*တစ္ဆေလင်မယားနှင့် ဗောဓိကုန်းရွာ*📖📖📖(စ/ဆုံး)
~~~~~~~~~~~~~~~~~~~~~~~~~~~~~
“ဟဲ့နွား သွားစမ်း…မြန်မြန်”
“ကိုသာလှရယ် နွားတွေပင်ပန်းနေပါပြီ
သူတို့သွားချင်သလို သွားပါစေ”
“သူတို့ ပင်ပန်းလို့ မြန်မြန်သွက်သွက် မမောင်း
ရင် ဒီကိုင်းတောကြီးထဲ ဘယ်လောက်ကြာကြာ
သွားနေမလဲ၊ ဒီကိုင်းတောဖြတ်လမ်းက တစ်
မိုင် ကျော်တယ်”
မိုးကလည်း မကြာခင်ချုပ်တော့မယ်၊ ကိုင်း
တောလွန်မှ အေးအေးဆေးဆေး သွားပစေ”
“ဟဲ့နွား…သွားစမ်း” “ဖျန်း”
နွားနှစ်ကောင်ကို ခတ်ဆက်ဆက်လေး ရိုက်
လိုက်သဖြင့် လှည်းကို ဆောင့်ဆွဲကာ ရှေ့သို့
ပြေးထွက်သွားသည်။
“ဒုန်း…ဒုန်း…”
ကျင်းချိုင့်များကြောင့် လှည်းဘီးခုန်ကာ
လှည်းပေါ်မှ ကိုသာလှလင်မယားဖင်က
ကြွကြွဖြစ်နေသည်။
“သွားထားစမ်း…မြန်မြန်လေး”
နွားက ကိုင်းတောဖြတ်လမ်းအတွင်းက
ကဆုန်ဆိုင်သလို ပြေးလွှားသွားသဖြင့်
ဆယ့်ငါးမိနစ်သာသာခန့်နှင့် ကိုင်းတော
အပြင်ဘက်ရောက်သွားတော့သည်။
နေလုံးက အနောက်ဘက်တောင်ထိပ်
မေးတင်တော့မည်၊ ခပ်လှမ်းလှမ်းမှာ
ဗောဓိကုန်းရွာကို လှမ်းမြင်နေရသည်။
အချိန်အခါက သူခိုး၊ဓားမြပေါကြောင်း
ထကြွသောင်းကျန်းနေသည့်အချိန်ဖြစ်သည်။
သူကြီးများ ရွာကို အုပ်ချုပ်စဉ်အခါက
ဖြစ်ပေမယ့် ရွာတိုင်းမှာ သူကြီးမရှိသလို
အုပ်ချုပ်ရေးနှင့်ဝေးသော ရွာတွေအများ
ကြီးရှိသည်။
ထိုရွာများမှာ လူကောင်းနည်းလှသည်။
ကိုသာလှတို့ လင်မယား ကညင်စုရွာမှ
မနက်ခင်းကတည်းက လှည်းနှင့်ပြန်လာ
ခဲ့သည်။ ကညင်စုရွာက ကိုသာလှဇနီး
မမြခင်မိဘများနေသော ရွာဖြစ်သည်။
မမြခင်၏မိခင် ဆုံးသည်ဟု သတင်းစကားရောက်လာသည့်အတွက် ချောင်းကျိုးရွာမှ
တစ်နေ့ခရီးဝေးသော ကညင်စုရွာသို့ လှည်း
နှင့်အရဲစွန့်ပြီး လာခဲ့ကြသည်။
ရက်လည်ဆွမ်းသွတ်ပြီး ထိုညအိပ်ကာ မနက်
စောစော ကညင်စု ရွာမှ လှည်းနှင့်ထွက်ခဲ့သည်။
လှည်းပေါ်မှာ ကညင်စုရွာမှ မမြခင်၏ ဆွေ
မျိုးများ ပေးလိုက်သော အသီးအနှံများနှင့်
ဆန်တစ်အိတ်ပါလာသည်။
ကညင်စုရွာမှ မနက်ငါးနာရီခန့်ထွက်လျှင်
ချောင်းကျိုးရွာသို့ ညနေငါးနာရီ မထိုးခင်
ရောက်မည်ဖြစ်သည်။ ယခု မိုးချုပ်နေပြီး
ခရီးလမ်းတစ်ဝက်ခန့်သာ ရောက်သေးသည်။
ညောင်သာရွာကို လွန်ပြီး မကြာခင်မှာပဲ
ငှက်ကြီးတောင်ဓား ကိုယ်စီကိုင်ထားသည့်
လူတစ်စုက မသက်ာဟုဆိုကာ အကြောင်း
မရှိ အကြောင်းရှာပြီး လျှိုတစ်ခုထဲ လှည်း
ကို မောင်းသွားခိုင်းသည်။
လှည်းဖြုတ်ခိုင်းပြီး သစ်ပင်အောက်မှာ ထိုင်
ခိုင်းထားသဖြင့် မည်သည့်အကြောင်းမှမပြော
ပဲ နေ့တစ်ဝက်နီးပါး ထိုင်နေကြရသည်။ နေ့
ဆယ့်တစ်နာရီခန့်ရောက်တော့ သူတို့လူတစ်
စုထံ လူနှစ်ယောက် မြင်းနှင့် ရောက်လာသည်။
ထိုသူတို့မည်သို့ ပြောကြသည်မသိ အကြီး
အကဲဖြစ်ဟန်တူသူက ကိုသာလှတို့လင်
မယားအား လာကြည့်ပြီး သူတို့မဟုတ်ဟု
ဆိုကာ ပြန်လွှတ်ခိုင်းသည်။ ဓားမြခေါင်း
ဆောင်ကို ကျွန်းပြန်ငတိုးဟု သိလိုက်ရသည်။
ထိုသူ၏ကျေးဇူးကြောင့် ကိုသာလှတို့လင်မ
ယား လှည်းပေါ်တက်ပြီး ရှေ့ဆက်ခွင့်ရခဲ့
သည်။ လှည်းပေါ်မှာပါလာသော စားစရာ
မှန်သမျှအကုန် ယူထားလိုက်သည်။
နွားနှစ်ကောင်နှင့် သူတို့လင်မယားအသက်ကို
ရန်မရှာဘဲ ပြန်ခိုင်းသဖြင့် ကျေးဇူးတင်ကာ
ထိုလူများယူမယ်ဆိုသည်နှင့် ကျေကျေနပ်နပ်
ပေးခဲ့သည်။ သို့ကြောင့် လေးနာရီနီးပါး အ
ချိန်ကုန်သွားသဖြင့် ချောင်းကျိုးရွာသို့အချိန်
မီ မရောက်နိုင်တော့။
ရှေ့မှာ ဗောဓိကုန်းရွာကြီးကို ဖြတ်ပြီး ထန်း
တစ်ပင်ရွာ-စည်ပေါက်ရွာ၊ ကိုင်းကြီးတန်းရွာ၊
သပြေစုရွာတွေကို ကျော်ဖြတ်ပြီးမှ သူတို့
နေသော ချောင်းကျိုးရွာကိုရောက်မည်။
ဗောဓိကုန်းရွာဘေး လှည်းလမ်းမှ ခက်သွက်
သွက်လေး မောင်းချလာခဲ့သည်။
လှည်းလမ်းဘေးနှင့် ပေငါးဆယ်ခန့်အကွာ
မှာ ရွာ၏ သခ်ျိုင်းကို လှမ်းမြင်နေရသည်။
နေလုံးမပျောက်သေးသဖြင့် ကြောက်စရာ
မကောင်းသေး၊ ညဘက်အကြောင်းမသိ
သော သခ်ျိုင်းများအနီးက ဖြတ်သွားဖြတ်
လာလုပ်လျှင် သရဲနှင့် တွေ့တတ်သည်ဟု
ကြားဖူးသဖြင့် မမြခင် တစ်ယောက် ကို
သာလှ၏ကျောနား ကပ်ထိုင်လိုက်သည်။
“မြန်မြန်မောင်းပါ”
“ဘာမှကြောက်စရာမရှိပါဘူး၊ အခုမှ နေဝင်
ကာစပဲ ရှိသေးတယ် ခဏနေ ဗောဓိကုန်းဘု
ရားကို လွန်ရင် ရွာပြင်ရောက်သွားပြီ”
ကိုသာလှက နွားများကို အနားမပေးပဲ ခပ်
သွက်သွက်မောင်းခဲ့သဖြင့် ဗောဓိကုန်းရွာ
သခ်ျိုင်းက နောက်မှ ကျန်ခဲ့သည်။
“ရှေ့နားမှာ ဗောဓိကုန်းရွာစွန်က ရှေးဟောင်း
စေတီရောက်ရင် ချောက်ထဲဆင်းရမယ်
အဲဒီချောက်ကို ကျော်ရင် ထန်းတစ်ပင်ရွာ
ကို မြင်ရပြီ”
“ရွာအထိပြန်မှာလား ဘယ်လိုလုပ်ကြမလဲ”
“စည်ပေါက်ရွာ ရောက်သည့်အထိ သွားမယ်
စည်ပေါက်ရွာမှာ သူကြီးသားအောင်နိုင်နဲ့
ငါသိတယ်…ရင်းရင်းနှီးနှီးသိတယ်၊ အောင်
နိုင်ကို အကူအညီတောင်းပြီး အဲဒီရွာမှာ
တစ်ညဝင်အိပ်ကြမယ်၊ ညရှစ်နာရီလောက်
