တမလွန်မှမေတ္တာ

*တမလွန်မှ မေတ္တာ*📖📖📖

**************************

” အီးဟီးဟီး….ငါ…ငါ…ငါကြောက်တယ်…သြား…သြား….မဟုတ္ဘူး…ငါ့အေမမဟုတ္ဘူး…ဟီး…..ကြောက်တယ်…”

” ဟင်…ကျော့…ဘာဖြစ်တာလဲ..နင်အိပ်မက်ဆိုးမက်နေတာလားသူငယ်ချင်း…”

ညသန်းခေါင်ကျော် ကျောင်းသူများအားလုံးအိပ်ပျော်နေချိန် မေကျော့ခိုင်တစ်ယောက် ထ ထိုင်ပြီးနားနှစ်ဖက်ပိတ်ကာငိုနေသဖြင့် ဘေးမှအတူအိပ်နေသူ ဇင်ဇင်နိုးလာ၏။ အကျိုးအကြောင်းမေးကြည့်သော်လည်း မေကျော့ခိုင်က ပြန်မဖြေဘဲ ငိုသာငိုနေ၏။

” ကျော့…ကျော့…ငါမေးတာဖြေဦးလေ နင်အိပ်မက်ဆိုးမက်နေတာလားလို့…”

” မ…မဟုတ္ဘူး…ငါ့…ငါ့ခေါင်းရင်းမှာ အမေနဲ့တူတဲ့မိန်းမကြီးတစ်ယောက် ထိုင်ပြီးငါ့ကိုအတင်းခေါ်နေတယ်…သူ…သူ့ကိုငါကြောက်တယ်သူငယ်ချင်းရယ်…အီးဟီးဟီး..”

” ဟင်…နင်ကလည်းပေါက်ကရတွေပြောပြန်ပြီဟယ်…ဒီအခန်းမှာနင်နှင့်ငါ နှစ်ယောက်ဘဲရှိတာလေ…ငါကြောက်လာပြီနော်…”

” ငါ…ငါတကယ်ပြောနေတာဟ..သူ..သူကလေငါ့အမေနဲ့တပုံစံထဲဘဲသိလား…ငါအိပ်ပျော်သွားရင် ငါ့ခေါင်းကိုဖွဖွလေးပုတ်ပြီး သူနဲ့လိုက်ခဲ့ဖို့ပြောတယ်…”

” ဟင်…နင့်အမေကအိမ်မှာလေ ဟိုနေ့ကတောင် နင့်ဆီလာသေးတာဘဲ…”

” အင်းလေ…ငါ့အမေမဟုတ်လို့ငါကကြောက်နေတာ…လုပ်ပါဦး..ငါအရမ်းကြောက်တယ်…အီးဟီးဟီး….”

” ငါ့မှာပရိတ်ရေဗူးပါတယ်…ရော့…နင်နည်းနည်းသောက်ထားလိုက်…မနက်မှဆရာတို့ကိုပြောပြီးအကူညီတောင်းမယ်…”

ဆိုကာဇင်ဇင်ကာ သူ့တွင်ပါလာသော ပရိတ်ရေဘူးအား မေကျော့ခိုင်ကိုအနည်းငယ်တိုက်ပြီး အခန်းပတ်ပတ်လည်ကိုလည်း ပက်ဖျန်းလိုက်သည်။ သူနုတ်လွတ်တတ်ထားသော မင်္ဂလသုတ္တကိုလည်း မနားတမ်းရွတ်လိုက်၏။ ထိုအခါမွ မေကျော့ခိုင်ကအနည်းငယ်အကြောက်ပြေသွားပြီး ပြန်အိပ်ပျော်သွား၏။

               မေကျော့ခိုင်နှင့်ဇင်ဇင်ကား ဘော်ဒါဆောင်တွင်သွားနေကြရင်း ခင်မင်သွားကြသော သူငယ်ချင်းဖြစ်၏။ ၉ တန်းကျောင်းသူလေးဖြစ်ကာအဆောင်နေအဆောင်စားဘဝဖြင့် နေသူဖြစ်၏။ ဇာတိနယ်မြေချင်းမတူသော်လည်း အလွန်ချစ်ခင်ကြ၏။ ဘော်ဒါဆောင်က ပေးသောနှစ်ယောက်ခန်းတွင်အတူနေကြ၏။
နောက်နေ့မနက်ရောက်သော် မေကျော့ခိုင်တစ်ယောက်အပြင်းဖျားကာ ကျောင်းပင်မသွားနိုင်တော့ချေ။ အဆောင်မှူးက မေကျော့ခိုင်အားလာကြည့်ပြီး ခွင့်တိုင်ပေးလိုက်၏။ အဖျားမှာအလွန်ကြီးသဖြင့် သတိရတချက်မရတချက်ဖြစ်နေသည်။

” သမီးဇင်ဇင်…သမီးလေးကျော့ကမနေ့ကအကောင်းကြီးပါ…ညကဘာတွေစားလိုက်လို့ ခုလိုအပြင်းဖျားနေရတာလဲ…”

” အဆောင်ကကျွေးတဲ့ထမင်းနဲ့ဟင်းကလွဲပြီးဘာမှမစားဘူးဆရာ…သူညက သန်းခေါင်ကျော်လောက်အချိန်မှာလည်း ထပြီးငိုနေတယ်ရှင့်…”

” ဟင်…ဘာဖြစ်လို့ ငိုနေတာလဲသမီးမမေးဘူးလား…”

” မေးတယ်ဆရာ…သူကသူ့အမေကိုတွေ့လို့ငိုတာလို့ဖြေတယ်…သမီးကပရိတ်ရေတိုက်၊ပရိတ်ကြီးတွေရွတ်ပေးလိုက်မှ ပြန်အိပ်သွားတာရှင့်…”

