Unicode Version
တန်ပြန်ကျည်နှင့်မိစ္ဆာ(စ/ဆုံး)
————————————
စောစောကသစ်ရွက်များနောက်
ကွယ်မှ ပုန်းလျှိုး၍ အသောင်းအသိန်း
မကသော ပုစဉ်းရင်ကွဲတို့၏ ပေါက်ကွဲ
သံစဉ်များ၊ တစ်ချက်တစ်ချက် ကြားနေ
ရသော ဂျီ(ရေ)ဟောက်သံများ၊ သံတို
သံရှည်သံပြိုင်ကျူးရင့်နေသောမြွေတွန်
သံများ၊ “ဂီးခနဲ၊ ဂစ်ခနဲ”အလန့်တကြား
ထအော်လိုက်သည့် သားစားညည့်ငှက်
တို့၏ အသံများ ရုတ်ခြည်း “တိခနဲ”တိတ်သွားသည်။
တစ်တောတစ်တောင်လုံး အပ်ကျ လျှင်ပင်ကြားရမတတ်၊ တိတ်ဆိတ်ခြင်း
မင်းမူနေသောကြောင့်တောကချောက်
ချားဖွယ်အတိ၊ “အား “ ဗုန်း
သေနတ်ကျည်ဆန်က ပစ်မှတ်ကို ကောင်းကောင်းထိကြောင်း အတွေ့
အကြုံအရ ကိုမျိုး သိလိုက်သည်။ သေ
နတ်သံက တိုသည်၊ တုတ်သည်၊ ပစ်
မှတ်ကို ထိလိုက်သံ “ဖောက်ခနဲ”ပင်ကြားမိသည်ထင်၏။
အတွေ့အကြုံက ပေးသောအသိ။
ပစ်မှတ်မှာ ကျည်တိုက်ရိုက်ထိမှု
ကြောင့် နာကြည်းစွာ အော်ဟစ်၍“ဝုန်း
ခနဲ”မြောက်တက်၊“ဘုန်းခနဲ”ကျသွား
ပုံကိုပါ မုဆိုး၏ ယဉ်ပါးသောနားက သိပေါ်မှကိုမျိုး
နားလည်လိုက်သည်။“လင့်” သေနတ်ကိုင်၍ ခေတ္တမျှငိုင်သွားသော် လည်း အကျင့်ပါနေသောလက်ကသေနတ်မောင်းကိုနောက်တစ်ချက်ထပ်ဆွဲ
လိုက်သည်။ ပစ်ပြီးသားကျည်ခွံက“ချွင်
ခနဲ”ခုန်ထွက်၊ နောက်တစ်ယောက်က
မြောင်းထဲရောက်သွားပြီးထပ်မံပစ်ခတ်
ရန်အသင့်။ “ငါလူသတ်လိုက်မိပြီလား”
ကိုမျိုး ရင်ခုန်သံ ပိုမြန်လာသည်။
သို့သော် မျက်စိဖွင့်၍ မြင်ကွင်းကို
မကြည့်ရဲသေး။
ရိုးမကား တိတ်ဆိတ်နေမြဲ။
“ဘာ – ဘယ်လိုကွ ဘိုဟန်၊ ဆင် နင်းလို့ ပြားနေတဲ့လင်က ပေါင်ကျိုးပြီး မေ့မြောနေတဲ့မိန်းမကို ထမ်းပြေးတယ် ဟုတ်လား၊ မင်း မသောက်ရသေးပါဘူး
နော်”
ကိုမျိုး၏ ပြန်လှန်မေးခွန်းကြောင့်
ရွာခံမုဆိုးဘိုဟန်၏မျက်နှာကြီးရှုံ့မဲ့သွား သည်။
“ကိုမျိုးရာ- ဘိုဟန်ဆိုတဲ့ကောင် ကအရက်ကိုရေလိုသောက်နေပေမယ့်
ဘယ်တုံးက စကားပြော မှားဖူးသလဲ၊ သတိလက်လွတ် ဖြစ်ဖူးလဲ” ဟုတ်တော့ဟုတ်သည်။
သည်ပဲခူးရိုးမအတွင်း သူအမဲစပစ် ကတည်းက ဘိုဟန်နှင့် တွဲလာခဲ့သည့် နှစ်ပေါင်းမနည်း။ ဘိုဟန်က တောသား ပီပီ တောင့်တင်းသန်မာ၍ တောကျွမ်း သည်။ စကားပြောလျှင် တကယ့် တုတ် ထိုးအိုးပေါက်။ အရက်ကို ရေနှယ် သောက်သော်လည်း တစ်စက်လေးမှ
မမှား။
ဘိုဟန်က ဆက်၍ –
“ဒီလိုရှိတယ်ဆရာ၊ ကျွန်တော်တို့ တောရွာတွေမှာ ဒီအဖြစ်မျိုးတွေက ရိုး နေပြီ၊ ဆရာတို့မြို့ကလူတွေသာထစ်ခနဲ ရှိ သိပ္ပံနည်းကျတို့၊ မျက်စိနဲ့ ကိုယ်တိုင် မြင်ရမှတို့၊ ပြဿနာမရှိ ပြဿနာရှိနေ တာ၊ တောစကားနဲ့ပြောရရင်တော့ အပ မှီတာ၊ စုန်းပူး၊ နတ်ဝင်၊ သရဲကပ်၊ ဖုတ်ဝင်
တယ်ဆိုတဲ့စကားတွေပေါ့။ ခက်တာက
ဆရာကလည်းဒါတွေအယုံအကြည်မရှိ
ပဲလေ။ ဒါပေမဲ့ ဆရာသိချင်တာလေး
တော့ ပြောပါရစေ၊ အဖြစ်က ဒီလိုပါ
ဆရာ”
၁-၄-၂၀၀၆
တပေါင်းနွေကပူလှသည်။
သို့သော် နေပူရှိန်ထက် ဝမ်းသမုဒ္ဒ
ရာအူအင်္ဂါကပို၍ပူလှသဖြင့် ဖက်ဆွတ် တောင်တောစခန်း၊ပုဂ္ဂလိကရာဘာစိုက်
ခင်းမှ ကိုတင်လှနှင့် မခင်သန်းတို့ ဇနီး
မောင်နှံ တောင်ပေါ်ရှိ ရေခန်းစမ်းများမှ
ငါးပုစွန်ထိုးရန်အတွက် ဘက်ထရီဖြင့်
ရှော့ရိုက်ငါးဖမ်းရန် တဲမှ ထွက်လာခဲ့ကြ
သည်။
ယခင်က ရိုးမစပ်ကျေးရွာဖြစ်၍
သစ်ကြီးဝါးကြီးများကရိပ်လည်းမြိုင်မြိုင်
ရှိခဲ့သော်လည်းယခုတောင်ခေါင်းတုံးနှင့်
လင်မယားနှစ်ယောက်ရေသန့်ဘူး
တောပြုန်းနှင့်။
ဟောင်းနှင့်ထည့်လာသောသောက်ရေ
ဖြင့်နေပူကိုအန်တုကာတစ်ငုံစီမော့ရင်း
မှတစ်တောင်ကျော်ဆင်း၊ တစ်တောနင်းလျက်။
တောင်ခေါင်းတုံးနှင့်တောပြုန်းများ
ကို ပုဂ္ဂလိကရာဘာနှင့် သစ်မာစိုက်ခင်း များ ချထားပေးသဖြင့် တစ်တောလုံး မှောင်၊ တစ်တောင်လုံးစိမ်းနေသော မင်းပုန်းတောင်ဘက်သို့ရောက်လာကြပြီ။
တောရိပ်စိမ်းစိမ်းကြောင့် စောစော
ကနေပူဒဏ်ကိုမေ့သွားကြပြီ။“မင်းပုန်း တောင်မြေ”တွင် နတ်ရေတွင်းရှိသည်
လေး။
ရေတွင်းဆို၍ ကြီးကြီးမားမား မဟုတ်။ အနက်သုံးတောင်၊အကျယ်နှစ်
တောင်ခန့်သာရှိ၍ တစ်နှစ်ပတ်လုံး ရေ
ရသည်။ တွင်းထဲတွင် ရေက ခြောက်
လက်မခန့်သာရှိသော်လည်းတောတက်
သည့်လှည်းများမှ ပါသမျှလူအကုန်နှင့်
ကျွဲနွဲများတိုက်သော်လည်းရေကလျှော့
မသွား၊ ပိုလည်းမတိုး၊ မခင်သန်းက ရေ
သန့်ဘူးဟောင်းအတွင်းမှ ရေများကုန်
သွားသဖြင့် ဘူးကို တွင်းထဲနှစ်၊ ရေထပ်
ဖြည့်ရန် စိတ်ကူးပြီး နတ်ရေတွင်းထဲ ငုံ့
ကြည့်လိုက်မိသည်။
“ဟင် – အောင်မယ်လေး၊ ကိုတင်
လှရဲ့-လာပါဦးတော့”
“ဟာ – ဒီမိန်းမ အလန့် တကြား ဘာလဲ၊ ဘာဖြစ်လို့လဲ” နတ်ရေတွင်းနံဘေးရှိ ရေခန်းစပြု
နေသော စမ်းချောင်းတွင်းဆင်း၍ ရှော့ တိုက်ငါးဖမ်းရန် ပြင်နေသော ကိုတင် လှ။ ဇနီးသည်၏ ကြောက်လန့်စွာ အော် လိုက်သောအသံကြောင့်ရေထဲမှကပျာ ကယာကုန်းပေါ်ထက် ဇနီးသည်ထံ
ဒရောသောပါးပြေးရင်းပါးစပ်မှလည်း-
“အရေးထဲ ဘာလဲဟာ” “တော်-တော်ရေတွင်းထဲငုံ့ကြည့်
လိုက်ပါဦးတော့” “ဟာ..”
ရေတွင်းထဲငုံ့ကြည့်လိုက်သော “ကိုတင်လှ”တကယ့်တအံ့တဩ။ နှုတ် မှအာမေဍိတ်သံပင်ထွက်သွားသည်။
ရေတွင်းထဲတွင် ရေတစ်စက်မှမရှိ
ဘဲ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား၊ လက် ဝတ်လက်စားတို့ကတဝင်းဝင်းတလက်လက်။
ဝင်းလက်တောက်ပနေသောမတတ်။
ရတနာတို့ကြောင့် မျက်စိပင် ကျိန်း
နှစ်ယောက်သားတဒင်္ဂကြက်သေ
သေသွားပြီးမှ ကိုတင်လှက ဇနီးသည်
မခင်သန်း၏လက်ကိုဆွဲ၍ စမ်းချောင်း
တစ်လျှောက် သုတ်ခြေတင် ပြေးတော့သည်။
မရမ်းချောင်း၊ ရေနက်ကြီး၊ ပိန္နဲ တောင်၊ ရှောက်မြောင် စသော ကျေးရွာ များတွင်ပါးစပ်ရာဇဝင်အရနတ်ရေတွင်း ၌ ရေများမရှိတော့ဘဲ ဤသို့ ရွှေငွေ ရတနာများကို တွေ့ရှိပါမိက ဤသို့ တွေ့ ရှိသွားသူသည် ဤနေ့မှာပင် တစ်နည်း
နည်းနှင့်သေကိုသေရမည်။ (မုချ) သေ
ရမည်ဟူသောစကားကို ကြားဖူးထား
၍ဤသို့ သေပြေးရှင်ပြေးပြေးမိပြေးရာ
ခြေဦးတည့်ရာ ပြေးခြင်းပင်။ +4
အမောတကော ပြေးလာခဲ့ရသော ဇနီးမောင်နှံမှာ ရေခန်းနေသော စမ်း ချောင်းကလေးတစ်ခုဆီ ရောက်လာပြန်သည်။
“ဗွက်၊ ဗွက်၊ ဗွက်” ထိုင်၍တစ်အောင့်ခဏငယ်လေး
အကြာတွင်အကောင်အထည်မမြင်ရဘဲ “တဗွက်ဗွက်”အသံများ ကြားရသဖြင့် ထိုင်ရာမှထ၍ ဟိုဟိုသည်သည်သို့ ကျီး လန့်စာစား ကြည့်လိုက်မိသည်။ စမ်းချောင်းရေစပ်တွင် ရေအနည်း ငယ်သာရှိ၍ ရွှံ့များနှင့် လုံးနေသော
မည်းမည်းသဏ္ဌာန်ရှုံ့လုံးကြီးများ စမ်း
ချောင်းထဲတွင် တလိမ့်လိမ့်ဖြင့် လူးလွန့် နေပြီ။ “တဗွက်ဗွက်”အသံကြီးများက
ဤမည်းမည်းအလုံးကြီးများမှထွက်ပေါ် လာနေခြင်းပင် ဖြစ်သည်။ အသေအချာကြည့်တော့မှ ရေစပ် ကျင်းသာရှိသော စမ်းချောင်းတွင်းရှိ ငါး မျိုးစုံအနက် ငါးခူနှင့် ငါးကျည်းအများစု ပါဝင်သော ငါးများက စပ်ကျင်းခန့်ရှိ ရေ
ထဲသို့ အလုံးလိုက် အထွေးလိုက် အလု အယက် ဆင်းနေခြင်းပင်။
အကြောက်လွန်၍ ဖွတ်မေ့ပုတတ်
မေ့နေသော လင်မယားမှာ ရုတ်ခြည်း
သတိဝင်လာပြီး ဘက်ထရီရှော့ရိုက်ရန်
ဆက်သွယ်ထားသည့် ဝါးနှစ်လုံးအား
အသာချ၍ရွံ့များနှင့်ရောထွေးပေကျံနေ
သော ရွှံ့လုံးကြီးများထဲမှ ငါးများကို ဖမ်း
ကြတော့သည်။
ဖမ်းဆီးရမိသမျှငါးများကိုရေဆေး
သန့်စင်ပြီး ပလိုင်းထဲ ထည့်ကြသည်။ ပါလာသောပလိုင်းမဆန့်တော့၍ကိုတင်
လှ၏ ဝတ်ထားသောပုဆိုးကို ချွတ်၊ ငါး များထည့်၊ လုံချည်ကို ထုံး၍ လင်မယား
နှစ်ယောက်တန်းစီထွက်လာခဲ့သည်။
ဘောင်းဘီတိုနှင့် ပလိုင်းကိုလွယ်
၍ကျန်လက်တစ်ဖက်က ဘက်ထရီနှင့်
ဆက်ထားသည့် ဝါယာကြိုးထပ် ရှော့
ရိုက်မည့်ဝါးလုံးတန်းကိုင်ဆွဲ၊ ဇနီးဖြစ်သူ
ကငါးထည့်ထားသောလုံကွင်းကိုခေါင်း
ပေါ်တင်လျက်။ အပျော်ကြီးပျော်နေ
သောလင်မယား။
စောစောက တွေ့ခဲ့ရသည့် နတ်
ရေတွင်းမှသေမင်းငင်ရတနာများကိုပင်
သတိမရတော့။
သည်ငါးများကို စခန်းတွင်းရှိ မိ သားစုများသာမကအနီးဝန်းကျင်ရွာများ
သို့ လှည့်လည်ရောင်း ပိုလျှံပါက ငါးပိ၊
ငါးခြောက်လုပ် စသည်ဖြင့် ဇနီးမောင်နှံ
နှစ်ယောက်စိတ်ကူးယဉ်ဖဲရိုက်အတွေး
ကိုယ်စီဖြင့် ချီတက်လာခဲ့ရာ မင်းပုန်း
တောင်၏ ကုန်းဆင်းတံတောင်ဆစ်
ချိုးကွေ့အရောက် – “ဟင်”
“ဘုတ် – ဗုန်း” အတွေးကိုယ်စီဖြင့် စကားမပြော နိုင်ဘဲ ငါးများ ထမ်းရွက်လာသော လင်
မယားနှစ်ယောက် တောင်အဆင်းတစ်
တောင်ဆစ်ကွေ့အရောက်၊ တောင်
အောက်မှ တရွေ့ရွေ့တက်လာသော
ဧရာမဆင်ကြီးတစ်ကောင်နှင့် “ဘွား”
ခနဲတွေ့တော့သည်။
ဆင်ကြီးမှာ ဒေါက်(အမြင့်) ဆယ်
ပေခန့်ရှိပြီး အစွယ်ကြီးနှစ်ချောင်းက အမြင့်သို့ တံတောင်ကျော်ခန့် ထွက်နေ သည်။ ရုတ်တရက်ဖြစ်၍ ဆင်ရော လူပါ တဒင်္ဂ ငေးကြောင်ကြည့်နေကြပြီးမှ ကိုတင်လှရော၊ မခင်သန်းပါ ထမ်းရွက် လာသည့်ငါးများပစ်ချ၍လှည့်အပြေး- “ယောက်ျား-ပြေး-ပြေး” “ဝုန်း – ဘုန်း – အင့်”
မခင်သန်း စကားပင် မဆုံးသေး။ အကောင်ကြီးသလောက် သွက် လက်မြန်ဆန်လွန်းလှသောဆင်ကြီးက
နှာမောင်းနှင့် သိမ်းယမ်းလိုက်သဖြင့်
ဝုန်းခနဲမြောက်တက်သွားပြီးတောင်နံရံ
လေးကြားရှိကြိမ်တောတွင်းသို့လွင့်စဉ်
ကျသွားတော့သည်။
ကြိမ်တောကြိမ်ဆူးများကြားလဲနေ ရင်းမှ ကိုတင်လှအား လွတ်ရာလွတ်
ကြောင်းပြေးရန် ပြောမိပြောရာပြောနေ
မိသည်။
ထ၍မရတော့။ ပေါင်နှစ်ချောင်းလုံး
သွင်သွင်ကျိုးသွားပြီ။ ခင်ပွန်းသည်၏
အသံနက်ကြီးဖြင့် အော်ဟစ်သံ၊ တဝှန်း
ဝုန်း တဗုန်းဗုန်းအသံများ ကြားရပြီး
တဝေါဝေါတောတိုးသံကသူ့ဆီရောက်လာပြီ။
“ဘုရား..ဘုရားကယ်တော်မူပါ”
တဝုန်းဝုန်း တလျောင်းလျောင်း ကြိမ် တောတိုးလာသည့်ဆင်ကြီး။
ဆင်ကြီးကလဲနေသော မခင်သန်းကို တစ်ချက်
ကြည့်၊ နင်းခြေပစ်ရန် ခြေထောက်ကြီး
တစ်ဘက် မြှောက်လိုက်သဖြင့် မခင်
သန်း ကြောက်လန့်တကြား အော်ဟစ်
လိုက်ပြီး သတိမေ့သွားတော့သည်။
လုံးဝအမှောင်။
စကားသံများ၊ သူ့အမည်တဖွဖွခေါ် သံများ ကြားရသဖြင့် မခင်သန်း သတိရ လာသည်။နံဘေးမှစိုးရိမ်တကြီးငုံ့ကြည့် နေသော တဲနားနီးချင်း ဘဝတူများနှင့် ဗိန္ဒောဆရာကြီးဦးသန်းမြင့်။ “ကို-ကိုတင်လှရော-ဟင်” သတိရရချင်း မခင်သန်း မေးမိ သည်က ခင်ပွန်းသည်ကိုတင်လှ။ တစ်ဆက်တည်း ကိုတင်လှ၏ ကြောက်လန့်တကြားအော်ဟစ်သံများ၊ တဗုန်းဗုန်း ရိုက်နှက်သံများကို ပြန် လည်ကြားယောင်မိလာသည်။ သူ့အမေးကို မည်သူမှ မဖြေဆိုကြ။
တဲရှေ့မှ တူထုသံ၊ လွှဖြတ်သံ၊
