တလွဲမာန(စ/ဆုံး)

Unicode Version

တလွဲမာန(စ/ဆုံး)
———————-
#မျက်ရည်ခိုင်မှ ဖတ်ပါ
” ဟဲ့ နင့်မှာ ဘာစောက်လုပ် ရှိလို့လဲ ပိုက်ဆံတွေ အရမ်းသုံးဖြုန်းနေတာ ”
” ဟာ အမေကလဲ ကျုပ်ဆိုရင် အမြဲအကောင်း မမြင်ဘူး ”
” ဟဲ့ မသာကောင် ငါပြောတာ ဘာမှားလို့လဲ သေနာရဲ့ ”
” အမေ သားကိုပဲ ဆဲနေတာပဲ…တော်ပြီဗျာ မနှိပ်ပေးတော့ဘူး ”
” မနှိပ်ပေးလဲ နေ ကြွ ကြွ…”
ဘူးသီးကြော်ရောင်းတဲ့ အမေက စိတ်တိုတိုဖြင့် ပြောလိုက်သည် ။
နောက်တစ်နေ့မှာ မိုးကလဲ အတော်ချုပ်နေပြီ သားဖြစ်သူ ကလဲ ပြန်မလာသေး………
” ဒီကောင်စုတ်လေး ဘယ်တွေလျှောက် သွားနေလဲ မသိဘူး ”
အမေဖြစ်သူက စိတ်ပူနေတာပေါ့ ။ ကို သံချောင်းက စာလာပို့သည် ။ ကိုသံချောင်းဆိုသည်မှာရွာထဲက ဆိုက်ကားဆရာ ဦးလေးကြီးပါ…
” ဟဲ့ မမြဝင်း နင့်သားက ငါ့ကိုစာပေးသွားတယ် ”
မိခင်ကစာကို ကပြာကရာ ယူပြီး အမလေး ထူးထူးဆန်းဆန်းပါလာတော်။ ပြီးတာနဲ့စာကို ဖတ်လိုက်တယ် စာထဲမှာ ရေးထားတာက > > >
” အမေ သားကိုတစ်နေ့တစ်နေ့ ဆူပဲဆူနေတယ်၊ ဆဲပဲ ဆဲနေတယ် ၊ သားကိုဆယ်တန်းမအောင် လို့ အပြစ်ပဲ မြင်နေတယ်မဟုတ်လား ။ အမေ ပြောသလူမျိုး ဆယ်တန်းအောင် ပညာ တက်ဘွဲ့ ရမှာ ချမ်းသာမှာမဟုတ်ဘူး ဆိုတာ သား အမေ့ကိုသား လက်တွေ့သက်သေပြမယ်သားချမ်းသာ လာတဲ့တစ်နေ့မှ အမေ့စီပြန်ခဲ့မယ် ”
( စာကို ဖတ်ပြီးသွားတော့ )
” သားလေးရယ် မေမေ့ ကိုထားသွားပြီလား ကွယ် မင်းအထင်လွဲနေပြီကွယ် ”
ပြောပြောဆိုဆိုနဲ့ ငုတ်တုပ်ထိုင်ကာ ငိုချလိုက် သည် ။
ဆိုက်ကား ဆရာကိုသံချောင်းက….
” ဟဲ့ မမြဝင်း ဘာဖြစ်တာလဲ ဘာဖြစ်တာလဲဟဲ့။
တရှုံရှုံ တရှိုက်ရှိုက်ငိုယိုနေသော မမြဝင်းက ငိုသံလှိုဏ်ခေါင်း ဝဲဝဲ ကြီးဖြင့် ပြန်ပြောသည်။
” ကိုသံချောင်းရယ်…ကျွန်မသားလေး ကျွန်မကို အထင်လွဲသွားပြီ ။ သူ ကျွန်မ ကိုထားသွားပြီး သူ ငွေသွားရှာပြီ သူအမြင်တွေမှားနေပြီ…”
” အေ ဟုတ်လား ”
” ဟုတ်တယ် ရှင် ”
မမြဝင်းသည် အသက် ၁၅ နှစ်အရွယ် သားဖြစ် သူကို စိတ်ပူနေလေရဲ့ …ဒီလိုနဲ့ပဲ သားဖြစ်သူက
တစ်ရက်လဲ ပြန်မလာ ။
နှစ်ရက်လဲ ပြန်မလာ ။
တစ်နှစ်လဲ ပြန်မလာ ။
နှစ်နှစ်လဲ ပြန်မလာ ။
ဆယ်နှစ်လောက်နေမှ ပြန်လာသည် ။
ဒါတောင် လမ်းမှာ ကိုသံချောင်းကို မှတ်မိလို့ပေါ့။
” အန်ကယ် အန်ကယ်က ဦးသံချောင်းမလား ကျွန်တော့်ကို မမှတ်မိဘူးလား ၊ ကျွန်တော် မောင်ကျောက်ခဲလေ……
အကောင်စား ကားကြီးပေါ်ကနေဆင်းလာတဲ့ မောင်ကျောက်ခဲပါလား ။ အံ့ဩလှပေစွသကား။
” ဟေ မင်းက မောင်ကျောက်ခဲလား ”
” ဟုတ်ကဲ့ ကျွန်တော်မောင်ကျောက်ခဲပါ ဒါက ကျွန်တော့်အမျိုးသမီး စုနှင်း ပါ ”
” တွေ့ ရတာ ဝမ်းသာပါတယ် အန်ကယ် ”
” အေးအေး သမီး ဝမ်းသာပါတယ် ”
ဒါနဲ့ ” အန်ကယ် အမေကော ကျွန်တော့်အမေရောနေ ကောင်းတယ်မလားဗျ။ ”
” မင်း အမေလား ”
” ဟုတ်တယ်လေ ကျွန်တော့် အမေ ဘူးသီးကြော် မမြဝင်းလေ ”
” ဘူးသီးကြော် မမြဝင်းရဲ့ သားတဲ့ဟယ် ” အေ့ဟယ် အတော်လေးကို ပြောင်းလဲသွားတယ် ဆယ်နှစ်ကြာမှ အတော်လေး ချမ်းသာလာတယ် ကားတွေဘာတွေနဲ့တော့်…..