စည်ပေါက်ရွာကို ရောက်မှာပဲ”
လဆန်းရက်ဖြစ်သဖြင့် နေလုံးတောင်စွယ်
မှာ ကွယ်သည်နှင့် ကောင်းကင်ထက်မှာ
လခြမ်းပဲ့လေးကို မြင်လိုက်ရသည်။
နေလုံးဝပျောက်သွားလည်း ညကိုးနာရီ
ဆယ်နာရီခန့်အထိ ကောင်းကင်မှာ လရောင်
က အလင်းရှိနေသေးသည့်အတွက် လှည်း
လမ်းကြောင်း မှန်အောင် မောင်း၍ ရသည်။
အိမ်အထိရောက်အောင် မောင်းသွားမည်
ဆိုလျှင်လည်း လမဝင်ခင် အိမ်ပြန်ရောက်
နိုင်သည်။
ခေတ်ကာလမကောင်းသည့်အတွက် ညဉ့်
နက်သန်းခေါင် ခရီးသွား၍ မဖြစ်၊ သို့ကြောင့်
စည်ပေါက်ရွာမှာ ညအိပ်ရန် ဆုံးဖြတ်လိုက်
ခြင်းဖြစ်သည်။ ဗောဓိကုန်းရွာစပ်ကို ကျော်
လာသည်။ ဘုရားစေတီရှိသော ကုန်းဘေး
မှာ ပေတစ်ရာနီးပါးအရောက် ချောက်ထဲ
နွားဇက်ကြိုးကို ထိန်းဆွဲရင်း မောင်းချလိုက်
သည်။ ချောက်က အနက်ကြီးတော့ မဟုတ်၊
ဆယ်ပေသာသာခန့်သာ နက်သည်။ ချောက်
အတွင်းမှ မြေက သဲမြေများဖြစ်သည်။
ချောက်အကျယ်က ပေငါးဆယ်ခန့်သာကျယ်
သည်။ မိုးတွင်းဆိုလျှင် ထိုချောက်က ရေစီး
သန်သော ချောင်းဖြစ်သွားသည်။ ပြာသို
တပို့တွဲလဆိုလျှင် ရေမရှိသော ရိုးချောင်း
ဖြစ်သည်။ ကဆုန်၊ နယုန်မှစပြီး မိုးရေများ
တောင်ကျရေများဖြင့် ချောင်းဖြစ်သွားသည်။
ချောက်ထဲမှာ သဲများဖြင့် အပြည့်ဖြစ်နေသည့်
အတွက် နွားနှစ်ကောင် အတင်းရုန်းဆွဲနေရ
သည်။ နွားခြေထောက်များက သဲထဲကျွံဝင်
သွားသဖြင့် အမြန်မောင်း၍ မရတော့။
“ဟဲ့နွား…သွားစမ်း၊ ဖေ့သားကြီး ကွေ့သားစမ်း”
တစ်ဖက်ချောက်နှုတ်ခမ်းအထက်သို့ ဝန်မပါပဲ
ခပ်သွက်သွက်တက်နိုင်ရန် မောင်းတင်လိုက်
သည်။
“ဟေ့ ရပ်စမ်း”
လှည်းကို ချောက်ပေါ်ရောက်အောင် နွားများ
ကို ညာသံပေးပြီး မောင်းတင်လိုက်စဉ် ချောက်
အထက်မှာ လူငါးယောက်ခန့်ရပ်နေသည်ကို
တွေ့လိုက်သည်။ နွားများကို ကြိုးတင်ပြီး
ရပ်စေလိုက်သည်။ ချောက်ပေါ်မှ လက်နက်
ကိုင်လူများ ဆင်းလာကြသည်။
လက်နက်ကိုယ်စီကိုင်ထားသည်။ တစ်ယောက်
က ရိုင်ဖယ်တစ်လက်နှင့် ဖြစ်ပြီး ကျန်လေး
ယောက်က ငှက်ကြီးတောင်ဓားများ ကိုင်ထား
သည်။
“မင်းတို့ဘယ်သွားမှာလဲ”
“ချောင်းကျိုးရွာကို သွားမလို့”
“လှည်းပေါ်မှာလည်း ဘာမှမတွေ့ ဘူး၊ မင်းတို့
ဘယ်ရွာက လာခဲ့တာလဲ”
“ကညင်စုရွာမှာ ယေက္ခမဆုံးလို့ နာရေး
သွားရင်း ကိစ္စပြီးစီးတာနဲ့ ရွာကို ပြန်လာ
ကြတာပါ”
“ပါလာသမျှ ပစ္စည်းတွေအကုန်လုံး ညောင်
သာရွာအလွန်မှာ လူဆိုးတွေ လုယူလိုက်လို့
အကုန်ပါသွားပါပြီ”
“သူတို့က လှည်းပေါ်ပါတဲ့ ပစ္စည်းတွေယူ
လိုက်တယ်ဆိုတော့ ငါတို့လည်း ရနိုင်သမျှ
ရှာဖွေယူရမှာပဲ”
“ဘာမှမကျန်တော့ပါဘူး ဆရာကြီးတို့ရယ်”
“မင်းကသာ မကျန်ဘူးပြောတယ် ငါကတော့
မင်းနွားနှစ်ကောင်ကို သဘောကျနေပြီ”
“ဟာ…ကျတော်တို့မှာ ဒီနွားနှစ်ကောင်နဲ့ ရုန်း
ကန်လှုပ်ရှားနေရတာပါ၊ ဒီနွားနှစ်ကောင်မရှိ
ရင် ဒုက္ခရောက်ပါပြီ၊ ချမ်းသာပေးပါ ဆရာ
ကြီးတို့ရယ်”
“ဟေ့ ချစ်သန်း ရပ်ကြည့်မနေနဲ့ နွားနှစ်ကောင်
ဖြုတ်ပြီး စခန်းကို ဆွဲသွား ရိက္ခာတစ်ပတ်စာ
ဖူလုံပြီ”
“မ…မလုပ်ကြပါနဲ့ရှင် နွားနှစ်ကောင်ကိုတော့
ချမ်းသာပေးပါ”
“ငါတို့သဘောကောင်းတုန်း မင်းတို့လင်မယား
လှည်းပေါ်မှာ ထိုင်နေကြ၊ ငါစိတ်ဆိုးရင် မင်း
မိန်းမကိုပါ စခန်းခေါ်သွားမယ်”
လူဆိုးနှစ်ယောက်က နွားနှစ်ကောင်ကို ဖြုတ်
နေစဉ် ကိုသာလှက လူဆိုးခေါင်းဆောင်လက်
ထဲမှ သေနတ်ကို ဆတ်ခနဲ ဆွဲလုလိုက်သည်။
လူဆိုးလည်း အမှတ်တမဲ့မို့ သေနတ်လွတ်
သွားသည်။ ကိုသာလှ သေနတ်ရလာသော်
လည်း ခလုတ်ဆွဲသည်။ ကျည်ထွက်မလာ။
ကိုသာလှ သေနတ်မပစ်တတ်မှန်း သိသွား
သော လူဆိုးခေါင်းဆောင်က သေနတ်ကို
အတင်းပြန်လုသည်။ အတွေ့အကြုံရှိသူ
သာမြဲဖြစ်သည်။ သို့ကြောင့် ကိုသာလှလက်
ထဲက သေနတ် လူဆိုးခေါင်းဆောင်လက်ထဲ
ပြန်ပါသွားသည်။
အတွေ့အကြုံရှိသူနှင့် မရှိသူယှဉ်လျှင် အတွေ့
အကြုံရှိသူက သာမြဲဖြစ်သည်။ သို့ကြောင့် ကို
သာလှ လက်ထဲက သေနတ် လူဆိုးခေါင်းဆောင် လက်ထဲပြန်ပါသွားသည်။
“မင်းက အေးအေးဆေးဆေး မနေနိုင်ဘူးပဲ”
“ခွပ်”
သေနတ်ဒင်နှင့် ကိုသာလှခေါင်းကို အားကုန်
ဆောင့်ချလိုက်သဖြင့် ခေါင်းကွဲသံက မမြ
ခင်နားထဲ မိုးကြိုးပစ်လိုက်သကဲ့သို့ဝင်သွား
သည်။
“အမလေး…သေပါပြီတော့”
“ရှင်တို့လူမှ ဟုတ်သေးရဲ့လား”
“တောက် ဒီကောင်မ နာချင်ပြီနဲ့ တူတယ်”
“ဟေ့ကောင်တွေ သွားကြမယ်”
ခေါင်းဆောင်လုပ်သူက လှည်းဘေးမှ လှည့်
ထွက်ရင်း ဆော်သြလိုက်သည်။ ရိုးတစ်လျှောက်
နွားနှစ်ကောင် ဆွဲပြီး ထွက်သွားကြသည်။အ
မှောင်ထဲ တဖြည်းဖြည်းတိုးဝင်ကာ ပျောက်
သွားသည်။ လှည်းပေါ်မှာ သတိမေ့နေသော
ကိုသာလှနှင့် မမြခင်တို့ နှစ်ယောက်သာ
ကျန်ခဲ့သည်။
“ကိုသာလှ…ကိုသာလှ”
လှုပ်ရှားမှုမရှိ ငြိမ်သက်နေသည်။ မမြခင်လည်း
ကိုသာလှသတိရအောင် မည်သို့ကူညီလုပ်ကိုင်
ရမည်မသိ၊ အကူအညီခေါ်ရမည့်သူလည်း မ
