တစ်ပွဲပြန်စံမြနှင့်ဆံပင်ပွား(စ/ဆုံး)

Unicode Version

တစ်ပွဲပြန်စံမြနှင့်ဆံပင်ပွား(စ/ဆုံး)
——————————————
ကျွန်ုပ် ဘကြီးသည် ရန်ကုန်မြို့ဆိပ်ကမ်းသာလမ်း၌ နေပါတယ်။
ဘကြီးသည် အသားညိုညို၊ အရပ်ရှည်ရှည် လက်ပြင်ကိုင်းကိုင်းနှင့် ကျွဲချိုမျက်မှန်ထူထူကြီးကို တပ်ထားပါတယ်။ သူ့ကိုကြည့်လျှင် အင်္ကျီ လက်ရှည်အဖြူ၊ လည်တိုနှင့် ပုဆိုးကွက်တုံး အနီ၊ အပြာအကွက်ကျဲကြီးကို အမြဲဆီးတတ်ပါတယ်။ အဝတ်အစားဝတ်ရာမှာ စမတ်အလွန်ကျပါတယ်။ သူ၏ ဗိုကေကို အုန်းဆီရွဲအောင်လိမ်းပြီး ညာဘက်သို့ ခွဲထားကာ ကော့နေ အောင် ဖီးထားတတ်ပါတယ်။ တစ်ခါတစ်ခါကျတော့ နိုင်ငံခြားစတိုင်မျိုး၊ ဘောင်းဘီရှည်၊ ကုတ်အင်္ကျီ၊ ရှူးဖိနပ်နှင့် ကက်ဦးထုပ်ကိုဆောင်းကာ တုတ်ကောက်နှင့် လမ်းလျှောက်လေ့ရှိပါတယ်။ ဘကြီးသည် အလွန်မှ စီးကရက်ကြိုက်သူ ဖြစ်တယ်။ သူ အမြဲတမ်းသောက်လေ့ရှိတဲ့ ငါးသုံးလုံး စီးကရက်ကို သံဘူးဖြူဖြူနှင့် မပြတ်ထည့်ကာသောက်ပါတယ်။ သူ့ဘူးထဲမှာ မီးခြစ် အမြဲတမ်းပါပါတယ်။ ဘကြီးမှာ ဇနီး ဒေါ်ကြီးဒေါ်ငွေညွန့် ရှိပါတယ်။

သားသမီးကတော့အကြီးမမိန်းကလေးနှင့် အငယ်ယောက်ျားလေးပဲမှတ်မိ ပါတယ်။ နာမည်တော့ မမှတ်မိတော့ပါ။
ဘကြီးနဲ့ စတွေ့တော့ ဘကြီးက အသက် (၆ဝ) ကျော်၊ ရွာကိုလာရင်း ဆွေမျိုးတွေနဲ့အနည်းဆုံး(၆)လမှတစ်နှစ်အထိကြာတတ်သူ၊လူဆွေးဆွေး၊ ကြမ်းဆွေးဆွေး နေတတ်သူ ဖြစ်ပါတယ်။ ဘကြီးတို့က မျိုးရိုးလိုက်တယ်။ သူ့အဘိုး ဘိုးရွှေဥဆိုတာ ရာဇဝင်တွင်တဲ့ စကားရှိတဲ့သူ။ အဲဒါ- ကျွန်ုပ်တို့ အမေနဲ့ ဦးလေးတွေက “ဒီကောင်လေးတော့ အဘိုးရွှေဥ ငရုတ်သီးစိမ်း ခူးသွားသလိုပဲ” လို့ ပြောတယ်။ ဟုတ်ပါတယ်- အဓိပ္ပာယ်သိတော့မှ အဘိုး ရွှေဥဟာ သူငယ်ချင်းနှစ်ယောက် ထမင်းထိုင်စားနေရင်း အမေ ကျွန်တော် တို့ နောက်ဖေးမှာ ငရုတ်သီးစိမ်းသွားခူးဦးမယ်ဆို ပျောက်သွားတာ အဖေ၊ အမေတွေလည်း သေကုန်၊ နောက် သူ့အသက် (၇၃) နှစ်ကြာမှ ပြန်လာ တော့ နောင်မြေးတွေ၊ မြစ်တွေက မသိတော့ဘူးတဲ့။ အဲဒါနဲ့ သုံးလလောက် ကြာတော့ သေသွားတယ်။ ဒီတော့- ဘကြီးစံမြတို့ အဘိုးဆိုတာ ကြက်မှာ အရိုး၊ လူမှာ အမျိုးဆိုတာ ရှေးလူကြီးတွေ စကားက ဘယ်လွဲပါလိမ့်မလဲ။
ဘကြီးတို့က (၃၈)လမ်း ဈေး၊ ယခင်ဈေးဟောင်းမှာကုန်စုံဆိုင်ရောင်း တယ်၊ ဘကြီးဇနီးက နေ့စဉ်ရောင်းတယ်။ ဘကြီးကတော့ ကွမ်းယာနဲ့ ဆေး လိပ်ဆိုင်ဖွင့်တယ်။ ဘကြီးက တစ်ဈေးလုံးမှာ ဗိုလ်မထားဘူး။ ဒါကြောင့် လည်း သူ့ကို ပုလိပ်စံမြ၊ လူမိုက်စံမြ၊ စစ်သားကြီးစံမြ၊ တစ်ပွဲပြန်စံရလို့ ခေါ် ကြတယ်။ ကျွန်ုပ် ရန်ကုန်၊ မင်္ဂလာဒုံမှာ သင်တန်းတက်တော့ စနေ၊ တနင်္ဂနွေ ပိတ်ရက်မှာ သူ့ဆီမှာ သွားအိပ်လေ့ရှိတယ်။ ဘကြီးက ကျွန်ုပ်ကို တူတစ် ယောက်ဆိုပေမယ့် အထူးဧည့်သည်တစ်ယောက်လို ပြုစုလေ့ရှိပါတယ်။ ထမင်းကျွေးလို့ရှိရင် (၃၈)လမ်းဈေး ထမင်းဆိုင်မှာ စားလေ့ရှိတယ်။
“ဒီမှာ-တူမလေး၊ ရှိတဲ့ဟင်းခွက် အကုန်လုံးချပေး၊ ကြိုက်တာစားမယ်၊ နောက်ပြီး အားလုံးရှင်းမယ်။ ကဲ- တူလေး မင်းကြိုက်သလိုစားတော့” ဘကြီးက အဲဒီလို ထမင်းဟင်းစုံနဲ့ ချကျွေးလေ့ရှိတယ်။ ဘကြီးကမြို့ထဲ လျှောက် ဘုရားစုံဖူးလေ့ရှိတယ်။ ကျွန်ုပ်က သူ နောက်လျှောက်လိုက်ရင်းလမ်းဖြတ်ကူးရာမှာ ဂဠုန်ဆွဲခံရဖူးတယ်။ ဘကြီးက ရဲကို လက်ပြန်ရိုက်ပြီး ကျွန်ုပ်တို့ တူဝရီးနှစ်ယောက် ထွက်ပြေးလို့ လွတ်ခဲ့ဖူးတယ်။
ဒေါ်ကြီး ငွေညွန့် ဈေးဆိုင်ကို ညဘက်သွားပြီး ဈေးသိမ်းလေ့ရှိတယ်။ ည(၉)နာရီလောက်မှအိမ်ကိုပြန်ပြီးအိပ်ကြတယ်။ ထူးခြားတာကဘကြီးကို တစ်ယောက်ထဲ အိပ်စေပါတယ်။ သူ အိပ်တဲ့အိပ်ရာပတ်လည်မှာ ခေါင်းအုံး တွေ၊ မွေ့ရာတွေ ပတ်လည်ဝိုင်းပြီးထားတာတွေ ပါတယ်။ ည (၁၀)နာရီ၊ (၁၁) နာရီလောက်ဆို ဘကြီး ခေါခေါနှင့် ဟောက်သံကြားရပြီး သိပ်မကြာ ခင်မှာ –
“ဝှီး – ဒုတ်၊ အား – ဗုတ် – ဗုတ်-အင့်၊အား-ဝှီး-ဝှီး”ထိုအသံကိုကြားနေ ရ၏။ ကျွန်ုပ်မီးဖွင့်ကြည့်လိုက်ရာ ဘကြီးစံမြလက်ဝှေ့ထိုးနေခြင်းဖြစ်လို့ဟာ ဘာဖြစ်နေတာလဲ။ စိတ်ထဲမှာ အတွေးနှင့် မီးပြန်ပိတ်တော့မှပင်။
“လူလေး – မင်းဘကြီးက လက်ဝှေ့ထိုးနေတာ၊ သူ့ အနား ဘယ်သူမှ အိပ်လို့ မရဘူးကွဲ့”
“ဒေါ်ကြီး ညတိုင်းလား၊ ဒီလိုပဲ တိုးတတ်သလား”
“အေး – သူ့အနားမှာ မအိပ်တာ အကောင်းဆုံးပဲ၊ ညတိုင်းလိုလိုပဲကွဲ့” ဘကြီးစံမြ ထိုတစ်ညမှာ သူ၏လက်ဝှေ့ထိုးခန်းဇာတ်သိမ်းသွားပါလေ တော့၏။
ဘကြီးစံမြရဲ့ထူးခြားချက်တွေက သိပ်များပါတယ်။ ဘကြီးက လူအရပ် ရှည်ပေမယ့် စိတ်ကတော့ အလွန်မြန်တယ်။ သန်လည်း သန်တယ်၊ လျင် လည်း လျင်တယ်၊ ဘကြီးက မျက်မှန်ထူထူကြီးနဲ့သာ၊ မျက်စေ့မှုန်မှုန်နဲ့ ကြည့်နေတာ။ ဒါပေမဲ့ – မဟုတ်ရင်တော့ စံမြအကြောင်း သိမယ်လို့ ကြိမ်းဝါး တတ်တယ်။
တစ်နေ့မှာ ကျွန်ုပ် (၃၈)လမ်း ဒေါ်ကြီးငွေညွန့် ကုန်စုံဆိုင်မှာ ထိုင်နေ စဉ် ဈေးဆိုတော့ ရောင်းသူဝယ်သူတွေက ကျွန်ုပ်တို့ တောမှာလိုမဟုတ်။ မေးလိုက် ဝယ်လိုက်၊ ပျားပန်းခတ်ဖြစ်နေတာ။ ကျွန်ုပ် တောသားအဖို့ မျက်စိတောင်နောက်၊ ခေါင်းတောင် မူးတယ်။ အရောင်းအဝယ်ကလည်း

လက်မလည်အောင် ရောင်းရတယ်။ ဒေါ်ကြီး ပိုက်ဆံထည့်တဲ့ ခြင်းတောင်း ထဲမှာဆို ပိုက်ဆံတွေ ပြည့်နေတာပဲ။ ဒေါ်ကြီးလည်း တစ်ယောက်တည်း ချိန်ခွင်ချိန်လိုက်၊ ပြည်တောင်းကိုင်လိုက်နှင့် လက်ကိုမချရဘူးဖြစ်နေတော့ ကျွန်ုပ်ကကူပြီးရောင်းပေးရတာပေါ့။ ဘကြီးရဲ့သားလေးကကျောင်းတက်နေ တယ်။ သမီးကြီးက သူ့ယောက်ျားနဲ့နေတာဆိုတော့ သူတို့မှာ နှစ်ယောက် တည်းအလုပ်ဆိုတော့ ဘယ်နိုင်ပါ့မလဲ။ ဒါနဲ့ – အမျိုးသမီးတစ်ယောက် ဒေါ်ကြီးငွေညွန့်ရဲ့ပုဇွန်ခြောက်အကောင်ကြီးဗန်းထဲက ပုဇွန်ခြောက်ကို နှိုက် ပြီးဒါဘယ်ဈေးလည်းမေးကာ လက်ထဲမှာ ဆုပ်သွားတယ်။ ဒေါ်ကြီးကတော့ ဈေးပြောလိုက်ပြီး ဈေးဆက်ရောင်းနေတယ်။ ဘကြီးက ဘယ်နေရာက ထွက်လာတယ် မပြောတတ်။
-အမလေး
“သောက်ကမြင်းမ လူပါးဝတယ်၊ သုံးရက်ရှိပြီ ဝယ်တာလည်း မဟုတ် ဘဲနဲ့ လူကို စော်ကားတဲ့ဟာမ သေဟ၊ ဗုန်း – အင့် – အင့် – အား – ကယ်ပါဦး ဖြောင်း- ဖြောင်း – အမလေး-အား- အား- သေဟ၊ ငါ့ပုစွန် ခြောက်ပြန်ပေး”ဆိုကာ အမျိုးသမီးကိုလမ်းမပေါ်ပက်လက်လှန်လှဲပြီးရင်ဝ ကို လက်သီးနှင့်ထိုး၊ ပါးကို ဘယ်ပြန်ညာပြန်ရိုက်၊ ရင်ဝကို ဖနောင့်နဲ့ပေါက်၊ ပါးစပ်ကို လက်နဲ့ဆွဲဖြဲပြီး ပုဇွန်ခြောက်ကို နှိုက်ယူနေတုန်း… “ဟဲ့- ကိုစံမြ- ကိုစံမြ၊ ရှင်လွန်မယ်၊ မလုပ်ပါနဲ့ သေကုန်တော့မှာပဲ
တော့”
“ဘကြီး – တော်ပါတော့ – တော်ပါဗျာ”
“တူလေး- ဒီကောင်မ နေ့တိုင်း ငါ့တို့ ပုဇွန်ခြောက်ကို နှိုက်စားတာ၊ သူ လင်ဟာမှတ်လို့လား၊ မှတ်ထား- စံမြတဲ့၊ အဲဒါ လူတွေကို ဂရုမစိုက်ချင်ဦး။ စံမြအကြောင်း ကောင်းကောင်း သိရမယ်”
“ကဲ- ကိုစံမြ၊ ကိုစံမြ ရှင် အိမ်ပြန်တော့။ ဒါမှမဟုတ် ခရီးသွားချင်သွား၊ ရော့- ဒီမှာ ပိုက်ဆံလိုသလောက် နှိုက်သွားပါရှင်၊ သွားပါတော့- ရှိကြီးခိုးပါ
ရဲ့”
“မငွေညွန့် – မင်းက ငါ့ကို ခရီးထွက်ခိုင်းရင် မင်း စကားနဲ့ မင်းနော်”

“အေးပါရှင်ရယ် – အေးပါ”
“ကောင်းပြီ – ကောင်းပြီ၊ဟဲ-ဟဲ-ဟဲ-ဟဲ”
ဘကြီး ဒေါ်ကြီး ငွေခြင်းထဲမှ ပိုက်ဆံကို နှိုက် အိပ်ထဲထည့်ကာ ရယ်ကျဲ ကျဲနှင့်ပြောနေတယ်။ ဒေါ်ကြီးက သူ့ယောက်ျားအကြောင်း ဓာတ်သိ အစဉ်း သိဆိုတော့ဘာမှရှေ့ဆက်မပြောတော့။ မကြာခင်ဈေးခေါင်းနှင့်အဖွဲ့ရောက် လာတယ်။ ဟိုကြည့် ဒီကြည့်နှင့် အရိုက်ခံရသော အမျိုးသမီးလည်း ပါလာ တယ်။ လူအပ်ကြီးများ လာတော့၏။
“ဦးလေး – စံမြနဲ့ ဖြစ်တာပဲ၊ နင်က သူ့ဆိုင်မှာ သွားပြီးရန်စတာကို နင် ပြန်တော့”
“ဟုတ်တယ်၊ဈေးခေါင်းကြီးရေ- ဒီကောင်မကပုဇွန်ခြောက်ကို သုံးရက် တိတိနှိုက်စားပြီးတော့ဗျာ။ လက်တစ်ဆုပ် ဆုပ်သွားသေးတယ်ဗျ။ ကျုပ်က ဘယ်လက်နဲ့ ရိုက်မိလို့ ဆုံးမတာ ညာလက်နဲ့ဆိုရင် သင်းကိစ္စပြတ်တယ် မှတ်”
မယ်”
“ဟုတ်ကဲ့ပါ – ခင်ဗျာ၊ ကဲ- သွားတော့၊ နင် – ကျေနပ်တော့” “ကဲ-ဈေးခေါင်းကြအီး ကျွန်မ တောင်းပန်ပါတယ်ရှင်”
“အမေညွန့် မတောင်းပန်ပါနဲ့၊ ကျွန်တော် သိပြီးသားပါဗျာ၊ သွားဦး
“ဟုတ်ကဲ့ “ ဟုတ်ကဲ့”
“လာတူလေး၊ မြို့ထဲ လျှောက်လည်ကြစို့၊ ဟေ-ဟေ- ဟေ-ဟေ” ကျွန်ုပ်နှင့် ဘကြီး အောက်ဘလောက်ဘက်ဆင်း လမ်းလျှောက်လာ တယ်။ ဘကြီးကကမ်းနားဘက်သို့ သွားမည်ဆိုကာ ဆူးလေဆိပ်ကမ်းဘက် ဆက်လျှောက်ရင်းဟိုယခင်ကနိုင်ငံခြား သင်္ဘောကြီးများကိုအနီးကပ်သွား ကြည့်ကြတယ်။ ဘကြီးက လက်ညှိုးထိုးပြီး သူ သိသမျှတော့ ရှင်းပြ၏။ ဘကြီး မောသွားသည်ထင်တယ်။ ဆိပ်ကမ်းအနီး ပန်းခြံလေးတစ်ခု အရိပ် ကောင်းကောင်းနေရာ၌ ထိုင်ခုံလေးပေါ်ဝယ် ငါးသုံးလုံး စီးကရက်ကို မီးညှိ ဖွာရှိုက်နေစဉ်ကျွန်ုပ်က ဘကြီးကို စကားစမေးမိပါတော့တယ်။
“ဘကြီး- ဘကြီး-ငယ်ငယ်တုန်းက လက်ဝှေ့ထိုးသလား” “ဟင်း – ဟင်း- ရှူး – ရှူး၊ အေး – ဘကြီးက လက်ဝှေ့သမားပဲကွ” “ဘာဖြစ်လို့ နာနာကျင်ကျင် လက်ဝှေ့ထိုးချင်တာလဲ။ ဘကြီးပြောပြပါ
“ဒီလိုကွ – မင်းလည်း နောက်လာနောက်သားတွေ သိအောင်ဘကြီး ပြောပြချင်တာနဲ့ အတော်ပဲကွ။ ငါတို့အဘိုး- ဘိုးရွှေဥက ပုသိမ်တစ်ဖက် ကမ်း ရွှေဝက်လူး ဘုရားနားမှာနေတယ်။ သင်္ဘောကြီးဂိုဏ်းမှာ အလုပ်လုပ် ရင်းနဲ့ ဂိုဏ်းခေါင်းဆောင် ဖြစ်တယ်တဲ့ကွ။ ဒါနဲ့ – ငါတို့ အဘွားနဲ့ အိမ်ထောင် ကျပြီးငါတို့အဖေဖြစ်တဲ့ဘိုးရွှေနုနဲ့မင်းတို့အဘိုးရဲ့အဖေမိသားစုတွေကိုမွေး တယ်တဲ့ကွ။ တချို့ ငါလည်း မမှတ်မိတော့ဘူး။ နောက်တော့ ငါတို့အဖေ ဘိုးရွှေနုက ရွှေဝက်လူး သူ ငါတို့အမေ၊ ဒေါ်ကျွေးဥနဲ့ အကြောင်းပါ။ ငါတို့ ညီအစ်ကို နှစ်ယောက် မွေးတယ်ကွ။ ငါ့ထက်အငယ်က နိုင်ငံခြား သင်္ဘော သား ဖြစ်သွားတယ်။ ဒီတုန်းက ငါတို့ အင်္ဂလိပ်ခေတ်နဲ့ ဂျပန်ခေတ်ပေါ့ကွာ။ ငါလည်းအရွယ်ရောက်တော့မြန်မာတပ်မတော်ထဲဝင်တယ်ကွ။ ငါပုသိမ်က နေဝင် တာ ငါတပ်ထဲနေရင်း ဂျပန်ငပုတွေကို ဘယ်လိုနှိပ်စက်ရပါ့မလဲလို့ စဉ်းစားတာ နေ့တိုင်းပဲ။ ဒါနဲ့ကွာ ငါ့ကို လက်ဝှေ့ထိုးမလားလို့ စစ်ဗိုလ်က မေးတော့ ငါထိုးချင်တာနဲ့ အတော်ပဲဆိုပြီး ငါစာရင်းပေးလိုက်တယ်”
ဘကြီးစံမြ စီးကရက်မီးခိုးငွေ့များ လှိုင်လှိုင်မှုတ်ထုတ်ရင်း သက်ပြင်း အကြိမ်ကြိမ်ချ ကောင်းကင်ကို မော့ကြည့်လိုက်၊ ဆူးလေစေတီတော်ကို ကြည့်လိုက်နှင့် သူ၏ ညိုမည်းသော အသားသည် ပို၍ပင် မည်းလာသလား ထင်ရတယ်။ လက်သီးကို ကျစ်ကျစ်ဆုပ်ကာ အဆီပြန်နေသော မျက်နှာကို လက်ကိုင်ပဝါနှင့် ဘယ်ဘက်လက်နှင့်သုတ်ရင်းက ဝှီး – ဝူး – ဝှီးနှင့် လေမှုတ် ထုတ်လိုက်တော့တယ်။ သူဆုတ်ထားသော လက်သည် ညာလက်ဖြစ်ပြီး လက်ကောက်ဝတ်တွင် ဆေးနီပတ်လည် ထိုးထားတယ်။
“ဒီလိုကွ – ငါ ဂျပန်ကင်ပေတိုင်တစ်ယောက်နဲ့ လမ်းမှာ ဆုံရင်း ငါ့ကို စစ်တပ်ကမှန်းသိသွားတော့ ဖမ်းမိန့်ပေးတယ်။ ငါကလည်း အရက်မူးနေ တာပေါ့ကွာ။ ဂျပန်ကငါ့ကို ပါးရိုက်တယ်”

