Unicode version
” တောနက်ထဲမှ အလောင်း ”(စ/ဆုံး)
————————————————-
တစ်နေ့သ၌ ရန်ကုန်မြို့ရှိ ဒေါက်တာမင်း
ထင်ကျော် နေအိမ်သို့ စာတစ်စောင် ရောက်
လာလေသည် ။
စာပို့လိုက်သူမှာ
နာဂတောင်တန်းများ
ဘက်တွင် အုပ်ချုပ်ရေးတာဝန် ထမ်းဆောင် နေသော အုပ်ချုပ်ရေးအရာရှိ ဦးထင်ကျော်
ထံမှ ဖြစ်ပေသည် ။
မိတ်ဆွေကြီးခင်ဗျာ…
ဒေါက်တာမင်းထင်ကျောါသတိတရဖြင့် စာရေးလိုက်ပါတယ်။
ယခု ကျွန်တော်ရောက်နေသော နေရာမှာ ခန္တီးမြို့မှ တစ်ဆင့်သွားရသော ‘လဟယ် မြို့ကလေး၌ ဖြစ်ပါသည် ။ တာဝန်ကတော့ ထိုနေရာမှ တစ်ဆင့် နာဂတောင်တန်းများ ပေါ်သို့ သွားရောက်ကာ နာဂတိုင်းရင်းသား များ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးရ
ခြင်း ဖြစ်ပါသည်သို့သော်လည်း
လမ်းပန်းဆက်သွယ်ရေးက ခက်ခဲလှ သောကြောင့် ထင်သလောက် ခရီးမ ပေါက်ဘဲ ရှိနေပါသည် ။ အများအားဖြင့်
တောနှင့် တောင်တန်းကြီးများ သာ ရှိသော
နာဂတောင်တန်းများ ဘက်၌ ထူးခြား
ဆန်းကြယ်မှုများ စွာ ရှိနေပါသည် ။
သို့သော်လည်း နေရာအနှံ့ သွားလာနိုင်ဖို့တော့ ခက်ခဲလှပါသည် ။
တောတောင်များအတွင်း၌လက်နက်ကိုင်၍သောင်းကျန်းနေသော
မှောင်ခိုဂိုဏ်းသားများ ၊ ဓားပြဂိုဏ်းသားများ
နှင့် အစိုးရဘက်တော်သားများကို အန်တုနေ သော လက်နက်ကိုင် သောင်းကျန်းသူများ ရှိ နေသောကြောင့် ဖြစ်ပါသည် ။ မှောင်ခို ဂိုဏ်းသားများ နှင့် နယ်ခြားကာကွယ်ရေး ရဲ အဖွဲ့တွေဟာ သူတစ်ပြန်ကိုယ်တစ်ပြန်
တိုက်ခိုက် နေကြရသည် လည်း ရှိပါသည် ။
သို့သော်လည်း … နာဂတောင်တန်းကြီးက
ရှည်လျားကျယ်ပြန့်လေတော့
ကုန်စင်အောင် လိုက်လံဖမ်းဆီးဖို့ ကတော့ခက်ခဲလှပါသည် ။
ဒေါက်တာမင်းထင်ကျော်ကို အဓိက
အသိပေးလိုသော အကြောင်းက နာဂ
တောင်တန်း တစ်နေရာတွင် ရှေးဟောင်း
နာဂအမျိုးအနွယ်များ လျှို့ဝှက်သိမ်းဆည်း
ထားခဲ့သော ရတနာသိုက်တစ်ခုနှင့် ရွှေဖြူဟု ခေါ်သော ပလက်တီနမ်သတ္တုများ စွာ ရှိနေ
လျှို့ဝှက်နေရာတစ်ခုရှိကြောင်းသတင်းကြားရပါသည် ။
လွန်ခဲ့သော(၁၅)နှစ်ခန့်က အင်္ဂလိပ်များ အုပ်စိုးနေစဉ် ဘူမိဗေဒ အရာရှိတစ်ယောက်
မှာထိုနေရာသို့ရောက်ခဲ့ဖူးကြောင်းတစ်စွန်းတစ်စ သတင်းရထားပါသည် ။
အကယ်၍ သာ ထိုနေရာသို့ အရောက်သွား နိုင်ပါက အဖိုးတန်ရတနာများ အပြင် လူ့ အသက်ကို ရှည်စေသော ကျောက်သွေးများ
ကိုပါ ရနိုင်မည်ဖြစ်ကြောင်း သိရပါသည် ။ ထိုနေရာသို့ ရောက်ခဲ့ဖူးသော … ဘူမိဗေဒ အရာရှိမှာ ယခုအခါ အန္တရာယ်များ နှင့် ဝိုင်း နေပါပြီ။၎င်းထံမှာ ရှိသော လျှို့ဝှက်မြေပုံကို အလိုရှိ သောကြောင့် … လူဆိုးဂိုဏ်းများက နည်း
အမျိုးမျိုးနှင့် ကြိုစားနေကြပါသည် ။
အကယ်၍ သာ ဒေါက်တာမင်းထင်ကျော် အနေနှင့် ယခု စာရလျှင်ရချင်း ကျွန်တော့်
ထံသို့ အရောက်လာနိုင်ပါက … ဘူမိဗေဒ အရာရှိဟောင်းနှင့် တွေ့ခွင့်ရပြီး ၎င်းထံမှ အကျိုးအကြောင်း သိရနိုင်ပါသည် ။
သူကလည်း မြေပုံအတွက် အန္တရာယ်များ ဝိုင်းနေမှန်း သိသဖြင့် ယုံကြည်စိတ်ချရသူနှင့် တိုင်ပင်၍ လုပ်သင့်လုပ်ထိုက်သည် များကို လုပ်ရန် ဆန္ဒရှိနေပါသည် ။
သို့ကြောင့် ဒေါက်တာမင်းထင်ကျော် အနေ နှင့် ယခု အကြောင်းကြားစာ ရလျှင်ရချင်း ကျွန်တော့်ထံသို့ လာခဲ့စေလိုပါသည် ။
ခင်မင်သတိရစွာဖြင့်… ဦးထင်ကျော်အုပ်ချုပ်ရေးအရာရှိ
လဟယ်မြို့ဟူ၍ ဖြစ်ပေသည် ။
ဘူမိဗေဒဘာသာရပ်ဖြင့် ဒေါက်တာမင်း
ထင်ကျော်မှာ ရွှေဖြူဟု ခေါ်ကြသော
ပလက်တီနမ် သတ္တုများသတင်းကြား
ကတည်းက များ စွာ စိတ်ဝင်စားသွားလေသည် ။
မြန်မာနိုင်ငံ အနှံ့အပြားသို့ ခရီးသွားလာ နေသော ဒေါက်တာမင်းထင်ကျော်မှာ ရွှေဖြူ ဟု တင်စားခေါ်သော ပလက်တီနမ်သတ္တု များ ရှိသည် ဟု သာ သတင်းကြားရ သော်လည်း ဘယ်နေရာမှာ ရှိမှန်း ယခု ထက်တိုင် မသိရသေးပေ။
ယခု ဦးထင်ကျော်၏ စာထဲ၌ ရေးထားပုံ အရဆိုလျှင် ပလက်တီနမ် သတ္တုများ ရှိသော နေရာကို သိထားသူနှင့် တွေ့ရမည်ဖြစ်သည် ဟု ဆိုသဖြင့် များ စွာ စိတ်ဝင်စားမိလေသည်
သို့ကြောင့် ထွေထွေထူးထူး စဉ်းစားမနေ တော့၊ မိမိနှင့် ခရီးသွားဖော်များ ဖြစ်သော ဦး
ဗန်ကောင်း၊ စောထီး၊ ငမဲအောင်တို့ ကို ခေါ် ပြီး ခရီးထွက်ရန် ပြင်ဆင်ရတော့သည် ။ ခရီး အတွက် လိုအပ်သာ ပစ္စည်းအချို့ကိုသာ ယူ
