Unicode Version
” တွင်းအောင်းတစ္ဆေ ”(စ/ဆုံး)
————————————–
ဒီကောင်ကို ကျုပ်တို့သူငယ်ချင်းအားလုံးက
ပုရစ်လို့ခေါ်တာဗျ။ခေါင်းက ကြီးကြီး၊ နဖူး
က ပြောင်ပြောင်၊ မျက်လုံးက ပြူးပြူး၊မျက်
နှာပေါက်ကလည်း စုတ်ချွန်းချွန်းနဲ့ဗျ။
ဒါကြောင့်လည်း ပုရစ်လို့ခေါ်တာပေါ့ဗျာ။
စကားပြောတော့လည်း ခင်ဗျား နားထောင်
ကြည့်၊ ပုရစ်သံ၊ စူးစူးရှရှ အသံမျိုးဗျ။ဒီ
ကောင့်နာမည်က သိန်းအေးတဲ့။ဒါပေမဲ့
တစ်ရွာလုံးက သိန်းအေးလို့ ဘယ်သူမှ
မခေါ်ဘူး၊ ပုရစ်ပဲ ခေါ်ကြတာ။ သိန်းအေး
ကို ပုရစ်လို့ ခေါ်ရတဲ့နောက်အကြောင်း
တစ်ခုရှိသေးတယ်ဗျ။
အဲဒါကတော့ တော်တော်ထူးဆန်းတဲ့
ကိစ္စတစ်ခုပဲဗျာ။ဘာလဲဆိုတော့ ပုရစ်
နဲ့တူတဲ့ သိန်းအေးက ပုရစ်ဖမ်းတဲ့နေရာ
မှာ အတော်ဆုံးမို့လို့ပဲဗျ။ကျုပ်တို့ ထနောင်း
ကုန်းတစ်ရွာလုံးမှာ သိန်းအေးလောက်
ပုရစ်နှိုက်တဲ့ကောင် တစ်ကောင်မှကို
မရှိတာဗျ။ ဟိုတုန်းက ကျုပ်သူငယ်ချင်း
အောင်စိန်တို့ လျင်တယ်ဆိုပေမယ့်
လည်း ပုရစ်ဖမ်းရင်တော့ သိန်းအေး
ကို ဘယ်လိုမှကို မယှဉ်နိုင်တာဗျ။
နောက်ပြီးတော့ ပုရစ်ဆိုတဲ့ကောင်က
လူကောင်သေးသေးညှက်ညှက်ကလေး
ဗျ။ အင်္ကျ ီချွတ်ထားရင် ရင်ဘတ်မောက်
မောက်ကလေးနဲ့။ ပုရစ်က သူရဲ့အသံစီ
စီ စူးစူးရှရှလေးနဲ့ စကားကို အော်ဟစ်
ပြောတဲ့အခါ ရွာထဲကလူတွေက…
“ပုရစ်ရာ မင်းကလည်း စကားကို
ပုရစ်သံနဲ့ပြောနေပြန်ပြီ”
လို့ ပြောကြသဗျ။ အဲဒီအခါဆိုရင်
နောက်တစ်ယောက်က …
“ဟကောင်ရ၊ ပုရစ်ပါဆိုနေမှ ပုရစ်သံနဲ့
ပြောမှပေါ့ကွ”
လို့ ပြောကြတယ်။ပုရစ်က ကျုပ်သူငယ်
ချင်းဗျ။ ဒါပေမဲ့ ဒီကောင်က မြို့ကျောင်း
တော့ မတက်ဘူးဗျ။လေးတန်းအောင်ပြီး
တော့ ရွာမှာပဲ နေခဲ့တော့တာ။ ဒါပေမဲ့
ရပ်ရေးရွာရေး ရှိလို့ကတော့ ပုရစ်က
ကျုပ်တို့ အရင်ရောက်နေတဲ့ကောင်ဗျ။
ပြီးတော့ ပုရစ်က လွှတ်ဖင်တာ။ဘာ
ပဲလုပ်စရာရှိရှိ သူများအလုပ်ကို ထိုင်
စောင့်နေတာ မဟုတ်ဘူး။ ရှေ့က
ထလုပ်တဲ့ကောင်။ ပုရစ်က ပုရစ်နှိုက်
တဲ့နေရာ၊ ပုရစ်ဖမ်းတဲ့နေရာမှတင်
ချိန်ပီယံဖြစ်တာ မဟုတ်ဘူးဗျ။
တောထဲဝင်ပြီး ခါထောင်တဲ့နေရာမှာ
လည်း လွှတ်တော်တာဗျ။ ခါထောင်
တယ်ဆိုတာ တည်တဲ့ခါတစ်ကောင်
ရှိရတာဗျ။ ပုရစ်မှာ ခါတည်ဖို့ ခါတွေ
မွေးထားတာ ရှိတယ်လေဗျာ။ ခါသား
စားချင်လို့ကတော့ ပုရစ်ကိုသာ ပြော
လိုက်၊ ပြီးရင် တစ်ရက် နှစ်ရက်စောင့်၊
ခင်ဗျား ခါသားဟင်းနဲ့ ထမင်းတစ်ဝ
စားဖို့ပြင်ထား၊ ဟိုတုန်းကဆိုရင် ပုရစ်
မှာ ကြက်တည်တဲ့ တောကြက်တစ်
ကောင် ရှိတယ်ဗျ။
အဲဒီတည်ကြက်ကလေးရှိတုန်းကဆို
ရင် ကျုပ်တို့သူငယ်ချင်းတစ်စု ထန်း
ရည်ခါးနဲ့ ကြက်သားဆိုတာ သိပ်ပြတ်
လှတယ်ကို မရှိတာဗျ။ ကျုပ်တို့အညာ
မှာ ဆောင်းမြေပဲနှုတ်တဲ့အချိန်ဆိုတာ
တော်တော်အေးနေပြီဗျ။ ပဲနှုတ်၊ပဲခြွေ
နဲ့ တစ်နေ့ကုန် ပင်ပန်းတော့ ညဆို
ရင် တုံးထိုးသလို အိပ်ကြတော့တာ
ပေါ့ဗျာ။ ပဲသိမ်းလို့ပြီးပြီဆိုတော့ ဆီ
ကြိတ်ဖို့ လှမ်းတာလှမ်း၊ ထွတ်တာ
ထွတ် လုပ်ကြရပြန်ရောဗျ။
ညနေစောင်းမှ ကျုပ်လည်း အလုပ်တွေ
နားလိုက်ပြီး ရေမိုးချိုးရတာဗျို့၊ ကျုပ်ရေ
မိုးချိုး အဝတ်အစားလဲပြီး ကွပ်ပျစ်မှာ
နဂါးဆေးပေါ့လိပ်ကလေး ထိုင်ပြီးဖွာ
နေတုန်း ရှိသေးဗျာ။
“ဟေ့ကောင် တာတေ၊ အလုပ်တွေ
ပြီးပြီလားကွ”
ဝိုင်းဝက အော်ပြောတဲ့ အသံဗျ။ ကျုပ်
လှည့်ကြည့်စရာတောင် မလိုပါဘူးဗျာ။
ဒီတစ်ရွာလုံးမှာ ဒီအသံမျိုးက ဒီတစ်သံ
ပဲ ရှိတာဆိုတော့ …
“ဟေ့ကောင် ပုရစ် လာလေကွာ၊
မတ်တတ်ကြီးရပ်လို့ ဘာလုပ်နေ
တာတုံး”
“ဟ တာတေ၊ထိုင်ဖို့လာတာ မဟုတ်ဘူးကွ၊
သွားဖို့ လာခေါ်တာ”
ကျုပ်က ပုရစ်ကို လှမ်းကြည့်တယ်။ပု
ရစ်က သူ့လက်ထဲမှာ ကိုင်လာတဲ့ ငှက်
ပျောဖက်ထုပ်ကြီးကို မြှောက်ပြတယ်။
“ဘာထုပ်ကြီးတုံးကွ ပုရစ်ရဲ့”
“ခါတွေလေကွာ၊ ငါ မနေ့က ခါထောင်
တာ အကောင်သုံးဆယ်လောက် ရလို့ကွ၊
သေသေချာချာ ကြော်ထားတာ၊ လာကွ၊
ကိုထွန်းကျော်ကြီးထန်းတဲ သွားရအောင်”
တာတေတို့က ဒါမျိုးဆိုရင် နှစ်ခါခေါ်ရရိုး
ရှိတာမှ မဟုတ်တာ။ အိမ်ပေါ် ကပျာက
ယာတက်၊ သေတ္တာဖွင့် ပိုက်ဆံယူ၊ ပြီး
တော့ ပုရစ်နဲ့ ရွာပြင်ကို သုတ်ခြေတင်
တော့တာပေါ့ဗျာ။ ပုရစ်က ခါကြော်လာ
မှတော့ ကျုပ်ထန်းရည်းဖိုးရမှာပေါ့ဗျာ။
ဒီနေ့လည်း ကိုထွန်းကျော်ထန်းတဲက
လူအပြည့်ပဲဗျ။ ဝါးကွပ်ပျစ်တွေပြည့်လို့
ကျုပ်တို့နှစ်ယောက် ထနောင်းပင်လေး
အောက်မှာ ထန်းကျောဖျာတစ်ချပ်ခင်း
ပြီး နှစ်ယောက်တစ်ပိုင်း ဖွဲ့ရတော့တာ
ပေါ့ဗျာ။ ပုရစ်ယူလာတဲ့ ခါကြော်ထုပ်ကို
ဖြည်ပြီး ဝိုင်းအလယ်မှာ ထားလိုက်တယ်။
ကိုထွန်းကျော်က ထန်းရည်နှစ်မြူနဲ့ အုန်း
မှုတ်ခွက်ပက်ကလေးနှစ်ခွက် ယူလာပေး
တယ်။ ကျုပ်က အိတ်ကပ်ထဲမှာ ထည့်
လာတဲ့ နဂါးဆေးပေါ့လိပ်တွေကို ထန်း
ကျောဖျာပေါ်မှာ ချလိုက်ပြီး အိတ်ကပ်
ထဲမှာ အဆင်သင့်ထည့်လာတဲ့ ဓနုဖြူမီး
ခတ်ကိုပါထုတ်ယူလိုက်တယ်။ပုရစ်က
နဖူးပြောင်ပြောင်၊ မျက်လုံးပြူးပြူးကြီးနဲ့
ကျုပ်ကို မော့ကြည့်ပြီး ပြုံးတယ်ဗျ။
ပုရစ်ပြုံးပေါ့ဗျာ။
“ဟဲ…ဟဲ ငါ့ကောင်တာတေကတော့
နဂါးမှ နဂါးပဲကွာ၊ သွားလေရာမှာ နဂါးပါ
ဆိုတာလို ဖြစ်နေပေါ့ပဲ”
“ဟာ …မရဘူး ပုရစ်ရဲ့၊ တခြားဆေးလိပ်
ပြောင်းသောက်လိုက်တာနဲ့ ချောင်းဆိုး
တော့တာကွ၊ ဒါကြောင့် မင်းပြောသလိုပဲ
သွားလေရာမှ နဂါးပါ ဖြစ်နေရတာပေါ့ကွာ”
ကျုပ်နဲ့ ပုရစ်နဲ့ ရောက်တတ်ရာရာတွေ
ပြောပြီး ပုရစ်ထောင်လာတဲ့ ခါကြော်လေး
တဝါးဝါး ပင်ကျရည်လေး တကျိုက်ကျိုက်
ပေါ့ဗျာ။
“ပုရစ်ချိန်ကုန်သွားလို့ကွ တာတေရ၊
မဟုတ်ရင်တော့ ပုရစ်ကြော်လေးပါ
မင်း မြည်းရမှာ”
“အခုလည်း မင်းထောင်ထားတဲ့ ခါကြော်
တွေက တော်တော်ကို ကောင်းတာပါ
ပုရစ်ရာ၊ မင်းကတော့ ခါတည်ကြက်တည်
လွှတ်တော်တဲ့ ကောင်ပဲကွာ”
“ဟား ဟား ဟား ဟား အကုသိုလ်များ
ခဲ့တဲ့ကောင်ဆိုတော့အကုသိုလ်အကျိုး
ပေးသန်တယ်နဲ့ တူပါရဲ့ကွာ”
“ဒါကတော့ ပုရစ်ရယ်၊ မင်းတို့ ငါတို့လို
တောသူတောင်သားတွေဟာ အကုသိုလ်
ကြီးကြီးမားမားတွေကိုသာ ရှောင်နိုင်ကြ
မှာပေါ့၊ အကုသိုလ် သေးသေးမွှားမွှား
တွေကတော့ ကြုံကြရမှာလေကွာ၊ တို့ဆီ
မှာက ပိုက်ဆံရှိရင်တောင် ဝယ်စားဖို့ဈေး
တွေ ဘာတွေ ရှိတာမှ မဟုတ်တာ။ကိုယ့်
မိသားစုစားဖို့ အသားငါးကို ကိုယ်တိုင်
ရှာကြရ၊ အိမ်မှာ မွေးထားပြီး ကိုယ့်ဟာ
ကိုယ်ပဲ သတ်စားကြရတာမို့လား ပုရစ်ရ”
“ဟုတ်တာပေါ့ တာတေရာ၊ သြော်
ဒါထက် နေဦးကွ၊ မင်းကို ထူးဆန်းတာ
တစ်ခု ပြောရဦးမယ်”
“ဟေ…ဘာများတုံးကွ ပုရစ်ရ”
“မင်း ငါတို့ယာထဲက တောင်ပို့ကုန်း
ယာကို သိတယ်မို့လား”
“ဟာ သိတာပေါ့ကွ၊ တောင်ပို့တွေ
နှစ်ခုလား သုံးခုလား ရှိတာလေကွာ”
“သုံးခုကွ၊ ဒါပေမဲ့ တစ်ခုက ခပ်နိမ့်နိမ့်ပါ၊
နှစ်ခုကတော့ နည်းနည်းမြင့်တယ်”
“သြော် …သိပြီ၊ သိပြီ၊ အေး အဲဒါ
ဘာဖြစ်လို့တုံးကွ”
“ပုရစ်တွေ ဘယ်လောက်အချိန်ကုန်ကုန်
ငါတို့ယာထဲက တောင်ပို့အောင်းတဲ့ ပုရစ်
နှစ်ကောင်ကတော့ ဘယ်တော့မှ အချိန်
မကုန်ဘူးဟေ့”
“ဟင် …ဘာဖြစ်လို့တုံးကွ”
“အရှေ့ဘက်က တောင်ပို့က ပုရစ်က
ပကျစ် ပကျစ်လို့အော်လိုက်ရင် အနောက်
ဘက် တောင်ပို့က ပုရစ်ကလည်း ပကျစ်
ပကျစ်လို့ ပြန်ပြီးအော်သကွ၊ တစ်ခါ တစ်
ခါတော့ အဲဒီပုရစ်နှစ်ကောင်ဟာ အချီအ
ချ စကားတွေ ပြောနေကြသလားလို့
တောင် ငါထင်တယ်ကွ”
“ဟား ဟား ဟား မင်းဟာက ဘာများ
တုံးမှတ်တယ်၊ ပုရစ်အော်တာကို သု
တေသနလုပ်နေတာကိုး”
ကျုပ်တို့နှစ်ယောက် ခါကြော် စားလိုက်၊
ထန်းရည် ကျိုက်လိုက်ပေါ့ဗျာ။
“ဒါဆို အဲဒီပုရစ်တွေ မင်း မနှိုက်ဘူးလားကွ”
“ငါ လိုက်ရှာဖူးတယ်ကွ၊ သူတို့ကို
နှိုက်ဖို့နေနေသာတွင်းပေါက်တောင်
ရှာလို့မရဘူးဟေ့။ အသံကတော့
ပကျစ် ပကျစ်နဲ့ အမြဲထွက်နေတာကွ။
တစ်ကောင်က သံရှည်ဆွဲပြီးအော်ရင်
နောက်တစ်ကောင်ကလည်း သံရှည်
ဆွဲပြီး အော်တော့တာဟေ့။တစ်ကောင်
က သံပြတ်အော်ရင် နောက်တစ်ကောင်
ကလည်း သံပြတ်နဲ့ အော်တာကွ၊ အဲ
ဒီပုရစ်နှစ်ကောင်က တော်တော်တော့
ထူးဆန်းသားကွ။ သူတို့မှာ ပုရစ်ရာ
သီဆိုတာ မရှိဘူးကွ၊ အမြဲတမ်း
အော်နေကြတာ”
“အေးလေ၊ ငါတို့ထနောင်းကုန်းက
ပုရစ်နှိုက် ချန်ပီယံကို ပုရစ်တောင်
လက်လျော့ရတဲ့ ပုရစ်တွေဆိုတော့
လည်း ပေါ့သေးသေးတော့ ဟုတ်
မယ် မထင်ဘူးကွ”
ကျုပ်က ပုရစ်ပြောတဲ့ တောင်ပို့ထဲက
ပုရစ်တွေကို လက်ခံလိုက်ရတာပေါ့ဗျာ။
ကျုပ်နဲ့ ပုရစ် ရွာထဲပြန်ရောက်တော့
မိုးတောင်ချုပ်နေပြီဗျ။
“ဟဲ့ တာတေ၊ ထတော့လေ၊နင့်ကို
ခိုင်းစရာရှိလို့ဟဲ့”
နောက်နေ့ မနက်ကျတော့ အမေ
လာနှိုးမှပဲ ကျုပ်နိုးတော့တာဗျ။မျက်
နှာသစ်၊ ထမင်းကြမ်းစားပြီး နဂါးဆေး