တွေ့သည့်အတိုင်း ထိုင်ကြည့်နေလို့ သေသွား
လျှင် သူ့ကိုယ်သူ ခွင့်လွှတ်နိုင်မည်မထင်။
သို့ကြောင့် ဖြစ်လိုရာဖြစ် နောက်နားမှာကျန်
ခဲ့သော ဗောဓိကုန်းရွာထဲ သွားပြီး အကူအ
ညီတောင်းရန် ဆုံးဖြတ်လိုက်သည်။ ရွာထဲ
ဝင်သော လမ်းကို လှည်းနှင့် ဖြတ်လာရင်း
တွေ့ခဲ့သည်။ ရွာထဲမှ သခ်ျိုင်းသို့အသုဘ
လာချသော လမ်းက သူတို့မောင်းလာသော
လှည်းလမ်းကို ဖြတ်နေသည်ကို မြင်ခဲ့သည်။
ထိုလမ်းမှ ရွာထဲသို့ဝင်ရန်သာ ဆုံးဖြတ်လိုက်
သည်။ မမြခင်ခင်ပွန်းဖြစ်သူကို နောက်ဆံတင်း
သောစိတ်နှင့် အပြေးအလွှား ထွက်လာခဲ့သည်။
ကောင်းကင်မှာ လရောင် ရှိနေသဖြင့် လမ်း
ကို ကောင်းစွာ မြင်ရသည်။ ဘုရားကုန်းကို
လွန်လာသည်နှင့် သခ်ျိုင်းကုန်းထဲမှ ဆေး
သုတ်ထားသော ဂူများက မျက်လုံးထဲတန်း
ဝင်လာသည်။ ထိုသခ်ျိုင်းဘက်ကို မကြည့်
မိရန် စိတ်ကို တင်းထားရင်း ရွာထဲဝင်သော
လမ်းဘက်သို့ ရောက်ရန် ခြေကုန်သုတ်ပြေး
လာခဲ့သည်။
ထဘီကို ဒူးအထိရောက်အောင် ဝတ်ထားသ
ဖြင့် ပြေးချင်တိုင်း ပြေး၍ရသည်။ ရွာထဲဝင်
သော လမ်းသို့ ရောက်သည်နှင့် ရွာဘက်သို့
ပြေးလာခဲ့သည်။ ရွာနှင့် လှည်းလမ်းက ပေ
သုံးလေးရာ မျှဝေးမည်ထင်သည်။ ရွာထဲမှာ
မီးရောင်များ တွေ့နေရသည်။ ညခုနှစ်နာရီ
ဝန်းကျင်မို့ လမ်းပေါ်မှာ လူသွားလူလာရှိနိုင်
သေးသည်။ သူကြီးအိမ် သိပ်မဝေးရန်သာ
ဆုတောင်းရသည်။
“ဝုန်း” “အမလေး”
ရွာထဲကိုသာ ဂရုစိုက်ပြီး ပြေးနေသော ခြေ
ထောက်က ကျင်းချိုင့်ထဲ ကျွံသွားပြီး ရှေ့သို့
ပစ်လဲကျသွားသည်။
“အား…ကျွတ်ကျွတ်”
မမြခင်လဲနေရာက ချက်ချင်းမထနိုင်၊ ကျင်း
ထဲကျွံဝင်သွားသော ခြေထောက်က မကျွတ်
ပဲ ခန္ဓာကိုယ်က ရှေ့သို့တရှိန်နှင့် ပစ်လဲသွား
ရာ ခြေသလုံးရိုးကို ကလပ်ချိုးလိုက်သလို
ဖြစ်သွားတော့သည်။
ရွာနှင့် လဲနေသော နေရာက ပေငါးဆယ်မျှ
သာရှိတော့သည်။ သူနှင့်မလှမ်းမကမ်းမှာ
ရွာစပ်ကရှိနေပြီး မီးခွက်ထွန်းထားသော
အိမ်တစ်လုံးက ခြံထဲမှာ ရှိနေသည်။ ခြေ
ထောက်ကို ကျင်းချိုင့်ထဲမှ လက်နှစ်ဖက်
နှင့် အပြီးဆွဲထုတ်လိုက်သည်။
ခြေသလုံးသားပွန်းသွားသည်။ သွေးမထွက်
ပေမယ့် အတွင်းက ခြေသလုံးက ရိုးကျိုး
သွားပြီထင်သည်။တဆစ်ဆစ် နာသည်က
မေ့သွားမတတ်ပင်။
“အား…နာလိုက်တာ…ကျွတ်ကျွတ်”
“ကယ်ကြပါဦးရှင်…ကယ်ကြပါဦး”
တိတ်ဆိတ်သောအချိန်မှာ မမြခင်အသံကုန်
ထအော်လိုက်သည်။
“ကယ်ကြပါဦး…ရွာထဲက လူတွေ ကယ်ကြပါဦး”
“ဝုတ်…ဝုတ်….ဝုတ်”
မမြခင်အသံကြောင့် အနီးဝန်းကျင် အိမ်တွေ
ထဲမှာ လှုပ်လှုပ်ရှားရှား မဖြစ်သေးသော်လည်း
ခြံထဲမှ ခွေးတစ်ကောင်က အသံကြားရာသို့
ထိုးဟောင်ပြီး ထွက်လာသည်။ မမြခင်အနား
သို့ ရန်လိုနေသော ခွေးတစ်ကောင် ထိုးဟောင်
ပြေးလာသည်။
“ဟဲ့ခွေး…ဟဲ့ခွေး”
မမြခင်က ထိုင်နေရာက အနီးရှိ ခဲလုံးကောက်
ပြီး ခွေးကို လှမ်းပစ်လိုက်သဖြင့် ခွေးက လူနား
မရောက်ပဲရပ်ကာ ဟောင်မြဲဟောင်နေသည်။
“ဝုတ်…ဝုတ်”
“ဟဲ့ခွေး…ဟဲ့ခွေး သွားစမ်း”
“ဟဲ့ငနီ…လာခဲ့စမ်း”
ခြံထဲက ယောက်ျားကြီးတစ်ယောက် ထွက်လာ
ပြီး ခွေးကို လှမ်းအော်လိုက်သဖြင့် အဟောင်
ရပ်ကာ ထိုလူနား ခွေးက ပြန်လှည့်ပြေးသည်။
ခွေးကို လှမ်းအော်သော အသံက လူကြီးတစ်ယောက်အသံမှန်း သိလိုက်သည်။
“ဟဲ့…ဘယ်သူလဲ”
“ကျမ…ပါ…ဒုက္ခရောက်နေလို့ အကူအညီတောင်း
တာပါ။ ကျမ ခြေထောက်ကျိုးသွားလား မသိ
ဘူး ထလို့မရဘူး…ဦးလေး”
အမျိုးသမီးတစ်ယောက်မှန်း သိလိုက်သည်နှင့်
ထိုလူကြီးက ရှေ့ကို လျှောက်လာသည်။အနီး
ရောက်တော့ အန္တရယ်မရှိမှန်း သိလိုက်သည်နှင့်
ဒူးထောက်ထိုင်လိုက်ကာ အခြေအနေကို ကြည့်
ရှုသည်။
“မြေကျင်းထဲ ခြေထောက်ကျပြီး ကလပ်ချိုး
သလိုဖြစ်သွားတာပဲ ဘယ်ကလာတာလဲ”
မမြခင်က နာလွန်း၍ ပါးစပ်က စီကာပတ်ကုံး
မပြောနိုင်သော်လည်း အားတင်းပြီး အဖြစ်အ
ပျက်ကို ပြောပြလိုက်သည်။
“အင်း…ခေတ်ကာလမကောင်းတဲ့အချိန်
အခုလို ခရီးသွားတွေ မကြာခဏ ကြုံကြရ
တာ ဦးလေးတို့ကြားနေရတယ်။ ဦးလေးတို့
လည်း ဘာမှမတတ်နိုင်ဘူး၊ လူဆိုး၊ သူခိုး
တွေ ရွာထဲဝင်မလာပါစေနဲ့လို့ပဲ ဆုတောင်း
နေရတယ်…ဦးလေး လူကုရအောင် ခေါ်လိုက်
ဦးမယ် ခဏသည်းခံ ရွာမှာလည်း ဆရာဝန်
မရှိဘူး။ မြန်မာသမားတော်ပဲရှိတယ်၊ သူ့
ခေါ်သွားပေးမယ်။ တူမကြီးရဲ့ ခင်ပွန်းကို
ရွာထဲသွားခေါ်ခဲ့မယ်…လှမောင်ရေ…ဒီကို
ခဏလာဦး…ဦးလေးနာမည်က ထွေးသိန်းတဲ့
အခုခေါ်လိုက်တာ..ဦးလေးသားပဲ”
ခဏတာအတွင်းမှာ လူရွယ်တစ်ယောက်
ရောက်လာသည်။
“မင်းရွာထဲသွား သိန်းဦးတို့ တင်လှတို့ခေါ်
စောင်ပုခတ်လုပ်ပြီး ဝါးလုံးတောင့်တောင့်နဲ့
ဒီကိုအမြန်လာခဲ့ကြ။ ဒီမိန်းခလေး ခြေထောက်
ကျိုးသွားလို့ ဦးစံသိန်းအိမ်ခေါ်သွားရမယ်
ပြီးတော့ စိုးထွန်းနဲ့အောင်မင်းတို့ လူစုကို
နွားနှစ်ကောင်ဆွဲသွားပြီး ဗောဓိကုန်းဘုရား
အလွန်က ချောက်ထဲမှာ လှည်းကောက်ပြီး
ပြန်ခဲ့ကြလို့ပြော ဟုတ်ပလား၊ လှည်းပေါ်
