ထူးဆန်း​သောနိမိတ်များ

ထူးဆန်း​သောနိမိတ်များ(စ/ဆုံး)

——————————-

လွန်​လေပြီး​သော ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်​နေ့၏ ည​တစ်ည…။

ထိုစဥ်က ရာသီဥတုသည် မိုးစက်က​လေးများ ဖွဲဖွဲကျ​နေပြီး ​ကောင်းကင်တစ်ပြင်လုံးသည် ရဲရဲနီလျက် ရှိ​၏။ စာ​ရေးသူ​သည် အဆိုပါညက သူငယ်ချင်းများ ဆုံရာ ရပ်​ကွက်အတွင်းရှိ စုရပ်တစ်ခုသို့ သွား​နေကျပုံစံအတိုင်း သွား​ရောက်ခဲ့ပါသည်။ စုရပ်​နေရာဆီ ကျွန်​တော်​ ​ရောက်လျှင် လာ​နေကျ သူငယ်​ချင်းများအားလုံး လူ​စေ့သွားကြပြီ ဖြစ်၍ ဝီစကီဝိုင်း​အား စ​တင်ကာ ​ထွေရာ​လေးပါး ​ပြောဆိုကြလိုက်၊ နိုင်ငံ​ရေးများ နှီး​နှော ဖလှယ်ကြလိုက်၊ ဂစ်တာတီးကာ ဝိုင်းဝန်း သီချင်း​ဆိုကြ​လိုက်နှင့် အချိန်သည် တစ်စတစ်စ ကုန်လွန်​လာ​ခဲ့​ပြီး​နောက် ယမကာဝိုင်း သိမ်းမည့်အချိန် ​ရောက်ရှိလာ​ချေ၏။

ထိုအချိန်တွင် ယ​ခုညကျမှ ခါတိုင်းရက်များနှင့်မတူ ဝိုင်း​စ​ကတည်းက ငြိမ်သက် တိတ်ဆိတ်စွာဖြင့် ရှိ​နေပုံ ရ​သော ဖြူ​​ဖွေးဟူသည့် သူငယ်ချင်းသည် မနက်ဖြန်တွင် ကျ​ရောက်​လာ​မည့် အာဇာနည်​နေ့တွင် အာဇာနည်ကုန်းသို့ သူငယ်ချင်း​များ လူစုံတက်စုံ သွား​ရောက်ကာ အာဇာနည်​ခေါင်း​ဆောင်​ကြီး​​များအား ဦးညွတ် အ​လေးသွားပြုကြရန် ထ​ပြောလာခဲ့​လေ​သည်။ ယင်းအခါ ကျန်သူငယ်ချင်းများအားလုံး ဖြူ​ဖွေး၏ အ​ဆိုကို ​ထပ်တူညီစွာ ထောက်ခံလိုက်ကြပြီး ယခု စုရပ်​နေ​ရာ​တွင် မနက် ၇ နာရီ ဆုံရန် ချိန်းဆိုလိုက်ကြ၏။

“​ဇော်မင်း​အောင်… မနက် ထွက်ရင် မင်းအိမ် ငါ ဝင်​ခေါ်မယ်​နော်”

အမှန်တကယ်တမ်း သူတို့နှင့်အတူ လိုက်သွားလို​သော်လည်း အိမ်တွင် ရှိသည့် အလုပ်ကိစ္စများ​ကြောင့် လိုက်သွားဖို့ရန် မဖြစ်နိုင်​သော ကျွန်​တော်သည် မနက်ကျလျှင် မိမိအစီအစဥ်နှင့် မိမိ အာဇာနည်​ခေါင်း​ဆောင်ကြီးများအား ရည်စူး အ​လေးပြုရန် စဥ်းစား​နေခိုက် ဖြူ​ဖွေးထံမှ ကျွန်​တော့်ဆီ ​ပြောစကား အထက်ပါအတိုင်း ထွက်​ပေါ်လာခဲ့ခြင်း ဖြစ်သည်။

“​နေပါ​စေ သူငယ်ချင်း၊ ဝင်မ​ခေါ်နဲ့​တော့။ မနက်ကျရင် လုပ်စရာကိုင်စရာ​လေး​တွေ ရှိ​နေ​သေးလို့ ငါလိုက်ဖြစ်မှာ မ​ဟုတ်ဘူး”

ကျွန်​တော်၏ ပြန်လည် ​ပြောစကား​ကြောင့် ဖြူ​ဖွေးသည် သူ၏ မိုးပြာ​ရောင် ဂျင်းဂျာကင်အား ခပ်​နွေး​နွေး ဖြစ်​အောင် ဆွဲကျုံ့လိုက်ပြီး ​ခေါင်းနှစ်ချက် သုံးချက်မျှ ညိတ်ပြလျက်…

“​အေးပါကွာ သားကြီး။ အဲဒါဆိုလည်း ငါ ဝင်မ​ခေါ်​တော့ဘူး​နော်။ မနက်ဖြန် ညမှ ငါတို့ ပြန်ဆုံကြတာ​ပေါ့။ ​ဟော၊ ဟိုမှာ ငါ့အစ်ကိုနဲ့ ဦး​လေး လာ​ခေါ်​နေကြပြီ။ ပြန်လိုက်ဦးမယ် သူငယ်ချင်းတို့​ရေ။ အားလုံးပဲ ဘိုင့်ဘိုင်” ဟု ​ပြောဆိုကာ သူ့ကို ပြန်ရန် လာ​ခေါ်ကြ​သော သူ၏ အိမ်သားများနှင့်အတူ ထွက်ခွာသွား​လေ​တော့၏။

ဖြူ​ဖွေးအား သူ့မိသားစုမှ ယခုတ​လော ခါတိုင်းနှင့်မတူ အ​ထူး​ဂရုစိုက်လျက် ရှိကြပြီး၊ ကျွန်​တော်တို့ ဝိုင်းသိမ်းခါနီး​တိုင်း အိမ်ပြန်​နောက်မကျ​စေရန် လာလာ​ခေါ်တတ်သည်မှာ ရက်​အတန်ကြာပြီ ဖြစ်သည်။ သူသည် ပြီးခဲ့သည့် နှစ်လ​လောက်​က ​လေဖြန်းသွားခဲ့​သော​ကြောင့် သူ၏ အိမ်အနီးရှိ တိုင်းရင်း​ဆေးရုံတွင် အ​ရေး​ပေါ် ကုသလိုက်ရသဖြင့် ရက်​ပေါင်း အ​တန်ကြာအထိ ကျွန်​တော်တို့ စုရပ်ဆီ မလာဖြစ်ခဲ့​ဘဲ ​ခေ​တ္တ​မျှ ​ပျောက်ကွယ်သွား​သေး၏။ ထို့​နောက်တစ်ဖန် ပြန်​ပေါ်လာ​သောအခါတွင် ဖြူ​ဖွေးသည် ယခင်အတိုင်းပင် ကျန်းမာစွာ​ဖြင့် ရှိ​နေပြီး သူဝါသနာထုံရာ အားကစားများ ဖြစ်သော ပိုက်​ကျော်ခြင်းခတ်ခြင်း၊ ​ဘောလုံးကန်ခြင်းတို့အပြင် သူ၏ ဘဝ​အတွက် အ​ရေးပါ အရာ​ရောက်မည့် သင်တန်းများ တက်​ရောက်ခြင်း၊ နိုင်ငံခြားသွားရန် ပြင်ဆင်ခြင်းများအား ပုံမှန်အ​တိုင်း ပြန်လည် ပြုလုပ်​နေခဲ့သည်။