ပေါ့လိပ်ကလေး ဖွာနေတုန်း…
“တာတေ၊ နင် ဘန့်ဘွေးကုန်း
သွားစမ်းပါဟယ်”
“ဟင် ဘယ်သူ့ဆီ သွားရမှာတုံး”
“ဘန့်ဘွေးကုန်း မြောက်ပိုင်းက
မိဝိုင်းတို့အိမ်ကို”
“သြော် …ကိုစံရွှေတို့အိမ်ကိုလား၊
ဘာပြောရမှာတုံး”
“မနေ့က စံရွှေ့မယား မိဝိုင်း လာပြော
တယ်၊ ဒီနေ့ထိန်ကုန်းက တရုတ်ငကျောက်
တို့ ဝက်ပေါ်မလို့တဲ့၊ အဲဒါ သူတို့အိမ်ကို
လာပို့မှာပြောတယ်၊ ငါ နှစ်ပိဿာ မှာ
ထားတယ်၊ ဆရာတော့်ကျောင်းကိုလည်း
ဆွမ်းအုပ်ပို့မလို့လေ။နင် အဲဒါသွားယူ
လိုက်၊ ပိုက်ဆံလည်း တစ်ခါတည်းယူ
သွား၊ တစ်ပိဿာ ဆယ့်ငါးကျပ်တဲ့။
ငွေသုံးဆယ် ယူသွား၊ဘုရားစင်ထောင့်
မှာ ငါတင်ထားတယ်”
“ဟုတ်ကဲ့ အမေ၊ ကျုပ် တောင်းလေး
ယူသွားမယ်”
“အေး ယူသွား၊ အထဲမှာ ငှက်ပျော
ဖက်ခင်းခဲ့ဦး၊ ဒီအတိုင်း ပခုံးပေါ်ထမ်း
လာရင် အင်္ကျ ီတွေ သွေးစွန်းကုန်ဦးမယ်”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့”
ကျုပ်က ခွက်ဝင်တောင်းကလေး
အထဲမှာ အိမ်ကပဲ ငှက်ပျောဖက်ခုတ်
ပြီး တစ်ခါတည်း ခင်းသွားလိုက်တယ်၊
အပေါ်က အုပ်ဖို့လည်း ငှက်ပျောဖက်
အပိုယူသွားလိုက်တယ်။ ကိုစံရွှေတို့
လင်မယားကလည်း ကျုပ်တို့အတွက်
ဝက်သားတစ်ပိဿာတွဲ နှစ်တွဲကို
အဆင်သင့် ဖယ်ထားပြီးသားဗျ။
ကျုပ်အိမ်ပြန်ရောက်တာနဲ့ အမေ
က ဝက်သားကိုင်တော့တာဗျို့။
ကျုပ်ကတော့ အမေ့ရဲ့ မြေငရုတ်
ဆုံလေးနဲ့ ငရုတ်သီးထောင်းရတော့
တာပေါ့ဗျာ။
“ခွပ်၊ ခွပ်၊ ခွပ်၊ ခွပ်”
မြေငရုတ်ဆုံကို သစ်သားကျည်ပွေ့နဲ့
ထောင်းတဲ့အသံက ကျောက်ငရုတ်ဆုံ
ထောင်းတဲ့အသံမျိုးနဲ့မတူဘူးဗျ။ ‘ခွပ်၊
ခွပ်’လို့ အသံထွက်တာ။ ကျုပ်တို့ တော
သူတောင်သားဆိုတာ ငရုတ်သီးကို
ညက်ပြီး စေးပိုင်နေအောင် ထောင်း
ကြတာဗျ။ ငရုတ်သီးလေးစိတ်ကွဲ
ထောင်းရင် လူကြီးတွေက အား
ကြီး စိတ်ဆိုးတာ။
ကျုပ်တို့ငယ်ငယ်ကတည်းက ငရုတ်
သီးထောင်းရင် အစေ့ပျောက်ပြီး အ
စေးပေါက်နေမှကြိုက်တာ။ အစေ့
မပျောက်ရင် ချက်ချင်းခေါ်ပြီး ပြန်
ထောင်းခိုင်းတာဗျ။ကျုပ်တို့ကလည်း
နှစ်ခါ ပြန်မထောင်းရအောင် တစ်
ခါတည်းနဲ့ ညက်အောင်ထောင်းကြ
ရတော့တာပေါ့ဗျာ။ ဝက်သားနူးသွား
တော့ အမေက ဆွမ်းချိုင့်ပြင်တယ်။
ပြီးတော့ ကျုပ်က ချိုင့်ဆွဲပြီး အမေ့
ကို ဘုန်းကြီးကျောင်း လိုက်ပို့တယ်။
ကျုပ်ဆရာတော်ရဲ့ ပုဗ္ဗာရုံကျောင်း
ပေါ့ဗျာ။ ဆွမ်းချိုင့်ပို့ပြီး အိမ်ပြန်ရောက်
တော့ အမေ့လက်ရာ ဝက်သားဟင်း
ကျုပ် ထမင်းစားလိုက်တာ သုံးပန်းကန်
နဲ့ မဝလို့ ထပ်ထည့်ရသေးတယ်။လူ
ကြီးတွေပြောသလို နံရိုးဖဲထီးကိုင်း
ဖြစ်ရောပေါ့ဗျာ။
ဗိုက်လေးသွားတော့ မန်ကျည်းပင်
အောက်က ကွပ်ပျစ်မှာ ဝါးပိုးခြမ်း
ခေါင်းအုံးလေးအုံးပြီး ကျုပ်အိပ်ရော
ဗျ။ အိပ်ရာကနေ နိုးလာပေမယ့်
မျက်လုံးက ဖွင့်လို့သိပ်မရချင်ဘူးဗျ။
“ကိုကြီးတာတေ၊ကိုကြီးတာတေ”
ကျုပ် ချက်ချင်းခေါင်းထောင်ကြည့်လိုက်
တယ်။ကျောက်ခဲဗျ။ကျုပ်ခေါင်းထောင်
ကြည့်တာ မြင်တော့မှ ဒီကောင် ဝိုင်းထဲ
ဝင်လာတာဗျ။
“ဟေ့ကောင် ကျောက်ခဲ၊ လာလေကွာ”
ဒီကောင် ကျုပ်ဘေးက ကွပ်ပျစ်မှာ
ဝင်ထိုင်တယ်။
“ကိုကြီးတာတေ၊ ရွာထဲကသတင်း
ကြားပြီးပြီလား”
“ဟေ …ဘာသတင်းတုံးကွ ကျောက်ခဲ
ရ၊ ငါ ဘာမှ မကြားမိပါလား”
“ကိုကြီးတာတေ ဒီနေ့ ဘယ်မှမရောက်
သေးဘူး ထင်တယ်”
“ဟာ ရောက်ပါတယ်ကွ၊ မနက်က
အမေနဲ့ ငါ ဆွမ်းချိုင့်သွားပို့သေးတာပဲ”
“အနောက်ပိုင်းမှာ ဖြစ်တာဗျ”
“ဟင်…ဘာဖြစ်လို့တုံးကွ”
“မီးဖိုချောင်းက ထမင်းတွေ ဟင်းတွေ
စားသွားလို့တဲ့ဗျ”
“ထမင်းတွေ ဟင်းတွေကို ဘယ်သူက
စားသွားတာတုံး၊ ခွေးတွေဘာတွေ ရှိ
မှာပေါ့၊ မီးဖိုတံခါးပွင့်နေတာ ဖြစ်မှာပေါ့”
“မဟုတ်ဘူးဗျ၊ ကိုကြီးတာတေရ၊ မနက်
က ဘန့်ဘွေးကုန်းက ကိုစံရွှေတို့က ဝက်
သားဆုံတွေ ရောင်းလို့ ကျုပ်တို့ရွာက
တော်တော်များများ သွားဝယ်ကြတယ်”
“အေး …ငါလည်း သွားဝယ်တယ်လေကွာ၊
ဒီမနက် ဆွမ်းချိုင့်ပို့တာ အဲဒါကြောင့်ပေါ့”
“ကိုကြီးတာတေက ဆွမ်းချိုင့်ပို့လိုက်ရ
သေးတယ်၊ အဲဒီလူတွေက ပို့ကိုမပို့လိုက်
ရတာ။ ဟင်းနူးတော့ အိုးတွေလှပ်ပြီးအ
အေးခံထားတာတဲ့၊ ဆွမ်းချိုင့်ပြင်ဖို့ မီး
ဖိုထဲဝင်လာတော့ ဝက်သားတွေ တစ်
အိုးလုံးပြောင်နေတာတဲ့ဗျာ။ အိုးကပ်
တောင် မရှိဘူးဆိုပဲ”
“ဟ…ဒါ ဘယ်လိုဖြစ်တာတုံး၊နေ့ခင်း
ကြောင်တောင်ကြီးမှာ”
“ပြီးတော့ တစ်အိမ်တည်း မဟုတ်ဘူးဗျ၊
သုံးလေးအိမ်ဖြစ်တာ”
“ဟေ…ဟုတ်လား၊ ဒါဆိုရင်တော့ တော်
တော်ကို ထူးတာပဲကွ ကျောက်ခဲရ၊ နို့
နေပါဦး၊ ဘယ်သူတွေတုံးကွ”
“ဘိုးထွန်းရင်တို့အိမ်ပါတယ်၊ ပြီးတော့
လေးလေးဘညိုတို့အိမ်ပါတယ်၊နောက်
တစ်အိမ်က ကျုပ်သူငယ်ချင်း တောင်
လုံးတို့ပါတယ်၊ နောက်တစ်အိမ် ရှိသေး
ပါတယ်ဗျ၊ အဲဒါတော့ ဘယ်သူ့အိမ်များ
ကျုပ် မသိဘူး”
“ဒါဆိုရင် ဘယ်နည်းမှာတုံးကွ၊
တစ်အိမ်ကို တစ်ပိဿာတော့
အနည်းဆုံးချက်မှာပေါ့၊ လေးအိမ်
ဆိုတော့ လေးပိဿာပဲ ကျောက်ခဲ
ရ၊ စားသွားတာ နည်းတာမှ မဟုတ်
တာ၊ ပြီးတော့ နေ့ခင်းကြောင်တောင်
ကြီးမှာ”
ကျုပ်က ဘာပြောရမှန်း မသိတာနဲ့
နဂါးဆေးပေါ့လိပ်ကလေးကို မီးညှိပြီး
ဖွာလိုက်တယ်
“ကိုကြီးတာတေ”
ဟော နောက်တစ်ယောက်ဗျ။ဝိုင်းဝ
ကနေ ခေါ်ပြီး ဝင်လာတာ သံမဏိ။
“ကျောက်ခဲရော၊ သံမဏိရောတော့
စုံပြီဟေ့၊ လာကွ သံမဏိ၊ မင်းရော
ဘာကြားခဲ့တုံး”
သံမဏိလည်း ကွပ်ပျစ်မှာ ဝင်ထိုင်တယ်။
“ကိုကြီးတာတေကို ကျောက်ခဲ
ပြောပြီးရောပေါ့”
“အေး…ရွာနောက်ပိုင်းက ဝက်သား
ဟင်း ကိစ္စမို့လား”
“ဟုတ်တယ်ဗျ၊ အဲဒီအိမ်တွေမှာ လူတွေ
စုရုံး စုရုံးနဲ့ ဒီအကြောင်း ပြောနေကြတယ်
ဗျ၊ လူတွေအားလုံးကတော့ တော်တော်
ကို အံ့သြနေတာဗျ၊ နေ့ခင်းဘက်ကြီးမှာ
မီးဖိုထဲက ဟင်းတွေ ဝင်စားသွားတာကို
တော်တော်အံ့သြပြီး တွေးရခက်နေကြ
တယ်”
“အေးကွ သံမဏိရ၊ ငါနဲ့ ကျောက်ခဲ
လည်း ဒါကိုပဲ ပြောနေကြတာ၊နေ့ခင်း
ကြောင်တောင်မှာ ဘယ်လိုဖြစ်ပြီး
ဝက်သားဟင်းတွေ ပျောက်သွားတာ
တုံးဆိုတာ တွေးကို့ကို မရဘူးကွ”
“သြော်…နေဦးဗျ၊ တစ်ခုပြောသေး
တယ်၊ အဲဒီဝက်သားဟင်းပျောက်တဲ့
အိမ်တွေကို ပုရစ်အော်သံ အကျယ်
ကြီး ကြားရတယ်တဲ့ဗျ”
“ဟာ သံမဏိရာ ပုရစ်ကတော့
ဝက်သားတွေ စားသွားမှာ
မဟုတ်ပါဘူးကွာ”
ကျောက်ခဲက သံမဏိကို ပြောတာဗျ။
“လူတွေပြောနေကြတာကို ငါက
ပြောတာပါကွာ၊ ပုရစ်ကတော့
ဝက်သားဟင်း ဘယ်စားမှာတုံး”
ကျုပ်က ဆေးပေါ့လိပ်ကလေး ဖွာရင်း
ဒီကောင်နှစ်ယောက်ပြောတာကို နား
ထောင်နေတာဗျ။ နောက်တော့ ဒီ
ကောင်နှစ်ကောင်လည်း ကျုပ်နဲ့ ရှေး
ဟောင်းနှောင်းဖြစ်တွေပြောရင်း ည
နေစောင်းတော့မှ ထပြန်သွားကြတာ
ဗျ။ ညရောက်တော့ အဘနဲ့ အမေ့
ကို ကျုပ်က ဒီအကြောင်းပြောပြ
တော့ အဘတို့လည်း အံ့သြနေ
ကြတာပေါ့ဗျာ။
“နေ့ခင်းကြောင်တောင်ကြီးတော်၊
ဒီရွာမှာလည်း ဖြစ်လိုက်ရင် အထူး
အဆန်းတွေချည်းပဲ”
အမေက ပြောတာဗျ။ ပြီးတော့ အဘတို့၊
အမေတို့ ငယ်ငယ်က ကြားဖူးတာတွေကို
ပြောကြတော့တာပေါ့ဗျာ။ကျုပ်တို့ အိပ်ရာ
ဝင်တော့ တော်တော်ကောင် ညဉ့်နက်
နေပြီဗျ။
“ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဝုတ်၊ ကိန်၊ ကိန်၊ကိန်”
“လူဟေ့ လူ၊ လိုက်ဟ၊ လိုက်ဟ၊
တောင်ဘက်ကို ချိုးသွားပြီး”
“ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဝုတ်”
“ဟာ နှစ်ယောက်ဟေ့ နှစ်ယောက်၊
အနောက်ဘက်ကို တစ်ယောက်
ပြေးတယ်”
“ဘာပါသွားတုံးဟ”
“ကြက်ဖကြီးနှစ်ကောင် ပါသွားတာဗျို့”
“ခွေးတွေ ဟောင်နေတဲ့ကြားကကို
အတင်းဝင်ဆွဲသွားတာဗျို့”
“တာတေ၊ တာတေ ကြားလား လူသံတွေ”
“ကြားတယ် အမေ၊ ကြားတယ်”
“သူခိုးထင်တယ်၊ လူတွေ ဝိုင်းလိုက်
နေကြတာ”
ကျုပ်အဘ ပြောတာဗျ။ အဘလည်း
နိုးသွားတော့ အသံတွေ ကြားလိုက်
ပုံရတယ်။ ကျွက်စီ ကျွက်စီနဲ့ ပြော
နေတဲ့အသံတွေ ရွာအရှေ့ပိုင်းက
ရတုန်းဗျ။ နောက်တော့လည်း တ
ဖြည်းဖြည်းနဲ့ လူသံတွေ တိတ်သွား
ရောပေါ့ဗျာ။မနက်ကျတော့ ရွာရှေ့
ပိုင်းက သိန်းဇော် ကျုပ်ဆီကိုရောက်
လာတယ်။
“လာကွ သိန်းဇော်၊ ထိုင်၊ အကြမ်း
သောက်၊ ဆေးလိပ်လည်းဖွာကွာ၊
ညက မင်းတို့အပိုင်းမှာသူခိုးဝင်တာ
ထင်တယ်”
“အေး …အဲဒါပြောချင်လို့ လာတာကွ၊
တာတေရ၊ ညက ငါတို့ဝိုင်းကို ဝင်တာ၊
ခွေးတွေ ဝိုင်းဟောင်ပြီး လိုက်ဆွဲလို့
ခွေးတွေကို ကန်ပစ်ခဲ့ပုံပဲကွ၊ငါ့အစ်ကို
မွေးထားတဲ့ ကြက်ဖကြီးကို အိပ်တန်း
ပေါ်က ဆွဲချသွားတာ”
“ဟေ…ကြက်ဖကြီး ပါသွားတာ”
“ဟာ ပါသွားတာပေါ့ကွ တာတေရ၊
ပြီးတော့ ငါတို့ဝိုင်းနဲ့ တစ်ဝိုင်းကျော်
က ဘိုးစံပတို့ဝိုင်းမှာလည်း ဒီလိုပဲကွ
ခွေးတွေ ဟောင်နေတဲ့ကြားကကို
ဝိုင်းထဲက အိပ်တန်းတက်နေတဲ့
ကြက်ဖကြီးတစ်ကောင် ဆွဲချ
သွားတယ်”
