တေဇနှင့်ဖဲသမားနောင်တ(စ/ဆုံး)

Unicode Version

တေဇနှင့်ဖဲသမားနောင်တ(စ/ဆုံး)
—————————————-
” ဟေ့ကောင် ခင်မောင် မြန်မြန်လျှောက်ပါဟ ဟိုမှာ ဝိုင်းကစနေပြီလားမသိဘူး ”
” အေးပါဟ ငါလည်းလျှောက်နေတာပဲလေ မင်းက ဘာလို့ ဒီလောက်ထိ လောနေရတာလဲ မင်းဇော်ရ ”
” လောဆို ဒီနေ့မြို့က စပါးပွဲစားတွေ ရောက်နေကြတယ်လေ ပြီးတော့ ဟိုကောင်တွေ စပါး ရောင်းထားတော့ ငွေသီးနေမှာပဲ ”
” အေး ဒါလည်း ဟုတ်တာပဲ တို့ရွာမှာ ဒီလိုဝိုင်းမျိုးဖြစ်ဖို့က ရှားတယ်ဟ ”
” အေး အဲ့ကြောင့်ပြောတာ လာမြန်မြန် ”
မင်းဇော်နှင့်ခင်မောင်လည်း ကြိတ်ဝိုင်းရှိရာ ရွာပြင်ရှိ ဂိုထောင်ပျက်ဆီသို့ သုတ်ခြေသင်ခဲ့ကြလေသည်။
” ဟ မင်းဇော်နဲ့ခင်မောင် လာကြမြန်မြန် မင်းတို့ကိုစောင့်နေကြတာ ကဲကဲ ဝိုင်းစရအောင် ”
အဲ့လိုပြောပြီး စပါးပွဲစားနှစ်ယောက်နှင့် မင်းဇော်အပါအဝင် ရွာသားလေးယောက်နှင့် စုစုပေါင်းခြောက်ယောက်နှင့် ဖဲဝိုင်းကို စလိုက်ကြလေသည်။ အကောက်ကြေးပေးရပြီး အရက် အမြည်း ဆေးလိပ် ကွမ်း စသည့်အရာများအပြင် ထမင်းပါရနိုင်အောင် စီစဉ်ထားကြလေသည်။ လူကြီးတွေ လာဖမ်းရင် ပြေးဖို့ ကင်းပုန်းစောင့်သူနှင့် ဖဲဝိုင်းမှာ ရင်ခုန်စရာပင်။
” ကဲ ငါးလှည့်တစ်ဒိုင်နော် ကင်းစောင့်တဲ့သူတွေက ပထမဆုံးလူထွက်တာနဲ့ဝင်လို့ရမယ် လောလောဆယ် ကင်းသေချာစောင့်ကြ မလိမ်နဲ့ မခိုးနဲ့မဝှက်နဲ့ အေး မိလို့ကတော့ ငါ့ဓားက မင်းတို့ဗိုက်ထဲက အူတွေကို ဖောက်ထုတ်ပေးလိမ့်မယ် ကြားကြလား ”
ဖဲဝိုင်းစီစဉ်သူ ကိုငှက်ကြီးက ဓားကို ကိုင်ကာ အားလုံးကိုသတိပေးလိုက်လေသည်။ ကိုငှက်ကြီးဆိုတာ ငယ်ငယ်ကတည်းက အလောင်းကစားသမား ထစ်ခနဲဆို လက်ပါလွန်းလို့ ဆယ့်ငါးနှစ်သားအရွယ်မှာတင် နှစ်လောင်းပြိုင်လူသတ်ပြီး ထောင်နန်းစံခဲ့သူ။ ထောင်မှ လွတ်ငြိမ်းနှင့်ပြန်ထွက်လာပြီး မကြာခင် လူမိုက် ငါးယောက်နှင့်ရန်ဖြစ်ရာ ငှက်ကြီးတောင် ဓားဖြင့်ပိုင်းခုတ်ပြီး လူငါးယောက်သတ်မှုဖြင့် ထောင်ထဲပြန်ဝင်သွားသူ။ ဒါကြောင့် သူ့ကို ငှက်ကြီးလို့ခေါ်ကြပြီး အတော်ရှိန်ကြလေသည်။
” ကဲဝိုင်းစမယ် ဒိုင်ရွေးမယ် ”
ဟုဆိုကာ ဖဲချပ်တစ်ချပ်စီ ကိုင်ပြီးကြည့်လိုက်ရာ စပါးပွဲစား ငဦးဆိုသူက ဒိုင်အဖြစ် စဆော့ရလေသည်။ ပွဲစစချင်းပင်
” ကဲ ဒိုင်ဒိုပြီဟေ့ ”
” ဟာကွာ ကြည့်တောင်မကြည့်ရသေးဘူး ကဲကဲ စားဗျာ စားစား ”
ငဦးက ပိုက်ဆံများကို သိမ်းပြီး နောက်တစ်ပွဲအတွက် ဖဲမွှေကာ ဝေပေးလိုက်လေသည်။ မင်းဇော်က
” ဒိုပြီကွ ရှစ်ပေါက်နဲ့ဒိုတာ ဟောဒါ ထောင့်လေး ဒါက ညှင်းလေး ဟဲဟဲဟဲ ”
” ဒိုရင်ခဏနေဦး ဒိုင်ဖဲမကြည့်ရသေးဘူးနော် ကျန်တဲ့သူတွေကြည့်က ဒိုရင်ပြောမယ် လိုရင်ဆွဲမယ် ”
ကျန်တဲ့သူများလည်း ဖဲနောက်တစ်ချက်ဆီ ဆွဲကြပြီး ဇိမ်ခံပြီး ပွတ်ကြလေသည်။
” ကဲ အားလုံး ဆွဲပြီးပြီ ဒိုင်အလှည့် ”
စပါးပွဲစား ငဦးလည်း ဖဲချပ်နှစ်ချပ်ကို ကောက်ကိုင်ပြီး ဇိမ်နဲ့ပွတ်နေရင်း
” ပျောက်စမ်း ပျောက်စမ်း ပျောက်စမ်းကွာ ဒိုပြီ စပိတ်ခြောက်နဲ့စပိတ်နှစ် ဆတွေထည့်ကြ ဆတွေထည့်ကြ ”
မင်းဇော်လည်း နိုင်ပြီဟု ထင်ပြီး ပြုံးပြုံးစိစိဖြစ်နေရာမှ ဒိုင်ဖြစ်သူအား
” ဟေ့လူ ခင်ဗျားဟာက ဟုတ်ရော ဟုတ်ရဲ့လား ခင်ဗျားပဲဒိုနေတာ ”
” ဒါက ကံတရားလေ မင်းမယုံရင် ငါ့ဖဲချပ်ကို မင်းကိုယ်တိုင်လှန်လိုက် ကဲ နောက်တစ်ဝိုင်းစမယ် ဝမ်တိန်ခေါ်ပြီနော် သုံးလှည့်ပဲ ကျန်တယ် ”
ဟုဆိုကာ ဖဲချပ်များကို မွှေနောက်ပြီး ထပ်ဝေပြန်သည်။ မင်းဇော်က
” ဒီခါ ခင်ဗျား မဒိုမှ ဆွဲမယ် ခင်ဗျားအရင်ကြည့် ”
စပါးပွဲစားလည်း ဖဲချပ်နှစ်ချပ်ကို ကောက်ကြည့်လိုက်ပြီး
” မဒိုဘူးဟေ့ ဆွဲကြ ဆွဲကြ ”
မင်းဇော်လည်း ဖဲချပ်နှစ်ချပ်ကို ဇိမ်နဲ့ပွတ်ကြည့်လိုက်ပြီးနောက် ခုနှစ်ပေါက်ရှိသဖြင့် မဆွဲတော့ပဲ ကျော်ခိုင်းလိုက်လေသည်။
” ကဲ ဒိုင်ဆွဲပြီ ဖဲတွေလှန်ကြမယ် နှစ်ပေါက် ဒါက လေးပေါက် အံမယ် ဒါက ခုနှစ်ပေါက်ဟ ကျန်တာတွေက ဘူတွေချည်းပဲ ကဲ တက်စမ်းတက်စမ်း တက်စမ်းကွာ ဟူးးးးးး ကဲ စပိတ်ခြောက် သုံးချပ်ဆိုတော့ ငါးဆထည့်ကြမယ် ဟဲဟဲဟဲ ”
” ဟေ့လူ ခင်ဗျား ဖဲခိုးရိုက်နေတာမဟုတ်လား ကိုငှက်ရေ ”
” ဘယ်ကောင် ဖဲခိုးတာလဲကွ ဟမ် ”
မင်းဇော် စကားမဆုံးခင် ဓားဆွဲပြီး ထလာသော ငှက်ကြီးအား စပါးပွဲစားက
” ဟေ့လူ ကျုပ်ဖဲခိုးလား မခိုးလား သိချင်ရင် ခင်ဗျား ကျုပ်ဖဲကို လာဝေပြီး လာကိုင်လိုက် ”
” အေး ပြီးရောလေ ”
ဒီလိုနဲ့ နောက်တစ်ဝိုင်း စဆော့ကြရာ မင်းဇော်မှ ပွဲစစချင်း
” ဒိုပြီဟေ့ စပိတ်ကိုးနဲ့ကင်းကွ ဆနဲ့လျော်ဟေ့ ”
ကိုငှက်လည်း ငဦးဖဲချပ်နှစ်ချပ်ကို ကောက်ကိုင်ပြီးကြည့်လိုက်ရာ
” ဒိုင်ဒိုပြန်ပြီဟ စပိတ်ရှစ်နဲ့တစ်ဟ ကဲမင်းဇော် ဒီလောက်ဆို မင်း ယုံလောက်ရောပေါ့ ကဲ ဆထည့်လိုက် ”
” ဟာ ဒိုင်ပဲ ဒိုနေတာဟ ကဲကဲ စားလိုက်တော့ နောက်ဆုံးတိန်ဟေ့ ”
မင်းဇော်လည်း ရှိသမျှ ငွေပုံအောပြီး ထိုးကြေးတင်လိုက်ကာ ခင်မောင်ကို အချက်ပြလိုက်လေသည်။ ခင်မောင်လည်း မယောင်မလည်ဖြင့် စပါးပွဲစား ငဦးအနောက်သို့သွားပြီး အခြေအနေစောင့်ကြည့်နေလေသည်။ ဖဲဝေပြီးချိန်တွင် မည်သူမှ မဒိုသဖြင့် တစ်ချပ်ဆီဆွဲပြီးဇိမ်နဲ့ပွတ်လေတော့သည်။ ထို့နောက်ဒိုင်က
” ကဲ ဒိုင်ဆွဲပြီး အားလုံးလှန်လိုက်ကြ ”
အဲ့လိုပြောပြီး ဖဲချပ်ကို ဇိမ်နဲ့ပွတ်နေလေသည်။ မင်းဇော်လည်း ရှစ်ပေါက်ရှိသဖြင့် သေချာပေါက် အနိုင်ရပြီဟု တေးထားသော်လည်း ရလဒ်မှာ