စကားပြောသံများကြားနေရသည်။
အတန်ကြာမှ ဆရာကြီးဦးသန်းမြင့်က –
“သမီး-သတိထား၊ သေသေချာ
ချာနားထောင်၊ စိတ်ကိုငြိမ်ငြိမ်ထား၊ နင့် ကို တင်လှက ထမ်းပြီးပြေးလာတယ်၊ နင်တို့တဲရှေ့မှာ နှစ်ယောက်သား ပစ်လဲ
ပြီး အော်နေလို့ စခန်းကလူတွေ ထွက်
ကြည့်တော့တင်လှကသေနေပြီ၊နင်က
သတိမေ့နေတယ်၊ တင်လှကို အခု
အခေါင်းသွင်းနေပြီ”
ဆရာကြီးစကားအဆုံး မခင်သန်း
ထပ်မံမေ့မြောသွားပြန်ပြီ။
(နှစ်)
“ဘိုဟန်၏ရှင်းပြချက်တွင်နစ်မြော
နေသည့်ကိုမျိုး။
ဆင်နင်းသတ်၍ခန္ဓာကိုယ်ပြားနေ
သော လူသေကောင်ကြီးက ဆင်လွှင့် ပစ်၍ သတိမေ့ ပေါင်ကျိုးသွားသော မိန်းမအား ထမ်း၍ တဲသို့ အရောက် လာပို့ခြင်းဆိုသည်က(လုံးဝ)ကို မဖြစ် နိုင်။ မယုံနိုင်စရာ။
သို့သော် ဖက်တောင်တောစခန်း တွင် တကယ်ဖြစ်ပွားခဲ့သည်က အမှန်။ “ဇာတ်လမ်းက ဒါနဲ့တင် မပြီးသေး ဘူးဆရာ၊ငုမြိုင်သစ်တောစိုက်ခင်းစခန်း
က (၂၂- ၃ – ၂၀၁၆)နေ့ အဖြစ်ဆန်း ကမှတကယ့်သည်းထိတ်ရင်ဖိုဆရာရဲ့”
“ဟင် – ဘာ – ဘယ်လိုပိုဆန်းသေး
ဟုတ်လား”
“အဲဒါကိုပြောတာပေါ့ဆရာရဲ့၊
ဆရာတို့မြို့က လူတွေ လက်ခံထား၊
တိုင်းတာနေတဲ့ သိပ္ပံပညာဆိုတာလက်
လှမ်းမမီတဲ့သိပ္ပံပညာထက်ထူးဆန်းတဲ့
အဖြစ်အပျက်တွေ တောထဲမှာ အများကြီး”
“ကိုင်း- ဆက်စမ်းပါဦး မိကျောင်းသားရယ်”
ဘိုဟန်က လည်ချောင်းတစ်ချက်
ရှင်းလိုက်ပြီး – “ဒီလိုဆရာရဲ့”နာရီ။
၁၁-၃-၂၀၀၆နေ့။ညနေခြောက်
တောကအမှောင်မြန်သည်။
သစ်ကြီးဝါးကြီးများ၊တောရိပ်တော
နေဝင်စောမိုးချုပ်မြန်သည်။
စွယ်၊တောင်စဉ်တောင်တန်းများကြောင့်
ငုမြိုင်ကျွန်းသစ်တောစိုက်ခင်းစခန်း။
အနယ်နယ်မှ နေ့စားလုပ်သားများ
ခေါ်ယူ၍ ကျွန်းပင်များ စိုက်စေသည်။
ယောက်ျားတစ်ယောက်(ထိုစဉ်က)
တစ်နေ့ တစ်ထောင်ကျပ်၊ အမျိုးသမီး တစ်ဦး တစ်နေ့(ထိုစဉ်က)ရှစ်ရာကျပ် ဖြင့် တဲအလုံးနှစ်ဆယ်ကျော် လုပ်သား အင်အားတစ်ရာကျော်ခန့် ရှိသည်။ စခန်း၏ ပဉ္စမမြောက်တဲထဲတွင် ကိုကျော်လွင်နှင့် ဇနီး မနွယ်တို့က ရွှေ
တိဂုံဘုရားကြီးဖူးမြော်ရန် ချင်းပြည်နယ်
မှရောက်လာသောမိခင်ကြီးဒေါ်လှရီနှင့်
အတူ သုံးယောက်သား ထမင်းစားနေ
ကြသည်။ငုမြိုင်စခန်းသို့ လာရသည့်ခရီးကမနီး။
လှည်းကူးမှဖောင်ကြီးသို့(၁၇)မိုင်၊
ဖောင်ကြီးမှ မင်းကုန်းသို့ (၃)မိုင်၊ မင်း ကုန်းမှ မရမ်းချောင် သို့ (၃)မိုင်၊ မရမ်း ချောင်မှရေနက်ကြီးသို့ (၂)မိုင်၊ရေနက် ကြီးမှ ငုမြိုင်စခန်းသို့ (၃)မိုင်။
ဤမျှ ကွာဝေလှသောခရီးကို မိခင် ကြီးဒေါ်လှရီခမျာ ချင်းတောင်မှ မနည်း
ရုန်းကန်လာခဲ့ ရသည်။ အသက်
ကလည်း(၇ဝ)နားကပ်နေပြီ။ လူသူမနီး
တောထဲတောင်ထဲလုပ်ကိုင်စားသောက်
နေရသော သမီးနှင့်သားမက်အတွက်ရင်မအေး။
သည်ကြားထဲ “ငုမြိုင်စခန်း”ဆို
သည်က ဆင်သွားလမ်းကျနေသည်
ဆို၏။ ဆင်ဆိုးအုပ်ကတွေ့သမျှနင်းချေ
ဖျက်ဆီးတတ်သည်။
အဆိုးဆုံးကခေါင်းဆောင်ပန်းဆင် ကြီးဖြစ်ပြီး သူနှင့် အပေါင်းအဖော်ဆင်
များကို ပုတ်ခတ်စော်ကားပြောမိလျှင်
(ချက်ချင်း)ဆိုသလို ရောက်လာရန်ပြု
တတ်ကြောင်း၊ ဆင်အုပ်မှာ ကောင်ရေ
(၁ဝဝ)ကျော်ပြီး အုပ်စု(၃)စုဖွဲ့ ၍လှုပ်
ရှားလေ့ရှိကြောင်းများကို ကားပေါ်တွင်
လည်းကောင်း၊ လှည်းပေါ်တွင်လည်း
ကောင်းကြားသိခဲ့ရ၍စိတ်မကောင်းခြင်း
ကြီးစွာ ခံစားခဲ့ရ၏။သမီးနှင့် သားမက်အတွက် စိတ်ပူ
မိသည်မှာ မဆန်း။
အသက်အရွယ်ကြီးသူဖြစ်ပြီး စကားကလည်းများသည်။ စကားတစ်စ ရလျှင် ပြောမဆုံးပေါင် တောသုံး တောင်။
“နင်တို့ နှစ်ယောက် ငါပြန်ရင် ပြန်လိုက်ခဲ့တော့။ ဟိုမှာတောင်ယာခုတ် စိုက်စားရင် ဒီလောက်တော့ စားရတာ ပဲ။အခုလိုဆင်ကြောက်ရ၊ကျားကြောက် ရလည်း မဟုတ်ဘူး။ ဒါထက်ဒီလမ်းက ဆင်သွားလမ်းဆို၊ ဒီဆင်တွေကိုနှိမ်နင်း
မယ့် မုဆိုးတွေ မရှိကြဘူးလား။ ဆိုးတဲ့ ကောင် သတ်ပစ်လိုက်။ ဒါမှ တစ်တော
လုံးတစ်တောင်လုံး စိတ်ချမ်းသာရမှာ။
ငါက မိန်းမသားဖြစ်နေလို့၊ ယောက်ျား
သားဆို တစ်ပွဲတစ်လမ်း၊ တစ်ချီတစ်
မောင်းတွေ့လိုက်ချင်သေးတယ်။ ဘယ့် နှယ့်တော်၊ လူစကားနားလည်တဲ့ဆင် တဲ့။ ဒါဆိုဆပ်ကပ်ထဲလိုက်သွားပါလား။ ကောင်းကောင်းလေး စားနေရဦးမယ်” “အမေ – အမေ ဘာတွေလျှောက် ပြောနေတာလဲ၊ အဲဒါ နတ်သူငယ်ရဲ့စီး တော်ဆင်အမေရဲ့”
မိခင်ဖြစ်သူ၏ တဖျစ်တောက်
တောက်စွတ်တင်နေမှုကြောင့်“မနွယ်”
မျက်နှာ သွေးမရှိတော့။ သူ့အရပ် သူ့ ဇာတ်၊ သူ့အယူအဆနှင့်လိုက်လျောညီ
စွာနေတတ်သူ။
ကြက်ခေါင်းဆိတ်မခံသော ဒေါ်လှရီ။
သမီးဖြစ်သူ၏စကားကိုဆုံးအောင်
နားမထောင်ဘဲ ချက်ချင်းတုံ့ပြန်တတ်
သောဒေါ်လှရီ…။
“အလိုတော်….ညည်းကဘာသိလို့
လဲ၊ သွေးစွန်းနေတဲ့ ဆင်တို့၊ မြင်းတို့ ဆိုတာ ရှင်းထားမှ စိတ်အေး……. ဘာသံလဲဟဲ့”
“ဝုန်း…ဖျောင်း..ဖျောင်း” “အား..”
“ကယ်တော်မူကြပါရှင်” ဒေါ်လှရီစကားမဆုံးလိုက်၊ တဲရှေ့မှ ကြီးမားလှသောမည်းမည်းသဏ္ဌာန်ကြီး
တစ်ခု။ အရွယ်နှင့်မလိုက်လျင်မြန်ပေါ့ပါး သွက်လက်လှစွာ တဲကို ကိုယ်လုံးနှင့် နှာမောင်းနှင့် သိမ်းကြုံးယမ်းခါ ခွာနှင့် တဖျောင်းဖျောင်းနင်းချေတော့သည်။ “ဟာ- ဆင် – ဆင်ကြီး”
ဖရိုဖရဲ “ဝုန်း”ခနဲ လဲပြိုကျသွား သောတဲမျက်တွင်းမှ ကျော်လွင်က လူး လဲထကာ ပါးစပ်မှ အော်ဟစ်ရင်း ထွက် ပြေးသွားတော့သည်။ မနွယ်နှင့်ဒေါ်လှရီ မှာ တဲပျက်နှင့် လုံးထွေးနေပြီး မနွယ်က အပေါ်မှ ဒေါ်လှရီမှာ အောက်က၊ နှစ် ယောက်သား လူးလဲထနေစဉ် ဆင်ကြီး ကအနီးသို့ ရောက်လာပြီ။ ကြံရာမရတော့ သည် အဆုံး၊ ကြောက်ကြောက်လန့်လန့်နှင့် မနွယ်၊ လက်အုပ်ချီ ဆောင့်ကြောင့်ထိုင်၊ ဆင် ကြီးအား ရှိခိုးရင်း ပါးစပ်မှ –
“ဆင် – ဆင်မင်းကြီးရယ်၊ အမေ့ကို ပြောမှားဆိုမှားရှိရင် တောင်း-တောင်းပန်”
“ဖျောင်း”
“အောင်မယ်လေး”
“အား..”
မနွယ် ဆုံးအောင်ပင် မတောင်းပန် လိုက်ရ။ ဆင်ကြီးက သူ့အား နှာမောင်း နှင့် ရိုက်ဖယ်လိုက်ပြီး ဘေးဖယ်ထုတ် လိုက်ကာ မြေပြင်ထက် လဲကျနေသော
ဒေါ်လှရီအား နှာမောင်းနှင့်ရိုက်၊ ခြေဖြင့်
နင်းသတ်တာ တစ်လှမ်းချင်း ထွက်ခွာ
သွားတော့သည်။
အော်သံဟစ်သံများကြောင့် စခန်း ရှိလူများက သံပုံးများတီး၊ မီးပုံများမီးရှို့၊
အသံပေါင်းစုံအော်ဟစ်၊မီးတုတ်၊ မီးတိုင်
နှင့် လူများ ရောက်ရှိလာကာ ဆင်နင်း သတ်သွားသော ဒေါ်လှရီအလောင်းနှင့် နံရိုးကျိုး မေ့နေသော မနွယ်တို့ကို ည တွင်းချင်းပင် မရမ်းချောင်းတိုက်နယ် ဆေးရုံသို့ ပို့လိုက်ကြရတော့သည်။
“ခင်ဗျားပြောသလိုဆို ဒီကောင်
ကြီးကသူ့အကြောင်းမကောင်းပြောရင်
ချက်ချင်းရောက်လာပြီး ဒုက္ခပေးတော့
တယ်ပေါ့”
ဘိုဟန်စကားအဆုံး ကိုမျိုး၏
အမေး၊ဘိုဟန်ကကိုမျိုးကိုတစ်ချက်စိုက်
ကြည့်လိုက်ပြီး-
“အမှန်ပဲဆရာ၊ ဆက်ပြောရရင် ဒီ ထက်ထူးဆန်းတာတောင်
မဆန်းဘူး ဖြစ်သွားဦးမယ်”
ဒါလောက်
“ဆက်ရန် ရှိသေးတယ်ပေါ့”
“ဒီကောင်ကြီးရဲ့လိမ္မာပါးနပ်မှုတွေ
ပေါ့ဗျာ”
“အင်းလေ အိပ်ရာဝင်ဂမ္ဘီရပုံပြင်
ပေါ့၊ ဆက်ပါဦး”
“ဒီလိုဆရာရဲ့”
ပန်းဆင်ကြီး၏ သတင်းဆိုးများက
မရမ်းချောင်ကျေးရွာအုပ်စုတွင်း သာမကဖောင်ကြီး၊ လှည်းကူး၊ မှော်ဘီ၊
တိုက်ကြီး၊ ဥက္ကံဘက်အထိ ပျံ့နှံ့ သွား
သည်။ ပိုဆိုးသည်က မင်းကုန်း၊ မရမ်း ချောင်း၊ ပိန္နဲတောင် စသော ရွာများသို့ ပြေးဆွဲနေသည့် ဆိုင်ကယ်ကယ်ရီများ ကို ဆင်လိုက်ခြင်း၊ ဆင်အုပ်နှင့် လိုက် ခြင်းစသည်များကြောင့် မည်သူမှတော မတက်ဝံ့၊ လမ်းမထွက်ဝံ့တော့။ ဆင်ဆိုးကြီးနှင့် ဆင်အုပ်တို့က လမ်းပေါ်တွင်ပင်ပြောင်ပြောင်တင်းတင်း အုပ်စုဖွဲ့နေခြင်း၊ ရွာသူရွာသားများ၏
သီးနှံခင်းများကို ဖျက်ဆီးခြင်းအထိ
အတင့်ရဲလာကြသည်။ ရွာသားများက
ဝါးလက်ခုပ်မောင်းများရိုက်ခြင်း၊ ဗြောက်
အိုး၊ ယမ်းအိုးများ၊ ဖောက်ခွဲအသံပေး ခြင်းစသည်တို့ကိုပင် ဂရုမစိုက်တော့။
ကောင်ရေများလာလျှင် ပြောင် ပြောင်တင်းတင်း အုပ်စုဖွဲ့ ရွာထဲဝင်လာ
ကြသည်။ရေနက်ကြီးရွာမြသပိတ်ဘုန်း
တော်ကြီးကျောင်းတွင်းသို့ ဆင်များဝင်
လာ၍ ကိုရင်များ၊ ကျောင်းသားများ၊
ဘုန်းတော်ကြီးများ အုတ်တိုက်သိမ်တွင်
ပုန်းနေကြရသည်။
ကျောင်းတစ်ဝင်းလုံးဧရာမဆင်ခြေ
ရာများ နေရာမလပ်။ အဆိုးဆုံးနှင့် အကြီးမားဆုံးမှာ ပန်းဆင်ကြီး၏ခြေရာ
များပင်။
ခြေရာကြီးမှာ ဆန်ကော(ဇကော) တစ်ချပ်ထက်ကြီးမားပြီးထူးဆန်းသည်
က ဆင်ခြေရာထဲတွင် ငါးနှစ်အရွယ်ခန့် ရှိ ကလေးငယ်လေးတစ်ယောက် မတ် တပ်ရပ်နေသည့်ပုံ။
အယူသည်းသော ကျေးရွာသား များဖြစ်၍ချက်ချင်းပင် ဆင်ဆိုးကြီးအား နာမည်ပေး ကင်ပွန်းတပ်လိုက်ကြ
သည်။
“နတ်သူငယ်၏စီးတော်ဆင်” +
ရေနက်ကြီးကျေးရွာ ရ.ယ.က
ဥက္ကဋ္ဌကြီး ဦးသိန်းရွှေ၏အိမ်၊ ဈေးဆိုင်
လည်းဖြစ်၊ ရုံးခန်းလည်းဖြစ်၍ လူစည် ကားနေသည်။ ဦးသိန်းရွှေက အိမ်သို့ ဈေးဝယ်လာသည့် ချင်းအမျိုးသမီးများ
နှင့် ဇနီးသည်ဒေါ်မြအေးတို့ ပြောစကား
ကိုနားစွင့်နေသည်။
“သေချာတယ်အဒေါ်၊အဲဒါ မနွယ်
အမေကို နင်းသတ်သွားတဲ့ ဆင်ကြီးပါ။
နတ်စီးဆင်တဲ့။ ဟုတ်မှာပါ။ သူ. အကြောင်းပြောတာနဲ့ ချက်ချင်း ရွာထဲ ရောက်လာပြီးပြောတဲ့လူကိုသတ်တော့
တာပဲ။ အဲဒါနတ်ဆင်မို့ပေါ့” “သရဲများ စီးနေသလားမှ မသိ
တာ”
“ဟဲ့ … အဲဒါ အရှင်သခင်ကြီးတို့ရဲ့
စီးတော်ဆင်ဟဲ့”
ကောလဟလကို အခမဲ့ လေတင်
ကလွှင့်ထုတ်နေသည့် ဇနီးသည်နှင့်
ချင်းအမျိုးသမီးတို့ကို ဦးသိန်းရွှေ ကြည့်
မရတော့။
“နင်တို့ပြောပုံအရဆို တကယ့်
ဧရာမဆင်ကြီးပေါ့နော်”
“ဟုတ်တယ် အဘရဲ့”
“နှာမောင်းကလည်း အကြီးကြီး
ပေါ့နော်”
“ဟုတ်ကဲ့”
“နင်တို့ ပိန္နဲကွင်းပြုတ် ကြိုက်ကြ သလား”
မဆီမဆိုင်စကားကြောင့် လက်ပံ ပင်ဆက်ရက်ကျသည့်နှယ်တွတ်ထိုးနေ
သောဈေးဝယ်ချင်းအမျိုးသမီးများတစ်
ယောက်မျက်နှာ တစ်ယောက်ကြည့်
ငေးကြောင်သွားသည်။ အတန်ကြာမှ
မရဲတရဲနှင့် –
“ကြိုက်တာပေါ့ အဘရဲ့၊ အဘက
သမီးတို့ကို ပေးမလို့လား”
“အေးပေါ့၊ ဒါပေမဲ့ – အခုတော့ မရ သေးဘူး၊ အဲဒီစီးတော်ဆင်ကြီးကို ပစ် သတ်ပြီး နှာမောင်းကို အကွင်းလိုက် လှီး၊ ပိန္နဲကွင်းလို ပြုတ်ကျွေးမယ်” “အရှင်ကြီး တောင်ပန်ပါတယ်၊ ကျွန်မတို့မပြောဝံ့ပါဘူး”
ဥက္ကဋ္ဌဦးသိန်းရွှေစကားအဆုံး
“ကူးတို့ဆိပ် မှို့အိတ်ဖွင့်”နေသည့်နှယ်
စကားများနေကြသော ဈေးဝယ်အမျိုး
သမီးများအားလုံး ဒရောသောပါး ထွက်
ပြေးကုန်ကြသည်။
