလီသမားေတြကို ဝိုင္းလုပ္ေပးလိုက္ဦး ”
” မလုပ္ခ်င္ပါဘူး က်ဳပ္အသက္က ငယ္ေတာ့တာမဟုတ္ဘူး အဲလိုပင္ပင္ပန္းပန္းေတြမလုပ္ႏိုင္ေတာ့ဘူး”
” ဘာလဲ ကတိကိုဖ်က္ခ်င္ေနတာလား”
ေရစင္ေအာက္ကလူရဲ႕စကားေၾကာင့္ ဦးနဂါး ေဆာင့္ေဆာင့္ေအာင့္ေအာင့္နဲ႔ထကာ ဟိုေယာင္ဒီေယာင္လိုက္လုပ္ေနခဲ့တယ္။ ကူလီသမားေတြလဲ ထင္းေခ်ာက္ေတြလိုက္စုၿပီး မီးဖိုဖိုကာ ဝယ္လာတဲ့ အ႐ိုးေတြနဲ႔ဆန္ကိုေရာျပဳတ္လိုက္ၾကတယ္။
ဦးနဂါးနဲ႔ ကူလီသမားေတြ အလုပ္ရႈပ္ေနတဲ့အခ်ိန္ ေရစင္ေအာက္မွာအိပ္ေနတဲ့လူက ကိုယ္ေတာ္ႏွစ္ပါးရွိရာထလာၿပီး
” ကိုယ္ေတာ္ေတြအတြက္ကေတာ့ ငွက္ေပ်ာသီးပဲရွိတယ္ ဒါနဲ႔ ဒီဇရပ္ကိုဘာကိစၥေၾကာင့္ ေရာက္လာတာလဲ”
စုတ္တီးစုတ္ျပတ္ျဖစ္ေနတဲ့လူရဲ႕စကားေၾကာင့္ ကိုယ္ေတာ္ႏွစ္ပါးက
” လူတစ္ေယာက္ကိုေတြ႕ဖို႔လာေစာင့္ေနတာပါ “လို႔ခပ္ျပတ္ျပတ္ေျပာၿပီး အင္းစာ႐ြက္ေတြကို အေခါက္ေလးေတြျဖစ္ေအာင္ လိပ္လိုက္တယ္။
” ဒါျဖင့္လဲ ဆက္ေစာင့္ပါ ဆက္ေစာင့္ပါ ”
” ဒီကဒကာႀကီးရဲ႕နာမည္က ဘယ္လိုေခၚလဲ ”
” ကိုယ္ေတာ္ႏွစ္ပါးက နာမည္ေမးၿပီး ဘာလုပ္ၾကမလို႔လဲ က်ဳပ္မွာနာမည္ေတြကအမ်ားႀကီးပဲ ငယ္ငယ္ကနာမည္ကိုေျပာတာလား အဲ သူငယ္ခ်င္းမိတ္ေဆြေတြကေခၚတဲ့နာမည္ကိုေျပာတာလား အ႐ူးေလာကမွာ ေခၚတဲ့နာမည္ကိုေျပာတာလား ”
” ရၿပီရၿပီ ဥဴးဇင္းတို႔မေမးေတာ့ဘူး ဒကာႀကီးလုပ္စရာရွိတာသာဆက္လုပ္ပါ”
ကိုယ္ေတာ္ႏွစ္ပါးစကားအဆုံးမွာ ဆံပင္ဘုတ္သိုက္နဲ႔လူက ဟက္ဟက္ပက္ပက္ေအာ္ရယ္လိုက္ၿပီး
” ဒီကိုယ္ေတာ္ေတြ အေတာ္ရယ္ရတာပဲ နာမည္
မေျပာတာကို စိတ္ဆိုးတဲ့ေလသံနဲ႔ မေမးေတာ့ဘူးဆိုပဲ ဟက္ဟက္ဟက္” ဆိုၿပီးခနဲ႔ကာ ဇရပ္ေပၚကဆင္းသြားခဲ့တယ္။
ဇရပ္ေအာက္ေရာက္ေတာ့ အေငြ႕တစ္ေထာင္းေထာင္းထေနတဲ့ မိုးၿပဲဒယ္ႀကီးကိုေတြ႕လိုက္ရတယ္။
