တမလွန်ရွာသူမြစောဖြူ(စ/ဆုံး)
—————————
{၁}
“””ဝှီးး••••ဝေါ•••••ဝေါ•••••”””
လေပြင်းများကတရစပ်တိုက်ခတ်လို့နေသည်။
မိုးကလည်းသည်းသည်းမို့•••ကားရှေ့မှရေယက်တံ
တောင်ညောင်းလောက်ပြီ။ရှေ့မြင်ကွင်းကလည်းမသဲ
မကွဲမို့•••ညီထွဋ်ကားကိုအတော်ဂရုစိုက်ပြီး••
မောင်းနေရသည်။•••
မြို့ကထွက်လာတော့မိုးလေးညိုရုံရှိသည်။
ခုတော့သဲသဲမဲမဲနှင့်အညိုးတကြီးနိုင်လှသည်။
“”တောက်•••”””
တောက်တချက်ခတ်လိုက်ရင်း•••ကားအရှိန်ကို
လျှော့ချလိုက်သည်။
နို့မို့ဆိုရှေ့မြင်ကွင်းကမသဲမကွဲမို့
ဘယ်အချိန်ဘာကိုဝင်တိုက်မည်မသိ။
•••ကားမီးရောက်ကရှေ့တစ်ကိုက်လောက်ကိုပင်
မသဲမကွဲသာမြင်နိုင်သော
အခြေအနေမဟုတ်ပါလား။
ထိုစဉ်ကားရှေ့မှ••
အရိတ်မဲတစ်ခုကြောင့်••
ကားကိုအချိန်မီဘရိတ်အုပ်လိုက်ရသည်။
မှောင်မှောင်ထဲမှာမဲမဲကြီးသာ
မြင်ရတာမို့လူလော•^•သရဲလော•••
မသဲကွဲပေ။
ညီထွဋ်သားရေဂျာကင်ကိုဆွဲစေ့လိုက်ကာ
ကားတံခါးဖွင့်၍ဆင်းလိုက်တော့
မိုးရေကမျက်နှာကို••ဖွဲကနဲလာစင်သည်။
ကားနဲ့မနီးမဝေးမှာခုဏမြင်ရသော
မိန်းကလေးမှာ••လူတစ်ယောက်။
မိန်းကလေးတစ်ယောက်ဆိုကပိုမှန်မည်။
ဒီချိန်ကြီး••ဒီလိုနေရာမှာ••
မိန်းကလေးတစ်ယောက်ထဲ•••
ဟုတ်မှဟုတ်ပါလေစ။
“”ဒီမှာ•••ဟေ့”””
သူအသံကိုမြင့်၍ခေါ်လိုက်မှအမျိုးသမီးက
ခေါင်းမော့လာသည်။
ကားမီးရောင်မှုန်ဝါးဝါးမှာပင်အမျိုးသမီး၏
မျက်နှာမှဝင်းဝင်စက်စက်ရှိလှသည်။
ဆံပင်ရှည်များက••ပါးပြင်တစ်လျှောက်
မိုးရေများနှင့်စိုကပ်ကာ•••
တစ်ကိုယ်လုံးသို့လွမ်းခြုံနေလေသည်။
ညီထွဋ်မှာ••မိန်းကလေးတစ်ယောက်မို့
ဆွဲထူသင့်မထူသင့်တွေဝေနေမိသည်။
ဒီကြားထဲမိုးရေကတစ်ကိုယ်လုံးစိုရွှဲနေတော့
အားနာရပြန်သည်။
အမျိုးသမီးလေးဘေးနားမုဆိုးဒူးထောက်ထိုင်လိုက်ကာ
“”မင်းရရဲ့လား••”””
ချမ်း၍ပြာနှမ်းနေသောနှုတ်ခမ်းသားများ
ကအဖွင့်အပိတ်ကိုအတော်အားယူနေပုံရသည်။
“”မွ••မွ•••”””
“”ပြော••ကျုပ်ဘာကူညီရမလဲ••
ပြီးတော့ဒီအချိန်ကြီးမင်း••လူမှဟုတ်ရဲ့လား””
“”မြအ်ိမ်ပြန်ပါရစေ•••မြကိုကူညီပါ””
“”ကူညီတာတော့ရတယ်•••
