တမလွန်မှမိဘမေတ္တာ

တမလွန်မှမိဘမေတ္တာ(စ/ဆုံး)

——————————–
ကျွန်တော်တို့ ရပ်ကွက်လေးထဲမှာ ချမ်းသာတဲ့သူ
ဆိုလို့ နှစ်ဦးသုံးဦးသာရှိသည်…အဲဒီထဲမှာ ဘကြီးအောင်နှင့် ဘွားကြည်တို့ မိသားစုလည်းအပါအဝင်
ပေါ့ သူတို့ပိုင်ဆိုင်သည့်ခြံဝန်းကတော်တော်
လေးကျယ်သည် ခြံထဲတွင် သီးပင်စားပင်များနှင့်
ပန်းပင်များကို စိုက်ပျိုးထားသော နှစ်ထပ်တိုက်ကလေးမှာ နေချင့်စဖွယ်လေးဖြစ်သည်…ဘကြီး
အောင်တို့လင်မယားတွင် သားတစ်ယောက်သမီး
တယောက်ရှိလေသည် နှစ်ယောက်စလုံးဘွဲ့ရပညာ
တတ်များဖြစ်ကြသည်…ကျနော်က ညဏ်သိပ်မကောင်း ကျူရှင်လည်းမယူနိုင်သဖြင့် ပထမနှစ်
ဆယ်တန်းကို ကျသည် နောက်တနှစ် ဆယ်တန်း
စရိတ်နှင့် ကျူရှင် စရိတ်ကို ဘကြီးအောင်တို့က
ထောက်ပံ့ပေးသည်…ဒီနေ့ အောင်စာရင်းထွက်သည့်
နေ့မို့ အောင်စာရင်းကြည့်ပြီးပြန်လာခဲ့သည်…
“ဘကြီးအောင် ဘကြီးအောင်…ဘွားကြည်ရေ..”
“ဟော..မြေးလေး မောင်ရဲ လာလာလာ ဒီနေ့အောင်
စာရင်းထွက်တယ်ဆို အောင်တယ်မလား”
“အောင်တယ်ဘွားကြည်ရဲ့ မြန်မာစာဂုဏ်ထူးလည်း
ပါတယ်”
“အေးအေးအေး ဝမ်းသာတယ်ဝမ်းသာတယ် ငါ့မြေး
က အစတည်းက တော်ပြီးသားပါ လာ မင်းဘကြီး
အောင်ဆီက မုန့်ဖိုးတောင်းပေးရမယ်”
“ဟာနေပါစေဘွားကြည်ရ ကျနော့်ကို ကျူရှင်ထား
ပေးတာနဲ့ကို ကျေးဇူးများနေပါပြီ”
“ဪ..လာစမ်းပါ ကိုဘအောင် ကိုဘအောင်”
“ဟေး..ဘာလည်း မိန်းမရဲ့” သတင်းစာဖတ်နေရင်း
ကနေ ဘကြီးအောင်ကထူးသည်…
“ဒီမှာ မောင်ရဲ လေ ဆယ်တန်းကို မြန်မာစာဂုဏ်ထူး
နဲ့တောင် အောင်တာတဲ့တော့ အဲဒါကလေးကိုမုန့်ဖိုး
ပေးလိုက်ပါဦး”
“ဟေ ဟုတ်လား ငါ့မြေးကတော်သားပဲ ပေးရမှာပေါ့
မိန်းမရယ်”ပြောပြောဆိုနှင့် အိတ်ထဲမှ တထောင်တန် ငါးရွက်ကိုနုတ်ပြီး “ရော့ ငါ့မြေးကို ဘကြီး
အောင်ကဆုချတာ သူငယ်ချင်းတွေကိုမုန့်လိုက်ကျွေးလိုက်ပေါ့ကွာ ဟုတ်လား” “ဟုတ်ကျေးဇူးပါ
ဘကြီးအောင်” “မလိုပါဘူးကွာ တော်တဲ့သူကိုဆုချ
ရမှာပေါ့ မင်းအကိုတွေ အမတွေလို ပညာတတ်ကြီး
ဖြစ်အောင်ကြိုးစား သိလား ” “ဟုတ် ဘကြီးအောင်
ဒါနဲ့ ကိုကြီး ခင်အောင်နဲ့ အမကြည်ခင် တို့လည်းမ
တွေ့ပါလား” ဘွားကြည်မှနေ၍
“မင်း အကိုနဲ့အမက ဘယ်မှာ အိမ်ကပ်တယ်ရှိလို့
တုန်း ဘွဲ့ရပြီးတာတောင်မှ သင်တန်းတွေ အကုန်
လျှောက်တတ်နေတာ ဘွားကြည်တို့လည်းတော်
တော်ကုန်လှပြီ”
“မိန်းမရယ် တို့မှာ ဒီသားနဲ့ဒီသမီးပဲရှိတာ သူတို့မသုံးလို့ဘယ်သူသုံးမှာတုန်း”
“ဟုတ်ပါတယ်တော် ကျုပ်ကလည်း ဘာပြောလို့တုန်း သင်တန်းတွေ တက်နေရလို့ ကုန်တာပဲပြော
တာ သူတို့ သုံးလို့ ကုန်တယ်မပြောမိပါဘူးရှင်ကလဲ”
“အဲလိုပဲ ငါ့မြေးရေ မင်းဘွားကြည်ကပါးစပ်က
သာပြောတာ သားသမီးတွေ လက်ဝါးဖြန့်လိုက်တာ
နဲ့ ထုတ်ပြီးသားပဲ” “ရှင်လည်းဘာထူးလို့တုန်းတော်”
ဟားဟားဟား ကျနော်တို့တွေ ရယ်လိုက်မိကြသည်
ကျနော်လည်း ဘကြီးအောင်ဆုချလိုက်သော ငါး
ထောင်ကို ရ၍ ပျော်ရွှင်စွာနှင့် ပြန်လာခဲ့လိုက်သည်
အဲတုန်းက ငါးထောင်ဆိုတာနည်းသည်မဆိုသာ