” အနံ႔ေလးေတြေတာင္ထြက္ေနပါလား ခဏေလး ခဏေလး ငါ့ဧည့္သည္ေတြက်န္းမာေရးေကာင္းဖို႔ ေဆးျမစ္စုံအပင္ထည့္ေပးရမယ္” လို႔ေျပာၿပီး ဇရပ္ေဘးမွာေပါက္ေနတဲ့ အပင္တစ္ပင္ကိုဆြဲႏႈတ္လိုက္ၿပီး ဟင္းအိုးထဲပစ္ထည့္ၿပီး ဇရပ္ေပၚျပန္တက္သြားခဲ့တယ္။
” အလကားအ႐ူး ျမက္ခ်ိဳပင္ကိုမ်ား ေဆးျမစ္စုံအပင္တဲ့ ဒါနဲ႔ မင္းတို႔က ဒီအ႐ူးကိုသိလို႔လား”
” မသိစရာလား ဒီအ႐ူးအေၾကာင္း တစ္ၿမိဳ႕လုံးသ္ေနတာ ဦးေလးကမသိဘူးလား”
” ေအး ငါကအခုမွသိတာ သူကဘာေတြထူးျခားေနလို႔ တစ္ၿမိဳ႕လုံးကသိေနရတာလဲ”
” သူဒီဇရပ္မွာေနေနတာ ႏွစ္အေတာ္ၾကာၿပီ စိတ္ပါရင္ပါသလို လူေတြကို ကူညီတတ္ေသးတယ္ သူစိတ္မပါရင္ေတာ့ ဘယ္လိုေျပာေျပာ လႈပ္ကိုမလႈပ္တာ ”
” ဟုတ္လား ဒီလူက အစားစားတာလဲမေတြ႕ဘူး အခုလဲ အမဲ႐ိုးေတြဝယ္ခိုင္းၿပီး ေခြးေတြကိုေကြၽးမလို႔ဆိုပဲ ဘာေတြမွန္းမသိေတာ့ပါဘူးကြာ”
ဦးနဂါးက ကူလီသမားေတြကိုေျပာရင္း ဆူပြက္လာတဲ့မိုးၿပဲဒယ္အိုးကို သစ္သားေယာင္းမအေဟာင္းနဲ႔ထိုးေမႊလိုက္တယ္။
ေနာက္ထပ္ ဆယ္ငါးမိနစ္ေလာက္ၾကာေတာ့ ဆန္ေစ့ေတြအလုံးကြဲလာၿပီး အမဲ႐ိုးေတြကလဲ က်က္လုနီးပါးျဖစ္လာခဲ့တယ္။
” အနံ႔ေလးကေတာ့ ငါ့ေကာင္ေတြအႀကိဳက္ပဲေဟ့ လုပ္အားေပးသမားေတြ ဒီေလာက္ဆို ရပါၿပီ ဒီမွာလုပ္အားခေလးယူသြားၾကဦး”
” ရပါတယ္ဗ်ာ တစ္ခါတစ္ေလကူညီရတာပဲ ကုသိုလ္ေတာင္ရပါေသးတယ္”
” ငါေပးရင္ယူလိုက္ ျပန္မေျပာနဲ႔ ဟိုေကာင္ မင္းအိမ္မွာ ေနမေကာင္းတဲ့ ကေလးရွိေနတယ္မဟုတ္လား ဒီေငြနဲ႔ေဆးခန္းသြားျပလိုက္ ေနာက္တစ္ေယာက္ မင္းအိမ္ကကိုယ္ဝန္သည္မိန္းမစားခ်င္ေနတဲ့ ဝက္သားခါးပတ္ေၾကာ္ေလးဝင္ဝယ္သြား ဒီမွာလာယူၾက”