” သူအပြင်းဖျားနေလို့ကယောင်ကတမ်းပြောနေတာနေမယ်…ဒါမှမဟုတ်သူ့အမေကိုအိမ်မက်မက်ပြီး လွမ်းဖျားဖျားနေတာနေမယ်…”

” မသိဘူးဆရာ…ဒါပေမဲ့သူပြောတာက သူ့အမေကသူ့ကိုခေါ်နေတယ်တဲ့…”

” ဟာ..ပေါက်ကရသမီးရယ်…သူ့အမေကအိမ်မှာလေ သူ့ကိုဘယ်လိုခေါ်မှာလဲ…သူအပြင်းဖျားလိုကယောင်ကတမ်းပြောနေတာ…ဒီမှာဆေးတွေပေးထားခဲ့မယ်…သူနိုးရင်အစာခံနည်းနည်းကျွေးပြီးတိုက်လိုက်ကြားလား…အဖျားမကျရင် ဆေးခန်းပို့ပေးရမယ်…သမီးလည်းဒီနေ့ခွင့်ယူလိုက်ဆရာခွင့်တိုင်ပေးမယ်..”

” ဟုတ်ကဲ့ဆရာ…”

ထိုနေ့အတွက်ဇင်ဇင်က သူငယ်ချင်းဖြစ်သူကို စောင့်ရှောက်ရန်အတွက် ကျောင်းပျက်လိုက်ရ၏။

” ဟင်း…ဟင်း…ထြက်သြား…နင်….နင်ထွက်သွား..နင့်ကြောင့်ငါ…ငါ့သမီးအနားကပ်လို့မရတော့တာ…ဟင်း……”

” ဟင်…နင်ဘာတွေပြောနေတာလဲ ကျော့…..”

” ငါ့အသားလာမထိနဲ့ကောင်မ..ခေလးကခေလးလိုမေနဘူး…သွားစမ်းဟင်း…ဟင်း…”

ဆိုကာ ဇင်ဇင်အားမျက်ထောင့်နီကြီးဖြင့်ကြည့်ကာမောင်းထုတ်၏။

” ကျော့…ငါဇင်ဇင်လေ…ငါ့ကိုမမှတ်မိဘူးလား…နင့်ကိုစောင့်ပေးဖို့ဆရာပြောထားလို့ပါ…”

” ဟာ…ရှည်ကိုရှည်လွန်းတယ်…မလိုဘူးသြား…ထြက်သြား…ငါ့သမီးကိုငါစောင့်ရှောက်မယ်…”

အပြင်းဖျားကာ အိပ်နေသောမေကျော့ခိုင်က ညည်းသံထွက်လာပြီး ဘေးမှရှိနေသောဇင်ဇင်ကိုအတင်းမောင်းထုတ်နေခြင်းဖြစ်၏။ သူမ၏အမူအရာမွာ ဒေါသအလွန်ထွက်နေဟန်ရှိ၏။ ဖြူဖွေးနေသောမျက်နှာမှာနီမြန်းကာ ချွေးများပင်စို့နေ၏။ မျက်လုံးနှစ်ဖကိလည်းနီရဲနေ၏။ ထိုအရာကို ဇင်ဇင်က အပြင်းဖျားပြီးဖြစ်နေသည်ဟုပင်ထက်ပြီး ဆရာပေးခဲ့သောဆေးနှင့်ရေခွက်ကိုလှမ်းယူပြီး

” မုန့်နည်းနည်းစားပြီး ဆေးသောက်လိုက်ကျော့…နင်အရမ်းဖျားနေတာဘဲ…ဆေးသောက်လို့မှမသက်သာရင် ဆေးခန်းသွားပို့ပေးမယ်လို့ဆရာပြောတယ်…ရော့ဆေး…”

ဆိုကာကမ်းပေးနေစဉ် မေကျော့ခိုင်က မျက်ထောင့်နီကြီးနဲ့လှည့်လာပြီး

” ဘယ်လိုဖြစ်နေတာလဲကောင်မ…ခွမ်း…”

” အားမေလေး…အေမ့.!..”

ဆိုကာ ရေထည့်ထားသောဖန်ခွက်အား လှမ်းယူပြီး အခန်းနံရံကိုပစ်ပေါက်လိုက်၏။ ထိုအဖြစ်ကြောင့် ဇင်ဇင်တစ်ယောက်လန်ျြ့ဖတ်သွားပြီး မိခင်ကိုတလိုက်မိသည်။

” နင်…နင်…ဘာဖြစ်နေတာလဲကျော့…ဘာလို့ငါ့ကိုစိတ်တိုနေရတာလဲ…”

” စိတ်တိုတယ်ဟေ့…..စိတ်တိုတယ်..နင့်ကြောင့်ငါ့သမီးနားငါကပ်လို့မရတာဟဲ့..”

” ဟင်…သမီး..ဘယ်သူကနင်သမီးလည်း နင်သတိထားဦးလေသူငယ်ချင်းရဲ့..”

” ဝုန်း…ဖုန်း…ဖုန်း…”

” ခွမ်း…”

” အေမေရ….”