တစ်ယောက်မှမရှိတော့။ တစ်အိမ်
လုံး ကျီးနှင့် ဖုတ်ဖုတ်။
နံနက်ခင်းက စိတ်တိုစိတ်ဆိုး အရွဲ့
တိုက်ပြောလိုက်သည့်စကား၊ ဟုတ်
သည်မဟုတ်သည်အပထား၊
ညဘက်ဦးသိန်းရွှေစိတ်ထဲ မလုံမလဲ ဖြစ်လာသည်။
ဒေါ်မြအေး ဘေးရွာတွင်းရှိ အစ်မ
ဖြစ်သူ၏အိမ်သို့ သွားအိပ်ရန်ပြောကာ
တစ်ယောက်တည်း အိမ်တွင် နေခဲ့
သည်။ သားသမီးတစ်ယောက်မှမထွန်း
ကား၍လည်း စိုးရိမ်ပူပန်စရာ သောကမရှိ။
လိုရမည်ရ နောက်ဖေးတံခါးတစ်
ချပ်စေ့ထားပြီးကျန်တံခါးအားလုံးပိတ်၊
ငါးတောင့်ထိုးလက်နှိပ်မီးတစ်လက်၊ လှံ
တစ်ချောင်းဆွဲ၍အိမ်ကိုအမှောင်ချကာ
စောင့်နေသည်။ သူ့ဆီမှ အချက်ပေးသံ
ကြားလျှင် တစ်ရွာလုံး သံပုံးတီး အော်
ဟစ်အသံပေး၍ဗြောက်အိုးယမ်းအိုးများ
ဖောက်၊ မီးရှို့အချက်ပေးရန် ဒေါ်မြအေး နှင့် တိုင်ပင်၊ ရွာသားများကို အသိပေး
လှုပ်ရှားရန် ပြောပြီးသား။ ကျေးရွာခေါင်းဆောင် တစ် ယောက်က ရောယောင် ကြောက်နေ၍ မဖြစ်။ ဂဃနဏစုံစမ်းရမည်။ လက်တွေ့ သမားဖြစ်၍ ဘာကိုမှ မကြောက်၊ ဘယ် သူ့ကိုမှ မကြောက်သောဦးသိန်းရွှေ။ လက်မှနာရီကိုကြည့်လိုက်သည်။
အမှောင်ထဲတွင် မီးစုန်းပါဝင်သော
နာရီက ညဆယ်နာရီကို ပြနေသည်။ ခု ချိန်ထိ ဘာသံမှ မကြား၊ ဘာကိုမှလည်း မတွေ့၊ တစ်ရွာလုံး ငြိမ်သက်နေသည်။ တကယ့် အငြိမ်။ တိတ်ဆိတ်..။ ထိုစဉ်…။ “ဂျစ်…စ်.ဂျစ်”
တိတ်ဆိတ်နေသောညကိုလှုပ်ရှား ပုတ်ခတ်လိုက်သံ၊ ရန်သူသည် မိမိထံ
နောက်ဖေး၊ ခေါင်းရင်း၊ ခြေရင်းမှသာ
အသံတိတ် ချဉ်းကပ်လာမည်ဟု တွက်
ထားသော ဦးသိန်းရွှေ။
သည်အသံကို “သူ”စဉ်းစားမရသေး၊
အတန်ကြာမှအိမ်ရှေ့ရွာလယ်လမ်း မကြီးဘက်မှအိမ်ရှေ့ခြံတံခါးပွင့်သွားသံ၊
အိမ်ရှေ့အဝင်ဝတွင် သရက်ပင်ကြီး တစ်ပင်ရှိ၍ အနိမ့်ဆုံးကိုင်းက မြေပြင်မှ
ကိုးပေခန့်အကွာတွင်ရှိသည်။
“ဟာ”
အတွေးပေါက်သွား၍မှောင်ထဲတွင် ဘယ်လက်ကဓာတ်မီးယူ၊ညာလက်က လှံကိုကိုင်စွဲပြီးအသင့်။ ဓာတ်မီးခလုတ် ကို ဖွင့်ချလိုက်သည်။ မီးရောင်အောက်တွင်ကား –
အိမ်ရှေ့ခြံစည်းရိုးတံခါး ပွင့်ထွက်
ကျိုးပဲ့သွားပြီး ဧရာမဆင်ကြီးတစ်
ကောင်က မီးပွင့်မတတ် မျက်စေ့သေး လေးနှစ်လုံးနှင့် သူ့ကို စိုက်ကြည့်နေသည်။
တကယ့် ပါးနပ်လိမ္မာသောဆင်ကြီး။
မျှော်လင့်တွက်ဆမထားသည့်
အိမ်ရှေ့ပေါက်မှဝင်လာပြီးအလစ်အငိုက်
ချေမှုန်းတော့မည့်ပုံ။ သို့သော်…
သရက်ကိုင်းနှင့် ကျောကုန်းခြစ်မိ
သည့် တဂျစ်ဂျစ်အသံက ဦးသိန်းရွှေ၏
အသက်ကိုလက်မတင်လေးကယ်တင်လိုက်ခြင်း။
ဆင်ကြီး၏ မျက်နှာတည့်တည့် ဓာတ်မီးနှင့်ထိုး၊ အော်ဟစ်ခြောက်လှန့်၊ လှံရိုးနှင့် ကြမ်းပြင်ကို တဖျောင်းဖျောင်း ရိုက်၊ ရွာထဲရှိအိမ်များကလည်း ဦးသိန်း
ရွှေအကြံပေးထားသည့်အတိုင်းတဟေး
ဟေးအော်ဟစ်၊ သံပုံးများတီး၊ မီးရှို့လိုက်
မှုတို့ကြောင့် ဆင်ကြီးမှာအသာလေးပင်
နောက်ဆုတ်၊ ရွာလယ်လမ်းနံဘေးရှိ
ချောက်ကမ်းပါးထိပ်မှနေ၍တင်ပါးနှင့် လျှောဆင်းသွားတော့သည့်။
“ကိုင်း – အဲဒီကိစ္စ ဆရာ ဘယ်လိုမြင်လဲ”
“အင်း- သေနတ်ပြီးတဲ့ ဆင် ငါ
တော့မတွေ့ဖူးသေးဘူးကွ”
ကိုမျိုးမှတ်ချက်စကားကြောင့် ဘို ဟန်ကခေါင်းတယမ်းယမ်း။
ကျွန်းရွက်ခြောက်များကြောင့်
ခြေသံကမလုံ။
ဆင်ဆိုးကြီးကို မည်သည့်နေရာ
တွင် တွေ့ရသည်ဆိုသည့်သတင်းအနံ့
ကိုရလျှင် ဆရာတပည့်နှစ်ယောက် လိုက်ကြပြီ။ သို့သော် –
အမောသာ အဖတ်တင်ရသည်။
ဆင်ဆိုးကြီးနှင့် ဆင်အုပ်ကား ငြိမ်၍
ပျောက်ချက်သား ကောင်းနေသည်။
ဆင်ဆိုးကြီးသတင်းမကြား၊ ငြိမ်နေ၍
အရဲစွန့် တောတက်သူအချို့တောတက်
ကြပြီ။ တောရွာများ ပြန်လည် လှုပ်ရှား
လာကြပြီ။
ယခုလည်း ကိုမျိုးနှင့် ဘိုဟန်
(၃၀၃) ရိုင်ဖယ်တစ်လက်နှင့် တူမီးတစ် လက်ကိုင်စွဲ၊ တောတောင်ရေမြေအနှံ့ ဆင်ဆိုးကြီးခြေရာနောက် တကောက်ကောက်။
မရမ်းချောင်းကျေးရွာအုပ်စုတွင်း ရှိကျေးရွာ(၁၀)ရွာအထိ သူတို့ခြေဆန့်
ခဲ့ကြပြီ။ ခြေရာလည်းပျောက်၊ရေလည်း နောက်ဆိုသည့် အခြေအနေ။ “ဒီကောင်တွေတောထဲများပြန်ဝင်သွားပြီလားဆရာ”
“ရိုးပေါ်ပြန်တက်သွားလည်းကိုယ် ကတော့လူနှစ်ယောက်ကိုသတ်သွားတဲ့ ဆင်ဆိုးကြီးကိုတော့ ဒဏ်ခတ်ရမှာပဲ။
ဘိုဟန်သေသေချာချာ စဉ်းစားကြည့်၊
ဒီဒေသမှာ ငမိုးရိပ်ဆည်နဲ့ မဟူရာဆည်
ဆောက်ပြီးကတည်းက အနည်းဆုံးလူ
ဆယ်ယောက်လောက် ဒီကောင်တွေ
ကြောင့်သေခဲ့ရပြီ။ မုဆိုးဆိုတာသေနတ်
တစ်လက်နဲ့ တွေ့ရာမြင်ရာ သားကောင်
ကိုလိုက်သတ်နေတဲ့လူစားမဟုတ်ဘူး။
အခုလိုပြည်သူတွေရဲ့အန္တရာယ်ကောင်
တွေကို ချေမှုန်းပေးမယ့် ပြည်သူ့ဘက်
တော်သားဆိုတာ လူတွေသိသွားရင်
ကျေနပ်တယ် ဘိုဟန်ရယ်”
“ဒီ့ပြင်မုဆိုးတွေတော့ မသိဘူး။ ဒီ နယ်တစ်ဝိုက်မှာတော့ဆရာနဲ့ကျွန်တော့် အကြောင်းကောင်းကောင်းကြီးသိထား
ကြတာပဲလေ”
“ကဲ- ဘိုဟန် – တို့ပြန်ဖို့အချိန်မရ
မယ့်အတူတူ ရေနက်ကြီး (လေးအိမ်စု)
၁ ဥက္ကဋ္ဌဦးသိန်းရွှေအိမ်မှာတည်းရင်း သတင်းစုံစမ်းကြတာပေါ့”
သည်တော၊ သည်တောင်၊ သည်
ဒေသ၏အလှအပကိုဖျက်ဆီးနေသော အန္တရာယ်ကောင် ဆင်ဆိုးကြီးကို ပစ် ခတ်ချေမှုန်းရန် ကိုမျိုး သိန္နိဋ္ဌာန်ချပြီးသား။
“ဆရာ – ဆရာ ဆင်ကြီးအခုရှိနေ
တဲ့နေရာကျွန်တော် သိပြီ” ဦးသိန်းရွှေ၏အိမ်တွင် နံနက်
အဆာပြေကောက်ညှင်းပေါင်းနှင့် ငါးရံ့
ခြောက်အရသာခံ၍စားသောက်နေစဉ်
လူတစ်ယောက် အော်ကြီးဟစ်ကျယ်
အာပြဲအာလုတ်သံကြီးနှင့်အော်ဟစ်ရင်း
အပြေးအလွှား အိမ်ဝင်ထဲ ဝင်လာသည်။
အန္တရာယ်ကောင်ကြီး၏ သတင်း အနံ့ကိုရလိုက်သော ကိုမျိုး။ ရုတ်ခြည်း ပင် အားမနာတမ်း မေးလိုက်မိသည်။ ကလေးတစ်ယောက်နှယ် အလုပ်
မရှိ အလုပ်ရှာ၊ မဂ္ဂဇင်းဘောက်တွင်းမှ ကျည်ဆန်များကိုတစ်တောင့်ချင်းထုတ်၊
တစ်တောင့်ချင်း၏ထိပ်ဖူး၊ကြေးဝါရောင်
များကိုစိတ်ရှည်ရှည်ဝါးနှင့်ခြစ်နေသော
ဘိုဟန်ပင် သူ့အနား ရောက်လာပြီ။
ဘိုဟန်လက်ချက်ကြောင့် ရိုင်ဖယ်
ကျည်ဆန်ထိပ်ဖူးချွန်များမှာ အဝါရောင်
ပျောက်သွားပြီး ငွေရောင်တောက်နေသည်။
“ကျွန်တော့်ဆရာ ရသေ့လေးဒိဗ္ဗ ကပြောဖူးတယ်ဆရာရဲ့မကောင်းဆိုးဝါး ပူးကပ်နေတဲ့သတ္တဝါနဲ့တွေ့ရင် ဒီထိပ်ဖူး ခြစ်ထားတဲ့ ကျည်ဆန်နဲ့ ပစ်မှ သေ
တယ်တဲ့။ ဆရာ့ဆင်ဆိုးကြီးကမကောင်း
ဆိုးဝါးပူးကပ်နေတဲ့ကောင်လေ။ နတ်
သူငယ်ဆိုတာကလည်း ဆင်ဦးခေါင်း
ပေါ်မှာ ထိုင်နေတယ်ဆိုလို့ ကျွန်တော့် တူမီးနဲ့ စိတ်မချတာကြောင့် တန်ပြန်
နည်းနဲ့စီရင်ထားတဲ့ ဒီကျည်ဆန်တွေက
ဆရာ့သေနတ်အတွက်လေ။ကျွန်တော်
က ဒီကျည်ထိပ်ဖူးတွေကို ခြစ်နေရင်း
“အာဋာနာဋိယသုတ်”ကို ပူဇော်ပေးနေ တာ၊မယုံမရှိနဲ့ဆရာ၊ကျွန်တော့်စေတနာ
ဆရာသိပါတယ်”
ဘိုဟန်လုပ်ရပ်က မည်သူ့ကိုမှ မထိခိုက်။ ကျည်ဆန်များမှာလည်းမည် သို့မှပျက်စီးခြင်းမရှိ။ကိုမျိုးအသာလေးငြိမ်နေလိုက်သည်။
အိမ်ထဲ အမောတကော ပြေးဝင် လာသော စောကျော်စိန်က အသက် တစ်ချက်နှစ်ချက် ရှူသွင်းပြီးမှ
“ကျွန်တော် တောလယ်ထွက်တာ သုံးရက်ရှိပြီဆရာ၊ တစ်နေ့ ပတ္တလား
စခန်းနဲ့ သုံးမိုင်အကွာ ဝါးတောင် နဂါး
ပတ်လမ်းက ကညင်ပင်ကြီးအောက်မှာ
ပန်းဆင်ကြီးအိပ်နေတယ်ဆရာ၊သေချာ
အောင် မနေ့ညကအထိ ကျွန်တော်
ချောင်းမြောင်းစောင့်ကြည့်သေးတယ်
ဆရာ၊ကျွန်တော့်လေးနဲ့မြားကဘာလုပ်
လို့ရမှာလဲဆရာ၊ ဆရာဦးသိန်းရွှေ
အိမ်မှာ ရောက်နေတယ်သတင်းကြား
တာနဲ့ကျွန်တော်ပြေးလာတာ၊ တစ်နယ်
လုံးကလူတွေအတွက် ဒီကောင်ကြီးကို
ရှင်းပေးပါဆရာ၊ လှည်းကူးနဲ့ မှော်ဘီ
တပ်နယ်ရုံးတွေကလည်း သတ်မိန့်
ကြပြီးပြီလို့ကြားတယ်ဆရာ”
ဆင်ဆိုသည့်အကောင်က တော်ရုံ
လူသတ်သည်နှင့် သက်ဆိုင်ရာမှ သတ်
ခွင့်ပစ်ခွင့်မပေး။ ဤဆင်ဆိုးကြီးကဲ့သို့
လှည်းကူးနှင့် နယ်မြေခြင်းထိစပ်နေ သော ဥက္ကံ၊ သုံးဆယ်၊ သာယာဝတီ၊ မင်းလှ၊ ရေကြည်၊ အသုတ်၊ ဟင်္သာတ၊ ဝေါ၊ ပဲခူး၊ ဒိုက်ဦး စသည့်နယ်မြေများ တွင်လည်း ဆင်ဆိုးကြီးသတ်ခဲ့သည့်လူ
မနည်းတော့။
ထို့ကြောင့်သက်ဆိုင်ရာမှသတ်မိန့်
ပေးလိုက်ခြင်းပင်။
ရေငတ်တုန်း ရေတွင်းထဲပြုတ်ကျ
သောကိုမျိုး။
“လာကွာ၊ အခုပဲသွားမယ်”
ကိုမျိုး ပြောပြောဆိုဆို ဘိုဟန်
တိုက်ချွတ်နေသော (၃၀၃) ရိုင်ဖယ်ကို
ကောက်၊ ဘောင်းဘီအိတ်တွင်းသို့
မဂ္ဂဇင်းဘောက် ကောက်ထည့်၊ ပြောင်း
တွင်းကျည်ရှိမရှိ ကြည့်လိုက်ပြီး လိုရ မည်ရ ကျည်နှစ်တောင့် ကောက်ထည့် သော့ပိတ်ပြီးထွက်လာခဲ့သည်။ 4+4
ပေနှစ်ဆယ်ခန့် အမြင့် ကညင်ပင်
ကြီးထက်မှ“လင့်”။
မြေပြင်တွင်မူ ဆင်ဆိုးကြီး စိတ် ကြိုက်လူးလှိမ့်ထားသောနေရာများမှာ ပွထကာ ဗရုန်းဆန်နေသည်။ “ဒီကောင်ကြီးဒီနေရာမှာလာအိပ်
နေကျဆရာ၊ ဆရာက လင့်ပေါ်က ထိုင် စောင့်ပစ်ရုံပဲ၊ အေးဆေးဆရာ၊ ကဲ – တက်၊ နေရာယူပေတော့” တပည့်ကျော်ဘိုဟန်ယူလာသော
ရေဘူး၊ ဘီစကစ်တစ်ထုပ်၊ ဝါးကျည်
တောက်တို့ကိုယူ၍ကိုမျိုးလင့်ပေါ်တက်
သွားပြီး။
စောကျော်စိန်နှင့် ဘိုဟန်တို့ ပြန်သွားကြပြီ။
စောကျော်စိန်က သတိရှိရန် ဆင် ဆိုးကြီးကို အသေသတ်ရန်အတွက်
သတိပေးစကား ပြောကြားပြီး ဘိုဟန်
ကမူ၎င်း၏လက်ရွေးစင်“တန်ပြန်ကျည်
ဆန်”ထည့်ထားသည့် မဂ္ဂဇင်းဘောက်
အားထုတ်ပေးပြီး –
“မယုံမရှိပါနဲ့ ဆရာ၊ ယုတ်ညံ့တဲ့
မိစ္ဆာဇီဝအတတ်ပညာဆိုတာ ရှိတယ်၊
အဲဒီအတတ်ပညာနဲ့ ဖန်တီးထားတဲ့
နာနာဘာဝ၊ ဝိနာဘာဝရုပ်တွေအတွက်
ဒီကျည်ဆန်က အသုံးဝင်ပါလိမ့်မယ်
ဆရာ”ဟု အထပ်ထပ်ပြောသဖြင့် အား
နာကာ ဘိုဟန့်တန်ပြန်ကျည်ဆန်ကို တခုတ်တရဘောင်းဘီအိတ်တွင်းထည့်
ယူလာခဲ့သည်။ မှောင်လာပြီ။
အမှောင်ထုက တဖြည်းဖြည်း ကြီး စိုးလာပြီ။ မလှမ်းမကမ်းရှိ လင်းနို့ဂူမှ ထောင်သောင်းမကသော လင်းနို့တို့ ဝင်ချီထွက်ချီလုပ်နေသည်မှာမီးခိုးမဆုံးမိုးမဆုံး။
ဝန်းကျင်ရှိ ကျွန်း၊ ပျဉ်းကတိုး၊ သစ် ယား၊ အင်ကြင်း စသည့် အပင်ကြီးများ ၏ သစ်ရွက်အောက်ရှိ ပုရစ်နှင့် ပုစဉ်း ရင်ကွဲတို့၏ သံစဉ်မဲ့ပေါက်ကွဲသံများက
ဆူညံလေးကို အသားကုန်ရင်ဖွင့်လျက်။
တစ်တောင်ကျော်ခရီးခန့်မှ ကျား တစ်ကောင်၏တိန်ခန်တစ်သံက ပေါ်
ထွက်လာသည်။
အမှောင်ထုကို ဖြိုခွင်း၍ လမင်းက
တဖြည်းဖြည်း ထွက်ပြူလာပြီး ငွေရည် ငွေစက် လရောင်ခြည်တို့က တစ်တော တစ်တောင်လုံးဖြန့်ကျက်လျက်။ တပေါင်းလပြည့်ကျော်တစ်ရက် ညကရိုးကိုငွေရောင်ဆမ်းလျက်။
ထိုစဉ် ငြင်သာသောတောတိုးသံ များနှင့်အတူဧရာမဆင်ကြီးတစ်ကောင် က“လင့်”အောက်(ကညင်ပင်ကြီး) သို့
တဖြည်းဖြည်း ချဉ်းကပ်လာသည်။
“ဟင်..”