သို့​သော် ယခင်ကနှင့် မတူ​တော့သည့် အချက်သည်​ကား သူ့​မိသားစုမှ သူ့အား ယခင်ကထက် အလွန်အမင်း ဂ​ရု​စိုက်​လာ​ကြပြီး ညစဥ်ညတိုင်း ဝိုင်းဖွဲ့​ထိုင်လေ့ ရှိကြသည့် ကျွန်​​တော်​တို့ စုရပ်သို့ပင် ပြန်ခါနီးအချိန် ​ရောက်တိုင်း လာ​လာ ​စောင့်​ခေါ်တတ်ကြခြင်း ဖြစ်၏။

ပြီးခဲ့သည့် တစ်ပတ်​ခန်က ဖြူ​ဖွေးသည် သူ မ​ရောက်သည်မှာ ကြာပြီ ဖြစ်သည့် ကျွန်​တော့်အိမ်သို့ အလည်​လာခဲ့​သေးပြီး ကျွန်​တော်နှင့်အတူ ​ဟောလီးဝုဒ်ဟာသရုပ်ရှင်တစ်ကား ထိုင်​ကြည့်ပြီး​နောက် သူ၏ ပုံတူပန်းချီ ​ရေးဆွဲ​ပေးရန် ရုတ်တ​ရက် တော​င်း​​ဆိုလာခဲ့သည်။ ပန်းချီ၊ ပန်းပု အနုပညာ​သည် မျိုးရိုး​တွင် ​ပေါ​က်ဖွား ကြီးပြင်းလာခဲ့ရ​သော ကျွန်​တော့်အဖို့ ပုံတူ​ပန်းချီ ​ရေး​ဆွဲ​ရခြင်းအမှုမှာ ဘာမျှမခက်ခဲသ​လို ရှိခြင်း​ကြောင့် ကျွန်​​တော်လည်း မ​တောင်းစဖူး ​တောင်း​ဆိုလာခဲ့​သော ဖြူ​ဖွေးအ​တွက် သူ၏ ပုံတူတစ်ပုံအား သူထိုင်​​နေသည့် ​ဘေးတ​စောင်း ရှု​ထောင့်အတိုင်းပင် ချက်ချင်း​ ​ကောက်ဆွဲ​ပေး​လိုက်​​​၏။

ကျွန်​တော် ​ရေးဆွဲ​ပေးသည့် ပုံတူကို ကြည့်ကာ လွန်စွာ သ​ဘောကျ​​နေ​သော ဖြူ​ဖွေးကို ကြည့်လျက် ထိုစဥ်က ကိစ္စ​တစ်​ခု ကျွန်​တော် ​မေးမြန်းခဲ့ဖူးသည်။ ကျွန်​တော် ​မေး​မြန်း​ခဲ့သည်ကား နိုင်ငံခြားသင်္ဘော​တစ်စီး​တွင် က​ပ္ပတိန်တစ်ဦး​အ​ဖြစ်​ အမှုထမ်းလျက် ရှိသော သူ၏ ဖခင်​နှင့်​အတူ ဖြူ​ဖွေး​သည် သင်္ဘောသား လိုက်လုပ်ဖို့ရန် အစီအစဥ် ရှိ,မရှိဖြစ်​၏။

ထိုအ​ခါ ဖြူ​ဖွေးက သူသည် သင်္ဘောသား မဖြစ်ချင်​​​ကြောင်း၊ အဘယ်​ကြောင့်ဆို​သော် သူ၏ ဘဝတွင် ​ရေနစ်​သေရမည်ကို အ​ကြောက်ရွံ့ဆုံး ဖြစ်​သော​ကြောင့် ​ရေနှင့် နီးသည့် သင်္ဘော​သားအလုပ်ကို မ​နှစ်မြို့ခြင်း ဖြစ်​ကြောင်း ​ဖြေဆိုလာခဲ့​သည်။

သူ​ရေကူးတတ်သည်ကို မြင်​တွေ့ဖူး​သော ကျွန်​တော့်အဖို့ အ​ဓိပ္ပါယ်မရှိသည့် စကားဖြစ်​သော​ကြောင့် အကျိုးအ​ကြောင်း မခိုင်လုံသည့် အ​​ကြောင်းပြချက် ဖြစ်​ကြောင်း ကျွန်​တော် ​ပြောလျှင် ဖြူ​ဖွေးက သူ့အ​နေဖြင့် ​ရေကူးတတ်သည် မှန်​သော်လည်း ​ရေတိမ်ပိုင်းများတွင်သာ ကူးခတ်တတ်ခြင်း ဖြစ်​ကြောင်း၊ ယခုအချိန်အထိ ​ရေနက်ပိုင်းများသို့ တစ်ခါမျှ ဆင်းမကူးရဲ​သေး​ကြောင်းများ ဆိုလာခဲ့ပြီး သူ၏ ​ရေ​ကြောက်​တတ်ပုံများအား ​တောက်​လျှောက် ​ပြောဆို​နေပါ​တော့သည်။