မေကျော့ခိုင်တစ်ယောက်စိတ်လွတ်သွားပြီး သူ့နံဘေးရှိ ဖန်ခွက်နှင့်တွေ့ကရာပစ္စည်းများကို ကောက်ပေါက်ကာ ရန်ရှာနေ၏။ ခြေလက်တို့မှာလည်းကွေးကောက်ကာ မျက်လုံးလည်းနီရဲနေ၏။ မေကျော့ခိုင်ဖြစ်နေသောပုံစံမှာ ကုလားသရဲကားထဲမွ သရဲဝင်ပူးနေသောလူတစ်ယောက်ကဲ့သို့ဖြစ်နေသဖြင့် ဇင်ဇင်အလွန်ကြောက်သွားပြီး အခန်းထဲမှပြေးထွက်ကာ အဆောင်မှူးဆရာဆီသို့ပြေးလာ၏။

” ဆရာ…ဆရာရေ…လုပ်ပါဦးရှင့်…မေကျော့ခိုင်လက်တွေခြေတွေကွေးကောက်ပြီး အိပ်ယာထက်မှာ လူးလွန့်နေတယ်…သမီးကိုလည်းမောင်းထုတ်နေတယ်…”

” ဟေ…ဟုတ္လားသမီး…သူအဖျားအရမ်းကြီးလို့နေမယ်…ဆရာလာခဲ့မယ်သမီး…”

ခနကြာသော် ဆရာနှင့်အတူ မေကျော့ခိုင်ရှိရာအခန်းသို့ပြန်လာကြ၏။

” ဟင်း…ဟင်း..နင်တို့တွေငါ့နားမလာနဲ့…မလာကြနဲ့သွား..သြား…ငါ့သမီးနားဘယ်သူမှမလာနဲ့…”

အခန်းဝမှဝင်လာသောဆရာတို့ကိုမြင်လိုက်သည်နှင့် အ်ိပ်ယာထက်မှတင်ပလ္လင်ချိတ်ခွေထိုင်ကာ လည်ပင်းကြီးစောင်းနေသော မေကျော့ခိုင်က ဆီး၍မောင်းထုတ်နေ၏။

” သမီးလေး..သတိထားလေ…မှန်းစမ်းအဖျားစမ်းကြည့်ရအောင်…”

ဆိုကာဆရာက မေကျော့ခိုင်နဖူးအားစမ်းကြည့်၏။

” အမေလး…ပူကျစ်နေတာဘဲ…ဒီတိုင်းနေလို့မဖြစ်ဘူး…ဆေးခန်းသွားမှဖြစ်မယ်…လာသမီး…”

” လွတ်…ငါဘယ်မှမသွားဘူး…လွတ်..ငါ့ကိုလွတ်…”

မေကျော့ခိုင်က ဆေးခန်းသွားရန် အတင်းငြ်းဆန်နေ၏။

” မသွားလို့မရဘူးသမီးလေးရဲ့…သမီးအဖျားအရမ်းကြီးနေပြီ…ဒီတိုင်းနေရင်သမီးခံနိုင်ရည်ရှိမှာမဟုတ်ဘူးနော်…”

” မသြားဘူး… ငါဘာမွမျဖစ္ဘူး…လွတ်စမ်းငါ့ကို…”

” မသွားလို့မရဘူးသမီးရဲ့…အဖျားမပျောက်ရင် ကျောင်းသွားလို့ရမှာမဟုတ်ဘူး…သမီးဇင်ဇင်…သြား…ယောကျာ်းလေး ၅ယောက်လောက်ခေါ်လာခဲ့…မေကျော့ကိုဆေးခန်းပို့မှရမယ်…”

ခေါင်းမာနေသောမေကျော့ခိုင်ကို မရမကဆေးခန်းပို့ပေးရန်အတွက် အဆောင်မှူးဆရာက ဇင်ဇင်အားယောကျာ်းလေးများကိုအခေါ်ခိုင်းလိုက်သည်။ ခနကြာသော် ဇင်ဇင်နှင့်အတူ ကျောင်းသားများရောက်လာသည်။

” ကဲ…သားတို့ဒီကသမီးလေးကိုဆေးခန်းပို့ဖို့ခေါ်သွားရမယ်…နှစ်ယောက်လောက်သူ့ကိုချီပြီးခေါ်သွားကြကားပေါ်ကို…”

” ဟုတ်ကဲ့ဆရာ…”

” မလိုက္ဘူး…မသြားဘူး…လွတ်စမ်း…လွတ်…ငါ့ကိုလွတ်…”

မေကျော့က အတင်းရုန်းကန်နေသဖြင့်ကောင်လေးနှစ်ယောက်မှာ ချွေးစောပင်ပျံသွား၏။ သို့သော်မေကျော့ခိုင်ကား နေရာပင်မရွေ့ချေ။

” သူအရမ်းလေးတာဘဲဆရာရေ…လူကပိန်သလောက်ချီးအရမ်းများတာဘဲ…သားတို့နှစ်ယောက်တောင်မချီနိုင်ဘူးဗျ…”

” နှစ်ယောက်မနိုင်ရင် ငါးယောက်အားနှင့်ချီကွာ…ဆေးခန်းပြမှရမယ်…သူအရမ်းဖျားနေပြီ…”

” ဟုတ်ဆရာ…”

ဆိုကာကျောင်းသားငါးယောက်က အခန်းထဲထိဝင်ပြီး မေကျော့ခိုင်အား ဆွဲထူကာချီမရန်ပြင်ကြ၏။

” အား….လွတ်…လွတ်… မလိုက္ဘူး.

သြား…ငါ့သမီးနဲ့နေချင်တယ်..”

ကျောင်းသားငါးယောက်ဝိုင်းပြီးချီမ မှသာမေကျာ့ခိုင်က ယက်ကန်ယက်ကန်ဖြင့်ပါလာ၏။ အိပ်ယာခင်းများပါ ပြန့်ကျဲကုန်၏။

မေကျော့ခိုင်အား ကားပေါ်တင်ပြီး ဆေးခန်းရှိရာသို့အမြန်မောင်းထွက်သည်။ ယောကျာ်းလေး ငါးယောက်က မေကျော့ခိုင်အားထိန်းထား၏။

” ငါခုန်ချပစ်မှာနော်…လွှတ်…ငါ့ကိုလွှတ်စမ်း….”