း – ဖျန်း-အား- အာ – ဘီဂုမာ-ဘီဂုမာ- ခုယာ-ခုယာ”
“ဖျန်း – ဖျန်
“အား- အာ”
“ကဲဟာ – ဒုတ် – ဖျန်း – ဗုန်း – အင့် – အင့်”
“ငါစိတ်ရှိလက်ရှိထိုးလိုက်တာဂျပန်လမ်းပေါ်မှာမှောက်နေတယ်ကွ။
သူ့ စစ်သားတွေ လာပြီးတော့ ကြည့်တော့ ပါးစပ်ထဲက သွေးအန်ပြီးတော့ ဂျပန် အသက်ထွက်သွားရော”
“ဘကြီးကို အသေပစ်သတ်မှဖြင့် ဒုက္ခပဲ”
“ဘယ်နေမလဲကွာ၊ လိုက်ပစ်တာပေါ့၊ ငါလည်း ခြေဦးတည့်ရာ ပြေး၊
သူတို့က နောက်ကပစ်”
“မသိဘူးကွာ – ဘကြီးရဲ့”
“အေးကွ – တစ်ချက်မှကို မထိဘူး၊ နောက်တော့ ငါလည်း တောထဲ ရောက် သူတို့ ဆက်မလိုက်တော့ဘူး”
“ဘကြီး တပ်ကို ပြန်ရောက်သေးလား”
“ကိုယ့်တပ်ပြန်သီတင်းပို့ဖြစ်ကြောင်းကုန်စင်ပြောပြတော့တို့ဗိုလ်ကြီး
က ရဲဘော်စံမြ မင်း မသိချင်ယောင်ဆောင်နေပါလို့ အမိန့်ရှိတယ်။ သူတို့ လည်း ဘယ်မှတ်မိပါ့မလဲကွာ”
“ဘကြီး လက်ဝှေ့ထိုးတဲ့ အကြောင်းက”
“အေးကွ – အဲဒါငါလက်ဝှေ့သင်တန်းတက်၊ နောက်ပညာတွေရင့်လာ တော့ ငါပြိုင်ပွဲဝင်၊ နာမည်ကြီးတွေနဲ့ တိုးရတာကွ။ လက်ဝှေ့လည်းထိုးကြပြီ။ ခေတ်ကတော့ ဂျပန်ခေတ်ပဲ ရှိသေးတယ်၊ လွတ်လပ်ရေးတောင် မရသေး ဘူး။ ငါ လက်ဝှေ့လည်း ထိုးပေါ့ကွာ။ ပွဲတွေမှာ တော်တော်များများ နိုင်ခဲ့ပြီး ပြီကွ”
“ဘကြီးက လက်ဝှေ့ပါ ထိုးတာလား နှစ်မျိုးစလုံးပေါ့”
“မြန်မာ လက်ဝှေ့လည်း ငါထိုးတယ်၊ တို့ငယ်ငယ်တုန်းကတော့ ထိုး ကွင်းမင်ကြောင်နဲ့ဆိုတော့မြန်မာဆိုတာကွာသျှောင်ထုံးနဲ့ထိုးကွင်း ခြင်းလုံး ခတ်တာတောင် ကျက်သရေရှိတာ၊ သိပ်ကြည့်ကောင်းတာလား။ အေး –
ခး-ထိုးကွင်းလည်းပျောက်ပြီကွ။ နောက်လူတွေ ဘယ်ရှိတော့မလဲကွာ။ ငါတို့တုန်း က ထိုးကွင်းထိုးမှ မိန်းမတွေက ယောက်ျားလို့သတ်မှတ်တာ၊ သျှောင်ထုံး လည်းထားမှကွ။ စစ်တပ်မှာတော့ ဘယ်ရှိလိမ့်မတုံး။ ငါတို့အဖေ ပြောတာ ကွမ်းသီးပါးစပ်ထဲ ကိုက်ပြီးအထိုးခံရတာတဲ့။ နာလိုက်တာမှ ကွမ်းသီးကို ကိုက်တာ ထက်ခြမ်းကွဲသွားတာ။ တချို့ထွက်ပြေးလို့ တစ်ကွင်းပဲရှိတဲ့သူ ပေါင်တစ်ဖက်ပဲထိုးတဲ့သူဆိုတော့ပေါင်ကြောဖြူလို့ခေါ်တယ်ကွ။ မင်းပြော ရဦးမယ်၊ တို့ခေတ်က တုတ်ပြီးဓားပြီး၊ တစ်ပွဲပြန်၊ ထုံးမန်း၊ ကွမ်းရွက်မန်း၊ သပြေရွက်မန်းဆိုတာ သိပ်ခေတ်စားတယ်ကွ” “ဘကြီးကော တစ်ပွဲပြန်ထိုးဆေးလား”
“တူလေးကလည်း သူ့ခေတ်နဲ့သူဆိုတော့ ထိုးရတာပေါ့ကွာ။ တို့ဘက် မှာက တောင်ညိုတောင်ဘက်က ဆရာလင်းဆိုတာ တစ်ပွဲပြန်ဆရာကြီး၊ မင်း ခုတ်ကွာ၊ ရိုက်ကွာ၊ ပြတ်တယ်၊ ကွဲတယ်ဆိုတာ မရှိစေရဘူး။ ရဲရဲတာ ဝန်ယူတယ်။ ဘာလို့လဲဆိုတော့ တို့က လက်နက်ဆန်းတွေ၊ ခေတ်မီလက် နက်မရှိတော့ ဝိဇ္ဇာနည်းနဲ့ ခုခံကာကွယ်တာကွ။ ကိုယ်ပျောက်၊ ကျည်လွဲ ဆိုတာလည်း ရှိသေးတယ်။ ဒီတော့ – သူ့ထက်ငါ ဆရာရှာကောင်းတဲ့ ဆေး ရှာပြီး ပိုက်ဆံပေးထိုးကြတာဗျ၊ မင်း မှတ်ထား”
“ဘကြီး- တစ်ပွဲပြန်အကြောင်း စိတ်ဝင်စားတယ် ပြောပြပါဦး”
“တစ်ပွဲပြန် သတင်း ကျော်ကြားတာက တို့ဟောဒီ ပုသိမ်တစ်ဝိုက်မှာ ဆိုရင်ရွှေရင်မျှော် ဆရာတော်ကြီးဦးဇာဂရ၊ ခု- ဘုရားကြီးမှာ ရုပ်အလောင်း ရှိတယ်ထင်တယ်။ နောက်ပြီးတော့ – ဝက်ရုပ်ဆိုတာ ရေကြည်မြို့နားမှာ ဦးလေပြေဆိုတာ ရှိတယ်ကွ။ စစ်ပြေးဒုက္ခသည် မှန်သမျှ အဲဒီဆရာတော် နှစ်ပါးက ဆေးပေါက်ဆေးထိုးပြီး၊ တစ်ပွဲပြန်လုပ်ပေးတာ။ အားလုံး ခိုလှုံခဲ့ရ တာကွ။ ငါလည်း တစ်ပွဲပြန်ဆေးထိုးတားတယ်။ စိတ်ထလို့ ကိုယ်ကို အား ညှစ်လိုက်လို့ကတော့ မင်း ကြိုက်ရာလုပ်တော့။ တို့တစ်ပွဲပြန်က အမြဲတမ်း ဆေးကွ။ တချို့ကတော့ ခုပွဲတစ်ပွဲကို သွားမှ ထိုးရတာ။ ပွဲပြန်လာရင် ဆေး ပြယ်တယ် မဟုတ်လား။ ပေါ့ပေါ့တော့ မဟုတ်ဘူး ငါ့တူရေ”

“ဘကြီး တစ်ပွဲပြန်ဆေးထိုးတော့ ပွဲပြင်ရသေးလား”
“ဟေ့-ဟေ့- မင်းကလည်းပွဲပြန်ပါဆိုမှပွဲပြင်ရတာပေါ့။ အဲဒါလည်းတို့ ကိုယ်ကို စောင့်ရှောက်တဲ့ ပုဂ္ဂိုလ်တွေကို ပူဇော်ရတာကွ။ မင်း ခန္ဓာကိုယ်မှာ စောင့်ရှောက်တဲ့ တစ်ကျိပ်နှစ်ပါးသော ကိုယ်စောင့်နတ်တွေ ရှိတယ်နော်။ သံချပ်ကာ ကာထားတယ်၊ ကြိုးတွေ ချည်ထားတယ်၊ သူများ ခုတ်လို့ မပြတ် ဘူး၊ မကွဲဘူးဆိုတာကို တစ်ပွဲပြန်ပေါ့။ ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပသီတွေလည်း စောင့်ရှောက်တယ်ကွ။ အစိမ်းတိုက်တော့ မဟုတ်ပါဘူးကွာ။ တချို့က သရဲ လိုလို၊ တစ္ဆေလိုလို စောင့်ရှောက်လို့ ထင်ကြတာ။ ဘယ်ဟုတ်ရမလဲကွ၊ အထက်ပုဂ္ဂိုလ်တွေ စောင့်ရှောက်တာတဲ့ကွ”
“ဘကြီး- ဒါဆို တန်ခိုးဣဒ္ဓိပါတ် ရှိလို့ပေါ့နော်”
“ဖြစ်နိုင်ပါတယ်ကွာ၊ တချို့ဆို ဂုဏ်တော်ကို အာရုံပြုပြီးတော့ အစွမ်း ထက်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ မန္တန်ကိုရွတ်ပြီး အန္တရာယ်က လွတ် မြောက်တာလည်းရှိတယ်ကွာ။ သရဏဂုံကိုအမြဲရွတ်လို့သေဘေးကလွတ် တဲ့ လူတွေလည်း တွေ့ဖူးတယ်။ သူခိုး ခိုးမခံရတာ၊ ဓားပြတိုက်၊ ပြန်ပေးဆွဲ ဘေးမှလွတ်တဲ့လူတွေလည်း တွေ့ရဲ့ကွ”
“မှန်ပါတယ်- ဘကြီး၊ သမ္ဗုဒ္ဓေရွတ်တဲ့ အဘွားကြီး ဓားပြရန်က လွတ် သွားတယ်။ နောက်တော့ – အဘွားကြီးကို လာတောင်းပန်ပြီးမေးတော့ သမ္ဗုဒ္ဓေ နေ့တိုင်းမပြတ် ရွတ်တယ်ဆိုတာသိတော့ အစောင့်အရှောက်ရှိတဲ့ ဂါထာလို့ဆိုတယ် ဘကြီးရဲ့”
“အေး – အဲဒါ တွင်းလှောင်၊ ကပ်ဖိ၊ အချုပ်ထောင်မှ ကင်းဝေးလွတ် မြောက်တယ်ကွ။ နောက်ပြီး – စုန်း၊ ကဝေတစ္ဆေ၊ အောက်လမ်း မိစ္ဆာတွေ အဖမ်းအဆီး အနှောက်အယှက်ကလည်း ကင်းဝေးစေတယ်ကွ။ ဟို – မြင်း ခြံဘက်ကမောင်နီဆိုတာလူသတ်မှုနဲ့ သေဒဏ်ကျတော့မယ့်ဆဲဆဲ ဘုရား စာ ဘာမှမရလို့ ဗုဒ္ဓေါဆို နေ့တိုင်းရွတ်တာတဲ့ နောက်တော့ အမှုမှန်ပေါ်ပြီး တော့ သေဒဏ်ကလွတ်သွားတာ ရှိတယ်ကွ”

“ဘကြီး – ဒီတော့ တစ်ပွဲပြန်ကဆေးထိုးရင်ဂါထာမန္တန်တွေရွတ်ရသေး လား”
“အေးကွ – ဆရာက ပွဲတွေပြင်ပြီးတော့ ရေစင်ထည့်၊ အမွှေးတိုင်၊ ဖယောင်းတိုင်ထွန်း၊ ရာဇမတ်ကာ ငှက်ပျောပင်စိုက်၊ ကြံပင်စိုက်၊ သဲဖြူခင်း ပြီးဒီစည်းဝိုင်းထဲကိုဝင်ပြီးမှ သစ္စာပြု ကတိခံစေပြီး တစ်နည်းပြောရရင်တော့ ကျမ်းကျိန်တာပေါ့။ အဲဒီလိုမှ ဆေးစထိုးပေးတာကွ”
“ဘကြီး-တစ်ပွဲပြန်ဆေးတွေမှာ နောက်ဘာဆေးတွေ ရှိသေးလဲ” “အေးကွ – အာဠဝက၊ ပုဏ္ဏက၊ စားခွက်နှိုက်၊ ကျားမနိုင် ဆိုတာတော့ ဘကြီးသိတယ်ကွ။ တချို့ဆေးတွေလည်း ရှိဦးမှာပါ”
“ဘကြီး- ကျွန်တော့်တို့ အိမ်မှာ အလုပ်လုပ်တဲ့ ခေါင်းပေါင်းနဲ့ လူကို တွေ့တယ်နော်”
“အေး – ဘာဖြစ်လို့လဲကွ တူလေး”
“အဲဒါ | သူက ဟို ဝါးခွဲတဲ့ ဓားမကြီးနဲ့ သူ့ ခြေသလုံးကို ခုတ်ပြတယ်။ နောက်ပြီး ရဲတင်းနဲ့ ထုပြတယ်။ အရာသာထင်တာ ဘကြီးရဲ့မပြတ်ဘူးဗျ” “ဟေ့-ဟေ့- တူလေး၊ အဲဒါလည်း တစ်ပွဲပြန်ပွဲကွ”

“ဘကြီး သူ့ဓားမကြီးက ဟက်နေအောင် ပြတ်တာနော်။ ရဲတင်းနဲ့ ထု တာများ ဂျောင် – ဂျောင်နဲ့ဗျာ။ ကျွန်တော်တော့ အံ့ရောဗျာ” “သူ့မှာ တစ်ပွဲပြန်စားရှိလို့ပေါ့ကွ၊ သူ့နာမည်က ဘယ်သူလဲကွ” “ဦးလှညွန့်ပါ – ဘကြီး”
“မင်း မှတ်ထားကွ၊ သူ့နာမည် တစ်ပွဲပြန်လှညွန့်လို့ခေါ်လိုက်၊ ဟား- ဟား-ဟား”
ဘကြီး အားရပါးရ ရယ်လိုက်တယ်။ စီးကရက်ကို မီးညှိကာ ရှူရှိုက်ပြီး မီးခိုးငွေ့တွေကို မှုတ်ထုတ်ပြီး မတ်တတ်ရပ်၍ လက်နှစ်ဖက်ဘေးဆန့်ကာ ခါးကို ဘယ်ညာ ချိုးလိုက်ပြန်တယ်။ ထို့နောက် ထိုင်ခုံတွင် ပြန်ထိုင်ကာ … “တူလေး – ထမင်း စားကြမလား”
“ဘကြီး-မဆာသေးပါဘူး၊ ဆက်ပြောပါဦး”