ဒီလိုနဲ့ အမေနေတဲ့ ဓနိမိုးထရံကာ အိမ်ဟောင်း လေးကို ပြန်ရောက်ခဲ့သည် ။ အရမ်းကို လွမ်းမောစရာ အငွေ့ သက်လေးတွေ က တဖျင်းဖျင်း ရိုက်ခက်နေသည် ။ အိမ်ဦးခန်းမှာလဲ အမေ့ရဲ့ ဓာတ်ပုံ ကိုချိတ် ထားသည်…..။အိမ်ပေါ်မှာလဲ ဖုန်အလူးလူးနဲ့ဓနိတွေကလည်းအောက်ကို ဆွေးပြီးတွဲကျနေခဲ့တယ်။
ပြီးတော့သိလိုက်ရတာက အမေသေတာ ၅ နှစ်ကြာခဲ့ပြီတဲ့။
အမေက ကျွန်တော်ထွက်သွားပြီ ၂ နှစ်အကြာမှာ လေဖြတ်တယ်တဲ့။
လေဖြတ်နေတဲ့ အမေ့ရဲ့ ဘေးနားမှာ ဘယ်သူမှ မရှိကြဘူးလေ…
၃ နှစ်လောက် အမေဟာ အိပ်ရာ ထဲမှာ ဆန့်ငင် ဆန့်ငင်နဲ့ ချီးတလူးလူး သေးတလူးလူး ဖြစ်ခဲ့ရ တယ် ။
ဆိုက်ကားဆရာ ဦးသံချောင်းရဲ့ သမီးတွေက လာပြီး ပြုစုပေးတယ်တဲ့ ဒါပေမယ့်လည်း ကိုယ့်သွေးကိုယ့်သားမဟုတ်တော့ ခဏပဲပေါ့။
မေမေ က ကျွန်တော့်ကို စောင့်ရင်း မိုးသည်းတဲ့ညတစ်ညမှာ အအေးမိပြီးလေဖြတ်သွားတာတဲ့ဗျာ။
မျက်ရည်တွေ စီးကျရင်း ဦးသံချောင်းက ပြော နေသည် ။ မောင်ကျောက်ခဲလဲ မျက်ရည်တွေစီးကျရင်း ဘူးသီးကြော်အမေ မမြဝင်းရဲ့ ဓာတ်ပုံကို ကြည့် နေလေရဲ့….။
” မင်း အမေက မင်းကို သိပ်ချစ်ရှာတယ်ကွယ် မင်း အိမ်ကထွက်သွားပြီးတော့ သူ့ခင်ဗျာ မစားနိုင် ၊ မအိပ်နိုင် တမှိုင်မှိုင်တထွေထွေ နဲ့ ။ ဈေးလဲ မရောင်းနိုင် အိမ်ရှေ့ ထရံကာ အဝမှာ မင်း ပြန်လာမဲ့အချိန်ထိ သူစောင့်နေတာမင်းက သူ့ရဲ့ တစ်ဦးတည်းသော သားကိုး။
” ကျွန်တော် မှားသွားပြီ ဦးသံချောင်းရာ ကျွန်တော်အရမ်းမှားသွားပြီဗျာ ။ ကျွန်တော် အမေ့ကို ပြစ်မသွားသင့်ဘူး အဝေးကြီးမှာ ငွေသွားမရှာသင့်ဘူး အမေ့မှာ အားကိုးစရာဆိုလို့ ကျွန်တော် တစ်ယောက်ပဲ ရှိတာ ။ ကျွန်တော်မေ့သွားခဲ့တယ် ကျွန်တော့် ကို အမေက မချစ်ဘူးထင်ခဲ့တာ ။ ကျွန်တော့်ကို အမြဲ ဆဲဆိုနေလို့ ကျွန်တော့်ကို မချစ်ဘူးထင်ခဲ့တာ ဦးလေးရာ ”
” မင်းထင်လို့ပါကွာ…မင်းအမေက လေဖြတ်ပြီး အိပ်ယာထဲမှာ ဘုန်ဘုန်းလှဲနေတာတောင် အိမ်ရှေ့ ကိုပဲ ကြည့်ပြီး သူမျက်ရည်ကျနေ တာ ကွ ။ သူမင်းကိုမျှော်နေတာ ။ နောက်ဆုံး နောက်ဆုံး အသက်ထွက်ခါနီးအချိန်မှာတောင် သူမင်းကို မျှော်နေခဲ့တာပါကွာ….”