” ထိန်းထားဟေ့သူ့ကို…အဖျားကြီးလို့ကယောင်ကတမ်းတွေပြောနေတာမကြောက်ကြနဲ့…ဆေးရုံအမြန်ရောက်မှဖြစ်မယ်…မြန်မြန်မောင်းဝေ့ဖိုးတူးရေ…”

အဆောင်မှူးဆရာက ဒရိုင်ဘာဖိုးတူးအား ဆေးခန်းသို့အသော့မောင်းခိုင်း၏။ အနည်းငယ်ကြာသော် ဒေါက်တာအောင်မော်၏ ဆေးခန်းသိုရောက်လာပြီး ဆရာဝန်ကအဖျားကျဆေးထိုးပေးလိုက်၏။ ဆေးထိုးရန်မလွယ်သဖြင့် ယောက်ယောကျာ်းလေးငါးယောက်အားဖြင့် ဝိုင်းချုပ်ထားလိုက်ရ၏။

” အား…အင်း…ဟင်း…ဟင်း…နင်တို့တွေ လုပ်ထားဦးပေါ့…နင်တို့တွေဘယ်လိုလုပ်လုပ်ငါမသွားဘူး…ငါ့သမီးနားမှာဘဲငါနေမှာ…”

” လူနာက အဖျားကြီးလွန်းလို့ ကယောင်ကတမ်းပြောနေတာပါ…ဆရာအဖျားကျဆေးနဲ့အိပ်ဆေးရောထိုးထားပေးတယ်…ခနနေကျရင်သူအိပ်ပျော်သွားလိမ့်မယ်…ဘာမှမပူကြပါနဲ့…ရော့ဒီဆေးကို မနက်တစ်ကြိမ်ညတစ်ကြိမ်တိုက်ပေးပါ…”

” ကျေးဇူးပါဆရာ…”

အိပ်ဆေးအရှိန်ကြောင့် မေကျော့ခိုင်ငြိမ်သက်ပြီး အိပ်ပျော်သွား၏။

” ဗုဒ္ဓံသရဏံဂစ္ဆာမိ…ဓမ္မံသရဏံဂစ္ဆာမိ…သံဃံသရဏဂစ္ဆာမိ…”

” ဟင်း…တော်တော့.. ဆက်မရွတ်နဲ့တော့…ငါအရမ်းပူနေပြီ…တော်တော့ကောင်မ…ညည်းဆက်မရွတ်နဲ့တော့…”

ဇင်ဇင်တစ်ယောက် သူငယ်ချင်းဖြစ်သူအိပ်မောကျနေသဖြင့်သူမက ဘုရားစာအသံထွက်ရွတ်နေ၏။ ထိုစဉ် အိပ်ပျော်နေသော မေကျော့ခိုင်ကချက်ချင်းဆိုသလို နိုးလာပြီးထသောင်းကျန်းတော့သည်။

” ကျော့…ငါဘုရားစာရွတ်တာဘာဖြစ်လဲဟင်…အရင်ကလဲငါရွတ်နေကြဘဲဟာကို…”

” မရွတ်နဲ့…ငါနေလိုမရဘူး…နင်အဲဒါတွေရွတ်နေလို့ငါပူလို့သေတော့မယ်…သြား…ထွက်သွားစမ်း…ငါ့အနားမကပ်နဲ့…”

” ဝုန်း..”

” ခွမ်း…ချလွမ်း…”

အနားရှိသနပ်ခါးတုံးဖြင့်ပစ်ပေါက်လိုက်ရာ ပြတင်းပေါက်မှန် ကွဲသွား၏။

” ဟေ့…မလုပ်နဲ့ကျော့…ငါ…ငါထွက်သွားပါ့မယ်…”

ဆိုကာ ဇင်ဇင်က အခန်းထဲမှအမြန်ထွက်သွားပြီး အဆောင်မှူးဆီပြေးလာ၏။

” ဆ…ဆရာ….ကျော့… ကျော့သောင်းကျန်းနေပြန်ပြီ…အခန်းမှန်လည်းကွဲသွားပြီ…သူအရမ်းကြောက်ဖို့ကောင်းတယ်..”

” ဒီကေလးမ ဘာဖြစ်နေတာပါလိမ့်…”

အဆောင်မှူးဆရာကစိတ်ပူသွားပြီး မေကျော့ခိုင်ရှိရာအခန်းသို့ပြေးလာခဲ့သည်။ အခန်းနားရောက်သော် အခန်းတံခါးကိုအတွင်းမှနေ၍လော့ချထားသည်။

” ဒေါက်….ဒေါက်…ဒေါက်… “

” သမီး…မေကျော့ခိုင်…တံခါးဖွင့်သမီးရေ…သမီးဘာဖြစ်ချင်တာလဲပြော…ဆရာလုပ်ပေးမယ်.
တံခါးလော့ဖွင့်လိုက်…”

” မဖွင့်ဘူး…ဘယ်သူမှဝင်လာစရာမလိုဘူး…ငါ့သမီးနဲ့နှစ်ယောက်ထဲနေချင်တယ်…သြား…ထွက်သွားကြ..”

” ဟင်…သမီးလေးဘာတွေပြောနေတာလဲ…”

” ဗုန်း..ဗုန်း..ဝုန်း…”

အပြင်ဘက်မှတံခါးအတင်းဖွင့်ခိုင်းလိုက်သော် မေကျော့ခိုင်က တံခါးချပ်အားခြေထောက်ဖြင့်ပိတ်ကန်ပစ်လိုက်သည်။ အလွန်ကြမ်းတမ်းသောမေကျော့ခိုင်၏အမူအရာကြောင့် အဆောင်မှူးဆရာလည်း အထူးအဆန်းဖြစ်နေ၏။

” သမီးလေးကျော့က ပုံမှန်ဖျားနေတာမဖြစ်နိုင်ဘူး…သွားသမီးဇင်ဇင်…ဘုရားခန်းကပရိတ်ရေအိုးယူလာခဲ့…”

” ဟုတ်ဆရာ..”