“ဟေ…ဒီသူခိုးက မြန်လှချည်လား
သိန်းဇော်ရ၊ ဒီခဏလေးအတွင်းမှာတင်
ဝိုင်းနှစ်ဝိုင်းက ကြက်နှစ်ကောင်ရအောင်
ခိုးသွားတာ၊ တော်တော်ကိုလျင်တဲ့ သူခိုး
ပဲ သိန်းဇော်ရ၊ ပြီးတော့ သူခိုးဆိုတာ လူ
နိုးမှာ သိပ်ကြောက်တာကွ၊ ညကလိုမျိုး
ခွေးတွေ ဝိုင်းလိုက်မှတော့ ကပ်ကို မ
ကပ်တော့ဘူး၊ အခု သူခိုးက ခွေးတွေ
ဟောင်ရုံမဟုတ်ဘူး၊ ဝိုင်းလိုက်တာ
တောင် ကြက်ကို ရအောင်ဆွဲသွား
တယ် ဆိုတာ တော်တော်ကို စဉ်းစား
စရာပဲကြ”
“ညက ငါထွက်လိုက်တယ်ကွ တာတေ
ရ၊ ငါတို့ဝိုင်းက တံခါးလည်း မပွင့်ဘူး၊
ပိတ်လျက်သားပဲ၊ ပြီးတော့ မင်းလည်း
ရောက်ဖူးတာပဲ၊ ငါတို့ဝိုင်းက စည်းရိုး
က အမြင့်ကြီးပဲလေကွာ၊ ဒါကို ခုန်
ထွက်လို့ရော ရမလား၊ နောက်တစ်ခု
က ငါတို့စည်းရိုးမှာ တိုးထွက်လို့ရတဲ့
ခွေးတိုးပေါက်ဆိုတာ တစ်ပေါက်မှ
ရှိတာ မဟုတ်ဘူးကွ”
“ဟိုဘက်က ဘိုးစံပတို့ဝိုင်းကရော”
“ဟာ ဘိုးစံပတို့ဝိုင်းက ငါတို့လို ဝိုင်း
တံခါးကို မင်းတုတ်ထိုးရုံမကဘူးကွ၊
သော့ခလောက်ပါ ခတ်ထားတာ၊သူ
တို့ခြံစည်းရိုးကလည်း ငါတို့ခြံစည်း
ရိုးလိုပဲ အမြင့်ကြီးကွ။အပေါက်အပြဲ
လည်း ရှိတာမဟုတ်ဘူး။ဘိုးစံပလည်း
ဒါကိုပဲ ပြောနေတာကွ၊ ဒီသူခိုးက
ဝိုင်းထဲကို ဘယ်လိုရောက်လာတုံး၊
ပြီးတော့ ချက်ချင်း ဘယ်လိုပြန်
ထွက်သွားတုံး။ပြီးတော့ ဘိုးစံပတို့
ခွေးသုံးကောင်ကလည်း ခွေးစွာတွေ
ကွ။သူခိုးကို ထိုးဟောင်ပြီးလိုက်ဆွဲ
တာပဲ။ဒီကြားထဲကနေကြက်ဖကြီး
ရအောင်ဆွဲသွားတာကွ”
“အေးကွာ၊ မင်းပြောပုံဆိုရင်တော့
တော်တော်ကို ထူးခြားနေတာပဲ
သိန်းဇော်”
“တို့ရှေ့ကဝိုင်းက လေးလေးအောင်ဘု
ကတော့ ညကတည်းက ဝိုင်းလိုက်ကြ
ရင်း အော်တာကွ၊ သူခိုးက နှစ်ယောက်
ဟေ့၊ တစ်ယောက်က အနောက်ဘက်
ကို ပြေးပြီလို့အော်တာ၊ ဒါပေမဲ့ ကျန်
တဲ့လူတွေကတော့ တစ်ယောက်ပဲ
မြင်တယ်၊ ဒါကလည်းနော် ပီပီပြင်ပြင်
မြင်လိုက်ကြတာ မဟုတ်ဘူး၊ သစ်ပင်
တွေ ဘေးကို လှစ်ကနဲ လှစ်ကနဲ ပြေး
ကပ်လိုက်၊ တာလမ်းပေါ်မှာ လှစ်ကနဲ
ပြေးလိုက်နဲ့ ရိပ်ကနဲ ရိပ်ကနဲပဲ မြင်ရ
တာ။ လူပြေးလိုက်တာ မီဖို့နေနေ
သာသာ မြင်းနဲ့လိုက်ရင်တောင် မမီ
လောက်ဘူးကွ”
“ဟာ ဒီလောက်ကို မြန်တာလားကွ”
“မြန်ချက်ကွာ၊ အေး နေဦးကွ၊ အဲ
ဒီသူခိုးက ပုရစ်လိုအော်သွားတယ်
ထင်တယ်၊ ပုရစ်သံကတော့ နှစ်သံ
ကွ၊ တောင်ဘက်က တစ်သံ၊ အ
နောက်ဘက်က တစ်သံကွ”
“ဒါဆိုရင် လေးလေးအောင်ဘု ပြော
တာ ဟုတ်နိုင်တယ်ကွ၊ သူခိုးက နှစ်
ယောက်ဖြစ်မယ်၊ ပုရစ်လို အော်တာ
ကတော့ သူတို့ချင်း အချက်ပေးတာ
ဖြစ်မှာပေါ့ကွာ”
“ဒါပေမဲ့ တာတေရ၊ တောင်ပိုင်းရော
အနောက်ပိုင်းရောက လူတွေကလည်း
လူသံတွေကြားလို့ ပြေးထွက်ပြီး ကြည့်
ကြတာတဲ့၊ သူတို့တော့ ဘာမှမတွေ့
ကြဘူးလို့ပြောတယ်။ပုရစ်အော်သံ
တော့ ကြားတယ်လို့ ပြောတယ်ကွ”
ကျုပ်ခေါင်းထဲမှာတော့ တော်တော်ကို
ရှုပ်သွားပြီဗျ။မနက်က ဝက်သားဟင်း
တွေ အစားခံရတဲ့အိမ်တွေလည်း ပုရစ်
အော်သံ ကြားတယ်လို့ ပြောတယ်။
ညက ကြက်ခိုးခံရတဲ့ လူတွေကလည်း
ပုရစ်အော်သံကြားရတယ်ဆိုတော့ သူ
ခိုးနဲ့ ပုရစ်က ဘယ်လိုပတ်သက်တယ်
ဆိုတာ ကျုပ်တော့ တွေးလို့မရတော့
ဘူးဗျ။ သိန်းဇော် ပြန်သွားတဲ့အထိ
ကျုပ် ဆက်တွေးနေသေးတယ်။ရွာထဲ
မှာတော့ ထုံးစံအတိုင်းပေါ့ဗျာ။ ကင်း
တွေတွဲကြတော့တာပေါ့။
ကင်းတွဲတယ်သာ ဆိုပါတယ်၊နဂို
တွဲပြီးသား ကင်းတွဲတွေ ရှိနေတာ
ဆိုတော့ ကင်းချရုံပါပဲဗျာ။
ဆောင်းတွင်းဆိုတော့ ကင်းစောင့်ရတာ
ချမ်းတော့ ချမ်းတာပေါ့ဗျာ။ ကင်းတဲတွေ
မှာ မီးဖိုလေးတွေနဲ့ မီးလှှုံကြရတာပေါ့။
ရပ်ရေးရွာရေးမှာ အမြဲရှေ့ဆောင်တဲ့
ကျုပ်တို့လို ကာလသားကြီးကြီးတွေကို
ကင်းတွဲတဲ့အထဲမှ ဘယ်တော့မှ မထည့်
ဘူးလေဗျာ။ ကျုပ်တို့ထက် တစ်ဆင့်ငယ်
တဲ့ အရွယ်တွေပဲ ကင်းစောင်ကြရတာဗျ။
“ဒေါင်၊ ဒေါင် ဒေါင် ဒေါင်”
ညတစ်နာရီလောက်မှာ ကျုပ်တို့ရွာ
လယ်ပိုင်း ကင်းတဲက စပြီး သံချောင်း
ခေါက်တာဗျ။
“ဒေါင် ဒေါင် ဒေါင် ဒေါင် ”
ဟော အရှေ့ပိုင်းကင်းကလည်း ခေါက်
ပြီဗျို့။
“ကျီ၊ ကျီ၊ ကျီ၊ ကျီ၊ ပကျီ၊ ပကျီ”
ဟာ ပုရစ်အော်သံဗျ။အကျယ်ကြီးပါ
လား။ကျုပ်သေသေချာချာ နားထောင်တယ်။
“ကျီ၊ ကျီ၊ ပကျီ၊ ပကျီ၊ ပကျီ”
ဟော နှစ်သံဗျ။ မြောက်ပိုင်းကလည်း
တစ်သံ ထွက်နေတယ်။
“ဒေါင်၊ ဒေါင်၊ ဒေါင် ဒေါင်”
ဟာ ခေါက်ပြီဗျို့၊ မြောက်ပိုင်းက
ကင်းတဲကလည်း သံချောင်းခေါက်ပြီ။
“ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဝုတ်၊ ကိန်၊ ကိန်၊ကိန်”
ခွေးဟောင်သံတွေ ထွက်လာပြီဗျို့
ခွေးတစ်ကောင် မချိမဆံ့ အော်တဲ့
အသံလည်း ကြားရတယ်။ဒါက ရွာ
အရှေ့ပိုင်းက ကြားတာဗျ။
“ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဝုတ်၊ကိန်၊ ကိန်၊ ကိန်”
ဟော ရွာမြောက်ပိုင်းကလည်း
ခွေးတွေဟောင်ပြန်ပြီဗျို့။
“လိုက်၊ လိုက်၊ ဟိုမန်ကျည်းပင်နောက်
မှာ ကပ်နေတယ်”
ရွာအရှေ့ပိုင်းက သူခိုးလိုက်သံဗျ။
ကျုပ်လည်း အိပ်မပျော်တာနဲ့ အိမ်
ရှေ့က ခုံတန်းလျားမှာထိုင်ပြီး နား
စွင့်နေတာဗျ။
“လိုက်ဟေ့၊ လိုက်ဟေ့၊ ဟိုရှေ့မှာ
ပျောက်သွားပြီကွ”
“ကျီ၊ ပကျီ၊ ပကျီ၊ ပကျီ၊ ကျစ်၊ကျစ်”
လူသံတွေ ခွေးသံတွေကြားမှာ ပုရစ်
အော်သံကြီးကလည်း ညံနေရောဗျ။
နောက်တော့ တစ်ရွာလုံး ငြိမ်သွား
တယ်။ ကျုပ်လည်း ပြန်အိပ်လိုက်
တယ်။ မနက်မိုးလင်းတာနဲ့ ကျောက်
ခဲနဲ့ သံမဏိရောက်လာရောဗျို့။
“ကိုကြီးတာတေတေရေ၊ ညကလည်း
ကြက်နှစ်ကောင်ပါသွားပြန်ပြီတဲ့ဗျို့”
“အေး…ဘယ်သူ့အိမ်တုံးကွ၊ကျောက်ခဲရ”
“အရှေ့ပိုင်းက ကျုပ်သူငယ်ချင်း
ကျော်ဆွေတို့အိမ်ရယ်၊မြောက်ပိုင်းက
အရီးလှခင်တို့အိမ်ရယ်ဗျ။အကြီးဆုံး
ကြက်ဖကြီးတွေကိုမှ ရွေးပြီးဆွဲသွား
တာတဲ့ဗျို့။ အရီးလှချစ်တို့အိမ်က
ခွေးတစ်ကောင်လည်း သေသွားတယ်။
“ဟေ…ဟုတ်လား၊ ခွေးက ဘာဖြစ်လို့
သေတာတုံး”
” သူခိုးက ခြေထောက်နဲ့ ကန်ပစ်ခဲ့
တာ ထင်တယ် ကိုကြီးတာတေရဲ့၊
ခွေးက နံရိုးတွေ အကုန်ကျိုးပြီး နေ
ရာမှာတင် သေနေတာ”
“ဟေ…နံရိုးတွေ ကျိုးနေတယ်ဆိုတော့
ဒီသူခိုးရဲ့ခြေထောက်ကန်ချက်က ပြင်း
လှချည်လားကွ ကျောက်ခဲရဲ့”
“ဟုတ်တယ် ကိုကြီးတာတေ၊ပြီးတော့
သူခိုးက ကြောင်ဆေးတွေ ဘာတွေ
ထိုးထားပုံရတယ်လို့ ရွာထဲက ပြော
နေကြတယ်ဗျ၊ ခြံစည်းရိုး အမြင့်ကြီး
တွေကို ခုန်ဝင် ခုန်ထွက် လုပ်နိုင်ပုံ
ရတယ်တဲ့ဗျ။ ပြီးတော့ လူတွေ ဝိုင်း
လိုက်လို့ ပြေးရင်လည်း လှစ်ကနဲ
လှစ်ကနဲ နေတာတဲ့ဗျ။ သစ်ပင်တွေ
ပြေးပြေးကပ်လိုက် ပြေးထွက်လိုက်
နဲ့ နောက်ဆုံး ပျောက်သွားတော့
တာပဲတဲ့ဗ်”
“ကိုကြီးတာတေရေ၊ ကျုပ်စိတ်ထင်
တော့ သူခိုးက ကြောင်ဆေးထိုးထား
တာ မဖြစ်နိုင်ဘူး၊ ပုရစ်ဆေး ထိုးထား
တာပဲဖြစ်မယ်၊ ပြေးရင်းနဲ့ ပုရစ်လို
အော်သွားတာတဲ့ဗျ၊ ပြီးတော့သစ်
ပင်တွေကို ပြေး ပြေးပြီကပ်တာလည်း
ပုရစ်လိုပဲတဲ့ဗျ”
သံမဏိ ပြောတာကို ကျုပ်က ပြုံးမိတယ်။
ကျောက်ခဲကတော့ တဟားဟားနဲ့ရယ်
တော့တာပဲဗျ။
“သံမဏိရာ ငါတော့ ကြောင်ဆေးပဲ
ကြားဖူးပါတယ် ဘယ့်နှယ် ပုရစ်ဆေး
ထိုးရမှာတုံး”
မျက်လုံးလေး ပုတ်ခတ် ပုတ်ခတ်လုပ်
ပြီး ပြန်ပြောသဗျ။
“ဟ ကျောက်ခဲရ၊ မင်းတို့ ငါတို့လို
လူတိုင်းမသိလို့ မကျော်ကြားတာ
ဖြစ်ရင်ဖြစ်မှာပေါ့ကွ၊ ပုရစ်ဆေး
မရှိဘူးလို့တော့ ကျိန်းသေပြောလို့
ရမလား”
ခဏနေတော့ ဒီကောင်နှစ်ကောင်
ထပြီးပြန်သွားကြတယ်။သူတို့ပြန်
ပြီး သိပ်မကြာဘူးဗျ။ ကျုပ်သူငယ်
ချင်း ပုရစ် ရောက်လာတယ်။
“ဟေ့ကောင် တာတေ”
“ဟာ ပုရစ် လာလေကွာ”
ပုရစ် အိမ်ပေါ်ကို တက်လာတယ်။
ကျုပ်ထိုင်နေတဲ့ တန်းလျားမှာပဲ
ဝင်ထိုင်တယ်
“မင်း ခါသွားမထောင်တော့ဘူးလား
ပုရစ်”
“ခါထောင်ဖို့ထက် အိမ်က ကြက်တွေ
ကို ညဘက် သူခိုးလာပြီးမဆွဲအောင်
ညတိုင်း အိမ်ထဲသွင်းသိပ်နေတာဟေ့”
“အေး…ပုရစ်ရာ၊ ဒီကြက်သူခိုးနှစ်
ကောင်ကလည်း ဘယ်ကဘယ်လို
ပေါ်လာတာပါလိမ့်ကွာ”
“အဲဒီကိစ္စတွေ ပြောပြောချင်လို့
မင်းဆီကို လာခဲ့တာကွ”
“ဟေ…ဘာကိစ္စတွေတုံးကွ ပုရစ်ရ”
“ညက သူခိုးထွက်လိုက်တဲ့အထဲမှာ
ငါလည်း ပါတယ်ကွ တာတေရ၊ သူခိုး
က ပြေးတာ လှစ်ကနဲ လှစ်ကနဲ ပြေး
တာကွ၊ လူပြေးသလို ခြေထောက်နဲ့
ပြေးတဲ့ပုံစံ မဟုတ်ဘူး”
“ဟေ…ဒါဆိုရင် စောစောက သံမဏိ
ပြောတာလို ဖြစ်နေပြီထင်တယ်ကွ
ပုရစ်ရဲ့”
“သံမဏိက ဘာပြောသွားလို့တုံး”
“ဒီသူခိုးတွေက သစ်ပင်ကို ပြေးပြေး
ကပ်လိုက်၊ ပြေးထွက်လာလိုက်၊ပြေး
ကပ်လိုက်နဲ့ ပြေးတာတဲ့၊ ပြီးတော့
ပုရစ်လိုလည်း အော်တယ်ဆိုတော့
ဒီသူခိုးတွေဟာ ကြောင်ဆေးစွမ်း
သလို ပုရစ်ဆေးထိုးထားတာ ဖြစ်
မယ်တဲ့ဟေ့”
” ဟား ဟား ဟား ဟား သံမဏိဆို
တဲ့ ကောင်ကတော့ကွာ တော်တော်