ကျောက်ခဲ တစ်ယောက်ဟာ သူ့မှာပါလာတဲ့
ငွေ သိန်း ၅၀၀ ကိုကြည့်လိုက်တယ် ။ကျွန်တော်ရဲ့ တလွဲမာန ကြောင့် အမှားကြီးမှားသွားခဲ့ရပြီ။
အမေ့ကိုကန်တော့ရင်း အမေ တွေ့ လား သားပြောသားပဲ ကျွန်တော် ငွေတွေ ရှာပြီးအမေ့စီ ပြန်လာမှာပါလို့ ပြောတဲ့အခါ ဝမ်းပန်းတသာနဲ့မျှော်နေတဲ့အမေ့မျက်နှာလေးကို တွေ့ရတော့မယ်ဆိုတဲ့စိတ်ကူးလေးဟာ လေနီကြမ်းတွေတိုက်သလိုလွှင့်ပါသွားခဲ့ရတယ်။မျက်ရည်တွေ ယိုစီးလာပြီး ရင်တွေလည်းနာလာရပြီ။
ဦးသံချောင်းက စာတစ်ရွက်တစ်ရွက်ကိုပေးတယ်။
” ရော့ ငါ့တူ ဒါက မင်းအမေ လေဖြတ်ရင်း အိပ်ယာ ထဲမှာ မင်းအတွက်ရေးခဲ့တဲ့ စာ ”
မောင်ကျောက်ခဲလဲ စီးကျနေသော မျက်ရည် တွေကို ကပြာကရာ သုတ်ပြီး ဖြည့်ဖတ်လိုက် သည် ။
ပညာမဲ့ တစ်ယောက်ရဲ့ လက်ရေးမို့ စားလုံးပေါင်း သတ်ပုံမသေသပ်ပါ ။ ညစ်တီးညစ်ပတ် စုတ်တီး စုတ်ပြက် ဖြစ်နေသော အမေရေးခဲ့တဲ့စာ က ဘာလဲဆိုရင်…..
” သားရယ် မင်းပြန်မလာသေးဘူးလားကွယ် မင်းကို အသုံးဖြုန်းကြီးတဲ့ကောင်လို့ ပြောတာ စိတ်မဆိုးပါနဲ့ကွယ်… မင်း လူဘဝမှာငွေမသုံးတက်မှာစိုးလို့ပါ ။ ငွေရဲ့ တန်ဖိုးနားမလည်မှာ စိုးလို့ပါ ။ အမေက မင်းကိုသုံးစေချင်တာပေါ့ကွယ် ။ အမေ့သားလေးပဲ ၊ အမေရှာတာ မင်းအတွက်ပဲ လေ ။ မင်းဒါတွေ နားမလည်ပါဘူး တနေ့မင်း မိဘ နေရာရောက်ရင် နားလည်လာလိမ့်မယ် ။
မင်းကို ဆဲတာကလဲ မင်းအပြစ်မြင်ချင်မြင်မယ် မင်းအမေ ငါက ပညာမဲ့တစ်ယောက်လေ ၊
မဆိုမဆုံးမတက်ဘူးကွယ် ၊ မင်းကိုကောင်းစေ ချင်တာပါကွယ်..။ အမေ မင်းကို လူတော် တစ်ယောက်ဖြစ်စေချင်တယ် ငါ့သား ။
မင်း ပညာတက် ဘွဲ့ ရအောင် အမေကိုယ်တိုင် ဘူးသီးကြော်ရောင်းပြီး ကျောင်းထားပေးမယ် ငါ့သား..။ မင်းမသိပါဘူး ငါ့သားရယ်………
