” ထီးကြီးကန်မှလူမည်းကြီး “(စ/ဆုံး)
Unicode Version
” ထီးကြီးကန်မှလူမည်းကြီး “(စ/ဆုံး)
————————————–
မြို့၏အရှေ့ဗျာ။တွက်ဝင်၊ဗိုလ်တို့နေသောကံ
ဦးတိုက်ကျောင်းရှိ၏။ထိုကျောင်း ၏အနောက်
ဘက်တည့်တည့်တွင် ရေကန်ကြီးနှစ်ကန်သည်
တောင်မြောက် ကပ် လျက်အနေအထားဖြင့်
အလယ်တွင်လူသုံးလေးယောက်စာလူသွား
လမ်းကလေး ရှိလေသည်။မြောက်ဘက်ကန်
ကြီးမှာ တစ်မြို့လုံ၊သိသောထီ၊ကြီးကန်ဖြစ်၍
အဓိက ကန်မကြီးဖြစ်သည်။
တောင်ဘက်က ကန်ကလေးသည် ဖြစ်စိမ့်ပင်
ကန်ဟု ခေါ်ကြလေ၏။ ထို ရေကန်နှစ်ကန်သို့
ကျော်လာလျှင် လေးထပ်ကျောင်း၊ သုံးထပ်ကျောင်း
နှင့် ဒေါင်း ဗိုလ်ကျောင်းဆိုသော ဘုန်းကြီးကျောင်းများရှိလေသည်။
သာသနာထွန်းကားရာမြို့လေးဖြစ်သည်ကိုသာသနီက
အဆောက်အအုံနှင့်စေတီပုထိုးများကိုကြည့်လျှင် သိနိုင်၏။
ထီးကြီးကန်သည် ငါးအလွန်ပေါများသောကြောင့်
ငါးဖမ်းသူ ငါးမျှားသူများ သည်မကြာခဏဆိုသလို
ကန်သို့လာ၍ဖမ်းကြ၏။လေးထပ်ကျောင်းဆရာတော်
ဦးဓမ္မသည် စိတ်တိုစိတ်ထက်သော ကိုယ် တော်ဖြစ်သည်။
ထီးကြီးကန်ကြီးတွင် ဖားရှာ ငါးရှာသူများအာ။တွေ့လျှင်
ပထမတပ် ကြိမ်၊ နှစ်ကြိမ်အထိ ခွင့်လွှတ်၍
ပြောဆိုဆုံးမကာ ပြန်လွှတ်ပေးတတ်သော်လည်း
နောက်တစ်ကြိမ်ပြန်မိပြီဆိုလျှင်ငါးဖမ်းသော
ပစ္စည်းများအားဖျက်ဆီး၍ လူကိုလည်း ကြိမ်ဖြင့်ရိုက်၍
ဆုံးမတတ်လေသည်။သမီးရည်းစားအတွဲ
တွေကန်ပေါင်၌ အချိန်မတော် ချိန်းတွေ့နေ
လျှင်လည်း စာသင်ကိုယ်တော်တွေအားအခေါ်ခိုင်း၍ ဆုံးမလွှတ်တတ်၏။
သို့သော်လည်းမြို့နယ်၏ ဏာဆန်သောအနေ
အားကြောင့် ဘုရား ပြို ဘုရားပျက်၊ ဇရပ်ပြီ
ဇရပ်ပျက် ချုံနွယ်စတာတန်လူထပ်လှသော
ထိုနေရာတွေ သည်ဘယ်သောအခါမှသန့်ရှင်းမှုမရှိခဲ့ပါချေ။
အရက်သမား၊ ဘိန်းစား၊ သူခိုးကြမ်းပိုးတို့ခို
အောင်းရာနေရာကောင်းတစ်ခု သဖွယ်ဖြစ်နေပါသည်။
ဒီနေ့တော့ဝင်းဗိုလ်တို့ သူငယ်ချင်းထွေသည်
တစ်ခါမှမကြုံဘူးသောအဖြစ် အပျက်နှင့်ကြုံတွေ့လိုက်ရလေသည်။
ရှေ့မှသွားနေသောဝင်းပိုလ်သည် ဂွမ်းတောင်းကိုထမ်းရင်း
“ဟေ့ကောင်တွေ – ဒီနေ့ကန်ကြီးထဲကငါးတွေက
ပိုပြီးပြုံးနေသလိုပဲ၊ တော်တော်ပွက်တယ်ဟ
“ချိုဝင်း-ဒီနေ့ည ငါတို့ ငါးခိုးများရအောင်”
သိန်းတန်၏စကားကြောင့် ချီဝင်း…
“အေး- ကောင်းသားပဲ၊ ငါ့မှာ ငါ့ဦးလေးရဲ့ ကိုင်းတံတွေရှိတယ်။
ဒီည ကိုဝ်၊ထောက်ကြတာပေါ့” “ရုန်း – ရုပ် – စွပ်”
ငါးကြီးတွေကငါးလေးတွေကိုဟပ်နေသံများမှာတဗုန်းဗုန်းရှိနေ၏။ ဝင်းဗိုလ်
“ငါးစာကိုငါထူးထားလိုက်မယ်။မင်းတို့ကောင်တွေ နေဝင်ည( ၇)နာရီထိုးရင်
ကန်ပေါင်က မန်ကျည်းပင်ကြီးကိုလာခဲ့”
သုံးယောက်သား ကန်ပေါင်အတိုင်း လျှောက်
လာရင်၊ ပြောဆိုနေကြလေ သည်။ သူတို့သုံး
ယောက်လုံးမှာ အသက်အားဖြင့် ၁၆ နှစ် ဝန်း
ကျင်ခန့်တွေဖြစ်လေ သည်။ ဝင်းဗိုလ်ကဧတာ့
ငယ်ငယ်ရွယ်ရွယ်ဖြင့်ဆ။လိပ်သောက်တတ်ဇနဇပြီ။
သီချင်းဆိုဝါသနာပါသူဖြစ်ပြီး ဆိုသမျှသီချင်းတွေမှန်သမျှသည် အဆိုတော်
တွံတေးသိန်းတန်၏ သီချင်းများသာဖြစ်လေသည်။
သိန်းတန်နှင့်ချိုဝင်းတို့ကတော့အဆိုဝါသနာ
မပါကြပေ။သူတို့တစ်တွေသည် ကန်ပေါင်ကို
ကျော်လွန်၍လာကြရာကျောင်းနားသို့ရောက်
ရန်တပ်ခေါ်လောက်အလို တွင်လမ်း၊ဘစပါက
လင်၊ရှိရာဘက်ဆီမှမထင်မှတ်ဘဲမိန်းကလ၊တစ်ယောက်၏
ရယ်သံကိုကြားလိုက်ရလေသည်။ “ဟ-ဘာလဲမသိဘူး”
လက်တို့၍သုံးယောက်သား ခြေစုံရပ်၍ နားစွင့်မိကြသည်။
သိန်းတန်က ဝင်းဗိုလ်အား“ဟေ့ကောင်- ဝင်းဗိုလ်၊
မင်းကောင်မလေ။ မဟုတ်လား”ဟုမေးလိုက်၏။
ဝင်းဗိုလ်က
“အေး- ဟုတ်ရင် ဟုတ်မှာဇပေါ့၊ ဒီနေ့ သူတ
လင်းထဲက မပြန်ဘူးထင်တယ်။ သူ့ဦးလေး
တွေရှိတယ်ကွ။ အသာနေသွားကြရအောင်”
ထိုစဉ်အခါကတည်းကနေ ယခုန်ထိ စပါးနယ်
သောအလင်းများကို ဘုန်း ကြီးကျောင်းအနီးရှိ
မြေတလင်းများတွင် လယ်သမားတို့သည်
ရှင်းလင်း၍ လုပ်ကိုင် လျက်ရှိကြ၏။
ထိုအထဲတွင်ဝင်းဗိုလ်တို့ကျောင်းနှင့်နီးသော
နေရာ၌ဦးသောင်း ဒေါဒန်းတို့ ၏ စပါးတလင်း
ရှိရာ ဦးသောင်း၏ မြေးဖြစ်သူ ရီရီဦအား ဝင်းဗိုလ်
က သဘောကျနေ သည်။ချိုဝင်းက လေသံဘိုးထိုးဖြင့်..