ကူလီသမားေတြလဲ သူတို႔အေၾကာင္းအကုန္သိေနတဲ့ဇရပ္ေပၚငလူကိုၾကည့္ၿပီး ဝမ္းသာအားရနဲ႔ ပိုက္ဆံေတြကိုယူကာ ေက်းဇူးတင္ေၾကာင္းေျပာၿပီး ထြက္သြားၾကတယ္။
ကူလီသမားေတြထြက္သြားေတာ့ ဇရပ္ေပၚကလူက
” ေဟ့လူ ေတာထဲမွာ ငွက္ေပ်ာလက္ေတြသြားခုတ္ဦး ဓါးလိုခ်င္ရင္ ဇရပ္ေအာက္မွာသြားရွာ”လို႔ေျပာလိုက္တဲ့အခ်ိန္ ဦးနဂါးအေတြးထဲမွာ မသဲကြဲတဲ့အသိတစ္ခုေပၚလာခဲ့တယ္။
” ငါဒီအလုပ္ေတြအရင္ကလုပ္ဖူးခဲ့လား ငါအရမ္းရင္းႏွီးေနသလိုပဲ”
ဦးနဂါးတစ္ေယာက္ထဲေတြးရင္း ဇရပ္ေအာက္က ပစၥည္းပုံေတြထဲလိုက္ရွာလိုက္ေတာ့ သံေခ်းအထပ္ထပ္တက္ေနတဲ့ ဓါးမတိုတစ္ေခ်ာင္းကို ေတြ႕ခဲ့တယ္။
ဦးနဂါးလဲ ဓါးမအေႏွာင့္လက္ကိုင္ကို ကိုင္လိုက္တဲ့အခ်ိန္
” ဒီအထိအေတြ႕ေတြကလဲ ငါခံစားဖူးေနသလိုပဲ ငါဒီဇရပ္ကိုမ်ားအရင္ကေရာက္ခဲ့ဖူးလား မဟုတ္ေသးဘူး ငါမွဒီကိုတစ္ခါမွမေရာက္ဖူးတာ ေနဦး ဒါဆိုရင္ ကိုယ္ေတာ္ႏွစ္ပါးကို ဒီဇရပ္ေရာက္ေအာင္ ငါဘယ္လိုလမ္းျပခဲ့တာလဲ ”
ဦးနဂါးတစ္ေယာက္ထဲ စဥ္းစားေနရင္း ေခါင္းထဲကေနထိုးတက္လာခဲ့တယ္။
” ဟိုလူႀကီး ဘာေတြလိုက္စဥ္းစားေနတာလဲ အခ်ိန္မက်ေသးဘူး မစဥ္းစားေနနဲ႔ အခ်ိန္က်ရင္သူ႔အလိုလိုသိလာလိမ့္မယ္ ေတာထဲသြား ငွက္ေပ်ာဖက္သြားခုတ္ေတာ့”
ဇရပ္ေပၚကေန ခါးေထာက္ၿပီး ေအာ္ေျပာလိုက္တဲ့ သူေၾကာင့္ ဦးနဂါးစဥ္းစားတာေတြရပ္ၿပီး လွမ္းျမင္ေနရတဲ့ ေတာထဲကိုထြက္သြားခဲ့တယ္။ ေတာထဲေရာက္ေတာ့ ငွက္ေပ်ာေတာရွိတဲ့ေနရာကို အရင္ကေရာက္ဖူးသလိုခံစားမိရာကေန ဆက္သြားခဲ့ရာ အကိုင္းအလက္ေတြသန္မာထြားက်ိဳင္းစြာေပါက္ေနတဲ့ ေတာငွက္ေပ်ာပင္ေတြကိုေတြ႕လိုက္ရတယ္။
ဦးနဂါးလဲ ငွက္ေပ်ာ႐ြက္ေတြကို ဓါးမနဲ႔ခုတ္ခ်ၿပီး ေသခ်ာစည္းေႏွာင္ကာ ဇရပ္ကိုျပန္လာခဲ့လိုက္တယ္။