အမေ မင်းနောက်ကွယ်မှာ ငပိရည်နဲ့ ဘူးသီး ကြော် ကိုက်နေရတဲ့အကြောင်းတွေ ။
မင်းအတွက် ဖယ်ဖယ် ထားပြီး ကျောင်းစရိတ်
စုထားတာတွေ ။
အမေတောင် အဝတ်စားသစ်မဝတ်ပဲ
မင်း ဆယ်တန်းအောင်ရင် ကျောင်းဆက်တက်
ဖို့ မင်းအတွက် အဝတ်စားသစ်တွေ အမေ
ချုပ်ထားခဲ့တယ် ။
မင်းဆယ်တန်းအောင်မယ်လို့ အမေထင်ခဲ့တာ ဆယ်တန်းမအောင်တော့ စိတ်တိုမိတာပေါ့ ။ မင်းမို့လို့ကွယ် အမေ့ကို ထားခဲ့ရက်တယ် ။
အမေ့မှာလေ မင်းကိုမျှော်နေရတာ သိလား ။ အမေမင်းကြောင့် အအေးမိပြီးလေဖြတ်သွားခဲ့ ပြီ ။အမေ့မှာ သားဆိုလို့ မင်းပဲ ရှိတာလေ ။ မင်းချမ်းသာသည်ဖြစ်စေ ၊ ဆင်းရဲသည်ဖြစ်စေ အမေ ဂရုမစိုက်ဘူး…. အမေလိုချင်တာ အမေ့ကို သိတက်မှု့ ကြင်နာမှု့ ၊ အမေ့ကိုချစ်ပါတယ်ဆိုပြီး ထွေးပွေ့ ထားမှု့ တွေပါကွယ်……..ဆိုတဲ့ စာလေးပဲဖတ်နိုင်တော့တယ် ။ အောက်ကစာတွေ ထပ်မဖတ်နိုင်တော့ဘူး ။ မောင်ကျောက်ခဲဟာ ရှိုက်ကြီးတငင်ငင်ငိုပြီး…
” မေမေရယ် သားမိုက်ကို ခွင့်မလွှတ်ပါနဲ့ ”
ကျွန်တော်မှားသွားပြီဟုဆိုကာ ပါလာသော ငွေ သိန်း၅၀ဝကို ဆွဲယူပြီး လွှင့်ပြစ် လိုက်တယ် ။
” ဒီဘာမဟုတ်တဲ့ ငွေလေးနဲ့ အမေ့ကိုပြစ်ထားခဲ့ တယ် ဟောဒီစောက်အသိညဏ် မရှိတဲ့ငါ ။ စောက်သုံးမကျတဲ့ငါ ဆိုပြီးကိုယ့် ခေါင်းကိုပြန် ရိုက် နေခဲ့တယ် ။
” တော်ပါတော့ မောင်ရယ် ”
အမေ သနားပါတယ် ။ အမေလေဖြတ်နေတာ တောင် အနားမှာရှိမနေပေးခဲ့ဘူး တကယ်ဆို ဒီ ငွေတွေက အမေနဲ့ယှဉ်လိုက်ရင် ဘာမှမဟုတ် ဘူး တကယ်တမ်းအရေးပါတာ အမေ ။ ပြောရင်းဆိုရင်းနဲ့ မောင်ကျောက်ခဲဟာ…
‘အမေ လို့ အကျယ်ကြီးအော်ခေါ်ပြီး ငိုနေလေရဲ့။
မိဘ ရှိစဉ် လမ်းခရီး ချောမွေ့ သည် မိဘ မရှိတော့ ဖိနပ်မပါပဲ ဆူးခင်းလမ်းကို လျှောက်နေရသလိုပါပဲ ဗျာ…..