လည်း ကြံကြံဖန်ဖန် တွေးတာပဲ”
“အေးကွာ၊ ငါနဲ့ ကျောက်ခဲလည်း
ရယ်လိုက်ရတာ မပြောပါနဲ့တော့
ပုရစ်ရာ”
ပုရစ်က ကျုပ်တည်ထားတဲ့ နဂါးဆေး
ပေါ့လိပ်ကလေးကို နှစ်ဖွာ သုံးဖွာ
ဖွာပြီးမှ ကျုပ်ကို ပြောပြတယ်ဗျ။
“မင်းနဲ့ငါ ခါသားနဲ့ ထန်းရည်သောက်
တုန်းကငါပြောပြတယ်လေ၊ ငါတို့တောင်ပို့
ယာထဲက တောင်ပို့နှစ်ခုက ပုရစ်နှစ်ကောင်
အချီအချအော်တဲ့ အကြောင်းလေကွာ၊
မင်းတောင် ငါ့ကို ပြောသေးတယ်လေ၊
အဲဒီပုရစ်တွေကို မနှိုက်ဘူးလေးလို့
မေးသေးတယ်လေကွာ”
” အေးပါ ပုရစ်ရာ၊ငါ မှတ်မိပါတယ်”
“အေး…ညက သူခိုးနှစ်ယောက်ပါးစပ်
က ပြေးရင်းနဲ့အော်သွားတဲ့အသံဟာ
ငါတို့တောင်ပို့ယာထဲက တောင်ပို့နှစ်
ခုက ပုရစ်နှစ်ကောင် အော်တဲ့အသံ
နဲ့ အတူတူပဲကွ”
“ဟေ…မင်းက ပုရစ်အော်သံကို ခွဲ
ခြားနိုင်လို့လားကွ”
” ဟ…တာတေကလည်း ငါက ပုရစ်
သံတွေ ကြားတာနဲ့ အထီးအမ ခွဲခြား
နိုင်တဲ့ကောင်ကွ၊ ပုရစ်သံတွေ တစ်ခု
နဲ့ တစ်ခု မတူတာကို ငါငယ်ငယ်က
တည်းက ခွဲခြားနိုင်တယ်။ညက ငါ
ကြားတဲ့ ပုရစ်သံနှစ်သံဟာ ငါတို့
ယာထဲမှာ ကြားတဲ့အသံနဲ့ တစ်ထပ်
တည်း တူတာကွ။ ဘာဆိုတာတော့
ငါမသိဘူး။ သြော်…နေဦးကွ၊ညက
ကင်းစောင့်တဲ့ ကောင်လေးတွေ
ပြောတယ်။သူခိုးတွေ မလာခင်
ပုရစ်တွေ အုပ်လိုက်ကြီး ရွာထဲကို
ဝင်လာတာတဲ့ကွ၊ ပုရစ်တွေ ဝင်
လာပြီးတော့မှ ပုရစ်အော်သံ နှစ်
သံ ပေါ်လာပြီး ကြက်တွေ ဝင်
ဆွဲပြေးတာဆိုပဲ”
“ဟေ…ဟုတ်လား၊ မင်းပြောတော့
ပုရစ်ချိန် ကုန်သွားပြီဆို ဒီပုရစ်တွေ
ဘယ်က ထွက်လာတာတုံး”
“အေး …အဲဒါတွေ ထူးဆန်းနေလို့
မင်းကို လာပြောတာပေါ့ကွ တာတေ
ရ၊ ဒါမျိုးတွေကျတော့ မင်းကမှ သိမှာ
လေကွာ”
ကျုပ် တွေးမိသွားပြီဗျို့၊ ကျုပ်ကို ဆရာ
နွံဖ ပြောပြဖူးတယ်။ ဒါမျိုးဟုတ်၊ မဟုတ်
တော့ မသေချာဘူးပေါ့ဗျာ။မနက်ကတည်း
က ကျုပ်က ပုရစ်ကို မှာလိုက်ပြီးသားဗျ။
ညကိုးနာရီထိုးတာနဲ့ ကျုပ်တို့နှစ်ယောက်
ရွာထဲက ထွက်လာတယ်။
“ပုရစ် ဘယ်မှာတုံးကွ၊ မင်းပြောတဲ့
တောင်ပို့တွေ”
“ဟိုရှေ့မှာလေကွာ”
ပုရစ် လက်ညှိုးထိုးပြတဲ့နေရာကို ကျုပ်
ကြည့်လိုက်တော့ ဟုတ်သားဗျ။ တောင်
ပို့ သုံးခုတောင်ဗျ။ကျုပ် ဘေးဘီကိုလိုက်
ကြည့်လိုက်တော့ ထန်းပင်ကြီးသုံးပင်ဗျ။
လို့ ပြောရင်း ကျုပ်က ထန်းပင်မည်း
မည်းကြီးတွေနောက်မှာ ဝင်ပြီးကပ်
နေလိုက်တယ်။ကျုပ်နဲ့ ပုရစ် ဆေး
ပေါ့လိပ်ကလေးတွေ မီးညှိပြီး သစ်
ရွက်စိမ်းလေးတွေနဲ့ အုပ်ပြီး မီးရောင်
ကို မမြင်အောင် ဖွာလိုက်တယ်။
ညဆယ့်တစ်နာရီထိုးတော့ ပုရစ်အော်သံ
စပြီးကြားရတယ်။ကျုပ်ကမျက်ဆေး ကွင်း
ပြီးသားပါ၊ဆေးအိတ်ထဲမှာပါတဲ့ ရေစင်နဲ့
နားနှစ်ဖက်ကိုပွတ်လိုက်တယ်။ ဒီရေစင်
က ဘိုးလူပေ ကျုပ်ကို ပေးခဲ့တဲ့သောတ
ဓါတ်အင်းကြီးကို ပြာချပြီး စီရင်ထားတဲ့
ရေစင်ဗျ။
“ပကျီ၊ ပကျီ၊ ကျီ၊ ကျိ၊ပကျစ်၊ ပကျစ်”
ပုရစ်အော်သံကို ကျုပ်သေသေချာချာ
နားစိုက်ထောင်ကြည့်တယ်။
“တာတေ ငါပြောတာ အဲဒီပုရစ်သံကို
ပြောတာ”
ပုရစ်ပြောတာတောင် နောက်ကျနေပြီ
ကျုပ်က ရေစင်ဆွတ်ပြီး နားထောင်နေပြီ
ဟာ ကြားပြီဗျို့။ ကျုပ်ကြားပြီ။
“ဟေ့ကောင် ရွှေဘော် အဆင်သင့်
ဖြစ်ပြီလား”
“ပကျစ်၊ ပကျစ်၊ ကျီ၊ ကျီ၊ ပကျီ”
ဒီအတိုင်း နားထောင်တော့ ပုရစ်အော်
သံဗျ။ ရေစင်နဲ့ သောတဓါတ် ဖွင့်လိုက်
တော့မှ လူစကားသံကို ကြားရတော့
တာဗျို့။
“ငါက အဆင်သင့်ဖြစ်ပြီ၊ မင်းကို
စောင့်နေတာ ငမဲရဲ့”
“ပကျီ၊ ပကျီ၊ ပကျီ၊ ကျီ၊ ကျီ၊ ကျီ”
“အေး…ဒါဆိုရင် ထွက်ခဲ့တော့၊
ထနောင်းကုန်းမှာ ကြက်သွားဖမ်းမယ်”
ဟော ထွက်လာပြီဗျို့။အို…လူအရွယ်
လောက် ရှိတာဗျ။ပုဆိုးရယ်၊အင်္ကျ ီရယ်
လို့တော့ သဲသဲကွဲကွဲ မမြင်ရဘူး။ဒါပေမဲ့
အဝတ်အစားတော့ ဝတ်ထားသလိုပဲဗျ။
“ဝီ၊ ဝီ၊ ဝီ၊ ဝီ၊ ဝီ”
ဟာ ပုရစ်တွေဗျို့၊ အလယ်တောင်ပို့ထဲ
ကနေ ထွက်လာကြတာ။အို…ထောင်
သောင်းချီနေတာဗျာ။ ဒါတစ္ဆေတွေဗျ။
တွင်းအောင်းတစ္ဆေတွေ။ကျုပ်ကို ဆရာ
နွံဖ ပြောပြဖူးတယ်။ပုရစ်အော်သံနဲ့ စ
ကားပြောကြတာဗျ။ ပုရစ်တွင်းကလေး
ထဲမှာ နေပေမယ့် အပြင်ရောက်တာနဲ့
ချက်ချင်း လူလောက်ဖြစ်သွားတာဗျ
“ပကျီ၊ ပကျီ၊ ကျီ၊ ကျီ၊ ကျီ”
“ရွှေဘော် ဘာလုပ်နေတုံး၊ သွားစို့လေ”
ဟော ပုရစ်အုပ်ကြီးက ရှေ့က
ကြိုပြီးပျံသွားပြီဗျို့။
“ဝီ၊ ဝီ၊ ဝီ၊ ဝီ၊ ဝီ”
ပုရစ်အုပ်ကြီးရဲ့နောက်က တွင်းအောင်း
တစ္ဆေနှစ်ကောင်လိုက်သွားကြတာဗျို့။
ဟုတ်တာပေါ့ဗျာ။ပုရစ်တွေ ခုန်သွားသ
လို ဖျတ်ကနဲ ဖျတ်ကနဲ ခုန်ပြီးသွားနေ
တာဗျ။ လမ်းလျှောက်သွားတာမှမဟုတ်
တာ။တော်တော်ကို မြန်တာဗျို့။
“တာတေ၊ မင်း တစ်ခုခုကို မြင်နေရတဲ့ပုံပဲ၊
ဘာကိုမြင်တယ်ဆိုတာ ငါ့ကိုပြောဦးလေ
ကွာ။ငါကတော့ပုရစ်တွေ အုပ်လိုက်ကြီး
ပျံသွားတာပဲ တွေ့လိုက်တာကွ”
“ပုရစ် တွင်းအောင်းတစ္ဆေနှစ်ကောင်ကွ၊
ဒီတစ္ဆေတွေက စကားပြောရင် ပုရစ်အော်
သံနဲ့ ပြောတာ၊ တစ်ကောင်ရဲ့နာမည်က
ရွှေဘော်တဲ့၊ နောက်တစ်ကောင်က ငမဲတဲ့”
“ဟေ ဟုတ်လားကွ တာတေ၊ မင်း
ဒီကောင်တွေကို မြင်ရလား”
“အေး …မြင်ရတယ်၊ ကြားလည်း ကြား
ရတယ်၊ ငါ ဆေးကွင်းထားတယ်လေကွာ”
“ဒါဆိုရင် မနက်ဖြန် ရွာထဲကလူတွေကို
ခေါ်ပြီး ဒီတောင်ပို့တွေကို ဖြိုပစ်မယ်ကွာ”
ပုရစ်က ဒေါသတကြီး ပြောတာဗျ
“မလိုပါဘူး ပုရစ်ရာ၊ မင်း ဒီနားကပဲ
စောင့်နေ၊ ငါ လုပ်စရာလေးတွေ
လုပ်လိုက်ဦးမယ်”
ကျုပ်က ထန်းပင်နောက်ကနေ ထွက်
လိုက်ပြီး ကျုပ်လွယ်အိတ်ထဲက မဖဲဝါ
အပ်ထားတဲ့ ကိုယ်တူကိုယ်ခွဲရုပ်က
လေးထုတ်ယူလိုက်တယ်
“သင်္ချိုင်းရှင်မ မဖဲဝါခင်ဗျာ၊ ကျုပ်တာ
တေမှ အကြောင်းပြုပါတယ်၊ တွင်း
အောင်းတစ္ဆေနှစ်ကောင် ကျုပ်တို့
ထနောင်းကုန်းရွာကို အနှောင့်အယှက်
ပေးနေပါတယ်။သင်္ချိုင်းရှင်မ အမြန်ကြွ
လာပြီး ဖြေရှင်းပေးပါဗျာ”
ကျုပ် မဖဲဝါကို ရည်စူးပြီး ပင့်ဖိတ်လိုက်
တယ်။
ဒေါင် ဒေါင် ဒေါင် ဒေါင်
“လိုက်ဟေ့ လိုက်ဟေ့ လိုက်ကြဟေ့”
ဟော ကျုပ်တို့ရွာထဲမှာတော့ သံချောင်း
ခေါက်သံတွေရော လူသံတွေရော ဆူ
ညံနေပြီဗျို့။ ဟော ပုရစ်အုပ်ကြီး ပျံ
လာပြီဗျို့။
“ဝီ ဝီ ဝီ ဝီ ဝီ”
ဟာ ကျုပ်လက်က မဖဲဝါရုပ်ကလေး
တုန်သွားပြီး ဖြူဖြူအရိပ်တစ်ခု ထွက်
သွားတယ်ဗျ။ ဟာ မဖဲဝါဗျို့။ အရုပ်
ကလေးထဲက ထွက်သွားပြီ။ တွင်း
အောင်းတစ္ဆေ ငမဲနေတဲ့ တောင်ပို့
ပေါ်မှာ ရပ်နေတာဗျ။
“ပကျီ၊ ပကျီ၊ ကျီ၊ ကျီ၊ ကျီ”
“ဟေ့ကောင် ငမဲ၊ ဒီနေ့ အကောင်
ကြီးတွေက ပိုတောင်ကြီးသေးသကွ၊
ဟာ ဟေ့ကောင် ငမဲ၊ ဟိုမှာ ဟိုမှာ”
“ဟင် ”
တွင်းအောင်းတစ္ဆေတွေ တုံ့ကနဲ ရပ်
သွားပြီဗျို့။မဖဲဝါက သူတို့ကို လက်
ရပ်ခေါ်လိုက်တယ်။ ကျုပ်က သော
တဓါတ်ရေစင် ဆွတ်ထားတော့
အသံပါ ကြားရတာပေါ့ဗျာ။
“ရွှေဘော်နဲ့ ငမဲ”
“ဗျာ…ဗျာ…သင်္ချိုင်းရှင်မကြီး”
“တွင်းအောင်းတစ္ဆေဆိုတာ လူ့ရပ်
ရွာကို မသွားရဘူး၊ လူ့ရပ်ရွာမှာ
အစာမရှာရဘူးဆိုတဲ့ စည်းကမ်း
ကို ဘာကြောင့်ဖောက်တာတုံး”
“ပကျီ၊ ပကျီ၊ ကျီ၊ ကျီ၊ ကျီ ”
“လူ့ရွာမှာ အစာရှာရတာ လွယ်လွန်း
လို့ပါ သင်္ချိုင်းရှင်မ ”
“နင်တို့နှစ်ကောင် တွင်းအောင်းတစ္ဆေ
တွေရဲ့ စည်းကမ်းချိုးဖောက်တဲ့အတွက်
ဒီရပ်ဒီရွာမှာ နေခွင့်မရှိတော့ဘူး၊ နင်တို့
ကို တရားစီရင်ဖို့ အခုပဲ လာခေါ်လိမ့်
မယ်၊ နင်တို့ လိုက်သွားကြပေတော့”
မဖဲဝါ စကားဆုံးတာနဲ့ အရိပ်မည်းကြီး
ချက်ချင်းရောက်လာတယ်။ မဖဲဝါက
တွင်းအောင်းတစ္ဆေ ရွှေဘော်နဲ့ ငမဲကို
လက်ညှိုးထိုးပြလိုက်တယ်
ရွှေဘော်နဲ့ငမဲလည်း လက်ထဲမှာ
ကိုင်ထားတဲ့ ကြက်ဖကြီးတွေကို
မြေကြီးပေါ်ကို လွှတ်ချလိုက်ပြီး
အရိပ်မည်းကြီးနောက်ကို ဖျတ်
ကနဲ ဖျတ်ကနဲ ခုန်ပြီး လိုက်သွား
ကြရောဗျို့။
ကျုပ်လက်ထဲမှာ ကိုင်ထားတဲ့
မဖဲဝါအရုပ်ကလေးက ဆတ်ကနဲ
တုန်သွားတယ်။ တောင်ပို့ပေါ်မှာ
တော့ စောစောက မားမားကြီး
ရပ်နေတဲ့ မဖဲဝါ မရှိတော့ဘူးဗျ။
“ကဲ ပုရစ်ရေ၊ မင်းတို့ယာထဲက
တောင်ပို့တွေမှာနေတဲ့ တွင်းအောင်း
တစ္ဆေနှစ်ကောင်တော့ ပါသွားပြီဟေ့၊
ရွာထဲက ဖမ်းလာတဲ့ ကြက်ဖသေကြီး
နှစ်ကောင်ယူပြီး ပြန်ကြစို့ဟေ့”
ပုရစ်နဲ့ ကျုပ်နဲ့ ကြက်ဖကြီးတွေကို
တစ်ယောက်တစ်ကောင်ဆွဲပြီး ပြန်
လာခဲ့ကြရတာပေါ့ဗျာ။
ကျုပ်တို့ပြန်ရောက်တော့ လူတွေ
ရုံးစု ရုံးစုပဲ ရှိကြသေးတာဗျ။ ကြက်
ဖကြီးတွေ ဆွဲပြီး ပြန်လာတဲ့ ကျုပ်
တို့နှစ်ယောက်ကိုတော့ အံ့သြပြီး
ကြည့်ကြတော့တာပေါ့ဗျာ။
ကျုပ်လည်း တွင်းအောင်းတစ္ဆေတွေ
အကြောင်းကို ပြောပြလိုက်တယ်။
ဒီတော့မှကျုပ်တို့ရွာသားတွေလည်း
မျက်စိပျက်မျက်နှာပျက်တွေ ဖြစ်ပြီး
ကြောက်ကုန်ကြတော့တာပေါ့ဗျာ။
သူတို့က ကြက်သူခိုးနှစ်ယောက်ကို
လူလို့ပဲ ထင်နေကြတာဗျ။ ခုမှပဲ လူ
မဟုတ်ဘဲ တွင်းအောင်းတစ္ဆေတွေ