ပြီး ရန်ကုန်မှ မန္တလေး၊ မန္တလေးမှ မိုးကောင်း
ရထားဖြင့် သွားသည် ။
မိုးကောင်းရောက်မှဂျစ်ကားတစ်စီး
ငှားရမ်းကာ … ခန္တီးရောက်အောင် … သွားကြသည် ။
ခန္တီးရောက်သောအခါ
ခေတ္တနားကြပြီး
လိုအပ်သော ပစ္စည်းများကို ထပ်မံဝယ်ယူကြရသည် ။
ထိုခရီးလမ်းများမှာ သူတို့ အတွက် တစ်
ကြိမ်မက သွားလာဖူးသဖြင့် အခက်အခဲတော့ မရှိလှချေ။
အချိန်ကာလမှာမြန်မာနိုင်ငံ
လွတ်လပ်ရေး ရပြီးကာလ တိုင်းပြည်အခြေ
နေက သိပ်မတည်ငြိမ်သေးသောကြောင့်
ခရီးသွားလာရသည် မှာ စိတ်ချလက်ချ သွားလာ၍ မရသေးပေ။
ခန္တီး၌ ခရီးတစ်ထောက် နားပြီးမှ လဟယ်
သို့ ရောက်အောင် ဂျစ်ကားဖြင့် ခရီးဆက်ကြ ရပြန်သည် ။
လဟယ်သို့ ရောက်သောအခါ ဦးထင် ကျော် ရုံးခန်းသို့ ရောက်အောင်သွားကာ တွေ့ဆုံကြသည် ။
ဦးထင်ကျော်က နေရာထိုင်ခင်းများ စီစဉ် ပေးရုံမက ခရီးထွက်ရာတွင် လိုအပ်သော မြင်း၊ သေနတ်၊ ကျည်ဆန်၊ စားနပ်ရိက္ခာ အပြင် လိုအပ်သော ပစ္စည်းများကို ကူညီ ထောက်ပံ့ပေးသည် ။
ထို့ပြင် နာဂဘာသာစကားကို ကောင်းစွာ ကျွမ်းကျင်သော … နာဂလူရွယ်တစ်ဦးကိုပါ ထည့်ပေးလေသည် ။
၎င်း၏ အမည်မှာ တိုင်းလုံ ဖြစ်ပြီး အသက်
နှစ်ဆယ်အရွယ်ခန့်သာ ရှိသေးသည် ။ တိုင်း လုံသည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံရုံမက တော တောင်ခရီးလမ်းများကိုလည်း ကျွမ်းကျင်သူ
ဖြစ်သည် ။
ထို့ပြင် အနံ့ခံရုံ၊ အသံကို နားထောင်ရုံနှင့် ရန်သူအမျိုးအစားနှင့် အကွာအဝေးကို
ခန့်မှန်းနိုင်သူ ဖြစ်သည် ။
“ဒီနယ်တွေဘက်မှာသွားရင်တော့
အနည်းဆုံး နာဂစကားကို ပြောနိုင်၊ နားလည်နိုင်မှ ဖြစ်မယ်၊ ဒါကြောင့် တိုင်းလုံ ကို ထည့်ပေးလိုက်တာပါ။ သူက တောထဲမှာ ကျားတစ်ကောင်လောက်ကို အားကိုးရတဲ့ သူပဲ။
ဟု ဦးထင်ကျော်က အမွှန်းတင်လိုက်သေးသည် ။
“အခုလို အကူအညီပေးတာ ကျေးဇူးတင် ပါတယ် ဦးထင်ကျော်”
“မလိုပါဘူးဗျာ၊ အချင်းချင်းတွေပဲဟာ၊ ကျွန်တော်က ခင်ဗျားတို့ ကို အကူအညီပေးရ
တာကိုပဲ ဝမ်းသာနေမိတာဗျ၊ ဒါထက် တော
ထဲတောင်ထဲသွားရင်တော့
လူဆိုးဂိုဏ်း၊ဓားပြဂိုဏ်းတွေကိုတော့ အထူး သတိထား
စေချင်တယ်၊ ဒီနယ်တစ်ဝိုက်မှာ အင်အား
အကြီးဆုံး ဂိုဏ်းကတော့ .. ကျားကြီးရာဇဂိုဏ်းပဲ”
“သူတို့ က ဘယ်လိုဂိုဏ်းမျိုးလဲ”
“လူသတ်၊ဓားပြတိုက်၊ ပြန်ပေးဆွဲ၊
မှောင်ခိုကုန်ကူး အားလုံးလုပ်တယ်၊
လက်နက်အင်အားရော လူအင်အားပါ
တောင့်တင်းတော့ နယ်ခြားတပ်ဖွဲ့က လူတွေ
ကိုတောင် သိပ်ဂရုမပြုတဲ့ သဘောရှိတယ်၊
ဂိုဏ်းခေါင်းဆောင်ကတော့ ကျားကြီးလို့ ခေါ်ကြတယ်”
“စိတ်မပူပါနဲ့ ဦးထင်ကျော်၊ ဒါထက်ဘူမိဗေဒ အရာရှိဟောင်း ဦးဘကျော်သာက ဘယ်မှာ နေတာလဲဗျ”
“သူက နန်းမြုံမှာ နေတယ်၊ အရင်ကတော့ အဲဒီမှာ နေတာ မဟုတ်ဘူး ၊ နောက်ပိုင်းမှ
ရတနာပစ္စည်းတွေရှာဖို့ ရည်ရွယ်ချက်နဲ့ နန်း
မြို့ကိုရောက်နေတာ သုံးနှစ်လောက်ပဲ ရှိဦးမယ်ထင်တယ်”
“ဒီလိုဆိုရင် သူ့ကို သွားတွေ့လိုက်ပါ့မယ်”
“ခင်ဗျားတို့ သွားရင် မုဆိုးကြီး ဦးမွန်ထော် ကိုပါ ခေါ်သွားသင့်တယ်၊ သူက နာဂ
တောင်တန်းတစ်ကြောနေရာ မရှိသလောက်ပါပဲ”သူမရောက်ဖူးတဲ့
“ကောင်းပြီလေ၊ လူများ တော့ အဖော်ရ
တာပေါ့”ထို့နောက် ဦးထင်ကျော် စီစဉ်ပေးသော
မြင်းနှင့်လားများအပြင်
သေနတ်၊ကျည်ဆန်၊ စားနပ်ရိက္ခာတို့ ကိုပါ ယူဆောင်၊
လဟယ်မှ စတင်ထွက်ခွာခဲ့ကြလေသည် ။ ၎င်းတို့ အဖွဲ့သည် ပစ္စည်းများကို လားများ ပေါ်တင်၍ ကျန်လူများက မြင်းပေါ်မှ စီးကာ
အေးအေးဆေးဆေးသွားကြလေသည်
တောအုပ်များ အတွင်းမှ ယခင်ရှိသော လမ်း ဟောင်းများမှ ပင် သွားကြလေသည် ။
လမ်းတစ်လျှောက်လုံးမလှမ်းမကမ်း
နေရာမှ ဖြတ်သွားသော တောဆင်ရိုင်းများ ၊
နောက်မှ သော်လည်း လည်းကောင်း၊
နံဘေးမှ သော်လည်းကောင်း ချောင်းမြောင်း လိုက်လာသော တောကောင်ကြီးများ ၏ ပုံရိပ်ကို မသဲမကွဲ လှမ်းမြင်ရသည် ။
တောကောင်ကြီးများ ၏ အရိပ်အငွေ့ကို တွေ့မြင်ရုံနှင့် အနံ့ရရုံနှင့် မြင်းနှင့်လားများ နာမငြိမ် ဖြစ်နေကြလေသည် ။ ၎င်းတို့ အဖွဲ့ တွင် ဝါရင့်မုဆိုးကြီး ဦးမွန်ထော် ပါလာ သဖြင့် တောကောင်ကြီးများ နှင့် တွေ့ကြုံသော်လည်း အလစ်တိုက်ခိုက်ခြင်း မခံကြရ
