Unicode Version
ဇီဝဇိုးကျိန်စာ(စ/ဆုံး)
————————
မိုးကုန်ပြီးစရာသီ ဖြစ်သောကြောင့် ရာသီဥ
ဆိုသော်လည်း
သာယာသည် ကောင်းကင်ပြင်တစ်ဝိုက်မှာ တော့ တိမ်ညို တိမ်မည်း အနည်းငယ်တော့ ရှိနေသေး၏။
ပင်လယ်ပြင်၏ သဘာဝအတိုင်း ရာသီဥတု မရွေး မိုးအနည်းနှင့်အများ ရွာသွန်းလေ့ ရှိ သဖြင့် အနည်းငယ်တော့ မှုန်မှုန်မှိင်းမှိုင်း ရှိ နေတတ်သည် ။
ကပ္ပလီပင်လယ်ပြင်ပေါ်သို့ လရောင်က ဖြာကျလျက် ရှိနေသည် ။
အပြာရောင် ပင်လယ်ရေမျက်နှာပြင်သို့
အဖြူရောင်ပမာ
ဖြာဆင်းကျနေသော
လရောင်ကြောင့် ငွေရည်ဆမ်းထားသည့်နှယ်
လှပတင့်တယ်လျက် ရှိသည် ။
ထိုအချိန်မျိုးတွင် ပင်လယ်ပြင်၏ ဟိုးအ ဝေးတစ်နေရာတွင် မီးရောင်ကလေးများ တွေ့ မြင်ရသည် မှ လွဲပြီး နေရာအတော်များများမှာ တော့ တိတ်ဆိတ်ငြိမ်သက်လျက် ရှိသည် ။ တစ်ခါတစ်ရံ ဖြတ်မောင်းသွားသော စက် လှေတို့ မှ စက်မောင်းသံအချို့ကိုတော့ ကြားရ လေ့ ရှိသည် ။
တနင်္သာရီမြစ် ကမ်းရိုးတန်းတစ်လျှောက် မှာ လူနေသော ကျွန်းရော၊ လူမနေသည့် ကျွန်း ပါ မြောက်မြားစွာ ရှိပေသည် ။
မြန်မာနိုင်ငံရှိ တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်တွင် ဖြစ်ပေါ်နေသော ကျွန်းကြီး၊ ကျွန်းငယ်ပေါင်း ရာနှင့်ချီ၍ ရှိလေရာ သဘာဝ ကျွန်းစု အများ ဆုံး နေရာ တစ်နေရာဆိုက
မှားပေ။
မုတ္တမ ပင်လယ်ကွေ့မှ လွန်၍ တနင်္သာရီ ကမ်းမြှောင်ဒေသသို့ ရောက်သည် နှင့် ကျွန်းစု များအား စတင် မြင်နိုင်ပေသည်
ဟင်္သာကျွန်း၊ ကုလားအုပ်ကျွန်း၊ ဟိန်းဇဲ ကျွန်း၊ မောင်းမကန်ကျွန်းစု၊ လောင်းလုံကျွန်း တို့ ကို လွန်လျှင် ထားဝယ်အငူကွေ့သို့ ရောက် သည် ။
မြန်မာနိုင်ငံဖက်မှ လာသော သင်္ဘောကြီး များမှာ ထားဝယ်အငူကွေ့ရောက်လျှင် ခေတ္တဝ င်ရောက် နားလေ့ရှိကြသည် ။
ထားဝယ်အငူကွေ့ လွန်လျှင်တော့ မြန်မာနိုင်ငံ၏ ကျွန်းစုအများ ဆုံး နေရာဖြစ်သော မြိတ် ကျွန်းစုများကို စတင်တွေ့နိုင်ကြသည် ။
သင်္ဘောကြီးများမှာ လည်း ထိုကျွန်းစုများ ကြားမှ သွားလာကြရသည် ။
ထားဝယ်ဘက်မှ ကော့သောင်းသို့ သွား မည်ဆိုလျှင် ဦးစွာ တွေ့ရမည့်ကျွန်းမှာ မလိကျွ န်းဖြစ်ပြီး အခြားကျွန်းများကို ဆက်တိုက်တွေ့ နိုင်ပေသည် ။
