တမလွန်သတို့သမီး(စ/ဆုံး)
————————–
နေရောင်ခြည်က သူ့မျက်နှာပေါ်ဖြာကျနေလေရဲ့
ဒါပေမယ့် သူအိပ်ယာပေါ်မှမထချင်သေးပါ
ဘာကြောင့်မှန်းသေချာမသိပေ တစ်စုံတစ်ယောက် ကို စောင့်နေချင်တဲ့ စိတ် ကို နားမလည်ပါ
သူ ဆိုတာ သုတမိုး လွန်ခဲ့တဲ့ ၆ လ ကျော်လောက်က car accident အကြီးအကျယ်ဖြစ်ပြီး ၆ လ လုံးလုံး အရေးပေါ်ဌာနမှာ ကုသမှုခံယူခဲ့ရတယ်
နေကောင်းလာပေမယ့် မှတ်ဥာဏ်ချို့ယွင်းသွားခဲ့တယ်
သူဘာကြောင့် ကားတိုက်တာလဲ ဘာလို့ အဲ့လိုဖြစ်တာလဲ ဆိုတာ ဘာမှမသိတော့ပေ
ဒယ်ဒီ ပြောတာတော့ တစ်ယောက်တည်း မန်းလေးဘက် ခရီးထွက်ရင်း ကားမှောက်တာတဲ့
“ဦးလေး သုတ ကော”
“အပေါ်ထပ်မှာ ထတော့မထသေးဘူး ”
“ဟုတ်လား အဲ့တာဆို ကျွန်တော်တို့သွားနှိုးလိုက်အုန်းမယ် ”
“ဘယ်ကို နှိုးမှာလဲ ငါ က မင်းတို့ကားသံကြားထဲက ထ နေပေါ့ ”
“အေးပါကွာ မင်းနေကောင်းသွားတယ်ဆို ဝမ်းသာတယ် ကွာ ”
“ရပါတယ်ကွ မင်းတို့ ၃ယောက် လုံး ငါဆေးရုံးတက်နေတုန်း ခနခန လာတာပဲ မင်းတို့အားပေးလို့ ခုလို နေကောင်းသွားတာ ”
ဝန သီဟ နဲ့ မြင့်သူ တို့က သူနေမကောင်းစဉ် ခနခန ဆေးရုံလာစောင့်ပေးတတ်သည် သူငယ်ချင်းတွေနဲ့ ပျော်စရာကောင်းတဲ့အမှတ်တရတွေ ပြောပြပေးသည် “ခန့်မင်း သာ ရှိရင်……………”
ဝနဆီမှ အသံကြောင့် သုတ ရဲ့ဒယ်ဒီက ဖတ်လက်စ သတင်းစာကို စတီပေါ် “ဝုန်း” ဆိုသည့် အသံမြည်အောင် ပစ်ချပြီး သီဟနဲ့မြင့်သူလည်း မျက်နှာပျက်သွားသည်
သူကတော့ ဘာဆက်ပြောမလဲဆိုပြီး နားစွင့်နေမိတယ် ဒါပေမယ့် တစ်အိမ်လုံး တိတ်ဆိတ်သွားတယ် ………
“အော်… သားလေး ရေသွားချိုးလေ လန်းသွားအောင် ပြီး သူငယ်ချင်းတွေနဲ့ breakfast လာစား နော် ”
“အာ ဟုတ်သားပဲ သားရေချိုးမလို့ သူငယ်ချင်းတွေနဲ့ အာလူးဖုတ်နေမိတယ် ………ခနနော် ”
သုတ တစ်ယောက် ကလေးတစ်ယောက်လိုသွက်လက်စွာ အပေါ်ထပ်သို့ ပြန်တက်သွားတယ်
“မောင်ရင်တို့ကို ဦး သတိပေးထားပါရစေ ခန့်မင်း
နဲ့ နဒီကျော် အကြောင်း သားလေးရှေ့မှာ ဘယ်တော့မှ ထုတ်မပြောမိစေနဲ့ ဒါ ပထမဆုံး နဲ့နောက်ဆုံးအကြိမ်ပဲ ဖြစ်ပါစေ”
သုတမိုး ကတော့ ဘာမှမမှတ်မိချေ ……
ဦး မိုးမြင့််ကတော့ သူ့သားလေးရဲ့မှတ်ဥာဏ်ထဲက ခန့်မင်း နဲ့ နဒီကျော် တို့ကို ထာဝရ ဖျက်ပြစ်လိုက်ချင်မိတယ် သူငယ်ချင်းတွေက
သက်ပြင်းရှည်ကြီး သာ ချမိတယ် ………
ပုံရိပ်တခု အဖြူရောင်ဂါဝန်နဲ့အမျိုးသမီး တစ်ယောက်
တဖြေးဖြေး တရိပ်ရိပ်နဲ့ သူနားတိုးကပ်လာတယ်
သူက ထိတ်လန့် နေတာ ဘာကြောင့်မှန်းမသိဘူး
ကြောက်ရွံအားငယ်လာတယ် သူရောက်နေတဲ့ နေရာက အရမ်းကို မှောင်လွန်းနေတယ်
သူနား နီးလာလေ သူကို မရဲတရဲနဲ့ ကြောက်လာ လေ သူနဲ့ ထိုအမျိုးသမီး မျက်နှာနဲ့ရုတ်တရတ် အရမ်းကို နီးကပ်သွားတယ် ………
“အားးးးးးးးးး”
သူအသံက ကျယ်လောင်စွာ ထွက်လာခဲ့တယ်