မှန်း သိသွားတော့တာ။ ကျုပ်ထင်
တယ်၊ ဒီညတော့ ဒီလူတွေ အိပ်
ရဲမှာ မဟုတ်တော့ဘူးဗျ။
တစ္ဆေမကြောက်တဲ့လူ ရှိတာမှ
မဟုတ်တာဗျာ။
မူရင်းရေးသူ ဆရာ တာတေ
Zawgyi Version
” တြင္းေအာင္းတေစၦ ”(စ/ဆုံး)
————————————–
ဒီေကာင္ကို က်ဳပ္တို႔သူငယ္ခ်င္းအားလုံးက
ပုရစ္လို႔ေခၚတာဗ်။ေခါင္းက ႀကီးႀကီး၊ နဖူး
က ေျပာင္ေျပာင္၊ မ်က္လုံးက ျပဴးျပဴး၊မ်က္
ႏွာေပါက္ကလည္း စုတ္ခြၽန္းခြၽန္းနဲ႔ဗ်။
ဒါေၾကာင့္လည္း ပုရစ္လို႔ေခၚတာေပါ့ဗ်ာ။
စကားေျပာေတာ့လည္း ခင္ဗ်ား နားေထာင္
ၾကည့္၊ ပုရစ္သံ၊ စူးစူးရွရွ အသံမ်ိဳးဗ်။ဒီ
ေကာင့္နာမည္က သိန္းေအးတဲ့။ဒါေပမဲ့
တစ္႐ြာလုံးက သိန္းေအးလို႔ ဘယ္သူမွ
မေခၚဘူး၊ ပုရစ္ပဲ ေခၚၾကတာ။ သိန္းေအး
ကို ပုရစ္လို႔ ေခၚရတဲ့ေနာက္အေၾကာင္း
တစ္ခုရွိေသးတယ္ဗ်။
အဲဒါကေတာ့ ေတာ္ေတာ္ထူးဆန္းတဲ့
ကိစၥတစ္ခုပဲဗ်ာ။ဘာလဲဆိုေတာ့ ပုရစ္
နဲ႔တူတဲ့ သိန္းေအးက ပုရစ္ဖမ္းတဲ့ေနရာ
မွာ အေတာ္ဆုံးမို႔လို႔ပဲဗ်။က်ဳပ္တို႔ ထေနာင္း
ကုန္းတစ္႐ြာလုံးမွာ သိန္းေအးေလာက္
ပုရစ္ႏႈိက္တဲ့ေကာင္ တစ္ေကာင္မွကို
မရွိတာဗ်။ ဟိုတုန္းက က်ဳပ္သူငယ္ခ်င္း
ေအာင္စိန္တို႔ လ်င္တယ္ဆိုေပမယ့္
လည္း ပုရစ္ဖမ္းရင္ေတာ့ သိန္းေအး
ကို ဘယ္လိုမွကို မယွဥ္ႏိုင္တာဗ်။
ေနာက္ၿပီးေတာ့ ပုရစ္ဆိုတဲ့ေကာင္က
လူေကာင္ေသးေသးညႇက္ညႇက္ကေလး
ဗ်။ အက်ၤ ီခြၽတ္ထားရင္ ရင္ဘတ္ေမာက္
ေမာက္ကေလးနဲ႔။ ပုရစ္က သူရဲ႕အသံစီ
စီ စူးစူးရွရွေလးနဲ႔ စကားကို ေအာ္ဟစ္
ေျပာတဲ့အခါ ႐ြာထဲကလူေတြက…
“ပုရစ္ရာ မင္းကလည္း စကားကို
ပုရစ္သံနဲ႔ေျပာေနျပန္ၿပီ”
လို႔ ေျပာၾကသဗ်။ အဲဒီအခါဆိုရင္
ေနာက္တစ္ေယာက္က …
“ဟေကာင္ရ၊ ပုရစ္ပါဆိုေနမွ ပုရစ္သံနဲ႔
ေျပာမွေပါ့ကြ”
လို႔ ေျပာၾကတယ္။ပုရစ္က က်ဳပ္သူငယ္
ခ်င္းဗ်။ ဒါေပမဲ့ ဒီေကာင္က ၿမိဳ႕ေက်ာင္း
ေတာ့ မတက္ဘူးဗ်။ေလးတန္းေအာင္ၿပီး
ေတာ့ ႐ြာမွာပဲ ေနခဲ့ေတာ့တာ။ ဒါေပမဲ့
ရပ္ေရး႐ြာေရး ရွိလို႔ကေတာ့ ပုရစ္က
က်ဳပ္တို႔ အရင္ေရာက္ေနတဲ့ေကာင္ဗ်။
ၿပီးေတာ့ ပုရစ္က လႊတ္ဖင္တာ။ဘာ
ပဲလုပ္စရာရွိရွိ သူမ်ားအလုပ္ကို ထိုင္
ေစာင့္ေနတာ မဟုတ္ဘူး။ ေရွ႕က
ထလုပ္တဲ့ေကာင္။ ပုရစ္က ပုရစ္ႏႈိက္
တဲ့ေနရာ၊ ပုရစ္ဖမ္းတဲ့ေနရာမွတင္
ခ်ိန္ပီယံျဖစ္တာ မဟုတ္ဘူးဗ်။
ေတာထဲဝင္ၿပီး ခါေထာင္တဲ့ေနရာမွာ
လည္း လႊတ္ေတာ္တာဗ်။ ခါေထာင္
တယ္ဆိုတာ တည္တဲ့ခါတစ္ေကာင္
ရွိရတာဗ်။ ပုရစ္မွာ ခါတည္ဖို႔ ခါေတြ
ေမြးထားတာ ရွိတယ္ေလဗ်ာ။ ခါသား
စားခ်င္လို႔ကေတာ့ ပုရစ္ကိုသာ ေျပာ
လိုက္၊ ၿပီးရင္ တစ္ရက္ ႏွစ္ရက္ေစာင့္၊
ခင္ဗ်ား ခါသားဟင္းနဲ႔ ထမင္းတစ္ဝ
စားဖို႔ျပင္ထား၊ ဟိုတုန္းကဆိုရင္ ပုရစ္
မွာ ၾကက္တည္တဲ့ ေတာၾကက္တစ္
ေကာင္ ရွိတယ္ဗ်။
အဲဒီတည္ၾကက္ကေလးရွိတုန္းကဆို
ရင္ က်ဳပ္တို႔သူငယ္ခ်င္းတစ္စု ထန္း
ရည္ခါးနဲ႔ ၾကက္သားဆိုတာ သိပ္ျပတ္
လွတယ္ကို မရွိတာဗ်။ က်ဳပ္တို႔အညာ
မွာ ေဆာင္းေျမပဲႏႈတ္တဲ့အခ်ိန္ဆိုတာ
ေတာ္ေတာ္ေအးေနၿပီဗ်။ ပဲႏႈတ္၊ပဲေႁခြ
နဲ႔ တစ္ေန႔ကုန္ ပင္ပန္းေတာ့ ညဆို
ရင္ တုံးထိုးသလို အိပ္ၾကေတာ့တာ
ေပါ့ဗ်ာ။ ပဲသိမ္းလို႔ၿပီးၿပီဆိုေတာ့ ဆီ
ႀကိတ္ဖို႔ လွမ္းတာလွမ္း၊ ထြတ္တာ
ထြတ္ လုပ္ၾကရျပန္ေရာဗ်။
ညေနေစာင္းမွ က်ဳပ္လည္း အလုပ္ေတြ
နားလိုက္ၿပီး ေရမိုးခ်ိဳးရတာဗ်ိဳ႕၊ က်ဳပ္ေရ
မိုးခ်ိဳး အဝတ္အစားလဲၿပီး ကြပ္ပ်စ္မွာ
နဂါးေဆးေပါ့လိပ္ကေလး ထိုင္ၿပီးဖြာ
ေနတုန္း ရွိေသးဗ်ာ။
“ေဟ့ေကာင္ တာေတ၊ အလုပ္ေတြ
ၿပီးၿပီလားကြ”
ဝိုင္းဝက ေအာ္ေျပာတဲ့ အသံဗ်။ က်ဳပ္
လွည့္ၾကည့္စရာေတာင္ မလိုပါဘူးဗ်ာ။
ဒီတစ္႐ြာလုံးမွာ ဒီအသံမ်ိဳးက ဒီတစ္သံ
ပဲ ရွိတာဆိုေတာ့ …
“ေဟ့ေကာင္ ပုရစ္ လာေလကြာ၊
မတ္တတ္ႀကီးရပ္လို႔ ဘာလုပ္ေန
တာတုံး”
“ဟ တာေတ၊ထိုင္ဖို႔လာတာ မဟုတ္ဘူးကြ၊
သြားဖို႔ လာေခၚတာ”
က်ဳပ္က ပုရစ္ကို လွမ္းၾကည့္တယ္။ပု
ရစ္က သူ႔လက္ထဲမွာ ကိုင္လာတဲ့ ငွက္
ေပ်ာဖက္ထုပ္ႀကီးကို ေျမႇာက္ျပတယ္။
“ဘာထုပ္ႀကီးတုံးကြ ပုရစ္ရဲ႕”
“ခါေတြေလကြာ၊ ငါ မေန႔က ခါေထာင္
တာ အေကာင္သုံးဆယ္ေလာက္ ရလို႔ကြ၊
ေသေသခ်ာခ်ာ ေၾကာ္ထားတာ၊ လာကြ၊
ကိုထြန္းေက်ာ္ႀကီးထန္းတဲ သြားရေအာင္”
တာေတတို႔က ဒါမ်ိဳးဆိုရင္ ႏွစ္ခါေခၚရ႐ိုး
ရွိတာမွ မဟုတ္တာ။ အိမ္ေပၚ ကပ်ာက
ယာတက္၊ ေသတၱာဖြင့္ ပိုက္ဆံယူ၊ ၿပီး
ေတာ့ ပုရစ္နဲ႔ ႐ြာျပင္ကို သုတ္ေျခတင္
ေတာ့တာေပါ့ဗ်ာ။ ပုရစ္က ခါေၾကာ္လာ
မွေတာ့ က်ဳပ္ထန္းရည္းဖိုးရမွာေပါ့ဗ်ာ။
ဒီေန႔လည္း ကိုထြန္းေက်ာ္ထန္းတဲက
လူအျပည့္ပဲဗ်။ ဝါးကြပ္ပ်စ္ေတြျပည့္လို႔
က်ဳပ္တို႔ႏွစ္ေယာက္ ထေနာင္းပင္ေလး
ေအာက္မွာ ထန္းေက်ာဖ်ာတစ္ခ်ပ္ခင္း
ၿပီး ႏွစ္ေယာက္တစ္ပိုင္း ဖြဲ႕ရေတာ့တာ
ေပါ့ဗ်ာ။ ပုရစ္ယူလာတဲ့ ခါေၾကာ္ထုပ္ကို
ျဖည္ၿပီး ဝိုင္းအလယ္မွာ ထားလိုက္တယ္။
ကိုထြန္းေက်ာ္က ထန္းရည္ႏွစ္ျမဴနဲ႔ အုန္း
မႈတ္ခြက္ပက္ကေလးႏွစ္ခြက္ ယူလာေပး
တယ္။ က်ဳပ္က အိတ္ကပ္ထဲမွာ ထည့္
လာတဲ့ နဂါးေဆးေပါ့လိပ္ေတြကို ထန္း
ေက်ာဖ်ာေပၚမွာ ခ်လိုက္ၿပီး အိတ္ကပ္
ထဲမွာ အဆင္သင့္ထည့္လာတဲ့ ဓႏုျဖဴမီး
ခတ္ကိုပါထုတ္ယူလိုက္တယ္။ပုရစ္က
နဖူးေျပာင္ေျပာင္၊ မ်က္လုံးျပဴးျပဴးႀကီးနဲ႔
က်ဳပ္ကို ေမာ့ၾကည့္ၿပီး ၿပဳံးတယ္ဗ်။
ပုရစ္ၿပဳံးေပါ့ဗ်ာ။
“ဟဲ…ဟဲ ငါ့ေကာင္တာေတကေတာ့
နဂါးမွ နဂါးပဲကြာ၊ သြားေလရာမွာ နဂါးပါ
ဆိုတာလို ျဖစ္ေနေပါ့ပဲ”
“ဟာ …မရဘူး ပုရစ္ရဲ႕၊ တျခားေဆးလိပ္
ေျပာင္းေသာက္လိုက္တာနဲ႔ ေခ်ာင္းဆိုး
ေတာ့တာကြ၊ ဒါေၾကာင့္ မင္းေျပာသလိုပဲ
သြားေလရာမွ နဂါးပါ ျဖစ္ေနရတာေပါ့ကြာ”
က်ဳပ္နဲ႔ ပုရစ္နဲ႔ ေရာက္တတ္ရာရာေတြ
ေျပာၿပီး ပုရစ္ေထာင္လာတဲ့ ခါေၾကာ္ေလး
တဝါးဝါး ပင္က်ရည္ေလး တက်ိဳက္က်ိဳက္
ေပါ့ဗ်ာ။
“ပုရစ္ခ်ိန္ကုန္သြားလို႔ကြ တာေတရ၊
မဟုတ္ရင္ေတာ့ ပုရစ္ေၾကာ္ေလးပါ
မင္း ျမည္းရမွာ”
“အခုလည္း မင္းေထာင္ထားတဲ့ ခါေၾကာ္
ေတြက ေတာ္ေတာ္ကို ေကာင္းတာပါ
ပုရစ္ရာ၊ မင္းကေတာ့ ခါတည္ၾကက္တည္
လႊတ္ေတာ္တဲ့ ေကာင္ပဲကြာ”
“ဟား ဟား ဟား ဟား အကုသိုလ္မ်ား
ခဲ့တဲ့ေကာင္ဆိုေတာ့အကုသိုလ္အက်ိဳး
ေပးသန္တယ္နဲ႔ တူပါရဲ႕ကြာ”
“ဒါကေတာ့ ပုရစ္ရယ္၊ မင္းတို႔ ငါတို႔လို
ေတာသူေတာင္သားေတြဟာ အကုသိုလ္
ႀကီးႀကီးမားမားေတြကိုသာ ေရွာင္ႏိုင္ၾက
မွာေပါ့၊ အကုသိုလ္ ေသးေသးမႊားမႊား
ေတြကေတာ့ ႀကဳံၾကရမွာေလကြာ၊ တို႔ဆီ
မွာက ပိုက္ဆံရွိရင္ေတာင္ ဝယ္စားဖို႔ေဈး
ေတြ ဘာေတြ ရွိတာမွ မဟုတ္တာ။ကိုယ့္
မိသားစုစားဖို႔ အသားငါးကို ကိုယ္တိုင္
ရွာၾကရ၊ အိမ္မွာ ေမြးထားၿပီး ကိုယ့္ဟာ
ကိုယ္ပဲ သတ္စားၾကရတာမို႔လား ပုရစ္ရ”
“ဟုတ္တာေပါ့ တာေတရာ၊ ေၾသာ္
ဒါထက္ ေနဦးကြ၊ မင္းကို ထူးဆန္းတာ
တစ္ခု ေျပာရဦးမယ္”
“ေဟ…ဘာမ်ားတုံးကြ ပုရစ္ရ”
“မင္း ငါတို႔ယာထဲက ေတာင္ပို႔ကုန္း
ယာကို သိတယ္မို႔လား”
“ဟာ သိတာေပါ့ကြ၊ ေတာင္ပို႔ေတြ
ႏွစ္ခုလား သုံးခုလား ရွိတာေလကြာ”
“သုံးခုကြ၊ ဒါေပမဲ့ တစ္ခုက ခပ္နိမ့္နိမ့္ပါ၊
ႏွစ္ခုကေတာ့ နည္းနည္းျမင့္တယ္”
“ေၾသာ္ …သိၿပီ၊ သိၿပီ၊ ေအး အဲဒါ
ဘာျဖစ္လို႔တုံးကြ”
“ပုရစ္ေတြ ဘယ္ေလာက္အခ်ိန္ကုန္ကုန္
ငါတို႔ယာထဲက ေတာင္ပို႔ေအာင္းတဲ့ ပုရစ္
ႏွစ္ေကာင္ကေတာ့ ဘယ္ေတာ့မွ အခ်ိန္
မကုန္ဘူးေဟ့”
“ဟင္ …ဘာျဖစ္လို႔တုံးကြ”
“အေရွ႕ဘက္က ေတာင္ပို႔က ပုရစ္က
ပက်စ္ ပက်စ္လို႔ေအာ္လိုက္ရင္ အေနာက္
ဘက္ ေတာင္ပို႔က ပုရစ္ကလည္း ပက်စ္
ပက်စ္လို႔ ျပန္ၿပီးေအာ္သကြ၊ တစ္ခါ တစ္
ခါေတာ့ အဲဒီပုရစ္ႏွစ္ေကာင္ဟာ အခ်ီအ
ခ် စကားေတြ ေျပာေနၾကသလားလို႔
ေတာင္ ငါထင္တယ္ကြ”
“ဟား ဟား ဟား မင္းဟာက ဘာမ်ား
တုံးမွတ္တယ္၊ ပုရစ္ေအာ္တာကို သု
ေတသနလုပ္ေနတာကိုး”
က်ဳပ္တို႔ႏွစ္ေယာက္ ခါေၾကာ္ စားလိုက္၊
ထန္းရည္ က်ိဳက္လိုက္ေပါ့ဗ်ာ။
“ဒါဆို အဲဒီပုရစ္ေတြ မင္း မႏႈိက္ဘူးလားကြ”
“ငါ လိုက္ရွာဖူးတယ္ကြ၊ သူတို႔ကို
ႏႈိက္ဖို႔ေနေနသာတြင္းေပါက္ေတာင္
ရွာလို႔မရဘူးေဟ့။ အသံကေတာ့
ပက်စ္ ပက်စ္နဲ႔ အၿမဲထြက္ေနတာကြ။
တစ္ေကာင္က သံရွည္ဆြဲၿပီးေအာ္ရင္
ေနာက္တစ္ေကာင္ကလည္း သံရွည္
ဆြဲၿပီး ေအာ္ေတာ့တာေဟ့။တစ္ေကာင္
က သံျပတ္ေအာ္ရင္ ေနာက္တစ္ေကာင္
ကလည္း သံျပတ္နဲ႔ ေအာ္တာကြ၊ အဲ
ဒီပုရစ္ႏွစ္ေကာင္က ေတာ္ေတာ္ေတာ့
ထူးဆန္းသားကြ။ သူတို႔မွာ ပုရစ္ရာ
သီဆိုတာ မရွိဘူးကြ၊ အၿမဲတမ္း
ေအာ္ေနၾကတာ”
“ေအးေလ၊ ငါတို႔ထေနာင္းကုန္းက
ပုရစ္ႏႈိက္ ခ်န္ပီယံကို ပုရစ္ေတာင္
လက္ေလ်ာ့ရတဲ့ ပုရစ္ေတြဆိုေတာ့
လည္း ေပါ့ေသးေသးေတာ့ ဟုတ္
မယ္ မထင္ဘူးကြ”
က်ဳပ္က ပုရစ္ေျပာတဲ့ ေတာင္ပို႔ထဲက
ပုရစ္ေတြကို လက္ခံလိုက္ရတာေပါ့ဗ်ာ။
က်ဳပ္နဲ႔ ပုရစ္ ႐ြာထဲျပန္ေရာက္ေတာ့
မိုးေတာင္ခ်ဳပ္ေနၿပီဗ်။
“ဟဲ့ တာေတ၊ ထေတာ့ေလ၊နင့္ကို
ခိုင္းစရာရွိလို႔ဟဲ့”
