” တစ္ဆေမကြောက် မောင်ဖိုးတောက် “(စ/ဆုံး)

Unicode Version

” တစ္ဆေမကြောက် မောင်ဖိုးတောက် “(စ/ဆုံး)
———————————————

ဟိုးရှေးရှေးတုန်းက …
ရွာတစ်ရွာမှာ မောင်ဖိုးတောက်ဆိုတဲ့
လုလင်တစ်ယောက်ရှိတယ်။ သူ့မှာ
ဖေဖေ၊ မေမေနဲ့ ညီလေးတစ်ယောက်
လည်း ရှိသတဲ့။ မောင်ဖိုးတောက်တို့
မိသားစုဟာ တောသူတောင်သားတို့
ထုံးစံအတိုင်း လယ်ယာလုပ်ကိုင်စား
သောက်ကြတာပေါ့။
သူတို့ရဲ့လယ်က ရွာနဲ့ သိပ်တော့
မဝေးဘူး။ ဒါပေမဲ့ အနောက်ဘက်
သုသာန်နံဘေးက လှည်းလမ်းအတိုင်း
သွားကြရတယ်။
သုသာန်ဆိုတာက လူသေတွေ
မြှုပ်နှံတဲ့ နေရာဆိုတော့ လူအများစုက
ကြောက်ကြလန့်ကြတယ်
ဒီကြားထဲ သစ်ပင်ကြီးတွေက အကြီးကြီးတွေ၊
အကိုင်းအခက်တွေကလည်း နေရာအနှံ့ကို
မိုးအုပ်ပေးထားတယ်။
ဒီသုသာန်ထဲမှာ အင်မတန်ကြီးမားတဲ့
မန်ကျည်းပင်ကြီးတစ်ပင် ရှိတယ်။
ဒီမန်ကျည်းပင်ကြီး ရှင်သန်ပေါက်ရောက်
ခဲ့တာ နှစ်ပရိစ္ဆေဒများစွာ ကြာမြင့်ခဲ့ပြီ…
အကိုင်းအခက်တွေ ရှုပ်ထွေးအုပ်မိုးထားတာ
ကြောင့် မန်ကျည်းပင်ကြီးအောက်ကို နေရောင်
ခြည်တောင် မဝင်နိုင်ဘူး…။ ဒါကြောင့် အမြဲတမ်း
အေးစိမ့်နေတယ်။ အဲဒီအပင်ကြီးအောက်
ဝင်လိုက်မိတာနဲ့ ရုတ်တရက် ချမ်းသလိုလို
တုန်ရီသွားတယ်
ခေါင်းနပန်းတွေကြီးပြီး ကြက်သီးမွေးညှင်း
တွေ တဖြန်းဖြန်းထသွားတတ်တယ်
ပြီးတော့ ဒီမန်ကျည်းပင်ကြီးက တစ္ဆေခြောက်
တယ်တဲ့၊ နေ့ခင်းကြောင်တောင်ကြီးတောင်
ခြောက်တာတဲ့လေ။
တစ်ချို့ရွာသားတွေက တစ္ဆေရှိတယ်ဆိုတာကို
မယုံဘူး။
“မန်ကျည်းပင်ကြီးက တစ္ဆေခြောက်တယ်
ဆိုတာ မဖြစ်နိုင်ဘူး”
ဆိုပြီး နေ့လယ်ခင်းအချိန်မှာ တစ်ယောက်
တည်း သွားကြည့်ကြတယ်…
အဲဒီအခါမှာ မန်ကျည်းပင်ကြီးပေါ်မှာ သစ်ကိုင်း
ချိုးသံတွေ တဖြောင်းဖြောင်းနဲ့ ကြားပြီး သူ့အနီး
ကို သစ်ကိုင်းတွေ ကျလာတယ်။
ဒီလိုဖြစ်တာကိုမှ “မကြောက်ဘူး”
ဆိုပြီး မန်ကျည်းပင်အောက်မှာ ဆက်နေရင်
ခဏနေတော့ မြွေတွေ တစ်ကောင်ပြီး
တစ်ကောင်ကျလာတယ်။
ဒီတော့မှ “တစ္ဆေမကြောက်ဘူး”ဆိုတဲ့
ရွာသား “အမလေးဗျ၊ တစ္ဆေခြောက်တယ်ဗျ”လို့
အော်ပြီး ထွက်ပြေးရသတဲ့…
တချို့ကလည်း”တစ္ဆေကောင်ကြီးကို
မြင်ရတာ၊ တစ်ကိုယ်လုံးအမွေးထူနဲ့
အကြီးကြီးပဲ”လို့ ပြောကြတယ်…၊
တစ္ဆေဘယ်လောက်ခြောက်ခြောက်၊
ဘယ်သူဘယ်လိုပြောပြော၊ မောင်ဖိုး
တောက်ကတော့ မကြောက်မလန့်ဘူးတဲ့၊
သူတို့လယ်ကိုသွားတိုင်း ဒီလမ်းကပဲ
သွားနေရတာဆိုတော့ ရိုးနေပြီပေါ့။
မောင်ဖိုးတောက် မန်ကျည်းပင်ကြီးအောက်
ရောက်လာတဲ့အခါ သစ်ကိုင်းတွေ ကျလာ
တာတို့ ၊ မြွေတွေ ကျလာတာတို့ မကြာ
ခဏတွေ့ကြုံဖူးတယ်
ဘယ်လိုပဲဖြစ်ဖြစ် မောင်ဖိုးတောက်ကတော့
ဂရုစိုက်မနေဘူး။ ကိုယ့်လမ်းကို သွားနေတာပဲတဲ့၊
တစ်နေ့မှာ မောင်ဖိုးတောက်ရဲ့ညီလေးဟာ
လယ်ထဲကနေ အိမ်ကိုပြန်လာတယ်။
မန်ကျည်းပင်ကြီးအောက်ရောက်တော့
တစ္ဆေခြောက်ခံလိုက်ရတယ်။
အသံကုန်အော်ပြီး အိမ်ကိုပြန်ပြေးလာတယ်။
အိမ်ရောက်တော့လည်း …
“တစ္ဆေကြီး…တစ္ဆေကြီး…အမွေးထူထူကြီးနဲ့
ကြောက်တယ်ဗျ …” လို့ပဲ အော်နေတယ်
ချက်ချင်းဆိုသလို ကိုယ်တွေ ပူလာပြီး
ဖျားတော့ပဲတဲ့။ လူကြီးတွေက မောင်ဖိုးတောက်
ရဲ့ မိဘတွေကို ပြောတယ်…
“မန်ကျည်းပင်တစ္ဆေကို သားစိမ်းငါးစိမ်း
ကျွေးပြီး တောင်းပန်းလိုက်၊ ဒါမှ ကလေး
အသက်ချမ်းသာရာရမယ်”
မောင်ဖိုးတောက်ရဲ့ မိဘတွေကလည်း
ကြောက်လန့်ပြီး ချက်ချင်းသားစိမ်းငါးစိမ်း
ရှာတယ်၊ သွားတောင်းပန်ဖို့လုပ်တယ်
အဲဒါကိုလည်း သိရော၊ မောင်ဖိုးတောက်က
သူ့မိဘတွေကို
“အဖေနဲ့ အမေ၊ ဒီတစ္ဆေကို သွားမတောင်းပန်နဲ့၊
စားရမှန်းသိရင် နောက်တစ်ခါထပ်လုပ်ဦးမှာ
ဒီကောင်ကို ကျနော် သွားပြီး ဆုံးမလိုက်မယ်…”
လို့ပြောတယ်။
ပြီးတော့ လောက်လေးခွနဲ့ လောက်စာလုံးတွေ
ယူသွားပြီး မန်ကျည်းပင်ကြီးရဲ့ နေရာအနှံ့အပြား
ကို ပစ်ခတ်သတဲ့၊ ပါးစပ်ကလည်း…
“ဟဲ့ မန်ကျည်းပင်တစ္ဆေ ငါ့ညီလေးကို
နေကောင်းအောင်ပြန်လုပ်ပေး၊ ငါ့ညီလေး
သာ တစ်ခုခုဖြစ်ရင် နင့်အပင်ကို မီးတိုက်
ပစ်မယ်”
လို့ ကြိမ်းဝါးတယ်။ လူကြီးတွေကတော့
စိုးရိမ်ကြတာပေါ့…
“ဖိုးတောက်တော့ ဒုက္ခရောက်တော့မှာပဲ”လို့
လည်း ပြောကြတယ်။ မောင်ဖိုးတောက်ဟာ
တစ်နေ့ကုန် တစ်နေ့ခမ်း မန်ကျည်းပင်ကြီး
ကို လောက်လေးခွ’တဖုန်းဖုန်း’ပစ်တယ်
ကျေနပ်အောင် ပစ်ပြီးမှ အိမ်ပြန်လာတယ်။
သူလည်းအိမ်ရောက်ရော၊ သူ့ညီလေးက
ကိုယ်ပူတွေ၊ အဖျားတွေ ပျောက်ကင်းပြီး
နေကောင်းနေတာကို တွေ့ရသတဲ့၊ လူကြီး
တွေလည်း အံ့သြကုန်ကြတာပေါ့၊ ပိုပြီး
ထူးခြားတာက မန်ကျည်းပင်ကြီးဟာ
အဲဒီနေ့ကစပြီး တစ္ဆေမခြောက်တော့ဘူး။
သစ်ကိုင်းတွေ မြွေတွေကျလာဖို့ မပြောနဲ့
ချိုးချိုးချွတ်ချွတ် အသံလေးတောင် မကြားရ
တော့ဘူးတဲ့၊ …မန်ကျည်းပင်တစ္ဆေဟာ