“ဟေ့ကောင်တွေ – မိုးလင်းခါနီးအရုဏ်တက်ချိန်ဆို
ရင်ဥစ္စာစောင့်တွေ ဘာ တွေကို ဒီတစ်ဝိုက်မှာတွေ့
ရတတ်တယ်တဲ့၊အင်း-အရကအရုဏ်တက်ချိန်ဆိုတာ့ မဟုတ်မှလွဲရော”
“ဒဟေ့ကောင် – တော်တော့။ မင်း တာပြောတောင်ပြောလျှောက်မပြောနဲ့
သိန်းတန်ကအလန့်တကြား ဟန့်တားလေသည်။
“မိုးလင်းတော့မယ်။နောက်ကျလို့ ဘုန်းကြီးက
ဆော်နေလိမ့်မယ်” စကားအဆုံး၊ သိန်းတန်က
ဝင်းဗိုလ်ကိုကျော်တက်၍လျှောက်သွားလေတော့သည်။
ဝင်းဗိုလ်သည် နှာခေါင်းကိုတရှုပ်ရှုပ်နှင့် လုပ်နေရင်း…
“သနပ်ဝါးနံ့ မွှေးတယ်ကွ”
“မဟုတ်ပါဘူး- ဆိတ်ဖလူးပန်းပါ”
ညမွှေပန်းကွ-သေချာအနံ့ခံကြည့် “ဟာ-မဟုတ်ပါဘူး။ စရပန်းနံ့ပါ
ဤသို့ဖြင့် ဝင်းဗိုလ်နှင့် ချိုဝင်းတို့သည် ငြင်းခုန်ရင်း
ဖြင့် ကျောင်းသို့ရောက် သွားကြလေတော့သည်။
သူတို့၏ စိတ်ထဲတွင် ဘုန်းကြီးကျောင်းသားကြီးများဖြစ်သည်ကတစ်
ကြောင်း၊ နေလာခဲ့သည်မှာလည်းကြာမြင့်နေပြီ
ဖြစ်၍တော်ရုံတော့ မကြောက်တတ် ကြပေ။
ညရောက်လျှင်ထီးကြီးကန်တွင် ငါးကိုင်းထောက်
ရန်ဘာစိတ်ထဲ၌ အတွေး ကိုယ်စီဖြင့် ရှိနေကြ၏။
သို့ဖြင့် တစ်စတာကုန်ဆုံး၍ နေလုံးကြီးသည်လည်း
ရစိုင်ရိုးမတောင်တန်၊ကြီးတွေ၏ ရင်ခွင်ထဲသို့ တိုးဝင်
အိပ်စက်အနားယူသွားပြီ ဖြစ်လေတော့သည်
လရောင်ရေးရေးအောက်တွင် လူသုံးယောက်သည်ထီးကြီးရေကန်၏ကန်
ပေါင်ပေါ်တွင် တလှုပ်လှုပ်နှင့် ရှိနေကြ၏။
ထိုသုံးယောက်မှာ ဝင်းဗိုလ်၊ သိန်းတန်နှင့် ချိုဝင်း
တို့ပင် ဖြစ်လေသည်။ အုံ့ဆိုင်း၍နေသောသစ်ပင်
ကြီးများ၏အရိပ်ကြောင့်လူလုံးမသဲကွဲပေ။ပူရစ်နှင့်
ပုစဉ်း ရင်ကွဲကောင်တို့၏ အော်သံတွေကသာ
ထွက်ပေါ်နေ၏၊ ငါးမျှားရိတ်များတွင်အစာ တပ်၍ ကန်း၏
ပေါင်တွင် ကိုင်းတံဖြင့် ထောက်နေကြသည်။
သူတို့သည်မီးရောင်ကိုအသုံးမပြုရဲပေ။ လေးထပ်
ကျောင်းဆရာဇာ် ဦးဓမ္မ မကျိန်၊စက်ခင် တွေ့သွား
ပါက သူတို့သုံးယောက်၏ ကျောပြင်ထုတ်တင်မည်မှာ
အသေအချာပင်၊နောက်ပြီး မိမိတို့ ဆရာတော်ကို
လည်း ကြောက်ရသေးသည်။ ကျောင်းနှင့် ကလည်း
သိပ်မဝ၊တော့ အသံမထွက်ရဲပဲအသံတိတ်လုပ်နေကြရသည်။
ကိုင်းထောက်ပြီးသည်နှင့် နာရီဝက် သို့မဟုတ်
တစ်နရီခန့်ထားလိုက်ပြီး အရိပ်ကောင်း၍ နား
လို့ရသောနေရာတွင် ဝိုင်းဖွဲ့၍ စားသောက်ရန် ပြင်ဖလာထာ့သည်။
ကန်ပေါင်နှင့်ကိုက် ၂၀ သာသာလောက်တွင်
ရှိသောကမ္ဘာပင်ကြီးအောက် တွင် နေ့လယ်
ကတည်ဆာ စထသာတက်ရိုးများရှိလာ၏။ ဝင်းပိုင်တို့ သုံး
လောက်သည်ထိုကမာပင်ကြီးအောက်ဝယ်
ကိုင်လိုက်ကြသည်။ဝင်းဗိုလ်အအသင့်ပါလာ
သောဓားလွယ်အိတ်ထဲမှပလတ်စတစ်ဘူးကြီးကိုထုတ်၍
“ကဲရော့ ဒီမှာဂေကိုကြီးအရက်ဆိုင်ကအီအီ၊ ငါဝယ်လာတာ”
ဟုဆိုကာအလယ်သို့ချလိုက်သည်။တစ်ဆက်
တည်။ခွက်နှင့်ပဲကြီးလှော်လုပ်ကို သိန်းတန်အာ။ ပေးလိုက်၏။
သိန်းတန်ကအရက်ခွက်ဆေးကြောကာ…
“စကားတော့ကိုးကိုးပြောကြကွာ၊ ဦးဓမ္မသိရင်
အထိုးခံနေရဦးမယ်၊ လက်သီးကြီးကအကြီးကြီးပဲ”
“သူများကိုမပြောနဲ့မင်းသာအရက်မူးလာရင်အာကျယ်တာ”
တစ်ယောက်တစ်မျိုးပြောရင်းငြင်းစုန်ရင်းဖြင့်
အရက်ဝိုင်းကို စတင်နေကြလေသည်။ထိုစဉ်….
“ဝုန်း – ပုန်း”
“ဟာ- ငါးကြီးကြီးတော့ ပိနေပြီကွ”
“အေး- ငါနဲ့ ချိုဝင်းနဲ့ သွားကြည့်လိုက်မယ်”
ဝင်းဗိုလ်နဲ့ ၍ဝင်းတို့သည် အသံကြားရာတိုင်ထောက်
ဆီသို့ ထွက်သွားကြ လေသည်။ ခဏကြာတော့
နှစ်ယောက်သားပြန်လာကြလေသည်။ လက်ထဲတွင်
ဧရာမငါးရကြီးတစ်ကောင် ပါလာသည်။
သိန်းတန်ကအားရဝမ်းသာဖြင့် “ဟာ- ပွတာပဲ။အကြီးကြီးဟ…”
“ဒီနေ့ကတော့လပိုက်ညဆိုတော့ရမှာကွ- အေးဆေးပဲ”
ထို့နောက်သုံးယောက်သာ အရက်သောက်လိုက်
ကြးမိသောငါးများကိုသွား ဖြုတ်လိုက်ကြဖြင့်အလုပ်ရှုပ်နေတော့သည်။
တဖြည်းဖြည်းနှင့် ညဉ့်နက်လာသည်။လူငယ်တွေ
ဖြစ်သောဝင်းဗိုလ်တို့ သုံးယောက်သည်အရက်၏
အရှိန်ကြောင့် အတော်ပင်မူးနေကြလေသည်။
ချိုဝင်းက
“တော်ပြီကွာ – ငါတော့ မသောက်တော့ဘူး။ပြီ”
“ဟင်း-မင်းကလည်းအရက်ပဲ ဝတယ်လို့ရှိလို့လား”
“မ-သိ- ဘူးကွာ၊ ငါကတော့ တော်ပြီဟေ့ကောင်- ဝင်းဗိုလ်”
“ဟင်”
ဝင်းဗိုလ်သည် ပဲကြီးလှော်ဝါးရင်း ထူးလိုက်သည်။
ချိုဝင်းသည် လေသံကိုတိုး၍…“မင်း – ကောင်မ
လေးဆီ သွားပါလား” သိန်းတန်ကလည်း..“အေး-ဟုတ်တယ်သားပဲ။
သူတို့တလင်းက နီးနီးလေးပဲ သွားချောင်းပါ
“ရှိမယ် မထင်ပါဘူးကွာ”ဝင်းဗိုလ်၏စားကြောင့်ချီဝင်း
”ရှိပါတယ်ကွ၊ညနေကကောင်ရေတွင်းမှာတွေ့လို့ မေးလိုက်သေးတယ်”
“ဘာတဲ့တုံး.”