သို့​သော် သူပြောသမျှမှာ သင်္ဘောသားမလုပ်ချင်သည့် ဆင်​ခြေဆင်လက်များသာ ဖြစ်​ကြောင်း ကျွန်​တော်မှ ယူဆလိုက်​ပြီး စကား​ပြောရင်း တန်းလန်းက ​ဘော်လ်ပင်န်တစ်​ချောင်း ကိုင်ကာ ​တောင်ခြစ် ​မြောက်ခြစ် သူ​လျှောက်ခြစ်​နေ​သော ကျွန်​တော့်၏ စာအုပ်တစ်အုပ်ကို သိမ်းဆည်းဖို့ရန် ဆွဲယူလိုက်​စဥ် ထိုစာအုပ်မှာ ကျွန်​တော် ​ကျောင်းသားဘဝက ​ရေခြား​မြေခြား သူငယ်ချင်းများအား ခွဲခွာခါနီး အမှတ်တရ နှုတ်ဆက်စကားများနှင့် လက်မှတ်များ ​ရေးထိုးခိုင်း​လေ့ ရှိသည့် မှတ်စုစာအုပ်​ဟောင်း​လေး ဖြစ်​နေ​ကြောင်း ​တွေ့ရှိရ​လေသည်။ ဖြူ​ဖွေးသည် ထိုစာအုပ်က​လေး၏ ​နောက်ဆုံး စာမျက်နှာထက်တွင် သူ၏ လက်မှတ်များအား အ​ကြောင်း​အ​ရင်း ကင်းမဲ့စွာဖြင့် လိုက်လံ ​ရေးထိုးထား​ချေ၏။

မဆီမဆိုင် ​ခေါင်းထဲ လာ​ပေါ်​နေသည့် ထိုအ​ကြောင်းများကို နားမလည်နိုင်စွာ ဖြစ်ကာ ကျွန်​တော်သည် ဝီစကီ​ရေချိန်​ကိုက်လျက် မူး​ဝေ​နေပြီ ဖြစ်​သော မိမိ၏ ဦး​ခေါင်းကို ​ခေါင်း​အုံးအတွင်း ထိုးနှစ်၍ မျက်လုံးစုံမှိတ် အိပ်ချလိုက်​တော့​သည်။ မနက်ဖြန်ခါ အာဇာနည်​နေ့တွင် ကျွန်​တော် လုပ်​စရာ​ရှိသည့် အလုပ်ကိစ္စများအား ​စော​စောစီးစီးထကာ ကျွန်​တော်​လုပ်ရဦးမည် မဟုတ်​ပေ​လော။

* – * – * – * – * – *

ဖြူ​ဖွေးတစ်​ယောက် သူ၏ အိပ်ရာမှ အ​စောအစီး နိုးထလာ​ခဲ့ချိန်က မနက် ၇ နာရီ ဖြစ်သည်။ ဖြူ​ဖွေးသည် အိပ်ရာ သိမ်း​ပြီး​နောက် ​ရေမိုးချိုး အဝတ်အစား လဲပြီး​လျှင် ဆံပင်​များကို အကျအန ဖြီးလိမ်း ပြင်ဆင်​နေ​သော​ကြောင့် ဘုရား​ရှိ​ခိုးပြီးကာစ သူ၏ မိခင်ဖြစ်သူက…

“ဟဲ့… ဖြူ​ဖွေး၊ ကျားသားမိုးကြိုးပါဟယ်။ ​စော​စောစီးစီး ထပြီး ဒါက ဘယ်ကို လမ်းသလားမလို့တုန်း” ဟု ဧည့်ခန်းအ​တွင်း ထိုင်ကာ ​မေးမြန်းလိုက်၏။

“အာ… အ​မေကလည်း၊ ဒီ​နေ့ အာဇာနည်​နေ့​လေဗျာ”

“​အေး​လေ… အဲဒါ အ​မေက မသိဘဲ ​နေပါ့မလားဟဲ့။ အခုက နင် ဘယ်သွားမလို့လဲဆိုတာ အ​မေက ​မေး​နေတာ။ နင့်အ​ဖေက အခုတ​လော ဘာဖြစ်မှန်း မသိဘူး။ သင်္ဘော​ပေါ်က​နေ အငယ်​ကောင် လိမ္မာရဲ့လား၊ အငယ်​ကောင် ကျန်းမာရဲ့လား ခ​ဏခဏ လှမ်း​မေး​နေတယ်။ ပြီး​တော့ သူ့အိပ်မက်​တွေ​လည်း မ​ကောင်းဘူး ​ပြောတယ်”

“အ​ဖေကလည်း… မသိရင် ကျွန်​တော်က က​လေးကျ​နေတာပဲ။ ဒီတစ်​ခေါက် ​မေးရင် အ​မေ ​ပြောလိုက်… အငယ်​ကောင် ​သေပြီလို့။ အဟဲ”

“ဟယ်… ဒီ​ကောင်​လေးနှယ်။ ဖွဟဲ့… လွဲပါ​စေ၊ ပယ်ပါ​စေ​တော်။ စော​စောစီးစီး မ​ပြော​ကောင်း မဆို​ကောင်း​ ​လျှောက်​​ပြော​နေတယ်”

“​နောက်တာပါ အ​မေရဲ့ အ​ဖေ့ကို ဒီတစ်​ခေါက် ​ပြောလိုက်… သားကို စိတ်ချပါလို့။ ဒါနဲ့ ​လော​လောဆယ် သား အာဇာနည်ကုန်းကို သွားဖို့ ဟိုဘက်ရပ်ကွက်က သူငယ်ချင်း​တွေနဲ့ ချိန်းထားလို့ မုန့်ဖိုး​ပေးဦး အ​မေ”

“အမယ်​လေးဟယ်… လူကြီးလူ​ကောင်းများ အာဇာနည်ကုန်း သွားကြမလို့တဲ့။ အရက်ဝိုင်း သွားမလို့ကို ငါ့လာရွှီး​နေ​တယ်။ မ​ပေးနိုင်​ပေါင်​အေ”

“ဟာ၊ အ​မေကလည်း… အရက်မ​သောက်ပါဘူးဗျာ။ တကယ်​ပြောတာ၊ သားတို့ အာဇာနည်ကုန်းမှာ ဒီအတိုင်းရိုးရိုး သွားအ​လေး​​ပြုကြမလို့ပါ။ မုန့်ဖိုး​ပေးပါ​နော် အ​မေ”

“​အေး ​အေး… ပြီး​ရော ပြီး​ရော။ ​ရော့… မုန့်ဖိုး၊ အရက်ဖိုး မ​ဟုတ်ဘူး​နော်”

“အင်းပါ အ​မေရဲ့၊ စိတ်ချ… အ​မေ မကြိုက်တာ သား ဘာမှ မလုပ်ဘူး။ သားကြိုက်တာပဲ သားလုပ်မှာ”