ကိုမျိုးသေသေချာချာကြည့်သည်။
ထပ်ကြည့်သည်။ သူ အမြင်မမှားပါ။
ဆင်ဆိုးကြီးထက်၌ ခေါင်းတုံး
ပြောင်နှင့်ဝဖီးတုတ်ခိုင်သောလူကြီးတစ်ယောက်။
လူဝကြီးက ပြောင်လက်နေသော ခေါင်းတုံးနှင့် လိုက်ဖက်စွာ ရှမ်း ဘောင်းဘီအနက်၊ ရှမ်းတိုက်ပုံအနက် တို့ကို ဝတ်ဆင်ထားပြီး ပြူးကျယ်သော မျက်စိအစုံက မီးကျီးခဲနှစ်လုံးသဖွယ်
လက်ရွေးစင်သေနတ်သမားမုဆိုးကျော်
ကိုမျိုး သေနတ်ကိုင်၍ ငိုင်နေပြီ။ကြောင်အနေပြီ။
နေရောင်အောက်၌ထူးဆန်းသော အရာမရှိဟူသော သိပ္ပံစကားက ယခု ပြက်ရယ်ပြုခံနေရပြီ။
ပစ္စက္ခအခြေအနေက နေရောင် အောက်၌မဟုတ်။ ညဘက် ရိုးမထက် လရောင်အောက်။
လူမည်းခေါင်းတုံးကြီးက ခက်ထန် တင်းမာ မီးတောက်မျက်လုံးကြီးဖြင့် ဆင်ကြီးထက်မှ မတ်တတ်ရပ်လိုက်ပြီး သူ့ကို မော့ကြည့်ကာ အောင်မြင်ဩဇာ ပါသော အသံကြီးဖြင့် – “ဟေ့ကောင်-မင်းငါ့အမိန့်ကိုနား
ထောင်၊ သစ်ပင်ပေါ်က အခု ဆင်းခဲ့စမ်း၊ ဒီတောဒီတောင်ရဲ့အရှင်သခင်ဟာ ငါ၊ ငါ့အမိန့် ချက်ချင်းနာခံစမ်း၊ ငါပြောနေ တာမင်းမကြားဘူးလား” ကိုမျိုး တကယ်ပင်မကြားပါ။ ငုတ်တုတ်မေ့နေသည့်အလား။
မျက်စိက အမှန်တကယ်မြင်တွေ့နေပါ လျက် ဦးနှောက်က လက်မခံချင်း။ ရုပ် ဝါဒီတစ်ယောက်နှင့် ဝိညာဉ်လောက သားတစ်ယောက်နှင့်အရှင်လတ်လတ် မျက်ဝါးထင်ထင် တွေ့နေရပြီ။
ရုတ်ခြည်း သတိဝင်လာသဖြင့် လက်ထဲမှသေနတ်ကို ကြိတ်၍မောင်း တင်လိုက်သည်။
တင်လိုက်သောမောင်းတုံး၏တွန်း
ပို့မှုကြောင့် ပြောင်းတွင်းသို့ ကျည်တစ် တောင့်ဝင်သွားပြီ။ ပစ်ခတ်ရန် အသင့်၊
သို့သော်…
ဆင်ပေါ်မှလူကို ပစ်သတ်ရန် သေ သွားပါက လူသတ်မှုပုဒ်မ (၃၀၂)နှင့် ရင်ဆိုင်ရတော့မည်။ မဖြစ်သေး။
လက မြင့်တက်လာသည်နှင့်အမျှ အလင်းရောင်က အားကောင်းလာ
သည်။
ဆင်ဆိုးကြီး၏ လှုပ်ရှားပစ်မှတ် (Moving Target)ကို ပစ်ခတ်ရန်သာ
မျှော်လင့်ထားသည်ကိုမျိုး။
ယခု တွေ့နေရသည်က တည်ငြိမ် ပစ်မှတ်။ ကိုမျိုး စဉ်းစားနေသည်က ပစ် မှတ်ကိုရွေးချယ်နေခြင်း။
ဆင်ဆိုးကြီးသည် ပစ်မှတ်လား၊ ဆင်ထက်မှ လူဝကြီး(မိစ္ဆာကောင်) သည် ပစ်မှတ်လား။ ဝေခွဲမရ။ ဆုံးဖြတ်ချက် ချလိုက်ပြီ။ ဆုံးဖြတ်ချက်ချပြီးသည်နှင့် လက် ကလှုပ်ရှားတတ်သောအကျင့်က တစ်ဆက်တည်း။
ဆင်ထက်မှလူဝကြီးအားသေနတ်
နှင့် တန်းချိန်၊ ပစ်မှတ်ကို ဒိုင်းခနဲ ပစ်ချ
လိုက်သည်။ ချောက်။
သူ မျှော်လင့်မထားသည့် ဒိုင်းခနဲ ပေါက်ကွဲသံအစား၊ ချောက်ခနဲအသံ
သာထွက်လာသည်။
ပစ်။
ကျည်အဖြစ်သွားပြီ။ နောက်တစ်ချက်မောင်းတင်၊ ထိုး
“ချောက်”
နောက်စ်ကြိမ် ထပ်မံ “ကျည်အ”
တစ်တောင့်။
ထိုစဉ်…
ဘိုဟန်၏ တန်ပြန်ကျည် ပြော
စကားများကို ကြားယောင်လာသည်။
ယုံသည်၊ မယုံသည် ငြင်းခုံနေ၍
မဖြစ်။ ရန်သူက ရှေ့တွင် မားမားကြီးရပ်
လျက်။
သည်လိုအဖြစ်မျိုးသည်တစ်ခါသာ
ကြုံရခြင်း။
နောက်တစ်ကြိမ်ဆိုသည်က စိတ်
မချရ။
သည်လိုအခွင့် အရေးကို လက်
လွှတ်ခံ၍မဖြစ်။
မိစ္ဆာကောင်ကြီးကလည်း ရှေ့ကို
တိုး၍အမိန့်ပေးတော့မည့်ဟန်။
အကျင့်ပါ၍ သွက်လက်လှသော
လက်က ရိုင်ဖယ်၏ ဇလုတ်မှ မဂ္ဂဇင်း
ဘောက်ကိုဖြုတ်၊ ဘိုဟန်ပေးလိုက်
သည့်တန်ပြန်ကျည်ဆန်ပါသောမဂ္ဂဇင်း
ဘောက်ကို ဘောင်းဘီထဲမှ ထုတ်၊ မြန်
ဆန်လှသောလှုပ်ရှားမှုဖြင့်ရိုင်ဖယ်တွင်း
တပ်ဆင်လိုက်ပြီ။
တကယ့် သေရေးရှင်ရေး။ စက္ကန့်
တိုင်းက အရေးကြီးနေသည်။ နောက်
ဆုံး သူသေကိုယ်ရှင် တိုက်ကွက်။
တတိယပစ်ချက်။
တရွေ့ရွေ့တိုးလာသော ဆင်ကြီး
ထက်မှ မိစ္ဆာကောင်ကြီးကလည်း နီး
ကပ်လာနေပြီ။ မီးတောက်မျက်စိနှစ်
လုံးနှင့်အတူ ကြီးမားကျယ်ပြန့်သော
ပါးစပ်တွင်းမှ အစွယ်ကြီးနှစ်ချောင်းပါ
ပေါ်ထွက်လာသည်။
မိစ္ဆာကြီးက တစ်စုံတစ်ရာပြော တော့မည့်အလား နီရဲနေသောပါးစပ်
ကြီးကိုဟလိုက်စဉ်မှာပင် – လင်းထိန်နေသောလရောင်
ကြောင့် ထင်ရှားပြတ်သားစွာ မြင်နေရ
သော မကောင်းဆိုးဝါးကောင်းကြီး၏
မျက်နှာတည့်တည့်သို့ သေနတ်ကို
တန်းချိန်၊ ခလုတ်ကို ညှစ်ချလိုက်တော့
သည့် “ဒိုင်း..” “အား”
“ဗုန်း”
သေနတ်၏ ပေါက်ကွဲသံက တစ် တောလုံးဟိန်းထွက်သွားသည်။
စောစောက ကြားနေရသော ည ပိုးမွှားတို့အသံ၊ မြွေတွန်သံ၊ တွားသွား
သတ္တဝါတို့ ရွေ့လျားသွားလာသံများ အကုန်တိတ်။ လင့်ထက်မှ ကိုမျိုး။
သူ့လက်၊ သူ့မျက်စိ၊ သူ့ပစ်ခတ်မှု
ထိသံတို့ကြောင့် မိစ္ဆာကောင်ကြီး(ပစ်
မှတ်)ကောင်းကောင်းထိမှန်းသိသည်။
ယဉ်ပါးနေသောလက်က(အလိုလိုပစ်)
နောက်ထပ် မောင်းတစ်ချက် ထပ်တင်၊
ပစ်ပြီးသားကျည်ခွံကချွင်ခနဲထွက်သွား။
နောက်တစ်ချက်ပစ်ခတ်ရန် အသင့်။
သို့သော် ကိုမျိုး မျက်စိဖွင့် မကြည့်ရဲသေး။
“ငါ လူသတ်မှု ကျူးလွန်လိုက်ပြီ
လား”
ရင်ခုန်သံကို ပို၍မြန်လာသည်။ ရိုးမကား တိတ်ဆိတ်နေမြဲ။
(လေး)
“ဆရာ…ဆရာ”
ခေါ်သံကြောင့် ကိုမျိုး မျက်စိဖွင့် ကြည့်လိုက်မိသည်။ မိုးစင်စင် လင်းနေ
ပြီ။
လင့်အောက်တွင် ဘိုဟန်၊ စော
ကျော်စိန်နှင့်ရွာသားများ။ကိုမျိုးပင်စည်
နှင့်တွဲကပ်ချည်ထားသောကြိုးကိုဖြုတ်၊ ကြိုးလှေကားချ၍ ဆင်ခဲ့သည်။
“ဆရာ… ပစ် ချက်က ကွက်တိပဲ၊ သေနတ်သံက တိုတယ်၊ တုတ်တယ်၊ ဒါထက် သားကောင်ရော” ဘိုဟန့်အမေးကို သူမဖြေနိုင်၊ မည်သို့ဖြေရမှန်းလည်းမသိ။
ကညင်ပင်ကြီးအောက် မြေပြင် တွင်မူ သားကောင်၏ နာကျင်မှုကြောင့် လူးလှိမ့်ထား၍ ပွစာကြဲနေသည့် မြေ
သားများ။ သို့သော်..
သွေးစသွေးန မတွေ့ရ။ ပစ်မှတ်
(သားကောင်)မတွေ့ရ။
“ဟာ-ဒီ-ဒီမှာဆရာ”
စောကျော်စိန်၏ အလန့်တကြား အသံကြောင့် အားလုံး၏ မျက်စိများက စောကျော်စိန်ထံ ရောက်သွားသည်။ တကယ်မယုံစရာအဖြစ်ယုံနိုင်ခြေ
မရှိ။ ယုတ္တိမရှိ၊ မဖြစ်နိုင်။ သိပ္ပံနည်းမကျ။
သို့သော်မျက်ဝါးထင်ထင်။ ကြီးမားလှသော ဖွတ်ကြီးတစ် ကောင် ဦးခေါင်းပွင့်လျက် ဒဏ်ရာနှင့် မနီးမဝေးရှိ သစ်တိုပင်ကြီးတစ်ပင်
အောက်တွင် အသက်ပျောက်နေလေသည်တကား။
မွစာကြဲနေသော လူးလှိမ့် ရာ၊ စကော(ဆန်ကော)ဝိုင်းထက် ကြီးမား
သော ဆင်ခြေရာများကနေရာလပ်မရှိ။ “ငါပစ်လိုက်တာက လူ၊ သေနေ တာကဖွတ်၊ ဆင်ကြီးရော”ကိုမျိုး အသံမထွက်ဘဲ မေးနေမိ
သည်။ထူးဆန်းသည်ကထိုနေ့ထိုအချိန်
မှစ၍ထိုနေရာသို့ဆင်ဆိုးကြီးအပါအဝင်
မည်သည့်ဆင်အုပ်မှ သွားလာမရှိ မမြင်မိတော့။
အသက်အရွယ် အတွေ့အကြုံများ
နေသောဦးသိန်းရွှေကားခေါင်းတညိတ်
အဖြေမရှိသော ပုစ္ဆာတစ်ပုဒ်ကို
“သူ”ဖြေခဲ့ရပြီ။ ဝိညာဉ်လောက၊ ဂမ္ဘီရ လောက၏ဆန်းကြယ်မှုကား ပြောမဆုံး
တော့။
ရိုးမကြီးကား သက်ဝင်လှုပ်ရှားလာချေပြီ။
ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ကြောင်း
ဝန်ခံအပ်ပါသည်။
မေတ္တာရည်လျက်… ကျော်မင်းညွန့်(လှည်းကူး)
Zawgyi Version
တန္ျပန္က်ည္ႏွင့္မိစာၦ(စ/ဆုံး)
————————————
ေစာေစာကသစ္႐ြက္မ်ားေနာက္
ကြယ္မွ ပုန္းလွ်ိဳး၍ အေသာင္းအသိန္း
မကေသာ ပုစဥ္းရင္ကြဲတို႔၏ ေပါက္ကြဲ
သံစဥ္မ်ား၊ တစ္ခ်က္တစ္ခ်က္ ၾကားေန
ရေသာ ဂ်ီ(ေရ)ေဟာက္သံမ်ား၊ သံတို
သံရွည္သံၿပိဳင္က်ဴးရင့္ေနေသာေႁမြတြန္
သံမ်ား၊ “ဂီးခနဲ၊ ဂစ္ခနဲ”အလန႔္တၾကား
ထေအာ္လိုက္သည့္ သားစားညည့္ငွက္
တို႔၏ အသံမ်ား ႐ုတ္ျခည္း “တိခနဲ”တိတ္သြားသည္။
တစ္ေတာတစ္ေတာင္လုံး အပ္က် လွ်င္ပင္ၾကားရမတတ္၊ တိတ္ဆိတ္ျခင္း
မင္းမူေနေသာေၾကာင့္ေတာကေခ်ာက္
ခ်ားဖြယ္အတိ၊ “အား “ ဗုန္း
ေသနတ္က်ည္ဆန္က ပစ္မွတ္ကို ေကာင္းေကာင္းထိေၾကာင္း အေတြ႕
အႀကဳံအရ ကိုမ်ိဳး သိလိုက္သည္။ ေသ
နတ္သံက တိုသည္၊ တုတ္သည္၊ ပစ္
မွတ္ကို ထိလိုက္သံ “ေဖာက္ခနဲ”ပင္ၾကားမိသည္ထင္၏။
အေတြ႕အႀကဳံက ေပးေသာအသိ။
ပစ္မွတ္မွာ က်ည္တိုက္႐ိုက္ထိမႈ
ေၾကာင့္ နာၾကည္းစြာ ေအာ္ဟစ္၍“ဝုန္း
ခနဲ”ေျမာက္တက္၊“ဘုန္းခနဲ”က်သြား
ပုံကိုပါ မုဆိုး၏ ယဥ္ပါးေသာနားက သိေပၚမွကိုမ်ိဳး
နားလည္လိုက္သည္။“လင့္” ေသနတ္ကိုင္၍ ေခတၱမွ်ငိုင္သြားေသာ္ လည္း အက်င့္ပါေနေသာလက္ကေသနတ္ေမာင္းကိုေနာက္တစ္ခ်က္ထပ္ဆြဲ
လိုက္သည္။ ပစ္ၿပီးသားက်ည္ခြံက“ခြၽင္
ခနဲ”ခုန္ထြက္၊ ေနာက္တစ္ေယာက္က
ေျမာင္းထဲေရာက္သြားၿပီးထပ္မံပစ္ခတ္
ရန္အသင့္။ “ငါလူသတ္လိုက္မိၿပီလား”
ကိုမ်ိဳး ရင္ခုန္သံ ပိုျမန္လာသည္။
သို႔ေသာ္ မ်က္စိဖြင့္၍ ျမင္ကြင္းကို
မၾကည့္ရဲေသး။
႐ိုးမကား တိတ္ဆိတ္ေနၿမဲ။
“ဘာ – ဘယ္လိုကြ ဘိုဟန္၊ ဆင္ နင္းလို႔ ျပားေနတဲ့လင္က ေပါင္က်ိဳးၿပီး ေမ့ေျမာေနတဲ့မိန္းမကို ထမ္းေျပးတယ္ ဟုတ္လား၊ မင္း မေသာက္ရေသးပါဘူး
ေနာ္”
ကိုမ်ိဳး၏ ျပန္လွန္ေမးခြန္းေၾကာင့္
႐ြာခံမုဆိုးဘိုဟန္၏မ်က္ႏွာႀကီးရႈံ႕မဲ့သြား သည္။
“ကိုမ်ိဳးရာ- ဘိုဟန္ဆိုတဲ့ေကာင္ ကအရက္ကိုေရလိုေသာက္ေနေပမယ့္
ဘယ္တုံးက စကားေျပာ မွားဖူးသလဲ၊ သတိလက္လြတ္ ျဖစ္ဖူးလဲ” ဟုတ္ေတာ့ဟုတ္သည္။
သည္ပဲခူး႐ိုးမအတြင္း သူအမဲစပစ္ ကတည္းက ဘိုဟန္ႏွင့္ တြဲလာခဲ့သည့္ ႏွစ္ေပါင္းမနည္း။ ဘိုဟန္က ေတာသား ပီပီ ေတာင့္တင္းသန္မာ၍ ေတာကြၽမ္း သည္။ စကားေျပာလွ်င္ တကယ့္ တုတ္ ထိုးအိုးေပါက္။ အရက္ကို ေရႏွယ္ ေသာက္ေသာ္လည္း တစ္စက္ေလးမွ
မမွား။
ဘိုဟန္က ဆက္၍ –
“ဒီလိုရွိတယ္ဆရာ၊ ကြၽန္ေတာ္တို႔ ေတာ႐ြာေတြမွာ ဒီအျဖစ္မ်ိဳးေတြက ႐ိုး ေနၿပီ၊ ဆရာတို႔ၿမိဳ႕ကလူေတြသာထစ္ခနဲ ရွိ သိပၸံနည္းက်တို႔၊ မ်က္စိနဲ႔ ကိုယ္တိုင္ ျမင္ရမွတို႔၊ ျပႆနာမရွိ ျပႆနာရွိေန တာ၊ ေတာစကားနဲ႔ေျပာရရင္ေတာ့ အပ မွီတာ၊ စုန္းပူး၊ နတ္ဝင္၊ သရဲကပ္၊ ဖုတ္ဝင္