“မင်းကိုရုပ်ရှင်ကြည့်ဖို့ပြောလိုက်ပါတဲ့။
ဘယ်နေ့ကြည့်မှာလဲတဲ့။သူကဒကာ့
ညွှန့်ဝင်းကားသစ်လာမှကြည့်ရမှာတဲ့။
ဒီနေ့ညတလင်းထဲမှာအိပ်မယ်လို့ ပြောတယ်
သိန်းတန်ကလည်းအားတက်သရောဖြင့်..
“အခွင့်အရေးရတုန်း သွားစမ်းပါဟ။ ရီရီဦးက
မင်းကိုကြိုက်ပါတယ်” “ဟုတ်ပါ့မလားကွာ၊
ငါကသာ သူ့ကိုတိတ်တစိုးချစ်နေရတာ” ချိုဝင်း
က စိတ်မရှည်ဟန်ဖြင့်..ဘုန်းကြီးကျောင်းသား
ဖြစ်နေပြီးမင်းလက်နေးနေလို့ကတော့ရီးဦး
အောင်မောင်းနောက်ကို ပါသွားလိမ့်မယ်”
ဝင်းဗိုလ်မှာ ချိုဝင်းစကားကြောင့် ဆတ်ခနဲ
ဖြစ်သွားကာ.. “အောင်မောင်းနောက်တော့ရိရိကိုအပါမခံနိုင်ဘူး”
ဟုဆိုကာအရက်ရွက်ကို ဟေ့ရလိုက်ပြီး
ထ၍ရပ်လိုက်ပြီ“ကဲ- ငါတော့ ရီပြီးကို သွား
တွေ့လိုက်ဦးမယ်။ သူ ဦးတွေက ဓားနဲ့ခုတ်
စုတ်၊ တုတ်နဲ့ရိုက်ရိုက်၊သေချင်သေပါစေတော့
မင်းတို့ဘငါးတွေကိုကြည့်ပြီးဖြတ် ထားကြတော့ကွာ”
ဟု ဆိုကာဝင်းဗိုလ်သည်ပုဆိုးကိုဝလွယ်သိုင်း
ကာ ယိုင်နဲ့စွာဖြင့်ထွက်သွား လေတော့သည်။
သို့ဖြင့်ချိုဝင်းနှင့် သိန်းတန်သည်ဝင်လန်းအလာကိုးရင်းကန်ပေါ
တဋိပတ်ပတ်၍ကိုင်းတွေကိုစစ်ဆေးစေလိုက်တော့သည်။
သိန်းတန်နှင့် ချိုဝင်းတို့ကန်တစ်ပတ်လှည့်
၍ပြန်ရောက်လာကြသောအခါ ဝင်းဗိုလ်က
ရောက်နှင့်ပြီးကွေးကွေးလေးစောင်း၍ အိပ်
နေသည်ကိုအမှောင်ရိပ်ထိ တွင်တွေ့လိုက်ရ၍ ဝင်ကာ
“အောင်မယ် ဒီကောင်ကရောက်နေပြီး အိပ်ဖို့တောင်နေပြီ
ဟု ဆိုကာငါးထည့်ထားသော ပလိုင်းကို
ဘေးတွင်းရ၍ ထိုင်လိုက်သည်။ သိန်းတန်က
လည်း မြေပေါ်တွင် ခင်းထားသောကောက်ရိုး
ပေါ်သို့ကျောဆန့်၍လှဲလျောင်းရင်း
“ဒီကောင် ရှိဦးနဲ့ အဆင်မပြေဘူးထင်တယ်၊
မတွေ့ခဲ့ရလို့ စိတ်ဓာတ်ကျပြီးအိပ်နေတာနေမှာ
ချိုဝင်းသည်လည်း သိန်းတန်အနားတွင် လှဲလိုက်ပြီး..
“၁၂နာရီလောက်တော့ရှိပြီကွ။ နောက်တစ်
နာရီလောက်ကြရင် ငါးဒတွေကို တစ်ခါဖြုတ်
ပြီးရင်တော့တို့ အိမ်ပြန်မှဖြစ်မယ်၊မနက်၃နာရီလောက်ထိုဂေါ်ဆွမ်းကို
ဆွမ်။ထမ်းထွက်ရမှာဆိုတော့ဘုန်းကြီးမ
သိခင်အချိန်မီကျောင်းကိုပြန်ရောက်မှဖြစ်
“အေး-aryတော့ပေ။လို့ရရသတယ်”
ဟု ဆိုကာနှစ်ယောက်သား မျက်လုံးမှိတ်၍
အိပ်မည်အပြုတွင် အဝေးဆီမှ တွံတေးသိန်း
တန်သီချင်းဖြစ်သော စိမ်းမမစိမ်း၊သီချင်းကို
ခပ်တိုးတိုးဆိုသံကို ကြာ၊ရလေသည်။
မှေးမည့်မှမကြံသေးပါဝင်းဗိုလ်၏အသံမှန်း
သိလိုက်ရ၍သိန်းတန်နှင့် ရဲဝင်းတို့သည်တိုင်
ပင်ထားသည့်အလားပြိုင်တူပင် ဆတ်ခနဲငုတ်
တုတ်ထထိုင်လိုက်မီကြသည်။
တစ်ဆက်တည်းမှာပင် ဘေးတွင်အိပ်နေသော
သူ့ကို ကြည့်လိုက်ကြရာ ထိုလူရိပ်သည်
သူတို့နှစ်ယောက်ကို ကျောပေး၍ အနေအထားင့်
ပလိုင်းထဲမှငါ၊ တွေကို စားသောက်နေသည်ကို
တွေ့လိုက်ရလေ၏။ ခြေလှမ်းငါးလှမ်းမျှသာ၍
အနေအထားကိုသေချာမြင်နိုင်သည်မို့ထိတ်လန့်တုန်လှုပ်မိလေသည်။
ဝင်းဗိုလ်က သီချင်းကအအေးဖြင့် ရောက်လာ
ကာ.. “ဟ-မင်းတို့ အိပ်ကြဘူးလား။ အိပ်ကြ
ပယ်မှတ်တာ” ဟုဆိုရင်း အနားတွင် ဝင်ထိုင်၍..
“အရက်ကျန်သေးလားဟ”
သိန်းတန်နှင့်ချီဝင်းမှာမျက်စိမျက်နှာပျက်၍
ခြေဖျားလက်ဖျားတွေအေးစက်လာကာဒူး
တွေရောင်လာသလိုလိုပင်ဖြစ်လာ၏။
ကြောက်လွန်း၍အသံပင်မထွက်တော့။
တစ်ယောက်နှင့်တစ်ယောက်လက်
ချင်းကုတ်၍သာ ဘုရာ၊တနေမိသည်။
ဝင်းဗိုလ်ကတော့ ဘုမသိ ကိုးမသိနှင့် အရက်ဘူးကို
မြှောက်၍ လက်ကျန်အရက်အား မော့သောက်လိုက်ပြီ။ ..