” ကဲ ဒိုင်ပေါက်သွားပြီဟေ့ နောက်ဒို ကိုးပေါက်ကွ ကဲ အားလုံးသိမ်းလိုက်ပြီနော် ဟဲဟဲဟဲ ”
မင်းဇော်လည်း တောက်တစ်ချက်ခေါက်ကာထပြန်လာခဲ့လေသည်။ ခင်မောင်လည်း လိုက်ပြန်လာသဖြင့် မင်းဇော်က
” ဟေ့ကောင် ခင်မောင် မင်းဘာလို့လိုက်လာတာလဲဟ မရိုက်ဘူးလား ”
” မရိုက်ဘူး မင်းဇော်ရေ ငါရိုက်လည်းရှုံးမှာပဲ အဲ့တော့ မရိုက်တော့ အရင်းပေါ့ ”
” ဘယ်လိုလဲကွ မင်းစကားကြီးက ရှင်းအောင်ပြောကြပါဦး ”
” ဒီလိုကွ ငါ အဲ့ကောင်အနောက်ကနေသွားကြည့်ခဲ့တာ ဘာမြင်တယ်လို့ မင်းထင်လဲ ”
” မင်းပြောမှ သိမှာပေါ့ဟ ပြောစမ်း မင်းဘာတွေ့ခဲ့လို့လဲ ”
” ဒီလိုကွ ငါ့သူ့အနောက်ကနေသွားကြည့်တော့ ပထမဆုံး သူ့ဆီကဖဲက ကုလားနှစ်ချပ် အဲ့မှာ တချပ်ကိုချပြီး နောက်တစ်ချက်ဆွဲတာ အဲ့ဖဲလည်းကုလားပဲ ငါလည်း မင်းသေချာပေါက်နိုင်ပြီလို့မှတ်ထားတာ သူစောစောက ချထားတဲ့ဖဲကို ယူပြီး ပြန်ပွတ်လိုက်တာ ဟေ့ကောင်ရေ ကိုးကြီး ဖြစ်သွားတာပဲ ငါဖြင့်ယုံတောင်မယုံနိုင်ဘူး ”
” ဪ ဒါဆို ဒီကောင် မဟုတ်တဲ့နည်းနဲ့လုပ်သွားတာပေါ့ တွေ့ကြသေးတာပေါ့ကွာ ကဲလောလောဆယ် ငါ့ကို အရက်လိုက်တိုက်ဦး ဆိုင်မပိတ်လောက်သေးဘူး မနက်ဖြန်ကျ ငါနိုင်ကိုနိုင်ရမယ် ”
ဟုကြိမ်းဝါးပြီး အရက်ဆိုင်ရှိရာသို့ လှမ်းခဲ့ကြလေတော့သည်။ မင်းဇော်လည်း အရက်ဆိုင်က ပြန်လာသည်နှင့်အိမ်တန်းပြန်ခဲ့ကြလေသည်။ မနက်အစောထပြီး မိန်းမဖြစ်သူထံမှ ပိုက်ဆံတောင်းပြီး အမဲပေါ်သည့်နေရာသို့သွားကာ အမဲသားတစ်ပိဿာ ဝယ်ထားလေသည်။
” ဟေ့ မြရင် ငါအမဲသား ဝယ်လာတယ် အိမ်မှာချက်ဖို့မဟုတ်ဘူးနော် ငါလုပ်စရာရှိလို့ မင်း သွားမထိနဲ့ ကြားလား ”
” အမလေး တကယ်ပဲတော်ရေ အမဲသားလေးဝယ်ပြီး ညကျရင် အပေါင်းအသင်းတွေနဲ့ ချက်ပြုတ်စားသောက်တော့မယ်ပေါ့လေ ရှင်လေ အလုပ်တစ်ခုမယ်မယ်ရရလုပ်ပါလား မဟုတ်ရင်လည်း ကျုပ်တို့ပိုင်တဲ့လယ်တွေကို ရှင်ဦးစီပြီး လုပ်သင့်တယ် ”
” ဟာ ဒီမိန်းမနှယ် စကားများလိုက်တာ ငါက အလုပ်လုပ်မှ ထမင်းစားရမှာလား မင်းလုပ်တာနဲ့တင် ငါတို့တစ်မိသားစုလုံး ထိုင်စားနေလို့ရတယ်လေ ”
မင်းဇော်မှာ သားသမီးနှစ်ယောက်ရှိလေသည်။ မိန်းမဖြစ်သူ မြရင်မှာ ဆန်စက်များကို ကြည့်ရှုရ လယ်ယာများကိုကြည့်ရှုရနှင့် မအားလပ်နိုင်ပေ။ မင်းဇော်မှာလည်း ဘာအလုပ်မှ မလုပ်သည့်အပြင် အလောင်းကစားကိုသာ အားသာလေသည်။ မိန်းမဖြစ်သူ၏ပွစိပွစိပြောသံကြောင့် အိမ်ကနေထွက်လာပြီး အရက်ဆိုင်မှာတင်အချိန်ဖြုန်းနေလိုက်သည်။ ညနေစောင်းတော့ အိမ်ပြန်လာပြီး မိန်းမဖြစ်သူထံမှ ပိုက်ဆံယူကာ အမဲသားတွဲအား ဆွဲလာကာ ရွာအပြင် သင်္ချိုင်းကုန်းသို့ထွက်လာပြီး နတ်ရဲပင်းကြီး တစ်ပင်အောက်၌ အမဲသားတွဲသား ချကာ
” ဟောဒီ နတ်ရဲပင်ကြီးက တစ္ဆေ သရဲ သဘက်တွေထဲက အကြီးဆုံး ပုဂ္ဂိုလ် ကျုပ်အရှေ့လာပါ ကျုပ်က အပေးအယူလုပ်ဖို့အမဲသားကိုကျွေးပါတယ် သဘောတူတယ်ဆိုရင် ကျုပ်ကျွေးတာကိုစားပါ ” ( လိုက်ပြီး မစမ်းသပ်ကြပါရန် မေတ္တာရပ်ခံပါတယ်)
အဲ့လိုပြောပြီး အနောက်လှည့်နေလိုက်ပြီး ကွမ်းတစ်ညက်ခန့် အကြာတွင် နတ်ရဲပင်ကြီးဘက် ပြန်လှည့်ကာ
” ကဲကျုပ်ကျွေးတာ စားပြီးပြီဆိုတော့ ကျုပ်နဲ့အပေးအယူလုပ်ပါ အခု ရောက်နေတာ သဘက်ကြီးဆိုရင် ဟိုကိုင်းလေးကိုလှုပ်ပြပါ ”
မင်းဇော်က ဘေးနားက ကိုင်းလေးကိုလက်ညိုးထိုးပြီး အဲ့လိုပြောလိုက်ရာ
” ဖျတ် ဖျတ် ဖျတ် ”
” ကဲ သဘက်ကြီး ခင်ဗျာ ကျုပ်ကို ဒီည ဖဲနိုင်အောင်လုပ်ပေးရင် အမဲသား ငါးပိဿာ ဝယ်ကျွေးပါ့မယ် နောက်ထပ် အပေးအယူတွေကျရင်လည်း ဒီထပ်ပိုပြီး ကျွေးမွေးပါ့မယ် ဖဲမနိုင်ရင်တော့ မကျွေးဘူးနော် သဘောတူတယ်ဆိုရင် ထပ်လှုပ်ပြပါ ”
” ဖျတ် ဖျတ် ဖျတ် ”
” ကဲ ဟုတ်ပြီ ဒါဆိုရင် ကျုပ်တို့ ဖဲဝိုင်း သွားရအောင် ကျုပ်ကိုနိုင်အောင်လုပ်ပေးနော် ကျုပ်အရက် ငါးပုလင်းလည်းတိုက်မယ်ဗျာ ”
မင်းဇော်လည်း ရီဝေရီဝေနှင့် ဖဲဝိုင်းရှိရာသို့ လျှောက်လာခဲ့လေတော့သည်။
” ဘုတ် ဘုတ် ဘုတ် ဘုတ် ”
” ဟ မိတ်ဆွေကြီးရဲ့ ခြေသံက ပျင်းလှချည်လား ကောင်းတယ်ဗျာ ”
မင်းဇော်လည်း ပေါက်ပန်းလေးဆယ်ပြောကာ ဂိုထောင်အတွင်းသို့ ဝင်လာခဲ့လေသည်။
” ဟ ဝိုင်းတောင် စနေကြပြီပဲ ကျုပ်လည်းပါမယ်ဗျို့ ”
” လာဟေ့ မင်းဇော်ရေ ဒီမှာ တစ်အိမ်လိုနေတယ် မနေ့ကနိုင်သွားတဲ့စပါးပွဲစားတွေ ဒီညလည်း ထပ်နိုင်နေတုန်းပဲ ”
မင်းဇော်လည်း ဖဲဝိုင်းတွင်ဝင်ထိုင်လိုက်ပြီး ပိုက်ဆံများကို ထိုးကြေးတင်ထားလိုက်လေရာ
” ဟ မင်းဇော်ရေ များလှချည်လားကွာ နှစ်လှည့်ပဲကျန်တာနော် ”
” ဟုတ်လား ဒါဆို ထပ်ထိုးတယ်ဗျာ ”
ဟုဆိုကာ ပိုက်ဆံတစ်အုပ်ကို ထိုးကြေး ထပ်ထည့်လေသည်။ ဖဲချပ်များဝေပြီးသည်နှင့် မင်းဇော်က ဖဲချပ်ကို ပွတ်လိုက်ရာ
” ဟာကွာ….. အင့်….. ”
ကုလားနှစ်ကောင်ကျသဖြင့် မင်းဇော် ထအော်ခါနီးတွင် မင်းဇော်အား တစ်စုံတစ်ယောက်မှ ပါးစပ်ကို ဆွဲပိတ်လိုက်ကာ
“မင်းဇော် မင်းဖဲကို လက်ဝါးထဲထည့်ထားလိုက် ငါ ကိုးနဲ့ပြောင်းပေးမယ် ”
အနားကပ်ပြောသည့် အသံကြောင့် မင်းဇော်အံ့ဩသွားလေသည်။ မင်းဇော်လည်း ဖဲချပ်ကို လက်ဝါးနှစ်ဖက်ဖြင့်ဖိထားပြီး မှင်နဲ့နေလိုက်လေသည်။ ဒိုင်လုပ်သူက
” ကဲ ဒိုင်ဒိုတယ် ရှစ်ပေါက်နဲ့ မဒိုရင်အကုန်တင်လိုက် စားမယ်ဟေ့ ”
မင်းဇော်လည်း ဖဲချပ်များကိုပြန်ကြည့်လိုက်ပြီးနောက် ငေါင်တောင်တောင်ဖြင့်
” ကိုးပေါက်ရှိတယ် ဆထည့်လိုက် ဟားဟားဟား ”