မလိကျွန်းငယ်၊ သမီးလှကျွန်း၊ တနင်္သာရီ ကျွန်း၊ ကတန်ကျွန်း၊ သရော့သဲတန်းကြီးကျွန်း၊ ဒုံးကျွန်း၊ စခန်းသစ်ကျွန်း၊ သိမ်ဖြူကျွန်း၊ ကွမ်း သီးကျွန်း၊ ကံဇော်ကျွန်း၊ ဘင်းတင့်ကျွန်း၊ ပန်း ထောင်ကျွန်း၊ ဖရဲကျွန်း၊ အိုဝင်ကျွန်း၊ ကော့ ရေးကျွန်း၊ ကလဲရားကျွန်း၊ လန်ပီကျွန်း၊ လာ ဘိုးရားကျွန်း၊ ပီလောကာကျန်းဂိုကျွန်း၊ ဇာ ဒဏ်ကလေးဟု အခေါ်များ သော ဇာဒက်ငယ်ကျွန်း၊ သူဌေးကျွန်း၊ ဇာဒက်ကြီးကျွန်း၊ သံ
ကျွန်း။
အစရှိသည် တို့ ကို တနင်္သာရီကမ်းမြှောင် ဒေသမှာ အစဉ်အတိုင်း တွေ့နိုင်ပြီး အခြားအ
မည်ရှိသေးသော
ကျွန်းစုငယ်ပေါင်း
မြောက်မြားစွာတို့ လည်း ရှိကြပေသေးသည် ။
ဇာဒက်ကြီးနှင့် သံကျွန်းကို လွန်လျှင်တော့ အမည်တွင် သော ကျွန်းစုများ မရှိတော့ဘဲ အခြားအမည်မတွင် သော ကျွန်းစုများ သာ တွေ့နိုင်တော့သည် ။
ထိုနေရာသို့ လွန်လျှင်တော့ မြန်မာနိုင်ငံ၏ တော်ဘက်အဖျားဆုံး ဘုရင့်နောင်အငူကွေ့ကို လွန်ပြီး ကပ္ပလီပင်လယ်ထဲသို့ ရောက်သွားပေ
ပြီ။
မြေနယ်နိမိတ် မရှိတော့ပေ။
မြန်မာနိုင်ငံ မြောက်ဘက်ဖျားရှိ ပေပေါင်း
၁၉၃၀၅ပေ အမြင့်ရှိသော ခါကာဘိုရာဇီ တောင်မှ အစပြုခဲ့သော မြန်မာနိုင်ငံ၏ မြေ သားနယ်နိမိတ်မှာ တောင်ဘက်ဖျားရှိ ဘုရင့် နောင်အငူကွေ့သို့ ရောက်သောအခါ မြေသား နယ်နိမိတ် အဆုံးသတ်သွားပြီ ဖြစ်တော့သည်
ကပ္ပလီ ပင်လယ်ထဲမှာ တော့ အခြားကျွန်း စုများ ရှိသေးသော်လည်း လူမနေသည့်ကျွန်း မရှိသလောက် နည်းသွားချေပြီ။
တနင်္သာရီ ကမ်းမြှောင်ဒေသရှိ ကျွန်းစုများ ထဲမှာ “နဂါးမောက်တောင်”ဟု အမည်ရှိသော ကျွန်းစုတစ်ခုလည်း ပါဝင်လေသည် ။
နဂါးမောက်တောင်သည် ကပ္ပလီပင်လယ် ဟု ခေါ်သော်လည်း အက်ဒမန်ပင်လယ်ထဲတွင် ရှိသော ကျွန်းတစ်ကျွန်း ဖြစ်၏။
ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ ထိုးထွက်နေသော ကျွန်းဆိုသည် ထက် ကျွန်းတောင်ဟု ဆိုက ပို၍ လျော်ကန်လှပေသည် ။
အဘယ်ကြောင့် ဆိုသော် …
နဂါးမောက်တောင်သည် သာမန်ကျွန်းတစ်
ကျွန်း မဟုတ်ဘဲ တိုက်ကြီးတစ်တိုက်ကဲ့သို့ မြင့်မားမတ်စောက်လှသော … ကျောက်တောင် ကြီးတစ်တောင်ပင် ဖြစ်၏။