ငါကယောကျာ်းလေး••ဒီချိန်ကြီးမင်းကိုငါကူ
ညီရင်••မင်းမိဘ၊မင်းပတ်ဝန်းကျင်က
ပြောမလဲ ကျုပ်ကိုရောယုံမှာလား”””
“””မြ^^ကိုယုံပါ••ရှင့်ကိုဘာမှမထိခိုက်စေရပါဘူးရှင်”””
“”ကဲ••အမိ••ဒါဆိုကားပေါ်တက်””
အမျိုးသမီးကရုတ်တရက်ထရပ်လိုက်တာမို့
တစ်ချက်ယိုင်ထွက်သွားကာ•••
ညီထွဋ်လှမ်းထိန်းလိုက်သည်။
မထူးတော့ပြီမို့ကားထဲထိတွဲပို့လိုက်မိသည်။
မုဆိုးမသွားလေရာမိုးလိုက်လို့ရွာပဲ
ရှိပါသည်။ခုတော့သူ့အဖြစ်ကမုဆိုးမလည်းမဟုတ်ပါပဲ
မိုးလိုက်လို့ရွာသည့်အပြင်•••
ဒုက္ခအိုးလေးတစ်ယောက်ကားပေါ်ထိပါလာလေပြီ။
ကားထဲရောက်တော့သူ့သားရေဂျာကင်ကို
သူမဆီလှမ်းပေးလိုက်သည်။
အတော်ချမ်းနေပုံရသည်။
ဟန်ပင်မဆောက်ပဲလှမ်းယူလိုက်သည်။
သူမက
“”မြနာမည်ကမြစောမူပါ•••မြို့ကနေလာတာပါ
ဒီဒေသကိုလည်းမြကမကျွမ်းကျင်ပါဘူး””
“””ဒါဆိုဘယ်လိုလုပ်ဒီကိုရောက်လာတာလဲ”””
“””မြ••ကဆရာမလေးပါ••
ရာထူးတိုးပါလို့ဒီကိုတစ်ယောက်ထဲရောက်လာတာ
လမ်းမှာ••ကားအက်စီးဒင့်ဖြစ်တော့•••
ရုန်းရင်းဆန်ခတ်ကြားကနေမြဘယ်လိုကျန်ခဲ့လဲ
မသိဘူး”””
“”ဟာ•••မဖြစ်နိုင်တာ””
“”တကယ်ပါ••မြဒီဒေသကိုတကယ်မသိပါဘူး
မြတစ်ယောက်ထဲလိုက်သွားနေတာ
လူစိမ်းတွေနဲ့တွေ့ရင်ကြောက်လို့့်တောလမ်းထဲ
ဝင်ပြေးရသေးတယ်”””
ညီထွဋ်ဂရုဏာသက်စွာကြည့်လိုက်မိသည်။
“”ဒါနဲ့မင်းအလုပ်ကျတဲ့ရွာနာမည်တော့
သိမှာပေါ့”””
“”ပန်းလှရွာပါရှင်””
“”သြော်ကျုပ်နေတဲ့နေရာနဲ့မဝေးဘူးပဲ
ဒါနဲ့မင်းဘာဆက်လုပ်မယ်စိတ်ကူးလဲ””
“”ဟိုဟို••”””
“””ထားတော့•••ငါ••ကူညီလက်စနဲ့ဆက်ကူညီမယ်
အိမ်မှာငါ့ဘကြီးနဲ့ငါပဲရှိတယ်•••
ဒီတစ်ညတော့လိုက်နားလိုက်ပေါ့•••
မင်းယုံမှပါ””
“”ဟုတ်ကဲ့••ကျေးဇူးပါရှင်””
“”မနက်ရောက်မှ••ပန်းလှရွာကသူကြီးအိမ်ပို့ပေးမယ်””
စကားတို့ကတိတ်ဆိတ်သွားကာ•^•
မိုးလည်းတိတ်လာပြီမို့ကားကိုအရှိန်မြင့်လိုက်သည်။
~~~~~~~~~~~~~~~~
{၂}
~~~~~~~~~~~~
တီ•••တီ•••
ကားဟွန်းသံကြောင့်••အိမ်တံခါးဝမှမီးအိမ်တလုံးလင်းလာလေသည်။
“”မနက်ကျမှာလာရောပေါ့ငါ့တူရာ”””
အိမ်ကစိုက်ခင်းထဲမှာမို့ကားကိုခြံဝမှာ
ထားခဲ့လိုက်သည်။