ဇရပ္ကိုေရာက္ေတာ့ ထမ္းလာတဲ့ ငွက္ေပ်ာ႐ြက္ေတြကို ပစ္ခ်ၿပီး အေပၚကိုတက္လာခဲ့လိုက္တယ္။ ဇရပ္အေပၚလဲေရာက္ေရာ ကိုယ္ေတာ္ႏွစ္ပါးေဘးမွာဝင္ထိုင္လိုက္တယ္။ ကိုယ္ေတာ္ႏွစ္ပါးကေတာ့ ဇရပ္ၾကမ္းျပင္ေပၚမွာ ဆီစိမ္စကၠဴေတြျဖန႔္ခင္းၿပီး တစ္စုံတစ္ခုလုပ္ေနတာျမင္ေတာ့ ဦးနဂါးလဲ မသိမသာေလးစပ္စုကာေခ်ာင္းၾကည့္လိုက္တယ္။
ဆီစိမ္စကၠဴေလးေပၚမွာေရးေနတဲ့ စာလုံးေသးေသးေလးေတြကိုျမင္ေတာ့ ဦးနဂါးက
” ကိုယ္ေတာ္ေတြ ၃၂ကြက္အင္းအထိပဲေရာက္ေသးတယ္ထင္တယ္ ေနာက္တစ္ဆင့္တက္ဖို႔ အမိန႔္မက်လာေသးဘူးဟုတ္လား” ဆိုၿပီးလႊတ္ခနဲထြက္သြားခဲ့တယ္။
ဦးနဂါးစကားေၾကာင့္ စကၠဴေပၚမွာ စိတ္ဝင္တစားေရးဆြဲေနတဲ့ ကိုယ္ေတာ္ႏွစ္ပါး ေခါင္းေထာင္လာၿပီး
” ဒကာႀကီးက ဒီစာလုံးေတြကိုသိလို႔လား ဒီအင္းက ၃၂ကြက္အင္းဆိုတာ ဘယ္လိုေျပာႏိုင္တာလဲ”
” အဲ ဟိုေလ တပည့္ေတာ္လဲမသိဘူးဗ် ဒီတိုင္းေျပာမိသြားတာ တစ္ခါတစ္ခါစိတ္႐ူးေပါက္တာနဲ႔တူပါတယ္ဗ်ာ”
” ဒကာႀကီး ဒီကိုလာတဲ့အခ်ိန္နဲ႔ ဒီကိုေရာက္ၿပီးတဲ့အခ်ိန္ အမူအရာအေျပာအဆိုေတြကအစေျပာင္းသြားတာ ဥဴးဇင္းတို႔သတိထားမိတယ္ အခုလဲ အင္းစမကြက္ေတြရဲ႕အေျခခံမ်ဥ္းကိုၾကည့္ၿပီး ၃၂ကြက္အင္းဆိုတာ တပ္အပ္ေျပာႏိုင္တယ္ ဒကာႀကီးက ဘယ္သူလဲ ”
” အဲ တပည့္ေတာ္ နာမည္ဦးနဂါးေလ ”
ကိုယ္ေတာ္ႏွစ္ပါးလဲ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္ၿပီး တစ္စုံတစ္ခုကိုအသိရသြားဟန္နဲ႔
” ဒကာႀကီး ဝတ္ထားတဲ့ အက်ႌခြၽတ္လိုက္ပါ ဥဴးဇင္းတို႔ၾကည့္စရာတစ္ခုရွိတယ္ ”
ကိုယ္ေတာ္ႏွစ္ပါးရဲ႕စကားေၾကာင့္ ဦးနဂါးလဲ ဝတ္ထားတဲ့ အက်ႌအစုတ္ေလးကိုခြၽတ္ျပလိုက္တယ္။
” ဟင္ ကိုယ္ေပၚမွာ ဘာမွလဲမရွိပါလား ဒါဆို တပည့္ေတာ္တို႔ေတြးတာမ်ား မွားေနတာလား ဥဴးဇင္း”