ကျွန်းပေါ်တွင် သစ်ပင်ကြီးငယ်တို့ မပေါက် ဘဲ ကျွန်းတောင်တစ်ခုလုံး၏ မျက်နှာပြင်ပေါ် မှာ အစိမ်းရောင် ရေညှိရေမှော်များ သာ တစ် တောင်လုံး … ဖုံးအုပ်ပေါက်ရောက်လျက် ရှိ သောကြောင့် နေသာသော နေ့ခင်းဘက်အချိန် များ တွင် လှမ်းကြည့်ပါက ရေပြင်ပေါ်မှာ ကျောက်စိမ်းအရိုင်းတုံးကြီး တစ်တုံး ထွက်နေ သည် နှင့် တူလှပေသည် ။
နဂါးမောက်တောင်၏
ထူးခြားချက်မှာတောင်၏ ပုံသဏ္ဌာန် ထူးခြားချက် ဖြစ်သည် ။ အဝေးမှ လှမ်းကြည့်လျှင် … နဂါးမောက် တောင်၏ ပုံသဏ္ဌာန်မှာ နဂါးတစ်ကောင် အ မောက်ထောင်၍ ရေထဲမှ ထိုးထွက်နေသည် နှင့် လွန်စွာ တူလှပေသည် ။
နဂါးမောက်တောင်မှာ လူနေသော ကျွန်း များ နှင့် ဝေးသော နေရာမှာ ရှိပြီး ၎င်းနှင့်အ နီးဆုံးရွာမှာ “အောင်ဘာရွာ”ပင် ဖြစ်သည် ။ သို့သော်လည်း နေ့ဝက်ခရီးသာသာသွားမှ ရောက်နိုင်သော နေရာမှာ ရှိသည် ။
နဂါးမောက်တောင်သည် ကျောက်တောင် ကြီး ဖြစ်သော်လည်း အတွင်း၌ မူ ကျောက် တောင်လိုဏ်ခေါင်းကြီး ဖြစ်သည် ။
ဒီနေရေကျချိန်တွင် အတွင်းသို့ ဝင်နိုင်ပြီး ဒီ ရေတက်လာသောအခါ ဂူပေါက်များ ပိတ်သွား လေ့ရှိသည် ။
အတွင်း၌ ရှိသော လိုဏ်ခေါင်းကြီးမှာ မြင့် မားလှသောကြောင့် အပေါ်ပိုင်းသို့ မမြင်နိုင်ပေ
အပေါ်ပိုင်မှာ မှောင်နေပြီး ဇီဝဇိုးငှက်များ ၏ အသိုက်အိမ်များ ရှိသောကြောင့် အချို့က န ဂါးမောက်တောင်ဟု မခေါ်ဘဲ “ငှက်သိုက် ကျွန်း” ဟု အလွယ်တကူ ခေါ်ကြသည် ။ အခြားကျွန်းများ တွင် ဇီဝဇိုးငှက်သိုက်များ ရှိသော်လည်း လူများက မကြာခဏ ရှာဖွေကြ သောကြောင့် ပေါပေါများများ မရနိုင်ပေ။ နဂါးမောက်တောင်မှာ တော့ ငှက်သိုက် များက ပေါချင်တိုင်း ပေါနေတော့သည် ။
အဘယ်ကြောင့် ဆိုသော် …
ထိုကျွန်းသို့ ငှက်သိုက်ရှာဖွေသူများ မလာဝံ့ သောကြောင့် ဖြစ်သည် ။
ဆလုံကျွန်း အတော်များများမှာ နေထိုင်ကြ သူများမှာ အဓိကအားဖြင့် ငါး ပုစွန်ရှာခြင်း၊ ပု လဲငုပ်ခြင်းများကိုသာ အဓိကထား၍ လုပ်ကိုင်
ကြသော်လည်း
တစ်ခါတစ်ရံမှာ ငှက်သိုက်
ရှာဖွေခြင်းကို ပြုလုပ်ကြလေသည် ။
ဆလုံတိုင်းရင်းသား အတော်များများ အစွဲ အလမ်း ယုံကြည်မှု ရှိကြပြီး နတ်ကိုးကွယ် သူများ သောကြောင့် အယူသီးကြသည် ။
ပင်လယ်ထဲရှိ ကျွန်းများမှာ လှည့်လည်၍ ငှ က်သိုက်ရှာဖွေလေ့ ရှိသော်လည်း နတ်ကြီး သည် ဟု ယူဆသော ကျွန်းများ ၊ ခိုက်သည် ဟု ယူဆသော ကျွန်းများကိုတော့ သွားလေ့မရှိကြပေ။