“တယ်… ဒီ​ကောင်​လေး​တော့။ အရက်​သောက်လာရင်​ နာဖို့ ပြင်​နော်။ ညကလည်း အိမ်ပြန်လာတာ အရက်နံ့က ​ထောင်းလို့။ ဟင်း… နင့်အကိုနဲ့ နင့်ဦး​လေးကို လွှတ်ပြီး ငါ မ​ခေါ်ခိုင်းလိုက်ရင် ဘယ်​လောက်​တောင်များ မူး​အောင် ​သောက်​နေဦးမလဲ မ​ပြောတတ်ဘူး။ နင် ​လေဖြန်းထားတာ အရက်နဲ့ လုံးဝ မတည့်ဘူး​နော် ဖြူ​ဖွေး”

“အာ… အ​မေကလည်း၊ စိတ်ချပါဆို​နေဗျာ။ အ​မေ လုပ်တာ​နဲ့ သားချိန်းထားတာ ​နောက်ကျ​တော့မယ်”

မိခင်၏ လက်မှ မုန့်ဖိုးကို လှမ်းယူလိုက်ပြီး​နောက် ဖြူ​ဖွေးတစ်​ယောက် ​လော​လော,​လော​လောဖြင့် အိမ်တံခါးဝမှ ထွက်ခွာ​တော့မည် အပြုတွင် ဘာ​ကြောင့်ရယ် မသိ၊ ခဏတာမျှ ရပ်တန့် ​တွေ​ဝေသွား​လေသည်။ ထို့​နောက် သူသည် ဧည့်ခန်းအတွင်း ပြန်ဝင်လာခဲ့ပြီး မိခင်၏ အ​ရှေ့ ဒူး​ထောက်ကာ လက်အုပ်ချီလျက် ရှိခိုးဦးချ ကန်​တော့လိုက်၏။ ဤအခါ မိခင်ဖြစ်သူသည် ​ကြောင်အမ်းအမ်းဖြစ်လျက် သားဖြစ်သူကို ကြည့်ကာ ဘာမျှ မ​ပြောနိုင်ဘဲ ရှိသည်။ ဖြူ​ဖွေးသည် ထိုအပြုအမူကို အဘယ်​ကြောင် ပြုမူရပါသနည်း။ ​မွေး​နေ့ရက်များတွင်သာ မိမိအား ကန်​​တော့လေ့ ရှိတတ်​သူ သားဖြစ်သူအ​ကြောင်း မိခင်ဖြစ်သူအ​နေဖြင့် သူအသိဆုံးပင် ဖြစ်သည်။

ယင်းသို့ ​တွေး​တော မှင်တက်လျက် ရှိ​နေစဥ်တွင် ရှိခိုး ကန်​တော့ပြီး​သော ဖြူ​ဖွေးသည် ​နေရာမှ ရုတ်ချည်း ထကာ အနားတိုးကပ်လာပြီး သူ၏ ပါးပြင်သို့ ခပ်ဖွဖွလးတစ်ချက် ရှိုက်နမ်းလိုက်ပြီး​နောက်…

“အ​မေ… သား သွား​တော့မယ်​နော်” ဟု တရိုတ​သေ ​ပြောဆို ခွင့်ပန်လျက် ​နေအိမ်မှ ထွက်ခွာသွားပါ​တော့သည်။

မိခင်ဖြစ်သူသည် ​ကျောက်ရုပ်တစ်ရုပ်ပမာ ရှိ​နေပြီး မကြာ​သေးမီက အထူးအဆန်း ပြုမူသွား​သော ဖြူ​ဖွေး၏ အပြုအမူများ​ကြောင့် နားမလည်နိုင်​အောင် ဖြစ်​နေ​​ချေ၏။

* – * – * – * – * – *

တက်ကြွလွန်း​သော ​ခြေလှမ်းများဖြင့် ကြွကြွရွရွ ​လျှောက်​လှမ်း​နေ​သော ဖြူ​ဖွေးတစ်​ယောက် လမ်းတစ်​နေရာအ​ရော​က် ခလုတ်တိုက်ကာ ဖိနပ်ပြတ်သွားခဲ့သည်။ ဝတ်ထား​သည်မှာ တစ်လတင်းတင်းပင် မပြည့်​သေး​သော ကွင်းထိုးဖိ​နပ် ပြတ်သွားခြင်း​ကြောင့် ထိုဖိနပ်နှစ်ဖက်အား လက်မှ ကိုင်​ကာ ​ခြေချည်းဗလာ ​လျှောက်လှမ်းလာ​နေသူ ဖြူ​ဖွေးကို ​တွေ့မြင်လိုက်ရသည့်အခါ ခင်မင် ရင်းနှီးသူများက ဝိုင်းဝန်း စ​နောက်ကြကာ အ​ပျော်အပြက်သ​ဘောမျိုး လက်ဖက်ရည်​ဖိုး လှမ်းရှင်းခိုင်းကြလျှင် ဖြူ​ဖွေးမှ ယခင်ရက်များကလို မ​ဟုတ်ဘဲ ကျသင့်သည်များ ဝင်​ရောက် ရှင်း​လင်း​ပေးလိုက်​၏။

ဖြူ​ဖွေးသည် ချိန်းဆိုထားရာ စုရပ်ဆီသို့ ​ရောက်ရှိ​လေလျှင် ​စောင့်​မျှော်​နေကြသူ သူငယ်ချင်းများအား ​တွေ့ရှိလိုက်ရ​သည်။ ထိုအခါ ဖိနပ်ပြတ်​နေ​သော ဖြူ​ဖွေးအတွက် ​တောကြီး​ဟူသည့် သူငယ်ချင်းမှ သူ၏ အိမ်တွင် ပို​​နေ​သော ဖိနပ်တစ်ရံကို ​ပေးစီးလိုက်ပြီး​နောက် ညကတည်းက စီစဥ်ထားကြသည့်အတိုင်း အာဇာနည်ကုန်း သွားကြရန်နှင့် အာဇာနည်ကုန်းမှ အပြန် ကန်​တော်ကြီးပန်းခြံအတွင်း ဝင်ကာ သီချင်းသီဆို ​ပျော်ပါးကြရန် ဂစ်တာများပါ ယူငင်ကြ​လျက် တက်ညီလက်ညီ ထွက်ခွာသွားခဲ့ကြ​​တော့၏။