မှာ လူနာတစ်ယောက်ရှိသေးတယ်”
လှည်းက ဘာဖြစ်လို့လဲ နွားတွေကော”
“လူဆိုးတွေ နွားတွေဖြုတ်သွားပြီး လူကို
ရိုက်နှက်ခဲ့တယ်တဲ့”
“ဟာ…ဒုက္ခပါပဲ…ဒီလူဆိုး၊ ဓားမြတွေ တော်
တော်သောင်းကျန်းနေပြီ”
“ရပ်ပြီးဝေဖန်မနေနဲ့ မြန်မြန်သွား မြန်မြန်
ပြန်ခဲ့”
“ဟုတ်ကဲ့ အဖေ”
ဆယ့်ငါးမိနစ်ခန့်အတွင်း လှဆောင်နှင့်လူတစ်
အုပ် ပြန်ရောက်လာသလို လူငယ်သုံးယောက်
က မီးတုတ်နှင့် နွားနှစ်ကောင်ဆွဲပြီး ထွက်လာ
သည်။
“အောင်မင်းရေ ချောက်ထဲမှာ လူနာနဲ့ နွားမရှိ
တော့တဲ့၊ လှည်းရှိတယ်၊ နွားကောက်ပြီး ရွာထဲ
မောင်းလာခဲ့၊ လူနာက သေနတ်ဒင်နဲ့ ဆောင့်
ခံထားရလို့ သတိမေ့နေတယ်တဲ့…ဆေးဆရာ
ကြီး ဦးစံသိန်း အိမ်တစ်ခါတည်း ခေါ်လာခဲ့
ငါသူကြီးကို သွားခေါ်လာခဲ့မယ်”
လှဆောင်တို့ လူငယ်တစ်စုက မမြခင်အား
စောင်ပုခက်ဆင်ပြီး ဝါးလုံးနှင့်ထမ်းကာ
ရွာထဲသို့ ဝင်လာခဲ့သည်။ ရွာထဲမှာ မီးခွက်
များ မီးတိုင်များနှင့် အမျိုးသမီးပါ နောက်
မှပါလာသည်။
ရွာက မည်မျှကြီးသည်၊ ငယ်သည်မသိ၊
သိပ်ကြာကြာမသွားရပဲ သစ်သားအိမ်ကြီး
တစ်အိမ်ရှေ့အရောက်၊ ခြံထဲဝင်လိုက်သည်။
ခြေတံရှည်အိမ်ဖြစ်သည့်အတွက် အိမ်အောက်
မှာ ကွပ်ပျစ်ရှိသည်။
အသက်ငါးဆယ်ကျော်ခန့် ခပ်ဝဝလူကြီး
တစ်ယောက် အိမ်ပေါ်မှ ဆင်းလာသည်။
“ထွေးသိန်း မင်းအသိလား”
“မဟုတ်ဘူး ဦးစံသိန်း ခရီးသွားလင်မယား
ပါ။ သူ့ယောက်ျားကို ဓားမြတွေ သေနတ်ဒင်
နဲ့ထုသွားလို့ မေ့နေတာနဲ့ ရွာထဲ အကူအညီ
တောင်းမလို့ ပြေးလာတာ ခြေထောက်ကျင်း
ထဲကျပြီး ကလပ်ချိုးသလို ဖြစ်သွားတယ်
ကျနော်တို့ခြံနားမှာ အော်ဟစ်ငိုယိုနေသံကြား
လို့ ဆင်းသွားတာ အကြောင်းစုံသိလိုက်ရ
တယ် အခုသူ့ခင်ပွန်းကိုလည်း အောင်မင်း
တို့ သွားသယ်နေကြတယ်”
“ကဲ…ဒါဆိုလည်း မင်းတို့ကူပြီး အိမ်ပေါ်ကိုသာ
တစ်ခါတည်း တင်ပေးခဲ့ကြ၊ သူ့ယောက်ျား
ရောက်လာရင် အခြေအနေ ဘယ်လိုရှိလည်း
ငါ့ကိုအကြောင်းကြားဦး”
လှဆောင်တို့က မမြခင်ကို ဆရာကြီးအိမ်ပေါ်
ကို တင်ပေးကြသည်။ ထိုအချိန် သူကြီးနှင့်
သူကြီးလက်စွဲချစ်ပုတို့ ရောက်လာကြသည်။
“ဒါ လက်မရွံ့ကျော်မိုးတို့အဖွဲ့ လက်ချက်ပဲဖြစ်
မယ် ဒီကောင်တွေ တော်တော်ဆိုးဝါးနေပြီ”
“ဒီကောင်တွေ ဓားမြတိုက်တာထက် အဆင့်
ကျော်နေပြီ ကြခတ်ရုံနဲ့ ကုန်းသားရွာမှာ ဓားမြ
ဝင်တိုက်ရင်း လူပါသတ်သွားတယ်တဲ့ ကျုပ်
တို့ရွာကို ကင်းထားရုံနဲ့ မပြီးဘူး ခြံစည်းရိုး
ကိုပါ ခတ်ဖို့ သင့်ပြီး”
ထိုအချိန် ရွာထဲသို့ အောင်မင်းနှင့်အဖွဲ့ လှည်း
မောင်းဝင်လာသဖြင့် စကားစဖြတ်သွားကြသည်။
“လူနာအခြေအနေ ဘယ်လိုလဲဟေ့”
“သတိတော့မရသေးဘူး မေ့နေတုန်းပဲ”
“ဂျိုစောင်းမှာ သေနတ်ဒင်နဲ့ ထုထားလို့
ဖူးရောင်နေတယ် သွေးတော့ မထွက်ဘူး”
“လူနာမသေဘူးဆိုတဲ့ သတင်းပဲကြားချင်
တယ်၊ ဒါမှဆေးဝါးကုပေးလို့ရမှာ၊ သေပြီ
ဆို ရွာထဲသွင်းလို့ မဖြစ်ဘူး”
“ဒီမှာ လာကြည့်ပါလား အသက်ရှုနေတယ်”
“ကဲ…မင်းတို့လေးယောက် လူနာကို
မပြီး အိမ်ပေါ်တင်ပေးလိုက်ကြကွာ”
ဆေးဆရာကြီးဦးစံသိန်းက မုဆိုးဖိုဖြစ်သည်။
သူနှင့်အိမ်ထောင်မကျသေးသည့် သားတစ်ယောက်၊ သမီးတစ်ယောက်သာရှိသည်။ သား
ကအကြီးဆယ့်ရှစ်နှစ်၊ သမီးက ဆယ့်သုံးနှစ်
သာရှိသေးသည်။ ဖခင်ဆေးကုသလျှင် သမီး
ဖြစ်သူက ကူညီလုပ်ဆောင်ပေးသည်။
ဦးစံသိန်းက မမြခင်ခြေထောက်ကို ဝါးခြမ်းပြား
များနှင့် ညှပ်ကာ သစ်မြစ်ပေါင်းစုံ ရောကြိတ်ပြီး
ကြပ်စည်းထားပေးသည်။ ကိုသာလှကို သေချာ
စွာ ကြည့်ရှုထားပြီး ဒဏ်ရာပေါ်မှာ ဆေးအုံပေး
သည်။
“ဒီသူငယ် ဒီည ဒါမှမဟုတ် မနက်ဖြန်အထိ
ရောက်လို့မှ သတိပြန် လည်မလာဘူးဆို
အခြေအနေမကောင်းဘူး…သေနတ်ဒင်နဲ့
ဆောင့်ချက် တော်တော်ပြင်းတယ် ဦးဆက်
ကွဲသွားတယ်လို့ ထင်တာပဲ၊ သွေးက အပြင်
ကို မထွက်ဘဲ အထဲကို ဝင်သွားရင် အခြေ
အနေအဆိုးဆုံးလို့ပဲ ပြောရမယ်”
“ဆရာ့ကြီး ကိုသာလှကို ရအောင်ကုပေးပါ
ရွာက လယ်ရောင်းပြီး ဆေးဖိုးပေးပါ့မယ်”
“ဆရာ့ဆေးက အဲဒီလောက်မတန်ပါဘူးကွယ်၊
ဆရာအတတ်နိုင်ဆုံးကုပေးပါ့မယ် တူမကြီး
လည်း သက်သာသလိုနေပါ”
“ကဲ…ကိုစံသိန်း အကြောင်းထူးရင် လူလွှတ်
လို့ရအောင် ဒီအိမ်မှာ ချစ်ပုနဲ့အတူ လူငယ်သုံး
လေးယောက် ပေးအိပ်ထားခဲ့မယ် ကျုပ်တော့
ရွာထဲကင်းလိုက်စစ်ဦးမယ် ဒီကောင်တွေ ကင်း
တဲကို ရှစ်နာရီကိုးနာရီလောက်မှ သွားကြတယ်
အခုရွာထဲ လူဝင်လာတာ ကင်းတဲမှာ လူမရှိဘူး”
“လူကောင်းဝင်လို့ပေါ့ သူခိုး၊ ဓားမြဆို
ဘယ်လိုလုပ်မလဲ”
“ဒါဆိုသူကြီးပဲ ညရှစ်နာရီလောက် ကင်းတဲ
ရောက်ရင် တော်ပြီဆို ဒါကြောင့် ကင်းစောင့်
တဲ့ကောင်တွေ အရက်ဆိုင်ဝင်ပြီးမှ လာကြတာ”
“အေး..နောက်ကို မှောင်တာနဲ့အရောက်
လာခိုင်းရတော့မယ်”
သူကြီးက ဦးစံသိန်းအိမ်မှာ လူတစ်ချို့ကို
နေခိုင်းခဲ့ပြီး အိမ်ပေါ်မှ ဆင်းသွားသည်။
ထိုညတစ်ညလုံး အခြေအနေမထူးခြားပဲ