ထိုကျွန်းများကို ရှောင်လေ့ရှိကြသည်
၎င်းတို့ ဓလေ့ထုံးစံ အယူအဆအရ နတ် ခိုက်သည် ဟု ယူဆထားကြသောကြောင့် ဖြစ်သည် ။
ဘာကြောင့် ဒေသခံများက နဂါးမောက်
တောင်ကျွန်းအားကြောက်ရွံ့ကြသနည်းဟု
ဆိုသော် ထိုကျွန်းအား နတ်များက ကျိန်စာတို က်ထားသော ကျွန်းဖြစ်သည် ဟု ယူဆထား
သောကြောင့် ဖြစ်သည် ။
ညဘက် လသာသော အချိန်များ တွင် ထို ကျွန်းပေါ်မှာ လှုပ်ရှားသွားလာနေသော မည်း မည်းသဏ္ဌာန် : အရိပ်အချို့ကို
ပင်လယ်ထဲမှငါးရှာနေကြသူအချို့က မြင်ရပြီး အချို့က လည်း ကြောက်မက်ဖွယ်ရာ အဆင်းသဏ္ဌာန် များအား တွေ့မြင်ရသည် ဟု ဆိုကြသည် ။ ထို့ထက် ပိုမိုကြောက်စရာ ကောင်းသည် မှာ…
ညဘက် တိတ်ဆိတ်သော အချိန်များ တွင် နဂါးမောက်တောင်ဘက်မှ ကျိန်စာဆိုသံကဲ့သို့
အသံမျိုးကြီး ကြားရေသောကြောင့် ဖြစ်သည်
၎င်းအသံကြီးမှာ …ငါသွေးအန်သကဲ့သို့ ငါ့အသက်ကို ယူကြသူ တွေ ဝေဒနာ ပြင်းထန်စွာ ခံစားကြရပါစေ။ ငါ့ရဲ့ အသိုက်အမြုံ ဖျက်ဆီးကြသူများ ငါ ကဲ့သို့ အသိုက်အမြုံများ ပျက်စီးကြပါစေ။ ငါ့သားသမီးများကို ဖျက်ဆီးသူများ ငါ ကဲ့သို့ မျိုးဆက်တုံးသော ဘဝသို့ ရောက်ကြပါ
စေ ဟု အဓိပ္ပာယ်သက်ရောက်သော ကျိန်စာဆို သံကြီး ဖြစ်ပေသည် ။
ညဘက် တိတ်ဆိတ်ငြိမ်သက်သော အချိန် များ ။ လပြည့် လကွယ်ညများ တွင် နဂါးမောက်
တောင်ကျွန်းအနီးမှ ဖြတ်သွားကြသူများ တိုင်း
ထိုကျိန်စာဆိုသံကြီးကို ကြားကြရသည် ။
ဆလုံတိုင်းရင်းသား အတော်များများမှာ
ထိုအသံကြီးကို ကြားသော်လည်း အဓိပ္ပာယ်ကို မသိကြပေ။
သို့စေကာမူ
နဂါးမောက်တောင်ကျွန်း လိုဏ်ဂူအတွင်း သို့ အရဲစွန့်ဝင်ကာ ငှက်သိုက်ရှာသူတိုင်း ကျိန် စာဆိုထားသည့် အတိုင်း ဘေးအန္တရာယ် ဒုက္ခ များ နှင့် တွေ့ကြရသည် ။
တိုက်တိုက်ဆိုင်ဆိုင်
ထိုဂူအတွင်းသို့ ငှက်သိုက်ဝင်ရှာသူတိုင်း ရေငုပ်ရင်း နားစည် ကွဲ၍ သော်လည်းကောင်း၊ သွေးစိမ်းရှင်ရှင် အ န်၍ သော်လည်းကောင်း သေဆုံးကြရပြီး အချို့ကတော့ ထိခိုက်ဒဏ်ရာ တစ်ခုခုဖြင့် သေ ဆုံးကြရသည် ။
ဒါမှ မဟုတ် နေအိမ်၊ လှေများ မီးလောင်ပျ က်စီးခြင်းများ ဖြစ်လေ့ရှိသည့်အပြင် ၎င်းတို့ မိ သားစုအတွင်းမှ တစ်ယောက်မဟုတ် တစ် ယောက် အသေဆိုးဖြင့်သေကာ မိသားစုများ ကွဲကြရခြင်းများ ဖြစ်ကြသည် ။