မောင်ဖိုးတောက်ရဲ့ လောက်လေးခွ ရန်ကို
ကြောက်လို့ အခြားကို ပြောင်းရွေ့သွားတာ
လား…၊ ဒါမှမဟုတ် သူသာ တစ်ဦးတစ်ယောက်
ကို ခြောက်လှန့်လိုက်ရင် မောင်ဖိုးတောက်
နောက်ထပ်ရောက်လာပြီး လောက်လေးခွနဲ့
ပစ်မှာကို ကြောက်လို့ ငြိမ်ကုပ်နေတာလား
ဆိုတာတော့ မသိနိုင်ဘူးပေါ့ …၊
ဘယ်လိုပဲဖြစ်ဖြစ် အဲဒီနေ့ကစပြီး မောင်ဖိုးတောက်
ကို တစ်ရွာလုံးက တစ္ဆေမကြောက် မောင်ဖိုးတောက်
လို့ နာမည်ပေးလိုက်ကြသတဲ့။
တစ်နေ့မှာ မောင်ဖိုးတောက်ဟာ သူတို့နေတဲ့
အိမ်လေးကို ပြန်ပြင်ဖို့ စိတ်ကူးရလိုက်တယ်။
အိမ်လေးက ဆောက်ထားတာကြာပြီ၊ ဒါကြောင့်
တိုင်အောက်ခြေတွေ ဆွေးမြေ့နေတဲ့အပြင်
တုတ်၊ ယောက်၊ ဒိုင်း မြား တွေမှာလည်း
ပိုးစားနေပြီ။ အိမ်ပြင်ဆောက်မယ်ဆိုရင်
သစ်တွေ ဝါးတွေလိုတယ်။
လိုအပ်တဲ့ သစ်ဝါးရရှိဖို့ တောင်ပေါ်တက်ပြီး
ခုတ်လှဲယူရမှာဖြစ်မယ်။ မောင်ဖိုးတောက်က
သူ့မိဘတွေကို အကျိုးအကြောင်း ပြောပြတယ်။
အဖေဖြစ်သူက လယ်တလင်းထဲမှာ စပါးနယ်နေ
ရတယ်။ ညီလေးကလည်း ငယ်သေးလို့ တောင်
ပေါ်မှာ မကူညီနိုင်သေးဘူး။ မောင်ဖိုးတောက်
ကိုယ်တိုင်လည်း သစ်ခုတ်၊ ဝါးခုတ် အလုပ်ကို
ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်တတ်တာမို့
လှည်းမောင်းပြီး တစ်ယောက်တည်းပဲ
ထွက်လာခဲ့တယ်။
တောင်ခြေက လှည်းစခန်းရောက်တော့
လှည်းကို ထားခဲ့တယ်။ နွားတစ်ရှဉ်းကို
မောင်း၊ သစ်ခုတ်ဓါးမ ကိုင်ပြီး တောင်ပေါ်
တက်လာခဲ့တယ်။
သူဟာအိမ်တိုင်လုပ်ဖို့ သစ်နဲ့ အိမ်ထရံရက်ဖို့
ဝါးတွေကို စိတ်တိုင်းကျ ရွေးပြီး ခုတ်လှဲတယ်။
တော်တော်လေး ခုတ်ပြီးတော့ မောတာနဲ့
အရိပ်ကောင်းတဲ့ တောင်သရက်ပင်ကြီးတစ်
ပင်အောက် ဝင်ပြီး အမောဖြေတယ်
တကယ်တော့ မောင်ဖိုးတောက် နားခိုတဲ့တောင်သ
ရက်ပင်ကြီးမှာ တစ္ဆေတစ်ကောင်ရှိတယ်။ အဲဒီ
တစ္ဆေက သူ့သစ်ပင်အောက်ကို သက်ရှိသတ္တဝါ
မှန်သမျှ ဘာကိုမှ အဝင်မခံဘူး။
ကြောက်လန့်ပြီး ထွက်ပြေးအောင်၊ နောက်နောင်
မလာရဲအောင် အမျိုးမျိုးခြောက်လှန့်လွှတ်တာ
ချည်းပဲ။ အခုလည်း သူ့ရဲ့အပင်အောက်ကို
မောင်ဖိုးတောက် ဝင်လာပြီး …၊ တစ္ဆေက
မောင်ဖိုးတောက် ကြောက်ပြီး ထွက်ပြေးအောင်
ပဏာမ ခြောက်လှန့်လိုက်တယ်
လေမတိုက်ဘဲ တောင်သရက်ပင်ကြီး
ဟာ လေမုန်တိုင်းဒဏ်ခံရသလိုလို
တဝုန်းဝုန်း တဝေါဝေါ အသံတွေနဲ့
ယိမ်းထိုးလှုပ်ရှားလာတယ်
မောင်ဖိုးတောက် သစ်ပင်ပေါ် မော့ကြည့်
လိုက်တယ်၊ ထွက်ပြေးဖို့တော့ လုံးဝကို
မစဉ်းစားဘူး၊ သူက တစ္ဆေမကြောက်
မောင်ဖိုးတောက်ပဲလေ။
တောင်သရက်တစ္ဆေအံ့အားသင့်သွားတယ်။
ဘယ်လိုသတ္တဝါမဆို၊ သူဒီလောက်ခြောက်လှန့်
လိုက်တာနဲ့ သစ်ပင်အောက်က ချက်ချင်း
ထွက်ပြေးသွားတတ်ကြတယ်။
“အခု ဒီလူက ဘာကြောင့် ထွက်မပြေး
တာလဲ၊ ဒီတစ်ခါတော့ ဒီလူထိတ်လန့်
ချောက်ချားသွားအောင် ပြလိုက်မယ်”
တစ္ဆေက သူ့ရဲ့ခန္ဓာကိုယ်ကြီးကို မောင်ဖိုးတောက်
မြင်အောင် ပြလိုက်တယ်။ ရုပ်ပျက်ဆင်းပျက်
မျက်နှာကြီးမှာ မျက်လုံးကြီးနှစ်လုံးက အပြင်
ဘက်ကို ပြူးထွက်နေတယ်။
နီကြင့်ကြင့် အမွေးတွေ တစ်ကိုယ်လုံး
ပေါက်နေတဲ့ ခန္ဓာကိုယ်ကြီးက လူထက်
လေးငါးဆလောက်ကြီးမယ်။ နားရွက်ကြီး
နှစ်ဖက်ကလည်း ဆင်နားရွက်ကြီးတွေလိုပဲ
တဖြတ်ဖြတ်ခတ်နေတယ်။
အဲဒီအကောင်ကြီးဟာ တောင်သရက်ပင်ကိုင်း
သေးသေးလေးပေါ် မတ်တပ်ရပ်နေတာ
မောင်ဖိုးတောက် မြင်လိုက်ရတယ်။
မောင်ဖိုးတုတ်ဟာ ခပ်တည်တည်ပဲ တစ္ဆေကို
မော့ကြည့်နေတယ်၊ ကြောက်ဖို့လန့်ဖို့ကတော့
စိတ်ကူးထဲတောင် ရောက်မလာဘူး။
“ဆင်းလာရင် သစ်ခုတ်ဓါးမနဲ့ ခုတ်မယ်”
လို့ပဲ တွေးနေတယ်။ ဒီတစ်ကြိမ်မှာလည်း
တစ္ဆေဟာ ပိုပြီးအံ့သြသွားတယ်။
“ဒီလူ ခုထိမကြောက်သေးဘူး”
လို့ တွေးပြီး မောင်ဖိုးတောက် ကြောက်လန့်
သွေးပျက်သွားအောင် နာနာဘာဝတို့ အတတ်
ပညာနဲ့ အမျိုးမျိုးအဖုံဖုံ ဖန်ဆင်းပြလိုက်တယ်။
ပထမဆုံးမှာ တစ္ဆေကောင်ကြီးဟာ ကိုင်းသေး
သေးလေးပေါ်မှာ လမ်းလျှောက်ပြတယ်။
ဒါပေမယ့် ကိုင်းသေးသေးလေးဟာ အောက်ကို
ညွတ်ကျမသွားဘူး၊ နည်းနည်းလေးမှလည်း
မလှုပ်ဘူး။ တစ္ဆေက မောင်ဖိုးတောက်ကို
ငုံ့ကြည့်လိုက်တယ်။ မျက်တောင်မခတ်
စတမ်း မော့ကြည့်နေတာကို တွေ့ရတယ်။
“ဒီလူ ထွက်ပြေးအောင် နောက်တစ်မျိုး
ပြောင်းဦးမှ”
တစ္ဆေဟာ သူလျှောက်နေတဲ့ ကိုင်းလေးမှာပဲ
ဇောက်ထိုးကြီး လမ်းလျှောက်ပြပြန်တယ်။
မောင်ဖိုးတောက်ကတော့ မော့ကြည့်နေတုန်း…
တောင်သရက်ပင်တစ္ဆေ မောင်ဖိုးတောက်ကို
နည်းနည်းဖြုန်လာတယ်
ဒါပေမယ့် မောင်ဖိုးတောက် သွေးပျက်ထိတ်လန့်
သွားအောင် ထပ်ပြီး ကြိုးစားပြန်တယ်။ တစ္ဆေ
ကောင်ကြီးဟာ ကိုင်းသေးသေးလေးကနေ
ဖြတ်ခနဲ ပျောက်သွားတယ်။ ပြီးတော့ အခြား
သစ်ကိုင်းတစ်ကိုင်းမှာ ငုတ်တုတ်ထိုင်လျက်
ပြန်ပေါ်လာတယ်။
အဲဒီသစ်ကိုင်းကနေ ပျောက်သွားပြန်တယ်။