မိုးလင်းသည်နှင့် ကိုသာလှ သတိပြန်ရမလာ
တော့ပဲ မနက်ရှစ်နာရီခန့်မှာ အသက်ရှု
ရပ်သွားတော့သည်။
မမြခင်လည်း ခြေထောက်အနာက တစ်ည
လွန်မြောက်ပြီးမှ မခံမရပ်နိုင်အောင် နာကျင်
လွန်းလှသည်။ ခင်ပွန်းသည်၏ အသုဘကို
မဆိုင်သည့် ရွာသားများက စီစဉ်နေသည်ကို
ကြည့်ပြီး စိတ်မချမ်းမြေ့ဖြစ်နေသည်။
ရွာသားတွေကို အားနာသည်။ သူလည်း ငွေ
ကြေးစိုက်မထုတ်နိုင်၊ ထို့ပြင် သည်လိုခေတ်
ဆိုးကြီးမှာ လင်ယောက်ျားမရှိလျှင် သူ့နေ
ရေး ထိုင်ရေး၊ စားသောက်ရေး မည်ကဲ့သို့
ရင်ဆိုင်သွားရမည်ကို တွေးရင်း စိတ်ခြောက်
ခြားလာသည်။
ထို့ပြင် အုပ်ချုပ်မှုယိုယွင်းသော ကာလမှာ
သူလိုအသက်သုံးဆယ် မုဆိုးမတစ်ယောက်
အတွက် လုံခြုံမှုမရှိနိုင်၊ သို့ကြောင့် လူလော
ကထဲမှာ ကိုသာလှ မရှိဘဲ မနေတော့ဟု ဆုံး
ဖြတ်လိုက်သည်။
ကိုသာလှ၏ အသက်မဲ့ခန္ဓာကိုယ်ကို အိမ်
အောက်သို့ သယ်ချသွားပြီး အသုဘမြေချ
ရန် စီစဉ်နေကြသည်။ သူ့ကိုမည်သူမှ
ဂရုမစိုက်အား သို့ကြောင့် ဆရာကြီးဆေး
ပုလင်းများထားသော စားပွဲပေါ်မှာ လှီးစရာ
ဖြတ်စရာရှိသည့်အခါ အသုံးပြုရန် ကြက်
သွန်လှီးသည့်အရွယ် ဓားတိုတစ်ချောင်းကို
တွေ့ထားသည်မို့ အားယူပြီး သွားကာ
ယူလိုက်သည်။ ဓား၏အသွားက သွေး
ထားသည်မို့ ထက်လှသည်။
ထို့နောက် မျက်စေ့မှိတ်ကာ ဓားသွားနှင့်
လည်ပင်းကို အားကုန်ဆွဲချလိုက်သည်။
လည်ပင်းမှ သွေးများ ပန်းထွက်လာသည်
ကို မြင်လိုက်ပြီး ဓားလွတ်ကျကာ ပက်
လက်လဲကျသွားသည်။
“ဝုန်း”
အိမ်ပေါ်မှ လဲပြိုကျသံကြောင့် လူအချို့ပြေး
တက်လာသည်။
“ဆရာကြီး…ဆရာကြီး အိမ်ပေါ်တက်ခဲ့ပါဦး
ဒီမှာ သွေးတွေ မြင်မကောင်းဘူး”
လူတစ်ယောက်အော်သံကြောင့် လူအတော်
များများ အိမ်ပေါ်တက်လာကြသည်။
“ဟာ…သူ့ကိုယ်သူ သတ်သေ သွားပြီ”
“သူ့ယောက်ျားသေပြီကြားလို့ သူပါလိုက်
သေသွားတာပဲ”
“အင်း…ဘယ်လိုများအတွေးရောက်ပါလိမ့်၊
လူ့အသက်ဆိုတာ ရခဲပါဘိ…ကဲ…မောင်
သောင်းမြင့် ပုဆိုးအဟောင်းတစ်ထည်
ယူခဲ့ သွေးတွေကို သုတ်ပစ်ပြီးမှ ဆေးရမယ်”
“ကဲ…အားလုံးပဲ ရွာထဲရောက်လာတဲ့
အာဂန္တုအသုဘကိစ္စအမြန်စီစဉ်ကြတော့”
သူကြီးလည်း ရောက်လာပြီ၊ အမြန်ဆုံး
မြေကျနိုင်ရေး စီစဉ်ပေးသည်။
“အင်း…ကျုပ်အိမ်တော့ အသုဘအိမ် ဖြစ်ပါပြီ”
“ဘာမှစိတ်မချမ်းမြေ့ဖြစ်မနေပါနဲ့ဗျာ
ကျုပ်တို့အားလုံးလာပြီး ကူညီပေးမှာပေါ့
ရက်လည်သပိတ်သွပ်ဖို့လည်း ရွာထဲမှာ
ကောက်ပေးမယ်”
“အေးဗျာ…သူကြီးပဲကောင်းသလို စီစဉ်ပေးပါ”
သို့ဖြင့် ကိုသာလှနှင့်မမြခင်တို့ နာရေးကို
ဗောဓိကုန်းရွာသားများ စုပေါင်း၍ ပြီးဆုံး
သည်အထိ လုပ်ဆောင်ပေးခဲ့ကြသည်။ဆ
ရာကြီးဦးစံသိန်းက ကိုသာလှတို့ ကျန်ခဲ့သော
လှည်းကို ရွာထဲမှာ ဝယ်မည့်သူအား ရောင်း
ချပြီး သပိတ်သွပ်အလှူမှာ ထည့်ဝင်ပေး
လိုက်သည်။ ထိုကဲ့သို့ အသုဘရက်လည်ပြီး
တစ်ပတ်အတွင်းမှာ ရွာသားအချို့တစ္ဆေ
အခြောက်ခံရသည် ဟုဆိုသည်။
ထိုစကားကို ပြောလာသူက တင်စိန်ဖြစ်သည်။
“ဟုတ်လို့လား တင်စိန်”
“ဟုတ်တယ် မနေ့ည မှောင်ရီပျိုးစအချိန် စည်ပေါက်ရွာက ပြန်လာပြီး ချောက်ထဲအရောက်
မှာ သရဲလင်မယားကို စတွေ့တာပဲ…မိန်းမက
ဆံပင်ဖြန့်ချထားတယ်၊ ယောက်ျားက ပုဆိုး
ခေါင်းပေါင်းထားတယ်၊ သူတို့က ဘုရားကုန်း
ဘက် ကျောပေးပြီး ငါတက်မယ့် ချောက်နှုတ်
ခမ်းမှာ ရပ်နေတယ်၊ ငါက သူတို့လင်မယား
နာရေးမှာ အစအဆုံးကူညီထားတာဆိုတော့
သူတို့မှန်းသိလိုက်တယ်၊ ဒါကြောင့် ရင်တ
ထိတ်ထိတ်နဲ့ မခြောက်မလှန့်ဖို့ တောင်းပန်
လိုက်တာပေါ့..အစ်မကြီးတို့ အစ်ကိုကြီးတို့
ကျုပ်ကဗောဓိကုန်းရွာသားပါ။ ကျုပ်ကို
မခြောက်မလှန့်ပါနဲ့ဗျာ…ကျုပ်ကြောက်
တယ်…ငါ့အသံလည်းဆုံးရော ချောက်ထိပ်
က မှုန်ဝါးဝါးနဲ့ ပျောက်သွားတော့တာပဲ၊
နေဝင်ကာစပဲရှိသေးတယ်၊ မမှောင်သေးဘူး၊
ငါအမြင်မှားစရာလည်း မရှိဘူး သူတို့
ပျောက်သွားတာနဲ့ ချောက်ပေါ်တက်ပြီး
ရွာကို သုတ်ခြေတင်ပြီး ပြန်ခဲ့တာ”
သို့ဖြင့် တစ္ဆေလင်မယားအကြောင်း လူ
ပြောများလာသည်။ ထိုသရဲခြောက်သည့်
သတင်းအပြင် ရွာသားတို့ မယုံနိုင်သည့်
သတင်းကို ကြားလိုက်ရသေးသည်။
ထိုအဖြစ်က ရေမရှိသည့်ချောင်းဖျားဘက်
မှာ စခန်းချ ခိုအောင်းနေသော ဓားမြအဖွဲ့
ညဘက် အိပ်နေစဉ် လူတစ်ရပ်သာသာခန့်
ရှိ ကျွဲပေါက်ကြီးများအရွယ် နွားကြီးနှစ်
ကောင် ဝင်လာပြီး မြင်မြင်သမျှ လူများကို
ခတ်တော့သည်။
“ဝုန်း” “အား” “ဝတ်ထရိန်း” “ဝတ်ထရိန်း” “ဝုန်း”
အားလုံးအော်ကြ ဟစ်ကြ အသက်လုပြေးကြ
နှင့် ငရဲပွက်သကဲ့သို့ရှိနေသည်။
“ဒိုင်း….ဒိုင်း”
ခေါင်းဆောင်လုပ်သူက ရိုင်ဖယ်သေနတ်နှင့်
နွားပေါက်ကြီးများကို ချိန်ပစ်သည်။ သေနတ်
မှန်သော နွားကြီးက ဘာမှမဖြစ်ပဲ ဂျိုကားကား
ကြီးတရမ်းရမ်းနှင့် ပြေးဝင်လာသည်။
“ဒိုင်း”
သုံးချက်မြောက် ကျည်ဆံကလည်း နွားကြီး
ကို ရပ်သွားအောင် မစွမ်းဆောင်နိုင်ခဲ့။ နွား