တပတ်လောက်ကြာတော့ ဘကြီးအောင်တို့အိမ်ဘက်ကို ထွက်လာခဲ့လိုက်သည်…အိမ်ထဲ၌
“သားနဲ့ သမီးရယ် အဲ့သင်တန်းက ရန်ကုန်ကိုသွား
တက်မှ ရမှာလား အမေတို့က ပိုက်ဆံကုန်မှာစိုးလို့
မဟုတ်ပါဘူး တနယ်ရပ်ခြားမှာဆိုတော့ နေရထိုင်ရ
စားရသောက်ရ အခက်အခဲဖြစ်မှာစိုးလို့ပါ ”
“အဲဒါကြောင့်မို့ သားတို့ကလည်း ပိုက်ဆံပိုထည့်
ပေးလိုက်ဖို့ ပြောတာပေါ့”
“ပေးချင်တာပေါ့သားရယ် အခုဆို မင်းအဖေလည်း
အရင်လိုအလုပ်မလုပ်နိုင်တော့ ရှိတာလေးထိုင်စား
နေကြရတာ ငွေပိုငွေလျှံကသိပ်မရှိဘူး”
အမ ကြည်ခင်က”အမေကလည်း အမေ့မှာ စုထားတဲ့ ရွှေတွေရှိနေတာပဲကို”
“အဲဒါက အမေတို့အိမ်ထောင်ဦးပစ္စည်းလေးတွေ
သမီးရဲ့”
“ကဲပါ မိန်းမရယ် မပေးမှာလည်းမဟုတ်ပဲအလကား
နေကလေးတွေစိတ်ဆင်းရဲအောင်လို့ပြောနေတယ်”
“ကဲကဲပြောမရလည်းသားတို့သမီးတို့သဘောပဲ”
ကိုကြီးခင်အောင်နဲ့ အမကြည်ခင်တို့လည်း
“အဲဒါကြောင့် ဖေကြီးနဲ့မေကြီးကို ချစ်နေရတာ”ဟု
ဆိုကာ ကပ်ချွဲကြလေတော့သည်…
“ဟာ ဘကြီးအောင်တို့ မိသားစု ဘာတွေချစ်ပြီး
ဘာတွေချွဲနေကြတာတုန်း”
“ဟော မြေးလေး မောင်ရဲ လာထိုင်ဦး ဒီမှာ လေ
မင်းအကို တွေအမတွေက ရန်ကုန်မှာသင်တန်း
သုံးလေလာက္သြားတက္မလို့တဲ့ ”
“ဪဟုတ်လား ကိုကြီး”
“ဟျောင့် ဟုတ်လားတွေဘာလားတွေ လုပ်မနေနဲ့
ငါတို့မရှိခင် အဖေနဲ့ အမေ့ကို သေချာ ဂရုစိုက်ကြား
လား ငါတို့မင်းအပေါ်မှာကျေးဇူးရှိတာမမေ့နဲ့”ဟု
ဟောက်လေသည်…”ဟုတ်ကဲ့ပါ အကို”….
သူတို့ ရန်ကုန်သွားပြီး မကြာခဏ တခုခုကို အကြောင်းပြ၍ ပိုက်ဆံလှမ်းလှမ်းတောင်းတတ်သည် ဘကြီးအောင်တို့လင်မယားလည်း
ရှိတာလေးများကို ထုခွဲရောင်းချပြီး လွှဲပေးရသည်
ကျနော်ပဲ ဘဏ်ကိုသွား၍လွှဲရသည်….လေးလခန့်
အကြာမှာ ကိုခင်အောင်တို့ မောင်နှမ ပြန်လာကြ
သည် ဒါပေမဲ့ နှစ်ယောက်ထဲမဟုတ် အိမ်ထောင်
ကိုယ်စီနှင့် ရန်ကုန်မှာ မထင်မှတ်ပဲ အိမ်ထောင်ကြ
သွားသည်ဟုဆိုသည် ကျနော် ဘကြီးအောင်တို့
အိမ်သို့ သန့်ရှင်းရေလုပ်ပေးရန် ရောက်နေစဉ်
“အဖေရယ် ကျနော် တို့က ဟိုမှာ လုပ်ငန်းတခု
တည်ထားပြီးသွားပြီ အဲဒါငွေလိုနေလို့ ဒီအိမ်ကြီး
ကိုရောင်းပြီး သားတို့မောင်နှမကို ခွဲပေးပါ့လား
အဖေရယ်” “အေးလေ သားတို့က ငွေလိုနေမှတော့
ဒီအိမ်ကြီးကို ရောင်းပြီး တို့လင်မယားလည်း သား
တွေသမီးတွေနဲ့အတူ ရန်ကုန်ကို ပြောင်းနေကြတာ
ပေါ့မိန်းမရယ်” “မဟုတ်ဘူးအဖေ သမီးတို့က ဟို
မှာ အထိုင်မကြသေးတော့ အဖေတို့ကို ဒီမှာပဲ အိမ်
လေးငှားပြီး ခဏ ထားခဲ့မှာ ဟိုမှာ အစဉ်ပြေပြီဆို
တော့ သမီးတို့လာခေါ်မှာပေါ့အဖေရဲ့””
“ဟေ…ဒါဆိုလည်း အဆင်ပြေသလိုလုပ်ကြတာပေါ့”
ထိုသတင်းကို ရပ်ကွက်ထဲကဦးလေးမောင်ကကြား
သွားသည် ဦးလေးမောင်ဆိုတာကလည်းရပ်ကွက်
ထဲမှာသူဌေးတဦး အပေးအကမ်းရက်ရော၍ လူမှန်
ကြီးဖြစ်သဖြင့်အားလုံးကချစ်ခင်ကြတဲ့သူ ဘကြီး
အောင်တို့အိမ်ကို ဦးလေးမောင်ကပဲ ပေါက်ဈေးနှင့်
ဝယ်ယူလိုက်ပြီး ဘကြီးအောင် တို့ကိုလည်း အိမ်ငှား
မရှာစေပဲ ထိုအိမ်မှာပင် အရင်လို ပဲနေခိုင်းသဖြင့်
ဘကြီးအောင်တို့ ဒုက္ခမများရတော့…..