နောက်ထပ်တစ်နေရာမှာ ပေါ်လာပြန်တယ်။
ပြီးတော့ သစ်ကိုင်းတွေမှာ တစ်ကိုင်းကနေ
တစ်ကိုင်း၊ မျောက်လို ခုန်ကူးပြပြန်တယ်…၊
မောင်ဖိုးတောက်ကတော့ မကြောက်မလန့်
ကြည့်နေတုန်းပဲ။
တော်တော်လေးကြာတော့ တောင်သရက်
တစ္ဆေဟာ မောလာတယ်၊ စိတ်လည်း
မရှည်တော့ဘူး၊ ဒါကြောင့် မောင်ဖိုးတောက်
နှလုံးသွေးရပ်ပြီး သွေးပျက်အောင် နောက်
တစ်မျိုးလုပ်ပြပြန်တယ်။
ဒီတစ်ကြိမ် တစ္ဆေရဲ့ ဖန်ဆင်းမှုက အရမ်းကြောက်စရာကောင်းတယ်။
တစ္ဆေဟာ သူ့ရဲ့ခေါင်းကြီးကို သူ့ခန္ဓာကိုယ်ကနေ
ဖြုတ်ယူလိုက်တယ်။ ခေါင်းပြတ်တစ္ဆေကြီး
ဖြစ်သွားတယ်။ တစ္ဆေလက်ကြီးနဲ့ ကိုင်ထား
တဲ့ ခေါင်းပြတ်ကြီးက မောင်ဖိုးတောက်ကို
စိမ်းစိမ်းဝါးဝါးကြီး စိုက်ကြည့်နေတယ်။
ပါးစပ်ကလည်း တလှုပ်လှုပ်နဲ့၊
မောင်ဖိုးတောက်ကတော့ မတုန်မလှုပ်ကြည့်
နေတုန်း၊ တစ္ဆေဟာ ထွက်မပြေးတဲ့
မောင်ဖိုးတောက်ကို စိတ်ဆိုးလာတယ်။
အမျိုးမျိုးလုပ်ပြနေရသော သူ့မှာ ချွေးတွေ
လည်း ရွဲနေပြီ၊ ဒါ့ကြောင့် သူ့ရဲ့ခေါင်းကို
ပြန်တပ်လိုက်တယ်။
“ဒီတစ်ကြိမ်တော့ ကြောက်စရာ၊ လန့်စရာ၊
အကောင်းဆုံး လုပ်ပြလိုက်မယ်”
လို့ ကြိမ်းဝါးပြီး သူ့ရဲ့ကြီးမားတဲ့ ဝမ်းဗိုက်ကြီးကို
ခွဲချတယ်။ ပြီးတော့ သွေးသံတရဲရဲနဲ့ အူတွေကို
တစ်ခွေပြီး တစ်ခွေ ဆွဲထုတ်လိုက်၊ပြန်ထည့်
လိုက် လုပ်ပြတယ်
တစ္ဆေဟာ မောင်ဖိုးတောက် ကြောက်လန့်အောင်၊
ချောက်ချားအောင်၊ သွေးပျက်ပြီး ထွက်ပြေးသွား
အောင် အမျိုးမျိုး အဖုံဖုံ ဖန်ဆင်း၊ ခြောက်လှန့်
ခဲ့ပြီးပြီ။ မောင်ဖိုးတောက်က လုံးဝမကြောက်
လန့်ဘဲ မော့ကြည့်နေမြဲဆိုတာတွေ့ရလို့
“ဘယ်လိုသတ္တဝါမျိုးပါလိမ့်”လို့ တောင်
တွေးမိတယ်။ ဒီတစ်ကြိမ် ဗိုက်ခွဲပြီး အူတွေ
အခွေလိုက်ထုတ်ပြနေတာကိုတော့
မောင်ဖိုးတောက် ခံနိုင်တော့မှ မဟုတ်ဘူး။
နှလုံးသွေးရပ်ပြီး သေသွားမလား၊ ကြောက်သေး
တွေ ထွက်ကျလေမလား ၊ တစ်ခုခုပဲလို့ တွေးရင်း
အကဲခတ်နေတယ်…
ဒီအချိန်မှာ အံ့အားတသင့်မော့ကြည့်နေတဲ့
မောင်ဖိုးတောက်ရဲ့ နှုတ်က စကားသံထွက်
လာတယ်။ အဲဒီစကားကိုလည်း ကြားလိုက်ရော
တောင်သရက်ပင်တစ္ဆေသွေးပျက်သွားတယ်။
ချွေးတွေ ရွှဲရွှဲစိုပြီး မောပန်းနေတဲ့ကြားကပဲ
ကိုယ်ရောင်ဖျောက်ပြီး ထွက်ပြေးသွားပါတော့
တယ်။ မောင်ဖိုးတောက် ပြောလိုက်တဲ့စကားက
“သိပ်ကြည့်ကောင်းတဲ့ မျက်လှည့်ပဲ…။
ဒီလို မျက်လှည့်မျိုး တစ်ခါမှ မကြည့်ဖူးဘူး”
ဟူသတည်း။
မောင်ဖိုးတောက်ဟာ အိမ်တိုင်အတွက်
သစ်တွေကို ရွေးချယ်ခုတ်ပြီး လှည်းပေါ်တင်တယ်။
တင်ပြီးတာနဲ့ အိမ်အပြန်ခရီးကို စလိုက်တယ်။
အဲဒီအချိန်မှာ နေမင်းကြီးက အနောက်စွန်းစွန်းကို
ယွန်းစပြုနေပြီ။ နေ့အလင်းရောင်ဟာ အင်အား
ဖျော့တော့နေပြီ ဖြစ်တယ်
တောရိပ်တောင်ရိပ်ကြောင့် အနည်းငယ်
ချမ်းစိမ့်စိမ့်ဖြစ်နေတယ်။ မောင်ဖိုးတောက်က
လှည်းကို ဖြည်းဖြည်းနဲ့ မှန်မှန်မောင်းလာတယ်။
ဒီလိုနဲ့ သူရဲ့လှည်းဟာ တစ္ဆေတွေ
နေထိုင်တယ်လို့ နာမည်ကြီးတဲ့ ရွာပျက်
တစ်ခု အနီးကို ရောက်လာတယ်။
အဲဒီအချိန်မှာ ညအမှောင်က လောက
ကြီးထဲကို တစ်စတစ်စ တိုးဝင်နေပြီ…၊
မောင်ဖိုးတောက်ဟာ ဒီအချိန်၊ ဒီနေရာကို
ရောက်ရင် တစ္ဆေခြောက်တတ်တယ်
ဆိုတာ သိထားတာကြောင့် သတိထား
နေတယ်…
သူ့လှည်း ရွာပျက်ထဲစတင်ဝင်လိုက်တာနဲ့
လူတစ်ယောက်ဟာ လှည်းရှေ့မှာ ရုတ်တ
ရက်ပေါ်လာတယ်။
“ဒီလူဟာ တစ္ဆေပဲဖြစ်ရမယ်၊ သူ့ပိုင်နက်
နယ်မြေထဲရောက်လာလို့ ငါ့ကို နှောင့်ယှက်
ဖို့ လာတာဖြစ်မယ်…”
မောင်ဖိုးတောက် တွေးနေတုန်းမှာပဲ
အဲဒီလူက လှည်းကိုတားလိုက်တယ်။
“ကျနော် လှည်းပေါ်က လိုက်လို့ရမလား”
လို့ မေးတယ်။
မောင်ဖိုးတောက်ကလည်း တစ္ဆေမှန်း
သိနေတော့ ခပ်ရွတ်ရွတ်ဖြေလိုက်တယ်။
“လိုက်ပေါ့ဗျ၊ ကျုပ်ထမ်းရတာမှ မဟုတ်ဘဲ၊
နွားထမ်းရတာပဲ…”
မောင်ဖိုးတောက်ခွင့်ပြုတာနဲ့ တစ္ဆေလူဟာ
လှည်းပေါ်ကို လဲမှို့လေးလို လွင့်ပြီးကျလာတယ်။
မောင်ဖိုးတောက်ဘေးမှာ ထိုင်ပြီး လိုက်လာ
တယ်။ သူတို့နှစ်ယောက်ဟာ ဘာစကားမှ
မပြောကြဘူး၊ ငြိမ်ပြီး တစ်ယောက်ကို
တစ်ယောက် အကဲခတ်နေကြတယ်။
ရွာပျက်အလယ်လောက်ရောက်တော့
တစ္ဆေလူက စကားစတယ်။
“လှည်းဆရာ၊ ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ…”
“ကျုပ်နာမည်က တစ္ဆေမကြောက်
မောင်ဖိုးတောက်တဲ့”
မောင်ဖိုးတောက်ရဲ့ အဖြေကို ကြားတော့
တစ္ဆေလူ အံ့သြသွားတယ်။
“ခင်ဗျား၊ တကယ်တစ္ဆေမကြောက်ဘူးလား…”
လို့ မောင်ဖိုးတောက်ကို မေးတယ်။
မောင်ဖိုးတောက်ကလည်း…
“တကယ်မကြောက်လို့သာ ဒီလို အချိန်ကြီးမှာ
ခင်ဗျားတို့ နေတဲ့ ရွာပျက်ထဲက ဖြတ်သွားရဲတာပေါ့…”
လို့ ပြန်ပြောလိုက်တယ်…၊
“တကယ်မကြောက်ဘူးနော်…”
တစ္ဆေလူက ထပ်မေးတယ်၊ မောင်ဖိုးတောက်က
လည်း “တကယ်”လို့ထပ်ပြောတယ်၊