“ဒီတောတွေမှာ တောကောင်တွေက ပေါ လှချည့်လား ဦးမွန်ထော် ”
“ပေါဆို တောကလဲ နက်ပေတာကိုး၊ နာဂတောင်တန်းတွေတစ်လျှောက်မှာ
တောကောင်တွေ ဘယ်လောက်ပေါသလဲ ဆို ရင် အိမ်မှာ မွေးထားတဲ့ ကြောင်တွေ၊ ခွေး တွေ များ သလိုမျိုး နေရာအနှံ့မှာ ရှိနေကြ တကိုး”
ဦးမွန်ထော်က ကွမ်း အလွန်ကြိုက်သူ ဖြစ် သောကြောင့် ပါးစပ်တွင်းမှာ ကွမ်းယာကို
မပြတ် ငုံထားလေ့ရှိသည် ။
စကားပြောလျှင်လည်းကွမ်းယာသံဗလုံးဗထွေးဖြင့် ပြောသည် ။
“ဒီလောက်ပေါနေမှ တော့ လူတွေကိုအန္တရာယ်မပြုကြဘူးလား”
“တော်ရုံနဲ့ တော့ လူကို အန္တရာယ်မပေးကြ ပါဘူး၊ မလွှဲမရှောင်သာ ရင်ဆိုင်တိုးမှ သာ ရန်ပြုကြတာပါ။ တစ်ခုတော့ ရှိတယ်၊ လူ တွေလက်ချက်နဲ့ မသေဘဲ ဒဏ်ရာ အနာတရရခဲ့ဖူးတဲ့ … ကျားတွေကတော့ လူတွေကို
အန္တရာယ်ပြုပြီး လူသားကို စားလေ့ရှိကြတယ်။
“ဘာကြောင့်လဲဗျ၊ကလဲ့စားချေတဲ့သဘောလား”
“မဟုတ်ပါဘူး၊ သေနတ်ဒဏ်ရာထိပြီး ခြေ လက်ကျိုးနေတာတို့ ၊ မေးရိုးပြုတ်နေတာတို့ ၊ ခါးမသန်တာမျိုး ဖြစ်နေတဲ့ ကျားတွေဟာ တောထဲမှာ တိရစ္ဆာန်တွေကိုဖမ်းဖို့ မလွယ် တော့ဘူး မဟုတ်လား၊ ဒီတော့ ဖမ်းဆီးရ လွယ်တဲ့ လူတွေမွေးထားတဲ့ ကျွဲ၊ နွား၊ ဆိတ်၊ ဝက် စတာတွေကို အရင် ဖမ်းစားကြတယ်။ အဲဒီနောက်မှ တစ်ဆင့် လူကို ဖမ်းစားကြတယ်။
လူသားစားမိတဲ့ ကျားဟာ နောက်ဆို ရင် တခြားတိရစ္ဆာန်တွေကို မဖမ်းတော့ဘဲ လူတွေကိုပဲ ဖမ်းစားတော့တာမျိုးပါ”
“အင်း ဒီလိုဆိုတော့လဲ သူတို့ ကို အပြစ်မ ဆိုသာတော့ဘူးပေါ့လေ။ လူတွေကြောင့် ဒုက္ခိတဘဝ ရောက်ရတော့ နောက်ဆုံး လူကို ပြန်ပြီး ဒုက္ခပေးတာကတော့ … တရားနည်း လမ်း ကျပါတယ်”
ဟု ဦးဗန်ကောင်းက မှတ်ချက်ချသည် ။
“ဒီနယ်ဘက်မှာ လည်း ဝါရင့်မုဆိုးကြီး တွေရှိသလို လက်သင့်မုဆိုးတွေလဲ အများ ကြီးရှိတယ်၊ သူတို့ က ပိုဆိုးတယ်၊ အဆိုးဆုံး ကတော့ ဂျစ်မုဆိုးတွေပဲဗျ။
ဂျစ်မုဆိုးတွေက ကားမောင်းရင်း မီးထိုး ပြီး ပစ်တာဗျ၊ ဝါရင့်မုဆိုး မဟုတ်တော့ ထိ ချက်မမှန်ဘူး၊ ဒီတော့ မသေဘဲ ဒဏ်ရာရရုံ ရသွားရောဗျာ။ အဲဒီတောကောင်တွေမှာတောထဲမှာ သားကောင် … မဖမ်းနိုင်တော့ အလွယ်တကူဖမ်းလို့ ရတဲ့ လူတွေရှိတဲ့ ရွာ
တွေအထိ ဆင်း လာပြီး သောင်းကျန်းကြ
တော့တာပေါ့ဗျာ”ဟု ပြောပြလေသည် ။
ဒေါက်တာမင်းထင်ကျော်တို့အဖွဲ့သည်
ပတ်ဝန်းကျင် အခြေအနေကိုလည်း မျက် ခြည်မပြတ် အကဲခတ်ရင်း ထင်းရှူးတော များ ရှိရာ တောင်ကြောပေါ်သို့ ရောက်လာတော့သည် ။
ထိုနေရာသို့ ရောက်သောအခါ ရှေ့မှ သွား နေသော ဟိုင်းလုံက ရုတ်တရက်ရပ်ကာ အနံ့ခံနေလေသည် ။
“ဘာထူးသလဲ တိုင်းလုံ”
“လေထဲမှာ ညှော်နံ့လိုလို ရနေတယ်၊ ရှေ့ နားမှာ တစ်ခုခု မီးလောင်နေပုံရတယ်”
“တောမီးလောင်နေတဲ့ အနံ့မျိုးလား”
မဟုတ်ဘူး ၊ ကားတာယာ မီးလောင်တဲ့ အနံ့မျိုးရတယ်၊ သိပ်မဝေးလှဘူး”
“ဒါဖြင့် သွားကြစို့”
ဟု ပြောဆိုကာလက်နက်များကို
အဆင်သင့်ပြင်ကာ ရှေ့သို့ ခရီးဆက်ခဲ့ကြလေသည် ။
တောအုပ်မှ ထွက်လိုက်သည် နှင့် လီဒို
လမ်းမကြီးနှင့် ကိုက်အနည်းငယ် ဝေးသော
နေရာလောက်မှာ မီးတောက်များ ထကာ
မီးခိုးလုံးကြီးများ တက်နေသည် ကို လှမ်းမြင်ရသည် ။
ဒေါက်တာမင်းထင်ကျော်က
ကြည့်မှန်ပြောင်းဖြင့် လှမ်းကြည့် လိုက်လေသည် ။
ဂျစ်ကားတစ်စီးမီးလောင်နေခြင်းဖြစ်သည် ။
ပတ်ဝန်းကျင်တစ်ဝိုက်မှာ တော့ လူရိပ်လူ
ခြည် မတွေ့ရပေ။ လေသင့်နေသောကြောင့် ထိုနေရာမှ ညှော်နံ့များက သူတို့ ရှိရာသို့ ဝေ့ ဝဲ ပျံ့လွင့် လာလေသည် ။ ဒေါက်တာမင်းထင်ကျော်တို့သည်တောင်ကြောပေါ်မှ အောက်သို့ ဆင်းလာကြ
လေသည် ။ထိုနေရာသို့ ရောက်သောအခါ ဂျစ်ကား
တစ်စီး မီးလောင်နေသည် ကို တွေ့ကြရသည်
မီးလောင်နေသည်မှာ ကြာပြီဖြစ်
သောကြောင့် ဂျစ်ကားတစ်စီးလုံးမှာ ရစရာ မရှိတော့ပေ။
ထိုနေရာတစ်ဝိုက်ကို လေ့လာကြည့် သောအခါ ပတ်ဝန်းကျင်တွင် မြင်းခွာရာ အတော်များများကိုပါ တွေ့ကြရသည် ။
“ဒါ ဓားပြဂိုဏ်းတွေ လက်ချက်ပဲ ဖြစ်မှာပါ”
တိုင်းလုံက ပြောသည် ။ ထိုနေရာတစ်ဝိုက်ကိုလိုက်လံကြည့်ရှု
သောအခါ အခြား သဲလွန်ဈား ဘာမှ မတွေ့ရ
ဒေါက်တာမင်းထင်ကျော်တို့ သည် မြင်းမ စီးတော့ဘဲ မြင်းများကိုဆွဲကာ တောင်ကြော
ပေါ်သို့ တက်လာကြသည် ။
ထိုနေရာတစ်ဝိုက်မှာကျောက်သားမြေ