ဒီလိုနဲ့အလှည့်တိုင်း မင်းဇော်ချည်းနိုင်လေရာ အိမ်အပြန်တွင် ပိုက်ဆံထုပ်ကိုထမ်းကာ ပြန်ရလေတော့သည်။ မင်းဇော်လည်း ကတိအတိုင်း အမဲသား ငါးပိဿာ အရက်ငါးပုလင်းအပြင်ဆေးပေါ့လိပ်ကြီးများဖြင့် သဘက်ကြီးအား ကျွေးမွေးတည်ခင်းလေသည်။ ဒီလိုနဲ့ဝိုင်းကြီးများရှိသည့်အခါတိုင်း သဘက်ကြီးအား ကျွေးမွေးကာ ဖဲနိုင်အောင်လုပ်လေတော့သည်။ ဒီလိုနဲ့ပဲ မင်းဇော်တို့ဖဲဝိုင်းအား ရဲဝင်ဖမ်းရာ မင်းဇော်ကံကောင်းလွန်းသဖြင့်လွတ်သွားလေသည်။ ထို့နောက် အချိန်အတော်ကြာသည်အထိ ဖဲမရိုက်ရတော့ပေ။ နိုင်ငံရေးအခြေနေအရှုပ်အထွေးများကြောင့် ပို၍ဆိုးပေသည်။ ဒီလိုနဲ့ တရက်မှာ မင်းဇော်အရက်ဆိုင်မှာ အရက်သောက်နေတုန်း
” အဖေရေ အဖေရေ အမေ မူးပြီး အပေါ်ထပ်ကနေပြုတ်ကျလို့ အခုခေါ်မရဘူး ”
သမီးဖြစ်သူရဲ့အမောတကော စကားသံကြောင့် မင်းဇော်လည်း အိမ်သို့ အမြန်ပြေးပြန်လာခဲ့လေသည်။ အိမ်အရောက်တွင် ငုတ်တုတ်ကြီးထိုင်နေသော မိန်းမအားတွေ့လိုက်လေသည်။ ဘေးတွင်လည်း အိမ်နီးချင်းများ ဝိုင်းဝန်းကြည့်နေကြလေသည်။ မင်းဇော်က မမြရင်အား
” မြရင် မင်းဘာမှ မဖြစ်ဘူးနော် တော်ပါသေးတယ်ကွာ ”
” ငါ ဘာမှမဖြစ်ပါဘူး ”
မမြရင်မှ မင်းဇော်အား ပြန်ပြောလေရာ မင်းဇော်လည်း မိန်းမဖြစ်သူအသံမဟုတ်ပဲ တခြားအသံဖြစ်နေသဖြင့်
” မိန်းမ မင်းအသံကြီးက ဘယ်လိုဖြစ်တာလဲ ”
” အပေါ်က ပြုတ်ကျတော့ လည်ပင်းခေါက်သွားလို့ပါ နောက်တော့ သက်သာလာမှာပါ ”
ဒီလိုနဲ့ပဲ အိမ်နီးချင်းများ ပြန်သွားကြလေတော့သည်။ မင်းဇော်က သူ့မိန်းမ အပေါ်မှပြုတ်ကျထားသဖြင့် ဘာမှမခိုင်းသေးပဲ ထမင်းချက် ဟင်းချက်တာက အစ သူကိုယ်တိုင်လုပ်လေသည်။ တနေ့မှာ
” ကိုချက်ကြီးရေ အမဲသား နှစ်တွဲပေးစမ်းပါ ”
” ဟ မင်းဇော် မင်းအိမ်မှာ လူက လေးယောက်ထဲလေ နှစ်တွဲကြီး မများဘူးလား ”
” မများပါဘူး ကျုပ်မိန်းမ အတွက် ကြော်ပေးမလို့ သူသွေးတောင်းနေလို့တဲ့ ”
” ဟားးးး မင်းဇော်တို့များ မိန်းမကို အခုမှ အချစ်ပိုနေလိုက်တာ ”
” ဟုတ်ပ ဗျို့ ကိုမင်းဇော်ကြီးကို အားကျတယ်ဗျို့ ”
ဘေးမှကာလာသားများက ဝိုင်းဝန်းစနောက်ကြရာ မင်းဇော်က ရင်ကော့ပြီး
” ဟဲဟဲ ဒါက ချစ်စရာရှိလို့ ချစ်ရတာပေါ့ဗျာ တချို့ဆို ချစ်ရမဲ့သူမရှိလို့ မချစ်တတ်ပဲ အချစ်ငတ်နေကြတာဗျို့ ကျုပ်မိန်းမက အပျိုကတည်းက ဒီရွာမှာ အလှဆုံး အခုထိ ကျုပ်မိန်းမကို မှီတဲ့သူရှိလို့လား အားကျရင်လည်း တခြားရွာ သွားရှာကြဗျို့ ”
” ဟားဟားဟားဟားဟား ”
ကာလသားများ အားလုံး ဝိုင်းရယ်နေကြချိန် မင်းဇော်တစ်ယောက် အိမ်သို့ပြန်လာနေပြီဖြစ်သည်။ အိမ်အရောက်တွင် မင်းဇော်က
” မိန်းမရေ ငါ အမဲသား နှစ်တွဲဝယ်လာတယ် မင်းအတွက်ကြော်လိုက်မယ်နော် လောလောဆယ် အနောက်သွားလိုက်ဦးမယ် ”
” ဪ အင်းပါ အကိုရဲ့ ”
မင်းဇော်လည်း မိန်းမဖြစ်သူရဲ့စကားသံပျစ်ချွဲချွဲလေးကို ကြားကာ အသည်းယားသွားလေသည်။ ထို့နောက် နောက်ဘေးတွင်လုပ်စရာရှိတာလုပ်ပြီး အိမ်ပေါ်ပြန်တက်လာရာ
” မိန်းမရေ အမဲသား တစ်တွဲ ဘယ်ရောက်သွားတာလဲ ”
” ငါ ဘယ်သိမလဲ နင်ထားခဲ့တာလေ ”
ဆိုပြီး ရင့်ရင့်သီးသီးပြန်ပြောလေရာ မင်းဇော်လည်း ရုတ်တရက် ဒေါသထွက်သွားသဖြင့်
” မိန်းမ မင်း ဘယ်လိုပြန်ပြောလိုက်တာလဲ ငါက အကောင်းမေးတာနော် မင်းက ရင့်လှချည်လား ”
အဲ့လိုပိတ်ဟောက်လိုက်မှ မိန်းမဖြစ်သူ မမြရင်က မင်းဇော်အား
” ဪ ဒီလိုပါ အကိုရဲ့ အကိုက မိန်းမကို မေးတော့ မိန်းမလည်း ရုတ်တရက်မို့ပါ အကိုက မိန်းမကို အော်တယ် အဟင့်ဟင့်ဟင့် ”
” ကဲပါ ငိုမနေနဲ့တော့နော် မိန်းမက ကိုယ့်ကို အဲ့လိုပြောတော့ ကိုယ်က စိတ်တိုသွားလို့ပါ ဟင် မိန်းမ ပါးစပ်မှာသွေးတွေ ”
အဲ့လိုပြောလိုက်ရာ မမြရင်လည်း ပါးစပ်မှသွေးများကို ပွတ်ကာ
” ဟုတ်တယ် စောစောက နှားခေါင်းသွေးလျှံနေတာ အဲ့ကြောင့်အကို့ကို ပြန်အော်သလိုဖြစ်သွားတာ ”
” ကဲပါလေ ကဲ တစ်ခုခုနဲ့သုတ်လိုက်ဦး အမဲသားကြော်လိုက်တော့မယ် သားနဲ့သမီးရော ”
” သူတို့ အဖွားအိမ်ကို သွားနေဦးမယ်ပြောတယ် တစ်ပတ်နှစ်ပတ်လောက်နေမှာတဲ့ ”
” ဪ အင်းပါ ကိုယ်အမဲသား ကြော်လိုက်တော့မယ် ”
အဲ့လိုပြောပြီး မီးမွှေးကာ အမဲသားများကို ခပ်ကြီးကြီးတုံးကာ ကြော်လေတော့သည်။ ဆားစနွင်းမနယ်ပဲ ဒီအတိုင်းစားချင်တယ်ဆိုသောကြောင့် ကြော်ပေးရခြင်းဖြစ်လေသည်။ အားလုံးပြီးစီးချိန်တွင် မင်းဇော်က မိန်းမဖြစ်သူနား ခဏသွားထိုင်ရာ မိန်းမဖြစ်သူက
” အကို မိန်းမကို နှိပ်ပေးပါလား ခြေထောက်တွေ ညောင်းလို့ပါ ”
” ဪအင်း နှိပ်ပေးရမှာပေါ့ ခဏပဲရမယ်နော် ရေမိုးချိုးပြီး ထမင်းစားရအောင်လို့ ”
” အင်းပါ အကိုရဲ့ ”
ဒီလိုနဲ့ မင်းဇော်လည်း မိန်းမဖြစ်သူကို အချိန်အတော်ကြာအောင်နှိပ်ပေးပြီး ရေးမိုးချိုးကာ ထမင်းစားလေတော့သည်။ ထမင်းစားပြီးချိန်တွင် ကျန်နေသည့် အမဲသားများကို အုပ်ကာ အိပ်ယာဝင်လေတော့သည်။
” ဒုန်း ဂလုန်း ခွမ်း ”
အသံများကြောင့် အိပ်ပျော်နေသော မင်းဇော်လည်း လန့်နိုးလာပြီး
” ဘာဖြစ်တာလဲ မသိဘူး ”