” ဟုတ္ေလာက္တယ္ တပည့္ေတာ္တို႔ ေတြးတာမွန္ရင္ ကိုယ္ေပၚမွာ ေဆးမွင္ထိုးထားတာေတြရွိရမွာ အခုက ဘာဆိုဘာမွမေတြ႕ရဘူး ”
” အိမ္း တပည့္ေတာ္တို႔အထင္မွားတာျဖစ္မွာပါ ဒါမွမဟုတ္ရင္လဲ ဒီပညာကိုအရင္က ေလ့လာလိုက္စားဖူးတာလဲျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္ ”
ဦးနဂါးလဲကိုယ္ေတာ္ႏွစ္ပါးေျပာေနတဲ့စကားေတြကိုနားမလည္ဟန္နဲ႔ေခါင္းကုတ္လိုက္ကာ အိပ္ဖို႔ျပင္လိုက္တဲ့အခ်ိန္
” ဟိုလူႀကီး ဘာအိပ္ဖို႔လုပ္ေနတာလဲ ဧည့္သည္ေတြေရာက္ေနၿပီ ငွက္ေပ်ာဖက္ခင္းၿပီး ဧည့္ခံလိုက္ဦးေလ ခဏေနက်ဳပ္ဆင္းလာမယ္”
ေရစင္ေအာက္မွာဒူးေလးႏွံ႔ကာ အိပ္ရင္းေျပာလိုက္တဲ့စကားေၾကာင့္ ဦးနဂါး မ်က္ႏွာမဲ့သြားၿပီး
” ရႉံးထားေတာ့လဲ လုပ္ရမွာေပါ့ ဘယ္တတ္ႏိုင္ပါ့မလဲ”ဆိုၿပီးေျပာကာ ဇရပ္ေပၚကေနဆင္းသြားခဲ့တယ္။
ဇရပ္ေအာက္ကိုေရာက္ေတာ့ မလွမ္းမကမ္းက အပင္ေအာက္ေတြမွာ အုပ္စုလိုက္ အုပ္စုလိုက္ေရာက္ေနၾကတဲ့ ေခြးအုပ္ေတြကိုေတြ႕လိုက္ရတယ္။ဦးနဂါးလဲ ခုတ္လာတဲ့ငွက္ေပ်ာ႐ြက္ေတြကို အေနေတာ္ခ်ိဳးၿပီး ခ်ထားလိုက္တယ္။
” ဝုတ္ ဝုတ္ ဝုတ္ အီ အီ အီ”
” ဟာ ဒီေခြး ဘယ္လိုျဖစ္လို႔ ပြတ္သီးပြတ္သပ္လုပ္ေနတာလဲ ”
ဦးနဂါးက အနားကပ္လာတဲ့ ေခြးတစ္ေကာင္ကို ေျခနဲ႔ကန္ထုတ္ၿပီးေျပာလိုက္ေပမယ့္ ေခြးက မထြက္သြားပဲ ေျခသလုံးကိုေခါင္းနဲ႔ပြတ္ေနခဲ့တယ္။
ဇရပ္ေပၚက ကိုယ္ေတာ္ႏွစ္ပါးက ဦးနဂါးအသံေၾကာင့္ ဇရပ္ေအာက္ကို တစ္ခ်က္မွ် လွည့္ၾကည့္ၿပီး သူတို႔အလုပ္သူတို႔ဆက္လုပ္ေနခဲ့တယ္။
ဦးနဂါးလဲ ငွက္ေပ်ာ႐ြက္ေတြေနရာခ်ၿပီးတဲ့အခ်ိန္
” အခ်ိန္က်ၿပီေဟ့ ခ်က္ထားတဲ့အမဲ႐ိုးထမင္းကို ထည့္ေပးလိုက္ေတာ့ “ဆိုတဲ့အသံၾကားလိုက္ရတယ္။