ကြီး၏ ဂျိုဖျားမှာ လူဆိုးဓားပြခေါင်းဆောင်
ချိတ်ပြီး ပါသွားသည်။
“အား…အား”
နွားကြီးက ဂျိုနှင့်လူကို ချိတ်ထားရာ ဗိုက်
ကပေါက်ပြီး ကျောမှ ဂျိုဖျား ထွက်နေသည်။
ကျန်နွားကြီးက လူဆိုးဓားမြများအားလုံး
နီးပါး နင်းခြေသတ်ပစ်ခဲ့သည်။ မနက်မိုးလင်း
တော့ ဓားမြခေါင်းဆောင် လက်မရွံ့ကျော်
မိုးတစ်ယောက် ဗောဓိကုန်းရွာနှင့် သချိုင်း
လမ်းဆုံ လှည်းလမ်းအလယ်မှာ ဗိုက်မှအူများ
ထွက်ကျပြီး သေဆုံးနေသည်ကို ရွာသားတို့
တွေ့လိုက်ကြသည်။
သို့ကြောင့် လူဆိုးခေါင်းဆောင်ကို သခ်ျိုင်း
ထဲ သယ်ပြီး မြှုပ်လိုက်ကြသည်။ လက်မရွံ့
ကျော်မိုးတို့အဖွဲ့ပျက်သွားပြီ ဟုကြားသည်
နှင့် ညောင်သာရွာနှင့် ကညင်စုရွာဝန်းကျင်မှ
လှည့်လည်သောင်းကျန်းနေသည့် ကျွန်းပြန်
ငတိုးတို့ အဖွဲ့က ဗောဓိကုန်းရွာ၊ စည်ပေါက်
ရွာတို့အထိ နယ်ချဲ့လာသည်။
တစ်ညကျွန်းပြန်ငတိုးနှင့်အဖွဲ့ ဗောဓိကုန်းရွာ
ထဲ ညတစ်နာရီခန့်မှာ ဝင်လာသည်။ သူတို့
အဖွဲ့က ခြောက်ယောက် မြင်းက သုံးကောင်
ပါသည်။ မြင်းတစ်ကောင်ကို လူနှစ်ယောက်
စီးပြီး ရွာထိပ်အထိ ရောက်လာသည်။ ရွာ
အခြေအနေကို အကဲခတ်ကြည့်နေသည်။
“ဒီနားက ဝင်ရင် ကင်းတဲနဲ့ဝေးတယ် ဟုတ်လား”
“ဟုတ်တယ်ဆရာကြီး ညနေကလာပြီး အကဲ
ခတ်ထားပြီးပြီ”
“ဒို့ဓားမြတိုက်ရမယ့်အိမ်ကို ဘယ်သူမှမသိခင်
ရောက်ဖို့ အရေးကြီးတယ်၊ ဓားမြတိုက်ပြီးရင်
အကြောင်းမဟုတ်ဘူး”
“လာ…ဆရာကြီး မြင်းတွေကို ခြေသံလုံအောင်
ထိမ်းပြီး လိုက်ခဲ့”
လမ်းပြသမားက ရှေ့ကဦးဆောင်ပြီး ရွာထဲ
ဝင်သွားသဖြင့် မြင်းနှစ်ကောင် လူလေးယောက်
စီးပြီး လိုက်သွားကြသည်။ ခွေးကလည်းမ
ဟောင်၊ ကင်းသံချောင်းလည်း မပေါ်ထွက်ပဲ
ခြေတံရှည်အိမ်တစ်အိမ်ထဲ ရောက်သွားကြ
သည်။ မြင်းများပေါ်မှဆင်းပြီး အိမ်ပေါ်တက်
လာကြသည်။
“ကျွီ”
သူတို့တံခါးကို ထုရိုက်ဖွင့်မည်အပြင် တံခါး
က သူ့လိုလိုပွင့်သွားသည်။
“ဟင်…ဘယ်လိုဖြစ်တာလဲ”
ရှေ့ကလူဆိုးက ရုတ်တရက် ကြောင်သွားပြီး
အထဲမဝင်ဝံ့သေးပဲ ရပ်လိုက်သည်။
“ဘာဖြစ်လို့လဲ”
နောက်မှလူက လေသံနှင့်မေးလိုက်သည်။
“တံခါးသူ့အလိုလို ပွင့်သွားတယ်”
“အိမ်ရှင်တွေများ နိုးနေလို့လား”
“မနိုးဘူး တံခါးရှေ့မှာ ဘယ်သူမှမရှိဘူး”
“ဟင်” “အမယ်လေး…သရဲကြီး”
မရှိဘူးဟု နောက်ကို လှည့်ပြောရာတွင် ရှေ့ပြန်
အလှည့် သူ့ရှေ့တံခါးဝမှာ ရပ်နေသော သူ့ထက်
ခေါင်းနှစ်လုံးခန့်မြင့်သည့် ခေါင်းပေါင်းပေါင်း
ထားသည့် လူလိုလိုအကောင်ကြီးကို မြင်ပြီး
ကြောက်ကြောက်လန့်လန့်နှင့် ထအော်လိုက်
သည်။
“ဝုန်း” “အား” “အမယ်လေးဗျ”
သူ့ရှေ့က လူကသရဲကြီးက ရုတ်တရက် ဆောင့်
ကန်ချလိုက်ရာ လှေကားပေါ် ရှေ့နောက်ဆင့်
ပြီး တက်လာသူ လူဆိုးငါးယောက် နောက်ပြန်
အနေအထားနှင့် လှေကားပေါ်မှ ပစ်ကျကုန်သည်။
“ဟီး…ဟီး”
အိမ်အောက်မှ မြင်းသုံးကောင်လည်း ဘာကို
မြင်လိုက်သည်မသိ ကြောက်လန့်ပြီး အိမ်ထဲ
မှ ကစုန်ဆိုင်းပြီး ရွာလမ်းတစ်လျောက်ပြေး
ထွက်သွားသည်။
“ဒေါင်…ဒေါင်…ဒေါင်…ဒေါင်…ဒေါင်”
တစ်ရွာလုံး ကင်းတဲများ သံချောင်းခေါက်သံ
ကြောင့် ဆူညံသွားတော့သည်။ ရွာလူကြီးလည်း
လူစုပြီး ထွက်လာသည်။ နီးစပ်ရာ သတင်းစုံ
စမ်းပြီး နောက်ဆုံးဓားမြဝင်တိုက်သည့်အိမ်သို့
ရောက်လာကြသည်။
မြေကြီးပေါ်မှာ လဲပြိုနေသော လူဆိုးငါး
ယောက်နှင့် ကြောက်ကြောက်လန့်လန့်
ဖြစ်နေသော လူဆိုးတစ်ယောက်ကို တွေ့
လိုက်သည်။
“ဟေ့ကောင် ဘာဖြစ်နေတာလဲ”
“သ…သရဲခြောက်ခံရလို့”
“ဆံပင်ဖားလျားချထားတဲ့ သရဲမကြီးနဲ့ ခေါင်း
ပေါင်းထားတဲ့ သရဲကြီးက ဟိုဘက်နဲ့ ဒီဘက်မှာ
ရပ်နေတယ်။ ဟိုရှေ့က လူတွေကိုလည်း
သရဲကြီးက လှေကားပေါ်က ကန်ချလိုက်တယ်”
“မသေသေးတဲ့ အကောင်အားလုံး ငါ့အိမ်ကို
ဖမ်းသွားပြီး ထိတ်တုံးထဲထည့်ထား ချစ်ပုခေါ်
သွားပြီးမှ ငါသိချင်တာမေးမယ်”
သူကြီးတူချစ်ပုက ဓားမြများကို ကြိုးတောင်း
ပြီး ချည်နေသည်။
“သူကြီး ဒီလူအခြေအနေမကောင်းဘူး၊
လက်တစ်ချောင်းကျိုးပြီး သတိမေ့နေတယ်”
ဓားမြလက်တစ်ချောင်းက နောက်သို့လိမ်ပြီး
လှန်ချိုးသလို ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ထိုစဉ် ကင်းတဲမှ လူများ မြင်းသုံးကောင်ကို
ဆွဲပြီး ရောက်လာသည်။
“ဦးကံညွန့်တို့ ဘာပစ္စည်းတွေပါသွားသေးလဲ”
“ဘာမှမပါဘူးသူကြီး အိမ်ပေါ်တက်တဲ့လှေ
ကားထိပ်က တံခါးတောင် မပွင့်သေးဘူး
အိမ်အောက်က အသံကြားလို့နိုးလာတာနဲ့
တံခါးဖွင့်ကြည့်တာ”
ဒဏ်ရာကြီးကြီးမားမား မရသောဓားမြတစ်
ယောက်က ဖြစ်ပျက်ပုံကို သူကြီးအား
ပြောပြသည်။
“ကျတော်တို့ငါးယောက် လှေကားပေါ်တက်ပြီး
တံခါးဖွင့်ခိုင်းမယ်ပြောတုန်း လှေကားထိပ်တံ
ခါးပွင့်လာပြီး တံခါးထိပ်မှာ ပုဆိုးခေါင်းပေါင်း
ထားတဲ့ သရဲကြီးပေါ်လာပြီး ကန်ချလိုက်တာပဲ”
“ဦးကံညွန်ခြံထဲမှာ သရဲမွေးထားလား”
“ဟာ..ကြံကြီးစည်ရာသူကြီးရာ အဲဒါဟိုတလော