ဤတွင် ​တောကြီး​နေအိမ်သို့ ဖြူ​ဖွေးမိခင်သည် အ​လောတ​ကြီး ​ရောက်ရှိလာပြီး သားဖြစ်သူနာမည် ​မေးမြန်း လာရှာ​လေသည်။ တစ်ကြိမ်တစ်ခါမျှ မိမိတို့ရပ်ကွက်အတွင်း သား​ပျောက်ရှာ ​ရောက်လာဖူးခြင်း မရှိ​ခဲ့​သော ဖြူ​ဖွေး၏ မိခင်ကို ကြည့်ကာ ​တောကြီးမိသားစုမှ နားမလည်နိုင်ဟန် ရှိကြ၏။ သူ၏ မျက်နှာမှာလည်း သားဖြစ်သူနှင့် ပတ်သက်၍ ရတက်မ​အေးသည့်နှယ် ရှိ​နေ​​သဖြင့် ​ကြောင်းရင်းကိစ္စ ​မေးမြန်းကြည့်​ရာ​တွင် ဘာမျှ ပြန်လည် မ​ဖြေကြားဘဲ သူ့သားကိုသာ ​တွေ့မြင်ချင်​ကြောင်း တွင်တွင်​ပြော​နေ​သော​ကြောင့် မကြာ​သေးမီကပင် အာဇာနည်ကုန်းသို့ တက္ကစီကား ငှားကာ သူ​ငယ်​ချင်းများနှင့်အတူ ထွက်ခွာသွားခဲ့ပြီ ဖြစ်​ကြောင်း ​ပြော​ပြ​ကြ​လေသည်။

ထိုအခါ ဖြူ​ဖွေးမိခင်လည်း မျက်စိမျက်နှာ မ​ကောင်းစွာ အိမ်​ပြန်သွားခဲ့၏။ မှန်သည်…။ မိခင်ဖြစ်သူသည် ဖြူ​ဖွေး ​နေအိမ်မှ မထွက်ခွာမီ ပြုမူသွားသည့် အပြုအမူများ​ကြောင့် စိတ်များ တစ်စတစ်စ ​လေးလံလာခဲ့သဖြင့် သူ့သား​နောက် အ​ပြေးတစ်ပိုင်း လိုက်လာခဲ့ခြင်း ဖြစ်၏။ သို့​သော် ဖြူ​ဖွေးတို့ အဖွဲ့သည်ကား လူ​ပေါင်း ​ထောင်ချီ လွန်စွာ ရှုပ်​ထွေးလျက် ရှိမည့် အာဇာနည်ကုန်းဆီသို့ ထွက်ခွာသွားခဲ့ကြပြီ ဖြစ်လျှင် သူ့အ​နေဖြင့်မူ မည်သို့ လိုက်ရှာရပါအံ့နည်း။

* – * – * – * – * – *

ဖြူ​ဖွေးနှင့် သူငယ်ချင်းများသည် လူများ ကြိတ်ကြိတ်တိုးကာ စည်ကားလျက် ရှိ​သော အာဇာနည်ဗိဗ္ဗာန်တွင် ၁၀ နာရီ၊ ၃၇ မိနစ်အချိန်သို့ ​ရောက်လတ်​သောအခါ ကျဆုံး​လေပြီး​သော အာဇာနည်​ခေါင်း​ဆောင်ကြီးများအား အများနှင့် တညီ ဦးညွတ် အ​လေးပြုခဲ့ကြ​လေသည်။ ထိုသို့ အ​​လေးပြုခဲ့ကြပြီး​နောက် နဂိုအစီအစဥ် ချထားကြသည့်အတိုင်း ကန်​တော်ကြီးဆီသို့ ဆက်လက်ဦးတည် ချီတက်ခဲ့ရာတွင် လမ်း၌ ဖြူ​ဖွေး စီးထား​သော ​တောကြီးအိမ်မှ ဖိနပ် သည်းကြိုးမှာ ခလုတ်တိုက်ကာ ပြတ်သွားခဲ့ရပြန်​၏။ ယင်းအခါ ဖြူ​ဖွေးမှာ ထိုဖိနပ်ကို ဖြစ်သလို ပြင်ပြီး မရမက စီးနင်းခဲ့ပြန်ရာတွင် ယူတိုးပီးယား​မျှော်စင်ရှိရာ ကန်​တော်ကြီးအ​ပေါက်နားသို့ အ​ရောက် ​နောက်တစ်​ခေါက် ခလုတ်တိုက်ကာ ဖိနပ် ထပ်ပြတ်သွားခဲ့​ပြန်သော​ကြောင့် စိတ်လက်မရှည် ဖြစ်လာခဲ့​လေလျှင် ထိုဖိနပ်အား လမ်းတစ်​နေရာတွင် စွန့်ပစ်လျက် ​ခြေဗလာချည်း ​လျှောက်လာခဲ့​တော့သည်။

ကန်​တော်ကြီး ​ရောက်တိုင်း ထိုင်​နေကျ​နေရာ ဖြစ်သည့် ​ကျောက်ကျွန်းဆီအ​ရောက် သူတို့ သူငယ်ချင်းတစ်သိုက်သည် လမ်းတွင် ဝယ်ယူလာကြသည့် ဝီစကီပုလင်းများ ​ဖောက်ကာ တ​ပျော်တပါး ​သောက်စားကြ​​၏။ ထိုစဥ် မထင်မှတ်ဘဲ ​ထပ်မံ ​ရောက်ရှိလာကြ​သော အခြားသူငယ်ချင်းအဖွဲ့များနှင့် ​ပေါင်းစည်းမိသွားသဖြင့် ဝိုင်းမှာ ပိုကြီးလာခဲ့ပြီး​နောက် သူတို့​ထဲမှ ​တေဇဆိုသူ သူငယ်ချင်းတစ်​ယောက်မှ တစ်ကြိမ်​တွင် ထပြီး သည်ဘက်ကမ်းနှင့် တစ်ဘက်ကမ်းသို့ ​ခေါက်တုံ့​ခေါက်​ပြန် ​ရေပြိုင်ကူးကြရန် အ​ပျော်သ​ဘောဖြင့် အဆိုပြု​လာသည်။ ဤအခါ ​တောကြီးဆိုသူက လက်ခံ​လိုက်​ပြီး အ​ဆိုပြုသူ ​တေဇနှင့် သူ ​ရေပြိုင်ကူးကြရန် သ​ဘော​​တူညီမှု ပြု​ကာ နှစ်ဦးသား ​ရေထဲ ဆင်းသွားကြ၏။

ထိုအချိန်တွင် သူငယ်ချင်းများ သီချင်းသီဆိုနိုင်ရန်အတွက် ဂစ်တာ တီး​​ခေါက်ပေး​နေသူ ဖြူ​ဖွေးတစ်​ယောက်က ရုတ်တ​ရက် ထပြီး သူပါ လိုက်လံ ယှဥ်ပြိုင်လိုသည်ဟု ဆိုကာ ​တော​ကြီးနှင့် ​တေဇတို့​နောက်မှ ကပ်လျက် ​ရေထဲ ဆင်း​လိုက်​သွား​ခဲ့စဥ် ခါးတစ်ပိုင်းမျှ နက်သည့် ​နေရာအ​ရောက် နူန်းများ​ကြား နစ်ဝင်​ ​ဖုံးကွယ်​နေ​သော ဝါးချွန်ငုတ်တိုတစ်​ချောင်းဖြင့် သူ​၏ ​ပေါင်တစ်ဖက် ထိုးခြစ်မိ​သော​ကြောင့် ကမ်း​ပေါ် ပြန်​တက်လာခဲ့ရသည်။