“ဒါဆို ဒီမှာကြည့်” လို့ တစ္ဆေလူက ပြောပြီး
သူ့မျက်လုံးကို လင်ကွင်းလောက်ကြီး ပြူးပြတယ်။
မောင်ဖိုးတောက်က “မကြောက်ဖူး”လို့ပြော
လိုက်တယ်။ တစ္ဆေလူက သူ့ရဲ့နားရွက်ကြီးကို
ယပ်တောင်လောက်ကြီးအောင် လုပ်ပြီး
တဖျတ်ဖျတ်ခတ်ပြတယ်
“ဒါလဲ ကြောက်စရာမကောင်းဘူး”
မောင်ဖိုးတောက် ပြောလိုက်ပြန်တယ်။
ဒီတစ်ခါတော့ တစ္ဆေလူဟာ သူ့ရဲ့ခေါင်းကို
စပါးဆယ်တင်းထည့်တဲ့ ပုတ်ကြီးလောက်
ကြီးအောင်ဖန်ဆင်းပြီး ဖျာတစ်ချပ်လောက်
ရှိတဲ့ လျှာနီနီကြီးကို ထုတ်ပြလိုက်တယ်။
တစ္ဆေလူရဲ့ လျှာနီနီကြီးကိုလည်း မြင်ရော၊
မောင်ဖိုးတောက် သူ့ဓါးကို အလျင်အမြန်
ဆွဲယူတယ်။
“တစ္ဆေလျှာ ဆေးဖက်ဝင်တယ်၊ ဓါးနဲ့ဖြတ်ယူမှ”
လို့ပြောလိုက်တယ်
မောင်ဖိုးတောက် စကားကြားတာနဲ့ တစ္ဆေလူ
ခမျာ ကိုယ်ရောင်တောင် မဖျောက်နိုင်တော့ဘူး။
လှည်းပေါ်က အတင်း ခုန်ချပြီး ကြောက်လန့်
တကြား ထွက်ပြေးသွားသတဲ့ကွယ်……
တစ္ဆေလူ လှည်းပေါ်က ခုန်ချပြီး ထွက်ပြေး
သွားတော့ မောင်ဖိုးတောက် တစ်ယောက်ထဲ
လှည်းဆက်မောင်းလာတယ်…
ရွာပျက်ရဲ့ အထွက်က ညောင်မုတ်ဆိတ်ပင်ကြီးရဲ့
အောက်ကိုလည်းရောက်ရော၊ ညောင်မုတ်ဆိတ်
ပေါ်က အသံကြီးတစ်သံ ထွက်လာတယ်…
” ပစ်ချလိုက်ရမလား …ပစ်ချလိုက်ရမလား”
အသံကြီးက အက်အက်၊ ကွဲကွဲနဲ့ ကြောက်
စရာ၊ လန့်စရာကြီး၊ ညအမှောင်ထဲမှာ
ဟိန်းထွက်နေတယ် ။ ဒီညောင်မုတ်ဆိတ်ပင်
က ဒီလိုချည်းပဲ။ ။ သူ့အပင်အောက် လူ
ရောက်လာတိုင်း ကြောက်လန့်ချောက်ချား
စရာအသံကြီးနဲ့ ဒီလိုပဲ အော်မေးလေ့ရှိတယ်တဲ့။
ညောင်မုတ်ဆိတ်ပင်အောက် ရောက်လာတဲ့
သူတိုင်း ဒီအသံကြီးကြားတာနဲ့ ဖနောင့် တင်ပါး
တစ်သားတည်းကျအောင် ပြေးကြတယ်…
ခုလည်း သူ့အပင်အောက်ရောက်လာတဲ့
မောင်ဖိုးတောက်ကို မေးပြန်ပြီ။ မောင်ဖိုးတောက်
ကတော့ တစ္ဆေမကြောက်ဘူး မဟုတ်လား။
တစ္ဆေက”ပစ်ချလိုက်ရမလား၊ ပစ်ချလိုက်ရမလား”
မေးတာကို …
“ပစ်ချလိုက်ဟေ့၊ ပစ်ချလိုက်၊ပစ်ချရင်လည်း
လှည်းပေါ်တည့်တည့်ကျအောင်ပစ်”
လို့ အော်ပြောလိုက်တယ်…
မောင်ဖိုးတောက် ပြောလိုက်တာနဲ့ တစ်ပြိုင်နက်
ညောင်မုတ်ဆိတ်ပင်ပေါ်ကနေ ဖြူဖြူအရာဝတ္ထု
တစ်ခု ဗုန်းခနဲ လှည်းပေါ်တည့်တည့်ကျလာတယ်
ရုတ်တရက် ကျလာတဲ့အသံကြောင့် နွားတွေ
လန့်ပြီး ပြေးကြတာ မောင်ဖိုးတောက်တောင်
ထိန်းလို့မရဘူး၊ တော်တော်ဝေးဝေးရောက်မှ
ငြိမ်သွားတယ်။ မောင်ဖိုးတောက်လည်း
ဒီတော့မှ ညောင်မုတ်ဆိတ်ပင်က တစ္ဆေ
ပစ်ချတဲ့ ဖြူဖြူအရာဝတ္ထုကို ကြည့်မိတယ်
အဖြူရောင်အဝတ်နဲ့ ထုတ်ထားတဲ့ အထုပ်ကို
တွေ့ရတယ်။ ဖွင့်ကြည့်လိုက်တော့ ရွှေထည်
ပစ္စည်းတွေ၊ အများကြီးမှ အများကြီးပဲ၊
အဲဒီရွှေထည်တွေက ရွှေလင်ဗန်းတွေ၊
ရွှေပန်းကန်ပြားတွေ ရွှေမန်ကျည်းသီး
တောင့်တွေ၊ ရွှေရေတကောင်းတွေ
ရွှေဖလားတွေနဲ့ ရွှေဒင်္ဂါးပြားတွေ။
ဒါတင်မကသေးဘူး၊ ရွှေဆွဲကြိုး။
ရွှေလက်ကောက်၊ ရွှေလက်စွပ်၊
ရွှေနားတောင်း၊ ရွှေခြေချင်းစတဲ့ လက်ဝတ်
ရတနာတွေလည်း အများကြီးပါတယ်
တချို့ရွှေထည်တွေမှာတော့ တဖျတ်ဖျတ်
တောက်ပဝင်းလက်နေတဲ့ ကျောက်သံ
ပတ္တမြားတွေ စီခြယ်ထားသတဲ့…
တကယ်တော့ ညောင်မုတ်ဆိတ်တစ္ဆေဟာ
လူ့ဘဝတုန်းက ချမ်းသာကြွယ်ဝတဲ့ သူဋ္ဌေး
သူကြွယ် ဖြစ်ခဲ့တယ်……သူသေလွန်တဲ့
အခါမှာ ပိုင်ဆိုင်တဲ့ ရွှေထည်ပစ္စည်းတွေကို
စွဲလန်းတဲ့စိတ်နဲ့ သေလွန်သွားခဲ့တယ်။
နှစ်ကာလများစွာ ကြာမြင့်တဲ့အချိန်ကြာမှ
ပစ္စည်းဥစ္စာကို စွဲလန်းနေသမျှ ဒုက္ခဆင်းရဲ
ကြီးမားလှတဲ့ တစ္ဆေဘဝက မလွတ်မြောက်
နိုင်မှန်း အသိရလာတယ်…
ဒါကြောင့် သူစောင့်ရှောင်နေရတဲ့
ရွှေထည်တွေကို စွန့်လွှတ်ပေးလှူပြီး
တစ္ဆေဘဝက လွတ်မြောက်အောင်
မြင့်မြတ်တဲ့ ဘုံဘဝရောက်အောင်
ကြိုးစာနေခြင်းပါ…
ဒါပေမယ့် ညောင်မုတ်ဆိတ်ပင်အောက်
ရောက်လာ သူတိုင်းကို “ပစ်ချလိုက်ရမလား”လို့
သူမေးတိုင်း လူတွေက ကြောက်လန့်ပြီး
ထွက်ပြေးနေကြတယ်။
သူ့ရည်ရွယ်ချက် အထမမြောက်ခဲ့ဘူး။
အခု မောင်ဖိုးတောက်နဲ့ တွေ့မှ သူရည်ရွယ်
ချက် အောင်မြင်သွားတယ်။ မောင်ဖိုးတောက်
က “ပစ်ချလိုက်”ပြောတာနဲ့ ဝမ်းသာအားရ
ကြီး ပစ်ချပေးလိုက်တာ ဖြစ်ပါတယ်…
တစ္ဆေမကြောက် မောင်ဖိုးတောက်ဟာ
ရွှေထုပ်ကြီးကို လှည်းပေါ်တင်ပြီး ပျော်ပျော်
ရွှင်ရွှင် အိမ်ကို ပြန်လာခဲ့တယ်။ အဲဒီနောက်မှာ
မောင်ဖိုးတောက်တို့ မိသားစုဟာ ကြွယ်ဝ
ချမ်းသာသူဘဝနဲ့ နေထိုင်ရင်း ဒုက္ခရောက်သူ
ကူညီ၊ အများကောင်းကျိုး ဆောင်ရွက်၊
အလှူအတန်းတွေ ပြုလုပ်ကြတယ်တဲ့။
မောင်ဖိုးတောက်တို့ မိသားစုပြုလုပ်တဲ့
အလှူဒါနတွေထဲမှာ ထူးထူးခြားခြား
အလှူတစ်ခုလည်း ပါဝင်သတဲ့၊
အဲဒီအလှူကတော့ …
ဘယ်သူမှ မနေတော့တဲ့ ရွာပျက်က
ညောင်မုတ်ဆိတ်ပင်ကြီးအောက်မှာ
သံဃာတော်တွေပင့် ၊ ဆွမ်းကပ်လှူ
ဒါန်းတယ်။ တရားနာ၊ ရေစက်ချပြီး