“ကိုင်းကွာ-အရက်တော့ကုန်ပြီ။ တို့ ငါးတွေရာ
တော်တော်ရရဲ့လား၊ ဖုန်းစပ်။ – ကြည့်ရအောင်”
ဟုဆိုကာမီးခြစ်ကိုခြစ်၍ငါးပလိုင်းအားရှာလေ
သည်။မီးခြစ်မှာလေတိုက်နေ၍ ခဏနှင့်ပင်ပြန်၍
ငြိမ်းသွားရာ ဝင်းဗိုလ်ကလည်းမရမက မီးကို ပြန်ပြီဒန၏။
လေကလည်းတိုက်နေသောကြောင့် မီးကငြိမမရပေ၊
သိန်းတန်က ဝင်းဗိုလ်အားလက်တို့၍ ကြောက်
ကြောက်လန့်လန့်ဖြင့် “ဒဟေ့-ဟေ့ကောင်-မလုပ်နဲ့”
တုန်ယင်သောအသံဖြင့် သိန်းတန်က တားသော်
လည်း ဝင်းဗိုလ်မှာ သတိ မထားမိပဲ မီးခြစ်ကို ငြိ
လိုက်သည်တွင် မထင်မှတ်ဘဲ မီးညွန့်ကလည်း
တောက်လာလေသည်။
မီးညွန့်ကိုလက်ဖြင့်လေကွယ်၍အနီးဝန်းကျင်
ကိုသေရာစွာကြည့်လိုက်ရာ ဝင်းဗိုလ်သည်အ
သက်ရှူမှာ၊မတတ် ကြောက်ရွံ့ထိတ်လန့်သွားမိသည်။
မီးရောင်အောက်တွင် သဲသဲကွဲကွဲမြင်လိုက်ရ
သည်မှာ သိန်းတန်နှင့် ချိုဝင်းတို့ နှစ်ယောက်က
မိမိ၏ ဘယ်ဘက်တွင်ရှိနေကြပြီး မိမိ၏ညာ
ဘက်တွင်ကားတစ်ကိုယ်လုံးအမွေးမည်းရှည်ကြီး
တွေထူလပျစ်နဲ့ လူမည်းကြီးတစ်ယောက်ထိုင်လျက်
ငါးအစိမ်းဒတွေကို မြိန်ရှက်စွာအားရစွာ
စားသောက်နေပုံကို တွေ့လိုက်ရလေသည်။
ဝင်းဗိုလ်မှာ ယောင်ယမ်း၍ မီးကိုလည်း
မငြိမ်းမိ၊ ထွက်လည်းမပြေး၊ အကြောက်
လွန်၍ အံ့အားသင့်စွာဖြင့်နှုတ်မှ….
“ဟင်-ငါ-ဒ-ဘာ-ဘာကြီး”
စကားကိုပင် ဆုံးအောင်မပြောနိုင်ဘဲရပ်တန့်
သွားရလေသည်။ထိုအကောင် ကြီးမှာမျက်
လုံးကြီးနှစ်လုံးသည် နီရဲနေပြီးပါးစပ်ကြီးက
အဆာန်ပြလွန်းကာသွားတပ်ရောင်း၏အရွယ်
အစားမှာခြေမသာသာလောက်တွေ့ရှိသည်ကို
ထိတ်လန့်ဖွယ် ရှာတွေ့ရသလိုစီးကျနေသောင
ါးအစိမ်း၏သွေးတွေကပို၍ချောက်ချားစရာကောင်း
လှပေသည်။ကြည့်နေဆဲမှာပင် ထိုမကောင်းဆိုး
ဝါးလူမည်းကြီးသည် လက်နှစ်ဖက်ကို
ရှေ့သို့ ဆန့်တန်း၍ လှုပ်လာလေသည်။
ဧရာမလက်သည်းချွန်ကြီးများနှင့် သွားစွယ်
ကြီးများကိုကြည့်၍ သုံးယောက် သားတစ်
ကိုယ်လုံးကြက်သီးများတဖျန်းဖျန်းထလာ
ကြပြီး ဘယ်လိုမှမထိန်းနိုင်ကြ တော့ပဲ ရုတ်
တရက်ပင်ပြိုင်တူထ၍ ပြေးကြလေတော့သည်။
သုံးယောက်သား လက်ချင်းချိတ် ပြေးမိပြေး
ရာစွတ်ပြေးကြလေတော့ သည်။ မိုးလင်းပိုင်း
ကို ရောက်ခါနီးဆိုတော့လကွေးကွေးလေး၏
အလင်းရောင်က ကောင်းစွာမြင်နေရပြီဖြစ်သည်။
၎င်းဗိုလ်တို့သုံးယောက်ဘယ်လောက်ကြောက်
သလဲတော့မပြောတတ်ပါ။ ပုဆိုးစကိုလက်မှ
ကိုင်၍ ကန်ပေါင်အတိုင်၊ ပြေးနေမိသည်ကို
သတိမထားမိဘဲပြေ။ပြဲပြောနေ၏။
“အမေရေ-ကယ်ပါဦး-အမေ”
“အမဒးဗျ-သ-သရဲလိုက်နေလို့လုပ်ကြပါဦး”
“အီး -ဟီးလုပ်ကြပါဦး။ သရဲ-သရဲ”
သိန်းတန်သည်အော်ရင်းနောက်သို့လှည့်ကြည့်
လိုက်ရာ မကောင်းဆိုးဝါးက လက်နှစ်ဖက်ဆန့်
တန်း၍ သူတို့နောက်သို့လိုက်နေဆဲပင်
ရှိသည်ကိုတွေ့ရ၏။သိန်းတန်က ငိုယိုရင်း
“အီးဟီး – နောက်ကလိုက်နေတယ်ဗျ၊စား
တော့မယ် ကယ်ကြပါဦး”၁၂နာရီဝန်းကျင်ခန့်
လောက်တော့ရှိရော့မည်။ကန်ပေါင်မှအော်သံကြောင့်
လေးထပ်ကျောင်းမှ စာသင်သားကိုရင်များ
နိုးလာကြကာ ဆရာတော် ဦးဓမ္မ၏ ခိုင်း
စေချက်ဖြင့် ကန်ထဲမှ ငါးခိုးများသူများအား
ဖမ်းရန် ဓာတ်မီးများ၊ တုတ်များကိုင်၍ ရောက်လာကြလေသည်။
ကိုရင်ကြီးတစ်ပါးက ဓာတ်မီးဖြင့် သိန်းတန်တို့
ရှိရာသို့ လှမ်း၍ ထိုးထား“ဟိတ် – ရပ်ကြစမ်း-
ဒကာတို့၊ ဘုန်းကြီးက အခုလိုက်ခဲ့တဲ့”
“ဂေါ- ဝေါ-စွမ်း”
“ဟိတ် – ဘယ်သူလဲရေထဲကို ခုန်ချသွားတာ”
မကောင်းဆိုးဝါးအကောင်ကြီးသည်အလွန်
ပင်လျင်မြန်လှပေသည်။ မီမီတို့၏နောက်မှ
ရေလှုပ်ခတ်သံသာကြားလိုက်ရပြီ။လုံးဝပျောက်ကွယ်သွားလေသည်။
ယင်းဗိုလ်သည် အားရဝမ်းသာစွာဖြင့်…
“တင်ပါ-တပည့်တော်တို့လိုက်ခဲ့ပါမယ်၊ မြန်မြန်သွားကြပါစို့” ဘုရား”
ဤသို့ဖြင့် ဝင်းဗိုလ်၊ ချီဝင်း၊သိန်းတန်တို့သုံး
ယောက်သည် ဆရာတော် ဦးငွေ ၏ရှေ့မှောက်
သို့ ရောက်သွားကြလေတာ့သည်။ဦးဓမ္မသည်
ဝင်းဗိုလ်တို့သုံးယောက်၏ကျောပြင်အား
နှစ်ချက်ဆီရိုက်၍ စိတ်ဆိုးစွာဖြင့် ..