အခန်းဘေ်းမှ လှုပ်ရှားသံများနှင်အတူ
“သား သားလေးးး ဘာဖြစ်တာလဲ”
“ဒယ်ဒီ သား အိမ်မက်ဆိုးတွေမက်လို့ပါ ”
“ရော့ ငါ့သားရေသောက်လိုက်နော် သားက အခုမှနေကောင်းခါစ ဆိုတော့ သားလေး အိမ်မက်ဆိုး တွေမက် တာနေမှာပါ”
သုတမိုး အိမ်မက်ဆိုးမက်တယ်တဲ့ ဦးမိုးမြင့်ကရော ဘာထူးလဲ သားလေး ကားအက်စီဒင့် ဖြစ်ပြီးတဲ့နေ့က ခုထိ တရက်မှ ကောင်းကောင်းမအိပ်ရသေးဘူး
ည စဉ်ည တိုင်း အိမ်မက်ဆိုးတွေ မက်နေခဲ့တယ်
သုတမိုး ပြန်အိပ်ပျော်သွားတဲ့အချိန်ထိ အခန်းထဲမှာ စောင့် နေပြီး သုတမိုး အိပ်ပျော်တာ သေချာမှ အခန်းထဲက ခြေ ဖွ ဖွလေး နဲ့ထွက်လာခဲ့တယ်
ဒါပေမယ့် ဦးမိုးမြင့် ကိုယ်တိုင် အိပ်မပျော်သေးပေ
ဒါကြောင့် ထမင်းစားခန်းထဲသို့ဝင်လာပြီး ရေခဲသေတ္တာထဲမှ မသောက်ဖြစ်တာကြာပြီ ဖြစ်တဲ့
wiskey ပုလင်းထုတ်လိုက်တယ် ……
သိပ်မကြာခင်မှာ ဦးမိုးမြင့်မျက်နှာတခုလုံး ပူပြီး နီရဲလာတယ် သူဒီထပ်ပိုပြီး သောက်လို့မရတော့ဘူးဆို တာ သဘောပေါက်လိုက် တယ် တိုင်ကပ်နာရီမှ ၁၂နာရီထိုးသည်နှင့်တပြိုင်တည်း လမ်းထိပ်မှ ကင်းစောင့်တဲ့တဲမှ အချက်ပေးသံ ကြောင့်ထိတ်ထိတ် ပြာပြာ ဖြစ်သွားရတယ် ……
လေပြင်းပြင်းတွေနဲ့အတူ အိမ်ထဲမှ တံခါးများ ဝုန်းဒိုင်းကြဲသွားတယ်
ထို အသံများကြောင့် ဦးမိုးမြင့် တယောက် အရမ်းကို တုန်လှုပ်ခြောက်ခြားနေမိတယ် အပြင်မှ ခွေးများ၏ ဆွဲဆွဲ ငင် ငင် အူ သံများကြောင့်လား
မီးဖိုခန်းထဲမှ မီးများ တ ဖျတ် ဖျတ် နှင့် လင်းလိုက် ပိတ်လိုက် မကြာခဏ ဖြစ်နေခြင်းကြောင့်ပဲလား သေချာ မသိ ဒါပေမယ့် သေချာတာတခု က ဦးမိုးမြင့်
တကိုယ်လုံးတုန်ယင်နေမိတယ်
“အားးးးးး မလာ နဲ့ မလာ နဲ့ …………… ”
အသံတွေကတုန်ယင်နေတယ် သူ့လို မာန်မာနတွေအပြည်နဲ့ လုပ်ငန်းပိုင်ရှင် က အခုလိုကတုန်ကယင် ဖြစ်တာကို တစ်ယောက်ယောက် မြင်သွားရင် မြင်သွားတဲ့သူအဖို့ ချက်ချင်း အံ့သြသွားနိူင်သည်……
“ဂျစ်………ဂျစ်……… ဂျစ် ……… ”
မှန် ပြတင်းပေါက်မှ လက်သည်းရှည်ကြီးများနှင့် ခြစ်နေသည့် အမျိုးသမီး တစ်ဦးပါ ………
သူမ က အပြင်မှာဆိုပေမယ့် အချိန်မရွေး အထဲကို ဝင်လာ နိူင်တာကို ဦးမိုးမြင့်သိလေ သည်…
သတိုးသမီး ဝတ်စုံအဖြူပေါ်မှ သွေးများစွာစွန်းထင်း နေသော ဂါဝန်နှင် လိုက်ဖက်အောင် သူမ မျက်နှာ တစ်ခြမ်းလုံးရှိမနေပေ ……
“နဒီကျော် နင် ငါ့သားနဲ့ ငါ့ အနားက ထွက်သွားပါတော့ ကွာ ”
အပြင်ဘက်မှ အမျိုးသမီးမှာ ချက်ချင်း သူ့အနား ရောက်လာသည်
“ဟားးးး ဟားးး ဟားးးးးး ”
အမျိုးသမီးရဲ့ရီသံက ခြောက်ကပ်ကပ်နှင့် တစ်အိမ်လုံး တစ်ယောက်မှမရှိတာတော့ မဟုတ်ပေမယ့် ဦးမိုးမြင့်ထံမည်သူမှ ရောက်မလာပေ
မနက်လင်းတော့
“ဟာ အန်ကယ် မိုးမြင့် ကြမ်းပြင်ကြီးမှာ
လုပ်ကြ ပါအုန်း သူဌေး သူဌေး ဟာ လာကြပါအုန်း”