ဆလုံတိုင်းရင်းသားတို့ မှာ အယုံအကြည် ၊ စွဲလမ်းမှုများ ရှိကြသည် ဆိုသော်လည်း ပထမ ကတော့ ထိုတိုက်ဆိုင်မှုများကို သတိမပြုမိကြပေ။
ဒါပေမဲ့ ကာလအတန်ကြာသည် အထိ ထို အဖြစ်ဆိုးများ နှင့် ကြုံရဖန်များ သောအခါ … ထိုတောင်ကြီးကို ကျိန်စာတိုက် ထားသော တောင်ကြီးဟူ၍ သတိထားမိကြပြီး ဝေးဝေးက ရှောင်ကြလေတော့သည် ။
အချို့ဆိုလျှင် ငှက်သိုက်ဝင်ရှာဖို့ မဆိုထား နှင့် ထိုကျွန်းအနီးတစ်ဝိုက်ကိုပင် မကပ်ဝံ့ကြတော့ပေ။
ပုလဲငုပ်ခြင်း၊ ငါးရှာဖြင်း၊ အလုပ်များကိုပင် အခြားကျွန်းများ အနီးသို့ သွားရောက်လုပ်ကိုင်
လေ့ ရှိကြသည် ။
အချို့ ကျွန်းများ တွင် နေထိုင်ကြသူများက တော့ တစ်ယူသန် တစ်ဇွတ်ထိုး နိုင်ကြလေသ
ည် ။
“ဒါတွေဟာ နတ်မကြိုက်လို့ ဖြစ်တာပဲ၊ နတ်ကို ကျေနပ်အောင် ပသတင်မြှောက်ပြီး ငှ က်သိုက်သွားနှိုက်မယ်၊ နဂါးမောက်တောင်ကျွ န်းမှာ ငှက်သိုက်တွေ အများကြီး ရှိတယ်”
ဟု ပြောကာ အရဲစွန့်ကာ သွားရောက် ရှာဖွေကြသည် ။
သူတို့ သည် ဒီရေကျချိန်တွင် ဂူပေါက်မှ အ တွင်းသို့ ဝင်ကြသည် ။ဂူအပေါ်ပိုင်းအထိ
အတော်မြင့်သော
ကြောင့် ကျောက်စွယ် ကျောက်စွန်းများကို
ကြိုးဖြင့် ဆွဲချိတ်ကာ တစ်ဆင့်ချင်း အပေါ်
တက်ကြသည် ။
ဂူ၏ အပေါ်ပိုင်းတစ်ခုလုံးမှာ
လေဝင်ပေါက် မရှိသောကြောင့် မှောင်မည်း
လျက် ရှိသည် ။ ဂူအတွင်းသို့
တစ်ခုတည်းသော လေဝင်ပေါက်မှာ သူတို့ လှေဖြင့် ဝင်ခဲ့သော ဂူ
ပေါက်တစ်ခုသာ ဖြစ်သည် ။
ထိုဝင်ပေါက်မှ လေနှင့်အလင်းရောင်များ
ကောင်းစွာ ဝင်လျက်ရှိသည် ။
လောဘသား သုံးယောက်တို့ သည် လှေကို အောက်ဘက်မှ ကြိုးချည်ထားခဲ့ပြီး ကြိုးတစ် ချောင်း၊ ဝါးတစ်လက်၊ လက်နှိပ်မီးတစ်လက် ပလိုင်းတစ်လုံးစီ ယူဆောင်ကာ ဂူနံရံသို့ တွယ်တက်ခဲ့ကြလေသည် ။
သူတို့ သည် ကြိုးများကို အသုံးပြုပြီး အပေါ်မှ ကျောက်စွန်းများကို ကြိုးကွင်းများ ဖြ င့် လှမ်းပစ်ချိတ်ကာ ဆွဲတက်ခဲ့ကြခြင်း ဖြစ်၏။ အပေါ်ရောက်လာသောအခါ အမှောင်ရိပ်
က ပိုများ လာသလို အသက်ရှူမဝသလို ဖြစ် လာကြသည် ။
ည် ။
သို့သော်လည်း အပေါ်သို့ ဆက်တက်ခဲ့သ
အတန်ကြာ၍ အောက်သို့ ငုံ့ကြည့်
သောအခါ ဂူပေါက်ဝမှ ဝင်နေသော အလင်း ရောင်ကလေးနှင့် ၎င်းတို့ ထားခဲ့သော လှေက လေးကို ပျပျမျှသာ မြင်ရလေသည် ။