က သေသွားတဲ့ ဧည့်သည်လင်မယားသရဲ
ဖြစ်နိုင်တယ်”
“ဟုတ်တယ်ဗျ ကျုပ်ကအိမ်အောက်မှာ မြင်း
သုံးကောင်ကို ကြည့်ထားရတာ ဆံပင်ဖားလျား
ချထားတဲ့ သရဲမကြီး ရုတ်တရက်ပေါ်လာရော
မြင်းတွေလန့်ပြီး ထွက်ပြေးကုန်တယ်၊ ကျ
တော်လည်း ထိုင်လျက်လဲကျသွားတယ်”
“အေးဗျာ…ရွာကို ဒုက္ခနဲ့ရောက်လာတဲ့ လင်မ
ယားကို ကျုပ်တို့ စေတနာပါပါနဲ့ အကူအညီ
ပေးတာ သေတဲ့အထိ သူ့တို့ ကျေးဇူးတင်
သွားတဲ့ပုံပဲ၊ ဒါကြောင့် ဒီရွာဝန်းကျင်မှာနေ
ပြီး ရွာရဲ့အန္တရယ်ကို ကာကွယ်ပေးနေတာ”
“ဒါကျွန်းပြန်ငတိုးအဖွဲ့ပဲ၊ လက်မရွံ့ကျော်မိုး
အဖွဲ့လည်း ပျက်သွားပြီဆိုတော့ ဒီနယ်တစ်
ဝိုက် သောင်းကျန်းနေတဲ့ ဓားမြတွေ ဇာတ်
သိမ်းကုန်ပြီ သာလှတို့လင်မယားကို
ကျေးဇူးတင်တယ်”
“ကဲ…ဒီမထနိုင်တဲ့ကောင်ကို ဘယ်လိုသယ်မ
လဲ၊ တစ်ခါထဲ သေသွားရင်လည်း ကောင်းတယ်၊
ကျွန်းပြန်ငတိုး ဂျွမ်းပြန်ကျပြီး အသေဆိုးနဲ့
သေသွားတာလို့ နာမည်တွင်ရမယ့်ဟာ မသေ
သေးဘဲ သက်ဆိုးကရှည်နေတယ်”
“ဟေ့ တင်ထွန်း၊ ငါ့ဆီမှာ မြေကြီးသယ်တဲ့ဝါး
ကပ်ရှိတယ်။ အဲဒီပေါ်တင်ပြီး ရှေ့နောက်
မပြီးသွားကြ”
ဦးကံညွန့်အိမ်မှာ သတိမေ့နေသော ဓားမြ
ခေါင်းဆောင်ကို ဝါးကပ်ဖြင့် တင်ပြီး သူကြီး
အိမ်သို့ သယ်သွားကြသည်။ ထို့နောက် ဦးကံ
ညွန့်မိသားစုက ကိုသာလှ၊ မမြခင်တို့သရဲ
လင်မယားအား ကျေးဇူးတင်သည်ဆိုပြီး
ရွာပြင်သို့ ဖိတ်ကာ ကြက်သားဟင်းနှင့်
ထမင်းပုံပြီး ကျွေးလိုက်ကြသည်။
သူတို့ကျွေးပြီးပြန်လာတော့ တစ္ဆေလင်မယား
လာသည်ကို ရိပ်ကနဲ မြင်လိုက်သည်ဟု ပြော
ကြသည်။ ကင်းတဲမှ လူများကလည်း တစ္ဆေ
လင်မယား ဗောဓိကုန်းဘုရားဘက်သို့ တက်
သွားသည်ကို မြင်လိုက်ကြောင်း ပြောပြသည်။
“ခြောက်တာလှန့်တာတော့ မလုပ်ဘူးဗျ။
သူတို့ရှိနေကြောင်းပြချင်တာလား မသိဘူး။
ဘုရားကုန်းဝန်းကျင်မှာ နေတာဖြစ်နိုင်တယ်”
တစ္ဆေမယုံဘူးဆိုသော ဦးကံညွန့်ပင် လက်တွေ့
ကြုံလိုက်ရသဖြင့် ယုံကြည်လွန်ကာ ရွာပြင်က
မန်ကျည်းပင်ကြီးအောက်မှာ တစ်လတစ်ခါ
ကျွေးမွေးပြုစုမည်ဟု ကတိပေးရင်း သစ်ပင်
နှင့်ကပ်၍ နတ်စင်လိုလို ရုက္ခစိုးလိုလို စင်လေး
ဆောက်ထားပေးသည်။
သို့ဖြင့် နွေကာလကုန်၍ ကဆုန်လဆုတ်ရက်မှာ
မိုးစပြုလာသည်။ စည်ပေါက်ရွာမှာ ရဟန်းခံ
ရှင်ပြုပွဲရှိသည်။ မိုးဦးကာလမဝင်သေးသော်
လည်း သက်ြန်ပြီးကတည်းက မိုးမကြာခဏ
ရွာလာသည်။ သို့ကြောင့် ရှင်ပြုပွဲကို မလှည့်
တော့ပဲ ရွာဦးကျောင်းမှာပဲ အလှူလုပ် ကျွေး
မွေးဧည့်ခံသည်။
ထိုရွာအလှူသို့ ဗောဓိကုန်းရွာမှ ဆွေမျိုးများကို
ဖိတ်သဖြင့် မိသားစုသုံးစု လှည်းနှင့်လာခဲ့သည်။
နေ့ခင်း တရားပွဲ ပြီးတော့ လှည်းနှစ်စီး ဗောဓိ
ကုန်း ရွာသို့ ပြန်သွားကြသည်။
စည်ပေါက်ရွာမှာ ဦးချစ်ဆိုင်တို့ မိသားစုကျန်
ခဲ့သည်။ ညနေမှာ ရွာသို့ လမ်းလျှောက်ပြန်ကြ
မည်ဖြစ်သည်။ လှည်းနှစ်စီးပြန်သွားပြီးနောက်
ပိုင်း ညနေသုံးနာရီခန့်မှစ၍ မိုးက အဆက်
မပြတ်ရွာလေတော့သည်။
“ကိုချစ်ဆိုင် ရွာအနောက်ဘက်မှာ မိုးတွေ
ညိုမှောင်နေတာပဲ ဒီမိုးက တစ်ညလုံး ရွာမယ်
ထင်တယ် ချောင်းရေမကျခင် ပြန်ကြမယ်”
“ဒီလောက်မိုးနဲ့ ချောင်းထဲရေကျလည်း တစ်
ပေ၊ နှစ်ပေပေါ့ကွာ၊ ခဏနေရင် ပြန်ကြတာပေါ့”
“အခုပဲရိုးထဲမှာ ရေကတစ်ထွာကျော်နေပြီ
မခင်လှတို့ ကိုအေးမောင်တို့ကို နှုတ်ဆက်
ပြီး ပြန်ကြမယ် ရှင့်မြေးနဲ့ရှင့်သားနှစ်
ယောက်စလုံး မမြင်ဘူး”
ဦးချစ်ဆိုင်တို့လည်း ရွာပြန်ရန် သားဖြစ်သူ
နှင့် မြေးဖြစ်သူကို ရှာကြသည်။ သားက
ဦးချစ်ဆိုင်တို့ လင်မယား၏နောက်ဆုံးသား
ဖြစ်သည်။ အသက်ဆယ့်ငါးနှစ်ရှိပြီ၊ မြေး
က အကြီးဆုံးသမီးမှမွေးခြင်းဖြစ်သည်။
အသက်ဆယ့်တစ်နှစ်ရှိပြီ၊ ခဏနေတော့
မြေးဖြစ်သူကို တွေ့သဖြင့် ပြန်မည်ဟုပြော
ကာ အလှူရှင်များကို နှုတ်ဆက်သည်။
ဦးချစ်ဆိုင်တို့ စည်ပေါက်ရွာမှ မိုးသည်းသည်း
အောက်မှာ ပြန်လာကြသည်။ ထီးတစ်ယောက်
တစ်ချောင်းစီနှင့် သွက်သွက်လျှောက်ခဲ့ကြ
သည်။ စည်ပေါက်ရွာနှင့် ဗောဓိကုန်းရွာသိပ်
မဝေးသဖြင့် ခြေလျင်လျှောက်လျင် တစ်
နာရီခန့်လျှောက်ရသည်။
ယခုလို မိုးသည်းသည်းအောက်မှာ တစ်နာရီ
ခွဲခန့်လျှောက်မှ ရွာရောက်ပေလိမ့်မည်။ အလှူ
ပွဲမှ သုံးနာရီခွဲခန့် ပြန်ခဲ့ကြသည်။ အချိန်က
စောသေးသော်လည်း ကောင်းကင်မှ မိုးသား
မိုးရိပ်တို့ကြောင့် ပတ်ဝန်းကျင်ကို ညိုမှိုင်း
နေသည်။
“တော်ပါသေးရဲ့ ရေက တစ်တောင်လောက်ပဲ
ရှိသေးတယ်”
“ချောင်းထဲဆင်းရင် ခြေချောင်းတွေကုတ်
ပြီးဆင်း ချော်ကျမယ် မလောနဲ့”
တစ်ယောက်နှင့် တစ်ယောက် လက်တစ်ဖက်စီ
နှင့်ထိမ်းရင်း ချောင်းအောက်ခြေသို့ ဆင်း
လိုက်ကြသည်။ သူတို့ကူးသောနေရာက
အကျယ်ပေငါးဆယ်ခန့်သာရှိသည်။ရေအ
နက်က တစ်ပေသာသာခန့်သာရှိသည်။
ထီးက တစ်ဖက် ကျန်တစ်ဖက်က တစ်ယောက်
ကို တစ်ယောက်ဆွဲရင်း ရေထဲလျှောက်နေ
ကြသည်။
ဝေါ….ဝေါ….