မကျွတ်မလွတ်သေးသူတွေအတွက်
ရည်စူးလို့ အမျှအတန်းပေးဝေတဲ့
အလှူလေးပဲ ဖြစ်ပါသတဲ့ကွယ်….။
#မောင်မှိုင်းညို့ (ချောင်းဦး)

Zawgyi Version

” တေစၦမေၾကာက္ ေမာင္ဖိုးေတာက္ “(စ/ဆုံး)
———————————————

ဟိုးေရွးေရွးတုန္းက …
႐ြာတစ္႐ြာမွာ ေမာင္ဖိုးေတာက္ဆိုတဲ့
လုလင္တစ္ေယာက္ရွိတယ္။ သူ႔မွာ
ေဖေဖ၊ ေမေမနဲ႔ ညီေလးတစ္ေယာက္
လည္း ရွိသတဲ့။ ေမာင္ဖိုးေတာက္တို႔
မိသားစုဟာ ေတာသူေတာင္သားတို႔
ထုံးစံအတိုင္း လယ္ယာလုပ္ကိုင္စား
ေသာက္ၾကတာေပါ့။
သူတို႔ရဲ႕လယ္က ႐ြာနဲ႔ သိပ္ေတာ့
မေဝးဘူး။ ဒါေပမဲ့ အေနာက္ဘက္
သုသာန္နံေဘးက လွည္းလမ္းအတိုင္း
သြားၾကရတယ္။
သုသာန္ဆိုတာက လူေသေတြ
ျမႇဳပ္ႏွံတဲ့ ေနရာဆိုေတာ့ လူအမ်ားစုက
ေၾကာက္ၾကလန္႔ၾကတယ္
ဒီၾကားထဲ သစ္ပင္ႀကီးေတြက အႀကီးႀကီးေတြ၊
အကိုင္းအခက္ေတြကလည္း ေနရာအႏွံ႔ကို
မိုးအုပ္ေပးထားတယ္။
ဒီသုသာန္ထဲမွာ အင္မတန္ႀကီးမားတဲ့
မန္က်ည္းပင္ႀကီးတစ္ပင္ ရွိတယ္။
ဒီမန္က်ည္းပင္ႀကီး ရွင္သန္ေပါက္ေရာက္
ခဲ့တာ ႏွစ္ပရိေစၦဒမ်ားစြာ ၾကာျမင့္ခဲ့ၿပီ…
အကိုင္းအခက္ေတြ ရႈပ္ေထြးအုပ္မိုးထားတာ
ေၾကာင့္ မန္က်ည္းပင္ႀကီးေအာက္ကို ေနေရာင္
ျခည္ေတာင္ မဝင္ႏိုင္ဘူး…။ ဒါေၾကာင့္ အၿမဲတမ္း
ေအးစိမ့္ေနတယ္။ အဲဒီအပင္ႀကီးေအာက္
ဝင္လိုက္မိတာနဲ႔ ႐ုတ္တရက္ ခ်မ္းသလိုလို
တုန္ရီသြားတယ္
ေခါင္းနပန္းေတြႀကီးၿပီး ၾကက္သီးေမြးညႇင္း
ေတြ တျဖန္းျဖန္းထသြားတတ္တယ္
ၿပီးေတာ့ ဒီမန္က်ည္းပင္ႀကီးက တေစၦေျခာက္
တယ္တဲ့၊ ေန႔ခင္းေၾကာင္ေတာင္ႀကီးေတာင္
ေျခာက္တာတဲ့ေလ။
တစ္ခ်ိဳ႕႐ြာသားေတြက တေစၦရွိတယ္ဆိုတာကို
မယုံဘူး။
“မန္က်ည္းပင္ႀကီးက တေစၦေျခာက္တယ္
ဆိုတာ မျဖစ္ႏိုင္ဘူး”
ဆိုၿပီး ေန႔လယ္ခင္းအခ်ိန္မွာ တစ္ေယာက္
တည္း သြားၾကည့္ၾကတယ္…
အဲဒီအခါမွာ မန္က်ည္းပင္ႀကီးေပၚမွာ သစ္ကိုင္း
ခ်ိဳးသံေတြ တေျဖာင္းေျဖာင္းနဲ႔ ၾကားၿပီး သူ႔အနီး
ကို သစ္ကိုင္းေတြ က်လာတယ္။
ဒီလိုျဖစ္တာကိုမွ “မေၾကာက္ဘူး”
ဆိုၿပီး မန္က်ည္းပင္ေအာက္မွာ ဆက္ေနရင္
ခဏေနေတာ့ ေႁမြေတြ တစ္ေကာင္ၿပီး
တစ္ေကာင္က်လာတယ္။
ဒီေတာ့မွ “တေစၦမေၾကာက္ဘူး”ဆိုတဲ့
႐ြာသား “အမေလးဗ်၊ တေစၦေျခာက္တယ္ဗ်”လို႔
ေအာ္ၿပီး ထြက္ေျပးရသတဲ့…
တခ်ိဳ႕ကလည္း”တေစၦေကာင္ႀကီးကို
ျမင္ရတာ၊ တစ္ကိုယ္လုံးအေမြးထူနဲ႔
အႀကီးႀကီးပဲ”လို႔ ေျပာၾကတယ္…၊
တေစၦဘယ္ေလာက္ေျခာက္ေျခာက္၊
ဘယ္သူဘယ္လိုေျပာေျပာ၊ ေမာင္ဖိုး
ေတာက္ကေတာ့ မေၾကာက္မလန္႔ဘူးတဲ့၊
သူတို႔လယ္ကိုသြားတိုင္း ဒီလမ္းကပဲ
သြားေနရတာဆိုေတာ့ ႐ိုးေနၿပီေပါ့။
ေမာင္ဖိုးေတာက္ မန္က်ည္းပင္ႀကီးေအာက္
ေရာက္လာတဲ့အခါ သစ္ကိုင္းေတြ က်လာ
တာတို႔ ၊ ေႁမြေတြ က်လာတာတို႔ မၾကာ
ခဏေတြ႕ႀကဳံဖူးတယ္
ဘယ္လိုပဲျဖစ္ျဖစ္ ေမာင္ဖိုးေတာက္ကေတာ့
ဂ႐ုစိုက္မေနဘူး။ ကိုယ့္လမ္းကို သြားေနတာပဲတဲ့၊
တစ္ေန႔မွာ ေမာင္ဖိုးေတာက္ရဲ႕ညီေလးဟာ
လယ္ထဲကေန အိမ္ကိုျပန္လာတယ္။
မန္က်ည္းပင္ႀကီးေအာက္ေရာက္ေတာ့
တေစၦေျခာက္ခံလိုက္ရတယ္။
အသံကုန္ေအာ္ၿပီး အိမ္ကိုျပန္ေျပးလာတယ္။
အိမ္ေရာက္ေတာ့လည္း …
“တေစၦႀကီး…တေစၦႀကီး…အေမြးထူထူႀကီးနဲ႔
ေၾကာက္တယ္ဗ် …” လို႔ပဲ ေအာ္ေနတယ္
ခ်က္ခ်င္းဆိုသလို ကိုယ္ေတြ ပူလာၿပီး
ဖ်ားေတာ့ပဲတဲ့။ လူႀကီးေတြက ေမာင္ဖိုးေတာက္
ရဲ႕ မိဘေတြကို ေျပာတယ္…
“မန္က်ည္းပင္တေစၦကို သားစိမ္းငါးစိမ္း
ေကြၽးၿပီး ေတာင္းပန္းလိုက္၊ ဒါမွ ကေလး
အသက္ခ်မ္းသာရာရမယ္”
ေမာင္ဖိုးေတာက္ရဲ႕ မိဘေတြကလည္း
ေၾကာက္လန္႔ၿပီး ခ်က္ခ်င္းသားစိမ္းငါးစိမ္း
ရွာတယ္၊ သြားေတာင္းပန္ဖို႔လုပ္တယ္
အဲဒါကိုလည္း သိေရာ၊ ေမာင္ဖိုးေတာက္က
သူ႔မိဘေတြကို
“အေဖနဲ႔ အေမ၊ ဒီတေစၦကို သြားမေတာင္းပန္နဲ႔၊
စားရမွန္းသိရင္ ေနာက္တစ္ခါထပ္လုပ္ဦးမွာ
ဒီေကာင္ကို က်ေနာ္ သြားၿပီး ဆုံးမလိုက္မယ္…”
လို႔ေျပာတယ္။
ၿပီးေတာ့ ေလာက္ေလးခြနဲ႔ ေလာက္စာလုံးေတြ
ယူသြားၿပီး မန္က်ည္းပင္ႀကီးရဲ႕ ေနရာအႏွံ႔အျပား
ကို ပစ္ခတ္သတဲ့၊ ပါးစပ္ကလည္း…
“ဟဲ့ မန္က်ည္းပင္တေစၦ ငါ့ညီေလးကို
ေနေကာင္းေအာင္ျပန္လုပ္ေပး၊ ငါ့ညီေလး
သာ တစ္ခုခုျဖစ္ရင္ နင့္အပင္ကို မီးတိုက္
ပစ္မယ္”
လို႔ ႀကိမ္းဝါးတယ္။ လူႀကီးေတြကေတာ့
စိုးရိမ္ၾကတာေပါ့…
“ဖိုးေတာက္ေတာ့ ဒုကၡေရာက္ေတာ့မွာပဲ”လို႔
လည္း ေျပာၾကတယ္။ ေမာင္ဖိုးေတာက္ဟာ
တစ္ေန႔ကုန္ တစ္ေန႔ခမ္း မန္က်ည္းပင္ႀကီး
ကို ေလာက္ေလးခြ’တဖုန္းဖုန္း’ပစ္တယ္
ေက်နပ္ေအာင္ ပစ္ၿပီးမွ အိမ္ျပန္လာတယ္။
သူလည္းအိမ္ေရာက္ေရာ၊ သူ႔ညီေလးက
ကိုယ္ပူေတြ၊ အဖ်ားေတြ ေပ်ာက္ကင္းၿပီး
ေနေကာင္းေနတာကို ေတြ႕ရသတဲ့၊ လူႀကီး
ေတြလည္း အံ့ၾသကုန္ၾကတာေပါ့၊ ပိုၿပီး
ထူးျခားတာက မန္က်ည္းပင္ႀကီးဟာ
အဲဒီေန႔ကစၿပီး တေစၦမေျခာက္ေတာ့ဘူး။
သစ္ကိုင္းေတြ ေႁမြေတြက်လာဖို႔ မေျပာနဲ႔
ခ်ိဳးခ်ိဳးခြၽတ္ခြၽတ္ အသံေလးေတာင္ မၾကားရ