ဇီဝဇိုးငှက်များ အသိုက်ပြုလုပ်သော နေရာ မှာ ဂူ၏ အမြင့်ဆုံး အထက်ပိုင်းမှာသာ ရှိ သောကြောင့် ခက်ခက်ခဲခဲ ဆက်တက်ကြလေရှိသည် ။
ယခုလို နေ့အခါတွင် ဂူထဲတွင် နေကြသော ဇီဝဇိုးငှက်ကလေးများမှာ အပြင်သို့ ထွက်ကာ အစာရှာနေကြပြီ ဖြစ်သောကြောင့် ဂူအတွင်း မှာ သိပ်မရှိပေ။
လူသုံးယောက်တို့ မှာ လောဘဇောကြောင့် သာ အပေါ်သို့ သဲကြီးမဲကြီး တက်နေကြသော် လည်း အောက်ဘက်ပင်လယ်ပြင်မှာ တစ်စတ စ်စ ဒီရေပြန်တက် လာပြီ ဖြစ်သောကြောင့် ဂူ ပေါက်ဝအတွင်းမှာ ရေများ တက်လာနေပြီကို
သတိမရကြပေ။ တစ်စတစ်စနှင့် ရေများများလာ
သောအခါ ဂူပေါက်ဝမှာ တဖြည်းဖြည်း ပိတ်လာလေတော့သည် ။
ထိုအခါအပေါ်ရောက်နေသော တစ်
ယောက်က သတိပြုမိသွားသည် ။
“ဟေ့
တို့ လှေထားခဲ့တဲ့ နေရာက
ဝင်ပေါက် ဘယ်ရောက်သွားပြီလဲ၊ မှောင်သွား
ပါလား”
ထိုအခါ ကျန်နှစ်ယောက်က ငုံ့ကြည့်ကြသ
“မင်းကလည်း ကွာ … တို့ အပေါ်အမြင့် ရောက်လာလို့ မမြင်ရတော့တာ ဖြစ်မှာ ပေါ့၊ ဘာစိုးရိမ်စရာ ရှိလို့ လဲ”
” မဟုတ်ဘူး နော်၊ အလင်းရောင် ပျောက် သွားလို့ လား မသိဘူး၊ အသက်ရှူ ကျပ်လာသ လိုပဲ၊ သတိလည်း ထားကြဦး”
“ဒါဆိုရင်လည်း ငှက်သိုက်တွေ ရသမျှ ခွာ ယူပြီး အောက်ကို မြန်မြန်ပြန်ဆင်းကြတာပေါ့
ဟုတစ်ယောက်က ပြောကာ ဂူအပေါ်ပိုင်း
သို့ အနည်းငယ် ထပ်တက်ကြပြီး ဂူအပေါ်ပိုင်း
နံရံတစ်ဝိုက်တွင် ပြုလုပ်ထားသော ငှက်သိုက်
လက်နှိပ်မီးရောင်သုံး၍
အုံကလေးများကို ရှာဖွေကြပြီး တွေ့သည် နှင့် ဓားဦးဖြင့် ခွာကာ အသင့်ယူဆောင်လာသော ပလိုင်းခြင်းများ ထဲ
သို့ ထည့်ကြသည် ။
ဂူထဲမှာ တော့ မှောင်သည် ထက် ပိုမှောင်
လာသည် ။
ဂူကြီးအတွင်းပိုင်း တစ်ခုလုံးမှာ လည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်လျက် ရှိလာသည် ။ ထိုအခိုက်မှာ ပင် လေတိုးသံကဲ့သို့ အသံ အချို့ ဂူထဲသို့ ဝင်လာသည် ။
“ငါ သွေးအန်သကဲ့သို့ ငါ့အသိုက်ကို ခွာယူ ကြသူတွေ ဝေဒနာ ပြင်းထန်စွာ ခံစားကြရပါ
စေ၊
ငါ့ရဲ့ အသိုက်အမြုံကို ဖျက်ဆီးကြသူများ
ငါကဲ့သို့ အသိုက်အမြုံများ ပျက်စီးကြပါစေ၊ ငါ့ရဲ့ သားသမီးများကို ဖျက်ဆီးကြသူများ ၊ ငါကဲ့သို့ မျိုးဆက်တုံးသော ဘဝသို့ ရောက်ကြ
ပါစေ”
ထိုကဲ့သို့သော အသံအချို့ကို ကြားလိုက်ရ သောအခါ ငှက်သိုက်ခွာနေကြသော လူသုံး ယောက်တို့ မှာ အထိတ်တလန့် ဖြစ်သွားကြ လေတော့သည် ။