ဟင်း…ရေတွေ”
“မြန်မြန်ကူး…ချောင်းအထက်မှာ ရေလုံးကြီး
ထိုးဆင်းလာတယ်”
မျက်စိနှင့်မြင်နိုင်သော နေရာခန့်စီမှ ရေလုံး
ကြီးထိုးဆင်းလာသည်ကို တွေ့လိုက်သည်။
သူတို့ချောင်းအလယ်လောက်မှာသာ
ရှိသေးသည်။
“ပြေး…ပြေး…ချောင်းပေါ်ရောက်အောင်ပြေး”
“ဝေါ…ဝေါ”
ပေအစိတ်ခန့်အကွာဝေးကို ရေထဲကူးပြီး
ပြေးရသည်မှာ ကုန်းပေါ်ကလောက် မမြန်
ပေမယ့် လူငယ်နှစ်ယောက်က ချောင်းကမ်း
စပ်ရောက်သွားသည်။ နောက်မှ ဦးချစ်ဆိုင်
တို့လင်မယားက လက်တစ်ကမ်းခန့်သာ
လိုတော့သည်။
“လာ…လာ…ကျတော့်လက်ကိုဆွဲလိုက်”
သားဖြစ်သူက လက်လှမ်းပေးသည်။
“တက်…တက် ရပ်မနေနဲ့ ခြေချော်မယ်
ရပ်နေလို့မဖြစ်ဘူး တက်ကြတော့”
“ဝေါ…ဝုန်း”
ထိုစဉ်မှာပဲ ရေလုံးက ကမ်းစပ်မှလူငယ်နှစ်
ယောက်ရော ဦးချစ်ဆိုင်တို့ လင်မယားကိုပါ
ရိုက်ချသွားသဖြင့် ရေလုံးနှင့်အတူ ပစ်ပါ
သွားသည်။ အားလုံးရေထဲ မြုပ်လိုက်ပေါ်
လိုက်နှင့် ရေလုံး၏နောက်မှာ ကျန်ခဲ့သည်။
ပြင်းထန်သော ရေလုံးကြီးက သူတို့ရှေ့အတော်
လှမ်းလှမ်း ရောက်သွားသည်။ သူတို့ရေလုံးနှင့်
အတူ ပါမသွားဘဲ ကမ်းစပ်ဘက် တဖြည်းဖြည်း
ရွေ့လျားနေသည်ကို သတိပြုမိသည်။
ကမ်းစပ်ဘက်ကြည့်လိုက်တော့ ကမ်းပေါ်မှာ
မြေးဖြစ်သူနှင့် သားငယ်တို့ကို မြင်လိုက်သည်။
သူတို့ဘေးမှာ ဆံပင်ဖြန့်ချထားသော အမျိုး
သမီးတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်
သည်။ ဦးချစ်ဆိုင်တို့ လင်မယားလည်း ကမ်း
ပေါ် အားယူတက်လာကြသည်။
“ဟင်”သူတို့နှစ်ယောက်နောက်မှာ ခေါင်းပေါင်း
နှင့်တစ္ဆေကိုသာလှကို မြင်လိုက်သည်။ သူလည်း
ရေထဲမှ လိုက်တက်လာသည်။
“ငါတို့လင်မယားကို ရေထဲပါမသွားအောင်
လုပ်ပြီး ကမ်းပေါ်ပို့ပေးတာပေါ့ ဟုတ်လား”
တစ္ဆေကိုသာလှက ဘာမှပြန်မပြောပဲ ဆက်
တက်သွားသည်။ အပေါ်ရောက်တော့ တစ္ဆေ
လင်မယားမရှိတော့ ပျောက်သွားကြသည်။
“မင်းတို့ဘယ်လို အပေါ်ရောက်လာတာလဲ”
“ဘယ်လိုရောက်မှန်းကို မသိလိုက်ဘူး
သားတို့ကို ရေလုံးထိုးချလို့ ရေထဲမှာ
ဂျွမ်းနှစ်ပတ် သုံးပတ်လောက်ပစ်သွား
သေးတယ် ပြီးတော့ ဒီကမ်းစပ်မှာလာ
တင်နေတာပဲ အဒေါ်ကြီးတစ်ယောက်က
ရေစပ်ကနေ ဆွဲတင်လို့ ဒီပေါ်တက်လာတာ”
“အဲဒီအဒေါ်ကြီးလည်း ဘယ်ထွက်သွား
မှန်း မသိဘူး”
“မင်းတို့ထိုင်နေတဲ့ဘေးမှာရပ်နေတာ ငါတို့
တွေ့တယ် ငါတို့နောက်ကလူတစ်ယောက်
လိုက်ပြီး တက်သွားတာ တွေ့လိုက်လား”
“ဟင့်အင်း မတွေ့ဘူး၊ ရေထဲက အဘိုးနဲ့
အဘွား နှစ်ယောက်ထဲ တက်လာတာ
မဟုတ်ဘူးလား”
“ကဲ….မိုးရွာထဲ ဆောင်းစရာမပါပဲ ပြန်ကြရ
တော့မယ် အလှူက ငှားခဲ့တဲ့ ထီးနှစ်ချောင်း
လည်း ရေစီးနောက်ပါသွားပြီ”
ဦးချစ်ဆိုင်တို့မိသားစု ရွာသို့ ငါးနာရီကျော်
ကျော်မှ ပြန်ရောက်လာကြသည်။ ထိုကဲ့သို့
တစ္ဆေလင်မယားက ကျေးဇူးတရားသိပြီး
ဗောဓိကုန်းရွာသားများကို စောင့်ရှောက်
ခဲ့သလို ဗောဓိကုန်းသားတို့ကလည်း တစ္ဆေ
လင်မယားအား မကြာခဏဆိုသလို စင်လေး
ပေါ် အစားအသောက်များ တင်ပြီးကျွေး
ကြသည်။
အဂ်လိပ်အထွက် ဂျပန်အဝင်မှသည် စစ်ကြီး
များပြီးဆုံးသည့်နောက်ပိုင်းအထိ မည်သည့်
သူခိုးဓားမြ၊ ဂျပန်စစ်တပ်အစ၊ ခိုးဆိုး၊တိုက်
ခိုက်၊ လုယက်၊ သတ်ဖြတ်ခြင်းမပြုနိုင်အောင်
စောင့်ရှောက်ခဲ့ကြောင်း ရွာသားများအသိအ
မှတ်ပြု လက်ခံခဲ့သည်။
တစ်ရက်ဗောဓိကုန်းရွာသို့ ဂန္ဓာရီလှည့်တရား
ကျင့်ကြံနေသော ရဟန်းတော်တစ်ပါး ကြွလာ
သည်။ ရွာသားတစ်ယောက် လျှောက်တင်မှု
ကြောင့် တစ္ဆေလင်မယားအကြောင်း ကြားသိ
သွားသည်။ ရဟန်းတော်က တစ္ဆေလင်မယား
အား အစားအသောက်ကျွေးမွေးပြီး စောင့်
ရှောက်ထားမည့်အစား သူတို့ကျွတ်ရာလွတ်
ရာ လုပ်ပေးမှ သူတို့ကို ကျေးဇူးဆပ်ရာ
ရောက်ကြောင်း ဟောကြားရှင်းလင်းပြသည်။
ရွာသူရွာသားတို့လည်း သဘောပေါက် နားလည်
သွားကာ ရဟန်းတော်အား အကျွတ်အလွတ်
တရား ဟောကြားပေးပါရန် လျှောက်ထားကြ
သည်။ရဟန်းတော်က တစ္ဆေလင်မယား
လက်ရှိဘုံဘဝထက် မြင့်မြတ်ရအောင် ကျောင်း
အတွက် ရည်စူးလှူခြင်း၊ အစားအသောက်
ရည်စူးလှူခြင်း၊ အဝတ်အထည်ရဖို့ သက်န်း
လှူခြင်းတို့ကို ရွာရဲ့ဘုန်းတော်ကြီးကျောင်းမှာ
လှူပေးရန် ပြောဆိုပြီး ရှေ့ခရီးဆက်၍
ကြွသွားတော့သည်။
သူကြီးက ဦးဆောင်ပြီး တစ်ရွာလုံး တတ်စွမ်း
သမျှ အလှူငွေထည့်ဝင်ကာ အာဂန္တုရဟန်း
မှာကြားသွားသည့်အတိုင်း ရွာဦးကျောင်းမှာ
တစ္ဆေလင်မယားအတွက် အကျွတ်အလွတ်
တရားအလှူပွဲ လုပ်လိုက်ကြသည်။
တစ္ဆေလင်မယားကိုလည်း အသေအချာ
ဖိတ်ပြီး ခိုင်းခဲ့သည်။ ထိုကဲ့သို့ ပြုလုပ်ပေးပြီး
သည့်နောက်ပိုင်း တစ္ဆေလင်မယားကို မည်
သူမှမတွေ့ကြရတော့။
တစ္ဆေလင်မယား ဗောဓိကုန်းရွာမှ ပျောက်
ကွယ်သွားဖြစ်ပေမယ့် တစ္ဆေလင်မယားနှင့်
ပတ်သက်ခဲ့ဘူးသူ၊ သူ၏အစောင့်အရှောက်
ခံခဲ့ရသူများကတော့ ရင်ထဲမှာမမေ့နိုင်ဘဲ
ကျန်ရစ်နေသေးတော့သည်။
ပြီးပါပြီ
မူရင်းရေးသူ ဆရာ ဧကန်မင်း
စာဖတ်သူများ စိတ်ရွှင်လန်းပါစေ