“ငါ – စစ်တပ်ထဲမှာ လက်ဝှေ့ထိုးတာကို အထက်လူကြီးတွေကပွဲတိုင်း
နိုင်ဆိုတော့ ဘောက်ဆင်စံမြလို့ ခေါ်ကြတယ်ကွ။ ဒါနဲ့ – တစ်ချီ တစ်မောင်း တောင်း၊ ပွဲကောင်းတွေမှာ ငါလည်း ကြိုးစားပြီးထိုးတာကွ။ အဲဒီ ပွဲမှာ ဂျပန် တွေက လောင်းကြေးနဲ့ ဆုကြေးတော်တော်များများနဲ့ ထိုးကြမှာ။ ငါလည်း ဂျပန်ဆိုထဲက စိတ်ကကြွနေတယ်။ ဒါနဲ့ ကြိုးဝိုင်းထဲရောက်တော့စိန်ခေါ်တာ ပေါ့ကွာ။ သူကလည်း ပွဲတိုင်းကျော်ပဲကွ၊ ငါလည်းတော်တော်ခံရတယ်” “ဘကြီးက တော်တော် ကြိုးစားရမှာပေါ့နော်”
“အေးကွ – ပရိသတ်တွေကလည်း လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့ဆို
တော့ငါ့စိတ်ဓာတ်ကတအားတက်ကြွနေတယ်။ မြန်မာကွ – စံမြဟေ့၊ မြန်မာ စံမြဟေ့ဆိုတာ မိုးလုံးဟိန်းပဲကွ။ တွေ့ ကြသေးတာပေါ့ကွာလို့ စိတ်ထဲက အငြိုးအတေးက မြန်မာဆိုတဲ့ နာမည်ကို ဂုဏ်ယူချင်တယ်ကွ။ ဒီတော့ကွာ ရေကုန်ရေခန်းထိုးကြရမှာလား”
“ဘယ်နှချီ ထိုးရလဲ – ဘကြီး”
“ငါးချီ ငါးရေထိုးရတာကွ”
“လူတွေလည်း ကြက်ကုသလို ကုရမှာပေါ့နော်” “ကုတဲ့ဆရာတွေ၊ဒိုင်တွေရှိတာပေါ့ကွာ။ဒဏ်ရာကိုကုပေးရတာလည်း ပထမအချီဆိုတော့ ဘယ်သိပ်မမောသေးဘူး။ လူကလည်း အသက် (၂ဝ) ကျော်၊ အိမ်ထောင်မကျသေးဘူးကွ။ ဒီတော့ – အားကလည်း စီးနေတယ်။ သူသေ၊ ကိုယ်သေ ထိုးရတာ ငါ သိပ်ပျော်တာကွ။ ငါနဲ့ထိုးတဲ့လူက ငါ့ထက် တောင် ဗလတောင့်သေးတယ်”
“ဒုတိယချီရောက်တော့ ဘကြီးတို့ ဘယ်လိုဖြစ်သေးလဲ”
“ရော့-ဒီမှာ တွေ့လားဒဏ်ရာ၊ ဒီပါးမှာ အဲဒါ အမှတ်ရတာပေါ့ကွာ။ ငါ နာသွားတော့ သူလည်း အနိုင်ငါ့ကိုထိုးပြီး ငါလည်း မလူးသာ၊ မလှိမ့်သာ ရှောင်ရင်း လဲကျသွားတယ်။ ဟေ့ကောင် (၂)မိနစ်လောက် နားပြီးတော့ တော်တော်အဆင်ပြေလာတယ်။ အားတင်းပြီးနောက်တတိယအချီပြန်အစ သူလှည့်ပြေးနေတယ်။ ငါ ခြေထောက်ကို လှည့်ကန်လိုက်တော့ သူ တစ် ချက်ထိသွားပြီး ယိုင်အသွားမှာ ငါ ညာလက်နဲ့ ပင့်ထိုးလိုက်လိုကာ ဗုန်း- အင့် – အား – အား – နှင့် ဝိုင်းထဲမှာ လဲသွားတာကွ”
“ဟာ – မထနိုင်တော့ဘူးလား ဘကြီး”
“ဒိုင် – အမှတ်စဉ်ခေါ်တော့ လုံးဝမထနိုင်တော့ဘူး”
“နောက်တော့ကော ဘာဖြစ်သေးလဲ”
“ဝိုင်းပြင်ထုတ်ကြည့်လိုက်တော့ အသက်ရှူရပ်သွားပြီ၊ သူ သေပြီတဲ့” “ဘကြီးလက်က ပြင်းထန်လှချေလား”

“အေး-ငါ ကိုယ့်ကိုယ်ကိုယ်တောင် မယုံဘူး၊ နောက် ဒီကိစ္စကို ဂျပန်
တွေက သိပ်မကျေနပ်ကြဘူး။ ဒါနဲ့ တပ်ပြောင်းမိန့်ကျလာတော့ ရန်ကုန်ကို ရောက်လာတယ်။ အဲဒီတော့ကွာ ငါ့ကို ဆေးရုံမှာခေါ် ဓာတ်မှန်ရိုက်ပြီး ဒီလက်ကို စစ်ဆေးတော့ ငါ့မှာ လက်ဖျံရိုးတစ်ချောင်းထဲပဲ တွေ့ရတယ်တဲ့။ နောက်တော့ ငါ့လက်ကိုပိတ်နီပတ်၊ ဒီလက်နဲ့ လက်သီးမထိုးရဆိုတားထား တယ်။ ခုဒီမှာ ရစ်ထားတာ ဆေးနီပဲကွ။ ငါ လက်ထောင်ချခံထားရတယ်။ နောက်တော့ လွတ်လပ်ရေးရပြီးတဲ့နောက်မှာ ဂျပန်တွေပြေးရပြီ။ တို့ စစ် တပ်က အနောက်ရိုးမဘက်လိုက်ပြီး အပြတ်ဆော်လိုက်တာကွ။ ပြေးသမျှ ဂျပန် နည်းနည်းပဲ ကျန်တော့တာ။ နောက်တော့ – ငါတို့ ပုလိပ်ဘက်ပြောင်း ပေးတော့ ဆာဂျင်တဲ့ကွ၊ မင်း ဒေါ်ကြီးနဲ့ အိမ်ထောင်ပြု၊ ပဲခူးဘက်မှာနေ၊ အဲဒါနဲ့ ရန်ကုန်ပြန်ရောက်၊ ပုလိပ်ကနေ အဲဒီ လက်သီးထိုးမှုနဲ့ တရားခံတွေ နှိပ်စက်တယ်၊ အို- တိုင်စာတွေရောက်၊ ငါနောက်ဆုံး ထွက်လိုက်ရတယ်” “ဘကြီး-နေလည်းပူလာပြီ၊ ထမင်းသွားစားကြဦးစို့”
“အေး – မင်း သိချင်တာ နောင်မှ ငါ ဆက်ပြောမယ်၊ လာ – သွားစို့”
ဘကြီးနှင့်ကျွန်ုပ် ဆူးလေဘုရားအနီးမှ ထမင်းဆိုင်တစ်ခန်းသို့ဝင်ကာ ထမင်းစားကြတယ်။ ဘကြီးက ကျွန်ုပ်ကို ဟင်းတွေ ခပ်ထည့်ပေးတယ်။ ထို့နောက် ဘကြီးပြောသော စကားကို ကျွန်ုပ် နားထောင်ရင်း ထမင်းကို မြိန်ရေယှက်ရေစားကြတော့တယ်။
“တူလေး- မင်းလည်း လယ်သမား သားသမီးပဲ၊ ဒီတော့ နွားသား၊ ကျွဲ သား မစားပါနဲ့။ အဲဒါစားရင် မင်း ကျေးဇူးရှင်အသား စားရသလိုပဲကွ” “ဟုတ်ကဲ့ – ဘကြီး၊ ကျွန်တော် မစားပါဘူး ခင်ဗျာ”
“အေး – မစားပါနဲ့ကွာ၊ ရှောင်ပါ -”
“ဟုတ်ကဲ့ပါ – ဘကြီး”
ကျွန်ုပ်တို့ တူဝရီး ထိုမှတစ်ဆင့် ရွှေတိဂုံဘုရားသို့ သွားရောက်ဖူးမြော် ကြတယ်။ ထိုအချိန်က မဟာဝိဇယစေတီတော်မြတ်မပွင့်ထွန်းသေးပါ။ ထိုမှ တစ်ဆင့် ငါးထပ်ကြီး၊ ခြောက်ထပ်ကြီးနှင့် တိရစ္ဆာန်ဥယျာဉ်တို့သို့ တစ်နေ

ကုန်ထွက် ဘုရားဖူးရင်းလည်ခဲ့ကြတယ်။ ညမိုးချုပ်လျှင်အိမ်သို့ပြန်လာခဲ့ကြ တယ်။
ညတစ်ည၌ ဘကြီးတို့ တိုက်ခန်းတွင် လူစုံကြတယ်။ သူ၏ သမီးနှင့် အမျိုးသားလည်းရောက်လာကြလို့ မိတ်ဆက်ပေးပြီး လက်ဖက်သုပ်နှင့် ရေ နွေးကြမ်း၊ မြေပဲယို၊ ဆီးယိုတို့ကို စားကြရင်း စကားပြောနေကြတယ်။
“တူလေး – နင့်ဘကြီးကတော့ ဒီတစ်ဈေးလုံး ဈေးခေါင်းတောင်လန့် တယ်။ ဖြစ်လိုက်ရင် စံမြပဲကွ၊ ဟိုမှာ ဆေးလိပ်ဆိုင်လည်း အပိတ်ခံရတယ်။ အဲဒါက သူနဲ့ စကားများရင်း ပိတ်လိုက်တာ”
“ဟုတ်ပါတယ် – မငွေညွန့်ရယ်၊ မင်းက ငါ့အလွန် ပြောတယ်။ အဲဒီ ကောင်တို့ကလည်းငါမမှီလိုက်လို့။ နို့မို့လို့ကငါ့ညာလက်နဲ့တွေ့ရင်အသေပဲ
မှတ်ထား”
“ရှင်ကလည်း စိတ်ကိုလျှော့ပါတော့၊ ရှင် – ဘုရား တရား အလုပ်သာ လုပ်ပါတော့ရှင်”
“အေးပါဗျာ – ဒီနှစ် ငါ သင်္ကန်းတော်ဆီးတော့မှာ၊ ငါ့သားလေးလည်း ရှင်ပြုပေးရဦးမယ်ကွ”
“တူလေး-မင်းဘကြီးရဲ့အထုပ်ကိုကြည့်ပါဦး။ အဲဒါ – အဲဒီထောင့်မှာ သူ အမြဲတမ်းထားတဲ့ အိပ်ရာလိပ်ကွဲ့။ သူ စိတ်မထင်လို့ကတော့ ဆိုင်က ပိုက် ဆံယူ၊ လွယ်အိတ်တစ်လုံးနဲ့ အိပ်ရာလိပ်ယူ၊ ဘယ်သွားမယ်လို့ မပြောဘူး။ သူ စိတ်ထင်တဲ့ရွာ၊ မင်းတို့ရွာ၊ ကျောင်းကုန်တို့၊ ရွှေလှေ၊ ပုသိမ်။ တစ်ခါ တလေလပွတ္တာ၊ ပင်လယ်ဝိုင်းမှာ ပြန်ချင်မှ ပြန်တာကွဲ့”
တယ်”
“ဟုတ်ကဲ့-ဒေါ်ကြီး၊ ကျွန်တော်တို့ဆီမှာလည်း ဘကြီး ကြာကြာနေပါ
“အေး-ငါ့မှာတော့တစ်ယောက်ထဲ။ငါ့ကလေးကလည်းငယ်သေးတော့ ကျောင်းတက်နေတော့ ဘာအကူအညီရမှာလဲ။ သူကတော့ ဧည့်သည်လိုပဲ နေတာ။ ဒါတောင် စိတ်မထင်ရင် မိန်းမက ယူသေးတယ်” “ဘကြီးက အသက်ပဲကြီးပြီပဲ”

“အေး-နင်မသိလို့ ဟိုရွှေလှေမှာ သူ့သမီး ရှိတယ်” “ဟုတ်ကဲ့ – မသိပါဘူး ခင်ဗျာ”
“မင်းတို့ ဘကြီးကတော့ စံမြဆိုလို့ စံပြဆိုရင်တော့ ဒုက္ခပဲကွဲ့” ဘကြီး ဘာတစ်ခွန်းမှ မပြောတော့၊ အိပ်ရာထဲဝင်ကာ ဟောက်သံပင် ကြားနေရပီ။ အိပ်မက်ထဲမှာ လက်ဝှေ့နဲ့ လက်ဝှေ့ပွဲ ကျင်းပတော့မယ်။ ယခု တော့ မောမောနှင့် တခေါခေါဟောက်နေပါတော့တယ်။
“တူလေး- မင်း ဘုရားကျောင်းဆောင်မှာ ဖန်ပုလင်းဖြူဖြူလေး တွေ့ လား၊ ထယူကြည့်စမ်း”
“ဟုတ်ကဲ့” ဒေါ်ကြီး”
ကျွန်ုပ် ဒေါ်ကြီးပြောတဲ့ ပုလင်းလေးကို ယူလိုက်ပြီး ကြည့်လိုက်တော့ မျက်စိထဲမှာ ပင်လယ်ကျောက်ခက်များလိုအဆင့်ဆင့်ပွားနေသည်ကိုမြင်ရ တယ်။ သို့သော်- ဖွေးဥနေသည့် ဆံပင်အရွယ်မျှသာ ဖြစ်တယ်။ “တွေ့လား- သေသေချာချာ ကြည့်စမ်းကွဲ့”
“ဟုတ်ကဲ့ – ခင်ဗျ”
“ဒေါ်ကြီး – ပြောပြမယ်၊ အဲဒါက ဆံတော်ပွားလို့ ခေါ်တယ်။ ရဟန္တာ ဆံ တော်လို့လည်း ပြောတယ်။ နင့်ဘကြီးက ငါ့ကို သိပ်မကြိုက်ဘူး။ ဘာမသိ ညာမသိ ကိုးကွယ်ထားရမလားလို့ ကျိန်းတယ်”
“ဒေါ်ကြီးက ဘယ်ကရတာလဲ”
“အေး-ဒီဆံပင်မရခင်ဒေါ်ကြီး အိပ်မက်ထူးတွေမကြာခဏမက်တယ်၊
ဒီလိုကွဲ့”
ဒေါ်ကြီးက သူ၏ အိပ်မက်ထူးအကြောင်းကို ကျွန်ုပ်အား ဖြစ်ကြောင်း ကုန်စင် ပြန်လည်ပြောပြရပါတော့တယ်။
“အစိန္တေယျ – အစိန္တေယျ -အစိန္တေယျ-အပ္ပမေယျ-အပ္ပမေယျ-အပ္ပ မေယျ – ရှိခိုးပါ၏ အရှင်ဘုရား စသည့် ဘုရားပင့်၊ ဆုတောင်းမေတ္တာပို့ အမျှ ဝေသံသည် နံနက်(၆)နာရီတွင် အမြဲတမ်းဝတ်မပျက် ရှိခိုးနေသူကဒေါ်ကြီး ဒေါ်ငွေညွန့်၊ သူ၏ဘုရားကျောင်းသည်အလွန်သပ်ရပ်တင့်တယ်၍ပန်းဆီမီး၊
ရေချမ်း၊ ဆွမ်းမပျက်စေရ။ ဆီမီး၊ အလင်းတိုင်၊ အမွှေးတိုင်တို့လည်း ထာဝရ မွှေးကြိုင်လင်းထိန်နေပါတယ်။ သူ၏ဈေးဆိုင်တွင်လည်း ဘုရားရုပ်ပွားတော် နှင့် ဆီမီး၊ ပန်း၊ ရေချမ်း၊ ဆွမ်းကပ်လှူပြီးမှ ဆိုင်ဖွင့်လေ့ရှိပါတယ်။ ဒေါ်ကြီး သည် ဘကြီးကဲ့သို့ နှုတ်လည်းမကြမ်း၊ လူလည်း မရမ်းကား၊ နူးညံ့သိမ်မွေ့ သော အနေအထိုင်၊ အပြောအဆိုနှင့် နေထိုင်တတ်သူ။ အိမ်ရှင်မကောင်း တစ်ယောက်ဖြစ်ပါတယ်။
ဒေါ်ကြီး အိပ်မက်ထူး မက်ပုံက ကောင်းကင်ယံတွင် မိုးသားတိမ်လိပ် တွေကြား တရိပ်ရိပ်ပြေးနေသည့်အလား မြတ်စွာဘုရားနှင့် ရဟန္တာများ စီတန်းကြွချီတော်မူနေသည်ကို ဖူးမြော်ရလို့ လက်အုပ်ချီမိုး ရှိခိုးကာ ဆုတောင်းလိုက်ပါတော့တယ်။
“ဘုရားတပည့်တော်မသည် ဖြစ်လေရာဘဝတိုင်းမှာ ဆင်းရဲနှင့် ငရဲ ကင်းပါလို၏။ အရှင်ဘုရားတို့ သိမြင်သော သစ္စာလေးပါး တရားသိမြင်ပြီး ယောက်ျားကောင်းစင်စစ်ဧကန်ဖြစ်ရပါလို၏ဘုရား။ သာသနာပြုရပါလို၏
အရှင်ဘုရား”
“ဣဒံမေပုညံ အာသွခယံ ဝဟံဟောတု”
ထိုသို့ ဆုပေးပြီး မြတ်စွာဘုရားနှင့် ရဟန္တာများ တိမ်လိပ်တွေကြား ပျောက်ကွယ်သွားပါတော့တယ်။ ဒီလိုအိပ်မက်မျိုးကို တစ်ကြိမ်မက မက်ခဲ့ ဖူးတယ်။ ထူးခြားသော အိပ်မက်ဆိုတော့ ဒေါ်ကြီးက ဝမ်းသာကြည်နူးမိပါ တယ်။ ဘကြီးကတော့ ထုံးစံအတိုင်းပဲ၊ သွားလိုက်လာလိုက်နှင့်ပင် အချိန် ကုန်နေပါတော့တယ်။
တစ်နေ့ -နံနက် (၉)နာရီ ဒေါ်ကြီး၏ ဈေးဆိုင်ရှေ့၌ ဘုန်းကြီးတစ်ပါး ဆွမ်းရပ်တော်မူပါတယ်။ ဒေါ်ကြီးက ငွေအကြွေ (၁၀)ကို သပ္ပာတ္တိကဒါန လောင်းလှူလိုက်ရာ“ဣဒံမေပုညံ အာသွခယ်ဝဟံဟောတု” ဒီလိုပဲဆုပေး ကာ ပထမနေ့တွင် ထွက်ခွာသွားပါတယ်။ ဒုတိယနေ့တွင်လည်း ထိုဆရာ တော်က ဆွမ်းရပ်ပြန်တယ်။ ဒေါ်ကြီးက ငွေအကြွေ (၁၀)ကို ထပ်မံလောင်း လှူသည်။ “ဣဒံမေပုညံ အာသွခယံ ဝဟံ ဟောတု” ဒုတိယနေ့တွင် ထိုဆု
ကိုပဲ ပေးပါတယ်။ ဒေါ်ကြီး – ဘုန်းကြီး၏ ဥပဓိရုပ်ကို သေချာစွာဖူးမြော်ရာ အရပ်ပုပု၊ အသား ညိုညို၊ မျက်နှာလေးထောင့် စက္ခုဣန္ဒြေချ၍ သပိတ်ကို ပိုက်ကာ ခြေစုံရပ်နေတယ်။ ခေါင်းက ဆံပင်များဖြူနေသယောင် မြင်ရသော် လည်းဆံပင်ရှည်တစ်ပင်မှမရှိ၊ ပြောင်သလင်းခါနေတယ်။ ထို့နောက်ဆက် လက်ပြီး ကြွသွားလေတော့တယ်။
တတိယနေ့တွင် ထိုသို့ ဆွမ်းလောင်းရာ ဆရာတော်မှ… “ဒကာမကြီး ဆုတောင်းတဲ့ ဆုတောင်းပြည့်ပါပြီကွယ်” “အမိန့်ရှိပါ ဘုရား”
“ဒကာမကြီး ယခုအသက် (၅၅) နှစ် ရှိပြီမဟုတ်လား” “မှန်ပါတယ် – ဘုရား”
“အေး – အသက် (၆၀) ပြည့်ရင်တော့ ဒီဝတ်ကြောင်ကို စွန့်ခွာပြီး သာသနာ့ဘောင် ဝင်ရမယ်”
“မှန်ပါ – တပည့်တော်မှ ဝင်မယ်လို့ စိတ်ကူးထားပြီးပါပြီ ဘုရား”
“ဧကန်ဝင်မှ ဒီသံသရာက လွတ်မှာပဲ။ ဒီတော့ ဒကာမကြီး (၅)နှစ် အချိန်အတွင်း လုပ်စရာရှိတာ၊ ဆောင်ရွက်စရာတွေ အားလုံးအပြီးစီစဉ်ပါ။ ကျုပ်က သတိပေးပါတယ်”
“မှန်ပါ့ဘုရား – တပည့်တော်မ စီစဉ်ထားပါမယ်”
“ငါ့သမီး သင့်အတွက် ဘုန်းကြီးက ချီးမြှင့်လိုက်မယ်၊ လက်ဝါးဖြန့်
“မှန်ပါဘုရား”
ဒေါ်ကြီးကလက်ဝါးဖြန့်ပေးချိန် အာရုံပြုနေကာ ဆရာတော်ကခေါင်းကို လက်နှင့်သပ်ပြီး ဆံပင်သုံးပင်ကိုပေးတယ်တဲ့။ နောက်တော့ – ဖန်ပုလင်းထဲ ထည့်ထားရင်း ပွားလာတာ။ ယခုမြင်ရတဲ့အတိုင်း အခက် အခက်နှင့် ဆံပင် များ ဖွေးဥနေသည်ကို မြင်နေရပါတယ်။
“ကဲ-ငါ့တူ၊ အဲဒါ ဒေါ်ကြီးကို ကိုးကွယ်ထားပါတယ်ကွယ်။ အသက် (၆၀) ပြည့် ကတိပေးထားတဲ့အတိုင်း သီလရှင် (ဒါမှမဟုတ်) ယောဂီဝတ်ရ မှာကွဲ့”
“ကောင်းပါတယ်-ဒေါ်ကြီး”
“အေး- ခုဆိုအားလုံးအဆင်ပြေပါတယ်။ မင်း ဘကြီးကတော့ ဘယ်လို မှ ပြောမရဘူး။ တစ်ဇောက်ကန်းပဲကွဲ့။ ထားပါတော့ကွယ်၊ ကဲ-မင်းလည်း အိပ်ချင်ရောပေါ့။ အိပ်တော့ – အိပ်တော့”
“ရှီး – ဒုတ် – အာ – ဂလောင်း – ဗုန်း – ဗုန်း – အင့် – လာလေ့“အား”
ကျွန်ုပ် မင်္ဂလာဒုံသို့ ယခင်က ကားကို ကမ်းနားလမ်းမှစီး၍ ပြန်ရန် ဘကြီး ကိုယ်တိုင်လိုက်ပို့ခဲ့တယ်။ သင်တန်းသို့ ပြန်ရောက်ပြီး နောက်တစ် ပတ်တွင် ကျွန်ုပ် စာမေးပွဲဖြေရန်အတွက် စာကျက်နေရလို့ မသွားဖြစ်ပါ။ ထိုအချိန်က ယခုလိုဖုန်းလွယ်လွယ်ကူကူ ဆက်၍မရ။ လမ်းပန်းဆက်သွယ် ရေးကလည်း မင်္ဂလာဒုံမှ ဝါယာလက် (၉)နံပါတ်ကားကို စီးရတယ်။ မိုးချုပ် လျှင် ပြန်ရန်မလွယ်။ စော်ဘွားကြီးကုန်း အဝေးပြေးဂိတ်မရှိသေး။ ထန်းပင် ကုန်းအနီး ကိုးလောင်းကွေ့ဆိုတာ ကားသမားတွေ သိပ်ကြောက်ကြတာ။ ကား (၉)စီး၊ လူ (၉)ယောက်ဆိုရင် ကိုးလောင်းကွေ့ ရောက်တာနဲ့ တစ်စီး တော့ မှောက်သေကျန်ခဲ့တာပဲ။ နောက်တော့ – ကျောက်ခဲတင်ပြီး မောင် ကျောက်ခဲရယ်၊ လိုက်ခဲ့ပါလို့ ပြောတင်ရတယ်။ အဲဒါလည်း ရှေးကတော့ တကယ်ဖြစ်တာ။ ဒီတုန်းက မင်းဓမ္မဆိုတာ တောင်ကုန်းသာရှိတာ။ မင်းဓမ္မ လမ်းလည်း မရှိသေး၊ တောကြီးမျက်မည်းပဲ။ စော်ဘွားကြီးကုန်း ဖြတ်လမ်း လည်း မပေါက်သေးပါ။
ကျွန်ုပ်နောက်တစ်ပတ် ဘကြီးတို့ တိုက်ရောက်တော့ ဘကြီးခရီးထွက် သွားပြီး သူ့အိပ်ရာလိပ်မတွေ့တော့ ဒီတုန်းက ကျွန်ုပ်တို့ ဧရာဝတီတိုင်းက ရေလမ်းပဲအားထားရတာ။ ဧရာဝတီသင်္ဘောတို့၊ ရတနာမယ်၊ သုဝဏ္ဏဒေဝီ၊ အာရှမယ်၊ စီးပွားရေး ဒီသင်္ဘောတွေသာ နေ့စဉ် ရန်ကုန်က ကျုံပျော်ကို ဆွဲတာ။ ကျွန်ုပ်တို့က ကျောင်းကုန်းမြို့ကဆိုတော့ တွံတေး၊ မအူပင်၊ သုံးခွ၊ အိမ်မဲ၊ ကျောင်းကုန်းဆိုတဲ့ ခရီးစဉ်က ညနေ (၄)နာရီ စထွက်တောင်မှ မိုးလင်းမှ သုံးခွရောက်အိမ်မဲကို (၁၂) နာရီလောက်ရောက်၊ အိမ်မဲချောင်းရေ ဘာမှ ညနေ (၄)နာရီလောက် ကျောင်းကုန်းရောက်တာဆိုတော့ ဒီခရီး