တယ္ဆိုတဲ့စကားေတြေပါ့။ ခက္တာက
ဆရာကလည္းဒါေတြအယုံအၾကည္မရွိ
ပဲေလ။ ဒါေပမဲ့ ဆရာသိခ်င္တာေလး
ေတာ့ ေျပာပါရေစ၊ အျဖစ္က ဒီလိုပါ
ဆရာ”
၁-၄-၂၀၀၆
တေပါင္းေႏြကပူလွသည္။
သို႔ေသာ္ ေနပူရွိန္ထက္ ဝမ္းသမုဒၵ
ရာအူအဂၤါကပို၍ပူလွသျဖင့္ ဖက္ဆြတ္ ေတာင္ေတာစခန္း၊ပုဂၢလိကရာဘာစိုက္
ခင္းမွ ကိုတင္လွႏွင့္ မခင္သန္းတို႔ ဇနီး
ေမာင္ႏွံ ေတာင္ေပၚရွိ ေရခန္းစမ္းမ်ားမွ
ငါးပုစြန္ထိုးရန္အတြက္ ဘက္ထရီျဖင့္
ေရွာ့႐ိုက္ငါးဖမ္းရန္ တဲမွ ထြက္လာခဲ့ၾက
သည္။
ယခင္က ႐ိုးမစပ္ေက်း႐ြာျဖစ္၍
သစ္ႀကီးဝါးႀကီးမ်ားကရိပ္လည္းၿမိဳင္ၿမိဳင္
ရွိခဲ့ေသာ္လည္းယခုေတာင္ေခါင္းတုံးႏွင့္
လင္မယားႏွစ္ေယာက္ေရသန႔္ဘူး
ေတာျပဳန္းႏွင့္။
ေဟာင္းႏွင့္ထည့္လာေသာေသာက္ေရ
ျဖင့္ေနပူကိုအန္တုကာတစ္ငုံစီေမာ့ရင္း
မွတစ္ေတာင္ေက်ာ္ဆင္း၊ တစ္ေတာနင္းလ်က္။
ေတာင္ေခါင္းတုံးႏွင့္ေတာျပဳန္းမ်ား
ကို ပုဂၢလိကရာဘာႏွင့္ သစ္မာစိုက္ခင္း မ်ား ခ်ထားေပးသျဖင့္ တစ္ေတာလုံး ေမွာင္၊ တစ္ေတာင္လုံးစိမ္းေနေသာ မင္းပုန္းေတာင္ဘက္သို႔ေရာက္လာၾကၿပီ။
ေတာရိပ္စိမ္းစိမ္းေၾကာင့္ ေစာေစာ
ကေနပူဒဏ္ကိုေမ့သြားၾကၿပီ။“မင္းပုန္း ေတာင္ေျမ”တြင္ နတ္ေရတြင္းရွိသည္
ေလး။
ေရတြင္းဆို၍ ႀကီးႀကီးမားမား မဟုတ္။ အနက္သုံးေတာင္၊အက်ယ္ႏွစ္
ေတာင္ခန႔္သာရွိ၍ တစ္ႏွစ္ပတ္လုံး ေရ
ရသည္။ တြင္းထဲတြင္ ေရက ေျခာက္
လက္မခန႔္သာရွိေသာ္လည္းေတာတက္
သည့္လွည္းမ်ားမွ ပါသမွ်လူအကုန္ႏွင့္
ကြၽဲႏြဲမ်ားတိုက္ေသာ္လည္းေရကေလွ်ာ့
မသြား၊ ပိုလည္းမတိုး၊ မခင္သန္းက ေရ
သန႔္ဘူးေဟာင္းအတြင္းမွ ေရမ်ားကုန္
သြားသျဖင့္ ဘူးကို တြင္းထဲႏွစ္၊ ေရထပ္
ျဖည့္ရန္ စိတ္ကူးၿပီး နတ္ေရတြင္းထဲ ငုံ႔
ၾကည့္လိုက္မိသည္။
“ဟင္ – ေအာင္မယ္ေလး၊ ကိုတင္
လွရဲ႕-လာပါဦးေတာ့”
“ဟာ – ဒီမိန္းမ အလန႔္ တၾကား ဘာလဲ၊ ဘာျဖစ္လို႔လဲ” နတ္ေရတြင္းနံေဘးရွိ ေရခန္းစျပဳ
ေနေသာ စမ္းေခ်ာင္းတြင္းဆင္း၍ ေရွာ့ တိုက္ငါးဖမ္းရန္ ျပင္ေနေသာ ကိုတင္ လွ။ ဇနီးသည္၏ ေၾကာက္လန႔္စြာ ေအာ္ လိုက္ေသာအသံေၾကာင့္ေရထဲမွကပ်ာ ကယာကုန္းေပၚထက္ ဇနီးသည္ထံ
ဒေရာေသာပါးေျပးရင္းပါးစပ္မွလည္း-
“အေရးထဲ ဘာလဲဟာ” “ေတာ္-ေတာ္ေရတြင္းထဲငုံ႔ၾကည့္
လိုက္ပါဦးေတာ့” “ဟာ..”
ေရတြင္းထဲငုံ႔ၾကည့္လိုက္ေသာ “ကိုတင္လွ”တကယ့္တအံ့တဩ။ ႏႈတ္ မွအာေမဍိတ္သံပင္ထြက္သြားသည္။
ေရတြင္းထဲတြင္ ေရတစ္စက္မွမရွိ
ဘဲ ေ႐ႊ၊ ေငြ၊ ေက်ာက္သံပတၱျမား၊ လက္ ဝတ္လက္စားတို႔ကတဝင္းဝင္းတလက္လက္။
ဝင္းလက္ေတာက္ပေနေသာမတတ္။
ရတနာတို႔ေၾကာင့္ မ်က္စိပင္ က်ိန္း
ႏွစ္ေယာက္သားတဒဂၤၾကက္ေသ
ေသသြားၿပီးမွ ကိုတင္လွက ဇနီးသည္
မခင္သန္း၏လက္ကိုဆြဲ၍ စမ္းေခ်ာင္း
တစ္ေလွ်ာက္ သုတ္ေျခတင္ ေျပးေတာ့သည္။
မရမ္းေခ်ာင္း၊ ေရနက္ႀကီး၊ ပိႏၷဲ ေတာင္၊ ေရွာက္ေျမာင္ စေသာ ေက်း႐ြာ မ်ားတြင္ပါးစပ္ရာဇဝင္အရနတ္ေရတြင္း ၌ ေရမ်ားမရွိေတာ့ဘဲ ဤသို႔ ေ႐ႊေငြ ရတနာမ်ားကို ေတြ႕ရွိပါမိက ဤသို႔ ေတြ႕ ရွိသြားသူသည္ ဤေန႔မွာပင္ တစ္နည္း
နည္းႏွင့္ေသကိုေသရမည္။ (မုခ်) ေသ
ရမည္ဟူေသာစကားကို ၾကားဖူးထား
၍ဤသို႔ ေသေျပးရွင္ေျပးေျပးမိေျပးရာ
ေျခဦးတည့္ရာ ေျပးျခင္းပင္။ +4
အေမာတေကာ ေျပးလာခဲ့ရေသာ ဇနီးေမာင္ႏွံမွာ ေရခန္းေနေသာ စမ္း ေခ်ာင္းကေလးတစ္ခုဆီ ေရာက္လာျပန္သည္။
“ဗြက္၊ ဗြက္၊ ဗြက္” ထိုင္၍တစ္ေအာင့္ခဏငယ္ေလး
အၾကာတြင္အေကာင္အထည္မျမင္ရဘဲ “တဗြက္ဗြက္”အသံမ်ား ၾကားရသျဖင့္ ထိုင္ရာမွထ၍ ဟိုဟိုသည္သည္သို႔ က်ီး လန႔္စာစား ၾကည့္လိုက္မိသည္။ စမ္းေခ်ာင္းေရစပ္တြင္ ေရအနည္း ငယ္သာရွိ၍ ႐ႊံ႕မ်ားႏွင့္ လုံးေနေသာ
မည္းမည္းသဏၭာန္ရႈံ႕လုံးႀကီးမ်ား စမ္း
ေခ်ာင္းထဲတြင္ တလိမ့္လိမ့္ျဖင့္ လူးလြန႔္ ေနၿပီ။ “တဗြက္ဗြက္”အသံႀကီးမ်ားက
ဤမည္းမည္းအလုံးႀကီးမ်ားမွထြက္ေပၚ လာေနျခင္းပင္ ျဖစ္သည္။ အေသအခ်ာၾကည့္ေတာ့မွ ေရစပ္ က်င္းသာရွိေသာ စမ္းေခ်ာင္းတြင္းရွိ ငါး မ်ိဳးစုံအနက္ ငါးခူႏွင့္ ငါးက်ည္းအမ်ားစု ပါဝင္ေသာ ငါးမ်ားက စပ္က်င္းခန႔္ရွိ ေရ
ထဲသို႔ အလုံးလိုက္ အေထြးလိုက္ အလု အယက္ ဆင္းေနျခင္းပင္။
အေၾကာက္လြန္၍ ဖြတ္ေမ့ပုတတ္
ေမ့ေနေသာ လင္မယားမွာ ႐ုတ္ျခည္း
သတိဝင္လာၿပီး ဘက္ထရီေရွာ့႐ိုက္ရန္
ဆက္သြယ္ထားသည့္ ဝါးႏွစ္လုံးအား
အသာခ်၍႐ြံ႕မ်ားႏွင့္ေရာေထြးေပက်ံေန
ေသာ ႐ႊံ႕လုံးႀကီးမ်ားထဲမွ ငါးမ်ားကို ဖမ္း
ၾကေတာ့သည္။
ဖမ္းဆီးရမိသမွ်ငါးမ်ားကိုေရေဆး
သန႔္စင္ၿပီး ပလိုင္းထဲ ထည့္ၾကသည္။ ပါလာေသာပလိုင္းမဆန႔္ေတာ့၍ကိုတင္
လွ၏ ဝတ္ထားေသာပုဆိုးကို ခြၽတ္၊ ငါး မ်ားထည့္၊ လုံခ်ည္ကို ထုံး၍ လင္မယား
ႏွစ္ေယာက္တန္းစီထြက္လာခဲ့သည္။
ေဘာင္းဘီတိုႏွင့္ ပလိုင္းကိုလြယ္
၍က်န္လက္တစ္ဖက္က ဘက္ထရီႏွင့္
ဆက္ထားသည့္ ဝါယာႀကိဳးထပ္ ေရွာ့
႐ိုက္မည့္ဝါးလုံးတန္းကိုင္ဆြဲ၊ ဇနီးျဖစ္သူ
ကငါးထည့္ထားေသာလုံကြင္းကိုေခါင္း
ေပၚတင္လ်က္။ အေပ်ာ္ႀကီးေပ်ာ္ေန
ေသာလင္မယား။
ေစာေစာက ေတြ႕ခဲ့ရသည့္ နတ္
ေရတြင္းမွေသမင္းငင္ရတနာမ်ားကိုပင္
သတိမရေတာ့။
သည္ငါးမ်ားကို စခန္းတြင္းရွိ မိ သားစုမ်ားသာမကအနီးဝန္းက်င္႐ြာမ်ား
သို႔ လွည့္လည္ေရာင္း ပိုလွ်ံပါက ငါးပိ၊
ငါးေျခာက္လုပ္ စသည္ျဖင့္ ဇနီးေမာင္ႏွံ
ႏွစ္ေယာက္စိတ္ကူးယဥ္ဖဲ႐ိုက္အေတြး
ကိုယ္စီျဖင့္ ခ်ီတက္လာခဲ့ရာ မင္းပုန္း
ေတာင္၏ ကုန္းဆင္းတံေတာင္ဆစ္
ခ်ိဳးေကြ႕အေရာက္ – “ဟင္”
“ဘုတ္ – ဗုန္း” အေတြးကိုယ္စီျဖင့္ စကားမေျပာ ႏိုင္ဘဲ ငါးမ်ား ထမ္း႐ြက္လာေသာ လင္
မယားႏွစ္ေယာက္ ေတာင္အဆင္းတစ္
ေတာင္ဆစ္ေကြ႕အေရာက္၊ ေတာင္
ေအာက္မွ တေ႐ြ႕ေ႐ြ႕တက္လာေသာ
ဧရာမဆင္ႀကီးတစ္ေကာင္ႏွင့္ “ဘြား”
ခနဲေတြ႕ေတာ့သည္။
ဆင္ႀကီးမွာ ေဒါက္(အျမင့္) ဆယ္
ေပခန႔္ရွိၿပီး အစြယ္ႀကီးႏွစ္ေခ်ာင္းက အျမင့္သို႔ တံေတာင္ေက်ာ္ခန႔္ ထြက္ေန သည္။ ႐ုတ္တရက္ျဖစ္၍ ဆင္ေရာ လူပါ တဒဂၤ ေငးေၾကာင္ၾကည့္ေနၾကၿပီးမွ ကိုတင္လွေရာ၊ မခင္သန္းပါ ထမ္း႐ြက္ လာသည့္ငါးမ်ားပစ္ခ်၍လွည့္အေျပး- “ေယာက္်ား-ေျပး-ေျပး” “ဝုန္း – ဘုန္း – အင့္”
မခင္သန္း စကားပင္ မဆုံးေသး။ အေကာင္ႀကီးသေလာက္ သြက္ လက္ျမန္ဆန္လြန္းလွေသာဆင္ႀကီးက
ႏွာေမာင္းႏွင့္ သိမ္းယမ္းလိုက္သျဖင့္
ဝုန္းခနဲေျမာက္တက္သြားၿပီးေတာင္နံရံ
ေလးၾကားရွိႀကိမ္ေတာတြင္းသို႔လြင့္စဥ္
က်သြားေတာ့သည္။
ႀကိမ္ေတာႀကိမ္ဆူးမ်ားၾကားလဲေန ရင္းမွ ကိုတင္လွအား လြတ္ရာလြတ္
ေၾကာင္းေျပးရန္ ေျပာမိေျပာရာေျပာေန
မိသည္။
ထ၍မရေတာ့။ ေပါင္ႏွစ္ေခ်ာင္းလုံး
သြင္သြင္က်ိဳးသြားၿပီ။ ခင္ပြန္းသည္၏
အသံနက္ႀကီးျဖင့္ ေအာ္ဟစ္သံ၊ တဝွန္း
ဝုန္း တဗုန္းဗုန္းအသံမ်ား ၾကားရၿပီး
တေဝါေဝါေတာတိုးသံကသူ႔ဆီေရာက္လာၿပီ။
“ဘုရား..ဘုရားကယ္ေတာ္မူပါ”
တဝုန္းဝုန္း တေလ်ာင္းေလ်ာင္း ႀကိမ္ ေတာတိုးလာသည့္ဆင္ႀကီး။
ဆင္ႀကီးကလဲေနေသာ မခင္သန္းကို တစ္ခ်က္
ၾကည့္၊ နင္းေျခပစ္ရန္ ေျခေထာက္ႀကီး
တစ္ဘက္ ေျမႇာက္လိုက္သျဖင့္ မခင္
သန္း ေၾကာက္လန႔္တၾကား ေအာ္ဟစ္
လိုက္ၿပီး သတိေမ့သြားေတာ့သည္။
လုံးဝအေမွာင္။
စကားသံမ်ား၊ သူ႔အမည္တဖြဖြေခၚ သံမ်ား ၾကားရသျဖင့္ မခင္သန္း သတိရ လာသည္။နံေဘးမွစိုးရိမ္တႀကီးငုံ႔ၾကည့္ ေနေသာ တဲနားနီးခ်င္း ဘဝတူမ်ားႏွင့္ ဗိေႏၵာဆရာႀကီးဦးသန္းျမင့္။ “ကို-ကိုတင္လွေရာ-ဟင္” သတိရရခ်င္း မခင္သန္း ေမးမိ သည္က ခင္ပြန္းသည္ကိုတင္လွ။ တစ္ဆက္တည္း ကိုတင္လွ၏ ေၾကာက္လန႔္တၾကားေအာ္ဟစ္သံမ်ား၊ တဗုန္းဗုန္း ႐ိုက္ႏွက္သံမ်ားကို ျပန္ လည္ၾကားေယာင္မိလာသည္။ သူ႔အေမးကို မည္သူမွ မေျဖဆိုၾက။
တဲေရွ႕မွ တူထုသံ၊ လႊျဖတ္သံ၊
စကားေျပာသံမ်ားၾကားေနရသည္။
အတန္ၾကာမွ ဆရာႀကီးဦးသန္းျမင့္က –
“သမီး-သတိထား၊ ေသေသခ်ာ
ခ်ာနားေထာင္၊ စိတ္ကိုၿငိမ္ၿငိမ္ထား၊ နင့္ ကို တင္လွက ထမ္းၿပီးေျပးလာတယ္၊ နင္တို႔တဲေရွ႕မွာ ႏွစ္ေယာက္သား ပစ္လဲ
ၿပီး ေအာ္ေနလို႔ စခန္းကလူေတြ ထြက္
ၾကည့္ေတာ့တင္လွကေသေနၿပီ၊နင္က
သတိေမ့ေနတယ္၊ တင္လွကို အခု
အေခါင္းသြင္းေနၿပီ”
ဆရာႀကီးစကားအဆုံး မခင္သန္း
ထပ္မံေမ့ေျမာသြားျပန္ၿပီ။
(ႏွစ္)
“ဘိုဟန္၏ရွင္းျပခ်က္တြင္နစ္ေျမာ
ေနသည့္ကိုမ်ိဳး။
ဆင္နင္းသတ္၍ခႏၶာကိုယ္ျပားေန
ေသာ လူေသေကာင္ႀကီးက ဆင္လႊင့္ ပစ္၍ သတိေမ့ ေပါင္က်ိဳးသြားေသာ မိန္းမအား ထမ္း၍ တဲသို႔ အေရာက္ လာပို႔ျခင္းဆိုသည္က(လုံးဝ)ကို မျဖစ္ ႏိုင္။ မယုံႏိုင္စရာ။
သို႔ေသာ္ ဖက္ေတာင္ေတာစခန္း တြင္ တကယ္ျဖစ္ပြားခဲ့သည္က အမွန္။ “ဇာတ္လမ္းက ဒါနဲ႔တင္ မၿပီးေသး ဘူးဆရာ၊ငုၿမိဳင္သစ္ေတာစိုက္ခင္းစခန္း
က (၂၂- ၃ – ၂၀၁၆)ေန႔ အျဖစ္ဆန္း ကမွတကယ့္သည္းထိတ္ရင္ဖိုဆရာရဲ႕”
“ဟင္ – ဘာ – ဘယ္လိုပိုဆန္းေသး
ဟုတ္လား”
“အဲဒါကိုေျပာတာေပါ့ဆရာရဲ႕၊
ဆရာတို႔ၿမိဳ႕က လူေတြ လက္ခံထား၊
တိုင္းတာေနတဲ့ သိပၸံပညာဆိုတာလက္
လွမ္းမမီတဲ့သိပၸံပညာထက္ထူးဆန္းတဲ့
အျဖစ္အပ်က္ေတြ ေတာထဲမွာ အမ်ားႀကီး”
“ကိုင္း- ဆက္စမ္းပါဦး မိေက်ာင္းသားရယ္”
ဘိုဟန္က လည္ေခ်ာင္းတစ္ခ်က္
ရွင္းလိုက္ၿပီး – “ဒီလိုဆရာရဲ႕”နာရီ။
၁၁-၃-၂၀၀၆ေန႔။ညေနေျခာက္
ေတာကအေမွာင္ျမန္သည္။
သစ္ႀကီးဝါးႀကီးမ်ား၊ေတာရိပ္ေတာ
ေနဝင္ေစာမိုးခ်ဳပ္ျမန္သည္။
စြယ္၊ေတာင္စဥ္ေတာင္တန္းမ်ားေၾကာင့္
ငုၿမိဳင္ကြၽန္းသစ္ေတာစိုက္ခင္းစခန္း။
အနယ္နယ္မွ ေန႔စားလုပ္သားမ်ား
ေခၚယူ၍ ကြၽန္းပင္မ်ား စိုက္ေစသည္။
ေယာက္်ားတစ္ေယာက္(ထိုစဥ္က)