အမေ….အမေ..။
လောကမှာ မိဘမရှိတဲ့သားသမီးတွေ အများကြီးဖြစ်လို့ ကိုယ့်ကုသိုလ်ကံကြောင့် မိနှစ်ပါးစလုံးရှိနေသေးရင် စားနိုင်တုန်းကျွေးကျပါ။ဂရုစိုက်ပေးကြပါ။

Zawgyi Version

တလြဲမာန(စ/ဆံုး)
———————-
#မ်က္ရည္ခိုင္မွ ဖတ္ပါ
” ဟဲ့ နင့္မွာ ဘာေစာက္လုပ္ ရွိလို႔လဲ ပိုက္ဆံေတြ အရမ္းသုံးျဖဳန္းေနတာ ”
” ဟာ အေမကလဲ က်ဳပ္ဆိုရင္ အၿမဲအေကာင္း မျမင္ဘူး ”
” ဟဲ့ မသာေကာင္ ငါေျပာတာ ဘာမွားလို႔လဲ ေသနာရဲ႕ ”
” အေမ သားကိုပဲ ဆဲေနတာပဲ…ေတာ္ၿပီဗ်ာ မႏွိပ္ေပးေတာ့ဘူး ”
” မႏွိပ္ေပးလဲ ေန ႂကြ ႂကြ…”
ဘူးသီးေၾကာ္ေရာင္းတဲ့ အေမက စိတ္တိုတိုျဖင့္ ေျပာလိုက္သည္ ။
ေနာက္တစ္ေန႔မွာ မိုးကလဲ အေတာ္ခ်ဳပ္ေနၿပီ သားျဖစ္သူ ကလဲ ျပန္မလာေသး………
” ဒီေကာင္စုတ္ေလး ဘယ္ေတြေလွ်ာက္ သြားေနလဲ မသိဘူး ”
အေမျဖစ္သူက စိတ္ပူေနတာေပါ့ ။ ကို သံေခ်ာင္းက စာလာပို႔သည္ ။ ကိုသံေခ်ာင္းဆိုသည္မွာ႐ြာထဲက ဆိုက္ကားဆရာ ဦးေလးႀကီးပါ…
” ဟဲ့ မျမဝင္း နင့္သားက ငါ့ကိုစာေပးသြားတယ္ ”
မိခင္ကစာကို ကျပာကရာ ယူၿပီး အမေလး ထူးထူးဆန္းဆန္းပါလာေတာ္။ ၿပီးတာနဲ႔စာကို ဖတ္လိုက္တယ္ စာထဲမွာ ေရးထားတာက > > >
” အေမ သားကိုတစ္ေန႔တစ္ေန႔ ဆူပဲဆူေနတယ္၊ ဆဲပဲ ဆဲေနတယ္ ၊ သားကိုဆယ္တန္းမေအာင္ လို႔ အျပစ္ပဲ ျမင္ေနတယ္မဟုတ္လား ။ အေမ ေျပာသလူမ်ိဳး ဆယ္တန္းေအာင္ ပညာ တက္ဘြဲ႕ ရမွာ ခ်မ္းသာမွာမဟုတ္ဘူး ဆိုတာ သား အေမ့ကိုသား လက္ေတြ႕သက္ေသျပမယ္သားခ်မ္းသာ လာတဲ့တစ္ေန႔မွ အေမ့စီျပန္ခဲ့မယ္ ”
( စာကို ဖတ္ၿပီးသြားေတာ့ )
” သားေလးရယ္ ေမေမ့ ကိုထားသြားၿပီလား ကြယ္ မင္းအထင္လြဲေနၿပီကြယ္ ”
ေျပာေျပာဆိုဆိုနဲ႔ ငုတ္တုပ္ထိုင္ကာ ငိုခ်လိုက္ သည္ ။
ဆိုက္ကား ဆရာကိုသံေခ်ာင္းက….
” ဟဲ့ မျမဝင္း ဘာျဖစ္တာလဲ ဘာျဖစ္တာလဲဟဲ့။
တရႈံရႈံ တရႈိက္ရႈိက္ငိုယိုေနေသာ မျမဝင္းက ငိုသံလႈိဏ္ေခါင္း ဝဲဝဲ ႀကီးျဖင့္ ျပန္ေျပာသည္။
” ကိုသံေခ်ာင္းရယ္…ကြၽန္မသားေလး ကြၽန္မကို အထင္လြဲသြားၿပီ ။ သူ ကြၽန္မ ကိုထားသြားၿပီး သူ ေငြသြားရွာၿပီ သူအျမင္ေတြမွားေနၿပီ…”
” ေအ ဟုတ္လား ”
” ဟုတ္တယ္ ရွင္ ”
မျမဝင္းသည္ အသက္ ၁၅ ႏွစ္အ႐ြယ္ သားျဖစ္ သူကို စိတ္ပူေနေလရဲ႕ …ဒီလိုနဲ႔ပဲ သားျဖစ္သူက
တစ္ရက္လဲ ျပန္မလာ ။
ႏွစ္ရက္လဲ ျပန္မလာ ။
တစ္ႏွစ္လဲ ျပန္မလာ ။
ႏွစ္ႏွစ္လဲ ျပန္မလာ ။
ဆယ္ႏွစ္ေလာက္ေနမွ ျပန္လာသည္ ။
ဒါေတာင္ လမ္းမွာ ကိုသံေခ်ာင္းကို မွတ္မိလို႔ေပါ့။
” အန္ကယ္ အန္ကယ္က ဦးသံေခ်ာင္းမလား ကြၽန္ေတာ့္ကို မမွတ္မိဘူးလား ၊ ကြၽန္ေတာ္ ေမာင္ေက်ာက္ခဲေလ……
အေကာင္စား ကားႀကီးေပၚကေနဆင္းလာတဲ့ ေမာင္ေက်ာက္ခဲပါလား ။ အံ့ဩလွေပစြသကား။
” ေဟ မင္းက ေမာင္ေက်ာက္ခဲလား ”
” ဟုတ္ကဲ့ ကြၽန္ေတာ္ေမာင္ေက်ာက္ခဲပါ ဒါက ကြၽန္ေတာ့္အမ်ိဳးသမီး စုႏွင္း ပါ ”
” ေတြ႕ ရတာ ဝမ္းသာပါတယ္ အန္ကယ္ ”
” ေအးေအး သမီး ဝမ္းသာပါတယ္ ”
ဒါနဲ႔ ” အန္ကယ္ အေမေကာ ကြၽန္ေတာ့္အေမေရာေန ေကာင္းတယ္မလားဗ်။ ”
” မင္း အေမလား ”
” ဟုတ္တယ္ေလ ကြၽန္ေတာ့္ အေမ ဘူးသီးေၾကာ္ မျမဝင္းေလ ”
” ဘူးသီးေၾကာ္ မျမဝင္းရဲ႕ သားတဲ့ဟယ္ ” ေအ့ဟယ္ အေတာ္ေလးကို ေျပာင္းလဲသြားတယ္ ဆယ္ႏွစ္ၾကာမွ အေတာ္ေလး ခ်မ္းသာလာတယ္ ကားေတြဘာေတြနဲ႔ေတာ့္…..