တစ်ခုပဲ။ အဲဒီတုန်းက သင်္ဘောခက (၉)ကျပ်၊ ရထားခလည်းအသုတ်ကနေ ရန်ကုန်ကို (၉)ကျပ်ပဲရှိတာ။ အမြန်ဆုံးကတော့ ရထားပဲ။ ဟင်္သာတ၊ သာရ ဝေါကနေ စီးရတာ ရန်ကုန်ကို ည (၇)နာရီ (၈)နာရီ ရောက်တယ်။ ခုလို အိမ်ဦးနဲ့ကြမ်းပြင်မဟုတ်ဘူး။ သိပ်ခက်ခဲတာ။ ရန်ကုန်မရောက်ဘူး၊ ရွှေတိဂုံ စေတီတော်မြတ် မဖူးဘူးတဲ့ သူတွေသေကုန်တာ မရေတွက်နိုင်ပဲ။ ခုလည်း ဘကြီး ဘယ်ခရီးစဉ်ကို မြန်းပါလိမ့်။
ကျွန်ုပ် သင်တန်းဆင်းပြီးလို့ ဘကြီးတို့အိမ်ကို သွားနှုတ်ဆက်တော့ပြန် မလာသေးဘူးတဲ့ ဒေါ်ကြီးကို ကန်တော့ပြီး ပြန်ခဲ့တော့တယ်။ ဘကြီးက ရွှေလှေမှာ ကောက်ရိပ်နေကြောင်း ကြားရပါတော့တယ်။ သူ့သားကို
ရှင်ပြုဖို့သင်္ကန်းပရိက္ခရာတွေဝယ်သွားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ချွေးနှဲစာနဲ့ ရှာနေတာတဲ့။ ကျွန်ုပ်တို့ ရွာကို ဘကြီး ရောက်လာတယ်။ အဲဒါ (၂)လ လောက်မကကြာသွားတယ်။ ကျောင်းကုန်းမှာနေပြီးပြန်သွားပြီတဲ့။ သူ့သား လေးကို ရန်ကုန်မြို့က မြရာပင်ကျောင်းမှာ ရှင်ပြုပေးတယ်။ သူကတော့ ရဟန်းမခံဘူး။
ကျွန်ုပ် ရန်ကုန်လာတိုင်း ဘကြီးအိမ် ရောက်ဖြစ်အောင်လာတယ်။ နောက် (၅)နှစ်အကြာ ဘကြီးတို့ ဆိုင်လည်းမရှိတော့။ သွားမေးတော့ (၃၈) လမ်းဈေးက ဘကြီးနဲ့ ရင်းနှီးတဲ့ ဦးတင်လှကကျွန်ုပ်ကိုအလုပ်သမားဆေးရုံ ကြီးဘက်ကိုလိုက်ပို့ပါတယ်။ ဘကြီးတို့အလုပ်သမားတန်းလျားမှာနေသည် ကိုဆင်းဆင်းရဲရဲတွေ့ရတော့ရင်ထဲမှာ ဆို့သွားတယ်။ ကျွန်ုပ်မျက်ရေများပင် စီးကျလာတော့တယ်။ ဘကြီးလည်း အိပ်ရာထဲတွင် နေမကောင်းဖြစ်နေ တယ်။ ဒေါ်ကြီးကကျွန်ုပ်ကိုလည်းမမှတ်မိ၊ သူ့သားသမီးတွေလည်းမမှတ်မိ တော့။ မျက်လုံးကြီး ပြူးပြီးကြောင်ကြည့်နေတယ်။
“ဘကြီး ဒေါ်ကြီးက ဘယ်လိုဖြစ်တာလဲ ပြောပါဦး”

“အေး- မင်း ဒေါ်ကြီးက အဟွတ် – အဟွတ် – အဟွတ် – ထွီ၊ အား- ခဏ – ခဏလေး ဆံပင်ပွားကိစ္စပဲကွဲ့၊ သူ ကတိခံထားတယ် (၆ဝ)ပြည့်ရင် သီလရှင် ယောဂီဝတ်ပြီးလူဘောင်စွန့်ခွာပါ့မယ်တဲ့။ အဲဒါ သူ အသက် (၆ဝ)

ပြည့်တဲ့နေ့မှာပဲဆိုင်ကိုထားပြီးတော့ထွက်သွားလိုက်တာ၊ (၇)ရက်လောက် ပျောက်သွားတယ်။ ဘကြီးလည်းမရှိဘူးဆိုတော့ ဆိုင်ကပစ္စည်းတွေဟိုလူ ယူ၊ ဒီလူယူနဲ့ ကုန်ပါလေရော။ နောက်တော့ – သမီးကြီးတို့က ရန်ကုန်တစ် မြို့လုံး လိုက်ရှာတာ။ နှင်းဆီကုန်း ဘိုးဘွားရိပ်သာဝန်းထဲမှာ ထိုင်နေတာ တွေ့တော့ ပြန်ခေါ်လာတယ်။ ဘာမှ သတိမရတော့ဘူး။ ဆရာပေါင်းစုံ ကုလည်း မရဘူး။ ဒီတော့ -စိတ်ရောဂါဆေးရုံရောက်ပြီးပြီ။ မကောင်းတော့ ဘူး – တူလေးရယ်။ ခုတော့ -ငါကဟို(၃၃)လမ်းမှာကားညစောင့်လုပ်တယ်။ ရာသီဥတုဒဏ်က အေးတော့ မကြာခဏ ဖျားတယ်။ မင်း ညီလေးကတော့ ဒီဆေးရုံမှာ အလုပ်ဝင်လုပ်နေလို့ ခု ဒီမှာ နေခွင့်ရတာကွဲ့။ အဟွတ်- အဟွတ်-အဟွတ်-ထွီ”
“ဘကြီးရယ် – စိတ်မကောင်းလိုက်တာ၊ ဖြစ်မှဖြစ်ရလေ၊ ကျွန်တော်တို့ ဆွေတွေမျိုးတွေ ရှိပါသေးတယ် ဘကြီး ဘာအားငယ်မလဲ။ ကျွန်တော်ပါတဲ့ ပိုက်ဆံယူပါ ကန်တော့ပါတယ်”
“အေးပါ-ငါ့တူရာ၊ ဆွေမျိုးတွေကို ဒုက္ခမပေးပါနဲ့ကွာ၊ ဘကြီးထိုက်နဲ့ ဘကြီးကံပဲ ရှိပါစေတော့၊ အဟွတ်-အဟွတ်-အီ-ထွီ-ဝေါ”
“ကဲ- ဘကြီး၊ ကျွန်တော် မနက်ဖြန် ရွာပြန်မယ်၊ ဟိုရောက်မှ ကျွန် တော် စီစဉ်မယ်”
“မင်းက ဘကြီးတစ်ခု ပြောမယ်၊ ကတိသစ္စာ၊ တည်သောအခါ၊ ဩဇာ လေးနက်၊ ပေါ်ဆီတက်၍၊ နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်တယ်။ ကတိပြုပြီး ရင် မပျက်ရဘူး။ မင်းဒေါ်ကြီးကလွယ်လွယ်နဲ့ ကတိပေးလိုက်တာကိုး၊ ငါတို့ ဘဝ ခုလို ဒုက္ခဆင်းရဲနဲ့ ကြုံတာပေါ့။ ဘကြီးတော့ သံဝေဂ ရပါပြီကွယ်။ မင်း တို့လည်းမင်းမှာသစ္စာ လူမှာကတိ၊ဒါတော့ယုံကြည်သတိထားနော်။ အေး – ငါ့တူ ကျန်းမာချမ်းသာပါစေကွယ်”
ဘကြီးနဲ့ ကျွန်တော် နောက်ဆုံးတွေ့ ခြင်းပင် ဖြစ်တယ်။ မကြာမီ ၁၉၈၈ – ခုနှစ် အရေးအခင်း ကာလကြီး မီးဟုန်းဟုန်းတောက်တော့တယ်။ ဒီဖြစ်ရပ်ဆိုးကြီးကို ကမ္ဘာကပင် တုန်လှုပ်စေခဲ့တယ်။ အရေးအခင်းပြီးတော့

ကျွန်ုပ် ရန်ကုန်ရောက်ခဲ့တယ်။ ဘကြီးတို့နေတဲ့ တန်းလျားပြေးကြည့်တော့ အားလုံးပျက်စီးနေတယ်။ ဘာမှကိုမမှတ်မိတော့ မေးသော်လည်း ဘဲဥအစ ရှာသလို ဖြစ်နေတယ်။ ကျွန်ုပ်တို့ ဒီနေ့အထိ ဆွေခန်းမျိုးခန်း ပြတ်ပီး၊ ပျောက်ရှာ မတွေ့ဖြစ်ခဲ့ရပေတော့တယ်။

Zawgyi Version

တစ္ပြဲျပန္စံျမႏွင့္ဆံပင္ပြား(စ/ဆုံး)
——————————————
ကြၽႏ္ုပ္ ဘႀကီးသည္ ရန္ကုန္ၿမိဳ႕ဆိပ္ကမ္းသာလမ္း၌ ေနပါတယ္။
ဘႀကီးသည္ အသားညိဳညိဳ၊ အရပ္ရွည္ရွည္ လက္ျပင္ကိုင္းကိုင္းႏွင့္ ကြၽဲခ်ိဳမ်က္မွန္ထူထူႀကီးကို တပ္ထားပါတယ္။ သူ႔ကိုၾကည့္လွ်င္ အက်ႌ လက္ရွည္အျဖဴ၊ လည္တိုႏွင့္ ပုဆိုးကြက္တုံး အနီ၊ အျပာအကြက္က်ဲႀကီးကို အၿမဲဆီးတတ္ပါတယ္။ အဝတ္အစားဝတ္ရာမွာ စမတ္အလြန္က်ပါတယ္။ သူ၏ ဗိုေကကို အုန္းဆီ႐ြဲေအာင္လိမ္းၿပီး ညာဘက္သို႔ ခြဲထားကာ ေကာ့ေန ေအာင္ ဖီးထားတတ္ပါတယ္။ တစ္ခါတစ္ခါက်ေတာ့ ႏိုင္ငံျခားစတိုင္မ်ိဳး၊ ေဘာင္းဘီရွည္၊ ကုတ္အက်ႌ၊ ရႉးဖိနပ္ႏွင့္ ကက္ဦးထုပ္ကိုေဆာင္းကာ တုတ္ေကာက္ႏွင့္ လမ္းေလွ်ာက္ေလ့ရွိပါတယ္။ ဘႀကီးသည္ အလြန္မွ စီးကရက္ႀကိဳက္သူ ျဖစ္တယ္။ သူ အၿမဲတမ္းေသာက္ေလ့ရွိတဲ့ ငါးသုံးလုံး စီးကရက္ကို သံဘူးျဖဴျဖဴႏွင့္ မျပတ္ထည့္ကာေသာက္ပါတယ္။ သူ႔ဘူးထဲမွာ မီးျခစ္ အၿမဲတမ္းပါပါတယ္။ ဘႀကီးမွာ ဇနီး ေဒၚႀကီးေဒၚေငြၫြန႔္ ရွိပါတယ္။