မိုးရွာထားတာမို့လမ်းကဗွက်ထချင်သည်။
“”မင်း•••ရရဲ့လား””
“”ဟုတ်ကဲ့”””
“”ဟေ•••မင်းမိန်းမခိုးလာတာလားကွ”””
ဘကြီးစကားကြောင့်မျက်နှာပူသွားရကာ
“”ဟာ•••ဘကြီးကလဲ•••
ဒီမှာချမ်းနေပြီ••နောက်မှရှင်းပြမယ်””” အမျိုးသမီးလေးကခေါင်းငုံ့ကာနောက်မှလိုက်ပါလာလေသည်။
အမျိုးသမီးအင်္ကျီဆိုလို့မေမေ့ပစ္စည်းတွေသာရှိတာမို့
မေမေ့အင်္ကျီတွေထုတ်ပေးလိုက်သည်။
မေမေ့အင်္ကျီဆိုမှ••ယောကျာ်းကြီးတန်မဲ့
မျက်ရည်များပင်ကျလာသည်။
လွန်ခဲ့သောသုံးရက်က••
မြို့မှအပြန်••ဖေဖေရောမေမေပါ••အက်စီးဒင့်တွင်ဆုံးပါး
သွားပြီဖြစ်သည်။
တရားစခန်းမှပြန်အလာ••သူအကြိုပင်မစောင့်ပဲ
ကြုံရာကားနှင့်လိုက်လာခြင်းဖြစ်သည်။
ခုလည်းသူမေမေဖေဖေတို့အတွက်ရက်လည်ဆွမ်းကျွေးရန်
ပစ္စည်းဝယ်လာမှပြန်လာရင်း•••
မြစောမူဆိုသောအမျိုးသမီးနှင့်တွေ့ခြင်းဖြစ်သည်။
ဆရာမသာဆိုသည်••ကိုယ့်ဘာသာဘယ်လို
ကျန်ရစ်လို့ဘယ်ရောက်နေမှန်းမသိ•••
အူကြောင်ကြောင်နိုင်လှသည်။
သူအမေ့အင်္ကျီထုတ်ပေးလိုက်ရင်းအခန်းတစ်ခန်းစီစဉ်ပေး
လိုက်သည်။
ဘကြီးကိုအကြောင်းစုံရှင်းပြလိုက်တော့
“”ထူးဆန်းတယ်ကွ•••
ကိုယ့်ဘာသာကိုယ်ဘယ်မှာကျန်ခဲ့တယ်ဆို
တာမသိဘူးဖြစ်နိုင်လား”””
“”အက်စီးဒင်းဖြစ်ပြီးအကြောက်လွန်သွားလို့
သွားမိသွားရာသွားနေမိတာများလား””
ညီထွဋ်က
“”မသိတော့ဘူးဗျာ•••တော်ပြီ•••
ဟိုမှာထွက်လာပြီ””
မြစောမူအဝတ်အစားလဲပြီး
အခန်းထဲကထွက်လာပြီမို့ဘကြီးညနေကချက်ထားသော
ထမင်းနှင့်ဟင်းကိုကျွေးလိုက်သည်။
ထို့နောက်••သူမအခန်းထဲပြန်ဝင်သွားတော့
ဘကြီးနှင့်ညီထွဋ်သာကျန်ခဲ့သည်။
ဘကြီးကမေမေ့အစ်ကိုဖြစ်သည်။
မေမေတို့အက်စီးဒင့်ဖြစ်တဲ့နေ့ကမေမေအပါအဝင်
အားလုံးငါးယောက်သေတာမို့
ကျန်လူနားများကိုရက်ချင်းမြို့ဆေးရုံပို့သလို
သေဆုံးသူများကိုလည်း•••
ရက်ခွဲရုံချက်ချင်းပို့ကာ••မိသားစု
အစုံအလင်ရောက်သည်နှင့်ချက်ချင်းသဂြိုလ်သည်။
တခြားသေဆုံးသူများ၏အလောင်းများကိုလည်း
မိသားစုမစုံသေးတာမို့မသဂြိုလ်သေးတာလည်းရှိသည်။
ဘကြီးကနှလုံးမကောင်းတာမို့မလိုက်စေတော့ပဲ