ဒီလိုနဲ႔ အေမေနတဲ့ ဓနိမိုးထရံကာ အိမ္ေဟာင္း ေလးကို ျပန္ေရာက္ခဲ့သည္ ။ အရမ္းကို လြမ္းေမာစရာ အေငြ႕ သက္ေလးေတြ က တဖ်င္းဖ်င္း ႐ိုက္ခက္ေနသည္ ။ အိမ္ဦးခန္းမွာလဲ အေမ့ရဲ႕ ဓာတ္ပုံ ကိုခ်ိတ္ ထားသည္…..။အိမ္ေပၚမွာလဲ ဖုန္အလူးလူးနဲ႔ဓနိေတြကလည္းေအာက္ကို ေဆြးၿပီးတြဲက်ေနခဲ့တယ္။
ၿပီးေတာ့သိလိုက္ရတာက အေမေသတာ ၅ ႏွစ္ၾကာခဲ့ၿပီတဲ့။
အေမက ကြၽန္ေတာ္ထြက္သြားၿပီ ၂ ႏွစ္အၾကာမွာ ေလျဖတ္တယ္တဲ့။
ေလျဖတ္ေနတဲ့ အေမ့ရဲ႕ ေဘးနားမွာ ဘယ္သူမွ မရွိၾကဘူးေလ…
၃ ႏွစ္ေလာက္ အေမဟာ အိပ္ရာ ထဲမွာ ဆန႔္ငင္ ဆန႔္ငင္နဲ႔ ခ်ီးတလူးလူး ေသးတလူးလူး ျဖစ္ခဲ့ရ တယ္ ။
ဆိုက္ကားဆရာ ဦးသံေခ်ာင္းရဲ႕ သမီးေတြက လာၿပီး ျပဳစုေပးတယ္တဲ့ ဒါေပမယ့္လည္း ကိုယ့္ေသြးကိုယ့္သားမဟုတ္ေတာ့ ခဏပဲေပါ့။
ေမေမ က ကြၽန္ေတာ့္ကို ေစာင့္ရင္း မိုးသည္းတဲ့ညတစ္ညမွာ အေအးမိၿပီးေလျဖတ္သြားတာတဲ့ဗ်ာ။
မ်က္ရည္ေတြ စီးက်ရင္း ဦးသံေခ်ာင္းက ေျပာ ေနသည္ ။ ေမာင္ေက်ာက္ခဲလဲ မ်က္ရည္ေတြစီးက်ရင္း ဘူးသီးေၾကာ္အေမ မျမဝင္းရဲ႕ ဓာတ္ပုံကို ၾကည့္ ေနေလရဲ႕….။
” မင္း အေမက မင္းကို သိပ္ခ်စ္ရွာတယ္ကြယ္ မင္း အိမ္ကထြက္သြားၿပီးေတာ့ သူ႔ခင္ဗ်ာ မစားႏိုင္ ၊ မအိပ္ႏိုင္ တမႈိင္မႈိင္တေထြေထြ နဲ႔ ။ ေဈးလဲ မေရာင္းႏိုင္ အိမ္ေရွ႕ ထရံကာ အဝမွာ မင္း ျပန္လာမဲ့အခ်ိန္ထိ သူေစာင့္ေနတာမင္းက သူ႔ရဲ႕ တစ္ဦးတည္းေသာ သားကိုး။
” ကြၽန္ေတာ္ မွားသြားၿပီ ဦးသံေခ်ာင္းရာ ကြၽန္ေတာ္အရမ္းမွားသြားၿပီဗ်ာ ။ ကြၽန္ေတာ္ အေမ့ကို ျပစ္မသြားသင့္ဘူး အေဝးႀကီးမွာ ေငြသြားမရွာသင့္ဘူး အေမ့မွာ အားကိုးစရာဆိုလို႔ ကြၽန္ေတာ္ တစ္ေယာက္ပဲ ရွိတာ ။ ကြၽန္ေတာ္ေမ့သြားခဲ့တယ္ ကြၽန္ေတာ့္ ကို အေမက မခ်စ္ဘူးထင္ခဲ့တာ ။ ကြၽန္ေတာ့္ကို အၿမဲ ဆဲဆိုေနလို႔ ကြၽန္ေတာ့္ကို မခ်စ္ဘူးထင္ခဲ့တာ ဦးေလးရာ ”
” မင္းထင္လို႔ပါကြာ…မင္းအေမက ေလျဖတ္ၿပီး အိပ္ယာထဲမွာ ဘုန္ဘုန္းလွဲေနတာေတာင္ အိမ္ေရွ႕ ကိုပဲ ၾကည့္ၿပီး သူမ်က္ရည္က်ေန တာ ကြ ။ သူမင္းကိုေမွ်ာ္ေနတာ ။ ေနာက္ဆုံး ေနာက္ဆုံး အသက္ထြက္ခါနီးအခ်ိန္မွာေတာင္ သူမင္းကို ေမွ်ာ္ေနခဲ့တာပါကြာ….”