ထိုကိစ္စများဖြစ်သွားပြီး တနှစ်ကျော်ခန့်အကြာ….
ကျနော် ဘကြီးအောင်တို့အိမ်ဘက်ရောက်တော့
“ဘကြီးအောင် ဘွားကြည်ရော”
“နေမကောင်းလို့ လှဲနေတယ် သူ့သားသမီးတွေ
လွမ်းလို့ထင်ပါရဲ့ အစားလည်းသိပ်မစား ဆေးလည်းမှန်အောင်မသောက် တနေ့နေ့ သားတွေသမီး
တွေမျှော်မျှော်နေတာ ဘကြီးလည်း ခုတလော ကျန်းမာရေးကသိပ်မကောင်းချင်ဘူး”
သားသမီးတွေကလည်း ရန်ကုန်မှာ ဆိုတာပဲသိရ
သည် ဘယ်မှာနေလည်း အတိအကျမသိရ စာ
လည်းမလာ သတင်းမကြားရ‌တာ တနှစ်ကျော်လေပြီ “ဦးလေးမောင် တို့မိသားစုတော့ ရန်ကုန်ကို
ဘုရားဖူးသွားကြတယ် အကိုတို့ကိုတွေ့ရင်တွေ့ခဲ့မှာ
ပါ” “ဟေ ဟုတ်လား မောင်ကြီးမောင်တို့သွားမှန်း
သိရင် ငါ့သားနဲ့ သမီးဖို့ လက်ဆောင်လေးထည့်
ပေးလိုက်ပါတယ်ကွာ ဪ မေ့နေလိုက်တာကိုယ်
တောင် လိပ်စာမသိတာ သူတို့ ကဘယ်သိမှာတုန်း”
တပတ်ခန့်ကြာတော့ အမိူက်လှဲနေသော ဘွားကြည်
ကို တွေ့ရသဖြင့်”ဟာ ဘွားကြည်ကလည်း ဘာလို့
လုပ်နေတာလည်း မနက်တိုင်းကျနော်လာလှည်းပေး
နေတာကို ကျနော်လာမှလုပ်မှာပေါ့ ဒီနေ့က ဦးလေး
မောင်တို့ကို သွားကြိုနေရလို့ နည်းနည်းနောက်
ကျသွားတာ” “အေး မောင်ကြီးမောင်တို့ ပြန်လာတာ ရန်ကုန်မှာသားနဲ့သမီးကို တွေ့ခဲ့သတဲ့လား”ဟု
ပြာပြာသလည်းမေးရှာသည် ကျနော်လည်း
“ဪ ဟုတ်ပါရဲ့ ဘွားကြည်အမိူက်လှဲနေတာ
မြင်တာနဲ့ ပြောဖို့မေ့သွားတယ် ”
“အေးအေး ဘာတဲ့လည်းငါ့မြေး”
“လာပါ အိမ်ထဲမှာပြောကြတာပေါ့ဘကြီးအောင်
လည်းဝမ်းသာရအောင်”ထို့နောက်အိမ်ထဲသို့
ဝင်ခဲ့လိုက်ကြသည်…
“ပြောစမ်းဘာဦးငါ့မြေးရယ် တွေ့ခဲ့တယ်တဲ့လား”
“ပြောပါ့မယ် ဗျာ တွေ့ခဲ့တယ်တဲ့ သူတို့လည်းအလုပ်
တွေမနိုင်ဖြစ်နေလို့ပါတဲ့ မကြာခင်လာခဲ့ပါ့မယ်တဲ့
အံမယ် သူတို့က ရန်ကုန်မှာတော်တော်ကြီးပွားနေပုံပဲတဲ့ ဦးလေးမောင်တို့နဲ့ ဈေးဝယ်သွားရင်းတွေ့ခဲ့
တာတဲ့ ပြီးတော့ ဘွားကြည်တို့ဖို့ စားစရာတွေနဲ့
အားဆေးတွေလည်းဝယ်ပေးလိုက်တယ်တဲ့ စာတ
စောင်လည်းပေးလိုက်သေးဆိုပဲ” ဘွားကြည်က
“ကဲ အဖိုးကြီး ကျုပ်မပြောဘူးလား ကျုပ်သားသမီး
တွေက ပစ်ထားမှာမဟုတ်ပါဘူးလို့ သူတို့ မအား
သေးလို့ပါတဲ့တော်” “အေးပါ အဘွားကြီးရယ်
ငါလည်း ဘာပြောလို့တုန်း ဒါနဲ့ ငါ့မြေးစာကော
အခုပါလား” “စာနဲ့ပစ္စည်းတွေက ကျနော်လည်းမ
နိုင်တော့လို့ နောက်တခေါက်ကျန်တဲ့ပစ္စည်းတွေနဲ့
အတူသွားယူရမှာ” “ငါ့မြေးကလည်းစာလေးတ