ေနာက္ေန႔ မနက္က်ေတာ့ အေမ
လာႏႈိးမွပဲ က်ဳပ္ႏိုးေတာ့တာဗ်။မ်က္
ႏွာသစ္၊ ထမင္းၾကမ္းစားၿပီး နဂါးေဆး
ေပါ့လိပ္ကေလး ဖြာေနတုန္း…
“တာေတ၊ နင္ ဘန႔္ေဘြးကုန္း
သြားစမ္းပါဟယ္”
“ဟင္ ဘယ္သူ႔ဆီ သြားရမွာတုံး”
“ဘန႔္ေဘြးကုန္း ေျမာက္ပိုင္းက
မိဝိုင္းတို႔အိမ္ကို”
“ေၾသာ္ …ကိုစံေ႐ႊတို႔အိမ္ကိုလား၊
ဘာေျပာရမွာတုံး”
“မေန႔က စံေ႐ႊ႕မယား မိဝိုင္း လာေျပာ
တယ္၊ ဒီေန႔ထိန္ကုန္းက တ႐ုတ္ငေက်ာက္
တို႔ ဝက္ေပၚမလို႔တဲ့၊ အဲဒါ သူတို႔အိမ္ကို
လာပို႔မွာေျပာတယ္၊ ငါ ႏွစ္ပိႆာ မွာ
ထားတယ္၊ ဆရာေတာ့္ေက်ာင္းကိုလည္း
ဆြမ္းအုပ္ပို႔မလို႔ေလ။နင္ အဲဒါသြားယူ
လိုက္၊ ပိုက္ဆံလည္း တစ္ခါတည္းယူ
သြား၊ တစ္ပိႆာ ဆယ့္ငါးက်ပ္တဲ့။
ေငြသုံးဆယ္ ယူသြား၊ဘုရားစင္ေထာင့္
မွာ ငါတင္ထားတယ္”
“ဟုတ္ကဲ့ အေမ၊ က်ဳပ္ ေတာင္းေလး
ယူသြားမယ္”
“ေအး ယူသြား၊ အထဲမွာ ငွက္ေပ်ာ
ဖက္ခင္းခဲ့ဦး၊ ဒီအတိုင္း ပခုံးေပၚထမ္း
လာရင္ အက်ၤ ီေတြ ေသြးစြန္းကုန္ဦးမယ္”
“ဟုတ္ကဲ့၊ ဟုတ္ကဲ့”
က်ဳပ္က ခြက္ဝင္ေတာင္းကေလး
အထဲမွာ အိမ္ကပဲ ငွက္ေပ်ာဖက္ခုတ္
ၿပီး တစ္ခါတည္း ခင္းသြားလိုက္တယ္၊
အေပၚက အုပ္ဖို႔လည္း ငွက္ေပ်ာဖက္
အပိုယူသြားလိုက္တယ္။ ကိုစံေ႐ႊတို႔
လင္မယားကလည္း က်ဳပ္တို႔အတြက္
ဝက္သားတစ္ပိႆာတြဲ ႏွစ္တြဲကို
အဆင္သင့္ ဖယ္ထားၿပီးသားဗ်။
က်ဳပ္အိမ္ျပန္ေရာက္တာနဲ႔ အေမ
က ဝက္သားကိုင္ေတာ့တာဗ်ိဳ႕။
က်ဳပ္ကေတာ့ အေမ့ရဲ႕ ေျမင႐ုတ္
ဆုံေလးနဲ႔ င႐ုတ္သီးေထာင္းရေတာ့
တာေပါ့ဗ်ာ။
“ခြပ္၊ ခြပ္၊ ခြပ္၊ ခြပ္”
ေျမင႐ုတ္ဆုံကို သစ္သားက်ည္ေပြ႕နဲ႔
ေထာင္းတဲ့အသံက ေက်ာက္င႐ုတ္ဆုံ
ေထာင္းတဲ့အသံမ်ိဳးနဲ႔မတူဘူးဗ်။ ‘ခြပ္၊
ခြပ္’လို႔ အသံထြက္တာ။ က်ဳပ္တို႔ ေတာ
သူေတာင္သားဆိုတာ င႐ုတ္သီးကို
ညက္ၿပီး ေစးပိုင္ေနေအာင္ ေထာင္း
ၾကတာဗ်။ င႐ုတ္သီးေလးစိတ္ကြဲ
ေထာင္းရင္ လူႀကီးေတြက အား
ႀကီး စိတ္ဆိုးတာ။
က်ဳပ္တို႔ငယ္ငယ္ကတည္းက င႐ုတ္
သီးေထာင္းရင္ အေစ့ေပ်ာက္ၿပီး အ
ေစးေပါက္ေနမွႀကိဳက္တာ။ အေစ့
မေပ်ာက္ရင္ ခ်က္ခ်င္းေခၚၿပီး ျပန္
ေထာင္းခိုင္းတာဗ်။က်ဳပ္တို႔ကလည္း
ႏွစ္ခါ ျပန္မေထာင္းရေအာင္ တစ္
ခါတည္းနဲ႔ ညက္ေအာင္ေထာင္းၾက
ရေတာ့တာေပါ့ဗ်ာ။ ဝက္သားႏူးသြား
ေတာ့ အေမက ဆြမ္းခ်ိဳင့္ျပင္တယ္။
ၿပီးေတာ့ က်ဳပ္က ခ်ိဳင့္ဆြဲၿပီး အေမ့
ကို ဘုန္းႀကီးေက်ာင္း လိုက္ပို႔တယ္။
က်ဳပ္ဆရာေတာ္ရဲ႕ ပုဗၺာ႐ုံေက်ာင္း
ေပါ့ဗ်ာ။ ဆြမ္းခ်ိဳင့္ပို႔ၿပီး အိမ္ျပန္ေရာက္
ေတာ့ အေမ့လက္ရာ ဝက္သားဟင္း
က်ဳပ္ ထမင္းစားလိုက္တာ သုံးပန္းကန္
နဲ႔ မဝလို႔ ထပ္ထည့္ရေသးတယ္။လူ
ႀကီးေတြေျပာသလို နံ႐ိုးဖဲထီးကိုင္း
ျဖစ္ေရာေပါ့ဗ်ာ။
ဗိုက္ေလးသြားေတာ့ မန္က်ည္းပင္
ေအာက္က ကြပ္ပ်စ္မွာ ဝါးပိုးျခမ္း
ေခါင္းအုံးေလးအုံးၿပီး က်ဳပ္အိပ္ေရာ
ဗ်။ အိပ္ရာကေန ႏိုးလာေပမယ့္
မ်က္လုံးက ဖြင့္လို႔သိပ္မရခ်င္ဘူးဗ်။
“ကိုႀကီးတာေတ၊ကိုႀကီးတာေတ”
က်ဳပ္ ခ်က္ခ်င္းေခါင္းေထာင္ၾကည့္လိုက္
တယ္။ေက်ာက္ခဲဗ်။က်ဳပ္ေခါင္းေထာင္
ၾကည့္တာ ျမင္ေတာ့မွ ဒီေကာင္ ဝိုင္းထဲ
ဝင္လာတာဗ်။
“ေဟ့ေကာင္ ေက်ာက္ခဲ၊ လာေလကြာ”
ဒီေကာင္ က်ဳပ္ေဘးက ကြပ္ပ်စ္မွာ
ဝင္ထိုင္တယ္။
“ကိုႀကီးတာေတ၊ ႐ြာထဲကသတင္း
ၾကားၿပီးၿပီလား”
“ေဟ …ဘာသတင္းတုံးကြ ေက်ာက္ခဲ
ရ၊ ငါ ဘာမွ မၾကားမိပါလား”
“ကိုႀကီးတာေတ ဒီေန႔ ဘယ္မွမေရာက္
ေသးဘူး ထင္တယ္”
“ဟာ ေရာက္ပါတယ္ကြ၊ မနက္က
အေမနဲ႔ ငါ ဆြမ္းခ်ိဳင့္သြားပို႔ေသးတာပဲ”
“အေနာက္ပိုင္းမွာ ျဖစ္တာဗ်”
“ဟင္…ဘာျဖစ္လို႔တုံးကြ”
“မီးဖိုေခ်ာင္းက ထမင္းေတြ ဟင္းေတြ
စားသြားလို႔တဲ့ဗ်”
“ထမင္းေတြ ဟင္းေတြကို ဘယ္သူက
စားသြားတာတုံး၊ ေခြးေတြဘာေတြ ရွိ
မွာေပါ့၊ မီးဖိုတံခါးပြင့္ေနတာ ျဖစ္မွာေပါ့”
“မဟုတ္ဘူးဗ်၊ ကိုႀကီးတာေတရ၊ မနက္
က ဘန႔္ေဘြးကုန္းက ကိုစံေ႐ႊတို႔က ဝက္
သားဆုံေတြ ေရာင္းလို႔ က်ဳပ္တို႔႐ြာက
ေတာ္ေတာ္မ်ားမ်ား သြားဝယ္ၾကတယ္”
“ေအး …ငါလည္း သြားဝယ္တယ္ေလကြာ၊
ဒီမနက္ ဆြမ္းခ်ိဳင့္ပို႔တာ အဲဒါေၾကာင့္ေပါ့”
“ကိုႀကီးတာေတက ဆြမ္းခ်ိဳင့္ပို႔လိုက္ရ
ေသးတယ္၊ အဲဒီလူေတြက ပို႔ကိုမပို႔လိုက္
ရတာ။ ဟင္းႏူးေတာ့ အိုးေတြလွပ္ၿပီးအ
ေအးခံထားတာတဲ့၊ ဆြမ္းခ်ိဳင့္ျပင္ဖို႔ မီး
ဖိုထဲဝင္လာေတာ့ ဝက္သားေတြ တစ္
အိုးလုံးေျပာင္ေနတာတဲ့ဗ်ာ။ အိုးကပ္
ေတာင္ မရွိဘူးဆိုပဲ”
“ဟ…ဒါ ဘယ္လိုျဖစ္တာတုံး၊ေန႔ခင္း
ေၾကာင္ေတာင္ႀကီးမွာ”
“ၿပီးေတာ့ တစ္အိမ္တည္း မဟုတ္ဘူးဗ်၊
သုံးေလးအိမ္ျဖစ္တာ”
“ေဟ…ဟုတ္လား၊ ဒါဆိုရင္ေတာ့ ေတာ္
ေတာ္ကို ထူးတာပဲကြ ေက်ာက္ခဲရ၊ ႏို႔
ေနပါဦး၊ ဘယ္သူေတြတုံးကြ”
“ဘိုးထြန္းရင္တို႔အိမ္ပါတယ္၊ ၿပီးေတာ့
ေလးေလးဘညိဳတို႔အိမ္ပါတယ္၊ေနာက္
တစ္အိမ္က က်ဳပ္သူငယ္ခ်င္း ေတာင္
လုံးတို႔ပါတယ္၊ ေနာက္တစ္အိမ္ ရွိေသး
ပါတယ္ဗ်၊ အဲဒါေတာ့ ဘယ္သူ႔အိမ္မ်ား
က်ဳပ္ မသိဘူး”
“ဒါဆိုရင္ ဘယ္နည္းမွာတုံးကြ၊
တစ္အိမ္ကို တစ္ပိႆာေတာ့
အနည္းဆုံးခ်က္မွာေပါ့၊ ေလးအိမ္
ဆိုေတာ့ ေလးပိႆာပဲ ေက်ာက္ခဲ
ရ၊ စားသြားတာ နည္းတာမွ မဟုတ္
တာ၊ ၿပီးေတာ့ ေန႔ခင္းေၾကာင္ေတာင္
ႀကီးမွာ”
က်ဳပ္က ဘာေျပာရမွန္း မသိတာနဲ႔
နဂါးေဆးေပါ့လိပ္ကေလးကို မီးညႇိၿပီး
ဖြာလိုက္တယ္
“ကိုႀကီးတာေတ”
ေဟာ ေနာက္တစ္ေယာက္ဗ်။ဝိုင္းဝ
ကေန ေခၚၿပီး ဝင္လာတာ သံမဏိ။
“ေက်ာက္ခဲေရာ၊ သံမဏိေရာေတာ့
စုံၿပီေဟ့၊ လာကြ သံမဏိ၊ မင္းေရာ
ဘာၾကားခဲ့တုံး”
သံမဏိလည္း ကြပ္ပ်စ္မွာ ဝင္ထိုင္တယ္။
“ကိုႀကီးတာေတကို ေက်ာက္ခဲ
ေျပာၿပီးေရာေပါ့”
“ေအး…႐ြာေနာက္ပိုင္းက ဝက္သား
ဟင္း ကိစၥမို႔လား”
“ဟုတ္တယ္ဗ်၊ အဲဒီအိမ္ေတြမွာ လူေတြ
စု႐ုံး စု႐ုံးနဲ႔ ဒီအေၾကာင္း ေျပာေနၾကတယ္
ဗ်၊ လူေတြအားလုံးကေတာ့ ေတာ္ေတာ္
ကို အံ့ၾသေနတာဗ်၊ ေန႔ခင္းဘက္ႀကီးမွာ
မီးဖိုထဲက ဟင္းေတြ ဝင္စားသြားတာကို
ေတာ္ေတာ္အံ့ၾသၿပီး ေတြးရခက္ေနၾက
တယ္”
“ေအးကြ သံမဏိရ၊ ငါနဲ႔ ေက်ာက္ခဲ
လည္း ဒါကိုပဲ ေျပာေနၾကတာ၊ေန႔ခင္း
ေၾကာင္ေတာင္မွာ ဘယ္လိုျဖစ္ၿပီး
ဝက္သားဟင္းေတြ ေပ်ာက္သြားတာ
တုံးဆိုတာ ေတြးကို႔ကို မရဘူးကြ”
“ေၾသာ္…ေနဦးဗ်၊ တစ္ခုေျပာေသး
တယ္၊ အဲဒီဝက္သားဟင္းေပ်ာက္တဲ့
အိမ္ေတြကို ပုရစ္ေအာ္သံ အက်ယ္
ႀကီး ၾကားရတယ္တဲ့ဗ်”
“ဟာ သံမဏိရာ ပုရစ္ကေတာ့
ဝက္သားေတြ စားသြားမွာ
မဟုတ္ပါဘူးကြာ”
ေက်ာက္ခဲက သံမဏိကို ေျပာတာဗ်။
“လူေတြေျပာေနၾကတာကို ငါက
ေျပာတာပါကြာ၊ ပုရစ္ကေတာ့
ဝက္သားဟင္း ဘယ္စားမွာတုံး”
က်ဳပ္က ေဆးေပါ့လိပ္ကေလး ဖြာရင္း
ဒီေကာင္ႏွစ္ေယာက္ေျပာတာကို နား
ေထာင္ေနတာဗ်။ ေနာက္ေတာ့ ဒီ
ေကာင္ႏွစ္ေကာင္လည္း က်ဳပ္နဲ႔ ေရွး
ေဟာင္းေႏွာင္းျဖစ္ေတြေျပာရင္း ည
ေနေစာင္းေတာ့မွ ထျပန္သြားၾကတာ
ဗ်။ ညေရာက္ေတာ့ အဘနဲ႔ အေမ့
ကို က်ဳပ္က ဒီအေၾကာင္းေျပာျပ
ေတာ့ အဘတို႔လည္း အံ့ၾသေန
ၾကတာေပါ့ဗ်ာ။
“ေန႔ခင္းေၾကာင္ေတာင္ႀကီးေတာ္၊
ဒီ႐ြာမွာလည္း ျဖစ္လိုက္ရင္ အထူး
အဆန္းေတြခ်ည္းပဲ”
အေမက ေျပာတာဗ်။ ၿပီးေတာ့ အဘတို႔၊
အေမတို႔ ငယ္ငယ္က ၾကားဖူးတာေတြကို
ေျပာၾကေတာ့တာေပါ့ဗ်ာ။က်ဳပ္တို႔ အိပ္ရာ
ဝင္ေတာ့ ေတာ္ေတာ္ေကာင္ ညဥ့္နက္
ေနၿပီဗ်။
“ဝုတ္၊ ဝုတ္၊ ဝုတ္၊ ဝုတ္၊ ကိန္၊ ကိန္၊ကိန္”
“လူေဟ့ လူ၊ လိုက္ဟ၊ လိုက္ဟ၊
ေတာင္ဘက္ကို ခ်ိဳးသြားၿပီး”
“ဝုတ္၊ ဝုတ္၊ ဝုတ္၊ ဝုတ္”
“ဟာ ႏွစ္ေယာက္ေဟ့ ႏွစ္ေယာက္၊
အေနာက္ဘက္ကို တစ္ေယာက္
ေျပးတယ္”
“ဘာပါသြားတုံးဟ”
“ၾကက္ဖႀကီးႏွစ္ေကာင္ ပါသြားတာဗ်ိဳ႕”
“ေခြးေတြ ေဟာင္ေနတဲ့ၾကားကကို
အတင္းဝင္ဆြဲသြားတာဗ်ိဳ႕”
“တာေတ၊ တာေတ ၾကားလား လူသံေတြ”
“ၾကားတယ္ အေမ၊ ၾကားတယ္”
“သူခိုးထင္တယ္၊ လူေတြ ဝိုင္းလိုက္
ေနၾကတာ”
က်ဳပ္အဘ ေျပာတာဗ်။ အဘလည္း
ႏိုးသြားေတာ့ အသံေတြ ၾကားလိုက္
ပုံရတယ္။ ကြၽက္စီ ကြၽက္စီနဲ႔ ေျပာ
ေနတဲ့အသံေတြ ႐ြာအေရွ႕ပိုင္းက
ရတုန္းဗ်။ ေနာက္ေတာ့လည္း တ
ျဖည္းျဖည္းနဲ႔ လူသံေတြ တိတ္သြား
ေရာေပါ့ဗ်ာ။မနက္က်ေတာ့ ႐ြာေရွ႕
ပိုင္းက သိန္းေဇာ္ က်ဳပ္ဆီကိုေရာက္
လာတယ္။
“လာကြ သိန္းေဇာ္၊ ထိုင္၊ အၾကမ္း
ေသာက္၊ ေဆးလိပ္လည္းဖြာကြာ၊
ညက မင္းတို႔အပိုင္းမွာသူခိုးဝင္တာ
ထင္တယ္”
“ေအး …အဲဒါေျပာခ်င္လို႔ လာတာကြ၊
တာေတရ၊ ညက ငါတို႔ဝိုင္းကို ဝင္တာ၊
ေခြးေတြ ဝိုင္းေဟာင္ၿပီး လိုက္ဆြဲလို႔
ေခြးေတြကို ကန္ပစ္ခဲ့ပုံပဲကြ၊ငါ့အစ္ကို
ေမြးထားတဲ့ ၾကက္ဖႀကီးကို အိပ္တန္း
ေပၚက ဆြဲခ်သြားတာ”
“ေဟ…ၾကက္ဖႀကီး ပါသြားတာ”
“ဟာ ပါသြားတာေပါ့ကြ တာေတရ၊
ၿပီးေတာ့ ငါတို႔ဝိုင္းနဲ႔ တစ္ဝိုင္းေက်ာ္
က ဘိုးစံပတို႔ဝိုင္းမွာလည္း ဒီလိုပဲကြ
ေခြးေတြ ေဟာင္ေနတဲ့ၾကားကကို
ဝိုင္းထဲက အိပ္တန္းတက္ေနတဲ့
ၾကက္ဖႀကီးတစ္ေကာင္ ဆြဲခ်
သြားတယ္”
“ေဟ…ဒီသူခိုးက ျမန္လွခ်ည္လား