​သွေးစိမ့်ယို​နေ​သည့် ​ပေါင်တစ်ဖက်​ကြောင့် ​ရေဆက်မကူး​ဖြစ်​တော့သူ ဖြူ​ဖွေးလည်း ဂစ်တာ ပြန်​ကောက်ကိုင်လျက် ယ​ခုအခါ သီဆိုလိုက်​သော သီချင်းမှာကား ​သေခြင်းတရားအ​ကြောင်း ​ရေးစပ်ထားသည့် The Ants ​ရော့ခ့်ဂီတအဖွဲ့၏ ‘သတိ’ ဟူသည့် ​ရော့ခ်သီချင်းတစ်ပုဒ် ဖြစ်​နေ​၏။ အဆိုပါသီ​ချင်း​သည် သူ၏ ဘဝတွင် ​နောက်ဆုံး သီဆိုခဲ့သည့် သီချင်း​ဖြစ်​လိမ့်​မည်ဟု ​တွေးထင်ထားလိမ့်မိ​မည် မဟုတ်သော ဖြူ​ဖွေးသည် ထိုအချိန်တွင် ဂစ်တာတီး​နေရင်း တန်းလန်းက လက်အ​ကြောများ ရုတ်တရက်ကပ်လာခဲ့ပြီး ယခင် ​လေဖြန်း​ထားသည့် အခံများ ပြန်ထချင်လာသည့်နှယ် ရှိသော​ကြောင့် သူငယ်ချင်းအချို့က သူ၏ အ​​ကြောအဆစ်၊ အသားအ​ရေ​များ​အား ပွတ်သပ် နှိပ်နယ်ကာ ခန္ဓာကိုယ် ပူ​နွေးလာ​အောင် ပြု​ဆောင်​ပေးကြသဖြင့် များမကြာမီ ဖြူ​ဖွေးအ​ခြေ​အ​နေမှာ ပြန်​လည် ကောင်းမွန်သွားခဲ့​လေသည်။

မိုးစက်က​လေးများ ထိုစဥ်အခါက ခပ်ဖွဲဖွဲ ကျလျက် ရှိ​နေပြီး သည်ဘက်ကမ်းမှ ဟိုမှာဘက်ကမ်းဆီ ​​ရေပြိုင်ကူးရင်း ​ရောက်ရှိသွားခဲ့ကြပြီ ဖြစ်​သော ​တောကြီးနှင့် ​တေဇတို့ ကုန်း​ပေါ် ​ခေတ္တအ​မော​ဖြေကာ ​ခဏအကြာတွင် ရေထဲ ပြန်​ဆင်း​လာခဲ့ကြပြီး​နောက် ​ကျောက်ကျွန်းရှိရာ ပြန်လည် ကူး​ခတ်ခဲ့ကြ၏။ ထိုသို့ ကူးခတ်ခဲ့ကြရာတွင် ​တေဇက ​ကျောက်​ကျွန်းဘက်ဆီ အလျင်ဦးစွာ ​ရောက်ရှိလာခဲ့​သော်​လည်း အ​ရက်အတန်ငယ် မူး​နေသူ ​တောကြီးမှာ​တော့ အ​နောက်​တွင် ပြတ်ကျန်ခဲ့ရ​လေသည်။ ပြတ်ကျန်ခဲ့​သော ​တော​ကြီးမှာ ​ရေ​လယ်​ခေါင်သို့အ​ရောက် ​ခြေကုန်လက်ပန်းကျကာ ယက်​ကန်​ယက်ကန် ဖြစ်လျက် ယူပါကယ်ပါဟူ၍ စတင်ဟစ်​အော်​ပါ​တော့သည်။

ဤအခါ ​မောပန်း​နေပြီ ဖြစ်သည့် ​တေဇမှာလည်း ​ရေဆင်း​ကူး၍ မကူညီနိုင်​တော့သည့်အပြင် ကျန်လူများစွာတို့သည်​လည်း ​သောက်စားထားကြ​သော​ကြောင့် ​ရေထဲ မဆင်း​ဝံ့ကြ​တော့ဘဲ ရှိ​နေကြစဥ်သမယတွင် ဖြူ​ဖွေးတစ်​ယောက် ​တောကြီးဆီ ဦးတည်ကာ ​ရေထဲ ​ပြေးဆင်းသွားခဲ့​​ချေ၏။ သို့​သော်ငြား ​လူ​ပေါင်းများစွာ ဝိုင်းအုံ တိုး​ဝှေ့ ကြည့်ရှု​လာကြ​သော ဤမျှ ရှုပ်​ထွေးလှသည့် အ​ခြေအ​နေမျိုးတွင် ဖြူ​ဖွေး ​ရေထဲ ​ပြေးဆင်းသွားသည်အား ရှားရှားပါးပါး မြင်​တွေ့လိုက်ရသူမှာ သူတို့ဝိုင်း အနီးအပါး ထိုင်လျက် ရှိ​နေကြ​သော သမီးရည်းစား စုံတွဲနှစ်ဦးသာလျှင် ရှိ​လေသည်။

ထင်မှတ်မထား​ဘဲ ဖြစ်​​ပေါ်လာခဲ့သော အဖြစ်အပျက်များ​အ​တွင်း ​တောကြီးအ​နေဖြင့် ကံ​ကောင်းသွားကာ ဖြူ​ဖွေးခမျာ ကံဆိုးသွားခဲ့ရသည်ဟု ဆိုရ​​ပေလိမ့်မည်။ အဘယ်​ကြောင့်ဆို​သော် အ​စောပိုင်းက ​ရေနစ်​နေခဲ့သူ ​တောကြီးသည် မည်သူ​က​မျှ သူ့အား လာမကယ်ကြသည့်အဆုံးတွင် ပက်လက်အ​နေ​အထား ကိုယ်​ဖော့ ​မျှောကူး​သော အကွက်ကို စိတ်အ​တွင်း ပြန်လည် အမှတ်ရပြီး နည်းမှန်,လမ်းမှန် အသုံးပြု​လိုက်​နိုင်​လေလျှင် သူ့ဘာသာသူ ​ကျောက်ကျွန်းကမ်းစပ်​ပေါ်​သို့ ကျား​ကုတ်ကျားခဲ ​ရောက်ရှိလာခဲ့​သော်လည်း သူ့အား အ​လျင်​အမြန် ကယ်ဆယ်ဖို့ရန် ​​​ရေထဲ ​ပြေးဆင်းသွားခဲ့​သူ ဖြူ​ဖွေး​တစ်​ယောက်မှာ​တော့ အစအန​ဖွေရှာမရ​အောင် ​ပျောက်​ခြင်း​မလှ ​ပျောက်ဆုံးသွားခဲ့​ချေပြီ ဖြစ်​သော​ကြောင့်​ပေတည်း။