စိတ်ထဲမှ တွေးကာ ထမင်းစားခန်းထဲသို့ တိတ်တိတ်လေး ထွက်လာခဲ့လေသည်။ ရုတ်တရက်မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မင်းဇော် အသံမထွက်အောင် မနည်းထိန်းလိုက်ရသည်။ မြင်ရသည့် မြင်ကွင်းက မမြရင်က အုပ်ထားသည့် အမဲကြော်များကို ပါးစပ်ထဲ ပလုတ်ပလောင်းထည့်စားနေခြင်းဖြစ်သည်။ အဲ့ဒါပြီး ဘေးမှာလည်း ကြက်သေတစ်ကောင်။ အမဲကြော်များ ကုန်သွားချိန် မမြရင်က ဘေးက ကြက်သေကြီးကို ပါးစပ်ကြီးဖြင့်ကိုက်ဖဲ့စားသောက်နေလေသည်။ မင်းဇော်လည်း အိပ်ယာထဲ အသံမကြားအောင် ပြန်ဝင်လာပြီး အိပ်ချင်ဟန်ဆောင်နေလေသည်။ ခဏအကြာတွင် မမြရင် ပြန်ရောက်လာပြီး ဘေးမှာ ဝင်အိပ်နေလေသည်။ နောက်နေ့မနက်တွင် မင်းဇော်က
” မိန်းမရေ ညကအမဲကြော်တွေ မရှိတော့ဘူး ဘယ်ရောက်ကုန်တာလဲ ”
” မသိဘူးလေတော် ကြောင်တွေဘာတွေ ဝင်စားသွားတာနေမှာပါ ”
” အင်းပါ အင်းပါ ဒါဆို ငါရွာထဲမှာ အမဲသား ထပ်ဝယ်လိုက်ဦးမယ် ”
” အင်း ဒါဆို အမဲအသဲလေးရအောင်ဝယ်ခဲ့ပါကျုပ်စားချင်လို့ သံပုရာသီးလေးနဲ့နှပ်ပြီးတော့ ”
” အေးပါကွာ အေးပါ ငါဝယ်ခဲ့ပါမယ် ”
မင်းဇော်လည်း အဲ့လိုပြောပြီး အိမ်မှထွက်လာခဲ့လေသည်။ အမှန်တကယ်ထွက်လာသည်က အမဲသားဝယ်ဖို့မဟုတ်။ ဘေးရွာမှာ နာမည်ကြီးနေသည့် ဆရာကို အကျိုးအကြောင်းပြောပြပြီး အကူအညီတောင်းမို့ပင်။ သို့သော် ရွာထိပ် သချိုင်းအစပ်အရောက်မှာ
” အကိုရေ မသွားနဲ့တော့ ပြန်လာခဲ့ ”
အသံနှင့်အတူ အရှေ့မှာ ပိတ်ရပ်နေသူက မြရင်။ မင်းဇော်က
” မိန်းမ မင်းအိမ်ပြန် ငါဟိုဘက်ရွာသွားမလို့ ”
” မသွားနဲ့လို့ ငါပြောနေတယ်လေ နင့်မိန်းမကို ငါသတ်လိုက်ရမလား ”
ရုတ်တရက် လေသံမာလာပြီး မျက်နှာအသွင်အပြင်ပြောင်းလဲသွားသည့် မြရင်ကြောင့် မင်းဇော်က
” မင်းဘယ်သူလဲ မင်းဘာလို့ ငါ့မိန်းမကိုယ်ထဲဝင်နေတာလဲ ”
” ငါက ဟိုအပင်ကကောင်မဟေ့ နင်အမဲသားတွေ လာလာကျွေးနေတဲ့ကောင်မပဲ ”
” နင်ဘာလို့ ဒီလိုလုပ်နေတာလဲ ငါ့မိန်းမကိုထဲက ထွက်စမ်း ”
” မထွက်ဘူး ငါသူ့ကို မှီပြီး အမဲသားတွေစားမယ် ကာမဂုဏ်တွေခံစားမယ် ပြီးရင် ရွာကကြက်တွေ ဘဲတွေကိုစားမယ် ငါ့ကို နင့်မယားအဖြစ်ဆက်ဆံပေးရမယ် ”
” မရဘူး နင့်ကို ငါသတ်မယ် သတ်မယ် ”
” သတ်လေ နင်သတ်လို့ရရင်သတ်ပေါ့ ငါတော့မသေဘူး နင့်မိန်းမတော့သေရလိမ့်မယ် ”
မင်းဇော်လည်း ဘာလုပ်ရမှန်းမသိတော့ပေ။ မိန်းမဖြစ်သူကိုယ်ထဲ ဝင်နေသည့်သရဲမက နှစ်ချို့သရဲမ။ သူတို့ကို အစလုပ်ခဲ့သည့် မိမိအမှားပင်။ အခုတော့ မိန်းမဖြစ်သူကို ဆုံးရှုံးရတော့မည့်အဖြစ်။
” အထက်ပုဂ္ဂိုလ်တွေ ညွှန်လို့ရောက်လာတာ အကြောင်းရှိမယ်ထင်ထားတာ အခုတော့ လင်တရူး သရဲမနှင့်လာတိုးနေတယ် ”
” ဘာအထက်ပုဂ္ဂိုလ်လည်း အောက်လမ်းဆရာစုတ် ကိုယ်နဲ့မဆိုင်ရင် ဝင်မပါနဲ့ ဒါ ငါ့အပိုင် နင့်ကိုပါ ဂုတ်ချိုးသတ်ပစ်မယ် ”
” ကြမ်းလှချည်လား သရဲမရဲ့ ကဲ ဟေ့လူ ခင်ဗျားမိန်းမကိုယ်ထဲမှာဝင်နေတဲ့ သရဲမကို ထုတ်မှရမယ် သဘောတူလား ”
” သဘောတူပါတယ် ဒါပေမဲ့ ကျုပ်မိန်းမက အသက်ပြန်ရှင်မှာလား ”
” စိတ်မကောင်းပါဘူးဗျာ ခင်ဗျား မိန်းမက သေတာကြာပြီ အဲ့သရဲမ လက်ချက်ပေါ့ဗျာ ”
” ဗျာ ကျုပ်မိန်းမက သေပြီ ဟာဗျာ သွားပါပြီ ”
” ကဲ စိတ်မကောင်းဖြစ်မနေပါနဲ့တော့ အခုလိုတွေဖြစ်လာတာက ပရလောကသားတွေကိုမှ ခင်ဗျားက ဆက်နွယ်မိတာကိုး ထားပါတော့ ကျုပ်အခု အဲ့သရဲမကို အပြစ်ပေးရဦးမယ် ”
ဟုဆိုကာ အရှေ့သို့ထွက်ပြီး သရဲမအား
” ကဲ အခုလောက်ထိ နေပြီး စားပြီးရင် တော်ရောပေါ့ ”
” မရဘူး ဒီ ခန္ဓာက မထွက်ဘူး နင်လုပ်ချင်တာလုပ် ”
လို့ပြောပြီး သရဲမက လက်နှစ်ဖက်ကို ဘေးသို့ဆန့်လိုက်ရာ လေပေါ်သို့မြောက်တက်သွားသည်။ တေဇက သက်ပြင်းချကာ
” ဟူးးးးး ဒါဆိုလည်း ကျုပ်တာဝန်အတိုင်းလုပ်ရမှာပေါ့လေ ”
” စမ်းကြည့်လိုက်လေ ဟားဟားဟားဟား ”
” ဟာ ပျောက်သွားပြီ ဟေ့လူ ကျုပ်မိန်းမ ပျောက်သွားပြီ ”
ရုတ်တရက် မိုးတိမ်များ အုံ့ဆိုင်းလာပြီး လျှပ်စီးများ တဖျပ်ဖျပ်လှပ်နေသည်။ တေဇလည်း လက်မှ စက်တစ်ခုကို ထုတ်ပြီး လေပေါ်သို့ပစ်လိုက်သည်။
” ဝှီးးးး ဖောက် ဝုန်းးးးး ”
နတ်ရဲပင်အား စက်ထိမှန်ကာ သစ်ကိုင်းများကြိုးကျလာလေသည်။ အရှေ့တည့်တည့်တွင် သရဲမပြန်ပေါ်လာပြီး လက်ကို အရှေ့သို့ဆန့်လိုက်ရာ လက်ကြီး ရှည်ထွက်လာပြီး တေဇအား လက်ပင်းညှစ်ဖို့ ကြံရွယ်လေသည်။
” ကဲရော့ကွာ ”
” အားးးးးး ပူတယ် ပူတယ် အားးးး ”
ရှေ့တိုးလာသော လက်အား တေဇမှအင်းတစ်ချပ်ကပ်ပေးလိုက်ရာ လက်မှာ နောက်ပြန်ဆုတ်သွားပြီး သရဲမလည်း အော်ဟစ်နေတော့သည်။ တေဇက
” သရဲမ နင့်အဆင့်နဲ့ငါ့ကိုမနိုင်ဘူး အဲ့တော့ နင်ဒီခန္ဓာကနေ အသာတကြည်ထွက်သွားပါ ငါ ပညာထပ်မသုံးချင်ဘူး ”
သရဲမက အင်းချပ်ကို လက်နဲ့ပုတ်ခါချပြီး တဟားဟားအော်ရယ်ကာ
” ဒီအင်းလောက်နဲ့ ငါ့ကိုမနိုင်ဘူး ပြီးတော့ ငါ ဟောဒီခန္ဓာကိုယ်ထဲမှာပဲနေမယ် နင်ဘာလုပ်ချင်လဲ ”
” ဒါဆိုလည်း ငါ့ပညာပဲထပ်သုံးရမှာပေါ့ ”
ဆိုကာ အင်းစာရွက်တစ်ခုကိုထုတ်ပြီး နှုတ်မှ တစ်စုံတစ်ရာကိုရွတ်ဖတ်ပြီး ထိုအင်းစာရွက်ကို မီးခတ်နှင့်မီးရှို့ချလိုက်သည်။
” အားးးးးး ပူတယ် ပူတယ် ပူတယ် အားးးးးးးးးး ငါမခံနိုင်တော့ဘူး အား ပူတယ် ”
အင်းစာရွက်လည်း မီးကျွမ်းကာပြာဖြစ်သွားလေသည်။ လေပေါ်မှ မမြရင်လည်း အောက်သို့ ဘုတ်ခနဲ ပြုတ်ကျလာလေသည်။ အောက်သို့ ကျကျချင်းပင် ခြေလက်များ တစ်စစီပြုတ်ကာ အသားများမှ လောက်များ တဖွားဖွားထွက်လာလေသည်။ ကိုမင်းဇော်လည်း မိန်းမဖြစ်သည်ရဲ့အလောင်းဘေးတွင် ဒူးထောက်ပြီး ဝမ်းနည်းတသဖြစ်ကာ ရှိုက်ကြီး တငင်ငင်နဲ့ငိုချလေတော့သည်။ တေဇလည်း မင်းဇော်အား နှုတ်မဆက်ပဲ ထိုနေရာမှ ထွက်လာခဲ့လေသည်။ မည်သို့ပင်ဆိုစေကာမူ ပရလောကသားများအား ဆက်နွယ်ခြင်းမပြုကြပါရန် လေးစားစွာဖြင့် အသိပေးအပ်ပါတယ်။