များ ဖြစ်သည့်အပြင် ပတ်ဝန်းကျင်တစ်ဝိုက် မှာ ကျောက်လုံးအကြီးအသေးများ ဖြင့် ပြည့်နှက်နေသည် ။
အကယ်၍ သာ သာ ရန်သူသည် ထိုကျောက် တုံးများ နောက်ဘက်တွင် ပုန်းအောင်းနေပါ က ကားလမ်းပေါ်မှ လာသောသူသည် ရန်သူ ကို လှမ်းမမြင်နိုင်ပေ။
တစ်နေရာရောက်တော့ လေကွယ်သော ကျောက်တုံးကြီးတစ်ခု နံဘေးမှာ လူတစ်စု
စခန်းချသွားသော ခြေရာလက်ရာများ နှင့် မီးဖိုအဟောင်းကိုပါ တွေ့ရသည် ။
“လူဆိုးတွေက ဒီနေရာကနေ စောင့်နေကြ
ပုံပဲ၊ ဒီအတိုင်းဆိုရင်ဒီဂျစ်ကားကို
အမှတ်တမဲ့တွေ့လို့ တိုက်ခိုက်တာ မဟုတ်နိုင် ဘူး၊ ဒီဂျစ်ကား လာမယ်မှန်း သိထားလို့ တမင်စောင့်ပြီး တိုက်ခိုက်တာပဲ ဖြစ်ရမယ်”
“ဟုတ်နိုင်တယ်၊ ဒါထက် ဂျစ်ကားပေါ်မှာ
ပါတဲ့ လူတွေတော့ ဘယ်ရောက်ကုန်ပြီလဲသိဘူး”
“ဖမ်းသွားပြီလား၊ ဒါမှ မဟုတ် သတ်ပြီး တစ်နေရာမှာ ထားခဲ့သလား မပြောနိုင်ဘူး”
“အတော် ရက်စက်တဲ့ လူတွေပဲ”
“ရက်စက်တာကတော့ မပြောနဲ့ ဆရာရေ၊
အုပ်ချုပ်ရေးက ထိထိရောက်ရောက် မလုပ်
ပေးနိုင်တဲ့ဒီတောင်တန်းတွေပေါ်မှာ
ကတော့ လူများများ လက်နက်များများ ရှိတဲ့
အဖွဲ့က ဗိုလ်ကျအနိုင်ယူနေကြတာ အတော် ကြာနေပါပြီ။ ဒီနယ်မှာ ကျားကြီးရာဇာတို့ အဖွဲ့ဆိုရင် လူတိုင်းက ကြောက်နေကြရတာ ပဲ။ သူတို့ က လူအင်အားရော လက်နက် အင်အားပါ တောင့်တယ်၊ အရင်ကတော့ ဓားပြဂိုဏ်းပေါ့၊ အခုတော့ တဖြည်းဖြည်းနဲ့ သောင်းကျန်းသူအဆင့်ကို ရောက်နေကြပြီ”
မုဆိုးကြီး ဦးမွန်ထော်က ပြောလေသည် ။ဒေါက်တာမင်းထင်ကျော်က
ခြေရာလက်ရာများကို လိုက်လံကြည့်နေစဉ် အနံ့ခံကောင်းသော တိုင်းလုံက အနားလာ ပြောလေသည် ။
“ဆရာ ဟိုဘက်မှာ သွေးနံ့လိုလိုရတယ်၊အဲဒီဘက် သွားကြည့်ကြရအောင်”
ထိုသို့ပြောသဖြင့် … တောစပ်တစ်နေရာသို့ သွားကြည့်သောအခါ ယင်မမည်းရိုင်းများ ဝေါခနဲ ထပျံသံကို ကြားရသည် ။
ယင်မမည်းရိုင်းများ ပျံသောနေရာမှာ သစ်ချုံများ နောက်ဘက်ဆီမှ ဖြစ်သဖြင့်
ချုံများ ကို ဖယ်ကြည့်သောအခါ ဒဏ်ရာဒဏ်ချက် များ ဖြင့် သေဆုံးနေသော အလောင်းတစ်
လောင်းကို တွေ့ကြရသည် ။လှိုင်နေလေသည် ။
အနီးသို့ရောက်သောအခါ သွေးညှီနံ့များက
“လူဆိုးတွေလက်ချက်ကြောင့် သေရတာဖြစ်မယ်”
“ဒီလူက ဟို မီးရှို့ထားတဲ့ ဂျစ်ကားကလူဖြစ်မယ်ထင်တယ်”
“ဂျစ်ကားတစ်စီးနဲ့တစ်ယောက်တည်း
တော့ မောင်းလာတာ မဖြစ်နိုင်ဘူး၊ အဖော်
ပါလာတဲ့ လူတွေ ရှိဦးမယ်”
ဟု ပြောဆိုကာ အနီးဝန်းကျင်တစ်ဝိုက်သို့ လိုက်လံရှာဖွေကြည့်တော့လည်း နောက်ထပ်
ဘာမှ မတွေ့ရတော့ပေ။
သေဆုံးနေသူမှာ အသက်သုံးဆယ်ကျော် အရွယ်ခန့်ရှိပြီး တိုင်းရင်းသားတစ်ယောက်
ဖြစ်သည် ။သက္ကလပ်အင်္ကျီအဟောင်း၊ဘောင်းဘီ
အဟောင်းများကို ဝတ်ထားလေသည် ။ ဒေါက်တာမင်းထင်ကျော်က အနီးသို့သွား ကာ သေဆုံးသူ၏ အိတ်တွင်းသို့ နှိုက်ကြည့် သောအခါ ကားဒရိုင်ဘာလိုင်စင်နှင့် စာအုပ် ငယ်တစ်အုပ်သာ တွေ့ရသည် ။
ထိုသူ၏ အမည်မှာ ထွန်းနောင်ဖြစ်ပြီး နန်း မြို့မြို့တွင် နေထိုင်ကြောင်း သိရလေသည် ။
“သူက ဒရိုင်ဘာတစ်ယောက်ပဲ၊ ဒီလိုဆိုရင် ကားပေါ်မှာ … တခြားလူတွေ ပါလာတာ
သေချာသွားပြီ၊ ကျန်တဲ့ လူတွေကို လူဆိုး တွေ ဖမ်းသွားကြတာ သေချာလောက်တယ်”
ဟု ပြောလေသည် ။ “ဒီအလောင်းကိုဘယ်လိုလုပ်ကြမလဲဆရာ”
“ဒီအတိုင်းသာခြေရာလက်ရာမပျက်
ထားခဲ့မှ ဖြစ်မယ်၊ နန်းမြုံရောက်တော့မှသက်ဆိုင်ရာတွေကို
အကြောင်းကြားလိုက်ကြတာပေါ့”
ထိုအခါ တိုင်းလုံက ပြောသည် ။
“ဒီလိုဆိုရင် ဆရာတို့ နန်းမြုံရောက်အောင် သွားနှင့်ကြပေတော့ ကျွန်တော် နေခဲ့မယ်” “ဘာလုပ်ဖို့ နေခဲ့တာလဲ”
“ကျွန်တော် သူတို့ နောက်ကို ခြေရာခံပြီး
လိုက်သွားကြည့်မယ်၊ ဒါမှ သူတို့ ဘယ်သူ
တွေကို
ဖမ်းသွားတယ်ဆိုတာရယ်၊
နောက်ပြီး သူတို့ စခန်းချတဲ့ နေရာကိုပါ
တိတိကျကျ သိရမှာ ပေါ့”
ထိုစကားကြားသောအခါ ဒေါက်တာမင်း
ထင်ကျော်က အနည်းငယ် စဉ်းစားလိုက်ပြီးမှ
“အေး သွားချင်လဲ သွားလေ၊ ဒါပေမဲ့ မင်း တစ်ယောက်တည်းတော့ မသွားနဲ့ ၊
တောထဲ မှာ တစ်ခုခုဖြစ်ရင် အကူအညီပေးမယ့်လူ ရှိ မှာ မဟုတ်ဘူး ၊
ဒီတော့ သူတို့ နှစ်ယောက်ကို ပါ အဖော်ခေါ်သွားပေတော့”
ဟု ပြောကာ စောထီးနှင့် ငမဲအောင်တို့ ကို အဖော်ထည့်လိုက်ရာ