ပရိတ်ရေအိုးရောက်လာသော် အဆောင်မှူးကမေကျော့ခိုင်ရှိရာအခန်းအားပက်ဖျန်းလိုက်၏။

” သေမယ်…နင်တို့တွေအကုန်သေရမယ်မှတ်….ရပ်လိုက်စမ်း…အဲဒီပရိတ်ရေဖျန်းနေတာအခုရပ်…ပူတယ်..အရမ်းပူတယ်…”

” သွားစမ်း..ငါ့ကျောင်းသူကိုဘာလို့နှောင့်ယှက်နေရတာလဲ…သြား…ထွက်သွားစမ်း…”

” မသြားဘူး… ငါ့သမီးကိုငါခေါ်သွားမှာ…ငါမရှိတဲ့အရပ်မှာငါ့သမီးလေးကိုမထားခဲ့နိုင်ဘူး…သြား…အကုန္ထက်ြသြား..

” ဒုန်း…”

” ခွမ်း…”

အထဲတွင်ရှိသမျှပစ္စည်းများဖြင့် ပစ်ပေါက်သောင်းကျန်းနေ၏။ အခန်းတံခါးပေါက်ကိုလည်းတဒုန်းဒုန်းပိတ်ကန်၏။

” အကုန်လုံးထွက်သွားကြ…ငါ့သမီးနှင့်အတူနေချင်တယ်…”

” သမီး…သတိထားဦး..သမီးဘာဖြစ်နေတာလဲ..”

” သြား…သွားကြ…မြန်မြန်ထွက်သွားကြ…”

” ဒီလိုဆိုတစ်ခုခုလုပ်မှရမယ်ထင်တယ်…သာမာန်သွေးရိုးသားရိုးကိစ္စမဟုတ်လောက်ဘူး…”

” ဘာလုပ်ကြမလဲဆရာ…သူ့မိဘတွေကိုအကြောင်းကြားပေးလိုက်ရမလား…”

” မလုပ်နဲ့ဖိုးတူး..သူ့မိဘတွေစိတ်ပူသွားလိမ့်မယ်…သူ့မိဘတွေကဆရာ့ဆီသေချာအပ်သွားကြတာ..သူ့ကိုဆရာကဘဲတာဝန်ယူကုသပေးရမယ်…မြောက်ကေလာရတောင်မှာ ငါ့အသိဆရာတော်တစ်ပါးရှိတယ်…သူ့ဆီခေါ်သွားရမယ်…”

ချက်ချင်းပင်အဆောင်မှူးက ယောကျာ်းလေး များခေါ်ကာ ကျော့အားကားပေါ်တင်ပြီး မြောက်ကေလာရတောင်ပေါ်ရှိ ကုန်းထိပ်ကျောင်းဆောင်ဆီသို့ခေါ်လာ၏။
မြောက်ကေလာရတောင်ကား ထုံးဖြူစေတီလေးတစ်ဆူရှိပြီးကျောင်းဆောင်ငယ်လေးတစ်လုံးရှိ၏။ ထိုကျောင်းဆောင်အတွင်း၌ သီတင်းသုံးနေသောဆရာတော်က ဝါတော်ရင့် ဆရာတော်ဥူးကေလာသဖြစ်၏။ မြောက်ကေလာရတောင်ကား နေရာကြမ်းမြေကြမ်းပြီး မည်သူမျှမနေနိုင်ကြသော်လည်း ဆရာတော်ဘုရားကတစ်ပါးတည်းအကြောက်အလန့်မရှိသီတင်းသုံးနေ၏။
ထိုမြောက်ကေလာရတောင်သို့ မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက် ကိစ္စတစ်ခုဖြင့်လာရောက်နေကြ၏။ ထိုကေလာရတောင်ဘုရားကား သဘာဝပေါ်တော်မူဘုရားဖြစ်ပြီး မြေကြမ်းနေရာကြမ်း၏။ ထိုကိစ္စကိုမောင်ရေခဲတို့ဖြေရှင်းပေးခဲ့ကြ၏။ (နောက်ရေးမည့်ဝတ္ထုမှာဖတ်ရန်)
ယခုမူကားမောင်ရေခဲတို့ဆရာတပည့်က ကေလာရဆရာတော်အား လာရောက်ဖူးမြှော်ခြင်းဖြစ်၏။ မောင်ရေခဲတို့က ကျောင်းသင်္ခမ်းဝန်းကျင်အား သန့်ရှင်းရေးလုပ်နေစဉ် တောင်တက်လမ်းလေးအတိုင်းကားတစ်စီးကအလောတကြီးတက်လာ၏။ မောင်ရေခဲ ကထိုကားအားအမှတ်မထင်ကြည့်လိုက်ရာ ကားပေါ်မှဆံပင်ဖားလျားကြီးထြင့် ဦးခေါင်းထက်ခြမ်းကွဲနေသော မိန်းမကြီးတစ်ယောက်ပါလာသည်ကိုတွေ့လိုက်ရ၏။ ထိုမိန်းမကြီးက ကျောင်းဝန်းထဲသို့ကားဝင်လာသည်နှင့် ကားပေါ်မှဆင်းကျန်ခဲ့ပြီး ကျောင်းမုဒ်ဦးအပြင်ဘက်၌သာ နေရစ်ခဲ့၏။

” ဆင်းကြ…ကလေးမကိုဆရာတော်ဘုရားရဆီခေါ်သွားရအောင်…”