ဒရိုက်ဘာ မောင်ညို၏အော်သံကြောင့်
သုတမိုးလည်းရောက်လာတယ်
“ဟာ ဒယ်ဒီ ဘလိုဖြစ်တာလဲ ဒေါ် ထွေး ဖုန်းဆက်ပါအုန်းdoctor ဆီ အမြန် ဖုန်းဆက်ပေးပါ ” ဦးမိုးမြင့် တကိုယ်လုံး တောင့်တောင့်ကြီး မျက်လုံး များက အပေါ်မျက်နှာကျက်ကိုသာ ကြည့်နေသည်
ဘယ်လိုမှ ခေါ်မရ မေးလို့မရကျပေ …
နောက်ဆုံး ဦးမိုးမြင့် တစ်ယောက် ဆင်းရုံတင်လိုက်
ရတယ်
နောက်တစ်ရက် မှာပဲ မြင့်သူက “ဝန ခန့်မင်း နဲ့ နဒီကျော် ဘယ်ရောက်နေလဲ မသိဘူးနော်”
“အေးကွာ သုတ အတိတ်မေ့နေတာ ပဲကောင်းပါတယ်”
“နဒီကျော်လို သစ္စာမရှိ ဖေါက်ပြန်တတ်တဲ့ မိန်းမကြောင့် ခန့်မင်းနဲ့ သုတ သူငယ်ချင်း နှစ်ယောက် ကွဲရတာ သုတ က ခန့်မင်း ကို တော်တော်မုန်းသွားတာ ”
သူတို့ ၃ယောက် လုံး ခန့်မင်းက သုတမိုးအပေါ် ဘယ်လောက် သံယော်ဇဉ် ရှိလဲ အသိဆုံးပါ မိဘ မရှိတော့တဲ့ ခန့်မင်းက ဦးမိုးမြင့်ကို အဖေလို သဘောထားပြီး သုတ ကို ညီတစ်ယောက်လို ချစ်ခင်တွယ်တာ တာကြောင့် ခန့်မင်းနဲ့ နဒီကျော် ခိုးရာ လိုက်သွားတယ်ဆိုတဲ့ သတင်းဟာ သူတို့၃ယောက်အတွက် အထူးဆန်းဆုံး ဖြစ်နေသလို ဒီအဖြစ်မှာ နဒီကျော် အမှားလို့ပဲယူဆထားကြတယ်
သူတို့ ၃ယောက်အချင်းချင်းပြောနေချိန်မှာ အနောက်က သုတ ရောက်လာတာကို သတိမထားမိလိုက်ဘူး
“မြင့်သူ ခန့်မင်းက ဘယ်သူလဲ နဒီကျော် ဆိုတာကကော ဘယ်သူလဲ ငါနဲ့အရမ်းရင်းနှီးနေသလိုပဲ ငါ သိချင်တယ် ငါ့ကိုပြောပြပါ………”
“ငါမင်းကို ဒီအကြောင်းတွေပြောပြလို့ မဖြစ်ဘူးထင်တယ် ”
“ဟာ ကွာ မင်းတို့ကလည်း ငါ့ဘဝ အကြောင်း ငါ မမှတ်မိတာကို မင်းတို့က ကိုယ်ချင်းမစာကြဘူးကွာ…… ကိုယ်ရဲ့အကြောင်း
ကိုယ့်ဝမ်းနည်းမှု ဝမ်းသာမှု ဘယ်သူမှမပြောပြဘဲ
ငါလည်း ငါ့ဘာသာ မှတ်မိချင်တာပေါ့ ခုဟာကဘယ်လိုမှစဉ်းစားမရလို့ ငါအရမ်းသိချင်တာပါ ငါ့ကိုပြောပြပါ”
သုတစကားကြောင့် မြင့်သူလည်းတွေဝေသွားတယ် နောက်တော့ သနာလည်း သနားသွားတယ် ဒါ့ကြောင့် သူငယ်ချင်း၃ယောက်လုံး ပြောပြဖို့ သဘောတူလိုက် တယ် ………
“ဒီအကြောင်းတွေ မင်းသိပြီး မင်းအပေါ်ဆိုးကျိုးမဖြစ်စေချင်တာ ငါတို့ တကယ်မျှော်လင့်တာပါ……ဒီလိုကွ နဒီကျော်က မင်းရဲ့ချစ်သူပါ ………”
ထိုစကားကြားလိုက်ရတဲ့အချိန်မှာပဲ ရင်ထဲမှာ လစ်ဟာနေတဲ့အရာလေး တခုတိုးဝင်လာသလို ရင်ခုန်သွားတယ်… နောက်ထပ်စကားကြောင့် သုတ ကမ္ဘာ ကြီး အမှောင်ဖုံးသွားရတယ်
“မင်းရဲ့ချစ်သူဆိုပေမယ့် မင်းကို သစ္စာဖောက်ခဲ့တဲ့ ဂြိုလ်ဆိုးပဲပေါ့ ”
“ဟာ ဘာတွေလည်းကွာ ငါ့ကို သေချာရှင်း ပြပေးပါ”
“မင်းနဲ့ ခန့်မင်းက အရမ်းချစ်တဲ့သူငယ်ချင်းတွေကွ
ခန့်မင်းက အန်ကယ်မိုးမြင့် driver ရဲ့သား ခန့်မင်းအဖေဆုံးတော့လည်း ခန့်မင်းကို အန်ကယ်မိုးမြင့် ကပဲ ကျောင်းထားပေးတယ် အစစအရာရာကူညီတယ် ခန့်မင်းကလည်း မင်းကို အမြဲစောက် ရှောက် တယ်ညီအကိုအရင်းလို အမြဲဂရုစိုက်ခဲ့တာပေါ့ ”