“ပြိတ္တာတွေ ငရဲကျမယ့်ဟာတွေ၊ ဘုန်းကြီး
ကျောင်းသားတွေ့ဖြစ်နေပြီး အကူသိုလ်လုပ်
ခြင်းအကျိုးဆက်ကို သိပါလျက်နဲ့ မိုက်တဲ့ဟာ
တွေနောက်တစ်ခါဆို ဒီထက်နာမယ်၊ သွားကြ…”
ဝင်းပိုလ်တို့သုံးယောက်သည်ထိုနေ့က ဆွမ်းထမ်
းမလိုက်နိုင်ကြပါ။အသီးသီး ပင်အိမ်ပြန်၍ငြိမ်နေကြလေသည်။
ညနေစောင်းတော့သိန်းတန်နှင့် ချိုဝင်းက
ဝင်းဗိုလ်အိမ်သို့အတူဇရာက်လာဝင်းဗိုလ်တွင်
ညီမတစ်ယောက်ထဲသာရှိပြီ။ သူ၏ အဖေသည်
ပန်းရန်ဆရာ ဖြစ်၍အိမ်တွင် ဝင်၊ဗိုလ်တစ်ယောက်တည်း ရှိလေသည်။
“ဝင်းဗိုလ်ဒရ-ဟေ့ – ဝင်းဗိုလ်”
သိန်းတန်က အသံပေးရင်း အိမ်ထဲသို့ ဝင်လာ
ကြလေသည်။ ဝင်းဗိုလ်ကအိမ်ရှေ့သို့ထွက်၍…
“လာကွ – ရှိပါတယ်၊ ဘာလို့အော်နေတာလဲ”
သုံးယောက်သာ။ အိမ်ထဲတွင် ကိုင်လိုက်ကြပြီး
ချိုဝင်းသည် သူ့တွင်ပါလာ သောတစ်လုံးချိုင့်
(စစ်သုံး)၊ ဟ၊ကောချိုအာ၊ ရှေ့တွင်ချ၍ ..
“ငါအိမ်ကထမင်းထုပ်လာခဲ့တယ်ကွ၊အမဲသားနှပ်ဟင်းနဲ့
“ငါလည်းထမင်းချိုင့်ပါလာတယ်”
ဝင်းဗိုလ်သည် သိန်းတန်တို့နှစ်ယောက်ကို
ကြည့်၍ – “မင်းတို့ကထမင်းထုပ်တွေကိုယ်စီနဲ့ ဘာလုပ်ကြတာလဲ”
သိန်းတန်သည် လေးနက်သောဟန်ပန်ဖြင့်..
“သရဲသွားဖမ်းကြမယ်လေ။မနေ့ညကငါတို့ကို
ခြောက်လှန့်လိုက်တဲ့သရဲကိုသွားပြီးဖမ်းကြမယ်”
ဝင်းဗိုလ်သည် အထိတ်တလန့်ဖြင့်
“မင်းတို့ ရူးနေကြလား။ မနာအောင်မနည်းပဲ
အသက်လုပြေးခဲ့ရတာ။ ဒါတောင် မင်းတို့က
ဘာအားကိုးနဲ့များ သရဲကို ဖမ်းမလို့လဲကွ၊
ငါဒတာ့ မလိုက်ဘူ၊ နော်။ မင်းတို့ဘာသာ သွားကြ
“လိုက်ခဲ့ပါကွ-ဘာမှမဖြစ်ပါဘူး။ ငါတို့သုံးယောက်မှဖြစ်မှာ”
ချိုဝင်းသည် ဝင်၊ဗိုလ်အား ရကဝါန၏။
“သူ့ဟာသူနေတဲ့ သရဲကို ယင်းတို့ကဘာ
အစွမ်းနဲ့ ဖမ်းမှာလဲကွ၊ပြောပါဦး။
နောက်ပြီး ဖမ်းပြီးတော့ အဲဒီ သရဲကို
ဘာလုပ်မှာလဲ” ဤတွင် သိန်းတန်က ကြားဝင်၍..
“သရဲဖမ်းမှာက ငါတို့မဟုတ်ပါဘူ၊က္ခ၊ ဆရာ
သိန်းက ဇမ်းမှာ။ ငါတို့က မနေ့ ညက တွေ့ကြုံ
ခဲ့ရတဲ့အကြောင်းစုံကိုဆရာသိန်းကို ပြောပြတော့
ဆရာသိန်းကသရဲ ကိုဗမ်းပြီးဝါတို့အတွက်
ပိယဆတ်ပေးမယ်တဲ့။ သူကတော့သရဲကို
ခိုင်းစာ၊တို့ မွေး မှာပေါ့၊ ဒီလူကြီးကအောက်
လမ်း စရာကြီးလို့လူတိုင်း ပြောတာကြားဖူး
တာပဲ။ ဘာပဲ ဖြစ်ဖြစ် ငါတို့အတွက် ပီယ
ဆေးရရင်ပြီးတာပဲ မဟုတ်ဘူးလား”
ဝင်းဗိုလ် ခေါင်းကိုဝါယမ်း၍.. “ဟင့်အင်၊- ငါတော့
မလိုက်ရဲဘူး။ ချိုဝင်းက ဝင်းဗိုလ်အားပခုံးကိုပုတ်၍
. “မင်းရှိရီဦးကိုကြိုက်တယ်ဆို” “အေလေ”
ဘာဖြစ်တုံး” “မင်းကိုအဖြေပေးပြီလာ၊”
“မပေးသေးဘူ။ နောက်တော့ပေးမယ်လို့ပြော
တယ်ကွ” သိန်းတန်က ပျက်နှာကို ရှုံ့မဲ့၍
“အဲးဒါမင်းကိုအလကားညာနေတာသူ့လို
အထက်တန်းကျောင်းသူကမင်း လိုဘုန်းကြီး
ကျောင်းသာ၊ကိုလွယ်လွယ်နဲ့ကြိုက်မယ်တဲ့လား။သူဦးလေးနဲ့ သူ့အဖ
ကြီး၊ ဘယ်လောက်ပါးစပ်ပေါက်ဆိုးလည်း
ဆိုတာမင်းသိရဲ့သားနဲ့ဒီအတိုင်းလေးဆင့်
ဟာခွေးမျှော်သလိုပဲဖြစ်နေမှာ”
ချိုဝင်းကလည်း ဝင်၍ ပြောပြန်သည်။
“ဆရာသိန်းကာခြားတော့မသိဘူ။ ဝိယကတော့ကယ်စွမ်း
တယ်လို့ကြားဖူးတယ်။ မိနီဦးကိုလိုရင်ရင်တော့
ဒီညငါတို့နဲ့လိုက်ခဲ့ပြီးပီယားကို ရအောင်ယူပတော့”
သိန်းတန်က ဆက်ပြောပြန်သည်။
“မင်းမလိုက်လည်းငါတို့နှစ်ယောက်ကတော့
ဒီနေ့ည ဆရာသိန်းနဲ့အတူသရဲတင်းသွားကြမှာပဲ၊
မင်။ စဉ်ထားပေါ့”ဝင်းဗိုလ်သည် သိန်းတန်တို့၏
စကားတွေကိုနားထောင်ပြီး၊ ဘာလုပ်ရမှန်း
မသိအောင် ဖြစ် နေသည်။ ပီယဆေးဆိုသော
မျက်နှာပွင့်ဆေးကလည်း မိမိအား ဆွဲဆောင်
နေသည်။ပီယဆေးဆိုသောမျက်နှာပွင့်ဆေးကလည်း မိမိအားဆွဲဆောင်
နေသည်။ ရီရီဦး၏အချစ်ကိုရဖို့အတွက်ကြိုး
စားလာခဲ့သည်မှာ ၂ နှစ်ကျော်ရှိနေပြီ။ ဝင်းဗိုလ်
သည် စိတ်ကို တုံးတုံးချ၍ ခေါင်းညိတ်ကာ–
“အေးကွာ – ပီယဆေးလိုချင်တော့လည်း
သတ္တိမွေးရတော့မှာပေါ့။လိုက်မယ်ဘာမှာ့ မဖြစ်လောက်ပါဘူး”
“အေး- ဒါဆိုဒီညစာကိုတို့တစ်တွေမင်းအိမ်မှာ
ထမင်းစားပြီးမှောင်တဲ့အထိ စောင့်ကြတာပေါ့။
ဆရာသိန်းက ည ၉နာရီထိုးတာနဲ့ ကိုလာပြီးခေါ်
လိမ့်မယ်ကွ” သို့ဖြင့်ဝင်းဗိုလ်တို့သုံးယောက်သား
သည် စားသောက်ကြပြီး ဆရာသိန်လာ
ခေါ်မည်ကို စောင့်နေကြပါတော့သည်။
ညကိုးနာရီထိုးတော့ဆရာသိန်းရောက်လာသည်။
သူ၏လက်ထဲတွင်ကြက် သားအစိမ်းများ
ထုပ်ထားသော ဖက်ထုပ်တစ်ထုပ်ပါလား။
လေးယောက်သား ကွက်သစ်တောင်ဖျားမှာ
ပတ်၍ ထီးကြီးကန်ရှိရာသို့ ထွက်လာခဲ့ကြ
လေသည်။ ဘုန်းကြီးကျောင်းနှင့်လွတ်အောင်
ပက်၍လာကြခြင်းဖြစ် လေသည်။လယ်ကွက်