စာရေးသူ – လင်းတေဇ

Zawgyi Version

ေတဇႏွင့္ဖဲသမားေနာင္တ(စ/ဆံုး)
—————————————-
” ေဟ့ေကာင္ ခင္ေမာင္ ျမန္ျမန္ေလွ်ာက္ပါဟ ဟိုမွာ ဝိုင္းကစေနၿပီလားမသိဘူး ”
” ေအးပါဟ ငါလည္းေလွ်ာက္ေနတာပဲေလ မင္းက ဘာလို႔ ဒီေလာက္ထိ ေလာေနရတာလဲ မင္းေဇာ္ရ ”
” ေလာဆို ဒီေန႔ၿမိဳ႕က စပါးပြဲစားေတြ ေရာက္ေနၾကတယ္ေလ ၿပီးေတာ့ ဟိုေကာင္ေတြ စပါး ေရာင္းထားေတာ့ ေငြသီးေနမွာပဲ ”
” ေအး ဒါလည္း ဟုတ္တာပဲ တို႔႐ြာမွာ ဒီလိုဝိုင္းမ်ိဳးျဖစ္ဖို႔က ရွားတယ္ဟ ”
” ေအး အဲ့ေၾကာင့္ေျပာတာ လာျမန္ျမန္ ”
မင္းေဇာ္ႏွင့္ခင္ေမာင္လည္း ႀကိတ္ဝိုင္းရွိရာ ႐ြာျပင္ရွိ ဂိုေထာင္ပ်က္ဆီသို႔ သုတ္ေျခသင္ခဲ့ၾကေလသည္။
” ဟ မင္းေဇာ္နဲ႔ခင္ေမာင္ လာၾကျမန္ျမန္ မင္းတို႔ကိုေစာင့္ေနၾကတာ ကဲကဲ ဝိုင္းစရေအာင္ ”
အဲ့လိုေျပာၿပီး စပါးပြဲစားႏွစ္ေယာက္ႏွင့္ မင္းေဇာ္အပါအဝင္ ႐ြာသားေလးေယာက္ႏွင့္ စုစုေပါင္းေျခာက္ေယာက္ႏွင့္ ဖဲဝိုင္းကို စလိုက္ၾကေလသည္။ အေကာက္ေၾကးေပးရၿပီး အရက္ အျမည္း ေဆးလိပ္ ကြမ္း စသည့္အရာမ်ားအျပင္ ထမင္းပါရႏိုင္ေအာင္ စီစဥ္ထားၾကေလသည္။ လူႀကီးေတြ လာဖမ္းရင္ ေျပးဖို႔ ကင္းပုန္းေစာင့္သူႏွင့္ ဖဲဝိုင္းမွာ ရင္ခုန္စရာပင္။
” ကဲ ငါးလွည့္တစ္ဒိုင္ေနာ္ ကင္းေစာင့္တဲ့သူေတြက ပထမဆုံးလူထြက္တာနဲ႔ဝင္လို႔ရမယ္ ေလာေလာဆယ္ ကင္းေသခ်ာေစာင့္ၾက မလိမ္နဲ႔ မခိုးနဲ႔မဝွက္နဲ႔ ေအး မိလို႔ကေတာ့ ငါ့ဓားက မင္းတို႔ဗိုက္ထဲက အူေတြကို ေဖာက္ထုတ္ေပးလိမ့္မယ္ ၾကားၾကလား ”
ဖဲဝိုင္းစီစဥ္သူ ကိုငွက္ႀကီးက ဓားကို ကိုင္ကာ အားလုံးကိုသတိေပးလိုက္ေလသည္။ ကိုငွက္ႀကီးဆိုတာ ငယ္ငယ္ကတည္းက အေလာင္းကစားသမား ထစ္ခနဲဆို လက္ပါလြန္းလို႔ ဆယ့္ငါးႏွစ္သားအ႐ြယ္မွာတင္ ႏွစ္ေလာင္းၿပိဳင္လူသတ္ၿပီး ေထာင္နန္းစံခဲ့သူ။ ေထာင္မွ လြတ္ၿငိမ္းႏွင့္ျပန္ထြက္လာၿပီး မၾကာခင္ လူမိုက္ ငါးေယာက္ႏွင့္ရန္ျဖစ္ရာ ငွက္ႀကီးေတာင္ ဓားျဖင့္ပိုင္းခုတ္ၿပီး လူငါးေယာက္သတ္မႈျဖင့္ ေထာင္ထဲျပန္ဝင္သြားသူ။ ဒါေၾကာင့္ သူ႔ကို ငွက္ႀကီးလို႔ေခၚၾကၿပီး အေတာ္ရွိန္ၾကေလသည္။
” ကဲဝိုင္းစမယ္ ဒိုင္ေ႐ြးမယ္ ”
ဟုဆိုကာ ဖဲခ်ပ္တစ္ခ်ပ္စီ ကိုင္ၿပီးၾကည့္လိုက္ရာ စပါးပြဲစား ငဦးဆိုသူက ဒိုင္အျဖစ္ စေဆာ့ရေလသည္။ ပြဲစစခ်င္းပင္
” ကဲ ဒိုင္ဒိုၿပီေဟ့ ”
” ဟာကြာ ၾကည့္ေတာင္မၾကည့္ရေသးဘူး ကဲကဲ စားဗ်ာ စားစား ”
ငဦးက ပိုက္ဆံမ်ားကို သိမ္းၿပီး ေနာက္တစ္ပြဲအတြက္ ဖဲေမႊကာ ေဝေပးလိုက္ေလသည္။ မင္းေဇာ္က
” ဒိုၿပီကြ ရွစ္ေပါက္နဲ႔ဒိုတာ ေဟာဒါ ေထာင့္ေလး ဒါက ညႇင္းေလး ဟဲဟဲဟဲ ”
” ဒိုရင္ခဏေနဦး ဒိုင္ဖဲမၾကည့္ရေသးဘူးေနာ္ က်န္တဲ့သူေတြၾကည့္က ဒိုရင္ေျပာမယ္ လိုရင္ဆြဲမယ္ ”
က်န္တဲ့သူမ်ားလည္း ဖဲေနာက္တစ္ခ်က္ဆီ ဆြဲၾကၿပီး ဇိမ္ခံၿပီး ပြတ္ၾကေလသည္။
” ကဲ အားလုံး ဆြဲၿပီးၿပီ ဒိုင္အလွည့္ ”
စပါးပြဲစား ငဦးလည္း ဖဲခ်ပ္ႏွစ္ခ်ပ္ကို ေကာက္ကိုင္ၿပီး ဇိမ္နဲ႔ပြတ္ေနရင္း
” ေပ်ာက္စမ္း ေပ်ာက္စမ္း ေပ်ာက္စမ္းကြာ ဒိုၿပီ စပိတ္ေျခာက္နဲ႔စပိတ္ႏွစ္ ဆေတြထည့္ၾက ဆေတြထည့္ၾက ”
မင္းေဇာ္လည္း ႏိုင္ၿပီဟု ထင္ၿပီး ၿပဳံးၿပဳံးစိစိျဖစ္ေနရာမွ ဒိုင္ျဖစ္သူအား
” ေဟ့လူ ခင္ဗ်ားဟာက ဟုတ္ေရာ ဟုတ္ရဲ႕လား ခင္ဗ်ားပဲဒိုေနတာ ”
” ဒါက ကံတရားေလ မင္းမယုံရင္ ငါ့ဖဲခ်ပ္ကို မင္းကိုယ္တိုင္လွန္လိုက္ ကဲ ေနာက္တစ္ဝိုင္းစမယ္ ဝမ္တိန္ေခၚၿပီေနာ္ သုံးလွည့္ပဲ က်န္တယ္ ”
ဟုဆိုကာ ဖဲခ်ပ္မ်ားကို ေမႊေနာက္ၿပီး ထပ္ေဝျပန္သည္။ မင္းေဇာ္က
” ဒီခါ ခင္ဗ်ား မဒိုမွ ဆြဲမယ္ ခင္ဗ်ားအရင္ၾကည့္ ”
စပါးပြဲစားလည္း ဖဲခ်ပ္ႏွစ္ခ်ပ္ကို ေကာက္ၾကည့္လိုက္ၿပီး
” မဒိုဘူးေဟ့ ဆြဲၾက ဆြဲၾက ”
မင္းေဇာ္လည္း ဖဲခ်ပ္ႏွစ္ခ်ပ္ကို ဇိမ္နဲ႔ပြတ္ၾကည့္လိုက္ၿပီးေနာက္ ခုႏွစ္ေပါက္ရွိသျဖင့္ မဆြဲေတာ့ပဲ ေက်ာ္ခိုင္းလိုက္ေလသည္။
” ကဲ ဒိုင္ဆြဲၿပီ ဖဲေတြလွန္ၾကမယ္ ႏွစ္ေပါက္ ဒါက ေလးေပါက္ အံမယ္ ဒါက ခုႏွစ္ေပါက္ဟ က်န္တာေတြက ဘူေတြခ်ည္းပဲ ကဲ တက္စမ္းတက္စမ္း တက္စမ္းကြာ ဟူးးးးးး ကဲ စပိတ္ေျခာက္ သုံးခ်ပ္ဆိုေတာ့ ငါးဆထည့္ၾကမယ္ ဟဲဟဲဟဲ ”
” ေဟ့လူ ခင္ဗ်ား ဖဲခိုး႐ိုက္ေနတာမဟုတ္လား ကိုငွက္ေရ ”
” ဘယ္ေကာင္ ဖဲခိုးတာလဲကြ ဟမ္ ”
မင္းေဇာ္ စကားမဆုံးခင္ ဓားဆြဲၿပီး ထလာေသာ ငွက္ႀကီးအား စပါးပြဲစားက
” ေဟ့လူ က်ဳပ္ဖဲခိုးလား မခိုးလား သိခ်င္ရင္ ခင္ဗ်ား က်ဳပ္ဖဲကို လာေဝၿပီး လာကိုင္လိုက္ ”
” ေအး ၿပီးေရာေလ ”
ဒီလိုနဲ႔ ေနာက္တစ္ဝိုင္း စေဆာ့ၾကရာ မင္းေဇာ္မွ ပြဲစစခ်င္း
” ဒိုၿပီေဟ့ စပိတ္ကိုးနဲ႔ကင္းကြ ဆနဲ႔ေလ်ာ္ေဟ့ ”
ကိုငွက္လည္း ငဦးဖဲခ်ပ္ႏွစ္ခ်ပ္ကို ေကာက္ကိုင္ၿပီးၾကည့္လိုက္ရာ
” ဒိုင္ဒိုျပန္ၿပီဟ စပိတ္ရွစ္နဲ႔တစ္ဟ ကဲမင္းေဇာ္ ဒီေလာက္ဆို မင္း ယုံေလာက္ေရာေပါ့ ကဲ ဆထည့္လိုက္ ”
” ဟာ ဒိုင္ပဲ ဒိုေနတာဟ ကဲကဲ စားလိုက္ေတာ့ ေနာက္ဆုံးတိန္ေဟ့ ”
မင္းေဇာ္လည္း ရွိသမွ် ေငြပုံေအာၿပီး ထိုးေၾကးတင္လိုက္ကာ ခင္ေမာင္ကို အခ်က္ျပလိုက္ေလသည္။ ခင္ေမာင္လည္း မေယာင္မလည္ျဖင့္ စပါးပြဲစား ငဦးအေနာက္သို႔သြားၿပီး အေျခအေနေစာင့္ၾကည့္ေနေလသည္။ ဖဲေဝၿပီးခ်ိန္တြင္ မည္သူမွ မဒိုသျဖင့္ တစ္ခ်ပ္ဆီဆြဲၿပီးဇိမ္နဲ႔ပြတ္ေလေတာ့သည္။ ထို႔ေနာက္ဒိုင္က
” ကဲ ဒိုင္ဆြဲၿပီး အားလုံးလွန္လိုက္ၾက ”
အဲ့လိုေျပာၿပီး ဖဲခ်ပ္ကို ဇိမ္နဲ႔ပြတ္ေနေလသည္။ မင္းေဇာ္လည္း ရွစ္ေပါက္ရွိသျဖင့္ ေသခ်ာေပါက္ အႏိုင္ရၿပီဟု ေတးထားေသာ္လည္း ရလဒ္မွာ