“နဒီကျော် ကို ခန့်မင်းက အရင်စတွေ့ပြီး ချစ်ခဲ့ပေမယ့် မင်းကြိုက်နေမှန်း သိလို့ သူနောက်ဆုတ်ပေးခဲ့တာ အကုန်လုံးအသိပဲ နဒီနဲ့ မင်း ချစ်သူတွေ ဖြစ်ပြီး ၂နှစ်ကျော် တဲ့အထိ အရာ ရာ ချောမွေ့နေတယ် နောက် မင်းမွေးနေ့ ပြီးထဲက နဒီက ပုံမှန်မဟုတ်တော့တာပဲ နောက်ပိုင်း ခန့်မင်းနဲ့နဒီခိုးရာလိုက်သွားကြတယ် ဒါနဲ့ မင်းလည်းသူတို့ကို စုံစမ်းပြီး ဒေါသ တကြီးလိုက်သွားရာက ကားမတော်တဆ ဖြစ်တာပဲ မင်းတို့ ၃ယောက်ကြား ဘာတွေထပ်ရှိသေး လဲတော့ ငါတို့မသိဘူး ကွ ဒီလောက်ပဲသိတယ် ”
သုတတစ်ယောက် မျက်လုံးထဲမှ ရုပ်ရှင်ကြည့်နေရ သလို တဖြေး ဖြေး ပြန်မြင်ယောင်လာခဲ့တယ်
သူသိချင်တဲ့အကြောင်းအရာတွေက တကယ်ဆို သူမေ့သင့်တဲ့သူ့အတိတ်အကြောင်းတွေမို့ သူနောင်တ ရချင်သလိုလိုဖြစ်သွားတယ်
သူငယ်ချင်းတွေ အားလုံး တစ်ယောက် ချင်းစီ ပြန်သွားကြတယ် အချိန်ကလည်း တဖြေး ဖြေး မှောင် လာပြီး အချိန်တွေတရွေ့ရွေ့ ကုန် လာတယ် ရုတ်တရတ် မီးများ လင်းလိုက် မှိတ်လိုက် ဖြစ်လာပြီး စူးစူးဝါးဝါး အူလိုက်တဲ့ခွေးများကြောင့် သုတ တစ်ယောက် ကြက်သီးများ ထ သွားတယ် ရုတ်တရတ် ဖုန်းမြည်လာတယ်
“တူ တူ တူ…”
“ဟလို မောင်ညို ဘာဖြစ်လို့လဲ”
“အကိုလေး အခုဘယ်မှာလဲ သူဌေးက လက်ထဲမှာလဲ သွေးတွေစွန်းနေတဲ့ သတိုး သမီး ဂါဝန်ကြီး ကိုင်ပြီး အပေါ်ထပ် တက်သွားတယ်
ဘယ်သူ မေးမေးလဲ မေးလို့မရဘူး
ဘာမှလဲ ပြန်မပြောဘူး စိတ်ပူလို့ ဖုန်းဆက်လိုက်တာ”
“ဟမ် သူဌေး ဟုတ်လားဘယ်သူလဲ ငါ့ အဖေလား”
“ဟုတ်တယ် လေ အကိုလေးအဖေ သူဌေး ဦးမိုးမြင့် လေ ”
“ဟာ မဖြစ်နိူင်တာကွာ အဖေ က အစောနက ထိလူနာခန်း မှာပါ ခုမှ ငါ ရေထွက်ဝယ်တာ ခန လေ………းးးးး”
” တီ တီ……………”
ဖုန်းလိုက်များပျက်သွားပြီး ဆေးရုံတခု လုံး မီးပျက်သွားတယ်
“ဟာ သောက်ရေးထဲ ဖုန်းက ကျသွားတယ်
မီးက လဲ ပျက် သွားသေးတယ် ”
ဖုန်းထဲက မီးဖြင့် ဖခင်ရှိရာ လူနာခန်းတို့ထွက််လာခဲ့တယ် လမ်းတလျှောက်လုံး ထူဆန်းစွာ မည်သူ့ ကိုမျှမတွေ့မိ ……
“ဟင် လူတွေ ဘယ်ရောက် ကုန်ပါလိမ့် ဆေးရုံ က ဘာတွေ ဖြစ်နေတာလဲ ဟ”
“အူ ………………ဝူ ……………အူ … ”
ဆေးရုံအပြင်က ခွေး အူသံ အပြင် သူ့ခြေသံကလွဲရင် ဘာသံမှ မကြားရပေ…
အနောက်မှ ဖြတ်ခနဲ အရိပ်တခု တွေ့လိုက်မိတယ်
“ဘယ်သူလဲ ……လူ ရှိလား ”
“အီးးးးးးး ဟင့် ဟင့် ”
အနောက်မှ ငိုသံ ကိုပြန်ကြားလိုက်ရတယ်
အနောက် ကို ချက်ချင်းဆိုသလို လှည့်ကြည့် လိုက်ပေမယ့် ဘယ်သူမှ ရှိမနေပေ တဖြေးဖြေးနဲ့ချွေးစေး တွေ ထွက်လာပြီး ကြောက်ရွံ နေမိတယ်
“အီးးးးး ဟင့် ဟင့် ………ငါ သတ်မယ်
ငါ နင့်ကို သတ်မယ်…………………”