ေက်ာက္ခဲ တစ္ေယာက္ဟာ သူ႔မွာပါလာတဲ့
ေငြ သိန္း ၅၀၀ ကိုၾကည့္လိုက္တယ္ ။ကြၽန္ေတာ္ရဲ႕ တလြဲမာန ေၾကာင့္ အမွားႀကီးမွားသြားခဲ့ရၿပီ။
အေမ့ကိုကန္ေတာ့ရင္း အေမ ေတြ႕ လား သားေျပာသားပဲ ကြၽန္ေတာ္ ေငြေတြ ရွာၿပီးအေမ့စီ ျပန္လာမွာပါလို႔ ေျပာတဲ့အခါ ဝမ္းပန္းတသာနဲ႔ေမွ်ာ္ေနတဲ့အေမ့မ်က္ႏွာေလးကို ေတြ႕ရေတာ့မယ္ဆိုတဲ့စိတ္ကူးေလးဟာ ေလနီၾကမ္းေတြတိုက္သလိုလႊင့္ပါသြားခဲ့ရတယ္။မ်က္ရည္ေတြ ယိုစီးလာၿပီး ရင္ေတြလည္းနာလာရၿပီ။
ဦးသံေခ်ာင္းက စာတစ္႐ြက္တစ္႐ြက္ကိုေပးတယ္။
” ေရာ့ ငါ့တူ ဒါက မင္းအေမ ေလျဖတ္ရင္း အိပ္ယာ ထဲမွာ မင္းအတြက္ေရးခဲ့တဲ့ စာ ”
ေမာင္ေက်ာက္ခဲလဲ စီးက်ေနေသာ မ်က္ရည္ ေတြကို ကျပာကရာ သုတ္ၿပီး ျဖည့္ဖတ္လိုက္ သည္ ။
ပညာမဲ့ တစ္ေယာက္ရဲ႕ လက္ေရးမို႔ စားလုံးေပါင္း သတ္ပုံမေသသပ္ပါ ။ ညစ္တီးညစ္ပတ္ စုတ္တီး စုတ္ျပက္ ျဖစ္ေနေသာ အေမေရးခဲ့တဲ့စာ က ဘာလဲဆိုရင္…..