” ကဲ ဒိုင္ေပါက္သြားၿပီေဟ့ ေနာက္ဒို ကိုးေပါက္ကြ ကဲ အားလုံးသိမ္းလိုက္ၿပီေနာ္ ဟဲဟဲဟဲ ”
မင္းေဇာ္လည္း ေတာက္တစ္ခ်က္ေခါက္ကာထျပန္လာခဲ့ေလသည္။ ခင္ေမာင္လည္း လိုက္ျပန္လာသျဖင့္ မင္းေဇာ္က
” ေဟ့ေကာင္ ခင္ေမာင္ မင္းဘာလို႔လိုက္လာတာလဲဟ မ႐ိုက္ဘူးလား ”
” မ႐ိုက္ဘူး မင္းေဇာ္ေရ ငါ႐ိုက္လည္းရႈံးမွာပဲ အဲ့ေတာ့ မ႐ိုက္ေတာ့ အရင္းေပါ့ ”
” ဘယ္လိုလဲကြ မင္းစကားႀကီးက ရွင္းေအာင္ေျပာၾကပါဦး ”
” ဒီလိုကြ ငါ အဲ့ေကာင္အေနာက္ကေနသြားၾကည့္ခဲ့တာ ဘာျမင္တယ္လို႔ မင္းထင္လဲ ”
” မင္းေျပာမွ သိမွာေပါ့ဟ ေျပာစမ္း မင္းဘာေတြ႕ခဲ့လို႔လဲ ”
” ဒီလိုကြ ငါ့သူ႔အေနာက္ကေနသြားၾကည့္ေတာ့ ပထမဆုံး သူ႔ဆီကဖဲက ကုလားႏွစ္ခ်ပ္ အဲ့မွာ တခ်ပ္ကိုခ်ၿပီး ေနာက္တစ္ခ်က္ဆြဲတာ အဲ့ဖဲလည္းကုလားပဲ ငါလည္း မင္းေသခ်ာေပါက္ႏိုင္ၿပီလို႔မွတ္ထားတာ သူေစာေစာက ခ်ထားတဲ့ဖဲကို ယူၿပီး ျပန္ပြတ္လိုက္တာ ေဟ့ေကာင္ေရ ကိုးႀကီး ျဖစ္သြားတာပဲ ငါျဖင့္ယုံေတာင္မယုံႏိုင္ဘူး ”
” ဪ ဒါဆို ဒီေကာင္ မဟုတ္တဲ့နည္းနဲ႔လုပ္သြားတာေပါ့ ေတြ႕ၾကေသးတာေပါ့ကြာ ကဲေလာေလာဆယ္ ငါ့ကို အရက္လိုက္တိုက္ဦး ဆိုင္မပိတ္ေလာက္ေသးဘူး မနက္ျဖန္က် ငါႏိုင္ကိုႏိုင္ရမယ္ ”
ဟုႀကိမ္းဝါးၿပီး အရက္ဆိုင္ရွိရာသို႔ လွမ္းခဲ့ၾကေလေတာ့သည္။ မင္းေဇာ္လည္း အရက္ဆိုင္က ျပန္လာသည္ႏွင့္အိမ္တန္းျပန္ခဲ့ၾကေလသည္။ မနက္အေစာထၿပီး မိန္းမျဖစ္သူထံမွ ပိုက္ဆံေတာင္းၿပီး အမဲေပၚသည့္ေနရာသို႔သြားကာ အမဲသားတစ္ပိႆာ ဝယ္ထားေလသည္။
” ေဟ့ ျမရင္ ငါအမဲသား ဝယ္လာတယ္ အိမ္မွာခ်က္ဖို႔မဟုတ္ဘူးေနာ္ ငါလုပ္စရာရွိလို႔ မင္း သြားမထိနဲ႔ ၾကားလား ”
” အမေလး တကယ္ပဲေတာ္ေရ အမဲသားေလးဝယ္ၿပီး ညက်ရင္ အေပါင္းအသင္းေတြနဲ႔ ခ်က္ျပဳတ္စားေသာက္ေတာ့မယ္ေပါ့ေလ ရွင္ေလ အလုပ္တစ္ခုမယ္မယ္ရရလုပ္ပါလား မဟုတ္ရင္လည္း က်ဳပ္တို႔ပိုင္တဲ့လယ္ေတြကို ရွင္ဦးစီၿပီး လုပ္သင့္တယ္ ”
” ဟာ ဒီမိန္းမႏွယ္ စကားမ်ားလိုက္တာ ငါက အလုပ္လုပ္မွ ထမင္းစားရမွာလား မင္းလုပ္တာနဲ႔တင္ ငါတို႔တစ္မိသားစုလုံး ထိုင္စားေနလို႔ရတယ္ေလ ”
မင္းေဇာ္မွာ သားသမီးႏွစ္ေယာက္ရွိေလသည္။ မိန္းမျဖစ္သူ ျမရင္မွာ ဆန္စက္မ်ားကို ၾကည့္ရႈရ လယ္ယာမ်ားကိုၾကည့္ရႈရႏွင့္ မအားလပ္ႏိုင္ေပ။ မင္းေဇာ္မွာလည္း ဘာအလုပ္မွ မလုပ္သည့္အျပင္ အေလာင္းကစားကိုသာ အားသာေလသည္။ မိန္းမျဖစ္သူ၏ပြစိပြစိေျပာသံေၾကာင့္ အိမ္ကေနထြက္လာၿပီး အရက္ဆိုင္မွာတင္အခ်ိန္ျဖဳန္းေနလိုက္သည္။ ညေနေစာင္းေတာ့ အိမ္ျပန္လာၿပီး မိန္းမျဖစ္သူထံမွ ပိုက္ဆံယူကာ အမဲသားတြဲအား ဆြဲလာကာ ႐ြာအျပင္ သခ်ႋဳင္းကုန္းသို႔ထြက္လာၿပီး နတ္ရဲပင္းႀကီး တစ္ပင္ေအာက္၌ အမဲသားတြဲသား ခ်ကာ
” ေဟာဒီ နတ္ရဲပင္ႀကီးက တေစၦ သရဲ သဘက္ေတြထဲက အႀကီးဆုံး ပုဂၢိဳလ္ က်ဳပ္အေရွ႕လာပါ က်ဳပ္က အေပးအယူလုပ္ဖို႔အမဲသားကိုေကြၽးပါတယ္ သေဘာတူတယ္ဆိုရင္ က်ဳပ္ေကြၽးတာကိုစားပါ ” ( လိုက္ၿပီး မစမ္းသပ္ၾကပါရန္ ေမတၱာရပ္ခံပါတယ္)
အဲ့လိုေျပာၿပီး အေနာက္လွည့္ေနလိုက္ၿပီး ကြမ္းတစ္ညက္ခန႔္ အၾကာတြင္ နတ္ရဲပင္ႀကီးဘက္ ျပန္လွည့္ကာ
” ကဲက်ဳပ္ေကြၽးတာ စားၿပီးၿပီဆိုေတာ့ က်ဳပ္နဲ႔အေပးအယူလုပ္ပါ အခု ေရာက္ေနတာ သဘက္ႀကီးဆိုရင္ ဟိုကိုင္းေလးကိုလႈပ္ျပပါ ”
မင္းေဇာ္က ေဘးနားက ကိုင္းေလးကိုလက္ညိဳးထိုးၿပီး အဲ့လိုေျပာလိုက္ရာ
” ဖ်တ္ ဖ်တ္ ဖ်တ္ ”
” ကဲ သဘက္ႀကီး ခင္ဗ်ာ က်ဳပ္ကို ဒီည ဖဲႏိုင္ေအာင္လုပ္ေပးရင္ အမဲသား ငါးပိႆာ ဝယ္ေကြၽးပါ့မယ္ ေနာက္ထပ္ အေပးအယူေတြက်ရင္လည္း ဒီထပ္ပိုၿပီး ေကြၽးေမြးပါ့မယ္ ဖဲမႏိုင္ရင္ေတာ့ မေကြၽးဘူးေနာ္ သေဘာတူတယ္ဆိုရင္ ထပ္လႈပ္ျပပါ ”
” ဖ်တ္ ဖ်တ္ ဖ်တ္ ”
” ကဲ ဟုတ္ၿပီ ဒါဆိုရင္ က်ဳပ္တို႔ ဖဲဝိုင္း သြားရေအာင္ က်ဳပ္ကိုႏိုင္ေအာင္လုပ္ေပးေနာ္ က်ဳပ္အရက္ ငါးပုလင္းလည္းတိုက္မယ္ဗ်ာ ”
မင္းေဇာ္လည္း ရီေဝရီေဝႏွင့္ ဖဲဝိုင္းရွိရာသို႔ ေလွ်ာက္လာခဲ့ေလေတာ့သည္။
” ဘုတ္ ဘုတ္ ဘုတ္ ဘုတ္ ”
” ဟ မိတ္ေဆြႀကီးရဲ႕ ေျခသံက ပ်င္းလွခ်ည္လား ေကာင္းတယ္ဗ်ာ ”
မင္းေဇာ္လည္း ေပါက္ပန္းေလးဆယ္ေျပာကာ ဂိုေထာင္အတြင္းသို႔ ဝင္လာခဲ့ေလသည္။
” ဟ ဝိုင္းေတာင္ စေနၾကၿပီပဲ က်ဳပ္လည္းပါမယ္ဗ်ိဳ႕ ”
” လာေဟ့ မင္းေဇာ္ေရ ဒီမွာ တစ္အိမ္လိုေနတယ္ မေန႔ကႏိုင္သြားတဲ့စပါးပြဲစားေတြ ဒီညလည္း ထပ္ႏိုင္ေနတုန္းပဲ ”
မင္းေဇာ္လည္း ဖဲဝိုင္းတြင္ဝင္ထိုင္လိုက္ၿပီး ပိုက္ဆံမ်ားကို ထိုးေၾကးတင္ထားလိုက္ေလရာ
” ဟ မင္းေဇာ္ေရ မ်ားလွခ်ည္လားကြာ ႏွစ္လွည့္ပဲက်န္တာေနာ္ ”
” ဟုတ္လား ဒါဆို ထပ္ထိုးတယ္ဗ်ာ ”
ဟုဆိုကာ ပိုက္ဆံတစ္အုပ္ကို ထိုးေၾကး ထပ္ထည့္ေလသည္။ ဖဲခ်ပ္မ်ားေဝၿပီးသည္ႏွင့္ မင္းေဇာ္က ဖဲခ်ပ္ကို ပြတ္လိုက္ရာ
” ဟာကြာ….. အင့္….. ”
ကုလားႏွစ္ေကာင္က်သျဖင့္ မင္းေဇာ္ ထေအာ္ခါနီးတြင္ မင္းေဇာ္အား တစ္စုံတစ္ေယာက္မွ ပါးစပ္ကို ဆြဲပိတ္လိုက္ကာ
“မင္းေဇာ္ မင္းဖဲကို လက္ဝါးထဲထည့္ထားလိုက္ ငါ ကိုးနဲ႔ေျပာင္းေပးမယ္ ”
အနားကပ္ေျပာသည့္ အသံေၾကာင့္ မင္းေဇာ္အံ့ဩသြားေလသည္။ မင္းေဇာ္လည္း ဖဲခ်ပ္ကို လက္ဝါးႏွစ္ဖက္ျဖင့္ဖိထားၿပီး မွင္နဲ႔ေနလိုက္ေလသည္။ ဒိုင္လုပ္သူက
” ကဲ ဒိုင္ဒိုတယ္ ရွစ္ေပါက္နဲ႔ မဒိုရင္အကုန္တင္လိုက္ စားမယ္ေဟ့ ”
မင္းေဇာ္လည္း ဖဲခ်ပ္မ်ားကိုျပန္ၾကည့္လိုက္ၿပီးေနာက္ ေငါင္ေတာင္ေတာင္ျဖင့္
” ကိုးေပါက္ရွိတယ္ ဆထည့္လိုက္ ဟားဟားဟား ”