သားသမီးကေတာ့အႀကီးမမိန္းကေလးႏွင့္ အငယ္ေယာက္်ားေလးပဲမွတ္မိ ပါတယ္။ နာမည္ေတာ့ မမွတ္မိေတာ့ပါ။
ဘႀကီးနဲ႔ စေတြ႕ေတာ့ ဘႀကီးက အသက္ (၆ဝ) ေက်ာ္၊ ႐ြာကိုလာရင္း ေဆြမ်ိဳးေတြနဲ႔အနည္းဆုံး(၆)လမွတစ္ႏွစ္အထိၾကာတတ္သူ၊လူေဆြးေဆြး၊ ၾကမ္းေဆြးေဆြး ေနတတ္သူ ျဖစ္ပါတယ္။ ဘႀကီးတို႔က မ်ိဳး႐ိုးလိုက္တယ္။ သူ႔အဘိုး ဘိုးေ႐ႊဥဆိုတာ ရာဇဝင္တြင္တဲ့ စကားရွိတဲ့သူ။ အဲဒါ- ကြၽႏ္ုပ္တို႔ အေမနဲ႔ ဦးေလးေတြက “ဒီေကာင္ေလးေတာ့ အဘိုးေ႐ႊဥ င႐ုတ္သီးစိမ္း ခူးသြားသလိုပဲ” လို႔ ေျပာတယ္။ ဟုတ္ပါတယ္- အဓိပၸာယ္သိေတာ့မွ အဘိုး ေ႐ႊဥဟာ သူငယ္ခ်င္းႏွစ္ေယာက္ ထမင္းထိုင္စားေနရင္း အေမ ကြၽန္ေတာ္ တို႔ ေနာက္ေဖးမွာ င႐ုတ္သီးစိမ္းသြားခူးဦးမယ္ဆို ေပ်ာက္သြားတာ အေဖ၊ အေမေတြလည္း ေသကုန္၊ ေနာက္ သူ႔အသက္ (၇၃) ႏွစ္ၾကာမွ ျပန္လာ ေတာ့ ေနာင္ေျမးေတြ၊ ျမစ္ေတြက မသိေတာ့ဘူးတဲ့။ အဲဒါနဲ႔ သုံးလေလာက္ ၾကာေတာ့ ေသသြားတယ္။ ဒီေတာ့- ဘႀကီးစံျမတို႔ အဘိုးဆိုတာ ၾကက္မွာ အ႐ိုး၊ လူမွာ အမ်ိဳးဆိုတာ ေရွးလူႀကီးေတြ စကားက ဘယ္လြဲပါလိမ့္မလဲ။
ဘႀကီးတို႔က (၃၈)လမ္း ေဈး၊ ယခင္ေဈးေဟာင္းမွာကုန္စုံဆိုင္ေရာင္း တယ္၊ ဘႀကီးဇနီးက ေန႔စဥ္ေရာင္းတယ္။ ဘႀကီးကေတာ့ ကြမ္းယာနဲ႔ ေဆး လိပ္ဆိုင္ဖြင့္တယ္။ ဘႀကီးက တစ္ေဈးလုံးမွာ ဗိုလ္မထားဘူး။ ဒါေၾကာင့္ လည္း သူ႔ကို ပုလိပ္စံျမ၊ လူမိုက္စံျမ၊ စစ္သားႀကီးစံျမ၊ တစ္ပြဲျပန္စံရလို႔ ေခၚ ၾကတယ္။ ကြၽႏ္ုပ္ ရန္ကုန္၊ မဂၤလာဒုံမွာ သင္တန္းတက္ေတာ့ စေန၊ တနဂၤေႏြ ပိတ္ရက္မွာ သူ႔ဆီမွာ သြားအိပ္ေလ့ရွိတယ္။ ဘႀကီးက ကြၽႏ္ုပ္ကို တူတစ္ ေယာက္ဆိုေပမယ့္ အထူးဧည့္သည္တစ္ေယာက္လို ျပဳစုေလ့ရွိပါတယ္။ ထမင္းေကြၽးလို႔ရွိရင္ (၃၈)လမ္းေဈး ထမင္းဆိုင္မွာ စားေလ့ရွိတယ္။
“ဒီမွာ-တူမေလး၊ ရွိတဲ့ဟင္းခြက္ အကုန္လုံးခ်ေပး၊ ႀကိဳက္တာစားမယ္၊ ေနာက္ၿပီး အားလုံးရွင္းမယ္။ ကဲ- တူေလး မင္းႀကိဳက္သလိုစားေတာ့” ဘႀကီးက အဲဒီလို ထမင္းဟင္းစုံနဲ႔ ခ်ေကြၽးေလ့ရွိတယ္။ ဘႀကီးကၿမိဳ႕ထဲ ေလွ်ာက္ ဘုရားစုံဖူးေလ့ရွိတယ္။ ကြၽႏ္ုပ္က သူ ေနာက္ေလွ်ာက္လိုက္ရင္းလမ္းျဖတ္ကူးရာမွာ ဂဠဳန္ဆြဲခံရဖူးတယ္။ ဘႀကီးက ရဲကို လက္ျပန္႐ိုက္ၿပီး ကြၽႏ္ုပ္တို႔ တူဝရီးႏွစ္ေယာက္ ထြက္ေျပးလို႔ လြတ္ခဲ့ဖူးတယ္။
ေဒၚႀကီး ေငြၫြန႔္ ေဈးဆိုင္ကို ညဘက္သြားၿပီး ေဈးသိမ္းေလ့ရွိတယ္။ ည(၉)နာရီေလာက္မွအိမ္ကိုျပန္ၿပီးအိပ္ၾကတယ္။ ထူးျခားတာကဘႀကီးကို တစ္ေယာက္ထဲ အိပ္ေစပါတယ္။ သူ အိပ္တဲ့အိပ္ရာပတ္လည္မွာ ေခါင္းအုံး ေတြ၊ ေမြ႕ရာေတြ ပတ္လည္ဝိုင္းၿပီးထားတာေတြ ပါတယ္။ ည (၁၀)နာရီ၊ (၁၁) နာရီေလာက္ဆို ဘႀကီး ေခါေခါႏွင့္ ေဟာက္သံၾကားရၿပီး သိပ္မၾကာ ခင္မွာ –
“ဝွီး – ဒုတ္၊ အား – ဗုတ္ – ဗုတ္-အင့္၊အား-ဝွီး-ဝွီး”ထိုအသံကိုၾကားေန ရ၏။ ကြၽႏ္ုပ္မီးဖြင့္ၾကည့္လိုက္ရာ ဘႀကီးစံျမလက္ေဝွ႔ထိုးေနျခင္းျဖစ္လို႔ဟာ ဘာျဖစ္ေနတာလဲ။ စိတ္ထဲမွာ အေတြးႏွင့္ မီးျပန္ပိတ္ေတာ့မွပင္။
“လူေလး – မင္းဘႀကီးက လက္ေဝွ႔ထိုးေနတာ၊ သူ႔ အနား ဘယ္သူမွ အိပ္လို႔ မရဘူးကြဲ႕”
“ေဒၚႀကီး ညတိုင္းလား၊ ဒီလိုပဲ တိုးတတ္သလား”
“ေအး – သူ႔အနားမွာ မအိပ္တာ အေကာင္းဆုံးပဲ၊ ညတိုင္းလိုလိုပဲကြဲ႕” ဘႀကီးစံျမ ထိုတစ္ညမွာ သူ၏လက္ေဝွ႔ထိုးခန္းဇာတ္သိမ္းသြားပါေလ ေတာ့၏။
ဘႀကီးစံျမရဲ႕ထူးျခားခ်က္ေတြက သိပ္မ်ားပါတယ္။ ဘႀကီးက လူအရပ္ ရွည္ေပမယ့္ စိတ္ကေတာ့ အလြန္ျမန္တယ္။ သန္လည္း သန္တယ္၊ လ်င္ လည္း လ်င္တယ္၊ ဘႀကီးက မ်က္မွန္ထူထူႀကီးနဲ႔သာ၊ မ်က္ေစ့မႈန္မႈန္နဲ႔ ၾကည့္ေနတာ။ ဒါေပမဲ့ – မဟုတ္ရင္ေတာ့ စံျမအေၾကာင္း သိမယ္လို႔ ႀကိမ္းဝါး တတ္တယ္။
တစ္ေန႔မွာ ကြၽႏ္ုပ္ (၃၈)လမ္း ေဒၚႀကီးေငြၫြန႔္ ကုန္စုံဆိုင္မွာ ထိုင္ေန စဥ္ ေဈးဆိုေတာ့ ေရာင္းသူဝယ္သူေတြက ကြၽႏ္ုပ္တို႔ ေတာမွာလိုမဟုတ္။ ေမးလိုက္ ဝယ္လိုက္၊ ပ်ားပန္းခတ္ျဖစ္ေနတာ။ ကြၽႏ္ုပ္ ေတာသားအဖို႔ မ်က္စိေတာင္ေနာက္၊ ေခါင္းေတာင္ မူးတယ္။ အေရာင္းအဝယ္ကလည္း

လက္မလည္ေအာင္ ေရာင္းရတယ္။ ေဒၚႀကီး ပိုက္ဆံထည့္တဲ့ ျခင္းေတာင္း ထဲမွာဆို ပိုက္ဆံေတြ ျပည့္ေနတာပဲ။ ေဒၚႀကီးလည္း တစ္ေယာက္တည္း ခ်ိန္ခြင္ခ်ိန္လိုက္၊ ျပည္ေတာင္းကိုင္လိုက္ႏွင့္ လက္ကိုမခ်ရဘူးျဖစ္ေနေတာ့ ကြၽႏ္ုပ္ကကူၿပီးေရာင္းေပးရတာေပါ့။ ဘႀကီးရဲ႕သားေလးကေက်ာင္းတက္ေန တယ္။ သမီးႀကီးက သူ႔ေယာက္်ားနဲ႔ေနတာဆိုေတာ့ သူတို႔မွာ ႏွစ္ေယာက္ တည္းအလုပ္ဆိုေတာ့ ဘယ္ႏိုင္ပါ့မလဲ။ ဒါနဲ႔ – အမ်ိဳးသမီးတစ္ေယာက္ ေဒၚႀကီးေငြၫြန႔္ရဲ႕ပုဇြန္ေျခာက္အေကာင္ႀကီးဗန္းထဲက ပုဇြန္ေျခာက္ကို ႏႈိက္ ၿပီးဒါဘယ္ေဈးလည္းေမးကာ လက္ထဲမွာ ဆုပ္သြားတယ္။ ေဒၚႀကီးကေတာ့ ေဈးေျပာလိုက္ၿပီး ေဈးဆက္ေရာင္းေနတယ္။ ဘႀကီးက ဘယ္ေနရာက ထြက္လာတယ္ မေျပာတတ္။
-အမေလး
“ေသာက္ကျမင္းမ လူပါးဝတယ္၊ သုံးရက္ရွိၿပီ ဝယ္တာလည္း မဟုတ္ ဘဲနဲ႔ လူကို ေစာ္ကားတဲ့ဟာမ ေသဟ၊ ဗုန္း – အင့္ – အင့္ – အား – ကယ္ပါဦး ေျဖာင္း- ေျဖာင္း – အမေလး-အား- အား- ေသဟ၊ ငါ့ပုစြန္ ေျခာက္ျပန္ေပး”ဆိုကာ အမ်ိဳးသမီးကိုလမ္းမေပၚပက္လက္လွန္လွဲၿပီးရင္ဝ ကို လက္သီးႏွင့္ထိုး၊ ပါးကို ဘယ္ျပန္ညာျပန္႐ိုက္၊ ရင္ဝကို ဖေနာင့္နဲ႔ေပါက္၊ ပါးစပ္ကို လက္နဲ႔ဆြဲၿဖဲၿပီး ပုဇြန္ေျခာက္ကို ႏႈိက္ယူေနတုန္း… “ဟဲ့- ကိုစံျမ- ကိုစံျမ၊ ရွင္လြန္မယ္၊ မလုပ္ပါနဲ႔ ေသကုန္ေတာ့မွာပဲ
ေတာ့”
“ဘႀကီး – ေတာ္ပါေတာ့ – ေတာ္ပါဗ်ာ”
“တူေလး- ဒီေကာင္မ ေန႔တိုင္း ငါ့တို႔ ပုဇြန္ေျခာက္ကို ႏႈိက္စားတာ၊ သူ လင္ဟာမွတ္လို႔လား၊ မွတ္ထား- စံျမတဲ့၊ အဲဒါ လူေတြကို ဂ႐ုမစိုက္ခ်င္ဦး။ စံျမအေၾကာင္း ေကာင္းေကာင္း သိရမယ္”
“ကဲ- ကိုစံျမ၊ ကိုစံျမ ရွင္ အိမ္ျပန္ေတာ့။ ဒါမွမဟုတ္ ခရီးသြားခ်င္သြား၊ ေရာ့- ဒီမွာ ပိုက္ဆံလိုသေလာက္ ႏႈိက္သြားပါရွင္၊ သြားပါေတာ့- ရွိႀကီးခိုးပါ
ရဲ႕”
“မေငြၫြန႔္ – မင္းက ငါ့ကို ခရီးထြက္ခိုင္းရင္ မင္း စကားနဲ႔ မင္းေနာ္”

“ေအးပါရွင္ရယ္ – ေအးပါ”
“ေကာင္းၿပီ – ေကာင္းၿပီ၊ဟဲ-ဟဲ-ဟဲ-ဟဲ”
ဘႀကီး ေဒၚႀကီး ေငြျခင္းထဲမွ ပိုက္ဆံကို ႏႈိက္ အိပ္ထဲထည့္ကာ ရယ္က်ဲ က်ဲႏွင့္ေျပာေနတယ္။ ေဒၚႀကီးက သူ႔ေယာက္်ားအေၾကာင္း ဓာတ္သိ အစဥ္း သိဆိုေတာ့ဘာမွေရွ႕ဆက္မေျပာေတာ့။ မၾကာခင္ေဈးေခါင္းႏွင့္အဖြဲ႕ေရာက္ လာတယ္။ ဟိုၾကည့္ ဒီၾကည့္ႏွင့္ အ႐ိုက္ခံရေသာ အမ်ိဳးသမီးလည္း ပါလာ တယ္။ လူအပ္ႀကီးမ်ား လာေတာ့၏။
“ဦးေလး – စံျမနဲ႔ ျဖစ္တာပဲ၊ နင္က သူ႔ဆိုင္မွာ သြားၿပီးရန္စတာကို နင္ ျပန္ေတာ့”
“ဟုတ္တယ္၊ေဈးေခါင္းႀကီးေရ- ဒီေကာင္မကပုဇြန္ေျခာက္ကို သုံးရက္ တိတိႏႈိက္စားၿပီးေတာ့ဗ်ာ။ လက္တစ္ဆုပ္ ဆုပ္သြားေသးတယ္ဗ်။ က်ဳပ္က ဘယ္လက္နဲ႔ ႐ိုက္မိလို႔ ဆုံးမတာ ညာလက္နဲ႔ဆိုရင္ သင္းကိစၥျပတ္တယ္ မွတ္”
မယ္”
“ဟုတ္ကဲ့ပါ – ခင္ဗ်ာ၊ ကဲ- သြားေတာ့၊ နင္ – ေက်နပ္ေတာ့” “ကဲ-ေဈးေခါင္းၾကအီး ကြၽန္မ ေတာင္းပန္ပါတယ္ရွင္”
“အေမၫြန႔္ မေတာင္းပန္ပါနဲ႔၊ ကြၽန္ေတာ္ သိၿပီးသားပါဗ်ာ၊ သြားဦး
“ဟုတ္ကဲ့ “ ဟုတ္ကဲ့”
“လာတူေလး၊ ၿမိဳ႕ထဲ ေလွ်ာက္လည္ၾကစို႔၊ ေဟ-ေဟ- ေဟ-ေဟ” ကြၽႏ္ုပ္ႏွင့္ ဘႀကီး ေအာက္ဘေလာက္ဘက္ဆင္း လမ္းေလွ်ာက္လာ တယ္။ ဘႀကီးကကမ္းနားဘက္သို႔ သြားမည္ဆိုကာ ဆူးေလဆိပ္ကမ္းဘက္ ဆက္ေလွ်ာက္ရင္းဟိုယခင္ကႏိုင္ငံျခား သေဘၤာႀကီးမ်ားကိုအနီးကပ္သြား ၾကည့္ၾကတယ္။ ဘႀကီးက လက္ညႇိဳးထိုးၿပီး သူ သိသမွ်ေတာ့ ရွင္းျပ၏။ ဘႀကီး ေမာသြားသည္ထင္တယ္။ ဆိပ္ကမ္းအနီး ပန္းၿခံေလးတစ္ခု အရိပ္ ေကာင္းေကာင္းေနရာ၌ ထိုင္ခုံေလးေပၚဝယ္ ငါးသုံးလုံး စီးကရက္ကို မီးညႇိ ဖြာရႈိက္ေနစဥ္ကြၽႏ္ုပ္က ဘႀကီးကို စကားစေမးမိပါေတာ့တယ္။
“ဘႀကီး- ဘႀကီး-ငယ္ငယ္တုန္းက လက္ေဝွ႔ထိုးသလား” “ဟင္း – ဟင္း- ရႉး – ရႉး၊ ေအး – ဘႀကီးက လက္ေဝွ႔သမားပဲကြ” “ဘာျဖစ္လို႔ နာနာက်င္က်င္ လက္ေဝွ႔ထိုးခ်င္တာလဲ။ ဘႀကီးေျပာျပပါ
“ဒီလိုကြ – မင္းလည္း ေနာက္လာေနာက္သားေတြ သိေအာင္ဘႀကီး ေျပာျပခ်င္တာနဲ႔ အေတာ္ပဲကြ။ ငါတို႔အဘိုး- ဘိုးေ႐ႊဥက ပုသိမ္တစ္ဖက္ ကမ္း ေ႐ႊဝက္လူး ဘုရားနားမွာေနတယ္။ သေဘၤာႀကီးဂိုဏ္းမွာ အလုပ္လုပ္ ရင္းနဲ႔ ဂိုဏ္းေခါင္းေဆာင္ ျဖစ္တယ္တဲ့ကြ။ ဒါနဲ႔ – ငါတို႔ အဘြားနဲ႔ အိမ္ေထာင္ က်ၿပီးငါတို႔အေဖျဖစ္တဲ့ဘိုးေ႐ႊႏုနဲ႔မင္းတို႔အဘိုးရဲ႕အေဖမိသားစုေတြကိုေမြး တယ္တဲ့ကြ။ တခ်ိဳ႕ ငါလည္း မမွတ္မိေတာ့ဘူး။ ေနာက္ေတာ့ ငါတို႔အေဖ ဘိုးေ႐ႊႏုက ေ႐ႊဝက္လူး သူ ငါတို႔အေမ၊ ေဒၚေကြၽးဥနဲ႔ အေၾကာင္းပါ။ ငါတို႔ ညီအစ္ကို ႏွစ္ေယာက္ ေမြးတယ္ကြ။ ငါ့ထက္အငယ္က ႏိုင္ငံျခား သေဘၤာ သား ျဖစ္သြားတယ္။ ဒီတုန္းက ငါတို႔ အဂၤလိပ္ေခတ္နဲ႔ ဂ်ပန္ေခတ္ေပါ့ကြာ။ ငါလည္းအ႐ြယ္ေရာက္ေတာ့ျမန္မာတပ္မေတာ္ထဲဝင္တယ္ကြ။ ငါပုသိမ္က ေနဝင္ တာ ငါတပ္ထဲေနရင္း ဂ်ပန္ငပုေတြကို ဘယ္လိုႏွိပ္စက္ရပါ့မလဲလို႔ စဥ္းစားတာ ေန႔တိုင္းပဲ။ ဒါနဲ႔ကြာ ငါ့ကို လက္ေဝွ႔ထိုးမလားလို႔ စစ္ဗိုလ္က ေမးေတာ့ ငါထိုးခ်င္တာနဲ႔ အေတာ္ပဲဆိုၿပီး ငါစာရင္းေပးလိုက္တယ္”
ဘႀကီးစံျမ စီးကရက္မီးခိုးေငြ႕မ်ား လႈိင္လႈိင္မႈတ္ထုတ္ရင္း သက္ျပင္း အႀကိမ္ႀကိမ္ခ် ေကာင္းကင္ကို ေမာ့ၾကည့္လိုက္၊ ဆူးေလေစတီေတာ္ကို ၾကည့္လိုက္ႏွင့္ သူ၏ ညိဳမည္းေသာ အသားသည္ ပို၍ပင္ မည္းလာသလား ထင္ရတယ္။ လက္သီးကို က်စ္က်စ္ဆုပ္ကာ အဆီျပန္ေနေသာ မ်က္ႏွာကို လက္ကိုင္ပဝါႏွင့္ ဘယ္ဘက္လက္ႏွင့္သုတ္ရင္းက ဝွီး – ဝူး – ဝွီးႏွင့္ ေလမႈတ္ ထုတ္လိုက္ေတာ့တယ္။ သူဆုတ္ထားေသာ လက္သည္ ညာလက္ျဖစ္ၿပီး လက္ေကာက္ဝတ္တြင္ ေဆးနီပတ္လည္ ထိုးထားတယ္။
“ဒီလိုကြ – ငါ ဂ်ပန္ကင္ေပတိုင္တစ္ေယာက္နဲ႔ လမ္းမွာ ဆုံရင္း ငါ့ကို စစ္တပ္ကမွန္းသိသြားေတာ့ ဖမ္းမိန႔္ေပးတယ္။ ငါကလည္း အရက္မူးေန တာေပါ့ကြာ။ ဂ်ပန္ကငါ့ကို ပါး႐ိုက္တယ္”