သုံးယောက်သား မြင်း ကိုယ်စီနှင့် တောင်ကြောပေါ်သို့ တက်သွား
ကြလေတော့သည် ။
Zawgyi Version
” ေတာနက္ထဲမွ အေလာင္း ”(စ/ဆံုး)
————————————————-
တစ္ေန႔သ၌ ရန္ကုန္ၿမိဳ႕ရွိ ေဒါက္တာမင္း
ထင္ေက်ာ္ ေနအိမ္သို႔ စာတစ္ေစာင္ ေရာက္
လာေလသည္ ။
စာပို႔လိုက္သူမွာ
နာဂေတာင္တန္းမ်ား
ဘက္တြင္ အုပ္ခ်ဳပ္ေရးတာဝန္ ထမ္းေဆာင္ ေနေသာ အုပ္ခ်ဳပ္ေရးအရာရွိ ဦးထင္ေက်ာ္
ထံမွ ျဖစ္ေပသည္ ။
မိတ္ေဆြႀကီးခင္ဗ်ာ…
ေဒါက္တာမင္းထင္ေက်ာါသတိတရျဖင့္ စာေရးလိုက္ပါတယ္။
ယခု ကြၽန္ေတာ္ေရာက္ေနေသာ ေနရာမွာ ခႏၲီးၿမိဳ႕မွ တစ္ဆင့္သြားရေသာ ‘လဟယ္ ၿမိဳ႕ကေလး၌ ျဖစ္ပါသည္ ။ တာဝန္ကေတာ့ ထိုေနရာမွ တစ္ဆင့္ နာဂေတာင္တန္းမ်ား ေပၚသို႔ သြားေရာက္ကာ နာဂတိုင္းရင္းသား မ်ား ဖြံ႕ၿဖိဳးတိုးတက္ေစရန္ ေဆာင္႐ြက္ေပးရ
ျခင္း ျဖစ္ပါသည္သို႔ေသာ္လည္း
လမ္းပန္းဆက္သြယ္ေရးက ခက္ခဲလွ ေသာေၾကာင့္ ထင္သေလာက္ ခရီးမ ေပါက္ဘဲ ရွိေနပါသည္ ။ အမ်ားအားျဖင့္
ေတာႏွင့္ ေတာင္တန္းႀကီးမ်ား သာ ရွိေသာ
နာဂေတာင္တန္းမ်ား ဘက္၌ ထူးျခား
ဆန္းၾကယ္မႈမ်ား စြာ ရွိေနပါသည္ ။
သို႔ေသာ္လည္း ေနရာအႏွံ႔ သြားလာႏိုင္ဖို႔ေတာ့ ခက္ခဲလွပါသည္ ။
ေတာေတာင္မ်ားအတြင္း၌လက္နက္ကိုင္၍ေသာင္းက်န္းေနေသာ
ေမွာင္ခိုဂိုဏ္းသားမ်ား ၊ ဓားျပဂိုဏ္းသားမ်ား
ႏွင့္ အစိုးရဘက္ေတာ္သားမ်ားကို အန္တုေန ေသာ လက္နက္ကိုင္ ေသာင္းက်န္းသူမ်ား ရွိ ေနေသာေၾကာင့္ ျဖစ္ပါသည္ ။ ေမွာင္ခို ဂိုဏ္းသားမ်ား ႏွင့္ နယ္ျခားကာကြယ္ေရး ရဲ အဖြဲ႕ေတြဟာ သူတစ္ျပန္ကိုယ္တစ္ျပန္
တိုက္ခိုက္ ေနၾကရသည္ လည္း ရွိပါသည္ ။
သို႔ေသာ္လည္း … နာဂေတာင္တန္းႀကီးက
ရွည္လ်ားက်ယ္ျပန႔္ေလေတာ့
ကုန္စင္ေအာင္ လိုက္လံဖမ္းဆီးဖို႔ ကေတာ့ခက္ခဲလွပါသည္ ။
ေဒါက္တာမင္းထင္ေက်ာ္ကို အဓိက
အသိေပးလိုေသာ အေၾကာင္းက နာဂ
ေတာင္တန္း တစ္ေနရာတြင္ ေရွးေဟာင္း
နာဂအမ်ိဳးအႏြယ္မ်ား လွ်ိဳ႕ဝွက္သိမ္းဆည္း
ထားခဲ့ေသာ ရတနာသိုက္တစ္ခုႏွင့္ ေ႐ႊျဖဴဟု ေခၚေသာ ပလက္တီနမ္သတၱဳမ်ား စြာ ရွိေန
လွ်ိဳ႕ဝွက္ေနရာတစ္ခုရွိေၾကာင္းသတင္းၾကားရပါသည္ ။
လြန္ခဲ့ေသာ(၁၅)ႏွစ္ခန႔္က အဂၤလိပ္မ်ား အုပ္စိုးေနစဥ္ ဘူမိေဗဒ အရာရွိတစ္ေယာက္
မွာထိုေနရာသို႔ေရာက္ခဲ့ဖူးေၾကာင္းတစ္စြန္းတစ္စ သတင္းရထားပါသည္ ။
အကယ္၍ သာ ထိုေနရာသို႔ အေရာက္သြား ႏိုင္ပါက အဖိုးတန္ရတနာမ်ား အျပင္ လူ႔ အသက္ကို ရွည္ေစေသာ ေက်ာက္ေသြးမ်ား
ကိုပါ ရႏိုင္မည္ျဖစ္ေၾကာင္း သိရပါသည္ ။ ထိုေနရာသို႔ ေရာက္ခဲ့ဖူးေသာ … ဘူမိေဗဒ အရာရွိမွာ ယခုအခါ အႏၲရာယ္မ်ား ႏွင့္ ဝိုင္း ေနပါၿပီ။၎ထံမွာ ရွိေသာ လွ်ိဳ႕ဝွက္ေျမပုံကို အလိုရွိ ေသာေၾကာင့္ … လူဆိုးဂိုဏ္းမ်ားက နည္း
အမ်ိဳးမ်ိဳးႏွင့္ ႀကိဳစားေနၾကပါသည္ ။
အကယ္၍ သာ ေဒါက္တာမင္းထင္ေက်ာ္ အေနႏွင့္ ယခု စာရလွ်င္ရခ်င္း ကြၽန္ေတာ့္
ထံသို႔ အေရာက္လာႏိုင္ပါက … ဘူမိေဗဒ အရာရွိေဟာင္းႏွင့္ ေတြ႕ခြင့္ရၿပီး ၎ထံမွ အက်ိဳးအေၾကာင္း သိရႏိုင္ပါသည္ ။
သူကလည္း ေျမပုံအတြက္ အႏၲရာယ္မ်ား ဝိုင္းေနမွန္း သိသျဖင့္ ယုံၾကည္စိတ္ခ်ရသူႏွင့္ တိုင္ပင္၍ လုပ္သင့္လုပ္ထိုက္သည္ မ်ားကို လုပ္ရန္ ဆႏၵရွိေနပါသည္ ။
သို႔ေၾကာင့္ ေဒါက္တာမင္းထင္ေက်ာ္ အေန ႏွင့္ ယခု အေၾကာင္းၾကားစာ ရလွ်င္ရခ်င္း ကြၽန္ေတာ့္ထံသို႔ လာခဲ့ေစလိုပါသည္ ။
ခင္မင္သတိရစြာျဖင့္… ဦးထင္ေက်ာ္အုပ္ခ်ဳပ္ေရးအရာရွိ
လဟယ္ၿမိဳ႕ဟူ၍ ျဖစ္ေပသည္ ။
ဘူမိေဗဒဘာသာရပ္ျဖင့္ ေဒါက္တာမင္း
ထင္ေက်ာ္မွာ ေ႐ႊျဖဴဟု ေခၚၾကေသာ
ပလက္တီနမ္ သတၱဳမ်ားသတင္းၾကား
ကတည္းက မ်ား စြာ စိတ္ဝင္စားသြားေလသည္ ။
ျမန္မာႏိုင္ငံ အႏွံ႔အျပားသို႔ ခရီးသြားလာ ေနေသာ ေဒါက္တာမင္းထင္ေက်ာ္မွာ ေ႐ႊျဖဴ ဟု တင္စားေခၚေသာ ပလက္တီနမ္သတၱဳ မ်ား ရွိသည္ ဟု သာ သတင္းၾကားရ ေသာ္လည္း ဘယ္ေနရာမွာ ရွိမွန္း ယခု ထက္တိုင္ မသိရေသးေပ။
ယခု ဦးထင္ေက်ာ္၏ စာထဲ၌ ေရးထားပုံ အရဆိုလွ်င္ ပလက္တီနမ္ သတၱဳမ်ား ရွိေသာ ေနရာကို သိထားသူႏွင့္ ေတြ႕ရမည္ျဖစ္သည္ ဟု ဆိုသျဖင့္ မ်ား စြာ စိတ္ဝင္စားမိေလသည္
သို႔ေၾကာင့္ ေထြေထြထူးထူး စဥ္းစားမေန ေတာ့၊ မိမိႏွင့္ ခရီးသြားေဖာ္မ်ား ျဖစ္ေသာ ဦး
ဗန္ေကာင္း၊ ေစာထီး၊ ငမဲေအာင္တို႔ ကို ေခၚ ၿပီး ခရီးထြက္ရန္ ျပင္ဆင္ရေတာ့သည္ ။ ခရီး အတြက္ လိုအပ္သာ ပစၥည္းအခ်ိဳ႕ကိုသာ ယူ