စောင်တော့ အရင်ယူခဲ့တာမဟုတ်ဘူး”ဟု ဘွားကြည်ကပြောသည် “ကဲ ကဲ ကျနော် အခုသွားယူ
ပေးပါ့မယ် ဘွားကြည်ရယ်”ထို့နောက်ကျနော်လည်း
အိမ်ဘက်သို့ပြန်လာခဲ့လိုက်သည်နားထဲတွင်မတော့
“မောင်ခင်အောင်တို့မောင်နှမတော့ ဘယ်လောက်
တောင်ကြီးပွားနေလည်းမသိဘူး ငါတို့ကိုတောင်
မတူသလိုမတန်သလိုနဲ့ စကားတောင်ပြောမသွား
ဘူး ဦးဘအောင်တို့လင်မယားအတွက်တော့ရင်လေးပါရဲ့ကွာ အင်းသားမိုက်တွေသမီးမိုက်တွေ”
ဟူသော စကားကိုသာကြားယောင်နေမိတော့သည်
ကျနော့်ကိုခွင့်လွှတ်ကြပါ အဖိုးနဲ့အဘွားရယ် လိမ်မိ
လို့ ငရဲကြီးမယ်ဆိုရင်လည်း တစုံတယောက်ပျော်
ရွှင်စေဖို့ ကျနော် ငရဲကြီးခံလိုက်ပါ့မယ် ….
အိမ်သို့ရောက်တော့ ကျနော့်စုထားသောစုဘူးလေး
ကို ခွဲပစ်လိုက်သည် အမေကမြင်သွားတော့ အကြောင်းစုံကိုပြောပြလိုက်သည်”ကောင်းပါတယ်
သားရယ် ကုသိုလ်ရတာပေါ့ သူ့တို့ကျေးဇူးကလည်း
တို့အပေါ်ရှိတယ်မလား” “ဟုတ်မေမေ”
ကျနော်လည်းစုဘူးခွဲ၍ ရလာသောပိုက်ဆံဖြင့်
စတိုးဆိုင်တခုမှ မုန့်များနှင့် ဆေးဆိုင်မှ အားဆေး
တချို့ဝယ်ကာပြန်လာခဲ့လိုက်သည် စာကိုတော့ ကိုယ့်ဘာသာပင်ရေးလိုက်ရသည်….
ကျနော်ပြန်ရောက်တော့ ခြံရှေ့က ထိုင်ခုံပေါ်မှာ
ကျနော့်ကို စောင့်နေသော ဘကြီးအောင်တို့ လင်မ
ယားကိုတွေ့လိုက်ရသည် “ငါ့မြေးကလည်းကြာတာ
လာလာ အိမ်ထဲကို”
“ရော့ပါ ဒါက မုန့်နဲ့ အားဆေးတွေ”
“အဲဒါတွေက အရေးမကြီးပါဘူး စာကိုပဲမြန်မြန်
ပေးစမ်းပါ”
“ဪ ပေးမှာပေါ့ဘွားကြည်ရယ် ကဲရော့စာ”
“ရော့အဖိုးကြီး ဖတ်ပြ ဪနေပါတော် တော်က
မျက်စိကမူန်မူန်နဲ့ ရော့ရော့ သားပဲဖတ်ပြ”
ကျနော်လည်းစာကိုပြန်ယူ၍ ဖတ်ပြလိုက်ရသည်

သို့/
ဖေဖေနဲ့မေမေ သားနဲ့သမီး လူကြုံနဲ့ စာရေးပေးလိုက်ပါတယ် ဖေဖေနဲ့မေမေ ကောနေကောင်းကြရဲ့လား သားတို့တော့ နေလည်းကောင်းတယ်
အလုပ်အကိုင်လည်းအစဉ်ပြေပါတယ် အလုပ်တွေ
မနိုင်ဖြစ်နေလို့ သားတို့ မလာဖြစ်ကြသေးတာပါ
မကြာခင် လာခဲ့ပါမယ် ဖေဖေနဲ့မေမေ အတွက် မုန့်
နဲ့အားဆေးတွေဝယ်ပေးလိုက်တယ် နော်တို့မောင်နှမပြန်လာတဲ့အချိန်ကျန်းကျန်းမာမာနဲ့
မြင်ချင်တာမို့ ဆေးကိုတော့ပုံမှန်သောက်ပါနော်
မကြာခင်ပြန်လာခဲ့ပါ့မယ်
သားနဲ့သမီး……တဲ့
ပြုံးပြုံးကြီးနားထောင်နေတဲ့ အဖိုးနဲ့အဘွားကို ကြည့်ပြီး စာဖတ်နေရင်းငိုချင်စိတ်တွေကို ကျနော်
မနည်းထိန်းလိုက်ရသည်..ဒါတောင် အသံတွေက
တုန်ချင်ချင်ဖြစ်နေသည်….ဘွားကြည်က..