ေတာ့ဘူးတဲ့၊ …မန္က်ည္းပင္တေစၦဟာ
ေမာင္ဖိုးေတာက္ရဲ႕ ေလာက္ေလးခြ ရန္ကို
ေၾကာက္လို႔ အျခားကို ေျပာင္းေ႐ြ႕သြားတာ
လား…၊ ဒါမွမဟုတ္ သူသာ တစ္ဦးတစ္ေယာက္
ကို ေျခာက္လွန္႔လိုက္ရင္ ေမာင္ဖိုးေတာက္
ေနာက္ထပ္ေရာက္လာၿပီး ေလာက္ေလးခြနဲ႔
ပစ္မွာကို ေၾကာက္လို႔ ၿငိမ္ကုပ္ေနတာလား
ဆိုတာေတာ့ မသိႏိုင္ဘူးေပါ့ …၊
ဘယ္လိုပဲျဖစ္ျဖစ္ အဲဒီေန႔ကစၿပီး ေမာင္ဖိုးေတာက္
ကို တစ္႐ြာလုံးက တေစၦမေၾကာက္ ေမာင္ဖိုးေတာက္
လို႔ နာမည္ေပးလိုက္ၾကသတဲ့။
တစ္ေန႔မွာ ေမာင္ဖိုးေတာက္ဟာ သူတို႔ေနတဲ့
အိမ္ေလးကို ျပန္ျပင္ဖို႔ စိတ္ကူးရလိုက္တယ္။
အိမ္ေလးက ေဆာက္ထားတာၾကာၿပီ၊ ဒါေၾကာင့္
တိုင္ေအာက္ေျခေတြ ေဆြးေျမ့ေနတဲ့အျပင္
တုတ္၊ ေယာက္၊ ဒိုင္း ျမား ေတြမွာလည္း
ပိုးစားေနၿပီ။ အိမ္ျပင္ေဆာက္မယ္ဆိုရင္
သစ္ေတြ ဝါးေတြလိုတယ္။
လိုအပ္တဲ့ သစ္ဝါးရရွိဖို႔ ေတာင္ေပၚတက္ၿပီး
ခုတ္လွဲယူရမွာျဖစ္မယ္။ ေမာင္ဖိုးေတာက္က
သူ႔မိဘေတြကို အက်ိဳးအေၾကာင္း ေျပာျပတယ္။
အေဖျဖစ္သူက လယ္တလင္းထဲမွာ စပါးနယ္ေန
ရတယ္။ ညီေလးကလည္း ငယ္ေသးလို႔ ေတာင္
ေပၚမွာ မကူညီႏိုင္ေသးဘူး။ ေမာင္ဖိုးေတာက္
ကိုယ္တိုင္လည္း သစ္ခုတ္၊ ဝါးခုတ္ အလုပ္ကို
ကြၽမ္းကြၽမ္းက်င္က်င္ လုပ္ကိုင္တတ္တာမို႔
လွည္းေမာင္းၿပီး တစ္ေယာက္တည္းပဲ
ထြက္လာခဲ့တယ္။
ေတာင္ေျခက လွည္းစခန္းေရာက္ေတာ့
လွည္းကို ထားခဲ့တယ္။ ႏြားတစ္ရွဥ္းကို
ေမာင္း၊ သစ္ခုတ္ဓါးမ ကိုင္ၿပီး ေတာင္ေပၚ
တက္လာခဲ့တယ္။
သူဟာအိမ္တိုင္လုပ္ဖို႔ သစ္နဲ႔ အိမ္ထရံရက္ဖို႔
ဝါးေတြကို စိတ္တိုင္းက် ေ႐ြးၿပီး ခုတ္လွဲတယ္။
ေတာ္ေတာ္ေလး ခုတ္ၿပီးေတာ့ ေမာတာနဲ႔
အရိပ္ေကာင္းတဲ့ ေတာင္သရက္ပင္ႀကီးတစ္
ပင္ေအာက္ ဝင္ၿပီး အေမာေျဖတယ္
တကယ္ေတာ့ ေမာင္ဖိုးေတာက္ နားခိုတဲ့ေတာင္သ
ရက္ပင္ႀကီးမွာ တေစၦတစ္ေကာင္ရွိတယ္။ အဲဒီ
တေစၦက သူ႔သစ္ပင္ေအာက္ကို သက္ရွိသတၱဝါ
မွန္သမွ် ဘာကိုမွ အဝင္မခံဘူး။
ေၾကာက္လန္႔ၿပီး ထြက္ေျပးေအာင္၊ ေနာက္ေနာင္
မလာရဲေအာင္ အမ်ိဳးမ်ိဳးေျခာက္လွန္႔လႊတ္တာ
ခ်ည္းပဲ။ အခုလည္း သူ႔ရဲ႕အပင္ေအာက္ကို
ေမာင္ဖိုးေတာက္ ဝင္လာၿပီး …၊ တေစၦက
ေမာင္ဖိုးေတာက္ ေၾကာက္ၿပီး ထြက္ေျပးေအာင္
ပဏာမ ေျခာက္လွန္႔လိုက္တယ္
ေလမတိုက္ဘဲ ေတာင္သရက္ပင္ႀကီး
ဟာ ေလမုန္တိုင္းဒဏ္ခံရသလိုလို
တဝုန္းဝုန္း တေဝါေဝါ အသံေတြနဲ႔
ယိမ္းထိုးလႈပ္ရွားလာတယ္
ေမာင္ဖိုးေတာက္ သစ္ပင္ေပၚ ေမာ့ၾကည့္
လိုက္တယ္၊ ထြက္ေျပးဖို႔ေတာ့ လုံးဝကို
မစဥ္းစားဘူး၊ သူက တေစၦမေၾကာက္
ေမာင္ဖိုးေတာက္ပဲေလ။
ေတာင္သရက္တေစၦအံ့အားသင့္သြားတယ္။
ဘယ္လိုသတၱဝါမဆို၊ သူဒီေလာက္ေျခာက္လွန္႔
လိုက္တာနဲ႔ သစ္ပင္ေအာက္က ခ်က္ခ်င္း
ထြက္ေျပးသြားတတ္ၾကတယ္။
“အခု ဒီလူက ဘာေၾကာင့္ ထြက္မေျပး
တာလဲ၊ ဒီတစ္ခါေတာ့ ဒီလူထိတ္လန္႔
ေခ်ာက္ခ်ားသြားေအာင္ ျပလိုက္မယ္”
တေစၦက သူ႔ရဲ႕ခႏၶာကိုယ္ႀကီးကို ေမာင္ဖိုးေတာက္
ျမင္ေအာင္ ျပလိုက္တယ္။ ႐ုပ္ပ်က္ဆင္းပ်က္
မ်က္ႏွာႀကီးမွာ မ်က္လုံးႀကီးႏွစ္လုံးက အျပင္
ဘက္ကို ျပဴးထြက္ေနတယ္။
နီၾကင့္ၾကင့္ အေမြးေတြ တစ္ကိုယ္လုံး
ေပါက္ေနတဲ့ ခႏၶာကိုယ္ႀကီးက လူထက္
ေလးငါးဆေလာက္ႀကီးမယ္။ နား႐ြက္ႀကီး
ႏွစ္ဖက္ကလည္း ဆင္နား႐ြက္ႀကီးေတြလိုပဲ
တျဖတ္ျဖတ္ခတ္ေနတယ္။
အဲဒီအေကာင္ႀကီးဟာ ေတာင္သရက္ပင္ကိုင္း
ေသးေသးေလးေပၚ မတ္တပ္ရပ္ေနတာ
ေမာင္ဖိုးေတာက္ ျမင္လိုက္ရတယ္။
ေမာင္ဖိုးတုတ္ဟာ ခပ္တည္တည္ပဲ တေစၦကို
ေမာ့ၾကည့္ေနတယ္၊ ေၾကာက္ဖို႔လန္႔ဖို႔ကေတာ့
စိတ္ကူးထဲေတာင္ ေရာက္မလာဘူး။
“ဆင္းလာရင္ သစ္ခုတ္ဓါးမနဲ႔ ခုတ္မယ္”
လို႔ပဲ ေတြးေနတယ္။ ဒီတစ္ႀကိမ္မွာလည္း
တေစၦဟာ ပိုၿပီးအံ့ၾသသြားတယ္။
“ဒီလူ ခုထိမေၾကာက္ေသးဘူး”
လို႔ ေတြးၿပီး ေမာင္ဖိုးေတာက္ ေၾကာက္လန္႔
ေသြးပ်က္သြားေအာင္ နာနာဘာဝတို႔ အတတ္
ပညာနဲ႔ အမ်ိဳးမ်ိဳးအဖုံဖုံ ဖန္ဆင္းျပလိုက္တယ္။
ပထမဆုံးမွာ တေစၦေကာင္ႀကီးဟာ ကိုင္းေသး
ေသးေလးေပၚမွာ လမ္းေလွ်ာက္ျပတယ္။
ဒါေပမယ့္ ကိုင္းေသးေသးေလးဟာ ေအာက္ကို
ၫြတ္က်မသြားဘူး၊ နည္းနည္းေလးမွလည္း
မလႈပ္ဘူး။ တေစၦက ေမာင္ဖိုးေတာက္ကို
ငုံ႔ၾကည့္လိုက္တယ္။ မ်က္ေတာင္မခတ္
စတမ္း ေမာ့ၾကည့္ေနတာကို ေတြ႕ရတယ္။
“ဒီလူ ထြက္ေျပးေအာင္ ေနာက္တစ္မ်ိဳး
ေျပာင္းဦးမွ”
တေစၦဟာ သူေလွ်ာက္ေနတဲ့ ကိုင္းေလးမွာပဲ
ေဇာက္ထိုးႀကီး လမ္းေလွ်ာက္ျပျပန္တယ္။
ေမာင္ဖိုးေတာက္ကေတာ့ ေမာ့ၾကည့္ေနတုန္း…
ေတာင္သရက္ပင္တေစၦ ေမာင္ဖိုးေတာက္ကို
နည္းနည္းျဖဳန္လာတယ္
ဒါေပမယ့္ ေမာင္ဖိုးေတာက္ ေသြးပ်က္ထိတ္လန္႔
သြားေအာင္ ထပ္ၿပီး ႀကိဳးစားျပန္တယ္။ တေစၦ
ေကာင္ႀကီးဟာ ကိုင္းေသးေသးေလးကေန
ျဖတ္ခနဲ ေပ်ာက္သြားတယ္။ ၿပီးေတာ့ အျခား
သစ္ကိုင္းတစ္ကိုင္းမွာ ငုတ္တုတ္ထိုင္လ်က္
ျပန္ေပၚလာတယ္။