ဒီလိုနဲ႔အလွည့္တိုင္း မင္းေဇာ္ခ်ည္းႏိုင္ေလရာ အိမ္အျပန္တြင္ ပိုက္ဆံထုပ္ကိုထမ္းကာ ျပန္ရေလေတာ့သည္။ မင္းေဇာ္လည္း ကတိအတိုင္း အမဲသား ငါးပိႆာ အရက္ငါးပုလင္းအျပင္ေဆးေပါ့လိပ္ႀကီးမ်ားျဖင့္ သဘက္ႀကီးအား ေကြၽးေမြးတည္ခင္းေလသည္။ ဒီလိုနဲ႔ဝိုင္းႀကီးမ်ားရွိသည့္အခါတိုင္း သဘက္ႀကီးအား ေကြၽးေမြးကာ ဖဲႏိုင္ေအာင္လုပ္ေလေတာ့သည္။ ဒီလိုနဲ႔ပဲ မင္းေဇာ္တို႔ဖဲဝိုင္းအား ရဲဝင္ဖမ္းရာ မင္းေဇာ္ကံေကာင္းလြန္းသျဖင့္လြတ္သြားေလသည္။ ထို႔ေနာက္ အခ်ိန္အေတာ္ၾကာသည္အထိ ဖဲမ႐ိုက္ရေတာ့ေပ။ ႏိုင္ငံေရးအေျခေနအရႈပ္အေထြးမ်ားေၾကာင့္ ပို၍ဆိုးေပသည္။ ဒီလိုနဲ႔ တရက္မွာ မင္းေဇာ္အရက္ဆိုင္မွာ အရက္ေသာက္ေနတုန္း
” အေဖေရ အေဖေရ အေမ မူးၿပီး အေပၚထပ္ကေနျပဳတ္က်လို႔ အခုေခၚမရဘူး ”
သမီးျဖစ္သူရဲ႕အေမာတေကာ စကားသံေၾကာင့္ မင္းေဇာ္လည္း အိမ္သို႔ အျမန္ေျပးျပန္လာခဲ့ေလသည္။ အိမ္အေရာက္တြင္ ငုတ္တုတ္ႀကီးထိုင္ေနေသာ မိန္းမအားေတြ႕လိုက္ေလသည္။ ေဘးတြင္လည္း အိမ္နီးခ်င္းမ်ား ဝိုင္းဝန္းၾကည့္ေနၾကေလသည္။ မင္းေဇာ္က မျမရင္အား
” ျမရင္ မင္းဘာမွ မျဖစ္ဘူးေနာ္ ေတာ္ပါေသးတယ္ကြာ ”
” ငါ ဘာမွမျဖစ္ပါဘူး ”
မျမရင္မွ မင္းေဇာ္အား ျပန္ေျပာေလရာ မင္းေဇာ္လည္း မိန္းမျဖစ္သူအသံမဟုတ္ပဲ တျခားအသံျဖစ္ေနသျဖင့္
” မိန္းမ မင္းအသံႀကီးက ဘယ္လိုျဖစ္တာလဲ ”
” အေပၚက ျပဳတ္က်ေတာ့ လည္ပင္းေခါက္သြားလို႔ပါ ေနာက္ေတာ့ သက္သာလာမွာပါ ”
ဒီလိုနဲ႔ပဲ အိမ္နီးခ်င္းမ်ား ျပန္သြားၾကေလေတာ့သည္။ မင္းေဇာ္က သူ႔မိန္းမ အေပၚမွျပဳတ္က်ထားသျဖင့္ ဘာမွမခိုင္းေသးပဲ ထမင္းခ်က္ ဟင္းခ်က္တာက အစ သူကိုယ္တိုင္လုပ္ေလသည္။ တေန႔မွာ
” ကိုခ်က္ႀကီးေရ အမဲသား ႏွစ္တြဲေပးစမ္းပါ ”
” ဟ မင္းေဇာ္ မင္းအိမ္မွာ လူက ေလးေယာက္ထဲေလ ႏွစ္တြဲႀကီး မမ်ားဘူးလား ”
” မမ်ားပါဘူး က်ဳပ္မိန္းမ အတြက္ ေၾကာ္ေပးမလို႔ သူေသြးေတာင္းေနလို႔တဲ့ ”
” ဟားးးး မင္းေဇာ္တို႔မ်ား မိန္းမကို အခုမွ အခ်စ္ပိုေနလိုက္တာ ”
” ဟုတ္ပ ဗ်ိဳ႕ ကိုမင္းေဇာ္ႀကီးကို အားက်တယ္ဗ်ိဳ႕ ”
ေဘးမွကာလာသားမ်ားက ဝိုင္းဝန္းစေနာက္ၾကရာ မင္းေဇာ္က ရင္ေကာ့ၿပီး
” ဟဲဟဲ ဒါက ခ်စ္စရာရွိလို႔ ခ်စ္ရတာေပါ့ဗ်ာ တခ်ိဳ႕ဆို ခ်စ္ရမဲ့သူမရွိလို႔ မခ်စ္တတ္ပဲ အခ်စ္ငတ္ေနၾကတာဗ်ိဳ႕ က်ဳပ္မိန္းမက အပ်ိဳကတည္းက ဒီ႐ြာမွာ အလွဆုံး အခုထိ က်ဳပ္မိန္းမကို မွီတဲ့သူရွိလို႔လား အားက်ရင္လည္း တျခား႐ြာ သြားရွာၾကဗ်ိဳ႕ ”
” ဟားဟားဟားဟားဟား ”
ကာလသားမ်ား အားလုံး ဝိုင္းရယ္ေနၾကခ်ိန္ မင္းေဇာ္တစ္ေယာက္ အိမ္သို႔ျပန္လာေနၿပီျဖစ္သည္။ အိမ္အေရာက္တြင္ မင္းေဇာ္က
” မိန္းမေရ ငါ အမဲသား ႏွစ္တြဲဝယ္လာတယ္ မင္းအတြက္ေၾကာ္လိုက္မယ္ေနာ္ ေလာေလာဆယ္ အေနာက္သြားလိုက္ဦးမယ္ ”
” ဪ အင္းပါ အကိုရဲ႕ ”
မင္းေဇာ္လည္း မိန္းမျဖစ္သူရဲ႕စကားသံပ်စ္ခြၽဲခြၽဲေလးကို ၾကားကာ အသည္းယားသြားေလသည္။ ထို႔ေနာက္ ေနာက္ေဘးတြင္လုပ္စရာရွိတာလုပ္ၿပီး အိမ္ေပၚျပန္တက္လာရာ
” မိန္းမေရ အမဲသား တစ္တြဲ ဘယ္ေရာက္သြားတာလဲ ”
” ငါ ဘယ္သိမလဲ နင္ထားခဲ့တာေလ ”
ဆိုၿပီး ရင့္ရင့္သီးသီးျပန္ေျပာေလရာ မင္းေဇာ္လည္း ႐ုတ္တရက္ ေဒါသထြက္သြားသျဖင့္
” မိန္းမ မင္း ဘယ္လိုျပန္ေျပာလိုက္တာလဲ ငါက အေကာင္းေမးတာေနာ္ မင္းက ရင့္လွခ်ည္လား ”
အဲ့လိုပိတ္ေဟာက္လိုက္မွ မိန္းမျဖစ္သူ မျမရင္က မင္းေဇာ္အား
” ဪ ဒီလိုပါ အကိုရဲ႕ အကိုက မိန္းမကို ေမးေတာ့ မိန္းမလည္း ႐ုတ္တရက္မို႔ပါ အကိုက မိန္းမကို ေအာ္တယ္ အဟင့္ဟင့္ဟင့္ ”
” ကဲပါ ငိုမေနနဲ႔ေတာ့ေနာ္ မိန္းမက ကိုယ့္ကို အဲ့လိုေျပာေတာ့ ကိုယ္က စိတ္တိုသြားလို႔ပါ ဟင္ မိန္းမ ပါးစပ္မွာေသြးေတြ ”
အဲ့လိုေျပာလိုက္ရာ မျမရင္လည္း ပါးစပ္မွေသြးမ်ားကို ပြတ္ကာ
” ဟုတ္တယ္ ေစာေစာက ႏွားေခါင္းေသြးလွ်ံေနတာ အဲ့ေၾကာင့္အကို႔ကို ျပန္ေအာ္သလိုျဖစ္သြားတာ ”
” ကဲပါေလ ကဲ တစ္ခုခုနဲ႔သုတ္လိုက္ဦး အမဲသားေၾကာ္လိုက္ေတာ့မယ္ သားနဲ႔သမီးေရာ ”
” သူတို႔ အဖြားအိမ္ကို သြားေနဦးမယ္ေျပာတယ္ တစ္ပတ္ႏွစ္ပတ္ေလာက္ေနမွာတဲ့ ”
” ဪ အင္းပါ ကိုယ္အမဲသား ေၾကာ္လိုက္ေတာ့မယ္ ”
အဲ့လိုေျပာၿပီး မီးေမႊးကာ အမဲသားမ်ားကို ခပ္ႀကီးႀကီးတုံးကာ ေၾကာ္ေလေတာ့သည္။ ဆားစႏြင္းမနယ္ပဲ ဒီအတိုင္းစားခ်င္တယ္ဆိုေသာေၾကာင့္ ေၾကာ္ေပးရျခင္းျဖစ္ေလသည္။ အားလုံးၿပီးစီးခ်ိန္တြင္ မင္းေဇာ္က မိန္းမျဖစ္သူနား ခဏသြားထိုင္ရာ မိန္းမျဖစ္သူက
” အကို မိန္းမကို ႏွိပ္ေပးပါလား ေျခေထာက္ေတြ ေညာင္းလို႔ပါ ”
” ဪအင္း ႏွိပ္ေပးရမွာေပါ့ ခဏပဲရမယ္ေနာ္ ေရမိုးခ်ိဳးၿပီး ထမင္းစားရေအာင္လို႔ ”
” အင္းပါ အကိုရဲ႕ ”
ဒီလိုနဲ႔ မင္းေဇာ္လည္း မိန္းမျဖစ္သူကို အခ်ိန္အေတာ္ၾကာေအာင္ႏွိပ္ေပးၿပီး ေရးမိုးခ်ိဳးကာ ထမင္းစားေလေတာ့သည္။ ထမင္းစားၿပီးခ်ိန္တြင္ က်န္ေနသည့္ အမဲသားမ်ားကို အုပ္ကာ အိပ္ယာဝင္ေလေတာ့သည္။
” ဒုန္း ဂလုန္း ခြမ္း ”
အသံမ်ားေၾကာင့္ အိပ္ေပ်ာ္ေနေသာ မင္းေဇာ္လည္း လန႔္ႏိုးလာၿပီး
” ဘာျဖစ္တာလဲ မသိဘူး ”
စိတ္ထဲမွ ေတြးကာ ထမင္းစားခန္းထဲသို႔ တိတ္တိတ္ေလး ထြက္လာခဲ့ေလသည္။ ႐ုတ္တရက္ျမင္လိုက္ရသည့္ ျမင္ကြင္းေၾကာင့္ မင္းေဇာ္ အသံမထြက္ေအာင္ မနည္းထိန္းလိုက္ရသည္။ ျမင္ရသည့္ ျမင္ကြင္းက မျမရင္က အုပ္ထားသည့္ အမဲေၾကာ္မ်ားကို ပါးစပ္ထဲ ပလုတ္ပေလာင္းထည့္စားေနျခင္းျဖစ္သည္။ အဲ့ဒါၿပီး ေဘးမွာလည္း ၾကက္ေသတစ္ေကာင္။ အမဲေၾကာ္မ်ား ကုန္သြားခ်ိန္ မျမရင္က ေဘးက ၾကက္ေသႀကီးကို ပါးစပ္ႀကီးျဖင့္ကိုက္ဖဲ့စားေသာက္ေနေလသည္။ မင္းေဇာ္လည္း အိပ္ယာထဲ အသံမၾကားေအာင္ ျပန္ဝင္လာၿပီး အိပ္ခ်င္ဟန္ေဆာင္ေနေလသည္။ ခဏအၾကာတြင္ မျမရင္ ျပန္ေရာက္လာၿပီး ေဘးမွာ ဝင္အိပ္ေနေလသည္။ ေနာက္ေန႔မနက္တြင္ မင္းေဇာ္က