ဖြူ​ဖွေး ​ပျောက်ဆုံးချိန်က စ၍ အဦးပိုင်းတွင် ဖြူ​ဖွေးတစ်​ယောက် အိမ်ပြန်သွားခဲ့ပြီဟု သူငယ်ချင်းများမှ မှတ်ယူလိုက်​ကြ​သော်လည်း မလှမ်းမကမ်းတွင် ထိုင်​နေသည့် စုံတွဲက ဤတွင် ထ၍ ဖြူ​ဖွေး ​ရေထဲ ဆင်းချသွားသည်ကို အမှတ်တ​မဲ့ ​တွေ့မြင်လိုက်ကြရ​ကြောင်း ဝင်​ပြောလာသဖြင့် အားလုံး​မှာ ပျာယာခတ်သွားကြပါ​တော့သည်။

ထိုအချိန်မတိုင်ခင်​တွင် အ​ကြောင်းကိစ္စတစ်ခု​ကြောင့် ထပြန်သွား​သော ​ဂျပန်ကြီးဟူသည့် သူငယ်ချင်းသည် ကန်​တော်ကြီး အ​​ပေါက်ဝမှ လင်းပိုင်စား​သောက်ဆိုင်​အနီးသို့ အ​ရောက် “ဂျပန်ကြီး​ရေ… ငါ့ကို ကယ်ပါဦး” ဆို​သော ဖြူ​ဖွေး ​အော်သံကြီးကို နားဖြင့်ဆက်ဆက် ကြားလိုက်ရ​လေ၏။ သို့​သော် ထို​​အသံအား သူ့တစ်​ယောက်တည်းသာ ထူးထူးဆန်းဆန်း ကြားလိုက်ရခြင်း ဖြစ်ပြီး အခြား မည်သူ တစ်စုံတစ်ဦးကမျှ​ ကြားခဲ့ရခြင်း အလျဥ်းမရှိ​ပေ။ ယင်းအခါ စိတ်ထင့်သွား​သော ဂျပန်ကြီးမှာ ​ကျောက်ကျွန်းရှိရာဆီ ပြန်လည်​ရောက်လာခဲ့​လေလျှင် ဖြူ​ဖွေးတစ်​ယောက် ​​ရေထဲ ဆင်းကာ ​ပျောက်ဆုံးသွားခဲ့​ကြောင်း သိရှိလိုက်ရ​ချေသည်။

ဤအချိန်နှင့် တ​ပြေးညီတည်းတွင် ​ကျော်မျိုးခိုင် (ယခု DJ အသိုင်းအဝိုင်းတွင် DJ Ho Ho ဟု လူသိများ) ဟူသည့် သူငယ်ချင်းသည် သူ​​နေထိုင်လျက် ရှိသည့် အ​ဒေါ်၏ အိမ်ဆီ အပြင်မှ ပြန်လာစဥ် ခြံအဝအ​ရောက်၌ အ​ဒေါ်ဖြစ်သူမှ အပြင်သို့ ထွက်လာကာ သူမမြင်ဖူးသည့် ​ကောင်​လေးတစ်​​​ယောက် အ​ပေါ်အင်္ကျီ မပါ၊ ​ဘောင်းဘီတိုအဝါ​ရောင်သာ ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံးလည်း ​ရေများ စွတ်စိုရွှဲလျက် ရှိကာ ​သူ့ကိုယ်သူ ကျော်မျိုးခိုင်၏ သူငယ်ချင်းဟု တစ်လုံးနှစ်လုံးမျှသာ ​​ပြောပြီး ​အိမ်ထဲ ​ရောက်ရှိလာသဖြင့် အ​အေးပတ်ကာ ဖျားမည် စိုး​သော​ကြောင့် အ​ပေါ်ထပ်က ​ကျော်မျိုးခိုင်အိပ်ခန်းတွင် ​ကျော်မျိုးခိုင်၏ အဝတ်အစားများ သွား​ရောက် လဲလည် ​စောင့်ခိုင်းထား​ကြောင်း ဆို၏။ ​ထိုအခါ ကျော်မျိုးခိုင်မှာ ထိုသူငယ်ချင်းမှာ မည်သူမည်ဝါဖြစ်​ကြောင်း သိရှိလို​သော​ကြောင့် သူ၏ အ​ပေါ်ထပ် အခန်းသို့ တက်​ရောက် ကြည့်ရှုမိလျှင် မည်သည့်တစ်ဦးတစ်​ယောက်ကိုမျှ မ​တွေ့ရှိရ​ချေ။

ဇူလိုင် ၁၉ ရက်​နေ့၏ ​ကောင်းကင်တစ်ခွင်သည် လွန်စွာ မှိုင်း​ထိုင်းလျက်ရှိကာ မိုးစက်မှုန်များ တဖွဲဖွဲကျလျက်ရှိ​နေ​သည်။ များမကြာမီက ​ရေနစ်သွားခဲ့သည်ဆိုသူ ဖြူ​ဖွေးအား ကန်​တော်ကြီး ​ကျောက်ကျွန်းရေပြင်တစ်ဝှိုက် ပိုက်စိတ်တိုက် ငု​တ်​လျှိုး လိုက်ရှာလျက် ရှိသူ ကယ်ဆယ် ရှာ​ဖွေ​ရေးသမား​များ​၏ ရလဒ်ကို အသံတိတ် ​စောင့်ကြည့်​နေကြ​သော လူအုပ်​ကြီး​မှာလည်း ​ကြောက်ခမန်းလိလိပင်။ အဆိုပါ မြင်​ကွင်းကို ကြည့်ကာ မျက်ရည်တဆမ်းဆမ်း ဖြစ်​နေရှာ​သော ဖြူ​ဖွေးမိခင်ကို ကြည့်ကာ လူအားလုံးမှာ စိတ်မ​ကောင်းကြီး​စွာ ဖြစ်​နေကြရ၏။ ​နေ့လည် ၂ နာရီကတည်းက ဖြူ​ဖွေးအ​လောင်းကို အားသွန်ခွန်စိုက် ရှာ​ဖွေခဲ့ကြ​သော်လည်း ​ရေများ ညစ်​​​​နှောက်လျက် ရှိသည့် ကန်​ရေ​သေကြီး ဖြစ်​သော​ကြောင့် ယခုအချိန်အထိ ​တွေ့ရှိနိုင်ခြင်း အလျဥ်းမရှိ​သေးလျှင် တစ်ချိန်လုံး ငြိမ်သက်​နေခဲ့​သည့် ပန်းခြံ​စောင့် အဘိုကြီးတစ်​ဦးက ထ၍ ဆိုင်ရာပိုင်ရာများ​အား ရည်စူး ကန်​တော့ပွဲပေး​ကာမှ အ​လောင်းပြန်​တွေ့လိမ့်မည် ဖြစ်​ကြောင်း သူ့အ​တွေ့အ​ကြုံအရ ဆိုလာခဲ့​လေသည်။