အဲဒီသစ္ကိုင္းကေန ေပ်ာက္သြားျပန္တယ္။
ေနာက္ထပ္တစ္ေနရာမွာ ေပၚလာျပန္တယ္။
ၿပီးေတာ့ သစ္ကိုင္းေတြမွာ တစ္ကိုင္းကေန
တစ္ကိုင္း၊ ေမ်ာက္လို ခုန္ကူးျပျပန္တယ္…၊
ေမာင္ဖိုးေတာက္ကေတာ့ မေၾကာက္မလန္႔
ၾကည့္ေနတုန္းပဲ။
ေတာ္ေတာ္ေလးၾကာေတာ့ ေတာင္သရက္
တေစၦဟာ ေမာလာတယ္၊ စိတ္လည္း
မရွည္ေတာ့ဘူး၊ ဒါေၾကာင့္ ေမာင္ဖိုးေတာက္
ႏွလုံးေသြးရပ္ၿပီး ေသြးပ်က္ေအာင္ ေနာက္
တစ္မ်ိဳးလုပ္ျပျပန္တယ္။
ဒီတစ္ႀကိမ္ တေစၦရဲ႕ ဖန္ဆင္းမႈက အရမ္းေၾကာက္စရာေကာင္းတယ္။
တေစၦဟာ သူ႔ရဲ႕ေခါင္းႀကီးကို သူ႔ခႏၶာကိုယ္ကေန
ျဖဳတ္ယူလိုက္တယ္။ ေခါင္းျပတ္တေစၦႀကီး
ျဖစ္သြားတယ္။ တေစၦလက္ႀကီးနဲ႔ ကိုင္ထား
တဲ့ ေခါင္းျပတ္ႀကီးက ေမာင္ဖိုးေတာက္ကို
စိမ္းစိမ္းဝါးဝါးႀကီး စိုက္ၾကည့္ေနတယ္။
ပါးစပ္ကလည္း တလႈပ္လႈပ္နဲ႔၊
ေမာင္ဖိုးေတာက္ကေတာ့ မတုန္မလႈပ္ၾကည့္
ေနတုန္း၊ တေစၦဟာ ထြက္မေျပးတဲ့
ေမာင္ဖိုးေတာက္ကို စိတ္ဆိုးလာတယ္။
အမ်ိဳးမ်ိဳးလုပ္ျပေနရေသာ သူ႔မွာ ေခြၽးေတြ
လည္း ႐ြဲေနၿပီ၊ ဒါ့ေၾကာင့္ သူ႔ရဲ႕ေခါင္းကို
ျပန္တပ္လိုက္တယ္။
“ဒီတစ္ႀကိမ္ေတာ့ ေၾကာက္စရာ၊ လန္႔စရာ၊
အေကာင္းဆုံး လုပ္ျပလိုက္မယ္”
လို႔ ႀကိမ္းဝါးၿပီး သူ႔ရဲ႕ႀကီးမားတဲ့ ဝမ္းဗိုက္ႀကီးကို
ခြဲခ်တယ္။ ၿပီးေတာ့ ေသြးသံတရဲရဲနဲ႔ အူေတြကို
တစ္ေခြၿပီး တစ္ေခြ ဆြဲထုတ္လိုက္၊ျပန္ထည့္
လိုက္ လုပ္ျပတယ္
တေစၦဟာ ေမာင္ဖိုးေတာက္ ေၾကာက္လန္႔ေအာင္၊
ေခ်ာက္ခ်ားေအာင္၊ ေသြးပ်က္ၿပီး ထြက္ေျပးသြား
ေအာင္ အမ်ိဳးမ်ိဳး အဖုံဖုံ ဖန္ဆင္း၊ ေျခာက္လွန္႔
ခဲ့ၿပီးၿပီ။ ေမာင္ဖိုးေတာက္က လုံးဝမေၾကာက္
လန္႔ဘဲ ေမာ့ၾကည့္ေနၿမဲဆိုတာေတြ႕ရလို႔
“ဘယ္လိုသတၱဝါမ်ိဳးပါလိမ့္”လို႔ ေတာင္
ေတြးမိတယ္။ ဒီတစ္ႀကိမ္ ဗိုက္ခြဲၿပီး အူေတြ
အေခြလိုက္ထုတ္ျပေနတာကိုေတာ့
ေမာင္ဖိုးေတာက္ ခံႏိုင္ေတာ့မွ မဟုတ္ဘူး။
ႏွလုံးေသြးရပ္ၿပီး ေသသြားမလား၊ ေၾကာက္ေသး
ေတြ ထြက္က်ေလမလား ၊ တစ္ခုခုပဲလို႔ ေတြးရင္း
အကဲခတ္ေနတယ္…
ဒီအခ်ိန္မွာ အံ့အားတသင့္ေမာ့ၾကည့္ေနတဲ့
ေမာင္ဖိုးေတာက္ရဲ႕ ႏႈတ္က စကားသံထြက္
လာတယ္။ အဲဒီစကားကိုလည္း ၾကားလိုက္ေရာ
ေတာင္သရက္ပင္တေစၦေသြးပ်က္သြားတယ္။
ေခြၽးေတြ ႐ႊဲ႐ႊဲစိုၿပီး ေမာပန္းေနတဲ့ၾကားကပဲ
ကိုယ္ေရာင္ေဖ်ာက္ၿပီး ထြက္ေျပးသြားပါေတာ့
တယ္။ ေမာင္ဖိုးေတာက္ ေျပာလိုက္တဲ့စကားက
“သိပ္ၾကည့္ေကာင္းတဲ့ မ်က္လွည့္ပဲ…။
ဒီလို မ်က္လွည့္မ်ိဳး တစ္ခါမွ မၾကည့္ဖူးဘူး”
ဟူသတည္း။
ေမာင္ဖိုးေတာက္ဟာ အိမ္တိုင္အတြက္
သစ္ေတြကို ေ႐ြးခ်ယ္ခုတ္ၿပီး လွည္းေပၚတင္တယ္။
တင္ၿပီးတာနဲ႔ အိမ္အျပန္ခရီးကို စလိုက္တယ္။
အဲဒီအခ်ိန္မွာ ေနမင္းႀကီးက အေနာက္စြန္းစြန္းကို
ယြန္းစျပဳေနၿပီ။ ေန႔အလင္းေရာင္ဟာ အင္အား
ေဖ်ာ့ေတာ့ေနၿပီ ျဖစ္တယ္
ေတာရိပ္ေတာင္ရိပ္ေၾကာင့္ အနည္းငယ္
ခ်မ္းစိမ့္စိမ့္ျဖစ္ေနတယ္။ ေမာင္ဖိုးေတာက္က
လွည္းကို ျဖည္းျဖည္းနဲ႔ မွန္မွန္ေမာင္းလာတယ္။
ဒီလိုနဲ႔ သူရဲ႕လွည္းဟာ တေစၦေတြ
ေနထိုင္တယ္လို႔ နာမည္ႀကီးတဲ့ ႐ြာပ်က္
တစ္ခု အနီးကို ေရာက္လာတယ္။
အဲဒီအခ်ိန္မွာ ညအေမွာင္က ေလာက
ႀကီးထဲကို တစ္စတစ္စ တိုးဝင္ေနၿပီ…၊
ေမာင္ဖိုးေတာက္ဟာ ဒီအခ်ိန္၊ ဒီေနရာကို
ေရာက္ရင္ တေစၦေျခာက္တတ္တယ္
ဆိုတာ သိထားတာေၾကာင့္ သတိထား
ေနတယ္…
သူ႔လွည္း ႐ြာပ်က္ထဲစတင္ဝင္လိုက္တာနဲ႔
လူတစ္ေယာက္ဟာ လွည္းေရွ႕မွာ ႐ုတ္တ
ရက္ေပၚလာတယ္။
“ဒီလူဟာ တေစၦပဲျဖစ္ရမယ္၊ သူ႔ပိုင္နက္
နယ္ေျမထဲေရာက္လာလို႔ ငါ့ကို ေႏွာင့္ယွက္
ဖို႔ လာတာျဖစ္မယ္…”
ေမာင္ဖိုးေတာက္ ေတြးေနတုန္းမွာပဲ
အဲဒီလူက လွည္းကိုတားလိုက္တယ္။
“က်ေနာ္ လွည္းေပၚက လိုက္လို႔ရမလား”
လို႔ ေမးတယ္။
ေမာင္ဖိုးေတာက္ကလည္း တေစၦမွန္း
သိေနေတာ့ ခပ္႐ြတ္႐ြတ္ေျဖလိုက္တယ္။
“လိုက္ေပါ့ဗ်၊ က်ဳပ္ထမ္းရတာမွ မဟုတ္ဘဲ၊
ႏြားထမ္းရတာပဲ…”
ေမာင္ဖိုးေတာက္ခြင့္ျပဳတာနဲ႔ တေစၦလူဟာ
လွည္းေပၚကို လဲမႈိ႕ေလးလို လြင့္ၿပီးက်လာတယ္။
ေမာင္ဖိုးေတာက္ေဘးမွာ ထိုင္ၿပီး လိုက္လာ
တယ္။ သူတို႔ႏွစ္ေယာက္ဟာ ဘာစကားမွ
မေျပာၾကဘူး၊ ၿငိမ္ၿပီး တစ္ေယာက္ကို
တစ္ေယာက္ အကဲခတ္ေနၾကတယ္။
႐ြာပ်က္အလယ္ေလာက္ေရာက္ေတာ့
တေစၦလူက စကားစတယ္။
“လွည္းဆရာ၊ ခင္ဗ်ားနာမည္ ဘယ္လိုေခၚလဲ…”
“က်ဳပ္နာမည္က တေစၦမေၾကာက္
ေမာင္ဖိုးေတာက္တဲ့”
ေမာင္ဖိုးေတာက္ရဲ႕ အေျဖကို ၾကားေတာ့
တေစၦလူ အံ့ၾသသြားတယ္။
“ခင္ဗ်ား၊ တကယ္တေစၦမေၾကာက္ဘူးလား…”
လို႔ ေမာင္ဖိုးေတာက္ကို ေမးတယ္။
ေမာင္ဖိုးေတာက္ကလည္း…
“တကယ္မေၾကာက္လို႔သာ ဒီလို အခ်ိန္ႀကီးမွာ
ခင္ဗ်ားတို႔ ေနတဲ့ ႐ြာပ်က္ထဲက ျဖတ္သြားရဲတာေပါ့…”
လို႔ ျပန္ေျပာလိုက္တယ္…၊
“တကယ္မေၾကာက္ဘူးေနာ္…”
တေစၦလူက ထပ္ေမးတယ္၊ ေမာင္ဖိုးေတာက္က
လည္း “တကယ္”လို႔ထပ္ေျပာတယ္၊
“ဒါဆို ဒီမွာၾကည့္” လို႔ တေစၦလူက ေျပာၿပီး