တွေ၊ ရေအိုင်ဒဘွဲ့နှင့် မြောင်းငယ်လေးများကို
ဖြတ်၍ တရွ ဖြင့် လာကြရာထီးကြီးကန်း၏
တောင်ဘက်အစပ်ရှိ မဲဇလီတာသို့ ဧရာက်လာကြ လေသည်။
သရဲသော စပါးတလင်းနှင့် ကန်ပေါင်အကြားရှိ
တမာပင်ကြီးရှိရာကို မီးရောင်အသုံးမပြုဘဲတိတ်
တဆိတ်ပင် ချဉ်းကပ်လာကြလေသည်။သိန်းက
“အဖလေး- ဘာသံကြီးမှန်းလည်းမသိဘူး။
လန့်စရာကြီး..” ရုတ်တရက်ငှက်ဆိုးထိုးသံ
ကြောင့်ဝင်းဗိုလ်သည်လန့်၍ သွားမိသည်။ ဆရာ
“ရှူး…တိုးတိုးဟေ့၊ ဘုန်းကြီးတွေ၊ ကိုရင်တွေ့
ကြားရင် အစီအစဉ်ပျက်ကုန်ဟု ဆိုကာ တမာ
ပင်ကြီး၏အောက်သို့ ရောက်လာကြလေသည်။
ညသည် မှောင်မည်းနေသော်လည်းလရောင်မရ
ပေမယ့် ကြယ်ရောင်က ရှိနေသေးသဖြင့် အနီးကပ်တော့ မြင်ရ၏။
ဆရာသိန်းသည် စည်းဝိုင်းထား၍ အားလုံးကို
အထဲသို့ ဝင်နေစေပြီး သူ ကတော့ကြက်သား
အစိမ်းထုပ်ကိုတမာပင်၏ ပင်စည်ရှိ ငုတ်တစ်
ခုတွင် ချိတ်လိုက်ပြီး နှုတ်မှ
“ဟိတ်ကောင် – မကောင်းဆို၊ငါ မင်းအတွက်
ငါယူလာတဲ့အသားက ပေရာ၊ ငါ့အတွက်လည်း
တစ်စုပြန်၊အဲဒါဆိုရင် မင်းကို ငါ့တပည့်အဖြစ်
လက်ခံ ပြီးမင်းကိုအမြဲတမ်းအစာကျွေးပယ်၊
သဘောတူရင်လာစားလှည့်၊ငါပြောတာကြား
ရင်အစုလာခဲ့ ။ အစုလာခဲ့ဟု ဆိုကာ သူလည်း
စည်းဝိုင်းအတွင်းသို့ဝင်၍ ဒနလိုက်၏။ ခဏကြာ
သော တမာပင်ပေါ်မှအရိပ်မည်းကြီးတစ်ခု ဆင်းလာလေသည်။
“aပါ-ဗြော -ပြော”
“ဟို-ဟိုမှာ-ဟိုမှာလာနေပြီ၊သ-သရဲ”
၎င်းဗိုလ်၏ အထိတ်တလန့်အော်သံနှင့်အတူ
လေပြင်းတိုက်ခတ်သည့် အလာ၊ သရဲ၏ ပါးစပ်
မှလေဖြင့်မှုတ်ထုတ်လိုက်လေသည်ကို ခံလိုက်ရသည်။
“ဖြန်း ဖြန်။” “အမေရေ-လုပ်ပါဦးဗျ “အား”ကယ်ကြပါဦး”
သူတို့၏ အင်္ကျီနှင့် ပုဆိုးတို့မှာ သရဲ၏လေဖြင့်
မှုတ်လိုက်သောဒဏ်ကြောင့် တဖြန်းဖြန်းနှင့်ကွဲကုန်လေတော့သည်။
ကြောက်သည့်စိတ်က တားမရတော့၊ သရဲကြီး
၏ မျက်လုံးကြီးဇတွေက ပြူ၊ ကျယ်၍ကြည့်
နေသည်မှာအသည်းယားစရာပင်၊ဝင်းဗိုလ်သည်
ဆက်၍မနေရဲတော့သဖြင့် ဆရာသိန်းအား
“ဆရာ-ကျွန်တော်တော့ မနေရဲဘူး။ ပြန် – ပြန်ကြရအောင်”
“နေကြဦး- ကောင်လေတို့ဒီကောင်ငါတို့ကို
ခြောက်လှန့်နေတာ ခဏနေရင် သူ့အလိုကို
ရပ်သွားလိမ့်မယ်။ ဒါက ဘာမှမဟုတ်ဘူး။
လှည့်စားန၁မကြောက် ကြနဲ့ ငါ ရှိတယ်”
ချိုဝင်ကလည်းတုန်ရီနေသော လေသံဖြင့်
“ပီယဆေးလည်း မ- မလိုချင်ပါဘူးဗျာ။
ပြန်ကြပါစို့နော်” “ဆရာကဘာမှမကြောက်
နဲ့လို့ပြောနေတာပဲကွာ။မ-မကြောက်ပါနဲ့၊ငါ-ငါ
လည်း နည်းနည်းတော့ကြောက် ကြောက်”
“အမေ – ဟိုမှာလာဗာ့မယ်။ ဘယ်လိုလုပ်ကြမလဲ”
သိန်းတန်၏ စကားမှ မဆုံးဒသ၊မကောင်းဆိုးဝါး
သရဲကြီးသည်ကြက်သား အစိမ်းတွေကို အားရပါးရ
စားသောက်နေရာမှ သူတို့ရှိရာသို့ လှည့်လာလေသော
ကြောင့် ချိုဝင်းမှာ ကြောက်လန့်တကြား
အော်မိလေတော့သည်။သရဲကောင်ကြီး၏
မျက်နှာမှာ တဖြည်းဖြည်းဖြင့် ပီပြင်ထင်ရှားစွာ တွေ့လာ
ရလေသည်မှာ မျက်နှာပေါ်ရှိအသားတွေမှာ
ပုပ်ပွတောင်း၍ လောက်တွေ တဖွားဖွာ ဖြင့်
ရှိနေပြီး ရှည်လျားလှသောလျှာကြီးက ရင်ညွန့်အထိတွဲကြနေ၏။
ထိပ်တည့်တည့်တွင် ပြောင်နေပြီးဘေးနှစ်
ဖက်ရှိ ဆံပင်တို့က ရှည်လျားစွာ ဖြင့် ပခုံး
နက်ဗက်သို့ ကျနေ၏။ ဗိုက်ကြီးမှာဖြူတွေး
နေပြီးအာဏာကြီးမားကာပူပူ စူပူကြီး ရှိနေပါသည်။
ကျန်သော ခန္ဓာကိုယ်အနံ့တွင် မည်းနက်နေ
သော အမွေးအမှင်တွေက ဖုံးလွှမ်းနေသည်
မှာအတော်ပင် အကြည့်ရဆိုးလှပေသည်။
“ဟီး-ဟီး-ဦး-ရွှီ၊”
ရယ်နေပုံကလည်း ကြက်သီးထစရာကြီးပင်
ဝင်းဗိုလ်မှာကြည့်နေရင်းဖြင့် ဘယ်လိုမှ စိတ်
ထိန်း၍ မရတော့ဘဲပုဆိုးကို စလွယ်သိုင်းကာ
လာလမ်းအတိုင်းတည့် တည့်ပင် ပြေးထွက်သွားလေတော့သည်။
“ဟာ- အဲဒီလို မလုပ်နဲ့လေ။ ဟေ့ – ဟေ့ –
နေဦးလေ၊ ဒီကလေးကတော့ ခက်တော့တာပဲ။
အားလုံးသူက္ခရောက်ကုန်တော့မယ်”
ဆရာသိန်းမှာ အမှတ်တမဲ့ဖြစ်ရပ်ကြောင့်
အံ့အားသင့်နေစဉ်ကျန်သော သိန်းတန်နှင့်ဝင်း
တို့မှာလည်း ဝင်းဗိုလ်နည်းတူ ထွက်ပြေကြလေတာ့သည်။
ဤသို့ဖြင့်ဝင်းဗိုလ်ကရှေ့မှပြေးလွှားနေပြီး
သိန်းတန်နှင့်ချီဝင်းတို့နှစ်ယောက်ကနောက်
မှပြေးလိုက်နေကြတော့သည်။လယ်ကွက်တွေ
ကန်သင်းရိုးတွေ၊မြောင်း တွေကို ကျော်ဖြတ်၍
အတင်းပင် ပြေးလွှားနေကြလေတော့သည်။
နောက်တစ်နေ့သို့ရောက်သော်ဝင်းဗိုလ်တို့
သုံးယောက်သည်အိမ်ထဲမှအိမ်ပြင်သို့ မထွက်
ကြဘဲအသီးသီးပင် အိမ်တွင်းအောင်းနေကြ၏။
နှစ်ရက်ခန့် အသာငြိမ်သက်နေကြရာမှ
ဝင်းဗိုလ်ထံသို့ သိန်းတန်ရောက်လာလေသည်။
သိန်းတန်က “ဟေ့ကောင်ရ-ပြီလှရလား”
၎င်းဗိုလ်က စိတ်မသက်မသာဟန်ဖြင့်..