“စာကလည်းတိုလိုက်တာ ”
“ဪ အဖွားကြီးရယ် သူတို့လည်းလူကြုံတွေ့တုန်း
ကသုတ်ကရက်ရေးလိုက်ရတာနေမှာပေါ့ စာထဲမှာ
ပါတယ်မလား ကျန်းကျန်းမာမာနဲ့တွေ့ချင်တယ်တဲ့
ကဲနင်မသောက်ချင်နေ ငါကတော့ ငါ့သားသမီး
တွေပို့လိုက်တဲ့ အားဆေးလေးသောက်လိုက်ဦးမယ်”
“ကျုပ်ကောသောက်မှာပေါ့တော်”
တလခန့်ကြာတော့ ဘွားကြည်လည်း တရှောင်
ရှောင်ဖြင့်လူကြီးရောဂါနှင့်သားသမီးတွေကိုလွမ်းတဲ့ဒဏ်ရောပြီးဆုံးပါးသွားလေသည် ဘွားကြည်အသုဘကို ဦးလေးမောင်နှင့် ရပ်ကွက်ကပဲ
လုပ်ပေးလိုက်ကြသည် အသုဘမြေချပြီးညရောက်
တော့ ကျနော် ဘကြီးအောင်တို့ အိမ်ဘက်ထွက်
လာတော့ ခြံအတွင်း အိမ်ရှေ့၌ ရပ်ကွက်ထဲက
ယောက်ျားလေးတွေကိုတွေ့ရသဖြင့် “ဟေ့လူတွေ
ဘာလုပ်နေကြတာလည်း အထဲမဝင်ပဲ”
“မဝင်ရဲဘူးကွ တို့က ဖဲရိုက်ဖို့ လာတာ ဘွားကြည်က
မကျွတ်ဘူးနဲ့ တူတယ်”
“ဟာဗျာ ခင်ဗျားတို့ကလည်း ဘာတွေလျှောက်ပြော
နေကြတာလည်း”
“မင်းမယုံရင်ဟိုမှာကြည့်”သူတို့ပြရာအိမ်ထဲသို့ကြည့်
လိုက်ရာ ဘကြီးအောင်တယောက် ဘယ်သူ့ကို
စကားပြောနေသည်မသိ တယောက်ထဲစကားတွေ
ပြောလိုက် ပြုံးလိုက်ဖြစ်နေသည်
“တို့တော့ မဆော့တော့ဘူးဟေ့ ပြန်မယ် မင်းတော့
ဘာမှလုပ်မှာမဟုတ်လောက်ပါဘူး နေခဲ့ပေါ့”
ကျနော်လည်း ဘကြီးအောင်အနားသို့သွား၍
“ဘကြီးအောင်ဘယ်သူ့ကိုစကားပြောနေတာလည်း”
“မင်းဘွားကြည့်နဲ့ပေါ့ကွ မင်းကငါ့ထက်တောင်မူန်
နေပြီလားမျက်စိက” ဘကြီးအောင်တယောက်
မပြောကောင်းမဆိုကောင်းရူးများသွားတာလား
ချက်ချင်းပဲသူငယ်ပြန်သွားတာလား ဒါမှမဟုတ်
ဘွားကြည်ကိုတကယ်ပဲမြင်နေရတာလား…ဒီနေ့ညတော့ ဘကြီးအောင်တယောက်ထဲမို့ ဒီမှာပဲအိပ်လိုက်တော့မည် ဟုအမေ့ကိုပြောလာခဲ့သည် ဒါပေမဲ့ကျောတော့ချမ်းနေသည် ဘွားကြည်ကငါ့တော့
ဘာမှမလုပ်လောက်ပါဘူးလေဟုပြန်တွေးမိပြီး
ကြောက်စိတ်တော့နည်းနည်းပြေသွားသည်
ဘကြီးအောင်တို့ အခန်းရှေ့က ဧည့်ခန်းမှာပဲ အိပ်
ဖို့ ပြင်ဆင်နေစဉ် အခန်းထဲမှ လမ်းလျှောက်သံ
များနှင့် အသံဗလံများကို ကြားလိုက်ရသည်
ဘကြီးအောင်က “အဘွားကြီးညဉ့်နက်နေပီ အိပ်တော့လေ ငါလည်းခဏနေလာအိပ်တော့မှာပါ”
ဟုပြောလိုက်သဖြင့် ကြောက်စိတ်များဝင်လာပြန်
သည်…ဘကြီးအောင် အခန်းထဲဝင်သွားပြီးနောက်
ဘာသံမှမကြားရတော့ ကျနော်လည်း မိုးလင်းခါနီး
မှပင် အိပ်ပျော်လေတော့သည်”ဂလုံ ဂလွမ်”….