ရုတ်တရတ် ကြောက်မက်ဖွယ် အသံနှင့်အတူ အဖြူရောင် အရိပ်တခု သူ့ မျက်နှာရှေ့ ရောက်လာတယ်
“အားးးးးးးးးးးးးးးးးးးး”
“အမလေးးးးး လန့်လိုက်တာ အကိုရာ အကို့ ကို ပိုက်ဆံပြန်အမ်းဖို့ခေါ်နေတာမရလိ့ု မတ်တပ်ကြီး အိပ်ငိုက်နေ တာလား လို့ ကြည့် ကြည့်တာပါ ရော့ ……”
“ဟင် အော် အေး အေး”
သူ ဘေးပတ်ဝန်းကျင်မှာသူ မြင်ခဲ့သည့်အတိုင်း မဟုတ်ဘဲ လူများ ပုံမှန်အတိုင်းလှုပ်ရှားသွားလာနေကြတယ်
သုတ လည်းဒယ်ဒီ့ အခန်းကို အမြန်ဝင်သွားကြည့်မိတယ် ကုတင်ပေါ်တွင်
ဒယ်ဒီ လှဲနေသည်ကို မြင်မှ သက်ပြင်းချနိူင်တော့
“တူ တူ တူ…”
“အကိုလေး အခုဘယ်မှာလဲ သူဌေးက လက်ထဲမှာလဲ သွေးတွေစွန်းနေတဲ့ သတိုး သမီး ဂါဝန်ကြီး ကိုင်ပြီး အပေါ်ထပ် တက်သွားတယ်
ဘယ်သူ မေးမေးလဲ မေးလို့မရဘူး
ဘာမှလဲ ပြန်မပြောဘူး စိတ်ပူလို့ ဖုန်းဆက်လိုက်တာ”
ရုတ်တရတ် တူညီတဲ့ စကားသံကြောင့် အရမ်းအံ့သြ သွားမိတယ် သူ့အဖေ ကို ကြည့်တော့လဲ ကုတင်ပေါ်မှာ
“ဟာ မဖြစ်နိူင်တာ မောင်ညိုရာ သေချာကြည့်ပါအုန်း
ငါ့အဖေက အခု ဆေးရုံမှာပါ ”
” ဟင် ……… မဖြစ်နိူင်တာ အကို လေး အိမ်ကို အမြန်လာကြည့်ပါ လား အခု လည်း အိမ်မှာ ဝုန်းဒိုင်းကြဲနေတာပဲ အပေါ်ကို ဘယ်သူမတက်ရဲဘူး”
“ဟုတ်ပါတယ် ဒေါ်ထွေးတို့လည်း ကြောက်လို့ ဘာမှ မလုပ်ရဲဘူး……”
အိမ်အကုအဒေါ်ကြီးကပါ ဝင်ပြောတာကြောင့် သုတ လည်း ဒယ်ဒီ့ ကို ဆရာဝန်တွေထံသေချာအပ်ပြီး အိမ်ပြန်လာခဲ့တယ် …… သုတအိမ်ရောက်တော့ အိမ်အပြင်ဘက်တွင် အိမ်ကဝန်ထမ်းအားလုံးရောက်နေကြတယ်
“ဘလိုဖြစ်လို့ အိမ်ထဲမဝင်ပဲအပြင်မှာရောက်နေကြ တာလဲ …”
“အကိုလေး ကျွန်တော်တို့ ပြန်တော့မယ် ကျွန်တော်တို့ ဒီမှာဆက်မနေရဲတော့ဘူး ဒါ့ကြောင့် ကျွန်တော်တို့ ကို လုပ်အားခလေးတွေရှင်းပေးပါ”
“ဟာ ……ဘာတွေဖြစ်နေလို့လဲ ဒီလိုတော့မလုပ်ကြပါနဲ့ဗျာ”
“အကိုလေးနဲ့ သူဌေးကို တော့အားနာပါတယ် ဒါပေမယ့် ဒီအိမ်ကြီးမှာ မနေရဲလို့ပါ ”
သူတို့မျက်နှာတွေက သွေးမရှိအောင် ဖြူဖွေး နေပြီး
ပုံစံတွေက အထိတ်တလန့်နဲ့မို့ ဘလိုမှ တားလို့ရမှာ မဟုတ်ဘူးဆိုတာသိလိုက်တယ်
“ပိုက်ဆံက အိမ်ထဲဝင်ယူမှ ရမှာ ခနတော့ လိုက်ခဲ့ပါအုန်း”
အခြေ အနေကို နားမလည်နိူင်စွာ သုတ အိမ်ထဲသိ့ုဝင်လိုက်တယ်
အပေါက်ဝ တွင်( ဒီ အိမ်က နေ တစ်ယောက်မှ အသက်ရှင်လျှက်ထွက်ခွင့် မပြုနိူင်ဘူး) ဟူသော
သွေးများဖြင့်ရေးထားသော စာကြောင်းကို မြင်လိုက် ရသောကြောင့် သုတ စိတ်ထဲထောင်းခနဲ ဒေါသ ထွက် သွားတယ်
“ဒါ ဘယ်သူ့လက်ချက်လဲ……”
ဒေါသသံကြောင့် အသံက အကျယ်ကြီးဖြစ်သွားတယ် “ဒါ … ဒါ … သရဲမ သ သရဲ မ နဒီ့ လက်ချက်ပါ”
ဒေါ်ထွေးရဲ့ အသံက အ ထစ် ထစ်နဲ့
“ဘာ နဒီ ဟုတ်လား သရဲ မ ဟုတ်လား
ဘာတွေလည်း ဒေါ်ထွေး”
ထို စဉ်မှာပဲ အပေါ်ထပ်မှ
“ဟားးးးးးး ဟားးးးး ဟား ”