သိန္းေဇာ္ရ၊ ဒီခဏေလးအတြင္းမွာတင္
ဝိုင္းႏွစ္ဝိုင္းက ၾကက္ႏွစ္ေကာင္ရေအာင္
ခိုးသြားတာ၊ ေတာ္ေတာ္ကိုလ်င္တဲ့ သူခိုး
ပဲ သိန္းေဇာ္ရ၊ ၿပီးေတာ့ သူခိုးဆိုတာ လူ
ႏိုးမွာ သိပ္ေၾကာက္တာကြ၊ ညကလိုမ်ိဳး
ေခြးေတြ ဝိုင္းလိုက္မွေတာ့ ကပ္ကို မ
ကပ္ေတာ့ဘူး၊ အခု သူခိုးက ေခြးေတြ
ေဟာင္႐ုံမဟုတ္ဘူး၊ ဝိုင္းလိုက္တာ
ေတာင္ ၾကက္ကို ရေအာင္ဆြဲသြား
တယ္ ဆိုတာ ေတာ္ေတာ္ကို စဥ္းစား
စရာပဲၾက”
“ညက ငါထြက္လိုက္တယ္ကြ တာေတ
ရ၊ ငါတို႔ဝိုင္းက တံခါးလည္း မပြင့္ဘူး၊
ပိတ္လ်က္သားပဲ၊ ၿပီးေတာ့ မင္းလည္း
ေရာက္ဖူးတာပဲ၊ ငါတို႔ဝိုင္းက စည္း႐ိုး
က အျမင့္ႀကီးပဲေလကြာ၊ ဒါကို ခုန္
ထြက္လို႔ေရာ ရမလား၊ ေနာက္တစ္ခု
က ငါတို႔စည္း႐ိုးမွာ တိုးထြက္လို႔ရတဲ့
ေခြးတိုးေပါက္ဆိုတာ တစ္ေပါက္မွ
ရွိတာ မဟုတ္ဘူးကြ”
“ဟိုဘက္က ဘိုးစံပတို႔ဝိုင္းကေရာ”
“ဟာ ဘိုးစံပတို႔ဝိုင္းက ငါတို႔လို ဝိုင္း
တံခါးကို မင္းတုတ္ထိုး႐ုံမကဘူးကြ၊
ေသာ့ခေလာက္ပါ ခတ္ထားတာ၊သူ
တို႔ၿခံစည္း႐ိုးကလည္း ငါတို႔ၿခံစည္း
႐ိုးလိုပဲ အျမင့္ႀကီးကြ။အေပါက္အၿပဲ
လည္း ရွိတာမဟုတ္ဘူး။ဘိုးစံပလည္း
ဒါကိုပဲ ေျပာေနတာကြ၊ ဒီသူခိုးက
ဝိုင္းထဲကို ဘယ္လိုေရာက္လာတုံး၊
ၿပီးေတာ့ ခ်က္ခ်င္း ဘယ္လိုျပန္
ထြက္သြားတုံး။ၿပီးေတာ့ ဘိုးစံပတို႔
ေခြးသုံးေကာင္ကလည္း ေခြးစြာေတြ
ကြ။သူခိုးကို ထိုးေဟာင္ၿပီးလိုက္ဆြဲ
တာပဲ။ဒီၾကားထဲကေနၾကက္ဖႀကီး
ရေအာင္ဆြဲသြားတာကြ”
“ေအးကြာ၊ မင္းေျပာပုံဆိုရင္ေတာ့
ေတာ္ေတာ္ကို ထူးျခားေနတာပဲ
သိန္းေဇာ္”
“တို႔ေရွ႕ကဝိုင္းက ေလးေလးေအာင္ဘု
ကေတာ့ ညကတည္းက ဝိုင္းလိုက္ၾက
ရင္း ေအာ္တာကြ၊ သူခိုးက ႏွစ္ေယာက္
ေဟ့၊ တစ္ေယာက္က အေနာက္ဘက္
ကို ေျပးၿပီလို႔ေအာ္တာ၊ ဒါေပမဲ့ က်န္
တဲ့လူေတြကေတာ့ တစ္ေယာက္ပဲ
ျမင္တယ္၊ ဒါကလည္းေနာ္ ပီပီျပင္ျပင္
ျမင္လိုက္ၾကတာ မဟုတ္ဘူး၊ သစ္ပင္
ေတြ ေဘးကို လွစ္ကနဲ လွစ္ကနဲ ေျပး
ကပ္လိုက္၊ တာလမ္းေပၚမွာ လွစ္ကနဲ
ေျပးလိုက္နဲ႔ ရိပ္ကနဲ ရိပ္ကနဲပဲ ျမင္ရ
တာ။ လူေျပးလိုက္တာ မီဖို႔ေနေန
သာသာ ျမင္းနဲ႔လိုက္ရင္ေတာင္ မမီ
ေလာက္ဘူးကြ”
“ဟာ ဒီေလာက္ကို ျမန္တာလားကြ”
“ျမန္ခ်က္ကြာ၊ ေအး ေနဦးကြ၊ အဲ
ဒီသူခိုးက ပုရစ္လိုေအာ္သြားတယ္
ထင္တယ္၊ ပုရစ္သံကေတာ့ ႏွစ္သံ
ကြ၊ ေတာင္ဘက္က တစ္သံ၊ အ
ေနာက္ဘက္က တစ္သံကြ”
“ဒါဆိုရင္ ေလးေလးေအာင္ဘု ေျပာ
တာ ဟုတ္ႏိုင္တယ္ကြ၊ သူခိုးက ႏွစ္
ေယာက္ျဖစ္မယ္၊ ပုရစ္လို ေအာ္တာ
ကေတာ့ သူတို႔ခ်င္း အခ်က္ေပးတာ
ျဖစ္မွာေပါ့ကြာ”
“ဒါေပမဲ့ တာေတရ၊ ေတာင္ပိုင္းေရာ
အေနာက္ပိုင္းေရာက လူေတြကလည္း
လူသံေတြၾကားလို႔ ေျပးထြက္ၿပီး ၾကည့္
ၾကတာတဲ့၊ သူတို႔ေတာ့ ဘာမွမေတြ႕
ၾကဘူးလို႔ေျပာတယ္။ပုရစ္ေအာ္သံ
ေတာ့ ၾကားတယ္လို႔ ေျပာတယ္ကြ”
က်ဳပ္ေခါင္းထဲမွာေတာ့ ေတာ္ေတာ္ကို
ရႈပ္သြားၿပီဗ်။မနက္က ဝက္သားဟင္း
ေတြ အစားခံရတဲ့အိမ္ေတြလည္း ပုရစ္
ေအာ္သံ ၾကားတယ္လို႔ ေျပာတယ္။
ညက ၾကက္ခိုးခံရတဲ့ လူေတြကလည္း
ပုရစ္ေအာ္သံၾကားရတယ္ဆိုေတာ့ သူ
ခိုးနဲ႔ ပုရစ္က ဘယ္လိုပတ္သက္တယ္
ဆိုတာ က်ဳပ္ေတာ့ ေတြးလို႔မရေတာ့
ဘူးဗ်။ သိန္းေဇာ္ ျပန္သြားတဲ့အထိ
က်ဳပ္ ဆက္ေတြးေနေသးတယ္။႐ြာထဲ
မွာေတာ့ ထုံးစံအတိုင္းေပါ့ဗ်ာ။ ကင္း
ေတြတြဲၾကေတာ့တာေပါ့။
ကင္းတြဲတယ္သာ ဆိုပါတယ္၊နဂို
တြဲၿပီးသား ကင္းတြဲေတြ ရွိေနတာ
ဆိုေတာ့ ကင္းခ်႐ုံပါပဲဗ်ာ။
ေဆာင္းတြင္းဆိုေတာ့ ကင္းေစာင့္ရတာ
ခ်မ္းေတာ့ ခ်မ္းတာေပါ့ဗ်ာ။ ကင္းတဲေတြ
မွာ မီးဖိုေလးေတြနဲ႔ မီးလွႈံၾကရတာေပါ့။
ရပ္ေရး႐ြာေရးမွာ အၿမဲေရွ႕ေဆာင္တဲ့
က်ဳပ္တို႔လို ကာလသားႀကီးႀကီးေတြကို
ကင္းတြဲတဲ့အထဲမွ ဘယ္ေတာ့မွ မထည့္
ဘူးေလဗ်ာ။ က်ဳပ္တို႔ထက္ တစ္ဆင့္ငယ္
တဲ့ အ႐ြယ္ေတြပဲ ကင္းေစာင္ၾကရတာဗ်။
“ေဒါင္၊ ေဒါင္ ေဒါင္ ေဒါင္”
ညတစ္နာရီေလာက္မွာ က်ဳပ္တို႔႐ြာ
လယ္ပိုင္း ကင္းတဲက စၿပီး သံေခ်ာင္း
ေခါက္တာဗ်။
“ေဒါင္ ေဒါင္ ေဒါင္ ေဒါင္ ”
ေဟာ အေရွ႕ပိုင္းကင္းကလည္း ေခါက္
ၿပီဗ်ိဳ႕။
“က်ီ၊ က်ီ၊ က်ီ၊ က်ီ၊ ပက်ီ၊ ပက်ီ”
ဟာ ပုရစ္ေအာ္သံဗ်။အက်ယ္ႀကီးပါ
လား။က်ဳပ္ေသေသခ်ာခ်ာ နားေထာင္တယ္။
“က်ီ၊ က်ီ၊ ပက်ီ၊ ပက်ီ၊ ပက်ီ”
ေဟာ ႏွစ္သံဗ်။ ေျမာက္ပိုင္းကလည္း
တစ္သံ ထြက္ေနတယ္။
“ေဒါင္၊ ေဒါင္၊ ေဒါင္ ေဒါင္”
ဟာ ေခါက္ၿပီဗ်ိဳ႕၊ ေျမာက္ပိုင္းက
ကင္းတဲကလည္း သံေခ်ာင္းေခါက္ၿပီ။
“ဝုတ္၊ ဝုတ္၊ ဝုတ္၊ ဝုတ္၊ ကိန္၊ ကိန္၊ကိန္”
ေခြးေဟာင္သံေတြ ထြက္လာၿပီဗ်ိဳ႕
ေခြးတစ္ေကာင္ မခ်ိမဆံ့ ေအာ္တဲ့
အသံလည္း ၾကားရတယ္။ဒါက ႐ြာ
အေရွ႕ပိုင္းက ၾကားတာဗ်။
“ဝုတ္၊ ဝုတ္၊ ဝုတ္၊ ဝုတ္၊ကိန္၊ ကိန္၊ ကိန္”
ေဟာ ႐ြာေျမာက္ပိုင္းကလည္း
ေခြးေတြေဟာင္ျပန္ၿပီဗ်ိဳ႕။
“လိုက္၊ လိုက္၊ ဟိုမန္က်ည္းပင္ေနာက္
မွာ ကပ္ေနတယ္”
႐ြာအေရွ႕ပိုင္းက သူခိုးလိုက္သံဗ်။
က်ဳပ္လည္း အိပ္မေပ်ာ္တာနဲ႔ အိမ္
ေရွ႕က ခုံတန္းလ်ားမွာထိုင္ၿပီး နား
စြင့္ေနတာဗ်။
“လိုက္ေဟ့၊ လိုက္ေဟ့၊ ဟိုေရွ႕မွာ
ေပ်ာက္သြားၿပီကြ”
“က်ီ၊ ပက်ီ၊ ပက်ီ၊ ပက်ီ၊ က်စ္၊က်စ္”
လူသံေတြ ေခြးသံေတြၾကားမွာ ပုရစ္
ေအာ္သံႀကီးကလည္း ညံေနေရာဗ်။
ေနာက္ေတာ့ တစ္႐ြာလုံး ၿငိမ္သြား
တယ္။ က်ဳပ္လည္း ျပန္အိပ္လိုက္
တယ္။ မနက္မိုးလင္းတာနဲ႔ ေက်ာက္
ခဲနဲ႔ သံမဏိေရာက္လာေရာဗ်ိဳ႕။
“ကိုႀကီးတာေတေတေရ၊ ညကလည္း
ၾကက္ႏွစ္ေကာင္ပါသြားျပန္ၿပီတဲ့ဗ်ိဳ႕”
“ေအး…ဘယ္သူ႔အိမ္တုံးကြ၊ေက်ာက္ခဲရ”
“အေရွ႕ပိုင္းက က်ဳပ္သူငယ္ခ်င္း
ေက်ာ္ေဆြတို႔အိမ္ရယ္၊ေျမာက္ပိုင္းက
အရီးလွခင္တို႔အိမ္ရယ္ဗ်။အႀကီးဆုံး
ၾကက္ဖႀကီးေတြကိုမွ ေ႐ြးၿပီးဆြဲသြား
တာတဲ့ဗ်ိဳ႕။ အရီးလွခ်စ္တို႔အိမ္က
ေခြးတစ္ေကာင္လည္း ေသသြားတယ္။
“ေဟ…ဟုတ္လား၊ ေခြးက ဘာျဖစ္လို႔
ေသတာတုံး”
” သူခိုးက ေျခေထာက္နဲ႔ ကန္ပစ္ခဲ့
တာ ထင္တယ္ ကိုႀကီးတာေတရဲ႕၊
ေခြးက နံ႐ိုးေတြ အကုန္က်ိဳးၿပီး ေန
ရာမွာတင္ ေသေနတာ”
“ေဟ…နံ႐ိုးေတြ က်ိဳးေနတယ္ဆိုေတာ့
ဒီသူခိုးရဲ႕ေျခေထာက္ကန္ခ်က္က ျပင္း
လွခ်ည္လားကြ ေက်ာက္ခဲရဲ႕”
“ဟုတ္တယ္ ကိုႀကီးတာေတ၊ၿပီးေတာ့
သူခိုးက ေၾကာင္ေဆးေတြ ဘာေတြ
ထိုးထားပုံရတယ္လို႔ ႐ြာထဲက ေျပာ
ေနၾကတယ္ဗ်၊ ၿခံစည္း႐ိုး အျမင့္ႀကီး
ေတြကို ခုန္ဝင္ ခုန္ထြက္ လုပ္ႏိုင္ပုံ
ရတယ္တဲ့ဗ်။ ၿပီးေတာ့ လူေတြ ဝိုင္း
လိုက္လို႔ ေျပးရင္လည္း လွစ္ကနဲ
လွစ္ကနဲ ေနတာတဲ့ဗ်။ သစ္ပင္ေတြ
ေျပးေျပးကပ္လိုက္ ေျပးထြက္လိုက္
နဲ႔ ေနာက္ဆုံး ေပ်ာက္သြားေတာ့
တာပဲတဲ့ဗ္”
“ကိုႀကီးတာေတေရ၊ က်ဳပ္စိတ္ထင္
ေတာ့ သူခိုးက ေၾကာင္ေဆးထိုးထား
တာ မျဖစ္ႏိုင္ဘူး၊ ပုရစ္ေဆး ထိုးထား
တာပဲျဖစ္မယ္၊ ေျပးရင္းနဲ႔ ပုရစ္လို
ေအာ္သြားတာတဲ့ဗ်၊ ၿပီးေတာ့သစ္
ပင္ေတြကို ေျပး ေျပးၿပီကပ္တာလည္း
ပုရစ္လိုပဲတဲ့ဗ်”
သံမဏိ ေျပာတာကို က်ဳပ္က ၿပဳံးမိတယ္။
ေက်ာက္ခဲကေတာ့ တဟားဟားနဲ႔ရယ္
ေတာ့တာပဲဗ်။
“သံမဏိရာ ငါေတာ့ ေၾကာင္ေဆးပဲ
ၾကားဖူးပါတယ္ ဘယ့္ႏွယ္ ပုရစ္ေဆး
ထိုးရမွာတုံး”
မ်က္လုံးေလး ပုတ္ခတ္ ပုတ္ခတ္လုပ္
ၿပီး ျပန္ေျပာသဗ်။
“ဟ ေက်ာက္ခဲရ၊ မင္းတို႔ ငါတို႔လို
လူတိုင္းမသိလို႔ မေက်ာ္ၾကားတာ
ျဖစ္ရင္ျဖစ္မွာေပါ့ကြ၊ ပုရစ္ေဆး
မရွိဘူးလို႔ေတာ့ က်ိန္းေသေျပာလို႔
ရမလား”
ခဏေနေတာ့ ဒီေကာင္ႏွစ္ေကာင္
ထၿပီးျပန္သြားၾကတယ္။သူတို႔ျပန္
ၿပီး သိပ္မၾကာဘူးဗ်။ က်ဳပ္သူငယ္
ခ်င္း ပုရစ္ ေရာက္လာတယ္။
“ေဟ့ေကာင္ တာေတ”
“ဟာ ပုရစ္ လာေလကြာ”
ပုရစ္ အိမ္ေပၚကို တက္လာတယ္။
က်ဳပ္ထိုင္ေနတဲ့ တန္းလ်ားမွာပဲ
ဝင္ထိုင္တယ္
“မင္း ခါသြားမေထာင္ေတာ့ဘူးလား
ပုရစ္”
“ခါေထာင္ဖို႔ထက္ အိမ္က ၾကက္ေတြ
ကို ညဘက္ သူခိုးလာၿပီးမဆြဲေအာင္
ညတိုင္း အိမ္ထဲသြင္းသိပ္ေနတာေဟ့”
“ေအး…ပုရစ္ရာ၊ ဒီၾကက္သူခိုးႏွစ္
ေကာင္ကလည္း ဘယ္ကဘယ္လို
ေပၚလာတာပါလိမ့္ကြာ”
“အဲဒီကိစၥေတြ ေျပာေျပာခ်င္လို႔
မင္းဆီကို လာခဲ့တာကြ”
“ေဟ…ဘာကိစၥေတြတုံးကြ ပုရစ္ရ”
“ညက သူခိုးထြက္လိုက္တဲ့အထဲမွာ
ငါလည္း ပါတယ္ကြ တာေတရ၊ သူခိုး
က ေျပးတာ လွစ္ကနဲ လွစ္ကနဲ ေျပး
တာကြ၊ လူေျပးသလို ေျခေထာက္နဲ႔
ေျပးတဲ့ပုံစံ မဟုတ္ဘူး”
“ေဟ…ဒါဆိုရင္ ေစာေစာက သံမဏိ
ေျပာတာလို ျဖစ္ေနၿပီထင္တယ္ကြ
ပုရစ္ရဲ႕”
“သံမဏိက ဘာေျပာသြားလို႔တုံး”
“ဒီသူခိုးေတြက သစ္ပင္ကို ေျပးေျပး
ကပ္လိုက္၊ ေျပးထြက္လာလိုက္၊ေျပး
ကပ္လိုက္နဲ႔ ေျပးတာတဲ့၊ ၿပီးေတာ့
ပုရစ္လိုလည္း ေအာ္တယ္ဆိုေတာ့
ဒီသူခိုးေတြဟာ ေၾကာင္ေဆးစြမ္း
သလို ပုရစ္ေဆးထိုးထားတာ ျဖစ္
မယ္တဲ့ေဟ့”
” ဟား ဟား ဟား ဟား သံမဏိဆို
တဲ့ ေကာင္ကေတာ့ကြာ ေတာ္ေတာ္
လည္း ႀကံႀကံဖန္ဖန္ ေတြးတာပဲ”
“ေအးကြာ၊ ငါနဲ႔ ေက်ာက္ခဲလည္း
ရယ္လိုက္ရတာ မေျပာပါနဲ႔ေတာ့
ပုရစ္ရာ”