အသံများရုတ်တရက်ကြားလိုက်သဖြင့် အိပ်ရာက
လန့်နိုးလာခဲ့သည် မိုးတောင်အတော်လင်းနေပြီပဲ
အသံများကြားရာ မီးဖိုးခန်းထဲသို့ လန့်လန့်နှင့်
ဝင်လိုက်တော့ ဆန်များကပျံ့ကျဲနေပြီး ဒန်အိုးကလည်းအောက်သို့ကျနေသည်”ဪ ဘကြီးအောင်
ရယ် ကျနော့်ကိုနိုးခိုင်းမှပေါ့” “မင်းအိပ်ပျော်နေလို့ပါ ရပါတယ် မင်းဘွားကြည်နေမကောင်းဖြစ်နေကတည်းက ဘကြီးအောင်ပဲချက်နေတာ ”
“ဖယ်ဖယ်ဖယ် ကျနော်ပဲချက်လိုက်မယ်”
“ထမင်းကိုခပ်ပျော့ပျော့ပဲချက်နော် မင်းဘွားကြည်
က သွားသိပ်မကောင်းတော့ မဝါးနိုင်ဘူး”
“ဗျာ…!ဪ ..ဟုတ်ကဲ့ပါ ဘကြီးအောင်ရယ်”ဟုသာကျနော် ပြောလိုက်မိသည်…မဖြစ်သေးပါဘူး
ဒီအကြောင်းကို ဦးလေးမောင်ကိုပြောပြမှဖြစ်မယ်
ဟု စဉ်းစားမိကာ ဘကြီးအောင်အတွက် ထမင်းခူး
ခပ်ပေးပြီး ထွက်လာခဲ့လိုက်သည်…အကြောင်းစုံ
ကို ဦးလေးမောင်ကိုပြောပြလိုက်တော့…
“အင်း…ဒေါ်ဘွားကြည် တစ်ယောက်လည်းသားသမီးကို စွဲလန်းတဲ့စိတ်နဲ့ မကျွတ်ရှာသေးဘူး
ထင်ပါရဲ့ ဒါမျိုးဆိုတာကလည်း မယုံလို့မရဘူး
မောင်ရဲရဲ့ ” “ဟုတ်” “ဦးဘအောင်ရဲ့ စားဖို့အတွက်
ကတော့ ဦးလေးပဲ တာဝန်ယူပေးပါ့မယ် မောင်ရဲက
ဦးဆီကို ထမင်းချိုင့်လာလာယူပြီးပို့ပေးပေါ့
ဆွမ်းတွေဘာတွေဘာတွေသွပ်ပြီးသွားရင်တော့
ကျွတ်တန်ကောင်းပါရဲ့ သူတော်ကောင်းမကြီးမဟုတ်လား” “ဟုတ်ကဲ့ ဦး ကျွန်တော်လည်းအဲလို
ပဲ တွေးမိပါတယ် ဒါဆို ကျနော်သွားလိုက်ဦးမယ်
နော်ဦး” “အေး အေးအေး…ဪဒုက္ခဒုက္ခဒုက္ခ”
ဆိုသည့် ဦးလေးမောင်ရဲ့ အသံက နောက်မှာကျန်ခဲ့
လေသည်…..ထိုနေ့က ညနေစာထမင်းချိုင့်ကို
ဦးလေးမောင်တို့အိမ်မှ ဝင်ယူပြီး “ဘကြီးအောင်
ဗိုက်စာနေပြီလားဗျ” “မဆာသေးပါဘူး မြေးရယ်
မင်းဘွားကြည်တော့ ဆာနေပြီလားမသိဘူး”
ကျနော် အသာငြိမ်နေလိုက်ပြီးမှ”ဘကြီးအောင်
ကျနော်ထမင်းပွဲပြင်လိုက်တော့မယ်နော်”
“အေးအေး ပြင်လိုက်လေ မင်းမနက်ကလည်း
တယောက်စာပဲ ပြင်ထားခဲ့တာ တို့လင်မယား
ကိုယ့်ဟာကိုယ်ပဲ ခူးစားလိုက်တယ် ခု ၂ယောက်စာ
ပြင်ခဲ့နော်မြေး” ဟုတ်သားပဲ ဘကြီးအောင် ကသူ့
မိန်းမကို ရှိသေးတယ်လို့သိထားတာ မေ့နေလိုက်
တာ ဒါနှစ်ယောက်စာအတွက်ပြင်ပေးပြီး ကျနော်
အိမ်သို့ပြန်လာခဲ့လိုက်သည်…ဦးလေးမောင်နှင့်
ကျနော် တွေးထားသလိုဖြစ်မလာခဲ့ ရက်လည်ဆွမ်း
သွပ်ပြီး တပတ်လောက်ကြာသည်အထိ ဘွားကြည်က မကျွတ်လွတ်သေး သူ့သားသမီးတွေကိုပဲ အိမ်
ကနေဆက်စောင့်နေသည်လား ဘကြီးအောင့်ကိုပဲ
စိတ်မချဖြစ်နေသည်လားမပြောတတ် ညညဆိုလျှင်
အသံတွေက တခုမဟုတ်တခုကြားနေရဆဲ
တချို့ဆိုလျှင် ညညဆို ထိုခြံနားမှ ဖြတ်မလျှောက်ရဲ
ကြ တနေ့ ကျနော် ဘကြီးအောင်ကို ထမင်းချိုင့်ပို့ဖို့
ထွက်အလာ ရပ်ကွက်ထဲက ကျနော်နှင့်ရွယ်တူ