“ခစ် ခစ် ……………”
ဒေါ်ထွေးကို နားမလည်နိူင်သော မျက်လုံးများဖြင့် သုတ ကြည့်မိတယ်
“ဒေါ်ထွေး ကြောက်တယ် သားရယ် အဲ့တာ နဒီကျော်ပဲ”
“ဟားးးး ဟားးး ဟာ …………းးး သတ်မယ် အကုန်လုံးကို သတ်မယ် နင့်အဖေကို လည်း သတ်မယ် ပြီးရင် နင့်ကို သတ်မယ် ဒီအိမ်က လူတွေအကုန်လုံးကို သတ်မယ် ”
“နဒီကျော် သမီး ရယ် တောင်းပန်ပါတယ် နော် ဒေါ်ထွေးတို့ ကို ခွင့်လွှတ်ပေးပါ ”
မောင်ညို က ရုတ်တရတ် ထအော်တယ်
“အားးးး မလာနဲ့ မလာနဲ့ ကြောက် တယ်
အား မထိနဲ့ ငါ့ အသားကို မထိနဲ့နော် ”
အကုန်လုံး မောင်ညိုကို ဝိုင်းကြည့်နေရင်းမှာပဲ
ရုတ်တရတ် မောင်ညိုက မြင်ကွင်းထဲမှ အပြင်သို့ ပြေးထွက်သွားတယ်
“ဟဲ့မောင်ညို … မောင်ညို…”
သုတတို့ ခေါ်သံကို လှည့်ပင်မကြည့်
“ဝှီးးးးးးးးး ဘုန်းးးးးးးးးးးးးးးးး”
ထိုအသံနှင့်အတူ
“လာကြပါအုန်း လာကြပါအုန်း ဒီမှာ လူတစ်ယောက် ကားနဲ့ တိုက် ခံထားရလို့ ”
သုတ တို့ အပြင်ကို အပြေးလိုက်ပေမယ့် မောင်ညို အသက်ကို တော့မမှီလိုက်ပေ ……
အိမ်ထဲမှာ ဟားတိုက်ပြီး ရယ်နေသော မိန်းမတစ်ယောက် အသံကတော့ ပဲ့တင် ထပ်လျက်ရှိနေတယ် ……………
မောင်ညို့ အလောင်းကိုတော့ ဆေးရုံမှာပဲထားလိုက်တယ်…
ဦးမိုးမြင့် ကို တော့ ဆရာဝန်တွေက ဆေးရုံဆင်းခွင့်ပေးလိုက်တာကြောင့် ဦးမိုးမြင့် လည်း အိမ်ကြီးထဲ သို့ ပြန်ရောက်လာခဲ့တယ်
…… အိမ်ကြီးက အရမ်းကို ခြောက်ကပ်နေတယ်
တစ္ဆေတစ်ကောင်ပူးကပ်နေသော အိမ်ကြီး အဖြစ် ခြံထဲဝင်လိုက်သည်နှင့် တစ်ကိုယ်လုံးအေးစက်လာပြီး ကြက်သီးများ ထလာတတ်တယ် …
ဒေါ်ညိုကလည်း မအိပ်ရဲပေ တချိန်လုံးပြူကြောင် ကြောင်နှင် တအိမ်လုံးကို ကြောက်လန့်တကြားကြည့် နေမိတယ် …
သုတ သူအရမ်းသိချင်မိတယ် နဒီဘာဖြစ်သွားတာလဲ
နဒီဘာကြောင့် အငြိုးတွေနဲ့ သူ့ကိုတိုက်ခိုက်ချင်နေတာလဲ သူမမှတ်မိသေးတဲ့အကြောင်းတွေက ဘာတွေများလဲ………
“ဒေါ်ထွေးးးးးးးးး ကျွန်တော် မမှတ်မိသေးတဲ့ အကြောင်းတွေပြောပြပါ”
“သားရယ် ဒေါ်ထွေး ဒီအိမ်ရောက်တာ သားမေမေ ရှိကတည်းကပါ သားကိုလည်းဒေါ်ထွေး တူလို သားလို ချစ်တာပါ ဒါတွေဟာ ဒေါ်ထွေး တို့အမှား တွေပါ ကွယ် နဒီကျော် သေခါနီ တော်တော် နာကြည်းသွားပုံပဲသားရယ်”
“ဒေါ်ထွေး ကျွန်တော့်ကိုချစ်တယ်ဆိုရင် အကြောင်းစုံပြောပြပါဗျာ ”
“သား နဲ့ ခန့်မင်းက အရမ်းချစ်တဲ့သူငယ်ချင်းတွေလေ
ခန့်မင်းက သား အစား အရိုက်ခံတယ် သားအစား အပြစ်တွေ ကို သူပဲဝန်ခံတယ် ဒီလိုနဲ့ တစ်ရက် စတိုးဆိုင်မှာ အလုပ်လုပ်တဲ့ နဒီကျော် ကို တွေ့တယ်
ခန့်မင်းက အရင်သဘောကျ တယ် ဒါပေမယ့် သားက လည်း သူသဘောကျတဲ့ကောင်မလေးကို ပဲ ချစ်နေမှန်းသိတော့ သူက စွန့်လွှတ်ပေးခဲ့တယ်