ဦးနဂါးလဲ မိုးၿပဲဒယ္ထဲမွာ ခ်က္ထားတဲ့ အမဲ႐ိုးထမင္းေတြကို ခြက္တစ္လုံးနဲ႔ခပ္ၿပီး ငွက္ေပ်ာဖက္ေတြထဲ လိုက္ပုံေပးေနတဲ့အခ်ိန္ ေခါင္းထဲမွာ မိုက္ခနဲျဖစ္သြားၿပီး မ်က္လုံးထဲကို စူးရွရွအလင္းတစ္ခုဝင္လာခဲ့တယ္။
” က်ဳပ္မ်က္လုံးေတြ ဘာျဖစ္တာလဲမသိဘူး ဘာမွမေတြ႕ရေတာ့ဘူး ”
ဦးနဂါးေၾကာက္လန႔္တၾကားေအာ္ဟစ္လိုက္ေပမယ့္ အသံကလည္ေခ်ာင္းဝမွာတင္ေပ်ာက္ကြယ္သြားခဲ့တယ္။
” စိတ္ေအးေအးထားၿပီး မ်က္လုံးဖြင့္ၾကည့္လိုက္ပါ မယုံႏိုင္ေလာက္တဲ့အေျခအေနတစ္ခုကိုျမင္ရပါလိမ့္မယ္” ဆိုတဲ့အသံက ေအာ္ဟစ္ေနတဲ့ ဦးနဂါးနားထဲကို ခ်ိဳသာစြာဝင္လာခဲ့တယ္။
နားထဲၾကားလိုက္ရတဲ့အသံေၾကာင့္ ဦးနဂါး မိက္လုံးကိုအသာဖြင့္ၾကည့္လိုက္ေတာ့ ေခြးေတြကို အစာေကြၽးေနတဲ့ လူႏွစ္ေယာက္ကို ျမင္လိုက္ရတယ္။
ဒါေပမယ့္ျမင္ရတဲ့အရာေတြက ပိတ္ကားထက္မွာျပသေနတဲ့ဓါတ္ရွင္ေတြလိုျဖစ္ေနၿပီး ထိလို႔ကိုင္လို႔မရတာသတိထားမိလိုက္တယ္။
” ဟင္ ေခြးေတြကို အစာေကြၽးေနတဲ့လူက ငါနဲ႔အေတာ္တူတာပဲ ငါမ်ားျဖသ္ေနမလား မဟုတ္ေလာက္ပါဘူးေလ ငါ့ကိုယ္မွာ ေဆးမွင္ေတြမွမရွိတာ ငါမျဖစ္ႏိုင္ဘူး ”
ဦးနဂါးတစ္ေယာက္ထဲ ဇေဝဇဝါျဖစ္ေနတဲ့အခ်ိန္ ေခြးစာေကြၽးေနတဲ့လူႏွစ္ေယာက္က ဦးနဂါးဘက္ကိုလွည့္ၿပီး
” ကြၽတ္ခ်ိန္တန္ၿပီ သင့္ရဲ႕ငုံ႔လွ်ိဳးေနတဲ့ မသိစိတ္ေတြကိုလႊတ္ထုတ္လိုက္ပါေတာ့ ” လို႔ေျပာလိုက္တဲ့အခ်ိန္ ဦးနဂါးေခါင္းထဲမွာရွိတဲ့ မွတ္ဉာဏ္ေတြအားလုံးပြင့္ထြက္သြားခဲ့တယ္။
မွတ္ဉာဏ္ေတြပြင့္ထြက္သြားတဲ့အခ်ိန္ မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ မိုးၿပဲဒယ္အိုးထဲကေန အမဲ႐ိုးထမင္းကိုခပ္ၿပီး ေခြးေလေခြးလြင့္ေတြကို ေကြၽးေမြးေနတဲ့ လူတစ္ေယာက္ကိုေတြ႕လိုက္ရတယ္။