” မိန္းမေရ ညကအမဲေၾကာ္ေတြ မရွိေတာ့ဘူး ဘယ္ေရာက္ကုန္တာလဲ ”
” မသိဘူးေလေတာ္ ေၾကာင္ေတြဘာေတြ ဝင္စားသြားတာေနမွာပါ ”
” အင္းပါ အင္းပါ ဒါဆို ငါ႐ြာထဲမွာ အမဲသား ထပ္ဝယ္လိုက္ဦးမယ္ ”
” အင္း ဒါဆို အမဲအသဲေလးရေအာင္ဝယ္ခဲ့ပါက်ဳပ္စားခ်င္လို႔ သံပုရာသီးေလးနဲ႔ႏွပ္ၿပီးေတာ့ ”
” ေအးပါကြာ ေအးပါ ငါဝယ္ခဲ့ပါမယ္ ”
မင္းေဇာ္လည္း အဲ့လိုေျပာၿပီး အိမ္မွထြက္လာခဲ့ေလသည္။ အမွန္တကယ္ထြက္လာသည္က အမဲသားဝယ္ဖို႔မဟုတ္။ ေဘး႐ြာမွာ နာမည္ႀကီးေနသည့္ ဆရာကို အက်ိဳးအေၾကာင္းေျပာျပၿပီး အကူအညီေတာင္းမို႔ပင္။ သို႔ေသာ္ ႐ြာထိပ္ သခ်ိဳင္းအစပ္အေရာက္မွာ
” အကိုေရ မသြားနဲ႔ေတာ့ ျပန္လာခဲ့ ”
အသံႏွင့္အတူ အေရွ႕မွာ ပိတ္ရပ္ေနသူက ျမရင္။ မင္းေဇာ္က
” မိန္းမ မင္းအိမ္ျပန္ ငါဟိုဘက္႐ြာသြားမလို႔ ”
” မသြားနဲ႔လို႔ ငါေျပာေနတယ္ေလ နင့္မိန္းမကို ငါသတ္လိုက္ရမလား ”
႐ုတ္တရက္ ေလသံမာလာၿပီး မ်က္ႏွာအသြင္အျပင္ေျပာင္းလဲသြားသည့္ ျမရင္ေၾကာင့္ မင္းေဇာ္က
” မင္းဘယ္သူလဲ မင္းဘာလို႔ ငါ့မိန္းမကိုယ္ထဲဝင္ေနတာလဲ ”
” ငါက ဟိုအပင္ကေကာင္မေဟ့ နင္အမဲသားေတြ လာလာေကြၽးေနတဲ့ေကာင္မပဲ ”
” နင္ဘာလို႔ ဒီလိုလုပ္ေနတာလဲ ငါ့မိန္းမကိုထဲက ထြက္စမ္း ”
” မထြက္ဘူး ငါသူ႔ကို မွီၿပီး အမဲသားေတြစားမယ္ ကာမဂုဏ္ေတြခံစားမယ္ ၿပီးရင္ ႐ြာကၾကက္ေတြ ဘဲေတြကိုစားမယ္ ငါ့ကို နင့္မယားအျဖစ္ဆက္ဆံေပးရမယ္ ”
” မရဘူး နင့္ကို ငါသတ္မယ္ သတ္မယ္ ”
” သတ္ေလ နင္သတ္လို႔ရရင္သတ္ေပါ့ ငါေတာ့မေသဘူး နင့္မိန္းမေတာ့ေသရလိမ့္မယ္ ”
မင္းေဇာ္လည္း ဘာလုပ္ရမွန္းမသိေတာ့ေပ။ မိန္းမျဖစ္သူကိုယ္ထဲ ဝင္ေနသည့္သရဲမက ႏွစ္ခ်ိဳ႕သရဲမ။ သူတို႔ကို အစလုပ္ခဲ့သည့္ မိမိအမွားပင္။ အခုေတာ့ မိန္းမျဖစ္သူကို ဆုံးရႈံးရေတာ့မည့္အျဖစ္။
” အထက္ပုဂၢိဳလ္ေတြ ၫႊန္လို႔ေရာက္လာတာ အေၾကာင္းရွိမယ္ထင္ထားတာ အခုေတာ့ လင္တ႐ူး သရဲမႏွင့္လာတိုးေနတယ္ ”
” ဘာအထက္ပုဂၢိဳလ္လည္း ေအာက္လမ္းဆရာစုတ္ ကိုယ္နဲ႔မဆိုင္ရင္ ဝင္မပါနဲ႔ ဒါ ငါ့အပိုင္ နင့္ကိုပါ ဂုတ္ခ်ိဳးသတ္ပစ္မယ္ ”
” ၾကမ္းလွခ်ည္လား သရဲမရဲ႕ ကဲ ေဟ့လူ ခင္ဗ်ားမိန္းမကိုယ္ထဲမွာဝင္ေနတဲ့ သရဲမကို ထုတ္မွရမယ္ သေဘာတူလား ”
” သေဘာတူပါတယ္ ဒါေပမဲ့ က်ဳပ္မိန္းမက အသက္ျပန္ရွင္မွာလား ”
” စိတ္မေကာင္းပါဘူးဗ်ာ ခင္ဗ်ား မိန္းမက ေသတာၾကာၿပီ အဲ့သရဲမ လက္ခ်က္ေပါ့ဗ်ာ ”
” ဗ်ာ က်ဳပ္မိန္းမက ေသၿပီ ဟာဗ်ာ သြားပါၿပီ ”
” ကဲ စိတ္မေကာင္းျဖစ္မေနပါနဲ႔ေတာ့ အခုလိုေတြျဖစ္လာတာက ပရေလာကသားေတြကိုမွ ခင္ဗ်ားက ဆက္ႏြယ္မိတာကိုး ထားပါေတာ့ က်ဳပ္အခု အဲ့သရဲမကို အျပစ္ေပးရဦးမယ္ ”
ဟုဆိုကာ အေရွ႕သို႔ထြက္ၿပီး သရဲမအား
” ကဲ အခုေလာက္ထိ ေနၿပီး စားၿပီးရင္ ေတာ္ေရာေပါ့ ”
” မရဘူး ဒီ ခႏၶာက မထြက္ဘူး နင္လုပ္ခ်င္တာလုပ္ ”
လို႔ေျပာၿပီး သရဲမက လက္ႏွစ္ဖက္ကို ေဘးသို႔ဆန႔္လိုက္ရာ ေလေပၚသို႔ေျမာက္တက္သြားသည္။ ေတဇက သက္ျပင္းခ်ကာ
” ဟူးးးးး ဒါဆိုလည္း က်ဳပ္တာဝန္အတိုင္းလုပ္ရမွာေပါ့ေလ ”
” စမ္းၾကည့္လိုက္ေလ ဟားဟားဟားဟား ”
” ဟာ ေပ်ာက္သြားၿပီ ေဟ့လူ က်ဳပ္မိန္းမ ေပ်ာက္သြားၿပီ ”
႐ုတ္တရက္ မိုးတိမ္မ်ား အုံ႔ဆိုင္းလာၿပီး လွ်ပ္စီးမ်ား တဖ်ပ္ဖ်ပ္လွပ္ေနသည္။ ေတဇလည္း လက္မွ စက္တစ္ခုကို ထုတ္ၿပီး ေလေပၚသို႔ပစ္လိုက္သည္။
” ဝွီးးးး ေဖာက္ ဝုန္းးးးး ”
နတ္ရဲပင္အား စက္ထိမွန္ကာ သစ္ကိုင္းမ်ားႀကိဳးက်လာေလသည္။ အေရွ႕တည့္တည့္တြင္ သရဲမျပန္ေပၚလာၿပီး လက္ကို အေရွ႕သို႔ဆန႔္လိုက္ရာ လက္ႀကီး ရွည္ထြက္လာၿပီး ေတဇအား လက္ပင္းညႇစ္ဖို႔ ႀကံ႐ြယ္ေလသည္။
” ကဲေရာ့ကြာ ”
” အားးးးးး ပူတယ္ ပူတယ္ အားးးး ”
ေရွ႕တိုးလာေသာ လက္အား ေတဇမွအင္းတစ္ခ်ပ္ကပ္ေပးလိုက္ရာ လက္မွာ ေနာက္ျပန္ဆုတ္သြားၿပီး သရဲမလည္း ေအာ္ဟစ္ေနေတာ့သည္။ ေတဇက
” သရဲမ နင့္အဆင့္နဲ႔ငါ့ကိုမႏိုင္ဘူး အဲ့ေတာ့ နင္ဒီခႏၶာကေန အသာတၾကည္ထြက္သြားပါ ငါ ပညာထပ္မသုံးခ်င္ဘူး ”
သရဲမက အင္းခ်ပ္ကို လက္နဲ႔ပုတ္ခါခ်ၿပီး တဟားဟားေအာ္ရယ္ကာ
” ဒီအင္းေလာက္နဲ႔ ငါ့ကိုမႏိုင္ဘူး ၿပီးေတာ့ ငါ ေဟာဒီခႏၶာကိုယ္ထဲမွာပဲေနမယ္ နင္ဘာလုပ္ခ်င္လဲ ”
” ဒါဆိုလည္း ငါ့ပညာပဲထပ္သုံးရမွာေပါ့ ”
ဆိုကာ အင္းစာ႐ြက္တစ္ခုကိုထုတ္ၿပီး ႏႈတ္မွ တစ္စုံတစ္ရာကို႐ြတ္ဖတ္ၿပီး ထိုအင္းစာ႐ြက္ကို မီးခတ္ႏွင့္မီးရႈိ႕ခ်လိုက္သည္။
” အားးးးးး ပူတယ္ ပူတယ္ ပူတယ္ အားးးးးးးးးး ငါမခံႏိုင္ေတာ့ဘူး အား ပူတယ္ ”
အင္းစာ႐ြက္လည္း မီးကြၽမ္းကာျပာျဖစ္သြားေလသည္။ ေလေပၚမွ မျမရင္လည္း ေအာက္သို႔ ဘုတ္ခနဲ ျပဳတ္က်လာေလသည္။ ေအာက္သို႔ က်က်ခ်င္းပင္ ေျခလက္မ်ား တစ္စစီျပဳတ္ကာ အသားမ်ားမွ ေလာက္မ်ား တဖြားဖြားထြက္လာေလသည္။ ကိုမင္းေဇာ္လည္း မိန္းမျဖစ္သည္ရဲ႕အေလာင္းေဘးတြင္ ဒူးေထာက္ၿပီး ဝမ္းနည္းတသျဖစ္ကာ ရႈိက္ႀကီး တငင္ငင္နဲ႔ငိုခ်ေလေတာ့သည္။ ေတဇလည္း မင္းေဇာ္အား ႏႈတ္မဆက္ပဲ ထိုေနရာမွ ထြက္လာခဲ့ေလသည္။ မည္သို႔ပင္ဆိုေစကာမူ ပရေလာကသားမ်ားအား ဆက္ႏြယ္ျခင္းမျပဳၾကပါရန္ ေလးစားစြာျဖင့္ အသိေပးအပ္ပါတယ္။
စာေရးသူ – လင္းေတဇ