း – ဖ်န္း-အား- အာ – ဘီဂုမာ-ဘီဂုမာ- ခုယာ-ခုယာ”
“ဖ်န္း – ဖ်န္
“အား- အာ”
“ကဲဟာ – ဒုတ္ – ဖ်န္း – ဗုန္း – အင့္ – အင့္”
“ငါစိတ္ရွိလက္ရွိထိုးလိုက္တာဂ်ပန္လမ္းေပၚမွာေမွာက္ေနတယ္ကြ။
သူ႔ စစ္သားေတြ လာၿပီးေတာ့ ၾကည့္ေတာ့ ပါးစပ္ထဲက ေသြးအန္ၿပီးေတာ့ ဂ်ပန္ အသက္ထြက္သြားေရာ”
“ဘႀကီးကို အေသပစ္သတ္မွျဖင့္ ဒုကၡပဲ”
“ဘယ္ေနမလဲကြာ၊ လိုက္ပစ္တာေပါ့၊ ငါလည္း ေျခဦးတည့္ရာ ေျပး၊
သူတို႔က ေနာက္ကပစ္”
“မသိဘူးကြာ – ဘႀကီးရဲ႕”
“ေအးကြ – တစ္ခ်က္မွကို မထိဘူး၊ ေနာက္ေတာ့ ငါလည္း ေတာထဲ ေရာက္ သူတို႔ ဆက္မလိုက္ေတာ့ဘူး”
“ဘႀကီး တပ္ကို ျပန္ေရာက္ေသးလား”
“ကိုယ့္တပ္ျပန္သီတင္းပို႔ျဖစ္ေၾကာင္းကုန္စင္ေျပာျပေတာ့တို႔ဗိုလ္ႀကီး
က ရဲေဘာ္စံျမ မင္း မသိခ်င္ေယာင္ေဆာင္ေနပါလို႔ အမိန႔္ရွိတယ္။ သူတို႔ လည္း ဘယ္မွတ္မိပါ့မလဲကြာ”
“ဘႀကီး လက္ေဝွ႔ထိုးတဲ့ အေၾကာင္းက”
“ေအးကြ – အဲဒါငါလက္ေဝွ႔သင္တန္းတက္၊ ေနာက္ပညာေတြရင့္လာ ေတာ့ ငါၿပိဳင္ပြဲဝင္၊ နာမည္ႀကီးေတြနဲ႔ တိုးရတာကြ။ လက္ေဝွ႔လည္းထိုးၾကၿပီ။ ေခတ္ကေတာ့ ဂ်ပန္ေခတ္ပဲ ရွိေသးတယ္၊ လြတ္လပ္ေရးေတာင္ မရေသး ဘူး။ ငါ လက္ေဝွ႔လည္း ထိုးေပါ့ကြာ။ ပြဲေတြမွာ ေတာ္ေတာ္မ်ားမ်ား ႏိုင္ခဲ့ၿပီး ၿပီကြ”
“ဘႀကီးက လက္ေဝွ႔ပါ ထိုးတာလား ႏွစ္မ်ိဳးစလုံးေပါ့”
“ျမန္မာ လက္ေဝွ႔လည္း ငါထိုးတယ္၊ တို႔ငယ္ငယ္တုန္းကေတာ့ ထိုး ကြင္းမင္ေၾကာင္နဲ႔ဆိုေတာ့ျမန္မာဆိုတာကြာေသွ်ာင္ထုံးနဲ႔ထိုးကြင္း ျခင္းလုံး ခတ္တာေတာင္ က်က္သေရရွိတာ၊ သိပ္ၾကည့္ေကာင္းတာလား။ ေအး –
ခး-ထိုးကြင္းလည္းေပ်ာက္ၿပီကြ။ ေနာက္လူေတြ ဘယ္ရွိေတာ့မလဲကြာ။ ငါတို႔တုန္း က ထိုးကြင္းထိုးမွ မိန္းမေတြက ေယာက္်ားလို႔သတ္မွတ္တာ၊ ေသွ်ာင္ထုံး လည္းထားမွကြ။ စစ္တပ္မွာေတာ့ ဘယ္ရွိလိမ့္မတုံး။ ငါတို႔အေဖ ေျပာတာ ကြမ္းသီးပါးစပ္ထဲ ကိုက္ၿပီးအထိုးခံရတာတဲ့။ နာလိုက္တာမွ ကြမ္းသီးကို ကိုက္တာ ထက္ျခမ္းကြဲသြားတာ။ တခ်ိဳ႕ထြက္ေျပးလို႔ တစ္ကြင္းပဲရွိတဲ့သူ ေပါင္တစ္ဖက္ပဲထိုးတဲ့သူဆိုေတာ့ေပါင္ေၾကာျဖဴလို႔ေခၚတယ္ကြ။ မင္းေျပာ ရဦးမယ္၊ တို႔ေခတ္က တုတ္ၿပီးဓားၿပီး၊ တစ္ပြဲျပန္၊ ထုံးမန္း၊ ကြမ္း႐ြက္မန္း၊ သေျပ႐ြက္မန္းဆိုတာ သိပ္ေခတ္စားတယ္ကြ” “ဘႀကီးေကာ တစ္ပြဲျပန္ထိုးေဆးလား”
“တူေလးကလည္း သူ႔ေခတ္နဲ႔သူဆိုေတာ့ ထိုးရတာေပါ့ကြာ။ တို႔ဘက္ မွာက ေတာင္ညိဳေတာင္ဘက္က ဆရာလင္းဆိုတာ တစ္ပြဲျပန္ဆရာႀကီး၊ မင္း ခုတ္ကြာ၊ ႐ိုက္ကြာ၊ ျပတ္တယ္၊ ကြဲတယ္ဆိုတာ မရွိေစရဘူး။ ရဲရဲတာ ဝန္ယူတယ္။ ဘာလို႔လဲဆိုေတာ့ တို႔က လက္နက္ဆန္းေတြ၊ ေခတ္မီလက္ နက္မရွိေတာ့ ဝိဇၨာနည္းနဲ႔ ခုခံကာကြယ္တာကြ။ ကိုယ္ေပ်ာက္၊ က်ည္လြဲ ဆိုတာလည္း ရွိေသးတယ္။ ဒီေတာ့ – သူ႔ထက္ငါ ဆရာရွာေကာင္းတဲ့ ေဆး ရွာၿပီး ပိုက္ဆံေပးထိုးၾကတာဗ်၊ မင္း မွတ္ထား”
“ဘႀကီး- တစ္ပြဲျပန္အေၾကာင္း စိတ္ဝင္စားတယ္ ေျပာျပပါဦး”
“တစ္ပြဲျပန္ သတင္း ေက်ာ္ၾကားတာက တို႔ေဟာဒီ ပုသိမ္တစ္ဝိုက္မွာ ဆိုရင္ေ႐ႊရင္ေမွ်ာ္ ဆရာေတာ္ႀကီးဦးဇာဂရ၊ ခု- ဘုရားႀကီးမွာ ႐ုပ္အေလာင္း ရွိတယ္ထင္တယ္။ ေနာက္ၿပီးေတာ့ – ဝက္႐ုပ္ဆိုတာ ေရၾကည္ၿမိဳ႕နားမွာ ဦးေလေျပဆိုတာ ရွိတယ္ကြ။ စစ္ေျပးဒုကၡသည္ မွန္သမွ် အဲဒီဆရာေတာ္ ႏွစ္ပါးက ေဆးေပါက္ေဆးထိုးၿပီး၊ တစ္ပြဲျပန္လုပ္ေပးတာ။ အားလုံး ခိုလႈံခဲ့ရ တာကြ။ ငါလည္း တစ္ပြဲျပန္ေဆးထိုးတားတယ္။ စိတ္ထလို႔ ကိုယ္ကို အား ညႇစ္လိုက္လို႔ကေတာ့ မင္း ႀကိဳက္ရာလုပ္ေတာ့။ တို႔တစ္ပြဲျပန္က အၿမဲတမ္း ေဆးကြ။ တခ်ိဳ႕ကေတာ့ ခုပြဲတစ္ပြဲကို သြားမွ ထိုးရတာ။ ပြဲျပန္လာရင္ ေဆး ျပယ္တယ္ မဟုတ္လား။ ေပါ့ေပါ့ေတာ့ မဟုတ္ဘူး ငါ့တူေရ”

“ဘႀကီး တစ္ပြဲျပန္ေဆးထိုးေတာ့ ပြဲျပင္ရေသးလား”
“ေဟ့-ေဟ့- မင္းကလည္းပြဲျပန္ပါဆိုမွပြဲျပင္ရတာေပါ့။ အဲဒါလည္းတို႔ ကိုယ္ကို ေစာင့္ေရွာက္တဲ့ ပုဂၢိဳလ္ေတြကို ပူေဇာ္ရတာကြ။ မင္း ခႏၶာကိုယ္မွာ ေစာင့္ေရွာက္တဲ့ တစ္က်ိပ္ႏွစ္ပါးေသာ ကိုယ္ေစာင့္နတ္ေတြ ရွိတယ္ေနာ္။ သံခ်ပ္ကာ ကာထားတယ္၊ ႀကိဳးေတြ ခ်ည္ထားတယ္၊ သူမ်ား ခုတ္လို႔ မျပတ္ ဘူး၊ မကြဲဘူးဆိုတာကို တစ္ပြဲျပန္ေပါ့။ ဝိဇၨာ၊ ေဇာ္ဂ်ီ၊ တပသီေတြလည္း ေစာင့္ေရွာက္တယ္ကြ။ အစိမ္းတိုက္ေတာ့ မဟုတ္ပါဘူးကြာ။ တခ်ိဳ႕က သရဲ လိုလို၊ တေစၦလိုလို ေစာင့္ေရွာက္လို႔ ထင္ၾကတာ။ ဘယ္ဟုတ္ရမလဲကြ၊ အထက္ပုဂၢိဳလ္ေတြ ေစာင့္ေရွာက္တာတဲ့ကြ”
“ဘႀကီး- ဒါဆို တန္ခိုးဣဒၶိပါတ္ ရွိလို႔ေပါ့ေနာ္”
“ျဖစ္ႏိုင္ပါတယ္ကြာ၊ တခ်ိဳ႕ဆို ဂုဏ္ေတာ္ကို အာ႐ုံျပဳၿပီးေတာ့ အစြမ္း ထက္တဲ့ ပုဂၢိဳလ္ေတြလည္း ရွိတယ္။ မႏၲန္ကို႐ြတ္ၿပီး အႏၲရာယ္က လြတ္ ေျမာက္တာလည္းရွိတယ္ကြာ။ သရဏဂုံကိုအၿမဲ႐ြတ္လို႔ေသေဘးကလြတ္ တဲ့ လူေတြလည္း ေတြ႕ဖူးတယ္။ သူခိုး ခိုးမခံရတာ၊ ဓားျပတိုက္၊ ျပန္ေပးဆြဲ ေဘးမွလြတ္တဲ့လူေတြလည္း ေတြ႕ရဲ႕ကြ”
“မွန္ပါတယ္- ဘႀကီး၊ သမၺဳေဒၶ႐ြတ္တဲ့ အဘြားႀကီး ဓားျပရန္က လြတ္ သြားတယ္။ ေနာက္ေတာ့ – အဘြားႀကီးကို လာေတာင္းပန္ၿပီးေမးေတာ့ သမၺဳေဒၶ ေန႔တိုင္းမျပတ္ ႐ြတ္တယ္ဆိုတာသိေတာ့ အေစာင့္အေရွာက္ရွိတဲ့ ဂါထာလို႔ဆိုတယ္ ဘႀကီးရဲ႕”
“ေအး – အဲဒါ တြင္းေလွာင္၊ ကပ္ဖိ၊ အခ်ဳပ္ေထာင္မွ ကင္းေဝးလြတ္ ေျမာက္တယ္ကြ။ ေနာက္ၿပီး – စုန္း၊ ကေဝတေစၦ၊ ေအာက္လမ္း မိစာၦေတြ အဖမ္းအဆီး အေႏွာက္အယွက္ကလည္း ကင္းေဝးေစတယ္ကြ။ ဟို – ျမင္း ၿခံဘက္ကေမာင္နီဆိုတာလူသတ္မႈနဲ႔ ေသဒဏ္က်ေတာ့မယ့္ဆဲဆဲ ဘုရား စာ ဘာမွမရလို႔ ဗုေဒၶါဆို ေန႔တိုင္း႐ြတ္တာတဲ့ ေနာက္ေတာ့ အမႈမွန္ေပၚၿပီး ေတာ့ ေသဒဏ္ကလြတ္သြားတာ ရွိတယ္ကြ”

“ဘႀကီး – ဒီေတာ့ တစ္ပြဲျပန္ကေဆးထိုးရင္ဂါထာမႏၲန္ေတြ႐ြတ္ရေသး လား”
“ေအးကြ – ဆရာက ပြဲေတြျပင္ၿပီးေတာ့ ေရစင္ထည့္၊ အေမႊးတိုင္၊ ဖေယာင္းတိုင္ထြန္း၊ ရာဇမတ္ကာ ငွက္ေပ်ာပင္စိုက္၊ ႀကံပင္စိုက္၊ သဲျဖဴခင္း ၿပီးဒီစည္းဝိုင္းထဲကိုဝင္ၿပီးမွ သစၥာျပဳ ကတိခံေစၿပီး တစ္နည္းေျပာရရင္ေတာ့ က်မ္းက်ိန္တာေပါ့။ အဲဒီလိုမွ ေဆးစထိုးေပးတာကြ”
“ဘႀကီး-တစ္ပြဲျပန္ေဆးေတြမွာ ေနာက္ဘာေဆးေတြ ရွိေသးလဲ” “ေအးကြ – အာဠဝက၊ ပုဏၰက၊ စားခြက္ႏႈိက္၊ က်ားမႏိုင္ ဆိုတာေတာ့ ဘႀကီးသိတယ္ကြ။ တခ်ိဳ႕ေဆးေတြလည္း ရွိဦးမွာပါ”
“ဘႀကီး- ကြၽန္ေတာ့္တို႔ အိမ္မွာ အလုပ္လုပ္တဲ့ ေခါင္းေပါင္းနဲ႔ လူကို ေတြ႕တယ္ေနာ္”
“ေအး – ဘာျဖစ္လို႔လဲကြ တူေလး”
“အဲဒါ | သူက ဟို ဝါးခြဲတဲ့ ဓားမႀကီးနဲ႔ သူ႔ ေျခသလုံးကို ခုတ္ျပတယ္။ ေနာက္ၿပီး ရဲတင္းနဲ႔ ထုျပတယ္။ အရာသာထင္တာ ဘႀကီးရဲ႕မျပတ္ဘူးဗ်” “ေဟ့-ေဟ့- တူေလး၊ အဲဒါလည္း တစ္ပြဲျပန္ပြဲကြ”

“ဘႀကီး သူ႔ဓားမႀကီးက ဟက္ေနေအာင္ ျပတ္တာေနာ္။ ရဲတင္းနဲ႔ ထု တာမ်ား ေဂ်ာင္ – ေဂ်ာင္နဲ႔ဗ်ာ။ ကြၽန္ေတာ္ေတာ့ အံ့ေရာဗ်ာ” “သူ႔မွာ တစ္ပြဲျပန္စားရွိလို႔ေပါ့ကြ၊ သူ႔နာမည္က ဘယ္သူလဲကြ” “ဦးလွၫြန႔္ပါ – ဘႀကီး”
“မင္း မွတ္ထားကြ၊ သူ႔နာမည္ တစ္ပြဲျပန္လွၫြန႔္လို႔ေခၚလိုက္၊ ဟား- ဟား-ဟား”
ဘႀကီး အားရပါးရ ရယ္လိုက္တယ္။ စီးကရက္ကို မီးညႇိကာ ရႉရႈိက္ၿပီး မီးခိုးေငြ႕ေတြကို မႈတ္ထုတ္ၿပီး မတ္တတ္ရပ္၍ လက္ႏွစ္ဖက္ေဘးဆန႔္ကာ ခါးကို ဘယ္ညာ ခ်ိဳးလိုက္ျပန္တယ္။ ထို႔ေနာက္ ထိုင္ခုံတြင္ ျပန္ထိုင္ကာ … “တူေလး – ထမင္း စားၾကမလား”
“ဘႀကီး-မဆာေသးပါဘူး၊ ဆက္ေျပာပါဦး”