အဆောင်မှူးဆရာက ထိုသို့ပြောလိုက်သည်နှင့် ကားဒရိုင်ဘာနှင့်ကျောင်းသားတို့ကကားပေါ်မှဆင်းလာကြပြီး ပျော့ခွေနေသောကလေးမလေးအား ကျောင်းသင်္ခမ်းထဲခေါ်ဆောင်သွား၏။

       မောင်ရေခဲ တို့ကားအပြင်မှာသန့်ရှင်းရေးလုပ်နေဆဲပင်။ ကျောင်းဆောင်ငယ်ထဲရှိ ဆရာတော်ဥူးကေလာသက ပစ္စည်းလေးပါးဒါယကာဖြစ်သော ဆရာဦးမောင်ဦးတို့လူစုကိုမြင်လိုက်သည်နှင့် ဖတ္လ်က္စ ပါဠိကျမ်းစာအုပ်ထူကိုအဖုံးပိတ်လိုက်ပြီး

” ဘာဖြစ်လာကြတာလဲဒကာကြီးတို့…”

” တင်ပါ့ဘုရား..တပည့်တော်ရဲ့ကျောင်းသူတစ်ယောက် မူမမှန်သလိုဖြစ်နေလို့ဆရာတော်ဘုရားဆီလာခဲ့တာပါဘုရား…ကြည့်ရှူစစ်ဆေးပေးပါဦးဘုရား…”

” ခက်လှချေလားဒကာကြီးရဲ့…ကိုယ်တော်က လူ့လောကကိစ္စတွေကိုဝင်မရှုပ်ချင်တော့ဘူးကွဲ့…ဒါပေမဲ့ ဒကာကြီးတို့ကိုကူညီနိုင်မဲ့လူတော့ရှိတယ်ကွဲ့…”

” တင်ပါ့…ဘယ်သူပါလဲဘုရား…”

” ဒကာကြီးတို့ကျောင်းဝန်းထဲဝင်လာတုန်းက ရင်ပြင်မှာသန့်ရှင်းရေးလုပ်နေတဲ့သူငယ်လေးနှစ်ယောက်ကို တွေ့ခဲ့ကြလားကွဲ့.သူတို့ကဒကာကြီးရဲ့ကိစ္စကို ဖြေရှင်းပေးနိူင်လိမ့်မယ်..”

” တပည့်တော်လည်းအပူတွေနဲ့မို့သတိမထားမိပါဘူးဘုရား…သူတို့ကဘယ်သူတွေပါလဲဘုရား..”

” သူတို့ကလောကအကျိုးသယ်ပိုးနေတဲ့သူတော်ကောင်းလေးတွေကွဲ့…ကဲကဲ..ဒီကဒကာလေး အပြင်ကကောင်လေးနှစ်ယောက်ကို ဆရာတော်ကအခေါ်လွတ်လိုက်တယ်လို့သွားပြောလိုက်ချေကွဲ့…”

ဆိုကာ အဆောင်မှူးဆရာနဲ့ ပါလာသောကောင်လေးတစ်ယောက်အား မောင်ရေခဲ တို့ကိုအခေါ်လွတ်လိုက်၏။ ခနကြာသော် မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက် ဆရာတော်အရှေ့သို့ရောက်လာ၏။

” အခေါ်လွတ်လိုက်တယ်ဆိုဘုရား…”

” မှန်တယ်ဒကာလေးတို့…ကိုယ်တော်ဒကာလေးတို့ကို ဟောဒီဒကာကြီးအတွက်အကူညီလေးတောင်းချင်လို့ကွဲ့…”

” တင်ပါ့ အကျိုးအကြောင်းသိလိုပါသည်ဘုရား…”

” ဖြစ်သမျှအကြောင်းစုံကို ဒီဒကာလေးနှစ်ယောက်ကို ချွင်းချက်မရှိရှင်းပြလိုက်ပါဦးဒကာကြီး…”

” တင်ပါ့ဘုရား..”

ဆိုကာ အဆောင်မှူးဆရာဦးမောင်ဦးက ဖြစ်သမျှအရာအားလုံးကိုမောင်ရေခဲတို့အားရှင်းပြလိုက်၏။

” အဖြစ်အပျက်ကဒါတွေပါဘဲတူလေးတို့…ဒီကလေးမကိုကူညီနိုင်ရင်ကူညီပေးကြပါဦးလို့ ဦးတောင်းဆိုပါတယ်…”

” ကျွန်တော်တို့တတ်စွမ်းသမျှကူညီပါ့မယ်…ဦးကြီးတို့ကား ကျောင်းသင်္ခန်းထဲဝင်လာထဲက မကောင်းတဲ့အငွေ့အသက်တွေ ကျွန်တော်တွေ့နေရတယ်ဗျ…”

” ဦးတို့ကဒါတွေကို နားမလည်ဘူးတူလေးတို့ရေ…သင့်သလိုငါစီစဉ်ပေးကြပါ…”

” ဟုတ်ပြီဒါဆို ကလေးမလေးကိုဆေးကုသခွင့်ပြုပါဗျ…”

” ခွင့်ပြုပါတယ်…ဒီကလေးမရဲ့အသက်နဲ့ခန္ဓာကိုတူလေးကိုအပ်ပါတယ်…သူ့ရောဂါပျောက်ကင်းအောင်ကုသပေးပါ..”