” မင္း မင္းက ခုနက ျမင္လိုက္ရတဲ့သူေတြထဲက တစ္ေယာက္မဟုတ္လား”
ဦးနဂါးစကားေၾကာင့္ ေခြးစာေတြကို ခပ္ေနတဲ့ လူက မခ်ိၿပဳံးေလးၿပဳံးလိုက္ၿပီး
” အဲဓီလူလဲဟုတ္တယ္ ေရအိုးစင္ေအာက္ကလူဆိုလဲဟုတ္တယ္ ဘယ္လိုလဲ အတိတ္ဘဝကမွတ္ဉာဏ္ေတြျပန္ရၿပီလား”
” ဒါဆို ခုနက ေခြးစာေတြေကြၽးေနတဲ့ ေဆးမွင္နဲ႔လူက က်ဳပ္ေပါ့ ”
” ခင္ဗ်ား မွတ္ဉာဏ္ေတြအကုန္ျပန္မရေသးဘူးထင္တယ္ ”
ေခြးစာေကြၽးေနတဲ့လူကေျပာရင္းဆိုရင္း လက္ထဲကတုတ္နဲ႔ ဦးနဂါးရဲ႕ ေခါင္းကိုမနာက်င္ေအာင္ အသာ႐ိုက္ခ်လိုက္တယ္။
အဲဒီေတာ့မွ အတိတ္ကျဖစ္ရပ္ေတြအားလုံး ဦးနဂါးရဲ႕ ေခါင္းထဲမွာတစ္ရိပ္ရိပ္ျပန္ေပၚလာခဲ့တယ္။
” က်ဳပ္သတိရၿပီ က်ဳပ္သတိရၿပီ ျပန္ဆုံရတာဝမ္းသာလိုက္တာ ေအာင္…”
ဦးနဂါးစကားမဆုံးခင္မွာ ေခြးစာေကြၽးေနတဲ့လူက ပါးစပ္ကိုလက္ညိဳးနဲ႔ပိတ္ျပလိုက္ၿပီး
” ဝမ္းသာမေနနဲ႔ဦး အခုမွ တစ္ကေနျပန္စရမွာ ဒါေၾကာင့္ က်ဳပ္ဘယ္သူဆိုတာ ေျပာခ်ိန္မတန္ေသးဘူး”
” ဇရပ္ေပၚက ကိုယ္ေတာ္ႏွစ္ပါးကေရာ ဘယ္သူေတြလဲ”
” ခင္ဗ်ားကို ဒီကိုေခၚလာတဲ့သူေတြလို႔ပဲမွတ္လိုက္ပါ အခု က်ဳပ္ဧည့္သည္ေတြကို ေကြၽးေမြးလို႔ၿပီးၿပီ ခင္ဗ်ားလဲ အသိျပန္ရၿပီဆိုေတာ့ ေနာက္ထပ္တစ္ေနရာခရီးဆက္ဖို႔လိုေနၿပီ”
” ဘယ္ကိုသြားမလို႔လဲ ”
” မနက္ျဖန္ က်ဳပ္လာႏႈိးတဲ့အခ်ိန္သာ ထလိုက္ခဲ့ပါ ဘယ္သြားမယ္ဆိုတာ ဟိုေရာက္ရင္သိလိမ့္မယ္”
ဦးနဂါးလဲ ေရစင္ေအာက္ကလူရဲ႕စကားကို ေစာဒကမတက္ေတာ့ပဲ သိမ္းဆည္းေဆးေၾကာစရာရွိတဲ့ အိုးေတြခြက္ေတြသယ္ကာ ေရကန္ရွိရာဘက္ကိုထြက္သြားခဲ့တယ္။
++++++++