“မငြိမ်လို့ ရမလားကွ။ မသေလို့ကံကောင်းတယ်”
သိန်းတန်ကပင် ဆက်၍“ချိုဝင်းကတော့ ဘာမှ
မဖြစ်ဘူ။ အေးဝအေးဆေးဆေးပဲ။ မင်း ကြည့်
ရတာ လည်း အခြေအနေကောင်းပါတယ်”
“အေး-ကောင်းပါတယ်။ ဒါပေမဲ့နည်း
နည်းတော့အကြောက်မပြေသေးဘူး။
ဒါနဲ့ – ဆရာသိန်း သတင်းရောကြားလား”
“အေး- အဲဒါပြောလို့ လာတာပဲ။ ဆရာသိန်း
ဆီကို တို့တစ်တွေ လူမမာဝမ သွားကြရအောင်”
ဝင်းဗိုလ်သည် သိန်းတန်၏ စကားကြောင့်အ
ထိတ်တလန့်ဖြင့်… “ဟင်-ဆရာသိန်းဟာ-ဘာလို့လဲ”
“နေမကောင်းဘူးလို့ပဲကြားတာပါကွ၊ မင်းက
လည်း ချိုဝင်းလည်းပြောထား ခဲ့တယ်။ မင်းကို
ခေါ်ပြီး သူ့ဆီကို ဝင်ဧခေါ်ပြီးမှ ဆရာသိန်းထိ
ကို သွားမယ်လို့၊ ကဲ-ထ သွားကြရအောင်”
၎င်းဗိုလ်ကအင်တင်တင်ဖြင့်…
“ငါ-ငါ-မလိုက်တော့ဘူးကွာ။ မင်းတို့ပဲ သွားလိုက်ပါ
“ဟ-မင်း မလိုက်လို့ကောင်းလားကွ၊ ဒီလောက်
ရင်းနှီးနေလာနောက်ပြီး ငါတို့ အတူလုပ်ခဲ့ကြ
တဲ့ပြဿနာမဟုတ်လား။ မင်း မလိုက်ရင်လူမှု
ရေးအရ ရိုင်းရာ ကျသွားမှာပေါ့ကွာ- သွာမယ်”
သိန်းတန်၏စကားနှင့် တိုက်တွန်းမှုကြောင့်
ဝင်းဗိုလ်လည်းမနေသာတော့ပဲ သိန်းတန်တို့နှင့်
အတူ ဆရာသိန်းအိမ်သို့ထွက်လာခဲ့ကြလေတော့၏။
သိန်းတန်နှင့်ဝင်းဗိုလ်တို့သည် ချိုဝင်းအားဝင်
ခေါ်၍ ဆရာသိန်းအိမ်သို့ဆက် ၍ ထွက်လာ
ကြလေသည်။ ဆရာသိန်၏အိမ်သို့ရောက်သော
အခါ ဆရာသိန်းမှာ ကုလားထိုင်တွင်အခန့်သား
ထိုင်၍ရေနွေးသောက်နေသည်ကို တွေ့ရလေသည်။
ဝင်းဗိုလ်တို့ သည် ဆရာသိန်းအား တွေ့လိုက်
သောအခါအံ့အားသင့်စွာဖြင့် ကြည့်လိုက်ကြပြီးဝင်းဗိုလ်က
“ဆ-ဆရာ-မျက်နှာကဘယ်… ဘယ်လိုဖြစ်နေတာလဲ”
ဆရာသိန်း၏ မျက်နှာကိုကြည့်၍ ဝင်းပိုက်က
နားမလည်နိုင်စွာဖြင့် မေးလေ သည်။ မှန်ပေသည်။
ဆရာသိန်း၏ မျက်နှာမှာလူတစ်ယောက်မှ
ထိုးကြိတ်ကန် ကြောက်ထား၍ ဖူးယောင်နေ
သလိုမျိုးဖြစ်နေ၏။ ၁၁ရာသိန်းသည်
အတတ်နိုင်ဆုံးပြုံး၍ လေသံတိုးတိုးဖြင့်..
“လာကြ-လာကြ-ထိုင်သိန်းတန်ကဝင်ဝင်ရင်း
“ဘယ်လိုဖြစ်ရတာလဲဗျာ၊မျက်နှာက
ယောင်ကိုင်းညိုမည်းတောပဲ၊ ဆရာ
ကလည်းဒီအသက်အရွယ်ကျမှ ရန်ဖြစ်ရတယ်လို့”
ဆရာသိန်းကဖြည်းညင်းစွာခေါင်းခါ၍….
“ငါကဘယ်သူနဲ့ရန်ဖြစ်ရမှာလဲက္ခ၊ ဒီဒဏ်
ရာကလူထိုးလို့ရလာတာမဟုတ်ဘူးကွ။
သိလား၊ မင်၊တို့ကြောင့် မင်းတို့ကြောင့်၊
ဟင်း- အား-ကျွတ်-ကျွတ် – နာ လိုက်တာ”
ဝင်းဗိုလ်သည် သိချင်စိတ်ကိုမထိန်းနိုင်ဘဲ မေးလေတော့သည်။
ဟင်”
“ကျွန်တော်တို့ကြောင့်ဆိုတော့ဟို-ဟို-ဆ-သရဲကလုပ်လိုက်တာလာ၊
“ဒါပေါ့ကွာ-မင်းတို့ကစည်းဖောက်ပြီးထွက်
ပြေးတော့ ငါလည်း ပြေးရတော့ တာပေါ့။
ဒါပေမဲ့ – သရဲက မင်းတို့နောက်ကျမလိုက်ဘဲ
ငါ့နောက်ကိုပဲလိုက်တာကွ” ချိုဝင်းသည်
ဆရာသိန်းအားရ၊နွေးငှဲ့ပေးရင်း..