ထို့​ကြောင့် ပန်းခြံ​စောင့်ကြီး အကြံပြုချက်အတိုင်း ဖြူ​ဖွေး၏ မိသားစုနှင့် သူငယ်ချင်းများမှ တ​သွေမတိမ်း လိုက်နာ ​ဆောင်ရွက်ကြ​လေလျှင် ​နောက်ဆုံး ဖြူ​ဖွေးအ​လောင်းအား ဤသို့ ပြန်လည် ​တွေ့ရှိခဲ့ကြရ​​၏။ ဝါးလုံးရှည်ဖြင့် ကန်​ရေ​အောက်သို့ လိုက်လံ ထိုးဆွကြည့်​နေသူ တစ်ဦးမှာ ​​နေရာအနှံ့ ရှာ​ဖွေခဲ့ပြီး​နောက် ဖြူ​ဖွေး စဆင်းသွားသည့် ​ရေတိမ်ပိုင်းဆီ ​ရောက်ရှိလာခဲ့သည်။ ယင်း​နောက် ဟိုဟိုသည်သည်​ ​မွှေ့ယမ်း ထိုးစမ်းကြည့်ရာတွင် မထင်မှတ်ထားဘဲ ​ပေနှစ်ဆယ်မျှ နက်​သော ​​ချောက်ကြီးတစ်ခုအား ​တွေ့ရှိခဲ့​လေ​တော့၏။ ကမ်းနားစပ်နားတွင် တစ်ခုတည်း​သော ​ချောက်ဖြစ်​နေ​သော ​ထိုရေနက်ပိုင်းသို့ ငုပ်လျှိုးဆင်းကြည့်လိုက်ကြ​သောအခါ…။

​ဆေးစစ်ချက် မှတ်တမ်း အမှုတွဲဖိုင်များတွင်မူ ဖြူ​ဖွေးတစ်​ယောက်သည် ​ရေနစ်သူတို့၏ ထုံးစံအတိုင်း ရုန်းရင်းဆန်ခတ် ပုံစံဖြင့် သုံးကြိမ်သုံးခါ ​ရေ​ပေါ် လုံးဝ ​ပေါ်မလာခဲ့ဘဲ ဤသို့ ဖြစ်ပျက်ခဲ့ရခြင်းမှာကား ​ရေထဲအ​ရောက် ​လေဖြန်းသွားကာ ဟန်ချက်ပျက်သွား​သောအခါ ဖြူ​ဖွေးခမျာ မိုး​မျှော်​ဇောက်ထိုးအ​နေအထား ဖြစ်သွားခဲ့သည်ကို သတိမထားမိဘဲ လှုပ်ရှား၍ ရသမျှ အားကုန်ယှက်ရာတွင် တဖြည်းဖြည်းချင်း ​ရေ​အောက် နှုန်းပြင်များရှိရာ ​​ပေနှစ်ဆယ်​အနက်တိုင်​အောင် ​​ရောက်ရှိလျက် ​​ရေနစ်မွန်းပြီး ​သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု ​ဖော်ပြ ပါရှိ​​လေသည်။

သူ၏ ဘဝတွင် ​ရေနစ်မွန်း၍ ​သေရမည်အား ​လောကတွင် အ​ကြောက်ဆုံးပင် ဖြစ်သည်ဟု ဖွင့်ဟ ​ပြောပြဖူး​သော ဖြူ​ဖွေးသည် ​ရေနစ်ခြင်းဖြင့် ​သေဆုံးခဲ့​ရချေပြီ။ သူ၏ ကိုယ်​စောင့်နတ်များမှ နိမိတ်အမျိုးမျိုး ​ပြကာ အကြိမ်ကြိမ်အခါခါ ကြိုးစား တားစီးခဲ့ပုံ ရ​သော်လည်း သတိမမူ ဂူမမြင်ခဲ့​သော ဖြူ​ဖွေးသည် ​သေခြင်းတရား၏ နယ်နိမိတ်အတွင်း ချဥ်းနင်း ဝင်​ရောက်သွားခဲ့ရ​​ပေပြီ။

အထက်ပါ ​ဖော်ပြပါ ဖြစ်ရပ်မှာ ဖြူ​ဖွေး၏ မိသားစုနှင့်တကွ ကျွန်​တော်တို့ သူငယ်ချင်းများ အားလုံး၏ ဘဝတွင် မည်​သည့်​အခါမျှ ​မေ့​ပျောက်မရနိုင်​မည့် ‘ထူးဆန်း​သော နိမိတ်​များ’ ပင် ဖြစ်​​ပေတော့သည်။ ​လောကကြီးသည် ဆန်းကြယ်​လွန်း​သည်။ ​လောကကြီးသည် ဆန်းပြားလှသည်။ ​လောက​ကြီးသည် ​ဖြေရှင်းမရနိုင်​သော ပုဒ်စာ ပ​ဟေဠိများ​စွာ​တို့ဖြင့် အနက်အနဲ တည်ရှိ​နေသည်။ ကံ​စေညွှန်ရာ ကြမ္မာသား​ကောင်များ ဖြစ်ကြ​ရကုန်သော ကျွန်​တော်တို့ လူသားများ​သည် ထိုသို့ အ​ကြောင်းအရာများကို စူးစမ်း​ လေ့လာ အ​ဖြေ​ရှာကာ မှတ်တမ်းမှတ်ရာများအသွင် ​ရေးသား ပြုစုထားနိုင်​ကြ​မည်ဆိုပါလျှင်…။

​ဇော်မင်း​အောင် (နက်ရှိုင်းထက်)
​ဖေ​ဖော်ဝါရီလ၊ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်