“ဟင်”
“ဘာသံကြီးလဲဟ”
“ဘယ်နေရာက ဝင်လာတာလဲ ကြောက်စ
ရာကောင်းလိုက်တာ”
“တို့ … အောက်ကို
အမြန်ပြန်ဆင်းကြ
ရအောင်ဟေ့၊ ဒီဂူကြီးဟာ ကျိန်စာတိုက်ထား
တဲ့ ဂူကြီးဖြစ်မယ်”
“ဟုတ်တယ်၊ ကြောက်စရာ ကောင်းလိုက် တာ၊ အမြန် ပြန်ကြရအောင်၊ အသက်ရှူလို့ မ ဝတော့ဘူး”
ဟု ပြောဆိုကာ လူသုံးယောက်တို့ သည် ငှ က်သိုက်ရှာဖွေခြင်းကို ရပ်တန့်ကာ အောက်သို့ ပြန်ဆင်းရန်ပြင်ကြစဉ်မှာ ပင် ပင်လယ်ဒီရေ က တဖြည်းဖြည်း မြင့်တက် လာပြီ ဖြစ် သောကြောင့် ဂူပေါက်ဝမှာ လုံးဝပိတ်သွားပြီ ဖြစ်တော့သည် ။
စောစောက ဂူပေါက်ဝမှာ ဝင်နေသော အ လင်းရောင်ကြောင့် … အတန်အသင့် မြင်နိုင် သော်လည်း ယခု ဒီရေများက ဂူပေါက်ဝတစ်ခု လုံးအား ပိတ်လိုက်ပြီ ဖြစ်သောကြောင့် မှောင်
မည်းသွားခြင်း ဖြစ်သည် ။
ထိုသို့ မှောင်သွားတော့မှစောစောက
တစ်စွန်းတစ်စ ကြားနေရသော ကျိန်စာဆို
သံကြီးအား ပို၍ ကြားလာရတော့သည် ။ တစ်ဆက်တည်းမှာ ပင် ..
ဂူအထက်ပိုင်းသို့ ရောက်နေသော လူသုံး ယောက်တို့ မှာ အတွင်း၌ ရှိသော လက်ကျန် လေကို မဝတဝ ရှူနေရင်းမှ အသက်ရှူ ကျပ် လာကာ မူးဝေ လာပြီး အောက်သို့ ပြုတ်ကျလု မတတ် ဖြစ်လာတော့သည် ။
ပထမက တစ်ယောက်နှင့်တစ်ယောက် စ ကားပြောနိုင်သေးသော်လည်း အချိန်အနည်းင ယ် ကြာသောအခါ တစ်ဦးနှင့် တစ်ဦး စကားမ ပြောနိုင်တော့ဘဲ အောက်သို့ ပြုတ်မကျအောင် ပင် မနည်း ကြိုးစားနေကြရသည် ။
သူတို့ ရောက်နေသော နေရာမှာ အတော်ပ င် မြင့်နေသောကြောင့် အကယ်၍ အောက်သို့ ပြုတ်ကျပါက ကျောက်စွယ်ကျောက်စွန်းများ နှင့် ဆောင့်မိပြီး အသက်ရှင်နိုင်စရာ မရှိပေ။
ထို့ကြောင့်
မိမိတို့ ကိုင်ထားသော ကြိုးများကို ကိုင် တစ်ယောက်မှာ သတိလစ်ပြီး
ထားရင်းမှ
အောက်သို့ ပြုတ်ကျသွားလေတော့သည် ။
“အား …”
အော်သံကို မသဲမကွဲသာ ကြားလိုက်ရပြီး ဏကြာတော့ ပျောက်သွားလေသည် ။ တစ်ယောက် အောက်သို့ ပြုတ်ကျသွားမှန်း သိလိုက်သောအခါ ကျန်နှစ်ယောက်မှာ အော က်သို့ ပြုတ်မကျစေရန် ကြိုးစားများ ဖြင့် မိမိ တို့ ကိုယ်များကို ပတ်ချည်လိုက်ကြသည် ။
လူနှစ်ယောက်မှာ အသက်ရှူမဝသော ဒဏ် ကို တောင့်ခံရင်း ရှိသမျှ အားနှင့် ကြိုးဖြင့် ပိတ်ချည်လိုက်သောအခါ