မိဘနှစ်ပါး၏နောက်ဆုံးခရီးကို••
ညီထွဋ်ကပင်ဦးဆောင်ဖြေရှင်းခဲ့သည်။
အားလုံးကတရားသမားမို့တရားနှင့်
ဖြေသိမ့်နိုင်ကြသော်လည်း
ရုတ်တရက်ကြီးခွဲသွားသောမိဘနှစ်ပါးကြောင့်
ရင်နာလှသည်။သူ့တစ်ကိုယ်ထဲဆိုလွင့်ချင်ရာ
လွင့်နေမိမည်ဖြစ်သော်လည်း••ခြံထဲအလုပ်သမား
တွေနှင့်ဘကြီးတစ်ယောက်ထဲစိတ်မချပေ။
ထို့အပြင်မိနှစ်ပါးအတွက်ရက်လည်ဆွမ်းလည်း
ကျွေးရဦးမည်မို့ပစ္စည်းဝယ်ကာ
ပြန်လာခဲ့ခြင်းဖြစ်သည်။
“”ကဲ••ဘကြီး••အိပ်ရအောင်ဗျ””
“”အေးအေးကောင်းပြီ””””
ညီထွဋ်••အိပ်ရာထဲရောက်ရုံရှိသေး။
“”အူ•••ဝုးးးးးးဝူးးးး”””
“”ဝုတ်•••ဝုတ်•••••”””
“””အူ•••ဝူးးးးးးးးဝူးးးးးးး”””
ညီထွဋ်အခန်းပြင်ထွက်လာတော့•••
ဘကြီးလည်းမီးအိမ်တစ်ခုနှင့်•••အိမ်အောက်ဘက်သို့
ကြည့်နေလေသည်။
“”ဘာဖြစ်တာလဲဘကြီးး
ဒီခွေးတွေက••ဘယ်ကလာတာလဲ••မသိဘူး
ထူးဆန်းတယ်ဗျ””
“”အေးကွ•••ငါလည်းထူးဆန်းနေတာ•••
ဟိုဆရာမလေးအခန်းဘက်ကို•••
ဟောင်နေတာ””””
ညီထွဋ်ကမီးအိမ်တစ်လုံးယူ၍•••
အိမ်အောက်ဆင်းကာခွေးများကိုနှင်လွတ်လိုက်သည်။
မြစောဖြူအခန်းဘက်ကြည့်လိုက်တော့
“””ဟာ”””
ဆံပင်ဖညးလျားနှင့်မျက်လုံးတောက်တောက်ကြီးကြောင့်
လန့်သွားရသည်။
နောက်တစ်ခါထပ်ကြည့်လိုက်တော့ပြတင်းတခါးကို
ပိတ်လျက်ပင်တွေ့ရသည်။
“”ငါမျက်စိမှားတာပါလေ'”
ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်ရင်း•••အိပ်ရာဝင်လိုက်မိသည်။
အိပ်မက်ထဲမှာ••မြစောဖြူသည်•••
သူ့ရင်ခွင်ထဲရောက်နေပြီးးး
သူပြုံးကြည့်နေရင်းမျက်နှာကြီးက
သွေးအလိမ်းလိမ်းနှင့်•••
ပြိုကျလာလေသည်။
~~~~~~~~~~~~~~~~~
{၃}
ဇာတ်သိမ်း
~~~~~~~~~~~~
ညီထွဋ်••အိပ်မက်ဆိုးကြောင့်•••အိပ်မရပဲ
မနက်အစောကြီးနိုးနေလေသည်
မြစောဖြူအားပေးထားသောအခန်းကတိတ်ဆိတ်လျက်ပင်။
သူကားထုတ်လိုက်ပြီး
ပန်းလှရွာဆီဦးတည်လိုက်သည်။•••
မြစောဖြူကိစ္စနှင့်ပင်။
သိပ်မဝေးလှတာမို့•••
ခဏအကြာသူကြီးအိမ်ရောက်လာသည်။
သူကြီးအားပြင်ပြင်ဆင်ဆင်နှင့်တွေ့ရတာမို့
အပြင်သွားမည့်ပုံပေါ်သည်။
“”ဟာ•••မောင်ညီထွဋ်အတော်ပဲ
ကားလာငှားတော့မလို့”””