ဆိုကာ မေကျော့ခိုင်ကိုမောင်ရေခဲလက်သို့အပ်လိုက်၏။ မောင်ရေခဲကဘုရားရှိခိုးမေတ္တာပို့အမျှဝေပြီး ကောင်မလေးကိုထိုင်နေခိုင်းလိုက်၏။ အချိန်ကြာကြာပူးကပ်ခံထားရသောကြောင့် ကောင်မလေးမှာပလွန်အားနည်းနေ၏။

” …ဒီကြာသပတေးသမီးကို ပူးကပ်နေတဲ့ သူငါ့အရှေ့အရောက်လာချေ…သင်ကျောင်းဆောင်အပြင်ဘက်မှာ ရပ်ကျန်ရစ်ခဲ့တာငါတွေ့တယ်…ခုချက်ချင်း ငါ့အရှေ့လာချေ…”

မောင်ရေခဲက အမိန့်ပြန်လိုက်ရာ ကျောင်းဝန်းမုဒ်ဦးအပြင်ဘက်မှရှိနေသော ဦးခေါင်းကွဲနေသည့်မိန်းမကြီးတစ်ယောက်က ကျောင်းဝန်းထဲ ရောက်လာ၏။

” လာ…မကြောက်နဲ့…ဘာမှကြောက်စရာမလိုဘူး…”

မောင်ရေခဲက တံခါးဝဘက်ကိုကြည့်ပြီး ပြောလိုက်သော် ကျန်လူများကလည်း ယောင်တောင်တောင်ဖြင့် တံခါးဝဘက်သို့ကြည့်သော်လည်း ဘာမှမမြင်ရချေ။ သို့သော်မောင်ရေခဲကား မိန်းမကြီးတစ်ယောက်ကိုမြင်နေရ၏။

” ဘုရားဦးတိုက်လိုက်ပါဦး….”

မောင်ရေခဲက ထိုသို့ပြောသည်နှင့် အားနည်းကာပျော့ခွေစွာထိုင်နေသော မေကျော့ခိုင်က ခေါင်းထောင်လာပြီး ဒူးပဆစ်တုတ်ထိုင်ကာ ဘုရား နှင့် ဆရာတော်ဘုရားကိုဦးချ၏။

” သင်ကဘယ်သူလဲ…ဘာလို့ကလေးမကိုနှောင့်ယှက်ရတာလဲ…”

” နှောင့်ယှက်တာမဟုတ်ဘူးဆရာ…စောင့်ရှောက်တာပါ…”

” သင်ဘယ်သူလဲမေးတာဖြေဦးလေ…”

” ငါကခလေးမရဲ့အမေပါဆရာ…သမီးလေးကိုစိတ်မချလို့ပါ..”

” ဟာ…”

” ဟင်.”

” အို…”

မေကျော့ခိုင်၏အဖြေကြောင့် အဆောင်မှူးဆရာနှင့်အတူ ပါလာသောလူများအားလုံး အံ့ဩသွားကြကုန်၏။ မေကျော့ခိုင်၏အမေသည် လွန်ခဲ့သောနှစ်ပတ်ခန့်က သမီးဖြစ်သူအားလာတွေ့နေသေးသောကြောင့်ဖြစ်သည်။

” ကလေးမလေးနဲ့သားအမိတော်တာလား…”

” ဟုတ်ပါတယ်ဆရာ…ကျွန်မကသမီးလေးကိုပညာတတ်စေချင်လွန်းလို့ဘော်ဒါပို့ထားတာပါ….သမီးလေးနဲ့မခွဲဖူးတော့ နဲနဲလေးမှစိတ်မချတာနဲ့ လွန်ခဲ့တဲ့ရက်အနည်းငယ်က သမီးလေးကိုလာတွေ့ခဲ့ပါတယ်…”

” ဒါဆိုဘာလို့ ဒီဘဝေရာက်သြားရတာလဲ…”

” သမီးလေးကို လာတွေ့ပြီးအပြန်မှာ ယာဉ်တိုက်မှုဖြစ်ပြီး ဒီလိုဘဝေရာက်သြားရတာပါ…ဒီကိစ္စသမီးလေးကိုပြောပြချင်လွန်းလို့ ညတိုင်းသူ့အိပ်ယာနားမှာနေပြီး ပြောပြဖို့ကြိုးစားတယ်…ဒါပေမဲ့သမီးလေးနဲ့အတူအိပ်တဲ့ကလေးမက ဘုရားစာအရမ်းရွတ်လို့နေလို့မရဘူး…ဒါကြောင့်သမီးလေးကို အားနည်းအောင်လုပ်ပြီး ခေါ်သွားမလို့ပါ….”

” အဖြစ်ဆိုးလာချေလား…ဒီလိုဖြစ်နေတာတောင်သမီးလေးကို စိတ်မချဖြစ်ပြီး စောင့်ရှောက်နေသေးတဲ့ မိဘမေတ္တာကအလွန်ကြီးမားလှပါလား…ဒီအစွဲအလမ်းစိတ်ကြောင့်ဘဲ ဒီဘဝဆိုးကြီးဖြစ်နေရတာပါ…ဒီအစွဲကိုမေ့ပစ်လိုက်ပါအဒေါ်…”

” သမီးလေးကိုစိတ်မချဘူး…သမီးလေးကိုထားခဲ့ပြီး ငါ့ဘယ်မှမသွားနိူင်ဘူး…”

” ဒီလိုလည်းဘယ်ဟုတ်မလဲ…အဒေါ်စိတ်ချယုံကြည်ရတဲ့လူတစ်ယောက်ဆီ အဒေါ့်သမီးကိုအပ်ပြီး ကောင်းတဲ့ဘဝကိုကူးပါတော့…အဒေါ်ရောက်နေတဲ့ဘဝက ကြမ်းတမ်းလွန်းလှပါတယ်….”

မောင်ရေခဲက အမျိုးမျိုးဖြောင်းဖျမှ အဒေါ်ကြီးက တရှုံ့ရှုံ့ငိုယိုပြီး

” သမီးလေးကို ထားရစ်ခဲ့ရမဲ့အဖြစ်မျိုး အဒေါ်မလုပ်နိုင်ပါဘူးကွယ်…ဒါပေမဲ့ဖတဆိုးသမီးလေးကို တမလွန်ဘဝထဲလည်းမခေါ်ရက်တော့ဘူး…ငါ့သမီးလေးကို သနားလိုက်ပါဘိကွယ်…အဟင့်..”