“ငါ – စစ္တပ္ထဲမွာ လက္ေဝွ႔ထိုးတာကို အထက္လူႀကီးေတြကပြဲတိုင္း
ႏိုင္ဆိုေတာ့ ေဘာက္ဆင္စံျမလို႔ ေခၚၾကတယ္ကြ။ ဒါနဲ႔ – တစ္ခ်ီ တစ္ေမာင္း ေတာင္း၊ ပြဲေကာင္းေတြမွာ ငါလည္း ႀကိဳးစားၿပီးထိုးတာကြ။ အဲဒီ ပြဲမွာ ဂ်ပန္ ေတြက ေလာင္းေၾကးနဲ႔ ဆုေၾကးေတာ္ေတာ္မ်ားမ်ားနဲ႔ ထိုးၾကမွာ။ ငါလည္း ဂ်ပန္ဆိုထဲက စိတ္ကႂကြေနတယ္။ ဒါနဲ႔ ႀကိဳးဝိုင္းထဲေရာက္ေတာ့စိန္ေခၚတာ ေပါ့ကြာ။ သူကလည္း ပြဲတိုင္းေက်ာ္ပဲကြ၊ ငါလည္းေတာ္ေတာ္ခံရတယ္” “ဘႀကီးက ေတာ္ေတာ္ ႀကိဳးစားရမွာေပါ့ေနာ္”
“ေအးကြ – ပရိသတ္ေတြကလည္း လက္ခုပ္သံ တေျဖာင္းေျဖာင္းနဲ႔ဆို
ေတာ့ငါ့စိတ္ဓာတ္ကတအားတက္ႂကြေနတယ္။ ျမန္မာကြ – စံျမေဟ့၊ ျမန္မာ စံျမေဟ့ဆိုတာ မိုးလုံးဟိန္းပဲကြ။ ေတြ႕ ၾကေသးတာေပါ့ကြာလို႔ စိတ္ထဲက အၿငိဳးအေတးက ျမန္မာဆိုတဲ့ နာမည္ကို ဂုဏ္ယူခ်င္တယ္ကြ။ ဒီေတာ့ကြာ ေရကုန္ေရခန္းထိုးၾကရမွာလား”
“ဘယ္ႏွခ်ီ ထိုးရလဲ – ဘႀကီး”
“ငါးခ်ီ ငါးေရထိုးရတာကြ”
“လူေတြလည္း ၾကက္ကုသလို ကုရမွာေပါ့ေနာ္” “ကုတဲ့ဆရာေတြ၊ဒိုင္ေတြရွိတာေပါ့ကြာ။ဒဏ္ရာကိုကုေပးရတာလည္း ပထမအခ်ီဆိုေတာ့ ဘယ္သိပ္မေမာေသးဘူး။ လူကလည္း အသက္ (၂ဝ) ေက်ာ္၊ အိမ္ေထာင္မက်ေသးဘူးကြ။ ဒီေတာ့ – အားကလည္း စီးေနတယ္။ သူေသ၊ ကိုယ္ေသ ထိုးရတာ ငါ သိပ္ေပ်ာ္တာကြ။ ငါနဲ႔ထိုးတဲ့လူက ငါ့ထက္ ေတာင္ ဗလေတာင့္ေသးတယ္”
“ဒုတိယခ်ီေရာက္ေတာ့ ဘႀကီးတို႔ ဘယ္လိုျဖစ္ေသးလဲ”
“ေရာ့-ဒီမွာ ေတြ႕လားဒဏ္ရာ၊ ဒီပါးမွာ အဲဒါ အမွတ္ရတာေပါ့ကြာ။ ငါ နာသြားေတာ့ သူလည္း အႏိုင္ငါ့ကိုထိုးၿပီး ငါလည္း မလူးသာ၊ မလွိမ့္သာ ေရွာင္ရင္း လဲက်သြားတယ္။ ေဟ့ေကာင္ (၂)မိနစ္ေလာက္ နားၿပီးေတာ့ ေတာ္ေတာ္အဆင္ေျပလာတယ္။ အားတင္းၿပီးေနာက္တတိယအခ်ီျပန္အစ သူလွည့္ေျပးေနတယ္။ ငါ ေျခေထာက္ကို လွည့္ကန္လိုက္ေတာ့ သူ တစ္ ခ်က္ထိသြားၿပီး ယိုင္အသြားမွာ ငါ ညာလက္နဲ႔ ပင့္ထိုးလိုက္လိုကာ ဗုန္း- အင့္ – အား – အား – ႏွင့္ ဝိုင္းထဲမွာ လဲသြားတာကြ”
“ဟာ – မထႏိုင္ေတာ့ဘူးလား ဘႀကီး”
“ဒိုင္ – အမွတ္စဥ္ေခၚေတာ့ လုံးဝမထႏိုင္ေတာ့ဘူး”
“ေနာက္ေတာ့ေကာ ဘာျဖစ္ေသးလဲ”
“ဝိုင္းျပင္ထုတ္ၾကည့္လိုက္ေတာ့ အသက္ရႉရပ္သြားၿပီ၊ သူ ေသၿပီတဲ့” “ဘႀကီးလက္က ျပင္းထန္လွေခ်လား”

“ေအး-ငါ ကိုယ့္ကိုယ္ကိုယ္ေတာင္ မယုံဘူး၊ ေနာက္ ဒီကိစၥကို ဂ်ပန္
ေတြက သိပ္မေက်နပ္ၾကဘူး။ ဒါနဲ႔ တပ္ေျပာင္းမိန႔္က်လာေတာ့ ရန္ကုန္ကို ေရာက္လာတယ္။ အဲဒီေတာ့ကြာ ငါ့ကို ေဆး႐ုံမွာေခၚ ဓာတ္မွန္႐ိုက္ၿပီး ဒီလက္ကို စစ္ေဆးေတာ့ ငါ့မွာ လက္ဖ်ံ႐ိုးတစ္ေခ်ာင္းထဲပဲ ေတြ႕ရတယ္တဲ့။ ေနာက္ေတာ့ ငါ့လက္ကိုပိတ္နီပတ္၊ ဒီလက္နဲ႔ လက္သီးမထိုးရဆိုတားထား တယ္။ ခုဒီမွာ ရစ္ထားတာ ေဆးနီပဲကြ။ ငါ လက္ေထာင္ခ်ခံထားရတယ္။ ေနာက္ေတာ့ လြတ္လပ္ေရးရၿပီးတဲ့ေနာက္မွာ ဂ်ပန္ေတြေျပးရၿပီ။ တို႔ စစ္ တပ္က အေနာက္႐ိုးမဘက္လိုက္ၿပီး အျပတ္ေဆာ္လိုက္တာကြ။ ေျပးသမွ် ဂ်ပန္ နည္းနည္းပဲ က်န္ေတာ့တာ။ ေနာက္ေတာ့ – ငါတို႔ ပုလိပ္ဘက္ေျပာင္း ေပးေတာ့ ဆာဂ်င္တဲ့ကြ၊ မင္း ေဒၚႀကီးနဲ႔ အိမ္ေထာင္ျပဳ၊ ပဲခူးဘက္မွာေန၊ အဲဒါနဲ႔ ရန္ကုန္ျပန္ေရာက္၊ ပုလိပ္ကေန အဲဒီ လက္သီးထိုးမႈနဲ႔ တရားခံေတြ ႏွိပ္စက္တယ္၊ အို- တိုင္စာေတြေရာက္၊ ငါေနာက္ဆုံး ထြက္လိုက္ရတယ္” “ဘႀကီး-ေနလည္းပူလာၿပီ၊ ထမင္းသြားစားၾကဦးစို႔”
“ေအး – မင္း သိခ်င္တာ ေနာင္မွ ငါ ဆက္ေျပာမယ္၊ လာ – သြားစို႔”
ဘႀကီးႏွင့္ကြၽႏ္ုပ္ ဆူးေလဘုရားအနီးမွ ထမင္းဆိုင္တစ္ခန္းသို႔ဝင္ကာ ထမင္းစားၾကတယ္။ ဘႀကီးက ကြၽႏ္ုပ္ကို ဟင္းေတြ ခပ္ထည့္ေပးတယ္။ ထို႔ေနာက္ ဘႀကီးေျပာေသာ စကားကို ကြၽႏ္ုပ္ နားေထာင္ရင္း ထမင္းကို ၿမိန္ေရယွက္ေရစားၾကေတာ့တယ္။
“တူေလး- မင္းလည္း လယ္သမား သားသမီးပဲ၊ ဒီေတာ့ ႏြားသား၊ ကြၽဲ သား မစားပါနဲ႔။ အဲဒါစားရင္ မင္း ေက်းဇူးရွင္အသား စားရသလိုပဲကြ” “ဟုတ္ကဲ့ – ဘႀကီး၊ ကြၽန္ေတာ္ မစားပါဘူး ခင္ဗ်ာ”
“ေအး – မစားပါနဲ႔ကြာ၊ ေရွာင္ပါ -”
“ဟုတ္ကဲ့ပါ – ဘႀကီး”
ကြၽႏ္ုပ္တို႔ တူဝရီး ထိုမွတစ္ဆင့္ ေ႐ႊတိဂုံဘုရားသို႔ သြားေရာက္ဖူးေျမာ္ ၾကတယ္။ ထိုအခ်ိန္က မဟာဝိဇယေစတီေတာ္ျမတ္မပြင့္ထြန္းေသးပါ။ ထိုမွ တစ္ဆင့္ ငါးထပ္ႀကီး၊ ေျခာက္ထပ္ႀကီးႏွင့္ တိရစာၦန္ဥယ်ာဥ္တို႔သို႔ တစ္ေန

ကုန္ထြက္ ဘုရားဖူးရင္းလည္ခဲ့ၾကတယ္။ ညမိုးခ်ဳပ္လွ်င္အိမ္သို႔ျပန္လာခဲ့ၾက တယ္။
ညတစ္ည၌ ဘႀကီးတို႔ တိုက္ခန္းတြင္ လူစုံၾကတယ္။ သူ၏ သမီးႏွင့္ အမ်ိဳးသားလည္းေရာက္လာၾကလို႔ မိတ္ဆက္ေပးၿပီး လက္ဖက္သုပ္ႏွင့္ ေရ ေႏြးၾကမ္း၊ ေျမပဲယို၊ ဆီးယိုတို႔ကို စားၾကရင္း စကားေျပာေနၾကတယ္။
“တူေလး – နင့္ဘႀကီးကေတာ့ ဒီတစ္ေဈးလုံး ေဈးေခါင္းေတာင္လန႔္ တယ္။ ျဖစ္လိုက္ရင္ စံျမပဲကြ၊ ဟိုမွာ ေဆးလိပ္ဆိုင္လည္း အပိတ္ခံရတယ္။ အဲဒါက သူနဲ႔ စကားမ်ားရင္း ပိတ္လိုက္တာ”
“ဟုတ္ပါတယ္ – မေငြၫြန႔္ရယ္၊ မင္းက ငါ့အလြန္ ေျပာတယ္။ အဲဒီ ေကာင္တို႔ကလည္းငါမမွီလိုက္လို႔။ ႏို႔မို႔လို႔ကငါ့ညာလက္နဲ႔ေတြ႕ရင္အေသပဲ
မွတ္ထား”
“ရွင္ကလည္း စိတ္ကိုေလွ်ာ့ပါေတာ့၊ ရွင္ – ဘုရား တရား အလုပ္သာ လုပ္ပါေတာ့ရွင္”
“ေအးပါဗ်ာ – ဒီႏွစ္ ငါ သကၤန္းေတာ္ဆီးေတာ့မွာ၊ ငါ့သားေလးလည္း ရွင္ျပဳေပးရဦးမယ္ကြ”
“တူေလး-မင္းဘႀကီးရဲ႕အထုပ္ကိုၾကည့္ပါဦး။ အဲဒါ – အဲဒီေထာင့္မွာ သူ အၿမဲတမ္းထားတဲ့ အိပ္ရာလိပ္ကြဲ႕။ သူ စိတ္မထင္လို႔ကေတာ့ ဆိုင္က ပိုက္ ဆံယူ၊ လြယ္အိတ္တစ္လုံးနဲ႔ အိပ္ရာလိပ္ယူ၊ ဘယ္သြားမယ္လို႔ မေျပာဘူး။ သူ စိတ္ထင္တဲ့႐ြာ၊ မင္းတို႔႐ြာ၊ ေက်ာင္းကုန္တို႔၊ ေ႐ႊေလွ၊ ပုသိမ္။ တစ္ခါ တေလလပြတၱာ၊ ပင္လယ္ဝိုင္းမွာ ျပန္ခ်င္မွ ျပန္တာကြဲ႕”
တယ္”
“ဟုတ္ကဲ့-ေဒၚႀကီး၊ ကြၽန္ေတာ္တို႔ဆီမွာလည္း ဘႀကီး ၾကာၾကာေနပါ
“ေအး-ငါ့မွာေတာ့တစ္ေယာက္ထဲ။ငါ့ကေလးကလည္းငယ္ေသးေတာ့ ေက်ာင္းတက္ေနေတာ့ ဘာအကူအညီရမွာလဲ။ သူကေတာ့ ဧည့္သည္လိုပဲ ေနတာ။ ဒါေတာင္ စိတ္မထင္ရင္ မိန္းမက ယူေသးတယ္” “ဘႀကီးက အသက္ပဲႀကီးၿပီပဲ”