အာကာက “အဘ ဘယ်သူနဲ့စကားပြောနေတာလည်း ခြံရှေ့မှာ ဘာထိုင်လုပ်နေတာလည်း”
“ဒီမှာ မင်းဘွားကြည်လေ သူ့သားသမီးတွေကို
စောင့်ချင်လို့ဆိုလို့ သူနဲ့စကားပြောရင်း ‌ထိုင်စောင့်
နေတာ” “လာမှာလည်း မဟုတ်ပဲနဲ့ စောင့်မနေ ပါနဲ့
ဗျာ” အာကာ့ စကားကြားတော့ ကျနော်ထောင်းကနဲ
ဒေါသထွက်သွားသည် ဘကြီးအောင် လည်းမျက်နှာ
ငယ်လေနှင့်အိမ်ထဲသို့ပြန်ဝင်သွားသည် ကျနော်လည်း ထမင်းချိုင့်ကို ဘေးချပြီး အာကာ့ကို
လွှတ်ထိုးတော့သည် ဒေါသဖြစ်ဖြစ်နှင့် အနားမှာ
ရှိတဲ့ အုတ်နီခဲနှင့် ကောက်ရိုက်မိရာ အာကာ့ ဂျိုစောင်းကွဲပြီး နှစ်ချက်ချုပ်လိုက်ရသည် ထိုကိစ္စ
ကြောင့် ရဲစခန်းရောက်တော့ ဦးလေးမောင်နှင့်
ရပ်ကွက်ဉက္ကဌ ကလာရောက်၍ နောင်မဖြစ်စေရ
ပါဟု ကတိ အထပ်ထပ်ပေးကာ လျော်ကြေးပေး
ကျေအေးလိုက်သဖြင့် ကျနော် ထောင်မကျခဲ့တာ
ဖြစ်သည် ရဲစခန်း မှ ပြန်လာတော့ ကျနော့်သူငယ်
ချင်း အကိုလင်မယားကို အကူအညီတောင်းပြီး
ဖုန်းဆက်ခိုင်းလိုက်သည်…”ဘကြီးအောင် ဘကြီး
အောင် ကိုကြီးခင်အောင်တို့ဆီက ဖုန်းလာတယ်”
“ဟေ ဟုတ်လား ” ကျနော်လည်းဘကြီးအောင့်
ကို တွဲပြီး လမ်းထိပ်က ဖုန်းဆိုင်လေးသို့ ထွက်လာခဲ့လိုက်သည် “ဟဲလို အဖေ လား”
“အေးသားကြီး ခင်အောင် မင်းတို့နေကောင်းကြရဲ့
လား သမီးလေး ကြည်ခင်ကော မပါဘူးလား”
“ပါတယ်အဖေ အဖေ့သမီးနဲ့ပြောလိုက်ဦးလေ”
“ဟဲလို အဖေ” “အေး သမီးပြော အဖေနားထောင်နေတယ် သမီးတို့ အမေနဲ့ စကားပြောဦးမလား”
“မပြောတော့ပါဘူးအဖေရယ်” တဖက်ကအသံတိမ်
ဝင်သွားသည် ကျနော် အကူအညီတောင်းထားသော
အမလည်း အကြောင်းစုံကိုသိထားပြီးပြီမို့ ငိုချင်နေပုံရသည် ပြီးမှ “အမေ့ကိုလည်း ကျန်းမာရေးဂရု
စိုက်ဖို့ပြောပေးပါနော် သမီးတို့ လည်းပြန်လာတော့
မှာပါ” ဖုန်းကကျသွားသည် “ဪဖုန်းလိုင်းကလဲ
ငါ့သားသမီးတွေနဲ့တောင်ကြာကြာမပြောရသေးဘူး
ကျသွားပြီ” ကျနော်တို့လည်း ခဏဆက်စောင့်၍
ပြန်လာခဲ့ကြသည်…နောက်နေ့”ငါ့ညီရယ် မင်းအကူ
အညီတောင်းလို့သာ ကူညီရတာ မင်းအမက ဖုန်းဆက်ရင်း ထငိုနေလို့ အကို လည်း အဘိုးကြီးစိတ်
မကောင်းဖြစ်နေမှာဆိုးတာနဲ့ ဖုန်းကို အမြန်ချလိုက်ရတယ်” “ရပါတယ် အကိုရယ် ဒီလောက်ကူညီတာ
ပဲကျေးဇူးတင်လှပါပြီဗျာ”
တပတ်ခန့်အကြာမှာတော့ ဘကြီးအောင် အသည်း
အသန်ဖြစ်၍ ဆေးရုံတင်လိုက်ရသည် ဆေးရုံ၌
“မြေးလေး အဘအိမ်ပြန်ချင်တယ်ကွယ် အိမ်မှာ
မြေး ဘွားကြည်တယောက်ထဲ စိတ်မချဘူး”
“ပြန်ရမှာပေါ့ ဘကြီးအောင်ရယ်”ထိုစဉ် ဦးလေး
မောင်က ကျနော့်ကို လက်ယက်လှမ်းခေါ်သဖြင့်ထ
လိုက်သည် “ဆရာဝန်က အိမ်ပြန်ခေါ်သွားတော့ မရတော့ဘူးတဲ့” “ဗျာ…!” ကျနော်တို့လည်း ဘကြီးအောင်ကို အိမ်ပြန်ခေါ်လာခဲ့ကြသည်” မြေးလေး