ညဘက္ေရာက္ေတာ့ ေခြအေကာင္ေပါင္းမ်ားစြာက ဇရပ္ကိုၾကည့္ၿပီး စြဲစြဲငင္ငင္အူပါေလေရာ။ ေခြးအူသံေၾကာင့္ ကိုယ္ေတာ္ႏွစ္ပါးက ဦးနဂါးနဲ႔ ေရစင္ေအာက္ကလူကို လွမ္းၾကည့္လိုက္ရာ ဟိုႏွစ္ေယာက္က တုပ္တုပ္ပင္မလႈပ္ပဲ အိပ္ေမာက်ေနတာျမင္လိုက္ရတယ္။
ကိုယ္ေတာ္ႏွစ္ပါးလဲ ညဘက္လုပ္စရာရွိတဲ့ အမႈကိစၥေတြကိုလုပ္ၿပီး က်ိန္းစက္ခဲ့ၾကတယ္။ မနက္အ႐ုဏ္တက္ခ်ိန္ ကိုယ္ေတာ္ႏွစ္ပါး ႏိုးလာေတာ့ ဦးနဂါးနဲ႔ ေရစင္ေအာက္ကလူကို မေတြ႕ရေတာ့ဘူး။ ဒါေပမယ့္ ေရစင္ေအာက္မွာေတာ့ ” ဇရပ္အေနာက္ဘက္မန္က်ီးပင္ေအာက္ကို တူးပါ ၊ ေတြ႕ျမင္လို႔သိခဲ့ရင္ ေလာကနႏၵာဘုရားက သုဇာတာဇရပ္ကို လူဝတ္လဲၿပီးလာခဲ့”ဆိုတဲ့စာသားတစ္ခုကိုေတြ႕ခဲ့ရတယ္။
ကိုယ္ေတာ္ႏွစ္ပါးလဲ စာကိုေတြ႕တာနဲ႔ မန္က်ီးပင္ေအာက္ကိုတူးၾကည့္တဲ့အခါ အင္းစမေတြကို
ေဆးမွင္ထိုးထားတဲ့သားရည္ျပားတစ္ခ်ပ္နဲ႔အတူ အ႐ိုးစုတစ္ခုကိုေတြ႕လိုက္ရတယ္။
အ႐ိုးစုနဲ႔ အင္းစမေဆးမွင္ပါတဲ့ သားေရျပားကိုေတြ႕ေတာ့မွ ကိုယ္ေတာ္ႏွစ္ပါး ၿပဳံးလိုက္ၾကၿပီး
” ငါတို႔မသိေအာင္ လွည့္စားသြားျပန္ၿပီ ဝကၤဘာဇရပ္ ဝကၤဘာဇရပ္ နာမည္နဲ႔လိုက္ေအာင္ အ႐ူးလုပ္ခဲ့တာပဲ” ဆိုၿပီးေျပာကာ ေျမပုံကိုျပန္ဖို႔ေပးခဲ့ၾကတယ္။
ေနာက္တစ္ေန႔ေရာက္ေတာ့ ဖ်င္ၾကမ္းအက်ႌကိုယ္စီဝတ္ထားၿပီး ခေမာက္ကိုယ္စီေဆာင္းထားၾကတဲ့ လူႏွစ္ေယာက္က သုဇာတာဇရပ္ကို ဦးတည္ၿပီး ထြက္လာခဲ့ၾကတယ္။
++++++++
စာႂကြင္း။ ေအာင္ျမတ္သာႏွင့္ ဦးတိကၡဆုံခန္းဆိုတဲ့ဝတၱဳေလးကို ဖတ္ၿပီးရင္ ဒီအပုဒ္ေလးကို နားလည္သြားမွာပါ။
ေနာက္ဝတၱဳမွာေတာ့ ဦးတိကၡကေန ဦးနဂါးဘယ္လိုျဖစ္သြားရလဲဆိုတာကို ေဖာ္ျပေပးသြားမယ့္အျပင္ အကြၽတ္တရားရေအာင္ ဘယ္လိုအစြဲခြၽတ္ေပးမလဲဆိုတာကိုေတာ့ေအာင္ျမတ္သာႏွင့္ ႏွစ္ဘဝအစြဲဆိုတဲ့ဝတၱဳေလးမွာ ဖတ္ရႈေပးၾကပါဦး။
ေလးစားစြာျဖင့္
ေဇယန(ရာမည)
#ညမဖတ္ရ