နဒီကျော်က ချစ်စရာကောင်းတယ် အပြောအဆို သွက်တယ် သားက ချစ်ရေးဆိုတော့ သားတို့နှစ်ယောက် ချစ်သူဖြစ်သွားတယ် သူဌေးကလည်း မကန့်ကွက်ပါဘူး ဒါပေမယ့် ဒေါ်ထွေးတို့ကတော့ သဘောမကျဘူး
ဒီမိန်းကလေးက သားဆီက ပစ္စည်းဥစ္စာကြောင့် လို့ထင်ခဲ့တယ် ဒါ့ကြောင့် လည်းအမျိုးမျိုး နှိမ်ခဲ့တယ်
သားကလည်း တခါတလေ ဘေးလူတွေစကား ကြောင့်အထင်လွဲပြီး သူ့အပေါ်နိူင်ခဲ့တယ် ဒါပေမယ့် သူက သားကို အပြစ်မမြင်ခဲ့ဘူး တစ်နေ့ သား မွေးနေ့မှာ သားသူငယ်ချင်းတွေနဲ့သားက အရက်တွေ သောက်ပြီး အပျော်လွန်ပြီး အရမ်းမူးနေခဲ့တယ် …
သူဌေးလည်း မူးနေခဲ့တယ် …………
အဲ့နေ့ညက …… သူဌေးက နဒီ့ အပေါ် မှားခဲ့တယ် တကယ်ဆို ဒါကို မောင်ညို က အခန်းပြင်က မြင်လိုက် တယ် ဒါပေမယ့် မောင်ညို က နဒီ့ ကိုမကူညီပဲ ရှောင်ထွက်ခဲ့တယ် ………
ဒီအကြောင်းတွေကို မောင်ညိုက ဒေါ်ထွေးကို ပြောပြ ခဲ့ပါတယ် ဒေါ်ထွေးကလည်း မောင်ညိုနဲ့အကြံအတူပဲ မသိချင်ယောင်သာဆောင်ခဲ့တယ် အဲ့ည နောက် ပိုင်းထဲက နဒီက သားကိုပြောပြဖို့ မရဲခဲ့ဘူးလေ ဒီအကြောင်းတွေသား သိရင် သားစိတ်ဆင်းရဲမှာ
စိုးလို့ထင်ပါရဲ့ သားအဖေကလည်း သူ့အမှားမှန်းသိပေမယ့် ပိုက်ဆံရှိတဲ့အရှိန် ဂုဏ် သရေရှိတဲ့ လူကြီးဆိုတော့ သူနမည်ပျက်မှာ စိုးရိမ်တယ် ဒါနဲ့ ပိုက်ဆံနဲ့ဖြေရှင်းဖို့ ကြိုးစား တယ်
နောက်ဆုံး ခန့်မင်းက သိသွားပြီး နဒီကျော်ကို သူ တာဝန် ယူမယ်ဆိုပြီး သားမသိအောင် သူတို့ ထွက်ပြေး သွားကြတယ် သားကတော့ သားအဖေ ပြောတဲ့အတိုင်းနဒီက သားအဖေ ဆီက ပိုက်ဆံတွေရလို့ သားကိုပစ်သွားတယ် ထင်ခဲ့တာ သားရင်ထဲ မှာ သူ့ကို မယုံတဲ့သံသယရှိနေခဲ့တယ် အဲ့ဒီ့သံသယလေး ရှိနေတော့ နဒီ့အချစ်တွေကို မမြင်နိူင်ဘဲ ဒေါ်ထွေးတို့သူဌေးတို့ ပြောစကား ကို
ယုံပြီး နာကြည်းခဲ့တယ် နဒီကျော်က ဘာဖြစ်လို့ဆုံးသွားတာလဲတော့ ဒေါ်ထွေးတို့ မသိရပါဘူးကွယ် ………”
သူ အကုန်လုံးကို သတိရသွားခဲ့တယ်
သူနာကြည်းပြီး မေ့လိုက်ပြီလို့ အကုန်လုံးထင်ပေမယ့် သူက တိတ်တဆိတ် ခန့်မင်းနဲ့နဒီ့ကို ရှာနေခဲ့တယ်
နဒီနဲ့ခန့်မင်း နယ်မြို့မှာ နေတဲ့သတင်းရတာနဲ့ ချက်ချင်း လိုက်သွားခဲ့တယ် …
ခန့်မင်း နဲ့ နဒီ တို့ကို ခွင့်လွှတ်ချင်ယောင်ဆောင်ပြီး ဘုရားကျောင်းမှာမင်္ဂလာဆောင်ဖို့ခွင့်ပြုဟန်ဆောင်ခဲ့တယ်……ဒါပေမယ့် အဲ့နေ့ ညမှာပဲ
သူသတ်ခဲ့တယ် … သူ သတ်ပြီး အလောင်းကိုလည်းအိမ်ထိပြန်သယ်လာပြီး ခြံနောက် မှာ ပဲမြှပ်ခဲ့တယ် အဲ့ဒီ့နောက် သူကျေနပ်စွာ
အရက်တွေသောက်ပြီး ရောက်ချင်တဲ့ နေရာရောက်စိတ်ထင်တိုင်း ကားကို အရမ်းမောင်းရာမှ accendent ဖြစ်သွားခဲ့တယ် …………
သူကိုယ်တိုင်လဲ အမှားတွေကို ပြန်ပြင်ခွင့်မရတော့ ဘူးဆိုတာသိလိုက်မိတယ်
သူကနဒီ့ကို အရမ်းစွဲလန်းခဲ့တယ် ချစ်ခဲ့တယ် ဒါပေမယ့် ပတ်ဝန်းကျင်က စကားတွေနဲ့ သံသယထားပြီး မယုံနိူင်ဘဲ အမြဲအနိုင့်ကျင့်ခဲ့တယ်