တစ္ေန႔ တစ္ေထာင္က်ပ္၊ အမ်ိဳးသမီး တစ္ဦး တစ္ေန႔(ထိုစဥ္က)ရွစ္ရာက်ပ္ ျဖင့္ တဲအလုံးႏွစ္ဆယ္ေက်ာ္ လုပ္သား အင္အားတစ္ရာေက်ာ္ခန႔္ ရွိသည္။ စခန္း၏ ပၪၥမေျမာက္တဲထဲတြင္ ကိုေက်ာ္လြင္ႏွင့္ ဇနီး မႏြယ္တို႔က ေ႐ႊ
တိဂုံဘုရားႀကီးဖူးေျမာ္ရန္ ခ်င္းျပည္နယ္
မွေရာက္လာေသာမိခင္ႀကီးေဒၚလွရီႏွင့္
အတူ သုံးေယာက္သား ထမင္းစားေန
ၾကသည္။ငုၿမိဳင္စခန္းသို႔ လာရသည့္ခရီးကမနီး။
လွည္းကူးမွေဖာင္ႀကီးသို႔(၁၇)မိုင္၊
ေဖာင္ႀကီးမွ မင္းကုန္းသို႔ (၃)မိုင္၊ မင္း ကုန္းမွ မရမ္းေခ်ာင္ သို႔ (၃)မိုင္၊ မရမ္း ေခ်ာင္မွေရနက္ႀကီးသို႔ (၂)မိုင္၊ေရနက္ ႀကီးမွ ငုၿမိဳင္စခန္းသို႔ (၃)မိုင္။
ဤမွ် ကြာေဝလွေသာခရီးကို မိခင္ ႀကီးေဒၚလွရီခမ်ာ ခ်င္းေတာင္မွ မနည္း
႐ုန္းကန္လာခဲ့ ရသည္။ အသက္
ကလည္း(၇ဝ)နားကပ္ေနၿပီ။ လူသူမနီး
ေတာထဲေတာင္ထဲလုပ္ကိုင္စားေသာက္
ေနရေသာ သမီးႏွင့္သားမက္အတြက္ရင္မေအး။
သည္ၾကားထဲ “ငုၿမိဳင္စခန္း”ဆို
သည္က ဆင္သြားလမ္းက်ေနသည္
ဆို၏။ ဆင္ဆိုးအုပ္ကေတြ႕သမွ်နင္းေခ်
ဖ်က္ဆီးတတ္သည္။
အဆိုးဆုံးကေခါင္းေဆာင္ပန္းဆင္ ႀကီးျဖစ္ၿပီး သူႏွင့္ အေပါင္းအေဖာ္ဆင္
မ်ားကို ပုတ္ခတ္ေစာ္ကားေျပာမိလွ်င္
(ခ်က္ခ်င္း)ဆိုသလို ေရာက္လာရန္ျပဳ
တတ္ေၾကာင္း၊ ဆင္အုပ္မွာ ေကာင္ေရ
(၁ဝဝ)ေက်ာ္ၿပီး အုပ္စု(၃)စုဖြဲ႕ ၍လႈပ္
ရွားေလ့ရွိေၾကာင္းမ်ားကို ကားေပၚတြင္
လည္းေကာင္း၊ လွည္းေပၚတြင္လည္း
ေကာင္းၾကားသိခဲ့ရ၍စိတ္မေကာင္းျခင္း
ႀကီးစြာ ခံစားခဲ့ရ၏။သမီးႏွင့္ သားမက္အတြက္ စိတ္ပူ
မိသည္မွာ မဆန္း။
အသက္အ႐ြယ္ႀကီးသူျဖစ္ၿပီး စကားကလည္းမ်ားသည္။ စကားတစ္စ ရလွ်င္ ေျပာမဆုံးေပါင္ ေတာသုံး ေတာင္။
“နင္တို႔ ႏွစ္ေယာက္ ငါျပန္ရင္ ျပန္လိုက္ခဲ့ေတာ့။ ဟိုမွာေတာင္ယာခုတ္ စိုက္စားရင္ ဒီေလာက္ေတာ့ စားရတာ ပဲ။အခုလိုဆင္ေၾကာက္ရ၊က်ားေၾကာက္ ရလည္း မဟုတ္ဘူး။ ဒါထက္ဒီလမ္းက ဆင္သြားလမ္းဆို၊ ဒီဆင္ေတြကိုႏွိမ္နင္း
မယ့္ မုဆိုးေတြ မရွိၾကဘူးလား။ ဆိုးတဲ့ ေကာင္ သတ္ပစ္လိုက္။ ဒါမွ တစ္ေတာ
လုံးတစ္ေတာင္လုံး စိတ္ခ်မ္းသာရမွာ။
ငါက မိန္းမသားျဖစ္ေနလို႔၊ ေယာက္်ား
သားဆို တစ္ပြဲတစ္လမ္း၊ တစ္ခ်ီတစ္
ေမာင္းေတြ႕လိုက္ခ်င္ေသးတယ္။ ဘယ့္ ႏွယ့္ေတာ္၊ လူစကားနားလည္တဲ့ဆင္ တဲ့။ ဒါဆိုဆပ္ကပ္ထဲလိုက္သြားပါလား။ ေကာင္းေကာင္းေလး စားေနရဦးမယ္” “အေမ – အေမ ဘာေတြေလွ်ာက္ ေျပာေနတာလဲ၊ အဲဒါ နတ္သူငယ္ရဲ႕စီး ေတာ္ဆင္အေမရဲ႕”
မိခင္ျဖစ္သူ၏ တဖ်စ္ေတာက္
ေတာက္စြတ္တင္ေနမႈေၾကာင့္“မႏြယ္”
မ်က္ႏွာ ေသြးမရွိေတာ့။ သူ႔အရပ္ သူ႔ ဇာတ္၊ သူ႔အယူအဆႏွင့္လိုက္ေလ်ာညီ
စြာေနတတ္သူ။
ၾကက္ေခါင္းဆိတ္မခံေသာ ေဒၚလွရီ။
သမီးျဖစ္သူ၏စကားကိုဆုံးေအာင္
နားမေထာင္ဘဲ ခ်က္ခ်င္းတုံ႔ျပန္တတ္
ေသာေဒၚလွရီ…။
“အလိုေတာ္….ညည္းကဘာသိလို႔
လဲ၊ ေသြးစြန္းေနတဲ့ ဆင္တို႔၊ ျမင္းတို႔ ဆိုတာ ရွင္းထားမွ စိတ္ေအး……. ဘာသံလဲဟဲ့”
“ဝုန္း…ေဖ်ာင္း..ေဖ်ာင္း” “အား..”
“ကယ္ေတာ္မူၾကပါရွင္” ေဒၚလွရီစကားမဆုံးလိုက္၊ တဲေရွ႕မွ ႀကီးမားလွေသာမည္းမည္းသဏၭာန္ႀကီး
တစ္ခု။ အ႐ြယ္ႏွင့္မလိုက္လ်င္ျမန္ေပါ့ပါး သြက္လက္လွစြာ တဲကို ကိုယ္လုံးႏွင့္ ႏွာေမာင္းႏွင့္ သိမ္းႀကဳံးယမ္းခါ ခြာႏွင့္ တေဖ်ာင္းေဖ်ာင္းနင္းေခ်ေတာ့သည္။ “ဟာ- ဆင္ – ဆင္ႀကီး”
ဖ႐ိုဖရဲ “ဝုန္း”ခနဲ လဲၿပိဳက်သြား ေသာတဲမ်က္တြင္းမွ ေက်ာ္လြင္က လူး လဲထကာ ပါးစပ္မွ ေအာ္ဟစ္ရင္း ထြက္ ေျပးသြားေတာ့သည္။ မႏြယ္ႏွင့္ေဒၚလွရီ မွာ တဲပ်က္ႏွင့္ လုံးေထြးေနၿပီး မႏြယ္က အေပၚမွ ေဒၚလွရီမွာ ေအာက္က၊ ႏွစ္ ေယာက္သား လူးလဲထေနစဥ္ ဆင္ႀကီး ကအနီးသို႔ ေရာက္လာၿပီ။ ႀကံရာမရေတာ့ သည္ အဆုံး၊ ေၾကာက္ေၾကာက္လန႔္လန႔္ႏွင့္ မႏြယ္၊ လက္အုပ္ခ်ီ ေဆာင့္ေၾကာင့္ထိုင္၊ ဆင္ ႀကီးအား ရွိခိုးရင္း ပါးစပ္မွ –
“ဆင္ – ဆင္မင္းႀကီးရယ္၊ အေမ့ကို ေျပာမွားဆိုမွားရွိရင္ ေတာင္း-ေတာင္းပန္”
“ေဖ်ာင္း”
“ေအာင္မယ္ေလး”
“အား..”
မႏြယ္ ဆုံးေအာင္ပင္ မေတာင္းပန္ လိုက္ရ။ ဆင္ႀကီးက သူ႔အား ႏွာေမာင္း ႏွင့္ ႐ိုက္ဖယ္လိုက္ၿပီး ေဘးဖယ္ထုတ္ လိုက္ကာ ေျမျပင္ထက္ လဲက်ေနေသာ
ေဒၚလွရီအား ႏွာေမာင္းႏွင့္႐ိုက္၊ ေျချဖင့္
နင္းသတ္တာ တစ္လွမ္းခ်င္း ထြက္ခြာ
သြားေတာ့သည္။
ေအာ္သံဟစ္သံမ်ားေၾကာင့္ စခန္း ရွိလူမ်ားက သံပုံးမ်ားတီး၊ မီးပုံမ်ားမီးရႈိ႕၊
အသံေပါင္းစုံေအာ္ဟစ္၊မီးတုတ္၊ မီးတိုင္
ႏွင့္ လူမ်ား ေရာက္ရွိလာကာ ဆင္နင္း သတ္သြားေသာ ေဒၚလွရီအေလာင္းႏွင့္ နံ႐ိုးက်ိဳး ေမ့ေနေသာ မႏြယ္တို႔ကို ည တြင္းခ်င္းပင္ မရမ္းေခ်ာင္းတိုက္နယ္ ေဆး႐ုံသို႔ ပို႔လိုက္ၾကရေတာ့သည္။
“ခင္ဗ်ားေျပာသလိုဆို ဒီေကာင္
ႀကီးကသူ႔အေၾကာင္းမေကာင္းေျပာရင္
ခ်က္ခ်င္းေရာက္လာၿပီး ဒုကၡေပးေတာ့
တယ္ေပါ့”
ဘိုဟန္စကားအဆုံး ကိုမ်ိဳး၏
အေမး၊ဘိုဟန္ကကိုမ်ိဳးကိုတစ္ခ်က္စိုက္
ၾကည့္လိုက္ၿပီး-
“အမွန္ပဲဆရာ၊ ဆက္ေျပာရရင္ ဒီ ထက္ထူးဆန္းတာေတာင္
မဆန္းဘူး ျဖစ္သြားဦးမယ္”
ဒါေလာက္
“ဆက္ရန္ ရွိေသးတယ္ေပါ့”
“ဒီေကာင္ႀကီးရဲ႕လိမၼာပါးနပ္မႈေတြ
ေပါ့ဗ်ာ”
“အင္းေလ အိပ္ရာဝင္ဂမၻီရပုံျပင္
ေပါ့၊ ဆက္ပါဦး”
“ဒီလိုဆရာရဲ႕”
ပန္းဆင္ႀကီး၏ သတင္းဆိုးမ်ားက
မရမ္းေခ်ာင္ေက်း႐ြာအုပ္စုတြင္း သာမကေဖာင္ႀကီး၊ လွည္းကူး၊ ေမွာ္ဘီ၊
တိုက္ႀကီး၊ ဥကၠံဘက္အထိ ပ်ံ႕ႏွံ႔ သြား
သည္။ ပိုဆိုးသည္က မင္းကုန္း၊ မရမ္း ေခ်ာင္း၊ ပိႏၷဲေတာင္ စေသာ ႐ြာမ်ားသို႔ ေျပးဆြဲေနသည့္ ဆိုင္ကယ္ကယ္ရီမ်ား ကို ဆင္လိုက္ျခင္း၊ ဆင္အုပ္ႏွင့္ လိုက္ ျခင္းစသည္မ်ားေၾကာင့္ မည္သူမွေတာ မတက္ဝံ့၊ လမ္းမထြက္ဝံ့ေတာ့။ ဆင္ဆိုးႀကီးႏွင့္ ဆင္အုပ္တို႔က လမ္းေပၚတြင္ပင္ေျပာင္ေျပာင္တင္းတင္း အုပ္စုဖြဲ႕ေနျခင္း၊ ႐ြာသူ႐ြာသားမ်ား၏
သီးႏွံခင္းမ်ားကို ဖ်က္ဆီးျခင္းအထိ
အတင့္ရဲလာၾကသည္။ ႐ြာသားမ်ားက
ဝါးလက္ခုပ္ေမာင္းမ်ား႐ိုက္ျခင္း၊ ေျဗာက္
အိုး၊ ယမ္းအိုးမ်ား၊ ေဖာက္ခြဲအသံေပး ျခင္းစသည္တို႔ကိုပင္ ဂ႐ုမစိုက္ေတာ့။
ေကာင္ေရမ်ားလာလွ်င္ ေျပာင္ ေျပာင္တင္းတင္း အုပ္စုဖြဲ႕ ႐ြာထဲဝင္လာ
ၾကသည္။ေရနက္ႀကီး႐ြာျမသပိတ္ဘုန္း
ေတာ္ႀကီးေက်ာင္းတြင္းသို႔ ဆင္မ်ားဝင္
လာ၍ ကိုရင္မ်ား၊ ေက်ာင္းသားမ်ား၊
ဘုန္းေတာ္ႀကီးမ်ား အုတ္တိုက္သိမ္တြင္
ပုန္းေနၾကရသည္။
ေက်ာင္းတစ္ဝင္းလုံးဧရာမဆင္ေျခ
ရာမ်ား ေနရာမလပ္။ အဆိုးဆုံးႏွင့္ အႀကီးမားဆုံးမွာ ပန္းဆင္ႀကီး၏ေျခရာ
မ်ားပင္။
ေျခရာႀကီးမွာ ဆန္ေကာ(ဇေကာ) တစ္ခ်ပ္ထက္ႀကီးမားၿပီးထူးဆန္းသည္
က ဆင္ေျခရာထဲတြင္ ငါးႏွစ္အ႐ြယ္ခန႔္ ရွိ ကေလးငယ္ေလးတစ္ေယာက္ မတ္ တပ္ရပ္ေနသည့္ပုံ။
အယူသည္းေသာ ေက်း႐ြာသား မ်ားျဖစ္၍ခ်က္ခ်င္းပင္ ဆင္ဆိုးႀကီးအား နာမည္ေပး ကင္ပြန္းတပ္လိုက္ၾက
သည္။
“နတ္သူငယ္၏စီးေတာ္ဆင္” +
ေရနက္ႀကီးေက်း႐ြာ ရ.ယ.က
ဥကၠ႒ႀကီး ဦးသိန္းေ႐ႊ၏အိမ္၊ ေဈးဆိုင္
လည္းျဖစ္၊ ႐ုံးခန္းလည္းျဖစ္၍ လူစည္ ကားေနသည္။ ဦးသိန္းေ႐ႊက အိမ္သို႔ ေဈးဝယ္လာသည့္ ခ်င္းအမ်ိဳးသမီးမ်ား
ႏွင့္ ဇနီးသည္ေဒၚျမေအးတို႔ ေျပာစကား
ကိုနားစြင့္ေနသည္။
“ေသခ်ာတယ္အေဒၚ၊အဲဒါ မႏြယ္
အေမကို နင္းသတ္သြားတဲ့ ဆင္ႀကီးပါ။
နတ္စီးဆင္တဲ့။ ဟုတ္မွာပါ။ သူ. အေၾကာင္းေျပာတာနဲ႔ ခ်က္ခ်င္း ႐ြာထဲ ေရာက္လာၿပီးေျပာတဲ့လူကိုသတ္ေတာ့
တာပဲ။ အဲဒါနတ္ဆင္မို႔ေပါ့” “သရဲမ်ား စီးေနသလားမွ မသိ
တာ”
“ဟဲ့ … အဲဒါ အရွင္သခင္ႀကီးတို႔ရဲ႕
စီးေတာ္ဆင္ဟဲ့”
ေကာလဟလကို အခမဲ့ ေလတင္
ကလႊင့္ထုတ္ေနသည့္ ဇနီးသည္ႏွင့္
ခ်င္းအမ်ိဳးသမီးတို႔ကို ဦးသိန္းေ႐ႊ ၾကည့္
မရေတာ့။
“နင္တို႔ေျပာပုံအရဆို တကယ့္
ဧရာမဆင္ႀကီးေပါ့ေနာ္”
“ဟုတ္တယ္ အဘရဲ႕”
“ႏွာေမာင္းကလည္း အႀကီးႀကီး
ေပါ့ေနာ္”
“ဟုတ္ကဲ့”
“နင္တို႔ ပိႏၷဲကြင္းျပဳတ္ ႀကိဳက္ၾက သလား”
မဆီမဆိုင္စကားေၾကာင့္ လက္ပံ ပင္ဆက္ရက္က်သည့္ႏွယ္တြတ္ထိုးေန
ေသာေဈးဝယ္ခ်င္းအမ်ိဳးသမီးမ်ားတစ္
ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္
ေငးေၾကာင္သြားသည္။ အတန္ၾကာမွ
မရဲတရဲႏွင့္ –
“ႀကိဳက္တာေပါ့ အဘရဲ႕၊ အဘက
သမီးတို႔ကို ေပးမလို႔လား”
“ေအးေပါ့၊ ဒါေပမဲ့ – အခုေတာ့ မရ ေသးဘူး၊ အဲဒီစီးေတာ္ဆင္ႀကီးကို ပစ္ သတ္ၿပီး ႏွာေမာင္းကို အကြင္းလိုက္ လွီး၊ ပိႏၷဲကြင္းလို ျပဳတ္ေကြၽးမယ္” “အရွင္ႀကီး ေတာင္ပန္ပါတယ္၊ ကြၽန္မတို႔မေျပာဝံ့ပါဘူး”
ဥကၠ႒ဦးသိန္းေ႐ႊစကားအဆုံး
“ကူးတို႔ဆိပ္ မႈိ႕အိတ္ဖြင့္”ေနသည့္ႏွယ္
စကားမ်ားေနၾကေသာ ေဈးဝယ္အမ်ိဳး
သမီးမ်ားအားလုံး ဒေရာေသာပါး ထြက္
ေျပးကုန္ၾကသည္။
တစ္ေယာက္မွမရွိေတာ့။ တစ္အိမ္
လုံး က်ီးႏွင့္ ဖုတ္ဖုတ္။
နံနက္ခင္းက စိတ္တိုစိတ္ဆိုး အ႐ြဲ႕
တိုက္ေျပာလိုက္သည့္စကား၊ ဟုတ္
သည္မဟုတ္သည္အပထား၊
ညဘက္ဦးသိန္းေ႐ႊစိတ္ထဲ မလုံမလဲ ျဖစ္လာသည္။
ေဒၚျမေအး ေဘး႐ြာတြင္းရွိ အစ္မ
ျဖစ္သူ၏အိမ္သို႔ သြားအိပ္ရန္ေျပာကာ
တစ္ေယာက္တည္း အိမ္တြင္ ေနခဲ့
သည္။ သားသမီးတစ္ေယာက္မွမထြန္း
ကား၍လည္း စိုးရိမ္ပူပန္စရာ ေသာကမရွိ။
လိုရမည္ရ ေနာက္ေဖးတံခါးတစ္
ခ်ပ္ေစ့ထားၿပီးက်န္တံခါးအားလုံးပိတ္၊
ငါးေတာင့္ထိုးလက္ႏွိပ္မီးတစ္လက္၊ လွံ
တစ္ေခ်ာင္းဆြဲ၍အိမ္ကိုအေမွာင္ခ်ကာ
ေစာင့္ေနသည္။ သူ႔ဆီမွ အခ်က္ေပးသံ
ၾကားလွ်င္ တစ္႐ြာလုံး သံပုံးတီး ေအာ္
ဟစ္အသံေပး၍ေျဗာက္အိုးယမ္းအိုးမ်ား
ေဖာက္၊ မီးရႈိ႕အခ်က္ေပးရန္ ေဒၚျမေအး ႏွင့္ တိုင္ပင္၊ ႐ြာသားမ်ားကို အသိေပး