ၿပီး ရန္ကုန္မွ မႏၲေလး၊ မႏၲေလးမွ မိုးေကာင္း
ရထားျဖင့္ သြားသည္ ။
မိုးေကာင္းေရာက္မွဂ်စ္ကားတစ္စီး
ငွားရမ္းကာ … ခႏၲီးေရာက္ေအာင္ … သြားၾကသည္ ။
ခႏၲီးေရာက္ေသာအခါ
ေခတၱနားၾကၿပီး
လိုအပ္ေသာ ပစၥည္းမ်ားကို ထပ္မံဝယ္ယူၾကရသည္ ။
ထိုခရီးလမ္းမ်ားမွာ သူတို႔ အတြက္ တစ္
ႀကိမ္မက သြားလာဖူးသျဖင့္ အခက္အခဲေတာ့ မရွိလွေခ်။
အခ်ိန္ကာလမွာျမန္မာႏိုင္ငံ
လြတ္လပ္ေရး ရၿပီးကာလ တိုင္းျပည္အေျခ
ေနက သိပ္မတည္ၿငိမ္ေသးေသာေၾကာင့္
ခရီးသြားလာရသည္ မွာ စိတ္ခ်လက္ခ် သြားလာ၍ မရေသးေပ။
ခႏၲီး၌ ခရီးတစ္ေထာက္ နားၿပီးမွ လဟယ္
သို႔ ေရာက္ေအာင္ ဂ်စ္ကားျဖင့္ ခရီးဆက္ၾက ရျပန္သည္ ။
လဟယ္သို႔ ေရာက္ေသာအခါ ဦးထင္ ေက်ာ္ ႐ုံးခန္းသို႔ ေရာက္ေအာင္သြားကာ ေတြ႕ဆုံၾကသည္ ။
ဦးထင္ေက်ာ္က ေနရာထိုင္ခင္းမ်ား စီစဥ္ ေပး႐ုံမက ခရီးထြက္ရာတြင္ လိုအပ္ေသာ ျမင္း၊ ေသနတ္၊ က်ည္ဆန္၊ စားနပ္ရိကၡာ အျပင္ လိုအပ္ေသာ ပစၥည္းမ်ားကို ကူညီ ေထာက္ပံ့ေပးသည္ ။
ထို႔ျပင္ နာဂဘာသာစကားကို ေကာင္းစြာ ကြၽမ္းက်င္ေသာ … နာဂလူ႐ြယ္တစ္ဦးကိုပါ ထည့္ေပးေလသည္ ။
၎၏ အမည္မွာ တိုင္းလုံ ျဖစ္ၿပီး အသက္
ႏွစ္ဆယ္အ႐ြယ္ခန႔္သာ ရွိေသးသည္ ။ တိုင္း လုံသည္ ရဲစြမ္းသတၱိႏွင့္ ျပည့္စုံ႐ုံမက ေတာ ေတာင္ခရီးလမ္းမ်ားကိုလည္း ကြၽမ္းက်င္သူ
ျဖစ္သည္ ။
ထို႔ျပင္ အနံ႔ခံ႐ုံ၊ အသံကို နားေထာင္႐ုံႏွင့္ ရန္သူအမ်ိဳးအစားႏွင့္ အကြာအေဝးကို
ခန႔္မွန္းႏိုင္သူ ျဖစ္သည္ ။
“ဒီနယ္ေတြဘက္မွာသြားရင္ေတာ့
အနည္းဆုံး နာဂစကားကို ေျပာႏိုင္၊ နားလည္ႏိုင္မွ ျဖစ္မယ္၊ ဒါေၾကာင့္ တိုင္းလုံ ကို ထည့္ေပးလိုက္တာပါ။ သူက ေတာထဲမွာ က်ားတစ္ေကာင္ေလာက္ကို အားကိုးရတဲ့ သူပဲ။
ဟု ဦးထင္ေက်ာ္က အမႊန္းတင္လိုက္ေသးသည္ ။
“အခုလို အကူအညီေပးတာ ေက်းဇူးတင္ ပါတယ္ ဦးထင္ေက်ာ္”
“မလိုပါဘူးဗ်ာ၊ အခ်င္းခ်င္းေတြပဲဟာ၊ ကြၽန္ေတာ္က ခင္ဗ်ားတို႔ ကို အကူအညီေပးရ
တာကိုပဲ ဝမ္းသာေနမိတာဗ်၊ ဒါထက္ ေတာ
ထဲေတာင္ထဲသြားရင္ေတာ့
လူဆိုးဂိုဏ္း၊ဓားျပဂိုဏ္းေတြကိုေတာ့ အထူး သတိထား
ေစခ်င္တယ္၊ ဒီနယ္တစ္ဝိုက္မွာ အင္အား
အႀကီးဆုံး ဂိုဏ္းကေတာ့ .. က်ားႀကီးရာဇဂိုဏ္းပဲ”
“သူတို႔ က ဘယ္လိုဂိုဏ္းမ်ိဳးလဲ”
“လူသတ္၊ဓားျပတိုက္၊ ျပန္ေပးဆြဲ၊
ေမွာင္ခိုကုန္ကူး အားလုံးလုပ္တယ္၊
လက္နက္အင္အားေရာ လူအင္အားပါ
ေတာင့္တင္းေတာ့ နယ္ျခားတပ္ဖြဲ႕က လူေတြ
ကိုေတာင္ သိပ္ဂ႐ုမျပဳတဲ့ သေဘာရွိတယ္၊
ဂိုဏ္းေခါင္းေဆာင္ကေတာ့ က်ားႀကီးလို႔ ေခၚၾကတယ္”
“စိတ္မပူပါနဲ႔ ဦးထင္ေက်ာ္၊ ဒါထက္ဘူမိေဗဒ အရာရွိေဟာင္း ဦးဘေက်ာ္သာက ဘယ္မွာ ေနတာလဲဗ်”
“သူက နန္းၿမဳံမွာ ေနတယ္၊ အရင္ကေတာ့ အဲဒီမွာ ေနတာ မဟုတ္ဘူး ၊ ေနာက္ပိုင္းမွ
ရတနာပစၥည္းေတြရွာဖို႔ ရည္႐ြယ္ခ်က္နဲ႔ နန္း
ၿမိဳ႕ကိုေရာက္ေနတာ သုံးႏွစ္ေလာက္ပဲ ရွိဦးမယ္ထင္တယ္”
“ဒီလိုဆိုရင္ သူ႔ကို သြားေတြ႕လိုက္ပါ့မယ္”
“ခင္ဗ်ားတို႔ သြားရင္ မုဆိုးႀကီး ဦးမြန္ေထာ္ ကိုပါ ေခၚသြားသင့္တယ္၊ သူက နာဂ
ေတာင္တန္းတစ္ေၾကာေနရာ မရွိသေလာက္ပါပဲ”သူမေရာက္ဖူးတဲ့
“ေကာင္းၿပီေလ၊ လူမ်ား ေတာ့ အေဖာ္ရ
တာေပါ့”ထို႔ေနာက္ ဦးထင္ေက်ာ္ စီစဥ္ေပးေသာ
ျမင္းႏွင့္လားမ်ားအျပင္
ေသနတ္၊က်ည္ဆန္၊ စားနပ္ရိကၡာတို႔ ကိုပါ ယူေဆာင္၊
လဟယ္မွ စတင္ထြက္ခြာခဲ့ၾကေလသည္ ။ ၎တို႔ အဖြဲ႕သည္ ပစၥည္းမ်ားကို လားမ်ား ေပၚတင္၍ က်န္လူမ်ားက ျမင္းေပၚမွ စီးကာ
ေအးေအးေဆးေဆးသြားၾကေလသည္
ေတာအုပ္မ်ား အတြင္းမွ ယခင္ရွိေသာ လမ္း ေဟာင္းမ်ားမွ ပင္ သြားၾကေလသည္ ။
လမ္းတစ္ေလွ်ာက္လုံးမလွမ္းမကမ္း
ေနရာမွ ျဖတ္သြားေသာ ေတာဆင္႐ိုင္းမ်ား ၊
ေနာက္မွ ေသာ္လည္း လည္းေကာင္း၊
နံေဘးမွ ေသာ္လည္းေကာင္း ေခ်ာင္းေျမာင္း လိုက္လာေသာ ေတာေကာင္ႀကီးမ်ား ၏ ပုံရိပ္ကို မသဲမကြဲ လွမ္းျမင္ရသည္ ။
ေတာေကာင္ႀကီးမ်ား ၏ အရိပ္အေငြ႕ကို ေတြ႕ျမင္႐ုံႏွင့္ အနံ႔ရ႐ုံႏွင့္ ျမင္းႏွင့္လားမ်ား နာမၿငိမ္ ျဖစ္ေနၾကေလသည္ ။ ၎တို႔ အဖြဲ႕ တြင္ ဝါရင့္မုဆိုးႀကီး ဦးမြန္ေထာ္ ပါလာ သျဖင့္ ေတာေကာင္ႀကီးမ်ား ႏွင့္ ေတြ႕ႀကဳံေသာ္လည္း အလစ္တိုက္ခိုက္ျခင္း မခံၾကရ
“ဒီေတာေတြမွာ ေတာေကာင္ေတြက ေပါ လွခ်ည့္လား ဦးမြန္ေထာ္ ”