ပုရစ္က က်ဳပ္တည္ထားတဲ့ နဂါးေဆး
ေပါ့လိပ္ကေလးကို ႏွစ္ဖြာ သုံးဖြာ
ဖြာၿပီးမွ က်ဳပ္ကို ေျပာျပတယ္ဗ်။
“မင္းနဲ႔ငါ ခါသားနဲ႔ ထန္းရည္ေသာက္
တုန္းကငါေျပာျပတယ္ေလ၊ ငါတို႔ေတာင္ပို႔
ယာထဲက ေတာင္ပို႔ႏွစ္ခုက ပုရစ္ႏွစ္ေကာင္
အခ်ီအခ်ေအာ္တဲ့ အေၾကာင္းေလကြာ၊
မင္းေတာင္ ငါ့ကို ေျပာေသးတယ္ေလ၊
အဲဒီပုရစ္ေတြကို မႏႈိက္ဘူးေလးလို႔
ေမးေသးတယ္ေလကြာ”
” ေအးပါ ပုရစ္ရာ၊ငါ မွတ္မိပါတယ္”
“ေအး…ညက သူခိုးႏွစ္ေယာက္ပါးစပ္
က ေျပးရင္းနဲ႔ေအာ္သြားတဲ့အသံဟာ
ငါတို႔ေတာင္ပို႔ယာထဲက ေတာင္ပို႔ႏွစ္
ခုက ပုရစ္ႏွစ္ေကာင္ ေအာ္တဲ့အသံ
နဲ႔ အတူတူပဲကြ”
“ေဟ…မင္းက ပုရစ္ေအာ္သံကို ခြဲ
ျခားႏိုင္လို႔လားကြ”
” ဟ…တာေတကလည္း ငါက ပုရစ္
သံေတြ ၾကားတာနဲ႔ အထီးအမ ခြဲျခား
ႏိုင္တဲ့ေကာင္ကြ၊ ပုရစ္သံေတြ တစ္ခု
နဲ႔ တစ္ခု မတူတာကို ငါငယ္ငယ္က
တည္းက ခြဲျခားႏိုင္တယ္။ညက ငါ
ၾကားတဲ့ ပုရစ္သံႏွစ္သံဟာ ငါတို႔
ယာထဲမွာ ၾကားတဲ့အသံနဲ႔ တစ္ထပ္
တည္း တူတာကြ။ ဘာဆိုတာေတာ့
ငါမသိဘူး။ ေၾသာ္…ေနဦးကြ၊ညက
ကင္းေစာင့္တဲ့ ေကာင္ေလးေတြ
ေျပာတယ္။သူခိုးေတြ မလာခင္
ပုရစ္ေတြ အုပ္လိုက္ႀကီး ႐ြာထဲကို
ဝင္လာတာတဲ့ကြ၊ ပုရစ္ေတြ ဝင္
လာၿပီးေတာ့မွ ပုရစ္ေအာ္သံ ႏွစ္
သံ ေပၚလာၿပီး ၾကက္ေတြ ဝင္
ဆြဲေျပးတာဆိုပဲ”
“ေဟ…ဟုတ္လား၊ မင္းေျပာေတာ့
ပုရစ္ခ်ိန္ ကုန္သြားၿပီဆို ဒီပုရစ္ေတြ
ဘယ္က ထြက္လာတာတုံး”
“ေအး …အဲဒါေတြ ထူးဆန္းေနလို႔
မင္းကို လာေျပာတာေပါ့ကြ တာေတ
ရ၊ ဒါမ်ိဳးေတြက်ေတာ့ မင္းကမွ သိမွာ
ေလကြာ”
က်ဳပ္ ေတြးမိသြားၿပီဗ်ိဳ႕၊ က်ဳပ္ကို ဆရာ
ႏြံဖ ေျပာျပဖူးတယ္။ ဒါမ်ိဳးဟုတ္၊ မဟုတ္
ေတာ့ မေသခ်ာဘူးေပါ့ဗ်ာ။မနက္ကတည္း
က က်ဳပ္က ပုရစ္ကို မွာလိုက္ၿပီးသားဗ်။
ညကိုးနာရီထိုးတာနဲ႔ က်ဳပ္တို႔ႏွစ္ေယာက္
႐ြာထဲက ထြက္လာတယ္။
“ပုရစ္ ဘယ္မွာတုံးကြ၊ မင္းေျပာတဲ့
ေတာင္ပို႔ေတြ”
“ဟိုေရွ႕မွာေလကြာ”
ပုရစ္ လက္ညႇိဳးထိုးျပတဲ့ေနရာကို က်ဳပ္
ၾကည့္လိုက္ေတာ့ ဟုတ္သားဗ်။ ေတာင္
ပို႔ သုံးခုေတာင္ဗ်။က်ဳပ္ ေဘးဘီကိုလိုက္
ၾကည့္လိုက္ေတာ့ ထန္းပင္ႀကီးသုံးပင္ဗ်။
လို႔ ေျပာရင္း က်ဳပ္က ထန္းပင္မည္း
မည္းႀကီးေတြေနာက္မွာ ဝင္ၿပီးကပ္
ေနလိုက္တယ္။က်ဳပ္နဲ႔ ပုရစ္ ေဆး
ေပါ့လိပ္ကေလးေတြ မီးညႇိၿပီး သစ္
႐ြက္စိမ္းေလးေတြနဲ႔ အုပ္ၿပီး မီးေရာင္
ကို မျမင္ေအာင္ ဖြာလိုက္တယ္။
ညဆယ့္တစ္နာရီထိုးေတာ့ ပုရစ္ေအာ္သံ
စၿပီးၾကားရတယ္။က်ဳပ္ကမ်က္ေဆး ကြင္း
ၿပီးသားပါ၊ေဆးအိတ္ထဲမွာပါတဲ့ ေရစင္နဲ႔
နားႏွစ္ဖက္ကိုပြတ္လိုက္တယ္။ ဒီေရစင္
က ဘိုးလူေပ က်ဳပ္ကို ေပးခဲ့တဲ့ေသာတ
ဓါတ္အင္းႀကီးကို ျပာခ်ၿပီး စီရင္ထားတဲ့
ေရစင္ဗ်။
“ပက်ီ၊ ပက်ီ၊ က်ီ၊ က်ိ၊ပက်စ္၊ ပက်စ္”
ပုရစ္ေအာ္သံကို က်ဳပ္ေသေသခ်ာခ်ာ
နားစိုက္ေထာင္ၾကည့္တယ္။
“တာေတ ငါေျပာတာ အဲဒီပုရစ္သံကို
ေျပာတာ”
ပုရစ္ေျပာတာေတာင္ ေနာက္က်ေနၿပီ
က်ဳပ္က ေရစင္ဆြတ္ၿပီး နားေထာင္ေနၿပီ
ဟာ ၾကားၿပီဗ်ိဳ႕။ က်ဳပ္ၾကားၿပီ။
“ေဟ့ေကာင္ ေ႐ႊေဘာ္ အဆင္သင့္
ျဖစ္ၿပီလား”
“ပက်စ္၊ ပက်စ္၊ က်ီ၊ က်ီ၊ ပက်ီ”
ဒီအတိုင္း နားေထာင္ေတာ့ ပုရစ္ေအာ္
သံဗ်။ ေရစင္နဲ႔ ေသာတဓါတ္ ဖြင့္လိုက္
ေတာ့မွ လူစကားသံကို ၾကားရေတာ့
တာဗ်ိဳ႕။
“ငါက အဆင္သင့္ျဖစ္ၿပီ၊ မင္းကို
ေစာင့္ေနတာ ငမဲရဲ႕”
“ပက်ီ၊ ပက်ီ၊ ပက်ီ၊ က်ီ၊ က်ီ၊ က်ီ”
“ေအး…ဒါဆိုရင္ ထြက္ခဲ့ေတာ့၊
ထေနာင္းကုန္းမွာ ၾကက္သြားဖမ္းမယ္”
ေဟာ ထြက္လာၿပီဗ်ိဳ႕။အို…လူအ႐ြယ္
ေလာက္ ရွိတာဗ်။ပုဆိုးရယ္၊အက်ၤ ီရယ္
လို႔ေတာ့ သဲသဲကြဲကြဲ မျမင္ရဘူး။ဒါေပမဲ့
အဝတ္အစားေတာ့ ဝတ္ထားသလိုပဲဗ်။
“ဝီ၊ ဝီ၊ ဝီ၊ ဝီ၊ ဝီ”
ဟာ ပုရစ္ေတြဗ်ိဳ႕၊ အလယ္ေတာင္ပို႔ထဲ
ကေန ထြက္လာၾကတာ။အို…ေထာင္
ေသာင္းခ်ီေနတာဗ်ာ။ ဒါတေစၦေတြဗ်။
တြင္းေအာင္းတေစၦေတြ။က်ဳပ္ကို ဆရာ
ႏြံဖ ေျပာျပဖူးတယ္။ပုရစ္ေအာ္သံနဲ႔ စ
ကားေျပာၾကတာဗ်။ ပုရစ္တြင္းကေလး
ထဲမွာ ေနေပမယ့္ အျပင္ေရာက္တာနဲ႔
ခ်က္ခ်င္း လူေလာက္ျဖစ္သြားတာဗ်
“ပက်ီ၊ ပက်ီ၊ က်ီ၊ က်ီ၊ က်ီ”
“ေ႐ႊေဘာ္ ဘာလုပ္ေနတုံး၊ သြားစို႔ေလ”
ေဟာ ပုရစ္အုပ္ႀကီးက ေရွ႕က
ႀကိဳၿပီးပ်ံသြားၿပီဗ်ိဳ႕။
“ဝီ၊ ဝီ၊ ဝီ၊ ဝီ၊ ဝီ”
ပုရစ္အုပ္ႀကီးရဲ႕ေနာက္က တြင္းေအာင္း
တေစၦႏွစ္ေကာင္လိုက္သြားၾကတာဗ်ိဳ႕။
ဟုတ္တာေပါ့ဗ်ာ။ပုရစ္ေတြ ခုန္သြားသ
လို ဖ်တ္ကနဲ ဖ်တ္ကနဲ ခုန္ၿပီးသြားေန
တာဗ်။ လမ္းေလွ်ာက္သြားတာမွမဟုတ္
တာ။ေတာ္ေတာ္ကို ျမန္တာဗ်ိဳ႕။
“တာေတ၊ မင္း တစ္ခုခုကို ျမင္ေနရတဲ့ပုံပဲ၊
ဘာကိုျမင္တယ္ဆိုတာ ငါ့ကိုေျပာဦးေလ
ကြာ။ငါကေတာ့ပုရစ္ေတြ အုပ္လိုက္ႀကီး
ပ်ံသြားတာပဲ ေတြ႕လိုက္တာကြ”
“ပုရစ္ တြင္းေအာင္းတေစၦႏွစ္ေကာင္ကြ၊
ဒီတေစၦေတြက စကားေျပာရင္ ပုရစ္ေအာ္
သံနဲ႔ ေျပာတာ၊ တစ္ေကာင္ရဲ႕နာမည္က
ေ႐ႊေဘာ္တဲ့၊ ေနာက္တစ္ေကာင္က ငမဲတဲ့”
“ေဟ ဟုတ္လားကြ တာေတ၊ မင္း
ဒီေကာင္ေတြကို ျမင္ရလား”
“ေအး …ျမင္ရတယ္၊ ၾကားလည္း ၾကား
ရတယ္၊ ငါ ေဆးကြင္းထားတယ္ေလကြာ”
“ဒါဆိုရင္ မနက္ျဖန္ ႐ြာထဲကလူေတြကို
ေခၚၿပီး ဒီေတာင္ပို႔ေတြကို ၿဖိဳပစ္မယ္ကြာ”
ပုရစ္က ေဒါသတႀကီး ေျပာတာဗ်
“မလိုပါဘူး ပုရစ္ရာ၊ မင္း ဒီနားကပဲ
ေစာင့္ေန၊ ငါ လုပ္စရာေလးေတြ
လုပ္လိုက္ဦးမယ္”
က်ဳပ္က ထန္းပင္ေနာက္ကေန ထြက္
လိုက္ၿပီး က်ဳပ္လြယ္အိတ္ထဲက မဖဲဝါ
အပ္ထားတဲ့ ကိုယ္တူကိုယ္ခြဲ႐ုပ္က
ေလးထုတ္ယူလိုက္တယ္
“သခ်ႋဳင္းရွင္မ မဖဲဝါခင္ဗ်ာ၊ က်ဳပ္တာ
ေတမွ အေၾကာင္းျပဳပါတယ္၊ တြင္း
ေအာင္းတေစၦႏွစ္ေကာင္ က်ဳပ္တို႔
ထေနာင္းကုန္း႐ြာကို အေႏွာင့္အယွက္
ေပးေနပါတယ္။သခ်ႋဳင္းရွင္မ အျမန္ႂကြ
လာၿပီး ေျဖရွင္းေပးပါဗ်ာ”
က်ဳပ္ မဖဲဝါကို ရည္စူးၿပီး ပင့္ဖိတ္လိုက္
တယ္။
ေဒါင္ ေဒါင္ ေဒါင္ ေဒါင္
“လိုက္ေဟ့ လိုက္ေဟ့ လိုက္ၾကေဟ့”
ေဟာ က်ဳပ္တို႔႐ြာထဲမွာေတာ့ သံေခ်ာင္း
ေခါက္သံေတြေရာ လူသံေတြေရာ ဆူ
ညံေနၿပီဗ်ိဳ႕။ ေဟာ ပုရစ္အုပ္ႀကီး ပ်ံ
လာၿပီဗ်ိဳ႕။
“ဝီ ဝီ ဝီ ဝီ ဝီ”
ဟာ က်ဳပ္လက္က မဖဲဝါ႐ုပ္ကေလး
တုန္သြားၿပီး ျဖဴျဖဴအရိပ္တစ္ခု ထြက္
သြားတယ္ဗ်။ ဟာ မဖဲဝါဗ်ိဳ႕။ အ႐ုပ္
ကေလးထဲက ထြက္သြားၿပီ။ တြင္း
ေအာင္းတေစၦ ငမဲေနတဲ့ ေတာင္ပို႔
ေပၚမွာ ရပ္ေနတာဗ်။
“ပက်ီ၊ ပက်ီ၊ က်ီ၊ က်ီ၊ က်ီ”
“ေဟ့ေကာင္ ငမဲ၊ ဒီေန႔ အေကာင္
ႀကီးေတြက ပိုေတာင္ႀကီးေသးသကြ၊
ဟာ ေဟ့ေကာင္ ငမဲ၊ ဟိုမွာ ဟိုမွာ”
“ဟင္ ”
တြင္းေအာင္းတေစၦေတြ တုံ႔ကနဲ ရပ္
သြားၿပီဗ်ိဳ႕။မဖဲဝါက သူတို႔ကို လက္
ရပ္ေခၚလိုက္တယ္။ က်ဳပ္က ေသာ
တဓါတ္ေရစင္ ဆြတ္ထားေတာ့
အသံပါ ၾကားရတာေပါ့ဗ်ာ။
“ေ႐ႊေဘာ္နဲ႔ ငမဲ”
“ဗ်ာ…ဗ်ာ…သခ်ႋဳင္းရွင္မႀကီး”
“တြင္းေအာင္းတေစၦဆိုတာ လူ႔ရပ္
႐ြာကို မသြားရဘူး၊ လူ႔ရပ္႐ြာမွာ
အစာမရွာရဘူးဆိုတဲ့ စည္းကမ္း
ကို ဘာေၾကာင့္ေဖာက္တာတုံး”
“ပက်ီ၊ ပက်ီ၊ က်ီ၊ က်ီ၊ က်ီ ”
“လူ႔႐ြာမွာ အစာရွာရတာ လြယ္လြန္း
လို႔ပါ သခ်ႋဳင္းရွင္မ ”
“နင္တို႔ႏွစ္ေကာင္ တြင္းေအာင္းတေစၦ
ေတြရဲ႕ စည္းကမ္းခ်ိဳးေဖာက္တဲ့အတြက္
ဒီရပ္ဒီ႐ြာမွာ ေနခြင့္မရွိေတာ့ဘူး၊ နင္တို႔
ကို တရားစီရင္ဖို႔ အခုပဲ လာေခၚလိမ့္
မယ္၊ နင္တို႔ လိုက္သြားၾကေပေတာ့”
မဖဲဝါ စကားဆုံးတာနဲ႔ အရိပ္မည္းႀကီး
ခ်က္ခ်င္းေရာက္လာတယ္။ မဖဲဝါက
တြင္းေအာင္းတေစၦ ေ႐ႊေဘာ္နဲ႔ ငမဲကို
လက္ညႇိဳးထိုးျပလိုက္တယ္
ေ႐ႊေဘာ္နဲ႔ငမဲလည္း လက္ထဲမွာ
ကိုင္ထားတဲ့ ၾကက္ဖႀကီးေတြကို
ေျမႀကီးေပၚကို လႊတ္ခ်လိုက္ၿပီး
အရိပ္မည္းႀကီးေနာက္ကို ဖ်တ္
ကနဲ ဖ်တ္ကနဲ ခုန္ၿပီး လိုက္သြား
ၾကေရာဗ်ိဳ႕။
က်ဳပ္လက္ထဲမွာ ကိုင္ထားတဲ့
မဖဲဝါအ႐ုပ္ကေလးက ဆတ္ကနဲ
တုန္သြားတယ္။ ေတာင္ပို႔ေပၚမွာ
ေတာ့ ေစာေစာက မားမားႀကီး
ရပ္ေနတဲ့ မဖဲဝါ မရွိေတာ့ဘူးဗ်။
“ကဲ ပုရစ္ေရ၊ မင္းတို႔ယာထဲက
ေတာင္ပို႔ေတြမွာေနတဲ့ တြင္းေအာင္း
တေစၦႏွစ္ေကာင္ေတာ့ ပါသြားၿပီေဟ့၊
႐ြာထဲက ဖမ္းလာတဲ့ ၾကက္ဖေသႀကီး
ႏွစ္ေကာင္ယူၿပီး ျပန္ၾကစို႔ေဟ့”
ပုရစ္နဲ႔ က်ဳပ္နဲ႔ ၾကက္ဖႀကီးေတြကို
တစ္ေယာက္တစ္ေကာင္ဆြဲၿပီး ျပန္
လာခဲ့ၾကရတာေပါ့ဗ်ာ။
က်ဳပ္တို႔ျပန္ေရာက္ေတာ့ လူေတြ
႐ုံးစု ႐ုံးစုပဲ ရွိၾကေသးတာဗ်။ ၾကက္
ဖႀကီးေတြ ဆြဲၿပီး ျပန္လာတဲ့ က်ဳပ္
တို႔ႏွစ္ေယာက္ကိုေတာ့ အံ့ၾသၿပီး
ၾကည့္ၾကေတာ့တာေပါ့ဗ်ာ။
က်ဳပ္လည္း တြင္းေအာင္းတေစၦေတြ
အေၾကာင္းကို ေျပာျပလိုက္တယ္။
ဒီေတာ့မွက်ဳပ္တို႔႐ြာသားေတြလည္း
မ်က္စိပ်က္မ်က္ႏွာပ်က္ေတြ ျဖစ္ၿပီး
ေၾကာက္ကုန္ၾကေတာ့တာေပါ့ဗ်ာ။
သူတို႔က ၾကက္သူခိုးႏွစ္ေယာက္ကို
လူလို႔ပဲ ထင္ေနၾကတာဗ်။ ခုမွပဲ လူ
မဟုတ္ဘဲ တြင္းေအာင္းတေစၦေတြ
မွန္း သိသြားေတာ့တာ။ က်ဳပ္ထင္
တယ္၊ ဒီညေတာ့ ဒီလူေတြ အိပ္
ရဲမွာ မဟုတ္ေတာ့ဘူးဗ်။
တေစၦမေၾကာက္တဲ့လူ ရွိတာမွ
မဟုတ္တာဗ်ာ။
မူရင္းေရးသူ ဆရာ တာေတ