လႈပ္ရွားရန္ ေျပာၿပီးသား။ ေက်း႐ြာေခါင္းေဆာင္ တစ္ ေယာက္က ေရာေယာင္ ေၾကာက္ေန၍ မျဖစ္။ ဂဃနဏစုံစမ္းရမည္။ လက္ေတြ႕ သမားျဖစ္၍ ဘာကိုမွ မေၾကာက္၊ ဘယ္ သူ႔ကိုမွ မေၾကာက္ေသာဦးသိန္းေ႐ႊ။ လက္မွနာရီကိုၾကည့္လိုက္သည္။
အေမွာင္ထဲတြင္ မီးစုန္းပါဝင္ေသာ
နာရီက ညဆယ္နာရီကို ျပေနသည္။ ခု ခ်ိန္ထိ ဘာသံမွ မၾကား၊ ဘာကိုမွလည္း မေတြ႕၊ တစ္႐ြာလုံး ၿငိမ္သက္ေနသည္။ တကယ့္ အၿငိမ္။ တိတ္ဆိတ္..။ ထိုစဥ္…။ “ဂ်စ္…စ္.ဂ်စ္”
တိတ္ဆိတ္ေနေသာညကိုလႈပ္ရွား ပုတ္ခတ္လိုက္သံ၊ ရန္သူသည္ မိမိထံ
ေနာက္ေဖး၊ ေခါင္းရင္း၊ ေျခရင္းမွသာ
အသံတိတ္ ခ်ဥ္းကပ္လာမည္ဟု တြက္
ထားေသာ ဦးသိန္းေ႐ႊ။
သည္အသံကို “သူ”စဥ္းစားမရေသး၊
အတန္ၾကာမွအိမ္ေရွ႕႐ြာလယ္လမ္း မႀကီးဘက္မွအိမ္ေရွ႕ၿခံတံခါးပြင့္သြားသံ၊
အိမ္ေရွ႕အဝင္ဝတြင္ သရက္ပင္ႀကီး တစ္ပင္ရွိ၍ အနိမ့္ဆုံးကိုင္းက ေျမျပင္မွ
ကိုးေပခန႔္အကြာတြင္ရွိသည္။
“ဟာ”
အေတြးေပါက္သြား၍ေမွာင္ထဲတြင္ ဘယ္လက္ကဓာတ္မီးယူ၊ညာလက္က လွံကိုကိုင္စြဲၿပီးအသင့္။ ဓာတ္မီးခလုတ္ ကို ဖြင့္ခ်လိုက္သည္။ မီးေရာင္ေအာက္တြင္ကား –
အိမ္ေရွ႕ၿခံစည္း႐ိုးတံခါး ပြင့္ထြက္
က်ိဳးပဲ့သြားၿပီး ဧရာမဆင္ႀကီးတစ္
ေကာင္က မီးပြင့္မတတ္ မ်က္ေစ့ေသး ေလးႏွစ္လုံးႏွင့္ သူ႔ကို စိုက္ၾကည့္ေနသည္။
တကယ့္ ပါးနပ္လိမၼာေသာဆင္ႀကီး။
ေမွ်ာ္လင့္တြက္ဆမထားသည့္
အိမ္ေရွ႕ေပါက္မွဝင္လာၿပီးအလစ္အငိုက္
ေခ်မႈန္းေတာ့မည့္ပုံ။ သို႔ေသာ္…
သရက္ကိုင္းႏွင့္ ေက်ာကုန္းျခစ္မိ
သည့္ တဂ်စ္ဂ်စ္အသံက ဦးသိန္းေ႐ႊ၏
အသက္ကိုလက္မတင္ေလးကယ္တင္လိုက္ျခင္း။
ဆင္ႀကီး၏ မ်က္ႏွာတည့္တည့္ ဓာတ္မီးႏွင့္ထိုး၊ ေအာ္ဟစ္ေျခာက္လွန႔္၊ လွံ႐ိုးႏွင့္ ၾကမ္းျပင္ကို တေဖ်ာင္းေဖ်ာင္း ႐ိုက္၊ ႐ြာထဲရွိအိမ္မ်ားကလည္း ဦးသိန္း
ေ႐ႊအႀကံေပးထားသည့္အတိုင္းတေဟး
ေဟးေအာ္ဟစ္၊ သံပုံးမ်ားတီး၊ မီးရႈိ႕လိုက္
မႈတို႔ေၾကာင့္ ဆင္ႀကီးမွာအသာေလးပင္
ေနာက္ဆုတ္၊ ႐ြာလယ္လမ္းနံေဘးရွိ
ေခ်ာက္ကမ္းပါးထိပ္မွေန၍တင္ပါးႏွင့္ ေလွ်ာဆင္းသြားေတာ့သည့္။
“ကိုင္း – အဲဒီကိစၥ ဆရာ ဘယ္လိုျမင္လဲ”
“အင္း- ေသနတ္ၿပီးတဲ့ ဆင္ ငါ
ေတာ့မေတြ႕ဖူးေသးဘူးကြ”
ကိုမ်ိဳးမွတ္ခ်က္စကားေၾကာင့္ ဘို ဟန္ကေခါင္းတယမ္းယမ္း။
ကြၽန္း႐ြက္ေျခာက္မ်ားေၾကာင့္
ေျခသံကမလုံ။
ဆင္ဆိုးႀကီးကို မည္သည့္ေနရာ
တြင္ ေတြ႕ရသည္ဆိုသည့္သတင္းအနံ႔
ကိုရလွ်င္ ဆရာတပည့္ႏွစ္ေယာက္ လိုက္ၾကၿပီ။ သို႔ေသာ္ –
အေမာသာ အဖတ္တင္ရသည္။
ဆင္ဆိုးႀကီးႏွင့္ ဆင္အုပ္ကား ၿငိမ္၍
ေပ်ာက္ခ်က္သား ေကာင္းေနသည္။
ဆင္ဆိုးႀကီးသတင္းမၾကား၊ ၿငိမ္ေန၍
အရဲစြန႔္ ေတာတက္သူအခ်ိဳ႕ေတာတက္
ၾကၿပီ။ ေတာ႐ြာမ်ား ျပန္လည္ လႈပ္ရွား
လာၾကၿပီ။
ယခုလည္း ကိုမ်ိဳးႏွင့္ ဘိုဟန္
(၃၀၃) ႐ိုင္ဖယ္တစ္လက္ႏွင့္ တူမီးတစ္ လက္ကိုင္စြဲ၊ ေတာေတာင္ေရေျမအႏွံ႔ ဆင္ဆိုးႀကီးေျခရာေနာက္ တေကာက္ေကာက္။
မရမ္းေခ်ာင္းေက်း႐ြာအုပ္စုတြင္း ရွိေက်း႐ြာ(၁၀)႐ြာအထိ သူတို႔ေျခဆန႔္
ခဲ့ၾကၿပီ။ ေျခရာလည္းေပ်ာက္၊ေရလည္း ေနာက္ဆိုသည့္ အေျခအေန။ “ဒီေကာင္ေတြေတာထဲမ်ားျပန္ဝင္သြားၿပီလားဆရာ”
“႐ိုးေပၚျပန္တက္သြားလည္းကိုယ္ ကေတာ့လူႏွစ္ေယာက္ကိုသတ္သြားတဲ့ ဆင္ဆိုးႀကီးကိုေတာ့ ဒဏ္ခတ္ရမွာပဲ။
ဘိုဟန္ေသေသခ်ာခ်ာ စဥ္းစားၾကည့္၊
ဒီေဒသမွာ ငမိုးရိပ္ဆည္နဲ႔ မဟူရာဆည္
ေဆာက္ၿပီးကတည္းက အနည္းဆုံးလူ
ဆယ္ေယာက္ေလာက္ ဒီေကာင္ေတြ
ေၾကာင့္ေသခဲ့ရၿပီ။ မုဆိုးဆိုတာေသနတ္
တစ္လက္နဲ႔ ေတြ႕ရာျမင္ရာ သားေကာင္
ကိုလိုက္သတ္ေနတဲ့လူစားမဟုတ္ဘူး။
အခုလိုျပည္သူေတြရဲ႕အႏၲရာယ္ေကာင္
ေတြကို ေခ်မႈန္းေပးမယ့္ ျပည္သူ႔ဘက္
ေတာ္သားဆိုတာ လူေတြသိသြားရင္
ေက်နပ္တယ္ ဘိုဟန္ရယ္”
“ဒီ့ျပင္မုဆိုးေတြေတာ့ မသိဘူး။ ဒီ နယ္တစ္ဝိုက္မွာေတာ့ဆရာနဲ႔ကြၽန္ေတာ့္ အေၾကာင္းေကာင္းေကာင္းႀကီးသိထား
ၾကတာပဲေလ”
“ကဲ- ဘိုဟန္ – တို႔ျပန္ဖို႔အခ်ိန္မရ
မယ့္အတူတူ ေရနက္ႀကီး (ေလးအိမ္စု)
၁ ဥကၠ႒ဦးသိန္းေ႐ႊအိမ္မွာတည္းရင္း သတင္းစုံစမ္းၾကတာေပါ့”
သည္ေတာ၊ သည္ေတာင္၊ သည္
ေဒသ၏အလွအပကိုဖ်က္ဆီးေနေသာ အႏၲရာယ္ေကာင္ ဆင္ဆိုးႀကီးကို ပစ္ ခတ္ေခ်မႈန္းရန္ ကိုမ်ိဳး သိႏၷိ႒ာန္ခ်ၿပီးသား။
“ဆရာ – ဆရာ ဆင္ႀကီးအခုရွိေန
တဲ့ေနရာကြၽန္ေတာ္ သိၿပီ” ဦးသိန္းေ႐ႊ၏အိမ္တြင္ နံနက္
အဆာေျပေကာက္ညႇင္းေပါင္းႏွင့္ ငါးရံ႕
ေျခာက္အရသာခံ၍စားေသာက္ေနစဥ္
လူတစ္ေယာက္ ေအာ္ႀကီးဟစ္က်ယ္
အာၿပဲအာလုတ္သံႀကီးႏွင့္ေအာ္ဟစ္ရင္း
အေျပးအလႊား အိမ္ဝင္ထဲ ဝင္လာသည္။
အႏၲရာယ္ေကာင္ႀကီး၏ သတင္း အနံ႔ကိုရလိုက္ေသာ ကိုမ်ိဳး။ ႐ုတ္ျခည္း ပင္ အားမနာတမ္း ေမးလိုက္မိသည္။ ကေလးတစ္ေယာက္ႏွယ္ အလုပ္
မရွိ အလုပ္ရွာ၊ မဂၢဇင္းေဘာက္တြင္းမွ က်ည္ဆန္မ်ားကိုတစ္ေတာင့္ခ်င္းထုတ္၊
တစ္ေတာင့္ခ်င္း၏ထိပ္ဖူး၊ေၾကးဝါေရာင္
မ်ားကိုစိတ္ရွည္ရွည္ဝါးႏွင့္ျခစ္ေနေသာ
ဘိုဟန္ပင္ သူ႔အနား ေရာက္လာၿပီ။
ဘိုဟန္လက္ခ်က္ေၾကာင့္ ႐ိုင္ဖယ္
က်ည္ဆန္ထိပ္ဖူးခြၽန္မ်ားမွာ အဝါေရာင္
ေပ်ာက္သြားၿပီး ေငြေရာင္ေတာက္ေနသည္။
“ကြၽန္ေတာ့္ဆရာ ရေသ့ေလးဒိဗၺ ကေျပာဖူးတယ္ဆရာရဲ႕မေကာင္းဆိုးဝါး ပူးကပ္ေနတဲ့သတၱဝါနဲ႔ေတြ႕ရင္ ဒီထိပ္ဖူး ျခစ္ထားတဲ့ က်ည္ဆန္နဲ႔ ပစ္မွ ေသ
တယ္တဲ့။ ဆရာ့ဆင္ဆိုးႀကီးကမေကာင္း
ဆိုးဝါးပူးကပ္ေနတဲ့ေကာင္ေလ။ နတ္
သူငယ္ဆိုတာကလည္း ဆင္ဦးေခါင္း
ေပၚမွာ ထိုင္ေနတယ္ဆိုလို႔ ကြၽန္ေတာ့္ တူမီးနဲ႔ စိတ္မခ်တာေၾကာင့္ တန္ျပန္
နည္းနဲ႔စီရင္ထားတဲ့ ဒီက်ည္ဆန္ေတြက
ဆရာ့ေသနတ္အတြက္ေလ။ကြၽန္ေတာ္
က ဒီက်ည္ထိပ္ဖူးေတြကို ျခစ္ေနရင္း
“အာဋာနာဋိယသုတ္”ကို ပူေဇာ္ေပးေန တာ၊မယုံမရွိနဲ႔ဆရာ၊ကြၽန္ေတာ့္ေစတနာ
ဆရာသိပါတယ္”
ဘိုဟန္လုပ္ရပ္က မည္သူ႔ကိုမွ မထိခိုက္။ က်ည္ဆန္မ်ားမွာလည္းမည္ သို႔မွပ်က္စီးျခင္းမရွိ။ကိုမ်ိဳးအသာေလးၿငိမ္ေနလိုက္သည္။
အိမ္ထဲ အေမာတေကာ ေျပးဝင္ လာေသာ ေစာေက်ာ္စိန္က အသက္ တစ္ခ်က္ႏွစ္ခ်က္ ရႉသြင္းၿပီးမွ
“ကြၽန္ေတာ္ ေတာလယ္ထြက္တာ သုံးရက္ရွိၿပီဆရာ၊ တစ္ေန႔ ပတၱလား
စခန္းနဲ႔ သုံးမိုင္အကြာ ဝါးေတာင္ နဂါး
ပတ္လမ္းက ကညင္ပင္ႀကီးေအာက္မွာ
ပန္းဆင္ႀကီးအိပ္ေနတယ္ဆရာ၊ေသခ်ာ
ေအာင္ မေန႔ညကအထိ ကြၽန္ေတာ္
ေခ်ာင္းေျမာင္းေစာင့္ၾကည့္ေသးတယ္
ဆရာ၊ကြၽန္ေတာ့္ေလးနဲ႔ျမားကဘာလုပ္
လို႔ရမွာလဲဆရာ၊ ဆရာဦးသိန္းေ႐ႊ
အိမ္မွာ ေရာက္ေနတယ္သတင္းၾကား
တာနဲ႔ကြၽန္ေတာ္ေျပးလာတာ၊ တစ္နယ္
လုံးကလူေတြအတြက္ ဒီေကာင္ႀကီးကို
ရွင္းေပးပါဆရာ၊ လွည္းကူးနဲ႔ ေမွာ္ဘီ
တပ္နယ္႐ုံးေတြကလည္း သတ္မိန႔္
ၾကၿပီးၿပီလို႔ၾကားတယ္ဆရာ”
ဆင္ဆိုသည့္အေကာင္က ေတာ္႐ုံ
လူသတ္သည္ႏွင့္ သက္ဆိုင္ရာမွ သတ္
ခြင့္ပစ္ခြင့္မေပး။ ဤဆင္ဆိုးႀကီးကဲ့သို႔
လွည္းကူးႏွင့္ နယ္ေျမျခင္းထိစပ္ေန ေသာ ဥကၠံ၊ သုံးဆယ္၊ သာယာဝတီ၊ မင္းလွ၊ ေရၾကည္၊ အသုတ္၊ ဟသၤာတ၊ ေဝါ၊ ပဲခူး၊ ဒိုက္ဦး စသည့္နယ္ေျမမ်ား တြင္လည္း ဆင္ဆိုးႀကီးသတ္ခဲ့သည့္လူ
မနည္းေတာ့။
ထို႔ေၾကာင့္သက္ဆိုင္ရာမွသတ္မိန႔္
ေပးလိုက္ျခင္းပင္။
ေရငတ္တုန္း ေရတြင္းထဲျပဳတ္က်
ေသာကိုမ်ိဳး။
“လာကြာ၊ အခုပဲသြားမယ္”
ကိုမ်ိဳး ေျပာေျပာဆိုဆို ဘိုဟန္
တိုက္ခြၽတ္ေနေသာ (၃၀၃) ႐ိုင္ဖယ္ကို
ေကာက္၊ ေဘာင္းဘီအိတ္တြင္းသို႔
မဂၢဇင္းေဘာက္ ေကာက္ထည့္၊ ေျပာင္း
တြင္းက်ည္ရွိမရွိ ၾကည့္လိုက္ၿပီး လိုရ မည္ရ က်ည္ႏွစ္ေတာင့္ ေကာက္ထည့္ ေသာ့ပိတ္ၿပီးထြက္လာခဲ့သည္။ 4+4
ေပႏွစ္ဆယ္ခန႔္ အျမင့္ ကညင္ပင္
ႀကီးထက္မွ“လင့္”။
ေျမျပင္တြင္မူ ဆင္ဆိုးႀကီး စိတ္ ႀကိဳက္လူးလွိမ့္ထားေသာေနရာမ်ားမွာ ပြထကာ ဗ႐ုန္းဆန္ေနသည္။ “ဒီေကာင္ႀကီးဒီေနရာမွာလာအိပ္
ေနက်ဆရာ၊ ဆရာက လင့္ေပၚက ထိုင္ ေစာင့္ပစ္႐ုံပဲ၊ ေအးေဆးဆရာ၊ ကဲ – တက္၊ ေနရာယူေပေတာ့” တပည့္ေက်ာ္ဘိုဟန္ယူလာေသာ
ေရဘူး၊ ဘီစကစ္တစ္ထုပ္၊ ဝါးက်ည္
ေတာက္တို႔ကိုယူ၍ကိုမ်ိဳးလင့္ေပၚတက္
သြားၿပီး။
ေစာေက်ာ္စိန္ႏွင့္ ဘိုဟန္တို႔ ျပန္သြားၾကၿပီ။
ေစာေက်ာ္စိန္က သတိရွိရန္ ဆင္ ဆိုးႀကီးကို အေသသတ္ရန္အတြက္
သတိေပးစကား ေျပာၾကားၿပီး ဘိုဟန္
ကမူ၎၏လက္ေ႐ြးစင္“တန္ျပန္က်ည္
ဆန္”ထည့္ထားသည့္ မဂၢဇင္းေဘာက္
အားထုတ္ေပးၿပီး –
“မယုံမရွိပါနဲ႔ ဆရာ၊ ယုတ္ညံ့တဲ့
မိစာၦဇီဝအတတ္ပညာဆိုတာ ရွိတယ္၊
အဲဒီအတတ္ပညာနဲ႔ ဖန္တီးထားတဲ့
နာနာဘာဝ၊ ဝိနာဘာဝ႐ုပ္ေတြအတြက္
ဒီက်ည္ဆန္က အသုံးဝင္ပါလိမ့္မယ္
ဆရာ”ဟု အထပ္ထပ္ေျပာသျဖင့္ အား
နာကာ ဘိုဟန႔္တန္ျပန္က်ည္ဆန္ကို တခုတ္တရေဘာင္းဘီအိတ္တြင္းထည့္
ယူလာခဲ့သည္။ ေမွာင္လာၿပီ။
အေမွာင္ထုက တျဖည္းျဖည္း ႀကီး စိုးလာၿပီ။ မလွမ္းမကမ္းရွိ လင္းႏို႔ဂူမွ ေထာင္ေသာင္းမကေသာ လင္းႏို႔တို႔ ဝင္ခ်ီထြက္ခ်ီလုပ္ေနသည္မွာမီးခိုးမဆုံးမိုးမဆုံး။
ဝန္းက်င္ရွိ ကြၽန္း၊ ပ်ဥ္းကတိုး၊ သစ္ ယား၊ အင္ၾကင္း စသည့္ အပင္ႀကီးမ်ား ၏ သစ္႐ြက္ေအာက္ရွိ ပုရစ္ႏွင့္ ပုစဥ္း ရင္ကြဲတို႔၏ သံစဥ္မဲ့ေပါက္ကြဲသံမ်ားက
ဆူညံေလးကို အသားကုန္ရင္ဖြင့္လ်က္။
တစ္ေတာင္ေက်ာ္ခရီးခန႔္မွ က်ား တစ္ေကာင္၏တိန္ခန္တစ္သံက ေပၚ
ထြက္လာသည္။
အေမွာင္ထုကို ၿဖိဳခြင္း၍ လမင္းက
တျဖည္းျဖည္း ထြက္ျပဴလာၿပီး ေငြရည္ ေငြစက္ လေရာင္ျခည္တို႔က တစ္ေတာ တစ္ေတာင္လုံးျဖန႔္က်က္လ်က္။ တေပါင္းလျပည့္ေက်ာ္တစ္ရက္ ညက႐ိုးကိုေငြေရာင္ဆမ္းလ်က္။
ထိုစဥ္ ျငင္သာေသာေတာတိုးသံ မ်ားႏွင့္အတူဧရာမဆင္ႀကီးတစ္ေကာင္ က“လင့္”ေအာက္(ကညင္ပင္ႀကီး) သို႔
တျဖည္းျဖည္း ခ်ဥ္းကပ္လာသည္။
“ဟင္..”