” သားရယ္ မင္းျပန္မလာေသးဘူးလားကြယ္ မင္းကို အသုံးျဖဳန္းႀကီးတဲ့ေကာင္လို႔ ေျပာတာ စိတ္မဆိုးပါနဲ႔ကြယ္… မင္း လူဘဝမွာေငြမသုံးတက္မွာစိုးလို႔ပါ ။ ေငြရဲ႕ တန္ဖိုးနားမလည္မွာ စိုးလို႔ပါ ။ အေမက မင္းကိုသုံးေစခ်င္တာေပါ့ကြယ္ ။ အေမ့သားေလးပဲ ၊ အေမရွာတာ မင္းအတြက္ပဲ ေလ ။ မင္းဒါေတြ နားမလည္ပါဘူး တေန႔မင္း မိဘ ေနရာေရာက္ရင္ နားလည္လာလိမ့္မယ္ ။
မင္းကို ဆဲတာကလဲ မင္းအျပစ္ျမင္ခ်င္ျမင္မယ္ မင္းအေမ ငါက ပညာမဲ့တစ္ေယာက္ေလ ၊
မဆိုမဆုံးမတက္ဘူးကြယ္ ၊ မင္းကိုေကာင္းေစ ခ်င္တာပါကြယ္..။ အေမ မင္းကို လူေတာ္ တစ္ေယာက္ျဖစ္ေစခ်င္တယ္ ငါ့သား ။
မင္း ပညာတက္ ဘြဲ႕ ရေအာင္ အေမကိုယ္တိုင္ ဘူးသီးေၾကာ္ေရာင္းၿပီး ေက်ာင္းထားေပးမယ္ ငါ့သား..။ မင္းမသိပါဘူး ငါ့သားရယ္………
အေမ မင္းေနာက္ကြယ္မွာ ငပိရည္နဲ႔ ဘူးသီး ေၾကာ္ ကိုက္ေနရတဲ့အေၾကာင္းေတြ ။
မင္းအတြက္ ဖယ္ဖယ္ ထားၿပီး ေက်ာင္းစရိတ္
စုထားတာေတြ ။
အေမေတာင္ အဝတ္စားသစ္မဝတ္ပဲ
မင္း ဆယ္တန္းေအာင္ရင္ ေက်ာင္းဆက္တက္
ဖို႔ မင္းအတြက္ အဝတ္စားသစ္ေတြ အေမ
ခ်ဳပ္ထားခဲ့တယ္ ။
မင္းဆယ္တန္းေအာင္မယ္လို႔ အေမထင္ခဲ့တာ ဆယ္တန္းမေအာင္ေတာ့ စိတ္တိုမိတာေပါ့ ။ မင္းမို႔လို႔ကြယ္ အေမ့ကို ထားခဲ့ရက္တယ္ ။
အေမ့မွာေလ မင္းကိုေမွ်ာ္ေနရတာ သိလား ။ အေမမင္းေၾကာင့္ အေအးမိၿပီးေလျဖတ္သြားခဲ့ ၿပီ ။အေမ့မွာ သားဆိုလို႔ မင္းပဲ ရွိတာေလ ။ မင္းခ်မ္းသာသည္ျဖစ္ေစ ၊ ဆင္းရဲသည္ျဖစ္ေစ အေမ ဂ႐ုမစိုက္ဘူး…. အေမလိုခ်င္တာ အေမ့ကို သိတက္မႈ႕ ၾကင္နာမႈ႕ ၊ အေမ့ကိုခ်စ္ပါတယ္ဆိုၿပီး ေထြးေပြ႕ ထားမႈ႕ ေတြပါကြယ္……..ဆိုတဲ့ စာေလးပဲဖတ္ႏိုင္ေတာ့တယ္ ။ ေအာက္ကစာေတြ ထပ္မဖတ္ႏိုင္ေတာ့ဘူး ။ ေမာင္ေက်ာက္ခဲဟာ ရႈိက္ႀကီးတငင္ငင္ငိုၿပီး…
” ေမေမရယ္ သားမိုက္ကို ခြင့္မလႊတ္ပါနဲ႔ ”
ကြၽန္ေတာ္မွားသြားၿပီဟုဆိုကာ ပါလာေသာ ေငြ သိန္း၅၀ဝကို ဆြဲယူၿပီး လႊင့္ျပစ္ လိုက္တယ္ ။
” ဒီဘာမဟုတ္တဲ့ ေငြေလးနဲ႔ အေမ့ကိုျပစ္ထားခဲ့ တယ္ ေဟာဒီေစာက္အသိညဏ္ မရွိတဲ့ငါ ။ ေစာက္သုံးမက်တဲ့ငါ ဆိုၿပီးကိုယ့္ ေခါင္းကိုျပန္ ႐ိုက္ ေနခဲ့တယ္ ။
” ေတာ္ပါေတာ့ ေမာင္ရယ္ ”
အေမ သနားပါတယ္ ။ အေမေလျဖတ္ေနတာ ေတာင္ အနားမွာရွိမေနေပးခဲ့ဘူး တကယ္ဆို ဒီ ေငြေတြက အေမနဲ႔ယွဥ္လိုက္ရင္ ဘာမွမဟုတ္ ဘူး တကယ္တမ္းအေရးပါတာ အေမ ။ ေျပာရင္းဆိုရင္းနဲ႔ ေမာင္ေက်ာက္ခဲဟာ…
‘အေမ လို႔ အက်ယ္ႀကီးေအာ္ေခၚၿပီး ငိုေနေလရဲ႕။
မိဘ ရွိစဥ္ လမ္းခရီး ေခ်ာေမြ႕ သည္ မိဘ မရွိေတာ့ ဖိနပ္မပါပဲ ဆူးခင္းလမ္းကို ေလွ်ာက္ေနရသလိုပါပဲ ဗ်ာ…..
အေမ….အေမ..။
ေလာကမွာ မိဘမရွိတဲ့သားသမီးေတြ အမ်ားႀကီးျဖစ္လို႔ ကိုယ့္ကုသိုလ္ကံေၾကာင့္ မိႏွစ္ပါးစလုံးရွိေနေသးရင္ စားႏိုင္တုန္းေကြၽးက်ပါ။ဂ႐ုစိုက္ေပးၾကပါ။