အရမ်းချစ်လွန်းလို့ သူ့မျက်လုံးထဲဘာမှမမြင်ခဲ့ ဘူး
သတိုးသမီးဝတ်စုံနဲ့လှနေတဲ့ သူမကို ဘလိုမှ ဒီတိုင်း မထားနိူင်ဘဲ မျက်ရည်တွေကြားက တောင်းပန်နေတဲ့ သူမကို… ရှင်းပြဖို့ ကြိုးစားနေတဲ့ သူမကို…ကားထဲမှာ အသင့်ပါလာတဲ့ ရဲတင်းနဲ့ခုတ် သတ်ခဲ့တယ် ………သတ်ခဲ့ပေမယ့် သူ့အနားက ထွက်မသွားနိူင်အောင်ခြံထဲမှာပဲမြှပ်ခဲ့တယ်
နောက်ပြီး ခန့်မင်း ခန့်မင်းကိုလည်ူးမလုပ်သင့်တာ လုပ်ခဲ့တယ် ………သူဘာလို့ဒီလောက်တောင်ရက် စက်ခဲ့မိတာပါလိမ့်……………
“ဒုန်း ဒုန်း…………”
“ဟင် အပေါ်ထပ်ကအသံ ဒယ်ဒီ……… ဒယ် ဒီ ”
သူအပေါ်ထပ် ကိုပြေးတက်ပြီး အိပ်ခန်းတံခါးကို ဖွင့် ပေမယ့် အထဲမှလော့ချထားခဲ့တယ်
“ဒယ်ဒီ… တံခါးဖွင့်ပါအုန်းးးးး”
သူတံခါးကို ကြိုးစားဖွင့်ပေမယ့် မရပေ ၁၀မိနစ်ခန့်ကြာတော့ တံခါးက သူ့အလိုလိုပွင့်သွား တယ် သုတ အထဲဝင်ကြည့်တော့ အသက်မဲ့နေသော ဒယ်ဒီက မျက်လုံးများပြူးထွက်ပြီး တစ်ယောက်ယောက် ကလည်ပင်းညှစ်ထားသလို သေဆုံးနေတယ်…
သုတ လည်းအရမ်းထိတ်လန့်သွားတယ် ဒီအိမ်ထဲက ချက်ချင်းထွက်ပြေးခဲ့တယ် လှေကားခြေရင်းမှာ
ဒေါ်ထွေး တစ်ယောက် ဦးမိုးမြင့်လိုပဲသေဆုံးနေတာ ကို သုတ ထိတ်လန့်စွာတွေ့လိုက်ရတယ် …
သုတ အရူးတစ်ယောက်လို ခြောက်ခြားစွာထွက်ပြေး
လိုက် မိတယ် ………
ဇာတ်ကြောင်းကို ပြန်ပြောပြနေတဲ့အကိုက ခနရပ်သွားတာကြောင့် စာရေးသူ ကြားဖြတ်ပြီးမေးလိုက်တယ်
“အခုလို စိတ်ရှည်ရှည်နဲ့ကျွန်တော်မေးတာ ပြောပြပေးလို့ကျေးဇူးပဲဗျာ ဒါနဲ့အကို……သုတ ကော သေသွားလားရဲတွေကကော မစစ်ဆေးကြဘူးလား ……”
“စစ်ဆေးပါတယ် အိမ်ထဲကလူတွေဘာကြောင့်သေလဲ ဘယ်သူမှအဖြေရှာလို့မရလို့ နောက်ဆုံးသရဲကြောင့်လို့ပဲ ယူဆ ထားလိုက်ကြတယ် ဒါပေမယ့် အဲ့နောက်ပိုင်းထဲက သုတ ကို ဘယ်သူမှ မတွေ့ ကြတော့ဘူး……”
“အော် ဒါဆို သူဘယ်ရောက် နေလဲ အကိုလည်း
မသိဘူးပေါ့နော်”
“ခြံအနောက်ဘက်မှာ လေ အကိုတို့နဲ့အတူ တူရှိတယ်”
“ဒါဆို အကိုက ………”
“အကိုနမည်က ခန့်မင်းလေ သုတ က ဗိုက်ကို ဓါးနဲ့ထိုး သတ်ပြီးနဒီ့ဘေးမှာပဲမြှပ်ခဲ့တာ ဒါ့ကြောင့် အကိုတို့လည်း
သူ့ကို ခြံအနောက်မှာပဲ အသက်ရှင်လျှက်ပ ဲမြှပ်ခဲ့တာ
သူအခု အကိုတို့နဲ့ အတူတူ ……………”
စာရေးသူလဲစကားတောင်ဆုံးအောင်နား မထောင်ပဲ
တစ်ခြံကျော်က စာရေးသူခြံကိုတန်းပြေးတာပေါ့……
စာရေးသူက တော့ ဒီအိမ်ကြီးက သရဲခြောက်လို့ ဘေးအိမ်တွေ ပါ မနေရဲလို့ပြောင်းပြေး ကြတယ်ဆိုတဲ့ သတင်းကြောင့် ခြံစောင့်ထင်ပြီး သွားမေးမိတာကို တကယ့်သရဲနဲ့မှ တွေ့ခဲ့ရလေတယ်
……
၃ရက်လောက် ဆက်တိုက်ဖျားပြီး သဘောကျလို့ဝယ်ထားတဲ့ခြံကို
“ခြံရောင်းရန် ရှိသည်။” ဆိုသည့်စာကို တခါတည်း ကပ်ပြီး ချက်ချင်းပြောင်းပြေးရတော့သည်………
ပြီး
Crd👉မူရင်းရေးသားသူ