“ေအး-နင္မသိလို႔ ဟိုေ႐ႊေလွမွာ သူ႔သမီး ရွိတယ္” “ဟုတ္ကဲ့ – မသိပါဘူး ခင္ဗ်ာ”
“မင္းတို႔ ဘႀကီးကေတာ့ စံျမဆိုလို႔ စံျပဆိုရင္ေတာ့ ဒုကၡပဲကြဲ႕” ဘႀကီး ဘာတစ္ခြန္းမွ မေျပာေတာ့၊ အိပ္ရာထဲဝင္ကာ ေဟာက္သံပင္ ၾကားေနရပီ။ အိပ္မက္ထဲမွာ လက္ေဝွ႔နဲ႔ လက္ေဝွ႔ပြဲ က်င္းပေတာ့မယ္။ ယခု ေတာ့ ေမာေမာႏွင့္ တေခါေခါေဟာက္ေနပါေတာ့တယ္။
“တူေလး- မင္း ဘုရားေက်ာင္းေဆာင္မွာ ဖန္ပုလင္းျဖဴျဖဴေလး ေတြ႕ လား၊ ထယူၾကည့္စမ္း”
“ဟုတ္ကဲ့” ေဒၚႀကီး”
ကြၽႏ္ုပ္ ေဒၚႀကီးေျပာတဲ့ ပုလင္းေလးကို ယူလိုက္ၿပီး ၾကည့္လိုက္ေတာ့ မ်က္စိထဲမွာ ပင္လယ္ေက်ာက္ခက္မ်ားလိုအဆင့္ဆင့္ပြားေနသည္ကိုျမင္ရ တယ္။ သို႔ေသာ္- ေဖြးဥေနသည့္ ဆံပင္အ႐ြယ္မွ်သာ ျဖစ္တယ္။ “ေတြ႕လား- ေသေသခ်ာခ်ာ ၾကည့္စမ္းကြဲ႕”
“ဟုတ္ကဲ့ – ခင္ဗ်”
“ေဒၚႀကီး – ေျပာျပမယ္၊ အဲဒါက ဆံေတာ္ပြားလို႔ ေခၚတယ္။ ရဟႏၲာ ဆံ ေတာ္လို႔လည္း ေျပာတယ္။ နင့္ဘႀကီးက ငါ့ကို သိပ္မႀကိဳက္ဘူး။ ဘာမသိ ညာမသိ ကိုးကြယ္ထားရမလားလို႔ က်ိန္းတယ္”
“ေဒၚႀကီးက ဘယ္ကရတာလဲ”
“ေအး-ဒီဆံပင္မရခင္ေဒၚႀကီး အိပ္မက္ထူးေတြမၾကာခဏမက္တယ္၊
ဒီလိုကြဲ႕”
ေဒၚႀကီးက သူ၏ အိပ္မက္ထူးအေၾကာင္းကို ကြၽႏ္ုပ္အား ျဖစ္ေၾကာင္း ကုန္စင္ ျပန္လည္ေျပာျပရပါေတာ့တယ္။
“အစိေႏၲယ် – အစိေႏၲယ် -အစိေႏၲယ်-အပၸေမယ်-အပၸေမယ်-အပၸ ေမယ် – ရွိခိုးပါ၏ အရွင္ဘုရား စသည့္ ဘုရားပင့္၊ ဆုေတာင္းေမတၱာပို႔ အမွ် ေဝသံသည္ နံနက္(၆)နာရီတြင္ အၿမဲတမ္းဝတ္မပ်က္ ရွိခိုးေနသူကေဒၚႀကီး ေဒၚေငြၫြန႔္၊ သူ၏ဘုရားေက်ာင္းသည္အလြန္သပ္ရပ္တင့္တယ္၍ပန္းဆီမီး၊
ေရခ်မ္း၊ ဆြမ္းမပ်က္ေစရ။ ဆီမီး၊ အလင္းတိုင္၊ အေမႊးတိုင္တို႔လည္း ထာဝရ ေမႊးႀကိဳင္လင္းထိန္ေနပါတယ္။ သူ၏ေဈးဆိုင္တြင္လည္း ဘုရား႐ုပ္ပြားေတာ္ ႏွင့္ ဆီမီး၊ ပန္း၊ ေရခ်မ္း၊ ဆြမ္းကပ္လႉၿပီးမွ ဆိုင္ဖြင့္ေလ့ရွိပါတယ္။ ေဒၚႀကီး သည္ ဘႀကီးကဲ့သို႔ ႏႈတ္လည္းမၾကမ္း၊ လူလည္း မရမ္းကား၊ ႏူးညံ့သိမ္ေမြ႕ ေသာ အေနအထိုင္၊ အေျပာအဆိုႏွင့္ ေနထိုင္တတ္သူ။ အိမ္ရွင္မေကာင္း တစ္ေယာက္ျဖစ္ပါတယ္။
ေဒၚႀကီး အိပ္မက္ထူး မက္ပုံက ေကာင္းကင္ယံတြင္ မိုးသားတိမ္လိပ္ ေတြၾကား တရိပ္ရိပ္ေျပးေနသည့္အလား ျမတ္စြာဘုရားႏွင့္ ရဟႏၲာမ်ား စီတန္းႂကြခ်ီေတာ္မူေနသည္ကို ဖူးေျမာ္ရလို႔ လက္အုပ္ခ်ီမိုး ရွိခိုးကာ ဆုေတာင္းလိုက္ပါေတာ့တယ္။
“ဘုရားတပည့္ေတာ္မသည္ ျဖစ္ေလရာဘဝတိုင္းမွာ ဆင္းရဲႏွင့္ ငရဲ ကင္းပါလို၏။ အရွင္ဘုရားတို႔ သိျမင္ေသာ သစၥာေလးပါး တရားသိျမင္ၿပီး ေယာက္်ားေကာင္းစင္စစ္ဧကန္ျဖစ္ရပါလို၏ဘုရား။ သာသနာျပဳရပါလို၏
အရွင္ဘုရား”
“ဣဒံေမပုညံ အာသြခယံ ဝဟံေဟာတု”
ထိုသို႔ ဆုေပးၿပီး ျမတ္စြာဘုရားႏွင့္ ရဟႏၲာမ်ား တိမ္လိပ္ေတြၾကား ေပ်ာက္ကြယ္သြားပါေတာ့တယ္။ ဒီလိုအိပ္မက္မ်ိဳးကို တစ္ႀကိမ္မက မက္ခဲ့ ဖူးတယ္။ ထူးျခားေသာ အိပ္မက္ဆိုေတာ့ ေဒၚႀကီးက ဝမ္းသာၾကည္ႏူးမိပါ တယ္။ ဘႀကီးကေတာ့ ထုံးစံအတိုင္းပဲ၊ သြားလိုက္လာလိုက္ႏွင့္ပင္ အခ်ိန္ ကုန္ေနပါေတာ့တယ္။
တစ္ေန႔ -နံနက္ (၉)နာရီ ေဒၚႀကီး၏ ေဈးဆိုင္ေရွ႕၌ ဘုန္းႀကီးတစ္ပါး ဆြမ္းရပ္ေတာ္မူပါတယ္။ ေဒၚႀကီးက ေငြအေႂကြ (၁၀)ကို သပၸာတၱိကဒါန ေလာင္းလႉလိုက္ရာ“ဣဒံေမပုညံ အာသြခယ္ဝဟံေဟာတု” ဒီလိုပဲဆုေပး ကာ ပထမေန႔တြင္ ထြက္ခြာသြားပါတယ္။ ဒုတိယေန႔တြင္လည္း ထိုဆရာ ေတာ္က ဆြမ္းရပ္ျပန္တယ္။ ေဒၚႀကီးက ေငြအေႂကြ (၁၀)ကို ထပ္မံေလာင္း လႉသည္။ “ဣဒံေမပုညံ အာသြခယံ ဝဟံ ေဟာတု” ဒုတိယေန႔တြင္ ထိုဆု
ကိုပဲ ေပးပါတယ္။ ေဒၚႀကီး – ဘုန္းႀကီး၏ ဥပဓိ႐ုပ္ကို ေသခ်ာစြာဖူးေျမာ္ရာ အရပ္ပုပု၊ အသား ညိဳညိဳ၊ မ်က္ႏွာေလးေထာင့္ စကၡဳဣေျႏၵခ်၍ သပိတ္ကို ပိုက္ကာ ေျခစုံရပ္ေနတယ္။ ေခါင္းက ဆံပင္မ်ားျဖဴေနသေယာင္ ျမင္ရေသာ္ လည္းဆံပင္ရွည္တစ္ပင္မွမရွိ၊ ေျပာင္သလင္းခါေနတယ္။ ထို႔ေနာက္ဆက္ လက္ၿပီး ႂကြသြားေလေတာ့တယ္။
တတိယေန႔တြင္ ထိုသို႔ ဆြမ္းေလာင္းရာ ဆရာေတာ္မွ… “ဒကာမႀကီး ဆုေတာင္းတဲ့ ဆုေတာင္းျပည့္ပါၿပီကြယ္” “အမိန႔္ရွိပါ ဘုရား”
“ဒကာမႀကီး ယခုအသက္ (၅၅) ႏွစ္ ရွိၿပီမဟုတ္လား” “မွန္ပါတယ္ – ဘုရား”
“ေအး – အသက္ (၆၀) ျပည့္ရင္ေတာ့ ဒီဝတ္ေၾကာင္ကို စြန႔္ခြာၿပီး သာသနာ့ေဘာင္ ဝင္ရမယ္”
“မွန္ပါ – တပည့္ေတာ္မွ ဝင္မယ္လို႔ စိတ္ကူးထားၿပီးပါၿပီ ဘုရား”
“ဧကန္ဝင္မွ ဒီသံသရာက လြတ္မွာပဲ။ ဒီေတာ့ ဒကာမႀကီး (၅)ႏွစ္ အခ်ိန္အတြင္း လုပ္စရာရွိတာ၊ ေဆာင္႐ြက္စရာေတြ အားလုံးအၿပီးစီစဥ္ပါ။ က်ဳပ္က သတိေပးပါတယ္”
“မွန္ပါ့ဘုရား – တပည့္ေတာ္မ စီစဥ္ထားပါမယ္”
“ငါ့သမီး သင့္အတြက္ ဘုန္းႀကီးက ခ်ီးျမႇင့္လိုက္မယ္၊ လက္ဝါးျဖန႔္
“မွန္ပါဘုရား”
ေဒၚႀကီးကလက္ဝါးျဖန႔္ေပးခ်ိန္ အာ႐ုံျပဳေနကာ ဆရာေတာ္ကေခါင္းကို လက္ႏွင့္သပ္ၿပီး ဆံပင္သုံးပင္ကိုေပးတယ္တဲ့။ ေနာက္ေတာ့ – ဖန္ပုလင္းထဲ ထည့္ထားရင္း ပြားလာတာ။ ယခုျမင္ရတဲ့အတိုင္း အခက္ အခက္ႏွင့္ ဆံပင္ မ်ား ေဖြးဥေနသည္ကို ျမင္ေနရပါတယ္။
“ကဲ-ငါ့တူ၊ အဲဒါ ေဒၚႀကီးကို ကိုးကြယ္ထားပါတယ္ကြယ္။ အသက္ (၆၀) ျပည့္ ကတိေပးထားတဲ့အတိုင္း သီလရွင္ (ဒါမွမဟုတ္) ေယာဂီဝတ္ရ မွာကြဲ႕”
“ေကာင္းပါတယ္-ေဒၚႀကီး”
“ေအး- ခုဆိုအားလုံးအဆင္ေျပပါတယ္။ မင္း ဘႀကီးကေတာ့ ဘယ္လို မွ ေျပာမရဘူး။ တစ္ေဇာက္ကန္းပဲကြဲ႕။ ထားပါေတာ့ကြယ္၊ ကဲ-မင္းလည္း အိပ္ခ်င္ေရာေပါ့။ အိပ္ေတာ့ – အိပ္ေတာ့”
“ရွီး – ဒုတ္ – အာ – ဂေလာင္း – ဗုန္း – ဗုန္း – အင့္ – လာေလ့“အား”
ကြၽႏ္ုပ္ မဂၤလာဒုံသို႔ ယခင္က ကားကို ကမ္းနားလမ္းမွစီး၍ ျပန္ရန္ ဘႀကီး ကိုယ္တိုင္လိုက္ပို႔ခဲ့တယ္။ သင္တန္းသို႔ ျပန္ေရာက္ၿပီး ေနာက္တစ္ ပတ္တြင္ ကြၽႏ္ုပ္ စာေမးပြဲေျဖရန္အတြက္ စာက်က္ေနရလို႔ မသြားျဖစ္ပါ။ ထိုအခ်ိန္က ယခုလိုဖုန္းလြယ္လြယ္ကူကူ ဆက္၍မရ။ လမ္းပန္းဆက္သြယ္ ေရးကလည္း မဂၤလာဒုံမွ ဝါယာလက္ (၉)နံပါတ္ကားကို စီးရတယ္။ မိုးခ်ဳပ္ လွ်င္ ျပန္ရန္မလြယ္။ ေစာ္ဘြားႀကီးကုန္း အေဝးေျပးဂိတ္မရွိေသး။ ထန္းပင္ ကုန္းအနီး ကိုးေလာင္းေကြ႕ဆိုတာ ကားသမားေတြ သိပ္ေၾကာက္ၾကတာ။ ကား (၉)စီး၊ လူ (၉)ေယာက္ဆိုရင္ ကိုးေလာင္းေကြ႕ ေရာက္တာနဲ႔ တစ္စီး ေတာ့ ေမွာက္ေသက်န္ခဲ့တာပဲ။ ေနာက္ေတာ့ – ေက်ာက္ခဲတင္ၿပီး ေမာင္ ေက်ာက္ခဲရယ္၊ လိုက္ခဲ့ပါလို႔ ေျပာတင္ရတယ္။ အဲဒါလည္း ေရွးကေတာ့ တကယ္ျဖစ္တာ။ ဒီတုန္းက မင္းဓမၼဆိုတာ ေတာင္ကုန္းသာရွိတာ။ မင္းဓမၼ လမ္းလည္း မရွိေသး၊ ေတာႀကီးမ်က္မည္းပဲ။ ေစာ္ဘြားႀကီးကုန္း ျဖတ္လမ္း လည္း မေပါက္ေသးပါ။
ကြၽႏ္ုပ္ေနာက္တစ္ပတ္ ဘႀကီးတို႔ တိုက္ေရာက္ေတာ့ ဘႀကီးခရီးထြက္ သြားၿပီး သူ႔အိပ္ရာလိပ္မေတြ႕ေတာ့ ဒီတုန္းက ကြၽႏ္ုပ္တို႔ ဧရာဝတီတိုင္းက ေရလမ္းပဲအားထားရတာ။ ဧရာဝတီသေဘၤာတို႔၊ ရတနာမယ္၊ သုဝဏၰေဒဝီ၊ အာရွမယ္၊ စီးပြားေရး ဒီသေဘၤာေတြသာ ေန႔စဥ္ ရန္ကုန္က က်ဳံေပ်ာ္ကို ဆြဲတာ။ ကြၽႏ္ုပ္တို႔က ေက်ာင္းကုန္းၿမိဳ႕ကဆိုေတာ့ တြံေတး၊ မအူပင္၊ သုံးခြ၊ အိမ္မဲ၊ ေက်ာင္းကုန္းဆိုတဲ့ ခရီးစဥ္က ညေန (၄)နာရီ စထြက္ေတာင္မွ မိုးလင္းမွ သုံးခြေရာက္အိမ္မဲကို (၁၂) နာရီေလာက္ေရာက္၊ အိမ္မဲေခ်ာင္းေရ ဘာမွ ညေန (၄)နာရီေလာက္ ေက်ာင္းကုန္းေရာက္တာဆိုေတာ့ ဒီခရီး

တစ္ခုပဲ။ အဲဒီတုန္းက သေဘၤာခက (၉)က်ပ္၊ ရထားခလည္းအသုတ္ကေန ရန္ကုန္ကို (၉)က်ပ္ပဲရွိတာ။ အျမန္ဆုံးကေတာ့ ရထားပဲ။ ဟသၤာတ၊ သာရ ေဝါကေန စီးရတာ ရန္ကုန္ကို ည (၇)နာရီ (၈)နာရီ ေရာက္တယ္။ ခုလို အိမ္ဦးနဲ႔ၾကမ္းျပင္မဟုတ္ဘူး။ သိပ္ခက္ခဲတာ။ ရန္ကုန္မေရာက္ဘူး၊ ေ႐ႊတိဂုံ ေစတီေတာ္ျမတ္ မဖူးဘူးတဲ့ သူေတြေသကုန္တာ မေရတြက္ႏိုင္ပဲ။ ခုလည္း ဘႀကီး ဘယ္ခရီးစဥ္ကို ျမန္းပါလိမ့္။
ကြၽႏ္ုပ္ သင္တန္းဆင္းၿပီးလို႔ ဘႀကီးတို႔အိမ္ကို သြားႏႈတ္ဆက္ေတာ့ျပန္ မလာေသးဘူးတဲ့ ေဒၚႀကီးကို ကန္ေတာ့ၿပီး ျပန္ခဲ့ေတာ့တယ္။ ဘႀကီးက ေ႐ႊေလွမွာ ေကာက္ရိပ္ေနေၾကာင္း ၾကားရပါေတာ့တယ္။ သူ႔သားကို
ရွင္ျပဳဖို႔သကၤန္းပရိကၡရာေတြဝယ္သြားမယ္ဆိုတဲ့ရည္႐ြယ္ခ်က္နဲ႔ေခြၽးႏွဲစာနဲ႔ ရွာေနတာတဲ့။ ကြၽႏ္ုပ္တို႔ ႐ြာကို ဘႀကီး ေရာက္လာတယ္။ အဲဒါ (၂)လ ေလာက္မကၾကာသြားတယ္။ ေက်ာင္းကုန္းမွာေနၿပီးျပန္သြားၿပီတဲ့။ သူ႔သား ေလးကို ရန္ကုန္ၿမိဳ႕က ျမရာပင္ေက်ာင္းမွာ ရွင္ျပဳေပးတယ္။ သူကေတာ့ ရဟန္းမခံဘူး။
ကြၽႏ္ုပ္ ရန္ကုန္လာတိုင္း ဘႀကီးအိမ္ ေရာက္ျဖစ္ေအာင္လာတယ္။ ေနာက္ (၅)ႏွစ္အၾကာ ဘႀကီးတို႔ ဆိုင္လည္းမရွိေတာ့။ သြားေမးေတာ့ (၃၈) လမ္းေဈးက ဘႀကီးနဲ႔ ရင္းႏွီးတဲ့ ဦးတင္လွကကြၽႏ္ုပ္ကိုအလုပ္သမားေဆး႐ုံ ႀကီးဘက္ကိုလိုက္ပို႔ပါတယ္။ ဘႀကီးတို႔အလုပ္သမားတန္းလ်ားမွာေနသည္ ကိုဆင္းဆင္းရဲရဲေတြ႕ရေတာ့ရင္ထဲမွာ ဆို႔သြားတယ္။ ကြၽႏ္ုပ္မ်က္ေရမ်ားပင္ စီးက်လာေတာ့တယ္။ ဘႀကီးလည္း အိပ္ရာထဲတြင္ ေနမေကာင္းျဖစ္ေန တယ္။ ေဒၚႀကီးကကြၽႏ္ုပ္ကိုလည္းမမွတ္မိ၊ သူ႔သားသမီးေတြလည္းမမွတ္မိ ေတာ့။ မ်က္လုံးႀကီး ျပဴးၿပီးေၾကာင္ၾကည့္ေနတယ္။
“ဘႀကီး ေဒၚႀကီးက ဘယ္လိုျဖစ္တာလဲ ေျပာပါဦး”

“ေအး- မင္း ေဒၚႀကီးက အဟြတ္ – အဟြတ္ – အဟြတ္ – ထြီ၊ အား- ခဏ – ခဏေလး ဆံပင္ပြားကိစၥပဲကြဲ႕၊ သူ ကတိခံထားတယ္ (၆ဝ)ျပည့္ရင္ သီလရွင္ ေယာဂီဝတ္ၿပီးလူေဘာင္စြန႔္ခြာပါ့မယ္တဲ့။ အဲဒါ သူ အသက္ (၆ဝ)

ျပည့္တဲ့ေန႔မွာပဲဆိုင္ကိုထားၿပီးေတာ့ထြက္သြားလိုက္တာ၊ (၇)ရက္ေလာက္ ေပ်ာက္သြားတယ္။ ဘႀကီးလည္းမရွိဘူးဆိုေတာ့ ဆိုင္ကပစၥည္းေတြဟိုလူ ယူ၊ ဒီလူယူနဲ႔ ကုန္ပါေလေရာ။ ေနာက္ေတာ့ – သမီးႀကီးတို႔က ရန္ကုန္တစ္ ၿမိဳ႕လုံး လိုက္ရွာတာ။ ႏွင္းဆီကုန္း ဘိုးဘြားရိပ္သာဝန္းထဲမွာ ထိုင္ေနတာ ေတြ႕ေတာ့ ျပန္ေခၚလာတယ္။ ဘာမွ သတိမရေတာ့ဘူး။ ဆရာေပါင္းစုံ ကုလည္း မရဘူး။ ဒီေတာ့ -စိတ္ေရာဂါေဆး႐ုံေရာက္ၿပီးၿပီ။ မေကာင္းေတာ့ ဘူး – တူေလးရယ္။ ခုေတာ့ -ငါကဟို(၃၃)လမ္းမွာကားညေစာင့္လုပ္တယ္။ ရာသီဥတုဒဏ္က ေအးေတာ့ မၾကာခဏ ဖ်ားတယ္။ မင္း ညီေလးကေတာ့ ဒီေဆး႐ုံမွာ အလုပ္ဝင္လုပ္ေနလို႔ ခု ဒီမွာ ေနခြင့္ရတာကြဲ႕။ အဟြတ္- အဟြတ္-အဟြတ္-ထြီ”
“ဘႀကီးရယ္ – စိတ္မေကာင္းလိုက္တာ၊ ျဖစ္မွျဖစ္ရေလ၊ ကြၽန္ေတာ္တို႔ ေဆြေတြမ်ိဳးေတြ ရွိပါေသးတယ္ ဘႀကီး ဘာအားငယ္မလဲ။ ကြၽန္ေတာ္ပါတဲ့ ပိုက္ဆံယူပါ ကန္ေတာ့ပါတယ္”
“ေအးပါ-ငါ့တူရာ၊ ေဆြမ်ိဳးေတြကို ဒုကၡမေပးပါနဲ႔ကြာ၊ ဘႀကီးထိုက္နဲ႔ ဘႀကီးကံပဲ ရွိပါေစေတာ့၊ အဟြတ္-အဟြတ္-အီ-ထြီ-ေဝါ”
“ကဲ- ဘႀကီး၊ ကြၽန္ေတာ္ မနက္ျဖန္ ႐ြာျပန္မယ္၊ ဟိုေရာက္မွ ကြၽန္ ေတာ္ စီစဥ္မယ္”
“မင္းက ဘႀကီးတစ္ခု ေျပာမယ္၊ ကတိသစၥာ၊ တည္ေသာအခါ၊ ဩဇာ ေလးနက္၊ ေပၚဆီတက္၍၊ ႏြယ္ျမက္သစ္ပင္၊ ေဆးဖက္ဝင္တယ္။ ကတိျပဳၿပီး ရင္ မပ်က္ရဘူး။ မင္းေဒၚႀကီးကလြယ္လြယ္နဲ႔ ကတိေပးလိုက္တာကိုး၊ ငါတို႔ ဘဝ ခုလို ဒုကၡဆင္းရဲနဲ႔ ႀကဳံတာေပါ့။ ဘႀကီးေတာ့ သံေဝဂ ရပါၿပီကြယ္။ မင္း တို႔လည္းမင္းမွာသစၥာ လူမွာကတိ၊ဒါေတာ့ယုံၾကည္သတိထားေနာ္။ ေအး – ငါ့တူ က်န္းမာခ်မ္းသာပါေစကြယ္”
ဘႀကီးနဲ႔ ကြၽန္ေတာ္ ေနာက္ဆုံးေတြ႕ ျခင္းပင္ ျဖစ္တယ္။ မၾကာမီ ၁၉၈၈ – ခုႏွစ္ အေရးအခင္း ကာလႀကီး မီးဟုန္းဟုန္းေတာက္ေတာ့တယ္။ ဒီျဖစ္ရပ္ဆိုးႀကီးကို ကမာၻကပင္ တုန္လႈပ္ေစခဲ့တယ္။ အေရးအခင္းၿပီးေတာ့

ကြၽႏ္ုပ္ ရန္ကုန္ေရာက္ခဲ့တယ္။ ဘႀကီးတို႔ေနတဲ့ တန္းလ်ားေျပးၾကည့္ေတာ့ အားလုံးပ်က္စီးေနတယ္။ ဘာမွကိုမမွတ္မိေတာ့ ေမးေသာ္လည္း ဘဲဥအစ ရွာသလို ျဖစ္ေနတယ္။ ကြၽႏ္ုပ္တို႔ ဒီေန႔အထိ ေဆြခန္းမ်ိဳးခန္း ျပတ္ပီး၊ ေပ်ာက္ရွာ မေတြ႕ျဖစ္ခဲ့ရေပေတာ့တယ္။