ကိုယ်ကိုနှစ်
ယောက် စလုံး မှာ ကြိုးတန်းလန်းဖြင့် လေထဲ မှာ တန်းလန်းကြီးတွေ ဖြစ်နေကြသည် ။ပင်လယ်ပိုင်းဒေသများ တွင် ဒီရေ အတက် အကျမှာ ၆နာရီ တစ်ကြိမ် ဖြစ်၏။ ရေတက် ၆ နာရီ၊ ရေကျ ၆နာရီ ဖြစ်သည် ။
သို့ကြောင့်
ယခု ဂူထဲသို့ ရေများ တက်နေသည် မျာ ၆ နာရီ ကြာသောအခါမှ ပြန်ကျတော့မည် ဖြစ် သည် ။
ဂူအတွင်းမှာ ရှိသော လက်ကျန်လေက ၆ နာရီကြာအောင် မခံပေ။
မကြာမီ ကြိုးတစ်ချောင်းစီ ခါးမှာ ချည်ကာ လေထဲမှာ တွဲလောင်းကြီး ဖြစ်နေသူ နှစ်ယော က်မှာ တစ်စတစ်စနှင့် အသက်ရှူကျပ်လာကာ မချိမဆံ့ဖြစ်ပြီး အသက်ရှူ ရပ်သွားတော့သည်
ထိုအခါ ရေမွန်းသကဲ့သို့ အသက်ရှူရပ်ပြီး သေရသောကြောင့် မျက်လုံးများ ပြူးထွက်ကာ
ပါးစပ်မှ သွေးများ အန်ထွက်လာတော့သည် ။
သူတို့ သေဆုံးသွားပြီး
အတန်ကြာ သောအခါ ဂူအထက်ပိုင်းဘက်ဆီမှ လေတိုးသံ
ကဲ့သို့ အသံများ ကြားရပြီး ဂူအတွင်းသို့ ပြင်ပ လေအချို့ ဝင်လာသည် ။ ထိုနှင့်အတူ ..
“ငါသွေးအန်သကဲ့သို့ ငါ့အသိုက်ကို ခွာယူ ကြသူတွေ ဝေဒနာပြင်းထန်စွာ ခံစားကြရပါ
စေ။
“ငါ့ရဲ့ အသိုက်အမြုံကို ဖျက်ဆီးကြသူများ ငါကဲ့သို့ အသိုက်အမြုံများ ပျက်စီးကြပါစေ”
“ငါ့ရဲ့ သားသမီးများကို ဖျက်ဆီးကြသူများ ၊ ငါကဲ့သို့ မျိုးဆက်တုံးသော ဘဝသို့ ရောက် ကြပါစေ”
ဟူသော ကြောက်မက်ဖွယ် အသံကြီးက
လေတိုက်သံနှင့်အတူ ပါ လာလေ၏။
ထိုအသံကိုတော့
ဂူအတွင်းမှာ အသက်
ပျောက်နေကြသော လူသုံးယောက်တို့ မကြား
နိုင်ကြတော့ပေ။
Zawgyi Version
ဇီ၀ဇိုးက်ိန္စာ(စ/ဆံုး)
————————
ဆိုသော်လည်း
အဖြူရောင်ပမာ
ဖြာဆင်းကျနေသော
မှားပေ။
ကျွန်း။
မည်ရှိသေးသော
ကျွန်းစုငယ်ပေါင်း
ပြီ။
အဘယ်ကြောင့် ဆိုသော် …
နဂါးမောက်တောင်၏
အဘယ်ကြောင့် ဆိုသော် …
ကြသော်လည်း
သောကြောင့် ဖြစ်သည် ။
သို့စေကာမူ
လေ့ ရှိကြသည် ။
ည် ။
အတော်မြင့်သော
တက်ကြသည် ။
လျက် ရှိသည် ။ ဂူအတွင်းသို့
ပေါက်တစ်ခုသာ ဖြစ်သည် ။
ည် ။
“ဟေ့
ပါလား”
သို့ ထည့်ကြသည် ။
လာသည် ။
စေ၊
ပါစေ”
“ဟင်”
“ဘာသံကြီးလဲဟ”
ရာကောင်းလိုက်တာ”
“တို့ … အောက်ကို
အမြန်ပြန်ဆင်းကြ
တဲ့ ဂူကြီးဖြစ်မယ်”
ထို့ကြောင့်
ထားရင်းမှ
“အား …”
ကိုယ်ကိုနှစ်
သို့ကြောင့်
စေ။
ထိုအသံကိုတော့
ဂူအတွင်းမှာ အသက်
နိုင်ကြတော့ပေ။