“ေပါဆို ေတာကလဲ နက္ေပတာကိုး၊ နာဂေတာင္တန္းေတြတစ္ေလွ်ာက္မွာ
ေတာေကာင္ေတြ ဘယ္ေလာက္ေပါသလဲ ဆို ရင္ အိမ္မွာ ေမြးထားတဲ့ ေၾကာင္ေတြ၊ ေခြး ေတြ မ်ား သလိုမ်ိဳး ေနရာအႏွံ႔မွာ ရွိေနၾက တကိုး”
ဦးမြန္ေထာ္က ကြမ္း အလြန္ႀကိဳက္သူ ျဖစ္ ေသာေၾကာင့္ ပါးစပ္တြင္းမွာ ကြမ္းယာကို
မျပတ္ ငုံထားေလ့ရွိသည္ ။
စကားေျပာလွ်င္လည္းကြမ္းယာသံဗလုံးဗေထြးျဖင့္ ေျပာသည္ ။
“ဒီေလာက္ေပါေနမွ ေတာ့ လူေတြကိုအႏၲရာယ္မျပဳၾကဘူးလား”
“ေတာ္႐ုံနဲ႔ ေတာ့ လူကို အႏၲရာယ္မေပးၾက ပါဘူး၊ မလႊဲမေရွာင္သာ ရင္ဆိုင္တိုးမွ သာ ရန္ျပဳၾကတာပါ။ တစ္ခုေတာ့ ရွိတယ္၊ လူ ေတြလက္ခ်က္နဲ႔ မေသဘဲ ဒဏ္ရာ အနာတရရခဲ့ဖူးတဲ့ … က်ားေတြကေတာ့ လူေတြကို
အႏၲရာယ္ျပဳၿပီး လူသားကို စားေလ့ရွိၾကတယ္။
“ဘာေၾကာင့္လဲဗ်၊ကလဲ့စားေခ်တဲ့သေဘာလား”
“မဟုတ္ပါဘူး၊ ေသနတ္ဒဏ္ရာထိၿပီး ေျခ လက္က်ိဳးေနတာတို႔ ၊ ေမး႐ိုးျပဳတ္ေနတာတို႔ ၊ ခါးမသန္တာမ်ိဳး ျဖစ္ေနတဲ့ က်ားေတြဟာ ေတာထဲမွာ တိရစာၦန္ေတြကိုဖမ္းဖို႔ မလြယ္ ေတာ့ဘူး မဟုတ္လား၊ ဒီေတာ့ ဖမ္းဆီးရ လြယ္တဲ့ လူေတြေမြးထားတဲ့ ကြၽဲ၊ ႏြား၊ ဆိတ္၊ ဝက္ စတာေတြကို အရင္ ဖမ္းစားၾကတယ္။ အဲဒီေနာက္မွ တစ္ဆင့္ လူကို ဖမ္းစားၾကတယ္။
လူသားစားမိတဲ့ က်ားဟာ ေနာက္ဆို ရင္ တျခားတိရစာၦန္ေတြကို မဖမ္းေတာ့ဘဲ လူေတြကိုပဲ ဖမ္းစားေတာ့တာမ်ိဳးပါ”
“အင္း ဒီလိုဆိုေတာ့လဲ သူတို႔ ကို အျပစ္မ ဆိုသာေတာ့ဘူးေပါ့ေလ။ လူေတြေၾကာင့္ ဒုကၡိတဘဝ ေရာက္ရေတာ့ ေနာက္ဆုံး လူကို ျပန္ၿပီး ဒုကၡေပးတာကေတာ့ … တရားနည္း လမ္း က်ပါတယ္”
ဟု ဦးဗန္ေကာင္းက မွတ္ခ်က္ခ်သည္ ။
“ဒီနယ္ဘက္မွာ လည္း ဝါရင့္မုဆိုးႀကီး ေတြရွိသလို လက္သင့္မုဆိုးေတြလဲ အမ်ား ႀကီးရွိတယ္၊ သူတို႔ က ပိုဆိုးတယ္၊ အဆိုးဆုံး ကေတာ့ ဂ်စ္မုဆိုးေတြပဲဗ်။
ဂ်စ္မုဆိုးေတြက ကားေမာင္းရင္း မီးထိုး ၿပီး ပစ္တာဗ်၊ ဝါရင့္မုဆိုး မဟုတ္ေတာ့ ထိ ခ်က္မမွန္ဘူး၊ ဒီေတာ့ မေသဘဲ ဒဏ္ရာရ႐ုံ ရသြားေရာဗ်ာ။ အဲဒီေတာေကာင္ေတြမွာေတာထဲမွာ သားေကာင္ … မဖမ္းႏိုင္ေတာ့ အလြယ္တကူဖမ္းလို႔ ရတဲ့ လူေတြရွိတဲ့ ႐ြာ
ေတြအထိ ဆင္း လာၿပီး ေသာင္းက်န္းၾက
ေတာ့တာေပါ့ဗ်ာ”ဟု ေျပာျပေလသည္ ။
ေဒါက္တာမင္းထင္ေက်ာ္တို႔အဖြဲ႕သည္
ပတ္ဝန္းက်င္ အေျခအေနကိုလည္း မ်က္ ျခည္မျပတ္ အကဲခတ္ရင္း ထင္းရႉးေတာ မ်ား ရွိရာ ေတာင္ေၾကာေပၚသို႔ ေရာက္လာေတာ့သည္ ။
ထိုေနရာသို႔ ေရာက္ေသာအခါ ေရွ႕မွ သြား ေနေသာ ဟိုင္းလုံက ႐ုတ္တရက္ရပ္ကာ အနံ႔ခံေနေလသည္ ။
“ဘာထူးသလဲ တိုင္းလုံ”
“ေလထဲမွာ ေညႇာ္နံ႔လိုလို ရေနတယ္၊ ေရွ႕ နားမွာ တစ္ခုခု မီးေလာင္ေနပုံရတယ္”
“ေတာမီးေလာင္ေနတဲ့ အနံ႔မ်ိဳးလား”
မဟုတ္ဘူး ၊ ကားတာယာ မီးေလာင္တဲ့ အနံ႔မ်ိဳးရတယ္၊ သိပ္မေဝးလွဘူး”
“ဒါျဖင့္ သြားၾကစို႔”
ဟု ေျပာဆိုကာလက္နက္မ်ားကို
အဆင္သင့္ျပင္ကာ ေရွ႕သို႔ ခရီးဆက္ခဲ့ၾကေလသည္ ။
ေတာအုပ္မွ ထြက္လိုက္သည္ ႏွင့္ လီဒို
လမ္းမႀကီးႏွင့္ ကိုက္အနည္းငယ္ ေဝးေသာ
ေနရာေလာက္မွာ မီးေတာက္မ်ား ထကာ
မီးခိုးလုံးႀကီးမ်ား တက္ေနသည္ ကို လွမ္းျမင္ရသည္ ။
ေဒါက္တာမင္းထင္ေက်ာ္က
ၾကည့္မွန္ေျပာင္းျဖင့္ လွမ္းၾကည့္ လိုက္ေလသည္ ။
ဂ်စ္ကားတစ္စီးမီးေလာင္ေနျခင္းျဖစ္သည္ ။
ပတ္ဝန္းက်င္တစ္ဝိုက္မွာ ေတာ့ လူရိပ္လူ
ျခည္ မေတြ႕ရေပ။ ေလသင့္ေနေသာေၾကာင့္ ထိုေနရာမွ ေညႇာ္နံ႔မ်ားက သူတို႔ ရွိရာသို႔ ေဝ့ ဝဲ ပ်ံ႕လြင့္ လာေလသည္ ။ ေဒါက္တာမင္းထင္ေက်ာ္တို႔သည္ေတာင္ေၾကာေပၚမွ ေအာက္သို႔ ဆင္းလာၾက
ေလသည္ ။ထိုေနရာသို႔ ေရာက္ေသာအခါ ဂ်စ္ကား
တစ္စီး မီးေလာင္ေနသည္ ကို ေတြ႕ၾကရသည္
မီးေလာင္ေနသည္မွာ ၾကာၿပီျဖစ္
ေသာေၾကာင့္ ဂ်စ္ကားတစ္စီးလုံးမွာ ရစရာ မရွိေတာ့ေပ။
ထိုေနရာတစ္ဝိုက္ကို ေလ့လာၾကည့္ ေသာအခါ ပတ္ဝန္းက်င္တြင္ ျမင္းခြာရာ အေတာ္မ်ားမ်ားကိုပါ ေတြ႕ၾကရသည္ ။
“ဒါ ဓားျပဂိုဏ္းေတြ လက္ခ်က္ပဲ ျဖစ္မွာပါ”
တိုင္းလုံက ေျပာသည္ ။ ထိုေနရာတစ္ဝိုက္ကိုလိုက္လံၾကည့္ရႈ
ေသာအခါ အျခား သဲလြန္စ်ား ဘာမွ မေတြ႕ရ
ေဒါက္တာမင္းထင္ေက်ာ္တို႔ သည္ ျမင္းမ စီးေတာ့ဘဲ ျမင္းမ်ားကိုဆြဲကာ ေတာင္ေၾကာ
ေပၚသို႔ တက္လာၾကသည္ ။
ထိုေနရာတစ္ဝိုက္မွာေက်ာက္သားေျမ