မောင်ရဲ အဘမှာ ငါ့မြေးကို ပေးစရာဆိုလို့ ဒါလေးပဲ
ရှိတော့တယ်”ဟု ပြောကာ လက်ပတ်နာရီအဟောင်း
လေးကို ပေးလေသည် ကျနော်လည်း ဘကြီးအောင်
စိတ်မကောင်းဖြစ်နေမည်ဆိုးသဖြင့် မငြင်းပဲယူ
ထားလိုက်သည် .. အဲနေ့ညမှာပဲ ဘကြီးအောင်ဆုံး
သွားသည် ဦးလေးမောင်နှင့် ရပ်ကွက်ကပဲ ဝိုင်းဝန်း
၍ သဂြိုလ်ပေးကြပြီး ဆွမ်းပါသွပ်ပေးကြသည်
ဒါပေမဲ့ ဘကြီးအောင်တို့လင်မယားနှစ်ယောက်လုံး
မကျွတ်လွှတ်ကြသေး အိမ်ကြီးထဲမှ အသံများကြား
နေရဆဲ တချို့ ဆိုလျှင် ဘကြီးအောင်တို့ လင်မယား
ကို မြင်လိုက်ရသူများပင်ရှိသည် အဲဒါနဲ့ ဦးလေးမောင်က သူဝယ်ထားသည့် အိမ်ကြီးကို ဘုန်းကြီး
ကျောင်းသို့အပြီးလှူဒါန်းလိုက်သည် ရေစက်ချတရားနာသည့် နေက ဆရာတော်ကြီးမှ ဘကြီးအောင်နှင့် ဘွားကြည်တို့ လင်မယားကို အဓိကထား
တရားဟော၍ အမျှအတန်း ပေးဝေလိုက်သည်
ဆရာတော်ကြီးရဲ့ တရားသံကြားတော့ ကျနော်
ငိုချင်စိတ်ကို မနည်းထိန်းထားရသည် ရေစက်ချအပြီး ခြံရှေ့ လမ်းဘက်မှ ထီသည်တဦးဖွင့်လိုက်
သည့် သီချင်းသံကြောင့် ကျနော်လည်း မထိန်းနိုင်တော့ပဲ ငိုချလိုက်မိတော့သည်…..

🎶🎵သစ်တပင်ကောင်းငှက်ငယ်တသောင်းမကဘူး ..နားခိုခွင့် စွန့်ခွာခွင့်ပြုတယ်..ရွက်ခြောက်အထီး
ကျန် ကဗျာတပုဒ်ပါ…သားတွေနဲ့ သမီးတွေ စွန့်ခွာချိန် မိဘနှစ်ပါး မျက်ရည်ဝဲလို့ကျန်… လောကဖြစ်စဉ်သဘာဝပါ…ဇရာအိုချိန် ငွေမရှိကြတဲ့ မိဘနှစ်ပါးရဲ့အရိပ်ကို အခုဆိုတယောက်မှရောက်မလာ
ဒီလောက လူ့ကမ္ဘာမြေမှာ ယနေ့ထက်တိုင် မြင်တွေ့ရစမြဲပါ…နှစ်ယောက်ထဲကျန်ခဲ့ရတဲ့ မိဘနှစ်ပါးနှစ်ပါးမှာ သနားစရာ ကျေးဇူးမသိတဲ့ သားသမီးအများ
အပေါ် ဘာမှမျှော်လင့်မထားတဲ့ မေတ္တာနဲ့သာ သူတို့
ရင်မှာ မပြောင်းလဲတဲ့ အချစ် အနှိုင်းမဲ့ ရင်ခွင်ကမ္ဘာ
ဥယျဉ်မှူးများလို ဥပမာညီ ပျိုးထောင်သမျှ ပန်းတွေ
ပွင့်တဲ့ အခါ အပြုံးနဲ့ဝမ်းသာကြည်နူးတယ်…..
မေတ္တာနဲ့ တုန့်ပြန်ခြင်းမညီညာ သိနေလည်း မသိသလို ဥပေက္ခာ မိဘနှစ်ပါးကို စွန့်သွားပြီ …
လူကြုံမလာ စာလည်းမပါး စွန့်ခွားသွားတဲ့ သားတွေ သတင်းတောင် မမေးတဲ့ သမီးတွေ ဇရာထောင်းလို့ ရိုးတံဖြိုင်ဖြိုင် အရိပ်မဲ့ကမ္ဘာ စွန့်ထားခဲ့ကြပြီ…နှစ်ယောက်ထဲ ကျန် ခဲ့ရတဲ့ မိဘနှစ်ပါးမှာသနားစရာ ကျေးဇူးမသိတဲ့ သားသမီးများအပေါ်
ဘာမှ မျှော်လင့်မထားတဲ့ မေတ္တာနဲ့သာ သူတို့ရင်မှာ
မပြောင်းလဲတဲ့ အချစ် အနှိုင်းမဲ့ ရင်ခွင်ကမ္ဘာ..🎵🎶

နောက်ပိုင်း ဆရာတော်ကြီးဟောလိုက်သောတရား
ကြောင့်ပဲလား သားသမီးတွေကို စိတ်ချသွားလို့ပဲ
လားမသိ အိမ်ကြီးထဲမှ ဘာသံမှ မကြားရတော့….

#ပြီးပါပြီ #သီချင်းစာသားမင်းဂျွန်စိုး
#စာဖတ်သူများလည်းသားသမီးအလိမ္မာလေးများဖြစ်ကြပါစေ
#ဦးဦးရဲရဲရင့်ရင့်(မြန်မာစာ)