သူ႔မ်က္လုံးကို လင္ကြင္းေလာက္ႀကီး ျပဴးျပတယ္။
ေမာင္ဖိုးေတာက္က “မေၾကာက္ဖူး”လို႔ေျပာ
လိုက္တယ္။ တေစၦလူက သူ႔ရဲ႕နား႐ြက္ႀကီးကို
ယပ္ေတာင္ေလာက္ႀကီးေအာင္ လုပ္ၿပီး
တဖ်တ္ဖ်တ္ခတ္ျပတယ္
“ဒါလဲ ေၾကာက္စရာမေကာင္းဘူး”
ေမာင္ဖိုးေတာက္ ေျပာလိုက္ျပန္တယ္။
ဒီတစ္ခါေတာ့ တေစၦလူဟာ သူ႔ရဲ႕ေခါင္းကို
စပါးဆယ္တင္းထည့္တဲ့ ပုတ္ႀကီးေလာက္
ႀကီးေအာင္ဖန္ဆင္းၿပီး ဖ်ာတစ္ခ်ပ္ေလာက္
ရွိတဲ့ လွ်ာနီနီႀကီးကို ထုတ္ျပလိုက္တယ္။
တေစၦလူရဲ႕ လွ်ာနီနီႀကီးကိုလည္း ျမင္ေရာ၊
ေမာင္ဖိုးေတာက္ သူ႔ဓါးကို အလ်င္အျမန္
ဆြဲယူတယ္။
“တေစၦလွ်ာ ေဆးဖက္ဝင္တယ္၊ ဓါးနဲ႔ျဖတ္ယူမွ”
လို႔ေျပာလိုက္တယ္
ေမာင္ဖိုးေတာက္ စကားၾကားတာနဲ႔ တေစၦလူ
ခမ်ာ ကိုယ္ေရာင္ေတာင္ မေဖ်ာက္ႏိုင္ေတာ့ဘူး။
လွည္းေပၚက အတင္း ခုန္ခ်ၿပီး ေၾကာက္လန္႔
တၾကား ထြက္ေျပးသြားသတဲ့ကြယ္……
တေစၦလူ လွည္းေပၚက ခုန္ခ်ၿပီး ထြက္ေျပး
သြားေတာ့ ေမာင္ဖိုးေတာက္ တစ္ေယာက္ထဲ
လွည္းဆက္ေမာင္းလာတယ္…
႐ြာပ်က္ရဲ႕ အထြက္က ေညာင္မုတ္ဆိတ္ပင္ႀကီးရဲ႕
ေအာက္ကိုလည္းေရာက္ေရာ၊ ေညာင္မုတ္ဆိတ္
ေပၚက အသံႀကီးတစ္သံ ထြက္လာတယ္…
” ပစ္ခ်လိုက္ရမလား …ပစ္ခ်လိုက္ရမလား”
အသံႀကီးက အက္အက္၊ ကြဲကြဲနဲ႔ ေၾကာက္
စရာ၊ လန္႔စရာႀကီး၊ ညအေမွာင္ထဲမွာ
ဟိန္းထြက္ေနတယ္ ။ ဒီေညာင္မုတ္ဆိတ္ပင္
က ဒီလိုခ်ည္းပဲ။ ။ သူ႔အပင္ေအာက္ လူ
ေရာက္လာတိုင္း ေၾကာက္လန္႔ေခ်ာက္ခ်ား
စရာအသံႀကီးနဲ႔ ဒီလိုပဲ ေအာ္ေမးေလ့ရွိတယ္တဲ့။
ေညာင္မုတ္ဆိတ္ပင္ေအာက္ ေရာက္လာတဲ့
သူတိုင္း ဒီအသံႀကီးၾကားတာနဲ႔ ဖေနာင့္ တင္ပါး
တစ္သားတည္းက်ေအာင္ ေျပးၾကတယ္…
ခုလည္း သူ႔အပင္ေအာက္ေရာက္လာတဲ့
ေမာင္ဖိုးေတာက္ကို ေမးျပန္ၿပီ။ ေမာင္ဖိုးေတာက္
ကေတာ့ တေစၦမေၾကာက္ဘူး မဟုတ္လား။
တေစၦက”ပစ္ခ်လိုက္ရမလား၊ ပစ္ခ်လိုက္ရမလား”
ေမးတာကို …
“ပစ္ခ်လိုက္ေဟ့၊ ပစ္ခ်လိုက္၊ပစ္ခ်ရင္လည္း
လွည္းေပၚတည့္တည့္က်ေအာင္ပစ္”
လို႔ ေအာ္ေျပာလိုက္တယ္…
ေမာင္ဖိုးေတာက္ ေျပာလိုက္တာနဲ႔ တစ္ၿပိဳင္နက္
ေညာင္မုတ္ဆိတ္ပင္ေပၚကေန ျဖဴျဖဴအရာဝတၳဳ
တစ္ခု ဗုန္းခနဲ လွည္းေပၚတည့္တည့္က်လာတယ္
႐ုတ္တရက္ က်လာတဲ့အသံေၾကာင့္ ႏြားေတြ
လန္႔ၿပီး ေျပးၾကတာ ေမာင္ဖိုးေတာက္ေတာင္
ထိန္းလို႔မရဘူး၊ ေတာ္ေတာ္ေဝးေဝးေရာက္မွ
ၿငိမ္သြားတယ္။ ေမာင္ဖိုးေတာက္လည္း
ဒီေတာ့မွ ေညာင္မုတ္ဆိတ္ပင္က တေစၦ
ပစ္ခ်တဲ့ ျဖဴျဖဴအရာဝတၳဳကို ၾကည့္မိတယ္
အျဖဴေရာင္အဝတ္နဲ႔ ထုတ္ထားတဲ့ အထုပ္ကို
ေတြ႕ရတယ္။ ဖြင့္ၾကည့္လိုက္ေတာ့ ေ႐ႊထည္
ပစၥည္းေတြ၊ အမ်ားႀကီးမွ အမ်ားႀကီးပဲ၊
အဲဒီေ႐ႊထည္ေတြက ေ႐ႊလင္ဗန္းေတြ၊
ေ႐ႊပန္းကန္ျပားေတြ ေ႐ႊမန္က်ည္းသီး
ေတာင့္ေတြ၊ ေ႐ႊေရတေကာင္းေတြ
ေ႐ႊဖလားေတြနဲ႔ ေ႐ႊဒဂၤါးျပားေတြ။
ဒါတင္မကေသးဘူး၊ ေ႐ႊဆြဲႀကိဳး။
ေ႐ႊလက္ေကာက္၊ ေ႐ႊလက္စြပ္၊
ေ႐ႊနားေတာင္း၊ ေ႐ႊေျခခ်င္းစတဲ့ လက္ဝတ္
ရတနာေတြလည္း အမ်ားႀကီးပါတယ္
တခ်ိဳ႕ေ႐ႊထည္ေတြမွာေတာ့ တဖ်တ္ဖ်တ္
ေတာက္ပဝင္းလက္ေနတဲ့ ေက်ာက္သံ
ပတၱျမားေတြ စီျခယ္ထားသတဲ့…
တကယ္ေတာ့ ေညာင္မုတ္ဆိတ္တေစၦဟာ
လူ႔ဘဝတုန္းက ခ်မ္းသာႂကြယ္ဝတဲ့ သူေ႒း
သူႂကြယ္ ျဖစ္ခဲ့တယ္……သူေသလြန္တဲ့
အခါမွာ ပိုင္ဆိုင္တဲ့ ေ႐ႊထည္ပစၥည္းေတြကို
စြဲလန္းတဲ့စိတ္နဲ႔ ေသလြန္သြားခဲ့တယ္။
ႏွစ္ကာလမ်ားစြာ ၾကာျမင့္တဲ့အခ်ိန္ၾကာမွ
ပစၥည္းဥစၥာကို စြဲလန္းေနသမွ် ဒုကၡဆင္းရဲ
ႀကီးမားလွတဲ့ တေစၦဘဝက မလြတ္ေျမာက္
ႏိုင္မွန္း အသိရလာတယ္…
ဒါေၾကာင့္ သူေစာင့္ေရွာင္ေနရတဲ့
ေ႐ႊထည္ေတြကို စြန္႔လႊတ္ေပးလႉၿပီး
တေစၦဘဝက လြတ္ေျမာက္ေအာင္
ျမင့္ျမတ္တဲ့ ဘုံဘဝေရာက္ေအာင္
ႀကိဳးစာေနျခင္းပါ…
ဒါေပမယ့္ ေညာင္မုတ္ဆိတ္ပင္ေအာက္
ေရာက္လာ သူတိုင္းကို “ပစ္ခ်လိုက္ရမလား”လို႔
သူေမးတိုင္း လူေတြက ေၾကာက္လန္႔ၿပီး
ထြက္ေျပးေနၾကတယ္။
သူ႔ရည္႐ြယ္ခ်က္ အထမေျမာက္ခဲ့ဘူး။
အခု ေမာင္ဖိုးေတာက္နဲ႔ ေတြ႕မွ သူရည္႐ြယ္
ခ်က္ ေအာင္ျမင္သြားတယ္။ ေမာင္ဖိုးေတာက္
က “ပစ္ခ်လိုက္”ေျပာတာနဲ႔ ဝမ္းသာအားရ
ႀကီး ပစ္ခ်ေပးလိုက္တာ ျဖစ္ပါတယ္…
တေစၦမေၾကာက္ ေမာင္ဖိုးေတာက္ဟာ
ေ႐ႊထုပ္ႀကီးကို လွည္းေပၚတင္ၿပီး ေပ်ာ္ေပ်ာ္
႐ႊင္႐ႊင္ အိမ္ကို ျပန္လာခဲ့တယ္။ အဲဒီေနာက္မွာ
ေမာင္ဖိုးေတာက္တို႔ မိသားစုဟာ ႂကြယ္ဝ
ခ်မ္းသာသူဘဝနဲ႔ ေနထိုင္ရင္း ဒုကၡေရာက္သူ
ကူညီ၊ အမ်ားေကာင္းက်ိဳး ေဆာင္႐ြက္၊
အလႉအတန္းေတြ ျပဳလုပ္ၾကတယ္တဲ့။
ေမာင္ဖိုးေတာက္တို႔ မိသားစုျပဳလုပ္တဲ့
အလႉဒါနေတြထဲမွာ ထူးထူးျခားျခား
အလႉတစ္ခုလည္း ပါဝင္သတဲ့၊
အဲဒီအလႉကေတာ့ …
ဘယ္သူမွ မေနေတာ့တဲ့ ႐ြာပ်က္က
ေညာင္မုတ္ဆိတ္ပင္ႀကီးေအာက္မွာ
သံဃာေတာ္ေတြပင့္ ၊ ဆြမ္းကပ္လႉ
ဒါန္းတယ္။ တရားနာ၊ ေရစက္ခ်ၿပီး
မကြၽတ္မလြတ္ေသးသူေတြအတြက္
ရည္စူးလို႔ အမွ်အတန္းေပးေဝတဲ့
အလႉေလးပဲ ျဖစ္ပါသတဲ့ကြယ္….။
#ေမာင္မႈိင္းညိဳ႕ (ေခ်ာင္းဦး)