“ကျွန်တော်တို့ကလာလမ်းအတိုင်းပြန်ပြေး
ကြတာဆရာကရောဘယ်လမ်းက သွားတာပဲ”
“ငါက ကန်ပေါင်အတိုင်း၊ မြောက်ဘက်တည့်
တည့်ကိုပြေးရင်း ရုပ်ရှင်ရုံရဲ့ နောက်ကျောက
နေ ကာလမ်းဘက်ကို ပြန်ထွက်မယ်ဆိုပြီး
စိတ်ကူးနဲ့ ပြေးနေတာ။ ဒါပေမဲ့ငါကတာ့အဲ
ဒီတမာပင်အောက်မှာပဲ ပြေးနေမိတာ”
သိန်းတန်သည်အံ့ဩစွာဖြင့်…
“ဒါဆိုသရဲကဆရာ့ကိုဆွဲထားတာပေါ့နော်”
“ဒါဒပါ့ကွာ- သူက ငါ့ကို ဆွဲထားပြီးအစာ
တောင်းတာလေ၊ ငါကလည်း ပြန် ချင်လို့
စိတ်တို၊ သူလည်း အားကောင်းတာမရလို့
စိတ်တိုပြီး နောက်ဆုံးမတော့ နှပန်းလုံးကြ
တော့တာပဲ။ အခုတော့ငါမျက်နှာမှာမင်းတို့
တွေ့ မြင်တဲ့အတိုင်းပါပဲကွာ။ ကံကောင်းတာ
ကအသက်သခင် ဦးထွန်းတင်တို့သားအဖနဲ့
တွေ့ပြီး သူတို့ကယ် လို့အိမ်ပြန်ရောက်ခဲ့တာပဲ”
ဦးထွန်းတင်ဆိုသည်မှာ စပါးတလင်းနယ်
နေသောရွှေပန်းရုံသားဖြစ်သည်။ရွှေပန်းရုံရပ်၊
ထီးကြီးရပ်ကွက်ဆိုတာကပ်လျက်ရှိနေ၍
တစ်ဦးနှင့်တစ်ဦး သိကြလသည်။
ဆရာသိန်းသည် နောင်တရသောလေသံဖြင့်….
“ငါကဧတာ့မကောင်းတဲ့အလုပ်ကို
မလုပ်ဇာ့ဘူးကွာ။လမ်းမှားကိုလိုက်
မိလို့အသက်မသေရုံတစ်မည်ပဲခံလိုက်ရာ၊
မင်းတို့လည်းနောင်ကိုမဟုတ်တာတွေ
မလုပ်မိစေနဲ့”စာရာသိန်းသည် အမှန်တ
ကယ်နောင်တရသွားပုံပင်။ ဝင်းဗိုလ်တို့သုံးဦးကို
ဆုံးမနေပုံမှာအသိတရားရသွားသည့်ပမာရှိနေပေသည်။
ထိုအဖြစ်အပျက်ဖြစ်ပြီးနောက်သိန်းတန်
သည် လက်သမားအလုပ်ကို တက်ရ၍
လုပ်ကိုင်ရင်၊လက်သမားဆရာဖြစ်သွားကာ
ရန်ကုန်သို့ ရောက်သွား သည်ဟုကြားခဲ့ရ၏။
ဝင်းဗိုလ်သည်လည်း ယခုအခါ ပန်းရန်ဆရာ
တစ်ယောက်ဖြစ်၍ တပည့် တပန်းများနှင့်
အတူသူ၏မြို့ငယ်လေးတွင်သာလုပ်ကိုင်ရင်းသူပိုးပန်းခဲ့သောရီရီဦး
နှင့်ပင် အိမ်ထောင်ကျခဲ့လေသည်။
ချိုဝင်းကတော့ အခုချိန်ထိ ဟိုပရောက်
သည်မရောက်နှင့် ရှိနေပြီး ဘဝကိုဆင်း
ရဲစွာဖြတ်သန်းနေရ၏။ဘုန်းကြီးကျောင်း
သားဘဝမှ အောင်စည်တော် ကြိုးမဲ့ရုပ်စုံ
အဖွဲ့ထဲသို့လိုက် သွားပြီးပြန်မာပြည်၁၂ပွဲ
တော်လှည့်နေခဲ့လေသည်။နောက်ဆုံးတော့
လည်းအရက်သမားဘဝဖြင့်သာရှိနေပြီ။
အခုထိအသက်ရှင်နေသေးကာ စက်ဘီးအ
စုတ်ကလေးဖြင့် သွားလာနေဆဲပင် ဖြစ်လော့သည်။
ဆရာသိန်၊သတင်းကားမကြားရတော့ပါ။
ဆွေမျိုးများရှိရာ သထုံမြို့သို့ထွက်သွားခဲ့
သည်ဟုသာ သိရပြီးဘာမှုမကြားရတော့ပါ။
ယခုတာ့ထီးကြီးကန်ကြီးကဘာမှမပြောင်း
လဲဓပမယ့် ဘုန်းကြီးကျောင်းနှင့်စပါးတလင်း
တွေကတော့နေရာဇက္ခအဆောက်အအုံတွေ့
ပုံစံတွေဟာပြောင်းလဲ လို့ နေကြသည်။
စကုမြို့၏ အဓိကသာသနာထွန်းကားရာ
အလေးထားထင်ရှားစတာ ကတော့ထေရ်
ကြီးစေတီတော်ကြီးပင် ဖြစ်သည်။
မြို့တည်ကာစအချိန်တွင် အလွန်ပင်ထူးခြား၍
ကြည်ညိုစရာ အထူးတို့ဖြင့် တင့်တယ်တော်
မူသော် မထရ်ကြီးတစ်ပါးသည် မြို့ဦးမြို့ထိပ်တွင်သီတင်း
သုံးနေ ထိုင်၍ ဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းကာဖြင့်
ဂမတ္တာဓာတ် လွှတ်တော်မူခဲ့သောကြောင့်
မြို့လေးမှာဘေးဥပဒ်အန္တရာယ် ကင်းပေးခဲ့
ကြောင်း မှတ်သားကြားနာခဲ့ရလသည်။
ထိုမထေရ်ကြီးကို ရည်စူး၍ စေတီတည်၍
မထေရ်ကြီး စေတီဟူ၍၎င်းမထေရ် ကြီးသည်
သတင်းသုံးရာအရပ်ဒေသကို မထေရ်ကြီးရပ်
ကွက်ဟူ၍လည်းကောင်း။ မထရ်ကြီးအသုံးပြု
ရာအရကန်ကိုလည်း မထေရ်ကြီး ရေကန်ဟူ
၍လည်းကောင်၊ ခေါ်ဝေါ်သမုတ်ခဲ့လေသည်။
ကာလကြာမြင့်လာသောအခါ မထေရ်ကြီး
ဘုရားမှ ထီ၊ကြီးဘုရား။ ထီးကြီး ရပ်ကွက်၊ထီး
ကြီးကန်ဟူ၍ခေါ်တွင်ပြောင်းလဲလာခဲ့ကြောင်းရှေလူကြီးတို့၏ စကား
တို့မှ ကြားသိခဲ့ရလေသည်။ ထူးခြား၍ရဆန်
သောအဖြစ်အပျက်များ များစွာဖြစ်ထွန်းပေါ်
ပေါက်သောထိုမြို့ဆီသို့တစ်ခေါက်အလည်
ရောက်ရင် အထက်ပါဖြစ်ရပ် မှန်ာတ်လမ်း
အား ပြောပြပါသော ဦးဝင်းဗိုလ်ပန်းရန်ဆ
ရာကြီးကိုအထူ၊ကျေးဇူး တင်ဂုဏ်ပြုလျှက် …
သဗ္ဗေအနိစ္စ သင်္ခါရက
Zawgyi Version
————————————–
ဦးတိုက်ကျောင်းရှိ၏။ထိုကျောင်း ၏အနောက်
လမ်းကလေး ရှိလေသည်။မြောက်ဘက်ကန်
အဓိက ကန်မကြီးဖြစ်သည်။
ကန်ဟု ခေါ်ကြလေ၏။ ထို ရေကန်နှစ်ကန်သို့
ဆုံးမတတ်လေသည်။သမီးရည်းစားအတွဲ