မ်ား ျဖစ္သည့္အျပင္ ပတ္ဝန္းက်င္တစ္ဝိုက္ မွာ ေက်ာက္လုံးအႀကီးအေသးမ်ား ျဖင့္ ျပည့္ႏွက္ေနသည္ ။
အကယ္၍ သာ သာ ရန္သူသည္ ထိုေက်ာက္ တုံးမ်ား ေနာက္ဘက္တြင္ ပုန္းေအာင္းေနပါ က ကားလမ္းေပၚမွ လာေသာသူသည္ ရန္သူ ကို လွမ္းမျမင္ႏိုင္ေပ။
တစ္ေနရာေရာက္ေတာ့ ေလကြယ္ေသာ ေက်ာက္တုံးႀကီးတစ္ခု နံေဘးမွာ လူတစ္စု
စခန္းခ်သြားေသာ ေျခရာလက္ရာမ်ား ႏွင့္ မီးဖိုအေဟာင္းကိုပါ ေတြ႕ရသည္ ။
“လူဆိုးေတြက ဒီေနရာကေန ေစာင့္ေနၾက
ပုံပဲ၊ ဒီအတိုင္းဆိုရင္ဒီဂ်စ္ကားကို
အမွတ္တမဲ့ေတြ႕လို႔ တိုက္ခိုက္တာ မဟုတ္ႏိုင္ ဘူး၊ ဒီဂ်စ္ကား လာမယ္မွန္း သိထားလို႔ တမင္ေစာင့္ၿပီး တိုက္ခိုက္တာပဲ ျဖစ္ရမယ္”
“ဟုတ္ႏိုင္တယ္၊ ဒါထက္ ဂ်စ္ကားေပၚမွာ
ပါတဲ့ လူေတြေတာ့ ဘယ္ေရာက္ကုန္ၿပီလဲသိဘူး”
“ဖမ္းသြားၿပီလား၊ ဒါမွ မဟုတ္ သတ္ၿပီး တစ္ေနရာမွာ ထားခဲ့သလား မေျပာႏိုင္ဘူး”
“အေတာ္ ရက္စက္တဲ့ လူေတြပဲ”
“ရက္စက္တာကေတာ့ မေျပာနဲ႔ ဆရာေရ၊
အုပ္ခ်ဳပ္ေရးက ထိထိေရာက္ေရာက္ မလုပ္
ေပးႏိုင္တဲ့ဒီေတာင္တန္းေတြေပၚမွာ
ကေတာ့ လူမ်ားမ်ား လက္နက္မ်ားမ်ား ရွိတဲ့
အဖြဲ႕က ဗိုလ္က်အႏိုင္ယူေနၾကတာ အေတာ္ ၾကာေနပါၿပီ။ ဒီနယ္မွာ က်ားႀကီးရာဇာတို႔ အဖြဲ႕ဆိုရင္ လူတိုင္းက ေၾကာက္ေနၾကရတာ ပဲ။ သူတို႔ က လူအင္အားေရာ လက္နက္ အင္အားပါ ေတာင့္တယ္၊ အရင္ကေတာ့ ဓားျပဂိုဏ္းေပါ့၊ အခုေတာ့ တျဖည္းျဖည္းနဲ႔ ေသာင္းက်န္းသူအဆင့္ကို ေရာက္ေနၾကၿပီ”
မုဆိုးႀကီး ဦးမြန္ေထာ္က ေျပာေလသည္ ။ေဒါက္တာမင္းထင္ေက်ာ္က
ေျခရာလက္ရာမ်ားကို လိုက္လံၾကည့္ေနစဥ္ အနံ႔ခံေကာင္းေသာ တိုင္းလုံက အနားလာ ေျပာေလသည္ ။
“ဆရာ ဟိုဘက္မွာ ေသြးနံ႔လိုလိုရတယ္၊အဲဒီဘက္ သြားၾကည့္ၾကရေအာင္”
ထိုသို႔ေျပာသျဖင့္ … ေတာစပ္တစ္ေနရာသို႔ သြားၾကည့္ေသာအခါ ယင္မမည္း႐ိုင္းမ်ား ေဝါခနဲ ထပ်ံသံကို ၾကားရသည္ ။
ယင္မမည္း႐ိုင္းမ်ား ပ်ံေသာေနရာမွာ သစ္ခ်ဳံမ်ား ေနာက္ဘက္ဆီမွ ျဖစ္သျဖင့္
ခ်ဳံမ်ား ကို ဖယ္ၾကည့္ေသာအခါ ဒဏ္ရာဒဏ္ခ်က္ မ်ား ျဖင့္ ေသဆုံးေနေသာ အေလာင္းတစ္
ေလာင္းကို ေတြ႕ၾကရသည္ ။လႈိင္ေနေလသည္ ။
အနီးသို႔ေရာက္ေသာအခါ ေသြးညႇီနံ႔မ်ားက
“လူဆိုးေတြလက္ခ်က္ေၾကာင့္ ေသရတာျဖစ္မယ္”
“ဒီလူက ဟို မီးရႈိ႕ထားတဲ့ ဂ်စ္ကားကလူျဖစ္မယ္ထင္တယ္”
“ဂ်စ္ကားတစ္စီးနဲ႔တစ္ေယာက္တည္း
ေတာ့ ေမာင္းလာတာ မျဖစ္ႏိုင္ဘူး၊ အေဖာ္
ပါလာတဲ့ လူေတြ ရွိဦးမယ္”
ဟု ေျပာဆိုကာ အနီးဝန္းက်င္တစ္ဝိုက္သို႔ လိုက္လံရွာေဖြၾကည့္ေတာ့လည္း ေနာက္ထပ္
ဘာမွ မေတြ႕ရေတာ့ေပ။
ေသဆုံးေနသူမွာ အသက္သုံးဆယ္ေက်ာ္ အ႐ြယ္ခန႔္ရွိၿပီး တိုင္းရင္းသားတစ္ေယာက္
ျဖစ္သည္ ။သကၠလပ္အက်ႌအေဟာင္း၊ေဘာင္းဘီ
အေဟာင္းမ်ားကို ဝတ္ထားေလသည္ ။ ေဒါက္တာမင္းထင္ေက်ာ္က အနီးသို႔သြား ကာ ေသဆုံးသူ၏ အိတ္တြင္းသို႔ ႏႈိက္ၾကည့္ ေသာအခါ ကားဒ႐ိုင္ဘာလိုင္စင္ႏွင့္ စာအုပ္ ငယ္တစ္အုပ္သာ ေတြ႕ရသည္ ။
ထိုသူ၏ အမည္မွာ ထြန္းေနာင္ျဖစ္ၿပီး နန္း ၿမိဳ႕ၿမိဳ႕တြင္ ေနထိုင္ေၾကာင္း သိရေလသည္ ။
“သူက ဒ႐ိုင္ဘာတစ္ေယာက္ပဲ၊ ဒီလိုဆိုရင္ ကားေပၚမွာ … တျခားလူေတြ ပါလာတာ
ေသခ်ာသြားၿပီ၊ က်န္တဲ့ လူေတြကို လူဆိုး ေတြ ဖမ္းသြားၾကတာ ေသခ်ာေလာက္တယ္”
ဟု ေျပာေလသည္ ။ “ဒီအေလာင္းကိုဘယ္လိုလုပ္ၾကမလဲဆရာ”
“ဒီအတိုင္းသာေျခရာလက္ရာမပ်က္
ထားခဲ့မွ ျဖစ္မယ္၊ နန္းၿမဳံေရာက္ေတာ့မွသက္ဆိုင္ရာေတြကို
အေၾကာင္းၾကားလိုက္ၾကတာေပါ့”
ထိုအခါ တိုင္းလုံက ေျပာသည္ ။
“ဒီလိုဆိုရင္ ဆရာတို႔ နန္းၿမဳံေရာက္ေအာင္ သြားႏွင့္ၾကေပေတာ့ ကြၽန္ေတာ္ ေနခဲ့မယ္” “ဘာလုပ္ဖို႔ ေနခဲ့တာလဲ”
“ကြၽန္ေတာ္ သူတို႔ ေနာက္ကို ေျခရာခံၿပီး
လိုက္သြားၾကည့္မယ္၊ ဒါမွ သူတို႔ ဘယ္သူ
ေတြကို
ဖမ္းသြားတယ္ဆိုတာရယ္၊
ေနာက္ၿပီး သူတို႔ စခန္းခ်တဲ့ ေနရာကိုပါ
တိတိက်က် သိရမွာ ေပါ့”
ထိုစကားၾကားေသာအခါ ေဒါက္တာမင္း
ထင္ေက်ာ္က အနည္းငယ္ စဥ္းစားလိုက္ၿပီးမွ
“ေအး သြားခ်င္လဲ သြားေလ၊ ဒါေပမဲ့ မင္း တစ္ေယာက္တည္းေတာ့ မသြားနဲ႔ ၊
ေတာထဲ မွာ တစ္ခုခုျဖစ္ရင္ အကူအညီေပးမယ့္လူ ရွိ မွာ မဟုတ္ဘူး ၊
ဒီေတာ့ သူတို႔ ႏွစ္ေယာက္ကို ပါ အေဖာ္ေခၚသြားေပေတာ့”
ဟု ေျပာကာ ေစာထီးႏွင့္ ငမဲေအာင္တို႔ ကို အေဖာ္ထည့္လိုက္ရာ
သုံးေယာက္သား ျမင္း ကိုယ္စီႏွင့္ ေတာင္ေၾကာေပၚသို႔ တက္သြား
ၾကေလေတာ့သည္ ။