ကိုမ်ိဳးေသေသခ်ာခ်ာၾကည့္သည္။
ထပ္ၾကည့္သည္။ သူ အျမင္မမွားပါ။
ဆင္ဆိုးႀကီးထက္၌ ေခါင္းတုံး
ေျပာင္ႏွင့္ဝဖီးတုတ္ခိုင္ေသာလူႀကီးတစ္ေယာက္။
လူဝႀကီးက ေျပာင္လက္ေနေသာ ေခါင္းတုံးႏွင့္ လိုက္ဖက္စြာ ရွမ္း ေဘာင္းဘီအနက္၊ ရွမ္းတိုက္ပုံအနက္ တို႔ကို ဝတ္ဆင္ထားၿပီး ျပဴးက်ယ္ေသာ မ်က္စိအစုံက မီးက်ီးခဲႏွစ္လုံးသဖြယ္
လက္ေ႐ြးစင္ေသနတ္သမားမုဆိုးေက်ာ္
ကိုမ်ိဳး ေသနတ္ကိုင္၍ ငိုင္ေနၿပီ။ေၾကာင္အေနၿပီ။
ေနေရာင္ေအာက္၌ထူးဆန္းေသာ အရာမရွိဟူေသာ သိပၸံစကားက ယခု ျပက္ရယ္ျပဳခံေနရၿပီ။
ပစၥကၡအေျခအေနက ေနေရာင္ ေအာက္၌မဟုတ္။ ညဘက္ ႐ိုးမထက္ လေရာင္ေအာက္။
လူမည္းေခါင္းတုံးႀကီးက ခက္ထန္ တင္းမာ မီးေတာက္မ်က္လုံးႀကီးျဖင့္ ဆင္ႀကီးထက္မွ မတ္တတ္ရပ္လိုက္ၿပီး သူ႔ကို ေမာ့ၾကည့္ကာ ေအာင္ျမင္ဩဇာ ပါေသာ အသံႀကီးျဖင့္ – “ေဟ့ေကာင္-မင္းငါ့အမိန႔္ကိုနား
ေထာင္၊ သစ္ပင္ေပၚက အခု ဆင္းခဲ့စမ္း၊ ဒီေတာဒီေတာင္ရဲ႕အရွင္သခင္ဟာ ငါ၊ ငါ့အမိန႔္ ခ်က္ခ်င္းနာခံစမ္း၊ ငါေျပာေန တာမင္းမၾကားဘူးလား” ကိုမ်ိဳး တကယ္ပင္မၾကားပါ။ ငုတ္တုတ္ေမ့ေနသည့္အလား။
မ်က္စိက အမွန္တကယ္ျမင္ေတြ႕ေနပါ လ်က္ ဦးေႏွာက္က လက္မခံခ်င္း။ ႐ုပ္ ဝါဒီတစ္ေယာက္ႏွင့္ ဝိညာဥ္ေလာက သားတစ္ေယာက္ႏွင့္အရွင္လတ္လတ္ မ်က္ဝါးထင္ထင္ ေတြ႕ေနရၿပီ။
႐ုတ္ျခည္း သတိဝင္လာသျဖင့္ လက္ထဲမွေသနတ္ကို ႀကိတ္၍ေမာင္း တင္လိုက္သည္။
တင္လိုက္ေသာေမာင္းတုံး၏တြန္း
ပို႔မႈေၾကာင့္ ေျပာင္းတြင္းသို႔ က်ည္တစ္ ေတာင့္ဝင္သြားၿပီ။ ပစ္ခတ္ရန္ အသင့္၊
သို႔ေသာ္…
ဆင္ေပၚမွလူကို ပစ္သတ္ရန္ ေသ သြားပါက လူသတ္မႈပုဒ္မ (၃၀၂)ႏွင့္ ရင္ဆိုင္ရေတာ့မည္။ မျဖစ္ေသး။
လက ျမင့္တက္လာသည္ႏွင့္အမွ် အလင္းေရာင္က အားေကာင္းလာ
သည္။
ဆင္ဆိုးႀကီး၏ လႈပ္ရွားပစ္မွတ္ (Moving Target)ကို ပစ္ခတ္ရန္သာ
ေမွ်ာ္လင့္ထားသည္ကိုမ်ိဳး။
ယခု ေတြ႕ေနရသည္က တည္ၿငိမ္ ပစ္မွတ္။ ကိုမ်ိဳး စဥ္းစားေနသည္က ပစ္ မွတ္ကိုေ႐ြးခ်ယ္ေနျခင္း။
ဆင္ဆိုးႀကီးသည္ ပစ္မွတ္လား၊ ဆင္ထက္မွ လူဝႀကီး(မိစာၦေကာင္) သည္ ပစ္မွတ္လား။ ေဝခြဲမရ။ ဆုံးျဖတ္ခ်က္ ခ်လိုက္ၿပီ။ ဆုံးျဖတ္ခ်က္ခ်ၿပီးသည္ႏွင့္ လက္ ကလႈပ္ရွားတတ္ေသာအက်င့္က တစ္ဆက္တည္း။
ဆင္ထက္မွလူဝႀကီးအားေသနတ္
ႏွင့္ တန္းခ်ိန္၊ ပစ္မွတ္ကို ဒိုင္းခနဲ ပစ္ခ်
လိုက္သည္။ ေခ်ာက္။
သူ ေမွ်ာ္လင့္မထားသည့္ ဒိုင္းခနဲ ေပါက္ကြဲသံအစား၊ ေခ်ာက္ခနဲအသံ
သာထြက္လာသည္။
ပစ္။
က်ည္အျဖစ္သြားၿပီ။ ေနာက္တစ္ခ်က္ေမာင္းတင္၊ ထိုး
“ေခ်ာက္”
ေနာက္စ္ႀကိမ္ ထပ္မံ “က်ည္အ”
တစ္ေတာင့္။
ထိုစဥ္…
ဘိုဟန္၏ တန္ျပန္က်ည္ ေျပာ
စကားမ်ားကို ၾကားေယာင္လာသည္။
ယုံသည္၊ မယုံသည္ ျငင္းခုံေန၍
မျဖစ္။ ရန္သူက ေရွ႕တြင္ မားမားႀကီးရပ္
လ်က္။
သည္လိုအျဖစ္မ်ိဳးသည္တစ္ခါသာ
ႀကဳံရျခင္း။
ေနာက္တစ္ႀကိမ္ဆိုသည္က စိတ္
မခ်ရ။
သည္လိုအခြင့္ အေရးကို လက္
လႊတ္ခံ၍မျဖစ္။
မိစာၦေကာင္ႀကီးကလည္း ေရွ႕ကို
တိုး၍အမိန႔္ေပးေတာ့မည့္ဟန္။
အက်င့္ပါ၍ သြက္လက္လွေသာ
လက္က ႐ိုင္ဖယ္၏ ဇလုတ္မွ မဂၢဇင္း
ေဘာက္ကိုျဖဳတ္၊ ဘိုဟန္ေပးလိုက္
သည့္တန္ျပန္က်ည္ဆန္ပါေသာမဂၢဇင္း
ေဘာက္ကို ေဘာင္းဘီထဲမွ ထုတ္၊ ျမန္
ဆန္လွေသာလႈပ္ရွားမႈျဖင့္႐ိုင္ဖယ္တြင္း
တပ္ဆင္လိုက္ၿပီ။
တကယ့္ ေသေရးရွင္ေရး။ စကၠန႔္
တိုင္းက အေရးႀကီးေနသည္။ ေနာက္
ဆုံး သူေသကိုယ္ရွင္ တိုက္ကြက္။
တတိယပစ္ခ်က္။
တေ႐ြ႕ေ႐ြ႕တိုးလာေသာ ဆင္ႀကီး
ထက္မွ မိစာၦေကာင္ႀကီးကလည္း နီး
ကပ္လာေနၿပီ။ မီးေတာက္မ်က္စိႏွစ္
လုံးႏွင့္အတူ ႀကီးမားက်ယ္ျပန႔္ေသာ
ပါးစပ္တြင္းမွ အစြယ္ႀကီးႏွစ္ေခ်ာင္းပါ
ေပၚထြက္လာသည္။
မိစာၦႀကီးက တစ္စုံတစ္ရာေျပာ ေတာ့မည့္အလား နီရဲေနေသာပါးစပ္
ႀကီးကိုဟလိုက္စဥ္မွာပင္ – လင္းထိန္ေနေသာလေရာင္
ေၾကာင့္ ထင္ရွားျပတ္သားစြာ ျမင္ေနရ
ေသာ မေကာင္းဆိုးဝါးေကာင္းႀကီး၏
မ်က္ႏွာတည့္တည့္သို႔ ေသနတ္ကို
တန္းခ်ိန္၊ ခလုတ္ကို ညႇစ္ခ်လိုက္ေတာ့
သည့္ “ဒိုင္း..” “အား”
“ဗုန္း”
ေသနတ္၏ ေပါက္ကြဲသံက တစ္ ေတာလုံးဟိန္းထြက္သြားသည္။
ေစာေစာက ၾကားေနရေသာ ည ပိုးမႊားတို႔အသံ၊ ေႁမြတြန္သံ၊ တြားသြား
သတၱဝါတို႔ ေ႐ြ႕လ်ားသြားလာသံမ်ား အကုန္တိတ္။ လင့္ထက္မွ ကိုမ်ိဳး။
သူ႔လက္၊ သူ႔မ်က္စိ၊ သူ႔ပစ္ခတ္မႈ
ထိသံတို႔ေၾကာင့္ မိစာၦေကာင္ႀကီး(ပစ္
မွတ္)ေကာင္းေကာင္းထိမွန္းသိသည္။
ယဥ္ပါးေနေသာလက္က(အလိုလိုပစ္)
ေနာက္ထပ္ ေမာင္းတစ္ခ်က္ ထပ္တင္၊
ပစ္ၿပီးသားက်ည္ခြံကခြၽင္ခနဲထြက္သြား။
ေနာက္တစ္ခ်က္ပစ္ခတ္ရန္ အသင့္။
သို႔ေသာ္ ကိုမ်ိဳး မ်က္စိဖြင့္ မၾကည့္ရဲေသး။
“ငါ လူသတ္မႈ က်ဴးလြန္လိုက္ၿပီ
လား”
ရင္ခုန္သံကို ပို၍ျမန္လာသည္။ ႐ိုးမကား တိတ္ဆိတ္ေနၿမဲ။
(ေလး)
“ဆရာ…ဆရာ”
ေခၚသံေၾကာင့္ ကိုမ်ိဳး မ်က္စိဖြင့္ ၾကည့္လိုက္မိသည္။ မိုးစင္စင္ လင္းေန
ၿပီ။
လင့္ေအာက္တြင္ ဘိုဟန္၊ ေစာ
ေက်ာ္စိန္ႏွင့္႐ြာသားမ်ား။ကိုမ်ိဳးပင္စည္
ႏွင့္တြဲကပ္ခ်ည္ထားေသာႀကိဳးကိုျဖဳတ္၊ ႀကိဳးေလွကားခ်၍ ဆင္ခဲ့သည္။
“ဆရာ… ပစ္ ခ်က္က ကြက္တိပဲ၊ ေသနတ္သံက တိုတယ္၊ တုတ္တယ္၊ ဒါထက္ သားေကာင္ေရာ” ဘိုဟန႔္အေမးကို သူမေျဖႏိုင္၊ မည္သို႔ေျဖရမွန္းလည္းမသိ။
ကညင္ပင္ႀကီးေအာက္ ေျမျပင္ တြင္မူ သားေကာင္၏ နာက်င္မႈေၾကာင့္ လူးလွိမ့္ထား၍ ပြစာႀကဲေနသည့္ ေျမ
သားမ်ား။ သို႔ေသာ္..
ေသြးစေသြးန မေတြ႕ရ။ ပစ္မွတ္
(သားေကာင္)မေတြ႕ရ။
“ဟာ-ဒီ-ဒီမွာဆရာ”
ေစာေက်ာ္စိန္၏ အလန႔္တၾကား အသံေၾကာင့္ အားလုံး၏ မ်က္စိမ်ားက ေစာေက်ာ္စိန္ထံ ေရာက္သြားသည္။ တကယ္မယုံစရာအျဖစ္ယုံႏိုင္ေျခ
မရွိ။ ယုတၱိမရွိ၊ မျဖစ္ႏိုင္။ သိပၸံနည္းမက်။
သို႔ေသာ္မ်က္ဝါးထင္ထင္။ ႀကီးမားလွေသာ ဖြတ္ႀကီးတစ္ ေကာင္ ဦးေခါင္းပြင့္လ်က္ ဒဏ္ရာႏွင့္ မနီးမေဝးရွိ သစ္တိုပင္ႀကီးတစ္ပင္
ေအာက္တြင္ အသက္ေပ်ာက္ေနေလသည္တကား။
မြစာႀကဲေနေသာ လူးလွိမ့္ ရာ၊ စေကာ(ဆန္ေကာ)ဝိုင္းထက္ ႀကီးမား
ေသာ ဆင္ေျခရာမ်ားကေနရာလပ္မရွိ။ “ငါပစ္လိုက္တာက လူ၊ ေသေန တာကဖြတ္၊ ဆင္ႀကီးေရာ”ကိုမ်ိဳး အသံမထြက္ဘဲ ေမးေနမိ
သည္။ထူးဆန္းသည္ကထိုေန႔ထိုအခ်ိန္
မွစ၍ထိုေနရာသို႔ဆင္ဆိုးႀကီးအပါအဝင္
မည္သည့္ဆင္အုပ္မွ သြားလာမရွိ မျမင္မိေတာ့။
အသက္အ႐ြယ္ အေတြ႕အႀကဳံမ်ား
ေနေသာဦးသိန္းေ႐ႊကားေခါင္းတညိတ္
အေျဖမရွိေသာ ပုစာၦတစ္ပုဒ္ကို
“သူ”ေျဖခဲ့ရၿပီ။ ဝိညာဥ္ေလာက၊ ဂမၻီရ ေလာက၏ဆန္းၾကယ္မႈကား ေျပာမဆုံး
ေတာ့။
႐ိုးမႀကီးကား သက္ဝင္လႈပ္ရွားလာေခ်ၿပီ။
ျဖစ္ရပ္မွန္ဇာတ္လမ္းျဖစ္ေၾကာင္း
ဝန္ခံအပ္ပါသည္။
ေမတၱာရည္လ်က္… ေက်ာ္မင္းၫြန႔္(လွည္းကူး)