ဘေးမှကြည့်နေကြသော အဆောင်မှူးဆရာနဲ့ ကျောင်းသားတို့ကား မေကျော့ခိုင်မိခင်၏ အဖြစ်ဆိုးကြီးကိုကြားသိရပြီးညမျက်ရည်များပင် က်လာ၏။ အဆောင်မှူးဆရာက လူ့လောကတွင်တစ်ကောင်ကြွက်တမျက်နှာဖြစ်နေသော မေကျော့ခိုင်အား သမီးအဖြစ်မွေးစားရန် သံဓိဌာန်ချလိုက်၏။

” တူလေး…ကလေးမလေးကိုဦးမွေးစားမယ်လို့ပြောပေးစမ်းပါ…ကလေးမလေးကိုဦးအသက်နှင့်ရင်းပြီး သမီးအရင်းတစ်ယောက်လို ကောင်းကောင်းစောင့်ရှောက်ပါ့မယ်လို့ကတိပေးပါတယ်လို့…”

” ကြားတယ်နော်အဒေါ်…အဒေါ့်သမီးကိုဒီကဦးလေးက တာဝန်ယူစောင့်ရှောက်ပါ့မယ်တဲ့ အဒေါ်သဘောတူလက်ခံပါရဲ့လား…”

အဒေါ်ကြီးကအကြာကြီး ခေါင်းငိုက်စိုက် စဉ်းစားပြီးမှ

” သမီးလေးကို ကောင်းမွန်ပြည့်စုံတဲ့မိဘမေတ္တာပေးနိူင်ရင် မွေးစားဖို့သဘောတူပါတယ်ဆရာ…”

” စိတ်ချပါဒေါ်မြမေ…သမီးလေးကို ကျုပ်သွေးသားရင်းပမာတစ်ဘဝလုံးဖူလုံဖို့အတွက် တာဝန်ယူစောင့်ရှောက်ပေးပါ့မယ်…ဒေါ်မြမေလည်း သမီးလေးအပေါ်ထားတဲ့စိတ်အစွဲကိုဖြတ်ပြီး လွတ်ရာကျွတ်ရာကို နောက်ဆံမတင်းဘဲ သွားပေတော့..”

” ကျေးဇူးအရမ်းတင်ပါတယ်ဆရာ…ဒါဆိုသမီးလေးကို စိတ်ချစွာအပ်ထားခဲ့မယ်နော်…ကောင်းမွန်စွာစောင့်ရှောက်ပေးပါနော်…”

” စိတ်ချပါဒေါ်မြမေ…သမီးလေးနေပြန်ကောင်းလာရင် အကျိူးအကြောင်းပြောပြပြီး ဥပဒေနဲ့အညီမွေးစားဖို့စာရွက်စာတမ်းလုပ်လိုက်ပါ့မယ်…”
အဆောင်မှူးဆရာက ထိုသို့ပြောလိုက်မှ ဒေါ်မြမေခမျာ သမီးလေးကိုစိတ်ချနိုင်သွား၏။ မောင်ရေခဲက

” ဒါဆိုအဒေါ့်သမီးလေးရဲ့နောင်ရေးကို စျတ်ချသွားပြီမလား…အဒေါ့်သမီးလေးအပေါ်ထားတဲ့ မေတ္တာအစွဲတွေဖျက်ပြီး အဒေါ်လည်း ပိုကောင်းတဲ့ဘဝကိုကူးပေတော့..”

” စိတ်ချသွားပါပြီဆရာလေးရယ်….စိတ်ချသွားပါပြီ…သမီးလေးနေပြေန်ကောင်းသွားရင် အဒေါ်ကသူ့ကိုအရမ်းချစ်တဲ့အကြောင်းသတိရနေမဲ့အကြောင်းတွေ ပြောဖြစ်အောင်ပြောပေးပါနော်…အဒေါ်သွားရတော့မယ်…”

ဆိုကာ ဘုရားဦးတိုက်ပြီး တဖြေးဖြေး ဝေဝါးပျောက်ကွယ်သွားတော့သည်။ မောင်ရေ ခဲလည်း မေကျော့ခိုင်အား ကျောက်သွေးနှင့် သစ်ခွနက်ရောဖော်ထားသော အားဆေးကိုတိုက်ထားလိုက်၏။

        နောင်အခါအတွင်ကား မေကျော့ခိုင်သည် မိခင်၏အဖြစ်ဆိုးကြီးကိုကြားသိခဲ့ရပြီး များစွာစိတ်မကောင်းဖြစ်သွား၏။ မွေးစားဖခင်၏ လိုလေးသေးမရှိအောင်ကျွေးမွေးစောင့်ရှောက်သည့်အတွက်လည်း အလွန်ပင်ကျေးဇူးတင်မိ၏။ ကုသိုလ်ပြုမိတိုင်းမိခင်အား အမျှအတန်းပေးဝေ၏။
မောင်ရေခဲ တို့လည်းသတ္တဝါတို့၏ ဘေးဒုက္ခကိုကယ်တင်ပေးရင်း တစ်နေရာပြီးတစ်နေရာ ခရီးဆက်ခဲ့ကြတော့သည်။…။

( စိတ်ကူးမျှသာဖြစ်သည်။ အားပေးဖတ်ရှုသူတစ်ယောက်ချင်းစီကိုအထူးကျေးဇူးတင်ပါသည်။ စာတင်ရက်ကြာသွားသည့်အတွက်လည်း စာဖတ်သူတို့အား အနူးအညွတ်တောင်းပန်အပ်ပါသည်။ ကိုယ်စိတ်နှလုံး ကျန်းမာကြစေသောဝ်)

.