“”သူကြီးကဘယ်လဲဗျ”””
“”ဒီလိုကွာ••••ဟိုနေ့ကမင်းအမေနဲ့အဖေအက်စီးဒင့်
လေ••ဒီမှာလူငါးယောက်ဆုံးတာ
ငါတို့ရွာကိုလာတဲ့ဆရာမလေးလည်းပါတယ်တဲ့
သူ့မိဘတွေရောက်နေကြပြီ
ငါတို့ရွာကလူကြီးတွေစုပြီးသွားရမှာပေါ့
ကိုယ့်ရွာလာလို့ဖြစ်တဲ့ကိစ္စ”””
“”••ဗျာ•••ဒါနဲ့ဆရာမဆိုတာဘယ်သူလဲသိလား”””
“”မြစောဖြူတဲ့”””
“””ဗျာ••••”””
ညီထွဋ်မှာအရှင်လတ်လတ်ကြီးမိုးကြိုးပစ်လိုက်သည့်
နှယ်ထုံကျင်သွားရသည်။
သူကြီးက•••
“”ဘာဖြစ်တာလဲကွ•••
ငါတို့လည်းစိတ်မကောင်းဖြစ်ရပါတယ်ကွာ
ငါတို့ရွာလည်းနစ်နာတယ်လေ”””
“”ကျွန်တော်ဘာပြောရမလဲမသိတော့ဘူး
ဒီလိုလုပ်ဗျာ•••သူကြီးကျုပ်အိမ်လိုက်ခဲ့””
“”ဟေ””
“”ဟိုရောက်ရင်ရှင်းသွားပါလိမ့်မယ်•••
မြစောဖြူကမသေပါဘူး”””
သူပြောလည်းပြောသူကြီးကို
အိမ်ခေါ်လာလိုက်သည်။
ခြံထဲမှဘကြီးကိုလည်းခေါ်လိုက်ကာ
“‘ဘကြီး••ညကကျွန်တော်ခေါ်လာတဲ့ဆရာမမြစောဖြူရော””
“”အိပ်နေတုန်းထင်တယ်ကွ””
သူအိမ်ပေါ်စိတ်လှုပ်ရှားစွာတက်လာလိုက်ကာ
မြစောဖြူအားပေးထားသော
အခန်းတံခါးအားခေါက်လိုက်သည်။
အခန်းကပွင့်မလာတာမို့တခါးကိုဖျက်လိုက်သည်။
ကုတင်ပေါ်တွင်•••
ညကထုတ်ပေးထားသော••အမေ့အင်္ကျီတစ်စုံမှ
လွဲ၍••••မြစောဖြူအားအစအနပင်မတွေ့ရပေ။
သူကြီးအားညကမြစောဖြူနှင့်တွေ့၍ခေါ်လာ
သည်မှစ၍အစအဆုံးရှင်းပြလိုက်ရာ
“”မြစောဖြူမဖြစ်နိုင်ဘူး•••
မြစောဖြူဝိညာဉ်ပဲ့ဖြစ်မယ်••ဒီထက်ရှင်း
ချင်ရင်••မောင်ရင်တို့တူဝရီးမြို့လိုက်ခဲ့ပေတော
အလောင်းကမသဂြိုလ်သေးဘူး
အဖြစ်အပျက်ကမယုံနိုင်တာမို့သူကြီးနှင့်
အဖွဲ့နှင့်အတူမြို့သို့လိုက်ခဲ့ရာ•••
တကယ်ပင်သေဆုံးသူမှာ•••
မြစောဖြူဖြစ်နေလေသည်။
တကယ်ပင်ညီထွဋ်ခေါ်လာမိသောသူမှာ
မြစောဖြူဝိညာဉ်ပေလော။
သေချာတာကတော့သူ့ရှေ့မှာရှိနေသည်ကား
မြစောဖြူအလောင်းပင်။
ညီထွဋ်မှာမယုံနိုင်ခြင်းများစွာဖြင့်
အိမ်ပြန်ရောက်၍••ဖေဖေမေမေအတွက်အမျှဝေ
ရင်းမြစောဖြူအတွက်ပါအမျှဝေလိုက်လေသည်။
ညီထွဋ်မှာဆန်းကြယ်လှသောရေစက်ကို
အံ့သြရုံမှတစ်ပါးအခြားမတတ်နိုင်တော့ပြီတည်း။
မူရင်းရေးသားသူအား လေးစားစွာ Credit ပေးပါသည်။